Cover

အောင်စိတ်


ကျန်းပြုဆရာ၏ နိဒါန်း



ဤကျမ်းငယ်၌ ပါရှိသော စကားများ ကို အဖိုးနည်းသော ကြောင့် တစ်ကြောင်း၊ ပါဠိမပါ သော ကြောင့် တစ်ကြောင်း ပေါသည်ဟု မမှတ်အပ်ပေ။ စာ ဖြစ်ရုံ သဘောထားကာ ရေး ရိုးရေး တမ်း ဖြစ် ကတတ်ဆန်းရေး သော ဆုံးမစာမျိုးဟု ထင်မှတ်ကာ ပေါ့သည်ဟု အယူမရှိအပ်ပေ။ စင်စစ်မှာ ဆုံးမ သြဝါဒစကား ဟောစာတမ်းမျိုးလည်း မဟုတ်၊ တာဝန်ရှိ၍ ရေး ရသော သတင်းစာခေါင်းကြီးမျိုးလည်း မဟုတ်။ ဝါသနာပါ၍ ရေး သော ဆောင်းပါးစာမျိုးလည်းမဟုတ်၊ အလုပ်မရှိ၍ အလုပ်ရှာကာ ရေး သော သာမည စာမျိုးလည်းမဟုတ်၊ မလွဲနိုင်သော တရားစကားများ ကို လက်စွမ်းပြရန် ရေး သော စာလည်း မဟုတ်၊ အထူးထက်သန်သော စေတနာနှင့် အမျိုးသားအားလုံးတို့ အဟုတ်တကယ် ကြီးပွားချမ်းသာ စေလိုသဖြင့် ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် မည် သူမဆို နားလည်အောင် ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် ဖော်ပြသော အဟုတ်တကယ် ဖြစ်မြောက်အောင်မြင်အထင်အရှား အကျိုးစီး ပွားကိုယ်တိုင် ခံစားရပြီး ဖြစ်သဖြင့် လက်တွေ့ သိရသည့် အံဖွယ်သော စိတ်ပညာကို ဖော်ပြခြင်း ဖြစ် ရာ နားလည်ရန် လွယ်ကူသည့်အတွက်လည်း ပေါ့ပေါ့ သဘောမထားအပ်ပေ။ ယုံယုံကြည်ကြည် ကိုးစား အားထားသော စိတ်နှင့် ဖတ်ရှု၍ ကျင့်သုံးက အဆုံးမရှိရနိုင်သော ကြီးပွားအောင်မြင်ခြင်း အသီးအပွင့် တို့ကို ကြုံးယူရရှိခံစားကြရစေဖို့ရန် ထက်သန်သော စေတနာနှင့် ရေး လိုက်သော စာများ ဖြစ်သဖြင့် အထပ်ထပ် ဖတ်ရှုကြပါကုန်။

သို့စေတနာနှင့် ရေး ရာ၌ ကြီးပွားတိုးတက်လိုသော စိတ်အမှန်ရှိကြသဖြင့် ဖတ်ရှုသူများ ချေက ကိုယ်တိုင်စွမ်းသော နည်းဖြင့် တစ်ဖက်တစ်လမ်းမှ အမျိုးသားတို့၏ ကြီးပွားလမ်းကို ထွင်ပြသော အနေဖြင့် အမြဲမပြတ်တစ်မျိုးပြီးတစ်မျိုး ကြီးပွားရေး စိတ်ပညာကို အလုံးစုံကုန်စင်အောင် အနည်း အနည်းအဖုံဖုံ ဆက်လက်၍ ထုတ်ပါလိမ့်မည် ။ဤကဲ့သို့ ရေး ထုတ်ခြင်းမှာ အခြာေးကြာင့်မဟုတ်၊ သတင်းစာဂျာနယ်များ မှာ ရေး ရာ၌ ဖတ်ရှုသူတို့၏ စိတ်မှာ အလေးမမူပေါ့ပေါ့ဆဆ သဘောထားကြ ခြင်းကြောင့် တစ်ကြောင်း၊ သတင်းစာ ဂျာနယ်တို့ ပျောက်ပျက်သည့်အခါ စာများ ပါပျောက်တတ်သ ဖြင့် တစ်ကြောင်း စာအုပ်အ ဖြစ် သီးခြားထုတ်ဝေခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ထုတ်ဝေရခြင်းကြောင့် တိုင်းပြည်စာဖတ်သူ အရေအတွက် တိုးတက်များ ပြားခြင်း၊ ဖတ်သူများ အနက် တစ်ရာလျှင် တစ်ယောက် ၊ အဟုတ်ကကယ် အကျိုးခံစားကြရချေက ရေး သားထုတ်ဝေရခြင်း၏ ရည်ရွယ်ချက် ပေါက်ရောက်အောင်မြင်သည်ဟု သဘောထားကာ အတိုင်းမသိဝမ်းမြောက်လိမ့်မည် ဖြစ်ပါကြောင်း။

ပီမိုးနင်း

* * * * ** * * * *





အခန်း(၁)


အောင်စိတ်နှင့် အောင်နည်း



အဆွေတို့….လူတိုင်းလူတိုင်းမှာ အောင်စိတ်ရှိ၏ ။

အဆွေတို့ကိုယ်တိုင်၌ ကိန်းအောင်းနေသော ထိုအောင်စိတ်ကို

အကယ်၍ အဆွေတို့သည် အောင်နည်း သိပါလျှင် ဤကမ္ဘာ

တွင် ဧကရာဇ်မင်းပင် ဖြစ်နိုင်၏ ။ အဆွေ တို့ …..

