Cover

ဘိုးလှိုင်၏ မိတ်ဆက်စာ

ဆရာမင်းသစ်ကို နာမည် တစ်လုံးနှင့် ကျူရှင်ဆရာအကျော်အမော်အ ဖြစ် နာမည် ကိုသိနေတာ ကြာပါပြီ။ လူချင်းတွေ့ ဖူးတာ၊ စကားပြော ဖြစ်တာ မကြာသေးပါ။

ယခု သူရေး ထားသော ပညာရေး ဆောင်းပါးစုပေါင်းကို စာအုပ်ထုတ်မည် ။ အမှာ စာနှင့် မိတ်ဆက် ပေးပါဟု မေတ္တာရပ်ခံပြီး ဖတ်ရှုရန် စာမူချောကို ပေးပို့လာသည်။

စာအုပ်အမည် ကို “ပညာရေး … ပညာရေး ၊ ရှက်ဖွယ် … ရှက်ဖွယ်” (မင်းသစ်)ဟု အဖုံးတင်ထား၏ ။ ကျွန်တော် စိတ်ပါလက်ပါဖတ်ပါသည်။

အလိုလေးလေး။ ဆရာမင်းသစ်က မြန်မာ့ပညာရေး လောကရဲ့ ရှက်ဖွယ် ၊ ရှက်ဖွယ်တွေ ကို အတွင်းကျကျ သိတာပါကလား။ ပညာရေး လောကအကြောင်း ကျွန်တော် လည်း အတော် ကလေးသိသူဟု မိမိကိုယ်မိမိ ထင်ထားသူပါ။ သို့ သော် ဆရာမင်းသစ်ရဲ့ စာအုပ်မှာ ကျွန်တော် မသိတာတွေ အတော် များများ ပါနေတာ တွေ့ ရပါသည်။

ကျွန်တော် က ဆရာမင်းသစ်ကို ပရိယေသနဝမ်းစာရှာသော သူလိုကိုယ်လို ကျူရှင်ဆရာဟု ထင်ခဲ့သည်။ မဟုတ်ပါ။ သူသည် သူ့လုပ်ငန်းကို အလေးအနက်ထားသူ ဖြစ်၏ ။ သူသည် ကြည့်သူ၊ မြင်သူ၊ သိသူ၊ တွေးသူ၊ ပြင်ချင် ပြောင်းချင်စိတ်ရှိသူ ဖြစ်ကြောင်း သူ၏ စာကိုဖတ်ပြီး သိလာရ၏ ။

ကြုံကြိုက်သဖြင့် ဆရာမင်းသစ်ထောက်ပြသော အချက်တွေ ထဲက နမူနာအ ဖြစ် “မှန်လိုက်လေ ဆရာရယ်” ဟု ကိုယ်တွေ့ ပြောပြီး မှတ်ချက်ပေးချင်ပါသည်။

(၁) သူ့စာအုပ် စာမျက်နှာ (၃၇)တွင် -

(၁) ကျောင်းတက်ချိန် ၇၅%ပြည့် / မပြည့် (လိုတိုး - ပိုလျှော့ - ဆရာမ လုပ်နိုင်သည်) ဟူ၍ ရေး ထားသည်။

ကျွန်တော် ကိုယ်တွေ့  ဒီလိုပါ။ ၁၉၉၅ ခုတွင် ကျွန်တော် ရန်ကုန်သို့ မိသားစုပြောင်းရွှေ့သဖြင့် ၁ဝတန်းကျောင်းသူ သမီးကို ကျောင်းအပ်ရပါသည်။ နာမည် အလွန်ကျော်သော ကျောင်းကြီးမှာ အပ်သည်။ ထိုကျောင်းတွင် ကျွန်တော် ၏ နှမအရင်း အထက်တန်းပြဆရာမ ရှိသည်။ သူ၏ တူမ ဖြစ်လို့ ကျောင်းအပ်ရတာ ပိုပြီးမလွယ်ပါ။ ကျောင်းအုပ်ဆရာမ ကြီး၏ အထက်ကဆရာကြီးနှင့် သိကျွမ်းသည့်အတွက် မိဘ၊ အစိုးရအလုပ်အကိုင်၊ နေရပ်ပြောင်းလည်းမှန်သဖြင့် ကျောင်းအပ်ခွင့်ရပါသည်။ အကုန်အကျမများ ပါ။ ယဉ်ကျေးရုံကလေးပါပဲ။

ပြဿနာက စက်တင်ဘာလ ကုန်ခါနီး မှတက်သည်။ ကျောင်းက ဇွန် (၁)ရက်ဖွင့်သော်လည်း ကျောင်းသားသစ်ကို ဇူလိုင်လဆန်း မှလက်ခံသည်။ ကျောင်းပြောင်းသူ၊ ထွက်သူ၊ စာမေးပွဲကျသူ၊ စာရင်းတိကျစွာ သိပြီးမှ အသစ်ဘယ်နှစ် ယောက် လက်ခံမည် ဆုံးဖြတ်ရတာ မို့ပါပဲ။ မှန်ကန်ပါ၏ သမီးကို ကျောင်းအပ်ရတာ ဇူလိုင်ဒုတိယပတ်ထဲမှာ ဖြစ်၏ ။ ကျောင်း ၂လတက်ပြီး စက်တင်ဘာလထဲတွင် အတန်းပိုင် ဆရာမ က သတိပေးတော့သည်။ ၁ဝတန်းဖြေဆိုခွင့်ပုံစံ တင်ရတော့မည် ။ သမီးကျောင်းတက် ချိန် ၇၅%မပြည့်တဲ့။ တကယ်က ကျောင်းပျက်ရက်မရှိ၊ ရာနှုန်းပြည့်၏ သို့ သော် ဆရာမ တွက်ချက်ပုံက သမီး ကျောင်းမဝင်မီက ဇွန်၊ ဇူလိုင်ကျောင်းခေါ်ချိန်များ ကို ထည့်တွက်ထားသည်။ နှစ် စက ကျောင်းတက်သူများ အတွက် တွက်ချက်သည့် အတိုင်း အောက်ကစားကိန်းကို သမီးအတွက် မပြင်ဘဲတွက်သည်။

ဆရာမ တွက်ချက်ပုံကို သမီးအတွက် ပြင်ဆင်ဖို့လိုကြောင်း ကျိုးကြောင်းရှင်းပြပါ၏ ။ မရပါ။ ကလေး မျက်နှာငယ်ဖို့ ဖြစ်လာ၏ ။ နောက်တော့ ပြေလည် သွားပါ၏ ။ နောက်လများ တွင် ကျောင်းမပျက်မကွက်တတ် ပါမည် ဟု ကတိဝန်ခံလက်မှတ်ထိုးရ၏ ။

သို့သော် ၊ သို့ သော်၊ သီတင်းကျွတ်ပြီး ကျောင်းပြန်ဖွင့်တော့ အတန်းထဲ ကျောင်းသားနည်းနေပြီ။ သမီးနှင့် အခြား ၃၊ ၄ ယောက် ပဲရှိ၏ ။ အများ စုပြင်ပမှာ ကျူရှင်တက်နေကြသည်။ နောင် ၂-ပတ်ခန့်ကြာ တော့ အတန်းထဲမှာ သမီး တစ်ယောက် တည်းကျန်။ နောက်ထပ် ၃၊ ၄ ရက်နေတော့ သမီးလည်း ကျောင်း တက်ဖို့မလို၊ ကျူရှင်ပဲတက်တော့သည်။ ဒီဇင်ဘာမှာ ကျောင်းအတန်းထဲ ကျောင်းသားမရှိပါ။

အမလေး၊ အဲဒီ ကျောင်းက ဂုဏ်ထူး ၆ ဘာသာ၊ ၅ ဘာသာတွေ တယ်များ သကိုး။ သတင်းစာထဲမှာ လည်း မောင်ဘယ်သူ၊ မဘယ်သူကို ဂုဏ်ထူး ၆ ဘာသာရအောင် သင်ပေးတဲ့အတွက် ဆရာ၊ ဆရာမ များ ကို ကျေးဇူးတင်ကြောင်း။

