Cover

မင်းမြတ်သူရ

မုန်တိုင်းကျွန်း

အကျဉ်းချုပ်

ဂျပန်လက်အောက်ခံဘ၀ မြန်မာနိုင်ငံ… ဒေါက်တာဘမော်အစိုးရလက်ထက်..

မက်ဆိုပိုတေးမီးယား စစ်ပြန် ဂျမဒါစိုးအောင် တစ် ဖြစ်လဲ အင်္ဂလိပ်သူလျှိုတစ်ဦး…

မျိုးချစ်စိတ်ပြင်းထန်ပြီး တိုင်းပြည်ကို ဖက်ဆစ်သားကောင်ဘ၀က လွတ်မြောက်စေလိုသော စေတနာရှိသူ စိုးအောင်၏ ခြေလှမ်းများ က တိကျရဲရင့်သလို ရက်စက်ပြတ်သားသည်မို့ ဂျပန်စစ်ဗိုလ်ချုပ်များ ကို ခြိမ်းခြောက်လာနိုင်ခဲ့သည်….

ထိုအခါ မေဂျာစိုးအောင်ကို ဖမ်းဆီးဖို့ တာဝန်ပေးအပ်ခြင်းခံရသူ အင်စပက်တော် လှမိုးက သူ့ကို သဲကြီးမဲကြီး ခြေရာခံလိုက်သော အခါ….

စက်လှေနှင့် ထွက်အပြေး မုန်တိုင်းကျွန်းဟု နာမည် ရသော ကျွန်းတစ်ကျွန်းပေါ်သို့ လှိုင်းလေနှင့် အတူ မျောပါသွားသည့်နောက်…..

♥ ♥ ♥


၁၉၄၁ ခုနှစ် အကုန်၌ ဂျာမဏီ၊ အီတလီတို့၏ မဟာမိတ်ဂျပန်သည် ဒုတိယကမ္ဘာစစ်ကြီးထဲကို ဝင်ရောက်လာပြီး ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်တို့၏ ကိုလိုနီများ ကို ရက်လပိုင်းလေးအတွင်း၌ ပင် သိမ်းပိုက်နိုင်ခဲ့လေ၏ ။

ဗြိတိန်သျှကိုလိုနီ ဖြစ်နေသော မြန်မာနိုင်ငံကိုလည်း ဗမာလွတ်လပ်ရေး တပ်မတော် ၏ အကူအညီဖြင့် ၆ လ အတွင်း သိမ်းပိုက်နိုင်ခဲ့လေ၏ ။

ဂျပန်တပ်များ မော်လမြိုင်ကို သိမ်းပိုက်ပြီးနောက် မြန်မာ့လွတ်လပ်ရေး ပေးပါမည် ဟု ကြေညာထားေးသ်ာလည်း ကတိမတည်ဘဲ မြန်မာတစ်ပြည်လုံးကို ဖက်ဆစ်စနစ်အောက်သို့ သွတ်သွင်းပစ်ခဲ့၏ ။

အာရှတိုက်သာ တူညီရေး ရာဟု ကြွေးကြော်ပြီး အပြောနှင့် အလုပ်မညီဘဲ မြန်မာ တစ်မျိုးးသားလုံးကို ညှင်းပန်းနှိပ်စက်ခဲ့လေ၏ ။

ဂျပန်တို့သည် ဗြိတိသျှကိုလိုနီများ နှင့် ခြားနားမှု မရှိဘဲ အမ်ဘီကေနှင့် အမ်အက်(စ်)ကေကဲ့သို့ ဂျပန်ကုမ္ပဏီကြီးများ က မြန်မာ့စီးပွားရေး ကို ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့လေ၏ ။

ထိုနောက် ဂျပန်တို့က မြန်မာပြည်ကို အတုအယောင် လွတ်လပ်ရေး ပေးပြီး အဓိပတိ ဒေါက်တာဘမော်ကို စစ်သေနာပတိချုပ် ခန့်အပ်လိုက်လေ၏ ။

