တစ်နေ့သ၌ အညာဒေသရွာလေးတစ်ရွာ၏ ရှင်ပြုအလှူတော် မင်္ဂလာပွဲ၌ လူများ နှင့် စည် စည်ကားကားရှိနေ၏ ။ ထို့ကြောင့် အလှူမှာ အတော် အသင့် စည်ကား၏ ။ အလှူသို့ လာသော ဧည့်ပရိတ်သတ်များ စိတ်ဝင်စားဆုံးမှာ ကျွဲခတ်ပွဲပင် ဖြစ်၏ ။
ကျွဲခတ်ပွဲကိုကြည့်ရန် စိတ်အားထက်သန်နေကြသဖြင့် အနီးအနားရွာမှ လူများ သည် အလှူသို့ တကူးတကလာရောက်ကြလေ၏ ။
ထိုကြောင့် ဦးဖိုးစီနှင့် ဒေါ်တုတ်တို့၏ အလှူမင်္ဂလာပွဲသည် ကျွဲခတ်ပွဲကြောင့် ပင် ပိုမိုစည်ကားသွားသည်ဟု ဆိုနိုင်၏ ။
ရှေးအခါက အလှူ၊ ရှင်ပြု၊ ဘုန်းကြီးပျံများ ၌ ကျွဲခတ်ပွဲ မပါလျှင် ပွဲမစည်ချေ။
တောရွာနေ ပြည်သူတို့သည် တောင်သူလယ်သမားများ ဖြစ်သဖြင့် ကျွဲခတ်ပွဲများ သည် ၄င်းတို့၏ ဘ၀ကို ထင်ဟပ်ပြနေသယောင်ရှိ၏ ။
ကျွဲခတ်ပွဲဟုဆိုသော်လည်း သက်ရှိထင်ရှား ကျွဲနှစ် ကောင် တိုက်ခိုက်ခြင်းမဟုတ်။
ဝါးနှီးတို့ဖြင့် ကျွဲပုံသဏ္ဌာန်ရက်လုပ်ထားသော သက်မဲ့ကျွဲများ ခတ်ကြခြင်း ဖြစ်၏ ။
ဝါးနှီးခြင့်ရက်လုပ်ထားသော ကျွဲပေါ်သို့ ပိတ်အနက်အုပ်ပြီး သက်ရှိထင်ရှားကျွဲနှင့် သဏ္ဌာန်တူအောင် ပြုလုပ်ထား၏ ။ သက်မဲကျွဲ၏ လည်တံနှင့် ခေါင်းတို့လှည့်ပတ်နိုင်အောင် အတွင်းမှ ဒလက်တင်ထား၏ ။
ထိုကျွဲထဲသို့ ဘောင်းဘီရှည်အနက်ရောင် ၀တ်ဆင်ထားသော လူနှစ် ယောက် သည် ရှေ့ တစ်ယောက် ၊ နောက် တစ်ယောက် ၀င်၍ ကျွဲအ ဖြစ် သရုပ်ဆောင်ရ၏ ။
ကျွဲထဲရှိလူနှစ် ယောက် သည် ခြေလှမ်းလှမ်းပုံ၊ ပြေးပုံ ခတ်ပုံများ ကို သဘာဝကျအောင် လေ့ကျင့်ထားရ၏ ။
ရှေ့ဆုံးက ရန်သူကျွဲကို ခတ်ဟန်ပြုသော်အခါ နောက်ပိုင်းလူက ကျွဲနောက်ပိုင်းကို မထားပေးရ၏ ။
ကျွဲ၏ ရှေ့ပိုင်းလူက လှမ်းမျှော်ကြည့်သည့်အခါ လည်တိုင်ကို ထောင်လိုက်လျှင် နောက်ပိုင်းလူက ကိုယ်ကိုခပ်နိမ့်နိမ့် လုပ်ပေးထားရ၏ ။
နှီးဝါးတို့ဖြင့် ပြုလုပ်ထားသော ကျွဲထဲသို့ ပါဝင်သရုပ်ဆောင်သူများ သည် အမူအရာကောင်းလျှင် ကောင်းသလောက် သဘာဝ ကျွဲအစစ်နှင့် တူ၏ ။
ထိုအခါ ကျွဲခတ်ပွဲကို ကြည့်ရှုနေသူများ သည် ကျွဲအတုများ ဖြစ်နေခြင်းကို မေ့လျှော့ ပြီး တကယ့်ကျွဲအစစ်ပမာ အော်ဟစ်အားပေးကြ၏ ။
ကျွဲခတ်ပွဲတွင် အနိုင်ရသော ကျွဲနှင့် ရှုံးနိမ့်သော ကျွဲဟူ၍ ရှိပြီး မည် သည့်ပွဲက ရှုံးနိမ့်မည် ကို ကြိုတင်ကြံစည်ထား၏ ။ ယနေ့ဦးဖိုးစီနှင့် ဒေါ်တုတ်တို့၏ အလှူတွင် ကျွဲခတ်ပွဲက စားမည့်  လူများ မှာ မယ်ဇလီကုန်းမှ တိမ်ညိုနှင့် သြဘာတို့စုံတွဲ ဖြစ်၏ ။
ထိုနယ်တစ်ကြော၌ တိမ်ညိုနှင့် သြဘာတို့သည် ကျွဲခတ်ပွဲ ကစားရာ၌ နာမည် ကျော် ကြားသူများ ဖြစ်၏ ။
တိမ်ညိုနှင့် တွဲ ၍ ကစားမည့် သူများ မှာ ဦးဖိုးစီတို့ ရွာသားများ ဖြစ်သော မောင်မြင့်နှင့် တင်ဝင်း ဖြစ်၏ ။
မောင်မြင့်တို့စုံတွဲ သည် တိမ်ညိုနှင့် သြဘာတို့ကဲ့သို့ ကျွဲခတ်ရာတွင် ပြိုင်စံရှားမ ဟုတ်ကြသော်လည်း ၄င်းတို့သည်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နာမည် ကျော်ကြား သူများ ဖြစ်၏ ။
ထို့ကြောင့် ပင် ဦးဖိုးစီတို့အလှူ၏ ကျွဲခတ်ပွဲကို အနီးအနားရွာများ မှ လူများ ပါလာ ရောက် ကြည့်ရှုကြ၏ ။
ရှင်လောင်းလှည့်ပြီးသော အခါ ကျွဲခတ်ပွဲကို ဘုန်းကြီးကျောင်းဝင်းအတွင်း ပြုလုပ် ၏ ။
ကျွဲခတ်ပွဲစတင်ချိန်နီးသော အခါ ရွာဦးကျောင်းဝင်းအတွင်းတစ်ခုလုံး လူများ နှင့် ပြည့်နှက်နေလေ၏ ။
ခဏကြာလျှင် ကျွဲခတ်ပွဲတွင် ပါဝင်မည့်  ကျွဲနှစ် ကောင်သည် ၀င်းအတွင်းသို့ ရောက် ရှိလာကြ၏ ။
ထိုအခါ ကြည့်ရှုနေသူပေါင်းသည် လက်ခုပ်လက်ဝါးတီး၍ လည်းကောင်း၊ လက်ခေါက်မှု တ်၍ လည်းကောင်း၊ တောသူ တောင်သားတို့၏ ထုံးစံအတိုင်း ကျယ်လောင်စွာ အော်ဟစ်အားပေးကြလေ၏ ။
ထို့နောက်တွင် လူအများ မျှော်လင့်တောင့်တသည့်အတိုင်း ကျွဲခတ်ပွဲကြီး စတင် လေတော့၏ ။
ကျွဲခတ်ပွဲစတင်ချိန်တွင် ရွာသူရွာသားများ သည် အားတက်သရော အော်ဟစ်အား ပေးကြလေ၏ ။
ကျွဲနှစ် ကောင်မှာ လည်း တကယ့်ကျွဲအစစ်များ ပမာ သဘာဝကျကျ ဝှေ့ကြခတ်ကြ ကုန်ကြ၏ ။
တစ်ဘက်ရွာသားများ ဖြစ်ကြသော တိမ်ညိုနှင့် သြဘာတို့သည် ကျွဲခတ်ကစား ကောင်းကြ သူများ ဖြစ်၏ ။
၎င်းတို့ ကျွဲချိုဖြင့် ဝှေ့ပုံ၊ နောက်သို့ လှန်ချပုံများ မှာ လွန်စာသဘာဝကျသဖြင့် ဦးဖိုးစီ တို့ ရွာသားများ လွန်စွာ သဘောကျလေ၏ ။
ရွာဦးကျောင်း ဆရာတော် ကပင်
“ကြည့်လို့သိပ်ကောင်းတယ်ဟေ့၊ ဒီကောင်တွေ ကျွဲကိုကြည့်ရတာ တကယ့်ကျွဲအစစ်တွေ ခတ်တာ ကြည့်ရသလိုပဲ၊ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာ ၊ ဒီကောင်တွေ ရွာပြန်ရင် ငါ့ကျောင်းက မုန့်တွေ စွန့်ကြဲရမယ်”
ဟု ချီးမွမ်းလေ၏ ။
ထိုအချိန်တွင် ရှုံးနိမ့်သော ကျွဲသည် လူအုပ်ထဲမှ တိုးဝှေ့၍ ထွက်ပြေးလေ၏ ။
အနိုင်ရသော တိမ်ညိုနှင့် သြဘာတို့၏ ကျွဲသည် ကွင်အလယ်တွင် ၀ံ့ဝံ့ကြွားကြွားဖြင့် လှည့်လှည်ကပြလေ၏ ။
အနိုင်ရသော ကျွဲ၏ ကပြဟန်ကို ကြည့်ရှုရင်း ရွာသူရွာသားများ သည် ကွင်းအတွင်းသို့ ပြေးဝင်လာပြီး တိမ်ညိုတို့၏ ကျွဲကို ဖက်ကြ၏ ။ ၀မ်းသာအားရ အော်ဟစ်ချီးကျူးကြ၏ ။
ထိုအချိန်မှပင် တိမ်ညိုနှင့် သြဘာတို့လည်း ကွင်းအတွင်းမှ ထွက်ရ၏ ။ ရွာသူရွာသားများ သည် ကျွဲအစစ်နှင့် တူအောင် ကနိုင်သော သြဘာကို ဖက်၍ ချီးကျူးစကားပြောကြ၏ ။
တိမ်ညိုတို့သည် အများ ၏ ချီးကျူးခြင်းခံရသဖြင့် မောပန်းသည်ဟုဆိုကာ အလှူရှင် ကျွေးမွေးသော ထမင်းဟင်းများ ကို မြိန်ယှက်စွာ စားသောက်ကြ၏ ။
ထိုအချိန်အထိ ၄င်းတို့အနီးအနားတွင် ရွာသူရွာသားများ ၀ိုင်းအုံနေဆဲ ဖြစ်၏ ။
ခဏကြာလျှင် တိမ်ညိုနှင့် သြဘာသည် ရွာသူရွာသားများ ကြားတွင် နေရထိုင်ရခက် လှသဖြင့် ၄င်းတို့ကိုနှုတ်ဆက်ကာ ရွာပြင်သို့ ထွက်ခဲ့၏ ။
၎င်းတို့သွားရာတစ်လမ်းလုံး ရွာထဲရှိလှပျိုဖြူ မိန်းကလေးများ သည် သဘောကျဟန်ဖြင့် ကြည့်ရှု့နေကြ၏ ။
တိမ်ညိုနှင့် သြဘာသည် ရွာအပြင်ဘက်ရှိ ညောင်ပင်ကြီးအနီးသို့ ရောက်သော အခါ ညောင် ပင်ရိပ်၌ ခြေပစ်လက်ပစ် နားလိုက်ကြရင်း တိမ်ညိုက
“ရွာနားကမြက် ရွာနွားမစားဆိုတာ တကယ်မှန်တယ်ကွ၊ ရွာမှာ ဆိုရင် ငါတို့နှစ် ယောက် စလုံး ဇာတ်ရူးတွေ ဆိုပြီး ဘယ်သူမှ ဆေးဖော်ကြောဖက် မလုပ်ချင်ကြဘူး၊ အထင် အမြင်သေးကြတယ်၊ ဒီရွာမှာ ကြည့်စမ်း၊ ငါတို့နှစ် ယောက် ဟာ မင်းသားပဲ၊ တို့ကိုအား လုံးက တရိုတသေနဲ့ ဆက်ဆံကြတယ်၊ ရွာက မ၀င်းတို့မဌေးတို့နဲ့ကွာပါ့ကွာ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာက အားတက်သရောဖြင့်
“ငါတို့ရွာနဲ့ ဒီဘက်ရွာ ကွာကိုကွာတယ်၊ ကျွဲခတ်ကောင်းလို့ ငါတို့ကို ဆရာတော် ကြီးကတောင် ချီးမွမ်းစကားပြောတယ်တဲ့၊ ငါတို့ကို ရွာသူအပျိုလေးတွေ ကလည်း မျက်နှာသာပေးချင်ပုံပဲ၊ တောက် … ဒီဘက်ရွာတောင် ပြောင်းပြီးနေလိုက်ချင်တယ်၊ ရွာကလူတွေ က ငါတို့တန်ဖိုးကို နားမလည်ကြဘူးကွ၊ ငါတို့ ဒီဘက်ရွာမှာ ပြောင်းနေမှ လူမှန်နေရာမှန် ရောက်မှာ ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုကလည်း ခေါင်းညိတ်၍
“ဒါပေမဲ့ကွာ ငါတို့က ဒီမြေမှာ နေ၊ ဒီရေကိုသောက်၊ ဒီအသီးကိုစားပြီး ကြီးပြင်းလာခဲ့တာ မဟုတ်လား၊ ရွာကို ဘယ်လိုလုပ်ပြီး ပစ်ပယ်ချင်ပါ့မလဲ၊ ကိုယ့်ရွာမှာ ပဲ အများ ကအထင်ကြီးတာကို ခံချင်တာပေါ့၊ ငါတို့ရွာက လူတွေ က သဘင်ပညာနဲ့ တော် တော် ဝေးကြတယ်၊ အနုပညာအခြေခံ အတော် နည်းကြတာပေါ့ကွာ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာကလည်း ၀င်ရောက်၍
“အနုပညာအခြေခံနည်းတာတော့ မပြောနဲ့တော့ စည်းနဲ့ဝါးတောင် မသိဘူး၊ ပန်တျာဆိုတာလည်း နားမလည်ဘူး၊ ငါတို့က နယ်နယ်ရရ လူတွေ လား၊ ဆရာကြီး စိန်ငှက်ရိုးတပည့်တွေ လေ၊ ဇာတ်ဆရာ စိန်ငှက်ရိုးဆိုတာ ဒီနယ်တကြောမှာ ဟိုးဟိုးကျော်တာ တို့ရွာသားတွေ မသိဘူး၊ ငါတို့ နှစ် ယောက် ဟာ ဇာတ်ဆရာ စိန်ငှက်ရိုးရဲ့ နှစ် ဦးတည်းသော တပည့်တွေ ”
ဟု ပြောလေရာတိမ်ညိုကလည်း ခေါင်းညိတ်၍
“သိပ်ဟုတ်တာပေါ့ကွာ၊ ငါတို့နှစ် ယောက် ဟာ ဆရာကြီးစိန်ငှက်ရိုးရဲ့ ပညာကို အကုန်ရထားတဲ့သူတွေ ၊ ငါတို့သာ သဘင်လောကထဲကို ၀င်မယ်ဆိုရင် စိန်တိမ်ညိုနဲ့စိန် သြဘာဆိုပြီး တစ်နိုင်ငံလုံးမှာ ဟိုးဟိုးကျော်သွားမှာ ပဲ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာကလည်း ၀င်ရောက်၍
“သိပ်ဟုတ်တာပေါ့ကွာ၊ မင်းက မင်းသားစိန်တိမ်ညို၊ ငါက လူရွှင်တော် စိန်သြဘာ၊ ငါတို့နှစ် ယောက် ကို ဘယ်မင်းသားတွေ ဘယ်လူပြက်တွေ ယှဉ်နိုင်မှာ လဲ၊ တို့ရွာသားတွေ က တို့အစွမ်းကို အသိအမှတ် မပြုကြဘူး၊ ဒီရွာမှာ ကြည့်စမ်း၊ ငါတို့နှစ် ယောက် ကို တစ်ရွာလုံးက ၀ိုင်းပြီးသြဘာ ပေးကြတယ်၊ ဒီမြင်ကွင်းကို ငါတို့ရွာသားတွေ မြင်စေချင်စမ်းတယ်၊ ရွာမှာ ကျွဲခတ်ပြိုင်ပွဲလုပ်မယ်ဆိုတော့လည်း ငါတို့နှစ် ယောက် ကို အထင်သေးပြီး ဘယ်သူမှလက် မခံကြဘူး”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုက
“ဘာပဲ ဖြစ် ဖြစ်၊ ဒီတစ်ချီတော့ ရွာမှာ ပတ်ခြောက်ဝိုင်းလုပ်ပြီး ငါတို့ရဲ့ အစွမ်းကို ပြ ဖြစ်အောင် ပြလိုက်ဦးမယ်၊ ငါတို့နဲ့တွဲ ရမဲ့လူတွေ ကို အမြန်ဆုံးစု ဖြစ်အောင်စုမယ်၊ ပတ်ခြောက်ဝိုင်းလုပ်ပြီးရင်တော့ ရွာသားတွေ ငါတို့အစွမ်းကို သိပါပြီကွာ”
ဟု အားတက်သရောပြောလေ၏ ။
၎င်းတို့နှစ် ဦးသည် ငယ်စဉ်ကပင် မိဘမဲအတူတွဲ လာကြသော ဘုန်းကြီးကျောင်းသားများ ဖြစ်ကြ၏ ။
လွန်ခဲ့သော လေးနှစ် ခန့်က သူတို့ရွာဘုန်းကြီးပျံပွဲတစ်ပွဲသို့ ဇာတ်တစ်ဖွဲ့လာ ရောက်ပြသ၏ ။
သူတို့နှစ် ယောက် စလုံး ဇာတ်အဖွဲ့ကို ၀င်ရောက်ကြည့်ရှုပြီးချိန်မှစ၍ သဘင်ပညာကို လွန်စွာ ၀ါသနာထုံသွား၏ ။
တိမ်ညိုက ဇာတ်မင်းသား ဖြစ်ချင်သလို သြဘာက လူရွှင်တော် ဖြစ်ချင်၏ ။
တိမ်ညိုသည် ဇာတ်အဖွဲ့ပြန်သွားသည့်အချိန်မှစ၍ လူရှင်းသည့်နေရာသို့ သွားကာ ဇာတ်မင်းသားကဲ့သို့ က၏ ။ ဇာတ်မင်းသား ဆိုသကဲ့သို့ ဆို၏ ။
သြဘာကလည်း လူရွှင်တော် ကြီးများ ၏ အမူအရာဖြင့် ပျက်လုံးအမျိုးမျိုး ထုတ်ပြ၏ ။
မကြာမီအချိန်အတွင်း ၄င်းတို့နှစ် ဦး ဇာတ်ရူးရူးပုံကို တစ်ရွာလုံးသိရှိသွားပြီး လှောင်ပြောင်သရော်ကြ၏ ။
တစ်ရွာလုံးက ၄င်းတို့နှစ် ဦးကို “ပန်တျာရူးနှစ် ယောက် ” ဟု ခေါ်ဆိုကြ၏ ။
တစ်ရွာလုံးက မည် သို့ပင်လှောင်ပြောင်စေကာမူ ပန်တျာရူးနှစ် ယောက် ၏ ၀ါသနာကို မဖျောက်ဖျက်နိုင်ကြပေ။
တစ်ဘက်ရွာနှင့် မနီးအဝေးနေရာတွင် စိန်ငှက်ရိုးဆိုသော ဇာတ်ဆရာ အဘိုးကြီး တစ်ယောက် နေထိုင်၏ ။
ထိုအဘိုးကြီး၏ သတင်းကို ပန်တျာရူးနှစ် ယောက် ကြားသိသော အခါ အဘိုးကြီးထံတွင် တပည့်ခံ၍ သင်ယူလိုစိတ်များ တားမရဆီးမနိုင် ဖြစ်လာ၏ ။
ထို့ကြောင့် ဆရာတော် ဘုရားထံတွင့်  ခွင့်ပန်၍ စိန်ငှက်ရိုးဟူသော ဇာတ်ဆရာ အဘိုးကြီးထံ သဘင်ပညာကို သင်ယူလိုကြောင်း လျှောက်ထား၏ ။
ထိုအခါ ဆရာတော် သည် သတ္တ၀ါများ ကို ဖမ်းဆီးချုပ်နှောင်လိုစိတ် မရှိသဖြင့်
“မင်းတို့ သဘင်ပညာကို တကယ်ဝါသနာပါရင် ဇာတ်ဆရာအဘိုးကြီးဆီမှာ ကျွန်ခံပြီး ပညာကို တတ်အောင်သင်၊ လူတွေ ရဲ့ ဘ၀ကို ငါမတားဆီးချင်ဘူး၊ လူမှာ လွတ်လပ်လို စိတ်ရှိတယ်၊ ဖိနှိပ်ချုပ်ချယ်တာကို မနှစ်သက် ဘူး၊ နောက်ပြီးတော့ ၀ါသနာပါတဲ့အလုပ် ကိုလုပ်မှ လူဟာ ကြီးပွား တိုးတက်နိုင်တယ်၊ ဒါကြောင့် ၀ါသနာပါရင် ဖြစ်အောင်လုပ်ကြ၊ ဘယ်တော့မှ နောက်မတွန့်နဲ့၊ မင်း တို့လုပ်တဲ့အလုပ် မှားပြီးသွားရင်တော့ ကိုယ့်အမှားကို ကိုယ်ခံရမှာ ပဲ”
ဟု ပြောလေ၏ ။
ထိုအချိန်မှစ၍ တိမ်ညိုတို့သည် ဇာတ်ဆရာ စိန်ငှက်ရိုးထံတွင် သဘင်ပညာများ ကို သင်ယူလေ့တော့၏ ။ ဇာတ်ဆရာ စိန်ငှက်ရိုးသည် အလွန်ဂွကျသော အဘိုးကြီး တစ်ယောက် ဖြစ်ပြီး တစ်ရွာလုံးနှင့် တစ်ယောက် မတည့်သူ ဖြစ်၏ ။
စိန်ငှက်ရိုးသည် အလွန်ဂွကျပြီး မှန်သည်ထင်လျှင် နောက်မဆုတ်ဘဲ လုပ်တတ်သူ ဖြစ်၏ ။
အဘိုးကြီးသည် တစ်ချိန်က ဇာတ်ဆရာ စိန်ငှက်ရိုးဟူသော နာမည် တစ်လုံး နှင့် နေသူ ဖြစ်သော်လည်း ဂွကျလွန်းသော ကြောင့် ဇာတ်ခေါင်းကွဲကာ ဇာတိရပ်မြေသို့ ပြန်လာခဲ့ခြင်း ဖြစ်၏ ။
ထိုမျှဂွကျလှသော အဘိုးကြီးသည် တိမ်ညိုနှင့် သြဘာတို့အား အသိအမှတ်ပြု၍ သဘင်ပညာများ သင်ကြားပေးခြင်းကို တစ်ရွာလုံးက အံ့သြကြ၏ ။
ထိုသို့ ဖြစ်ခြင်းမှာ တိမ်ညိုနှင့် သြဘာတို့နှစ် ယောက် နှစ် ဦးသဘောတူနားလည်မှု ယူထားခြင်းကြောင့် ဖြစ်၏ ။
