Cover

မယ်ယက္ခ

ကုန်းဘောင်မင်းသည် မိမိ၏ ရှေ့၌ ခလုတ်ကန်သင်းပမာ မိမိ၏ လမ်းကို မရှင်းအောင် ပြုရှာ သော စကြာမင်းကလေးကို ပယ်ရှားသုတ်သင် ရေသို့နှင်လေရာ ဂယက်ဒီလှိုင်းတို့သည် ဧရာဝတီ မြစ်ရိုးတစ်လျှောက်၌ အထက်လှုပ်ရှား တီးတိုးစကားဖြင့် များ စွာ ပြောဆိုကာ မငြိမ်မသက်သော အခါ သမယကြီး ဖြစ်လေ၏

“ဆင်ဖြူမသား ရေသို့လား၊ နဂါးဆောင် ယူသွားလတ္တံ့” ဟူသော ကိန်း၊ သိုက်၊ တဘောင် သည် တဘောင်တို့၏ ထုံးစံအစဉ်အလားအတိုင်းဘွားခနဲ ပေါ်ပေါက်လာ၏ မည် သူကစ၍ ပေါ်ပေါက်လာသည်ကို မည် သူမျှ မပြောနိုင်ချေ။ ထိုစကားကို အတင်းဆွယ်လျက် အောက်ရာမည တိုင်း တစ်လျှောက်တွင် စကြာယောင်၊ စကြာတုများ သည် ပေါ်ပေါက်၍ လာကြကုန်သဖြင့် စိတ်မ ကျေနပ်ခြင်း အမျိုးမျိုး ဖြစ်နေကြသော သူတို့သည် အသစ် ဖြစ်သော အရှင်သခင် စကြာမင်းပေး လားဟု ထင်ကာတစ်အားတက်ကာ တိုး၍ မငြိမ်မသက် ဖြစ်လာကြပြန်ရာ အစိုးရမင်းတို့သည် ခိုင် မာသော လက်ရုံးဖြင့် ဖိစီးနှိပ်ကွပ်ရသော ကြောင့် အတန်ကလေးအေး၍ သွားလေ၏ ။

ထိုကဲ့သို့သော အခါသမယ၌ အောက်တွင် ဖော်ပြလတ္တံ့သော အတ္ထုပ္ပတ္တိမျိုးသည် ထူးခြား သော အတ္ထုပ္ပတ္တိမဟုတ်၊သုတ်သီးသုတ်ပျာ ညဥ့်အခါ ၁၂ နှစ် အရွယ်ခန့်ရှိသော သူငယ်မကလေး ကို လက်ဆွဲကာ ရန်ကုန်မြို့ မြစ်ကမ်းနှင့် မနီးမဝေး တကုပ် အိမ်ငယ်တစ်ခုသို့ အသက်သုံးဆယ် ကျော်ခန့်ရှိသော ယောက်ျား တစ်ယောက် ရောက်လာခြင်းသည် တစ်စုံတစ်ရာ ထူးခြားအံ့ဖွယ်သော အရာမဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် တိတ်တဆိတ် ပြေးလွှားတိမ်းရှောင်ရခြင်းသည် ထိုကဲ့သို့သော အခါသမယမျိုး၌ တွေ့ လွယ်၊ ကြုံလွယ်သော အရာမျှသာ ဖြစ်လေသတည်း။

ထိုအိမ်၌ ရေနံမီးခွက်ကြီးက မီးကိုဆွကာ၊လှုပ်ကာ အသက်သုံးဆယ်ခန့်ရှိသော မိန်းမတစ် ယောက် သည် ဆေးပေါ့လိပ်ကိုဖွာရင်း အိမ်ရှေ့ဘက်သို့မျှော်ကာ များ စွာ တွေးတောနေဟန် ရှိလေ ၏ တစ်ခါတစ်ရံ အိမ်ရှေ့နှင့် အိမ်နံဘေးရှိ မှော င်ထဲသို့ စောင်းကာငဲ့ကာ လည်ပင်းတရှည်ရှည်နှင့် ကြည့်ရှာ၏ ။ ထိုမိန်းမသည် တစ်စုံ တစ်ယောက် သော သူကို မျှော်လျက်နေဟန် ရှိလေ၏ ။

