ပွဲကျောင်းသားမိုးကောင်း
တစ်နေ့သ၌ မြစ်ဝကျွန်းပေါ်မြို့တစ်မြို့၏ နှစ် ထပ်ပျဉ်းထောင်အိမ်ကြီးပေါ်ရှိ ဝါဆိုသင်္ကန်းကပ်သော အလှူတွင် လူရွယ်ငါးယောက် သည် တစ်ဝိုင်းတည်းထိုင်၍ စားသောက်ရင်း အရှက်ကင်းမဲ့သော နောက်ပိုးရူးများ ပီပီ အလှူရှင်၏ သမီးပျိုလေးအား ထမင်းကို တစ်လုပ်စားလိုက် မျက်တောင်မခတ်တမ်း ငေးမောကြည့်လိုက် လုပ်နေလေ၏ ။
ထိုသို့ ငေးမောကြည့်ရင်း ကိုကိုစိန်ဆိုသော ဆီစက်သူဌေးသားမှာ လက်ဆေးရေထည့်ထားသော ဇလုံကို ဟင်းချို ပန်းကန်အမှတ်နှင့် ခပ်သောက်လိုက်ရာ မိန်းမချောလေးက မျက်စောင်းထိုးလိုက်လေ၏ ။
ထိုအ ဖြစ်ကိုမြင်သော အီဗရာဟင်ဆိုသူ သူဌေးသားက
“ ဟဲ ဟဲ … ဆယ့်နှစ် မျိုးဟင်းချိုက အရသာ အတော် ကောင်းတယ် မှတ်တယ် ”
ဟုလှောင်ပြောင်လိုက်လေ၏ ။
ကိုကိုစိန်သည် အီဗရာဟင်၏ စကားကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး
“ ကောင်းတယ် … ကောင်းတယ်၊ ဆယ့်နှစ် မျိုးဟင်းချိုတင်မကဘူး၊ ဟောဒီက ဝက်သားနီချက်လေးကလည်း အရသာ ကောင်ပါ့ ”
ဟုဆိုကာ အီဗရာဟင်၏ ပန်းကန်ထဲသို့ ဝက်သားတုံးကြီး ခပ်ထည့်လိုက်လိုက်ရာ ဝက်သားကြောက်သော အီဗရာဟင်သည် ပန်းကန်ကိုကိုင်၍ ခုန်ထလိုက်လေ၏ ။
ထိုအခါ ကျောချင်းကပ်၍ စားသောက်နေသော မိန်းမကြီးက
“ ဟဲ့ … သောက်ပလုပ်တုတ် ”
ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်ရာ အလှူအိမ်တွင် စားသောက်နေသူများ သည် ဝါးခနဲ ရယ်မောလိုက်ကြ၏ ။
မိန်းမပျိုအား မျက်လုံးကျွတ်မတတ် ငေးမောကြည့်ရှုနေသော ဂျော်နီဆိုသူ စက်သူဌေးသားမှာ လည်း လွန်စွာ ရှိုးများ သော မောင်မောင်နွေအေး၏ လက်ကိုင်ပဝါကို အလှူအိမ်တွင် ချထားသော လက်သုတ်ပဝါနှင့် မှားသုတ်လိုက်ရာ မောင်မောင်နွေအေးသည် ခုန်ဆွခုန်ဆွ ဖြစ်သွားပြီး
“ တောက် … ဟေ့လူ၊ ဘယ်လိုလုပ်တာလဲ၊ မနေ့ကမှ ရိုးတိုက်ကဝယ်လာတဲ့ လက်ကိုင်ပဝါ၊ သွားပါပြီဗျာ ”
ဟု ညည်းညူလိုက်လေ၏ ။
ဘာဂျာလွန်စွာ အမှု တ်ကောင်းသော ဘာဂျာတင်လှဟု အမည် တွင် သော စက်သူဌေးသားမှာ လည်း ပူလောင်နေသော ကော်ဖီပန်းကန်အား မော့သောက်လိုက်ပြီး ဖွီးခနဲ ထွေးထုတ်လိုက်ရာ ဆီစက်သူဌေးသား ကိုကိုစိန်၏ ကိုယ်ပေါ်သို့ ကျပြီး
“ အမလေးဗျာ ”
ဟုထအော်လေ၏ ။
မိန်းမချောလေးသည် နောက်ပိုးရူးများ ကိုကြည့်၍ စိတ်မချမ်မြေ့ခြင်း ဖြစ်ရရှာ၏ ။ သူဌေးသား အီဗရာဟင်က
“ ကြက်သားဟင်းက မာလာ့လက်ရာမို့ ထင်တယ်၊ စားရတာ အရသာရှိလိုက်တာ၊ ကိုကိုဟင်တို့ ကတော့ ဒီလို လက်ရာမျိုးကို တစ်သက်လုံးစားချင်တယ် ”
ဟုရိသဲ့သဲ့ ပြောလေ၏ ။
ထိုအခါ အီဗရာဟင်ကို ကြည့်မရသော ဆီစက်သူဌေးသား ကိုကိုစိန်က
“ တစ်သက်လုံးစားချင်ရင် မခက်ပါဘူးဗျာ၊ မြို့လယ်ကဒေါ်ပွကြီးဆိုင်မှာ ဒီလိုလက်ရာမျိုး ရနိုင်တာပဲ၊ ဒေါ်ပွကြီး မသေမချင်း ခင်ဗျား သွားစားနိုင်တယ်၊ ဒါနဲ့မှ မကျေနပ်ရင် ဒေါ်ပွကြီးသမီး ဘုတ်ဆုံမကြီးကို ယူထားလိုက် ”
ဟု ဝင်ရောက်ပြောဆိုလေရာ အီဗရာဟင်သည် မျက်နှာရှုံ့မဲ့သွားပြီး
“ ဘာလို့ ယူရမှာ လဲ၊ ခင်ဗျား ယူလိုက်ပါလား ”
ဟု မကျေမနပ် ပြောဆိုလေ၏ ။
တစ်ဝိုင်းတည်းတွင် ထိုင်၍ စားသောက်နေသော မောင်မောင်နွေအေးကလည်း
“ အချိုပွဲမှာ ကျွေးတဲ့ ဆနွမ်းမကင်းလေးက အရသာ ရှိပါ့၊ မာလာ့လက်ရာမို့လို့နဲ့တူတယ်၊ စားလို့ကောင်းလိုက်တာ၊ စကားစပ်လို့ ပြောရဦးမယ်၊ ကျုပ်အဖေက ဆနွမ်းမကင်းသိပ်ကြိုက်လို့ ကျုပ်ကို မှာ ထားတောင်ရှိတယ်၊ သားရေ … မိန်းမယူရင်တော့ ဆနွမ်းမကင်းကောင်းကောင်းဖုတ်တတ်တဲ့ မိန်းမကို ရှာယူပါတဲ့”
ဟု အရှက်မရှိ ဝင်ရောက်ပြောဆိုလေ၏ ။
မာလာသည်စိတ်ကျဉ်းကြပ်လှသဖြင့် တဏှာရူးများ ၏ ရှေ့မှာ လွတ်မြောက်ရန် နည်းလမ်းကို ရှာကြံနေမိ၏ ။
ထိုအခါ ဘိုရူးရူးနေသော သူဌေးသားဂျော်နီကလည်း
“ အိုင် ကတော့ ဘိုစာတွေ စားရပါများ တော့ မြန်မာစာစားရတာ ခံတွင်းသိပ်မတွေ့ ဘူး၊ ဒါပေမယ့် မာလာကျွေးတဲ့ ဘရိတ်ဖတ် ကတော့ ဗဲရီးဂွတ်ပဲ၊ ငါးပိထဲမှာ ငါးကင်းနဲ့ မွှေးနေတယ်၊ ပုစွန်ခြောက်တွေ ကလည်းနိုင်းချင်းထည့်ထားတယ်၊ ငရုတ်သီးစိမ်းတွေ နံနံပင်တွေ လည်း အများ ကြီးပါတယ် ”
ဟု ဝင်ရောက်ပြောဆိုပြန်၏ ။
ဆီစက်သူဌေးသား ကိုကိုစိန်ကလည်း အားကျမခံဝင်၍
“ ကျုပ် ကတော့ မာလာဖျော်တဲ့ ကော်ဖီကိုပဲ ချီးမွမ်းချင်တယ်၊ တောကြိုက်ချိုချိုကြီးလည်းမဟုတ်ဘူး၊ နို့စိမ်းနံ့မွှေးမွေးနဲ့ ချိုခါးလေး၊ ဒီလိုလက်ရာမျိုးကို ညအိပ်ရာဝင်တိုင်း သောက်ခွင့်ရရင် သိကြားမင်း စည်းစိမ်နဲ့တောင် မလဲနိုင်ဘူး ”
ဟု မျက်နှာပြောင်ပြောင်နှင့် ဝင်ရောက်ချီးမွမ်းပြန်၏ ။
ထိုအခါ ဘာဂျာတင်လှဆိုသော သူဌေးသားသည် ချီးမွမ်းစရာ ဟင်းလျားများ မကျန်တော့သဖြင့် ခေါင်းကုတ် လိုက်ပြီး
“ ဟဲ ဟဲ … ကျုပ် ကတော့ မာလာ့လက်ရာကို တစ်ခုချင်းကွက်မချီးမွမ်းချင်ဘူး၊ ချက်သမျှဟင်းတွေ အားလုံးနဲ့ အချိုမှု န့်တွေ ရာ၊ ကော်ဖီပါမကျန် အားလုံးကောင်းတယ်၊ ဒါကြောင့် မာလာ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘာဂျာမှု တ်ပြပါရစေ”
ဟုဆိုကာ သူ၏ ဘာဂျာကိုထုတ်၍ မှု တ်မည့် ဟန်ပြင်လေရာ မာလာသည် လွန်စွာ စိတ်ညစ်သွားပြီး
“ အို … မမှု တ်ပါနဲ့ရှင်၊ နားမထောင်ချင်ပါဘူး ”
ဟု ငြင်းဆိုလိုက်လေ၏ ။
ကျန်သော သူဌေးသား မျက်နှာရူးကလည်း
“ တော် ပါတော့၊ တန်ပါတော့၊ ကျုပ်တို့ နားမခံနိုင်ဘူးဗျို့၊ ကိုယ့်ဘာသာ လယ်ကွင်းထဲမှာ သွားမှု တ်ပါ ”
စသည့်ဖြင့် ချီးမွမ်းထောပနာပြုကြလေရာ ဘာဂျာ တင်လှလည်း မကျေမနပ် ဖြစ်သွားပြီး
“ ဘာလဲ … ခင်ဗျားတို့က ကျုပ်ဘာဂျာကို အထင်သေးတာလား၊ မာလာသာ ဘာဂျာသံကို နားထောင်ပြီးရင် ကိုတင်လှရယ်၊ ကျွန်မကို ညတိုင်း ဘာဂျာလာမှု တ်ပြပါလို့ တောင်းပန်လိမ့်မယ် ”
ဟုပြောလေရာ သူဌေးသား မျက်နှာရူးများ သည် ဝါးခနဲ ရယ်မောလိုက်လေ၏ ။
မာလာဆိုသော မိန်းကလေးသည် အိမ်ရှင်က ဧည့်သည်ကို သည်းခံရမည် ဟူသော စကားရှိသည့်အတိုင်း တတ်နိုင်သရွေ့ သည်းခံပြီးနောက် သည်းမခံနိုင်သည့်အဆုံး မီးဖိုဆောင်သို့ ခပ်သုတ်သုတ် ထွက်ခဲ့လေ၏ ။
ထိုအခါ မီးဖိုဆောင်ထဲတွင် မဆေးရသေးသော ပန်းကန်များ ကို တွေ့ ရသဖြင့် ဝမ်းသားအားရ ဆေးကြေားနေမိ၏ ။
ထိုအခိုက်မှာ ပင် အနီးသို့ သူမ၏ မိခင် ဒေါ်ခင်လှ ရောက်ရှိလာပြီး
“ ဟဲ့သမီး၊ ညည်းကို ဧည့်သည်တွေ ဧည့်ခံခိုင်းထားတာ၊ ဒီမှာ လာပြီး ပန်းကန်ဆေးနေရသလား၊ ကိုကိုစိန်တို့ အီဗရာဟင်တို့ကို အားနာစရာဟယ် ”
ဟု ကြိမ်းမောင်းလိုက်လေရာ မာလာက မျက်နှာကိုရှုံ့မဲ့၍
“ လူတွေ အားလုံး တစ်စက်ကလေးမှ အရှက်ရှိတဲ့ သူတွေ မဟုတ်ဘူး၊ မျက်နှာရူးတွေ အမေ၊ သမီးကို တစ်ချိန်လုံး ရိသဲ့သဲ့ ပြောနေကြတယ် ”
ဟုပြောလေရာ ဒေါ်ခင်လှက ခါးထောက်၍
“ ဟဲ့ … လူပျိုနဲ့ အပျို၊ ဒီလောက်တော့ရှိမှာ ပေါ့၊ ဒါများ ညည်းက နားစရာလားအေ့၊ သူတို့အားလုံး သူဌေးသား၊ ပိုက်ဆံဝါလားတွေ ပဲ၊ ဒီမြို့ကကောင်မတွေ ဆို သူတို့ရိသဲ့သဲ့ ပြောတာခံချင်လွန်းလို့ ”
ဟုဆိုလိုက်ရာ အနီးရှိ မိန်းကလေးများ က ဆူညံစွာ ဖြင့်
“ အမလေး … ကျွန်မတို့ မခံချင်ပါဘူးနော်၊ အဒေါ်သာခံချင်ရင်သွားခံ ”
ဟု ကတ်ကတ်လန်အောင် ပြန်လည် ပြောဆိုလေ၏ ။
ဒေါ်ခင်လှကြီးသည် မိန်းမပျိုများ နှင့် စကားတုံ့ပြန် မပြောဆိုတော့ဘဲ
“ တော် စမ်းပါအေ၊ ညည်းတို့နဲ့ပြောရတာ လေကုန် တယ်၊ ကဲ … သမီး၊ မျက်နှာကို ပေါင်ဒါလေးနည်းနည်း ပွတ်ပြီး ဧည့်ခန်းထဲကို အမေနဲ့ လိုက်ခဲ့ပါဦး”
ဟု ဆိုသဖြင့် မာလာက စိတ်ညစ်ညူးဟန်ဖြင့်
“ တော် ပါပြီ အမေရယ်၊ ဒီမျက်နှာရူးတွေ ကို ကျွန်မဧည့်မခံချင်တော့ဘူး ”
ဟုငြင်းဆိုလေ၏ ။ ဒေါ်ခင်လှက ခေါင်းခါ၍
“ ဒီကောင်တွေ ကို ဧည့်ခံစရာမလိုတော့ပါဘူး၊ စက်သူဌေးနဲ့ အဖော်လိုက်လာတဲ့ မြို့ပိုင်ဦးမြဘူးနဲ့ သမီးကို မိတ်ဆက်ပေးမလို့ပါ ”
ဟု ဆိုသဖြင့် မာလာသည် မိခင်၏ ဆန္ဒကို မလွန်ဆန်ဝံ့ဘဲ အိပ်ခန်းထဲသို့ ဝင်၍ မျက်နှာကို ပေါင်ဒါပွတ်လေ၏ ။
တစ်ရစ်သော ခန္ဓာကိုယ်အလှကို ပေါ်လွင်စေရန် စူရတီလုံချည်ကို ခပ်တင်းတင်းဝတ်လေ၏ ။ သူမ၏ မိခင်သည် မြို့အုပ်၊ အရေး ပိုင်စသော ရာထူး၊ ဂုဏ်ထူးများ ကို လွန်စွာ အထင်ကြီးသူ ဖြစ်၏ ။
ဒေါ်ခင်လှသည် သမီး ဖြစ်သူ၏ ခန္ဓာကိုယ်နောက်ပိုင်းကို ကြည့်၍ ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏ ။
ခါးသေးရင်ချီ၊ ပဒုမ္မာနီ ဖြစ်နေသော သူမ၏ သမီးကို မြို့ပိုင်မင်း သဘောမကျလျှင် မြို့ပိုင်မင်းသည် ငါးကြော် မကြိုက်သော ကြောင်မိုက်ပင် ဖြစ်ပေလိမ့်မည် ။
ယနေ့အလှူပွဲတွင် သမီးကညာ အခါမလင့်စေနှင့် ဆိုသည့် စကားရှိသည့်အတိုင်း အရွယ်ရောက်နေပြီ ဖြစ်သော သမီးငယ်အား ပွဲထုတ်ရန် ပြင်ဆင်နေမိ၏ ။
မာလာသည် မိခင်၏ နောက်သို့ ယို့ယို့လေး လိုက်ပါသွားပြီး အိမ်ဦးခန်းတွင် အကျအနထိုင်နေသော မြို့ပိုင်ဦးမြဘူးနှင့် တွေ့ ရလေ၏ ။
ဦးမြဘူးသည် အသက်(၄၀) ကျော်ခန့်ရှိပြီး နဖူးပြောင်နေသော်လည်း လွန်စွာ ဂိုင်ဆိုက်ထုတ်သူ ဖြစ်၏ ။
ဘိုကေကိုပြောင်နေအောင် ကော်စမစ်တစ်နှင့် ဖီး၍ မျက်နှာကို ဟေဇလင်စနိုး လူးထားလေ၏ ။ ယောက်ျားတန်မဲ့ တစ်ကိုယ်လုံး အနှံ့ ရေမွှေးများ လည်း ဖြန်းထား၏ ။
ဦးမြဘူးသည် မာလာကိုမြင်သည်နှင့် ဂေါ်ရင်ဂျီကုလားများ ကဲ့သို့ အငမ်းမရကြည့်ကာ
“ အဒေါ့်သမီးကို ဒီလောက်ချောမယ် မထင်ဘူးဗျာ၊ ကြည့်စမ်းပါဦး၊ ဓာတ်ရှင်မင်းသမီးရှုံးလောက်တယ်၊ ရုပ်ရည်ရူပကာ ကတော့ မင်းကတော် ၊ စိုးကတော် ဖြစ်မှ တင့်တယ့်မယ့်ရုပ်မျိုး ”
ဟု ချီးမွမ်းခန်းဖွံ့လိုက်ရာ ဒေါ်ခင်လှကြီးသည် သဘောခွေ့သွားပြီး မြို့ပိုင်မင်း၏ မျက်နှာကို အဓိပ္ပာယ်ပါပါ ကြည့်၍
“ အဒေါ်သမီးလေး လင်ကောင်းသားကောင်းရဖို့ ကတော့ မြို့ပိုင်မင်းတို့ကိုပဲ အားကိုးရမှာ ပဲ ”
ဟုပြောလိုက်လေ၏ ။ မြို့ပိုင် ဦးမြဘူးကလည်း မျက်နှာရူးပီပီ တဟီးဟီး တဟဲဟဲနှင့် သဘောကျဟန်ပြု၍
“ အားကိုးပါဗျာ၊ အားကိုးပါ ”
ဟု ပြောလိုက်လေတော့၏ ။
ထိုနေ့မှစ၍ ဦးမြဘူးသည် မာလာတို့အိမ်သို့ ချောင်းပေါက်မတတ် ရောက်အောင်လာလေ့ရှိ၏ ။
ရောက်သည့်အချိန်တိုင်းတွင် လက်ချည်းသက်သက် မဟုတ်ဘဲ ရွှေဘိုသနပ်ခါးတုံး၊ ပေါင်ဒါ၊ ရေမွှေး၊ ပဒုမ္မာ ပိတ်စ၊၊ စုရတီ လုံချည်စသော မိန်းမအသုံးအဆောင်များ ကို လက်ဆောင်အ ဖြစ် ဝယ်ယူလာလေ့ရှိ၏ ။
မြို့အုပ် အရေး ပိုင်စသော ရာထူးဂုဏ်သိမ်တို့ကို မက်မောသော ဒေါ်ခင်လှကြီးသည် လွန်စွာ ကျေနပ်နေလေ၏ ။
မြို့ပိုင်ဦးမြဘူးသည် တစ်ပတ်ခန့် ချောင်းပေါက်အောင် လာပြီးနောက် မာလာ့ကို ချစ်မြတ်နိုးကြောင်း ဒေါ်ခင်လှကြီးကို ခွင့်ပန်လေ၏ ။ ဒေါ်ခင်လှကြီးက ဟန်ကြီးတခွဲသားဖြင့်
“ သမီးဆန္ဒကို မေးမြန်းကြည့်ပါဦးမယ် ”
ဟုဖြေလိုက်လေ၏ ။
မာလာကမူ ဦးမြဘူး၏ အသားမည်းမည်း၊ နဖူးပြောင်ပြောင်ရုပ်ကြီးကိုကြည့်၍ မည် သို့ မျှ ချစ်ခင်ဟန်မပြဘဲ
“ အမေရယ် … ဒီလူကြီးကို ကျွန်မ ဘယ်လိုမှ ချစ်ကြည့်လို့မရဘူး၊ အသက်ကလည်း အဖေအရွယ်လောက်ရှိတယ်၊ ရုပ်ကလည်း ဆိုးတယ်၊ ကျွန်မ သူ့ကို ယူဖို့မပြောနဲ့၊ အနားကပ်ရင်တောင် မသတီဘူး ”
ဟုငြင်းဆန်လေရာ ဒေါ်ခင်လှကြီးက မကျေမချမ်း ပြစ်သွားပြီး
“ ဟဲ့ … အသက်ကြီးတာ ဘာ ဖြစ်သေးလဲ၊ ကြီးရင်မှီ ငယ်ချီဆိုတဲ့ စကားရှိတာပဲ၊ နောက်ပြီး ယောက်ျားပဉ္ဇင်း၊ မိန်မပုခက်တွင် ဆိုတဲ့စကားကို ဘယ်သွားထားမလဲ၊ ရုပ်ရည်ရူမကာကို မမက်စမ်းပါနဲ့၊ ရုပ်ရည်ဆိုတာ အရေပြား တစ်ထောက်ပဲ ရှိပါတယ်၊ အရေး ကြီးတာက ငါ့သမီး တစ်သက်လုံး တင့်တောင့်တင့်တယ် နေရဖို့ပဲ ”
ဟု နားချလေ၏ ။
မာလာကမူ မိခင်၏ စကားကို နားဝင်ဟန်မရှိဘဲ
“ ဒီလူကြီးကိုတော့ သမီး မယူပါရစေနဲ့၊ သူနဲ့သာ အတူနေရရင် သမီးတစ်သက်လုံး ငရဲကျတာထက်ဆိုး လိမ့်မယ် ”
ဟု ငြင်းဆန်ပြန်၏ ။
၎င်းတိုး၏ စကားကို နားထောင်နေသော မာလာ၏ ဖခင်ကြီးက ရိုးသားသူပီပီ
“ သမီ သဘောမတူရင်လည်း ဇွတ်အတင်းမတိုက်တွန်းပါနဲ့ကွာ ”
ဟု ဝင်ရောက်ပြောဆိုလေရာ ဒေါ်ခင်လှကြီးသည် ယောက်ျားကို သြဇာညောင်းသူပီပီ ခါးထောက်၍
“ ဒီမှာ ကိုထွန်းလှ၊ ရှင် ဘာနားလည်လို့လဲ ဝင်ပြောနေရတာ လဲ၊ အခု ကျွန်မတို့အိမ်ကို ဖုတ်သွင်းရထားဆိုက်တာရှင့်၊ မြို့ပိုင်ဦးမြဘူးလို့လူမျိုးကို ရှင့်သမီးကငြင်းတာ အံ့ပါရဲ့ ရှင်၊ ကျွန်မနဲ့ နေရာချင်း လဲလိုက်ချင်တယ်၊ ဒီကောင်မက ဇိကုပ်ပြီး နတ်ပြည်တင်ပေးတာကို မြင့်တယ်ဆိုပြီး ခုန်ချချင်တဲ့မိန်းမ၊ ဒီမှာ မာလာ။ ငါရှင်းရှင်းပဲ ပြောမယ်၊ ညည်း ဦးမြဘူးကို ယူကိုယူရမယ်၊ လာမယ့် လဲထဲမှာ မင်္ဂလာရက်သတ်မှတ်ပြီးပြီ ”
ဟုပြောလိုက်လေတော့၏ ။
မာလာသည် မိခင်စကားကြောင့် ရှိုက်ကြီးတငင် ငိုယိုလေတော့၏ ။
သူမဘဝသည် လွန်စွာ ရုပ်ဆိုးအကျည်းတန်ပြီး မိန်းမနောက်ပိုးသန်လှသော ဦးမြဘူး၏ လက်တွင် အဆုံးသတ်ရပေတော့မည် ။ ဤလူကြီးနှင့် တစ်သက်လုံး အတူနေထိုင်လျှင် သူမ မည် သို့ မျှ စိတ်ချမ်းသာ ပျော်ရွှင်လိမ့်မည် မဟုတ်ပေ။
ဤမြို့မှ မိဘများ မသိအောင် ထွက်ပြေးချင်စိတ်များ ပင် ဖြစ်ပေါ်လာမိ၏ ။
သို့ သော် မြို့နှင့် အနီးအနား အရပ်ဒေသများ မှအပ မည် သည့်အရပ်ကိုမျှ မရောက်ဖူးသဖြင့် အခက်အခဲတွေ့ နေရှာ၏ ။
မြို့ပိုင်ဦးမြဘူးသည် မကြခဏ ခရီးထွက်နေလေ့ရှိပြီး ခရီးထွက်ရာမှ ပြနလာသည့်အခါတိုင်း မာလာတို့ အိမ်သို့ ဝင်၍ ဒေါ်ခင်လှကြီးအား လက်ဆောင်ပစ္စည်းများ ပေးကမ်းခြင်း၊ မာလာအား သူ့ဘက်ပါအောင် နူးနှပ်ခြင်း စသည့် အပြုအမူများ ကို မျက်နှာရူးပီပီ ပြောင်ပြောင်ကြီး လုပ်ဆောင်နေတော့၏ ။
ဦးမြဘူးသည် မာလာ၏ မိဘများ က သဘောတူကြည့်ဖြူသည့်ဆိုသဖြင့် တဖြည်းဖြည်း ပိုမိုအတင့်ရဲသော အပြုအမူများ ကို လုပ်ဆောင်လာလေ၏ ။
တစ်နေ့သ၌ မာလာသည် မိဘနှစ် ပါးမရှိခိုက် မီးဖိုဆောင်တွင် ထမင်းအိုးတည်နေစဉ် ဦးမြဘူး မမျှော်လင့်ဘဲ ရောက်လာသဖြင့် လန့်ဖျပ်သွားပြီးလျှင်
“ အမေတို့မရှိဘူး ဦးမြဘူး၊ အိမ်ရှေ့မှာ သွားထိုင်ပါ ”
ဟုပြောလိုက်ရာ ဦးမြဘူးက တဟဲဟဲ ရယ်မော၍
“ ကိုကိုမြက မိဘတွေ နဲ့တွေ့ ချင်တာမဟုတ်ဘူး၊ ဟောဒီက မာလာလေးနဲ့ စကားပြောချင်တာ ”
ဟုဆိုကာ မာလာ၏ ပခုံးအား ကိုင်လေ၏ ။ မာလာကရုန်းကန်၍
“ ဦးမြဘူးလွှတ်ပါ၊ ကျွန်မကို မထိနဲ့နော် ”
ဟုတီးတိုးပြောလေ၏ ။
