Cover

နွေဦးကို ချောင်းကြည့်တဲ့စကား

တစ်ဘဝစာ အရာရာနောက်ကျခဲ့ပါတယ်။
ဒီထက်စောင့်လို့ မ ဖြစ်တော့ဘူး။
၁၉၆၉ ကစလို့ ကန္ထဝင်ကဗျာမြေမှာ စတင်ခြေချမွေးဖွားခဲ့။လူလားမြောက်ခဲ့။ အဲဒီ နောက် လွတ်လပ်ကာရန်ဘက် မျက်နှာမူလို့၊ ခေတ်ပေါ်ကဗျာရနံ့သစ်ကို ရှူရှိက်လို့။လူငယ်တို့ခေတ်၊ လူငယ်တို့ကဗျာကို ချစ်မက်စိတ်နဲ့ အဲဒီ ဘက်ကမ်းကို အခက်အခဲမျိုးစုံကြားက သဲကြီးမဲကြီး လက် ပစ်ကူးခဲ့၊ ဇနက္ကလို ရောက်ခဲ့ပေမယ့် တစ်ဘဝစာ အရာရာနောက်ကျခဲ့ပါတယ်။ ဒီထက်စောင့်လို့ မ ဖြစ်တော့ဘူး။

ဘဝရဲ့ ကျောက်ကြမ်းလမ်းမှာ …. စဉ်ဆက်မပြတ် ရေး မိတဲ့ကဗျာတွေ က ဟိုတစ်စ၊ ဒီတစ်စ၊ ဟိုမှာ ဒီမှာ ပြန့်ကြဲလို့။ ကြမ်းတစ်ပြေးတည်း ထိုင်မရတဲ့ ကံကြမ္မာနဲ့ လွဲချော်မှု တွေ က ခပ်များများ ။ မိမိကဗျာတွေ ကို သတိမထားမိ၊ မဖတ်မိကြသူတွေ လည်း အနမတဂ္ဂ ရှိပါလိမ့်မယ်။ ခေတ်ကြီးကိုက တစ်ယောက် ကဗျာ တစ်ယောက် ကမ်းမမြင်လမ်းမမြင်၊ လှမ်းမမြင်နိုင်တဲ့ကာလ။ သူဘာရေး မှန်းမသိ၊ ငါဘာရေး မှန်းမသိ၊ ကြည့်မမြင်နိုင်တဲ့ နေ့ခင်းကြောင်တောင် အမှော င်များ ။ဒါကြောင့် … ဒါနဲ့ .. .ရုန်းကန်သံပါပဲဆိုတဲ့ ကဗျာအနုပညာတွေ ကို ရုန်းကန်ပြီး စုစည်းတင် လိုက်ရတာ ဖြစ်ပါတယ်။ တစ်ဘဝစာနောက်ကျခဲ့ပါတယ်၊ ဒီထက်စောင့်လို့ မ ဖြစ်တော့ဘူး။

ဘဝမှာ သက္ကရာဇ်ဟာ အရေး ကြီးပါတယ်။
ကဗျာမှာ နေ့စွဲဟာ အရေး ကြီးပါတယ်။
၂ဝ၁၂ ၊ သြဂုတ်လ ၂၁ ရက်နေ့ . . . .ဟိုဘက်ပိုင်းန့ဒီဘက်ပိုင်း၊ ဘယ်ဘက်ပိုင်းမှာ မွေးဖွားရေး သားခဲ့တဲ့ကဗျာလဲ။ မဟာတံတိုင်းကြီး လဲပြိုပြီး ဒီဘက်ခေတ်မှာ ရေး သားတဲ့ကဗျာလား၊ အရောင် အသွေး၊ အနံ့အရာတွေ ဘယ်လိုကွာသလဲ။ ကဗျာတစ်ပုဒ် ကျည်ဆန်တစ်တောင့်လို မိမိကဗျာတွေ ကို စိတ်ရှိလက်ရှိ ဖွင့်ဖောက်လို့ အားရပါးရ ပစ်ပစ်ခတ်ခတ် ရေး နိုင်ကြပြီလား၊ ပြည်သူထဲက ပြည်သူတွေ ဘယ် နှယောက် ခံစားဖတ်မိကြပါသလဲ၊ ကဗျာနဲ့ ပြည်သူတွေ တစ်ထပ်တည်းကျနေပြီလား။ ကဗျာဟာ ကဗျာရေး သူ လူတစ်စုလက်ထဲမှာ ပဲ ချော့ကလက်တစ် တောင့်နဲ့ ပုရွက်ဆိတ် တစ်အုပ်လိုလား။ဘာပြောပြော … ဟိုတုန်းက ဘဝအမောတွေ နဲ့ ဗုံးခိုကျင်းထဲ ပုန်းအောင်းရင်း ရန်သူ့ကင်း စခန်းကို ဖြတ်သန်းခဲ့တဲ့ကဗျာဘဝကို သတိရဆဲပါ။လွတ်လပ် မိုးနဲ့ စိုက် ပျိုးခွင့်ရတဲ့ အခုလိုအချိန်မှာ ….၊ တစ်ခါက ပညာသားပါပါ လှည့်ဖျားတဲ့တံချူနဲ့ ဆွပ် ယူစားသုံးရတဲ့ သစ်သီးရဲ့ ချိုမြရှတအရသာကိုလည်း မမေ့ပါဘူး။