အဆိုပါ လူသည်လည်း သူငယ်မ တစ်ယောက် ကို လက်ဆွဲကာအိမ်ရှေ့သိုလာ၍ ရပ်သည် တွင် အဆိုပါ မိန်းမလည်း များ စွာ ထိတ်လန့်သွားဟန်ရှိလေ၏ ပူပန်စိုးရိမ် ကြောင့်ကြ သော လက္ခဏာလည်းရှိ၏ ။ စကားမပြောဘဲ အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ-

“ကိုတိုင်းကျော်..ရှင် ဘာပြုလို့ လာတာလဲ။ ဒီကနေ့အထိတောင် ရှင် ကျွန်မတို့ကို ဒုက္ခ ပေးမလို့လား။ အလိုရှိတာပြောပြီး မြန်မြန် သွားပါ။ ရှင့်ကိုမိရင် ကျွန်မတို့ပါ အသက်သေရပါလိမ့် မယ်”

ဟု ကြောက်အားနှင့် တုန်တုန်ယင်ယင် ပြောလေ၏ ။

ကိုတိုင်းကျော်သည် ခါးထဲမှ ဓားလွယ်ကို ထုတ်ကိုင်လျက် မိမိ၏ နောက် မှော င်ရိပ်ကို ပြန်၍ ကြည့်ပြီး စကားပြန်မပြောဘဲ အိမ်ကုပ်တဲသို့ ကုန်း၍ ဝင်ပြီး-

“ကျုပ်သား မောင်ဘဝင်း….ဘယ်မလဲ”

ဟု မေးလေရာ အနီးရှိ ကွပ်ပျစ်ပေါ်၌ အိပ်ပျော်၍ နေသော ၁၃ နှစ် အရွယ်ခန့်ရှိသော သူငယ်ကလေးကို အိမ်ရှင်မိန်းမက လက်ညှိုးထိုး၍ ပြလေ၏ ။ မောင်တိုင်းကျော်သည် ကြည်လင် သော မျက်နှာနှင့် သားကလေးကိုကြည့်ကာ ခေါင်းညိတ်လျက် မိမိ၏ ဇနီး နံဘေးတွင် ထိုင်ကာ မီးတိုင်ကို မှု တ်၍ ပစ်ပြီး-

“မင်း ကျုပ်ကို ဘာပြုလို့ မလာစေချင်သလဲ။ ငါ အခုလို အ ဖြစ်မျိုးရောက်နေတာ ဘယ်သူ့ကြောင့် လဲ။ မင်း…အခု ဘယ်သူ့ကို မျှော်နေသလဲ။ ငါကိုမျှော်နေတာ မဟုတ်လား”

ဟု ပြောလေ၏ ။ မိန်းမက-

“ကိုတိုင်းကျော်….ကျွန်မကို ဘာ ဖြစ်လို့ လာပြီး ညဉ်းဆဲသလဲ။ စကားကြာကြာ မပြောပါရ စေနဲ့။ မြန်မြန် သွားပါ။ ရှင်နဲ့ပါလာတာ ဘယ်သူ့ ကလေးလဲ။ ရှင့်ကလေးလား”

ဟု မေးလေ၏ ။ မောင်တိုင်းကျော်က-

“မင်းက ကြာကြာမနေစေချင် မနေပါဘူး။ ကျုပ်သားမှာ ညီအစ်ကို မောင်နှမမရှိလို့ နှမက လေး တစ်ယောက် ခေါ်လာခဲ့ပါတယ်။ ဘယ်က ဘယ်သူလို့မမေးပါနဲ့။ အေးအေး မွေးစမ်းပါ။ ဟော ဒီမှာ သူ့အတွက် စရိတ်ငွေများ ကိုလည်း ယူခဲ့ပါတယ်”