ဦးမြဘူးသည် တစ်အိမ်လုံးတွင် နှစ် ယောက် တည်း ရှိသည်ဆိုသဖြင့် စိတ်မိုက်စိတ်ရိုင်းများ ဝင်လာဟန်ရှိပြီး မာလာကို အတင်းဖက်၍ နမ်းရှုံ့ရန် ကြိုးစားလေ၏ ။
မာလာသည် ခေါင်းကို အနောက်သို့ တိမ်း၍ ရှောင်တိမ်းလေ၏ ။ ထိုအခိုက်မှာ ပင် ဦးမြဘူးသည် မာလာအား ကြမ်းပြင်ပေါ်သို့ လှဲလိုက်၏ ။
မာလာလဲကျသွားသော အခါ အပေါ်မှဖိ၍ မတော် မတရား ပြုကျင့်ရန် ကြိုးစားလေ၏ ။
မာလာသည် ခွန်အားရှိသမျှ ရုန်းကန်၍
“ ခွေးကြီး … လွှတ် … လွှတ်နော်၊ ကျွန်မအသားကို မထိနဲ့၊ အမေတို့လာရင် တိုင်ပြောမယ် ”
ဟုအော်ဟစ်ပြောဆိုလိုက်ရာ ဦးမြဘူးက တဟားဟားရယ်မော၍
“ ဟား ဟား ဟား … တိုင်လိုက်လေ၊ ပိုတောင် ကောင်းသေးတယ်၊ မင်္ဂလာရက်ကို အမြန်ဆုံးသတ်မှတ်ပြီးသား ဖြစ်သွားတာပေါ့ မာလာရယ်၊ လိမ္မာစမ်းပါ၊ မင်းနဲ့ငါဟာ မကြာခင် လက်ထပ်ရတော့မှာ ပါ ”
ဟုပြောဆိုရင်း သူမ၏ အဝတ်အစားများ ကို ချွတ်ရန်ကြိုးစားလေ၏ ။
မာလာသည် ရုန်း၍ မရသည့်အဆုံးတွင် အနီးရှိ ထင်းတုံးကြီးကို ဆုပ်ကိုင်လိုက်ရင်း ဦးမြဘူးကို ရိုက်နှက်လေ၏ ။ သို့သော် ဦးမြဘူးက ထင်းတုံးကိုလုယူ၍ နောက်သို့ ပစ်လိုက်ရာ ထင်းတုံးသည် အရှိန်လွန်၍ ပန်းကန်စင်ပေါ်သို့ ကျပြီး ပန်းကန်မျာကျကွဲလေ၏ ။
ထိုအခါမှပင် အိမ်နီးချင်းမိန်းမကြီးသည် အိပ်ပျော်နေရာမှလန့်နိုးပြီး
“ မာလာ … ညည်တို့အိမ်မှာ ဘာ ဖြစ်တာလဲ၊ ဆူညံနေတာပဲ၊ ငါအိပ်နေရာက လန့်တောင်နိုးတယ် ”
ဟုဆိုကာ မာလာတို့ခြံဝင်းထဲသို့ ကူးသန်းလာသဖြင့် ဦးမြဘူးသည် ကမန်းကတန်း အိမ်ရှေ့သို့ ထွက်ကာ ခပ်သုတ်သုတ်ပြေးလေတော့၏ ။
မာလာသည် ရှိုက်ကြီးတငင် ငိုယို၍ ကျန်ရစ်ခဲ့ရှာ၏ ။ စိတ်သဘောထားယုတ်မာရိုင်းစိုင်းသော ဦးမြဘူးကို ပိုမိုရွံရှာသွားလေ၏ ။
သူမ၏ မိခင် ပြန်ရောက်လာသော အခါ ဦးမြဘူး၏ ယုတ်မာပုံကို တိုင်ကြားလေရာ ဒေါ်ခင်လှက ရယ်မော၍
“ မြို့ပိုင်မင်းက သမီးကိုချစ်လို့ ကျီစားတာနဲ့တူပါတယ် ကွယ်၊ စိတ်မဆိုးပါနဲ့၊ ငါ့သမီးကလည်း မြို့ပိုင်မင်းကို တက်နိုင်သမျှ သည်းခံကွယ့်၊ မကြာမီခင်က မြို့ပိုင်ကတော် ဖြစ်တော့မှာ ပဲ၊ ဟော … သမီးမြို့ပိုင်ကတော် ဖြစ်ရင် အမေတို့လည်း ဂုဏ်တက်တာပေါ့ ”
ဟုပြောဆိုလေရာ မာလာသည် ငွေနှင့် ဂုဏ်ကို လွန်စွာ မက်မောသော မိခင်ကို စိတ်ပျက်ကြီး ပျက်သွားလေ၏ ။
ထိုရက်ပိုင်းအတွင် အရှက်မရှိသော ဦးမြဘူးသည် အိမ်သို့ မကြာခဏလာရောက်၍ မင်္ဂလာကိစ္စကို တိုင်ပင်ဆွေးနွေးလေ၏ ။
အနီးအနားရှိ ခရိုင်မြို့ကြီးတစ်မြို့သို့ သွား၍ မင်္ဂလာခန်းဝင်ပစ္စည်းများ ကို ဝယ်ယူလေ၏ ။
မင်္ဂလာဖိတ်စာများ ကိုလည်း ရိုက်နှိပ်လေ၏ ။ မင်္ဂလာဆောင်တွင် ဒန်ပေါက်ထမင်းနှင့် ကြက်သားဟင်းကျွေးရန် ဒေါ်ခင်လှကြီးက အဆိုပြုလေ၏ ။
ဦးမြဘူးက ဒေါ်ခင်လှစိတ်ကြိုက် ပြုလုပ်ရန် ခွင့်ပြုလိုက်လေ၏ ။ မာလာသည် ထိုရက်ပိုင်းအတွင် တစ်ငိုတည်းသာ ငိုနေရ၏ ။ ငိုရလွန်းသဖြင့် မျက်ရည်များ ပင် ခန်းခြောက်လှပြီ ဖြစ်၏ ။
သူမသည် စိတ်ညစ်လွန်းသဖြင့် မိမိကိုယ်မိမိ သတ်သေရန်ပင် ကြံစည်မိ၏ ။ သို့ သော် အဖန်ငါးရားငါးကမ္ဘာကို ကြောက်ရွံ့သည်ကတစ်ကြောင်း၊ သတ်သေရန် သတ္တိမရှိသည်က တစ်ကြောင်းကြောင့် မကြံစည်ဝံ့ဘဲ ရှိနေ၏ ။
နောက်ဆုံးတွင် ဘရားမှတစ်ပါး အားကိုးရာမရှိဟူသော အတွေးဖြင့် ဘုရားစင်ရှေ့တွင် သာထိုင်၍ မချစ်မနှစ်သက် သော ဦးမြဘူးနှင့် ဝေးရန် ဆုတောင်းနေမိ၏ ။
မြို့သူမြို့သားများ သည် မာလာအား ကရုဏာသက်သော်လည်း မြို့ပိုင်မင်းဟူသော ဂုဏ်ပုဒ်ကြောင့် မာလာအား ကံထူးပါပေတယ်ဟု ချီးမွမ်းအားကျကြလေ၏ ။
မင်္ဂလာရက်နီးလာသော အခါ ဟင်္သာတမြို့မှ စက်ချုပ်အကျော်အမော်များ သည် မာလာထံသို့ လာ၍ သတို့သမီးဝတ်စုံချုပ်ရန် ကိုယ်တိုင်းယူလေ၏ ။
မာလာသည် အရုပ်တစ်ရုပ်ကဲ့သို့ အသက်မပါဘဲ ရှိလေ၏ ။ သတို့သမီးဝတ်စုံချုပ်ပြီးသော အခါ မာလာတို့အိမ်ရှေ့တွင် မင်္ဂလာမဏ္ဍပ်ကြီးတစ်ခုကို မြို့ခံလူငယ်များ က လာရောက်ဆောက်လုပ်ပေးကြ၏ ။
မာလာသည် ထိုရက်ပိုင်းအတွင်း ဘုးရားနှင့် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များ ကို တိုင်တည်၍ ဒုက္ခဆင်းရဲမှ လွတ်မြောက်ရန် ဆုတောင်းနေမိ၏ ။
ဤသို့ ဖြင့် မင်္ဂလာပွဲကျင်းပသည့်နေ့ရက်သို့ ရောက်ခဲ့လေတော့၏ ။ မြို့ပိုင်ဦးမြဘူးသည် မိဘဆွေမျိုးများ မရှိသော တစ်ကောင်ကြွက် လူပျိုကြီးဆိုသဖြင့် ၎င်းဘက်မှဆွေမျိုးများ မပါဘဲ တပည့်တပန်းအချို့သာလိုက်ပါလာ၏ ။
မာလာ၏ မိခင် ဒေါ်ခင်လှကြီးမှာ မြို့ပိုင်မင်းကို သမက်တော် ရသဖြင့် မိုးမမြင်လေမြင် စိတ်ကြီးဝင်နေလေ၏ ။ ဖခင်ကြီးမှာ မူ အေးဆေးသူ ဖြစ်သဖြင့် မည် သို့ မျှ ခံစားရပုံမရချေ။
မင်္ဂလာအချိန်သို့ ရောက်သော အခါ မာလာကို ဝိုင်းဝန်းပြင်ဆင်ပေးပြီး မဏ္ဍပ်ထဲသို့ ခေါ်ဆောင်ခဲ့လေ၏ ။
မြို့ပိုင် ဦးမြဘူးနှင့် မလွဲဧကန် လက်ထပ်ရပေတော့မည် ။ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့က သူမအား စောင်မကြည့်ရှုဖြင်း ရှိပုံမရပေ။
ဦးမြဘူးသည် မာလာ၏ လက်ကိုချိန်၍ ဧည့်သည်များ ကို လိုက်လံဧည့်ခံလေ၏ ။ မင်္ဂလာပွဲလာ ပရိသတ်များ သည် ဒန်ပေါက်ထမင်းနှင့် ကြက်သားဟင်းကို မြိန်ရှက်စွာ စားသောက်ကြရင်း မြို့ပိုင်မင်းနှင့် မာလာ၏ လိုက်ဖက်မညီပုံကို အမျိုးမျိုး ကဲ့ရဲ့ ရှုံ့ချလေ၏ ။
မင်္ဂပွဲပြီးသော အခါ ဦးမြဘူးက အသင့်စီစဉ်ထားသော ကားဖြင့် မာလာအား မြို့ကလေးမှ ခေါ်ဆောင်သွားလေ၏ ။
မာလာသည် မျက်ရည်စက်လက်ဖြင့် ဦးမြဘူး ခေါ်ဆောင်ရာသို့ လိုက်ပါသွားရလေ၏ ။ သူမ၏ မိခင် ဒေါ်လှကြီးသည် ဦးမြဘူးကန်တော့သော ငွေစက္ကူများ ကိုကိုင်၍ ပီတိ ဖြစ်ကာ ကျန်ရစ်ခဲ့လေ၏ ။ ဦးမြဘူးသည်ကားလမ်းအတိုင်း ရှားခဲ၊ နိဗ္ဗာန်မြို့ကို ကျော်ဖြတ်ကာ ဟင်္သာတမှတစ်ဆင့် သာရဝေါဘက်သို့ ကူး၍ သာယာဝတီမြို့စွန်ရှိ အိမ်ကလေးတစ်အိမ်သို့ ရောက်လေ၏ ။
ထိုအိမ်ကလေးကို ဦးမြဘူး ငှားရမ်းထားသည်ဆို၏ ။ အိမ်ကလေးသို့ ရောက်သော အခါ ညမှော င်ရီသန်းစပင် ပြုနေလေ၏ ။
ထိုအိမ်တွင် ဦးမြဘူး၏ တပည့်နှစ် ဦးကစောင့်ကြိုနေပြီး ညစာထမင်းကို အသင့်ပြင်ထားလေ၏ ။
မာလာသည် စိတ်ဆင်းရဲလှသဖြင့် ထမင်းဝိုင်းကို ကြည့်ပြီး
“ ကျွန်မ မစားတော့ဘူး ”
ဟု ခေါင်းခါလိုက်လေ၏ ။ ဦးမြဘူး တဟဲဟဲ ရယ်မော၍
“ မာလာ စိတ်လှုပ်ရှားနေတယ် ထင်တယ်၊ အစ ကတော့ ဒီလိုပါပဲကွာ။ ဟဲ ဟဲ … ပြီးသွားတော့လည်း ပြီးသွားတာပါပဲ၊ အိပ်ကာနီးမှ တစ်ခုခုစားလိုက်ပေါ့၊ မစားလို့တော့မရဘူး၊ လောလောဆယ် အိပ်ခန်းထဲမှာ အနားယူလိုက်၊ ခဏကြာရင် ကိုကိုမြလိုက်လာခဲ့မယ် ”
ဟု ပြောလေ၏ ။
မာလာသည် ဦးမြဘူးနှင့် မျက်နှာချင်းမဆိုင်လိုတော့သဖြင့် အိပ်ခန်းထဲသို့ ဝင်ခဲ့လေ၏ ။ ဦးမြဘူး၏ တပည့်များ သည် မာလာ၏ ခန္ဓာကိုယ်နောက်ပိုင်းကိုကြည့်၍
“ ရွှေဘိုမင်းကြိုက်ပဲ ဆရာရေ၊ ဆရာတော့ ပွတာပဲ ”
ဟုပြောကာ ရယ်မောသံများ ကို ကြားရလေ၏ ။
မာလာသည် ကုတင်ပေါ်တွင် တင်ပလွှဲထိုင်ရင်း သူမ၏ ဆိုးဝါးလှသော ဘဝကို ပြန်လည်တွေးတောနေမိလေ၏ ။
မိန်းမ တစ်ယောက် ၏ ဘဝသည် ဤသို့အဆုံးသတ်ရပါမည် လား။ သူမသည် ငယ်စဉ်ဘဝမှစ၍ ခုနစ်တန်းအထိ ပညာသင်ကြားခွင့်ရ၏ ။
ခုနစ်တန်းအောင်သော အခါ သူမ၏ မိခင်က ကျောင်းမှ ထုတ်လိုက်လေ၏ ။
ထိုအချိန်မှစ၍ ပျင်းရိငြီးငွေ့စွာ ဖြင့် သူမ၏ အပျိုစင်ဘဝကို ကုန်လွန်ခဲ့ရ၏ ။ ယခု ဆိုင်းမဆင့် ဗုံမဆင့် အဖေရွယ် မြို့ပိုင်မင်းနှင့် လက်ထပ်လိုက်ရပေပြီ။
မြို့ပိုင်မင်းသည် သူမကို ကျွန် တစ်ယောက် အား ဝယ်ယူသကဲ့သို့ အလိုမတူဘဲ ဝယ်ယူလာခဲ့၏ ။
ဤနေ့မှစ၍ မြို့ပိုင်မင်းအား လင်ယောက်ျားအ ဖြစ် ဝတ်ကြီးဝတ်ငယ် ပြုစုရပေတော့မည် သူ၏ အလိုကို လိုက်လျောရပေတော့မည် ။
မာလာသည် တွေးတောရင်း နှစ် ယောက် အိပ်ခုတင်ကြီးကို ကြည့်ကာ ရင်ဖိုလာမိ၏ ။
ယနေ့ညသည် သူမ၏ အပျိုစင် နောက်ဆုံးည ဖြစ်ပေတော့မည် ။ မာလာသည် ရောက်တတ်ရာရာတွေးရင်း ကုတင်ခေါင်းရင်းရှိ စာအုပ်များ ကိုမြင်၍ လှန်လှော်ကြည့်လိုက်ပြီး ထိတ်လန့်စွာ ဖြင့် ပြန်ချထားလိုက်၏ ။
စာအုပ်မှာ နိုင်ငံခြားမှလာသော စာအုပ် ဖြစ်ပြီး ယောက်ျားနှင့် မိန်းမ မဖွယ်မရာပုံများ ကို ဓာတ်ပုံရိုက်ကူးထားခြင်း ဖြစ်၏ ။ ထိုစာအုပ်များ ကိုကြည့်၍ ဦးမြဘူး၏ အကျင့်စာရိတ္တကို ခန့်မှန်းလိုက်နိုင်ပြီး ၎င်းအား ပိုမိုရွံရှာသွားမိ၏ ။
ထိုအခိုက်မှာ ပင် ဦးမြဘူးသည် တဟဲဟဲရယ်မော၍ အိပ်ခန်းတွင်းသို့ ဝင်လာပြီး မာလာ၏ ပခုံးကို ဖက်ကာ
“ မာလာ အိပ်ချင်နေပြီလား၊ အိပ်ကာနီးတစ်ခုခု စားလိုက်ပါဦး၊ ဟဲ ဟဲ … ကိုကိုမြ ကတော့ အားရှိအောင် ကြက်ဥသုံးလုံးနဲ့ နွားနို့တစ်ပုလင်း သောက်ထားတယ် ”
ဟုပြောလေရာ မာလာက ခေါင်းခါယမ်း၍
“ အို … ကျွန်မ ဘာမှ မသောက်ချင်ဘူး”
ဟု ငြင်းဆန်လေ၏ ။
ဦးမြဘူး၏ ခန္ဓာကိုယ်မှ အရက်နဲ့ရနေသော ကြောင့် ပိုမိုရွံရှာသွားလေ၏ ။ ဦးမြဘူးက မာလာ၏ တစ်ရစ်သော ခန္ဓာကိုယ်ကို စူးစိုက်ကြည့်၍
“ ဟဲ ဟဲ … မာလာက အိပ်ချင်နေပြီးကိုး၊ အိပ်ရမယ်၊ အိပ်ရမယ်။ ခဏနေဦး၊ ကိုကိုမြ တပည့်တွေ ကို ထမင်းဝိုင်းသိမ်းပြီး ခြံထဲကအိမ်မှာ သွားအိပ်ဖို့ပြောရမယ်၊ သူတို့မရှိမှ လွတ်လွတ်လပ်လပ် ဟီး … ဟီး … ဟီ … ”
ဟု အရှက်ကင်းမဲ့စွာ ပြောဆိုပြီး အခန်းအပြင်သို့ ထွက်သွားလေ၏ ။ မာလာသည် လှပစွာ ပြင်ဆင်ထားသော ကုတင်ကြီးကို ရွံရှာဟန်ဖြင့် ကြည့်ရင်း တစ်ဖက်စွန်းတွင် ဝင်အိပ်လိုက်၏ ။ ဦးမြဘူးသည် အိပ်ခန်းအပြင်တွင် တပည့်များ ကို နှင်ထုတ်နေကြောင်း ကြားရလေ၏ ။
ဦးမြဘူး၏ တပည့်များ က ဆူညံစွာ အော်ဟစ်၍ သီချင်းများ သီဆိုကာ ခြံထဲသို့ ဆင်းသွားကြ၏ ။ ဦးမြဘူးသည် အိမ်တံခါးဝကြီးကို မင်းတုံးချ၍ ပိတ်လိုက်သံကြားရ၏ ။
ထို့နောက် အိပ်ခန်းထဲသို့ ဝင်ရောက်လာပြီး ကုတင်ပေါ်တွင် ကျောပေး၍ လှဲအိပ်နေသော မာလာကိုကြည့်ကာ
“ မာလာလေးအိပ်နေပြီလား ”
ဟု ရေရွတ်ရင်း ကုတင်ပေါ်သို့ တင်ပလွှဲထိုင်လေ၏ ။
ထို့နောက် ပြေလျော့၍ နေသော မာလာ၏ ဆံပင်များ ကို ပွတ်သပ်ဆော့ကစားပြီး အိမ်နောက်ဖက်သို့ ထွက်သွားပြန်၏ ။ ရေအိမ်ထဲသို့ ဝင်သွားသော အသံကို ကြားနေရ၏ ။
မာလာသည် သားသတ်ရုံတွင် ရောက်ရှိနေသော သိုးငယ်နှင့် တူသည့် သူမ၏ ဘဝကို စက်ဆုပ်ရွံရှာသွားမိ၏ ။ ထိုအခိုက်မှာ ပင် ဦးမြဘူးအခန်းထဲသို့ ပြန်ရောက်လာပြီး မီးလုံးကြီးကို ပိတ်ကာ မီးမှိန်မှိန်လေးကိုသာ ထွန်းလေ၏ ။
ပြီးနောက် သူမ၏ အနီးတွင် ဝင်အိပ်လိုက်ပြီး အတွေ့ အကြုံများ သူပီပီ စိတ်ကောက်နေသော မာလာအား ချော့မြူရန် ကြိုးစားလေ၏ ။ မာလာ၏ ရင်ခုန်နှုန်းများ လည်း မြန်ဆန်လာ၏ ။ ရင်ထဲတွင် မောလျနေသလို ခံစားမိ၏ ။
ထိုအခိုက်မှာ ပင် တံခါးခေါက်သံ တဒုန်းဒုန်း ကြားလိုက်ရသဖြင့် ဦးမြဘူးသည် လွန်စွာ စိတ်ဆိုးသွားပြီး
“ ဟေ့ကောင်တွေ … ဘာလို့ တံခါးခေါက်နေတာလဲ ”
ဟုပြန်လည်အော်ဟစ်လိုက်လေ၏ ။
တံခါးအပြင်မှ ဦးမြဘူး၏ တပည့်တစ်ဦး၏ အသံကို ကြားရ၏ ။
“ ဆရာ … ဆရာ …ခဏလာပါဦး။ ဒီမှာ ပြဿနာတက်နေလို့ ”
ဦးမြဘူးသည် စိတ်ဆိုးမာန်ဆိုးဖြင့် တက်ခေါက်၍
“ တောက် … မင်းတို့ အတော် အလိုက်ကန်းဆိုးမသိတဲ့ ကောင်တွေ ”
ဟုရေရွှတ်ကာ အိပ်ခန်းမှထွက်သွားပြီး အိမ်တံခါးမကြီးကို သွားဖွင့်လေ၏ ။
ထို့နောက် ဦးမြဘူးနှင့် တပည့်တစ်ဦး၏ တီးတိုးပြောသံများ ကို ကြားရလေ၏ ။
မာလာသည် ညကြီးအချိန်မတော် မည့် သည့်ပြဿနာ ဖြစ်လေသည်မသိဟု စိတ်ဝင်စားသွားပြီး နားစွင့်ကြည့်သော်လည်း သဲကွဲစွာ မကြားရပေ။ ဦးမြဘူးသည် လေသံတီးတိုးဖြင့် ပြန်လည် ပြောဆိုနေလေ၏ ။
ခဏကြာလျှင် ဦးမြဘူး အိပ်ခန်းထဲသို့ ပြန်ရောက်လာပြီး ခရီးထွက်ရမယ်၊ ဒီည ပြန်မအိပ်နိုင်တော့ဘူး၊
“ မာလာ တစ်ယောက် တည်း လွတ်လွတ်လပ်လပ်အိပ်ပေတော့၊ ခြံထဲက တဲကလေးမှာ အစ်ကိုကြီးတပည့် တစ်ယောက် တည်းရှိတယ်၊ ဘာမှ မကြောက်နဲ့ ”
ဟုဆိုကာ မာလာကို အိမ်ကလေးတွင် တစ်ယောက် တည်းထား၍ ကမန်းကတန်း ထွက်ခွာသွားလေ၏ ။
မာလာသည် ဦးမြဘူးလက်မှ လတ်တလော လွတ်မြောက်သွားသဖြင့် စိတ်လက်ပေါ့ပါးသွားလေ၏ ။ ဦးမြဘူးသည် ညကြီးအချိန်မတော် မည့် သည့်ပြဿနာပေါ်သည် မသိပေ။
သူမသည် မင်္ဂလာကုတင်ကြီးပေါ်တွင် တစ်ယောက် တည်း အိပ်စက်ရန် ကြိုးစားသော်လည်း ရင်ထဲတွင် လှိုက်ဖိုနေဆဲ ဖြစ်သဖြင့် အိပ်မပျော်နိုင်သေးဘဲမိုးလင်းကာနီးမှ မှေးခနဲ အိပ်ပျော်သွားလေ၏ ။
ထိုညက သူမ၏ အိပ်မက်ထဲသို့ ဦးမြဘူးလိုက်ပါလာပြီး သူမအား မရောက်ဖူးသော နယ်မြေတစ်ခုသို့ ခေါ်ဆောင်သွားကြောင်းသိရလေ၏ ။
နောက်တစ်နေ့ နံနက်မိုးလင်းသော အခါ မာလာသည် နေအတော် မြင့်မှ အိပ်ရာမှ နိုးလာ၏ ။ သူမသည် ပြတင်းပေါက်ကိုဖွင့်၍ ခြံတွင်းရှိ လူသူအရိပ်အခြေကိုကြည့်ရှုလေရာ မည် သူတစ်ဦး တစ်ယောက် မျှ မတွေ့ ရပေ။
ခဏအကြာတွင် ဦးမြဘူး၏ တပည့်တစ်ဦးရောက်လာပြီး မုန့်ဟင်းခါးများ လာပို့ပေးလေ၏ ။
နေ့လယ်စာစားချိန်သို့ ရောက်သော အခါ ချိုင့်တစ်လုံးဖြင့် ထမင်းနှင့် ကြက်သားဟင်းများ ကို ပို့ပေးပြန်၏ ။ မြို့ပိုင်ဦးမြဘူး၏ အရိပ်အယောင်မျှပင် မမြင်ရသေးပေ။ မည့် သည့်အရပ်သို့ ခရီးထွက်လေသည်မသိပေ။
မာလာသည် ဦးမြဘူး၏ မျက်နှာကို မမြင်လိုသူ ဖြစ်သဖြင့် လွန်စွာ စိတ်ချမ်းသာနေမိ၏ ။
သူမသည် အိမ်ကလေးတွင် တစ်ယောက် တည်း အထီးကျန်စွာ နေထိုင်ရင်း ပျင်းရိငြီးငွေ့စွာ ဖြင့် အချိန်ကုန်နေမိ၏ ။ ညနေစောင်းသော အခါ ခြံဝင်းထဲရှိ ရေတွင်းသို့ ဆင်း၍ ရေမိုးချိုးလေ၏ ။ ညစာကို ဦးမြဘူးတပည့်က ထမင်းချိုင့်လာပို့ပြန်၏ ။
သူမသည် ညစာစားပြီးနောက် နှစ် ယောက် အိပ် ခုတင်ကြီးတွင် တစ်ယောက် တည်း အထီးကျန်စွာ အိပ်စက်ရပြန်၏ ။
နောက်နေ့များ တွင် ထမင်းလာပို့သော ဦးမြဘူး၏ တပည့်က
“ ဆရာ တစ်ရက်နှစ် ရက်အတွင်း ပြန်လာတော့မှာ ပါ၊ အစ်မလေး သည်းခံစောင့်ပါ ”
ဟု ဆိုသဖြင့် မာလာက ရယ်မော်၍
“ ဘာမှသည်းခံစရာမလိုဘူး၊ ဒီလူကြီးပြန်မလာလေကောင်းလေပဲ၊ သူ့မျက်နှာကိုမြင်ရင် အော့နှလုံးနာတယ် ”
ဟု ပြောလိုက်လေတော့၏ ။
သုံးရက်မြောက်သော နေ့တွင် အိမ်ကလေးတွင် နေထိုင်ရသည်မှာ ပျင်းရိ ညည်းငွေ့လာသဖြင့် ဦးမြဘူး၏ တပည့်အား
“ ကျွန်မ ဈေးသွားချင်တယ် ”
ဟုပြောလေရာ ၎င်းက ခေါင်းညိတ်၍
“ မြင်းလှည်းငှားပြီး ကျွန်တော် လိုက်ပို့ပေးပါ့မယ်၊ ခဏစောင့်ပါ ”
ဟုပြောလေ၏ ။
