ပြည်တန်ဆာမလေး သီရိမာ
စည်ကားသော မြစ်ဝကျွန်းပေါ်မြို့ကလေးတွင် လွန်စွာ ချောမောလှပ၍ လွန်စွာ လူသိများ သော မိန်းကလေးတစ်ဦးရှိလေ၏ ။ သူမ၏ အမည် မှာ သီရိမာဟူ၍ ဖြစ်ပြီး ယောကျာ်းတို့ကမူ သီရိဟူ ၍ ပင် အဖျားဆွတ်၍ ခေါ်ဝေါ်ကြ၏ ။ မြို့ကလေးတွင် သူ့ကိုမသိသော ပုရိသယောကျာ်းဟူ၍ တစ်ဦး တစ်ယောက် မျှမရှိကြပေ။ ပုရိသတို့သည် သီရိမာ၏ အကြောင်းကို ပြောဆိုရမည် ဆိုလျှင် တစ် ထောင့်တစ်ညပုံပြင်ရှည်ကြီးသဖွယ် မမောနိုင်မပန်းနိုင်ပြောဆိုကြလေ၏ ။
ဤမျှချောမောလှပ၍ ဤမျှထင်ရှားသော မိန်းကလေး၏ အလုပ်အကိုင်မှာ ပြည့်တန်ဆာမ ကလေးပင် ဖြစ်၏ ။ သူမ၏ လှပသော ဇိမ်နန်းကလေးသည် မြစ်ကမ်းအနီးရှိ သဲသော င်ပြင်ပေါ်တွင် တည်ဆောက်ထား၏ ။
သီရိမာသည် ရုပ်ရည်ချောမောလှသလို စိတ်သဘောထားနူးညံ့သိမ်မွေ့သူ ဖြစ်သဖြင့် ယောကျာ်းအပေါင်းတို့သည် သီရိမာကို စွဲလမ်းကြ၏ ။
မြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်သူတိုင်းသည် သီရိမာ၏ အကြောင်းကို ပြောဆိုရမည် ဆိုလျှင် ထမင်းမေ့ဟင်းမေ့ပြောဆိုကြကုန်၏ ။
သီရိမာသည် မြစ်ထဲတွင် လှေကလေးဖြင့် ခရီးလှည့်လည်လေ့ရှိ၏ ။ လှေကလေးပေါ်တွင် မီးနီအိမ်ကလေးတစ်လုံးကိုလည်း ထွန်းညှိထား၏ ။
သီရိမာ၏ လှေကို မည် သူမျှမနှောင့်ယှက်ဝံ့ပေ။
မြစ်ကြောင်းတစ်လျှောက်တွင် ခိုးဆိုးတိုက်ခိုက်နေသော လူဆိုးလူသွမ်းကြီးပင်လျှင် သီရိမာ ကို မနှောင့်ယှက်ဝံ့ကြပေ။ ၎င်းတို့ကိုယ်တိုင်သီရိမာကို ချစ်မြတ်နိုးသော ကြောင့် ဖြစ်၏ ။
သီရိမာသည် သူမထံသို့လာရောက်သော ဧည့်သည်များ ကို တစ်ညလုံးပင်သီရိမာကို မနှောင့်ယှက်ဝံ့ကြပေ။ ၎င်းတို့ကိုယ်တိုင် သီရိမာကို ချစ်မြတ်နိုးသော ကြောင့် ဖြစ်၏ ။
သီရိမာသည် သူမထံသို့လာရောက်သော ဧည့်သည်များ ကို တစ်ညလုံးပင်ပြုစုယုယလေ၏ ။ မနက်လင်းအားကြီးအချိန်သို့ ရောက်သော အခါ ပျော်ရွှင်ခြင်းများ သည် နွမ်းနယ်ခြင်းများ အ ဖြစ်သို့ ပြောင်းလဲသွားလေ၏ ။
ထိုအခါမှပင် လှေကလေးကို ရွက်လွှင့်၍ သူမ၏ ဇိမ်နန်းအိမ်ကလေးသို့ ပြန်ခဲ့လေတော့၏ ။ သီရိမာနှင့်တစ်ကြိမ်သော ခရီးကို သွားဖူးသူယောကျာ်းသားတို့သည် တစ်သက်တာတွင် အချိုမြိန် ဆု့း အချိန်လေးများ ကို ရကြ၏ ။
သီရိမာ၏ ညှို့ငင်သော အပြုံးလေးများ ၊ သိမ်မွေ့သော အထိအတွေ့ လေးများ ကို တသသ ဖြစ်၍ မဆုံးနိုင်အောင်ရှိကြ၏ ။ ၎င်းတို့၏ နားထဲတွင် သီရိမာ၏ ချိုသာသော စကားသံလေးများ တိုး တိုးတိတ်တိတ်ရေလှိုင်းခတ်သံများ ကို စွဲလမ်းသွားလေတော့၏ ။
