Cover

ဦးရှန်ဆား နိုးလာပြီ

'ကိုညိမ်းမောင် ကိုညိမ်းမောင်'

ဝေးလံသော အရပ်မှ လွင့်ပါးသော အသံကို ကြားရသည်။ အမှော င်ကမ္ဘာကိုဖြတ်၍ တကျော်ကျော် အော်ခေါ်နေဟန်ရှိသော အသံ သည် နီးလာလိုက် ဝေးသွားလိုက် ဖြစ်နေပါသည်။

'နိုးပလားဗျ၊ ကိုညိမ်းမောင်'

တိုးတိုးသဲ့သဲ့သာ ကြားနေရသော အသံသည် တဖြည်းဖြည်း ပီသလာသည်။ ကျွန်တော့်ဦးခေါင်းထဲတွင် ရီဝေမှု န်မှိုင်းနေပြီး အသိ Óဏ်များ သည်လည်း ကစဥ့်ကလျား ဖြစ်နေပါသည်။ ကျွန်တော် မည် သူနည်း။ မည် သည့်နေရာသို့ ရောက်နေသနည်း။

'ဗျို့ ကိုညိမ်းမောင်၊ ထ လေဗျာ၊ ကျွန်တော် တို့နှစ် ယောက် ခုနစ်ဆယ့်ခုနစ် ခုနှစ် ကို ရောက်နေကြပြီလေ'

ကျွန်တော့်မျက်စိကို အုပ်မိုးထားသော မျက်ခွံများ သည် လေး လံလှသည်။ ထိုမျက်ခွံများ ကိုပင့်တင်ရန် ကျွန်တော် သည် ခဲခဲယဉ်းယဉ်း ကြိုးစားရပါသည်။

'ထဗျာ ထ၊ ခင်ဗျားအိပ်နေတာ ကြာလှပြီ၊ ခုထိ အိပ်ရေး မဝ သေးဘူးလား'

ကျွန်တော့်ကို အပေါ်မှဆီး၍ ငုံ့ကြည့်နေသူတစ်ဦးကို ခပ်ဝါး ဝါး တွေ့ ရသည်။ ကျွန်တော် သည် သူ့ကို ရီဝေစွာ ကြည့်နေမိပါသည်၊ သူ မည် သူနည်း။

'ဟေ့လူ ကျွန်တော့် ကိုတောင် မမှတ်မိတော့ဘူးလားဗျ'

သူ၏ နဖူးသည် ကျယ်ဝန်းပြန့်ပြူးသည်၊ မေးရိုးကားပြီး စိတ် ဓာတ် ကြံ့ခိုင်ဟန်ရှိကာ နှာတံပေါ်လွင်သည်၊ စူးရှ ထက်မြက်သော မျက်လုံးအစုံနှင့် ကျွန်တော့်ကို စိုက်ကြည့်ကာ ပြုံးရယ်နေသည်။

သူ့ကို ကျွန်တော့်ရင်ထဲမှ သိပါသည်။ ဦးနှောက်က မမှတ်မိ သော်လည်း တရင်းတနှီး ခင်မင်သူ ဖြစ်ကြောင်းကိုကား အလိုလို သိနေ ပါသည်။

'စဉ်းစားဗျ စဉ်းစား'

သူက အားပေးဟန်နှင့် ပြောသည်၊ တဖြည်းဖြည်း စုစည်းလာ နေသော ကျွန်တော် ၏ အသိÓဏ်လှိုင်းတို့သည် အချင်းချင်း ရိုက်ခတ် မိသွားသလို ဝင်းခနဲလက်သွားသည်။

'ကိုရှန်ဆား...'

'ဟုတ်ပါ့ဗျာ'

ကျွန်တော် က ဝမ်းသာအားရ အော်လိုက်သော်လည်း အသံ တိုးတိုးသာ ထွက်လာပါသည်၊ သူသည် လက်ဖဝါးနှစ် ဖက်ကို အချင်း ချင်း ပွတ်သပ်ရင်း နှစ် ခြိုက်စွာ ပြုံးနေပါသည်။

'ခင်ဗျားအသိÓဏ်တွေ မစုစည်းမိသေးဘူးလား ကိုညိမ်း မောင်၊ ခင်ဗျားရဲ့ မျက်လုံးတွေ က ရီဝေဝေ ဖြစ်နေတုန်းပဲ'

ဦးရှန်ဆား၏ နောက်ဘက်တွင် ရပ်နေသော အဘိုးကြီးက ပြော သည်၊ သူ့တစ်ခေါင်းလုံး ရှိရှိသမျှဆံပင်တို့သည် ငွေရောင် ယှက်သန်း ကာ ဖွေးဖွေးဖြူနေပါသည်၊ ဇရာ၏ အရိပ်အယောင်သန်းကာ အိကျနေ သော မျက်ခွံများ အောက်ရှိ မျက်လုံးများ ကမူ ထက်မြက် မာကျောသော အသွင်ကို ဆောင်နေသည်၊ သူသည် ကျွန်တော့်ကို အထက်ပြန် အောက် ပြန် ကြည့်ရင်း ကြင်နာစွာ ပြုံးပြသည်။

'နှစ် အစိတ်လုံးလုံးအိပ်နေတာ မညောင်းသေးဘူးလား ကိုညိမ်း မောင်'

'နှစ် အစိတ်...'

ကျွန်တော် က ခပ်ကြောင်ကြောင်ရေရွတ်လိုက်မိသည်၊ ထိုစဉ် တွင် ဦးရှန်ဆားက ကျွန်တော့်လက်များ ကိုဆွဲကာ ထူမ လိုက်သည်၊ ကျွန်တော် သည် သူ့လက်ကိုအားပြုရင်း အိပ်ရာမှထရန် ကြိုးစားရသည်၊ အကြောအခြင်များ သည် မာကျောကာ တောင့်တင်းနေပြီး တစ်ကိုယ်လုံး လေးလံနေသလို ခံစားရသည်။

ယခုမှပင် ကျွန်တော် မြင်ပါတော့သည်၊ ခေါင်းဖြူအဘိုးကြီး၏ ဘေးတွင် လူရွယ်တစ်ဦးကို တွေ့ ရသည်၊ သူသည် ကျွန်တော့်ကို အလွန် စိတ်ဝင်စားနေဟန်ရှိသည်၊ ကျွန်တော် ၏ လှုပ်ရှားမှု ကို မျက်ခြည်မပြတ် စူးစူးစိုက်စိုက်ကြည့်နေသည်၊ သူ၏ ဆံပင်များ သည် နဂိုက ဖြောင့်တန်း သော်လည်း ယခုတော့လှိုင်းတွန့်လိုကောက်နေပါသည်၊ ထို့ပြင် သူသည် တစ်ခါမျှ မဝတ်ဖူးသော ဘောင်းဘီအောက်နား ကားကားကြီးဖြင့် ကော် လာ အကြီးကြီးတပ်ထားသော ရှပ်အင်္ကျီကို ဝတ်ထားသည်၊ သို့ ပါသော် လည်း ကျွန်တော့်ကိုလှည့်စား၍ မရပါ၊ သူ့ကိုတော့ ကျွန်တော် ကောင်း စွာ မှတ်မိပါသည်၊ သူသည် ကျွန်တော် တို့နှင့် အလွန်ရင်းနှီးခင်မင်သော သိပ္ပံပညာရှင်ကြီး ပရော်ဖက်ဆာ ဆန်းကျယ် ဖြစ်ပါသည်။

'ဦးဆန်းကျယ်...'

ကျွန်တော် က သူ့ဆီလက်ကို ဆန့်တန်းကာ ဝမ်းပန်းတသာ နှုတ်ဆက်လိုက်ပါသည်၊ တစ်စုံတစ်ခု မှားယွင်းသွားဟန်တူသည်၊ သူတို့ သုံးဦးသည် ကျွန်တော့်ကိုကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောကြ လေသည်။

'ဦးဆန်းကျယ်က ကျုပ်ပါ ကိုညိမ်းမောင်ရဲ့ ၊ သူက ကျုပ်သား လေး တာတူးလေ၊ ခင်ဗျားစအိပ်တုန်းက သူ ငါးနှစ် သားပဲ ရှိသေးတယ်'

ခေါင်းဖြူအဘိုးကြီးက ရှေ့သို့ တိုးလာကာ ခပ်ပြုံးပြုံး ပြော သည်၊ တဖြည်းဖြည်းစုစည်းရှင်းလင်းလာနေသော ကျွန်တော် ၏ အသိ Óဏ်ကလေးများ သည် ပြန်လည်ရှုပ်ထွေးကုန်သည်၊ သူ ဘာတွေ ပြော နေသနည်း။

'ဒီမှာ ကိုညိမ်းမောင်၊ ခင်ဗျားနဲ့ ကျွန်တော် တို့နှစ် ယောက် ဦး ဆန်းကျယ်ရဲ့ အာယုဗလ ဆေးပင်ပျောက်တာကို စုံစမ်း ထောက်လှမ်း ပေးခဲ့တာကို မှတ်မိတယ် မဟုတ်လား'

ဦးရှန်ဆားသည် ငိုင်တွေ တွေ ဖြစ်နေသော ကျွန်တော် ၏ ပခုံးကို ဖျတ်ခနဲပုတ်ကာ စကားစသည်၊ ကြာကြာ မစဉ်းစားရပါ၊ ကျွန်တော် သတိရပါသည်၊ ဦးဆန်းကျယ်သည် ဟိမဝန္တာတောင်တန်းအထိ ခြေ ကုန်ဆန့်ပြီး ထိုအာယုဗလဆေးမြစ်ကို ရှာထားခဲ့ခြင်း ဖြစ်သည်၊ ဆေး မြစ်ကို အပင်ပျိုး၍ ရှင်သန်လာသော အခါကျမှ ခိုးယူခြင်းခံခဲ့ရရှာသည်၊ ထိုဆေးပင်ကလေး လူမသမာလက်ထဲသို့ ရောက်မသွားရေး အတွက် ဦး ရှန်ဆားနှင့် ကျွန်တော် သည် သက်စွန့်ကြိုးပမ်းကြိုးစားခဲ့ကြရပါသည်၊ ကျွန်တော် သည် ကျွန်တော် ၏ ခြေထောက်ကို ဖျတ်ခနဲ ငုံ့ကြည့်လိုက်မိ သည်၊ ထိုစဉ်က လူဆိုးများ နှင့် ယှဉ်ပြိုင်သတ်ပုတ်ရင်း ကျွန်တော့် ခြေ ဖမိုးတွင် ဓားချက်ထိခဲ့ပါသည်၊ ဟုတ်ပါသည်၊ ဓားဒဏ်ရာ အမာရွတ်ကို ခြေဖမိုးပေါ်တွင် တွေ့ ရသည်။

'ဆေးပင်ပြန်ရတော့ ဦးဆန်းကျယ်က ကျေးဇူးတင်လွန်းလို့ ဆိုပြီး ဆေးလေး သုံးလုံးပေးခဲ့တယ်လေ၊ အဲဒီ ဆေးလုံးလေးတွေ ကို ကျွန် တော် တို့နှစ် ယောက် တစ်လုံးစီ သောက်ခဲ့ကြတယ်'

ဟုတ်ပါသည်၊ ကျွန်တော် ကောင်းစွာ သတိရပါပြီ၊ ပရော်ဖက် ဆာ ဆန်းကျယ်သည် ကျွန်တော် တို့အား ဆေးလုံးနီနီလေး သုံးလုံးပေးခဲ့ သည်၊ အမှတ်မဲ့ကြည့်လျှင် သာမန်ဆေးလုံးဟုထင်ရသော်လည်း အလွန် ထူးခြားသော အာနိသင် ရှိကြောင်း ရှင်းပြခဲ့ပါသည်၊ ယင်းဆေးကို သောက်ချလိုက်ပါက သောက်သူသည် နှစ် ဆယ့်ငါးနှစ် လုံးလုံး အိပ်မော ကျသွားမည် ဟု သူက ဆိုသည်၊ ထိုသို့ နှစ် ခြိုက်စွာ အိပ်မောကျနေသော နှစ် ကာလများ တွင် လည်း အိုခြင်း၊ နာခြင်းနှင့် သေခြင်းတရားများ ကို ဟန့်တားထားနိုင်လိမ့်မည် ဟု ရဲရဲဝံ့ဝံ့ အာမခံချက်ပေးသည်။

ကျွန်တော် နှင့် ဦီးရှန်ဆားတို့သည် နှစ် ဦးသား အထပ်ထပ် တိုင်ပင်ပြီးမှ ဆေးလုံးလေးများ ကို သောက်ရန် ဆုံးဖြတ်ခဲ့ကြသည်၊ အနှောင့်အယှက်ကင်းကင်း အိပ်ပျော်နိုင်စေရန်အတွက် ပရော်ဖက်ဆာ ကြီး၏ အကူအညီကိုပင် ရယူခဲ့ရသည်။ ပရော်ဖက်ဆာကြီးသည် သူ၏ မြေတိုက်ခန်းကို ကျွန်တော် တို့နှစ် ဦးအတွက် အသုံးပြုရန် သဘောတူ ခဲ့ပါသည်၊ ကျွန်တော် တို့ အိပ်ပျော်နေစဉ် ရေဘေး၊ မီးဘေးသာမက ခြင်၊ ယင်၊ မှက်က အစပြု၍ ကင်းနှင့် မြွေအဆုံး ပိုးမွှားများ မကိုက်ခဲရန် လည်း ဂရုပြု စောင့်ရှောက်မည် ဖြစ်ကြောင်းလည်း ဝန်ခံကတိပြုခဲ့သည်။

'ကဲ မှတ်မိပြီလား ကိုညိမ်းမောင်၊ ခင်ဗျားတို့နှစ် ယောက် လုံး နှစ် ပေါင်းများ စွာ အနှောင့်အယှက်ကင်းကင်းနဲ့ အိပ်ပျော်နေခဲ့ကြတယ် လေ၊ ဆေးကို အတူတူသောက်ခဲ့ကြပေမယ့် ဟောဒီက ကိုရှန်ဆားက တစ်ရက်စောပြီး နိုးလာတာ တစ်ခုပဲ ပြောစရာ ရှိတယ်၊ ဒါကလည်း စိတ်တန်ခိုးနဲ့ ဆိုင်မယ်ထင်ပါရဲ့ ၊ ဟောဒီလူ ကိုရှန်ဆားက ခင်ဗျားထက် ပိုပြီး စိတ်အင်အားကြီးတာကိုတော့ ခင်ဗျားလည်း သိမှာ ပေါ့ဗျာ'

ခေါင်းဖြူအဘိုးကြီးသည် ကျေနပ်နှစ် သိမ့်စွာ ပြောသည်၊ ကျွန် တော့်ရင်သည် တဒိန်းဒိန်းခုန်လာပြီး ဦးရှန်ဆားကို အံ့သြခြင်းကြီးစွာ နှင့် လှမ်း၍ ကြည့်လိုက်မိပါသည်။

'ကြည့်စမ်းပါဦး ကိုညိမ်းမောင်၊ နှစ် ဆယ့်ငါးနှစ် ဆိုတာ နည်း တဲ့ နှစ် တွေ လား၊ ဒီလောက်တောင် ရှည်လျားတဲ့အချိန်တွေ ကို ကျွန်တော် တို့တစ်တွေ မအို၊ မနာ၊ မသေဘဲ ကျော်ဖြတ်ခဲ့ကြပြီလေ၊ လောကဓာတ် ပညာဟာ ဘယ်လောက်ဆန်းသလဲ ဗျာတို့'

'သေချာရဲ့ လား ကိုရှန်ဆားရယ်'

ကျွန်တော် က မယုံမရဲနှင့် ချောက်ချောက်ချားချား မေးလိုက်မိ သည်၊ ဘောင်းဘီခြေပွနားကြီးဝတ်ထားသော လူရွယ်က ရယ်သော် လည်း ခေါင်းဖြူအဘိုးကြီးက စိတ်တိုသွားဟန်တူပါသည်၊ သူ့ခေါင်းမှ ဆံပင်ဖြူများ ကို လက်နှစ် ဖက်နှင့် ဆွဲကာ ထောင်ပြသည်။

'သေချာတယ်၊ မသေချာတယ် ဟောဒီမှာ ကြည့်ဗျာ၊ ဒီဆံပင် တွေ က ခင်ဗျားမအိပ်ခင်တုန်းက ဖြူသေးလို့လား'

'ခင်...ခင်ဗျား ဦးဆန်းကျယ် အစစ်နော်'

'ဟုတ်ပါ့ဗျား အစစ်ပါဗျ၊ ရေမရောပါဘူး'

သူ့ကိုယ်သူ ဦးဆန်းကျယ်ဟု အခိုင်အမာပြောနေသည့် ထို ခေါင်းဖြူကြီးကို ကျွန်တော် သည် ဇဝေဇဝါနှင့် ငေးကြည့်နေမိပါသည်၊ မယုံရဲ ယုံရဲနှင့် ရင်ထဲတွင် အပြင်းအထန် လှုပ်ရှားနေပါသည်။

'ဒါဖြင့် အဲ ဒါဖြင့် ရင်...'