ခဏကြာလျှင် မြင်းလှည်းရောက်လာပြီး သာယာဝတီဈေးသို့ ထွက်ခဲ့လေ၏ ။ မာလာသည် ဈေးထဲတွင် လှည့်လည်ကြည့်ရှုရင်း ဘော်လီအင်္ကျီနှင့် ထမီကို ဝယ်ယူလေ၏ ။
မြို့ပိုင် ဦးမြဘူး၏ တပည့်သည် ခပ်လှမ်းလှမ်းမှ လိုက်ပါ စောင့်ကြည့်နေလေ၏ ။ သူမ ထွက်ပြေးမှာ စိုးသော ကြောင့် ဖြစ်မည် ထင်၏ ။
ထိုအခိုက်မှာ ပင် မိန်းမသုံးယောက် သည် ဦးမြဘူး၏ တပည့်အား တစ်စုံတစ်ရာ မေးမြန်းနေဟန်ကို မြင်ရ၏ ။
ဦးမြဘူး၏ တပည့်က ထိုမိန်းမများ ကို ထိတ်လန့်ဟန်ဖြင့် ကြည့်၍ မာလာအား လက်ညှိုးညွှန်ပြလေ၏ ။ ထိုအခါ မိန်းမသုံးယောက် သည် မာလာရှိရာသို့ ဒေါနှင့် မောနှင့် လျှောက်လှမ်းလာပြီး မိန်းမ တစ်ယောက် က
“ ဒီမှာ ရှင့်နာမည် မာလာဆိုတာ ဟုတ်သလား ”
ဟုမေးမြန်းလေ၏ ။ မာလာက မျက်မှော င်ကြုတ်၍
“ ဟုတ်တယ်၊ ဘာကိစ္စရှိလို့လဲ ”
ဟု ပြန်လည်မေးမြန်းလေ၏ ။
ထိုမိန်းမက မာလာ၏ မေးခွန်းကိုမဖြေဘဲ
“ ဒါဆိုရင် လွန်ခဲ့တဲ့သုံးရက်က မြို့ပိုင်ဦးမြဘူးနဲ့ ယူတယ်ဆိုတာ ရှင်ပေါ့ ”
ဟုမေးမြန်းလေ၏ ။ မာလာက ခေါင်းညိတ်၍
“ ဟုတ်တယ်၊ ဘာ ဖြစ်လို့လဲ ”
ဟုမေးမြန်လေရာ မိန်းမသုံးယောက် က ဖိနပ်များ ကို ချွတ်၍ ‘လင်ခိုးမ’ ဟု အော်ဟစ်ကာ မာလာအား ဖိနပ်များ ဖြင့် ရိုက်နှက်ကြလေ၏ ။
မာလာသည် ရုတ်တရက် အလစ်အငိုက်ခံလိုက်ရသဖြင့် အထိနာသွားပြီး မျက်နှာတစ်ခုလုံး ထူပူသွားလေ၏ ။
မိန်းမသုံးယောက် က ကျယ်လောင်စွာ အော်ဟစ်ဆဲဆို၍ မာလာ၏ ဆံပင်များ ကို ဆောင့်ဆွဲကြ၏ ။ အင်္ကျီကိုလည်း စုတ်ဖြဲပစ်၏ ။ မာလာသည် သုံးယောက် နှင့် တစ်ယောက် ဖြစ်သဖြင့် အလူးအလိမ့် ခံနေရရှာ၏ ။
ရန်ပွဲ ဖြစ်ပွားရာနေရာမှာ ဈေးလယ်ခေါင်တွင် ဖြစ်သဖြင့် ဈေးသူဈေးသားများ သည် ဝိုင်းအုံကြည့်ရှုကြလေ၏ ။ မာလာသည် လုံချည်ကို မြဲအောင်ပြင်နေစဉ် မိန်းမ တစ်ယောက် က ဆောင့်တွန်းလိုက်သဖြင့် မြေပေါ်သို့ လဲကျသွားလေ၏ ။
ထိုအခါ မိန်းမတစ်ဦးက သူမကို ဝင်လုံးလိုက်ပြီး ကိုယ်ပေါ်မှ ခွစီးကာ
“ ငါတို့လင်ကိုခိုးတဲ့အကောင်မ၊ သေစမ်းဟဲ့၊ သေစမ်းဟဲ့ ”
ဟုအော်ဟစ်ကာ မညှာမတာ ရိုက်လေ၏ ။ မာလာသည် မျက်လုံးထဲတွင် မီးများ တဝင်းဝင်းတောက်ပသွားပြီး
“ ဟဲ့ … ခွေးမတွေ ၊ ငါ ဘာမှမသိဘူး၊ ငါ့ကို မတရားမစွပ်စွဲနဲ့ ”
ဟု နာကျင်နေသည့်ကြားမှ ပြန်လည်အော်ဟစ်လေ၏ ။
ထိုမိန်းမက
“ မသီဦး… မသီဦး … ”
ဟုအော်ဟစ်ဆဲဆိုကာ မာလာ၏ ဆံပင်ကိုဆွဲ၍ ပါးကို တဖြန်းဖြန်းချပြန်၏ ။
မာလာသည် မျက်နှာတစ်ခုလုံးပေါက်ပြဲပြီး ပါးစပ်မှ သွေးများ ကျဆင်းလာသော အခါ ရှိသမျှအင်အားများ ကို စုစည်း၍ ခန္ဓာကိုယ်ကို မြေပေါ်တွင် လိမ့်လိုက်၏ ။
ထိုအခါ အပေါ်မှခွစီးထားသော မိန်းမသည် မြေပေါ်သို့ လဲကျလေ၏ ။
မာလာသည် အရှိန်ဖြင့် မြေပေါ်တွင် တစ်ပတ်ပြီး တစ်ပတ်လိမ့်နေပြီး ထိုင်ခံတစ်ခုနှင့် တိုက်မိသော အခါမှ အားယူ၍ ထရပ်လိုက်၏ ။
ပြီးနောက် အနီးရှိ တုတ်ရှည်ကြီးတစ်ချောင်းကိုယူ၍ မိန်းမသုံးယောက် ကို လိုက်လံရိုက်နှက်လေတော့၏ ။ မာလာအား ကိုယ်ပေါ်မှ ခွစီး၍ ရိုက်နှက်ခဲ့သော မိန်းမအား တုတ်ဖြင့် တအားလွှဲရိုက်လိုက်ရာ ခေါင်းမှ သွေးများ ဖြာကျလာပြီး
“ အမလေးတော့ ”
ဟုအော်ဟစ်ကာ မြေပေါ်သို့ လဲကျမေ့မြေသွားလေ၏ ။
ကျန်မိန်းမ တစ်ယောက် မှာ လည်း မာလာ၏ အပြင်းအထန်တိုက်ခိုက်မှု ကြောင်း မြောင်းအောက်သို့ ပြုတ်ကျ၍ သူမဝတ်ဆင်ထားသော စူရတီလုံချည်ကျွတ်ကျပြီး အရှက်ကိုပင်မငဲ့နိုင်တော့ဘဲ အတွင်းခံဘောင်းဘီတိုနှင့် ပင် မြောင်းထဲမှ ထပြေးလေ၏ ။
နောက်ဆုံး တစ်ယောက် မှာ မြင်းလှည်းသမားတစ်ဦး၏ အကူအညီဖြင့် ထွက်ပြေးလွတ်မြောက်သွားလေ၏ ။
ဈေးသူဈေးသားများ သည် ရန်ပွဲ ဖြစ်ပွားပုံကို အစအဆုံး မြင်တွေ့ ကြသည် ဖြစ်ရာ မာလာဘက်မှနေ၍
“ သုံးယောက် နဲ့ တစ်ယောက် မတရား ရိုက်နှက်တာ ဒီကောင်မတွေ ဟာ ခံရတာ တောင် နည်းသေးတယ် ”
ဟုဆိုကာ ရန်ပွဲ ဖြစ်ပွားပုံကို ဝိုင်းဝန်းမေးမြန်းလေ၏ ။ မာလာက မျက်ရည်ပေါက်များ ပိုးပိုးပေါက်ပေါက်ကျလျက်
“ ကျွန်မ ဘာမှမသိဘူး၊ မြို့ပိုင်ဦမြဘူးက ကျွန်မမိဘတွေ ဆီမှာ တောင်းရမ်းပြီး ကျွန်မကို လက်ထပ်ယူခဲ့တာပါ၊ အခု ဒီမိန်းမတွေ က ကျွန်မကိုလင်ခိုးမလို့ စွပ်စွဲကြတယ် ” ဟုပြောလေ၏ ။
ထိုအခါ လူအုပ်ထဲမှ အမျိုးသမီးကြီး တစ်ယောက် ထွက်လာပြီး မာလာ့ကို ကရုဏာသက်ဟန်ဖြင့် ကြည့်ကာ
“ ဒါဆိုရင်တော့ မိန်းကလေး ကောင်းကောင်းအလိမ်ခံလိုက်ရပြီ၊ အဒေါ့်ယောက်ျားဟာ နယ်ပိုင်ဆိုတော့ မြို့ပိုင်ဦးမြဘူး အကြောင်းကိုသိတယ်၊ ဒီလူကြီးဟာ အင်မတန်ယုတ်မာတဲ့ တဏှာရူးကြီး၊ သူ့ကြောင့် ဒူးနဲ့မျက်ရည်သုတ်ရတဲ့ မိန်းကလေးတွေ မနည်းတော့ဘူး၊ သူ့မှာ လူသိရှင်ကြားယူထားတဲ့ မယားတွေ တောင် ၈ ယောက် လောက်ရှိတယ် ”
ဟုပြောလေရာ မာလာသည် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားပြီးလျှင်
“ ဟင် … ကျွန်မမိဘတွေ ကိုပြောတော့ သူဟာ ဆွေမရှိမျိုးမရှိတဲ့ တစ်ကိုယ်တည်းလူပျိုကြီးလို့ ပြောတယ် ”
ဟုရေရွတ်လေ၏ ။ အမျိုးသမီးကြီးက မဲ့ပြုံးပြုံး၍
“ ဒါ သူရဲ့ လှည့်ကွက်ပေါ့ကွယ်၊ တရားဝင်မယူဘဲ ဖျက်ဆီးတဲ့ မိန်းကလေးတွေ လည်း မရေတွက်နိုင်အောင် များ ပြားတယ်၊ ပြည်မြို့မှာ နေတုန်းက ဆေးလိပ်သမလေးတစ်ဦးဟာ ဦးမြဘူး လက်ချက်ကြောင့် ကိုယ်လေးလက်ဝန် ဖြစ်ပြီး ရှက်လွန်းလို့ အဆိပ်သောက်သေးသွားတယ် ”
ဟုပြောလေရာ မာလာက တက်ခေါက်၍
“ တောက် … ဒီလူကြီး တော် တော် ယုတ်မာပါလား ”
ဟု ရေရွတ်လိုက်လေ၏ ။ အမျိုးသမီးကြီးက
“ ယုတ်မာတာ ကတော့ မပြောနဲ့၊ ဒါတောင် အဒေါ်တို့ မသိတာတွေ အများ ကြီးရှိသေးတယ်၊ မိန်းကလေးနဲ့ ရန်ပွဲ ဖြစ်တဲ့ မိန်းမသုံးယောက် ဟာ ညီအစ်မသုံးယောက် ကွယ့်၊ သူတို့ဟာ ဦးမြဘူးရဲ့ ခြောက်ယောက် မြောက်၊ ခုနှစ် ယောက် မြောက်နဲ့ ရှစ်ယောက် မြောက် မယားငယ်တွေ ကွယ့်၊ သူတို့သုံးယောက် ကို ဦးမြဘူးက တိုက်ကြီးဘက်က အိမ်ကြီးတစ်ဆောင်မှာ ထားတယ်၊ ဒီကောင်မတွေ ဟာ အမျိုးကောင်းသားသမီးတွေ မဟုတ်ဘူး၊ ဦးမြဘူး မယားငယ်ခံရတာ ကို ဂုဏ်ယူနေတဲ့ ကောင်မတွေ ၊ သူတို့ သုံးယောက် စလုံး ရိုင်းစိုင်းကြမ်းတမ်းတဲ့ ကောက်မတွေ ဆိုတော့ ဦးမြဘူး အခုတလော ခြေငြိမ်နေတာကြာပြီ၊ အရာရှိလောကမှာ တောင် ဦးမြဘူးဟာ ဒီကောင်မသုံးယောက် လက်ထဲမှာ ငြိမ်ဝပ်သွားလို့ ပြောစမှတ် ဖြစ်ကြတယ် ”
ဟုပြောလေရာ မာလာသည် မင်္ဂလာဦးညက အိပ်စက်ကာနီးတွင် ဦးမြဘူး၏ တပည့်ရောက်လာပြီး ပြဿနာတက်နေကြောင်း ပြောဆိုခြင်းသည် ထိုမိန်းမသုံးယောက် နှင့် ပတ်သက်နေမှန်း ရိပ်စားမိသွားလေ၏ ။
သူမသည် မလည်မဝယ်နှင့် လူယုတ်မာကြီး ဦးမြဘူး၏ နဝမမြောက် မယားငယ်ဘဝသို့ ရောက်ရလေပြီ။ ဤဘဝ၌ သိုးငယ်တစ်ကောင်ကဲ့သို့ လည်းစင်း၍ ခံမည် လော။ သို့ တည်းမဟုတ် ဦးမြဘူးလက်မှလွတ်အောင် ရုန်းထွက်ရမည် လော။
မာလာသည် အမေးပုစ္ဆာနှစ် ပုဒ်၏ အဖြေကို ငူငူငိုင်ငိုင်ကြီးတွေးတောရင်း ဈေးထဲမှ ခြေဦးတည့်ရာသို့ ထွက်ခဲ့လေ၏ ။
ဈေးသူဈေးသားများ သည် တစ်ကိုယ်လုံး ညစ်ပတ်ပေရေလျက် ဆံပင်များ ဖွာလန်ကြဲကာ တုတ်ကြီးတစ်ချောင်းကို ကိုင်ပြီး ထွက်ခွာသွားသော မိန်းမချောလေးဟာ ရူးသွပ်သွားပြီဟု ထင်မှတ်လိုက်လေ၏ ။
မာလာသည် ခြေဦးတည့်ရာသို့ ထွက်လာရင်း အရိပ်ကောင်းစွာ ရရှိသော ညောင်ပင်ကြီးအောက်တွင် ထိုင်၍ သူမ၏ ဘဝ ပြဿနာကို တွေးတောနေမိ၏ ။ အတန်ကြာအောင် စဉ်းစားပြီးနောက် ဦးမြဘူး၏ နဝမမြောက်မယားငယ်အ ဖြစ် မည် သို့ မျှမနေနိုင်ကြောင်း အဖြေထွက်လေ၏ ။
သူမ၏ မိဘများ ထံသို့ ပြန်၍ အကျိုးအကြောင်း ပြောပြရမည် လောဟုတွေးတော့မိပြန်၏ ။
မိခင်သည် မြို့ပိုင်ဦးမြဘူးကို လွန်စွာ အထင်ကြီးသူ ဖြစ်သဖြင့် သူမအား ဦးမြဘူးလက်သို့ ပြန်ထည့်လိုက်မှာ စိုးရွံ့လှ၏ ။
နောက်ဆုံးတွင် ခြေဦးတည့်ရာအရပ်သို့ ထွက်ခွာပြီး ရေကြည်ရာ မြက်နုရာ ရှာဖွေ၍ လုပ်ကိုင်စားသောက်တော့မည် ဟု ဆုံးဖြတ်ချက်ချလိုက်၏ ။
ထိုသို့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူမ၏ ရင်ထဲတွင် ပေါ့ပါးသွားလေ၏ ။ ထို့နောက် နုနယ်လှပသော လက်ဖဝါးများ ကို တင်းတင်းဆုပ်၍
“ ငါ ဒီနေ့ကစပြီး ရဲဝံ့တော့မယ်၊ ဘယ်လိုရန်သူမျိုး ကြုံကြုံ သိုးတစ်ကောင်လို လည်စင်းမခံတော့ဘူး၊ ကျားတစ်ကောင်လို ပြန်ပြီး တိုက်ခိုက်တော့မယ် ”
ဟုကြွေးကြော်လိုက်လေတော့၏ ။
ထိုအချိန်မှစ၍ နာကြည်းမှု ၊ စိတ်ဆင်းရဲမှု မျိုးစုံကို ကြုံတွေ့ ရသဖြင့် ကျားရဲတစ်ကောင်ကဲ့သို့ ကြမ်းတမ်းသွားလေ၏ ။
သူမသည် ညောင်ပင်ကြီးအနီးရှိ စမ်းရေအိုင်ကလေးကို မြင်သဖြင့် ရေထဲသို့ ဆင်းကာ မျက်နှာပေါ်ရှိ ညစ်ပတ်ပေကျံနေသော ချွေးစက်ချွေးပေါက်များ နှင့် သွေးစေးများ ကို ဆေးကြေးလေ၏ ။
လုံချည်ကို ပေါက်လယ်အထိလှန်၍ ခြေထောက်များ ကို ဆေးကြော၏ ။ အဝတ်အစားများ ကို ဆန့်ဆန့်ရန့်ရန့် ဖြစ်အောင် ပြန်လည်ပြုပြင်၏ ။
ထိုအချိန်မှစ၍ သူမ၏ ဘဝသည် စိတ်သစ်လူသစ် ဖြစ်သွားလေ၏ ။
အင်အားသတ္တိများ လည်း ဝင်ရောက်လာလေ၏ ။ ထို့နောက်တွင် မူ အဝေးပြေးလမ်းမကြီးအတိုင်း ခရီးဆက်ခဲ့လေ၏ ။
ကားလမ်းအတိုင်း လမ်းလျှောက်ခဲ့ပြီးနောက် ထမင်းဆိုင်တစ်ဆိုင်ရှေ့တွင် လော်ရီကားကြီးတစ်စီး ရပ်ထားသည်ကို မြင်သဖြင့် လမ်းကြုံလိုက်ရန်အလို့ငှာ ကားဆီသို့ ထွက်ခဲ့လေ၏ ။
ထမင်းဆိုင်တွင် ထမင်းစားနေသော ဒရိုင်ဘာနှင့် စပယ်ရာထံသို့သွား၍
“ ကျွန်မ ကားကြုံလိုက်ချင်လို့ပါ ”
ဟုပြောလိုက်ရာ ဒရိုင်ဘာနှင့် စပယ်ရာသည် သူမ၏ စွင့်ကားသော တင်ကို မျက်လုံးဝေ့ကြည့်လိုက်ပြီး ဒရိုင်ဘာက
“ ဟီး ဟီး … လိုက်ပါ၊ လိုက်ပါ၊ ကျုပ်တို့ကားက ပြည်အထိသွားမှာ ၊ မင်းက ဘယ်အထိလိုက်မှာ လဲ ”
ဟုမေးမြန်းလေ၏ ။ မာလာက စဉ်းစားဟန်ပြု၍
“ ပြည်အထိပါပဲ ”
ဟုဖြေလေရာ စပယ်ရာက ရယ်မော၍
“ ဟီး ဟီး … သိပ်ကောင်းတာပဲ ”
ဟုရေရွတ်လေ၏ ။ မာလာက မျက်မှော င်ကြုတ်၍
“ ဘာကောင်းတာလဲ ”
ဟုမေးမြန်းလေရာ စပယ်ရာက
“ လမ်းကြုံလို့သိပ်အဆင်ပြေတယ်လို့ ပြောတာပါ၊ ကဲ … ဆရာရေ၊ မြန်မြန်စားဗျို့၊ အစ်မလေးကို အားနာစရာဗျာ ”
ဟုပြောလေ၏ ။
ထို့နောက်တွင် မူ စပယ်ရာက မာလာအား ကားရှေ့ခန်းတွင် ထိုင်စေကာ ၎င်းကလည်း အတင်းပူးကပ်ထိုင်လေ၏ ။
ဤသို့ ဖြင့် မာလာသည် စပယ်ရာနှင့် ဒရိုင်ဘာအကြားတွင် ကြပ်ညှပ်ပြီး လိုက်ပါလာလေ၏ ။
ကားထွက်ပြီး ခဏအကြာတွင် စပယ်ရာသည် မလိုအပ်ဘဲ သူမ၏ အနီးသို့ အတင်းပူးကပ်ထိုင်နေကြောင်း သတိပြုမိလေ၏ ။
ဒရိုင်ဘာကလည်း ဂီယာထိုးသလိုနှင့် သူမ၏ တစ်ရစ်သော ပေါင်းသားများ ကို မကြာခဏ ထိကိုင်လေ၏ ။ စပယ်ရာကလည်း ကားထိုင်ခံအောက်သို့ တစ်ခုခုကောက်ဟန်ပြု၍ သူမ၏ ပေါင်အား ထိကိုင်ပြန်၏ ။
ဤသို့ ဖြင့် မာလာသည် ဒရိုင်ဘာနှင့် စပယ်ရာကြားတွင် ဆင်းရဲကြပ်တည်းစွာ လိုက်ပါလာရေလေ၏ ။
ကြို့ပင်ကောက်မြို့သို့ ရောက်သော အခါ ကားကိုခဏရပ်၍ ထမင်းဆိုင်တစ်ဆိုင်ရှေ့သို့ ဆန်အိတ်များ ချလေ၏ ။ မာလာသည် တဏှာရူးနှစ် ယောက် ၏ ကြားတွင် ကိုယ်ကိုကြုံ့၍ လိုက်ပါလာသဖြင့် တစ်ကိုယ်လုံး ညောင်းညာနေလေ၏ ။
ထိုကြောင့် ကားအောက်ကိုဆင်း၍ အညောင်းအညာ ဖြေလေ၏ ။ စပယ်ရာသည် ထမင်းဆိုင်ရှင်မိန်းမနှင့် ဖင်ပုတ်ခေါင်းပုတ်လုပ်ပြီး အဓိပ္ပာယ်နှစ် ခွထွက်သော ညစ်ညမ်းသည့် စကားများ ကို ပြောဆိုနေလေ၏ ။
ထိုအခိုက်မှာ ပင် ကုတ်အင်္ကျီဖားဖားကြီးဝတ်၍ သက္ကလပ်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသော လူတစ်ဦးသည် လက်ဖက်ရည်ဆိုင်ထဲမှ ထွက်ကာ ဒရိုင်ဘာ၏ အနီးသို့ ရောက်လာပြီး
“ လမ်းကြုံလိုက်ချင်လို့ပါ ခင်ဗျာ ”
ဟု ရိုကျိုးသော လေသံဖြင့် ပြောလေရာ ဒရိုင်ဘာက ခေါင်းခါ၍
“ နေရာမရှိတော့ဘူး ၊ နောက်မှာ လည်း ကုန်တွေ နဲ့၊ လိုက်လို့မရဘူး၊ နောက်ကားနဲ့ လိုက်ပေတော့”
ဟု ငြင်းဆန်လေ၏ ။ ထိုလူက
“ ဒီအချိန်ရောက်မှ ဘယ်ကားမှမလာတော့ဘူး ထင်ပါတယ်၊ ကျွန်တော် အမိုးပေါ်ကပဲလိုက်ပါ့မယ်၊ ကားခလည်း ငွေ ၃ ကျပ်ပေးမှာ ပါ ”
ဟုပြောလေရာ စပယ်ရာက ငွေ ၃ ကျပ်ဟူသော အသံကြောင့် ခေါင်းထောင်ကြည့်၍
“ ကိုယ့်လူ ဘယ်ထိလိုက်မှာ လဲ ”
ဟုမေးမြန်းလေ၏ ။ သက္ကလပ်ဦးထုပ်ဆောင်းထားသော သူက
“ ပေါင်းတည်အထိပဲ လိုက်မှာ ပါ ”
ဟုဖြေလေ၏ ။ ထိုအခါ စပယ်ရာက ဒရိုင်ဘာ၏ မျက်နှာကို အဓိပ္ပာယ်ပါပါကြည့်၍
“ ပေါင်းတည်အထိဆိုရင်တော့ ခေါ်သွားလိုက်မယ် ဆရာ၊ ကျုပ်တို့အတွက် အနှောင့်အယှက်မ ဖြစ်နိုင်ပါဘူး ”
ဟုပြောလေရာ ဒရိုင်ဘာက ကျေနပ်ဟန်မရှိဘဲ
“ မင်း ကတော့ ပိုက်ဆံမျက်နှာအတော် ကြည့်တဲ့ ကောင်ပဲ၊ ကဲ … ခေါ်ခဲ့ကွာ ”
ဟုပြောကာ ခွင့်ပြုလိုက်လေတော့၏ ။
ဤသို့ ဖြင့် မာလာသည် ကားပေါ်သို့ ပြန်တက်၍ ဒရိုင်ဘာနှင့် စပယ်ရာ၏ ကြားတွင် ဆင်းရဲဒုက္ခကြီးစွာ လိုက်ပါလာလေ၏ ။
ည (၉) နာရီခန့်ရှိသော အခါ ပေါင်းတည်မြို့သို့ ရောက်လေ၏ ။ ဒရိုင်ဘာက ပေါင်းတည်မြို့တစ်နေရာတွင် ကားရပ်၍ အမိုးပေါ်တွင် လိုက်ပါလာသူအား ဆင်းခိုင်း၏ ။
ထိုသူဆင်းသွားသော အခါ ကားကိုမောင်းနှင်၍ ထွက်ခဲ့၏ ။ မာလာသည် ညအမှော င်ထဲတွင် တဏှာရူးနှစ် ယောက် နှင့် ခရီးသွားနေရသဖြင့် လွန်စွာ စိတ်အားငယ်နေမိ၏ ။ မိဘရပ်ထံသို့ ပြန်ချင်စိတ်များ ဖြစ်ပေါ်လာ၏ ။
သူမ၏ ခရီးသည် ဦးတည်ရာမရှိ။ ပြည်မြို့သို့ ရောက်လျှင် စားဝတ်နေရေး အတွက် အလုပ်အကိုင်တစ်ခုကို ရှာဖွေ၍ လုပ်ကိုင်ရန်သာ စဉ်းစားမိ၏ ။
သူမ၏ ဘော်လီအင်္ကျီအိတ်ထဲတွင် မိခင်ကြီးထည့်ပေးလိုက် သော ငွေ ၅၀ ကျပ်ရှိ၏ ။ လည်ပင်းတွင် ဆွဲထားသော ၁ ကျပ်သားဆွဲကြိုးတစ်ကုံးကိုလည်း လိုအပ်လျှင်အရင်းအနှီး လုပ်ရန်ရှိ၏ ။
မာလာသည် ဒရိုင်ဘာဘက်သို့လှည့်၍
“ ပြည်မြို့ကို ဘယ်အချိန်လောက်ရောက်မှာ လဲ ”
ဟုမေးမြန်းလေရာ ဒရိုင်ဘာက ရယ်မော၍
“ လမ်းမှာ ကားမပျက်ဘူးဆိုရင်တော့ ညသန်းခေါင်လောက်ရောက်မယ် ”
ဟုပြောလေရာ မာလာက မျက်စိမျက်နှာပျက်သွားပြီး
“ ဟင် … ကားပျက်မယ် ဟုတ်လား ”
ဟု ရေရွတ်လေရာ ဒရိုင်ဘာက
“ ဟီး ဟီး … ကျုပ်တို့ကားက ဘာအကျင့်လဲ မသိဘူး၊ ပေါင်းတည်နဲ့ သဲကုန်းကြားမှာ အမြဲတမ်း ကားပျက်လေ့ရှိတယ်၊ ဟော … ပြောရင်းဆိုရင်း ပုတီကုန်းရောက်တော့မယ် ထင်တယ် ”
ဟု ပြောလေ၏ ။
ထိုအခိုက်မှာ ပင် ကားသည် ဖွတ်ချက်ဖွတ်ချက်မြည် ၍ ထိုးရပ်သွားလေရာ မာလာသည် ထိတ်လန့်တုန်လှုပ်သွားလေ၏ ။
လူခြေတိတ်ဆိတ်သော အကာလညအခါတွင် တဏှာရူးနှစ် ယောက် နှင့် သူမ တစ်ယောက် တည်း ရှိနေ၏ ။