(၂) မိတ်ဆက်စာရှည်မှာ စိုးသော်လည်း ဖောချင်သော ချင်း Ph.D ဘွဲ့ရများ က ဂုဏ်ပြုအမှတ်တရ ထုတ်တဲ့ စာအုပ်တစ်အုပ်မှာ ကျွန်တော် မှတ်မှတ်ရရ ဖတ်ထားတဲ့စာပိုဒ်ကလေးကို စာအုပ်ထဲကအတိုင်း မူမပျက်အောင် မိတ္တူကော်ပီကူးပြီး အောက်မှာ ကပ်ထည့်လိုက်ပါတယ်။ ဖတ်ကြည့်ပါ။

ကျွန်တော် တို့တတွေ မဟာသိပ္ပံသင်တန်းများ ပြီးဆုံး၍ နောက်ဆုံး Thesis Defence လုပ်သည့်နေ့ တွင် ဖြစ်သည်။ ဆရာကြီးက ဖြေဆိုသူအားလုံးအား စာသင်ခန်းမထဲတွင် စောင့်နေရန် ကြိုတင်မှာ ကြား ထားပါသည်။ သူအလုပ်ရှုပ်နေသည့် အတွက် တော် တော် နှင့်မလာ ဖြစ်ပါ။ ည (၇း၃ဝ) နာရီလောက်တွင် မှ အခန်းထဲသို့ ဆရာကြီးရောက်လာပါသည်။ ထို့နောက် ကျွန်တော် တို့အား “ကဲ … မင်းတို့အားလုံးကို ဆရာဘွဲ့ပေးလိုက် ပြီ၊ ဒီကနေ့ကစပြီး မင်းတို့ မဟာသိပ္ပံဘွဲ့ရတွေ ဖြစ်ကြပြီ။ တကယ်တော့ မင်းတို့ ဘာမှ မတတ်ကြသေးဘူး ဆိုတာ ဆရာသိသားပဲ။ ဒါပေမယ့် မင်းတို့ ဒီအတန်းကို လာတက်ကတည်းက ဒီဘွဲ့ကို လိုချင်လို့၊ ဆရာရဲ့ သည်းညည်းကို အမျိုးမျိုးခံပြီးတက်ကြတယ်ဆိုတာ ဆရာသိပါတယ်။

ဖတ်ပြီးလျှင် ဒီစာပိုဒ်ကို သုံးသပ်ကြည့်စို့။ M.Sc စာမေးပွဲ Thesis Defence (ကျမ်းပြုစာတမ်း) စစ် ဆေးဖို့ (နှုတ်မေးစာမေးပွဲ) အတွက် ကျောင်းသားတွေ ကိုခေါ်ထားတယ်။ ခန်းမကြီးထဲမှာ စောင့်ခိုင်းထား တယ်။ အလုပ်များ နေလို့ တစ်နေသာကုန်ရော၊ မစစ်ဘူး၊ မမေးဘူး။ ည (၇း၃၀) နာရီလောက်တွင် အားလုံး ကိုအအောင်ပေး၊ ဘွဲ့ပေးလိုက် သတဲ့။

တက္ကသိုလ်လောကနှင့် အလှမ်းဝေသူများ က အလွန်အကျွံစည်းဖောက်ထားတာကို သိချင်မှသိမည် ။ Thesis Defence ဆိုတာ နှုတ်မေးစာမေးပွဲ ဖြစ်ပါသည်။

(၁) စာစစ်အဖွဲ့နှင့် မျက်နှာစုံညီစစ်ဆေးရပါသည်။

(၂) တက္ကသိုလ်ပြင်ပမှ ပညာရှင် ဖြစ်သူ ပြင်ပစာစစ် (External Examiner) ပါဝင်ရပါသည်။

အထက်ပါစာမေးပွဲမှာ ဘယ်မှာ လဲ စာစစ်အဖွဲ့၊ ဘယ်မှာ လဲ ပြင်ပစာစစ်။

အိန္ဒိယက ဆရာ တစ်ယောက် ဖိတ်ခေါ်ပြီး တစ်နေ့တည်း (Ph.D) Thesis (၄၇) ခုကို စစ်ဆေးပြီး ဘွဲ့ပေးသတဲ့။ အဲ့ဒီပါမောက္ခကြီးပါပဲလို့ သိရတယ်။ ဟုတ်ရဲ့ လားဗျာ။ ရင်းနှီးတဲ့အတွင်းသိကို ကျွန်တော် မေးမြန်းစုံစမ်းပါတယ်။ ဟုတ်တယ်ပြောသူ တစ်ယောက် မကပါ။ (ဘယ်တက္ကသိုလ် ဖြစ် ဖြစ် Ph.D Thesis နှုတ်မေးစစ်ဆေးတာ တစ်ယောက် ကို တစ်နာရီမကကြာပါတယ်။)

ဒါလောက်ပဲဆိုလျှင် “ပညာရေး … ပညာရေး ၊ ရှက်ဖွယ် … ရှက်ဖွယ်” အမည် တပ်တဲ့ စာအုပ်အမှာ စာမှာ ဒီအကြောင်းအရာ ထည့်မရေး ပါဘူး။ အဲဒီ အချိန်မှာ အဲဒီ တက္ကသိုလ်ကို စီမံအုပ်ချုပ်တဲ့ ပါမောက္ခချုပ်ကြီးက ဒီကနေ့ ပညာရေး ပြုပြင်ပြောင်းလဲဖို့ အရေး ပါသော ကဏ္ဍမှ ပါဝင်လုပ်ဆောင် နေတဲ့ အကြောင်းကလေး ထည့်ပြောစရာရှိနေလို့သာ ဖော်ပြမိတာပါ။ (အဲဒီ အချိန်တုန်းက ဝန်ကြီး ၂ -ပါးဟာ ထိပ်ဆုံးပုဂ္ဂိုလ်ကြီးရှေ့မှာ Ph.D ထုတ်လုပ်မှု “အပြေးပြိုင်” နေကြတယ်ဆိုပဲ။ ဒီတော့ Ph.D တွေ ထွက်လာ တာဝန်ကြီးတွေ က သိပ်ကြိုက်၊ သိပ်ကြိုက်ပေါ့။ ပါချုပ်ကြီးလည်း အလိုတူအလိုပါ ရပုံရပါတယ်။)

(၃) ရှက်ဖွယ်ကလေးနောက်တစ်ခု ပြောရဦးမယ်။ ကျွန်တော် ရဲ့ ဆရာရင်း ပါမောက္ခ (ငြိမ်း) တစ်ယောက် ပြောတာပါ။ သူက ၁၉၈၈ မှာ အငြိမ်းစားပေးခံရတဲ့သူပါ။ ဘာကလေ (ကာလီဖိုးနီးယား) ကရတဲ့ ထိုက်ထိုက်တန်တန် Ph.D တစ်ယောက် ပါ။

ဒီဆရာကြီး နယ်တက္ကသိုလ်တစ်ခုရောက် သွားပါတယ်။ နေ့ (၁၁) နာရီလောက်မှာ ဆရာကြီးက ကျောင်းဝင်းထဲ ကားနဲ့ဖြတ်သွားတဲ့အခါ နေပူထဲ ထမင်းချိုင့်ကြီးဆွဲပြီး လူ တစ်ယောက် လျှေက်သွားနေတာ တွေ မြင်ပါသတဲ့။

“အဲဒါ ဒုတိယပါမောက္ခချုပ်”တဲ့။

“၁ဝ တန်း မေးခွန်းရိုက်နေတဲ့ လုံခြုံရေး စခန်းမှာ အလုပ်လုပ်နေသူတွေ အတွက် ထမင်းချိုင့်ပို့ ပေးရတာ ” တဲ့။

