Cover

အခန်း(၁)

အိပ်မက်ကွန်ဖရင့်

မင်းသစ်

ချစ်ဇနီးရှယ်လီသို့

ကျေးဇူးတရားနှင့် ရှေးဦးစကား

ကျေးဇူးရှင်တို့ကား များ ပြားလှချေ၏ ။

•••

ကျွန်တော့် ဘဝတွင် ကျေးဇူးရှင်မိခင်ကြီးဒေါ်သန်းခင်နှင့် ချစ်ဇနီးရှယ်လီတို့၏ မေတ္တာတရားနှင့် သည်းခံခွင့်လွှတ်မှု တို့ကိုသာ မရခဲ့ပါလျှင် ဤစီးပွားမ ဖြစ်သော ကဗျာရေး ခြင်း၊ ဝတ္ထုတိုရေး ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့လိမ့်မည် မဟုတ်ပါ။

•••

နှစ် ပေါင်းလေးဆယ်ကျော်အတွင်း မဂ္ဂဇင်းပေါင်းစုံတွင် နေရာအနှံ့ပြန့်ကျဲနေသော ကျွန်တော့် ဝတ္ထု တိုများ ကို ပင်ပန်းကြီးစွာ စိတ်ရှုပ်စွာ ရှာဖွေစုဆောင်းပေးသော ဆရာလေးကိုတင်၏ အကူအညီကိုသာ မရခဲ့ လျှင်လည်း ဤစာအုပ် ဖြစ်လာနိုင်ဖွယ်အကြောင်းလုံးဝမရှိပါ။

ဝတ္ထုတိုပေါင်းချုပ်ထုတ်ဝေလိုသော ကျွန်တော့် ဆန္ဒနှင့် ဇီဇာကြောင်ဇာချဲ့လိုသော ကျွန်တော့် အပေါ် တွင် လိုလေသေးအရှိ ကူညီပံ့ပိုးပေးသော ၊ ထုတ်ဝေသူ ဦးဝင်းချို (ဓူဝံစာအုပ်တိုက်)၊ မျက်နှာဖုံးပန်းချီသရုပ် ဖော် ဆရာအံ့ဘွယ်ဇင်၊ ကျောဖုံးမှ ပုံတူပန်းချီလက်ရာရှင် ဆရာမောင်လေးအောင် (ဘိုကလေး)နှင့် ညီငယ် ဓာတ်ပုံမောင်မောင်ကြီး (စစ်ကိုင်း) တို့ကိုလည်း မမေ့လျော့ကျေးဇူးစကားဆိုအပ်ပါသည်။

ဝတ္ထုတိုအရေး နည်း အရေး ကျဲသော ကျွန်တော့် အား၊ အင်တာဗျူး များ ၊ အကဲဖြတ်ဆောင်းပါးများ ဖြင့် ကျွန်တော် ၏ ၀တ္ထုတိုများ ကို ပြန်လည်ဖော်ထုတ်ဝေဖန်စိစစ် မိတ်ဆက်ပေးလေ့ရှိသော ဆရာဟိန်းလတ်နှင့် စာရေး အလွန်ပျင်းသည့်ကြားမှ အမှာ စာရေး သားချီးမြှင့်ပေးပါသော အစ်ကိုကြီး ဆရာမြတ်သင်းတို့ကိုလည်း ကျေးဇူးတင်ရှိလှပါသည်။ အထူးသဖြင့် ကျွန်တော့် အား စာပြန်ရေး ဖြစ်စေရန်၊ အဓိကတိုက်တွန်းအားပေးဆုံး မခဲ့သော ဒေါ်ဒေါ် (လူထုဒေါ်အမာ) နှင့် စိတ်ရှည်သည်းခံစွာ စာမူတောင်းခံနေကြဆဲ ဖြစ်သော မဂ္ဂဇင်းအယ် ဒီတာများ ၊ ရေး ဖော်မိတ်ဆွေများ ၊ စာဖတ်ပရိသတ် မိတ်ဆွေဟောင်းများ ၏ ကျေးဇူးတရားတို့အတွက်လည်း ကြည်နူးဝမ်းမြောက်၍ မဆုံးပါ။

•••

မေ့လျော့နေမိသော ကျေးဇူးရှင်အချို့လည်း၊ ကျန်ရှိနေပါလိမ့်ဦးမည် ။

မင်းသစ်

စစ်ကိုင်းမြို့

မတ်၊၁၊၂ဝ၁၁

•••

အခန်း(၂)

တိမ်လိုလွင့်၍ ရေလိုစီးနေသော သူ

မြောက်ဖျားဒေသမှာ

အမြီးနှစ် ခွ ချန်ထားခဲ့တဲ့

ဧရာဝတီဆိုတဲ့ နဂါးဟာ

မြစ်ဝကျွန်းပေါ်မှာ ခေါင်းတစ်ရာပွား

ကပ္ပလီပင်လယ်ထဲ ငုပ်လျှိုးသွား

အသည်းနှလုံးကိုတော့ စစ်ကိုင်းမှာ ထားခဲ့သတဲ့။

အဲဒီ နဂါးပေါ်က ကင်းခြေများ

စစ်ကိုင်းတံတားတဲ့လေ ….။

မင်းသစ်၏ “စစ်ကိုင်းအက်ပီဂရမ်” မှ

- ၁ -

ပထမအကြိမ်တွေ့ တော့ ဇာတ်စင်ပေါ်မှာ ။

သူကဇာတ်မင်းသားအဝတ်အစားနှင့် မြိုင်ထနှစ် ပါးသွားကနေသည်။

၁၉၆၀ ပြည့်နှစ် ၊ စစ်ကိုင်းမြို့ အမှတ် (၁) အစိုးရတန်းမြင့် ကျောင်းသားဘဝ။ ကျွန်တော် က ဆယ်တန်း၊ သူကရှစ်တန်း၊ သူ့အသက်က ဆယ့်သုံးလေးနှစ် ။ ဂုဏ်စီနီမာရုံတွင် ကျင်းပသော ကျောင်းကပွဲ ၌ ကျောင်းသူလေးနှစ် ဦးနှင့်တွဲ ပြီး သူကနေသည်။ “အိုခင်ရဲ့ … မောင်ထမ်းမယ်၊ ထမ်းမယ် …. မောင်ထမ်းလို့ ခေါ်ပါ့မယ်လေး” ဟုဆိုလိုက်သည့်အခါ၌ မြို့မိမြို့ဖ လူကြီးတစ်ဦးက ဆုချတာကို မှတ်မိနေ သည်။

နောက်တစ်ကြိမ်တွေ့ တော့ စတိတ်ရှိုးစင်မြင့်ပေါ်မှာ -

သူကသီချင်းတစ်ပုဒ် ဆိုနေသည်။

“နေခြည်အစောင်း …. လေပြည်လောင်းပြန်တော့…

ဆွေမဒီအပေါင်းရယ်က လမ်းကိုလျှောက်လာ …

သြော်ရေနီမြောင်းရယ်က လွမ်းလောက်စရာပါ…”

မန္တလေးတက္ကသိုလ်၏ ဂီတဆည်းဆာတွင် ဆရာတင်မိုး၏ “သုခုမတက္ကသိုလ်” နွယ်သာကီသံဖြတ် ကို သူ့အသံထည့်ပြီး ကိုယ်တိုင်ဆိုနေ၏ ။ အတီးပိုဒ်များ တွင် သူကခေါင်းကို တဆတ်ဆတ်ညိမ်ရင်း ပါးစပ်က “ဒူ … ဒူ … ဒူ ….ဒူ ” ဟုတေးသွားအတိုင်း ညည်းသည့်အခါ၌ ကောင်းမလေးတွေ က လက်ခုပ်တီး ကြသည်။

နောက်တစ်ကြိမ်တွေ့ တော့ ရုပ်ရှင်ပိတ်ကားထက်မှာ ။

သူကစန္ဒရားတီးနေသည်။

“အပြတ်မပြောနဲ့ မချော” ရုပ်ရှင်ကားတွင် သူက ဂီတပညာရှင်တစ်ဦးအ ဖြစ် သရုပ်ဆောင်နေ၏ ။ တွံတေးသိန်းတန်နှင့်တွဲ ၍ ရုပ်ရှင်၊ ဂီတလောက၌ သူကျင်လည်ခဲ့ဖူးသည်။

သူသည် အနုပညာရပ်ဝန်းအသီးသီးသို့ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိ၏ ။ ခြေချနိုင်စွမ်းရှိ၏ ။ သို့ သော် စွဲမြဲခြင်းကား မရှိ။ ပရိသတ်က နောက်ထပ်အနုပညာ လက်ရာတစ်ခုကို မျှော်လင့်နေဆဲတွင် ၊ လေ ပမာလျှင် ရုတ်ခြည်းပျောက်ကွယ်သွားတတ်သည်။

- ၂ -

၁၉၇ဝ ပြည့်နှစ် မှစ၍ သူဝတ္ထုတိုလေးတွေ ရေး လာတာတွေ့ တော့ ကျွန်တော် ဝမ်းသာနေမိသည်။ ပထမဆုံးဖတ်ရသော ဝတ္ထု ဖြစ်သည်။ သူကား “အိတ်ဇစ်တင်ရှယ်လစ်ဇင်”ကို “ပညာတတ်အလေဏ တောဝါဒ”၊ “အက်ချိကေ့(စ်)”ကို “ဥရောပထန်းခေါက်ဖာ”ဟူ၍ ဘာသာပြန်သုံးနှုန်းသူ ဖြစ်ရာ ဤဝတ္ထုမျိုးကို သူရေး ဖြစ်သည်မှာ မဆန်းလှ။ ဝတ္ထုထဲမှ ဇာတ်ဆောင် ပတ်ထရစ်ရှာသည် ဘိုဆန်ဆန် ပြောနေသော်လည်း အစာအိမ်ထဲမှာ တော့ ဗမာလက်သုပ်ဖြင့် ပြည့်နေကာ ပါးစပ်မှလည်း ကြက်သွန်ဖြူနံ့ ပျံ့လွင့်နေပုံကို ရေး ပြထား၏ ။ တစ်လျှောက်လုံး ရွှင်ရွှင်သွက်သွက် ရေး လာပြီးမှ တည်ငြိမ်လေးနက်သော ဝါကျများ ဖြင့် နိဂုံးချုပ်လိုက်ရာ တွေးစရာတွေ အများ ကြီး ဖြစ်ပြီး ကျန်ရစ်သည်။

သူသည် သရော်စာကိုချစ်ပြီး သရော်စာရေး နေရလျှင် ပျော်သူ ဖြစ်ရာ သူ့ဝတ္ထုအများ စု၌ သရော်စာများ က နေရာယူထားကြသည်။ ကုန်သည်လူဝါကြီးများ ကို သရော်ထားသော “ ဆယ်ပြားတန်မင်္ဂလာလက်ဆောင် ” ၊ ကျူရှင်လောကကို သရော်ထားသော “သုံးလအပြတ်” ၊ ဆရာဝန်လောကကို သရော်ထားသော “ဧကရာဇ်မြစ်” စသည် ၊ စသည်…။

သူ့တွင် ကဗျာပိုးကလေးလည်း ရှိလေရာ ကဗျာရေး ရာနှင့် သက်ဆိုင်သော ဝတ္ထုကိုလည်း တွေ့ ရ၏ ။ သူ့ကဗျာပိုးအကြောင်းကိုပြောချင်ပါသေးသည်။ မန္တလေးတက္ကသိုလ်မှာ တုန်းက “အညာပလွေကဗျာများ ” ဆိုသော ကဗျာစာအုပ်တစ်အုပ်ကို သူထုတ်ဖူး၏ ။ အခြားကဗျာတွေ ကို မမှတ်မိသော်လည်း ညီကအစ်ကို့ထံစာပေးရာတွင် …

“အစ်ကို့ညီလေး

မောင်ခွေးလေးတန်း

ဦးပန်းလှကျောင်း

ထနောင်းပင်ရွာ”

ဟူ၍ ညီ၏ လိပ်စာကို ကဗျာကိုယ်ထဲမှာ ပင် ကာရန်ချိတ်ပြီး ရေး ခဲ့ပုံကို သတိရနေသည်။ သည်တုန်း ကတော့ ကာရန်ခေတ်ပေကိုး။ “တစ္ဆေရင်ကွဲ” ဝတ္ထု၌ ရေး တာကနည်းနည်း ၊ သောက်တာက များများ ဖြစ်နေသော ကဗျာဆရာပေါက်စကို သရော်ထား၏ ။ “မြန်မာစာပေလောကတွင် တဟုန်ထိုးသောက်လာကြသော ဆိုတဲ့အုပ်စုထဲထည့်ရတော့မယ့်ဟာ ကလေးတွေ ” ဟုဝေဖန်သည်။ ထိုဝတ္ထုထဲ၌ မြူဆွယ်မှု ဖြင့် ကျော်ကြားခြင်းကို ရှာဖွေနေသော မင်းသမီးပေါက်စန၏ ဟန်ပန်သည် မြူးတူးသွက်လက်နေ၏ ။ တစ္ဆေက မင်းသမီးပေါက်စကို ပညာပေးပုံကလည်း ထိမိသည်။ မော်ဒန်ကဗျာဆရာအတုကို ပညာပေးရာ၌ လည်း၊ မပြီးသေးသော ကဗျာကို တစ္ဆေကဖြည့်ရေး ရင်း သူ့ အဖြည့်ပိုဒ်ကို သူ့ဟာသူသဘောတွေ ကျလွန်းလို့ ဒေါသတွေ ပျောက်ပြီး ပျော်လာပုံ၊ ကဗျာဆရာပေါက်စဆီက ဓာတ်ကူးပြီး တစ္ဆေကိုယ်တိုင် ကဗျာဆန်သွားပုံ၊ “တစ္ဆေ ငါကိုယ်တိုင်ပါပဲ” ဆိုသော ကြည်အေး၏ ကဗျာတစ်ပိုင်းတစ်စကို ရွတ်မိပုံတို့မှာ အသက်ဝင်လှ၏ ။

မင်းသစ်သည် အကြောင်းအရာတစ်ခုကို ဝိုးတဝါးသိရုံနှင့် မရေး ။ ပယ်ပယ်နယ်နယ်လေ့လာပြီးမှ ရေး ၏ ။ “ဝက်ပက်လက်-ကြက်” ဆိုလျှင် ဂျင်လောကအကြောင်းကို အသေးစိတ်ဖော်ကျူးနိုင်သော ဝတ္ထုတစ်ပုဒ် ဖြစ်၏ ။ အသံတိုလျှင် ဖား၊ အသံရှည်လျှင် ငါးရှဥ့်။ အသံလေးလျှင် ဝက်ဟုအကြားအာရုံဖမ်းကြပုံ။ ကပ်ကြွေ၊ ပတ်ကြွေဟူ၍ အထာအမျိုးမျိုးရှိပုံစသည်ဖြင့် ဂျင်ဋီကာ ဖွင့်ပြထား၏ ။

“တစ်စေ့ပိုင်” ၌ ကျောက်စိမ်းမုဆိုး ဖြစ်လာသော ပင်စင်စားယစ်မျိုး မင်းကြီးဦးအောင်လှ၏ ဘဝဇာတ်လမ်းကို သံဝဂယူဖွယ်ရေး ပြထား၏ ။ ကျောက်လောကကို နောက်ခံထား၍ ရေး သည်။ ကျောက်စိမ်းရိုင်းတစ်တုံးကို အကဲဖြတ်ရာ၌ မှော်သစ်လား၊ မှော်ဟောင်းလား၊ မုန်တုခွံကြွေလား၊ ခွံရှပ်လား၊ ခွံမာလား၊ ရေကျောက်လား၊ ကုန်းကျောက်လား၊ ယမ်းနဲ့ မန်းက အနေတော် ရဲ့ လား၊ ပြချက်က ကျားကိုက် ဖြစ်ရဲ့ လားဟု အကဲဖြတ်ရပုံကို ရေး ပြထား၏ ။

ဒါက အချက်အလက်နှင့် စပ်လျဉ်း၍ ဖြစ်သည်။

မင်းသစ်သည် ပတ်ဝန်းကျင်အငွေ့အသက်ပါအောင်လည်း ရေး တတ်၏ ။ “သထုံလမ်းပေါ်က ကံ့ကော်နှစ် ပင်” ဆိုလျှင် ခေတ်ဟောင်းက ကောလိပ်ကျောင်းပုံရိပ်ကို စာကြောင်းရေး နည်းနည်း လေးနှင့် မြင်အောင်ကြားအောင် ရေး ဖွဲ့ထား၏ ။ ဂျင်မနီစီယမ်မှာ ၊ ဆွမ်းမင်းပူးမှာ ၊ အင်းလျားဘုတ်ကလပ်မှာ ၊ ၂၁ ကွင်းသော တင်းနစ်ကုတ်တွေ မှာ ကျောင်းသားတွေ ဖွေးဖွေးလှုပ် ကစားနေကြပုံကို မြင်ယောင်လာသည်။ ဘီအေအေဂရောင်းမှာ “ကိုရုတ်ကွင်းကွ” ၊ “ကိုဝင်းကွ” ဟု ဟစ်ကြွေးကြပုံ၊ “ဗာစီတီ… ဗာစီတီ… ရားရား” ဟု အသံကုန်အော်ခဲ့ကြပုံတွေ ကို ကြားယောင်လာသည်။

“ကုလုံမပါပေလို့” မှာ အကြံအဖန်သိုင်းဝတ္ထုများ ကို သရော်သော ဝတ္ထု ဖြစ်၏ ။ သို့သော် ပေါ့ပေါ့ဆဆမရေး ။ ဝင်စားပြီးရေး သည်။ ဟန်ချောင်းမြို့၊ လုံစန်းတောင်၊ ဝါးစိမ်းအရက်တို့ ပါအောင် ရေး သည်။ ဓားနှစ် လက် စင်းအိ၊ သံထီးရှင် ကျန်းတာဝေ့၊ ဝူတန်းရသေ့ကြီး၊ သံမဏိ ဘွားဘွား၊ လိပ်ပြာမယ် ပါချောင်တို့၏ အော်သံဟစ်သံ တိုက်ခိုက်သံတွေ ဆူညံနေအောင်ရေး သည်။

“နောဧ သဘောင်္ငှားစီးခြင်း”တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် သတိပေးထား၏ ။ ၁၉၈၉ ခုနှစ် မေလထုတ် အိပ်မက်ဖူးမဂ္ဂဇင်းတွင် ရေး ခဲ့သည်။ ယနေ.ထိပ်တန်းရောက်နေပြီ ဖြစ်သော ထိုပြဿနာအတွက် လွန်ခဲ့သော နှစ် ပေါင်းနှစ် ဆယ်ကျော်ကတည်းက သူစိုးရိမ်နေသည်ကို တွေ့ ရ၏ ။

သို့သော် သူကိုယ်တိုင်မှာ ကား…၊ သူ့ဇာတ်ကောင် ဓားရှစ်လက်ဖြင့် ပိုင်းတာကို အကြိမ်ကြိမ် ခံနေရသူ။ တစ်ခါတစ်ရံ ရန်ကုန်မှ မန္တလေးသို့ လေယာဉ်ဖြင့် နေ့ချင်းပြန် မြီးရှည်သွားစားတတ်ပြီး၊ တစ်ခါတစ်ရံ လှည်းတန်းမှ ရန်ကုန်ထဲသို့ ပြန်ရန်ကားခပေးစရာ မရှိသူ။ ရှိလွန်းခြင်းနှင့် မရှိလွန်းခြင်းဆိုသော လွန်းနှစ် လွန်းကြားမှာ ဗျာများ နေသူ။

တစ်ခါကည သုခလမ်းမှာ သူနှင့် ကျွန်တော် လျှောက်နေခိုက် မိုးတွေ ဗြုန်းနဲ ရွာချသည်။ မိုးရွာထဲတွင် တရုတ်လုပ် စက်ဘီးလေထိုးတံတွေ ပွေ့ပြီးရောင်းနေသော လူငယ် တစ်ယောက် ကို တွေ့ ၏ ။ သူကလေထိုးတံတစ်ချောင်းဝယ်သည်။ အတန်ငယ်လျှောက်မိတော့မှ “အိမ်မှာ ရှိပါတယ်။ မိုးကရွာနေပြီ။ ကောင်လေးကိုသနားလို့ ဝယ်လိုက်တာပါ” ဟု ပြော၏ ။ တစ်ကြိမ်ကလည်း ဖူးကျင့်ဘီယာဥယျာဉ်နားမှာ ဘယာကြော်လာရောင်းသော ကုလားလေးထံမှ အကြော်တွေ အကုန်ဝယ်ပြီး တွေ့ ရာလူကို ပေးပစ်တာတွေ ကဖူး၏ ။

သူ့မှာ ဆင်းရဲသားဝါဒစွဲ ရှိသည်။ အားနည်းသူကို သနားညှာတာတက်သော စိတ်ရှိသည်။ ထို့ကြောင့် “ဂလူးကို့စ်ဝယ်သူနှစ် ဦး” လို၊ “စပါးကြီးမြွေ” လို၊ “စတုတ္ထမြောက်လူနာ” လို၊ ဘဝသရုပ်ဖော်ဝတ္ထုများ ကို သူရေး ခဲ့ခြင်း ဖြစ်ဟန်တူသည်။

- ၃ -

“ခံစားသူကြီး” ကိုတော့ ပန်းချီမောင်ညိုဝင်း၏ သရုပ်ဖော်ပုံကစပြီးကျွန်တော် စွဲနေသည်။ သင်္ချိုင်းအတွင်းမှ ဂူတစ်လုံးစီအပေါ်တွင် လူနှစ် ယောက် ပက်လက်အိပ်နေသော ပုံနှင့် ဖြစ်၏ ။ နာနတ်တော သင်္ချိုင်းအတွင်းမှ ဂူတစ်လုံးစီပေါ်တွင် ပက်လက်လှန်၍ လမင်းကို ကြည့်ရင်း ကဗျာရွတ်ပွဲ ကျင်းပခဲ့ကြသည့် မင်းသစ်နှင့် ကိုကျော်တင့်အောင်တို့၏ လုပ်ရပ်ကားအံ့ဖွယ်သုတပင်။ သို့သော် လွမ်းစရာတော့ ကောင်းနေပြန်သည်။

ဤဝတ္ထုထဲတွင် ကိုကျော်တင့်အောင်က မင်းသစ်ကို ပြောခဲ့သော စကားတစ်ခွန်းရှိ၏ ။

“ဒီမှာ မင်းက ကောက်ရိုးမီးပဲကွ၊ မဂ္ဂဇင်းဝတ္ထုလေး ၂ ပုဒ် ၃ ပုဒ် လောက်ရေး လိုက်၊ ၁၀ နှစ် လောက်ပျောက်နေလိုက်၊ နောက် ၄- ၅ ပုဒ် လောက်ရေး လိုက်၊ ၃ နှစ် လောက် ပျောက်နေလိုက်နဲ့ ၊ ဘာလုပ်တာလဲကွ၊ မင်းမှာ ယုံကြည်ချက်ဆိုတာရော ရှိသေးရဲ့ လား”

ယခုတလော သူစာတွေ ပြန်ရေး နေသည်ကို အားရစဖွယ် တွေ့ ရ၏ ။ မဟေသီမှာ “လွမ်းရတဲ့ သူတွေ ” စာစုများ ၊ အလင်းတန်းဂျာနယ်မှာ ဘာသာဗေဒဆောင်းပါးများ ၊ ဝမ်းသာခြင်းနှင့် အတူ ကြောင်းကြခြင်းလည်း ဖြစ်ရသည်။ သူဘယ်တော့များ စာပေနယ်က ထွက်သွားဦးမှာ ပါလိမ့်။

ဟဲမင်းဝေးကပြောဖူးသည်။

“ချက်ကော့က အပျော်တမ်းစာရေး ဆရာ၊ တော် စတွိုင်း ကတော့ ပရောဟိတ်၊ မော်ပါဆင့်က ပရော်ဖက်ရှင်နယ် စာရေး ဆရာ၊ တာ့ဂနယ် ကတော့ တကယ်အနုပညာရှင်”

ယခုနေများ ကိုကျော်တင့်အောင်ရှိခဲ့လျှင် “မင်းက အပျော်တမ်း စာရေး ဆရာလား” ဟု မင်းသစ်ကို မေးလိမ့်မည် တင်သည့်။

- ၄ -

“အိပ်မက်ကွန်ဖရင့်” ကတော့ သူ၏ အပြောင်မြောက်ဆုံးလက်ရာ (mass-terpiece) ဖြစ်မည် ထင်သည်။ နိုင်ငံတကာ အနုပညာအဖွဲ့ချုပ်ကြီး၏ အရေး ပေါ်ကွန်ဖရင့်ကြီးတစ်ခုကို သူဖန်ဆင်းထား၏ ။ ထိုအစည်းအဝေးကြီးသို့ နိုင်ငံပေါင်း ၁၆၁ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြ၏ ။ တစ်နိုင်ငံလျှင် စာပေပညာရှင် ၁ ဦး၊ ဂီတပညာရှင် ၁ ဦး၊ ရုပ်ရှင်ပြဇာတ်သဘင်ပညာရှင် ၁ ဦးနှင့် ပန်းချီပန်းပုပညာရှင် ၁ ဦး၊ ပေါင်း ၄ ဦး တက်ရောက်ခွင့်ရှိ၏ ။ ထို့ကြောင့် ကိုယ်စားလှယ်ပေါင်း ၆၄၄ ဦးတက်ရောက်သည့် ဧရာမအစည်းအဝေးကြီး ဖြစ်သည်။ သူရဿတီခန်းမကြီးထဲ၌ သဘာပတိအ ဖြစ် ဂရိကဗျာဆရာနီရူဒါက ဆောင်ရွက်သည်။ စာပေ၊ ပန်းချီ၊ ဂီတ၊ သဘင်၊ အနုပညာနယ်အသီးသီးမှ အနုပညာရှင်များ စွာ တို့ကို သူ့ဟန်ပန်နဲ့ သူ၊ သူ့နောက်ခံနဲ့ သူ၊ ဝတ္ထုအကြောင်းအရာနှင့် အံဝင်ခွင်ကျ ဖြစ်အောင် စီမံထားပုံမှုာ အံ့သြလောက်ပါသည်။

“ဒါဟာ တကယ်တော့ ကမ္ဘာ့စာပေသမိုင်းနဲ့ မြန်မာစာပေသမိုင်းကို ဝတ္ထုတစ်ပုဒ်တည်းနဲ့ လျှပ်တစ်ပြတ် ပေါ့ပေါ့ပါးပါး တိုတိုတုတ်တုတ် ချပြသွားနိုင်တာပဲ မဟုတ်လား” ဟူသော ဆရာဟိန်းလတ်၏ စကားသည် ဤဝတ္ထုအတွက် အထိုက်အတန်ဆုံးသော မှတ်ချက် ဖြစ်မည် ထင်ပါသည်။

ဝတ္ထုထဲတွင် မြန်မာစာပေကိုယ်စားလှယ်မင်းသစ် တင်သွင်းသော မြန်မာနိုင်ငံမှ ရှဲဒိုးပြဿနာ၊ ဘက်စ်ဆဲလားစ် ပြဿနာနှင့် ကဗျာပြဿနာတို့ကို နှိမ်နင်းရန်အတွက် ဆာအာသာကင်နွန်ဒွိုင်း၊ အီယန်ဖလင်းမင်း စသည့်ပုဂ္ဂိုလ်များ ပါဝင်သော စာပေလူဆိုးထိန်းအဖွဲ့ကို ဖွဲ့၏ ။

သူက အိပ်မက်ကွန်ဖရင့်တွင် ဤသို့ ရေး သားထား၏ ။

“သို့ဖြင့် အချိန်များ စွာ ကုန်သွားပြီးနောက် ကွန်ဖရင့်ကို မနက်ဖြန်မှဆက်လက်ကျင်းပကြရန် ဆုံးဖြတ်ကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်”

- ၅ -

ကျွန်တော် က ဤသို့အိပ်မက် ဆက်မက်ချင်သည်။

နောက်နေ့တွင် အစည်းအဝေးဆက်လက်ကျင်ပ၏ ။ ဆရာကြီးလီယိုတော် စတွိုင်းက တစ်ဖက်သတ် မျက်ကွယ်တွင်း ကြားနာခြင်း (Exparte hearing) ဖြစ်နေသည့်အတွက် ဆရာကြက်တူရွေးကိုလည်း ဖြေရှင်းခွင့် ပေးသင့်သေးကြောင်းပြောလို၍ မင်းသစ်ကိုရှာသည်။

သူရဿတီခန်းမတစ်ခုလုံး တုန်လှုပ်သွားကြ၏ ။

မင်းသစ်ပျောက်သွားပြီ။

မြတ်သင်း

•••

အခန်း(၃)

ဟိန်းလတ်၏ မင်းသစ် အင်တာဗျူး

ကိုမင်းသစ်ရေ…၊ ခင်ဗျားနဲ့ ကျွန်တော် က လူချင်းသိခဲ့ကြတာကိုက အနှစ် နှစ် ဆယ်ကျော်ပြီနော်။ ဒါကြောင့် မို့လို့ ဒီ အင်တာဗျူး ဟာ ကျွန်တော့် အတွက် တာဝန်အကြီးဆုံးပဲဗျာ…။ ဘာ ဖြစ်လို့လဲဆိုရင် တစ်ချို့ပြောချင်ပြောကြမယ်။ ကိုယ့်အချင်းချင်း၊ ကိုယ့်အုပ်စုကိုယ် ပင့်ကြ မြှော က်ကြချီးကျူးကြတယ်လို့။ ဒါပေမယ့် ဒါတွေ ဂရုစိုက်နေလို့လည်း ပြီးမှာ မှမဟုတ်တာ။ ခင်ဗျားနဲ့ ကျွန်တော် က လူချင်းကို အသာခွာထားပြီး စာချင်းပဲ စကားပြောကြမှာ ပဲ မဟုတ်လား။ ကဲ… ဒီတော့ ခင်ဗျားစာပေနယ်ထဲဝင်ပုံကစ, ပြောဗျာ။

ဘာလဲဗျ ကိုဟိန်းလတ်ရဲ့ …။ ကျွန်တော့် ကို အင်တာဗျူး လုပ်မိတာ မှားပြီလို့များ နောင်တရနေသလားဗျ…။ ခင်ဗျားလည်း အဲ့သလောက်တော့ သတ္တိမနည်းပါဘူးနော် ဟဲ… ဟဲ… ။

အင်း… စာပေနယ်ထဲ ဝင်ပုံစပြောရရင်တော့ “စာဖတ်သူ တစ်ယောက် အနေနဲ့ ” စာဖတ်တတ်တဲ့ အရွယ်ကစပြီး ဝင်ခဲ့တယ်လို့ ပြောရမှာ ပဲ။ ဒီလိုပြောရတာ ကတော့ စာရေး တက်သူမှ၊ စာရေး ဆရာမှ စာပေနယ်ထဲ ဝင်ခွင့်ရှိတယ်လို့ကျွန်တော် မယူဆလို့ပဲ။

လူ တစ်ယောက် စာပေနဲ့ ပျော်မွေ့နေပြီဆိုရင် စာပေနယ်ထဲမှာ ရောက်နေပြီလို့ ကျွန်တော် ထင်တယ်။

အဆင့်မြင့် စာဖတ်သူကို အမြင့်ဆုံး စာပေသမားလို့ ကျွန်တော် ယုံကြည်တယ်။

“စာရေး သူ တစ်ယောက် အနေနဲ့ ကတော့” ၁၉၆၆ ခုနှစ် မန္တလေးတက္ကသိုလ်မှာ ကျွန်တော့် ပိုက်ဆံလေး ကျွန်တော် စုပြီး ထုတ်ခဲ့တဲ့ “အညာပလွေ ကဗျာများ ” ဆိုတဲ့ ကဗျာစာအုပ်လေးနဲ့ အတူ စဝင်ခဲ့တယ်လို့ ပြောရမှာ ပဲ။

ဒီနေရာမှာ ကျွန်တော် ယုံကြည်တာတစ်ခုကို ပြောချင်တယ်။ မဂ္ဂဇင်းစာမျက်နှာပေါ်မှာ ပုံနှိပ်ဖော်ပြခံရမှ၊ အယ်ဒီတာကရွေးမှ၊ စာရေး ဆရာ ဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော် လုံးဝမယုံကြည်ဘူး ဆိုတာပါပဲ။

သူငယ်ချင်းတစ်စု ရှိစုမဲ့စုလေးတွေ စုပြီး ထုတ်ကြတဲ့ ချစ်စရာ့၊ သနားစရာ့ကဗျာစာအုပ်လေး တွေ ကို တွေ့ တိုင်း ကျွန်တော် စိတ်မကောင်း ဖြစ်ရတယ်။