နှစ် ပေါင်းများ စွာ ကြာသည်အထိ ရေလှိုင်းခတ်သံကြားတိုင်းကြားတိုင်းပင် သီရိမာ၏ အသံ ကလေးကို သွားသတိရလေ၏ ။ သူတို့၏ မျက်လုံးထဲတွင် သီရိမာ၏ လှပသော ခန္ဓာကိုယ်လေးကို ဘယ်သော အခါမျှ မေ့မရတော့ပေ။
သီရိမာကို လက်ထပ်ခွင့်ရရှိရန် ဒူးထောက်အသနားခံသော ပုရိသယောကျာ်းသားများ မြောက်မြားစွာ ရှိ၏ ။ ၎င်းတို့အထဲတွင် မြို့အုပ်များ ၊ အရေး ပိုင်များ ။ သူဌေးသားများ လည်း ပါ၏ ။ သို့ သော် သီရိမာက ယဉ်ယဉ်ကျေးကျေးပင် ငြင်းဆိုလေ၏ ။
‘နမ်းပါးများ တော့ပြယ်၊ မြင်ပါများ တော့ ရိုးပါတယ်အစ်ကိုရယ်၊ သီရိတို့ အဝေးက ချစ်တာပဲ ကောင်းပါတယ်၊ အစ်ကို့ကို သီရိအမြဲကြိုနေပါ့မယ်’
ဟူသော စကားသည် သီရိမာ၏ လက်သုံးစားပင် ဖြစ်၏ ။
တစ်ညသ၌ သီရိမာသည် လွန်စွာ ဂျီကျလှသော စက်သူဌေးသား တစ်ယောက် နှင့် ပျော်ပါးပြီး နောက် လှေကလေးကို သူမ၏ ကမ်းစပ်အိမ်ကလေးသို့ ရွက်လွှင့်၍ ပြန်ခဲ့လေ၏ ။
သူဌေးသား၏ ကားကလေးမောင်းထွက်သွားသော အခါမှပင် သီရိမာသည် မျက်လုံးကလေး ကိုမှိတ်ပြီး တစ်ခဏမျှအနားယူလိုက်၏ ။ ပြီးနောက်ငွေကရားလေးထဲမှ နို့တစ်ခွက်ကိုငှဲ့၍ တစ်ငုံမျှ သောက်လိုက်လေ၏ ။
ငွေဓားကလေးကို ယူဆောင်၍ ပန်းသီးတစ်လုံးကို ခွဲစိတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြန် ၏ ။
ပြီးနောက်အိပ်စက်မည် ဟူသော အတွေးဖြင့်သူမ၏ အပျိုဆောင်ကလေးသို့ ၀င်ခဲ့၏ ။ သူမ သည် အစိမ်းရောင် ကို နှစ်သက် သူ ဖြစ်သဖြင့် အပျိုခန်းတစ်ဆောင်လုံး အိပ်ရာခင်း၊ ခန်းဆီးခြင် ထောင်များ အားလုံး အစိမ်းရောင် ဖြင့် မွမ်းမံထား၏ ။
သူမသည် ခုတင်ပေါ်သို့ ခြေပစ်လက်ပစ်လှဲချရန် ကြံစည်လိုက်၏ ။ ထိုအခါသူမ၏ ခုတင် ပေါ်တွင် တစ်စုံတစ်ရာကို တွေ့ လိုက်ရ၏ ။ သီရိမာ၏ မျက်လုံးကလေးသည် ၀ိုင်းစက်သွားလေ၏ ။ သူမ၏ လှပသော နှုတ်ခမ်းလေးမှလည်း ‘အို’ဟု အာမေဍိတ်သံကလေး ထွက်ပေါ်လာ၏ ။
ခုတင်ပေါ်တွင် အနှီးကလေးနှင့်ထွေးပွေ့ထားသော တစ်နှစ် သားအရွယ် ကလေးငယ်လေး တစ်ယောက် ကို တွေ့ လိုက်ရ၍ ဖြစ်၏ ။
သီရိမာသည် မီးအိမ်နီကလေး၏ အလင်းရောင် ကို မြှင့်တင်ရင်း ကလေးငယ်၏ မျက်နှာကို အနီးကပ်ကြည့်လိုက်မိ၏ ။