နွေဦးဟာ နွေဦးကိုတွေ့ အောင်ရှာရင်း ...
နွေဦးကိုယ်တိုင် နွေဦးကိုချောင်းကြည့်လို့။
ဘဝရဲ့ နောက်ဆုံးတစ်ငုံစာအထိ .. .ကဗျာပါပဲ။ ဒဏ်ရာတွေ ကို ကဗျာနဲ့ ရဲရဲ ယုံယုံလျက်ရင်း…။ တစ်ဘဝစာ နောက်ကျခဲ့ပါတယ်။ ဒီထက်စောင့်လို့ မ ဖြစ်တော့ဘူး။

ခေတ်အဆက်ဆက် …
နွေဦးကိုချောင်းကြည့်ခဲ့တဲ့ကဗျာတွေ ….
ခင်ဗျားတို့လက်ထဲ ယုံယုံကြည်ကြည်ပေးအပ်ခဲ့ပါတယ်။

ညွတ်နူးသော ဝါရဝဖြင့်
မင်းချမ်းမွန်
၂ဝ၁၄၊ နိုဝင်ဘာ၊ ၈

ငြိမ်းချမ်းရေး

ဆရာဇော်ဂျီ၊ မင်းသုဝဏ်တို့က ခေတ်စမ်းကဗျာဆရာ
ကျွန်တော် တို့က ခေတ်ကြမ်းကဗျာဆရာ
အခန်းကျဉ်းတယ်၊ အလင်းကလည်းမရ
လေဝင်လေထွက်ကလည်း မကောင်းတော့
အာရုံညောင်းတယ်၊ အကြောမပွင့်ဘူး
ကျွန်တော် တို့က ပေါ့ပေါ့ပါးပါး တိမ်လိုမြူလိုလွင့်ချင်တာ
ဆရာတွေ ရဲ့ သြဝါဒအတိုင်း
စာကောင်းရေး ချင်လို့ စိတ်ကောင်းလည်း မွေးခဲ့ပါရဲ့
အရာရာအကောင်းအတိုင်း ဖြစ်စေချင်ခဲ့ပါရဲ့
အဟောင်းတွေ ကိုခြွေပြီး အသစ်တွေ ကိုလည်း ဝေစေချင်ခဲ့ပါရဲ့
ဒါပေမယ့် …..
အနုပညာထဲ၊ ကဗျာထဲ၊ စာထဲ၊ ကျွန်တော် တို့
နာမည် တွေ ထည့်ရောင်းနေရတာ ရှယ်ဖွယ်
စိတ်ပျက်လက်ပျက် ဖဲ့ရောင်းနေရတာ မမိုက်ဘူး
သမိုင်းကို၊ ဆရာဗန်းမောင်တင်အောင်ပခုံးနဲ့ တိုင်းမယ်
အစာအိမ်ကို ဘယ်ပေတံနဲ့ တိုင်းရမလဲ
ဒီမှာ ….စာရေး ပြီး မြေကြီးပေါ် မတ်မတ်ရပ်ဖို့ မလွယ်ဘူး
လူဆုတာ ထမင်းစားရတယ်၊ အနားပေးရတယ်
တစ်နာရီ ဘယ်နှမိုင်နှုန်းပြေးနိုင်မလဲ
ကျွန်တော် တို့နဲ့ မိသားစု (ဘဝ)၊ မကြာခဏစစ် ဖြစ်နေရတယ်
အဲဒီ စစ်မြေပြင်
ငြိမ်းချမ်းရေး ရဖို့မမြင်သေးဘူး၊ လွယ်လွယ်ကူကူ။