အဲဒီ လူငယ်လေးတွေ ကိုရော မဂ္ဂဇင်းစာမျက်နှာပေါ်မှာ မဟုတ်လို့ စာရေး ဆရာ၊ ကဗျာဆရာ မဟုတ်ဘူးလို့ ကိုဟိန်းလတ် ယူဆမလား။

ဒီလိုပါပဲဗျာ။ မဂ္ဂဇင်းအယ်ဒီတာတွေ ရဲ့ စားပွဲပေါ်မှာ ပုံနေတဲ့စာမူဖိုင်တွဲ တွေ ထဲမှာ ကုပ်ကုပ်လေး အိပ်နေရရှာတဲ့ စာရေး ဆရာလေးတွေ တစ်ပုံကြီးပါဗျာ။

ပုံနှိပ်စာလုံးနဲ့ မဟုတ်ဘဲ ကိုယ့်လက်ရေး လေးနဲ့ ကိုယ် …၊ အဲ…အရည်အချင်းအရပါ စာရေး ဆရာ ဖြစ်နေတဲ့သူတွေ ၊ မြန်မာပြည်မှာ အများ ကြီးလို့ ကျွန်တော် ထင်တယ်၊ ယုံတယ်။

ကဲပါဗျာ။ ခင်ဗျားမေးထားတာကိုပဲ တိုက်ရိုက် ဆက်ဖြေပါ့မယ်။ မဂ္ဂဇင်းစာမျက်နှာပေါ်ကို စရောက်တာ ကတော့ ၁၉၆၆ ခု၊ ဖေဖော်ဝါရီလထုတ်၊ မြဝတီမဂ္ဂဇင်းက “ဧည့်သည်ဆိုးသို့” ဆိုတဲ့ ကဗျာလေးဟာ ကျွန်တော့် ရဲ့ ပထမဆုံးသော မဂ္ဂဇင်းပုံနှိပ်စာမူလေးပေါ့ဗျာ။

ဟေ့လူကြီး။ အဲဒီ ကဗျာကိုရှာတော့ မဖတ်နဲ့ တော့နော်။ လွန်ခဲ့တဲ့ ၂၅ နှစ် လောက်တုန်းက ကျွန်တော့် အရည်အချင်းတွေ ကို ခင်ဗျားကိုပြန်တွေ့ နေရင် ဒုက္ခ။

အဲ ပထမဆုံး မဂ္ဂဇင်း ဝတ္ထုတို ကတော့ ၁၉၇၀ ခု၊ သြဂုတ်လထုတ်၊ မိုးဝေမဂ္ဂဇင်းထဲက “လန်ဒန်မိုးခါးရေ” ဆိုတဲ့ ဝတ္ထုတိုပဲဗျ။ ခင်ဗျားလည်း မိုးဝေမှာ စရေး တဲ့အချိန်မှာ ပဲလေဗျာ။ မှတ်မိမှာ ပါ။

အဲ… မေ့နေတာလေးတွေ ပြောရဦးမယ်ဗျ။ မန္တလေးတက္ကသိုလ်မှာ ထုတ်ခဲ့တဲ့ အညာပလွေ ကဗျာစာအုပ်နဲ့ ပထမဆု့း မဂ္ဂဇင်းကဗျာ ဧည့်သည်ဆိုးအထိ၊ ကျွန်တော့် ကလောင်နာမည် က “မောင်မင်းမြတ်(အညာတက္ကသိုလ်)” တဲ့ဗျာ။

ဟဲ့လူ၊ မပြုံးနဲ့ ဗျာ ခင်ဗျားလည်း လုပ်ခဲ့ဖူးတာပဲ မဟုတ်လား။ ကျွန်တော် ဖော်လိုက်ရမလား။ ဟဲ…ဟဲ…။

ဒါပေမယ့် ပထမဆုံးဝတ္ထုတို လန်ဒန်မိုးခါးရေကို ရေး တော့ ကျွန်တော့်  ကလောင်နာမည် ကို “မင်းမြတ်” လို့ပြောင်းလိုက်တယ်။ အမြီးတွေ ဖြုတ်ပစ်လိုက်တယ်။

အခုသုံးနေတဲ့ မင်းသစ်ဆိုတဲ့ ကလောင်နာမည် ကိုတော့ ၁၉၇၀ ခု၊ စက်တင်လာ၊ မိုးဝေထဲက “ကူးစက်တက်သော ခေတ်” ဆိုတဲ့ ကဗျာမှာ စသုံးတာဗျ။

ခင်ဗျားက စာပေလောကထဲ ဝင်ခဲ့ပုံမေးသလို ကျွန်တော် ကလည်း စာပေလောကထဲက ထွက်သွားပုံကို ပြောရဦးမယ်ဗျ။

၁၉၇၀-၇၁-၇၂ နှစ် ပိုင်းတွေ မှာ ကျွန်တော် လစဉ်လိုလို ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးတွေ ရေး ဖြစ်ပါတယ်။ အဲဒီ တုန်း ကတော့ ဂျာနယ်တွေ ကလည်း စည်ကားနေတဲ့အချိန် မဟုတ်လား။

အဲ… ၁၉၇၂ ကျတော့ ကိုနတ် (ဆရာနတ်နွယ်)၊ ကိုအောင်ကျော်၊ မောင်လေးအောင်၊ မောင်သင်းခိုင်တို့နဲ့ အတူ ကျွန်တော် မိုးဝေမဂ္ဂဇင်းကို ထုတ် ဖြစ်တယ်။

ထုံးစံအတိုင်းရှုံးတယ်။

ဘာရမလဲ။ အညာသားပဲဗျ။ ရန်ကုန်မှာ ပိုက်ဆံကုန်တော့ စစ်ကိုင်းကအမေ့ဆီ ပြန်တာပေါ့ဗျ။

ကျွန်တော် စီးလာတဲ့ မြင်လှည်းခကို ဆီးပေးရင်း ကျွန်တော့် အမေပြောတာလေးကို အမြဲသတိရမိတယ်ဗျ။ “ငါ့သားရယ်၊ မင့်မြင်တော. စန္ဒရားချစ်ဆွေသီချင်းကိုသတိရလိုက်တာ” တဲ့။ “ဘာလဲဗျ အမေရ” လို့ ကျွန်တော် က မေးတော့၊“အနုပညာမြတ်နိုးသူကြီးရယ်… သြ… သြ…” တဲ့ဗျ။ ရှက်လိုက်တာ။

မဂ္ဂဇင်းထုတ်ဖို့ ရည်းစားဆီက ချော့ပြီး ချေးငှားထားရတာ တွေ ကလည်း တစ်ပုံကြီး။ အခု အိမ်ထောင်ကျပြီး သားသမီး လေးယောက် ရခဲ့ပါပြီဗျာ…။ အဲဒီ အကြွေးက အတောင်းခံနေရတုန်း။

ကိုဟိန်းလတ်ရေ၊ တိုတိုပဲ ပြောပါတော့မယ်။ အဲဒီ ၁၉၇၂ ကနေပြီး ၁၉၈၂ အထိ ကျွန်တော် စာတစ်လုံးမှ မရေး ဖြစ်တော့ဘူးဗျ။ ငွေနောက်ကိုပဲ နည်းမျိုးစုံနဲ့ လိုက်နေမိတော့တယ်။

ဒါပေမယ့်ဗျာ…၊ မနေနိုင်ပါဘူး။ ၁၉၈၂ မှာ ပြန်ရေး ဖြစ်ပါတယ်။ ၁၀ နှစ် လောက် အောင်းထားရသမျှ မဂ္ဂဇင်းပေါင်းစုံမှာ ဝတ္ထုတိုငါးပုဒ်လောက်ရေး ဖြစ်တယ်။

နောက် ငါးနှစ် လောက် မရေး ဖြစ်ပြန်တော့ဘူး။ ငွေနောက်ကိုပဲ လိုက်နေရပြန်ရော။

အဲ… ၁၉၈၆ မှာ နောက်တစ်ကျော့ ပြန်ရေး ဖြစ်ပြန်တယ်။ အခုထိပဲ။

အဲဒါတွေ အားလုံးပေါင်းလိုက်ရင် ကနေ့အထိ စာရေး သက်၂၅ နှစ် လောက်အတွင်းမှာ ဝတ္ထုတို ပုဒ်ရေ နှစ် ဆယ်ကြီးများ တောင် ရှိသဗျ။

ဟား…ဟား…၊ ဒါကြောင့် လည်း ကျွန်တော့်  ကျောင်းသား တစ်ယောက် က လာပြောတာပဲဗျ။

ဆရာနဲ့ နာမည် တူတဲ့ စာရေး ဆရာ တစ်ယောက် ဝတ္ထုတိုတွေ ရေး နေတယ်တဲ့။ မှတ်ကရော…။

သူ ကျွန်တော့် ကိုသိတာက Bio မင်းသစ်ပဲလေ။ သူ့အပြစ်မဟုတ်ပါဘူး။ ကျွန်တော် ညံ့လို့ ကျွန်တော် ခံရတာ ပါ။ ရေး အားက သိပ်ကောင်းကိုဗျ။

ကဲ… ဒါပါပဲဗျာ။ ခင်ဗျားမေးမှာ ဆက်ပါဦး။

ခင်ဗျားရဲ့ စာတွေ က မြန်မာစာပေလောကမှာ တော် တော် ထူးခြားတယ်။ ဒါမျိုးတွေ အရေး ရှားတယ်လို့ ဆိုရမယ်။ ၁၉၈၈ ခု၊ မေလထုတ် ပန်မဂ္ဂဇင်းမှာ ပါတဲ့ “အိပ်မက်ကွန်ဖရင့်” ဆိုရင်ဖတ်ပြီးသူတိုင်း အံ့သြကြတယ်။ စာပေနယ်က ရိုးရိုးသားသား စာရေး သူတိုင်း၊ ရိုးရိုးသားသား စာဖတ်သူတိုင်း ဒီအချက်ကို မငြင်းနိုင်ပါဘူးဗျာ။ နိုင်ငံတကာ အနုပညာ ထိန်းသိမ်းမြှင့်တင်ရေး အဖွဲ့ချုပ်ကြီးရဲ့ အရေး ပေါ်ကွန်ဖရင့်ကို နိုင်ငံပေါင်း ၁၆၁ နိုင်ငံက စာရေး ဆရာ ဂီတပညာရှင်၊ ရုပ်ရှင်ပြဇာတ်၊ ပန်းချီပန်းပု ဆရာကိုယ်စားလှယ်ပေါင်း ၆၄၄ ဦးတက်ရောက်ကြတယ်။ သဘာပတိဂရိကဗျာဆရာကြီး ဟိုးမား၊ အခမ်းနားမှူး ချီလီကဗျာဆရာ နီရူဒါ၊ တက်ရောက်သူတွေ ထဲမှာ အိုမာခယန်၊ ရာဘင်ဒြာနတ်သ်တဂိုး၊ လူရွန်း၊ ရှိတ်စပီးယား၊ မာယာကော့စကီး၊ ဗာဂျီးနီးယားဝုဖ်၊ ကာ့ဖ်ကာ၊ ဂျိမ်းစ်ဂျွိုက်စ်၊ ကမူး… တို.လို စာရေး ဆရာတွေ ၊ ဗင်ဂိုး၊ ဂေါ်ဂင်တို့လို ပန်ချီဆရာကြီးတွေ ၊ ဘီသိုဗင်၊ မိုးဇက်၊ တော် စကာနီနီ၊ ချိုက်ကော့စကီးတို့လို ဂီတပညာရှင်ကြီးတွေ တက်ကြတယ်။ မြန်မာကိုယ်စားလှယ်အနေနဲ့ အနန္တသူရိယရဲ့ ထောက်ခံစာပါပြီး၊ သခင်ကိုယ်တော် မှိုင်း၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ပီမိုးနင်းတို့ ကျန်းမာရေး မကောင်းလို့ သူတို့ကိုယ်သား တက်လာရတဲ့ “မင်းသစ်” ရယ်၊ ဂီတက မြို့မငြိမ်း၊ အကမှာ က မင်းသမီး မထွေးလေး၊ ပန်းချီအနေနဲ့ ဆရာချုံရယ်။ အဲဒီ မှာ မြန်မာစာပေ ကိုယ်စားလှယ်က ရှဲဒိုးပြဿနာတို့ ဘက်စ်ဆဲလားစ်ပြဿနာတို့ကို တင်သွင်းတယ်။ မြန်မာ ပန်ချီပန်းပုကိုယ်စားလှယ် ဆရာချုံက ကာတွန်းနဲ့ ပန်းချီပြဿနာကို တင်ပြတယ်။ အချီအချ ငြင်းခုံကြတယ်။ ဇာတ်က ဒါပဲ။ အင်မတန် ငြီးငွေ့စရာ ပျင်းစရာကောင်းလှတဲ့ လေးလေးနက်နက် စာပေအနုပညာပြဿနာတွေ ကို ခင်ဗျားရဲ့ ရွင်တဲ့၊ သွက်တဲ့ ရေး ဟန်နဲ့ ရေး သွားနိုင်တာကို မချီးကျူးဘဲမနေနိုင်ပါဘူးဗျာ။ ဒါဟာ တကယ်တော့ ကမ္ဘာ့စာပေသမိုင်းနဲ့ မြန်မာ့စာပေသမိုင်းကို ဝတ္ထုတစ်ပုဒ်တည်းနဲ့ လျှပ်တစ်ပြတ် ပေါ့ပေါ့ပါးပါး တိုတိုတုတ်တုတ် ချပြသွားနိုင်တာပဲ မဟုတ်လား။ ဒီဝတ္ထု ဖန်တီး ဖြစ်ပေါ်လာပုံကို ကိုမင်းသစ် နည်းနည်း ပါးပါးပြောပြဗျာ။

အဲဒီ “အိပ်မက်ကွန်ဖရင့်” ကဒေါသ ဖြစ်လို့ ရေး ဖြစ်တာဗျ။ ကနေ့မြန်မာစာပေလောကရဲ့ ဟိုနေရာ ဒီနေရာမှာ မြင်နေကြားနေရတဲ့ အနိဋ္ဌာရုံတွေ ကို မကျေနပ်လို့၊ ဒေါသ ဖြစ်လို့ ရေး တာ။

အဲဒီ ဒေါသကို အိပ်မက်ထဲ ထည့်လိုက်တော့ အိပ်မက်ကွန်ဖရင့် ဆိုတဲ့ဝတ္ထု ဖြစ်လာတာပါပဲ။

ရှဲဒိုးကိစ္စတွေ ၊ အဲဒီ တုန်းက ထကြွသော င်းကျန်းလွန်းတဲ့ ဝေဖန်ရေး ဆရာ တစ်ယောက် ၊ ပြီးတော့… “အနုပညာသမားတွေ ဟာ စား၊ ဝတ်၊ နေရေး အတွက် ပုံမှန်ဝင်ငွေရတဲ့ အလုပ်တစ်ခု လုပ်ရမယ်” ဆိုတဲ့ဘက်စ်ဆဲလားစ် တစ်ယောက် ၊ အင်း… ခုတော့ ခေတ်ရေစီးကြောင်းတစ်ခုကြောင့် အဲဒီ စာရေး ဆရာနဲ့ ကျွန်တော် မိတ်ဆွေတောင် ဖြစ်နေကြပါပြီ။ အဲ… အဲဒီ အကြောင်းရင်းတွေ နဲ့ အဲဒီ လူတွေ ကြောင့် ကျွန်တော် အဲဒီ ဝတ္ထုကို ရေး ဖြစ်ခဲ့တယ်။

ဝတ္ထုကို ချရေး လိုက်တော့ ကျွန်တော့် ဒေါသတွေ ဟာ အဲဒီ ဝတ္ထုထဲက ဇာတ်ဆောင်တွေ ဖြစ်တဲ့ ဂျော့အိလိယက်(တ်)တို့၊ မာယာကော့စကီးနဲ့ ဗင်ဂို၊ ရှယ်လီ၊ ဘိုင်ရွှန်၊ လော်ရယ်၊ အင်ဒရယ်တို့ဆီကို ကူးစက်သွားတယ်။

ဒါပေမယ့် တခြားဇာတ်ကောင် ဖြစ်တဲ့ ဟိုးမားတို့၊ တဂိုး တို့ ကတော့မေတ္တာ၊ စေတနာတရားတွေ နဲ့ တုံ့ပြန်ကြတယ်။ ကျွန်တော် လည်း သူတို့ တုံ့ပြန်ကြတဲ့အတိုင်း ရေး ခဲ့ပါတယ်။

ကိုဟိန်းလတ်သိတဲ့အတိုင်းပါပဲ။ ကျွန်တော် တို့ဟာ ဇာတ်ဆောင်က တုံ့ပြန်လာရင် မလွန်ဆန် နိုင်ကြပါဘူး။

ဖန်တီးပုံ ကတော့ Time and Space အချိန်နဲ့ နေရာကို ရွှေ့ပြီးတော့ အိပ်မက်မက်လိုက်မိတဲ့ ပုံစံနဲ့ ရေး ပါတယ်။

ဒါမှလည်း ပေါ့ပေါ့ပါးပါး ဖြစ်မယ်လေ။ ကိုဟိန်းလတ်လည်း သိပါတယ်ဗျာ။

“ ပန်းချီမဆွဲတတ်လို့ ကာတွန်းဆွဲကြတာ ” လို့ သတ်မှတ်တဲ့ မြန်မာစာပေနယ်က ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို ခင်ဗျားက ကွန်ဇရင့်မှာ တင်ပြတယ်လို့ ရေး ထားတယ်။ ဒီအခါမှာ ….နယူးစ်ဝိခ်ရဲ့ ပင်တိုင်ကာတွန်းဆရာ လော်ရယ်၊ သန်းချီတန်တဲ့ ပန်းချီကားတွေ ဆွဲနိုင်ခဲ့ပါလျက် ကာတွန်းပဲ စိုက်စိုက်မတ်မတ်ဆွဲတဲ့ ပြင်သစ်က အင်ဒရေတို့ရဲ့ စကားလုံးတွေ နဲ့ “ ပညာရပ်ကို နားမလည်တဲ့ မျက်ကန်းတုတ်ရမ်း ” ဝေဖန်ချက်ကို ချေပခဲ့တယ်။ ကာတွန်းနဲ့ ပန်းချီဘာသာရပ်ခွဲတစ်ခုကို အသရေဖျက်တာပဲ၊ ဗဟုသုတ အနည်းအကျဉ်းဟာ အန္တရယ်ပဲဆိုတာတွေ အထိ ပြန်ဝေဖန်ပြီး ကာတွန်းနဲ့ ပန်းချီသဘောတရားတွေ ကို စာလုံးပေါင်းတစ်ထောင်ကျော်နဲ့ ရှင်းပြခဲ့တယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာ ဖြစ်လို့ ရေး ဖြစ်တယ်။ ဘာကြောင့် ဒီလောက်အထိ ရှင်းပြနေရတယ်ဆိုတာ…..

ကနေ့ မြန်မာစာပေလောကမှာ အဲဒီ ဝေဖန်ရေး ဆရာလို ပညာရပ်တိုင်းကို နားမလည်ဘဲနဲ့ ပညာရပ်တိုင်းကို နားမလည်ဘဲနဲ့ ပညာရပ်တိုင်းကို လိုက်ဝေဖန်နေတဲ့ လူတွေ ကို စိတ်ကုန်လို့။

ပြီးတော့ သူရဲ့ စာပေသြဇာခံနောက်လိုက် တချို့အတွက်လည်း စိုးရိမ်လို့…..။

အဲ့ဒီပန်းချီနဲ့ ကာတွန်း ကိစ္စအတွက် အသေးစိတ်ရေး ပြ ဖြစ်တာပါ။

ပန်းချီ၊ ကာတွန်းပညာရှင်တွေ က သူတို့ရဲ့ ပညာနဲ့ သူတို့ရဲ့ ဖြတ်သန်းမှု တွေ ကို အရင်းအတိုင်း ပြန်ပြောသွားကြလို့ပါ။

ကျွန်တော် က လက်ပဲ စိုက်လိုက်ရတာ ပါ။

ခင်ဗျားရဲ့ ထူးခြားထင်ရှားတဲ့ နောက်ဝတ္ထုတစ်ပုဒ် ကတော့ အိပ်မက်ဖူးမှာ ပါတဲ့ “နောဧသင်္ဘောကို ငှားစီးခြင်း” ဆိုတဲ့ ဝတ္ထုပဲဗျ။ ခင်ဗျားက ဒီဝတ္ထုကို “သိပ္ပံဝတ္ထု” လို့ဆိုထားတယ်။ ခရစ်ယာန်သမ္မာကျမ်းစာ၊ ကမ္ဘာဦးကျမ်းမှာ ပါတဲ့ ကမ္ဘာမြေကြီးကို ရေလွှမ်းမိုးတဲ့အခါ ဘုရားသခင်ရဲ့ အလိုတော် အတိုင်း ဖြောင့်မတ်တဲ့ နောဧဟာ သဘောင်္ဆောက်ပြီး အထဲမှာ နေခဲ့လို့ လွှတ်မြောက်ခဲ့တဲ့ သမ္မာကျမ်းစာလာ အချက်ကို အခြေခံပြီး ရေး ထားတဲ့ဝတ္ထုပဲ။ ဝတ္ထုအစကို ကမ္ဘာဦးကျမ်း (၆း၅ - ၂၂) မူရင်းနဲ့ စထားပြီး တကယ့်ဇာတ်လမ်းက အေဒီ - ၂၉၈၉ နဲ့ ပြန်အစချီထားတယ်။ သဘောဝနဲ့ အသဘာဝ တရားတွေ ဆုတ်ယုတ်ပျက်စီးလာတဲ့ ကမ္ဘာဂြိုဟ်ကို ဒီဝတ္ထုနဲ့ ပူဇော်ပါတယ်လို့ ရည်ညွှန်းချက်ရေး ထားတဲ့ ဒီဝတ္ထုဟာ တကယ်တော့ သိပ္ပံဝတ္ထုထက် သရော်ချက်ပိုင်တဲ့ သရော်စာ ဝတ္ထုကောင်းတစ်ပုဒ်ပဲဗျ။ ဒီဝတ္ထုမှာ သင်္ကေတတွေ ၊ နိမိတ်ပုံတွေ အများ ကြီးပါတယ်။ ဘာပဲ ဖြစ် ဖြစ် ခင်ဗျားရဲ့ ရည်ရွှယ်ချက်ကို စာဖတ်သူ အတော် များများ က နားလည်သဘောပေါက် ကြတယ်လို့ ကျွန်တော် ကြားရပါတယ်။ သိပ္ပံဝတ္ထုတွေ က အဆင့်အမြင့်ဆုံးလို့ ကျွန်တော် ထင်တယ်ဗျာ။ သူရေး တာ ကတော့ သိပ္ပံဆိုင်ရာ အချက်အလက် ပိုခိုင်မာတဲ့အပြင် အနုပညာလည်း အတော် မြောက်လို့ လူကြိုက် အတော် များ ပါတယ်။ ခင်ဗျား ကတော့ ဒီတစ်ပုဒ်ပဲ ရှားရှားပါးပါး သိပ္ပံဝတ္ထု ရေး တယ်ဆိုတော့ ဘယ်လိုရည်ရွယ်ချက်နဲ့များ ….။

ကျွန်တော် ပြောပြီးပါပကောဗျာ။

အမြီးအမောက် အတည့်တာတွေ တွေ့ ရင် ကျွန်တော် ကတော့ သရော်လိုက်ချင်တာပဲဗျ။ ဒါကြောင့် အဲဒီ ၀တ္ထုကို ရေး ဖြစ်တာပါ။

ကိုဟိန်းလတ်ပြောတာမှန်ပါတယ်။ “နောဧ” ဟာ သရော်စာ ၀တ္ထုတစ်ပုဒ်ပါ။

သိပ္ပံဝတ္ထုလို့ ခေါင်းစဉ်တပ်လိုက်တာ ကတော့ ခင်ဗျားနားလည်မယ် ထင်ပါတယ်။ ကမ္ဘာနိုင်ငံတချို့ မှာ လည်း ဒီလိုပဲ အချိန်နဲ့နေရာကို ကစားပြီး ရေး တဲ့နည်းကို သုံးခဲ့ကြတာကြာပါပြီ။

အိပ်မက်ဖူး အမှတ် (၇) မှာ ပါခဲ့တဲ့ ခင်ဗျားရဲ့ “ ချိုသော သကြားနှင့် ခါးသော C12H22O11” ၀တ္ထုတိုကိုလည်း လူကြိုက်များ တာပဲ မဟုတ်လား။ ဒီဝတ္ထုကို စာပေဂျာနယ် အမှတ် (၈) မှာ စိုမြင့်လတ်က ချီးကျူးထားတာလည်း ဖတ်ရပါသေးတယ်။ စာမျက်နှာ အလွန်နည်းတဲ့ ခေတ်ပြိုင် ခံစားမှု ဝတ္ထုတိုလေး ဖြစ်ပေမယ့် စာဖတ်သူကို အလွန်ရှည်လျားတဲ့ အတွေးစတွေ ဖြန့်ကြက်ပေးနိုင်တယ် ရယ်လို့ပြော ထားပါတယ်။

တက္ကသိုလ်ဆရာတစ်ယောကရဲ့ ပင်စင်ယူပြီးဘဝနဲ့ ပင်စင်ယူခါနီး ကျောင်ဆရာတွေ ရဲ့ ဘဝကို စာလုံးနည်းနည်း လေးနဲ့ ပေါ်လွင်အောင် တင်ပြနိုင်တာ တွေ့ ရပါတယ်။ နောဧ သင်္ဘောဝတ္ထုထဲမှာ လည်း သက်ပြည့်ပင်စင်မရသေးလို့ အလုပ်ထွက်ရမှာ ကြောက်နေတဲ့မိန်းမကို ပြန်ပြောတဲ့ အကွက်ကလေးကို စွဲနေမိသေးတယ်ဗျာ။ ကျောင်းဆရာ ဇာတ်လမ်းရေး တာတော့ ဖတ်လိုက်ရပါပြီ။ ဒါနဲ့ တစ်ခုမေးပါရစေဦး။ ခင်ဗျားကျူရှင်လောကမှာ ကျင်လည်ခဲ့တာ နှစ် နှစ် ဆယ်ကျော်ပါပြီဗျ။ ကျူရှင်အကြောင်း ဝတ္ထုတော့ အရေး နည်းလှချည်လား။ ဘာလဲ…..သူများ လောကတွေ တော့ လျှောက်သရော်၊ ကိုယ့်လောကကျတော့ မသရော်ရက်တော့ဘူးလား။ ဟိုဗိုလ်လိပ်ပုရေး ခဲ့တဲ့ “ကျွန်တော် ကျူရှင်ဆရာ” ဆိုတဲ့ ဟာသဝတ္ထုမျိုးထက် ခင်ဗျားရေး ရင် ပိုပြီး ထိမိမှာ မို့ စောင့်မျှော်မိတယ်ဗျ။ ကျွန်တော် လည်းဒီလောကသားထဲကပဲဗျာ။ ခင်ဗျားလို ကတ်သီးကတ်သတ်မြင်တတ်၊ သရော်တတ်တဲ့သူရေး ရင် ပိုဖတ်ကောင်းမှာ မို့လို့ပါ။

မရိပါနဲ့ ကိုဟိန်းလတ်ရယ်။ C12 H22O11 ဝတ္ထုလို ကျောင်းဆရာ ဘဝတွေ ကို ရေး သလို၊ ကျူရှင်လောကကြောင်းလည်း ကျွန်တော် ရေး ဖူးပါတယ်ဗျာ….။

“သုံးလအပြတ်” တဲ့ဗျာ။

ဝတ္ထုတစ်ပုဒ်တည်ကို မဂ္ဂဇင်းနှစ် စောင်မှာ နှစ် ကြိမ်ဖော်ပြခံခဲ့ရပါတယ်။

ပထမပုံနှိပ်ခြင်း ၁၉၈၀ ပြည့်နှစ် ၊ မုံရွာဒေသကောလိပ်မဂ္ဂဇင်းမှာ ၊ ဒုတိယပုံနှိပ်ခြင်းက ၁၉၈၇ ခု၊ ဇူလိုင်၊ မြတ်လေးမဂ္ဂဇင်းမှာ ။

ကျူရှင်လောကကို အပြတ်သရော်ခဲ့တာပေါ့ဗျာ…။ ခင်ဗျားကသာ ကျွန်တော့် ကို အပြစ်တင် နေတယ်။ အဲဒီ ဝတ္ထု ထွက်လာတော့ လုပ်ဖောကိုင်ဖက် ကျူရှင်ဆရာတွေ က ဆဲသလားမမေးနဲ့။

ဒါပေမယ့် ကျူရှင်လောကကို သရော်တဲ့စာတွေ ကို ဘာလို့ဆက်မရေး တော့တာလဲလို့ မေးရင်၊ ကျွန်တော့် မှာ အကြောင်းပြချက် နှစ် ချက်လောက်ရှိပါတယ်။

တစ် - အကြောင်းအရာတစ်ခုကို တစ်ပုဒ်ပဲ ရေး ချင်တယ်။

နှစ် - မြေနိမ့်ရာ လှံမစိုက်ချင်ဘူးဗျာ။

မြန်မာစာပေလောကမှာ ဟာသဝတ္ထုရေး တဲ့သူတောင် အတော် ရှားနေပြီနော်။ သော တာဆွေ၊ ကြပ်ကလေး၊ ကြူမွှေး၊ အီကြာကွေး၊ ဇင်အောင်။ ဟာသထက် ပိုခက်တဲ့ သရော်စာရေး သူ ကတော့ မရှိသလောက်ပဲ။ ဆရာမောင်ထင်တို့ခေတ်ပြီးကတည်းက နောက်ပိုင်း ဒါမျိုးပုဂ္ဂိုလ်တွေ မပေါ်ခဲ့တာ ခင်ဗျား တစ်ယောက် ပဲ အမွေဆက်ခံတဲ့သူ ကျန်ခဲ့တယ်လို့ထင်တယ်။

စစ်ပြန်မဂ္ဂဇင်းမှာ ပါခဲ့တဲ့ “ကုလုံမပါပေလို့” ဆိုတာက သိုင်းဝတ္ထုတွေ နဲ့ ကနေ့စာပေ အကြံအဖန် တွေ ကို သရော်တဲ့စာဗျ။ အကောက်အခွန် မဂ္ဂဇင်း (၁၉၈၉) မှာ ပါတဲ့ “ဆယ်ပြားတန်မင်္ဂလာဆောင်” က စီးပွားရေး သမား အသားဝါတွေ ရဲ့ ကုန်ဈေးနှုန်းကစားပုံတွေ ကို သရော်တာဗျာ။ စွယ်တော် မဂ္ဂဇင်း အမှတ်တစ်မှာ ပါတဲ့ “ဧကရာဇ်မြစ်” ဟာလည်း ဦးဖိုးကျားရဲ့ ကောလိပ်ကျောင်းသား ချွတ်ခန်းလို သရော်စာ၊ မဟေသီထဲက “လန့်ဖျား” က ဆရာဝန်လောကကို သရော်တာ၊ မြဝတီမှာ ပါခဲ့တဲ့ “သိန်းတစ်ထောင်ဂိုဏ်းနဲ့ မဏိမေခလာ” ဆိုတာကလည်း ကျောက်သမားလောက သရော်စာ၊ “ဒေါ်အုံးကြည်နှင့် အလုပ်ခွဲခြားလုပ်ကိုင်ခြင်း သီဝရီ” လို လူမှု ရေး သရော်စာတွေ လည်း ရေး ခဲ့သေးတယ်။ ခင်ဗျား သရော်စာတွေ အတော် ရေး ခဲ့တာပဲ။

အနောက်နိုင်ငံ တွေ မှာ တော့ သရော်စာ တော် တော် ခေတ်စားနေတယ်ဗျ။ “နှစ် ဆယ်ရာစုခေတ်ကို စာပေသမိုင်းဆရာများ က ပြန်လည် မှတ်တမ်းတင် ရလျှင် သရော်စာ လွှမ်းမိုးသော ခေတ်ဟုပင် သတ်မှတ်နိုင်စရာ အကြောင်းရှိမည် ” ရယ်လို့ “ဂျိမ်းစ်ရိဖ်” ရေး တဲ့ “သရော်စာကျမ်း” စာအုပ်ထဲမှာ ကျွန်တော် ဖတ်ဖူးတယ်။ ခင်ဗျားအနေနဲ့ သရော်စာအပေါ် ဘယ်လို သဘောရလို့ ဘယ်လိုရေး ဖြစ်တယ် ဆိုတာပြောစမ်းပါဦှးဗျာ။

