နားဂွစ်မားဖုဒ်
နားဂွစ်မားဖုဒ် (NAGUIB MAHFOUZ) ကို ၁၉၁၁ ခုနှစ် တွင် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၌ မွေးဖွားခဲ့ သည်။ မိဘများ မှာ လူလတ်တန်းစား အစိုးရအမှု ထမ်းများ ဖြစ်သည်။ ကိုင်ရိုတက္ကသိုလ်မှ စာပေဆိုင် ရာ ဘွဲ့ရရှိခဲ့သည်။ ၁၉၃၀ ခုနှစ် တွင် စာပေလောက၌ စတင်ခြေချလာသည်။ ရှေးဟောင်းဂန္ထ၀င် အာရပ်ဘာသာ ဗေဒနှင့် အရပ်သုံးစကားပြောများ ကို စရနယ်၍ ခံစားမှု ရသ စာပေများ ရေး သား ဖန်တီးခဲ့သည်။ အထူးသဖြင့် ၀တ္ထုတို အရေး များ သည်။ ထင်ရှားကျော်ကြား သည်။ လုံးချင်း ၀တ္ထုများ မှာ လည်းအောင်မြင်ခဲ့သည်။ ကိုင်ရိုအသစ် (New Cairo) ၀တ္ထုတွင် တစ်ကိုယ်တော် လူငယ်လေး၏ စိတ်ပျော်ရွှင်မှု နှင့် အေးချမ်းမှု ရှာပုံတော် ကို ရိုးရိုကလေး ခံစား ရေး ပြသွားခဲ့သည်။ မားဖုဒ်၏ အအောင်မြင် ဆုံးနှင့် အကောင်းဆုံးလက်ရာ (Masterpiece) အ ဖြစ် “အစနှင့် အဆုံး” (The Beginning and the end) ဖြစ်ပါသည်။ ကိုင်ရိုမြို့သား ကုန်သည်ဘ၀ကို ဆွေစဉ်မျိုးဆက် သုံးဆက် တည်ဆောက်ရေး ဖွဲ့ပြသွား သော ၀တ္ထုရှည် ကြီးပင်။ ၀တ္ထုတိုပေါင်းချုပ် များ ထဲတွင် “ရူးသွပ်ခြင်း၏ တီးတိုးလေသံ” (The Whisper of Madness) မှာ ထင်ရှား ကျော်ကြားလှ သည်။ မားဖုဒ်၏ လုံးချင်းဝတ္ထု (Maday Alley) ကို ၁၉၇၆ တွင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထုတ်ဝေခဲ့ရာ အီဂျစ်စာပေလောကသာမက ကမ္ဘာ့စာပေလောကအထိ ခြေဆန့်လာ ပါတော့သည်။ နောက် “လေးစားအပ်သော အသျှင်” (Respected Sir) ၀တ္ထုကိုလည်း ၁၉၈၆ ခုနှစ် တွင် အင်္ဂလန်နိုင်ငံ၊ ရွာတာစာအုပ်တိုက်မှ ပြန်ဆိုထုတ်ဝေခဲ့သည်။ နောက် “အရက်သမား တေးများ ” (The Drunkad sings) လုံးချင်းဝတ္ထုလည်း ပြန်ဆိုထုတ်ဝေခဲ့ ပါသည်။
၁၉၇၀ ခုနှစ် တွင် အီဂျစ်နိုင်ငံ အမျိုးသားစာပေဆိုကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ် တွင် စာပေဆိုင်ရာ နိုဗယ်ဆိုကိုလည်းကောင်း အသီးသီးရရှိခဲ့သော အီဂျစ်စာရေး ဆရာကြီး
ဖြစ်ပါသည်။ ဆိုဖီယက်၊ ပြင်သစ်၊ ဒိန်းမတ်နိုင်ငံများ မှလည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ရရှိခဲ့သည်။ နိုဗယ်စာပေဆုရချိန်တွင် အသက် ၇၇ နှစ် ရှိပြီ ဖြစ်ရာ ယနေ့ ၉၉နှစ် အရွယ်ထိ စာပေရေး သားရင်း ကိုင်ရိုမြို့တော် တွင် နေထိုင်လျက်ရှိသည်။ မားဖုဒ်၏ စကားပြေအရေး အသားမှာ ရိုးရှင်းပြီး လွယ်ကူသော စကားပြေဟန်များ ဖြင့် တန်ဆာဆင်ရေး သားတတ်ပါသည်။ သို့သော် ရှေးဟောင်းအာရပ်ကမ္ဘမှလမ်းခွဲကာ ခေတ်သစ်အာရပ်စာပေ ဖန်တီးကိုရေး သားနေခဲ့သူလည်း ဖြစ်ပါသည်။ သရုပ်မှန်အရေး အသားကို ကိုယ်စားပြုရေး သားနေသူဟု သတ်မှတ်ကြပါသည်။
ဂါဘရီယယ်ဂါစီယာ မားကွက်ဇ်