ကလေးငယ်၏ မျက်လုံးကလေးမှာ ၀ိုင်းစက်နေပြီး သီရိမာကို လက်ကလေးဖြင့် ချစ်စဖွယ် လှမ်းပုတ်လိုက်၏ ။ သူမသည် ကလေးငယ်ကို ကြည့်ရင်းပြုံးလိုက်မိ၏ ။ ကြည့်ရင်း ကြည့်ရင်းပင် သူမ၏ နှလုံးသားတို့သည် တဖြည်းဖြည်းနူးညံ့လာသယောင် ခံစားရ၏ ။
သူမသည် ငယ်စဉ်ကလေးဘ၀ကပင် မိမရှိ ဘမရှိတစ်ကောင်ကြွက်ဘ၀ဖြင့် ကြီးပြင်းခဲ့ရ ၏ ။
သူမကိုမွေးစားသော ယောကျာ်းကြီး၏ မတရားကျင့်ခြင်းကို ခံခဲ့ရ၏ ။ ထိုအခါမှစ၍ ယောကျာ်းတို့ကို စိတ်အနာကြီးနာခဲ့ပြီး အမျိုးမျိုးအထွေထွေသော ပုရိသတို့ဖြင့် ချစ်တမ်းကစား ဖြစ် ခဲ့၏ ။
ကစားတိုင်းပင် သူမကချည်း အနိုင်ရခဲ့သည်သာ ဖြစ်၏ ။ အတောင်နှစ် ဆယ်ဝတ် မင်းယော ကျာ်းတို့သည် သူမ၏ ခြေရင်းတွင် ၀တ်ဆင်းခယရင်း သူမ၏ အချစ်ကို တသသတောင်းခံခဲ့ကြ၏ ။ သူမသည် လှလှပပကြီး ကလဲ့စားချေနိုင်ခဲ့ပြီ ဖြစ်၏ ။ သူမသည် အနိုင်ရခဲ့ပြီဟု အထင်ရှိနေမိ၏ ။ ကလေးငယ်ကို ကြည့်ရင်း သီရိမာ၏ ရင်သည် တလှပ်လှပ်တုန်ခါလာ၏ ။
နှစ် ပေါင်းများ စွာ အေးစက်တည်ငြိမ်ခဲ့သော သူမ၏ နှလုံးသားတို့သည် လှုပ်ခါ၍ သွားလေ၏ ။
‘သိပ်ချစ်စရာကောင်းတဲ့ကလေးရယ်’
ဟု ရေရွတ်ကာကလေးငယ်ကို ထွေးပိုက်ရင်း ပါးချင်းကပ်ထားမိလေ၏ ။ ကလေးငယ်သည် ယောကျာ်းလေး တစ်ယောက် ပင် ဖြစ်၏ ။ သူမသည် ဤသို့လည်းတွေးမိပြန်၏ ။
‘ငါတစ်သက်လုံးဆိုးခဲ့တာပဲ၊ ယောကျာ်းပေါင်းစုံနဲ့အမျိုးမျိုးချစ်တမ်းကစားခဲံတယ်၊ ကစား တိုင်းငါကပဲအနိုင်ရခဲ့တယ်၊ ငါဟာအဆိုးကြီးကို အမိုက်ကြီးမိုက်ခဲ့တယ်၊ ဒါပေမယ့် အခုအချိန်ဟာ ငါလိမ္မာရမယ့် အချိန်ကို ရောက်ပြီပေါ့။ သမ္မာဒေ၀နတ်ကောင်း နတ်မြတ်တွေ က ငါလိမ္မာအောင် သတိပေးတာပဲ ဖြစ်မယ်၊ ဒီနေ့ကစပြီးငါလိမ္မာအောင် သတိပေးတာပဲ ဖြစ်မယ်၊ ဒီနေ့ကစပြီး ငါလိမ္မာ တော့မယ်၊ ဘယ်ယောကျာ်းနဲ့မှ ချစ်တမ်းမကစားတော့ဘူး၊ အို…ချစ်တမ်းမကစားရုံနဲ့ ရမှာ မဟုတ် ဘူး၊ ငါ့ဘ၀ရဲ့ အရိပ်မည်းကြီးက ကလေးငယ်ကို ထိုးကျမှာ ပေါ့၊ ငါ့ကိုရူးသွပ်လောက်အောင် စွဲလမ်း တမ်းတနေတဲ့ယောကျာ်းတွေ ရဲ့ အန္တရာယ်ကလည်း မသေးဘူး၊ ငါဒီမြို့က လူမသိ သူမသိထွက်ခွာ သွားမှ ဖြစ်မယ်၊ ပြောနေကြာတယ်၊ ဒီနေ့ညပဲဒီမြို့ကလေးက ထွက်ခွာသွားတော့မယ်’
ထိုနေ့မှစ၍ လွန်စွာ ချောမော၍ လွန်စွာ မှလည်းယဉ်ကျေးကာ လွန်စွာ စွဲမက်ဖွယ်ကောင်း သော သီရိမာဟူသော ပြည့်တန်ဆာမကလေးသည် ကလေးငယ်နှင့်အတူ မြို့ကလေးမှ ထူးဆန်း စွာ ပျောက်ဆုံးသွားလေတော့၏ ။
သီရိမာကို စွဲလမ်းတမ်းတသော ယောကျာ်းသားတို့သည် တွေးမိတိုင်း သူမကိုနှမြော၍ မဆုံးနိုင်အောင် ဖြစ်တော့၏ ။