“မေးခွန်းရိုက်တဲ့ အဆောက်အဦးကို သံဆူးကြိုးအထပ်ထပ်ခြံခတ်ထားတယ်။ စာမေးပွဲမပြီးမချင်း အထဲကလူ အပြင်မထွက်ရ။ ပြင်ပနှင့် အဆက်အသွယ်မရှိစေရ၊ မေးခွန်းလုံခြုံရေး တွက်”တဲ့။

“သူတို့အတွက် အပြင်က ထမင်းချိုင့်ပို့ပေးရတယ်။ ပို့ပေးသူက ရာထူးအနိမ့်ဆုံး ဒု - ပါမောက္ခချုပ် ဖြစ်ရမယ်လို့ စီမံချက်မှာ ရေး ထားလို့”တဲ့။

ကဲဗျာ - ဆရာမင်းသစ်ရေ။ ဒုတိယပါမောက္ခချုပ်ဆိုတာ ထမင်းချိုင့်ပို့ပေးဖို့ ယုံကြည်စိတ်ချခံရသူ ပါကလား။ ဒုတိယပါမောက္ခချုပ် (နောင်ပါမောက္ခချုပ်လုပ်မည့် သူ) ရဲ့ အတွေ့ အကြုံက တယ်အဖိုးတန် သကိုး။

ဆရာမင်းသစ်က ရှက်ဖွယ်တွေ ချည်း ရေး သားတာမဟုတ်ပါ။ ပြုပြင်ပြောင်းလဲရေး အတွက် သူ၏ အတွေးအခေါ်တွေ လည်း ရေး သားပါသည်။ သူတွေးမြင်တာတွေ ကျွန်တော် ထောက်ခံပါသည်။

ကျွန်တော် နိဂုံးချုပ်ပါမည် ။ ပညာရေး ပြုပြင်ပြောင်းလဲမည် ။ ဟုတ်ပါပြီ။ ဘယ်သူတွေ က ဦးဆောင် မှာ တုန်း။ ယခု ပညာရေး ဝန်ကြီးဌာနမှာ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများ ၊ သူတို့၏ အကြံပေးများ နှင့် ဖြစ်မည် ဟု ကျွန်တော် မယုံကြည်ကြောင်း ကြုံကြိုက်သဖြင့် ပွင့်လင်းစွာ ထောက်ပြပါရစေ။ သူတို့ထဲမှာ အစဉ်အလာ ဟောင်း အတွေ့ အကြုံနှင့် အတွေးအခေါ်ဟောင်းနွမ်းနေသူတွေ ကြီးကြီးမားမား ပြောင်းလဲဖို့ မကြံစည်ရဲသူတွေ များ လွန်းနေသည်ဟု ထင်သော ကြောင့် ဤသို့ ကျွန်တော် ရေး ပါသည်။

တကယ်ထိရောက်သော ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ ဦးဆောင်မည့်  အကြံဥာဏ်ပေးမည့်  အင်အားအသစ်လိုပါသည်။ ဒီပုတ်ထဲကပဲကို ရွေးတော့လည်း ဒီပဲပါပဲ။ အပြင်ထွက်ရှာဖို့လည်း စဉ်းစားဖို့လိုပါသည်။

ပညာရေး ဦးဆောင်မှု အတွက် လူတော် လူကောင်းတွေ ရှာဖို့ စုဖို့လိုပါသည်။ တာဝန်ရှိသူများ က ကိုယ့်နားက ကိုယ်သိသူပဲ တာဝန်ပေးတာ ရပ်ချိန်တန်နေပါပြီ။ အားကိုးလောက်သော တက်လူ၊ လူရွယ်တွေ ရှားပါးတာ မှန်သော်လည်း ရှိနေပါသည်။ တွေ့ အောင်ရှာဖို့တော့ လိုပါသည်။ အတွေ့  အကြုံရော၊ အကြံဥာဏ်အားကောင်းသည့် နာမည် မပျက်သော ဆရာကြီး၊ ဆရာမ ကြီး (ငြိမ်း) တွေ လည်း နည်းနည်း ပါးပါးရှိပါသေးသည်။ အသက် အရွယ်အရ သူတို့လုပ်အား သိပ်များများ မရနိုင်သော်လည်း ဆိုရေး ရှိ၍ ဆိုမည့် သူတို့၏ စကားတွေ အဖိုးတန်မှာ အမှန်ပါ။ နားထောင်သင့်ပါသည်။

ဆရာမင်းသစ်က ယခုစာရေး သည့်အပြင် ကိုတာ၏ ချင်းတွင်းမဂ္ဂဇင်းကို သူက တာဝန်ခံထုတ်ဝေ ရန် တာဝန်ယူထားသည်။ ဝမ်းသာဖွယ် ဖြစ်၏ ။

ကျွန်တော် ရေး တဲ့မိတ်ဆက်စာ ရှည်လွန်းသွားပြီ။

ဆရာမင်းသစ်၏ စာကို ဖတ်ပါတော့။

ဘိုးလှိုင်



Introduction to Education

ကိုမင်းသစ်နှင့် ပညာရေး မိတ်ဆက်

တကယ်တော့ ကိုမင်းသစ်နှင့် မိတ်ဆက်ပေးရန်မလိုပါ။ သူ့စာဖတ်လျှင် ပညာရေး ကို ရှုထောင့် တစ်ခုက လုံလောက်စွာ ဆွေးနွေးထားသည်ကို တွေ့ မြင်ရပေမည် ။

သူ့စာများ က လုံလောက်ပါသည်။

ကျွန်တော် က သူခိုးဖမ်းထားတုန်း ဘေးက ဆွမ်းကြီးဝင်လောင်းသော လူလို ဖြစ်နေပါသည်။ ကျွန်တော် ကိုယ်တိုင် ပညာရေး ကို တောက်လျောက်ပါဝင်ပတ်သက်ခဲ့သည်မှာ အနှစ် (၄ဝ) ကျော်ပြီ ဖြစ် သည်။

သိနေတော့လည်း ပြောချင်နေသည်။

ပညာရေး

ယနေ့ခေတ်ပညာရေး နှင့်ပတ်သက်၍ ပြောစရာမျိုးစုံလှပါသည်။ အကယ်တော့ လူတိုင်းတွင် အရည်အသွေး (potential) ရှိသည်။ ထို potential ကိုဆွဲထုတ်ပေးဖို့ ပညာရေး က ဆောင်ရွက်ပေး သည်ဟု နားလည်ထားသည်။ ကျောင်းနေသည်မှာ ဘဝအတွက် ပြင်ဆင်ခြင်း ဖြစ်သည်။ စင်စစ်ပညာရေး စနစ်ခြေတုပ်လက်တုပ်စနစ် မ ဖြစ်သင့်ပါ။ လွတ်လပ်သော ပညာရေး မှသာ ကောင်းသော အဖြေကိုရမည် ။

ဦးသန့်တို့၊ ဦးနုတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ သင်ခဲ့ရသော ပညာရေး သည် ကျွန်ပညာရေး သာ ဖြစ်သည်။ သို့သော် သူတို့တွင် သမဂ္ဂရှိသည်။ ကျောင်းသားကိုယ်စားလှယ်ရှိသည်။ ပြောရေး ဆိုခွင့်ရှိသည်။ တက္ကသိုလ်ကျောင်းတွင် မျက်နှာမော့မော့နှင့် နေနိုင်သည်။

ပညာခေတ်တဲ့လား

ပညာရေး နှင့်ပတ်သက်ပြီး အလုပ်လုပ်နေသူများ စွာ ကို တွေ့ ဖူးပါသည်။ သူတို့သည် ထင်တာထက် ကိုထူးချွန်ကြသည်။ ဓာတ်ခွဲခန်းအကူဘ၀က ပါရဂူ ဖြစ်သွားသူကို ကြားဖူးကြပေမည် ။

