Cover

အခန်း (၁)

လှပသော မတော် တဆများ

အမေက အလုပ်ရှာဖို့

ချစ်သူက အတူနေဖို့

သူငယ်ချင်းတွေ က ကဗျာရေး ဖို့ ပြောပြောနေ..။

ပြည်လမ်းမကြီးပေါ်လျှောက်နေရင်း

ဂျူဗင်တပ်(စ်)အသင်းမှာ အတော် ပံတွေ ရှိတာစမ်းမိတယ်..

ကတ္တာရာလမ်းထဲ မြုပ်ဝင်နေတဲ့ မြင်းသံခွာလို

ကောင်းကင်ပေါ်က နို့နှစ် ရောင် အပေါက်ကြီးနဲ့တူတဲ့ ‘လ’ လို

ပေါက်ပြဲနေတဲ့ ဝါယာကြိုးထဲက တစ် ချက်ချင်း ခုန်ဆင်းလာတဲ့ မီးပွင့်လို

အရိပ်များ ၊ အရောင် များ ၊ ဒြပ်များ ၊ တုံးများ

၁၉၁၇ ခုနှစ် မှာ ပြင်သစ်လူမျိုး ‘မာဆယ်ဒူးရွှန့်’ ဟာ

အိမ်သာသုံးကြွေခွက်ကြီးကို ပန်းပုရုပ်တစ်ခုလို ပြပွဲမှာ တင်သွားလိုက်တော့

အနုပညာလောကတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားခဲ့တယ်..

စိတ်ကို အပြာရောင် သုံးလိုက်

နားရွက်တစ်ဖက်ကို Message စာရွက်လို ရေခဲသေတ္တာမှာ ကပ်ထားလိုက်

လက်တစ်ဖက်ကို နံရံထဲရိုက်သွင်းလိုက်

ခြေထောက်တစ်ဖက်ကို မြက်ခင်းပေါ်ထောင်ထားလိုက်

ဆံပင်တွေ ကို မျက်နှာကြက်မှာ မီးဆိုင်းတစ်ခုလိုချိတ်ဆွဲလိုက်

ဖိတ်ကျသွားတဲ့ ဆေးတစ်စက်ကလည်း

ရာစုနှစ် အဆက်ဆက် လင်းလက်ချင်တဲ့အကြောင်း

ကြမ်းပြင်ပေါ်မှာ ဝေဒနာနဲ့ ရွေ့လျားပြနေတယ်…။

ကဗျာတစ်ပုဒ်ဟာလည်း သွားနေတယ်

ပန်းချီကားတစ်ချပ်ဟာလည်း သွားနေတယ်

ပန်းပုရုပ်တစ်ခုဟာလည်း သွားနေတယ်

ယုတ်စွအဆုံး လမ်းမပေါ်လွှင့်ပစ်ထားတဲ့

စက္ကူစုတ် အပိုင်းအစကလေးကလည်း သွားနေတယ်….။

(မဟေသီမဂ္ဂဇင်း၊ ၂ဝဝ၆)

* * * * *


အခန်း (၂)

သူမှလွဲ၍ အခြားမရှိ

ရှုမျှော်ခင်းထဲ ငါ မီးလိုလိုခုန်ပြီး ကူးလိုက်မယ်

ဝါကျကို ပြောင်းပြန်လှန်ပစ်လိုက်

ရှုမျှော်ခင်းဟာ ငါ့ဆီကို မီးလိုခုန်ပြီးဝင်လာ

အသက်ဓာတ်ကလည်း

ကျနေတဲ့နှင်းထက် ပိုပြီးလတ်ဆတ်

“ငြိ” နေတဲ့အတွေးကို

“ဘာသုံးဆောင်မလဲဆရာ” နဲ့

စားပွဲထိုးက “တိုက်”ချလိုက်တယ်..။

ကျီးကန်းတစ်ကောင်

မောင်းချဓားတစ်ချောင်း

ပန်းချီကားတစ်ချပ်

မြန်မြန်…။ ။

နှလုံအိမ်မဂ္ဂဇင်း၊ ၂ဝဝ၅

* * * * *


အခန်း (၃)

ကျီးကန်း

သူ့အသံက ဖမ်းဆုတ်ရခက်တဲ့ ပြဒါး

သမံတလင်းပေါ် လွှတ်ကျသွားတဲ့ သေနတ်တစ်လက်

သူ ထပျံသွားတော့

ဝုန်းဒိုင်းကျဲပြီး ကျန်ခဲ့တဲ့သစ်ကိုင်း

သူ့အသားအရည်က

ပါးနပ်ဖျတ်လတ်ခြင်း

သူ့လက်မောင်းမှာ ထိုးထားတဲ့ဆေးမင်ကြောင်က

အမျိုးထိရင် မချိအောင်နာတတ်သူ

သူ့အသည်းနှလုံးက

လူသွားလူလာများ တဲ့ ပလက်ဖောင်း

သူပျံဝဲနေတဲ့ အနုပညာက

နေဆီ လွှင့်ပစ်လိုက်သော

အနက်ရောင် အဝတ်စတစ်စ။ ။

(ပိတောက်မြေမဂ္ဂဇင်း၊ အမှတ်-၆၊ ဇွန်လ၊ ၂ဝဝ၃)

* * * * *


အခန်း (၄)

လှိုင်သာယာ (၂)