ဂါဘရီယယ်ဂါစီယာ မားကွက်ဇ် (GARBRIEL GARCIA MARQUEZ) ကို ၁၉၈၂ခုနှစ် တွင် ကိုလံဘီယာနိုင်ငံ၌ မွေးဖွားခဲ့သည်။ ဆင်းရဲသော ကြေးနန်းစာရေး တစ်ဦး၏ သား ဖြစ်သည်။ ဘိုဂို တာ (BOGOTA) တက္ကသိုလ် ဥပဒေသင်တန်းကျောင်းသား၊ သို့ရာတွင် ဆုံးခန်းတိုင်အောင် ပညာ သင်ကြားခြင်းမပြုပဲ နိုင်ငံခြားသတင်းထောက် အ ဖြစ်လုပ်ကိုင်ခဲ့သည်။ ရောမ၊ ဘာစီလိုနာ၊ နယူးယောက် ၊ ကရကပ် (CARACAS) စသည့်မြို့ကြီးများ တွင် သွားရောက် အမှု ထမ်းခဲ့သည်။ ထို့နောက် ကျူးဘားနိုင်ငံသို့ ရောက်သည်။ သမ္မတ ဖီဒင်လ်ကတ်စထရို နှင့် မိတ်ဆွေ ဖြစ်ကာ ၁၉၅၉ ခုနှစ် တွင် ကျူးဘားသတင်းဌာန၌ အမှု ထမ်းခဲ့လေသည်။
မားကွက်ဇ်သည် ၁၉၄၈ ခုနှစ်မှစ၍ သတင်းစာဆရာဘ၀မှပင် စတင်စာစရေး ခဲ့သည်။ ၀တ္ထုတို အရေး များ သည်။ လုံးချင်းဝတ္ထုများ လည်းရေး သားထုတ်ဝေခဲ့သည်။ ၁၉၆၇ တွင် ရေး သားထုတ်ဝေခဲ့သော “နှစ် ပေါင်းတစ်ရာ အထီးကျန်” (One Hundred Years Of Solitude) လုံးချင်းဝတ္ထုသည် သူ၏ အအောင် မြင်ဆုံးနှင့် အကောင်းဆုံးလက်ရာ (Master piece) ဖြစ်သည်။ အခြားလုံးချင်း ၀တ္ထုများ မှာ လည်း ထင်ရှားခဲ့ သည်။ “ကာလ၀မ်းကပ်ကြီးအတွင်းမှ ချစ်မေတ္တာ (Love In The Time Of Chorela) ၊ “ဗိုလ်မှူးကြီးထံ စာရးရန်မရှိ” (NO One Writes To The Colonel) ၀တ္ထုတိုများ တွင် ပိုထင်ရှားခဲ့သည်။ ထူးဆန်းသော ဘုရားဖူး (Strange Pilgrims) ၊“သစ်ရွက်မုန်တိုင်းနှင့် အခြားဝတ္ထုတိုများ ” (Leaf Strom And Other Stories) ၊ မားကွက်ဇ်သည် ၁၉၈၂ ခုနှစ် တွင် စာပေဆိုင်ရာ နိုဗယ်ဆုကို တောင်အမေရိကတိုက် ကိုလံဘီယာနိုင်ငံသားစာရေး ဆရာအ ဖြစ် ဆွတ်ခူးရရှိသွားခဲ့သည်။ ထိုဆုမှရသော ငွေများ ကို သူ့ဇာတိ ကိုလံဘီယာနိုင်ငံတွင် သတင်းစာတစ်စောင် ထုတ်ဝေရန်လှူဒါန်းခဲ့သည်။ မက္ကဆီကိုနိုင်ငံတွင် နေထိုင်ရင်း ရသစာပေများ ရေး သားပြုရာနေရာ ၊ နိုင်ငံခြား ဘာသာပေါင်း (၃၀)မျှ ပြန်ဆိုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ နောက်လက်တင်အမေရိက ထူးခြားသော စာပေလှုပ်ရှား ယဉ်ကျေးမှု ဆိုင်ရာလှုပ်ရှားမှု များ တွင် ကိုယ်တိုင် ကိုယ်ကျပါဝင်ထမ်းရွက်ခဲ့သည်။ နောက်ဆုံးထုတ်ဝေခဲ့သော ၀တ္ထုတိုပေါင်းချုပ်မှာ “မစ္စတာသမ္မတ ကောင်းသော ခရီး ဖြစ်ပါစေနှင့် အခြားဝတ္ထုတိုများ ” (Bon Voyage Mr.President and Other Stories) ဖြစ်ပါသည်။ မားကွက်ဇ်၏ စကားပြေအရေး အသားသည် ဆန်းကျယ်သော အကြောင်းအရာများ ကို တကယ် ဖြစ်နေသကဲ့သို့ ရေး ဖွဲ့သီကုံးတတ်သဖြင့် သူ၏ ရေး ဟန်ကို ပဉ္စလက်သရုပ်မှန် (Magical Realism) အရေး အသားအ ဖြစ် စံမှတ်ကြသည်။ ဥပမာ ၀တ္ထုတစ်ပုဒ် တွင် မိန်းမ သား တစ်ယောက် သည် နူးညံ့သိမ်မွေ့လှ သဖြင့် သက်ပြင်းချလိုက်စဉ် အခန်းနံရံများ ကိုပင် ဖြတ် သန်းသွားခဲ့သလိုမျိုး (တကယ့်အ ဖြစ်အပျက်မျိုး) ရေး သားဖွဲ့နွဲ့တတ်ပေသည်။
* * *
စွန့်စားခန်းနှင့် အချစ်ဇာတ်လမ်းတစ်ပုဒ်
“အိမ်အလုပ်ကလေး ဘာလေးလည်းလုပ်ပါဦး” ဟုအမေကပြောပြီး သူ့အိတ်ကပ် ထဲသို့ လက်နှိုက်နေပါသည်။
“ရော့ ပိုက်ဆံယူသွားပြီး ပဲလှော်သုပ် နည်းနည်း သွားဝယ်ချည်စမ်း၊ လမ်းမှာ လဲ ကောင်းကောင်းသွားနော်။ ကားကိုလည်းကြည့်ရှောင်”