'ကဲ ဆို ဘာမေးဦးမလဲ'

'အခု အခု ဘယ်နှခုနှစ် လဲ'

'မှတ်ထား ၁၉၇၇'

'၁၉၇၇ တဲ့လား၊ ဘုရား ဘုရား'

ကျွန်တော့်တစ်ကိုယ်လုံး အံ့သြခြင်း၊ တုန်လှုပ်ခြင်း၊ ဝမ်း မြောက်ခြင်းတို့ ဖုံးလွှမ်း သွားပါသည်၊ တုန်တုန်ယင်ယင် ဖြစ်လာပါ သည်။

အောင်မြင်ခဲ့ပေပြီ။

ကျွန်တော် တို့နှစ် ဦး စွန့်စားမှု ပြုခဲ့ကြခြင်းသည် အမှန် တကယ် ပင် ဖြစ်ခဲ့ပေပြီ။

'အနောက်တိုင်းပုံပြင်ထဲမှာ တော့ ရစ်(ပ)ဗန်ဝင်းကဲ ဆိုတဲ့လူ ဟာ ဒီလိုပဲ အကြာကြီးအိပ်မောကျသွားတာ ဖတ်ဖူးတယ် ဖေဖေ၊ ဒါပေ မယ့် သူ နိုးလာတဲ့အခါကျတော့ အဘိုးကြီး ဖြစ်နေပြီ'

တစ်ချိန်လုံးငြိမ်နေသော လူရွယ်က ဝင်ပြောသည်၊ ထို့နောက် ချောက်ချောက်ချားချား ဖြစ်နေသော ကျွန်တော့်ကို ဖေးမကာ ခုတင်ပေါ် မှ ဆင်းစေပါသည်။

ကျွန်တော့် အကြောအခြင်များ သည် အသုံးမပြုသည်မှာ ကြာ လှပြီ ဖြစ်သဖြင့် လေးလံတောင့်တင်းနေပါသည်၊ လမ်းလျှောက်၍ ရ သော်လည်း ပုံပန်းမကျဘဲ ဆတ်တောက် ဆတ်တောက် ဖြစ်နေပါသည်။

'နိုးစမို့ပါ ကိစ္စမရှိပါဘူး၊ ခဏနေရင် ကောင်းသွားမှာ ပါ၊ ကို ရှန်ဆားကို ကြည့်ပါလား' ပရော်ဖက်ဆာ ခေါင်းဖြူကြီးက အားပေး စကား ပြောသည်။

ကျွန်တော့်ထက် တစ်ရက်စော၍ နိုးနှင့် နေသော ဦးရှန်ဆား သည်လည်း လက်များ ကိုလွှဲကာ ခပ်သွက်သွက် လမ်းလျှောက် ကြည့်နေ သည်၊ ကျွန်တော် ကဲ့သို့ အချိုးမကျမ ဖြစ်ဘဲ နုပျိုရွှင်လန်းပြီး ဖျတ်လတ် နေပါသည်၊ သူသည် ၁၉၇၇ ခုနှစ် ၏ လေပြည်အေးကို တစ်ဝကြီး ရှူ ရှိုက်ကာ ကျေနပ်စွာ ပြောသည်။

'ကိုညိမ်းမောင်ရေ ပုံပြင်ထဲကလူထက် ကျွန်တော် တို့က သာ တာပေါ့၊ မအိပ်ခင်က အရွယ်အတိုင်းပဲလေ ဟန်မကျလားဗျာ'

ဟုတ်ပါသည်၊ အလွန်ပင် ဟန်ကျပါသည်။

ပုံပြင်ထဲကလူထက် ကျွန်တော် တို့က သာပါသည်။

နှစ် ပေါင်းအစိတ်လုံးလုံးကို မအို၊ မနာ၊ မသေဘဲ အနှောင့် အယှက်ကင်းစွာ ဖြတ်ကျော်ခဲ့ကြပါပြီ၊ အသစ်တစ်ဖန် ပြန်လည် နိုးကြား လာခဲ့ကြပါပြီ။

* * *


'ကိုညိမ်းမောင်ရေ၊ အသည်းဝါ ရောဂါ တွေ ဖြစ်နေတယ်တဲ့၊ ယင်နားစာ ကို ရှောင်ပါတဲ့ဗျ၊ သတိထားနော'

ဦးရှန်ဆားက သတင်းစာဖတ်ရင်း ပြောသည်၊ သူသည် သတင်းစာကို သူအလျင် ဦးအောင်ဖတ်ရမှ ကျေနပ်သော သူ ဖြစ်သည်၊ ထို့ကြောင့် သူဖတ်ပြီး ဖယ်လိုက်သော သတင်းစာကိုမှ ကျွန်တော် က ကောက်၍ ဖတ်ရပါသည်။

'အမှု သည်တော့ မြန်မြန်လာမှ ဖြစ်တော့မယ် ကိုညိမ်းမောင်၊ အမှု ရှားတော့ မနေတတ်ဘူးဗျ'

ဦးရှန်ဆားက နေရာမှထရင်း ပြောသည်၊ ကျွန်တော် လည်း သူ့လိုပင် အမှု သည်ကို မြန်မြန်လာစေချင်ပါသည်၊ အမှု ရှား၍ မနေတတ် သော ကြောင့် တော့ မဟုတ်ပါ၊ ငွေလိုသော ကြောင့် ဖြစ်ပါသည်။

'ဟော ပြောရင်း ဆိုရင်း မိန်းကလေး တစ်ယောက် တော့ လာ နေပြီ ကိုညိမ်းမောင်ရေ'

ဦးရှန်ဆားသည် ပြတင်းပေါက်မှ ကဲ၍ ကြည့်ရင်း ပြောလေ သည်၊ မကြာမီ တဖျတ်ဖျတ် လှမ်းတက်လာသော ခြေသံကို ကြားရ သည်၊ ထို့နောက် တံခါးခေါက်သံကို ကြားရသည်၊ ကျွန်တော် သည် တံခါးဆီသို့ ခပ်သွက်သွက်သွားကာ ဖွင့်ပေးလိုက် ပါသည်။

'ဦးရှန်ဆားဆိုတာ ဘယ်သူလဲဗျ'

မိန်းကလေးက အသံသြသြကြီးဖြင့် ပြောသော အခါ ကျွန်တော် ရုတ်တရက်လန့် သွားပါသည်၊ သူ့ကို အလန့်တကြား မော်ကြည့်မိသော အခါမှ သူ့လည်ပင်းရှိ ကြီးစွာ သော စလုတ်ကြီးကိုသတိပြုမိသည်၊ ထို့ အတွက်ကြောင့် သူ့ရင်ပတ်သည် ပြားနေခြင်း ဖြစ်ရပေမည် ၊ သူသည် မိန်းကလေးမ ဖြစ်နိုင်၊ ယောက်ျားစင်စစ် ဧကန် ဖြစ်ရပါမည် ။

'ဦးရှန်ဆားဆိုတာ ကျုပ်ပါ၊ သူက ကျုပ်ရဲ့ မိတ်ဆွေ ကိုညိမ်း မောင်ပါ'

ဦးရှန်ဆားသည်လည်း ကျွန်တော် တို့ကဲ့သို့ ပင် လန့်သွားဟန် ရှိသည်၊ သို့ သော် သူသည် ချက်ချင်း ဣနြေ္ဒဆည်ကာ ဟန်မပျက် ဖြေ လိုက်နိုင်သည်။

'ခင်ဗျားစုံထောက်နော်'

'ဟုတ်ပါ့ဗျာ'

ကျွန်တော် က မိန်းမဟု ထင်လိုက်မိသော်လည်း စင်စစ်အား ဖြင့် ယောက်ျား ဖြစ်နေသော ထိုသတ္တဝါလေးသည် ဦးရှန်ဆားကို ခြေဆုံး ခေါင်းဆုံး ကြည့်လေသည်။

'ကျွန်တော့် ဒယ်ဒီက ဘာပေါက်တယ်မသိဘူး၊ အမှု တစ်ခု အပ် ချင်တယ်ဆိုပြီး ခင်ဗျားကို ခေါ်ခိုင်းလိုက်တယ်'

'အမှု သည်ဆိုတာ စုံထောက်ဆီကိုသာ လာရရိုးထုံးစံရှိတာ ဒီကမိတ်ဆွေလေး သိမယ်ထင်ပါရဲ့ '

ဦးရှန်ဆားက ခပ်တင်းတင်းပြောလိုက်၍ ကျွန်တော် ကျေနပ် သွားပါသည်၊ သူလည်း ကျွန်တော် ကဲ့သို့ ပင် ထိုသတ္တဝါလေးကို ကြည့် နေရင်း ကသိကအောက် ဝေဒနာကို ခံစားရဟန်တူပါသည်။

'ဒါက ဒါ ကတော့ ဒီလိုရှိတယ်လေ၊ ဒီလိုပါ ကျွန်တော့် ဒယ်ဒီ က အိပ်ရာထဲ လဲနေတဲ့ လူမမာပါ'

'သြော် ဒီလိုလား'

'နောက်ပြီး ဒယ်ဒီက ကျွန်တော့် ကိုလည်း သိပ်ကြည်တာ မဟုတ်ဘူး၊ ကျွန်တော် ပြောလည်း အကောင်းထင်တာ မဟုတ်ဘူး၊ အခု လည်း ရှာခိုင်းတယ်၊ အများ ကြီးပါ၊ စုံထောက်တွေ အများ ကြီးရှိပါတယ်၊ အလွတ်စုံထောက်တွေ ဒုနဲ့ဒေး၊ ကျွန်တော် လူတော် တွေ ကို ထောက်ပြ တယ်၊ အဘိုးကြီးက အကောင်းမထင်ဘူး၊ အဘိုးကြီးဆိုတော့လည်း ခေတ်နဲ့ အံမဝင်ဘူး၊ အောက်နေပြီ၊ နဲဗားမိုင်းလေ၊ ကိစ္စမရှိပါဘူး၊ သူက ဒီနာမည် ကြားကတည်းက ဦးရှန်ဆားမှ ဦးရှန်ဆားဆိုတော့လည်း ကျွန် တော် က ဦးရှန်ဆားကိုပဲ လာခေါ်ရတော့တာပေါ့၊ ဟုတ်ဘူးလား'

သူသည် သူ၏ ကောက်လိမ်နေသော ဆံပင်ပွပွကြီးကို လက် နှင့် သပ်တင်ရင်း မကျေမနပ်ပြောသည်၊ သူ၏ လက်သန်း နှင့် လက်သူ ကြွယ်ရှိ လက်သည်းများ သည် လက်မဝက်ခန့်ရှည်နေကာ အနီရောင် ဆိုးထားသည်ကို တွေ့ ရသည်။

ကျွန်တော့်မှာ တော့ ခုထိ အံ့သြစိတ် မကုန်သေးပါ။ ဆံပင်ရှည် နှင့် ၊ သနပ်ခါးနှင့် ၊ လက်သည်းနီနှင့် ၊ အင်္ကျီကျားနှင့် တန်ဆာဆင်အပ် သော ၁၉၇၇ ခုနှစ် ၏ သားပျို ထိုသူတစ်ဦးကို ငေး၍ ကြည့်နေမိပါ သည်။

'လိပ်စာပေးခဲ့လေ၊ ကျုပ် ညနေပိုင်းလာခဲ့ပါ့မယ်'

'တစ်ခါတည်း လိုက်လာနိုင်ရင်တော့ ဒယ်ဒီက ပိုကြည်မှာ ပဲ'

'ဝမ်းနည်းပါတယ် မိတ်ဆွေလေး၊ မလိုက်နိုင်ပါဘူး'

ဦးရှန်ဆားက ခပ်တင်းတင်းပင်ပြောသည်၊ တစ်ခါတည်း လိုက်သွားလျှင် ပို၍ အဆင်ပြေမည် ဖြစ်သော်လည်း ဦးရှန်ဆားက လိုက် လိုဟန်မရှိချေ၊ သူ့ပြောဟန်ဆိုဟန် လေသံများ ကို ကျွန်တော် ကဲ့သို့ ပင် ဦးရှန်ဆားသည်လည်း နှစ်သက် မည် မဟုတ် သည်မှာ သေချာပါသည်။

'ဒီလိုဆို အိမ်နံပါတ်(...) အင်းလျားလမ်း'

'ကောင်းပြီလေ၊ ဦးခင်ဇော်ကို ပြောလိုက်ပါ၊ ကျုပ် ညနေ ငါးနာရီ အရောက်လာခဲ့ပါ့မယ်လို့ ဟုတ်လား ရစ်ချတ်'

သူ့အမည် ကိုသာမက သူ့ဖခင်အမည် ကိုပါ တန်း၍ ပြောလိုက် သဖြင့် ထိုသတ္တဝါလေးသည် တအံ့တသြ ဖြစ်သွားပုံ ရသည်၊ ဦးရှန်ဆား နှင့် ပေါင်းလာသည်မှာ ကြာမြင့်လှပြီ ဖြစ်၍ ကျွန်တော် ကတော့ သိလိုက် ပါသည်။ သူ ကိုင်ထားသော သားရေအိတ် အမည်းလေးတွင် ရစ်ချတ် ခင်ဇော်ဟူသော အမည် ပြားလေး ကပ်ထားသည်၊ ထိုအခါ သူ့အမည် သည် ရစ်ချတ် ဖြစ်ပြီး သူ့ဖခင်သည် ဦးခင်ဇော် ဖြစ်ကြောင်း ဗေဒင်မေး ရန်မလိုဘဲ သိနိုင်ပါသည်။

'ဟာ ဘယ်ဆိုးလို့လဲ၊ ဒါကြောင့် လည်း ဒယ်ဒီက ပြောတာကိုး၊ ဒီစုံထောက် တော် မှာ ပါတဲ့'

အကြောင်းရင်းကိုမရိပ်မိသော သတ္တဝါလေးက ပါးစပ်ပြဲသွား ကာ တအံ့တသြချီးကျူးလိုက်သည်၊ ဦးရှန်ဆားက မပြုံးမရယ်နှင့် ခေါင်း ကို မသိမသာညိတ်ကာ ထပ်၍ ပြောသည်။

'ညနေ ငါးနာရီ ဟုတ်လား၊ အဲဒီ တော့ တွေ့ ကြတာပေါ့'

သူပြန်ထွက်သွားသော အခါ ဦးရှန်ဆားသည် သက်ပြင်း တစ်ချက် ချလိုက်သည်၊ ကျွန်တော် ကလည်း အားကျမခံ သူ့ထက်ကြီး သော သက်ပြင်းကို ဟင်းခနဲ ချလိုက်ပါသည်။

'စုံထောက် ကတော့ ဘယ်လိုနေမယ်မသိဘူး၊ စုံထောက်ရဲ့ ချစ် မိတ်ဆွေကြီး ကျွန်တော် တော့ ဦးနှောက်ခြောက်သွားပြီဗျို့'

'ဘာလို့တုံးဗျာ'

ဦးရှန်ဆားက ဆေးတံခဲရင်း တည်တည်ကြီးမေးပါသည်။

'လမ်းမှာ လူ တစ်ယောက် တွေ့ လို့မှ ယောက်ျားမိန်းမ ရုတ် တရက် ဘယ်လိုခွဲရမလဲ ကိုရှန်ဆားရဲ့ '

'လွယ်ပါတယ်ဗျ'

'ဆိုစမ်းပါဦး'

'အသာလေး အနားကပ်သွားပြီး သူ့ဖင်ကို ခပ်နာနာ ဆိတ် ကြည့်လိုက်ပေါ့'

'အဲဗျာ...'