Fashion Time မဂ္ဂဇင်း
၂ဝ၁၂၊ ဒီဇင်ဘာ

ရိုဒင်ရေ .. ငါနဲ့ အတူမင်းလိုက်ခဲ့

ငါရှိတယ်၊ ငါရှိလို့ ငါတွေးတယ်၊ ရိုဒင့်ရုပ်တုလိုပဲ
တွေးခေါ်သူငါရေး တဲ့ ဇာတ်ဆောင်နဲ့ ထပ်တူထပ်မျှ ဖြစ်ရဲ့ လား….ငါဟာ
သူများ ဦးထုပ်ကို ကိုယ့်ဦးခေါင်းမှာ ဆောင်းမကြည့်ချင်ဘူး
သူများ ဖိနပ်ကို ကိုယ့်ခြေထောက်မှာ စွပ်မကြည့်ချင်ဘူး
ဝတ္ထုတွေ ဖတ်တယ်၊ ကဗျာတွေ ဖတ်တယ်၊ အက်ဆေးတွေ ဖတ်တယ်
ပြီးတော့ ဇာတ်ဆောင်၊ စကားလုံး အားလုံးအကဲခတ်
စာပေအနုပညာထဲက နိုင်ငံရေး အသွေးအရောင် ဆိုတာ
ကပွဲတစ်ခုအလယ်က သေနတ်သံပဲ
အင်မတန် အကျည်းတန် အရုပ်ဆိုးတဲ့အကြောင်းအရာ ပြောဆိုရသလို စတဲ့
စတင်ဒယ် (Stendhal) ပြောစကားကိုမယုံကြည်ဘူး
ငါ့အရိုးထဲပဲ ငါချောင်းကြည့်မယ်၊ ဒီတော့
မိဘတွေ ဆီက အမွေရထားတဲ့ Old Money လည်းမရှိ
ရေတံခွန်လိုတဝေါဝေါစီးဝင်နေတဲ့ New Money လည်းမရှိ
နတ္ထိဇာတ်ဆောင်မှာ ငါသာပဓာန၊ ငါ့ဘဝ ငါ့ကမ္ဘာထဲက
အပေါစားကိုယ်ရည်ကိုယ်သွေးတွေ ဖောက်ထုတ်ပစ်
ဆုတ်ပစ်ရမယ့် အတွေးမှား အယူမှားတွေ နဲ့ ကင်းဝေးရာ
ထွေးပွေ့ရမယ့် အကြင်နာနှလုံးသား၊ မေတ္တာတရားတို့ဖူးပွင့်ရာ
ပင်လယ်ဆီ ငါရွက်လွှင့်၊ တိမ်တွေ နဲ့ အတူ ငါခရီးနှင်
ရိုဒင်ရေ …ငါနဲ့ အတူမင်းလိုက်ခဲ့…။

Beauty မဂ္ဂဇင်း
၂ဝ၁၁၊ ဖေဖော်ဝါရီ

ပျော်ရွှင်ခြင်းနိုင်ငံဆီ

ရိုက်မယ့်ဇာတ်ကားရဲ့ Title ကတော့ အပျံစားပဲ
ပလေတိုရဲ့ သမ္မတနိုင်ငံလိုလို၊ ဘာလိုလို
“ပျော်ရွှင်ခြင်းနိုင်ငံဆီ” ….တဲ့
ရည်ရွယ်ချက် ကောင်းပါတယ်