ကျွန်တော် သည် ခုံဖိနပ်ကိုစီးကာ ပန်းကန်ယူပြီး သီချင်းကလေးတအေးအေး နဲ့ ထွက်လာပါသည်။ ပဲလှော်ဆိုင်တွင် လူတွေ ပြည့်ကျပ်နေသဖြင့် ကျွန်တောအတော် ကြာ အောင်စောင့်ရပါသည်။
“ပဲလှော် တစ်ကျပ်ဖိုးပေးပါ”
ဟု ကျွန်တော် ကအသံစူးစူးဖြင့် ပြောပါသည်။
“ပဲလှော်လား၊ ပဲလှော်သုပ်လား”
ကျွန်တော် မဖြေသည့်အခါတွင် ဆိုင်ရှင်က စိတ်ဆိုးဆိုးဖြင့်
“ဖယ်၊ဖယ် ဈေးဝယ်သူလာနေတယ်”
ကျွန်တော် သည် လူထူထူရှေ့တွင် အဟောက်ခံရသည့်အခါတွင် ရှက်ရှက်ဖြင့် အိမ် ပြန်လာပါသည်။
“ဟင် … ဘာမှလဲမပါပါလား၊ ဘာလဲ လမ်းမှာ ပဲလှော်တွေ အကုန်ဖိတ်လာသလား။ ဒါမှမဟုတ်ရင် ပိုက်ဆံပျောက်ခဲ့ပြီလား၊ တော် တော် ခက်တဲ့ကောင်လေးပဲ” ဟုအမေက မြည် တွန်ပါသည်။
“အမေက ဘာမှန်းမှမသိတာဗျ၊ ပဲလှော်လာ.၊ ပဲလှော်သုပ်လား ၊ပဲကြော်လားဆိုတာ ပြောမှမပြောလိုက်တာ”
“ဟဲ့ကောင်လေးရဲ့ ၊ နင်မနက်တိုင်းစားနေတာမသိဘူးလား”
“ဘယ်သိမလဲ အမေရ”
“တောတော် အသုံမကျတဲ့ကောင်လေး၊သွား .. ပဲလှော်သုပ်လို့ပြော”
ကျွန်တော် ဈေးဆိုင်သို့ ပြန်လာပြီးပြောသည်။
ဆိုင်ရှင်က စိတ်မရှည်ဟန်ဖြင့် မျက်မှော င်ကုတ်သည်။
“ဘာဆီနဲ့ သုတ်တဲ့ပဲလှော်လဲ။ မြေပဲဆီနဲ့သုပ်တာလား။ သံလွင်ဆီနဲ့သုတ်တာလား။ သစ်ကြားဆီနဲ့သုတ်တာလား။”
ကျွန်တော် ဘာမှ မဖြေနိုင်ပြန်ပါ။
“နောက်မှာ ဈေးဝယ်လာနေတယ်ကွ၊ ဖယ်ပေးလိုက်ပါ”
ကျွန်တော် ဒေါပွပြီး ပြန်လာသည်။ အမေက အံ့အားသင့်နေသည်။
“ဟောတော့ ဘာမှလဲမပါပါလား၊ ဘယ်မှာ လဲ ပဲလှော်သုပ်”
“မြေပဲဆီနဲ့သုပ်တာလား။ သံလွင်ဆီနဲ့သုတ်တာလား။ သစ်ကြားဆီနဲ့သုတ်တာလား။ အမေကဘာမှ သေသေချာချာ မေပြာလိုက်ပဲဗျ” ကျွန်တော် က စိတ်ဆိုးမာန်ဆိုးနှင့် ပြောသည်။
“ဟဲ… ပဲလှော်သုတ်လို့ပြောလိုက်ရင် မြေပဲဆီနဲ့သုတ်တာပေါ့ဟဲ့”
“ဒါတော့ကျွန်တော် ဘယ်သိမလဲဗျ”
“နင် တော် တော် အသုံးမကျတဲ့ကောင်လေး၊ ဆိုင်ရှင်ကလည်း ဒီလောက်တောင်နားမလည် ဘူးတဲ့လားတော၊် သွးပြောချည် မြေပဲဆီနဲ့ သုတ်တာလို့”
“ရှက်တယ်ဗျာ”
ကျွန်တော် သည် အိမ်မှခပ်သုတ်သုတ်ထွက်လာခဲ့ကာ ဆိုင်ထဲသို့မရောက်ခင်ကတည်းက “မြေပဲဆီနဲ့သုပ်တဲ့ ပဲလှာ်သုပ်တဲ့ ဦးလေးရေ” ဟုအော်ပြောသည်။
“ပိုက်ဆံကို ခုံပေါ်မှာ ထား”ဆိုကာဆိုင်ရှင်သည် ပဲလှော်ပုံးကို နှိုက်နေသည်။
ကျွန်တော် သည် အိတ်ထဲသို့နှိုက်ကြည့်သည်။ သို့ရာတွင် ကျွန်တော့အိတ်ထဲတွင် ပိုက်ဆံကို ရှာမတွေ့ တော့။ အကျီင်္အိတ်ကပ်ကို အတွင်းအပြင် လှန်ရှာသည့်တိုင် ပိုက်ဆံဆို၍ အရိပ်ယောင်မျှမမြင်ရ။ ဆိုင်ရှင်က ပဲလှော်ကို ဇွန်းကြီးဖြင့် ခတ်နေရာမှ ပြန်ချလိုက်သည်။
“ဘာလဲ၊ ပိုက်ဆံကျကျန်ရစ်ခဲ့ပြီလား။ ဘာမှစိတ်မချရပါလားကွ”
“မပျောက်ပါဘူးဗျ၊ စောစောကတင်ရှိသေးတာပဲ” ကျွန်တော် ကအောက်ကို ငုံ့ရှာရင်းပြော သည်။
“ကဲ… ကဲ ဈေးဝယ်တွေ လာတယ်ကွာ၊ သူများ ကိုအနှောင့်ယှက်မပေးပါနဲ့ ”။
ကျွန်တော် သည် ဟာလာဟင်းလင်း ဖြစ်နေသော ပန်းကန်ဖြင့် အိမ်သို့ပြန်လာခဲ့ရပြန်သည်။
“ဟောတော့်  ဘာ ဖြစ်လာပြန်ရတာ လဲ”
“ပိုက်ဆံ”
“ပိုက်ဆံဘာ ဖြစ်တာလဲ”
“ကျွန်တော် အိတ်ထဲမှာ ပိုက်ဆံမှပါမသွားတာ”
“ဘာဝယ်စားပစ်လိုက်ပြန်ပြီလဲ”
“ဘုရားစူးရပါစေ့ဗျာ၊ ဘာမှဝယ်မစားပါဘူး”
