မာယာရှင်
တစ်နေ့သ၌ မြိတ်မြို့တစ်နေရာရှိ လွန်စွာ ကြီးကျယ်ခမ်းနားသော အိမ်ကြီး၏ အိပ်ခန်းအတွင်း၌ ရာဘာ သူဌေးလေးချမ်းသာသည် ခိုပြာရောင် ဝတ်စုံကို အကျအနဝတ်ဆင်နေ လေ၏ ။
ထိုအခိုက်မှာ ပင် သူ၏ အနီးသို့ အိမ်ကြီး၏ ဘဏ္ဍာစိုးဦးလီလ ရောက်ရှိလာပြီး
“ဟား ဟား ဟား ဒီလိုဆိုတော့လဲ မောင်ချမ်းသာက ဓာတ်ရှင်မင်းသားအရှုံးပေးလောက် တယ်ဟေ့၊ သတို့သမီးလောင်း ကတော့ မောင်ချမ်းသာကို မြင်မြင်ချင်း သဘောကျသွားမှာ ပဲ”
ဟု ပြောလိုက်ရာ ရာဘာသူဌေးလေး ချမ်းသာသည် ရှက်ကိုး ရှက်ကန်း ဖြစ်သွားပြီှးလျှင်
“ကျုပ်ကောလိပ်ကျောင်းတက်ကတည်းက ဥရောပဝတ်စုံကို ဝတ်လေ့ဝတ်ထရှိပါတယ် ဗျာ”
ဟု ပြောလိုက်လေ၏ ။ ထိုစဉ် အိပ်ခန်းထဲသို့ အထိန်းတော် ကြီး ဒေါ်သူဇာဝင်ရောက်လာပြီး
“ကိုသီလ ရှင်ဘာ ဖြစ်လို့ မောင်ချမ်းသာကို မနေတတ်အောင် နောက်ပြောင်နေတာလဲ၊ ဒီနေ့ဟာ သူ့ဘဝအတွက် အရေး ကြီးတဲ့ နေ့တစ်နေ့ဆိုတာ ရှင်မသိဘူးလား၊ မောင်ချမ်းသာ စိတ်လှုပ်ရှားအောင်မလုပ်ပါနဲ့ ”
ဟု ပြောလိုက်ရာ မောင်ချမ်းသာသည် အထိန်းတော် ကြီး ဒေါ်သူဇာ၏ စကားကြောင့် မျက် မှော င်ကြုတ်၍
“ဒီနေ့ဟာ ငါ့ဘဝရဲ့ အရေး ပါဆုံးနေ့ဆိုပါလား၊ တကယ် အရေး ပါတာမှ ဟုတ်ရဲ့ လား”
ဟု တစ်ကိုယ်တည်း တွေးနေမိလေ၏ ။ ဒေါ်သူဇာသည် ချမ်းသာ၏ သပ်ရပ်ခံ့ညားစွာ ဝတ်ဆင်ထားပုံကို လှည့်ပတ်ကြည့်၍
“ပြည့်စုံပါပြီ မောင်ချမ်းသာ သတို့သမီးကို ကြိုဆိုဖို့ အချိန်သင့်ပါပြီ၊ ဒေါ်သူဇာတို့ မောင်ချမ်းသာနဲ့ လိုက်ခဲ့ဖို့ လိုသေးသလား”
ဟု မေးမြန်းလိုက်လေ၏ ။ ချမ်းသာက ခေါင်းခါယမ်း၍
“သတို့သမီးနဲ့ တွေ့ ဆုံချိန်မှာ ကျုပ် တစ်ယောက် တည်း ဖြစ်နေချင်တယ်။ ကျုပ်တို့နှစ် ယောက် လွတ်လွတ်လပ်လပ်ပဲ တွေ့ ဆုံချင်တယ်”
ဟု ပြောလိုက်လေ၏ ။ ဘဏ္ဍာစိုး ဦးသီလက သဘောကျဟန်ဖြင့် ရယ်မော၍
“မောင်ချမ်းသာအတွက် အနှောင့်အယှက် ဖြစ်မယ်ဆိုရင် ဦးလေးတို့ မလိုက်တော့ပါဘူး ကွာ မိန်းကလေးနဲ့ တွေ့ ရင်သာ အဆင်ပြေဖို့ ကြိုးစားပါ။ ယောက်ျားနဲ့ မိန်းမ ပထမဦးဆုံးတွေ့  ဆုံချိန်ဟာ အရေး ကြီးဆုံးပဲကွ၊ ဦးလေးတို့တုန်းကဆိုရင်”
ဟုဆိုရင်း ဒေါ်သူဇာကို လှမ်းကြည့်လိုက်ရာ ဒေါ်သူဇာက မျက်မှော င်ကြုတ်၍
“အဘိုးကြီး အသက်ကြီးမှ ရမ္မက်ကြီးမနေနဲ့ ၊ မောင်ချမ်းသာကို ရထားလုံးဆီ လိုက်ပို့ပေး လိုက်ပါ”
ဟု ပြောလိုက်လေ၏ ။ ဦးသီလသည် မောင်ချမ်းသာအား အိမ်ကြီး၏ ဆင်ဝင်အောက်၌ ရပ် ထားသော ရထားလုံးဆီသို့ လိုက်လံပို့ဆောင်ပေးလေ၏ ။ ရထားလုံးမောင်းသော ကုလားသည် ရ ထားလုံးပေါ်၌ အသင့်စောင့်နေလေ၏ ။
မောင်ချမ်းသာသည် ရထားလုံးပေါ်သို့ လှမ်းတက်လိုက်ရာ ဦးသီလက အောက်မှနေ၍
“သတို့သမီးလေး ချောပါစေ၊ လှပါစေလို့ ဆိုတောင်းလိုက်ပါတယ် မောင်ချမ်းသာ”
ဟု ဆိုလိုက်ရာ ချမ်းသာက ရယ်မော၍
“ရုတ်လှဖို့ထက် စိတ်လှဖို့က အရေး ကြီးပါတယ်ဗျာ၊ ကျုပ် ကတော့ လှတာမမက်ဘူးဗျ၊ ညစာခက်လိမ့်မယ်”
ဟု ဆိုကာ ရထားလုံးကို မောင်နှင်ခိုင်းလိုက်လေ၏ ။
ရထားလုံးသည် ကျယ်ဝန်းသော ခြံကြီးထဲမှ ပတ်လမ်းအတိုင်း မောင်းနှင်ပြီး ခြံပြင်သို့ ထွက်သွားလေ၏ ။ ယနေ့ချမ်းသာ သွားရောက် ကြိုဆိုရမည့် လူမှာ မိမိနှင့် လက်ထပ်မည့်  သတို့ သမီး ဖြစ်၏ ။ ရာဘာသူဌေးလေးချမ်းသာသည် မိဘများ ဆုံးပါးသွားပြီးနောက် နှစ် ပေါင်းများ စွာ လူပျိုကြီးလုပ်နေပြီးမှ ကြီးဒေါ်ကြီး၏ ဆန္ဒကို မလွန်ဆန်နိုင်ဘဲ အိမ်ထောင်ပြုရန် လက်ခံလိုက်ရ လေ၏ ။ ချမ်းသာသည်မိမိနှင့် လက်ထပ်မည့်  သတို့သမီးကို ပြင်ပတွင် မြင်တွေ့ ဘူးခြင်းမရှိဘဲ ဓာတ်ပုံထဲ၌ သာ မြင်ဖူး၏ ။ သို့သော် ကြီးဒေါ်ကြီး ပို့လိုက်သော ဓာတ်ပုံမှာ ဝိုးတဝါးသာ ဖြစ်သဖြင့် ချောမောလှပခြင်းရှိမရှိ ဝေခွဲနိုင်စွမ်းမရှိချေ။ မည် သို့ပင် ဖြစ်စေ ချောမောလှပဖို့ထက် စိတ်နှလုံး သား ဖြူစင်ဖို့ အရေး ကြီးသည်ထင်မိ၏ ။