တိမ်ညိုတို့သည် ဇာတ်ဆရာ စိန်ငှက်ရိုးဆိုသော အဘိုးကြီး အလွန်ဂွကျကြောင်း သိရ၏ ။
ထို့ကြောင့် အဘိုးကြီးထံသို့ မရောက်မီ တိမ်ညိုက
“ဇာတ်ဆရာ စိန်ငှက်ရိုးဆိုတဲ့ အဘိုးကြီးက၊ တစ်ရွာလုံးနှင့် တစ်ယောက် မတည့်ဘူးဆိုပဲကွ၊ ငါတို့နှစ် ယောက် ကိုလည်း တပည့်အ ဖြစ် အသိအမှတ်ပြု အတော် ခက်လိမ့်မယ်၊ ဒါပေမဲ့ ဒီအဘိုးကြီးဟာ တစ်ရွာလုံးနဲ့ တစ်ယောက် မတည့်ဘူးဆိုတော့ သူ့ အထီးကျန်နေတာ သေချာတယ်၊ ဒါကြောင့် သူဘာပြောပြော ခေါင်းညိတ်ပြီး သူ့အကြိုက် လိုက်လုပ်ပေးနိုင်လို့ရှိရင် ငါတို့ကိုလက်ခံမှာ သေချာတယ်၊ ဒါကြောင့် ငါတို့နှစ် ယောက် လူ့ဂွစားကြီး စိန်ငှက်ရိုးအကြိုက်ကိုလိုက်ပြီး ပြောရမယ်၊ ငါတို့စိတ်ထဲမှာ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ သူလုပ်သမျှကို ထောက်ခံရမယ်၊ ဒါဆိုရင်တော့ ငါတို့နှစ် ယောက် ကို စိန်ငှက်ရိုးကြီး သဘောကျမှာ သေချာတယ်”
ဟု ပြောလေ၏ ။
ထို့ကြောင့် ပင် တိမ်ညိုတို့သည် ဇာတ်ဆရာ စိန်ငှက်ရိုးထံသို့ ရောက်သော အခါ စိန်ငှက်ရိုး အကြိုက်လိုက်ပြော၏ ။
စိန်ငှက်ရိုးလုပ်သမျှ အမြဲတမ်း ထောက်ခံ၏ ။ ထို့ကြောင့် ပင် စိန်ငှက်ရိုးသည် တိမ် ညိုနှင့် သြဘာအား သဘောကျပြီး သူ၏ တပည့်များ အ ဖြစ် အသိအမှတ်ပြုခဲ့လေ၏ ။
လူ့ဂွစားကြီး စိန်ငှက်ရိုးသည် အများ နှင့် အမြဲတမ်းဆန့်ကျင်ဘက် ပြော၏ ။
အဘိုးကြီးသည် ရွာဦးကျောင်းဆရာတော် ၏ တရားကို နာယူလေ့ မရှိချေ။
တရားနာယူခြင်းနှင့် ပတ်သက်၍ တိမ်ညိုက မေးမြန်းသော အခါ
“ ငါတို့ရွာက ဘုန်းကြီးဟာ ဇာတ်သမားတွေ နဲ့ ဘာမှမခြားပါဘူးကွ၊ သူဟာ ကျမ်းတတ်ပေတတ် ပုဂ္ဂိုလ်လည်းမဟုတ်ဘူးကွ၊ တရားဟောတဲ့အခါတိုင်း သူ့ရဲ့ အလွန်ကျယ်လောင်တဲ့အသံကြီးကို အသံကောင်းတယ်လို့ ယူဆပြီး အသံနေအသံထားနဲ့ ဇာတ်မင်းသား တစ်ယောက် လို ပြောလေ့ရှိတယ်၊ သူ့ရဲ့ တရားတော် တွေ ကလည်း ဘာမှမထူးဆန်းပါဘူးကွာ၊ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော် တွေ ထဲက ငါငယ်စဉ်ကတည်းက ထုံးလိုကျေ ရေလိုနောက်ခဲ့တာကွ၊ ဒါကြောင့် ဘုန်းကြီး ကျောင်းကိုသွားပြီး အချိန်ကုန်မခံနိုင်ဘူးကွာ ”
ဟု ပြောဆိုလေ၏ ။
(
ရွာထဲရှိ လွန်စာအလှူအတန်းလုပ်သော ဒေါ်ခင်သက်ဆိုသော အဘွားကြီးအားလည်း
“ ဒီအဘွားကြီးဟာ ငယ်စဉ်က မကောင်းမှု တွေ အများ ကြီးလုပ်ခဲ့တယ်တဲ့ကွ၊ ဒါ ကြောင့် သေခါနီး အချိန်မှာ နတ်ပြည်ရောက်မလားဆိုပြီး အလှူတွေ အများ ကြီးလျှောက် လုပ်နေတာ၊ အခုနေ ဘုန်းကြီးကျောင်းမှာ လူစုံပြီဆိုရင် သူအလှူခံတဲ့ ကျောင်းတွေ ၊ ဇရပ် တွေ အကြောင်းကို အာဘောင် အာရင်းသန်သန်နဲ့ ပြောလေ့ရှိတယ်၊ ဒါဟာ ကိုယ့်ရဲ့ အလှူ ကို ကြွားဝါတဲ့သဘောပဲ၊ ကိုယ်လှူခဲ့တဲ့အလှူကို ကြွားဝါပြီ ဆိုကတည်းက တပ်မက်စိတ်ရှိနေပြီ၊ တပ်မက်စိတ်ရှိနေရွေ့ ဘယ်လိုလုပ် လွတ်မြောက်နိုင်တော့မှာ လဲ၊ နိဗ္ဗာန်ဆိုတာ တပ်မက်ခြင်းကင်းရာနယ်မြေကွ၊ ဒီလောက် ဖက်တွယ်ထားတဲ့ မိန်းမကြီးဟာ ဘယ်လိုလုပ် နိဗ္ဗာန်ရောက်နိုင်မှာ လဲ၊ သူဟာ အလှူဒါနတွေ ကို တပ်မက်သထက် တပ်မက်လာပြီးတော့ လောဘအိုးကြီးလာတဲ့ အဘွားကြီးပဲ ”
ဟု ဂွကျကျ စကားကို ပြောဆိုတတ်၏ ။
ထိုအခါ တိမ်ညိုက ၀င်ရောက်၍
“ ဒါဆို ဦးလေးက အလှူဒါနတွေ မလုပ်တော့ဘူးလား ”
ဟု မေးမြန်းလေ၏ ။ ထိုအခါ အဘိုးကြီး ခေါင်းညိတ်၍
“ အလှူဒါနလုပ်တာကို ငါပြောတာ မဟုတ်ဘူးကွ၊ လူဟာ ကိုယ့်မှာ ရှိတဲ့ အရာကို ခွဲဝေပေးတတ်ရတယ်၊ ငါ တစ်ယောက် တည်း ကောင်းဖို့အတွက်ပဲဆိုပြီး လုပ်နေရင်တော့ ကိုယ့်အတ္တက ကြီးသထက်ကြီးလာမယ်၊ လူဟာ အသက်ရှင်နေသရွေ့ အများ နဲ့ ပတ်သက်နေရမယ်၊ အများ အတွက် အလုပ်လုပ်ပေးနေရမယ်၊ ခွဲဝေပေးကမ်းနေရမယ်၊ ဒါပေမဲ့ ဒါကို ဖက်တွယ်မထားရဘူး၊ ဒီလိုအလှူကြီးလုပ်နိုင်တယ်ဆိုပြီးတော့၊
ကိုယ့်ကိုယ်ကို ဂုဏ်တွေ ယူပြီးတော့ ငါဟာ နိဗ္ဗာန်အတွက် ကြိုတင်လက်မှတ်ဝယ် ထားတယ်လို့ သွေးနထင်မရောက်ရဘူး၊ သူတစ်ပါးကို ပေးကမ်းတဲ့နေရာမှာ သနားကရုဏာထားစိတ်၊ ညှာတာထောက်ထားစိတ်နဲ့ ပေးကမ်းတာပဲ ဖြစ်သင့်တယ်ကွ၊ ပေးကမ်းမှု က ရတဲ့ အကျိုးအ မြတ်ကို မျှော်လင့်မနေရဘူး၊ အကျိုးလိုလို့ ညောင်ရေသွန်းတာ မ ဖြစ်သင့် ဘူးပေါ့ကွာ ”
ဟု ရှင်းလင်းပြတတ်၏ ။
မည် သို့ ပင် ဖြစ်စေ တိမ်ညိုနှင့် သြဘာသည် ဂွကျသော ဇာတ်ဆရာကြီး စိန်ငှက်ရိုးကို အကြိုက်လိုက်ပြီး ပေါင်းခဲ့ကြ၏ ။
စိန်ငှက်ရိုးကလည်း လောကတွင် သူပြုသမျှကို လှိုက်လှိုက်လှဲလှဲ ထောက်ခံသူဟူ ၍ တိမ်ညိုနှင့်သြဘာ နှစ် ဦးတည်းသာ တွေ့ ရသဖြင့် ၄င်းတို့ကို တပည့်ရင်းချာများ ကဲ့သို့ သဘောထား၏ ။
ထို့ကြောင့် တတ်သင့်တတ်အပ်သော သဘင်ပညာရပ်များ ကို ဆရာစားမချန် သင်ပြပေး၏ ။ အနုပညာနှင့် ပတ်သက်သော သူ၏ သဘောထားကို ပြောပြလေ့ရှိ၏ ။
“ မင်းတို့ ငါ့ဆီမှာ သဘင်ပညာ သင်ယူနေတာ၊ မင်းတို့ ဇာတ်မင်းသားအ ဖြစ် အောင်မြင်ဖို့၊ လူရွှင်တော် အ ဖြစ် နာမည် သတင်းကြီးဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ဖျောက်ထားရမယ်၊ မင်းတို့ဟာ သဘင်ပညာနဲ့ လူအများ ရဲ့ အကျိုးကိုပြုရမယ်၊ ဘ၀ဆိုတာ တိုက်ပွဲပဲ ကွ၊ လူတွေ ဟာ ဘ၀ဆိုတဲ့ တိုက်ပွဲကြီးကို ရင်ဆိုင်ဖြေရှင်းရင်း ဘ၀အမောတွေ နဲ့ အများ ကြီး ကြုံတွေ့ နေရတယ်၊
လူတွေ မှာ ကြုံတွေ့ နေရတဲ့ ဘ၀အမောတွေ ကို မင်းတို့တတ်ကျွမ်းတဲ့ သဘင်ပညာနဲ့ ပြီးမြောက်အောင် ကြိုးပမ်းပေးရမယ်၊ တစ်နေ့တာ ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်လာ တဲ့လူ တစ်ယောက် ဟာ မင်းတို့ရဲ့ သဘင်ပညာကို ကြည့်ရှုခံစားပြီးတော့ ပင်ပန်းနွမ်းနယ်မှု တွေ ပြောပျောက် စေရမယ်၊ ကျေနပ်နှစ် သိမ့်စေရမယ်၊ ပျော်ရွှင်ကြည်နူးစေရမယ်၊
နောက်ပြီးတော့ ဇာတ်သမားလာ၍ မှတ်သားစရာပါရမယ်တဲ့ စကားလည်းရှိတယ်၊ လူတွေ ကို အသိဥာဏ်ပညာ၊ ဗဟုသုတ တိုးစေရမယ်၊ ဒါကြောင့် သဘင်ပညာသည်ပဲ ဖြစ် ဖြစ်၊ တခြားအနုပညာသည်ပဲ ဖြစ် ဖြစ် အနုပညာသမား တစ်ယောက် ရဲ့ တာဝန်က အလွန်ပဲ ကြီးပါတယ်၊ အနုပညာသမား တစ်ယောက် ဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကို မပိုင်ဆိုင်တော့ဘူး၊ ကိုယ့်ကို အများ က ပိုင်သွားပြီ ငါဟာ ငါမဟုတ်တော့ဘူးလို့ သဘောထားရမယ်၊ ဒါမှ အောင်မြင်ပြီးတန်ဖိုးရှိတဲ့ အနုပညာသမား တစ်ယောက် ဖြစ်မယ်၊ အနုပညာသမား တစ်ယောက် ဟာ အောင်မြင်ရုံမပြီးဘူး၊ တန်ဖိုးလည်းရှိနေရမယ်၊ တန်ဖိုးမရှိတဲ့ အနုပညာသမားဟာ ပြီးပြည့်စုံတဲ့ အနုပညာသမားမ ဖြစ်နိုင်ဘူး ”
ဟု ရှင်းလင်းပြလေ၏ ။
ဤသို့ ဖြင့် တိမ်ညိုနှင့် သြဘာတို့သည် ဇာတ်ဆရာကြီး စိန်ငှက်ရိုးထံတွင် တစ်နှစ် ကျော်နီးပါး သဘင်ပညာများ ကို သင်ယူကြလေ၏ ။
ထိုသို့ သင်ယူရင်း တစ်နေ့တွင် ဇာတ်ဆရာ စိန်ငှက်ရိုးသည် ရွာထိပ်ကုန်စုံဆိုင်သို့ ထန်းလျက်ဝယ်ရန်သွားလေ၏ ။ ကုန်စုံဆိုင်သို့ ရောက်သော အခါ လွန်စွာ နှစ်သက် သော ဒူးရင်းသီးကို တွေ့ ရ၏ ။
သို့ သော် ဒူးရင်းသီးမှာ တစ်လုံးတည်းသာရှိ၏ ။ ထိုတစ်လုံးတည်း ကျန်သော ဒူးရင်းသီးကို ဒေါ်ခင်သက်ဆိုသော အဘွားကြီးနှင့် လုယက်ပြီး ၀ယ်ယူကြ၏ ။
ဒေါ်ခင်သက်ကလည်း သူမသည် လယ်ပိုင်ရှင် ဖြစ်ရုံမက ဇရပ်အစ်မ၊ ကျောင်းအစ်မဟူသော ဂုဏ်ပုဒ်များ ကြောင့် ဇာတ်ဆရာ စိန်ငှက်ရိုးလက်သို့ ဒူးရင်းသီးမပါရေး အတွက် အစွမ်းကုန်ကြိုးပမ်း၏ ။
ဤသို့ ဖြင့် ဇာတ်ဆရာအဘိုးကြီးနှင့် ကျောင်းအစ်မ အဘွားကြီးသည် ဒူးရင်းသီး တစ်လုံးကို သူအရင်တွေ့ သည် ငါအရင်တွေ့ သည်ဟု ငြင်းခုန်ကာ အပြိုင်အဆိုင်ဈေးတိုး ပေးရင်း ဒူးရင်းသီးကို မရ, ရအောင် ၀ယ်ယူကြ၏ ။
ထိုသို့ ၀ယ်ယူရင်း စိတ်မထိန်းနိုင်ကြကာ ဇာတ်ဆရာ စိန်ငှက်ရိုးက
“ အသက်ကြီးမှ ရမ္မက်ကြီး၊ လူကိုကြည့်တော့ တရားရှိသလိုနဲ့ ဒူးရင်းသီးတစ်လုံးကိုတောင် တဏှာမဖြတ်နိုင်ပါလား ”
ဟု ပြစ်တင်ကဲ့ရဲ့ လေ၏ ။
ထိုအခါ ကျောင်းအစ်မ အဖွားကြီးက
“ သေရင် ငရဲပြည်ရောက်မဲ့ လူဂွစာ ဒိဋ္ဌိကြီး၊ ရှင့်လို ဘာမဟုတ်တဲ့ ဇာတ်ဆရာ အစုတ်ပလုတ်ကို ကျွန်မလို ဇရပ်အစ်မ၊ ကျောင်းအစ်မက အရှုံးပေးရမှာ လား၊ ဒူးရင်းသီးတစ်လုံးနဲ့ အသက်ကိုလဲနိုင်တယ် သိလား ”
ဟု ပြောလေ၏ ။
ထိုအခါ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ဘုမက ၀င်ရောက်၍ နှစ် ဦးနှစ် ဖက်ပြေလည်ရာ ပြေလည်ကြောင်း ဖျန်ဖြေခဲ့၏ ။
သို့ သော် ဇာတ်ဆရာနှင့် ကျောင်းအစ်မမှာ ဒူးရင်းသီးတစ်လုံးအတွက် ရမ္မက်တဏှာကို မဖြတ်နိုင်သဖြင့် မည် သို့ မျှ ဖျန်ဖြေမရဘဲ ရှိနေ၏ ။
နောက်ဆုံးတွင် ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ဘုမသည် ရမ္မက်ကြီးသော အဘိုးကြီးနှင့် အဘွားကြီးကို ကြည့်၍ စိတ်မထိန်းနိုင်တော့ဘဲ
“တော် ပြီ တော် ပြီ၊ ဒူးရင်းသီးကို ဘယ်သူ့ကိုမှ မရောင်းတော့ဘူး၊ ဆရာတော် ရဲ့ ကျောင်းကိုပဲ သွားကပ်လိုက်တော့မယ် ”
ဟု ပြောလေ၏ ။
ထိုအခါ ကျောင်းအစ်မကြီး ဒေါ်ခင်သက်က မြေကြီးကို ဖနောင့်နှင့် ပေါက်၍
“ ခင်သက်တဲ့၊ တစ်သက်ပဲရှိတယ်၊ လယ်ပိုင်ရှင်ကျောင်းအစ်မရှင့်၊ မြို့ကိုတက်ပြီး ဒူးရင်းသီးကို ခြင်းတောင်းအပြည့်ဝယ်စားပစ်လိုက်မယ်၊ မစားနိုင်ဘူးလို့တော့ မထင်နဲ့ ”
ဟု ပြောလေ၏ ။
ထိုအခါ ဇာတ်ဆရာ စိန်ငှက်ရိုးကလည်း ခါးကို ထောက်၍
“ ဒီမှာ စိန်ငှက်ရိုးတဲ့၊ မြန်မာပြည်အရပ်ရပ်ကို လှည့်ပြီး ဇာတ်ဆရာ လုပ်လာတာ၊ ဒူးရင်းသီးကို ခြင်းနဲ့မပြောနဲ့၊ နွားလှည်းနဲ့ တိုက်ပြီး တစ်ရွာလုံးကို တစ်အိမ်တစ်လုံး လှည့်ဝေပေးလိုက် မယ် ”
ဟု ပြန်လည်ချေပလေ၏ ။
ဇာတ်ဆရာ စိန်ငှက်ရိုးအိမ်သို့ ပြန်ရောက်သော အခါ သူ၏ တပည့်ကျော်များ ဖြစ်သော တိမ်ညိုနှင့် သြဘာသည် ၄င်းတို့၏ အစဉ်သဖြင့် မြှော က်ပင့်ပေးရ မူဝါဒကို လက်ကိုင်ထား၍ ဇာတ်ဆရာ စိန်ငှက်ရိုး အကြိုက်တစ်မျိုးနှင့် တစ်မျိုး မရိုးအောင် မြှော က်ပင့်ပေးလေ၏ ။
တိမ်ညိုက လက်သီးဆုပ်၍
“ ရွာမှာ ပဲနေပြီး လယ်လေးဘာလေးပိုင်လို့ ဇရပ်အစ်မ၊ ကျောင်းအစ်မ ဖြစ်နေတဲ့ အဘွားကြီးကများ ၊ မြန်မာနိုင်ငံတစ်ဝန်းမှာ ဇာတ်ဆရာကြီး ဦးဖိုးစိန်တို့လို ဟိုးဟိုးကျော်တဲ့ ဆရာကြီးစိန်ငှက်ရိုးကိုမှ ပခုံးချင်းယှဉ်ဝံ့သလား၊ သူ့ရဲ့ ပြိုင်ဖက်ဟာ ဘယ်လိုလူများ အောက်မေ့လို့လဲ၊ မြင်းမိုရ်တောင်ကို ဆီးစေ့နဲ့ပေါက်ချင်တဲ့ အဘွားကြီးပဲ ”
ဟု မြှော က်ပင့်ပေးလေ၏ ။
ထိုအခါ သြဘာကလည်း
“ ဘယ်နယ်ကိုသွားသွား ဇာတ်ဆရာကြီး စိန်ငှက်ရိုးဆိုရင် သူဌေးသူကြွယ်ရော၊ အရေး ပိုင်ကတော် အရာရှိကြီးတွေ ကရော အရေး တယူမလုပ်ဘဲ နေ၀ံ့ကြလို့လား၊ စိန်ငှက်ရိုးဆိုတာ အနုပညာသမား ဂုဏ်ရှိတယ်၊ မာန်မာနရှိတယ်၊ အနုပညာသမားဆိုတာ ငွေမချမ်းသာပေမဲ့ မာနတော့ ချမ်းသာတယ်၊ ဘယ်လိုလူမျိုးကိုမှ အောက်မကျို့ဘူး၊ အနုပညာ သမားဟာ ပြည်သူကကျွေးတဲ့ထမင်းကို စားတာ၊ ဆရာကြီး စိန်ငှက်ရိုးဆိုရင် ဇာတ်မင်းသားကြီး ဦးဖိုးစိန်တို့၊ နာမည် ကြီး မင်းသမီး အောင်ဗလတို့၊ မြခြေချင်း မငွေမြိုင်တို့လို မင်းသမီးကြီးတွေ တောင် တုံ့ပြန်ပြောဆိုဝံ့လို့လား၊ သမားစဉ်ဆိုတာရှိတယ်လေ၊ ဒါကို
ဘာမ ဟုတ်တဲ့ ခင်သက်ဆိုတဲ့ ရွာငယ်ဇနပုဒ်က လေကြွားအဘွားကြီးက မခန့်လေးစား ပြုဝံ့သလား၊ ဆရာကြီးကို မထေမဲ့မြင်ပြရုံမကဘူး၊ ငါတို့ကိုပါ စောကားမော်ကား ပြုတဲ့သဘောပေါ့၊ ဒီကိစ္စကို ငါတို့ လုံးဝသည်းသည်းမခံနိုင်ဘူး ”
ဟု ဆရာစိန်ငှက်ရိုးအကြိုက် မြှော က်ပင့်ပြောလေ၏ ။
ထိုအခါ ဇာတ်ဆရာ စိန်ငှက်ရိုးသည် တိမ်ညိုနှင့် သြဘာတို့၏ မြှော က်ပင့်ပြောဆိုခြင်းကို ရိပ်စားမိခြင်းမရှိဘဲ ရန်းအစ်မကြီး ဒေါ်ခင်သက်ကို ပိုမို၍ မကျေမချမ်း ဖြစ်လာလေ၏ ။
ထို့ကြောင့် လက်သီးကိုဆုပ်၍
“ ဟုတ်တယ်၊ မင်းတို့ပြောတာ မှန်တယ်၊ စိန်ငှက်ရိုးတဲ့ တစ်ရိုးတည်း ရှိတယ်၊ နှစ် ရိုးရှိရင် ရိုက်ချိုးပစ်လိုက်မယ်၊ နာမည် တစ်လုံးနဲ့ နေလာတဲ့ကောင်ကွ၊ ငါ့ရဲ့ ဂုဏ်သတင်းကို ဘယ်သူမှ ထိပါးမစော်ကားဝံ့ဘူး၊ ငါ့ကိုများ ဇာတ်ခေါင်းကွဲလာတဲ့ အဘိုးကြီးတဲ့၊ ဇာတ်ခေါင်းကွဲတာ မဟုတ်ဘူး၊ ဇာတ်ခေါင်းကို ငါကိုယ်တိုင်ခွဲချင်လို့ ခွဲပြီးထွက်လာခဲ့တာ၊ မြေစိုက်တဲသာသာရှိတဲ့ ဇရပ်ကိုလှူတဲ့ အဘွားကြီးကများ ၊ ငါ့ကိုလာပြီးတော့ ယှဉ်ပြိုင်သေးတယ်၊ ဒီနေ့ညနေပဲ ငါမြို့ကို တက်မယ်ကွာ၊ ပြီးတော့ မြို့မှာ ရှိတဲ့ ဒူးရင်းသီးတွေ ကို လှည်းတစ်စီးတိုက် အကုန်လုံးရအောင် ၀ယ်မယ်၊ ပြီးရင် တစ်ရွာလုံးကိုလည်း ဒူးရင်းသီးတွေ ဝေပေးမယ်၊ ငါကိုယ်တိုင်လည်း တစ်ဝတစ်ပြဲကြီး စားမယ်၊ ဘာမဟုတ်တဲ့ လယ်ပိုင်ရှင် အဘွားကြီး၊ ညနေကျရင် တွေ့ ကြသေးတာပေါ့ကွာ ”