“ဒါဖြင့် ဘယ်မှာ ပျောက်ကျန်ရစ်ခဲ့တာလဲဟဲ့”
“ဒါတော့ ဘယ်သိမလဲ အမေရ”
“နင်ဘာမှဝယ်မစားဘူးဆို ဘုရားစူး”
“ဘုရားစူးရစေရဲ့ ”
“နင့်အိတ်ကပ်ကပေါက်နေလို့လား”
“မပေါက်ပါဘူး”
“အရင်အခေါက်တွေ တုန်းက ဆိုင်ရှင်ကိုပဲပေးခဲ့သလားမှမသိတာ”
“မပြောတတ်ဘူး၊ ဟုတ်ချင်ဟုတ်မလား မသိဘူး။”
“နင့်ဟာ ဘာမှစိတ်မချရပါလားဟင်”
“ဆာတယ်ဗျာ”
အမေက ရင်ကိုထုသည်။
“သေပါတော့ဟယ်။ နင့်ကို နောက်ထပ် ပိုက်ဆံ ပေးလိုက်မယ်။ ဒါပေမယ့် နင့်စုဗူးထဲကထုတ်ပေးမယ်။ ဒီတစ်ခါဘာမှမပါဘဲ ပြန်လာရင်သေပြီသာမှတ်။”
ကျွန်တော် သည် ဆာလှပြီ ဖြစ်သဖြင့် ဆိုင်သို့အပြေးထွက်လာ ခဲ့ပါသည်။ ဆိုင်နား ရောက်ခါနီး လမ်းထောင့်အရောက်တွင် ဆိုင်ရှေ့မှာ ဟေးလားဝါးလား အော်ဟစ်နေကြသည့် ကလေးတစ်သိုက်အသံကို ကြားရသည်။ ကျွန်တော် သည် ခြေလှမ်းတုံ့သွားကာ သူတို့ဆီကို စိတ်ရောက်သွားသည်။ သူတို့အနား သွားကြည့်ချင်သေးသည်။ ကျွန်တော် သည် လူအုပ်ထဲ တိုးဝှေ့ဝင်လာသော အခါ ကျွန်တော့် ကိုကြည့်နေသော မျက်လှည့်ဆရာကို တွေ့ ရသည်။
ကျွန်တော် သည် အဆာပျောက်သွားကာ မျက်လှည့်ပွဲ ၀င်ကြည့်နေလိုက်သည်။ ကျွန်တော် သည် ဦးထုပ်ထဲမှ ကြက်ဥတွေ ၊ ယုန်တွေ ထွက်လာသည်ကိုကြည့်၍ သဘောကျနေ သည်။ ကြိုးကနေ မြွေ ဖြစ်သွားပုံကို ကြည့်၍ အရာအားလုံးမေ့နေသည်။ မျက်လှည့်ဆရာက ကလေးတွေ ဆီက ပိုက်ဆံတောင်းသည့်အခါတွင် ကျွန်တော် နောက်သို့ဆုတ်လိုက်ပြီး “ကျွန်တော့် မှာ ပိုက်ဆံမပါဘူးဗျလို့” ပြောသည်။
မျက်လှည့်ဆရာက ကျွန်တော့် ကိုလိုက်သဖြင့် ကျွန်တော် သည် ချာကနဲ လှည့်ကာ ဈေးဆိုင်ဆီသို့ ပြေးလာခဲ့သည်။
“ဦးလေး၊ မြေပဲဆီနဲ့ ပဲလှော်သုပ် တစ်ကျပ်ဖိုးပေးပါ”
ဆိုင်ရှင်ကတုတ်တုတ်မျှမလှုပ်ပဲ ကျွန်တော့် ကိုကြည့်နေသဖြင့် ကျွန်တော် နောက်တခါ ထပ်ပြောသည်။
“ပေး…ပေး၊ ပန်းကန်ပေး” ဟုသူက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောပါသည်။
“ပန်းကန်တဲ့၊ ပန်းကန်ဘယါကျန်နေရစ်ပါလိမ့်။ မျက်လှည့်ဆရာလိုက်တုန်းက ကျကျန်နေ ရစ်သလား။ မျက်လှည့်ဆရာပဲ ယူထားလိုက်သလား ကျွန်တော် မသိတော့”
“ကောင်လေးက ရူးသလိုလို၊ ပေါသလိုလိုနဲ့ ”
ကျွန်တော် သည် ပြန်လှည့်ကာ ပန်းကန်ကိုလိုက်ရှာသည်။ မျက်လှည့်ဆရာမှာ စောစော ကနေရာတွင် မရှိတော့။ သို့ရာတွင် လမ်းကြားလေးတခုတွင် ကလေးတွေ အော်သံကြားသဖြင့် ကျွန်တော် သည် မျက်လှည့်ပွဲသို့လိုက်လာခဲ့သည်။ မျက်လှည့်ဆရာသည် ကျွန်တော့် ကို မြင်သွား ပြီးအော်သည်။
“ဟေ့ကောင်လေး၊ မျက်လှည့်ကြည့်ခ ဘယ်မလဲ၊ နာချင်ပြီလား”
“ကျွန်တော့် ပန်းကန်ရော”
“ဘယ်ကပန်းကန်လဲ”
“ကျွန်တော့် ပန်းကန် ပြန်ပေးပါဗျ”
စိတ်ညစ်နေရသည့်အထဲတွင် အသံတခု ကြားလိုက်ပြန်သည်။
“ကဲ… ကဲ လာကြည့်ကြနော်၊ လာကြည့်ကြ”
နောက်သို့လှည့်ကြည့်လိုက်သည့်အခါတွင် ချောင်းကြည့်ပေါက်မှကြည့်ရသော အရိပ်ပြပွဲ တခုတွေ့ ရသည်။
ကလေးတွေ က အရိပ်ပြပွဲသို့သွားကာ အလှည့်ကျကြည့်ရန်စောင့်နေကြသည်။ အရိပ်ပြပွဲပြသူက အထဲတွင် ပါသည့် အကြောင်းအရာများ ကို ပြောပြနေသည်။
