Cover

ဝတ္ထုပဒေသာအမှတ် - ၇
အာဟာရ ဟိုတယ်

မောင်ဆင့်သည် ရုပ်ရှင်ဇာတ်ရုံမှ ထွက်၍ လာပြီးနောက် အတော် ကလေး ဆာသဖြင့် ကွမ်းခြံဘူတာ၏ အရှေ့ဘက် ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်များ ကို လျှောက်၍ ကြည့်နေလေ၏ ။

သို့ ကြည့်နေခိုက်တွင် ညှိုးငယ်စွာ ဝတ်ဆင်ထားသော မိန်းမပျို တစ်ယောက် ၏ ကြော့ရှင်းသော သဏ္ဍာန်တစ်ခုကို မှော င်ရိပ်တစ်ခု၌ မြင်ရသဖြင့် မယောင်မလည် အပါးသို့ အဘယ်ကိစ္စ အတွက်မှန်းမျှ မိမိကိုယ်ကို မသိဘဲ ကပ်ရောက်၍ သွားလေရာ ကိုယ်ခန္ဓာကြော့ရှင်းသည်ထက် ပိုမို၍ လှပသော မျက်နှာကလေးကို အနီးကပ်မျက်စောင်းထိုး မြင်ရလေ၏ ။ မျက်စောင်းထိုးမြင်ခြင်းမှာ တည့်တည့်ကြီး မကြည့်ရဲသော ကြောင့် ပေတည်း။

ထိုအခါ ဆောင်းလရာသီ ဖြစ်လေရာ အတော် ကလေး အေးချမ်းသဖြင့် လက်နှစ် ဖက်ကို မိမိ၏ သကလပ်အင်္ကျီအိတ်အတွင်းသို့ ထိုးသွင်း၍ ထားလေ၏ ။ မိန်းမပျို၏ မျက်နှာမှာ မွတ်သိပ် ဆာလောင်သော အသွင်ရှိလေ၏ ။ ၎င်းမိန်းမပျိုသည် မိမိကို ဂရုစိုက်၍ ကြည့်ဟန်တူလေ၏ ။

“ ချမ်းလိုက်တာဟင်” ဟု သူ့ကိုလိုလို၊ ငါ့ကိုလိုလိုပြောရာ မိန်မပျိုက “ သိပ်ချမ်းတာပဲ” ဟု ပြောပြီး တစ်ဖက်သို့ လှည့်လိုက်ရာ မှော င်ထဲမှ မည်းခနဲကြွ၍ လာသော သဏ္ဍာန်တစ်ခုက “ ချမ်း ဆို မောင်ရင်၊ အကွယ်အကာမှ မရှိဘဲ၊ မြို့ထဲမှာ တော့ တိုက်ငွေ့တွေ ကြောင့် ဒီလောက် မချမ်းလှဘူး” ဟု ပြောလေ၏ ။ ပြောသူကား အမယ်အို တစ်ယောက် ဖြစ်လေ၏ ။

“ ကျွန်တော် တို့ တောအရပ်မှာ လောက်တော့ မချမ်းသေးပါဘူး” ဟု မောင်ဆင့်က အဆီ အငေါ့မတည့်သော စကားကို ပြန်၍ ပြောလေ၏ ။ မိန်းမပျိုက မသိမသာ ရယ်လိုက်လေ၏ ။ ထို့နောက် “ အစ်ကိုကြီးက ဘယ်အရပ်ကလဲ” ဟု မေးလေ၏ ။

“ ပုသိမ်က ဒီကနေ့ပဲ ရောက်တယ်။ တောအရပ်မှာ အလုပ်အကိုင် အပေါက်အလမ်း တယ်ပြီး မတည့်လို့ ရန်ကုန်မှာ အကြံအစည်ကလေး တည့်မလားလို့ လာတာပါပဲ” ဟု မိမိကိုယ်ကို လယ်ပိုင်ရှင်သူဌေး တစ်ယောက် ဖြစ်ကြောင်း ဖုံးဝှက်ကာ ပြောလေ၏ ။

နောက် ငါးမိနစ်လောက်ကြာသော အခါ အကျွမ်းတဝင် ဖြစ်၍ သွားပြီး “ ထမင်းစားကြပါဦး လား” ဟု ပြောကြရာ ဆိုင်အတွင်းသို့ ရောက်သွားကြလေ၏ ။

မောင်ဆင့်သည် မိန်းမပျိုကလေးကို မသိမသာ များ စွာ အကဲခတ်လေရာ မိမိများ စွာ ကြားရဖူးသော မကောင်းသည့် အမျိုးအစားထဲက မဟုတ်ကြောင်းကို အပြောအဆို အမူအရာ အသွင်အပြင်မှစ၍ အကုန်အစင်ထောက်ရှုခြင်းဖြင့် သိရလေ၏ ။ ဆင်းရဲ၍ မွတ်သိပ်ဆာလောင် လျက်နေကြောင်းကိုလည်း သိလေ၏ ။ အကြောင်းမူကား ထမင်းစားဖို့ခေါ်ရာ မငြင်းတငြင်း ကလေးမျှသာ ငြင်းပြီး အသိမိတ်ဆွေ ဖြစ်ကာ ဝင်စားလေ၏ ။

ထမင်းကြော်၊ ဝက်အူချောင်း စသည့်များ ကို စားကြပြီးနောက် လက်ဖက်ရည်ကိုသောက် ရင်း ဆိုင်အတွင်းမှာ နွေးသဖြင့် ဆက်လက်စကားပြောကြရာ မောင်ဆင့်မှာ ရှေးကရေစက် ပန္နက် ဖူးသော သစ္စာမို့ပေလားမသိရ။ အဘယ်အခါကမျှ သိသိသာသာ မပေါ်ဖူးသော စိတ်တစ်ခုသည် အထူး သိသိသာသာာ ပေါ်လာလေ၏ ။ ထိုစိတ်သည်ကား မိန်းမပျိုကလေးကို တစ်သက်လုံး ချမ်းသားအောင် ကြည့်ရှုလိုသော စိတ် ဖြစ်လေ၏ ။ အသွင်အမူကို ထောက်သော် မိမိကဲ့သို့ သားနားသော ၊ မိမိကိုယ်ကို အခွင့်ပိုင်သူ လူရည်ချွန် တစ်ယောက် အား ငြင်းပယ်နိုင်မည့်  နည်းလမ်း မရှိဟု စိတ်ချယုံကြည်လေ၏ ။ အဖော်မိန်းမကြီးက ဘာသာလဝါဆိုသလို ငေးမောတွေးတောပုံ၊ တစ်စုံ တစ်ယောက် ကို မျှော်ပုံနှင့် လမ်းဘက်ကိုသာ အာရုံစိုက်၍ နေလေ၏ ။

“ ဘာတော် သလဲ” ဟု မောင်ဆင့်က မိန်းမကြီးဘက်သို့ မျက်စပစ်ကာ မေးလေ၏ ။

“ ဘာမှ မတော် ပါဘူး။ အသိ မိတ်ဆွေပါပဲ” ဟု ပြန်၍ ပြောလေရာ မောင်ဆင့်မှာ အားတက်၍ သွားလေ၏ ။

အတန်ငယ်ကြာစွာ ဆိတ်ငြိမ်၍ နေပြီးမှ မောင်ဆင့်က…..

“ အခုမှ တွေ့ ရပေမဲ့ အသိမိတ်ဆွေ အရင်းအချာလို သဘောထားပါ။ အပွေးမြင် အပင်သိ ဆိုသလို မင်းပုံမှန်းအရ အပြစ်ကင်းသူကလေး တစ်ယောက် လို့ ယုံကြည်သဖြင့် ပြောခြင်းပါ။ တစ်မျိုးတစ်မည် များ ထင်မလား”

“ ကျွန်မလည်း အကဲခတ်ပြီးသားပါ။ ထင်စရာမရှိပါဘူး။ အများ အားဖြင့် တော့ အခုလို တွေ့ ကြရင် ယောက်ျားများ ဟာ တစ်မျိုးထင်ကြတာပဲ”

“ မထင်ပါဘူး။ ဒီမှာ လည်း အသိမိတ်ဆွေ မရှိ၊ တစ်ယောက် တည်း ဆိုတာလိုပဲ။ အစစ အရာရာမှာ အားထားပါရစေ။ ဒီကိုလည်း အားထားတာပေါ့။ ဘာမဆိုပါပဲ။ ငွေဆိုငွေ၊ အလုပ်အကိုင် ဆို အလုပ်အကိုင်။ တက်နိုင်သလောက်တော့ ကူညီနိုင်ပါတယ်”

“ ကျေးဇူးတင်ပါတယ်။ သို့ သော်လည်း ရှင် ကျွန်မကို ဒီတစ်ခုတော့ အထင်မှားတာနဲ့ တူတယ်” ဟု ချစ်ဖွယ်ရာ ပြုံးလျက်ပြလေ၏ ။

“ ဘယ်အချက်လဲ ပြောစမ်းပါ သိပါရစေ”

“ ကျွန်မကို အင်မတန် ဆင်းရဲတယ်လို့ ထင်တယ်မဟုတ်လား”

“ မှန်ပါတယ်။ ထင်မိပါတယ်။ မှားရင် စိတ်မဆိုးပါနဲ့”

“ စိတ်မဆိုးပါဘူး။ ရှင် သဘောကောင်းတဲ့ လူ တစ်ယောက် ဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မ ဒီဆိုင်တွေ ကို ကြည့်နေတာ နည်းနည်း ပါးပါး ဆာတာလည်း မှန်ပါတယ်။ မောလာတာကိုး။ ကျွန်မတို့ လမ်းမတော် ဘက်က ခြေလျင်လျှောက်လာလို့ပါ။ ပြီးတော့ ပိုက်ဆံလည်း အိမ်မှာ မေ့ ထားခဲ့တယ်။ သားရေအိတ်ဟာ အဒေါ်ဆီမှာ ပါတယ်ထင်လို့ သူကလည်း မေ့တာပဲ”

“ အေးလေ ၊ ရိုးရိုးပြောရမှာ ဖြင့် ချွေချွေတာတာ ကြည့်ရှုတွက်ချင့်ပြီးမှ ဝယ်ခြမ်းစားမယ် လို့ အကြံနဲ့ ကြည့်နေသလားလို့ အောက်မေ့မိတာပဲ”

“ ဒါနဲ့ ထမင်းစားဖို့ ရှင်ခေါ်တာပဲ။ ကျွန်မ သိပါတယ်။ ဆာလည်း ဆာနေတာကိုး”

“ အနို့ဗျာ ဘာများ လုပ်ကိုင်သလဲ”

“ အခု ဝံသာနုဈေးဆိုင်တွေ ထွက်ကြတာ၊ ရှင် မြင်တယ် မဟုတ်လား”

“ ဟုတ်ကဲ့ ၊ မြင်ပါတယ်ဗျာ”

“ ဒါပါပဲ၊ ကျွန်မတို့ ညီအစ်မ နှစ် ယောက် မြန်မာထမင်းဆိုင် အကောင်းဆုံး တစ်ခု တည်မလို့ စိတ်ကူးပြီး အစ်မက အိမ်မှာ နေမကောင်းလို့ ဒီအဒေါ်နဲ့ထွက်ပြီး ဆိုင်အမျိုးမျိုးတွေ ကို ကြည့်တာပါ။ နည်းယူတန်ရင်လည်း ယူဖို့ပါပဲ။ ဒါကြောင့် ခြေလျင် တဖြည်းဖြည်းလျှောက်လာကြ ရင်း ဒီနေရာရောက်လို့ ဆာတော့မှ အိတ်ထဲ ပိုက်ဆံမပါတာ သိရတာ ပဲ”

ထို့နောက် ကြည့်မြင်တိုင် မီးရထားဘူတာရုံအနီးမှာ ထမင်းဆိုင်ဖွင့်ကြောင်း၊ ဆိုင်နာမည် အာဟာရထမင်းဆိုင်ခေါ်ကြောင်းနှင့် ပြောပြီး တအောင့်တနား စကားပြောကြပြီးနောက် ခွဲ၍ သွားကြလေ၏ ။ မောင်ဆင့်မှာ ထိုညသည် မအိပ်သော ည ဖြစ်လေ၏ ။

နောက်တစ်နေ့ အာဟာရထမင်းဆိုင်ကို သွား၍ ရှာရာ မတွေ့ ရ။ မည် သူ့ကိုမျှလည်း မေး၍ မရသဖြင့် ဘယ်လိုသဘောနှင့် ငါ့ကို တစ်ပတ်ရိုက်တာလဲဟု တွေးကြံ၍ မရဘဲ စိတ်ပျက်လျက် ပြန်၍ လာခဲ့လေ၏ ။ ထိုကဲ့သို့ သော တစ်ပတ်ရိုက်နည်းသည် ငွေကို ခြူရန်လည်းမဟုတ်၊ တမင်သက်သက် ကြွားတယ်ဆိုရမှာ လည်း အခက်၊ ရန်ကုန်မှာ လိမ်နည်း အဆန်းတစ်မျိုး ပေါ်လာ လေသလားဟု တွေးမိလေ၏ ။

နောက်တစ်လလောက်ကြာသော အခါ မိတ်ဆွေ တစ်ယောက် ၏ အိမ်က စောင်းအငြိမ့်နှင့် အဆိုကောင်းများ ကို နားထောင်ရန် ဖိတ်သဖြင့် သွားရာ အိမ်ပေါ်သို့ တက်လျှင်တက်ချင်း နား၌ ချိုမြိန်သာယာ ချစ်ဖွယ်ရာကောင်းလှသော အသံကို ကြားရလေ၏ ။ ပရိသတ်များ အထဲတွင် ထိုင်လျက် အသံ၏ အရသာကိုသာ ခံစားရင်း အသိမိတ်ဆွေအိမ်ရှင်နှင့် တစ်ခါတစ်ခါ အချေအတင် စကားတစ်လုံးနှစ် လုံးမျှ ပြောလေ၏ ။ အတန်ကြာမှ ကြည့်လိုက်သော အခါ ထိုသူ၏ မျက်နှာမှာ တိုင် ရိပ်ကွယ်သဖြင့် မမြင်ဘဲနေလေ၏ ။ ယမုံနာ တေးတစ်ပုဒ်ဆုံးသော အခါမှ တေးဆိုသူသည် လက်ဖက်ရည်သောက်ရန် ဓာတ်မီးရောင် အတွင်းသို့ တိုးလိုက်ရာ မမေ့သော မျက်နှာ အဆပေါင်း မရေမတွက်နိုင်အောင် ပိုမိုလှပသော အဆင်းနှင့် ပေါ်လာလေရာ အံ့အားကြီးသင့်၍ နေလေ၏ ။ ဒေါသလည်း ထွက်လေ၏ ။ နှလုံးမှာ လည်း ဒိုးပတ်တီးနေလေ၏ ။ ရှက်ကိုးရှက်ကန်း အမူအရာနှင့် မိမိမျက်နှာကို မရဲတရဲကြည့်ပြီး ခေါင်းငုံ့၍ သွားသည်ကို မြင်ရသော အခါ မောင်ဆင့်မှာ အသက်ရှူ မမှန်တော့ပေ။

သို့ သော်လည်း စိတ်ကိုချုပ်ကာ ထပ်မံ၍ တစ်ပတ်ရိုက်ခံရမှာ စိုးသဖြင့် အိမ်ရှင် ဖြစ်သူအား မိမိ နေမကောင်းကြောင်းနှင့် ပြောပြီး ပြန်တော့မည် အပြုမှာ မိန်းမကြီး တစ်ယောက် က “ မလှခင် ရယ် အာဟာရထမင်းဆိုင်ကိုတော့ မလုပ်ချင်ပါနဲ့တော့၊ အဆိုတော် တစ်ယောက် ပဲ လုပ်နေ ပါတော့၊ ထမင်းဆိုင်ထက် အကျိုးများ နိုင်ပါတယ်” ဟု ပြောသည်ကို ကြားရမှ တစ်ဖန် ပြန်၍ ထိုင်ပြီး စဉ်းစားလျက် နေလေ၏ ။

လှခင်။     ။ “ မဖွင့် ဖြစ်ဘူး အဒေါ်ရဲ့ ၊ ကျွန်မ သူငယ်ချင်း မခင်လေးက ငွေတစ်ထောင် ကျော် သူ့မှာ ပိုလို့ အရင်းထုတ်ပြီးလုပ်မယ်ပြောတာနဲ့ ကျွန်မတို့ညီအစ်မနှစ် ယောက် ကြိုးစားလိုက် တာ အားလုံး အသေအချာ ဖြစ်လို့ အခန်းတောင် စပေါ်ပေးပြီးမှ မမချောမှာ သူ့ယောက်ျား ပြန်ဝန်ချလို့ ပါ သွားပါပြီ”

“ ဟင်း . . . . ဒီလိုဖြင့် ငွေတစ်ထောင်ကျော်ဟာ ကလပ်ကို ရောင် ဦးမှာ ပေါ့” ဟု မိန်းမကြီး က ပြန်၍ ပြောလေ၏ ။

ထိုည မောင်ဆင့်သည် လှခင်နှင့် တွေ့ အောင် အိမ်ရှင်နှင့် မနီးမဝေးမှ စောင့်၍ နေရာ ကြာမြင့်စွာ မစောင့်ရမီ လှခင်နှင့် အဖော်များ ဆင်း၍ လာကြသည်ကို တွေ့ သဖြင့် အသင်ခေါ်၍ ထားနှင့် သော ကားနှင့် အိမ်အရောက်ပို့ပေးပါမည့် အကြောင်း၊ မောင်ဆင့်က အခွင့်တောင်းရာ အခွင့်ကို လှခင်က ပေးသနားလေ၏ ။ ထို့နောက် မိမိ၏ အဖော်များ အား မိတ်ဆွေ ဖြစ်ကြောင်း ပြော ပြနှုတ်ဆက်ပြီး လက်ဆွဲတော် အဒေါ်ကြီးနှင့် အတူ မောင်ဆင့်၏ ကားပေါ်၌ ပါသွားပြီးနောက် များ မကြာမီ အာဟာရဟိုတယ် ပိုင်ရှင် သူဌေးကတော် လေး ဖြစ်၍ သွားလေသတည်း။

၁၉၃၄ ခုနှစ် ၊ ဇန်နဝါရီ၊ ရုပ်ရှင်လမ်းညွှန် ၊ ၁/၁၇

♥ ♥ ♥


ဓာတ်ပုံရှင်

“ သိန်းမောင်ရယ်၊ ငါ မင်းနဲ့ခွဲပြီး သွားရမှာ သိပ်ဝမ်းနည်းတာပဲ” ဟု မောင်တင်သည် မိမိ၏ သူငယ်ချင်းလက်ကို ကိုင်ဆွဲကာ ပြောလေ၏ ။

သိန်းမောင်သည်ကား ဝမ်းနည်းသဖြင့် လည်ပင်းမှာ အလုံးဆို့သော ကြောင့် စကားပြန်၍ မပြောနိုင်ဘဲ နေလေ၏ ။