မင်္ဂလာပွဲကြီး
စည်ကားသော မြို့ကလေးတစ်မြို့တွင် လွန်စွာ ကြီးကျယ်ခမ်းနားသော မင်္ဂလာဆောင်ကြီး တစ်ခုကိုကျင်းပလေ၏ ။ သတို့သားနှင့်သတို့သမီး၏ နှစ် ဖက်မိဘများ သည် ချမ်းသာကြွယ်ဝကြ သည့် အားလျော်စွာ မင်္ဂလာပွဲကို တတ်နိုင်သရွေ့ ပုံကြီးချဲ့ရန်ကြိုးစားကြလေ၏ ။
သတို့သားဘက်မှ တိုက်တစ်လုံး၊ ကားတစ်စီးနှင့် စိန်တစ်ဆင်စာကို လက်ဖွဲ့လေ၏ ။ သတို့ သမီးဘက်မှလည်း ဆီစက်၊ ဆန်စက်နှင့် ရွှေငွေလက်ဝတ်ရတနာများ စွာ ကို အားကျမခံ ပြန်လည် လက်ဖွဲ့လေ၏ ။
မင်္ဂလာဧည့်ခံပွဲကြီးကို သုံးရက်တိုင်တိုင် စည်စည်ကားကားကျင်းပခဲ့ပြီး မင်္ဂလာပွဲတက် ရောက်သူတိုင်းအား ဗန်ကောက်လုံချည်နှင့် ပ၀ါတစ်ပိုင်းကို လက်ဆောင်ချီးမြှင့်လေ၏ ။
မြို့သူ မြို့သားများ သည် ၎င်းတို့တစ်သက်တွင် တစ်ခါဖူးမျှ မကြုံဖူးသော မင်္ဂလာပွဲကြီးကို ကြည့်၍ လွန်စွာ မှပင်အံ့သြကြလေ၏ ။ သို့သော်မင်္ဂလာပွဲကြီးသည် လူကုံထံများ ကိုသာ ဖိတ်ကြား ပြီးလူကုံထံများ ချည်းသာ တက်ရောက်သော မင်္ဂလာပွဲ ဖြစ်လေရာ ဆင်းရဲသော မြို့သူ မြို့သားများ မှာ ငေးမော၍ သာ နေကြရလေ၏ ။
လူကုံထံများ သည် ဒံပေါက်ထမင်းကို တစ်ပွဲပြီးတစ်ပွဲစားကြ၏ ။ ဘိလပ်ရည်ကို တစ်ပုလင်း ပြီးတစ်ပုလင်းသောက်ကြ၏ ။ လက်ဖွဲ့ပစ္စည်းများ ကို အပြိုင်အဆိုင်လက်ဖွဲ့ကြ၏ ။ ထိုအခါ လက်ဖွဲ့ ပစ္စည်းများ ကို တင်ဆောင်ထားသော စားပွဲခုံကြီးပင် မဆန့်တော့သဖြင့် ခုံကြီးတစ်လုံးကို ထပ်မံရှာ ဖွေရလေ၏ ။
လူကုံထံများ သည် သူတစ်ပါး၏ အတင်းမျိုးစုံကို အားမနာတမ်းပြောကြ၏ ။ သတို့သား သတို့သမီးကို ချိုသာစွာ နှုတ်ဆက်ကြ၏ ။ အံ့သြဖွယ်ချီးမွမ်းကြ၏ ။ မြှော က်ပင့်ကြ၏ ။
‘နေနဲ့လ ရွှေ့နှင့် မြလို လိုက်ဖက်ညီပါတယ်’ဟုတစ်မျိုး။
‘ရွှေ ရွှေချင်းထပ်တော့ မြတ်တာပေါ့’ဟူ၍ တစ်သွယ်။
‘ရတနာရှိရာ ရတနာစုဆိုသလိုပေါ့ဗျာ’ဟူ၍ တစ်ဖုံ ချီးမွမ်းကြ၏ ။
သို့ သော် ကွယ်ရာသို့ ရောက်သည်နှင့်…
‘သတို့သားက ထိပ်ပြောင်ပြောင် အသားက မည်းမည်းနဲ့အရပ်ကတည်းပုသေးတယ်၊ ဒီတော့ ကြည့်ရတာ ကတ္တရာပုံးကို ဆေးဖြူသုတ်ထားသလိုပဲ’
‘သတို့သမီးကလည်း ဘာထူးသေးလို့လဲဗျ၊ နဖူးမောက်မောက် ဖင်ကောက်ကောက်နဲ့၊ ဖ နောင့်ကလည်း တိုသေးတယ်’ဟု ကဲ့ရဲ့ လေ၏ ။ ‘ရွှေ ရွှေချင်းထပ်တော့ မြတ်တာပေါ့ရှင်’ဟုဆိုသော မိန်းမကြီးသည် ကွယ်ရာရောက်သည်နှင့်….