ဟု ပြောကာ ဗလာပုဆိုးအိတ်ထောင်ထဲမှ ငွေများ ကိုထုတ်ယူ၍ ပေးလေ၏ ။ အိမ်ရှင်မိန်းမ သည် ငွေသံကို ကြားရသော အခါ ငြိမ်သက်သော အမူအရာနှင့် မောင်တိုင်းကျော်ကိုလည်းကောင်း သူငယ်မလေးကိုလည်းကောင်း တလှည့်စီကြည့်ပြီး ငွေများ ကို ကောက်၍ ယူလေ၏ ။ မောင်တိုင်း ကျော်လည်း ကလေးမကလေးကို ပွေ့ယူကာ-

“ဟော့ဒီ့ဟာ မင့်အမေပါပဲ။ ဦးကြီး သွားဦးမယ်။ ဘာကိုမှ မစိုးရိမ်မပူပန်နဲ့။ မင့်ကို သမီးအ ရင်းလို မွေးပါလိမ့်မယ်”

ဟုပြောကာ သူငယ်မလေးကို အိမ်ရှင်မဖြူ၏ ရင်ခွင်ထဲသို့ပေးအပ်လိုက်လေရာ မဖြူသည် သူငယ်မကလေးကို ဆွဲယူပြီးလျှင်ကြင်နာစွာ ပွေ့ဖက်ထားလေ၏ ။ ထို့နောက် မောင်တိုင်းကျော်က

“ကိုင်း…..ကျုပ် သွားတော့မယ်။ ကျုပ်သားနဲ့ ကျုပ်သမီးကို ကောင်းကောင်း မွေးရစ်ပါ။ ဒီငွေများ ဟာ မင်းရင်းနှီးလောက်ပါတယ် ကျုပ်သွားဦးမယ်” ဟု ပြောပြီး အိမ်မှ ထွက်ခါ မှော င်ရိပ် တွင် သုတ်သီးသုတ်ပျာ ထွက်သွားလေ၏ ။ မဖြူနှင့် သူငယ်မကလေး မမျိုးညျွန်သည် ကိုတိုင်း ကျော်ကို မှော င်ထဲတွင် မျှော်ကာ ကြည့်လိုက်ကြလေ၏ ။ ။

♥ ♥ ♥


အခန်း(၁)

အထက်၌ ဖော်ပြခဲ့သော အကြောင်းအရာများ မ ဖြစ်မီ ရက်ပေါင်း အတန်ကြာက တွံ့တေးတောနက်ကြီး၏ တစ်ခုသော ချုံအတွင်းတွင် မထင်မရှား မှော င်ထဲ၌ လူနှစ် ယောက် ကို တွေ့ ရလေ၏ ။ ထိုလူနှစ် ယောက် အနက် တစ်ယောက် မှာ မြေပေါ်တွင် ဒူးထောက်၍ တစ်ယောက် သော သူကို ပွေ့ထူကာ ထားလေ၏ ၎င်းတို့၏ လက်လက် ပြောင်တောက်ပသော ဓားလွတ်များ သည်ကား မှော င်ထဲတွင် တောက်ပကာ မြေပေါ်၌ ရှိနေကြလေ၏ ။ ပွေ့ပိုက်ခြင်းကို ခံရသော သူ၏ နံဘေးမှ စမ်းရေပမာ စီးဆင်းသော အသက်ဓာတ် သွေးရှင်တို့သည် တနွေးနွေးစီးဆင်းကာ မြေပေါ်၌ အိုင်ထွန်း၍ နေ၏ ၎င်းလူသည် အားနည်းသော အသံဖြင့် “တပည့် မောင်တိုင်းကျော် ဆရာ၏ သွေးများ ဟာ ဆရာရဲ့ အသက်ကို တဖြည်းဖြည်းအပြင်ကို ဆောင်ယူကြတဲ့အတွက် အားအင် ကုန်ခန်းလှပါပြီ။ မကြာမီ အနောက်ဘက်မှာ ဝင်းဝင်းဝါဝါ မြင်ရတဲ့ နေရောင် ဟာ ကွယ်ပျောက်မသွားမီ ဆရာရဲ့ ကိုယ်ခန္ဓာကို တပည့်ဟာ ဒီတောထဲမှာ မြှုပ်နှံရပါလိမ့် မယ်။ ဒါပေမဲ့ ဆရာရဲ့ စိတ်ထဲမှာ ဆရာယခုခံစားရတဲ့ ဝေဒနာထက်ပြင်းပြတဲ့ ဒုက္ခတစ် ခု ရှိပါတယ်။ သည်ဒုက္ခမီးကို တပည့် အေးအောင်တတ်နိုင်ရင် ဆရာက သေလမ်း ဖြောင့်ရပါလိမ့်မယ်” ဟု ပြောကာ တပည့်၏ လက်ကို ဆုပ်ကိုင်လေ၏ ။ တပည့်တိုင်းကျော်က “အမိန့်ရှိပါဆရာ။ တပည့်ဟာ ဆရာရဲ့ အမိန့်ကို မြေဝယ်မကျ လိုက်နာတတ်တဲ့ လူ တစ်ယောက် ဖြစ်တာကို ဆရာသိပါတယ်” ထိုအခါ ဆရာ ဖြစ်သူက “ဆရာ့မှာ မိန်းမမရှိပါ။ ငယ် ငယ်က မိခင်သေဆုံးသွားပြီး အလွန်တရာ ဆင်းရဲတဲ့ အရီး တစ်ယောက် နဲ့ နေရတဲ့ သမီးကလေး မမျိုးညွှန့်ဆိုတာ ပုသိမ်မြို့မှာ ရှိပါတယ်၊ ဒီ သမီးကလေး တစ်သက်မှာ မဆင်းရဲရအောင် တပည့် ကြည့်ရှုမွေးပါမယ်လို့ ကတိပေး ရင် ဆရာ အသေဖြောင့်ပါလိမ့်မယ်” ဟုပြောလေ၏ ။