၎င်းသူငယ်ချင်းနှစ် ယောင်သည် အသက် ၁၄ နှစ် အရွယ်ခန့်စီ ရှိကြလေ၏ ။ ဘုန်းကြီး ကျောင်း၌ အတူတူ နေကြလေ၏ ။ မှော င်၍ နေသော ဤငှက်ပျော်ခြံကြီး၌ အမြဲအတူတကွ ငှက် ပျော်သီးမှည့်များ ကို ရှာ၍ စားကြ၏ ။ ငှက်ပျော်ခိုင်ရင့်ရင့်များ ကို တွေ့ လျှင် ခုတ်ပြီး အကြိုအကြား တွင် ဖုံးအုပ်ထားပြီး တိတ်တဆိတ်လာ၍ စားတက်ကြ၏ ။ တစ်ယောက် မှာ လေးတစ်စင်စီးနှင့် အနီးအနားရှိ ရှဥ့်များ ၊ ငှက်များ ကို ပစ်ခတ်ဆုတ်ဖြတ်၊ တိတ်တဆိတ်ကင်ပြီး၊ ထမင်းကြမ်းနှင့် စား တက်ကြ၏ ။ အနီးအပါးရှိ မာလကာပင်၊ သရက်ပင်၊ မန်ကျည်းပင်တို့မှာ ၎င်းတို့၏ ခြေရာချည်း ဖြစ်လေ၏ ။

ဘုန်းကြီး ဦးကောသလ္လသည် အလွန်တရားဟောကောင်းသဖြင့် တန်ခိုးကြီးသော ဘုန်းကြီး ဖြစ်လေရာ ကွယ်လွန်သူ ကျောင်းဒကာကြီး ဦးပေါက ကျယ်သော ခြံကြီးအား လှူ၍ ထားခဲ့လေ၏ ။

သိန်းမောင်သည် ဆင်းရဲသော ကျောင်းသားကလေး တစ်ယောက် ဖြစ်လေ၏ ။ မောင်တင် မှာ အတော် ကြွယ်ဝသော စပါးကုန်သည်ကြီး တစ်ဦး၏ သား ဖြစ်လေ၏ ။

၎င်းတို့နှစ် ယောက် ကိုလည်း တိုက်အုပ်ဘုန်းကြီးက များ စွာ ချစ်ခင်၍ အလိုလိုက်ထားလေရာ နှစ် ယောက် စလုံး ထိုခြံကြီးကို အစိုးရ၍ နေကြလေ၏ ။

သိန်းမောင် “ သူငယ်ချင်း စာ ခဏခဏပေးနော်၊ ကျောင်းပိတ်ရင်လည်း ပြန်လာခဲ့တာပေါ့။ နို့မဟုတ်ရင်လည်း ဘာလုပ်သွားမလဲ သူငယ်ချင်းရယ်၊ ငါတို့ ဒီခြံကြီးထဲမှာ တစ်သက်လုံး ပျော်ရမှာ ပဲ”

“ နေချင်တာပေါ့ သူငယ်ချင်းရယ်၊ သို့ သော်လည်း ဖေဖေနဲ့မေမေက မနေရဘူး။ မြို့ကို သွားပြီး အင်္ဂလိပ်ကျောင်းမှာ နေရမယ်လို့ ပြောတယ်”

“ မင်း အင်္ဂလိပ်စာတက်လို့ မြို့အုပ် ဖြစ်လာတော့ ငါ့ကိုအခုလို မင်းချစ်မှာ မဟုတ်တော့ ဘူးနော်”

“ သူငယ်ချင်းရယ် ၊ ဘာပြုလို့ မချစ်ဘဲနေရမလဲ၊ အရင်တစ်လလောက်က ငါ မင်းနဲ့ ကံချာ ရိုက်ရင်း ရန် ဖြစ်ပြီး တစ်ယောက် ကို တစ်ယောက် လက်သီးနဲ့ထိုးပြီးတော့ ငါ ဝမ်းနည်းလိုက်တာ သူငယ်ချင်းရယ်၊ ဟိုဘက်က ရိုးစပ်မှာ ထိုင်ပြီး ငါ့ သူငယ်ချင်းကို ငါ ဘာပြုလို့ ပြန်ပြီး လက်သီးနဲ့ ထိုးရလေချင်းဆိုတာကိုချည်း တွေးပြီး စိတ်မကောင်း ဖြစ်နေတာပဲ”

“ ငါကကော ကြာကြာကြီး စကားမပြောဘဲနေသလား။ မနက်ကို ရန် ဖြစ်ပြီး ညနေကျတော့ ငါကစပြီး ခေါ်ရတယ် မဟုတ်လား”

“ အေးကွယ်၊ မင်းက လာခေါ်တော့လေ ငါ အားရလိုက်တာကွယ်၊ ဘာပြောစရာရှိမလဲ၊ ခုတော့ ငါ သွားရတော့မယ်ကွယ့်၊ ကျောင်းပိတ်တိုင်း မင်းဆီကို ငါပြန်လာခဲ့မယ်နော်”

“ အေး ပြီးတော့ ခဏခဏလည်း စာရေး ကွယ်၊ စာမရေး ရင် ငါ စိတ်ဆိုးလိမ့်မယ်” ဟု ပြောပြီး ထွက်ခွာ၍ သွားသော သူငယ်ချင်းကို သစ္စာရှိသော အမြော်မျိုးဖြင့် မျှော်ရစ်ရှာလေသတည်း။

မောင်တင်သည် ရန်ကုန်ကျောင်း၌ ခြောက်လလောက်ကြ၍ သွားသော အခါ ၎င်း၏ ဖခင် သည် ကိစ္စနှင့် ရန်ကုန်သို့ ရောက်၍ လာပြီးလျှင် သားကိုကြည့်ရန် ကျောင်းသို့ လာလေ၏ ။

ဖခင်နှင့် မောင်တင် အားရဝမ်းသာတွေ့ ကြပြီး စကားပြောကြ၍ ကျောင်းသားတို့ဘဝ ငွေကြေးကို ထပ်မံ၍ တောင်းပြီး၊ ရန်ကုန်မြို့ထဲသို့ လှည့်လည်ကာ တိုက်အမျိုးမျိုးတို့ကို ဝင်ထွက်၍ ပြ၏ ။ လန်ချာကုလားအား ဒိုင်းနားဘားယားစကားများ ကို ဖခင်ကြားအောင် စတိုင်ကျကျ သားနားစွာ ပြော၍ ပြလေ၏ ။ တိရစ္ဆာန်ရုံ၊ ရွှေတိဂုံ၊ ကန်တော် ကြီး၊ လိပ်ကန်၊ တို့ကို လည်၍ ပြ၏ ။ ဓာတ်ရထားကို ဘုရားမှစီးပြီး အရှေ့သို့ သွားသော ဓာတ်ရထားကို ပြောင်းကာ အော်လန်ပီယာဇတ် ရုံအထိ ခေါ်၍ သွားလေ၏ ။ ညဥ့်ကိုးနာရီ၌ ချလီချက်ပလိန်ကို ကြည့်ပြီးနောက် အပြင်လည်း ရောက်ကရော အဘိုးကြီးလည်း မျက်စိလည်ကရော၊ သည်တော့မှ တက္ကစီကိုခေါ်ပြီး ကမ်းနားမှ အလုံကို ဆန်ပြီးလျှင် ကန်တော် မင်ကို ဝင်၍ လမ်းမတော် မှ မြို့ကိုလှည့်ပြီး ကျောင်းသို့ အရောက် နှင်လိုက်ရာ ဒိုင်းဒနဲရောက်၍ လာလေ၏ ။

မော်တော် ကားပေါ်က ဆင်းကြသော အခါ အဘိုးကြီးက “ အောင်မယ် အဖေ၊ ဘယ်များ ရောက်နေသလဲလို့ မျက်စိလည်လိုက်တာ ကျောင်းအရောက်မှန်းတောင် မသိဘူး” ဟု ပြောသော အခါ မောင်တင်မှာ အားရအားကြီးသဖြင့် လူလည်စပြုသူတို့၏ တက်ကြွသော သွေးသည် နားထင် သို့ ရောက်သွားပြီး မှတ်ကရော့ အဘိုးကြီး ငါ့အစွမ်းကို သိပြီလားဟု စိတ်ထဲ၌ ကျိတ်ကာ တွေးပြီး ပီတိသော မနဿ ဖြစ်၍ နေလေသတည်း။

သားလူလည်ကို အဘိုးကြီးသည် အရိပ်တကြည့်ကြည့်နှင့် နေပြီးနောက် တောသို့ ပြန်ခါနီး သော အခါ မောင်တင်သည် ငါးကျပ်တန် သေနတ်ကလေးတစ်ခုကို ဖခင်အား ပေးလေ၏ ။

အဘိုးကြီးက “ သည်သေနတ်ကို ဖေဖေဘာလုပ်ရမလဲ” ဟု မေးလေ၏ ။

“ မောင်တင်သည် ရယ်လျက် မေမေဖို့ မဟုတ်ပါဘူး။ သိန်းမောင်ကို ပေးလိုက်ပါ။ သူ အပစ်အခတ် ဝါသနာပါလို့ ကျွန်တော် က လက်ဆောင်ပေးလိုက် ပါတယ်။ ဟောသည်က ကျဉ်စေ့ တစ်ရာကုန်ရင် ကျွန်တော့် ထံ စာရေး လိုက်လို့ ပြောပါ”

“ ဘယ်က သိန်းမောင်လဲ”

“ ကျွန်တော့်  သူငယ်ချင်း သိန်းမောင်လေ။ ကျွန်တော် နဲ့ အတူတူ အိမ်မှာ လိုက်လိုက် အိပ်တာ ဖေဖေ မမှတ်မိဘူးလား”

“ ဩော် . . . ဩော် . . . သတိရပြီ။ သတိရပြီ။ သိန်းမောင်မရှိဘူး။ သေရှာပြီး။ လွန်ခဲ့တဲ့ လကတည်းကပဲ” ဟု ဝမ်းနည်းစွာ ပြန်ပြောလေ၏ ။

မောင်တင်မှာ အံ့အားသင့်၍ သွားလေ၏ ။ သိန်းမောင်သေပြီ။ သိန်းမောင်မရှိဘူး။ ငါ့ သူငယ်ချင်းကို ငါ မတွေ့ ရတော့ဘူးဟူသော စကားများ ကို တစ်ကိုယ်တည်း တွေးတောကာ စဉ်းစားပြီး မျက်ရည်လည်လျက် ရင်ထဲမှာ ဆို့၍ လာလေ၏ ။

ဖခင်က “ ဟုတ်တယ်၊ ငါ့ သားသူငယ်ချင်း မရှိတော့ဘူး။ သေတာ ဘာတက်နိုင်မလဲ သားရယ်၊ သား စာကိုသာ ကြိုးစားပြီး သင် တဖြည်းဖြည်း မေ့သွားလိမ့်မယ်” ဟု ပြောပြီး သား၏ ကျောကို ပုတ်ကာ အားပေးပြီးနောက် လန်ချားနှင့် ထွက်၍ သွားလေသတည်း။

အိမ်သို့ ရောက်သော အခါ အဘိုးကြီးက မိမိ၏ မိန်းမအား “ မိန်းမရာ မင့်သားတော့ အာဂ သားပဲကွယ့် လည်လိုက်တာ မွှတ်ထွက်နေတာပဲ။ ငါ့ကို မောတော် ကားနှင့် တင်ခေါ်လိုက်တာ မျက်စိကို လည်သွားတာပဲ။ သတ္တိ ကတော့ မညံဘူးကွယ့်။ တော် တော် လာမယ့်အကောင်၊ ရန်ကုန်မှာ နေရတာ ခြောက်လရှိသေးတယ်”

မိန်းမကြီးက သဘောကျသော မျက်နှာနှင့် “ ရှင့်သားဆိုတော့ လည်မှာ ပေါ့” ဟု ပြောလေ၏ ။

မောင်တင်သည် တဖြည်းဖြည်း တိုး၍ လည်လေ၏ ။ တစ်နှစ် ပြီးတစ်နှစ် ကြိုးစား၍ လည်းလေရာ ၆ နှစ် လောက်ကြာသော အခါ ၅ တန်းသို့ အရောက်တွင် အလည်မရပ်ဘဲ အတန်းရပ်ကာ အတန်းသို့ မကပ်ရုံ တစ်မည် ရှိလေ၏ ။

မိဘနှစ် ပါးမှာ လည်း သားကို နှစ် စဉ်ပို့ရသဖြင့် အကုန်အကျများ သော ကြောင့် တစ်ကြောင်း၊ စပါးအလုပ်များ ကလည်း ဆုံးပါးပျက်စီးခြင်းများ သော ကြောင့် တစ်ကြောင်း၊ မကောင်းမှု ဘေးဒုက္ခ တို့သည် တစ်ပြုံတစ်ခေါင်းကြီး စု၍ လာတက်သည်ဟူသော စကားအရ လူလိမ်လူကောက်ခံရပြီး နောက်ဆုံး၌ ဓားပြလူဆိုးများ ၏ အထင်ကြီးခြင်းကို ခံရသဖြင့် အသက်သေဆုံးကြရှာလေသတည်း။

မောင်တင်မှာ ရန်ကုန်တွင် သော င်တင်၍ နေလေ၏ ။ ဟိုသူငယ်ချင်း အိမ်မှာ ကပ်၊ သည် သူငယ်ချင်းအိမ်မှာ ခို၊ မချိုလည်းစား၊ ချိုလည်းစား လူကပ်ပါး ဖြစ်၍ နေလေ၏ ။

မိမိ၌ ငွေကြေးပေါများ တုန်းကအခါက သုံးကြစားကြ ကူညီ၍ ဖြုန်းကြသော သုံးဖော်၊ ဖြုန်းဖော်၊ ခေါင်းတုံးပေါ်ထိပ်ကွက်သမားတို့သည် ယခုကပ်စား ရပ်စားလုပ်ရသူ မောင်တင်ကို ရွံရှာ မုန်းထား အလကားကောင်း လူမိုက်၊ ရှိတုန်းက သုံးဖြုန်းပြီး အခု ဘာ ဖြစ်နေသလဲ စသည်ဖြင့် ကဲ့ရဲ့ ကာ ရှောင်ကြရှားကြလေ၏ ။

ပညာမတက်၊ အလုပ်အကိုင်မရှိ၊ အားကိုးရာမဲ့ ဖြစ်ကာ ရပ်ရွာသို့ ပြန်ရမှာ လည်း လွန်စွာ ရှက်သဖြင့် ရန်ကုန်၌ ပင် ဇွတ်နှစ် ၍ နေလေ၏ ။

တစ်နေ့သ၌ ညနေချမ်းအချိန် ဆူးလေဘုရားခြေရင်း၌ သံတိုင်းများ ကို မှီကာ ရပ်လျက် ကြည့်၍ နေလေ၏ ။ သို့ ကြည့်၍ နေသော အခါ အချိန်မှာ လေးနာရီခွဲ၊ ငါးနာရီခန့်ရှိသဖြင့် မော်တော် ကားများ သည် ပုရွတ်ဆိတ်တိုင်ကိုတက်သလို တစ်ကြောင်းကြောင်း တဝီဝီတဟီးဟီး တအူအူတအဲ့အဲ့ နေကြလေ၏ ။ အသက်ရှိသော သတ္တဝါများ ကို အော်ဟစ်ကာ စိတ်ဆိုးသော မျက်လုံးကြီးများ နှင့် တွေ့ ရာကို အသေတိုက်မည် ဟု မာန်ဖီလျက် ပြေးလွှားကာ သေရွာကို သွားချင် သူ ဘယ်သူများ ရှိပါလိမ့် ဟူသော စိတ်နှင့် စိတ်အားထက်သန်စွာ လိုက်လံရှာဖွေ၍ နေကြဟန် ရှိလေသတည်း။

၎င်းသေရွာသွားချင်သူတို့ကို အသေအချာ စေတနာဝေဖြာ ထက်သန်စွာ ပို့ဖို့ရန် ပြေးလွှား ရှာကြံ၍ နေသော ကားတွေ ကို မြင်ရသော အခါ ငါဖြုန်းတဲ့ငွေတွေ ၏ သုံးပုံတစ်ပုံကို ပြန်ရလျှင် အကောင်းဆုံးသော ရိုးရွိုက်ကားနှင့် အသားနားဆုံးသော တိုက်မှာ အခန့်ဆုံးသော စတိုင်နှင့် နေနိုင် မှာ ပဲဟု စဉ်းစားပြီးလျှင် ယူကြုံးမရ ဖြစ်လေ၏ ။ သို့ ယူကြုံးမရမ ဖြစ်ရာတွင် ကျေးဇူးမဲ့သော မိတ်ဆွေ တို့ကို တွေးမိသော အခါ အသည်းထဲမှာ ကွဲလုမတက်နာပြီး ငါ့ဖခင်၏ ပစ္စည်းများ ကို ငါပြန်၍ ရ အောင် လုပ်မည် ၊ ပျက်ရင်အစဉ် ပြင်ရင်ခဏ၊ ငါကျောင်းသားအရွယ်မျှ ရှိသေးတာပဲ။ ငါရှေ့ကို လူလုပ်ဖို့ ရှိသေးသည်။ ဘာကြောက်ရမလဲ။ သာမန်ကုသိုလ်နဲ့ ငါသည်လူမ ဖြစ်၊ လူ့ပြည်ဆိုတာ ဘုရားတောင် ဖြစ်နိုင်တဲ့နေရာ။ မြေပေါ်မှာ ရှိတဲ့ သက်ရှိသက်မဲ့ လောကဓာတ်ကြီးကို အစိုးရပြီး ဓာတ်တွေ ကို ခိုင်းစေနေတဲ့ လူသတ္တဝါဘဝကို ငါရ၍ လာ၏ ။ သမုဒ္ဒရာလောက်ကြီးကျယ်သော အဟိတ်တရစ္ဆာန်တို့၏ နယ်ထဲသို့ ငါမရောက်ဘဲ နေတစ်စက်၊ ရေတစ်ပေါက်ခန့်မျှရှိသော လူ့နယ် သို့ ရောက်ခဲ့သည်မှာ သာမန်မျှသော ပါရမီမဟုတ်ချေ။ များ ရာ၌ မပါ၊ နည်းရာ၌ ပါသည်မှာ ကြီးသော ဘုန်းတစ်ခိုး ဖြစ်၏ ။ ကုဋေများ စွာ သော လူသတ္တဝါတို့၏ အပေါ်၌ ရှင်ဘုရင် ဖြစ်ရခြင်းသည် လွယ်၏ ။ မရေမတွက်နိုင်သော တိရစ္ဆာန်များ ထက် လူ ဖြစ်ရခြင်းသည် အဆပေါင်းမရေမတွက်နိုင် သော ပို၍ ခက်၏ ။ ဤမျှလောက် အဖိုးတန်သော ငါသည် အဘယ်ကြောင့် ကြံရင်မ ဖြစ်ရသနည်း။ မကြံစည် မကြိုးစားသည့်အတွက် ပျက်စီးခြင်းသည် ဓမ္မာသဘောတရား ဖြစ်လျှင် ကြံစည်ကြိုးစား ခြင်းဖြင့် ဖြစ်ထွန်းအောင်မြင်ခြင်းသည်လည်း ဓမ္မတာသဘော တရား ဖြစ်ရာ၏ ။ စသည်ဖြင့် တစ်ကိုယ်တည်း စဉ်းစား၍ နေပြီးနောက် နိုးကြားတက်ကြွသော စိတ်နှင့် ထိုင်ရာမှထပြီး အခုလို အနေ၌ ငါဘာကိုမှ ရှက်ဖို့မရှိ၊ တွေ့ ရာအလုပ်ကိုစ၍ လုပ်တော့မည် ဟု စိတ်ကိုတင်းကာ မိမိ မှီတင်း နေထိုင်သော ခြံကြီးတစ်ခု၌ ရှိသော အိမ်သို့ ပြန်၍ သွားလေ၏ ။