အောင်စိတ်အောင်နည်းကို လုံးဝ သိအောင် အဘယ်သို့ပြုမည် နည်း။

လူ၏ တန်ဖိုး



လူ၏ စိတ်သည် လွန်စွာ တန်ခိုးကြီးကြောင်း၊ လောကကြီးတစ်ခုလုံး၏ အခြေအနေကို မြင်သဖြင့် သိလောက်ပေသည်။ အဘယ်အတွက် တန်ခိုးကြီးသည် ဟူသော အကြောင်းကို သိလိုက စဉ်းစားရန်အချက်မှာ လောကဓာတ်တစ်ခုလုံး၌ လူသည်တန်ခိုးအကြီးဆုံးသော ၊ အမြင့်မြတ်ဆုံးသော သတ္တဝါ ဖြစ်၏ ။

ထိုအမြင့်ဆုံးသော သတ္တဝါ၏ ဘဝကိုရခြင်း စင်စစ်မှာ ပင် တန်ခိုးကြီးကြောင်း သက်သေထင် ရှား ဖြစ်လေသည်။

မည် သူမဆို တိရစ္ဆာန်နှင့် မတူ။ ကွဲပြား ထူးခြားသော မိမိ၏ သတ္တိတန်ခိုးတို့၏ အကြောင်းကို စဉ်းစားလျှင် သိမြင်နိုင်လေသည်။

စင်စစ်မှာ ကား…တန်ခိုးသတ္တိကောင်းကြီးများ ပင် ဖြစ်ကြလေရာ ရိုး၍ နေသဖြင့် တစ်ကြောင်း၊

ပိုင်၍ နေပြီး ဖြစ်သဖြင့် တစ်ကြောင်း၊ တန်ခိုးကို တန်ခိုးမှန်းမသိကြပေ။

ငါသည် လွန်စွာ ထူးမြတ်သော သတ္တဝါ ဖြစ်ပေတကား။ အသင်္ချေ အနန္တ ရေ၊ မြေ၊ လေ၊ သစ်ပင်၊ တော၊ တောင် ဟူသမျှ၌ ရှိကြကုန်သော မြင်နိုင်သော သတ္တဝါ။

မမြင်ကောင်းသော သတ္တဝါ။

မမြင်နိုင်လောက်အောင် သေးငယ်သော သတ္တဝါ။

သတ္တဝါတို့၏ အတွင်း၌ ရှိကြကုန်သော အသေးဆုံးသော သတ္တဝါတွေ ။

သွေးတစ်စက် ရေတစ်စက်၌ ရှိသော သတ္တဝါ။

ထိုမျှလောက်များ ပြားသော သတ္တဝါတွေ ၏ အစုအဝေး အဏ္ဍဝါပြင်ကျယ်ကြီး၌ မပါမဝင်။

သမုဒ္ဒရာ ကမ်းခြေ၌ ကောင်းကင်မှ ကျသော မိုးရေစက်ကလေးတစ်စက်လောက်ကဲ့သို့ သေး ငယ်သော မနုဿလူအနည်းစု လက်ရွေးစင်ထဲမှ အံ့ဖွယ်သော နည်းဖြင့် . ..

ကံစွပ်မိ၍ လော…

ဉာဏ်စွပ်မိ၍ လော .. .မသိရ။

ပါဝင်၍ နေသော ငါသည် အတိုင်းမသိ ထူးမြတ်လှပေသည်တကား။

အလွန်တရာမှ အဖိုးတန်ပါကလား။

မရေမတွက်နိုင်သော မြေမှု န့်တို့၏ အကြား၌ ထူးထူးခြားခြား ဖြစ်ပေါ်၍ နေသော စိန်၊ ကျောက်၊ ရတနာမျှမက ငါ၏ ထူးခြားခြင်းသည် အဆ၊ အပြန် မရေမတွက်နိုင်လောက်အောင် ပိုမို၍ ကြီးကျယ်လှပေသည်တကား။

အိုင်ယာလန်ထီပေါက်ခြင်းသည် ငါလူ ဖြစ်၍ လာရခြင်းနှင့် စာလျှင်ဘာမျှမဟုတ်ပါကလား။

ဘီအေ၊ အိုင်အေ အောင်ရခြင်းသည် လူ ဖြစ်ရခြင်းနှင့် စာသော် အသေးအဖွဲ့ကလေးမျှပေ တကား။

ငါသည် အစွမ်းကောင်းသော သတ္တဝါ ဖြစ်သည်



သူဌေး ဖြစ်ခြင်း၊ မင်း ဖြစ်ခြင်းသည် လူ ဖြစ်ခြင်းနှင့် စာလျှင်…ဘာမျှ ပြောပလောက်သော အရာမဟုတ်ပါကလား၊ ငါသည် မြတ်သော သတ္တဝါပေတကား။

ထိုမျှလောက် မြတ်သော သတ္တဝါမှာ အမှန်တန်ဖိုးကြီးသော သတ္တဝါ ဖြစ်ရာ၏ ။

ငါသည် လူ ဖြစ်၏ ။ ငါသည် အစွမ်းကောင်းသော သတ္တဝါ ဖြစ်၏ ။

လောကမှာ လူ ဖြစ်ရခြင်းလောက် ဘယ်အရာမှ မခက်၊ငါသည် ဘာမဆို လိုချင်လျှင် ဖြစ် အောင် ဆောင်နိုင်သော သတ္တိတန်ခိုးနှင့် ပြည့်စုံ၏ ။ ငါလုပ်ချင်သမျှ ငါ ဖြစ်ချင်သမျှ ဖြစ်မြောက်အောင် မြင်နိုင်သော သတ္တိသည် ငါ၌ ရှိ၏ ဟူသော အချက်ကြီးကို အားလပ်သည့် အခါတိုင်း ထင်အောင် မြင် အောင် စိတ်၌ ပိုင်နိုင်အောင် တွေးဆ ဆင်ခြင်ရမည် ။

ထီပေါက်သော သူကဲ့သို့ တက်ကြွ ဝမ်းသာနေရမည် ။

ကျိုး၊ကန်း နေရာမှ အသင်သည် ကောင်း၍ သာလျှင် အဘယ်မျှ ဝမ်းသာမည် နည်း။

ယခု အသင်ကောင်း၍ နေသူ ဖြစ်ပါလျက် အဘယ်အတွက် အားငယ်ပါသနည်း။

ထောင်၌ အကျဉ်းခံ၍ နေရသူ လွတ်၍ လာလျှင် အဘယ်မျှ အားတက်ဝမ်းသာမည် နည်း။ အသင့်မှာ ယခု လွတ်လပ်စွာ နေရပါလျက် ဘယ်အတွက် အားငယ်ရပါသနည်း။