မောင်တိုင်းကျော်က “ကောင်းပါပြီဆရာ။ သမီးကလေး မမျိုးညွှန့်အတွက် ဘာကို မှ စိတ်ရတက်မများ ပါနဲ့။ ဆရာရဲ့သမီးကို တပည့်သမီးရင်းပမာ ကြည့်ရှုမွေးမြူပါမယ်။ စိတ်ချပြီး ရတနာသုံးပါးကိုအောက့်မေ့ပါ” ဟုပြောကာ အားပေးလေ၏ ။ ထိုအခါ ဆရာ သည် ကျေးဇူးတင်သော လက္ခဏာဖြင့် တပည့်၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး တပည့်၏ မျက်နှာကို မော်ကြည့်လေ၏ ဟင်း …..ခနဲ သက်မကြီးကိုချလေ၏ ။ ဦးခေါင်း သည် ထောင်၍ လာ၏ ။ တဖန် ဦးခေါင်းသည်ပြန်၍ ကျပြီးလျှင် နံဘေးသို့စောင်းကာ ပါးစပ်ကို ဟလိုက်လေ၏ စကြာတု စကြာယောင် ဖြစ်သော ဓားမြဗိုလ်ကြီး ဗိုလ်တုတ် သည် “ရှင်ဘုရင်ဘုန်း၊ မိုးသို့ချုန်း၊ လူပုံတောမှာ မနေသာ” ဟူသော စကားအရ ရှင်ဘု ရင်၏ စစ်သည်တော် တို့၏ လက်ချက်ဖြင့် ဒဏ်ရာရပြီးလျှင် ဤတောထဲတွင် စကြာ ဇာတ် သိမ်းရှာလေ၏ ။

သို့ဖြင့် သာကြောင့် လွန်ခဲ့သော အခန်း၌ မောင်တိုင်းကျော်သည် မမျိုးညွှန့်ကလေး ကို မိမိ၏ အိမ်သို့ တိတ်တဆိတ် ဆောင်ယူလာခဲ့ရလေသတည်း။ ။

♥ ♥ ♥


အခန်း (၂)

