တစ္ဆေကျွန်း
မြန်မာပြည်အစွန်အဖျားရှိပင်လယ်ဆိပ်ကမ်းမြို့ကလေးရှိစက်လှေငှားရမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော ဦးသံဒိုင်ဆိုသူတစ်ဦးရှိ၏ ။
ဦးသံဒိုင်သည်နယ်စပ်ဒေသတလျှောက်ဝင်ရောက်လာသော မျက်နှာဖြူများ ကိုကျွန်းစုအနှံ့ လိုက်လံပြသပေးပြီ ၀င်ငွေရှာသော အလုပ်ကိုလုပ်ကိုင်လေ၏ ။
မျက်နှာဖြူများ သည်ဦးသံဒိုင်၏ စက်လှေကြီးကိုငှားရမ်းပြီးမြိတ်ကျွန်းစုအနှံ့လေ့လာကြည့်ရှု့ကြ၏ ။၎င်းတို့သည်မြိတ်ကျွန်းစု၏ အလွန်လှပသော ရှု့ခင်းများ ကိုဓာတ်ပုံရိုက်ကူးကြ၏ ။သာယာလှပသော ကျွန်းများ ပေါ်သို့ ဆင်းပြီးခရုများ ကောက်ယူကြ၏ ။ပင်လယ်ပျော်ငှက်များ ကိုမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြ၏ ။ပင်လယ်ရေနက်ထဲသို့ ဆင်းပြီးရေအောက်ကမ္ဘာ၏ အလှကိုရှု့စားကြ၏ ။မြင့်မားသော တောင်ကြီးများ ပေါ်သို့ ခဲခဲယဉ်းယဉ်းတက်ပြီးဇီဝစိုးငှက်သိုက်များ ကိုပင်ရှာဖွေကြ၏ ။
ဦးသံဒိုင်သည်မျက်နှာဖြူလူမျိုးမှန်သမျှလွန်စွာ စပ်စပ်စုစုနိုင်သည်ထင်ရ၏ ။ဤမျှစပ်စုသော လူမျိုးများ သည်မိမိတို့တိုင်းပြည်ကိုမည် သို့ ကျွန်ပြုထားလေသည်မသိ။
တစ်ခါကမျက်နှာဖြူရေငုပ်ချန်ပီယံဆိုသူသည်ဦးသံဒိုင်၏ စက်လှေကိုငှားရမ်းပြီးပင်လယ်ရေနက်ထဲတွင် ရေငုပ်ပြိုင်ကြ၏ ။
ဦးသံဒိုင်သည်မျက်နှာဖြူများ ဟန်ကြီးတစ်ခွဲသားဖြင့် ရေငုပ်နေပုံကိုကြည့်၍ ဟားတိုက်ရယ်မောနေမိ၏ ။အဘယ့်ကြောင့် ဆိုသော်မျက်နှာဖြူများ ငုပ်သကဲ့သို့ ဆလုံကလေးငယ်များ ပင်ကောင်းစွာ ငုပ်နိုင်၏ ။ဦးသံဒိုင်သည်ဆလုံတစ်ဦးကိုခေါ်၍ ရေငုပ်ပြလိုက်သော အခါမျက်နှာဖြူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏ ။ဦးသံဒိုင်ကမျက်နှာဖြူများ ကိုဂုဏ်ယူစွာ ကြည့်၍
“မင်းတို့ငုပ်သလောက်တော့ ငါ့တို့ဆီက ကလေးတွေ တောင် ငုပ်နိုင်တယ်”
ဟုဝံ့ကြွားစွာ ပြောဆိုလိုက်ရာမျက်နှာဖြူများ ရူးမတတ် ဖြစ်သွားလေ၏ ။
ဦးသံဒိုင်သည်လွန်ခဲ့သော တစ်ပတ်လောက်ကအလွန်ထူးခြားသည့်အလုပ်တစ်ခုကိုလက်ခံရရှိခဲ့၏ ။
ထိုအလုပ်မှာ ဦးသံဒိုင်ထံသို့ စာတစ်စောင်နှင့် ငွေစက္ကူတစ်ထပ်ရောက်ရှိလာပြီး ဦးသံဒိုင်က စာကို ဖတ်ရှု့ကြည့်သော အခါ
မိတ်ဆွေကြီး ဦးသံဒိုင်
ခင်ဗျားဟာပင်လယ်ပြင်မှာ ကျွမ်းကျင်တဲ့ပဲ့ထိန်းကြီး တစ်ယောက် ဆိုတာကျုပ်သိပါတယ်၊ဒါကြောင့် ခင်ဗျားကိုထိုက်သင့်တဲ့အခကြေးငွေပေးပြီးအလုပ်တစ်ခုအပ်ချင်ပါတယ်ကျုပ်ရဲ့အလုပ် ကတော့ထူးထူးခြားခြားမဟုတ်ပါဘူး၊လာမယ့်နိုဝင်ဘာလ(၁)ရက်နေ့မှာ မိတ်ဆွေကြီးရဲ့တိမ်ပျံစက်လှေကြီးနဲ့ခရီးသည်ရှစ်ယောက် ကိုမြိတ်ကျွန်းစုထဲကလူမဲ့ကျွန်းကိုပို့ပေးရပါမယ်ဧည့်သည်တွေ ကိုလူမဲ့ကျွန်းကိုပို့ပေးပြီးတော့တစ်လပြည့်တဲ့နေ့ဒီဇင်ဘာ(၁)ရက်နေ့မှာ လူမဲ့ကျွန်းမှာ လာကြိုပေးရမှာ ဖြစ်ပါတယ်။ဒီခရီးစဉ်ရဲ့ အရေး ကြီးဆုံးစည်းကမ်းချက် ကတော့နှုတ်လုံဖို့နဲ့မစပ်စုဖို့ပါပဲ။ခရီးသည်(၈)ယောက် ကိုဘာ့ကြောင့် သွားတာလဲဆိုတာမိတ်ဆွေနဲ့မဆိုင်တဲ့ကိစ္စမို့မေးမြန်းဖို့မကြိုးစားပါနဲ့။လောကမှာ ကိုယ်နဲ့မဆိုင်တာကိုမသိတာအကောင်းဆုံးပါပဲ။
(သင့်ရဲ့ အလုပ်ရှင်)
မှတ်ချက်။ ။ခင်ဗျားလို အလွန်ကျွမ်းကျင်တဲ့ ပဲ့ကိုင်ကြီး တစ်ယောက် ဟာ မြိတ်ကျွန်းစုထဲက လူမဲ့ကျွန်းကိုကောင်းကောင်းသိနိုင်တဲ့အတွက် လမ်းညွှန်မပြတော့ပါဘူး။
ဦးသံဒိုင်သည် ထူးဆန်းသော အလုပ်ကိုလက်ခံရရှိပြီး ငွေစက္ကူများ ကို ရေတွက်ကြည့်ကာ မျက်လုံးပြူးသွားလေ၏ ။
“များ လှချည်လား ဒီလောက်များ တဲ့ငွေတွေ ကို ငါတစ်လလောက်ရှာမှရမယ် ဟုရေရွတ် လိုက်မိ၏ ။ အလုပ်ရှင်၏ ခိုင်းစေချက်အရ ခရီးသည် (၈)ယောက် ကို လူမဲ့ကျွန်းသို့ ပို့ဆောင်ရမည် ဆို၏ ။
ဦးသံဒိုင်သည် မြိတ်ကျွန်းစုကို ကျွမ်းကျင်သော ပဲ့နင်းကြီး တစ်ယောက် ဖြစ်သဖြင့် လူမဲ့ကျွန်းအကြောင်းကို ကောင်းစွာ သိရှိ၏ ။ လူမဲ့ကျွန်းသည် ကျွန်းပေါင်း(၈၀၀)ကျော်ရှိသော မြိတ်ကျွန်းစုထဲရှိ ကျွန်းသိမ်ကျွန်းးမွှားလေး တစ်ကျွန်းပင် ဖြစ်၏ ။
ဤမျှသေးငယ်သော ကျွန်းလေးကို ဦးသံဒိုင် အနေဖြင့် သိရှိနေခြင်းမှာ လူမဲ့ကျွန်းသည် အခြားကျွန်းများ နှင့် ကွာခြားချက်ရှိတာကြောင့် ပင် ဖြစ်၏ ။
လူမဲ့ကျွန်း၌ ထူးခြားစွာ ပင် မျက်နှာဖြူအရာရှိ တစ်ယောက် တည်ဆောက်ထားသော အိမ်အိုပျက်ကြီး တစ်လုံးရှိနေ၏ ။ ထိုအိမ်အိုပျက်ကြီးကို မျက်နှာဖြူအရာရှိကြီးက ကပ္ပလီပင်လယ်အတွင်း မီးပြတိုက်များ ဆောက်ရန်နှင့် မိုးလေ၀သစခန်းတစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်၏ ။
သို့ သော် နောက်ပိုင်း၌ ၄င်း၏ ရည်ရွယ်ချက်များ အကောင်အထည်မဖော် ဖြစ်ဘဲ လူမဲ့ကျွန်းရှိ အိမ်အိုကြီးကို သော့ ပိတ်၍ သာ ထားခဲ့၏ ။
လူမဲ့ကျွန်း၌ လူနေသည်ဟူ၍ လည်း မကြားဘူးချေ…..