ငါ ဘာကိုလုပ်ရပါ့မလဲဟု ခြံထဲရှိ အိမ်လှေကား၌ ထိုင်ကာ စဉ်းစား၍ နေလေ၏ ။ ထိုခြံသည် ကား ကျောက်ကုန်းမြေ ဖြစ်သဖြင့် သရက်ပင်၊ ပိန္နဲပင်၊ ဒညင်းပင် အနည်းငယ်မျှသာရှိလေ၏ ။ ထို အနည်းငယ်မျှသော အပင်တို့မှာ လည်း များ စွာ အသီးမသီးချေ။ ထိုအခါသည် ဝါဆိုလရာသီ ဖြစ်လေ၏ ။

၎င်း၏ ခြံပတ်လည်မှာ အခြားခြံများ နှင့် လယ်ကွင်းများ ရှိလေ၏ ။ မိမိကို ထမင်းကျွေး၍ ထားသော ခြံစောင့်လင်မယားနှစ် ယောက် မှာ မိုးတစိမ့်စိမ့်ရွာသည့်အခါ တစ်ယောက် လည်ကို တစ်ယောက် ဖက်ကာ တစ်ခုသော အခန်းကလေးတွင် ငြိမ်သက်စွာ အိပ်ကြလေ၏ ။ ၎င်းတို့မှာ ခြံရှင်က တစ်ခါတစ်ခါ ငါးကျပ် တစ်ဆယ် စသည်ဖြင့် ပေးသော ငွေကို အရင်းအနှီးပြုကာ စနေ့နေ့ များ ၌ မြင်းပွဲသို့ သွားပြီး နှစ် ကျပ်ခွဲငါးကျပ်၊ အမှားခတ်၍ ရတက်သလောက်နှင့် တင်းတိမ်လျက်၊ ချဉ်ပေါင်ခင်းကလေးတစ်တခင်း၊ ပဲခင်းကလေးတစ်ခင်း၊ ကြက်ဟင်းခါးခင်းလေး တစ်ခင်း ကို လုပ်ပြီး လယ်ထဲက ငါးကိုဖမ်း၍ ငုတ်တုတ်ထိုင်ကာ ရတက်သလောက်နှင့် စားပြီး လက်ဖက်ရည်ကြမ်းကို သောက်နေကြလေသတည်း။

၎င်းတို့သည် မောင်တင်ကို မိမိတို့စားရသလို ကျွေးမွေး၍ နေကြလေ၏ ။ မောင်တင်သည် ကား ၎င်းတို့၏ အလုပ်များ ကို ကူညီ၍ လုပ်လေ့ရှိသဖြင့် ၎င်းကို သဒ္ဓါကြည်ဖြူစွာ ကျွေးမွေးကြ လေ၏ ။

တစ်ကိုယ်တည်း လှေကားပေါ်၌ အဆိုပါနည်းအတိုင်းထိုင်၍ နေခိုက်မှာ လယ်ပြင်ထဲမှာ အော်သော ဖားသံနှင့် ရေပိုးရေမွှား၊ မြက်ပိုးမြက်မွှား၊ ဖားခုံညင်း၊ ကျော်စံကေးသံများ ကို ကြားရလေ၏ ။

လေတိုက်သဖြင့် တညီးညီးတဟီးဟီး မြည် အော် ယိမ်းယိုင်လှုပ်ရှားသော အသံများ သည် ငယ်ငယ်က ငှက်ပျော်ခြံကြီးထဲ၌ လည်ပတ်ကာ သိန်းမောင်နှင့် ကစားရသော အချိန်များ ကို ပြန်လှန် သတိရစေ၏ ။ ထိုကဲ့သို့ သတိရသည့်အခါ အဘယ်မျှလောက် ပျော်ရွှင်ဖွယ်ရာ ဖြစ်သည်ကို ပြန်၍ စဉ်းစားမိလေ၏ ။ မောင်တင်သည် ပျော်ပါးသော်လည်း မိန်းမအပျော်တို့ကို လိုက်စားလေ့မရှိ၊ အရက်ကိုသောက်ပြီး ဟိုတယ်များ မှာ အဖော်များ နှင့် စားသောက်ပျော်ပါးခြင်းများ ကိုသာ လိုက်စား ခဲ့လေ၏ ။ ၎င်း၏ စိတ်သည် မိန်းမကို လွန်စွာ ကြောက်သော စိတ် ဖြစ်လေရာ မကောင်းသော မိန်းမ များ ကိုမူ သရဲတစ္ဆေပမာ မှတ်ထင်သူ ဖြစ်လေ၏ ။

အဝတ်အစားကို အမျိုးမျိုးဝတ်ကာ မော်တော် ကားကို များများ ကြီးစီးပြီး အပေါင်းအသင်း တို့နှင့် ပျော်ပျော်ပါးပါး သောက်စား ပေးကပ်၍ နေတက်သူ ဖြစ်လေ၏ ။ အပေါင်းအသင်း သူငယ်ချင်းကို လွန်စွာ ချစ်တက်၏ ။

ထိုကဲ့သို့ ချစ်တက်သူမှာ ယခုအခါ တစ်ကိုယ်တည်း ခိုးကိုးရာမဲ့ ဖြစ်၍ နေလေရာ အတိုင်းမသိသော စိတ်အားငယ်ခြင်း၊ ညှိုးနွမ်းခြင်းဖြင့် ဖိစီးလွှမ်းမိုးခြင်းကိုခံ၍ နေရလေ၏ ။

သို့ ခံ၍ နေရသော ဤတစ်ကိုယ်ရေဘဝ၌ ငယ်ငယ်က ချစ်ကျွမ်းဝင်ခဲ့သော သူငယ်ချင်းက လေးကို ပူပြင်းစွာ သတိရ၏ ။ ငါ့ သူငယ်ချင်းလို သစ္စာရှိတဲလူ လောကမှာ ရှိမှာ မဟုတ်ပါဘူးဟု အောက်မေ့လေ၏ ။ သို့ သော်လည်း ငါ့သူငယ်ချင်းမရှိတော့ပါကလား၊ ငါ့မိဘလည်း မရှိတော့ပါက လား၊ ငါ ဘယ်သူ့ကို အားကိုးရမလဲ၊ ငါ့ ကိုယ်ကို အားကိုးဖို့သာ ရှိပေတော့သည်ဟူသော အသိညဏ်သည် ထက်သန်စွာ ပေါ်လာလေ၏ ။ သို့ ဖြစ်သော ကြောင့် ငါဘာကို လုပ်ရပါ့မလဲဟူ၍ သာ အကြံထုတ်၍ နေလေ၏ ။

ထိုကဲ့သို့ ကြံစည်၍ နေခိုက်တွင် လက်မောင်းလုံးသာသာခန့်ရှိ လင်းမြွေကြီးတစ်ကောင် ရှေ့၌ ဖြတ်၍ ပြေးပြီးနောက် မြက်တောထဲကို ဝင်၍ သွားလေ၏ ။ မောင်တင်သည် တောသား ကလေး ဖြစ်လေရာ လင်းမြွေကို မြင်လျှင် ငတ်မွတ်သူတို့၏ အလေ့အတိုင်း သရေကျ၍ လာအောင် စားချင်၏ ။ လင်းမြွေကြီးကို အခွေလိုက်အိုးထဲမှာ ရေခန်းအောင်ပြုတ်ပြီး အကြေးကိုခွာ၊ အသားကို ခါ၍ ချပြီး ဆီနိုင်နိုင်နှင့် ကြက်သွန်သတ်၍ မွှေကာ၊ ငရုတ်ကောင်းကလေးနှင့် စားရလျှင် ဝမ်းဘဲသား ထက်ကောင်းမှာ ပဲဟု အကြံပြုကာ ထိုင်ရာမှာ ထ၍ လိုက်ပြီး ဝါးလုံးနှင့် ရိုက်လေ၏ ။ လင်းမြွေကြီး မာလက ဆိုက်ရှာလေသတည်း။ ထိုအချိန်တွင် ကရင်လိုလို၊ ဂျပန်လိုလို တရုတ်လိုလို ဗိုလ်တစ် ယောက် သည် ကာကီဘောင်းဘီအတိုနှင့် သေနတ်ကိုထမ်းလျက် ရောက်လာလေသတည်း။

“ ဟေ့ကောင် မင်းလင်းမြွေ ငါ့ရောင်းမလား” ဟု မေးလေ၏ ။

“ကြက်ဖကြီးနှစ် ကောင်နဲ့ မလဲဘူးခင်ဗျာ” ဟု မောင်တင်က ပြန်၍ ပြောလေ၏ ။

“ ငါတို့မှာ ကြက်တော့မပါဘူး။ ရှဥ့်တစ်ကောင်ပါတယ်။ ငွေသုံးကျပ်နဲ့ ရှဥ့်တစ်ကောင် ကိုလိုချင်ရင် သည်လင်းမြွေကို ပေးလိုက်” ဟု ပြောလေ၏ ။

မောင်တင်သည် မော်၍ ကြည့်နေပြီးမှ ပြုံးပြီး လာခဲ့ဆရာဟု လက်ကို ဖြန့်လေရာ ကရင် ဗိုလ်က အိတ်ထဲမှငွေသုံးကျပ်ကို ထုတ်ပေးပြီး သွားတော့မည် ပြုလေရာ၊

“ ရှဥ့်တော သခင်၊ ကျွန်တော် ညစာအတွက် ဘာမှ မရှိဘူး”

“ လိုချင်သေးသလားကွယ့်၊ မင်းက ငွေသုံးကျပ်တောင်”

မောင်တင်သည် မြွေကို လိုက်၍ လုလေ၏ ။ ထိုအခါ ဗိုလ်က နောက်လိုက်သို့ လှည့်ပြီး “ ပေးလိုက် ပါကွယ်ဟေ့ ငါချေးခါးဟင်းချက်စားမလို့ကြံတာ နေပါစေတော့” ဟု ပြောလေရာ နောက် လိုက်သည် လွတ်အိတ်ထဲမှ ရှဥ့်ကို လျင်မြန်စွာ ထုတ်၍ ပေးလေ၏ ။

မောင်တင်သည် “ သိုင်းကျူးဆာ” ဟု ပြောကာ အားရဝမ်းသာနှင့် ရှဥ့်ကိုယူ၍ အိမ်သို့ လေချွန်လျက်သွားလေ၏ ။ ဗိုလ်ဆရာတပည့်လည်း မှိုရသော မျက်နှာနှင့် သွားကြလေ၏ ။

ခြံစောင့်လင်မယားသည် အိပ်ပျော်၍ နေကြလေ၏ ။

ရှဥ့်ကို မောင်တင်သည် မီးမြိုက်ပြီး ချဉ်ပေါင်ရွက်များ ၊ ပင်စိမ်းရွက်များ ၊ ငရုတ်သီးစိမ်းများ နှင့် ချက်ပြီး နောက်တစ်ဖန် လှေကား၌ ထိုင်ကာ ငွေသုံးကျပ်ကို ခါးပိုက်၌ ထည့်ပြီး သည်ငွေသုံးကျပ် ဟာ ထူးထူးဆန်းဆန်း အကုသိုလ်မကောင်းမှု နဲ့ရတဲ့ ငွေသုံးကျပ်ပဲ၊ ငါဘာများ လုပ်ရပါမတုန်းဟု စဉ်းစားနေလေ၏ ။ သို့ စဉ်းစား၍ နေခိုက်တွင် ကြွက်သေတစ်ခု အရင်းပြု ဟူသော စကားကို သတိရလေ၏ ။ အကြောင်းမူကား မြွေသေတစ်ကောင်မှ ရရှိသော ငွေသုံးကျပ် ဖြစ်လေ၏ ။ ထို နောက် ဆက်လက်၍ တွေးပြန်ရာ၌ ရှဥ့်ဆိုတာ သစ်ပင်ကို တက်တဲ့အကောင်ပဲ။ ပြီး ငါ အခု ချက်ထားတော့ စားလည်း စားရတော့မယ်။ သည်မြွေတစ်ခု အရင်းပြုတဲ့ ငွေသုံးကျပ်ဟာ တိုးတက် မယ့် ငွေသုံးကျပ်၊ စားရသောက်ရ ဝပြောသယာရှိမယ့် ငွေသုံးကျပ်များ ဖြစ်လေမလား မသိဘူးဟူ သော နိမိတ်ကို ကောက်ယူလေ၏ ။

ထိုကဲ့သို့ နိမိတ်ကောက်ယူသည်နှင့် တစ်ပြိုင်တည်း ငွေသုံးကျပ်ကို နှမြောစုံမက်၍ လာလေ၏ ။

၎င်းငွေသုံးကျပ်ကို ရစဉ်က ငါ့ကို ကျွေးမွေးထားသော ခြံရှင်လင်မယားအား ၂ ကျပ်လောက်တော့ ပေးမှတော် မယ်ဟု စိတ်အကြံရလေ၏ ။ ထိုနောက် ထပ်၍ စဉ်းစားသော အခါ ၎င်းငွေ ၃ ကျပ်ကို နိမိတ်အရ အရင်းပြုလိုသော စိတ်က ထက်သန်၍ လာလေ၏ ။ ထိုအခါ ဟယ် အရင်ကလည်း ငါ သူတို့ကို ပေးဖူး ကမ်းဖူးလို့ ငါကို လက်ခံထားကြတာပဲ။ သူတို့အလုပ်တွေ ကို လည်း ငါကူပြီး လုပ်ပေးတာ။ ငါ့ကို ကျွေးတာထက် ပိုပြီး တန်တယ်။ ငါသုံးပြီး ဖြုန်းဖို့ ဘောက တက်ပြီး နှမြောတာ မဟုတ်။ ငါအကြံရှိလို့ နှမြောတာပဲ ကိစ္စမရှိပါဘူး နောက်သည်ငွေသုံးကျပ်နဲ့ ချမ်းသာလာရင် သူတို့ကို သုံးရာလည်း ပေးနိုင်မှာ ပဲ။ သုံးထောင်လည်း ပေးနိုင်မှာ ပဲဟု စဉ်းစားမိပြီး ငွေသုံးကျပ်ကို ခါးထဲမှာ လိမ်၍ ထားပြီး အကြံထုတ်လေ၏ ။

ထိုနေ့ညနေ ခြံရှင်လင်မယား အိပ်ရာကနိုးသော အခါ ထမင်းခူးပြီး ဖြစ်၍ နေလေ၏ ။

မွှေးကြိုင်သော ဟင်းနံ့သည် ဥယျာဉ်မှူး မောင်မယ်စုံနှစ် ပါး နှာဝကို လာ၍ ခလေရာ ဥယျာဉ်မှူး ကိုဘိုးထင်က မိမိ၏ မိန်းမအား “ ဟေ့ မအုန်းညွှန့်၊ မောင်တင် ဘာဟင်းများ ချက် သလဲ မသိဘူး။ ငါတော့ အိပ်ရာကနိုး အတော် ဆာတာပဲ” ဟု ပြောလေ၏ ။

မောင်တင်က “ ထကြပလားဗျာ့။ ကိုင်းလာကြအသင့်ပဲ။ ရှဥ့်တစ်ကောင် ဟိုသရက်ပင် ပေါ်တက်နေတာ၊ ကျုပ် ခဲနဲ့ပေါက်ချလို့ရတယ်။ တယ်ကြီးတဲ့ရှဥ့် ၊ အမြီးဖွားဖွားကြီးနဲ့ စားကောင်း အောင်ချက်ထားတာပဲ” ဟု ပြောလေ၏ ။

မကြာမီ သုံးသောက်သား ထမင်းကို မြိန်ရှက်စွာ စားကြပြီးနောက် မောင်တင်က “ ကိုင်း ကိုဘိုးထင် အခု ကျွန်တော် စားတဲ့ ညစာဟာ ခင်ဗျားတို့နဲ့ နောက်ဆုံးစားတဲ့ ညစာပဲ။ ကျွန်တော် သွားတော့မယ်”

အုန်းညွှန့်။     ။ “ အလို ကိုမောင်တင် ဘာများ ဖြစ် သွားပါလိမ့်ထွက်ရပ်ပေါက်သလား”

“ ထွက်ရပ်မဟုတ်ဘူး မအုန်းညွှန့်ရဲ့ ၊ ဝင်ရပ်ပေါက်တာ၊ ကျွန်တော် သည်တောထဲ ထွက် နေရာက အခု မြို့ကို နေရာတကျ ပြန်ပြီး ဝင်တော့မယ်” ဟု ပြောလေ၏ ။

နောက်တစ်နေ့နံနက် မောင်တင်သည် မြို့ထဲမှာ လျှောက်၍ ကြည့်လေရာ ဒူ ဒူ ဒူ နှင့် ထု၍ နေသော ၊ မောင်းသံကို ကြားသဖြင့် သွားလေရာ လေလံဆိုင်တစ်ဆိုင်သို့ ရောက်သွားလေ၏ ။

လေလံတင်နေသော ပစ္စည်းများ မှာ ပီယာနိုတွေ ၊ ဗီရိုတွေ ၊ စာပုံနှိပ်စက်တွေ ၊ ခုတင်တွေ ကို တွေ့ ရလေရာ မိမိ၏ ငွေသုံးကျပ်ကို ကိုင်လျက် ရှင်ဘုရင့်သမီးကို ဖားလူပျိုလှည့်သလို ကျနေပြီ။ ငါ သည်မှာ ကြာကြာ ရပ်လို့ဟန်မကပ်ဘူးဟု တွေးတောကာ ပြန်တော့မည် အပြုတွင် ပွင့်လျက်ရှိ သော သံသေတ္တာနီနီတစ်လုံးထဲ၌ တစ်ပြုံတခေါင်းထည့်၍ ထားသော စွပ်ကျယ်တွေ ခြေအိတ်တွေ ကို မြင်ရလေ၏ ။

ထိုအခါ ၎င်းသေတ္တာရှိ စွပ်ကျယ်ခြေအိတ်များ တိုက်ဆွေးတွေ လားဟု ကိုင်တွယ်ကြည့်ရှု ရာ အခိုင်အကောင်း လွန်စွာ မဟောင်းသည်ကို တွေ့ ရလေလျှင် ရပ်ကာ စောင့်၍ နေလေ၏ ။