မကြာမီ မိမိနှင့် လက်ထပ်မည့်  သတို့သမီးကို တွေ့ ဆုံရပေတော့မည် ။ သူမနှင့် ပထမဆုံး တွေ့ ဆုံချိန်၌ တစ်ဦးနှင့် တစ်ဦး ရင်းနှီးကျွမ်းဝင်အောင် မည် သို့ မိတ်ဆက်ရမည် နည်း။
“ကျုပ်က ခင်ဗျားနဲ့ လက်ထပ်ရမယ့် သတို့သားလောင်းပါ”
ဟု မျက်နှာပြောင်ပြောင်ဖြင့် မိတ်ဆက်ရမည် လော။ သူတို့နှစ် ယောက် စလုံး ပထမဆုံးတွေ့ ဆုံချိန်၌ ရှိုးတိုးရှန်းတန်း ဖြစ်နေမှာ သေချာ၏ ။ မိမိတို့သည် ချစ်သူများ မဟုတ်ကြ သော်လည်း လက်ထပ်ပြီး အတူတူနေထိုင်ကြသည်အခါ သံယောဇဉ် ဖြစ်သွားမည် ထင်၏ ။ ဤသို့ ဖြင့် ချမ်းသာ၏ ရထားလုံးသည် ဆိပ်ကမ်းသို့ ရောက်ရှိသွားလေ၏ ။ သို့သော် ဆိပ်ကမ်းသို့ ရထားလုံးရောက်သည့်တိုင် သင်္ဘောမဆိုက်သေးသဖြင့် ဆိပ်ကမ်းနှင့် မနီးမဝေးရှိ သစ်ပင်ရိပ် အောက်၌ ရထားလုံးကို ရပ်ခိုင်းလိုက်၏ ။
အတန်ကြာအောင် စောင့်မျှော်နေပြီးနောက် ဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်လာ၏ ။ ချမ်း သာသည် သင်္ဘောဆီသို့ လှမ်းမျှော်ကြည့်ရင်း ရင်ခုန်နှုန်းမြန်လာသဖြင့် အသက်ကိုတဝကြီးရှု လိုက်၏ ။
သင်္ဘောပေါ်ရှိ ခရီးသည်များ ဆိပ်ကမ်းသို့ တစ်ယောက် ပြီး တစ်ယောက် ဆင်းသက်လာ၏ ။ ချမ်းသာသည် ရင်ခုန်နှုန်းမြန်စွာ ဖြင့် လူအုပ်ကြားရှိ သတို့သမီးလောင်းကို ရှာဖွေနေမိ၏ ။ ထိုသို့ ရှာဖွေနေစဉ် လူအုပ်ထဲရှိ အသက်သုံးဆယ်ဝန်းကျင်မိန်းမတစ်ဦးကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားသွား၏ ။ ထိုမိန်းမသည် မိမိဘက်သို့ ကြည့်၍ လက်ဝေ့ယမ်းပြသ ဖြင့် မိမိလက်ကို ပြန်၍ ဝေ့ယမ်းပြရန် ကြံမိ၏ ။ သို့သော် အမျိုးသားတစ်ဦးက မိမိကို ကျော်တတ်သွားပြီး
“ခင်ခင်ရေ၊ ကိုကို ဒီမှာ ”
ဟု အော်ဟစ်လိုက်သဖြင့် ဝေ့ယမ်း၍ ကြံရွယ်ထားသော လက်ကို အမြန်ချလိုက်မိ၏ ။ ကံကောင်းထောက်မ၍ အရှက်မကွဲခြင်း ဖြစ်၏ ။
သင်္ဘောပေါ်ရှိ လူများ တဖွဲဖွဲ ဆင်းလာဆဲ ဖြစ်၏ ။ ထိုအခိုက်မှာ ပင် လူအုပ်ကြားထဲ၌ လွန်စွာ လှပတင့်တယ်သော မိန်းမ တစ်ယောက် ကို မြင်လိုက်ရ၏ ။
သူမသည် ဆင်မယဉ်သာဟန်ဖြင့် ကမ်းစပ်ဆီသို့ လျှောက်လှမ်းလေ၏ ။ သူမ၏ ဆံပင်များ ကို အလယ်မှ ခွဲထားပြီး မျက်လုံးများ မှာ ဝိုင်းစက်ကြည်လင်နေ၏ ။ သူမ၏ ရှည်သွယ်သော အရပ်အမောင်းနှင့် စွင့်ကားသော တင်သားများ မှာ အလွန်ကြည့်ကောင်းလှ၏ ။ ဤမျှ စွဲမက်ဖွယ်ကောင်းသော မိန်းမသည် မိမိ၏ သတို့သမီးလောင်းပင် ဖြစ်ပေသလော။ ထိုအခိုက်မှာ ပင် မိန်းမလှနှင့် မျက်လုံးချင်းဆုံမိလိုက်၏ ။ သူမသည် လွန်စွာ တင့်တယ်သော အမူအ ယာဖြင့် ချမ်းသာအနီးသို့ လျှောက်လှမ်းလာ၏ ။ချမ်းသာ၏ ရင်ခုန်နှုန်းများ ပိုမိုမြန်ဆန်လာ၏ ။
မိန်းမလှသည် ချမ်းသာ၏ အနီးသို့ ရောက်သော အခါ ညှို့ငင်အားကောင်းသော မျက်လုံး များ ဖြင့် ကြည့်၍
“ရှင်က ကိုချမ်းသာ မဟုတ်လား”
ဟု မေးမြန်းလိုက်ရာ ချမ်းသာက ကမန်းကတန်း ခေါင်းညိတ်၍
“ရှင်က ကိုချမ်းသာ မဟုတ်လား”
ဟု မေးမြန်းလိုက်ရာ ချမ်းသာက ကမန်းကတန်း ခေါင်းညိတ်၍
“ဟုတ်ပါတယ် ကျုပ်က ချမ်းသာပါ၊ မိန်းကလေးက မနှင်းဆီလား”
ဟု မေးမြန်းလိုက်ရာ သူမက ပြုံးယောင်သန်းသော အမူအရာဖြင့်
“ဟုတ်ပါတယ်၊ ကျွန်မက မနှင်းဆီပါ၊ ရှင် ကျွန်မကို မြင်လိုက်တော့ အံ့သြသွားပုံရတယ်”
ဟု ဆိုလိုက်၏ ။ ချမ်းသာက မနှင်းဆီတစ်ကိုယ်လုံးကို သိမ်းကြုံးကြည့်၍
“မနှင်းဆီသိပ်လှနေတယ်၊ ဓာတ်ပုံထဲမှာ မြင်တုန်းက ဒီလောက် မလှဘူး”
ဟု ဆိုလိုက်ရာ မနှင်းဆီက တီးတိုးရယ်မော၍
“ကျွန်မကို ရိုက်ပေးတဲ့ ဓာတ်ပုံဆရာ ညံ့လို့နဲ့ တူပါတယ်ရှင်၊ ဒါနဲ့ ကျွန်မကို လာကြိုတာ ရှင် တစ်ယောက် တည်းလား”
“ဟုတ်တယ် ကျုပ် တစ်ယောက် တည်း လာကြိုတာပါ၊ ဟိုမှာ ရပ်ထားတဲ့ ရထားလုံးက ကျုပ်ရဲ့ ရထားလုံးလေ၊ ကျုပ်တို့ ရထားလုံးစီးသွားရအောင်”