“ကြားဖူးပါတယ်။ နိုင်ငံခြားကပါ။ သူ ကတော့ မိုက်ကယ်ဖာရာဒေးပါ” ဟု ပြောကြပေလိမ့်မည် ။

မှန်ပါသည်။ ဖာရာဒေးသည် ဓာတ်ခွဲခန်းအကူ တစ်ယောက် သာ ဖြစ်သည်။ ဆာဟမ်ဖရီဒေဗဒ ဓာတ်ခွဲခန်းတွင် အလုပ်လုပ်နေသည့် လက်ထောက် တစ်ယောက် သာ ဖြစ်သည်။ ပထမတော့ ပညာရှင် မဟုတ်သေးပါ။ တဖြည်းဖြည်းနှင့် သူ၏ အလိမ္မာသည် လူသားတွေ ကိုအကျိုးပြုခဲ့သည်။ သူသည် လျှပ်စစ်မီး စက် (Generator) တီထွင်ခဲ့သူ ဖြစ်သည်။ တစ်ဆက်တည်းပြောလိုသည်က ရန်ကုန်တက္ကသိုလ် ဓာတ်ခွဲခန်း အကူ တစ်ယောက် ကလည်း ပါရဂူဘွဲ့ရသွားသည်ဟု ကျွန်တော့် ဆရာကပြောပြသည်။ ကျွန်တော့်ဆရာ သည် အမေရိကန်ပြည်ထောင်စုမှ Ph.D ရရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ အငြိမ်းစားကထိက ဖြစ်သည်။

“ခင်မောင်ညိုရေ၊ ငါတို့ဆီလည်း lab boy ကနေ Ph.D ရတဲ့လူတွေ ရှိလာပြီကွ”

“ဟုတ်လား ဆရာ၊ ဆရာ ဘယ်တုန်းကတွေ့ တာလဲ”

“ငါက ရန်ကုန်တက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် ပြင်ပစာစစ်မှူးလုပ်ရတယ်။ ဒါနဲ့ စစ်ဆေးနေတုန်း ကျောင်းသားရဲ့ မျက်နှာကို သတိထားမိတယ်။ ဒီမျက်နှာလေးမြင်ဖူးတယ်ပေါ့လေ။ နောက်ဆုံး မနေနိုင်တော့ မေးကြည့်တယ်။ မင်းကို ငါမြင်ဖူးသလိုပဲဆိုတော့ သူက “မြင်ဖူးမှာ ပေါ့ ဆရာရယ်၊ ကျွန်တော် က ဆရာတို့ ရှိတုန်းက ဒီဌာနက lab boy ပါ” လို့ပြောသွားတယ်”

ဒီခေတ်တွင် တွေ့ သမျှလူ ပါရဂူ၊ မြင်မြင်သမျှ ပါမောက္ခဟုပြောစမှတ် ဖြစ်နေသည်။ ပညာခေတ်လေ ဗျာဟုပြောကြသေးသည်။ ခုကိစ္စတွင် တော့ lab boy တစ်ယောက် အနေဖြင့် ဘွဲ့အဆင့်ဆင့်ရဖို့ အခက်အခဲ များ စွာ ရှိပါမည် ။ ဘယ်ခေတ်ဘယ်စနစ်မှာ ရှိပါစေ သူတော် သည်ဟု ကျွန်တော် ဆိုချင်ပါသည်။

စာမေးပွဲနှင့် အကျင့်ပျက်မှု များ

စစ်ပြီးခေတ်က ကျွန်တော် တို့ဆီ ဘွဲ့ရပညာတတ်အလွန်ရှားသည်။ ကျွန်တော် (၁၀) တန်းအထိ နေခဲ့သော ကျောင်းတွင် ဆရာ၊ ဆရာမ (၂၀) ကျော်ရှိရာ တစ်ယောက် မှ ဘွဲ့မရကြပါ။ တကယ်တော့ ဘွဲ့ရပညာတတ်များ တိုင်းပြည်တွင် လိုအပ်ပါသည်။

ကိုမင်းသစ် ကတော့ ပညာမတတ်ဘဲ ဘွဲ့လိုချင်သူများ စွာ ၏ ပုံရိပ်များ ကို ဖော်ကျူးထားသည်။ ကျွန်တော့်ဆရာတွေ့ တော့ ဘွဲ့မရပေမယ့် ပညာတတ်ကြသည်။ လွတ်လပ်ရေး ရသော အခါတွင် Good Education နှင့် Effective Teaching ကို မျှော်လင့်ကြသည်။ တကယ်တမ်း စာမေးပွဲသံသရာတွင် “ဒုက္ခ” တွေ နှင့် သာ နပမ်းလုံးကြရသည်။ ထိုဒုက္ခများ ကား အကျင့်ပျက်ခြင်း (Corruption) များ ပင် ဖြစ်သည်။

တစ်နိုင်ငံလုံး အကျင့်ပျက်မှတော့ ပညာရေး ကို ချန်ထားလို့မ ဖြစ်ပါ။ သူလည်း ကျွဲကူးရေပါ ပါရတော့သည်။ အမှန်စစ်စစ် ကျောင်းသူကျောင်းသားအားလုံးသည် ပညာရေး ကိုမကြောက်ပါ။ စာမေးပွဲကိုသာ ကြောက်ကြပါသည်။ ဘယ်နည်းနဲ့အောင်ရအောင်ရ အောင်လိုကြသည်။ ကျောင်းသူ ကျောင်းသားအားလုံး၏ ရည်ရွယ်ချက်မှာ လည်း စာမေးပွဲအောင်ဖို့ ဖြစ်သည်။ အမှု နိုင်လိုသော အမှု သည် ဆီက လာဘ်ယူရန်မခဲယဉ်းပါ။ ထိုနည်းတူ စာမေးပွဲအောင်လိုသူ ကျောင်းသားတွေ ဆီက လာဘ်ယူဖို့ကော မခဲယဉ်းပါ။

“အမေရယ်၊ ဆရာမ အတွက် ပန်းလေး၊ ဆရာမ အတွက် မုန့်လေး” ထိုမှစသည်။ “နောက်တော့ အစလေး။ နောက်တော့ နောက်တော့ …” ပညာရေး အရောင်းအ၀ယ်တွေ ဖြစ်လာကြသည်။ (ဆင်းလည်း ဆင်းရဲတယ်လေ၊ ခု လွှတ်တော် ကိုယ်စားလှယ်တွေ သုံးသိန်းမလောက်ဘူးတဲ့။ ဆရာ ဆရာမ တွေ တစ်သိန်းပြည့်အောင်မရသူတွေ စဉ်းစားသာကြည့်ပေတော့။ ဤကား စကားချပ်)

စားမေးပွဲနီးကပ်လာသည့်အခါ စာမေးပွဲကိုဘယ်လိုဖြေရမလဲဆိုသော လမ်းညွှန်ချက်များ စွာ ကို တွေ့ မြင်ရသည်။ တက္ကသိုလ်ပါမောက္ခရင့်မကြီးများ က တပည့်တို့ကို စာမေးပွဲဖြေဆိုတဲ့အခါ ဘယ်နှစ် ပုဒ်မေး ထားတယ်။ ဘယ်အပိုင်းကို ဘယ်လိုဖြေပါ။ တပည့်များ အမှတ်မလျော့စေရန်အတွက် စေတနာကောင်းများ ဖြင့် ပြောကြားသည်ကို အံ့သြဖွယ်တွေ့ ရသည်။

ဘာကြောင့် ဒီလိုပြောကြရလဲ။

ပညာရေး မူဝါဒ။ ညွှန်ကြားထားလို့ပါ။

“ခင်ဗျား စဉ်းစားကြည့်လေဗျာ။ ချမ်းသာတဲ့သားသမီးတွေ သာ ကျူရှင်ယူနိုင်ကြတယ်။ အဲဒီ ကလေး တွေ ဟာ ကျူရှင်မှာ ဖြေနည်းတွေ ကို သင်ကြရတယ်။ ဒီတော့ လူတိုင်း တန်းတူရည်တူ ဖြစ်အောင် ပြောကြား ပေးတဲ့အစီအစဉ်ပေါ့”