တစ်နာရီကြာသော်လည်း ထိုသေတ္တာ၏ အလှည့်မကျ။ နှစ် နာရီကြာသော်လည်း ထိုသေတ္တာ၏ အလှည့်မကျ၊ သုံးနာရီခန့်ကြာမှ ထိုသေတ္တာ၏ အလှည့်ရောက်၍ လာလေရာ ဆွဲသူ တစ်ယောက် မှ မရှိသဖြင့် တစ်ခါတည်း ငွေ ၂ ကျပ်နှင့် ရ၍ လာလေသတည်း။

၎င်းရှိ ပစ္စည်းတို့ကို ကြည့်လိုက်ရာ ခြေအိတ် စွပ်ကျယ်များ သာ ပါရှိလေ၏ ။ ခြေအိတ်များ မှာ ရောင် စုံ ဖြစ်လေ၏ ။ ရေတွက်၍ ကြည့်သော အခါ ခြေအိတ်ခြောက်ဒါဇင် စွပ်ကြယ်ငါးထည်ကို တွေ့ ရလေ၏ ။

ထို့နောက် သေတ္တာ၌ နှိုက်ချွတ်ဖွေရှာပြန်သော အခါ သေတ္တာထောင့်တွင် စက္ကူပတ်လျက် စူလတီကုလားများ ဆောင်းသော သက္ကလပ်ဦးထုပ်အနီတစ်ခုကို တွေ့ လေရာ ရှိသမျှကို သိမ်းရုံး၍ ယူပြီးလျှင် လျင်မြန်စွာ ထွက်၍ သွားလေ၏ ။ သက္ကလပ်ဦးထုပ်ကို ရောင်းရလျှင် အဘယ်မျှ ရမည် မသိရသဖြင့် ဘယ်လိုလုပ်ရမည် ကို ကြံစည်၍ နေလေ၏ ။

ထိုအခိုက်တွင် မိမိ၏ မိတ်ဆွေဟောင်း တစ်ယောက် အပါးသို့ ရောက်လာသည်ကို မြင်လေ လျှင် အောက်ကျသေးသိမ် စုတ်နုတ်သော အလုပ်ကို လုပ်၍ နေသဖြင့် သိမှာ စိုးသော ကြောင့် ကုလား ဦးထုပ်ကို ခေါင်းပေါ်၌ ကပျာကယာစွပ်လိုက်လေ၏ ။

ထိုနောက် နေရာကျမှန်းသိသဖြင့် ဦးထုပ်ကိုမချွတ်ဘဲ စွပ်ကြယ်များ ကို ပခုံးပေါ်သို့တင် ခြေအိတ်များ ကို လက်မှာ ကိုင်ပြီး တစ်ခါတည်း တစ်အိမ်တက်ဆင်း လှည့်လည်၍ ရောင်းလေရာ နေမဝင်မီ တစ်ရံတစ်မတ် ငါးပဲသုံးမူနှင့် ရောင်း၍ ခြေအိတ်နှစ် ဒါဇင် ကုန်သွားလေ၏ ။ လက်ထဲသို့ ငွေလေးငါးကျပ် ရောက်၍ လာလေ၏ ။

ထိုနေ့ညဥ့်၌ ကာလကတ္တားဈေးတွင် ချ၍ ရောင်းရာ ခြေအိတ်သုံးဒါဇင်နှင့် ရှပ်အင်္ကျီများ တစ်ဝက်ကျ၍ သွားလေ၏ ။ ထိုအခါ “ အလယ် ငါ သူဌေး ဖြစ်တော့မှာ ပဲ” ဟု အားတက်၍ လာလေ၏ ။

ထိုညဥ့်၌ ပင် အဟောင်းဆိုင်တစ်ဆိုင်မှ ကုတ်အင်္ကျီတစ်ထည်နှင့် ကာကီရှပ်အင်္ကျီသုံးထည် ကို ဝယ်၍ မိမိ၏ မူလရုပ်ပပျောက်ရန်ပါ မျက်မှန်အညိုတစ်ခုကို ဝယ်၍ တပ်လေ၏ ။

ဆယ်နာရီထိုးခါနီး သော အခါ ထမင်းဆာဆာရှိသဖြင့် အရက်ဆိုင်သို့ ဝင်ကာ ဆယ်မရူး ခေါ် အရက်ကို သုံးမူးဖိုးသောက်ပြီး ပန်းသေးခေါက်ဝမ်းဘဲသားနှင့် ခေါက်ဆွဲကြော်နှစ် ခွက်ကို စားလိုက်ရာ မောင်တင်၏ စိတ်၌ ငွေကြေးပေါများ စဉ်က ဟိုတယ်ဆိုင်မှာ ဂျော်နီဝါးကားဝီစကီနှင့် စားသောက်ရသည်ထက် အဆပေါင်းများ စွာ ပိုမိုထူးကဲ ကောင်းမွန်မြိန်ရှက်သည်ဟု ထင်မှတ်လေ၏ ။

ထိုနောက် ကုလားလက် ဖြစ် ဖက်လိပ်စီးကရက်ကို ဖွာကာ ကျန်သော ခြေအိတ်များ ကို စက္ကူနှင့် လိပ်ပြီး အသိ တစ်ယောက် အိမ်သို့သွား၍ အိပ်လေ၏ ။ နက်ဖြန်ကျသော အခါ ကြွင်းသော အထည်ကိုလည်း ရောင်းရင်း၊ နေထိုင်စရာနေရာကိုလည်း ရှာရင်း ထပ်မံရောင်းရန်လည်း ဝယ်ရင်း ဆိုသလို ခြေလျင်ထီးတစ်စင်းနှင့် လျှောက်လေ၏ ။

ထိုကဲ့သို့ နေစဉ် မနေမနား ရှာကြံလေရာ အလုပ်နှင့် ဆိုင်ရာတို့ကို အကုန်အစင်သိရုံမက ခြောက်လလောက်ကြာသော အခါ ငါးရာလောက် လက်ထဲမှာ စုမိလေ၏ ။

ထိုအခါ တစ်နေ့သက်သက် အားလပ်ခွင့်ယူပြီးလျှင် မိမိ၏ ကျေးဇူးရှင် ဥယျာဉ်လင်မယား ထံ ခေတ္တပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ရန် ဆိုသလို သွားလေ၏ ။

ဥယျာဉ်မှူးလင်မယားသည် ၎င်းကိုမြင်သော အခါ အားရဝမ်းသာ အိမ်ပေါ်မှဆင်း၍ ပြေးလာကြပြီး ၎င်း၏ လက်ကိုဆွဲကာ ကြိုလေ၏ ။

“ ကိုင်း မအုန်းညွှန့်၊ ဝမ်းဘဲသားချက်ဗျာ” ဟု ပြောပြီး ငွေ ၅ ကျပ်ကို ထုတ်၍ ပေးလေ၏ ။ ကိုဘိုးထင်သည် ငွေစက္ကူကိုင်ကာ ထွက်သွားပြီးနောက် တစ်နာရီလောက်ကြာသော အခါ ဝမ်းဘဲ တစ်ကောင်နှင့် အာလူးများ ဝယ်လာလေ၏ ။

လင်မယားနှစ် ယောက် ပျော်ရွှင်စွာ လုပ်ကိုင်ချက်ပြုတ်ကြလေ၏ ။ အလွန်တစ်ရာ စိတ်ကူး ကောင်းသော ကိုဘိုးထင်သည်ကား ဝမ်းဘဲပေါင်နှစ် ပေါင်ကို ရှေးဦးစွာ ကြော်ပြီး ပုလင်းတစ်လုံး ဖတ်ခွက်တစ်ခွက် မောင်တင့်အပါးသို့ လာ၍ ချလေ၏ ။

မောင်တင်သည် ပုလင်းကို ကြည့်ကာ “ ဒါ ဘာလဲ ကိုဘိုးထင်” ဟု မေးလေ၏ ။

ကိုဘိုးထင်က “ ချလေ၊ ကျွန်တော် လက်ကိုင် ပြတ်ပြတ်ရှိတာနဲ့ ချက်ထားတာ၊ သတိထား သောက်နော်၊ မီးတောက်တယ်။ ရေရောချင် သေးသလား”

မောင်တင်သည် ပြုံးလျက် အရက်ကို ဖန်ခွက်ထဲသို့ ငှဲ့ကာ ဝမ်းဘဲပေါင်ကိုကိုက်လေရာ မောမောနှင့် လွန်စွာ အရသာရှိသည်ကို တွေ့ ရလေ၏ ။

အတန်ငယ်ကြာသော အခါ အတော် ကလေး ရီ၍ လာပြီး အိမ်ပေါ်၌ လမ်းလျှောက်ကာ မိမိ နေခဲ့ဖူးသော အခန်းကို ဝင်ထွက်ကြည့်ရှုလေ၏ ။

သို့ ကြည့်ရှုရာ တစ်ခုသော ထောင့်ရှိ စင်ကလေးများ ပေါ်တွင် ပုံ၍ ထားသော အင်္ဂလိပ် သတင်းစာ မဂ္ဂဇင်း စာအုပ် အဟောင်းများ ကို တွေ့ ရသဖြင့် ၎င်းစာအုပ်များ ကို ဖွင့်လှန်ကြည့်ရှုရာ မောင်တင်သည် ငေးစိုက်၍ နေလေ၏ ။ အကြောင်းမူကား အလွန်လှပသော မိန်းမပျိုကလေး တစ်ယောက် ၏ ဓာတ်ပုံကို တွေ့ ရလေသတည်း။

ထိုဓာတ်ပုံမှာ လှရုံမျှမက ထူးခြားသော အချက်တစ်ခု ပါရှိလေ၏ ။ ၎င်းအချက်သည် တခြားမဟုတ် မိမိ၏ ချစ်သူငယ်ချင်း သိန်းမောင်၏ မျက်နှာနှင့် တထေရာတည်း တူ၍ နေသည်ကို တွေ့ ရှိရလေ၏ ။

မောင်တင်သည် ထိုရုပ်ပုံကို အကြာကြီးစိုက်ကာကြည့်၍ နေလေ၏ ။ မိမိ၏ သူငယ်ချင်းနှင့် တူသော ကြောင့် သူငယ်ချင်းကိုချစ်သော စိတ်အာရုံသည် ထိုဓာတ်ပုံအထဲသို့ အကုန်အစင် ဝင်ရောက်ကာ ဓာတ်ပုံကို ကြိုက်၍ လာလေ၏ ။

၎င်းဓာတ်ပုံ၌ ဖြောင့်စင်းပြည့်ဝသော ငါးရံ့ကိုယ်ကလေးသည် လက်ကိုင်ပဝါကလေးကို ကိုင်ကာ လက်တစ်ဖက်ကို ပေါင်ပေါ်မှာ တင်လျက်၊ လက်တစ်ဖက်မှာ စားပွဲကိုမှီး၍ ခပ်စောင်း စောင်းကလေး မတ်တပ်ရပ်ပြီး ပြုံး၍ နေလေ၏ ။ မျက်နှာမှာ မျက်နှာလုံးပေါ်ပေါ်ကလေး ဖြစ်လေ၏ ။ မျက်ခုံးမျက်လုံး နှာတံတို့မှာ တင်၍ ထားသလို နေလေ၏ ။ ဆံပင်မှာ မူ နောက်လှန်၍ ဖဲစီးကြိုးနှင့် ချည်ထားလေ၏ ။ ထဘီမှာ ကော်ဇောထက်တွင် ပြန့်လျက် သေးငယ်သော ခြေကလေးများ မှာ တစ်ဝက်ခန့်မျှ ထဘီအောက်က ပြူ၍ နေလေ၏ ။ ၎င်း၏ ကိုယ်မှာ ပြည့်ဝ၍ ခါးတင်ရင်းတို့မှာ အဟိုက်အကြွ အကျအန လွန်စွာ ကောင်းလျက် ပန်းပုဆရာ၏ လက်ဖြင့် အလှတွင် နမူနာတင် လောက်အောင် ထုလုပ်ထားသည်နှင့် တူလေ၏ ။ အလွန်တရာ ညွှတ်ပြောင်းသော အသွင်သည် လည်း တစ်ကိုယ်လုံး ပြေပြစ်ခြင်းကို ထင်ရှားစေလျက် ကြွဖောင်းသော ရင်မှာ ယောက်ျားတို့၏ လက်ဖြင့် ပြုပြင်ခြင်းကင်းသဖြင့် လွန်မင်းပြည့်ဝခြင်းမရှိ ပိပိရိရိကလေး နေလေ၏ ။

မောင်တင်သည် ထိုရုပ်ပုံကလေးကို မျက်နှာနှင့် မခွာနိုင်ဘဲ ကြည့်၍ နေပြီးမှ ဥယျာဉ်မှူး လင်မယားမြင်မှာ ကို စိုးရိမ်သဖြင့် ကပျာကရာကုတ်အင်္ကျီအိတ်ထဲသို့ ထည့်လိုက်လေ၏ ။

ထိုနောက် ထမင်းစားကြရာတွင် ဤအိမ်၌ မိမိမရှိသည့် နောက် မည် သူများ လာ၍ နေသည် အကြောင်းကို မေး၍ ကြည့်မိရာ သားအမိ သားအဖ သုံးယောက် တစ်လလောက်လာ၍ နေကြပြီး ရုတ်တရက် ထွက်၍ သွားကြကြောင်း၊ ၎င်းတို့သည် အိမ်ရှင်အား စရံငွေပေးပြီး ညဥ့်အချိန်ရောက် လာကြောင်း၊ နောက်တစ်လလောက်ကြာသော အခါ လူ တစ်ယောက် လာပြီး ၎င်းတို့နှင့် စကား တီးတိုးပြောပြီး ညဥ့်အခါတွင် ထွက်ခွာသွားကြကြောင်း ဘိုးထင်က ပြောပြလေရာ မောင်တင်မှာ ဝေခွဲကြံစည်၍ မရဘဲ အဘယ်ကများ ဖြစ်ပါလိမ့်မတုန်းဟု စဉ်းစားအံ့ဩကာ နေလေ၏ ။

ထိုနေ့ညနေ့၌ မောင်တင်သည် ဥယျာဉ်မှူးလင်မယားအား ငွေတစ်ဆယ်ပေးပြီး ထွက်သွား ရာတွင် ဓာတ်ပုံကို တစ်လလုံးလုံး ထပ်ကာ ထပ်ကာ ကြည့်၍ နေလေ၏ ။ သို့ ကြည့်လေလေ ကြိုက် လေလေ ဖြစ်ပြီးလျှင် ငါ သူ့ကိုတွေ့ အောင် ရှာမယ်၊ မတွေ့ ရရင် မနေဘူးဟု မြဲမြံသော စိတ်အကြံကို ပြုလိုက်လေသတည်း။

သို့ သော်လည်း မိမိ၏ စိတ်အာရုံစွဲလမ်းရာ ရူပါရုံကို မတွေ့ ရဘဲ လပေါင်းအတော် များ စွာ လွန်၍ သွားလေ၏ ။ အလုပ်အကိုင်များ လည်း သာ၍ ကျင်လည်လျက် ပိုက်ဆံကြေးငွေကို မဂိုတန်းဋ ခိုများ ဆန်စပါးကို ကောက်၍ စားရသလို လွယ်ကူစွာ ရလေ၏ ။ ထိုကဲ့သို့ ရသော အခါ ငါ အင်္ဂလိပ် စာတက်လို့ စာရေး စာချီလုပ်ရရင် အခုလို ရမှာ လည်းမဟုတ်ဘူး။ စာရေး ကြီးနှင့် တူအောင်နေသော ကြောင့် အခုလိုလည်း ငွေကြေးပိုမှာ မဟုတ်။ အခုမှာ စားစားသောက်သောက်နှင့် တစ်လလျှင် တစ်ရာ့လေးငါးဆယ်ပိုလေရာ ငွေများ ကို ရှေးဦးပထမ စာတိုက်၌ စုလေ၏ ။ ထိုနောက် ငါးရာကျော် ခြောက်ရာကျော် ရသော အခါ ဘဏ်တိုက်သို့ ပို့လေ၏ ။ ထိုငွေများ မှာ အလျော့မရှိ တိုး၍ သာ နေလေသတည်း။

ထိုဓာတ်ပုံကလေးကိုမူကား အမြဲလက်ကမချဘဲ ခဏခဏကြည့်ရလေ၏ ။ သူ့ကိုတွေ့ လျှင် ငါရအောင်ယူမည် ။ ရလျှင် ခေါင်းရင်းမှာ ချမ်သာစွာ ထား၍ ငါကိုးကွယ်မည် ဟူသော စိတ်နှင့် ငွေကို ရအောင် ရှာဖွေလေ၏ ။

ထိုကဲ့သို့ နေခိုက်တွင် ရန်ကုန်မြို့အရှေ့ပိုင်းကွက်သစ်တစ်ခုမှာ အိမ်နေ၇ာတစ်ခုကို တွေ့ ရှိ သဖြင့် အစိုးရကို လျှောက်တောင်းလေရာ ငွေ အနည်းငယ်မျှနှင့် ထိုနေရာကို ရလေ၏ ။

ထိုနောက် ဆက်လက်၍ ညဈေးတွင် ရောင်းဝယ်ကာ အတော် ကြီးသော မြေပုံအထည် ဆိုင် ဖြစ်၍ လာလေ၏ ။ နောက်သုံးလလောက်ကြာသော အခါ အစိုးရက အဆိုပါအိမ်နေရာ၌ အဆောက်အဦးကို မဆောက်မနေရ၊ မဆောက်လျှင် ပြန်၍ သိမ်းမည် ဟူသော အမိန့်စာကို ပေးသဖြင့် စုဆောင်းရရှိထားသမျှသော ငွေကလေးနှင့် သစ်ဝါးကို လက်ငင်းပေးတန်ပေး၊ အကြွေး ယူတန်ယူပြီး မျက်နှာပန်းလှလှ အတွင်း၌ ကား မီးဖိုချောင်သာသာမျှသော အဆောက်အဦးကို ဆောက်လုပ်ပြီးစီးလေ၏ ။

ထိုအိမ်၌ မောင်တင်သည် အတည်တကျနေထိုင်ပြီးလျှင် အလုပ်ကို လုပ်၍ နေလေ၏ ။ တစ်စ တစ်စ အသိမိတ်ဆွေ လူကြီးလူကောင်းများ နှင့် အသိ ဖြစ်လေရာ အသစ်တည်ထောင်သော အင်္ဂလိပ်အလုပ်တိုက် တစ်ခုက စာရေး ကြီး တစ်ယောက် နှင့် အကြောင်းအပေါင်းသင့်ပြီး ခရီးစရိတ် တစ်လလျှင် လခအစိတ်နှင့် မီးအိမ်တစ်မျိုးကို ဒိစတြိတ်နယ်အရပ်ရပ်သို့ ကော်မရှင်ကိုယ်စားလှယ် အ ဖြစ်နှင့် လှည့်လည်၍ ရောင်းချရန် အလုပ်ကို ရလေ၏ ။