ထိုအခါသမယ၌ ရန်ကုန်မြို့သည် ယခုကဲ့သို့ မစည်ကား၊ မကြီးကျယ်သော်လည်း တစ် နည်းအားဖြင့် လွန်စွာ နုပျို သာယာလေ၏ ။ ယခုအခါ ကြီးကျယ်သော တိုက်တာ အဆောက်အအုံ တို့ကို ကြည့်ကာ သွားလာရသော လမ်းကျယ်ကြီးများ သည် ထိုအခါသမယက တောအုပ် တော တန်း ကလေးများ ခြံရံလျက် တသွင်သွင် တိုက်ဝှေ့သော လေဖြင့် အမြဲစင်ကြယ် လတ်ဆတ်သော လမ်းဆွယ်လမ်းမြောင်ကလေးများ ဖြစ်ကြလေ၏ ။

ထိုလမ်းကလေးများ မှာ တစ်ခါတစ်ရံ ရွံ့နွံ့အိုင်စပ် ရိုးပြတ်ကလေးများ နှင့် ကြုံတွေ့ ရသဖြင့် လက်ကိုင် ဝါးလုံးတန်းကလေးများ နှင့် လည်းကောင်း၊ ဖြတ်လမ်း တံတားငယ်ကလေးများ ဖြင့် လည်း ကောင်း ဆက်သွယ်လျက်ရှိလေ၏ ။ များ စွာ သော အိမ်တို့မှာ ပိတ်ဆီးကာသန်းခြင်းမရှိသော မြစ် ပြင်ကို ရှုမျှော်ကာ လွန်စွာ အေးမြ စင်ကြယ်သော လေပြည်ကို ခံစားကြရလေ၏ ။

မမျိုးညွှန့်သည် မဖြူအိမ်တွင် သမီးအရင်းကဲ့သို့ နေခဲ့သည်မှာ ၁၄ နှစ် အရွယ်သို့် ရောက် လာသဖြင့် လွန်စွာ လှပသော ရုပ်ဆင်းသဏ္ဍန်နှင့် ပြည့်စုံသူ ဖြစ်လေ၏ ။ အရပ်မှာ အတန်ငယ်က လေး မြင့်၍ ထက်မြတ်စူးရှသော မျက်လုံးများ မှာ လွန်စွာ ကြည်လင် တောက်ပကျယ်ဝန်းလျက် အတွင်းစိတ်၏ လှုပ်ရှားပြောင်းလဲခြင်းတို့ကို ကြေးမုံပြင်ပမာ ကောင်းစွာ ထင်ရှားစေနိုင်သဖြင့် ရုတ် တရက် ခက်ထန်စွာ ကြည့်နေရာမှ သနားစရာအချက်ပေါ်လျှင် လျင်မြန်စွာ နူးညံ့လျက် မိမိကဲ့သို့ လှပသော မောင်ဘဝင်းနှင့် နှစ် ကိုယ်တည်း နေကြသည့်အခါ ထိုမျက်လုံးများ သည် အတိုင်းမသိ သိမ်မွေ့၏ ။ မောင်ဘဝင်းသည် ထိုမျက်လုံးများ ကို ကြည့်၍ နေရသည့်အခါ အလွန်တရာ နူးညံ့ သော ဂွမ်းမွေ့ရာတွင် လျောင်းစက်ကာနေရသည်မျှမက သာယာကြည်နူးခြင်း ဖြစ်ရလေ၏ ။ အသားမှာ ဝါဝင်းလျက် ဆူဖြိုးတက်ကြွယ်စ အရွယ် ဖြစ်သော ကြောင့် လွန်စွာ ဖြောင့်စင်း ကျစ်လျစ် သော ကိုယ်ရှိလေ၏ ။ ပြုံးလိုက်သည့်အခါ ပုလဲရောင် ပမာရှိသော ညီညွှတ်တောက်ပသော သွားက လေးများ နှင့် နီးမြန်းသော နုတ်ခမ်းတို့မှာ ယောက်ျားတို့၏ စိတ်နှလုံးကို နှိမ်နင်းဖမ်းစား ကြေမွ အောင် ချေနိုင်သော သတ္တိရှိလေ၏ ။၎င်းပြင် မောင်ဘဝင်းနှင့် မမျိုးညွှန့်တို့သည် ယခုအခါ မောင်နှ မကဲ့သို့ နေကြသော်လည်း စင်စစ်အားဖြင့် မောင်နှမ မဟုတ်ကြသည့် အကြောင်းကို ရိုးတွင်းခြင်ဆီ မှအစ အကုန်အစင် သိကြလေ၏ ။ သို့ပင် ဖြစ်ငြားသော်လည်း တစ်စုံတစ်ရာမျှ ဖောက်ပြန်ခြင်း မရှိ ကြဘဲ ကလေးသူငယ်တို့ ဘဝ ချစ်ကြပြီးကာ တစ်ယောက် နှင့် တစ်ယောက် ကြာမြင့်စွာ ခွဲ၍ မနေနိုင် ခြင်းသာလျှင် ထူးခြားခြင်း ရှိလေ၏ ။