အသင် တန်ခိုးကြီးကြောင်း၊ အားငယ်ရန် စိတ်ပျက်ရန် အကြောင်းလုံလောက်စွာ မရှိကြောင်း ကို ထိုနည်းဖြင့် အမြဲဆင်ခြင်ပါလေ။

စိတ်ပျက်အားငယ်သော စိတ် ပေါ်ပေါက်သည့်အခါတိုင်း ဤကဲ့သို့ တွေးပါလေ။

အောင်မြင်ရန် လမ်းပေါ်အောင် လုပ်နည်း



ထိုကဲ့သို့ ဆင်ခြင်ဖန် များ သော အခါ အသင်၏ တန်ခိုးသတ္တိများ ကို အသင် ပိုမိုယုံကြည်၍ လာလိမ့်မည် ။ ထိုသို့ အားကိုး ယုံကြည်၍ လာသော အခါ အသင်၏ တန်ခိုးသတ္တိသည် ပိုမိုထင်ရှား၍ လာလိမ့်မည် ။ အသင် လုပ်ကိုင်ကြံစည်သမျှ အစစ အရာရာမှာ ဖြစ်မြောက်အောင်မြင်ရန် လမ်းတွေ အထောက်အပံ့တွေ အလိုလိုပေါ်ပေါက်၍ လာလိမ့်မည် ။

ငါလုပ်လျှင် ဖြစ်တာပဲ၊ ငါကြံလျှင် ဖြစ်မြောက်တာပဲ၊ ငါလိုချင်လျှင် ရတာ ပဲ ဟူသော ယုံကြည် စိတ်တစ်ခုသာ မပြတ်မလပ် ရှိစေရမည် ။

ဖြစ်မှ ဖြစ်ပါ့မလား။

နေရာမှ ကျပ့ါမလား။

မဟန်ပါဘူး ထင်ပါရဲ့ လေ ဟူသော စိတ်မျိုးကို အဘယ်အခါမှ လက်မခံပါနှင့် ၊ နှုတ်ကလည်း မပြောလေနှင့် ။ ဤသို့ညည်းညူတတ်သူတို့နှင့် မပေါင်းလေနှင့် ၊ အားငယ်ပျက်ပြယ်သော စိတ်သည် ပျက်စိတ် ဖြစ်၏ ။

ထိုစိတ်ပျက်လွမ်းမိုးသူတို့မှာ မကြီးပွားသူတွေ မအောင်မြင်သူတွေ ဖြစ်ကြ၍ …

ဖြစ်စိတ်၊ အောင်စိတ်၊ ယုံကြည်စိတ်၊ အမြဲရှိလျက် မျှော်လင့်ခြင်းတည်းဟူသော နေရောင် ၌ ကွန့်မြူးသော သူသည် ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်သူ ဖြစ်လေသည်။

၎င်းစိတ်သည် အောင်စိတ်၊ ဖြစ်စိတ်ပေတည်း။

အမြဲအားငယ်သော သူ၏ စိတ်သည် မှော င်စိတ်၊ ပျက်စိတ် ဖြစ်လေရာ လုပ်သမျှ ပြီးသမျှမှ မနုဿလူတို့၌ ရှိရင်း ဖြစ်သော စိတ်တန်ခိုးသည် မပါရှိသဖြင့် အပျက်သည် အမြဲရှေ့ဆောင်၍ နေ လေသည်။

ဤကား အတွေးစကား အထင်စကား မည် သူမျှ ငြင်းမည် မဟုတ်သော ကြောင့် ဖြန်း၍ ပြောသော စကားမဟုတ်၊ တကယ် ယုံကြည်စိတ်ချပါလေသည်။

ထိုစိတ်သည် ပြုပြင်ရာရ၏ ။ ထက်မြက်သော အောင်စိတ် ဖြစ်စိတ်ကို အမြဲဆောင်သူတို့မှာ မတော် တဆ အကြောင်းတစ်ခုခုကြောင့် စိတ်ပြောင်းကာ စိတ်ပျက်ဘက်သို့ ရောက်တတ်လေသည်။

ထိုအခါ တောက်လျှောက် အပျက်တွေ နှင့် သာ တွေ့ ရမည် ဖြစ်ပေသည်။

အမြဲပျက်စိတ် လွှမ်းမိုးခဲ့သူများ မှာ လည်း အကြောင်းတစ်ခုခုကြောင့် အောင်စိတ်ဘက်သို့ ရောက်ခါ ကြံသမျှ အပေါက်အလမ်း တည့်တတ်လေသည်။

အောင်စိတ် ရအောင်ရှာနည်း



အသင်၏ စိတ်ကို သေချာစွာ စစ်ဆေးပါ။

ငါ၏ စိတ်သည် အောင်စိတ်မျိုးလား၊ ပျက်စိတ်မျိုးလားဟု သိအောင်ရှာပါ။ ပျက်စိတ် ဖြစ်ချေက အောင်စိတ် ဖြစ်အောင် စိတ်နေသဘောထားပုံကို ပြုပြင်ရမည် ။ ထိုအခါ တစ်လကိုးသီတင်းအတွင်းမှာ အသင်၌ ထူးခြား၍ လာသည်ကို ဧကန်တွေ့ ရှိလာပါလိမ့်မည် ။

လက်ဖွဲ့ အင်းအိုင်ကို ယုံကြည်အားကိုး၍ တစ်ခုခုကို လုပ်ကိုင်သူများ သည် အောင်မြင်တတ် သည်မှာ အားကိုးခြင်းကြောင့် အောင်စိတ်ကိုရကြသဖြင့် အောင်မြင်ခြင်း ဖြစ်ကြလေသည်။

လူ တစ်ယောက် မှာ ဖဲကစားရာ၌ အမြဲရှုံး၏ ။ ၄င်းမှာ အစဦး၌ ကံအားလျော်စွာ နှင့် နှစ် လက်သုံး လက်ဆက်၍ ရှုံးရာ ၄င်း၏ မိတ်ဆွေများ ကရော ၄င်းကိုယ်တိုင်ကရော သည်လူမှာ ဖဲနှင့် အကျိုးမပေး၊ သူ့လက်နှင့် ကိုင်မိလျှင် မကောင်းသော ဖဲသာ ဖြစ်တတ်သည် ဟူသော အစွဲတစ်ခု ပေါ်ပေါက်၍ လာ ၏ ။ ထိုနောက် ၄င်းလူမှာ အမြဲရှုံးလေ၏ ။

