မင်းသစ်
ပေါ်ဦးသက်၊ မြတ်လေး၊ တွံတေးသိန်းတန်၊ မောင်လေးအောင်၊ မောင်ချောနွယ်၊ လင်းယုန်ဘဝင်း၊ မောင်လူမှိန်၊ ဗန်းမော်တင်အောင်၊ လူထုဒေါ်အမာ၊ မောင်သိန်းတန်၊ အောင်ပြည့်၊ ကျော်တင့်အောင်၊ တင်မိုး၊ မေမြို့မိုးကြည်၊ ကောင်းထက်၊ မောင်ထင်၊ လွှမ်းမိုး၊ နတ်နွယ်၊ မင်းသိင်္ခ
၂၀၀၈ နှစ် ကစပြီး၊ မဟေသီမဂ္ဂဇင်းမှာ “လွမ်းရတဲ့သူတွေ ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ၊ ကျွန်တော် လေးစားပြီး လွမ်းရတဲ့သူတွေ အကြောင်းကို လစဉ်ရေး ခဲ့ပါတယ်။
စာရေး ပျင်းတဲ့ကျွန်တော် ကို သည်းခံစောင့်ပေးပြီး မပျက်မကွက် ဖော်ပြပေးခဲ့တဲ့ မဟေသီမဂ္ဂဇင်း စာတည်း အဖွဲ့နဲ့ လစဉ်စောင့်ဖတ်အားပေးကြတဲ့ စာဖတ်ပရိသတ်တွေ ကို ကျေးဇူးသိပ်တင်ပါတယ်။
လွမ်းရတဲ့သူတွေ (၁)ဆရာပေါ်ဦးသက် ကစပြီး၊ အမှတ်(၁ဝ)ပြဿနာ မောင်သိန်းတန် အထိ စုစုပေါင်း(၁ဝ)ဦးပြည့်သွားတဲ့အခါမှာ ၊ စိတ်ကူးချိုချိုစာအုပ်တိုက် ကလုံးချင်းစာအုပ်အ ဖြစ် ထုတ်ဝေ ပေးခဲ့ ပါတယ်။ နှစ် လအတွင်းမှာ လက်ကျန်မရှိအောင် ပြတ်သွားတဲ့အတွက်လည်း ကျွန်တော် ပျော်ခဲ့ရပါတယ်။ စိတ်ကူးချိုချိုနဲ့ အားပေးတဲ့ စာဖတ်သူများ ကိုလည်း ထပ်ကျေးဇူးတင်ရပြန်ပါတယ်။
ဒါက “လွမ်းရတဲ့သူတွေ ပထမအုပ်” အကြောင်းပါ။
ဒီလိုနဲ့ မဟေသီမှာ ဆက်ရေး ရင်း၊ လွမ်းရတဲ့သူတွေ (၁၈)အထိ ရောက်လာပြန်ပါတယ်။ ပထမအုပ် ဝယ်မရလိုက်တဲ့သူတွေ နဲ့ မိတ်ဆွေရေး ဖော် အချို့[အထူးသဖြင့် ၊ ဆရာကိုကိုလတ်(ဆည်မြောင်း)] က ပ+ဒု (၂)အုပ်ပေါင်းပြီး ထုတ်ဖို့ တိုက်တွန်းကြတာနဲ့ ဒီစာအုပ် ဖြစ်လာတာပါ။
ဒီလွမ်းရတဲ့သူတွေ (ပ+ဒု)နှစ် အုပ်တွဲ ကို ထုတ်ဝေပေးတဲ့၊ ကိုဝင်းချို(ဓူဝံစာအုပ်တိုက်) ကိုလည်း ကျေးဇူးစကားဆိုပါရစေ။
မင်းသစ်
ရန်ကုန်မြို့
၂၀၁၂၊ ဇန်န၀ါရီ၊ ၎
လူထုဒေါ်အမာ
၁၉၆၇၊ ဇူလိုင်လဆန်းပိုင်း ….. ။
မိုးပျံဘူတာလေးဟု ကျွန်တော် အမည် ပေးထားသော ဇာတိမြေစစ်ကိုင်းမြို့၏ ဘူတာရုံတွင် ကျွန်တော် ရပ်နေသည်။ နံနက်လင်းစသာ ရှိသေးသော ကြောင့် စစ်ကိုင်းတောင်ရိုးပေါ်မှ ဘုရား၊ စေတီတို့၏ မီးများ ပင် မငြိမ်းသေး။ ဧရာဝတီမြစ်ပြင်ပေါ်တွင် မူ ရောင် နီဖြင့် ဖိတ်ဖိတ်လက်နေသော လှိုင်းကြက်ခွပ်တို့ ကခုန်လျက်။
ကန့်ဘလူ၊ ဂါးတားကြီးကျေးရွာအနီးတွင် သိပ္ပံမောင်ဝ အထိမ်းအမှတ်ကျောက်စာတိုင် ကို သွားစိုက်ထူကြမည့်  အထက်ဗမာနိုင်ငံ စာရေး ဆရာအသင်းမှ ဆရာ၊ ဆရာမ ကြီးများ လိုက်ပါလာမည့်  နဘားခေါက်ပြန်ရထားကို ကျွန်တော် စောင့်နေခြင်း ဖြစ်သည်။
ရထားဆိုက်သော အခါ ဆရာတော် ရွှေကိုင်းသား၊ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ သန်းထွတ် (ဆရာအတတ်သင်) (နောင်တွင် ပါမောက္ခ ဦးသန်းထွတ် ပညာရေး တက္ကသိုလ်)၊ ကဗျာဆရာ ကိုရွှေသော် နှင့် နိုင်သူ (မန်းတက္ကသိုလ်) တို့သာ ပါလာသည်။ ထိုစဉ်က ဖြစ်ပေါ်နေသော အရေး အခင်းတစ်ခုကြောင့် အဓိကဦးဆောင်ကြရမည့်  လူထုဦးလှနှင့် လူထုဒေါ်အမာ တို့ လိုက်ပါလာနိုင်ခြင်း မရှိခဲ့ ….. ။
ကျောက်စာတိုင်စိုက်ပြီး ကျွန်တော် တို့ ပြန်လာကြသော အခါ စိတ်ထိခိုက်ကြရသော သတင်းတစ်ပုဒ် ကို ကြားလိုက်ရသည်။
လူထုသတင်းစာ ရပ်စဲသွားခဲ့ရပြီ။
အထက်မြန်မာပြည်မှ စာသမား၊ ကဗျာသမားများ ၊ အထူးသဖြင့် ကလောင်သစ်လေးများ ၏ အားထားရာ ရွှေတောင်ကြီးကား ပြိုလဲသွားလေပြီ။
သည်လိုဖြင့် ဒေါ်ဒေါ်နှင့် ကျွန်တော် နီးလျက်နှင့် ဝေးခဲ့ရသည်။ ရင်းနှီးခင်မင်ခွင့် ဆုံးရှုံးခဲ့ရသည်။
အမေ့ကို ….. သည်နေရာတွင် စကားစပ်၍ ပြောရလျှင် ဒုတိယကမ္ဘာစစ်အပြီးမှ ၁၉၆၀ ဆန်းပိုင်းနှစ် များ အထိ အထူးသဖြင့် မန္တလေးတက္ကသိုလ်ထွက် ကျွန်တော် တို့စာသမားများ သည် လူထုဦးလှကို ဦးလေးလှ၊ လူထုဒေါ်အမာကို ဒေါ်ဒေါ်ဟု ခေါ်ခဲ့ကြစမြဲ ဖြစ်သည်။
ယခုတော့ ကျွန်တော့် မိသားစုနှင့် ယနေ့လူငယ်အများ စု ခေါ်ကြသည့် အတိုင်း ကျွန်တော် လည်း အမေဟုသာ နှုတ်ကျိုးနေပါပြီ။
အမေ့ကို ရင်းနှီးခင်မင်ခွင့်ရသည်မှာ ၁၉၉၀ ခု၊ နှစ် ဆန်းပိုင်းများ မှ ဖြစ်သည်။ ထိုစဉ်က မဟေသီ မဂ္ဂဇင်း၏ စာခရီးသည်ကြီးကဏ္ဍ အတွက် မန္တလေးသို့ ရောက်စဉ် အမေ့ကို ဝင်ကန်တော့ရင်း စတင်ရင်းနှီးခွင့် ရခဲ့ခြင်း ဖြစ်သည်။ နောင်မှာ တော့ ကျွန်တော့် ဇနီးနှင့် ပါ ခင်မင်ရင်းနှီး ဖြစ်ြ ကတော့သည်။
အမေက ကျွန်တော် တို့ ဇနီးမောင်နှံ မန္တလေးရောက်လျှင် ထမင်းခေါ်ကျွေးသည့်အပြင် ရန်ကုန်သို့ အပြန် ရထားပေါ်တွင် စားသွားကြရန် ချိုင့်နှင့် ဟင်းမျိုးစုံထည့်ပေးလိုက် သေးသည်။ ထို့ကြောင့် အမေဆုံး သည်ဟု ကြားရသော အခါ …..
“အဲဒီ တုန်းက အမေထည့်ပေးလိုက် တဲ့ ကင်းပုံသီးနဲ့ မျှစ်ကြော်လေးကို မှတ်မိသေးတယ်”
လွမ်းလွမ်းဆွေးဆွေး ပြောလိုက်သော ကျွန်တော့် ဇနီးကို ကြည့်ကာ ရင်ထဲမှသာ ရှိုက်လိုက်မိတော့ သည်။
“လူထုဦးလှကြောင့် လူထုဒေါ်အမာ ဖြစ်လာတာ”
ထိုစကားကို လွန်ခဲ့သော နှစ် ပေါင်း ၅၀ခန့်ကတည်းက မကြာခဏ ကြားခဲ့ဖူးပါသည်။ ငယ်သေး သဖြင့် အလေးအနက်ထားပြီး မစဉ်းစားမိခဲ့ပါ။ သို့ သော် အမေ့စာများ ကိုဖတ်ရင်း နှစ် ကာလများ စွာ ကို ဖြတ်သန်းခဲ့ပြီးသော အခါတွင် မူ ထိုအဆိုကို ကျွန်တော် လက်မခံနိုင်တော့ပါ။ လူထုဦးလှနှင့် လူထုဒေါ်အမာ တို့သည် တစ်ဦချင်းပေါ်ထွန်းလာခဲ့ခြင်းဟုသာ ကျွန်တော် ယုံကြည်သည်။
အမေရေး ခဲ့သော သူ၏ ငယ်ဘ၀ဖြတ်သန်းမှု များ ကို ဖတ်ရလေလေ ကျွန်တော့် အယူအဆက ခိုင်မာလေလေ။ ကဲ ….. ဖတ်ကြည့်ပါ။ အမေ့ရဲ့ ကျွန်မတို့ငယ်ငယ်တုန်းက ထဲကပါ။
“၁၈၉၅ ခုနှစ် လောက်ရောက်တော့ အဘိုးဦးဖြိုးအောင်တို့က ခရစ်ယာန်ဘာသာကို မသိမ်းသွင်းတဲ့ အင်္ဂလိပ်စာသင်ကျောင်းတော့ မန္တလေးမှာ လိုအပ်နေပြီလို့ သဘောပေါက်ကြပြီ။ ဒါကြောင့် မြိတ်ဆရာတော် ရဲ့ စည်းရုံးလှုံ့ဆော်မှု ၊ မြို့သူမြို့သားတွေ ရဲ့ နိုးကြားတက်ကြွမှု နဲ့ မန္တလေးမြို့ပေါ်မှ ဗုဒ္ဓသာသနာ့ နုဂ္ဂဟ (ဘီတီအင်) ကျောင်း၊ ယောကျာ်းးလေးကျောင်း၊ မိန်းကလေးကျောင်း ပေါ်ပေါက်ဖို့ ကြိုးပမ်းကြပါတော့ တယ်။ ….. ဒီတော့ ကျွန်မတို့အဘိုး ဦးဖြိုးအောင်က ၃၂-လမ်းနဲ့ ၃၁-လမ်းကြား၊ ၈၃-လမ်းနဲ့ ၈၂ လမ်းကြား မှာ ရှိတဲ့ တိုင်းတားမင်းကြီးရဲ့ ၀င်းမြေကို ငွေ ၄၀၀၀ိ/-နဲ့ ၀ယ်ယူပြီး ယောကျာ်းလေးကျောင်းဆောက်ဖို့ ကျောင်းမြေအ ဖြစ် လှူလိုက်ပါတယ်”
လွန်ခဲ့သော နှစ် ပေါင်း ၁၀၀ ကျော်က ရူပီးငွေ ၄၀၀၀ိ/- ဆိုသည်မှာ ယနေ့ကမ္ဘာ့ငွေတန်ဖိုးနှင့် ဆိုလျှင် သိန်းလေးထောင်အထက်တွင် ရှိပေမည် ။ တော် ရုံမျိုးချစ်စိတ်နှင့် လှူဒါန်းနိုင်လိမ့်မည် မဟုတ်ပါ။ ထိုကဲ့သို့ သော အဘိုးမျိုးမှ လူထုဒေါ်အမာ ဆင်းသက်ပေါက်ဖွားလာခြင်း ဖြစ်ပါသည်။
ထို့ပြင် အဖေ့ဘက်မှ အဘိုးဦးစိုးဂေါင်နှင့် ဘကြီး ဖြစ်သူ ဦးရှင်ထံမှ ဆင်းသက်လာကြောင်း အမေ ရေး သော စာများ တွင် တွေ့ နေရသည်။
အဘိုးဦးစိုးဂေါင်သည် ဘာသာရေး ဆိုင်ရာ ကျမ်းပေါင်း ၁၂ ကျမ်းကို ရေး သားထုတ်ဝေခဲ့သူ ဖြစ်သည်။ အမေ့ဖခင် ဦးထင်၏ အစ်ကို ဖြစ်သူ ဦးရှင်၏ နိုင်ငံရေး အမြင်ပါသော စာပေတို့ကမူ အမေ့အပေါ်သို့ ပို၍ သြဇာသက်ရောက်ခဲ့လိမ့်မည် ထင်ပါသည်။ ဆရာရှင်၏ စာပေဆောင်ရွက်ချက်များ ကို ကျွန်မတို့ ငယ်ငယ်တုန်းက စာအုပ်ထဲတွင် ပင် ဤသို့ ရေး ခဲ့ပါသည်။
“ဂျီစီဘီအေ နဝမကွန်ဖရင့်ကြီး မန္တလေးမှာ ကျင်းပတဲ့အချိန်က၊ ကျွန်မတို့ဘကြီးများ က ကွန်ဖရင့် ကြီးကို ဂုဏ်ပြုသော အားဖြင့် ဂျာနယ်တစ်စောင် နေပြည်တော် အမည် နဲ့ ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ထုတ်ဝေသူက ဦးရှင်လို့လည်း ခေါ်တယ်။ ဆရာရှင်လို့လည်းခေါ်တဲ့ ကျွန်မတို့ဘကြီးပါ။ နေပြည်တော် ဂျာနယ်ရဲ့ ထူးခြားချက်က ထွက်ပြီးသမျှ ဂျာနယ်ထဲမှာ နိုင်ငံရေး ဆောင်းပါးချည်း သက်သက်ဖော်ပြတဲ့ နိုင်ငံရေး ဂျာနယ် ဖြစ်ခြင်းပါပဲ။ ဒီဂျာနယ်ထဲမှာ အဏုမြူဆိုတဲ့ ကလောင်ရှင်၊ မုဆိုးဗိုလ် ဆိုတဲ့ ကလောင်ရှင် ဟာ ဘကြီးရှင်ပဲလို့ သိမှတ်ဖူးပါတယ်။ ဂျာနယ်ထုတ်ဝေချိန်ဟာ ၁၉၂၁ ခု ဖြစ်လေတော့ ရုရှားပြည်မှာ ပစ္စည်းမဲ့များ အောင်ပွဲခံတာ ၄-နှစ် ပဲ ရှိပါသေးတယ်၊ နေပြည်တော် ဂျာနယ်မှာ ဗော်ရှီဗစ်တို့ရဲ့ နိုင်ငံရေး တွေ ၊ သူ့ကျွန်ဘဝကလွတ်အောင် အိုင်းရစ်လူမျိုးတွေ ဘယ်လိုလှုပ်ရှား ရုန်းကန်နေကြတယ်။ ဗြိတိသျှအောက်က လွတ်မြောက်သွားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေး ကြေညာစာတမ်း၊ ဆင်ဖိန်းအသင်းရဲ့ ပေါ်လစီတာတွေ ကို အပတ်တိုင်းတစ်ခု၊ နှစ် ခုဖော်ပြတယ်။ ပြီးတော့မှ ဗြိတိသျှအစိုးရနဲ့ ဥရောပတိုက်နားက အရှေ့ဘက် နိုင်ငံရေး များ အရေး ၊ အိန္နိယမှာ လှုပ်ရှားနေတဲ့ အရေး အခင်းများ ၊ ဆိုရှယ်လစ်ဝါဒဆိုတာ ဘယ်လိုဝါဒ၊ ကွန်မြူနစ်ဝါဒဆိုတာ ဘယ်လိုဟာ စသည်ဖြင့် ကမ္ဘာ့နိုင်ငံရေး တွေ ကို အပတ်စဉ် ဖော်ပြတဲ့ ဂျာနယ် ဖြစ်ပါတယ်။ အသက်ကြီးလာလို့ ဂျာနယ်တွေ အတွဲ လိုက်ချုပ်ထားတာတွေ ကို ပြန်ဖတ်ကြည့်တော့မှ သူ့ခေတ်သူ့အခါမှာ သိပ်ရှေ့တန်းရောက်နေတဲ့ နိုင်ငံရေး အမြင်တွေ ပါမှန်းသိရပါတယ်”
ဤမျှဆိုလျှင်ပင် အမေ၏ စာပေနှင့် နိုင်ငံရေး ရေခံ၊ မြေခံကို ကျွန်တော် တို့ မြင်သာနေပါပြီ။
အမေ၏ ပထမဆုံးစာအုပ် ဖြစ်သော မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှု အခင်းများ စာအုပ် ဖြစ်ပေါ် လာပုံမှာ MAURICE COLLIS ရေး သော ၊ TRIALS IN BUMA စာအုပ်ကို အမေဘာသာပြန်ရန် တိုက်တွန်းသူက အမေတို့၏ နေရှင်နယ်ကျောင်းအုပ်ကြီး ဖြစ်သော အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်။ စာအုပ် ဖြစ်လာအောင် ကြိုးပမ်းပေးသူက ဦးလေးလှ။
ထို့ကြောင့် အမေက ဤသို့ ရေး ခဲ့သည်။
“ဒါကြောင့် အမေစာရေး ဆရာ ဖြစ်အောင် ၀ိုင်းဝန်းလုပ်ဆောင်ပေးသူတွေ ထဲမှာ ပထမ ဆရာကြီး ဦးရာဇတ်၊ ဒုတိယ ဆရာကြီး မစ္စတာကောလစ်၊ တတိယ ဦးလှလို့ပဲ မှတ်ရမှာ ပဲ”
(အမေ့ ရှေးစကား၊ ပထမတွဲ ၊ စာ - ၈၉)
မည် သို့ပင် ဖြစ်စေ အမေသည် ဦးလေးလှကဲ့သို့ သော ဘဝအဖော်တစ်ဦးကို ရခဲ့၍ သာလျှင် ဤမျှများ ပြားသော စာအုပ်စာပေများ ကို ရေး သားထုတ်ဝေနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ကျွန်တော် ထင်ပါသည်။
ဆရာဝင်းတင့် ပြုစုသော လူထုဒေါ်အမာ စာစုစာရင်း (၁၉၉၅ အထိ) ကို မြင်လိုက်ရသော အခါ လန့်သွားသည်။ ပင်ကိုရေး ၊ ဘာသာပြန်၊ ဆောင်းပါး၊ အတ္ထုပ္ပတ္တိများ စုစုပေါင်း (၈၇၄)။ ၁၉၉၅ နောက်ပိုင်း ရေး သည်များ မပါသေး …..။
အားကျရင်းနဲ့ လွမ်းတယ် အမေရယ်။
အထက်တွင် ကျွန်တော် ဆိုခဲ့သော လူထုဦးလှနှင့် လူထုဒေါ်အမာတို့သည် တစ်ဦးချင်း ထွန်းကား လာခဲ့ခြင်းသာ ဖြစ်သည်ဟူသော ကျွန်တော့် အယူအဆသည် ဆရာလူထုစိန်ဝင်း ၏ အောက်ပါဆောင်းပါးကို ဖတ်ရသော အခါ ပို၍ ခိုင်မာ ဖြစ်တော့သည်။ ဆရာက ဦးလေးလှနှင့် ဒေါ်ဒေါ်တို့နှစ် ဦးကို ယှဉ်၍ ကြည့်ပြီး၊ မြင်၍ သိသော အသိဖြင့် အကဲဖြတ်ထားသဖြင့် ကျွန်တော့် အကဲဖြတ်ချက်ထက် ပို၍ ကြည်လင်ပြတ်သားပါ သည်။ ဖတ်ကြည့်ပါဦး။ (သတင်းစာပညာ သော င်းပြောင်းထွေလာ၊ စာ၊ ၁၉-၂၀-၂၁)
“အခြေအနေအရ လိုအပ်တဲ့အခါမျိုးမှာ စာပေရေး သားခြင်းအတတ်ပညာနဲ့ သတင်းစာအတတ် ပညာတို့ ကွဲပြားခြားနားပုံကို လေ့လာချင်သူ လူငယ်များ ကို အကြံပြုချင်တာ ကတော့ ဦးလေးလူထုဦးလှနဲ့ ဒေါ်ဒေါ် လူထုဒေါ်အမာ ရေး ခဲ့တဲ့စာတွေ ကို နှိုင်းယဉ်လေ့လာကြည့်ပါဆိုတဲ့ အကြောင်းပါပဲ။ နှစ် ဦးစလုံးကို ကမ္ဘာသိစာရေး ဆရာကြီးများ အ ဖြစ်လည်း လေးစားကြပါတယ်။ စာရေး ဆရာကြီးအ ဖြစ်နဲ့လည်း ရိုသေကြပါ တယ်။ ၅၀ ခုနှစ် များ နဲ့ ၆၀ ခုနှစ် များ အတွင်း လူလားမြောက်ခဲ့ကြတဲ့ လူငယ်တွေ ကြားမှာ တော့ ဒေါ်ဒေါ်မာ ဟာ တကယ့်ပြည်သူ့သတင်းစာ ဆရာမ ကြီးတစ်ဦးအ ဖြစ် ရိုသေလေးစား တန်ဖိုးထားခံရသူ ဖြစ်ပါတယ်။ ဒေါ်ဒေါ်ရဲ့ “လှုပ်ရှားနေသော ကမ္ဘာ့ရေး ရာများ ” ဆိုတဲ့ လူထုသတင်းစာရဲ့ နေ့စဉ်ကဏ္ဍက ဆောင်းပါးတွေ ဟာ သိပ်ပြီး၊ သိပ်မြည် ပြီး သိပ်လက်သံပြောင်ခဲ့ပေတာကိုး။ ကမ္ဘာ့နိုင်ငံတစ်ခုခုမှာ မင်းပြောင်းမင်းလွဲ ဖြစ်တာတို့၊ ကြီးမားတဲ့ပြဿနာကြီးတွေ ပေါ်ပေါက်လာတာတို့၊ နိုင်ငံနှစ် ခုကြားမှာ ပြဿနာပေါ်တာတို့ ဖြစ်လာတဲ့အခါမျိုးတွေ မှာ ဒေါ်ဒေါ်ဘာရေး ရမလဲဆိုတာ စိတ်ဝင်တစား စောင့်ဖတ်ကြရပါတယ်။ ဖတ်ပြီးတော့ ဒေါ်ဒေါ်က ထောက်ခံရေး သားလိုက်တဲ့ဘက်က အမှန်ဘက်ပဲ၊ တိုးတက်တဲ့ဘက်ကပဲဆိုပြီး ယုံကြည်လက်ခံလိုက်ကြတာပါပဲ။ အဲဒီ ခေတ်က လူငယ်တွေ အဖို့တော့ ဒေါ်ဒေါ်ဟာ “အင်နာလူဝီ စထရောင်း” ဆိုတဲ့ အမေရိကန် သတင်းစာဆရာမ ကြီးကို အင်မတန်ပြတ်သားတဲ့ သတင်းစာဆရာမ ကြီး အ ဖြစ် လေးစားရိုသေကြပါတယ်။ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ် ဖြစ်တဲ့ ဦးလေးလှကိုတော့ သတင်းစာ တစ်ဦးအ ဖြစ်ထက် စာရေး ဆရာကြီးတစ်ဦးအ ဖြစ် လေးစားချစ်ခင်ကြတာ ဖြစ်ပါတယ်”
ဆရာ့ဆောင်းပါးကို ဖတ်လိုက်ရမှ ထိုစဉ်က ကျွန်တော့် တို့လည်း ထိုသို့ပင် ဝေဝါးခဲ့ကြောင်း ပြန်အမှတ်ရမိသည်။ ဆက်ဖတ်တော့မှ အမြင်က ရှင်သွားသည်။
“ ဒါပေမယ့် ဦးလေးနဲ့ဒေါ်ဒေါ်တို့ရဲ့ စာတွေ ကို သေချာနှိုင်းယှဉ်လေ့လာကြည့်မယ်ဆိုရင်တော့ ဦးလေးလှဟာ သတင်းစာဆရာကြီးတစ်ဦး ဖြစ်ပြီး၊ ဒေါ်ဒေါ်ဟာ စာရေး ဆရာမ ကြီးတစ်ဦး ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ကြောင်း တွေ့ ရလိမ့်မယ် ထင်ပါတယ်။
……. နှိုင်းယှဉ်ချက်အားဖြင့် ဒေါ်ဒေါ်ဟာ ရေး သားထုတ်ဝေခဲ့တဲ့ စာအုပ်အရေအတွက် သိပ်နည်း ပါတယ်။ စုစုပေါင်း အုပ်ရေ ၃၀ ပဲ ရှိခဲ့ပါတယ်။ သတင်းစာမှာ ရေး သားခဲ့တဲ့ ဆောင်းပါးတွေ များ တာပါ။ ဦးလေးလှ ကတော့ သတင်းစာမှာ ရေး ခဲ့တာတွေ အပြင် စာအုပ်အနေနဲ့ကိုက အုပ်ရေပေါင်း ၁၀၆ အုပ် ထုတ်ခဲ့တာပါ။ ဒါပေမယ့် ဒေါ်ဒေါ်ဟာ စာရေး ဆရာမ ကြီးတစ်ဦး ဖြစ်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဒေါ်ဒေါ် ရေး ခဲ့သမျှစာတွေ ဟာ နိုင်ငံရေး ဝေဖန်ချက်တွေ ကအစ နှလုံးသားနဲ့ ခံစားပြီး နှလုံးသားနဲ့ရေး ခဲ့တဲ့ စာတွေ ချည်း ဖြစ်လို့ပါ။ နှလုံးသားနဲ့ ခံစားပြီး နှလုံးသားနဲ့ ရေး ခဲ့တဲ့အတွက် ခံပြင်းဒေါသထွက်ပြီဆိုရင်လည်း ဒေါ်ဒေါ့်စာ တွေ ဟာ နဂါးမျက်စောင်းလို ပြင်းထန်လှပါတယ်။ ဖတ်တဲ့လူမှာ တက်တခေါက်ခေါက်နဲ့ကို ဖြစ်ကျန်ရစ်စေတာမျိုးတွေ ပါ။ ကြေကွဲဝမ်းနည်းစရာဆိုခဲ့ရင်လည်း ဖတ်တဲ့လူရဲ့ ရင်ထဲမှာ ဆို့နစ်နေအောင် ရေး တတ်ပါတယ်။ ဆရာမြို့မငြိမ်း ကွယ်လွန်ပြီးနောက် ဒေါ်ဒေါ်ရေး ခဲ့တဲ့ ဆရာ့အကြောင်း စာတွေ ဟာဆိုရင် မြန်မာစာပေလောကမှာ ဒီနေ့အထိ လူတိုင်းတဖွဖွ ပြောနေရတဲ့ အရေး အသားမျိုးတွေ ပါ”
ဟုတ်တယ်၊ ဒါဟာ စာရေး ဆရာစိတ်နဲ့ ရေး တာပဲ။
ဆရာ့ဆောင်းပါးကို ဖတ်ရင်း ပညာတစ်ခုရလိုက်သည်။ ကျွန်တော် က လူထုဒေါ်အမာတစ်ဦးတည်း ကိုသာ ချဉ်းကပ်၊ ဆင်ခြင်၊ အကဲဖြတ်ခြင်းများ ဖြစ်ပြီး၊ ဆရာက လူထုဦးလှနှင့် ယှဉ်၍ သုံးသပ်ပြီး ကောက်ချက်ချခြင်း ဖြစ်၍ ပိုပြီးပြည့်စုံခိုင်လုံ သွားပါသည်။ ကျေးဇူးတင်စွာ ဖြင့် ဆရာ့ဆောင်းပါးကို ဆက်ဖတ် ကြည့်သည်။
“ဦးလေးရဲ့ စာတွေ ကတော့ စစ်နောက်ခံ၊ ထောင်နောက်ခံ၊ ၀တ္ထုတွေ မှာ တောင် ဒေါသခိုး၊ အာဃာတခိုးတွေ ကင်းနေတာကို တွေ့ ရမှာ ပါ။ ဦးလေးရဲ့ စာတွေ ကိုဖတ်ရတာ တဂိုးရဲ့ ကဗျာတွေ ကို ဖတ်နေရသလို ရင်ထဲမှာ အေးချမ်းကြည်နူးသွားစေပါတယ်။ ဒါဟာ ဘာ ဖြစ်လို့လဲဆိုတော့ ဦးလေးက စာကို ဦးနှောက်နဲ့ရေး တဲ့အတွက် ဖြစ်ပါတယ်။ နှလုံးသားမှာ ဖြစ်ပေါ်လာတဲ့ ဒေါမနဿ၊ သော မနဿစိတ်တွေ ကို ဦးလေးက ဦးနှောက်နဲ့ဆင်ခြင်သုံးသပ်ပြီးမှ ရေး တဲ့အတွက် ဖြစ်ပါတယ်။ ဒါဟာ သတင်းစာသမားတို့ရဲ့ ဝိနည်းကျင့်ဝတ်ပါ။ ဒါဟာ သတင်းစာအတတ်ပညာပါ”
ဆရာလူထုစိန်ဝင်း ၏ ဤ“သတင်းစာပညာ သော င်းပြောင်း ထွေလာ” စာအုပ်တွင် အမေအမှာ စာ ရေး ခဲ့သည်။ ဆရာ့အယူအဆကို အမေဖတ်မိခဲ့ပေလိမ့်မည် ။
သို့ သော် မည် သည့်မှတ်ချက်တစ်စုံတစ်ရာကိုမှ အမေပေးလိမ့်မည် မထင်ပေ။
ထို့ကြောင့် လူထုဒေါ်အမာဟု ခေါ်သည်။
သတင်းဆိုးများ ပေါ်လာလျှင်၊ ကျွန်တော် တို့က သတင်းကောင်းများ အ ဖြစ် လျှော့ပေါ့လိမ်လည်ပြီး၊ အမေ့ကို သတင်းပေးကြပါသည်။
အမေ ဘာမှ ပြန်မပြောပါ။
စင်စစ် အ ဖြစ်မှန်ကို အမေသိသည်သာ။ သူ့ကိုလိမ်ကြသော ကျွန်တော် တို့ စိတ်ချမ်းသာစေရန် နှုတ်ဆိတ်လျက် ကြိတ်မှိတ်ခံစားနေရှာခြင်းသာ ဖြစ်ပါသည်။
အမေ့မိတ်ဆွေများ ကွယ်လွန်တိမ်းပါးကြလျှင်လည်း အမေ့ကို အသိမပေးဘဲ ခဏ ဖြစ်စေ ကျွန်တော် တို့ လိမ်ကြပြန်ပါသည်။
အမေကလည်း ထုံးစံအတိုင်း မသိချင်ယောင်ဆောင်ပေးရှာပါသည်။
၁၉၉၈ မှ စ၍ နှစ် စဉ် နွေနှင့် မိုးရာသီများ တွင် ပြင်ဦးလွင်သို့ အမေနွေခိုရန် ပြောင်းလာသော အခါ တွင် မူ ကျွန်တော် တို့မြို့ခံ စာသမားအားလုံး ပျော်သွားကြသည်။ အမေ့ကျန်းမာရေး ကို ဒေါက်တာ ကျော်ကျော်မင်း (ဆရာမင်းကျော်သက်) က နေ့စဉ်လာရောက်စောင့်ရှောက်၏ ။ ဝတ်ကြီး ဝတ်ငယ် ဝေယျာ ဝစ္စအားလုံးကို တာဝန်ယူသူက ဆရာကျော်သီဟ (ကိုမင်းရာ)။ သူ့ကို အမေက “ပြင်ဦးလွင်ကသား” ဟု ခေါ်လေ့၊ ရေး လေ့ရှိ၏ ။
ခရီးမကြာခဏ ထွက်ရတတ်သော ကျွန်တော် ကတော့ ရံဖန်ရံခါမှသာ အမေ့အိမ် “စိမ်းလန်းအေး” သို့ ရောက် ဖြစ်ပါသည်။ ထိုစဉ်က အမေ့ကျန်းမာရေး ကောင်းသေးသဖြင့် တစ်ခါတစ်ရံ ကျွန်တော် တို့အိမ်သို့ မြေးတွေ ကို အဖော်ပြုလျက်ရောက်လာတတ်သေးသည်။ အမေခေါ်လာ၍ ဆရာလူထုစိန်ဝင်း ကို ကျွန်တော် တွေ့ ရဖူးခြင်း ဖြစ်သည်။
နှစ် စဉ် အမေ့မွေးနေ့ နိုဝင်ဘာ ၂၉ မတိုင်မီ၊ ပြင်ဦးလွင်မှ မန္တလေးသို့ အမေပြန်လေ့ရှိသည်။ ထိုသို့မပြန်မီ အမေ့အိမ် “စိမ်းလန်းအေး” တွင် ကျွန်တော် တို့ ပြင်ဦးလွင် စာသမား၊ ကဗျာသမားများ က အမေ့အတွက် အကြိုမွေးနေ့ပွဲကို ကျင်းပမြဲပင် ဖြစ်သည်။ အမှတ်တရ စာစောင်လေးတွေ ထုတ်၊ အမေ့ကို ကန်တော့ကြ၊ ဧည့်ပရိသတ်ကို ကျွေးမွေးဧည့်ခံကြဖြင့် ပျော်ကြရသည်။ ကြွားလည်း ကြွားကြသေးသည်။
“ငါတို့က မန္တလေးအရင်လုပ်တာကွ”
အမေ့အိမ်သို့ အရောက်နည်းရသော အဓိကအကြောင်းအရင်းမှာ ၁၉၉၁ မှ ၂၀၀၈ နှစ် ဦးပိုင်းအထိ ၁၈ နှစ် လုံးလုံး ကျွန်တော် စာတစ်လုံးမှ မရေး ဖြစ်ခြင်းပင် ဖြစ်သည်။ တွေ့ တိုင်း အမေကဆူသည်။ ကျွန်တော် ကလည်း ညောင်နာနာ အသံလေးဖြင့် အကြောင်းအမျိုးမျိုးပြသည်။ စိတ်မရှည်တော့သော အမေက အညာလေသံကြီးဖြင့် မာန်ပါတော့သည်။
“မောင်မင်းသစ်ရယ်၊ မင်း ပျင်း ပျင်းတယ် ပြောစမ်းပါ၊ ဖျင်း ဖျင်းတယ် ပြောစမ်းပါ”
သို့်သော် ခွေးမြီးတောက် ကျည်တောက်စွပ်နေသော ကျွန်တော် ကား မရေး ဖြစ်။ သို့ နှင့် အမေ့ကို ရှောင်ရတော့၏ ။
တစ်နေ့မှာ တော့ ကျွန်တော့် ကို စာပြန်ရေး ဖြစ်စေသော သင်ခန်းစာယူဖွယ် ဖြစ်သော စကားတစ်ခွန်း ကို အမေဆို၏ ။
“မင်းတို့ငါတို့ စာမရေး ရင် မင်းတို့ ငါတို့ပဲ ရှုံးမှာ ပေါ့သားရဲ့ ။ သူများ ဝမ်းသာအောင် မလုပ်စမ်းပါနဲ့ကွယ်”
ထိုစကားတစ်ခွန်းကြောင့် ပင် ၂၀၀၈ ဖေဖော်ဝါရီလမှစ၍ ကျွန်တော် စာပြန်ရေး ဖြစ်သည်။
လွမ်းလိုက်တာ အမေရယ်။
ကျေးဇူးတင်လိုက်တာ အမေရယ်။
စာပေအမေကိုလွမ်းရင်း၊ မွေးမေမေကိုလည်း လွမ်းလာသည်။ ကျွန်တော့်  အမေ ဒေါ်ခင်သန်းသည် လူထုဒေါ်အမာ၏ စာဖတ်ပရိသတ်တစ်ဦး ဖြစ်သည်။ အမေမာထက်ငယ်သော ကျွန်တော့်အမေသည် အမေမာ့အရင် ၃ နှစ် စော၍ ဆုံးပါးသွားခဲ့ပါပြီ။
မေမေမကွယ်လွန်မီ စစ်ကိုင်းမှ ပြင်ဦးလွင်သို့ အလည်လာခိုက် ကျွန်တော့် ကို တောင်းဆိုသည်။
“သား မေမေ့ကို လူထုဒေါ်အမာဆီ လိုက်ပို့ပေးစမ်းပါ”
“ဟုတ်ကဲ့ပါ မေမေ”
ဟုတ်ကဲ့ပါ ဆိုလိုက်ရသော်လည်း ခပ်လန့်လန့်ပင်။ ကျွန်တော့် အမေသည် ကျွန်တော့်  ဆရာသမား များ ၊ အပေါင်းအသင်း မိတ်ဆွေများ နှင့် တွေ့ လျှင် ကျွန်တော် အဘယ်မျှဆိုးကြောင်း၊ ပေကြောင်းတို့ကို တတွတ်တွတ်ပြောပြီး တိုင်တောတတ်လေ့ရှိပါသည်။
တစ်ခါကလည်း ကျွန်တော် လှလှပပ ခံလိုက်ရဖူးသည်။ ကျွန်တော် ရန်ကုန်မှာ ရှိစဉ်တုန်းက ဖြစ်ပါသည်။ စစ်ကိုင်းမှ ရန်ကုန်သို့ မြေးများ အလွမ်းပြေအ ဖြစ် ရောက်လာသော အမေက ကျွန်တော့် ကို မေးသည်။
“ဆရာမင်းသိင်္ခ ကို မင်းသိသလား”
“သိပါတယ် မေမေ၊ ခင်လည်း ခင်ပါတယ်”
“ဒါဖြင့် ငါ့ကိုလိုက်ပို့ကွာ”
ထိုစဉ်က ဆရာမင်းသိင်္ခသည် မဟာဗန္ဓုပန်းခြံလမ်းနှင့် ၃၅ လမ်း အကြား ဗိုလ်ချုပ်လမ်းရှိ ဘောင်းဘီဝိဇ္ဇာဆိုင်၏ အပေါ်ထပ် အခန်းလေးတွင် ဗေဒင်ဟောခန်းဖွင့်ထားသည်။
ဒီတစ်ခါတော့ မေမေက ဆရာမင်းသိင်္ခအား ကျွန်တော် ဆိုးကြောင်း၊ ပေကြောင်းတွေ ပြောမနေတော့ဘဲ ဗေဒင်သာ မေးပါသည်။
သို့ သော် …..
ဆရာမင်းသိင်္ခက အမေ့ဇာတာခွင်ကို အတန်ကြာအောင် တွက်ချက်ပြီးနောက် ပထမဆုံးသော ဟောချက်ကို ထုတ်ပြန်လိုက်ပါသည်။
“အမေက သားသမီးကံ မကောင်းဘူးဗျ”
“မှန်လိုက်လေ ဆရာရယ်”
အမေက ချက်ချင်း ထောက်ခံ၏ ။
ထိုစဉ်က ကျွန်တော့် ကို ပြုံးပြုံးကြီး လှမ်းကြည့်လိုက်တော့ ဆရာမင်းသိင်္ခ၏ မျက်နှာကြီးကိုလည်း ယနေ့အထိ မမေ့နိုင်သေးပါ။
တော် ပါသေးသည်။ စိမ်းလန်းအေး ကိုရောက်တော့ စာကြောင်းပေကြောင်း၊ တရားဓမ္မ အကြောင်း များ သာ ဆွေးနွေးနေကြပါသည်။ မေမေသည် သူ့ထက် ၃-နှစ် ကြီးသော အမေ့ကို ထိုင်ကန်တော့ပြီးမှ သားသမိနှစ် ယောက် ပြန်ခဲ့ကြသည်။ အမေက သူရေး သော စာတစ်အုပ်ကို လက်ဆောင်ပေးလိုက် ၏ ။ အတွင်းဖုံးတွင် ရေး ပေးလိုက် သေးသည်။
ချစ်မိတ်ဆွေကြီး ဒေါ်သန်းခင်အတွက်
အမှတ်တရလက်ဆောင်
အမာ
သြော် ….. အခုတော့လည်း အမေနှစ် ယောက် စလုံး မရှိတော့ပါလား။
လွမ်းတယ် အမေတို့ရယ်။
အမေမာမရှိတော့မှ အမေ့ရှေ့မှာ ကလေးတွေ လိုနေခဲ့ကြရသည့် အရသာလေးတွေ ကိုလည်း လွမ်းလှပါသည်။
အမေ့ရှေ့မှာ ဆေးလိပ်မသောက်ရဲသဖြင့် စိမ်းလန်းအေးခြံအပြင်သို့ အမေအလစ်တွင် ခိုးထွက်သွား ပြီး ခြံစည်းရိုးကိုကွယ်ကာ ဆေးလိပ်ခိုးသောက်ကြရသည်။ မြင်များ သွားမလား။ ရင်တဖိုဖိုဖြင့် ။ ကလေးဘဝ ခဏပြန်ရောက်ကြရသည်မှာ ….. အရသာ။
အမေရှိနေလျှင် ပြင်ဦးလွင်သို့ မကြာခဏလာတတ်သော ဆရာမောင်မိုးသူ၏ အ ဖြစ် ကတော့ ပိုရယ် ဖို့ကောင်းသည်။ အမေ့ရှေ့မှာ သူကွမ်းမစားရဲသော်လည်း ရဲရဲနီနေသော သူ့ပါးစပ်ကိုကြည့်ကာ အမေက ပျစ်ပျစ်နှစ် နှစ် ကြီး ပြောပါလေ၏ ။
“မောင်စိန်မြင့်ရယ်၊ မင်းပါးစပ်ကြီးကလည်း ထွေးခံကြီးကျနေတာပဲ”
အားလုံးရယ်ကြရတော့သည်။
ထို့ကြောင့် ဆရာမောင်မိုးသူသည် ကွမ်းစားလိုလျှင် အမေမသိအောင် ကိုကျော်သီဟထံ သွားရပြီး ဘီယာသောက်ချင်လျှင် ကျွန်တော့် ထံလာရသည်။ အသက် ၇၀ ကျော်မှ သူလည်း ကလေး ပြန် ဖြစ်သွား တော့သည်။
မလွမ်းဘူးလား ဘိုမိုးရေ။
မြန်မာစာပေနှင့် မိုင် ၆၀၀ လောက် အလှမ်းကွာဝေးသော ကျွန်တော့် ဇနီး၏ အမေ့ကိုချစ်ပုံနှင့် အမေ့ကို ဆက်ဆံပုံ ကတော့ အမေ၏ စာပေသားသမီး တစ်ယောက် အနေနှင့် တစ်ခါတစ်ရံ ကျွန်တော် လန့်ရသည်။
အမေနှင့် တွေ့ ပြီဆိုလျှင် အမေ့ပါးကို ပြေးနမ်းသည်။
အမေ့ခြေလက်ကလေးများ ကိုသာ မရဲတရဲဖြင့် ဆုပ်ကိုင်လေ့ရှိသော ကျွန်တော့် မှာ ရင်မ, ပြီးကြည့် နေရသည်။ အမေက ပြန်နမ်းသည်ကို မြင်ရသော အခါတွင် မူ ကျွန်တော် မှာ အံ့သြဝမ်းသာ ဖြစ်ရသည်။
ပြီးလျှင် ကျွန်တော့် ဇနီးသည် အင်္ဂလိပ်လို တရစပ်ပြောတော့သည်။ ကျွန်တော် က အမေ နားငြီးမှာ စိုးပြီး ကြားကအားနာနေသည်။ အမေကလည်း အင်္ဂလိပ်လိုပဲ ပြန်ပြောပါသည်။ ဤတွင် လူတိုင်းကို လိုက်လျောစွာ ခွင့်လွှတ်ဆက်ဆံပေးနိုင်သော အမေ၏ သဘောထားကြီးမှု ကို သဘောပေါက် နားလည်ရတော့သည်။
အမေ့ကွယ်ရာမှာ ဇနီးသည်ကို မေးကြည့်ဖူးသည်။
“အမေ အင်္ဂလိပ်စကားပြောတာ ဘယ်လိုနေလဲဟင်”
“Superfine ပဲ ၊ ခုခေတ်မှာ ရှားသွားပြီ ဒါလင်”
အမယ်လေး …. ပြောတတ်ပါပေ့ မယ်မင်းကြီးမရယ်။
ထို့ပြင်အမေ့ကို ဘာတစ်ခုမှ အထွန့်မတက်ရဲသော ကျွန်တော် တို့ရှေ့တွင် ကျွန်တော့် ဇနီး က ဈေးဆစ်တတ်သေးသည်။
“အမေကလည်း သိပ်သူစိမ်းဆန်တာပဲ။ ဓာတ်ပုံတို့ စာအုပ်တို့ပေးရင် ကိုမင်းသစ်နဲ့ မရှယ်လီအတွက်တဲ့။ နွေးနွေးထွေးထွေး မရှိလိုက်တာ”
အမေကရယ်သည်။
“ကဲ …. ကဲ သမီးက ဘယ်လိုရေး စေချင်လို့လဲ”
“ဟို …သမီးလေးရှယ်လီတို့၊ ဘာတို့ပေါ့ အ မေရဲ့ ”
“အေးပါကွယ်၊ အေးပါကွယ်”
အမေ့ခမျာ သူ့အလိုလိုက်ပြီး ရေး ပေးရရှာသည်။
သမီးလေးရှယ်လီနဲ့ ကိုမင်းသစ်သို့တဲ့။
“ဒီလိုမှပေါ့ အမေရဲ့ ”
ကျွန်တော့် မှာ တော့ ပြုံးရအခက်၊ မဲ့ရအခက်။
မနာလိုစိတ်လည်း ဝင်သွားသည်။ ကျွန်တော့် ကိုတော့ သားလေးမင်းသစ်လို့ ခေါ်မသွား ပါလားအမေရယ်။
အမေကြုံတွေ့ ခံစားခဲ့ရသော လောကဓံတရားများ ကို အားလုံးအသိပင်။ သို့ သော် ကျွန်တော် တို့နှင့် ချစ်ခင်ရင်းနှီးခဲ့ရသော အမေ့ဘဝ၏ နေဝင်ချိန်တွင် အမေမျက်ရည်ကျသည်ကို ကျွန်တော် တို့မမြင်ဖူးပါ။ ညည်းညူသည်ကိုပင် မကြားဖူးပါ။
ထို့ကြောင့် မိမိဒုက္ခရောက်တိုင်း အမေ့ကိုကြည့်ပြီး အားယူရသည်။ စိတ်ငြိမ်းချမ်းမှု ကို ရှာရသည်။ အမေ့လောက် ပူပင်သော ကဒုက္ခတွေ ကြုံရလျှင် ကျွန်တော် တော့ ခံနိုင်မည် မထင်။
ဤစာကိုရေး နေရင်း ကျွန်တော် တို့ကို အမေလက်ဆောင်ပေးခဲ့သော စာအုပ်လေးထဲတွင် အမှတ်တရ ရေး ပေးထားသည့်အမေ့လက်ရေး လေးများ ကို ကျွန်တော် ငေးကြည့်နေမိသည်။
ကျွန်တော့် စာရေး စားပွဲပေါ်ရှိ ကိုကျော်သီဟ (ကိုမင်းရာ) ထံမှငှားထားသော အမေ့လက် ဆောင်စာအုပ်ထဲမှာ လည်း အမေ့လက်ရေး လေးတွေ ။
သည်တော့မှ သတိပြုမိသည်။ ၁၆-၇-၂ဝဝ၆ မှာ ကျွန်တော် တို့အတွက် ရေး ပေးသော အမေ့လက်ရေး နှင့် နှိုင်းယှဉ်ကြည့်လျှင် ၂ဝ-၁ဝ-၂ဝဝ၇ တွင် ကိုကျော်သီဟအတွက် ရေး ပေးသော အမေ့ လက်ရေး များ သည် နောက်ဆုံးအချိန်နီးလာလေ၊ ပျက်ယွင်းလာလေ ဖြစ်လာသော အမေ့ကျန်းမာရေး ကို သနားစဖွယ်ပြောပြနေကြသည့်နှယ်ပင်။
၂ဝဝ၇ နှစ် ဆုံးပိုင်းတွင် မူ သူချစ်သော ပြင်ဦးလွင်ကသားဟု တဖွဖွ ပြောလေ့ရှိသော ကိုကျော်သီဟအတွက်မို့သာ မနည်းအားတင်းပြီးရေး ခဲ့ဟန် တူသည်။
လက်ရေး လေးတွေ က သနားစရာ။
ကျွန်တော် တို့အတွက် စာရတနာများ စွာ ကို မွေးထုတ်ပေးခဲ့သော ထိုလက်ရေး လေးများ ကို ကြည့်ရင်း ကျွန်တော် လွမ်းသည်။
အမေ့အော်တို (auto) စာအုပ်လေးထဲက ဆရာမင်းသုဝဏ်ရေး ပေးခဲ့တဲ့အမှတ်တရ စာလေးကိုလည်းလွမ်းမိပါရဲ့ ။
အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြူကို မမည်းစေနှင့်
အဖြောင့်ကို မကောက်စေနှင့်။
မောင်ဝန်
၉-၃-၁၉၃၆
ဆရာမင်းသုဝဏ် ဖြစ်စေလေိုသော ဆန္ဒများ အားလုံး ပြည့်ဝသွားခဲ့ပါသည်ဟု ကျွန်တော် ရဲရဲကြီး ဆိုဝံ့ပါသည်။
အမေသည် ဘဝသက်တမ်းတစ်လျှောက်လုံး မပျော့ညံ့ခဲ့ပါ။ မမည်းညစ်ခဲ့ပါ၊ မကောက်ကွေ့ခဲ့ပါ။
အမေရေ ……
လာမယ့်နိုဝင်ဘာလ ၂၉ ရက်နေ့ဆိုရင် အမေ့ရဲ့ ၉၃ နှစ် ပြည့်မွေးနေ့ ရောက်ပြီလေ။ ဒီနှစ် တော့ အမေ့မွေးနေ့ပွဲလေးကို ကျွန်တော် တို့ ပြင်ဦးလွင်က စာသမား၊ ကဗျာသမားတစ်စု အမေမပါဘဲ ကျင်းပကြရ ဦးမှာ ပေါ့ အမေရယ်။ အမေ့အတွက် ရည်စူးပြီး ဆွမ်းကျွေးအမျှဝေကြဦးမှာ ပါ။
အမေသာဓုခေါ်လိုက်ပါနော်။
မင်းသစ်
ပြဿနာမောင်သိန်းတန်
ကျွန်တော့ဘဝတွင် လူထူးလူဆန်းအချို့ ကိုတွေ့ ခဲ့ဖူးပါသည်။ ထို့ ကြောင့် တော် ရုံတန်ရုံအထူးအ ဆန်းများ ကိုထူးဆန်းသည်ဟုမထင်တတ်ပါ။ တစ်ပြိုင်နက်တည်းမှာ ပင်လူတစ်ချို့ ကကျွန်တော့်ကိုလည်းလူ ထူးလူဆန်း တစ်ယောက် ဟုသတ်မှတ်ချင်ကြသေးသည်။ အမှန်မှာ “အထူးအဆန်း” မဟုတ်သော “အရူးအနှမ်းပေါက်တတ်ကရများ ” ကိုသာ ကျွန်တော် လုပ်တတ်လေ့ရှိခြင်းဖြစ်ပါသည်။
မူးကြောင် ရူးကြောင်ဖြင့် ရန်ကုန်မှမန္တလေးသို့ နေ့ခြင်းပြန်လေယာဉ်ဖြင့် မြီးရှည်သွားစားခြင်း၊ အင်းလျားလိတ်ဟိုတယ်တွင် ဝီစကီနှင့် ကော့ညက်သောက်ပြီးအပြန်၊ အိမ်အနီးကျူးကျော်ရပ်ကွက်ထဲမှ အရက်ပုန်းဆိုင်ကိုနှိုးပြီး တောအရက်ထပ်သောက်လိုက်ရမှ ကျေနပ်ခြင်းစသော ငယ်စဉ်ဘဝကစတန့်များ ၊ ရူးကြောင်ကြောင်လုပ်ရပ်မျာကြောင့် ကျွန်တော့် ကို လူးထူးလူဆန်းတစ်ဦးအ ဖြစ် သတ်မှတ်ကြဟန်တူပေ သည်။ သူတို့ရေး ခဲ့ကြသည်လည်း များ လှပါပြီ။
တကယ်တော့ “အထူးအဆန်း” မဟုတ်၊ “အရူးအနှမ်း” များ ကိုသာ ကျွန်တော် စတန့်ထွင်၍ လုပ်ခဲ့ခြင်း ဖြစ်ပေသည်။
ယနေ့ ပြန်စဉ်းစားကြည့်တော့ ရှက်စရာ။
တကယ့် လူထူးလူဆန်းအစစ် တစ်ယောက် အကြောင်းကို ကျွန်တော် ပြန်ပြောချင်ပါသည်။ ရယ်စရာ၊ မောစရာ၊ ရင်ခုန်ထိတ်လန့်ဖွယ်ရာ၊ ပင့်သက်မအံ့သြဖွယ်ရာလွမ်းလောက်သည့် သူငယ်ချင်း တစ်ယောက် အကြောင်းကို ကျွန်တော် မကြခဏလွမ်း, တ နေမိတတ်ပါသည်။
သို့ သော် လူ တစ်ယောက် ၏ ဘဝကို အချန်ကာလအားဖြင့် ပိုင်း၍ ကြည့်လျှင် လူငယ်ဘဝနှင့် လူကြီးဘဝဟူ၍ နှစ် ပိုင်းတွေ့ ရပေမည် ။ ကျွန်တော် လည်းသူနှင့် ကြီးပေါင်းသူငယ်ချင်းတစ်ဦးမျှသာ ဖြစ်ပါသည်။ သူ၏ ငယ်ဘဝကိုကား သူ့မိဘအုပ်ထိန်းသူများ ထက်ပင် ရင်းနှီးနားလည်နိုင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးမှာ ဆရာမြသန်းတင့် ဖြစ်သည်။
ထိုကြောင့် သူ(သို့ မဟုတ်)၁၉၆၀ ပြည့်နှစ် များ တွင် မြန်မာစာနယ်ဇင်းလောကနှင့် စာရေး ဆရာများ ၊ စာဖတ်သူများ အကြားအပြန်အလှန် ဝေဖန်သံများ ပွက်ဟိန်းညံခဲ့သော ပြဿနာ မောင်သိန်းတန်ခေါ် ဂျာနယ်ကျော်ဦးချစ်မောင် နှင့် ဂျာနယ်ကျော်မမလေးတို့၏ သားကြီးသြရသအကြောင်းကို ကျွန်တော် တစ်ယောက် တည်း ရေး ပြနိုင်စွမ်းရှိမည် မဟုတ်ပါ။
ဆရာမြထံမှ ခွင့်ပြုချက်သာရနိုင်မည် ဆိုလျှင် ဤစာစု၏ ရေး သူနေရာ၌ “ဆရာမြသန်းတင့် နှင့် မင်းသစ်”ဟု ရေး လိုက်ချင်လှပါသည်။
ခုတော့…..
ကိုသိန်းတန် ၏ ငယ်ဘဝကိုဆရာမြသန်းတင့် ဤသို့ ထုဆစ်ပုံဖော်သွားခဲ့၏ ၊
“သူသည် ရေခဲသေတ္တာ၊ ဆိုဖာထိုင်ခုံ စသည်တို့ဖြင့် ဆင်ယင်အပ်သော အိမ်မှ ထွက်ပြေး ကာ ရွှံ့ ၊ ကြက်ချေးနံ့၊ဘဲချေးနံ့တို့ဖြင့်စူးစူးဝါးဝါးနံစော်လှသော အလုပ်သမားရပ်ကွက်ထဲတွင် လှည့်လှည်ကျက်စား၏ ။ သူသည် ရှယ်လီ၏ ကဗျာများ နှင့် ရှိတ်စပီးယား၏ လင်္ကတိုကလေးများ ကို သင်အံ့လေ့ကျက်ရသော ကျောင်းစာသင်သားများ ဖြင့် ရှုပ်ပွနေသော သင်္ဘောဆိပ်၌ သွား၍ အိပ်၏ ။သူသည်အထက်တန်းလွှာ မှ သားသမီးများ သာနေနိုင်၍ ခရစ်ယာန်ဓမ္မသီချင်းသံတို့လည်းတညံညံရှိသော ဒါဂျီလင်သာသနာပြုကျောင်း တွင် နေခဲ့ပြီးနောက် ကြေးစည်သံနှင့် ဗုဒ္ဓ၏ တရားဓမ္မကို ရွတ်ဖက်သရဇ္ဈာယ်သံကို တစ်ရံမလပ် ကြားရတတ်သည့် ဘုန်းကြီးကျောင်းတွင် လည်း ကပ္ပယလုပ်ခဲ့ဖူး၏ ။ သူသည် သူ၏ အစ်ကို စစ်ဗိုလ်၏ အိမ်ကြမ်းပြင်ထက်မှဆင်း၍ အချုပ်ခန်းထဲသို့ လည်း သွားရောက်အိပ်စက်နားနေခဲ့ဖူး၏ ။ သူသည် အင်္ဂလိပ်စကားများ ကို ပါးစပ်မှတတွတ်တွတ် ရွတ်ဆိုတတ်သော်လည်း မျက်နှာဖြူသင်္ဘောသားများ က နိုင်ငံခေါင်းဆောင်ကြီးများ နှင့် တကွ မြန်မာလူမျိုးတစ်ရပ်လုံးကို စော်ကားသော အခါတွင် မခံမရပ်နိုင်ဖြစ်ကာ ရန်ဖြစ်မိသဖြင့် လမ်းပေါ်တွင် တစ်ညလုံးဒဏ်ရာများ ဖြင့် လဲကျနေခဲ့ဖူး၏ ”။
(မောင်သိန်းတန်၏ “သည်အရွယ်ဝတ္တုတိုများ ” မြသန်းတင့် ၏ အမှာ )
ထိုသို့ စာတွေ့ ဖြင့်သာ သိခဲ့ရသော ကိုသိန်းတန်ကို ကိုယ်တွေ့ ဖြစ်အောင်သယ်ဆောင်လာသော သူ ကား“မဟူရာခင်စိုး”။
မျက်လုံးဖြင့် သရုပ်ဆောင်နိုင်သော အဆင့်သို့ ရောက်နေသည့် နာမည် ကျော်ကျူရှင်ဆရာကြီး မဟူရာခင်စိုး၏ စကားများ ကို ကျွန်တော် တို့အမြဲတမ်းမယုံကြည်ကြပါ။ သို့ သော် မိမိတို့စိတ်ဝင်စားခဲကြသော ဒဏ္ဍာရီထဲက သူရဲကောင်း တစ်ယောက် အကြောင်းမို့ မျက်တောင်မခတ်ဘဲ နားစွင့်ကြရ သည်။
“အဲဒီ နေ့က ဗိုလ်ချုပ်လမ်းအတိုင်း ကားကိုမောင်းလာကြတာဗျ။ ဒရိုင်ဘာကလည်း သူ့စိတ်ကြိုက် ဇိမ်ခံစီးနိုင်အောင်လို့ဖြည်းဖြည်းလေးပဲ မောင်းလာတာ။ ဆူးလေမီးပွိုင့်ရောက်တော့ သူ့လက်က စိန်လက်စွပ်ကိုချွတ်ပြီး တစိမ့်စိမ့်ကြည့်နေတာဗျ။ အဲဆုထူးပန်နဲ့ သွင်ရုံရှေ့လည်းရောက်ရော ဘာမပြော ညာမပြောနဲ့ လက်စွပ်ကြီးကို လူအုပ်ထဲ လွင့်ပစ်လိုက်ရော…”
“အဲဒီ နေ့က ဗိုလ်ချုပ်လမ်းအတိုင်း ကားကိုမောင်းလာကြတာဗျ။ ဒရိုင်ဘာကလည်း သူ့စိတ်ကြိုက် ဇိမ်ခံစီးနိုင်အောင်လို့ ဖြည်းဖြည်းလေးပဲ မောင်းလာတာ။ ဆူးလေမီးပွိုင့်ရောက်တော့ သူ့လက်က စိန်လက်စွပ်ကိုချွပ်ပြီး တစိမ့်စိမ့်ကြည့်နေတာဗျ။ အဲ ဆုထူးပန်နဲ့ သွင်ရုံရှေ့လည်းရောက်ရော ဘာမပြော ညာမပြောနဲ့ လက်စွပ်ကြီးကို လူအုပ်ထဲ လွင့်ပစ်လိုက်ရော…..”
“ဟာ…”
ကျွန်တော် တို့အားလုံး၏ အာမေဋိတ်သံ ကြီး ဖြစ်ပါသည်။
“ကျွန်တော် လည်း ကတုန်ကယင်ကြီးကိုဖြစ်လို့။ ဘယ်လိုလုပ်လိုက်တာလဲကိုသိန်းတန် လို့ မေးလိုက်တော့.....”
သူ ရှေ့ ဆက်မည့် စကားကို အသက်အောင်ပြီး နားထောင်နေမိကြသည်။
“သူက ဘာပြန်ပြောလဲ သိလား…..”
ကိုခင်စိုး က စကားကိုနားလိုက်ပြီး သက်ပြင်းကြီးတစ်ချက်ချသည်။
“သူကပြောတယ်ဗျ။ ဒီမှာ ကိုခင်စိုးရဲ့၊ ဒီလက်စွပ်ဟာ ပစ္စည်းမဲ့လူတန်း စားတစ်ရပ်လုံးကို မကယ်တင်နိုင်ပေမယ့် မိသားစုတစ်စုလောက်ကိုတော့ အခိုက်အတန့်များ ဖြင့် ပျော်သွားစေနိုင်လောက် ပါတယ်ဗျာ…တဲ့။ကျွန်တော် ဖြင့် အံ့ကိုသြရော”
ထိုစကားများ ကိုကြားရသည့်နေ့မှစ၍ ကိုသိန်းတန်ကို ကျွန်တော် အမှတ် ၂၀၀ အပြည့်ပေးလိုက် သည်။ အရမ်းလည်းကြည်ညိုသွားမိသည်။ သို့ ဖြင့်…..
“ကိုသိန်းတန် နဲ့ ကျွန်တော့ကို အမြန်ဆုံးပေးစမ်းပါ ကိုခင်စိုးရာ”
ထိုစဉ်က ကျွန်တော် ကိုယ်တိုင်ကလည်း သူရဲကောင်းဝါဒ (Heroism) ကိုယုံကြည်ကိုးကွယ်နေသူ တစ်ယောက် ။ ထို့ကြောင့် သူ့ကို တွေ့ ချင်သည်။သိချင်သည်။ခင်မင်ရင်နှီးချင်သည်။
သူ ကတော့ သူရဲကောင်းအစစ်ဖြစ်နိုင်ပါသည်။ ကျွန်တော် ကတော့ ယနေ့အထိ စိန်လက်စွပ် တစ်ကွင်းကို လွှင့်မပစ်ရဲသေးပါ။
သူက ဒါဂျီလင်ကျောင်းထွက် သူဌေးသားမို့ ကိုခင်စိုးနှင့် သူ့ကို အင်းလျားလိတ်ဟိုတယ်တွင် ကျွန်တော် ဧည့်ခံခဲ့ပါသည်။သူ၏ အမူအရာ အပြောအဆိုနှင့် table manners (စားသောက်ဝိုင်း ယဉ်ကျေးမှု )ကိုလည်းအကဲခတ်နေမိပါသည်။
ပထမ ဝိုင်အနီတစ်ခွက်နှင့် အတူ Mixed-grilled without beef (အမဲသားမပါ အသားစုံကင်) တစ်ပွဲမှာ ၍ စားပါသည်။ ( ၁မှတ် )
ဒုတိယ ဝိုင်အဖြူတစ်ခွက်နှင့် အတူ Lobster-mayonnaise (ပုဇွန်တုတ်ပြုတ်နှင့် မလှိုင်ချဉ်ဆမ်း) တစ်ပွဲကို မှာ ၍ စားရင်း Jack Daniel (American Whisky)ကိုတစ်ကြိမ်သောက်လျှင် One Single (ပဂ်ဝက်)ချင်း မှာ သောက်ပါသည်။( နောက် ၁မှတ် )
စုစုပေါင်း ဝီစကီ ၃ ပဂ်မျှသောက်ပြီးနောက် စားပွဲထိုးကိုခေါ်ကာ…..
“Coffee and Cognac, please”
ဤတွင် ကျွန်တော် က ဝင်လျှာရှည်သည်။
“ကော့ညက်ဆိုရင် ဘာသောက်မလဲ။ Hennessy လား”
“ကျွန်တော် က ကော့ညက်ဆိုရင် Remy Martin တစ်မျိုးတည်းပဲ သောက်လေ့ရှိတယ်ဗျ”
ကျွန်တော့် ပါးစပ်ပိတ်သွားသည်။ အမှတ်ပေးဇယားကို ကျွန်တော် သတိမရတော့ပါ။
နောက်တစ်ပတ်အကြာတွင် ဆူးလေဘုရားလမ်းရှိ ကျွန်တော့်စာသင်ခန်းသို့ ညသင်တန်း ပြီးချိန်ခန့်တွင် သူရောက်လာသည်။
“ဒီနေ့တော့ ဘဝတွေ ထဲ ဆင်းကြရအောင်ဗျာ၊ ဂွတ္တလစ်ကို မောင်းခိုင်းဗျာ”
ဂွတ္တလစ်ဈေးရှေ့ရောက်သော အခါ ကျွန်တော့ကားကို ပြန်လွှတ်ခိုင်းသည်။
လမ်းဘေးအရက်ဆိုင်တန်းထဲသို့ ကျွန်တော် တို့ နှစ် ယောက် ဝင်သွားကြသော အခါ လူတိုင်းလိုလိုက သူ့ကိုခင်မင်ရင်းနှီးစွာ ဝိုင်းဝန်းနှုတ်ဆက်ကြသဖြင့် ကျွန်တော် အံ့သြသွားရသည်။ မကြာခဏ သူ လာဖူးနေကျဖြစ်ကြောင်းကိုလည်းသိလိုက်ရသည်။
မကြာမီ ဘေးဝိုင်းမှ လူသုံးယောက် ကျွန်တော် တို့ဝိုင်းသို့ လာရောက်ပူးပေါင်းသည်။ သူက အားလုံးနှင့် မိတ်ဆက်ပေးသည်။
“သူကရန်ကင်းကဆိုက်ကားဆရာကို…..။သူ ကတော့တာမွေကဝပ်ရှော့ဆရာဦး…..တဲ့။ သူ ကတော့ ဒီနားက ဆံပင်ညှပ်ဆရာ ကို….။ကဲခင်ဗျားတို့လည်း မှတ်ထားကြဦး။ ကျွန်တော့် ဧည့်သည်နာမည် က ကိုမင်းသစ်တဲ့။မြို့ထဲက ကျောင်းဆရာ။ ဟား…..ဒီနေ့ည ကိုယ့်ဘေးမှာ ဆရာတွေ ချည်းပါလား၊ ဟဲ ဟဲ ဟဲ”
ပြောပြောဆိုဆို သူရယ်သည်။ ကျွန်တော့် မှာ တော့ ကြောင်စီစီကလေးသာပြုံးနေနိုင်ပါသည်။ ဟိုလူတွေ ကလည်းပြုံးစေ့စေ့။
ဝိုင်းအရှိန်ရသည်နှင့် အမျှ ကိုသိန်းတန် နှင့် သူ၏ ရဲဘော်များ ပို၍ တက်ကြွလာကြသည်။ သက်ကြီးတက္ကသိုလ်ထွက်ဟုသိရသော ဆိုက်ကားဆရာကမာ့ခ်စ်ဝါဒ၏ ရေသောက်မြစ်သုံးသွယ်ကိုအလေးထားဆွေးနွေးသည်။ အလင်းဝင်ဗကပဟောင်းတစ်ဦးဖြစ်သော ဝပ်ရှော့ဆရာကြီးက လျူရှောက်ချီ၏ How to be a good communist ကျမ်းကို ဆဲရေး သည်။ “ကျုပ် ကတော့ ခင်ဗျာ တို့လို အင်္ဂလိပ်စာအားမကောင်းဘူးဗျ” ဟုဆိုသော ဆံပင်ညှပ်ဆရာကမူ “International” သီချင်း၏ အစပိုဒ်ကို ထပ်တလဲလဲ ဆိုနေတတ်သည်။
မောင်သိန်းတန်ရဲ့ အပေါင်းအသင်းတွေ ပဲလေ။ ဒီလောက်တော့ရှိမှာ ပေါ့…..။
ထိုညကအရက်ညဖြူ ၄ ပုလင်းကုန်သည်ကို မှတ်မိသည်။ အမြည်းတွေ ကိုတော့ လက်ဖက်သုပ်၊ တညင်းသီးပြုတ်နှင့် အာပြဲခြောက်ကြော်တို့ကိုသာမှတ်မိတော့ သည်။သူမှာ စားသော အခြားထွေလီကာလီ အမြည်းပွဲလေးများ ကိုကား မှတ်မထားနိုင်တော့။ သေချာသည် ကတော့ နှစ် ယောက် စလုံးမှာ ပိုက်ဆံအလုံ အလောက်ပါကြပါလျက်နှင့် အစာပိတ်အဖြစ် ကော့ညက် (Congnac)တစ်ခွက်စီမသောက် ဖြစ်ကြကြောင်း ပင်…….။
သို့ သော် အင်းလျားလိတ်ဟိုတယ်မှာ သောက်ရသည်ထက် နှစ် ယောက် စလုံးလိပ်ပြာပိုသန့်ပြီး ပျော်ရွှင်တတ်ကြွနေသည်ဟု ကျွန်တော် ထင်သည်။
ဝိုင်းသိမ်းသော အခါ သူတစ်ခါမျှ မရောက်ဖူးသော ကျွန်တော် ၏ ကမာရွတ်ခြံထဲသို့ သူလိုက် အိပ်သည်။
So, this is Thein Tan!
နံနက်မိုးလင်းအိပ်ယာထသော အခါ အိမ်ရှေ့ဝရန်တာတွင် သိုးဆောင်းဘာသာစကားဖြင့် စကား လက်ဆုံကျနေကြသော ကျွန်တော့်ဇနီးနှင့် သူ့ကို တွေ့ လိုက်ရသည်။
နောင်အခါတွင် ကျွန်တော့ဇနီးက ပြန်ပြောပြသည်။ မြန်မာ့အသံ အင်္ဂလိပ်ပိုင်းအစီအစဉ်၌ Radio Plays များ ၊ Scenic Burma စသော အသံလွှင့် ဇာတလမ်းပမာများ တွင် သူနှင့်တွဲ ဖက်ပြီး အသံသရုပ်ဆောင် ခဲ့ဖူးသော အင်္ဂလိပ်စကားတတ်နိုင်ငံကျော် ရုပ်ရှင်မင်းသားများ ထက် ကိုသိန်းတန်၏ လေယူလေသိမ်းနှင့် အသံထွက်က ပိုကောင်းသည်ဆို၏ ။ ကျွန်တော် အကဲဖြတ်နိုင်သော အကြောင်းအရာမဟုတ်ပါ။
မည် သို့ပင် ဖြစ်စေ ကိုယ့်မိတ်ဆွေကို ကိုယ့်ဇနီးက ကြည်ညိုလေးစားနေသည်ကို တွေ့ လိုက်ရသဖြင့် ကျွန်တော် စိတ်ချမ်းသာသွားသည်။
ကိုသိန်းတန်ကား ကျွန်တော် ၏ အိမ်နှင့်ခြံကို သဘောကျ၍ မဆုံး …..။
“မရှယ်လီတို့ခြံက သီးသန့် ရွာလေးတစ်ရွာလိုပဲနော်။ ဒါကြောင့် လည်း စာရေး ဆရာ၊ ကဗျာဆရာတွေ လာ, လာနားကြတာနဲ့ တူပါတယ်။ ကျွန်တော် လည်း မွန်းကျပ်တဲ့အခါ ခင်ဗျားတို့ဆီ လာနားမယ်နော်”
ကျွန်တော် မဖြေနိုင်မီ ကျွန်တော့် ဇနီးက ဘိုလိုဖြေချေ၏ ။
“Anytime, my dear….”
တစ်စုံတစ်ခုကို လုပ်ချင်မိပြီဆိုလျှင် အကြွေးမထားတတ်သော ကိုသိန်းတန်သည် နောက်တစ်နေ့ နံနက်မှာ ပင် လေးဘီးကားတစ်စီးဖြင့် ကျွန်တော့်  ခြံထဲသို့ ပြောင်းလာခဲ့တော့၏ ။
“ခင်ဗျားကားရော ကိုသိန်းတန်”
“ရောင်းပစ်ခဲ့တယ်၊ ကားရှိနေရင် လမ်းထွက်မိမှာ စိုးလို့”
ဤသည်ပင် ကိုသိန်းတန် အစစ် ဖြစ်တော့၏ ။
မှတ်မှတ်ရရ၊ ၁၉၈၄၊
ရောက်ရောက်ချင်းနေ့မှာ ပင် ခြံထဲတွင် ဒန်းတစ်ခုဆင်၏ ။ ကျွန်တော့်  ကလေးများ ကို မုန့်ဖိုးပေးပြီး ဒန်းလွှဲခိုင်း၏ ။ ကြံရည်ဝယ်ခိုင်း၏ ။ “နေလဓာတ်သဘော” ဟုဆိုကာ ဒန်းစီးရင်းကြံရည်သောက်၏ ။ သူ့မိခင် ကြီး၏ ဆေးပညာကို သူ လုံးဝလက်ခံယုံကြည်သည်ဆို၏ ။ ကျွန်တော့်  ဥာဏ်နှင့် လိုကမမီပါ။ မည် သို့ပင် ဖြစ် စေ မုန့်ဖိုးလည်းရ၊ ကြံရည်လည်းသောက်ရ၊ သူနားချိန်တွင် ဒန်းလည်းစီးရသော ကျွန်တော့် သားသမီးများ အတွက်မူ ဦးသိန်းတန်မှ … ဦးသိန်းတန်။
ညပိုင်းရောက်လျှင် ကျွန်တော် တို့ နှစ် ယောက် စလုံး ဘယ်မှမထွက် ဖြစ်ကြ။ အိမ်မှာ ပင် ဝိုင်းဖွဲ့ကြသ ဖြင့် ကျွန်တော့် ဇနီးကလည်း သဘာကျ။ နည်းနည်း ရီဝေလာပြီဆိုလျှင် သူ၏ စွန့်စားခန်းများ ကို နားထောင်ရင်း၊ ရင်မောကြရ၊ ရယ်မောကြရ …။
လွမ်းတယ် ကိုသိန်းတန်ရေ ….