ဟု ပြောလေ၏ ။
ထိုအခါ ဇာတ်ဆရာကြီး စိန်ငှက်ရိုးသည် ၄င်းအိုစာမင်းစာအ ဖြစ် စုဆောင်းထားသော ပိုက်ဆံများ အားလုံးကို သေတ္တာထဲမှ ထုတ်၍ မြို့ပေါ်သို့ တက်သွား၏ ။
မြို့ပေါ်သို့ ရောက်သော အခါ ဒူးရင်းသီးများ ကို ဈေးကြီးပေး ၀ယ်ယူရ၏ ။
တစ်မြို့လုံးလှည့်၍ ၀ယ်ယူလေရာ ဒူးရင်းသီး အလုံးတစ်ရာကျော် ရလေ၏ ။
ဇာတ်ဆရာ စိန်ငှက်ရိုး၏ အိုစာမင်းစာအ ဖြစ် စုဆောင်းထားသော ပိုက်ဆံများ လည်း တက်တက်ကုန်အောင် ပြောင်စင်နေတော့၏ ။
သို့ သော် စိန်ငှက်ရိုးသည် ဂရုဏာထားခြင်းမရှိဘဲ ဒူးရင်းသီးများ ကို လှည်းပေါ်သို့ အပြည့်အမောက်တင်ကာ ရွာသို့ ဂုဏ်ယူဝံ့ကြွားစွာ ပြန်ခဲ့လေတော့၏ ။
ဇာတ်ဆရာ စိန်ငှက်ရိုး မြို့ပေါ်သို့ တက်၍ ဒူးရင်းသီးများ ကို တစ်လုံးမကျန်အောင် ၀ယ်ယူလာသည်ဆိုသော သတင်းကို ကျောင်းအစ်မ ဒေါ်ခင်သက်ကြားသော အခါ ဆွေ့ဆွေ့ခုန်အောင် ဒေါသ ဖြစ်ပြီး မခံချင်စိတ်ဖြင့် မေ့မြောသွားလေ၏ ။
ဇာတ်ဆရာ စိန်ငှက်ရိုးသည် သူ၏ ဇာတိပုည ဂုဏ်မာနနှင့် ကို ၀ံ့ကြွားလိုသဖြင့် တစ်ရွာလုံးအနှံ့ အိမ်ပေါက်စေ့ လှည့်လည်၍ ဒူးရင်းသီးများ ကို ဝေငှလေ၏ ။
ထိုသို့ ဒူးရင်းသီးများ ကို ဝေငှပေးပြီးသော အခါ အကောင်းဆုံး ဒူးရင်းသီးကြီး အလုံးသုံးဆယ်ခန့် ကျန်ရှိလေ၏ ။
ထိုအခါ ဇာတ်ဆရာကြီးက ဒူးရင်းသီးများ ကို ၀ံ့ကြွားစွာ လှည်းပေါ်မှချ၍ တပည့်ကျော်များ ဘက်သို့ လှည့်၍
“ ဟောဒီမှာ အလုံးလှလှ ဒူးရင်းသီးကြီးတွေ အများ ကြီးကျန်သေးတယ်၊ ဟိုမိန်းမကြီးတော့ ငါ့ရဲ့ သတင်းကိုကြားပြီး မခံချင်စိတ်ကြောင့် မေ့မျောသွားတယ်၊ ဆေးဆရာတောင် ခေါ်နေရတယ်၊ ဒီပွဲမှာ ငါလှလှကြီး အနိုင်ရခဲ့ပြီ၊ ဟောဒီ အောင်ပွဲအတွက် ဒူးရင်းသီးတွေ ကို တစ်ဝကြီးစားကြမယ်၊ မင်းတို့လည်း စားချင်သလောက်စား၊ ငါလည်း ဗိုက်ပြည့်သလောက်စားမယ်”
ဟု ဆိုကာ ဒူးရင်းသီးများ ကို တစ်လုံးပြီးတစ်လုံး စားလေ၏ ။
ဇာတ်ဆရာ စိန်ငှက်ရိုးသည် မခံချင်စိတ်ကြောင့် ဒူးရင်းသီးဆယ်လုံးကျော်ကျော်မျှ စားပြီးသော အခါ မျက်လုံးများ မှေးစင်းလာပြီး
“ မူးတယ် … မူးတယ် ”
ဟု အော်ဟစ်ကာ မြေပေါ်သို့ လဲကျသွားလေ၏ ။
တိမ်ညိုနှင့် သြဘာသည် ၄င်းတို့၏ မူဝါဒအရ ဇာတ်ဆရာကြီးကို မတားမြစ်ရဲဘဲ ကြည့်ရှုနေစဉ် စိန်ငှက်ရိုးလဲကျသွားသော အခါမှပင်
“ ဆရာကြီး ”
ဟု အော်ဟစ်ကာ ပြေးပွေ့လိုက်လေ၏ ။
စိန်ငှက်ရိုးသည် လဲကျသွားပြီးနောက် သတိပြန်မလည်လာတော့ချေ။
ထူးခြားချက်တစ်ခုမှာ ဇာတ်ဆရာ စိန်ငှက်ရိုးကဲ့သို့ မူးလဲမေ့မြောသွားသော ရဟန်း အစ်မကြီး ဒေါ်ခင်သက်မှာ လည်း သတိပြန်လည်လာခြင်း မရှိချေ။
ထိုရွာကလေး၏ ရာဇ၀င်၌ ရဟန်းအစ်မနှင့် ဇာတ်ဆရာ ဒူးရင်းသီး လုစားရာမှ အသက်ပျောက်သွားသော သတင်းသည် ပြောစမှတ်တွင် ခဲ့လေတော့၏ ။
တိမ်ညိုနှင့် သြဘာ ဇာတ်ရူးနှစ် ယောက် မှာ လည်း ၄င်းတို့၏ ဆရာကြီး စိန်ငှက်ရိုး မရှိတော့ချိန်မှစ၍ ဇာတ်ခေါင်းကွဲသွားသော ဇာတ်သမားများ ကဲ့သို့ အထုပ်ထမ်း၍ ပြန်ခဲ့ကြလေတော့၏ ။
ဇာတိရပ်မြေသို့ ရောက်သော အခါ ဆရာတော် ဘုရားကြီးက မေတ္တာရှေ့ထား၍ ကျောင်း၌ ပြန်လည်လက်ခံထားလေ၏ ။
ရွာသို့ ပြန်ရောက်သော အခါ ဆရာစိန်ငှက်ရိုးထံမှ သင်ယူလာသော မတောက်တခေါက် သဘင်ပညာဖြင့် သွေးနာထင် ရောက်နေလေတော့၏ ။
သဘင်ရူးနှစ် ယောက် သည် မိမိကိုယ်မိမိ နိုင်ငံတော် သဘင်ပညာရှင်များ ကဲ့သို့ အထင်မှတ်ကာ မကြာမီ အထင်ကရ ဇာတ်ကြီးများ ၌ သွားလုပ်တော့မည် ဖြစ်ကြောင်း ပြောလေ၏ ။
သို့ သော် ရွာနားမြက် ရွာနွားမစားဟူသော စကားအရ ရွာသူရွာသားများ အများ စုသည် ၄င်းတို့၏ ကြွားလုံးများ ကို အထင်မကြီးဘဲ ရှိနေလေ၏ ။
သဘင်ရူးနှစ် ယောက် သည် သဘင်ပညာကို မတောက်တခေါက် တက်မြောက်ပြီးနောက် ဘုန်းကြီးကျောင်းတွင် နေသော်လည်း ကျောင်းရှိအလုပ်များ ကို မလုပ်ဘဲ အားလပ်သည့်အချိန်၌ ဆိုလိုက်ကလိုက်ဖြင့် အချိန်ကုန်နေလေ၏ ။
၎င်းတို့နှစ် ဦးကို ကပ္ပိယကြီးမှစ၍ ကျောင်းသားများ ၊ ကိုရင်များ အားလုံး မျက်မုန်းကျိုးကြလေ၏ ။
သို့ သော် ဆရာတော် ကြီးကိုယ်တိုင် မည် သည့်စကားကိုမှ မဆိုသဖြင့် ၄င်းတို့အား အပြစ်ဆိုခြင်းမရှိသေးချေ။
တိမ်ညိုနှင့် သြဘာတို့သည် ရွာ၏ ကထိန်ပွဲ၊ ရှင်ပြုအလှူတော် မင်္ဂလာပွဲများ ၌ ၄င်းတို့၏ အစွမ်းကို ပြချင်ကြ၏ ။
သို့ သော် မည် သည့်ရွာသူရွာသားကမှ အထင်ကြီးလေးစားခြင်းမရှိချေ။
ထို့ကြောင့် ၄င်းတို့နှစ် ယောက် သည် အခြားသော ရွာများ ရှိ အလှူမင်္ဂလာပွဲများ တွင် ကျွဲတိုက်ခြင်း၊ ပတ်ခြောက်ဝိုင်းတီးခြင်းတို့သာ ပြုလုပ်ကြ၏ ။
၎င်းတို့သည် ကျွဲတိုက်ပွဲပြုလုပ်ရာတွင် အတွဲ ညီပြီး လွန်စွာ နာမည် သတင်းကြီးလှ၏ ။
၎င်းတို့နှစ် ယောက် ဦးစီးသော ပတ်ခြောက်ဝိုင်းသည်လည်း အလွန်အသက်ဝင်ပြီး လူအများ နှစ်သက် ကြ၏ ။ ပတ်ခြောက်ဝိုင်းကိုကြည့်၍ တ၀ါးဝါး တဟားဟားပွဲကျကျ၏ ။
၎င်းတို့နှစ် ဦး သဘင်ပညာကြောင့် မည် သို့ ပင် သတင်းကြီးစေကာမူ ၄င်းတို့၏ ဇာတိရပ်ရွာက အထင်ကြီးခြင်းမရှိချေ။
တစ်ချို့သော ဇာတိရပ်ရွာသားများ ကမူ တခြားသော သူများ တွင် ၄င်းတို့၏ ပတ်ခြောက်ဝိုင်းများ ကို မြင်တွေ့ ဖူးသဖြင့် မိမိတို့ ရပ်ရွာတွင် ပြုလုပ်လိုကြ၏ ။
၎င်းတို့၏ ပတ်ခြောက်ဝိုင်းများ ကို ရွာအလှူပွဲများ တွင် ပါဝင်လိုကြ၏ ။ သို့ သော် ၄င်းတို့ကို အထင်မကြီးသော ရွာသူရွာသားများ ၏ ဆန္ဒအရ ရွာအလှူပွဲများ တွင် ပါဝင်ခွင့်မရှိသေးချေ။
ထို ဖြစ်ရပ်နှင့် ပတ်သက်၍ တိမ်ညိုနှင့် သြဘာသည် ၄င်းတို့၏ ဇာတိရပ်ရွာရွာသားများ ကို လွန်စွာ မကျေမနပ် ဖြစ်နေကြ၏ ။
ထို့ကြောင့် ပင် အခွင့်အရေး ကြုံသည့်အခါတိုင်း မိမိတို့ ရွာသူရွာသားများ ကို မကျေမချမ်းပြောဆို နေမိ၏ ။
တိမ်ညိုက မိမိတို့ရွာဘက်သို့ မကျေမချမ်းကြည့်၍
“ ငါတို့ဟာ သဘင်ပညာရှင် အကျော်အမော်တွေ ဆိုတာ ငါတို့ရွာသားတွေ မကြာမီ သိစေရမယ်၊ တစ်နေ့ကျရင် ငါတို့အစွမ်းကို တစ်ရွာလုံး အံ့သြတကြီးနဲ့ ကြည့်စေရမယ် ”
ဟု ပြောလေ၏ ။ ထိုအခါ သြဘာကလည်း ခေါင်းညိတ်၍
“ ဟုတ်တာပေါ့ကွာ၊ စိန်တိန်ညိုနဲ့ စိန်သြဘာရဲ့ အစွမ်းကို တို့ရွာသားတွေ အံ့သြတကြီး ကြည့်စေရမယ်၊ အဲဒီ နေ့ဟာ ငါတိုနှစ် ယောက် ရဲ့ မိုးကောင်းတဲ့နေ့ပေါ့ကွာ ”
ဟု အားပါးတာရ ပြောလေတော့၏ ။
သူကြီးတက်ခါး၏ အလှူပွဲကို တပေါင်းလအတွင်း ပြုလုပ်မည် ဆိုသော သတင်း သည် တစ်ရွာလုံး တောမီးပမာ ပျံ့နှံ့သွား၏ ။
သူကြီးသီးတက်ခါးသည် သူတို့ရွာ၏ ကြေးရတက် ဖြစ်လေရာ အလှူပွဲကြီး စည်ကားမည် မှာ သေချာ၏ ။
သူကြီး၏ အလှူပွဲ နီးလာသည်နှင့် အမျှ တစ်ရွာလုံးရှိ လူများ သည် လှုပ်လှုပ်ရွရွ ဖြစ် လာ၏ ။
သူတို့ တစ်ရွာလုံး သူကြီး၏ အလှူပွဲတွင် ၀ိုင်းဝန်း၍ ကူညီလုပ်ကိုင်ပေးရန် စိတ်အားထက်သန်နေကြ၏ ။
အလှူပွဲနီးလာသည်နှင့် အမျှ သူကြီး၏ အိမ်တွင် အကြိမ်ကြိမ်စုဝေးတိုင်ပင်ကြ၏ ။ တိမ်ညိုနှင့် သြဘာသည် ထိုစည်းဝေးတိုင်ပင်ကြသည့်သတင်းကို တိတ်တခိုးနားစွင့်ရင်း လွန်စွာ စိတ်လှုပ်ရှား နေကြ၏ ။
သူတို့ ရွာသူကြီး၏ အလှူပွဲတွင် ၄င်းတို့၏ သဘင်ပညာအစွမ်းကို ပြသခွင့်မရလျှင် သူတို့မျက်နှာ ဘယ်မှာ သွားထားရမည် နည်း။
ရွာအလှူပွဲ၌ သဘင်ပညာအစွမ်း မပြရလျှင် သူတို့၏ ဂုဏ်သိက္ခာ အကြီးအကျယ် ယိုယွင်းရပေတော့မည် ။
အလှူပွဲနီးလာသည်နှင့် အမျှ သူတို့ မကြားချင်သော သတင်းစကားတစ်ခုကို ကြားသိရလေ၏ ။
ထိုသတင်းမှာ သူကြီး၏ အလှူပွဲ၌ အနီးဆုံးမြို့မှ ဗလာဆိုင်းကို ငှားမည် ဖြစ်ကြောင်းသိရ၏ ။
တိမ်ညိုနှင့် သြဘာသည် ထိုသတင်းကို ကြားသိသည့်အချိန်မှစ၍ အကြီးအကျယ် ပေါက်ကွဲမှု များ စတင်လေတော့၏ ။
တိမ်ညိုက
“ သူကြီးက ငါတို့ရဲ့ မျက်နှာကို အိုးမည်းသုတ်တာပဲကွ၊ ရွာမှာ ငါတို့လို သဘင်ပညာရှင်တွေ ရှိရဲ့ သားနဲ့ မြို့ပေါ်က ဘာမဟုတ်တဲ့ ဗလာဆိုင်းကို ငှားမယ်ဆိုတော့ သူကြီးရဲ့ လုပ်ရပ် ဟာ ငါတို့ကို အထင်မကြီးရာ ကျမနေဘူးလား ”
ဟု ပြောလေ၏ ။ ထိုအခါ သြဘာက ၀င်ရောက်၍
“ ဟုတ်တာပေါ့ကွာ၊ ငါတို့လို သဘင်ပညာ အကျော်အမော်တွေ ရှိရဲ့ သားနဲ့ မြို့ပေါ်က ဗလာဆိုင်းကို ငှားမယ်တဲ့၊ ရှက်လွန်းလို့ ငါတို့ မျက်နှာကို ဓားနဲ့လှီးပစ်ဖို့ကောင်းတယ် ”
ဟု ညည်းညူလေ၏ ။ တိမ်ညိုက လက်သီးဆုပ်၍
“ အလှူရှင် သူကြီးက ငါတို့ရဲ့ သဘင်ပညာအစွမ်းကို အသိအမှတ်မပြုဘူးပဲထားပါတော့၊ ဒီပြင်ရွာသားတွေ က ဘာလုပ်နေကြလဲ၊ သူကြီးတို့ ဗလာဆိုင်းငှားမယ်ဆိုတာ ၀ိုင်းပြီးမဖျက်ကြဘူးလား၊ ရွာမှာ စိန်တိမ်ညိုနဲ့ စိန်သြဘာရှိတယ်ဆိုတာ သူတို့ မေ့နေကြပြီလား၊ သူကြီး တစ်ယောက် အနေနဲ့ ငါတို့လို ရွာသားတွေ ရဲ့ အနုပညာကို ဖော်ထုတ်ပေးဖို့ ကောင်းပါတယ်ကွာ ”
ဟု မကျေမချမ်း ရေရွတ်လေ၏ ။
ထိုအခါ သြဘာက လက်သီးဆုပ်၍
“ ဒီကိစ္စနဲ့ပတ်သက်ပြီး သူကြီးကို ငါတော့ လုံးဝမကျေနပ်ဘူးကွာ၊ ငါတော့ သူကြီးကို ကိုယ်တိုင်သွားတွေ့ ပြီး ဆွေးနွေးလိုက်ချင်တယ် ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုက လက်သီးဆုပ်၍
“ ဟုတ်တယ်၊ ငါလည်း သူကြီးနဲ့တွေ့ ပြီး ဆွေးနွေးချင်တယ်၊ ရွာနားကမြက် ရွာနွားမစားဘူးဆိုတာ တော် တော် မှန်တာပဲ၊ သူကြီးဟာ ငါတို့အနုပညာကို အထင်လုံးဝမကြီးဘူး၊ ငါတို့မှာ အရည်အချင်းရှိကြောင်း၊ သဘင်ပညာကို နားလည်တက်ကျွမ်းကြောင်း သူကြီးသိအောင်ပြောပြမှ ဖြစ်မယ် ”
ဟု ပြောလေ၏ ။
ထို့နောက်တွင် မူ ပန်တျာရူးနှစ် ယောက် သည် သူကြီးမင်း၏ အိမ်ဂေဟာသို့ မကျေမချမ်း ရောက်ရှိသွား၏ ။ သူကြီးထံသို့ ရောက်သော အခါ သူတို့၏ မကျေနပ်ချက်များ ကို ရင် ဖွင့်ကြ၏ ။
သူတို့၏ သဘင်ပညာကို သူကြီးအထင်မသေးသင့်ကြောင်း၊ မိမိတို့လည်း ဆရာ ကြီး စိန်ငှက်ရိုး၏ တပည့်ရင်းချာများ ဖြစ်ကြောင်း မိမိတို့၏ အရည်အချင်းကို မကြာမီ တစ်နိုင်ငံလုံး အသိအမှတ်ပြု၍ စိန်တိမ်ညိုနှင့် စိန်သြဘာဟူ၍ ဟိုးဟိုးကျော်တော့မည် ဖြစ်ကြောင်း ပြောဆိုလေ၏ ။
ထိုအခါ သူကြီးက ၄င်းတို့၏ စကားကို နားဝင်ဟန်မရှိဘဲ
“ ဟေ့ကောင်တွေ … ဒီအလှူဟာ ငါ့အလှူကွ၊ ငါ့အလှူမှာ ငါငှားချင်တဲ့ဇာတ် ငါငှားမယ်၊ မင်းတို့ဘာ ဖြစ်လို့ နွားရှေ့ထွန်ကြူး လုပ်နေရတာ လဲ၊ ဒီမှာ … မင်းတို့သဘင်ပညာ ဘယ်လောက်ပဲ ကောင်းကောင်း မင်းတို့ဟာ မွေးကတည်းက ဒီရွာမှာ မွေးတာ၊ မင်းတို့မျက်နှာကို တစ်ရွာလုံးက လူတွေ မြင်တွေ့ ပါများ လွန်းလို့ ရိုးနေပြီ၊ မင်းတို့မျက်နှာကို ထိုင်ကြည့်မဲ့အစား ဟိုးမှာ မြက်စားနေတဲ့ နွားကြီးမျက်နှာကိုပဲ ထိုင်ကြည့်ချင်ကြည့်လိမ့်မယ်၊ တစ်ရွာလုံးရဲ့ ဆန္ဒအရလည်း မြိုက ဗလာဆိုင်းကိုပဲ ကြည့်ချင်ကြတယ်၊ မင်းတို့နှစ် ယောက် ဟာ တစ်ရွာလုံး နားမခံသာအောင် ဆူကြ၊ အော်ကြ၊ ငိုကြနဲ့ ကိုယ့်ကိုယ်ကိုယ် သဘင်ရူးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြတယ် ”
ဟု ပြောလေရာ တိမ်ညိုသည် သူကြီး၏ မျက်နှာကို မကျေမချမ်းကြည့်၍
“ ဒီမှာ သူကြီး … စကားကို ကြည့်ပြောပါ၊ ကျုပ်တို့က ဘာမဟုတ်တာလုပ်နေလို့လဲ၊ ကျုပ်တို့က အနုပညာသမားတွေ ၊ သဘင်ပညာရှင်တွေ ၊ အနုပညာသမားဆိုတာ အရှက်အကြောက်ကင်းရတယ်၊ ဆိုစရာရှိရင်ဆို၊ ငိုစရာရှိရင်ငိုရတယ်၊ ပြည်သူကို ဖျော်ဖြေဖို့ လေ့ကျင့်နေတာ ဘာမှရှက်စရာမလိုဘူး၊ ကျုပ်တို့ ဆရာကြီး စိန်ငှက်ရိုးက ပြောထားပြီးသား၊ အနုပညာသမား ဖြစ်ရင် ရှက်ကြောကို ဖြတ်ထားရတယ် ”
ဟု မကျေမချမ်း ပြောဆိုလေ၏ ။
ထိုအခါ သူကြီးက
“ ဟေ့ကောင်တွေ … ဘာပဲ ဖြစ် ဖြစ်ကွာ၊ မင်းတို့နှစ် ယောက် ကို ငါ့အလှူမှာ အလိုမရှိဘူး၊ သူတစ်ပါး အလှူပြုခါနီး မှာ ဖျက်လိုဖျက်ဆီး လိုက်ပြောမနေနဲ့၊ အကောင်းဆုံး ကတော့ မင်းတို့နှစ် ယောက် ငါ့အလှူမှာ လုပ်စရာရှိရင် ၀ိုင်းကူလုပ်၊ စားစရာရှိရင် စား၊ ဒါပဲ … အနုပညာတွေ ပန်တျာတွေ ငါ့လာမပြောနဲ့ ”
ဟု မောင်းထုတ်လိုက်လေ၏ ။
ထိုအခါ သြဘာက သူကြီးကို မကျေမချမ်းကြည့်၍
“ ဒီမှာ သူကြီး … ကျုပ်တို့ရဲ့ ပညာကို အသိအမှတ်မပြုတဲ့အတွက် သူကြီးရဲ့ အလှူ ကျုပ်တို့လုံးဝမပါဘူး၊ ၀ိုင်းကူပြီးလည်း လုပ်မပေးနိုင်ဘူး၊ ဒါကိုမှ မကျေနပ်လို့ သူကြီး ထိတ်တုံးခတ်ရင်လည်း ခတ်လိုက်၊ ပျော်ပျော်ကြီး ခတ်ခံလိုက်မယ် ”
ဟု ပြောလေရာ သူကြီးသည် ၄င်းတို့အား ဒေါသတကြီး အော်ဟစ်ဆဲဆို၍ အိမ်မှ မောင်းနှင်ထုတ်လိုက်လေတော့၏ ။