မာလာက ဒရိုင်ဘာဘက်သို့ လှည့်၍
“ ကားကို ပြင်ကြည့်လို့ မရဘူးလား ”
ဟု မေးမြန်းလေရာ ဒရိုင်ဘာက ရယ်မော၍
“ ဟဲ ဟဲ … ဒီအချိန်ကြီးပြင်တော့လည်း ဘာထူးမှာ လဲ၊ ညမှော င်မှော င်ကြီးထဲမှာ ”
ဟု ပြောလေ၏ ။ ထိုအခါ မာလာက စိတ်လှုပ်ရှားစွာ ဖြင့်
“ ဒါဆိုရင် ကျွန်မက ဒီကားပေါ်မှာ ပဲ မိုးလင်းရမှာ လား ”
ဟု မေးမြန်းလေရာ ဒရိုင်ဘာက
“ စိတ်မပူပါနဲ့ကွာ၊ ကိုယ်တို့နှစ် ယောက် လုံး မင်းအနားမှာ ရှိပါတယ်၊ အခုလို လာသာတဲ့ညမျိုးမှာ စိတ်အေးလက်အေး အပန်းဖြေပါဦး ”
ဟု ပြောလေရာ မာလာက ဒေါသထွက်ဟန်ဖြင့်
“ အို … ကျွန်မမှာ အပန်းဖြေဖို့ အချိန်မရှိဘူး ”
ဟု ပြောလေရာ စပယ်ရာက ရယ်မော၍
“ ဒါဆိုရင်လည်း ကားပေါ်က ခစဆင်းပေးပါဦး၊ ကျွန်တော် တို့ ကားကို ကြိုးစားပြီး ပြင်ကြည့်ဦးမယ် ”
ဟု ပြောလေ၏ ။
မာလာသည် စပယ်ရာ၏ စကားကို မယုံတစ်ဝက်၊ ယုံတစ်ဝက်ဖြင့် ကားပေါ်မှ ဆင်းခဲ့လေ၏ ။ ပြီးနောက် လမ်းနံဘေးရှိ သစ်ပင်ကြီးအောက်တွင် သွားထိုင်နေလေ၏ ။
လပြည့်ည ဖြစ်သဖြင့် လမင်းကြီး ထိန်ထိန်သာနေပြီး ပန်ဝန်းကျင်တစ်ခုလုံး နေ့အလား လင်းထိန်နေလေ၏ ။
သူမသည် သစ်မြစ်ဆုံးပေါ်တွင် တင်ပလွှဲထိုင်၍ လမင်းကြီးကို ငေးကြည့်ကာ အတွေးရေယာဉ်ကြောတွင် မျောပါနေမိ၏ ။
ရှေးဦးစွာ မိဘနှစ် ပါးကို သတိရအောက်မေ့၏ ။ ဤအရပ်မှပင် နောက်သို့လှည့်၍ မိဘရင်ခွင်သို့ ပြန်ဝင်လျှင် ကောင်းမည် လော။
မိဘရင်ထံပြန်လျှင် မြို့ပိုင်ဦးမြဘူးလက်သို့ ပြန်ရောက်မှာ သေချသည်။ ဦးမြဘူး၏ နဝမမြောက်မယားဘဝနှင့် စာလျှင် ဆင်းရဲဒုက္ခရောက်တာကမှ တော် ပေဦးမည် ။
ထိုအခိုက်မှာ ပင် သူမ၏ အနီးသို့ ဒရိုင်ဘာရောက်လာသဖြင့် မာလာက
“ မာလာက ကားကောင်းသွားပြီးလား ”
ဟု မေးမြန်းလေရာ ဒရိုင်ဘာကလေသံအုပ်အုပ်ဖြင့်
“ ကား ကတော့ ပြင်မရဘူး၊ ကျုပ်တို့ ဒီမှာ ညအိပ်ရမှာ ပဲ ”
ဟု ပြောလေ၏ ။ မာလာသည် စိတ်ချောက်ချားသွားပြီး
“ ကျွန်မ မအိပ်တော့ဘူး ”
ဟု ပြောလေ၏ ။ ဒရိုင်ဘာက တဟီးဟီးရယ်မော၍
“ ဟီး ဟီး … ကြောက်နေပြီးလား၊ မကြောက်ပါနဲ့၊ မိန်းကလေးနဲ့အတူ ကျုပ်လာအိပ်ပေးပါ့မယ် ”
ဟု မထိတထိ ပြောလေရာ မာလာက
“ ရှင် ဘာစကားပြောတာလဲ ”
ဟု ရန်တွေ့ လိုက်လေ၏ ။
ဒရိုင်ဘာက တဟီးဟီးရယ်မော၍ မာလာကိုဖက်ကာ မြေပေါ်သို့ တွန်းလှဲလေ၏ ။ မာလာသည် ရုတ်တရက် ထိုင်ရာမှ ပက်လက်လန်လဲသွားပြီး ကံကောင်းထောက်မစွာ ဖြင့် ခဲတစ်လုံးကို ဆုပ်ကိုင်မိသဖြင့် ဒရိုင်ဘာ၏ ခေါင်းကို ထုလိုက်လေ၏ ။
ဒရိုင်ဘာသည် အားခနဲအော်၍ လဲကျသွားစဉ် မာလာသည် ထိုင်ရာမှထ၍ ကတ္တရာလမ်းအတိုင်း ပြေးလွှားသွားလေ၏ ။ သို့ သော် လမ်းလယ်ခေါင်တွင် စပယ်ရာက ပိတ်နေပြီး သူမကို ဖမ်းချုပ်လိုက်လေ၏ ။
မာလာက ခွန်အားရှိသမျှ ရုန်းကန်၍
“ ခွေးကောင် … ငါ့ကိုလွှတ်စမ်း ”
ဟု အော်ဟစ်လေ၏ ။ စပယ်ရာက ချုပ်ကိုင်၍
“ ငြိမ်ငြိမ်နေစမ်း ”
ဟု ကြိမ်းမောင်းကာ သူမ၏ ထမီကိုချွတ်ရန် ကြိုးစားလေ၏ ။ မာလာက ရုန်းကန်နေစဉ် ခြေကိုချိတ်၍ လှဲလိုက်သဖြင့် ကတ္တရာလမ်ပေါ်သို့ ဖင်ထိုင်လျက်လဲလေ၏ ။
စပယ်ရာက တဟီးဟီးရယ်မော၍ ရှေ့သို့ တိုးရန် ပြင်လေ၏ ။ ထိုစဉ် အနောက်မှ တစ်စုံ တစ်ယောက် က သူ၏ တုတ်ကိုဆွဲထားသဖြင့် ဒရိုင်ဘာဟု ထင်မှတ်ကာ
“ ဆရာကလည်း ဘာလို့အရင်လိုနေတာလဲ၊ တစ်ယောက် တစ်လှည့်ပေါ့ ”
ဟု လှည့်ပြောလေရာ ထိုသူက စပယ်ရာ၏ မျက်နှာကိုလက်ပြန်ဖြတ်ရိုက်လိုက်သဖြင့် စပယ်ရာသည် မြေပေါ်သို့ လဲကျသွားလေ၏ ။
မာလာသည် စပယ်ရာအား ရိုင်နှက်သူကို လ၏ အလင်းရောင် ဖြင့် ကြည့်လိုက်ပြီး လွန်စွာ အံ့သြသွားလေ၏ ။
ထိုသူမှာ ပေါင်းတည်မြို့တွင် ကားပေါ်မှဆင်းသွားသော ကောင်းဘွိုင်ဆန်ဆန်လူရွယ် ဖြစ်နေ၏ ။ ထိုသူက မာလာ၏ လက်ကိုဆွဲကာ မြေပေါ်မှ ထူမပေးလိုက် ပြီး မာလာ၏ လက်ချက်ဖြင့် လဲကျနေသော ဒရိုင်ဘာ၏ အနီးသို့ သွား၍ မျက်နှာအား ခြေဖြင့် ဆောင့်ကန်လိုက်ရာ ဒရိုင်ဘာလည်း မေ့မြောသွားလေ၏ ။
မာလာက အဝတ်အစားများ ကို ပြင်ဆင်ကာ လုံခြုံအောင် လုပ်လိုက်ပြီး
“ သိပ်ယုတ်မာတဲ့လူတွေ ၊ မိန်းကလေး တစ်ယောက် တည်း ခရီးသွားတယ်ဆိုပြီး တဏှာရူးချင်ကြတယ် ”
ဟု ပြောလေရာ ထိုသူက ခေါင်းညိတ်၍
“ စိတ်မပူပါနဲ့တော့၊ ဒီလူတွေ လောကကြီးနဲ့ ခဏလောက် အဆက်ပြတ်သွားပြီ ”
ဟု ပြောလေ၏ ။
ထိုအခါ မာလာက ကယ်တင်ရှင်အား အံ့သြဟန်ဖြင့် ကြည့်၍
“ ဒါနဲ့ ရှင်က ပေါင်းတည်မှဆင်းပြီးနေခဲ့တယ်ဆို၊ အခု ဘယ်လိုလုပ်ရောက်လာတာလဲ ”
ဟု မေးမြန်းလေ၏ ။ ထိုသူက စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်၍
“ ကျုပ် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ကားကြုံ လိုက်လာတဲ့မင်းကို သတိပြုမိတယ်၊ ဆိုင်ထဲကလူတွေ က ဒရိုင်ဘာနဲ့ စပယ်ရာဟာ တဏှားရူးနှစ် ယောက် လို့ ပြောသံကြားတယ်၊ ဒါကြောင့် မင်းအတွက် အန္တရာယ် ဖြစ်တော့မယ်ထင်လို့ တမင်လိုက်လာတာပဲ၊ ဟော … အခုတော့ ကျုပ်ထင်တဲ့အတိုင်းပဲ ဖြစ်လာတာ မဟုတ်လား ”
ဟု ပြောလေရာ မာလာက
“ ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မအရှက်ကို ရှင်ကယ်လိုက်တာပဲ၊ အရှက်သာမကဘူး အသက်ကိုလည်း ကယ်တင်လိုက်တာပါ၊ ဒါနဲ့ပေါင်းတည်မှာ ဆင်းနေပြီး ဘယ်လိုလုပ် ဒီလမ်းကို ကြိုရောက်နေတာလဲ ”
ဟု မေးမြန်းလေ၏ ။ ထိုသူက တဟားဟား ရယ်မော၍
“ ခရီးလမ်းဆုံးအထိလိုက်မယ်ဆိုရင် ဒီကောင်နှစ် ကောင် ကျုပ်ကို လမ်းကြုံလိုက်ခွင့်ပြုမှာ မဟုတ်ဘူး၊ ဒါကြောင့် ပေါင်းတည်မှာ ဆင်းဟန်ဆောင်ပြီး ကားအနောက်က ခိုလိုက်ခဲ့တာပဲ၊ ကဲ … ကားပေါ်တက်ပါ၊ ကျုပ်တို့ ခရီးဆက်ကြမယ် ”
ဟု ပြောလေရာ မာလာက အံ့သြဟန်ဖြင့် ကြည့်၍
“ ကားပျက်နေတယ် မဟုတ်ဘူးလား ”
ဟု ရေရွတ်လေ၏ ။ ထိုသူက ရယ်မောလိုက်ပြန်ပြီး
“ ဒီကောင်တွေ တမင်သက်သက် ကားပျက်ဟန်ဆောင်တာပါ ”
ဟု ဆိုကာ ကားပေါ်သို့ တက်ရန် စက်နှိုးလေ၏ ။
ကားစက်နှိုးသော အခါ မာလာသည် ကားပေါ်သို့ တက်၏ ။ ထိုသူက ကားကို ကျင်လည်စွာ မောင်းထွက်ခဲ့လေ၏ ။ ဒရိုင်ဘာနှင့် စပယ်ရာမှာ ထိုသူ၏ လက်ချက်ဖြင့် မေ့မြောကျန်ရစ်ခဲ့လေ၏ ။
ထိုသူက ကားကို မောင်းနှင်ရင်း
“ ဒုက္ခသည်ထင်တယ်၊ ဘယ်ကို ခရီးဆက်မှာ လဲ ”
ဟု မေးမြန်းလေ၏ ။ မာလာက သက်ပြင်းချ၍
“ ကျွန်မ ဘယ်ကို ခရီးဆက်ရမယ်ဆိုတာတောင် ရေရေရာရာ မသိပါဘူး၊ ခြေဦးတည့်ရာပါပဲ၊ လောလောဆယ် ပြည်မြို့မှာ နေစရာတစ်ခုရှာပြီး အလုပ်တစ်ခုလုပ်မလားလို့ စဉ်းစားမိတယ် ”
ဟု ပြောလေရာ ကောင်းဘွိုင်ဆန်ဆန်လူက ခေါင်းညိတ်၍
“ အပန်းမကြီးဘူးဆိုရင် မိန်းကလေးရဲ့ ဘဝနောက်ကြောင်း ပြောပြပါလား ”
ဟု မေးမြန်းလေ၏ ။
ထိုသူ၏ အမေးကြောင့် မာလာ၏ မျက်ဝန်းထဲတွင် မျက်ရည်စများ စီးကျလာပြီး သူမ၏ ဝမ်းနည်းဖွယ် အ ဖြစ်ဆိုးကို ပြောပြလေ၏ ။ မာလာ၏ စကားဆုံးသော အခါ ထိုသူက တက်ခေါက်၍
“ ဦးမြဘူးလို လူယုတ်မာမျိုးကို လောကကြီးမှာ အရှင်ထားဖို့ မကောင်းတော့ဘူး၊ မင်း ဘာမှအားမငယ်နဲ့၊ ကျုပ်တက်နိုင်သမျှ ကူညီမယ် ”
ဟု အားပေးစကားပြောလေ၏ ။ မာလာက
“ ကျေးဇူးတင်ပါတယ်ရှင် ”
ဟု ပြောလေ၏ ။ ထိုသူက ကားကို ကျင်လည်စွာ မောင်းနှင်ရင်း
“ ကျုပ်တို့ ညသန်းခေါင်လောက် ပြည်မြို့ကိုရောက်လိမ့်မယ်၊ ဟိုနှစ် ယောက် တော့ ဒီညတစ်ညလုံး ကားကြုံတွေ့ မှာ မဟုတ်ဘူး၊ မနက်ကျမှ ပြည်ကိုလိုက်လာလိမ့်မယ် ”
ဟု ပြောလေရာမာလာက
“ ကျွန်မတို့ သူတို့ကားကိုယူလာတဲ့ကစ္စ ပုလိပ်တိုင်ရင်ဒုက္ခပဲနော် ”
ဟု ရေရွတ်လေ၏ ။ ထိုသူက ရယ်မော၍
“ ဒီအတွက်မပူပါနဲ့၊ ကျုပ် စဉ်းစားထားပြီးသားပါ၊ ကျုပ်တို့ကားကို ပြည်မြို့မှာ ခဏနားပြီး မနက်စောစော ပြည်က ပြန်ထွက်မယ်၊ ကျုပ်က တောင်တွင်းကြီးအထိသွားမှာ ၊ ဒီကောင်တွေ ရဲ့ ကားကို တောင်တွင်းကြီးအထိ ယူသွားရမယ်၊ ဟဲ ဟဲ … ဒါဆိုရင် တစ်ချက်ခုတ် သုံးချက်ပြတ်ပဲ၊ပုလိပ်ရန်ကလည်းလွတ်မယ်၊ ကျုပ်သွားချင်တဲ့ ခရီးလမ်းဆုံးအထိလည်း ရောက်မယ်၊ ဒီကောင်နှစ် ကောင်လည်း ဒရိုင်ဘာနဲ့ စပယ်ရာအလုပ်ကပြုတ်မယ်၊ ကားတစ်စီးလုံး ဖျောက်ပစ်တဲ့ကောင်တွေ ဘယ်ကားအုံနာကမှ အလုပ်ဆက်ခန့်မှာ မဟုတ်ဘူး ”
ဟု ပြောလေရာ မာလာက ရယ်မော၍
“ သိပ်ကောင်းတဲ့ အစီအစဉ်ပဲ၊ ဒါပေမယ့် ကားပေါ်မှာ ပါတဲ့ ကုန်တွေ ပျက်စီးသွားဦးမယ် ”
ဟု ပြောလေ၏ ။ ထိုသူက
“ ဘာမှမပူနဲ့၊ မပျက်စီးနိုင်ဘူး၊ ကားပေါ်မှ ဆန်အိတ်တွေ တင်လာတာ ”
ဟု ပြောလေ၏ ။ ထိုအခါ မာလာက
“ ကျွန်မ ကတော့ ပြည်မှာ ပဲဆင်းပြီး အလုပ်တစ်ခုခုရအောင် ရှာမှာ ပဲ ”
ဟု ပြောလေရာ ထိုသူက ကားဂီယာကို ညင်သာစွာ ထိုးလိုက်ရင်း
“ မင်း ပြည်မှာ ဆင်းလို့မ ဖြစ်ဘူး၊ ကားခိုးမှု နဲ့ ပြဿနာ ဖြစ်နိုင်တယ်၊ ကျုပ်တို့ရွာ ခဏလိုက်ပြီး ပျော်သလောက်နေပါ၊ မှည့်တစ်ပေါက်မစွန်းဖို့ ကျုပ် တာဝန်ယူပါတယ် ”
ဟု ဖိတ်ခေါ်လေရာ မာလာသည် စိတ်သဘောထား တည်ကြည်ပုံရသော ထိုသူနှင့် လိုက်ပါချင်စိတ်များ ဖြစ်ပေါ်လာ၏ ။
ထို့ကြောင့် ခေါင်းညိတ်၍
“ ဒါဆိုရင်လည်း လိုက်ခဲ့ပါ့မယ်၊ ကျွန်မအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်မှာ တော့ စိုးရိမ်ပါတယ် ”
ဟု ပြောလေရာ ထိုသူက တဟားဟားရယ်မော၍
“ မ ဖြစ်ပါဘူးဗျာ၊ ကျုပ် တစ်ယောက် တည်းနေရတာ ပျင်နေတာနဲ့ အတော် ပါပဲ၊ ဒါထက် ကျုပ်နာမည် မိုးကောင်းတဲ့၊ မင်းနာမည် ဘယ်လိုခေါ်သလဲ ”
ဟု မေးမြန်းလေ၏ ။ မာလာက
“ ကျွန်မနာမည် က မာလာပါ ”
ဟု ဖြေလေ၏ ။ ထိုသူက ရယ်မော၍
“ မာလာဆိုတော့ ပန်းကလေးပေါ့၊ ဒါကြောင့် လည်း အန္တရာယ်တွေ ပတ်လည်ဝိုင်းနေတာကိုး ”
ဟု မှတ်ချက်ချလေ၏ ။
ပြည်မြို့သို့ ရောက်သော အခါမြို့တစ်နေရာတွင် ကားကို ရပ်၍ မိုးကောင်းက စောင်နှင့် ခေါင်းအုံးကို ရှာဖွေပေးပြီး
“ မာလာ ကားရှေ့ခန်းမှာ ခဏအိပ်လိုက်ပါ၊ ကျုပ်ကားအမိုးပေါ်မှာ သွားအိပ်မယ်၊ မနက်စောစော ပြည်ကထွက်ကြမယ် ”
ဟု ဆိုကာ ကားအမိုးပေါ်သို့ တွယ်ကပ်၍ တက်သွားလေ၏ ။
မာလာသည် ကားရှေ့ခန်း၏ ကျဉ်းမြောင်းသော နေရာလေးတွင် စောင်ခြုံ၍ လှဲအိပ်လိုက်စဉ် ပင်ပန်းနွမ်းနယ်မှု များ ကြောင့် ခဏအကြာတွင် အိပ်ပျော်သွားလေ၏ ။
မနက်အရုဏ်တက်ချိန်တွင် မိုးကောင်း အနီးသို့ ရောက်လာပြီး သူမ၏ ပခုံးကိုပုတ်ကာ
“ မာလာ အိပ်ရာထတော့၊ ကျုပ်တို့ ခရီးဆက်ရအောင် ”
ဟု ဆိုကာ သူမမျက်နှာသစ်ရန် ရေတစ်ပုလင်းပေးလေ၏ ။
ထိုနောက် သွားတိုက်ရန် ဆားကိုလည်းပေး၏ ။ မာလာက မျက်နှာသစ်၊ သွားတိုက်လိုက်ပြီး ကားပေါ်သို့ ပြန်တက်လေ၏ ။
ပြည်မြို့လွန်သော အခါ မိုးကောင်းက ကားကို တစ်နေရာတွင် ရပ်တန့်၍ မာလာအား ကိုယ်လက်သုတ်သင်စေ၏ ။ ထို့နောက်လော်ရီကားကြီးကို ခရီးဆက်ခဲ့ပြန်၏ ။
မိုးကောင်းသည် အလှူမဏ္ဍပ်တစ်ခုရှေ့သို့ ရောက်သော အခါ ကားကို ရပ်တန့်လိုက်၏ ။
မဏ္ဍပ်မှာ အနီအနားရွာတစ်ရွာ၏ အလှူခံမဏ္ဍပ် ဖြစ်ပုံရ၏ ။ မနက်စောစောအချိန် ဖြစ်သဖြင့် မဏ္ဍပ်တွင် အလှူခံမည့် သူများ မရှိသေးပေ။
မိုးကောင်းက ကားပေါ်မှခုန်ဆင်းသွားပြီး မဏ္ဍပ်ရှိ သာသနာ့အလံကိုဖြုတ်ယူ၍ ကားရှေ့ဘန်ကာတွင် ကြိုးဖြင့် ချည်နှောင်လေ၏ ။
မာလာက ခေါင်းကုတ်၍
“ သူများ အလှူမဏ္ဍပ်မပစ္စည်းတွေ ကို ခွင့်မတောင်းဘဲယူရင် ရှင်တော့ ငရဲကြီးလိမ့်မယ် ”
ဟု ပြောလေရာ မိုးကောင်းက ရယ်မော၍
“ ကြီးရင်လည်း ကြီးပါစေဗျာ၊ မတတ်နိုင်ဘူး၊ မယူလို့ မ ဖြစ်လို့ကို ယူရတာ ”
ဟု ပြောလေ၏ ။
ထို့နောက်တွင် မူ လော်ရီကားကြီးကို ပြန်လည်မောင်းနှင်ခဲ့လေ၏ ။ သာသနာ့အလံနှင့် ရောင် စုံ ဆိုင်းဘုတ်ကြီး ချိတ်ဆွဲထားသဖြင့် မိုးကောင်းတို့ကားမှာ အလှူခံကားကြီးသဖွယ် ဖြစ်နေလေ၏ ။
လမ်းတွင် မာလာက
“ နေပါဦး၊ ရှင်ဘာ ဖြစ်လို့ ဘုရားပစ္စည်းတွေ ခိုးလာရတာ လဲ ”
ဟု မေးမြန်းလေ၏ ။ မိုးကောင်းက
“ မကြာခင် မင်းသိရပါလိမ့်မယ်၊ ခဏစောင့်ပါဦး ”
ဟု ပြောလေ၏ ။
မိုးကောင်း၏ စကားမဆုံးမီ လမ်းပေါ်၌ လက်နက်ကိုင်လူတစ်စု ပိတ်ရပ်လိုက်ပြီး ကားကိုရပ်တန့်ရန် အချက်ပြလေ၏ ။
မာလာက ထိတ်လန့်ဟန်ဖြင့် ကြည့်၍
“ ဓားပြတွေ ”
ဟု အော်ဟစ်လိုက်လေ၏ ။ မိုးကောင်းက ခေါင်းညိတ်၍
“ မြေထဲနဲ့ ပြလိုအကြားမှာ ခြောက်ထောင်ပြန်ဘိုကျော်ဆိုတဲ့ ဓားပြဦးဆောင်ပြီး မကြာခဏ ဓားပြတိုက်လေ့ရှိတယ်၊ ဒီလမ်းကိုသွားတဲ့ ကားတွေ အားလုံး သူတို့အဖွဲ့ကို ပိုက်ဆံပေးထားရတယ်၊ ကျုပ်တို့ကားက ပြည်အထိပဲသွားလေ့ရှိတယ်ဆိုတော့ ပိုက်ဆံပေးမထားဘူး၊ ဒါကြောင့် ဓားပြတိုက်ခံရတာ ပဲ ”
ဟု ပြောကာ ကားကို ရပ်တန့်ပေးလိုက် ၏ ။
ဓားပြများ သည် ဆယ်ယောက် ခန့်ရှိပြီး လက်နက်ကိုယ်စီကိုင်ထားကြလေ၏ ။ ဓားပြခေါင်းဆောင်က မိုးကောင်းကိုခြောက်လုံးပြူးနှင့် ချိန်တွယ်၍
“ မင်းတို့ကားက ဘယ်သွားမလို့လဲ၊ ဒီလမ်းကိုသွားရင် ငါတို့ကို ခွင့်တောင်းပြီးမှ သွားရမယ်ဆိုတာ မသိဘူးလား ”
ဟု ကြိမ်းမောင်းလေရာ မိုးကောင်းက ရိုကျိုးဟန်ဖြင့်
“ မသိလို့ပါခင်ဗျာ၊ ကျွန်တော် တို့ကားက ကုန်တင်ကားမဟုတ်ပါဘူး၊ ဆုတောင်းပြည့်စေတီအတွက် အလှူခံပစ္စည်းတွေ သွားပို့တဲ့ကားပါ၊ သာသနာ့ကိစ္စအတွက်ပါ၊ အလံတော် ကိုလည်း ကြည့်ပါ ”
ဟု ဆိုလိုက်ရာ ဓားပြခေါင်းဆောင်က အနီးသို့ လျှောက်လာပြီး အလံတော် ကိုကြည့်ကာ ချောမောလှပသော မာလာကိုမြင်သည်နှင့် ရမ္မက်ဇောများ ကြွတက်လာပြီး
“ ဒီမိန်းကလေးကရော ဘယ်သူလဲ ”
ဟု မေးမြန်းလေ၏ ။
မာလာသည် ထိတ်လန့်ဟန်ဖြင့် ကြောင်ငေးငေးကြည့်နေစဉ် မိုးကောင်းက ဝင်၍
“ ဆုတောင်းပြည်စေတီအတွက် ရှေ့ဆုံးကဦးဆောင်ပြီး သာသနာ့အကျိုးဆောင်နေတဲ့ မိန်းကလေးပါ၊ မာလာလို့ ခေါ်ပါတယ် ”
ဟု ဖြေလေ၏ ။
ဓားပြခေါင်းဆောင်သည် သာသနာ့အကျိုးဆောင်ဆိုသဖြင့် စိတ်လျှော့လိုက်ဟန်ရှိပြီး သူတော် ကောင်းဟန်ဖြင့်
“ သာသနာ့ကိစ္စအတွက် သွားမယ်ဆိုရင်တော့ ခွင့်ပြုပါတယ်၊ ကျုပ်တို့က ဓားပြဆိုပေမယ့် ဒီလောက်မရိုင်းပါဘူး၊ ဘာသာတရားကိုင်းရှိုင်းပါတယ်၊ ဝါတွင်းသုံးလလုံးလုံးဓားပြမတိုက်ဘူး ”
ဟု အူကြောင်ကြောင်ပြောလေ၏ ။ မာလာက မျက်နှာတည်တည်ဖြင့်
“ ကျေးဇူးတင်ပါတယ်ရှင် ”
ဟု ဆိုလိုက်ရာ ဓားပြခေါင်းဆောင်က သဒ္ဓါတရားထက်သန်ဟန်ဖြင့်
“ ကျုပ်တို့အဖွဲ့ကိုလည်း ကြုံကြိုက်တုန်း ဆုတောင်းပြည့်စေတီအတွက် ကုသိုလ်ပါဝင်ခွင့်ပြုပါ ”
ဟု တောင်းပန်၍ ၎င်း၏ တပည့်တစ်ဦးကို ခေါ်ယူကာ လွယ်အိတ်ဖောင်းဖောင်းကြီးထဲမှ ငွေစက္ကူများ ကိုထုတ်၍ လှူဒါန်းလေ၏ ။