လသာသာ ညတစ်ည၌ သူပြောခဲ့သော ကိုယ့်တွေ့ ဝတ္ထုလေးတစ်ပုဒ်ကို နားဆင်ကြည့်ပါဦး။
“၁၉၈ဝ ခုလောက်လို့ ထင်တာပဲဗျာ။ ဒရိုင်ဘာ တစ်ယောက် ၊ ကားတစ်စီးနဲ့ ကျွန်တော် ခြေဦးတည့် ရာလျှောက်သွားနေတုန်းကပေါ့။ ပုဂံ - ညောင်ဦးကို ည ၁၁ နာရီလောက် ရောက်သွားတယ်ဗျ။ ဘုရားမှာ တံခါးပိတ်တော့မယ်လုပ်နေတဲ့ ညစောင့်ကို တောင်းပန်ပြီး ကျွန်တော် ဘုရားဝတ်ပြုရတယ်”
“အမယ် ကျားသားမိုးကြိုးပါလား”
“တစ်ခါတလေ Peace of mind အတွက် လိုအပ်ပါတယ်ဗျ။ အဲဘုရားလည်းဝတ်ပြုပြီးရော၊ ကျွန်တော် လှူချင်စိတ်တွေ အရမ်းပေါက်လာတယ်။ အဲဒီ မှာ ဒုက္ခရောက်တော့တာပဲ”
“ဘာ ဖြစ်လို့လဲဗျ”
“ကျွန်တော် လှူတဲ့ငွေများ လို့ ညစောင့်က လက်မခံရဲဘူးတဲ့ဗျာ။ တော် တော် ရိုးသားတဲ့လူပါပဲ။ ဒါပေမဲ့ ကျွန်တော့် တော့ စိတ်ညစ်ရော။ သူ့အဖော် ဝန်ထမ်း တစ်ယောက် ကိုလွှတ်ပြီး ဂေါပကလူကြီးတွေ ကို လိုက်နှိုးခိုင်းတယ်ဗျ”
“ခင်ဗျားက ဘယ်လောက်လှူလို့တုန်း”
“တစ်သော င်းပါဗျာ”
ကျွန်တော် သည် ၁၉၈ဝ ဝန်းကျင်က ငွေတစ်သော င်း၏ တန်ဖိုးကို စိတ်ထဲမှ တွက်ကြည့်နေမိသည်။
“ဂေါပကတွေ ရောက်လာတော့ရော”
“ပိုရှုပ်ကုန်တယ်ဗျ။ သူတို့က ဖြတ်ပိုင်းကြီးတွေ ထုတ်ပြီး ကျွန်တော့် နာမည် ကိုမေးတယ်။ ကျွန်တော် ကလည်း ကိုယ့်နာမည် တို့၊ မိဘနာမည် တို့ပြောဖို့ အင်မတန်ဝန်လေးတဲ့ကောင်။ အလှူငွေ ရပြီးပြီပဲဗျာ၊ နာမည် လိုသေးလို့လားလို့မေးတော့ ဘုရားကြီးတန်ခိုးကြောင့် လူကြီးမင်းလိုပုဂ္ဂိုလ်ထူးရောက်လာတာပါတဲ့”
ရယ်ရလွန်း၍ ကျွန်တော် အရက်တွေ သီးကုန်သည်။
“ခင်ဗျားက ရယ်နေ။ ကျွန်တော် ဖြင့် စိတ်တွေ ကိုညစ်လို့။ ပြောမရတဲ့အဆုံး စိတ်ထဲမှာ ဖျတ်ခနဲပေါ် လာတဲ့နာမည် တစ်ခုကို ပြောပစ်လိုက်တယ်။ သူတို့က လိုက်မရေး ကြဘူးဗျ။ ကျွန်တော် က စိတ်တိုတိုနဲ့ မြန် မြန်ရေး ကြလေဗျာလို့ ပြောလိုက်မှ ကြောင်စီစီနဲ့ လိုက်ရေး ကြတယ်”
“ခင်ဗျားက ဘယ်လိုရေး ခိုင်းလို့တုန်း၊ ရဲဘော်ကြီးရဲ့ ”
“ရာဇကုမာရ ကောင်းမှု ”
ကျွန်တော် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အမူးတော် တော် ပြေသွားသည်။
ထို့ကြောင့် သိန်းတန်ဟုခေါ်သည်လေ။
သူ၏ ကိုယ်တွေ့ ဝတ္ထုနောက်တစ်ပုဒ် ကတော့ လှပခမ်းနားလှပါပေသည်။ ၁၉၈ဝ မတ်လ ၂ ရက်နျေ့တွင် ထိုစဉ်က နိုင်ငံတော် သမ္မတကြီး ဖိတ်ခေးချက်အရ နီပေါဘုရင်မင်းမြတ် ဘီရင်ဒရာဂီရ်ကရမ်ရှားဒေ့ဗ် နှင့် မိဖုရားကြီး အစ်ရှဝါးရ်လက်ရှမီး ဒေဝီရှားတို့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ခရီး ရောက်ရှိတော် မူခဲ့ကြပါသည်။
ထိုဘုရားမင်းမြတ်မှာ ကျွန်ုပ်တို့က ကိုသိန်းတန်၏ ဒါဂျီလင်တွင် ကျောင်းနေဖက်သူငယ်ချင်း အရင်း ကြီး တစ်ဦး ဖြစ်လေရကား….။
ဤတွင် ကျွန်တော် က ဝင်၍ စပ်စုမိသည်။
“ဒါဖြင့်ရင် ရုပ်ရှင်မင်းသား ကိုညွန့်ဝင်းတို့နဲ့လည်း သူငယ်ချင်းတွေ ပေါ့နော်”
“မဟုတ်ဘူးဗျ။ ဒါဂျီလင်မှာ ကိုညွန့်ဝင်းက ဘီရင်ဒရာနဲ့ ကျွန်တော် တို့ထက် အတန်းကြီးတယ်။ အဲဒီ တုန်းက ကျောင်းရက်ရှည်ပိတ်ရင် ကျွန်တော် တို့ မြန်မာပြည်ကိုပြန်တယ်။ ရက်တိုပိတ်တဲ့အခါမျိုးကျတော့ ဘီရင်ဒရာနဲ့အတူ ခတ္တမန်ဒူးကိုလိုက်သွားပြီး နီပေါနန်းတော် ထဲမှာ ကျွန်တော် တို့ကလေးတစ်စု ဆော့ကြ၊ သော င်းကျန်ြး ကတော့ပေါ့ဗျာ”
“ဆက်စမ်းပါဦး၊ ခင်ဗျားသူငယ်ချင်း ဘုရင်ရောက်လာတော့”
နီပေါဘုရင်က သူ၏ သူငယ်ချင်းကိုသိန်းတန်ကို တွေ့ လိုသည်ဆို၍ သက်ဆိုင်ရာတို့ အလုပ်များ ကြ ရတော့၏ ။ ရန်ကုန်အိမ်တွင် ရှာမတွေ့ သော အခါ တစ်ပြည်လုံးအနှံ့ ထောက်လှမ်းရှာဖွေကြရတော့သည်။
နောက်ဆုံးတွင် ပြည်မြို့ တစ်ဖက်ကမ်း သော င်ပြင်ပေါ်က တံငါတဲတစ်လုံးတွင် အိပ်နေသော သူတို့ တွေ့ လိုက်ကြရသည်။ သက်ဆိုင်ရာတို့က ရေမိုးချိုးပေး၊ လက်သည်းခြေသည်းကအစ လှီးဖြတ်ပေးပြီး ဝတ် ကောင်းစားလှများ ဆင်ယင်ပေးလျက် ရန်ကုန်သို့ ပြန်ခေါ်ခဲ့ကြရသည်။
သူငယ်ချင်းနှစ် ယောက် အချိန်မီရုံလေး တွေ့ ဆုံနိုင်ခဲ့ကြသည်။ မင်္ဂလာဒုံ လေဆိပ်တွင် ဘုရင်မင်း မြတ်ပိုင် တော် ဝင်လေယာဉ်ကြီး၏ လှေကားရင်း၌ နှစ် ယောက် သား အပြေးအလွှား နှုတ်ဆက်ကြရသည်။ ဘုရင်မင်းမြတ် ကတော့ လေယာဉ်ပေါ်မတက်မီ သူ့သူငယ်ချင်းအတွက် အမှန်ဆုံး မှတ်ချက်ကို ပေးသွား တော် မူခဲ့သည်။
“သိန်းတန်မင်းဘာမှ မပြောင်းလဲဘူး”
ယခုတော့ သူတို့ သူငယ်ချင်းနှစ် ယောက် စလုံးမရြှိ ကတော့။ ကိုသိန်းတန်က အရင်စော၍ ကွယ်လွန် ခဲ့သဖြင့် သူ့ သူငယ်ချင်းဘုရင်မင်းမြတ်၏ နတ်ရွာစံတော် မူပုံကို မသိနိုင်တော့။ သိလျှင် သူကြေကွဲဝမ်းနည်း ရပေဦးမည် ။
ဒါလည်း မသေချာပါ။ ကျွန်တော် မပြောရဲပါ။
ကိုသိန်းတန်သည် အိတ်ဇစ်စတင်ရှယ်လစ် အစစ် တစ်ယောက် ဖြစ်၏ ။ သေခြင်းတရားအပေါ် သူ မည် သို့ သဘောထားမည် ကို ကျွန်တော် မခန့်မှန်းတတ်ပါ။
သူ့ဘဝအတွေ့ အကြုံများ ထဲတွင် ရယ်လည်းရယ်ရ၊ စိတ်လည်းညစ်ရသည်မှာ သူရုပ်ရှင်မင်းသား လုပ်ခြင်းပင် ဖြစ်တော့သည်။ ဇာတ်ကားအမည် မှာ “နှမလက်လျှော့နေလေတော့” ဖြစ်၍ ရှင်မဟာရဋ္ဌသာရ ထွက် နောက်ကျပြီး တွံတေးသိန်းတန်ထက်တော့ စောသည်ဟု ဆိုနိုင်သည်။
ဝတ္ထု၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာမှာ ဗိသုကာ၊ ပန်းချီဆရာ ခင်မောင်ရင် ဖြစ်ပြီး လူထူးလူဆန်း နှစ် ယောက် ၏ ပူးပေါင်းစွန့်စားခန်းဟု သြဘာပေးကြသည်။ အပြောထက်အပြကို ဦးစားပေးသည်။ “အဲဒီ က ပဲပြုတ်” ဟု ဆွဲဆွဲငင်ငင် အော်ရင်းလမ်းလျှောက်နေသည့် ပဲပြုတ်သည်ကို ၅ မိနစ်ကျော်အောင် ရိုက်ပြ သည်။ သရုပ်ဆောင် တစ်ယောက် ငရုတ်သီးထောင်းနေသည်ကိုလည်း အကြာကြီးရိုက်ပြသည်ဆို၏ ။ “သရုပ်ဆောင်အားလုံးကို စကားမပြောရလို့ ဒါရိုက်တာက အမိန့်ထုတ်ထားလေသလား” ဟုဝေဖန်ရေး ဆရာများ က ငေါ့ကြ၏ ။
စာရင်းချုပ်လိုက်သော် ရုံးပေါ်တွင် တစ်ပတ်ပင်မခံ ဆင်းပြေးရသည်။ ရုံဖိုးကျေရန်ပင် ဝေးစွ၊ ပရိသတ်များ ရိုက်ချိုးသွားသော ခုံဖိုးများ ကို လျော်လိုက်ကြရသေးသည်။ ကိုသိန်းတန်တို့ ကတော့ တစ်ပြား သားမှား မလျော့။ သူကဤသို့ဆိုသည်။
“ပရိသတ်က စိတ်မရှည်ဘူး။ ဒီပဲပြုတ်သည်ဟာ ဘဝရုန်းကန်မှု ကြောင့် တို့၊ ဘာတို့ကိုမတွေးဘူး။ ရိုက်ချက်လေး ပန်းချီဆန်တာကို မတွေးဘူး။ မကြည့်ဘူး။ ဘာမှမ ဖြစ်ဘဲ ကြာနေတာကို စိတ်မရှည်ဘူး”
ထိုခေတ် ရုပ်ရှင်ဝေဖန်ရေး ဆရာတို့က ခေတ်ရှေ့ကပြေးနေသော ဇာတ်ကားတစ်ကားဟု မှတ်ချက် ပြုကြရှာပါသေးသည်။
“ခင်ဗျားနဲ့ ဆရာခင်မောင်ရင်က ခေတ်ရှေ့ကပြေးတာ နှစ် ပေါင်း ၅ဝ လောက်စောနေတယ်ဗျ။”
ကျွန်တော့်  မှတ်ချက်စကားကိုကြားသော အခါ သူပြုံးသည်။
ရင်တုန်ဖွယ်၊ ရင်မောဖွယ် ကောင်းလှရုံမက ကြက်သီးမွေးညင်း ထသွားနိုင်လောက်သည့် ကိုသိန်း တန်၏ စွန့်စားခန်းပေါင်းများ စွာ ကျန်ပါသေးသည်။
သို့ သော် လူ တစ်ယောက် ၏ အတ္ထုပ္ပတ္တိကို ကာယကံရှင်မဟုတ်သူ တစ်ဦးက ဘယ်အတိုင်းအတာ ထိ ရေး ခွင့်ရှိပါသလဲ။ အထူးသဖြင့် ကွယ်လွန်သူတို့ အကြောင်းခြင်းရာများ ကို ရေး သားရာ၌ လိုက်နာရမည့်  စည်းနှင့် ကျင့်ဝတ်များ ကိုလည်း သတိထားရပေဦးမည် ။
ဤနေရာတွင် လူထုဒေါ်အမာကို စံနမူနာ ယူကြရပေမည် ။ ဒေါ်ဒေါ်သည် မြို့မငြိမ်း၏ မူးယစ်ရီဝေ ခြင်းများ ကို စာမဖွဲ့။ လေဘာတီမမြရင်၏ အိမ်ထောင်ဘက်များ ခြင်းကို ဇာမချဲ့။ ရင်သပ်ရှုမောအံ့သြဖွယ်ရာ ဇာတ်လမ်းတွေ မို့ စာဖတ်သူတို့ နှစ်သက် လှမည် မှာ သေချာလှသော်လည်း ကျွန်တော် ရေး မပြချင်တော့ပါ။ အသိဥာဏ်နုနယ်သေးသော လူငယ်များ အတွက် အတုယူမှားသွားနိုင်ပါသည်။
ပြဿနာ မောင်သိန်းတန်သည် ဖြူစင်၏ ။ ရိုးသား၏ ။ ပွင့်လင်း၏ ။ အကူအညီလိုနေသူများ အတွက် ကိုယ့်ကျိုးစွန့်ကူညီရန် အမြဲအဆင့်သင့်ရှိနေသူတစ်ဦး ဖြစ်၏ ။
တစ်ပြိုင်နက်တည်းမှာ ပင်၊ သူသည်လေ၏ ။ လွင့်၏ ။ ထင်ရာစိုင်း၏ ။ သို့ သော် သူ့ကြောင့် ကမ္ဘာလောကကြီးတွင် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာမရှိခဲ့ပါ။
မိမိကိုယ်မိမိသာ ပြုန်းတီးအောင် ဖြုန်းတီးသွားခဲ့သော လူ တစ်ယောက် သာ ဖြစ်သည်ဟု ကျွန်တော် ထင်သည်။
ဘဝတူတွေ ပါပဲလေ…။
သဘောတူရဲ့ လား ရဲဘော်ကြီး။
မင်းသစ်
အောင်ပြည့်
ကျေးဇူတင်စကား
လွန်ခဲ့သော နှစ် အနည်းငယ်အတွင်း မဟေသီမဂ္ဂဇင်းတွင် လစဉ်နီးပါးရေး သားခဲ့သော ဆရာ မင်းသစ်၏ “လွမ်းရတဲ့သူတွေ ” အား လစဉ်စောင့်မျှော်ဖတ်ရှုခဲ့ကြသော စာဖတ်ပရိတ်သတ်များ “လွမ်းရတဲ့ သူတွေ ” ကို လုံးချင်းစာအုပ်အ ဖြစ် ထုတ်ဝေပေးခဲ့သော စိတ်ကူးချိုချိုစာအုပ်တိုက်နှင့်တကွ ဆိုင်တိုင်းတွင် စာအုပ်ပြတ်လတ်သွားသည်အထိ ဝယ်ယူအားပေးခဲ့ကြသော စာဖတ်ပရိတ်သတ်များ အား မဟေသီမဂ္ဂဇင်း က ဂုဏ်ယူစွာ ဖြင့် ကျေးဇူးစကားဆိုပါသည်။ မဟေသီစာဖတ်ပရိတ်သတ်များ ၏ တဖွဖွ တိုက်တွန်းမှု ကြောင့် “လွမ်းရတဲ့သူတွေ ၁၁” ကို ယခုလ၌ ဖော်ပြပေးလိုက် ပြီး ဆက်လက်ရေး သားပေးသော ဆရာမင်းသစ်အား အထူးကျေးဇူးတင်ပါသည်။
တာဝန်ခံစာတည်း
မဟေသီမဂ္ဂဇင်း
ကိုအောင်ပြည့်ကို ၁၉၆၂ ဝန်းကျင်တွင် ထုတ်ဝေခဲ့ကြသော ကဗျာ စာအုပ်ကလေးများ ၏ မျက်နှာဖုံး သရုပ်ဖော်ပန်းချီဆရာ “ခင်မောင်မြင့် (ပြွန်တန်ဆာ)” အ ဖြစ်စတင်သတိပြုခဲ့မိခြင်း ဖြစ်သည်။ ဥပမာ - “ရင် ပြင်နီကဗျာများ ”၊ “တက္ကသိုလ်ဝန်းကျင်ကဗျာများ ” စသည်။
သြော် … ရင်ထဲမှာ ဆို့ပြီးလွမ်းလိုက်တာ ….။
၁၉၆၇ တွင် မန္တလေးတက္ကသိုလ်၏ နောက်ဆုံးနှစ် သိပ္ပံ (စနစ်ဟောင်း) စာမေးပွဲကို ကျွန်တော် ကျရှုံး ပြီးနောက်၊ နောက်ဆက်တွဲ စာမေးပွဲဖြေဆိုရင် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းလာသော အခါမှ လူအရှင် လတ်လတ်ကို တွေ့ လိုက်ရပါသည်။ သူ၏ “ဦးဆောက်ပန်းစာပေ” အမည် ရှိ လှည်းတန်းမှ စာအုပ်ဆိုင် ကလေးမှာ ။
သို့သော် မရင်းနှီး ဖြစ်ခဲ့ကြပါ။ ပြန်တွေးကြည့်လျှင် ရယ်စရာ။
သူကတက္ကသိုလ်ကျောင်းတွင်း နိုင်ငံရေး လှုပ်ရှားမှု များ တွင် (၁၉၆၂ - အထိ) သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီနောက်ခံ တပ်ဦးသစ်ကျောင်းသား။ ကျွန်တော် တို့အများ စုက သခင်သန်းထွန်း၏ ဗမာ ပြည်ကွန်မြူနစ်ပါတီကို နောက်ခံပြုသည့်၊ တပ်ဦးဟောင်း ကျောင်းသားများ ။ တစောင်းစေးနဲ့ မျက်ချေး။ ဦးချစ်ဆိုင်မှာ လက်ဖက်ရည်သောက်လျှင်ပင် တစ်စားပွဲစီထိုင်ကြရင်း၊ မျက်စောင်းတွေ တခဲခဲဖြင့် ….။
ယနေ့သခင်စိုးလည်းမရှိတော့။ သခင်သန်းထွန်းလည်းမရှိတော့။ ကျွန်တော် တို့အားလုံး၏ ပါတီ အသီးသီးလည်းမရှိတော့။ ဆိုဗီယက်ယူနီယံကြီးလည်း မရှိတော့။
အခုပြန်တွေးမိတော့ ရယ်စရာ၊ ရှက်စရာကြီး။
လူချင်းနှီးသွားကြခြင်းကမူ “ဂုဏ်ထူးဦးသိန်းနိုင်” ကြောင့် ဖြစ်ပါသည်။ ၁၉၇ဝ နှစ်ဆန်းပိုင်းတွင် မန္တလေးမှ မြန်မာစာဆရာ ဂုဏ်ထူးဦးသိန်းနိုင်သည် ဆရာတင်မိုး၏ လမ်းညွန်းမှု ဖြင့် ကျွန်တော့် ကျောင်းခန်း သို့ ရောက်လာပါသည်။ ရောက်လျှင်ရောက်ချင်း …
“ဟေ့ကောင် မြတ်သူ။ ငါရန်ကုန်မှာ မြန်မာစာကျူရှင်ဖွင့်ချင်တယ်ကွာ။ အခန်းလေး ခုံလေးတွေ ရှာပေးဦး”
“ဘာ၊ မြန်မာစာကျူရှင် ဖွင့်မလို့”
“အေးလေ ….”
“ဟာ … မြန်မာစာကို ဘယ်သူက ကျူရှင်ယူမှာ လဲဗျ။ အချိန်ကုန်လူပန်း ဖြစ်နေပါဦးမယ် ဆရာရယ်”
“ဒါမင့် အပူမပါပါဘူးကွာ။ နည်းနည်း စုံစမ်းကြည့်ပါဦး”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့”
မြင်ဆရာ၊ ကြားဆရာတစ်ဦး ဖြစ်သော ကြောင့် နှုတ်ကသာ “ဟုတ်ကဲ့” လိုက်ရသည်။ ရင်ထဲမှာ တော့ ရယ်ချင်ပက်ကျိ။
သို့ သော် မကြာမီ သတင်းစကားများ ကြားရသည်။ သင်္ချာအောင်သော င်းနှင့် သန်းအောင်လင်း (စေတနာ) တို့အကူအညီဖြင့် အခန်းနှင့်ခုံများ ရကြပြီဆို၏ ။ ထို့ပြင် ဂုဏ်ထူးဦးသိန်းနိုင်နှင့် အောင်ပြည့်တို့ တွဲ ဖက်သင်ကြားကြမည် ဆို၏ ။
ဗုဒ္ဓေါ၊ ဗကပ နဲ့ အလံနီတို့တွဲ ကြပြီတဲ့လား ….။
ဟား …. ဟား ….. ဟား ။
ထိုရယ်စရာသတင်း၏ နောက်တွင် အံ့သြစရာသတင်းကြောင့် ပိုရယ်ချင်မိသည်။ သူတို့နှစ် ယောက် အချိန်ပိုင်းဖြင့်ငှားပြီး၊ စာသင်ကြမည့်  စာသင်ခန်းကမူ၊ ကျွန်တော် ဇနီး အင်္ဂလိပ်စကားပြော သင်ကြားပို့ချနေ သည့် ဗိုလ်အောင်ကျော်လမ်းမှ စာသင်ခန်းလေး ဖြစ်နေသော ကြောင့် ပင်။
မကြာမီ ကျွန်တော် ဝဋ်လည်ပါတော့သည်။ ၁ဝတန်းစာမေးပွဲအမှတ်ပေါင်းဖြင့် တက္ကသိုလ်ဝင်ခွင့်များ ကို ရွေးချယ်သော ပညာရေး စနစ်သစ်ပေါ်လာသော အခါ၊ မြန်မာစာဆရာတို့ ခေါင်းမော့ ရင်ကော့ကြကုန်၏ ။ ဂုဏ်ထူးဦးသိန်းနိုင် နှင့် ဆရာကြီးအောင်ပြည့်တို့၏ မြန်မာ့စာကျူရှင်မှာ ကြက်ပျံမကျ။ ဆရာဦးသိန်းနိုင်က လည်း ကျွန်တော့်ကိုတွေ့ လျှင်၊ ပြုံးစစ။ ကဲ … ဘယ့်နှယ့်ရှိစဆိုသည့်အလား။
သို့ သော် အစုစပ်လုပ်ငန်းတို့၏ ထုံးစံအတိုင်း မကြာမီ သူတို့နှစ် ယောက် လမ်းခွဲလိုက်ကြရသည်။
ကဲ … ကျွန်တော် မပြောဘူးလား။ ဗကပနဲ့ အလံနီဆိုတာ၊ ရေရှည်မှာ ဘယ်တွဲ လို့ရပါ့မလဲဗျ။ ဟဲ .. ဟဲ။
နောင် အချိန်အနည်းငယ်အတွင်းမှာ တော့ လူချင်းပိုရင်းနှီးသွားကြရတော့သည်။
အကြောင်းမူ၊ သူသည် “စာရေး ဆရာအောင့်ပြည့်” ဖြစ်သော ကြောင့် ပင်။ “နေရစ်တော့ မြသီလာ” စသော ဝတ္ထု၊ ကဗျာစာအုပ်များ နှင့် “သတင်းဂျာနယ်” တွင် စွမ်းရည်ပြသခဲ့သော သူ၏ အယ်ဒီတာ အရည် အသွေးများ ကြောင့်၊ စာချင်းခင်ရာမှ လူချင်းပို၍ မင်လာခဲ့ကြရသည်။ သူကလည်း စာရေး ပျင်းသော ကျွန်တော့် ကို တဖွဖွတိုက်တွန်းသည်။ ကြိမ်းမောင်းသည်။ ဆူပူသည်။
သတင်းဂျာနယ်၌ သူ အယ်ဒီတာလုပ်နေစဉ်၊ ထိုကာလစာနယ်ဇင်းများ တွင် ဟိုးဟိုး ကျော်ခဲ့သော ကျွန်တော့် ယောက် ဖတစ်ဦး၏ အိမ်ထောင်ရေး အမှု ကို၊ ဗဟိုအမျိုးသမီးဆေးရုံနှင့် တရားရုံးများ အထိ၊ သူကိုယ်တိုင် ထောက်လှမ်းလေ့လာရင်း ကျွန်တော် နှင့် ပိုတွဲ ဖြစ်ခဲ့ကြသည်။
နောင်တွင် ထိုဇာတ်လမ်းကိုခြေခံပြီး “ကိုကိုနီတာရဲနှင့် ညီမလေးခရမ်းပြာ” လုံးချင်းဝတ္ထုတစ်ပုဒ်ရေး သားထုတ်ဝေခဲ့သည်။ ကျွန်တော် ၏ ရုပ်ရှင်မင်းသမီးတစ်ဦးတို့၏ ခွာပြဲခဲ့ကြသော ဇာတ်လမ်းကိုလည်း စလေဦးပုည၏ လေဖြင့် “ငွေမြင်လျှင် လင်လုပ်မည် ” ဟု ဝတ္ထုတစ်ပုဒ်ရေး ဦးမည် ဟု ဆို၏ ။ ကြော်ငြာများ လည်းထည့်ခဲ့သေး၏ ။ သို့ သော် မထုတ် ဖြစ်ခဲ့ဟု ထင်ပါသည်။ (ဘုရား၊ ဘုရား၊ တော် ပါသေးရဲ့ ဗျာ)။
သတင်းဂျာနယ်ရပ်သွားသော အခါတွင် မူ သူသည်ကျူရှင်လောကထဲသို့ လုံးလုံးလျားလျား ဝင် ရောက်လာခဲ့တော့သဖြင့် ကျွန်တော် တို့နှင့် ပိုတွဲ ဖြစ်ကာ “ညနေ … ညနေ … စည်တယ်လေ့၊ စည်တယ်လေ့” ဖြစ်လြာ ကတော့သည်။
၃၈- လမ်းရှိ (Eat စားသောက်ဆိုင်) နှင့် ၄၂- လမ်းရှိ ဂေါ်ရင်ကျီကုလးမကြီးတို့၏ ဆိုင်များ တွင် သောက်ကြ၊ ချစ်ကြ၊ ရန် ဖြစ်ကြနှင့်၊ နောက်တစ်နေ့တွင် မူ၊ မနေ့ညက ရန်ပွဲများ ကို ဘယ်သူမှ သတိမရြ ကတော့ဘဲ သောက်၊ ချစ်၊ ရန် ဖြစ်။ ပြီးလျှင် အလဲလဲ အပြိုပြိုဖြင့် အိမ်ပြန်ကြ။
သြော် … လွမ်းရင်း ၊ မူးလာချင်သလိုလို။
ကိုအောင်ပြည့်သည် သူ၏ သူငယ်ချင်း (နောင်တွင် သူ၏ ယောက် ဖ ဖြစ်လာမည့် သူ) မောင်ဝဏ္ဏနှင့် တစ်နွယ်ငင်တစ်စင်ပါလျက်၊ ရုပ်ရှင်သရုပ်ဆောင်ပိုးလည်းဝင်သွားသေး၏ ။ “ပန်းတွေ နဲ့ဝေ” နှင့် “ဇာခန်းဆီး နောက်ကွယ်မှာ ” ဇာတ်ကားများ မှာ သူ၏ ထင်ရှားသော မှတ်တိုင်များ ဟု အများ က သတ်မှတ်ကြသည်။
“ပန်းတွေ နဲ့ဝေ” ဇာတ်ကားနှင့်အတူ သူ့ကို အကယ်ဒမီရလိမ့်မည် ဟု အများ က တစ်ပေးကြသည်။ ဤတွင် သူနှင့် ပတ်သက်၍ ကျွန်တော့် တို့ဝိုင်းတွင် ဟာသတစ်ခု” တွင် သွားသည်။
တစ်နေ့ ၃၈-လမ်း Eat ဆိုင်တွင် ဝိုင်းဖွဲ့နေကြစဉ် ..။
ထို့နေ့က ဝိုင်းတွင် ကျွန်တော် မပါပါ။ ထို့ကြောင့် ယာဉ်ထိန်းရဲဌာနမှ ကိုကျော်ဝင်းလား။ ဓာတ်ပုံ ညောင်ဦးဖိုးချိုလား ကျွန်တော် မမှတ်မိတော့ပါ။ ထို တစ်ယောက် က ပြောသည် …တဲ့။
“ပန်းတွေ နဲ့ဝေ ဇာတ်ကားမှာ အအောင်မြင်ဆုံး သရုပ်ဆောင်က ကျုပ်တို့ ကိုအောင်ပြည့်ပဲဗျ။ အများ ကလည်း သူ့ကို အကယ်ဒမီတစ်ပေးနေကြတာပဲလေ။ အခုဆို သူ့ဇာတိမြို့ကတောင် သူ့ကို ဂုဏ်ပြု မလို့တဲ့”
တစ်ဝိုင်းလုံး ငြိမ်သွားသည်ဆို၏ ။ ထိုသူက စကားဆက်သည်။
“ဒီလိုလေဗျာ။ သူ့ဇာတ်ပြွန်တန်ဆာမြို့က သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည် ကို ရှေ့တန်းတင် ပြီး၊ “ပြွန်” ဆိုတဲ့စကားလုံးနေရာမှာ “ပြည့်” လို့ပြောင်းပြီး နာမည် မှည့်မလို့တဲ့ဗျ”
တစ်ဝိုင်းလုံး အုံးအုံးထထ အော်ရယ်ကြစဉ် ကိုအောင်ပြည့်မှာ ရယ်ရခက်၊ ငိုရခက်နှင့် “ငါ” နှင့် ကိုင် ထုတ်သည်ဆို၏ ။
တစ်ဆင့်ကြားဖြင့် ဟားကြရသော ကျွန်တော် တို့မှာ လည်း သူ့အပေါ် နိုင်ကွက်တစ်ကွက် ရသွား ပါတော့သည်။
သို့ သော် ကျွန်တော့် သူငယ်ချင်းကြီးသည် အကယ်ဒမီမြင့်ပေါ်သို့ မရောက်လိုက်ရဘဲ ၁၂၄ (က) ဖြင့် အင်းစိန်တောရသို့ ရောက်သွားတော့၏ ။
အပြင်သို့ သူပြန်ထွက်လာသော အခါ ကျူရှင်လုပ်ငန်းကို ပြန်လုပ်၏ ။ စာအုပ်ထုတ်ဝေရေး လည်း တစ်ဖက်ကလုပ်၏ ။ “ချယ်ရီ” မဂ္ဂဇင်းတွင် တာဝန်ခံ အယ်ဒီတာလုပ်သော အခါ…”
“ဘဲ သစ်၊ ဒါကိုယ်လုပ်တဲ့မဂ္ဂဇင်း။ မရေး ရင်တော့ အသိပဲ”
ကြောက်ကြောက်ဖြင့် ၁၉၈၆ တွင် “ခံစားသူကြီး” ဆိုသော ဝတ္ထုတိုတစ်ပုဒ် ရေး ပေးလိုက် ရပါသည်။ မကြာမီ သူ့ဆီက ဖုန်းလာသည်။
“ဟေ့လူ၊ ကြိုက်တယ်ဗျ။ ခင်ဗျားဝတ္ထုကို ပန်းချီတောင်အပ်လိုက်ပြီ”
“ဘယ်သူ့ကိုလဲဗျ”
“ကိုညိုဝင်းကို”
“ဗျာ”
ကျွန်တော် လန့် သွားပါသည်။ ပန်းချီဆရာကြီး အစ်ကိုမောင်ညိုဝင်း သည် စာမူတစ်ပုဒ်ကို သူမကြိုက်လျှင် ငွေဘယ်လောက်ပေးပေး သရုပ်ဖော်ပုံရေး မပေးပါ။ အဲ … ကြိုက်ပြန်လျှင်လည်း ထိုစာမူကို ခံစားနေလိုက်သည်မှာ ၊ တစ်ခါတရံ နှစ် ချီ၍ ကြာတတ်သည်ဟု ကြားဖူးပါသည်။ ကျွန်တော် တစ်ခုပဲ ပြန်ပြော နိုင်ပါတော့သည်။
“ရက်စက်လိုက်တာ၊ ဘဲပြည့်ရာ”
သို့သော် ယနေ့အထိ ကျွန်တော် ဂုဏ်ယူကြွားဝါနေဆဲ ဖြစ်ပါသည်။ ကိုအောင်ပြည့်ထံမှ ဖုန်းဝင်လာ ပြန်သည်။
“ဟေ့ .. ဘဲသစ်၊ ဒီနေ့ ထီထိုးစမ်း”
“ဘာ ဖြစ်လို့လဲဗျ”
“နွေခေါင်ခေါင် မိုးကြိုးပစ်တော့မှာ ပဲဗျာ။ လွန်ခဲ့တဲ့နှစ် ရက်က အပ်လိုက်တဲ့ ခင်ဗျားရဲ့ ဝတ္ထုတို သရုပ် ဖော်ပုံလေ”
ကြောက်ကြောက်နှင့် ကျွန်တော် “အင်း” လိုက်မိသည်။
“အဲ … အခုပဲ ကိုညိုဝင်း ဆွဲပြီးလို့ လာပေးသွားပြီဗျ။ ကျုပ်တစ်သက်တော့ အံ့သြကုန်နိုင်ဖွယ် ပါပဲဗျာ”
ကျွန်တော် ပျော်လိုက်တာ …။
“ကဲ … ညနေပိုင်းကို ကျုပ်ဒကာခံမယ်။ ခင်ဗျား Eat ကိုချီတက်ခဲ့ပေါ့”
“ကျုပ်တို့မလိုသေးဘူး။ ကိုညိုဝင်းက မှာ သွားတယ်။ အဲ့ဒီမင်းသစ်ကို တွေ့ ချင်တယ်။ သူ့ဆီလိုက် ပို့ပေးတဲ့။ အဲဒါ အခုချယ်ရီကိုလာခဲ့။ ပန်းချီကိုဇော်မင်း ရှိတယ်။ သူပို့ပေးလိမ့်မယ်၊ အခုလာခဲ့”
“စိတ်ချ၊ ကျောင်းချိန်ဖျက်ပြီး လာခဲ့မယ်”
ထိုတစ်ညလုံး၊ မြို့လုံပတ်လည် ဆိုင်းပေါင်းစုံကူးပြီး ကျွန်တော် နှင့် အစ်ကို မောင်ညိုဝင်းတို့ သောက်ကြ၏ ။ သည်နေ့မှစပြီး မြင်ဖူးသော်လည်း အနုပညာသမားတို့၏ စရိုက်၊ အရက်ချစ်သူများ ၏ ထုံးစံ အတိုင်း ချစ်လိုက်ကြသည်မှာ လည်း “အစ်ကိုကြီးရေ ညီလေးရေ” တွေ စီစီညံလျက်။
သို့ သော် ည တစ်နာရီခွဲခန့်တွင် ၁၉-လမ်းဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်နှင့် ရန် ဖြစ်ပြီး “မူးဆူ-ပုဒ်မ” ဖြင့် ရဲကဖမ်း သွားပါသည်။
လသာရဲစခန်းတွင် တစ်ညအိပ်လိုက်ကြရပြီး၊ နောက်နေ့နံနက် ပန်းချီကိုဇော်မင်း အာမခံဖြင့် လာထုတ်မှ ထွက်ခဲ့ကြရပါသည်။
ထိုအကြောင်းကို ပြန်သတိရမိတိုင်း ၁-တရားခံ ကိုအောင်ပြည့်၏ မျက်နှာကြီးကို ပြန်ပြန် မြင်ယောင်နေမိပါတော့သည်။
ထိုခေတ်က ကျူရှင်ဆရာများ သည် တစ်ဘာသာလျှင် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းစီဖွင့်ကြပါ သည်။ ကိုအောင်ပြည့် ကတော့ သင်္ချာ အောင်သော င်းကျောင်းတွင် အချိန်ပိုင်းယူ၍ မြန်မာစာသင်နေပါ သည်။
တစ်နေ့တွင် စာတစ်တန်ပေတစ်တန်ဖြင့် ကျွန်တော် တို့အား အစည်းအဝေးရှိသည်ဟု ဆိုကာ ဓာတု- ဇီဝ ဦးတင်စိုး၏ ခန်းမသို့ ဖိတ်ကြားလိုက်ပါသည်။
“ဘာလဲဟ” ဟူသော ကြောင်စီစီအတွေးကိုယ်စီဖြင့် ကျွန်တော် တို့အားလုံး ရောက်သွားကြပါသည်။ လူအားလုံးစုံသော အခါ ကိုအောင်ပြည့်က ချောင်းတစ်ချက်ဟန့်ပြီး မိန့်ခွန်းစခြွေပါသည် ။
“အဟမ်း ၊ တိုတိုနဲ့ လိုရင်းပဲပြောမယ်။ ခင်ဗျားတို့အားလုံး ကျောင်းပိုင် ကိုယ်စီ၊ ကားပိုင် ကိုယ်စီနဲ့။ ကျုပ်မှာ ဘာမှမရှိဘူး”
“ဘာဆိုင်လို့လဲဟ” ဟုတွေးမိကြရင်း ၊ ဆက်နားထောင်နေကြရသည်။ သူစကားဆက်သည်။
“ဒီတော့ ကျုပ် ၅ လပြတ်ဘာသာစုံကျောင်းတစ်ကျောင်း ထောင်မယ်။ ကျုပ်က မြန်မာစာသင်မယ်၊ ကိုအောင်သော င်းက သင်္ချာသင်၊ ကိုရဲစိုးက Physics သင်၊ ကိုတင်စိုးက Chemistry သင်၊ ကိုမင်းသစ်က Bio: သင်…”
သြော် … ဘာများ ပါလိမ့်လို့၊ အခုမှ သက်ပြင်းချနိုင်ြ ကတော့သည်။ သို့သော် …
“နေဦး၊ မပြီးသေးဘူး၊ ကိုတင်စိုးက စာသင်ခန်းအလကားပေးရမယ်။ ခင်ဗျားတို့အားလုံးကိုလည်း စာသင်ခ တစ်ပြားမှမပေးနိုင်ဘူး။ ကျောင်းအောင်မြင်လို့ အမြတ်ရရင် ကျုပ် ကားတစ်စင်းဝယ်စီးမယ်။ ဒါပဲ။ ကဲ … အစည်းအဝေးပြီးပြီ။ ကျောင်းဖွင့်ပွဲအနေနဲ့ ရွှေညာ့ဆိုင်မှာ လက်ဖက်ရည် တစ်ခွက်စီးတိုက်မယ်။ မုန့် တော့မပါဘူးနော်။
စစ်ကိုင်းဦးဖိုးသင်း၏ လေသံဖြင့် ပြောရလျှင် ထိုအချိန်က “သဘာသည်၊ ဆိတ်နေ၏ ။”
ကျွန်တော် တို့အားလုံး ပါးစပ်အဟောင်းသား …။
သူ၏ Hot Spot ကျောင်းကြီးကား ဝက်ဝက်ကွဲအောင်မြင်ပါပေ၏ ။ ထိပ်တန်းဆရာများ နှင့် ချိုသာ သော ကျောင်းလခဖြင့် သင်ရသော ကြောင့် ၊ တစ်တန်းပြီးတစ်တန်း တိုးချဲ့ရ၏ ။
ကျွန်တော် တို့ ဆရာတစ်ခုမှာ လည်း သူ့ကျောင်းတွင် ကျောင်းမပျက်ရဲပါ။ “ခင်ဗျားတို့က ပိုက်ဆံမရ လို့၊ မလေးမစေား လုပ်တာလားဗျ” ဟု သူက စကားနာထိုးဦးမည် ။
မကြာမီ သူကားတစ်စင်းဝယ်စီးည်။
မည် သူက အချဉ်ဖောက်ထည့်လိုက်သည်မသိ။ ကားက ဝက်နှင့်လိပ်စပ်ကျထားသည့်ပုံ။ ကျွန်တော် တို့အားလုံး ဒေါမနဿ ဖြစ်ကြရသည်။ သူလုပ်ချင်တာသူလုပ်ပြီး၊ သူပျော်နေရင်ပြီးရော ဟုသာ သဘောထား လိုက်ကြရတော့သည်။
ကိုကားဝယ်သည့်နေ့က သူ့ထံမှဖုန်းလာသည်။
“ဘဲသစ်၊ ညနေအတန်းပြီးရင် Eat ကိုလာခဲ့။ နင့်ကာ၊ ပြန်လွှတ်လိုက်။ အပြန် ကိုယ့်ကားနဲ့ လိုက်ပို့ ပေးမယ်”
ကျွန်တော် မဲ့ပြုံးပြုံးမိခဲ့ပါသည်။
“အခုတော့လည်း နင်ကိုယ်တိုင်မောင်းတဲ့၊ အဲ့ဒီကားကြီးကို ပြန်စီးချင်လိုက်တာ သူငယ်ချင်းရယ်”
မင်းသစ်
ခံစားသူကြီး (ကျော်တင့်အောင်)
ဇာတ်လမ်း - ၁/၁၉၆၃
ဆိုင်းမဆင့်ဗုံမဆင့် ရွာချလိုက်သော အညာမိုးမဆန်သည့် ထိုမိုးအညာကို မကျေမနပ်မော့ ကြည့် လိုက်မိရင်း ရာဇာတ်ခန်းမအောက်သို့ ကျွန်တော် ပြေးဝင်လိုက်ရသည်။
ရွာတွင် ချစ်စရာကောင်းသော မိုးကို မြို့တွင် ကျွန်တော် မုန်းသည်။ အလုပ်လည်းပျက်၊ ရုပ်လည်း ပျက်။
မည် သို့ ပင် ဖြစ်စေ မမျှော်လင့်ပဲ ရွာချလိုက်သည့်မိုးကြောင့် မမျှော်လင့်ဘဲ သူ့ကိုတွေ့ ခဲ့ရသည်။
ကျွန်တော် မိုးခိုနေရာ ရာဇာတ်ခန်းမတွင် မန္တလေးတက္ကသိုလ် ပြတိုက်ရှိသည်။ တက္ကသိုလ်မှာ အနေ ကြာပြီ ဖြစ်သော်လည်း ပြတိုက်ဆိုသည်မှာ ပစ္စည်း အဟောင်းအမြင်းများ စုဝေးရာအမှိုက်ပုံဟု ခံယူထား သော ကျွန်တော့် လို သိပ္ပံကျောင်းသားတစ်ဦးအဖို့ ဤပြတိုက်သို့ တစ်ခါဖူးမျှ မရောက်ဖူးသေး။
သို့ သော် ရွာမိလျှင် တော် ရုံဖြင့် မစဲတတ်သော အညာမိုးကြောင့် မိုးခိုရင်း အပျင်းပြေ ငေးမောရန် ပြတိုက်အတွင်းသို့ ဝင်သွားမိသည်။
ဤတွင် ဤသို့ သူ့ကို တွေ့ လိုက်ရသည်။
မောင်ကျော်တင့် ….
အကြောင်းမှာ မင်းတို့ခေတ်သည် လူပေါ်စခေတ်ဦးမျှ မဟုတ်ပြီ။ အလွန်နီးစပ်လွယ်ကူလျင်မြန် သော ခေတ် ဖြစ်ရကား အောက်ပါ လင်္ကာနှင့် အညီ ကျင့်ဆောင်အားထုတ်ပါလေ။
ရန်အောင် ကြောင်းတရား ၄ ပါး
သစ္စာ၊ ဓမ္မ
ဝီရိယနှင့်
စာဂဟူသည်
ရန်သူအောင်မှု
ကြောင်းလေးခုတည်း။ ။
သခင်ကိုယ်တော် မှိုင်း
၂၄-၉-၅၆
မှန်ပေါင်သွင်းထားသော ထိုစာနှင့် အတူတွဲ လျှက် ထိုစာကို ပြတိုက်သို့ လှူဒါန်းသော အလှူရှင်နှင့် ထိုစာ၏ အတိတ်ဇာတ်လမ်းကိုပါ ဖော်ပြထားသည်ကို တွေ့ ရ၏ ။
၁၉၅၆ ခုနှစ် က မန္တလေးမြို့မှ မောင်ကျော်တင့်ဆိုသော ၆ တန်းကျောင်း သားလေးတစ်ဦးသည် ရန်ကုန်မြို့မှ ဆရာကြီးသခင်ကိုယ်တော် မှိုင်းထံသို့ မိတ်ဆက် စာရေး ခဲ့၏ ။ သူတကာ သူငယ်လူငယ်အများ က မင်းသား၊ မင်းသမီးနှင့် အဆိုတော် များ ထံသို့ မိတ်ဆက်စာရေး လေ့ရှိကြသည့်အရွယ်တွင် ထိုသူငယ် မောင်ကျော်တင့် က သခင်ကိုယ်တော် မှိုင်းထံသို့ မိတ်ဆက်စာရေး ၏ ။
အသက် ၈ဝ ကျော် ထိုမျိုးချစ်ကြီးကလည်း ၆ တန်းကျောင်းသား ထိုသူငယ်ထံသို့ တလေးတစား စာပြန်၏ ။ သူငယ်အဖို့ အကျိုးရှိရာရှိကြောင်း ဆုံးမစာလေးပင် ရေး ပေးလိုက် ပေသေး၏ ။
ကျွန်တော် အဖို့မူ စာရေး သူ မောင်ကျော်တင့်ကို အံသြလေးစားမိသလို စာပြန်သူကိုလည်း အံ့သြ ကြည်ညို၍ မဆုံး။
ဤသို့ ပင် မောင်ကျော်တင့် (ခေါ်) သူ့ကို မန္တလေးတက္ကသိုလ် ပြတိုက်၌ တွေ့ ခဲ့ရပါလေ၏ ။
သို့ သော် မသိသေး။ မြင်ပင် မမြင်ဖူးသေး။
မည် သို့ပင် ဖြစ်စေ မန္တလေး တက္ကသိုလ်တွင် အခါမဲ့ မိုးကြီးသည်းစွာ ရွာ၍ စိန်ပန်းနီနီတို့ပင် ခိုက်ခိုက် တုန်နေသည့် ထိုအချိန်တွင် ကျွန်တော့် ရင်မှာ နွေးနေခဲ့သည်။
ပီတီငွေ့သည် ရင်မှာ လှိုင်းခတ်လျက်။
ဤမျှ လေးလေးနက်နက်ခံစားတတ်သော သူ့ကိုလည်း မြင်လိုသိလိုသည်။ ထိုစာကို လှူစဉ်က ဥပစာ သိပ္ပံအပိုင်း (ခ) ဟု ဖော်ပြထားသဖြင့် မန္တလေးတက္ကသိုလ် တွင် ပင် ရှိနေဦးမည် ဟု ထင်မိသည်။
သို့ သော် လူနည်း၍ ပရဝုဏ်းကျဉ်းသော အညာတက္ကသိုလ်တွင် သူ့ကို မတွေ့ ခဲ့ရ။
ဆိတ်ကွယ်ရာတွင် ခံစားနေဟန်တူ၏ ။
မိုးတစိမ့်စိမ့်အောက်တွင် မောင်ထော်လေးလမ်း (ဗိုလ်ဆွန်ပက်လမ်း) သည် ငြိမ်သက်နေ၏ ။
ပီတိတသိမ့်သိမ့်အောက်တွင် ကား ကျွန်တော် စိတ်လှုပ်ရှားနေ၏ ။
“အဲဒါ ခင်ဗျား၊ ဟုတ်လား ကိုကျော်တင့်အောင်”
“ဟုတ်တယ်လေ၊ ဆရာကြီးဆီက ပြန်စာရစက ငါလည်း ယုံတောင်မယုံဘူး
ဤသို့ ဖြင့် မောင်ထော်လေးလမ်းရှိ အညာသားဒုက္ခသည် များ စုဝေးရာ ဆရာဦးခင်မောင်ဦး၏ အခန်းသို့ ရောက်မှ သူနှင့် လူချင်းတွေ့ ရတော့၏ ။
“နေပါဦး၊ ခင်ဗျားက ကျော်တင့်ကနေ ဘယ်လိုလုပ်ပြီး ကျော်တင့်အောင် ဖြစ်သွားရတာ တုန်း”
“တက္ကသိုလ်ရောက်မှ ပြောင်းလိုက်တာကွ။ ငါက ဗန်းမော်တင်အောင်ကို အသည်းစွဲလေ။ ဒါကြောင့် ကျော်တင့်နောက်မှာ အောင်တစ်လုံးထပ်တိုးပြီး ကျော်တင့်အောင်လို့ ပြောင်းလိုက်တာ”
“ဗန်းမော်တင်အောင်ဆီရော စာမရေး ဘူးလားဗျ”
“ရေး မလို့ပါပဲကွာ။ ရေး မယ်ကြံတိုင်း သူဘယ်ဆီရောက်နေမှန်း မသိရင်းနဲ့ မရေး ဖြစ်တော့ပါဘူး”
“တစ်နေ့နေ့တော့ ဆုံးဦးမှာ ပေါ့ဗျာ”
“သူနဲ့ လူချင်းတွေ့ ခွင့်ရရင် ငါ့ဆန္ဒတစ်ခုပြည့်ပါပြီကွာ။ ဆရာကြီးသခင် ကိုယ်တော် မှိုင်းကိုလည်း မတွေ့ ဖူးလိုက်ဘူးကွာ။ ငါ့အတွက် ဆုံးရှုံးမှု ကြီးတစ်ခုပဲ မင်းသစ်ရေ”
သြော် … ခံစားနိုင်လွန်းသူကြီးပါတကားဟူ၍ သာ ကျွန်တော် သြချလေးစားရပါလေ၏ ။
“ကျော်တင့်အောင်တော့ ပေါက်သွားပြီး မင်းသစ်ရေ”
“ဘာ ဖြစ်လို့လဲ ဆရာဦး”
“သူ့ဌာနက ကနေဒါကို ပညာတော် သင်လွှတ်တယ်လေ။ သူ့လိုအရာရှိ တွေ အများ ကြီးထဲက သူနဲ့ တခြားနှစ် ယောက် ပဲ လွှတ်တာ။ အဲဒါ မောင်မင်း ကြီးသားက ငြင်းသတဲ့”
“ဘုရားရေ၊ ဘာ ဖြစ်လို့တဲ့လဲ”
“သူသိပ်ချစ်တဲ့ မြန်မာပြည်မှာ နေရတာ မဝသေးလို့တဲ့လေ”
“ဟာ … ဒီလူ မဟုတ်သေးပါဘူး”
“ဒါတင်မကသေးဘူး မောင်ရေ၊ အခုလို အထက်ကပေးတဲ့တာဝန်ကိုကျေပွန်အောင် မထမ်းဆောင် နိုင်တာဟာ သူ့အပြစ်ပါဆိုပြီး အလုပ်ကပါ နှုတ်ထွက်လိုက်သတဲ့”
“ဒါ ကတော့ ရိုးသားမှု ပဲ ဆရာဦး”
“အရေး ထဲ မင်းကပါ သြဘာပေးနေပြန်ပြီ။ သူ့ရုံးကလူတွေ ကတော့ သူ့ကိုနည်းနည်း ကြောင်သွားပြီ လို့သတ်မှတ်နေကြတယ်”
“အခု သူရော”
“မန္တလေးပြန်သွားပြီလေ။ ရုံးက သူရစရာကျန်တော့ ခရီးစရိတ်တွေ ကိုလည်းသူ့လက်အောက်က အမှု ထမ်းတွေ ဝေယူကြပါဦးဆိုပြီး လှူသွားသေးသတဲ့။ တော် တော် ပေါက်တဲ့ ကောင်ကွာ”
ဆရာဦးခင်မောင်ဦး ၏ ထင်မြင်ချက်ကို ကျွန်တော် မကန့်ကွက်မိပါ။
သြော်…ခံစားသူကြီး။ခံစားသူကြီး။
ကဗျာဆရာသည် ထိုးမုန့််ပန်းကန်ကို ကျွန်တော့် လက်သို့ ကမ်းလိုက်ရင်း ပဟေဠိဆန်စွာ ပြုံးနေ၏ ။
“ဘာပြုံးနေတာလဲ ဆရာဂျမ်းရဲ့”
“သြော်…ထိုးမုန့်စားရင်း ကိုကျော်တင့်အောငိကို သတိရမိလို့ပါကွာ”
“ကိုကျော်တင့်အောင် ဟုတ်လား။ သူအခုဘယ်မှာ လဲ”
“ရန်ကုန်ပြန်ရောက်နေပြီလေ၊ ဝါသနာပါလို့ပါတဲ့။ တစ်နေ့ ၅ ကျပ် ၈၅ ပြားနဲ့ သတင်းစာတိုက်မှာ လုပ်အားဝင်ပေးနေလေရဲ့”
“ဒါနဲ့ ဆရာနဲ့ ဘယ်မှာ တွေ့ တာတုန်း“
“အိမ်လာတာလေ၊ ဒီထိုးမုန့်က သူယူလာတာပေါ့၊ တမာချဉ်လည်းပါသေးတယ်ဗျာ”
“ဆရာတော့ပွတာပဲ၊ ရန်ကုန်မှာ အညာတမာချဉ်ရှားကရှားနဲ့”
“အဲဒီ တမာချဉ်နဲ့ ထိုးမုန့်ပေးရင်း ပြောသွားသေးတယ်ကွ။အညာက ကဗျာဆရာတွေ မြို့ပြ ယာဉ်ကျေးမှု ကြားမှာ အညာအငွေ့အသက်တွေ ပျောက်သွားမှာ စိုးလို့ လာပို့ရတာ ပါတဲ့“
“ကြံကြံဖန်ဖန်ဗျာ”
“အေး၊ရှာရှာကြံကြံလည်း ပြောသွားလိုက်သေးတယ်။ဒါဟာ သာမန် ထိုးမုန့် တမာချဉ် မဟုတ်ဘူး တဲ့၊ ဘဝမမေ့ဆေးတဲ့”
“ဟား…ဟား…ဆရာတော့ ခံလိုက်ရပြီ”
“ရယ် မနေနဲ့၊ မင်းလည်း အညာသားပဲ၊ ကျော်တင့်အောင်ရဲ့ ဆေးလေးစားလိုက်ပါဦး၊ ဟဲ…ဟဲ”
ထိုးမုန့်စားရင်း ကျွန်တော် ရှက်ပြီး ပြုံးမိသည်။
လူချင်းတွေ့ ရင် ခံစားသူကြီးထံမှ တမာချဉ် ဖြစ်စေ၊ ထိုးမုန့် ဖြစ်စေ တောင်းရဦးမည် ။
မတွေ့ ရသည်မှာ အတန်ကြာသွားပြီ ဖြစ်သော ကဗျာဆရာကို ဘီအိုစီ ကောလိပ်ရှေ့တွင် တွေ့ လိုက်ရပြန်သည်။သည်တစ်ခါတော့ ကဗျာဆရာပြုံးမနေ။
နုံးနေ၊ နွမ်းနေဟန်ရှိသော သူ့မျက်နှာကိုကြည့်ရင်း ကျွန်တော် မေးမိသည်။
“ဆရာဂျမ်း၊ နေမကောင်းဘူးလား”
“တလောက ဖျားတယ်ကွာ။ အခုထိ လူက သိပ်ပြီး မဟန်သေးဘူး”
“အသက်ကြီးလာပြီလေ ဆရာရဲ့။ ကျန်းမာရေး လည်း ဂရုစိုက်ဦးနော်”
“မင်းကလည်း ကိုကျော်တင့်အောင်ရဲ့ လေအတိုင်းပါပဲလား”
“ဘာ ဖြစ်လို့လဲ ဆရာရဲ့”
“တလောက သူငါ့အိမ်လာတယ်လေ။ မောင်ဝက်အိမ်လည်း ရောက်ခဲ့ သေးသတဲ့။ ရောက်ရောက် ချင်း ဆေးတက္ကသိုလ်မဂ္ဂဇင်းမှာ ငါရေး ခဲ့တဲ့ ဆရာဝန် ကဗျာကို အလွတ်ရွတ်ပြတယ်။ ကြိုက်လွန်းလို့တဲ့။ ဟင်း…ဟင်း”
“အဲဒါ ဘာ ဖြစ်သလဲဆရာ။ သူကြိုက်တာကို သူရိုးရိုးသားသားခံစားမှု နဲ့ လုပ်တာပဲဟာ”
“ကြိုက်ရုံတင်တော့ ငါလည်း ကြိုက်တာပေါ့ဟ။ အခုဟာက ငါ့ကဗျာတွေ ရွတ်ပြပြီး ငါ့ကို ဘာပြော သွားတယ်မှတ်လဲ”
“ဆိုစမ်းပါဦး ဆရာ”
“ဆရာ…တဲ့ ၊ ဗန်းမော်တင်အောင်လည်း သေပြီတဲ့ ၊ ဆရာတို့ ဆရာဝက်တို့လည်း ဒီလို ကဗျာ ကောင်းတွေ ဆက်ရေး နိုင်ဖို့ အသက်ရှည်အောင်ကြိုးစားကြပါတဲ့။ လူတော် တွေ ဟာ ငယ်ငယ်နဲ့သေတတ်ကြ လို့ပါ…တဲ့။ဆရာတို့ ကျမ်းမာရေး ဂရုစိုက်ကြပါ…တဲ့”
“ဟား…ဟား…ဟား”
“အင်း…မင်း ကတော့ရယ်နိုင်တာပေါ့ကွာ၊ သူ့စကားလည်းကြာ့းရရောဟိုကဗျာဆရာ မောင်ဝက် တော့ဘယ့်နှယ့်နေလဲမသိဘူး၊ ငါတော့ တန်းဖျားတာပဲ”
“ဟား…ဟား ၊ လန့်ဖျားဖျားတယ်ဆိုတာ အဲဒါမျိုးပေါ့ဆရာရဲ့”
“တော် စမ်းပါကွာ၊ မိုးလည်းမိထားလို့ပါ”
“ဟဲ…ဟဲ၊ ဘာပဲ ဖြစ် ဖြစ် အခု ဆရာတို့ ကျန်းမာရေး တော့ ဂရုစိုက်လာပြီမဟုတ်လား။ အဲဒါ သူ့ကျေးဇူးပေါ့ဆရာရဲ့၊ ဟဲ ဟဲ”
“အေး ၊ ဟုတ်သဟ၊ ဟင်း……ဟင်း”
ရယ်ရင်း မောရင်းပင် လူချင်းခွဲခဲ့ကြသည်။
လူချင်းမတွေ့  ဖြစ်ကြသေးသည်က ကျွန်တော် နှင့် ခံစားသူကြီး…..။
“ငါလည်း မင်းကိုတွေ့ ချင်နေတာကြာပြီ မင်းသစ်၊ အဲတွေ့ ချင်တာထက် ဝေဖန်ချင်တာက ပိုတယ် ကွ”
“အလို ဘုရားရေ”
“ဟေ့ကောင်၊ တန်ရာ တန်ရာလုပ်ပါ။ အရက်သောက်ရင်း ဘုရားတ မနေနဲ့။ မင်းကိုတော့ဒီည အပြတ်ဝေဖန်ရမယ်”
“စိတ်ချမ်းသာသလိုသာ လုပ်ပါတော့ဗျာ”
“ဒီမှာ မင်းက ကောက်ရိုးမီးတွေ ပဲကွ၊ မဂ္ဂဇင်းဝတ္တုတိုလေး ၂ ပုဒ် ၃ ပုဒ် လောက်ရေး လိုက်၊ ၃နှစ် လောက် ပျောက်နေလိုက်နဲ့၊ ဘာလုပ်တာလဲကွ၊ မင်းမှာ ယုံကြည်ချက်ဆိုတာရော ရှိသေးရဲ့လား”
“အလုပ်မအားလို့ပါဗျာ”
“ဟ ၊ ဝတ္တုတိုရေး တာလည်း အလုပ်ပဲကွ”
“ဟို….ငွေရတဲ့ တခြားအလုပ်တွေ များ နေလို့ပါဗျာ”
“ဘာလဲ၊ မင်းတို့က ငွေရမှ အလုပ်လို့ထင်သလား။ ဝတ္တုတိုရေး တာဟာ အလုပ်ကွ၊ တာဝန်ကွ၊ ဒီလောက်ပြောနေရင် မင်းနားလည်ဖို့ ကောင်းပြီ”
“ဟုတ်ကဲ့ပါဗျာ၊ နောက် ရေး ပါ့မယ်”
သည်လိုဖြင့် ခံစားသူကြီး၏ ဆူပူကြီမ်းမောင်းမှု ကိုခံရင်း စိန်ဥယာဉ်မှ ထွက်ခဲ့ကြသည်။
ဆောင်းညမို့ နှင်းတွေ မှု န်နေ၏ ။ သို့ သော် လပြည့်ဝန်းကား ကံ့ကော်တော ဘက်ဆီမှ တရိပ်ရိပ် တက်လာနေပြီ။
လရောင် ဖွေးဖွေးအောက်မှ နှင်းထွေးထွေး။
“ဟား…ကြည့်စမ်း မင်းသစ်။ လှလိုက်တဲ့ည၊ လှလိုက်တဲ့လ၊ လှလိုက်တဲ့နှင်း။ အညာကို မင်းသတိမရဘူးလား ဟင်”
“ဟုတ်တယ်ဗျာ၊ လှလိုက်တာနော်”
“နေဦးကွာ၊ အိမ်မပြန်နဲ့ဦး၊ တို့ခံစားကြရအောင်”
“ဟာ…ချမ်းလှပြီဗျ”
“အရက်သောက်ထားပဲကွာ”
“မူးတာ မူးတာ တခြား၊ ချမ်းတာ ချမ်းတာတခြားဗျ”
“အတော် ညံ့တဲ့ကောင်ကွာ၊ ခဏတော့ နေစမ်းပါဦး”
“အိပ်လည်း အိပ်ချင်ပြီ ကိုကျော်တင့်အောင်ရဲ့”
`နောက်ညတွေ အိပ်ပေါ့ကွာ။ ဒီလောက်လှတဲ့ လနဲ့ညကိုတော့ မင်းအားနာစမ်းပါဦးကွာ”
“အင်း…ဒုက္ခ၊ ဒုက္ခ”
“လုပ်မနေနဲ့တော့ ဟေ့ကောင်၊ သွားမယ်”
“အရေး ထဲ ဘယ်သွားဦးမလဲဗျာ”
“စကားတိုးတိုးပြောကွ။ ညအလှပျက်တယ်၊ လိုက်မှသာ လိုက်ခဲ့”။
ဤသို့ ဖြင့် နာနတ်တောသချိုင်းအတွင်း ဂူတစ်လုံးစီပေါ်တွင် ပက်လှက်လှန်၍ လမင်းကို မော့ကြည့် ရင်း ကဗျာရွတ်ပွဲကြီးတစ်ခု ကျင်းပ ဖြစ်ခဲ့ကြ၏ ။
“မင်းသစ်ရေ”
“ဗျာ”
“ဒီလို လနဲ့ ဒီလိုညမျိုးမှာ မင်းတို့ငါတို့ရွတ်ဖို့ ကဗျာတစ်ပုဒ်ရှိတယ်ကွ”
“ဘယ်သူ့ကဗျာလဲဗျာ”
“Shelly ရဲ့ Love Philosophy လေ”
“ခင်ဗျားက အလွတ်ရလို့လား”
“အေး၊ မင်းတို့ အဲ့ဒါတွေ ခက်တာပေါ့။ နှလုံးသားက တကယ်ခံစားရရင် ဦးနှောက်ထိ ရောက်တယ် ကွ၊ ကဲနားထောင်- ”
“The mountains mingle with the rivers,
And the rivers with the ocean,
…. …. ….
…. …. ….
And the sunlight clasps the earth,
And moonbeams kiss the sea.
What are all these kissing worth,
If thou kiss not me?
“နေရောင် က မိခင်မြေကြီးကို ပွေ့ဖက်ထွေးပိုက်ပြီး၊ လရောင် ခြည်တွေ ကလည်း ပင်လယ်ပြင်ကို ထိနမ်းနေကြတယ်။ တကယ်လို့များ မင်းကကိုယ့်ကို မနမ်းဘူးဆိုရင်လေ အဲဒီ အနမ်းတွေ အားလုံး ဘယ်မှာ တန်ဖိုး ရှိပါတော့မလဲ အချစ်ရယ်”
မူရင်းအင်္ဂလိပ်လိုတစ်ပိုဒ်၊ မြန်မာလိုတစ်ပိုဒ်ရွတ်နေသော သူ့ကိုကြည့်ရင်း ကျွန်တော် စာနာမိသည်။ ကျွန်တော် လည်း အနည်းအကျဉ်းတော့ ခံစားတတ်သည်ကိုး။
“မဆိုးပါဘူးဗျာ၊ ဒါပေမယ့်(အချစ်ရယ်)ဆိုတာတစ်လုံးတော့ပိုသွားတယ်ထင်တယ်”
“ဟ၊ အဲဒါ ခံစားမှု ကွမင်းသစ်ရ။ ရှယ်လီရဲ့ကဗျာကို ရွတ်ရင်း ကျော်တင့်အောင်ရဲ့ ခံစာမှု ကိုပါ ရောထည့်ပေးလိုက်တာကွ”
“အင်း၊ ကောင်းပါပေ့ဗျာ”
“နောက်တစ်ပုဒ်ရွတ်မယ်ကွာ၊ မင်းကြိုက်တာပြော”
ယခုမှ ဥရောပကဗျာပေါင်းချုပ်နှင့် လာတွေ့ ရနေပြီ။သူကြောင့် ကျွန်တော် လည်း ကဗျာဈာန်ဝင်နေပြီ။
“Wordsworth ရဲ့ကဗျာတွေ လုပ်ဗျာ”
“ကောင်းပြီ Rainbow ကစမယ်၊ ဒါမှ ငါတို့လည်း ငယ်မှု ပြန်သွားအောင်”
“အဟမ်း My heart leaps up when I behold.
A rainbow in the sky;
….. ….. …..
….. ….. …..