'မိန်းကလေးဆိုရင် ခင်ဗျားကိုလှည့်ပြီး ပါးချလိမ့်မယ်၊ အဲ... ယောက်ျားလေးဆိုရင်တော့ ဆွဲထိုးလိမ့်မယ်ဗျ'

ဦးရှန်ဆားက အမှန်ဆုံးစကားကိုပြောကာ ပြုံးနေသည်။ အမှု တစ်ခု လက်ခံရရှိပြီ ဖြစ်သဖြင့် သူ့အသွင်သည် ရွှင်လန်း တက်ကြွနေ ပါသည်။

'အမှု ရှားနေတုန်းမို့သာ လက်ခံလိုက်ရတယ်၊ အမှု ကတော့ စိတ်ဝင်စားလောက်စရာ ဟုတ်ပါ့မလား မသိပါဘူးဗျာ၊ ညနေ ခင်ဗျား လိုက်မလား ကိုညိမ်းမောင်'

'လိုက်ရတာ ပေါ့ဗျာ၊ ကျွန်တော် လည်း ရေး စရာလေး ဘာလေး ရတာ ပေါ့'

စာတိုပေစ ရေး လိုသော ကြောင့် သာ လိုက်လာရသော်လည်း ဘတ်(စ)ကားမှတ်တိုင်မရောက်မီပင် ကျွန်တော် ပြန်လှည့်ချင်စိတ် ပေါက် လာ သည်။

ကျွန်တော် မအိပ်ခင်ကာလက လန်ခြား၊ မြင်းရထားနှင့် ဆိုက် ကားတို့သာ အများ ဆုံးကြီးစိုးသော လမ်းငယ်အသွယ်သွယ်တို့တွင် ပုံစံ အမျိုးမျိုးသော အရောင် အမျိုးမျိုးသော ကားကြီး ကားငယ် ကားလတ် ကားသေးကလေးများ သည် တဝီဝီ ပြေးနေကြသည်။ ကျွန်တော့်  ဘေးမှ ဖြတ်၍ ဝီခနဲ ဝေါခနဲ ဖြတ်ပြေးသွားသော ကားများ ကိုကြည့်ရင်း ကျွန် တော့်နှလုံးသားလေးသည် တဒိတ်ဒိတ်ခုန်ပေါက်လာပါသည်။

'ဘုရား ဘုရား၊ ကိုရှန်ဆားရယ် မြန်လိုက်တာ လေယာဉ်ပျံ တွေ များ လား ဗျာတို့'

'မြေပေါ်မှာ ပြေးနေတာ လေယာဉ်ပျံ ဖြစ်နိုင်ပါ့မလား ကိုညိမ်း မောင်ရဲ့ '

'များ လိုက်တာ အရောင် တွေ ကိုစုံလို့ လှသဗျာ'

'ကျုပ်တို့ပြည်ကြီး ဒီလောက်တိုးတက်နေတာ ဝမ်းသာစရာ ကောင်းတယ်ဗျ'

'ဟုတ်ပါ့ဗျာ'

ဤမျှနှစ် ကာလအတွင်းတွင် ကျွန်တော် တို့လူမျိုးများ သည် မော်တော် ကားကို ဤမျှတွင် တွင် ကျယ်ကျယ် အသုံးပြုလာနိုင်သည်မှာ ဂုဏ်ယူအားတက်စရာကြီးပင်၊ ကျွန်တော် သည် လမ်းဘေး၌ ရပ်ရင်း လှ သော မြန်သော ကားကလေးများ ကို ငေးနေမိပါသည်။

'ကဲ ငေးမနေနဲ့ ကိုညိမ်းမောင် လာ ဟိုဘက်လမ်း ကူးကြမယ်'

ကျွန်တော် ငေးမောကြည့်၍ ကောင်းဆဲတွင် ဦးရှန်ဆားက လမ်းတစ်ဖက်သို့ ကူးရန်ဟန်ပြင်သည်။

'ဟာ ကျွန်တော် မကူးရဲဘူးဗျ'

'လာပါဗျ ခင်ဗျားကလဲ'

'ကြည့်ပါဦး ဒီလောက်တောင် တဝီးဝီးပြေးနေတဲ့ ကားတွေ ကြားထဲက ကျွန်တော် ဘယ်လိုကူးရမလဲ၊ ဗျိုး ကိုရှန်ဆား၊ အို ဒီလို မလုပ်နဲ့လေ ကားဆိုတာ တိုက်ရင်သေတတ်တယ်၊ ဟိုး ကြောက်စရာ ကြီး'

ကျွန်တော် က ကတုန်ကယင်ပြောနေစဉ် ဦးရှန်ဆားက စိတ် မရှည်သလို ကျွန်တော့်လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်လိုက် သည်၊ ထို့နောက် ဆွဲခေါ်သွားသော ကြောင့် ကျွန်တော် လည်း ကန့်လန့် ကန့်လန့် ပါလာပါသည်။

'ခင်ဗျားကလည်း တောသားကျနေတာပဲ ဟိုမှာ မတွေ့ လား၊ မီးနီနေတာ၊ ကားတွေ ရပ်နေတုန်း ခပ်သွက်သွက် ဖြတ်ရတယ်ဗျ'

ဦးရှန်ဆားက မျက်မှော င်ကုတ်၍ ပြောပါသည်၊ သူ စိတ်တို လျှင်လည်း တိုပါစေတော့၊ ကျွန်တော့်ကို သတ္တိနည်းသည်ဟု အပြစ်တင် လိုကလည်းတင်ပါစေတော့၊ ကျွန်တော့်ခမျာမှာ လမ်းသည်ဘက်မှ ဟို ဘက်ကူးရသည်ကို စွန့်စားခန်းကြီးတစ်ခုလို ရင်ဖိုမိသည်ကား အမှန်ပါ ပင်၊ ပရော်ဖက်ဆာဆန်းကျယ်၏ အာယုဗလဆေးပင်ကို ပြန်လည် အရ ယူရေး အတွက် လူဆိုးများ နှင့် တိုက်ခိုက်ခဲ့ရစဉ်ကပင် ထိုမျှလောက် ရင် မခုန်ခဲ့ရသည်ကို အမှတ်ရမိပါသေးသည်။

ထိုစဉ်တွင် ကျွန်တော် တို့ဘေးမှ ကပ်၍ ဖြတ်သွားသော ကား ပြာလေးတစ်စင်းကို ရုတ်တရက် အာရုံစူးစိုက်မိသည်၊ ကားအတွင်းမှ တေးသံစုံ ထွက်နေသော ကြောင့် ဖြစ်သည်၊ ကားမောင်းသူသည် ယောက်ျားမိန်းမခွဲခြားရန်ခက်သော ခုနစ်ဆယ့်ခုနစ်ခု၏ သားပျိုကလေး ပင် ဖြစ်ပါသည်၊ ကားထဲတွင် သီချင်းဆိုနေသူကိုလည်းကောင်း၊ ဆိုင်း တီးနေသူကိုလည်းကောင်း မတွေ့ ရပါ။ ဧကန္တ ဓာတ်စက်ထည့်ထား သည် ထင်သည်။ သို့ သော် ဓာတ်စက်ကိုလည်း မတွေ့ ရပါ။ မြူးကြွ သော ကုလားဆိုင်းနှင့် အတူ အသံကုန်ဟစ်လိုက်သော မြန်မာ့အသံကွဲ ကြီးကို ကြားလိုက်ရ၍ လန့်ပြီးခုန်လိုက်မိပါသည်။

'ဖရဲသီးချိုတာ...နင်သိလား...၊

နင့်ကို ငါချစ်တာ နင်သိလား...၊

ဟို...ဟိုး...ဟေး...ဟေး

ငရုတ်သီးစပ်တာ...သိရဲ့ လား...၊

ငရုတ်သီးစပ်တော့ ချစ်တာပေါ့...

ဟိုး...ဟေး...ဟေး...မယုံရင် စားကြည့်...၊

တကယ့်ကိုစပ်၊ အသည်းထိအောင်စပ် အား...ဟား'

ဂီတသံဖမ်းစားလိုက်၍ ဦးရှန်ဆားသည်လည်း ကျွန်တော့်လို ပင် မှင်တက်မိ သွားပါသည်၊ လမ်းလယ်ခေါင်တွင် တုန့်ခနဲ ရပ်လိုက် ရင်း ကုလားဆိုင်းနောက်ခံ ကုလားအလိုက်နှင့် အားရပါးရ သီဆိုနေ သော ကွဲသော ပြဲသော ပြာသော အသံကြောင်ကြီးကို မျက်လုံး အပြူး သားနှင့် နားသော တဆင်နေပါသည်။

'ဘုရားရေ ကိုရှန်ဆား အဲဒါဘာသီချင်းလဲ'

'မြန်မာစကားတွေ ကြားလိုက်မိတယ်ထင်တာပဲ'

ဦးရှန်ဆားက ဇဝေဇဝါပြောသည်။

'အေးဗျ၊ ငရုတ်သီးစပ်တော့ ချစ်တာပေါ့...တဲ့၊ အမလေး...ဗျ'

ကျွန်တော် ၏ နောက်ဘက်မှကားသည် ပေါ်ခနဲ ဟွန်းနှိပ်လိုက် ပြီး စက်ရှိန်မြှင့်လိုက်သည်၊ မီးနီသည် စက္ကန့်ပိုင်းအတွင်း စိမ်းတော့မည် ။

'ဟေ့လူ ဟေ့လူ မြန်မြန်ကူး၊ မီးစိမ်းတော့မယ်'

ဦးရှန်ဆားနှင့် ကျွန်တော် သည် တစ်ဦးလက်ကိုတစ်ဦး တင်း တင်း ဆုပ်ရင်း ဒရောသော ပါးဖြတ်ပြေးကြရသည်၊ ကံကောင်း ထောက် မ သဖြင့် ဘေးမသီရန်မခဘဲ လမ်းတစ်ဖက်သို့ ချောချောမောမော ရောက် သွားပါသည်၊ သို့ သော်လည်း အနားမှ ကပ်၍ ဖြတ်သွားသော ကားဝါဝါလေးထဲမှ ခေါင်းတစ်လုံးပြူထွက်လာပြီး မကျေမနပ် အော် သွားပါသည်။

'တောက တက်လာတဲ့ ပုဂ္ဂိုလ်ကျော်ကြီးတွေ နော်၊ ပညာတွေ သိပ်လိုချင်နေပြီ ထင်တယ်၊ ဟင်း တစ်ပုံတစ်ပင်ကြီး ပေးလိုက် ရမလား'

'ကိုရှန်ဆားရေ၊ သူဘာတွေ ပြောသွားတာလဲဗျ'

အသေအချာ အစအဆုံး ကြားလိုက်ရသော်လည်း သူ ဘာကို ဆိုလိုသနည်း၊ ကျွန်တော် ကောင်းစွာ နားမလည်ပါ၊ ကျွန်တော် တို့၏ အသက် တစ်ဝက်လောက်သာ ရှိမည် ဖြစ်သော သူကောင်းသားလေးက ကျွန်တော် တို့ကို မည် ကဲ့သို့ သော ပညာအမျိုးအစားတွေ တစ်ပုံတစ်ပင် ကြီး ပေးမည် နည်း၊ ကျွန်တော် မစဉ်းစားတတ်ပါ။

'ငိုင်မနေနဲ့ ကိုညိမ်းမောင်၊ နှစ် ပေါင်းအစိတ်ဆိုတာ နည်းတာမှ မဟုတ်တာ၊ ဒီကြားထဲမှာ ဒီလို ကွာဟချက်တွေ က အများ ကြီး ရှိနေမှာ ပဲ၊ လာဗျာ သွက်သွက်ကလေး၊ တော် ကြာ ချိန်းထားတာ နောက်ကျနေဦး မယ်'

ဦးရှန်ဆားသည် ကားမှတ်တိုင်သို့ ဦးတည်ကာ ခြေလှမ်းကျဲ ကြီးနှင့် လျှောက်သွားသည်၊ သူသည် အချိန်ကို တိကျလေးစားသူ ဖြစ် ပါသည်၊ ချိန်းလျှင် ချိန်းထားသည့်အချိန်အတိုင်း တစ်မိနစ်ပင် အစွန်း မခံဘဲ ရောက်လိုသူ ဖြစ်ပါသည်။

ကားမှတ်တိုင်တွင် ကျွန်တော် တို့ထက်အလျင်ဦးစွာ ရောက်နှင့် နေသော လူများ စွာ ကို တွေ့ ရသည်၊ သူတို့သည် လည်ကို ဆန့်၍ ကား လာမည့် ဘက်ကို တညီတညာတည်း မျှော်ကြည့်နေကြပါသည်၊ ကြာ ကြာ မစောင့်ရပါ၊ ကျွန်တော် အပါအဝင် ကားမှတ်တိုင်ရှိ လူအားလုံး အမျှော်ကြီး မျှော်နေသော ဘတ်(စ)ကားကြီး တလိမ့်လိမ့်လာနေသည် ကို မကြာမီပင် လှမ်း၍ တွေ့ လိုက်ရသည်။

'ဘယ်လို တက်ရမလဲ ကိုရှန်ဆားရေ၊ ကျပ်နေတယ်ဗျ'

ကားကြီး၏ အတွင်းထဲ၌ သာမက ရှေ့ပေါက် နောက်ပေါက် တွင် ခိုဆွဲကာ လိုက်ပါလာသူများ ပင်လျှင် လျှံပြီးအန်ထွက်နေဟန်ရှိပါ သည်။

'ဒီလိုဘဲ တက်ရမှာ ပဲဗျ တိုး တိုးထား၊ တော် ကြာ နောက်ကျနေ ဦးမယ်'

ဦးရှန်ဆား၏ အသံကို ကြားရသော အခါ ကျွန်တော် သည် ပါးစပ် အဟောင်းသား ငေးမနေအားတော့ဘဲ ကားပေါ်ရောက် ရေး ကို အပြင်းအထန် အားထုတ်ရပါတော့သည်။ ကျွန်တော့်ခြေဖျားကို တစ်စုံ တစ်ဦးက တက်နင်းလိုက်သည်ကိုလည်း ဂရုမစိုက်နိုင်ပါ၊ ကျွန်တော် က တရုတ်မကြီး တစ်ယောက် ၏ နံကြားကို တံတောင်နှင့် ဆောင့်လိုက်မိ သည်ကိုလည်း မတောင်းပန်အားပါ၊ လူအုပ်ကြားထဲတွင် တံတောင်ကို လည်းသုံးသည်၊ ဒူးနှင့် လည်းတိုက်သည်၊ လက်ဝါးနှင့် လည်းတွန်းသည်၊ ချွေးနံ့ကိုလည်း ရှူမိသည်၊ ကော်ဖီမှု န့်နံ့ကိုလည်း ရှိုက်မိသည်၊ ပုပ်အဲ့အဲ့ ငါးပုပ်ခြောက်နံ့ကိုလည်း ရလိုက်သည်၊ သို့ သော်...သို့ သော် ကျွန်တော် တို့ နှစ် ဦးလုံး ကားပေါ်ရောက်အောင် မတိုးနိုင် မတက်နိုင်ပါ၊ ပလက် ဖောင်းပေါ်တွင် သာခွေယိုင်လျက် ကျန်ခဲ့ပါသည်။

'ဗျိုး...ကိုညိမ်းမောင် ဒီလိုပုံတော့ဖြင့် မ ဖြစ်ဘူးထင်တယ်၊ တက္ကစီငှားကြစို့ရဲ့ '

ဦးရှန်ဆားက ချိန်းဆိုထားသော အချိန်တွင် အမီမရောက်နိုင် မည် ကို စိုးရိမ်လာဟန်ရှိသည်။ ကျွန်တော် သူ့ကို ဘာမှ ပြန်မပြောနိုင် သေးပါ။ တိုးတက်ရေး ကြိုးပမ်းရင်း အမောကြီးမောသွားသဖြင့် ပါးစပ် ကို ဟကာ အသက်ပြင်းပြင်း ရှူနေရပါသည်။

ကျွန်တော့်ရှေ့တွင် ကျွန်တော် တို့ကဲ့သို့ ပင် ဘတ်(စ)ကား စောင့်နေဟန်ရှိသော မိန်းကလေးတစ်ဦးကို တွေ့ ရသည်။ သူ ဝတ်ထား သော အင်္ကျီသည် ကောက်ညှင်းထုပ်သဖွယ် အထစ်ထစ် ဖြစ်နေပါသည်။ ခါးအထက်ပိုင်းတွင် တစ်ထစ်၊ လက်မောင်းရင်းတွင် တစ်ထစ်၊ လက် မောင်းတွင် တစ်ထစ်၊ တံတောင်ဆစ်တွင် တစ်ထစ်၊ လက်အဖျားနား ရောက်သော အခါတွင် ကား ပွ၍ အကျယ်ကြီး ဖြစ် သွားပါသည်။ ခေတ် အလိုက် ဆင်ယင်ထုံးဖွဲ့မှု များ သည် ထာဝစဉ်ပင် ပြောင်းလဲနေမည် ဖြစ် ပါသည်။ ကျွန်တော် အပြစ်မပြောဝံ့ပါ။ သို့ သော် သူ့ကိုကြည့်ရသည်မှာ မျက်စိထဲတွင် ခိုးလိုးခုလု ဖြစ်နေသည်ကိုကားဝန်ခံရပါမည် ။ ထိုစဉ်တွင် မိန်းကလေးသည် မျက်တောင်တစ်ချက်နှစ် ချက်ခတ်လိုက်သည်။ ရုတ် တရက်မို့ ကျွန်တော် လန့်သွားပြန်ပါသည်။ သူ၏ မျက်လုံးနှင့် မျက်ခုံး ကြား မျက်ခွံမို့မို့ နေရာကျဉ်းကျဉ်းလေးဝယ် အပြာရောင် အစိမ်းရောင် နှင့် အဖြူရောင် ခရမ်းရောင် များ ပါမကျန် သက်တံသဖွယ် ပြိုးပြိုး ပြက်ပြက် လက်နေပါသည်။

'ဟင်း...'

ကျွန်တော် သည် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ နဖူးပြင် တွင် စီရရီသီးနေသော ချွေးများ ကိုသုတ်ရန် တိုက်ပုံအင်္ကျီ အိတ်တွင်းမှ လက်ကိုင်ပုဝါကို ထုတ်ယူလိုက်ပါသည်။

'ဟော...ဗျာ'

လက်ကိုင်ပုဝါကိုမစမ်းမိဘဲ ကျွန်တော် ၏ လက်သည် အောက် ဘက်သို့ တိုးလျှိုပေါက်ကျ သွားပါသည်။ ကျွန်တော် အိပ်ရာမှ နိုးပြီး မကြာခင်ကမှ ချုပ်ထားသော တိုက်ပုံအင်္ကျီကလေးသည် ဟက်တက်ပြဲ လျက် ရှိချေပြီ။

'ဘလိတ်ဓားနဲ့ ခွဲသွားတာပဲဗျ၊ ခုန တိုးတက်ရေး လုပ်တုန်းက ထင်ပါရဲ့ '

ဦးရှန်ဆားက ခပ်တိုးတိုးပြောသည်၊ ကျွန်တော့် အိတ်ထဲတွင် ငွေငါးဆယ်ထည့်လာခဲ့ပါသည်၊ ခုတော့ မောင်မင်းကြီးသား ခါးပိုက် နှိုက်ကို ပူဇော်ပသလိုက်ရချေပြီ။

'ဒီလောက်ပဲ ပါသွားတာ တော် သေးတာပေါ့ဗျာ...'

ဦးရှန်ဆားက ဖြေသိမ့်သလိုပြောပါသည်၊ သူက ဖြေသိမ့်သော် လည်း ကျွန်တော် ၏ မျက်နှာသည် ရှုံ့မဲ့မဲ့ ဖြစ်နေသည် ထင်ပါသည်၊ ကောက်ညှင်းထုပ်မယ်ကလေးသည် လှမ်းကြည့်ပြီး မသိမသာ ပြုံးနေပါ သည်။

သူကပြုံးသော အခါ ကျွန်တော့်မျက်နှာသည် ပို၍ မဲ့ သွားပါ သည်၊ ထို့ကြောင့် ဒေါသ ဖြစ် ဖြစ်နှင့် တအားကုန်းအော် လိုက်သည်။

'ဟေး...တက္ကစီ...အားသလား...'