“ဖြောင်း ဖြောင်း ဖြောင်း” ဟူသော လက်ခုပ်သံများ ဖြင့် ကြိုဆိုကြသည်။

“ဟုတ်ပေသားပဲ။ ပါမောက္ခတွေ က မေးခွန်းထုတ်တယ်။ သူတို့က ဘယ်လိုဖြေရမယ်ဆိုတာကို ပြောပြ တယ်။ စေတနာကောင်းလိုက်တာ” လေးစားထိုက်ပါသည်။

Multimedia ကျူရှင်များ

နိုင်ငံတကာမှ ပါမောက္ခများ ကြားသွားလျှင် အားငယ်သွားနိုင်ပါသည်။ အမေရိကန်တို့၊ အင်္ဂလန်တို့၊ ဂျပန်တို့မှာ ပါမောက္ခများ သည် မြန်မာပြည်မှ ပါမောက္ခများ ထံ လေ့လာရန်လိုအပ်သည်။

ကျူရှင်တွေ ကလည်း Multimedia တွေ ဖြစ်ကုန်သည်။

စာဖြင့် (Text)၊ ရုပ်ပုံဖြင့် (Picture)၊ သီချင်းဖြင့် (Music)၊ အသံဖြင့် (Sound)။ ဒါတွေ ပါလျှင် Multimedia ဟုဆိုသည်။ ယနေ့တွင် ဂီတာတီးသီချင်းဆိုကာ စသင်ကြသည်။

ကျောင်းသားများ သည် ဓမ္မဓိဌာန်ဟုခေါ်သော Objective Type များ ကို စာမေးခန်းအ၀တွင် တစ်ကြိမ်မှမကြုံဖူးသော နည်းဖြင့် ကျက်ကြသည်။

True True False False True False False

ကျွန်တော် အံ့သြသွားသည်။ တကယ်ပင် သူတို့အမှတ်ပြည့်ရသွားကြသည်။

“ဒါပဲကျက်ပါ။ အမှတ်တရာ”

“ကောင်းလိုက်တာ”

လူတိုင်း အမှတ်တစ်ရာရလိုပါသည်။ စာလည်း သိပ်မကျက်ချင်ကြပါ။ ကျောင်းသားအတွက ဟန်ကျပန်ကျ ဖြစ် သွားပါသည်။ ထီးလိုမင်းလို ဖြစ်သည်။



နိဂုံး

ပညာရေး နှင့် ပတ်သက်၍ ဆွမ်းကြီးလောင်းလိုက်ပါသည်။ တကယ်လည်း ဆွမ်းကြီးလောင်းလိုစိတ် အတော် များ သည်။ တစ်ဖက်သားနစ်နာသွားစေရန်တော့ မဟုတ်ပါ။

“မမှန်ဘူး၊ မှားနေပါတယ်” ဆိုသည်များ ကို ပြောလိုသော ကြောင့် သာ ဖြစ်သည်။ တာဝန်ရှိသူ တာဝန်သိစေရန်သာ ဖြစ်သည်။ အထူးသဖြင့် ပညာရေး တွင် ခေါက်ရိုးကျိုးနေသူ၊ mind-set ဖြစ်နေသူများ က ပြုပြင်ပြောင်းလဲမှု လုပ်နေသည်မှာ သဘာဝမကျပါ။ ပညာရေး နောက်ကျလျှင် လူမျိုးအောက်ကျပါမည် ။ တွေးတွေးဆဆနှင့် စိတ်ကောင်းစေတနာကောင်း ထားကာ အတ္တလေးများ လျှော့ပြီး တို့ပြည်ကြီးတိုးတက် စည်ပင်သာယာစေဖို့ ပညာရေး ဖြင့် ဆောင်ရွက်ဖို့သာ မှာ လိုပါကြောင်း။

ဒေါက်တာခင်မောင်ညို



ပညာရေး ရင်ကွဲ

ဆရာရေ-

ဆရာ့စာမူဖတ်ကြည့်တော့ အစမှာ “ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမယ်” ဆိုပြီး စလာတော့ သြော် - သူ့ပေါင်သူထောင်းတာဆိုပြီး အေးအေးဆေးဆေးဖတ်ကြည့်လိုက်ပါတယ်။

အစမှာ တော့ ပေါ့ပေါ့ပါးပါးပဲ ဆရာ။ ဖတ်ရင်းဖတ်ရင်းနဲ့ ရင်ခုန်ရတယ်ဆရာ။ ၀မ်းနည်းကြေကွဲ ရတယ်။ ဒေါသ ဖြစ်လိုက်ရတာ ဆရာ။ စနစ်ဆိုးရဲ့ အောက်မှာ အားနည်းချည့်နဲ့ယိုယွင်းပျက်စီးလာတဲ့ “ပညာရေး မြစ်ဆုံ” ကြောင့် စနစ်တကျပျက်စီးနေပြီးတော့ ဦးတည်ရာပြောင်းချင်သလိုပြောင်းလာတဲ့ “စီးရင်းကော၊ တိမ်ပြီးပျောက်လုနီးပါး” ဖြစ်လာနေတဲ့ ပညာရေး ရေစီးကြောင်း ထဲမှာ မျှောနေတဲ့ အနာဂတ်မဲ့ကျောင်းသားတွေ ရဲ့ ဘ၀၊ ရီဝေစွာ မှု န်ဝါးနေတဲ့ မျက်လုံးအစုံနဲ့ အဝေးကိုမျှော်ကြည့်နေတဲ့ မိဘတွေ ၊ မချိတင်ကဲ ကြိတ်မနိုင်ခဲမရ ဖြစ်နေရတဲ့ ဆရာတွေ ရဲ့ ဘ၀ဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက် နေတဲ့ နိုင်ငံတွေ ရဲ့ အရွေ့တွေ ကို ငေးကြည့်နေရင်းတဖြည်းဖြည်းနဲ့ ဝေးကွာဝေးကွာပြီး အားငယ်စွာ ကျန်ရစ်ခဲ့ ပါတယ်။ ဆရာ။

ဆရာရေ။ ပညာရေး စနစ်တွေ အဟောင်းအသစ်တွေ နဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပေမယ့် မပြောင်းလဲခဲ့တာ ကတော့ ကျွန်တော် တို့ဘ၀နဲ့ သင်ကြားရေး စနစ်ပါပဲ ဆရာ။ ခါးသီးစွာ တွေ့ ကြုံခဲ့ရတဲ့ ဥပဒေတွေ ၊ စည်းကမ်းချက်၊ နည်းဥပဒေတွေ ရဲ့ အောက်မှာ လမ်းမပျောက်အောင် စမ်းတ၀ါးဝါးလျှောက်ခဲ့ ရပါတယ်။

အချိုးအကွေ့ပြောင်းရင် တက်ပြောင်း၊ လက်ညောင်းခဲ့ပေမယ့် Blcak Board ရဲ့ အစား White Board၊ မြေဖြူရဲ့ နေရာမှာ Marker ပြောင်းပြီး ဓာတ်ငွေ့ထုတ်ဖော်ပုံတွေ ၊ အလင်းတန်းပုံတွေ ကို ရေး ပြီးတော့ အော်ကျက်နေရတုန်းပါ ဆရာ။ လက်တွေ့ နဲ့ Theory ဝေးနေတုန်းပါ ဆရာ။ ပြဌာန်းစာအုပ် ထဲမှာ ပုံတွေ ၊ Data တွေ ၊ သတ်ပုံသတ်ညွှန်းတွေ မှားနေတုန်းပါပဲ ဆရာ။

အဲဒီ လို ခရီးကြမ်းမှာ ဖြတ်ရင်း ကျွန်တော် တို့၊ ဆရာတို့တွေ ရဲ့ တပည့်တွေ ဟာ လူတန်းစား အလွှာလွှာအသီးသီးမှာ လူတော် ၊ လူမော်တွေ ဘ၀နဲ့ အောင်မြင်သွားခဲ့ရင် မွေးထုတ်ပေးနိုင်ခဲ့တဲ့ ပီတိလေး တွေ ကသာ ဘ၀အမောပြေဆေး ဖြစ်ခဲ့ရပါတယ် ဆရာ။