ဟု ပြောပြီး မနှင်းဆီရှေ့မှ ဦးဆောင်ပြီး ရထားလုံးဆီ လျှောက်လှမ်းသွားလေ၏ ။ မနှင်းဆီ၌ လေးထောင့်စပ်စပ်သားရေ သေတ္တာငယ်လေးတစ်လုံးသာပါရှိ၏ ။ ထိုသေတ္တာငယ်ကို ရထားလုံး ကုလားက သယ်မပေးလေ၏ ။
ချမ်းသာသည် ရထားလုံးအနီးသို့ ရောက်သော အခါ သူမကို ဦးစွာ တက်စေ၍ မိမိက နောက်မှ လိုက်တက်လေ၏ ။ ရထားလုံးပေါ်သို့ ရောက်သော အခါ တစ်ဦးနှင့် တစ်ဦး နီးကပ်နေသ ဖြင့် သူမ၏ အလှကို တိတ်တခိုး လေ့လာကြည့်မိ၏ ။
သူမ၏ အသားအရေမှာ ရွှေအဆင်းကဲ့သို့ ဝင်းဝါစိုပြေနေလေ၏ ။ မျက်ဝန်းအစုံမှာ ဝိုင်းစက် ကြည်လင်ပြီး နှုတ်ခမ်းမှာ ပန်းသွေးရောင် အဆင်းရှိ၏ ။ သူမ၏ လက်မောင်းများ လုံးဝန်းနေပြီး မို့ မောက်သော ရင်နှင့် သိမ်သော ခါးမှာ လိုက်ဖက်ညီလှ၏ ။ ခါးအောက်သို့ ကြည့်လိုက်လျှင် စွင့်ကား သော တင်သားများ မှာ တင်းမာနေဆဲ ဖြစ်၏ ။
မနှင်းဆီက မိမိမျှော်လင့်ထားသည်ထက်များ စွာ ပိုမို၍ ချောမောလှပနေပါလား။
ကြီးဒေါ်ကြီး မိန်းမအရွေးကောင်းလှသည်ဟု စိတ်ထဲက ကြိတ်၍ ချီးမွမ်းမိ၏ ။ မနှင်းဆီသည် ချမ်းသာခိုးကြည့်နေခြင်းကို ရိပ်မိဟန်မတူဘဲ မြိတ်မြို့၏ သာယာလှပသော ရှုခင်းများ ကို ကြည့်ရှုပြီး လိုက်ပါလေ၏ ။
အတန်ကြာသော အခါ ရထားလုံးသည် ကုန်းမြင့်ထက်၌ တည်ဆောက်ထားသော ခံညားလှ ပသည့် ခြံကြီးအရှေ့သို့ ရောက်လေ၏ ။ ခြံစောင့် ဂေါ်ရခါးကြီးသည် ရထားလုံးကို မြင်သော အခါ ခြံတံခါးကြီးကို ကမန်းကတန်း ဖွင့်ပေးလေ၏ ။ မနှင်းဆီသည် ချမ်းသာ၏ ထည်ဝါခံ့ညားသော ခြံကြီးကို အံ့သြဟန်ဖြင့် ကြည့်၍
“ဟင်…ရှင့်ရဲ့ ခြံက ခံ့ညားလှချည်လား၊ ရှင်ဟာ ကျွန်မထင်ထားတာထက်တောင် ပိုပြီး ကြွယ်ဝချမ်းသာပုံရတယ်”
ဟု ရေရွတ်လိုက်ရာ ချမ်းသာသည် သူမ၏ စကားကို နားထောင်ပြီး ကျေနပ်သွားသလိုရှိ၏ ။
ရထားလုံးသည် ဝေ့ဝိုက်သော လမ်းအတိုင်း ကုန်းမြင့်ပေါ်သို့ တက်သွားပြီး ခံ့ညားထည်ဝါ သော နှစ် ထပ်တိုက်ကြီးအရှေ့သို့ ရောက်လေ၏ ။ တိုက်ကြီး၏ ဆင်ဝင်အောက်၌ ဘဏ္ဍာစိုးကြီး လင်မယားအပါအဝင် အိမ်စေများ စီတန်း၍ ကြိုဆိုနေလေ၏ ။
မနှင်းဆီသည် တသီတတန်းကြီးကြိုဆိုနေသော အိမ်စေများ ကို ကြည့်၍
“အမေလေး အလုပ်သမားတွေ မနည်းပါလား”
ဟု ရေရွတ်နေလေ၏ ။ ချမ်းသာသည် ရထားလုံးပေါ်မှ ဦးစွာ ဆင်း၍ မနှင်းဆီ ဆင်းသက် နိုင်ရန် လက်ကမ်းပေးလိုက် ၏ ။
ချမ်းသာသည် အနီးသို့ ရောက်ရှိလာသော ဘဏ္ဍာစိုးကြီး ဦးသီလတို့ လင်မယားနှင့် မနှင်းဆီကို မိတ်ဆက်ပေးလိုက် ၏ ။ ဘဏ္ဍာစိုးကြီး ဦးသီလက မနှင်းဆီကို ကြည့်၍ ရင်းနှီးဖော်ရွေ ဟန်ဖြင့်
“ကြိုဆိုပါတယ်၊ မြိတ်မြို့မှာ မနှင်းဆီလောက် ချောတဲ့လှတဲ့ မိန်းမရှိမှာ မဟုတ်ဘူး”
ဟု ချီးမွမ်းလေ၏ ။ ဒေါ်သူဇာက နှစ် လိုဟန်ဖြင့် ကြည့်၍
“မောင်ချမ်းသာနှင့် ရှေ့သွားနောက်လိုက် ညီပါတယ်၊ နေနဲ့ လ ရွှေနဲ့ မြလိုပါပဲ”
ဟု ချီးမွမ်းလိုက်ပြန်၏ ။ မနှင်းဆီသည် ဘဏ္ဍာစိုးကြီးလင်မယားကို က္ကနြေ္ဒရရအမူအရာဖြင့် ပြန်လည်နှုတ်ဆက်လေ၏ ။
ပြီးနောက် ချမ်းသာသည် အိမ်ကြီး၏ အပေါ်ထပ်ရှိ မနှင်းဆီ နေထိုင်ရမည့်  အိပ်ခန်းသို့ ပြသလိုက်၏ ။ မနှင်းဆီသည် အိပ်ခန်းကို ကြည့်၍ လွန်စွာ သဘောကျသွားပြီး
“ကျွန်မရဲ့ အိပ်ခန်းက သိပ်ကောင်းပါလား၊ ရှင့်ကို ကျေးဇူးတင်ပါတယ်”
ဟု ပြောလေ၏ ။ ချမ်းသာသည် မနှင်းဆီအတွက် ခုတင်၊ မှန်တင်ခုံ၊ ဗီရိုစသည်တို့ကို အခမ်းနားဆုံး ဖြစ်အောင် စီစဉ်ထားလေ၏ ။ ချမ်းသာက မနှင်းဆီကို ကြည့်၍
“မနှင်းဆီ ခရီးပန်းလာတယ်နဲ့ တူတယ်၊ တရေး တမော အိပ်ပြီးတော့ ရေချိုးလိုက်ပါလား၊ ညနေကျရင် ခြံထဲမှာ ဧည့်ခံပွဲလေးတစ်ခု လုပ်ထားတယ်၊ မနှင်းဆီကို မြို့က မိတ်ဆွေတွေ နဲ့ မိတ်ဖွဲ့ပေးမလို့ပါ”
