Cover

အခန်း (၁)

အက်ဆေးနှင့် ရသာစာတမ်း

ရွှေအမြုတေမဂ္ဂဇင်း၊ ၂၀၁၁၊ ဖေဖေါ်ဝါရီလ

“ မြန်မာစာပေလောကတွင်

အက်ဆေးခေါ် ရသစာတမ်းသည်

သူ့ပုံသဏ္ဍာန်၊ သူ့ဘ၀ရနံ့၊

သူ့သွင်ပြင်ဟန်ထားနှင့် သူ

တသီးတခြား ကွဲပြားစွာ

တသီးတသန့် တည်ရှိခဲ့ပြီး ဖြစ်ပါသည်။

အက်ဆေးနှင့် ကျောင်းသင်စာစီစာကုံးမတူ

အက်ဆေးနှင့် ဆောင်းပါမတူ၊

အက်ဆေးနှင့် ၀တ္ထုမတူ၊

သူ့ကိုယ်ရည်ကိုယ်သွေးနှင့် သူ၊

သူ့စတိုင်နှင့် သူ

အခိုင်အမာ အတည်အတံ့

ခွဲခြားသတ်မှတ်ပြီး၊

ကာလကြာမြင့်စွာ

ရှင်သန်ရပ်တည်ခဲ့ပြီး ဖြစ်တာ

အားလုံးအသိပင် ဖြစ်သည်´´

အက်ဆေးကို နိုင်ငံတကာတွင် ရော၊ ကမ္ဘာ့စာပေတွင် ပါ အဆင့်မြင့်စာပေ ပုံသဏ္ဍာန် တစ်ရပ်အ ဖြစ် သတ်မှတ်ထားပြီး လေးစားလောက်ဖွယ် အရည်အသွေးရှိသော စာဟု ခံယူထား သည်ကို၊ စာပေသမားတိုင်းနီးပါး ကြားဖူးကြပြီး ဖြစ်ပါသည်။ သို့ သော် ကျွန်တော် တို့ဆီမှာ ၀တ္ထုတို တစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို စာမူခ ငါးထောင်ပေးလျှင် အက်ဆေးခေါ်ရသစာတမ်းကိုတော့ လေးထောင်တန်းလောက်တွင် ထားကာ၊ တစ်ဆင့်နှိမ့်ထားချင်ကြဆဲ ဖြစ်သည်။ အဘယ်သို့ သော ရွှေဥာဏ်တော် ဖြင့် အကဲခတ် သတ်မှတ်သည်ကိုတော့ မသိပါ။ အယ်ဒီတာဝါးမ၀၍ ၊ နားမလည်၍ ၊ အမြင်တိမ်၍ ဟုဆိုပါလျှင် အနာပေါ်တုတ်ကျသလို ဆတ်ဆတ်ခါ နာကြပေဦးမည် ။

တကယ်တော့ အက်ဆေးသည် တိုတိုလေးနှင့် အများ ကြီးတာသွားသော စာပေသိက္ခာရှိရှိ စာပေတစ်ရပ် ဖြစ်ပါသည်။ အက်ဆေးသည် အခြားစာပေဘာသာရပ်နှင့် မတူပါ။ အက်ဆေး၏ အရ သာကို သွားလေသူ ဆရာမြသန်းတင့်ပြောပြခဲ့ဖူးတာ အမှတ်ရမိပါသည်။ ဆရာကြည်နိုင်၏ သက်တံရောင် ရသစာတမ်းစာအုပ်တွင် မိတ်ဆက်အမှာ သဘော ပြောခဲ့ခြင်း ဖြစ်ပါသည်။ ရသစာ တမ်းကို ဖတ်ရခြင်းသည် အခြားအခြားသော စာအမျိုးအစား၊ ဥပမာ၊ ၀တ္ထု ကဗျာ၊ သမိုင်း အတ္ထုပ္ပတ္တိ စသည့်စာမျိုးတို့ကို ဖတ်ရသည်နှင့် မတူ၊ အခြားသော စာများ သည် ဖတ်ရဖန်များ လာ လျှင် အီသွားတတ်ပါသည်။ ရသစာတမ်းကး ထိုသို့ မဟုတ်ပါ။ ဘယ်အချိန်တွင် မှ အီသွား၊ ရိုးသွား၊ ငြီးငွေ့စရာကောင်းသွား၊ ပျင်းစရာကောင်းသွား၊ မူးနောက်ရီဝေသွားသည်၊ အဝေးသို့ ရောက်သွား သည်။ ဘောင်ခတ်ခံထားရသည်။ သူများ နရီထဲ ၀င်ကရသည်ဟူ၍ မရှိပါ။ ရသစာတမ်းကိုဖတ်ရခြင်း သည် လွတ်လပ်သော ခံစားမှု တစ်ရပ်ကို ပေးပါသည်ဟု ဆရာပြောခဲ့ပါသည်။ ထူးခြားမှု က အက်ဆေးကို ရသစာတမ်း၊ စာတမ်းငယ်၊ အစမ်းစာ၊ စာတမ်း၊ စာမွန်စသည်ဖြင့် အမျိုးမျိုးကြံဆ ပြန်ဆိုကြသော်လည်း ဆရာကမူ ရသစာတမ်းဆိုသည့် စကားလုံးကို အံဝင်ခွင်အကျဆုံး၊ သဘော အကျဆုံးဆိုတာကို သိခွင့်ရခဲ့ခြင်းပါပဲ။