“အဲဒါလူစွမ်းကောင်းမင်းသားလေးက အချောဆုံးဇနာမင်းသမီးလေးကို ကယ်ဆယ် နေတဲ့ပုံကွယ့်”
ကျွန်တော် သည်မျက်ရည်များ ကိုသုတ်လိုက်ပြီး အရိပ်ပြပွဲပြနေသည့် သေတ္တာလေး ကိုကြည့်နေမိသည်။ ကျွန်တော့် စိတ်ထဲတွင် မျက်လှည့်ဆရာကို လည်းကောင်း၊ ပန်းကန် ကိုလည်းကောင်း သတိမရတော့ပါ။ ကျွန်တော် သည် လက်ထဲတွင် ရှိသော ပိုက်ဆံကို အရိပ်ပြပွဲပြသူထံလှမ်းပေးလိုက်ပြီး သေတ္တာပေါက်ကလေးထဲသို့ ချောင်း ကြည့်လိုက်ပါသည်။ ကျွန်တော့် ဘေးကအပေါက်တွင် ကောင်မလေးတယောက် လည်း ရပ်ကြည့်နေပါသည်။ ပွဲပြီး၍ သတိရလာသော ခါ ကျွန်တော့် တွင် ပိုက်ဆံရော ပန်းကန်ရော မရှိတော့သည်ကို သတိရလာပါသည်။ မျက်လှည့်ဆရာကို အရိပ်ယောင် မှမမြင်ရတော့ပါ။ သို့ရာတွင် ထိုအရာများ သည် ကျွန်တော့် စိတ်ထဲတွင် အရေး မကြီး တော့ပြ။ီ ကျွန်တော် သည် အရိပ်ပြပွဲမှ စွန့်စားခန်း အချစ်နဲ့ ရဲရင့်မှု တွေ မြင်ပြီး အကြီးအကျယ် သဘောကျနေပါသည်။ ကျွန်တော် ဗိုက်ဆာသည်ကိုလည်းမေ့သွား ပါပြီ။ အိမ်ရောက်လျှင် အမေဆူပူကြိမ်းမောင်းမည် ကိုလည်း မေ့ သွားပါပြီ။ ကျွန်တော် သည် နောက်သို့အနည်းငယ်ဆုတ်ပြီး ထွက်ပြေးလာခဲ့ပါသည်။ တခါကငွေ တိုက်နှင့် စော်ဘွားရုံးလုပ်ခဲ့သည့် အုတ်တံတိုင်ကြီး တခုပေါ်သို့ ခုန်တက်လိုက်ပြီး အရိပ်ပြပွဲထဲက စွန့်စားခန်းများ ကိုသာ စဉ်းစားနေပါသည်။ ကျွန်တော် က ရုပ်ရှင်ထဲက လူဆိုးကြီး ကိုလည်းကောင်း၊ ဇေနာမင်းသမီးလေးကိုလည်းကောင်း သတိရနေပါသည်။ ထိုမျှမက ပါးစပ်ကရော ကိုယ်ခန္ဓာကရော ရုပ်ရှင်ထဲက စကားတွေ ပြောပြီး ဟန်အမူ အရာလုပ်နေမိပါသည်။
“ဟေ့ကောင်၊ မပြေးနဲ့ ကွ။ ကိုင်းမှတ်ကရောကွာ” ဟုဆိုကာ လေထဲတွင် လှံပစ်သည့်ပုံမျိုး လုပ်နေပါသည်။
“ပြီးတော့ ဇေနာမင်းသမီးလေးကို မြင်းပေါ်မှာ တင်ပြီး မြင်းကို ဒုန်းစိုင်းသွားတယ်နော်”
ကျွန်တော့် နောက်မှ ချိုသာသည့် အသံကလေးတသံ ကြားလိုက်ရပါသည်။
နောက်သို့လှည့်ကြည့်လိုက် သည့်အခါတွင် အရိပ်ပြပွဲတုန်းက ကျွန်တော့် ဘေးတွင် ရပ်ကြည့်နေသည့် ကောင်မလေးကို တွေ့ ရပါသည်။ ကောင်မလေးမှာ ညစ်ပတ်သည့် အ၀တ်အစားများ ကို ၀တ်ထားပြီး ဆေးရောင် ခြယ်ထားသည့် ခုံဖိနပ်စီးထားသည်။ သူသည် ကျစ်ဆံမြီးကလေးများ ကို လက်ဖြင့် ဖွနေပါသည်။ လက်တဖက်တွင် မူ သကြားလုံးများ ကို ပါးစပ်ထဲတွင် မြုံ့နေပါသည်။ ကျွန်တော် တို့သည် တယောက် ကိုတယောက် လှမ်းကြည့်လိုက်မိကြပါသည်။ ကျွန်တော် မှာ ကောင်မလေးကို တော် တော် သဘောကျ သွားပါပြီ။
“တို့ဒီနားမှာ ခဏထိုင်ရအောင်လေ” ဟုကျွန်တော် က ပြောပါသည်။
သူကလည်း ထိုင်ချင်နေဟန်တူပါသည်။ ကျွန်တော် သည် သူ့လက်ကို ဆွဲကာ ပြိုပျက်နေသည့် မြို့ရိုးကြီးမုခ်ဦးအောက်က လှေကားထစ်ပေါ်သို့ တက်လာခဲ့ပါသည်။ ထိုလှေကားထစ်များ မှာ လည်း ပြိုပျက်နေကြပါပြီ။ ထိပ်ဆုံးရောက်သည့်အခါ မိုးကုတ်စက်ဝိုင်းနှင့် ပြအိုးများ မြင်ရပါသည်။