ထို့ကြောင့် တိမ်ညိုနှင့် သြဘာသည် သူကြီး၏ အလှူတွင် သဘင်ပညာ၏ အစွမ်းကို ပြသမည် ဆိုသော အခွင့်အရေး မှာ ပျောက်ကွယ်သွားလေတော့၏ ။
တပေါင်းလထဲသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူကြီး၏ အလှူပွဲသည် တဖြည်းဖြည်း နီးကပ်လာ၏ ။
အလှူပွဲနီးကပ်လာသည်နှင့် အမျှ တိမ်ညိုနှင့် သြဘာတို့၏ မခံချင်စိတ်များ တဖြည်းဖြည်း ကြီးမားလာ၏ ။
မကြာမီရက်အတွင်း မြို့မှငှားရမ်းထားသော ဗလာဆိုင်း ရွာသို့ရောက်ပေတော့မည် ။ ထိုဗလာဆိုင်းကို မိမိတို့ရွာသားများ အထင်တကြီး တိုးဝှေ့ကြည့်ရှုနေမည် ကို မြင်ယောင်နေသေးတော့၏ ။
တိမ်ညိုနှင့် သြဘာသည် ထိုအကြောင်းများ ကို တွေးတောရင်း ရွာ၌ နေထိုင်ချင်စိတ်များ တဖြည်းဖြည်း နည်းပါးလာ၏ ။
၎င်းတို့သည် မွေးရပ်မြေကို ချစ်မြတ်နိုးလွန်းသူများ ဖြစ်ပြီး ဤမြေဤရေနှင့် ဝေးရာသို့ တစ်လက်မမျှ သွားလိုသူများ မဟုတ်ကြပေ။
မည် သို့ ဖြစ်စေ ၄င်းတို့၏ သဘင်ပညာကို အထင်အမြင်သေးသော မွေးရပ်မြေမှ ရွာသူရွာသားများ ကို စိတ်နာချင်သလိုရှိ၏ ။
ထို့ကြောင့် သူကြီး၏ အလှူမှ ဝေးရာသို့ ရှောင်ရှားပြီးနေ၏ ။ ထိုရက်ပိုင်းအတွင်း ၄င်းတို့သည် ရွာထဲ၌ မနေဘဲ ရွာပြင်သို့ သာ ထွက်၍ နေ၏ ။
အလှူပြုရန် သုံးရက်ခန့်အလိုတွင် မြို့မှငှားရမ်းထားသော ဓါတ်စက်တစ်လုံး ရွာသို့ ရောက် လာပြီး သူကြီး၏ အိမ်၌ ဓာတ်ပြား တစ်ချပ်ပြီးတစ်ချပ် ဖွင့်လေ၏ ။
ရွာသူရွာသားများ သည် ဓါတ်စက်သီးချင်းကို အံ့သြတကြီးဖြင့် သွားရောက်နားထောင်ကြလေ၏ ။ တိမ်ညိုနှင့် သြဘာသည် ထိုမြင်ကွင်းများ ကို မမြင်ချင်၊ မကြားချင်တော့သဖြင့် ရွာပြင်သို့ သွားရောက်နေထိုင်ရန် ဆုံးဖြတ်လိုက်၏ ။
ဆရာတော် ဘုရားကြီးသည် တိမ်ညိုနှင့် သြဘာအား သနားကရုဏာသက်လှသဖြင့် တားဆီးခြင်းမရှိဘဲ နှုတ်ဆိတ်၍ သာနေလေ၏ ။
တိမ်ညိုနှင့် သြဘာသည် ရွာစွန်ရှိယာခင်းတစ်ခုတွင် သွားရောက်နေထိုင်လေ၏ ။ ထိုယာခင်း၌ နေထိုင်သူမှာ ခိုးဆိုးလုယက်ခဲ့သော ဒုစရိုက်မှု များ ကို ကျူးလွန်သဖြင့် ရွာထဲ၌ နေထိုင်ခွင့်မရ သော ဆင်ကြီးဆိုသူ ဖြစ်၏ ။
ဆင်ကြီးသည် ၄င်း၏ ယာခင်းတွင် တိမ်ညိုနှင့် သြဘာ လာရောက်နေထိုင်ခြင်းကို အလွန်နှစ သက်၏ ။ အဘယ်ကြောင့် ဆိုသော် ဆင်ကြီးသည် ရွာပြင်၌ တစ်ကိုယ်တည်းအထီးကျန်နေရခြင်းကို ငြီးငွေ့နေပြီ ဖြစ်၏ ။
သူကြီး၏ အလှူပွဲနီးကပ်လာသည်နှင့် အမျှ တိမ်ညိုနှင့် သြဘာ၏ ရင်ထဲတွင် မခံချင်စိတ် များ ပိုမိုကြီးမားလာ၏ ။ ရွာထဲမှ ပျံ့နှံ့လာသော ဆိုင်းသံ၊ ဗုံသံများ ကို သူတို့မကြားဝံ့ချေ။
ရွာသူရွာသားများ အားလုံး သူကြီး၏ အလှူတွင် အားတက်သရော ၀ိုင်းဝန်းလုပ်ကိုင်ပေးကြ၏ ။
တိမ်ညိုက ရွာဆီသို့ လှမ်းမျှော်ကြည့်၍
“ ကြည့်စမ်း … တစ်ရွာလုံးမှာ မီးခိုးငွေ့မတွေ့ ရဘူး၊ ရွာကလူတွေ သူကြီးအိမ်မှာ မီးခိုးတိတ် သွားစားနေပုံရတယ်၊ တောက် … တစ်ရွာလုံး တစ်ယောက် မှမကောင်းဘူး၊ အမေကျော် ဒွေးတော် လွမ်းချင်ကြတယ် ”
ဟု ပြောလေ၏ ။ ထိုအခါ သြဘာက ခေါင်းခါယမ်း၍
“ တော် ပါတော့ကွာ …၊ ဒီအကြောင်းတွေ ငါမကြားချင်ဘူး၊ သူကြီးငှားတဲ့ ဗလာဆိုင်းက ဒီနေ့ညဆို ရောက်ပြီကွ၊ ဘာကြောင့် လဲဆိုတော့ မနက်ဖြန်ဆို သူကြီးရဲ့ အလှူကစပြီ၊ ရွာကလူတွေ ဘာမဟုတ်တဲ့ ဆိုင်းဝိုင်းကို နတ်ကရာကြည့်မောလုပ်ကြဦးမယ်၊ ငါတော့ ဒီဆိုင်းသံတွေ ကို မကြား ချင်ဘူးကွာ၊ ဆိုင်းသံတွေ ကြားရရင် ငါရင်တွေ နာလာတယ် ”
ဟု ပြောလေ၏ ။
ထိုအခါ လူဆိုးလူမိုက်ကြီးက အနားသို့ ရောက်ရှိလာပြီး
” ဟား ဟား ဟား … တစ်ရွာလုံးနဲ့ တစ်ယောက် ၊ သဘောချင်းမတိုက်ဆိုင်တဲ့အ ဖြစ်ကို မင်း တို့နားလည်လို့ရပြီမဟုတ်လား၊ ငါ့ကို ရွာသားတွေ က လူဆိုးလူမိုက်ဆိုပြီးတော့ ရွာပြင်မှာ ပစ်ထား ကြတယ်၊
ငါက ဆိုးခဲ့မိုက်ခဲ့တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ အခု ငါလိမ္မာနေပြီလေ၊ ဒါပေမဲ့ ငါလိမ္မာ တာကို သူကြီးကစပြီး အသိအမှတ်မပြုကြဘူး၊ သူတို့ဟာ လူ တစ်ယောက် ဟာ ဆိုးနေပြီဆိုရင် တစ် သက်လုံးဆိုးမိုက်နေပြီလို့ပဲ ယူဆကြတယ်၊ လူမှာ ပြောင်းလဲမှု ဆိုတာ မရှိတော့ဘူးလား၊ လူဟာ အခြေအနေနဲ့ အချိန်အခါကြောင့် ဆိုးမိုက်ချင် ဆိုးမိုက်မယ်၊ လိမ္မာတဲ့အခါ လိမ္မာမယ်၊ သူတို့ဟာ မင်း တို့ကို အထင်းသေးရုံတင်မကဘူး၊
မင်းတို့ရင်ထဲက ထွက်လာတဲ့ အနုပညာကိုလည်း အထင်သေးတယ်၊ တစ်ရွာလုံးရဲ့ ခိုင်းဖတ် နင်းပြားနှစ် ကောင်ဆီက ဘာအနုပညာ အရည်အသွေးထွက်မှာ လဲလို့ တွက်တယ်၊ မြို့ကလာတဲ့ လူတွေ ရဲ့ အနုပညာကိုမှ သူတို့ အထင်ကြီးတယ်၊ လောကမှာ ဒီလိုပါပဲကွာ၊ ငါ ကတော့ ထုသားပေသား ကျနေပြီ၊
ရွာပြင်မှာ ပဲနေပြီး စိုက်ခင်းပျိုးခင်းလေးတွေ လုပ်တယ်၊ နောက်ပြီးတော့ မြို့ပေါ်တက်ပြီး ရောင်းတယ်၊ အဲဒါ စိတ်အချမ်းသာဆုံးပဲကွ၊ မင်းတို့ ကတော့ ဒီအချိန်မှာ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး ”
ဟု ပြောရင်း အဝေးဆီသို့ လှမ်းမျှော်ကြည့်ကာ
“ ဟင် … ဟိုမှာ ရွာသား တစ်ယောက် လာနေတယ်၊ ဒီကောင်တွေ ငါ့ရဲ့ စိုက်ခင်းကို မလာစဖူး အလာထူးပုံထောက်တော့ မင်းတို့နှစ် ယောက် ကို ရွာထဲမှာ ခေါ်ခိုင်းမလို့ထင်တယ် ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုက ထိုရွာသားကို လှမ်းမျှော်ကြည့်၍ တက်ခေါက်ကာ
“ တောက် … ခိုင်းစရာရှိမှ ကျုပ်တို့ကို လာခေါ်တယ်၊ ဒီလူတွေ ဘယ်လိုခေါ်ခေါ် ကျုပ်တို့ ရွာထဲကို မလိုက်ဘူး၊ သူကြီးရဲ့ အလှူမှာ ကျုပ်တို့ လုံးဝမကူဘူးလို့ ဆုံးဖြတ်ထားတယ် ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာကလည်း ခေါင်းညိတ်၍
“ ဟုတ်တယ်၊ သူကြီးကို ကျုပ်တို့ပြောပြီးသား၊ ဘာ ဖြစ်လို့ ကျုပ်တို့ကို လာခေါ်နေသလဲ မသိဘူး ”
ဟု ပြောလေ၏ ။
ရွာသားအနီးသို့ ရောက်သော အခါ တိမ်ညိုက
“ ဒီမှာ ကျုပ်တို့ကို လာမခေါ်နဲ့၊ သူကြီးရဲ့ အလှူကို ကျုပ်တို့ လုံးဝမလာဘူးလို့ ပြောထားပြီး သား ”
ဟု ဆီးကြိုပြောဆိုလေ၏ ။
သြဘာကလည်း
“ ဒီမှာ သူကြီးကို ကျုပ်တို့ အပြတ်ပြောထားပြီးသား၊ ဒီရွာကလူတွေ ကျုပ်တို့ကို အသိအမှတ်မပြုဘူး၊ ကျုပ်ကလည်း ရွာကလူတွေ ကို အသိအမှတ်ပြုစရာ မလိုဘူး ”
ဟု မကျေမချမ်း ပြောဆိုလေ၏ ။ ထိုအခါ ရွာသားက ကမန်းကတန်း လက်ကာပြ၍
“ နေပါဦး တိမ်ညိုနဲ့သြဘာရာ၊ ငါပြောတဲ့စကားကိုလည်း ဆုံးအောင် နားထောင်ပါဦး၊ မင်း တို့ကို ခိုင်းဖို့ ရွာကိုခေါ်တာမဟုတ်ဘူးကွာ၊ ဟော့ဒီမှာ သူကြီးက မင်းတို့ကို စာပေးခိုင်းလိုက်လို့ပါ ”
ဟု ပြောလေ၏ ။
ရွာသား၏ စကားကြောင့် တိမ်ညိုနှင့် သြဘာသည် လွန်စွာ အံ့သြသွားလေ၏ ။ ထို့ကြောင့် တိမ်ညိုက စာကို ကမန်းကတန်းယူ၍ ဖတ်လိုက်၏ ။ ၄င်းစာမှာ
တိမ်ညိုနှင့် သြဘာ ရွာထဲကို ပြန်ပြီးနေကြပါကွာ။
မင်းတို့နဲ့ သဘင်ကိစ္စ ဆွေးနွေးရအောင်
ဒီနေ့ညနေ နေ၀င်ရီတရောအချိန်မှာ ငါရဲ့ အိမ်ကိုလာခဲ့ပါ။
မင်းတို့ကို ငါစောင့်နေမယ်။
သူကြီး
ဟု ရေး သားထားလေ၏ ။
တိမ်ညိုသည် စာကိုဖတ်ကြည့်ပြီးနောက် အလွန်စိတ်လှုပ်ရှားသွားပြီး လက်သီးလက်မောင်းတန်းကာ
“ ဟား ဟား ဟား … သူကြီး စိတ် ပြောင်းသွား ပြီကွ၊ နောက်ဆုံးတော့ သူကြီး ငါတို့ကို မလွန်ဆန်ဝံ့ဘူး၊ ငါတို့ရဲ့ သဘင်ပညာ ဆွေးနွေးမလို့တဲ့ကွ ”
ဟု ပြောလေ၏ ။ ထိုအခါ သြဘာက ၀မ်းသာအားရဖြင့်
“ သူကြီး ငါတို့ကိုခေါ်တာ နောက်ကျတယ်ကွာ၊ အလှူက မနက်ဖြန်၊ နီးကပ်မှ ငါတို့ကိုခေါ်တယ်၊ ငါတို့က ဘယ်လိုလုပ် ဇာတ်တိုက်ချိန် ရှိတော့မှာ လဲ၊ မနက်ဖြန် စိန်တိမ်ညိုနဲ့ စိန်သြဘာရဲ့ အစွမ်းကို ငါတို့ ရွာသားတွေ သိစေရမယ် ”
ဟု အားရပါးရပြောဆိုလေ၏ ။
ထိုအခါ တိမ်ညိုက မျက်မှော င်ကြုတ်၍
“ သူကြီးက ငါတို့ကို သဘင်ကိစ္စဆွေးနွေးရင် စောစောခေါ်တာ မဟုတ်ဘူးကွာ၊ ညနေ နေ၀င်ရီတရောချိန်မှ သူ့ဆီကို လာခဲ့ရမယ်တဲ့၊ အချိန်တွေ သိပ်နောက်ကျကုန်ရင် မကောင်းဘူးကွာ ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာက သက်ပြင်းချ၍
“ ဘာပဲ ဖြစ် ဖြစ် … သူကြီးလာခိုင်းတဲ့အချိန် ငါတို့လာသင့်တယ်ကွ၊ သူကြီးမှာ ဒီပြင်အကြောင်းရှိလိမ့်မယ်၊ တော် ကြာ သူကြီး စိတ်ခုသွားရင် မကောင်းဘူးကွ ”
ဟု ပြောလေ၏ ။
ထို့နောက် တိမ်ညိုနှင့် သြဘာလည်း ညနေစောင်းမည့် အချိန်ကို စိတ်လှုပ်ရှားစွာ ဖြင့် စောင့်နေလေ၏ ။ ထိုမြင်ကွင်းကို ကြည့်၍ လူဆိုးလူမိုက်ကြီးက
“ ဟား ဟား ဟား … မင်းတို့ ကြည့်ရတာ သူကြီးကခေါ်ပြီး သဘင်ကိစ္စ ဆွေးနွေးမယ်ဆိုလို့ ပျော်နေပုံရတယ်၊ ငါ့အထင်တော့ ဒီကိစ္စဟာ လှည့်စားမှု တစ်ခုလို့ ထင်မိတယ်၊ သူကြီးဟာ မင်းတို့လို ဆင်းရဲသားနင်းပြားတွေ ကို တကူးတက စာရေး ပြီးခေါ်တာ ထောင်ချောက်တစ်ခုလို့ ထင်မိတယ် ”
ဟု ပြောလေ၏ ။ ထိုအခါ တိမ်ညိုက
“ ဟာဗျာ … ဘာထောင်ချောက်ရှိရမှာ လဲ၊ ကျုပ်တို့ သဘင်ပညာကို သူကြီးယုံသွားလို့ဗျ၊ ဒီ နယ်တစ်ကြောမှာ တိမ်ညိုနဲ့သြဘာရဲ့ မြို့ဇာတ်ပွဲတွေ ပတ်ခြောက်ဝိုင်းတွေ ဟာ နာမည် သတင်းကြီး နေတာ ခင်ဗျားလည်းသိတာပဲ၊ ဒီသတင်းတွေ နဲ့ အရှိန်အ၀ါတွေ ဟာ တဖြည်းဖြည်း ကြီးပြီးတော့ သူကြီးက ကျုပ်တို့ကို လက်မလွှတ်နိုင်တာ ဖြစ်လိမ့်မယ် ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာကလည်း လက်မထောင်၍
“ သိပ်ဟုတ်တာပေါ့ကွာ၊ စိတ်တိမ်ညိုနဲ့ စိန်သြဘာရဲ့ အစွမ်းကိုတွေ့ ရမယ်၊ ဟဲ ဟဲ … ကို ဆင်ကြီး၊ ခင်ဗျား ကျုပ်တို့နှစ် ယောက် ရဲ့ အနုပညာကို လာပြီးအကဲခတ်ဦးနော်၊ ပတ်ခြောက်ဝိုင်းတော့ အနည်းဆုံး ဖြစ်အောင် လုပ်မယ်ဗျာ ”
ဟု အားတက်သရော ပြောလေ၏ ။
လူဆိုးလူမိုက်ဆင်ကြီးသည် ၄င်းတို့၏ အမူအရာကို ကြည့်၍ သက်ပြင်းချလိုက်ပြီး
“ ဟား ဟား ဟား … မင်းတို့သာ မနက်ဖြန် က ဖြစ်အောင်ကစမ်းပါကွာ၊ မင်းတို့အနုပညာ ကို ငါ ဆက်ဆက်လာပြီး အားပေးပါ့မယ်၊ ဟား ဟား ဟား … ဘာပဲ ဖြစ် ဖြစ် ငါ့ရဲ့ အတွေ့ အကြုံအရ မင်းတို့သူကြီး မှားယွင်းမှု တစ်ခုရှိနေပြီထင်တယ်၊ မင်းတို့ ကံကောင်းပါစေကွာ ”
ဟု ပြောလေ၏ ။
တိမ်ညိုနှင့် သြဘာလည်း ညနေစောင်းသော အခါ သူကြီးမင်း ချိန်းဆိုထားသော နေရာသို့ သွားရန် စိတ်စော၍ နေလေ၏ ။ ညနေစောင်းနေ၀င်ရီတရောအချိန်ကို မစောင့်နိုင်သော သြဘာက
“ သူကြီးက ဘာလို့ ညနေမှချိန်းလဲမသိဘူးကွာ၊ ချိန်းတဲ့အချိန်ကလည်း နေ၀င်ရီတရောအချိန်တဲ့၊ နောက်ပြီးတော့ သူကြီးချိန်းတဲ့အိမ်က ရွာအစွန်မှာ ရှိတဲ့ သူကြီးတို့ အကြွေးနဲ့သိမ်းထားတဲ့ အိမ်နော်၊ တကယ်ဆိုရင် ရွာအလယ်ပိုင်းမှာ ရှိတဲ့ အလှူအိမ်ကြီးမှာ ချိန်းဖို့ကောင်းတယ်ကွ၊ ငါတို့ နှစ် ယောက် ရဲ့ အရည်အချင်းကို တစ်ရွာလုံးသိရမှာ ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုက ခေါင်းညိတ်၍
“ ဟုတ်တယ်၊ သူကြီးဟာ ငါတို့ကို ရွာလယ်အိမ်ကြီးမှာ ချိန်းဖို့သင့်တယ်၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ ငါ့အထင်တော့ တို့နှစ် ယောက် ကို သဘင်ပညာစွမ်းပြမဲ့အရေး မှာ ကန့်ကွက်တဲ့သူတွေ ရှိနေပြီနဲ့တူတယ်၊ ဒါကြောင့် သူကြီးအနေနဲ့ ရွာစွန်က အိမ်ကြီးမှာ ချိန်းတာ ဖြစ်မယ် ”
ဟု ပြောဆိုလေ၏ ။
ထိုသို့ ပြောဆိုနေစဉ်မှာ ပင် ညနေ နေ၀င်ရီတရောအချိန် ရောက်ခဲ့၏ ။
ထိုအခါ တိမ်ညိုနဲ့သြဘာတို့သည် ရွာစွန်ရှိ သူကြီးချိန်းဆိုသော အိမ်ကြီးသို့ ထွက်ခဲ့လေ၏ ။ ရွာစွန်ရှိ အိမ်ကြီးရှေ့ရောက်သော အခါ လူများ ရှင်းလင်းနေ၏ ။
တိမ်ညိုနှင့် သြဘာသည် ခြံတံခါးကိုတွန်းပြီး အိမ်ထဲသို့ ၀င်ခဲ့၏ ။ ခြံထဲသို့ ရောက်သော အခါ လူအရိပ်အယောင် မမြင်ရ၍ သြဘာက
“ သူကြီး … သူကြီး ”
ဟု အသံပြုလေ၏ ။
သို့ သော် အိမ်ထဲတွင် မည် သည့်အရိပ်အယောင်မှ မမြင်တွေ့ ရချေ။ ထို့ကြောင့် တိမ်ညိုနှင့် သြဘာသည် အိမ်ပေါ်သို့ တက်ခဲ့လေ၏ ။
အိမ်ပေါ်သို့ ရောက်သော အခါ ဧည့်ခန်းထဲတွင် မြင်တွေ့ ရသော မြင်ကွင်းကြောင့် သူတို့နှစ် ယောက် စလုံး အထိတ်တလန့် အော်ဟစ်လိုက်ကြ၏ ။
ဧည့်ခန်းထဲတွင် သူကြီး၏ ညီ ဖြစ်သူ ဦးဖိုးသာ တစ်ယောက် ရင်ဝတွင် ဓါးစိုက်၍ ပက်လက်ကြီးလဲနေလေ၏ ။
တိမ်ညိုက အထိတ်တလန့်ဖြင့်
“ ဟာ … ဦးဖိုးသာကို ဘယ်သူသက်သွားလဲမသိဘူး၊ ရင်ဝမှာ ဓါးကြီးစိုက်လို့ပါလား ”
ဟု အော်ဟစ်လေ၏ ။ ထိုအခါ သြဘာကလည်း အနားတိုးကပ်ကြည့်၍
“ အမယ်လေး … ရင်ဝမှာ သွေးတွေ ၊ သွေးတွေ မနည်းပါလား ဦးဖိုးသာကို ဘယ်သူသတ်သွားတာလဲ ”
ဟု ရေရွတ်လေ၏ ။