* * *


မည် သို့ ပင်ဆိုစေ ကျွန်တော် တို့သည် အင်းလျားလမ်းရှိ ဦးခင်ဇော်၏ နေအိမ်သို့ ညနေငါးနာရီ အရောက်လာနိုင်ခဲ့ကြပါသည်။ ကျွန်တော် တို့ နှစ် ဦးကို ထိုနေရာသို့ ဆောင်ကြဉ်းပို့ဆောင်ပေးသော သုံးဘီးဆရာကို ကား အသပြာတစ်ဆယ် ပသ လိုက်ကြရပါသည်။

ဦးခင်ဇော်သည် ကျွန်တော် တို့ကို ဧည့်ခန်းမှာ ထွက်၍ မတွေ့  နိုင်ပါ၊ ထို့ကြောင့် သူ၏ အိပ်ခန်းအတွင်းသို့ ဝင်ခဲ့ကြရသည်။

'ဦးရှန်ဆား ဆိုတာလား'

ကြေးခုတင်ကြီးပေါ်ရှိ အဘိုးကြီးက လေသံတိုးတိုးနှင့် ပြော သည်၊ ထို့နောက် ကျွန်တော် တို့ကို သူ၏ ခုတင်ဘေးရှိ ကနုတ်ပန်းခက် များ ထွင်းထုထားသော ရှေးဟောင်းကုလားထိုင်ကြီးများ ပေါ်တွင် ထိုင်ရန် လက်ပြသည်။

သူသည် အတန်ကြာအောင် စကားမပြောသေးဘဲ ဦးရှန်ဆား နှင့် ကျွန်တော့် ကို အကဲခတ်သလို ခြေဆုံးခေါင်းဆုံး ကြည့်နေသည်။ ထို့နောက်မှ ကျေနပ်သွားသလို ခေါင်းတစ်ချက်ညိတ်လိုက်လေသည်။

'သဘောကျလိုက်လေကွယ်၊ ဒီလို မြန်မာပီပီ ခန့်ထည်တဲ့ လူမျိုးကို ကျုပ်မတွေ့ ရတာ ကြာလှပေါ့၊ ရှေ့နား နည်းနည်း တိုးပါလား မောင်ရယ်၊ ကျုပ်က မျက်စိနည်းနည်း မှု န်လို့ပါ'

ဦးရှန်ဆားသည် အတန်ငယ် ရှေ့သို့ တိုးလိုက်သော အခါ အဘိုးကြီးသည် ကုန်း၍ ကြည့်ရင်း ခေါင်းတဆတ်ဆတ် ညိတ်ပြန်ပါ သည်။

'အင်း ဆံပင်လည်း တိုတယ် သနပ်ခါးလည်း မလိမ်းဘူး၊ ပေါင်ဒါလည်း မရိုက်ဘူး၊ ရှပ်အင်္ကျီ ထဘီဆင်ကျပ်ကျပ်ကြီးလည်း မဝတ်ဘူး၊ တိုက်ပုံနဲ့ ပုဆိုးနဲ့၊ ကောင်းလိုက်လေကွယ် ကြက်သရေ အပြည့်ပါပဲ၊ ဒါကြောင့် ဒီနာမည် ကြားကတည်းက ဒီလိုလူပါပဲလို့ မှန်းမိ တာ ကျုပ်မှန်သွားတာပေါ့၊ အင်း ဦးရှန်ဆား၊ ဦးရှန်ဆား၊ မောင့်အလုပ် က အလွတ်စုံထောက်နော်'

'ဟုတ်ပါတယ်'

'အလွတ်စုံထောက်တွေ အများ ကြီးထဲ မောင့်လိုလူကို ရွေးခေါ်မိ တဲ့ ကျုပ်ရဲ့ ကုသိုလ်ကံလေးက အတော် ကောင်းနေတယ် ထင်ပါရဲ့၊ ကျုပ် သားတော် မောင် တင့်မောင်က မောင့်ကို ခေါ်စေချင်တာမဟုတ်ဘူး၊ အဲ သူက ကျုပ်ရဲ့ တတိယဇနီးက မွေးတဲ့သား၊ တင့်မောင်ဆိုတာက ကျုပ်စိတ်ကြိုက်ပေးထားတဲ့နာမည် ၊ သူ့ဟာသူ ဘိုနာမည် ပေးထားတာ ကတော့ ရစ်ချတ်တဲ့၊ တစ်ခါ မြန်မာနာမည် ကတော့ တင့်မောင်မောင် ထွေးမြတ်တဲ့ အဟက် အဟက်၊ သူ ခေါ်လာတဲ့ အလွတ်စုံထောက်တွေ ကိုလည်း ကျုပ်က ကြည့်လို့မရဘူး ဟတ်ဟား၊ ကြည့်လို့မရဆို ဆံပင် ဖျားကနေ ခြေဖျားအထိပဲ၊ ဘယ့်နှယ်ဗျာ လူကြီးရှေ့လာတာ စွပ်ကျယ် အပေါက်ပေါက် ချိုင်းပြတ်နဲ့တဲ့ဗျာတို့ရယ်၊ ချိုင်းမွေးတွေ က အပြုံလိုက် ထွက်လို့ဗျ၊ လည်ပင်းမှာ တော့ ရွှေဆွဲကြိုးကြီးနဲ့ ခလောက်လိုဟာကြီး ချိတ်လို့...ဟက်...ဟက်...ဟား...အဟွတ်...အဟွတ်...'

အဘိုးကြီးသည် စကားကို အားရပါးရပြောရင်း ချောင်းဆိုး လာသည်၊ ဘေးတွင် အသင့်ရှိနေသော သူနာပြုဆရာမ လေးက ကျော ကို အသာဖိပေးပြီး ရေတစ်ခွက်ကမ်းပေးလေသည်၊ အဘိုးကြီးသည် ရေကို ခပ်ဖြည်းဖြည်းသောက်ကာ ခေတ္တ အပန်းဖြေနေသည်။

'တိုတိုပြောကြပါစို့ မောင်ရယ်၊ ကျုပ်က ကျုပ်သားအပါအဝင် ဒီခေတ်လူငယ်တွေ ဘာ ဖြစ်လို့ သရဲလိုလို မျောက်လိုလိုနဲ့ ဆံပင်ရှည် ကြီးတွေ တဖားဖား ထားကြသလဲ သိချင်တယ်'

'ဒါ ကတော့ ရှင်းနေတာပဲဦးရယ်၊ ဒါကို သူတို့ကြိုက်လို့ပေါ့'

ဦးရှန်ဆားက ပြုံးကာ ခပ်အေးအေး အဖြေပေးသည်၊ အဘိုး ကြီးသည် ဦးရှန်ဆားကို စိုက်၍ ကြည့်ရင်း ခေါင်းကို ဖြည်းလေးစွာ ညိတ်လိုက်သည်။

'ဟုတ်ပါပြီဗျာ သူတို့ကြိုက်လို့၊ ဒီလိုဆိုရင် ဘာကြောင့် ကြိုက် ရတယ်ဆိုတာကလေးရော သိဖို့မလိုပေဘူးလား'

'ဒါ ကတော့ ခေတ်ပဲ၊ ရှေးတုန်းကလည်း ဆံရှည်တွေ ထားကြ တာပဲ မဟုတ်လား ဦးရဲ့ '

'ဒါပေါ့ဗျာ ဗန္ဓုလတို့ တပင်ရွှေထီးတို့ အကုန်လုံး ဆံပင်ရှည် တွေ ပါ၊ ကျုပ်သိတာပေါ့၊ ဒါပေမယ့် မောင်ရယ် သူတို့က ဆံပင်ရှည်ပေ မယ့် သျှောင်ထုံးထားတယ်ကွဲ့၊ အခုလို ဖားလျားကြီးချထားတာ မဟုတ် ပါဘူး'

အဘိုးကြီးသည် အကြောပြိုင်းပြိုင်းထနေသော သူ၏ လက် ချောင်း ပိန်ပိန်လေးများ ကို ဆုပ်ချည် ဖြန့်ချည် ပြုလုပ်နေပါသည်။

'ကျုပ်တို့တိုင်းပြည်ဟာ အပူပိုင်းဇုံထဲမှာ တစ်ဝက်မက ရောက် နေတဲ့ တိုင်းပြည်ပါဗျ၊ ဒီလောက် ပူတဲ့အိုက်တဲ့ တိုင်းပြည်မှာ မပူနိုင် မအိုက်နိုင် ဆံပင်ရှည်ကြီးတွေ ကို တဖွားဖွား တဖားဖားထားကြတာ အကြောင်းရှိရမယ်၊ ဘာ ဖြစ်လို့ ဒီလောက်တောင် ဒုက္ခခံပြီး ကြိုက်ကြရ သလဲ၊ ကျုပ်သိချင်တာ အဲဒါပဲဗျ'

အဘိုးကြီးသည် ဒေါနှင့် မောနှင့် ပြောရင်း မောလာသဖြင့် ခေတ္တ နားနေလိုက်သည်၊ ကျွန်တော် သည် အသက်ပြင်းပြင်း ရှူကာ အမောဖြေနေသော ထိုအဘိုးကြီးကို ငေးကြည့်နေမိပါသည်၊ ဦးရှန်ဆား သည်လည်း တစ်စုံတစ်ရာကို တွေးတောနေဟန်နှင့် ငြိမ်သက်နေသည်။

'မောင်ရင်က အဲဒီ အကြောင်းကို ထောက်လှမ်းနိုင်ပါ့မလား၊ ဒီဆံပင်ဖားလျား ရောဂါ ဟာ ကပ် ရောဂါ တစ်ခုပဲ ဗျာရဲ့ ၊ အနာသိမှ ဆေး ရှိမယ်'

'ဟုတ်ပါတယ်ဦး'

'ကြိုးစားပေးပါမောင်ရယ်'

'ကောင်းပါပြီ ခင်ဗျာ'

ဦးရှန်ဆားက ခေါင်းညိတ်သည်၊ ကျွန်တော် ကမူ သူ့အစား ရင်မောနေမိပါသည်၊ ဤအမှု သည် လွယ်မယောင်နှင့် အတော် ခက်မည့်  အမှု ဖြစ်သည်။

ကျွန်တော် တို့အိပ်ခန်းထဲမှ ထွက်လာသော အခါ ရစ်ချတ် ခင် ဇော်ခေါ် တင့်မောင်မောင်ထွေးမြတ်ကို ဧည့်ခန်းတွင် တွေ့ ရသည်။ အဘိုးကြီး၏ အိပ်ခန်းသည် ရှေးဟောင်းပစ္စည်းများ နှင့် တန်ဆာဆင်အပ် သော်လည်း ဧည့်ခန်းကိုကား ခေတ်နှင့် အညီ မွမ်းမံပြင်ဆင်ထားသည်။ တင့်မောင်မောင်ထွေးမြတ်သည် အနက်ရောင် ဆိုဖာအိအိကြီးပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေသည်။ သူ့တစ်ကိုယ်လုံး ဆိုဖာထဲသို့ မြုပ်ဝင် နေဟန်ရှိပြီး ဆံပင်ဖွားဖွားနှင့် ဦးခေါင်းကိုသာ ထင်ထင်လင်းလင်း တွေ့ ရသည်။ သူသည် ခဲထားသော စီးကရက်ကို နှုတ်ခမ်းမှ မဖြုတ်ဘဲ မပွင့်တပွင့် လှမ်းမေးသည်။

'အဘိုးကြီးက ဘာတွေ အာလူးဖုတ်လိုက်သလဲဗျ'

ကျွန်တော် သည် ရုတ်တရက် စိတ်တိုသွားသည်၊ နေမကောင်း သဖြင့် အိပ်ရာတွင်း၌ လဲနေသော အဘိုးအိုသည် မည် ကဲ့သို့ အာလူးဖုတ် နိုင်မည် နည်း။

'အာလူးဖုတ်ရအောင် ခင်ဗျားက သူ့အိပ်ရာထဲမှာ မီးဖိုထည့် ပေးထားလို့လား'

ကျွန်တော် က ခပ်ဆတ်ဆတ်ပြောလိုက်သော အခါ သူသည် ကျွန်တော့်ကို အူကြောင်ကြောင်နှင့် လှမ်းကြည့်သည်၊ သူ့ကို စမြင် ကတည်းက ကျွန်တော် ကံဆိုးခဲ့သည်၊ ပထမဆုံး မျက်စိရော နားပါ နောက်ခဲ့ရသည်၊ ထို့နောက် သူ့အဖေဆီသို့ လာရင်း ငွေငါးဆယ် ဆုံးရုံ မက တိုက်ပုံအင်္ကျီ အသစ်စက်စက်ကလေးလည်း ပြဲခဲ့ရသည်၊ ထို ကောင်းကျိုးမပေးသော လူငမျောက်ကလေးကို ကျွန်တော့်စိတ်ထဲတွင် ချဉ်စူးစူး ဖြစ်နေပါသည်။

'အဟက်...ဟက်...နောင်ကြီးကလည်း နောက်တတ်သားပဲ'

သူသည် ခဲထားသော စီးကရက်ကို ညာလက်နှင့် ဆွဲဖြုတ် လိုက်သည်၊ ထို့နောက် သူ့ဆံပင်ပွပွကြီးကို ဘယ်လက်နှင့် မထိတထိ လေး ခပ်ဖွဖွ သပ်လိုက်ရင်း ရယ်သည်။

'ဒီလောက်မြန်မြန် ထွက်လာလိမ့်မယ်တောင်မထင်ဘူး၊ ဒယ်ဒီ က အာလူးသိပ်များ တာ'

လာပြန်ချေပြီ၊ ပြောပြန်ချေပြီ၊ အာလူးကိစ္စ၊ သူ့စကား အဓိပ္ပာယ်သည် ကျွန်တော် ထင်သလို အာလူးအစစ်ကို မီးထဲ ထည့်ဖုတ် ခြင်းတော့ ဟုတ်ဟန်မတူပါ။

ကျွန်တော် သည် ဦးရှန်ဆားကို အကူအညီတောင်းသလို လှမ်း ၍ ကြည့်လိုက်မိသည်၊ ကျွန်တော် နှင့် သူသည် အတူတူပင် ဖြစ်ပါသည်။ ကျွန်တော် နားမလည်လျှင် သူလည်း နားလည်ဖို့မလွယ်၊ သို့ သော် သူ သည် သူနားမလည်သည်ကို ကျွန်တော် ကဲ့သို့ လူသိခံမည့် သူ မဟုတ် ချေ။ နှစ် ဆယ်ရာစု နှောင်းပိုင်း၏ စကားသစ် စကားဆန်းများ ကို အမီ လိုက်နိုင်ရန် ကြိုးပမ်းနေဟန်နှင့် ငြိမ်နေပါသည်။

'နိုးကြားလာမှတော့ ကြိုးစားပေဦး ကိုရှန်ဆားရေ့'

ကျွန်တော် သည် စိတ်ထဲမှနေ၍ တစ်ဦးတည်း ပြောလိုက်မိပါ သည်။

သုံးဘီးခ စုစုပေါင်း ၂ဝ-ဝဝ

သကြားတစ်ပိဿာ ၂၅-ဝဝ

နို့ဆီ ၂ လုံး ၂၇-ဝဝ

ကော်ဖီမှု န့်ပေါင်တစ်စိတ် ၁၃-ဝဝ

ကျွန်တော် သည် ယခုရက်ပိုင်းအတွင်း ကုန်ကျခဲ့သည်များ ကို တွက်ချက်နေစဉ် ဦးရှန်ဆား အခန်းထဲသို့ ဝင်လာသည်။ သူသည် ဦးခင် ဇော်၏ အမှု ကို လက်ခံပြီးသည့်နောက်ပိုင်း၌ မြို့ထဲတွင် လမ်းများများ လျှောက်ရင်း လူအများ ကို လေ့လာနေတော့သည်။ ကျွန်တော် ကမူ ကား တိုက်မည် ကို ကြောက်သော ကြောင့် လိုက်မသွားတော့ပါ။ 'ဗိုလ်ကျောက် ခဲ' ဝတ္ထုကို နေ့ရော ညပါ အားသွန်ခွန်စိုက် ရေး နေခဲ့ပါသည်။

'ဒါထက် ဆာဒူးဆိုတာ တွေ့ ဖူးလား ကိုညိမ်းမောင်'

'တွေ့ ဘူးတာပေါ့ဗျာ၊ စာအုပ်တွေ ထဲလည်း မြင်ဖူးတယ်၊ ပန်း ဆိုးတန်းတစ်ဝိုက်မှာ တောင် ရှိသေးဗျ'

'ဟုတ်တာပေါ့ ကိုညိမ်းမောင်ရ ခင်ဗျား မှတ်Óဏ် ကောင်း သားပဲ'

ဦးရှန်ဆားသည် ကျွန်တော့် အနီးသို့ လျှောက်လာပြီး ရေး လက် စ စာရင်းကို ငုံ့၍ ကြည့်သည်။ ကျွန်တော် က သူ့ကိုမော်မကြည့်ဘဲ စဉ်း စား၍ ရသမျှကို ဆက်၍ ရေး နေမိသည်။

ထောပတ်ငှက်ပျောသီးလေးလုံး ၁ ဝဝ

ဖီးကြမ်းငှက်ပျောသီးတစ်ဖီး ၃ ၇၅

ဘီစကွတ်တစ်ပေါင် ၁ဝ ၅ဝ

'ဖီးကြမ်းငှက်ပျောကလည်း တစ်ဖီးကို လေးကျပ်မတ်တင်း တောင်လားဗျာ၊ များ လှချေကလား'