မကြာခင်ရိုက်ပြီး
၂ဝ၁၅ အမှီ ရုံတင်မှာ ပါ

ဇာတ်လမ်းက ဘယ်လောက်ခမ်းနား
ဘယ်လောက်ဖြောင့်တန်းမလဲ မသိ
ပွဲကြည့်ပရိသတ်အနေနဲ့ ကတော့
ခမ်းနားဖို့အပြင်၊သန့်စင်ဖြောင့်တန်းစေချင်တာ အမှန်ပါ
လျှို့ဝှက်သည်းဖိုနဲ့
ဘယ်ခြောက်ကာ ညာလှမ်းတဲ့
အကောက်အကွေ့ကွေ့တွေ နဲ့ ငြီးငွေ့နေပြီ
ရှင်းရှင်းပြောရရင် မတွေ့ ချင်မမြင်ချင်ြ ကတော့ဘူး

ဇာတ်ညွှန်းက ဘယ်သူခွဲမှာ လဲ
ကားတစ်ကားမှာ ဇာတ်ညွန်းကအရေး ကြီးသလို
ဒါရိုက်တာက အခရာ
သူက King of the Set မဟုတ်လား

အဓိကဇာတ်ဆောင်တွေ ကရော
အပြောကောင်းရုံ၊ အမူအရာကောင်းရုံ
သရုပ်ဆောင်ကောင်းရုံနဲ့ မလုံလောက်ဘူး
ဇာတ်ဆောင်ကာရိုက်တာနဲ့ လိုက်ဖက်မှအံဝင်ခွင်ကျမယ်

ဘယ်သူမင်းသား၊ ဘယ်သူမင်းသမီး
ဘယ်သူလူကြမ်း၊ ဘယ်သူဇာတ်ပို့ဇာတ်ရံလဲ
လူတိုင်း ဖြစ်ချင်ကြတာက ဇာတ်လိုက်ပဲ
လူတကာအ ဖြစ်ချင်ဆုံးက ဇာတ်လိုက်မင်းသမီးပဲ

ကျွန်တော် တို့ ..
ပျော်ရွှင်ခြင်းနိုင်ငံဆီ ရုပ်ရှင်
ပျော်ပျော်ရွှင်ရွှင်ကြည့်ချင်ပါတယ်။

ခေတ်ရနံ့မဂ္ဂဇင်း
၂ဝ၁၄ ၊ ဇွန်

စာကြည့်တိုက်

ရေနံကြောပေါ်
တယော ထိုင်ထိုးနေလို့ အလကားပဲ
မြေကြီးကို လက်နဲ့
ထွန်ယက်ရမဲ့ခေတ်လည်း မဟုတ်တော့ဘူး။

အပင်တွေ မှာ
ဓာတ်မြေသြဇာလိုသလို
လူတွေ မှာ
စိတ်အာဟာရ တစ်ခုခု လိုအပ်တယ်။

လက်ခတ်လှေနဲ့
ဘယ်လိုကမ္ဘာပတ်မလဲ။

စာကြည့်တိုက်ဆိုတာ
အလင်းရောင် နဲ့ တလက်လက်
အညွှန့်တလူလူ တီရှပ်တွေ ထုတ်လုပ်ရာ
မီးခိုးမထွက်တဲ့ စက်ရုံလည်း ဖြစ်တယ်။

ဒီဘက်ခေတ်မှာ
စာမဖတ်တဲ့ တောင်တန်းဟာ အကန်းပဲ
ကိုယ်တိုင်ထွင်ရမယ့်လမ်းက
ကျောက်ကြမ်းမယ်။

ပျော်ရွှင်ဖွယ်ရာ စိမ်းလန်းဖို့
ကျွန်တော် တို့
အတူတူထမ်းပိုးကြတာပေါ့။

မဟောသဓာမဂ္ဂဇင်း
၂ဝဝ၅ ၊ ဒီဇင်ဘာ



ဝန်ဇင်းချစ်သူများ မင်းချမ်းမွန် ၏ “ နွေဦးကို ချောင်းကြည့် (ခေတ်ပေါ်ကဗျာများ စုစည်းမှု) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကျွန်တော်နှင့် ကာလီဒါသ ခေါင်းလောင်း ရသစာတမ်းများ

ထောင်ဝင်စာရုပ်ပုံလွှာ ရသ အက်ဆေးများ

အောက်မေ့ဖွယ်ရယ်သံ (ရသစာတမ်းများ)