ယခုဇာတ်လမ်းသည် ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်၏ ။

♥ ♥ ♥


စိုးအောင်သည် ကမ်းနားလမ်းအတိုင်း လျှောက်လှမ်းလာရင်း စထရင်းဟော်တယ်ရှေ့ကို ရောက်သော အခါ ဂျပန်အရာရှိကြီးများ ကို လက်ချင်းချိတ်ထွက်လာသော မြန်မာမိန်းမချောများ ကို တွေ့ ရလေ၏ ။

ငွေတွေ ဂုဏ်တွေ နောက်လိုက်တဲ့ မြန်မာမတွေ ဒီလိုပါပဲ၊ အင်္ဂလိပ်ခေတ်တုန်းကလည်း မျက်နှာဖြူတွေ ကို လက်ချင်းချိတ်ကြတယ်။

ဟော .. ဂျပန်ခေတ်ရောက်တော့လည်း ဂျပန်တွေ ကို လက်ချင်းချိတ်ပြန်ပြီ။

သူသာအုပ်စိုးသူ အရှင်သခင် ဖြစ်ရင် ဒီမိန်းမတွေ ကို ထောင်သွင်းအကျဉ်းချပစ်မယ်ဟု မဆီအဆိုင်တွေးလိုက်လေ၏ ။

စိုးအောင်သည် ကမ်းနားလမ်းမှ ဘုန်းကြီးလမ်းဘက်သို့ ချိုးကွေ့ပြီး သုံးထပ်တိုက်တစ်တိုက်၏ အပေါ်ဆုံးထပ်သို့ တက်ခဲ့လေ၏ ။

သူသည် သုံးထပ်တိုက်အပေါ်ဆုံးရှိ ခေါင်မိုးထပ်ကို ငှားရမ်းပြီးနေထိုင်ခဲ့၏ ။

သုံးထပ်တိုက်ကြီး၏ ပိုင်ရှင်မှာ မကျင်လွမ်ဆိုသော တရုတ်အမျိုးသမီးတစ်ဦး ဖြစ်၏ ။

မကျင်လွမ်သည် အပျိုကြီး အမည် ခံယူထားသော်လည်း ဘုံကျောင်းရှိ တရုတ်လူငယ်လေး တစ်ယောက် နှင့် တိတ်တခိုး ဖြစ်ဖူးသဖြင့် အပျိုမစစ်ဟု ဆိုကြ၏ ။

သို့သော် မကျင်လွမ် အပျိုစစ်ခြင်းမစစ်ခြင်းသည် မိမိနှင့် မဆိုင်လှချေ။

အရေး ကြီးသည်မှာ မကျင်လွမ် မိမိနှင့် ကင်းကင်းရှင်းရှင်းနေပြီး အလုပ်မှာ ဝင်မရှုပ်ဖို့ပဲ ဖြစ်လေ၏ ။

စိုးအောင်သည် စနေ တနင်္ဂနွေနေ့များ ၌ အဘွားစုရှိသော သံလျင်ဘက်သို့ သွားလည်လေ့ရှိသည်ဟု မကျင်လွမ်ကို သတင်းလွှင့်ထားလေ၏ ။

သို့သော်အ ဖြစ်မှန်မှာ စိုးအောင်၌ သံလျင်ဘက်ရှိ အဘွားလည်း မရှိချေ။

ထို့ကြောင့် သံလျှင်သို့ မည် သည့်အခါ သွားရောက်ခြင်းမရှိဘဲ အင်းစိန်ဘက်ရှိ မိမိလျှို့ဝှက်ငှားရမ်းထားသော အိမ်ကလေး၌ သွားရောက်နေထိုင်လေ၏ ။

စိုးအောင်သည် အင်းစိန်ဘက်၌ ကရင်အိမ်တစ်လုံးကို ငှားရမ်းကာ မိမိကိုယ်မိမိနယ်လှည့်ဆေးရောင်းသမား တစ်ယောက် ဟု အမည် ခံထားလေ။

အင်းစိန်ပတ်ဝန်းကျင်ရှိ ကရင်လူမျိုးများ သည် စိုးအောင်ကို စနေ၊ တနင်္ဂနွေနေ့များ ကလွဲပြီး ကျန်သော နေ့များ တွင် မမြင်ရဘဲ နယ်တကာလှည့်ပြီး ဈေးရောင်းနေသည်ဟု ထင်မြင်ကြလေ၏ ။