'ဒါတောင် မနည်းဆစ်ရတာ ဗျ'

'အေးလေ ထားပါတော့၊ ပြောလက်စ ဆက်ပြောရဦးမယ်၊ အဲဒီ ဆာဒူးတွေ က ဆံပင်ရှည်ကြီးတွေ နဲ့ဗျ'

'ဟုတ်တယ် ဒါနဲ့ ကိုရှန်ဆား၊ ဟိုတစ်နေ့က ထမင်းချိုင့် ဟင်း မကောင်းလို့ ဗယာကျော် ဝယ်စားတာ ဘယ်လောက်ဖိုးလဲဗျ'

'နှစ် ကျပ်ခွဲ'

'မနေ့တုန်းက ဝက်ခေါက်ကင် ကတော့ ခြောက်ကျပ်ဖိုးနော်'

'ဟုတ်ပါ့ဗျာ'

'အင်း ဟိုတစ်နေ့က သံပရာရည်နှစ် ခွက် သောက်တာက နှစ် ကျပ်၊ စာရေး ဖို့ ဗလာစာအုပ်ဝယ်တာက တစ်ဆယ်၊ အဲ ကိုရှန်ဆား၊ ဆိုလေဗျာ ခင်ဗျားစကား ဆုံးအောင်ပြောပါဦး'

'လောရန်ကော ခင်ဗျားကလဲ'

'မြန်မြန်သိချင်လို့ပေါ့ဗျာ'

ကျွန်တော် သည် ရေး လက်စစာရင်းကို ခေတ္တရပ်လိုက်ပြီး ဦးရှန်ဆားကို မော်ကြည့်လိုက်သည်။ ဆက်လက်ရေး မှတ် နေပါက ဦး ရှန်ဆား စိတ်ရှည်တော့မည် မဟုတ်ချေ။

'အဲဒီ ဆာဒူးဆိုတာဟာ တရားကျင့်ပြီး တယ်စွမ်းဆိုပဲ၊ ကိုး ကွယ်တဲ့ လူတွေ လည်း အများ ကြီးဗျ'

'ဟုတ်လား ကျွန်တော် တို့လည်း ကိုယ်ပျောက်ဓာတ်လုံး သွား တောင်းရရင်ကောင်းမယ်'

'တော် စမ်းပါဗျာ၊ သွားတောင်းရအောင် သူက ကုလားပြည်မှာ ဗျ၊ ကိုးကွယ်တဲ့မြန်မာတွေ က နည်းပါတယ်၊ အဲလေ... ထားပါတော့၊ ဒါက အရေး မကြီးပါဘူး၊ အရေး ကြီးတာက သူ့ဆံပင်ဗျ'

'သူ့ဆံပင်'

'ဒါပေါ့ သူ့ဆံပင်ကို ဘယ်လိုဆံပင်ထင်သလဲ'

'ဆံပင်အရှည်ကြီးကို သျှောင်ထုံးထားမှာ ပေါ့'

'ဟုတ်ပေါင်ဗျာ'

'သြော် သိပြီ ကတုံး'

'ဘယ်ဟုတ်ရမလဲ အခုခေတ်တွေ့ နေရတဲ့ ကောက်ကောက် ကွေးကွေး ရှည်ရှည်ကားကား ဆံပင်မျိုးလေ၊ ဟောဒီမှာ ကြည့်ဗျ'

ဦးရှန်ဆားက ကျွန်တော့်ကို ဓာတ်ပုံတစ်ပုံပြသည်၊ ဓာတ်ပုံထဲ မှ ဆံပင်ရှည်ရှည်ကားကားကြီးနှင့် ကုလားဆာဒူးသည် ကျွန်တော့်ကို ကြည့်နေသကဲ့သို့ တွေ့ ရပါသည်။

'ဒီလိုဆို ဒီလိုဆို ဦးခင်ဇော်ပြောတဲ့ ဆံပင်ရှည်ရဲ့ အရင်းခံဟာ သူ သူ ပေါ့'

ကျွန်တော် က သူ့ဟာသူ ရှိနေသော ဆာဒူးကို ချက်ချင်း တရား ခံ အ ဖြစ် စွပ်စွဲလိုက်သည်။

'ဒီလိုဘယ်ဟုတ်မလဲ ကိုညိမ်းမောင်ရဲ့ ၊ ကျုပ်တို့တိုင်းပြည်မှာ ဆံပင်ရှည်ဖားလျား ရောဂါ ထတာ အတော် ကြာပြီပဲ၊ ဒါပေမယ့် အခု တွေ့ နေရတဲ့ တချို့လူငယ်တွေ ကတော့ သူ့ဆံပင်ပုံကို အတုယူကြဟန် တူတယ်ဗျ၊ အင်း ခက်တော့ ခက်သားပဲ၊ ဘဲဥမှာ အစမရှိဘူးဗျ'

'ဟုတ်တာပေါ့ သြော် ဒါနဲ့ ကိုရှန်ဆားရေ၊ လမ်းထိပ် သမ ဝါယမမှာ ဆပ်ပြာရနေပြီတဲ့၊ ဒီတစ်ခေါက်အပြင်ထွက်ရင် ကုန်ဝယ် စာအုပ်ကလေးဆွဲသွားပြီး တစ်ခါတည်း ဝယ်ခဲ့စမ်းပါဗျာ'

'ကောင်းပါပြီခင်ဗျာ'

ဆံပင်ကိစ္စတွင် ဆပ်ပြာကိစ္စဝင်ပြောသော ကျွန်တော့်ကို ဦးရှန် ဆား တစ်ယောက် စိတ်ခုသွားဟန်တူပါသည်၊ မသိမသာ မျက်မှော င် ကုတ်ရင်း ဘာမှမပြောဘဲငြိမ်နေသည်။

သူ ကတော့သိမည် မဟုတ်ပါ၊ သူ့အမှု ဖြစ်သော ဆံရှည် ဖား လျား ကိစ္စထဲတွင် လူရောစိတ်ပါ နစ်မြုပ်နေပါသည်။ ကျွန်တော် က တော့ အိမ်ထဲတွင် ကုပ်၍ ဝတ္ထုရေး နေသူမို့ ထမင်းချိုင့်လာပို့သော အဒေါ် ကြီးနှင့် မကြာခဏစကားလက်ဆုံကျမိသည်၊ ထို့ကြောင့် ဆန်ကိစ္စ၊ ဆီ ကိစ္စ၊ ဆပ်ပြာကိစ္စများ ကို သိနေရပါသည်။ အင်္ဂါနံချင်းပင် တူသော် လည်း ကျွန်တော် သည် ဆန် ဆီ ဆား ဆပ်ပြာ ဆေး စသည်များ ကို ဦးရှန်ဆား၏ ဆံရှည်ဟူသော အင်္ဂါနံထက် ပို၍ အာရုံစူးစိုက်နေမိပါ သည်။ ထိုသည်များ ကို ဦးရှန်ဆားက ကျေနပ်နိုင်ဟန်မတူပါ။

'သြော် ကိုညိမ်းမောင် ကိုညိမ်းမောင်၊ ခင်ဗျားဟာ အရင်လို မဟုတ်တော့ဘူး၊ အတော် ပြောင်းလဲနေပြီ'

သူက စိတ်မကောင်းသလိုညည်းလေသည်၊ ကျွန်တော် က လည်း သက်ပြင်းချရင်း အားကျမခံပြန်၍ ညည်းလိုက်ပါသည်။

'သြော် ကိုရှန်ဆား ကိုရှန်ဆား ခင်ဗျားဘာမှမသိရှာဘူး'

* * *


ကျွန်တော် သည်ပြောင်းလဲလာသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဦးရှန်ဆား သည် ကျွန်တော့်ထက် တစ်ရက်စော၍ နိုးကြားခဲ့သော်လည်း စတင်၍ ပြောင်းလဲလာသူမှာ ကားကျွန်တော် ဖြစ်သည်။ သူ ကတော့ယခင်အတိုင်း ပင် အလုပ်တစ်ခု အာရုံ တစ်ခုအပေါ်တွင် စိတ်အာရုံကို စူးစိုက်ထားမြဲ ဖြစ်ပါသည်။

များ မကြာမီ ကျွန်တော် တို့တွင် ငွေရေး ကြေးရေး အကျပ် အတည်း တွေ့ လာတော့မည် ဖြစ်သည်၊ ဦးရှန်ဆား၏ ဆံရှည် အမှု ကြီး ကလည်း ငွေမရသေးပါ။ ကျွန်တော် ရေး ထားသော စာတိုပေစများ ကို လည်း ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးပါ။

ယနေ့တော့ 'တောပုန်းကြီး ဗိုလ်ကျောက်ခဲ' ဝတ္ထုကို အဆုံး သတ်ပြီး ဖြစ်ပါသည်။ ထို့ကြောင့် စာမူကို လွယ်အိတ်ထဲသို့ ထည့်ကာ ထွက်ခဲ့သည်။ 'ဗိုလ်ကျောက်ခဲ'သည် ကျွန်တော် တို့အား ငွေရေး ကြေး ရေး ပြေလည်စေလိမ့်မည် ဟု မျှော်လင့်အားထားမိပါသည်။

'ကျွန်တော် တို့တိုက်က ငွေရေး ကြေးရေး မပြေလည်သေးလို့ စာအုပ်သစ်တွေ မထုတ်နိုင်သေးပါဘူးဗျာ'

ပထမဆုံးပုံနှိပ်တိုက်က ပြောသည်၊ ကျွန်တော့်စာမူကိုပင် ကြည့်ရှုခြင်းမရှိပါချေ။

'နာမည် ကလည်း 'တောပုန်းကြီး ဗိုလ်ကျောက်ခဲ' တဲ့၊ ဟီ-ဟိ'

ဒုတိယပုံနှိပ်တိုက်ကမူ ကျွန်တော် ၏ စာမူကို ယူ၍ ကြည့်သည်၊ ထို့နောက် အထက်ပါအတိုင်း ပြုံးစိစိနှင့် မှတ်ချက်ချသည်။

'ခင်ဗျားတောပုန်းကြီးက ဂျူဒိုတွေ ကရာတေးတွေ သုံးရဲ့ လား'

'ဂျူဒို'

ကျွန်တော့် ဗိုလ်ကျောက်ခဲသည် တောသားကြီး ဖြစ်ပါသည်။ ဟိုတုန်းကခေတ် လူခွန်ကောက်ရင်း မတရားနှိပ်စက်သော အလိုတော် ရိ တစ်ဦးအား ပြန်လည်ခုခံရာမှလက်လွန်ကာ ထွက်ပြေးပြီး တောပုန်းဘဝ ပြောင်းသွား ရသူ ဖြစ်သည်။ ဂျူဒိုကို ခမျာ တတ်ဖို့ နေနေသာသာ ကြား ပင် မကြားဖူးရှာပါ၊ သို့ သော် မြောက်ကျောင်းဆရာတော် သင်ပေးထား သော သိုင်းကိုကား အနည်း ငယ်တတ်ပါသည်။

'ဟင့်အင်း ဂျူဒိုတော့ မတတ်ဘူး၊ သိုင်းတော့ နည်းနည်း တတ်တယ်'

'ဟုတ်ပြီ ဟုတ်ပြီ လေသိုင်းတွေ အကြောပိတ်သိုင်းတွေ သုံး တတ်တယ်ပေါ့၊ အတွင်းအားလည်း ရှိတယ်ပေါ့ ဟုတ်လား'

'အတွင်းအားဆိုတာ ဘာလဲ၊ အတွင်းပစ္စည်း ပြောတာလား၊ တောသားပဲဗျ ဘာပစ္စည်းရှိမှာ လဲ၊ ထင်းခွဲတဲ့ ဓားမအပဲ့ကြီး တစ်ခုပဲ ရှိတယ်'

'ဟူး'

သူသည် ကျွန်တော့် ကိုကြည့်ရင်း အတော် စိတ်ညစ်သွားပုံရ သည်၊ သူ့ပါးစပ်အတွင်းမှ လေများ ကို မှုတ်ထုတ်ရင်း ခေါင်းကုတ် လိုက်သည်၊ သို့ သော် နောက်ဆုံးတစ်ခွန်းတော့ မေးရှာသေးသည်။

'လူဆယ်ယောက် နဲ့ တစ်ယောက် ဖိုက်တင်ခန်းလေးများ မပါ ဘူးလား'

'ပါတယ်ခင်ဗျ'

'သူ သူ နိုင်တယ်မဟုတ်လား'

'ရှုံးတယ်ဗျ'

'အို ဆိုးတာပဲ'

'အလိုတော် ရိ ပုလိပ်သားဆယ်ယောက် က ဗိုလ်ကျောက်ခဲ တစ်ယောက် တည်းကို ဝိုင်းပြီး ညှပ်ပူးညှပ်ပိတ်ဖမ်းတယ်လေ၊ ဆယ် ယောက် နဲ့ တစ်ယောက် ဘယ်နိုင်ပါ့မလဲဗျာ၊ ကျွန်တော် တို့ ဗိုလ် ကျောက်ခဲသာ အစွမ်းရှိသမျှ ခုခံရင်း'

'အင်း သိပ်ဆိုးတာပဲ'

ကျွန်တော် က စိတ်အားထက်သန်စွာ ပြောပြနေစဉ် သူသည် သူ့လက်ထဲမှ ကျွန်တော့စာမူကို ပြန်၍ လှမ်းပေးသည်။ ထို့နောက် ဘာ မှ ဆက်မပြောဘဲ မျက်နှာလွှဲ သွားပါတော့သည်။ ထို့ကြောင့် ကျွန်တော် သည် တတိယပုံနှိပ်တိုက်သို့ ရောက်ခဲ့ရပြန်ပါသည်။

'အဟိ နာမည် ကြီးကလည်း အနော်ရထာမင်းကြီး ပုဆိုး ကွင်း သိုင်းနဲ့ ပေသီးပစ်ကစားနေတုန်းက နာမည် မျိုးကြီးကိုး'

ပုံနှိပ်တိုက်ပိုင်ရှင် လူဝကြီးက မှတ်ချက်ချပါသည်။

'ဒီထက်ခေတ်ဆန်ဆန် နာမည် လေးများ စဉ်းစားလို့ မရဘူး လား ဥပမာ 'ကျောက်ခဲမှာ လည်း အသည်းနဲ့' ဆိုရင် ဟုတ်သေး'

ကျွန်တော် က ဘာမှပြန်မပြောဘဲ သူ၏ ဗိုက်ရွှဲကြီးကိုသာ ငေး ၍ ကြည့်နေမိပါသည်။

'ပွေ့ခန်း၊ ဖက်ခန်း၊ နမ်းခန်းလေးတွေ ပါရဲ့ လား'

'မပါဘူးဗျ'

ကျွန်တော် ရုတ်တရက် စိတ်ထွက်လာပါသည်၊ ထို့ကြောင့် ခပ် ပြတ်ပြတ်ဖြေလိုက်မိသည်။

'ကောင်လေးနဲ့ ကောင်မလေး ချစ်တဲ့ကြိုက်တဲ့၊ နှစ်သက် စွဲ လမ်းကြတဲ့ အကြောင်းများ ကောကွယ်'

'ဘာဆိုဘာမှ မပါဘူးဗျ'

'အင်း ခက်တာပဲ၊ လူဆိုတာ အချစ်နဲ့ ကင်းနိုင်တာမှ မဟုတ် တာ၊ ဒီအကြောင်းမပါရင်တော့ လူကြိုက်မှာ မဟုတ်ဘူး'

ကျွန်တော် သည် သူ့လက်ထဲမှစာမူကို ဆတ်ခနဲပြန်ဆွဲယူကာ လှည့်ထွက်လာခဲ့သည်၊ ဒေါသလည်း ထွက်စပြုလာပါပြီ။

'အင်းလေ စာမူကို ထားချင်ရင်တော့ ထားခဲ့ပေါ့'

စတုတ္ထမြောက် ပုံနှိပ်တိုက်မှ အမျိုးသမီးကြီးက ပြောသည်၊ ကျေးဇူးတင်စွာ နှင့် ဝမ်းသာမည် ကြံကာရှိသေးသည်၊ သူက ကန့်သတ် ချက်များ ကို ဆက်၍ ပြောပြသည်။

'ပထမဆုံးတော့ ဝတ္ထုနာမည် ကို ပြောင်းရလိမ့်မယ်၊ နောက်ပြီး တော့ ရေး တဲ့သူရဲ့ နာမည် ကိုပါ ပြောင်းရမယ်နော်'

ကျွန်တော် တအံ့တသြ ဖြစ် သွားပါသည်၊ ရေး သော သူ ကျွန် တော် ၏ အမည် ကို ဘာကြောင့် များ ပြောင်းလိုပါလိမ့်ဟု စဉ်းစားသော် လည်း ချက်ချင်း အဖြေမပေါ်ပါ။

'ရှင့်ကိုတော့ ရေး ခ၊ အဲ စာမူခ နှစ် ရာပေးမှာ ပါ'

'ဒါပေမယ့် အဲ ဒါပေမယ့်'

'ရှင့်ကို ငွေပေးပြီးပြီဆိုရင် ဒီစာမူကို ကျွန်မ ဘယ်သူ့နာမည် နဲ့ ပုံနှိပ်နှိပ်ပေါ့ ဟုတ်ဘူးလား'