ပညာရေး ကို ဘယ်သူကပြောင်းမှာ လဲ ဆရာ။ အာဏာနဲ့ပြောင်းမယ့်အစား ပညာရှင်တွေ နဲ့ အတွေ့  အကြုံရှိတဲ့ ဆရာကြီး၊ ဆရာမ ကြီးတွေ နဲ့တိုင်ပင်ပြီးမှ ပြောင်းလဲသင့်တာပေါ့။ အထက်ကညွှန်ကြားချက်ဆို တာတွေ ကစာသင်ခန်းထဲက လက်တွေ့ ဘ၀နဲ့ အဝေးကြီးပါ။ နောက်ထပ်ရယ်စရာကောင်းတာက တစ်လ အတွင်း Chapter ဘယ်နှစ် ခုပြီးရမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ ပညာရေး ကို ရုပ်ဝတ္ထုကုန်ပစ္စည်းလို သိထားတဲ့သူတွေ ရဲ့ မသိနားမလည်မှု ပါ။

ပညာရှင်မဟုတ်တဲ့သူတွေ ၊ သင်ကြားရေး အတွေ့ အကြုံမရှိတဲ့သူတွေ က အပြောင်းအလဲကို လုပ်မယ်ဆိုရင် ကြွက်များ ညီလာခံမှာ တင်သွင်းတဲ့ အဆို “ကြောင်ကို ဘယ်သူခြူဆွဲမလဲ” ဆိုသလို ဖြစ်နေဦးမှာ ပါပဲ ဆရာ။

လေးစားစွာ ဖြင့်

အေးကျော်စိုး (ရူပဗေဒ)

ICEC ကိုယ်ပိုင်အထက်တန်းကျောင်း

ရန်ကုန်



ရင်လေးတဲ့စာ

ဆရာဦးမင်းသစ်ရေ-

ဆရာရဲ့ စာအုပ်ကိုဖတ်ပြီး ကျွန်တော် စဉ်းစားမိတာများ သွားပြီ ဆရာရေ။ လွဲနေတဲ့အလွဲတွေ ကို မြင်ကြ သိကြပါပြီဆရာ။ ဒီအလွဲတွေ ကို ဆက်လက်ဆုပ်ကိုင်ထားလို့တော့ မ ဖြစ်တော့ဘူး ထင်တယ်။

ဆရာလည်း ဒီနိုင်ငံသား၊ ကျွန်တော် လည်း ဒီနိုင်ငံသား၊ နိုင်ငံသား တစ်ယောက် ဆိုတဲ့ အသိနဲ့ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ အမျိုးသားရေး စိတ်နဲ့ ကျွန်တော် တို့နိုင်သလောက် ၀ိုင်းဝန်းပြုပြု ပေးချင်တယ်ဆရာ။

ပညာရေး မကောင်းဘဲနဲ့ တိုင်းပြည်ရဲ့ အနာဂတ်မကောင်းနိုင်ပါဘူးဆရာ။ ပညာရေး အလွဲ တွေ ကို မပြုပြင်ဘဲနဲ့ ပြုပြင်ချင်ယောင်ဆောင်ပြီး တကယ်မလုပ်ဘဲနဲ့ ဟန်ပြသာလုပ်ပြနေကြရင် မအောင်မြင်တဲ့ ပြုပြင်ရေး ၊ တစ်နည်းအားဖြင့် အစမ်းသပ်ခံပညာရေး စနစ်ကြီးနဲ့သွားနေရင် ထပ်ပြီး ပျက်စီးသွားမှာ မြင်ယောင်မိတယ် ဆရာ။

ပြုပြင်ဖို့လိုတယ်။ ပြုပြင်မယ်ဆိုပြီး စနစ်တကျရေရှည်ရေတို စီမံကိန်းတွေ မရှိဘဲ ပြင်လည်း အောင်မြင်မှာ မဟုတ်ပါဘူး ဆရာ။

အထက်ကညွှန်ကြားချက်ကြောင့် လုပ်ရတယ်ဆိုတာကြီးကို ဖျက်ပြီး အားလုံးတာဝန်သိသိ၊ အမျိုးသားရေး စိတ်ဓာတ်နဲ့ ၀ိုင်းဝန်းပြုပြင်မှသာ အောင်မြင်မှာ ပါ ဆရာ။

ရင်လေးတယ် ဆရာရယ်။

လေးစားစွာ ဖြင့်

ဦးအေးကျော် M.D

ICEC (စံပညာ့ရိပ်သာ)

ကိုယ်ပိုင်အထက်တန်းကျောင်း

ရန်ကုန်



ဆက်မိုက်လိုက်ဦးသူငယ်ချင်း

နိုင်ငံတိုင်းမှာ ပညာရေး ဆိုတာ နိုင်ငံအနာဂတ်လို့ ခံယူထားကြပါတယ်။

ပညာရေး လမ်းကြောင်းမှန်နေရင် တိုင်းပြည်တိုးတက်ဖို့ သေချာပြီးသားပါ။ ပညာရေး လမ်းကြောင်း စမ်းတဝါးဝါး ဖြစ်နေလို့ ကတော့ ဒီတိုင်းပြည်လည်း ဝိုးတိုးဝါးတားပဲ။ အကြောင်း မကောင်းရင် ပြည်ပျက်တဲ့အဆင့်ထိ ရောက်သွားနိုင်ပါတယ်။

အခု မြန်မာပြည်ရဲ့ ပညာရေး အခြေအနေကို အမှန်တကယ် ဖြစ်နေတဲ့အတိုင်း သိစေချင်လို့ မြန်မာပြည်ထဲက လက်တွေ့ ပညာရေး နယ်ပယ်တွေ မှာ လုပ်ကိုင်ကျင်လည်နေတဲ့ ဆရာကြီးများ နဲ့ တွေ့ ဆုံဆွေးနွေးထားတာတွေ ကို ဆရာဦးမင်းသစ်က သူ့မူအတိုင်း မိုက်မိုက်ကန်းကန်းထုတ်ဝေ လိုက်တဲ့ စာအုပ်ပါပဲ။

ဒါပေမယ့် ဒီနေ့ မြန်မာနိုင်ငံမှာ လူမုန်းခံရတဲ့ လူမိုက်တွေ လိုအပ်နေတာကလည်း အမှန်ပါပဲ။

စောနေ၀င်း (ရူပဗေဒ)

မန္တလေး



နည်းနည်း တော့ ရှက်မိပါတယ်။

ဆရာမင်းသစ်ရဲ့ “ပညာရေး ရှက်ဖွယ်” ဆောင်းပါးတွေ ကို ဖတ်ပြီးတဲ့နောက် ကိုယ့်လိပ်ပြာ ကိုယ်ရှက်မိပါရဲ့ ။

မိဘမျိုးရိုးကြောင့် ဆရာသွေးအပြည့်နဲ့ ပညာရေး လောကကို ရောက်ခဲ့တာပါ။ တပည့်တွေ ကို စာသင်နေရတာ ကို အရသာတစ်မျိုးလို့ ခံစားမိသူဆိုလည်းမှန်ပါတယ်။ ဆရာအလုပ်နဲ့ ဆရာ ဘ၀ကို မြတ်နိုးခုံမင်စွာ နဲ့ ဂုဏ်ယူခဲ့မိပါတယ်။

ဆရာ၊ ဆရာမ အများ စုဟာ ဝါသနာ၊ စေတနာ၊ အနစ်နာတွေ နဲ့ ကြိုးစားသင်ခဲ့ကြပါတယ်။ (စုန်းပြူးတချို့လည်း ရှိပါတယ်။) တပည့်လေးတွေ့ ရဲ့ ပညာရေး ကလည်း နိမ့်သည်ထက်နိမ့်လို့လာ ပါတယ်။ တချို့ကလေးတွေ မှာ အခြေခံလေးလောက်တောင်မရှိတာကို တွေ့ ရပါတယ်။ ဥပမာ-ဆယ်တန်းကျောင်းသားက “J-ဂျေ” ကို မရေး တတ်တာမျိုး။ ကိုယ်တွေ့ မို့ယုံတာပါ။ သူများ ပြောရင် ယုံစရာမရှိပါဘူး။ အဲဒါသူငယ်တန်းကစပြီး အင်္ဂလိပ်စာသင်ခဲ့တာနော်။