ကျန်သော နေ့များ တွင် ဘုန်းကြီးလမ်းနေအိမ်၌ နေထိုင်ခြင်းကို မည် သူမျှရိပ်စားမိခြင်းမရှိချေ။

စိုးအောင်ဘုန်းကြီးလမ်းအိမ်ပေါ်ထပ်သို့ ရောက်သော အခါ မကျင်လွမ်ကို တံခါးဝမှာ ဘွားခနဲတွေ လိုက်ရပြီး

“ ကိုစိုးအောင် ပြန်လာပြီလား ”

ဟုနှုတ်ဆက်လိုက်ရာ စိုးအောင်က စကားမတုံ့ပြန်ဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်လေ၏ ။

သူမ၏ တစ်ရစ်သော ကိုယ်ခန္ဓာပေါ်၌ ပါးလွှာသော ဇာအင်္ကျီနှင့် အနက်ရောင် ပိုးထည်လုံချည်ကို ဝတ်ဆင်ထားလေ၏ ။

မကျင်လွမ်သည် အရာရာကို စူးစမ်းချင်သော စရိုက်ရှိ၏ ။

ထိုစရိုက် ကိုစိုးအောင်အကြောက်ဆုံး ဖြစ်၏ ။

ထို့ကြောင့် သူမနှင့် ရင်းနှီးရန် မကြိုးစားခဲ့ချေ။

စိုးအောင် အပေါ်ဆုံးထပ် လှေခါးဝရောက်သည်အထိ မကျင်လွမ်သူ့နောက်ကိုစူးစိုက်ကြည့်နေလေ၏ ။

♥ ♥ ♥


မကျင်လွမ်သည် တစ်ယောက် တည်းကျန်နေသော အချိန်၌ စိုးအောင်အကြောင်း စဉ်းစားနေလေ၏ ။

စိုးအောင် အဘယ်ကြောင့် သူမကို ရှောင်ဖယ်ဖယ် လုပ်နေသည် မသိချေ။

အမှန်စင်စစ် သူမကဲ့သို့ မိန်းမချောလေး တစ်ယောက် ကို စိုးအောင်ငြင်းဆန်ရန်အကြောင်းမရှိချေ။

မကျင်လွမ်သည် လွန်ခဲ့တဲ့နှစ် က ဘုံကျောင်းရှိ တရုတ်လူငယ်လေးအမိန်းနှင့် ဖြစ်ခဲ့ခြင်းကို သတိရ၏ ။

အမိန်းကြောင့် သူမ၏ ဘဝခဏတာ ပျော်ရွှင်ကြည်နူးမှု ရခဲ့သော်လည်း အမိန်းသည် အချစ်ထက် ဘိန်းကို ပိုမက်သော လူငယ် ဖြစ်သဖြင့် အသည်းနာနာနှင့် ခွဲခွာခဲ့ရလေ၏ ။

ယခုတော့ ဘိန်းစား အမိန်း တစ်ယောက် ငယ်ငယ်ရွယ်ရွယ်နှင့် ငရဲပြည်ကို ရောက်သွားလေပြီ။

ထိုအချိန်ကစပြီး မကျင်လွမ်၏ ဘဝ အထီးကျန် ဖြစ်ခဲ့ရ၏ ။

စိုးအောင်၏ အသက်အရွယ်သည် သူမနှင့် အတိမ်းမယိမ်း ဖြစ်သဖြင့် အမိန်းထက်စာလျှင် ပိုမိုတည်ငြိမ်ရင့်ကျက်မည် ထင်၏ ။

ထို့ကြောင့် စိုးအောင်ကို သူမစိတ်ဝင်စားနေမိ၏ ။

စိုးအောင်ကဲ့သို့ ယောက်ျားပီသသော လူ တစ်ယောက် အတွက် ဆန့်ကျင်ဘက် မိန်းမလှ တစ်ယောက် အနီးမှာ ရှိနေရန် လိုအပ်၏ ။