ဤသို့ ဖြင့် ထိုည နံနက် ၃ နာရီထိုးမှ အိမ်ပြန်ရောက်တော့သည်။
နောက်တစ်နေ့မနက် ကျွန်တော် ဖျားသည်။
အလွမ်းဖျားလား၊ အချမ်းဖျားလား မသိ။
ခံစားသူကြီးကလူမမာလာမေးပါသည်။
ဖျားအပြီး တစ်နှစ် ခန့်ကြာမှ ခံစားသူကြီးနှင့် ထပ်၍ ဆုံ ဖြစ်တော့သည်။ပြုံးလဲ့လဲ့မျက်နှာဖြင့် မင်္ဂလားဆောင်ဖိတ်စာကို ကမ်းပေးရင်း သူကဆိုသည်။
“ငါ့မင်္ဂလာဆောင်မှာ ဆရာဂျမ်းရယ်၊ ဆရာဝက်ရယ်၊ မင်းရယ်ကိုတော့မပျက်မကွက် တွေ့ ချင်တယ် ကွာ။ လက်ဖွဲ့တော့ လုံးဝလက်မခံဘူး”
“ဘာ ဖြစ်လို့လဲဗျာ”
“ဟ၊ မင်္ဂလာဆောင်ရင်းတန်းလန်း…စရိတ်စကနဲ့ အရှုံးအမြတ်တွက်နေရရင် ခံစားမှု ပျက်တယ်။ အချစ်တန်ဖိုး လျှော့တယ်ကွ”
“အင်း… လုပ်လိုက်လေ၊ မင်္ဂလာဆောင်မှာ က ကရဝိတ်မှာ … လက်ဖွဲ့လည်း လက်မခံဘူးဆိုတော့ ခင်ဗျား တော် တော် ကုန်မယ်နော်”
“ကုန်ပေ့စေကွာ ၊ ဒီလိုခံစားချင်လို့ကို ၁၅ နှစ် လောက် စုဆောင်းရင်း စောင့်လာတာကွ”
“ကောင်းဗျာ၊ အမျိုးသမီးကရော ဟိုအမျိုးသမီးပဲလား”
“ကျော်တင့်အောင်မှာ ဘယ်အမျိုးသမီးရှိသေးလို့လဲကွ”
“မဟုတ်ပါဘူးဗျာ၊ ကျွန်တော် ကသေချာချင်လို့ပါ”
“ဒီမှာ မင်းသစ်။ ဒီအမျိုးသမီးကလွဲပြီး ဘယ်သူ့ကိုမှ ငါမချစ်နို်င်ဘူး။ဘယ်သူ့မှ ငါလက်မထပ်နိုင်ဘူး။ ပညာတတ် မိန်းကလေး တစ်ယောက် ၊ ပြီးတော့ အဲ…..စွဲစွဲမြဲမြဲဖတ်တော့ ဗန်းမော်တင်အောင် ရဲ့ စာအုပ်တွေ ၊
ကဲ….ငါကသူ့မယူလို့ ဘယ်သူ့ယူရဦးမှာ လဲ”
ယူပါဗျာ၊ ယူပါ။ ကျွန်တော် ကလည်း ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ကြည်နူးလို့မေးနေ ပြောနေရတာ ပါ”
“လက်ဖွဲ့ မယူခဲ့ရဘူးနော်၊ လာ ဖြစ်အောင်တော့လာခဲ့။ အဲ…. ဆရာတင်မိုး ဆီ ကတော့လက်ဖွဲ့ တောင်းထားတယ်ကွ”
“ဟင်.. အဲဒါကျတော့ ဘာ သဘောလဲဗျ”
“ငွေမဟုတ်ပါဘူးကွာ၊ သူ့ဆီက ကဗျာတစ်ပုဒ်လက်ဖွဲ့ဖို့ တောင်းထားတာပါ”
“အင်း…ကောင်းဗျာ”
သို့ သော် ခြေမှာ ဗွေပါသော ကျွန်တော် တစ်ယောက် ခရီးဝေး သို့ ရောက်နေသဖြင့် သူ့မင်္ဂလာဆောင် သို့ မရောက်လိုက်။
မည် သို့ ပင် ဖြစ်စေ မင်္ဂလာဆောင်တွင် ခံစားနေမည့်  သူ့မျက်နှာ တရေး ရေး ကိုမူ အဝေးကပင် မြင်ယောင်နေမိသည်။
မိုးရေအောက်တွင် စိမ်းနေသော ရန်ကုန်သည် ကျွန်တော့် အတွက်လည်း စိမ်းနေဆဲပင် ဖြစ်သည်။ ခရီးဝေးထွက်ရာမှ ပြန်ရောက်ခါစ ဖြစ်၍ အစစနေသားမကျသေး။ ကြည့်၊ မနှစ် က ကားမှတ်တိုင်နေရာ မှာ ဘတ်စကားတွေ မရပ်ပြန်တော့။ မှတ်တိုင်နေရာ ပြောင်းသွား ပြန်ပြီတဲ့။
မှတ်တိုင်သစ်သို့ အလာတွင် မိတ်ဆွေဟောင်းကို တွေ့ ရသည်။
“ဟေ့၊ ကိုကျော်တင့်အောင်၊ ဘယ်လဲဗျ”
“မင်းရော ဘယ်ပျောက်နေတာလဲကွ”
“ဟိုရောက် ဒီရောက်ပေါ့ဗျာ၊ ခင်ဗျာရော ဘယ်မှာ လဲ၊ အခု ဘာလုပ်နေလဲ”
“ငါသတင်းစာတိုက်က ထွက်လိုက်တယ်ကွ၊ အခုတော့ အရောင်းအဝယ်ပဲလုပ်နေတယ်”
“အဲဒီ အရောင်းအဝယ်မှာ ရော ခံစားနေသလား၊ ဟဲ….ဟဲ”
“ဟေ့ကောင် ရိမနေနဲ့။ ငါ့သားမယားအတွက်က လွဲလို့ ဘာကိုမှ မခံစားအားဘူးကွ”
“ဟုတ်ပါပြီလေ၊ ဒါပင်မယ့် လောလောဆယ်တော့ လက်ဖက်ရည်ဆိုင်ခံစားမှု လေး ကျင်းပကြ ပါဦးစို့”
“လက်ဖက်ရည်သောက်ဖို့ အချိန်မရှိသေးဘူးကွ၊ မန္တလေးကို ကုန်ပို့ဖို့ ဦးဘရင်ကားဂိတ် ကိုသွားရဦးမယ်”
ပြောပြောဆိုဆိုဖြင့် ခံစာသူကြီး ၄၈ ကားပေါ် ပါသွားသည်။
စိတ်နှလုံးပူပန်မှု တို့နှင့် အတူ ကမာရွတ်ဈေးရှေ့ရှိ မိဘမဲ့ကလေးများ ကျောင်းပေါက်တွင် ကျွန်တော် ရပ်နေမိသည်။
“ဘာတွေ ငေါင်နေတာလဲကွ”
“သြော်……. ကိုကျော်တင့်အောင်”
“ငိုင်တိုင်တိုင်နဲ့ ဘာ ဖြစ်နေတာတုန်း၊ ဘယ်သူ့ကို စောင့်နေတာတုန်း”
“သမီးလေပါဗျာ၊ သူအမေဆီက ၁၅ကျပ်သား ဝယ်ခိုင်းလိုက်တာ။ ကြာနေလို့ နောက်ကလိုက်လာ တာ။ ကလေးက ငေးတိငေးမောနဲ့ ဆီပုလင်ကျ ကွဲနေရင် တစ်အိမ်လုံး ဒုက္ခရောက်ကုန်မှာ ဗျ”
“ ဒီကပဲစောင့်နေလေကွာ၊ ဈေးပေါက်က ထွက်လာရင် မင်းမြင်မှာ ပါ။ ကဲ…..ငါလည်းကွာ သွားတော့မယ်ကွာ၊ နောက်မှ အေးအေးဆေးဆေး တွေ့ ကြရအောင်”
“နေပါဦးဗျ။ ဖြေးဖြေးပေါ့”
“ခင်ဗျားက ဈေးကိုတိုင်ဝယ်သပေါ့လေ”
“အိမ်မှာ အမျိုးသမီက ချက်ပြုတ်နေတယ်ကွ၊ ငါမလာလို့ ဘယ်သူလာမလဲ။
“ ဘာတွေ များ ဝယ်မှာ မို့ ဒီလောက်အလောတကြီး ဖြစ်နေတာလဲဗျ”
“ဆန်တစ်မျုးတည်းပါကွာ။ မနေ့က အမျိုးမီးထုတ်လာတဲ့ ဆန်က အောက်စော်နံနေလို့ အရေး ပေါ် ဈေးထွက်လာရတာ ”
“ရေနဲ့ သေသေချာချာ ပွတ်ဆေးပေါ့ဗျာ”
“ ဘယ်နှထပ်ဆေးဆေး နံတာပဲကွ။ အင်း….. အညာမှာ တော့ ဒီလိုဆန်မျိုးတွေ နဲ့အတူ ဆန်ချောစက်လေးတွေ ပါ ပေါ်နေပြီကါ။ ဆန်ချောက တစ်ပြည်ကို ၁၀ပြားတဲ့။ မဆိုးဘူမောင်၊ အလုပ် ဖြစ်ကြတယ်။ ရန်ကုန်မှာ ဆန်းချောစက်လေးတစ်လုံးလောက် ထောင်လိုက်ရရင် တွက်ခြေကိုက် မယ်ကွ။
“ဟဲ….. ဟဲ၊ ကိုယ်လူလည်း စီးပွားရေး အကွက်တွေ ဘာတွေ တောင်မြင်နေပြီကိုး။ ဘာလဲ ဘောဂဗေဒ ခံစားမှု လား”
“ဟေ့ကောင်၊ခံစားမှု တွေ လာပြောမနေနဲ့။ လောလောဆယ်မှာ ခံစားမှု ထက် ဆန်စားမှု က အရေး ကြီးတယ်၊ ကဲ…သွားမယ်ကွာ”
ကမာရွတ်ဈေး၏ ရွံ့ညွံကန္တရကို စမ်းတဝါးဝါးဖြတ်ကျော်ရင်း ဆန်းတန်းဘက်သို့ တရွေ့ရွေ့သွား နေသော ကျွန်တော် ၏ ခံစားသူကြီးကို ကျွန်တော် ငေးကြည့်နေမိသည်။
အခုတော့ ကျွန်တော် လည်းခံစားတက်ပြီ။
ကျွန်တော် ပြင်းဦးလွင်နှင့် မူဆယ်သို့ ရောက်နေစဉ် ခံစားသူကြီးကွယ်လွန်သွားကြောင်း သတင်းရောက်လာသည်။ ဦးနှောက်သွေးကြောပြတ်သွားသည်ဆိုသည်။ တစ်ဆင့်စကားမို့ မသေချာပါ။ ကျွန်တော် တို့ မိသားစုအားလုံး တုန်လှုပ်ကြေကွဲကြရသည်။ နှစ် စဉ် ခရစ္စမတ်နှင့် နှစ် သစ်ကူးနေ့တိုင်း စားဖွယ်သောက်ဖွယ် လက်ဆောင်အပြည့်အစုံအလင်ဖြင့် ကျွန်တော့် မိသားစုထံမပျက်မကွက် ရောက်လာ သူကိုလည်း လွမ်းတမိကြသည်။ သူ့မှာ သွေးတိုးရှိကြောင်းကို ရှေးဦးမဆွကပင် သိကြသော်လည်း ဤမျှမြန်ဆန်စွာ သူခွဲသွားလိမ့်မည် ဟု မထင်မိခဲ့ကြပါ။
မည် သို့ပင် ဖြစ်စေ……
ချစ်သူဇနီးကိုပင် “ရဲဘော်” ဟုခေါ်သော ကျွန်တော် ၏ ခံစားသူကြီး။ အပေါင်းအသင်း ရောင်းရင်းတို့အပေါ် သံယောဇဉ်ကြီးလှသော ခံစားသူကြီး။ စာမရေး သော်လည်း စာဖတ်အား ကောင်းလှပြီး၊ စာသမားတို့ကို သံယောဇဉ် ကြီးလှသော ခံစားသူကြီး။ ကူညီထောက်ပံ့လေ့ရှိသော ခံစားသူကြီး။
တမလွန်တွင် သူချစ်သော ၊ သူ့ရှေ့ကသွားနှင့်ကြသော စာပေသမား အနုပညာရှင်များ နှင့် အတူ ခံစားနေလိမ့်မည် ဟု ကျွန်တော် ယုံသည်။
သွားနှင်တော့ ကိုကျော်တင့်အောင်။
လွမ်းရပါတယ် ရဲဘော်ကြီး။
မင်းသစ်
တင်မိုး
၁၉၆၁ ခုနှစ် ။
တစ်ခုသော မန်းသင်္ကြန်မှာ ဖြစ်ပါတယ်။
ကျွန်တော် က ဟိုက်စကူးဖိုင်နယ် (၉)တန်း ကျောင်းသား။
ကျွန်တော် ဦးလေး ဖြစ်သူ ဦးလှမောင် (ယခု ပုလဲမြို့နယ် ပညာရေး မှူး အငြိမ်းစား) က ကျွန်တော့် အား မန္တလေးသင်္ကြန်ကို လိုက်ပြရင်း လမ်း ၈၀ နှင့် ၃၆ လမ်းထိပ် လက်သမားတန်းသို့ ရောက်နေချိန်။
“ဟေ့ကောင် အဘိုးကြီး၊အဘိုးကြီး။
ရေပက်ခံကားတစ်စီးပေါ်မှ လူရွယ် တစ်ယောက် က ကျွန်တော့ဦးလေးအား အော်ဟစ်နှုတ်ဆက် လိုက်ပါသည်။
“ဟာ….ဟေ့ကောင်၊ဘဂျမ်း”
သူ့စကားမဆုံးမီမှာ ပင် သူတို့ကားက အဝေးရောက်သွားပြီ။
“အဲဒါ မင်းကြိုက်တဲ့ ကဗျာဆရာ တင်မိုးပေါ့ကွ”
ကျွန်တော့် ရင် တစ်ချက်ခုန်သွားသည်။ ၉တန်းကျောင်းသား ဖြစ်သော်လည်း တက္ကသိုလ်ကို ကြိုတင်ရင်ခုန်နေသော ကျွန်တော် သည် သူ၏ ကဗျာများ ဖြစ်ကြသော ….။
“နံသာမွှေးမြ ပန်းတစ်ခက်လို
အညာကျေးက မန်းတက္ကသိုလ်” သို့ လည်း ရောက်ဖူးချင်လှပါပြီ။ ထိအချိန်တွင် သူ၏ “ဖန်မီးအိမ်” ကဗျာစာအုပ်တစ်အုပ်လုံးကို ကျွန်တော် အလွတ်ရနေပြီ။
“ နေခြည်အစောင်း၊ လေပြည်လောင်းတော့
ဆွေမဒီအပေါင်းက လမ်းလျှောက်လာ
ရေနီမြောင်းက လွမ်းလောက်စရာလေ့” ဟု
သူဖွဲ့ခဲ့သော ၊ မန်းတက္ကသိုလ်မှ ဆွေမဒီအပေါင်းတို့ကိုလည်း အိပ်မက်မက်နေတက်ပါပြီ။
ထို့ကြောင့် …
“လေးလေးလှမောင်၊ ကျွန်တော် နဲ့ မိတ်ဆက်ပေးလေးဗျာ”
“ အေးပါကွ”
သို့ သော် သူနှင့် ဆုံခွင့်မရခဲ့ပါ။ ပထမဆုံးအကြိမ် ကြုံခွင့်ရခဲ့ခြင်းမျှသာ ဖြစ်ပါသည်။ အဝေမှ မှန်းဆရုံမျှသာ။
သို့ ဖြင့် တက္ကသိုလ်ဝင်တန်း (မက်ထရစ်) သို့ ရောက်သော အခါ သူရေး သမျှ ကဗျာသာမက စကားပြေနှင့် စာစီစာကုံးများ ပါမကျန် နှုတ်တရွရွ ကျွန်တော် အလွတ်ရနေပါပြီ။
ထို့ကြောင့် ၁၉၆၂ ခုနှစ် ပညာတံခွန်နေ့ စာစီစာကုံးပြိုင်ပွဲတွင် မေမြို့ (ယခုပြင်ဦးလွင်) အစိုးရ အထက်တန်းအကြောင်းကို ကိုယ်စားပြုလျှက် ပါယင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာတစ်ပြည်လုံးတွင် ပထမ ရခဲ့ပါသည်။
ကြွားတာမဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော့အပေါ် ဆရာတင်မိုး၏ လွှမ်းမိုးမှု နှင့် ဂုဏ်ကျေးဇူး ကို ထုတ်ဖော်ခြင်းမျှသာ ဖြစ်ပါသည်။
ကျွန်တော် မန္တလေးတက္ကသိုလ်သို့ ဝင်ရောက်ခဲ့ ပြီးသည့်အချိန်မှာ လည်း သူ့ကိုဆုံခွင့်၊ သိကျွမ်းခွင့် မရသေးပါ။ တက္ကသိုလ် ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းဆရာလုပ်နေသည်ဟု သတင်ရပါသည်။
၁၉၆၅ ခုတွင် ကျွန်တော် ပထမဆုံး ကဗျာလုံးချင်း ဖြစ်သော “ အညာပလွေကဗျာများ ” ကို ထုတ်ဝေရန် စီစဉ်သော အခါ အတန်းဖော်သူငယ်ချင်း နိုင်သူ (မန်းတက္ကသိုလ်) နှင့် တိုင်ပင်နှီးနှောရာမှ သူ့ထံသို့ ရောက်ရတော့၏ နိုင်သူကား ဆရာတင်မိုး၏ လက်ကတုံးတောင်းဝှေး။
ထိုစဉ်က ဆရာနေထိုင်ရာ ရသာတန်းရပ်နေအိမ်သို့ ရောက်သော အခါ ဆရာ့ဇနီး မမစန်းနှင့် သမီးဦးလေး မိုးစံတို့နှင့် ပါ ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။ မိုးစံက ၁နှစ် သမီး၊ တောက်တက်ပြေးစပြုချိန်။
ကျွန်တော် လေးလေး ဖြစ်သူ ဦးလှမောင်အကြောင်း ပြောပြသော အခါတွင် မူ တစ်သွေးတည်း တစ်သားထဲ ဖြစ်သွားရတော့၏ ။
အကြောင်းမူ ဦးလေလှမောင်နှင့် သူတို့သည် ညီရင်းအစ်ကိုမက ချစ်ခင်ရင်းနှီးကြသော ငယ်ပေါင်းကြီးဖော်များ ဖြစ်သော ကြောင့် ပင်။
“ငါ့အပေါ်မှာ မင်းဦးလေးရဲ့ ကျေးဇူးရှိတယ်ကွ။ သူကငါ့အရင် တက္ကသိုလ်ရောက်တာ။ ငါရောက်လာတော့ ရွှေပြည်အေးဆောင်က သူ့အခန်းမှာ ငါ့ကိုခေါ်ထားတာ။ မင်းဦးလေးက တုံ့နှေး တုံ့နှေး၊ လှုပ်စိလှုပ်စိမို့ ငါတို့က သူ့ကို အဘိုးကြီးလို့ ခေါ်တာ”
သည်တော့မှ ဇာတ်ရည်လည်တော့၏ ။
တကယ်တမ်း သားအဖရင်းချာတမျှ ချစ်ခင်ရင်းနှီးကြရသည်မှာ ကတော့ ၁၉၆၇ ခုနှစ် ။
ထိုနှစ် တွင် မန္တလေးတက္ကသိုလ်၌ သိပ္ပံအပိုင် (ခ) Final Year B.Sc (Bio:) စနစ်ဟောင်း စာမေးပွဲ တွင် ကျွန်တော် ကျရှုံးသော အခါ ရန်ကုန်တက္ကသိုလ် စာစစ်ဌာနသို့ ပြောင်း၍ ဖြေဆိုရန် ကျွန်တော် ကြိုးစားခဲ့၏ ။ ဖဆပလ ဝန်ကြီးချုပ် ဟောင်း ဦးဗဆွေ နှင့် ဆရာတင်မိုးတို့၏ ကျေးဇူးကြောင့် သာ ကမန်တော် ဘွဲ့တစ်ခုရခဲ့ခြင်း ဖြစ်ပါ၏ ။ ဘဘကြီးဦးဘဆွေက နေစရာ၊ စားစရာပေး၏ ။ အထူးသဖြင့် ဆရာတင်မိုးကြောင့် ထိုစာမေးပွဲကို ကျွန်တော် ဖြေဆိုခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်ကာလမှာ ကျွန်တော် က “ကျားဖမ်းမယ် ဆင်ဖမ်းမယ်” ဟု ကြုံးဝါးနေချိန်။
ဆရာက တစ်ခွန်းပဲပြောသည်။
“ မင်းလိုကောင်မျိုး ကတော့၊ ဗဟိုမပြောနဲ့ ရွှေကျင်၊ မဒေါက်မှာ တင် အသတ်ခံရမယ့်ကောင်။ စာမေးပွဲပြီးအောင်ဖြေ။ ဘွဲ့ရအောင်ယူ၊ ပြီးမှ မင်းလုပ်ချင်တာလုပ်။
လေနောက်မှာ လက်ပါလာသည်။ မနက်မိုးလင်းလျှင် ဦးဗဆွေအိမ်မှ သူအိမ်ရှိရာ ပုဂံလမ်းသို့ သွား၇ပါသည်။ ထိုးစဉ်က သူသည် ဆရာမင်းသုဝဏ် လှမ်းခေါ်သဖြင့် ရန်ကုန်တက္ကသိုလ်၊လာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာနတွင် စာပြုအရာရှိ ဖြစ်နေပါပြီ။
နေ့စဉ်သူအိမ်ရောက်လျှင် နံနက်စာကျွေးပါသည်။ သူတို့လင်မယား နှစ် ယောက် ကျောင်းနှင့် ရုံးသို့ သွားကြသော အခါ (ထိုစဉ်က မမစန်းက အမေ့ကျောင်းဆိုသော မူကြိုကျောင်းလေး ထောင်ပြီးပါပြီ။) အမှတ်၅၅၅၊ ကုန်သည်လမ်းရှိ ဆရဦးပေါ်သက်၏ ပန်းချီစတူဒီယိုသို့ သွားခိုင်းပါသည်။ ဆရာအပေါ် ကျွေးတာစားပြီး စာကျက်စာရေး လုပ်ရပါသည်။ (ကျေးဇူးပဲ ဆရာပေါ်ရေ့)
ညနေစောင်းလျှင် သူ့ဆီသွားပြီး “ရှိပါတယ်ခင်ဗျ” လုပ်ရပါသည်။ ညနေစာကျွေးမွေးပြီးမှ ဦးဗဆွေအိမ်သို့ ပြန်ရပါသည်။
စာမေးပွဲနီးလာသော အခါ သုခလမ်းရှိ စာရေး ဆရာမိုးဝေ၏ အိမ်သို့ ညအိပ်ညနေ စာကျက်ရန် လွှတ်ရပါသည်။ ထိုစဉ်က ဆရာမိုးဝေ၏ သမက် ဖြစ်သူ Samuel The Myint မှာ လည်း ပထမအကြိမ်ကျ၍ ကျွန်တော့် လိုပင် နောက်ဆက်တွဲ စာမေးပွဲ ဖြေဆိုရမည့် သူ ဖြစ်ပါသည်။ စကားစပ်၍ ပြောရလျှင် Samuel သည် ထိုသတ္တဗေဒပါမေက္ခကြီး ဒေါက်တာသာမြင့် ဖြစ်ပါသည်။ Samual သည် ထိုသတ္တဗေဒ ဘာသာရပ်တွင် ကျရှုံးခြင်းကြောင့် နောက်ဆက်တွဲ စာမေးပွဲ ထပ်ဖြေရခြင်း ဖြစ်ပါသည်။
သြော်…. လေးစားမိပါရဲ့ ၊ ဟိုတုန်းကတက္ကသိုလ်။
သို့ ဖြင့် ကျွန်တော် ဘွဲ့ရခဲ့ပါ၏ ။
သို့ ဖြင့် ပင် ကျွန်တော် သည် တင်မိုး၏ ကိတ္တိမသား မင်းသစ် ဖြစ်ခဲ့ရပါလေ၏ ။ လွမ်းတယ်၊ ဂျမ်းရယ်…။
“လွမ်းရတဲ့သူတွေ (၂)၊ မြတ်လေး ကိုရေး တုန်းက ကျွန်တော် ဒီလိုရေး ခဲ့ဖူးပါတယ်။
ကျွန်တော် ရဲ့ ငယ်ဘဝမှာ အားကျာကည်ညိုကိုးကွယ်ခဲ့တဲ့ ပုဂ္ဂိုလ် (၁၂) ယောက် ရှိပါတယ်။ ရှင်မဟာရဌသာရ၊ စာလေဥပုည၊ သခင်ကိုယ်တော် မှိုင်း၊ မိုပါဆွန်း၊လီနင်၊တဂိုး၊မောင်ထင်၊မင်းသုဝဏ်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်နဲ့ မြတ်လေး….”
အထက်နာမည် တွေ ကို ရေတွက်ကြည့်ရင် ၁၁ယောက် ပဲရှိတာ တွေ့ ရပါလိမ့်မည် ။ “တင်မိုး” ကျန်ခဲ့တာပါ။
ကဲ…. အခု ၁၂ ယောက် မြောက် ဖြစ်တဲ့ သူ့အကြောင်းကို လွမ်းတော့မယ်ဗျာ။
ဆရာတင်မိုးကား ဘိုလိုပြောရလျှင် ကျွန်တော် ၏ GOODFATHER (ခေါင်းကိုင်ဖခင်) တစ်ဥိး ဖြစ်ပါ၏ ။ ကျွန်တော် ၏ သမီးရည်စားရေး ၊ အိမ်ထောင်ရေး ကအစ ကျွန်တော် က တိုင်ပင်၏ ။ ပူစာ၏ ။ ဂျီကျ၏ ။
၁၉၆၇-၆၈ ခုနှစ် တွင် ရန်ကုန်၊ အလုံ-အ.ထ.က (၄)တွင် ကျွန်တော် ဓာတုဗေဒ ဆရာဝင်လုပ်သော အခါ ရောဂါ တစ်ခုစွဲကပ်ငြိပါ၏ ။ ထိုစဉ်က ကျွန်တော့ချစ်သူမှာ တက်သစ်စရုပ်ရှင် မင်းသမီးလေး ဖြစ်သော ယနေ့အကယ်ဒမီဆုရ ရုပ်ရှင်မင်းသမီးကြီး။
ကျွန်တော် ဖျပ်ဖျပ်လူး လိုချင်လှပါပြီ ဖြစ်သော အခါ ဆရာက အေးအေးဆေးဆေးပဲ ဖျောင်းဖျရှာပါသည်။
“မင်းလည်းမပြည့်စုံသေဘူး၊ သူလည်း မအောင်မြင်သေးဘူး၊ ရုပ်ရှင်နယ်ဝင်မှာ ဆိုတော့ ဘာမှ ကြိုတွက်ထားလို့ မ ဖြစ်သေးဘူး။ စောင့်ကြည့်ပါဦးကွာ။
မှန်၏ ။ ကြာကြာမစောင့်လိုက်ရပါ။ ကျွန်တော်ေ၇ွှမင်းသမီးသည် မကြာမီ ကျွန်တော် နှင့် လမ်းခွဲ ၏ ။ မကြာမီ ရုပ်ရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးနှင့် အိမ်ထောင်ကျ၏ ။ မကြာမီ အကယ်ဒမီရ၏ ။
ဆရာက “ငါပြောတယ်မဟုတ်လား” ဟူသော အပြုံးလေးဖြင့် ကျွန်တော့် ကို ပြုံးပြ၏ ။
ထိုစဉ်က ကျွန်တော့် မှာ အောင့်သက်သက်။
ခုတော့လည်း ကျေးဇူးတင်လိုက်တာ ဆရာရယ်။
ကျွန်တော် ရည်းစားမှန်သမျှ သူတွေ့ ဖူးသည်ချည်း။
ကြာတော့ သူသာမက၊ ကျွန်တော့် ဇနီးနှင့် လက်ထပ်သော အခါတွင် ကား မမစန်းစန်းကလည်း မုဒိတာစကားဆို၏ ။
“အခုမှပဲ။ မင်း ခြေငြိမ်တော့မှာ ”
ဆရာတင်မိုး ကတော့ တစ်ခွန်ဝင်ပြောသည်။
“ဒီကောင်နဲ့မတန်ပါဘူးကွာ။ ဘာကြောင့် များ မင်းသစ်လိကောင်မျိုးများ ယူရသလဲ ရှယ်လီရာ”
ထိုစကားမျိုးပြောသူ နောက် တစ်ယောက် မှာ ကိုမြတ် (ဆရာမြတ်လေး) ဖြစ်ချေပါ၏ ။
အခုတော့ ထိုအစ်ကိုဆရာနှစ် ယောက် စလုံး မရြှိ ကတော့။
သြော်လွမ်းရတဲ့ သူတွေ ပါ ခင်ဗျား။
ဆရာဂျမ်းနှင့် ပတ်သက်လာလျှင် လွမ်းစရာတွေ သာမက ရယ်စရာပျော်စရာတွေ ကလည်း အများ သား။
လက်ဖက်ရည်ဆိုင်ထိုင်လျှင် စကားတပြောပြောဖြင့် စားပွဲပေါ်ရှိသမျှ မီးခြစ်တွေ ကို သူ့တိုက်ပုံ အင်္ကျီကို ရှင်းလင်းရေး လုပ်တော့မှ မီးခြစ်ပေါင်းများ စွာ ထွက်လာ၏ ။ ဘယ်သူ့မီးခြစ်မှန်းလဲ သူမမှတ်မိ။ ကြာတော့ ကျွန်တော် တို့ကလည်း မီးခြစ်ပျောက်တိုင်း ဆရာဂျမ်းဆီပါသွားတာနေမှာ ဟုထင်တတ်ကြ၏ ။ ထိုစဉ်က သည်အ ဖြစ်မှာ ကျွန်တော် တို့အတွက် ဟာသတစ်ခု။
ဆရာက ခပ်တည်တည်နှင့် ဟာသလည်းထုတ်တဲ့သည်။
“စောစောက ငါ့ရုံးကို ရှယ်လီလာသွားသည်။ အရေး ကြီးလို့ အိမ်စောစောပြန်ခဲ့ပါတဲ့”
အိမ်ပြန်ရောက်တော့ ဘာမှမဟုတ်။ သူ့ကိုပြန်ပြောတော့
“မင်း အပြင်မှာ မူးရူးသောက်စားပြီး အိမ်ပြန်နောက်ကျမှာ စိုးလို့ကွ” ဟု ပြောရင်းမျက်လုံး ပိတ်မတတ်ရယ်သည်။
ထိုဟာသဓာတ်ခံရှိသော ကြောင့် လည်း လောကဓံကိုခံနိုင်လျှက်လောကကြီးကို ခွင့်လွှတ်နိုင်ခဲ့သည် ဟုထင်သည်။
တစ်ခါကဘားလမ်းအချုပ်မှာ တစ်ဆင့်သူ့ကိုရုံးထုတ်လာသည်။ကျွန်တော် တို့လင်မယားသွားတွေ့  ကြသည်။
သူကား ဆေးလိပ်တို အလွန်နှစ် ခြိုက်စွာ စွဲလမ်းသူ တစ်ယောက် ဖြစ်ချေ၏ ။ သူ၏ နာမည် ကျော် ကဗျာထဲမှပင် ဆေးလိပ်က ဇာတ်ကောင် ဖြစ်နေသေးသည်။
ဧည့်သည်ကြီး
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။ ။
ထိုကြောင့် ရုံးအထုတ် သွားတွေ့ ရာတွင် သူအကြိုက်တွေ့ စေရန် အစီခံမပါသော Lucky Strike စီးကရက်ဘူးများ ယူသွား၏ ။
“ဘားစားချင်သလဲဆရာ”
“ဟို အင်္ဂလိပ်မုန့်လက်ဆောင်း စားချင်တယ်ကွာ”
“ဘာလဲ ဆရာရဲ့”
“ဟိုတစ်ခါတုံးက အင်းယျားလိတ်မှာ မင်းနဲ့ငါသွားစားတာလေ”
စိတ်မကောင်းနေရသည့်အထဲ ရယ်ချင်လာမိသည်။
“ဟာ… ဒိုမီနိုကော်ပလာပါ ဆရာရဲ့”
“အေး….အေး၊ အဲဒါပြောတာကွဟဲ…..ဟဲ”
ဒုက္ခနွံထဲမှာ ပင် ရယ်နိုင်သော ကျွန်တော့် ဆရာပါတကား။
သို့ သော် တစ်သက်မှာ တစ်ခါဆိုသလို ဆရာဒေါသကြီးသော အခါတွင် မူ ကျွန်တော် တို့အားလုံး နေစရာမရှိအောင်ကြောက်ကြရ၏ ။
ဒေါသမကြီးတတ်သူမို့ ပိုလန့်ကြရသည်။
အထူးသဖြင့် ကျွန်တော် နှင့် ပတ်သတ်သည့် အိမ်ထောင်ရေး တာဝန် မကျေမှု ၊ မူးယစ်သောက်စားသုံးဖြုန်းမှု သတင်းများ ကို ကြားရသော အခါတွင် မူ “ခွေးမသား” ချင်း မိုးမွှန်အောင်ဆဲ၏ ။
ကျွန်တော် ကလည်း ပန်းနှင့် ပေါက်သလောက်သာ ထင်ပါသည်။
ဆရာသည် ငွေကြေးကိုလည်း ခုံမင်တွယ်တာတတ်သူ မဟုတ်။
ဤသည်ကို အခွင့်ကောင်းယူလျှက် ကျွန်တော် နှိပ်စက်သမျှကို ဆရာနှင့် မမစန်းတိုပ ခံကြရ၏ ။ မျက်နှာမပျက် ခွင့်လွှတ်ကြစမြဲ။
ဆရာ့ကဗျာပေါင်းများ စွာ ကို ကိုယ်ပိုင်သံစဉ်ထည့်ပြီး ကျွန်တော်သီချင်းများ ရေး ဖူး၏ ။ အများ စုမှာ ရုပ်ရှင်သီချင်းများ ဖြစ်ကြပြီး ရုပ်ရှင်ပြပြီးလျှင် ပျောက်သွားကြသဖြင့် ကျွန်တော် နှမြေ၍ မဆုံး။
ဆရာ၏ “လှေတစ်စင်းနှင့် သီချင်းသည်” ကဗျာစာအုပ်ထဲမှ “တစ်သက်မှာ သည်တစ်ပွင့်” ကဗျာကို၊ ကျွန်တော် သံစဉ်ထည့်ခဲ့ရာ၊ ဓာတ်ပြားရသီချင်းတစ်ပုဒ် အ ဖြစ် မြန်မာအသံတွင် ကျန်ရစ်ခဲ့၏ ။ ချစ်စပယ် ဆို၏ ။
သို့ သော် ထိုကဗျာများ နှင့် ပတ်သတ်၍ သီချင်းရေး ခကို ကျွန်တော် သုံးသည်။ ထို့အတွက် ကဗျာစာခဟူ၍ ဆရာ့ကို တစ်ခါမှ မပေးဖူးပါ။ ဆရာကလည်း စကားမစပ်၍ ပင် မပြောဖူးပါ။
ကျွန်တော့် အောင်မြင်မှု ကိုသာ ကျေနပ်နေရှာပါသည်။
ကျွန်တော် ကလည်း ကိုယ့်အဖေအမွေ ကိုယ့်သုံးသည်ဟုသာ သဘောထားပါသည်။
ထို့အတူ ဆရာ့တွင် စိတ်ပျက်စရာ၊ စိတ်ညစ်စရာအကျင့်လေးတွေ လည်းရှိသည်။ ကဗျာအကြောင်း၊ စာအကြောင်း၊ မြန်မာအကြောင်း၊ ကမ္ဘာအကြောင်းတို့ကို ဝိုင်းထဲရှိ ကျန်လူများ က အားတက်သရော ဆွေနွေးကြချိန်တွင် သူ့ကြည့်လိုက်တော့ အိပ်ပျော်နေပြီ။
ထုံးစံအတိုင်း စည်းချက်မှန်မှန် ဟောက်သံပေးလျက်။
တစ်ခါတရံ သူအနုပညာဈာန်ဝင်သွားလျှင်ကား အတူပါလာသူမှာ မသက်သာတော့။
ကြုံရဖူးသည်ကို လွမ်းပြပါဦးမည် ။
ထိုနေ့က သူနှင့် ကျွန်တော် နှစ် ယောက် သား အင်းလျားကန်ဘောင်တွင် လမ်းလျှောက်ကြပါသည်။ လူအများ နှင့် ဝေးရာ ရေစပ်နှင့် အနီးဆုံးစားပွဲမှာ ထိုင်လျက် အကြော်စားကြပါသည်။ ရေနွေးကြမ်းသောက် အာရှင်းလျှက် သီချင်းဆိုကြပါသည်။
မန္တလေးအလွမ်းပြေ သီချင်းများ ဆိုကြသည်။ ထိုနေ့က မြို့မငြိမ်း၏ “ချိုအီ” သီချင်းကို ကျွန်တော့် အားသင်ပေးပါသည်။
မှော င်စပျိုးလာသဖြင့် ကျွန်တော် က ပြန်ကြရန်ပြောသော အခါ-
“နေစမ်းပါဦးကွ၊ ခုမှ ပျိုးရုံရှိသေးတာ”
ငယ်ဆရာ ငယ်ကြောက်မို့၊ စိတ်ညစ်ညစ်နှင့် ဆက်ထိုင်ရင်း၊ မိုးချုပ်သွားသဖြင့် ဆိုင်လည်းပိတ် ချေ ပြီ။
သည်တွင် သူ၏ စိတ်ပျက်ပျက်စကားတစ်ခွန်းကြောင့် ကျွန်တော် ရယ်ရသည်။
“မန္တလေးမှာ တုန်းကပေါ့ကွာ။ မင်းလည်းသိသားပဲ။ ငါကမြို့မငြိမ်းရေဇီဆိုတော့ စန္ဒရား ကိုသိန်းမောင် ကတစ်ဆင့် ဓားတန်းဦးသန့်ကို သွားတွေ့ တာကွ။ ဆရာငြိမ်းအကြောင်း ပိုသိချင်လို့လေ”
“ဟုတ်တာပေါ့။ ဦးသန့်က မြို့မငြိမ်းရဲ့ ဆရာလို့ ကြားဖူးတယ်”
“ဟုတ်တယ်လေ၊ ဒါကြောင့် သွားတွေ့ တာပေါ့။ အဲဒီ မှာ ပက်လက်လန်တော့တာပဲ”
“ဘာ ဖြစ်လို့လဲ”
“ဦးသန့်ကပြောတယ်ကွ။ သြော်….မောင်ငြိမ်း၊ မောင်ငြိမ်း၊ ဘာမှ မလုပ်ရသေးခင်သေသွားရှာ တယ်…တဲ့”
“ခွီး”
မအောင့်နိုင်သော ကြောင့် ကျွန်တော် ပါးစပ်ပိတ်ရယ်မိ၏ ။
“ခွေးမသား၊ မင်းကရယ်နေ။ ငါ့မှာ ဖြင့် ဘာဆက်ပြောရမှန်းကို မသိတော့ဘူး။ ကပျာကယာနှုတ် ဆက်ပြီး ပြန်ပြေးခဲ့ရတယ်”
“ဟား…ဟား…ဟား…ဟား”
ကျွန်တော် ဟားတိုက်ရယ်သော အခါ “ခွေးမသား” ချင်းမိုးမွှန်အောင် ဆဲပြန်၏ ။
သူနေထိုင်ရာ ပုဂံလမ်းအိမ်းသို့ ရောက်တော့လည်း အိမ်ထဲမဝင်သေး။ ခြံဝအုတ်ခုံတွင် ထိုင်ခိုင်းပြီးသီ ချင်းဆိုခိုင်းပြန်ပါသည်။
ခေတ်ဟောင်း၊ ကာလပေါ်၊ စတီရီယိုမျိုးစုံအောင် ဆိုပြပြီးမှ ပြန်ခွင့်ပြုတော့၏ ။
အိမ်ပြန်နောက်ကျသော ကျွန်တော့် အား“ဆရာဂျမ်းနဲ့ စကားကောင်းသွားလို့ပါကွာ” ဟူသော စကား တစ်ခွန်းဖြင့် ပင် ကျွန်တော် ဇနီးက ခွင့်လွှတ်၏ ။
ထိုဆရာတင်မိုး(ခေါ်) ဆရာဂျမ်းသည် ကျွန်တော့် ဇနီးနှင့် တွေ့ သော အခါမှပင် သူ့နဖူးကိုသူလက် ဝါးနှင့် ရိုက်ရပါချေ၏ ။
ထိုစဉ်ကကျွန်တော် တို့ လူစုတွင် “သော ကြာဝိုင်း”ဟုခေါ်သော စကားဝိုင်းလေးတစ်ခုရှိ၏ ။ ဆေးတ က္ကသိုလ်(၁)၏ နောက် ဘီအိုစီကောလိပ်ဘေးရှိ ဒေါ်ကြည်၏ ဆိုင်တွင် သော ကြာနေ့တိုင်း စခန်းချကြ၏ ။
မပျက်ကွက်လာကြသူများ မှာ ဆရာမောင်သာနိုး၊ ဆရာတင်မိုး၊ ဆရာဦးဟုန်ဝမ်၊ ဆရာဝင်းဖေ၊ ကိုကျော်ကျော်(ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ရဲထွဋ်၏ သား)၊ ဆရာမောင်စံဖော်၊ ကိုသိန်းထိုက်(ပြည်သူ့ရဲဘော် ဗိုလ်ညိုမှိုင်း၏ သား)၊ ကိုအာသာမြင့်(ဦးသိန်းဖေမြင့်သား) နှင့် ကျွန်တော် တို့ ဖြစ်ကြပါ၏ ။
ထိုနေ့ ကတော့ ကျွန်တော့် ဇနီးပါ ပါလာ၏ ။ သူ ကတော့အစားအသောက်ကိုသာ ဦးစားပေးသူ ဖြစ်၍ ကျွန်တော် တို့၏ စာရေး ပေရေး ၊ တိုင်းရေး ပြည်ရေး နှင့် ကမ္ဘာ့အရေး တို့တွင် ပါဝင်ဆွေးနွေးခြင်းမရှိပါ။ ထိုစဉ် ဆရာတင်မိုးက မှတ်ချက်တစ်ခုပေး၏ ။
“ဆရာမောင်သော်က ရဲ့ ဝတ္ထုတွေ က သိပ်ထက်တာဗျ”
သည်တွင် မပြောစဖူး ကျွန်တော် ဇနီးက တစ်ခွန်းဝင်ပြော၏ ။
“ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်မလည်းသူရဲ့ အရိုင်းဆို သိပ်ကြိုက်တာ”
တစ်ဝိုင်းလုံး ကြောင်ပြီးငြိမ်ကျသွားသည်။ ပြီးမှ ဝါးလုံးကွဲရယ်ြ ကတော့၏ ။ ဆရာတင်မိုး ကတော့ သူ့နဖူးကို လက်ဝါးလေးဖြင့် ရိုက်ကာ …. ရိုက်ကာဖြင့် ၊
“ သွားပါပြီ ရှယ်လီရယ်။ မောင်းထုမကြောင့် ကျွန်တော် တို့ အသိုင်းဝိုင်းကြားတွင် ပျံ့လေတော့၏ ။ ကျွန်တော့် ဇနီးကား စာရေး ဆရာမောင်သော်ကာနှင့် ကာတွန်းဆရာ(ကို) သော်ကတို့ကိုပင် မခွဲခြားတက် သူပါတကား။
ကြားရသူတိုင်း ရယ်၍ မဆုံး။
သူ့ဇနီး မစန်းဆုံးသော အခါ ထုံးစံအတိုင်း ကျွန်တော် ရန်ကုန်မှာ မရှိပါ။ သွားပေဦးတော့ ကျေးဇူးရှင်ကြီးရေ။
သို့ သော် သတင်းတစ်ခုကြားရ၍ လူတိုင်းအံ့သြ၍ မဆုံးကြ။ ကျွန်တော် ကတော့ လုံးဝမအံ့သြမိပါ။ ကျွန်တော့် ဆရာအကြောင်း ကျွန်တော် အသိဆုံး။
အသုဘကိုမြေမချခင် မစန်း၏ ရုပ်ကလပ်ကို ဆရာထိုင် ကတော့ သည်ဆို၏ ။ သူကတစ်ခွန်းပဲ ပြောသည်။
“ကျေးဇူးတရားကို ကန်တော့တာပါဗျာ” တဲ့။
ဤသည်ပင် “တင်မိုးအစစ်” ဖြစ်တော့၏ ။
၂၀၀၇ ခုနျစ်တွင် ဆရာကွယ်လွန်သွားခဲ့သည်။
“ လှေတစ်စင်းနှင့် သီချင်းသည်” ကား ခရီးဆက်သွားပြန်လေပြီ။
“ ဧည့်သည်ကြီး” အိမ်ပြန်စောလှသည်ဟု ကျွန်တော် ထင်သည်။
ဆရာကျွန်တော် ကန်တော့ခွင့်မရလိုက်ပါ။
မည့် သို့ ပင် ဖြစ်စေ…..
ကန္တာရနှစ် များ ကို ဖြတ်ကျော်အပြီး၊ နှင်းဆီပွင့်ပေါ်အိပ်ပျော်ရင်း၊ စိမ်းလန်း သော အိမ်မက်များ ကို မက်နေနိုင်ပါဟုစေဟု ကျွန်တော် ဆုတောင်းနေပါသည်။
“သြော်….. တေဆေးလိပ်မတို
နေမညိုဘဲ
သူ့ကိုပြန်ပို့ရပြီကော”
ဆရာရဲ့ သားဆိုး - ညီမိုက်
မင်းသစ်
စိမ်းလန်းသော အိပ်မက်များ - ၁၉၆၉
နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း - ၁၉၇၃
ကန္တာရနှစ် များ - ၁၉၈၈
မေမြို့မိုးကြည်
နေရောင် က ဖျော့စပြုနေပြီ။ သို့ သော် လသာလမ်း၊ အိုက်ခွန်ဟိုတယ်၏ ပေါ်တီကို အထက်ရှိ လသာဆောင်ပေါ်တွင် ကား၊ ကျွန်တော် တို့ အညာသားတစ်စု၏ ဝိုင်းက အရှိန်ကောင်းဆဲ။ ၁၉၆၈။
ထိုနေ့က ရုပ်ရှင်သီချင်းရေး ခလေး မြိုးမြိုးမြက်မြက် ရလာခဲ့သဖြင့် အညာသား ဆရာသမားတစ်စုကို ကျွန်တော် ပြုစုနေပါသည်။ ဆရာနတ်နွယ်၊ မေမြို့ မိုးကြည်၊ ဆရာတင်မိုးနှင့် ဆရာမောင်သာနိုးတို့ကို ကျွန်တော် ဂါရဝပြုဧည့်ခံ နေခြင်း ဖြစ်ပါသည်။
ကျွန်တော် တို့ အညာသားများ ထုံစံအရ မိမိထက်ကြီးသူကို “ ဘို” တပ်၍ ခေါ်လေ့ရှိရာ ဆရာတင်မိုးဦး (ဦးဘဂျမ်း) ကို “ဘိုဂျမ်း”၊ ဆရာမောင် သာနိုးကို “ဘိုနိုး”၊ ဆရာပေးဦးသက်ကို “ဘိုပေါ်” တစ်ခါတစ်ရံ “ဆရာပေါ်”၊ ဆရာ မောင်မိုးသူကို “ဘိုမိုး” ဟုခေါ်ခဲ့ကြရာ ဆရာမေမြို့မိုးကြည်ကိုမူ ဆရာမောင်မိုးသူနှင့် “မိုး” ချင်းထပ်ကုန်သော ကြောင့် “ကိုမိုးကြည်” “ဆရာမိုး” ဟူသာ ခေါ် ဖြစ်ကြပါ တော့သည်။
ထိုနေ့က ကျွန်တော် ၏ “ဘို” များ ကို ဧည့်ခံရာသို့ ကိုမိုးကြည်၏ ဧည့်သည် အ ဖြစ် ဆရာတက္ကသိုလ် …… ပါ ပါလာခဲ့သည်။ သို့ သော် အားလုံးရင်းနှီးပြီး သူများ ဖြစ်၍ လွတ်လပ် ပေါ့ပါးကြပါသည်။
လွတ်လပ်ပေါ့ပါးလွန်းသဖြင့် လွတ်မြောက်ထွက်ကုန်ကြပါသည်။ ရေချိန်လွန်၍ အိုက်ခွန် အပေါ်ထပ်မှ ဆင်းလာကြသော ကျွန်တော် တို့တစ်သိုက်မှာ လသာလမ်းကို လမ်းလုံးပြည့်သိုင်းကွက် နင်းကြပါသည်။ အညာသင်္ကြန် သီချင်းတွေ ကို အလွမ်းပြေသံပြိုင်ဆိုကြပါသည်။ သည်အထိတော့ အန္တာရာယ်ကင်းဘေးရှင်းပဲ။
သို့ သော် ဆရာ တစ်ယောက် က လသာလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ တရုတ်ဘုံကျောင်း ရှေ့တွင် ထိုင်လျှက် အေးအေးလူလူ လေညှင်းခံနေကြသော တရုတ်သက်ကြီးရွယ်အို တစ်စုထံသို့ သွားကာ အဘိုးအို တစ်ယောက် ၏ မုတ်ဆိတ်မွေးကို သွားဆွဲပြီးကျီစယ်ပါသည်။
ကန့်နီတွေ ရော၊ စည်ပိုင်းတွေ ရော၊ လန်ကျောက်တွေ ရော မိုးမွှန်အောင် ထွက်လာပါသည်။ တရားခံ ဆရာသမားက သုတ်ခနဲပျောက် သွားပါသည်။ ကျွန်တော် တစ်ယောက် တည်းသာ ပေါက်ဖော်ကြီးကို လက်အုပ်ကလေးချီလျက်သားလေးကျန်ရစ်ခဲ့ပါသည်။ သည်နေရာမျိုးတွင် မှင်သေသော ကိုမိုးကြည်က အားကိုးရသည်။
“အဲဒါ ကျွန်တော် တို့ အဖွဲ့က မဟုတ်ပါဘူး၊ ထောင်ကဲတို့ရဲ့ ။ ဟိုအင်္ကျီ အဖြူနဲ့လူ လုပ်သွားတာပါ”
သည်လိုနှင့် ပွဲပြီး သွားပါသည်။
ပွဲပြီးသွားပြီးထင်ပါသလား။
အခုမှပွဲစကြပါတော့မည် ။
ကိုယ့်လူတွေ ကို ကိုယ်ပြန်စုကြည့်မိသည်။ ဆရာမောင်သာနိုးနှင့် ဆရာတင်မိုးတို့က မရြှိ ကတော့။ ဘယ်အချိန်က ခြေကုန်သုတ်သွားကြသည်မသိ။ ကျန်ရစ်ပါတော့သည်။ ထိုစဉ် တစ်ယောက် က စကား ခေါ်သည်။ ပိန်ပိန်လှပ်လှပ်ကလေး ဆရာနတ်နွယ်လည်း ဘယ်ပျောက်သွားသည်မသိ။
ကျွန်တော် ၊ တက္ကသိုလ်….. နှင့် ကိုမိုးကြည်တို့သာ ကျန်ရစ်ပါတော့သည်။ ထိုစဉ် တစ်ယောက် က စကားခေါ်သည်။
“ ကွမ်းယာစားကြရရင် မကောင်းဘူးလား”
“ ကောင်းတာပေါ့။ ဒါပင်မယ့် ပန်းဆိုးတန်းကွမ်းယာမှ စားချင်တယ်ဗျ”
“သုံးဘီးငှားလေ”
တစ်ယောက် တစ်ပေါက်ဖြင့် ပန်းဆိုးတန်းသို့ ချီတက်သွား ဖြစ်ခဲ့ကြသည်။
ပန်းဆိုးတန်းတွင် ကွမ်းယာစားပြီးသော အခါ ဆရာတက္ကသိုလ်… က ပူဆာပြန်သည်။
“ ပုဇွန်တောင်ဆိုင် သွားသောက်ရအောင်ဗျာ”
ကျွန်တော် နှာခေါင်းရှုံ့မိသည်။ စောစောက သောက်ထားတဲ့ ဝီကစီမှ အားမနားဗျာ။ သို့ သော် ကိုမိုးကြည်က ထောက်ခံသည်။
“ဟုတ်တယ်၊ ငယ်ချစ်မိဖြူလေးနဲ့ ပိတ်လိုက်ရမှ အာသာပြေတာဗျ၊ ကိုမြတ်သူရဲ့ ”
ကျွန်တော် ခေါင်းဆောင်တင်လိုက်သော ကြောင့် အငယ်ပီသစွာ ခေါင်ညိတ်လိုက်ရသည်။ သို့ ဖြင့် သုံးဘီးတစ်စီး ထပ်ငှားပြီး ပုဇွန်တောင်သို့ ခရီးဆက်ခဲ့ရပြန်သည်။
သုံးဘီးပေါ်တွင် လည်း သူတို့နှစ် ယောက် က သီချင်းတစ်ကြော်ကြော်ဖြင့် …….။
“လူသားလကမ္ဘာရောက်တာလည်း၊ ……….မှ မယုံဘူး”
သီချင်းကို ဆဲ,ဆဲပြီးဆိုကြသည်။ ပြီးတော့ သူတို့သီချင်းကို သူတို့ဘာသာ သဘောကျလျက် တဟားဟားဖြင့် ။ ကျွန်တော် ကတော့ နောက်ကျောမလုံပါဘူး။
ထိုစဉ် အမေရိကန်တို့ ကလမ္ဘာသို့ ဒုတိယအကြိမ်မြောက် ရောက်ပြီးချိန်။ မောင်ကျော်ဟိန်း၏ သီချင်းကလည်း အလွန်နာမည် ကြီးနေချိန်။ သီချင်းက သည်လိုပါ။
“လူသားxxxx ကမ္ဘာရောက်တာလည်း xxx တစ်ခေါက်မ ကတော့ဘူး”
ဒါကို သည်လူကြီးနှစ် ယောက် က ဆဲ, ဆဲပြီး သီချင်းဖျက်ဆိုကြသည်။ လမ်းမီးများ ထိန်ထိန်လင်းနေပြီမို့ ဟိုလူက ပြုံးစေ့စေ့၊ ဒီလူက ဘုကြည့်ကြည့်ဖြင့် ၊ ကျွန်တော် တင်မက သုံးဘီးဆရာပါ၊ လန့်လာဟန်တူသည်။ သို့ ဖြင့် ရေကျော် မောင်အေးကဖီး ရှေ့ရောက်သော အခါ တဟွတ်ဟွတ်ချောင်း ဆိုးပေးပြီး သုံးဘီးရပ်သွားသည်။
ကားဆရာက ညောင်နာနာလေသံဖြင့် ဆိုရှာသည်။
“ကားဖောက်သွားပြီဆရာ။ ဆရာတို့ဆင်းပါတော့၊ ပြင်တာက ကြာဦးမှာ ။ ကားခလည်း မပေးကြပါနဲ့ တော့ဗျာ”
“ဟေး” ဟု ဝမ်းသာအားရအော်လျှက် ဆရာသမားနှစ် ယောက် ဆင်း လာကြသည်။
“လာလေဗျာ၊ ကိုမြတ်သူ (ဆရာမေမြို့ မိုးကြည်သည် တစ်သက်လုံး ကျွန်တော် ငယ်နာမည် ကိုသာ ခေါ်သွားသူ ဖြစ်ပါသည်။) နီးပါပြီဗျာ၊ လမ်းပဲလျှောက်ကြတာပေါ့”
“Walking is a good exercise”
နှစ် ပေါင်းများ စွာ အင်္ဂလိပ်ဆရာလုပ်လာခဲ့သော ဆရာတက္ကသိုလ်… က ဘိုလိုဝင်ပြော၏ ။
သို့ ဖြင့် ပုဇွန်တောင်ဆိုင်သို့ ဖြတ်လမ်း ဖြစ်သော ရေကျော်လမ်းမကြီးထဲသို့ သုံးယောက် သား ချိုးဝင်ခဲ့ကြသည်။
သည်တော့မှ အန္တရာကြီးနှင့် တိုးကြရတော့သည်။
စောစောက သီချင်းကို သူတို့က ဆက်ဆိုကြမြဲ။
သို့ သော် အရှိန်တက်လာသည့်ထင့်၊ ဆဲ၍ သီချင်ဆိုရသည်ကို အားရြ ကတော့ဟန်မတူ။ ပထမ လုံချည်ကွင်းသိုင်းလိုက်ကြသည်။ ပြီးတော့မှ ဟန်နှင့် ပန်နှင့် တေးသရုပ်ဖော်ြ ကတော့သည်။
“ လူသား ကမ္ဘာရောက်တာလည်း …မှ မယုံဘူး”
ခွေတွေ ထွက်ဟောင်သည်။ အမျိုးသမီးများ အိမ်ထဲပြေးဝင်ကြသည်။
မကြာမီ တုတ်၊ ဓား၊ လက်နက်အစုံအလင်နှင့် လူအုပ်ကြားတွင် ကျွန်တော် ရောက်နေကြ တော့သည်။
“ချကွာ၊ ရပ်ကွက်ကိုစော်ကားတဲ့ကောင်တွေ ”
ထိုစဉ် ငါးဦးကော်မီဝင် လူကြီးများ ရောက်လာပြီး ထိန်းသိမ်းကြပါသည်။ ထိုကြားမှပင် ဘယ်သူ့ လက်ချကလည်း မသိ။
“ဖျောင်း” ခနဲ ကျွန်တော် ဇက်ပိုးကို အရိုက်ခံလိုက်ရပါသည်။ ဆွမ်းကြီးလောင်းပွဲနဲ့တော တွေ့ ပြီ ဟုသာ စိတ်တုံးတုံး ချလိုက်ချိန်တွင် ……
“ဟေ့…ဟေ့….. မလုပ်နဲ့၊ အဲဒီ ကလေးက မပါးဘူးကွ၊ သူက လိုက်ထိန်းနေရှာတ။ တရားခံက ဟိုသေခါနီး နှစ် ယောက် ကွ”
ငါးဦးကော်မတီဝင် ကျေးဇူးရှင်ကြီးစ်ေယောက် ကြောင့် ကျွန်တော် သက်သာရာရ သွားပါသည်။
“ကဲ၊ ဟိုနှစ် ယောက် ကို ပုဇွန်တောင်စခန်းခေါ်သွားကြ။ လမ်းမှာ လည်း ဘာမှ ခြေလွန်လက်လွန် မ ဖြစ်စေနဲ့”
ရပ်ကွက်လူကြီး၏ စကားအဆုံးဝယ် ဆိုက်ကား ၄စီးနှင့် အတူ ကိုယ်ရံတော် များ ခြံရံလျက် ကျွန်တော့် ဆရာနှစ် ယောက် ပါ သွားပါတော့သည်။
ကျွန်တော် ဘာလုပ်ရမည် နည်း။
ရဲဘော်ကြီးတွေ အထဲကိုရောက်နေမှတော့ အပြင်က ကျွန်တော် ပဲ လှုပ်ရှား ရပေတော့မည် ။
ကျွန်တော် ချက်ချင်း သတိရသွားသည်။
ဆရာတက္ကသိုလ် …… ၏ အိမ်မှာ ဤရပ်ကွက်နှင့် မနီးမဝေးမှာ ရှိပါသည်။
ပြီးတော့ ဆရာ၏ အမျိုးသမီးမှာ ထိုစဉ် ၁၉၆၈ ခန့်က ပြည်ထဲရေး ဝန်ကြီးဌာနတွင် ရှားရှားပါးပါး အမျိုးသမီးအရာရှိကြီးတစ်ဦး။
သို့ ဖြင့် ရှေ့မျက်နှာ နောက်ထားကာ ဆရာကတော် ၏ ရှေ့မှော က်သို့ ကုပ်ကုပ်ကလေး ရောက်သွားရပါသည်။ အားနာမျက်နှာပူစွာ ဖြင့် ရှင်းပြခဲ့သော ကျွန်တော် ၏ စကားအဆုံးဝယ် -
“ကဲ…လာ၊ သွားမယ်။ ရှင်းလည်းလိုက်ခဲ့”
“ဟုတ်ကဲ့အစ်မ”
သည်လိုနှင့် ပုဇွန်တောင်ရဲစခန်းသို့ ရောက်ဖူးရပါသည်။
“အားလုံး သတိ”
“အလေးပြု”
ယူနီဖောင်းဝတ်ပြီး ကားကိုယ်တိုင်မောင်းလာသော အစ်မကြီးကိုမြင်လိုက်လျှင် ကင်းမှစပြီး ရုံးခန်း အတွင်း ရောက်သည့်တိုင်အောင် အလေးပြုလိုက်ကြသည်မှာ တခွပ်ခွပ်ဖြင့် ။
အစ်မကြီးက ရှက်ဒေါသကြောင့် မျက်နှာများ နီရဲကာ အသံတုန်ယင်စွာ ဖြင့် -
“စောစောက ဆွဲသွာတဲ့ မူးဆူတွေ ”
စကားမဆုံးမီမှာ ပင် စခန်းမှူးက
“သြော်…. ဆရာမ ကြီးရဲ့ အသိတွေ လား”
“ဟုတ်၊ ဟုတ်ပါတယ်”
“ဟေ့၊ စောစောက ဆရာနှစ် ယောက် ကို ထုတ်ခဲ့ပါဟေ့”
မကြာမီ ကျွန်တော် ဆရာနှစ် ယောက် ဆရာနှစ် ယောက် ရုံးခန်းထဲသို့ ဝင်လာကြ၏ ။ ဇနီး ဖြစ်သူကို မြင်လျှင် ဆရာတက္ကသိုလ်…..က-
“အချစ်ရေ မင်းတို့ပလိပ်တွေ က မောင့်ကိုနှိပ်စက်နေကြတာ၊ ကြည့်ပါဦးကွာ”
စခန်းမှူးက ကပျာကယာဝင်၍ ဖြေရှင်းရှာ၏ ။
“ဆရာမ ကြီး၊ ဆရာမ ကြီးခင်ဗျ၊ လူကြီးလူကောင်းတွေ မှန်းသိလို့လက်ဖျားနဲ့တောင် မတို့ရဘူးခင်ဗျား”
စခန်း မှူး၏ စကားမဆုံးမီမှာ ပင် အစ်မကြီးက ကားပေါ်သို့ တက်ပြီး “ဝူး”ခနဲ မောင်းထွက်သွားတော့ သည်။
စခန်းထဲမှ ထွက်လာပြီးနောက် ကိုမိုးကြည်ကပြော၏ ။
“ပစ်မှတ်ကို မရောက်သေးဘူးလေ။ ချီတတ်ကြစို့”
ခြေကျင်မဟုတ်တော့ပါ။ စခန်းမှူးစီစဉ်ပေးသော ဆိုက်ကားနှစ် စင်းဖြင့် ကျွန်တော် တို့ အခန့်သား ချီတတ်ခဲ့ကြပါ၏ ။
သို့ ဖြင့် ည ၁၀ နာရီထိုးမှ လူစုခွဲကြရ၏ ။
ဆရာတက္ကသိုလ်-----ကို ဆိုက်ကားတစ်စင်းဖြင့် ပြန်လွှတ်လိုက်ရပြီး သုံးဘီးတစ်စီးဖြင့် ကိုမိုးကြည်ကိုလိုက်ပို့ရ၏ ။ ထိုစဉ်က ရွှေဂုံတိုင်အဝိုင်းအနီးရှိ ဆောက်လုပ်ဆဲ သာသနာ့ဗိမာန်အနီးတွင် သူနေသည်။
နောက်တော့ ကျွန်တော် တစ်ယောက် တည်း နွမ်းလျအိမ်အပြန်။
နောက်နေ့မြို့ထဲရောက်တော့မှ သတင်းစုံသိရတော့သည်။
ဆရာတက္ကသိုလ်…မှာ ညကအိမ်မပြန်ရဲဟု သိရသည်။
ကျွန်တော် တို့၏ ဆရာကိုမိုးကြည်ကိုတော့ အိမ်ပေါ်တတ်သွားသည်မှာ ကျွန်တော့် မျက်မြင်။
သို့ သော် ယောက္ခမနှင့် ဇနီးက လက်မခံသော ကြောင့် ဆောက်လုပ်ဆဲဓမ္မာရုံရှေ့က သဲပုံကြီးပေါ် သွားအိပ်ရသည်ဟုဆို၏ ။ အိပ်တော့လည်း ခြင်ကိုက်သည့်ဒဏ်ကိုခံနို်င်စေရန် တစ်ကိုယ်လုံးကို သဲတွေ ဖုံးပြီး ခေါင်းကလေးသာဖော်ပြီးအိပ်သည်ဆို၏ ။
သို့ သော် ဂီတာတီးရင်း ကင်းလှည့်လာကြသော လူငယ်များ ကတွေ့ သော အခါ-
“ခေါင်းပြတ်ကြီး၊ ခေါင်းပြတ်ကြီး”
ဟုအော်ကာ ခြေဦးတည့်ရာပြေးကြကုန်သည်ဟူ၏ ။
တစ်ရပ်ကွက်လုံးနိုးလာပြီး အ ဖြစ်မှန်ကိုသိရမှ၊ ငိုအားထက် ရယ်အားသန်ကြရကာ သူ့ကို အိမ်လိုက်ပို့ကြရ၏ ။
ဆရာမေမြို့မိုးကြည်လည်း ရပ်ကွက်လူကြီးများ ခြံရံလျက် ရင်ကော့ကာ အိမ်ပေါ်သို့ တက်သွားလေ သည်။
ထိုနေ့က ထိုသတင်းမှာ ရွှေကြည်အေး၊ ပွင့်ဦးစသော ၃၃ လမ်းတစ်ဝိုက်ရှိ လက်ဖက်ရည်ဆိုင်များ မှ သည် သူစတည်းချီရာ ဇွဲစာအုပ်တိုက်နှင့် ၄၂ လမ်းဆိုင်များ အထိ ဟားတိုက်ရယ်ခဲ့ကြရသော သတင်းတစ်ပုဒ် ဖြစ်နေတော့၏ ။
သို့ ဆိုလျှင် ဆရာမေမြို့မိုးကြည်သည် လူဆိုးကြီးလား၊ မဟုတ်ပါ။ အလွန်နူးညံ့သိမ်မွေ့သော ၊ စကားပြောညင်သာကျေးလှသော လူကောင်းကြီးတစ်ဦးသာ ဖြစ်ပါ၏ ။
“မြန်မာစာပေတိုက်ပွဲ” ဟူသော သမိုင်းဝင်စာအုပ်ကြီးကို ရေး သားခဲ့သော်လည်း သူကိုယ်တိုင်ကမူ မည် သူနှင့် မှ စကားအခြေအတင်ပင် မ ဖြစ်ခဲ့ဘူးပါ။
ဆရာတင်မိုးကြောင့် သူနှင့် သိကျွမ်းခဲ့ရသော်လည်း သူ့ကြောင့် စာပေလောကမှ ပုဂ္ဂိုလ်ကြီးငယ်နှင့် ကျွန်တော် ခင်မင်ရင်းနှီးခွင့်ရခဲ့ပါသည်။ အားလုံးကသူ့ကိုချစ်ကြသည်ချည်းသာ။
ဤနေရာတွင် စကားမစပ်၍ တစ်ခုပြောချင်သည်။
ကျွန်တော် ၏ “လွမ်းရတဲ့သူတွေ ”မှာ အရက်သောက်ခန်းတွေ များ နေသဖြင့် ဖတ်ရင်းမူးလာကြသည်ဆို၏ ။
ဟုတ်ကဲ့၊ သောက်တဲ့ဆရာတွေ အကြောင်းရေး တော့လည်း အရက်ပါတာပေါ့ခင်ဗျာ။ သို့ သော် ဆရာဦးပေါ်သက်၊ ဆရာဗန်းမော်တင်အောင်နှင့် လူထုဒေါ်အမာတို့ကို ကျွန်တော် လွမ်းတစဉ်ကမူ အရက်ကို ကျွန်တော် သတိမရခဲ့ပါခင်ဗျား။
ဆရာကိုမိုကြည်နှင့် ရင်းနှီးပြီးမကြာခင်မှာ ပင် သူ့ကိုကျမ်းဂန်တတ် ရဟန်းလူထွက်တသစ်ဦး မှန်း သိလိုက်ရသည်။ ပါဋ္ဌိကျမ်းဂန်များ ကို ကျွမ်းကျင်ရံမျှမက ဗိုလ်မှူးဘသော င်း(မောင်သုတ)၏ အန္တေဝါသိက တပည့်ရင်းကြီး ဖြစ်သည့်အလျေက် ကျေက်စာ၊ ပေစာ၊ ပုရပိုက်စာနှင့် ရှေးဟောင်းသုတေသနလုပ်ငန်းများ တွင် လည်း ကျင်လည်နှံ့ စပ်လှ၏ ။
ထိုပညာရပ်များ နှင့်ပတ်သတ်လျှင်သူ့ကိုကျွန်တော် ဆရာတင်ရ၏ ။ဒိုးခနဲဒေါက်ခနဲသူပြန်ဖြေနိုင်သည်သာ။
ကျေးဇူးပါပဲ ဆရာမိုးရယ်။
ဆရာမေမြို့မိုးကြည်ပြုစုသွားသော စာများ ၊ တည်းဖြတ်သွားသော ကျမ်းကြီးကျမ်းငယ်များ ကလည်း များ ပြားလှစွာ ၏ ။
သူ၏ ခေတ်ကိုးခေတ် မြန်မာကဗျာများ အဖွင့်၊ စာပေသမိုင်းသစ်နှင့် မြန်မာ့စစ်ပညာတို့သည် နှောင်းစာပေသုတေတီများ အကိုးအထောက်ပြုရသော ရတနာများ ဖြစ်ကြသည်။ စာပေဗိမာန်ထုတ် လွတ်လပ်ရေး နှင့် တေးဂီတ နှင့် ဇာတိမာန်တေး စသည်တို့ကား ဂီတသုတေသီတို့အတွက် တန်ဖိုး မဖြတ်နိုင်သော သမိုင်းဝန်အထောက်အထားများ ပင်၊ မြန်မာစာပေတိုက်ပွဲများ ဖြင့် ၁၉၆၄ ခု၊ အနုပညာ စာပေဆု ကိုရခဲ့၏ ။
ဆရာမောင်သုတ(ဗိုလ်မှူးဘသော င်း) ၏ အန္တေဝါသိက တပည့်ကြီးပီသစွာ သုတေသနကို ပိုအားသန်၏ ။ သို့ ဖြင့် စာပေသုတေသနဆောင်းပါးပေါင်း ၃၀၀ ကျော်နှင့် အခြားလုံးချင်းပေါင်း ၃၅ အုပ်ကို အားထုတ်ရေး သားသွား၏ ။
၁၉၆၀-၆၁ ဝန်းကျင်က မန္တလေးသျှန်တက္ကသိုလ်တွင် မြန်မာစာပေနှင့် ပါဋ္ဌိဘာသာပြဆရာအ ဖြစ် လုပ်ခဲ့သည်မှအပ စာရေး ဆရာ၊ အယ်ဒီတာဘဝများ တွင် သာကျင်လည်ခဲ့သူ ဖြစ်ပါ၏ ။
လူပုံက ချောရသည့်အထဲတွင် စာပေသမား ဖြစ်သော ကြောင့် သိမ်မွေ့လှ၏ ။ စကားကျယ်ကျယ်ပင် ပြောခဲ၏ ။ သို့ သော်……၊
အထက်တွင် ကျွန်တော် ဆိုခဲ့သလို အလွန်ယသ်ကျေးသိမ်မွေ့သော ဆရာမိုးကြည်သည် တစ်ခါတစ်ရံ ကြက်သီးထစရာကောင်းလောက်အောင် ဂျီကျတတ်သေး၏ ။
တစ်ညတွင် ကျွန်တော် နှင့် သူသည် ဆရာအောင်ပြည့်နှင့် ကားကြုံ လိုက်ခဲ့ပါသည်။ မမူးတမူးဖြင့် မောင်းနေသော ကိုအောင်ပြည့်၏ ကားပေါ်တွင် မူးနေသော ကျွန်တော် တို့နှစ် ယောက် မကြောက်မရွံ့လိုက်လာကြပါသည်။ ကိုအောင်ပြည့် က အင်းစိန်ပြန်မည် ။ ကျွန်တော် က သုခလမ်းမှာ ဆင်းမည် ။ ဆရာကိုမိုးကြည်က အင်းစိန်မှတစ်ဆင့် ထိုစဉ်က သူနေထိုင်ရာ စော်ဘွားကြီးကုန်းသို့ ခရီးဆက်မည် ဖြစ်ပါသည်။
သို့ သော် လှည်းတန်းအရောက်တွင် ပြဿနာစပါတော့သည်။
“ကိုအောင်ပြည့် ရပ်…ရပ်၊ ကျုပ်သေးပေါက်ချင်တယ်”
“ရှေ့နားမှာ ရပ်ပေးပါ့မယ်၊ ကိုမိုးကြည်ရယ်”
“မရဘူး ကိုအောင်ပြည့်။ ဒီနားပဲ ပေါက်ချင်တယ်။”
မြတ်စွာ ဘုရား၊ ကြည့်လိုက်တော့ ကမာရွတ်ရဲစခန်းရှေ့တည့်တည့်မှာ ပါလား။
ကျွန်တော် နှင့်ကိုအောင်ပြည့်တို့ အမျိုးမျိုးချော့မော့ဖျောင်းဖျကြ၏ ။ မရ။ ကားတံခါးကို အတင်းဆွဲဖွင့်နေ၏ ။ သုံးယောက် စလုံး ရဲစခန်းမှာ အိပ်ကြရတော့မည့် ပုံ။ စခန်းကလည်း ထွက်ကြည့်နေပြီ။ ကျွန်တော် တစ်ခုဆုံးဖြတ်လိုက်သည်။
“ကိုအောင်ပြည့် မောင်း…မောင်း”
သုခလမ်းထိပ်တွင် ကျွန်တော် ဆင်းသော အခါ
“ငကြောက်၊ ကိုမြတ်သူ ငကြောက်။ စစ်ကိုင်းသားလုပ်နေပြီး ငကြောက်”
အော်ဟစ်ဆဲဆိုရင်း ကိုအောင်ပြည့်ကားပေါ်တွင် သူဆက်ပါသွားသည်။ အပေါ့သွားရန်လည်း သတိရတော့ဟန်မတူ။
ထိုညက ကျွန်တော် အိပ်မပျော်ပါ။ သူ့ကို ကိုယ်ထိလက်ရောက် ပြုမူမိခဲ့ခြင်း အတွက် ကျွန်တော် နောင်တရပါသည်။
သို့ နှင့် နေက်နေ့မနက်တွင် ကျမ်းစာအုပ်တစ်အုပ်ကို သူတည်းဖြတ်နေသော ၃၇ လမ်းမှ “ပြည်ဦးဘေ” ပုံနှိပ်တိုက်သို့ ကျွန်တော် ရောက် သွားပါသည်။အတန်ကြာစောင့်နေရပြီးမှ သူရောက်လာပါသည်။
“ဟ….စောစောစီးစီး၊ ဘာကိစ္စတွေ ပေါ်လာလို့လဲဗျ”
ကျွန်တော် ကဘာပြောရမည် မသိ။ ညကကိစ္စကို ဘာတစ်ခုမှ သတိရဟန်မတူ။ မည် သို့ ပင် ဖြစ်စေ၊ သူ့စားပွဲရှေ့တွင် ပုဆစ်ဒူးတုပ်လျက် ကျွန်တော် ဦးသုံးကြိမ်ချလိုက်ပါသည်။
“ဟာ၊ ဟာ၊ ဘာလုပ်တာလဲဗျ”
အကျိုးအကြောင်းကို ကျွန်တော် ပြောပြသော အခါ အားရပါးရအော် ရယ်၏ ။
“ခင်ဗျားကိုတောင် ကျုပ်က ကျေးဇူးတင်ရမှာ ဗျ။ ခင်ဗျားသာမထိန်းရင် ကျုပ်တို့သုံးယောက် စလုံး ညတုန်းက ငဖယ်တေ, တေ ခံရမှာ ဗျ။ ဟား… ဟား… ဟား…
ဤသည်ပင် မေမြို့မိုးကြည် ဖြစ်တော့၏ ။
သူနှင့် ကျွန်တော် တို့ကား မရှိပျော်ပျော်၊ ရှိပျော်ပျော် လူစားများ ဖြစ်ကြသော ကြောင့် အတွဲ ကြီးတွဲ မိကြ၏ ။ ထိုကြောင့် ရန်ကုန်ရောက် အညာသားများ ထဲတွင် ကျွန်တော် တို့နှစ် ယောက် အတွက် အညာသားဆရာသမားများ စိတ်ညစ်၊ စိတ်ပူကြရ၏ ။
ဆရာတင်မိုး ကတော့
“မင်းတို့နှစ် ယောက် တွဲ လည်းတွဲ မိကြပါ့ကွာ” ဟု ချီးမွမ်းထောမနာပြု၏ ။
သို့ သော် သူ့ကို အမီမလိုက်နိုင်ပါ။ ဆရာမောင်သော်က နှင့် သူတို့၏ “တင်လဲဖြူဝိုင်း” သို့ ကျွန်တော် ရောက်သွားဖူးသည်။ လည်ချောင်းတွေ ကွဲကုန်၍ နောက်နေ့မှာ စာမသင်နိုင်။ မကြာမီ ဆရာမောင်သော်ကလည်း စာမျက်နှာများ ပေါ် တွင် ရင်ဖွင့်လျက် ထိုတင်လဲဖြူကို လက်နက်ချသွား၏ ။ သူ ကတော့
“တင်လဲက သောက်တတ်ရင် ကောင်းပါတယ်ဗျ” ဟုဆိုမြဲပင်။
သူ့မှာ မရှိလျှင် မတတ်နိုင်ကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်းပင်ပြောသည်။
“ဒီနေ့ ခင်ဗျားတိုက်ဗျာ ကိုမြတ်သူ”
သူ့တွင် ပြည့်ဖြိုးနေလျှင်လည်း…..
“လာဗျာ၊ ဒီနေ့ ကျုပ်ပြည့်ဖြိုးနေတယ်။ ကိုကျော့မှူးတို့ပါ ခေါ်ဗျာ။ နန်းသီတာသွားကြရ အောင်” ဟု တစ်မျိုး။
“ဟေ့လူ၊ ဒီနေ့ မန္တလေးက နတ်မောက်ထွန်းရှိန် ကြီးရောက်နေတယ်ဗျ။ လာ…အိုးရီးယင့် သွားရအောင်”
“တော် ပါပြီဗျာ၊ ဟိုတစ်ခါကလည်း ဆရာနတ်မောက်ထွန်းရှိန်ပို့ပေးတဲ့ စက္ကူဖိုးတွေ ခင်ဗျား အရည်ဖျော်ပစ်ပြီးပြီ။ သူ့စာအုပ်လည်း ခုထိ မပြီးသေးဘူး။ မျက်နှာပူတယ်ဗျာ။ ကျွန်တော် နဲ့လည်း တစ်ခါပဲဆုံဖူးတာပါ။ ရင်းလည်းမရင်းနှီးသေးပါဘူး”
မှန်၏ ။ ဆရာနတ်မောက်ထွန်းရှိန်ကား သူ့ဒဏ်ကို အတော် ခံရသူ ဖြစ်ပေ၏ ။ သို့ သော် ငယ်ပေါင်းသူငယ်ချင်း ဖြစ်သည့်အားလျော်စွာ ဘာမဆိုသည်းခံရှာ၏ ။
အဲဒီ လို သူငယ်ချင်းမျိုး လိုချင်လိုက်တာကွယ်။
သူ့သမီးလေး ၉ တန်း ၊ ၁၀ တန်း ရောက်သော အခါ ကျွန်တော့် ကျောင်းသို့ အပ်နှံ၏ ။ အဖေချော၊ အမေချောမို့ သမီးချောလေးပင်။ ကလေးက လိမ္မာ၏ ။ နှစ် ချင်းပေါက်အောင်၏ ။
“ခင်ဗျားနဲ့များ ကွာပါ့ဗျာ” ဟု ကျွန်တော် ပြောသော အခါ ပီတိပြုံးနှင့် ကြည်နူးနေ၏ ။
သူကား လိမ့်လမ့်လူးလူးဖြင့် ပင် စာပေခရီးကို ဖြတ်သန်းနေဆဲ။ သူ၏ “မြန့်မာစာပေတိုက်ပွဲများ ” ကြိမ်ဖန်များ စွာ ရိုက်ရသည်။“လွတ်လပ်ရေး တိုက်ပွဲဝင်တေးများ ” နှင့် “မြန်မာ့စစ်ပညာ” စာအုပ်တို့ကိုရေး သားထုတ်ဝေသည်။ စာပေဗိမာန်ဆုများ ရသည်။ သို့ သော် သူတစ်ပါး၏ စာအုပ်များ ကို စေတနာ့ဝန်ထမ်းသုတ်သင်တည်းဖြတ်ပေးနေရသော ပုတ်ပြတ်စား စာပြင်ဆရာကြီးဘဝ၊ အချိန်ပိုင်း အယ်ဒီတာဘဝမှ မလွတ်မြောင်သေး။
သို့သော် သူကား ကျွန်တော် တို့စာပေလောကအတွက် အဖိုးမဖြတ်နိုင်သော ၊ ကျွန်တော် တို့ မသိမမီလိုက်သော စာပေအမွေအနှစ် တို့ကို လက်ဆင့်ကမ်းခဲ့၏ ။ အချို့ကျမ်းများ ကို သူနာမည် မခံသော်လည်း တည်းဖြတ်သုတ်သင်ပြီး အမှန်ရောက်အောင်တည့်ပေးခဲ့၏ ။
မည် သူ့ကိုမှ မထိခိုက်စေဘဲ သူသောက်စားပျော်ပါးခြင်းကို စာဖွဲ့ပြီးဇာချဲ့နေရန်မလိုဟု ကျွန်တော် ထင်သည်။
သူ့ဘဝ၏ နောက်ပိုင်းကာလများ တွင် သူနှစ်သက် လှသော အရက်ကို လည်းဖြတ်လိုက်သည်ဟု သတင်းရသည်။ အဝေးမှနေ၍ ကျွန်တော် ဝမ်းသာ၍ မဆုံး။
“မြန်မာစာပေတိုက်ပွဲ” ကို အသစ်ဖြည့်စွက်သော တိုက်ပွဲအသစ်၊ စာမူအသစ်များ နှင့် အတူ ထုတ်ဝေဦးမည် ဟု သိရသည်။ ကျွန်တော် အားတက်၍ မဆုံး။
သို့ သော် သူ၏ ကလောင်အမည် တွင် “မေမြို့” ပါသော ကြောင့် ထိုစာအုပ်ထုတ်ဝေရန် နှောင့်နှေးနေသည်ဟု ဆရာနတ်မောက်ထွန်းရှိန်ထဲမှ သိရသော အခါတွင် မူ ကျွန်တော် နှမြောတသ ကြေကွဲ၍ မဆုံး။
မေမြို့ကိုပြင်ဦးလွင်ဟု အမည် ပြောင်းသော်လည်း ကွယ်လွန်သွားကြပြီ ဖြစ်သော စစ်ကြိုခေတ်က စာရေး ဆရာကြီး “မေမြို့မောင်” နှင့် “မေမြို့မိုးကြည်” တို့ကို မည် ကဲ့သို့ ပြောင်းပစ်၍ ရနိုင်မည် နည်း။
သဘောပေါက်နားလည်သူတို့က ဝိုင်းဝန်းစောင့်ရှောက်ကြစေလိုပါသည်။
သို့ ဖြင့် သူကွယ်လွန်သွားခဲ့သည်။
“မြန်မာစာပေတိုက်ပွဲများ ” အဓွန့်ရှည်ပါစေသတည်း။
မင်းသစ်
ဇောင်းထက်
ဒုတိယကမ္ဘာစစ်အပြီး မြန်မာစာပေလောက၏ ဒုတိယမျိုးဆက်ထဲတွင် အပါအဝင် ဖြစ်သော ကျွန်တော် သည် ပထမမျိုးဆက်များ ကို လေးစားကြည်ညိုစွာ ခင်မင်ခွင့်ရခဲ့သကဲ့သိုပ တတိယမျိုးဆက် လူငယ်များ နှင့် လည်း ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းခဲ့ခြင်း ဖြစ်ပါသည်။
အဖော်ခင်၍ အပျော်မင်တတ်သော ကျွန်တော် သည် ထိုတတိယမျိုးဆက်များ နှင့် ပို၍ လုံးထွေးမိခဲ့ ပါသည်။ ယခု ပြန်တွေးကြည့်မိလျှင်ပင်၊ ပျော်တုန်း လွမ်းတုန်းပင်။
တတိယမျိုးဆက်ထဲတွင် ကျွန်တော် နှင့် အတွဲ မိဆုံးလူငယ်အုပ်စုမှာ မြင့်ဦးဦးမြင့်၊ ယမုံ၊ ဇောင်းထက်၊ မောင်သာချို၊ နောင်ကျော်၊ မြမြင့်မိုရ်၊ နေစိမ့်၊ ဇော်နတ်ဇော်၊ သစ်ငြိမ်း၊ မောင်တောက်၊ မင်းသိုက်မွန် အစရှိသော လူငယ်ကဗျာဆရာများ ပင် ဖြစ်ပါ၏ ။
အထူးသဖြင့် ရန်ကုန်တက္ကသိုလ်မှ လူငယ်ကဗျာဆရာများ ကား ကျွန်တော့် အိမ်နှင့် ပိုနီးသဖြင့် ပိုတွဲ ဖြစ်ခဲ့ကြပါသည်။ ထို ဆိုးသွမ်း၊ ရမ်းကား၊ ကဗျာဆရာလေးများ နှင့် ရင်းနှီးခွင့်၏ မြစ်ဖျားကား ယမုံ ဖြစ်ပါ၏ ။
၁၉၈၂
ဆောင်းနှောင်းညနေခင်း၊
“မဟူရာ” ယမကာနှင့် စားသောက်ခန်းမ
ကမ်းနားလမ်း၊ ရန်ကုန်။
မြို့လုံးပတ်လည် စားသောက်ဆိုင်များ တွင် ကျက်စားနေသော ကျွန်တော် သည် ရန်ကုန်မြို့လယ် နှင့် မဝေးလှသော ဤစားသောက်ဆိုင်ကိုမူ ခံစားသူကြီး (ကိုကျော်တင့်အောင်) ခေါ်လာမှ ရောက်ခဲ့ဖူးခြင်း ဖြစ်ပါသည်။
သည်လိုဆိုင်မျိုးကို ရှာရှာဖွေဖွေ တွေ့ တတ်သော ခံစားသူကြီးကို ချီးကျူးစကားဆိုရင်း၊ ဝိုင်းစ ဖွင့်လိုက်ကြသည်။ မျက်မှန်လေးနှင့် စားပွဲထိုးဖြူဖြူချောချောလေး တစ်ယောက် က ရမ်တစ်ပိုင်း၊ ရေနှင့် ဖန်ခွက်များ လာချပေး သွားပါသည်။
မဟူရာဆိုင်၏ အပြင်ဘက်သို့ ကြည့်လိုက်သော အခါ ရန်ကုန်မြစ်ပြင်ပေါ်မှ မဟူရာညထဲတွင် လှေ၊ သင်္ဘော၊ သမ္ဗာန်တို့မှ အလင်းစက်များ ကို ဝိုးတဝါးပြိုးပြောက်မြင်ရသည်။
“အစိမ်းကြော် အလွတ်တစ်ပွဲလောက် ရမလား”
ကိုကျော်တင့်အောင်၏ အမေးကို ကောင်တာမှ ဆိုင်တာဝန်ခံ ဖြစ်ဟန်တူသော ညိုညိုသွယ်သွယ် မြင့်မြင့်လူငယ်က ခေါင်းညိတ်ပြရင်း နောက်ဘက်သို့ လှမ်းအော်သည်။
“ဟေ့ နံပါတ် ၃ ကို အစိမ်းကြော်ွတ်တစ်ပွဲ”
ပြောပြီးတော့ ဖတ်လက်စစာအုပ်ကို ဆက်ဖတ်နေသည်။ ကျွန်တော် တို့နှစ် ယောက် ဝင်လာက တည်းက ထိုလူငယ်သည် စာအုပ်နှင့် မျက်နှာမပြတ်ကို တွေ့ ရ၍ ကျိတ်ပြီး စိတ်ဝင်စားမိသည်။ ကျွန်တော် တို့က စာဖတ်သော လူငယ်တွေ ကို အာရုံစိုက်ကြသူတွေ မဟုတ်လား။
“မြတ်သူရေ၊ ဒီကောင်လေးဖတ်နေသော ဘာစာအုပ်လဲသိလား”
ကိုကျော်တင့်က တီးတိုးဆို၏ ။
“ဘာလဲဗျ”
“စောစောက ငါတစ်ချက်လှမ်းကြည့်လိုက်တော့ အဖုံးမြင်တာနဲ့ သိလိုက်ပါတယ်ကွာ။ တကယ့် စာဖတ်သမားလေးကွ”
“ဘာစာအုပ်မို့လို့လဲဗျ”
“ဟိုချီမင်းရဲ့ အကျဉ်းထောင်က ပလွေသံ”
ကျွန်တော် ရင်တစ်ချက်ခုန်သွားသည်။ တက်လာသော အရက်ရှိန်ကြောင့် ဇောကလည်း မြင့်လာ သည်။ သည်တော့ …..