‘မင်္ဂလာဆောင်ချင်တာက နည်းနည်း ကြွားချင်တာကများများ ၊ မသိတာမှတ်လို့ စောမေတို့ က နောကြေနေပြီ’ဟု ကဲ့ရဲ့ လေ၏ ။ သတို့သားနှင့် ရင်းနှီးသူများ ကလည်း…
‘ကျုပ်တို့ သတို့သားကြီးတော့ လှည်းကျိုးထမ်းရပြီဗျာ’
‘ဘာ ဖြစ်လို့လဲဗျ’
‘သတို့သမီးက ကုလားမောင်စိန်နဲ့ ဆီစက်ထဲမှာ သွားသွားမြင်းနေတာ တစ်မြို့လုံးအသိဗျ’
သတို့သမီးနှင့် ရင်းနှီးသူများ ကလည်း…
‘ကောင်မတော့ ပိုးကူးမှာ မြင်ယောင်သေးတယ်’
‘ဘာ ဖြစ်လို့ ပိုးကူးမှာ လဲဟဲ့၊ နင်ကလည်း အရင်းမရှိ အဖျားမရှိ’
‘သတို့သားက ကာလသား ရောဂါ ရှိတယ်တဲ့၊ ကုလားဆရာဝန်ကြီး ‘မူကာဂျီ’ဆီမှာ ကျိတ်ကု နေတာကြာလှပြီ’
‘နင်က ဘယ်လိုလုပ်သိသလဲ’
‘ကုလားဆရာဝန်ကြီးဆီမှာ လေ အိမ်ဖော်လုပ်တဲ့ ‘မိနု’က အခုငါတို့အိမ်ရောက်နေပြီဟဲ့၊ သူကပြန်ပြောပြတာ’
ဟူ၍ အမျိုးမျိုးကဲ့ရဲ့ ကြလေ၏ ။ ကျော်ကြားလှသော ဓာတ်ပုံဆရာသုံးယောက် ကို ကြေးကြီး ပေး၍ ခေါ်ယူထားသော ကြောင့် ဓာတ်ပုံဆရာသုံးယောက် သည် သူ့ထက်ငါဦးအောင် အပြိုင်အဆိုင် ရိုက်ကြလေ၏ ။
သတို့သမီးကို အလုအယက်ရိုက်ကြရင်း ဓာတ်ပုံဆရာနှစ် ဦးမှာ တစ်ဦးနှင့်တစ်ဦး ထိုးကြိတ် ကြလေ၏ ။ ကျန်သော ကုလားဓာတ်ပုံဆရာမှာ မင်္ဂလာစင်မြင့်ပေါ်တွင် ပုဆိုးကျွတ်ကျသဖြင့် ဧည့် ပရိသတ်များ ၀ါးခနဲရယ်မောကြကုန်၏ ။ နှစ် ဖက်သော မိဘဆွေမျိုးများ မှာ မျက်နှာပျက်ကြလေ၏ ။
ဘိသိက်ဆရာကြီးသည်လည်း လွန်စွာ ခမ်းနားသော မင်္ဂလာပွဲကြီးတွင် လွန်စွာ ရှည်လျားစွာ ရွတ်ဆိုရမည် ဟု အထင်ရောက်ရှိရာ ရွှေပွဲလာများ သည် စိတ်မရှည်နိုင်အောင် ဖြစ်ကြလေ၏ ။
သတို့သားအရန်၊ သတို့သမီးအရန်များ မှာ ၀ဋ်ဒုက္ခကြီးစွာ စောင့်ဆိုင်း၍ နေကြရရှာ၏ ။ တရားသူကြီးတစ်ဦးသည် ဂုဏ်သရေရှိလူကြီးလူကောင်း အမည် ခံကာမင်္ဂလာပန်းကုံးကို ချီးမြှင့် လေ၏ ။ လွန်စွာ ကလက်တက်တက်နိုင်လှသော မိန်းမ တစ်ယောက် က ဟန်ပါပါဖြင့်ပန်းများ ကို ကြဲ လေ၏ ။
ဧည့်ခံပွဲကြီးပြီးသော အခါတွင် ကားကြီးကားငယ်အသွယ်သွယ်ဖြင့် မြို့လယ်ကောင်ရှိ လက်ဖွဲ့ထားသော တိုက်အသစ်သို့ သွားကြကုန်၏ ။ လူကုံထံဆိုသူများ သည် သွားရာတွင် ရိုးရိုး တန်းတန်းမသွားဘဲ ကားဟွန်းများ ကို တတီတီတီးလေရာ ကုလားမင်္ဂလာဆောင်နှင့်ပင်တူနေလေ ၏ ။
ထိုအချင်းအရာကိုကြည့်၍ အူကြောင်ကြောင်နိုင်သော မြို့သား တစ်ယောက် က လက်ခုပ် စတီးလိုက်ရာ ကျန်လူများ ကလည်း ဘုမသိ ဘမသိလိုက်လံတီးကြကုန်၏ ။
မြို့လယ်ကောင်ရှိ တိုက်သစ်ကြီးသို့ ကားတန်းကြီးရောက်သော အခါတွင် ရွှေကြိုးငွေကြိုး များ ဖြင့် တားဆီးကြကုန်၏ ။ လူကုံထံများ သည် ဆေးသုတ်ပြီးကာစ အသစ်စက်စက် တိုက်သစ်ကြီး သို့အိမ်ဦးခန်းမှ အိမ်သာခန်းထိအောင် ၀င်၍ ကြည့်ကြ၏ ။ ချီးမွမ်းကြ၏ ။ မြှော က်ပင့်ကြ၏ ။ ကဲ့ရဲ့ ကြ ၏ ။