တစ်ခုသော ညနေအခ်ျိန်တွင် မောင်နှမ နှစ် ယောက် တို့သည် ဆူးလေဘုရားအနီးရှိ တစ်ခု သော တောအုပ်အစွန်း အနားတွင် လှည့်လည်ကာ နေကြလေ၏ ။ ထိုအခါ ကဆုန်လခါ ဖြစ်၍ နေမင်းသည် ကမ္ဘာမြေ မျက်နှာပြင်ကို အစွမ်းကုန် ခြယ်လှယ်နိုင်သော အချိန်အခါ ဖြစ်လေ၏ ။ ဆူးလေစေတီတော် မြတ်၏ ထီးနှင့် ငှက်မြတ်နားသည် ရွှေအဆင်းပမာ တောက်ပသော ရွှေမှု န်ရွှေ ပြား ရောင် ခြည်တို့၏ အထဲတွင် ဝင်းထိန်လျက် အထက်ကောင်းကင်သို့ ပျံတက်မည့် အလားနှင့် တူလေ၏ ။ မိမိတို့ရှေ့၌ ဝါးတစ်ရိုက်ခန့် ကွာသော နေရာတွင် ရွှံ့ညွန်တစ်ပိုင်း၊ ရေတစ်ပိုင်း လှိုင်းက လေးတဖျတ်ဖျတ် လေပြည်ခတ်၍ နေလေရာ အနောက်ဘက်သို့ ဆင်းရန် ချိန်၍ နေသော နေမင်း၏ ရောင် ခြည်သည် ကြည်လင်သော ရေထဲတွင် အကွင်းသား အဝင်းသား ထင်၍ နေလေ၏ ။ လက် ယာလက်၌ ရှိသော ဆူးလေစေတီတော် မြတ်၏ ပုံသဏ္ဍာန်သည်လည်း အဆိုပါ ရေထဲတွင် တစ် ပိုင်းထင်၍ နေလေ၏ ။ မောင်ဘဝင်းနှင့် မမျိုးညွှန့်တို့သည် နှစ် ယောက် လက်တွဲ ကာ ထိုမျှလောက် လှပသော ညနေချမ်းရုပ်ပုံကားကြီးကို ရှုစားကားနေကြစဉ် မိမိတို့၏ နောက်၌ ကပ်လျက်ရှိသော တောအုပ်၏ မြင့်သော သစ်ရွက်သစ်ခက်များ မှာ ရွှေမှု န်ကြဲထားသကဲ့သို့ ဝင်းထိန်တောက်ပ၍ နေလေရာ အောက်ပိုင်းတွင် ဆိတ်ငြိမ်သာယာ စိမ်းညိုပြာလျက် လွန်စွာ အေးချမ်းသော လက္ခဏာ ရှိလေ၏ ။

မောင်ဘဝင်းသည် ကျောက်ခဲတစ်လုံးကိုကောက်ကာ ရေလယ်သို့ ပစ်လိုက်လေရာ ရေများ သည် လှုပ်ရှားလျက် တောက်ပသော ရေမှု န်ရေစိုင်တို့သည် နေရောင် တွင် ပန်းဆိုင်းပဒေသာ ပမာ မြောက်၍ တက်လာလေရာ မမျိုးညွှန့်မှာ မိမိကြည့်နေသော ငြိမ်သက်သော ပုံသဏ္ဍာန် လှုပ်ရှား ပျောက်ကွယ်၍ သွားသည့်အတွက် မျက်နှာကလေး ရှုံ့ကာ ဘဝင်းကို မျက်စောင်းထိုးလျက်-