“ညီလေးရေ၊ ကိုယ်တို့ဝိုင်းကို ခဏလာပါဦးကွာ”
“ဘာ ထပ်မှာ ချင်လို့လဲခင်ဗျ”
“မမှာ ချင်ပါဘူး၊ ညီလေးကို မေးစရာလေးတွေ ရှိလို့ပါ”
သို့ ဖြင့် ထိုညိုညိုမြင့်မြင့်လူငယ်ကလေး ကျွန်တော် တို့ဝိုင်းကို ရောက်လာသည် ။ သို့ သော် သံသယစိတ်ဖြင့် ရောက်လာခြင်းဟု ကျွန်တော် ထင်သည်။ မေးသမျှကို ထိန်း၍ ဖြေသည်။ ပြောသမျှကို မည် သည့်ထင်မြင်ချက်မှ မပေးဘဲနားထောင်သည်။ သေချာသည်။ ဤလူငယ်ကလေးကား ကျွန်တော် တို့ကို မယုံကြည်ပါ။ သို့ သော် သူကျေနပ်ဟန်မတူသော အကြောင်းအရာတစ်ခုကို ကြားရတုင်း မျက်ထောင့်နီနီဖြင့် စောင်းငန်း စောင်းငန်းဖြင့် ပြန်ကြည့်တတ်သည်။
ကျွန်တော် ကတော့ ကျွန်တော် တို့နှင့် အမွေးအတောင်တူသော ငှက်ကလေးတစ်ကောင်နှင့် တွေ့ ရ ၍ ပျော်နေသည်။ ပွင့်ပွင့်လင်းလင်းပြောတတ်သော ကိုကျော်တင့်အောင်က ကျွန်တော် တို့၏ ယုံကြည်ချက်၊ ဖြတ်သန်းမှု နှင့် သူဖတ်နေသော “ဟိုချီမင်း၏ အကျဉ်းထောင်က ပလွေသံ” စာအုပ်ကို မြန်မာပြန်သူ ကဗျာဆရာအပါအဝင် ကျွန်တော် တို့၏ ရဲဘော်ရဲဘက် အပေါင်းအသင်းများ အကြောင်းကို ထဲထဲဝင်ဝင် ပြောပြမှ ထိုလူငယ်၏ နားထင်ကြောမှာ ပြေလျော့လာပြီး နဖူးပေါ်မှလှိုင်းများ တဖြည်းဖြည်းပျောက်ကွယ် သွားတော့သည်။
သည်တော့လည်း စကားဝိုင်းကို သူကချည်း ဦးဆောင်တော့သည်။ ကျွန်တော် နှင့် ကိုကျော်တင့် အောင်တို့မှာ ပါးစပ်အဟောင်းသား ဖြစ်လိုက်ကြရ၊ ပြုံးလိုက်ကြရဖြင့် …… ။
သူ့ကလောင်အမည် မှာ “ယမုံ” ဟု သိလိုက်ရသော အခါ စိတ်ထဲမှာ မအီမလည်ကြီး ဖြစ်သွားကြရ သည်။ သူ့အမည် ရင်းက “မောင်မောင်မြင့်လွင်” ဟု သိလိုက်သော အခါမှာ တော့ ကိုကျော်တင့်အောင်က တစ်ဖက်လှည့်ပြီး နှာခေါင်းရှုံ့သည်။ ကျွန်တော် ကတော့ ရယ်ချင်ပက်ကျိ ဖြစ်နေသည်။ ကိုကျော်တင့်အောင် နှင့် စာရေး ဆရာ မောင်မောင်မြင့်လွင် (အကြီး) တို့မှာ မန္တလေးသားချင်း ဖြစ်ကြသော်လည်း အယူအဆရေး ရာတွင် အစာမကြေကြမှန်း ကျွန်တော် သိထား၍ ဖြစ်သည်။
ယမုံတို့အုပ်စုကား တက္ကသိုလ်ပညာတစ်ပိုင်းတစ်စဖြင့် အလုပ်တစ်ဖက်လုပ်နေကြသူများ ဖြစ်ကြ သည်။ ရှိစုမဲ့စုငွေကြေးလေးများ ဖြင့် ကဗျာစာအုပ်လေးတွေ ထုတ်ကြသည် ဆို၏ ။ သူတို့၏ နောက်ဆုံးထုတ် ကဗျာစာအုပ်ကလေး၏ အမည် ကိုလည်း အားတက်သရောပြောပြသည်။
“ငါ့ကို ဇန်နဝါရီ ပြန်ပေး” တဲ့
သည်တော့ “ငါ့ကို အင်ဒိုးနီးရှား ပြန်ပေး” (Givef Me Indonesia Back) ဆိုသော ကဗျာစာအုပ် ကလေးကို အမှတ်ရမိနေပြန်သည်။ လေ့လာအားကောင်းသော လူငယ်တွေ ပါတကား။
ထိုအတွေးမဆုံးမီ ယမုံက ဆိုင်နောက်သို့ လှမ်းခေါ်သည်။
“ဇောင်းထက်ရေ၊ လာပါဦးကွ”
စောစောက ကျွန်တော် တို့ဝိုင်းမှာ အရက်လာချပေးသွားသော ဖြူဖြူချောချောလူငယ်လေး ထွက် လာသည်။
ဤသို့ ဖြင့် ဇောင်းထက်ကို တွေ့ ခဲ့ရပါ၏ ကျွမ်းခဲ့ရပါ၏ ။
ဇောင်းထက်အကြောင်းပြောရလျှင် အဓိကဇာတ်ကောင်များ ဖြစ်သော ယမုံနှင့် မောင်သာချို (ဂျက် - ကွမ်းခြံကုန်း) တို့ကို ချန်ထား၍ မရ။ သူတို့နှစ် ဦးကား ညီအစ်မ ၂ယောက် ကို ခွဲဝေယူထားကြသော မယား ညီအစ်ကိုအရင်း ခေါက်ခေါက်ကြီးနှစ် ယောက် လည်း ဖြစ်ပါပေ၏ ။ စရိုက်ကား မတူကြ။ ယမုံက ရှူးရှူးရှဲရှဲ နှင့် ဒေါသကုမ္မာရ။ မောင်သာချိုက ဝူးဝူးဝါးဝါး။ တစ်ခါတစ်ရံမှာ တော့ အပျော့ဆွဲလေးနှင့် အပေါင်းအသင်း များ ကို ချောက်ချတတ်သူ။
မှတ်မိပါသေးသည်။ ကဗျာဆရာအလောင်းအလျာလေး နေစိမ့် ၁၀ တန်းအောင်လာသော အခါ မောင်သာချိုက သြဝါဒခြွေ၏ ။
“မင်း တက္ကသိုလ်ရောက်လာပြီဆိုရင် လော့ဂရစ်သမ်ကို အလွတ်ကျက်ရမယ်ကွ။ ဆယ်တန်းတုန်း ကလို စာအုပ်ကိုင်နေရင် သိက္ခာကျတယ်”
သူ့အရင် တက္ကသိုလ်ရောက်နေသော နောင်တော် ကြီး၏ စကားမို့ နေစိမ့်ခဗျာ အဟုတ်မှတ်ပြီး အလွတ်ကျက်ရှာ၏ ။ မရ။
ယမုံနှင့် ကဗျာဆရာ ခင်လွန်း တို့က ဝိုင်းဆဲမှ အကြောင်းစုံကို သိသွားပြီး၊ မောင်သာချိုကို မေတ္တာ ပို့ရင်း၊ နေစိမ့်သက်သာရာရသွား၏ ။
ထိုမောင်သာချိုသည်လည်း ဇောင်းထက်ကိုတော့ လက်မြှော က်သြချရသည်ပင်။
ဇောင်းထက်၊ မောင်သာချိုနှင့် နောင်ကျော်တိုပ မြန်မာစာဂုဏ်ထူးတန်း၊ နောက်ဆုံးနှစ် တွင် ဖြစ်ပါသည်။
ဇောင်းထက်မိန်းမခိုးလာသည်။ မိန်းကလေးနာမည် က ကြည်ကြည်ဝင်း။ တက္ကသိုလ်ထဲသို့ မိန်းမခိုး လာသော ဇောင်းထက်သည် မိန်းကလေးနှင့် အတူ တစ်နေ့လုံး တက္ကသိုလ်ပရဝုဏ်ကိုပတ်ပြီး လမ်းလျှောက် နေသည်။ နေကဝင်တော့မည် ။ မနေနိုင်တော့သော မောင်သာချိုက မေးသည်။
“မင်းတို့ ဒီနေ့ည ဘယ်ကိုသွားမှာ လဲ”
ထုံးစံအတိုင်း မျက်မှန်ကိုချွတ်ပြီး ပုဆိုးနှင့် ပွတ်ရင်း ဖြေသည်။
“မသိသေးဘူးကွ”
သက်ပြင်းတစ်ချက်က “ဟင်း” ခနဲချရင်း မောင်သာချိုက သူ့အိမ်သို့ ခေါ်သွားရသည်။ ထိုစဉ်က မောင်သာချို အိမ်ထောင်ကျနေပြီ။ သူများ ကို ချောက်ချလေ့ရှိသော မောင်သာချို တစ်ယောက် အတုံးလိုက် အတစ်လိုက် ပြဿနာ ဝင်တော့၏ ။ သူ့အိမ်သို့ ရောက်ရောက်ချင်း၊ မိန်းကလေးကို အမျိုးသမီး ရောဂါ ဖြင့် ဆေးရုံ ချက်ချင်း တင်လိုက်ရသည်။ မောင်သာချို ခေါင်းမီးတောက်ပြီး ယမုံနှင့် အပေါင်းအသင်းများ ကို ဖုန်းဆက်ခေါ်လိုက်ရ၏ ။ ယမုံ၊ ခင်လွန်း၊ နေစိမ့် နှင့် မောင်သာချိုတို့ ဇောင်းထက်နှင့် အတူ ဆေးရုံမှ မဆင်းမချင်း လူနာစောင့်ကြရ၏ ။ ဆေးရုံကလည်း မိန်းကလေး၏ ယောကျာ်းကို မည် သူမှန်း မခွဲတတ်ကြ တော့။
ကြုံတဲ့လူက လူနာရှင်လုပ်ကြရ၏ ။ ဇောင်းထက် ကတော့ အပြုံးမပျက်။
ရုပ်ကလေးချောသလောက် ဇောင်းထက်သည် ဂျစ်ကန်ကန် လုပ်တတ်၏ ။ ညစ်တစ်တစ်ဖြင့် ရွတ် တတ်၏ ။ ပြဿနာကို မီးထွန်းရှာလေ့ရှိ၏ ။
၁၉၈၆ ။ တစ်ခေတ်တစ်ခါကပေါ့ မိတ်ဆွေ။
“မဟူရာ” ဆိုင်သိမ်း၍ ပြန်လာသော ယမုံနှင့် ဇောင်းထက်တို့၏ ဘတ်စ်ကားကို ရှာဖွေရေး က စစ်ဆေး၏ ။ ပါသမျှအိတ်တွေ ကို လှန်လှောပြကြရ၏ ။ ရှာဖွေရေး ပြီးဆုံး၍ ကားကိုထွက်ခွင့်ပြုလိုက်သော အခါ ဇောင်းထက်က ဇာတိပြတော့သည်။
ဟိုး ….. ဟိုး နေဦး။ ဒီမှာ အိတ်တစ်လုံး ကျန်သေးတယ်”
တစ်ကားလုံး စိတ်ညစ်သွားပြီး ရှာဖွေရေး တစ်ခုလုံး ပျာယာခတ်သွားကြသည်။
“ဘယ်မှာ လဲ၊ ဘယ်အိတ်လဲ”
“ဒီမှာ လေ”
သူ့အင်္ကျီအိတ်ကို လက်နှင့် ပုတ်ပြသည်။
ဝတ္တရားနှောင့်ယှက်မှု ဖြင့် သတို့တစ်ဖွဲ့လုံး ဘုန်းကြီးလမ်းရဲစခန်းသို့ ရောက်သွားရတော့၏ ။ တောင်းပန်၊ အသနားခံရှင်းပြရခြင်း အကြိမ်ပေါင်းများ စွာ လုပ်ကြရပြီးမှ ပြန်ခွင့်ပြုလိုက်သည်။
ယမုံကား ဆဲ၍ မဆုံး။
ဇောင်းထက်ကား အပြုံးမပျက်။
ထိုပေပေတေတေ ဇောင်းထက်ကား ပညာရေး နှင့် ပတ်သက်လာလျှင်တော့၊ ဝေလေလေထဲတွင် မပါဝင်ချေ။ ၁၉၈၂ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာဂုဏ်ထူးတန်းကို အောင်မြင်ပြီး ပထမဘွဲ့ကို ရယူနိုင်ခဲ့သည်။ သို့ သော် ထိုမျှဖြင့် တင်းတိမ်ရောင့် ရဲခြင်းမရှိဘဲ ၁၉၈၈ တွင် ကဗျာဆရာ ဒေါင်းနွယ်ဆွေ၏ လုံးချင်းကဗျာရှည်များ လေ့လာချက်ကျမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရယူခဲ့ပြန်သည်။
ထိုကာလများ တွင် သူ့ကိုကြည့်ရသည်မှာ မောလှပါသည်။ အချိန်ပိုင်းနည်းပြဆရာအလုပ် တစ်ဖက်၊ ညဘက်တွင် အချိန်ပိုင်းစားပွဲထိုးအလုပ်တစ်ဖက်ဖြင့် စာကျက်နေရသော ကာလ ဖြစ်သည်။
၁၉၈၉ တွင် မြစ်ကြီးနားကောလိပ်သို့ သူပြောင်းရွှေ့အမှု ထမ်းသော အခါ သူနှင့် အနေဝေးသွားရ ပါသည်။ ၁၉၉၂ တွင် ရန်ကုန်တက္ကသိုလ် မြန်မစာဌာနသို့ ပြန်လည်ရောက်ရှိလာမှ ပြန်တွဲ ဖြစ်ခဲ့ကြပြန်သည်။
ထုံးစံအတိုင်း သူကြည့်လိုက်လျှင် အလုပ်နှင့် လက်မပြတ်ဘဲ ချာလပတ်ရမ်းလျက်။ သို့ သော် ဘယ်အချိန်ဘယ်နေရာမှာ ရေး လာခဲ့သည်မသိ။ မဟေသီ၊ ရုပ်ရှင်အောင်လံ၊ အိပ်မက်ဖူး၊ ပိတောက်ပွင့်သစ်၊ သဘင်၊ စံပယ်ဖြူ၊ စာပေဂျာနယ်၊ ရုပ်ရှင်အမြူတေ၊ မြတ်လေး၊ ချယ်ရီ စသော မဂ္ဂဇင်းများ တွင် ကဗျာ၊ ဝတ္ထုတိုနှင့် စာပေဝေဖန်ရေး ဆောင်းပါးများ ကို စဉ်ဆက်မပြတ် ရေး သားနိုင်ခဲ့သည်မှာ အတွင်းသိများ အဖို့ အံ့သြစရာ။ ထိုအထဲတွင် ကလောင်အမည် ခွဲတစ်ခုက “မာကိုပိုလို ကိုကို” တဲ့ခင်ဗျာ။
ထိုကလောင်အမည် ကို ကျွန်တော် တို့အပေါင်းအသင်းတစ်စုက နှာခေါင်းရှုံလျက် သြဘာပေးကြ သည်။ သူ ကတော့ ထုံးစံအတိုင်း အပြုံးမပျက်။ ကျွန်တော် ကတော့ သူ့အမည် ရင်း “ဇင်ဝေ”ဆိုသော အမည် ကို ပိုနှစ်သက် ပါသည်။ သို့ သော် စာပေလောကတွင် ဇောင်းထက်ဆိုသော ကလောင်အမည် က အခြေခိုင်နေလေပြီ။
ဇောင်းထက်ဆိုသော ကလောင်အမည် ကို ကြားလိုက်ရသည်နှင့် အံ့အားသင့်သွားကြသော လူအပေါင်းတို့သည် သူ့သားများ ၏ အမည် ကို ကြားလိုက်ရသော အခါတွင် မူ၊ ပါးစပ်အဟောင်းသားနှင့် သြချကြရတော့၏ ။
“အနော်ရထာဇောင်းထက်” နှင့် “သာလွန်ဇောင်းထက်” ပါတဲ့ခင်ဗျာ။
၁၉၉၂ တွင် သူ၏ အိမ်ထောင်ရေး ပြိုကွဲသော အခါ သူ့ဇနီးက နိုင်ငံခြားသို့ အလုပ်ထွက်ရန် စီစဉ်နေချိန်တွင် ထိုသားလေး ၂ ယောက် ကို ကျွန်တော် ထံ ပို့ဆောင်အပ်နှံထားပါသည်။ ကျွန်တော် လည်း အငှားမြေးနှစ် ယောက် ၏ ယာယီအဘိုး ဖြစ်သွားရပါတော့သည်။
ဒါကို သူ မကျေနပ်။ ကျွန်တော် တို့ ဇနီးမောင်နှံ၏ မျက်နှာကိုထောက်ထားပြီး၊ အောင့်အည်း သည်းခံနေရဟန် တူသည်။
သို့ သော် မကျေနပ်ချက်ကို တစ်နေ့တွင် ဖောက်ခွဲထုတ်လိုက်သည်။ သို့ သော် ပေါက်ကွဲမှု က မသက်ဆိုင်သူများ ကို ထိခိုက်နာကျင်စေခဲ့သည်။ ကျွန်တော် စိတ်မကကောင်း။ သို့ သော် နားလည်ပေးနိုင် ခဲ့ပါသည်။
ထိုတစ်နေ့က ………
ကိုမြတ် (ရုပ်ရှင်မင်းသားကြီးမြတ်လေး) နှင့် အရာရှိစာရေး ဆရာနှစ်ယောက် ကို ကျွန်တော့် ခြံထဲတွင် ဧည့်ခံနေချိန်။
ခြံထဲသို့ ဇောင်းထက်ဝင်လာသည်ကို မြင်ကတည်းက ကျွန်တော် မျက်ခုံးလှုပ်နေပြီ။ အထူးသဖြင့် အရာရှိကဗျာဆရာကို စာပေရေး ရာ၊ အယူအဆအရ သူအမျက်ပွားနေကြောင်း ကျွန်တော် က သိထားနှင့် နေ ၍ ဖြစ်သည်။
ကိုမြတ်က လှမ်းခေါ်သည်။
“ဇောင်းထက်၊ လာလေကွာ”
“ကျွန်တော် က တွေ့ ရာလူတွေ နဲ့ အရက်မသောက်တတ်ဘူးဗျ”
အနီကတ်ပြရမည့်  ဘေးသို့ ရမ်းခြင်း ဖြစ်သည်။ ကျွန်တော် ပေါက်ကွဲပြီ။
“ဟေ့ကောင်၊ ဒါ ငါ့ဧည့်သည်တွေ ကွ။ မင်းလည်း ဧည့်သည်ပဲ။ အိမ်ရှင်ရှေ့မှာ ဧည့်သည်ချင်း မစော်ကားရဘူးကွ”
ကျွန်တော့် ထက် ကိုမြတ်က ပို၍ ပေါက်ကွဲသည်။
“ဟေ့ကောင် မင်းသစ်၊ မင်းလူတွေ ကို မင်းမနိုင်ရင် မင့်ဝိုင်းကို ငါ့ကိုဘယ်တော့မှ မဖိတ်နဲ့”
ပြောပြောဆိုဆိုဖြင့် ကိုမြတ်က ထပြန်ရန်ပြင်သည်။ ကျွန်တော် နှင့် ဇနီး ဖြစ်သူက ဝိုင်းတောင်းပန် ကြရသည်။
သူကလည်း တောင်းပန်ရှာပါသည်။ သို့ သော် တောင်းပန်ကာမှ ပိုဆိုး သွားပါတော့သည်။ ကြည့်လေ၊ သူ့ရဲ့ တောင်းပန်စကားက…..။
“ကျွန်တော် က ဦးမြတ်လေးနဲ့ အစ်ကိုမင်းသစ်ကို ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူးဗျာ။ တစ်ဝိုင်းတည်း မထိုင်ချင်တဲ့လူတွေ ရှိနေလို့ပါ။ ကဲ ကျွန်တော် သွားပါ့မယ်”
သူထွက်သွားသော အခါ ကိုမြတ်က သက်ပြင်းချပြီး ခေါင်းခါသည်။ ဟိုဆရာနှစ် ယောက် ကတော့ မချိပြုံးလေးများ ဖြင့် …..
ကျွန်တော့် ဇနီး၏ လက်ရာ နာမည် ကျော် “ဘဲသားနှင့် လက်ဖက်” ကို ဝီစကီဖြင့် မြည်းရန် အားခဲထား ကြသော ကျွန်တော် တို့ ဝိုင်းလေးမှာ လည်း ဖရိုဖရဲပြိုကွဲ၍ ကျန်ခဲ့တော့သည်။
သြော် ဇောင်းထက်၊ ဇောင်းထက်. ….။
အခုတော့လည်း လွမ်းလိုက်တာ ညီလေးရယ်။
ဇောင်းထက်ကား ထိုသို့ စိတ်အနှောင့်အယှက်ပေးတတ်သော်လည်း ကျွန်တော် တို့အဖွဲ့တွင် သူပါမှ ပွဲစည်ပါသည်။ သူပါမှ ပိုပျော်ကြရပါသည်။ မကြာခဏ ကျွန်တော် ခြံထဲတွင် ပွဲလုပ်တတ်လေ့ရှိရာ သူ့ကိုပင် အားကိုးရပါသည်။ သူက အစားကောင်းကြိုက်သလို၊ ကျွန်တော့်လိုပင် အချက်အပြုတ်လည်း ဝါသနာပါ သော ကြောင့် ပို၍ တွဲ ဖြစ်ကြပါသည်။
နှစ် စဉ် ဒီဇင်ဘာ (၃၁) ရက် ညနေမှ နှစ် ဆန်း ဇန်နဝါရီ (၁) ရက်နေ့မနက်အထိ ညလုံးပေါက် ဆင်နွဲကြသော ကျွန်တော့်ခြံထဲမှ နှစ် ကူးပွဲကို အစမှအဆုံးတိုင် ပတ်စာခွာဖျာသိမ်းအထိ သူက တာဝန်ယူ ပါသည်။
ထိုပွဲမတိုင်မီ ဒီဇင်ဘာတတိယပတ်ကတည်းက သူနှင့် ရဲဘော်ချစ်ဟန် (ကဗျာဆရာ မောင်ချစ်နီ) တို့ သည် Burgandy Punch (Cocktail) အတွက် အရက်များ ကြိုတင်စုဆောင်းခြင်း၊ သစ်သီးမျိုးစုံရအောင် ရှာဖွေဝယ်ယူခြင်းတို့ကို အားကြိုးမာန်တက်လုပ်ဆောင်ကြပါသည်။ Coktail တွင် ထည့်ရန် ကောက်ရိုးအစ အင်းစိန်ဖော့ကန်အထိသွားပြီးရှာပါသည်။
ဒီဇင်ဘာ (၃၁)ရက် မနက်အစောကြီး (၄) နာရီခန့်တွင် ဆင်မလိုက်ဝက်သတ်ရုံသွားပြီး ၀က်သားများ ၀ယ်ရာတွင် လည်း သူနှင့် ကိုချစ်ဟန်တို့က တာဝန်ယူသော ကြောင့် ကျွန်တော် သက်သာရာရပါ သည်။ တစ်နေ့လုံး ချက်ရာပြုတ်ရာတွင် လည်း သူ့မှာ ချွေးတလုံးလုံးဖြင့် …။
ညနေဘက်တွင် ၃၃ လမ်း၊ လေထန်ကုန်းတွင် ကဗျာဆရာ၊ စာရေး ဆရာ၊ ပန်းချီဆရာများ ကို သူပင်လူစု၊ ဘတ်စ်ကားငှားပြီး ကျွန်တော့် ခြံသို့ ဦးဆောင်ခေါ်လာပါသည်။
လူ ၁၀၀ ကျော်ခန့် စားပွဲတန်းအရှည်ကြီးဖြင့် စားကြသောက်ကြသော နှစ် သစ်ကူးညစာစားပွဲကို ဘာတစ်ခုမှ မလစ်ဟင်းရအောင် သူပင်ကြီးကြပ်စီမံပါသည်။ ရမ်၊ ၀ီစကီ၊ ဘီအီးအရက်ဖြူတို့ဖြင့် စတင် သန္ဓေတည်ခဲ့သော ကျွန်တော် တို့၏ cocktail အရက်စဥ့်အိုးကြီးမှာ သန်းခေါင်ကျော်လျှင် စိုးရိမ်ရေမှတ် အောက်ရောက်နေလောက်ပါပြီ။ စိုးရိမ်စိတ်ဖြင့် သွားကြည့်လျှင် အိုးကားပြည့်မြဲ၊ လျှံမြဲ။
ကျွန်တော် မသင်္ကာတော့။ သူတို့ တိုးတိုးခေါ်မေးရသည်။
“ဇောင်းထက်၊ အိုးထဲကို မင်းဘာတွေ ထပ်ထည့်ထားတာလဲ။”
“အဟီး၊ ကိုးဖိုးကြည်ဆိုင်က ထွေးညိုအလုံးနှစ် ဆယ်နဲ့ ရေး နွေးကြမ်းတွေ ထပ်ရောထားတာလေ။ သကြားရည်လည်း ထည့်ထားပါသေးတယ် အစ်ကိုရဲ့ ”
“ကောင်းကွာ၊ ငါ့ cocktail တော့ ပျက်ပါပြီ”
“ဒီအချိန်ကြီးမှာ ၊ ဒီအရက်ပဲဝယ်လို့ရတော့တာ အစ်ကိုရ။ မပူပါနဲ့ဗျာ။ အစ်ကို့လူတွေ ဘာအရက် ထည့်ထည့်၊ ဘာမှမသိတော့ပါဘူး။ ဟိုမှာ အားလုံးမှန်နေကြပြီ။”
မှန်၏ ။ ထိုစဉ် မောင်သာချို (ဂျက်-ကွမ်းခြံကုန်း) ၏ အဆုံးတွင် တိမ်ဝင်သွားသော သီချင်းသံကြီးကို ကြားလိုက်ရသည်။
“အချစ်ဆိုတာ xxxx ပြန်တောင်းလို့လည်း xxxx ရကောင်းသော အရာ xxxxx ဟုတ်ပါသလား xxx ဟား. . . ဟား xxx သက်လျာဖြေစမ်းပါ xxx အာ xx အာ”
ဝိုင်းအလယ်မှ မီးပုံကြီးကား ဇောင်းထက်ပစ်ထည့်နေသော ဂက်စ်မီးခြစ်များ ကြောင့် တဖောင်း ဖောင်းတရှူးရှူး သံစုံမြည် လျက်၊ စိမ်းဝါနီပြာရောင် စုံဖြာလျက်၊ ကြည့်၍ ပင်ကောင်းသေးတော့။
မနက်မိုးလင်းတော့ ဘယ်သူမှ မီးခြစ်မရြှိ ကတော့။
မဟေသီမဂ္ဂဇင်းတွင် လွမ်းရတဲ့သူတွေ ဆရာဗန်းမော်တင်အောင်အကြောင်းရေး စဉ်က လူချော လူလှဆရာများ ကို ကျွန်တော် စာရင်းတင်ခဲ့မိပါသည်။ မစုံလင်ခဲ့ပါ။ ယခုစာရင်းထပ်ပြုချင်ပါသေးသည်။
ဗန်းမော်တင်အောင်၊ ၀င်းဦး၊ မောင်လွန်းကြင်၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မောင်သွေးသစ်၊ ပြေဆေး-၂၊ မေမြို့မိုးကြည် စသော စာပေမင်းသားချောများ ၏ စာရင်းထဲတွင် ကျွန်ုပ်တို့၏ ဇောင်းထက်ကိုပါ ထည့်သွင်းဖော်ပြမှပြီးပြည့်စုံပါလိမ့်မည် ။
ထို့ကြောင့် ပင် သူ့မှာ အိမ်ထောင်ရှိမှန်းသိကြလျက်နှင့် ချစ်သူတွေ ၀ိုင်းဝိုင်းလည်ခဲ့ရသည်။ ကျွန်တော် နှင့် ယမုံတို့က ပြင်းပြင်းထန်ထန်ကန့်ကွက် တားဆီးကြပါသည်။ ကျွန်တော် တို့က နောက်ဆုတ် ခိုင်းလျှင်တော့ သူခမျာနောက်ဆုတ်ရှာပါသည်။
ကျွန်တော် က သူ့ကိုအကြံပေးဖူးသည်။
“ဇောင်းထက်၊ မင်းကျောင်းဆရာအလုပ်ထွက်ပြီး မင်းသားလုပ်ကွာ၊ မင်းက ဖြစ်မှာ ကွ။ ငါ့မှာ ပိုက်ဆံ ရှိရင် မင်းကိုမင်းသားတင်ရိုက်တယ်”
“ဟာဗျာ၊ အစ်ကိုကလည်း . . . . ”
တစ်ဝိုင်းလုံးဝိုင်းရယ်ြ ကတော့ မရှက်စဖူးရှက်ပြီး သူမျက်နှာမထားတတ် ဖြစ်နေသည်။ မှတ်မှတ်ရရ ၁၉၉၀ ပြည့်နှစ် ။
သို့သော် ကျွန်တော့လိုပင်တွေးမိသော ဒါရိုက်တာဝဏ္ဏ က “မြောက်ပြန်လေတွင် တင်သော ကမ္ဗည်း” ဇာတ်ကားတွင် သိန်းဇော်၊ စိုးမြတ်သူဇာတို့နှင့် တွဲ ဖက်ပြီး သူ့ကို ဒုတိယမင်းသားတင်ရိုက်သည်။ ထိုကား တွင် သူ့ကိုလူကြိုက်အများ ဆုံး ဖြစ်ခဲ့သည်။ ကျွန်တော် ဂုဏ်ယူ၍ မဆုံး။ ပါးစပ်ကလည်း ကိုယ့်ငါးချဉ်ကိုယ် ချဉ်ပြီး. . . . .
“ငါ့တို့ကောင်က၊ ခေါင်းဆောင်မင်းသားထက်တောင် ချောပါသေးတယ်ကွာ” ဟု ကြွားမိသေးသည်။
ထိုကားတွင် နာမည် ရသွားသော ကြောင့် ဒါရိုက်တာကြည်စိုးထွန်း က သိန်းဇော်၊ မေဆွိ၊ မေသန်းနု တို့နှင့် အတူ “မိုးညအိပ်မက်မြူ” ဇာတ်ကားတွင် အဓိကဇာတ်ပို့မင်းသားနေရာတွင် သူ့ကိုနေရာပေး ရိုက်ကူးခဲ့သည်။ အောင်မြင်တာပါပဲခင်ဗျာ။
ထို့နောက် ဒါရိုက်တာမောင်ဝဏ္ဏကပင် ရန်အောင်၊ မေသဉ္ဇာဦးတို့နှင့် တွဲ ဖက်၍ “အမုန်း အလိုမရှိ” ဇာတ်ကားနှင့် ကျော်သူ၊ မေသန်းနု နှင့် ဇောင်းထက်ကို တွဲ ဖက်စေပြီး “ပန်းတွေ နဲ့ဝေ” ရုပ်ရှင်ကားတို့ကိုလည်းကောင်း ဆက်တိုက်ရိုက်ကူးခဲ့သည်။ အခြားကုမ္ပဏီတွေ ကလည်း ခေါင်းဆောင်မင်းသားအ ဖြစ်တင်ရိုက်ရန်၊ စကားကမ်းလှမ်းလာကြပြီ။ ဇောင်းထက် ရုပ်ရှင်ပိုးဝင် သွားပြီ။
သို့သော် ထိုသို့အရှိန်ကောင်းနေဆဲ၊ ၁၉၉၃ ခုနှစ် ဦးပိုင်းတွင် သူတမလွန်သို့ ထွက်ခွာသွား ခဲ့သည်။ အသက်က ၃၃ နှစ် သာရှိသေးသည်။
ဇောင်းထက် ကွယ်လွန်တိမ်းပါးသွားခြင်းမှာ မြန်မာစာပေလောကအတွက် ကဗျာဆရာ၊ ဝေဖန်ရေး ဆရာကောင်း တစ်ယောက် ဆုံးရှုံးသွားရုံသာမက မြန်မာရုပ်ရှင်လောကအတွက်လည်း သရုပ်ဆောင်ကောင်း တစ်ယောက် ဆုံးရှုံးခဲ့ရပါသည်ဟု ကျွန်တော် ဆိုလိုက်ချင်ပါသည်။
သူကွယ်လွန်သော အခါ သူ့သားလေး ၂ ယောက် ကို သူ၏ မိခင်ကြီးနှင့် ညီများ က ကျွန်တော် ထံမှ ပြန်ခေါ်သွားကြသည်။
မှတ်မှတ်ရရ၊ အိမ်မှာ ကျွန်တော် မရှိ။
ဇောင်းထက်ကို လွမ်းတဲ့စာမရေး ခင် ယမုံ၊ မောင်သာချိုတို့နှင့် တိုင်ပင် ဖြစ်သော အခါ အင်းလျားလိတ်ဇာတ်လမ်းလေးလည်း မမေ့မလျော့ပါအောင်ရေး ဟု သူတို့ကပြောကြသည်။
ဟုတ်ကဲ့၊ တကယ်ကို ရင်သိမ့်တုန်အမှတ်တရပါပဲခင်ဗျား။
၁၉၈၆
ကျွန်တော် တို့အုပ်စုထဲမှ ကိုဌေးသိန်း (နောင်ကျော်) တစ်ယောက် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် အချိန်ပြည့်နည်းပြဆရာအ ဖြစ် ခန့်အပ်ခြင်းခံရသည်။
ဇာတ်လမ်းက ဤတွင် စသည်။ ထုံးစံအတိုင်း မီးစိမ်းစပြသူမှာ ဇောင်းထက်။
“ကဲ . . . ဌေးသိန်း၊ ဘာကျွေးမလဲ။ တစ်ဆိုင်ဆိုင်သွားကြစို့ ။”
“နေပါဦးဟ ဇောင်းရ။ လခတောင်မထုတ်ရသေးပါဘူး”
ကိုဌေးသိန်းက တောင်းပန်ရှာသည်။ ဤတွင် ကျွန်တော် က လေတစ်လုံးမိုးတစ်လုံး စကားကြီးစကားကျယ်တွေ သုံးပြီး ဆရာကြီးဝင်လုပ်သည်။
“ဒီမှာ ကိုဌေးသိန်း။ ခံစားမှု ဆိုတာ ရက်စွဲရွှေ့လို့မရဘူးဗျား။ ဒီနေ့ခန့်စာရတယ်။ ဒီနေ့ အောင်ပွဲခံမှ ခံစားမှု က ရာနှုန်းပြည့်ရမှာ ပေါ့ဗျ။ အခုလိုသမျှပိုက်ဆံ ကျွန်တော် စိုက်ပေးထားမယ်။ နောက်မှ ကျွန်တော့ကိုပြန်ပေး။”
ကိုဌေးသိန်း မငြင်းနိုင်ရှာ။ အခုအသက်ကြီးလာမှ သူ့ကိုအားနာမိတော့သည်။ သူ့မမျာ ကျွန်တော့် ကို ထိုအကြွေးများ ကြိုးစားပြီးဆပ်ခဲ့ရပေမည် ။ ဆောရီးပဲ ဆရာနောင်ကျော်ရေ . . . ။
ပထမ တက္ကသိုလ်ရိပ်သာလမ်းက “ပြည့်ဝ” မှာ စားသောက်ကြသည်။ အရှိန်လေးရလာ တော့ ကျွန်တော် က ထပ်လျှာရှည်ပြန်သည်။
“ကဲ . . . အစာပိတ်အ ဖြစ် အင်းလျားလိတ်မှာ ထပ်ပြီးအောင်ပွဲခံမယ်။ သွားကြစို့။”
ယမုံ၊ မောင်သာချို၊ ဌေးလွင်၊ ရဲလွင်၊ ဇောင်းထက် …။ ကန့်ကွက်မည့် သူ တစ်ယောက် မှ မရှိပါ။ အလှူရှင် ကိုဌေးသိန်း (နောင်ကျော်) ကလည်း အရှိန်လေးနှင့် အတူ တက်ကြွနေလေပြီ။
သို့ဖြင့် အင်းလျားလိတ်သို့ရောက်ခဲ့ရသည်။
ခါတိုင်း သည်လိုအချိန်မျိုးတွင် ကားများ ဖြင့် ပြည့်ကျပ်နေသော အင်းလျားလိတ်ဟိုတယ် ကားရှင်းလင်းခြောက်သွေ့လျက်။ ထိုင်နေကျ Chinese Restaurant တွင် လည်း ကျီးနှင့်ဖုတ်ဖုတ်။ စားပွဲထိုး ၂ ယောက် နှင့် ငွေကိုင်တို့က ထိုင်ငိုက်နေကြသည်။
“ကဲ . . . ကိုမင်းဒင်ရေ၊ ဘီယာခြောက်လုံးပေးဗျာ။ ပြီးတော့ . . . ”
“ဆောရီးဆရာ၊ ဒီနေ့ ကျောက်မျက်ရတနာပြပွဲရှိလို့ ဗမာတွေ ကို အရောင်းပိတ်ထား ပါတယ်။ ဖော်ရင်နာ (Foreigner) ပဲရောင်းရမယ်လို့ ညွှန်ကြားထားပါတယ်”
“ဘာဗျ”
စာရှုသူ မိတ်ဆွေ။ ၁၉၈၆ ခုနှစ် က ဖြစ်ရပ်မှန် ဖြစ်ပါသည်။
“ဒုန်း”
စားပွဲခုံကို လက်သီးနှင့် ထိုးချလိုက်သူမှာ ဇောင်းထက်။ ယမုံ၏ မျက်နှာကြီးကလည်း နီရာ ကညိုမှော င်လာပြီ။
ဤနေရာမျိုးတွင် မောင်သာချို (ဂျက်ကွမ်းခြံကုန်း) က အားကိုးရသည်။ ပါးရည်နပ်ရည် ရှိသည်။
“ဟေ့ . . . ဟေ့၊ မောင်ရင်တို့ စိတ်ထိန်းကြ။ ခြောက်တစ်နဲ့ငြိသွားမယ်။ ရုပ်ရှင်မင်းသား ဇော်ခင် စထရင်းဟိုတယ်မှာ ဒုက္ခရောက်သွားတာ မှတ်မိတယ်မို့လား”
သို့ဖြင့် ယမုံနှင့် ဇောင်းထက်ကို အားလုံးဝိုင်းထိန်းပြီး အင်းလျားလိတ်မှအောင်မြင်စွာ ဆုတ်ခွာခဲ့ရသည်။ ဟိုတယ်အပြင်ရောက်တော့ ခါတိုင်းရှိနေကျ တက္ကစီတစ်စီးမှမရှိ။ ဤသည်ပင် ပြဿနာ၏ အရင်းခံ ဖြစ်တော့သည်။
သည်တော့လည်း ကမ္ဘာအေးဘု၇ားလမ်းရောက်အောင် ခြေကျင်ကြိတ်ကြရတော့၏ ။ ဇောင်းထက်ကား တစ်လမ်းလုံး ဟိုခဲကန်၊ ဒီသစ်ပင်ရိုက်နှင့် ပေါက်ကွဲလာ၏ ။ သို့ဖြင့် က-ပ-စထိပ် သို့ ရောက်သော အခါ “မကွေ့ရ” ဆိုသော ဆိုင်းဘုတ်အ၀ိုင်းကြီးကို ဇောင်းထက်က လက်သီးဖြင့် ထိုးချလိုက်၏ ။
“ဒုန်း”
“ရဲဘော်တွေ အဲဒီ လူတွေ ကို အထဲခေါ်ခဲ့”
အတွင်းမှထွက်လာသော ထိုအမိန့်သံနှင့် အတူ ကျွန်တော် တို့တစ်အုပ်စုလုံး ကင်းရုံတစ်ခု အတွင်းသို့ ရောက်သွားကြရတော့၏ ။ လူငယ်အရာရှိ တစ်ယောက် က ကျွန်တော် တို့အားလုံးကို စေ့စေ့ကြည့်ရင်း . . . ။
“အထဲမှာ ကျောက်မျက်ပွဲရှိတယ်။ အချိန်မရွေးလူကြီးတွေ ရောက်လာနိုင်တယ်။ ခင်ဗျားတို့ဟာက လမ်းလယ်ကောင်က လမ်းညွှန်ဆိုင်းဘုတ်ကိုတောင်ထုတ်တယ်။ ရိုက်တယ် ဆိုတော့ လွန်နေပြီ။ ဟေ့ . . . ရဲဘော် တစ်ယောက် မရမ်းကုန်းရဲစခန်းကို ဖုန်းဆက်စမ်း”
“မ. . . မ . . . မလုပ်ပါနဲ့ ဗိုလ်ကြီးရယ်။ ဒီဆရာတွေ အားလုံး ရန်ကုန်တက္ကသိုလ်က ဆရာတွေ ပါ။ အထဲမှာ အဆင်မပြေခဲ့လို့ ပေါက်ကွဲသွားတာပါ”
ဆီးရွက်လောက်မျက်နှာလေးနှင့် ကျွန်တော် က လေပြည်ထိုးရသည်။
ဗိုလ်ကြီး၏ မျက်နှာ အနည်းငယ်ပြေလျော့သွားသည်။
“ဘယ်လို ဖြစ်ခဲ့တာတုန်း၊ ရှင်းပြပါဦး”
“ဒီလိုပါ ဗိုလ်ကြီးရဲ့ ။ ကျွန်တော် တို့ တစ်ခါတစ်လေ ဘီယာလေး သောက်ချင်လို့ အင်းလျားလိတ်ကိုလာတာပါ။ ဒီကျမှ ဗမာတွေ ကို မရောင်းဘူးဆိုလို့ စိတ်တိုသွားမိတာပါ”
“ဘာ၊ ဗမာတွေ ကိုမရောင်းဘူး။ ဟုတ်လား”
ဤတွင် ကျွန်တော် က မင်းသားဇောင်းထက်ပင် မမီနိုင်သော အက်တင်ဖြင့် ငိုချင်းချပြရ တော့သည်။
“ဗိုလ်ကြီးပဲ စဉ်းစားကြည့်လေ။ မြန်မာနိုင်ငံက ပြည်သူတွေ ပိုင်တဲ့ ဟိုတယ်ကြီးမှာ ဗမာတွေ ကိုမရောင်းဘူးဆိုတော့။ ကျွန်တော့် တို့မှာ ရင်နာပေါက်ကွဲမိတာပေါ့ခင်ဗျာ။ နောက်လည်းမလာ တော့ပါဘူး ဗိုလ်ကြီးရယ်”
ဗိုလ်ကြီးက တစ်ဖက်သို့ လှည့်ပြီးပြုံးသည်။
“ကဲ . . . ကဲ၊ ခင်ဗျားတို့ ငြိမ်ငြိမ်သက်သက် ပြန်ြ ကတော့။ တက္ကသိုလ်ကဆရာတွေ ပဲဗျာ။ ကိုယ့်သိက္ခာနဲ့ကိုယ်နေကြစမ်းပါ။ ကဲ . . . ပြန်ကြ၊ ပြန်ကြ”
မှတ်ကရော။ ကျွန်တော် ကတော့ နေရာတကာလူတွင် ကျယ်ကြီးလုပ်ချင်သော ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲနေမိသည်။ ဒီအဖွဲ့ထဲမှာ ကျွန်တော် ကအကြီးဆုံး၊ အမိုက်ဆုံး ဖြစ်နေ သည်။ ခံဦးဟ။
ဇောင်းထက်တို့၊ ယမုံတို့ ကတော့ ထီမထင်မျက်နှာပေးတွေ ကို တစ်ရွေးသားမှမလျှော့။ သေးခြင်းဆိုးလေးတွေ ။
ဤသို့လျှင် မသပ်ရပ်နှင့် ထင်ရာစိုင်းတတ်သော ဇောင်းထက်ထံမှ လှပသပ်ရပ်သော ကဗျာများ ၊ စာများ ထွက်လာတတ်သည်မှာ ကြည်နူးစရာပါပင်။
ဤစာစုရေး နေစဉ်တွင် ကျွန်တော့စားပွဲပေါ်မှာ မောင်သာချိုလာပေးထားသော သူ၏ ကဗျာတစ်ပုဒ်က အဆင်သင့်ရှိနေသည်။ သူ့အကြောင်းကို ကျွန်တော် ရေး ပြသည်ထက်၊ သူကိုယ်တိုင် ရေး သော ကဗျာကို စာရှုသူဖတ်ကြည့်လျှင် သူ့ကိုပိုသိ၊ ပိုနားလည်နိုင်လိမ့်မည် ဟု ထင်ပါသည်။
ပြေးလမ်း
သဘာဝ တရားဟာ
အစာရှာနေတဲ့ သိမ်းငှက်တစ်ကောင်လို
ကမ္ဘာမြေကို အုပ်ချထားလိုက်ရဲ့ . . . ။
အဲဒီ . . .
မွဲပြာပြာသိမ်းငှက်ရဲ့
မည်းနက်တဲ့ အတောင်တစ်ဖက်အောက်မှာ
ငါဟာ
မြေကမ္ဘာရဲ့ သန်းတစ်ကောင်အ ဖြစ်
လောကကြီးကို ချစ်နေခဲ့ . . . ။
အမြဲတမ်းပါပဲ။
ဝှီးခနဲ
ဝှီးခနဲ
ဒုက္ခဆိုတဲ့ ဘီးစိပ်မွဲမွဲတွေ ဟာ
ကမ္ဘာ့အရေခွံလွှာကို ခြစ်ဆွဲလို့နေကြ . . . ။
ပြေးစမ်း
ပြေးစမ်း
လေးညှို့ကထွက်တဲ့ မြားတစ်စင်းလို
ရှင်သန်ခြင်းပစ်မှတ်ကို ဆုံဖို့
ဘီးစိပ်ကျဉ်းကျဉ်းတို့ကြားမှာ
ပြေးစမ်း … . ။
ပြေးစမ်း
ပြေးစမ်း
သန်း ၅၀၀၀ ရဲ့ အနမ်း
သန်းတစ်ကောင်ရဲ့ အလွမ်း
နဂါးငွေ့တန်းကို ရှိုက်နမ်းဖို့
ဘီးစိပ်ကျဉ်းကျဉ်းတို့ကြားမှာ
ပြေးစမ်း . . .။
ပြေးစမ်း
ပြေးစမ်း
အရေပြားပါးလွှာလွှာထဲကအစာ
သန်းတစ်ကောင်ရဲ့ ကမ္ဘာရှင်သန်ဖို့
ဘီးစိပ်ကျဉ်းကျဉ်းတို့ကြားမှာ
ပြေးစမ်း . . . .။
ပြေးစမ်း
ပြေးစမ်း
တောမီးရဲရဲတွေ ကြားက
ဝမ်းဟာနေတဲ့ကြောင်တစ်ကောင်လို
အမှော င်ကို အကာအကွယ်ခိုရင်း
ဘီးစိပ်ကျဉ်းကျဉ်းတို့ကြားမှာ
ပြေးစမ်း . . . ။
ပြေးစမ်း
ပြေးစမ်း
အသက်ရှူသံတွေ ကို ကျောပိုးရင်း
မျှော်လင့်ခြင်းဆံစတွေ ကို တွယ်ဖက်ရင်း
ဘီးစိပ်ကျဉ်းကျဉ်းတို့ကြားမှာ
ပြေးစမ်း . . . ။
ပြေးစမ်း
ပြေးစမ်း
ရေတွင်းဆိုးနှုတ်ခမ်းမှာ
ဒုက္ခဆိုတဲ့ ဘီးစိပ်မွဲမွဲတွေ ဟာ
ကမ္ဘာ့အရေခွံလွှာကိုခြစ်ဆွဲ
ကဲ . . .
ပြေးလိုက်စမ်း
သန်းတစ်ကောင်း။ ။
ဇောင်းထက်
ကဗျာကိုဖတ်ပြီးတော့ သူနှင့် အတူမောနေမိသည်။
နားပါတော့ ညီလေးရယ်။ ။
မင်းသစ်
မောင်ထင်
“မင်းသစ်ရေ၊ မင်းသစ်”
နားထဲမှာ ကျွန်တော့်ကို ခေါ်သံကြားနေရသည်ဟု ထင်သည်။ ၁၉၈ဝ - ပြည့်လွန်နှစ် များ ၏ တစ်ခုသော ဆောင်းနံနက်ခင်း ဝေလီဝေလင်းအချိန်ဝယ်၊လူကအိပ်ချင်မူးတူး ဖြစ်နေဆဲ။ ခေါ်သံက ထပ်ပေါ်လာပြန်သည်။
“မင်းသစ်ရေ၊ ဟဲ့-ရှယ်လီရော၊ မထကြသေးဘူးလား”
ကျွန်တော် တော် တော် ဒေါသထွက်သွားသည်။ ရန်ကုန်မြို့လယ်တွင် ကျူရှင်ဖွင့်ထားသော ကျွန်တော့် မှာ အားလပ်ရက်ဟူ၍ သည်လိုတနင်္လာတစ်ရက်သာရှိသည်။ နေ့စဉ်မနက်၅နာရီခွဲတွင် အိမ်မှထွက်ရပြီးတစ်နေကုန်စာသင်၊ ည ၇နာညီခွဲအတန်းပြီးမှ အိမ်ပြန်ရသည်။ ထို့ကြောင့် တနင်္လာ နေ့တစ်ရက်သာ၊ မိုးလင်းနေထွက်သည်အထိ အိပ်ရသည်။ ခုတော့ဘယ်သကောင့်သားတွေ ကများ လာနှောက်ယှက်နေကြပါလိမ့်။ အရက်သောက်ဖို့လာခေါ်ကြတာဆိုရင်တော့၊ သင်းတို့လွန်လွန်းပြီ။
“ဒါလင်၊ ဘယ်သူတွေ လဲ၊ ကြည့်စမ်း”
ဇနီး ဖြစ်သူက ခန်းဆီးလိုက်ကာကို အသာလှပ်၍ ကြည့်လိုက်သည်။
“အမယ်လေး၊ ဒုက္ခပါပဲ”
“ဘယ်သူတွေ လဲကွ”
“ဆရာမောင်ထင် ရှင့်၊ အန်တီလည်းပါလာတယ်”
“ဟေ”
မျက်လုံးကျယ်သွားရုံမက၊ ပြူးထွက်သွားသည်ထင်ပါ၏ ။ ဇနီးသည်ကအိမ်တံခါးကို ဖွင့် လိုက်ရင်း…..၊
“ကြွပါဆရာ၊ ကြွပါ အန်တီ”
အိပ်ခန်းထဲမှ ကုပ်ချောင်းချောင်းဖြင့် ထွက်လာသော ကျွန်တော့် ကိုမြင်သည်နှင့် ဆရာက တရစပ်ကြိမ်းမောင်းတော့သည်။ ကျွန်တော့် ဇနီးလည်းအဆစ်ပါသွားသည်။
“မင်းတို့ကွာလူငယ်တွေ လုပ်ပြီးတော့ ဝိရိယနည်းလိုက်ကြတာ။ ငါတို့လင်မယားတောင် ဈေးဘက်တစ်ပတ်ပတ်ခဲ့ပြီးပြီ”
“ဒီနေ့အလုပ်မရှိလို့ပါဆရာ”
ညောင်နာနာအသံလေးဖြင့် ကျွန်တော် က လေပြည်ထိုး၏ ။
“အလုပ်မရှိလည်း၊ မနက်စောစောထပြီး၊ ငါတို့လိုကျန်းမာရေး အတွက်လမ်းလျှောက်ကြ ပေါ့ကွ။ ဘာလဲ၊ညကသောက်တာများ သွားလို့လား၊ ခွေးမသားလေးရဲ့ ”
“မဟုတ်ပါဘူးဆရာ။ သူအိပ် သွားပါစေတော့ဆိုပြီး၊ ကျွန်မကမနှိုးဘဲထားလို့ပါ”
ကျွန်တော့် ဇနီးကဝင်၍ ကာကွယ်ရှာသည်။ သည်တော့မှသူ့ကိုပါတိုက်ရိုက်ထိတော့သည်။
“အေး၊ သူမထတောင်၊ နင်ကမိန်းမပဲ။ စောစောထပြီး လုပ်ကိုင်နေရမှာ ပေါ့ ရှယ်လီရ”
ကျွန်တော် ဇနီး ခေါင်းလေးပုဝင်သွားသည်။ သည်တွင် ကျွန်တော် ကစကားလမ်းကြောင်း လွှဲရန်ကြိုးစားသည်။ ဇနီးသည်ဘက်သို့ လှည့်ပြီး…
“ဆရာတို့အတွက်၊ ဘရိတ်ဖတ်(စ်)စီစဉ်ကွာ”
“ဘာမှလုပ်မနေနဲ့။ ငါတိုနှစ် ယောက် လုံးဈေးကြီးနားမှာ စားခဲ့ပြီးပြီ။ မင့်ကိုဒီနေ့စာပေဗိမာန် ကိုခိုင်းစရာရှိလို့၊ မင်းတို့ဘက်လှည့်ဝင်လာတာ”
“ဟုတ်ကဲ့ဆရာ”
“အေး - ဆယ်နာရီလောက် အိမ်ကိုလာခဲ့”
စကားဆုံးသည်နှင့် သ ချာခနဲလှည့်ထွက်သွားသည်။ အန်တီကသာ အားနာပြုံးလေးနှင့် နှုတ်ဆက်သွားရှာပါသည်။ သည်တော့မှကျွန်တော် တို့ ”ဟင်း” ချနိုင်တော့သည်။
ထိုနေ့မှစ၍ ကျွန်တော် တို့ လင်မယားနှစ် ယောက် စလုံး စောစောထသည့် အကျင့်ရ သွားပါ သည်။
ထိုစဉ်က ဆရာနှင့် ကျွန်တော် တို့မှာ အိမ်ချင်းနီးကြပါသည်။ ဆရာက ကမာရွက်သုခလမ်းရှိ ခြံကြီးထဲမှာ ရပ်ကွက်တွင်းရှိ ကလေးများ က “အိမ်မည်းကြီး” ဟုခေါ်သော နှစ် ထပ်အိမ်ကြီး တစ်လုံး တွင် နေပါသည်။
သို့ သော် ထိုအိမ်ကြီးတွင် ဆရာနေကြောင်း ကျွန်တော် အသိခဲ့ပါ။ ဆရာတင်မိုးခေါ်သွားမှ ရောက်ဖူးပြီး၊ ဆရာနှင့် လည်းခင်မင် ရင်းနှီးခွင့်ရခဲ့ပါသည်။ သို့ ဖြင့် ဆရာအိမ်ကိုကျွန်တော် ချောင်း ပေါက်ခဲ့တော့၏ ။
ကျွန်တော် မကြာခဏရေး ဖူး၊ ပြောဖူးပါသည်။ ကျွန်တော့် ဘဝတွင် အားကျကြည်ညိုသူ ပုဂ္ဂိုလ် ၁၁ ဦးရှိပါသည်။ ရှင်မဟာရဋ္ဌသာရ၊ စလေဦးပုည၊ မိုးပါဆွန်း၊ သခင်ကိုယ်တော် မှိုင်း၊ လီနင်၊ တဂိုး၊ မောင်ထင်၊ မင်းသုဝဏ်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်နှင့် တင်မိုးတို့ ဖြစ်ပါသည်။
ထိုအထဲတွင် သရော်သမား ဖြစ်ချင်သော ကျွန်တော့် အတွက် မိုပါဆွန်းနှင့် မောင်ထင်သည် ကျွန်တော် ဦးခိုက်ရာ၊ ကြားဆရာ၊ မြင်ဆရာကြီးနှစ် ဦး ဖြစ်ပါချေ၏ ။
ဆရာ၏ မြန်မာပြန်များ မှတစ်ဆင့်၊ မိုပါဆွန်းကို သိခဲ့ရသည်။ ဆရာ၏ “ ကမ္ဘာစာပေအညွှန်း” များ ကြောင့် ၊ ကမ္ဘာ့စာပေနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ဆရာ၏ ပင်ကိုရေး ဝတ္ထုများ ကြောင့် ၊ ဝတ္ထု စာပေကို ဖန်တီးဖွဲ့တည်နည်းကို သဘောပေါက်ခဲ့ရသည်။
ကဗျာနှင့် ပတ်သက်လျှင်ကား၊ ကျွန်တော့် ကျေးဇူးရှင်များ မှာ ရှင်မဟာရဋ္ဌသာရ၊ မင်းသုဝဏ် နှင့် တင်မိုးတို့ ဖြစ်ပါသည်။
စကားပြေနှင့် ပတ်သက်လျှင်ကား၊ ကျွန်တော် သည်ဆရာမောင်ထင်၏ အန္တေဝါသိက တပည့်ကြီးအ ဖြစ် ကိုယ့်ကိုယ့်ကိုယ် ခံယူထားပါသည်။
သို့ သော် ယနေ့အထိဆရာကောင်းတပည့် ဖြစ်မလာသေးပါ။
ခွင့်လွှတ်ပါ ဆရာ။
သို့ ဖြင့် ဆရာနှင့် အိမ်ချင်းနီးသော ကြောင့် ဆရာသည် ကျွန်တော် ၏ ကြားဆရာ၊ မြင်ဆရာသာမက၊ သင်ဆရာကြီးပါ ဖြစ်လာပါတော့သည်။ စာပေအနုပညာသာမက၊ အခြားပညာ ရပ်အမျိုးမျိုးတွင် ပါ ဖြစ်လာပါတော့သည်။ စာပေအနုပညာသာမက၊ အခြားပညာရပ်အမျိုးမျိုးတွင် ပါ၊ ကျွန်တော် အတွက် A WALKING DICTIONARY (လမ်းလျှေက်နေသေယ အဘိဓာန်ကြီး)နှင့် A TALKING ENCYCLOPEDIA(စကားပြောနေသော စွယ်စုံကြီးတစ်ဆူ) ဖြစ်လာပါတော့သည်။
ကျွန်တော့် ကုသိုလ်ကြောင့် ၊ ဆရာအရတော် ပေခဲ့ရသည်ဟုနှလုံးသွင်းဆင်ခြင်မိပါသည်။
အထူးသဖြင့် အင်္ဂလိပ်သဒ္ဒါနှင့် ပတ်သက်၍ အင်္ဂလိပ်လူမျိုးဆရာများ (NATIVE SPEAKERS) များ ပင်မှားတတ်ကြသော ၊ PREPOSITIONS နှင့် ARTICLESသုံးပုံများ ကို သင်ပေးခဲ့သော ကျေးဇူး ကားကြီးမားလှပါသည်။
သို့ သော် ဆရာကား၊ တစ်ခါတရံ စိတ်တိုတတ်၏ ။ မမှားသင့်သော ဘာသာစကားအသုံး အနှုန်းများ ကို ကျွန်တော် မှားသော အခါတွင် မှု ….