မောင်တင်သည် ခရီးသွားကိုယ်စားလှယ်အ ဖြစ်နှင့် အရပ်ရပ်သို့ လှည့်လည်လေရာ မီးအိမ် များ မှာ လည်း များ စွာ တွင် ကျယ်သဖြင့် တစ်ကြောင်း၊ အခြားတိုက်ဆိုင်များ မှာ ကုန်ပစ္စည်းနမူနာများ ကို ခရီးသွားဟန်လွှဲယူ၍ သွားခြင်းဖြင့် တစ်ကြောင်း ငါးလ ခြောက်လအတွင်း ငွေတစ်ထောင် ကျော်ကျော်ရလျှင် ထိုငွေနှင့် အဘယ်ကဲ့သို့သော အလုပ်ကို အတည်တကျလုပ်ရမည် ဟု ကြံစည် ၍ နေလေသတည်း။

ထိုကဲ့သို့နေခိုက်တွင် ဖန်လက်ကောက်ခေတ်ထ၍ လာလေရာ မောင်တင်သည် ရှိသမျှ သော ငွေများ နှင့် ဖန်လက်ကောက်များ ကို ရင်းလေ၏ ။

ဖရေဇာလမ်း ယခု အနော်ရထာလမ်းတွင် အခန်းငယ်တစ်ခုကို ယူပြီး ဖန်လက်ကောက် အမျိုးမျိုး အစားစားတို့ကို လက်လီလက်ကား ပေး၍ နေလေ၏ ။ တစ်နေ့သ၌ အရောင်းအဝယ်မ ကောင်းသဖြင့် ညနေအချိန် ဆိုင်ကိုပိတ်ပြီး ဘုရားကြီးသို့ သွားလေ၏ ။

ဘုရားကုန်းတော် ပေါ်သို့ ရောက်သော အခါ ဘုရားကိုကြည်ညိုပြီး လှည့်လှည်ကြည့်ရှု၍ နေပြီးနောက် အရှေ့ဘက်စောင်းတန်းမှ ဗဟန်းဘက်သို့ အဆင်းတွင် မိမိ၏ ရှေ့၌ ယောက်ျားတစ် ယောက် နှင့် မိန်းမပျို တစ်ယောက် ကို မြင်ရလေ၏ ။ ၎င်းတို့ကို မောင်တင်သည် လွန်အောင်သွားပြီး တစ်ခုသော ဆိုင်၌ ရပ်ကာ ကြိမ်ပုတီးကလေးတစ်ကုံးကို ဝယ်ရင်း အမှတ်တမဲ့ ကြည့်လိုက်သော အခါ မောင်တင်၏ ရင်၌ ဖိုလှိုက်၍ သွားလေ၏ ။ အကြောင်းမူကား ထိုလှပသော မိန်းကလေးသည် ဓာတ်ပုံထဲက မိန်းကလေး ဖြစ်သည်ကို တွေ့ ရှိလေ၏ ။

၎င်းတို့မျက်နှာမှာ များ စွာ ညှိုးငယ်သော အသွင်ရှိလေ၏ ။ မိမိ၏ အပါးသို့ ဖြစ်၍ အသွားတွင် မွှေးကြိုင်သော ရေမွှေးနံ့သည် မောင်တင်၏ နှာခေါင်းမှ ရင်ထဲသို့ ဝင်ရောက်ပြီး အသည်းနှလုံးတို့ ကို လေနီကြမ်းမွှေးသလို မွှေးသည်ဟု မှတ်ထင်ရလေ၏ ။

၎င်း၏ နှုတ်မှ ကြားရသော စကားလုံး တစ်လုံးသည် မောင်တင်၏ နားထဲမှ မထွက်ဘဲ နေလေ၏ ။ “ ကျွန်မကို ဒီလိုစကားမျိုး ဒီတစ်ခါသာ ပြောပါ၊ တခြားမိန်းကလေးများ လို မှတ်သလား” ဟု ပြော၍ သွားသည်ကို ကြားလိုက်ရလေ၏ ။

မောင်တင်၏ စိတ်၌ ထိုစကားများ သည် ကြီးစွာ သော မငြိမ်သက်ခြင်းကို ဖြစ်စေ၏ ။ ဤသူငယ်မကလေးသည် ထိုယောက်ျားကြီးနှင့် အဘယ်လိုတော် ပါသနည်း။ အဘယ်အတွက် စိတ်ညစ်၍ နေပါသနည်း စသည်ဖြင့် တွေးတောပူပင်မိလေ၏ ။

ထိုအခါ ဆိုင်မှထွက်ပြီး ၎င်းတို့နောက်သို့ မယောင်မလည်လိုက်၍ သွားလေ၏ ။

ထိုကဲ့သို့ လိုက်၍ သွားရာ မောင်တင်မှာ ကုလားဦးထုတ်နှင့် ကုလားစတိုင် လွန်ကျသော ကြောင့် မိမိ၏ ရှေ့၌ သွားသော မိန်းမပျိုနှင့် ယောက်ျားကြီးသည် ၎င်းကိုကုလားပင်မှတ်ထင်ကာ စကားကို ရဲရဲတင်းတင်းပြော၍ သွားကြလေ၏ ။

မိန်းကလေး။     ။ “ ကျွန်မတို့မှာ အခုအခါ ဒုက္ခ ဖြစ်နေခိုက်မို့ ရှင် ဒီစကားမျိုး လာပြောသလား”

“ မဟုတ်ပါဘူး မလှိုင်ရယ်၊ မင်းဖေဖေ ကြွေးတစ်သိန်းကျော်တင်လို့ အကျပ်အတည်း တွေ့ နေတော့ ဟိုကခြံကြီးတစ်ခြံလုံးကို ငှားပြီး မင်းတို့ကို လုံခြုံအောင် ထားပြီး ပြေးရတယ်မဟုတ် လား။ အခုလည်း မင်းဖေဖေ ဘယ်မှာ ပုန်းနေတယ်ဆိုတာ မင်းတို့သားအမိနဲ့ ငါပဲ သိတာပဲ။ သို့ သော်လည်း ငါဖော်မပြောပါဘူး။ အကယ်၍ မင်း ငါပြောတာကို သဘောတူရင် ဒီငွေတစ်သိန်း ဟာ မ ဖြစ်လောက်ပါဘူး မလှိုင်ရဲ့၊ မင်းအဖေကို မင်း မသနားဘူးလား”

“ ကျွန်မဟာ ရှင့်သမီးကလေးအရွယ်လောက် ရှိပါသေးတယ်။ အရင်က ဦးကြီးတို့လို သဘောထားတယ်ထင်လို့ အရောဝင်မိတာကို ဦးကြီးက အထင်လွဲတယ် ထင်ပါရဲ့ ”

“ ဦးကြီးက မင်းတို့ကို ဘယ်လောက်သနားတယ်။ ဘယ်လောက် ကူညီချင်တယ်ဆိုတာ မလှိုင်မသိလို့ ဒီစကားကို ပြောတာပဲ” ဟု ပြောလေ၏ ။ မောင်တင်မှာ မရဲတရဲလိုက်ရသဖြင့် မကြား တစ်ချက် ကြားတစ်ချက်နှင့် လိုက်၍ သွားလေရာ ကျောင်းတိုက်တစ်တိုက်အနီး လမ်းကြီးတစ်ခုသို့ ရောက်သော အခါ ဆင်း၍ သွားကြသည်ကို တွေ့ မြင်လိုက်ရလေ၏ ။

မောင်တင်သည် တစ်အောင့်ကလေး ရပ်ကာ ကြည့်လေ၏ ။ လမ်းအချိုးတွင် ပန်းပင်တွေ ကွယ်သဖြင့် ပျောက်ကွယ်၍ သွားကြလေ၏ ။

မောင်တင်၏ စိတ်၌ စွဲလျက်ရှိသော ရူပါရုံမီးသည် တိုး၍ တောက်လောင်လေ၏ ။ ၎င်းသူ ငယ်မလေး၏ မိဘများ မှာ ငွေတစ်သိန်းကြွေးတင်၍ နေသည်ကို သိရလေ၏ ။ သည်သူငယ်မလေး ကို ငွေတစ်သိန်းရှိရင် ငါကယ်နိုင်မလား မသိဘူး။ ငါမကယ်နိုင်မီ ဟိုယောက်ျားကြီးနဲ့များ ညား၍ သွားလေမလား။ ညားသွားရင် ကိုယ်ကျိုးနည်းတာပဲ စသည်ဖြင့် တွေးကာ မောင်တင်မှာ သူမသိ ငါပိုး ဖြစ်၍ နေလေ၏ ။

အိမ်သို့ ရောက်သော အခါ အဘယ်ပုံကြံရမည် ကို နဖူးလက်တင် အိပ်ရာဝင်၍ ဆင်ခြင်လေ ၏ ။ ဖန်လက်ကောက်အလုပ်နှင့် ငွေတစ်သော င်းခန့် ကြွယ်ဝ၍ လာသူ ဖြစ်လေ၏ ။ သို့ သော် လတ် တလောခြင်း တစ်သိန်း ဖြစ်ဖို့အလုပ်မှာ မလွယ်ပါတကား။ ငွေတစ်သိန်းရတောင် သည်မလှိုင်ဆို သူကလေးက ငါ့ကိုကြိုက်ပါ့မလား။ သူနဲ့တွေ့ ရဖို့တောင် အတော် ကြီး ကျပ်တည်းခက်ခဲ၍ နေပေ သည်တကား စသည်ဖြင့် စဉ်းစား၍ နေလေ၏ ။

သို့ စဉ်းစားရာ ရုတ်တရက် အကြံတစ်ခုကို ရသဖြင့် မျက်နှာဝင်းထိန်၍ လာလေ၏ ။

နောက်တစ်နေ့ မလှိုင်၏ ဓာတ်ပုံကို တစ်ခုသော ဓာတ်ပုံတိုက်သို့ ယူသွားပြီး ချဲဖို့ရန် အပ်လေ၏ ။ နောက်ရက်အနည်းငယ်မျှကြာသော အခါ ချဲ့ပြီးသော ဓာတ်ပုံကြီးကို မိမိ၏ အိပ်ရာ ခေါင်းရင်း၌ ရွှေပေါင်နှင့် ချိတ်ဆွဲထားပြီး မူရင်းဓာတ်ပုံ၏ ကျော၌ အောက်ပါစာကို ရေး လေ၏ ။

ဘာကိုမှ စိတ်မပူပါနဲ့။ စိတ်ကိုသာ ခိုင်ခိုင်ထားပါ။ ငွေနှင့် မြှူ၍ သွေးဆောင်တာကို မပါရ အောင် သတိထားပါ။ ကယ်မည့် သူကိုလိုက်၍ ရှာခဲ့ရာ မလှိုင်ကို အခု တွေ့ ရပါပြီ။ ဤနေရာ အနီးအနားမှာ နောက်ထပ်တွေ့ ပါရစေ။

၎င်းစာကို ဓာတ်ပုံ၏ ကျော၌ ရေး ပြီးနောက် မလှိုင်နှင့် ၎င်း၏ အဖော် ယောကျာ်းကြီး ပျောက် ကွယ်၍ သွားသော နေရာသို့ ညနေဆိုင်ပိတ်သည့်အခါ အရောက်သွားလေ၏ ။ ထိုနေရာသို့ ငါးနာရီ ခန့်အချိန်လောက်တွင် ရောက်သွားလေရာ အရိပ်အယောင်ကို မြင်ရမလားဟု စောင့်ဆိုင်းကြည့် ရှု၍ နေလေ၏ ။ သို့ သော်လည်း မလှိုင်ကို မမြင်ရ။ နေဝင်ရီတရောအချိန်သို့ ရောက်၍ သွားလေ၏ ။ ထိုအခါ လမ်းကြားကိုလျှောက်၍ လိုက်လေ၏ ။ သို့ လျှောက်၍ လိုက်သော်လည်း ကျောင်းတိုက်များ နှင့် ဇရပ်များ ကိုသာ တွေ့ ရလေ၏ ။ မလှိုင်ဆိုသူကလေးကိုမူကား အရိပ်အရောင် မျှ မမြင်ရဘဲ မိုးချုပ်၍ သွားသဖြင့် စိတ်အားငယ်ငယ်နှင့် ပြန်လာရလေသတည်း။

သို့ သော်လည်း စိတ်မပျက်ဘဲ ယနေ့မတွေ့ ရလျှင် နောက်တစ်နေ့တွေ့ ရမည် ဟု ယုံကြည်စိတ်ချကာ ညနေတိုင်းသွားလေ၏ ။ သို့ သွားသော်လည်း မတွေ့ ရသဖြင့် အိမ်သို့ ရောက် သည့်အခါ ခေါင်းရင်းက ဓာတ်ပုံကိုသာကြည့်ပြီး မလှိုင်မင်းငါ့မယား။ ငါမင်းကို မင်းရမယ်။ မင်း ငါ့ဆီကို ရောက်လာရမယ်။ မင်း၏ ရန်သူကို ငါနိုင်လိမ့်ပြီး မင်းကိုငါရမယ်။ ငါ့မယားဟူသော စကား များ ကို ညတိုင်း ညတိုင်း ပြောကာ ပြုစား၍ နေလေ၏ ။

ထိုကဲ့သို့ အားလပ်တိုင်း ၎င်းဓာတ်ပုံကိုကြည့်လေရာ မလှိုင်၏ ရုပ်ပုံသည် မောင်တင်၏ မျက်လုံးများ ၌ စွဲကပ်၍ နေလေ၏ ။ အဘယ်နေရာမှာ မဆို သတိရလျှင် ပေါ်၍ လာလေ၏ ။ အလုပ် အကိုင် အခက်အခဲတွေ့ တိုင်း မလှိုင်၏ ရုပ်ပုံပေါ်၍ လာသည့်အခါ အားတက်၏ ။

ထိုကဲ့သို့ ငါးလခြောက်လ မလှိုင်ကိုမတွေ့ ရဘဲ ညနေတိုင်းသွား၍ စောင့်ရင်းအလုပ်ကို လည်း မပေါ့မလျော့ လုပ်ကိုင်လေရာ ဂျာမနီပြည်က ရှုဆေးတစ်မျိုးကို တစ်ဦးတည်း ကိုယ်စားလှယ်အ ဖြစ်နှင့် ရသပြီး အကြီးအကျယ်ကြော်ငြာပြီး ရောင်းချလေရာ တင်တင်ကုမ္ပဏီ ဟူ၍ နိုင်ငံတွင် ကျော်ကြားပြီး တဖြည်းဖြည်းတိုးတက်ကာ အကြီးဆုံးသော ဂျာမနီသွင်းကုန်အလုပ် တိုက်ကြီး ဖြစ်နေလေ၏ ။

မောင်တင် အလုပ်ကြီး၍ လာသော အခါ ငါ မလှိုင်ဆိုသူကလေးကို ကယ်နိုင်တဲ့အခြေအနေ ရှိပြီ။ ဒင်းကလေး ဘယ်မှာ များ ရှိပါလိမ့်မလဲ ဟု ကြံစည်ကာ အမြဲလိုက်လံရှာဖွေလေ၏ ။ မိမိရှာနေကျနေရာ ဗဟန်းကိုလည်း နေ့တိုင်းသွားလေ၏ ။

တစ်နေ့သ၌ နံနက်စောစော ထိုနေရာသို့ ရောက်သွားလေရာ ပန်းများ ကို ကိုင်လျက် ဘုရား ကို သွားသော မိန်းမပျိုးကလေးကို မြင်လေ၏ ။

၎င်းမိန်းမပျိုကလေးမှာ အဖော်မပါ တစ်ယောက် တည်း ဖြစ်လေ၏ ။ မောင်တင်သည် အပါးသို့ ကယ်သွားလေလျှင် ဓာတ်ပုံရှင်မကလေး ဖြစ်သည်ကို တွေ့ မြင်ရသဖြင့် အတိုင်းမသိ ကြီးစွာ ဝမ်းမြောက် ဝမ်းသာ ဖြစ်လျက် မိမိအမြဲဆောင်ထားသော ဓာတ်ပုံကလေးကို ပေးလေ၏ ။

မိန်းမပျိုးကလေးသည် အံ့အားသင့်လျက် “ ရှင် ဘယ်သူလဲ ဘယ်ကလဲ၊ ဒါ ကျွန်မ ဓာတ်ပုံ ပါကလား။ ဘယ်ကရတာ လဲ” ဟု ခက်ထန်သော အမူအရာနှင့် မေးလေ၏ ။

တင်။ ။ “ ဒီဓာတ်ပုံကလေးကို ရကတည်းက မင်းကိုလိုက်ပြီး ရှာနေတာ အနည်းပဲ ကြာပါပြီ။ အခုတွေ့ ရတာ နဲ့ စွန့်စားပြီး ပေးလာပါတယ်။ ကျုပ်တို့ စိတ်ဆိုးသလား” ဟု မေးလေ၏ ။

မလှိုင်သည် ကျောဘက်ကစာကို ဖတ်ကြည့်ပြီး “ ကျွန်မကို ဘာပြုလို့ ကယ်ရမှာ တုံး။ ကျွန်မကို ကယ်ဖို့ ဘယ်သူ့ကိုမှ မပြောဖူးဘူး။ ရှင် ကျွန်မ အကြောင်းကို ဘာသိသလဲ”

“ မင်းအဖေ မင်းနဲ့ အတူမနေရတာ ကို သိတယ်”

“ ဟုတ်ကဲ့ မှန်ပါတယ်။ ပြီးတော့ ရှင် ဘာသိသေးသလဲ”

“ မင်းတို့မှာ ကြွေးတင်တဲ့ ငွေတစ်သိန်းနဲ့ ပတ်သက်ပြီး မင်းကို ငွေနဲ့မြှူနေတဲ့ လူ တစ်ယောက် ရှိတယ် မဟုတ်လား”

မလှိုင်သည် မောင်တင်ကို အံ့အားသင့်သော မျက်နှာနှင့် ကြည့်၍ နေပြီးမှ “ မှန်ပါတယ်။ အခု ဒီလူ ကျွန်မကို မြှူလို့မရလို့ ထွက်သွားပြီ။ ရှင်က ဒီလိုပဲလာပြီး မြှူချင်သေးလို့လား။ ကျွန်မ အခု ဘယ်လိုပဲ ဆင်းရဲ စေကာမူ ကျွန်မ အလုပ်လုပ်စားနိုင်တဲ့ ပညာရှိပါတယ်။ ကျွန်မကို အပျော် အပါးကစားစရာ မိန်းကလေးများ လို မှတ်လို့လား။ ရှင့်ကို ကျွန်မ ဒီနေရာများ မှာ ဘာပြုလို့တွေ့ ရ မှာ လဲ။ ရှင်နဲ့ ကျွန်မနဲ့ ဘယ်မှသိဖူးလို့လဲ” စသည်ဖြင့် မေးလေ၏ ။