ဟု ပြောလိုက်ရာ မနှင်းဆီသည် ချမ်းသာ၏ မျက်နှာကို အံ့သြဟန်ဖြင့် ကြည့်၍
“မနှင်းဆီ မြို့ကို ဒီနေ့ပဲရောက်တယ်၊ ဒီနေ့ပဲ ဧည့်ခံပွဲလုပ်ရမှာ လား”
ဟု ပြောလေ၏ ။ ချမ်းသာက မနှင်းဆီ၏ လှပသော မျက်နှာကိုကြည့်၍
“မြို့ပေါ်က ကျုပ်မိတ်ဆွေ လူကုံထံနည်းနည်း လေးကိုပဲ ဖိတ်ကြားတာပါ၊ မနှင်းဆီ ဘယ်လောက်လှတယ်ဆိုတာ ကျုပ်မိတ်ဆွေတွေ ကို ကြွားချင်လို့ပါ”
ဟု ပြောလိုက်ရာ မနှင်းဆီသည် သဘောကျဟန်ဖြင့် တခစ်ခစ် ရယ်မောနေလေတော့၏ ။
မနှင်းဆီသည် ညနေစောင်းသော အခါ အလှပဆုံးဝတ်ဆင်၍ အိမ်ကြီးအောက်သို့ ဆင်း လာလေ၏ ။ သူမသည် ရွှေဝါရောင် ချိတ်လုံချည်နှင့် နံသာရောင် ပိုးထည်အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထား၏ ။ ထို့အပြင် မဟာဆန်ဆန်ဆံထုံးကိုလည်း ထုံးထားသေး၏ ။
ချမ်းသာသည် မနှင်းဆီ၏ အလှကို ကြည့်၍ ရင်ထဲတွင် ကြိတ်ပြီး ဂုဏ်ယူနေမိ၏ ။ ခဏကြာ လျှင် မြို့ပေါ်ရှိ လူကုံထံမိတ်ဆွေများ သည် ချမ်းသာ၏ အိမ်ကြီးသို့ တစ်ယောက် ပြီး တစ်ယောက် ရောက်ရှိလာ၏ ။ ၄င်းတို့သည် ရာဘာခြံများ ၊ သတ္တုတွင်းများ ကိုပိုင်ဆိုင်ကြပြီး ကုန်သည်ကြီးများ လည်း ပါဝင်၏ ။
ချမ်းသာ၏ မိတ်ဆွေများ အားလုံး မနှင်းဆီ၏ အလှကို တအံ့တသြ ချီးမွမ်းကြ၏ ။ ချမ်းသာ မိန်းမရ ကံကာင်းပါစေတယ် ဟူ၍ လည်း ချီးမွမ်းကြ၏ ။ ချမ်းသာကို မင်္ဂလာပွဲ မည် သို့ကျင်းပမည် ကို မေးမြန်းကြ၏ ။
ချမ်းသာသည် မိတ်ဆွေများ ၏ အမေးကို မနှင်းဆီနှင့် မတိုင်ပင်ရသေးသဖြင့် ဖြေဆိုရခက် နေစဉ်မနှင်းဆီ ထိုင်ရာမှ ရုတ်တရက်ထ၍
“ကျွန်မတို့ မင်္ဂလာပွဲ ကျင်းပမဲ့ရက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး၊ ဒါပေမယ့် ကျွန်မတို့ မင်္ဂလာဧည့်ခံပွဲဟာ ဂုဏ်ပကာသနတွေ နဲ့ ဖုံးလွှမ်းထားတဲ့ မင်္ဂလာပွဲမျိုးမဟုတ်ဘူးဆို တာတော့ ကြိုတင်ပြီး ပြောနိုင်ပါတယ်။ ကျွန်မ ကတော့ မင်္ဂလာပွဲကို ဒင်နာပွဲလိုမျိုး အကျဉ်းချုံးပြီး လုပ်လိုက်ချင်တာပါပဲ”
ဟု ပြောလိုက်ရာ ချမ်းသာသည် မနှင်းဆီ၏ စကားကြောင့် အနည်းငယ် အံ့သြသွားလေ၏ ။ ထိုအခါ အရက်မူးနေသော ရာဘာသူဌေးသားတစ်ဦးက
“ဒီလိုလုပ်လို့တော့ ဘယ် ဖြစ်မလဲဗျ၊ ခင်ဗျားရဲ့ ယောက်ျားကိုချမ်းသာဆိုတာ ကျုပ်တို့မြို့ မှာ လူကုံထံ မျက်နှာကြီး တစ်ယောက် ဗျ၊ ကိုချမ်းသာရဲ့ မင်္ဂလာပွဲဟာ ခမ်းနား ထည်ဝါမှု မရှိဘူး ဆိုရင် ကျုပ်တို့မြို့ရဲ့ ဂုဏ်ပျက်မှာ ပေါ့ဗျာ”
ဟု ပြောလေ၏ ။ မနှင်းဆီသည် အရက်မူးနေသော ရာဘာ သူဌေးသားကို ကြည့်၍
“လူသားတိုင်းမှာ မိမိဆန္ဒအတိုင်း နေထိုင်လုပ်ကိုင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ကျွန်မတို့ မင်္ဂလာပွဲကို ကျွန်မတို့ စိတ်တိုင်းကျ စီစဉ်နိုင်တယ်။ မြို့ရဲ့ ဂုဏ်တွေ ဘာတွေ ကျွန်မနားမလည်ဘူး”
ဟု ပြောလိုက်ရာ မြို့ပေါ်ရှိ လူကုံထံအချို့သည် မနှင်းဆီ၏ စကားကြောင့် မျက်နှာထားရ ခက်ထားလေ၏ ။
လူကုံထံစားပွဲဝိုင်းနှင့် မလှမ်းမကမ်း၌ ရှိသော ဘဏ္ဍာစိုးကြီး ဦးသီလနှင့် ဒေါ်သူဇာသည် လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေ၏ ။
ထို့နောက်တွင် မူ ၄င်းတို့အားလုံး မင်္ဂလာပွဲအကြောင်းမပြော ကတော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်ကြ၏ ။
မြို့ပေါ်ရှိ လူကုံထံများ သည် ချမ်းသာ၏ ဇနီးလောင်းအား ရုပ်ရည်ချောမောလှပသော်လည်း လူမှု ရေး နားမလည်သူဟု ယူဆသွားလေ၏ ။
ဧည့်သည်များ ပြန်သွားသော အခါ မနှင်းဆီက ချမ်းသာ၏ အနီးသို့ တိုးကပ်လာပြီး
“ရှင့်ရဲ့ မိတ်ဆွေတွေ ကို ဘုဂလန့်ပြောလိုက်လို့ ကျွန်မကို စိတ်ဆိုးသွားသလား”
ဟု မေးမြန်းလိုက်ရာ ချမ်းသာသည် သူမ၏ ပွင့်လင်းသော စိတ်ဓာတ်ကို သဘောကျသလို ရှိပြီး ၄င်းကိုယ်တိုင် မြိတ်မြို့ရှိ လူကုံထံများ ၏ ကြွားဝါသော မင်္ဂလာပွဲများ ကို ငြီးငွေ့နေသူ ဖြစ်နေသ ဖြင့်