ထိုနေ့ညတွင် မင်္ဂလာမောင်မယ်တို့ အသုံးတော် ခံမည့်  ခုတင်ကြီးကိုပင် မရှက်မကြောက် မီးရောင် စုံများ ထွန်းညှိ၍ ပြသထားလေ၏ ။
ထိုအခြင်းအရာကိုပင် လူကုံထံတို့သည် လွန်စွာ သဘောကျကြကုန်၏ ။ အချို့သော လူကုံ ထံတို့သည် မင်္ဂလာမွေ့ရာကြီးကို လက်ဖြင့်ကိုင်ကြည့်ကြ၏ ။ အချို့က တက်၍ ပင်ထိုင်ကြ၏ ။
ထို့နောက်တီးတိုးပြော၍ ရယ်မောကြကုန်၏ ။
ဤသို့ ဖြင့် လွန်စွာ အနှစ် သာရ ကင်းမဲ့၍ လွန်စွာ ပေါကြောင်ကြောင်နိုင်လှသော မင်္ဂလာပွဲ ကြီးသည် ပြီးဆုံးခြင်းသို့ ရောက်လေတော့၏ ။
ထိုနေ့ညသို့ ရောက်သော အခါတွင် လွန်စွာ ကျော်ကြားသော မိုးသူဇာအငြိမ့်အဖွဲ့နှင့် ဧည့်ခံ လေ၏ ။ အငြိမ့်မင်းသမီး မိုးသူဇာသည် အဆိုကောင်း၊ အကကောင်း မင်းသမီး ဖြစ်လေရာ တိုးမ ပေါက်အောင် စည်ကားလေ၏ ။ မိုးသူဇာနှင့်အတူ အာလူး၊ ကြက်သွန်၊ ငရုတ်သီးဟူသော လူရွှင် တော် သုံးလက်သည် တွဲ ဖက်ဖျော်ဖြေကြလေ၏ ။
အငြိမ့်မင်းသမီးမိုးသူဇာသည် နောက်ခံကားကို မျက်နှာမူ၍ ကြုံကြုံကလေး ထိုင်နေလေ ရာ ‘အာလူး’ဆိုသူ လူရွှင်တော် ကြီးက-
‘မိုးနတ်ဒေ၀ီ မေဘရဏီတနှုန်းကဲ့သို့၊ မိုးနတ်ဒေ၀ီမေရဏီတနှုန်းကဲ့သို့ ငွေပန်းချီရှုံးလောက် တဲ့….
‘အိုဗျ….ကလေးမ မိုးသူဇာရေ’
ဟူ၍ ခေါ်လိုက်ရာအငြိမ့်မင်းသမီး မိုးသူဇာသည် သီချင်းသံနှင့်အတူ ညက်ညက်လေး ကလေတော့၏ ။
‘အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့လူဆိုတာမျိုးနော်…သဘောနည်းနည်း ကြီးဦးမှာ ပေါ့ သခင်ရေ…မီးရောင် အောက်ကိုဝင်ရင်…လူပျက်တွေ နဲ့သော တော….သူ့သဘောက အလွန်တရာ.. မကြည်လင်သြော်မြရင် မြရင်’
သီချင်းဆုံးသော အခါ မိုးသူဇာသည် ပုံ့ပုံ့လေး ထိုင်ချလိုက်ရာ အာလူးဆိုသော လူရွှင်တော် ကြီးက ပြေးသွားပြီးယပ်တောင်လေးနှင့် တဖျပ်ဖျပ်ခပ်ပေးလေ၏ ။ ထိုအခါ လူရွှင်တော် ငရုတ်သီး က…
‘အာလူးကိုကြည့်ရတာ ပွဲခင်းထဲက မုန့်လေပွေသည်ကြီးနဲ့ တူလိုက်တာကွာ’
ဟု ဆိုလိုက်လေရာ…
‘ဘာ ဖြစ်လို့လဲ ကြက်သွန်ရဲ့ ’
‘မင်းသမီးကို ယပ်ခပ်ပေးနေပုံကို ကြည့်ပါလား မုန့်လေပွေ မကျွတ်မှာ မရွမှာ ကြောက်တဲ့ မျက်နှာနဲ့’
‘အာလူးရေ မကြောက်နဲ့၊ မကြောက်နဲ့ အဲဒီ မုန့်လေပွေက အရွလွန်နေသဟ’
ဟု ဆိုလိုက်လေရာ ပရိသိတ်ကြီးမှာ ဝေါခနဲပွဲကျသွားလေ၏ ။ ထို့နောက် ကြက်သွန်က…
‘အာလူးရေ…မင်းက ကောလိပ်ကျောင်းသားဆိုတော့ ပညာစမ်းမယ်ရွာ’
‘စမ်းစေဗျာ…စမ်းစေ၊ ဘယ်ဘက်က စမ်းစမ်းညာဘက်ကစမ်းစမ်း နံရိုးချည်းပဲ’