ကျောင်းသားတွေ မှာ စာဆိုတာ ကြိုးစားဖို့မလို။ အချိန်တန်အောင်မှာ ပါလို့ ယူဆထားကြ ဟန်တူသလို ဆရာတချို့ရဲ့ “ခင်ဗျား အတန်းသွားဝင်မလို့လား၊ ခင်ဗျားမသင်လည်း အောင်ပါတယ်ဗျာ” လို့ ဆရာတချို့က ပြောဆိုကြတဲ့အထိ ပညာရေး မှာ ရှက်စရာ ဖြစ်ခဲ့ရပါတယ်။

ကိုယ်တိုင်ပါဝင်ကပြခဲ့တဲ့ “ပညာရေး အဟောသိကံ” ဇာတ်လမ်းကို ဆရာမင်းသစ်က ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်း ဖွင့်ချလိုက်တော့ ကျွန်တော် နည်းနည်း ရှက်မိပါတယ်။ မြန်မာနိုင်ငံ တော် အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်လာရေး မှာ အရေး ကြီးဆုံး ဖြစ်တဲ့ ပညာရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲနိုင်အောင် အချက်အလက်နဲ့ပြည့်စုံတဲ့ ဆရာရဲ့ “ပညာရေး ရှက်ဖွယ်” ကို ကြိုဆိုပါတယ် ဆရာ။

မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကို အမြန်ဆုံးပြုပြင်ပြောင်းလဲနိုင်ပြီ။ “ဆရာ လေးစားရသော တပည့်များ ” ကို မွေးထုတ်နိုင်ပါစေ။ “အတော် ဆုံးကျောင်းသားများ ဆရာ ဖြစ်လာကြပါစေ။” ပညာရေး အဟောသိကံဇာတ်လမ်း ချုပ်ငြိမ်းပါစေလို့ ဆန္ဒပြုလျက် …..

ဦးခင်မောင်ညို (တောင်တွင်းကိုရင်သြ)

အငြိမ်းစား (အလပြ)

အ.မ.က (၁၆) လှိုင်မြို့နယ်

အ.ထ.က (၁) လှိုင်မြို့နယ်

အ.ထ.က (၁) မြောက်ဥက္ကလာပမြို့နယ်

ရန်ကုန်တိုင်းဒေသကြီး



“ပညာရေး -ရှက်ဖွယ်” မှ

မူလတန်းဆိုင်ရာအကြံပြုချက်ပေါ် အမြင်

ဆရာမင်းသစ်ကို ၁၉၇၀ ခန့်မှစပြီး ရေး ဖော်ရေး ဖက်တစ်ဦးအ ဖြစ်လည်းကောင်း၊ သင်ဖော် သင်ဖက်ကျောင်းဆရာတစ်ဦးအ ဖြစ်လည်းကောင်း သိကျွမ်းခင်မင်ခဲ့ရပါတယ်။

သို့သော် ယခုစာပေအမြင်ကိုမူ ကျွန်တော် သည် ဆရာ၏ “ပညာရေး -ရှက်ဖွယ်” မှ “မူလတန်းဆိုင်ရာ” တင်ပြမှု များ ကိုသာ ပညာရေး ဝန်ထမ်း နှစ် လေးဆယ်ကျော် အတွေ့ အကြုံဖြင့် ဆွေးနွေးမည် ဖြစ်ပါသည်။

မူလတန်းပညာရေး ပြန်လည်တည်ဆောက်ခြင်း ဆွေးနွေးမှု တွင် အဆင့် (၁၀) ဆင့် တည်ဆောက်မှု ကို ထောက်ခံပါသည်။ ကျွန်တော် တို့လည်း ထိုအဆင့်များ ဖြင့် မူလတန်းဘဝဖြတ်ခဲ့ ရပါသည်။ သူငယ်တန်းလေး၊ သူငယ်တန်းကြီး နေပြီးမှ သူငယ်တန်းအောင်ခဲ့ရပါသည်။

အသင်းအဖွဲ့စိတ်ဓာတ်ဆိုင်ရာတွင် ကျွန်တော် တို့ငယ်စဉ်ကပင် ကင်းထောက်လူငယ် ဖြစ်ခဲ့ ရပါသည်။ ကျောင်းဆရာ ဖြစ်သည့်အခါ ကင်းထောက်လူငယ်အတွေ့ အကြုံများ ဖြင့် ကျောင်းတွင်း လက်တွေ့ ဖွံ့ဖြိုးမှု ကို သင်ကြားပေးနိုင်ခဲ့ပါသည်။ (သို့သော် ကျွန်တော် ပညာရေး ဝန်ထမ်းဘ၀တွင် ကျွန်တော် ကျောင်းမှ တေဇလမ်းစဉ်၊ ကြံ့ခိုင်ရေး အသင်းဝင်ပုံစံအပ်ခြင်း၊ အဖွဲ့ဝင်စေခြင်းများ မပြုလုပ်ခဲ့ပါ။)

ပြည်သူ့နီတိ ကတော့ ပညာရေး ဌာနမှ မလစ်ဟင်းခဲ့ပါ။ နှစ် သုံးဆယ်စီမံကိန်းတွင် “ဘသတွက်တာကျွမ်းကျင်စရာ” ဘာသာရပ်တွင် ပြည်သူနီတိ၊ ကျန်းမာရေး ၊ ကိုယ်ကျင့်တရားတို့ အတွက် ဆရာကိုင်စာအုပ်ဖြင့် သင်ကြားပုံစံ စနစ်တကျ ပေးပို့သင်တန်း ပြုလုပ်ခဲ့ပါသည်။ 2012 တွင် ကျောင်းတိုင်းသို့ ဆရာကိုင်စာအုပ်သစ်များ ပြန်လည်ရိုက်နှိပ်ပေးဖို့ ညွှန်ကြားခဲ့ပါသည်။ ပြည့်သူ့နီတိဆိုရာတွင် ဆ၇ာဦးအုန်းမောင်၏ စာအုပ်ကို အခန်းလိုက် အသင်းကွဲသင်ကြားခြင်း ဖြစ်ပြီး မဂ္ဂဇင်းစာစောင်များ မှ အကျိုးပြုကဗျာများ ကို လည်းသင်ခန်းစာအ ဖြစ် စုစည်းပေးထား ပါသည်။ (သင်ကြားရေး အောင်မြင်မှု ကတော့ ကျောင်းအုပ်ကြီးရဲ့ စိတ်ဝင်စားမှု အဓိကနဲ့ စစ်ဆေး ရေး တာဝန်ယူမှု ပေါ့ ဆရာ)

ဘာသာရေး တရားနဲ့ ပတ်သက်လို့လည်း ၁၉၉၀ ကတည်းက ဘာသာတရားနဲ့ နှုတ်ဆက်ပုံ၊ မင်္ဂလာတရားတို့ကို သင်ကြားရန် လမ်းညွှန် ဖြစ်ပြီး ဖြစ်ပါသည်။ သင်၊ မသင်တော့ ကာယကံရှင်မှာ ပဲ သိပါလိမ့်မည် ။

မူလတန်းအဆင့် အဆုံးသတ်ရေး ကို ဆရာပြောသလို အစိုးရစစ်၊ မြို့နယ်စစ်များ ပြန်လည် ဖြစ်စေလိုပါသည်။ ကျောင်းနေရင်း စာမေးပွဲအောင် စနစ်မှ စာမေးပွဲဖြေနိုင်မှ အောင်မြင်ရေး ကို ဆရာ၊ ဆရာမ အများ က လိုချင်ကြပါသည်။ ဆရာ၏ ပညာရေး အမြင် အကြံပြုချက်၊ ဆွေးနွေးချက်များ ကို လက်ခံနိုင်ပါသည်။ နောက်တွင် `ပညာရေး - ရှက်ဖွယ် မှ `ပညာရေး အတုယူဖွယ်` ဖြစ်နိုင်ကြပါစေလို့သာ။