၎င်းသည် ကစားနည်းကို အထူးကျွမ်းကျင်သူ ဖြစ်ပါလျက် ထိုကဲ့သို့ ရှုံးလေရာ ၄င်း၏ လက် သည် အရှုံးလက် ဖြစ်သည်ဟု အများ က ပြောကြလေသည်။ ၄င်းကိုယ်တိုင်ကလည်း ကစားဝိုင်းမှာ ထိုင်သည့်အခါတိုင်း ငါတော့ ရှုံးမှာ ပဲဟု စွဲထားလေ့ရှိလေ၏ ။

၎င်းမှာ စာရေး ဆရာ ဖြစ်ရာ ဖဲကစားခြင်းကို အားလပ်ခြင်း၊ အပျင်းဖြေခြင်းအနေဖြင့် စွဲ၍ ကစား သူ ဖြစ်လေ၏ ။ ၄င်း၏ နာမည် မှာ “ဝီလကင်း” ဟု ခေါ်လေရာ အခြားသူများ က ရှုံးသည့်အခါ၌ ပင် ရှုံး သူ၏ လက်ကို ဝီလကင်းင်း၏ လက်ဟု ခေါ်ကြလေသည်။

သို့ ဖြစ်လေရာ အရှုံးစိတ်၏ တန်ခိုးအရှိန်သည် ဝီလကင်း တစ်ယောက် တည်း ကိုယ်တိုင်စိတ်၏ တန်ခိုးမဟုတ်၊ အခြားအပေါင်းဖော်များ ကပါ ကူညီ၍ ၄င်းအား အရှုံးစိတ်တန်ခိုးဖြင့် နှိမ်နင်းကျသလို ဖြစ်၍ နေလေ၏ ။

တစ်နေ့သ၌ မိတ်ဆွေ တစ်ယောက် က ဝီလကင်းနှင့် စကားပြောရာ၌ ထိုအကြောင်းကိုစပ်မိ၍ စကားဆက်မိသဖြင့် ၄င်း၏ မိတ်ဆွေမှာ လည်း “ဆိုင်ကိုလိုဂျီ” ကျမ်းကို ဖတ်ဖူးသူ ဖြစ်ရာ

“ငါ့မှာ ရက်အင်ဒီးယန်း တိုင်းရင်းသား တစ်ယောက် က အဆောင်တစ်ခုပေးထားတာ ရှိတယ်။ ငါဖဲကစားရာမှာ အဲဒီ အဆောင်ကို အသုံးပြုကြည့်လို့ ကိုယ်တိုင်သိရတာ ပဲ၊ ကိုးလက်မှာ ခုနစ်လက် နိုင်တယ်၊ အလောင်းအစား အကြီးအကျယ် မလုပ်ပါဘူးဆိုတဲ့ ကတိကိုတော့ ထားရလိမ့်မယ်”ဟု ပြောရာ ဝီလကင်းက ထိုအဆောင်ကိုတောင်းလေလျှင် မိတ်ဆွေက ဝီလကင်းက ထိုအဆောင်ကို တောင်းလေလျှင် မိတ်ဆွေက ဝီလကင်းကို အိမ်သို့ခေါ်သွားပြီး ငွေသေတ္တာကလေး တစ်ခုထဲ၌ မိမိ သိမ်း၍ ထာေးသာ တရုတ်ပြည်က ရရှိသည့် ကျောက်စိမ်းနဂါးရုပ်ကလေး လက်သန်းလောက်ကို ၄င်းအားပေးလေ၏ ။ သို့ပေးရုံမက ဝီလကင်းနှင့် ကစားသူတို့အားလည်း မိမိ၏ အဆောင်စွမ်းကြောင့် ကို ပြော၍ ပြသဖြင့် ဝီလကင်းနှင့် ကစားသူများ ၏ စိတ်၌ …

“ဝီလကင်းရှုံးခဲ့သည်မှာ ..အတော် လည်းကြာခဲ့ပြီ၊ ယနေ့တော့ နိုင်မယ့်နေ့မို့ အကူအညီ ကောင်းများ နှင့် ကြုံလာရတဲ့လက္ခဏာပဲ”ဟု အချင်းချင်းပြောကြလေ၏ ။

ပြောသည့်အတိုင်းလည်း ဝီကလင်း နိုင်လိမ့်မည် ဟု တွေးထင်ကြဟန်ရှိလေ၏ ။ အကြောင်းမူ ကား…ထိုနေ့၌ ဝီလကင်းမှာ အကြိမ်တိုင်း ဖဲကောင်းကိုချည်း ရရှိနေလေသည်။

နောက်မှ အဆောင်ပေးသူက ဝီလကင်းအား စိတ်ပညာအကြောင်းကို ပြော၍ ပြပြီး ထိုအရုပ်မှာ အဆောင်မဟုတ်။ တရုတ်ပြည်ကိုရောက်စဉ်က အထိမ်းအမှတ်အ ဖြစ်နှင့် မိမိယူ၍ လာသော အလ ကားအရုပ် ဖြစ်ကြောင်း ပြော၍ ပြရာ၌ ဝီလကင်းအား စိတ်ကိုပြုပြင်ဖို့ သတိပေးလေ၏ ။

သို့သတိပေးသဖြင့် ဝီလကင်းမှာ စိတ်ကို ပြုပြင်လိုက်ရာ အဆောင်မရှိဘဲလည်း အရှုံးမများ တော့သည် ဖြစ်ကြောင်း တွေ့ ရှိရလေ၏ ။

ထိုစိတ်သည် ဖြစ်မည် အောင်မည် ဟု မျှော်လင့်သော စိတ် ဖြစ်ရာ ၄င်းစိတ်ထက်သန်သ လောက် အကျိုးပေးထက်သန်လေသည်။