‘မသိလို့ မေးရဦးမယ်ကွာ၊ ဗြိတိသျှအင်ပါရာကြီးကို နေမ၀င်အင်ပါရာလို့ ဘာကြောင့်ခေါ်သ လဲ’
‘အင်း…နေမ၀င် အင်ပါရာလို့ ဘာလို့ခေါ်သလဲဆိုတော့ မိုးချည်းအမြဲလင်းနေလို့ နေမှာ ပေါ့’
ဟု အာလူးကဖြေလိုက်ရာ ပရိသတ်များ မှာ ၀ါးခနဲရယ်မောကြပြန်၏ ။
‘အတော့် ကို ပညာရှိတာပါပဲလား’
‘ပညာရှိတာ ကတော့ မျိုးနဲ့ရိုးနဲ့ဗျ၊ ကျုပ်အဖေဆိုရင် အင်္ဂလိပ်အစိုးရစစ်တပ်က စစ်ဗိုလ်ကြီး ကိုယ်တိုင်နာမည် ကောင်းလက်မှတ်ရေး ပေးထားတာ’
‘ဆိုစမ်းပါဦး’
ဟု ငရုတ်သီးက ၀င်ထောက်လေ၏ ။ အာလူးကဆက်လက်၍ …
‘ကျုပ်တို့က ဘိုးဘွားပိုင်အုန်းခြံတွေ ရှိတယ်ဗျ။ တစ်နေ့တော့ အင်္ဂလိပ်စစ်တပ်က စစ်ဗိုလ် ကြီးနဲ့ တစ်ဖွဲ့တစ်ဖွဲ့ အုန်းခြံထဲဝင်လာပြီး၊ အုန်းသီးစားချင်လို့ အုန်းပင်တွေ ကို လက်ညှိုးထိုးပြ တယ်၊ ကျုပ်အဖေလည်း အုန်းပင်တစ်ပင်ပြီးတစ်ပင်တက်ပြီး အုန်းသီးတွေ ချပေးလိုက် တာ အင်္ဂလိပ်စစ်ဗိုလ်ကြီးက သဘောကျလွန်းလို့ ချီးကျူးပြီး နာမည် ကောင်းလက်မှတ်တစ်စောင်ရေး ပေးသွားတယ်၊ ဒီလိုနဲ့တစ်နေ့တော့ အင်္ဂလိပ်စစ်တပ်တစ်တပ်ရွာကို ရောက်လာပြန်တော့ ကျုပ် အဖေကလည်း အခွင့်အရေး ရလိုရညားစာလေးသွားပြတယ်၊ ဒါပေမဲ့ အဖေ့ခမျာ ဘာအခွင့်အရေး မှမရဘဲ အုန်းပင်တွေ သာ တစ်ပင်ပြီးတစ်ပင် တက်လိုက်ရတာ ခါးကိုချည့်သွားတာပဲ၊ ဒီလိုနဲ့ စစ်တပ်တစ်တပ်လာတိုင်း အဖေကစာသွားပြ၊ စစ်ဗိုလ်က အုန်းပင်လက်ညှိုးထိုးပြီး အုန်းပင်တက် ခိုင်း၊ ဒီလိုနဲ့ သံသရာလည်နေလိုက်တာ၊ ကြာတော့လည်း အဖေကစာကို မသင်္ကာ ဖြစ်လာပြီး စတီး ဘရားသားက အင်္ဂလိပ်စာတတ် စာရေး ကြီးကို ဘာသာပြန်ခိုင်းတော့မှ လားလား…ကျုပ်အဖေ နာမည် ကောင်းက လက်မှတ်မှာ ရေး ထားတာက…’
‘ဘာတဲ့လဲ့ဗျ’
‘ဤလူသည် အုန်းပင်တက်ခြင်းနှင့်ပတ်သက်၍ အလွန်အင်မတန်စိတ်ချရပါသည်တဲ့’
ဟုဆိုလိုက်လေရာ ပရိသတ်ကြီးသည် ပါတ်တုပ်၍ မရအောင် ၀ါးခနဲရယ်မောကြလေ၏ ။
‘ကဲ…ကဲ တော် ကြပါတော့ရှင်၊ မိုးသူဇာလေ အမိအဖများ ကို ကပြအသုံးတော် ခံရတာ အား မရသေးဘူးရှင့်…ဒီတော့လေ…
‘အငြိမ့်ဇာတ်ခုံပေါ်တွင် ကစ…ကျွန်မအသွင်…အသည်းများ လှိုက်ခါ…လှိုက်ခါ…တုန်ယင် လာတယ်ရှင်’
ရွှေပွဲလာပရိသတ်ကြီးသည် လွန်စွာ သဘောကျသော ကြောင့် ပန်းသီး၊ လိမ္မော်သီး၊ ဆေး ပေါ့လိပ်စသည်ဖြင့် စင်ပေါ်သို့ ပစ်တင်ပေးလေ၏ ။ ည(၁၂)နာရီကျော်သော အခါ အငြိမ့်ပွဲကို သိမ်း လိုက်လေ၏ ။
အငြိမ့်အဖွဲ့သူ အဖွဲ့သားများ သည် ခြင်ထောင်အသီးသီးထောင်ကာ အိပ်လိုက်လေ၏ ။
လူရွှင်တော် (၃)ဦးအနက် နှစ် ဦးမှာ မိုးအလင်းဖွင့်သော အရက်ဆိုင်သို့ ယွန်းလေ၏ ။
အငြိမ့်မင်းသမီး မိုးသူဇာမှာ သူမနှင့်တိတ်တိတ်ပုန်ညားနေသော အငြိမ့်ထောင်ဆရာထံသို့ မြန်းလေ၏ ။