“ခွေးမသားလေး၊ ဘွဲ့ရ တစ်ယောက် လုပ်ပြီး ဒါလေးတောင်မှားရသလားကွ” ဟု ထောပနာပြုတတ်ပါသည်။
အခုတော့ ကျွန်တော့် ကိုဆဲရင်း ဆိုရင်း၊ မညည်းမညူသင်ပေးတတ်သော ဆရာကား မရှိတော့။
ဆဲသံလေးကို လွမ်းလိုက်တာဆရာရယ်။
မကြာမီ ကျွန်တော် ၏ ဝတ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေတော့မည် ဖြစ်သဖြင့် လွန်ခဲ့သော နှစ် ပေါင်းလေးဆယ်ကျော်က၊ ကျွန်တော် ရေး ခဲ့သော ဝတ္ထုတိုများ ကိုပြန်ဖတ်ကြည့်ရင်း ကျွန်တော် ပြုံးမိသည်။
ထိုဝတ္ထုများ ကား မင်းသစ်ရေး သော ဝတ္ထုတိုများ မဟုတ်။ မောင်ထင့်လေ၊ မောင်ထင့်ဟန်ဖြင့် ရေး ထားသော ဝတ္ထုတိုများ သာ ဖြစ်နေချေသည်တကား။
သို့ သော် ကျွန်တော် မရှက်ပါ။ ဆရာ့ကိုတူအောင် “တု” နိုင်ခဲ့သဖြင့် ယနေ့အထဂုဏ်ယူ မိပါသေးသည်။
မှန်ပါသည်။ ဝတ္ထူတိုများ စရေး ပြီး၊ နှစ် အတန်ကြာမှ မိမိ၏ ကိုယ်ပိုင်ဟန်ကို တည်ဆောက် နိုင်ခဲ့သည်ဟု “ထင်” ပါသည်။
ကမ္ဘာပေါ်တွင် ၊ စာရေး သူတိုင်းထိုလမ်းမျိုးကို လျှောက်ခဲ့ကြသူများ သာဟုလည်း မှတ်သား မိဖူးပါသည်။
ဆရာမောင်ထင်သည် လေသံရွှင်ရုံမျှမက၊ စကားလုံးပြောင်မြောက်လှကြောင်းကိုလည်း စာဖတ်သူတိုင်းသိပြီး ဖြစ်သသော ကြောင့် ကျွန်တော် ထပ်မညွှန်းလိုတော့် ပါ။
သို့ သော်သူ၏ စာမျက်နှာများ ၏ ပြင်ပမှသူ၏ ဟာသဓာတ်ခံလေးများ အကြောင်းကိုမှု ၊ ကျွန်တော် ပြောချင်ပါသေးသည်။
တစ်ခါက ဖြစ်ပါသည်။ သူ့ဇာတိ လပွတ္တာမြို့နှစ် ၅ဝ ပြည့်ပွဲတစ်ပွဲသို့ သူကိုယ်တိုင်မသွားနိုင် သဖြင့် ချစ်ဦးညို၊ မောင်ခိုင်မာနှင့် သုမောင်တို့ကို သူ့ကိုယ်စားသွားရောက် ဟောပြောခိုင်းပါသည်။ မသွားမီဆရာက ဆုံးမသြဝါဒစကားပြောပါသည်။
“ချစ်ဦးညို၊ မောင်ခိုင်မာ၊ သုမောင်။ မင်းတို့ကိုတစ်ခုတော့ပြောလိုက်မယ်။ မင်းတို့သုံး ယောက် စလုံး သောက်တတ်တာငါသိတယ်။ အေး သောက်ပေါ့။ ဒါပေမယ့် ခွေးသောက်တော့မ သောက် ကြနဲ့၊ လူသောက်သောက်ကြ”
မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြင့် ၊ ဆရာသုံးယောက် ငြိမ်နေကြသည်။
“လူသောက် သောက်တယ်ဆိုတာ ဘယ်လိုလဲ၊ သိလား”
ဘယ်သူမှ မဖြေရဲကြ။ ဆရာကစကားကို နိဂုံးချုပ်သည်။
“မှတ်ထား၊ ငါ့လိုသောက်ကြ၊ ဒါပဲ၊ ကဲသွာြး ကတော့”
စာပေလောကမှ နာမည် ကျော် နာဋ္ဌာဂီရိသုံးယောက် မှာ ပါးစပ်အဟာင်းသားဖြင့် လှုပ်ပင်မလှုပ်နိုင်။
ကျွန်တော် က ကျေနပ်အားရစွာ အော်ရယ်သည်။
နောက်တစ်ကြိမ် ကတော့၊ ကျွန်တော် ဝဋ်လည်ရတဲ့အလှည့်ပါ။
တစ်ခုသော ဝါကျွတ်ကာလမှာ ဖြစ်ပါသည်။ ဆရာ့ကိုကျွန်တော် သွားကန်တော့ပါသည်။ ကျွန်တော့် အိတ်ထဲမှ ပထမဦးစွာ လုံချည်တစ်ထည်ကို ထုတ်ပြီးဆရာ့ခြေရင်းမှာ ချပါသည်။ ဒုတိယ ဆရာ့အကြိုက်တံဆိပ်နှင့် ပုလင်းတစ်လုံးထုတ်ပါသည်။ ဆရာကရယ်သည်။
“ခွေးမသား၊ ဒုတိယပစ္စည်းမပါလို့ ကတော့၊ ငါကအကန်တော့ခံမှာ မဟုတ်ဘူးကွ။ ဟဲ၊ ဟဲ”
ကျွန်တော့မှာ ဆရာရှေ့တွင် ကုန်းကုန်းကွကွဖြင့် ရယ်ရအခက်၊ ငိုရအခက်။
ဆရာကား သွေးအေးအေးဖြင့် ဟာသလုပ်တတ်သကဲ့သို့ အန္တရာယ် ကြားမှာ ပင် သွေးအေးအေးဖြင့် အမှန်တရားသို့ ရောက်အောင် ချဉ်းကပ်ဆုံးဖြတ်တတ်ပါသည်။ ကိုယ်တွေ့ ပါခင်ဗျာ။
၁၉၈၂ ခုနှစ် တွင် ကမာရွတ် (လှိုင်) ဈေးကြီးနှင့် အနီးရှိ ရပ်ကွက်များ အားလုံး ပြောင်တလင်းခါအောင် မီးလောင်ပါသည်။ ဆရာနှင့် ကျွန်တော် တို့၏ အိမ်များ နှင့် နီးလှသော ကြောင့် ဆရာ့အိမ်သို့ ကျွန်တော် ဒုန်းစိုင်းပြေးပါသည်။
ဆရာ့ခြံတံခါးမှာ ပိတ်ထားပြီး၊ ပစ္စည်းများ ကို အိမ်အောက်ခြံဝန်းထဲတွင် နေရာအနှံ့ စုပုံထားသည်ကို မြင်ရသဖြင့် ပို၍ စိတ်ပူသွားရပါသည်။ ခြံစည်းရိုး သံဆူးကြိုးများ ကို ဖြဲဝင်ကာ၊ တောကြောင်များ က ဝင်ဆွဲသွားနိုင်ပါသည်။ ထိုကြောင့် ခြံစည်းရိုးတစ်လျှောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိပါသည်။ ကျွန်တော် ကိုမြင်သော အခါ ဆရာက အိမ်ထဲမှ ထွက်လာပြီး…၊
“ဟေ့ကောင်၊ ဘာလုပ်နေတာလဲ။ တကယ်တမ်းလောင်ပြီဆိုရင် မင့်ဗလနဲ့ ဘာတစ်ခုမှလည်း၊ မ,နိုင်၊ သယ်နိုင်မှာ လည်းမဟုတ်ဘဲနဲ့။ သွား အခုပြန်။ အိမ်မှာ ကလေးတွေ ချည်းပစ်ထားခဲ့တာ မဟုတ်လား။ မိုက်တဲ့အကောင်၊ မြန်မြန်ပြန်”
လေးစာကြည်ညို၍ မဆုံးပါဘုရား။
သူ၏ “ကိုဒေါ်င်းဝတ္ထု” ကို ဤသို့ အဆုံးသတ်ခဲ့သည်။
“ကိုဒေါင်းကား သေလေပြီ။ ကိုဒေါင်းသည် သက်တော် ရာကျော်ရှည်ပါစေ သတည်း” ဟူ၏
ဤကား သူချစ်သော သူ့ဇာတ်ကောင် ကိုဒေါင်းအတွက် ဆရာ၏ ဆုတောင်း ဖြစ်ပါသည်။ ဆရာ့အတွက်မူ ကျွန်တော် တို့ဆုတောင်းပေးရန် လိုလိမ့်မည် ဟု မထင်ပါ။
မြန်မာစာပေလောကတွင် “မောင်ထင်သည် ထာဝရ” ဖြစ်သော ကြောင့် ပင်။
မင်းသစ်
လွှမ်းမိုး
၁၉၈၀၊ ဆောင်းတစ်ည။
“မရှယ်လီ၊ မရှယ်လီ”
“မရှယ်လီ၊ မရှယ်လီ”
ခြံထိပ်ဆီမှ ငယ်သံပါအောင် အော်ခေါ်နေကြသော အသံများ ကြောင့် အိပ်မှု န်စုံမွှားဖြင့် ကျွန်တော် တို့လင်မယား အိမ်ယာမှ ထလိုက်ကြရသည်။ ကျွန်တော် ခြံမှာ လှိုင်မြို့နယ်၊ ၅၈- လမ်းမှ မီတာ ၁၀၀ ခန့်ရှည်သော ကိုယ်ပိုင်လမ်းဖြင့် ဝင်ရသည့် ခြံ ဖြစ်သော ကြောင့် ညဘက်ခြံထိပ် ဂိတ်တံခါး ပိတ်ထားလျှင် ဝင်ရန်မလွယ်တော့ပါ။ အသံကုန်အော်နိုင်မှသာ ခြံထဲက ကျွန်တော် တို့ကြားနိုင်ရုံမျှသာရှိပါသည်။ ထို့ကြောင့် ညဘက်တွင် ကျွန်တော် တို့အိမ်သို့ ဧည့်သည်များ လာလေ့မရှိပါ။
မိတ်ဆွေအပေါင်းအသင်း ကဗျာဆရာ၊ စာရေး ဆရာများ ကတော့ ခြံတံခါး ပေါ်ကျော်တက်ပြိး သံဆူးကြိုးကို ဖြဲပြီး ဝင်တတ်ကြပါသည်။ သို့ သော် ခြစ်ရာ ရှရာ ဒဏ်ရာဗရပွနှင့် မောင်မင်းကြီးသားများ ကို ဆေးထည့်ပေးရခြင်း၊ “မဝသေးဘူး၊ မဝသေးဘူး” ဟု ဂျီကျနေသော သကောင့်သားများ အတွက် အရက်နှင့် ထမင်း စီစဉ်ပေးရခြင်းတည်းဟူသော ဒုက္ခတို့ကို ကျွန်တော် ဇနီးက ဒိုင်ခံဖြေရှင်း ပေးရှာပါသည်။ ယခုဘယ်သူတွေ နည်း၊ သေချာသည်။ ဇနီးသည်၏ ဧည့်သည်များ သာ ဖြစ်ပါလိမ့်မည် ။
သို့ ဖြင့် လင်မယားနှစ် ယောက် ခြံထိပ်အထိ လျှောက်ခဲ့ရသည်။ တံခါးဝတွင် The Professionals တီးဝိုင်ခေါင်းဆောင် ကိုဇာနည်စံထွန်းနှင့် ငယ်တစ်ဦး။ မော်လမြိုင် စတိတ်ရှိုးတစ်ခုသို့ သူတို့၏ Professionals တီးဝိုင်နှင့် အင်္ဂလိပ် သီးချင်းများ လိုက်ပါသီဆိုပေးရန် ကျွန်တော့် ဇနီးအား လာရောက်ခေါ်ကြခြင်း ဖြစ်ပါသည်။ နောက်နေ့နံနက် မော်လမြိုင်သို့ သွားရမည် ဖြစ်သော ကြောင့် ညဥ့်နက်သန်းခေါင်ကြီးမှာ အရေး ပေါ်ရောက်လာခြင်း ဖြစ်သည်။
ဇာနည်စံထွန်းမိတ်ဆက်ပေးသဖြင့် သူနှင့် အတူပါလာသော လူငယ်ကို “လွှမ်းမိုး” ဟု သိလိုက်ရသည်။ ထိုစဉ်က သူကလည်း အဆိုတော် ဖြစ်ခါစ သိပ်မကျော်ကြား မအောင်မြင်သေး။ သို့ သော် သူ၏ သီချင်းတစ်ပုဒ်ကိုမူ ကျွန်တော် ကြားဖူး၊ နှစ်သက် ဖူးနေပါပြီ။
“အို xx ဗုဒ္ဓဘုရား xx ဟောလေသည်မှာ xx လူတိုင်းဟာ xx အရှုး xxx”
သည့်နောက်ပိုင်းတွင် တော့။ သူနှင့် ကျွန်တော် တို့ မိသားစုမှာ ထဲထဲဝင်ဝင် ရင်းနှီးချစ်ခင် ဖြစ်ြ ကတော့သည်။ တီးဝိုင်းအလုပ်များ အားလပ်ရက်သည့်ရက်များ တွင် ကျွန်တော် တို့ခြံထဲသို့ တစ်နေ့လုံးလာပြီး သစ်ပင်ကြီးအောက်မှာ ဖျာတစ်ချပ်ခင်းလျက် ဂစ်တာတစ်လုံးနှင့် သီချင်းရေး နေတက်သည်။ သူ့ဘေးတွင် ကျွန်တော့် သားသမီးလေးများ ၊ တူ-တူမငယ်လေးများ ဝိုင်းဝိုင်းလည်လျက်။ ကလေးများ ၏ တစ်ယောက် တစ်ပေါက်တောင်ဆိုးမှု များ ကို အလိုလိုက်ပြီး၊ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုပြရှာသည်။ ကလေးတွေ ကလည်း သူ့ကို ကျွန်တော် တို့ခေါ်သည့်နာမည် ရင်းအတိုင်း “ဦးစိုးစိုး၊ ဦးစိုးစိုး” ဖြစ်နေကြပြီ။ ကျွန်တော့် ဇနီးက အားနာစွာ ဖြင့် ဝင်ဟန့်သည်။
“ဟဲ့၊ ဟိုမှာ သီချင်းရေး နေတာ၊ မနှောင့်ယှက်ကြနဲ့၊ သွားကြစမ်း၊ ဝေးဝေး သွားနေကြစမ်ဒ”
“မ…မလုပ်ပါနဲ့။ မ…မ…မရှယ်လီရာ၊ ကိတ်… ကိစ္စမရှိပါဘူး”
စိတ်လှုပ်ရှားလာလျှင် စကားထစ်တတ်သော ကြောင့် ကျွန်တော် တို့ မကြာခဏ ရယ်ကြရသည်။ ကျွန်တော့် ဇနီးက မေးလေ့ရှိသည်။ “ဟဲ့…စိုးစိုးရဲ့ ။ သီချင်းဆိုတဲ့အခါကျတော့ နင်က ဘာကြောင့် မထစ်တာလဲ”
“ဟာဗျာ…အစ်မ…ရှယ်…လီကလည်း”
ထပ်ရယ်ကြရပြန်သည်။
လွမ်းတယ်စိုးစိုးရေ…။
လွှမ်းမိုသည် ကလေးများ ကို ချစ်တတ်သလို မိန်းမများ ကိုလည်း အလွန်ချစ်တတ်ပါ၏ ။ သူ့တွင် အချစ်တွေ ဘယ်တော့မှ ကုန်ခမ်းဟန်မတူ။ ရည်းစာအလွန်များ သော သူ့ကို ကျွန်တော့် ဇနီး က တစ်ခါမေးဖူးသည်။
“စိုးစိုးရယ်။ တစ်ခါတလေ နင့်ရည်းစားတွေ ကို လူမှားပြီး မခေါ်မိဘူးလား”
“မမှားဘူးအစ်မ၊ သူတို့အားလုံးကို “အချစ်” လို့ပဲခေါ်တယ်”
“နင့်ကိုယ်နင်ကျတော့ရော”
“ကိုကို”
“ခွေးကောင်လေး”
ကျွန်တော့် ဇနီးခမျာ ထိုမျှသာ ထောပနာပြုနိုင်ရှာတော့သည်။ သူ ကတော့ မချိုမချဉ်ပြုံးလျက်။ ပိုင်ပါပေ့ကွယ်။ အားကျလိုက်တာ။ ရည်းစား တစ်ယောက် ရတိုင်း သီးချင်းတစ်ပုဒ်ရေး သည်။ “မနှင်းဆီxxxမနှင်းဆီရေxxx”
“နီနီxxxညိုညိုခေါ်တယ်xxxကောင်မလေးxxxနှစ် ယောက် ရှိတယ်xxxကျွန်တော် သီဆိုပါတယ်xxxဂီတပွဲတစ်ခုမှာ တွေ့ တယ်xxx”
“ဘာကြောင့် လဲဟယ်xxx မအေးရယ်xxxချစ်လို့ပါကွယ်xxx”
“သိပ်ချစ်ရတဲ့xxxပင်န်စီရယ်xxxစိတ်ညစ်ရတဲ့xxပင်န်စီရယ်xxxအိပ်ပျက်ရတဲ့ ပင်န်စီရယ်xxxကွာယ်xxx”
ဟုတ်နေတာပါပဲလား။ သည်တော့လည်း ၁၉၆၅ ခုနှစ် က မန္တလေး တက္ကသိုလ်တွင် ကျွန်တော် ရေး ခဲ့သော ဒွေးချိုးတစ်ပိုင်းတစ်စကို သွားသတိရမိသည်။
ချစ်ချစ် မုန်မုန်း
လုံးလုံးဆုံးတယ် မထင်နဲ့ဦး။
ရင်မှာ ခံစားလာသမျှကို
လက်က ဖန်ဆင်းနိုင်တာမို့
အနုပညာသမားဆိုတာလေ
ဘယ်အခါမှ အရှုံးမရှိဘူး။ ။
အလဲ့၊ ကျွန်တော် လည်း ဟုတ်နေခဲ့ဖူးတာပါပဲလား။
မှတ်မှတ်ရရ၊ ၁၉၈၂ခုနှစ်
သူတို့၏ Professionals တီးဝိုင်းက မကွေးတိုင်း မီးသတ်ရန်ပုံငွေ စတိတ်ရှိုး လုပ်နေသည်ဆို၍ မန္တလေးသို့ ခရီးယာယီရောက်နေသော ကျွန်တော် က မကွေးသို့ လိုက်သွားသည်။ မကွေးလေယာဉ်ကွင်းထဲတွင် နွားအုပ်များ ဝင်နေသည်ကို မောင်းထုတ် နေရသော ကြောင့် လေယာဉ်က မြို့ကိုပတ်ဝဲနေရသဖြင့် စိတ်လည်းညစ်ရ၊ ရယ်လည်း ရယ်ခဲ့ရသည်ကိုလည်း မှတ်မိနေသေးသည်။
သူတို့တည်းခိုရာကိုရောက်တော့ ကိုဇာနည်စံထွန်း ခေါင်းဆောင်သော အုပ်စုကို တွေ့ လိုက်ရသည်။ လွှမ်းမိုး၊ ကိုင်ဇာ၊ စိုင်းနေဝန်း၊ ဂျော်နီ၊ အသံတု ရဲမင်းထိုက် စသော အမျိုးသားအဆိုတော် များ နှင့် လူရွှင်တော် များ ၊ ကျွန်တော့် ဇနီးနှင့် အတူ နော်လီဇာ၊ ရုပ်ရှင်မင်းသမီးမွှေး၊ ဟာသမယ် မသန်းရွှေ တိုနှင့် ဇွတ် အဆိုတော် နာမည် တပ်ပြီး လွှမ်းမိုးခေါ်လာသော ရုပ်ရှင်မင်းသမီး ပေါက်စလေး တစ်ယောက် ကိုပါ တွေ့ လိုက်ရသည်။
မကွေးပွဲက ၂ ည ဖြစ်ပါသည်။ တစ်ညတွင် မြို့ခံအဆိုတော် ကလေးမလေး တစ်ယောက် က ဧည့်သည်အဆိုတော် အ ဖြစ် ဝင်ဆိုသည်။ ထူးခြားလိုက်သည့်အသံ။ နောင်တွင် ထိုဂါဝန်လေးနှင့် ကလေးမသည် “နီနီဝင်းရွှေ” ဟူ၍ ဖြစ်လာသော အခါ ကျွန်တော် မအံ့သြတောပါ။
ထိုမကွေးပွဲစဉ်ကာလတွင်းမှာ ပင် ကျွန်တော် တို့လင်မယား “မွဲဆေး” ဖော်မိခဲ့ကြသည်။ ဤ Professional အဖွဲ့နှင့် အဆိုတော် များ ကို မြစ်ကြီးနားတွင် စတိတ်ရှိုးပွဲသွင်းမည် ဟု မကြံဆိုးရကြပါသည်။ ဤသည်ကြောင့် ပင် နောင်သော အခါ၌ လွှမ်းမို၏ ဘဝထဲတွင် ကျွန်တော် တို့လင်မယားက အရေး ပါသော ဇာတ်ပို့များ ဖြစ်လာခဲ့ကြရပါ၏ ။ မကွေးမှ မန္တလေးသို့ ရောက်ခဲ့ကြပြီး မန္တလေးမှမြစ်ကြီးနားသို့ ခရီးဆက်ရာတွင် အဆိုတော် များ ကို လေယာဉ်နှင့် ပိုရပြီး တီးဝိုင်းသမားများ ၊ စက်ပစ္စည်းများ နှင့် ကျွန်တော် တို့ကမူ၊ စရိတ်သက်သာစေရန် မီးရထားဖြင့် ချီတက်ခဲ့ရသည်။ ကျပ်ညပ်သိပ်လျက်၊ မောပန်းနွမ်းနယ်လျက်၊ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်၍ မဆုံး။
မြစ်ကြီးနားတွင် အမျိုးသားသီးသန့်၊ အမျိုးသမီးသန့်တည်းခိုခန်းများ တွင် ခွဲထားရ၏ ။ သို့သော် လွှမ်းမိုးကား မင်းသမီးငယ်နှင့် သာ အတူနေတော့၏ ။
သည်တော့လည်း သီချင်းတိုက်ရန် အချိန်ကျလျှင် ကိုယ်တော် မြတ်လေးကို သွားပင့်ရ၏ ။ မင်းသမီးငယ်လေး ကတော့ ကျွန်တော့် အသံကြားလျှင် ခေါင်းမြီးခြုံ၍ အိပ်နေလေ့ရှိ၏ ။ ကျွန်တော် ကလည်း ထိုမင်းသမီးငယ်ထက်ပို၍ သရုပ်ဆောင် ကောင်းပါသည်။ သိသိကြီးနှင့် မသိဟန်ဆောင်ရာတွင် ကျွန်တော် လည်း အကယ်ဒမီ ရလောက်ပါသည်ခင်ဗျား။
သီချင်းတိုက်ချိန်မမှန်မှု ကြောင့် တစ်ရက်တွင် ပြဿနာတက်တော့၏ ။ နော်လီဇာ ရှိနေချိန် တွင် လွှမ်းမိုးကရောက်မလာ။ လွှမ်းမိုရောက်လာသော အခါတွင် မူ နော်လီဇာက ပျောက်သွားတက်သည်။
သို့ ဖြင့် လွှမ်းမိုးနှင့် နော်လီဇာတို့ ရန် ဖြစ်ကြ၏ ၊ ပွဲသွင်းကန်ထရိုက် ကျွန်တော် တို့ လင်မယာယားကား ဖျန်ဖြေရ၊ ချော့မော့ရနှင့် ဖတ်ဖတ်မော။ ဒေါသကြီး နေကြသော အဆိုတော် နှစ် ယောက် ကြားတွင် ဟာသမယ်မသန်းရွှေကြီးက ကြားထဲက ခံလိုက်ရသည်။ နော်လီဇာ ပစ်ပေါက်လိုက်သော မီးချောင်းထွန်းသည့် ဘက်ထရီအိုးက လွှမ်းကိုမထိဘဲ နံရံကိုသွားမှန်ပြီး အက်စစ်တွေ ဖိတ်စဉ်ကုန်သည်။ ထိုနေ့မနက်ကမှ မြစ်ကြီးနားဈေးမှ ဝယ်လာခဲ့သော မသန်းရွှေ၏ ဦးထုပ်အသစ်စက်စက်ကြီး ဆန်ခါပေါက်ကျသွားသည်။
စာရင်းချုပ်ရသော်၊ ထိုမြစ်ကြီးနားစတိတ်ရှိုးတွင် မင်းသစ်တို့လင်မယားနှင့် ရှယ်ယာဝင်သူ မြစ်ကြီးနားမှ ကိုထင်ပေါ်၊ မခင်သန်းတို့လင်မယား ခွက်ခွက်လန်အောင် ရှုံးကြပါလေ၏ လွှမ်းမိုး ကတော့ မြစ်ကြီးနားတွင် မိန်းမထပ်ရပြန်လာပြီ။
အောင်သွယ်မလုပ်ရပါဘဲနှင့် အောင်သွယ်စာရင်းဝင်သွားသော ကျွန်တော် တို့ လင်မယား သည် လွှမ်းမိုးတို့မောင်နှံ ခေတ္တကွန်းခိုနေသော ဝင်ဒါမီယာထဲမှ တိုက်ခန်းသို့ မကြခဏ ရောက်သွားလေ့ရှိပါသည်။
ရောက်သွားတိုင်း မိန်းကလေးက သူ၏ မသိသားဆိုးရွားမှု များ ကို တိုင်ရှာသည်။ ကျွန်တော် တို့ ဒေါသ ဖြစ်ကြရ၏ ။ သူ့ကိုလည်း ပစ်ပစ်ခါခါပြော ဖြစ်ကြ၏ ။ ကရုဏာဒေါသနှင့် လည်း ဆုံးမမိကြ၏ ။ သူကား မတုန်မလှုပ်။ ကျွန်တော် တို့၏ ဆုံးမစကားတို့သည် သူ၏ ဘယ်ဘက် နားမှဝင်၍ ညာဘက်နားမှ ထွက်သွားသည်ဟုသာ ကျွန်တော် ထင်ပါ၏ ။ နောက်ပိုင်းတွင် သူတို့နှစ် ယောက် စလုံးနှင့် ကျွန်တော် တို့ဖြည်းဖြည်းချင်း ဝေးသွားကြရသည်။ မကြာမီ သူတို့နှစ် ယောက် ကွဲကြပြီဟု သတင်းရသည်။ မင်းသမီးငယ်က တစ်နေ့တစ်ခြား အောင်မြင် လာသည်။ လွှမ်းမိုးကလည်း၊ ရုပ်ရှင်မင်းသားလုပ်နေပြီဟု သတင်းရသည်။ ထို“ပန်းသီတဲ့ကြိုး” ဇာတ်ကားကို ရိုက်နေစဉ်၊ ဗိုလ်ချုပ်လမ်းပေါ်တွင် ဟိုင်းလပ်ကားပက်လပ်ပေါ်မှနေ၍ “အစ်ကိုမင်းသစ်” ဟု ကျွန်တော် ကို အော်ဟစ် နှုဆက်သွားသည်။ လူချင်းကား အေးအေးဆေးဆေး မတွေ့ ရသေး။ ထိုဇာတ်ကား အောင်မြင်သည်ဟု ကြားရ၍ ကျွန်တော် တို့ မုဒိတာ ပွားရသည်။
အချိန်အတန်ကြာမှ လူချင်းဆုံ ဖြစ်ကြသည်။ ဆုံကြရပုံက သိပ်မလှ။ အနော်ရထာလမ်း တစ်လျှောက် ဧရာမဆိုင်ကယ်ကြီးတစ်စီးကို သူစီးလားသည်။ လမ်းဘေးမှ လူငယ် တစ်ယောက် က လှမိးနောက်သည်။ ဝုန်းခနဲ ဆိုင်ကယ် ပေါ်မှခုန်ဆင်းပြီး ထိုလူငယ်နောက် တစ်ဟုန်ထိုးပြေးလိုက်သည်။ သူက ကရာတေး ခါးပတ်နက်။ ကျွန်တော် မနေသာတော့။
“စိုးစိုး၊ မလုပ်နဲ့”
တုံ့ခနဲ သူရပ်သွားသည်။ ကျွန်တော့် ကို မြင်သော အခါ တွေ သွားပြီး သက်ပြင်း တစ်ချက်ချလိုက်သည်။
“ဒီလိုလုပ်လို့မရဘူး၊ စိုးစိုး။ မင်းက အဆိုတော် ၊ ရုပ်ရှင်မင်းသား။ ပရိတ်သတ်ဆိုတာ celebrity တွေ ကို ချစ်ရင်လည်း စတတ်တယ်။ မုန်းရင်ကိုလည်း နောက်တတ်တယ်။ အဲ့ဒါကို လမ်းဘေးအထိ လိုက်ရှင်းတဲ့အလုပ်မျိုး မင်းလုပ်လို့ မရတော့ဘူး”
“ဟုတ်ကဲ့ပါ အစ်ကို၊ ကျေးဇူးတင်ပါတယ်ဗျာ”
၃၃ လမ်းရှိ ကျွန်တော် ၏ ကျူရှင်ခန်းအပေါ်တွင် ကျယ်ဝန်းလှသော ထပ်ခိုးကြီးတစ်ခု ရှိပါသည်။ ကဗျာဆရာ၊ စာရေး ဆရာ၊ ပန်းချီဆရာများ ၊ အထူးသဖြင့် အညာသားများ နားခိုရာ တည်းခိုခန်းကြီးတစ်ခုသဖွယ် ဖြစ်နေပါသည်။ ထိုစဉ်က အနုပညာလောကကို တိုးဝင်စသာရှိသေးသော ကဗျာဆရာ ဒါရိုက်တာပိုင်သ၊ ပန်းချီရွှေစိုးဟန်တို့၏ အနုပညာ ဘုံရိပ်သာလေးတစ်ခု ဖြစ်ပါချေ၏ ။ တစ်ခါတစ်ရံ ပိုင်သ၏ ညီငယ် ဖြစ်သူ မန္တလေးမှ “ဆူး” ဆိုသော လူငယ်လေးလည်း ရောက်လာတတ်ပါ၏ ။ သီချင်းရေး သော ထိုကလေးနှင့် လွှမ်းမိုးတို့ ချိတ်ဆက်မိသွားသော အခါ ဂန္တဝင်ခေတ်ပေါ် သီချင်းတစ်ပုဒ် မွေးဖွားလာ၏ ။
“မိုးစက်တင်လေ”
ထိုအတောအတွင်း၊ ကွယ်လွန်ချိန်အထိ သူသစ္စာရှိစွာ ပေါင်းသွားသော နောက်ဆုံး မိန်းကလေးနှင့် အိမ်ထောင်ကျသွားကြောင်း သတင်းရသည်။ လွှမ်းငြိမ်သွားပြီဟု အားလုံး စိတ်ချမ်း သာကြရသည်။
ကျွန်တော် တို့မိသားစု ပြင်ဦးလွင်သို့ ပြောင်းသွား သော အခါတွင် မူ မြန်မာသံစဉ်လိုင်းဘက် သို့ ကူးလာသော သူ့သီချင်းများ ကို အလွမ်းပြေနားထောင်ကြရ၏ ။ သို့ သော်…
“ကားအက်ဆီးဒင့် ဖြစ်ပြီး လွမ်းမိုးဆုံပြီ” ဟူသော သတင်းကိုကြားရသော အခါတွင် ကား ကျွန်တော် တို့မိသားစုအံ့သြခြင်းကြီိးစွာ ကြေကွဲကြရသည်။ သခါင်္ရတွင် ဂီယာ (Gear)ပါဟန်မတူ။ သေမင်းသည် စုံလုံးကန်းနေ၏ ။ အသက်အရွယ်အရ တန်းစီပြနေကြသူများ ကိုပင် ရှေ့နှင့် နောက်မှား၍ ရွေးချယ်တတ် သေးသည်။ လွှမ်းမိုးသေပြီး၊ မင်းသစ် ကျန်ရစ်ခဲ့၏ ။ မကြာမီသော အချိန်တိုလေးတစ်ခုအတွင်းမှာ ပင် ကျွန်တော့် ထက်ငယ်ရွယ် သူများ ဆုံးပါ ကုန်ကြသည်။ ဝသုန်၊ သုမောင်၊ မောင်ဝဏ္ဏ၊ မောင်မောင်သိုက်နှင့် ကိုသန်းအုန်း(မိုးဝေ)။ ကျန်ရစ်ခဲ့သော ကျွန်တော့် မှာ သူတို့ကို အားနာ၍ မဆုံး။ အခုတော့သံသရာခရီးဆက်သွားသော လွှမ်းမိုနှင့် ဆူးတို့ကိုလည်း သူတို့၏ သီချင်းနှင့် သာ ကျွန်တော် လွှမ်းနေရတော့သည်။
“ကြုံရင်ပြောလိုက်ပါ့xxxငှက်ငယ်တွေ ရယ်xxx
ငါ့ဘဝရဲ့ ညတွေ xxxအရုဏ်ကျင်းလင်းစေxxx
သံသာလေးကမ်းကxxx မိုးစက်တင်လေxxx”
မင်းသစ်
နတ်နွယ်
ဆရာနတ်နွယ်နှင့် ကျွန်တော့် ကို မိတ်ဆက်ပေးသူမှာ ၊ ဆရာတင်မိုး ဖြစ်ပါ၏ ၊ မှတ်မှတ်ရရ၊ ၁၉၆၉။
ဘီအိုစီကောလိပ်ဟောင်းတွင် ဖွင့်လှစ်ထားသော ၊ တက္ကသိုလ် ဘာသာပြန်နှင့် ပုံနှိပ် ထုတ်ဝေရေး ဌာနရှိ ၊ ဆရာတင်မိုး၏ ရုံးခန်ထဲသို့ ကျွန်တော် ရောက်နေပါသည်။ ဆရာ့အားရုံးဆင်းချိန်တွင် လာတွေး ခြင်း ဖြစ်ပါသည်။
“လာကွာ၊ မောင်မြတ်သူ၊ ကိုကျော်အောင်တို့ အိမ်သွားကြရအောင်၊ မင်းပါလိုက်ခဲ့၊ ဒီနေ့ သူ့အိမ်မှာ လူစုံမှာ ကွ”
ကျွန်တော် ပျော် သွားပါသည်။ ဆရာဦးကျော်အောင်ကို သူဘာသာပြန်သော မီဟိုင်းရှောလော့ဟောဗ် (Mekhail sholokhv) ၏ တောရိုင်းမြေ (Virgin Soil Upturned) ဝတ္ထုကြီးကိုဖတ်ပြီးကတည်းက၊ ကျွန်တော် အစွဲကြီးစွဲခဲ့ရသည်။ ကိုယ့်ကိုယ်ကိုယ် ထိုဝတ္ထုထဲမှ ဇာတ်ကောင် “ဒါဗီးဒေါ့” အ ဖြစ် စိတ်ကူးယဉ်ခဲ့ဖူးသော ကျွန်တော် အရမ်းပျော်သွားသည်။ ဆရာကျော်အောင်နှင့် ဆရာတင်မိုးတို့မှာ တစ်ဌာနတည်း အလုပ်လုပ်နေကြသော်လည်း၊ သူက ဆရာတင်မိုးထက်ပင် အသက်ဝါကြီး သူ ဖြစ်စ်သဖြင့် ၊ ကျွန်တော် ရင်းနှီးနှီးမပေါင်းသင်းဝံ့သေးပါ။
အင်းလျားလမ်းရှိ၊ ဆရာကျော်အောင်၏ တက္ကသိုလ်အရာထမ်းတိုက်သို့ ရောက်သော အခါတွင် မူ၊ ထမင်းစားခန်းတွင် ပိုကာဝိုင်းကြီးတစ်ခု။ ဆရာကျော်အောင်၊ ပခုက္ကူသားဆရာဝန်တစ်ဦး၊ ဆရာ ကျော်အောင်၏ ယောက္ခမ အန်တီကြီး (နောင်သော အခါ ကျွန်တော် တို့ လူငယ်တွေ က အဖွားဟုခေါ်ကြသည်) နှင့် ခပ်သွယ်သွယ်လူလတ်ပိုင်းတစ်ဦး၊ ဆရာတင်မိုးက မိတ်ဆက်ပေးသည်။
မပြုံးချင်ပြုံးချင်ဖြင့် ပြုံးပြသော သူကိုကြည့်ရင်း “အပြာနဲ့အဝါ”၊ “တစ်ကွေ့တော့တွေ့ ကြဦးမည် ” နှင့် “မြန်မာပြည်မြောက်ပိုင်း” ကဲ့သိုသော မဟာဝတ္ထုကြီးများ ကို ရေး သော ထိုလူဗလံလေးကိုကြည့်ရင်း၊ ကျွန်တော် အံသြနေမိသည်။ ပထမဆုံး ကျွန်တော့် ကို စ,ပြောသော စကားကလည်း မှတ်သား လောက်ပါပေ၏ ။
“ကစားတတ်ရင်ဝင်ကစားလေ။ ဒီမှာ တစ်အိမ်လိုသေးတယ်။ လေးအိမ်မို့ Run ရှာနေရလို့ စိတ်ညစ်နေတာ”
ဗုဒ္ဓေါ၊ သည်ပုဂ္ဂိုလ်ကြီးများ နှင့် တစ်ဝိုင်းတည်းအတူထိုင်ပြီ ဖဲရိုက်ရဲလောက်သည့် သတ္တိ၊ ကျွန်တော့် မှာ မရှိသေးပါ။
(သို့ သော် နောက်ပိုင်းတွင် မူ၊ ထိုအင်းလျားလမ်း) အိမ်၏ စနေ၊တနင်္ဂနွေ ဝိုင်းများ တွင် ကျွန်တော် လည်း ဝိုင်းတော် သားတစ်ဦး ဖြစ် သွားပါတော့သည်။ ကျွန်တော့်ထက် ကျောင်းတက် မှန်သူ ကတော့ မောင်သွေးသစ် ဖြစ်ပါ၏ ။)
ပြန်ခါနီး နှုတ်ဆက်ြ ကတော့၊ သူ့ထံမှစကားပြန်မရ၊ ဖဲသေနေဟန်တူသည်။ ဖဲချပ်များ ပေါ်မှ မျက်စိမခွာနိုင်။
သြော် စကတည်းက ယဉ်သကို..။
သို့ သော်၊ ဆရာ၏ မိုးဝေမဂ္ဂဇင်းတိုက်သို့ ကား ကျွန်တော် မရောက်ဖူးသေးပါ။ လူကြုံနှင့် သာ ဝတ္ထုတိုတစ်ပုဒ်ပို့ထား ဖြစ်ပါသည်။
၁၉၇၀၊ သြဂုတ်လဆန်းတွင် (၃၃) လမ်းရှိ မင်းသမီးကြီး မနွဲ့နွဲ့စန်း တိုက်မှ “မပွတ်ရင်မနေနိုင်တာကလွဲလို့ဆိုသော ကျွန်တော် တို့လူသိုက်၏ ဝိုင်းသို့ လူ တစ်ယောက် ရောက်လာသည်။ မေမြို့မိုးကြည်က မိတ်ဆက်ပေးသည်။ ကဗျာ ဆရာမောင်လေးအောင်။
“ကိုလေးအောင်၊ ဒါ ကိုမြတ်သူ။ အညာကပဲ။ စာရေး တော့ မင်းမြတ်တဲ့”
“ဟာ မင်းမြတ်လား၊ ခင်ဗျားမိုးဝေကို ဝတ္ထုတိုပို့ထားတယ်မို့လား၊ လန်ဒန် မိုးခါးရေဆိုတာလေ”
“ဟုတ်ပါတယ်ဗျာ”
ဒီလထုတ်မိုးဝေမှာ ပါလာတယ်ဗျ။ ကျွန်တော် ပြန်ရင်လိုက်ခဲ့၊ စာအုပ်ရော၊ စာမူခရော ထုတ်ရအောင်”
ဤသို့ ဖြင့် မိုးဝေတိုက်တွင် ၊ ဆရာနတ်နွယ်နှင့် ပိုရင်းနှီးလာခဲ့ရသည်။ မင်းကျော်၊ မောင်နေဝင်း၊ မင်းလှညွန့်ကြူး။ ဆင်ဖြူကျွန်းအောင်သိန်း၊ တင့်ဆန်း၊ နေသွေးနီ တို့နှင့် ပါ သိကျွမ်းခွင့်ရခဲ့တော့သည်။
မိုးဝေတွင် ထိုနှစ် ၁၉၇၀၊ စက်တင်ဘာလမှစ၍ ကျွန်တော့် ကလောင် အမည် ကို မင်းသစ်ဟုပြောင်းပြီး၊ လစဉ်ကဗျာ၊ ဝတ္ထုများ ဆက်တိုက်ရေး ဖြစ်ခဲ့သည်။
ထို့အတူ ကျွန်တော် တို့လူငယ်ကဗျာဆရာများ ကလည်း မောင်လေးအောင်၊ မောင်သင်းခိုင်နှင့် မောင်စိမ်းနီတို့၏ လေသံနောက်ကိုလိုက်ရင်း “ကိုနတ်” ဟုသာ ခေါ် ဖြစ်ြ ကတော့သည်။ သိုဖြင့် မောင်လေးအောင်နှင့် မောင်သင်းခိုင်တို့က၊ ကိုနတ် ကို ကဗျာစာမူများ ကူဖတ်ပေးကြသကဲ့သို့ ၊ ကျွန်တော် လည်း ဝတ္ထုတို စာကူဖက် တစ်ယောက် ဖြစ်လာခဲ့ရပါသည်။
၁၉၃၃ ခုဖွား ကိုနတ်သည်၊ ကျွန်တော့် ထက် (၁၃)နှစ် ကြီးပါသည်။ သို့ သော်လည်း စာပေအနုပညာမှာ သာမက၊ အခြားသော အကုသိုလ်အလုပ်လေး များ တွင် မှာ လည်း ဝါသနာ တူကြသော ကြောင့် ၊ သွားအတူ လာအတူသာမက၊ သောက်အတူ ကစားအတူ ဖြစ်လာကြပါသည်။
တစ်ပတ်လျှင် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တိုင်း၊ ညနေပိုင်းမိုးဝေ မဂ္ဂဇင်းပိတ်ချိန်တွင် ၊ ကိုချော (မောင်ကိုဦး) ၏ ပုဂံပုံနှိပ်တိုက်သို့သွားပြီး၊ သောက်ရင်း ကစားကြသည်။ ထိုဖဲဝိုင်းသို့ မကြာခဏလာလေ့ရှိသူက ကြိုမတ် (ရုပ်ရှင် မင်းသားမြတ်လေး)။
ကိုမြတ်ကလည်း သူကြိုက်တာလေးတွေ ကို နှုတ်ခမ်းမှာ ပွတ်လိုက်၊ နှာခေါင်းမှာ ပွတ်လိုက်လုပ်ရင်း မြှော က်ပေးတတ်သေး၏ ။
“မင်းတို့ဖဲက ကြာပါတယ်ကွာ။ ငါမှာ ဂျင်သီးပါတယ်။ ဂျင်ချကြ”
“အချင်းချင်းတွေ အပျင်းပြေကစားနေကြတာပါဗျာ။ မိတ်ဆွေပျက်အောင်၊ စီးပွာပျက်အောင်တော့ မလုပ်လိုက်ပါနဲ့”
ကိုမြတ်ကား၊ တဟားဟားရယ်၍ မဆုံး။
ယခု သူတို့ (ဦးတင့်ဆန်း၊ ပုဂံကိုချော၊ ကိုမြတ်လေး၊ ကိုနတ်) အားလုံးမရြှိ ကတော့။ လွမ်းတယ် အကိုဆရာတို့ရယ်။
၁၉၇၁ မိုးဝေမဂ္ဂဇင်းစီးပွားပျက်သော အခါ၊ ရှိစုမဲ့စုဖြင့် ကျွန်တော် နိုင်သလောက် ဝင်ထမ်း ဖြစ်ပါသည်။ ထိုကြောင့် သွားလေသူကြီး မိုးဝေအယ်ဒီတာဟောင်း ကိုသန်းအုန်းက၊ ကျွန်တော့် အား “မိုးဝေကို အသက်ဆက်ပေးသူ” ဟု လှိုက်လှိုက်လှဲလှဲ ပြောလေ့ရှိ၏ ။ ကျေးဇူတင်ပါတယ် ရဲဘော်ရယ်။
သို့ ဖြင့် ကျွန်တော် သာမက၊ ညီငယ်ဏာတ်ပုံမောင်မောင်ကြီး (စစ်ကိုင်း)လည်း၊ မိုးဝေတိုက်မပင် နေ၊ စား၊ အိပ် လုပ်ကြရတော့၏ ။ ကိုနတ် ကတော့၊ နေ့စဉ်ညနေ ၃း၀၀ နာရီခန့်မှ လာတက်၏ ။ ထိုစဉ်က ကျွန်တော် မကျေနပ်။ နောင်မှ မိသားစုစားဝတ်နေရေး အတွက် ပင်ကိုရေး နှင့် ဘာသာပြန်လုံးချင်း ဝတ္ထုကြီးများ ကို ညပိုင်းနှင့် နံနက်ပိုင်းတွင် မ ဖြစ်မနေရေး နေရရှာကြောင်း သိရသည်။ သည်တော့လည်း စိတ်မကောင်း။
ထိုစဉ်က စာပေလောကတွင် ဟာသတစ်ခုတွင် ခဲ့၏
“ရန်ကုန်မှာ နေရာ အပြောင်းဆုံးက၊ ဘတ်(စ်) ကားမှတ်တိုင်နဲ့ မိုးဝေမဂ္ဂဇင်း ပဲဗျ”…ဟူ၏
ဟုတ်လည်းဟုတ်ပါသည်။ကျွန်တော် ထုတ်ဝေသူလုပ်နေစဉ် ကာလတို လေးတစ်ခုအတွင်းမှာ ပင်၊ ပထမ -အနော်ရထာလမ်းနှင့် (၃၃) လမ်းထိပ်ရှိ ဦးတင်အေး ၏ ပုံနှိပ်တိုက်၊ နောက်(၃၄)လမ်းရှိ ကိုမြင့်ဦး၏ သိန်းသန်းဦးပုံနှိပ်တိုက်၊ နောက်ဗိုလ်ချုပ်လမ်းနှင့် (၄၅) လမ်းထိပ်ရှိ ဦးဘရီနှင့် သမီးများ စာပေတိုက်။
မှတ်မှတ်ရရ၊ သိန်းသန်းဦး ပုံနှိပ်တိုက်တွင် ရှိစဉ်က ကျွန်တော် နှင့် ကိုနတ်တို့ ထွက်ပြေးခဲ့ရဖူးသည်။
တစ်နေ့။ ဆရာဗဂျီအောင်စိုး ရောက်လာသည်။ နေမစောင်းသေးသော်လည်း၊ ဒေါင်ချာစိုင်းအောင် မူးနေသည်ပြီ။ ကိုနတ်ကား မျက်နှာငယ်လေးနှင့် ။
“ကိုနတ်နွယ်။ ပိုက်စံပေးပါဗျာ။ ကျုပ်ထပ်သောက်အုံးမယ်”
ကိုနတ်က ကျွန်တော့် ကို လှမ်းကြည့်သည်။ ကျွန်တော် က လက်ခါပြသည်။ ဟုတ်သည်။ နောက်နေ့မှ နယ်ကလာသော ငွေများ ကို စာတိုက်သွားထုတ်ရမည် ။ ကျွန်တော် နှင့် မောင်မောင်ကြီးတို့၏ ယနေ့ညစာအတွက်ကိုပင် မည် သို့ ကြံဖန်ရမည် ကိုမသိသေး။
ကိုနတ်က တိုးလျစွာ ပြောရှာသည်။
“မရှိပါဘူး။ ကိုအောင်စိုးရယ်”
“ ဟို ကောင်မလေးရော၊ ဘယ်လောက်ရှိသလဲ”
မြှားဦးက ကျွန်တော် ဘက်သိုလည့်လာသည်။
“လောလောဆယ် မရှိပါဘူး ဆရာ”
“ဘာကွ၊ ဒါလား မဂ္ဂဇင်းထုတ်ဝေသူ။ ဖွတ်ကျားလေးပဲ။ကဲ၊ ပေးရင်ပေး၊ မပေးရင်တော့ ဒီအတိုင်းပဲနေတော့မယ်
ပြောပြောဆိုဆို၊ လုံချည်ကို ကွင်းလုပ်ချွတ်ချလိုက်သည်။ ပုံနှိပ်တိုက်ထဲတွင် စာရွက်ခေါက် နေကြသော မိန်းကလေးများ ငယ်သံပါအောင် အော်လျက်၊ လမ်းထဲသို့ ထွက်ပြေးကြ၏ ။ တစ်လမ်းလုံး ရုတ်ရုတ်သဲသဲ။
ကျွန်တော် ဒုက္ခကို၊ တက္ကသိုလ်မောင်အောင်ဆွေက ဖြေရှင်းပေးပါသည်။ ထိုစဉ် ထိုပုံနှိပ်တိုက်၏ အထပ်ထပ်တွင် သူက “ဝတ်မှု န်” မဂ္ဂဇင်းကို ထုတ်ဝေနေခိုက် ဖြစ်ပါသည်။
ကိုအောင်ဆွေထံမှ၊ ပိုက်ဆံရသော အခါ ဆရာဗဂျီအောင်စိုးသည်၊ စောစောက ဘာမှမ ဖြစ်ခဲ့သည့် ပုံဖြင့် ၊ ၃၄လမ်းထဲမှ ရင်ကော့၍ ချီတက် သွားပါတော့သည်။
ကျွန်တော် တစ်ယောက် ထဲ ပစ်သွားခဲ့သော နတ်ကို ကျွန်တော် ဒေါသ ထွက်၍ မဆုံး။ ညဘက်ပုဂံ ကိုချောအိမ်ဝိုင်းသို့ ရောက်မှပြန်တွေ့ ရသည်။ သူက ရယ်ကျဲကျဲဖြင့် …၊
“ကိုမင်းသစ်က၊ စစ်ကိုင်းသားလုပ်နေပြီး။ အတော် အူသေးတာပဲဗျ”
စစ်ကိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ခိုနားခဲ့ဘူးသော ၊ စစ်ကိုင်သား တစ်ပိုင်းအ ဖြစ်ခံယူထား သော သူက ထိုသို့ ဆိုသော အခါ၊ ကျွန်တော် မှ ရယ်ရ ခက်ငိုရခက်။
ဤစာကိုရေး နေရင်း၊ မှိန်မှိန်လေးပြုံးနေသော သူ့မျက်နှာကြီးကို ပြန်မြင်ယောင်နေမိသလို၊ ဆရာဗဂျီအောင်စိုးကိုလည်း လွမ်းရင်းပြုံးမိပါ၏ ။
ကိုနတ်နှင့် ပတ်သက်၍ ကျွန်တော် အမှားများ စွာ မှားခဲ့ဖူးပါသည်။ နောင်တရ၍ မဆုံးပါ။
ပထမဆုံးအမှားမှာ ၊ အင်္ဂလိပ်စာနှင့် ပတ်သက်ပါသည်။ ပြန်တွေးကြည့်တော့ အလွန်ကလေးဆန်ပြီး ရှက်စရာကောင်းလှပါ၏ ။ ထိုစဉ် အင်္ဂလိပ်စာနှင့် စပ်လျဉ်း၍ “ အသံတိတ်ဘဝင်” လေးတစ်ခုရှိပါသည်။ အသက်ကလေးကလည်း (၂၀)ကျော်လာပြီမို့၊ ထို ရောဂါ က တော် တော် လေးရင့်နေပါပြီ။ အထက်တန်း အဆင့်ကို အင်္ဂလိပ်စာတွင် အစဉ်အလာကြီးမားကြသော စစ်ကိုင်းနှင့် မေမြို့ (ပြင်ဦးလွင်) တို့တွင် ဖြတ်သန်းခဲ့ရပြီး၊ ဘွဲ့ရသည်အထိ စနစ်ဟောင်းတက္ကသိုလ်ပညာရေး စနစ်ဖြင့် ဘာသာစုံ အင်္ဂလိပ်လိုသာ ကျွန်တော် သည် အင်္ဂလိပ်စာတွင် မိမိကိုယ်မိမိ “ ထင်တစ်လုံး” ဖြင့် အသံတိတ်ဘဝင်မြင့်နေသော မကျက် တစ်ကျက်ပေါင်မုန့်တစ်လုံး ဖြစ်နေခဲ့ပါ၏ ။
၁၉၇၀-မိုးဝေမဂ္ဂဇင်းတိုက်တွင် ၊ စစ်တုရင်နှင့် ဆက်ခရက်ဘယ် (အင်္ဂလိပ် စာလုံးဆက်ကစားနည်း) တို့ကို၊ ကစားလေ့ရှိကြပါသည်။ ဘာသာပြန်ဆရာကြီးများ ကြားတွင် ၊ ကျွန်တော် ကလည်း မ ဖြစ်ညစ်ကျယ် ဝင်ပါလေ့ရှိ၏ ။
ထိုတစ်နေ….၊
ကျွန်တော် နှင့် ကိုနတ်တို့ နှစ် ယောက် တည်း ကစားနေကြပါသည်။ ကျွန်တော် ထည့်လိုက်သော အင်္ဂလိပ်စာလုံးတစ်လုံးကို၊ ကိုနတ်က…..
“ထိုမင်းသစ်၊ အဲဒီ စာလုံးမရှိဘူးဗျ”
ကျွန်တော် ထောင်းခနဲ ဒေါသထွက်သွားသည်။ သည်တွင် မပြောသင့် မပြောအပ်သော စကားတစ်ခွန်းကို ပြောလိုက်မိ၏ ။
“ကိုနတ်ကလည်းဗျာ၊ ဒီိလောက်လွယ်တဲ့ စာလုံးလေးကိုများ မေ့နေပြီလား”
ရီဝေတည်ငြိမ်သော မျက်လုံးအစုံဖြင့် ကျွန်တော် ကို မော့ကြည့်သည်။ ပြီးတော့ တဖြည်းဖြည်းပြုံး လာသည်။
“ရှိတယ်လိုသေချာရင် ထည့်ပေါဗျာ“
ကျွန်တော် အခက်တွေ့ သွားသည်။ ကျွန်တော် က တကယ့်ပြိုင်ပွဲလို ဒစ်ရှင်နရီနှင့် ဒိုင်လူဘကီး(၂) ဦး ထား၍ ကစားနေကြသည်မဟုတ်။ တိုက်တွင် လည်း ဒစ်ရှင်နရီ မရှိပါ။ သို့ သော် ကျွန်တော် ကိုယ် ကျွန်တော် ယုံသည်။
“ရှိပါတယ်၊ ကိုနတ်ရော”
ပြောပြောဆိုဆို ထည့်လိုက်သည်။ ထိုပွဲတွင် ကျွန်တော် နိုင် သွားပါသည်။ ညနေတွင် ကတိထားခဲ့ကြသော လောင်းကြေးအတိုင်း၊ ကိုနတ်က ကျွန်တော် ကို အိုရီးယင့်ဟိုတယ်တွင် ဝစ်စကီတိုက် ပါသည်။
အိမ်ပြန်ရောက်တော့ ဒစ်ရှင်နရီကို ယူကြည့်မိသည်။
ထိုစကားလုံး(လုံးဝ) မရှိပါသည်။
ရှက်လွန်းအားနာလွန်းသဖြင့် အိပ်ရေး ပျက်ခဲ့ရပါသည်။
ဒုတိယ အမှား ကတော့ အကြီးဆုံး ဖြစ်ပါ၏ ။ ဝမရှိဘဲ ရှိစုမဲ့စုဖြင့် မိုးဝေမဂ္ဂဇင်းကို ထုတ်နေသော ကျွန်တော့်မှာ ငွေကြေးအကျပ်အတည်း ဖြစ်လာ ပါသည်။ လက်မထပ်ရသေးသော ချစ်သူအပေါ်တွင် လည်း ကြွေးတင်နေပါပြီ။ သူ့ပစ္စည်းတွေ ဟိုဟာယူပေါင် ဒီဟာယူပေါင်နှင့် ၊ အခုထိလည်းထိုအကြွေးတွေ မပြေသေးပါ။ ကျွန်တော် ခမျာ အကြွေးနှင့် အသိမ်းခံလိုက်ရပါသည်။
(ဆောရီးပဲ၊ ဒါလင်ရေ)။
သည်တော့ ကြော်ငြာလိုချင်လာသည်။ ထိုစဉ် လက်ဝဲယိမ်းသော ဂျာနယ် မဂ္ဂဇင်းများ တွင် ၊ မြောက်ကိုရီးယားခေါင်ဆောင်ကြီး ကင်ဆီဆွန်း၏ အတ္ထုပ္ပတ္တိများ ကို လစဉ်ထည့်သွင်း ဖော်ပြနေကြသည်။ ကြော်ငြာခ မြိုးမြိုးမြက်မြက်ကလေး ရကြ၏ ။
ထိုကြောင့် မြောက်ကိုရီးယား သံရုံးနှင့် ဆက်နွယ်သော ဆရာမောင်နေဝင်း မှတစ်ဆင့်တောင်းပေး ရန်၊ ကိုနတ်ကိုအပူကပ်၏ ။ ကိုနတ်က သနားသော အကြည့်နှင့် ကြည့်ပြီး၊ မချိတချိလေးပြုံးကာ….
“လတ်တလောရမယ့်ငွေကြေးကိုချည်း မကြည့်နဲ့ ဗျာ။ တစ်ချိန်မှာ ဒါတွေ က သမိုင်း ဖြစ်လာမှ”
ဒါပဲသူပြောသည်။ ဘာမှလုပ်မပေး။
ကျွန်တော် ဒေါသထွက်၍ မဆုံး။ အတူတူရုံးကန်နေရသူအချင်းချင်း၊ ကျွန်တော် အပေါ် မညှာမတာ ရက်လေခြင်းဟုလည်း၊ နာကျည်းသွားမိပါသည်။
ယခုနှစ် ပေါင်း(၄၀) ကျော်လာပြီးမှ၊ သူပြောခဲ့သော “သမိုင်း” ဆိုသည်ကို သဘောပေါက် တော့သည်။ ကျေးဇူးပဲ၊ ကိုနတ်ရေ……။
မကြာမီကျွန်တော် လည်း အရင်းအနှီးပြုတ်သွားပြီး၊ မိုးဝေမှ ကိုနတ်နှင့် ကျွန်တော် တို့ ထွက်ခွာခဲ့ကြ၏ ။
လွမ်းတယ် မိုးဝေရယ်
ကုန်သွားသော ငွေကြေးများ ကိုရှာရန်၊ ကျူရှင်လောကသို့ ကျွန်တော် ရောက်သွား၏ ။ အောင်မြင်၏ ။ သာယာယစ်မူး၏ ။ ကိုနတ်နှင့် လည်း ရံဖန်ရံခါသာဆုံ ဖြစ်တော့သည်။ ပြင်ဦးလွင်သို့ ကျွန်တော် ပြောင်းသွား သော အခါတွင် မူ သူနှင့် လူချင်းပိုဝေး သွားရတော့သည်။ သူ့သတင်းကိုကား အမြဲနားစွင့်နေ ဖြစ်ပါသည်။ ကျွန်တော် ထံ သို့ ရောက်လာတက်သော ရန်ကုန်မှ စာပေသမားများ နှင့် ဆုံတိုင်း၊ မေး ဖြစ်၏ ။
“ကရာမာဇော့” နှင့် အမျိုးသားစာပေဆုရသည်ဟုသိရ၏ ။ ကျွန်တော် ဝမ်းသာ၍ မဆုံး။ ဆုအတွက်မဟုတ်၊ သူရမည့် ငွေများ အတွက်။ တစ်ရက်တွင် ပြင်ဦးလွင်ရှိ ကျွန်တော် ထံသို့ ၊ ရန်ကုန်မှဖုန်းဝင်လာသည်။ ဆက်လာသူက ဘာသာပြန်ဆရာကြီး တင်မောင်မြင့်။ “ကိုမင်းသစ်ရေ၊ ကျွန်တော် ရယ် ကိုနတ်နွယ်ရယ်၊ ခင်ဗျားဆီလာပြီး စာရေး ကြမလို့ဗျ”
ကျွန်တော် အရမ်းဝမ်းသာသွားသည်။ “လာပါဆရာရယ်။ ဘာမှအားနာစရာမရှိပါဘူး။ ကျွန်တော် အိမ်မှာ သီးခြားအခန်းလွတ်ကြီးတွေ ရှိပါတယ်၊ စာရေး သောက်ရေး ကလည်း၊ မထောင်းတာပါဘူး ဆရာ”
“ဒါပဲလားဗျ”
“အဟဲ၊ ဟိုရေပူရေချမ်းကိစ္စကလည်း၊ ညနေတိုင်း ကျွန်တော့် ဝိုင်းထဲ ဝင်လိုက်ရုံပါပဲဆရာ၊ ဟဲဧဲ”
ဆရာတင်မောင်မြင့်က အားရပါးရရယ်ရင်း ဖုန်းချသွား၏
သို့ သော် သူတို့နှစ် ယောက် ရောက်မလာခဲ့ကြပါ။
ကျွန်တော့် ဆီအလာ၊ မန္တလေးမှာ ပင် ကိုနတ်ကို ဆေးရုံတင်လိုက်ကြရသည်ဆို၏ ။ ရက်ပိုင်းအတွင်းမှာ ပင် ရန်ကုန်သို့ ပြန်ခေါ်သွားကြရ၏ ။ မန္တလေးသို့ ကျွန်တော် ဆင်းလာသော အခါ သူတို့ မရြှိ ကတော့။ သူတို့၏ ဒုတိယအစီအစဉ် ဖြစ်သော ၊ ကျွန်တော် ထံမှအပြန်တွင် မြစ်ကြီးနား ဥတ္တရလမင်းဦးသန်းဆွေ တို့ထံ ဆက်သွားကြမည် ဆိုသော အစီအစဉ်လည်း ပျက်လေတော့၏ ။ ကိုနတ်ကို နောက်ဆုံးတွေ့လိုက်ရသည် ကတော့၊ ၂၀၁၀ ခုနှစ် တွင် ၊ ကျွန်တော် ရန်ကုန်သို့ ပြန်ပြောင်းလာစဉ်က ဖြစ်ပါ၏ ။ ထိုစဉ်က သူကျန်းမာရေး မကောင်းကြောင်းသတင်းရ၍ ကျွန်တော် အလွန်တွေ့ ချင်နေသည်။ ထိုကြောင့် သူနှင့် အဆက်အသွယ်မပြတ်သော ကဗျာဆရာယမုံ ကို အကူအညီတောင်းရသည်။
သို့ ဖြင့် ဆရာမြတ်သင်းနှင့် ကျွန်တော် တို့ယူသွားသော နှစ် ချို့ရမ်များ ၊ နှင့် ကိုတင်လှိုင် (ဆရာလယ်တွင်းသားစောချစ်) ယူလာသော ဘလက်(ခ်) လေဘယ်ကွပ် ပုလင်းကြီးနှင့် အတူ သူ့အိမ်တွင် ဝိုင်းဖွဲ့ ဖြစ်ကြသည်။ ပွဲစီစဉ်သူ ယမုံက ရောက်မလာ။ စာအကြောင်း၊ ပေအကြောင်း ရှေးဟောင်နှောင်း ဖြစ်တွေ ပြောကြသည်။
ကိုနတ်ရော သူ့ဇနီးပါ အရမ်းပျော်နေကြသည်။
ကျွန်တော် တို့ သုံးယောက် လည်း ကြည်နူးပီတိ ဖြစ်ကြရသည်။
ထိုနေ့က ကျွန်တော့်ကို စကားတစ်ခွန်းပြောခဲ့သည်။
“မိမိနေ့က စာရေး ဆရာများ ကို ကျွန်တော် ပြန်ရေး အုံးမယ်ဗျာ။ ဒီတစ်ခါ ခင်ဗျားရဲ့ အလှည့်ပဲ”
ကျွန်တော် လန့်သွားသည်။ ကိုယ်က မှားခဲ့သူကိုး။ သို့ သော်…
“ရေး ပါ။ ကိုနတ်ကြိုက်သလိုရေး ပါ”
သို့ သော် သူရေး မသွားနိုင်ခဲ့ပါ။
ထိုတစ်နေ့ကို သူနှင့် အတူ နောက်ဆုံးပျော်လိုက်ရသော နေ့လေးတစ်နေ့ဟု ကျွန်တော် မထင်ခဲ့ပါ။ အတ္တကြီးသော ကျွန်တော် သည် ကျွန်တော် ချစ်သူတိုင်းကို အသက်ရှည် လိမ့်မည် ဟုချည်း ထင်ခဲ့မိပါသည်။ လွဲခဲ့ပေါင်းလည်း များ လှပါပြီ။
မကြာမီသူ့ဇနီးဆုံးပြီဟုကြားရသည်။ လွန်ခဲ့သော နှစ် အနည်းငယ်အတွင်းမှာ ပင်၊ သူ့ သားသမီးများ တစ်ယောက် ပြီး တစ်ယောက် ကွယ်လွန်တိမ်းပါးသွားကြသည်ဟု လည်းသိရသည်။ အဝေးနေ သား တစ်ယောက် သာ ကျန်ခဲ့သည်ဟုဆို၏ ။ အတိအကျ ကျွန်တော် မသိပါ။ ဇနီး ဖြစ်သူ ဆုံးပြီးဆိုတော့၊ သူ တစ်ယောက် တည်း အထီးကျန် ဖြစ်ရတော့မည် ။ သည်လိုအချိန်မျိုးမှာ သူ့အနားတွင် ကျွန်တော် ရှိနေ့သင့်သည်။
သို့ သော် နေ့ရွှေ့ညရွှေ့ဖြင့် ကျွန်တော် မရောက် ဖြစ်ခဲ့ပါ။
မကြာမီ၊ သူ့ချစ်သူနောက်သို့ သူလိုက်ပါသွားသည်။
တပည့် ဖြစ်သူကျွန်တော် ကား၊ နောင်တများ ၊ အမှားများ နှင့် အတူကျန်ရစ်ခဲ့တောသည်။ ခွင့်လွှတ်ပါဆရာ။ ဒါပေမဲ့…။
“တာဝတိ သာမြောက်ပိုင်း”မှာ ထပ်ဆုံချင်ပါသေးတယ် ကိုနတ်ရယ်။
မင်းသစ်
ပေါ်ဦးသက်
၁၉၆၀ပြည့်လွန်နှစ် များ ဟုသာ မှတ်မိတော့သည်။ ယခုရေး နေရင်း ကိုယ့် ကိုယ်ကိုယ် ဒေါသ ထွက်မိ သည်။ ဒိုင်ယာရီ၊ ပြက္ခဒိန်၊ နာရီတို့ကို အရူးထပြီး ဆန့်ကျင်ခဲ့သည့်အရွယ်။ “နာရီဆိုတာ အချိန်ရဲ့ လက်ထိပ်ပဲကွ” ဟုဆိုခဲ့ကြသော နောင်တော် များ ဖြစ်ကြသည့် ဌေးဦး(ရွှေဘို)နှင့် မြတ်သင်းတို့၏ သြဝါဒ စကားများ ကို သဘောအကျကြီး ကျမိခဲ့သည့် ငယ်ဘဝ။
ထို ၁၉၆၀ ၏ ဆယ်စုနှစ် နှောင်းပိုင်းကာလများ အတွင်းမှာ ကျွန်တော် သည်။ အထက်တန်းပြ ဆရာ လူထွက်၊ ရုပ်ရှင်ဝတ္ထု ဇာတ်ညွှန်းဆရာ တစ်ပတ်နွမ်း၊ သီချင်းရေး ဆရာ ပင်စင်စားဘသဖြင့် အနုပညာလောက ကြီးကို တော် လှန်ပြောင်းလဲ ပစ်လိုက်မည် ဟူသော ခါချဉ်ကောင် တစ်ကောင်၏ ကြွေးကြော်သံဖြင့် ခါးကျိုးနေသူ။ နေစရာမတည်မကျ၊ စားစရာနပ်မမှန်၊ လေသံ ကတော့ နည်းနည်း မှ မလျှော့။
မနေနိုင်ကြသော အညာသားမိတ်ဆွေ သင်္ဂဟများ က ဝိုင်းဝန်းစောင့် ရှောက်ကြရှာသည်။ ဆရာတင်မိုးက မနက်စောစာကျွေးသည်။ ကဗျာဆရာ လင်မယားရုံးသွား၊ ကျောင်းသွား ကြသော အခါ ကိုပေါ်ဦးသက်ထံ ပို့အပ်ထားသည်။ စိတ်လေမည် စိုး၍ ……..။
အားလုံးက စိတ်ပူကြသည်။ ထိုစဉ်က ကျွန်တော် ကလည်း ကျားဖမ်းမယ်၊ ဆင်ဖမ်းမယ် ကြုံးဝါးနေချိန်။ ဆရာတင်မိုး ကတော့ တစ်ခွန်းပဲပြောသည်း။
“ မင်းလိုကောင်မျိုး ဗဟိုမပြောနဲ့၊ ရွှေကျင်-မဒေါက်မှာ တင် အသတ်ခံရ မယ့်ကောင်”
ထားပါတော့။ သည်လိုနှင့် မနက် ၉နာရီဝန်းကျင်တိုင်း အမှတ် ၅၅၅၊ ကုန်သည်လမ်းဟု ခေါ်တွင် သော ဦးမြင့်စိုးချိန်ဘာဟု တစ်မြို့လုံးသိကြသည့် တရားရုံးချုပ်ရှေ့နေကြီး ဦးမြင့်စိုး၏ (Chamber) ရုံးခန်းသို့ ရောက်ရမြဲ ဖြစ်ခဲ့သည်။
မှတ်မိသလောက်၊ ရုံးခန်းဟူ၍ ထိုင်သူမရှိတော့ပါ။ ရုံးခန်းအထက် ထပ်ခိုးအကျယ်ကြီးမှာ စာရေး ။ နေရေး ကို ကိုပေါ်ဦးက တာဝန်ယူသည်။ ရောက်သည်နှင့် စာပေဗိမာန်ဘေးက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်တိုက်သည်။
၁၀နာရီခန့် အခန်းသို့ ပြန်အရောက်တွင် ကိုပေါ်ဦး ရေချိုသည်။ ပြီး ဝတ်ဖြူစင်ကြယ်ကို လဲလှယ်ဝတ်ဆင်သည်။ ဓာတ်ပြားကြီးများ ဖွင့်နိုင်သည့် ရက်ကော ချိန်ဂျာစက်ကြီးဖြင့် ဥရောပ ဂန္ထဝင်တီးလုံးများ ဖွင့်သည်။ မိုးဇာတ်၊ ဘီသိုဗင်၊ ဘာ့ခ် စသည်…။ အထူးသဖြင့် ဂျိမ်းစ် (အမည် အပြည့်အစုံ မမှတ်မိတော့ပါ) နှင့် လူးဝစ်အမ်းစထရောင်းတို့၏ တစ်ကိုယ်တော် လက်စွမ်းပြ ထရမ်းပက်ဂီတသံများ ကို ဆက်တိုက်ဖွင့်သည်။
ကိုပေါ်ဦး ပန်းချီကာတစ်ချပ် စရေး ပြီး။
“ ကိုမြတ်သူ၊ ထ……၊ ထမင်းသွားစားကြမယ်။
“ ကိုဆန်းနီညိမ်း နဲ့ ကိုခင်မောင်ရင်တို့ လာကြဦးမှာ ဆို…”
“ မစောင့်တော့ဘူး၊ ၁၂ နာရီထိုးပြီ။ ဒီမှာ မတွေ့ ရင် သူတို့ဆိုင် လိုက်လာကြလိမ့်မယ်”
ကြိုးစားရေး ဖွဲ့နေသော ကဗျာ(သို့ မဟုတ်) ဝတ္ထုတိုစာမူကိုအသာချပြီး သူ့နောက်က လိုက်ခဲ့ ရသည်။
ဤသို့ ဖြင့် ၃၇ လမ်းက လမ်းဘေးထမင်းဆုင်လေးမှာ ၃-လခန့် နေ့စဉ်ကျွန်တော့် ကို ထမင်းကျွေး သည်။
အခေါက်ကင်၊ နံကင်၊ ထမင်းပေါင်း၊ ကြံမဆိုင် …။
အခေါက်ကင်၊ နံကင်၊ ထမင်းပေါင်း၊ ကြံမဆိုင် …။
နေ့စဉ် မွန်းလွဲ ၁ နာရီခန့်တွင် အလုပ်ပြန်စကြသည်။ သူက ပန်းချီရေး ၊ ကျွန်တော် က စာဖတ်၊ စာရေး ….။
တစ်ခါတရံ …၊ တစ်ပတ်မှာ တစ်ခါ (သို့ မဟုတ်) တစ်လမှာ တစ်ခါလောက်၊ အားတက်ဖွယ်ရာ ၀မ်းမြောက်ကြည်နူး ဆွတ်ပျံ့ဖွယ်ရာအသံကို ကျွန်တော် ကြားရတတ်သည်။
“ဂျစ် … ဂျစ် … ဂျစ် … ဂျစ်”
ပျော်လိုက်တာ …။ ကိုပေါ်ဦး ပန်းချီကားတစ်ချပ်ရေး ပြီးသွားပြီ။ လက်မှတ်ထိုးနေသည့်အသံ…။
ထိုတစ်နေ့ကလည်း ထို “ဂျစ် … ဂျစ် … ဂျစ် … ဂျစ်” အသံကို ကြားရသည်။ ကျွန်တော် ပျော်သွားသည်။
“ကိုပေါ်ဦး၊ ပြီးပြီလားဗျ။”
“အင်း …. လက်ကပြီးလို့ လက်မှတ်ထိုးလိုက်ရတာ ပေါ့ဗျာ။ ဘယ်ပြီးပါ့မလဲ”
ကျွန်တော် ကြက်သီးမွေးညင်းထသွားသည်။
လွမ်းလောက်ပါပေတယ်၊ ဆရာပေါ်ရယ်။
မင်းသစ်
မင်းသိင်္ခ
လွန်ခဲ့သော ၂၄ နှစ် ။
မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထပ်။
၁၉၈၈ သြဂုတ်လ တတိယရက်သတ္တပတ်၏ တစ်ခုသော ရက်။ မြန်မာပြည်တစ်ဝှမ်းလုံး ထိုအစိုးရထံမှ ဒီမိုကရေစီနှင့် အပြောင်းအလဲ တစ်စုံတစ်ရာကို တောင်းဆို နေကြချိန်။
မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ကြသော ပြည်သူတိုင်း ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်တစ်ရပ်ကို လိုချင်ကြ ပေမည် ပေါ့ခင်ဗျာ။
ကျွန်တော် တို့ စာရေး ဆရာ၊ ကဗျာဆရာတစ်စုသည်လည်း မိုးဖွဲဖွဲလေး အောက်တွင် ၊ ဆေးရုံကြီးရှေ့၌ စုဝေးမိကြပါပြီ။ ရန်ကုန်တစ်မြို့လုံး အုတ်တုတ်ကျက်ကျက်။
ကျွန်တော် က ကဗျာဆရာအစုအဖွဲ့တွင် ပါဝင်ပါသည်။ အံ့သြစရာ ကောင်းသည်မှာ ဘက်ဆဲလား ဝတ္ထုရေး ဆရာများ ဖြစ်ပါလျက်၊ စာရေး ဆရာအစု အဖွဲ့တွင် မပါဘဲ၊ ကဗျာဆရာတွေ နှင့် လာပေါင်းသူ (၂) ဦးရှိပါသည်။
မင်းသိင်္ခ နှင့် မောင်စိန်ဝင်း (ပုတီးကုန်း)။
မိုးစဲသွားသည်နှင့် ---
“ကဲ၊ ထွက်မယ်၊ ထွက်မယ်။ နှစ် ယောက် တစ်တွဲ စီ တန်းစီကြ”
အဖွဲ့ခေါင်းဆောင် မောင်စိမ်းနီက ဆော်ကြသည်။
ဆရာမင်းသိင်္ခက…
“နေကြဦး၊ နေကြဦး။ မောင်းစိမ်းနီ၊ ဒီကိုလာပါဦး”
မောင်စိမ်းနီ တစ်ယောက် ဇဝေဇဝါဖြင့် ရောက်လာသည်။
“ဘာ ဖြစ်လို့လဲဟ”
“နင့်လက်ဝါးဖြန့်စမ်း”
“ဘာ”
ယောင်တောင်တောင်ဖြင့် မောင်စိမ်းနီက လက်ဝါးလေးဖြန့် ပြရှာသည်။ သူက အသေအချာ ကြည့်ရှုစစ်ဆေးပြီး…
“အင်း၊ နင်က ဥပစ္ဆေဒကကံနဲ့ သေဖို့ လက္ခဏာမပါဘူး။ ဒီတော့ နင်ရှေ့ကတက်”
အုန်းခနဲ ရယ်သံကြီးထွက်လာသည်။
မောင်စိမ်းနီကား သူ့ကို မေတ္တာပို့၍ မဆုံး။
သူ ကတော့ ပြုံးစေ့စေ့ဖြင့် သာ…။
သည်တော့မှ မောင်စိမ်းနီနှင့် မင်းသိင်္ခတို့၏ ရင်းနှီးမူအတိုင်း အတာကို သိလိုက်ရတော့သည်။
မောင်စိမ်းနီကား အပြောတခြား အလုပ်တခြားပါတကား။ ရှင်းအံ့။ မင်းသိင်္ခဟူ၍ နာမည် ကြီးလာ ကစတွင် သူ့စုအုပ်များ ကို ပင်တိုင်ထုတ်ဝေသော ဉာဏ်ဝင်းစာပေမှ ကိုဉာဏ်ဝင်း၏ မိတ်ဆက် ပေးမှု ကြောင့် ကျွန်တော့် နှင့် စတင်ရင်းနှီးခွင့်ရခဲ့သည်။ သူနှင့် သက်တူ ရွယ်တူတွေ မို့၊ မင်းသိင်္ခအကြောင်းကို မောင်စိမ်းနီအား မေးကြည့်သော အခါ…။
“မပေါင်းနဲ့၊ မပေါင်းနဲ့၊ ကင်းအောင်နေ။ သူတို့ကတာမွေ စတိတ်ထွက် အလံနီတွေ ဗျ။ ကျုပ်တို့က ရေကျော်စတိတ်ထွက် ဘီစီပီတွေ ၊ တခြားစီပဲ။ မပေါင်းနဲ့ဗျ”။
အညာသား၊ ကျွန်တော် ကတော့ သူတို့၏ တာမွေစတိတ် ဟိုက်စကူးလ်တွေ ၊ ရေကျော်စတိတ်တွေ ကို ဘာမှနားမလည်ပါ။ သို့ သော် ကိုယ့်အကိုကြီးသဖွယ် ဖြစ်နေသော မောင်စိမ်းနီ၏ စကားမို့ မျက်စိမှိတ်၍ ယုံလိုက်ရပါသည်။
နောင်သော အခါမှသာ သူ့တိုသည် ရန်ကုန်အရှေ့ပိုင်းသား အချင်းချင်း ဟူသော ကြွေးကြော်သံဖြင့် လုံးထွေးပေါင်းနေကြသော ငယ်သူငယ်ချင်း အရင်းကြီးတွေ မှန်း သိလိုက်ရပါသည်။ သူ့တို့ အချင်းချင်း၊ အထူးသဖြင့် မောင်စိမ်းနီ၊ မောင်ရွှေစွန် နှင့် မင်းသိင်္ခ တို့မှာ သံယောဇဉ်ပိုကြီးကြ၏ ။ သူတို့ချင်းတွေ့ လိုက်ကြလျှင် လူငယ်တွေ ၊ တပည့်တပန်းတွေ ကွယ်ရာ၌ နင်တစ်လုံး ငါတစ်လုံး တပြုံးပြုံးဖြင့် ။ ကျွန်တော့် တို့မှာ ပါးစပ်အဟောင်းသားဖြင့် ။
မှတ်ပေရော့၊ မင်းသစ်ရေ။
ဆရာမင်းသိင်္ခကား ဆိုခဲ့သလိုပင် မကြခဏ အတည်ပေါက်ဖြင့် ဟာသလုပ်တက်၏ ။ မှတ်မှတ်ရရ ထိုအရေး အခင်းကာလအတွင်းမှာ ပင် ဖြစ်ပါသည်။ ကျွန်တော် တို့ ကဗျာဆရာ၊ စာရေး ဆရာများ သည် ရန်ကုန် မြို့တွင်းသာမက၊ မြို့ပြင်နှင့် နယ်မြို့များ သို့ တိုင် လှည့်လည်ဟောပြော ကြရပါသည်။
တစ်ရက်တွင် မှော်ဘီသို့ သွားရောက်ဟောပြောရန် ဆရာ မင်းသိင်္ခ၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာတင်မိုး၊ မစမ်းစမ်းနွဲ့ (သာယာဝတီ) နှင့် ကျွန်တော် တို့ တာဝန်ကျေပါသည်။
မှော်ဘီမြို့ခံတို့က မြို့ပေါ်ရှိ ဌာနဆိုင်ရာ အဆောက်အဦတစ်ခုတွင် ကျွန်တော် တို့အား ဧည့်ခံကြပါသည်။ အခန်းနံရံတစ်ဘက်တွင် မင်းသိင်္ခ၊ မောင်စိန်ဝင်း၊ ကျွန်တော် နှင့် မြို့မိမြို့ဖ လူကြီးတစ်ချို့ ထိုင်နေကြပြီး မျက်နှာချင်းဆိုင် နံရံဖက်တွင် ဆရာတင်မိုးနှင့် ဆရာမ စမ်းစမ်းနွဲ့တို့က နှစ် ယောက် ထိုင် ဆက်တီခုံ၌ ထိုင်နေကြပါသည်။ ထိုစဉ် ဆရာမင်းသိင်္ခက စကားစပါသည်။ ဆရာတင်မိုးတို့ နှစ် ယောက် ကို ကြည့်ရင်း…
“အဟမ်း၊ အဟမ်း၊ အခုကျွန်တော် တို့လူကြီးတွေ ကလည်း စုံပါပြီ။ ကဲ၊ မင်းတို့လူငယ် နှစ် ယောက် က ရော လက်မှတ်ထိုးဖို့ အဆင်သင့် ဖြစ်ပြီလား”
တစ်ခန်းလုံး၊ မပြုံးဘဲ ဝါးလုံးကွဲရယ်ြ ကတော့သည်။ ဆရာတင်မိုးနှင့် မစမ်းစမ်းနွဲ့တို့ခမျာမှာ တော့ ရယ်ရခက်ငိုရခက်။ ဤသည်ပင် မင်းသိင်္ခ၏ သူ့ဇာတ်ကောင် ဦးဂွမ်တီစတိုင်လ် ဟာသ ဖြစ်တော့၏ ။
သို့သော် နောက်တစ်ပတ်ခန့်အကြာ၊ ကျွန်တော် နှင့် မောင်စိန်ဝင်း(ပုတီးကုန်း) တို့ မအူပင်သို့ သွားရောက်ဟောပြောခါနီး တွင် သူရောက်လာသည်။ မရယ်မပြုံးနှင့် …
“ခင်ဗျားကို အကူအညီတောင်းမလို့ဗျ”
“ဘာလဲ့ ဆရာရဲ့ ”
“ဒီလိုဗျ ကိုမင်းသစ်ရ။ ကျုပ်အသအချာတွက်ကြည့်ပြီးပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ မင်းသစ် လာတော့မှာ ”
“ခင်ဗျာ”
ကျွန်တော် လန့်သွားသည်။
“အစိုးရသစ်တက်တော့မှာ ကို ပြောတာပါဗျ”
သက်ပြင်းတစ်ချက် ကျွန်တော် ခိုးချလိုက်ရသည်။ သူက စကားကို ဆက်၏
“ကျုပ်ကိုယ်ကျုပ်လည်း စစ်ကြည့်ပြီးပြီ၊ ကျုပ်လည်း အထဲဝင်ရတော့မှာ သေချာပေါက်ပဲ။ ခင်ဗျား တစ်ခုကူညီ”
“ပြောပါဆရာ”
“ဟောဒီမှာ ကျုပ်ရဲ့ စာပေလုပ်သားကဒ်။ အဲဒါကို မအူပင်မှာ မီးရှို့ပြီး မြစ်ထဲမျှောပေးခဲ့
“ခင်ဗျာ”
“ခင်ဗျားနားမလည်ပါဘူးဗျာ။ ကျုပ်တို့ရဲ့ ပညာပိုင်းနည်းစနစ်တွေ ပါ။ မအူပင်က ကျုပ်ရဲ့ ဇာတိ ဗျ။ အဲဒီ ကိစ္စကို မအူပင်သားတွေ တောင်သိကြမှာ မဟုတ်ပါဘူး။ အဲဒီ တော့ ကျုပ်ရဲ့ ဇာတိမအူပင်မှာ မင်းသိင်္ခကို မင်းသစ်က၊ မီးရှို့ပြီး မြစ်ထဲမျှောပစ်ရမယ်။ ခံရမှာ ကတော့ သေချာပေါက်ပဲ။ ဒါပေမယ့် ဒီယတြာကြောင့် ငါးဆယ်ရာခိုင်နှုန်း သက်သာမယ်”
မောင်စိန်ဝင်းရော ကျွန်တော် ပါ မရယ်နိုင်ကြပါ။ တစ်လုံး တစ်ပါဒမှာ လည်း မပြောနိုင်ခဲ့ကြပါ။
သူကား သူ့ပညာကို မြတ်နိုးလေးစား တန်ဖိုးထားသူစစ်စစ် တစ်ယောက် ဟုသာ ကောက်ချက်ချမိခဲ့ ကြ၏ ။
သို့ သော်၊ နောင်တွင် သူ့ဟောကိန်းအတိုင်း အတိအကျ ဖြစ်လာခဲ့၏ ။
သူပြောသလိုပင် သူလည်း ငါးဆယ်ရာခိုင်နှုန်းမက သက်သာရာရခဲ့၏ ။
မလွမ်းဘူးလား၊ ကိုစိန်ဝင်းရေ…။
မအူပင်မြို့နယ်ဓမ္မာရုံကြီးတွင် ဖြစ်ပါသည်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ဟောပြောအပြီးတွင် စင်မြင့် ပေါ်သို့ ကျွန်တော် တက်ခဲ့ရပါသည်။
“လေးစားအပ်ပါသော မြို့မိမြို့ဖအပေါင်းတို့ခင်ဗျား။ ကျွန်တော် မဟောပြောခင်မှာ မ.ဆ.လ ဆန်ကျင့်ရေး သရုပ်ပြပွဲလေး တစ်ခုကျင်းပဖို့ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူကြီးမင်းတို့ရဲ့ မအူပင်မြို့သား နိုင်ငံကျော်စာရေး ဆရာကြီးတစ်ဦးက သူ့ကိုယ်စား ကျွန်တော့် ကို တာဝန်ပေးလိုက် တာပါ”
ငြိမ်နေသော ပရိတ်သတ်ကြီး လှုပ်လှုပ်ရွရွ ဖြစ်လာသည်။
“အဲဒီ ဆရာကြီး ကတော့၊ ဆရာမင်းသိင်္ခပါခင်းဗျာ”
“ဟာ”၊ “ဟင်” အာမေဋိတ်သံများ နှင့် အတူ လက်ခုပ်သြဘာသံကြီး ပြိုလာသည်။ အတန်ကြာမှာ ကျွန်တော် စကားဆက် ရသည်။ “ဆရာမင်းသိင်္ခက ကျွန်တော့် ကို မှာ လိုက်ပါတယ်။ မ. ဆ. လ အစိုးရက ထုတ်ပေးထားတဲ့ သူရဲ့ စာပေလုပ်သားကဒ်ကို သူ့ဇာတိမြို့မှာ မီးရှို့ပြီး၊ မြစ်ထဲမျှောပေးပါတဲ့ ခင်ဗျား”
လက်ခုပ်သံသြဘာသံကြီးတစ်ခု ပြိုကျလာပြန်သည်။
ထိုစာပေလုပ်သားကဒ် မီးရှို့ပွဲကို ကျွန်တော့် တပည့် ဗဟိန်းအောင် (ဆရာဗန်းမော် တင်အောင် ၏ သား) နှင့် အဖြူအစိမ်းဝတ် ကျောင်းသားလေး တစ်ယောက် က ကူညီသည်။
ကဒ်ပြားကို ကျွန်တော် က ကိုင်ထားပြီး သူတို့က မီးခြစ်ပေး သည်။ ထိုမီးတောက်ထဲတွင် ကျွန်တော် ကိုယ်တိုင်ရှို့သည်။ သို့ သော် တော် တော် နှင့် မလောင်။ သူ့စာပေလုပ်သားကဒ်ကို ပလပ်စတစ်အထူအကြီး ဖြင့် လောင်းထားသော ကြောင့် ဖြစ်ပါသည်။ လက်တွေ ပူလာသဖြင့် မကြာခဏ ကျွန်တော် ဘယ်၊ ညာ လက်ပြောင်းကိုင်နေရသည်။
ကိုစိန်ဝင်း ကတော့ ကျွန်တော့် ဒုက္ခကိုကြည့်ပြီး ရယ်ချင်နေဟန်တူသည်။ ကျွန်တော် ကတော့ သူ့ဓာတ်ပုံ ကို ကိုယ်တိုင်မီးရှို့ နေရသဖြင့် ရင်ထဲမှာ မကောင်း။ သို့ သော် မင်းသိင်္ခကို မင်းသစ်ကိုယ်တိုင် မီးရှို့ရမည် ဟု ဆရာကမှာ လိုက်သည် မဟုတ်လား။
ညနေဘက်၊ ရန်ကုန်အပြန်သင်္ဘောစောင့်ကြရင်း ပလ်စတစ်ကဒ်ဘဝမှ ပလပ်စတစ်အလုံးကလေး ဘဝသို့ ပြောင်းသွား ပြီ ဖြစ်သော သူ၏ စာပေလုပ်သား ဘဝပြောင်းလေးကို ကျွန်တော် မြစ်ထဲသို့ မျှောပစ် ခဲ့ပါသည်။
ကျွန်တော် တာဝန်ကျေခဲ့ပါတယ်၊ ဆရာရယ်။
မကြာမီ တပ်မတော် အစိုးရတက်လာသည်။ နိုင်ငံရေး ပါတီများ ဖွဲ့ခွင့်ပေးသည်။ နိုင်ငရေး ပါတီ ကြီးတစ်ခုထဲသို့ သူဝင်ရောက်သွားသည်ဟု သတင်းကြားရသည်။
တစ်ရက်တွင် သူတို့ပါတီဌာနချုပ်သို့ အလည်အပတ်ရောက်သွားသည်။ သူနှင့် တွေ့ တော့…။
“ဟေ့လူ၊ ဟိုပြေး ဒီပြေးလုပ်မနေနဲ့။ ဒီမှာ လာလုပ်လှည့်။ နေရေး ၊ စာရေး ကျုပ်တာဝန်ယူတယ်”
“ကျေးဇူးပါပဲဆရာ။ ဒါပေမဲ့ ဆရာတို့ပါတီက မတူတဲ့အုပ်စု သုံးအုပ်စု ပေါင်းထားတာပဲ။ မကြာခင် ကွဲမှာ ပဲ။ ကျွန်တော် မလာပါရ စေနဲ့ ဗျာ”
ခေတ္တမျှ တွေ သွားပြီ သူခေါင်းတစ်ချက်ညိတ်သည်။ ကျွန်တော် ပြန်ခဲ့သည်။
မကြာမီ သူတို့ပါတီခွဲကြ၊ ကွဲကြသည်။
ထို့နောက် သူလည်း နရသိန်သို့ ရောက်သွားပြီ ဖြစ်ကြောင်း သတင်းရကြသည်။
သို့သော် ကျခံရမည့် နှစ် များ မစေ့မီ သူလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သူပြန်လွတ်လာကြောင်းကို ရုပ်မြင်သံကြားသတင်းတွင် တွေ့ လိုက်ရသော အခါ ကျွန်တော် တို့အားလုံး ပျော်သွားကြသည်။
ဖြည်းဖြည်းမှ သူနှင့် ဆုံတော့မည် ဟု စဉ်းစားထားသော်လည်း ထိုနေ့ညမှာ ပင် သူ့တပည့်ငယ် တစ်ယောက် ကျွန်တော့် ခြံထဲသို့ ရောက်လာသည်။
“ဆရာကြီး မင်းသိင်္ခက မနက်ဖြန်မနက် ၈ နာရီ၊ သူ့အိမ်က ဆွမ်းကျွေးကို ကြွခဲ့ဖို့၊ ဖိတ်ခိုင်းလိုက်ပါတယ် ဆရာ”
ထိုစကားကြားရတော့ ထောင်ထဲမှာ နှစ် ပေါင်းများ စွာ နေခဲ့ရသော်လည်း ကျွန်တော့်ကို သူသတိရနေဆဲ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျွန်တော် ကြည်နူးရပါသည်။
“သူရဲ့ ဘယ်အိမ်ကို ပြောတာလည်းကွဲ့”
“ကျောက်ရေတွင်းလမ်းက အိမ်ကိုပါဆရာ”
သြော်ဟုတ်သားပဲ။ ဆရာအိမ့်က ဘိုးလိန်းလမ်း (ဗညားဒလလမ်း)မှာ လား ဟု တစ်ခါက ကျွန်တော် မေးဖူးသည်။ သူက ဤသို့ ဖြေသည်။
“မဟုတ်ဘူးဗျ။ အမှတ် ၁၄၊ ကျောက်ရေး တွင်းလမ်းကျောက်မြောင်းပါ”
“ဒါဆိုရင် ဆရာအမြဲတမ်းရေး နေတဲ့ အမှတ် ၂၉၅၊ ဘိုးလိန်းလမ်း ဆိုတာကရော”
“အဲဒါက ဆားပုလင်းနှင်းမောင်ရဲ့ အိမ်လေ။ ဟဲ၊ ဟဲ၊ နောက်တာပါဗျာ။ အဲဒါက ကျွန်တော့် မိဘများ ရဲ့ အိမ်ပါ”
ထိုစကားများ ကို မှတ်မိနေရသဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်ရင်း ပြုံးမိသည်။
နောက်နေ့မနက်၊ သူ့အိမ်တွင် ကျွန်တော် တို့နှင့် ဆုံကြသော အခါ အားလုံး ပျော်နေကြချိန်တွင် ကျွန်တော် က သူ့ကိုစ ဖြစ်သည်။
“ဆရာ ၈၈ တုန်းက မအူပင်မှာ ကျွန်တော် ချေပေးခဲ့တဲ့ ယတြာလေး မှတ်မိသေးလား။ ဟဲ၊ ဟဲ။”
“ကျုပ်ပြောခဲ့သားပဲ။ အဲဒီ ယတြာကြောင့် ငါးဆယ်ရာခိုင်နှုန်း သက်သာမယ်ဆိုတာလေး။ အဲဒီ တုန်းက မောင်စိန်ဝင်း (ပုတီးကုန်း) လည်း သက်သေရှိသားပဲ”
“ဟုတ်ပါတယ်ဗျာ။ ဟုတ်ပါတယ်။ ဒါပေမယ့် ယတြာ ဘယ်လောက်ကောင်းကောင်း၊ ချေပေးတဲ့သူက အချိန်နဲ့နေရာနဲ့ တိတိကျကျ လုပ်ပေးနိုင်မှ စွမ်းတာဆို၊ ဟဲ၊ ဟဲ”
“ဟုတ်ပါတယ်၊ ကျေးဇူးရှင်လေးရယ်”
“နှစ် ယောက် သား ကြည်နူးစွာ ရယ် ဖြစ်ခဲ့ကြသည်။
သူ့ကို ကျွန်တော် ကျီစယ်သည်က ရယ်ကြရရုံသာ။
သူက ကျွန်တော့် ကို ကျီစယ်သည် ကတော့ ကျွန်တော် ကျောကော့အောင်ခံခဲ့ရပါသည်။ သူလျှမ်းလျှမ်းတောက်မအောင်မြင်ခင်၊ ၃၅ လမ်းနှင့် မဟာဗန္ဓုပန်းခြံလမ်းအကြား၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ဘောင်းဘီ ဝိဇ္ဇာဆိုင်အပေါ်ထပ်တွင် ဗေဒင်ဟောခန်းလေး ဖွင့်ထားဆဲကာလတွင် ဖြစ်ပါသည်။
မြေးများ ကို အလွမ်းပြေတွေ့ ရန်အတွက် ကျွန်တော့် မိခင်ကြီး စစ်ကိုင်းမှ ရန်ကုန်သို့ ရောက်လာသည်။ မေမေကား မင်းသိင်္ခ၏ စာဖတ်ပရိသတ်စစ်စစ်။ သူ၏ “မနုစာရီ” ကို ကျွန်တော် တို့ထက်ပင် စော၍ ဖတ်ထားသူ။ အညာသူမိခင်ကြီးသည် ဗေဒင်ကလည်း အလွန် ယုံသည်။
သို့ နှင့် တစ်နေ့တွင် …။
“ငါ့သား၊ ဆရာမင်းသိင်္ခကိုသိသလား”
“ရင်းနှီးပါတယ်၊ မေမေ”
“အေး၊ ငါ့ကိုလိုက်ပို့စမ်းကွာ”
ကျွန်တော် သက်ပြင်းကျိတ်၍ ချမိသည်။ ကျွန်တော့် အမေသည် ကျွန်တော့် ဆရာသမားများ ၊ မိတ်ဆွေများ နှင့် တွေ့ လျင် ကျွန်တော် ၏ ဆိုးသွမ်း မိုက်မဲမှု များ ကို အမျှင်မပြတ်ပြေရင်း တိုင်တန်းတက်၏ ။ သို့ ဖြင့် ကျွန်တော် ၏ ငယ်ကျိုးငယ်နာများ ပေါ်ခဲ့ရ ပေါင်းများ လှပြီ။ အပေါင်းအသင်းတွေ ကတော့ ကျွန်တော့် အပေါ် နိုင်ကွက်တွေ ထပ်ရသဖြင့် ပီတိ ဖြစ်ကြ၍ မဆုံး။
အခုလည်း မင်းသိင်္ခဆီ လိုက်ပို့ခိုင်းနေပြန်ပြီ။ ဒီလူကြီးရှေ့မှာ အမေဘာတွေ ပြောဦးမည် မသိ။ စိတ်လေးလေးဖြင့် အမေနှင့် အတူ သူရှေ့မှော က်သို့ ရောက်သွားရသည်။ တော် သေး၏ ။ အမေက ကျွန်တော် ၏ အကြောင်း အဆိုးအကောင်း ဘာမှမပြော။ သူဝတ္ထုတွေ အကြောင်း ကိုသာ မမောနိုင် မပန်းနိုင် ပြောနေသည်။
နောက်ဆုံးမှ ဗေဒင်မေးသည့်စခန်းသို့ ရောက်လာတော့သည်။ သည်တော့မှ ကျွန်တော် လှလှကြီး ခံလိုက်ရပါသည်။ ဆရာမင်းသိင်္ခ၏ ပထမဆုံး ဟောချက်ကား…။
“အင်း…၊ အန်တီက သားသမီးကံ မကောင်းဘူးခင်ဗျ”
“မှန်လိုက်လေ ဆရာရယ်”
အမေက ချက်ချင်း ထောက်ခံသည်။ ကျွန်တော့်မှာ ကျွဲမြီးတို၍ မဆုံး။ သူ ကတော့ ကျွန်တော့ကို ပြုံး ပြုံးကြီး လှမ်းကြည့်နေသည်။
အခုတော့ အမေရော သူပါ မရြှိ ကတော့။ သို့ သော် ထိုသုံးဦး သားဆုံးခဲ့ကြရသော ထိုတစ်နေ့ပင် မကြာခဏ ကျွန်တော် ပြန်လွမ်း နေရသည်။
သည်တော့လည်း သူသုံးနေကျစကားဖြင့် သာ တရားနှလုံးသွင်းရတော့သည်။
မင်းသစ်
မြတ်လေး
၁၉၆၃
မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့ လှေကားထစ်များ ။
မင်းသားက သတင်းစာကိုကြည့်၊ အံကြိတ်။
သတင်းစာကိုလွှင့်ပစ်။
ရုပ်ရှင်ရိုက်တာကို မမြင်ဖူးတဲ့ ကျွန်တော် တို့ အညာသားတွေ က တအံ့တသြဝိုင်းအုံငေးမောလျက် (ရွှေမန္တလေးသားများ မပါပါခင်ဗျာ)။
မင်းသားက ကိုမြတ်လေး “ပန်းပန်လျက်ပါ” ဇာတ်ကားလာရိုက်တာ။ အဲ့ဒါကိုမြတ်ကို ကျွန်တော် စတွေ့ ဖူးတာပါပဲ။
သူ့ကို စမြင်ဖူးတာ ကတော့ ရုပ်ရှင်ပိတ်ကားတွေ ပေါ်မှာ ပေါ့။ ကြားဖူးတာ ကတော့ သူ့ရဲ့ သီချင်းစာ သားတွေ ၊ သူကိုယ်တိုင် ဆိုတာတွေ ကိုပေါ့။ အမုန်း၏ နောက်ဝယ်၊ သီချင်းဆို၍ ငိုရသည်။ ပန်းတိုင်းပွင့်ပါ စေ၊ ပင်လုံထိပ်ထားဦး၊ မစ္စဝီစကီ၊ ဂိုယာရမ်၊ နေထွက်သော ည။ ပြီးတော့ သူရေး ပြီး ကိုမြကြီးဆိုတဲ့ မခင်နှင်းဆီ သီချင်းများ …။
ကျွန်တော် ရူးခဲ့ပါတယ်။ တန်းမြင့်ကျောင်းထွက်လက်မှတ်ရ စာမေးပွဲ ၉-တန်း မတိုင်မီကတည်းက ဆံပင်ကလည်း “မြတ်လေးကေ” နဲ့၊ နဖူးတစ်ခြမ်း ပေါ်ခွေချထား။ တိုက်ပုံအင်္ကျီကို ပခုံးပေါ်မှာ တင်ပြီး လမ်းလျှောက်ရင် ကြွစောင်း ကြွစောင်းနဲ့ …။ ပတ်ဝန်းကျင်က ပြုံးစစ။
ကျွန်တော် ရဲ့ ငယ်ဘဝမှာ အားကျကြည်ညို ကိုးကွယ်ခဲ့တဲ့ လူပုဂ္ဂိုလ် ၁၂ ယောက် ရှိပါတယ်။ ရှင်မဟာရဋ္ဌသာရ၊ စလေဦးပုည၊ သခင်ကိုယ်တော် မှိုင်း၊ မိုပါဆွန်း၊ လီနင်၊ တဂိုး၊ မောင်ထင်၊ မင်းသုဝဏ်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ တင်မိုး နဲ့ မြတ်လေး …။
အဲ့ဒီအသက်အရွယ်တုန်းက အဲ့ဒီရွေးချယ်မှု ကို အခုထိတည်းနောင်တမရသေးပါ။
၁၉၇ဝ
ကိုမြတ်နဲ့ စသိရတာ ၊ အဲ့ဒီကာလပိုင်းတွေ မှာ ကိုနတ် (ဆရာနတ်နွယ်) နဲ့ ကျွန်တော် မိုးဝေမဂ္ဂဇင်းကို ထုတ်နေကြတဲ့ကာလ။ ညစဉ်ညတိုင်း ပုဂံကို ချောအိမ်မှာ ကျွန်တော် တို့ ကဗျာဆရာ၊ စာရေး ဆရာတွေ ဝိုင်းဖွဲ့ကြပါတယ်။ ဝိုင်းက တူးအင်ဝမ်းပါ။ အရက်လည်း သောက်ကြတယ်။ ဖဲလည်း ရိုက် ကြတယ်။
အင်မတန်ပျော်စရာကောင်းတဲ့ ကာလတွေ ပါ။ အဲဒီ ဝိုင်းမှာ အရက်မသောက်၊ ဖဲမရိုက်ဘဲ၊ သူကြိုက် တတ်တာလေးတွေ ကို နှုတ်ခမ်းမှာ ပွတ်လိုက်၊ နှာခေါင်းမှာ ပွတ်လိုက်နဲ့ မကြာခဏ ရောက်၊ ရောက်လာတတ်တာ ကတော့ ကိုမြတ်ပါ။ ရောက်ရောက်ချင်း ပြောနေကျစကား ကတော့…
“ကြာတယ်ကွာ၊ ကြာတယ်။ ငါ့မှဂျင်သီးပါတယ်။ ဂျင်ချကြ”တဲ့
“အချင်းချင်း အပျော်ကစားနေကြတာပါဗျာ။ ဂျင်တော့ မလုပ်ပါနဲ့” လို့ အားလုံးဝိုင်းတောင်းပန်ကြ ရပါတယ်။
ဒီလိုနဲ့ ညီရင်းအစ်ကိုလို ခင်လာကြရင်း ကျွန်တော် ဇနီးနဲ့ပါ ခင်မင်ရင်းနှီးလာပြီး မကြာခဏ ကျွန်တော့် အိမ်မှာ ဝိုင်းလာဖွဲ့ရှုး အနည်းအကျဉ်း သောက်လေ့ရှိပါတယ်။ ကျွန်တော့် ဇနီးကိုလည်း နာမည် မခေါ်ဘဲ “ကောင်မလေး” တဲ့။ နည်းနည်း ရီဝေလာပြီဆိုရင် ကျွန်တော့် ဇနီးကို သူပြောနေကျ စကား ကတော့ ….