“စိတ်မဆိုးပါဘူးဗျ၊ ကျုပ်ကိုယ်တိုင်လဲ လူကုံထံတွေ လို ကြွားဝါပြီး မင်္ဂလာမဆောင်ချင်ပါ ဘူး၊ လက်ထပ်တယ်ဆိုတာ လူနှစ် ယောက် ပေါင်းဖက်ကြမယ့်အရေး ကို ပတ်ဝန်းကျင်သိအောင် အသိအမှတ်ပြုတဲ့သဘောပါ။ မင်္ဂလာပွဲကို ချဲ့ကားပြီး လုပ်ကြရင် ကိုယ့်ဘာသာ ပင်ပန်းရုံပဲ ရှိကြ မှာ ပေါ့၊ ကျုပ် ကတော့ ပကာသနာဖက်တဲ့ အလုပ်ဆိုရင် ဘယ်အလုပ်ကိုမှ မကြိုက်ဘူးဗျာ၊ မနှင်းဆီရဲ့ စိတ်ဓာတ်ကို ကျုပ်သိပ်သဘောကျတယ်”
ဟုပြောလိုက်ရာ မနှင်းဆီသည် ချမ်းသာကို သဘောကျဟန်ဖြင့် ကြည့်၍
“ရှင့်ကို ဒီတစ်ချက်တည်းနဲ့ ကျွန်မသဘောကျသွားပြီ၊ ရှင့်မှာ ခပ်ညံ့ညံ့ယောက်ျားတွေ ရဲ့ စရိုက်လက္ခဏာတွေ မရှိဘူး၊ လောကကို အရိုးဆုံး အရှင်းဆုံးမြင်တတ်အောင် လေ့ကျင့်ထားပုံရ တယ်”
ဟု ချီးမွမ်းလေ၏ ။
ထိုအချိန်၌ ဘဏ္ဍာစိုးကြီး ဦးသီလတို့ ဇနီးမောင်နှံသည် အစေခံများ ကို ဦးဆောင်၍ ပန်းကန်ခွက်ယောက် များ ကို သိမ်းဆည်းနေလေ၏ ။ ဦးသီလက ကြွေပန်းကန်ကြီးတစ်ချပ်ကို ခြင်းထဲသို့ ထည့်လိုက်ရင်း
“မနှင်းဆီကို မင်းဘယ်လိုမြင်သလဲ”
ဟု မေးမြန်းလိုက်ရာ ဒေါ်သူဇာက သက်ပြင်းချ၍
“ဒီမိန်းကလေး ယဉ်ကျေးမှု မရှိဘူး၊ သူ့ကြောင့် ဒင်နာပါတီမှာ ဘယ်လောက် ရုပ်ပျက်ဆင်း ပျက် ဖြစ်သွားသလဲ၊ ရှင်တွေ့ တယ် မဟုတ်လား”
ဟု ပြောလိုက်ရာ ဦးသီလက
“ဒေါ်နန်းရွှေက ဘယ်လိုမိန်းကလေးမျိုးကို ရွေးပြီး ပို့လိုက်သလဲ မသိဘူး၊ ငါတော့ မောင် ချမ်းသာအတွက် ရင်လေးတယ်ကွာ”
ဟု ပြောလိုက်၏ ။ ဒေါ်သူဇာက မောင်ချမ်းသာနှင့် မနှင်းဆီကို မသိမသာ ငဲ့စောင်းကြည့်၍
“ဒီအချိန်မှာ တော့ မောင်ချမ်းသာဟာ မနှင်းဆီစကားကိုဘဲ နားဝင်မှာ ပဲ၊ မနှင်းဆီက လှ တာကိုး”
ဟု ပြောလိုက်လေ၏ ။ ထိုနေ့ညသို့ ရောက်သော အခါ မောင်ချမ်းသာနှင့် မနှင်းဆီသည် အိမ်ကြီး၏ အပေါ်ထပ်ဝရန်တာ၌ ထိုင်၍ ညည့်နက်သည်အထိ စကားပြောဆိုကြ၏ ။
မနှင်းဆီသည် ငါးခြောက်ကြော်တစ်ဖက်ကို ဝါးလိုက်ပြီး
“ရှင့်ရဲ့ ဘဝအကြောင်းကိုလဲ ပြောပါဦး၊ ကျွန်မ သိချင်တယ်”
ဟု မေးမြန်းလိုက်ရာ မောင်ချမ်းသာက
“ကျုပ်လဲ ပြောပြမလို့ပါ၊ ကြီးဒေါ်ကြီးလဲ၊ ခင်ဗျားကို ပြောပြထားပြီး ဖြစ်မှာ ပါ၊ ကျုပ်ဘဝက ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူးဗျာ၊ ကျုပ်ကောလိပ်ကျောင်းတတ်နေတုန်း မိဘနှစ် ပါး ပီနန် ကို သွားရင်း စက်လှေမှော က်သွားတယ်။ မိဘတွေ မမျှော်လင့်ဘဲဆုံးသွားလို့ ကျုပ်လဲ ကောလိပ်ကျောင်းတစ်ဝက်တစ်ပျက်နဲ့ မြိတ်ကို ပြန်လာပြီး ရာဘာခြံတွေ ၊ သတ္တုတွင်းတွေ ကို ဦးစီး ရတယ်။ မိဘတွေ ဆုံးပါးသွားပေမယ့် ဘဏ္ဍာစိုးကြီးဦးသီလက အများ ကြီး အားကိုးရပါတယ်။ ကျုပ်ရဲ့ လုပ်ငန်းတွေ ကို အများ ကြီး အားကိုးရပါတယ်။ ကျုပ်ရဲ့ လုပ်ငန်းတွေ ကို အများ ကြီး အကူ အညီပေး နိုင်တယ်။ ဦးသီလရဲ့ ဇနီး ဒေါ်သူဇာက ကျုပ်ကို ငယ်ငယ်တုန်းက ထိန်းကျောင်းခဲ့တဲ့ အထိန်းတော် ကြီးပေါ့၊ ဒီအချိန်မှာ တော့ သူတို့ နှဏ်ယောက် ဟာ ကျုပ်ရဲ့ မိဘတွေ လိုပါပဲ”
ဟု ပြောလိုက်လေ၏ ။ ပြီးနောက် မနှင်းဆီမျက်နှာကို ကြည့်ကာ
“မနှင်းဆီရဲ့ ဘဝကိုလဲ ပြောပြဦးလေ၊ ကြီးဒေါ်ကြီးက မနှင်းဆီ အကြောင်းကို ဘာမှပြော မပြထားဘူး၊ မနှင်းဆီဟာ ရိုးသားတယ်၊ အေးချမ်းတယ်၊ အလိမ္မာအိမ်ပါလေးလို့ပဲ ပြောတယ်”
ဟု ပြောလိုက်ရာ မနှင်းဆီက ချမ်းသာ၏ မျက်နှာကို ကြည့်၍
“အခုလို နှစ် ယောက် ချင်းတွေ့ တော့ ကျွန်မကို ရိုးတယ်၊ အေးတယ်လို့ ထင်ရဲ့ လား”
ဟု မေးမြန်းလေ၏ ။ ချမ်းသာက မျက်မှော င်ကြုတ်၍
“ကျုပ်လဲ ရိုးတဲ့၊ အတဲ့ မိန်းမတွေ ကို မကြိုက်ပါဘူး”
ဟု ပြောလေ၏ ။ မနှင်းဆီက ကောင်းကင်ရှိ ထိန်ထိန်သာနေသော လမင်းကြီးကို မော့ ကြည့်၍