ဇာတ်ရုံတစ်ရုံလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ အာလူးဟူသော လူရွှင်တော် တစ်ဦးသာ အိပ်၍ မပျော်နိုင်သော ကြောင့် ဟွန်းတယောကြီးတစ်လက်ကို လက်သံစမ်း၍ နေလေ၏ ။ ခဏ အကြာတွင် ‘ခံတွင်းချဉ်လိုက်တာ ဆေးလိပ်တစ်လိပ်လောက် သောက်ရရင်ကောင်းမယ်’ဟုဆိုကာ ၎င်း၏ သေတ္တာပေါ်တွင် ဆေးလိပ်ကိုရှာလေ၏ ။
သေတ္တာပေါ်တွင် ဆေးလိပ်တစ်လိပ်မှ မတွေ့ သဖြင့် လူရွှင်တော် ကြီးသည် အခက်တွေ့ နေ လေတော့၏ ။
ပြီးမှ…
‘ဟာ…အခုမှ သတိရတယ်၊ ငါ့ရင်ဘတ်ထဲမှာ ပရိသတ်ထဲက ပစ်တင်ပေးလိုက် တဲ့ဆေးလိပ် တွေ ရှိသေးတာပဲ’
ဟုတွေးကာ ၎င်းအိတ်ထဲမှ ဆေးလိပ်သုံးလိပ်ထုတ်ယူ၍ ကြေးမီးခြစ်ကြီးကို ထောက်ခနဲမီး ခြစ်ကာ မီးညှိရန်ကြံလေ၏ ။ ၎င်း၏ မျက်လုံးသည် ဆေးပေါ့လိပ်စက္ကူပါတ်ကို သတိပြုမိလိုက်လေ ၏ ။
‘ဟင် ဒီဆေးပေါ့လိပ်က အသစ်ပါလား၊ ငါမမြင်ဖူးဘူး’
ဟုတွေးကာ စက္ကူပါတ်လေးကို လှည့်ကြည့်လေ၏ ။ ဆေးပေါ့လိပ်စက္ကူပါတ်အဖြူတွင် အနီ ရောင် နှင့် ၀ိုင်းစက်စွာ ရေး ထိုးထားသော အောက်ပါကဗျာလေးကို မြင်လေ၏ ။
ဖူးငုံစံ ပန်းကလေးဟာ
အမြတ်နိုးဆုံးပါ
ကဗျာလေးကိုဖတ်ပြီးသော အခါ လူကြီး၏ မျက်လုံးထဲတွင် အရောင် တဖျပ်ဖျပ်ဝင်းလက် သွားလေ၏ ။ ‘သွားဖို့အချိန်တန်ပြီ’ဟုလည်း တီးတိုးရေရွတ်လိုက်၏ ။
ထို့နောက် အငြိမ့်အဖွဲ့သားများ ၏ ကြွေးစာရင်းကို မှတ်လေ့ရှိသော ကျောက်သင်ပုန်းကြီး သို့ သွားကာ အောက်ပါအတိုင်း ရေး ခြစ်လိုက်လေ၏ ။
မိုးသူဇာအငြိမ်အဖွဲ့သူ အဖွဲ့သားများ ခင်ဗျာ…
ကျွန်တော် လူရွှင်တော် အာလူးဟာ ဒီနေ့ကစပြီး အငြိမ့်အဖွဲ့က ထွက်ခွာ သွားပါပြီ၊ အလွန် စည်းလုံးညီညွတ်ပြီး အလွန်ပျော်ရွှင်ဖို့ကောင်းတဲ့ အငြိမ့်အဖွဲ့လေးက ကျွန်တော် ထွက်ခွာသွားရာ စိတ်မကောင်းပါဘူး…
ကျွန်တော် ထွက်ခွာသွားရတဲ့အကြောင်းရင်း ကတော့ ဒီနေ့ညပရိသတ်ထဲက ပစ်တင်ပေး လိုက်တဲ့ ဆေးပေါ့လိပ်မှာ ပါတဲ့ အောက်ပါကဗျာတိုလေးကြောင့်ပါပဲ…
ဖူးငုံစပန်းကလေးဟာ
အမြတ်နိုးဆုံးပါ
ဒီကဗျာဟာ ကျွန်တော် နဲ့ ပတ်သက်တဲ့ကဗျာပါ၊
ဘယ်လိုပတ်သတ်နေတယ်ဆိုတာ ရှင်းမပြနိုင်တာကိုတော့ ခွင့်လွှတ်ပါ
လူတိုင်းလူတိုင်းရဲ့ နှလုံးသားထဲမှာ တော့ အမြတ်နိုးဆုံး ပန်းတစ်ပွင့်တော့ ရှိစမြဲမဟုတ်ပါ လားခင်ဗျာ။
ထိုနေ့မှစ၍ လွန်စွာ တင်္ခဏုပ္ပတ္တိဥာဏ်ရှင်သန်ကာ လွန်စွာ ပျော်ရွှင်တတ်သော လူရွှင်တော် ကြီး ဦးအာလူးသည် မိုးသူဇာအငြိမ့်အဖွဲ့မှ ထူးဆန်းစွာ ပျောက်ဆုံးသွားလေတော့သတည်း။
တစ္ဆေကျွန်း | လင်းနို့တောင်ကျိန်စာ | ရေပြာအိုင်နှင့် နတ်ဆေးဂမုန်း |