တိမ်ညိုသည် ဦးဖိုးသာ၏ အနီးတွင် ဒူးထောက်၍ ထိုင်ချလိုက်ပြီး ဓါးဒဏ်ရာကို အနီးကပ် ကြည့်လေ၏ ။
ထိုအခိုက်မှာ ပင် ခြံဝသို့ သူကြီးနှင့် ရွာသူရွာသားများ ရောက်ရှိလာပြီး ဦးဖိုးသာ၏ အလောင်းကိုကြည့်လေ၏ ။
“ ဟာ … တိမ်ညိုနဲ့သြဘာ မင်းတို့ အတော် ကျင့်ယုတ်တဲ့ လူတွေ ပါလား၊ မင်းတို့ဟာ ရွာမှာ မက,ရတာ နဲ့ ရွာကိုလူတွေ ကို အငြိုးထားပြီး လူသတ်မှု ကျူးလွန်တယ်၊ မင်းတို့ ငါ့ညီကိုသတ်တဲ့အတွက် မင်းတို့ကို ပုလိပ်လက်ထဲအပ်ရမယ် ”
ဟု အော်ဟစ်လေ၏ ။ ထိုအခါ ရွာသူရွာသားများ ကလည်း အထိတ်တလန့်ဖြင့်
“ တိမ်ညိုနဲ့သြဘာ လူသတ်သွားပြီ၊ တိမ်ညိုနဲ့သြဘာ ဦးဖိုးသာကို သတ်သွားပြီ ”
ဟု တစ်ယောက် တစ်ပေါက် အော်ဟစ်ကြလေ၏ ။
ထိုအခါ တိမ်ညိုက ရွာသူရွာသားတွေ ဘက်သို့ ခေါင်းခါယမ်းလိုက်ပြီး
“ ခင်ဗျားတို့ မှားနေပြီ၊ ဦးဖိုးသာကို ကျုပ်တို့မသတ်ဘူး၊ ကျုပ်တို့ ဒီအိမ်ကိုရောက်ကတည်းက ဦးဖိုးသာကို ဓါးဒဏ်ရာနဲ့တွေ့ ရတာ ဦးဖိုးသာကို ကျုပ်တို့သတ်တာမဟုတ်ဘူး ”
ဟု အထိတ်တလန့် ငြင်းဆိုလေ၏ ။
ထိုအခါ သူကြီးက လက်သီးလက်မောင်းတန်း အော်ဟစ်၍
“ ဟေ့ကောင်တွေ လက်ပူးလက်ကြပ်မိနေတတောင် ငြင်းချင်သေးလို့လား၊ ငါ့ညီက လူကြီး လူကောင်းကွ၊ ရွာမှာ ငါ့ညီရဲ့ ရန်သူမရှိဘူး၊ မင်းတို့နှစ် ယောက် ဟာ အလှူမှာ မကရတာ နဲ့ဘဲ ငါတို့ကို ရန်ငြိုးဖွဲ့တယ်၊ နောက်ပြီး ရွာစွန်မှာ ငါ့ညီ တစ်ယောက် တည်းနေတဲ့အချိန်ကို ရွေးပြီး ငါ့ညီကို သတ်တယ်၊ မင်းတို့ လူသတ်သမားတွေ ၊ မင်းတို့အကြံ ဒါအကုန်ပဲလား၊ ဒီကောင်တွေ ကို ၀ိုင်းဖမ်းကြစမ်း၊ ပုလိပ်လက်အပ်ရမယ် ”
ဟု အော်ဟစ်ပြောလေ၏ ။
ထိုအခါ တိမ်ညိုက သြဘာဘက်သို့ လှည့်၍
“ ငါတို့ အပြစ်မရှိဘဲ အဖမ်းမခံနိုင်ဘူး၊ ငါတို့ ထွက်ပြေးမှ ဖြစ်မယ် ”
ဟု ဆိုကာ သြဘာ၏ လက်ကို ဆွဲ၍ အိမ်၏ အနောက်ဘက်ဆီသို့ ပြေးလေ၏ ။
ထိုအခါ အနောက်တစ်ခါးပေါက်သည် တံခါးပိတ်ထားကြောင်း တွေ့ ရ၏ ။ တိမ်ညိုသည် တံခါးဂျက်ကို အမြန်ဆုံးဖွင့်ရန် ကြိုးစား၏ သို့ သော် တံခါးဂျက်သည် ကျပ်ပြီး အလွယ်တကူမပွင့်ဘဲ ရှိ လေ၏ ။
ထို့ကြောင့် တိမ်ညိုသည် တံခါးကို ကိုယ်စောင်းနှင့် တိုက်၍ ဖွင့်လိုက်ရာ တံခါးသည် ၀ုန်းခနဲ ပွင့်သွားလေ၏ ။ ထိုတံခါးပေါက်မှ တိမ်ညိုနှင့် သြဘာသည် ကမန်းကတန်း ခုန်ထွက်လိုက်လေ၏ ။
ထိုအခါ သူကြီးနှင့် ရွာသားများ သည် အိမ်၏ အနောက်မှ
“ လူသတ်သမားတွေ ပြေးပြီဟေ့ … လိုက်ကြ … လိုက်ကြ ”
ဟု ညာသံပေး၍ လိုက်လာကြ၏ ။
တိမ်ညိုနှင့် သြဘာသည် အိမ်၏ အနောက်ဘက်ခြံစည်းရိုးကို ကျော်ခွ၍ ပြေးလေ၏ ။
၎င်းတို့သည် အထိတ်တလန့်ဖြင့် ရွာလယ်လမ်းမကြီးအတိုင်း ပြေးပြီး ရွာအပြန်ဘက်သို့ ခြေကုန်သုတ်လေ၏ ။
သူကြီးနှင့် ရွာသူရွာသားများ သည် တုတ်ဓားလက်နက်များ ကို ကိုင်ဆောင်၍ ညာသံပေးပြီး အနောက်မှ လိုက်ကြလေ၏ ။
၎င်းတို့သည် လူသတ်သမားအ ဖြစ် အပြစ်မရှိဘဲ အဖမ်းမခံလိုသဖြင့် ထိုရွာမှ လွတ်မြောက်အောင် ထွက်ပြေးကြ၏ ။
သူကြီးသည် တိမ်ညိုနှင့် သြဘာကို ရွာထိပ်သို့ အပြေးလိုက်ပြီးနောက် ရပ်တံ့၍
“ ငါ့ရဲ့ နှစ် လုံးပြူးပြန်ယူမယ်၊ ဒီကောင်တွေ ကို မရ,ရအောင် ဖမ်းမယ် ”
ဟု ကြုံးဝါးကာ ရွာသို့ ပြန်လည်ထွက်ခွာသွားလေ၏ ။
တိမ်ညိုနှင့် သြဘာသည် အသက်ထွက်လုမတတ် ပြေးလွှားရင်း ရွာနှင့် တဖြည်းဖြည်း ဝေးခဲ့လေတော့၏ ။
၎င်းတို့သည် ရွာနှင့် ဝေးကွာခဲ့သော်လည်း အနားရဲဘဲ ဆက်လက်၍ ပြေးလွှားခဲ့၏ ။ ၄င်းတို့ သွားရာလမ်း၌ အလင်းရောင် ကြီးစိုးမှု လျော့ပါးလာ၏ ။
၎င်းတို့သည် ညအမှော င်တွင် အနီးဆုံးရွာသို့ ရောက်လေ၏ ။ ထိုရွာသို့ ရောက်သော အခါ ရွာစွန်ရှိ အိမ်တစ်အိမ်သို့ ဦးတည်၍ ပြေးလေ၏ ။
ထိုအိမ်၌ ၄င်းတို့၏ မိတ်ဆွေ လှည်းသမားတစ်ဦးရှိ၏ ။ ၄င်းတို့သည် လှည်းသမားထံသို့ သွား၍ မြို့ပေါ်သို့ အလောတကြီးသွားလိုကြောင်း ပြောလေ၏ ။
လှည်းသမားသည် တိမ်ညိုနှင့် သြဘာ၏ ပတ်ခြောက်ဝိုင်းကို နှစ်သက် သူ ဖြစ်သဖြင့် ၄င်းတို့အား အရေး တယူ လိုက်လံပို့ဆောင်ပေး၏ ။
ဤသို့ ဖြင့် တိမ်ညိုနှင့် သြဘာသည် မြို့ပေါ်သို့ ရောက်ရန် အလောတကြီး ဖြစ်နေလေ၏ ။
တိမ်ညိုနှင့် သြဘာ၏ အမူအရာကို ကြည့်၍ လှည်းသမားက သင်္ကာမကင်း ဖြစ်ဟန်ဖြင့်
“ နေပါဦး … ခင်ဗျားတို့ ဘာလို့ ဒီလောက် မြို့ပေါ်ရောက်ဖို့ အလျင်လိုနေရတာ လဲ ”
ဟု မေးမြန်းလေ၏ ။ ထိုအခါ တိမ်ညိုနှင့် သြဘာသည် တစ်ယောက် မျက်နှာ တစ်ကြည့်ရင်း တိမ်ညိုက
” ကျုပ်တို့ရွာက ရွာဦးကျောင်းဆရာတော် ကြီး နာမကျန်း ဖြစ်လို့ဗျ၊ ဒါကြောင့် မြို့ပေါ်တက် ပြီး ဆရာဝန်ပင့်မလို့၊ ဒါကြောင့် ကျုပ်တို့ အလောတကြီး ဖြစ်နေတာ ”
ဟု ပြောလေ၏ ။
ထိုအခါ လှည်းသမားက
“ ဟင် … ဆရာတော် ကြီး နာမကျန်း ဖြစ်နေတယ် ဟုတ်လား၊ လွန်ခဲ့တဲ့နှစ် ရက်ကပဲ ဆရာတော် ကြီးကို ကျန်းကျန်းမာမာ ဖူးတွေ့ လိုက်ရပါတယ် ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာက အထစ်ထစ်အငေါ့ငေါ့ဖြင့်
“ မဟုတ်ဘူးဗျ … ဆရာတော် ကြီးက မနေ့ကအထိ အကောင်းချည်း၊ ဒီနေ့နံနက်မှ ရှောင်တခင် ဖြစ်သွားတာ၊ ဒါကြောင့် ကျုပ်တို့လည်း အလောတကြီး မြို့ပေါ်ကို ပြေးဖို့လုပ်နေတာပေါ့ဗျ ”
ဟု ပြောလေ၏ ။
ထိုအခါ လှည်းသမားက
“ ဆရာတော် ကြီးအတွက် ဆရာဝန်ခေါ်မယ်ဆိုရင် ကျုပ် စောင့်နေပါ့မယ် ”
ဟု ပြောလေ၏ ။
တိမ်ညိုက ခေါင်းခါယမ်း၍
“ မစောင့်နဲ့တော့ဗျာ ရတယ် … ရတယ်၊ ကျုပ်တို့မြို့ကပဲ ကြုံရာလှည်းသမားခေါ်ပြီး ပြန်ခဲ့မယ်ဗျာ ”
ဟု ပြောလေ၏ ။
ထိုအခါ လှည်းသမားက လက်ကာပြ၍
“ ဟာ … မြို့ပေါ်က လှည်းသမားထပ်ခေါ်ရင် ခင်ဗျားတို့ အချိန်တွေ ထပ်ကုန်မှာ ပေါ့ဗျ၊ ကျုပ်ပဲ ဆရာတော် ကြီးအတွက် ကုသိုလ်ယူပြီး စောင့်နေပါ့မယ်ဗျာ ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုနှင့် သြဘာသည် လှည်းသမားကို စကားမဆိုတော့ဘဲ စိတ်လှုပ်ရှားစွာ ဖြင့် လှည်းပေါ်ပါသွားလေ၏ ။
၎င်းတို့၏ လှည်းသည် ညဥ့်အတော် နက်သော အခါမှပင် မြို့သို့ ရောက်လေ၏ ။
မြို့ပေါ်သို့ ရောက်သော အခါ လှည်းသမားသည် ဆရာဝန်ကြီးအိမ်သို့ မောင်းနှင်သွားလေ၏ ။ တိမ်ညိုနှင့် သြဘာသည် လှည်းသမား၏ အပြုအမူကြောင့် အခက်တွေ့ နေကြ၏ ။
လှည်းသမားသည် လှည်းပေါ်မှ အောက်ဆင်း၍ ကုလားဆရာဝန်ကြီး၏ ခြံတံခါးကို တ၀ုန်းဝုန်း အသံမည် အောင် လှုပ်ခတ်လေ၏ ။
ဆရာဝန်ကြီးသည် တံခါးကို တ၀ုန်းဝုန်း လှုပ်ခတ်သံကြားသော အခါ ဒေါသတကြီးဖြင့်
“ တောက် … ညကြီးအချိန်မတော် လူနာလာပင့်ပြန်ပြီး တူတယ်ကွာ၊ ငါ့မှာ အေးအေးဆေးဆေး နားနေချိန်လေးတောင် မရှိတော့ပါလား၊ လူတွေ ဘာ ဖြစ်လို့ ဒီလောက် ကျန်းမာရေး ချို့တဲ့နေရတာ လဲ၊ ဒီမြို့မှာ ဘာ ဖြစ်လို့ ငါ တစ်ယောက် တည်း ဆရာဝန် ဖြစ်နေရတာ လဲ ”
ဟု မကျေမနပ် ရေရွတ်ကာ အိပ်ရာပေါ်မှ လူးလဲထလေ၏ ။ လှည်းသမားမှာ ဆရာဝန်ကြီး၏ အိမ်မှ မီးရောင် ကို မမြင်ရသဖြင့် အသံဗြဲကြီးဖြင့်
“ ဆရာဝန်ကြီး … ဆရာဝန်ကြီး ”
ဟု အော်ဟစ်ခေါ်ဝေါ်လေ၏ ။
တိမ်ညိုနှင့် သြဘာသည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း ခေါင်းကုတ်လိုက်ကြ ၏ ။
ထိုအခိုက်မှာ ပင် အိမ်ထဲမှ ကုလားဆရာဝန်ကြီးထွက်လာကာ
“ ဟေ့လူတွေ … ဘာ ဖြစ်လို့ ညသန်းခေါင်ချိန်ကြီးမှာ အသံပြဲကြီးနဲ့ အော်နေရတာ လဲ၊ ကိုယ့်လူ ဒီလောက်အသံပြဲကြီးနဲ့ အော်နေပုံထောက်ရင် မွေးလူနာရှိလို့ပဲ ဖြစ်မယ်၊ ဒီမယ် … ကျုပ်ကို သေသေချာချာကြည့်စမ်း၊ မွေးလူနာရှိတိုင်း ကျုပ်လိုက်မွေးမပေးနိုင်ဘူး၊ ဒီနားမှာ ၀မ်းဆွဲအဘွားကြီးရှိတယ် ဒေါ်ကျင်ကျင်ဆိုတာရှိတယ်၊ သူ့ကိုသွားခေါ် ”
ဟု လမ်းကြောင်းလွှဲပေးလိုက် လေ၏ ။ ထိုအခါ လှည်းသမားက ကမန်းကတန်း လက်ကာပြ ၍
“ မွေးလူနာ မဟုတ်ဘူးဗျ၊ မယ်ဇလီကုန်းက ဆရာတော် ကြီး အသည်းအသန် ဖြစ်နေလို့ ”
ဟု အော်ဟစ်ပြောဆိုလေ၏ ။ ထိုအခါ ဆရာဝန်ကြီးက မျက်လုံးပြူးသွားပြီး
“ ဘာ … မယ်ဇလီကုန်းက ဆရာတော် ကြီး အသည်းအသန် ဖြစ်နေတယ် ဟုတ်လား၊ နေပါ ဦး … ဆရာတော် ကြီး ဘယ်အချိန်က အသည်းအသန် ဖြစ်တာလဲ ”
ဟု မေးမြန်းလေ၏ ။
ထိုအခါ လှည်းသမားက ကြောင်အမ်းအမ်း ဖြစ်သွားပြီး တိမ်ညိုနှင့် သြဘာဘက်သို့ လှည့်ကြည့်လေ၏ ။ ထိုအခါ တိမ်ညိုက အသံတုန်တုန်ယင်ယင်ဖြင့်
“ ဆရာတော် ကြီး နေ့လယ်ကတည်းက မူးမေ့လဲသွားတာပါ၊ အခု အိပ်ရာကမထနိုင်ဘူး၊ မူးမေ့လဲနေပါတယ် ”
ဟု ပြောလေ၏ ။
ထိုအခါ ကုလားဆရာဝန်ကြီးက
“ ကောင်းပြီ … ဒါဆိုရင် မင်းတို့ ဒီနေရာမှာ ခဏလေးစောင့်နေ၊ ငါ အခု ချက်ချင်း ထွက်လာခဲ့မယ် ”
ဟု ဆိုတာ အိမ်ထဲသို့ ကမန်းကတန်း ပြေးဝင်သွားလေ၏ ။ လှည်းသမားက တိမ်ညိုနှင့် သြဘာဘက်သို့ လှည့်၍
“ ဟဲ … ဟဲ … ဒါဆိုရင် ဆရာတော် ကြီးအတွက် အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူး၊ ဆရာဝန်ကြီးက အလွန်ဆေးလိုက်တာဗျ၊ သူ့ရဲ့ လူနာတွေ အဖိတ်အစင်ရှိတယ်လို့ မကြားဖူးဘူး ”
ဟု ပြောလေ၏ ။
တိမ်ညိုနှင့် သြဘာသည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်၍
“ ဒုက္ခပါပဲ ”
ဟု ရေရွတ်လိုက်ကြလေ၏ ။
မကြာခင် ဆရာဝန်ကြီး ဆေးအိတ်ဆွဲပြီး ထွက်လာလျှင် ခက်ပေရော့မည် ။ ထို့နောက် တိမ်ညိုသည် လှည်းသမားလက်မှ ရှောင်ပြေးရန် အကြံတစ်ခုရသွားပြီး
“ ကျုပ်တို့ မှော င်ရိပ်ထဲမှာ အပေါ့လေးသွားလိုက်ဦးမယ်၊ ခင်ဗျား ဒီမှာ ပဲ စောင့်နေပါ ”
ဟု ပြောကာ သြဘာ၏ လက်ကိုဆွဲ၍ မှော င်ရိပ်ထဲသို့ ပြေးလေတော့၏ ။ မှော င်ရိပ်ထဲသို့ ရောက်သော အခါ တိမ်ညိုက
“ ငါတို့ ဒီနေရာကနေ ထွက်ပြေးမှ ဖြစ်မယ်၊ မကြာခင် ဆရာဝန်ကြီး ဆေးအိတ်ဆွဲပြီး ထွက်လာရင်ခက်ကုန်တော့မယ် ”
ဟု ပြောလေရာ သြဘာက
“ သိပ်ကောင်းတယ် … ငါတို့ ဒီနေရာက အမြန်ဆုံးပြေးမှ ဖြစ်မယ် ”
ဟု ဆိုကာ နှစ် ယောက် သား လှည်းသမားနှင့် ဝေးရာသို့ ပြေးခဲ့လေ၏ ။
၎င်းတို့သည် အတန်ကြာအောင် သွားလာပြီးနောက် မောပန်းနွမ်းနယ်သဖြင့် ခဏမျှ နား လိုက်လေ၏ ။
မြို့တစ်မြို့လုံး ညဥ့်နက်သန်းခေါင်ယံအချိန် ဖြစ်သဖြင့် တိတ်ဆိတ်ငြိမ်သက်နေ၏ ။
ထိုအခိုက်မှာ ပင် ၄င်းတို့၏ ရှေ့တည့်တည့်မှ လက်နှိပ်ဓါတ်မီး အရောင် များ ကို မြင်ရ၏ ။
တိမ်ညိုက လက်နှိပ်ဓါတ်မီးအရောင် ကို အထိတ်တလန့် လက်ညှိုးထိုး၍
“ ဟာ … ဟိုမှာ လက်နှိပ်ဓါတ်မီးအရောင် တွေ ပါလား သူကြီးနဲ့ ရွာသားတွေ လိုက်လာပြီထင် တယ် ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာက လက်နှိပ်ဓါတ်မီးအရောင် များ ကိုကြည့်၍
“ သူကြီးနဲ့ရွာသားတွေ မ ဖြစ်နိုင်ဘူး၊ ပုလိပ်တွေ ဖြစ်ရင်လည်း ဖြစ်မှာ ၊ ငါတို့ ဒီအနားမှာ ပဲ မှော င်ရိပ်ခိုပြီး ပုန်းနေမှ ဖြစ်မယ် ”
ဟု ပြောလေ၏ ။
၎င်းတို့သည် လူသတ်မှု နှင့် ပတ်သက်ပြီး မတရားစွတ်စွဲခံလိုက်ရသဖြင့် လူစုလူဝေးကို မြင်လျှင် ထိတ်လန့်တုန်လှုပ်သွားလေ၏ ။
ထိုအခိုက်မှာ ပင် လက်နှိပ်ဓါတ်မီးအရောင် များ သည် ၄င်းတို့နှင့် တဖြည်းဖြည်းနီးကပ်လာလေ၏ ။
ထိုလူများ ကို အနီးကပ်မြင်ရသော အခါ ပုလိပ်များ ဖြစ်နေကြောင်း တွေ့ ရ၏ ။ ပုလိပ်များ သည် ရေကြီးသုတ်ပျာဟန်ဖြင့် သွားလာနေကြခြင်း ဖြစ်၏ ။ ထိုလူအုပ်ထဲမှာ ပုလိပ်တစ်ဦးက
“ ခင်ဗျားတို့ သွားနှင့် ကြဗျို့၊ ကျုပ် ဒီမှာ အပေါ့သွားလိုက်ဦးမယ် ”
ဟု ဆိုကာ တိမ်ညိုနှင့် သြဘာ ပုန်းအောင်းနေသော ချုံပုတ်အနီးသို့ ရောက်ရှိလာလေ၏ ။
ထိုအခါ တိမ်ညိုနှင့် သြဘာ အထိတ်တလန့် ဖြစ် ပုလိပ်နှစ် ဦးကို စောင့်ကြည့်နေမိ၏ ။
ပုလိပ်နှစ် ဦးသည် တိမ်ညိုနှင့် သြဘာတို့ရှိသော ချုံပုတ်ရှေ့တွင် ရပ်၍ အပေါ့သွားလေ၏ ။ တိမ်ညိုနှင့် သြဘာသည် ၄င်းတို့ကို အညစ်အကြေးများ မထိမှန်စေရန် ကမန်းကတန်း နောက်သို့ ခုန်ဆုတ်လိုက်ရ၏ ။
ထိုအခါ အပေါ့သွားနေသော ပုလိမ်တစ်ဦးသည် လန့်ဖျန့်သွားပြီး
“ ဟိုက် … ချုံထဲက ဘာလဲကွ၊ မြွေများ လား ”
ဟု အော်ဟစ်လေ၏ ။
ထိုအခါ ကျန်သော ပုလိပ်တစ်ဦးက
“ ဟာ … မြို့ပေါ်မှာ မြွေမရှိပါဘူးကွာ၊ ကြံဖန်ပြီး ကြောက်မနေစမ်းပါနဲ့၊ ကိုယ့်ကိစ္စကိုယ် ပြီးအောင်လုပ်ပါရစေ၊ ညဥ့်နက်သန်းခေါင်ကွာ၊ အိပ်ရာမှာ အေးအေးဆေးဆေး အိပ်မယ်ကြံသေးတယ်၊ ဆရာဝန်ကြီးက လာခေါ်သေးတယ်၊ သူ့အိမ်မှာ အယောင်ဆောင်ပြီး လူဆိုးဓါးပြတွေ ရောက်နေတယ်တဲ့ ”
ဟု ပြောလေရာ တိမ်ညိုနှင့် သြဘာသည် အလွန်အံ့သြသွားပြီး ပုလိပ်များ ၏ စကားကို နားစွန့်နေမိ၏ ။
ထိုအခါ ပုလိပ်တစ်ဦးက
“ နေပါဦး … သူ့အိမ်မှာ လူဆိုးဓါးပြတွေ ရောက်နေတာ ဘယ်လိုလုပ်သိတာလဲ ”