“ကျွန်မဘဝက ဆိုးရွားလွန်းပါတယ်၊ ကျွန်မအမေက သူကြီးသမီး ရွာရဲ့ မျက်နှာဖုံးတစ် ယောက် ပေါ့၊ ကျွန်မရဲ့ အဖေက သူကြီးအိမ်က စာရင်းငှား လယ်ကူလီ တစ်ယောက် ပါ၊ အဖေက အမေ့ကို ခိုးပြေးသွားတော့ အဘိုးအဘွားတွေ က အမေ့ကို စွန့်ပစ်လိုက်တယ်၊ အဖေနဲ့ အမေ ဟာ ဆင်းရဲပင်ပန်းစွာ နေထိုင်စားသောက်ခဲ့ရတယ်။ နောက်တော့ သူပုန်တွေ ရွာကို ဝင်စီးပြီး အဖေ့ကို သတ်ပစ်တယ်၊ အမေ့ကိုတော့ သူပုန်ခေါင်းဆောင်က မျက်စိကျပြီး သိမ်းပိုက်ခဲ့တယ်၊ ကျွန်မလဲ အမေနဲ့ လိုက်ပြီး တောထဲမှာ နေခဲ့ရတယ်”
ဟု ပြောလိုက်ရာ ချမ်းသာသည် မနှင်းဆီကို ဂရုဏာသက်စွာ ကြည့်၍
“အဲဒီ တုန်းက မနှင်းဆီအသက် ဘယ်လောက်ရှိပြီလဲ”
ဟု မေးမြန်းလေ၏ ။ မနှင်းဆီက သက်ပြင်းချ၍
“ကျွန်မ အသက် (၈)နှစ် လောက်ပဲ ရှိသေးတယ်၊ နောက်တော့ သူပုန်အဖွဲ့မှာ မညီမညွတ် ဖြစ်ပြီး အမေ့ကို သိမ်းပိုက်တဲ့ သူပုန်ခေါင်းဆောင်လဲ အသတ်ခံရတယ်၊ သူ့နေရာကို ဆက်ခံတဲ့ သူပုန်ကလဲ ကျွန်မအမေကို ဆက်ပြီး သိမ်းပိုက်ခဲ့တယ်။ ကျွန်မအမေဟာ သိပ်ချောသိပ်လှတာရှင့်၊ အရပ်အမောင်းလဲ သိပ်ကောင်းတယ်”
ဟု ပြောလိုက်ရာ ချမ်းသာက
“မနှင်းဆီလောက်တော့ မချောဘူးနဲ့ တူတယ်”
ဟု ပြောလိုက်လေ၏ ။ မနှင်းဆီက ရယ်မော၍
“အမေ့အလှကို ကျွန်မမမှီပါဘူးရှင်၊ တောထဲမှာ (၃) နှစ် လောက် နေတဲ့ကာလအတွင်း သူပုန်ခေါင်းဆောင် သုံးယောက် ပြောင်းခဲ့တယ်၊ ခေါင်းဆောင်တိုင်း ကျွန်မအမေကို သိမ်းပိုက်ခဲ့ တယ်၊ အမေဟာ သုံးလင်ပြောင်းခဲ့တဲ့အတွက် စိတ်ညစ်ပြီးတော့ ကျွန်မနဲ့ အတူ တောထဲက ထွက်ပြေးခဲ့တယ်။ မြို့ကိုရောက်တော့ ကျွန်မနဲ့ အတူ အမျိုးနီးစပ် အိမ်မှာ ခိုကပ်ပြီး ဖိနပ်လုပ်ငန်း မှာ ကူညီလုပ်ကိုင်ပေးခဲ့တယ်၊ နောက်တော့ အမေ့ရဲ့ ကျန်းမာရေး တဖြည်းဖြည်းဆိုးဝါးလာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ရတယ်၊ အမေသေတော့ အသက်သုံးဆယ်ကျော်ဘဲ ရှိသေးတယ်၊ တောထဲမှာ ယောက်ျားတွေ ရဲ့ နှိပ်စက်တာ ခံရလို့ ထင်တယ်။ အမေ့ရဲ့ အမျိုးနီးစပ် တော် သူတွေ က အမေဆုံးတာနဲ့ ကျွန်မကို သီလရှင်ကျောင်းကို ပို့ထားလိုက်တယ်။ သီလရှင်ကြီးတွေ ကပဲ ကျွန်မကို ကျွေးမွေးပြုစုခဲ့တယ်၊ ကျွန်မလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သီလရှင်ဝတ်ခဲ့ရတယ်။ ကျွန်မတစ် သက်လုံး သီလရှင်ဘဝနဲ့ နေထိုင်လာခဲ့တယ်။ သီလရှင်လူထွက်တာ မကြာသေးဘူးရှင့်”
ဟု ပြောလိုက်ရာ ချမ်းသာသည် မနှင်းဆီ၏ အမူအရာကို အံ့သြဟန်ဖြင့် ကြည့်မိ။
မနှင်းဆီသည် သီလရှင်လူထွက်ဟု ဆိုသော်လည်း ခေတ်ဆန်သော အလှအပများ ကို ပြင်ဆင်တတ်ရုံမက မိမိကိုယ်မိမိ ဆွဲဆောင်မှု ရှိအောင်နေထိုင်တတ်လေ၏ ။ မနှင်းဆီက ချမ်းသာ ၏ အမူအရာကို ကြည့်၍ ရယ်ောလိုက်ပြီး
“ရှင်က သီလရှင်တွေ ကို အထင်သေးတာကိုး၊ သီလရှင်တွေ က ခေတ်ပေါ်မိန်းမတွေ ရဲ့ ဝတ်စားဆင်ယာပုံကို ကောင်းကောင်း တားလည်တယ်ရှင့်၊ နောက်ပြီးတော့ ကျွန်မက သီလရှင်ဘ ဝနဲ့ နေထိုင်ရတယ်ဆိုပေမယ့် သီလရှင်အ ဖြစ်ကို နည်းနည်း မှ မပျော်ဘူး အမြဲတမ်းလူဝတ် လဲချင်တယ်။ ခေတ်ပ်ါမိန်းကလေးအသုံးအဆောင်တွေ ကိုလဲ အမြဲစိတ်ဝင်စားနေခဲ့တယ်။ ကျွန်မရဲ့ သီလရှင်ဆရာမ ကြီးက ကျွန်မဟာ တစ်သက်လုံးသီလရှင် ဝတ်နိုင်မယ့် မိန်းမမဟုတ်ဘူးဆိုတာ သိတယ်။ ဒါ့ကြောင့် ကျွန်မကို သီလရှင် လူထွက်ခွင့်ပေးလိုက် တယ်။ ကျွန်မ သီလရှင် ဘဝက ထွက်တော့ ဆေးလိပ်ခုံမှာ ဝင်လုပ်တယ်၊ ဆေးလိပ်သမလုပ်ရင်း ဆေးလိပ်ခုံပြုတ်တော့ မြို့စွန်မှာ အသုပ်ရောင်းတယ်၊ အသုပ်ရောင်းရင်း ကျွန်မဆိုင်မှာ လာစားတဲ့ ရှင့်ရဲ့ ကြီးဒေါ်ကြီးနဲ့ တွေ့ တာပဲ၊ ကြီးဒေါ်ကြီးက ကျွန်မရဲ့ ရိုးသားဖြူစင်ပုံကို ကြည့်ပြီး ရှင်နဲ့ ပေးစားချင်စိတ်ပေါက်သွားတာ ဖြစ် မယ်၊ ဒါဟာ ကျွန်မဘဝရဲ့ နောက်ကြောင်းပဲ၊ ရှင် ဘာသိချင်သေးလဲ”
ဟု မေးမြန်းလိုကရာ ချမ်းသာက မနှင်းဆီ၏ မျက်လုံးအစုံကို ကြည့်၍