ရေး ဖြစ်တာ ကတော့ သရော်စာကို ကျွန်တော် ချစ်လို့ပါပဲ။ သရော်စာရေး ရတာ ပျော်လည်း သိပ်ပျော်တယ်ဗျာ။ ရင်လည်းခုန်ရတယ်။

ကျွန်တော့်  ကိုယ်တွေ့ ပြောရရင်တော့ သရော်စာ ရေး ရတာ ဟာ (Chemistry Titration) ဓာတုဗေဒ တိုက်ထရေး ရှင်း လုပ်နေရသလိုပဲဗျ။

အကြောင်းအရာက (Acid) အက်စစ်၊ အတတ်ပညာက (Alakali) အယ်လ်ကာလီဆိုပါတော့။ တစ်ခုခုက လိုသွားပိုသွားတာနဲ့ (Neutral Point) မျှခြေ အမှတ်ကို မရောက်တော့ဘူးဗျ။ တစ်ခါတလေကျ ပြန်တော့လည်း ကျော်သွားပြန်ရော။

ဘာလို့လဲဆိုတော့ သရော်စာကို ပိုင်းထားတဲ့စည်းက သုံစည်းရှိတယ်လို့ ကျွန်တော် ထင်တယ်ဗျ။ ကျွန်တော် တစ်ယောက် တည်းရဲ့ ပုဂ္ဂလိက အမြင်ပါ။

အဲဒီ စည်းသုံးစည်း ကတော့ ဟာသ၊ ဘဝသရုပ်ဖော်နဲ့ ကလော်စာရိစာ (Irony) တို့ပါပဲ။

သရော်စာနဲ့ အနီးဆုံးကပ်နေတဲ့ စည်း ကတော့ ဟာသ (Humour) ပါပဲ။ သရော်စာနဲ့ ဟာသရဲ့ ကြားမှာ ပြောင်လုံး (Jock) ဆိုတဲ့ နံရံပါးပါးလေးတစ်ချပ်ပဲ ခြားတယ်ဗျ။

ဒီတော့…..သရော်စာ ရေး နေရင်း “အဟား” လွန်သွားပြန်ရင်လည်း ဟာသဝတ္ထု ဖြစ်သွားပြန်ရော။

တစ်ခါ…ဟာသကို ထိန်းရင်းကဒေါသတို့၊ ကရုဏာတရား၊ မေတ္တာတရားတို့က လွှမ်းမိုးသွား ပြန်ရင်လည်း ဘဝသရုပ်ဖော် ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်သွားရော။

အဲ…ဒေါသလည်း သိပ်ကြီးနေရင်တော့ သရော်စာ (Satire) ရေး လို့ မ ဖြစ်သေးဘူးဗျ။ အဲဒီ အချိန်မှာ ချက်ချင်း ချရေး ရင် ကလော်စာ (Irony)နဲ့ သူ့ထက်ပိုဆိုးတဲ့ ဆဲစာပဲ ဖြစ်သွားလိမ့်မယ်။

ဒီနေရာမှာ ဟာသဝတ္ထုတို့၊ (Irony)တို့၊ ဘဝသရုပ်ဖော်ဝတ္ထု တို့ကိုနိမ့်တယ်လို့ ကျွန်တော် ဆိုလိုရင်းမဟုတ်ပါဘူး။

သရော်စာ(Satire) မ ဖြစ်တော့တာကိုပဲ ဖြစ်တတ်တဲ့ သဘောအရ ကျွန်တော် ပြောတာပါ။

အခုထိတော့ ကျွန်တော် ကိုယ်တိုင်လည်း သရော်စာရေး တဲ့ လက်၊ ကလော်စာရေး တဲ့လက်နဲ့ ဘဝသရုပ်ဖော်ရေး တဲ့လက်….။ အဲဒီ လက်သုံးမျိုးကို အပိုင်မထိန်းချုပ်တတ်သေးပါဘူး။

ဒါကြောင့် လည်း ကျွန်တော် ရေး သမျှ သရော်စာချည်း ဖြစ်မလာတာပေါ့ဗျာ။

ခုလို ကိုယ်ဟာကိုယ် ဆောက်တည်ရာ မရသေးတဲ့ ကျွန်တော့် လိုလူ တစ်ယောက် က သရော်စာ(Satire) သန့်သန့်ချည်းဘယ်နှယ်ရေး နေနိုင်ဦးမှာ လဲဗျာ။

ဒါကြောင့် ကိုဟိန်းလတ်ပြောသလို ဆရာမောင်ထင်ရဲ့ အမွေကို ကျွန်တော် မဆက်ခံနိုင် သေးပါ ဘူးဗျာ။

အဲ…..ဆရာ မောင်ထင်နဲ့ ကျွန်တော် တို့တစ်တွေ ရဲ့ ကြမှာ ဆရာကြယ်နီ ရှိသေးတယ်ဗျ။ “ဆရာ ကြယ်နီ” ဆိုတာ သရုပ်မှန် သရော်စာရေး တဲ့ (Satiric Realism) ထဲမှာ ထည့်ကိုထည့်ရမယ့် ဆရာကြီးတစ်ဆူပါ။ အဲ….ကဗျာဆရာ မောင်သင်းခိုင် ကတော့ ဒါ့ထက်ကို မြင့်သေးတယ်လို့ ငြင်းဖူးသဗျ။

အခု လောလောဆယ်မှာ တော့ သရော်စာ(Satire) နဲ့ ပတ်သက်ပြီးကျွန်တော့်  ကြိုးစားမှု ကလည်း ဘာမှ အရာမရောက်လှသေးဘူးလို့ ထင်ပါတယ်။

ဒါပေမယ့် ခင်ဗျားပြောသလိုပဲ ဟာသဝတ္ထုရေး တဲ့သူတောင်ရှားနေပြီဗျ။

အဲ…ချီးမွမ်းခြေကျောက်ရိစာ၊ သလော်စာ(Irony) ဆိုပါတော့ဗျာ။ ဒါလည်း ဟာသထက် မြင့်တယ် လို့ဆိုကြတာပါပဲ။ အဲဒီ လိုင်းကို ကိုင်ပြီး၊ သရှပ်မှန်ကလော်စာ၊ ရိစာ (Ironic Realism) ရေး တဲ့ဆရာ တချို့လည်း၊ အခုတလော မရေး ကြတာ ကြာပြီဗျ။

အဲဒီ တော့ သရော်စာ ရေး တတ်တဲ့လူမရှိတော့ဘူလားလို့ မေးလာရင်လည်း၊ မဟုတ်သေးဘူးဗျ။ အများ ကြီးရှိပါတယ်။ ဥပမာ - မြတ်သင်း၊ မာန်မြင့်၊ ဖေမြင့်၊ မင်းလူ….။

သူတို့သန်ရာ အကြောင်းအရာတွေ ကို ပုံသဏာန်အမျိုးမျိုးနဲ့ ရေး ရင်းက (Satire) လုပ်နေကြတဲ့ စာရေး ဆရာတွေ အများ ကြီးပါ။ သရော်စာကိုရေး တတ်ကြပါတယ်ဗျ။

ဒါပေမယ့် သရော်စာလိုင်း သတ်သတ်ရေး တဲ့ လူ ကတော့ သိပ်မရှိလှဘူးဗျ။

ရေး တတ်တဲ့ သူတွေ ပဲဗျ။ ရေး ကြစေချင်တယ်။

ဒီနေ့ စာပေလောကမှာ သရော်စာ သိပ်လိုအပ်နေတယ်ဗျ။

ဒါနဲ့စကားမစပ်၊စာပေနဲ့တော့ မဆိုင်ဘူးပေါ့ဗျာ…။ အနုပညာလောက ဆိုတော့ နှီးနွှယ်တယ် ပြောလို့တော့ ရမှာ ပါ။ ခင်ဗျား သီချင်းတွေ စပ်ဖူးတယ်နော်…..။ တွံတေးသိန်းတန်ရဲ့ မြန်မာသံ သီချင်းတွေ ရော၊ စတီရီယို ခေတ်ဦးပိုင်းက မင်းမင်းလတ် သီချင်းတွေ ရော၊ နောက်ပြီး ဇီဝကမ္မဗေဒ ကဖားရဲ့ သွေးလွှတ်ကြောအဖွဲ့တို့၊ ယုန်ရဲ့ အစာခြေအဖွဲ့တို့ကိုတောင် ခင်ဗျား သီချင်း လုပ်စပ်ခဲ့သေးတယ် မဟုတ်လား။ နောက်ပြီး ဟိုတုန်းက မိုးဝေမဂ္ဂဇင်းမှာ လည်း ဂီတနဲ့ ပတ်သက်တဲ့ ခင်ဗျား အတွေ့ အကြုံလေးလည်း နည်းနည်း လောက်။

အင်း နည်းနည်း လောကဆိုလို့ ကျေးဇူးတင်ပါတယ်ဗျာ။ တော် ပါသေးရဲ့ ကျွန်တော့် မှာ လည်း ဂီတနဲ့ ပတ်သက်လာရင် အတွေ့ အကြုံက နည်းနည်း လေးပဲ ရှိတာပါ။

အတွေ အကြုံဆိုကတည်းကထုံးစံအတိုင်းကလေးဘဝ၊ကျောင်းသားဘဝက စတာပေါ့ဗျာ။

မန္တလေးတက္ကသိုလ် အနုပညာအသင်းမှာ ၁၉၆၃ ကစပြီး ကျွန်တော် သီချင်းရေး ၊ သီးချင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။ကျောင်းတွင်းပွဲတွေ ၊ ဂီတဆည်းဆာတွေ ၊ ကျောင်းသား ပွဲတော် တွေ မှာ ပေါ့၊ အခုပြဇာတ်ဆရာ၊ ဝတ္ထုတို ရေး ဆရာ ဝင်းစည်သူတို့ လယ်တွင်းသား စောချစ်တို့ လည်းပါသပေါ့။

နောက် ၁၉၆၇ မှာ ရန်ကုန်တက္ကသိုလ်ကို ပြောင်းပြီး နောက်ဆုံးနှစ် တကယ်တမ်း ရည်ရွယ်ချက်က ဘွဲ့ရဖို့ ရန်ကုန်ဆင်းလာတာ မဟုတ်ဘူးဗျ။ ဂီတလောကထဲကို ခြေစုံပစ်ဝင်တော့မယ်ဆိုပြီး ကြွေးကြော်လာတာ။ ဂီတလောကကြီးကို ပြောင်းလဲပစ်လိုက်မယ်ပေါ့။ ဟာ…ဟ။

ကျောင်းပြီးလို့။ အ.ထ.က (၄) အလုံမှာ ကျောင်းဆရာလုပ်နေတုန်း ကိုသိန်းတန်နဲ့ အဆက်အသွယ်ရပြီး ကြေးစားသီးချင်းဆရာဘဝကို လုံးဝ ကူးလိုက်တယ်။

အဲဒီ တုန်းက တွံတေးသိန်းတန် ခေတ်လေဗျာ။ ဒီတော့ ကျွန်တော် လည်း ရုပ်သီချင်း၊ ဓာတ်ပြားသီချင်း၊ ရေဒီယိုသီချင်း၊ သီချင်းပေါင်းစုံကို ပိုက်ဆံရတိုင်း အများ ကြီး ရေး ခဲ့ပါတယ်။ များ သော အားဖြင့် ရုပ်ရှင်နောက်ခံ သီချင်းတွေ များ ပါတယ်။ ဒါကြောင့် ကျွန်တော် သီချင်းရေတာ ကို ခင်ဗျားတို့လောက်ပဲ သိတာပေါ့။

မြန်မာ့အသံမှာ လည်း ဓာတ်ပြားတစ်ချပ်ပဲ ရှိတယ်။ “ဆရာတင်မိုး” ရေး တဲ့ တစ်သက်မှာ သည်တစ်ပွင့်ကဗျာကို ကျွန်တော် အသံထည့်ထားတယ်။ ချစ်စပယ် ဆိုတယ်။

အဲဒီ့ တုန်းက ကက်ဆက်မပေါ်သေးတော့ ရောင်းတမ်း ဓာတ်ပြား ခေတ်ကကောင်းတုန်း။ ဒါပေမယ့် ရောင်းတမ်းဓာတ်ပြားလိုင်းနဲ့ ကျွန်တော် နဲ့ က သိပ်မကိုက်လှဘူးဗျ။ ပုံသဏ္ဌန်အရ ပြောတာပါ။ ဒါကြောင့် ရောင်းတမ်းပြားလည်း တစ်ချပ်ပဲရှိတယ်။

တကယ့်ရောင်းတမ်းစစ်စစ်ဗျ။ နာမည် ကိုက “ရည်းစာရှိရင် ခွင့်လွှတ်ပါ” တဲ့ခင်ဗျ။

အဲ … နောက်တော့ ဂီတကို လုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သိသိလာတယ်ဗျ။

ကျွန်တော် လုပ်ချင်ပြီးတော့၊ ကျွန်တော် မလုပ်နိုင်သေးတဲ့ ကျွန်တော် မလုပ်တတ်သေးတဲ့ ဂီတကိစ္စအားလုံးကို ဟိုး … လွန်ခဲ့တဲ့ နှစ် ပေါင်းများ စွာ တည်းက ဆရာမြို့မငြိမ်း၊ ဆရာရွှေပြည်အေး၊ ဆရာမြတ်လေးတို့ လုပ်သွားခဲ့ကြပြီဆိုတာပါပဲ။

ဒီတော့မှ ဂီတလောကမှာ ကျွန်တော် ဘာမှ ဆက်မလုပ်နိုင်တော့ဘူး။ ဆက်လုပ် စရာလည်း မရှိတော့ဘူးဆိုတဲ့ အသိကို ရလာပါတယ်။

ဒါကြောင့် စောစောက ကျွန်တော့် ရဲ့ ကြွေးကြော်သံကြီးကို ရုပ်သိမ်းပြီး ဂီတလောကထဲက ထွက်ခဲ့ပါတယ်။

ဒါပါပဲခင်ဗျ။

လောဘသားတွေ အကြောင်း ရင်နင့်စရာ ရေး ထားတဲ့ စစ်ပြန်မဂ္ဂဇင်းထဲက ‘တစ်စေ့ပိုင်’ ဝတ္ထု၊ သစ်မွှေးမှော င်ခိုမလေးတွေ ရဲ့ ဘဝသရုပ်ဖော် ‘ခေါင်းကျိုးနဲ့ အောက်စ’၊ ဂျင်လောကအကြောင်း ခရေစေ့တွင်းကျ ရေး ထားတဲ့ ‘ဝက်ပက်လက်ကြက်’၊ ဒီလိုပဲ ‘ဂလူးကို့စ်ဝယ်သူနှစ် ဦး’ တို့၊ ‘သုံးလပြတ်’ တို့၊ ‘စပါးကြီုးုမြွေ’ တို့လို ဝတ္ထုတိုတွေ ကျတော့ ကိုမင်းသစ်ကို ဘဝရုပ်ဖော် စာရေး ဆရာလို့ သတ်မှတ်လို့ ရမယ်ထင်ပါတယ်။ သရော်စော ကျွမ်းတဲ့သူက ဘဝသရုပ်ဖော် အတည်အတံလည်း ရေး တယ်။ ဘဝသရုပ်ဖော်အတည်အတံရေး နေရာကနေ သရော်လိုက်၊ ကလိတိတိ ရိတိတိရေး လိုက်နဲ့ ခင်ဗျားလက်က လိုသလို ရနေတာပဲနော်။ ဆင်ဖြူကျွန်း အောင်သိန်းက ကိုဆေးရိုး ဘဝသရုပ်ဖော် လည်းရေး ။ တစ်ချိန်တည်းမှာ ပဲ ဇင်အောင် နာမည် နဲ့ ဟာသရေး ခဲ့သလို ကိုမင်းသစ်ကျတော့ ကလောင်နာမည် တစ်ခုတည်းနဲ့ အမျိုးစုံ လုပ်ပြနေတာပေါ့လေ။ ခင်ဗျားရဲ့ ဝတ္ထုအကြောင်းအရာနဲ့ ပုံသဏ္ဌန်ရွေးချယ်ပုံ အတွေ့ အကြုံလေးသိပါရစေ။ ဟိုလေ… သရော်စာရေး တဲ့ လက်နဲ့ ဘ၀သရုပ်ဖော် ရေး တဲ့ လက် ဘယ်လို ခွဲပြီး ဖန်တီးသလဲဆိုတာတွေ ပေါ့။ ဘ၀သရုပ်ဖော်ကြားမှာ ခြားထားတဲ့ စည်းတွေ ကို ကျွန်တော် မခံနိုင်သေးဘူးဗျ။

ဒါကြောင့် အမြင်မတော် တွေ ကြောင့် ဖြစ်ရတဲ့ဝေဒနာက မြစ်ဖျားခံလာတဲ့ ရင်နာစရာ အကြောင်းအရာတချို့ကိုသာ ကျွန်တော် သရော်စာ ရေး နိုင်တယ်။

တချို့ အကြောင်းအရာတွေ ကျတော့ ရင်ထဲက တင်းမခံနိုင်တော့ဘူးဗျာ။ ဘ၀သရုပ်ဖော် ၀တ္ထုပဲ ရေး မိတော့တယ်။

ဒါကြောင့် လည်း ကျွန်တော့် ကို ဘယ်သူကမှ မပြောဘူးတဲ့ စကားတစ်ခွန်ကို တစ်နေ့ကပဲ ဆရာမ ကြီး `ဒေါ်ခင်ဆွေဦး’ ကပြောတာပဲဗျ။ `ကိုမင်းသစ် ၀တ္ထုလေးတွေ က တစ်ခါတလေ လွမ်းစရာလေးတွေ နော်’ တဲ့။

ရုတ်ရက်တော့ သရော်စာသမားလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့ ကျွန်တော် လည်း ဆရာမ ကြီးကို ဘာပြန်ပြောရမှန်း မသိဘူးဗျ။ ဆရာမ ကြီးပြောတာ မှန်နေတာကိုးဗျ။ တကယ်တမ်းက အကြောင်းအရာတိုင်းမှာ ``ဗီလိန်´´ ရှိပါတယ်။ သရော်လို့ ရပါတယ်။ ကျွန်တော့် ရင်နဲ့ ကျွန်တော့်  လက်ကိုက မငြိမ်သေးတာပါ။ မမီသေးတာပါ။

ခင်ဗျးပြောသလို ကျွန်တော့် ဝတ္ထုတွေ အကြောင်းအရာစုံတာ ကတော့ တစ်ချိန်က နည်းမျိုးစုံနဲ့ ငွေနောက်ကို လိုက်ရင်း နယ်စုံဘ၀စုံခဲ့လို့ပါ။

အဲ တစ်ခု ကတော့ ရှိတယ်နော်။ အဲဒါတွေ ရေး နိုင်ဖို့ ကွင်းဆင်း လေ့လာရေး လုပ်ခဲ့တာတော့ မဟုတ်ဘူးဗျ။ ပိုက်ဆံလိုချင်လို့ ဟိုဟာလျှောက်လုပ် ဒီဟာလျှောက်လုပ်ရင်းက အဲဒီ ၀တ္ထုကို ရလာခဲ့တာပါ။

တစ်ပုဒ်၊ တစ်ပုဒ်ကို သိန်းချီပြီး ရင်းခဲ့ရတာ ဗျ။ စာမူခရတော့သာ နှစ် ပြားခြောက်ပဲရတာ ။ ဟား…ဟား…။

ဟို ကလောင်နာမည် တစ်ခုတည်းနဲ့ အမျိုးမျိုးလုပ်ပြနေတယ် ဆိုတာ ကတော့ မဟုတ်ပါဘူးဗျာ။ ကျွန်တော် ပဲရေး ရေး ၀တ္ထုနဲ့ ပတ်သက်လာရင် ဒီကလောင်နာမည် ကိုပဲ သုံးချင်လို့ပါ။ ဒီနာမည် နဲ့ ပဲ တာဝန်ယူချင်လို့ပါ။

အကြောင်းအရာနဲ့ ပုံသဏ္ဌာန်ရွေးချယ်ပုံကိုတော့ ကျွန်တော့် ရဲ့ အတွေ့ အကြုံအရပဲ ပြောချင်ပါတယ်။ ပြည့်စုံချင်မှလည်း ပြည့်စုံမှာ ပေါ့လေ။ ဒီလိုဗျ -

အကြောင်းအရာတစ်ခုက ပေးလိုက် တဲ့ ဝေဒနာထဲမှာ ကျွန်တော့် ရည်ရွယ်ချက်ကို သယ်ဆောင်သွားနိုင်တဲ့ စေတနာတရားကို ထည့်ပေးပြီး သရော်စာရေး ပါတယ်။

ကရုဏာထားရမယ့်၊ စာနာမေတ္တာထားရမယ့် အကြောင်းအရာတစ်ခုကြောင့် အဲဒီ စေတသိတ်တွေ ကလာတဲ့ ဝေဒနာထဲမှာ ရည်ရွယ်ချက်ကို သယ်ဆောင်သွားနိုင်တဲ့ စေတနာကို ထည့်ပေးပြီး ဘ၀သရုပ်ဖော် ရေး ပါတယ်။

တကယ်လို့သာ ခင်ဗျားပြောသလို သရော်စာလက်ကို ကျွန်တော် ပိုင်ပြီဆိုရင် ကျွန်တော် သရော်စာပဲ ရေး ချင်တာပေါ့ဗျာ။ အဲသလို ပြောလိုက်လို့ ဘ၀သရုပ်ဖော် ၀တ္ထုတွေ ကို မကြိုက်လို့ မဟုတ်ပါဘူးဗျား။ သရော်စာရေး ရတာ ကို ပိုကြိုက်လို့ပါ။

ဘ၀သရုပ်ဖော် ရေး ရင်း တခြားအကြောင်းအရာတွေ ကို ပုံသဏ္ဌာန် အမျိုးမျိုးသုံးပြီး ရေး ရင်းက သရော်လို့လည်း ရတာ ပဲ မဟုတ်လား။

ဒါပေမယ့် ကျွန်တော် က သရော်စာ သီးသန့်ကို ရည်ညွှန်းပြောတာပါ။ ၀တ္ထုရေး သမား တစ်ယောက် အနေနဲ့ ကျွန်တော် အ ဖြစ်ချင်ဆုံးဘ၀ဟာ သရော်စာသမား (Satirist) ပဲဗျာ။

ခုထိတော့ မရေရာသေးပါဘူးဗျာ…။

အတိုဆုံးဝတ္ထု ခေါ်မလား၊ တစ်မျက်နှာဝတ္ထု ခေါ်မလား။ ဘယ်လိုခေါ်ခေါ်ရနိုင်တဲ့ ၀တ္ထုတိုလေးတွေ ခုတလော ခေတ်စားတယ်နော်။ ဒါမျိုးကစကားလုံး နည်းနည်း လေးနဲ့ ခံစားမယူတွေ တနင့်တပိုးကြီးပေးနိုင်တဲ့ ၀တ္ထုမျိုးတွေ ပဲ။ တော် ရုံတန်ရုံ အတက်ပညာနဲ့ ဖန်တီးလို့ရတာ မဟုတ်ဘူး။ ကိုမင်းသစ်လည်း `မဟေသီ´ ၁၉၈၆ ဇွန်လထုတ်မှာ `လန့်ဖျား´ ကို ရေး ခဲ့တယ်နော်။ နောက်ပြီး `ပန်မဂ္ဂဇင်း´ ၁၉၈၇၊ ဇူလိုင်လထုတ်မှာ ပါခဲ့တဲ `သထုံလမ်းပေါ်က ကံကော်ပင်နှစ် ပင်´ ၀တ္ထုရယ်၊ အဲဒီ မှာ ပန်းချီဆရာကြီး ဦးဘရင်လေးရဲ့ သရုပ်ဖော်ပုံကလည်း သိပ်ကို ခံစားရတာ ပဲဗျာ။ အဲဒီ လထုတ် `မြတ်လေး´ မဂ္ဂဇင်းမှပါတဲ့ `စပါးကြီးမြွေ´ ၀တ္ထုရယ်ဟာ ခင်ဗျားဖန်တီးခဲ့တဲ့ တစ်မျက်နှာဝတ္ထုတွေ ပဲပေါ့။ `သထုံလမ်း´ ၀တ္ထုက တက္ကသိုလ်ကျောင်းထွက် အိုင်စီအက်စ်ဟောင်းကြီး အသက် ၆၀ ကျော် ၇၀ ရွယ် သန်တုန်းမြန်တုန်း ပုဂ္ဂိုလ်ကြီးနဲ့ ညဘက် ဂိုဒေါင်စောင့်လုပ်ရင်း ကျောင်းသားလေးတို့ကို နှိုင်းယှဉ် ရေး တားတာပဲ။ ခင်ဗျားတို့ ကျွန်တော် တို့ မမီလိုက်ခဲ့တဲ့ ကောလိပ်ကျောင်းသားဘ၀ကို စာတစ်မျက်နှာလောက်နဲ့ အသေးစိတ် ဖွဲ့သွားတာဖြင့် ချီးကျူးလောက်ပါပေရဲ့ ဗျာ။ `စပါးကြီးမြွေ´ ၀တ္ထုကျတော့ ကျောင်းဖွင့်ခါနီး စာအုပ်ဖိုး၊ ကျောင်းစိမ်းလုံချည်ဖိုး၊ ကျုရှင်ဖိုးတွေ နဲ့ အသက်ရှူကျပ်နေတဲ့ မိသားစုဘ၀ကို စပါးကြီးမြွေ အမျိုခံရတာ မျိုးနဲ့ နှိုင်းယှဉ်ရေး ထားတာပဲ။ မဟေသီထဲက `လန့်ဖျား´ ၀တ္ထုကလည်း ဘတ်စ်ကားပေါ်က ဆေးကျောင်းသား၊ ဆေးကျောင်းသူ စုံတွဲ တစ်တွဲ ရဲ့ ဆေးကုစားမယ့် ရည်ရွယ်ချက်တွေ သိတာနဲ့ နံဘေးက ထိုင်နေသူတောင် `လန့်ဖျား´ ဖျားသွားရတာ ကို သရော်ချက်ပိုင်ထားတယ်။ လုံးချင်းဝတ္ထုရှည်ရေး တာကို လွယ်တာတော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် ၀တ္ထုတိုရေး ရတာ ကတော့ ပိုခက်တယ်ဆိုတာ စာရေး သူတိုင်း သိပြီးသားပေါဗျာ။ အဲ… ဒါထက် တစ်မျက်နှာ ၀တ္ထတိုရေး ရတာ ပိုလို့ ပိုလို့ ပညာပါမှာ ပေါ့နော်။ ဒါပေမယ့် ခုတလော ဖတ်ဖတ်နေရတဲ့ တစ်မျက်နှာ ၀တ္ထုတိုတွေ ကျတော် ဘာလိုနေသလဲ။ မသိဘူး။ ဘ၀င်မကျစရာတွေ ပဲ တွေ့ နေရတယ်။ တိုတာပဲ အဖတ်တင်ပြီး ရသမဲ့နေတာတွေ များ တယ်ဗျာ။ ခင်ဗျားရဲ့ တစ်မျက်နှာဝတ္ထုအပေါ် သဘောထားလေးလည်း ပြောစမ်းပါဦး။

အကြောင်းအရာ၊ သို့မဟုတ် အခက်အလက်တစ်ခု၊ အတွေးစ တစ်စကပေးမှ ၀တ္ထုဆိုတာ ရတာ ဗျ။

တစ်ခါ အဲဒီ ၀တ္ထုရေး တဲ့အခါမှာ လည်း အဲဒီ အကြောင်းအရာ၊ အချက်အလက်တွေ နဲက ပုံသဏ္ဌာန်ကို ချုပ်နိုင်မှ ၀တ္ထုတို တစ်ပုဒ်ရနိုင်တာ။

အားလုံးကို ချုပ်နိုင်လို့ သုံးကြောင်းတည်းနဲ့ ၀တ္ထုရဲ့ ကိစ္စအားလုံး ပြီးစီးတယ်ဆိုရင်လည်း အဲဒါ သုံးကြောင်းဝတ္ထုတိုပဲပေါ့ဗျာ။ ဘာ ဖြစ်လဲ။ အခုတလော ဖတ်နေရတဲ့ တစ်မျက်နှာ ၀တ္ထုတွေ က မဟေသီတင် မကပါဘူး။ တခြားမဂ္ဂဇင်းတွေ ထဲမှာ လည်း တစ်မျက်နှာဝတ္ထု၊ အတိုဆုံးဝတ္ထု ဆိုပြီး လုပ်နေကြပါပြီ။ အဲ ..ဘယ်ရောက် သွားပါလိမ့် …။ ဟုတ်ပြီ၊ အခုတလော ဖတ်နေရတဲ့ တစ်မျက်နှာဝတ္ထုအများ စု ကတော့ တစ်မျက်နှာတော့ ရှိတယ်ဗျ။ အဲ…၀တ္ထုတော့ မ ဖြစ်ဘူး။ ဒါကြောင့် ခင်ဗျားပြောသလို တိုတာပဲအဖတ်တင်ပြီး ရသ, မဲ့နေတာပေါ့ဗျာ။

တစ်မျက်နှာ ၀တ္ထုတွေ စ, ပေါ်စက အဲ… မဟေသီက စ, သုံးစက လို့ ဆိုရင် ပိုမှန်မယ်။ ရေး လိုက်ကြတာမှဗျာ၊ နာမည် ရပြီး ကလောင်ဟောင်းတွေ ရော၊ ကလောင်သစ်တွေ ရော စုံလို့ဗျ။

အဲ… အသစ်ရော၊ အဟောင်းရော ကောင်းတာချည်းပဲများ သဗျ။ ကျွန်တော် တို့ဆို မဟေသီထဲက ကြူးနှစ် ရဲ့ တစ်မျက်နှာ ၀တ္ထုတိုလေးကို ခုထိ စွဲနေကြတုန်း…။

နောက်တော့လည်း ဒါဟာ အခက်ဆုံး ၀တ္ထုတိုဆိုတာကို သိလိုက ကြောက်တတ်တဲ့ သူတွေ ကတော့ နောက်ဆုတ်သွာြး ကတော့ပါဗျာ။

ဒါပေမယ့် တချို့ ကတော့ တစ်မျက်နှာဝတ္ထုကို ၀တ္ထုတိုလေ့ကျင့်ခန်း လုပ်ရတဲ့ သင်ခန်းစာများ အောက်မေ့နေကြသလား မသိဘူးဗျ၊ ရေး သလား မမေးနဲ့ ။ မဂ္ဂဇင်းအတော် များ မှာ ဖက်ရှင်တစ်ခုလိုတောင် ဖြစ်နေပြီ။

အဲဒီ တော့ ခင်ဗျားပြောသလိုတွေ ဖြစ်နေတော့တာပါ။

ကျွန်တော် နောက်ထပ် တစ်မျက်နှာ ၀တ္ထုတို အသစ်တစ်ပုဒ် ဘယ်တော့မှ ရေး နိုင်ပါမလဲဆိုတာ မသိသေးဘူးဗျ။

ဘာပဲ ဖြစ် ဖြစ် `မဟေသီ´မဂ္ဂဇင်းရဲ့ ကျေးဇူးကြောင့် မြန်မာစာပေ လောကဟာ တစ်မျက်နှာဝတ္ထုတို စစ်စစ်ကောင်းကောင်းလေးတွေ အတော် များများ ရလိုက်ပါတယ်။

နောက်ဆုံးမေးချင်တာတော့ မေးရိုးမေးစဉ်ပဲဆိုပါတော့။ ဒီနေ့ မြန်မာစာပေ လောကနဲ့ အနာဂါတ် မြန်မာစာ လောကအကြောင်း ခင်ဗျားအထင် ခင်ဗျားအမြင်။

ဒီနေ့စာပေလောကကို တိုးတက်နေတယ်လို့ ကျွန်တော် မြင်တယ်။ ကဗျာရော စကားပြေရောပါ။

ကဗျာဆိုရင် အကောင်းဆုံးအဆင့်ထိ ခြေလှမ်းဝင်နေပါပြီ။ တချို့ကဗျာသစ်သမားတွေ ဆိုရင် ကာရန်ငဲ့ လွတ်လပ်ကဗျာအဆင့်ကိုကျော်ပြီး ကာရန်ကိုပါ စွန့်လွတ်လိုက်ကြတာကို တွေ့ နေကြရပါပြီ။

ကဗျာသစ်အားလုံး သင်္ကေတ၊ နိမိတ်ပုံ၊ အသံခွန်အားတွေ နဲ့ ဘယ်တုန်းကနဲ့မှ မတူအောင် စည်ပင်နေကြပါတယ်။