ဟု ပြောလေရာ။
ထိုအခါ ကျန်သော ပုလိပ်က
“ တကယ်တော့ ဆရာဝန်ကြီး ကံကောင်းသွားတာကွ၊ ဒီနေ့ညနေပဲ ဆရာဝန်ကြီးဟာ မယ်ဇလီကုန်းကိုရောက်လို့ ဆရာတော် ကြီးကို ၀င်ဖူးခဲ့သေးတယ်၊ အဲဒီ တုန်းက ဆရာတော် ကြီးဟာ ကျန်းကျန်းမာမာကြီး ရှိခဲ့သေးတယ်၊ ဆရာတော် ကြီးဆီမှာ အလွန်ရှားပါးတဲ့ မြန်မာ့ဆေးစာအုပ် တွေ ရှိတယ်ကွ၊
ဒါကြောင့် ဆရာဝန်ကြီးက မယ်ဇလီကုန်း ရောက်တုန်း ၀င်ပြီးငှားတာကွ၊ ဒါကြောင့် ဆရာတော် ကြီး ကျန်းကျန်းမာမာရှိတယ်ဆိုတာ သိတယ်၊ အခု လူဆိုးဓါးပြတွေ က ဆရာတော် ကြီး မကျန်းမာဘူးဆိုပြီး ဆရာဝန်ကြီးကို ပင့်တယ်လေ၊ ဒီကောင်တွေ အတော် အတင့်ရဲတယ်ကွာ ”
ဟု ပြောလေ၏ ။
ပုလိပ်နှစ် ဦး၏ စကားကို နားထောင်၍ တိမ်ညိုနှင့် သြဘာသည် ထိတ်လန့်တုန်လှုပ်သွားပြန်၏ ။
၎င်းတို့ သွားရောက်ခဲ့သော ဆရာဝန်သည် တိုက်တိုက်ဆိုင်ဆိုင်ပင် မနက်ကပင် မယ်ဇလီ ကုန်းရွာက ဆရာတော် ကြီးကို ဖူးမြော်သွားသည်ဆို၏ ။
ထိုအခိုက်မှာ ပင် ပုလိပ်နှစ် ဦးသည် ရှေ့သို့ ရောက်နှင့် နေသော ပုလိပ်များ နောက်သို့ ကမန်းကတန်း ပြေးလိုက်သွားကြ၏ ။
ထို့နောက် တိမ်ညိုက သက်ပြင်းချ၍
“ တောက် … ငါတို့နှစ် ယောက် ရဲ့ ကံကိုက ဆိုးလွန်းပါတယ်ကွာ၊ ရွာကနေ လူသတ်မှု နဲ့ မတရားစွပ်စွဲခံရလို့ မြို့ကိုပြေးလာတယ်၊ မြို့ကိုရောက်တော့ ဆရာဝန်ကြီးကိုပြန်ပေးဆွဲမဲ့ လူဆိုး ဓားပြတွေ ဖြစ်နေပြီ ”
ဟု ညည်းညူလေ၏ ။
ထိုအခါ သြဘာကလည်း သက်ပြင်းချ၍
“ အမယ်လေး … စိန်တိမ်ညိုနဲ့စိန်သြဘာရဲ့ အ ဖြစ်က ဆိုးလှချည်လား၊ နိုင်ငံကျော် ပညာသည်ကြီး ဖြစ်မလားလို့ အောက်မေ့တယ်၊ အခုတော့ လူသတ်ဝရမ်းပြေးတွေ ဖြစ်နေပါလား၊ ဒုက္ခပါပဲဗျာ ”
ဟု ညည်းညူလေ၏ ။
ထိုအခါ တိမ်ညိုက
“ ငါတို့ ဒီညအိပ်လို့မ ဖြစ်ဘူး၊ ဒီမြို့က ဝေးရာကို ပြေးမှ ဖြစ်မယ် ”
ဟု ပြောလေရာ သြဘာက မျက်စိမျက်နှာပျက်ပြီး
“ ဒါဆိုရင် ဒီနေ့ည ငါတို့မအိပ်ရတော့ဘူးပေါ့၊ ငါတို့တော့ ကြမ္မာဆိုးပြီကွာ၊ ရွာမှာ လည်း လူမသတ်ဘဲနဲ့ လူသတ်သမားလို့ အစွပ်စွဲခံရတယ်၊ မြို့ကိုရောက်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် ၀ရမ်းပြေး ဖြစ်လာပြီ၊ ငါတို့တော့ ဂြိုဟ်ဆိုးဝင်ပါပြီကွာ ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုက ခေါင်းညိတ်၍
“ ရွာအစွန်မှာ နေတဲ့ ရွာလူမိုက်ဆင်ကြီးရဲ့ စကားကို ငါသွားသတိရတယ်၊ ငါတို့ဆီကို သူကြီး ရဲ့ စာရောက်တော့ ဆင်ကြီးက ပြောတယ်၊ ဒါဟာ ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်တဲ့၊ သိပ်အံ့သြ ဖို့ကောင်းတယ်၊ ဆင်ကြီးပြောတာ မှန်နေတယ်၊ ငါတို့ဟာ လူသတ်သမားရဲ့ ထောက်ချောက်ထဲကို ၀င်သွားတာကွ၊ ဒါဆိုရင် ငါတို့ကို စာရေး ပြီး ဆက်သွယ်တာ သူကြီးမှဟုတ်ရဲ့ လား ”
ဟု ရေရွတ်လေ၏ ။
ထိုအခါ သြဘာက
“ သူကြီးစာမှ သူကြီးစာအစစ်ပါကွာ၊ သူကြီးရဲ့ ကြွေးစာရင်းမှတ်တဲ့ လက်ရေး ကို ငါသိပါတယ်၊ နောက်ပြီးတော့ ငါတို့ကို စာလာပေးတဲ့ ကိုရင်သာအေးကလည်း သူကြီးကိုယ်တိုင် ပေးခိုင်းလိုက်တာလို့ ပြောတယ် မဟုတ်လား၊ ဒါကြောင့် ငါတို့ကို စာရေး ပေးတာ သူကြီး ဖြစ်နိုင်တယ် ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုကလည်း ခေါင်းညိတ်၍
“ ဟုတ်တယ်၊ ဒီလက်ရေး ကို ငါလည်းမှတ်မိတယ်၊ သူကြီးလက်ရေး ဖြစ်ဖို့ တော် တော် များ တယ်၊ ဒါဆိုရင် သူကြီးညီကိုသတ်တာ သူကြီးမင်းများ ဖြစ်နေမလား ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာက ခေါင်းယမ်း၍
“ ဟာကွာ … သူကြီးနဲ့သူညီက အင်မတန်ချစ်ကြတာကွ၊ အမွေကိစ္စနဲ့ သတ်ဖြတ်ရအောင်လည်း မ ဖြစ်နိုင်ဘူး၊ သူကြီးရဲ့ ညီက လူပျိုကြီးကွ၊ သူ့မှာ လိုချင်တက်မက်စိတ်လည်း ရှိတာမဟုတ်ဘူး၊ ဟာကွာ … တွေးရင်း တွေးရင်း ခေါင်းခြောက်လာပြီ ”
ဟု ညည်းညူလေ၏ ။
ထိုအခါ တိမ်ညိုက
“ ငါတို့ ဒီကိစ္စတွေ နောက်မှတွေးကြမယ်၊ လောလောဆယ် ဒီမြို့က ဝေးတဲ့နေရာကို ပြေးမှ ဖြစ်မယ်၊ မနက်ဆိုရင် ပုလိပ်တွေ မြင်သွားလိမ့်မယ် ”
ဟု ဆိုကာ သြဘာလက်ကိုဆွဲ၍ မြို့ပြင်သို့ ရောက်အောင် အမြန်ဆုံး လှမ်းခဲ့လေ၏ ။
ထိုအချိန်တွင် တိမ်ညိုတို့ကို ဖမ်းဆီးရန် ကြံရွယ်ထားသော ပုလိပ်များ သည် ဆရာဝန်ကြီး အိမ်ရှေ့တွင် ကျန်ရစ်ခဲ့သော လှည်းသမားကို ဖမ်းဆီးရန် ပြင်လိုက်သော အခါ လှည်းသမားက အထိတ်တလန့်ဖြင့်
“ ဟာ … ကျုပ်ကို ဘာ ဖြစ်လို့ ဖမ်းတာလဲ၊ ကျုပ်က ဆရာဝန်ကြီးကို လာပင့်တာဗျ၊ လူဆိုး ဓားပြ မဟုတ်ဘူး ”
ဟု ပြောလေ၏ ။
ထိုအခါ ပုလိပ်တစ်ဦးက လှည်းသမား၏ နာရင်းကို ဖျောင်းခနဲ ရိုက်၍
“ ဟေ့ကောင် … မင်းနဲ့အတူပါလာတဲ့ လူဆိုးနှစ် ယောက် ဘယ်ရောက်သွားပြီလဲ ”
ဟု မေးမြန်းလေ၏ ။
ထိုအခါ လှည်းသမားက အထိတ်ထိတ် အလန့်လန့်ဖြင့်
“ သူတို့ … သူတို့ အပေါ့သွားမယ်ဆိုပြီး ဟိုဘက်ကို ထွက် သွားပါတယ် ”
ဟု ပြောကာ မှော င်ရိပ်ဘက်သို့ လက်ညှိုးညွှန်ပြလေ၏ ။ ထိုအခါ ပုလိပ်များ က တိမ်ညိုနှင့် သြဘာ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း ရိပ်စားမိသွားပြီး
“ ဓားပြနှစ် ကောင် ဟိုဘက်ကို ပြေးပြီဟေ့၊ ပုလိပ်တွေ လူစုခွဲပြီး လိုက်ကြ ”
ဟု အော်ဟစ်အမိန့်ပေးလေ၏ ။
ပုလိပ်များ သည် တိမ်ညိုနှင့် သြဘာ ထွက်ပြေးသွားသည့်လမ်းအတိုင်း လက်နှိပ်ဓါတ်မီးရောင် တ၀င်းဝင်းဖြင့် လိုက်ကြလေ၏ ။
တိမ်ညိုနှင့် သြဘာသည် အတန်ကြာအောင် သွားလာပြီးနောက် အနောက်မှာ လူသံသူသံ များ ကို ကြားရ၍ လှည့်ကြည့်လိုက်သော အခါ လက်နှိပ်ဓါတ်မီးရောင် တ၀င်းဝင်းဖြင့် လိုက်လာသော ပုလိပ်များ ကို တွေ့ ရ၏ ။
ထိုအခါ တိမ်ညိုက
“ ဟာ … ပုလိပ်တွေ ငါတို့နောက်ကို လိုက်လာပြီ၊ သူတို့လှည်းသမားနဲ့ တွေ့ သွားပြီထင်တယ်၊ ဒုက္ခပါပဲ … ငါတို့ ပြေးမှ ဖြစ်မယ် ဒီအချိန်မှာ ပုလိပ်တွေ ငါတို့ကို ဖမ်းမိသွားရင်၊ ဒုက္ခပါပဲ … ငါတို့ ပြေးမှ ဖြစ်မယ်၊ ဒီအချိန်မှာ ပုလိပ်တွေ ငါတို့ကို ဖမ်းမိသွားရင် လူသတ်မှု ရော၊ ပြန်ပေးမှု ရော၊ အမှု တွေ နည်းမှာ မဟုတ်ဘူး ”
ဟု ဆိုကာ ပုလိပ်များ နှင့် ဝေးရာသို့ ပြေးကြလေ၏ ။ ပုလိပ်များ သည် တိမ်ညိုနှင့် သြဘာ၏ နောက်သို့ လက်နှိပ်ဓါတ်မီးရောင် တ၀င်းဝင်းဖြင့် လိုက်ကြလေ၏ ။
ပုလိပ်တို့၏ ခရာမှု တ်သံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်နေလေ၏ ။ ပုလိပ်များ သည် ထိုမြို့ကို ကျွမ်းကျင်သူများ ဖြစ်သဖြင့် လူစုခွဲပြီး လိုက်လေ၏ ။
ထို့ကြောင့် တိမ်ညိုနှင့် သြဘာသည် လမ်းတစ်လမ်းတွင် ပိတ်မိသွားလေ၏ ။ သြဘာက ပုလိပ်များ ကို အထိတ်တလန့်ကြည့်၍
“ ဟိုက် … ပုလိပ်တွေ ကြားမှာ ငါတို့နှစ် ယောက် ညှပ်ပူးညှပ်ပိတ် ဖြစ်နေပြီ၊ ဒုက္ခပါပဲ … ဘယ်လိုလုပ်ကြမလဲ ”
ဟု မေးလေ၏ ။
ထိုအခါ တိမ်ညိုက ပတ်ဝန်းကျင်ကို မျက်စိကစား၍
“ ငါတို့ ဒီနားက အိမ်တစ်အိမ်မှာ ၀င်ခိုမှ ဖြစ်မယ်၊ ရှေ့ဆက်ပြီး သွားလို့လည်း မရတော့ဘူး၊ နောက်ဆုတ်လို့လည်း မရတော့ဘူး၊ ညှပ်ပူးညှပ်ပိတ် ဖြစ်နေပြီ ”
ဟု ပြောကာ အနီးဆုံး အိမ်တစ်အိမ်၏ ခြံစည်းရိုးကို တိုးကပ်လိုက်ကြ၏ ။
ထို့နောက် ခြံစည်းရိုးကို ကျော်တက်၍ အတွင်းသို့ ၀င်ရန် ပြင်လိုက်၏ ။ ခြံတွင်းသို့ ရောက်သော အခါ နှစ် ထပ်ရှိနေသော အိမ်လေးတစ်လုံးကို မြင်ရ၏ ။
ထိုအိမ်လေး၏ ။ အောက်ထပ်ခန်းတစ်ခန်းတွင် မီးရောင် လင်းလက်နေ၏ ။ တိမ်ညိုက ပြတင်းပေါက်ကို လက်ဖြန့်တွန်းဖွင့်ရာ ပြတင်းပေါက် အလွယ်တကူ တွန်းပွင့်သွားကြောင်း တွေ့ ရ၏ ။
တိမ်ညိုနှင့် သြဘာတို့သည် ပြတင်းပေါက်ကိုဖွင့်၍ အိမ်တွင်းသို့ ၀င်ခဲ့လေ၏ ။
ထိုစဉ် အခန်းထဲသို့ မျက်လုံးဝှေ့ကြည့်သော အခါ၌ ကုတင်တစ်လုံး၊ မှန်တင်ခုံ၊ အ၀တ်ထဘီများ ရှိကြောင်း သိရသဖြင့် မိန်းကလေးတစ်ဦး၏ အခန်း ဖြစ်ကြောင်း ရိပ်စားမိသွား၏ ။
တိမ်ညိုက လေသံတီးတိုးဖြင့်
“ ငါတို့ ဒီအခန်းထဲမှာ ခဏပုန်းနေကြမယ် ”
ဟု ပြောလေ၏ ။
ထိုအခိုက်မှာ ပင် အခန်းတံခါးဖွင့်သံကိုကြားရသဖြင့် တိမ်ညိုတို့သည် ပုန်းရန်နေရာကို ကမန်းကတန်း ရှာဖွေကြ၏ ။ ထိုအခါ ကုတင်အနောက်တွင် အ၀တ်များ လှန်းထားသော စင်တစ်ခုရှိကြောင်း တွေ့ ရ၏ ။
တိမ်ညိုတို့သည် ထိုစင်နောက်သို့ ကမန်းကတန်း ၀င်ပုန်းကြ၏ ။ ထိုအခိုက်မှာ ပင် အခန်းထဲ သို့ လုံချည်ရင်လျား ၀တ်ဆင်ထားသော မိန်းမတစ်ဦး ၀င်ရောက်လာ၏ ။
ထိုမိန်းမ၏ ကိုယ်တွင် ရေများ စိုရွှဲနေသဖြင့် ထိုမိန်းမသည် ရေချိုးပြီး အခန်းထဲသို့ ၀င်ရောက်လာကြောင်း သိရ၏ ။ သူမသည် ထိုခေတ်က လွန်စွာ ကျော်ကြားသော ယောက်ျား မင်းသ မီး အောင်ဗလသီဆိုသော ကေသီဒေ၀ီဆိုသော သီချင်းကို တီးတိုးရေရွတ်ရင်း အခန်းထဲသို့ ၀င်လာ၏ ။
“ ကေသီ ဒေ၀ီ နေခြည် ရွှေပြည် ဝေးလှတဲ့ နေပြီ၊ နီးနိုင်ပေါင်တော် ”
မိန်းမပျိုသည် မှန်တင်ခုံရှေ့တွင် မျက်နှာကို ပေါင်ဒါရိုက်ရင်း ကေသီ ဒေ၀ီသီချင်းကို သီဆိုလေ၏ ။ မိန်းမပျိုသည် ပေါင်ဒါရိုက်ပြီးသော အခါ နှုတ်ခမ်းနီဆိုးလေ၏ ။
တိမ်ညိုတို့သည် ညကြီးအချိန်မတော် အလှပြင်ဆင်နေသော မိန်းမပျိုကို ကြည့်၍ အံ့သြနေမိလေ၏ ။ ခဏကြာလျှင် မိန်းမပျိုသည် အခန်းထဲတွင် မိမိ တစ်ယောက် တည်းရှိသည်အထင်နှင့် အ၀တ်အစားများ ကို လွတ်လွတ်လပ်လပ် လဲလှယ်လေတော့၏ ။
တိမ်ညိုနှင့် သြဘာသည် ထိုမြင်ကွင်းကို ကြည့်၍ မျက်လုံးပြူးသွားပြီး စိတ်လှုပ်ရှားစွာ ဖြင့် ခေါင်းကိုငုံ့လိုက်ကြ၏ ။
မိန်းမပျိုသည် အ၀တ်အစားများ လဲလှယ်ပြီးသော အခါ ခန္ဓာကိုယ်အနှံ့ ပေါင်ဒါများ ပွတ်သပ်လေ၏ ။ ပေါင်ဒါမှု န့်များ သည် တိမ်ညိုတို့ ပုန်းအောင်းနေသော ဘက်သို့ ပျံ့လွင့်လာကာ သြဘာသည် ထိုပေါင်ဒါမှု န့်များ ကို ရှူရှိုက်မိပြီး
“ ဟတ်ချိုး ”
ဟု ချေလိုက်လေတော့၏ ။ သြဘာ၏ နှာချေသံကြောင့် မိန်းမပျိုသည် အနောက်သို့ အထိတ်တလန့် လှည့်ကြည့်လိုက်ပြီး
“ အမယ်လေး … လန့်လိုက်တာ ကိုကိုရယ်၊ လန့်လိုက်တာ ဘယ်တုန်းက ရောက်နေတာလဲ၊ ကြည့်စမ်း … ကြည့်စမ်း၊ ခင် ကတော့ ခင် တစ်ယောက် တည်းရှိတယ်မှတ်လို့ အခန်းထဲမှာ လွတ်လွတ်လပ်လပ် တစ်ယောက် တည်း အလှတွေ ပြင်လိုက်ရတာ ၊ ကိုကို မကောင်းဘူး၊ သိပ်ဆိုးတယ် ”
ဟု ကုတင်ခေါင်းရင်းကို ကြည့်၍ ပြောဆိုလေ၏ ။ တိမ်ညိုနှင့် သြဘာကို သူမနှင့် ချိန်းဆို ထားသော သူဟု ထင်မြင်နေပုံရ၏ ။
တိမ်ညိုတို့သည် အ၀တ်တန်းကြီးနောက်တွင် ပုန်းကွယ်ရင်း ထိတ်လန့်တုန်လှုပ်နေလေ၏ ။ မိန်းမပျိုက အ၀တ်တန်းရှိရာသို့ လှမ်းကြည့်ရင်း
“ ကြည့်စမ်း … ကိုကို၊ ခင့်ကို အခုထိနောက်တုန်းလား၊ ထွက်ခဲ့တော့လေ၊ ခင်တော့ ကိုကို့ကို မျှော်ရလွန်းလို့ မောလှပြီ ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုနှင့် သြဘာသည် ခေါင်းနပန်းကြီးသွားပြီး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေ၏ ။ ခင်ဆိုသော မိန်းမသည် သူမ၏ ချစ်သူနှင့် ညကြီးအချိန်မတော် ချိန်းတွေ့ ပုံရ၏ ။
ထိုအခါမှပင် မိန်းမလှ၏ ညကြီးအချိန်မတော် အလှပြင်ဆင်နေသည့် အကြောင်းရင်းကို တိမ်ညိုတို့ သိသွားလေ၏ ။
ခင်ဆိုသော မိန်းမသည် အ၀တ်အတန်း၏ နောက်သို့ လှမ်းကြည့်လိုက်ပြီး
“ ကြည့်စမ်း … ကိုကို ထွက်မလာသေးဘူးလား၊ ခင် စိတ်ဆိုးလာပြီနော်၊ ခင် ကတော့ ကိုကို့ ကို တွေ့ ချင်လွန်းလို့ တိတ်တဆိတ် ချိန်းလိုက်ရတာ ၊ ကိုကို ထွက်မလာရင် ခင် ၀င်ခဲ့မှာ နော် ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုနှင့် သြဘာသည် ပိုမို၍ ထိတ်လန့်သွားပြီး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ တိမ်ညိုသည် အကျပ်အတည်း တွေ့ နေရာမှ ခေါင်းထဲတွင် အကြံတစ်ခုရသွားပြီး သြဘာ၏ အနားသို့ ကပ်၍ တီးတိုးပြောလိုက်၏ ။
ထိုအချိန်တွင် ခင်ဆိုသော မိန်းမသည် အ၀တ်အတန်းအနီးသို့ ရောက်လာပြီး သူမ၏ အ၀တ်များ ကို ဖယ်ရှားလိုက်လေ၏ ။
ထိုအခါ အ၀တ်တန်းနောက်မှ ကြောက်မက်ဖွယ်ကောင်းသော တစ်ခုကို မြင်ရသဖြင့် ခင် ဆိုသော မိန်းမသည်
“ အမယ်လေး … သရဲ … သရဲ ”
ဟု ငယ်သံပါအောင် အော်ဟစ်ကာ မေ့မြောသွားလေ၏ ။
တိမ်ညိုနှင့် သြဘာသည် မှော င်ရိပ်ထဲမှနေ၍ သူတို့၏ မျက်လုံးများ ကို အစွမ်းကုန်ပြူးကာ မျက်နှာတစ်ခုလုံး တွန့်လိမ်၍ လျှာများ ကို ထုတ်ထားပြီး ၄င်းတို့၏ လက်နှစ် ဖက်ကလည်း မျက်နှာကို ပိုမိုရုပ်ပျက်ဆင်းပျက် ဖြစ်အောင် တွန့်လိမ်ထားလေ၏ ။
၎င်းတို့သည် ထိုကဲ့သို့ သရဲမျက်နှာပြုလုပ်ခြင်းကို ရွာရှိကလေးများ အား ဖြေဖျော်ရာမှ တက်မြောက်ခဲ့ဖြင်း ဖြစ်၏ ။