“ဘာပြုလို့ ဒီလို နှောင့်ယှက်ချင်သလဲ။ ညွှန့်ညွှန့် ကြည့်နေတာ ကို မသိဘူးလား”

ဟု ဘဝင်း၏ လက်ကိုတုပ်ဆွဲကာ လွှတ်လိုက်ပြီးလျှင် အနှီးရှိ သစ်ကိုင်း သက်ရွက် သစ်ခက်များ အောက်သို့သွား၍ လက်နှစ် ဖက်နှင့် ဒူးများ ကို ပိုက်ကာထားပြီး ငေးနေလေ၏ ။ ထိုအ ခါ ဘဝင်းသည် သစ်ခက် သစ်ရိပ် နေရောင် တို့ဖြင့် ပေါင်းစပ်လျက် မိမိ၏ အနေအထိုင်ကို အပြုပြင် ဂရုမထား ရိုးရိုးထိုင်နေသော မမျိုးညွှန့်ကို စိုက်၍ ကြည့်ကာ လွန်စွာ လှပါတကားဟု မိန်းမောကာ စိုက်၍ ကြည့်နေလေ၏ ။ မမျိုးညွှန့်သည်ကား မိမိကို ကြည့်နေသည်ကို ဂရုမထားဘဲ မိမိ၏ ရှေ့၌ ရှိ သော ရေအိုင်ကိုသာ ကြည့်၍ နေပြီးမှ ဘဝင်းကိုကြည့်ကာ-

“အလို…….ဘဝင်း ဘာငေးနေသလဲ ဟောဒီလို မကြည့်ပါနဲ့ ညွှန့်ညွှန့် မကြိုက်ပါဘူး” ဟု နှုတ်ခမ်းကလေးစူကာ ပြောလေ၏ ။ ဘဝင်းသည် စကားပြန်၍ မပြောဘဲ ညွှန့်ညွှန့်အနားသို့ ကျား သစ်ပမာ လွှားခုန်၍ ညွှန့်ညွှန့် ခြေထောက်များ အနီးတွင် ပစ်လှဲကာ တစောင်းလက်ထောက်၍ လျောင်းနေ၏ ။ထိုအခါ ညွှန့်ညွှန့်က-

“ဘဝင်း….တကတဲ ဘယ့်နှယ်ပါလိမ့်မလဲ။ ညွန့် ငရဲကြီးတော့မယ် ထ မထဘူးလား”

ဟု ပြော၍ ဘဝင်း၏ ဆံပင်ကိုဆွဲလျက် ညွှန့်ညွှန့် မျက်နှာကို စိုက်ကြည့်ရင်း-

“ညွှန့်…မင်းဘာတွေ ကိုငေးပြီး စဉ်းစားနေသလဲ။ မင်းအရပ်ကို အောက်မေ့လို့လား။ ငါတို့နဲ့ နေရတာ မပျော်ဘူးလား”

ဟု ညွှန့်ညွှန့်လက်ကို ဆွဲကိုင်ကာမေးလေ၏ ။

“အို….ဘာတွေ ကို မေးနေပါလိမ့်မယ်။ ညွှန့်ညွှန့်မှာ ဘယ်အရပ်ကလာလို့ ဘယ်ကို အောက်မေ့ရမှာ လဲ။ ညွှန့်မှာ အရပ်မရှိဘူး။ ညွှန့်ဘယ်လူ့ကိုမှလဲ မအောက်မေ့ဘူး၊ ညွှန့် ဒီကိုရောက်လာတာ အင်မတန်အံ့သြစရာ ကောင်းတယ်။ ညွှန့် နောက်ကို ဘယ်များ ရောက်ရဦးမ လဲ မသိဘူး”