ထိုမိန်းမသည် သူမ ကိုယ်တိုင်ပင် ဖြစ်မည် ဟု ထင်မြင်၏ ။

ထို့ကြောင့် စိုးအောင် အိပ်ခန်းရှိရာ အခန်းသို့ သူမ ကိုယ်တိုင်ပင် အရဲစွန့်ပြီး တက်သွားလျှင်ကောင်းမည် ဟု တွေးမိ၏ ။

♥ ♥ ♥


မကျင်လွမ်သည် ရှေးဟောင်းမှန်ကြီး၏ ရှေ့၌ သူမကိုယ်သူမကြည့်ပြီး သိမ်သော ခါးနှင့် စွင့်ကားသော တင်ကို မြင်သော အခါရင်ထဲတွင် ကျေနပ်သွားလေ၏ ။

သူမ၏ အလှကို ယောက်ျားသားများ စွဲမက်လောက်၏ ။

စိုးအောင်လည်း ဘာသားနဲ့ ထုထားလို့လဲဟုတွေးကာ အပေါ်ထပ်သို့ တက်ရန် စိတ်အားတက်ကြွသွားလေ၏ ။

စိုးအောင်၏ မျက်လုံးများ သည် တစ်စုံတစ်ရာကို လိုလားတောင့်တနေပုံရသည်ဟုလည်း ထင်မြင်မိလေ၏ ။

ထိုအရာကို သူမ သိမြင်သလိုလည်းရှိ၏ ။

မကျင်လွမ်သည် နောက်ဆုံးတွင် စိုးအောင်၏ ခေါင်မိုးထပ်အခန်းသို့ အရဲစွန့်ပြီး တက်သွားလေ၏ ။

သူမသည် စိုးအောင် အခန်းရှေ့သို့ရောက်သော အခါ အပျိုမလေး တစ်ယောက် ကဲ့သို့ ရင်ခုန်ပြီး တံခါးကို မခေါက်နိုင်ဘဲ ဖြစ်နေလေ၏ ။

အတန်ကြာမှ တံခါးကို ဖြည်းဖြည်းလေးခေါက်လိုက်သော အခါ အထဲမှ တုံ့ပြန်သံထွက်လာလေ၏ ။

“ ဘယ်သူလဲ ”

မကျင်လွမ်က လေသံတီးတိုးနှင့်

“ ကျွန်မပါ၊ မကျင်လွမ်ပါ ”

ဟုဖြေလိုက်၏ ။

ထိုအခါ စိုးအောင်က

“ ကျွန်တော် ရေချိုးရက်တန်းလန်းကြီး ဖြစ်နေလို့ခဏစောင့်ပါ ” ဟု ဖြေသံကြားရ၏ ။

မကျင်လွမ်သည် စိုးအောင်၏ သန်မာထွားကြိုင်းသော ကိုယ်ခန္ဓာကို မြင်ယောင်ပြီး ရမ္မက်စိတ်များ ဆူဝေသွားလေ၏ ။

ထို့ကြောင့် စိုးအောင် တံခါးဖွင့်ခြင်းကို မစောင့်နိုင်တော့ဘဲ သူမကိုယ်ပိုင် အခန်းသော့ ကို ယူပြီး တံခါးကို အလောတကြီး ဖွင့်လိုက်၏ ။

ထိုအခါ အခန်းထဲတွင် မမျှော်လင့်ဘဲမြင်ရသော မြင်ကွင်းကြောင့် မကျင်လွမ်ပါးစပ် အဟောင်းသား ဖြစ်သွား၏ ။

ကိုယ့်မျက်လုံးကို ကိုယ်မယုံနိုင် ဖြစ်သွား၏ ။

စိုးအောင်သည် ခေါင်းတွင် နားကြပ်တစ်ခုကို တပ်ဆင်ထားပြီး ရေဒီယို အသံလွှင့်စက် ရှေ့မှာ ထိုင်နေ၏ ။