တင်။     ။ “ မင်းပြောတာတွေ မှန်ပါတယ်။ ကျုပ် မင်းကို ငွေအားတိုးပြီး မြှူဖို့လာတာ မဟုတ်ပါဘူး။ ကံအားလျော်စွာ ခြံတစ်ခုထဲမှာ သည်ဓာတ်ပုံကို တွေ့ ရကတည်းက မင်းရုပ်ပုံ ကလေးဟာ မျက်စိထဲက မထွက်ဘဲနေတဲ့အတွက် မရမကလိုက်ပြီး ရှာနေရတာ ပါ။ အခုတွေ့ ရရင် တော် ပါပြီ။ ပင်ပန်းကျိုးနပ်ပါပြီ။ မရတာ ကိုတော့ အကြောင်းလို့ မှတ်ရမှာ ပါပဲ။ ကျုပ်ဟာ ဒီဓာတ်ပုံ ကလေးကို ရကတည်းက အရူးကြီးရူးပြီး မင်းမှာ ဒုက္ခတွေ့ နေတယ်ကြားတော့ ငါတစ်နေ့သ၌ ကယ်ခွင့်ရှိရင် ကယ်နိုင်အောင်ဟဲ့လို့ သဘောထားပြီး စီးပွားကို ကြိုးစားပြီး ရှာခဲ့ပါတယ်။ မ ဖြစ်နိုင် ပါရင်လည်း စိတ်တော့ ဆိုးစရာမရှိပါဘူး။ ချောတဲ့လှတဲ့သူကို မြင်ရင် ချစ်ကြ ကြိုက်ကြတဲ့ သဘောဟာ သဘာဝ တရားကြီးပါ။ ကျုပ်စိတ်က ချစ်တာကို ငြင်းဆန်၍ မရ။ မင်းစိတ်ဆိုရင်သာ ခံရမှာ ပဲ” ဟု ပြောလေ၏ ။

မလှိုင်သည် မောင်တင်၏ မျက်နှာကို စဉ်းစားသော ကြည့်ခြင်းနှင့် သေသေချာချာ စိုက်ကာ ကြည့်ပြီး ချာခနဲ့လှည့်ကာ ဘုရားသို့ သွား၏ ။ မောင်တင်သည် အနည်းငယ်ဆက်၍ လိုက်ပြီး နောက် ချိန်၍ နေရစ်လေ၏ ။

နောက် နေ့စဉ်နေ့တိုင်း လာသော်လည်း မတွေ့ ရချေ။ တစ်လလောက်ဆက်၍ လာသော်လည်း မမြင်ရ။ တမင်သက်သက် မတွေ့ ချင်သော ကြောင့် ရှောင်၍ နေသည်ကို သိရသဖြင့် မောင်တင်သည် အသည်းမှာ စွဲအောင်နာပြီး ဆက်၍ မလာဘဲနေလေ၏ ။ အလုပ်တိုက် မှာ ကိစ္စမရှိဘဲ အဘယ်ကိုမျှ မသွားချေ။ အားလပ်သည့်အခါ ခေါင်းရင်း၌ ချိတ်၍ ထားသော ဓာတ် ပုံကိုသာ ကြည့်၍ နေလေသတည်း။

အလုပ်သည်ကား တိုးတက်ကြီးကျယ်၍ လာလေ၏ ။ စာရေး များ ထက်မံ၍ လိုလေ၏ ။ အထူးသဖြင့် စာပေးစာယူအလုပ်တွေ များ သော ကြောင့် စာလုံးစက်နှိပ်သော စာရေး တစ်ယောက် အရေး တကြီးလိုလေ၏ ။ သို့ ဖြစ်သော ကြောင့် စာလုံးစက်နှိပ်သော စာရေး တစ်ယောက် အလိုရှိ ကြောင်း သတင်းစာ၌ ကြော်ငြာလိုက်လေ၏ ။

နောက်သုံးရက်လောက်ကြာသော အခါ အလွန်လှပသော မိန်းမပျိုကလေး တစ်ယောက် သည် သားရေအိတ်ကလေးကို လက်ဝယ်ကိုင်ကာ တင်တင်ကုမ္ပဏီသို့ ဝင်၍ သွားလေ၏ ။

စာရေး ကြီးက “ ဘာအလိုရှိသလဲ” ဟုမေးရာ မိန်းမပျိုက “ ဒီမှာ စာလုံးစက်ရိုက်တဲ့အလုပ် မှာ နေရာလစ်လပ်တယ်သတင်းကြားလို့ လာပါတယ်” ဟု ပြောရာ စာရေး ကြီးက သူဌေးကိုဝင်၍ ပြောလေ၏ ။

သူဌေးက သွင်းလိုက်ဟုပြောရာ မကြာမီ မလှိုင်သည် မောင်တင်၏ ရှေ့သို့ ရောက်လာလေ ၏ ။

မောင်တင်သည်ကား သားနားစွာ ၊ မြန်မာခေါင်းပေါင်းနှင့် နေသဖြင့် မလှိုင်သည် မမှတ်မိဘဲ နေလေ၏ ။

မောင်တင်သည် ၎င်း၏ မျက်နှာကို မော်၍ မကြည့်သေးဘဲ အလုပ်ကို လုပ်၍ နေလေ၏ ။ သို့ အတန်းငယ် ကြာစွာ လုပ်၍ နေရာမှ မော်၍ ကြည့်လိုက်သော အခါ ရင်ထဲမှာ ဒိန်းဒနဲ ဖြစ်၍ သွားလေ၏ ။ သို့ သော်လည်း ဣနြေ္ဒလုပ်ကာ ဘာအလိုရှိပါသလဲပြောပြီး ကုလားထိုင်တစ်လုံးကို ထိုင်ရန် လက်နှင့် ပြလေ၏ ။ မလှိုင်သည် ထိုင်လေ၏ ။

မောင်တင်သည် အလုပ်အကြောင်းကို စစ်ဆေးမေးမြန်းကြည့်ပြီးလျှင် လခငါးဆယ်နှင့် အလုပ်ခန့်လိုက်ပြီး ၎င်းအတွက် မိမိနှင့် ခပ်နီးနီးအခန်းတစ်ခုမှာ နေရာစားပွဲပြင်ဆင်ခင်းကျင်း၍ မေးလေသတည်း။

မလှိုင်သည် ထိုအလုပ်တိုက်၌ လွန်စွာ ပျော်ပိုက်လေ၏ ။ မိုးလင်းလျှင် အလုပ်တိုက်သို့ လာဖို့ သာ အားထုတ်ပြင်ဆင်လေ၏ ။ မကျန်းမာသော မိခင်ကိုလည်း ပြုစုလေရာ များ စွာ ဆင်းရဲ ပင်ပန်း သော်လည်း အလုပ်တိုက်သို့ ရောက်သည့်အခါ စိတ်ပျော်၍ နေလေ၏ ။

သူဌေး၏ အခန်းကို ဒရဝမ်ကုလားများ နေ့စဉ်လှည်းသို့ သုတ်သင်သော်လည်း မိမိရောက် သည့်အခါ ကိုယ်တိုင်ထပ်မံလှည်းသို့ တိုက်ချွတ်သုတ်သင်လေ့ရှိ၏ ။ သူဌေးထိုင်သော ကုလားထိုင် ၌ ရှိသော ဖုန်ကို မိမိ ကိုယ်တိုင်ခါလေ့ရှိ၏ ။

သို့ သော်လည်း သူဌေးရောက်လာသည့်အခါ အကြောင်းကိစ္စအရေး မကြီးဘဲ သူဌေး၏ အခန်းထဲသို့ ဝင်လေ့မရှိချေ။ သူဌေးသည်လည်း ၎င်း၏ သေသပ်သော အလုပ်များ ကို တွေ့ ရှိရလေ သဖြင့် မလှိုင်ကို အခန်းထဲသို့ ခေါ်ပြီး “ မင်းအလုပ်များ အင်မတန် သေသပ်တယ်။ မင်း လခ ငါးဆယ်လောက်ရဲ့ လား” ဟု မေးလေ၏ ။ ထိုအခါ အလုပ်လုပ်၍ သုံးလခန့် ကြာသွားလေ၏ ။

“ လောက်တယ်လို့တော့ ဘယ်ရှိမလဲရှင်။ ကျွန်မအမေက မကျန်းမာလို့ ဆေးဖိုးဝါးခနဲ့ လန်ချားခ၊ မြင်းရထားခနဲ့ဆိုတော့ သည်လိုချွေတာ သုံးရတာ ပေါ့” ဟု ပြောလေ၏ ။

“ မင်းတို့ ဘယ်မှာ နေသလဲ”

“ ဗဟန်းက ကျွန်မတို့အရင်က ဆောက်ထားတဲ့ဇရပ်တစ်ခုမှာ နေတယ်”

“ အလုပ်နဲ့ နီးနီးနားနားမှာ နေပါလား”

“ နေတော့နေချင်တာပေါ့ အိမ်လခကြီးတော့ အခက်သားပဲ” ဟု ပြန်ပြောလေ၏ ။

သူဌေးသည် စဉ်းစားလျက် စကားမပြောဘဲ မိမိ၏ ရှေ့၌ ရှိသော ရွှေဒင်္ဂါးတစ်ပြားကို မောင်းချဓားနှင့် လှီးကာခြစ်ကာ မငြိမ်မသက်နေလေ၏ ။

အတန်ကြာသော အခါ မော်ကြည့်ပြီး “ ကောင်းပြီ။ မင်းကိုလခတစ်ရာပေးမယ်။ ဒီမြို့ထဲကို ပြောင်းပြီးနေ။ ဒီတစ်ရာဟာ မင်းအမေ မကျန်းမာလို့ ပေးတာနော်။ တခြားကြောင့် မဟုတ်ဘူး။ မင်း အလုပ်လည်း ကောင်းတယ်” ဟု ပြောလေ၏ ။

မလှိုင်သည် ရွှင်လန်းတောက်ပသော မျက်လုံးများ နှင့် သူဌေးကို ကြည့်ကာ ကျေးဇူးတင် ကြောင်း ပြောလေလျှင် သူဌေးက “ ကျေးဇူးတင်စရာမလိုဘူး။ မလှိုင် ကိုယ့်ဆီမှာ အလုပ်လုပ် တယ်ဆိုတော့ ကြည့်ရှုရမယ့် ဝတ္တရားရှိပေတယ်။ ကောင်းပြီး၊ ဒါပဲပြောစရာရှိတယ် သွားတော့” ဟု ပြောလေ၏ ။

ထိုနေ့ည၌ မလှိုင်သည် အိမ်သို့အားရဝမ်းသာ ပြန်သွားပြီး မိခင်အားအကြောင်းကို ပြောလေလျှင် မိခင်က “ သမီးရယ် . . . လခတိုးတာလည်း မြန်လှချည်းလား။ ပြီးတော့ ငါးဆယ် တောင် တိုးသလား။ သမီးဘယ်နှယ်လုပ်သလဲ။ မိန်းမကလေးများ အလုပ်တိုက်မှာ လခအတိုးမြန် ရင် အများ ကြီး စိတ်မချစရာကောင်းတယ်လို့ ပြောကြတယ်။ ညည်းလည်း အိမ်ကို အပြန်နောက် ကျတယ်။ အလုပ်ကို သွားတာလည်း စောတယ်။ ဘယ်လိုနည်းနဲ့ တိုးတာလဲ” ဟု ကြောင့်ကြ သော မျက်နှာနှင့် မေးလေ၏ ။

“ ဘယ်လိုမှမလုပ်ပါဘူးမေမေ၊ ကျွန်မ အလုပ်လုပ်တာ သဘောကျလို့တဲ့၊ ပြီးတော့လည်း မေမေ မမာတဲ့အကြောင်းကိုလည်း ကျွန်မ ပြောပြတယ်။ ဒီတော့သူဌေးက မြို့ထဲကို ပြောင်းတဲ့ မင်းအမေအတွက် ငါလခတိုးပေးမယ်တဲ့ မေမေရဲ့ ။ ကျွန်မတို့ နက်ဖြန်ကို ပြောင်းမယ်။ နက်ဖြန်ကာ ကျွန်မအလုပ်မဆင်းဘူး။ ခွင့်ရခဲ့တယ်” ဟု ပြောလေ၏ ။

မိခင်သည် မယုံတစ်ဝက်ယုံတစ်ဝက်၊ ဝမ်းသာရမှာ အခက်၊ စိတ်ဆိုးရမှာ လည်းအခက် ဖြစ်ကာ သဘောတူရလေ၏ ။ နောက်တစ်နေ့ ရန်ကုန်မြို့ အလယ်ပိုင်း လမ်းတစ်လမ်းတွင် အခန်း တစ်ခန်းကို တွေ့ လေ၏ ။

မလှိုင်သည် လခတိုးသော အခါ မိမိကိုယ်ကို သာလွန်လှပစွာ ဝတ်ဆင်၏ ။ သူဌေးသည် မလှိုင်ကို မြင်သည့်အခါတိုင်း နှလုံးသွေးရမ်းကား လှုပ်ရှားလေ၏ ။ သို့ သော်လည်း မလှိုင်မှာ လွန်စွာ ဣနြေ္ဒကြီးသဖြင့် တစ်ကြောင်း၊ အခြားစာရေး စာချီများ အနက် မည် သူမျှပြက်ရယ် စကား မဆိုမစ ဝံ့ကြသော ကြောင့် တစ်ကြောင်း သူဌေးသည် သတိထား၍ နေရလေ၏ ။ မတော် တဆ အပြောအဆိုမခံဘဲ အလုပ်မှထွက်၍ သွားလျှင် ရင်ကွဲ၍ ကျန်ရစ်မှာ ကို စိုး၍ နေလေသတည်း။

မလှိုင်သည် တစ်ခါတစ်ခါ မိမိကိုလာ၍ ဓာတ်ပုံကလေးနှင့် စသော ကုလားသူဌေးတစ် ယောက် ကို သတိရလေ၏ ။ ထိုကုလားကို ရက်စက်စိမ်းကားစွာ ပြောဆိုပြစ်တင်လိုက်သည့်အတွက် အနည်းငယ် သနားသလိုလို ဖြစ်၍ နေလေ၏ ။ သို့ သော်လည်း လူမျိုးကွဲကုလားကို သနားလို့ အကျိုး မများ ပါဘူးလေဟု စိတ်၌ အောက်မေ့ကာ ၎င်းကုလားကို သတိရတိုင်း ထူးဆန်းတဲ့ကုလားပဲဟု စိတ်၌ တွေးကာ ဖျောက်ဖျက်ပစ်လေ၏ ။ ထို့ပြင်မှတစ်ပါးလည်း ဣနြေ္ဒကြီးလျက် မိမိအပေါ်၌ ကြင်နာသော သူဌေးထံ၌ အလုပ်လုပ်ရခြင်းမှာ များ စွာ ပျော်ရွှင်၍ နေသည့်ပြင် သူဌေးမှာ လူပျို ဖြစ် သဖြင့် ကြည့်မယ့် ရှုမယ့် ပြုစုမယ့်သူ ရှိမှာ မဟုတ်ဟု တွေးတောကာ သနားလေ၏ ။ တစ်ခါတစ်လေ မိမိကိုင်တိုင် အိမ်ကို သွားရောက်ကာ မကောင်းကောင်းကြောင်း ချက်ပြုတ်ကျွေးမွေး ပြုစုချင်၏ ။

သို့ ဖြစ်သော ကြောင့် တနင်္ဂနွေနေ့တစ်နေ့၌ ချက်ပြုတ်ပြီး ပို့မည် ဟု ကြုံ၍ နေလေ၏ ။ သို့ သော်လည်း သူဌေးကို မပြောဝံ့သဖြင့် များ စွာ ခက်၍ နေလေ၏ ။

စနေနေ့တစ်နေ့၌ မူကား အလုပ်မှဆင်းသော အခါ အရဲစွန့်ပြီး သူဌေး၏ အခန်းထဲကို ဝင်သွား လေ၏ ။

သူဌေးက ၎င်းကိုဝမ်းနည်းသော ကြည့်ခြင်းမျိုးနှင့် ကြည့်ကာ ဘာအလိုရှိသလဲ မလှိုင်ဟု မေးလေ၏ ။ မလှိုင်က ရှက်ကိုးရှက်ကန်းအမူအရာနှင့် သူဌေးကိုကြည့်ပြီး “ ကျွန်မ . . . ကျွန်မ နက်ဖြန်ခါကျတော့ သူဌေးကို ဟင်းထမင်းချက်ပြီး ပို့ချင်တယ်”

သူဌေး။     ။ “ ဘာပို့ချင်တယ်” ဟု မျက်လုံးပြုးကာ မေးလေ၏ ။

မလှိုင်သည် ကြောက်ရွံ့၍ သွားပြီး ခဏကလေးဆိုင်းပြီးမှ “ နံနက်စာ ကျွန်မချက်ပြီး ပိုချင်တယ်”

“ ဘာပြုလို့ ပိုချင်သလဲ။ မင်းအမေကို ချက်ပြုတ်ပြုစုရတာ အလုပ်အများ ဘူးလား”

“ မများ ပါဘူး။ သူဌေးမှာ တစ်ယောက် တည်းမို့ ကောင်းကောင်းမွန်မွန် ချက်ပြုတ်ပေးတဲ့လူ ရှိမှာ မဟုတ်ဘူး ထင်လို့ပါ”

“ အိမ်မှာ ထမင်းချက်သမား ရှိတယ်”

“ ထမင်းချက်သမား ချက်တာကို စားရတဲ့လူပျိုများ ဟာ သားမယားရှိတဲ့လူများ လောက် ကောင်းကောင်း မစားရဘူး။ ဘယ်လိုဘဲ ပိုက်ဆံရှိရှိ၊ ဟိုတယ်က အစာဆိုလည်း ကြာကြာစား တော့ ညည်းတာပဲ။ သည်အတွက် တစ်ခါတစ်လေ ကျွန်မ ချက်ပေးချင်လို့ပါ”

“ ဩော် . . . ဒီလိုလား။ နို့ မတော် အဆ လျှာလည်သွားရင်း နောက်ဘယ့်နှယ်လုပ်ပါ့မလဲ”

မလှိုင်သည် စကားပြန်၍ မပြောဘဲ နေလေ၏ ။

ထိုအခါ သူဌေးက “ ကောင်းပြီ။ မလှိုင်ဘာများ ချက်ပို့မလဲ။ မင်းကို စာနှိပ်ဖို့ လခတစ်ရာ ပေးထားတာနော်၊ ထမင်းချက်ခိုင်းဖို့ မဟုတ်ဘူး။ သို့ သော်လည်း နက်ဖြန်ကာ နံနက်စာကောင်း ကောင်းစားရရင် ကျေးဇူးတင်မှာ ပဲ။ ဘာချက်ပို့မလဲ”

“ သူဌေး ဘာများ စာချင်သလဲ” ဟု ခပ်ရဲရဲကလေး ပြုံးကာ မေးလေ၏ ။

သူဌေးက လက်ချိုးကာ “ ချဉ်ပေါင်ရေတယ်တစ်တစ်ခွက်၊ ဘူးသီးဟင်းချို”

မလှိုင်သည် သူဌေးကို ပြုံးရယ်ကာကြည့်ပြီး “ ဟင်းအင်း ဟင့်အင်း ကျွန်မ နံနံပင် သိပ် ကောင်းမှာ ပဲ”