ကျွန်တော် သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်၊ ခေါင်း ထဲမှ ဦးနှောက်အစိုင်အခဲသည် ပလုံစီထကာ ဆူပွက်လာသလို ခံစားရ သည်၊ တစ်လနီးပါး အချိန်ယူကာ အပတ်တကုတ်ကြိုးစားပမ်းစား ရေး ထားရသော ဝတ္ထုစာမူကြီးကို ကြည့်ရင်း မျက်လုံးများ ပင် ပြာဝေလာ ပါသည်။

ကျွန်တော် သည် သူ့ကို စားတော့ဝါးတော့မလို ကြည့်ရင်း နေရာမှ ဝုန်းခနဲ ထလိုက်မိသည်၊ သူ့လက်ထဲမှ ကျွန်တော် ၏ စာမူကို ခပ်ကြမ်းကြမ်းပြန်၍ ဆွဲယူလိုက်သည်၊ ခေါင်းထဲမှ အံ့သြစိတ်နှင့် ရင်ထဲ မှ ဒေါသတို့သည် လည်ချောင်းဝတွင် ဒိုင်းခနဲ လာဆုံပြီး မီးတောက်ကြီး ဖြစ်သွားသလို ပူပူလောင်လောင် တစ်တစ်ဆို့ဆို့နှင့် အခံရခက်လှပါသည်။

'သွားဦးပေါ့ကွယ်၊ နောက်မှပြန်လာရင်တော့ နှစ် ရာတောင် ရမှာ မဟုတ်ဘူး နော့'

ဆောင့်ကြီးအောင့်ကြီးနှင့် လှည့်ထွက်လာသော်လည်း နောက် ဘက်မှ ကပ်၍ လိုက်လာသော ထိုအသံကို ကြား ဖြစ်အောင် ကြားလိုက် ရပါသေးသည်။ နောက်ထပ် မည် သည့်တိုက်ကိုမှ မဝင်တော့ပါ၊ အံ့သြ စိတ်နှင့် ဒေါသစိတ်တို့သည် ကျွန်တော် ၏ ငယ်ထိပ်မှ ခြေဖျားအထိ လူးလာဆန်ခတ်ပြေးလွှားနေကြပြီ ဖြစ်ပါသည်။ နောက်ထပ် မိမိစာမူ ပုံနှိပ်ရေး အတွက် ထပ်၍ ဝင်မိလျှင် ဒီထက်အံ့သြစရာ ဒေါသ ဖြစ်စရာ များ နှင့် ကြုံတွေ့ နေရမည် ကို စိုးရိမ်မိသည်၊ အံ့သြလွန်း၍ မတ်တပ်မှ မေ့လဲသွားမည် ကို ကြောက်ပါသည်။ ဒေါသ ဖြစ် ဖြစ်နှင့် ရိုက်မှု ကျူး လွန်မိမည် ကိုကား သာ၍ ကြောက်ပါသည်။ သူ့အသား နာမှာ စိုးသော ကြောင့် တော့ မဟုတ်ပါ။ ရိုက်မှု နှင့် အချုပ်ခံရမည် ကို ကြောက်သော ကြောင့် ဖြစ်ပါသည်။

'ရိုက်နေကြတယ် ရိုက်နေကြတယ်'

မိန်းမကြီးတစ်ဦးသည် အော်ရင်းဟစ်ရင်း ကျွန်တော့် ဘက်သို့ တလိမ့်လိမ့်ပြေးလာသည်၊ ထိတ်လန့်တုန်လှုပ်နေသဖြင့် သူ့ မျက်လုံး သည် ပြူးပြီး သူ့ပါးစပ်သည် ပြဲနေသည်။ ကျွန်တော် က ရိုက်ဖို့ စဉ်းစား ရုံပင် ရှိသေးသည်၊ ကျွန်တော် ထက် မိုက်သော သူများ က တကယ်ပင် ရိုက်ကုန်ကြပြီထင်ပါသည်။ ကျွန်တော် သည် တရုန်းရုန်း ဖြစ်နေသော လမ်းထိပ်ဘက်သို့ စပ်စုလိုစိတ်နှင့် ခပ်သွက်သွက် လှမ်းလာခဲ့မိသည်။

'ဟိုက် ကိုရှန်ဆား'

ကျွန်တော် က အော်လိုက်မိသည်၊ ဟုတ်ပါသည်၊ ကျွန်တော် လုံးဝမျှော်လင့်မထားသော ဦးရှန်ဆား ဖြစ်ပါသည်။ သူသည် ဆံရှည် သုံးဦး၏ အလယ်တွင် ရောက်နေပါသည်။

ဦးရှန်ဆားသည် သူကိုင်နေကျ တုတ်ကောက်ကလေးကို တင်း ကျပ်စွာ ကိုင်ထားသည်၊ သူ့နားသို့ တဖြည်းဖြည်းကပ်လာနေသော ဆံရှည်ဖားလျားပုဂ္ဂိုလ်များ ကို မျက်ခြေပြတ်မခံဘဲ သတိနှင့် ကြည့်နေသည်။

ပုဂ္ဂိုလ်တစ်ဦးသည် တုတ်ချောင်းတစ်ချောင်းကို ကိုင်ထား သည်၊ နောက်တစ်ဦးသည်ကား လက်သီးဆုပ်ထားသည်၊ နောက်ဆုံး တစ်ဦးသည်ကား ဘာကိုမျှကိုင်မထားချေ။ ရင်အုပ်ကိုဖွင့်ကာ လက် နှစ် ဖက်ကို ဘေးသို့ ခပ်ကားကားချထားသည်၊ ထို့နောက် ဦးရှန်ဆား ဆီသို့ တစ်လှမ်းချင်းကပ်သွားလေသည်။

ကျွန်တော့်ရင်ထဲတွင် စိုးရိမ်စိတ်များ ပြည့်သိပ်လာသည်၊ ကျွန် တော် ၏ ဇာတ်လိုက်ကြီး ကိုရှန်ဆားသည် ကရာတေးတို့ ဂျူဒိုတို့ မတတ် ထားရှာပါ၊ လေသိုင်းတွေ အကြောပိတ်သိုင်းတွေ ကိုလည်း ဘာမှန်း သိရှာမည် မဟုတ်၊ သုံးဦးကို တစ်ဦးတည်း ရင်ဆိုင်ရလျှင် ဆေးရုံတက်ရ ဖို့က ရာခိုင်နှုန်းရှစ်ဆယ်နီးပါး သေချာပါသည်။

'ယား'

တတိယပုဂ္ဂိုလ်သည် ဦးရှန်ဆားဆီသို့ လွှားခနဲ ခုန်ဝင်ကာ သူ့ခြေထောက်များ ကို ဆန့်ထုတ်လိုက်သည်၊ သူ့ခြေထောက်သည် ဦး ရှန်ဆား၏ မျက်နှာဆီသို့ တန်းဝင်သွားသော်လည်း ဦးရှန်ဆားက ကိုယ် ကို ယိမ်း၍ ရှောင်လိုက်နိုင်သည်။ ဒုတိယ ပုဂ္ဂိုလ်က လက်သီးနှင့် လှမ်းထိုးလိုက်စဉ်တွင် ပထမဆုံးပုဂ္ဂိုလ်ကြီးသည် သူ့တုတ်ချောင်းကို လေထဲတွင် တဝီဝီလှည့်လိုက်ပြီး ဖြောင်းခနဲ ရိုက်လိုက်သည်။

'ကိုရှန်ဆား သတိထား'

ကျွန်တော် သည် စိုးရိမ်စိတ်နှင့် အသံကုန်ဟစ်၍ အော်လိုက် ကာ ဦးရှန်ဆားဆီသို့ ခြေကားရား လက်ကားရားနှင့် ပြေးသွားမိသည်၊ ထိုစဉ်တွင် ကျွန်တော် ၏ နောက်စေ့ကို မာကျောသော အရာဝတ္ထု တစ်ခု က ခပ်ပြင်းပြင်း ရိုက်ခတ်လိုက်သည်ကို သိလိုက်သည်။

ကျွန်တော် ၏ မျက်စိထဲတွင် ကြယ်တွေ လတွေ လင်းလက်ပြီး ဝင်းဝင်းတောက်သွားသည်၊ ထိုနောက်တော့ အမှော င်ကမ္ဘာထဲသို့ ရောက် သွားပါသည်။

'ဟော သတိရပြီ'

တစ်စုံတစ်ဦး၏ အသံကိုကြားရသည်၊ ထို့နောက် ကျွန်တော် ၏ ခြောက်သွေ့နေသော နှုတ်ခမ်းသားကို ရေဆွတ်ထားသော ဂွမ်းစ လေးနှင့် ပွတ်ပေးလိုက် သည်။

ကျွန်တော် ၏ ဦးခေါင်းကို တစ်စုံတစ်ဦးက တူနှင့် အဆက် မပြတ် ထုနေသလို ပြင်းပြင်းပြပြ နာကျင်နေပါသည်။ ထိုသို့ နာကျင်နေ သည့်အထဲမှ ဦးရှန်ဆား တစ်ယောက် ဆံရှည်ပုဂ္ဂိုလ်သုံးဦးအလည်တွင် ကျရောက်နေကြောင်းသတိရပြီး ဝူးဝူးဝါးဝါး အော်ဟစ်သတိပေးနေမိ ပါသည်။

'ကိုညိမ်းမောင် သတိရပြီလား ကိုညိမ်းမောင်'

ဦးရှန်ဆားသည် ကျွန်တော့်ကို စိုးရိမ်တကြီး ကြည့်ရင်း မေးနေ သည်၊ သူ့မျက်လုံးအိမ်တွင် မျက်ရည်ကြည်များ မသိ မသာ ရစ်ဝဲနေ သည်ကို တွေ့ ရသော အခါ ကျွန်တော် သည် နာကျင်နေသည့်ကြားထဲမှ ကျေနပ်သွားမိပါသည်။

'ကိုရှန်ဆား ခင်ဗျားဘာမှမ ဖြစ်ဘူးနော်'

'မ ဖြစ်ပါဘူး ကိုညိမ်းမောင်ရယ်၊ ကျွန်တော့်ကိုရိုက်တဲ့တုတ်ကို ခင်ဗျားက ပြေးပြီး ဝင်ခံလိုက်လို့ ကျွန်တော် သက်သာသွားတာပေါ့၊ ရဲတွေ လည်း အချိန်မီရောက်လာပေလို့ဗျို့'

ကျွန်တော် သည် လက်ကို အသာမြှောက်ကာ ဦးခေါင်းကို စမ်း ၍ ကြည့်လိုက်သည်၊ အထပ်ထပ်ပတ်ထားသော ပတ်တီးများ ကို စမ်း မိသည်။

'ခင်ဗျားချိုစောင်းမှာ တစ်လက်မသာသာ ပြဲသွားတယ်ဗျ၊ သိပ် တော့မနက်ပါဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ ဆံပင်တွေ ကိုတော့ ရိတ်လိုက်ရ ပြီ ကိုညိမ်းမောင်ရေ့'

ကျွန်တော် ၏ ငယ်ထိပ်ကို စမ်းကြည့်သော အခါ ဆံပင်များ ကို မတွေ့ ရတော့ပါ၊ ကတုံးပြောင်လေး ဖြစ်နေပါပြီ၊ ကျွန်တော် သည် ကြမ်း ကြမ်းရှရှကတုံးလေးကို လက်နှင့် ပွတ်ရင်း ဖြစ်ခဲ့သမျှကို ပြန်လည် တွေး တောနေမိသည်။

'မြူစွမ်ကလေး သောက်မလား ကိုညိမ်းမောင်၊ ကျွန်တော် လမ်းထိပ်ပြေးဝယ်လိုက်မယ်'

'နေပါစေဗျာ'

ခေါင်းကိုခါယမ်း၍ ပြောလိုက်မိသဖြင့် ဦးခေါင်းထဲတွင် တစစ် စစ်နှင့် နာကျင်ကိုက်ခဲသွားသည်၊ သို့ သော် သိချင်စိတ်ကို ဖိစီး၍ မရ သော ကြောင့် လေသံသဲ့သဲ့နှင့် မေးလိုက်မိသည်။

'ခင်ဗျားက သူတို့နဲ့ ဘာလို့ရန် ဖြစ်တာလဲ ကိုရှန်ဆားရဲ့ '

'ဒီလိုဗျ ဒီလို၊ အမှု ကတော့ ဦးခင်ဇော်အမှု '

ဦးရှန်ဆားက ရယ်ချင်စိတ်ကို မျိုသိပ်ထားသော အသံနှင့် စကားစလေသည်။

'ဆံရှည်တွေ က မရေနိုင်အောင်များ ၊ ကျွန်တော် ကလည်း ဘယ်ဆံရှည်နောက်ကစပြီး လိုက်ရမယ် မသိဘဲ အချိန်သာ ကြာလာ တယ်၊ အဖြေက ပေါ်မလာဘူး မဟုတ်လား'

'အင်း ဒီတော့'

'ဒီတော့ ဟိုလိုက်ဒီလိုက်နဲ့ အဖြေကို စဉ်းစားမိတယ်၊ ဒါဟာ ဘာမှမဟုတ်ဘူး၊ လူကြည့်ခံချင်တဲ့စိတ်၊ အဆန်းထွင်ချင်တဲ့စိတ်ကြောင့် ဖြစ်လာတာတဲ့ဗျ၊ ဒါပေမယ့်လေ ဦးခင်ဇော်ကိုတော့ တရားခံ တစ်ယောက် ထိုးပြဖို့လိုတယ်ဗျ၊ ဒီ ရောဂါ ကို ဘယ်သူစခဲ့သလဲ ဆိုတာကိုတော့ ပြဖို့ လိုသေးတာကိုး၊ ဒါနဲ့ ဝါအရင့်ဆုံး ဆံရှည်ဖားလျားပုဂ္ဂိုလ်ဆီ ရောက် ခဲ့တယ်ဆိုပါတော့ဗျာ၊ အဲဒီ ပုဂ္ဂိုလ် ကတော့ ခင်ဗျားကို တုတ်နဲ့ ဆော် ထည့်လိုက်တဲ့ပုဂ္ဂိုလ်ပေါ့'

ပခုံးစွန်းသာသာ ကျောတစ်ဝက်လောက်ထိအောင် ကောက် ကွေး ကျနေသော သူ့ဆံကေသာဘုတ်သိုက်ကြီးကို ချက်ချင်း မြင် ယောင်လာပါသည်။

'သူ့ဆံရှည်ထားတာ ငါးနှစ် ကျော်ပြီတဲ့ဗျ၊ ဒီတော့ ဒီလောက် အပူအအိုက်ခံပြီး ဒီဆံပင်ကြီးကို နှစ် နဲ့ချီပြီး ထိန်းသိမ်းထားတာ တစ်ခုခု တော့ အကြောင်းရှိရမယ်လို့ တွေးမိတယ်'

ဦးရှန်ဆား၏ မျက်လုံးများ သည် ဝါးလုံးကွဲ ရယ်ချလိုက်တော့ မလို ရွှန်းလက်နေပါသည်။

'သူ့ဆီရောက်တော့ ဟိုဟာလေး ဒီဟာလေးပြောရင်း အကဲ ခတ်ရတာ ပေါ့ဗျာ၊ ဒါပေမယ့် လိုရင်းမရောက်ဘူး၊ ဒါနဲ့ ပြန်ခါနီး ကျ တော့ စိတ်လည်းမရှည် စိတ်လည်းမထိန်းနိုင်တော့တာနဲ့ အမှတ်တမဲ့ ခလုတ်တိုက်ချင်ယောင်ဆောင်၊ သူ့ကိုလှမ်းဖက်ပြီး ဆံပင်ပွပွကြီးကို လက်နဲ့တွန်းကြည့်လိုက်မိတယ်ဗျ'

ဦးရှန်ဆားသည် ပြောရင်းရယ်တော့သည်၊ ကျွန်တော် က သိ ချင်ဇောနှင့် အလောတကြီးပြောလိုက်သည်။

'ဒီတော့ ဒီတော့ ဘာ ဖြစ်လဲ'

'ဘာတွေ့ မယ်ထင်သလဲဗျာ'

'ပြောပါဗျ'

'ဟား ဟား သူ့ဆံပင်တွန်းကြည့်လိုက်တော့ သူ့ဂုတ်ပိုးမှာ ခရုသင်းကွက်တွေ တွေ့ ရတာ ပေါ့ဗျာ၊ ဟား ဟား'

'ဟောဗျာ'

'သူက အဲဒါကို မမြင်အောင် ဆံရှည်ထားပြီး ဖုံးထားတာကိုး ဟိုး ဟိုး'

ဦးရှန်ဆားက ရယ်ပြန်သည်။

ကျွန်တော် လည်း လိုက်၍ ရယ်လိုက်မိရာ ခေါင်းထဲတွင် ထိုး၍ ကိုက်သွားသည်။

'သူ့ဆံပင်ကို တွန်းကြည့်တာ ရိပ်မိသွားတယ်ထင်ပါရဲ့ ဗျာ၊ တစ်ခါတည်း စိတ်ဆိုးမာန်ဆိုးနဲ့ ရန်လုပ်တော့တာဘဲ၊ ခင်ဗျား ကယ်ပေ လို့ ကိုညိမ်းမောင်ရေ့'

ဦးရှန်ဆားသည် ကျွန်တော် ၏ လက်ကို ဖျစ်ညှစ်ကာ ကျေးဇူး တင်စွာ ပြောသည်။

ကျေးဇူးအတင်ခံရသည် ကတော့ ကောင်းပါသည်၊ အထူး သဖြင့် ဦးရှန်ဆားလိုလူမျိုးက ကျေးဇူးတင်သည်ကို ဝမ်းမြောက် ဝမ်း သာ ခံယူလိုပါသည်၊ သို့ သော် ခေါင်းကွဲရသည် ကတော့ မကောင်းပါ။