မာလာသည် ရယ်ချင်သော စိတ်ကိုထိန်းချုပ်၍ ငွေစက္ကူများ ကို လက်ခံယူကာ
“ သာဓု … သာဓု … သာဓု … ဤသို့ပြုရသော ကုသိုလ်ကောင်းမှု အစုစုကြောင့် နောင်ဘဝဆက်တိုင်းဆက်တိုင်း သူတစ်ပါးပစ္စည်းကို မတရား လုယက်၊ ခိုးဆိုး တိုက်ခိုက်ရသော လူဆိုးဓားပြအ ဖြစ်မှ လွတ်မြောက်ပြီး ကောင်းမွန်ရာဘဝသို့ ရောက်ပါစေ ”
ဟု ဆုတောင်းပေးလိုက် ရာ ဓားပြခေါင်းဆောင်၏ မျက်နှာသည် ရှုံ့မဲ့သွားပြီး အောင့်သက်သက်ဖြင့်
“ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ”
ဟု ဆုတောင်းလိုက်လေ၏ ။
ထိုနောက်တွင် မူ မိုးကောင်းသည် ဓားပြများ ကို နှုတ်ဆက်၍ ထွက်ခဲ့လေ၏ ။ ဓားပြများ ကျန်ရစ်ခဲ့သော အခါမှ မိုးကောင်းက တဟားဟား ရယ်မော၍
“ ဟား ဟား ဟား … ခြောက်ထောင်ပြန်ဘိုကျော်ဆိုတဲ့ကောင်ကို မိန်ကလေးဆုပေးလိုက် တာ သိပ်ကောင်းတာပဲ ”
ဟု ပြောလေရာ မာလာက ရယ်မော၍
“ ကျွန်မလည်း ဓားပြလုပ်ပြီး စကားကြီးစကားကျယ်ပြောနေတာ အမြင်ကတ်တာနဲ့ ဆုတောင်းပေးလိုက် တာ၊ ဒီကောင်ကြီးမျက်နှာ ခရမ်းသီးမီးဖုတ်သလို ရှုံ့တွသွားတာပဲ၊ သာသနာ့အလံနဲ့ ဆိုင်းဘုတ်ကို ရှင်ဘာကြောင့် ခိုးလာတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားပြီ ”
ဟု ပြောလေ၏ ။
ထိုနေ့ညသို့ ရောက်သော အခါ မိုးကောင်းတို့သည် တောင်တွင်းမြို့သို့ရောက်လေ၏ ။ မြို့သို့ မဝင်မီ ကားကို ရပ်၍ မိုးကောင်းက
“ ကျုပ်တို့ယူလာတဲ့ကားကို ဒီမှာ ပဲ စွန့်ပစ်ထားရအောင် ”
ဟု ဆိုကာ ကားပေါ်ရှိ သာသနာ့အလံတော် နှင့် ဆိုင်းဘုတ်ကို ဖြုတ်ယူလေ၏ ။ မာလာက မျက်မှော င်ကြုတ်၍
“ သာသနာ့အလံနဲ့ ဆိုင်းဘုတ်ကို ဘယ်အထိယူသွားမလို့လဲ ”
ဟု မေးမြန်းလေရာ မိုးကောင်းက ရယ်မော၍
“ မယူပါဘူးဗျာ၊ သူ့နေရာကို ပြန်ပို့ပေးမလို့ပါ ”
ဟု ပြောရင်း ပြည်မြို့ဘက်သို့ သွားမည်းကားကို တားဆီး၍
“ ပြည်မြို့အလွန် ကားလမ်းပေါ်က အလှူခံမဏ္ဍပ်လေးကို ဒီအလံနဲ့ ဆိုင်းဘုတ်လေးပို့ပေးပါ၊ ဟောဒီပိုက်ဆံတွေ ကို လည်းလှူပေးပါ ”
ဟု ဆိုကာ ဓားပြခေါင်းဆောင်လှူဒါန်းလိုက်သော ငွေစက္ကူတစ်ထပ်ကို ပေးလိုက် ၏ ။ ထို့နောက် မိုးကောင်းကပင်ဆက်၍
“ ဒီပိုက်ဆံတွေ ထဲက ကျသင့်တဲ့ကားခကို နှုတ်ယူလိုက်ပါ ”
ဟု ပြောလေရာ ဘာသာတရာကို ကိုင်းရှိုင်းဟန်ရှိသော ဒရိုင်ဘာက
“ မယူပါဘူးဗျာ၊ ဒီမဏ္ဍပ်လေးကိုကျုပ်သိပါတယ်၊ ကျုပ်ကားနဲ့ ဖြတ်သွားဖြတ်လာလုပ်တိုင်း လှူဒါန်းဖူးပါတယ်”
ဟု ပြောကာ သာသနာ့အလံနှင့် ဆိုင်းဘုတ်ကို ကားပေါ်သို့ ယူဆောင်သွားလေ၏ ။
မိုးကောင်းတို့သည် ကားလမ်းပေါ်မှဆင်း၍ မြေလမ်းအတိုင်းခရီးဆက်ခဲ့လေ၏ ။ ခဏကြာလျှင် နွားလှည်းတစ်စီးကို တွေ့ သဖြင့် လမ်းကြုံလိုက်ခဲ့လေ၏ ။
နွားလှုည်းဖြင့် နှစ် နာရီကျောက်လိုက်ပါလာပြီးနောက် ရွာတစ်ရွာ၏ အနီးသို့ ရောက်လျှင် မိုးကောင်းက လှည်းကို ရပ်ခိုင်း၍ ဆင်းလျှောက်လေ၏ ။ ရွာပြင်ရှိ ခြံကြီးတစ်ခြံသို့ ရောက်သော အခါ မိုးကောင်းက
“ ဒါ ကျုပ်နေတဲ့ခြံကြီးပဲ ”
ဟု ဆိုကာ မာလာကို ဦးဆောင်၍ ဝင်ခဲ့လေ၏ ။
ခြံ၏ တစ်နေရာတွင် အမဲလိုက်မုဆိုးများ နေထိုင်လေ့ရှိသော သစ်လုံးသဏ္ဌာန် အိမ်ငယ်လေးတစ်လုံးကို တွေ့ ရလေ၏ ။
မိုးကောင်းက ခွေးတံဆိပ်အောက်လင်းမီးများ ကို ထွန်းညှိလိုက်သော အခါ လင်းထိန်သွားလေ၏ ။
အိမ်ကလေးအတွင်း သစ်သားဖြင့် လက်ရာမြှောက်စွာ ပြုလုပ်ထားသော စားပွဲကုလားထိုင်များ အိမ်ထောင်ပရိဘောဂများ ကို တွေ့ ရလေ၏ ။ မိုးကောင်းက လွန်စွာ လှပသော ထိုင်ခံလေးတစ်ခုကို ညွှန်ပြ၍
“ ထိုင်ပါဦး မာလာ၊ ခဏနားပြီးရင် စားဖို့သောက်ဖို့ စီစဉ်ကြတာပေါ့ ”
ဟု ပြောလေ၏ ။ မာလာက အိမ်ကလေးကို မျက်လုံးဝေ့ကြည့်၍
“ ဒီမှာ ရှင် တစ်ယောက် တည်းနေတာလား ”
ဟု မေးမြန်းလေရာ မိုးကောင်းက ခေါင်းညိတ်၍
“ တစ်ယောက် တည်းပဲနေတယ်၊ ဒီအိမ်လေးမှာ အခန်းနှစ် ခန်းရှိတော့ မာလာနဲ့ကျုပ် တစ်ယောက် တစ်ခန်း နေကြတာပေါ့ ”
ဟု ပြောလေ၏ ။
ထို့နောက်တွင် မူ မီးဖိုဆောင်သို့ ဝင်၍ မီးမွှေးကာ ထမင်းအိုး တည်လေ၏ ။ အသားခြောက်များ ကို မီးဖုတ်၍ ဆီဆမ်းကာ စားသောက်ကြလေ၏ ။ မာလာသည် ဆာဆာနှင့် ထမင်း နှစ် ပန်းကန်မျှ စားလေ၏ ။
ထမင်းစားပြီးနောက် ကော်ဖီဖျော်၍ ဘီစကစ်များ နှင့် စားသောက်ကြပြန်၏ ။ မာလာက ကော်ဖီကို တစ်ငုံမျှသောက်၍
“ ရှင်က ဒီရွာဇာတိလား ”
ဟု မေးမြန်းလေရာ မိုးကောင်းက ခေါင်းခါ၍
“ မဟုတ်ဘူးဗျ၊ ကျုပ် ဒီရွာကိုရောက်တာ တစ်နှစ် လောက်ပဲ ရှိသေးတယ်၊ တကယ်တော့ ဒီအိမ်နဲ့ ဒီခြံဟာ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး၊ ကျုပ်ဟာ ဒီနေရာမှာ လူ တစ်ယောက် ကို လာစောင့်နေတာ ”
ဟု ဖြေလေရာ မာလာက စိတ်ဝင်စားဟန်ဖြင့်
“ ဘယ်သူ့ကိုစောင့်နေတာလဲ ”
ဟု မေးမြန်းလေ၏ ။ မိုးကောင်းက အဝေးသို့ ငေးကြည့်၍
“ ကျုပ်ဆရာကို လာစောင့်နေတာပါ၊ ဆရာဟာ တစ်နှစ် ပြည့်ရင် ပြန်လာခဲမယ်လို့ ပြောသွားတယ်၊ဒါပေမယ့် အခုထိ ပြန်မလာသေးပါဘူး ”
ဟု တီးတိုးပြောလေ၏ ။
ထို့နောက် မိုးကောင်းက ထိုင်ရာမှထ၍ မာလာအိပ်စက်ရန် အခန်းကိုပြ၍
“ အခန်းထဲမှာ ကုတင်နဲ့စောင်၊ ခြင်ထောင်တွေ ရှိတယ်၊ စားပွဲခုံပေါ်မှာ မီးခြစ်နဲ့ ဖယောင်းတိုင်ရှိတယ်၊ မှန်အိမ်နဲ့ လက်နှိပ်ဓာတ်မီးလည်း ရှိတယ် ”
ဟု ပြောလေ၏ ။
မာလာသည် အိပ်ခန်းထဲသို့ ဝင်၍ မှန်အိမ်လေးကို မီးမှိန်မှိန်ထွန်းကာ ကုတင်ပေါ်သို့ လှဲချလိုက်၏ ။
သူမ၏ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေသဖြင့် ကုတင်ပေါ်သို့ လှဲအိပ်လိုက်ကာမှ သက်သာသွားလေ၏ ။
မာလာသည် အိပ်စက်၍ မပျော်နိုင်သေးဘဲ မိဘနှစ် ပါးကို သတိရနေမိ၏ ။ ယခုအချိန်ဆိုရင် သူမပျောက်ဆုံးကြောင်း မိဘများ သိလောက်ပေပြီ။
မြို့ပိုင်ဦးမြဘူးလက်မှ လွတ်မြောက်ရန် ခြေဦးတည့်ရာသို့ ပြေးထွက်ခဲ့သော်လည်း မိန်းမသားဘဝမှာ အန္တရာယ်များ လွန်းလှ၏ ။
အထူးသဖြင့် ချောမောလှပသော သူမအတွက် တဏှာရူးများ ၏ အန္တရာယ်မှာ ပိုမိုကြောက်မက်ဖွယ်ကောင်း၏ ။
သူမသည် မနေ့ကမှ သိကျွမ်းရသော မိုးကောင်းဆိုသူ၏ နောက်သို့ ယုံယုံကြည်ကြည် လိုက်ပါလာမိ၏ ။ မိုးကောင်းသည် ယောက်ျား တစ်ယောက် ပင် ဖြစ်၍ သူမကို အန္တရာယ်ပြုနိုင်၏ ။
မည် သို့ ပင် ဖြစ်စေ ယောက်ျားပီသ၍ စိတ်သဘောထားမြင့်မြတ်ဟန်ရှိသော မိုးကောင်းကို သူမ ခင်မင်နေမိ၏ ။
နောက်တစ်နေ့နံနက်တွင် မာလာသည်အိပ်ရာမှထ၍ ပြတင်းပေါက်ကိုဖွင့်လိုက်ရာ ခြံဝင်းထဲတွင် စိမ်းစိမ်းစိုစိုရှိသော စိုက်ခင်းများ ကို တွေ့ ရလေ၏ ။ နောက်ဖေးမီးဖိုဆောင်သို့ ရောက်သော အခါ အငွေ့တထောင်းထောင်းထနေသော ထမင်းနှင့် ပဲပြုတ်ဆီဆမ်းကို တွေ့ ရလေ၏ ။ မိုးကောင်း၏ အရိပ်အယောင်ကိုမျှ မမြင်ရသေးပေ။
သူမသည် စားပွဲတွင် ထိုင်၍ ထမင်းကြမ်းကို စားလေ၏ ။ ရေနွေးကြမ်းကိုငဲ့သောက်ရန် ပြင်လိုက်စဉ် ခဲတံဖြင့် ရေး ထားသော စာတစ်စောင်ကိုမြင်၍ ဖတ်ကြည့်လိုက်ရာ
“ ပဲဆီမွှေးမွှေးလေးနဲ့နယ်ထားတဲ့ ထမင်းနဲ့ ပဲပြုတ်ဆီဆမ်းကို အရသာရှိရှိစားပါ၊ ပြီးရင် ရွှေဖီမိုးလွတ် လက်ဖက်ခြောက် ခတ်ထားတဲ့ ရေနွေးကြမ်းကို သောက်ပါ၊ မင်းပင်ပန်းနေတာ သိလို့ အိပ်ရာက မနှိုးတော့ပါဘူး ”
မိုးကောင်း
ဟူ၍ တွေ့ ရလေ၏ ။
သူမက စာကိုဖတ်၍ ပြုံးလိုက်မိပြီး ပန်းကန်မျာကို ဆေးကြောကာ ခြံထဲသို့ ဆင်းခဲ့လေ၏ ။
ခြံဝင်းထဲတွင် သီးပင်စားပင်များ စုံလင်အောင် စိုက်ပျိုးထားပြီး စိမ်းစိမ်းစိုစိုလည်း ရှိနေ၏ ။
မိုးခေါင်ရေရှားသော အရပ်တွင် သီးပင်စားပင်များ ကို မည် သို့ စိုက်ပျိုးထားလေသည် မသိ။ စိုက်ခင်းပျိုးခင်းများ ၏ အလယ်တွင် လှပသော ပန်းရောင် စုံများ နှင့် ပန်းခြံသဖွယ် ပြုလုပ်ထား၏ ။
သူမသည် ခြံဝင်းအနောက်သို့ လှည့်လည်ကြည့်ရှုလေရာ စမ်းချောင်းငယ်လေးတစ်ခု ဖြတ်စီးနေကြောင်းတွေ့ ရ၏ ။ စမ်းချောင်းမှ ရေကို ဝါးပိုးဝါးများ နှင့် သွယ်တန်း၍ ခြံဝင်းထဲသို့ ရေသွင်းစိုက်ပျိုးထားကြောင်း တွေ့ ရ၏ ။
စမ်းချောင်းအနီးတွင် သစ်သားခုံတန်းရှည်လေး တစ်ခုရှိ၏ ။ သူမသည် ခုံတန်းရှည်တွင် ဝင်ထိုင်လိုက်ပြီး တသွင်သွင် စီးဆင်နေသော ရေအလျဉ်ကိုကြည့်ကာ ရင်ထဲတွင် ကြည့်နူးချမ်းမြေ့သွားလေ၏ ။
ဤနေရာလေးသည် သာယာလွန်းလှ၏ ။ မာလာသည် ခုံတန်းရှည်တွင် ထိုင်ရင်း သူမ၏ အနာဂတ်ကို တွေးတောနေမိပြန်၏ ။
သူမတွင် လောလောဆယ်နေစရာမရှိ။ အလုပ်အကိုင်လည်းရှာဖွေရဦးမည် ။ မိန်းမသား တစ်ယောက် အတွက် အိမ်ယာအတည်တကျနေထိုင်ရန် အရေး ကြီးသလို စားဝတ်နေရေး အတွက် အလုပ်အကိုင်ရှာရန်လည်း လိုအပ်၏ ။
သူမ၌ အရင်းအနှီးလည်းလုပ်ရန်လည်း ငွေများများ စားစားမရှိ။ မိခင်ကြီး ဆင်မြန်းလိုက်သော ရွှေဆွဲကြိုးတစ်ကုံးသာရှိ၏ ။
ထိုမျှသော ငွေအသပြာနှင့် မည် သည့်အလုပ်ကို လုပ်ကိုင်စားသောက်ရမည် နည်း။ မာလာသည် တွေးတောရင်း ခေါင်းထဲတွင် နောက်ကျိလာပြီး စိတ်အားငယ်သလို ခံစားမိလိုက်၏ ။
ထိုအခိုက်မှာ ပင် ခုံးတန်းရှည်၏ ကျောမှီတွင် ခဲလုံးဖြင့် ဖိထားသော စာတစ်စောင်ကို တွေ့ ရလေ၏ ။ မာလာက စာကို ဖတ်ကြည့်သော အခါ
“ အနာဂတ်ကိုတွေးတောပြီး ပူပင်သော ကရောက်မနေပါနဲ့၊ စိုးရိမ်သော ကဆိုတာ အဆိပ်ပါပဲ၊ မ ဖြစ်သေးတာကို ကြိုတင်တွေးပြီး ပူပင်နေတာလောက် ပင်ပန်းတာမရှိဘူး၊ အချိန်တန်ရင် သူ့ဘာသာ အဆင်ပြေသွားမှာ ပါ ”
မိုးကောင်း
ဟု ရေး သားထားလေ၏ ။
မာလာသည် မိုးကောင်း၏ စာကိုဖတ်၍ အံ့သြသွားလေ၏ ။ ထိုသူသည် သူမ၏ စိတ်ခံစားချက်များ ကို ကြိုတင်သိရှိနေပုံမှာ အံ့သြဖွယ် ကောင်းလှ၏ ။
နေသည် တဖြည်းဖြည်းမြင့်တက်လာသဖြင့် ဗိုက်ထဲတွင် ဆာလောင်သလိုရှိလာ၏ ။ ထို့ကြောင့် သစ်လုံးအိမ်ကလေးသို့ ပြန်ခဲ့လေ၏ ။ မီးဖိုဆောင်သို့ဝင်၍ စားသောက်ဖွယ်ရာများ ကို ရှာဖွေလေရာ ထမင်းအိုးတစ်လုံး အသင့်တည်ထားပြီး ဆတ်သားခြောက်ကို ဆီပြန်ချက်ထားကြောင်း တွေ့ ရ၏ ။
ပန်းကန်ပြားနှင့် အုပ်ထားသော ငါးပိရည်ပန်းကန်နှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ကိုလည်း တွေ့ လေ၏ ။
မာလာသည် ထမင်းဟင်းများ ကို မြိန်ယှက်စွာ စားသောက်လေ၏ ။ စားသောက်ဖွယ်ရာများ ကို မည် သည့်အချိန်တွင် ထ၍ ချက်ပြုတ်ထားလေသည် မသိ။ ဟင်းချက်လက်ရာကလည်း ကောင်းလွန်းလှ၏ ။
ထမင်းစားပြီးသော အခါ ပန်းကန်များ ကို ဆေးကြော၍ မှော က်ထားလိုက်လေ၏ ။ သူမသည် ဗိုက်ပြည့်သွားသဖြင့် အချိုတည်းချင်စိတ်များ ဖြစ်ပေါ်လာ၏ ။
မိဘများ နှင့် နေထိုင်စဉ်က ထမင်းစားပြီးတိုင်း ထန်းလျက်၊ ကြံသကာ စသည်ဖြင့် စားသောက်လေ့ရှိ၏ ။
ထို့ကြောင့် မီးဖိုဆောင်ရှိ ပုလင်းနှင့် ခွက်များ ကို လှန်လှော်ရှာဖွေလေရာ အချိုနည်းစရာမရှိ ဖြစ်နေလေ၏ ။ ထို့ကြောင့်
“ ဒီလူနှယ် … အိမ်မှာ ထန်းလျက်လေး၊ ကြံသကာလေးတောင် ဝယ်မထာဘူး ”
ဟု အပြစ်တင်နေစဉ် ခြံထဲသို့ ကလေးငယ်တစ်ဦး ရောက်ရှိလာပြီး
“ အစ်မစားဖို့ မုန့်လက်ကောက်ကြော်နဲ့ မုန့်ကြာခွက် လာပို့တာပါ ”
ဟု ပြောလေရာ မာလာက အံ့သြသွားပြီးလျှင်
“ မင်းက ဘယ်ကလဲ၊ ဘယ်သူပို့ခိုင်းတာလဲ ”
ဟု ပြန်လည်မေးမြန်းလေ၏ ။ မိန်းကလေးက သွက်လက်ချက်ချာစွာ ဖြင့်
“ နေ့လယ်ရောက်ရင် ခြံထဲကို မုန့်လက်ကောက်ကြော်နဲ့ မုန့်ကြာခွက်ပို့ပေးရမယ်လို့ မှာ သွားပါတယ်၊ ဒါကြောင့် လာပို့ပေးတာပါ ”
ဟု ဖြေကာ ခြံထဲမှာ ပြန်လည်ထွက်ခွာသွားလေ၏ ။
မာလာသည် မုန့်ကြာခွက်ကို တစ်ကိုက်ကိုက်လိုက်ပြီး
“ သိပ်ကောင်းတဲ့ ကိုမိုးကောင်းပဲ၊ ထမင်းစားပြီးရင် အချိုတည်တဲ့ အကျင့်ကိုလည်း ကြိုသိနေတယ် ”
ဟု တစ်ကိုယ်တည်း ချီးမွမ်းလိုက်လေ၏ ။
မုန့်များ ကို စားသောက်ပြီးနောက် ဒဂုံမဂ္ဂဇင်း သုံးလေးအုပ်ကိုယူဆောင်ကာ အိပ်ခန်းထဲရှိ ကုတင်ပေါ်တွင် လှဲ၍ ဖတ်ရှုနေလေ၏ ။
မဂ္ဂဇင်းစာအုပ်မဆုံးမီ သူမ အိပ်ပျော်သွားလေ၏ ။ အိပ်ရာမှနိုးသော အခါ ညနေစောင်း၍ ပင်နေလေပြီ။ သူမသည် အိုက်စပ်သလိုရှိ၍ ရေချိုးရန် ရေတွင်းဆီသို့ ထွက်ခဲ့လေ၏ ။
သူမတွင် လဲလှယ်စရာ လုံချည်အပိုတစ်ထည်သာရှိ၏ ။ ထိုလုံချည်နှင့် အတွင်းခံအင်္ကျီမှာ သာယာဝတီဈေးထဲတွင် ဝယ်ယူလာခဲ့ခြင်း ဖြစ်၏ ။
သူမသည် ရေတွင်းမှရေကိုငင်၍ ရေကိုတဝကြီး ချိုးလိုက်၏ ။ ရေချိုးပြီးသော အခါ အိမ်ကလေးဆီသို့ ပြန်ခဲ့ပြီး အဝတ်အစားများ လဲလေ၏ ။
ညနေနေဝင်ကာနီးပေပြီ။ မိုးကောင်းကား ပြန်ရောက်မလာသေးပေ။ မိုးကောင်းပြန်ရောက်လာလျှင် စားသောက်ဖို့ထမင်းချက်ရန် ပြင်လိုက်စဉ် ဆန်အိုးအဖုံးပေါ်တွင် စာတစ်စောင်ကို တွေ့ ရပြန်၏ ။
မိန်းကလေးပီပီ အလိုက်သိတဲ့စိတ်ကလေးကို ချီးကျူးပါတယ်၊ ထမင်းချက်ထားမလို့လား၊ မချက်ပါနဲ့ကွာ၊ မြို့က ခေါက်ဆွဲကြော်နဲ့ တရုတ်အစားအစာတွေ ဝယ်လာခဲ့မယ်၊ မင်းရောက်လာတဲ့ အထိမ်းအမှတ်အနေနဲ့ တို့နှစ် ယောက် ပျော်ပျော်ပါးပါး စားသောက်ကြတာပေါ့၊ မကြာခင် ကျုပ် ပြန်လာတော့မှာ ပါ။
မိုးကောင်း
မာလာသည် စာဖတ်ပြီးသော အခါ တစ်ကိုယ်တည်း ပြုံးလိုက်ပြန်ပြီး
“ ဒီလူ ဘာလို့ ဒီလောက်တော် နေတာလဲ မသိဘူး ”
ဟု ရေရွတ်ကာ ကျေနပ်သလို ဖြစ်နေလေ၏ ။
နေဝင်ကာနီး ဖြစ်လာသဖြင့် ပြတင်းပေါက်အနီးရှိ ထိုင်ခုံတွင် ထိုင်၍ မိုးကောင်းလာမည့် လမ်းကို လှမ်းမျှော်နေမိ၏ ။
ထိုအခိုက်မှာ ပင် မြင်းခွာသံတခွပ်ခွပ် ကြားလိုက်ရပြီး မြင်းခွာသံနှင့် အုန်းခွံရောင် မြင်းကြီး အသားကျကျ စီးလာသော မိုးကောင်းကို မြင်လိုက်ရ၏ ။
မိုးကောင်းသည် သက္ကလပ်ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထားပြီး လွန်စွာ ကြီးမားသော အိတ်ကြီးကို စလွယ်သိုင်းလွယ်ကာ ကောင်းဘွိုင်မင်းသားကဲ့သို့ ရှိလေ၏ ။
သစ်လုံးအိမ်ရှေ့သို့ ရောက်သော အခါ မြင်းပေါ်မှ လွှားခနဲ ခုန်းဆင်းလိုက်၏ ။ ကျောပေါ်တွင် လွန်စွာ ကြီးမားသော သားရေအိတ်ကြီးလည်းပါ၏ ။
သူသည်အိမ်ထဲသို့ ရောက်သော အခါ စားပွဲခုံပေါ်သို့ သားရေအိတ်ကြီးကို တင်လိုက်ပြီးလျှင်
“ အိတ်ထဲမှာ မာလာ့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ပါတယ်၊ ထုတ်ကြည့်ပါဦး ”
ဟု ပြောလေရာ မာလာက အံ့သြဟန်ဖြင့်
“ ဘာပစစ္စည်းတွေ လဲ ”
ဟု ရေရွတ်ကာ အိတ်ကြီးထဲမှ ပစ္စည်းများ ကို ထုတ်ကြည့်လေ၏ ။
ထိုအခါ အိတ်ထဲတွင် စုရတီလုံချည်၊ရှန်လုံချည်၊ ပဒုမ္မာပိတ်စ၊ စွန်လုံပျံမျက်နှာ ချေမှု န့်နှင့် ဘီး၊ မှန်၊ သနပ်ခါးတုံးစသော မိန်းမအသုံးအဆောင်ပစ္စည်းများ ကို တွေ့ ရလေ၏ ။