ကြီးပွားသူတို့၏ စိတ်



လောက၌ ကြီးပွားအောင်မြင်သူတို့နှင့် မကြီးပွားမအောင်မြင်သူတို့မှာ စိတ်ထားပုံချင်းမတူ၊ ခြားနားကြလေသည်။

အောင်မြင်သူတို့မှာ အောင်စိတ်ရှိကြသဖြင့် ကြီးပွားကြ၏ ။ မကြီးပွားသူတို့မှာ စိတ်သည် နိမ့်ကျ၍ သာ နေတတ်လေ၏ ။

အောင်မြင်ကြီးပွားသူတို့မှာ အကြံရဲ၍ စွန့်စား၏ ။

ငါ သိမ်သိမ်ငယ်ငယ် လူစားမဟုတ်၊ ကြီးပွားသော သူတို့၏ အစုအဝေး၌ ငါပါဝင်သည်ဟူသော ယုံကြည်စိတ်သည် အမြဲရှိလေသည်။

စွန့်စားသူ ရဲရင့်သူတို့မှာ …

“မသေရွှေထီး သေမြေကြီး” ဟူသော စကားကိုပင် ပြောသော်လည်း မိမိတို့ကိုယ်ကို သေလိမ့် မည် ဟူ၍ မထင်တတ်ကြပေ။

ရွှေထီးဆောင်းရမည် ဟူသော အထင်အမြင်သာလျှင် ပိုမိုကဲလွန်သူများ ဖြစ်ကြလေသည်။

သေမြေကြီးဟူသော အထင်အမြင်အားကြီးချေက တကယ်စွန့်ဝံ့ကြမည် မဟုတ်ပေ။ ထိုစိတ် အားမကြီးခြင်းကြောင့် သာ စွန့်ရဲကြလေသည်။

အင်္ဂလိပ်ကျောင်း၌ ဆယ်တန်းအောင်သူ နှစ် ယောက် ရှိရာ တစ်ယောက် က ဆရာဝန် ဖြစ်၍ သွား၏ ။ သို့မဟုတ် အင်ဂျင်နီယာ ဖြစ်သွား၏ ။

တစ်ယောက် က လခ ငါးဆယ်စား စာရေး စာချီသာ ဖြစ်၏ ။

ထိုလူနှစ် ယောက် စိတ်ထားပုံ မူလကပင် ခြားနားလျက် တစ်ဦး၏ စိတ်မှာ အခြားတစ်ဦး အထက်ကျသဖြင့် အမြင့်သို့ ရောက်ရှိလေသည်။

အလွန်ချစ်သော သူငယ်ချင်း နှစ် ယောက် သည် အဘယ်အခါမျှ မခွဲမခွာသော ကျောင်းနေဖက် သူငယ်ချင်းနှစ် ယောက် ဖြစ်ကြ၏ ။

အတန်းချင်းလည်းတူ၏ ။ အလုပ်အကိုင်နှင့် ပတ်သက်၍ တိုင်ပင်ပြောဆိုကြရာ၌ တစ်ယောက် က…

“မင်းကောင်းစားရင် ငါ့ကို မေ့မှာ လား” ဟူသော စကားကို ပြော၏ ။

တစ်ယောက် က..

“ငါကြီးပွားရင် မင်းကို ငါကြည့်မယ်၊ အနည်းဆုံးမြို့အုပ် ဖြစ်ရင် မင်းဈေးခေါင်းတော့ ဖြစ်မှာ ပဲ” ဟု ပြော၏ ။

(ထိုအခါ မြို့ပိုင်များ မှာ မြို့ကော်မတီ မြူနီစီပယ် ဥက္ကဌများ ဖြစ်ကြလေရာ တိရစ္ဆာန်ထောင် မှူး၊ ဈေးခေါင်း စသည် အလုပ်များ ကို ပေးနိုင်သော အာဏာတန်ခိုးကို ရရှိကြလေ၏ ။)

ထိုသူငယ်ချင်းနှစ် ယောက် အနက် တစ်ယောက် မှာ ကျောက်ထိုးဆရာ ဖြစ်၍ နေလေသည်။

ကျောက်ထိုးဆရာမှာ “မင်းကြီးပွားရင် ငါ့ကို မေ့မှာ လား”ဟု မေးသူ ဖြစ်၏ ။

မြို့အုပ်စာရင်းဝင်သူမှာ “ငါမင်းကို ဘယ်တော့မှ မမေ့ဘူး”ဟု ပြောသူ ဖြစ်လေသည်။

၎င်းတို့နှစ် ယောက် မှာ ခုနှစ် တန်းအောင်သူများ ဖြစ်၍ ပညာချင်းတူရုံမက ကျောက်ထိုးဆရာ လုပ်သူမှာ ကျောင်းနေစဉ်အခါ ပို၍ ပင် ဉာဏ်ကောင်းသူ ဖြစ်၍ စာပေ အရေး အသား၌ လည်းကောင်း၊ ဗဟုသုတလည်းများ လျက် ကျောက်ထိုးအလုပ်မှာ ဆေးဘက်ဝါးဘက်နီးစပ်သဖြင့် ဆေးကျမ်းတစ် စောင်ကိုပင် ရေး သူ ဖြစ်လေသည်။

ဤနည်းဖြင့် လူတို့မှာ စိတ်နေ သဘောထားပုံ ခြားနားတတ်ကြပေရာ ကြီးမြင့်မည့်  လူများ မှာ လူမှန်းသိသည့်အခါမှစ၍ စိတ်ကြီးဝင်လျက် တွေးကြံလုပ်ကိုင်သမျှမှာ အမြင့်ကိုမှန်းတတ်ရုံမျှမက မှန်းသည့်အတိုင်း ပေါက်ရောက်နိုင်ကြောင်းကိုလည်း ယုံကြည်လေ့ရှိကြလေသည်။

အထက်ကို လှမ်းသော စိတ်



လောကဓာတ်ဆရာကြီး အယ်ဒီဆင်သည် ငယ်စဉ်အခါက သတင်းစာရောင်းရာ၌ ပင် ဓာတ်များ ကို စမ်းသပ်ခဲ့၏ ။