စကားပြေမှာ တော့ အများ ပြောကြသလို ၀တ္ထုတိုခေတ်ပါ။

ဒီနေရာမှာ ဘယ်တုန်းက ဘယ်လို စလိုက်ကြတယ်တော့မသိဘူးဗျ။ ဘ၀သရုပ်ဖော်တွေ ဟာ အဟောင်းစာရင်းထဲ အထည့်ခံလိုက်ကြရတယ်။

ပုံစံခွက်တဲ့။ ရေခဲရိုက်တဲ့။

လက်သည်းဆိတ်လို့ လက်ထိပ်နာလိုက်ရပေမယ့် ပြောတဲ့သူတွေ လည်း သိပ်မလွန်ဘူးဗျ။

နာမည် ရပြီး ဘ၀သရုပ်ဖော်သမား အတော် များများ ဟာ သူတို့ပိုင်နိုင်ကျွမ်းကျင်နေပြီ ဖြစ်တဲ့ ၀တ္ထုရေး နည်း အတက်ပညာကို အလွဲသုံးစားလုပ်ပြီး ဝေဒနာမပါဘဲ ၀တ္ထုတွေ ရေး နေကြတယ်။

အတက်ပညာကိုလည်း ပိုင်နိုင်ပြီးသား၊ အကြောင်းအရာကလည်း ဘ၀သရုပ်ဖော်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရွေးရေး တာဆိုတော့ ဖတ်ကောင်းတဲ့ ၀တ္ထုတစ်ပုဒ်တော့ ဖြစ်လာသပေါ့။ ဒါပင်မယ့် အရင်ဟာတွေ နဲ့ ပုံစံတူတွေ ပဲ ထွက်လာကြတယ်။

ကြာတော့ စာချင်ထပ်၊ လူချင်းထပ်နဲ့ ဘ၀သရုပ်ဖော်ကိုပါ ဆင်းရဲတဲ့ ငတ်တဲ့ကြောင်းရေး တဲ့ ၀တ္ထုပုံစံတစ်ခုလို့ အဓိပ္ပါယ်အကောက်ခံကြရရော။

နောက်ပြီး အတက်ပညာပိုင်းကိုလည်း`သစ်´ဖို့မကြိုးစားချင်ြ ကတော့ဘူး။ ပိုင်ပြီးသား လုပ်စားနေ ကျနည်းကိုပဲ ဆက်သုံးနေကြတယ်ဗျာ။

ဒီတာ့လည်း အဟောင်းထဲ အထည့်ခံရတာ မဆန်းတော့ပါဘူးဗျာ။

ဘ၀သရုပ်ဖော် ၀တ္ထုတွေ နဲ့ ပတ်သက်ပြီး `စံပယ်ဖြူ´မဂ္ဂဇင်းမှာ မန္တလေးက `ကြည်ဇော်ဝင်း´ ပြောသွားတဲ့ `ဝေဒနာမပါဘဲရေး ကြတယ်´ ဆိုတဲ့ ဝေဖန်ချက်နဲ့ မန္တလေးထုတ် ရွှေဝတ်ရည် မဂ္ဂဇင်းထဲက `စုထား´ ရဲ့ `ပုံစံတူတွေ ´တွေ ဆိုတဲ့ အယူအဆကို ကျွန်တော် သဘောတူတယ်။

ဟေ့လူ ဘာပြုံးတာလဲ။ ဘာလဲဗျ ကျွန်တော် က စစ်ကိုင်းသားမို့ မန္တလေးအုပ်စု၊ အညာအုပ်စု ဖွဲ့လိုက်တာလို့များ ခင်ဗျားထင်နေသလားဗျ။

ကဲ…ပြောပြမယ်။ အဲဒီ ကြည်ဇော်ဝင်းဆိုတဲ့ စာရေး ဆရာနဲ့ မန္တလေးမျာ တွေ့ တွေ့ ချင်းရန် ဖြစ်ဖူးသဗျ။ စုထားဆိုတဲ့ ဆရာမ ကိုတော့ မြင်တောင် မမြင်ဘူးပေါင်ဗျာ။ အယူအဆကို ကြိုက်လို့ ကျွန်တော် ထောက်ခံလိုက်တာပါ။

အဲဒီ အုပ်စု ကိစ္စတွေ လည်း တော် ကြပါတော် ဗျာ။ ကျွန်တော် တို့အားလုံးအတွက် အားလည်းကုန်၊ အချိန်လည်းကုန်ပါတယ်။

နောက်ပြီး မလိုတဲ့ကိစ္စတွေ ကို ဝေဖန်ရေး လုပ်တာတွေ ၊ အတင်းအဖျင်းကိစ္စတွေ ၊ တစ်ယောက် နဲ့ တစ်ယောက် ချောက်ချတာတွေ စိတ်ညစ်တယ်ဗျာ။

သူများ ၀မ်းသာမယ့်အလုပ်တွေ မလုပ်ကြပါနဲ့ တော့ဗျာ။

(မဟေသီမဂ္ဂဇင်း၊ ၁၉၉၀၊ ဇူလိုင်လ)

•••

အခန်း(၄)

လန်ဒန်မိုးခါးရေ

ကမ္ဘာကျော် စာရေး ဆရာ၊ ဝေဖန်စာရေး ဆရာကြီး ဂျော့ဟင်နရီလီဝစ် သည် နံနက်စာနှင့် အတူ `ကန့်´ ၏ ယထာဘူတဗေဒကျမ်းစာကို သုံးဆောင်ပြီင်္း ညစာနှင်အတူ့ `ဂီးထား´၏ ကဗျာတစ်ပုဒ်ကို ပွဲတော် ခေါ်လေ့ရှိသည်ဆို၏ ။ တကယ်ပဲလား၊ အတ္ထုပ္ပတ္တိရေး သူကပဲ စေတနာဖြင့် အတိသယဝုတ္ထိအလင်္ကာ

မြောက်စွာ ချီးပထားသည်လား မပြောတတ်နိုင်ခဲ့ကြ။

သို့သော် ကိုမြတ်သူဆိုသော လူ တစ်ယောက် ကိုသာတွေ့ မိပါမူ ဟိုလူရေး တာ မလွန်တန်ရာဟု တွေးမိပါမူ ဟိုလူရေး တာ မလွန်တန်ရာဟု တွေးမိကြပေလိမ့်မည် ။ ဟုတ်သားပဲ။ သည်လူကလည်း နံနက်မိုးလင်းသည်နှင့် တစ်ပြိုင်နက် နေ့စဉ်ထုတ် သတင်းစာများ ကို ပေါင်မုန့်ထောပတ်သုတ်၊ ကော်ဖီတစ်ခွက်နှင့် အတူ ရောမြည်းလိုက်ရာမှ ထိုနေ့အတွက် နေထွက်သည်ဟု ထင်မှတ်နိုင်ကာ ဘဝင်ကျသည့် ပုဂ္ဂိုလ်မျိုး။

ယနေ့နံနက်တွင် မူ “ကြေးမုံ” သည် နံနက်စာ အားလုံးထဲတွင် ကိုမြတ်သူအဖို့ စိတ်ခံတွင်း အတွေ့ စေဆုံးသော အာဟာရတစ်ခု ဖြစ်နေလေပြီ။

“ဟဲ့၊ ကော်ဖီတွေ အေးကုန်ပြီလေ သားရဲ့ ။ တကတဲမှတော် ။ သတင်းစာတို့၊ ဝတ္ထုစာအုပ်တို့များ တွေ ရင် ဆွေမေ့မျိုးမေ့၊ ထမင်းမေ့ ဟင်းမေ့ပဲ။ ကြည့်စမ်း၊ မုန့်တွေ လည်း ယင်အုံကုန်ပြီ”

မိခင် ဖြစ်သူက သူ့ကို လာရောက် ဆူပူကြိမ်းမောင်း၏ ။ သို့သော် ဤအ ဖြစ်မျိုးမှာ သူတို့သားအမိနှစ် ယောက် စလုံးအတွက် ရိုးနေလေပြီ။ နံနက်တိုင်း ဤအိမ်တွင် ဖြစ်ခဲ့၊ ဖြစ်ဆဲ၊ ဖြစ်နေလိမ့်မည် ဖြစ်သော မိသားစု ပဋိပက္ခခေါ်လေမလား။ ဝိရောဓိ ဆိုရလေးမလား မသိသော ဤပူညံပူညံ အရေး အခင်းသည် အစာစားရင်း စာဖတ်တတ်သော ကိုမြတ်သူကြောင့် နေ့စဉ် သံသရာလည်နေရမြဲပင်။

ကိုမြတ်သူ ကတော့ သူစိတ်ဝင်စားမိသည့် သတင်းတစ်ပုဒ်ကို ထပ်ကာဖတ်မိပြန်သည်။ စာပေဗိမာန်တွင် ကျင်းပသော ဘာသာပြန် ဆွေးနွေးပွဲ၌ ဝေါဟာရတို့ကို တတ်နိုင်သရွေ့ ဘာသာပြန် တင်ပြကြသည်ဆိုသည့် သတင်းကို သူက စိတ်တွင်းမှ ထောက်ခံ ဆွေးနွေးနေမိ၏ ။

သို့သော် အချို့ဝေါဟာရတို့မှာ ဘာသာပြန်၍ မ ဖြစ်နိုင်ဘဲ မူရင်းအနက် အဓိပ္ပယ်ကို ပျက်ပြယ်သွားနိုင်သည်ဟုလည်း သူက စဉ်းစာရင်း သတိထားမိပြန်၏ ။ အချို့သော ဝေါဟာရတို့မှာ မူ ဘာသာပြန်စရာပင် မလိုတော့ဘဲ အသက်ကြီးကြီး လူကြီးကြီးတွေ ပြောသလို “မွေးစားစကားလုံး” များ ဖြစ်နေကြပြီ။ ပြည်သူပိုင် သိမ်းထားပြီးကြပြီ။ ထို့ကြောင့် ကော်မတီ၊ ကောင်စီ၊ ကော်ပိုရေး ရှင်း၊ ဘုတ်အဖွဲ့၊ မဂ္ဂဇင်းဂျာနယ်၊ ဖောင်တိန်၊ မော်တော် ကား၊ လီဗာ၊ စတီယာ၊ မီတာ၊ ဘက်ထရီ၊ ရေဒီယို အစရှိသဖြင့် အင်္ဂလိပ်စာတတ် မြန်မာပညာရှိတို့ ဘေးမဲ့ပေးထားရသော ဝေါဟာရတို့ကို သူက ခွင့်လွှတ်လိုက်ရပြန်၏ ။

မှန်ပါသည်။ အချို့ဝေါဟာရတို့မှာ မူ ဘာသာပြန်ကာမှ ဒုက္ခလှလှကြီးတွေ့ နိုင်၏ ။ စာရေး ဆရာကြီးတစ်ဦး ပြောသလိုပင် မော်တော် ကား “ဂီယာ” ဟူသော ဝေါဟာရအား ဘာသာပြန်ပြီး “ရှေ့ထိုးနောက်ငင်ပြုရသော အမြန်နှုန်းပြောင်း ကိရိယာကို ဒုတိယဆင့်သို့ သွင်းလိုက်ပါ” ဟု ပြော၍ မဆုံးမီကားသည် လမ်းဘေးသစ်ပင်ကို ဝင်ဆောင့်ပေလိမ်မည် ။ တစ်ဖန် “ဘရိတ်အုပ်လိုက်ပါ” ဟူသော စကားကို ဆက်လက်၍ မြန်မာမူ ပြုလိုလျှင်လည်း တမလွန်ဘဝကျခါမှ ယမမင်း ဦးစီးကျင်းပသော ရောရုဝ ဘာသာပြန် ဆွေနွေးတင်ပြခွင့်ရလိမ့်မည် ။ တကယ်တမ်းဆိုလျှင်လည်း ထို ဝေါဟာရတို့မှာ ကမ္ဘာ သုံး ဖြစ်နေလေပြီ။ ခြွင်းချက်တစ်ရပ်အနေဖြင့် ဥပက္ခောပြုသင့်ပါသည်။

စင်စစ်အားဖြင့် လည်း ကိုမြတ်သူ နားကြားကတ်နေမိသည်မှာ မြန်မာလိုပြောလည်း ခွဲတမ်း အဖြတ်မခံရပါဘဲနှင့် သိုးဆောင်းဘာသာဖြင့် သုံးစွဲနေကြသော စကားအသုံးနှုန်းများ သာ ဖြစ်၏ ။ ထို့ပြင် ကျွန်ဘဝတုန်းက ဗြိတိသျှဗျူရိုကရက် အရာရှိများ ၏ ဘွဲ့နာမည် တို့ကို အစွဲပြုပြီး မှည့်ခေါ်ထားသော အဆောက်အဦး၊ လမ်း၊ ရပ်ကွက်တို့၏ အမည် များ ကိုသာလျှင် ဖြစ်၏ ။ အစိုးရကလည်း ထိုပြဿတိုနှင့် ပတ်သက်၍ လမ်းအမည် များ ကိုမြန်မာအမည် သို့ ပြောင်းခဲ့လေကြလေပြီ။ သို့သော် အချို့လမ်းတို့ကား ချောင်ကျ၍ ၊ မင်းပေါက်စိုးပေါက် မဟုတ်၍ လား မပြေတတ်။ မပြောင်းကြရသေးပေ။ မကျေနပ်သူတွေ က သတင်းစာထဲတွင် လူထုအော်သံ အခန်းမှနေ၍ ရေး ကြ၊ဆူကြပေါင်းလည်း များ လှပါပြီ။ တစ်ဖန် နာမည် ပြောင်းပြီးသော လမ်း၊ အဆောက်အဦးတို့ကိုပင် မူလ အင်္ဂလိပ် အမည် ဖြင့် ဆက်ခေါ်မြဲခေါ်ကာ နှုတ်သီး အရသာတွေ့ နေသော မစ္စတာဦးနှင့် မစ္စက်ဒေါ်တို့ကလည်း ရှိသေး၏ ။

ကိုမြတ်သူသည် သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိ၏ ။ သို့သော် သတင်းစာတစ်နေရာမှ ကြော်ငြာလေးတစ်ပုဒ်က သူ့ရင်ကို ချမ်းမြေ့စေ၏ ။ ယခင် စိန့်ဂျွန်းကွန်ဗင့်ခေါ် အထက (၂) လသာမှ ကျောင်းသူလေးတစ်သိုက်က အင်္ဂလိပ်အမည် ရိုစီ၊ မိုရင်း စသည်ကို ဖျောက်၍ နီလာ၊ ဥမ္မာ ဟူသော အမည် တို့ကို ပြောင်းကြပါသည်ဟူသော ယင်းကြော်ငြာလေးကမူ ကိုမြတ်သူအား ရွှင်လန်းအားရစေသည်၏ မြန်မာမှု မြန်မာ့ဟန်ခေတ်မှာ သင်းကလေးတွေ လည်း ရှက်လာဟန် တူပါလေရဲ့ ဟု တွေးမိရင်း သူ့ကိုယ်သူလည်းရှက်လာမိသည်ဒ မှန်သည်။ သူလည်း“ ဆောရီး” တွင် တွင် သုံးတက်သော အမျိုးသားကောင်း တစ်ဦပေကိုး။

“ဒင် ဒင် ဒင်”

နာရီထိုးသံကြားမှာ သတိရသည်။ ကိုမြတ်သူသည် လက်ဖက်ရည် စားပွဲမှ ထရင်း မိခင် ဖြစ်သူအား စကားတစ်ခွန်း လှမ်းပြောလိုက်သည်။ သို့ သော်လျှာက အကျင့်ပါနေ၍ နည်းနည်း တော့ ထင်းရှူးနံ့ နံသွား၏ ။

“မာမီရေ ကျွန်တော် ချာ့ခ်ျလမ်း ခဏသွားဦးမယ်နော်။ ဂီတ ကောင်စီမှာ ရဲဝင်းတို့၊ တင်ဦးလေးတို့နဲ့ ချိန်းထားလို့ ”

“အေးအေး၊ ညနေသာ စောစောပြန်ခဲ့။ သြော် ဒါနဲ့ မင်းအချိန်ရရင် စပတ်လမ်းက မာဂျရင်း ဝင်ဝယ်ခဲ့စမ်းကွယ်။ ဆန်းဒေးအတွက် ပေါင်မုန့်သုပ်စရာကုန်နေပြီသိလား”

ရှေးကွန်ဗင့် ကျောင်းထွက်ပေးမို့လား၊ ကျွန်သက် ပိုရှည်ခဲ့၍ လား မသိ။ အဘွားကြီး ပြောလိုက်သော ဝါကျတွင် ဘိုဟောဟာရတွေ တစ်ပြုံကြီးပါလာခဲ့၏ ။ ထို့ပြင် လမ်းပေါ်သို့ ရောက်နေသော သား ဖြစ်သူအား ထပ်ကာအော်ပြောလိုက်သေး၏ ။

“ဟဲ့သား သိမ်ဖြူဆရာတော် ကျောင်းကိုပါ ဝင်ခဲ့သိလား။ ပြီးတော့ ငါ့အတွက် စားနေကျ တေဆေးယူခဲ့နော်။ အိမ်မှာ ကုန်ခါနီး နေပြီ”

ကိုမြတ်သူမှာ ပြုံးချင်ချင် ဖြစ်ရ၏ ။

ဗိုလ်အောင်ကျော်လမ်းကို စပတ်လမ်းဟု ခေါ်ရမှ ကျေနပ်ပြီး သိမ်ဖြူလမ်းဟု အမည် ရှိသော်လည်း ကျွန်ခေတ်တုန်းက အမည် ဖြစ်သည့် ဂျူဒါအီစကယ်လမ်းဟု ခေါ်လိုက်ရမှ နှုတ်ချို၍ လျှာအရသာတွေ့ သော သူ့အမေသည် သိမ်ဖြူဆရာတော် ကိုကား ဂျူဒါအီစကယ်ဆရာတော် ဟု မခေါ်ပါချေ။

အင်း… ဒီနေရာမှာ တော့ တေဆေးက နိုင်သွားပြီထင်ပါရဲ့ ။

•••

ဘက်စ်ကားမှာ လာခဲလှသည်။ ယနေ့ စနေနေ့ ဖြစ်သော ကြောင့် အတိုးအဝှေ့များ ပြီး မှတ်တိုင် များ တွင် ကြန့်ကြာနေဟန်တူ၏ ။ တွေးနေမိစဉ်မှာပင် လမ်းအကွေ့က ဘက်စ်ကား အရှည်ကြီး တစ်စီး တွားထွက်လာ၏ ။ နံပတ် ၈ မှဟုတ်ရဲ့ လား။ ဟုတ်တယ်။ ရေး တောင်ထားသေး။

“လင်းစ်ဒေါင်း၊ အင်းစိန်” တဲ့။

ကိုမြတ်သူသည် နှာခေါင်းရှုံလျက် ဘိုကပြားစာတန်းရေး ထားသော ထိုကားကြီးပေါ်သို့ အပြေး အလွှားတက်လိုက်ရ၏ ။ ကားသည် သမိုင်းလမ်းဆုံမှာ ခွာခဲ့ပြီးနောက် ဘုရားလမ်းမှတ်တိုင်၊ နောက် သမိုင်းချည်စက်၊ ပန်းပဲဖို၊ အုတ်ကျင်း၊ သုခလမ်း၊ သံလမ်း၊ စံရိပ်ငြိမ်၊ လှည်းတန်း စသည်ဖြင့် ကျော်လွန်လာခဲ့ရာမှ မြေနီကုန်းသို့ ရောက်ခဲ့လေပြီ။ ထို့နောက် မြေနီကုန်းမှအထွက် ဗိုလ်ရှုခံ အနီးသို့ အရောက် အသံပြာလဲ့လဲ့ စူးစူးနှင့် စပယ်ယာခေါ် လက်မှတ်ရောင်းသူက ရုတ်တရက်အော်သည်။

“အလုံလမ်း ပါလား”

တစ်ကားလုံး တုတ်တုတ်မျှ မလှုပ်။ ဘက်စ်ကားစီးရသော ရန်ကုန်လူတန်းစားတို့၏ ထုံစံအတိုင်း မျက်နှာသေးလေးတွေ နှင့် ထိုင်နေကြ၏ ။ စပယ်ယာသည် ကျီးကန်းမျက်လုံးဖြင့် ကားအတွင်းသို့ တစ်ချက်မျှ ဝှေ့ယမ်း ကစားလိုက်ပြီးနောက်

“ ဆွဲ ဆရာ၊ ဟယ်(လ်) ပင်လမ်းထိဆွဲ”

မကြာမီ ဟယ်(လ်) ပင်လမ်း မှတ်တိုင်၌ ကားရပ်သည်တွင် ကားပေါ်မှ ဆင်းကာ ထိုလမ်းအတိုင်း အရှေ့စူးစူးသို့ လျှောက်ခဲ့သည်။ ကိုမြတ်သူသည် ဟယ်(လ်)ပင်လမ်းကို မကျေမနပ် ဖြစ်ရင်း ခြေဆောင့် နင်းချေ၏ ။

စဉ်းစားကြည့်လေ။

သမိုင်းမှတ်တိုင်မှ မြေနီကုန်အလွန်ထိ ကားရပ်ခဲ့သမျှ မှတ်တိုင်ကလေးများ မှာ ဖြစ်၏ ။ ဟံသာဝတီ၊ စံရိပ်ငြိမ်၊ မဟာမြိုင် စသည့်ဖြင့် ။

ကဲ၊ ဘယ့်ကလောက် ချစ်စရာကောင်းသလဲလို့။

တက္ကသိုလ်နားက “ လိုင်းပေါက်” နှင့် “ ကမာရွတ်” တို့သာ နည်းနည်း ထောပတ်စော်နံ၏ ။ ဒါလည်း မွေးစားသမီးပေကိုးဟု နားလည်ခွင့်လွှတ်လိုက်၏ ။

သို့ သော်သတိထားမိသည်ကား မြေနီကုန်းမှ လွန်လျှင်ပင် အလုံလမ်း၊ ထို့နောက် ဟယ်(လ်)ပင် လမ်းဟူ၍ ဘိုလို ပျစ်ပျစ်နှစ် နှစ် ပြည့်ပြည့်ဝဝကြီး ခေါ်ထားသော လမ်းကို စတွေ့ ရ၏ ။ စပယ်ယာ အော်ဒါထုတ်၍ ဒရိုင်ဘာ မောင်းသော ယင်းနံပါတ် ၈ ကားကြီးသည် လင်းစ်ဒေါင်းထိ သွားပါလိမ့်မည် ။ သြော်၊ ရန်ကုန်မြို့ထြ ရောက်လေလေ ။ မြန်မာမှု လေးတွေ နှင့် ကင်းဝေးလေလေ။

ဘာပဲ ဖြစ် ဖြစ် ထိုအတွေး ထိုသတိကြောင့် ကိုမြတ်သူသည် ကိုယ့်ကိုယ်ကိုယ် ဤခေတ်ကြီးနှင့် အမီ တော် လှန်ရေး လုပ်၍ မြန်မာမှု ပြုရန် ဂရုပြုမိသည်။ ရှက်မိသည်။

ပထမဆုံး ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး သည် လွန်စွာ မှ အရေး ကြီးကြောင်း၊ ဟိုတလောက စာအုပ်ကို အဟောင်းဈေးတွင် ပုတ်ပြတ်ရောင်း၍ ပွလာဟန်ရှိသော စာရေး ဆရာတစ်စု နန်းသီတာထဲတွင် ပြောနေသံ ကြားလိုက်ရ၏ ။ နောက်ပြီး ရန်ကုန်မှ မန္တလေးသို့ ဆဲသံနှင့် မန္တလေးမှ ရန်ကုန်သို့ ကလော်တုတ်သံဟု အမည် မတပ်ဘဲ စာပေဝေဖန်ရေး စာအုပ်ဟု အမည် ပေးထားကြသော မန္တလေးသားရေး သည့် စာအုပ်နှင့် ရန်ကုန်သားရေး သော စာအုပ်တို့တွင် လည်းကိုမြတ်သူတို့ “ဂဏှာဟိ” လိုက်ရဖူချေ၏ ။

နောက်ပြီး နောက်ပြီး ဟိုနိုင်ငံက ဟိုခေါင်းဆောင်ကြီးကလည်း တော် ပြီ၊ ရပ်တန်းကရပ်။ ပြောရင်းဆိုရင်း ဖော်ရင်းမိတ်(ဒ်) အတွေးအခေါ်သည် ပင်လည်ကိုဖြတ်၊ တောင်ကိုပတ်၍ သူ့ခေါင်းတွင်းသို့ အဘယ်ကြောင့် ချက်ချင်း ပြေးဝင်လာရပါသနည်း။

ကိုမြတ်သူသည် တောက်တစ်ချက် ကျယ်ကျယ်ကြီး ခေါက်လိုက်မိ၏ ။

မည် သို့ ပင် ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး လုပ်သင့်၏ ။ တစ်ဆက်တည်းမှာ ပင် စည်းရုံးရေး လုပ်သင့်သည်ဟု တွေးမိ၏ ။ စည်းရုံးရေး မပါသော တော် လှန်ရေး မှာ ကလေးပျက်ကျတက် သည်ဆိုလား၊ သူကြားဖူး၏ ။ ကိုမြတ်သူ ပထမဆုံး ချဉ်းကပ်စည်းရုံးရေး မပါသော ရမည့် သူမှာ ပက်ထရစ်ရှာအောင် ဖြစ်၏ ။

ဟုတ်ပါပေသည်။ သူ့ကိုမှ မစည်းရုံးလျှင် ကိုမြတ်သူအဖို့ ဘယ်သူ့သွား စည်းရုံးရမည် နည်း။ ပက်ထရှာအောင်ကိုကား သူကောင်းကောင်းချဉ်းကပ်နိုင်၏ ။ ဒူးတိုက်ဆွေးနွေးရုံမက ၊ ရင်ချင်းအပ်၍ နှီးနှောနိုင်သည်။

ဟုတ်ပါပေသည်။ အကြောင်းဟူမူ ထိုမိန်းကလေးသည် သူ့ချစ်သူ့။ ဆက်လက်စည်းရုံးရမည့် သူမှာ အိမ်က မာမီခေါ် အဘွားကြီး။ နောက်ပြီးတော့ သူငယ်ချင်းများ ။

သို့ သော် ရှေ့က ပိတ်ဆီးကာ၊ ဖြတ်သန်းနေသော လမ်းတစ်လမ်းကြောင့် ရင်ထဲတွင် မချိဘဲ အတွေးစ ပြတ်သွားကာ သက်ပြင်းလည်း ချလိုက်ရ၏ ။

“ ဟင်း ဂေါ်ဒွင်လမ်းထောင့် ရောက်မှကိုး”

စိတ်သစ်လူသစ် ကိုမြတ်သူသည် ယဉ်ကျေးမှု ရိပ်မြုံ တည်ရာ ဖြစ်သော ထိုလမ်းကို မြန်မာလို ခေါ်ဝေါ်ချင်ပါသော်လည်း မြန်မာအမည် လည်းမသိ၊ ရှိလည်းရှိဟန် မတူသော ကြောင့် ဂေါ်ဒွင်လမ်းဟုပင် ရင်နာစွာ ခေါ်လိုက်ရချေ၏ ။ တမလွန်ဘဝမှ ဗြိတိန်ကျွန်းသား ဗိုလ်ချုပ်ဂေါ်ဒွင် ကျေနပ်ပါစေတော့။

ထိုဂေါ်ဒွင်းလမ်းအတိုင်း ညာသို့ ချိုး၍ တောင်ဘက်သို့ လျှောက်ခဲ့ရာ ယဉ်ကျေးမှု ရိပ်မြုံကို လွန်သော် လက်ဝဲဘက်သို့ ကွေ့သော လမ်းတစ်လမ်းကို တွေ့ လိုက်ရသည်။ ထိုလမ်းကား ချာခ်ျလမ်းဟု သူတို့တစ်တွေ မြီန်ရေရှက်ရေ ခေါ်ခဲ့ကြဖူးသော ဂီတကောင်စီတည်ရာ နဝရတ်ရိပ်သာလမ်း။ မင်္ဂလာရှိပါဘိတောင်း။

ဂီတကောင်စီ ရုံးခန်းထဲတွင် ကား လူစုံလှချေ၏ ။

“ ဟိုင်း၊ သေခြင်းဆိုး၊ ဘယ်ပျောက်နေလဲ”

စန္ဒရား ကိုထွန်းနိုင်၏ နှုတ်ဆက်သံကြောင့် သူတော် တော် အောင့် သွားပါသည်။ သီချင်းဆိုရာ၌ သာယာနာပျော်ဖွယ် ကောင်းသလောက် စကားပြောရာ၌ အော်ကြီးဟစ်ကျယ်ဖြင့် အတုံးလိုက် အတစ်လိုက် သုံးတက်သော အနှီ စန္ဒရားဆရာ အဆိုတော် သူငယ်ချင်းအား မျက်စောင်းထိုးကြည့်မိ၏ ။ ကြည့်ဦးလေ။ သေခြင်းဆိုးဟု မြန်မာလို ဆဲသည်ကို ကိုမြတ်သူက ခွင့်လွှတ်နိုင်သော်လည်း “ဟိုင်း” ဟု အမေရိကန်လို နှုတ်ဆက်မူကိုကား သူက ခွင့်မလွှတ်နိုင်။

သိုသော် ငါ စိတ်သစ်၊ လူသစ် ဖြစ်တာကို သင်းတို့ မသိသေး၍ သာ ဖြစ်ရှာပေမည် ဟု ကရုဏာရှေ့ထားကာ ခွင့်လွှတ်လိုက်ရ၏ ။

“ရဲဝင်းနှင့် တင်ဦးတို့ ရောက်လာပြီလားကွ”

“ အေး၊ ရှိတယ်ကွ။ တီးသွားပိတ်နေတယ်”

ဖြေသူကား တယောဆရာ ကိုဗဟိန်း။ သူလည်း ကပြားလောကထဲမှ ရုန်းမထွက်နိုင်ရှာသေးပါလား။ လက်ဖက်ရည်သောက် သွားသည်ကိုပင် တီး (Tea) သွားပိတ်သည်ဟု ခွစကားပြော၏ ။ ကောင်း၏ ။ အင်း။ တဖြည်းဖြည်းတော့ စိတ်ရှည်လက်ရှည် ပြုပြင်ယူရမှာ ပေါ့လေ။

“ဟေ့မြတ်သူ။ မင်းဒီအပတ် လွှင့်ဖို့ ငါ့အတွက် သီးချင်းရေး ပြီးပြီလား”

အဆိုတော် ကိုမျိုးနိုင်က တံခါးဝမှ ဝင်လာရင်း လှမ်းမေးသည်။ သည်တော့မှပင် အလုပ်ကို သတိရသည်။ ကိုမြတ်သူကား သီချင်းရေး ဆရာ တစ်ဦး ဖြစ်၏ ။ သည့်ထက် ပို၍ ခန့်ညားအောင် တန်ဆာတင်ရသည်ရှိသော် ဂီတစာဆို တစ်ဦး ဖြစ်၏ ။

“အေးဗျာ၊ သိင်း(မ်) (Theme) မရသေးတာနဲ့ ”

ပြောရင်းဆိုင်း၊ ကိုမြတ်သူ တစ်ယောက် ဘိုလို အူမိပြန်ချေပြီ။

“ဟေ့ကောင်၊ သိပ်အပင်ပန်းခံမနေနဲ့ ။ ဗမာသံ ငါသိပ်မဆိုချင်ဘူးကွာ။ ကျွန်း (Tune) ပဲဆိုချင်တယ်။ ဟိုလေကွာ အယ်(လ်)မာတီနို တွေ ဆိုတဲ့ လာ့ဖ်အစ်ဘလူး (Love is blue) ဆိုတဲ့ သီးချင်းကို ငါ သိပ်ကြိုက်တယ်ကွာ။ သူ့ရစ်သင်(မ်) (Rhythm) က သိပ်ညက်တာ။ အဲဒါ မင်းက ဗမာလို စာလုံးပြောင်းထည့်လိုက်ပေါ့၊ ဟုတ်လား”

ကောင်းကြပါလေရာ။ ကိုမြတ်သူခမျာ တော် တော် စိတ်ညစ်သွား၏ ။ ခေတ်ပြောင်းသည်ကိုလည်း မသိ၊ သူပြောင်းသည်ကိုလည်း မသိကြသေးသော ထိုသူတို့အကြားတွင် ကိုမြတ်သူသည် ကျီးတို့အလယ်မှ ဒေါင်းတစ်ကောင်နှယ်။