ကျွန်တော် တို့နှစ် ယောက် သည် စကားမပြောမိကြဘဲအတူထိုင်နေမိကြပါသည်။ ပြောစရာ စကားလည်းရှာမတွေ့ ပါ။ ကျွန်တော့် စိတ်ထဲတွင် ထူးဆန်းသည့် ခံစားချက်မျိုး ပေါ်နေပါသည်။ သူ့မျက်နှာနှင့် ကပ်လိုက်သည့်အခါတွင် မြေသင်းနံ့ရောနေသည့် အနံ့ကို ရှူလိုက်ရပါသည်။ ထို့နောက် သကြားလုံးနံ့ သင်း သော အနံ့ကို ရပါသည်။ ကျွန်တော် သည် ပါးကျလးကိုရော နမ်းလိုက်ပါသည်။ ကျွန်တော် သည် နမ်းသည့်အခါ သူငြိမ်နေပါသည်။ နမ်းပြီးသည့်အခါတွင် သူသည် သကြားလုံး ဆက်စုပ်နေပါသည်။ နောက်ဆုံးတွင် သူကပြန်ရန်ပြောပါသည်။ ကျွန်တော် က သူ့လက်ကို ဆွဲပြီးတားပါသည်။
“နေပါဦးဟာ မ သွားပါနဲ့ဦး”
“ဟင့်အင်း၊ သွားတော့မယ်”
“ဘယ်ကိုသွားမှာ လဲ”
ဟုကျွန်တော် က စိတ်တိုတိုဖြင့် မေးသည်။
“၀မ်းဆွဲသည်ဆီကို ”
သူက အိမ်တအိမ်ကို လက်ညိုးထိုးပြသည်။
“ဘာလို့သွားမှာ လဲ”
“မြန်မြန်လာခဲ့ပါလို့ သွားခေါ်မလို့”
“ဘာ ဖြစ်လို့လဲ”
“အမေ ဗိုက်နာနေလို့၊ အိမ်မှာ အော်နေတယ်။ အမေက ၀မ်းဆွဲသည်ကြီးကို မြန်မြန်ခေါ်ခဲ့လို့ ခိုင်းလိုက်လို့”
“၀မ်းဆွဲသည်ကြီးကို ခေါ်ပြီးရင် ပြန်လာမှာ ၊ဟုတ်လား”
သူက ခေါင်းညိတ်ပြသည်။ သူက သူ့အမေခိုင်းလိုက်သည့် အလုပ်ကို ပြောသည့်အခါတွင် ကျွန်တော် သည် အမေခိုင်းလိုက်သည့် အလုပ်ကို အမှတ်ရကာ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ကျွန်တော် က အရေး ရှိလျှင် အသုံးပြုလေ့ရှိသော လက်နက်ကို သုံးပါသည်။ ကျွန်တော် သည် အသံထွက်အောင် ငို၍ ပြန်လာပါသည်။ ကျွန်တော့် ငိုသံကြားလျှင် အမေသည် ထွက်လာပြီး အကျိုးအကြောင်းမေးမည် ထင်ပါသည်။
သို့ရာတွင် အမေထွက်မလာပါ။ ကျွန်တော် သည် အိမ်ထဲသို့ လိုက်ရှာပါသည်။ အမေမှာ မီးဖိုထဲတွင် လည်းမရှိပါ။အမေဘယ်သွားနေသနည်း။ ဘယ်အချိန်ပြန်လာ မည် နည်း။ အိမ်တွင် ကျွန်တော် တယောက် တည်း ယောင်တောင်တောင် ဖြစ် နေပါသည်။ ထိုစဉ် အကြံတခု ကျွန်တော် ရပါသည်။ ကျွန်တော် သည် ပန်းကန်တချပ်ကို ကောက်ယူကာ ကျွန်တော့် စုဗူးထဲက ငွေတကျပ်ယူပြီး ပဲဆိုင်သို့ထွက်လညခဲ့ပါသည်။ ဆိုင်ရှင်မှာ ခုံတန်းလျားတခုပေါ်တွင် နဖူးပေါ်လက်တင်ပြီး အိပ်ပျော်နေပါသည်။ ပဲလှော်ထည့်ထားသည့် ဗူးများ လည်းမရှိတော့ပါ။ လည်ပင်းရှည်ရှည် နှင့် ဆီပုလင်းများ မှာ လည်း စင်ပေါ်ပြန်ရောက်နေကြပါပြီ။ ကျောက်ဖြူသားခင်း ထားသည့် စားပွဲမှာ လည်း ဆေးကြောထားပါသည်။
“ဦးလေး၊ ဦးလေး” ကျွန်တော် က ခပ်တိုးတိုး ခေါ်ပါသည်။
သူသည်ဟောက်နေသဖြင့် ကျွန်တော် က သူ့ပခုံးကို အသာတို့ပါသည်။ ဆိုင်ရှင်သည် လက်ကို အလန့်တကြား မြှော က်လိုက်ပြီး နီရဲနေသော မျက်လုံးများ ကို ဖွင့်၍ ကျွန်တော် ကို ကြည့်ပါသည်။
“ဦးလေး”
“ဘာလာလုပ်ပြန်တာလဲကွ”
ကျွန်တော့် ကို မှတ်မိသွားသဖြင့် ခက်ထန်ထန်မေးပါသည်။
“မြေပဲဆီနဲ့ ပဲလှော်သုတ် တကျပ်ဖိုးပေးပါ”
“ဘာ”
“ကျွန်တော့် မှာ ပန်းကန်လည်းပါပါတယ်။ ပိုက်ဆံလည်း ပါပါတယ်”
“ဟေ့ကောင်လေး သွားသွား၊ လာမရှုပ်နဲ့။ ငါကောက်ရိုက်မိလမ့်မယ်”