နေရာထိုင်ခင်းမှ မရှိသဖြင့် သတင်းစာကို တစ်နေရာမှာ တစ်နေရာ မီးရထားနှင့် သွားလာရာ မှ ဂါတ်ဗိုလ်နှင့် အကျွမ်းဝင်အောင်လုပ်ပြီး ဂါတ်တဲမှာ ဓာတ်များ ကို စမ်းသပ်ရန် နေရာရအောင် ကြံခဲ့လေ သည်။

၎င်း၏ စိတ်၌ ဆင်းရဲသော်လည်း ဂါတ်ဗိုလ်လောက်လူကို သူငယ်ချင်း တစ်ယောက် လောက် သဘောထားနိုင်သော သတ္တိရှိလေရာ-

ကြီးမြင့်လိုသော စိတ်

အထက်ကို လှမ်းသော စိတ်သည် ဝမ်းတွင်းပါ ဖြစ်ခဲ့သည်။ ထိုမျှလောက် ဆင်းဆင်းရဲရဲ ကျပ် ကျပ်တည်းတည်း နေခဲ့ရာ၌ ပင် ဓာတ်များ ကို စမ်းသပ်ခဲ့သည်မှာ တစ်နေ့သ၌ မိမိကိုယ်ကို ဓာတ်ဆရာ ကြီး ဖြစ်မှာ ပဲဟု စွဲမှတ်ယုံကြည်သော စိတ် ထက်သန်ကြည်လင်စွာ ရှိခြင်းကြောင့် ဖြစ်လေသည်။

ကြည်လင်ခြင်းဆိုသည်မှာ မိမိ ဖြစ်လိုသော အရာကို ကွင်းကွင်းကွက်ကွက် မြင်ခြင်းကို ဆိုလိုလေသည်။

မိမိကိုယ်တိုင် အဘယ်ကဲ့သို့သော အခြေအနေကို ရောက်အောင်လုပ်မည် ဟု သဲသဲကွဲကွဲ မထင်မမြင် စမ်းတဝါးဝါး ဖြစ်၍ နေချေက အဘယ်အခြေအနေကိုမျှ ရောက်မည် မဟုတ်ပေ။

တစ်ခုခုသော အခြေအနေကို သေသေချာချာ မြင်လျက် “မရောက်မပေါက်လျှင် မနေဘူး၊ ငါ ရောက်အောင် လုပ်မည် ”ဟူသော စိတ်ကို ထားသူတို့မှာ ရောက်နိုင်ကြောင်း သေချာစွာ ယုံကြည်သူ များ ပင် ဖြစ်ကြ၏ ။

မယုံလျှင် စွဲမြဲစွာ ကြံမည် မဟုတ်ပေ။

ဘုရင့်သမီးကို ရလိမ့်မည် ဟု မည် သူမျှ မယုံ၊ မည် သည်မျှ မကြံကြပေ။

အတတ်တစ်ခုခုကိုရှာ



စာပေတတ်ရုံ၊ အတန်းအောင်ရုံနှင့် အလုပ်အကိုင် ရနိုင်သော ခေတ်သည် အဆုံးသို့ရောက် လေပြီ။ ယခုခေတ်မှာ ကျောင်းစာမေးပွဲကို အောင်သည် ဖြစ်စေ၊ မအောင်သည် ဖြစ်စေ အသုံးဝင်သော အတတ်ပညာတစ်ခုခုကို ထိထိရောက်ရောက် တတ်မှ ကြီးပွားနိုင်လေသည်။

အဘယ်အတတ်ကို သင်ပြီး အဘယ်အခြေအနေကို ငါရောက်မည် ဟု ကြည်လင်စွဲမြဲစွာ ထင် မြင်၍ ပေါက်ရောက်အောင် ကြံကြလျှင် နည်းလမ်းကို ရ၍ ပေါက်ရောက်နိုင်လေသည်။

“ငါ့မှာ ကြည့်ရှု ကူညီမည့် သူလည်း မရှိ၊ ပညာသင်ရန် စရိတ်လည်းမရှိ၊ ထမင်းမှ စားစရာမရှိ၊ ငါဘာမှ ပေါက်ရောင် အောင် လုပ်နိုင်မည် မဟုတ်”

ဟု တွေးလျှင် ဘာမှ ဖြစ်မည် မဟုတ်ပေ။

အဘယ်မျှပင် ဆင်းရဲခက်ခဲစေကာမူ တစ်ခုခုသော အခြေအနေကို တကယ်ရောက်ချင်စိတ်ရှိ လျက် ရောက်ဖို့ နည်းလမ်းကိုလည်း ရမည် ဟု ယုံကြည်စွာ ရှာကြံချေက တစ်နည်းနည်း ဖြင့် ကြံကြံ ဖန်ဖန် နည်းလမ်းပေါ်ရလေသည်။

“နည်းလမ်း ဧကန်ပေါ်မှာ ပဲ၊ ပေါ်ရင် ငါအဓိတွယ်မယ်၊ အဘယ်နည်းလမ်းမဆို ငါ မငြင်းဘူး၊ နည်းလမ်းလဲ ပေါ်လာရမှာ ပဲ” ဟု ယုံကြည်စိတ်ကို ထားပြီး နည်းလမ်းကို ရှာကြံဖို့သာ လို၏ ။

“လူစွမ်းလျှင် နတ်မသည်” ဟု ယြုံ့ည်ရမည် ။

ပန်းချီဆရာ ဖြစ်ချင်သူည် ….