ကျောက်ပျဉ်ငယ်လေးတစ်လုံးပင် အပိုပါလိုက်သေး၏ ။ မာလာသည် ထိုပစ္စည်းများ ကိုကြည့်၍ လွန်စွာ ပျော်ရွှင်သွားလေ၏ ။
သူမက
“ ဟယ် … ပစ္စည်းတွေ စုံနေတာပဲ၊ ဘာ ဖြစ်လို့ ဒုက္ခရှာပြီး ဝယ်လာတာလဲ ကိုမိုးကောင်းရယ် ”
ဟု ပြောလေရာ မိုးကောင်းက ရယ်မော၍
“ ဒုက္ခမရောက်ပါဘူး၊ သုခပါ၊ ပစ္စည်းတွေ မြင်လို့ မာလာပျော်နေတာကြည့်ပြီး ပင်ပန်းတာတွေ ပျောက်ပြီး သုခ ဖြစ်သွားတယ်၊ ကျုပ်ကိုအားမနာပါနဲ့၊ မိန်းကလေး တစ်ယောက် အတွက် ဒီပစ္စည်းတွေ ဟာ မရှိမ ဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ပါ ”
ဟု ပြောလေရာ မာလာက အားတုံ့အားနာ ဖြစ်ဟန်ဖြင့်
“ ပိုက်ဆံတွေ အတော် ကုန်သွားမှာ ပဲ ”
ဟု ရေရွတ်လေရာ မိုးကောင်းက
“ လောကမှာ မရှိမ ဖြစ်လိုအပ်တဲ့ပစ္စည်းတွေ အတွက် ပိုက်ဆံကုန်ရတာ ကို နှမြောတွန့်တိုစရာမရှိပါဘူး၊ ပိုက်ဆံ ဖြုန်းတီရာလည်း မကျပါဘူး၊ တကယ်တော့ ပိုက်ဆံဖြုန်းတီးတယ်ဆိုတာ မလိုအပ်ဘဲ ပစ္စည်းအသစ်အဆန်းပေါ်တိုင်း လျှောက်ဝယ်နေတာကို ခေါ်တာပါ၊ ကဲ … မာလာဆာနေရော့မယ်၊ ကျုပ်တို့ ညစာစားရအောင်၊ မြို့ပေါ်က ခေါက်ဆွဲကြော်နဲ့ တရုတ်အစားအစာတွေ ဝယ်လာတယ် ”
ဟု ပြောကာ မြင်းကုန်းနှီးတွင် ချိတ်ထားသော အထုပ်ကြီးတစ်ထုပ်ကိုယူ၍ မာလာအား ကမ်းပေးလေ၏ ။
မာလာသည် စားသောက်ဖွယ်ရာများ ကို ပန်းကန်ခွက်ယောက် များ ထဲသို့ ထည့်လေ၏ ။
ထို့နောက်တွင် မူ နှစ် ယောက် သား တရုတ်စာနှင့် ညစာစားသောက်လေ၏ ။ မာလာသည် တရုတ်စာများ ၏ အရသာ ထူးခြင်းမှု ကြောင့် ထမင်းနှင့် ဟင်းများ ကို မြိန်ယှက်စွာ စားသောက်လေ၏ ။
မိုးကောင်းက မာလာဘက်သို့လှည့်၍
“ မာလာ အိပ်ချင်ရင် အိပ်တော့လေ၊ အိပ်ခန်းမှာ တံခါးမင်းတုံးရှိတယ်၊ ညအိပ်ရင် မင်းတုံးချပြီး စိတ်ချလက်ချသာ အိပ်ပါ ”
ဟုပြောလေ၏ ။ မာလာက မျက်လွှာချ၍
“ ကိုမိုးကောင်းကို ကျွန်မ ယုံပါတယ် ”
ဟု တီးတိုးပြောလေရာ မိုးကောင်းက ခေါင်းခါ၍
“ မယုံပါနဲ့၊ ကျုပ်လည်း ပုထုဇဉ် တစ်ယောက် ပါ၊ လူဆိုးမ ဖြစ်ဘူးလို့ မပြောနိုင်ဘူး၊ အသိဉာဏ်နဲ့ ထိန်းသိမ်းထားနိုင်လို့ လူကောင်း ဖြစ်နေတာ၊ ဘာပဲ ဖြစ် ဖြစ်ဘုရားကိုတော့ လိမ်လို့မရပါဘူး ”
ဟု ပဟေဠိဆန်သော စကားကို ပြောလေ၏ ။ မာလာကနားမလည်ဟန်ဖြင့် ကြည့်၍
“ ဘုရားကို လိမ်တယ်၊ ဟုတ်လား ”
ဟု မေးမြန်းလေ၏ ။ မိုးကောင်းက သက်ပြင်ချ၍
“ ဘုရားကိုလိမ်တဲ့ သူတွေ ထဲမှာ သူတော် ကောင်းခံထားတဲ့သူတွေ အများ ဆုံးပါတယ်၊ သူတို့ဟာ ဘုရားကို အလိမ်ဆုံးပုဂ္ဂိုလ်တွေ ပဲ၊ ဒီအကြောင်းကို ကျုပ်လည်း အရင်တုန်းက မသိပါဘူး၊ ကျုပ်ဆရာကြီးပြောပြလို့ သိရတာ ၊ မာလာနားလည်အောင် ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်၊ ဘုရားလက်ထက်က သူဌေးကြီး တစ်ယောက် ဟာ သူ့ရဲ့ အသက် (၅) ပြည့်မွေးနေ့ပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့တယ်၊ မွေးနေ့မှာ ဖျော်ဖြေဖို့နိုင်ငံမှာ အကျော်ကြားဆုံး ကချေသည်ဟာ အလွန်ကောင်းပြီး ချောမောလှပတာကြောင့် သူ့ရဲ့ ဂုဏ်သတင်းဟာ တစ်မြို့လုံး မွှေးပျံ့သွားတယ်၊ ဒါကြောင့် ကပွဲလုပ်တဲ့ခန်းမမှာ နေ့စဉ် လူတွေ နဲ့ စည်ကားနေတာပေါ့။ နောက်ဆုံးညကိုရောက်တဲ့အခါမှာ တစ်မြို့လုံးက ကိုးကွယ်နေတဲ့ ရသေ့ကြီးဟာ ကချေသည်ရဲ့ သတင်းကိုကြားတော့ ကြည့်ချင်စိတ်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်ပေါ်လာတယ်၊ ဒါကြောင့် သူဌေးကြီးကို ခေါ်ပြီး ကချေသည်ရဲ့ အကကို ကြည့်ချင်ကြောင်း ပြောတယ်၊ သူ့ကို ဘယ်သူမှမမြင်အောင် ကြည့်လို့မရဘူးလားလို့လည်း မေးတယ်၊ သူဟာတစ်မြို့လုံးက ကိုးကွယ်တဲ့ရသေ့ကြီးဆိုတော့ ကချေသည်ကို လူသိရှင်ကြား ကြည့်လို့ဘယ် ဖြစ်မလဲ၊ ဒီအခါမှာ သူဌေးကြီးက ခေါင်းညိတ်ပြီး ‘ ရပါတယ် အရှင်ဘုရား၊ အရှင်ဘုရားနဲ့ ဂုဏ်သရေရှိလူကြီးတွေ အကကြည့်လို့ရအောင် ကျွန်တော် စီစဉ်ထားပါတယ်၊ ကပွဲခန်းမကြီးရဲ့ အနောက်မှာ ဘယ်သူမှ မမြင်နိုင်တဲ့ လျှို့ဝှက်အပေါက်တစ်ပေါက် ဖောက်ထားပါတယ်၊ အဲဒီ အပေါက်ကနေ ဂုဏ်သရေရှိ လူကြီးမင်းတွေ နေ့စဉ်ကြည့်နေကြပါတယ်၊ ဘယ်သူမှမမြင်နိုင်ပါဘူး၊ ဒီနေ့ညတော့ အရှင်ဘုရားအလှည့်ပါ ’ လို့ ပြောလိုက်တဲ့အခါမှာ ရသေ့ကြီးလည်း အင်မတန်ချောမောလှပပြီး ဂုဏ်သတင်းမွှေးတဲ့ ကချေသည်ကိုကြည့်ရတော့မယ်ဆိုပြီး ပျော်ရွှင်သွားတယ်၊ ဒါပေမယ့် သူဌေးကြီးက စကားတစ်ခွန်းပြောလိုက်သေးတယ်၊ ဒီစကားကြောင့် ရသေ့ကြီးဟာ ထိတ်လန့်ပြီး ကပွဲကိုမကြည့်တော့ဘဲ လှည့်ပြန်သွားခဲ့တယ် ”
ဟု ပြောလေရာ မာလာက စိတ်ဝင်စားစွာ ဖြင့်
“ ဘယ်လိုပြောတာလဲ ”
ဟု မေးမြန်းလေ၏ ။ မိုးကောင်းက သက်ပြင်းချ၍
“ သူဌေးကြီးက ပြောတယ်၊ အရှင်ဘုရားကို တစ်ခုတော့ သတိပေးချင်ပါတယ်၊ လျှို့ဝှက်အပေါက်ကို လူတွေ မမြင်နိုင်ပေမယ့် ဘုရား ကတော့ မြင်နိုင်ပါတယ်၊ ဘုရားမမြင်နိုင်တဲ့ပေါက် ကတော့ မရှိပါဘူးလို့ ပြောလိုက်တယ်၊ တကယ်တော့ ရသေ့ကြီးဟာ နည်းနည်း ရိုးသားတဲ့သူမို့ ဒီလိုလှည့်ပြန်သွားတာပေါ့၊ လောကမှာ ဘုရားမြင်လည်း ကိစ္စမရှိပါဘူး၊ လောလောဆယ် ပတ်ဝန်းကျင်ကို လူတွေ မမြင်ဖို့ အရေး ကြီးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ အများ ကြီးပါ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ ဟာ ဘုရားကို အလိမ်ဆုံးပုဂ္ဂိုလ်တွေ ပဲ၊ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ်လည်း လိမ်ကြတယ်၊ ဘုရားကိုလည်းလိမ်တယ်၊ တကယ်တော့ ဘုရားကိုလိမ်တာထက်၊ ကိုယ့်ကိုယ်ကိုယ်လိမ်တာ ပိုပြီးကြောက်ဖို့ကောင်းပါတယ် ”
ဟု ပြောလေရာ မိုးကောင်း၏ စကားကို နားထောင်၍ မာလာက
" ရှင်ပြောတဲ့စကားးတွေ ကျွန်မ လိုက်လို့မမှီဘူး၊ သိပ်မြင့်တာပဲ "
ဟု ရေရွတ်လေရာ မိုးကောင်းက ခေါင်းညိတ်၍
" တကယ်တော့ ဒီစကားတွေ ကို ကျုပ်လည်း နားမလည်ပါဘူး၊ ကျုပ်ဆရာကြီးပြောလို့ မှတ်ထားတာပါ "
ဟု ပြောလေ၏ ။ မာလာက ထိုင်ရာမှထ၍
" ရှင့်ဆရာကြီးက ပညာရှိကြီးနေမှာ ပဲ "
ဟု ပြောလေရာ မိုးကောင်းက ခေါင်းခါ၍
" ကျုပ်ဆရာကြီးက အမြဲပြောလေ့ရှိတယ်၊ သူဟာ ပညာရှိမဟုတ်ဘူးတဲ့၊ တကယ်တော့ လူတွေ နားလည်တယ်ဆိုတဲ့ ပညာတွေ ဟာ စာအုပ်ထဲကနေတစ်ဆင့်စကား တစ်ဆင့်နားနဲ့ မြင်ရကြားရတဲ့ ပညာတွေ ပါ၊ ဒီပညာတွေ ကို လေ့လာနေတဲ့သူဟာ ဗဟုသုတ ပြည့်စုံတဲ့သူ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ပညာရှိ မ ဖြစ်နိုင်ဘူး၊ ပညာရှိ ဖြစ်ဖို့ စာအုပ်ဖတ်လို့မရဘူး၊ ရင်ထဲကို ရောက်အောင်သိဖို့လိုတယ် "
ဟု ပြောလေ၏ ။ မာလာက မျက်မှော င်ကြုတ်၍
" ရှင့်စကားတွေ ကို တဖြည်းဖြည်း ကျွန်မပိုပြီး နားမလည်တော့ဘူး၊ အိပ်တော့မယ် "
ဟု ပြောဆိုကာ အိပ်ခန်းထဲသို့ဝင်၍ တံခါးမင်းတုံးကို ချလိုက်လေ၏ ။
မာလာသည်နောက်တစ်နေ့မှစ၍ မိုးကောင်းအတွက် ထမင်းဟင်းမျာကို ကူညီချက်ပြုတ်ပေးလေ၏ ။
ခြံစိုက်ပျိုးရေး လုပ်ငန်းများ ကိုလည်း ကူညီလုပ်ကိုင်ပေးလေ၏ ။ ထိုဒေသတွင် မိုးကောင်းရေရှားသော ကြောင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ နည်းပါးလှ၏ ။ မိုးကောင်းခြံမှာ ရေသွင်းစိုက်ပျိုးနိုင်သဖြင့် ဟင်းသီးဟင်းရွက် စိမ်းစိမ်းစိုစိုရှိ၏ ။
မာလာသည် သူမ၏ အတိတ်ဘဝကို မေ့ပျောက်ထားပြီး မိုးကောင်း၏ ခြံတွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်လေ၏ ။
မိုးကောင်းကလည်း
“ မာလာရဲ့ ဘဝက စိတ်မချမ်းမြေ့စရာတွေ အတော် ခံစားခဲ့ရတာ ပဲ၊ ဒါကြောင့် အတိတ်ကို မေ့ပျောက်ထားပြီး ကျုပ်ရဲ့ ခြံကလေးမှာ အေးအေးဆေးဆေး အနားယူပါဦး၊ ဘဝကို ရင်ဆိုင်ဖို့ အားတွေ မွေးလိုက်ပါဦး ”
ဟု ပြောလေ၏ ။
ဤသို့ ဖြင့် မာလာသည် မိုးကောင်းနှင့် အတူ တစ်လနီးပါးပျော်ရွှင်စွာ နေထိုင်လေ၏ ။
၎င်းတို့သည် သွေးမတော် သားမစပ် ဆန့်ကျင်ဘက် နှစ် ဦး ဖြစ်သော်လည်း ထိန်းထိန်းသိမ်းသိမ်းနေနိုင်သဖြင့် မည် သည့်ပြဿနာ မ ဖြစ်ပွားခဲ့ချေ။ တစ်ဦးနှင့် တစ်ဦး မောင်နှမရင်းချာကဲ့သို့ သဘောထားခဲ့ကြ၏ ။
တစ်နေ့သ၌ ရွာထိပ်အကြောက်ဆိုင်မှ မိန်းကလေးသည် မာလာစားသောက်ရန် အကြောက်များ ကို လာပို့ရင်း မိုးကောင်း ဘက်သို့ လှည့်ကာ
“ ဆိုင်မှာ အကြော်လာစားတဲ့ဦးလေးကြီးက အစ်ကိုကြီးလိုပဲ မြင်းကြီးစီးထားတယ် ”
ဟု တီးတိုးပြောလေရာ မိုးကောင်းသည်မျက်နှာကွက်ခနဲ ပျက်သွားပြီး
“ သူ့ပုံက ဘယ်လိုလဲ ”
ဟု စိတ်လှုပ်ရှားဟန်ဖြင့် မေးမြန်းလေ၏ ။ မိန်းကလေးက
“ ဒီလူကြီးပုံက ကြောက်စရာကြီး၊ မျက်စိတစ်ဖက်ကိုလည်း သားရေပြားနဲ့ အုပ်ထားတယ်၊ လူဆိုးကြီးကျနေတာပဲ ”
ဟုပြောလေရာ မိုးကောင်းက သက်ပြင်းချ၍
“ ဒီလူရောက်လာပြန်ပြီပေါ့ ”
ဟု တီးတိုးရေရွတ်လေ၏ ။ မာလာက နားမလည်သော ကြောင့်
“ ဘယ်သူရောက်လာတာလဲ အစ်ကို ”
ဟု မေးမြန်းလေ၏ ။ မိုးကောင်းက အဝေးသို့ ငေးကြည့်၍
“ အင်မတန်အငြိုးအတေးကြီးပြီး သူတစ်ပါးကို မနာလို ဖြစ်တတ်တဲ့ သူ တစ်ယောက် ပေါ့၊ သူဟာ သိပ်ကြောက်ဖို့ကောင်းတယ်၊ ကျုပ် တစ်ယောက် တည်းရှိတဲ့အချိန်မှာ သူရောက်လာရင် သူသေကိုယ်သေ တိုက်ခိုက်လိုက်ရုံပဲ၊ အခုတော့ မာလာရှိနေတာ ဆိုးတယ် ”
ဟု စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်လေတော့၏ ။ မာလာကစိုးရိမ်စွာ ဖြင့်
“ ဒီလူက အစ်ကိုရဲ့ ရန်သူလား ”
ဟု မေးမြန်းလေ၏ ။ မိုးကောင်းကသက်ပြင်းချ၍
“ ရန်သူတော့ မဟုတ်ပါဘူး၊ ကျုပ်တို့က ကျောင်းနေဖက်တွေ ပါ ”
ဟု ပြောလေ၏ ။ မာလာက အံ့သြဟန်ဖြင့်
“ ရန်သူလည်းမဟုတ်ဘဲနဲ့၊ သူသေကိုယ်သေ တိုက်ခိုက်ရမှာ လား၊ ဘာအတွက်တိုက်မှာ လဲ ”
ဟု မေးမြန်းလေရာ မိုးကောင်းက သက်ပြင်းချ၍ါ
“ ဂုဏ်သိက္ခအတွက်ပါ၊ ကျုပ်နဲ့သူက မင်းတုန်းမြို့အနီးက ပွဲကျောင်းအုပ်ကြီး ဦးသုမနရဲ့ တပည့်တွေ ပါ၊ပွဲကျောင်းရဲ့ အဓိပ္ပာယ်ကို လွယ်လွယ်မှတ်ထားချင်ရင်တော့ ဘုန်းကြီးကျောင်းသားတွေ ကို စာပေပညာသာမက ကိုယ်ခံပညာကိုပါ သင်ပေးတဲ့သဘောပဲ၊ ပွဲကျောင်းတွေ ဟာ ပုဂံ ခေတ်မတိုင်မှီ မြန်မာနိုင်ငံမှာ အတော် ထွန်းကားခဲ့တယ်၊ အနော်ရထားမင်းက အရည်းကြီးတွေ ကို နှိမ်နင်းရာကနေ ပွဲကျောင်းတွေ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်ရတယ်၊ ဦးသုမနရဲ့ ကျောင်းက ပုဂံခေတ်ကနေ ဆင်းသက်လာတဲ့ ရှားရှားပါးပါး လက်ကျန်ပွဲကျောင်းပါ၊ ကျုပ်တို့ဆရာ ဦးသုမနမှာ ကျောင်းသားနှစ် ဆယ့်ငါးယောက် ရှိတယ်၊ အဲဒီ ကျောင်းသားတွေ ထဲမှာ ကျုပ်နဲ့သူက ဓားသိုင်းပညာမှာ အထူးချွန်ဆုံးပဲ၊ ကျန်တဲ့ကျောင်းသားတွေ ဟာလည်း သူ့နည်းနဲ့သူ ထူးချွန်ကြပါတယ်၊ ဒါပေမယ့် ဓားသိုင်းမှာ တော့ ကျုပ်တို့နှစ် ယောက် ကို မမီဘူး၊ တစ်နေ့တော့ ဦးသုမနက ကျုပ်နဲ့သူကို ဓားသိုင်းပြိုင်ဖို့ စီစဉ်တယ်၊ သူ့နာမည် က ဒေဝတဲ့၊ ဒေဝဟာ စိတ်သဘောထားခက်ထန်တယ်၊ မာန်မာနလည်းကြီးတယ်၊ သူဟာ ပွဲကျောင်းသားတွေ ထဲမှာ အတော် ဆုံးဓားသိုင်းပညာရှင် ဖြစ်ချင်တယ်၊ ဒါကြောင့် ဓားသိုင်းပညာကို မနားမနေ လေ့ကျင့်တယ်၊ ကျုပ် ကတော့ သူ့လောက်စိတ်ဓာတ်မပြင်းထန်ဘူး၊ ဒါကြောင့် အေးအေးသက်သာပဲနေတယ်၊ ဒါကို ဒေဝမြင်တော့ ကျုပ်ကို မကျေမနပ် ဖြစ်လာတယ် ”
ဟု ပြောလေရာ မာလာက မျက်မှော င်ကြုတ်၍
“ ဘာ ဖြစ်လို့ မကျေနပ်ရတာ လဲ ”
ဟု မေးမြန်းလေ၏ ။ မိုးကောင်းက သက်ပြင်းချ၍
“ သူ့ကို မထေမဲ့မြင်လုပ်တယ် ထင်လို့ပါ၊ သူက အပြင်းအထန်လေ့ကျင့်နေချိန်မှာ ကျုပ်ကမလေ့ကျင့်ဘူးဆိုတော့ သူ့ကို ဂရုမစိုက်ဘူးဆိုတဲ့ သဘောသက်ရောက်နေလို့ပေါ့ ”
ဟု ပြောလေရာ မာလာက
“ ဒီလူ မိန်းမလိုစိတ်မျိုးပဲ ”
ဟု ရေရွတ်လေ၏ ။ မိုးကောင်းက ဆက်လက်၍
“ တစ်နေ့တော့ ဦးသုမနရဲ့ အမိန့်အရ ပွဲကျောင်းသားတွေ အားလုံးရဲ့ ရှေ့မှာ သူနဲ့ကျုပ်ဟာ ဓားရေး ပြိုင်ခဲ့တယ်၊ သူဟာ အနိုင်ယူလိုစိတ်များ ပြီး စိတ်လှုပ်ရှားနေတဲ့အတွက် ကျုပ်ကိုရှုံးနိမ့်ခဲ့တယ်၊ ကျုပ်တို့ဆရာဦးသုမနက ဒေဝကို ကြည့်ပြီး မင်းဟာအနိုင်ယူလို့စိတ်များ တယ်၊ ဒါကြောင့် မိုးကောင်းကို ဘယ်တော့မှ မနိုင်တော့ဘူးလို့ပြောပြီး ကျောခိုင်းထွက်သွားတယ်၊ ဒီစကားကြောင့် သူဟာ အရှက်ကြီးရှက်ပြီး ကျောင်းက ထွက်ပြေးသွားခဲ့တယ်၊ ကျောင်းက ထွက်ပြေးခါနီး မှာ ကျုပ်ဆီကိုလာပြီး မင်းနဲ့တစ်နေ့လာယှဉ်ဦးမယ်လို့ ကြုံးဝါးသွားခဲ့တယ်၊ လွန်ခဲ့တဲ့လေးနှစ် က တစ်ခါ၊ နှစ် နှစ် က တစ်ခါ ကျုပ်ဆီရောက်အောင်လာပြီး နှစ် ကြိမ်တိုင်တိုင် အနိုင်ယူခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ နိုင်မလား၊ ရှုံးမလားဆိုတာ ကျုပ်မပြောနိုင်ဘူး၊ ကျုပ်ရှုံးနိမ့်သွားရင် မင်းကို အန္တာရာယ်ပြုနိုင်တယ်၊ ဒါကြောင့် မာလာူကျုပ်ဆီက ထွက် သွားပါတော့ ”
ဟု ပြောလေရာ မာလာက ခေါင်းခါ၍
“ အို … ရှင်ကလည်း သူလုပ်ချင်တိုင်းလုပ်လို့ရမလား၊ မင်းမဲ့တိုင်းပြည်မှမဟုတ်တာ၊ ရှင်နဲ့ကျွန်မ သေလည်းအတူ၊ ရှင်လည်းအတူပေါ့ ”
ဟု ပြောလေ၏ ။
မိုးကောင်းက သက်ပြင်းချ၍ ခြံပြင်သို့လှမ်းမျှော်ကြည့်ကာ ”
“ မင်းထွက်သွားလို့လည်း မရတော့ဘူး၊ သူရောက်နေပြီ၊ သူ့ကို နိုင်အောင်တိုက်ဖိုပဲ ရှိတာ့တာပေါ့ ”
ဟုပြေလေ၏ ။
မိုးကောင်း၏ စကားမဆုံးမီ မြင်းတစ်စီးနှင့် လူ တစ်ယောက် ရောက်လာ၏ ။ ထိုသူသည် မျက်စိတစ်ဖက်လပ်နှင့် ရုပ်ရည်ကြမ်းတမ်းသော လူ တစ်ယောက် ဖြစ်၏ ။
ထိုသူက မြင်းပေါ်မှဆင်း၍
“ ငါရောက်လာပြန်ပြီ မိုးကောင်း ”
ဟု ပြောရင်း မာလာထံသို့ အကြည့်ရောက်ကာ
“ မင်းက အဖော်တွေ ဘာတွေ ရှိနေပြီကိုး ”
ဟု ရေရွတ်လေ၏ ။ မိုးကောင်းက သက်ပျင်းချ၍
“ မင်း စိတ်မလျှော့သေးဘူးလား ဒေဝ ”
ဟု ပြောလေ၏ ။ ဒေဝဆိုသူက မျက်နှာတင်မာသွားပြီး
“ မင်းကို ငါမနိုင်မချင်း စိတ်မလျှော့ဘူး၊ ဒီတစ်ကြိမ်တော့ မင်းကို ငါနိုင်ရမှာ ပါ ”
ဟု ပြောလေရာ မိုးကောင်းက
“ မင်း ဘာလို့ ရှုံးတာနိုင်တာကို ဒီလောက်အလေးထားနေသလဲဆိုတာ ငါမတွေးတတ်ဘူး၊ မင်းစိတ်ချမ်းသာအောင် ငါအရှုံးပေးရမလို ဖြစ်နေပြီ ”
ဟု ပြောဆိုလေရာ ဒေဝမျက်နှာသည် ပိုမိုတင်းမာသွားပြီး
“ မင်း ငါ့ကိုလှောင်နေတာလား မိုးကောင်း၊ မင်း ဘာမှ အလျှော့ပေးစရာမလိုဘူး၊ မင်းအစွမ်းရှိသလောက် ငါ့ကိုတိုက်ပါ၊ ငါကလည်း မင်းကို အစွမ်းကုန်တိုက်မှာ ပဲ ”
ဟု ပြောလေတော့၏ ။ မိုးကောင်းက ခေါင်းညိတ်၍