ဟု ဘဝင်းကို ကြင်နာသော မျက်လုံးများ နှင့် ကြည့်ကာ ပြောလေ၏ ။

ဘဝင်းက “မင်း ဘယ်ကလာသလဲ ငါတို့ မသိဘူး။ မင်း ဘာလို့ရောက်လာသလဲဆိုတာ တော့ ငါသိတယ်။ ငါနဲ့အတူတူ လည်ပတ်ကစားနေဖို့ ရောက်လာတာ။ မင်း ဘယ်ကိုမှ မသွားရပါ ဘူး။ စိတ်သာချပါ။ ငါ့ ဖေဖေက မင်းကို ငါနဲ့ မောင်နှမတော် ဖို့ ခေါ်လာခဲ့တယ်လို့ မေမေကပြော တယ်။ ငါတို့နဲ့နေရတာ မပျော်ဘူးလား။ မပျော်လို့ ထွက်ပြေးရင် ငါတော့ မင်းကို မတွေ့ တွေ့  အောင် လိုက်ရှာမှာ ပဲ”

ဟု ပြောလေ၏ ။

“မပြောပါနဲ့ ကိုဘဝင်းရယ်။ ညွှန့် ဘယ်ကိုမှ သွားဖို့ စိတ်မကူးပါဘူး။ ညွှန့် သွားမှာ ကို အဟုတ်ပဲ စိုးရိမ်သလား”

“အဟုတ်ပါပဲ။ အခုလို နေရတာ အင်မတန် ပျော်စရာကောင်းတာပဲ၊ ညွှန့် မပျော်ဘူးလား”

ထိုအခါ ညွှန့်ညွှန့်သည် ဘဝင်းကို စေ့စေ့ကြည့်ကာ စကားပြန်၍ မပြောဘဲ ခေါင်းညိတ်လေ ၏ ။

ထိုအတွင်း အနောက်တောင်ထောင့်မှ တိုက်ဝှေ့၍ လာသော လေပြည်သည် သစ်ခက်၊ သစ် ရွက်၊ မြက်မြင့်ပင်ရှည်တို့ကို တိုးဝှေ့ကာ အေးခနဲ လေချွန်၍ လာသကဲ့သို့ မြူးထူးကစား၍ လာလေ ၏ ။ အနီးရှိ လက်ပံပင် တစ်ပင်ပေါ်မှ ဆက်ရက်များ ကျွမ်းထိုး၍ ကစားကာ ဆူညံ၍ နေကြလေ၏ ။ ဝင်းထိန်တောက်ပသော နေရောင် ခြည်တို့သည်လည်း မှိန်မှေး၍ သွားသဖြင့် ဖျော့သော အဆင်း ပေါ်၍ လာလေ၏ ။

“အလို….နေကျသွားပြီ။ မေမေ ဆူတော့မယ်။ ပြန်ကြစို့ရဲ့ ဘဝင်းရယ်”

ဟုပြောကာ ထိုင်ရာမှထလေ၏ ။ ဘဝင်းသည်လည်း စကားမပြောဘဲ ထ၍ တောအုပ်အ စွန်းမှ ရေအိုင်ကိုကွေ့ကာ လျှောက်၍ လာကြလေ၏ ။ ယင်းကဲ့သို့လာရင်း နောက်ကိုပြန်ကြည့်လိုက် သော အခါ တောအုပ်၌ ငုပ်ခနဲ လျင်မြန်စွာ ထိုင်လိုက်သော လူ တစ်ယောက် ၏ သဏ္ဍာန်ကို တွေ့ ကြရသဖြင့် ညွှန့်က-

“ဘဝင်း….ဘဝင်း…ပြေးကြစို့ရဲ့ ။ ဘယ်နှယ့်လူကြီးလဲ မသိဘူး”ဟုပြောကာ နှစ် ယောက် သား အိုင်ငယ်ညွှန်ငယ်တို့ကို ခုန်သန်းကျော်လွှားကာ နောက်သို့ပြန်ကြည့်ပြန်ကြည့်နှင့် ပြေးကြ လေ၏ ။ တောအုပ်နှင့် အတန်ဝေးသော အခါကျမှ အပြေးကိုလျှော့ကာ လက်တွဲ ၍ အေးချမ်းစွာ လျှောက်သွားကြလေ၏ ။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ပီမိုးနင်း ၏ “ မယ်ယက္ခ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဝတ္ထုတို ပေါင်းချုပ်

အောင်စိတ်