မကျင်လွမ်သည် ထိုမြင်ကွင်းကို ကြည့်ပြီး ဂျပန်တို့၏ ဝါဒဖြန့်စာရွက်များ တွင် ပါဝင်သော ရေဒီယို အသံဖမ်းစက်ရှေ့ရှိ သူလျှို တစ်ယောက် ၏ ပုံသဏ္ဍာန်ကို မြင်ယောင်လာ၏ ။

မကျင်လွမ်က

“ အမယ်လေး … ငါသူလျှို တစ်ယောက် ကို အိမ်ငှားလိုက်မိပြီ ”

ဟု အထိတ်တလန့် ရေရွတ်လိုက်၏ ။

မကျင်လွမ်၏ အသံကြောင့် စိုးအောင်သည် အနောက်သို့ လှည့်ကြည့်ပြီး ရုတ်တရက် ခုန်ထလေ၏ ။

မကျင်လွမ်က

“ ဟင် … ရှင် … ရှင်ဟာ သူလျှို … သူလျှိုပဲ ရှင့်ကို … ရှင့်ကို … ”

ဟု အထိတ်တလန့် ရေရွတ်နေစဉ် အနီးကိုစိုးအောင်တိုးကပ်လာပြီး လေသံတီးတိုးဖြင့်

“ ဘာလို့ အလောတကြီး ဝင်လာတာလဲဗျာ၊ ခင်ဗျားကြောင့် ကျုပ်မလုပ်ချင်တဲ့အလုပ်ကို လုပ်ရတော့မယ် ”

ဟုပြောပြီး သူမ၏ ကိုယ်ကို သိုင်းဖက်ကာ ရင်ဘတ်ကို စူးရှသော အရာတစ်ခုဖြင့် ထိုးစိုက်လိုက်လေ၏ ။

မကျင်လွမ်က နာကျင်စွာ အော်ဟစ်လိုက်သော်လည်း သူမ၏ အသံအပြင်သို့ ထွက်မလာခဲ့ချေ။

စိုးအောင်က သူမ၏ ခန္ဓာကိုယ်ကို ထိန်းပြီး ကြမ်းပေါ်သို့ ဖြည်းညှင်းစွာ ချလိုက်ရာ သွေးများ မြင်မကောင်းအောင် ထွက်ကျလာ၏ ။

စိုးအောင်က ထိုမြင်ကွင်းကို စိတ်မသက်သာဟန်ဖြင့် ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်လေ၏ ။

မကျင်လွမ်အခန်းထဲသို့ တစ်မိနစ်လောက် နောက်ကျပြီး ဝင်လာလျှင် ယခုကဲ့သို့ အသက်ပေးစရာမလိုချေ။

ယခုတော့ လူ တစ်ယောက် ၏ အသက်ကို ဖက်ကလေးတစ်ရွက်ကဲ့သို့ နင်းချေလိုက်ရချေပြီ။

စိုးအောင်က မကျင်လွမ်ကို ကြည့်ရင်း

“ ကံစိုးရှာတဲ့မိန်းမပါလား ”

ဟု ရေရွတ်ကာ ရေဒီယို အသံလွှင့်စက် ရှိရာသို့ ပြန်လာပြီး ပို့လက်စ သတင်းကို ဆက်ပို့လေ၏ ။

♥ ♥ ♥


ပျဉ်မနား သစ်တောကျောင်းအနီးရှိ ဂျပန်စစ်တန်းလျားများ နှင့် လက်နက်အင်အား ခန့်မှန်းချက်ကို ရေး ပို့လိုက်ပြီး နောက်သူ၏ ထုံးစံအတိုင်း

“ အမေစု ကျမ်းမာပါစေ ”

ဟု အဆုံးသပ်ကာ သတင်းကို ပိတ်လိုက်လေ၏ ။

ပြီးနောက် ရေဒီယို အသံလွှင့်စက်ကို အိတ်ထဲသို့ ထည့်လိုက်ကာ ခွေခွေလေးလဲကျနေသော မကျင်လွမ်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်၏ ။

သူမသည် ချောမောလှပပြီး ဖြူဖြူဖွေးဖွေးရေဆေးငါးကဲ့သို့ တက်မက်ဖွယ်အတိ ဖြစ်နေသဖြင့် မကျင်လွမ်ကို အရကြံချင်သော ယောက်ျားသားများ မြောက်မြားစွာ ရှိနေနိုင်၏ ။