* * * * *


ဆရာဇော်ဂျီက ကျေနပ်နှစ် သိမ့်မှု ကိုပေးသည့်စာ၊ ဆရာမြသန်းတင့်က ပီတီ ဖြစ်စေသည့် စာဟု ညွှန်းခဲ့သော အက်ဆေးကို ဆရာတိုက်စိုးက “ရင်ဖွင့်စာ”ဟုဆိုခဲ့ပြီး “အက်ဆေးကိုဖတ်နေရ သည့် နာရီဝက်အတွင်း ဘာနှင့် တူပါသနည်းဆိုသော် အဖော် တစ်ယောက် နှင့် အေးအေးလူလူ ထိုင်ကာ၊ သူ့စကားကို နားထောင်နေရသည်နှင့် တူသည်ဟု ဆိုရတော့မည် ။ ထိုအခါ ၀မ်းမြောက်ရွှင် လန်းစရာများ ။ လောကီဘုံသားတို့၏ ခွင့်လွှတ်စရာအပြစ်များ ၊ အနာအဆာကလေးများ ၊ မတော် မတဲ့ဟာသအကွက်များ ကို မိမိလည်း အက်ဆေးဆရာနှင့် အတူ ကြားရမြင်ရခံစားရသကဲ့သို့ ဖြစ်ကာ ပီတိပွားရလေသည်” ဟု လှစ်ပြခဲ့ဖူးပါသည်။

တကယ်တော့ ကျွန်တော် တို့ မြန်မာစာပေလောကတွင် အက်ဆေးခေါ်ရသစာတမ်းသည် သူ့ပုံသဏ္ဍာန်၊ သူ့ဘ၀ရနံ့၊ သူ့အသွင်ပြင်ဟန်ထားနှင့် သူ တသီးတခြား ကွဲပြားစွာ တသီးတသန့် တည်ရှိခဲ့ပြီး ဖြစ်ပါသည်။ အက်ဆေးနှင့် ကျောင်းသင်စာစီစာကုံးမတူ၊ အက်ဆေးနှင့် ဆောင်းပါမတူ၊ အက်ဆေးနှင့် ၀တ္ထုမတူ၊ သူ့ကိုယ်ရည်ကိုယ်သွေးနှင့် သူ၊ သူ့စတိုင်နှင့် သူ အခိုင်အမာ အတည်အတံ့ ခွဲခြားသတ်မှတ်ပြီး၊ ကာလကြာမြင့်စွာ ရှင်သန်ရပ်တည်ခဲ့ပြီး ဖြစ်တာ အားလုံးအသိပင် ဖြစ်သည်။

ပညာရှင်ကြီး ဟပ်စလေဆိုလျှင် အက်ဆေး၏ နယ်ကိုဤသို့ ခွဲခဲ့တာတွေ့ ရသည်။

၁။ စာရေး သူ၏ ကိုယ်ရည်ကိုယ်သွေးကို အကြောင်းပြုရေး ဖွဲ့သည့် အက်ဆေး၏ နယ်၊

၂။ ကြုံတွေ့ ရသည့် အတွေ့ အကြုံကို အရှိအတိုင်းဖော်ပြသည့် အက်ဆေး၏ နယ်

၃။ လောကသဘ၀နှင့် သဘောတရားများ ကိုဖော်ပြသည့် အက်ဆေး၏ နယ် စသည်ဖြင့်

မည် သို့ ဆိုစေ အက်ဆေး၏ နယ်ပယ်တိုင်းမှာ အကျယ်အပြန့်သဘော၊ အခက်အခဲသဘော ကတော့ အမှန်တကယ် ရှိပေသည်။