ကျွန်တော် က ရပ်မြဲရပ်နေသည့်အခါ သူသည် ကျွန်တော့် ကို ခပ်ပြင်းပြင်း တွန်းပစ်လိုက်ပါသည်။ ကျွန်တော် သည် ပက်လက်လန်ကျ သွားပါသည်။ ကျွန်တော် သည် ငိုချင်စိတ်ကို အနိုင်နိုင်ချုပ်တည်းပြီး လဲရာမှထပါသည်။ လက်တဖက်တွင် လည်း ပန်းကန် ပြားနှင့် ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပါသည်။ ကျွန်တော် သည် သူ့ကို ပြန်၍ မိုက်ကြည့်ကြည့်နေပါသည်။ ကျွန်တော် ပြန်ပြေးမည် ဟု စိတ်ကူးမိပါသေးသည်။ သို့ရာတွင် လူစွမ်းကောင်းလို သတ္တိမျိုး မွေးရမည် ဆိုသည့် စိတ်ကလေး ပေါ်လာသဖြင့် ခပ်တည်တည် ရပ်နေပါသည်။ ထို့နောက် လက်ထဲတွင် ကိုင်ထားသည့် ပန်းကန်ဖြင့် တအား ပစ်ပေါက်လိုက်ပါသည်။ ပန်းကန်သည် လေထဲတွင် ၀ှီးခနဲ အော်မြည် ပျံသန်းကာ သူ့ခေါင်းကြီး သွားမှန်ပါသည်။
ထို့နောက် ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် လှည့်ပြေးခဲ့ပါသည်။ ပြေးလာရင်းလည်း ကျွန်တော့် စိတ်ထဲတွင် လူစွမ်းကောင်းက လူကြမ်းကြီး သတ်ခဲ့သလို သူ့ကို အသေသတ်ခဲ့ပြီဟု ထင်နေပါသည်။ ကျွန်တော် သည် မြို့ရိုးဟောင်းကြီးနား ရောက်သည်အထိ အားကုန်ပြေးလာပါသည်။ မြို့ရိုးနားရောက်သည့် အခါတွင် မှ မောကြီးပန်းကြီးဖြင့် နောက်ကိုလှည့်ကြည့်ပါသည်။ သို့ရာတွင် နောက်မှာ မည် သူမျှ လိုက်လာသည်ကို မမြင်ရပါ။ ကျွန်တော် သည် ထိုအခါမှကျမှရပ်ပြီး အမောဖြေနိုင်ပါ သည်။ အမောဖြေရင်း ဒုတိယပန်းကန်လုံး ဆုံးခဲ့သည့်ကိစ္စကို မည် သို့ဖြေရှင်းမည် နည်းဟု စဉ်းစားနေပါသည်။ အိမ်သို့တိုက်ရိုက်မပြန်ရန် ကျွန်တော့် ကို တစ်စုံတစ်ခုက သတိပေးနေပါသည်။ ထို့ကြောင့် ကျွန်တော် သည် ဘာမှမစဉ်းစားတော့ဘဲ ခြေဦးတည့်ရာ လျှောက်သွားနေပါသည်။ ပြန်လာလျှင် ကျွန်တော့ကို အမေရိုက်မည် မုချ။ အရိုက်ခံရမည့် အတူတူ နောက်မှရိုက်အောင် အချိန်ရွေ့ထားလိုက်ချင်သည်။ ကျွန်တော့် လက်ထဲတွင် ပိုက်ဆံတော့ရှိသေးသည်။ အရိုက်မခံရခင် ပိုက်ဆံကလေးတော့ သုံးလိုက်ချင်သေးသည်။ နောင်မှ ဖြစ်လိုရာ ဖြစ်စေတော့။
သို့ရာတွင် မျက်လှည့်ဆရာကော ဘယ်ရောက်သွားပြီနည်း။ အရိပ်ပြပွဲကော ဘယ်ရောက်သွားပြီနည်း။ ကျွန်တော် သူတို့ကိုလိုက်ရှာသည်။ သို့ရာတွင် ရှာမတွေ့ ပါ။
လိုက်ရှာ၍ မတွေ့ သည့်အခါတွင် မောမောနှင့် ကျွန်တော် သည် ကောင်မလေး နှင့် ချိန်းထားသည့် မြို့ရိုးပျက်နားက လှေကားကြီးပေါ်သို့ တက်လာခဲ့ပါသည်။ ကျွန်တော် သည်ချိုချဉ်နံ့ သင်းနေသော ကောင်မလေးကို နမ်းရန်စောင့်နေပါသည်။ ကောင်မလေးသည် ကျွန်တော့် ကိုစွဲအောင် လုပ်သွားပြီဟုထင်ပါသည်။ ထိုအတွေ့ မျိုး ကို ကျွန်တော် တစ်ခါမှ မတွေ့ ဘူးသေးပါ။
ကျွန်တော် ထိုင်စောင့်နေ၍ အတန်ကြာသည့်အခါတွင် ကျွန်တော့် နောက်နားဆီမှ တီးတိုးစကားပြောသံများ ကို ကျွန်တော် ကြားလိုက်ရပါသည်။ ကျွန်တော် လှေကားထိပ်ကြီး ပေါ်သို့တက်ပြီး တဖက်သို့ကြည့်လိုက်ပါသည်။ မြို့ရိုးအောက်ခြေတွင် အမျိုးသား တစ်ယောက် နှင့် အမျိုးသမီး တစ်ယောက် တို့ ထိုင်နေ ကြပါသည်။ တီးတိုးစကားပြောသံများ မှာ သူတို့ဆီက ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ အမျိုးသားမှာ လူလေလူလွင့် တစ်ယောက် နဲ့တူပြီး အမျိုးသမီးမှာ သိုးများ ကိုကျောင်းသည့် ဂျစ်ပစီမ တစ်ယောက် နဲ့ တူပါသည်။ သူတို့လည်း ကျွန်တော် တို့နှစ် ယောက် လို ချိန်းတွေ့ ခြင်း ဖြစ်သည်ထင်ပါသည်။ ကျွန်တော် သည် သူတို့နှစ် ယောက် ကိုချောင်းကြည့်ရင်း စိတ်လှုပ်ရှားနေပါသည်။ ပျော်လည်းပျော်၊ ကြောက်လည်းကြောက်နေပါသည်။ သူတို့နှစ် ယောက် သည်ထထိုင်ကာ တစ်ယောက် ကို တစ်ယောက် မပြောဘဲ ငူငူကြီးထိုင်နေပါသည်။