အလွန်နာပါသည်။ ခေါင်းလည်းကိုက်လှပါသည်။

* * *


'ဒီလိုဆိုရင် ခရုသင်းပျောက်ဆေးကောင်းကောင်းဖော်နိုင်ရင် ဒီ ရောဂါ ပျောက်နိုင်တာပေါ့၊ ကျေးဇူးပါပဲမောင်ရယ်၊ ကျေးဇူးပါပဲ'

ဦးခင်ဇော်က ကျေနပ်နှစ် သိမ့်စွာ ပြောရင်း ချက်လက်မှတ် တစ်စောင်ကို ကမ်းပေးသည်၊ လက်မှတ်ပေါ်တွင် ကျပ်ငွေတစ်ထောင် ဟု ပီပီသသရေး ထားသည်ကို တွေ့ လိုက်ရသည်။

'အမှု က သိပ်ခက်ခက်ခဲခဲကြီးမဟုတ်လို့ ငွေတစ်ထောင်ဆိုတာ ဆိုးတော့မဆိုးပါဘူးလေ၊ ဒါပေမယ့် ခင်ဗျားခေါင်းကွဲရကျိုးတော့ မနပ် ဘူးပေါ့၊ ခေါင်းလည်းကွဲရသေး၊ ဆံပင်လည်း ဆုံးရသေးဆိုတော့၊ ငွေ တစ်ထောင်ဟာ သိပ်မဟုတ်သေးဘူးဗျ'

အိမ်ပြန်ရောက်သော အခါမှ ဦးရှန်ဆားက ပြောသည်၊ ကျွန် တော် အပတ်တကုတ်ရေး သားခဲ့သော 'တောပုန်းကြီး ဗိုလ်ကျောက်ခဲ' ဝတ္ထုအတွက်ပင် နှစ် ရာသာရမည် ဟုသိထားခဲ့သော ကျွန်တော့်မှာ တော့ သူ၏ ငွေတစ်ထောင်ကို နည်းသည်ဟု မပြောဝံ့ပါ၊ ကျွန်တော် နှင့် စာ လျှင် သူ့အလုပ်က အများ ကြီး ပေါက်သေးသည်။

'ကိုညိမ်းမောင် ခင်ဗျားမငြင်းနဲ့နော်၊ တစ်ယောက် တစ်ဝက် ပေါ့၊ ခင်ဗျားငါးရာယူရမယ်'

ဦးရှန်ဆားက စေတနာထက်သန်စွာ ပြောသည်၊ ကျွန်တော် သည် ခေါင်းကိုဖြည်းလေးစွာ ခါယမ်းလိုက်မိပါသည်။

'အိမ်လခတွေ လေးလစာအကြွေးတင်နေပြီ ကိုရှန်ဆား'

'အဲ ဟုတ်ပါရဲ့ ဗျာ၊ ဘယ်လောက်ပါလိမ့်'

'တစ်လ တစ်ရာ့ငါးဆယ်နဲ့ လေးလဆိုတော့ ခြောက်ရာလေ ဗျာ၊ နောက်ပြီး မီတာခတွေ ရော'

'အင်း ဟုတ်ပါရဲ့ ၊ ဟုတ်ပါရဲ့ '

ဦးရှန်ဆားသည် ယခုမှ အိပ်ရာက လန့်နိုးလာသလို ဦးခေါင်း တညိတ်ညိတ်လုပ်နေလေသည်။

'နောက်ပြီး ခင်ဗျားကိုပြောရဦးမယ်၊ နောက်ဆိုရင် ကျွန်တော် တို့တွေ မနက်တိုင်းကော်ဖီမသောက်ကြစို့နဲ့ဗျာ'

'ဗျာ ဘာကြောင့် '

'ရေသောက်လည်း ဗိုက်ပြည့်တာပါပဲဗျာ၊ ထူးပါဘူး'

ကျွန်တော် က လေပျော့လေးနှင့် ပြောလိုက်သည်၊ ဦးရှန်ဆား သည် အံ့သြသွားသလို ကျွန်တော့်ကို စိုက်ကြည့်ပါသည်။ ကျွန်တော် ၏ မျက်နှာက ဆီးရွက်ခန့်များ ငယ်နေလေသည်လား မပြောတတ်ပါ၊ အံ့ သြနေသော သူ့အသွင်သည် ကြင်နာသနားဟန်သို့ ပြောင်းသွား ပါ သည်။

'ဟုတ်တာပေါ့ဗျာ ရေလည်း ဝတာပါပဲ၊ ဟား ဟား ဒီလိုပေါ့ ဗျာ၊ အဆင်မပြေတဲ့အခါ ခြိုးခြံတာ လမ်းမှန်ပါတယ်'

ဦးရှန်ဆားသည် ကျွန်တော် ၏ ပခုံးကို ဆုပ်ကိုင်ကာ ရွှင်ပျစွာ ပြောသည်၊ ကျွန်တော် ၏ ညှိုးချုံးနေသော စိတ်အတွင်းသို့ အားသစ် အင်သစ်များ ထည့်ပေးလိုဟန်နှင့် ကျွန်တော့်ပခုံးနှစ် ဖက်ကို တင်းတင်း ကျပ်ကျပ်ဆုပ်ကိုင်ထားသည်။

'ကိုညိမ်းမောင် ခင်ဗျားစိတ်ညစ်နေသလား'

'အင်း'

'ဘာ ဖြစ်လို့လဲဗျာ'

'ကျွန်တော့်စာတွေ ကို ထုတ်မယ့်သူမရှိဘူးဗျ၊ လက်ထဲမှာ လည်း ငွေမရှိ၊ ရှိသမျှငွေကလေးကလည်း စာရင်းမှတ်ပြီး အတိ အကျ သုံးနေတဲ့ ကြားထဲက လျှောခနဲ လျှောခနဲ ကုန်ကုန်သွားလိုက်တာ'

'အိုဗျာ မေ့ထားလိုက်စမ်းပါ'

'အိမ်လခကြွေး၊ မီတာကြွေး၊ သတင်းစာကြွေး၊ နောက်ပြီး လကုန်ရင် ထမင်းချိုင့်ကလည်း ငွေကြိုပေးရဦးမယ်'

'လူမသေ ငွေမရှားပါဘူး ကိုညိမ်းမောင်ရဲ့ ၊ ရှန်ဆားဆိုတာ သာမညောင်ညစုံထောက် မဟုတ်ပါဘူး၊ ခင်ဗျားလည်း အသိပါဗျာ၊ အခု ကျုပ်အစွမ်းကို လူမသိသေးလို့ပါ၊ နောင်ဆိုရင် ဝိုင်းဝိုင်းလည်နေ မယ်ဆိုတာ ခင်ဗျားလည်း မှန်းဆမိဖို့ ကောင်းပါတယ်'

ဦးရှန်ဆား၏ စိတ်ဓာတ်ကြံ့ခိုင်မှု သည် မနာလိုချင်စရာပင် ကောင်းနေပါသည်၊ ကျွန်တော် သည် သူ့လောက် စိတ်အင်အားမကောင်း ပါ၊ အိမ်ရှင်မိန်းမကြီး အိမ်လခလာတောင်းတိုင်း သူနှင့် ကြုံလေ့မရှိချေ။ အိမ်မြဲသူ ကျွန်တော် နှင့် သာ ပက်ပင်းတွေ့ လေ့ရှိပါသည်၊ ကျွန်တော် ထင်ပါသည်၊ အကယ်၍ သူသာ ကျွန်တော့်လို တစ်ခါနှစ် ခါကြုံဖူးလျှင် ဤမျှ စိတ်ဓာတ်ကြံ့ခိုင်နိုင်မည် မဟုတ်ပါ။

'ကဲ ဘာနားထောင်မလဲ ကိုညိမ်းမောင်၊ မထိုးတာကြာလို့ လက်များ ပျက်နေမလားပဲ'

ဦးရှန်ဆားသည် နေရာမှထကာ သူ၏ တယောပြားကလေးကို သွားယူသည်၊ သူ အိပ်ရာကနိုးကတည်းက တစ်ခါမျှ တယောမထိုးခဲ့ဖူး သေးချေ။

'ဟို ငရုတ်သီးစပ်တော့ ချစ်တာပေါ့ဆိုတာလေး မကောင်းဘူး လား'

'တော် စမ်းပါဗျာ'

'ရော့ အစပ်ပြေ သကြားလုံးလေး'

ကျွန်တော် သည် အိတ်ထဲမှ ယိုးဒယားသကြားလုံးလေး နှစ် လုံး ကို စမ်းမိသဖြင့် ထုတ်ယူလိုက်ပါသည်။ ဦးခင်ဇော်အိမ်မှ တည်ခင်းစဉ် က နှိုက်ယူထားခြင်း ဖြစ်သည်၊ ထိုသကြားလုံးမျိုးသည် အပြင်တွင် တစ်လုံးပြားသုံးဆယ်ဈေး ရှိပါသည်။

'ခင်ဗျားသကြားလုံးက လိမ္မော်နံ့လေးမွှေးလို့၊ ဦးဆန်းကျယ်ရဲ့ ဆေးလုံးလေးကျနေတာပဲ'

ဦးရှန်ဆားသည် သကြားလုံးကိုမြုံ့ရင်း ပြောသည်၊ ဦးဆန်း ကျယ်ဆီ ကျွန်တော် တို့မရောက်သည်မှာ ကြာချေပြီ။

'သူ့ဆီလည်း တစ်ခေါက်လောက်သွားကြဦးစို့ဗျာ'

'ကျွန်တော် နဲ့ တစ်ခါတွေ့ သေးတယ်ဗျ၊ သူက မေးနေသေး တယ်၊ ကျွန်တော် တို့ကို သူပေးထားတာ ဆေးလုံးသုံးလုံး မဟုတ်လား တဲ့၊ တစ်လုံးစီသောက်ပြီးပြီဆိုတော့ တစ်လုံးကျန်ရအုံးမယ်တဲ့၊ ကောင်း ကောင်းသိမ်းထားရဲ့ လားတဲ့ဗျ၊ ကျွန်တော် လည်း ယောင်ဝါးဝါးပဲ၊ ကို ညိမ်းမောင် အဲဒီ ဆေးတစ်လုံးကျန်တာ ခင်ဗျား သိမ်းထားတယ် မဟုတ် လား'

ဦးရှန်ဆားသည် တယောစမ်းနေရာမှ လှမ်းမေးသည်၊ ကျွန် တော် လည်း ထိုအခါမှပင် သတိရတော့သည်၊ ကျန်သော ဆေးလုံးကို ကျွန်တော် သည် ကျားဘမ်းပရုပ်ဆီပုလင်းလွတ်ကလေးထဲထည့်ကာ စာအုပ်သေတ္တာအောက်ဆုံး၌ ထည့်ထားခဲ့မိပါသည်၊ အိပ်ရာနိုးပြီးသည့် နောက်ပိုင်း၌ အသေအချာပြန်မကြည့်မိသေးချေ။

'အေးဗျ ရှိမှရှိသေးရဲ့ လား'

ကျွန်တော် သည် စာအုပ်သေတ္တာကိုဖွင့်ကာ အလောတကြီး ရှာကြည့်လိုက်မိသည်။

'ဟာ ရှိတယ်ဗျို့ ရှိတယ်၊ အမယ်ဗျာ ကျားဘမ်းဘူးလေးက လုံလို့ထင်တယ်၊ အရောင် တောင်မပျက်ဘူးဗျ၊ အနီလေးမှ ရဲလို့၊ ကိုရှန် ဆားရေ လိမ္မော်နံ့လေးတောင် သင်းတုန်းဗျ'

ကျွန်တော် က ဝမ်းသာအားရ လှမ်းပြောမိသည်၊ ဦးရှန်ဆား သည် နေရာမှမထဘဲ ကဲ၍ သာကြည့်သည်၊ သိပ်ပြီး စိတ်ဝင်စားဟန် မတူပါ။

'သူက မှာ လိုက်တယ်၊ ရှိသေးရင် ကောင်းကောင်းသိမ်းထား တဲ့၊ အာနိသင် ပျက်ဦးမှာ မဟုတ်ဘူးလို့ ပြောတယ်၊ တော် လည်း တော် တဲ့လူဗျာ၊ အံ့ရော'

ဦးရှန်ဆားသည် သီချင်းကြီးတစ်ပုဒ်ကို စ၍ ထိုးလေသည်၊ တယောသံလေးသည် နွဲ့ပျောင်းစွာ ထွက်ပေါ်လာသည်၊ နှစ် ပေါင်း များ စွာ တယောမထိုးဘဲနေခဲ့သော်လည်း သူ့လက်သံသည် လုံးဝမပျက်ပါချေ။

သူသည် ကျွန်တော့်ကို ဘာစကားမှ လှမ်းမပြောတော့ပေ၊ တယောလေးကို ပုခုံးနှင့် မှေးပြီးတီးရင်း မျက်တောင်စင်းငိုက် နေသည်၊ သူ့စိတ်သည် သာယာလှသော ဂီတသံတွင် နစ်မျောသွားပြီ ဖြစ်ပါသည်။

ကျွန်တော် သည် စာအုပ်သေတ္တာဘေးတွင် ခြေပစ်လက်ပစ် ထိုင်နေမိသည်၊ သူ့တယောသံကို တမေ့တမော နားထောင်နေမိရင်း လက်ထဲမှ ဆေးလုံးလေးကို ငေးကြည့်နေမိသည်။

အနီရောင် ကလေး ဖြစ်သည်။ လိမ္မော်နံ့လေး သင်းနေသည်။

မျိုချလိုက်လျှင် အိပ်ပျော်သွားဦးမည် ။

နှစ် အစိတ်လုံးလုံး အိပ်ပျော်သွားဦးမည် ဖြစ်ပါသည်။

* * *


'ဟတ်ဟား ခေါင်းကွဲတာဟာ နာပါတယ်' တဲ့ ဟာသဝတ္ထုလားဗျ၊ ဟား ဟား'

'မဟုတ်ရပါဘူးဗျာ'

ကျွန်တော် က ပျာပျာသလဲငြင်းချက်ထုတ်လိုက်မိသည်၊ သူ သည် ကျွန်တော် ၏ စာမူလေးကို တစ်ရွက် နှစ် ရွက် လှန်ကြည့်ပြီး တစ်ကွက် နှစ် ကွက် ဖတ်ကြည့်နေပါသည်၊ ကျွန်တော် သည် သူ့မျက်နှာ ကို မျှော်လင့်ချက်ကြီးစွာ နှင့် အကဲခတ်နေမိသည်။

'ခင်ဗျားမှာ မှတ်ပုံတင်ရှိလား'

'ဘာမှတ်ပုံတင်လဲဗျ'

'ထုတ်ဝေခွင့်မှတ်ပုံတင်လေ'

'ဟင့်အင်း မရှိဘူး'

'ငွေအရင်းအနှီးရော'

'ခုတော့ လက်ထဲမှာ ငါးကျပ်ရှိတယ်'

ကျွန်တော် က အမှန်အတိုင်းဖြေလိုက်သော အခါ သူ၏ မျက်နှာ သည် ရှုံ့မဲ့ သွားပါသည်။

'ခင်ဗျားဟာက မှတ်ပုံတင်လည်း မရှိ၊ ကလောင်ကလည်း အသစ်၊ အရင်းအနှီးကလည်း ဗလာ၊ ထုတ်ဝေသူနဲ့လည်း ဘာမှမတော် ၊ ပုံနှိပ်တိုက်ပိုင်ရှင်နဲ့လည်း အမျိုးမစပ်၊ ဒီလိုလူမျိုးဟာ စာရေး ဆရာ အမည် ခံပြီး လုံးချင်းထုတ်ဘို့ မလွယ်ဘူးဗျ'

သူက စိတ်ပျက်လက်ပျက်ပြောသော အခါ ကျွန်တော့်ရင်ထဲ တွင် နင့်နင့်နဲနဲကြီး ဖြစ် သွားပါသည်၊ လက်ဖက်ရည်ခွက်ထဲတွင် ပေါ လောမျောနေသော တစ်ဖတ်တည်းသော မလိုင်ဖတ်ကလေးသည် ကျွန် တော့်ကို ကရော်တိုက်၍ လှောင်ပြောင်နေသည် ဟုပင် ထင်မှတ်လာမိ သည်။

'အဲ ငွေလိုရင် တစ်နည်းတော့ ရှိတယ်၊ ခင်ဗျားရဲ့ စာမူကို အပြတ် ရောင်းလိုက်ပေတော့၊ ပုံနှိပ်စာလုံးတော့ ဖြစ်လာမှာ ပဲ၊ ဒါပေမယ့် စာရေး ဆရာအမည် ကိုတော့ ခင်ဗျားခံရမှာ မဟုတ်ဘူး'

'အာ ဒါတော့ဗျာ'

'ငွေအရေး တကြီးလိုနေရင် ပြောတာပါ၊ အဲဒီ လို လက်ခံနိုင်ရင် တော့ ကျွန်တော် စပ်ပေးမယ်'

ကျွန်တော် သည် သူ့လက်ထဲမှ စာမူလေးကို ပြန်ယူကာ လွယ် အိတ်ထဲသို့ ပြန်ထည့်လိုက်ပါသည်၊ ကျွန်တော် ၏ မာနကိုကား အချိုး အနှိမ် မခံနိုင်ပါ၊ ထိုကဲ့သို့ သော ငွေရနည်းမျိုးကိုတော့ လုံးဝ လက်မခံ နိုင်ပါ။