“ ဒါဆိုရင် အချိန်ရှိတုန်း ဓားသိုင်းပြရအောင်၊ ခြံနံဘေးကွက်လပ်ကို သွားရအောင် ”
ဟု ပြောကာ မြေကွက်လပ်ကို ဦးဆောင်လျှောက်သွားလေ၏ ။
မြေကွက်လပ်သို့ ရောက်သော အခါ မျက်စိတစ်ဖက်လပ်ဒေဝက ကျောတွင် လွယ်ထားသော ဓားရှည်ကို ထုတ်လိုက်လေ၏ ။ မိုးကောင်းကအိမ်ကလေးထဲသို့ ဝင်သွားပြီး ကတ္တီပါအိတ်ရှည်တစ်လုံးကို ထုတ်ယူလာလေ၏ ။
ထို့နောက် အိတ်ထဲမှာ ဓားရှည်တစ်လက်ကို ထုတ်လိုက်လေ၏ ။ မိုးကောင်းက
“ တို့နှစ် ယောက် ရန်သူတွေ မဟုတ်ဘူးဒေဝ၊ ဒါကြောင့် သူသေကိုယ်သေတိုက်စရာမလိုဘူး၊ အရှုံးအနိုင်သဲကွဲရင် ပြီးတာပဲ ”
ဟု ပြောလေရာ ဒေဝက ခေါင်းညိတ်၍
“ ငါနားလည်တယ် မိုးကောင်း၊ ငါလိုချင်တာ မင်းအသက်မဟုတ်ဘူး၊ မင်းကိုအနိုင်ရချင်တာပဲ၊ ဒါပေမယ့် အနိုင်ရဖို့တိုက်ခိုက်ရင်း အသက်အန္တာရာယ် ဖြစ်ရင်တော့ ငါ့အပြစ်မဟုတ်ဘူး၊ ငါကတိပေးနိုင်တဲ့တစ်ခု ကတော့ မင်းကိုကောင်းကောင်း သင်္ဂြုံလ်ပေးမယ် ဆိုတာပဲ ”
ဟု ပြောလေ၏ ။ မိုးကောင်းက တဟားဟားရယ်မော၍
“ မင်းငါ့ကို နှစ် ကြိမ်တိုင်တိုင်ရှုံးပြီးတာတောင် အပြောက မလျှော့သေးဘဲကိုး ”
ဟု ပြောလိုက်ရာ ဒေဝက မျက်နှာတင်းမာသွားပြီး အံကို ကြိတ်၍
“ ကဲ … အပိုတွေ မပြောနဲ့ကွာ၊တိုက်ပွဲကို စရအောင် ”
ဟု ပြောလေ၏ ။ မာလာသည် မိုးကောင်း၏ အနီးအဝေးတွင် ရပ်ကြည့်နေပြီး စိုးရိမ်ဟန်ဖြင့်
“ ကိုမိုးကောင်းသတိထားနော် ”
ဟု အော်ဟစ်သတိပေးလေ၏ ။
ထိုအခိုက်မှာ ပင် သူတို့နှစ် ဦးတိုက်ပွဲကို စတင်လေတော့၏ ။ ဒေဝက လျှင်မြန်၍ အားပါးသော ဓားခုတ်ခြင်းများ ဖြင့် စတင်တိုက်ခိုက်လေ၏ ။
မိုးကောင်းသည် ဒေဝ၏ ဓားချက်များ ကို အပြင်းအထန်ကာကွယ်နေရလေ၏ ။ သူသည် တိုက်ခိုက်ရင်း ပြိုင်ဘက်ဒေဝ၏ ဓားသိုင်းသည် အလွန်တိုးတက်လာကြောင်း သတိပြုမိလေ၏ ။
ထို့ကြောင့် သတိကြီးစွာ ထား၍ ပြန်လည်တိုက်ခိုက်ရလေတော့၏ ။ ၎င်းတို့နှစ် ဦး၏ ဓားသွားများ ပြင်းထန်စွာ တိုက်ခိုက်မှု ကြောင့် မီးပွင့်များ တဖျတ်ဖျတ်လတ်နေကြောင်း တွေ့ ရလေ၏ ။
ဒေဝသည် လျှင်မြန်၍ ခွန်အားပါသော ဓားချက်များ နှင့် တိုက်ခိုက်ရင်း သူ၏ တိုက်ကွက်များ ကို ကောင်းမွန်စွာ ကာကွယ်နိုင်သော မိုးကောင်းကို အံ့သြနေမိ၏ ။
သူသည်လေးနှစ် တာကာလအတွင်း ဓားသိုင်းပညာကို နေ့မအိပ်၊ ညမအိပ် အပြင်းအထန် ကြိုးစားလေ့ကျင့်ခဲ့၏ ။ ထိုနှစ် များ အတွင်း သူ၏ ဓားသိုင်းပညာ များ စွာ တိုးတက်လာကြောင်း တွေ့ ရ၏ ။
ဒေဝသည် တွေးတောရင်း စိတ်လှုပ်ရှားလာပြီး လေထဲတွင် ခုန်ပျံ၍ မိုးကောင်း၏ ခန္ခာကိုယ်ကိုငုံ့၍ မြေပေါ်သို့ လှဲချလိုက်ပြီး ဒေဝကို ပြန်လည်တိုက်ခိုက်လေ၏ ။
၎င်းတို့နှစ် ဦး၏ တိုက်ပွဲကြောင့်  အနီးပတ်ဝတ်ကျင်ရှိ သစ်ပင်သစ်ကိုင်းများ အပိုင်းပိုင်းပြတ်ကုန်လေ၏ ။
တိုက်ပွဲ၏ အချိန်ကြာညောင်းလာသည်နှင့် အမျှ နှစ် ဦးသီးချွေးပေါက်များ စီးကျလာပြီး မောဟိုက်ပင်ပန်းလာလေ၏ ။
တစ်ချီတွင် မိုးကောင်း၏ ဓားချက်ကြောင့် ဒေဝ၏ လက်မောင်းတွင် ဒဏ်ရာရသွားသလို မိုးကောင်း၏ ပေါက်တွင် လည်း ဒဏ်ရာရရှိသွားလေ၏ ။
နှစ် ဦးစလုံး မောဟိုက်ပင်ပန်းလာပြီး ခန္ခာကိုယ်ရွေ့လျားမှု များ နှေးကွေးလာလေ၏ ။
မာလာသည် ၎င်းတို့တိုက်ပွဲကို အသက်မရူနိုင်ဘဲ ကြည့်ရှုနေမိ၏ ။ စိုးရိမ်တိတ်လန့်မှု ကြောင့် သူမ၏ တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များ စီးကျနေလေ၏ ။
မိုးကောင်းသည် ဒေဝကို မိုးသီးမိုးပေါက်ပမာ ပြင်းထန်သော ဓားချက်များ ဖြင့် တိုက်ခိုက်ပြီး ဒေဝနောက်သို့ ဆုတ်သွားသော အခါ ဓားကို မြေပေါ်သို့ စိုက်လိုက်ပြီး
“ တော် လောက်ပြီဒေဝ၊ ကြာရင် တို့နှစ် ယောက် စလုံးသေကုန်လိမ်မယ် ”
ဟု ပြောလေရာ ဒေဝက ခေါင်းခါ၍
“ အရှုံးအနိုင်မှမပေါ်သေးတာ ”
ဟု ပြောလေ၏ ။ မိုးကောင်းက ခေါင်းခါ၍
“ သရေပွဲလို့ပဲ မှတ်လိုက်ပါကွာ ”
ဟု ပြောလေ၏ ။ ဒေဝက မဲ့ပြုံးပြုံး၍
“ သူရဲဘောကြောင်နေပြီလား မိုးကောင်း ”
ဟု စိတ်ခေါ်လိုသော လေသံဖြင့် ဆိုလိုက်ရာ မိုးကောင်းက မျက်နှာတင်းမာသွားပြီး
“ ဒါဆိုရင်လည်း အရှုံးအနိုင်ပေါ်အောင် တိုက်ကြတာပေါ့ကွာ ”
ဟု ကြိမ်းဝါးလိုက်လေ၏ ။
ဒေဝသည် ကျားဟု ကျယ်လောင်စွာ အော်ဟစ်၍ မိုးကောင်း၏ ခေါင်းကို ခုတ်ပိုင်းလိုက်လေ၏ ။ မိုးကောင်းက ဓားဖြင့် စီးခံလိုက်ပြီး ပြန်လည်တိုက်ခိုက်လိုက်ရာ ဒေဝ၏ ဝမ်းဗိုက်ကို ရှပ်ထိပြီး အင်္ကျီစုတ်ပြဲသွားလေ၏ ။
မိုးကောင်း၏ လက်ဖျံတွင် လည်း ဒဏ်ရာတစ်ချက်ရရှိ သွားပြန်၏ ။ တိုက်ပွဲသည် ပိုမိုပြင်းထန်လာပြီး သူသေကိုယ်သေ တိုက်ခိုက်သော အဆင့်ကို ကူး ပြောင်းသွား လေတော့၏ ။
မကြာမီ တစ်စုံတစ်ဦး၏ အသက်ကို ဓားသွားတွင် ပေးဆပ်ရပေတော့မည် ။
မာလာသည် ရန်ငြိုးရန်စမရှိဘဲ တစ်ဦးနှင့် တစ်ဦး အသေအကြေ တိုက်ခိုက်နေသူနှစ် ဦးကို မည် သို့တားဆီးရမည် နည်းဟု တွေးတောနေလေ၏ ။
ထိုစဉ် သူမငယ်စဉ်က အ ဖြစ်အပျက်တစ်ခုကို ပြန်သတိရလေ၏ ။ သူတို့မြို့တွင် ခရစ်ယာန်သာသနာပြုကျောင်း တစ်ကျောင်းရှိလေ၏ ။ သူမသည် ငါးတန်းကျောင်းသူဘဝက ကျောင်းကပွဲတွင် ဝင်ရောက်ကပြရန် လွန်စွာ စိတ်အားထက်သန်နေ၏ ။
သို့သော် ကျောင်းကပွဲတွင် အစီအစဉ်များ က ပြည့်နှက်နေသဖြင့် တပင်တိုက်အကအတွက် တစ်နေရာသာကျန်တော့၏ ။ တပင်တိုက်အက ကရန်အတွက် မာလာနှင့် စိန်စိန်ဆိုသော ကျောင်းသူသည် အလုအယက် ပြိုင်ဆိုင်နေလေ၏ ။
နောက်ဆုံးတွင် အကဆရာမ က မာလာနှင့် စိန်စိန်အား အကပညာသင်ပေး၍ ကျောင်းကပွဲကျင်းပမည့်  ရက်နီးလျှင် သူမတို့အား အကပြိုင်ခိုင်းပြီး အနိုင်ရသူအား တစ်ပင်တိုင်အက ကစေမည် ဟု ဆိုလေ၏ ။
မာလာသည် ပြိုင်ပွဲတွင် အနိုင်ရလိုဇောနှင့် ကကြိုးကကွက်များ ကို အပင်ပန်းခံ၍ ကြိုးစားပန်းစားလေ့ကျင့်လေ၏ ။ ပြိုင်ပွဲရက်နီးသော အခါ ကျောင်းပင်မတက်တော့ဘဲ အိမ်၌ သာ အကကျင့်လေ၏ ။
သူမသည် နေ့စဉ် အကလေ့ကျင့်ရသဖြင့် ပင်ပန်းလွန်းသော ကြောင့် အိပ်ရာထဲ၌ လဲလေ၏ ။ သူငယ်ချင်းများ က အိမ်လာကြည့်၍ အကပြိုင်ပွဲတွင် မာလာနိုင်မည် ဟု ထပ်ကြေးပေးကြ၏ ။
ပြိုင်ဖက် ဖြစ်သော စိန်စိန်ကမူ ကကြိုးကကွက်များ ကို ကောင်းစွာ လေ့ကျင့်သည်ဟု မကြားရဘဲ ကျောင်းကိုလည်း နေ့စဉ် မှန်မှန်တက်ကြောင်းသိရ၏ ။
သို့သော် အကပြိုင်သော နေ့တွင် အကဆရာမ နှင့် တကွ ဆရာမ အများ စုက စိန်စိန်ကို အနိုင်ပေးလိုက် သဖြင့် ဝမ်းနည်းလွန်းသော ကြောင့် ချုံးပွဲချ၍ ငိုကြွေးလိုက်လေ၏ ။
စိတ်ထိခိုက်သော ကြောင့် နေထိုင်မကောင်း ဖြစ်ကာ တစ်လခန့်ကျောင်းမတက်နိုင်ဘဲရှိလေ၏ ။ သူမနေ့စဉ် ပင်ပန်းကြီးစွာ လေ့ကျင့်နေသည့်ကြားမှ စိန်စိန်ကို ရှုံးနှိမ့်ရခြင်းကို နားမလည်နိုင်အောင် ဖြစ်ရလေ၏ ။
မိမိကိုယ်မိမိ ညံ့ဖျင်းသူတစ်ဦးဟု ထင်မြင်မိပြန်၏ ။ ထို့ကြောင့် ရှက်ရွံ့ပြီး ကျောင်းထွက်ရန် ဆုံးဖြတ်လိုက်၏ ။ ကျောင်းထွက်ရန် သူမ၏ မိခင်ကြီးကို ပြောလေရာ မိခင်က
“ သမီမပျော်လို့ထွက်ချင်လည်း ထွက်ပေါ့အေ၊ ငါတို့ မြန်မာထုံးစံမှာ မိန်းကလေး ပညာတတ်ဖို့မလိုပါဘူး ”
ဟု ပြောလေ၏ ။
မာလာကျောင်းထွက်မည့် သတင်းကြောင့် သူမ၏ အကဆရာမ သည် အိမ်သို့ လိုက်လာလေ၏ ။ ဆရာမ က မာလာ၏ နဖူးကို ညင်သာစွာ ပွတ်သပ်၍
“သမီးဘာလို့ ကျောင်းထွက်မယ်ဆိုတာ တီချယ်သိတယ်၊ အကပြိုင်ပွဲမှာ ရှုံးလို့ ကျောင်းထွက်တာမဟုတ်လား ”
ဟု မေးမြန်းလေရာ မာလာက တအင့်အင့်ရှိုက်ငိုလိုက်ပြီး
“ ဟုတ်တယ် တီချယ်၊ သမီး စိန်စိန်ကိုနိုင်အောင် နေ့ရောညရော ကြီးစားပြီး အကလေ့ကျင့်တယ်၊ ကျောင်းကို တောင်တစ်ပတ်လောက်မတက်ဘဲ နေလိုက်တယ်၊ စိန်စိန် ကတော့ သမီးလောက် လေ့ကျင့်တယ်မကြားပါဘူး၊ ဒါတောင် အကပြိုင်ပွဲမှာ စိန်စိန့်ကို သမီးမနိုင်နဘူး၊ ကြိုးစားရင် အောင်မြင်မယ်လို့ ဆရာမ ပြောတယ်၊ မဟုတ်လား၊ သမီးဒီလောက်ကြိုးစားတာတောင် စိန်စိန်ကို မနိုင်ဘူး၊ ဒါဟာ သမီးညံ့လို့ပေါ့၊ ဒီလောက်ညံ့တဲ့ သူဟာ ပညာဆက်သင်နေလို့လဲ ဘာထူးတော့မှာ လဲ တီချယ် ”
ဟု ပြောလေရာ သူမ၏ ဆရာမ က ခေါင်းခါ၍
“ ဒီမှာ သမီး၊ သမီး သေသေချာချာမှတ်ထား၊ လောကမှာ ကြိုးစားရင် ထူးချွန်အောင်မြင်မယ်ဆိုတာ အသေအချာပဲ၊ လူဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် မိမိရဲ့ စွမ်းရည်ဖြင့် တက်လာတယ်၊ အကပြိုင်ပွဲနေ့မှာ သမီးကတာ အလွန်ကောင်းပါတယ်၊ ဒါပေမယ့် သမီနဲ့ယှဉ်ပြိုင်ရတဲ့ စိန်စိန်ဟာ အကပညာနဲ့ပတ်သက်ပြီး အလွန်ထူးခြားတဲ့ ပါရမီရှင် ဖြစ်နေတယ်၊ ဒါကြောင့် သမီရှုံးနိမ့်ရတာ ၊ ဒါပေမယ့် ပါရမီရှင့်နဲ့ရင်ဆိုင်ရင်တော့ မနိုင်နိုင်ဘူး၊ ပါရမီဆိုတာ လုပ်ယူလို့မရဘူး၊ သူ့ရဲ့ ဗီဇကိုက ရှိပြီးသား၊ ဒါကြောင့် သမီး ဘယ်လောက်ကြိုးစားကြိုးစား စိန်စိန်ကို အရှုံးပေးရတာ ပဲ၊ ဒါဟာ သမီညံ့လို့ မဟုတ်ဘူး၊ သမီးနေရာမှာ ဘယ်သူမဆို စိန်စိန့်ကို အရှုံးပေးရမှာ ပဲ၊ စိန်စိန်ဟာ တစ်နေ့မှာ နိုင်ငံကျောင် အနုပညာရှင်တစ်ဦး ဖြစ်မှာ သေချတယ် ”
ဟု ရှင်းလင်းပြောဆိုလေရာ ထိုအခါမှပင် မာလာ၏ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး ကျောင်းပြန်တက်ရန် စိတ်ပါလာ၏ ။
မာလာသည် မိုးကောင်းတို့၏ တိုက်ပွဲကိုကြည့်ရင်း အတိတ်ကို ပြန်လည်သတိရပြီး တစ်စုံတစ်ရာကို ဖျတ်ခနဲ တွေးလိုက်မိ၏ ။
ထိုအချိန်တွင် တိုက်ပွဲမှာ အပြင်းထန်ဆုံးအချိန်သို့ ရောက်ရှိနေ၏ ။ မိုးကောင်းနှင့် ဒေဝသည် တစ်ဦးနှင့် တစ်ဦး ပေ ၂၀ ခန့်အကွာတွင် ရပ်တံ့ပြီး ငြိမ်သက်စွာ စူးစိုက်ကြည့်နေ၏ ။ ခဏကြာလျှင် ဝမ်းခေါင်းသံကြီးနှင့် ကျားခနဲအောင်ဟစ်၍ တိုက်ခိုက်ရန်ပြေးလာ၏ ။
မာလာသည် အရဲစွန့်၍ ရန်သူနှစ် ဦးကြားတွင် ဝင်ရပ်လိုက်၏ ။ ၎င်းတို့သည် တိုက်ပွဲအတွင်းသို့ ဝင်လာသော မာလာကိုကြည့်၍ ကမန်းကတန်း အရှိန်သတ်လိုက်၏ ။
မာလာကလေသံမာမာဖြင့်
“ ဘာမဟုတ်တဲ့ကိစ္စနဲ့ တစ်ယောက် နဲ့ တစ်ယောက် အသေအကြေတိုက်ခိုက်ရအောင် ရှင်တို့ရူးနေသလား ”
ဟု မေးမြန်းလိုက်လေရာ ဒေဝသည် မာလာကိုကြည့်၍ မျက်မှော င်ကြုတ်လိုက်ပြီး
“ ငါ့ဘဝမှာ ဒီလောက်အရေး ကြီးတဲ့ကိစ္စကို ဘာမဟုတ်တဲ့ကိစ္စလို့ မင်းဘာကြောင့် ပြောနိုင်တာလဲ ”
ဟု ရေရွတ်လိုက်လေ၏ ။ မာလာက မဲ့ပြုံးပြုံး၍
“ ရှင့်ကိုရှင် မကျေမနပ် ဖြစ်ပြီး ကိုမိုးကောင်းကို အနိုင်ယူဖို့ကြိုးစားနေတာပဲ၊ ရှင်ဟာ သိုင်းပညာထဲမှာ ဘဝကို မြှုပ်နှံပြီး နေ့မအိပ်ညမအိပ် လေ့ကျင့်တယ်၊ အရူးအမှုးကြိုးစားတယ်၊ ဒါပေမယ့် ကိုမိုးကောင်းကို အနိုင်မရဘူး ဖြစ်နေတယ်၊ ဒါကြောင့် ရှင့်ကိုရှင် မကျေမနပ် ဖြစ်ပြီး ငါဟာ အလွန်ညံ့တယ်၊ အသုံးမကျဘူးလို့ ဖြစ်နေတယ် မဟုတ်လား ”
ဟု မေးမြန်းလေရာ ဒေဝက ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အံ့သြဟန်ဖြင့် စူးစိုက်ကြည့်၍
“ မင်းပြောတာသိပ်မှန်တယ်၊ ငါ့ရင်ထဲကို ဝင်ကြည့်သလား အောက်မေ့ရတယ် ”
ဟု ရေရွတ်လေ၏ ။ မာလာက ဆက်လက်၍
“ ရှင်ဟာ ရှင့်ပြိုင်ဘက်ကို ဘယ်လိုလူမျိုးဆိုတာ မသိလို့ ဒီလိုခံစားရတာ ပါ ”
ဟု ပြောလေရာ ဒေဝက မျက်မှော င်ကြုတ်၍
“ ဘာကိုမသိတာလဲ ”
ဟု မေးမြန်းလေ၏ ။ မာလာက ဒေဝ၏ မျက်နှာကို ကြည့်၍
“ ရှင်ဟာ ပါရမီရှင် တစ်ယောက် နဲ့ ရင်ဆိုင်နေရတာ ပါ၊ လူဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ကြိုးစားရင်း ပါရမီရှင် တစ်ယောက် နီးပါး ထူးချွန်ထက်မြက်နိုင်ပါတယ်၊ ဒါပေမယ့် ပါရမီရှင် တစ်ယောက် လိုတော့ မ ဖြစ်နိုင်ဘူး၊ ပါရမီဆိုတာ လုပ်ယူလို့မရဘူး၊ ပင်ကိုယ်ဗီဇမှာ ကတည်းက ပါပြီးသား ဖြစ်နေတယ်၊ ပါရမီရှင်နဲ့တွေ့ ရင် ဘယ်သူမဆို အရှုံးပေးရမှာ ပဲ၊ ကိုမိုးကောင်းဟာ ပါရမီရှင်ပါ၊ သူ့ကိုမနိုင်တာ ရှင်ညံ့လို့ မဟုတ်ဘူး၊ ရှင့်နေရာမှာ ဝင်ပြိုင်ရင် ဘယ်သူမဆိုရှုံးနိမ့်မှာ ပဲ၊ ဒါတောင် ရှင်ဟာ အပြင်းအထန် လေ့ကျင့်မှု ကြောင့် ပါရမီရှင်နီးပါး တိုးတက်လာတယ် မဟုတ်လား၊ ကိုမိုးကောင်းကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့တယ်လေ ”
“ဟု ရှည်လျားစွာ ရှင်းပြလေရာ မာလာ၏ စကားဆုံးသည်နှင့် ဒေဝဒမျက်နှာ ဝင်းလက်သွားပြီး
“ မင်းပြောတာ သိပ်မှန်တယ်၊ ဟုတ်တယ်၊ မိုးကောင်းဟာ ပါရမီရင် ဖြစ်နေပြီ၊ ပါရမီရှင် တစ်ယောက် ကို ငါက မိုက်မိုက်မဲမဲ သွားယှဉ်ပြိုင်မိတာကိုး၊ ဒါကြောင့် သူ့ကို ငါမနိုင်တာပေါ့၊ ကျေးဇူးတင်လိုက်တာ မိန်းကလေးရယ်၊ မင်းရဲ့ စကားဟာ အနှစ် နှစ် အလလစိတ်ဓာတ်ကျပြီး ငါ့ကိုယ်ငါ မကျေမနပ် ဖြစ်နေတဲ့ စိတ်ဒဏ်ရာကို ပျောက်ကင်းအောင် ကုသပေးလိုက်သလိုပဲ ”
ဟု ရေရွတ်ကာ သူ၏ လက်ထဲမှဓားကို အဝေးသို့ လွှင့်ပစ်လိုက်လေ၏ ။
ဓားသည် ခြံတွင်းရှိ သစ်ပင်ကြီးတွင် သွားစိုက်လေ၏ ။ မိုးကောင်းလည်း သူ၏ ဓားကို လှမ်းပစ်လိုက်သော အခါ ဒေဝ၏ ဓားနှင့် ယှဉ်လျက် စိုက်ဝင်နေ၏ ။
ဒေဝက မိုးကောင်း၏ အနီးသို့ လျှောက်သွားပြီး ပခုံးကို ဖက်ကာ
“ ငါ့ကို ခွင့်လွှတ်ပါ မိုးကောင်း၊ ငါဟာ မင်းကို နှစ် ရှည်လများ ရန်သူကြီး တစ်ယောက် လိုသဘောထားပြီး အသေအကြေ တိုက်ခိုက်ခဲ့တယ်၊ ဒါဟာ မင်းကိုမုန်းတီးလို့မဟုတ်ဘူး၊ မိန်းကလေးပြောသလို ငါ့ကိုယ်ငါ မယုံကြည်မှု ကြောင့် ပါ၊ တိုက်ပွဲတိုင်းမှာ ငါ့ကိုညှာခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ”
ဟု တောင်းပန်လေရာ မိုးကောင်းက ခေါင်းကိုခါယမ်း၍
“ ကိစ္စမရှိပါဘူး ဒေဝ၊ မင်းနဲ့ငါဟာ တစ်ကျောင်းတည်းထွက်ခဲ့တဲ့ သူငယ်ချင်းတွေ ပဲ ”
ဟု ပြောလေ၏ ။
ထိုအခါ ဒေဝက မာလာ၏ အနီးသို့ လျှောက်လာပြီး လေးစားဟန်ဖြင့် ကြည့်ကာ
“ မိန်းကလေးဟာ နှစ် ရှည်လများ ကျုပ်ရင်ထဲမှာ စွဲထင်နေတဲ့ အညစ်အကြေးကို ဖြူစင်အောင် လုပ်ပေးခဲ့တယ်၊ ဒါကြောင့် ကျုပ်အပေါ်မှာ ကျေးဇူးရှိပါတယ်၊ တစ်နေ့အခွင့်ကြုံလို့ ကျေးဇူးဆပ်ခွင့်ပြန်ရမယ်ဆိုရင် ပြန်ဆပ်ချင်ပါတယ် ”
ဟု ပြောကာ သူ၏ မြင်းကြီးရှိရာသို့ ပြန်လည့်သွားပြီး စွေ့ကနဲခုန်တက်လိုက်လေ၏ ။
ပြီးနောက် သူတို့ကို လက်ပြ၍ မြင်းကိုဒုန်းစိုင်းကာ ထွက်ခွာသွားလေ၏ ။ မိုးကောင်းက မာလာကိုကြည့်၍
“ ဒေဝရဲ့ ရင်ထဲကို ရောက်အောင်ပြောနိုင်တာ ချီးမွမ်းစရာပဲ၊ မင်းရဲ့ စကားဟာ မှတ်သားဖို့အလွန်ကောင်းတယ်၊ ဒီလို အတွေးမျိုးကို ကျုပ်တောင် တစ်ခါမှ မတွေးဖူးဘူး၊ ဓားသိုင်းပညာနဲ့ ပတ်သက်ရင် ကျုပ်ဟာတကယ်ပဲ ပါရမီရှင် ဖြစ်နေပြီလား ”