အတန်ကြာသည့်အခါတွင် အမျိုးသားကစ၍ စကားပြောပါသည်။
`ပိုက်ဆံပေးဦး´
`ရှင့်မှာ ပိုက်ဆံချည်းတောင်းနေတာပဲ´
`နင်ကအလကားကောင်မ´
အမျိုးသားက တံတွေးတွေ ကို ပစ်ခနဲထွေးလိုက်သည်။
“နင်ကော သူခိုး”
အမျိုးသား ကအမျိုးသမီးပါးကို ခပ်ပြင်းပြင်း လက်ပြန်ရိုက်လိုက်ပါသည်။ အမျိုးသမီးက မြေကြီးတဆုပ်ကိုကောင်ပြီး သူ့မျက်နှကို ပက်လိုက်ပါသည်။ အမျိုးသား ကအမျိုးသမီးလည်ပင်းကို ထညှစ်ပါသည်။ အမျိုးသမီးက အတင်းရုန်းပါသည်။ အမျိုးသမီးက အော်သော်လည်း အသံထွက်မလာပါ။ မျက်လုံးကြီးတွေ ပြူဒပြီး ခြေထောက်က မြေကြီးပေါ်မှာ လွတ်နေပါသည်။ ကျွန်တော် ကြောက်ကြောက် ဖြင့် ကြည့်နေပါသည်။ အမျိုးသမီးနှာခေါင်းမှ သွေးတွေ စီးကျလာပါသည်။ ကျွန်တော် သည် ထလှမ်းအော်ပါသည်။ အမျိုးသားလှည့်မကြည်မှီ ကျွန်တော် သည် မြို့ရိုးပျက်ပေါ်မှ ခုန်ဆင်းကာ ခြေဦးတည့်ရာသို့ တအားစွတ်ပြေးလာခဲ့ပါသည်။ ကျွန်တော် သည် အသက်ကို မရှူနိုင်ပဲ စွတ်ပြေးလာခဲ့ရာ နောက်ဆုံးသတိရ ၍ ကြည့်လိုက်သည့်အခါတွင် အမိုးခုံးခုံးကြီးရှိသည့် လမ်းဆုံလမ်းခွရောက်နေသည်ကို တွေ့ ရပါသည်။ ကျွန်တော် သည် ထိုနေရာသို့တခါမျှမရောက်ဘူးပါ။
ကျွန်တော် နေသည့် ရပ်ကွက်ကိုပင် ဘယ်နားရောက်နေသည်ကို ကျွန်တော် မသိပါ။ လမ်းဘေးတစ်ဖက်တချက်တွင် မျက်မမြင်သူတောင်းစားတွေ တစာစာတောင်းနေ ကြပါသည်။ အရပ်လေးမျက်နှာမှ လာသော လမ်းသွားလမ်းလာများ သည် ဘယ်သူ့ကို မျှဂရုမစိုက်နိုင်ဘဲ ကိုယ့်ကိစ္စနဲ့ကိုယ် ခပ်သုတ်သုတ် သွားနေကြပါသည်။ ကျွန်တော် သည် မျက်စေ့လည်နေပါသည်။ အိမ်ကိုဘယ်လိုပြန်ရမည် ဆိုသည်ကိုပင် မသိတာ့ပါ။ လမ်းသွားလမ်းလာတယောက် ကို မေးရမလား စိတ်ကူးမိပါသေးသည်။ ယခုနေပလှော်ဆိုင်ရှင်လိုလူမျိုး၊ မြို့ရိုးပျက်ကြီးနား ကလူလေလူလွင့်နှင့်သွားတွေ့ လျှင် မည် သို့လုပ်မည် နည်း။ ဘုရားသိကြားမ၍ ကျွန်တော့် ကိုလိုက်ရှာနေသည့် အမေနှင့် သွားတွေ့ လျှင် မည် မျှကောင်းမည် နည်း။ သို့မဟုတ် ကျွန်တော် မှတ်မိသည့် အဆောက်အအုံတခုခု နေရာတခုခု အမှတ်အသား တခုခုကို တွေ့ သည့်အထိ လျှောက်သွားရမည် လော။
ကျွန်တော် သည် ပြတ်ပြတ်သားသား မြန်မြန်ဆန်ဆန် ဆုံးဖြတ်ရတော့မည် ဖြစ်ပါ သည်။ အချိန်မရှိတော့။
နေ့တသည် ကုန်ဆုံးလျက်ရှိကာ လျှိ့ဝှက်ဆန်းကြည်သည့် အမှော င်ထုသည် သက်ဆင်းလာပါတော့သည်။
(အီဂျစ်အမျိုးသားစာရေး ဆရာကြီး Naguib Mahfouz ၏ The Conjurer Made Off with Dish ကိုပြန်ဆိုသည်။)
[ရင်ခွင်သစ်၊ ဇွန်၊ ၁၉၉၃]
ဖွဲခိုးမမိနှင့် အခြားစုံထောက်ဝတ္ထုတိုများ | လာခြင်းကောင်းသောအရှင် | လေရူးသုန်သုန် (ဒုတိယတွဲ) |