“ကောင်မလေး၊ နင်မို့ မင်းသစ်လိုကောင်ကို ပေါင်းနေတာ။ ကွာလိုက်၊ ကွာလိုက်” တဲ့။ အဲဒီ စကား ကို သုံးခါလောက် ထပ်ခါထပ်ခါ ပြောနေပြီဆိုရင် သေချာတယ်၊ ကိုမြတ်မှန်သွားပြီ။ ပြန်လိုက်ပို့ဖို့ ကားစီစဉ် ပေတော့….။
အတူပေါင်းသင်းလာကြတဲ့ကာလ တစ်လျှောက်မှာ သဘောတူတာလည်းရှိခဲ့။ မတူတာလည်း ရှိခဲ့။ ကျွန်တော် တို့နဲ့ အကွဲအလွဲဆုံး သူ့ရဲ့ တင်းမာတဲ့သဘောထား ကတော့ ကဗျာမှ ကာရန်မပါတာကို သူလက်မခံတာပါ။ ကျွန်တော် တို့ကို လည်း “ငပျင်းတွေ ၊ ငဖျင်းတွေ ၊ ငလိမ်ငညာတွေ ” လို့လည်း မကြာခဏ ဆဲတတ်ပါတယ်။ စပ်ဖြဲဖြဲ ပြုံးရင်းခေါင်းငုံ့ခံကြရတာ ပါပဲ။ အခုနှစ် ပေါင်းလေးဆယ် ကျော်ကြာလာတဲ့အခါမှာ တော့ ကိုမြတ်ရဲ့ စကားကို ကျွန်တော် ပြန်ပြီး ဆင်ခြင်နေမိတယ်။
ကိုမြတ်လေး၏ ရင်ထဲတွင် စီးဆင်းနေသော အနုပညာမြစ် သုံးစင်းရှိသည်။ စာပေ၊ ဂီတနှင့် ရုပ်ရှင်။ အခမ်းအနားဆုံးမြစ်ကြီးကား သူ၏ ဂီတဟု ကျွန်တော် ထင်၏ သူ၏ ကဗျာဓာတ်ခံကြောင့် သူ၏ ဂီတမှာ ကြွ၍ လှနေသည်။ ကြည့်ပါ။
“ပန်းရဲ့ အဘိဓမ္မာ သရုပ်အညီ x x ဖူး x x ပွင့် x x နွမ်းပြီးတော့ ကြွေရှာမည် x x အပေါင်းလက္ခ ဏာနှစ် ခုရဲ့ … တိုးတက်လာခဲ့သလို အနှုတ်လက္ခဏာနှစ် ခုနဲ့ ဆုတ်ယုတ်ပြန်ရသည် x x အက္ခရာ သင်္ချာနည်းနဲ့ … တွက်ချက်ကြည့်တော့လည်း မက်စရာမမြင်ပါပြီ x x အဲဒါပဲ အဖြေကွဲ့ နှင်းဆီ xx အလှကြည့်ရုံကလွဲလို့ xx မခင်ပါနဲ့ နှင်းဆီ နှင်းဆီ xx ကမ္ဘာ့နိယာမထဲသို့ x x ဘဝင်နာနဲ့ဆင်းပြီ” ဆိုသော “မခင်နှင်းဆီရဲက နှင်းဆီဇာတ်သိမ်း”။
“လှိုင်းဇာပါးလွှာကလေး x x ဘောင်ဘင်ကူးတက်လာပေးတော့ x x အရိုင်းစာသားကဗျာတေး x x သော င်ပြင်ဦးထက်မှာ ကြွေးနော့ x x သိုင်းရှာထားအသာဖေး x x မောင်, ခင်မြူးယှက်ကာပြေးဆော့ x x ပြေးဆော့ခဲ့တာကိုကွယ် x x တေးကျော့ဖွဲ့ကာဆိုမယ်” ဆိုသော “မောင်းမကန် ကေသီဦး” သီချင်း။
ထိုသီချင်းနှင့်ပတ်သက်၍ ကိုမြတ်က အောင်ဟိဏ်း (ကျိုက်ထော်) သို့ ဝန်ခံရင်ဖွင့်ခဲ့သော စကား လေးကလည်း ပြုံးချင်စရာ။
“မောင်းမကန် ကေသီဦး ” သီချင်းကို ကိုမင်းနောင် ဆို၍ အလွန်ကျော် ကြားနေချိန်တွင် ကိုမြတ်ထံသို့ မောင်းမကန်မှ စာတစ်စောင်ရောက်လာသည်ဆို၏ ။
စာထဲတွင် သီချင်းကို အလွန်နှစ်သက် ပါကြောင်း၊ သို့ သော် ကိုမြတ်၏ သီချင်းထဲမှာ “ စင်ယ်ေငှက်ကလေး နှစ် ကောင်က xx ကြင်ဖော်သက်ပေးယောင်ပြတော့” ဟု ရေး ဖွဲ့ထားသော်လည်း သူတို့မောင်းမကန်မှာ စင်ရော်ငှက်တစ်ကောင်မှ မရှိပါကြောင်း ရေး ထားသဖြင့် ကိုမြတ်မှာ ကိုယ့်နဖူး ကိုယ်ရိုက်ပြီး ရယ်ရကြောင်း၊ ဆရာအောင်ဟိဏ်း(ကျိုက်ထော်) ပြန်လည်ဖောက်သည် ချသည်ကို ဖတ်ရပြီး ကျွန်တော် တို့ ရယ်ရသေးသည်။
“ပင်လုံထိပ်ထားဦး” ရုပ်ရှင်ကားထွက်လာသော အခါ “လူ့လောက ဟန်ပန်ရေး နှင့် xx ပျမ်းမျှ ကြေးအဖြေxx ဥရောပဆန်ဆန်တွေးတဲ့ xx ရှမ်းမလေးရေ” ဆိုသော သီချင်းစာသားမှာ ကျွန်တော် တို့ လူငယ်တိုင်း၏ နှုတ်ဖျားသို့ ရောက်လာတော့၏ ။
ကျွန်တော် တို့ ဘဝတွင် အမျိုးသားသီချင်း အကြိုက်ဆုံးမှာ ဂီတစာဆို ကိုရဲအောင် (တယောဦး ဒီဘိုး) ရေး ၍ ကိုကျော်ညွန့်ဆိုသော “ အုံးဆက်ပါ့ ဘုန်းလက်ျာ”၊ အမျိုးသမီးဆိုသီချင်းမှာ မြို့မငြိမ်းရေး ၍ မေရှင်သီဆိုသော “ပျို့မှာ တမ်း”၊ စုံတွဲ သီချင်ထဲတွင် ကိုမြတ်လေးရေး ၍ “ကေသီပန်” အဖွဲ့ဆိုသော “ပန်းတိုင်းပွင့်ပါစေ” သိချင်းတို့ ဖြစ်ကြသည်။
ပန်းတိုင်းပွင့်ပါစေ သီချင်းကား ကိုမြတ်လေး၏ အမြင့်ဆုံး ဂီးတဖန်တီးမှု ဟု ကျွန်တော် ထင်သည်။ ပြည်ထောင်စုစိတ် ဓါတ်ကို ဖော်ကျူးရာ၌ တိုင်းရင်းသားများ ကို“ ကချင်၊ ကယား၊ ကရင်၊ ချင်း၊မြန်မာ၊ ရှမ်း” စသည်ဖြင့် တိုက်ရိုက် မခေါ်ဝေါ်ဘဲ “ လိမ္မော်ချယ်ရီ စတြော်ဘယ်ရီxx မာလကာ ခတ္တာ ဇီဇဝါxx သရဖီ ဒေလီယာ xx သဇင် အင်ကြင်း ပင်မင်းမဉ္ဇူ အိုxx ပြည်သူတွေ ” ဟု တောင်ပေါ် မြေပြန့်ပန်းကလေးများ ဖြင့် တင်စားသွားပုံမျာ အံ့သြစရာကောင်းလောက်အောင် ရသတန်ဖိုးမြင့်လှပါသည်။
တစ်ချိန် ကတော့ ကျွန်တော် လည်း သီချင်းရေး ၍ ဘဝကို ရပ်တည်ခဲ့ဖူးပါသည်။ ဆရာမြို့မငြိမ်း၏ နှင့် ဆရာမြတ်လေးတို့၏ သီချင်းများ ကို ခွဲခြမ်းစိပ်ဖြာလေ့ လာရင်း ကိုယ်အရည်အချင်း ကိုယ်သိပြီး သီချင်း ရေး ဆရာဘဝကို စွန့်လွတ် ခဲ့ခြင်း ဖြစ်ပါသည်။
ကိုမြတ်သည် ရိုးသား၏ ၊ ပွင့်လင်း၏ ၊ ဟာသလေးစွက်လျက် ဟောဟော ဒိုင်းဒိုင်းလည်း ပြောချ တက်၏ ။
၁၉၇၂ခုနှစ် ၏ တစ်ခုသော နေ့လည်ခင်းဝယ် ၃၄-လမ်းနှင့် အနော်ရထာ လမ်းထိပ်၌ ဆရာဒဂုန်တာရာ၊ ကိုမြတ်လေး၊ ဓာတ်ပုံမောင် မောင်ကြီး (စစ်ကိုင်း) နှင့် ကျွန်တော် တို့ ရပ်၍ စကားပြောနေ ကြခိုက် ဆူလေဘုရားလမ်းဘက်မှ လျှောက်လာကြသော မကြာခင်ကမ အထိန်းသိမ်းခံ ဘဝမှ လွတ်မြောက်လာကြသည့် ဆရာဗန်မော်တင်အောင်နှင့် ဆရာမြသန်းတင်တို့ကို တွေ့ လိုက်ကြရသည်။ ထိုစဉ် ကိုမြတ်နှုတ်ဖျားမှ ထွက်လာသော စကား တစ်ခွန်းကြောင့် ဆရာဒဂုန်တာရာ အားရပါးရ ရယ်လေသည်၏ ။ ပြောပုံကလည်းကြည့်ပါဦး။
“ ကဲ ကိုဌေးမြိုင်၊ ခင်ဗျား တစ်ယောက် တည်း စာပေခေါင်းဆောင် ကြီးလုပ်နေလို့ မရတော့ဘူးဗျ။ ဟိုမှာ ကိုတင်အောင်တို့ ကိုမြသန်းတို့ ပြန်ရောက်လာကြပြီ”
ဤသည်ပင်လျှင် မြတ်လေးအစစ် ဖြစ်ပါတော့သည်၏ ။
ကိုမြတ်နဲ့ ပတ်သက်လာရင် ပြုံးစရာ၊ လွမ်းစရာတွေ က အများ သား။ ဒါနဲ့ စကားမစပ် ပြောရဦးမယ်။ အခု ကျွန်တော် ရေး နေတဲ့ စာစုဟာ ကျွန်တော် ချစ်ခင်လေးစားရတဲ့ အနုပညာရှင်တွေ ကို ပုဂ္ဂိုလ်ရေး အရ ကျွန်တော် လွမ်းတဲ့ အကြောင်းတွေ ကို ရေး နေတာပါ။ အဲဒီ အနုပညာရှင်ရဲ့ အကြောင်းကို သုတေသနပြုတာ၊ ဝေဖန်ဆန်းစစ်တာ၊ အကဲဖြတ်တာမဟုတ်ပါဘူး။ ဒီတော့ ကိုမြတ်လေးရဲ့ ပလက်တီနမ်အနုပညာကို ကျွန်တော် ရွှေမှု န်ဖြူးနေမှာ မဟုတ်ဘူး။
ကိုမြတ်ကြောင့် ကျွန်တော် ဒုက္ခလည်း မကြာခဏ ရောက်ခဲ့ဖူးပါတယ်။ ရွာသာကြီးဘက်မှာ ကြက်သွားတိုက်ရင်း ရဲလာဖမ်းလို့ ချုံတွေ ကြားတွေ ထဲ တိုးပြီး ပြေးခဲ့ရဖူးရဲ့ ။ အကြီးဆုံးဒုက္ခ တစ်ခု ကတော့…။
မှတ်မှတ်ရရ၊ ၁၉၈၉ ခုနှစ် မှာ ပါ။ ကျွန်တော် က စစ်ကိုင်းနားက ရွာသစ်ကြီးကို ရောက်နေတယ်။ အဘွားဘက်က ဆွေရွာမျိုးရွာမို့ မကြာခဏ ရောက်တက်ပါတယ်။ အဲဒီ မှာ ညီတော် မောင်မြင့်သိန်းက ရွာနဲ့ရွေဘိုကို ကုန်ကားပြေး နေပါတယ်။ တစ်နေ့တော့..
“ အစ်ကို၊ေ၇ွှဘိုမြို့ထောင့်စေတီပွဲရှိတယ်၊ လိုက်ဦးမလား”
နှစ် ခါးမေးစရာမလိုပါဘူး။ ရွှေဘိုမှာ စိုးကြီး ရှိတယ်။ ကိုကျော်အေးရှိတယ်။ ကြည်စိုး ရှိတယ်။ ဟင့်အင် မဟုတ်သေးပါဘူး။ ကြည်စိုးက ကြည်စိုးထွန်း (ဘူမိဗေဒ) ဆိုပြီး ရန်ကုန်ရောက်နေပြီး ဇာတ်ညွှန်းရေး ဆရာ၊ ဒါရိုက်တာ လုပ်နေပြီ ဆိုပဲ။
ေ၇ွှဘိုရောက်တော့ လှကျော်နေက သရုပ်ဆောင် ဒါရိုက်တာဆိုပြီး ဇာတ်က နေတယ်ဆိုတဲ့ ကြော်ငြာကိုတွေ့ ရတယ်။ မင်းသမီးက နွဲ့နွဲ့မူတဲ့။ အိုကေ လှကျော်နေ ကလည်း စစ်ကိုင်းသား၊ တစ်မြို့တည်းသားချင်း၊ နွဲ့နွဲ့မူကလည်း ၁၉၆၇ အလုံ အထက(၄၀) မှာ ကျွန်တော် ကျောင်းဆရာ လုပ်တုန်းက ကိုယ့်တပည့် (၁၀) တန်းကျောင်းသူ။
လှကျော်နေ (ယခု မောင်ရစ်ခေါ် ရဲတင်း) ရဲ့ ဇာတ်ရုံကိုရောက်တော့……
“ဟေ့ကောင်၊ အတော် ပဲ၊ ငါ့ကို ကိုင်းပြင်၊ မြင်းဆယ်ကို လိုက်ပို့စမ်း၊ ကြက်သွားဝယ်ရအောင်”
အဲဒါ။ ကိုမြတ်လေးပါပဲ။ ကျွန်တော် ကတော့ ပျော်လည်းပျော် သွားပါတယ်။ ကြောက်လည်း ကြောက် သွားပါတယ်။ ရွှေဘိုမှာ နာရီဝက်ပြည့်အောင် မနေလိုက်ရပါဘူး။
ရွာသစ်ကြီးက ဦးရွှေအိုးအိမ်မှာ တစ်ညအိပ်ပြီး၊ ပဲ့ထောင်တစ်စင်း ငှားပြီး၊ ကိုင်းပြင်နဲ့ မြင်းဆယ်ကို ချီတက်ခဲ့ကြပါတယ်။
“မင်းသာကြီးဟေ့၊ မင်းသားကြီးလာပြီဟေ့”
တစ်ရွာလုံး အုန်းအုန်းကျွတ်ကျွတ်၊ ကမးပါးတစ်ခုလုံးပြည့် လာကြိုကြ၊ ဒီရွာတွေ ကို သူဘယ်တုန်းက ဘယ်နှခေါက် ရောက်ခဲ့ဖူးလေသလဲမသိ။
တစ်ရွာလုံးလှည့်ပြီး တိုက်ကြက်ကောင်းလှည့်ရှာ။ နောက်ဆုံး နှစ် ကောင်တွေ့ တော့ အဲဒီ နှစ် ကောင် ကို “ခွပ်လက်ပြခိုင်းပါတယ်”။ အဲဒါ သူတို့ရဲ့ ဘာသာစကားပါ။ ကျွန်တော့် အမြင်တော့ကြက်နှစ် ကောင်ကို မသေမချင်း သတ်ခိုင်းကြတာပါ။
တရုတ်မန်းကျည်းပင်ကြိး နှစ် ပင်အောက်မှာ ကြက်နှစ် ကောင်ခွပ်ကြတာပါ။ အဲဒီ မှာ ပြဿနာက စတာပါပဲ။
“ ပြေးဟေ့၊ ပြေးဟေ့”
ကြက်ဝိုင်းတစ်ဝိုင်းလုံး ထွက်ပြေးကြတယ်။
အညာသားမက၊ ရန်ကုန်သား မကျယ တကျ ကျွန်တော် ပဲ ကျန်ရစ်ခဲ့ပါတယ်။ ကြက်နှစ် ကောင် လည်း ပြေးကြပါပြီ။ ကိုမြတ်လည်း မရှိတော့ပါဘူး။ ကျွန်တော့် ရှေ့မှာ တော့ မြွေပွေးအကောင်ပေါက်စန မွေးကာစလေးတွေ ။ တရုတ်မန်ကျည်းပင်ပေါ်က မြွေပွေးမကြီးပါ အပေါ်ကပြုတ်ကျလာတယ်။ ရိုက်ကြ၊ သတ်ကြ စိတ်ဆင်းရဲလိုက်တာ။
ကိုမြတ် ကတော့ သူ ကြိုက်တဲ့ကြက်ကို ရွေးပြီးနေပါပြီ။
ကိုင်းပြင် ကတော့ ရွာသစ်ကြီး။ အဲဒီ ကနေ စစ်ကိုင်းရောက်တော့ အဲဒီ တုန်းက ညပိုင်းသတ်မှတ်ချိန် ပြည့်တော့မယ်။ အမေ့အိမ်ရောက်ဖို့ အချိန်မမီတော့။ မြို့လယ်ပိုင်းက ကိုတင်ဆွေနဲ့ မတာတို့ အိမ်မှာ အိပ်ခဲ့ ကြရတယ်။
မနက်လင်းတော့ အမေ့အိမ်သွားပြီး အပြေးအဖျန်း၊ အဲဒီ စကားမှားပါတယ်။ အဖြီးအဖျန်း ကန်တော့ ရပါတယ်။ ကိုမြတ်ကလည်း မေမေကို ၀င်ကန်တော့တယ်။ အမေ့မှာ မျက်ရည်တွေ လည်လို့။ မေမေကိုယ် တိုင်ကလည်း မြတ်လေးပရိတ်သတ်ကိုး။ ရုပ်ရှင်မင်းသားမြတ်လေးက သူ့ကို ကန်တော့သွားတဲ့အကြောင်း တောင်ဝှေးလေးတဒေါက်ဒေါက်ထောက်ပြီး တစ်မြို့လုံးလှည့်ပြီး ပြောနေရှာခဲ့လေရဲ့ ။
မန္တလေးကို ကူးခဲ့ကြ။ ကျွန်တော့လက်ထဲမှာ တော့ တိုက်ကြက်ထည့်ထားတဲ့ ကြိမ်ခြင်းကလေး၊ အတိအကျပြောရရင် ကြိမ်ကြုတ်ကလေးကို တယုတယဆွဲလို့……….။
မြန်မာ့မီးရထား၊ မြန်မာ့လေကြောင်းမှာ အိမ်မွေးတိရစ္ဆာန်ကို သယ်ဆောင်ခွင့်မရှိပါဘူး။ မြတ်လေးနဲ့ မင်းသစ် ကတော့ မန္တလေး-ရန်ကုန် အမြန်ရထားရဲ့ အထက်တန်းတွဲ မှာ ခိုးသယ်လာတဲ့ တိုက်ကြက် တစ်ကောင်နဲ့အတူ အခန့်သားပါပဲ။
“နေခြည်ဖြာ ညနေအေး ….. လေပြည်လာရှပ်တိုက်ပြေး …..” ဆိုတဲ့ အဆိုတော် သက်သက်ရဲ့ သီချင်းသံလေးနဲ့အတူ (အခုတော့မသိ၊ အဲဒီ ကုန်းက မီးရထားတွဲ တိုင်းမှာ တေးသီချင်းတွေ ကို စပီကာတွေ နဲ့ ဖျော်ဖြေလေ့ရှိပါတယ်) ရထားကြီးက လယ်ကွင်းတွေ ကို ဖြတ်၊ ချောင်းတွေ မြစ်တွေ ကို ဖြတ်လို့။ နေက ၀င်လုလု။
ဒါပေမယ့် နိယာမတရားကို မြတ်လေးနဲ့ မင်းသစ် သတိမထားလိုက်မိပါဘူး။
ညနေ ခြောက်နာရီခွဲနဲ့ ခုနစ်နာရီကြားမှာ တစ်ခါ၊ ညဆယ့်နှစ် နာရီနဲ့ တစ်နာရီကြားမှာ တစ်ခါ၊ မနက် လင်းအားကြီး လေးနာရီလောက်မှာ တစ်ခါ၊ ခြင်းထဲက ကြက်က မှန်မှန်ကြီး တွန်ပါလေရော။
လန့်နိုးလာကြတဲ့ အထက်တန်းတစ်တွဲ လုံး စားမလိုဝါးမလို မျက်လုံးတွေ နဲ့ ကျွန်တော့် ဘက်ကို ကြည့်ကြတယ်။ ကိုမြတ် ကတော့ သူနဲ့မဆိုင်သလို တစ်ဖက်လှည့်ပြီး အိပ်နေလေရဲ့ …..။ ကြက်ခြင်းကြီးနဲ့ တွဲ ထိုင်နေရတဲ့ ကျွန်တော့် မှာ သာ မျက်နှာကို ဘယ်နားသွားထားရမလဲမသိ။
“အခါမလွန်၊ သုံးကြိမ်တွန်၏ ” ဆိုတဲ့ ခြင်းထဲက ကြက်ကိုပဲ ရိုက်သတ်ရမလား၊ အိပ်ချင်ယောင် ဆောင်နေတဲ့ ကိုမြတ်ကိုပဲ ဆောင့်လှုပ်ပြီး နှိုးရမလား၊ ကျွန်တော် မသိ …..။ ဒေါသထွက် လိုက်တာ …..။
ခုတော့၊ အဲဒါကို ကျွန်တော် လွမ်းနေတယ် …..။
နှစ် ကာလတွေ ပွန်းပဲ့သွားခဲ့ပါပြီ။
ကျွန်တော် တို့မိသားစု ပြင်ဦးလွင်ကိုရောက်နေချိန်မှာ ကျွန်တော့်ဖုန်းနံပါတ်ကို ဆရာမြသန်းတင့်က တဆင့် သိရပြီးနောက် ကျွန်တော့် ဇနီးဆီကို ကိုမြတ်ဖုန်းဆက်တယ်။
“ကောင်မလေး၊ ငါ နင်တို့နဲ့ လာနားဦးမယ်။ မြေလေးတစ်ကွက်လောက်လည်း ရှာထားဦး။ ငါ အိမ် လာဆောက်ပြီး နေဦးမယ်”
ကိုမြတ် ရောက်မလာ ဖြစ်တော့ပါ။
သို့ သော် မြင့်မြတ်သော ဘုံဘ၀တစ်နေရာမှနေ၍ ကျွန်တော် တို့ကို “ငညံ့တွေ ၊ ငညံ့တွေ ” လို့များ …. ဆဲနေပြီလားမသိ။
မင်းသစ်
တွံတေးသိန်းတန်
ညကား ပိန်းပိတ်အောင် မှော င်လျက်။ မော့စ်ဗစ်ခ်ျကားငယ်၏ အတွင်းခေါင်မိုးတွင် တပ်ဆင်ထား သော မီးလုံးလေး၏ အလင်းရောင် ကလည်း အတွင်းမှာ ပင် မှိန်ဖျော့ဖျော့မျှသာ။ ၀န်းကျင်တစ်ခုလုံး အမှော င် ဖုံးလျက်၊ အင်းလျားရေပြင်ကိုပင် သဲကွဲစွာ မမြင်ရ။ ပိုးစုန်းကြူးလေးများ ထံမှ တစ်ခါတစ်ရံ ပေါ်လာတတ် သော ပြိုးပြိုးပြက်ပြက် အလင်းရောင် လေးများ ကို မြင်လိုက်ရတိုင်း ပျော်သလိုလို မောသလိုလို။
“ဘယ်က စရေး ရမှန်းတောင် မသိတော့ပါဘူး ကိုမြတ်သူရာ”
“လွယ်ပါတယ် ကိုသိန်းတန်ရယ်၊ မှော င်တာက စရေး ဗျာ”
အခိုက်အတန့်အတွင်းမှာ ပင် သူ၏ ရင်ဝယ်သားလေး ဖြစ်သော “သြဘာထွင်းအိုး” မယ်ဒလင်လေး၏ တေးသံများ နှင့် အတူ ထူးခြားလှပစွာ စူးရှသော သူ့အသံက ပေါ်လာသည်။
“ညမှော င်မှော င် xx လမှော င်မှော င် xx ကြယ်ရောင် သော် မလင်း xx ချိန်းခဲ့ကြ ညတုန်းကးပေါ့ကွယ်”
အဲဒီ နေ့က အ ဖြစ်ကဒီလို …..။ ကိုသိန်းတန်တို့ ဇနီးမောင်နှံ မနက်ပိုင်းက လျှာနဲ့သွား ကိုက်မိကြပါ ၏ ။ ဒါကလည်း ရိုးနေပါပြီ။ အိမ်မှ ထွက်လာပြီး၊ တစ်နေ့လုံး ရုပ်ရှင်ရိုက်သည်။ ရိုက်ကွင်းပြီးတော့ ရွှေဂုံတိုင် အနီးရှိ အိုရီးယင့်ကလပ် သို့ သွားကြသည်။ ကိုသိန်းတန်က ဘိလိယက်ထိုး၊ ကျွန်တော် က အရက်သောက်။ ဘိလိယက်တစ်ပွဲပြီးတိုင်း သူကလည်းသောက်။ ဒါက ကျွန်တော် တို့ နှစ် ယောက် ၏ ပုံမှန်ထုံးစံ ယမကာ ညနေခင်း။ သို့ သော် ရှေ့အပတ်ထဲတွင် မြန်မာ့အသံ၌ ကိုသိန်းတန်၏ “တေးပုလဲ” တေးဂီတအဖွဲ့ အသံလွှင့်ရမည် ။ တစ်ချက်ခုတ် နှစ် ချက်ပြတ်ဆိုသလို၊ ဦးမောင်ကို၏ အောင်ကျက်သရေ ဓာတ်ပြားတိုက် အတွက်လည်း သီချင်းသစ်တွေ ပေးရဦးမည် ။ အကြောင်းပြချက် (၁) …..။
အကြောင်းပြချက် (၂) က မနက်က မိန်မနှင့် ရန် ဖြစ်ခဲ့သော ကိုသိန်းတန်သည် အိမ်ကို စောစော မပြန်လိုဟု ဆိုသည်။ ကျွန်တော် ကလည်း လူမိုက်အားပေးလုပ်ရင်း၊ ထွက်ပေါက်ရှာပေးလိုက် သည်။
“တစ်ညလုံး သီချင်းရေး ကြမယ်လေ”
“ဘယ်မှာ သွားရေး မလဲ။ အိုရီးယင့် က ပိတ်တော့မှာ ဗျ”
“အင်လျားကန်စောင်း သွားရေး ရမှာ ပေါ့ဗျ။ ကားမှာ အင်ဒိုးလမ့်(ပ်) (indoor lamp) ပါသားပဲ၊ စာရေး ဖို့လောက်တော့ ဖြစ်ပါတယ်”
သည်လိုနှင့် သူ၏ လက်စွဲတော် ဒရိုင်ဘာကိုအောင်ကြီးနှင့် အတူ ကိုသိန်းတန်နှင့် ကျွန်တော် တို့ ပိန်းပိတ်အောင်မှော င်နေသော ၁၉၆၇ ၏ တစ်ခုသော ည၀ယ် အင်းလျားကန်စောင်းသို့ ရောက်ခဲ့ကြ၏ ။ ကားပေါ်တွင် စားစရာ၊ မြည်းစရာ၊ သောက်စရာ တစ်ပုံတစ်ပင်ဖြင့် …..။
နောက်နေ့ နံနက်ရောင် နီလာချိန်တွင် “မေတ္တာမီးအိမ်” ဆိုသော ခေတ်ပေါ်ဂန္တ၀င်သီချင်း တစ်ပုဒ် မွေးဖွားလာခဲ့၏ ။ ပိုးစုန်းကြူးလေးတွေ ကိုကြည့်ပြီး “မေတ္တာမီးအိမ်” ဆိုသည့် စကားလုံးကို သူရှာဖွေတွေ့ ရှိ သွားသည်မှာ သူ့တွင် ဂီတသာမက စာပေအနုပညာ ကိုယ်ခံအားလည်း မည် မျှကြီးမားကြောင်း သိသာ ထင်ရှား လှပေပြီ။
၁၉၆၇ ခု နှစ် ဦးပိုင်းမှာ ရန်ကုန်၊ အလုံ အ-ထ-က ၄ မှာ ကျွန်တော် ဆယ်တန်းပြဆရာ တစ်ယောက် လုပ်နေချိန် …..။ ထိုစဉ်က ကျွန်တော် ကွန်းခိုနေရာ ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေ (ကျားကြီးဗဆွေ) ၏ အိမ်အနီးတွင် သူငယ်ချင်းသင်္ဘောသား တစ်ယောက် ရှိ၏ ။ “သန်းထူး” ။
ညတိုင်း ကျွန်တော် တို့ အိမ်ရှေ့လမ်းတစ်ဖက်ရှိ ကွပ်ပျစ်ကြီးတစ်ခုပေါ်တွင် အနီးဝန်းကျင်မှ လူငယ် များ ဆုံကြ၏ ။ ကျော်ကျော်၊ နေမျိုးဗဆွေ၊ တင်သော င်း၊ ထင်ကျော်၊ တစ်ခါတစ်ရံ အဆိုတော် ရဲဝင်း …. စသည်။
အရက်နည်းနည်း သောက်ပြီး သီချင်းများများ ဆိုကြသည်။ ကွပ်ပျစ်အောက်မှာ လည်း ဓားတွေ ၊ တုတ်တွေ ၊ အက်စစ်ပုလင်းတွေ နှင့် ….။ ကျွန်တော် တို့အဖွဲ့ထဲက တစ်ယောက် ၊ နှစ် ယောက် လောက်က ငြိထားဖူးလေတော့၊ ကျော်ဌေး (ယနေ့ကျော်ဟိန်း) တို့ စိန်ဂေါ်လီ တွေ ကိုလည်း ကြောက်ရသည်ကိုး။ ထားတော့။
သီချင်းအများ ဆုံး ဆိုသည်က ကျွန်တော် ။ အထူးသဖြင့် ကျွန်တော် မန္တလေးတက္ကသိုလ်မှာ ရှိခဲ့စဉ်က ဂီတဆည်းဆာပွဲတွေ မှာ ကျွန်တော် ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်ဆို၊ ကိုယ်ပိုင်သံစဉ် မြန်မာသီချင်း များ ။ အဲဒီ မန္တလေးတက္ကသိုလ်ရဲ့ ဂီတဆည်းဆာပွဲတိုင်းမှာ မပျက်မကွက် ဆင်နွှဲသူတစ်ဦး ကတော့ ကိုတင်လှိုင်။ ယနေ့ လယ်တွင်းသားစောချစ်။
အဲဒီ လို သီချင်းအားလုံးဆိုတဲ့ ကျွန်တော့် ကို မညည်းမညူ အားတက်သရော အားပေးသူ ကတော့ သန်းထူး။ သူက တွံတေးသိန်းတန်ရဲ့ အပေါင်းအသင်း။
ကျွန်တော် နဲ့ ကျွန်တော့် သီချင်းတွေ အကြောင်းကို သူက ကိုသိန်းတန်ကို ပြန်ပြောဖန်များ တော့ ကိုသိန်းတန်က ကျွန်တော် နဲ့ တွေ့ ချင်တယ် ဖြစ်ပါလေရော။
သည်လိုဖြင့် တွံတေးသိန်းတန်၏ ဘ၀ထဲသို့ ကျွန်တော် ရောက်ခဲ့ရသည်။ ကျွန်တော် ဘ၀ထဲသို့ သူ ရောက်ခဲ့ရသည်။ ကျောင်းဆရာဘ၀ကို ကျွန်တော် စွန့်လွှတ်လိုက်သည်။ သီချင်းရေး ပြီး ဘ၀ကိုရပ်တည်ခဲ့ သည်။ ရုပ်ရှင်သီချင်းအပုဒ် သုံးဆယ်ခန့် ရေး ခဲ့ရသည်။ ဓာတ်ပြားသီချင်းမှာ မူ တစ်ချပ်တည်းသာ။ “ရည်းစား ရှိရင် ခွင့်လွှတ်ပါ”။ သီချင်းရေး တော့ ကလောင်နာမည် က “နေမြတ်သူ”။
ကိုသိန်းတန်နှင့် ကျွန်တော် က ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ။ ဂီတနှင့် ပတ်သက်လျှင်သူ့ကို ကျွန်တော် ဆရာတင်သည်။ စာပေနှင့် ပတ်သက်လျှင် သူက ကျွန်တော့်ကို နှီးနှောတိုင်ပင်သည်။
တဖြည်းဖြည်းနှင့် ကျွန်တော် လည်း ဘဘကြီးဦးဗဆွေ၏ အိမ်မှ ကိုသိန်းတန်၏ စမ်းချောင်း၊ ညောင်တုန်းလမ်းအိမ်သို့ အပြီးအပိုင် ရောက်ခဲ့ပြီ။ ကျောင်းဆရာဘ၀ကိုလည်း မေ့ခဲ့ပြီ။ သို့ သော် တစ်ခါတစ်ရံ ကိုသိန်းတန်က ခေါ်တတ်သည်မှာ “ကျောင်းဆရာ”။
ကိုသိန်းတန်သည် ဂီတနှင့် ပတ်သက်လာလျှင် ပါရမီလည်းရှိသည်။ ပညာလည်း ပြည့်သည်။ သူနှင့် တွဲ ခဲ့သည့် ကာလတစ်လျှောက်လုံး အံ့သြစရာတွေ နှင့် မကြာခဏ ကြုံခဲ့ရသည်။
ဂျာမန်ကျေးလက်ကဗျာတစ်ပုဒ်ကို မင်းစမ်းအောင် (ယခုဇော်ထက်အောင် အမည် ဖြင့် စ၀်ရန်နိုင် စုံထောက်ဝတ္ထုတွေ ရေး နေသူ) က မြန်မာပြန်ပြီး ကျွန်တော် ကို ပေးထားသည်။ ရိုးရိုးစကားပြေ မဟုတ်၊ ကဗျာပုံသဏ္ဍာန်ဖြင့် …..။ တစ်ရက်အတွင်း မူရင်းစကားလုံးများ မပျက်စေဘဲ သီချင်း တစ်ပုဒ် ဖြစ်လာအောင် ကိုသိန်းတန်က ဖန်တီးလိုက်သည်။
ရွှေမြင့်မိုရ်ရုပ်ရှင်မှ ဒါရိုက်တာ အောင်ကြီးမြင့်၏ “အပြတ်မပြောနဲ့မချော” ဇာတ်ကားအတွက် ကျွန်တော် သီချင်းသုံးပုဒ် ရေး ရသည်။ သီချင်းတစ်ပုဒ်မှာ ကျွန်တော် ရေး ခဲ့သော လေးလုံးစပ်ကဗျာတစ်ပုဒ် ကို သီချင်းဘ၀ပြောင်းထားခြင်း ဖြစ်သည်။ မည် သည့်စာလုံးမှ မဖြုတ်နိုင်၊ လေးလုံးတစ်ပါဒကိုပင် အပျက်မခံ နိုင်။ အလွန်အင်မတန် တန်ဖိုးကြီးမြင့်လှသော ကျွန်ုပ်၏ ကဗျာကို မည် သူမှ မထိပါးရ။ သေဒဏ်။
သို့ သော် ကဗှာထဲမှာ အသံထည့်ရင်း ထည့်ရင်း သုံးရက်မြောက်တွင် ကျွန်တော် လက်မြှော က် လိုက် ရတော့သည်။ သီချင်းက သုံးပုံတစ်ပုံခန့် ကျန်သေးသည်။
ကိုသိန်းတန်က ထိုကျန်သုံးပုံတစ်ပုံကို နာရီဝက်ဖြင့် အဆုံးသတ်ပေးလိုက် သည်။
သည်လောက်တော့ ထူးချွန်ထက်မြက်တဲ့ တခြားသီချင်းရေး ဆရာတွေ လည်း လုပ်နိုင်ပါတယ်ဗျာ ဟု ဆိုလာကြလျှင် ကျွန်တော် ထပ်ပြောချင်ပါသေးသည်။
အောင်ကျက်သရေ ဓာတ်ပြားတိုက်ပိုင်ရှင် ဦးမောင်ကိုက တောင်းဆိုသည်။ မြန်မာပြည်တွင် မင်္ဂလာဆောင်သီချင်း ရှားနေသည်။ ဆရာမြို့မငြိမ်း၏ “မောင် ရှေ့ကို တည့်တည့်လျှောက်ရင် ….. မေလည်း နောက်ကလိုက်ကာ …. လျှောက်မယ်မောင်ရေ ….” လောက်ပဲ ရှိသည်။ ထို့ကြောင့် သူ့အထင် (စီးပွားရေး အရ) မင်္ဂလာဆောင်များ တွင် သုံးရန် သီချင်းတစ်ပုဒ်ရေး ပေးပါ။
နေရွှေ့ ညရွှေ့ဖြင့် ကိုသိန်းတန် တစ်လုံးတစ်ပါဒမှ မရေး ဖြစ်သေးပါ။ သည်လိုဖြင့် မနက်ဖြန် စိန်မောင်စတူဒီယိုတွင် အသံသွင်းမည် ။ သန်ဘက်ခါ လေယာဉ်ပတ်ဖြင့် အိန္ဒိယသို့ ပို့မည် ။ ထိုစဉ်က အသံသွင်းပြီး တိတ်ခွေကို အိန္ဒိယမှာ သာ ဓာတ်ပြား ဖြစ်အောင် လုပ်နိုင်သည်။ ဓာတ်ပြားခုတ်သည်ဟု သုံးနှုန်းကြသည်။
ယနေ့ ရေး မှ ဖြစ်မည် ။ ကိုသိန်းတန်၊ ညီ ဖြစ်သူ တေးရေး မောင်ကြည်ငွေနှင့် လက်စွဲတော် ဒရိုင်ဘာ ကိုအောင်ကြီးတို့ ကျောက်မြောင်းရှိ အေ၀မ်းစိုးမြင့် နှင့် မတင်တင်မြတို့ အိမ်သို့ ချီတက်သွားကြသည်။
ကိုသိန်းတန်က မယ်ဒလင်ကြိုးလေးများ ကို ခတ်လိုက်။ စန္ဒရားခလုတ်လေးများ ကို တို့လိုက်ဖြင့် မိနစ်ပိုင်းအတွင်း ထိုသီချင်း ဖြစ် သွားပါသည်။ ကိုသိန်းတန်နှင့် မတင်တင်မြတို့ စမ်းဆိုကြသည်။ ပြန်ပြန်ရန် မလို။ အားလုံး အံ့သြ၍ မဆုံး။
ယနေ့ ထိုသီချင်းမပါလျှင် မင်္ဂဆောင်တို့၏ ကြန်အင်လက္ခဏာနှင့် မပြည့်စုံဟုပင် သတ်မှတ်ကြရ မည့် နှယ်။
မူလအမည် ရင်းပျောက်ပြီး “နေနဲ့လ ရွှေနဲ့မြပမာ ဖွင့်လေကွာ” ဖြစ်နေလေပြီ။ ငွေတို့မှာ ကွယ်လွန် သွားခဲ့ကြရှာပါပြီ။ သို့ သော် မတင်တင်မြ နှင့် ကိုအောင်ကြီးတို့ သက်ရှိထင်ရှား ရှိသေး၏ ။
ကျွန်တော် ကတော့ မမြင်လိုက်ုရပေမယ့် ကိုယ့်လူကို ကိုယ်ယုံ၏ ။
အဆိုပါသီချင်းနှင့် ကိုသိန်းတန်၏ အခြားသော သီချင်းများ တွင် မြန်မာစကားလုံး လှပခိုင်ခံ့မှု ကို တွေ့ ရ၏ ။ ဥပမာ - နှမလက်လျှော့ နေလေတော့။
“မူလတန်းကနေ အထက်တန်းအထိ သင်ပေးခဲ့ကြတဲ့ တွံတေးက ကျွန်တော် ရဲ့ မြန်မာစာဆရာတွေ ရဲ့ ကျေးဇူးပေါ့ဗျာ။ အကုန်အလွတ်ကျက် ခဲ့ရတာ ဗျာ”
တွံတေးမြို့နားက ရှမ်းစုကြီးသား။ အဖေရှမ်း၊ အမေရှမ်း၊ ရှမ်းအမျိုးအသား စင်စစ် ဖြစ်သော ကိုသိန်းတန်က ကျွန်တော့် ကို ပြောပြဖူးသည်။ ကျွန်တော် ယုံသည်။ စာပေဓာတ်ခံအားကောင်းမှု တွင် သူ၏ ကြီးမားလှသော ဂီတပါရမီနှင့် ဂီတပညာတို့ကို ပေါင်းစပ်လိုက်၍ သာ ထိုသီချင်းသည် မိနစ်အနည်းဖြင့် ပြီးမြောက်အောင်မြင်သွားခဲ့ခြင်း ဖြစ်ပေမည် ။
ပြီးတော့ အံ့ဖွယ်သရဲ ဖြစ်ရသော အနုပညာဖန်တီးမှု အချို့မှာ တစ်ခါတစ်ရံ တဒင်္ဂအတွင်းမှာ ပင် မွေးဖွားလာတတ်ကြသည်ဟု အနုပညာသမားတိုင်း ကြားဖူး၏ ။ မှတ်ဖူး၏ ။ အချို့ ကိုယ်တိုင်ကြုံဖူးပေမည် ။
၁၉၆၇ ခုနှစ် သည် မြင့်မြင့်ခိုင် နှစ် ။ မြင့်မြင့်ခိုင်ပုံမပါလျှင် ပြက္ခဒိန်မ ဖြစ်သော နှစ် ။ တစ်ရက်သားမှာ တော့ ကိုသိန်းတန်နှင့် ကျွန်တော် တို့နှစ် ယောက် လုံး၊ ဆို - ရေး - တီး ဘာမှမလုပ်နိုင်ဘဲ ဧည့်ခန်းထဲမှာ ထိုင်ငေါင်နေသည့် အချိန်။ ကျွန်တော် တို့၏ ရှေ့တည့်တည့်မှာ တော့ ကြူကြူ (မြင့်မြင့်ခိုင်) ပေးထားသော ပြက္ခဒိန်ကြီးတစ်ခု။
ပြက္ခဒိန်ပေါ်တွင် အဖြူရောင် စက်ဝန်းကြီးတစ်ခုကို နောက်ခံပြုလျက် မြင့်မြင့်ခိုင်က မတ်တပ်ရပ် နေသည်။ ကိုသိန်းတန် ကြည့်နေသည်။ ကျွန်တော် လည်း ကြည့်နေသည်။
သို့ သော် အနုပညာရွှေထုပ်တစ်ထုပ်ကို သူကသာ ကောက်ရသွားသည်။
“ကိုမြတ်သူရေ ကြည့်စမ်း။ ကြူကြူက လမင်းကြီးထဲမှာ ရပ်နေတာနဲ့ မတူဘူးလား။ ပြီးတော့ ရှေးကဗျာတစ်ပုဒ်ကို ရော သတိမရမိဘူးလား”
“ဘယ်ကဗျာကလဲဗျ”
“ဟိုလေ တစ်ခွန်း သူ့ကိုပြောလိုက်ပါ့။ စန္ဒာရယ် မောလှပြီဆိုတဲ့ကဗျာလေးလေ။ ပြီးတော့ မျက်နှာချင်း လမင်းမှာ ဆုံစို့ကွယ်တို့ ဘာတို့လေ”
“ဟုတ်ပြီ ဟုတ်ပြီ။ သဘောပေါက်ပြီ။ အဲဒါ ခင်ဗျားသီချင်းရေး တော့မှာ မဟုတ်လား”
“ဟုတ်ပြီ ဟုတ်ပြီ။ သဘောပေါက်ပြီ။ အဲဒါ ခင်ဗျားသီချင်းရေး တော့မှာ မဟုတ်လား”
“သိပ်သေချာတာပေါ့ ကျောင်းဆရာရယ်”
သို့ ဖြင့် “ဖိုးလမင်းကို အောင်သွယ်လိုင်းမယ်” ဆိုသော ယနေ့နှစ် ပေါင်းလေးဆယ်ကျော် လာသည့် တိုင် မျိုးဆက်သစ်များ အထိ နှစ်သက် နေ ကြဆဲ ဖြစ်သော သီချင်းတစ်ပုဒ်ကို ဖန်တီး ဖြစ်ခဲ့၏ ။
ကိုသိန်းတန်းက သီချင်းသာမက၊ ဝတ္ထုလည်း အရေး ကောင်းသူတစ်ဦး ဖြစ်သည်။ မှတ်မှတ်ရရ ကြည့်မြင်တိုင်က မြေပြန့်ဆန်းကြည် တို့ထုတ်သော ဟာသဂျာနယ်တွင် ကျွန်တော့် အတွက် ဝတ္ထုတစ်ပုဒ် ရေး ပေးဖူးသည်။
ထိုစဉ်က ကျွန်တော့် ချစ်သူမှာ တက်သစ်စ ရုပ်ရှင်မင်းသမီးငယ်တစ်ဦး။ အချိန်တိုအတွင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်လာသော အခါ ကျောင်းဆရာဘဝမှထွက်ပြီး သီချင်းရေး နေသည့် ကျွန်တော့်  ကို ချစ်သူ၏ မိခင်က ဘဝင်မကျနိုင်တော့။ သူ့မိခင်ကလည်း ကိုသိန်းတန်နှင့် ရင်းနှီးသူတစ်ဦးပင် ဖြစ်သည်။ ကျွန်တော် ကိုသိန်းတန်ဆီ ရောက်နေမှန်းသိသော အခါ ကျွန်တော့် ကို နောက်ဆုတ်ပေးရန် ကိုသိန်းတန်ဆီ ရောက်နေမှန်းသိလာသော အခါ ကျွန်တော့် ကို နောက်ဆုတ်ပေးရန် ကိုသိန်းတန်ကတစ်ဆင့် ပြောလာ သည်။ သမီးလေး အောင်မြင်နေချိန်မှာ ကျွန်တော့် ဘက်က စိတ်ရှည်ရှည်စောင့်ဆိုင်းပေးပါဟု အချိုသတ် သည်။ သမီးလေး အကယ်ဒမီ ရပြီးမှ အိမ်ထောင်ရေး ကို စဉ်းစားစေချင်သည်ဟု ဆို၏ ။
ဤတွင် ကိုသိန်းတန်က ကျွန်တော့် အတွက် ဝတ္ထုတိုတစ်ပုဒ် ရေး သည်။
“အကယ်ဒမီ မြန်မြန်ရပါစေ” ဟူ၏ ။
ကျွန်တော့် မှာ ရယ်ရခက်၊ ငိုရခက်။
အခုတော့ ကျွန်တော့်ချစ်သူဟောင်းလည်း အကယ်ဒမီရပြီးပါပြီ။ အကယ်ဒမီ ရပြီးတော့ သူလည်း အိမ်ထောင်ကျ သွားပါသည်။ ကျွန်တော် နှင့် တော့ မဟုတ်ပါ။
ယနေ့ အမေခန်းတွေ မှာ သရုပ်ဆောင်ရင်း ငိုငိုပြနေသော ချစ်သူဟောင်းကိုမြင်တိုင်း ကိုသိန်းတန် ကို သတိရပြီး ကျွန်တော် ပြုံးမိသည်။
ကိုသိန်းတန်အတွက် မှတ်တိုင်အ ဖြစ် ကျန်ရစ်ခဲ့သော လုံးချင်းဝတ္ထုတစ်ပုဒ်မှာ “ကိုယ်ရယ် မင်းရယ် ပိတောက်ရယ်” ဖြစ်သည်။ မှတ်မှတ်ရရ ကန်တော် လေးက ကျုံပျော် ကိုတင်လှိုင် ၏ ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့သည်။ စောင်ရေ ၁၅၀၀၀ိ/- ပြိုက်ခနဲ ကုန်သွားသည်။
ထိုဝတ္ထုကို သူနှင့် အတူ ငြိမ်းမြတ် (တောင်တွင်းကြီးတင်ဝင်း) နှင့် ကျွန်တော် တို့ ဇာတ်ညွှန်းခွဲခဲ့ကြ သည်။ သို့ သော် ထိုဇာတ်ကားရိုက်သော အခါ သူ့အနားတွင် ကျွန်တော် မရှိတော့ပါ။
ကိုသိန်းတန်၏ အနုပညာကလှသော်လည်း သူ့ဘ၀ အထူးသဖြင့် အချစ်ရေး နှင့် အိမ်ထောင်ရေး က တော့ မလှပါ။ တွံတေးမှာ ငယ်ချစ်ဦးနှင့် လွဲရလေသော အခါ မယ်ဒလင်တစ်လက်နှင့် သံသေတ္တာလေး တစ်လုံးကို ဆွဲလျက် ရန်ကုန်သို့ ပြေးခဲ့၏ ။ ထိုအချစ်ဦး “ကြွေ” ကို သူဘယ်တော့မှ မမေ့နိုင်။
အကြောင်းသင့်တိုင်း ကျွန်တော့် ကို ရင်ဖွင့်ပြီး အလွမ်းတို့သစ်နေဆဲ …..။ သို့ သော် အနုပညာသမား တို့ လွမ်းရလျှင် ဘယ်တော့မှ အရှုံးမရှိပါ။ သီချင်းတစ်ပုဒ် အမြတ်ရလိုက်၏ ။
“နှမ လက်လျှော့နေလေတော့” သီချင်းအောင်မြင်သွားခဲ့သည်။
သို့ သော် သူ၏ အချစ်ရေး နှင့် အိမ်ထောင်ရေး မအောင်မြင်သေးပါ။ သည်လိုနှင့် ရန်ကုန်ရှိ အစ်ကို အကြီးဆုံ့း ဖြစ်သော ဦးထွန်းရီ၏ အိမ်တွင် နေရင်း မြန်မာ့အသံမှာ ဓာတ်ပြားတိုက် စာရေး လေးဝင်လုပ်သည်။ သူ့ဆရာရင်း “ဂီတာသိန်းစိုး” ၏ တေးဂီတဝိုင်းတွင် ဝင်ရောက်လှုပ်ရှားသည်။ ဆရာ ဦးသိန်းစိုးအိမ်ရှိရာ ရှမ်းလမ်းသို့ လာရင်း လာရင်း မစန်းမြင့်ဆိုသော မိန်းမပျိုလေး တစ်ယောက် နှင့် တွေ့ သည်။ ကြုံသည်။ ပြီးတော့ ဆုံသည်။
၁၉၆၀ ပြည့်လွန်နှစ် များ တွင် သူသည် “ထွေးညို” ဖြင့် အောင်မြင်ပြီး၊ မစန်းမြင့်နှင့် အိမ်ထောင်ပြု လိုက်သည်။ သားသမီးများ ပွားစီးလာကြသည်။ သို့ သော် နှလုံးသားအခံချင်း၊ စရိုက်ချင်း မတူသဖြင့် သူတို့ မပျော်ကြပါ။ အိမ်ထောင်ရေး မအောင်မြင်ပါ။ တစ်အိမ်တည်း အတူနေ ဖြစ်သော ကျွန်တော့် မျက်စိအောက် မှာ ပင် အက်ကြောင်းများ စွာ ဖြင့် …..။ အကြီးမားဆုံးသော အက်ကြောင်းမှာ သူနှင့် ကျွန်တော် မပေါင်းသင်းမီ ကတည်းကပင် ရှိနှင့် နေပြီး ဖြစ်သည်။
ကျွန်တော် နှင့် ရင်းနှီးကြချိန်တွင် ထိုအက်ကြောင်းက နှစ် ခြမ်းကွဲတော့မည် ။
ကြာခဲ့ပါပြီ။ ဂီတဘက်တွင် “ထွေးညို” နှင့် အောင်မြင်နေချိန်။ မြန်မာ့အသံမှာ လည်း ရာထူးတိုးပြီး ဓာတ်ပြားတိုက်မှူး ဖြစ်လာခဲ့သည်။
လုပ်ငန်းသဘောအရ မြန်မာပိုင်းအစီအစဉ်မှူး တစ်ယောက် ဖြစ်သော မသန်းချစ် သည် ဓာတ်ပြား ရွေးရန်၊ ထုတ်ရန်၊ ဓာတ်ပြားတိုက်သို့ နေ့စဉ်လာရ၏ ။
ထို့ပြင် မသန်းချစ်၏ ဘဝစာမျက်နှာတစ်ဖက်မှာ ….. အဆိုတော် “ချစ်စံပယ်”။
အလုပ်ချင်းတူ၊ ၀ါသနာချင်းတူကြသည့်ဘဝမှ စိတ်ချင်းလည်းတူ၊ သဘောချင်းလည်း တူကြသည့် ဘဝသို့ ကူးခဲ့ကြသည်။ “မောင်ရွှေရိုး နဲ့ ချစ်စံပယ်” မှသည် ”မောင်တွံတေးနဲ့ ချစ်စံပယ်” ဖြစ်လာခဲ့ကြသည်။
ထို့ကြောင့် ဂီတစာဆို ဦးကျော့မှူး ကို ကျွန်တော် မကြာခဏ စ ဖြစ်သည်။
“ကျော့ကျော့၊ သူတို့ကိစ္စမှာ ခင်ဗျားလည်း အမှု တွဲ ပါတယ်နော်” ဟု။
“မောင်ရွှေရိုး နဲ့ ချစ်စံပယ်” သီချင်းကို သူရေး ခဲ့သည်လေ။
ခုတော့ သူတို့ သုံးယောက် လုံး မရြှိ ကတော့။
သြော် ….. လွမ်းရတဲ့သူတွေ ။
သို့ ဖြင့် ကိုသိန်းတန်၏ ဘဝသည် သုံးပိုင်းကွဲသွားသည်။ ရုပ်ရှင်ဂီတအလုပ်၊ မစန်းမြင့် နှင့် မသန်းချစ်
ဤနေရာတွင် အရိုးသားဆုံးဝန်ခံရလျှင် ဝါသနာတူ ဖြစ်သော မသန်းချစ်ကို ကျွန်တော် ပို၍ ခင်မင် လေးစားရပါသည်။ သို့ သော် ဘက်လိုက်၍ လည်း မ ဖြစ်ပါ။ တစ်ဖက်မှာ လည်း မစန်းမြင့် တစ်ယောက် တည်း မဟုတ်။ ပွားစီးထားသော သားသမီးများ နှင့် အိမ်ထောင်ကြီးတစ်ခု။
ကိုသိန်းတန် နှင့် မစန်းမြင့်တို့ ပထမဆုံးအကြိမ် ကွဲကြသည်။
ကိုသိန်းတန် နှင့် ကျွန်တော် တို့ နှစ် ယောက် ၊ သူ့အစ်ကိုကြီး ဦးထွန်းရီအိမ်သို့ ရောက်သွားကြသည်။ မကြာမီ ဒါရိုက်တာ၊ စာရေး ဆရာ ကျော်နိုင် ၏ စေ့စပ်ပေးမှု ဖြင့် ပြန်ပေါင်းကြသည်။
ညောင်တုန်းလမ်းအိမ်သို့ ကျွန်တော် ပြန်လိုက်မသွား ဖြစ်တော့ပါ။ ကျွန်တော် စာပေလောကနှင့် ကျူရှင်လောကထဲ ရောက်သွားသည်။ ကဗျာနှင့် ဝတ္ထုတိုများ ရေး သည်။ မဂ္ဂဇင်း ထုတ်သည်။ စာသင်သည်။ ဂီတနှင့် ဝေးကွာသည်။ ကိုသိန်းတန်နှင့် ဝေးသွားသည်။
သို့ သော် သတင်းတွေ ကတော့ ကြားနေရဆဲ။
ကိုသိန်းတန်နှင့် မစန်းမြင့်တို့ ဒုတိယအကြိမ် ကွဲကြပြန်သည်။ နောက်ဆုံး လမ်းခွဲခြင်းပင်။
ကိုသိန်းတန်နှင့် မသန်းချစ် (ချစ်စံပယ်) တို့ လက်ထပ်ကြသည်။
ကိုယ်ရယ် မင်းရယ် ပိတောက်ရယ် ဇာတ်ကား ဝက်ဝက်ကွဲ အောင်မြင်သည်။
“မှု န်နံ့သာခြယ်ကာသပါလို့” ရုပ်ရှင်တွင် သူ့ကို အကယ်ဒမီ တစ်ပေးကြသံ ကြားရ၏ ။ သတင်းကောင်းများ ။ အရက်က သူ့ကို နိုင်သွားပြီ။ အသံပျက်သွားပြီ ဆိုသော ကောလဟာလများ ။ သတင်းဆိုးများ ။
တွံတေးသိန်းတန် ဇာတ်သဘင်အဖွဲ့ကြီး တည်ထောင်သည်။ အောင်မြင်သည်ဟု ကြားရပြန်သည်။
ကျွန်တော် နှင့် ကား အဆက်ပြတ်နေနဆဲ။
နှစ် ကာလတစ်ခုမှာ ကျွန်တော် တောင်ငူသို့ ရောက်နေသည်။ မဟေသီ မဂ္ဂဇင်း၏ “စာခရီးသည်ကြီး ကဏ္ဍ” အတွက် ဖြစ်သည်။ မုတ်သုန်ကိုမောင်မောင် တို့ အိမ်မှာ တည်းနေစဉ်၊ တောင်ငူမြတ်စောညီနောင် ဘုရားပွဲသို့ ကိုသိန်းတန်နှင့် မမချစ်တို့ ဇာတ်လာကကြသည်။ ကျွန်တော် သွားတွေ့ တော့ သူတို့နှစ် ယောက် စလုံးက ဝမ်းပန်းတသာ ဖိတ်ခေါ်ကြသည်။
မ ဖြစ်နိုင်တော့ပါ။ ကျွန်တော် အိမ်ထောင်ကျနေပြီ။ သားသမီး လေးယောက် ပင် ရပြီးနေပြီ။ ပြီး ကျူရှင်လုပ်ငန်းမှာ ကျွန်တော် အခြေခိုင်နေပြီ။
ပြီးတော့ အနုပညာလုပ်ငန်းတစ်ခုတည်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရဲသော သတ္တိ ကျွန်တော့် မှာ မရှိတော့ပါ။
၁၉၉၃ တွင် ကျွန်တော် တို့မိသားစု ပြင်ဦးလွင်သို့ ပြောင်းရွှေ့အခြေချကြသည်။ ရန်ကုန်နှင့် ဝေးသွား သည်။ အနုပညာလောကနှင့် ဝေးသွားသည်။ သူဇာတ်ကနေသော ကြောင့် သူနှင့် ပို၍ ဝေးသွားသည်။
သို့ သော် ကိုသိန်းတန်၏ တစ်ကျော့ပြန်အောင်မြင်မှု ကိုလည်း ကြားရသည်။
သူ၏ ပင်ကိုနီးပါး ကောင်းနေသေးသော အသံဖြင့် သီဆိုထားသော တေးသီချင်းခွေများ ၊ ဆက်တိုက် ထွက်လာသည်။ ပရိသတ်အဟောင်းရော၊ အသစ်ပါ တစ်ခဲနက် အားပေးကြသည်။ ကျွန်တော် ၏ ဂီတဆရာ လည်း ဖြစ်၊ သူငယ်ချင်းမက အစ်ကိုသဖွယ်လည်း ချစ်ခင်လေးစားရသော သူ့အတွက် ကျွန်တော် ဝမ်းသာကြည်နူးရသည်။ မုဒိတာ ပွားရသည်။
ကံကြမ္မာဆိုသည်မှာ စိတ်ပျက်အံ့သြဖို့ အလွန်ကောင်းသည်။ တစ်ကျော့ပြန်အောင်မြင်နေကာမှ၊ အရက်လည်းဖြတ်ထားသည်ဟု ကြားသိရပြီးကာမှ ထိုကံကြမ္မာဆိုသော အမျိုးအမည် မသိသော အရာသည် သူ့ထံသို့ သေခြင်းတရားကို ပို့လွှတ်လိုက်သည်။
ကိုသိန်းတန် ကွယ်လွန်သွားသည်။
မြန်မာနိုင်ငံတွင် အစည်ကားဆုံးသော ဈာပနာများ ထဲတွင် အစည်ကားဆုံး ဈာပနာတစ်ခု ဖြစ်သော သူ့ဈာပနကို ကျွန်တော် လိုက်ပါမပို့ဆောင်နိုင်ခဲ့ပါ။
ကျွန်တော် တရုတ်ပြည်နယ်စပ်က မုံးကိုးမှာ ရောက်နေပါသည်။
ခွင့်လွှတ်တော့ အစ်ကိုရေ …..