ထိုယောက်ျားသားများ တွင် မိမိလည်း ပါဝင်နိုင်၏ ။

စိုးအောင်သည် အတွေးဆုံသည်နှင့် မကျင်လွမ်၏ အနီးသို့ တိုးကပ်ကာ အင်္ကျီနှင့် ထဘီကို ဆုတ်ဖြဲလိုက်၏ ။

သူမ၏ ဖြူဖွေးနုအိသော အသားစိုင်များ ပေါ်လာသော အခါ မျက်နှာလွဲပြီး ထိုင်ရာမှ ထရပ်လိုက်လေ၏ ။

ထိုမျှလောက်ဆိုလျှင် ရန်ကုန်ပုလိပ်အဖွဲ့ကို လှည့်စားဖို့ လုံလောက်လေပြီ။

မကျင်လွမ်သည် မိမိကို မြူဆွယ်ရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ရောက်ရှိလာပုံရ၏ ။

သူမ၌ သော့ ပိုတစ်ချောင်းရှိနေခြင်းကို မိမိရိပ်စားမိဖို့ကောင်း၏ ။

စိုးအောင်သည် မိမိကိုယ်မိမိ အပြစ်တင်လိုက်မိ၏ ။

မကျင်လွမ်၏ အလောင်းကို ပုလိပ်အဖွဲ့က စစ်ဆေးပြီးသော အခါ လိင်ဖောက်ပြန်သူတစ်ဦး၏ လက်ချက်ဟု ယူဆပေလိမ့်မည် ။

စိုးအောင်သည် ညအမှော င်လွှမ်းသော အချိန်ကိုစောင့်ပြီး မကျင်လွမ်၏ ဘုန်းကြီးလမ်းအိမ်မှ ထွက်ခွာရန် ဆုံးဖြတ်လိုက်လေ၏ ။

အင်းစိန်ဘက်၌ မိမိငှားရမ်းထားသော အိမ်တစ်လုံးရှိလေ၏ ။

ထိုအိမ်သို့ အမြန်ဆုံး ပြောင်းရွှေ့ပြီး နယ်လှည့်ဆေးဆရာဘဝကို ပြောင်းလဲရမည် ။

ပုလိပ်များ မိမိအနောက်သို့ အလွယ်တကူ သဲလွန်စကောက်ပြီး လိုက်ပါရန် မ ဖြစ်နိုင်ချေ။

အဘယ်ကြောင့် ဆိုသော် အင်းစိန်၌ နေထိုင်သော နယ်လှည့်ဆေးဆရာဘဝနှင့် ရန်ကုန်မြို့လယ်ခေါင်ရှိ ဆန်ကုန်သည် တစ်ယောက် ၏ ဘဝမှာ များ စွာ ခြားနားလှ၏ ။

မည် သို့ပင် ဖြစ်စေ ပုလိပ်အဖွဲ့က သဲလွန်စ မကောက်နိုင်အောင် မိမိအစွမ်းကုန် ကြိုးပမ်းရဦးမည် ။

မကျင်လွမ် ရမ္မက်ဇောကြွပြီး မိမိ၏ ခေါင်းမိုးထပ်သို့ တက်လာခြင်းသည်ပင် မှားယွင်းမှု ဖြစ်၏ ။

ညအမှော င်လွှမ်းလာသော အခါ စိုးအောင်သည် လန်ချားတစ်စီးကို ငှားရမ်းကာ ကွမ်းခြံဘူတာကြီးသို့ ထွက်ခဲ့လေ၏ ။

ကွမ်းခြံဘူတာကြီးမှ အင်းစိန်သို့ မြို့ပတ်ရထားစီးခဲ့လေ၏ ။

♥ ♥ ♥


တစ်နေ့သ၌ ကိုသီဟနှင့် မစိန်ဆင်၏ မင်္ဂလာဆွမ်းကျွေးကို ခြောက်ထပ်ကြီးဘက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ကျင်းပ ဖြစ်ခဲ့၏ ။