တကယ်တော့လည်း သူတို့ကိုလည်း၊ အပြစ်မဆိုသာပါချေ။ မြန်မာ့ ဂီတလောကထဲ ဝင်ခါမှ သိုးဆောင်း သီချင်းများ နှင့် သာ ရင်းနှီးခွင့်ရခဲ့သည် မဟုတ်ပါလား။ အခြားသူတွေ ကို ထားလိုက်ဦး။ ကိုမြတ်သူ ကိုယ်တိုင်ရေး ခဲ့သော “စကြဝဠာမှာ အလှဆုံး” သီချင်းသည် “ကွမ်တို ကွမ်တို” (Quen- to Quen-to) ကို ဘောင်ဘီ ဆွဲဆွဲချွတ်ထားထားခြင်း ဖြစ်ပြီး “အသည်းတစ်စစီကြွေကုန်ပြီ” ဟူသော တေးမှာ လည်း“အန်ဒါနိသ် မင်းဂိုးထရီး” (Underneth the Mango Tree) ကို ပုံတူကူးထားခြင်းသာ မဟုတ်ပါလော။

မကြာသေးမီကမူ ကမ္ဘာအလယ်တွင် မြန်မာဂီတသမားတို့အစား ရှက်လာဟန်ရှိသော မြန်မာ့အသံသ မိတ်ကပ်ပေါ်သနပ်ခါး ထပ်လူးသော သီချင်းများ လွှင့်ခွင့်မပြုဟု စည်းကမ်းထုတ်၏ ။ ကိုမြတ်သူတို့ လူစုက ဘာလုပ်ကြသည် ထင်သနည်း။ မြန်မာ့အသံက ကြားဖူးဟန်မတူသော နိုင်ငံခြားသီချင်းများ ကို ကတ်သီးကတ်သတ် ရှာဖွေလာ၍ ခိုးချကြကုန်၏ ။

သူငယ်ချင်း ဂီတစာဆို တစ်ဦးက သူ့သီချင်းသည်“ ဂွာတီမာလာ” ဆိုလား၊ “ဟွန်းဒူးရပ်စ်)” ဆိုလား၊ အဲဒီ နိုင်ငံက ကျေးလက်သီချင်းကို ခိုးချထားခြင်း ဖြစ်သည်ဟု ပြော၏ ။ သူကပင် ကိုမြတ်သူအား တီးတိုးသတင်းပေးသွား သေးသည်။ ယနေ့ နာမည် ကြီးနေသာ သီချင်းတစ်ပုဒ်သည် မကြာမီက လွတ်လပ်ရေး ရသွားသော “ မော်ရေး ရှပ်(စ်)ကျွန်းစု” ၏ နိုင်ငံတော် သီချင်းကို မြန်မာမှု ပြုထားခြင်းသာဟု ဆိုသည်။ ဟုတ်မဟုတ်ကား မသိ။ ကိုမြတ်သူကား တော် တော် ကြက်သီးမွေးညင်း ထသွားကာ ဘုရားတလိုက်မိ၏ ။

“ကလင် ကလင် ကလင်”

ထိုစဉ် တယ်လီဖုန်းက မြည် သည်။ ကိုလေးအောင်က ပြန်ထူး၏ ။

“ဟယ်လို၊ ကျွန်တော် လေးအောင်ပါ။ သြော်၊ ကိုမြတ်သူလား။ ရှိပါတယ်ခင်ဗျာ။ ခဏကိုင်ထားပါ”

ကိုလေးအောင်က မျက်စိတစ်ဖက် မှိတ်ပြရင်း စကားပြောခွက် လှမ်း၍ ပေးလာ၏ ။

အမိန့်ရှိပါခင်ဗျား။ ကျွန်တော် မြတ်သူပါ”

“ဟင်း၊ ထင်းသားပဲ။ ပက်ထရစ်ရှာပါကိုရဲ့ ။ ဒီအချိန်ဆို ဂီတကောင်စီမှာ ရောက်နေမယ်ဆိုတာ သိပါတယ်”

“ နေပါဦး၊ ခု ဘယ်က ပြောနေတာလဲ။ ကျောင်းမတက်ဘူးလားဟင်”

“အခု အော့(ဖ်) ပီးရီးရော့(ဒ်) လေကိုရဲ့ ။ အလဲင်း(န်)မှာ ကျူတို ရီယယ်(လ်) ကလာ့စ် ရှိတယ်။ အဲဒါ စတူးဒင့်တာကနေ လှမ်းပြီးဖုန်းအပ်(ပ်) လုပ်တာလေ ကိုရဲ့ ”

သည်သို့ သော အားလပ်ချိန်ကို အော့(ဖ်)ပီးရီးရော့(ဒ်) (Off period) ဟုခေါ်၍ နည်းပြသင်တန်းကို ကျူတိုရီယယ်(လ်) ကလာ့(စ်)(Turtorial Class) ဟုသုံးနှုန်းကာ ကျောင်းသားရိပ်ကို စတူးဒင့်စင်တာ(Studient Center) ဟု အသံထွက်သော မီးလင်းဟောဟာရ များ ကြားဝယ် ကိုမြတ်သူသည် တစ်သက်လုံး ကျင်လည်ခဲ့ရပြီး ဖြစ်၏ ။ သို့ သော် သည်နေ့အဖို့မှု ပက်ထရစ်ရှာအောင်၏ စကားရပ်တို့ကို ရင်တွင်းမှ အမှီလိုက်၍ ဘာသာပြန်ရင်း မောနေရသလို ရှိ၏ ။

ထားတော့။ စနစ်ဟောင်း တက္ကသိုလ်ခေတ်တုန်းက ကိုမြတ်သူတို့ သုံးနှုန်းခဲ့ကြသည်မှာ ထူး၍ မဆန်းလှသော်လည်း သိပ္ပံပညာကိုပင် မြန်မာဘာသာဖြင့် သင်ကြားနေသော စနစ်တက္ကသိုလ်၏ ။ သမီးပျိုကျောင်းသူကြီး ပက်ထရစ်အောင်သည် စတုတ္ထနှစ် မြောက် မြန်မာစာအဓိက ကျောင်းသူ တစ်ဦး ဖြစ်ပါလျှက် အဘယ်ကြောင့် ဖို့ယိးယား ဘားမီး(စ်) မေဂျာဆန်ချင်ရပါသနည်း။ ရှိစေတော့သူနာမည် ကိုက ပကိထရစ်ရှာ။

“ဟေး ကို ဘာငိုင်နေတာလဲ။ တစ်နေ့က ပြောတော့ မေ့သွားပြီလား။ တွဲ လ်မှာ ကလာ့(စ်) ပြီးမယ်လေ။ အဲဒါ မြို့ထဲကို လာခဲ့မယ်နော်။ စကော့မားကက်ကို လိုက်ပို့မယ်ဆို”

“ဟေ၊ ဘာစကော့မားကက်လဲ”

ကိုမြတ်သူသည် စိတ်တို စိတ်ရှုပ်ဖြင့် အော်လိုက်မိ၏ ။ အခန်းထဲက လူတွေ ကတော့ ပြုံးဖြီးဖြီး ဖြစ်နေကြ၏ ။

“ကိုဘာ ဖြစ်နေတာလဲဟင်။ ဒီနေ့ ကို အူကြောင်ကြောင်နဲ့။ စကော့ဈေးလိုက်ပို့မယ်လို့ သူပဲ ပြောထားပြီး၊ ဟော ခုမှ သတိရတယ်။ ပစ်ချလည်းပြမယ်ဆို။ ကဲ အချိန်မရှိတော့ဘူး။ ကွန်တီနင်တယ်(လ်) အောက်က စောင့်နေ။ ကျူတိုရီယယ်(လ်) ဖြေပြီးရင် လာခဲ့မယ်”

“ဘယ် ကွန်တီနင်တယ်(လ်) လဲဟင်”

“ကြောင်လိုက်တာ မောင်ရယ်၊ ချိန်းနေကျနေရာတွေ တောင် မေ့ကုန်ပြီလား။ ကဲ၊ ပြည်သူ့မုန့်တိုက် ဘေးမှာ မုန့်နံ့တွေ ရှူပြီး သွားရည်ကျရင်း စောင့်နေပါဘုရား။ ကဲ၊ ဒါပဲ ဘိုင့်ဘိုင်”

တစ်ဖက်က ဖုန်းချသွား၏ ။ ကိုမြတ်သူမှာ ဒီနေ့မှ ပြုပြင်ပြောင်းလဲရေး စလုပ်ခါစမို့ထင့်။ အသားကလည်းမကျသေး။ စပ်ကူးမပ်ကူးတွင် လှိမ့်ခံနေရ၏ ။ တကယ်တော့ အများ ညီ၍ “ဝလုံး” ကို “အို” ဖတ်နေကြသော ဘိုအသိုင်းတွင် ၊ သူ တစ်ယောက် တည်း“ဝလုံး” နေချင်သည်မှာ ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်းသာ။

သို့ သော် တွေးငေးနေချိန်မရ။ နှလုံးသားပေးတာဝန်က ရှိသေး၏ ။ ဦးထွန်းငြိမ်း၏ အင်္ဂလိပ်မြန်မာ အဘိဓာန်ကိုတိကျစွာ ကိုးကား၍ “မေဂျာ (Major)” ဟူသော အင်္ဂလိပ်ဟောဟာရကို တိကျစွာ ဘာသာပြန်ပြီး သုံးနှုန်းရလျှင် စတုတ္ထနှစ် မြောက် မြန်မာစာ“တပ်အုပ်ဗိုလ်” ကျောင်းသူကြီး၏ အမိန့်အရ၊ ဟို ကွန်တီနင်တယ်(လ်) ဆိုသော နေရာသို့ သွားရပေဦးမည် ။

•••

သည်တစ်ခါတွင် မူ ပက်ထရစ်ရှာသည် မှန်သော စကားကို ဆို၏ ။ ပြည်သူ့မုန့်တိုက်ကား မွှေးလှပါချေ၏ ။ သို့ သော် သူကိုယ်သူ တော် လှန်ရေး သတိချပ်ရ၏ ။

“ အဆော့တက်ကိတ်” ဟူသည် “မုန့်ပျားသလက်” မဟုတ်ပါ ချေတကား။

ကိုမြတ်သူသည် မိမိကိုယ်ကို ကျေနပ်အားရစွာ ပြုံးရင်း ပပဝင်းရုံ ဘက်သို့ သွားပြီး သုံးနာရီခွဲပွဲ လက်မှတ်နှစ် စောင်ဝယ်ခဲ့ဒ။ ပြည်သူ့မုန့်တိုက် ဘက်သို့ ပြန်ကွေ့လာစဉ်မှာ ပင်၊ ယုဇနရုပ်ရှင်ရုံအောက်မှ ခေါက်ထီးတယမ်းယမ်းနှင့် မျဉ်းဖြောင့်ဆွဲ၍ ခြေချကာ တန်းတန်းမတ်မတ် ဆတ်ဆတ်ကလေး လျှောက်လာ သော ပက်ထရစ်ရှာအောင်ကို တွေ့ လိုက်ရ၏ ။ သည်တော့မှပင် ငြီးငွေ့မှု တို့သည် ကိုမြတ်သူ၏ ကိုယ်မှ၊ စိတ်မှ ရုတ်ခြည်း ထွက်ပြေးကုန်၏ ။

“စောင့်နေရတာ ကြာပြီလာဟင်၊ ထရိုင်ဝှီးလ်တွေ ခေါ်ရတာ ကိုမရဘူး။ လည်းတန်းအဝိုင်းမှာ အကြာကြီး ရပ်စောင့်နေရတယ်၊ သိလား။ သုံးဘီးသမားတွေ က သူတို့အိမ်မှာ ငွေတွေ စုမိနေကြလို့ အလှပြမောင်းရုံပဲ ထွက်မောင်းနေကြသလား မသိပါဘူး”

နှုတ်ခမ်းလေးနှစ် ဖက်ကို စုချွန်လျက် အမောတကော ချစ်စဖွယ်လေး ပြေပြနေရှာသော မိန်းကလေးကို ငေးစိုက်ကြည့်မိရင်း သုံးဘီးကားသမား တို့ကို ပါးသွားရိုက်ချင်စိတ်ပေါက်နေမိ၏ ။ ဒီလောက်လှတဲ့ကောင်မလေးလည်း သူတို့က ဒုက္ခပေးတာပဲဟု ကိုမြတ်သူက စိတ်တွင်းမှ ရေရွတ်မိ၏ ။ သူသည် သူ့ချစ်သူ၏ အလှအပကို သတိပြု သုံးသပ်ရင်း ထူးကဲလှသော သူ့ကုသိုလ်ကံကို သူကိုယ်တိုင် ချီးကျူးနေ၏ ။

အင်း၊ သည်မိန်းကလေးကို လက်လွတ်ခံ၍ မ ဖြစ်။ ပက်ထရစ်ရှာအောင်ကမူ စကားစ မပြတ်သေး။

“ ပလေဒီယံက ကားအတွက် လက်မှတ်ဝယ်ပြီးပြီလာဟင်၊ ဘွတ်(ခ်) ကင် လုပ်ထားတယ်မို့လား။ ဒါတွေ ချစ်ရတာ ပေါ့”

ကိုမြတ်သူ ကတော့ ငိုင်ငူနေဆဲပင်။

“ကဲ ကိုယ်တော် ချော။ ငိုင်မနေနဲ့။ နေဦး နေဦး ကာ(လ်)တန်မှာ ပိုစတာ ဝင်ကြည့်ကြအုံးစို့နော်၊ အမြည်းသဘောပေါ့၊ ဟော့လား။ နောက်အပတ်မှ ပြနော်”

ပက်ထရစ်ရှာက ရယ်ကျဲကျဲနှင့်ေ ရှ့ကထွက်သွား၏ ။ ကိုမြတ်သူကလည်း အလှူရှင်မှန်း သိသာ စေရန် ဘေးချင်းယှဉ်၍ ရင်ကော့လျှေက်နိုင်အောင် အမောတကော ကြိုးစားရင်း ဗိုလ်ချုပ်အောင်ဆန်းဈေး ခေါ် စကော့ဈေးသို့ ရောက်ခဲ့ကြသည်။

“ကဲ ကို၊ ပါရာစရမ်ကို အရင်သွားရအောင်”

နောက်က လိုက်ခဲ့ရပါသည်။ ထိုနောက် ပြည်သူ့ဆိုင်ဟူသော ဆိုင်းဘုတ်အစိမ်းတပ်ထားသည့် ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ခဲ့ကြ၏ ။ သည်တော့မှ သဘောပေါက်ရသည်။ ပြည်သူပိုင်ဆိုင် ဖြစ်နေပြီး ဖြစ်သောါလည်း ရန်ကုန်သူတို့သည် မူလ အမည် အတိုင်းပါရာစရမ်ဟု ခေါ်ရာမှ ကျေနပ်ကြ၏ ။ ပါရာစရမ်မှ ဝယ်လာသော မိတ်ကပ်ဟု ပြောရမှ ဂုဏ်ရှိသည်ဟု ထင်ကြ၏ ။ ထို့ကြောင့် ပြည်သူ့ဆိုင်ဟု အမည် ပြောင်းမှု သည် ထိုမိန်းမလှလောကတွင်းကား မအောင်မြင်ပါချေ။

“ဒီ ရှေနယ် (လ်) ဖိုက်ပါဖျူးမ်က ဘယ်လောက်လဲ”

အရောင်းစာရေး က ပြန်ဖြေ၏ ။

“ရှစ်ဆယ်ကျပ် သုံးဆယ့်ငါးပြားပါ”

ကိုမြတ်သူ ကတော့ အထင်မကြီး။ စိတ်မဝင်စား။ သူစိတ်ဝင်စားနေမိ သည်မှာ ကားငွေစပယ် ဟူသော ပေါင်ဒါဘူးကလေးနှင့် မဉ္ဖူ ရေမွှေးပုလင်း များ ကိုသာလျှင် ဖြစ်ပါ၏

ယင်းသို့ ငွေကျပ် ရှစ်ဆယ်ကျော်တန် ပြင်သစ်နိုင်ငံလုပ် ရေမွှေးပုလင်းက စပြီး ဈေးမေးသော သူ၏ ကောင်မလေးသည် ငါးကျပ်တန် မျက်ခုံးမွေးဆွဲတံ ကလေး တစ်ချောင်းကိုသာ ကပျာကယာ ဝယ်လျက် ဆိုင်တွင်းမှ ထွက်၏ ။ ရှု ကတော့ တင်းဆဲ။ ပါရာစရမ်က နိုင်ငံခြား ဖြစ် အလှကုန်ကို ဝယ်ခဲ့သူ မဟုတ်လား။

“ဆာတယ် ကိုရယ်”

သည်တော့လည်း ခေါင်းတစ်ချက် ညိတ်ပြပြီး စားသောက်ဆိုင်တန်း ရှိရာသို့ ခေါ်လာခဲ့ရသည်။ အခြားနေရာများ ၌ ဘိုဆန်နိုင်သော်လည်း တို့ဗမာလျှာကို ပိုင်ဆိုင်သော အဖေမြန်မာဘ အမေမြန်မာ၊ ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ ဖြစ်ပြီး ပြည်ထောင်စု မြနိနိုင်ငံသား မှတ်ပုံတင်ကတ်ပြားကို ကိုင်ဆောင်သည့် အနှီသူငယ်မသည် အစားဘက်တွင်းကား မြန်မာပီသစွာ မြန်လည်း မြန်၏ ။ မာလည်း မာ၏ ။ ဝါးခယ်မ မသန်းတင်ဆိုင်မှ ငရုတ်သီးရဲရဲနှင့် ထမင်းသုပ်၊ ငါးဖယ်သုပ်တို့ကို ပလုပ်ပလောင်းစား၏ ။ မြန်မာမိန်းမတို့ လှ မလှကို လက်သုပ်စားနေစဉ် အကဲဖြတ်သင့်သည်ဟု ကိုမြတ်သူက ထင်၏ ။ မည် သည့်အတန်းအစားမှမဆို မြန်မာမမှန်လျှင် လက်သုပ်စားပြီးဆိုကတည်းက သူတို့မျက်နှာလေးကို လှလှလေး ထားဖို့ပင် သတိမရြ ကတော့။ ကုန်းလွေးကြသည်ချည်း။

သို့သော် သူ့ချစ်သူကား သည်အခြေအနေတိုင်အောင်လှမြဲလှလျက်ဟု ကိုမြတ်သူက ထင်မိ၏ ။ လက်သုပ်စုံကို ပလုတ်ပလောင်း စားနေတာလေးကိုက ချစ်စရာကောင်းလှချေသည် ဆိုပါပဲလား။ ဒါ ကတော့ ကိုမြတ်သူ အမြင်ပေပဲ။ သည်တော့လည်း ယုံကြည်က နှစ် ဆတိုးလာသည်။

ဟုတ်တယ်။ သည်မိန်းကလေးကို လက်လွှတ်ခံ၍ မ ဖြစ်။

ထို့နောက် အစာအိမ်ထဲတွင် ဗမာ လက်သုပ်ဖြင့် ပြည်နေသော ထိုမိန်းကလေးသည် ဘိုဆန်ဆန် စကားတစ်ခွန်းကို စတင်၍ ဆိုသည်။ ကြက်သွန်ဖြူနံ့နှင့် အတူ လေတွင် ပျံ့လွင့်လာသော သူ့စကားတို့မုန့်လက်ဆောင်း တစ်ခွက်စီ သောက်ကြသည်။ ယနေ့ ကိုမြတ်သူအတွက်တော့ ရင်မအေးနိုင်ပါချေ။

ပျော်တော့ အပျော်သား။

•••

ဈေးအတွင်းတွင် လှည့်ရင်း ပတ်ရင်းနှင့် ကုန်မျိုးစုံဆိုင်ရှေ့သို့ ရောက်အလာ တစ်နေ့က မိခင် ဖြစ်သူ၏ ပြောစကားကို သတိရမိသည်။ အိမ်ကအမေ ဖြစ်သူ လိုချင်သော ဆေးမျိုးမှာ ဤလိုကုန်မျိုးစုံဆိုင်များ တွင် လည်း ရောင်းသည်ဟု သိရ၏ ။ သို့သော် ထိုဆေး၏ အမည် ကား ဘ၀င် တယ်မကျလျ။

“ဘားပလက်စီ” လား။ မဟုတ်ပါ။

“တက်ထရာဆိုက်ကလင်း”၊ “ဗီတာဇုံ” အစရှိသဖြင့် ဆေးပညာဝါဟာရများ ဖြင့် ဝိသေသပြု၍ ခေါ်သော ဆေးအမည် များ ကိုလည်း မကန့်ကွတ်သင့်ဟု ကိုမြတ်သူက ယူဆပြီး ဖြစ်ပါ၏ ။ “ထရစ်ပယ် ဆာလ်ဖာ” ကို “ကန့်သုံးပါ” ဟုလည်း ဇွတ်ဘာသာမပြန်ချင်ပါ။ သို့သော် ဟိုမရာက် ဒီမရောက် တစ်ပိုင်းတစ်စ မြန်မာမှု ပြုခြင်းများ ကိုမူ ကျွန်တော် တို့၏ ဇာတ်လိုက်ကြီး ကိုမြတ်သူက လက်မခံနိုင်။ တော် လှန်ရပေမည် ဟု သဘောပိုက်၏ ။

ကြည့်ဦးလေ။ ရှေ့က ကြီးကြီးကျယ်ကျယ်ဖြင့် ပါဋ္ဌိစကားလုံကြီးများ ပင် တပ်ပြီးကာမှ နောက်က အင်္ဂလိပ်သံ တွယ်ကပ်နေသော “တေဇာဘမ်း” ဆိုသည့် ဆေးကို သူက သိပ်မကျေနပ်လှပါချေ။ သည်တော့လည်း ဤ ဆိုင်ကစပြီး ပြုပြင်ပြောင်းလဲရေး ပြုရသော် ဟုတ်လိမ့်နိုးအထင်ဖြင့်

“အဟမ်း၊ ဒီမှာ ခင်ဗျာ၊ တေဇာပရုတ်ဆီများ မရှိဘူးလား”

“ ရှင် ဘာရယ်”

မသေးလှသော စာရေး မက မျက်ခုံးဖက်ကို အထက်ကို ပျံပင့်တက်စေလျက် ငေါက်ဆတ်ဆတ် ပြန်ဖြေ၏ ။

“သြော် တွေ့ ပြီ၊ တွေ့ ပြီ။ ဟိုဆေးကို ပြောတာပါ”

ကိုမြတ်သူက ပြောပြောဆိုဆို မှန်ဘီရိုအတွင်းရှိ ဆေးဘူးဝါဝါ ကလေးများ ကို လက်ညှိုး ညွှန်ပြ၏ ။

“ဒါ တေဇာဘမ်းပါရှင့်”

“အင်း၊ ဟုတ်ပါတယ်။ ဒါပေမယ့်”

တော် လှန်ရေး သမားသည် နှုတ်ဆွံ့နေမိ၏

“ဘာလဲရှင်၊ ရှင့်ဟာက အူကြောင်ကြောင်နဲ့ ။ တစ်ပြည်လုံး တေဇောဘမ်းလို့ ခေါ်တာကို ရှင် တစ်ယောက် တည်း ထူးချွန်ပြီး တစ်မျိုးခေါ်လို့ ကျွန်မတို့ ဘယ်လိုလုပ် နားလည်ပြီး ဘာရောင်းရမှာ လဲ”

“ဟုတ်သားပဲ ကိုကလည်း တုံးလိုက်တာ”

ပက်ထရစ်ရှာက နှာခေါင်းရှုံ့ပြီး ဝင်ဟောက်သည်။ စာရေး မ၏ အမာန်အမဲကို ခံရ၍ ရှက်လည်းရှက် ဒေါသလည်း ထွက်နေဟန် ရှိ၏ ။

“မဟုတ်ပါဘူးကွာ။ ကိုက ဟိုဟို မြန်မာမှု ”

ကိုမြတ်သူ တစ်ယောက် မျက်စိမျက်နှာ ပျက်လှချေပြီ။

“ဟင်းနော်၊ ကိုလေ ဒီနေ့ ကို သိပ်ကြောင်နေတယ်။ ကဲ အဲဒီ တေဇာဘမ်း တစ်ဘူးပေးပါရှင်”

ပက်ထရစ်ရှာအောင်က အကင်းပါးစွာ စကားဖြတ်ချလိုက်၏ ။ ထို့နောက်စာရေး မ၏ စူပုပ်ပုပ်မျက်နှာကို မျက်ကွယ်ပြုကာ နှစ် ဦးသား ဆိုင်တွင်းမှ ထွက်ခဲ့ကြ၏ ။ ကိုမြတ်သူမှာ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေကာ ဘယ်သူ့ကို မကျေနပ်ရမှန်းမသိ။ ပက်ထရစ်ရှာ ကတော့ လမ်းတစ်လျှောက်လုံး ပူညံပူညံ လုပ်လာ၏ ။

“ကိုက ဘာကြောင်နေတာလဲ။ စကားလည်း လူနားလည်အောင် မပြောတတ်ဘူး။ စာရေး မက ရစရာမရှိအောင် ပြောလိုက်တာကို ခေါင်းငုံ့ခံခဲ့ရတယ်။ သိပ်ရှက်စရာကောင်းတာပဲ”

ဤတွင် ကိုမြတ်သူ၏ ဒေါသမှာ ပေါက်ကွဲထွက်လာ၏ ။

“ ဟေ့၊ ငါကစကားပြောတဲ့နေရာကအစ တိုင်းပြည်နဲ့ လူမျိုးအတွက် စေတနာထားပြီး ပြောတတ်တဲ့ကောင်ကွ။ ငါတို့မှာ ကိုယ်ပိုင်စာ၊ ဘာသာ၊ စကားရှိရက်နဲ့ နေရာတကာ ဘောင်းဘီငှားဝတ်နေရတာ ကို ဗမာလူမျိုး တစ်ယောက် အနေနဲ့ ရှက်လွန်းလို့ သိလား”

ကလေးတွေ စွန်လိုက်သည်ကိုပင် ဝိုင်းအုံကြည့်တက်လေ့ရှိသော မဟာရန်ကုန်လူထုသည် ဆူဆူညံညံ ဖြစ်သွားသော ကိုမြတ်သူတို့နှစ် ဦးကို ပြူးတူးပြဲတဲနှင့် အားမနာ ပါးမနာ ဝိုင်းကြည့်ကြကုန်၏ ။ ကိုမြတ်သူကား မိုးမမြင်လေမြင် လက်သီးလက်မောင်း တန်းနေဆဲ။ ပက်ထရစ်ရှာအောင် ကတော့ ရှက်လှချေပြီ။

“အို ဒါ ကတော့ အများ မိုးခါးရေ သောက်ရင်ည ကိုယ်လည်း သောက်ရမှာ ပေါ့”

“ဟာဟ၊ မိုးခါးရေတဲ့။ ဒီမယ်၊ မင်းတို့သိထားဖို့က အခု မင်းတို့် အမြတ်တနိုးလုပ်ပြီး ယောင်ယောင်ပေါင်ပေါင် သောက်နေကြတဲ့ မိုးခါးရေ က အတုကြီးကွ သိလား။ လန်ဒန်က ထုတ်လုပ်လိုက်တဲ့ မိမစစ် ဖမစစ် မိုးခါးရေကြီး၊ မင်းနားလည်လား”

“အို၊ တော် စမ်းပါ”

“မတော် နိုင်ဘူး ပက်ထရစ်ရှာ။ အဲ၊ ကြည့်စမ်း၊ ကြည့်စမ်း။ မင်းနာမည် ကိုက ဗြိတိသျှနဲ့ ဖက်စပ်လုပ်ထား”

“တော် စမ်းပါမောင်။ မဆိုင်တာတွေ ကို ဘာလို့ ဆွဲထည့်ချင်ရတာ လဲ”

“အိုး၊ ဆိုင်သမှ သိပ်ဆိုင်သပေါ့ကွာ။ ကိုယ့်လို မြန်မာမှု ကို မြတ်နိုးတဲ့ မျိုးချစ် တစ်ယောက် ရဲ့ အိမ်ထောင်ဖက်ဟာ နာမည် ကိုက ကျွန်စော်နံနေရင် ဘယ် ဖြစ်ပါ့မလဲ”

“သြော် ဒီလိုလား။ ဒီမယ် မျိုးချစ်ကြီးရဲ့ ၊ ရှင်နဲ့ မတန်ရလောက်အောင် ကျွန်မက ကျွန်စော်နံနေတယ်ဆိုရင်လည်း ခုကတည်းက လမ်းခွဲကြတာပေါ့”

ပက်ထရစ်ရှာအောင်၏ နှုတ်ခမ်းအစုံသည် တဆတ်ဆတ် တုန်လှုပ်လာပြီး မျက်ဝန်းကြီးပေါ်တွင် မျက်ရည်များ ဖြင့် ပြည့်ဝိုင်းလာခဲ့သည်။ ကိုမြတ်သူမှာ လည်း မျက်လုံးပြုး မျက်ဆံပြုး ဖြစ်သွားပြီး ကပျာကယာဖြင့်

“မဟုတ်ပါဘူးကွာ။ အဲဒီ လိုလည်း မဟုတ်ရပါဘူး။ ကိုယ်က နာမည် ပြောင်းဖို့သာ အကြံပေးချင်တာပါ”

“မလိုပါဘူး တော် လှန်ရေး သမားကြီးရယ်။ စိန့်ဖလော်မီးနားမှာ ကျောင်းစနေကတည်းက မာသာကြီးတွေ ကိုယ်တိုင်ပေးခဲ့တဲ့နာမည် ။ ဒက်ဒီ နဲ့ မာမိကိုယ်တိုင် ကင်ပွန်းတပ်ပွဲလုပ်ပြီး အမြတ်တနိုး မှည့်ထားတဲ့ နာမည် ရှင့်၊ သိရဲ့ လား။ ဒီပက်ထရစ်ရှာဆိုတဲ့ နာမည် ကို ရှင်နဲ့ ကျမှပြောင်း မပစ်နိုင်ပါဘူး။ ရှင် ကျွန်မကို တကယ်မချစ်လို့သာ ကျွန်မ နာမည် ကိုလည်း မကြိုက်တာပေါ့။ အိုရှင်၊ တော် ပြီ၊ ဖယ် ကျွန်မသွားမယ်”

မျက်နှာကို လက်ဝါးနှစ် ဖက်ဖြင့် အုပ်ရင်း ပက်ထရစ်ရှာက လမ်ယးတစ်ဖက်သို့ အပြေးကူးသွားသည်။ ကိုမြတ်သူသာည် ရုတ်တရက် ကြောင်၍ ကျန်ရစ်ခဲ့ပြီးမှ ထိတ်လန့်မှု က ရုတ်ခြည်းပေါ်လာသည်။ ယုံကြည်ချက်ဆိုသည်မှာ ဖျောက်ဖျက်၍ မရ။

သည်မိန်းကလေးကို လက်လွှတ်ခံ၍ မ ဖြစ်။ ကျဆုံးလေပြီ ဖြစ်သော တော် လှန်ရေး သမားသည် နောက်မှ အပြေးကလေး လိုက်သွားပြီး ပက်ထရစ်ရှာ၏ ရှေ့မှာ ဆီးကာလိုက်မီ်၏ ။

“ဖယ်ပါ။ ကျွန်မလမ်း ကျွန်မ သွားမယ် ”

“ကိုယ်ရှင်းပါရစေဦး ပက်ထရစ်ရှာရယ်။ အားလုံး ကိုယ့်အပြစ်ပဲထားပါ”

တော် လှန်ရေး ကား သားလျှောချေပြီ။ လက်နက်ချသမားသည် ဟောဟဲလိုက်သမျှ မောနေ သော ကြောင့် စကားကို ခေတ္တရပ်ထားရရင်း သူ့ချစ်သူကို အကဲခတ်ကြည့်မိ၏ ။ မျက်လုံးမပြာသော မစ္စပက်ထရစ်ရှာ ကတော့ နှုတ်ခမ်းစူနေမြဲ။ သည်တော့ စကားကို ဆက်ရပြန်သည်။

“အခြေအနေနဲ အချိန်ကာလကိုထည့်မတွက်မိတဲ့ ကိုယ့်အမှားပါပက်ထရစ်ရှာ။ ကိုယ် တစ်ယောက် တည်းစေတနာနဲ့ ဆန္ဒစောပြီး မှားရတဲ့အမှားပါ။ ဒါဟာလည်း စထရောင်းမာ့က်ဆစ် တွေ မှားတက်တဲ့ အမှားမျိုးလိုပါပဲ။ ကိုယ်သိပ်ကြောက်သွားလို့ပါကွာ၊နော်”