“ကျုပ်ကို မချစ်ဘဲ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာလား”
ဟု မေးမြန်းလိုက်၏ ။ မနှင်းဆီ သက်ပြင်းချ၍
“အချစ်ဆိုတာ ကျွန်မ မသိဘူး၊ ရှင်နဲ့ အတူတူနေပြီး ရှင့်ကို ချစ်သွားမယ်လို့ ကျွန်မသူငယ် ချင်းတွေ က ပြောတယ်၊ ရှင်လဲ ကျွန်မကို မချစ်ဘဲ လက်ထပ်ဖို့သဘောတူလိုက်တာလား”
ဟု ပြောလိုက်၏ ။ ချမ်းသာက သက်ပြင်းချ၍
“အချစ်ဆိုတာ ထူးခြားဆန်းကြယ်တယ်လို့ ကြားဖူးတယ်၊ ကျုပ်တစ်သက်လုံး ဘယ်မိန်းမ နဲ့ မှ ရင်းရင်းနှီးနှီး မနေခဲ့ဖူးဘူး”
ဟု ပြောလိုက်၏ ။ မနှင်းဆီက ချမ်းသာကို မယုံကြည်ဟန်ဖြင့် ကြည့်၍
“ရှင်လို သူဌေးသူကြွယ် တစ်ယောက် က မိန်းမတွေ နဲ့ မရင်းနှီးဘူးဆိုတာ မယုံပါဘူး၊ ဥပုသ် စောင့်တဲ့ကျားမရှိပါဘူး”
ဟု ပြောလေ၏ ။ မနှင်းဆီ၏ စကားကြောင့် ချမ်းသာက ရယ်မော၍
“မနှင်းဆီက စကားတော် တော် တတ်တာပဲ၊ ကဲ..ညဥ့်နက်ပြီ ကျုပ်တို့ အိပ်ကြရအောင်၊ မနှင်းဆီရဲ့ အိပ်ခန်းကို လိုက်ပို့ပေးမယ်”
ဟု ပြောလိုက်ရာ မနှင်းဆီက ချမ်းသာကို မျက်မှော င်ကြုတ်ကြည့်၍
“အခန်းဝကို လိုက်ပို့ယုံပဲပို့နော်၊ ရှင်နဲ့ ကျွန်မ လူသိရှင်ကြား မ ဖြစ်သေးသရွေ့ ကျွန်မရဲ့ အပျိုစင်ဘဝကို ကျူးလွန်လို့မရဘူး”
ဟု ပြောလိုက်ရာ ချမ်းသာသည် သူမ၏ စကားကို သဘောကျဟန်ဖြင့် ရယ်မောနေမိ၏ ။
မနှင်းဆီသည် အိပ်ခန်းဝသို့ ရောက်သော အခါ ချမ်းသာ၏ ရင်ဝကို တွန်း၍ တံခါးကို လျှင် မြန်စွာ ပိတ်လိုက်၏ ။ ချမ်းသာသည် သူ၏ အိပ်ခန်းထဲသို့ရောက်သော အခါ အမျိုးအမည် မသိ သော ဝေဒနာ တစ်ရပ်ကို ခံစားလိုက်ရ၏ ။ ချမ်းသာသည် မနှင်းဆီ၏ လှပသော မျက်နှာနှင့် ချစ်စဖွယ် ပြောဟန်ဆိုဟန်များ ကို တစ်ညလုံး မြင်ယောင်ပြီး အိပ်မပျော်နိုင်ဘဲရှိလေ၏ ။
ချမ်းသာသည် တစ်ချိန်က မိမိနှင့် ဘာလိလို ဖြစ်ခဲ့သော မရွှေမိုး ဆိုသည့် မိန်းမကို ပြန်လည်သတိရမိ၏ ။
မရွှေမိုးသည် ချမ်းသာအား မေတ္တာစစ်နှင့် ချစ်သူမဟုတ်ဘဲ ချမ်းသာ၏ စည်းစိမ်ဥစ္စာကို အပိုင်လိုချင်၍ ဆက်ဆံနေသူ ဖြစ်၏ ။ ချမ်းသာသည် မရွှေမိုး၏ စိတ်ဓာတ်ကို မနှစ်သက် သဖြင့် နောက်ပိုင်း၌ ခပ်တန်းတန်းနေထိုင်ခဲ့၏ ။ မရွှေမိုးသည် ချမ်းသာကို လက်လျော့ပြီး စက်လှေပိုင်ရှင် တစ်ဦးနှင့် ဇာတ်လမ်းရှုပ်နေလေ၏ ။
ယခု မနှင်းဆီနှင့် တွေ့ သော အခါ မရွှေမိုးနှင့် နေထိုင်စဉ် မကြုံတွေ့ ဖူးသော ခံစားမှု မျိုးကို တွေ့ ရ၏ ။ သူသည် မနှင်းဆီနှင့် စကားပြောဆိုနေရခြင်းကို ပျော်ရွှင်ကြည်နူးနေမိ၏ ။ ယနေ့ည တစ်ညလုံးလည်း မနှင်းဆီ၏ မျက်နှာကိုသာ မြင်ယောင်နေ၏ ။
သူမသည် မိမိ၏ ဖူးစာဖက်အစစ်အမှန်ပင် ဖြစ်လေသလား မသိ။ ချမ်းသာသည် အိပ်မပျော် သော ကြောင့် ကြီးဒေါ်ကြီး ရေး ပို့လိုက်သော စာကို ဖွင့်ဖတ်လိုက်၏ ။
မောင်ချမ်းသာ မိန်းကလေးကို လေ့လာကြည့်ပါ။
မနှင်းဆီက ငယ်စဉ်ကတည်းက သီလရှင်ဝတ်နဲ့
နေထိုင်လာခဲ့တဲ့အတွက် အလွန်ရိုးသားသိမ်မွေ့ပါတယ်၊ ယောက်ျားတွေ နဲ့
အလိုက်ဖက်ဆုံးပဲ၊ ဒါပေမယ့် တစ်ယောက် နဲ့ တစ်ယောက် (၃)လ
ပြည့်အောင် စောင့်ကြည့်ပါဦး၊ တစ်ယောက် စိတ်ဓာတ်ကို
တစ်ယောက် နားလည်မှ လက်ထပ်ကြပါ။ မနှင်းဆီ မြိတ်ကို ရောက်ပြီး
(၃)လပြည့်တဲ့ အချိန်မှာ ကြီးဒေါ်ကြီး မြိတ်ကို လိုက်လာခဲ့မယ်။
ကြီးဒေါ်ကြီး မနှင်းဆီနဲ့ လိုက်မလာခဲ့တာ မင်းတို့နှစ် ယောက်
လွတ်လွတ်လပ်လပ် တွေ့ ဆုံစေချင်လို့ပါ။ မောင်ချမ်းသာ မနှင်းဆီကို
နှစ်သက် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ချမ်းသာသည် နောက်တစ်နေ့သို့ ရောက်သော အခါ မနှင်းဆီအား မြိတ်မြို့ကျက်သရေ အောင် လေးကျွန်းဆီမီး စေတီတော် ကြီးသို့ လိုက်လံပို့ဆောင်ပေးလေ၏ ။
မနှင်းဆီသည် သိမ်တော် ကြီး ခြေရင်းမှ မြိတ်မြို့ရှုခင်းများ ကို ကြည့်ရင်း