ယခု မိမိ၏ စက်လှေကို ငှားရမ်းသော လူက ထူးဆန်းစွာ ပင် ခရီးသည်(၈)ယောက် ကို လူမဲ့ကျွန်းသို့ ပို့ ဆောင်ပေးရမည် ဆို၏ ။
ခရီးသည်(၈)ယောက် သည် အဘယ့်ကြောင့် လူသူကင်းဝေးသော ကျွန်းငယ်ပေါ်ရှိ အိမ်အိုပျက်ကြီးသို့ သွားရောက်ကြလေသနည်း။
မိမိကို ငှားရမ်းသော အလုပ်ရှင်ကမူ လောက၌ မိမိနှင့် မသက်ဆိုင်သော အကြောင်းကို စိတ်မ၀င်စားတာ အကောင်းဆုံးဟုဆို၏ ။ ဤခရီးစဉ်၏ အရေး ကြီးဆုံးစည်းကမ်းမှာ နှုတ်လုံဖို့နှင့် မစပ်စုရန် ဖြစ်သည်ဆို၏ ။
ဦးသံဒိုင်သည် ပင်လယ်ပြင်ကို စိတ်ဝင်စားသော ပဲ့ထိန်းကြီး တစ်ယောက် သာ ဖြစ်ပြီး သူတစ်ပါးအကြောင်းကို စပ်စုတတ်သူ မဟုတ်ပါလား။
ထို့ကြောင့် မိမိတာဝန်ကိုသာ ကျေပွန်အောင် ထမ်းဆောင်ရပေတော့မည် ။
နိုဝင်ဘာလ (၁) ရက်နေ့သို့ ရောက်သော အခါ ဦးသံဒိုင်၏ တိမ်ပျံ စက်လှေကြီးဆီသို့ ခရီးသည်ရှစ်ယောက် အသီးသီးရောက်ရှိလာလေ၏ ။ ဦးသံဒိုင်သည် ပုံသဏ္ဍာန်အမျိုးမျိုး အသက်အရွယ်အဖုံဖုံနှင့် ရောက်ရှိ လာသော ခရီးသည်များ ကို မည် သည့် မေးခွန်းကိုမျှမဆိုဘဲ ခရီးသည် ရှစ်ယောက် ပြည့်သည်နှင့် စက်လှေကို ဆိပ်ကမ်းမှ ခွာရန်ပြင်ဆင်လေ၏ ။
သူတို့ဒေသ၌ လှေမထွက်ခွာမီ ဒေသထုံးစံအတိုင်း ဗျောက်အိုးတွဲ များ ကို တဖြောင်းဖြောင်းဖောက်ခွဲလိုက်လေ၏ ။
ဦးသံဒိုင်၏ ဗျောက်အိုးသံကြောင့် ခရီးသည်ရှစ်ယောက် ထဲတွင် ပါဝင်သော မိန်းမသုံးယောက် သည် ထိတ်လန့်တုန်လှုပ်သွားလေ၏ ။ ခရီးသည်အားလုံး အသက်သုံးဆယ်ဝန်းကျင်မှ ခြောက်ဆယ်ဝန်းကျင်ခန့်ရှိမည် ထင်ရ၏ ။
ခရီးသည်ရှစ်ယောက် အနက် သုံးဦးမှာ မိန်းမသားများ ဖြစ်ပြီး ကျန်ငါးဦးမှာ ယောက်ျားသားများ ဖြစ်၏ ။ မိန်းမသားသုံးယောက် သည် အသက်သုံးဆယ်ဝန်းကျင်ခန့်သာရှိပြီး ယောက်ျားသားငါးဦးမှာ အသက်သုံးဆယ်မှ ခြောက်ဆယ်ဝန်းကျင်ထိရှိပေမည် ။
ခရီးသည်များ အားလုံး တစ်ယောက် နှင့် တစ်ယောက် သိကျွမ်းပုံမရဘဲ တစ်ဦးကို တစ်ဦး မသိမသာ အကဲခတ်နေကြ၏ ။ ခရီးသည်မိန်းမသားသုံးယောက် အနက် တစ်ဦးမှာ အလွန်အသားဖြူပြီး တစ်ဦးမှာ အလွန်အရပ်အမောင်းကောင်း၏ ။ ကျန်တစ်ဦးမှာ တင်ထွားထွားရင်ကားကားနှင့် လုံးကြီးပေါက်လှ မိန်းမတစ်ဦး ဖြစ်၏ ။
မည် သို့ ပင် ဖြစ်စေ မိန်းမသားသုံးယောက် စလုံး ချောမောလှပသော မိန်းမများ ဟုဆိုနိုင်၏ ။ ယောက်ျားငါးဦးအနက် အသက်အရွယ်အကြီးရင့်ဆုံးလူကြီးသည် ဥပဓိရုပ်ကောင်းမွန်သန့်ပြန့်၏ ။ ကျန်သော လူလတ်ပိုင်းအရွယ် ယောက်ျားလေးယောင်မှာ သာမန်ရုပ်ဆင်းသဏ္ဍာန်မျှသာ ရှိလေ၏ ။
ခရီးသည်များ အနက် ဥပဓိရုပ်အကောင်းဆုံးလူကြီးသည် ပဲ့ထိန်းကြီး ဦးသံဒိုင်းအနီးသို့ ချဉ်းကပ်လာပြီး
“ကျုပ်တို့ကို ဘယ်ခေါ်သွားမှာ လဲဗျ”
ဟုပြောလိုက်လေ၏ ။ ဦးသံဒိုင်က ခေါင်းခါယမ်း၍
“ကျုပ်ရဲ့ တာဝန်က ခင်ဗျားတို့ကို ပင်လယ်ထဲက ကျွန်းတစ်ကျွန်းကို ခေါ်သွားဖို့ပါပဲ၊ ခင်ဗျားတို့ကို မေးခွန်းတွေ မေးမြန်း ခွင့်မရှိသလို ဖြေဆိုခွင့်လည်း မရှိပါဘူး”
ဟုပြောလိုက်လေ၏ ။
ထိုအခါ မိန်းမသားသုံးယောက် အနက် လုံးကြီးပေါက်လှမိန်းမသည် ရှေ့သို့ တိုးလာပြီး
“ဘာပဲ ဖြစ် ဖြစ် ဒီအချိန်မှာ ကျွန်မတို့ကို အသိပေးသင့်ပါပြီ၊ ကျွန်မတို့အားလုံး ဝေးလံခေါင်သီတဲ့အရပ်က ဒီအထိတောင်ရောက်လာပြီးပြီပဲ”
ဟု ပြောလိုက်ရာ အရပ်ရှည်ရှည်မိန်းမကလည်း ၀င်ရောက်၍ ထောက်ခံလေ၏ ။ ခရီးသည်များ ၏ မေးခွန်းကြောင့် ပဲ့နင်းကြီးဦးသံဒိုင်သည် ခေါင်းခါယမ်းလိုက်ပြီး
“ခင်ဗျားတို့ ကျုပ်ကို အထင်သိပ်ကြီးနေပြီ၊ ခင်ဗျားတို့ ခရီးကို ဘာမှမသိသလို ဖြေဆိုခွင့်လည်းမရှိဘူး၊ အခကြေးငွေယူပြီး စက်လှေအငှားလိုက်လာတဲ့ လူ တစ်ယောက် ပဲ”
ဟု ပြောလိုက်ရာ ခရီးသည်ယောက်ျားများ အနက်မှ တစ်ယောက် က မျက်မှော င်ကြုတ်၍
“ဒါဆိုရင် ခင်ဗျားစက်လှေကို အခကြေးငွေပေးပြီး ငှားရမ်းတဲ့သူက ဘယ်သူလဲ”
ဟု မေးမြန်းလိုက်လေ၏ ။
ပဲ့နင်းကြီး ဦးသံဒိုင်က ပင်လယ်ပြင်ဆီသို့ မျှော်ကြည့်၍
“ကျူပ်လဲမသိဘူးဗျ၊ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျူပ်ဆီကို စာတစ်စောင်ရောက်လာပြီး ခရီးသည်ရှစ်ယောက် ကို ကြိုပေးဖို့အလုပ်အပ်တယ်၊ ဒီခရီးနဲ့ ပတ်သတ်လို့ ထိုက်သင့်တဲ့ အခကြေးငွေလဲရတယ်၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို မစပ်စုဖို့နဲ့ နှုတ်လုံဖို့လဲမှာကြားထားတယ်”
ဟု ပြောလေရာ ဥပဓိရုပ်ကောင်းသော လူကြီးက သက်ပြင်းချ၍