မိန်းကလေးမှာ စိတ်ထဲက ပြုံးချင်ချင် ဖြစ်လာသော်လည်း နောင်ကြဉ်စေရန် မျက်နှာထားကို တင်းလိုက်၏ ။ ပြီးတော့ လေသံကလည်း ဌာန်နှင့် မာန်နှင့် …။

“ဒါပဲ၊ နောက်သာ ဒီလို အူကြောင်ကြောင် မလုပ်နဲ့”

“ အေးပါကွာ။ ဖြစ်သမျှ အားလုံးအတွက် ဆောရီးပါပဲ ပက်ထရစ်ရှာရယ်။ အို၊ကြည့်စမ်း ကြည့်စမ်း။ ဘာမဟုတ်တဲ့ ပြဿနာတွေ ဖြစ်နေရတာ နဲ့ မေ့တောင်နေတယ်”

“ဘာများ လဲ ကိုရဲ့ ”

“အခု ကွာတားပ(စ်) သရီးတောင် ရှိနေပြီ ပက်ထရစ်ရှာ။ အချိန်နီးနေပြီလေ။ ပလေဒီယံမှာ သရီးသာတီးရှိုး ကြည့်ကြမယ်ဆို”

ခပ်ဟက်ဟက်ရယ်သံကလေးများ လွင့်မြူးပျံလွင့်လာပြီးနောက် သမီးရည်စားနှစ် ယောက် သည် ပလက်ဖောင်းတစ်လျှောက် သွက်သွက်ကလေး လှမ်းထွက်သွားကြစဉ် ကျယ်လောင် စူးရှလှစွာ သော အင်္ဂလန်မှ ဘင်သံများ ကို ကြားလိုက်ရ၏ ။

ဟော၊ မိုးတွေ ခြိမ်းကုန်ပြီ။ လျှပ်စီးတွေ လည်း တဝင်းဝင်းလက်လို့။ မိုးတွေ ရွာတော့မယ် ထင်ပါရဲ့ ။

ကြည့်လော့။ မြန်မာ့ ကမ်းလွန်ပင်လယ်ပြင်မှ မဟုတ်မူဘဲ အင်္ဂလန် ရေလက်ကြားမှ အင်အားစုဆောင်းလာခဲ့ ဟန်ရှိသော “မိုးခါး တိမ်လိပ်” တို့သည် ရန်ကုန်တစ်မြို့လုံးပေါ်တွင် ယှက်သိုင်း အုံ့ဆိုင်းနေလေပြီ။ ဒေါင်းတံဆိပ် ခတ်နှိပ်ထားသည်ဆိုသော ဘာဏုရာဇာ နေမင်းကိုလည်း မမြင်ရ တော့ပါလား။ ။

မင်းသစ်

(၁၉၇၀၊ သြဂုတ်လ၊ မိုးဝေမဂ္ဂဇင်း)

•••

အခန်း(၅)

ဝက်ပက်လက်-ကြက်

ဘိုဘိုလို သူငယ်ချင်းမျိုးကို ဉာတကာနဉ္စ သင်္ဂဟောထဲတွင် ထည့်သွင်းထားရမည် လား။ အသေဝနာစဗာလာနံ ခေါင်စဉ်အောက်တွင် စာရင်းသွင်းမှတ်တမ်း တင်ထားရမည် လား ခွဲခြားပိုင်ပိုင် မသိတက်နိုင်ပါချေ။

သို့ သော် ပဏ္ဍိတာနဉ္စ သေဝနံထဲတွင် မပါကြောင်းကိုမူ အိမ်မှ ပိုက်ဆံခိုးနည်းကို သင်ပေးခဲ့သော ကန့်ကူလက်လှည့် ငယ်ဆရာမှာ ဘိုဘို။

လေးတန်းအရောက်တွင် ကျောင်းလစ်၍ ရည်စားစာရေး ပေးပြီး တစ်အိမ်ကျော်က ခင်အုန်းရီကို စာပေးစကားပြောရန် အခါပေး လှုံ့ဆော်ခဲ့သူမှာ လည်း ဘိုဘို။

ရှစ်တန်း ပထမပတ် အစမ်းစာမေးပွဲတွင် စာခိုးချသော နည်းကို သင်ပေးခဲ့သော ဘိုဘို။

စိတ်ညစ်လျှင်တစ်မျိုး၊ စိတ်ပျော်လျှင် တစ်သွယ်၊ သူရာ နယ်ပယ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ကိုကြီးကျော်နှင့် မိတ်ဆက်ပေးသူမှာ လည်း ဘိုဘို။

တစ်ခုသော အိပ်ခန်းထဲ၌ အပေါစားပေါင်ဒါနံ့လေးများ နှင့် စံပယ်ပန်း ခြောက်ကလေးများ အကြားဝယ် သိန်းဟန်ကို ရီဝေရင်ခုန်စေခဲ့သော ကာမသျှတ္တဆရာကြီး ဘိုဘို။

ဂေါ်လီရိုက်သည်မှအစ ကိုးမီးနှင့် ပိုကာအလယ်၊ ဘူကြီးနှင့် တစ်ချပ်မှော က်အဆုံး လောင်းကစားအဘိဓာန်တစ်ခလုံးကို တစ်ရွက်စီလှန်၍ သင်ပေးခဲ့လေသော ဘိုဘို။

ထိုဘိုဘို၊ ဤဘိုဘို၊ အနှိဘိုဘိုအကြောင်းကို ပြန်ပြောင်းစဉ်းစားမိသည်ဆိုလျှင်ပင် သိန်းဟန် တစ်ယောက် …

အိမ်မှ ပိုက်ဆံခိုးမိ၍ နေပူထဲတွင် ၃ နာရီကြာ မတ်တပ်ရပ် ဒဏ်ပေးခံခဲ့ရသည်ကိုလည်းကောင်း …

အင်းလျားတွင် ရေနစ်ခဲ့စဉ်က အစိမ်း၊ အနီ၊ အပြာ ရောင် စုံဖြာသော ကြယ်တာရာကလေးများ နှင့် တဒင်္ဂဆုံစည်းခဲ့ရသော အိပ်မက်ဆိုးကို လည်းကောင်း…

ငယ်ငယ်ရွယ်ရွယ်နှင့် နန့်ရကောင်းလား ဟူသော မှတ်ချက်နှင့် အတူ ခေါင်းထက်သို့ ဒေါက်ကနဲ့ ကျလာသော ဆရာကြီး ဦးမှတ်ကျော်၏ ကြိမ်စကြာကိုလည်းကောင်း…

သူရာနယ်တွင် ကိုကြီးကျော် အပူးလွန်သဖြင့် အမူကျွံ ဒူးပြဲခဲ့ရသော အရှက်တကွဲ အကျိုးနည်းကလေးများ ကိုလည်းကောင်း…

သူယောင်တောဝယ် အမဲလိုက် ကောင်းလွန်းသော ကြောင့် တိတ်တိတ်ကလေး ကြိတ်မှိတ်ဆွေးခဲ့ရသော တက်ခေတ်နတ်ဆိုး ဝေဒနာ ကလေးများ ကိုလည်းကောင်း…

ဘူကြီးကြောင့် ချွတ်ပေးခဲ့ရသော လက်ပတိနာရီနှင့် တစ်ချပ်မှော က်ကြောင့် ပြုတ်ထွက်ခဲ့ရသော ရွှေဆွဲကြိုးလေးများ ကိုလည်းကောင်း…

ကြာတောင့် ကြာပြီပင် ဖြစ်သော်လည်း၊ မနေ့တုန်းခဏမှ အ ဖြစ်လိုပင် မေ့ဦး၍ ရမည် မထင်ပါပေ။

•••

ယခုလည်း ငယ်ဆရာ၊ ငယ်သူငယ်ချင်း၏ ဖိတ်ခေါ်ချက်၊ (သို့မဟုတ်) ချန်းဆို ညွှန်းကြားချက်ကြောင့် ရန်ကုန်အနောက်ပိုင်းတစ်နေရာရှိ တစ်ခုသော လက်ဖက်ရည်ဆိုင်အတွင်းဝယ် သိန်းဟန် တစ်ယောက် စောင့်စားလျက်ရှိပြီ။

ကော်ဖီနှင့် အီကြားကွေးကို စားသောက်ရင်း ဘိုဘို မနေ့ကပြောခဲ့သော စကားသံတို့ကို ပြန်လည်ကြားယောင်နေမိသည်။

“ဒီမှာ သိန်းဟန်၊ လူ့စိတ်လူ့အကြောင်းကို ဖဲဝိုင်းမှာ သိနိုင်တယ်လို သိုးဆောင်း စကားပုံတစ်ခုက ဆိုသကွ။ အဲဒီ စကားပုံသာ မှန်ရင်တော့ ငါထင်တယ်လေ၊ ဂျင်ဝိုင်းမှာ ဖဲဝိုင်းထက် နှစ် ဆ ပိုသိလိမ့်ကွ။ ပြီတော့ ကနေ့ ရန်ကုန်က လူ့မလိုင်တွေ ၊ အထည်ကြီးပျက်တွေ ၊ လူတန်းစားပျက်တွေ ၊ အိုကွာ - လူ့အလွှာပေါင်းစုံရဲ့ အရှုပ်အထွေးနဲ့ အပုပ်အဆွေးတွေ ကိုပါ တစ်ထိုင်းတည်းမြင်ချင်တယ်ဆိုရင် မင်းဂျင်ဝိုင်းကို သွားရလိမ့်မယ်။ သိန်းဟန်၊ ဒါတင်ကသေးရိုးလား မောင်ရာ၊ မင်း ဓာတ်စာကျတဲ့ ရင်တုန်စရာကလေးတွေ ၊ ရင်ခုန်စရာကလေးတွေ ကိုပါ တွေ့ ရလိမ်မဗျ”

ထိုရွေ့ထိုမျှ လေရှည်ရှည် တရားဟောနေရင် မလိုပါ။ နောက်ဆုံး စကားတစ်ခွန်းဖြင့် သိန်းဟန် တစ်ယောက် ဂျင်ဝိုင်းသို့သွားရန် ဆုံးဖြတ် ပြီးသား ဖြစ်နေပါပြီ။

သိုဖြင့် ယနေ့နံနက် ၉နာရီ၌ ဤ လက်ဖက်ရည်ဆိုင်တွင် ဆုံကြရန် ဆရာဘိုဘိုက ချိန်းခဲ့သည်။

အတွေးတို့ မဆုံးခင်မှာ ပင် ဘိုဘိုကိုမြင်လျှင် ဆိုင်အတွင်းရှိ လူဦးရေ၏ သုံးပုံနှစ် ပုံက ရင်နှီးစွာ နှုတ်ဆက်ကြသည်။

သြော် - ဘိုဘို၊ ပါလေတိုင်း ပျို့မောင်ရယ်။

•••

“အခု သွားကြမှာ လား ဘိုဘို”

“လူစုရဦးမှာ ကွ၊ နာရီဝက်လောက် စောင့်ရဦးမယ်”

မသိရင် ငြိမ်ငြိမ်စောင့်ကြည့်နေစမ်း သိန်းဟန်”

ငယ်နိုင်သူငယ်ချင်း၏ အဟိန်းအဟောက်ကြောင့် သိန်းဟန် ပါစပ် ပိတ်သွားရသည်။

မကြာမီမှာ ပင် လူဝဝတစ်ဦး ဆိုင်ထဲသို့ ဝင်လာပြီး ဘိုဘိုကို မေးသည်။

“ပထမတစ်သုတ် ပို့မယ်။ မင်းတို့ ဘယ်နှစ် ယောက် လဲ ဘိုဘို”

“ကျွန်တော် ရယ်၊ ဟောဒီ ကျွန်တော့် သူငယ်ချင်းရယ်၊ ဖထီးရယ်၊ ဦးမောင်မောင်ရှိန်ရယ်၊ ပြီးတော့ ဘုရားလမ်းထိပ်မှာ လဲ့လဲ့ဝင်း၊ စောင့်နေလိမ့်မယ်၊ စုစုပေါင်း ငါးယောက် ပေါ့ ကိုဌေးကြိုင်”

“အားလုံး မင်းတာဝန်ယူတယ်နော်”

“သြော်ဗျာ - ဟောဒီ ကျွန်တော့်  သူငယ်ချင်းသိန်းဟန်က လွဲလို့ အားလုံး ခင်ဗျားသိပြီးလား လူဟောင်းတွေ ချည်းပဲဟာ”

“အေးလေ - ဒါဖြင့် လည်းပြီးတာပဲ၊ သွားကြစို့”

ဘုရားလမ်းထောင့်တွင် လဲ့လဲဝင်း ဆိုသော မိန်းမလှလေးတစ်ဦး တက်လာပြီးနောက် ကိုဌေးကြိုင်သည် ကားကို အပြင်းမောင်းတော့၏ ။ ထို့ပြင် နောက်ကြောင်းမလုံသလို လှည့်ကြည့် - လှည့်ကြည့်ဖြင့် ။ ဤတွင် ဘိုဘိုက စိတ်မရှည်သံဖြင့် ဟောက်တော့၏ ။

“နောက်က ဘယ်ရဲကားမှ လိုက်မလာပါဘူးဗျာ။ စထွက်ကတည်းက ကျွန်တော် ချက်ကင်လုပ်ပြီးသားပါ။ ခင်ဗျားနောက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေတာနဲ့ ရှေ့မှာ ဝင်တိုက်နေဦးမယ်”

“ဟုတ်တယ် ဌေးကြိုင်ရေ၊ ဂတ်ထဲရောက်သေးမှာ ကြောက်တာနဲ့ ရေခဲတိုက်ရောက်နေဦးမယ်”

မှန်တာပေါ့ရှင်၊ လဲ့တို့ ငယ်ပါသေးတယ်နော်၊ မသေချင်သေးပါဘူး”

“ဟဲ… ဟဲ…ဟဲ…ဟဲ…”

နွားပြာကြီး အောက်သွားမရှိသလို တဟဲဟဲ ရယ်လိုက်ရင်း ကိုဌေးကြိုင်က စကားတုံ့ပြန်သည်။

“ကျွန်တော် လည်း မသေချင်သေးပါဘူး လဲ့လဲ့ရယ်”

ထိုအခိုက်ဝယ် ဘာကိုအဓိပ္ပာယ်ပေါက်၍ ဘာကို သဘောကျသည်မသိ။ သိန်းဟန်းမှအပ တစ်ကားလုံး မပြုံးဘဲ ဝါးလုံးကွဲ ရယ်လိုက်ကြသည်။

သို့ဖြင့် ပင် ခရီးဆုံးပြီထင့်။ ကားသည် ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်တစ်ခု၏ ခြံထဲသို့ ချိုးကွေ့ ဝင်လိုက်သည်။

ကားရပ်လိုက်လျှင်ပင် တိုက်ရှေ့ရှိ ခြံကွက်လပ်တွင် ဆောက်ထားသော တဲကြီးတစ်လုံးအသွင်မှ ဆိုင်းသံဗုံသံ လင်းကွင်းသံများ ဆူညံစွာ ထွက်လာ၏ ။

“နိုင်ငံကျော် ဇာတ်ဆရာ စိန်သော်တာရဲ့ တိုက်လေ၊ ဇာတ်တိုက်နေကြတာပေါ့”

“အံ့ရောကွာ”

“မအံ့နဲ့ လေ၊ ဒါက အထာပဲ။ ရှေ့ပိုင်းက ဇာတ်တိုက်နေတော့ နောက်ပိုင်းက ဂျင်းဝိုင်းကို လူ သတိမပြုမိတော့ဘူးပေါ့။ နောက်ပြီး ဇာတ်သူဇာတ်သားတွေ ဝင်ထွက်နေကြတာနဲ့ ရောပြီး ဂျင်သမားတွေ ဝင်တာထွက်တာ မသိသာတော့ဘူးပေါ့”

“ပိုင်ပါကွာ”

“အေး၊ သေနင်္ဂဗျုဟာ စစ်ပညာသဘောအရ ပြေရရင် ကျည်ကွယ်မျက်ကွယ် ယူထားပြီးသားပေါ့ကွာ”

“ကမ္ဘာ့စပိုင် သီအိုရီအရ ပြောရရင်တော့ မြင်လောက်သော နေရာတွင် ရောနှောထားလိုက်ခြင်းပေါ့ကွာ”

စကားတပြောပြောဖြင့် ဘိုဘို ဦးဆောင်ရာနောက်သို့ လိုက်ရင်း တိုက်အတွင်းသို့ ဝင်ခဲ့ကြသည်။ နောက်ဆုံးတွင် အိမ်ရှင်ဇာတ်မင်းသား အထူးကိုကွယ်ဟန်တူသော တိုက်အပေါ်ထပ် ဘုရားခန်းအတွင်းသို့ ရောက်သည်။

ဘုရားမှာ ဒက္ခိဏသာခါ မဟာဗောဓိပုံ ရုပ်ပွားတော် မြတ်၏ ။

“ဘုရားခန်းထဲမှာ ကစားမှာ လားကွ”

သိန်းဟန်သည် မေတ္တာပြုံးဖြင့် ပြုံးနေတော် မူသော ရုပ်ပွားတော် မြတ်၏ မျက်နှာတော် ကို လိပ်ပြာမလုံသလို တစ်ချက်ကြည့်လိုက်ရင်း သံသယဖြင့် မေးလိုက်မိ၏

“မဟုတ်ပါဘူးကွာ၊ ငါ ဒီအိမ်မှာ ကစားနေကျပါ”

စကားအဆုံးတွင် ဘုရားစင်ဘေးရှိ ဝါဆိုဖယောင်းတိုင်ကြီးကို ဘိုဘိုက မ လိုက်သည်။

“ကျွီ… ကျွီ … ကျွီ” ဟူသော မြည် သံ ခပ်အုပ်အုပ်နှင့် အတူ ဘုရားစင်ဘေးတွင် လူ တစ်ယောက် ဝင်စရာအပေါက်တစ်ပေါက် ပေါ်လာသည်။

“ ကဲ-လာကြ”

ပြောပြောဆိုဆိုပင် ထိုအပေါက်မှ ဝင်သွားသော ဘိုဘို၏ နောက်သို့ အားလုံး လိုက်သွားကြသည်။ သိန်းဟန်ကမူ တစ်ဖက်ခန်း အတွင်းသို့အဝင် ဘုရားခန်းကို သမင်လည်ပြန် တစ်ချက်ကြည့်လိုက်ရင်း အံ့သြစွာ မှတ်ချက်ချ၏

“ဘုရား… ဘုရား ဂျိမ်းစ်ဘွန်းဘုရားခန်းပါလားဟ”

သိန်းဟန်၏ စကားမဆုံးမီမှာ ပင် တကျွီကျွီမြည် သံနှင့် အတူ နောက်ဘက်နံရံမှ အပေါက်မှာ ပြန်လည်ပိတ်သွား၏ ။

ထိုလျှို့ဝှက်အခန်းမှာ အလျားပေ ၂၀နှင့် အန့ ၁၅ပေခန့် ကျယ်ဝန်းပြီး အသံလုံခန်း ဖြစ်ဟန်တူသည်။ အခန်း၏ တစ်နေရာဝယ် တဒီဒီမြည် နေသော လေအေးစက်နှစ် လုံးကြောင့် ဤအလုံခန်းတွင်း၌ ပြင်ဦးလွင်မြို့၏ အေပရယ် ခံစားမှု နှင့် ထိတွေ့ နေရသည်။

ထိုအခိုက် သိန်းဟန်၏ အလန့်ကြားအသံက ပေါ်လာသည်။

“ဟေ့ကောင် - ဘိုဘို လှေကားရင်းမှာ ချွတ်ခဲ့ရတဲ့ တို့ဖိနပ်တွေ ကို စိတ်ချရပါ့မလားကွ”

“သြော် … ငါ့ကောင်နှယ် တုံးပါ့ကွာ၊ ခုလောက်ဆိုရင် ဖိနပ် တာဝန်ခံက သိမ်းပြီးရောပေါ့”

“ဘာ…ဖိနပ်တာဝန်ခံ ဟုတ်လား”

“ဒါပေါ့ကွာ၊ တို့မြန်မာနိုင်ငံမှာ အိမ်တစ်အိမ် ဖဲဝိုင်းလုပ်ပြိဆိုရင် လှေကားရင်းမှာ ချွတ်ထားတဲ့ ဖိနပ်ကိုက အရံသုံးဆယ်လောက်ပုံလို့၊ အဲဒီ ဖိနပ်တွေ ကပဲ သဲလွန်စရပြီး ဖဲဝိုင်း အဖမ်းခံရတာ ချည်းပဲ။ ဒီမှာ ဒါမျိုး ဘယ်အ ဖြစ်ခံနိုင်ပါ့မလဲ၊ ဖိနပ်သိမ်းဆည်းရေး တာဝန်ခံ တစ်ယောက် ထားပြီး အပြတ်လျှိုထားရပေါ့”

“သြော်…သြော်”

သိန်းဟန်က ရှက်ကြောက်စွာ ဖြင့် သြော်လိုက်. လိုက်ရင်း ကျန်လူများ ကို မရွံ့မရဲ ကြည့်မိသည်။ ဖထီးဆိုသူ ကရင်လိုလို မြန်မာလိုလို အဘိုးကြီးနှင့် ဦးမောင်မောင်ရှိန်ဆိုသူ ခြေတစ်ဖက် ထော့နင်းနေသူ တုတ်ကောက်ကိုင် လူကြီးတို့သည် အခန်းထောင့်ရှိ ဆိုဖာထိုင်ခုံကြီးများ ပေါ်တွင် ထိုင်လျက် စကားပြောနေကြသည်။

လဲ့လဲ့ဝင်းကော။

ချောက်ကနဲအသံနှင့် အတူ ဘေးနံရံတစ်ဖက်၏ အလယ်မှ တံခါးတစ်ချပ်ပွင့်လာပြီး လဲ့လဲ့ဝင်း ဝင်လာသည်။ ထိုတံခါးထိပ်တွင် အင်္ဂလိပ်လို စာတန်းထိုးထားသည်။ Toilet တဲ့။ သြော်…အိမ်သာနဲ့ တွဲ ရက်ကိုး။ အစစလှပ အဆင်ပြေပါ့ဗျာ။

•••

အတွေးကိုယ်စီ၊ ဇိမ်ခံကုလားထိုင်ကိုယ်စီဖြင့် ထိုင်နေကြဆဲ၊ တကျွီကျွီမြည် သံနှင့် အတူ ဘုရားခန်းနှင့် ဆက်ထားသော တံခါးဝှက် ပွင့်လာပြီး ခေါင်းတစ်လုံး ပြူလာသည်။

“ ကိုဘိုဘို … ဒိုင်က စမ်းချောင်မှာ မနက်ပိုင်း ချိန်းဝိုင်းရှိလို့တဲ့၊ ၁၂ နာရီမှ ရောက်မယ်တဲ့။ အဲဒါ ဒိုင်မလာခင် အပျင်းပြေကစားချင်ရင် ရော့”

ထိုသူ့ထံမှ လွင့်ပျ့လာသော အရာတစ်ခုကို ဘိုဘိုက ကျင်လည်စွာ ဖမ်းယူလိုက်သည်။ ဖဲထုပ်ကလေးတစ်ထုပ်။

“ကဲ… အလကားနေ အလကား၊ လာကြဗျာ”

“ဟုတ်တယ်ဟေ့၊ တို့လက်က အအားနေတတ်တာ မဟုတ်ဘူး၊ ဖဲ ဖြစ် ဖြစ် ပွတ်နေရမှ”

ဦိးမောင်မောင်ရှိန်က ဘိုဘိုကို ထောက်ခံချက်ပေးသည်။

“ဘာလဲဗျ ကိုးမီးလား၊ ဘူကြီးလား”

ထိုသို့ နောက်ဆုံးထွက်လာသော သိန်းဟန်၏ စကားအဆုံးဝယ် အားလုံး ဝိုင်းရယ်ကြ၏ ။ ဘိုဘို ကတော့ သိန်းဟန်ကို ဆူရင်း ဆဲရင်း ပညာပေး၏ ။

“ဟေ့ကောင် မှတ်ထား၊ တို့ဂျင်သမားတွေ လို ရင့်နေတဲ့ လောင်းကစားသမား သူရဲကောင်းတွေ ဟာ ဘယ်တော့မှ အသုဘအိမ်မှာ လုပ်လေ့လုပ်ထရှိတဲ့ ကိုးမီးတို့၊ ဘူကြီးတို့၊ အဲ-မင်းကတော် အဘွားကြီးတွေ အပျင်းပြေ အတင်းပြောရင်း ကစားကြတဲ့ ပိုကာဝိုင်းတို့ကို ဟာမျိုးကို စိတ်ကူးထဲတောင် မထည့်ဘူးကွ။ တစ်ချပ်မှော က်တောင် ပညာသိပ်ပါတယ် ထင်တာမဟုတ်ဘူး”

“ဒါဖြင့် ဘာဖဲ ကစားလဲ”

“ရပ်ရှင်ပိုကာပဲ ကိုင်တယ် မှတ်ထား”

ယခုမှာ ပင် ကြားဖူးပါသည်။ ဘယ်လိုကစားတာလဲဗျာဟု ထပ်မေးမိလျှင် တစ်ရှက်က နှစ် ရှက်ကွဲရဦးမည် ။ သူတို့ လှုပ်ရှားမှု ကိုသာ စောင့်ကြည့်မှ။

ရပ်ရှင်ပိုကာဆိုသည်မှာ လေးအိမ်အတိအကျ ကစားရသည်။ အပိုအလို မရှိစေရ။ လေးအိမ်တွင် တစ်အိမ်က ဒိုင်။ ကျန်သုံးယောက် က ထိုးသား။ အလျော်အစား ကတော့ တစ်ဆ၊ သို့မဟုတ် သုံးဆ။ ကစားနည်း စည်းကမ်း ကတော့ တစ်ချပ်မှော က် အတိုင်းပင်။ ဖဲချပ်ပါဝါ အနည်းအများ ကို လိုက်၍ အရှုံးအနိုင် ဆုံးဖြတ်သည်။ သို့သော် ရပ်ရှင်ပိုကာက ပိုကြမ်းသည်။ ဤနေရာတွင် ထိုဖဲဆယ့်သုံးချပ်ကို သုံးပုံခွဲသည်ကိုကား သိန်ဟန် နားမလည်နိုင်သေး။

ထို့ကြောင် ဘိုဘို၏ နောက်မှ ကပ်၍ တတွတ်တွတ်မေးရင် တဖြည်းဖြည်း ပညာယူသည်။ ဤတွင် ဖထီးက မှတ်ချက်ချသည်။

“အင်း - ဘိုဘို ကတော့ သူငယ်ချင်းကောင်း တစ်ယောက် ကို ဖျက်ဆီးပြန်ပြီထင်တယ်”

စွဲစွဲလမ်းလမ်းလည်းမရှိသေးတဲ့၊ ဂျင်နဲ့ မငြိသေးတဲ့ လူဆိုရင်လည်း နောက်ကို ခေါ်မလာပါနဲ့ ဘိုဘိုရယ်”

သို့နှယ်ပင် ဦးမောင်မောင်ရှိန်ကလည်း ဝင်ရောက်တားမြစ်သည်။

“လူရိုးဆိုတာ ကြံတောမှာ တောင် မီးရှို့ပစ်လို့ မရှိတော့ပါဘူး ရှင်ရယ်၊ ခစ်-ခစ်-ခစ်”

လဲ့လဲ့ဝင်း၏ ရယ်သံ အဆုံးဝယ် ဘိုဘိုက နှုတ်ခမ်းကလေး တွန့်ရင်းပြုံးသည်။

“ကျွန်တော့် ငယ်သူချင်းပါ။ အားလုံးကို မိတ်ဆက်ပေးရဦးမယ်။ သိန်းဟန်တဲ့။ အင်ဂျင်နီယာ ပေါက်စ တစ်ယောက် ပေါ့။ ကြုံတုန်းမှာ ဗဟုသုတရအောင် ခေါ်လာတာပါ”

“ကောင်းတဲ့ ဗဟုသုတ မဟုတ်ပါဘူကွာ။ နောက်သာ ဂျင်ဝိုင်းဆိုရင်း ရှောင်ပါ ငါ့တူရယ်”

“ဘာတဲ့၊ ဖထီးရဲ့ လက်သုံးစကားအတိုင်း ဆိုရင် ဂျင်ကမ္ဘာမှာ ရင်နာစရာချည်းပဲ၊ ဟုတ်လား”

“ဟုတ်တယ်ဘိုဘို၊ ငါ့ဘဝဆိုရင် မင်းတို့သိကြတဲ့ အတိုင်းပဲလေး၊ ဟောဒီဂျင်ဆိုတဲ့ မ ဖြစ်စလောက်လေးထောင့်တုံးလေးကြောင့် ”

ကရင်မြန်မာကပြား ဖြစ်သော ကြာင့် အများ က ဖထီးဟု ချစ်စနိုး ခေါ်ကြသော်လည်း စင်စစ် သူ့အမည် ရင်းမှာ ဦးကျော်ထူး။

အသက်နှစ် ဆယ်ကတည်းက လောင်းကစားမှု တွင် ငြိတွယ်ခဲ့မိသည်။ မှတ်မှတ်ရရ လွန်ခဲ့သော အနှစ် အစိတ်ခန့်က ကျိုက္ကဆံ မြင်းပြိုင်ကွင်းဝယ် ဝင်းရောက်ပလေးပါပေါက်ပြီး ငွေတစ်ရာကျော်မျှဖြင့် ငါးထောင်ခန့်ပွခဲ့သည်။

ထိုနေ့မှစ၍ ကုမ္ပဏီစာရေး လေးတစ်ဦးအဖို့ သူဌေး ဖြစ်ရန် ဖြတ်လမ်းမှာ မြင်းပွဲမှတစ်ပါး အခြားမရှိဟု အခိုင်အမာ ယုံကြည်ခဲ့သည်။

သည်လိုနှင့် ပင် ကုမ္ပဏီ၏ လယ်ဂျာစာရင်းထက် မြင်း ခဲစာရင်းကို တွက်ချက်ရန် ပို၍ စိတ်ဝင်စားလာပြီ ဖြစ်သော မောင်ကျော်ထူးသည် အနိုင်ကို သာမက အရှုံးကိုပါ ရံခါတွေ့ လာရတော့သည်။

တစ်ခါ တစ်ရံတွင် မူ အရှုံးထဲမှ အနိုင်။

ယင်းသို့ အရှုံးများ ရှိသကဲ့သို့ အနိုင်လေးကလည်း ခါတစ်ရံရှိနေသေးသဖြင့် ဆယ်ခါအရှုံးကို တစ်ခါအနိုင်ဖြင့် ချေဖျက်ကာ ပျော်ပျော်ပင် နေနိုင်ခဲ့လေ၏ ။

၁၉၆၂ ခုနှစ် တွင် တော် လှန်ရေး ကောင်စိ တကရောက်လာပြီးနောက် မြင်းပွဲများ ဖျက်သိမ်းခြင်းနှင့် မရှေးမနှောင်းမှာ ပင် သူတို့အားထားရာ လောကနိဗ္ဗာန် ကုမ္ပဏီသည်လည်း ပြည်သူပိုင် အသိမ်းခံရတော့သည်။

ယခင် ကုမ္ပဏီ အမှု ထမ်းဟောင်းများ ကို အစိုးရအမှု ထမ်းအ ဖြစ် ဆက်လက်ခန့်ထာခြင်းကြောင့် ပထမ ဆ-စ-တ-က၊ ထိုမှတစ်ဆင့် ပ-ပ-က မှသည် နောက်ဆုံး ကုန်သွယ်ရေး ဝန်းထမ်းတစ်ဦး ဖြစ်လာခဲ့ရသည်။

မြင်းပွဲမရှိတော့သော ကြောင့် အယ်လီဇဘက်တို့၊ တောက်တောက်ဝင်းတို့၊ တိမ်ပျံဦးတို့စသော ကျေးဇူးရှင် မြင်းကလေးများ နှင့် ကင်းဝေးခဲ့ရပြီ ဖြစ်သော်လည်း လောင်းကစားခြင်းဖြင့် သာ စိးပွားရှာလိုသော ဝါသနာကမူ ဦးကျော်ထူး၏ ရင်ထဲမှ ပျောက်ကွယ်မသွား။

သည်တော့လည်း မြင်းပွဲနှယ်ပင် ကြီးကျယ်သော လောင်းကစားနည်းကိုရှာဖွေရာ မြင်းအစား သတ္တဝါလေးကောင်နှင့် ထပ်မံဆုံရပြန်၏ ။

ကြက်၊ ဝက်၊ ဖား၊ ငါးရှဥ့်။

ယခင်က အယ်လီဇဘက်တို့ ကွင်းပတ်ပြေးနေသည်ကို အဝေးမှ လှမ်းမျှော်ကြည့်ရင်း ခုန်ပေါက်အားပေးခဲ့သော ဦးကျော်ထူးသည် ယခုတော့ ကျိုက္ကဆံမြင်းပြိုင်ကွင်းလောက် မကျယ်ဝန်းသော ကြွေပန်းကန်းပြားထဲတွင် သတ္တဝါလေးကောင် မွှတ်နေအောင် ပျော်မြုးလှည့်ပတ်နေသည်ကို ရင်ခုန်စွာ ကြည့်တတ်လာချေပြီ။

ဂျင်ကိုလှည့်လိုက်ပြီး ဒိုင်ကအုပ်ဖြင့် အုပ်လိုက်သည်အထိ ဂျင်က လည်နေဆဲ။ အလည်ရပ်၍ အရှိန်သေသွားသော ဂျင်းကလေး ပန်းကန်ပြားအပေါ်သို့ လဲကျသွားသံကိုပင် အသံတိုရှည်ခွဲ၍ မှတ်တတ်လာပြီ။

ဒါက အသံကို ဖား၊ အသံရှည်ရင် ငါးရှဥ့်၊ အသံလေးတယ် ဝက်စသဖြင့် ဂျင်သမားတို့ အခေါ် ဆောင်း (sound) မိအောင်လည်း အကြား အာရုံဖြင့် ဖမ်းတတ်ပြီ။ သို့သော် အသုံးပြုသော ဂျင်သီးအလိုက် အသံကွဲပြားတတ်သည်ကိုလည်း သတိပြုတတ်ရသေးသည်။

နိုင်လေလေ အသံဖမ်း၍ ကောင်းလေလေ ဖြစ်သကဲ့သို့၊ ရှုံးလေလေ အသံရောလေလေ ဆိုသော ဂျင်ပရိဒေဝ ဖော်မြူလာတွေ ကိုလည်း အနှံ့အစပ် သိခဲ့ရသည်။

ထို့ပြင် တစ်လှည့်စီပေါ်သော အကောင်အလိုက် ဖားပြီး ငါးရှဥ့်၊ ငါးရှဥ့်ပြီးဖား၊ ဖားပြီး ငါးရှဥ့်စသော ကပ်ကြွေဇယားကိုလည်းကောင်း..