“ ဒါတွေ ပါမှပဲ စားချင်တာပဲ။ နားထောင်ဦး။ ပုစွန်ငါးပိထောင်း၊ တို့စရာက နံနံပင်၊ သိပ်ကောင်းမှာ ပဲ”

ထိုအခါ မလှိုင်သည် ခေါင်းခါလျက် ခြေကိုဆောင့်ပြီး “ ဟင်းအင်း ဟင့်အင်း ဒီလိုဖြင့် ကျွန်မ မချက်တော့ဘူး” ဟု ပြောပြီး သွားတော့မလို လုပ်လေရာ သူဌေးက လက်ပြပြီး “ ကိုင်း ကိုင်း မင်းသဘောရှိတာချက်ခဲ့၊ အဲဒါတွေ လည်း ပါပေစေနော်” ဟု ပြောလေရာ မလှိုင်သည် အားရ ဝမ်းသာသွားတော့မည် ပြုလေ၏ ။

သူဌေးက “ နေပါဦးလေ။ ချက်ဖို့ပိုက်ဆံ ရှိရဲ့ လား” ဟု ပြောကာ စားပွဲအံ့ဆွဲကို ကိုင်လေ၏ ။

“ ရှိပါတယ်။ ရှိပါတယ်။ ဟင့်အင်း မလိုချင်ဘူး” ဟု ပြောပြီး ထွက်သွားလေ၏ ။

မလှိုင်သည် ထိုနေ့ညဥ့်၌ အားရဝမ်းသာ ဖြစ်လျက် အလုပ်တိုက်မှ အိမ်ကို မပြန်ဘဲ သိမ်းကြီးဈေးသွားပြီး အမျိုးမျိုး ဝယ်ခြမ်းပြီးမှ အိမ်သို့ ပြန်ပြီး နံနက်အတွက် ဥပုသ်စောင့်သွားမည့်  ပွဲ ပွဲရံကဲ့သို့ ဆန်းဆန်းပြားပြား အမျိုးမျိုးချက်ပြုတ် ပြင်ဆင်လေ၏ ။

နက်ဖြန်နံနက် မလှိုင်သည် နံနက်စာကို ကူလီကုလား တစ်ယောက် နှင့် ယူ၍ လာလေ၏ ။ အိမ်ပေါ်သို့ ရောက်သေအခါ ပွဲရုံကို အပြင်စားပွဲပေါ်၌ ထားပြီး ခေတ္တရပ်၍ စောင့်နေရာ မည် သည့် အသံကိုမျှ မကြားရသဖြင့် ကုလားကို ပိုက်ဆံပေး၍ ပြန်လွှတ်ပြီး အခန်းလိုက်ကာကို လှပ်၍ အတွင်းသို့ ကြည့်လိုက်ရာ သူဌေးသည် ကုလားထိုင်တစ်ခုမှာ ထိုင်လျက် စားပွဲပေါ်တွင် မေးထောက်ကာ ရွှေပေါင်နှင့် ချိတ်၍ ထားသော ကြီးသော ဓာတ်ပုံကြီးတစ်ခုကို ကြည့်လျက် ငေးမောနေသည်ကို မြင်ရလေ၏ ။

မလှိုင်သည် ထိုဓာတ်ပုံကို ကြည့်လိုက်သော အခါ မျက်လုံးများ ပြူး၍ နေလေ၏ ။ သူဌေးကို ကြင်နာသနားသော မျက်နှာနှင့် ခေတ္တကြည့်ပြီး အခန်းတံခါးဝမှာ ဘေးတိုက်မှီလျက် ခေါင်း ငိုက်စိုက်ကျကာ မိမိ၏ လှပပျော့ပျောင်းသော လက်ချောင်းကလေးတွေ ကို ချိုးဖဲ့ရင်း ပင့်သက် ရှု၍ နေလေ၏ ။

ထိုအခိုက်တွင် ကူလီကုလားက လှေကားမှ ဒုန်းဒုန်းမြည် အောင်ဆင်း၍ သွားသဖြင့် သူဌေး ငေးမောနေရာမှ သတိရပြီးနောက်ကို လှည့်၍ ကြည့်လိုက်ရာ အခန်းဝ၌ အတွင်းကျကျ ရပ်မှီကာ ခေါင်းငိုက်စိုက်ချလျက် ပင့်သက်ရှု၍ နေသူကလေးကို မြင်လေလျှင် ထိုင်ရာမှထပြီး ခြေသံမှ မမြည် စေရအောင် ညင်သာစွာ လှမ်းလျက် အပါးသို့ ရောက်လာပြီး “ မလှိုင်ရောက်လာပလား” ဟု မေးလေ၏ ။

မလှိုင်သည် ဦးခေါင်းကိုဖော်ပြီး ချိတ်ထားသော ကားကို ကြည့်၍ သူဌေးမျက်နှာကို စဉ်းစား ကြည့်ခြင်းဖြင့် ကြည့်ပြီး တစ်ဖန် ခေါင်းငုံ့၍ နေပြန်လေ၏ ။

ထိုအခါ သူဌေးသည် အပါးကိုတိုး၍ ကပ်လာပြီး “ မလှိုင် မင်းသိမလား” ဟု မေးကာ လက်ကလေးကို ဆွဲကိုင်လေ၏ ။ မငြင်းမဆန်သော လက်သည် ပျော့၍ ပါလာလေ၏ ။

“မလှိုင်အရင်တစ်ခါ ဗဟန်းမှာ တွေ့ ခဲ့တဲ့ကုလားကို မမှတ်မိဘူးလား” ဟု မေးလေ၏ ။ မလှိုင်သည် ဖြည်းညင်းစွာ မော်ကြည့်ပြီး မျက်တောင်ကလေးစင်းစင်း၊ ပြည့်ဝသော နှုတ်ခမ်းကလေး များ မှာ မစေ့တစေ့နှင့် သူဌေး၏ မျက်နှာကို ကြည့်၍ နေလေ၏ ။

ထိုကြည့်ခြင်းသည်ကား ကျွန်မ မငြင်းနိုင်တော့ဘူး။ ကျွန်မ ရှင့်လက်ထဲကို ရောက်ပါပြီဟူ သော အနက်အဓီပ္ပာယ်ကို ဆောင်လေ၏ ။

သူဌေးသည် ပခုံးကို ပွေ့ဖက်ကာ မလှိုင်ကို ရင်ခွင်သို့ ယူလေ၏ ။ မလှိုင်၏ နဖူးဆံစကို လက်နှင့် သပ်ကာ မျက်နှာကလေးကို ကပ်၍ ကြည့်လေ၏ ။ မလှိုင်သည် မငြင်းတော့ချေ။

“ ကျွန်မကို ရှာနေတာ ဘယ်လောက်ကြာပြီလဲ”

“ တစ်နှစ် ကျော်ကျော်ရှိပြီ”

လှိုင်။     ။ “ ဘယ်တုန်းက ကျွန်မကို စပြီး ချစ်သလဲ”

တင်။     ။ “ ကြာလှပြီ။ ရှေးရှေးတုန်းက ဟိုမမွေးမီတုန်းကလို့ ထင်တာပဲ။ မင်း ငါ့ကို မချစ် ဘူးလား”

“ ကျွန်မ ဒီတိုက်ကို ရောက်တဲ့နေ့ကစပြီး ချစ်တာပဲ” ဟု မောင်တင်၏ ရင်ဘတ်ပေါ်သို့ ဦးခေါင်းကလေးကို တင်ကာ လေသံကလေးနှင့် ပြောလေ၏ ။

ထိုနောက် အတန်ငယ်ကြာသော အခါ “ ကိုင်း မလှိုင်၊ သည်ပွဲရုံဟာ ကျုပ်တို့ မင်္ဂလာပွဲပါပဲ။ အတူတူစားကြရအောင်။ မင်းကော မဆာသေးဘူးလား” ဟု ပြောလေ၏ ။

မလှိုင်သည် ပေါ့ပါးလျင်မြန်သော ကိုယ်ဟန်နှင့် ပွဲရုံကို ပြင်ဆင်ကာ နှစ် ယောက် သား အခန်းတက်၌ ထူသော ကော်ဇောထက်တွင် ပျော်ရွှင်စွာ စားလေ၏ ။

နောက်ရက်များ မကြာမီ တိုက်က စာရေး ကြီးသည် သူဌေးမင်္ဂလာပွဲအတွက် ငွေခွက်လုပ်၍ လက်ဆောင်ပေးပို့ရန် စာရေး များ ထံမှ ငွေကောက်ခံလေသတည်း။

၁၉၂၇ ခုနှစ် ၊ စက်တင်ဘာလ။

ဗြိတိသျှဘားမားမဂ္ဂဇင်း ၊ ၁/၉

♥ ♥ ♥


နောင်ကြီး

အခန်း (၁)

စိန်စိန်သည် လှေကားပေါ်၌ ခြေသံကို ကြားရလေ၏ ။ ထိုခြေသံသည် စိန်စိန်၏ စိတ်၌ ဖြစ်ပျက်ဆိုက်ရောက်တော့မည့် ဆဲဆဲ ဖြစ်သော ပူဆွေးဒုက္ခကြီးတစ်ခုခု၏ အတိတ်နိမိတ်ကို ဆောင်ကာလာသည်ဟု မှတ်ထင်ရလေ၏ ။ ကျော်မောင်နှင့် စိန်စိန်သည် အကြင်လင်နှင့် မယား အ ဖြစ်၌ ပေါင်းသင်းပျော်ရွှင်ချစ်ခင်ကြည်ဖြူစွာ နေခဲ့ကြသည်မှာ တစ်ခါလည်မျှ မပြည့်သေးသဖြင့် ၎င်းတို့၏ ချစ်ခင်ပေါင်းသင်းခြင်း၊ စခန်းလမ်းမှာ ရွှေဖြင့် ခင်းကျင်း၍ ထားသလို လင်းထိန်သော အချစ်လမ်းကို မည်းမှော်သော အရိပ်ဖြင့် သန်းညိုအောင်ပြုသကဲ့သို့ ပျောက်သွားလေ၏ ။

စိန်စိန်သည် အခန်းနောက်ပိုင်း မီးဖိုတွင် သားနားသပ်ရပ်သော ပွရံဖြင့် ခင်းကျင်းပြင်ဆင် ရန်ထားသော စားပွဲကလေး၌ မှီကာထိုင်လျက် စောင်းမြောင်း၍ နေသည်မှာ အတော် ကြာခဲ့လေ၏ ။ သို့ မအေးအောင် နွေးနွေးကလေး လုံခြုံစွာ လွှမ်းအုပ်ရန်ထားသော ပွဲရံကိုကြည့်ရင်း မွှေးကြိုင်သော ဟင်းလျာအကြော်အချက်တို့၏ ရနံ့ကိုခံကာ သွားရည်ကျလုခမန်းဆာသော်လည်း မစားသေးဘဲ ကျော်မောင်လာမှ လင်မယားနှစ် ယောက် တစ်ယောက် ၏ မျက်နှာကို တစ်ယောက် ကြည့်ကာ စားဖို့ ရန် စောင့်၍ နေခြင်း ဖြစ်လေ၏ ။

ယင်းကဲ့သို့ စောင့်ရင်း ယနေ့ညဥ့်နက်လို့မှ လာပါတော့မလား။ တစ်နေ့ထက်တစ်နေ့ အိမ်အ ပြန် မိုးချုပ်ညဥ့်နက်ခံ၍ နေတာဟာ ဘယ်လို ဖြစ်တာပါလိမ့်မလဲ။ ဆယ်နာရီလည်း ခွဲပြီးပြီ။ ဘယ် အချိန်ကျမှ လာပါ့မလဲ။ ဒီလိုမိုးချုပ်တဲ့ညတွေ နောက်အဘယ်မျှလောက် ဆက်၍ နေဦးမလဲ။ အရင် ကလို ပြန်၍ များ ဖြစ်လေဦးမလား စသည်ဖြင့် ပူပင်ကာ လည်ပင်းကလေးကို တစ်ခါတစ်ခါ ဆန့်လျက်ပြတင်းပေါက်မှ အပြင်ဘက်သို့ မျှော်ရှာလေသတည်း။ နောင် ကျော်မောင်၏ အမူအရာ များ သည် တစ်နေ့တစ်ခြား ထူးခြားပြောင်းလဲ၍ လာသည်ကို စိန်စိန် စဉ်းစားတိုင်း စိတ်ထဲ၌ မချမ်း မသာ ဖြစ်ရှာလေ၏ ။ ကျော်မောင်၏ မျက်နှာ၌ လပေါင်းများ စွာ မအိပ်ဘဲနေသည့်အလား ပါးများ ပိန်စပြုလျက် ၎င်းမျက်လုံးများ ၏ ကြည့်ပုံမှာ လည်း အရင်ကနှင့် မတူ။ တစ်ခါတစ်ခါ မျက်လုံးကြောင် တောင်တောင်နှင့် ငေးလျက် နေသည်များ ကို စိန်စိန်သည် မှတ်တမဲ့ သတိထားမိသည့်အခါတိုင်း သက်မကြီး ချမိလေ၏ ။

စိန်စိန်သည် အကြိမ်ကြိမ်မေး၏ ။ ထိုကဲ့သို့သော အခြေအနေပြောင်းလဲခြင်းမျိုး၌ ချစ်သော မယားသည် အဘယ်မှာ လျှင် အထပ်ထပ်မမေးဘဲ နေနိုင်ပါမည် နည်း။ သို့ ပင်မေးသော်လည်း တစ်ခုတည်းသော အဖြေကိုသာရ၏ ။ ထိုအဖြေမှာ ကား “ အလုပ်တာဝန်ကိစ္စတွေ များ လို့ပါကွယ်” ဟူသော စကားတစ်ခွန်းသာ ဖြစ်လေသတည်း။ ယခုများ မကြာမီ အတွင်းမှာ မူကား အမေးကိုမျှ များ စွာ သည်းညည်းမခံနိုင်သလို ဖြစ်၍ လာရုံမက စိန်စိန်၏ စိတ်၌ ကြောင့်ကြ ပူပင်ခြင်းကြီး သလောက် ထပ်ကာထပ်ကာ သဲသဲမဲမဲ မေးသည့်အခါ အနည်းငယ်ဒေါသကလေးများ နှင့် ပင် ပြန်၍ ငြင်းဆန်သည်ကို တွေ့ ရှိရလေသတည်း။

တံခါးကို ခေါက်သော အခါ ၁၁ နာရီထိုးသော နာရီသံသည် တံခါးခေါက်သံနှင့် ရော၍ သွား လေ၏ ။

စိန်စိန်သည် မိမိအခန်းမှ ထွက်လာပြီးနောက် တံခါးကိုဖွင့်၍ ပေးလေ၏ ။ ကျော်မောင်သည် စိန်စိန်ကို အခါတိုင်းလိုမှ နှုတ်ဆက်ခြင်း မပြုဘဲ ကြည့်ရုံမျှကြည့်ပြီး အိမ်ခန်းဘက်သို့ လှည့်၍ သွားလေ၏ ။ စိန်စိန်သည် တံခါးကိုကိုင်ရင်း နောက်မှ ကြည့်လိုက်လေ၏ ။ ဧည့်ခန်းကို ဖြတ်ပြီး အိပ်ခန်းထဲသို့ ဝင်၍ သွားလေ၏ ။ မကြာမီခြေသံရပ်၍ သွားလေ၏ ။

စိန်စိန်သည် ၎င်းကို ကြည့်၍ နေရာမှ တစ်ဖန်မီးဖိုဘက်ကို လှမ်းပြီး ကြည့်လေ၏ ။ ၎င်း၏ နှလုံးသားမှာ အေးစက်သော တစ္ဆေ၏ လက်ဖြင့် ဆုပ်ကိုင်ဖျစ်ညှစ်ခြင်းကို ခံရပြီးသကဲ့သို့ ကြောင့် ကြပူပင်သော စိတ်ဖြင့် စိမ့်ခနဲ ဖြစ်၍ သွားလေသတည်း။ သို့ သော်လည်း စိတ်ကို တင်းလျက် ဘာစိုးရိမ်စရာရှိသလဲ။ ဒီလိုလာသွားနေတာ။ အခုမှမဟုတ် အတော် ကြာပြီ။ ဘာမှ ဖြစ်ခဲ့သည်ဟု မကြားရဘူး စသည်ဖြင့် တွေးကာ ဖြေလေ၏ ။ သို့ ပင်ဖြေသော်လည်း မပြေဘဲ နေလေသတည်း။

စိန်စိန်သည် တံခါးကိုလွှတ်ကာ ၎င်း၏ နောက်သို့ လိုက်၍ သွားလေ၏ ။ သို့ သွားရာ ခုတင် ခြေရင်းလိုက်ကာအကွယ်၌ ထူးခြားသော အသံများ ကို ကြားရလေ၏ ။ စိန်စိန်သည် လိုက်ကာအတွင်းဘက်သို့ ဝင်လိုက်သော အခါ မှန်ဗီရိုကိုဖွင့်လျက် အဝတ်အစားအမျိုးမျိုးတွေ ကို ဆွဲ၍ ထုတ်ပြီး အနီးရှိကုလားထိုင်တစ်ခုပေါ်၌ ပွင့်၍ နေသော သားရေသေတ္တာတစ်ခုထဲသို့ ထို အဝတ်အစားများ ကိုထည့်၍ နေသော ကျော်မောင်ကိုမြင်ရလေ၏ ။ ၎င်း၏ ပတ်လည်ကြမ်းပေါ် လည်း အဝတ်အစား ရှပ်အင်္ကျီလက်ကြယ်သီးများ နှင့် တိုလီမိုလီယောက်ျားတို့ အသုံးအဆောင် စသည့်များ ကို တွေ့ ရှိရလေ၏ ။ သားရေသေတ္တာ၌ ရှိသော အဝတ်များ မှာ မူကား ကျော်မောင်၏ ဦးခေါင်း၌ ရှိသော ဆံပင်များ နှင့် မခြားမနား ရှုပ်ပွ၍ နေလေသတည်း။

“ ကိုကျော်မောင် ဘာ ဖြစ်တာလဲ၊ ဘာလုပ်တာလဲ” ဟု စိန်စိန်က မေးလေ၏ ။

ကျော်မောင်သည် မိမိ၏ အလုပ်၌ စူးစိုက်၍ နေသဖြင့် စိန်စိန်ဝင်လာသည်ကို သတိမထား မိချေ။ အသံကိုကြားခါမှ ဗီရိုအံဆွဲတစ်ခုကို လက်တစ်ဖက်နှင့် ကိုင်ရင်း နောက်သို့ လှည့်ကြည့် လေ၏ ။

စိန်စိန်သည် ၎င်း၏ မျက်နှာကိုမြင်သော အခါ အသက်ကိုမျှမရှုမိဘဲ နေလေ၏ ။ အကြောင်းမူ ကား ၎င်း၏ မျက်နှာမှာ ဖြူရော်ရော် ဖြစ်လျက် သွေးခြောက်ကာ မျက်တွင်းများ ကျပြီး ၎င်း၏ ကြည့်ပုံ မှာ တစ်စုံတစ်ရာကို ကြောက်ရွံ့၍ နေသလို ဖြစ်သည်ကို တွေ့ ရှိရလေ၏ ။