“ကျုပ်တို့ကို ဘယ်ပို့ပေးရမလဲ ဆိုတာတော့ ခင်ဗျားသိမှာ ပေါ့”
ဟု ပြောလေ၏ ။ ပဲ့နင်းကြီး ဦးသံဒိုင်းက ခေါင်းညိတ်၍
“ခင်ဗျားတို့သွားရမဲ့နေရာက မြိတ်ကျွန်းစုထဲက အလွန်သေးငယ်တဲ့ ကျွန်းလေးတစ်ကျွန်းကိုပဲ”
ဟု ပြောလေ၏ ။ ထိုအခါ လူအုပ်ထဲရှိ ယောက်ျားတစ်ဦးက၀င်၍
“ခင်ဗျားတို့အားလုံး ဘာ ဖြစ်လို့ ဒီလောက်စိတ်စော နေရတာ လဲ မကြာမီ ကျုပ်တို့သွားမဲ့အရပ်ကို ရောက်တော့မယ်၊ ဒီရောက်ရင် ကျုပ်တို့ကို ဘယ်သူမှ ဖုန်းကွယ်ထားလို့မရတော့ဘူး၊ ပဲ့နင်းကြီးကို သွားမေးရင် အချိန်ကုန်ရုံပဲရှိတော့မှာ ပေါ့”
ဟု ပြောလိုက်ရာ ခရီးသည်များ အားလုံး ပဲ့နင်းကြီးကို မေးမြန်းခြင်း မရှိတော့ဘဲ ငြိမ်သက်သွားလေ၏ ။
ထိုအခါ ပဲ့နင်းကြီးက ခရီးသည်များ အားလုံးကိုကြည့်၍
“ခင်ဗျားတို့သွားမယ့်ကျွန်းကို ညနေစောင်းရင်ရောက်မယ်၊ ကျုပ်ရဲ့ အလုပ်ရှင်က ဒီခရီးမှာ နှုတ်လုံရမယ်ဆိုလို့ လှေထိုးသားတွေ တောင် ခေါ်မလာဘူး၊ ဒီနေ့နေ့လယ်စာအတွက်တော့ ဘာမှပူစရာ မလိုဘူး၊ ခင်ဗျားတို့ကို ကျုပ်ရဲ့လှေပေါ်မှာ ပဲ ကျွေးမယ်”
ဟု ပြောပြီး သူ၏ တိမ်ပျံစက်လှေကို ပင်လယ်ထဲ၌ တအိအိမောင်းနှင်လေ၏ ။
ပဲ့နင်းကြီး ဦးသံဒိုင်၏ စက်လှေကိုဒေသအခေါ် ၀ါးလပ်ဟု ခေါ်ပြီး (၃၅) ပေခန့်ရှည်လျား၏ ။ လှေ၏ အနောက်တွင် ကျောက်ဆောင်ထူထပ်သော ကျွန်းများ ပေါ်သို့ ဆင်းရန် ပဲ့ချိတ်တစ်စီးကိုလည်းတွဲ ချည်ထား၏ ။
ခရီးသည် ရှစ်ယောက် စလုံးသည် ပင်လယ်နှင့် စိမ်းသူများ ဖြစ်သဖြင့် ပင်လယ်၏ အလှကို တအံ့တသြ ရှု့စားကြလေ၏ ။ ဦးသံဒိုင်၏ စက်လှေသည် မြောက်ဘက်သို့ ဦးတည်မောင်းနှင့် နေပြီး ဘယ်ဘက်ခြမ်း၌ ကျွန်းများ ကိုတွေ့ ရသဖြင့် ခရီးသည် တစ်ယောက် က
“ဟိုးမှာ မြင်ရတဲ့ ကျွန်းတွေ မှာ လူရှိသလား”
ဟု မေးမြန်းလေရာ ဦးသံဒိုင်က ခေါင်းညိတ်၍
“လူရှိတယ်၊ ကျွန်းပေါ်မှာ ဆလုံရွာကလေးတွေ အများ ကြီးဒီကျွန်းတွေ ကို လွန်ပြီးတော့ ကျွန်းတန်းရှည်ကြီး သုံးခုမှာ လဲ ဆလုံရွာတွေ ရှိတယ်၊ ဟိုးညာဘက်က ကျွန်းလေးတစ်ကျွန်းကို မပုတေးကျွန်း လို့ခေါ်တယ်”
ဟု ပြောလိုက်ရာ အသားဖြူဝင်းသော မိန်းမက ဦးသံဒိုင်ကိုကြည့်၍
“ကျွန်းပေါ်မှာ ဘယ်လိုတိရစ္ဆာန်တွေ ရှိသလဲ”
ဟု မေးမြန်းလေ၏ ။ ထိုအခါ ဦးသံဒိုင်က
“ကျွန်းပေါ်မှာ တော့ ငှက်ပေါင်းစုံနဲ့ ဖွတ်တွေ ၊ မြွေတွေ ပေါတယ်”
ဟု ပြောလိုက်ရာ မိန်းမသားသုံးယောက် သည် ကြောက်ရွံ့ဟန်ဖြင့် ပခုံးတွန့်လိုက်ကြ၏ ။ ပဲ့နင်းကြီး ဦးသံဒိုင်ကဆက်လက်၍
“ဟိုးမှာ မြင်တွေ့ ရတဲ့ ကျွန်းမှာ မုတ်ကောင်တွေ အများ ကြီးရှိတယ်၊ မြန်မာပြည်ရဲ့ အကြီးဆုံးပုလဲကြီးတွေ ဒီအရပ်က ထွက်တာပေါ့၊ ကျွန်းတွေ ကတော့ ရတနာသိုက်တွေ လို့တောင် ဆိုလို့ရတယ်၊ ကျွန်းပေါ်မှာ ပုလဲထွက်တယ်၊ ငှက်သိုက်တွေ ရတယ်၊ ဟိုးရှေ့ကကျွန်းကြီးကိုကြည့် ရွှေကျွန်းလို့ခေါ်တယ်၊ ဒီကျွန်းမှာ ရွှေထွက်တယ်၊ သဲတွေ ကအစ ရွှေရောင် ဖြစ်နေတယ်”
ဟု ရှင်းပြလေ၏ ။ ဦးသံဒိုင်း၏ စကားကြောင့် လုံးကြီးပေါက်လှ မိန်းမ၏ မျက်လုံးများ ၀င်းလက်သွားပြီး
“ရွှေထွက်တယ် ဟုတ်လား၊ ကျွန်မတို့သွားမယ့် ကျွန်းမှာ ရော ရွှေမထွက်ဘူးလား”
ဟုမေးမြန်းလေ၏ ။ ဦးသံဒိုင်က သက်ပြင်းချ၍
“ခင်ဗျားတို့ သွားမယ့်ကျွန်းက သေးလွန်းလို့ ခင်ဗျားတို့ ရှစ်ယောက် နဲ့တင် ပြည့်သွားလိမ့်မယ်၊ ကျွန်းရဲ့ နာမည် က လူမဲ့ကျွန်းလို့ခေါ်တယ်”
ဟု ပြောလိုက်ရာ ယောက်ျားသား တစ်ယောက် က မျက်မှော င်ကြုတ်၍
“လူမဲ့ကျွန်းတဲ့လား နာမည် က ထိတ်လန့်စရာကြီးပါလား ”
ဟု ပြောလေ၏ ။ ဦးသံဒိုင်က သက်ပြင်းချ၍
“မြိတ်ကျွန်းစုထဲက အလွန်သေးငယ်တဲ့ ကျွန်းလေးမှာ အမည် နာမ မရှိတာ များ ပါတယ်၊ ဒါပေမယ့် လူမဲ့ကျွန်းလို့ အမည် တွင် ရတာ က မျက်နှာဖြူအရာရှိကြီး တစ်ယောက် တည်ဆောက်တားတဲ့ ဘိုအိမ်ကြီးကြောင့် ပဲ၊ ဘိုအိမ်ကြီးဆောက်ရခြင်းက မြိတ်ကျွန်းစုထဲမှာ မီးပြတိုက်ဆောက်ဖို့နဲ့ မိုးလေ၀သအခြေအနေကို လေ့လာဖို့လို့ဆိုကြတယ်၊ အချို့ကလဲ မြိတ်ကျွန်းစုက ရတနာတွေ ဖြစ်တဲ့ ပုလဲတွေ ၊ ငှက်သိုက်တွေ ကို လေ့လာဖို့လို့ပြောကြတယ်၊ နောက်ဆုံးတော့လဲ မျက်နှာဖြူအစိုးရဟာ ဘိုအိမ်ကြီးကို သော့ ပိတ်ပြီး အစောင့်မရှိဘဲ ထားခဲ့ကြတယ်”