“နောင် ဖြစ်မှ ဖြစ်ပါ့မလား..” ဟူသော စိတ်ကို မထားလက်နက်ကိရိယာ မရှိဟူ၍ စိတ်မပျက်၊ “ဆရာမ ပြ နည်းမကျ” ဆရာမ ရှိဟု ဆင်ခြေမများ ၊ ပျဉ်ထောင်မှာ မီးသွေးဖြင့် စ၍ ရေး ၏ ။ ၄င်းစိတ်၌ ပန်းချီဆရာ ဖြစ်နေ၏ ။

စာရေး ဆရာ ဖြစ်ရမည့် လူသည် ဆရာ မရှာ၊ မိမိဘာသာ ဖြစ်၍ နေ၏ ။ ၄င်း၏ စိတ်၌ ရေး စရာ မရှားပေ။

“အယ်လီဇံဒါဒူးမာစ်” ရေး သော “ကောင့် အော့ဖ် မွန်တီ ခရစ်စတို” ဝတ္ထု၌ ဘာစတီထောင် တွင်းသို့ ကျ၍ နေသော အဘိုးကြီးသည် လက်နက်ကိရိယာ မရှိဘဲ နေ့တိုင်းစားရသော ထောင်စာမှ ရသော မုန့်ကို ကော် ဖြစ်စေလျက် ရှပ်အင်္ကျီစုတ်တွေ ကို လိမ်းသုတ်ကာ စက္ကူတစ်မျိုး ဖြစ်အောင် လုပ်၏ ။

ထောင်ဟင်းမှရသော အရိုးအရင်းကို ကလောင် ဖြစ်အောင်လုပ်၏ ။

ထောင်မီးတိုင်ကြပ်ခိုးမှ မင် ဖြစ်အောင်လုပ်၏ ။

ထို့နောက် ရာဇဝင်ကျမ်းကြီး တစ်စောင်လုံးကို အလွတ်ရေး လေသည်။ (ဤကား ပုံဝတ္ထု ဖြစ်၏ ။)

ဝေဖန်ချက်



သို့သော်လည်း “အယ်လိပ်ဇံဒါးဒူးမားစ်” သည် ဆန္ဒရှိက နည်းလမ်းရကြောင်း သက်သေပြ ခြင်း ဖြစ်ရာ သက်သေပြခြင်း ဖြစ်ရာ ၄င်း၏ စိတ်ကူးဉာဏ်သည် မ ဖြစ်နိုင်သော အရာကို ကြံသော စိတ်ကူးဉာဏ် မဟုတ်ပေ။

အီဂျစ်ပြည် ပီရယ်မစ်ကျောက် အထိမ်းအမှတ်များ အင်္ဂလိန်ပြည်(စတုန်းတိုင်း)ခေါ် ကျောက် ဖြင့် ပြီးသော အဆောက်အအုံများ ကို ကျွန်ုပ်တို့ မြင်သော အခါ စက်ကိရိယာ လက်နက် အင်အားမရှိ ဘဲ ရှေးလူကြီးများ အဘယ်နည်းဖြင့် ထိုမျှလောက် ကြီးကျယ်သော အရာများ ကို လုပ်ပါသနည်းဟု နည်းလမ်းကို ရှာကြံ၍ မရပေ။

ရှေးလူကြီးများ သည်ကား ဖြစ်မြောက်အောင် လုပ်ဖို့ရန် စိတ်ဆန္ဒအစွမ်းကြောင့် နည်းလမ်းကို ရကြလေသည်။

လူမှာ ရှိသော တန်ခိုးသည် အံ့ဖွယ်သော အရာတို့ကို ဖြစ်မြောက်စေနိုင်၏ ။

အခါများ စွာ နတ်များ က အကြံဉာဏ်ပေးသည်ဟု မှတ်ထင်ရလောက်အောင် ထူးဆန်းလေ သည်။

ခက်ခဲသော အလုပ်တစ်ခုခုနှင့် တွေ့ သည့်အခါ ထိုအခက်အခဲကို တကယ်နိုင်အောင်ဖြိုမည် ဟူသော စိတ်ရှိလျက် နည်းလမ်းပေါ်လာရလိမ့်မည် ဟု ယုံကြည်ကာ ထိထိရောက်ရောက်နည်းလမ်း ကို တောင့်တလျှင် တစ်နည်းနည်း ဖြင့် ပေါ်ပေါက်လာရ၏ ။

တစ်နည်းနည်း ဆိုသည်မှာ …

တစ်စုံ တစ်ယောက် ကသော်လည်းကောင်း လာ၍ ပြော၏ ။ အိပ်မက်သော်လည်းကောင်း မက်ရ ၏ ။

ရုတ်တရက် ဓာတ်မီးရောင် လက်သလို ဝင်းခနဲသော်လည်းကောင်း စိတ်ကူးဉာဏ်၌ ပေါ်လာ ရပေသည်။

စကားတစ်လုံး မေ့၍ နေသဖြင့် သတိရအောင် အရေး တကြီးကြံသော်လည်း “ပါးစပ်ဖျားက လေးတွင် ပါ၊ ဒီစကားဘာပါလိမ့်မလဲ၊ ဒီနာမည် ဘယ်ကို ရောက်နေပါလိမ့်မလဲ..”စသည်ဖြင့် တွေးကြံ လျှင် စိတ်အားထက်သန်စွာ ဒေါမာန်နှင့် ကြံလေလေဝေးလေလေ၊ မိတော့မလို ပေါ်တော့မလိုဖြစ်ပြီး ပျောက်တတ်လေသည်။

ထိုကဲ့သို့ မရှာမကြံဘဲ စိတ်ကိုမတင်ဘဲ-

“ပေါ်လာမှာ ပဲ”ဟု တကယ်စိတ်ချကာ အေးအေးနေလျှင် အလိုလိုပေါ်လာတတ်လေသည်။

ထိုနည်းအတိုင်း ယုံကြည်စိတ်ချစွာ နှင့် လုပ်ကိုင်ခြင်းသည် အံကြိတ်ကာ လက်သီးလက်ရုံး တန်း၍ အရမ်းရှာကြံခြင်းထက် သာ၍ ဖြစ်မြောက်လွယ်သည်။

စိတ်၌ တစ်စုံတစ်ရာကို လိုချင်တော့င်တလျှင်

“ရမှာ ပဲ”ဟု ယုံကြည်ရုံသာမဟုတ်ဘဲ ဉာဏ်မျက်စိန့ လိုချင်သော အရာကို ထင်မြင်အောင်ရှု က သာ၍ ရလွယ်လေသည်။

စိတ်စွဲခြင်းကြောင့်



မိန်းမ တစ်ယောက် သည် ကတ်တလောက်တစ်ခု၌ မြင်ရသော မော်တော် ကားကို လွန်စွာ လို ချင်သဖြင့် ထိုကားရုပ်ပုံကို ကတ်ကြေးနှင့် ညှပ်ပြီး မိမိထိုင်နေကျစားပွဲပေါ်တွင် စက္ကူအမာပေါ်၌ ကပ်၍ ထောင်ထား၏ ။