တိမ်ညိုနှင့် သြဘာတို့ သဘင်ပညာကို တက်ကျွမ်းကာစက ၄င်းတို့၏ အနုပညာကို အထင်ကြီးမည့် သူမရှိသဖြင့် အစွမ်းပြခွင့်မရခဲ့ချေ။
ထို့ကြောင့် ရွာရှိကလေးများ ကို အနီးသို့ ခေါ်၍ သူတို့နှစ်သက် အောင် အမျိုးမျိုး ဖြေဖျော်ကြ၏ ။ ၄င်းတို့သည် အလေးများ အား မျောက်ကဲ့သို့ ရှေ့ကျွမ်းနောက်ကျွမ်းထိုးပြကြ၏ ။
မျောက်များ တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်ဟန် ပြုလုပ်ပြ၏ ။ အရက်မူးသမားဟန် ကပြကြ၏ ။ ထိုအခါ ကလေးများ သည် လွန်စွာ နှစ်သက် ပြီး လက်ခုပ်လက်ဝါး တီး၍ အားပေးကြ၏ ။
ကလေးများ နှစ်သက် သော အကွက်တစ်ကွက်မှာ ယခုကဲ့သို့ သရဲမျက်နှာ ဖြစ်အောင် တွန့် လိမ်ကောက်ကွေးပြီး ခြောက်လှန့်ပြခြင်း ဖြစ်၏ ။
ထိုစဉ်က ၄င်းတို့၏ ခြောက်လှန့်မှု ပီပြင်လွန်းခြင်းကြောင့် ငယ်ရွယ်သော ကလေးလူငယ်များ သည် ညအချိန်အိပ်၍ မပျော်ဘဲ ယောင်ယမ်း၍ ပင် အော်ဟစ်ကြသည်ဆို၏ ။
နောက်ပိုင်းတွင် ထိုအကြောင်းကို ကလေးမိဘများ သိရှိသွားသော အခါ တိမ်ညိုနှင့် သြဘာ ၏ သဘင်ပွဲများ သို့ ၄င်းတို့၏ ကလေးများ ကို မလွှတ်တော့ချေ။
တိမ်ညိုတို့သည် မေ့မြောသွားသော အမျိုးသမီးကို ကြည့်၍ သြဘာအား
“ ဒီနေ့ ငါတို့ ဘယ်လို ဖြစ်နေသလဲ မသိဘူးကွာ၊ နေရာတိုင်းမှာ ပြဿနာပေါင်းစုံနဲ့ ရွာမှာ လည်း လူသတ်သမားဆိုပြီး မတရား စွပ်စွဲခံရတယ်၊ မြို့ကိုရောက်တော့ ဆရာဝန်ကြီးကို ပြန်ပေး ဆွဲမဲ့လူဆိုးဓားပြတွေ လို့ အထင်မှားခံရတယ်၊ ဟော … အခုလည်း မိန်းမလှ တစ်ယောက် က ငါတို့ နှစ် ယောက် ရဲ့ မျက်နှာကို ကြည့်ပြီး သရဲလို့အော်ပြီး မေ့မြောသွားပြန်ပြီ၊ ရှေ့ဆက်ပြီး ငါတို့ ဘယ်လိုပြဿနာတွေ နဲ့ ရင်ဆိုင်ရဦးမလဲ မသိဘူး ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာက ခေါင်းညိတ်၍
“ ဟုတ်တယ်ကွ၊ ငါတို့နှစ် ယောက် ရဲ့ ကံဇာတာ အနိမ့်ပိုင်းကို ရောက်နေပြီထင်တယ်၊ ဗေဒင်ဆရာကောင်းကောင်း တစ်ယောက် ရှာပြီး စစ်ဆေးခိုင်းဖို့တောင် ကောင်းနေပြီ ”
ဟု ပြောလေ၏ ။
ထို့နောက်တွင် မူ တိမ်ညိုနှင့် သြဘာသည် မေ့မြောနေသော မိန်းမကို သူမ၏ ခုတင်ပေါ်သို့ မ, တင်လိုက်ကြ၏ ။
သြဘာက မိန်းမလှ၏ ခေါင်းအောက်သို့ ခေါင်းအုံးထိုးထည့်ပေးလိုက် ရင်း လေသံတီးတိုး ဖြင့်
“ သေသေချာချာ ကြည့်တော့မှ ဒီမိန်းမက အတော် လှတာပဲ၊ အသားအရည်က၀င်းဝါပြီး မျက်နှာက မဟာဆန်တယ် ”
ဟု ပြောလေ၏ ။
ထို့နောက်တွင် မူ မိန်းမလှကို ခုတင်ပေါ်တင်ထားပြီးနောက် တိမ်ညိုနှင့် သြဘာသည် အခန်းထဲမှ ထွက်ကြလေ၏ ။
တိမ်ညိုသည် လက်နှိပ်ဓာတ်မီးတစ်လက်ကို တွေ့ ရသဖြင့် ဟိုဒီထိုးကြည့်လေ၏ ။
ထိုသို့ ထိုးကြည့်ရင်း ခန်းဆီးတစ်ခု၏ နောက်ကွယ်တွင် မြင်ရသော မြင်ကွင်းကြောင့် အထိတ်တလန့်ဖြင့်
“ ဟာ … ဒီမှာ လူ တစ်ယောက် အိပ်ပျော်နေပါလား ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာက လှည့်ကြည့်လိုက်ပြီး
“ ဟင် … ဟုတ်တယ်၊ ခန်းဆီးနောက်မှာ လူ တစ်ယောက် အိပ်ပျော်နေတယ်၊ မေ့မြောနေတာများ လား မသိဘူး၊ ဟာ … သူ့လက်ထဲမှာ လည်း ဓါတ်ပုံရိုက်တဲ့ ကင်မရာကြီးနဲ့ပါလား ”
ဟု ပြောလေ၏ ။
တိမ်ညိုက မျက်မှော က်ကြုတ်ရင်း
“ ဒီလူဟာ ခန်းဆီးနောက်မှာ ပုန်းပြီး လက်ထဲမှာ ကင်မရာကိုင်ထားတယ်၊ ဒီနေ့ည တွေ့ ကြုံနေရတာ အထူးအဆန်းတွေ ချည်းပါလား၊ ခုတင်ပေါ်မှာ မေ့မြောနေတဲ့ မိန်းမဟာ ယောက်ျားမရှိ တုန်း သူရဲ့ လင်ငယ်နဲ့တွေ့ မယ်၊ သူတို့နှစ် ယောက် ချစ်တင်းနှီးနှောနေတုန်းမှာ ခန်းဆီးနောက်မှာ ပုန်းနေတဲ့လူက ဓါတ်ပုံရိုက်မယ်၊ အတော် ကြောက်စရာကောင်းတဲ့ အကြံအစည်ပါလား ”
ဟု အထိတ်တလန့် ရေရွတ်လေ၏ ။
ထိုအခါ သြဘာက
“ ခန်းဆီးနောက်မှာ အိပ်ပျော်နေတဲ့လူကို ခုတင်ပေါ်က မိန်းမမသိဘဲ နေမှာ မဟုတ်ဘူး၊ သူ တို့နှစ် ယောက် ဟာ စည်းဝါးရိုက်ထားတာ ဖြစ်မယ်၊ ဟုတ်ပြီ … ငါအကြံရပြီ၊ ဒီမိန်းမဟာ သူ့ရဲ့ လင်ငယ်ကို ဓါတ်ပုံရိုက်ပြီး အကျပ်ကိုင်ဖို့ ဖြစ်လိမ့်မယ် ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုက
“ ဒါဆိုရင်တော့ ဒီမိန်းမဟာ အတော် ဆိုးမိုက်တဲ့မိန်းမပဲ၊ သူနဲ့ချိန်းထားတဲ့ လင်ငယ် ကတော့ ဒီည ပုလိပ်တွေ ဆူညံပွက်နေလို့ မလာတော့ဘူး ထင်တယ် ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုနှင့် သြဘာသည် အိမ်၏ အောက်ထပ်သို့ လှည့်လည်ကြည့်ရှု၏ ။ ထိုအခါ အောက်ထပ်တွင် အသင့်ချက်ပြုတ်ထားသော ထမင်းနှင့် ဟင်းများ ကို တွေ့ ရလေ၏ ။
တိမ်ညိုက
“ ဟိုမိန်းမ သူ့လင်ငယ်လာရင် ကျွေးမွေးဖို့နဲ့တူတယ်၊ ချက်ပြုတ်ထားတာတွေ ရှိတယ်၊ ငါတို့ ဗိုက်ဆာနေတာနဲ့ အတော် ပဲ၊ စားလိုက်ကြရအောင် ”
ဟု ပြောလေ၏ ။
ထို့နောက် တိမ်ညိုနှင့် သြဘာသည် ထမင်းနှင့် ဟင်းများ ကို မြိန်ယှက်စွာ စားသောက်ကြလေ၏ ။
ထမင်းစားပြီးနောက် အိမ်ပေါ်ထပ်သို့ တက်ကာ ခန်းဆီးကြားတွင် အိပ်ပျော်နေသူကို ကြည့်ရှုလေရာ ထိုသူသည် အိပ်ပျော်နေဆဲ ဖြစ်ကြောင်း တွေ့ ရလေ၏ ။
ထိုအခိုက်မှာ ပင် ကုတင်ပေါ်တွင် မေ့မြောနေသော မိန်းမသည် မေ့မြောနေရာမှ ပြန်လည် နိုးထလာပြီး တိမ်ညိုနှင့် သြဘာကို မြင်သော အခါ အထိတ်တလန့် အော်ဟစ်လေ၏ ။
တိမ်ညိုက ကမန်းကတန်း လက်ကာပြ၍
“ မကြောက်ပါနဲ့ … ကျုပ်တို့ သရဲမဟုတ်ပါဘူး၊ ကျုပ်တို့လူတွေ ပါ၊ ဒုက္ခရောက်နေလို့ မင်းရဲ့ အိမ်ကို ခဏ၀င်ခိုမိတာပါ ”
ဟု ပြောလေ၏ ။
ထိုအခါမှပင် ချောမောလှပသော မိန်းမသည် အကြောက်ပြေသွားဟန်ရှိပြီး
“ နေပါဦး … ရှင်တို့နှစ် ယောက် ညအချိန်မတော် ကြီး ကျွန်မအိမ်ထဲကို ဘာလို့ရောက်လာတာလဲ၊ ရှင်တို့ဟာ သူခိုး ဓားပြတွေ လား ”
ဟု မေးမြန်းလေ၏ ။
ထိုအခါ တိမ်ညိုက ကမန်းကတန်းလက်ကာပြ၍
“ ကျုပ်တို့က လူကောင်းတွေ ပါဗျာ၊ မကောင်းမှု ဒုစရိုက်ကို တစ်သက်မှာ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး ”
ဟု အစချီကာ ၄င်းတို့၏ ဆိုးဝါးလှသော ကံကြမ္မအကြောင်းကို ပြောပြကြလေ၏ ။
ထိုအခါ မိန်းမလှက
“ သြော် … ဒါကြောင့် ခုနက ပုလိပ်တွေ လက်နှိပ်ဓါတ်မီးတွေ နဲ့ ဆူညံပွက်နေတာကိုး၊ ရှင် တို့ဟာ အတော် ရှုပ်တဲ့လူတွေ ပဲ၊ ရှင်တို့ရွာမှာ ဖြစ်တဲ့ ပြဿနာဟာ မြို့ပေါ်ရောက်လာရုံတင်မကဘူး၊ ကျွန်မရဲ့ အကြံအစည်တွေ ပါ ပျက်စီးရပြီ ”
ဟု ပြောလေ၏ ။
သူမ၏ စကားကြောင့် တိမ်ညိုက
“ ခင်ဗျားနဲ့ ချိန်းထားတဲ့လူမလာလို့ ပြောတာလား၊ ခင်ဗျားရဲ့ ရည်ရွယ်ချက် မကောင်းပါဘူးဗျာ၊ ကိုယ့်ကို ယုံကြည်ကိုးစားလို့ ရောက်လာတဲ့ လူကို ဒီလိုမကောင်းကြံဖို့ မသင့်ပါဘူး ”
ဟု ပြောလေ၏ ။
ထိုအခါ မိန်းမလှက တိမ်ညိုကို တအံ့တသြကြည့်၍
“ ဟင် … ကျွန်မရဲ့ အကြံအစည်ကို ဘာကြောင့် သိနေရတာ လဲ၊ ဟယ် … အခုမှသတိရ တယ်၊ ကျွန်မခေါ်ထားတဲ့ ဓါတ်ပုံဆရာ ဘယ်ရောက်နေလဲ ”
ဟု ရေရွတ်လေ၏ ။
ထိုအခါ သြဘာက
“ ခင်ဗျားခေါ်ထားတဲ့ ဓါတ်ပုံဆရာ တံခါးကြားမှာ အိပ်ပျော်နေတယ်၊ ကျုပ်တို့ ဒီလောက်ဆူ ညံနေတာတောင် အိပ်ရာက မနိုးဘူး ”
ဟု ပြောလေရာ မိန်းမလှသည် ခန်းဆီးနောက်သို့ ပြေးကြည့်လေ၏ ။
ထိုအခါ ကင်မရာကိုပိုက်၍ အိပ်ပျော်နေသော ဓါတ်ပုံဆရာကို တွေ့ ရလေ၏ ။ မိန်းမလှ သည် ဓါတ်ပုံဆရာကိုကြည့်၍ ဒေါသတကြီး တောက်ခေါက်လိုက်ပြီး
“ တောက် … အတော် အပျင်းထူတဲ့ ဓါတ်ပုံဆရာပဲ၊ သူ့ကို ယုံစားပြီး ငှားရမ်းမိတာ သိပ်မှား တယ်၊ သွားပါပြီရှင် … ကျွန်မရဲ့ ကံကြမ္မာကိုက ညံ့ဖျင်းပါတယ်၊ ကျွန်မရဲ့ အကြံအစည်တွေ အားလုံး ရေစုန်မျောရပြီ၊ ဒီနေ့ညဟာ ကျွန်မဘ၀ရဲ့ အပြောင်းအလဲကြီး ဖြစ်မဲ့ညရှင့် ဒီလို ဖြစ်တာ ရှင်တို့ နှစ် ယောက် ရဲ့ အပြစ်တွေ လည်း ပါတယ် ”
ဟု အပြစ်တင်ကာ ၀မ်းပန်းတနည်း ငိုကြွေးလိုက်လေ၏ ။ မိန်းမလှ ငိုကြွေးခြင်းကို ကြည့်၍ တိမ်ညိုက ခေါင်းခါယမ်းလိုက်ပြီး
“ ဒီနေ့ည ခင်ဗျားရဲ့ အကြံအစည်တွေ မအောင်မြင်တာ ကျုပ်တို့ နှစ် ယောက် ကြောင့် ပဲ ထားလိုက်ပါတော့ဗျာ၊ သေသေချာချာစဉ်းစားကြည့်ရင် ဒီကိစ္စဟာ ကျုပ်နဲ့မဆိုင်ပါဘူး၊ ဘာပဲ ဖြစ် ဖြစ် ကျုပ်တို့ကြောင့် ခင်ဗျားဟာ မကောင်းမှု ဒုစရိုက်ကို မကျူးလွန် မကျူးလွန်မိတော့ဘူး ကိုယ့်အပေါ် ယုံစားလို့ရောက်လာတဲ့ ကိုယ့်ရဲ့ ချစ်သူကို ဒီလိုအကျပ်မကိုင်သင့်ပါဘူးဗျာ၊ ဒီလိုမကောင်းမှု မျိုးကို မကျူးလွန်မိတာ ကျုပ်တို့ကို ကျေးဇူးတင်သင့်တယ် ”
ဟု ပြောလေ၏ ။
ထိုမခါ မိန်းမလှက တိမ်ညိုကို မျက်မှော င်ကြုတ်ကြည့်လိုက်ပြီး
“ နေပါဦး ရှင်တို့ ဘာတွေ ပြောနေကြတာလဲ၊ ဒီနေ့ည ကျွန်မအိပ်ခန်းထဲကို လာမဲ့သူဟာ ကျွန်မရဲ့ လင်ငယ်များ အောက်မေ့လို့လား ”
ဟု မေးမြန်းလေ၏ ။
ထိုအခါ တိမ်ညိုက အံ့သြဟန်ဖြင့် ကြည့်၍
“ ဟင် … ဒီလူဟာ ခင်ဗျားရဲ့ ချစ်သူ မဟုတ်ဘူးလား ”
ဟု မေးမြန်းလေ၏ ။
ထိုအခါ မိန်းမလှက ငိုနေရာမှ ရပ်တန့်၍
“ သြော် … ရှင်တို့က ကျွန်မကို လင်ငယ်နဲ့ချိန်းတွေ့ ပြီး သူနဲ့ ပတ်သက်တဲ့အကြောင်းတွေ ကို ဓါတ်ပုံရိုက်မယ်၊ ပြီးတော့ အကျပ်ကိုင်မယ်လို့ ထင်ထားတာကိုး ”
ဟု ပြောလေ၏ ။
ထိုအခါ သြဘာက ၀င်ရောက်၍
“ ဒီနေ့ည တွေ့ မဲ့လူကို ဓါတ်ပုံမရိုက်ဘူးဆိုရင် ခင်ဗျားက ဘာ ဖြစ်လို့ ဓါတ်ပုံဆရာကို အခန်း ထဲခေါ်ထားရတာ လဲ ”
ဟု မေးမြန်းလေ၏ ။
ထိုအခါ မိန်းမလှက သက်ပြင်းချ၍
“ ဒီအကြောင်းတွေ ပြောရရင်တော့ အရှည်ကြီး ပြောမှ ဖြစ်မယ်၊ ဒါပေမဲ့ ဒီနေ့ည ကျွန်မအိပ် ခန်းထဲကိုလာမဲ့သူဟာ ရှင်တို့ထင်သလို ကျွန်မ လင်ငယ်မဟုတ်ဘူး၊ ကျွန်မ လက်ထပ်ပေါင်းသင်း ဖူးတဲ့
ယောက်ျား တစ်ယောက် ပဲရှိတယ်၊ ကျွန်မဟာ မြန်မာမိန်းကလေး တစ်ယောက် ဖြစ်တဲ့အတွက် မိန်းမကောင်းပန်းပန် တစ်ပွင့်ဆို စကားအတိုင်း ကျွန်မ တစ်ပွင့်တည်းကိုပဲ ပန်တယ်၊ ကိုယ့် ယောက်ျားကို ဘယ်တော့မှ သစ္စာမဖေါက်ဘူး ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုနှင့် သြဘာသည် မိန်းမလှကို နားမလည်ဟန်ဖြင့် ရှိကြ၏ ။
သူစိမ်းယောက်ျား တစ်ယောက် ကို အိပ်ခန်းထဲတွင် ချိန်းဆိုသော မိန်းမသည် မိမိ၏ လင် ယောက်ျားအပေါ် သစ္စာဖောက်ဖျက်ခြင်းမရှိဟု ဆို၏ ။
ထိုမိန်းမသည် မိမိတို့အိပ်ခန်းထဲသို့ ရောက်ရှိလာစက မိမိတို့ပုန်းကွယ်နေခြင်းကို သူ၏ လင် ငယ်အမှတ်နှင့် ပြောဆိုဆက်ဆံနေလေ၏ ။
ဤမျှ မူယာမာယာများ လှသော မိန်းမလှ၏ စကားကို လက်ခံယုံကြည်ခြင်း မရှိချေ။
ထို့ကြောင့် တိမ်ညိုက
“ တော် ပါတော့ဗျာ၊ ခင်ဗျားရဲ့ စကားတွေ က ရှေ့နောက်မညီဘူး၊ ကျုပ်တို့လည်း ဒီနေ့ည ကိစ္စကို ခင်ဗျားနဲ့ အငြင်းမပွားချင်ဘူး၊ ခင်ဗျားဘာသာ လုပ်ချင်ရာလုပ်တော့ ကျုပ်တို့ မနက်ကြရင် ဒီအိမ်ကြီးကနေ ခွာမယ်၊ ဒီနေ့ညတော့ နေခွင့်ပေးပါ ”
ဟု ပြောလေ၏ ။
ထိုအခါ မိန်းမလှက
“ ဒီမှာ … ဒီအိမ်ကနေ ရှင်တို့ပဲ သွားရမှာ မဟုတ်ဘူး၊ ကျွန်မလည်း မနက်ဖြန် ဒီအိမ်က ခေါင်းနဲ့ဆင်းရမှာ ရှင့်၊ အဲဒါဟာ ဒီနေ့ည ကျွန်မရဲ့ အကြံအစည်တွေ မအောင်မြင်လို့ဘဲ ”
ဟု မချိတင်ကဲဟန်ဖြင့် ပြောလေ၏ ။
ထိုအခါ တိမ်ညိုနှင့် သြဘာသည် မိန်းမလှ၏ အမူအရာကို ကြည့်ရင်း နားလည်နိုင်စွမ်း မရှိတော့ချေ။
တိမ်ညိုက
“ ဒီအိမ်ကြီး ခင်ဗျားရဲ့ အိမ်ပဲ၊ ခင်ဗျား ဘာလို့ ထွက်ခွာသွားရမှာ လဲ ”
ဟု မေးမြန်းလေ၏ ။
ထိုအခါ မိန်းမလှက
“ ဒီအချိန်မှာ ရှင်တို့နဲ့ ကျွန်မဟာ ဘ၀တူတွေ ပဲ၊ ဒီနေ့ည အချိန်ရရင် ရှင်တို့ကို ကျွန်မဘ၀ ရဲ့ နောက်ကြောင်းတွေ ကို ပြောပြမယ်၊ ကျွန်မတို့ အိမ်အောက်ထပ်မှာ တစ်ခုခု သွားစားကြတာပေါ့ ”
ဟု ပြောကာ မိန်းမလှသည် အောက်ထပ်သို့ ဦးဆောင်၍ ထွက်သွားလေ၏ ။
ထို့နောက် အိမ်၏ အောက်ထပ်တွင် ရေနွေးကြမ်း၊ လက်ဖက်သုပ်၊ မြေပဲလှော်များ ကို စားသောက်ရင်း စကားဝိုင်းဖွဲ့ကြလေ၏ ။
မိန်းမလှက ရေနွေးကြမ်းများ ကို ငှဲ့ထည့်းပေးရင်း
“ ကျွန်မဟာ အလွန်ကြွယ်ဝချမ်းသာတဲ့ မိဘတွေ ဆီက ပေါက်ဖွားလာတဲ့ တစ်ဦးတည်း သော သမီးပါ၊ အရင်တုန်းက ကျွန်မတို့ မိသားစုတွေ ပိုင်ဆိုင်တဲ့ လယ်မြေတွေ လက်ညှိုးထိုးမလွဲ အောင်ရှိတယ်၊ ဆီစက်၊ ဆန်စက်တွေ လည်း အများ ကြီးပိုင်တယ်၊
ဒါပေမဲ့ … ကျွန်မအဖေ အသက်အရွယ်ထောက်လာတဲ့အခါမှာ လူခွဲမရှိတဲ့အတွက် ဒီလုပ်ငန်းတွေ ကို လုပ်ဖို့ အခက်အခဲ ဖြစ်လာတယ်၊ ဒါကြောင့် ငယ်စဉ်ကတည်းက မိဘအလိုလိုက်ထားတဲ့သူဆိုတော့ မိဘလက်ငုတ် စီးပွားရေး ကိုလည်း စိတ်မ၀င်စားဘူး၊ ရွယ်တူမိန်းကလေးတွေ နဲ့ အငြိမ့်ပွဲကြည့်လိုက်၊ ဓါတ်စက်သီချင်းနားထောင်လိုက်နဲ့ အချိန်ကုန်လွန်ခဲ့တယ်၊ ဒီလိုနဲ့ ကျွန်မအတွက် ခင်ပွန်းလောင်းရှာတဲ့ အဖေဟာ လူယုတ်မာမြင့်အေးဆိုတဲ့ လူကို သွားတွေ့ တယ်၊