ဟု ပြောပြီး သူ၏ စကားကို အဆုံးသတ်လိုက်လေ၏ ။ ခရီးသည်များ သည် ကျွန်းတစ်ကျွန်း၏ အနီးသို့ စက်လှေဖြတ်သန်းစဉ် ကျွန်း၏ သော င်ပြင်ရှိ သဲများ ဖြူဆွတ်နေသဖြင့် တအံ့တသြ ပြောဆိုကြလေ၏ ။ ဦးသံဒိုင်သည် ထမင်းစားချိန်ရောက်သော အခါ စက်လှေကိုရပ်တန့်၍ ခရီးသည်များ ကို နေ့လယ်စာကျွေးမွေးလေ၏ ။
ဦးသံဒိုင် ကျွေးမွေးသော ပင်လယ်စာများ ကို ခရီးသည်များ အားလုံးမြိန်ရှက်စွာ စားသောက်ကြ၏ ။ ခရီးသည်များ ထမင်းစားပြီးသော အခါ ဦးသံဒိုင်သည် စက်လှေကို စက်နှိုး၍ ပြန်လည်ထွက်ခွာလေ၏ ။
ခရီးသည်များ သည် ဗိုက်ပြည့်သွားပြီ ဖြစ်သဖြင့် တစ်ဦးကိုတစ်ဦး မသိမသာ အကဲခတ်နေကြလေ၏ ။ ၄င်းတို့အားလုံးတူညီသော ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ခြင်း ဖြစ်၏ ။ ထိုရည်ရွယ်ချက်မှာ လောဘစိတ်ပင် ဖြစ်သည်။
ခရီးသည် မိန်းမသားများ အနက် လုံးကြီးပေါက်လှ မိန်းမ၏ အမည် မှာ မမကြီး ဖြစ်၏ ။ မမကြီးကို ဧရာဝတီမြစ်ကမ်းနံဘေးရှိ တံငါရွာကလေး၌ မွေးဖွားခဲ့၏ ။ မမကြီး၏ ဖခင် ပင်လယ်ပြင်၌ မုန်တိုင်းမိပြီး မိခင်သည် လက်ဖက်ခြောက်ကုန်သည် ဦးဘထွားနှင့် လက်ထပ်ခဲ့၏ ။ မိခင်သည် ဦးဘထွားနှင့် လက်ထပ်ပြီးနောက် အိမ်ထောင်ရေး ကံမကောင်းရှာဘဲ ချောင်းဆိုးသွေးပါ ရောဂါ ဖြင့် ဆုံးပါးခဲ့၏ ။
ဦးဘထွားသည်မိခင်ဆုံးသွားပြီး များ မကြာမီ မမကြီး၏ အိပ်ခန်းထဲသို့ ကျူးကျော်ဝင်ရောက်ကာ အတင်းအဓမ္မသိမ်းပိုက်ခဲ့၏ ။ ထိုညကမမကြီးသည် သူမ၏ အပျိုစင်ဘ၀ကို နာကျင်ကြေကွဲစွာ ပေးဆပ်ခဲ့ရ၏ ။ ဦးဘထွားသည် ပထမပိုင်းတွင် တိတ်တိတ်ပုန်းပေါင်းသင်းပြီး ကာလတန်ကြာသော အခါ လူသိရှင်ကြား ပေါင်းသင်းခဲ့လေ၏ ။ ထိုအချိန် မမကြီးသည် ဦးဘထွားပြုသမျှ ခံနေရ၏ ။
တစ်နေ့တွင် မမကြီးသည် ရွယ်တူမိန်းမသားများ နှင့် မြသလွန်ဘုရားပွဲသို့ သွားရင်း ကောလိပ်ဂျပိုးမောင်မောင်ဦးနှင့် တွေ့ ဆုံခဲ့၏ ။ မမကြီးသည် ၄င်းကိုအထင်ကြီးပြီး မောင်မောင်ဦး၏ နောက်သို့ ကောက်ကောက်ပါအောင် လိုက်ခဲ့လေ၏ ။
မောင်မောင်ဦးသည် ကောလိပ်ကျောင်းသားဆိုသော်လည်း အိုင်အေတန်းတွင် စာမေးပွဲ အကြိမ်ကြိမ်ကျရှုံးပြီး ဓာတ်ပုံဆိုင်ဖွင့်၍ အသက်မွေးဝမ်းကျောင်း ပြုနေလေ၏ ။
ဓာတ်ပုံဆရာမောင်မောင်ဦးသည် လူရှုပ်လူပွေတစ်ဦး ဖြစ်ပြီး မမကြီးကို ရိုးလောက်အောင် ပေါင်းပြီးသော အခါ မြားပွေသူတို့၏ ထုံးစံအတိုင်း မိန်းမလှများ နှင့် ရှုပ်ပွေလေ၏ ။
မောင်မောင်ဦးသည် ဓာတ်ပုံဆိုင်ဖွင့်ထားသဖြင့် မိန်းမလှများ ပေါများ လှ၏ ။ မမကြီးသည် မောင်မောင်ဦးကို စရိုက်ဆိုးကြောင့် ဒေါသပုံထပြီးဆူပူသော င်းကျန်းသော အခါ မောင်မောင်ဦးသည် မမကြီးအား ဓာတ်ပုံဆိုင်မှ နှင်ချလိုက်လေ၏ ။
မမကြီးသည် မောင်မောင်ဦးနှင့် ခွာပြဲပြီးနောက် အဝေးပြေးကားပိုင်ရှင် တရုတ်မောင်ကိန်းနှင့် အကြောင်းပါပြန်၏ ။ တရုတ်မောင်ကိန်းသည် မမကြီးကို သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းပြန်သော်လည်း မမကြီး၏ အိမ်ထောင်ရေး ကံဇာတာ ညံ့ဖျင်းလွန်းသဖြင့် မောင်ကိန်းကားမှော က်၍ အသက်ဆုံးပြန်၏ ။
မမကြီးသည် မောင်ကိန်းဆုံးသော အခါ အိမ်တစ်လုံး ကားတစ်စီး ကျန်ရစ်ခဲ့လေ၏ ။ မမကြီးသည် ကားလုပ်ငန်းကို ဆက်၍ လုပ်ကိုင်ရာလေ နားမလည်သော ကြောင့် အရှုံးပေါ်နေသဖြင့် ရောင်းချလိုက်ရ၏ ။ ထိုကား၌ စပယ်ယာအ ဖြစ် လုပ်ကိုင်သော သိန်းဇော်အား သူမ၏ အလုပ်များ ကို ကူညီလုပ်ကိုင်ပေးရန် အိမ်၌ ခေါ်ယူထားလေ၏ ။ သိန်းဇော်သည် မမကြီးလိုအပ်သမျှ အနီးကပ်ပြုစုစောင့်ရှောက်ပေးလေ၏ ။
သိန်းဇော်သည် ရိုးသားသူ တစ်ယောက် ဖြစ်၍ မမကြီး၏ သြဇာညောင်းသော်လည်း မမကြီးသည် ယောက်ျားများ ၏ သဘောကို နောကျေအောင် သိနေသဖြင့် မျက်နှာပေးခြင်း မရှိခဲ့ချေ။
ထို့နောက် မမကြီးသည် အပေါင်ခံသော အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့လေ၏ ။ သူမသည် ထိုအလုပ်ဖြင့် အတော် အတန် အကျိုးပေးကောင်းခဲ့လေ၏ ။
သို့ သော် လွန်ခဲ့သော နှစ် က သူမသည် ရွှေတုများ ကို အပေါင်ခံမိပြီး ခိုးရာပါပစ္စည်းများ ကို လက်ခံမိသဖြင့် စီးပွားပျက်လုမတတ် ဖြစ်သွားလေ၏ ။
မမကြီး ငွေများ ဆုံးရှုံးပြီး အိပ်ရာထဲလဲနေသော ညတစ်ညတွင် သိန်းဇော်သည် အိပ်ခန်းထဲသို့ ၀င်လာပြီး အဓမ္မပြုကျင့်ပြန်၏ ။ မမကြီးသည် ခွန်အားရှိသမျှရုန်းကန်သော်လည်း အားအင်မရှိသဖြင့် သိန်းဇော်၏ စော်ကားသမျှကို ခံနေရပြန်၏ ။ သိန်းဇော်သည် မမကြီး၏ အလှအပကို မက်မောလှသဖြင့် တိတ်တခိုးကြံစည်နေသူ ဖြစ်၏ ။