ကြက်ပေါ်ပြီးလျှင် ဖားသုံးချက်ထပ်၊ ပြီးတော့ ဝက်၊ ဝက်ပြီးပြန် တော့ ကြက်၊ ထိုကြက်ပြီးတော့ ဖား၊ ယင်းသို့ ကြွေတစ်ပက်ပြန်အပြီး၌ ဖားတစ်ခါပေါ်ပြီးပြီးဆိုလျှင် စဉ်းစားနေရန်မလို၊ ဖားပဲ ထပ်ဦးမည် ဆိုသော ထပ်ကြွေမျိုးကို လည်းကောင်း…

ဖား၊ ဝက်၊ ကြက်၊ ငါးရှဥ့် စသဖြင့် တစ်ကောင်ချင်း ပတ်ပြေးနေသော ပတ်ကြွေအထာမျိုးကိုလည်းကောင်း…

ကိုကျော်ထူး တစ်ယောက် ကျွမ်းခဲ့ပြီ။

ပြီးတော့ သုံးချက်အထောင် ဘယ်ကောင်၊ ကြက်နှစ် ချက် ဝက်၊ ဝက်နှစ် ချက် ကြက် စသော ရှေးသူဟောင်းဂျင်ပညာရှိတို့၏ အဆိုအမိန့်တို့ကိုပါ နှံ့စပ်ရုံမက…

ဂျင်လှည့်သူ၏ ဖြည်းညင်းသာသာ ဖွင့်ပြလိုက်သော အုပ်ကလေး အဟတွင် ကြမ်းပြင်ပေါ်ဝယ် လေးဖက်ထောင်လျက် ချောင်းရင်း စ မြင်ရသော ဂျင်သီး၏ ဘေးဘက်မျက်နှာပြင်တွင် …

ဝက်ပြေးနေသော် ငါးရှဥ့်၊

ငါးရှဥ့်ရေသောက်နေသာ် ဖားက အပေါ်မှာ ၊

ဝက်ပက်လက် လန်နေလျှင်မူ အပေါ်မှ ပေါ်ကောင်မှာ ကြက်ဟူသော ဂျင်သင်ပုန်းကြီးကိုလည်း ကျေခဲ့ပြီ။

နိုင်လျှင် တပြုံးပြုံး။ အပေါင်းအသင်း တရုန်းရုန်းဖြင့် စားလိုက်၊ သောက်လိုက်။ ရှုံးလျှင် ကြံလိုက် ဖန်လိုက်ဖြင့် နှစ် အတန်ကြာ အညစ်သံသရာလည်နေခဲ့သည်။

ငွေဆိုသည်ကလည်း ပြင်ပလောကမှာ သာ ငွေ။ ဂျင်ဝိုင်း၏ ဖျာပေါ်ဇယားပေါ်တွင် မူ စတင် ကစားချိန်မှ လက်ရှိအချိန်အထိ ဘာကောင်းပြီးလျှင် ဘာကောင်ဟု မှတ်ထားသော (calendar) ဟု ဂျင်သမားတို့ ခေါ်ကြသည့် ကြွေအလှည့် ဇယားစက္ကူ သဖွယ်သာ တန်ဖိုးထားမိသော ဦးကျော်ထူး၏ နိဂုံးကား အလုပ်ပြုတ်ခြင်းနှင့် ထောင်ကျခြင်းသာ ဖြစ်ခဲ့ရပေသည်။

ထောင်ကလွတ်သော် မယား ဖြစ်သူက တစ်ပါးချစ်သူထံ အားကိုရှာသွားနှင့် ချေပြီ။

ဂျင်ကိုနာကျဉ်းသည့် စိတ်က တစ်ဖက်၊ လောကကြီးကို အရွဲ့တိုက်ချင်သည့် စိတ်က တစ်ဖက်နှင့် လေလွင့်ရင်းပင် အသက်ကို ကြံဖန် မွေးခဲ့သည်။

အသက်မွေးဝမ်းကျောင်းပြုရာ ကုန်သွယ်ရေး မှ အလုပ်ကလေး ပြုတ်ပြီ ဆိုတော့လည်း လောင်းကစားခြင်းမှအပ အခြားဘာကိုမှ မလုပ်တတ်၊ မလုပ်ချင်သော ဦးကျော်ထူးသည် ဂျင်ဝိုင်းဘေးတွင် သာ ငွေမရှိလျှင် နိုင်သူထဲမှ ထမင်းဖိုး လက်ဖက်ရည်ဖိုး တောင်းလိုက်ဖြင့် ယနေ့တိုင် သံသရာလည်နေဆဲ။

သို့သော် အသက်အရွယ်နှင့် အတွေ့ အကြုံ၏ ဆုံးမမှု ကြောင့် ဂျင်မကောင်း ကြောင်းကိုကား နှုတ်မှ တဖွဖွ ပြောဆဲ။ လက်ကလည်း ဂျင်ဇယားကို ရေး နေမြဲ။

•••

“ဖထီးပြောတာတွေ အမှန်ချည်းပဲ မောင်သိန်းဟန်၊ အဲဒါ ကတော့ သူထက်ဆိုးတယ်။ ဂျင်ကြောင့် ဟောဒီလို ဒုက္ခိတဘဝကို ရောက်ခဲ့ရတယ်လေ”

ဤနိဒါန်းနှင့် အတူ ဦးမောင်မောင်ရှိန်၏ ဂျင်လောကဓံကို နာကြားရပြန်သည်။

ဦးမောင်မောင်ရှိန်သည်လည်း ဖထီးနှင့် အတူ ကုန်သွယ်ရေး မှ ဝန်ထမ်းတစ်ဦး။

ဂျင်ဝိုင်း၏ အားကျစရာကလေးတွေ ၊ ရင်ခုန်စရာကလေးတွေ ကို တစ်ကြိမ်ကြုံပြီးသည့်နောက်ဝယ် မကစားရ မနေနိုင် ဖြစ်ခဲ့ရသည်။ ရံလျှင် နှစ် ဆ၊ ရံအောလျှင် နှစ် ဆခွဲ၊ အောလျှင် သုံးဆ၊ ရံကြိုးဆိုလျှင် ရံအတွက် နှစ် ဆ၊ ကြိုးတင်သည့်အတွက်က တစ်ဆ၊ လုပ်စီဆိုလျှင် ဘယ်ရွေ့၊ ဆံကျစ်ဆိုလျှင် ဘယ်မျှဆိုသော မစားရ ဝခမန်း အလျော်အစား လေးတွေ ကြောင့် ဦးမောင်မောင်ရှိန် ရုံးလစ်သည်။ ဂျင်ဝိုင်းသို့ ရောက်သည်။

ထိုသို့ ဂျင်သံသရာလည်နေရင်း တစ်နေ့တွင် ရေတိမ်နစ်ခဲ့ရသည်။ ကျောက်မြောင်းရှိ အိမ်အိုကြီး တစ်လုံးပေါ်တွင် ဂျင်ကစားနေကြစဉ် ရဲက တက်ဖမ်းသည်။ အာလုံးထွက်ပြေးရာ ကိုမောင်မောင်ရှိန်လည်း အနောက်ဘယ်လှေကားမှ ဆင်းပြေးသည်။ “ဝုန်း” ဟူသော အသံကိုသာ နောက်ဆုံးကြားလိုက်ရပြီး ကျိုးကျသွားသော လှေကားအိုကြီးနှင့် တူ အမှော င်ထုအတွင်းသို့ သူရောက်သွားသည်။

သတိပြန်လည်လာသော အခါ လူက ဆေးရုံပေါ်မှ။ ခုတင်ဘေးမှာ လည်း ရဲသား တစ်ယောက် က စောင့်လျက်။ ထို့နောက် ထောင်တစ်လကျသည်။ တစ်လကျကျ။ ထောင်ကျပြီဆိုကတည်းက ကုန်သွယ်ရေး မှ အလုပ်ထုတ်ခံရသည်။

ဂျင်ဝိုင်းမှ ထွက်အပြေး၊ လှေကားကျိုးကျ၍ ခြေကျိုးသွားသော သူ့ကို မည် သည့်ဂျင်ဒိုင်ကမှ အလုပ်ခွင်ထိခိုက်ကြေးမပေး။

ယခင်က ဂျင်နိုင်လျှင် ကိုမောင်မောင်ရှိန် - ကိုမောင်မောင်ရှိန်နှင့် ရှိန်ချင်း မိုးမွှန်နေအောင် ခေါ်ခဲ့ဖားခဲ့ကြသော သကောင့်သားအပေါင်းလည်း ဘယ်ဆီရောက်ကုန်ကြမှန်းမသိ။

ကွယ်ရာမှတော့ ခေါ်ကြသည်။ တုတ်ကောက်ကြီး၊ ထော့ကျိုးကြီးတဲ့။ ယခင် ကိုယ်ကပေးခဲ့၊ ကမ်းခဲ့၊ ငွေချေးခဲ့ဖူးသော သူတို့သည်ပင်လျှင် သူ့ကိုမြင်လျှင် ကွေ့ရှောင်၍ သုတ်ခြေတင်ပြေးကြမြဲ။ သူကလည်း ပြေးလိုက်နိုင်သည့်ဘဝမျိုးမဟုတ်။

ငွေကို အလွယ်လမ်းမှ ရှာနေကြသော ဤဂျင်လောကဝယ် ကျေးဇူး၊ တရား၊ သစ္စာတရားစသော ဝေါဟာရများ မှာ နိုင်ငံခြားဘာသာစကားများ နှယ်သာဟု သူက သုံးသပ်သည်။

•••

ဖထီးဦးကျော်ထူနှင့် ဦးမောင်မောင်ရှိန်တို့နှစ် ဦးစလုံး၏ လေးကောင်ဂျင် အနိဋ္ဌာရုံ ကိုယ်တွေ့ တရားကို ကြားနားရပြီးပြီ။ ဘိုဘို ကတော့ အတွင်းသိ အစင်းသိမို့ ပြောစရာမလို။ ဒီကောင်က ချေးကျရာ ပျော်တဲ့လောက်။

အကြောင်းစုံ မသိရသေးသူ တစ်ယောက် ကား ကျန်ပါသေးတည်း။ သူ ကတော့ လဲ့လဲ့ဝင်း။

ဂျင်ထိုးထိုး၊ ဖဲရိုက်ရိုက်၊ မိန်းမသားဆိုသည်ကား ဣနြေ္နရှင်၊ လျှို့ဝှက်သိပ်သည်းတတ်သူတွေ ။ လူပုံအလယ် အထုပ်ဖြည်ပြမည့်  အပြုံးတစ်မျိုးကို ပြုံးနေချေသည်တကား။

မကြာမီ ဒိုင်နှင့် လက်ထောက် ငွေအလျော်အစားလုပ်မည့်  ပိုးတီနှစ် ယောက် ရောက်လာကြသည်။ ရပ်ရှင်ပိုကာဝိုင်း သိမ်းသည်။ မရှေး မနှောင်းမှာ ပင် နိုင်ငံကျော် ရုပ်ရှင်မင်းသားတစ်ဦး၊ မင်းသမီးတစ်ဦးနှင့် ဒါရိုက်တာတစ်ဦးတို့ ရောက်လာကြသည်။

လူစုံသည်နှင့် ဝိုင်းစကြရာ ပထမဦးဆုံး အိတ်ခါ၍ အိမ်ပြန်ရသူမှာ ဖထီး။

“ဖထီးရယ်၊ စောစောစီးစီး ကုန်ပြီလား၊ ကျွန်တော် ဖြင့် ကြွေမမှန်သေးလို့ စောင့်နေတုန်းရှိသေးတယ်”

ဦးမောင်မောင်ရှိန်က အားမလိုအားမရသံဖြင့် ပြောသည်။

လဲ့လဲ့ဝင်းကမူ-

“ဟုတ်သားပဲ၊ ကြွေမှန်အောင် စောင့်ပါဦးတော့၊ ဘယ်လိုလဲ အကြံ အဖန်လုပ်ပြီး ပြန်လာဦးမှာ လား”

“ကြံစရာ ဖန်စရာလည်း မရှိတော့ပါဘူး မိလဲ့လဲ့ရယ်၊ တို့က ညည်းတို့လို့ မဟုတ်ဘူးဟဲ့၊ ညည်းတို့ ကတော့ ရှိတာကုန်လည်း ပေါင်စရာ ဖြစ် ဖြစ်၊ ရောင်းစရာ ဖြစ် ဖြစ် တစ်ခုခုတော့ ကျန်သေးတာပဲ မဟုတ်လား”

ဖထီး၏ စကားအဆုံဝယ် “ဝါး” ကနဲ ရယ်သံကြီး ထွက်လာသည်။ လဲ့လဲ့ဝင်းကလည်း ကြက်ခေါင်းဆိတ်မခံ။ နဂါးမာန်မျက်စောင်း တစ်ချက်ထိုး လိုက်ရင်း-

“ကဲ- ကဲ ကြွမှာ ဖြင့် မြန်မြန်ကြွ၊ ဒီမှာ ဖြင့် အသံဖမ်းလို့ မရနိုင်တဲ့ အထဲမှာ သူ့ကြောင် ဖီလင်ပိုအောက်ကုန်ပြီ”

ဦးကျော်ထူးထွက်သွားပြီး ခဏမျှကြလျှင်ပင် တုတ်ကောက် ထောက်သံနှင့် သက်ပြင်းချသံတို့ကို့ ကြားရသည်။

သွားပြီ၊ ဦးမောင်မောင်ရှိန်းလည်း ကွဲပြီ။

နောက်ဆုံး၌ ဝိုင်းထဲတွင် ရုပ်ရှင်သမားများ နှင့် လဲ့လဲ့ဝင်း၊ သိန်းဟန်၊ ဘိုဘိုတို့သာ ကျန်ရစ်ခဲ့ကြသည်။ သိန်းဟန်ကမူ ကိုယ်တိုင် မထိုးတတ်သဖြင့် ဘိုဘိုနှင့် အစုစပ်ကာ ဘိုဘိုက ထိုးပေးနေရလေသည်။

ပထမပိုင်း နာရီဝက်ခန့်အတွင်းမှာ ပင် ဘိုဘိုနှင့် သိန်းဟန် နှစ် ယောက် ပေါင်း ပါသမျှ ငွေ ၁၆၀၀ ပြတ်သွားသည်။ ဘိုဘိုက မေးငေါ့ပြလိုက်သည်နှင့် အပွဲပွဲနွှဲခဲ့ဖူးသည့် သိန်းဟန်ကလည်း ချက်ဆို နားခွက်က မီးတောက်ပြီးသား။ လက်မှ ဆီကိုဖိုက်နာရီကို ချွတ်ပေးလိုက် သည်။ ဒိုင်က နာရီကို ယူပတ်ပြီး ငွေ၆၀၀ ထုတ်ပေးသည်။ ထိုငွေဖြင့် ပင် ဆက်ထိုးကြပြန်ရာ ဝက်-ဖားအကပ်တွင်း သိန်းဟန်းတို့ရှေ့တွင် ငွေ ၄၀၀၀ ခန့် ပုံလာသည်။

ဝက် ဖား အကပ်ကို မယုံသူနှစ် ဦး၊ ရှိသမျှ ပြုတ်ထွက်သွားကြသည်။ ရုပ်ရှင်ဒါရိုက်တာနှင့် လဲ့လဲ့ဝင်း။

ထိုအချိန်၌ တစ်ပိုင်းလုံးတွင် ဘိုဘိုနှင့် သိန်းဟန်တို့နှစ် ယောက် ၏ အသံက အကျယ်ဆုံး၊ အတက်ကြွ၊ ရုပ်ရှင်မင်းသားနှင့် မင်းသမီးတို့ ကတော့ အိတ်နှိုက်၊ ထပ်ထုတ် သံသရာလည်ဆဲ။

ထို့အတူ ငွေကုန်သွားပြီ ဖြစ်သော်လည်း ဒါရိုက်တာက မပြန်သေး။ မင်းသမီးကို အားပေးနေဆဲပင် ရှိသေး၏ ။

ဤသည်ကို အားကျသည်ထင့်။ လဲ့လဲ့ဝင်းကလည်း ဘိုဘို့ အနားကို ရွှေ့ပြန်လာပြီး တုတ်ခိုင်ပြည့်ဖြိုးသော သူမ၏ ပေါင်တံတို့ဖြင့် ဘိုဘို၏ ပေါင်ကိုထိကပ်စေလျက် ပူးပူးကပ်ကပ် ထိုင်ချလိုက်၏

ဘိုဘိုကမူ မတုန်မလှုပ်။ ဂျင်အုပ်ကိုသာ မမှိတ်မသုန် ကြည့်နေဆဲ။

“ဘိုဘိုတို့ ကတော့ ဒီနေ့ စိတ်ကူးသမျှ မှန်နေတာပဲနော်”

ထိုညုချွဲသံကိုလည်း ဘိုဘိုကြားဟန်မတူ။ လောဘ အခိုးအငွေ့တို့နှင့် တဝင်းတဝင်း တောက်ပနေသော မျက်လုံးအစုံဖြင့် ဇယားကွက်ကိုသာ စူးစိုက်ကြည့်ရင်း နှုတ်မှ အသံထွက်လာ၏ ။

“ကဲ - ဒီလောက်တောင် ငါးရှဥ့်ချည်းပဲ ထပ်နေလှတာ၊ ဒီတစ်ခါလဲ ထပ်ချင်ထပ်ရော့၊ အမည်းလိုင်းပဲ ထိုးမယ်ဗျာ၊ ကဲဖားတိုက် ဝက်ကာဖွင့်”

မှန်၏ ။ ဝက်ဖားကပ်နေရာမှ ကြွေပြောင်းပြီး ငါးရှဥ့်ချည်း သုံးကြိမ် ဆက်တိုက်ပေါ်နေသဖြင့် သိန်းဟန်တို့ ဆက်တိုက် အစားခံနေရသည်။

ဒိုင်က အုပ်ကိုလှန်လိုက်သည်။

“အို -ငါးရှဥ့်ပါပဲရှင်”

ထို“ဟာ”၊ “အို” စသော အာမေဋိတ်သံတို့ဖြင့် ပင် ငါးရှဥ့်ရှစ်ခါထပ်ပြီး ဝိုင်းလုံးကျွတ် ဒိုင်စားသွားလေသတည်း။

“ကဲ - ဒိုင်ကြီးရေ၊ ကျွန်တော် တို့ ပြန်တော့မယ်။ ခရီးစရိတ်ပေးဦးဗျာ၊ မနက်ဖြန်မှ ပြန်ဆုံမယ်၊ နာရီလည်း ရွေးမယ်နော်၊ ဆက်ဆက်ပြန်ယူခဲ့ဦး”

ပွဲသွားကျော့ကျော့ သူငယ်ချင်းနှစ် ယောက် သည် ပွဲပြန်တွင် ကား မော့မော့မဟုတ်ြ ကတော့ပေ။

အလာတုန်းကမူ လေးဘီးကားလေးနှင့် ငြိမ့်ခဲ့ကြသော်လည်း အပြန်တွင် မူ နံပါတ် (၂) ကား၏ နောက်တွင် တသီတစ်တန်းကြီး တွဲ လွဲပါလာသော လူပဒေသာပင်ကြိးထဲ၌ ဘိုဘိုနှင့် သိန်းဟန်လည်း အပါအဝင်။

အပင့်အဖိတ်တွင် ဝေါနှင့် ထမ်း၍ ကြိုလေ့ရှိကြသော်လည်း အရှုံးနှင့် ပြန်သူကိုမူ လိုက်ပို့ရန်ဝေး၊ ဖနောင့်ဖြင် ပေါက်မထုတ်သည်ပင် ကံကောင်း။ လောင်းကစားလောကဟူသည် ဤသို့ ဤနှယ်ချည်း။

ဘတ်စ်ကား စီးခြင်း၏ ကာယဒုက္ခ၊ စိတ္တဒုက္ခတိုကို ခံစားနေရင်း မှပင် သိန်းဟန် တစ်ယောက် သံယောဇဉ်က မကုန်နိုင်သေး။

“ဟေ့ - ဘိုဘို လဲ့လဲ့ဝင်း တစ်ယောက် ရော၊ ဘယ်ပျောက်သွားသလဲကွ၊ တို့နဲ့ လည်း အတူ ဆင်းမလာပါဘူး၊ ဝိုင်းလည်း ပြီးပြီပဲဟာ၊ ဘာလုပ်နေရစ်ခဲ့လဲ”

“သူက တစ်ဝိုင်းပြီးတော့ တစ်ဝိုင်း ဆက်ကစားမယ်လေကွာ၊ ခုလောက်ဆိုရင် ဇာတ်ဆရာ စိန်သော်တာရဲ့ အခန်းထဲကို ရောက်နေရောပေါ့”

“ဟ - သူတို့က ဘာကစားကြမှာ လဲ၊ ဝိုင်းလည်းသိမ်းလို့ လူတွေ လည်း ပြန်ကုန်ပြီ၊ နောက်ပြီး လဲ့လဲ့ဝင်းမှာ ငွေခန်းနေပြီပဲဟာ”

မင်းဒါတွေ ညံ့သေးတာပဲ သိန်းဟန်၊ လဲ့လဲ့ဝင်းက စောစောက ရှုံးသမျှကို စိန်သော်တာနဲ့ ပြန်ရှာမှာ ကွ၊ ဒီမှာ သူငယ်ချင်း ဂျင်စကားအတိုင်းပဲလေ ဝက်ပက်လက်-ကြက်ကွမှတ်ထား၊ ဝက် ပက်လက်လန်ရင် ကြက်ပေါ်တယ်လေ”

မင်းသစ်

မြ၀တီ မဂ္ဂဇင်း၊ ၁၉၈၂၊ ဇွန်

•••

အခန်း(၆)

အပျိုရှုပ်ထွေး ဗိုလ်ချုပ်ဈေး

“ရန်ကုန်သူတွေ ကို ကြိုက်မိမှတော့ ဗိုလ်ချုပ်ဈေးကိုလည်း ဘယ်ပစ်ပယ်ထားလို့ ဖြစ်ပါ့မလဲ” ဟု ကိုမောင်မောင်က တွေးမိသည်။ အညာသူနှင့် ပဲ၊ ရှမ်းမကလေးနှင့် ခေါပုပ်တို့သည် ခွဲခြားမရ၊ တစ်သားတည်း ဖြစ်နေကြသကဲ့သို ရန်ကုန်သူနှင့် ဗိုလ်ချုပ်ဈေး သည်လည်း အလွန်ပလဲနံပ သင့်လှပေ၏ ။

မှန်၏ ။ ရန်ကုန်သူနှင့် ဗိုလ်ချုပ်ဈေးတို့အကြားတွင် ဆက်စပ်မူတွေ က များ ပြားလှစွာ ၏ ။ အကောင်းကိုကြိုက်၍ အလှအပကို ငမ်းတတ်သော ရန်ကုန်သူသည် အကောင်းတို့စုဝေး၍ အလှအပတို့တည်ရှိရာ ဗိုလ်ချုပ်ဈေးကို ချဉ်းကပ်ကြကုန်၏ ။ သည်တော့လည်း ရန်ကုန်သူကိုမှ ကောင်းလှသည်ထင်၍ ချစ်ကိုးကွယ်ကြကုန်သော ၊ ကိုမောင်မောင်အပါအဝင် အမျိုးကောင်းသား အပေါင်းတို့သည်လည်း ဗိုလ်ချုပ်ဈေးကို ဆည်းကပ် ကြရလေတော့၏ ။

•••

ရုံးခန်းတစ်ခန်းလုံး မွှေးကြိုင်နေလေ၏ ။ အတောက်အပြောင် အဝင်းအလက်တွေ နှင့် မျက်စိများ ပင် ကျိန်းယူရလောက်ပါပေသည်။ မင်္ဂလာဆောင်ကအပြန် ရုံးဆက်တက်ကြလေသလား။

ဤသို့ကားမဟုတ်ပါ။ ရုံးအဆင်းမှာ မှ ခရီးဆက်ဖို့ ကြိုတင် ပြင်ဆင်လာခဲ့ကြခြင်း ဖြစ်သာ ဖြစ်ပါ၏ ။ ယနေ့ စနေနေ့ ဖြစ်ပါသည်။ နေပတစ်ဝက်သာ ရုံးတက်ရပါလိမ့်မည် ။ ရုံးအဆင်း ခရီးဆက်ကြပါလိမ့်မည် ။ ဗိုလ်ချုပ်ဈေးသည် သိပ်စည်မည် ။ စနေနေ့မှာ ဗိုလ်ချုပ်ဈေးသို့မရောက်သော ရန်ကုန်သားသည် အသက်ငါးဆယ်ကျော်သော်လည်း ဖြစ်ရမည် ။ စွပ်ကျပ်နံပါတ် ၃၂ ကိုပင် မဝတ်ဆင်နိုင်သေးသော ကလေးငယ်သော်လည်း ဖြစ်ရမည် ။ အရွှယ်ရောက်သည်ဆိုလျှင် လူပျိုမဆိုထားဘိ၊ လူအိုတွေ ပင် လူစုပြီး ချီတက်လာကြစမြဲ ဖြစ်သည်။ ဒါတွေ က အတွင်းသိ။

သြော်…အညှီရှိရာ ယင်အုံတက်သည် မဟုတ်ပါလား။

ယခုလည်း ကြည့်ဦး။ ရုံးထဲမှာ အညှီတို့သည် ၁၁ နာရီမထိုးသေးခင်းကပင် ဖင်တကြွကြွ ဖြစ်နေကြလေပြီ။

“မိန်းကလေးတွေ ကလည်း မိန်းကလေးတွေ ပဲ။ ချစ်လွန်းလို့သာ အောင့်အည်းသည်းခံရတယ်။ နေရာတကာမှ တစ်ဖက်စွန်းရောက်လွန်တဲ့ သတ္တဝါမျိုးတွေ ”

ဤကား နှုတ်မှ ဖွင့်မပြောရဲသော ကိုမောင်မောင်၏ စိတ်ထဲမှာ အတွေး။

သည်သို့သော စနေနေကတိုင်း ရုံးမှာ စီစီညံညံ ဖြစ်မြဲပင်။ စာပေးစာယူဌာနမှ မခင်မြမိုးနှင့် လက်နှိပ်စက်စာရေး မ ထိုက်ထိုက်တို့ နှစ် ယောက် ကတော့ အကဲဆုံး ဖြစ်၏ ။ ရုံးက နေ့တစ်ဝက်တက်ရသည့်အထဲ ကိုးနာရီထိုးပြီးခါမှ ရုံးလာကြ၏ ။ နောက်ပြီး ၁၁ နာရီမထိုးခင်ကတည်းက လစ်ချင်နေကြပြီ။ သည်တော့လည်း အမျိုးသမီးလုပ်အားက လျော့လာရတော့၏ ။ ဒါတင်မကသေး၊ သင်းတို့နောက်မှ တကောက်ကောက်လိုက်လေမည့်  ယင်ကောင်တွေ ၏ လုပ်အားကလည်း ထပ်မံလျော့ပေဦးတော့မည် ။ ဟုတ်၏ ။

အလုပ်သင်အရာရှိလေး ဦးခင်မောင်ချင်းနှင့် ဦးသာဦးတို့သည် ခင်မြမိုးတို့ နှစ် ယောက် အထွက်ကို ချောင်းနေကြလေပြီ။

“အင်း..ဗိုလ်ချုပ်ဈေးနှိပ်စက်တာနဲ့ ငပလီရောက်ဖို့တော ဝေးပါပြီ” ဟု စံပြလုပ်သားကောင်း ဖြစ်ချင်နေသော ကိုမောင်မောင်က နှုတ်မှ ညည်းမိရင်း ဖိုင်တွဲ ကို ပိတ်လိုက်၏ ။

•••

နာရီဝက်ခန့် ကုန်လွန်ပြီးသော အချိန်၌ မူ ဈေးအလယ်ပေါက်ဝယ် စာရေး လေးကိုမောင်မောင်ကို စီးကရက်လေး ခဲလျက်သား တွေ့ ရပေဦးမည် ။ သူ့လိုပင် ရုံးလစ်လာသော ရုံးအမှု ထမ်း အထီးအမပေါင်းစုံသည်လည်း ဟိုရပ်သည်ရပ် ပြူးတူးပြဲတဲ ဖြစ်နေကြကုန်၏ ။ သူငယ်ချင်းကို စောင့်နေရသလို ပုံဖမ်းရ၏ ။ အလွန်ကြောင်သော အလုပ်ပါပေ။

ဘေးနာက ဆေးပြင်လိပ်ကိုယ်စိနေကြသော လမ်းသရဲလေးတွေ လို ရှက်ကြောပြတ်ထားရင်လည်း အကောင်းသား။ သည်ကောင်လေးတွေ ကလည်း အလွန်ဆိုးသည်။ ကိုမောင်မောင်တို့လို ဗိုလ်ချုပ်ဈေးသို့ လာ၍ ဖူးစာရှင်ရွေးမည့် သူတွေ မဟုတ်ကြ။ သူတို့ပါးစပ်က တတွတ်တွတ် ရွတ်နေသူတို့ကား “အေစီဖန်မယ်၊ အေစီကွ၊ အေစီ” သာလျှင် ဖြစ်သတည်း။ အေစီဆိုသည်မှာ အချောင်ရသော မိန်းကလေး သို့ မဟုတ် အရပ်ပျက် မိန်းကလေး ဟု အဓိပ္ပယ်ရသော ကာလသားသုံး ဘန်းစကားလုံး ဖြစ်၏ ။ ထိုကြောင့် ဤဈေးတွင် အေစီများ ကျက်စားကြောင်း ရှေးမဆွကပင် ကိုမောင်မောင်တို့ သဘောပေါက်ခဲ့ကြရ၏ ။

“မတော် သဆများ အဲဒီ အေစီတွေ ကို အကောင်းထင်ပြီး အတည်ပေါက် ကြံမိမှဖြင့် အခက်” ဟု တွေးတောစိုရိမ်ခဲ့ဖူး၏ ။

သို့သော် ကြာတော့လူက လည်လာ၏ ။ “ပုံ” ကြည့်လိုက်ရုံနှင့် အတပ်သိ၏ ဒါက လူပျိုပညာ။

“ဟေ့ မောင်မောင်။ မင်းက ခုထိ လာရတုန်းပဲလားကွာ၊ ငါ့ကောင် ခုထိ မစွံသေးဘူးထင်တယ်”