သူတို့နှစ် ဦးစလုံး နှစ် ဘက်မိဘဆွေမျိုးမရှိတော့သဖြင့် မစိန်ဆင် ဈေးရောင်းရာ ကျောက်မြောင်းဈေးရှိ ဈေးသူဈေးသား အနည်းငယ်သာ မင်္ဂလာဆွမ်းကျွေးသို့လာရောက်ချီးမြှင့်ကြလေ၏ ။

မစိန်ဆင်သည် မိဘနှစ် ပါး၏ လက်ငုတ် ဖြစ်သော မြန်မာဆေးအရောင်းဆိုင်ကို ကျောက်မြောင်းဈေး၌ ဖွင့်လှစ်ထားပြီး ကိုသီဟ တစ်ယောက် ဆေးဆိုင်သို့ ဈေးလာဝယ်ရင်းဖူးစာဆုံခဲ့ခြင်း ဖြစ်၏ ။

ကိုသီဟ၏ ဇာတိမှာ မြန်မာပြည်အောက်ဖြာ၊ တနင်္သာရီဒေသ ဖြစ်ပြီး ရန်ကုန်မြို့သို့ ကုန်ရောင်းကုန်ဝယ် လာရောက်ရင်း ရေကြည်ရာမြက်နုရာရှာဖွေစားသောက်နေသူ ဖြစ်၏ ။

ကိုသီဟနှင့် မစိန်ဆင်တို့ စုံတွဲ သည် မင်္ဂလာပွဲ ကျင်းပပြီးနောက် ကျောက်မြောင်းရပ်ကွက် မလွှကုန်းလမ်းရှိ ငှားရမ်းထားသော အိမ်လေးကို ပြန်ခဲ့ရာ မစိန်ဆင်နှင့် ရင်းနှီးသော ဈေးသူဈေးသားအချို့က သူတို့အနောက်ကလိုက်ပါပြီး ပျော်ရွှင်စွာ ပို့ဆောင်ကြလေ၏ ။

ဈေးသူဈေးသားများ အနက် ကိုသန်းနိုင်ဆိုသော လူပျိုကြီးက မလွှကုန်းလမ်းရှိ အိမ်ကလေးကိုဦးစွာ ရောက်နှင့် နေပြီး ကိုသီဟနှင့် မစိန်ဆင်တို့စုံတွဲ အားခဲဘိုးငါးကျပ်ပေးမှ အိမ်ထဲသို့ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း ပြောဆိုလေရာ ကျန်သော ဈေးသူဈေးသားများ ကလည်း ပျော်ရွှင်စွာ ထောက်ခံကြလေ၏ ။

ထိုအခါ မစိန်ဆင်က လူပျိုကြီး ကိုသန်းနိုင်ကို မျက်စောင်းထိုးပြီး

“ လူပျိုးကြီးနော်… သူများ စုံတွဲ တွေ ကို မအနှောက်အယှက်ကြပ်ကြပ်လုပ် ကိုယ့်အလှည့်မရောက်ဘဲ ငှက်ပျောတုံးနဲ့ ဖက်နေရမယ် ”

ဟုပြောလိုက်ရာ ဈေးသူဈေးသားများ သည် သဘောကျဟန်ဖြင့် ရယ်မောကြကုန်၏ ။

ကိုသီဟကမူ ညားကာစ အသစ်စက်စက် ချစ်ဇနီးကလေးဖြင့် အေးအေးလူလူနေချင်လှပြီ ဖြစ်သဖြင့် လူပျိုကြီးတောင်းဆိုသော ငွေငါးကျပ်ပင့်ကို မဆစ်ဝံ့တော့ဘဲပေးရန် သဘောတူလိုက်ရာ ဈေးသူဈေးသားများ သည် ပျော်ရွှင်စွာ သြဘာပေးပြီး ကျောက်မြောင်းဈေးသို့ ပြန်သွားလေ၏ ။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မင်းမြတ်သူရ ၏ “ မုန်တိုင်းကျွန်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဆားပုလင်းမင်းအောင်နှင့် သူရိယစန္ဒာဂိုဏ်း

အရိပ်

ကောင်းကင်နှင့်မြေကြီး