မမကြီးသည် မနက်မိုးလင်းသော အခါမှပင် သိန်းဇော်အားတုတ်ဖြင့် ရိုက်၍ အိမ်ပေါ်မှ မောင်းနှင်ထုတ်လိုက်လေ၏ ။
မမကြီးသည် ထိုအချိန်မှစ၍ စီးပွားပျက်ပြီး အထီးကျန်ဘ၀သို့ ရောက်ရှိခဲ့၏ ။ တစ်နေ့တွင် မမကြီးထံသို့ စာတစ်စောင် စာတိုက်မှ ရောက်ရှိလာ၏ ။ မမကြီးသည် စာကို တအံ့တသြ ဖတ်ရှု့ကြည့်သော အခါ အောက်ပါအတိုင်း တွေ့ ရှိရလေ၏ ။
ကျွန်ုပ်ဟာ မကြာမီ နှလုံး ရောဂါ ဝေဒနာကြောင့် လူ့လောကကြီးက ထွက်ခွာရမဲ့ လူ တစ်ယောက် ပါ။ သင်နဲ့ကျွန်ုပ်ဟာ ဆွေမျိုးမတော် စပ်ခဲ့ပေမယ့် တစ်ချိန်တုန်းက သင်ဟာ သင်ကိုယ်တိုင်တောင်မသိဘဲ ကျွန်ုပ်ကို ကျေးဇူးပြုခဲ့ဖူးပါတယ်။ ဒီကျေးဇူးကို ထောက်ရှုပြီး ကျွန်ုပ်ရဲ့ ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာထဲက ရှစ်ပုံတစ်ပုံကို ခွဲဝေပြီး ပေးမှာ ပါ။ သင်လိုပဲကျွန်ုပ်ကို ကျေးဇူးပြုခဲ့ဖူးသူ စုစုပေါင်း ရှစ်ယောက် တိတိရှိပါတယ်။ သူတို့ဟာ သူတို့ကိုယ်တိုင်တောင် မသိဘဲ ကျွန်ုပ်ကို ကျေးဇူးပြုခဲ့ဖူးပါတယ်။ သူတို့အားလုံးကို ကျွန်ုပ်ရဲ့ မြောက်မြားလှတဲ့ စည်းစိမ်ဥစ္စာတွေ ကို အညီအမျှ ခွဲပေးမှာ ပါ။ ကျွန်ုပ်ရဲ့ စည်းစိမ်ဥစ္စာတွေ ကို လက်ခံချင်တဲ့ ဆန္ဒမရှိရင်လည်း သင့်ရဲ့ သဘောအတိုင်းပါပဲ။ သင်တို့ လမ်းခရီးမှာ အသုံးပြုနိုင်ဖို့ ကုန်ကျစရိတ်ငွေကိုလည်း အလုံအလောက် ထည့်ပေးလိုက် ပါတယ်။ ကျုပ်ရဲ့ စည်းစိမ်ဥစ္စာတွေ ကို လက်ခံဖို့ ဆန္ဒမရှိရင်လဲ ကုန်ကျစရိတ် ငွေတွေ ကို ပြန်ပေးစရာမလိုပါဘူး။ သင်ရသင့်ရထိုက်လို့ ရတယ်လို့ပဲ သဘောထားပါတယ်။
မှတ်ချက်။ ။နိုဝင်ဘာလ(၁)ရက်နေ့မှာ မြိတ်မြို့ဆိပ်ကမ်းက တိမ်ပျံစက်လှေဆီကို အရောက်လာပါ။ အရေး ကြီးဆုံးက ဒီခရီးလမ်းမှာ သင် တစ်ယောက် ကလွဲလို့ အဖော်ခေါ်ခွင့်မရှိပါဘူး။
မမကြီးသည် ထူးဆန်းသော စာကို တအံ့တသြ ဖတ်ရှု့ပြီးနောက် စာနှင့် အတူပါလာသော ငွေစက္ကူထပ်ကြီးကိုကြည့်၍ အလွန်အံ့သြ၀မ်းသာသွားလေ၏ ။
“ဘုရား၊ ဘုရား ငွေတွေ မနည်းပါလား၊ ဒီလောက်များ တဲ့ငွေတွေ ကို ငါတစ်နှစ် ရှာရင်တောင် မရနိုင်ဘူး”
မမကြီးသည် စာ၏ အဓိပ္ပာယ်ကိုနားလည်အောင် အကြိမ်ကြိမ် ဖတ်ရှု့ပြီးနောက်
“ဒီလူက ဘယ်ကလူလဲ၊ ငါက သူ့ကိုကျေးဇူးပြုခဲ့ဖူးတယ်ဆိုပါလား၊ ဘယ်တုန်းက သူနဲ့သိကျွမ်းခဲ့တာလဲ၊ သူဟာ အရူး တစ်ယောက် လား အရူး တစ်ယောက် ဆိုရင် သူ့စကားက မှန်ကန်ပါ့မလား၊ ငါ့ကို ခရီးစရိတ်ဆိုပြီး ပို့ပေးတဲ့ ငွေတွေ အများ ကြီးပဲ ငါ့ကိုမရိုးသားတဲ့စိတ်နဲ့ဆက်သွယ်တာလား၊ ဟိ…ဟိ ဒါဆိုရင်လဲ ငါ့ရဲ့ ကံဇာတာတက်မယ့်အချိန်ကို ရောက်ပြီပေါ့၊ သူဟာ သိပ်ချမ်းသာပုံရတယ်၊ ငါနဲ့အတူ သူ့ရဲ့ အမွေတွေ ခွဲပေးမယ်ဆိုတဲ့လူရှစ်ယောက် တောင်ရှိတယ်၊ ဘာပဲ ဖြစ် ဖြစ် သူပြောတဲ့နေရာကို ရောက်အောင်သွားမယ် ရမဲ့အမွေတွေ ကနည်းမှာ မဟုတ်ဘူး ”
ဟု ရေရွတ်မိလေ၏ ။ ဤသို့ ဖြင့် နိုဝင်ဘာ (၁) ရက်နေ့ အရောက် မြိတ်မြို့ဆိပ်ကမ်းသို့ အရောက် လာခဲ့လေ၏ ။
ခရီးသည် မိန်းမသုံးယောက် အနက် အရပ်အမောင်းကောင်းသော မိန်းမ၏ အမည် မှာ မတင်လှ ဖြစ်၏ ။ မတင်လှသည် မြစ်ဝကျွန်းပေါ် ဘိုကလေးဇာတိ ဖြစ်ပြီး မိတဆိုးသမီး ဖြစ်၏ ။
မတင်လှသည် ရွာ၌ ဖခင်နှင့် အတူ ပလိုင်းများ ၊ တောင်းများ ရက်ကာ ပုသိမ်မြို့ပေါ်သို့ တက်၍ ရောင်းချလေ၏ ။ မတင်လှသည် ငယ်စဉ်ကပင် သပေါ့ဖျုာ၊ မြက်ဖျာ၊ သင်ဖြူးဖျာများ ကိုကောင်းစွာ ယက်လုပ်တတ်လေ၏ ။ မတင်လှတို့ သားအဖသည် ပုသိမ်ရှိ ဆွေမျိုးနီးစပ်တော် သူတစ်ဦး၏ အိမ်၌ တည်းခိုကာ ၄င်းတို့ပြုလုပ်သော ပစ္စည်းများ ကုန်စင်အောင် ရောင်းချပြီးမှ ရွာသို့ စက်လှေဖြင့် ပြန်လေ့ရှိ၏ ။
တစ်နေ့တွင် မတင်လှသည် ပုသိမ်မြို့ရှိ အရာရှိတစ်ဦး၏ နေအိမ်သို့ အုန်းလက်တံမြတ်စည်းရောင်းရင်း ထိုအိမ်၏ ဧည့်ခန်း၏ ၌ အုန်းလက်ရိုးတံဖြင့် ပြုလုပ်ထားသော ခြင်းလေးတစ်လုံးကို မြင်တွေ့ သွား၏ ။ မတင်လှသည် ခြင်းလေးကို မြင်မြင်ချင်း အလွန်သဘောကျသွားပြီး အရာရှိကြီးထံမှ ခြင်းလေးကို သပေါ့ဖျုာတစ်ချပ်နှင့် လဲ၍ ယူလိုက်လေ၏ ။
မတင်လှ၏ ဖခင်က သမီး ဖြစ်သူ၏ အပြုအမူကိုကြည့်၍
“ဘာမဟုတ်တဲ့ ခြင်းအစုတ်လေးတစ်လုံးကို သပေါ့ဖျာတစ်ချပ်နဲ့ လဲယူရသလား သမီးရယ် မိုက်လိုက်တာ”
ဟု အပြစ်တင်လေ၏ ။ သို့ သော် မတင်လှသည် ထိုခြင်းလေးကို နမူနာပြု၍ ဆွမ်းတော် ဗန်း၊ လက်ဖက်ရည်ဗန်း၊ ဥဒေါင်းရုပ် စသည်ဖြင့် လက်ရာမြောက်စွာ ပြုလုပ်ရောင်းချလေရာ ပုသိဆိပ်ကမ်း၌ သူမ၏ ပစ္စည်းများ ကို လူကြိုက်များ လှ၏ ။