ဘာထူးလဲ

လမ်းပေါ်ထွက်လိုက်တာနဲ့

ငါလည်း လက်လုပ်လက်စားပဲ

(အညှီနံ့က နောက်ကားပါလာတာကို သိတယ်)

ကျောမတက်စေနဲ့တဲ့

စပယ်ယာအသံမှာ ဆူးတွေ အပြည့်နဲ့

ခေတ်တစ်ခေတ်

လူရှစ်ဆယ်ကို

သစ်သားဘတ်(စ်)ကားကြီးထဲထည့်ပြီး ခလောက်တော့

၁၉၄ဝ ခုနှစ် တွေ ဆီ ပြန်ရောက်သွားကြတယ်

နေတတ်ရင် ဘဝဟာ ပျော်ရွှင်ဖွယ်ရာပါ

ပန်းခင်းကြီးမ ဖြစ်လည်း ခြုံပုတ်ကလေးပေါ့

ဒါပေမယ့် သတ္တိရှိတဲ့ခြံပုတ်ကလေး…။ ။

(Beauty Magazine၊ ၂ဝဝ၆)

* * * * *


အခန်း (၅)

ခိုတွေ

ဓာတ်ကြိုးတွေ ပေါ်မှာ

ပလက်ဖောင်းပေါ်မှာ

အိမ်ခေါင်မိုးပေါ်မှာ

ခိုတွေ …

သူတို့ စောင့်စားနေကြ

အရောင် တဖျပ်ဖျပ်လက်နေတဲ့ ပဲစေ့တွေ

ပဲစေ့တွေ က သူတို့စိတ်ပေါ်မှာ လာတင်နေတဲ့ ကမ္ဘာလား

သူတို့တူးဖော်နေတဲ့ အိပ်မက်ရဲ့ သော့ ဟာ

ပဲစေ့တစ်စေ့လား

ခိုတိုင်း ခိုတိုင်းဟာ

ပဲစေ့တွေ ကို

သူတို့အိပ်ရာပေါ်အထိ ဆွဲတင်ချင်ကြ

ဆာလောင်နေတဲ့ ခိုတစ်ကောင်ဟာလည်း

ယောက် ယက်ခတ်နေတဲ့

ပဲစေ့တစ်စေ့ပဲလား

သူတို့စိတ်ကူးအိမ်ထဲ

ကမ္ဘာလုံးထက်ကြီးတဲ့ ပဲစေ့တွေ

ခြေကျင်းဝတ်ထိ တဖြောက်ဖြောက်ကျလာကြ

ခိုတွေ ရဲ့ အတော် ပံခတ်သံဟာ

နေရောင် ခြည်ကို“မ” တင်လိုက်ပြီး

ရွှေရောင် ပဲစေ့တစ်စေ့လို တဖြည်းဖြည်း မြောက်တတ်သွား

“ဗစ်သိုဗင်”ရဲ့ စန္ဒရားခလုတ်ပေါ်မှာ

တဖြန်းဖြန်း ကျကွဲလို့

ခိုတွေ …။ ။

၂ဝဝ၃ ခုနှစ် ၊ ဖေဖော်ဝါရီ

* * * * *


အခန်း (၆)

အချစ်ဟာ ပူအိုက်လွန်းသော ရာသီ

သူငယ်ချင်းဆီက

“မာဖီးယားကမ္ဘာ” ရောက်မလာသေးဘူး

တစ်ခုခုကို အရသာ ဖြစ်ချင်တယ်

ဂက်(စ်)မီးဖိုပေါ်က

ပြာလဲ့လဲ့မီးတောက်ကလေးကိုလည်း

ချွတ်ယူထားချင်တယ်

လမ်းလျှောက်နေတဲ့ ပျိုးပင်ပေါက်ကလေးကိုလည်း

နေရောင် ခြည်အောက် ရောက်စေ့ချင်တယ်

နောက်ကျနေပြီ..

၁ နာရီ နောက်ကျနေပြီ

၂ နာရီ နောက်ကျနေပြီ

၂၄ နာရီ နောက်ကျနေပြီ

တစ်ဘဝစာ နောက်ကျနေပြီ..။

အပြင်မှာ နှင်းကျသံဟာ ကျယ်ကျယ်လောင်လောင်

အိပ်မရတာ နဲ့ မအိပ်ချင်တာ

ရေး မရတာ နဲ့ မရေး ချင်တာ

ကဗျာဟာ ခန္ဓာထဲက ငေါက်တောက်ပန်းထွက်လို့

လေမတိုက်ဘဲ လှုပ်နေတဲ့စိတ်ကို

လင်းနေတဲ့ညကလေးထဲ ထည့်ထားတယ်

“ရှင်မရှိရင် ကျွန်မ အသက်မရှင်ချင်ဘူး” ဆိုတဲ့အသံကို

စာကြည့်စားပွဲပေါ် ထောင်ထားတယ်။

(ပိတောက်ပွင့်သစ်မဂ္ဂဇင်း)

* * * * *




ဝန်ဇင်းချစ်သူများ မောင်ဖီလာ ၏ “ ကျီးကန်းနဲ့ဘိုဟီးမီးယန်းများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ခြေရာ လက်ရာ လက်ရွေးစင်ကဗျာများစုစည်းမှု

ဂေါ်ဂင်ရဲ့ သစ်သီးကိုအရည်ရွှမ်းအောင် ရေးနည်း

မာယာကော့ဖ်စကီးလ် ကပြောတဲ့ ပန်းပုဆရာရဲ့သွားတွေ