“ဟာ ကိုမင်းဦးကြီးပါလား။ ခင်ဗျား ကတော့ ပြောအားရှိပေမှာ ပေါ့ဗျာ၊ နေပါဦး။ ခင်ဗျားတို့က ဒီဈေးကို လာဖို့ မလိုတော့ပါဘူးဗျ။ ဘာလဲ အိတ်ဆောင်ထားဖို့ အနုစာလေး လာရှာတာထင်တယ်။ ခင်ဗျား အမျိးသမီး ကိုသွားပြီး တိုင်ပြောလိုက်ဦးမှပဲ”

“အမယ်လေး မလုပ်လိုက်ပါနဲ့ မောင်မင်းကြီးသားရယ်။ ခုလည်းသူလွတ်လို့ နို့မှု န့်ဘူး စနည်းလာနာရတာ ပါဗျာ”

“သိတတ်နိုင်ဘူးလေဗျာ။ ဒီဈေးမှာ စွံတတ်မှန်းသိလို့ အကြံအဖန်များ လာလုပ်သလားလို့ပါ”

ကိုမောင်မောင်၏ အသော အထေ့အဆုံးဝယ် ကိုမင်းဦးလည်း တဟဲဟဲ ရယ်မောရင်း လူချင်းခွဲသွား၏ ။ ကြည့်စမ်း။ အဲဒီ ကိုမင်းဦးလည်း အခု သူရနေတဲ့ မိန်းမနဲ့ ဒီဈေးမှာ ပဲ ဖူးစာဆုံသွားခဲ့တာ မဟုတ်လား။ အားတက်စရာတွေ ၊ အားကျစရာတွေ ။

“ငနဲက အမ်စီက၊ ဟော့လား။ ယူ ကံကောင်းတာပေါ့ ဆရာဝန်ကတော် ကြီးရယ်”

•••

ဟော လာပြန်ပြီ။ အမ်စီတဲ့။ ကိုမောင်မောင် တစ်ယောက် သမင်လည်ပြန်ကြည့်မိ၏ ။ အထက်တန်းကျောင်းသူလေးနှစ် ယောက် သမီးရည်စားကြောင်း ပြောနေကြတာ ထင်ပါရဲ့ ။ သည်ဈေးကို လာလေတိုင်း ယောက်ျားလေး အများ က အေစီ၊ အေစီဟု ရွတ်ကြသည်ကဲ့သို့ မိန်းကလေးအုပ်ကလည်း အမ်စီ၊ အမ်စီဟု တွတ်ထိုးကြသည်ကို ကြားရစမြဲ။ ထိုသို့သော စီခနဲ၊ စီခနဲ၊ ညံခနဲ၊ ညံခနဲ၊ စီစီညံညံအသံတွေ ကြားဝယ် ကိုမောင်မောင်သည် ဆက်လက်ချီတက်နေဆဲပင် ဖြစ်၏ ။ သူ့ခမျာ အမ်စီက ဆေးကျောင်းသား မဟုတ်ပေမယ့် သူအိုးနှင့် သူ့ဆန် တန်ရုံလောက်ကိုတော့ မျော်လင့်ရှာပေမပေါ့။

လာပြန်ပြီ။ တစ်ရုံးတည်းသားချင်းမို့ ရွာမြက်ရွာနွား မစားချင်ဘူးဆိုကာမှ သင်းတို့နဲ့ မှ တွေ့ တက်ပလေဟု တွေးရင်း ဆွမ်းခံရင်း ငှက်သင့်မည် ကို စိုးသော ကိုမောင်မောင်က မချိသွားဖြဲ နှုတ်ဆက်ရှာ၏ ။

“ဟယ် ကိုမောင်မောင်ကြီးပါလား၊ မိုးတို့အရင် ရုံးက လစ်သွားတာ မဟုတ်သား။ ရှင့်မှာ အတွဲ လေးဘာလေး ပါမလာဘူလား။ ဒီလူကြီး အတော် ညံ့တာပဲ”

“ဟာဗျာ နောက်မနေစမ်းပါနဲ့ ။ ခင်ဗျားတို့နောက်ကသာ ဦးသာဦးတို့ ပါမလာတာကို အံ့သြတယ်”

သည်နေရာမှာ ထိုက်ထိုက်က တစ်စခန်းထတော့သည်။

“ဘာကြီး ဖြစ်နေပေစေ တစ်ရုံးတည်းသားချင်း မသုံးဘူးသိလား”

ဤတွင် ရေရေလည်လည် ခံသွားရသူမှာ ကိုမောင်မောင် ဖြစ်၏ ။

“ကဲပါဗျာ၊ ရန်လည်း တွေ မနေကြပါနဲ့ တော့။ ကျွန်တော် ကပဲ အရှုံးပေးပါတယ်။ ပစ္စည်းတွေ ကလည်း များ လှချည်းလား။ ဘာတွေ များ ဝယ်လာကြသလဲ”

“မိုး ကတော့ မော့ဒက်စ် (Modess) ကုန်ခါနီး နေလို့ ထပ်ဝယ်ခဲ့တာပါ”

ကြည့်ပါဦး။ မော့ဒက်စ်၊ ကိုးတက်စ်၊ ဗလူးခရော့စ် ဆိုတဲ့ အမှတ်တံဆိပ်တွေ နဲ့ ဘူတွေးထဲမှာ ဘာပစ္စည်းတွေ ပါတယ်ဆိုတာကို မိန်းကလေးတွေ မစောင့်စည်းကြလွန်းလို့ လူတိုင်းသိကုန်ပြီးမှပဲ၊ ဒီဘူးတွေ ကို လုံလုံခြုံခြုံ စက္ကူအိတ်တစ်ခုထဲမှာ ထပ်ထည့်ပြီးမှ ယူခဲ့ပါတော့လား။ အခုတော့ မဟုတ်ဘူး။ ဒီလိုကိစ္စမျိုးကအစ နိုင်ငံခြား ဖြစ် ဓမ္မတာ ကာကွယ်ရေး ပစ္စည်း နူးနူးညံ့ညံ့ေးတွေ ကိုမှ သုံးတာဆိုပြီး ဂုဏ်ယူနေတဲ့ မျက်နှာမျိုးတွေ နဲ့ ။ ကွပါ့ကွာ။ တို့အမေ သွေးမဆုံးခင်ထုန်းကများ မိုင်းကုပ်စက္ကူတို့၊ ဂွမ်းတို့ကို သား ဖြစ်တဲ့သူတွေ မပြောနဲ့ ၊ လင်လုပ်တဲ့သူတောင် မမြင်စေရဘူး။ ဘာပဲ ဖြစ် ဖြစ် သိသာသိစေ မမြင်စေနဲ့ ဆိုတာ မြန်မာ့ယဉ်ကျေးမှု ရဲ့ လျှို့ဝှက်ချက်ကလေး တစ်ခုပဲ။ ခုတော့ မဟုတ်ပေါင်။ မိန်းကလေးများ အရှက်လည်း မရှိ။ အရှုပ်မလေးတွေ ။

သည်သို့သည်ဝယ် တွေးနေဆဲဝယ်…

“ထိုက်တော့ ဒုက္ခပါပဲ။ စမ်းစမ်းအေး မျက်လုံးဆိုတာ”

သည်တော့ မိန်းကလေးနှစ် ဦးက ရယ်ကြသည်။

“ကိုမောင်မောင် ဒါကြောင့် မစွံတာ။ ယောက်ျားဆိုတာ ခေတ်မီ မိန်းကလေးအသုံးဆောင်တွေ ကို သိရတယ်ရှင့်။ စမ်းစမ်းအေးမျက်လုံး ဆိုတာ ဖိနပ်နာမည် ပါ။ သဲကြိုးကို ပန်းကွက်ဖော်ပြီး ချုပ်ထားပုံက ရုပ်ရှင်မင်းသမီး စမ်းစမ်းအေးမျက်လုံးလိုပဲ”

“အမယ်လေးဗျာ စီးပွားရေး သမားတွေ ကလည်း ကြံကြံဖန်ဖန်ထွင်မှထွင်တယ်ပလေ။ ကဲ ကျွန်တော် သွားတော့မယ်နော်”

ပြောပြောဆိုဆို လှည့်ထွက်လာခဲ့ရ၏ ။ သူတို့နှင့် စကားကြောဆက်ရှည်နေလျှင်လည်း ဝါဝါဝင်းရွှေ တံတောင်ဆစ်တို့၊ ခင်သန်းနု ခြေဖနောင့်တို့ဆိုသည့် ပစ္စည်းဆန်းတွေ ကိုများ ဆက်ကြားနေရမလား မသိ။

သြော်… တော် တော် ရှုပ်ကြပါလာ။ ဟင်းခနဲ၊ ဟီးခနဲ ငှက်ဖျားတက်သံပေးနေကြသော လမ်းသရဲအုပ်စုဘက်သို့ လှမ်းကြည့်လိုက်မိရာ မြင်ကွင်းကား ရင်တုန်စရာလား၊ ရင်ခုန်စရာလား မခွဲခြားတတ်။

တုတ်တုတ်စိုစို မိန်းမပျို တစ်ယောက် ဘော်လီတစ်ထည်ကို ကောက်ဝတ်လျက် ကိုယ်တိုင်းယူနေသည်ကို တွေ့ ရ၏ ။ အပေါ်အင်္ကျီနှင့် ထဘီအနက်သည် ထိုမိန်းကလေးအား စုစည်းပြီး ထုပ်ထားသလိုကဲ့သို့ ရှိချေ၏ ။ တစ်တစ်ရစ်ရစ်၊ ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်း။ ကြိုက်ပြီ။ ဒီတစ်ပတ်အတွက် စိတ်ကူးယဉ်စရာ၊ ကံစမ်းချင်စရာ တစ်ယောက် တွေ့ ရချေပြီ။

ကိုမောင်မောင် မကြောင်တော့ပါ။ ယောင်တောင်တောင်လည်း မ ဖြစ်တော့ပါ။ ခရမ်းရောင် နောက်သို့ ကောက်ကောက်ပါချေပြီ။ ယင်းသို့ နောက်ကလိုက်ရင်းဖြင့် သူ၏ ဝတ်စားဆင်ယင်မှု ကို ပြန်လည် စစ်ဆေးလိုက်၏ ရှိစုမဲ့စု တက်ထရက်(စ်) ရေညှိစိမ်းရောင် တိုက်ပုံအင်္ကျီနှင့် ရခိုင်လုံချည် အကွက်ကလေးသည် သူ၏ စနေ့နေ့ ယူနီဖောင်းကလေး ဖြစ်၏ ။ အင်္ကျီရော၊ လုံချည်ပါ လွန်ခဲ့သော စနေနေ့က ဝတ်အပြီး တစ်ပတ်လုံးလုံး ခေါင်းအုံးအောက်တွင်း ထား၍ အိမ်ခဲ့သဖြင့် အပြန့်သား၊ အစန့်သား၊ အခန့်သား။ သည်တော့လည်၊ ဝတ်စားဆင်ယင်မှု သည် ယခုအချိန်ထိတော့ “ပျံနေတာပဲ” ဟူသော အဆင့်တွင် ရှိသဖြင့် ကိုမောင်မောင်က ကျေနပ်စွာ ဖြင့် ဘိုကေကိုသာလက်ဖြင့် ရွရွကလေး သပ်လိုက်၏ ။ ကဲ ဆက်လုပ် ။

မိန်းကလေးသည် အလယ်ပေါက်လမ်းအတိုင်း တောက်လျှောက်ဆက်သွား၏ ။ ကိုမောင်မောင်ကလည်း တက်ကြပ်မကွာပင်။ မြောက်ဘက်ထိပ်သို့ ရောက်သော် မိန်းမငယ်သည် အုတ်တိုင်ကိုမှီရင်း ဟိုဟိုသည်သည်ကြည့်၏ ။ ကိုမောင်မောင်လည်း ခြေလှမ်းတုံ့၏ ။ ရုတ်တရက် ဘာလုပ်ရမည် ကို မသိသဖြင့် အကြောင်းမရှိ အကြောင်းရှာ၍ စီးကရက်ကို ထုတ်ကာ မီးရှို့ရ၏ ။ ထိုအချိန်ထိ ခရမ်းရောင် မလေးက နေရာတွင် ရပ်နေဆဲ။ ကိုမောင်မောင်ကိုလည်း ကွက်ကြည့်ကွက်ကြည့်ဖြင့် ။

“ဒီတစ်ခါမှ မစွံရင် ဘာတဲ့တုံးကွာ” ဟု တီးတိုးကြုံးဝါးမိ၏ ။ ဟုတ်ပေမည် ။ မိန်းကလေးသည် သူ့ကို ခြေဆုံးခေါင်ဆုံးကြည့်လျက် ပြုံးယောင်ယောင်ပြု၏ ။ ဒီတော့ သူကလည်း ပြုံးယောင်ယောင်ပဲပေါ့။ ထို့နောက် ရုတ်တရက် အံ့သြစရာကောင်းလောက်အောင် မိန်းမငယ်သည် ကိုမောင်မောင်၏ အနားသို့တိုင် ကပ်လာပြီး စကားပင် ဆိုချေပြီ။

“ တစ်ယောက် တည်းပဲလား”

အံ့သြမှု သည် အထွတ်အထိပ်သို့ တိုင်၏ ။

ရဲလှချည်းလား။ ဖွဟဲ့၊ မပြောကောင်းပြောကောင်း အေစီများ လာ။ အေစီပုံလည်း မပေါက်ပါဘူး။ ကြေးစားလည်း မ ဖြစ်တန်ရာ။ ယိုးဒယားဘတ်ကြိုးကြီးမှ အိလို့၊ ညွှတ်လို့။

ထိုအတွေး၊ ဤအတွေးတို့သည် ရင်တွင် ဒိန်းခနဲ ဆောင့်လိုက်၊ ခေါင်းတွင် ပူခနဲ ဖြစ်လိုက်နှင့် ညာသံပေးကာ တန်းစီတိုးနေကြကုန်၏ ။ သို့သော် လေ့လာလိုက်ရစေဦးတော့ မနည်းဟူသော ကုန်သည်အတွေးမျိုးက ဝင်လာသည်။ ထိုစဉ် မိန်းမငယ်က ပို၍ ပြုံးကာ ပို၍ ကျယ်ကျယ် ပြော၏ ။

“ တစ်ယောက် တည်းပဲမို့လားဟင်”

သည်ခါတော့ သူကလည်း ပြင်ဆင်ပြီးသား ဖြစ်နေပေပြီ။ အညံ့မခံတော့။

“ကိုယ်က အမြဲတမ်း တစ်ယောက် တည်းသမားပါ။ ညီမကို ဘာကူညီရမလဲပြောပါ”

“ရှင် ကျွန်မကို စောစောကတည်းက မမြင်ဘူးလား”

“မြင်ပါတယ်၊ ကိုယ်အစောကြီးကတည်းက သတိထားနေမိပါတယ်”

မိန်းကလေးပြုံးသည်။ ပြီးတော့ ကိုမောင်မောင့်ကို ခြေဆုံးခေါင်း ဆုံးကြည့်ပြန်သည်။ ထိုနောက် မလုံသလို တစ်ချက်ရယ်လိုက်သည်။ ကိုမောင်မောင် တစ်ယောက် စည်းစနစ်ကျစွာ အသက်မရှူတတ်တော့။

“ဟင်း ဟင်း သေချာပါပြီနော်။ ကဲ အလုပ်သဘောပဲ ပြောကြစို့”

ဟ အလုပ်သဘောဆိုပါလား။ ကိုမောင်မောင်သည် ရုတ်တရက် လန့်သွား၏ ။ သည်မိန်းကလေးနှယ့် ကြေးစားဆိုရင်လည်း ဘတ်ကြိုးကြီးမှ အားမနာ။

“ဘယ်နေရာက လိုက်ခဲ့ရမှာ တုံးကွယ်။ ဘာနဲ့ သွားမှာ လဲ။ သုံးဘီးပဲ စီးမလား။ ရှင့်အိမ်တော့ မဟုတ်ဘူးမို့လား”

လကုန်ရက်မို့ စီးကရက်တောင် တစ်လိပ်ချင်းဝယ်သောက်နေရရျာသော ကိုမောင်မောင်သည် အင်္ကျီအိတ်ထဲမှ ဘတ်စ်ကားခ အကြွေကလေးများ ကို ယောင်ယမ်း၍ လက်ဖြင့် ဖိလိုက်မိရင်း…

“ဗျာ ဘယ်လို ကျွန်တော့် မှာ မရှိဘူးဗျ”

“ရှင် ဘာပြောတယ်၊ ဦးဝင်းမြင့်ကပြောတော့ ရှင့်ဆီမှာ ”

စကားစကိုဖြတ်ထားပြီး မိန်းမငယ်က ရှေ့သို့ နီးကပ်စွာ တိုးလာလျက် လေသံတိုးတိုးဖြင့် စကားကို ဆက်၏ ။

“ခရစ်လိုင်းကြီးတွေ နဲ့ ဘားပလက်စီထိုးဆေးတွေ ရှိတယ်ဆို”

“ဘုရားရေ… ကျားသားမိုးကြိုးဗျာ။ ခင်ဗျား လူမှားနေပြီနဲ့ တူတယ်။ ကျွန်တော် …ကျွန်တော် ”

သည်လို ဖြေရှင်းခါမှ မိန်းမငယ်သည် တစ်ကိုယ်လုံး တုန်ယင်လှုပ်ရှားလာသည်။ “ရှင်က ငွေလည်းကြိုရပြီးရော လူကို ပတ်မလို့ပေါ့လေ။ ရှင်တို့ မော်လမြိုင်သားတွေ ဒိလိုချည်းပဲ။ ဒီမှာ ကိုဝင်းကြည် ရှင်သိထားဖို့က…”

“နေပါဦး အမိ နေပါဦး။ ခင်ဗျားဟာက ငွေတွေ ၊ ကြေးတွေ ရော ရှုပ်ကုန်ပြီ။ ကျုပ်ရာဇဝတ်မှု နဲ့ မကင်းတာဆို ဘာမှ မလုပ်ပါဘူး။ ကျုပ်နာမည် ဝင်းကြည်လည်း မဟုတ်ရပါဘူး။ မောင်မောင်တဲ့ဗျ၊ မော်လမြိုင်သားလည်း မဟုတ်ဘူး။ ရန်ကုန်သား။ ၃၆ လမ်းမှာ နေတာပါ။ ခင်ဗျား အူကြောင်ကြောင်နဲ့ ဘာတွေ လာပြောနေတာလဲ။ ခင်ဗျားကိုလည်း ကျွန်တော် မသိဘူ”

ကိုမောင်မောင်ခမျာ ကြောက်ခြင်း၊ အံ့သြခြင်း၊ ရှက်ခြင်းတို့ဖြင့် ကိုယ်ရောစိတ်ပါ မွှန်ထူနေရင်းက အမောတကော ရှင်းပြရရှာ၏ ။ ဒေါသလည်း ထွက်လာမိ၏ ။ သို့သော် ဟိုက သူ့ထက်ပို၍ ဒေါသကြီး၏ ။

“အူကြောင်ကြောင်လုပ်နေတာ ကျွန်မ မဟုတ်ဘူးရှင့်။ ရှင် ရှင်သိလား။ ဒီမယ် မသေမချင်းမှတ်ထား။ တောင်ကြီးသူတဲ့။ မှော င်ခိုလုပ်ပေမယ့် သစ္စာရှိတယ်။ ရှင်တို့လို သစ္စာမဲ့သူတွေ ၊ မိန်းကလေး တစ်ယောက် ရဲ့ ငွေကို လိမ်စားချင်တဲ့သူတွေ ကို ဒီလိုပဲ ဆုံးမရမယ်”

“ဖြန်း”

ပါးတစ်ဖက် ပူခနဲ ဖြစ်သွားပြီးမှာ နောက်ထပ်ရိုက်ဟန်ရွယ်နေသော မိန်းငယ်၏ လက်ကို ဖမ်းလိမ်ဆွဲချိုးလိုက်ရသည်။ မဆီမဆိုင် ပါးရိုက်ခံရသဖြင့် ရှက်ဒေါသဖြင့် တစ်စုံတစ်ရာ လုပ်လိုက်မည် ဟု ကြံရွယ်လိုက်စဉ်မှာ ပင်…

“ဟေ့ကောင် မောင်မောင် လွန်မယ်၊ လွန်မယ်”

“အမယ်လေး သမီးလေး ချယ်ရီ”

ထိုအသံများ ကြောင့် နောက်သို့ လှည့်ကြည့်မိစဉ် သူငယ်ချင်း ဖြစ်သူ တစ်ဦးက မိမိ၏ လက်များ ကို ချုပ်ကိုင်ထားသည်ကို ကိုမောင်မောင် တွေ့ လိုက်ရ၏ ။ အင်မတန် တွေ့ ရခဲလှသော သူငယ်ချင်းကိုလည်း ကိုမောင်မောင်က နှုတ်မဆက်အားသေး။ ပါးရိုက်ခံထားရ၍ မွန်ထူနေဆဲ။ ဟိုမိန်းမငယ်ကိုလည်း အဘွားကြီး တစ်ယောက် က ဝင်ဖက်ထား၏ ။ သို့သော် မိန်းငယ်ကား ရုန်းဆဲ ဖြစ်၏ ။ ထို့အတူ ခံလိုက်ရသူကလည်း…

“ခင်မောင်တင့် လွှတ်ကွာ၊ ငါ့ ဆွဲမထားနဲ့ ၊ ဒါ သက်သက်မဲ့ စော်ကားတာ”

“ငါ တောင်းပန်းပါတယ် မောင်မောင်ရာ ငါနားလည်ပါတယ်”

“အိုကွာ ငါ့ကိုသာလွှတ်။ မိန်းမဆိုပြီး ညှာတိုင်း ခေါင်းပေါ်တက်ချင်ကြတဲ့ဟာတွေ ”

“အမယ်လေး အမယ်လေး၊ သမီးလေး တက် သွားပါပြီ”

မိန်းမငယ်ကို ဖက်ထားသော အဘွားကြီး၏ အော်သံကြောင့် ကိုမောင်မောင်၏ သူငယ်ချင်းသည် မိန်းမငယ်အပါးသို့ အပြေးရောက်သွား၏ ။ ကိုမောင်မောင်ကားနေရာတွင် ငူငူကြီး ရပ်နေမိ၏ ။ ထိုစဉ် ကိုခင်မောင်တင့်က အော်၏ ။

“ဟေ့လူတွေ သူများ ဒုက္ခရောက်နေတာ ဒီလောက် ဝိုင်းအုံနေဖို့ မလိုပါဘူး။ ဒီမှာ တက်သွားတဲ့ မိန်းကလေးကို ဒီလောက် ဝိုင်းအုံနေလို့ ဘယ်လိုလုပ်ပြီး ပြုစုရမှာ လဲဗျ”

သည်တော့မှ ပတ်ဝန်းကျင်ကို သတိရမိတော့သည်။

“ဘုရား ဘုရား နည်းတဲ့လူအုပ်မှ မဟုတ်ဘဲ”

ကိုမောင်မောင်သည် ဘုရားတကာ ညည်းလိုက်မိ၏ ။ အရှက်ကား ကမ်းကုန်ပြီတည်း။ သည်နေရာတွင် နောက်ထပ် မည် သို့မျက်နှာပြရပါ့။ ယောက်ျားတန်မဲ့ မိန်းမသားနှင့် ယှဉ်ပြီး ဖြစ်ရလေခြင်း။ ကိုယ်မှန်မှန် သူမှားမှား ဖြစ်ရပြီဆိုကတည်းက အဖယ်ဆည်မရတော့။

ထိုအတွေးဝင်၍ ဥာဏ်ဖြင့် ဆင်ခြင်မိသည့် ခဏဝယ် ဗိုလ်ချုပ်ဈေးတစ်ဈေးဆုံး မှော င်အတိကျလေသတည်း။

•••

“အဲဒီ ချယ်ရီက ငါ့နှမဝမ်းကွဲပါ သူငယ်ချင်းရာ”

“ဟေ”

“ဟေလုပ်မနေနဲ့ မောင်မောင်။ ငါတော့ အဲဒီ ကောင်မလေးအတွက် စိတ်ရှုပ်ပါတယ်ကွာ။ ခုလည်း သူ့အမေက ငါ့ကို အတင်းခေါ်လို့ ကလောက ခြံအလုပ်တွေ ပစ်ပြီး လိုက်လာရတာ ။ ခုတော့ ကောင်မလေးကို မကုသရသေးခင် ငါ့ကိုအရင် ကုရလိမ့်မယ်ထင်တယ်။ ငါပါ ရှုးချင်ပြီကွ သိလား”

“နေ နေပါဦး။ ဒါဖြင့် ကောင်မလေးကို ဆေးကုမယ်ဆိုတာက ဟို…”

“အေးကွာ ပြောမပြောချင်ပါဘူး။ ချယ်ရီ ရူးနေလို့စိတ္တဇဆေးရုံကို လာပို့တာပဲ”

“ဆောရီးပဲ ခင်မောင်တင့်ရာ။ မင်းနှမမှန်းလည်း မသိဘူး။ ပြီးတော့ ဟိုစိတ်မနှံ့ဘဲ ဖြစ်နေမှန်းလည်း မသိလို့ပါ”

“ကိစ္စမရှိပါဘူးကွာ။ ငါက မင်းကိုသာ အားနာနေတာ”

“ဒါ အသာထားစမ်းပါဦးကွာ။ ငါက မင်းကိုက အားနာနေတာ”

ဒါ အသာထားစမ်းပါဦး။ ကောင်မလေး ရူးပုံက တစ်မျိုးပါလားကွ။ ဒီဈေးကိုလာရင်း မင်းတို့အလစ်မှာ ခွဲထွက်လာတယ်။ နောက်ပြီး ငါနဲ့ တွေ့ တယ်။ ပြောတော့လည်း မှော င်ခိုအရောင်းအဝယ်ကိစ္စတွေ ကို ပေါက်ကရလျှောက်ပြောတယ်။ သူ့ ရောဂါ က ဟစ်တီးရီးယားလား၊ စကီဇိုးဖရီးနီးယားလား၊ ဘယ်လိုနာမည် ပေးထားလဲ”

ဤတွင် ကိုခင်မောင်တင့်က ပြုံး၏ ။

“မင်းကလည်း ကြားဖူးနားဝတွေ လျှေက်ပြောမနေစမ်းပါနဲ့ ။ ဆေးလောကရဲ့ ပြဿနာတွေ ၊ အရှုပ်တွေ ကို တို့အရပ်သားတွေ ဝင်မရှုပ်သင့်ပါဘူး”

“အေးပါကွာ ဒါတော့ ဟုတ်ပါတယ်”

“ဒါပေမယ့် တစ်ခုတော့ ရှိတယ်ကွ။ အခု ချယ်ရီရဲ့ ကိစ္စမှာ တော့ ငါက ရောဂါ နာမည် တွေ ဘာတွေ တပ်ထားမိသဗျ။ အဟီး ဆေးပညာအမြင်နဲ့ တော့ မဟုတ်ရပါဘူးကွာ။ လူမှု ရေး အမြင်အရ ကြည့်ပြီး နာမည် ပေးထားမိပါ။ ဟဲ ဟဲ”

“အံမယ် တယ်ဆိုတဲ့စာပါလားဟ၊ ဘယ်လိုတဲ့လဲ”

“ဘလက်ကီးရီးယားလို့လေ”

“မင်းကလည်းကွာ၊ ကြား မကြားဖူးပါဘူး”

“ဟ ဒါမှ အမှန်ကွ။ ဒီကောင်မလေးက တောင်ကြီး၊ ရန်ကုန်၊ မော်လမြိုင် ဘလက်မားကက်တစ်ခွင်မှာ မှော င်ခို အကြီးအကျယ်လုပ်ရင်း မော်လမြိုင်သား ဝင်းကြည်ဆိုတဲ့ ကောင်က ငွေရော၊ ပစ္စည်းပါ ငါးသော င်းဖိုးလောက် သူ့ကို လိမ်သွားရာကစပြီး ရူးရတာ ကိုးကွ။ အဲဒီ ကတည်းကစပြီး တစ်ခါတလေ သူ စိတ်ဖောက်လာတဲ့အခါ အခုမင်းနဲ့ ဖြစ်သလိုပဲတွေ့ သမျှ ယောက်ျားလေးတိုင်းကို ဝင်းကြည်လို့ချည်း သဘောထား ဆက်ဆံတတ်တယ်။ မင်းက ပါးတင် အရိုက်ခံရတာ တော် သေးတယ်။ တောင်ကြီးက လူ တစ်ယောက် ဆိုရင် ဓားနဲ့ တောင် အပေါက်ခံရတယ်။ နောက်ပြီး သူဒေါသကြီးရင် တက်သွားရော”

“အမယ်လေး ဘုရား ဘုရား”

“အေး အဲဒီ လို မှော င်ခိုဘလက်ကိစ္စကြောင့် ရူးရတာ မို့ သူ ရောဂါ ကို ဘလက်ကီးရီးယားလို့ ငါက နာမည် ပေးထားတာ”

“အေး…မင်းပြောတော့လည်း ဟုတ်သလိုလိုပါပဲလား”

“ဟုတ်သမှ သိပ်ဟုတ်ပေါ့။ ကဲ ဒါတွေ အသာထား၊ မင်းရှက်ရှက်နဲ့ ထွက်ပြေးတဲ့နောက်ကို အတင်းလိုက်ဆွဲရတာ နဲ့ ကြည့်စမ်း၊ ဗိုလ်ချုပ်ဈေးနဲ့ တောင် အတော် ဝေးလာပြီ။ လာကွာ၊ ငါလည်း တော် တော် ဆာနေပြီ။ ဒေါ်ဒေါ်နဲ့ ချယ်ရီကိုတော့ ပြန်လွှတ်လိုက်တာပဲ။ ကဲ မင်းနဲ့ ငါနဲ့ ပဲ ဈေးဘက် တစ်ခေါက် ပြန်လျှောက်ပြီး တစ်ခုခု သွားစားကြရအောင်”

“ဘာရယ် ဗိုလ်ချုပ်ဈေးကို ပြန်သွားဦးမယ်ပေါ့”

“အေးလေကွာ၊ ဆာလို့ပါ ဆိုနေမှာ ပဲ”

“ဒီမယ်ခင်မောင်တင့်ရယ် တခြားဘယ်ဆိုင်ကို မင်းကြိုက်သလဲ ပြောစမ်း။ ငွေမရှိပေမယ့် လက်ကနာရီ ပေါင်ကျွေးပါ့မယ်ကွာ။ ဗိုလ်ချုပ်ဈေးကဆိုင်မှာ မှ စားချင်တယ်လို့တော့ဖြင့် မလုပ်လိုက်ပါနဲ့ ဗျာ”

“ဟ ဘာ ဖြစ်လို့တုံးကွ”

“မေးမှ မေးရက်ပလေ ရွှေယောက် ဖရယ်။ ငါ့သိက္ခာရော၊ အရှက်တွေ ရော၊ ခဲမှန်တဲ့ မော်တော် ကား မှန်ကွဲသလို တစ်လက်မလောက်မှ သုံးမရတော့လောက်အောင် ကွဲခဲ့တဲ့နေရာကို၊ ငါက ပြန်သွားရမတဲ့လားဟ။ ဟင်း… အင်မတန် ရှုပ်တဲ့နေရာ။ အဲဒီ ဈေးမှာ အပျိုတွေ အလာများ လို့ ရှုပ်ပြီး စည်းကားနေရုံတင်မဟုတ်ဘူး၊ အဲဒီ ဈေးက အပျိုတွေ ကိုယ်၌ ကိုက အရှုပ်ထွေးတွေ နဲ့ မောင်ရေ့၊ လစ်စို့ လစ်စို့”

“ဒီကောင် ဘယ်လို ဖြစ်သွားရတာ တုံး”

•••

အင်း၊ ဘယ်လိုပဲ ဖြစ် ဖြစ်လေ…

သည်အတိုင်းဆိုလျှင် ကိုမောင်မောင် တစ်ယောက် ငပလီ ရောက်နိုင်ပါသေးသည်။

မင်းသစ်

(မိုးဝေမဂ္ဂဇင်း၊ ၁၉၇၀၊ အောက်တိုဘာလ)

•••


ဝန်ဇင်းချစ်သူများ မင်းသစ် ၏ “ အိပ်မက်ကွန်ဖရင့် ၀တ္ထုတိုစု ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လွမ်းရတဲ့သူတွေ

ပညာရေး... ပညာရေး ရှက်ဖွယ်...ရှက်ဖွယ်