မတင်လှသည် လက်မှု ပစ္စည်းများ ကို ရောင်းချရင်း သီချင်းဆိုဝါသနာပါသူပီပီ သီချင်းတအေးတအေးနှင့် သီဆိုနေတတ်၏ ။ တစ်နေ့တွင် ဆိုင်းဆရာ စိန်ငှက်ရိုးဆိုသူသည် မတင်လှ၏ သီချင်းသံကို ကြားသွားပြီး
“ညည်းအသံတော် တော် ရတယ် ၊သီချင်းလည်း ကောင်းကောင်း ဆိုတတ်တာပဲ၊ ဆိုင်းထဲမှာ သီချင်းဆိုပါလား ”
ဟု မေးမြန်းလေ၏ ။ မတင်လှသည် ဆိုင်းအဖွဲ့ကို အထင်ကြီးပြီး ခြင်းတောင်းရက်သော အလုပ်ကို ဖခင်နှင့် ထားခဲ့ပြီး ဆိုင်းနောက်သို့ လိုက်သွားလေ၏ ။
စိန်ငှက်ရိုးတို့ ဆိုင်းအဖွဲ့သည် ရွာအလှူပွဲများ ၌ အများ ဆုံးသီဆိုရလေ၏ ။ မတင်လှသည် ဆိုင်းအဖွဲ့နှင့် လိုက်၍ သီချင်းဆိုရင်း ကြေးနောင်ဆရာ ကိုပွားဆိုသူနှင့် မေတ္တာမျှခဲ့လေ၏ ။
ထို့နောက် ကြေးနောင်ဆရာကိုပွားသည် မတင်လှအား သီချင်းကြီးသင်ရန် တိုက်တွန်းပြီး ပုသိမ်မြို့ရှိ ဆရာကြီး ဦးစိန်ထံတွင် အပ်နှံ၍ သင်ကြားခဲ့စေ၏ ။
ဆရာကြီး ဦးစိန်သည် မတင်လှကို ဆွေမျိုးအရင်းကဲ့သို့ တဖြည်းဖြည်း မေတ္တာပိုခဲ့လေ၏ ။
တစ်နေ့မတင်လှ ဆိုင်းအဖွဲ့သို့ မမျှော်လင့်ဘဲ ပြန်လာသော အခါ ကြေးနောင်ဆရာ၏ ခြင်ထောင်ထဲတွင် သူမကဲ့သို့ ဆိုင်းထဲတွင် သီချင်းဆိုသော မယ်ဖေါ့ဆိုသည့်မိန်းမပျိုကလေးကို မြင်ရလေ၏ ။
မတင်လှသည် ကြေးနောင်ဆရာကို စိတ်အနာကြီးနာကာ ဆရာကြီးဦးစိန်ထံသို့ သွားရောက်နေထိုင်ခဲ့လေ၏ ။ အချို့သော လူများ သည် ဆရာကြီးဦးစိန်နှင့် သူမကို တိတ်တိတ်ပုန်း ညားနေသည်ဟု ဆိုကြ၏ ။
ထိုစကားများ ကို ဆရာကြီးဦးစိန်လည်း ပြန်ကြားဟန်ဖြင့် မတင်လှကိုမြင်တိုင်း ရှိုးတိုးရှန်းတန်း ဖြစ်နေ၏ ။ တစ်နေ့တွင် ဆရာကြီး ဦးစိန်သည် ပုသိမ်မြို့ပေါ်ရှိ တိုင်တစ်ရာကျောင်း၌ ပြုလုပ်သော ဖန်ဖဲယားပွဲ၌ သီချင်းများ သွားရောက်သီဆိုလေ၏ ။
ထိုညက ဆရာကြီးပြန်ရောက်လာသော အချိန်သည် ညဥ့်နက်သန်းခေါင်ကျော်နေလေပြီ။
ဆရာကြီးကို ၄င်းမိတ်ဆွေအပေါင်းအသင်းများ က အရက်အနည်းငယ် တိုက်လွှတ်လိုက်၏ ။ ဆရာကြီးပြန်လာချိန်၌ မတင်လှအိပ်ရာထဲသို့ ပင် ရောက်နေချေပြီ။
ဆရာကြီးကို တံခါးဖွင့်ရန် အိပ်ရာထဲမှ လူးလဲထလိုက်၏ ။ သို့ သော် ဆရာကြီးသည် သူပိုင်သော့ ဖြင့် တံခါးဖွင့်၍ ၀င်လာပြီး မတင်လှ၏ အိပ်ခန်းဝသို့ ပင် ရောက်နေချေပြီ။
ဆရာကြီးသည် မတင်လှကိုမြင်သည်နှင့် ပွေ့ဖက်ပြီး ပြိုလဲကျသွား၏ ။ မတင်လှသည် ကာလအတန်ကြာမရောက်ခဲ့သော နယ်မြေတစ်ခုသို့ ပြန်ရောက်သွားလေ၏ ။ သူမသည် အိပ်မက်ထဲ၌ ပျော်သလို မပျော်သလို ဖြစ်နေခဲ့၏ ။
ဆရာကြီးဦးစိန်သည် မြင်းလှည်းသုံးစီးကို ပိုင်ဆိုင်သည့်အပြင် သေဆုံးသွားသော မိန်းမ၏ ရွှေထည်စိန်ထည်များ မြောက်မြားစွာ ပိုင်ဆိုင်ကြောင်း သိရ၏ ။
မတင်လှသည် ဆရာကြီး ဦးစိန်နှင့် နေထိုင်ရသော်လည်း ပျော်ရွှင်ခြင်းမရှိခဲ့ချေ။ အဘယ့်ကြောင့် ဆိုသော် ဆရာကြီးဦးစိန်၏ အသက်မှာ ခြောက်ဆယ်ကျော်နေပြီ ဖြစ်သဖြင့် သူမထက်များ စွာ ကွာခြား၏ ။ မတင်လှသည် ဆရာကြီး ဦးစိန်နှင့် နှစ် နှစ် နီးပါး ပေါင်းသင်းပြီး ဆရာကြီး နှလုံး ရောဂါ နှင့် သေဆုံးသွားလေ၏ ။
မတင်လှသည် ထိုအချိန်မှစ၍ မိမိကိုယ်မိမိ လွတ်မြောက်သွားသည်ဟု ခံစားရလေ၏ ။
ဆရာကြီးဦးစိန်ကျန်ရစ်ခဲ့သော မြင်းလှည်းသုံးစီးကြောင့် သူမ၏ စားဝတ်နေရေး အဆင်ပြေခဲ့လေ၏ ။ မတင်လှသည် လင်မရှိသော ဘ၀နှင့် နေထိုင်ရခြင်းကိုငြီးငွေ့လှသဖြင့် ရွယ်တူယောက်ျား တစ်ယောက် ကို အမြန်ရှာဖွေရန် ကြံစည်နေလေ၏ ။
ထိုအချိန်မှာ ပင် သူမထံသို့ ထူးဆန်းသော စာတစ်စောင် ရောက်ရှိခဲ့ခြင်း ဖြစ်၏ ။
မှတ်ချက်။ ။ထိုစာ၏ အဓိပ္ပာယ်မှာ မမကြီးဆိုသော မိန်းမချောလေးထံသို့ ရောက်ရှိလာသော စာနှင့် အတူတူပင် ဖြစ်သဖြင့် ထပ်မံဖော်ပြခြင်းမပြုတော့ပါ။
(စာရေး သူ)
မတင်လှသည် စာနှင့် အတူရောက်ရှိလာသော ငွေစက္ကူတစ်ထပ်ကြီးကို ကြည့်၍
“လမ်းမှာ အသုံးပြုဖို့ဆိုပြီး ပေးထားတဲ့ ငွေတွေ က အများ ကြီးပဲ၊ သူ့ကိုငါမသိပါဘူး၊ ဒါပေမယ့် ဒီလောက်ငွေအများ ကြီးပေးပြီး ကမ်းလှမ်းတယ်ဆိုတော့ အမွေတွေ တကယ်ခွဲပေးမှာ သေချာပါတယ်”
ဟု ရေရွတ်လိုက်လေ၏ ။ ဤသို့ ဖြင့် နိုဝင်ဘာလ (၁) ရက်နေ့အရောက် လောဘ၏ သမီးပျို တစ်ယောက် မြိတ်မြို့ဆိပ်ကမ်း ရောက်ရှိနေပြန်၏ ။
တတိယမြောက် မိန်းမလှ၏ အမည် မှာ မစိန်သုံ ဖြစ်၏ ။ မစိန်သုံ ငယ်စဉ်ကပင် မိခင်ဆုံးပါးသွားသဖြင့် ဖခင်ကြီးသည်နောက် အိမ်ထောင်မပြုဘဲ သမီးလေးကို လုပ်ကျွေးလေ၏ ။