မြင့်အေးဟာ အဖေ့ရှေ့မှာ အင်မတန်ရိုးသားတဲ့ လူကြီးမိဘတွေ ကို ရိုသေလေးစားတဲ့လူအ ဖြစ် ဟန်ဆောင်တယ်၊ သူဟာ အဖေနဲ့ အမေကိုတွေ့ ရင် အလွန်လေးစားဟန်နဲ့ ဆက်ဆံတယ်၊ မြင့်အေးဟာ လူလိမ်ပီပီ အဖြီးအဖြန်း အမြှော က်အပင့်လည်း အလွန်ကောင်းတယ်၊ သူဟာ အဖေ့ ကို ဝေဿန္တရာမင်းကြီးနဲ့လည်း ခိုင်းနှိုင်းတယ်၊ အမေ့ကို မဒီဒေ၀ီလို မိန်းမမြတ် တစ်ယောက် လို မြှော က်ပင့်ပေးတယ်၊
ဒါကြောင့် အဖေနဲ့အမေဟာ သူ့ကို အလွန်သဘောကျပြီး သမက်အ ဖြစ် လက်ခံခဲ့တယ်၊ မောင်မြင့်အေးဟာ မြို့ပေါ်မှာ အလုပ်အကိုင်မယ်မယ်ရရမရှိဘဲ ယောင်ခြောက်ဆယ်လူပါ၊ သူဟာ ရပ်ရေး ရွာရေး တွေ မှာ စိတ်ဝင်စားသလိုလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာရေး ကိုင်းရှိုင်းသလိုလိုနဲ့ မြို့ ပေါ်မှာ ဘာအလုပ်မှာ မလုပ်ဘဲ ယောင်ခြောက်ဆယ် ဖြစ်နေတဲ့လူပါ၊ ကျွန်မရဲ့ အဖေဟာ မြို့ပေါ်က ဘုရားမှာ ဂေါပကကြီး ဖြစ်တော့ ယောက် ခြောက်ဆယ် မြင့်အေးနဲ့ သိကျွမ်းခဲ့ရတယ်၊ မြင့်အေးဟာ ယောဂီဝတ်စုံကို ၀တ်ပြီး လူကြီးတွေ ရှေ့ရောက်ရင် ဂုဏ်တော် ပုတီးကို စိပ်တယ်၊
လူအထင်ကြီးအောင် မေတ္တာသုတ်တွေ ရွတ်ပြတယ်၊ ထင်ရှားကျော်ကြားတဲ့ ဆရာတော် ကြီးတွေ ရဲ့ တရားတွေ ကို အမြဲကိုးကားပြီး အခုခေတ်လူငယ်တွေ ဘာသာတရားကိုင်းရှိုင်းမှု မရှိကြောင်း ပြောတယ်၊ လူကြီးသူမတွေ ကိုလည်း ရိုသေလေးစားမှု မရှိတဲ့အတွက် အလွန်စိတ်မကောင်းကြောင်း ပြောတယ်၊ တကယ်တော့ မြင့်အေးဟာ လက်ကြောတင်းအောင် အလုပ်လုပ်မ စားချင်တဲ့အတွက် ဘာသာရေး ယောင်ယောင်ဗန်းပြပြီး ဖြီးဖြန်းစားသောက်နေတာပဲ၊
မြင့်အေးစကားကို ကျွန်မမိဘတွေ အလွန်နှစ်သက် တယ်၊ မြင့်အေးလို သူတော် ကောင်းမျိုး နဲ့ ကျွန်မကို ပေးစားရင် တစ်သက်လုံး စည်းစိမ်ဥစ္စာတွေ မပျောက်ပျက်ဘဲ စိတ်ချမ်းသာစွာ နေထိုင်ရမယ်လို့ မျှော်လင့်တယ်၊ မြင့်အေးဟာ လူလည်လူနပ် တစ်ယောက် ဖြစ်တဲ့အတွက် ကျွန်မမိဘတွေ သူ့ကို သဘောကျနေကြောင်း ရိပ်စားမိသွားတယ်၊ ကျွန်မဟာ မြင့်အေးရဲ့ ဟန်ဆောင်မှု တွေ ကို အရင်က မရိပ်စားမိခဲ့ပါဘူး၊ မြင့်အေးဟာ သူတော် ကောင်း တစ်ယောက် လို လုပ်ပြလွန်းတဲ့အတွက် ကျွန်မ ကြည့်လို့မရခဲ့ဘူး၊ ဒါပေမဲ့ မိဘနှစ် ပါးရဲ့ စကားကို မပယ်ရှားဝံ့တဲ့အတွက် မြင့်အေးကို ကျွန်မ လက်ထပ်ခဲ့ရတယ်၊ မြင့်အေးဟာ ကျွန်မနဲ့လက်ထပ်ပြီး မကြာခင်မှာ ပဲ သူ့ရဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီးလူးရုပ်ဟာ တဖြည်းဖြည်း ပေါ်လွင်လာခဲ့တယ်၊ သူဟာ ဘန်ကောက်လုံချည်နဲ့ပေတင် ရှူးဖိနပ်ကို စီးတယ်၊ ရွှေကြယ်သီးတပ်ထားတဲ့ အင်္ကျီကိုဝတ်တယ်၊
မေတ္တာသုတ်နဲ့ ဂုဏ်တော် ပုတီးကို စွန့်လွှတ်ပြီး အရင်တုန်းက ကြိတ်ပုန်းသောက်နေတဲ့ အရက်ကို ပေါ်တင်သောက်တယ်၊ ကျွန်မမိဘတွေ ရဲ့ စီးပွားရေး ကို ဘာမှ မယ်မယ်ရရမလုပ်ဘဲ လောင်းကစားဝိုင်းတွေ မှာ ပဲ အချိန်ကုန်တယ်၊ သူဟာ နယ်မြို့လေးတွေ မှာ လှည့်ပြီး လောင်းကစားရတာ အားမရလို့ ရန်ကုန်မြို့တက်ပြီး တရုတ်သူဌေးတွေ နဲ့ အကြီးအကျယ် လောင်းကစားခဲ့တယ်၊ သူ့ရဲ့ မိုက်မဲမှု ကြောင့် ကျွန်မမိဘတွေ ပိုင်ဆိုင်တဲ့ လယ်ယာတွေ ၊ ဆီစက်၊ ဆန်စက်တွေ ကိုပါ ဆုံးရှုံး ခဲ့ရတယ်၊ မိဘတွေ ဟာ အချိန်နှောင်းတော့မှ မြင့်အေးရဲ့ ယုတ်မာကောက်ကျစ်မှု တွေ ကို ရိပ်စားမိခဲ့တယ်၊
မြင့်အေးဟာ ကျွန်မကို အားရအောင်ပေါင်းသင်းပြီး သုံးလလောက်အကြာမှာ အနီးနားမြို့က အိမ်တစ်အိမ်မှာ မိန်းမတွေ နဲ့ ဖောက်ပြန်တယ်၊ အဲဒီ မိန်းမတွေ ဟာ အင်မတန် စည်းစိမ်ဥစ္စာတွေ ကို မက်မောတဲ့ မိန်းမတွေ ပဲ၊ မြင့်အေးဟာ ညီအစ်မသုံးယောက် နဲ့ တိတ်တိတ်ပုန်းဖောက်ပြန်တယ်၊ သူဟာ အနီးအနားမြို့မှာ ရှိတဲ့ ဆီစက်၊ ဆန်စက်တွေ ကို သွားရောက်စစ်ဆေးဖို့ ခရီးထွက် မယ်ဆိုပြီး လောင်းကစားလုပ်တယ်၊ ဒီအကြောင်းတွေ ကို ကျွန်မမိဘတွေ သိရတဲ့အခါ စိတ်ထိခိုက် ကြေကွဲခဲ့ရတယ်၊ သူတို့ရဲ့ ပယောဂကြောင့် အိမ်ထောင်ရေး ကံမကောင်းခဲ့တဲ့ ကျွန်မဘ၀ကိုလည်း အလွန်ကရုဏာသက်ခဲ့ကြတယ်၊
နောက်ဆုံးတော့ မိဘနှစ် ပါးဟာ လူယုတ်မာမြင့်အေးရဲ့ ပယောဂကြောင့် ပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတယ်၊ ဒီအချိန်ကစပြီး ကျွန်မဘ၀ဟာ ဒုက္ခငရဲနဲ့ ရင်ဆိုင်ရတော့တာပါပဲ၊ မြင့်အေးဟာ ကျွန်မကို နေ့စဉ် စိတ်ဆင်းရဲအောင် နှိပ်စက်ခဲ့တယ်၊ ရက်စက်ကြမ်းကြုတ်တဲ့ မြင့်အေးရဲ့ ရိုက်နှက်မှု တွေ ကြောင့် ကျွန်မမျက်နှာမှာ ရစရာမရှိအောင် ဒဏ်ရာတွေ ရရှိခဲ့တယ်၊ တစ်ခါတစ်ရံ ကျွန်မဟာ ဒဏ်ရာတွေ ကို သူတစ်ပါးမြင်မှာ ရှက်လွန်းတဲ့အတွက် လူကြားသူကြားထဲ ကိုတောင် မသွားဝံ့ခဲ့ဘူး၊ ကျွန်မဟာ မြင့်အေးနဲ့ နေရတဲ့အချိန်မှာ အရှင်လတ်လတ် ငရဲပြည်ကို ရောက်နေခဲ့ရတယ် ”
ဟု ပြောရင်း စိတ်မကောင်းဟန်ဖြင့် မျက်ရည်များ စီးကျလာ၏ ။
တိမ်ညိုနှင့် သြဘာသည် အိမ်ထောင်ရေး ကံမကောင်းရှာသော သူမ၏ အ ဖြစ်ကို ကြည့်ရင်း ကရုဏာသက်မိလေ၏ ။
တိမ်ညိုက ဆက်လက်၍
“ ဒီလောက်ယုတ်မာကောက်ကျစ်တဲ့လူကို ခင်ဗျား ဆက်မပေါင်းဘဲ ကွားရှင်းဖို့ မကြိုးစားခဲ့ဘူးလား ”
ဟု မေးမြန်းလေ၏ ။
ထိုအခါ မိန်းမလှက
“ ကျွန်မ ဒီလူယုတ်မာနဲ့ ကွာရှင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ သူဟာ ကျွန်မမိ ဘတွေ ထားရစ်ခဲ့တဲ့ အတွင်းပစ္စည်းတွေ မကုန်မချင်း ကျွန်မအနားက မခွာခဲ့ပါဘူး၊ ကျွန်မဆီက ရွှေတွေ လက်ဝတ်ရတနာတွေ ကို နေ့စဉ်ရိုက်နှက်ပြီး တောင်းယူခဲ့တယ်၊ အဲဒါနဲ့ ကျွန်မဟာ ပင်စင်စားကျောင်းဆရာကြီးဆီမှာ လက်ဝတ်ရတနာတွေ ကို အပ်နှံထားခဲ့ရတယ်၊ ဒါပေမဲ့ ဒီလျှို့ဝှက်ချက် ကို လူယုတ်မာမြင့်အေး သိသွားပြီးတဲ့နောက်မှာ ကျောင်းဆရာကြီးကို ရိုက်နှက်ပြီး ပစ္စည်းတွေ အကုန်ယူသွားခဲ့တယ်၊
လူယုတ်မာမြင့်အေးဟာ ယုတ်မာကောက်ကျစ်တဲ့အတွက် ကံကြမ္မာက မျက်နှာသာမပေးတာလား မသိဘူး၊ သူလုပ်သမျှ အလုပ်တွေ ဟာ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်၊ လူယုတ်မာမြင့်အေးဟာ သူ့အလုပ်တွေ ဆုံးရှုံးလေ ကျွန်မကို နှိပ်စက်တာပါပဲ၊ နောက်ဆုံးတော့ မြင့်အေးဟာ ရောင်းချစရာ မကျန်တော့တဲ့အတွက် ကျွန်မတို့ နောက်ဆုံး ပိုင်ဆိုင်တဲ့ ဟော့ဒီအိမ်ကို ပေါင်ပြီး လောင်းကစားလုပ်ခဲ့တယ်၊ နောက်ဆုံးတော့ အိမ်ကို ပြန်မရွေးနိုင်တဲ့ အဆုံးမှာ ကျွန်မကိုထားပြီး အိမ်ကနေ ထွက်ခွာသွားခဲ့တယ်၊ ကြွေးတွေ ပတ်လည်ဝိုင်းနေတဲ့အိမ်ကြီးမှာ ကျွန်မ တစ်ယောက် ပဲ ကျန်ရစ်ခဲ့တယ်၊ ဟော့ဒီအိမ်ကို အပေါင်ခံထားတဲ့လူက မြို့ပေါ်က သူဌေးမကြီး ဒေါ်ငွေရပဲ၊ ဒီနေ့ ည အကြံအစည် မအောင်မြင်တဲ့အတွက် ကျွန်မ အိမ်ကြီးကနေ ဆင်းပေးရတော့မှာ ပေါ့ ”
ဟု မချိတင်ကဲ ဖြစ်ဟန်ဖြင့် ပြောလေ၏ ။
“ အိမ်ပေါ်က ဆင်းပေးရတဲ့ကိစ္စနဲ့ ဒီနေ့ညကိစ္စက ဘာပတ်သတ်လို့လဲ”
ဟု မေးမြန်းလေ၏ ။
ထိုအခါ မိန်းမလှက သက်ပြင်းချ၍
“ ဒီအကြောင်းတွေ ကို ရှင်တို့သိအောင် ရှင်းပြပါ့မယ်၊
သူဌေးမ ဒေါ်ငွေရမှာ ဦးသိန်းကြည်ဆိုတဲ့ ယောက်ျား တစ်ယောက် ရှိတယ်၊ သိန်းကြည်ဟာ ဒေါ်ငွေရထက် အသက်ဆယ်နှစ် လောက်ငယ်တယ်၊ ဒီနေ့ညတော့ ယောက်ျားဆိုးတွေ အကြောင်းပဲ ပြောရတော့မှာ ပဲ၊ သိန်းကြည်ဟာ သူ့ထက်ဆယ်နှစ် လောက်ကြီးတဲ့ ဒေါ်ငွေရကို ငွေမက်ပြီး လက်ထပ်ခဲ့တာပဲ၊ သိန်းကြည်ဟာလည်း ကျွန်မယောက်ျား မြင့်အေးလိုပါပဲ၊ ဒေါ်ငွေရပိုင်တဲ့ စည်းစိမ်ဥစ္စာတွေ ကို နည်းအမျိုးမျိုးနဲ့ သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်၊ သိန်းကြည်ရဲ့ ဆိုးဝါးတဲ့အကျင့် ကတော့ ဒေါ်ငွေရကွယ်ရာမှာ မိန်းမတွေ နဲ့ ဖောက်ပြန်တာပဲ၊ သူဟာ အသက်အရွယ်ကြီးတဲ့ ဒေါ်ငွေရကို ချစ်ခင်နှစ်သက် လို့ ပေါင်းသင်းခဲ့တာမှ မဟုတ်တာ ဒေါ်ငွေရဆီက စည်းစိမ်ဥစ္စာတွေ ကိုရတာ နဲ့ ငယ်ရွယ်တဲ့ မိန်းမတွေ နောက်ကို တကောက်ကောက်လိုက်တော့တာပဲ၊
သူဟာ တစ်ခြားမြို့တွေ ကိုသွားပြီး မိန်းမတွေ နဲ့ ပျော်ပါးတယ်၊ ရွာစဉ်အနှံ့ လှည့်လည်ပြီး စည်းစိမ်ဥစ္စာအားကိုးနဲ့ မိန်းကလေးတွေ ရဲ့ ဘ၀ကို ဖျက်ဆီးတယ် ဒေါ်ငွေရဟာ ယုတ်မာတဲ့ ယောက်ျားကို လက်ပူးလက်ကြမိဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ တဏှာရူးသိန်းကြည်ဟာ ကံကောင်းထောက်မစွာ နဲ့ လွတ်မြောက်နေတယ်၊ ဒေါ်ငွေရဟာ တဏှာရူးသိန်းကြည်ကို နည်းအမျိုးမျိုးနဲ့ ဖျောင်းဖျဖို့ ကြိုးစားခဲ့တယ်၊
ဒါပေမဲ့ သိန်းကြည် ကတော့ ထုံးစံအတိုင်း ရွှေကိုင်းမျက်မှန်ကြီးတပ် ဘန်ကောက်လုံခြည် တရွှမ်းရွှမ်းနဲ့ မိန်းမတွေ နောက်ကို လိုက်နေဆဲပါပဲ၊ ဒေါ်ငွေရဟာ သိန်းကြည်ရဲ့ အ ဖြစ်တွေ ကို လက်ပူးလက်ကြပ်ဖမ်းပြီး ကွာရှင်းဖို့ ကြိုးစားနေတယ်၊ နောက်ဆုံးတော့ သိန်းကြည်ဟာ အရပ်တကာ လှည့်ပြီး မိန်းမတွေ ကို နောက်ပိုးရူးလုပ်ရတာ ငြီးငွေ့လာပုံရတယ်၊ သူဟာ တစ်မြို့တည်းသား ဖြစ်တဲ့ ကျွန်မကို မျက်စိကျပြီး ချည်းကပ်ဖို့ကြိုးစားတယ်၊ ကျွန်မဟာ မြန်မာမိန်းကလေးပီပီ မိန်းမကောင်း ပန်းတစ်ပွင့်ပန်ချင်တဲ့ စိတ်ဓာတ်ရှိသူပါ၊
ဒါကြောင့် ယုတ်မာကောက်ကျစ်တဲ့ တဏှာရူး သိန်းကြည်ကို အကပ်မခံခဲ့ဘူး၊ ဒီအကြောင်းတွေ ကို သူဌေးမ ဒေါ်ငွေရ ရိပ်စားမိသွားတယ်၊ ဒါကြောင့် တစ်နေ့မှာ ဒေါ်ငွေရဟာ ကျွန်မကိုခေါ် ပြီး တိုင်ပင်ဆွေးနွေးခဲ့တယ်၊ ဒေါ်ငွေရရဲ့ အကြံတွေ ကို ကြားလိုက်ရတဲ့အချိန်မှာ အင်မတန် အံ့သြထိတ်လန့်သွားတယ်၊ ဒေါ်ငွေရဟာ သူ့ယောက်ျားရဲ့ ဖောက်ပြန်မှု တွေ ကို လက်ပူးလက်ကြပ် ဖမ်းဆီးချင်တဲ့အတွက် ကျွန်မကို အကူအညီတောင်းတယ်၊
ကျွန်မက သူ့ကို အကူအညီပေးနိုင်ခဲ့ရင် ကျွန်မယောက်ျား ပေါင်နှံခဲ့တဲ့အိမ်ကို မသိမ်းပိုက်ဘဲ ကျွန်မကို ပြန်အပ်မယ်လို့ ပြောခဲ့တယ်၊ ဒါကြောင့် လည်း ကျွန်မက မကြံကောင်း မစည်ရာတွေ ကို ကြံစည်မိခဲ့တာပါ ”
ဟု ရှင်းလင်းပြလေ၏ ။
ထိုအခါ သြဘာက မိန်းမလှ၏ စကားကို သဘောပေါက်ဟန်ဖြင့်
“ ဒါဆိုရင် ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ကျုပ်နားလည်ပြီ ဓါတ်ပုံဆရာနဲ့ လက်ပူးလက်ကြပ် မိဖို့ ကြိုးစားတာ မဟုတ်လား ”
ဟု ပြောလေ၏ ။
ထိုအခါ မိန်းမလှက ခေါင်းညိတ်၍
“ ဟုတ်တယ်၊ မနက်ဖြန်မနက်မှာ ကျွန်မအိပ်ခန်းထဲကို ရောက်နေတဲ့ တဏှာရူးသိန်းကြည် ရဲ့ ဓါတ်ပုံကို ဒေါ်ငွေရလက်ကို အပ်နိုင်ရင် ကျွန်မဟာ ဒီအိမ်ကြီးပေါ်က ဆင်းစရာမလိုဘူး၊ အခု တော့ ကျွန်မရဲ့ အကြံအစည်တွေ မအောင်မြင်တဲ့အတွက် ကျွန်မ ဒီအိမ်ကြီးပေါ်က ဆင်းပေးရ တော့မယ် ”
ဟု စိတ်ထိခိုက်ဟန်ဖြင့် ပြောလေ၏ ။
ထိုအခါ သြဘာက မိန်းမပျိုကို နားလည်းဟန်ဖြင့် ကြည့်၍
“ ယောက်ျားဆိုး တစ်ယောက် ကြောင့် ခင်ဗျားရဲ့ ဘ၀ အတော် ကံဆိုးခဲ့တာပဲ၊ ခင်ဗျားဘ၀ကို ကျုပ်တို့ နားည်စာနာမိပါပြီ၊ တကယ်တော့ ခင်ဗျားဟာ ဆုံးရှုံးသွားတဲ့စည်းစိမ်ဥစ္စာတွေ ကို ပြန်ရမလားဆိုပြီး အရဲ့ စွန့်ပြီး ကြိုးစားခဲ့တာပါ၊ အခုတော့ ကျွန်တော် တို့ရဲ့ ပယောဂကြောင့် ခင်ဗျားရဲ့ အကြံအစည်တွေ မအောင်မြင်ခဲ့ရဘူး ”
ဟု ပြောလေ၏ ။
ထိုအခါ မိန်းမလှက ခေါင်းခါယမ်းလိုက်၍
“ တကယ်တော့ ရှင်တို့ကြောင့် လည်း မဟုတ်ပါဘူး၊ အကောင်းမြင်စိတ်နဲ့ တွေးတောကြည့် ရင်တော့ ဒီကိစ္စဟာ ကျွန်မဘ၀ရဲ့ အမည်းစက်တစ်ခုပဲ၊ ဒီလိုအမည်းစက်ထင်မဲ့ကိစ္စမျိုး ရှင်တို့ကြောင့် မလုပ် ဖြစ်သွားဘူးပေါ့၊ နောက်ပြီးတော့ လူယုတ်မာသိန်းကြည် ကျွန်မအိပ်ခန်းထဲ ရောက်လာရင်လည်း ကျွန်မငှားထားတဲ့ ဓါတ်ပုံဆရာလူပျင်းကြောင့် အောင်မြင်မှာ မဟုတ်ဘူး၊ ဒီလူ အခု ချိန်ထိ အိပ်ပျော်နေတုန်းထင်တယ် ”
ဟု ပြောလေ၏ ။
ထိုအခါ တိမ်ညိုက ရယ်မော၍
“ ဟား ဟား ဟား … ဟုတ်ပါရဲ့ ဗျာ၊ ဒီဓါတ်ပုံဆရာဟာ ကာလနဂါးဝင်စားသလား အောက်မေ့ရတယ် ”
ဟု ပြောလေ၏ ။
ထို့နောက် တိမ်ညိုက တစ်စုံတစ်ရာကို သတိရဟန်ဖြင့်
“ သြော် … ဒါနဲ့ အခုချိန်ထိ ခင်ဗျားနာမည် ကို ကျုပ်တို့ မသိသေးဘူး ”
ဟု ပြောလေ၏ ။
ထိုအခါ မိန်းမလှဟာ သူမ၏ အမည် မှာ မေမေခင် ဖြစ်ကြောင်းပြောကာ ၄င်းတို့နှစ် ဦး၏ အမည် ကိုလည်း မေးမြန်းလေ၏ ။
ထို့ကြောင့် တိမ်ညိုနှင့် သြဘာသည် မိမိတို့၏ အမည် များ ကို ပြောပြ၍ ထိုညက မေမေခင် အိမ်၌ ပင် သော င်တင်လေတော့၏ ။
မုန်တိုင်းကျွန်း | ဆားပုလင်းမင်းအောင်နှင့်ဒေါင်းဧကရီ | ဆုထူးပန် |