ဟု ရေရွတ်လေရာ မာလာက ခေါင်းညိတ်၍
“ ရှင်ဟာ ပါရမီရှင် ဖြစ်နေပြီ ၊ ဒေဝလိုလူဟာ ရှင့်ကို ဘယ်လိုမှမယှဉ်နိုင်တာကို ကြည့်လေ၊ ကျွန်မငယ်စဉ်ကလည်း ကျောင်းကပွဲတစ်ခုမှာ ဒေဝခံစားသလို ခံစားဖူးပါတယ်၊ ဒါကြောင့် ဒေဝရင်ထဲရောက်အောင် ပြောနိုင်ခဲ့တာပေါ့ ”
ဟု အစချီကာ ကျောင်းသူဘဝက စိန်စိန်ဆိုသည့် မိန်းကလေးနှင့် အကပြိုင်ခဲ့ပုံကို ပြန်ပြောင်းပြောဆိုလေ၏ ။
မိုးကောင်းက စိတ်ဝင်စားစွာ နားထောင်၍
“ ဘာပဲ ဖြစ် ဖြစ်၊ ဒေဝကို အမြင်မှန်ရအောင်ပြောနိုင်တာ ချီးကျူးပါတယ်၊ ဒါကြောင့် ဒီနေ့ညစာကို ကျုပ်ကိုယ်တိုင်ချက်ပြုတ်ပြီး မင်းကို ဂုဏ်ပြုပါရစေ၊ မင်း ငြိမ်ငြိမ်သက်သက်လေးထိုင်နေပါ ”
ဟု ပြောလေရာ မာလာက ရယ်မော၍
“ ဒါဆိုရင်လည်း မြန်မြန်ချက်တော့ရှင်၊ ကျွန်မ ဗိုက်ဆာနေပြီ၊ သြော် … ရှင့်ကိုယ်က ဒဏ်ရာတွေ ကိုလည်း ဆေးထည့်ဦးနော် ”
ဟု ပြောလေ၏ ။ မိုးကောင်းက ခေါင်းညိတ်၍
“ ဒဏ်ရာအတွက် မပူနဲ့၊ ကျုပ်တို့ပွဲကျောင်းသားတွေ လိမ်းတဲ့ သွေးတိတ်ဆေးရှိတယ် ”
ဟု ပြောလေ၏ ။
ထို့နောက်တွင် မူ မိုးကောင်းသည် ဒဏ်ရာများ ကိုဆေးထည့်ပြီးနောက် ရွာထဲသို့ ထွက်ခွာသွားလေ၏ ။ ခဏအကြာတွင် ဝက်သားများ ကို ကြိုးနှင့် သီ၍ ယူလာပြီးလျှင်
“ ဒီနေ့ရွာထဲမှာ ဝင်ပေါ်တယ်ဆိုတော့ ညစာကောင်းကောင်း စားရပြီပေါ့ ”
ဟု ဆိုကာ ဝက်သားကို ဟင်းမျိုးစုံလင်အောင် ချက်ပြုတ်ကျွေးမွေးလေ၏ ။
မိုးကောင်း၏ ဟင်းချက်လက်ရာကောင်းမွန်လှသဖြင့် မာလာသည် ထမင်းသုံးပန်းကန်မျှ စားပြီးလျှင်
“ ရှင် ယောက်ျား ဖြစ်ပြီး ဟင်းချက်အတော် ကောင်းတဲ့သူပဲ၊ မိန်းမက အရှုံးပေးရလောက်တယ် ”
ဟု ချီးမွမ်းလေရာ မိုးကောင်းက ရယ်မော၍
“ ဟင်းချက်ကောင်းဆို ကျုပ်က ဇွန်လ ၂၂ ရက်ကနေ ဇူလိုက်လ ၂၂ ရက်အတွင်းဖွားတဲ့ ကရကဋ်ရာသီဖွားကိုးဗျ၊ ဒီရာသီဖွားယောက်ျားတွေ ဟာ ဇာထိုးပန်းထိုး၊ အချုပ်လုပ်နဲ့ အချက်အပြုတ်တွေ ကို ဝါသနာပါပြီး လိုက်စားရင်း ထူးချွန်တတ်တယ်ဗျ ”
ဟု ပြောလေရာ မာလာက အံသြဟန်ဖြင့် ကြည့်၍
“ ရှင်က ဗေဒင်တွေ ဘာတွေ တတ်တယ်နော်၊ ကျွန်မက ဒီဇင်ဘာ (၁၈) ရက်ဆိုတော့ ဘာရာသီဖွားလဲပြောပါဦး ”
ဟုမေးမြန်းလေ၏ ။ မိုးကောင်းက ရယ်မော၍
“ ကျုပ်ဆရာကြီးသင်ပေးလို့ နည်းနည်း ပါပါး သိနေတာပါဗျာ၊ နိုင်ဝင်ဘာ ၂၂့ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အတွင်း ဖွားမြင်တဲ့ သူတွေ ဟာ ဓနုရာသီဖွားဗျ၊ ဓနုရာသီဖွားတွေ က ရိုးသားဖြောင့်မတ်ပြီး ဘဝကို အကောင်းမြင်တတ်တယ်၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်ပြီး အသိပညာရှိကြတယ်၊ ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်ကြတယ်၊ အတွေးအခေါ် ဓဿနနဲ့ ဘုရားဟောတရားတော် တွေ ကို လေ့လာလိုက်စားကြတယ်၊ ဘာသာရေး သာလိုက်စားရင် ထူးချွန်မယ်၊ဒါကြောင့် မာလာ ယောက်ျားမယူဘဲ သီလရှင် ဝတ်ရင် အကောင်းဆုံးပဲ ”
ဟု ပြောလေရာ မာလာက ရယ်မော၍
“ တကယ်ပြောတာလား၊ ကျွန်မကလည်း သီလရှင် ဝတ်ချင်နေတာနော် ”
ဟု ပြောဆိုလိုက်လေတော့၏ ။
ဤသို့ ဖြင့် မာလာသည် မိုးကောင်း၏ ခြံတွင် တစ်လခန့် ပျော်ရွင်စွာ နေထိုင်ပြီးနောက် မိုးကောင်းနှင့် ခွဲခွာရန် စဉ်းစားမိလေ၏ ။
မိုးကောင်းက သူမကို မျက်လုံးချင်းဆုံအောင်ကြည့်၍
“ မြို့မှာ အလုပ်ရှာမယ့်အတူတူ ကျုပ်ခြံလေးမှာ ပဲ ကူညီလုပ်ကိုင်ပေးပါလား၊ ကျုပ်လည်း အဖော်ရတာ ပေါ့ ”
ဟု ပြောလေ၏ ။ မာလာသည် ခင်မင်ဖွယ်ကောင်းသော မိုးကောင်းနှင့် မခွဲခွာလိုသဖြင့်
“ ဒါဆိုရင်လည်း လောလောဆယ် ရင်နဲ့ပဲ အတူဆက်နေသေးတာပေါ့၊ ကျွန်မတို့နှစ် ယောက် သွေးမတော် သားမစပ် အတူနေဖို့ မသင့်တော် ဘူးထင်လို့ပါ ”
ဟု ပြောလေရာ မိုးကောင်းက ရယ်မော၍
“ မင်းကျုပ် တစ်ဦးနဲ့တစ်ဦး နားလည်မှု ရှိဖို့ အရေး ကြီးဆုံးပါ၊ တစ်ခုတော့ ကျုပ်ကတိပေးနိုင်ပါတယ်၊ မိန်းကလေးဘက်က အလိုမတူဘဲ ဘယ်တော့မှ စော်ကားမော်ကား မပြုဘူးဆိုတာပါ၊ ဒါဟာ ကျုပ်တို့ပွဲကျောင်းသားတွေ ရဲ့ အရေး ကြီးဆုံးစည်းကမ်းပါ”
ဟု ပြောလေတော့၏ ။
မာလာသည် မိုးကောင်းနှင့် အတူ ခြံစိုက်ပျိုးရေး လုပ်ငန်းများ ကို ကူညီလုပ်ကိုင်ပေးခြင်း၊ ထမင်းဟင်းလျာများ ချက်ပြုတ်ပေးခြင်း စသည့် အိမ်မူကိစ္စများ ကို လုပ်ကိုင်ရင်း ပျော်ရွှင်စွာ နေထိုင်လေ၏ ။
မိုးကောင်းသည် ခြံထွက်ပစ္စည်းများ ကို မြင်းလှည်းတစ်စီးဖြင့် တင်၍ မြို့ပေါ်သို့ သွားရောက်ရောင်းချလေ့ရှိ၏ ။
ဈေးမှပြန်လာသော အခါ မာလာ့အတွက် အဝတ်အထည်နှင့် မိန်းမအသုံးအဆောင်စ္စည်းများ ကို ဝယ်လာလေ့ရှိ၏ ။ ချောမောလှပသော မာလာအား ရွာရှိ ကာလသားများ သည် မယောင်မလည်ဖြင့် လာရောက်ပိုးပန်းလေ့ရှိ၏ ။
မိုးကောင်းမြို့ပေါ်တက်၍ ခြံထွက်ပစ္စည်းများ ရောင်းချသော နေ့တွင် ကလသားများ သည် ခြံသို့ အကြောင်းမရှိ အကြောင်းရှာ၍ ဝင်ထွက်ပြီး မာလာအား ပိုးပန်းကြလေ၏ ။
မာလာသည် ကာလသားများ အား မည် သို့ ကိုမျှ စိတ်မဝင်စားကြောင်း ကောင်းမွန်စွာ ပြန်လညပြောဆိုလေ၏ ။
မာလာကို ပိုးပန်းသူများ အနက် သူကြီးသားအောင်ဦးဆိုသူသည် အဆိုးသွမ်းဆုံး ဖြစ်၏ ။ သူ၏ မိဘများ သည် လယ်ပိုင်ရှင်မျိုးရိုး ဖြစ်သဖြင့် နောက်လိုက်နောက်ပါ တပည့်တပန်းပေါများ ပြီး မြောက်ကြွမြောက်ကြွ ဖြစ်နေရှာ၏ ။
အောင်ဦးသည် မိုးကောင်းမရှိသည့် အချိန်များ တွင် ခြံသို့ လာပြီး မာလာအား ချစ်စကားပြောလေ၏ ။ နောက်ပိုင်းတွင် မူ သူ၏ တပည့်တပန်းများ ၏ မြှောက်ပင့်ပေးမှု ကြောင့် မိုးကောင်းကိုပင် ဂရုမစိုက်တော့ဘဲ မာလာအား ဗြောင်ကျကျ ပိုးပန်းလေတော့၏ ။
မာလာသည် အောင်ဦးအား အစပိုင်းတွင် ယဉ်ကျေးစွာ ငြင်းဆန်သော်လည်း ပိုမိုအတင့်ရဲလာသော ကြောင့်
“ ဒီမှာ … ရှင့်ကို ကျွန်မမချစ်ဘူးလို့ ဘယ်နှခါပြောရမလဲ၊ ရှင် ဒီခြံထဲကို မလာပါနဲ့ ”
ဟု လေသံမာမာဖြင့် မောင်းနှင်ထုတ်လေရာ အောင်ဦး၏ မျက်နှာ မည်းခနဲ ဖြစ်သွားပြီး
“ ဒီမှာ မာလာ၊ ကျုပ်ဘယ်လောက်ချမ်းသာတယ်ဆိုတာ မင်းမသိလို့ ဒီစကားပြောတာနဲ့တူတယ်၊ ကျုပ်တို့ပိုင်တဲ့ လယ်မြေတွေ ဟာ ဒီရွာဝန်ကျင်မှာ လက်ညှိုးထိုးမလွဲဘူး၊ စိတ်ကူးမလွဲပါနဲ့ကွာ၊ ဒီရွာမှာ ကျုပ်လိုချင်ရင် ဘယ်ကောင်မမဆို အချိန်မရွေး ယူလို့ရတယ် ”
ဟု ပြောလေ၏ ။ မာလာသည် ငွေဂုဏ်မောက်နေသော အောင်ဦးအား လွန်စွာ ရွံရှာသွားပြီးလျှင်
“ ဒါဆိုရင် အဲဒီ ကောင်မတွေ ကို သွားယူပါလား၊ ကျွန်မကို ဘာလို့လာပိုးနေလဲ၊ ရှင့်ကိုမကြိုက်ဘူးလို့ပြောတာတောင် ရှင်အရှက်မရှိဘူးလား ”
ဟု ပြန်ပြောလေရာ အောင်ဦးသည် အခံချိမခံသာ ဖြစ်သွားပြီးလျှင်
“ မင်းကို ဒီခြံအစုတ်အပဲ့လေးမှာ ဘဝမဆုံးစေချင်လို့ပေါ့ကွာ၊ နေပါဦး၊ မင်းနဲ့ ဒီခြံကကောင်နဲ့ လွတ်လွတ်ကင်းကင်းမှရှိရဲ့ လား၊ မင်းကို ဒီကောင်နဲ့ သိပ်မသင်္ကာဘူး၊ သွေးမတော် သားမစပ် ယောက်ျားနဲ့မိန်းမ အတူတူနေတယ်လို့ကွာ ”
ဟု စော်ကားမော်ကား ပြောလေ၏ ။
ထိုအခါ မာလာသည် သူကြီးသားအား သည်းမခံနိုင်တော် သဖြင့်
“ ခွေးမျိုး၊ ဘာစကားပြောတာလဲ ”
ဟု ကြုံးဝါးကာ ပါးကိုလှမ်းရိုက်လိုက်လေ၏ ။
အောင်ဦးက သူမ၏ လက်ကို ဆုပ်ကိုင်ထားလိုက်၏ ။ ထိုအခိုက်မှာ ပင် အနီးသို့ မိုးကောင်းရောက်လာပြီး ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိဖွာရှိုက်လိုက်ပြီးလျှင်
“ မာလာဟာ လွတ်လပ်တဲ့မိန်းမပျိုး တစ်ယောက် မို့ ရွာကနှစ်သက် မယ့်လူရှိနိုင်တယ်လို့ ကျုပ်တွက်ထားပြီးသားပါ၊ ဒါကြောင့် ပိုးပန်းတဲ့ ကာလသားတွေ ကို ကျုပ်မသိသလို နေပေးခဲ့တယ်၊ ဒါပေမယ့် ခင်ဗျား ကတော့ ပိုးပန်းတဲ့အဆင့်ကို လွန်ပြီး စော်ကားမော်ကားပြုတဲ့ အဆင့်ရောက်နေပြီ ”
ဟု အေးဆေးစွာ ပြောလိုက်လေရာ အောင်ဦးက မျက်နှာမဲ့၍
“ ဟေ့ကောင် … ငါ့ကို ဘာကောင်အောက်မေ့လဲ၊ ငါက ဒီရွာက သူကြီးသား၊ မင်းကို ထိပ်တုံးခတ်လို့ရတယ်၊ သိလား ”
ဟု ခြိမ်းခြောက်လိုက်လေရာ မိုးကောင်းက ရယ်စရာပျက်လုံးတစ်ခုလို နားဆင်ရသကဲ့သို့ တဟားဟားရယ်မောလိုက်ကာ
“ ထိပ်တုံးဟုတ်လား၊ ကျုပ်လိုကောင်က ထုပ်တုံးမပြောနဲ့ စက်တိုက်ကိုတောင် ရယ်စရာလိုသဘောထားတဲ့ ကောင်ဗျ ”
ဟု ပြောလေ၏ ။
မာလာသည် သူကြီးသားနှင့် မိုးကောင်း ပြဿနာမ ဖြစ်ပွားလိုသဖြင့် သူတို့နှစ် ဦးကြားတွင် ဝင်၍
“ ဒီမှာ ၊ ရှင် ကျွန်မခြံထဲက ထွက်သွားနော်၊ ကျွန်မ ဒေါသထွက်လာပြီ ”
ဟု ပြောလိုက်လေ၏ ။
ထိုအခါ သူကြီးသားအောင်ဦးက စိတ်လျှော့လိုက်ဟန်ဖြင့်
“ ဒီတစ်ခါတော့ မင်းလေးအလိုကျ နေပေးလိုက် မယ်၊ ကျုပ်အတွက် အဖြေပေးဖို့ အမြန်ဆုံးစဉ်းစားထားပေတော့၊ နောက်တစ်ခါလာခဲ့ဦးမယ်၊ ကဲ … ဟေ့ကောင်တွေ ၊ သွားကြမယ် ”
ဟုဆိုကာ သူ၏ နောက်လိုက်နောက်ပါများ ကိုခေါ်၍ ထွက်ခွာသွားလေ၏ ။
မိုးကောင်းက သူကြီးသား၏ နောက်ကျောကိုကြည့်၍ မဲ့ပြုံးပြုံးလိုက်ပြီး
“ လောကမှာ ဒီလိုမနူးမနပ်ကောင်တွေ အများ ကြီး၊ ဘာမဟုတ်တဲ့ သူကြီးသား ပိုက်ဆံဝါလားဆိုတဲ့ဂုဏ်လေးကြောင့် သွေးနားထင်ရောက်နေရှာတယ် ”
ဟု ရေရွတ်လိုက်ရာ မာလာက လေသံတီးတိုးဖြင့်
“ ကျွန်မအတွက်နဲ့ ရန်ပွဲမ ဖြစ်ပွားပါနဲ့ရှင် ”
ဟု ပြောလိုက်လေတော့၏ ။
မည် သို့ ပင် ဖြစ်စေ မာလာ၏ ဆုတောင်း မပြည့်ခဲ့ပေ။
မိုးကောင်း မြို့တက်သွားသော နေ့တွင် သူမသည် ပျင်းပျင်းရှိသည်နှင့် ခြံနှင့် မနီးမဝေးတွင် ရှိသော နွားစားကျက်သို့ ထွက်ခဲ့၏ ။
နွားစားကျက်နှင့် မနီးမဝေးရှိ အရိပ်ကောင်းစွာ ရရှိသော ထနောင်းပင်ကြီးအောက်တွင် ထိုင်နေစဉ် အနီးသို့ သူကြီးသားအောင်ဦးနှင့် အပေါင်းအပါများ ရောက်ရှိလာ၏ ။ အောင်ဦးက သူမ၏ အနီးသို့ ရောက်လာပြီး သူ၏ အပေါင်းအပါများ ခပ်လှမ်းလှမ်းတွင် ရပ်စောင့်နေ၏ ။ အောင်ဦးတဟဲဟဲ ရယ်မော၍
“ မာလာ ကျုပ်ကိုလက်ခံဖို့ စဉ်းစားပြီးပြီလား၊ မင်္ဂလာပွဲအတွက်တော့ ဘာမှမပူနဲ့၊ ဒီနယ်တကြောမှာ အကြီးဆုံး အခမ်းအနားဆုံး ဖြစ်စေရမယ် ”
ဟု အရှက်မရှိ ပြောဆိုလေရာ မာလာသည် အောင်ဦးအားလွန်စွာ အမြင်ကတ်သည်နှင့်
“ ရှင်ရူးနေလား၊ ရှင့်လိုလူမျိုးကို ဘယ်သူကယူမယ်ပြောလို့လဲ ”
ဟု ပြောလိုက်လေ၏ ။ အောင်ဦးက
“ မင်းဟာ အတော် မာနကြီးတဲ့ မိန်းမပါလား၊ မင်းကို အနုနည်းနဲ့မရရင် အကြမ်းနည်းသုံးဖို့ ဆုံးဖြတ်ထားပြီးသား၊ အောင်ဦးဟာလိုချင်တာကို မရရအောင်ယူတတ်တယ်ကွ၊ ဟေ့ကောင်တွေ ဒီကောင်မကို ရွာပြင်ကို ဆွဲခေါ်ကြစမ်း ”
ဟု အော်ဟစ်ပြောဆိုလေရာ သူကြီးသား၏ တပည့်သုံးယောက် သည် မာလာအား ဆွဲခေါ်လေ၏ ။ မာလာက ရုန်းကန်၍
“ ရှင်တို့မယုတ်မာနဲ့နော်၊ ကျွန်မကိုလွှတ်စမ်း ”
ဟု ပြောဆိုလေရာ အောင်ဦးက ရယ်မော၍
“ ဟား ဟား ဟား … အနုနည်းနဲ့မရတော့ အကြမ်းနည်းနဲ့ ခိုးယူပေါင်းသင်းရတာ ပေါ့ကွာ၊ မကြာခင် ငါ့လက်ထဲရောက်တော့မယ် ”
ဟု ပြောဆို၍ ရွာပြင်သို့ ခေါ်ဆောင်သွားလေ၏ ။
ထိုအခိုက်မှာ ပင် လှည်းလမ်းကြောင်းမှ ဖုန်လုံးကြီးများ အလိပ်လိပ်တက်လာပြီး မြင်းခွာသံကို ကြားရလေ၏ ။ မိုးကောင်း၏ မြင်းလှည်း ရွာသို့ ပြန်လာလေပြီ။ အောင်ဦးက အဝေးမှမောင်းနှင်လာသော မြင်းလှည်းကိုကြည့်၍
“ တောက် … ဟိုကောင်ပြန်လာပြီကွာ၊ ဟေ့ကောင်တွေ … ဒီကောင့်ကို အရင်ရှင်း၊ ပြီးမှ ကောင်မကို ခေါ်သွားမယ် ”
ဟုအမိန့်ပေးလိုက် ရာ သူကြီးသား၏ တပည့်များ သည် ထင်းစည်းနှင့် အတူဖွက်၍ ယူဆောင်လာသော ဆောင်ဓားများ ကို ထုတ်လိုက်လေ၏ ။
မိုးကောင်း၏ မြင်းလှည်းသည် လှည်းလမ်းအတိုင်း တဖြည်းဖြည်း မောင်းနှင်လာပြီး အနီးသို့ ရောက်သော အခါ မိုးကောင်းက ရယ်မော၍
“ ဟဲ ဟဲ ဟဲ … ဓားကြီးတွေ နဲ့ပါလား၊ ကျုပ်ကို တိုက်ခိုက်ကြမလို့လား ”
ဟု မခံ့လေးစားပြောဆိုလေရာ မစိတ်မွှန်နေသော အောင်ဦးက
“ ဟေ့ကောင် … မင်း ကိုယ့်လမ်းကိုယ်သွားရင် အသက်ချမ်းသာပေးမယ်၊ ငါတို့ရှေ့က ကာဆီးကာဆီးလုပ်ရင် တော့ ခေါင်းပြတ်သွားမယ်၊ သူကြီးသားကွ၊ ဘာအောက်မေ့လို့လဲ ”
ဟု ကြွေးကြော်လိုက်လေ၏ ။ မိုးကောင်းက ရယ်မောလိုက်ပြန်ပြီး
“ ဟား ဟား ဟား … သူကြီးလောက်ကို မဆိုထားနဲ့ ဘုရင်ခံကိုတောင် ကျုပ်ဂရုစိုက်တာ မဟုတ်ဘူး ”
ဟု ပြောလိုက်လေရာ သူကြီးသားအောင်ဦးသည် စိတ်မထိန်းနိုင်တော့ဘဲ တပည့်များ ဘက်သို့ လှည့်၍
“ ဟေ့ကောင်တွေ … ချကွာ ”
ဟု အမိန့်ပေးလိုက် လေ၏ ။
မိုးကောင်းက မြင်းလှည်းပေါ်မှ ဝါးစိမ်းတုတ်ကိုကိုင်ဆွဲ၍ မြေပေါ်သို့ ခုန်ဆင်းလိုက်လေ၏ ။ ရွာလူမိုက်တစ်ဦးသည် မိုးကောင်းကို ခုတ်ထစ်ရန် ပြေးလွှားလာ၏ ။
အနီးသို့ရောက်သော အခါ မိုးကောင်းက ကိုယ်ကိုညွှတ်၍ ခြေဖြင့် သိမ်းရိုက်လိုက်ရာ လူမိုက်လည်း ရှေ့တည့်တည့်တွင် ဖင်ထိုင်လျက် လဲလေ၏ ။
ပြီးနောက် ကိုယ်ပေါ်မှခွစီး၍ လူမိုက်၏ နဖူးအား တတောင်ဖြင့် ထောင်းလိုက်ရာ မေ့မြောသွားလေ၏ ။
ထိုအချိန်တွင် လူမိုက်တစ်ဦးက မိုးကောင်း၏ နောက်သို့ အလစ်အငိုက်ဖမ်း၍ ဓားဖြင့် ခုတ်လေရာ မိုးကောင်းက ကျွမ်းကျင်စွာ ရှောင်တိမ်းလေ၏ ။
မြေပေါ်သို့ ရောက်သော အခါ ကိုယ်ခန္ဓာတစ်ပတ်လှည့်၍ လူမိုက်၏ ဓားကိုင်လက်အား ခြေဖြင့် ခတ်ကာ ဝါးစိမ်းတုတ်ဖြင့် ခေါင်းကိုရိုက်လေ၏ ။
အရှိန်ဖြင့် ပြေးလာသော လူမိုက်၏ ဓားအား ဝါးစိမ်းတုတ်ဖြင့် ရိုက်ဖယ်၍ ၎င်း၏ ဗိုက်အား တုတ်ဖြင့် ဆောင့်ထိုးလိုက်ပြန်ရာ လူမိုက်သည် ပက်လက်လန်လေ၏ ။
သူကြီးသား အောင်ဦးသည် တစ်ခဏအတွင်း ရွာလူမိုက်သုံးယောက် ကို မိုးကောင်းက အလဲအကွဲတိုက်ခိုက်လိုက်သဖြင့် မျက်လုံးပြူးသွားလေ၏ ။
မိုးကောင်းက ထိတ်လန့်ကြောက်ရွံ့နေသော အောင်ဦးကို ကြည့်၍
“ မလိမ္မာတစ်ခါမိုက်တဲ့ သူကြီးးသား အမိုက်အမဲလေးမို့ ဒီတစ်ချီ ခွင့်လွှတ်လိုက်မယ်၊ ကျုပ်ရှေ့က အမြန်ဆုံးထွက်သွားစမ်း၊ နောက်တစ်ခါဆိုရင်တော့ ဒီအတိုင်း သွားခွင့်မပေးဘူး၊ ကျုပ်ရှေ့က လေးဘက်ထောက်ပြီး သွားရမယ် ”
ဟု ပြောဆိုလေရာ သူကြီးသားသည် နောက်ဆုတ်နောက်ဆုတ်နှင့် ရွာထဲသို့ ဝင်ပြေးလေတော့၏ ။
မာလာက မိုးကောင်း၏ မြင်းလှည်းပေါ်သို့ တက်ထိုက်လိုက်ပြီး
“ ရှင့်ကျေးဇူးတွေ ကျွန်မအပေါ်များ လှပြီ၊ ဘယ်လိုပြန်ဆပ်ရမလဲ ”
ဟု ပြောဆိုရာ မိုးကောင်းက ရယ်မော၍
“ ဒီနေ့ည ညစာကောင်းကောင်းချက်ကျွေးပြီး ဆပ်လေ၊ မင်းရဲ့ လက်ရာ ခရပ်ချဉ်သီးနဲ့ ဆတ်သားဆီပြန်ဟင်းမစားရတာ ကြာပြီ ”
ဟု ပြောလိုက်လေတော့သတည်း။
လေးကျွန်းမောင်ကြီး | မာယာရှင် | မြွေဟောက် |