“ဒီနေရာကနေ မြိတ်မြို့တစ်မြို့လုံးရဲ့ ရှုခင်းတွေ ကို မြင်ရတယ်နော်”
ဟု ပြောလေ၏ ။ ချမ်းသာက ခေါင်းညိတ်၍
“ဒီနေရာဟာ မြိတ်မြို့မှာ ကိုယ်အကြိုက်ဆုံး နေရာတစ်ခုပဲ၊ တောင်ပေါ်ကကြည့်ရင် မြိတ်မြို့ရဲ့ အစည်ကားဆုံး နေရာတွေ ကို လှမ်းမြင်ရတယ်။ ဈေးကို ကျော်ပြီး မြင်လိုက်ရရင် မြိတ် ဆိပ်ကမ်းနဲ့ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ရွက်လှေကြီးတွေ ကို မြင်တွေ့ ရတယ်။ လေးကျွန်းဆီ မီးစေတီတော် ကြီးကို ပင်လယ်ထဲကနေ လှမ်းမျှော်ဖူးတွေ့ ရင် သပ္ပာယ်ဖို့ သိပ်ကောင်းတယ်”
ဟု ပြောလိုက်ရာ မနှင်းဆီသည် ချမ်းသာပြသော ရှုခင်းများ ကိုကြည့်၍
“ပင်လယ်ပြင်ကို ဖြတ်သန်းပြီး တိုက်ခတ်လာတဲ့ လေက အေးမြနေတာပဲ၊ မြိတ်မှာ ကျွန်မ အတွက် ကြည့်စရာတွေ အများ ကြီး ရှိမှာ ပဲနော်”
ဟု ပြောလေ၏ ။ ချမ်းသာက ခေါင်းညိတ်၍
“အများ ကြီးရှိတာပေါ့၊ မြိတ်မြို့ပတ်ဝန်းကျင်က စေတီပုထိုးတွေ ၊ ရာဘာခြံတွေ ၊ သတ္တုတွင်း တွေ၊ ငှက်သိုက် ကျွန်းတွေ ၊ ရွှေကျွန်းတွေ ၊ ပုလဲကျွန်းတွေ စုံနေတာပဲ”
ဟု ပြောလေရာ မနှင်းဆီသည် ချမ်းသာ၏ စကားကြောင့် ရွှင်လန်းမြူးကြွသော အမူအရာ ဖြင့်
“ဒါဆိုရင်တော့ မြိတ်မှာ လုပ်စရာတွေ အများ ကြီးရှိနေတာပဲနော်၊ ကျွန်မတစ်သက်လုံး နေနိုင်မှာ ပါ”
ဟု ပြောလေရာ ချမ်းသာသည် ရင်ထဲတွင် ကြည်နူးချမ်းမြေ့သလိုခံစားလိုက်ရ၏ ။ ချမ်းသာ အိမ်သို့ ပြန်လာသော အခါ ဘဏ္ဍာစိုးကြီး ဦးသီလက
“ဘယ်လိုလဲ မောင်ချမ်းသာ ချစ်သူနဲ့ လျှောက်လည်ပြီး အတော် ပျော်နေပြီမှတ်တယ်”
ဟု ပြောလေ၏ ။ ချမ်းသာသည် ဦးသီလ၏ စကားကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး
“ကျုပ်ရဲ့ မျက်နှာက ကြည့်တာနဲ့ ပျော်ရွှင်နေမှန်း သိသာနေလို့လား”
ဟု ပြန်လည်ပြောဆိုလိုက်ရာ ဦးသီလက ရယ်မော၍
“မောင်ချမ်းသာက တစ်သက်လုံး ဦးလေးတို့ လက်ထဲမှာ ပဲ ကြီးပြင်းလာခဲ့တာပဲ၊ မောင် ချမ်းသာရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရင် ပျော်နေသလား၊ စိတ်ညစ်နေသလား ဦးလေး တို့ သိပါတယ်”
ဟု ပြောလိုက်ရာ ချမ်းသာက ခေါင်းညိတ်၍
“မနှင်းဆီနဲ့ တွေ့ ဆုံခဲ့တာ ကျုပ်အတွက် ကျေနပ်စရာကောင်းပါတယ်၊ သူနဲ့ စကားပြောဆို ကြည့်တော့လဲ သူ့ရဲ့ စိတ်ရင်းကို မြင်ရသလိုပဲ၊ ကျုပ်နဲ့ စိတ်ဓာတ်ချင်း အတော် ဆင်တူတယ်၊ သူ က ကျုပ်ရဲ့ ဖူးစားဖက် ဖြစ်ပြီလို့ထင်တယ်”
ဟု ပြောလေရာ ဦးသီလက မျက်မှော င်ကြုတ်၍
“ဘာပဲလုပ်လုပ် အလောတကြီး မလုပ်နဲ့ လူလေး၊ အချိန်ယူပြီး စဉ်းစားးပါ”
ဟု ပြောလေ၏ ။ ချမ်းသာက စိတ်အားတက်ကြွစွာ ဖြင့်
“ကျုပ်တို့နှစ် ယောက် စလုံး တစ်ယောက် နဲ့ တစ်ယောက် နှလုံးသားချင်း နားလည်မှု ရှိမယ် လို့ ထင်တယ်၊ မနှင်းဆီလဲ ဒီလိုပဲ ခံစားနေပုံရတယ်၊ ကြီးဒေါ်ကြီး ကတော့ ကျုပ်တို့ တစ်ယောက် ကို တစ်ယောက် စောင့်ကြည့်ပြီး (၃) လ ပြည့်တော့မှ လက်ထပ်စေချင်တယ်”
ဟု ပြောလေ၏ ။ ဦးသီလက
“ကြီးဒေါ်ကြီးရဲ့ အမျှော်အမြင်ကြီးမှု ပေါ်လွင်ပါပေတယ်”
ဟု ပြောလေ၏ ။ ချမ်းသာသည် ဦးသီလက ကြီးဒေါ်ကြီးဆန္ဒကို လိုက်နာစေလိုကြောင်း ရိပ် စားမိလိုက်၏ ။ ထိုအခိုက်မှာ ပင် အခန်းထဲသို့ ဒေါ်သူဇာရောက်ရှိလာပြီး
“အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုးဆိုတဲ့ စကားရှိပါတယ် မောင်ချမ်းသာ၊ မိန်းကလေးရဲ့ စရိုက်သဘာဝ ကို အေးအေးဆေးဆေး လေ့လာတာ အကောင်းဆုံးပါပဲ၊ ဒေါ်သူဇာ ရဲ့ ဆန္ဒအရဆိုရင် (၃) လဆိုတဲ့ အချိန်ကာလနည်းတောင် နည်းနေသေးတယ်”
ဟု ပြောလေ၏ ။ ချမ်းသာသည် ဒေါ်သူဇာတို့ လင်မယားကိုမည် သည့် စကားမျှမဆိုတော့ ဘဲ ငြိမ်သက်စွာ စဉ်းစားနေလေ၏ ။
မဟာအောင်ချမ်းသာ | ဆားပုလင်းမင်းအောင် နှင့် ထင်းရှူးမင်းသမီး | ဂျမဒါမင်းထင်နှင့် သေမင်းနာရီစင် |