နောက်ပိုင်းတွင် သူ့ရင်သွေးကလေးများ ၏ အနုပညာကို အကဲဖြတ်ခွင့် ရသည်။
မစန်းမြင့်မှမွေးသော ဝင်းပပသိန်းတန် ၏ ဖခင်အလွမ်းပြေတေးများ ….. ။
မသန်းချစ်မှမွေးသော ရွှေရည်သိန်းတန် ၏ ဖခင်အလွမ်းတေးများ ….. ။
သူတို့၏ ဖခင်ကိုချစ်ကြသော ပရိသတ်ကြီးက အားပေးကြသည်။ သူတို့ အောင်မြင်ပါသည်။ ကျွန်တာ် ဝမ်းသာပါသည်။ ကျွန်တော် လွမ်းသည်။
အ ဖြစ်အပျက်တို့က မြန်ဆန်လွန်းလှသည်။
မကြာမီ မသန်းချစ် (မချစ်စံပယ်) ဆုံးပြီဟု သိရပြန်သည်။
ကျွန်တော် ဝမ်းနည်းရပြန်သည်။ ကျွန်တော့် အား မောင်ငယ်တစ်ဦးသဖွယ် စောင့်ရှောက်ကူညီခဲ့ သော ၊ အားပေးခဲ့သော ၊ ဆုံးမခဲ့သော အစ်မ တစ်ယောက် ကျွန်တော့် ကို ထားခဲ့ပြန်လေပြီ။
မမချစ်နှင့် မြန်မာ့အသံတွင် အတူတူ အလုပ်လုပ်ခဲ့ရသော ကျွန်တော် ဇနီးက ကျွန်တော့် ထက် ပိုပြီးကြေကွဲရှာသည်။
မင်းသစ်
မောင်လေးအောင်
၇၀ ပြည့်လွန်နှစ် များ ၏ ဒီဇင်ဘာနံနက်ခင်း။
“စောစောအိပ်လို့ xx စောစောထလို့ xx စောစောလမ်းလျှောက် ကြပါစို့ xx တင်း တောင် xx တင်းတောင်”
တစ်အိမ်လုံး နိုးကုန်ကြသည်။ နံနက် ၅း ၀၀ နာရီ။
“ကိုမင်းသစ်၊ မရှယ်လီ၊ ထြ ကတော့လေဗျာ”
အိမ်နီးချင်းတွေ အားလုံးလည်း နိုးကုန်ကြပါပြီ။
ယောက္ခမအိမ်မှာ ကပ်နေရဆဲ ဖြစ်သော ကျွန်တော် သည် တစ်အိမ်လုံးကို အားနာမျက်နှာပူစွာ ဖြင့် အိပ်ရာမှ ကမန်းကတန်းထကာ အိမ်ရှေ့တံခါးကို ဆွဲဖွင့်လိုက်သော အခါ မောင်လေးအောင်၏ မချိုမချဉ် မျက်နှာကြီးကို တွေ့ လိုက်ရ၏ ။
“ဟေ့လူ တိုးတိုးလုပ်ပါဗျာ။ မနက် ၇ နာရီဆိုရင် ရှယ်လီဈေးသွားမှာ ပဲဟာ၊ ဒီလောက်တာင် မအောင့်နိုင်တော့ဘူးလား”
နေ့တိုင်း ရှယ်လီ ပုဇွန်တောင်ဈေးသို့ သွားလျှင် ပန်းခြံထောင့်မှာ စောင့်နေသော သူ့ကို မနက်ရေစင် ဖိုးပေးနေကျ။ ယနေ့မှ ထူးထူးခြားခြား ….. ။
“ဒီနေ့က စပယ်ရှယ်ဒေးဗျ။ မြင်းခြံက အမျိုးတွေ နဲ့ တစ်ညလုံးသောက်နေကြတာ၊ သောက်ရင်း ပြတ်သွားလို့ ခင်ဗျားတို့ဆီ လာတာ”
ကျွန်တော့် ဇနီးက ထွက်လာပြီး “ရေစင်ဖိုး” ဟု သူခေါ်သော မောနင်းပက်(ဂ်)ဖိုး ပေးလိုက် မှ သူပြောလေ့ရှိသည့်အတိုင်း …..
“နှိုင်းမတုနိုင်လောက်အောင်၊ သိုင်းခရုပါပဲ မရှယ်လီ”
ကင်းဝန်မင်းကြီး၏ အင်္ဂလိပ်အသံထွက်ဖြင့် နှုတ်ဆက်ရင်း သူပြန်သွားတော့သည်။
ကျွန်တော့် ဇနီး စိတ်ဆိုးပေါက်ကွဲသွားမည် ထင်ပါသလား။ ဟင့်အင်း။
“မိန်းမ တစ်ယောက် အတွက်များ ဒီဘဝထိရောက်အောင် သောက်ရသလား ကိုလေးအောင်ရယ်”
ဒါပဲ သူပြောသည်။
ကျွန်တော့် ဇနီးက ကျွန်တော့် ထက်အရင် နှစ် ပေါင်းများ စွာ စောပြီး ကိုလေးအောင်နှင့် သိကျွမ်းခဲ့ဖူး သူ ဖြစ်သည်။
ကျွန်တော် နှင့် စတင်သိကျွမ်းရသည်မှာ ၁၉၇၀။
ထိုစဉ်က ၃၄ လမ်း၊ အမှတ် ၁၄၈ ပထမထပ်မှာ ဆရာမောင်သာနိုးနှင့် ကျွန်တော် တို့ စာသင်နေကြ သည်။ မြေညီထပ်မှာ နေသူက ရုပ်ရှင်မင်းသမီး အကယ်ဒမီ နွဲ့နွဲ့စန်း။ မေမြို့မိုးကြည် ၏ မိတ်ဆက်ပေးမှု ကြောင့် မနွဲ့နွဲ့စန်း၏ အိမ်သည် ကျွန်တော် ၏ စားအိမ်သောက်အိမ် ဖြစ်ခဲ့ရ၏ ။
ပြီးတော့ အဲဒီ အိမ်မှာ ကျွန်တော် တို့နေ့စဉ် “အရုပ်ကြည့်” ကြည့်ကြသည်။ ကြေးကြီးဝိုင်း မဟုတ်ပါ။ “မပွတ်ရင် မနေနိုင်တာကလွဲလို့” ဆိုသော လူစားများ သာ …..။
တစ်နေ့၊ ထို အပျော်တမ်းဝိုင်းသို့ ကိုမိုးကြည်နှင့် အတူ ဧည့်သည် တစ်ယောက် ရောက်လာသည်။ မှတ်မှတ်ရရ ၁၉၇၀၊ သြဂုတ်လ။
“ကိုလေးအောင်၊ ဒါ ကျွန်တော် တို့ အညာကပဲ။ ကိုမြတ်သူတဲ့။ စာလေး ဘာလေးလည်း ရေး ပါတယ်။ ကလောင်နာမည် က မင်းမြတ်တဲ့”
“ဟာ ခင်ဗျားက ဝတ္ထုရေး တဲ့ မင်းမြတ်လား”
“ဟုတ်ကဲ့”
“ဒီလထုတ် မိုးဝေမှာ ခင်ဗျားဝတ္ထုတိုပါတယ်ဗျ။ လန်ဒန်မိုးခါးရေ ….. လေ”
“ဟုတ်တယ် ဟုတ်တယ်၊ ဝမ်းသာလိုက်တာဗျာ၊ အခု ခင်ဗျားပြောမှ ကျွန်တော် သိရတာ ”
“ဒါဆိုရင် ကျွန်တော် ပြန်ရင်လိုက်ခဲ့။ ကျွန်တော် မိုးဝေကို သွားမှာ ။ စာအုပ်လည်းယူရင်း၊ စာမူခ လည်းထုတ်ရတာ ပေါ့ဗျာ”
ဤသို့ ဖြင့် မိုးဝေသို့ ကျွန်တော် ရောက်ရသည်။ နတ်နွယ်၊ မင်းကျော်၊ မောင်နေဝင်း စသည်တို့ကို စတင်မြင်ဖူးရသည်။ မောင်သင်းခိုင်၊ မောင်စိမ်းနီ၊ သခွပ်နီ၊ ညွန့်သစ်၊ မောင်သွေးသစ်၊ အောင်ချိမ့် စသော ကဗျာဆရာများ နှင့် ရင်းနှီးခွင့် ရခဲ့သည်။
ပြီးတော့ “မိုးဝေ” သည် ကျွန်တော် ၏ ဒုတိယအိမ် ဖြစ်လာခဲ့ရသည်။
မှတ်မှတ်ရရ ၁၉၇၀၊ စက်တင်ဘာလထုတ် “မိုးဝေ” မဂ္ဂဇင်းတွင် “ကူးစက်တတ်သော ခေတ်” ဆိုသော ကဗျာနှင့် အတူ ကျွန်တော် ၏ ကလောင်အမည် ကို “မင်းသစ်” ဟု ပြောင်းလိုက်သည်။
“မင်းမြတ် ဆိုတဲ့ နာမည် က ပဒေသရာဇ်စော်နံလှသဗျာ” ဟု ဆိုလာသော သူ့စကားကြောင့် ထိုစဉ် ၁၉၇၀ ကာလများ မှာ မျှော်လင့်ချက်တစ်ခုဖြင့် ကလောင်အမည် ပြောင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ကျေးဇူးပါပဲ ကိုလေးအောင်။
၁၉၇၀ တွင် ကျွန်တော် တို့ လက်မထပ်ကြသေးသော်လည်း ကျွန်တော့် အပေါင်းအသင်များ နှင့် ကျွန်တော့် ချစ်သူမှာ ခင်မင်ရင်းနှီးနေကြပြီ ဖြစ်၏ ။
သို့ ဖြင့် …..
“ကိုလေးအောင်၊ ဒါ ရှယ်လီ၊ ကျွန်တော့်  ဖယန်းစီး (Fiance) ပေါ။ ဒါလင်၊ ဒါ ကဗျာဆရာ မောင်လေးအောင်”
“ကျွန်မတို့ အရင်က တွေ့ ခဲ့ဖူးကြတယ် ထင်ပါတယ်။ စည်သူ ပညာ့ရိပ်သာမှာ နီနီ မိတ်ဆက်ပေးခဲ့ တဲ့ ကဗျာဆရာမောင်လေးအောင်ပဲ မဟုတ်လား”
“ဟုတ် ….. ဟုတ်ပါတယ်၊ ကျွန်တော် ပါပဲ”
စကား ရုတ်တရက် ပြတ်သွားကြပြီး ငြိမ်ဆိတ်သွားသည်။
“နီနီက ယူအက်(စ်) မှာ ရောက်နေတယ်။ ကိုလေးအောင် သိလား”
“ဟုတ်ကဲ့၊ ကျွန်တော် ကြားပါတယ်။ ကဲ ကျွန်တော် သွားလိုက်ဦးမယ်နော်”
ပြောပြောဆိုဆို သူ လှည့်ထွက်သွားသည်။ ကျွန်တော် အံ့အားသင့်လျက် ကျန်ရစ်ခဲ့သည်။ သည်တော့မှ မျိုသိပ်ထားခဲ့ရသမျှကို ကျွန်တော့် အမျိုးသမီးက တတွတ်တွတ် ဖွင့်အန်ပြတော့သည်။
“နီနီက (…..) ရဲ့ သမီးလေ။ ကိုယ်နဲ့အတူ စာရေး ဆရာ မောင်စည်သူ ဖွင့်ထားတဲ့ စည်သူ ပညာ့ရိပ်သာမှာ ၁၀ တန်း အတူတူ တက်ခဲ့ကြတာပေါ့”
သူပြောပြသော နီနီ၏ ဖခင် (…..) မှာ မြန်မာ့နိုင်ငံရေး သမိုင်း၊ တော် လှန်ရေး သမိုင်းတွင် သမိုင်းဝင် ပုဂ္ဂိလ်ကြီးတစ်ဦး ဖြစ်ကြောင်း တစ်နိုင်ငံလုံးလည်း သိကြပြီး ဖြစ်၏ ။
“နီနီက ယောကျာ်းတွေ ကို သိပ်ကစားတတ်တာ။ ကိုလေးအောင်တင် ဘယ်ကမလဲ။ သူ့ကြောင့် ရူးသွားကြရတဲ့ ကိုယ့်သူငယ်ချင်းတွေ အများ ကြီး။ နီနီ မိတ်ဆက်ပေးတုန်းက ကိုလေးအောင်ကို ယူ မြင်ဖူး စေချင်တယ်။ ကချင်လုံချည်နဲ့ တိုက်ပုံအင်္ကျီအနက်ကလေးက သန့်လို့ပြန့်လို့။ စတစ်(ဖ်) ကော်လာ လက်ရှည်အဖြူလေးနဲ့ ။ အသားအရေကလည်း ကြည်ကြည်လင်လင်နဲ့။ အခုနဲ့ ဘာဆိုင်လိမ့်မလဲ။ ကြည့်စမ်းပါဦး၊ အခုတော့ ယူ့သူငယ်ချင်းရဲ့ ဖြစ်ပျက်နေပုံက…..”
ဟုတ်သည်။ ထိုအချိန်လောက်မှာ ပင် ကိုလေးအောင်က အချိန်ပြည့်အရက်သမားကြီး ဖြစ်နေပြီ။ အင်္ကျီ၊ လုံချည်နှင့် ဖိနပ်မှအစ ခပ်သန့်သန့်ဆိုလျှင် အရက်ဆိုင်ရှေ့က ပလက်ဖောင်းပေါ်က အဟောင်းဝယ် / ရောင်းဆိုင်တွေ ပေါ် ရောက်ကုန်ပြီ။
ကျန်းမာရေး ကလည်း မကောင်းတော့။ မျက်နှာတင်မက ခြေဖမိုးတွေ ပါ ဖောသွတ်သွတ် ဖြစ်နေပြီ။
မင်းရဲ့ သူငယ်ချင်း နီနီကြောင့် တော့ ငါ့သူငယ်ချင်းဘ၀ပျက်အောင် အရက်သောက်တာ ဟုတ်မယ် မထင်ပါဘူးကွာ။ ကြိုက်လို့ သောက်တာနေမှာ ပါ”
“ဟင့်အင်း၊ ဒါမျိုးနဲ့ ပတ်သက်လာရင် ကိုယ်တို့မိန်းမတွေ မှာ မွေးရာပါ အလိုလိုသိစိတ်ရှိတယ်။ သူ နီနီကြောင့် သူ့ဘဝကို အရက်ထဲနှစ် ပစ်လိုက်တာနေမှာ ။ သတိထားမိလိုက်လား၊ စောစောက နီနီ့ အကြောင်းလည်းပြောရော တစ်ခါတည်း မျက်နှာပျက်သွားလိုက်တာ”
“ကိုယ်တော့ မမြင်လိုက်မိပါဘူးကွာ”
သူသေသည်အထိ နီနီနှင့် ပတ်သက်ခဲ့သမျှအကြောင်းကို ကျွန်တော် လုံးဝမစပ်စုခဲ့ပါ။ ကျွန်တော့်  ဇနီးကိုလည်း တားထားခဲ့ပါသည်။ ထားတော့။
တကယ်တော့ အရက်သောက်တာ ဘာဆန်းသနည်း။ အကြောင်းပြချက်အမျိုးမျိုးဖြင့် လည်းကောင်း၊ သွေးထဲ သားထဲက နှစ် ခြိုက်တောင့်တ၍ လည်းကောင်း လူအချို့အရက်သောက်နေကြပါ သည်။ ထိုအထဲတွင် မောင်လေးအောင်လည်း ပါသည်။ ဒါပါပဲ။
သို့ သော် ယခု မောင်လေးအောင်ကို ကျွန်တော် လွမ်းဆွတ်တသနေသည်မှာ သူ၏ အချစ်ရေး ၊ အရက်ရေး စသော ကိုယ်ရေး ကိုယ်တာ ကိစ္စများ ကို မဟုတ်ပါ။
သူ၏ ရိုးသားဖြူစင်သော စိတ်ဓာတ်၊ သူ၏ ဘ၀အမြင်၊ သူ၏ နိုင်ငံရေး ယုံကြည်ချက်နှင့် သူ၏ အနုပညာတို့ကို လွမ်းတနေမိခြင်းသာ ဖြစ်ပါသည်။
မောင်လေးအောင် ဘာလဲ။
ကဗျာဆရာ ဖြစ်ပါသည်။
လူသားအားလုံးကို ချစ်တတ်သူ တစ်ယောက် ဖြစ်ပါသည်။
အနုပညာသည် ပြည်သူ့အတွက်ဟု ခံယူသူ ဖြစ်ပါသည်။
အနုပညာသည် ပြည်သူ့အတွက်ဟု ခံယူခြင်းသည် ပြစ်မှု တစ်စုံတစ်ရာကို ကျူးလွန်ခြင်းမဟုတ်ဟု ကျွန်တော် ယုံကြည်သည်။
လူတိုင်း မိမိနှစ်သက် ရာကို ယုံကြည်ခွင့် ရှိပါသည်။
မတူလျှင် ရန်သူဆိုသော မူမှာ အလွန်နှိမ့်ကျလွန်းလှပါသည်။
ဘုရားသခင်ကို အားနာဖို့ကောင်းသည်။
ကိုလေးအောင်တွင် အနုပညာမှလွဲ၍ မချမ်းသာပါ။
သို့ သော် သူ၏ ရိုးသားဖြူစင်မှု ကား လေးစားမြတ်နိုးဖွယ်ကောင်းလှ၏ ။
ထိုစဉ်က ထမင်းတစ်ခါပြင် ၁ ကျပ်ခွဲ၊ အရက်ဖြူတစ်ပက်(ဂ်) ပြားသုံးဆယ်။
ဆင်းရဲနွမ်းပါးသော အနုပညာအလုပ်တစ်ခုတည်းဖြင့် ရပ်တည်နေကြသော ရေး ဖော်ရေး ဖက် ရဲဘော်များ ကို မောင်စိမ်းနီ နှင့် ကျွန်တော် တို့ တတ်အားသမျှ ခွဲဝေထောက်ပံ့ကြပါသည်။ ဂုဏ်တင်သည် မဟုတ်ပါ၊ ကျွန်တော် တို့နှစ် ယောက် က “အနူတောမှာ လူချောများ ” ဖြစ်နေကြခြင်းကြောင့် ပါ။ စည်ပင်မှ အရာရှိတစ်ဦး ဖြစ်သော မောင်စိမ်းနီနှင့် ကျူရှင်ဆရာ ဖြစ်သော ကျွန်တော် တို့မှာ အခြားရဲဘော်များ နှင့် စာ လျှင် အနည်းငယ်သော င်သာပါသည်။
ကဗျာဆရာ ဖြစ်ပြီး လောဘကြီးသူတစ်ဦးက သူ့ကိုမေးဖူးသည်။
“ကိုလေးအောင်၊ ခင်ဗျားကို မင်းသစ်က တစ်ရက် ဘယ်လောက်ထောက်ပံ့လဲ”
“မနက် ငါးကျပ်၊ ညနေ တစ်ဆယ်လေ”
“ခင်ဗျား တော် တော် ညံ့သေးတာပဲ၊ ဒီကောင်က ကျူရှင်ဆရာသူဌေးဗျ။ ခင်ဗျားမို့လို့ နှစ် ပြားခြောက် ပဲလောက်ယူနေတယ်။ များများ တောင်းဗျ”
ကိုလေးအောင်က အေးအေးလေးပဲ ပြန်ဖြေသည်။
“ဒီမှာ ကိုယ့်လူ၊ ကိုယ်က မင်းသစ်ဆီမှာ ကြွေးရစရာ မရှိဘူးကွ”
ထိုသတင်း ၃၃ လမ်း “ရွှေကြည်အေး” တစ်ဝိုက်မှာ ပျံ့သွားသည်။
သူ့ကို ကျွန်တော် ပို၍ ပို၍ လေးစားရတော့သည်။
မောင်လေးအောင်၏ ကဗျာများ ထက် သူစာသားရေး ပေးပြီး ကိုသန်းဖေလေးနှင့် ကိုသန်းလှိုင်တို့ သံစဉ်ထည့်ပေးကြသော သီချင်းများ ကို ကျွန်တော် အရင်ဆုံး စတင်ထိတွေ့ ခွင့်ရခဲ့ပါသည်။
ကိုသန်းလှိုင်၏
“ကံ့ကော်မြိုင်တန်း xx ပြေးခွာသူလှမ်း xx အမိရင်ခွင်သည်သာ xx ငြိမ်းငြိမ်းချမ်းချမ်း xx ခိုဝင်လှည့်စမ်း xx ငယ်ကကျွမ်း xx”
ကိုသန်းဖေလေး၏
“ချစ်တဲ့အကြောင်းစာလုံးပေါင်းတွေ xx ထောင်သော င်းမက ပြောခဲ့ကြတယ်ကွယ် xx ကြယ်စင် ငွေစက် xx ရေတွက်ရတာ xx လွယ်လိမ့်မယ် ထင်တယ် xx တိမ်မယောင်နက် xx လွယ်မယောင်နဲ့ခက် xx အခက်ကြီးခက် လှတယ် xx ကျောက်ဆစ်ရုပ်က ပြုံးရယ်ပြအောင် xx မောင်ကြိုးစားမိလေ သလားကွယ် xx အထက်ဆန်သည့် လှေသဏ္ဍာန်ပမာနှယ် xx အခက်ကြံမိလေ ပြန်ပါတယ်ကွယ် xx”
လှပရုံမျှမက အားပါသော ထိုစကားလုံးများ ကို သူမို့ ….. ၊ ကဗျာဆရာမို့ ရေး ဖွဲ့နိုင်သည် ထင်ပါ သည်။
သူ့ကဗျာများ ကိုတော့ သူနဲ့ရင်းနှီးပြီးမှ ကျွမ်းဝင်ရခြင်း ဖြစ်ပါသည်။ သူနှင့် မောင်ယဉ်မွန် တွဲ ဖက် ထုတ်ဝေသော “လကွယ်ည” ကဗျာစာအုပ်ကိုပင် ရန်ကုန်ရောက်မှ မြင်ရဖူးခြင်း ဖြစ်သည်။ ထိုခေတ်က အလွန်နာမည် ကြီးခဲ့သော ထိုကဗျာစာအုပ်သည် အထက်မြန်မာနိုင်ငံသို့ လောက်လောက်ငင ရောက်မလာ ဖြစ်ခဲ့ပါ။ သို့ သော် မောင်ယဉ်မွန်၏ ကဗျာလေးကိုတော့ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကျွန်တော် တို့ နှစ်သက် ခဲ့ကြရဖူး၏ ။
ကိုလေးအောင်ရဲ့ ကဗျာတွေ ကတော့ ၁၉၇၀ မိုးဝေကဗျာ ခေတ်ကျမှ (အင်း ….. ငြင်းကြဦးမလား မသိ) ပို၍ အားကောင်းလာသည်။ ထက်မြက်ရွှန်းပလာသည်ဟု ထင်မိသည်။
ထိုစဉ်က ဗီယက်နမ် စစ်ပွဲကာလ။ စစ်ဆန့်ကျင်ရေး ၊ နယ်ချဲ့ဆန့်ကျင်ရေး ကဗျာများ အပြိုင်းအရိုင်း ရေး နေကြသော ကာလတွင် မောင်လေးအောင် ကဗျာတစ်ပုဒ် ရေး သည်။ မောင်လေးအောင် အကြောင်း ပြောကြလျှင် ယင်းကဗျာသည် မပါမ ဖြစ်။
ညက …..
အိပ်မက်ထဲမှာ
ငါ ….. နစ်(က်)ဆင်နဲ့ စစ်တုရင်ကစားတယ်။
နစ်(က်)ဆင်ဟာ
မာတနီသောက်လိုက်
ဆေးပြင်းလိပ်ဖွာလိုက်
ဒိန်ခဲစားလိုက်
စစ်တုရင်ရွှေ့လိုက်။
ငါ့ပုလင်းထဲမှာ
ကောက်ညှင်းအရက် ဆယ်ပက်။
ခပေါင်းတစ်ဘူး
ခြူးတစ်လိပ်နဲ့
နစ်(က်)ဆင်
အရင်ရွှေ့ကတည်းကအမှား
အလကားပဲ။
နစ်(က်)ဆင်ရဲ့ “ကင်း”
ငုယင်သီဘင်း တော် လှန် “ကွင်း” နဲ့ချက်တယ်။
ဘယ်ပြေးထွက်မလဲ
ဗီယက်ကောင်း “မြင်း”နဲ့လည်း ထောက်ထားတယ်။
ကမ္ဘောဒီးယား
“ရထား” ကလည်း ရှိသေးတယ်။
နစ်(က်)ဆင်ရဲ့ “ကင်း”
မဆင်းနိုင် မတက်နိုင်ကျပြီ။
……………………………..
……………………………..
ယင်းကဗျာတွင် မောင်လေးအောင်၏ အနုပညာနှင့် အတတ်ပညာအတွဲ စပ်ကို ထင်ရှားစွာ မြင်နိုင် သည်။
သို့ သော် ပုံသဏ္ဍာန်နှင့် အတတ်ပညာကို ဇောင်းပေးလွန်းသော အယူအဆများ ပေါ်ထွက်လာ သော အခါ သူက ဤသို့ ညည်းခဲ့သည်။
“အတတ်ပညာမဲ့သတဲ့
ငါ့ရဲ့ ကဗျာကို
ပညာတတ်ကြိမ်လုံးနဲ့
တအုံးအုံး ထုရိုက်တယ် …..”
လွန်ခဲ့တဲ့ နှစ် ပေါင်းလေးဆယ်နီးပါး ကဗျာတစ်ပုဒ်ပါ။
ယနေ့ခေတ် ဝေဖန်ရေး ဆရာများ ၊ ရသဗေဒရှင်များ လည်း ဆင်ခြင်ကြည့်ကြဖို့ ကောင်းပါသည်။
၁၉၇၀ ၀န်းကျင်နှစ် များ တွင် ကျွန်တော် တို့၏ မိုးဝေမဂ္ဂဇင်းတည်နေရာမှာ မှတ်သားလောက် ပါပေ၏ ။
“တရုတ်သင်္ချိုင်းနှင့် မျက်စောင်းထိုး၊ တောင်ညွန့်ရဲစခန်းနှင့် ဓားလွယ်ခုတ်” ဟူသတည်း။
မဂ္ဂဇင်းတိုက်ရှေ့ ဗာဒံပင်အောက်မှာ စစ်တုရင်ဝိုင်းအမြဲရှိ၏ ။ များ သော အားဖြင့် ဆရာနတ်နွယ်တို့ လူကြီးပိုင်းသာ ကစားလေ့ရှိကြ၏ ။ “နစ်(က်)ဆင်နှင့် စစ်တုရင်ကစားခြင်း” ကဗျာကို ထိုဗာဒံရိပ်မှ သူရခဲ့ သည်ဟု ထင်သည်။
ညနေစောင်း တိုက်ပိတ်ချိန်ရောက်လျှင် ဆရာနတ်နွယ်၊ ဆရာမင်းကျော်တို့က ဆရာမောင်နေဝင်း တို့၏ ကားဖြင့် “တဲကြီး” ဟု သူတို့ခေါ်လေ့ရှိသော ဖိုးစိန်လမ်းက အိုးရီးယင့်ကလပ်သို့ ဘီယာသောက်ရင်း စက်ခရယ်ဘယ်ကစားရန် သွားကြ၏ ။ ကျွန်တော် တို့ လူငယ်တစ်စု ကတော့ …..
“တို့လည်း ဂြိုလ်တုလွှတ်မယ်ဟေ့” ဆိုသော မောင်သင်းခိုင်၏ ကြုံဝါးသံနှင့် အတူ မီးရထားလမ်း ကိုဖြတ်ပြီး ပုစွန်တောင် “အမေ့ဆိုင်” သို့ ဘီအီးသောက်ရန် ချီတက်ကြ၏ ။ (ဂြိုလ်တုလွှတ်မယ်ဆိုခြင်းမှာ မော်စီတုန်း၏ စကားကိုယူ၍ ပြောခြင်း ဖြစ်သည်။)
တကယ်တော့ မောင်လေးအောင် အမည် ပေးထားသော “အမေ့ဆိုင်” သည် ကျွန်တော် တို့အတွက် အပန်းဖြေရိပ်သာတစ်ခု ဖြစ်သကဲ့သို့ အနုပညာကိစ္စများ ဆွေးနွေးရာ စာပေကလပ်တစ်ခုလည်း ဖြစ်ပေသည်။ “အမေ့ဆိုင်” သို့ တစ်ခါတစ်ရံရောက်လာလေ့ရှိသူများ မှာ ဒေါင်းနွယ်ဆွေနှင့် နေသွေးနီ တို့ ဖြစ်ကြသည်။
ဒေါင်းကြီးလာသော နေ့များ တွင် မူ စာပေးဆွေးနွေးပွဲမှသည် ငြင်းခုန်ပွဲ၊ တစ်ခါတစ်ရံ “ပါးစပ်ရန်ပွဲ” အဆင့်သို့ ရောက်သွားတတ်၏ ။ ကိုနေသွေး ကတော့ ဝင်ရောက်ငြင်းခုန်လေ့မရှိ။ စကားလုံးများ လွန်ကာ ကျွံလာလျှင် “ကိုရင်တို့ တော်ြ ကတော့၊ တော်ြ ကတော့” ဟု ဝင်ထိန်းလေ့ရှိ၏ ။
“အမေ့ဆိုင်” တွင် ကဗျာဆရာ၊ စာရေး ဆရာများ ထိုင်လေ့ရှိသည်ကို သိကြ၍ ပုဇွန်တောင် အနီးတစ်ဝိုက်မှ ကာလသားလူငယ်များ လာလေ့ရှိကြ၏ ။ အထူးသဖြင့် မြန်မာစာညံ့ကြသော ကုလားလေး တွေ ပိုများ ၏ ။ ရည်ရွယ်ချက် ကတော့ ကဗျာဆရာများ ကို ရည်းစားစာ ရေး ခိုင်းရန် ….. ။
ရည်းစားစာတစ်စောင် တစ်ဆယ်နှုန်းဖြင့် ကျွန်တော် တို့အုပ်စု စက်နှင့် လှည့်ထုတ်သလို ရေး ကြ၏ ။ တစ်စောင်ရေး ပြီး ငွေတစ်ဆယ်ရပြီဆိုလျှင် နောက်ထပ်အရက် ပက် ၃၀ ထပ်မှာ နိုင်ပြီ။
တစ်နေ့တော့ ရေး ခိုင်းနေကျ ဖောက်သည်ကုလားလေး ရောက်လာ၏ ။ ထုံးစံအတိုင်း “မောင့်နှလုံး သားထဲက အမီနာရေ” အစချီလျက် ရေး ရ၏ ။ ရေး ပြီးကာမှ ပြဿနာက တက်တော့သည်။ ကုလားလေးက မဝံ့မရဲဖြင့် ကိုလေးအောင်အား
“ဆရာ၊ ဒီတစ်ခါတော့ ကျွန်တော် လည်း သိပ်မပြေလည်လို့ ဦးနေသွေးနီရဲ့ ဈေးအတိုင်းပဲ ယူပါနော်”။
“ဘာလဲကွ၊ ကိုနေသွေးဈေးဆိုတာ”
“ဒီလောက်လေ ဆရာ”
ကုလားလေးက လက်ငါးချောင်းထောင်ပြရင်း ပြော၏ ။
“ဘာ ငါးကျပ် ဟုတ်လား၊ ဒီလူကြီး သက်သက်ဈေးဖျက်သွားတာ ကိုမင်းသစ်ရ”
ထိုတစ်ညလုံး ကိုနေသွေးကို မေတ္တာပို့ကြ၍ မဆုံး။
၁၉၇၆
ကိုလေးအောင်၏ ကျန်းမာရေး အခြေအနေမှာ အဆိုးရွားဆုံးအဆင့်သို့ ရောက်နေပါပြီ။ ခြေဖမိုးနှစ် ဖက်စလုံး ဖားပြုပ်ကြီးနှစ် ကောင် ကုန်းထနေသလို ဖောရောင် ကိုင်းနေ၍ ဖိနပ်စီး၍ မရတော့။ ကဗျာလည်းအရေး နည်းလာသည်။
အရက်နှင့် ပတ်သက်လာလျှင် သူ့ကိုတားမရြ ကတော့သဖြင့် သူ ကဗျာပြန်ရေး ဖြစ်ရန်သာ ချော့တစ်လှည့် ငေါက်တစ်လှည့် ဝိုင်းတိုက်တွန်းကြရ၏ ။
သူ့ကို ငွေကြေးထောက်ပံ့နေကျ သူ၏ သူငယ်ချင်းတစ်ဦး ဖြစ်သော ကိုသန်းစိုး (ကွယ်လွန်) မှာ “သန်းစိုး B.Ed အမည် ဖြင့် အောင်မြင်နေသော အင်္ဂလိပ်စာကျူရှင်ဆရာတစ်ဦး ဖြစ်သည်။ သူကလည်း ကိုလေးအောင်ကို ကဗျာရေး စေချင်သဖြင့် ကဗျာရေး မှ ငွေကြေးထောက်ပံ့နိုင်မည် ဟု ပြောသည်။ ဤကား ကိုသန်းစိုး၏ စေတနာအမှား ဖြစ်၏ ။ ကိုသန်းစိုးထံသို့ သူလုံးဝမသွားတော့။
ကျွန်တော့် ကိုတော့ သူ ပြန်ပြောပြသည်။
“အရက်ဖိုးရဖို့အတွက်တော့ ကဗျာရေး မပြနိုင်ပါဘူးဗျာ”
ဤကားမောင်လေးအောင်အစစ် ဖြစ်တော့သည်။
ဤကား ယုံကြည်ချက်တစ်ခုနှင့် ရပ်တည်ချက်တစ်ခုကို မည် သည့်အရာနှင့် မှ အလဲအလှယ်မလုပ်နိုင်သော အနုပညာသူရဲကောင်း တစ်ယောက် ၏ ရိုးသားဖြူစင်သော ၊ ရဲရင့်ပြတ်သားသော ခံယူချက်တစ်ခုပင် ဖြစ်တော့သည်။
၁၉၇၇
မောင်လေးအောင် ၏ နောက်ဆုံးနေ့များ ။
ကျွန်တော် ၏ စာသင်ခန်းကို ဆူးလေဘုရားလမ်းမှ ၃၃ လမ်း စာပေလောက အနီးသို့ ပြောင်းရွှေ့လာချိန်။
တစ်ရက်သားမှာ တော့ စာသင်ခန်းမှာ ကျွန်တော် မရှိ၊ ကျွန်တော့် ဇနီးသာရှိနေစဉ် ကိုလေးအောင် ရောက်လာ၏ ။
“မရှယ်လီ ငွေအစိတ်လောက် ပေးစမ်းပါ”
“အရက်သောက်ဖို့လား၊ မပေးနိုင်ဘူး၊ ညနေ ကျွန်မတို့်ပြန်ရင် အိမ်ကိုလိုက်ခဲ့။ အရက်လည်း တိုက်မယ်။ ဆေးလည်းကုပေးမယ်။ စားဝတ်နေရေး အားလုံး တာဝန်ယူတယ်။ ငွေတော့ မပေးဘူး”
“သြော်.. မရှယ်လီကတောင် ဒီလို ဖြစ်သွားပြီကိုး”
မျက်လုံးအစုံမှာ မျက်ရည်များ ပြည့်ဝိုင်းလျက် သူ ထပြန်သွားသည်ဆို၏ ။
နောက်ရက်များ မကြာမီ ရန်ကုန်အရှေ့ပိုင်းဆေးရုံသို့ တင်ပို့ကြသည်။
ရက်ပိုင်းအတွင်းမှာ ပင် သူကွယ်လွန်သည်။
“ဒီလိုမှန်းသိရင် ရှင်တောင်းတဲ့ငွေ ပေးလိုက် ပါတယ် ကိုလေးအောင်ရဲ့ ”
ကျွန်တော့် ဇနီး ချူံးပွဲချပြီး ငိုသည်။
သူ့ဈာပနကိစ္စကို ကဗျာဆရာ၊ စာရေး ဆရာ၊ ပန်းချီဆရာများ ၊ အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြသည်။ မောင်စိမ်းနီနှင့် ကျွန်တော် က အလှူခံထွက်ကြသည်။ စာပေမြတ်နိုးသော မောင်လေးအောင်၏ ကဗျာများ ၊ သီချင်းများ ကို ကျွမ်းဝင်သိမီသော လုပ်ငန်းရှင်များ ၊ ကျူရှင်ဆရာများ က အားတက်သရော ပါဝင်ကူညီကြသည်။
ကျွန်တော့် စာသင်ခန်းမှာ ယပ်တောင်စီစဉ်ကြသည်။ ပန်းချီဝသုန်က ကိုလေးအောင်၏ ပုံတူကို မင်ခြစ်ဆွဲပေးသည်။ ထိုပုံအောက်တွင် သူ့ကဗျာလေးတစ်ပုဒ်။
မည် သို့ ပင် ဖြစ်စေ“
ချစ်နေသေးသည်
ကြွေးကြော်စူးရဲ
အားမာန်ခဲသည်
တိုက်ပွဲထဲက ပြည်သူလေ။
မောင်လေးအောင်
ထိုစဉ်က အော့ဖ်ဆက်ဆို၍ စန္ဒာနှင့် ကိုအောင်သန်းသာ ရှိသေးသည်။ ထိုနည်းပညာကို ကျွန်တော် တို့လည်း နားမလည်သေးသဖြင့် ကိုလေးအောင်၏ ပုံနှင့် ကဗျာကို အီလက်ထရောနစ် ဖယောင်းစက္ကူ (electronic wax) ဖြင့် ဖောက်ပြီး စာကူးစက်ဖြင့် လှည့်ရသည်။ ယပ်တောင်ပေါ်တွင် ကော်ဖြင့် ကပ်ရန်ကား ကျွန်တော့်  ကျောင်းသူ၊ ကျောင်းသားများ ၏ တာဝန်။
သို့ သော် သူ့ဈာပနကိုအသုံးချပြီး စတန့်လုပ်ချင်သူအချို့ကြောင့် ကျွန်တော် လိုက်ပါပို့ဆောင်ခြင်း မပြုခဲ့ပါ။
ဈာပန ကတော့ အလွန်စည်ကားသည် ဆို၏ ။ တာမွေသုသာန်ရှိ စာဆို့ဗိမာန်အရောက်၊ စာရေး ဆရာများ က တစ်လှည့်စီ ထမ်းသွားကြသည်ဆို၏ ။ “အမေ့ဆိုင်” ရှိရာ ပုစွန်တောင်ဆိုင်တန်းများ ရှေ့မှ အဖြတ်တွင် ဆိုင်ခန်းအသီးသီးမှ ဆိုင်ရှင်ကြီးငယ်အားလုံးပြေးထွက်လာကြ၊ ငိုကြ။ “အမေ့ဆိုင်” မှ အမေ ကတော့ ငိုရင်း ဆို့တက်သွားသည်ဆို၏ ။
မဆန်းပါ။ အရက်သောက်သည်မှအပ မောင်လေးအောင်သည် သူတော် ကောင်း တစ်ယောက် ဖြစ်၏ ။ ထို့ကြောင့် နှမြောကြသည်။ တမ်းတကြသည်။ လွမ်းကြသည်။ မဆန်းပါ။
ရက်လည်သည့်နေ့တွင် ပုစွန်တောင်ဆိုင်တန်းထဲသို့ ကျွန်တော် တို့ ကဗျာဆရာတစ်စု ဝင်သွားသော အခါ “အမေ” က ငိုသံပါကြီးနှင့် အော်ဟစ်လိုက်သည်။
“မောင်လေးအောင်ရေ၊ နင့်ကျောင်းဆရာ လာပြီဟဲ့” တဲ့။
သို့ သော် တစ်နေ့တွင် သူရှိရာ ပရဒိသုဘုံတစ်နေရာသို့ ကျွန်တော် တို့ သွားရောက်ကြရပါ ဦးမည် ။
မောင်လေးအောင်သည် ကဗျာဆရာ ဖြစ်၏ ။ အနည်းဆုံးလေးပါးသီလလုံသူ ဖြစ်၏ ။
ထို့ကြောင့် ငရဲဘုံတွင် သူ ရှိနေလိမ့်မည် မဟုတ်ပါ။
မင်းသစ်
ဖယန်းစီး = fiancee = လက်ထပ်ရန် ရည်ရွယ်ထားသော ချစ်သူ
မောင်ချောနွယ်
သူငယ်ချင်းမင်းသစ်ရယ် ရှယ်လီထွားရယ်
ကျွန်တော် တို့တစ်တွေ ဂစ်တာလေးတစ်လုံးနဲ့
ကျွန်တော် တို့တစ်တွေ ဂစ်တာတီး တေးဆိုကြမယ်ဗျာ
ဤအိမ်တော် မှာ ကောင်းခြင်းမင်္ဂလာပြည့်စေသတည်း
ဤအိမ်တော် မှာ ငြိမ်သက်ခြင်းလည်းရှိပါစေပေါ့
ပျော်ရွှင်ခြင်းလည်း ရှိပါစေပေါ့
(ညီမလေး မမမြင့် ကဗျာမှ)
သည်ကဗျာကို ပြန်ဖတ်မိတိုင်း မောင်ချောနွယ်ကို ကျွန်တော် တို့မိသားစု လွမ်းရသည်။ မောင်ချောနွယ်ကို လွမ်းတိုင်းလည်း သည်ကဗျာကို ပြန်ဖတ်မိကြသည်။ လွမ်းလို့ ကျန်ရစ်အောင် လုပ်တတ်ပါပေ့ သူငယ်ချင်းရယ်……။
သူနှင့် စတင်တွေ့ ဆုံရင်းနှီးရပုံကလည်း သည်းထိတ်ရင်ဖိုဇာတ်လမ်းကလေးနှင့် ဖြစ်သည်။
၁၉၇၀
ထိုစဉ်က ကျွန်တော် သည် ဘူမိရူပအရာရှိ ကိုခင်မောင်ဌေး၊ လက်ရွေးစင်ဘော်လီဘောသမား ကိုအောင်ထွန်းလင်း (ကျောက်ဆည်အေးကို) တို့နှင့် အတူ မြန်မာ့ရေနံမှအရာရှိ ကိုခင်မောင်ချင်း၏ တာမွေအိမ်တွင် စုပေါင်းနေဆဲ ဖြစ်သည်။ ကိုခင်မောင်ချင်းလည်း ရုပ်ရှင်မင်းသား မ ဖြစ်သေး။ ကျွန်တော် တို့ အားလုံး လူပျိုလူလွတ်တွေ ချည်း။
တစ်နေ့ ကဗျာဆရာ အောင်ချိမ့်နှင့် အတူ လူငယ်စုံတွဲတစ်တွဲ ကျွန်တော် တို့အိမ်သို့ ရောက်လာသည်။ ကိုအောင်ချိမ့်က လိုရင်းကို တိုက်ရိုက်ပဲ ပြောသည်။
“ကိုမင်းသစ်၊ ဒါ ပြည်က မောင်ချောနွယ်။ ကဗျာရေး နေပြီ။ အခု မိန်းမခိုးလာတာ။ ခင်ဗျားတို့အိမ်မှာ ခဏတည်းချင်တယ်”
“ကူညီရမှာ ပေါ့”
သို့ သော် ညနေပိုင်း ရုံးဆင်းချိန်တွင် အိမ်ရှိလူကုန်အားလုံး ဆုံကြသော အခါ ကိုခင်မောင်ဌေးက ကျွန်တော့် ကို တိတ်တိတ်လေး ခေါ်ပြောသည်။
“မြတ်သူရေ၊ ကြည့်လည်းလုပ်ဦးနော်၊ ကောင်မလေးက ငယ်ငယ်လေးကွ။ အသက်လည်း ပြည့်သေးဟန် မတူဘူး”
“ဟုတ်တယ် မောင်ရေ့၊ ငါတို့အိမ်ကလည်း လူပျိုအိမ်၊ ပြဿနာ ဖြစ်လာရင် တို့ပါ အမှု တွဲ ထဲ ပါမှာ နော်”
ကိုခင်မောင်ချင်းကလည်း လန့်နေသည်။
သည်တော့ မောင်ချောနွယ်ကို တိုးတိုးတိတ်တိတ် ကျိတ်မေးရသည်။ မောင်ချောနွယ်၏ အဖြေက မှတ်သားလောက်ပါပေသည်။
“မပူနဲ့ ကိုမင်းသစ်၊ ဘာမှမပူနဲ့။ ဘယ်သူမှ ပြဿနာလုပ်မှာ မဟုတ်ဘူး။ ဒါကျွန်တော့်  နှမဝမ်းကွဲ”
ကျွန်တော် တို့အားလုံး လက်ဖျားခါကြရသည်။
သည်လိုနှင့် အိမ်ပေါ်ထပ်တစ်ထပ်လုံးကို သူတို့လင်မယား လက်ဝယ်သို့ အပ်နှင်းလိုက်ကြရပြီး ကျွန်တော် တို့ လူပျိုတွေ အားလုံး အောက်ထပ်ဆင်း အိပ်ကြရတော့သည်။
မှတ်ထား။ မောင်ချောနွယ်ဆိုတာ ဘာလုပ်လုပ် ဘယ်သူနဲ့မှ မတူဘူးလေ။
နောက်ပိုင်းတွင် သူလည်း ပြည်သို့ ပြန်လည်အခြေချ။ ကျွန်တော် လည်း အိမ်ထောင်ကျနှင့် အနေဝေးပြီး အတွ့ကျဲသွားသည်။ သူ ရန်ကုန်လာသော အခါတိုင်း ကျွန်တော့် ကို မတွေ့ တွေ့ အောင်ရှာ သည်။ ဆုံကြသည်။ ကဗျာအကြောင်း ပြောကြသည်။ ကဗျာအကြောင်း သောက်ကြသည်။
မောင်ချောနွယ်၏ ချစ်စရာအကောင်းဆုံး စရိုက်တစ်ခုမှာ လိုသည်ထက်ပို၍ အခွင့်အရေး မယူတတ် မှု ဖြစ်၏ ။ ခင်မင်မှု ကို ခုတုံးလုပ်၍ လည်း အခွင့်အရေး မယူ။ သူ့ကဗျာများ ကို လေးစားကြမှု အပေါ်တွင် လည်း အခွင့်အရေး မယူ။ တစ်နေ့ …..။
“ကိုမင်းသစ်၊ အရက်တိုက်ဗျာ ထမင်းလည်းကျွေး”
အရက်သောက်ကြသည်။ ထမင်းစားကြသည်။ လူချင်းခွဲခါနီး ကျွန်တော် ကမေးသည်။
“ဘာလိုသေးလဲ”
“ဘာမှ မလိုတော့ဘူး။ ကျွန်တော် လိုအပ်တာတွေ ခင်ဗျားလုပ်ပေးပြီးပြီလေ”
ကျွန်တော် ချစ်သွားသည်။ ကျွန်တော် လေးစားသွားသည်။ မောင်ချောနွယ်သည် အခွင့်အရေး ပေးတိုင်း ယူသူမဟုတ်။
မောင်ချောနွယ်၏ ကဗျာများ ဘ့ာကြောင့် ကောင်းကြသနည်း။ မောင်ချောနွယ်၏ ကဗျာများ ဘာကြောင့် လူကြိုက်များ သနည်း။ မောင်ချောနွယ် ရိုးသားသော ကြောင့် ဖြစ်ပါသည်။ မောင်ချောနွယ်သည် ခေတ်ပေါ်ကဗျာဆရာ ဖြစ်သော်လည်း ဟန်လုပ်ပြီး ကာရန်ကို ဇွတ်ရှောင်သူ မဟုတ်။
လဝန်းထဲ
ပွဲကြည့်လှေကလေး လှော်ခတ်ဝင်သွား
လမ်းရွေးမှားသူ မြစ်
နှစ် ထပ်သင်္ဘောမြို့ကလေးပေါ် နားခဲ့ပေါ့ ….။
အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းတွေ ဆိုခဲ့တယ်။
ထောင့်ချိုးများ လင်းဖို့ ဆုတောင်းရင်း
မျဉ်းဖြောင့်တစ်ကြောင်းလို နေခဲ့တယ်။
ဤရိုးသားမှု များ ကြောင့် သူ့ကဗျာများ လှနေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ စကားလုံးများ က တောင်းဆိုကြသော အခါ လိပ်ပြာသန့်စွာ ဖြင့် နဘေများ ပင် ထပ်လိုက်သေးသည်။
ဆာဟာရကို
အာဟာရလို့ ထင်တယ်
အသက်အပိုင်းအခြားတွေ လည်း
နက်ရှိုင်းသွားခဲ့ပြီ
………………….
ကျောကဒဏ်ရာကို
လောကတံထွာလို့ စွဲမှတ်
စာတစ်အုပ်လို
အသာထုတ်ဖတ်သွားရုံပါပဲလေ
မောင်ချောနွယ်သည် ကဗျာဆရာ တစ်ယောက် မ ဖြစ်မနေ အားထုတ်ရမည့်  အသံဖွဲ့စည်းမှု ၊ အသံစီး ဆင်းမှု များ ကို လုံးဝအလေးထားသော ကဗျာဆရာလည်း ဖြစ်သည်။ ထို့ကြောင့် သူ့ကို ပိုလေးစားမှု နှင့် အတူ လွမ်းနေမိခြင်း ဖြစ်ပါသည်။ မလေးစားထိုက်သူကို ကျွန်တော် မလွမ်းတတ်ပါ။
နေတဖွေးဖွေး လတဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး
သဲတဖွေးဖွေး ဖုန်တဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး
----------------------------
ချန်ပီယံ
ဒီမှာ ချန်ပီယံ
မြန်မြန်လာပါ ချန်ပီယံ
မြန်မြန် သွားပါ ချန်ပီယံ
ချန်ပီယံ ဒါပေမယ့် ချန်ပီယံ
………………………………
လမ်း ၄၀ ထိပ်မှာ ဂျွန်မိုးရေ ရှိတယ်
ဗိုလ်အောင်ကျော်လမ်းထိပ်မှာ
သူငယ်ချင်းဆိုးတိုင်ပင် ရှိတယ်
ချန်ခဲ့မှာ လား ချန်ပီယံ
ယံခဲ့မှာ လား ချန်ပီယံ
ဒီနေရာမှာ ဒီဟာထား
ဟိုနေရာမှာ ဟိုဟာထား
ချန်ပီယံ ဒါပေမယ့် ချန်ပီယံ
(မောင်ချောနွယ်ကို ဘာကြောင့် လေးစားရတယ်၊ လွမ်းရတယ်ဆိုတာကို သူ့ကဗျာလေးတွေ နဲ့ ဥပမာပြချင်လို့ နည်းနည်း ထုတ်နုတ်ပြမိတာပါ။ မောင်ချောနွယ်ကဗျာတွေ အကြောင်းကို အသေးစိတ် တိတိ ကျကျ ရေး ရရင် “မောင်ချောနွယ်ဋီကာ” ဖြစ် သွားပါလိမ့်မယ်။)
၁၉၉၃ ကျွန်တော် တို့မိသားစု ပြင်ဦးလွင်ကို ပြောင်းသွား ကြသော အခါ သူနှင့် အဆက်ပြတ်သွား သည်။ သို့ သော် ၂၀၀၃ ခုနှစ် တွင် ပြင်ဦးလွင်သို့ သူရောက်လာသည်။ ကဗျာဆရာ ကောင်းနေ ၏ အိမ်သို့ ရောက်လျှင်ရောက်ချင်း …..
“မင်းသစ်ကို ဆာလောင်တယ်။ မင်းသစ်ကို ရှာပေးကြ”
ပြင်ဦးလွင်မှ ကဗျာဆရာများ ဖြစ်ကြသော ညိုဦးလွင်၊ ကျော်ကောင်း၊ နွယ်စိမ်းဝေ တို့မှာ ကျွန်တော် ရှိတတ်သော နေရာအနှံ့ လိုက်ရှာကြရသည်။ သူနှင့် ကျွန်တော် တွေ့ြ ကတော့ သူပြောခဲ့သော စကားတစ်ခွန်း ကို ယခုထိ လွမ်းနေသေးသည်။
“အခုမှပဲ အဆာပြေတော့တယ်။ ငါ့သူငယ်ချင်းက အလတ်ကြီးရှိပါသေးလား”
မောင်ချောနွယ်ကို ကျွန်တော် ကောက်ချက်ချခဲ့သလို အခြားသူများ ကရော မည် သို့ ကောက်ချက်ချ ကြပါသနည်း။
ပြင်ဦးလွင် တစ်မြို့တည်း အတူနေ ဖြစ်သော ကဗျာဆရာကောင်းနေကို မေးကြည့်မိသည်။ ကောင်းနေ၏ မျက်လုံးအစုံ တဖျတ်ဖျတ်တောက်လာသည်။
“သေချာတာတစ်ခု ကတော့ ကိုချောနွယ်ဟာ ကဗျာတစ်ခုတည်းနဲ့ အသက်ရှင်နေတဲ့သူပဲ ဆရာ”
“ပြီးတော့ရော”
“လောဘအင်မတန်နည်းပြီး အခွင့်အရေး ပိုမယူတတ်တဲ့သူပဲ ဆရာ”
“ဥပမာလေး တစ်ခုလောက် ပြောပါဦး”
“ဥပမာတွေ ကတော့ အများ ကြီးပဲ ဆရာရဲ့ ။ ကျွန်တ်ာသူ့ကို ပန်းချီကိုမူးမူး တို့ရဲ့ ပန်းချီပြခန်းမှာ ပန်းချီကိုဝေချစ်ကို (တေးရေး သော်ဒီဝေ) တို့နှင့် အတူ စတွေ့ ဖူးတာ။ အဲဒီ ရက်ပိုင်းတုန်းက သူပြင်ဦးလွင်မှာ အတော် ကြာအောင် နေသွားတာ။ အနီးစခန်းနားက တွင်းငယ်က ဇော်မြင့်ဦး တို့ခြံမှာ သူတည်းနေတာ မနက်ဘက်ဆို ပြင်ဦးလွင်ကို တက်လာတတ်တယ်။ ညနေ ပြန်စရိတ်မရှိရင် လိုသလောက် တောင်းပြီး ပြန်ရော။ လိုတာထက်ပိုပြီး မတောင်းဖူးဘူး။ တက္ကသိုလ်တွေ ဖွင့်တဲ့အချိန်ဆိုရင် ကျွန်တော် တို့ မန္တလေး တက္ကသိုလ်ကို ရောက်, ရောက်လာတတ်တယ်။ ကျွန်တော် တို့နဲ့ ကဗျာအကြောင်းပဲ ပြော ဖြစ်တယ်။ လက်ဖက်ရည်လေး ဘာလေးသောက်ပြီး သူတည်းနေတဲ့ ဂျီတီအိုင်ကျောင်းသားတွေ နေတဲ့ ဘုန်းကြီး ကျောင်းကို ပြန်တာပဲဆရာ”
“အရက်ရော မတိုက်ခိုင်းဘူးလား”
“ကျွန်တ်ာတို့က ကျောင်းသားတွေ မှန်းသိတော့ သိပ်ညှာတယ် ဆရာ။ တစ်ခါတစ်ရံ လဆန်းပိုင်း ကျွန်တော် တို့ အဆင်ပြေတဲ့အခါမျိုးမှာ သာ ကျွန်တော် တို့နဲ့ ဝိုင်းဖွဲ့တတ်ပါတယ်။ ကဗျာနဲ့ ကျော်ကြားမှု ကို အထက်စီးတင်ပြီး ကျွန်တော် တို့ကို နှိပ်စက်သွားတဲ့ ရန်ကုန်ုက ကဗျာဆရာတွေ အများ ကြီးပဲဆရာ။ အဲဒီ အထဲမှာ ကိုချောမပါဘူး”
မောင်ချောနွယ်အပေါ် ကောင်းနေ၏ အမြင်က ကျွန်တော် နှင့် တစ်ထပ်တည်း ပါပဲလား။ ကောင်းနေ ကတော့ သူ့ကိုချောအကြောင်း ပြောစရာတွေ ကတော့ မကုန်နိုင်၊ မခန်းနိုင်။
“သူမသေခင် ၁၅ ရက်လောက်တုန်းက သူ့မိသားစုနဲ့အတူ ကျွန်တော့်ဆီ ရောက်လာသေးတယ် ဆရာ။ အဲဒီ တုန်းက ဆရာ့ကို သူမေးသေးတယ်။ ဆရာ ခရီးသွားနေတယ်”
“ဟုတ်တယ် တာမိုးညဲဘက် ရောက်နေတာ”
“မိသားစုအားလုံး ပြင်ဦးလွင်အနှံ့ လျှောက်လည်ကြတယ်။ သူ့ကြည့်ရတာ သိပ်ပျော်နေတဲ့ပုံပဲဆရာ။ အဲဒီ မှာ ကျွန်တော် သိပ်လေးစားသွားတာတစ်ခု ရှိတယ်။ ဆရာသိတဲ့အတိုင်း ကျွန်တော့် အိမ်က ကျောင်းတစ်ပိုင်း၊ အိမ်တစ်ပိုင်း မဟုတ်လားဆရာ။ ဒါပေမယ့် ကျွန်တော့်ကျောင်းသားတွေ ရှေ့မှာ သူအရက် လုံးဝမသောက်ဘူးဆရာ။ အပြင်က သောက်လာရင်လည်း ကလေးတွေ စတာဒီ (study) ဝင်မှ သူ့အတွက် ပေးထားတဲ့အခန်းထဲကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ဝင်သွားတယ်။ မိတ်ဆွေတွေ ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို သူ ဘယ်လောက်လေးစားသလဲဆရာ။ အဲ့ဒါကို ကျွန်တော် လေးစားတာပဲ”
“အေး၊ မင်းရဲ့ ကိုချောက အထက်တန်းကျတဲ့ ရေလေကွာ”
ကျွန်တော့်တွင် ညံ့ဖျင်းမှု တစ်ခု ရှိပါသည်။
အနုပညာအလုပ်တစ်ခုတည်းဖြင့် ဘဝကို မရပ်တည်ရဲခြင်းပင် ဖြစ်ပါသည်။
ထို့အတူ ကျွန်တော့် တွင် မှားယွင်းမှု တစ်ခု ရှိခဲ့ပါသည်။
အနုပညာအလုပ်တစ်ခုတည်းဖြင့် ဘဝကိုရပ်တည်နေကြသူများ အား ကရုဏာဒေါသော ဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တစ်ခုခုလုပ်ကြရန် တိုက်တွန်းမိခြင်းပင် ဖြစ်တော့၏ ။
ကျွန်တော့် ၏ မှားယွင်းမှု ကို တစ်ခုသော ကာလက အစွဲချွတ်ပေးသွားသူ နှစ် ယောက် ရှိခဲ့ပါသည်။
ဂီတစာဆို ကိုကျော့မှူး နှင့် မောင်ချောနွယ်။
၁၉၈၉ - ၉၀ ။ တစ်နှစ် နှစ် ဖြစ်ပေလိမ့်မည် ။
လေထန်ကုန်းတွင် မောင်ချောနွယ်နှင့် ကျွန်တော် တို့ ထိုင်နေကြစဉ် ကိုကျော့မှူးနှင့် စန္ဒရား ကွန်းဇော်တို့ ရောက်လာကြသည်။ ထုံးစံအတိုင်း ကျွန်တော် နှင့် ဝိုင်းဖွဲ့ရန် လာရောက်ကြခြင်း ဖြစ်ပါသည်။
ထိုစဉ်က ထိုဂီတပညာရှင်နှစ် ဦးနှင့် ကျွန်တော် သည် ကာလကြာရှည်စွာ စွဲမြဲစွာ တွဲ ဖြစ်ခဲ့ကြသည်။ ချစ်လိုက်ကြသည်မှာ လည်း ကိုကျော့မှူးကို “ကျော့ကျော့”၊ ကျွန်တော့်ကို “သစ်သစ်”၊ စန္ဒရား ကွန်းဇော်ကိုမူ သူ့ငယ်နာမည် “ဘော်နီကွန်းလုံ” ကို အစွဲပြု၍ “ဘော်ဘော်”။
ထုံးစံအတိုင်း ထိုညနေက ကျွန်တော့် ကို တွေ့ လျှင်တွေ့ ချင်း ….
“သစ်သစ်၊ သွားမယ်လေ၊ ၅ နာရီ ကျော်နေပြီ”
“နီးနီးနားနား ဖားရေပဲ သွားကြရအောင်လေ”
“ဖားရေ” ဆိုသည်မှာ ကျွန်တော် တို့ ဂီတသမားအချင်းချင်း ၄၂လမ်းကို ဂီသင်္ကေတဖြင့် ခေါ်ဝေါ် လိုက်ခြင်း ဖြစ်သည်။ ၅၅ လမ်း အရက်ဆိုင်ကို သွားမည် ဆိုလျှင် “ဆိုးဆို” စသည် ….. ။
ရေနံဆီမီးခွက် (သို့ မဟုတ်) ဓာတ်ဆီကို ဆားခတ်၍ ထွန်းထားသော မည်းညစ်ညစ်မီးခွက်၏ မီးညွန့်က ယိမ်းထိုးလှုပ်ရှားသည်။ တဖျစ်ဖျစ်မြည် နေသော မီးစာများ မှ မဖော်ပြတတ်သော အနံ့ဆိုးကြီးက တစ်ချက် … တစ်ချက် လေတွင် ဝေ့ဝဲနေသည်။ ဟိုဘက်ဝိုင်းမှာ တော့ ကိုအောင်ပြည့် ခေါင်းဆောင်သော ကဗျာဆရာ၊ စာရေး ဆရာ တစ်စုက ငြင်းကြခုန်ကြလို့ကောင်းတုန်း။
တုံးလုံးပက်လက်လဲနေသော အရက်ဖြူပုလင်းခွံ သုံးလုံးသည် ကျွန်တော့် တို့ နာဠာဂီရိလေးကောင် ကို မဝံ့မရဲ မော့ကြည့်နေကြသည်။
ဘာပဲ ဖြစ် ဖြစ် သည်နေ့ညနေ ကတော့ ဆိုင်ရှင်ကုလားမ၏ တမီးလ်ချက်ကဏန်းဟင်းကြောင့် ကျွန်တော် တို့ စိုပြည်နေကြသည်။
“အမားရေ၊ နောက်တစ်လုံးပေးဦးဟ”
ကိုကျော့မှူး၏ အသံကြောင့် အရက်သောက်လျှင် ဆရာတင့်တယ် ပြောလေ့ရှိသော “Kill the bottle” ဆိုသည့်စကားကို သွားအမှတ်ရသည်။
အရက်မလာခင် ကျွန်တော် တို့ တစ်ဝိုင်းလုံးတိတ်ဆိတ်သွားသည်။
ပုလင်းအသစ်ရောက်လာတော့မှ ကျွန်တော် တို့မျက်လုံးများ ပြန်ကျယ်လာကြသည်။ ကိုကျော့မှူးက စကား ပြန်စသည်။
“သစ်သစ်ရေ၊ အင်းလျားလိတ် မရောက်တာလည်း ကြာပြီနော်”
“ အနီးအနားက စထရင်းဟိုတယ်တောင် မကပ်နိုင်တာကြာပြီလေ။ အခုတလော အလုပ် သိပ်မ ဖြစ် ဘူးဗျ။ ကျော့ကျော့ရဲ့ ”
“အံမယ် ကျူရှင်ဆရာကများ ညည်းရတယ်ရှိသေး”
စန္ဒရားကွန်းဇော်က ဝင်ကောသည်။ ကျွန်တော် ကတော့ မချိသွားဖြဲ မျက်နှာလေးဖြင့် …..
“ကျူရှင်ဆိုတာကလည်း သင်္ခါရပါဗျာ။ သင်တဲ့အခါမှ ရတာ ပါ”
“စကားထဲက ဇာတိပြဆိုတာ ဒါပဲဗျ၊ ကိုမင်းသစ်ရ။ ခင်ဗျားမှာ ကဗျာဓာတ်တွေ ကျန်ပါသေးတယ်။ ကဗျာတို့၊ ဝတ္ထုတိုတို့ရေး ဖို့ရော စိတ်ကူးမရှိတော့ဘူးလား”
သူ့စကားအဆုံးတွင် ကျွန်တော့် ကိုကြည့်နေသော မောင်ချောနွယ်၏ မျက်နှာပေါ်တွင် မေးခွန်းပေါင်း များ စွာ ….. ။
ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
သက်ပြင်းရှည်ကြီး တစ်ခုချအပြီး ကိုကျော့မှူးက စကားပြန်စသည်။
“ဟုတ်တယ်ဗျ။ ကျွန်တော် တို့ ဂီတလောကလည်း ဓာတ်ပြားခေတ်ကုန်ကတည်းက အလုပ်သိပ် မ ဖြစ်တော့ဘူး။ ရုပ်ရှင်တွေ ကလည်း အထွက်ကျဲလာပြီ။ ထွက်လာရင်လည်း ဇာတ်ဝင်သီချင်ေးတွကို ပင်ကို ရေး ၊ ကိုယ်ပိုင်သံစဉ်တွေ မအပ်ြ ကတော့ဘူး။ ကျွန်တော် တို့ရဲ့ စတူရီယို ကော်ပီသီချင်းဟောင်းတွေ ပဲ ပြန်သုံးပြီး သီချင်းရေး ခကို မစို့မပို့လောက်ပဲ ပေးချင်ကြတာ”
“ညည်းမနေပါနဲ့ ကျော့ကျော့ရယ်။ မမကြည် တစ်ယောက် လုံး ရှိပါသေးတယ်”
ကျွန်တော် ညွှန်းလိုက်သော မမကြည်ဆိုသည်မှာ ကိုကျော့မှူး၏ ဇနီး ဒေါ်ကြည်ကြည် ဖြစ်ပါသည်။ သူတို့ အိမ်ထောင်ကြီးတစ်ခုလုံး၏ စီးပွားရေး ကို မမကြည်ကသာ ဒိုင်ခံဖြေရှင်းနေခြင်း ဖြစ်ပါသည်။ ကိုကျော့မှူး ကတော့ ဂီတနှင့် သာ အသက်ရှင်နေထိုင်သူ ဖြစ်သည်။
“ကျွန်တော် တို့ တီးဝိုင်းတွေ ကလည်း ရုပ်ရှင်ဒပ်ဘင် (dubbing) မတီးရတာ ကြာလှပါပြီဗျာ။ ရုပ်ရှင် ကားအရေအတွက်ကလည်း နည်းသထက်နည်းလာ၊ ဗုံးပေါလအောထွက် နေကြတဲ့ ဗီဒီယိုတွေ ကလည်း နောက်ခံဂီတကို ကွန်ပျူတာနဲ့ ဖြတ်၊ ညှပ်၊ ကပ် လုပ်နေကြတာ …..”