အပြင်တွင် နေမင်းက တစ်စင်းသာမက ဆယ်စင်းပြိုင်ပူနေ သလို ကျဲကျဲတောက်နေသည်။

ကျွန်တော့ရင်ထဲတွင် ကား မီးဟုန်းဟုန်းတောက်နေသည်၊ ဘာ မှ ဆက်မပြောတော့ဘဲ နေရာမှထလိုက်သည်၊ ထို့နောက် သူ့ကို ကျော ခိုင်းလိုက်သည်၊ လက်ကျန် လက်ဖက်ရည်ကိုပင် မမော့ခဲ့တော့ပါ။

'အစ ကတော့ ဒီလိုပဲ တင်းကြတာပါပဲ၊ ဒါပေမယ့် နောက် တော့လည်း အဲ ခင်ဗျား စိတ်ပြောင်းရင် လာခဲ့ပေါ့ဗျာ သင့်မြတ်အောင် ဆောင်ရွက်ပေးမယ် ဟုတ်လား'

သူက မမှီမကမ်းလိုက်၍ ပြောလိုက်သေးသည်။

ကျွန်တော် သည် နေပူထဲတွင် ခေါင်းငိုက်စိုက်နှင့် လျှောက်လာ မိသည်၊ စာပေဟူသည်မှာ ကျွန်တော် ၏ အသက်သွေးခဲ ဝါသနာ ဖြစ် သည်၊ ကျွန်တော် သည် စာအမှန်ရေး သော စာရေး ဆရာအစစ် ဖြစ်သည်၊ သို့ သော်လည်း စာရေး ဆရာဟူသော အမည် ကို ခံယူရန်ကား အလှမ်း ဝေးနေချေပြီ။

'မောင်ညိမ်းမောင်'

ကျွန်တော့်ကို နောက်ဘက်မှအော်၍ နှုတ်ဆက်သံကို ကြားရ သည်၊ ကျွန်တော် လှည့်ကြည့်လိုက်သော အခါ ထမင်းချိုင့် ပေးသော ဒေါ်မိကြီးကို တွေ့ ရသည်၊ သူသည် ပလတ်စတစ်ခြင်းတောင်းကြီး တစ်တောင်းကို မနိုင်မနင်းဆွဲလာသည်။

'ဘာတွေ လဲ ဒေါ်မိရဲ့ '

'သကြားတွေ ကွယ်၊ အခြေခံဆိုင်က ထုတ်ပေးတာလေ၊ ကိုယ် သုံးမလိုတဲ့လူတွေ က ပြန်ရောင်းလို့၊ ဒေါ်ဒေါ်သွားကောက်လာတာ လေးလိုက်တာကွယ်'

သူသည်ချိုသာသော မျက်နှာနှင့် ညည်းသည်၊ ဒီလောက်တော့ ကျွန်တော် လည်း အလိုက်သိရပါမည် ၊ သူ့ခြင်းတောင်းကြီးကို လှမ်းယူ ပြီး သယ်ပေးရတော့သည်၊ လေးလိုက်သည်မှာ နင့်နေသည်၊ ဘယ် နှပိဿာများ ဝယ်လာသည် မပြောတတ်ပါ။

'ဒီလောက်အများ ကြီး ဘာလုပ်ဖို့လဲ ဒေါ်မိရဲ့ ၊ ကုန်အောင် စားနိုင်လို့လား'

'မောင်ညိမ်းမောင်နှယ် အတော် အ တာပဲ၊ ဆိုင်မှာ ပြန်သွင်းဖို့ ကွဲ့၊ ထုတ်ပေးတဲ့ဈေးက တစ်ပိဿာရှစ်ကျပ်ခွဲ၊ ဒေါ်ဒေါ်က ဆယ့်ရှစ် ကျပ်နဲ့ ကောက်လာတာ၊ ဆိုင်ပြန်သွင်းတော့ နှစ် ဆယ်ဈေးရတယ်လေ ကဲ ကြားကနေ နှစ် ကျပ်မြတ် မနေဘူးလား'

'တယ် ဟုတ်ပါလားဗျ'

'ငွေမြှုပ်နိုင်ရင်တော့ ငွေများများ မြှုပ်နိုင်လေ များများ မြတ်လေ ပဲ၊ ဒေါ်ဒေါ်က ငွေရင်းမရှိလို့'

'ဟန်ပဲ ဟန်တော့ဗျာ'

'ဒီလိုဘဲ လုပ်စားရတာ မောင်ရင်ရဲ့ နို့ နေပါဦး၊ စာအုပ်က ဘယ်တော့ထွက်မှာ လဲ'

'ဘာစာအုပ်လဲ'

'မောင်ညိမ်းမောင်ရေး နေတဲ့ စာအုပ်လေ'

သူက စိတ်ဝင်တစားမေးသည်၊ စိတ်ဝင်စားပေမည် ။

ကျွန်တော့် ဝတ္ထုထွက်လျှင် သူ့ကို ရေစိုလုံချည် တစ်ထည် ဝယ်ပေးရမည် ဟုအရေး ဆိုထား၍ ကျွန်တော် ကလည်း ခေါင်းညိတ်ထား ခဲ့သည် မဟုတ်ပါလား။

'သိသေးပါဘူးဗျာ'

ကျွန်တော် က စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်၊ နေပူ သော ကြောင့် လည်း ပါမည် ၊ သူ့ခြင်းကြီးလေးသော ကြောင့် လည်း ဖြစ် မည် ၊ ရင်ထဲတွင် မောဟိုက်ပြီး မူးမူးနောက်နောက်ကြီး ဖြစ်လာပါသည်။

'စာရေး ဆရာဆိုတာ သူဌေးကွဲ့၊ မောင်ညိမ်းမောင်လည်း သူဌေးလောင်းပဲ'

'ဘာ ဖြစ်လို့လဲဗျ'

'ဒေါ်ဒေါ်တို့အိမ်နားက သူငယ်လေးလေ၊ အရင်တုန်း ကတော့ ခပ်မွဲမွဲပဲ၊ နောက်တော့ စာရေး ဆရာလုပ်တယ်၊ သူ့စာအုပ်တွေ က သိပ် ကောင်းတယ်တဲ့၊ အမယ်လေး ချမ်းသာသွားလိုက်တာကွယ် ကောင်မ လေးတွေ ကလည်း ဝိုင်းလို့၊ မောင်ညိမ်းမောင်ရယ် ရေး လိုက်စမ်းပါ၊ တစ်ကိုယ်လုံးသိမ့်သိမ့်တုန်အောင်လေ၊ လက်ဖျားငွေသီးတယ်နော်'

ဒေါ်မိကြီးက မစားရဝခမန်း ပြောနေသည်၊ ကျွန်တော် ကမူ သက်ပြင်းသာ တဟင်းဟင်းချမိပါသည်၊ ကျွန်တော့် ဝတ္ထုကလေးထုတ် ရန် မစွံခဲ့သည်မှစ၍ သူဌေး ဖြစ်ရန် မဆိုနှင့် ၊ ထမင်းကလေးနပ်မှန်ဖို့ပင် အလှမ်းအဝေးကြီးဝေးနေသည်ကိုတော့ ကိုယ့်ဟာကိုယ်သာသိပါသည်၊ ကျွန်တော် ၏ 'တောပုန်းကြီးဗိုလ်ကျောက်ခဲ'သည်လည်း စာဖတ်သူအား တစ်ကိုယ်လုံး သိမ့်သိမ့်တုန်အောင် စွမ်းဆောင်နိုင်မည် မဟုတ်ပါ။

နင့်နေအောင် လေးသော သကြားတောင်းကြီးကို သူ့အိမ် ရောက်လျှင် ရောက်ချင်း ခပ်ဆောင့်ဆောင့်ချလိုက်မိသည်၊ လေးလိုက် သည်မှာ လက်မောင်းပင် အောင့်နေပါသည်၊ အိမ်မှတစ်ဖန် သူသွင်းမည့်  ဆိုင်သို့ ဆက်၍ ဆွဲခိုင်းနေဦးမည် စိုးရိမ်ရပါသည်၊ ထို့ကြောင့် ရေ တစ်ခွက်ပင် တောင်းမသောက်အားဘဲ ခပ်သွက်သွက် ပြန်ထွက်လာမိ သည်။

အိမ်ရောက်သော အခါမှ ရေကိုနှစ် ခွက်ဆင့်ပြီး အားရပါးရ သောက်ချလိုက်ပါသည်၊ သို့ သော် ရင်ထဲတွင် ပူပူလောင်လောင်ကြီး ဖြစ်နေသည်မှာ ကား ပျောက်ကွယ်သွားခြင်းမရှိပါ။

ကျွန်တော် သည် ပက်လက်ကုလားထိုင်လေးပေါ်သို့ ခြေပစ် လက်ပစ်ထိုင်ချပြီး မျက်လုံးကို စုံမှိတ်ထားလိုက်သည်၊ ကောင်းစွာ အကင်း မသေသေးသော ချိုစောင်းမှ အနာသည် တစစ်စစ်နှင့် ကိုက်ခဲ နေပါသည်။

'မောင်ညိမ်းမောင် မောင်ညိမ်းမောင်'

တံခါးကို တဒေါက်ဒေါက်ခေါက်၍ ခေါ်နေသံကို ကြားရ သည်၊ အိမ်ရှင်အဒေါ်ကြီး၏ အသံ ဖြစ်သည်၊ အကြွေးတောင်းရန် လာပြန် ချေပြီ။

'မောင်ညိမ်းမောင် ရှိတယ်မဟုတ်လား'

အဒေါ်ကြီးက အသံကိုမြှင့်၍ ခေါ်သည်၊ ကျွန်တော် သည် ထ ရန် ကြံရွယ်ပြီးမှ ပြန်၍ ထိုင်နေလိုက်ပါသည်၊ သူနှင့် မျက်နှာချင်း မဆိုင် လိုသော ကြောင့် ဖြစ်သည်။

ဦးရှန်ဆားသည် ဘဏ်မှငွေကို သွားထုတ်နေပြီ ဖြစ်သဖြင့် သူ့ အိမ်လခကို ဒီနေ့အကျေပေးနိုင်မည် ဖြစ်ပါသည်၊ သို့ သော် သူ့လက်ထဲ သို့ ငွေမထည့်နိုင်သေးဘဲ သူနှင့် မျက်နှာချင်းဆိုင် စကား မပြောလိုပါ။

'တကတဲတော် ဘယ်လိုဟာတွေ လဲ၊ နေတုန်း ကတော့ အကြော့ သားနေပြီး ငွေပေးဖို့တော့ နေ့ရွှေ့ညရွှေ့၊ ဟင်း ဟင်း မယ်မြ အကြောင်း သိပ်သိချင်နေပြီထင်တယ်'

ကျွန်တော် က ပေပြီး ငြိမ်နေသော အခါ အဒေါ်ကြီးသည် လက် လျှော့သွားသည်၊ အသံကိုမြှင့်၍ ကြိမ်းဝါးရင်း အောင်မြင်စွာ ဆုတ်ခွာ သွားသည်၊ ညနေသာ မပေးနိုင်လျှင်တော့ အခြေအနေမကောင်းလှပါ။

ကျွန်တော် သည်မျက်စိကို စုံမှိတ်ကာ အမောဖြေနေလိုက်ပါ သည်၊ သို့ သော် ရင်ထဲတွင် မောနေသော ထိုအမောကား တော် တော် နှင့် မပြေနိုင်ပါ။

မျက်စိကိုစုံမှိတ်ထားရင်းမှ ပရော်ဖက်ဆာဆန်းကျယ်၏ အာ ယုဗလ ဆေးလုံးလေးကို မြင်ယောင်နေမိပါသည်၊ ကျွန်တော် တို့နှစ် ဦး ကို ခုနစ်ဆယ့်ခုနစ်ခုနှစ် သို့ ပို့ဆောင်ခဲ့သည့်ဆေးလုံးလေးများ ဖြစ်သည်၊ ဆေးလုံးလေးမှသင်းသင်းလေးပျံ့သော လိမ္မော်နံ့သည် ကျွန်တော့် နှာဝ တွင် ဝေ့ပျံ့နေသည်ဟု ထင်နေမိသည်၊ နှစ် ပေါင်းအစိတ်ကို စိတ်အေး သက်သာ အိပ်မောကျစေသည့် ဆေးလုံးလေးသည် ကျွန်တော် ၏ လက် တစ်ကမ်းတွင် ပင် ရှိပါသည်။

အင်အားကြီးနှစ် ရပ်သည် ကျွန်တော့်ကို တစ်ဖက်စီမှနေ၍ ဆွဲ နေကြသည်၊ ခေါင်းထဲတွင် ဖြုန်းခနဲမှော င်ကျသွားသလိုလို၊ ရုတ်တရက် ပင် ထိန်ထိန်လင်းလာသလိုလို ဆန့်ကျင်ဘက်ခံစားမှု နှစ် မျိုးကို တစ်ပြိုင်နက်တည်း ခံစားနေရသည်၊ ကျွန်တော် သည် တစ်ဦးတည်းထိုင် ကာ တွေ ဝေငေးမောရင်း ကတုန်ကယင် ဖြစ်ကာ လှိုက်မောနေပါသည်။

'ငွေပေးဖို့ကျတော့ နေ့ရွှေ့ ညရွှေ့ ဟင်း ဟင်း၊ မယ်မြ အကြောင်း သိပ်သိချင်နေကြပြီထင်တယ်'

အိမ်ရှင်အဒေါ်ကြီး၏ အသံကိုကြားယောင်လာပြန်သည်၊ ကျွန် တော် သည် ပင့်သက်ရှိုက်ရင်း နေရာမှထလိုက်သည်၊ စာ တစ်စောင် ရေး နေမိစဉ် ဦးရှန်ဆားပြန်ရောက်လာသည်။

'တစ်ထောင်တန် ချက်လက်မှတ်လေးထုတ်တာ တစ်နေကုန် တာပဲဗျာ ဝှီး မောလိုက်တာ'

ကျွန်တော် သည် ရေး လက်စစာကို ခေါင်းအုံးအောက်သို့ ထိုး ထည့်လိုက်သည်၊ ငွေထုပ်ကလေးကို ကျွန်တော့်အား လှမ်းပေးပြီးမှ မောကြီးပန်းကြီးနှင့် ရေသောက်နေသော သူ့ကို ခင်မင်စွာ ကြင်နာစွာ ငေးကြည့်နေမိပါသည်။

* * *


နောက်တစ်နေ့ ဦးရှန်ဆား အိပ်ရာမှနိုးလာသော အခါ သူ့လက်ထဲတွင် ခေါက်လျက်ထည့်ထားသော စာကလေးတစ်စောင်ကို တွေ့ ရသည်။

မိတ်ဆွေကြီးကိုရှန်ဆား

နှုတ်ဆက်ခဲ့ပါတယ်ဗျာ။

ကျွန်တော့်အတွက်တော့ ပြန်အိပ်နေတာ အကောင်းဆုံးပဲ လို့ စဉ်းစားမိတယ်၊ ခဏနေရင် ဦးဆန်းကျယ်ရဲ့ တတိယဆေးလုံးကို သောက်ချလိုက်တော့မယ်။

ခင်ဗျားကို တစ်ယောက် တည်း ထားခဲ့ရတာ စိတ်တော့ မကောင်းဘူး၊ ဒါပေမယ့် ဘာအလုပ်မှ ဟန်မကျဘဲ ခင်ဗျားရဲ့ ချွေး နည်းစာလေးကို ကပ်စားနေရတာ လည်း မျိုမကျဘူးဗျာ။

နောင်နှစ် အစိတ်ကြာရင် တွေ့ ကြသေးတာပေါ့၊ အဲဒီ ကျရင် လည်း တကယ်လို့ အဆင်မပြေခဲ့သော် ဆက်ပြီးအိပ်သင့်အိပ်ရအောင် ဦးဆန်းကျယ်ကို နောက်ထပ်ဆေးလုံးလေးတွေ ဖော်စပ်ပေးဖို့ ကျွန် တော့် ကိုယ်စား တောင်းပန်ပေးပါဗျာ။

နိုးနေတဲ့ဦးရှန်ဆားကို အစစအရာရာ အောင်မြင်ကျော်ကြား စေဖို့ ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။

သင့် ညိမ်းမောင်

ထိုစာကိုဖတ်ပြီးသော အခါ ဦးရှန်ဆားသည် နေရာမှ ဝုန်းခနဲ ခုန်၍ ထလိုက်လေသည်၊ ထို့နောက် ဦးညိမ်းမောင်၏ ခုတင်ဆီသို့ ဒရော သော ပါး ပြေးသွားသည်။

'ကိုညိမ်းမောင်၊ ကိုညိမ်းမောင်၊ အိုဗျ ကိုညိမ်းမောင်'

ဦးရှန်ဆားက လက်ကို ဝှေ့ယမ်းကာ အော်ဟစ်နေသည်၊ အသက် မှန်မှန်ရှူကာ နှစ် နှစ် ခြိုက်ခြိုက် အိပ်မောကျနေသော ဦးညိမ်း မောင်ကား မတုန်မလှုပ်၊ ကျောက်ရုပ်။

ကတုံးကလေးအပြောင်သားနှင့် သူ့မျက်နှာညိုစိမ့်စိမ့်ကမူ မပြုံး၏ သို့ ပြုံး၏ သို့ ။

(စစ်ပြန်၊ ၁၉၇၇ နိုဝင်ဘာ)

* * *




ဝန်ဇင်းချစ်သူများ မစန္ဒာ ၏ “ ၀တ္ထုရှည်များ (၄) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပုစ္ဆာ

မစန္ဒာ၏ ၀တ္ထုတိုများ(၈)

ငြိုးမာန်ဖွဲ့သူရယ်