“ စိန် ဒါတွေ မြန်မြန်ကူထည့်ပေးစမ်းပါ” ဟု ပြောရင်း အံဆွဲကို တအားဆွဲလိုက်ရာ အံဆွဲ စောင်း၍ ကျပြီး အံဆွဲထဲရှိ ပစ္စည်းများ သည် ကြမ်းပေါ်သို့ တပြုံတခေါင်းကြီး ကျ၍ လာကြလေ၏ ။

“ နေပါဦး၊ ဘာ ဖြစ်လို့လဲ။ ဘယ့်နှယ် ဖြစ်လာသလဲ” ဟု စိန်စိန်က ထပ်ကာ မေးလေ၏ ။

“ မေးမနေစမ်းပါနဲ့ စိန်ရယ်၊ သွားစရာရှိလို့ပါ။ မသွားရင်မ ဖြစ်ဘူး။ အခု ချက်ချင်း သွားရမှာ ပါ”

ထိုအခါ စိန်စိန်သည် ရုတ်တရက် သိလေ၏ ။ မိမိ၏ ကြောင့်ကြ ပူပင်ခြင်းများ သည် မှန်၍ နေသည်ကို သိရလေ၏ ။ ကျော်မောင်သည် မိမိ၏ အကျင့်ဟောင်းဘက်သို့ ပြန်၍ လည်လေပြီ တကား။ အများ မိတ်ဆွေတို့က ၎င်းကို မယူရအောင် အတန်တန်ဖျက်ခဲ့သော်လည်း မိမိသည် စိတ်မပျက်ဘဲ ဘယ်လိုပင်ဆိုးစေကာမူ သူ့ကို မကောင်းသော လမ်းမှ ကယ်နိုင်လောက်သော အချစ်သည် ငါ့မှာ ရှိ၏ ။ ငါ့လက်ထဲကျရင် ကောင်းမှာ ပဲ။ လူကလည်း သူ့ကိုယူရင် မကောင်းတဲ့ အပေါင်းအသင်းတွေ ကို ဖြတ်ပြီး လူကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားတော့မည် ဟု အာမခံ သည်။ အဘယ်မျှပင် ပျက်စီးစေကာမူ ငါပြုပြင်ရလျှင် ကောင်းမှာ ပဲဟူ၍ အားကိုးပြုကာ ကျော်မောင်ကို ယူခြင်း ဖြစ်လေ၏ ။

ကျော်မောင်မှာ ငယ်စဉ်ကပင် ကျောင်းနေဘက် ကစားဖက် အိမ်နီချင်း ဖြစ်ခဲ့၍ ငယ်ရည်းစား ဖြစ်ခဲ့လေရာ ဆယ်တန်းအောင်၍ ကျောင်းမှ ထွက်ပြီး ကုန်တိုက်ကြီးတစ်ခုမှာ ငွေ ကိုင်စာရေး ဖြစ်ခဲ့၏ ။ သို့ ဖြစ်ခဲ့ရာ အပျော်အပါး အပေါင်းအသင်းမှားခြင်းကြောင့် အလောင်းအစား ဘက်သို့ ရောက်ကာ တိုက်ကငွေခြောက်ရာကို မြင်းပွဲသို့ ပို့ခဲ့မိသဖြင့် ထောင်မကျသော်လည်း အလုပ်ပြုတ်၏ ။ ထိုအခါမှစ၍ အဘယ်မှာ မျှ အလုပ် မလုပ်ဘဲ ညဏ်စွမ်းနှင့် သတ္တိစွမ်းကို အားကိုး ပြုကြသော သူတို့၏ အသင်း၌ ပါဝင်ခဲ့သော ကြောင့် ရန်ကုန်ပုလိပ်စုံထောက်များ က မျက်စိအောက် မှ မပျောက်စေရအောင် လေးစားဂရုပြုခဲ့ရလေ၏ ။ ထိုနောက် ထိုအခါ စိန်စိန်နှင့် မတွေ့ ဘဲ အတော် ကြာ၍ သွားပြီးနောက် မီးရထားပေါ်၌ နှစ် ယောက် ပြန်တွေ့ ကြသော အခါ ငယ်ကချစ်သော အချစ်သည် တစ်ဖန်နိုးကြား၍ လာပြီးလျှင် အချစ်၏ ပန်းကုံးကို အတူတကွပြန်၍ သီကုံးကြရာ၌ ကျော်မောင်သည် မိမိ၏ အမှားလမ်းအတွက် အဟုတ်တကယ် နောင်တ သံဝေဂရပြီး စိန်စိန် အတွက် ဖြစ်လျှင် ဤမျှဆိုးသွမ်းသော လမ်းကို စွန့်ပါတော့မည် ။ ယခုမှ တစ်ဖန် ဒုံရင်း သို့ ပြန်ရလေခြင်းဟူသော အကြောင်းကိုသိရသော စိန်စိန်မှာ ယူကျုံးမရ ဖြစ်ရရှာလေသတည်း။

“ ကိုကျော်မောင် ကိုပန်းသင်းကြီးနဲ့ ပြန်တွေ့ ပြန်ပလား။ သူ ထောင်က လွတ်တာ သုံးလ ရှိသေးတယ်။ ဩော် . . . ဒုက္ခ ဒုက္ခ ကောင်းကောင်းနေပါတော့မယ်လို့ စိန်စိန့်ကို အတန်တန် ကတိထားပြီး အခု အရင်လို ပြန် ဖြစ်ရတာ များ အသည်းနာစရာကောင်းလိုက်တာ ကိုကျော်မောင်ရယ်”

ကျော်မောင်သည် အရှက်နှင့် ဒေါသ ရောပြွမ်းလျက် စိန်စိန်ဘက်သို့ ဝှေ့ကာလှည့်ပြီး “ မင်းနားမလည်ပါဘူး။ အသာနေစမ်းပါ။ တခြားအကြောင်းတစ်ခုနဲ့ ပတ်သက်လို့ သူ ငါ့ကို နိုင်ထား တဲ့ အချက်တစ်ချက်ရှိတယ်။ သိပါရဲ့ လား။ ငါ့သူ့ကို ရှောင်လို့မရဘူး။ သူ့အကြံကို ငါမပါရင် ငါ့ကို သူ တစ်ခုခု လုပ်နိုင်တယ်။ သူ့ကို ကိုယ်တိုင် သတ်ပစ်နိုင်လည်း သတ်ပစ်မှ မသက်ပစ်နိုင်ရင် သူ့ အလိုကို ငါလိုက်ရမှာ ပဲ။ ဒီအကောင် မသေသမျှ ငါမအေးဘူး။ အခု သူမဟုတ်တာတွေ ကိုလုပ်လို့ အဖမ်းခံရပြန်ပြီ။ ပုလိပ်ထံမှ ငါနဲ့ ပတ်သက်တဲ့အကြောင်းတွေ ကို ပြောထားတယ်။ ငါအခု မပြေးရင် မ ဖြစ်ဘူး။ ပြေးရမှာ ပဲ”

“ အမယ်လေး ပုလိပ်တွေ ဘာတွေ နဲ့လား” ဟု ပြောကာ စိန်စိန်၏ မျက်နှာမှာ သွေးခန်း၍ သွားလေ၏ ။ ကျော်မောင်သည် မရယ်ချင်ရယ်ချင် မစိုမပြည် သွေ့ခြောက်စွာ ဝါးလုံးခေါင်းမှ လေထွက်သလိုရယ်ပြီး ကျန်ရှိသော ပစ္စည်းအနည်းငယ်ကို သားရေသေတ္တာထဲသို့ ပစ်ထည့်ကာ အဖုံးကို အားအရှိန်နှင့် တွန်းပစ်ကာ ဖုံးလိုက်လေ၏ ။

“ စိန် မင်းဟာ ငါနဲ့နေရင် ဘယ်တော့မှ စိတ်ချမ်းသာတော့မှာ မဟုတ်ဘူး။ ငါနဲ့ကွာနေမှာ ပဲ ကောင်းမယ်။ ငါနဲ့နေရင် စိန့်မှာ တဖြည်းဖြည်းယုတ်နိမ့်ပြီး သွားဖို့သာရှိတာပဲ။ ငါ့ကိုယ်ကိုတော့ ပြုပြင်လို့မရတော့ဘူး။ မွေးကတည်းက မကောင်းတဲ့သွေးပါလာတယ်။ င့ါကို ဘယ်လူမှမဆယ်နိုင် တော့ဘူး။ နို့ပေမဲ့ ကိစ္စမရှိပါဘူး။ ပုလိပ်တော့ ငါ့ကို မမိနိုင်ပါဘူး”

စိန်စိန်သည် ကုလားထိုင်တစ်ခုပေါ်မှ အားပျော့ကာထိုင်လျက် လက်နှစ် ဖက်ကိုယှက်ကာ မိမိ၏ ရှေ့ကိုသာ စိုက်လျက်ကြည့်နေရှာလေသတည်း။

ယခုကဲ့သို့ ဖြစ်မှာ ကို ရက်လအတန်ကြာ အခါကပင် စိန်စိန်သည် တင်ကြိုတွေးခေါ် ကြောက်ရွံ့ပူပင်၍ လာခဲ့လေ၏ ။ ထိုကြောက်ရွံ့ခြင်းသည် စိန်စိန်၏ စိတ်ကို အမြဲလေးလံစွာ ဖိစီး၍ လာခဲ့လေ၏ ။ သို့ သော်လည်း ဤအ ဖြစ်မျိုးနဲ့တော့ မတွေ့ နိုင်ပါဘူးလေဟူ၍ စိတ်ကိုဖြေခဲ့ရလေ၏ ။ ယခုသည်ကား မတွေ့ နိုင်ဟု ဖျောက်ဖျက်ခဲ့သော အရာသည် အဟုတ် တကယ်ကြုံတွေ့ ၍ နေရ လေတော့သတည်း။ စင်စစ်မှာ ကား စိန်စိန်သည် ကျော်မောင်ကို အပြစ်ဆိုဖို့မရှိ။ မိမိကိုယ်ကိုသာ အပြစ်တင်ဖို့ရှိ၏ ။ ကျော်မောင်၏ အကြောင်းကို မိမိကိုယ်တိုင် မျက်မြင်အသိ ဖြစ်ပါလျက် ရဲတင်းခဲ့ ၏ ။ ကျော်မောင်ကိုယ်တိုင်ကလည်း မိမိမကောင်းကြောင်းကို ဖွင့်၍ ပြောခဲ့၏ ။ စိန်စိန် ယုံကြည်၍ ချစ်လျှင် မိမိလူကောင်း ဖြစ်နိုင်ဖို့ ရှိသည်ဟူသော ကျော်မောင်၏ ဝန်ခံကတိမှာ ကား မျှော်လင့်ခြင်း မျှ ဖြစ်လေ၏ ။

ကျော်မောင်နှင့် မီးရထားပေါ်၌ တွေ့ သော အခါ ကျော်မောင်မှာ ပုလိပ်များ မသင်္ကာ ဖြစ်၍ နေသော သူတို့အထဲတွင် အပါအဝင် ဖြစ်လျက် အောက်နိမ့်ရာသို့ တစ်နေ့ထက်တစ်နေ့ တရွေ့ရွေ့ စုန်ဆင်းလျက်နေသော အခြေအနေ၌ ရှိလေ၏ ။ သို့ သော်လည်း မင်္ဂလာဆောင်ပြီးကတည်းက အများ ချီးမွမ်းလောက်သော ယောက်ျားကောင်း တစ်ယောက် ဖြစ်လျက် ဆိုးသွမ်းမှု တစ်စုံတစ်ရာကို မျှ မပြုခဲ့သေးချေ။

စိန်စိန်သည် ထိုင်ရာမှ အားယူကာထပြီး အခုလိုမပြေးရအောင် ပြေးရလျှင်လည်း ¬မိမိပါခေါ် ၍ သွားရအောင် ပြောရလျှင် ကောင်းမလားဟု အကြံပြု၏ ။ သို့ သော်လည်း ကျော်မောင်၏ မျက်နှာ မှာ ရှေးကလို ငယ်ရွယ်ပျိုမြစ်ခြင်း အမူအရာမရှိ။ လူငယ်တို့၏ မျက်နှာထားသည် လုံးလုံးပျောက် ကာ အကြောက်က လွှမ်းမိုးသဖြင့် တစ်စုံတစ်ရာကို အဟုတ်တကယ်ပြုတော့မည် ဟု ခိုင်မာစွာ စိတ်ပြဌာန်း၍ ထားသော ရင့်ရော် တင်းမာသော အသွင်သည် ထင်ရှားစွာ ပေါ်၍ နေသဖြင့် စိန်စိန်မှာ စကားမပြောဝံ့ဘဲ နေရှာလေ၏ ။ အထက်ထက်က စိန်စိန်သည် ပြောတိုင်း ဖြစ်သော်လည်း ယခုမှာ ကားး ထိုကဲ့သို့မဟုတ် ကျော်မောင်ဟောင်း ကွယ်ပျောက်၍ ကျော်မောင်အသစ် ပေါ်ပေါက်နေ သည်ကို သိရလေသတည်း။

ထိုအခိုက်တွင် အားလုံးပြင်ဆင်၍ ပြီးသဖြင့် ကျော်မောင်သည် စိန်စိန်၏ ဘက်သို့ လှည့်ကာ စာအိတ်ကြီးတစ်ခုကို ပေးလေ၏ ။ ထိုစာအိတ်မှာ ဖောင်းလျက် နေလေ၏ ။

“ အခုလို ဖြစ်မှာ ကိုသိတာ အတော် ကြာပြီ စိန်စိန်။ ဒီအတွက် မင်းမသိဘဲ စုဆောင်းထား တယ်။ ဒီစာအုပ်ထဲမှာ ငွေတစ်ထောင်ဖိုးရှိတယ်။ စိတ်ချပြီး သုံးရစ်တော့ စိန်စိန်၊ ငွေကောင်းငွေ သန့်ပါပဲ။ မတရားရှာရတဲ့ ငွေမဟုတ်ပါဘူး။ ချွေတာရင် တော် တော် ကလေးကြာကြာတော့ သုံးရမှာ ပဲ။ စိန်စိန်ဆွေမျိုးများ ထံ ရုတ်တရက်သွားပြီး မျက်နှာချပြီး မလိုပါဘူး” ဟု ပြောလေ၏ ။ စိန်စိန်သည် စာအိတ်ကို မိမိယူမှန်းမှ မသိသလို ယူလိုက်လေ၏ ။

“ နို့ ကိုကျော်မောင် အခု ဘယ်ကို သွားမလို့လဲ။ ဘာလုပ်မလို့လဲ”

“ ဒါတော့ ငါလည်း မသိသေးဘူး။ ဒီမြို့ကထွက်ရမှာ ပေါ့။ ဒီအတွင်းမှာ စိန်စိန်ငြိမ်ငြိမ်သက် သက်နေပါ။ ဘာစကားကိုမှ မပြောနဲ့နော်။ နောင် တဖြည်းဖြည်း ငါ့ကို သူတို့မမိရင် စိန်စိန်ထံ အကြောင်းကြားမယ်။ ငါ့မှာ ဘယ်လိုပဲ ဖြစ် ဖြစ် စိန်မှာ မညှိုးငယ်စေရပါဘူး။ အခုအနေတော့ ငါ ဒီလောက်ပဲ ကတိထားနိုင်ဖို့ရှိတာပဲ”

သို့ ပြောရင်း စိန်စိန်၏ ဝမ်းနည်းကြေကွဲသော မျက်နှာနှင့် မျက်လုံးကို ပြင်ကာ ကျော်မောင်၏ စိတ်၌ ညွှတ်နူးခြင်း ဖြစ်၍ လာသဖြင့် စိန်စိန်ကို ချက်ချင်း ပွေ့ယူပိုက်ထွေးကာ “ စိန့် ငါ မင်းကို ငါ အဟုတ်တကယ်ချစ်တာနော် သိရဲ့မဟုတ်လား။ စိန်ကလွဲ၍ ဘယ်မိန်းမကိုမှ မချစ်ခဲ့ဖူးဘူး။ ဘယ်မိန်းမကိုမှ နောင်ကိုလည်း ချစ်မှာ မဟုတ်တော့ဘူး။ စိန့်အတွက် ငါ့ကိုယ်ငါ ပြုပြင်ပြီး လူကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားတာဟာ အမှန်ပါပဲ။ ဟိုအကောင်က ငါ့ အပေါ်မှာ နိုင်လုံးတစ်ခုရှိနေလို့ အခလို ဖြစ်ရတာ ပါ စိန်ရယ်၊ ပြီးတော့လည်း အေးကွယ် ပြောလို့ အကျိုးမရှိတော့ပါဘူး” ဟု တုန်လှုပ်ချောက်ချားလျက် ပြာလဲ့လဲ့အသံနှင့် ပြောပြီးနောက် တစ်မိနစ် မျှကြာလျှင် ကျော်မောင်သည် အပြင်သို့ ရောက်သွားလေ၏ ။ ကျောင်မောင်အပြင်သို့ ရောက်၍ တံခါး ကို ဒိုင်းဒနဲ ပိတ်၍ သွားပြီး နောက် စိန်စိန်၏ နှလုံးသည် ကျောက်တုံးကျောက်ခဲလို ဖြစ်၍ နေရာမှ တစ်ဖန်အသက်ငင်သလို ဖြစ်ပြီးလျှင် တံခါးကိုပြေး၍ တွန်းဖွင့်ကာ လှေကားကို ပြေးဆင်း၍ လိုက် သွားလေ၏ ။

သို့ သော်လည်း လမ်းထိပ်ဘက်သို့ ချိုး၍ သွားသော မြင်းရထားတစ်စီးကိုသာ မြင်လိုက်ရ သဖြင့် ရထားရော ၊ အသံရော ပျောက်ကွယ်၍ သွားကာမှ အားနဲနဲ့နှင့် အိမ်ပေါ်သို့ ပြန်၍ တက်လာပြီးလျှင် ဘာကို လုပ်ရမှန်းမသိဘဲ ရပ်ကာ တောင်မြောက်လေးပါးကို ကြည့်ပြီး ဘုရားစင် နှင့် ညောင်ရေအိုးကို မြင်ရသော ကြောင့် ဘုရားစင်ရှိရာသို့ ပြေးပြီး ဒူးတုပ်လျက် မိမိကိုယ်ကို ဖျာပေါ်သို့ လှဲပစ်၍ ချကာ ဦးသုံးကြိမ်ချလျက် မျက်ရည်များ ကြောင့် ဝေမှိုင်းသော မျက်လုံးများ နှင့် “ အရှင်ဘုရား၊ တပည့်တော် မ၏ ယောက်ျားကို ဘေးအပေါင်း ရန်အပေါင်းတို့မှ ကွယ်ကာ မစ သနားတော် မူပါဘုရား” ဟု ရှိုက်ငင်ကာ အသံထွက်အောင် ဆုတောင်းရှာလေသတည်း။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ပီမိုးနင်း ၏ “ ဝတ္ထုတို ပေါင်းချုပ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မယ်ယက္ခ

အောင်စိတ်