စန္ဒရားကွန်းဇော်၏ စကားအဆုံးတွင် သက်ပြင်းကိုယ်စီ ချမိကြပြန်သည်။ မောင်ချောနွယ်မှ အပ …..။
ဂွပ်ခနဲ မော့သောက်လိုက်အပြီး ခွပ်ခနဲ ဖန်ခွက်ကို ဆောင့်ချလိုက်သည်။ ပြီးမှ စက်သေနတ် ပစ်လိုက်သလို စကားလုံးတွေ က စုပြုံဆောင့်ထွက်လာသည်။
“ဒီမှာ ဆရာတို့ရဲ့ ။ ဒီက ကဗျာဆရာကိုလည်း အားနာကြပါဦး။ ခင်ဗျားတို့ ဂီတသမားတွေ ရဲ့ အနုပညာကြေးနဲ့ ကျုပ်တို့ကဗျာတွေ ရဲ့ အနုပညာကြေးကိုလည်း တွက်ကြည့်ကြပါဦး။ ခင်ဗျားတို့ ကျုပ်တို့ အနုပညာလုပ်တယ်ဆိုတာ ငွေအဓိကလားဗျ”
“ဟ၊ ငွေဆိုတာ အဓိကမဟုတ်ပေမယ့် အရေး တော့ပါတာပဲ။ စားဝတ်နေရေး အတွက် အသက်မွေး လောက်တဲ့ ဝမ်းကျောင်းအလုပ်တစ်ခုခုတော့ ရှိရမှာ ပဲ”
“ခင်ဗျားလို အနုပညာဓာတ်ခံရှိတဲ့လူ တစ်ယောက် ဆီက ဒီစကားမျိုးကြားရတာ ဟောဒီ ရင်ဘတ်ကြီးထဲက အော်ဂလီဆန်ပြီး အောင့်အောင့်လာတယ်ဗျာ”
“ကျုပ်က စေတနာနဲ့ ပြောတာ”
“ခင်ဗျားဟာ ခင်ဗျား စေတနာနဲ့ပြောပြော၊ ကရုဏာနဲ့ပြောပြော၊ ခင်ဗျားစကားလုံးတွေ က ဟောဒီ ကမ္ဘာကြီးကို အညွန့်ချိုးနေတာဗျ”
ရုတ်တရက် ကျွန်တော် ကြောင်သွားသည်။ ပြီးမှ သူတို့သုံးယောက် ကို တရားခံမျက်နှာလေးဖြင့် ကျွန်တော် ကြည့်မိသည်။
စန္ဒယားကွန်းဇော် ကတော့ ကျွန်တော် တို့သုံးယောက် ကိုကြည့်ပြီး တခိခိဖြင့် ရယ်ရင်း၊ အရက်တွေ သီးကုန်သည်။
မောင်ချောနွယ် ကတော့ အရှိန်ရသွားပြီ။
“ဒီမှာ ကိုမင်းသစ်ရဲ့ ။ စား၊ ဝတ်၊ နေရေး ထက် ယုံကြည်ချက်၊ ခံယူချက်အတိုင်း ကိုယ့်ကိုယ်ကို စတေးခဲ့တဲ့လူတွေ ကြောင့် ကမ္ဘာကြီးလှပလာတာဗျ။ သော မတ်စ်အက်ဒီဆင်သာ ခင်ဗျားလို ကျူရှင်ဆရာ လုပ်ပြီး ငွေနောက်လိုက်နေခဲ့ရင် ကျုပ်တို့ ကျောက်ခေတ်တုန်းကအတိုင်း အမှော င်ထဲမှာ နေနေရမှာ ”
“ဟုတ်တယ်၊ ဟုတ်တယ်။ ဘီသိုဗင်သာ ကုန်ရောင်းကုန်ဝယ် လုပ်နေခဲ့မယ်ဆိုရင်၊ နန်းတော် ရှေ့ ဆရာတင်သာ ဆေးရုံဝန်ထမ်း အလုပ်ကို ဆက်လုပ် နေခဲ့မယ်ဆိုရင် တစ်ကမ္ဘာလုံးဆွံ့အ ပင်းကန်းကုန် မှာ ပေါ့”
ကိုကျော့မှူးကလည်း အားတက်သရော ထောက်ခံသည်။ ကျွန်တော် ကတော့ ဓားနှစ် လက်ကြားမှာ ကျောကော့နေပါတော့သည်။ ကျွန်တော် က ဘော်ဘော်ကြီး (စန္ဒရားကွန်းဇော်) ကိုအကူညီတောင်းသလို မော့ကြည့်လိုက်သည်။ ဘော်ဘော်က ဝင်ရှင်းသည်။
“ဟုတ်တယ်၊ သစ်သစ်မှားတယ်။ ကျော့ကျော့နဲ့ ကို ချောနွယ်မှန်တယ်” သွားပြီ။
သို့ သော် ကျွန်တော် မှားနေကြောင်းကိုလည်း ပထမဆုံးအကြိမ် အ ဖြစ် မိမိကိုယ် မိမိသိလိုက်ရပါ သည်။ သူတို့သုံးယောက် စလုံး ကတော့ ရင်ပေါ့သွားကြသည့်အလား တက်ကြွရွှင်လန်းစွာ ဖြင့် …။
မည် သူ့အသံလည်း မသိ။
“အမား၊ နောက်တစ်လုံးပေးဦး”
“ဒီမှာ ကိုမင်းသစ်ရဲ့ ၊ ဘဝတစ်လျှောက်လုံးအနုပညာနဲ့ပဲ နေထိုင်သွားတဲ့ သူတွေ ကို လူတော် တော် များ က စိတ်ကူးယဉ်သမားတွေ တဲ့။ ဒါက သူတို့စကားလှအောင် ပြောကြတာပါ။ အခြေမဲ့၊ အနေမဲ့၊ အလုပ်လက်မဲ့၊ ကလေကချေတွေ လို့ ပြောချင်ကြတာပါ။ ထွီ၊ ကျုပ်တို့က စိတ်ကူးယဉ်နေတာမဟုတ်ဘူးဗျ။ အလုပ်လုပ်နေကြတာ။ ခင်ဗျားတို့လို ကိုယ့်သားမယားအတွက်ပဲ အလုပ်လုပ်နေကြတဲ့ သူတွေ မဟုတ်ဘူး။ ဟောဒီ ကမ္ဘာကြီးအတွက် ဟောဒီရင်ဘတ်ကြီးနဲ့ ထွန်ယက်စိုက်ပျိုးနေတာ။ ဟုတ်တယ်နော်၊ ဆရာကျော့”
“ဟုတ်တယ်၊ နောက်လူတွေ စားဖို့ ကျုပ်တို့အပင်စိုက်နေတာ သစ်သစ်။ ကျူပ်တို့ ခင်ဗျားတို့ရဲ့ သားမြေးတွေ အတွက် အလုပ်လုပ်နေကြတာ”
“ဒီမှာ ကိုမင်းသစ်ရဲ့ ”
သည်အသံကြားတိုင်း ကျွန်တော် လန့်လန့်သွားသည်။
“ဒီမှာ ကိုမင်းသစ်ရဲ့ ။ ကဗျာဆရာ ကဗျာရေး တာအလုပ်, လုပ်နေတာပေါ့ဗျာ။ကျွန်တော့် အလုပ် အ ကိုင်က ဘာလဲလို့တရားဝင်မေးလာရင် ကဗျာဆရာလို့ ဟောဒီရင်ဘတ်ကြီးကို ကော့ပြီး လိပ်ပြာသန့်သန့်နဲ့ ဖြေလိုက်မယ်။ ကျုပ်တို့ အခုရေး နေတဲ့ ကဗျာကို ခင်ဗျားမြေးတွေ တက္ကသိုလ်ရောက်ရင် သင်ကြရလိမ့်မယ်၊ မှတ်ထား”
မောင်ချောနွယ် ဒေါသထွက်နေပြီ။ ကျွန်တော် မှား သွားပါပြီ။ ပြီးတော့သူတို့ကိုလည်း ကျေးဇူးတင် ပါသည်။
“ဥပမာ ကျွန်တော် ပြောမယ်။ ဟောဒီ ဆရာဦးကျော့မှူးကို ကြည့်။ ကျွန်တော် က ခင်ဗျားတို့ထက် အသက်ငယ်တဲ့ကောင်ပေမဲ့ စာဖတ်ထားတဲ့ကောင်ဗျ။ ဆရာကျော့အဖေဆိုရင် မြန်မာပြည်မှာ တစ်ခေတ် တစ်ခါက အကြီးဆုံးဆေးတိုက်ကြီး ဖြစ်ခဲ့တဲ့ ဒီဆူဇာ ဆေးတိုက်ပိုင်ရှင်ကြီး ဦးခင်ဇော်ဗျာ။ ပေါ်တူဂီနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်သံအမတ်ကြီးဗျာ။ ဟော ဆုံးသွားတာကြာတော့ ရှေ့မီနောက်မီတွေ နဲ့ အဖတ်အမှတ်များ တဲ့ ကျုပ်တို့လောက်ပဲ သိတော့တယ်။ သမိုင်းမှာ တင်မကျန်ရစ်ခဲ့ဘူး။ ဆရာကျော့၊ ကျွန်တော် ပြောတာ စိတ်မဆိုးနဲ့နော်”
“ရပါတယ် ကိုချောနွယ်၊ ဆက်ပြောပါ”
“ကဲ၊ ဆရာကျော့ကို ကြည့်၊ သူ့အဖေလို မချမ်းသာပေမဲ့၊ မြန်မာ့ဂီတသမိုင်းကို မှတ်တမ်းတင်ကြရင် ရှေးခေတ်နှောင်း၊ သံဆန်း၊ ခေတ်ဟောင်း၊ ကာလပေါ်နဲ့ စတီရီယိုဆိုတဲ့ မြန်မာ့ဂီတရေစီးကြောင်းမှာ ခင်ဗျားတို့ သူ့ကိုချန်ထားရဲသလား၊ ချန်ထားနိုင်သလား”
ကျွန်တော် တစ်လုံးမှ ပြန်မဖြေနိုင်ပါ။
စန္ဒရားကွန်းဇော်က ဝင်ဖြေပါသည်။
“ကဲကဲ ကိုချောနွယ်လည်း စိတ်လျှော့။ အားလုံး ဝိုင်းသိမ်းသောက်ကြစို့။ အမားရေ၊ ကဏန်းနောက် တစ်ပွဲဟေ့”
အခုတော့ ကိုကျော့မှူးလည်း မရှိတော့။ မောင်ချောနွယ်လည်း မရှိတော့။ သေတော့သူကြာလျှင် မေ့ဆိုသော်လည်း သမိုင်း ကတော့ သူတို့ကို မေ့ထားလိမ့်မည် မဟုတ်ပါ။
သြော် လွမ်းရတဲ့သူတွေ ……..။
မင်းသစ်
(မောင်ချောနွယ်ရဲ့ ကဗျာတွေ ကို စုစည်းပေးတဲ့ ချစ်သော မြတ်သင်းကို သိပ်ကျေးဇူးတင်တယ်)
လင်းယုန်ဘဝင်း
“လွမ်းရတဲ့သူတွေ ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော် ရေး လာခဲ့တာ လွမ်းရတဲ့သူတွေ ၅ယောက် မြောက်ခဲ့ပါပြီ။
ဆရာပေါ် ဦးသက်ကို “လက်မှတ်”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လွမ်းတ မိခဲ့ပါတယ်။ အဲဒါ ကိုရေး ပြီးမှ ကျွန်တော် ဟာ လွမ်းရတဲ့သူတွေ ကို လွမ်းတနေမိတာပါလားလို့ ကိုယ့်ကိုယ်ကို သတိပြု မိပါတော့တယ်။
ဒါကြောင့် -၂၀၀၈၊ မတ်၊ မဟေသီမဂ္ဂဇင်းကစပြီး လွမ်းရတဲ့သူတွေ (၂) မြတ်လေး၊ လွမ်းရတဲ့သူတွေ (၃) တွံတေးသိန်းတန်၊ လွမ်းရတဲ့သူတွေ (၄) မောင်လေးအောင်၊ လွမ်းရတဲ့သူတွေ (၅) မောင်ချောနွယ် ဆိုပြီး ဆက်တိုက်ရေး ခဲ့ပါတယ်။ နောက်ထပ် လူ ၂၀ လောက်လည်း ရေး ဖြစ်ဦးမှာ ပါ။
ဒါပေမယ့် ၂၀၀၈၊ ဇွန်၊ မဟေသီမှာ ကျွန်တော် ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် လွမ်းရတဲ့လူတွေ (၅) မောင်ချောနွယ်ကို ဇူလိုင်နဲ့ သြဂုတ် နှစ် လခွဲထည့်ရတဲ့အ ဖြစ်ကို ရောက်သွားရတာ ဟာ မဟေသီစာတည်း အဖွဲ့ရဲ့ တာဝန်မဟုတ်ဘဲ နာဂစ်ရဲ့ ရက်စက်မှု နဲ့ ကျွန်တော် ရဲ့ ပေါ့လျော့မှု ၊ ပျင်းရိမှု ၊ ညံ့ဖျင်းမှု တို့ကြောင့် သာ ဖြစ်ပါတယ်။
အဲဒီ ကာလ၊ နယ်စပ်နဲ့ ရန်ကုန်ရဲ့ ခက်ခဲတဲ့ဆက်သွယ်ရေး လမ်းကြောင်းကိုလည်း တစ်စိတ်တစ်ဒေ သ အပြစ်ပုံချလိုက်ချင်ပါသေးတယ်။
ကျွန်တော့် ရဲ့ “လွမ်းရတဲ့သူတွေ ” ကို လူကြိုက်များ ကြတယ်လို့ လာပြောကြပါတယ်။ အင်း….. မကြိုက်တဲ့သူ ကတော့ ဘယ်လာပြောပါ့မလဲနော်။ မဂ္ဂဇင်းတချို့မှာ ဝေဖန်စာရေး ဆရာများ ရဲ့ အားပေး စကားတွေ ကို ကြားရတော့လည်း ဝမ်းသာအားတက်မိတာ အမှန်ပါပဲ။
ကျွန်တော် ကိုယ်ကျွန်တော် စိတ်ရှင်းနေတာတွေ ကတော့ ကျွန်တော် လွမ်းချင်တဲ့သူတွေ ကိုလွမ်း ချင်လို့ သည်စာစုတွေ ကို ရေး ဖြစ်နေတယ်ဆိုတာပါပဲ။
ခက်တာက ကျွန်တော့် ရဲ့ “လွမ်းရတဲ့သူတွေ ” အပေါ်မှာ ကြိုက်နှစ်သက် ကြတဲ့၊ စေတနာထားကြတဲ့ သူတွေ ရဲ့ “ဟို တစ်ယောက် ရေဦးလေ၊ ဟိုဆရာကြီး အကြောင်း မရေး ဘူးလား။ ခင်ဗျားနဲ့ သိပ်ခင်ခဲ့ကြတာ ပဲလေ” ဆိုတဲ့ အကြံပေးစကားတွေ ပါပဲ။
ကျွန်တော် က လွမ်းလို့ရေး နေတာပါ။ သူတို့ အကြံပေးကြတဲ့အထဲက ကျွန်တော် မလွမ်းချင်တာ တွေ ကို ဘယ်လိုလုပ်ပြီး လွမ်းနေနိုင်မှာ တဲ့လဲ။
အင်း….. လွမ်းရေး ခက်ခက်ပါပဲ။
သည်ကြားထဲ မဟေသီက အယ်ဒီတာမင်းများ ကလည်း တစ်မှော င့်၊
“ဆရာ၊ လက်ကို ချုပ်မရေး နဲ့နော်။ လွှတ်ပြီး ဖွင့်ပြီးရေး ” တဲ့။
ဆရာလင်းထင်ရဲ့ လစဉ်ပြောနေကျစကား။
“ဟုတ်တယ်၊ ကျွန်တော် တို့ကို အားမနာနဲ့။ ရှည်သွားရင် အခန်းဆက် ဖြစ်သွားပေ့စေ။ လခွဲ ထည့်မှာ ပေါ့၊ စာကောင်းဖို့က အဓိကဗျ”
ဆရာဝင်းသူရရဲ့ အားပေးစကားလိုလို၊ ကြိုတင်ခြိမ်းခြောက်တဲ့ စကားလိုလို….။
စေတနာကလည်း ထားကြပါတယ်။ မနေ့ကပဲ ဆရာလင်းထင်ဆီက ဖုန်းလာတယ်။
“ဆရာ၊ ရန်ကုန် ဘယ်တော့လာမှာ လဲ”
“မပြောနိုင်သေးဘူးဗျာ၊ (၁ဝ)တန်းအောင်စာရင်းတွေ ထွက်တော့မှာ ဆိုတော့ အလုပ်များ ဦးမှာ ”
“လူမလာချင်နေ ဆရာ၊ စာမူ ကတော့ လစဉ်လာပါ”တဲ့
သြော်…တော် တော် လည်း မေတ္တာထားဖို့ကောင်းတဲ့လူတွေ …။
ဒီလ ကျွန်တော် လွမ်းမိတဲ့သူ ကတော့ လွန်ခဲ့တဲ့ နှစ် ပေါင်း ၄ဝကျော် ၅၀လောက်က ကျွန်တော် တို့ စာပေမျိုးဆက်ဟောင်းတွေ ရဲ့ ကျေးဇူးရှင်။ ပြီးတောဒီနေ့ မျိုးဆက်စစ်တွေ လည်း သိထားသင့်တဲ့ ပုဂ္ဂိုလ်ကြီး။ သူနဲ့ကျွန်တော် ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ကာလတစ်လျှောက်မှာ ပျော်ခဲ့ရတာ တွေ ၊ မောခဲ့ရတွေ …..။
ကျွန်တော် လွမ်းတယ်။
၁၉၇၀ နှောင်းပိုင်း၊ ဆောင်းဦး။
၁၀၁ လမ်းထိပ်၊
မိုးဝေမဂ္ဂဇင်း၏ ဗာဒံရိပ်။
မိတ်ဆက်ပေးသူက မောင်သင်းခိုင်။
“ကိုမင်းသစ်၊ ဒါဆရာဦးဘဝင်း”
အရပ်ရှည်ရှည်၊ မျက်နှာရှည်ရှည်၊ ခါးကိုင်းကိုင်း နှင့် အသက် ၇၀ ကျော်ခန့်(မှန်းရသည့်) လူကြီး တစ်ယောက် ။ ဖန်ပုလင်းဖင်လောက်ထူသော မျက်မှန်ကြီးအောက်မှ မျက်လုံးသေးသေးလေးတွေ ကို ရှုံ့လျက်၊ ကျွန်တော့် ကို ငုံ့ကြည့်နေသည်။ မပြုံးသော်လည်း ငွေနားကွပ်ထားသော ရှေ့သွားကလေးများ ပေါ်လျက် မြဲတမ်းပြုံးနေသယောင် ထင်ရသည်။
ဘုရား၊ ဘုရား….လင်းယုန်ဘဝင်းပါလား။
ဆရာဗန်းမော်တင်အောင်၏ လင်းယုန်တင်းကုပ်အတွင်းမှ အားယူပျံသန်းလားကြသော လင်းယုန်ကြီးများ ။
လင်းယုန်သစ်လွင်၊ လင်းယုန်တင့်ဆွေ၊ လင်းယုန်ဘဝင်း၊ လင်းယုန်မောင်မောင်…..စသည်။ လင်းယုန်အများ စုက ရသစာပေကို ဖန်သီးရေး ဖွဲ့သူများ ဖြစ်ကြသည်။
ဘုန်းကြီးလူထွက်၊ လယ်တီသာသနာ့ပညာရိပ်၏ အနွယ်အဆက် ဖြစ်သော လင်းယုန်ဘဝင်းကမှု နိုင်ငံရေး သိပ္ပံစာပေများ ကိုသာ တစိုက်မတ်မတ်ရေး သားပြုစုခဲ့သူ ဖြစ်သည်။
၁၉၆ဝ ဝန်းကျင်တွင် လူလားမြောက်ခဲ့ကြသော စာပေမျိုးဆက် ၉၀%သည် လက်ဝဲယိမ်းကြ၏ ။ ဆိုရှယ်လစ်သရုပ်မှန်စာပေကိုသာ ယုံကြည်ခဲ့ကြ၏ ။ မဆန်းပါ။ အခြေအနေနှင့် အချိန်အခါ၏ တောင်းဆို မှု ပင် ဖြစ်သည်။
ထိုသို့ သော ကာလမျိုးဝယ် ဆိုရှယ်လစ်သရုပ်မှန်စာပေနှင့် အနုပညာကိုသူ၏ နိုင်ငံရေး သိပ္ပံ စာအုပ် များ မှတဆင့် ကျွန်တော် တို့လူငယ်များ ကို ထဲထဲဝင်ဝင်တွေ့ ခွင့်ပေးခဲ့သူမှာ လင်းယုန်ဘဝင်းပင် ဖြစ်၏ ။
ထိုစဉ်ကကျွန်တော် တို့အပေါ်တွင် သြဇာအလွှမ်းမိုးဆုံး စာအုပ်မှာ G.OLEKHNOV ၏ UNADDRESSED LETTERS : ART AND SOCIAL LIFE ကို ဦးဘဝင်းမြန်မာပြန်သော “အနုပညာနှင့် လူမှု ရေး ဘဝ” ဖြစ်၏ ။ ဆိုရှယ်လစ်သရုပ်မှန် စာပေသမားများ အဖို့ သမ္မာကျမ်း ဖြစ်၏ ။ (ရေး နေရင်း၊ မြတ်သင်းကို လွမ်းလိုက်တာ)
ကျွန်တော် တို့သည် ဦးဘဝင်းကို ကျေးဇူးတင်၍ မဆုံး၊ နှစ်သက် ကြည်ညို၍ မဆုံး။
ကျွန်တော် အတွေးတို့ကို သူ၏ ရှတတအသံဝါကြီးက ဖြစ်တောက်ပစ်လိုက်၏ ။
“ဟေ့ကောင် မောင်သင်းခိုင်၊ သွားစို့ကွာ။ ဟိုမှာ နတ်နွယ်တို့ မင်းကျော်တို့တောင်သွားကြပြီ”
တစ်ဆက်တည်း ကျွန်တော့် ဘက်ကို လှည့်ပြောသည်။
“ဟေ့ကောင်၊ မင်းလည်း သောက်တတ်တယ် မဟုတ်လား”
“ဟုတ်…ဟုတ်ကဲ့ခင်ဗျ”
ဇာတ်လမ်း ကတော့၊ စကတည်းက ယဉ်ကကို။
ထိုစဉ်က ကျွန်တော် တို့နယ်မှလာသော စာပေသမားများ ၏ ထုံးတမ်းစဉ်လာဒုက္ခအတိုင်း မဟာရန် ကုန်တွင် ကျွန်တော် ၏ ဒွါဒဿမမြောက် ကျောချစရာတစ်နေရာမှာ ၂၄၅/ ၁၊၃၆လမ်း ဖြစ်ပါသည်။
သူငယ်ချင်း ဘူမိရူပဗေဒအရာရှိ ဖြစ်သူ ကိုခင်မောင်ဋ္ဌေးတို့ လူပျိုအရာရှိတစ်သိုက်၏ ဌာနဆိုင်ရာ လိုင်းခန်းတစ်ခုပင် ဖြစ်၏ ။ ထိုသူငယ်ချင်းအရာရှိတစ်စုမှာ တစ်နှစ် လျှင်၉လ ခန့်တောဆင်းလုပ်ငန်းခွင်ဝင် နေရသဖြင့် ကျွန်တော် တစ်ယောက် တည်း မောင်ပိုင်စီးထားသော အခန်းပင် ဖြစ်တော့၏ ။ အခန်းအမည် ဆိုင်းဘုတ်ကို အိမ်ရှေ့တံခါးထိပ်တွင် ခပ်တည်တည် ချိတ်ထား၏ ။
“သံမဏိတော”
ထို“သံမဏိတော” ကားကျွန်တော် တို့ ကဗျာဆရာ၊ စာရေး ဆရာ၊ ပန်းချီဆရာတစ်စု၏ လွတ်မြောက်နယ်မြေလေး ဖြစ်လာတော့သည်။
ညနေပိုင်းတွင် ရွှေကြည်အေး သို့ မဟုတ် ပွင့်ဦးကဖီးတွင် ဆုံကြသည်။ ပြီးလျှင်၃၆လမ်းထဲက အစိုးရ ဘုံဆိုင်ကြီးတွင် ဘီအီးအရက်ကို တန်းစီတိုးကြသည်။ မြောက်စူးစူးသို့ ခြေလှမ်းကိုဆယ်ခန့် လျှောက်လိုက် ကြလျှင် သံမဏိတောသို့ ရောက်ပြီ။
မောင်သင်းခိုင်၊ မောင်လေးအောင်၊ အောင်ချိမ့်၊ တင်မော်၊ အောင်သိမ်းဦး၊ မောင်လှိုင်းပြာ၊ မောင်လူ မှိန် စသည့် ကဗျာဆရာများ ။
ဝသုန်၊ မြတ်အောင်၊ ချမ်းမြငြိမ် စသည့် ပန်းချီဆရာများ ။
တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သော ကြာသုံးရက်၊ မပျက်မကွက်တက်ရောက်ချီးမြှင့်သူကား ကျွန်တော် တို့၏ ဆရာကြီးဦးဘဝင်း။
ထိုစဉ်က ဆရာသည်ဆိုဗီယက်သံရုံးမှ ဘာသာပြန်အရာရှိတစ်ဦး။ ထိုလာ၊ ဟူး၊ ကြာရောက်တိုင်း ရုံးဆင်းလျှင် ကျွန်တော် တို့ဆီသို့ ရောက်လာမြဲ။
ဝိုင်း ကတော့ ဆင်းရဲလှပါသည်။ အမြည်းကပဲလှော်နှင့် အချဉ်ပေါင်း။ တစ်ခါတရံ ကျွန်တော့် မီးဖိုထဲ တွင် ရှားရှားပါးပါး ကျန်ရှိနေတတ်သော ဘဲဥကိုကြော် ဖြစ်ပါသည်။ သို့ သော် ဆီမပါပါ။
ဘဲဥကို ဆီမပါဘဲရေဖြင့် ကြော်သော နည်းကို ကျွန်တော် တို့မြန်မာကဗျာ ဆရာတွေ သာ တတ်ကျွမ်းပါသည်။
ဆရာကြီးဦးဘဝင်းကား ကျွန်တော် တို့အတွက် အနားတွင် အရက်ထိုင်သောက်နေသော နိုင်ငံရေး သိပ္ပံနှင့် စာပေအဘိဓာန်ကြီးသာ ဖြစ်တော့၏ ။ ဘုန်းကြီးလူထွက်ပီပီ အားလုံးအလွတ်ရ၏ ။ ကျွန်တော် တို့ မေးသမျှ ဒိုးဒိုးဒေါက်ဒေါက်ဖြင့် လက်တန်းရွက်ပြ၏ ။
ဆရာကြီးကို တစ်ခွက်ငှဲ့ပေးလိုက်၊ တစ်ခုထပ်မေးလိုက်ဖြင့် ပျော်လိုက်ကြသည့် ဖြစ်ခြင်း။
သို့ သော် ဆရာကြီး၏ မျက်စိမှာ နေ့ခင်းမှာ ပင်လမ်းကူးလျှင် လူတွဲ ရ၏ ။သူ ကတော့ မကြိုက်လှ။ သိပ် လက်မခံချင်။ ကျွန်တော် တို့က ဇွတ်တွဲ သည်။
ထို့ကြောင့် ည၈နာရီခန့်ဆိုလျှင် ကျွန်တော် တို့ဝိုင်းသိမ်းကြ၏ ။ ပြီးလျှင်၃၆ လမ်းထိပ်၊ ဗိုလ်ချုပ် လမ်းပေါ်က နံပါတ်(၁၂) ကားမှတ်တိုင်သို့ ကျွန်တော် တို့ တစ်စုတစ်ဝေးကြီးလိုက်ပို့ကြ၏ ။
ထိုစဉ်က လက်ယာမောင်းစနစ် မရှိသေး။ တစ်လမ်းမောင်းစနစ်မရှိသေး။ ထို့ကြောင့် သူ့အိမ်ရှိရာ တောင်ဥက္ကလာသို့ ပြေးဆွဲသော နံပါတ် (၁၂) ကားသည် ဗိုလ်ချုပ်လမ်းပေါ်တွင် ပင် ရှိ၏ ။
(၁၂) ကားဆိုက်လာလျှင် ကားရှေ့ပေါက်ကို ကျွန်တော် တို့ ကဗျာဆရာတစ်စုက အခြားခရီးသည် များ မတက်နိုင်အောင် ဝန်းရံပိတ်ဆို့လိုက်ကြ၏ ။ ပြီးမှ ဝမ်း၊ တူး၊ သရီးဟု အော်ကာ ဆရာကြီးကို ကားပေါ်သို့ တွန်းတင်လိုက်ကြ၏ ။
ယခုပြန်တွေးမိတော့ ရယ်ချင်သည်။ ထိုစဉ်တုန်း ကတော့ ကျွန်တော် တို့မှာ စစ်ဆင်ရေး ကြီး တစ်ခုပမာ ….. ။
“ခေါမလား၊ ခူးမလား”
၁၉၇၁ ၊ နှစ် ဦးပိုင်း (လမမှတ်မိ) မိုးဝေမဂ္ဂဇင်းတွင် ရေး သော ဦးဘဝင်း၏ ဆောင်းပါးတစ်ပုဒ်၏ ခေါင်းစဉ် ဖြစ်ပါသည်။
ကျွန်တော် တို့ မိုးဝေအုပ်စုပင်လျှင် ကာရန်ကိုလုံးဝစွန့်လွှတ်ရန် လက်မရဲကြသေးသည့် ကာလ။ ပါဒ (Line) ကိုဖျက်၍ လွတ်လပ်ကာရန်ဖြင့် ရေး သည်ကိုပင် ဝိုင်း၍ အတိုက်ခံနေကြရသည့်ကာလ။
ထိုကာလတွင် အသက်၇၀ ကျော် ဆရာကြီးဦးဘဝင်းက ကာရန်သည် ပဓာနမဟုတ်၊ အကြောင်း အရာနှင့် ရည်ရွယ်ချက်သာ အဓိကဟူသော အယူအဆကို ထိုဆောင်းပါးဖြင့် တင်ခဲ့သည်။
ထိုဆောင်းပါးတွင် သူပေးခဲ့သော ကဗျာဥပမာလေးတစ်ပုဒ်ကို ကျွန်တော် ယခုထိ မှတ်မိနေသေးသည်။
“တို့ရွာတောင်က စိန်ပန်းတောမှာ
အပျိုလေးတွေ လက်နဲ့ခေါလို့
ရွှေမုဋ္ဌောမှာ တင်ကြရှာ”
ပထမပါဒမှ သြဇာသံ “တော” နှင့် တတိယပါဒမှ သြဇာသံ “ဋ္ဌော” ကြောင့် အလယ်ပါဒမှ အပျိုလေး တွေ စိန်ပန်းပွင့် “ခူး” ကြသည်ကို ကာရန်ကိုငဲ့၍ “ခေါ” ဟုရေး ကြပါမည် လားဟု သူက မေးထားသည်။
ထိုဆောင်းပါးအဆုံးတွင် လည်း ရွှင်ရွှင်လေးရေး ပြီး ကျွန်တော် တို့ကို အားပေးထားသေးသည်။ စကားအဆုံးအတိအကျတော့ ကျွန်တော် မသေချာတော့ပါ။ အနီးစပ်ဆုံးတော့ မှတ်မိပါသည်။
“ယနေ့ခေတ် လူငယ်ကဗျာဆရာလေးများ အား စိန်ပန်းပွင့်ကို လက်နှင့် “ခေါ”မည့် သူများ ဟုတ်ဟန် မတူပေ”
ကဲ ဘယ်လောက်လှသလဲခင်ဗျာ။
တစ်နေ့ ….. ။
ဆရာကြီးက စကား, စသည်။
“မင်းသစ်၊ မင်းတို့ ကျွေးတာတိုက်တာတွေ များ ပြီကွာ။ နောက်ပြီး မင်း တစ်ယောက် တည်း အနေမဆင်းရဲပေမယ့် အစား ကတော့ ဆင်းရဲလှသကွာ။ လာမယ့် တနင်္လာနေ့ ငါတို့ စောစောသောက်ပြီး ပြန်ကြမယ်။ မင်းပါ လိုက်ခဲ့။ ငါ့အိမ်မှာ ထမင်းစား”
“ဆရာကြီး ဟို … ကိုသင်းခိုင်ရော”
“ဟာ ဒီကောင်တော့ မခေါ်ခိုင်းချင်ဘူးကွ။ ငါ့မိန်းမက ငယ်ငယ်လေးရှိသေးတာ။ အင်း ….. မင်း ကတော့ ရိုးပုံပါပဲ”
အမယ်လေး၊ တော် ပါသေးရဲ့ ။ ဟုတ်သည်။ ကျွန်တော် တို့ မတွေးဖူးပေမယ့် ကြားဖူးသည်။ ဆရာကြီးကတော် မှာ ထိုစဉ်က ကျွန်တော် တို့အရွယ်နှင့် ပင် မတိမ်းမယိမ်း။ ပြီးတော့ ဖြူသည်၊ ဖြောင့်သည် တဲ့။ (တွေ့ ဖူးတဲ့ ဆရာကြီးတွေ က အားရပါးရ မနာလိုစွာ ပြန်ပြောပြကြတာ)။
ထိုဆရာကြီးကတော် သည် ဆရာကြီးကွယ်လွန်သည်အထိ သစ္စာရှိစွာ တာဝန်ကျေပွန်စွာ ပေါင်းသင်းသွားသည်ကို ယနေ့အထိ အားလုံးအံ့သြလေးစား၍ မဆုံး ဖြစ်ကြချေသည်ဟူ၏ ။
ချိန်းဆိုထားသော မင်္ဂလာတနင်္လာနေ့ကို ရောက်ပါပြီ။ ညစာကို ဆရာကြီးဦးဘဝင်းအိမ်မှာ ၊ မစားရ တာကြာပြီ ဖြစ်တဲ့ အိမ်ထမင်းအိမ်ဟင်း အကောင်းစားတွေ နဲ့ စားရချည်သေးရဲ့ ဆိုသော အတွေးနှင့် အတူ တစ်နေ့လုံး ကျွန်တော် ပျော်ရွှင်တက်ကြွနေပါသည်။ သည်အကြောင်းကို ကိုသင်းခိုင်တို့လူစုကို လုံးဝ အသိမပေးပါ။ ကျွန်တော် သစ္စာဖောက်!
သံမဏိတော အရက်ဝိုင်းကို စော၍ သိမ်းလိုက်ကြပါသည်။ တောင်ဥက္ကလာပရှိ အမျိုးများ အိမ်သို့ သွားရန်ရှိသည်ဟု အကြောင်းပြကာ ဆရာကြီးနှင့် အတူ (၁၂) ကားပေါ်သို့ တက်ခဲ့ကြပါသည်။
ရေချိန် သိပ်မပြည့်သေးတာကြောင့် ဆရာကြီးတို့လမ်းထိပ်မှ ဆိုင်ကလေးတွင် ၂ပက်(ဂ်) လောက်စီ ထပ်ချလိုက်ကြရင်း ကျောက်မြောင်းဘုံဆိုင်ကြီးမှာ ဆရာကြီးရွှေဥဒေါင်းနှင့် ဆရာသော်တာဆွေတို့ ဆရာတပည့်နှစ် ယောက် “တစွတ်ကူး” ကြသည်ကို ကျွန်တော် အမှတ်ရလိုက်မိသေးသည်။
လမ်းထဲသို့ ချိုးဝင်လာခဲ့ရာ လမ်းဘေးတွင် ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ပြီး လေညှင်းခံနေ သော လူ တစ်ယောက် ကို တွေ့ ပါသည်။ စာရေး ဆရာ မောင်သက်နောင် ဖြစ်ပါသည်။
“မအိပ်သေးဘူးလားကွ၊ မောင်သက်နောင်ရေ”
“အိုက်စပ်စပ်ကြီး ဖြစ်နေလို့ပါ ဆရာ”
ဆက်လျှောက်လာခဲ့ကြသည်။ ဆရာကြီး၏ ခြေလှမ်းများ သိပ်မမှန်ချင်တော့။ ရေချိန်ကိုက်ရုံ သာမက ရေချိန်လွန်သွားပြီ ထင်သည်။ ကျွန်တော် တွဲ ထားရသည်။
“ဟေ့၊ ဟေ့ ရပ်၊ ရပ်ကွ၊ အိမ်ရောက်ပြီ”
ရပ်လိုက်သည်။
“အင်း နေဦးကွ။ ငါတစ်ခု စဉ်းစားမိတယ်”
“ဘာလဲ ဆရာကြီး”
ကျွန်တော့် ကို အသေအချာ ငုံကြည့်သည်။
“အင်း ….. မင်းက ငယ်ငယ် ဖြူဖြူ ချောချောလေးပဲကွ”
“ခင်ဗျာ”
“ကဲ ပြန်တော့ကွာ”
သုတ်ခနဲ အိမ်ထဲဝင်သွားတော့သည်။
ရက်စက်လိုက်တာ ဆရာကြီးရယ်။
သြော် ….. ခုတော့လည်း
လွမ်းလိုက်တာ ဆရာကြီးရယ် ….. ။
မင်းသစ်
ကဗျာဆရာ မောင်လူမှိန်
၁၉၈၉/၁၉၉၀
တစ်ခုသော တနင်္လာနေ့ ဖြစ်သည် ကတော့ သေချာသည်။ အပတ်စဉ် အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ ရန်ကုန်မြို့လယ်က ဆူးလေဘုရားလမ်းပေါ်မှာ နံနက် ၇ နာရီတိုင်း စာသွားသင်ရသော ကျွန်တော် သည် နံနက် ၅ နာရီခွဲကတည်းက အိမ်မှ ထွက်ရစမြဲ။ တနင်္လာနေ့၏ နံနက် ၇ နာရီခန့်တွင် အိပ်ရာမှထပြီး အိမ်ရှေ့ဝရန်တာသို့ ထွက်လိုက်သော အခါ သူ့ကိုတွေ့ လိုက်ရသည်။
မောင်လူမှိန်သည် ဝရန်တာကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက်ထောင်၊ ဒူးတစ်ဖက်ချလျက်၊ “ကပ္ပိယထိုင်” ထိုင်နေသည်။ သူ့အနားသို့ ကျွန်တော် ရောက်လာသည်ကိုပင် သတိပြုမိဟန်မတူ။
ဘယ်ဘက်တံတောင်ဆစ်မှ ဝဲခြောက်ကလေးများ ကို ညာလက်သည်းလေးများ ဖြင့် ခွာလိုက်၊ ညာတံတောင်ဆစ်မှ ဝဲခြောက်ကလေးများ ကို ဘယ်ဘက်လက်သည်းလေးများ ဖြင့် ခွာလိုက်နှင့် ပတ်ဝန်းကျင်ကို သတိမူမိဟန်မတူ။ သူ့ကို ကြည့်ရသည်မှာ မျက်လုံးကလေးများ ကို မှေးစင်းလျက် စည်းစိမ် ခံနေသည့်ပုံ …. ။ ဝရန်တာကြမ်းပြင်ပေါ်မှာ တော့ ဝဲခြောက်ဖပ်လေးတွေ ဖွေးဖွေးလှုပ်လျက်။
ထိုစဉ်က ဘီပီအိုင်ထုတ်ဝဲဆေး “ဘာစကေဗီ” ဝယ်ပေးရ၊ ပြေ (ဆေး ၂) ကယ်ပါဦး၊ ဒေါက်တာ စုထား ကူပါဦး လုပ်ရပါတော့သည်။
သူ ကတော့ ဝဲခြောက်ကလေးတွေ ကို ခွာရင်း၊ မှိန်းနေလေသည်။
ကျွန်တော့် ကို မောင်လူမှိန်နှင့် မိတ်ဆက်ပေးသူက မောင်သင်းခိုင် ။ မိုးဝေမဂ္ဂဇင်းတိုက်။ ၁၉၇၀/၇၁။
“ကိုမင်းသစ်၊ ဒါမြင်းခြံက ကျွန်တော် တို့ ကဗျာရဲဘော် မောင်လူမှိန်”
ညိုညိုခြောက်ခြောက်၊ မည်းမည်းကိုင်းကိုင်းနှင့် လူငယ် တစ်ယောက် ။ နာမည် နှင့် လိုက်ပါပေ့ဟု စိတ်ထဲကတွေးမိရင်း ကျိတ်ပြုံးမိသည်။ သို့ သော် မောင်သင်းခိုင်၏ ဆက်ပြောသော စကားကြောင့် မအောင့်နိုင်ဘဲ ရယ်မိတော့သည်။
“မြင်းခြံမှာ မခွဲတမ်းတွဲ တဲ့ ကဗျာသမားနှစ် ယောက် ရှိတယ်ဗျ။ တစ်ယောက် က ကျုပ်တို့ မောင်လူမှိန်၊ သူနဲ့တွဲ ဖက်က မောင်မြေမှိုင်း။ အဲ….. သူတို့သောက်နေကျ လက်ဖက်ရည်ဆိုင်နာမည် က “အိမှိန်” တဲ့။ တစ်ခုမှ အရောင် ထွက်တာ မရှိဘူး။ ဟား ….. ဟား ….. ဟား ….။
ကိုသင်းခိုင် ကတော့ သူ့ဝသီအတိုင်း တဟားဟားရယ်ရင်းပြော၏ ။ ကျွန်တော် ပါဝင်ရယ်မိရင်း အားနာစွာ ဖြင့် မောင်လူမှိန်ကို ကြည့်လိုက်တော့ မှိန်မှိန်လေးမှိန်းပြီး ပြုံးနေသည်။
“မြင်းခြံ ဘယ်အပိုင်းမှာ နေသလဲ” မေးတော့
“ ဦးကျွန်းကျော်ဝိုင်းထဲမှာ ပါ”
“ ဒါဆို အောင်သုခ ဆပ်ပြာစက်နားပေါ့။ ခင်မောင်ချင်း နဲ့ တစ်ဝိုင်းတည်းပဲပေါ့”
“ ဟုတ်ပါတယ်၊ ကိုခင်မောင်ချင်းက ကျွန်တော့် အစ်ကို ဝမ်းကွဲပါ”
ငယ်သူငယ်ချင်း၏ ညီ၊ အညာသား အချင်းချင်းဆိုသော ပုဂ္ဂိုလ်စွဲ ဒေသစွဲ သို့ သော် …..
ရန်ကုန်တွင် သူက ဧည့်သည်၊ ကိုယ်က အိမ်သည် ဖြစ်ခြင်းကြောင့် သူ့ကို ကူညီစောင့်ရှောက်လို သည်။ သူသွားလိုရာ လိုက်ပို့သည်။ ကျွန်တော် သွားလေရာသူ့ကို ခေါ်သွားသည်။
သို့ သော် …..
တစ်နေ့တွင် ကျောင်းသုံးပစ္စည်းများ ဝယ်ယူရန်ရှိသဖြင့် လေဟာပြင်ဈေးသို့ သွားရန်ရှိရာ သူ့ကိုပါ ခေါ်သွားသည်။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ရောင် စုံမြေဖြူဘူးရှာရင်း တစ်ဈေးလုံး ပျံ့နှံ့သွားသည်ည။ ထိုခေတ် ထိုအခါက ရောင် စုံမြေဖြူဆိုသည်မှာ “ပပက” တွင် မရှိ။ နိုင်ငံခြား ပစ္စည်း။
လက်လျှော့လိုက်ပြီး နောက်မှ ကပ်လိုက်နေသည့်သူ့ကို လှည့်ကြည့်လိုက်သော အခါ မရှိ တော့။ ကျွန်တော် ထိတ်ခနဲ လန့်သွားသည်။ ကိုယ့်လူက ရန်ကုန်ရောက်ခါစ၊ ဘယ်မှသွားတတ်သည် မဟုတ်။
လာရာလမ်းကြောင်းကို မှတ်မိသရွေ့ ပြန်စဉ်းစားကာ နောက်ကြောင်းပြန်၍ ရှာရတော့သည်။ နာရီဝက်ကျော် ကြာသည်အထိ သူ့ကိုမတွေ့ ၊ ဆာလည်း ဆာလှပြီ။ သို့ ဖြင့် ထိုဈေးမှ ပေါချောင်ကောင်း စားသောက်ဆိုင်တစ်ဆိုင်သို့ အဝင် ……
“ဟေ့လူ ကိုမင်းသစ်”
လှည့်ကြည့်လိုက်တော့ သူ။ မောင်လူမှိန် ….. ။
ကျွန်တော် ဝမ်းသာ၍ မဆုံးခင် ……
“ သိပါတယ်ဗျ၊ ထမင်းစားခါနီး မို့ ကျွန်တော့် ကို မျက်ခြေဖြတ်သွားတာမို့လား။ ရပါတယ်ဗျ။ ကျုပ်မှာ လည်း ပိုက်ဆံပါ ပါတယ်”
ဘုရား ….. ဘုရား ….. ဒုက္ခပါပဲ။
မဟုတ်ရပါဘူး ကိုလူမှိန်ရယ်။ ကျွန်တော့် နောက်က ခင်ဗျားကပ်ပါနေတယ်ထင်တာ။ လှည့်ကြည့် တော့မှ ခင်ဗျားပျောက်နေတာ”
“ ရပါတယ်ဗျ။ ကျွန်တော် လည်း ကြားဖူးပါတယ်။ ကျွန်တော် တို့ နယ်ကလူတွေ ကို လူရှုပ်ရှုပ်ကြားမှာ ထားခဲ့ပြီး ခြေရာဖျောက်သွားတတ်တဲ့ ခင်ဗျားတို့ရန်ကုန်သားတွေ အကြောင်း၊ ကျွန်တော် ကြားဖူးပါတယ်ဗျ”
သြော် ဖြစ်မှ ဖြစ်ရလေ၊ စေတနာက ဝေဒနာ ဖြစ်။ ပြောပုံကလည်း ကြည့်ပါဦး။ မြင်းခြံသား မောင်လူမှိန်က စစ်ကိုင်းသားမင်းသစ်ကို ခင်ဗျားတို့ ရန်ကုန်သားတွေ တဲ့။
ကျွန်တော် ဒေါသထွက်သွားသည်။
“အစကတည်းက ခင်ဗျားကို ကျွန်တော် ပြေားထားသားပဲ။ ကျွန်တော် နောက်က ကပ်လိုက်၊ မျက်ခြေမပြတ်ပါစေနဲ့ ဆိုတာလေ။ ၂ဆိုင်၊ ၃ဆိုင် အထိ ခင်ဗျား ကျွန်တော့် နောက်က ပါနေသေးတာပဲ။ ကျွန်တော် လည်း စိတ်ချနေတာပေါ့။ နောက်မှ ခင်ဗျားဘယ်မှာ ကျန်ရစ်ခဲ့မှန်းမသိတော့တာ”
“ခင်ဗျား ဟိုမိန်းမ ဝဝကြီးဆိုင်ကို ဝင်နေတုန်း၊ အဲဒီ ရှေ့က စာအုပ်အဟောင်းဆိုင်လေးမှာ ကျွန်တော် စာဝင်ဖတ်နေတာ၊ ခင်ဗျား မမြင်ဘူးလား”
သေလိုက်ပါတော့။ မနည်းကြီးရှင်းပြပြီးမှ ကိုယ်တော် မြတ်က သဘောပေါက်တော် မူသည်။ နှစ် ဦး နှစ် ဖက် ပြေငြိမ်းရေး ရပြီးမှ ထမင်းကိုဖြောင့်ဖြောင့် စားရတော့သည်။
အဲဒီ တုန်းက မောခဲ့တယ်။
အခုတော့ လွမ်းလိုက်တာ ရဲဘော်ရယ်…..။
ကဲ ၁၉၈၉ ကို ပြန်သွားကြရအောင် …..။
ဝဲတွေ ပျောက်သွားပြီးနောက် ကျန်ရှိနေသေးသော ထွေလီကာလီ ရောဂါ လေးများ ကို ဆက်ကုရင်း၊ ကျွန်တော့် ခြံထဲမှာ သူ ဆက်အနားယူနေသည်။ ကဗျာတွေ ပြန်ရေး သည်။ ပို၍ တောက်ပါသော ကဗျာများ ထွက်လာသည်။ သို့ သော် သူသည် အရေအတွက်များများ ကို မြန်မြန်ထုတ်လုပ်သော ကဗျာဆရာ တစ်ယောက် မဟုတ်။ ယုံကြည်ချက်၊ ခံယူချက် အထူးသဖြင့် ကဗျာအယူအဆများ နှင့် ပတ်သက်လာလျှင် နည်းနည်း မှ အလျှော့ပေးတတ်သူ မဟုတ်။
ထိုစဉ်က ကျွန်တော့် ခြံထဲတွင် ဘော်ဒါဆောင်ဖွင့်သဖြင့် အဆောင်များ စွာ ရှိ၏ ။ သို့ ဖြင့် စာရေး ဆရာ၊ ကဗျာဆရာများ အတွက် အမျိုးသားဆောင်တစ်ဆောင်၊ စာရေး ဆရာမ များ အတွက် အမျိုးသမီးသီးသန့် အဆောင်တစ်ဆောင် ထားပေးခဲ့သည်။ စားတာ ကတော့ အိမ်မှာ ရှိသမျှ ချက်သမျှ ခွဲဝေစားကြတာပါပဲ။
တစ်ည …..။
ကျွန်တော့်  အိမ်ရှေ့ဝရန်တာတွင် ထုံးစံအတိုင်း အရက်ဝိုင်းဖွဲ့ကြသည်။ ကဗျာအယူအဆ တစ်ခုနှင့် ပတ်သက်ပြီး မောင်လူမှိန်နှင့် ကဗျာဆရာတစ်ဦး ငြင်းခုန်ကြရင်း ရန်ပွဲအဆင့် ရောက်သွားသည်။
ဝရန်တာပေါ်မှ မြေပြင်ပေါ်အထိ ရောက်သွားကြပြီ။ ဤရန်ပွဲကို အဓိကဖျန်ဖြေရမည့်  “မင်းသစ်” ဆိုသော အိမ်ရှင် ကတော့ ခေါင်းမထောင်နိုင်အောင် မူးနေပြီ။ “အချင်းချင်းတွေ ပဲဗျာ။ တော် ကြပါတော့ဗျာ၊ မလုပ်ကြပါနဲ့ဗျာ” ဆိုသော စကားကိုပင် လေသံယဲ့ယဲ့လေးဖြင့် သာ ပြောနိုင်ရှာတော့သည်။
အိမ်ရှင်ကျဆုံးနေပြီဆိုတော့ အိမ်ရှင်မက ထွက်လာရတော့သည်။ ထဘီတိုတို ပြင်ဝတ် လျက် လက်ဝှေ့ရေး ပြနေကြသော ကဗျာဆရာနှစ် ယောက် အကြားကို လွှားခနဲ ခုန်ဝင်သွားသည်။
“ကဲ၊ ရှင်တို့ တော်ြ ကတော့”
“မဟုတ်ဘူး မရှယ်လီ၊ ဒီကောင်က ဂျူနီယာ ဖြစ်ပြီးတော့ စီနီယာကို ပြန်စော်ကားနေတာ။ အင်္ဂလိပ်စာလည်း မတတ်ဘဲနဲ့။ ဟေ့ကောင် လူမှိန် ချမယ်တက်ခဲ့”
“အင်္ဂလိပ်စာလည်း မတတ်ဘဲနဲ့” ဆိုသော စကားကြောင့် ထိုကဗျာဆရာကို ကျွန်တော် ကိုယ်တိုင် ထထိုးချင်စိတ် ပေါက်လာသည်။ သို့ သော် ခေါင်းက ထူမရ။
ပြောမရသည့်အဆုံး ကျွန်တော့် အိမ်ရှင်မ၏ ဘယ်ဝိုက်ကလား၊ ညာဝိုက်လားမသိရသော လက်သီးချက်ကြောင့် ထိုကဗျာဆရာ မှော က်သွားသည်။ (မှော က်သွားချင်ယောင်ဆောင်တာပါဟု နောင်တွင် ကျွန်တော့် ဇနီးက ပြန်ပြောပါသည်။ မိန်းမရဲ့ စကားမို့ ကျွန်တော် ကလည်း ယုံပါသည်။)
ထိုသို့ မှော က်သွားသည်ဟု ယူဆရတော့မှ ကျွန်တော့် ဇနီးနှင့် အခြားကဗျာဆရာတစ်ဦး (မောင်နွယ်ထွဋ် ဟု ထင်သည်) တို့က အိပ်ရာပေါ်သို့ တွဲ ပို့လိုက်ရသည်။
မောင်လူမှိန် ကတော့ တဖျစ်တောက်တောက် ညည်းနေရှာသည်။
“ရန်သူကြားရင် ဝမ်းသာတော့မှာ ပဲဗျာ။ ရန်သူဝမ်းသာတော့မှာ ပဲဗျာ” တဲ့။
ဤသည်ပင် မောင်လူမှိန် ဖြစ်တော့၏ ။
တစ်ခုသော နံနက်ခင်းတွင် ဖြစ်ပါသည်။ ကျွန်တော့် သမီးကြီး ချစ်ရေစင်၏ အသံကို အိပ်ရာထဲမှ ကျွန်တော် ကြားရသည်။
“မေမေရေ၊ ဦးလူမှိန်ကြီးက သွားလည်း မတိုက်ဘူးနော်”
ကျွန်တော့် ဇနီး၏ အသံကို ကြားလိုက်ရသည်။
“ဟုတ်လား၊ ကိုလူမှိန် သွားတိုက်လေ”
“ဆားတောင်းရမှာ အားနာလို့ဗျာ”
“သြော်… ဆားက တော် တော် တန်ဖိုးကြီးရှာတာကိုး၊ ကြောင်အိမ်ပေါ်မှာ ဆားပုလင်းကြီးရှိတယ်။ ကြိုက်သလောက်ယူတိုက်”
ဤသို့ ဖြင့် မောင်လူမှိန်အကြောင်းကို ရေး ကြလေတိုင်း၊ မပါမ ဖြစ်ပါလေ့ရှိသော ဇာတ်လမ်းလေး တစ်ခု အစပျိုးခဲ့ရ၏ ။
သည်ဇာတ်လမ်းကို အခြားစာရေး ဆရာနှစ် ဦး မက ရေး ခဲ့ကြဖူးလေပြီ။ ကိုယ်တွေ့ ကြုံခဲ့ရသော ကျွန်တော် က ယခုမှ ရေး ပြရပေဦးမည် ။
“မရှယ်လီ ….. မရှယ်လီ”
“ဘာတုံး ကိုလူမှိန်ရဲ့ ”
“ခင်ဗျားတို့အိမ်က ဆားက သွားတိုက်လို့မကောင်းဘူးဗျ”
“ဘာ ဖြစ်လိုလဲရှင့်”
“ဆားက ချိုရဲရဲနဲ့ ချွဲချွဲကြီးဗျ”
ကျွန်တော့် ဇနီး အသံတိတ်သွားသည်။ ပြီးမှ …..
“ဟုတ်ပြီ၊ အဲဒီ ဆား ဘယ်ကယူလာသလဲ”
“ဟို ကြောင်အိမ်ပေါ်ကလေ”
ကျွန်တော့် ဇနီး အသံတိတ်သွားပြန်ပြီး ကြောင်အိမ်ဆီသို့ လျှောက်သွားဟန်ရှိသည်။
“ရှင် ဒီပုလင်းထဲက နှိုက်ခဲ့တာ မဟုတ်လား”
“ဟုတ်တယ်”
“အမယ်လေး၊ အဲဒါ အချိုမှု န်တွေ ရှင့်၊ ဆားပုလင်းက ဟိုဘက်ထောင့်ကပုလင်း”
သားသမီးများ ၏ ဝိုင်းရယ်သံများ ပေးထာသည်။
“မသိပါဘူးဗျာ၊ ပုလင်းကကြီးကြီးဆိုတော့ ဆားပုလင်းမှတ်လို့ပါ။ ကျွန်တော် တို့ဆီမှာ က အချိုမှု န့်ဆို ရင် တစ်မတ်ဖိုးအထုပ်လေးတွေ ပဲ တစ်ခါချင်း ဝယ်သုံးကြရတာ လေဗျာ”
ကျွန်တော့် ဇနီးထံမှ အသံတိတ်သွားသည်။
နောင်သော အခါတွင် မောင်လူမှိန်၏ အကြောင်းကို ပြောတိုင်း အချိုမှု န့်နှင့် ဆားမှားသည့် ကိစ္စက ရယ်မောစရာ ….. ။
ဟိုတုန်း ကတော့ ကျွန်တော့် တို့ဇနီးမောင်နှံ မရယ်ရက်နိုင်ခဲ့ကြပါ။
သို့ သော် ဆားနှင့် အချိုမှု န့်ပုလင်းများ ကို မြင်မိတိုင်း ကျွန်တော် တို့မိသားစု ကတော့ သူ့ကိုလွမ်းမြဲပင်။
ရိုးလွန်းမက အ,သော ၊ ဖြူလွန်းမက စင်သော လူသားမောင်လူမှိန်၏ ကိုယ်စိတ်နှလုံး သုံးပါးစလုံး ကို သူ၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာနှင့် တကွ ကျွန်တော် လွမ်းတသသမိသမျှ ရေး ပြမိပြီးပါပြီ။
ယခု ကဗျာဆရာမောင်လူမှိန်အကြောင်းကို လွမ်းပြချင်ပါသေးသည်။
မောင်လူမှိန်၏ ကဗျာများ ကိုပြန်ဖတ်ရင်း သူ့ကိုသာမက လွန်ခဲ့သော နှစ် ၄၀ ခန့်က ကဗျာလောက ကိုပါ ပြန်လွမ်းနေမိသည်။ တပြိုင်တည်းမှာ ပင် နှစ် ပေါင်း ၄၀ အတွင်း ပြောင်းလဲလာသော ၊ တိုးတက်လာ သော ၊ ဆုတ်ယုတ်လာသော ကဗျာရေစီးကြောင်းကိုလည်း ဖျတ်ခနဲ မြင်လိုက်ရသည်။
ကြည့်ပါ။ ၁၉၇၂ ဇူလိုင်လထုတ် မိုးဝေမဂ္ဂဇင်းထဲမှာ မောင်လူမှိန်၏ ဟောသည်ကဗျာ။
ကဗျာပလ္လင်ပေါ်မှာ
ခင်ဗျားမဟာသခင်
ခင်ဗျားရှင်ဘုရင်။
ကဗျာသရဖူ
ကဗျာတစ်ဆူ
မင်းမူနိုင်ပါပေ့။
ကဗျာကျောက်မျက်ရတနာ
ဘဏ္ဍာတော် တိုက်အတွင်း
တဝင်းဝင်း ပြိုးပြက်ဖိတ်လက်
ခင်ဗျားလက်ထက်ကိုး။
………………………..
………………………..
အစစ်အမှန် မပေါ်ခင်
ပလ္လင်ထက်မှာ
ကဗျာပစ္စည်းအတုအပ
ခဏတဖြုတ်နေရာရ
သိပ်သဘာဝ ကျသပေါ့။
ခင်ဗျားဘယ်လောက် လိမ်ထားနိုင်မလဲ
ကဲ - အချိန်နည်းနေပြီပဲ။ ။
ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြတဲ့၊ အခုလည်း ရှိနေတဲ့၊ နောင်လည်းရှိနေကြဦးမယ် ကဗျာ အတုအယောင်တွေ ကို လွန်ခဲ့တဲ့နှစ် ပေါင်း ၄၀ က လက်ညှိုးထိုးပြီး ပြောခဲ့တဲ့ မောင်လူမှိန်ရဲ့ ဒီကဗျာကို ပြန်ဖတ်ရင်း ကျွန်တော် တရားရမိတယ်။ ပုဂ္ဂိုလ်တချို့လည်း ပြန်ဖတ်ကြည့်ကြစေချင်ပါတယ်။ တရားရစေ ချင်လို့ပါ …….။
လွန်ခဲ့သော နှစ် ပေါင်း ၄၀ခန့်က လူငယ် ကဗျာဆရာ တစ်ယောက် ရဲ့ ယုံကြည်ချက်နှင့် ခံယူချက်ကို မြင်တွေ့ နိုင်ကြပါတယ်။ အနုပညာသမားဆိုသည်မှာ အချိန်ကာလ၏ ပြဌာန်းမှု နှင့် ကင်းလွတ်၍ မရပ်တည်နိုင်ကြပါ။ သူဖြတ်သန်းနေသော အချိန်(ခေတ်) နှင့် စနစ်(၀ါဒ)ကို အနုပညာသမားသည် သူ၏ ပင်ကိုအသိဖြင့် ပင် တုံ့ပြန်ပေလိမ့်မည် ။
မပြုံးပါနဲ့ မိတ်ဆွေ။ ၁၉၇၂ ခုနှစ် တုန်းက မောင်လူမှိန် တာဝန်ကျေခဲ့ပါသည်။ သူ့နည်းသူ့ဟန် သူ့စံ နဲ့ပေါ့။
၁၉၈၉ ခုနှစ် မှာ တော့ မောင်လူမှိန်၏ ပရိယေသန ဘောဂဗေဒနှင့် နိုင်ငံရေး ဘောဂဗေဒတို့ ပြောင်းသွား ခဲ့ပါပြီ။
မပြုံးပါနဲ့ မိတ်ဆွေ။ ၁၉၈၉ ခုနှစ်မှာ လည်း မောင်လူမှိန် တာဝန်ကျေခဲ့ပါသည်။ ကြည့်ပါ။
မောင်လူမှိန်၏ နိုင်ငံကျော် ဟိုက္ကူဆန် သော ကဗျာတစ်ပုဒ် ဖြစ်ပါသည်။
စာ ခို ကျီးကန်း ပျံကျသမား
ရေအိုင် ဘဲဖြူ လှေထိုးသား
တီကောင် လယ်ထွန်စား ။ ။
မောင်လူမှိန်
စာပေဂျာနယ်၊ အမှတ် (၈)၊ ၁၉၈၉
သူကွယ်လွန်ပြီ ကြားရသော အခါ မိုးမိုး(အင်းလျား) ဈာပနတုန်းက ပြောခဲ့သော ဆရာတင်မိုး၏ စကားတစ်ပိုင်းတစ်စကိုသာ အမှတ်ရမိတော့သည်။
“ချစ်သူတို့ သက်တမ်းတိုလှ၏ …..”
ပြီးတော့ ….. သူကွယ်လွန်ပုံကလည်း ဖြေနိုင်စရာမရှိ၊ ရေနစ်၍ တိမ်းပါးရခြင်း ဖြစ်သည်။
အသေးစိတ်ကို ကဗျာဆရာမောင်သင်းပန် က ပြန်ပြောပြသည်။
“မြင်းခြံမြို့အစွန်က ကန်ဦးဆိုတဲ့ ရေကန်ကြီးနားကို နေ့တိုင်းလာလာပြီး ထိုင်သတဲ့ဗျ။ ကြာလာ တော့လည်း သိပ်ဂရုမထားမြိ ကတော့ဘူးပေါ့ဗျာ။ အဲဒီ နေ့ ကတော့ အချိန်တန်လို့ပေါ်မလာတာနဲ့ လိုက်ရှာြ ကတော့ ကန်စပ်မှာ ဖိနပ်လေးနှစ် ဖက်ပဲ တွေ့ ကြရတော့တာ။ နောက်မှအလောင်းကို တွေ့ ကြရတာ တဲ့”
ရင်ထဲမှာ ဆို့သွားသည်။
ကျန်ရစ်ခဲ့သော ဖိနပ်လေးနှစ် ဖက် ….. ။
ဆရာမြို့မငြိမ်း၏ ကျန်ရစ်ခဲ့သော ဖိနပ်လေးများ ကိုလည်း သတိရလိုက်မိသည်။
တက်ခေါက်ရင်း၊ လွမ်းမိတယ်သူငယ်ချင်း …. ။ ။
မင်းသစ်
ဗန်းမော်တင်အောင်
၂၀၀၈ ခုနှစ် ၊ အောက်တိုဘာလ၊ ၂၃ ရက်နေ့ဆိုလျှင်၊ ဆရာဗန်းမော် တင်အောင် ကွယ်လွန်ခဲ့သည် မှာ နှစ် ပေါင်း (၃၀) တိုင်ပါပြီ။
ကျွန်တော် တို့မိသားစု ကတော့ ခရစ်ယာန်သင်းအုပ်ဆရာတစ်ပါးကို ပင့်ဖိတ်ပြီး၊ အောက်မေ့ဖွယ်ရာ ဝတ်ပြုဆုတောင်းပွဲလေးတစ်ခု ကျင်းပကြမည် ဟု ကြံရွယ်ထားပါသည်။ မန္တလေးက ဆရာနွေထက်တို့ မိသားစု ကတော့ ဗုဒ္ဓဘာသာဝင်တို့၏ ထုံးထမ်းစဉ်လာအတိုင်း၊ သံဃာတော် များ ကို ဆွမ်းကပ်ကြလိမ့်မည် ထင်သည်။
တမလွန်မှ ဆရာသည်ထိုဘာသာရေး ဆိုင်ရာ အမှတ်တရပွဲလေး ၂ ပွဲစလုံးကို နားလည်လက်ခံပေး လိမ့်မည် ဟု ကျွန်တော် ယုံကြည်ပါသည်။
အကြောင်းမူ ဆရာသည် ဗန်းမော်တင်အောင် ဖြစ်သော ကြောင့် ပင်။
ငယ်စဉ် ကလေးဘဝကပင် ဆရာဗန်းမော်၏ ပရိသတ်တစ်ဦ ဖြစ်သော စစ်ကိုင်းမှ အဒေါ် ဖြစ်သူ ဆရာမ ကြီး ဒေါ်အေးသိန်းကြောင့် ဆရာ၏ “မြိုင်”၊ “ချစ်အဏ္ဏဝါဗွေ” စသော ဝတ္ထုရှည်ကြီးများ ကို အခန်းဆက် လစဉ်စောင့်ဖတ် ဖြစ်ခဲ့သည်။
နောင် စာဖတ်သက်ရင့်ကျက်လာသော အခါ အစ်ကိုများ ၊ ဦးလေးများ ၏ ညွှန်ပေးမှု ကြောင့် “ဒေါက်တာရေချမ်း”၊ “ပါမောက္ခအုန်းကျော်” စသော ဆရာ၏ သူရဲကောင်းကြီးများ ကို ဆည်းကပ်ခွင့်ရခဲ့ သည်။
“ရိုးမတိုက်ပွဲ” ဖတ်အပြီးတွင် မူ ကျွန်တော် ၏ ယုံကြည်ချက်တို့ပါ ပြောင်းလဲသွားတော့သည်။
ဆရာ့စာတို့ကို ရင်းနှီးကျွမ်းဝင်နေရပြီ ဖြစ်သော်လည်း ကျွန်တော် တို့ လူလားမြောက်ချိန်အထိ ဆရာ့ကို မမြင်ဘူး၊ မသိဘူးသေးပါ။ ဆရာ၏ “ကျွန်တော် ” ဆိုသော ကိုယ်ရေး အတ္ထုပတ္ထိ၏ မျက်နှာဖုံးမှ ဆရာ့ပုံတူပန်းချီကားလေးကိုသာ ကြည့်ရင်း၊ စာရေး ဆရာ ဒါရိုက်တာဦးသုခက ဆရာ့အား ရုပ်ရှင်မင်းသား လုပ်ရန် ကမ်းလှမ်းသည်ဆိုသော သတင်းစကားကို မအံ့သြတော့။
ဆရာ ပန်းဆိုးတန်းဘက်သို့ လျှောက်လာလျှင် ဘဏ်များ ၊ ရုံးများ မှ အမျိုးသမီးကြီးငယ်များ ၊ ချောင်းကြည့်ကြရသည်မှာ အမောဆိုသော ဆရာ မြတ်လေး ၏ စကားကလည်း ချဲ့ကားပြောဟန်မတူ။
ဆရာနှင့် ကျွန်တော် လူချင်းတွေ့ သိရသော အချိန်တွင် ဆရာသည် နရသိန်သို့ အကြိမ်ကြိမ် အခေါက်ခေါက်၊ တစ်ကျွန်းတစ်မြေသို့ လည်း ရောက်ခဲ့ရပြီး၊ လောကဓံတရား၏ အထုအထောင်းတို့ကြောင့် ဇရာနှင့် အတူ ဗျာဓိပါခံစားနေရသည့်အချိန်။
ထိုအချိန်မှာ ပင် ဆရာကား ချောမောခန့်ထည်ဆဲ …..။
နှလုံးလှ၍ ရုပ်လှသည်သာ ဖြစ်ပါလိမ့်မည် ။
ဆရာနရသိန်တွင် တောရဆောက်တည်နေကတည်းက ဆရာ့မိသားစုနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။
၁၉၆၇ ခုနှစ် ၊ အ-ထ-က(၄) အလုံတွင် ကျွန်တော် ဓာတုဗေဒဆရာ ဝင်လုပ်နေချိန် ဖြစ်သည်။ ကျောင်းဆရာတို့၏ ဝတ္တရားအတိုင်း အတန်းတွင်းရှိ ကျောင်းသား/သူများ ကို နာမည် ပြော၍ မိတ်ဆက်စေ သည်။ ဤတွင် ကျောင်းသား ချောချောလေး တစ်ယောက် က ထ၍ ဖြေသည်။
“ကျွန်တော် က ဗဟိန်းအောင်ပါ”
ခေါင်းထဲမှာ ခေါင်းလောင်းသံလေးတစ်ချက်သဲ့သဲ့ မြည် သွားသည်။
တစ်နေရာတွင် စွဲစွဲလမ်းလမ်း မှတ်မိနေခဲ့သော အမည် တစ်ခု ဖြစ်သည်။ ဟုတ်ပြီ၊ မှတ်မိပြီ။
ဆရာ၏ “ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း” စာအုပ်ရှေ့ဆုံးမှ “သား ဗဟိန်းအောင်နှင့် ကျော်ဇောအောင်သို့ ” ဆိုသော ရည်ညွှန်းချက် စကားစု …. ။
“မင်းအဖေက ဘယ်သူလဲ”
“ဗန်းမော် တင်အောင်ပါ ဆရာ”
ကျွန်တော် ကြည်နူးရင်ခုန်သွားသည်။ သို့ ဖြင့် ဗဟိန်းအောင်နှင့် အတူ ကန်တော် လေးအိမ်သို့ လည်းကောင်း၊ တောင်ဥက္ကလာပအိမ်သို့ လည်းကောင်း၊ ကျွန်တော် ရောက် ဖြစ်တော့သည်။ ဆရာ့ဇနီး၊ ဆရာ့မိခင်ကြီးနှင့် တကွ ဆရာ့သားသမီးများ နှင့် ပါ ရင်းနှီးခွင့်ရတော့သည်။
ဆရာနရသိန်မှ ထွက်လာသော အခါ၌ လည်း ဗဟိန်းအောင်ကြောင့် ကျွန်တော် စောစီးစွာ တွေ့ ခွင့်ရ တော့သည်။
ဆရာ၏ တောင်ဥက္ကလာပအိမ်လေးသို့ မှော င်ရီဖျိုးဖျတွင် ကျွန်တော် နှင့် ဓာတ်ပုံမောင်မောင်ကြီး (စစ်ကိုင်း) ရောက်သွားသည်။
“အဖေ၊ ဒါ ကျွန်တော် တို့ဆရာ ဦးမင်းသစ်တဲ့”
“ထိုင်ပါခင်ဗျာ၊ ထိုင်ပါ၊ ကျွန်တော် တင်အောင်ပါခင်ဗျာ”
ကြက်သီးမွေးညှင်းထရင်း ကျွန်တော် ထိုင်ရမလို၊ ထရမလို ဖြစ်သွားသည်။ ကြည့်စမ်း၊ ယဉ်ကျေးသိမ်မွေ့လိုက်တာ။ မာန်မာနတရား ကင်းမဲ့လိုက်တာ…..။
တောရကျောင်းတစ်ကျောင်းမှ ဥပုသ်သီတင်းဆောက်တည်ပြီး ပြန်လာသော သူတော် စင်တစ်ဦးနှင့် သာ တူနေတော့၏ ။
ပကတိ တည်ငြိမ်၊ အေးချမ်း၊ ကြည်လင်လျက် ….. ။
သည့်နောက်ပိုင်းတွင် ကား ဆရာနှင့် မကြာခဏ တွေ့ ခွင့်ရတော့သည်။ ဆရာက မဟာဗန္ဓုလပန်းခြံ လမ်းရှိ၊ ပင်းယစာအုပ်တိုက်တွင် အမြဲထိုင်သည်။ သိပ္ပံနှင့် နိုင်ငံရေး သိပ္ပံကျမ်းများ ကို တစိုက်မတ်မတ် လုံ့လ ထုတ်၍ ရေး သားနေသည်။ ကျွန်တော် ကတော့ ဆူးလေဘုရားလမ်းမှာ ကိုယ်ပိုင်ကျောင်းဖွင့်၍ ငွေနောက်ကို သာ သဲကြီးမဲကြီး လိုက်နေသည်။
သို့ သော် အနေနီးကြသဖြင့် ဆရာ့ထံသို့ ကျွန်တော် မကြာခဏ ရောက်ပါသည်။ ဆရာကလည်း ကျွန်တော် တို့လို မျိုးဆက်သစ်လူငယ်များ အပေါ် မျှော်လင့်အားထားဟန်ရှိပါသည်။ ပင်းယပိုင်ရှင် ဦးသိန်းရွှေ တို့မိသားစုကလည်း ဆရာကြိုက်တတ်သော လက်ဖက်ရည်နှင့် ဧည့်ခံစမြဲ။ တစ်ခါတစ်ရံမှာ တော့ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသည်။ ကျွန်တော် တို့ မိသားစု၏ ကျန်းမာရေး ၊ စီးပွားရေး ကိုလည်း မမေ့မလျော့ မေးမြန်းတတ်ပါသည်။ ကျွန်တော် တို့ကလည်း မာကြောင်း၊ သာကြောင်းမှအပ မည် သည့် အကြောင်းအရာကိုမှ ပြောဆိုလေ့မရှိပါ။
တစ်နေ့တွင် မူ ဆရာက …..
“ခင်ဗျား စာရေး ဖြစ်ရဲ့ လား”
“ဘာမှ မရေး ဖြစ်ဘူးဆရာ”
“ဘာတွေ ဖတ် ဖြစ်သေးလဲ”
“ဘာမှ မဖတ် ဖြစ်ဘူး၊ ဘာမှ မလုပ်ဘူးဆရာ”
ဆရာ့ထံမှ သက်ပြင်းချသံသဲ့သဲ့ ကြားရသည်။ ပြီးမှ …..
“ ဖြစ်ရလေ၊ ကိုမင်းသစ်ရယ်”
ဆရာတော် တော် ကြေကွဲ ဝမ်းနည်းသွားဟန်တူသည်။ ကျွန်တော် လည်း ဆက်ထိုင်နေရင်း စကားဆက်မပြော ဖြစ်တော့။
“ကျွန်တော် ပြန်ပါဦးမယ်ဆရာ”
ကျွန်တော် ရုတ်တရက် ထပြန်ခဲ့သည်။ ဆရာထံသို့ လည်း လပေါင်းများ စွာ ကြာအောင် မရောက် ဖြစ် ခဲ့တော့ပါ။ မသွားရဲတော့ပါ။
တစ်နေ့တွင် မူ ဆူးလေဘုရားလမ်းရှိ ကျွန်တော့် ကျောင်းသို့ ဆရာရောက်လာ၏ ။ ဆရာနှင့် အတူ ပါလာသူ (၂)ဦးကား ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဆရာရာဂျန် နှင့် ဆရာကေတီ ဦးကျော်တင့်။ ရဲရဲတောက် ဗကပဟောင်းကြီး (၂)ဦး။
“ဒီလိုဗျ ကိုမင်းသစ်ရဲ့ ။ ဒီဆရာနှစ် ယောက် ကို ကျောင်းဆရာပြန်လုပ်ခိုင်းရင် ကောင်းမလားလို့။
“ဟုတ်ကဲ့၊ ပြောပါဆရာ”
“ဆရာရာဂျန်ဆိုရင် ကိုလိုနီခေတ် ခွဲရေး တွဲ ရေး မတိုင်မီကတည်းက အောလ်အင်ဒီယား - ဘားမား မှာ (All India-Burma) မှာ သင်္ချာရွှေတံဆိပ် ရခဲ့တဲ့ ဆရာဟောင်းဗျာ၊ ဆရာကေတီ ဦးကျော်တင့် ကတော့ အင်္ဂလိပ်စာမှာ ခင်ဗျားသိတဲ့အတိုင်းပဲ”
သိပါသည်။ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံ၏ အလွတ်ပညာသင်ကျောင်းလောကတွင် အင်္ဂလိပ်စာ ဘုရင်တစ်ဆူ။
“ဆရာတို့က ဘယ်လို လုပ်ချင်တာလဲ ဆရာ”
ဆရာဗန်းမော်ကပဲ ဆက်ပြောသည်။
“အဲဒါ ခင်ဗျားတို့လိုပဲ ကျူရှင်လုပ်မယ်လေဗျာ။ အခန်းတို့၊ ခုံတို့ခင်ဗျား ကြည့်စီစဉ်ပေးပေါ့။ အရင်းအနှီးကရော ဘယ်လောက်လိုမလဲ။ ကျုပ်တို့ရဲဘော်တွေ ဝိုင်းကြဝန်းကြရမှာ ပေါ့”
ကျွန်တော် ကတော့ နေရာမှာ ပင် ထိုင်လျက်သား ကိုယ်ပျောက်သွားချင်တော့သည်။ ကျောင်းဆရာ နှင့် ကျူရှင်ဆရာတို့၏ ကွာခြားမှု ကို ဆရာတို့သိဟန်မတူ။ သင်ကြားရေး ကိုသာနားလည်ပြီး သရုပ်ဆောင်မှု ကို မကျွမ်းကျင်လျှင် ကျူရှင်ဆရာမ ဖြစ်နိုင်ဆိုသော သဘောလက္ခဏာကိုလည်း ကြားဖူးကြလိမ့်မည် မထင်။ စာသင်ချိန်တစ်ချိန်လျှင် အဝတ်အစားသစ်တစ်စုံလဲပြီး ကတ္ထီပါဖိနပ်မှာ ရေမွှေးဆွတ်ကြသော ခေတ်ကျူရှင် ဆရာများ အကြောင်းကို ကြားရလျှင် ဆရာတို့ တက်သွားနိုင်သည်။
“ဆရာတို့စရိုက်နဲ့ မကိုက်ပါဘူးဆရာရယ်”
“အေးဗျာ၊ တခြားနည်းလမ်းများ ရှိရင်လည်း ခင်ဗျားခေါင်းထဲမှာ ထည့်ထားစမ်းပါဦး”
ထိုလူရိုးလူကောင်းကြီး သုံးယောက် ပြန်သွားသော အခါ ကျွန်တော့် မှာ နွမ်းခွေနွမ်းလျစွာ ကျန်ရစ်ခဲ့ တော့သည်။
ထိုအကြောင်းကို နောင်တွင် ဗဟိန်းအောင်ကို ပြန်ပြောပြသော အခါ ဟက်ဟက်ပက်ပက် ရယ်လေ၏ ။
နောက်တစ်ကြိမ်တွင် မူ မသိနားမလည်သူ၊ တုံးအ, သူက ကျွန်တော် သာ ဖြစ်တော့၏ ။
ထိုစဉ်က ဆရာ၏ “မိအေး” ဝတ္ထုထွက်ပြီးစအချိန်။
သည်တွင် “မိစမ်း” ဇာတ်ကားဖြင့် အောင်မြင်နေသော ရုပ်ရှင်မင်းသမီး စမ်းစမ်းဝင်းနှင့် ခင်မောင်ချင်းတို့က ကျွန်တော့် ကို အကူအညီတောင်းသည်။ ဆရာ့ဝတ္ထုကိုဝယ်ပြီး ရုပ်ရှင်ရိုက်ချင်သည် ဆို၏ ။ အိုကေ ….. ။
ကျွန်တော် အလွန်ဝမ်းသာသွား၏ ။ ဆရာပိုက်ဆံရမည့် ကိစ္စ။ သို့ ဖြင့် စမ်းစမ်းဝင်းနှင့် ခင်မောင်ချင်း တို့ကိုခေါ်လျက် ဆရာ၏ တောင်ဥက္ကလာပအိမ်သို့ ချီတက်သွားကြသည်။
ဆရာ ကတော့ ပြုံးပြုံး…… ပြုံးပြုံးဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ဧည့်ခံ၏ ။ ကျွန်တော် ကလည်း ဆရာ့ဝတ္ထုကို ကျွန်တော် ကိုယ်တိုင် ဇာတ်ညွှန်းခွဲပေးမည် ဖြစ်ကြောင်း၊ ဆရာစိတ်ချပါဆိုသည့်အကြောင်း လောကွတ်တွေ တစ်လှေကြီးဖြင့် အာမဘန္တေတွေ ရဲရဲကြီးခံ၏ ။
သို့ သော် …………
မင်းသမီး စမ်းစမ်းဝင်းထံမှ စကားတစ်ခွန်းထွက်လာ၏ ။
“ဒါပေမယ့် ဇာတ်သိမ်းတော့ ပြင်ချင်တယ်ဆရာ”
ကျွန်တော် လက်ဖက်ရည်တွေ သီးသွားသည်။
“ဘာ၊ ဘယ်လို”
ဆရာ ကတော့ ပြုံးပြုံးပင် ……။
“ခင်ဗျားတို့က ဘယ်လိုပြင်ချင်လို့လဲဗျ”
“သြော် ၊ ဇာတ်သိမ်းမှာ သေသွားတဲ့မိအေးကို ပြန်ရှင်ပေးစေချင်လို့ပါ ဆရာ”
ဆရာ ယဲ့ယဲ့လေး ပြုံးသည်။ ပြီးမှ တိုးတိတ်စွာ ဖြင့် ………
“မ ဖြစ်နိုင်တော့ပါဘူးဗျာ။ မိအေးက သေသွားပြီလေ”
ဆရာ့စကားအဆုံးတွင် ဆရာ့အိမ်ပေါ်မှ ပထမဆုံးဆင်းပြေးသွားသူမှာ ကျွန်တော် ကလွဲလို့ ဘယ်သူများ ကော် ဖြစ်နိုင်ပါဦးမည် နည်း။
သို့ ဖြင့် ဆရာ့ကို အားနာမျက်နှာပူစွာ ဖြင့် ကျွန်တော့် ကိုယ်ကျွန်တော် လည်း သိမ်ငယ်ရှက်ရွံ့စွာ ဖြင့် ဆရာထံသို့ မရောက် ဖြစ်ခဲ့တော့ပေ။
ဆရာ့ဈာပနကျမှပင် အားတင်း၍ ရောက် ဖြစ်ခဲ့တော့သည်။ ဆရာ့ရုပ်ကလာပ်ဘေးတွင် ဗဟိန်းအောင် နှင့် အတူရပ်နေရင်း ဆရာ့ကို ရင်ထဲကသာ တောင်းပန်နိုင်တော့သည်။ မိမိ၏ ညံ့ဖျင်းမှု များ ကိုလည်း ဝန်ခံမိတော့သည်။
“တစ်ချို့ဟာ သမိုင်းရဲ့ တာဝန်ကို ရဲရဲရင့်ရင့် ထမ်းဆောင်ခဲ့ကြတယ်။ တချို့ ကတော့ သမိုင်းတာဝန် ကို မကျေပွန်ကြဘူး။ လူ တစ်ယောက် ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် ကိုတင်ပေးလိုက် တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာ ပဲ” ဟု နောက်ဆုံးအချိန်တွင် ဆရာပြောသွားခဲ့သည်။
ဆရာ့စကားကို ပြန်စဉ်းစားမိရုံဖြင့် ရှက်လှပါပြီဆရာ ….. ။
မင်းသစ်
![]() ပညာရေး... ပညာရေး ရှက်ဖွယ်...ရှက်ဖွယ် | ![]() အိပ်မက်ကွန်ဖရင့် ၀တ္ထုတိုစု |