ကျောင်းသားမိဘ တစ်ဦးရဲ့ ခံစားချက်ရင်ဖွင့်သံ

တိုင်းပြည်တစ်ပြည်ရဲ့ ပြည်သူတွေ ရဲ့ အသက်သွေးကြောဟာ နိုင်ငံရေး ၊ စီးပွားရေး ၊ ကျန်မာရေး ၊ ပညာရေး တွေ ပဲ ဖြစ်ပါတယ်။

ကျွန်တော် တို့နိုင်ငံမှာ တော့ အာဏာရှင်အစိုးရအဆက်ဆက်ကြောင့် အဘက်ဘက်က ချွတ်ခြုံကျခဲ့ရတာ ကမ္ဘာသိ။

အထူးသဖြင့် ပညာရေး လောကဟာ အတော် လေး အကျည်းတန် အရုပ်ဆိုးခဲ့ရပါတယ်။ ဒါကလည်း သွားလေသူ အာဏာရှင်ကြီးရဲ့ “နောက် လူတွေ ပညာမတတ်ပဲ၊ နလဗိန်းတုံးတွေ ဖြစ်ကုန်မှ တို့နန်းသက်ရှည်မယ်” ဆိုတဲ့ အတ္တလွန်အယူအဆနဲ့ စေတနာယုတ်ကန်းမှု တွေ ကြောင့် လက်တည့်စမ်းမှု အမျိုးမျိုးနဲ့ ပညာရေး စနစ်ဆိုးရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတာ ပါ။

ကျွန်တော် ကိုယ်တိုင် ကျောင်းသားဘ၀မှာ ခံခဲ့ရတာ လိမ့်နေတာပါပဲ။ ၆၂ မတိုင်ခင်က ၈-တန်းအောင်ရင် ၁ဝ-တန်း (Matric) ကိုတန်းတက်ရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် ၉-တန်း ဆိုပြီး တစ်တန်းတိုးလိုက်တယ်။ တန်းခွဲ တန်းချ လုပ်လိုက်တယ်။ ၈-တန်းအောင်တဲ့ ကျွန်တော် တို့ ၁-နှစ် နာသွားတဲ့အပြင် ၉-တန်းအစိုးရစစ်ဖြေတော့လည်း သရက်မှာ မေးခွန်းပေါက်လို့ဆိုပြီး ၁-လပဲ ခြားပြီး တစ်ပြည်လုံးပြန်ဖြေရတယ်။ ရက်ရက်စက်စက် နှိပ်ကွပ်လိုက်တာဗျာ။

၁၉၆၄ မှာ ၁ဝ-တန်း အောင်ပြန်တော့ အရင်လို အိုင်အေဂျူနီယာ၊ စီနီယာတွေ မတက်ရတော့ဘဲ New System တဲ့။ ဆေး၊ စက်မှု နဲ့ ဝိဇ္ဇာသိပ္ပံ၊ သီးခြားတက္ကသိုလ်တွေ ခွဲထုတ်ပစ်လိုက်တော့ ဒုက္ခ ရောက်ရပြန်တယ်။ ဘွဲ့ရတဲ့အထိ ပညာကို ဟုတ်တိပတ်တိ မသင်ခဲ့ ရတော့ပါဘူး။

သားသမီးတွေ လက်ထက်ကျပြန်တော့လည်း ဗလောင်းဗလဲနဲ့ ဗြောင်းဆန်အောင် နှိပ်စက်ပြန်ပါရော။ ၁၉၉၂-၉၃ မှာ ၉-တန်းကို ဘုတ်စစ်ကနေ ကျောင်းစစ်လုပ်လိုက်တယ်ဗျာ။ မြောက်ဥက္ကလာ အ.ထ.က (-) မှာ တက်တဲ့ ကျွန်တော့် သမီးလေးဟာ ၉-တန်းအထိ တစ်နှစ် မှ မကျဖူးခဲ့သလို အဆင့် (၁) နဲ့ (၁ဝ) ကြားအမြဲရှိခဲ့သူပါ။ ကျောင်းစစ် ၉-တန်းကျကာမှ စာမေးပွဲကျ သွားရတယ်။ သူ့ခမျာ ချုံးပွဲချငိုလိုက်တာ မနည်းချော့ရတယ်။ နောက်ပိုင်းကျမှသိရတာ က အတန်းပိုင်ဆရာမ က သူ့ကျူရှင်တက်တဲ့လူတွေ ကို ဦးစားပေးအအောင်ပေးပြီး မတက်တဲ့လူတွေ ကို အဖြေလွှာချင်းလဲပစ်ပြီး အတန်းချပစ်တယ်ဆိုတာပါပဲ။ ကျောင်းအုပ်ဆရာမ ကြီးကို အပိုင်ပေါင်း ထားတော့ သူလုပ်ချင်သလို လုပ်လို့ရတာ ပေါ့။ သမီးဟာ နောက်တစ်နှစ် ၉-တန်း အောင်ပေမယ့် စနစ်ထပ်ပြောင်းလိုက်တဲ့ ၁ဝ-တန်းမှာ ကျရာက ပညာရေး စိတ်ကုန်ပြီး ကျောင်းထွက်လိုက်တော့ တာပါပဲ။ လူငယ် တစ်ယောက် အညွန့်ချိုးခံလိုက်ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။

ဒီလိုဒီလို ကမောက်ကမနဲ့ ချောက်ကျခဲ့ရတဲ့ ရင်နာစရာအ ဖြစ်တွေ ကို ကိုယ်တိုင်ကျောင်း သားဘဝနဲ့ရော၊ မိဘ တစ်ယောက် အနေနဲ့ပါ ဖော်ထုတ်ချင်ပေမယ့် အခွင့်မသာလို့ ကြိတ်ခံခဲ့ရတာ နဲ့ အတွင်းကြေကြေခဲ့ရတာ ကြာပါပြီဗျာ။

ခုတော့ ဆရာမင်းသစ်က ကျွန်တော် တို့ကိုယ်စား ရင်ဖွင့်စကားပြောပေးလိုက် ပါပြီ။ ပညာသားပါပါ စေတနာအပြည့်နဲ့ ပျစ်ပျစ်နှစ် နှစ် ဝေဖန်သုံးသပ်ထားတဲ့ အမှန်တရားတွေ သာ ဖြစ် နေတာတွေ့ ရတယ်။ အပြောကောင်းသလောက် အရေး ကောင်းတဲ့ ဆရာဟာ ပြည်တွင်းပြည်ပ ပညာရေး စနစ်အကြောင်းတွေ ဘက်စုံထောင့်စုံ တင်ပြထားသလို အနာဂတ်ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့ အကြံပေးချက်တွေ ကလည်း အဖိုးတန်လှတယ်လို့ မြင်မိပါတယ်။

ရွှေဖလား အနားကွပ်စရာမလိုတော့ပါဘူး။

မြန်မာပြည်သူပြည်သား ကျောင်းသားမိဘကိုယ်စား ကျေးဇူး …. ကျေးဇူး …. ကျေးဇူး အထူးတင်ပါတယ် ဆရာ။

စနစ်ရဲ့ သားကောင် ဖြစ်ခဲ့သော

ကျောင်းသားမိဘတစ်ဦး

ညီညီနိုင် (စာရေး ဆရာ)





ဝန်ဇင်းချစ်သူများ မင်းသစ် ၏ “ ပညာရေး... ပညာရေး ရှက်ဖွယ်...ရှက်ဖွယ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အိပ်မက်ကွန်ဖရင့် ၀တ္ထုတိုစု

လွမ်းရတဲ့သူတွေ