မစိန်သုံသည် ရှေးဘ၀က ကုသိုလ်ထူးကြောင့် အသားအရေ ဖြူစင်ဝင်းမွတ်နေ၏ ။ သူမသည် ဆင်းရဲသော မိသားစုက မွေးဖွားသည်ဟု မထင်ရလောက်အောင်ပင် ရုပ်ရည်သန့်ပြန့်၏ ။
ဖခင်ကြီးသည် ရပ်ကွက်ထဲတွင် ကြုံရာကျပန်းအလုပ်လုပ်ရင်း မစိန်သုံအား ဦးဘလှအောင်၏ မြန်မာစာသင်ကျောင်း၌ ထား၏ ။ မစိန်သုံခုနှစ် တန်းအောင်သော အခါ မြို့ပေါ်ရှိ သူငယ်ချင်းများ ကဲ့သို့ အင်္ဂလိပ်ကျောင်း တက်ချင်သည်ဟု ပူဆာ၏ ။
ဖခင်ကြီးသည် မစိန်သုံကို ချစ်လွန်းရှာ၍ အင်္ဂလိပ်ကျောင်း၌ ကြိုးစား၍ ထားလေ၏ ။ မစိန်သုံသည် ဖခင်ကြီး အလွန်အလိုလိုက်သော ကြောင့် ရိုင်းပြ၏ ။
ဖခင်ကြီးကို ရိုသေလေးစားရမှန်းမသိဘဲ အလိုလိုက် လွန်းသော ဖခင်ကြီးအား အစေအပါးကဲ့သို့ ခိုင်းစေတတ်၏ ။ ဖခင်ကြီးသည် မစိန်သုံကိုချစ်ရှာလွန်း၍ မဆုံးမဘဲရှိလေ၏ ။
တစ်ခါတစ်ရံ မစိန်သုံ ပူဆာသော ပစ္စည်းများ ကို မိမိလုပ်အားခဖြင့် မ၀ယ်နိုင်ဘဲ ချေးငှား၍ ပင် ၀ယ်ယူပေးရ၏ ။
မစိန်သုံ ဆယ်တန်းအောင်သော အခါ မြို့ပိုင်မင်းရုံး၌ စာရေး မအ ဖြစ် အလုပ်ရလေ၏ ။ မစိန်သုံသည် အသားရည်ဖြူစင်ဝင်းပကာ လှပအောင်ဝတ်စားတတ်သဖြင့် မြို့ပိုင်ဦးပြုံးချို၏ မျက်စိကျခြင်း ခံရ၏ ။
မစိန်သုံသည် ဦးပြုံးချို၏ လက်ထပ်ရန် ကမ်းလှမ်းချက်ကို လက်ခံပြီးနောက် မြို့ပိုင်ဦးပြုံးချိုက မစိန်သုံ၏ နေအိမ်သို့ အလည်အပတ်လာချင်သည်ဟု မကြာခဏ ပြောဆိုလေ့ရှိ၏ ။
မစိန်သုံသည် မြို့ပိုင်ဦးပြုံးချိုက အိမ်အလည်လာချင်သည်ဆိုသော အခါ အခက်တွေ့ သွားလေ၏ ။ မြို့ပိုင်ဦးပြုံးချိုသည် သူမ၏ လှပသော ရုပ်ရည်နှင့် ၀တ်စားဆင်ယင်မှု ကို အထင်ကြီးနေလေ၏ ။ တဲအိမ်လေးကို မြင်တွေ့ သွားလျှင် မိမိကို အထင်သေးသွားနိုင်သည်ဟု ထင်မြင်၏ ။
ထိုပြင် တစ်နေကုန်မြို့ထဲ၌ မြေပဲပြုတ်ရောင်းရသဖြင့် အိုမင်းရင့်ရော်ပြီး အသားအရေ ညစ်ထေးနေသော ဖခင်၏ ရုပ်ဆင်းသဏ္ဍာန်ကိုမြင်တွေ့ လျှင် မိမိကို အထင်သေးနိုင်သည်ဟု ယူဆ၏ ။
ထို့ကြောင့် မြို့ပိုင်မင်း၏ တောင်းဆိုမှု့ ကို လက်မခံသေးဘဲ ဟိုသည်လှည့်ပတ်၍ နေလေ၏ ။ သို့ သော် မြို့ပိုင်မင်းသည် တားဆီး၍ မရဘဲ သူမ၏ တဲအိမ်လေးကို ရုတ်တရက်ရောက်ရှိလာ၏ ။ မစိန်သုံသည် ဆင်းရဲနွမ်းပါးသော ဘ၀ကို အလွန်ရှက်ရွံ့သွားပြီး အိမ်ရှေ့တွင် ထိုင်၍ ထင်းခွဲနေသော ဖခင်ကြီးကို အိမ်ဝင်းထဲမှ မောင်းထုတ်လိုက်ပြီး မြို့ပိုင်မင်းကို နှုတ်ခမ်းစူကာ
“ဘာ ဖြစ်လို့ အိမ်လိုက်လာတာလဲ ကိုကိုရယ် ပတ်ဝန်းကျင်က လူတွေ သိရင် ကိုကို့ ကိုကဲ့ရဲ့ မှာ ပေါ့”
ဟု ဆိုလိုက်ရာ မြို့ပိုင်မင်းက ခေါင်းခါယမ်း၍
“ပတ်ဝန်းကျင်ကို ဂရုမစိုကပါဘူးကွာ၊ ဒါနဲ့နေပါဦး စောစော ကခြံထဲမှာ ထင်းခွဲနေတဲ့ အဘိုးကြီးက ဘယ်သူလဲ”
ဟု မေးမြန်းလေ၏ ။ မစိန်သုံသည် ဖခင်ကြီး ဖြစ်ကြောင်း အမှန်တိုင်းဖွင့်ပြောလိုက်လျှင် မြို့ပိုင်မင်းက မိမိကို အထင်သေး သွားမှာ စိုးသဖြင့်
“အိမ်မှာ တောက်တိုမယ်ရ လုပ်ပေးနေတဲ့ အဘိုးကြီးပါ ကိုကိုရယ်”
ဟု လိမ်ညာလိုက်လေ၏ ။ မစိန်သုံသည် သူမ၏ တဲအိမ်ကလေးကို မြို့ပိုင်မင်း မြင်သွားသဖြင့် အလွန်ရှက်ရွံ့ပြီး သိမ်ငယ်နေသလို ခံစားရ၏ ။
သို့ သော် မြို့ပိုင်ဦးပြုံးချိုသည် ဆင်းရဲနွမ်းပါးသော မိဘက ပေါက်ဖွားလာသူ ဖြစ်သဖြင့် မစိန်သုံကို စာနာထောက်ထားစိတ် ဖြစ်ပေါ်နေ၏ ။
ဤသို့ ဖြင့် မြို့ပိုင်မင်းသည် မစိန်သုံကို လက်ထပ်ခွင့်တောင်းသော အခါ မစိန်သုံသည် မိမိ၌ အုပ်ထိန်းသူမိဘများ မရှိဟုဆိုကာ သူမ ကိုယ်တိုင်ပင် လက်ထပ်ရန်သဘောတူလိုက်၏ ။
မစိန်သုံသည် မြို့ပိုင်မင်းနှင့် လက်ထပ်ရန် သေချာသွားသည် နှင့် ဖခင်ကိုခေါ်၏ ။ မိမိသည် မြို့ပိုင်မင်းနှင့် လက်ထပ်ပြီး ဘ၀အဆင့်အတန်းမြင့်ကာ ကြီးပွားချမ်းသာတော့မည် ။ ထို့ကြောင့် ဖခင်ကြီး ဤမြို့မှ အမြန်ဆုံးထွက်ခွာသွားရန် မောင်းထုတ်လိုက်လေ၏ ။ မြေပဲပြုတ်ရောင်းသော ဖခင်ကို မြို့ပိုင်မင်းတွေ့ လျှင် မိမိကိုအထင်သေးပြီး နှိမ်ချဆက်ဆံလိမ့်မည် ဖြစ်ကြောင်း ပြောလေ၏ ။
ဖခင်ကြီးသည် သမီး ဖြစ်သူ၏ မမျှော်လင့်သော စကားကြောင့် ရင်နင့် ကြေကွဲသွားလေ၏ ။ သို့သော် သမီးကောင်းစားရေး အတွက် မိမိဤမြို့မှ ထွက်ခွာသွားမည် ဖြစ်ကြောင်း မချိတင်ကဲ ပြောဆိုပြီး မစိန်သုံကို လိမ်လိမ် မာမာနေရန် ၀မ်းပန်းတနည်း မှာ ကြားရှာ၏ ။