ထိုကားကို နေ့စဉ်ကြည့်ကာ…

“ငါတစ်နေ့တော့ ဒီကားကို ရအောင်လုပ်မယ်”ဟု စွဲလမ်းယုံကြည်လျက်နေရာ နောက်ဆုံး၌ ထိုကား၏ သဏ္ဍာန်ကို မျက်စိမှိတ်ပြီး အကုန်အစင်ပေါ်အောင် ထင်မြင်နိုင်လေ၏ ။

သုံးလမှ မကြာမီ ထိုကားလေးကို စီးသော ယောက်ျား တစ်ယောက် နှင့် တွေ့ ပြီး ချစ်ကြိုက်ကြ ရာ ဖူးစာဖက် ဖြစ်ကြောင်း၊ ဤကားသည် သက်သေ ဖြစ်သည်ဟု စိတ်ချလောက်သော အနေသို့ ရောက်၍ နေလေ၏ ။

မကြာမီ၎င်းကားနှင့် ပင် တူစုံတွဲ ကာ နေ့စဉ် သွားကြရလေသည်။

ကားကို တောင့်တရုံနှင့် ယောက်ျားပါရခြင်း ဖြစ်လေသည်။

နည်းလမ်းနှင့် အလုပ် အထင်အမြင်တန်ခိုး



လောကမှာ ဖြစ်နိုင်သော အရာ…မ ဖြစ်နိုင်သော အရာဟူ၍ ရှိ၏ ။

အိုင်ယာလန်ထီထိုးရာ၌ ဤနည်းမျိုးဖြင့် ပေါက်မည် ဟု မဆိုနိုင်ပေ။ တစ်ကမ္ဘာလုံးရှိသော လူ ထီထိုးသူတို့၏ စိတ်တွေ ရှိကြလေသည်။

အခြားအကြောင်းတွေ လည်း များ စွာ ရှိ၏ ။

“ဝီရိယထုတ်၍ အလုပ်ကို လုပ်လျှင် ဝီရိယအကျိုးခံစားရမည် ”ဟူသော စကားသည် မငြင်းနိုင် တော့ စကား ဖြစ်၏ ။

သို့သော်လည်း ဝီရိယထုတ်၍ လုပ်ပြီး သေဆုံးသူ၊ အကြောင်းတစ်စုံတစ်ခုကြောင့် မတော် တ ဆ အလွဲလွဲအချော်ချော် ဖြစ်ခြင်းများ လည်း ရှိနိုင်လေသည်။

ဤလောကသည် မမြင်နိုင်သော စက်ကြိုးတွေ ရှုပ်ပွေ၍ နေသော လောက ဖြစ်၏ ။

နည်းလမ်းတစ်ခုသည် အဘယ်မျှပင် ဟုတ်မှန်သော်လည်း အခန့်မသင့်သည့် အခါများ ရှိတတ်ခြင်းကြောင့် ထိုနည်းလမ်းကို မဟုတ်မမှန်သော နည်းလမ်းဟု မဆိုနိုင်ပေ။

ကြီးပွားအောင်မြင်လိုသူမှာ …

ယုံကြည်သော စိတ်၊

ထက်သန်သော စိတ် ဖြစ်လိုသည့် အခြေအနေကို ကြည်လင်စွာ မြင်သော စိတ်နှင့် လုပ်ဖို့သာ လို၏ ။ ဖြစ်မည် ၊မ ဖြစ်မည် ကို ကြောင့်ကြ ပူပန်တွေးခေါ်၍ နေရန် မဟုတ်ပေ။ ဘာကို ဘယ်လိုစ၍ လုပ်ရ မည် ကိုလည်း အလိုလိုမြင်လျှင် လမ်းပေါ်၍ လာပေလိမ့်မည် ။

လူ၌ ရှိသမျှသော အရာတို့သည် အမွေးတစ်ချောင်းမကျန် အသုံးကျသည်။

အထင်အမြင် ပေါက်ခြင်းသည် အသုံးအကျဆုံး၊ အစွမ်းဆုံးသော လက်နက် ဖြစ်လေသည်။

ဗိသုကာ အဆောက်အဦးကို ဆောက်လုပ်မည် ရှိသည့်အခါ စိတ်၌ အထင်အမြင်ဖြင့် ဆောက် လုပ်ပြီး ဖြစ်လေသည်။

ပဋိသန္ဓေ ဖြစ်ခြင်း၌ ပင် စိတ်၏ အထင်အမြင်သည် သန္ဓေသားကိုထိခိုက်လျက် ရုပ်အသွင်၊ အဆင်း၊ အရောင် ကို-ပပြင်နိုင်လေရာ တစ်စုံတစ်ခုကို ထက်သန်ကြည်လင်စွာ လိုချင်သော ဆန္ဒနှင့် အထင်အမြင်ပေါက်ခြင်း၊ ယုံကြည်ခြင်းသည် အပြင်အပ များ စွာ လွယ်ကူသော အလုပ်များ ၌ အဘယ် အတွက် မ ဖြစ်မြောက်နိုင်ပါမည် နည်း။

လွယ်ကူသည်ဆိုခြင်းမှာ အထူးပြုရန်မလိုပေ။

လောက၌ မိမိကဲ့သို့သော လူတွေ ဖြစ်မြောက်အောင်မြင်၍ နေကြခြင်းများ ကို ကြည့်နေဖို့ သာ လို၏ ။ ကိန်းသေ ဖြစ်နိုင်သော အရာများ မို့သာ ၄င်းတို့ ဖြစ်မြောက်ကြ၏ ။

“ငါ ဘာလို့ မ ဖြစ်ရမှာ လဲ” ဟု ယုံကြည်ဖို့သာရှိ၏ ။

* * * * ** * * * *







ဝန်ဇင်းချစ်သူများ ပီမိုးနင်း ၏ “ အောင်စိတ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဝတ္ထုတို ပေါင်းချုပ်

မယ်ယက္ခ