မစိန်သုံကမူ ဖခင်ကြီး ဤမြို့မှ ထွက်ခွာသွားလျှင် မြို့ပိုင်မင်း မိမိကို အထင်မသေးနိုင်တော့ဟု တွေးကာ ပျော်ရွှင်သွားလေ၏ ။
ထို့ကြောင့် ဖခင်ကြီးကို မလိုအပ်ဘဲ မိမိကို မဆက်သွယ်ရန် မှာ ကြားပြီး မြို့မှ မောင်းနှင်ထုတ်လိုက်လေ၏ ။ ဤသို့ ဖြင့် မစိန်သုံသည် မြို့ပိုင်မင်းနှင့် အကြင်လင်မယားအ ဖြစ် လက်ထပ်ပေါင်းသင်း ခဲ့လေ၏ ။
ထိုအချိန်၌ မစိန်သုံ၏ ဖခင်ကြီးသည် အနီးအနားမြို့ရှိ ဘုန်းကြီးကျောင်း ၌ ခိုကပ်ပြီး ကပ္ပိယ လုပ်၍ နေလေ၏ ။ ကပ္ပိယကြီးသည် သမီး ဖြစ်သူကို လွမ်းဆွတ်သတိရသော်လည်း မိမိကြောင့် သမီး၏ ဂုဏ်ပျက်မှာ စိုးသဖြင့် သွားရောက်တွေ့ ဆုံခြင်း မရှိချေ။
တစ်နေ့တွင် မြို့ပိုင်မင်းသည် သူ၏ မွေးနေ့၌ ဘုန်းကြီးကျောင်းသို့ သွားကာ သင်္ကန်းများ ကပ်လှူရန် ကြံစည်သည်။ မြို့ပိုင်မင်းသည် မိမိတို့ မြို့ပေါ်ရှိ ကျောင်းတိုက်များ သို့ သင်္ကန်းကပ်ရုံသာမက အနီးအနားမြို့ရှိ ကျောင်းတိုက်များ သို့ သင်္ကန်းများ ကပ်လှု ခဲ့၏ ။
မြို့ပိုင်မင်းနှင့် ဇနီး ဖြစ်သူ မစိန်သုံသည် ကပ္ပိယကြီးရှိသော ကျောင်းတိုက်သို့ ရောက်လာပြီး ဆရာတော် အား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်လေ၏ ။
ထိုသို့ ပူဖော်ရင်း ကျောင်းနောက်၌ ပန်းကန်ဆေးနေသော ကပ္ပိယကြီးသည် မစိန်သံကို မမျှော်လင့်ဘဲ မြင်တွေ့ လိုက်ရလေ၏ ။ကပ္ပိယကြီးသည် သမီး ဖြစ်သူကို တွေ့ ရသဖြင့် စိတ်မထိန်းနိုင်ဘဲ သမီး သမီးဟု ဆိုကာ ၀မ်းသာအားရ နှုတ်ဆက်ရန်ကြိုးစားလေ၏ ။
မစိန်သုံသည် ဖခင်ကြီးကို ရုတ်တရက် မြင်လိုက်ရသဖြင့် မြို့ပိုင်မင်းကို မလုံမလဲ ကြည့်၍
“ဒီလူကြီး ဘယ်ကလူလဲမသိဘူး၊ ကျွန်မကို လူမှားပြီး ခေါ်နေတာ ကိုကိုရဲ့၊ သူ့အဆင့်နဲ့များ ကျွန်မကို သမီးတဲ့ ရွံ့လိုက်တာ”
ဟု ဆိုကာ ဖခင်ကြီး၏ ရင်ဘက်ကို ဆောင့်တွန်းပြီး ထွက်ခွာ သွားလေ၏ ။ ဖခင်ကြီးသည် ထို ဖြစ်ရပ်ကြောင့် ရင်ထဲတွင် နာကျင် ကြေကွဲသွားပြီး မြေပေါ်၌ ဗုန်းဗုန်းလဲ၍ အသက်ဆုံးရရှာ၏ ။
မစိန်သုံသည် မိမိ၏ ရှေ့၌ ဖခင်ကြီး လဲကျသေဆုံးသွားသော်လည်း ၀မ်းနည်းကြေကွဲဟန် မပြဘဲ ကျောခိုင်းထွက်ခွာလာခဲ့လေ၏ ။ မိမိအတွက် ဖခင်ကြီးသေဆုံးခြင်းသည် ဆင်းရဲနွမ်းပါးသော နောက်ကြောင်းရာဇ၀င်များ ရှင်းလင်းသွားသဖြင့် တစ်မျိုးကောင်းသည်ဟု ယူဆမိလေ၏ ။
ဤသို့ ဖြင့် မစိန်သုံသည် မြို့ပိုင်မင်းနှင့် ပျော်ရွှင်စွာ ပေါင်းဖက်နေထိုင်ခဲ့လေ၏ ။
သို့ သော်လွန်ခဲ့သော နှစ် က မြို့ပိုင်မင်းသည် လူခွန်တော် ကိစ္စနှင့် တောသို့ သွားရင်း ဓားပြပစ်သော သေနတ်မှန်ကာ သေဆုံးရလေ၏ ။ မစိန်သုံသည် ထိုအချိန်မှစ၍ ငယ်ငယ်ရွယ်ရွယ်ဖြင့် မုဆိုးမဘ၀သို့ ရောက်ရရှာ၏ ။ မစိန်သုံသည် မုဆိုးမ ဖြစ်သော်လည်း မြို့ပိုင်မင်းကတော် ဟူသော ဂုဏ်ပုဒ်ဖြင့် နေထိုင်ပြီး အရာရှိကတော် များ ၏ ဖဲဝိုင်း၌ အချိန်ကုန်ကာ တဖြည်းဖြည်း စီးပွားကျဆင်းလာ၏ ။
မစိန်သုံ၏ စည်းစိမ်ဥစ္စာကို မက်မော၍ သူမကို ကမ်းလှမ်းသော ယောက်ျားများ ရှိ၏ ။ သို့သော် ယောက်ျားများ အားလုံး သိုက်သမားများ ဖြစ်သဖြင့် မစိန်သုံသည် မည် သူ့ကိုမျှ မယုံရဲဘဲတစ်ကိုယ်တည်း အထီးကျန်စွာ နေထိုင်ရ၏ ။
ထိုအချိန်မှာ ပင် သူမထံသို့ ထူးဆန်းသော စာတစ်စောင်နှင့် ငွေစက္ကူတစ်ထပ်ကြီး ရောက်လာ၏ ။
မှတ်ချက်။ ။ထိုစာမှာ မမကြီးနှင့် မတင်လှထံသို့ ရောက်ရှိသော စာနှင့် အဓိပ္ပာယ် အတူတူပင် ဖြစ်ရာ ပြန်လည်ဖော်ပြခြင်းမပြုတော့ပါ။
(စာရေး သူ)
မမကြီး သည် ငွေစက္ကူများ ကို ဖဲရိုက်ပြီး ဖြုန်းတီးပစ်လိုက်လေ၏ ။ ပြီးမှ
“ငါ့လက်ထဲကို ရောက်လာတဲ့ ငွေတွေ တော့ ကုန်ပြီ ငါ့ကိုစာပို့တဲ့လူကို သိလဲမသိဘူး၊ သူ့ကိုလဲ ဘာကျေးဇူးမှ ပြုမထားဘူး၊ အရူးထနေတာပဲ ဖြစ်မယ်၊ အို ဘာဘဲ ဖြစ် ဖြစ် ကံကောင်းထောက်မပြီး အမွေတွေ ရရင်ရနိုင်တာပဲ၊ သူချိန်းတဲ့ဆီကို ရောက်အောင်သွားလိုက်မယ်”
ဟု တွေးမိလေ၏ ။ ထို့ကြောင့် ရန်ကုန်ဆိပ်ကမ်းသို့ သွားကာ မြိတ်မြို့သို့ ရောက်ရှိလာခဲ့လေ၏ ။ သူမသည် ရက်အနည်းငယ် စောနေသေးသဖြင့် တည်းခိုခန်း၌ နှစ် ရက်မျှတည်းခိုရ၏ ။ နိုဝင်ဘာ (၁) ရက်နေ့သို့ ရောက်သော အခါ ဆိပ်ကမ်းရှိ တိမ်ပျံစက်လှေကြီးဆီ သို့ ရောက်ရှိခဲ့လေ၏ ။
ဆားပုလင်းမင်းအောင်နှင့် အမျိုးကောင်းသား မောင်ပွင့်ကောင်း | ဆားပုလင်းမင်းအောင်နှင့် ကြာဖြူပန်းကလေး | ရလေလိုလေအိုတစ္ဆေ |