သို့ ဆိုလျှင် ကျွန်တော် တို့ဆီမှာ အစဉ်အလာအရ ပညာရှင်များ လက်ခံခဲ့သော အက်ဆေး၏ သွင်ပြင်လက္ခဏာကို ကြည့်ရှုဖို့လိုလာသည်။ ပညာရှင်များ အဆိုအရ အက်ဆေးတွင် -

၁။ စာရေး သူ၏ ကိုယ်ရည်ကိုယ်သွေးပေါ်နေခြင်း၊

၂။ အကြောင်းအရာထက် အတွေ့ အမြင်ခံစားမှု တို့ကို အားပြုခြင်း၊

၃။ စာဖတ်သူကို ဆွဲဆောင်နိုင်သော စကားပြေအရေး အဖွဲ့မျိုး ဖြစ်ခြင်း၊

၎။ တိုတိုကျဉ်းကျဉ်း ရေး ဖွဲ့ထားသော အရေး အဖွဲ့မျိုး ဖြစ်ခြင်း၊

၅။ စာဖတ်သူကို နှစ်သက် မှု ရသပေးခြင်း၊

စသော လက္ခဏာများ ပါရှိအပ်သည်ဟု ဖွင့်ဆိုထားကြသည်မှာ အထင်အရှား။ ကျွန်တော် တို့ အက်ဆေးချစ်သူအများ စုလည်း ဤလမ်းကြောင်းအတိုင်းပင် တသွင်သွင်စီးဆင်းနေခဲ့ကြတာ ကြာပြီ ဖြစ်ပါသည်။

ယခုအခါမှာ တော့ . . .

အက်ဆေးဆိုသော စာပေဘာသာရပ်သည် အချိုးအကွေ့တစ်ခုသို့ သိသိသာသာကြီး ရောက်ရှိကွေ့ချိုးလာတာကို ထင်သာမြင်သာစွာ တွေ့ ရှိလာရပေသည်။ စာပေနယ်နိမိတ်တွေ ကျိုးပျက်လာသည့်သဘော Deterritorialigation ဟုပဲ ပြောရမလား၊ အသစ်ပြန်လည် သတ်မှတ် ထားသည့်သဘော Reterritorialization ဟုပဲ ပြောရမလားအထိ စဉ်းစားဖွယ်ရှိလာပါသည်။

ယဉ်ကျေးမှု ချင်း၊ အနုပညာချင်း တိုးမိတိုက်မိနေသော ဒီကနေ့လို အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်ကြီးတွင် အက်ဆေးဟူသော အယူအဆပြောင်းရွေ့လာပုံက မြန်ဆန်လွန်းလှသည်။ ဘာသာရပ်ခွဲခြားမှု နံရံတွေ တဖြည်းဖြည်းပါးလျလာပြီး၊ တချို့နေရာတွင် ပြိုကျသွားပြီဟု ပြောရမလောက်ပင် ထင်ရှားလာတာ သတိပြုမိပေသည်။

ဆရာဇော်ဇော်အောင်ဆိုလျှင် ၂၀၀၁ခုနှစ် လောက်ကတည်းက အက်ဆေးဝါဒ(Essaysism) ဆောင်းပါးတွင် ဤသို့ ရေး ခဲ့ပါသည်။ အက်ဆေးဆိုတာဘာလဲ၊ အက်ဆေးဆိုတာ အပွင့်ဆုံး Open၊ အလွတ်လပ်ဆုံး Free ရေး ဖွဲ့ထားတဲ့စာပါပဲ။ ပမာဏအကန့်အသတ်မရှိ၊ အကြောင်းအရာအကန့် အသတ်မရှိ၊ အမျိုးအစား အကန့်အသတ်မရှိ အပွင့်လင်းဆုံး၊ အလွတ်လပ်ဆုံး အရေး အသေားပါပဲ။ အက်ဆေးဆိုတာ ၀တ္ထုတစ်ပုဒ် ဖြစ်နိုင်တယ်။ ခရီးသွားဆောင်းပါးတစ်စောင် ဖြစ်နိုင်တယ်။ ဘောဂ ဗေဒသီဝရီ စာတမ်းတစ်စောင် ဖြစ်နိုင်တယ်။ ကိုယ်ရေး အတ္ထုပ္ပတ္တိတစ်စောင် ဖြစ်နိုင်တယ်။ တက် ကျမ်းတစ်စောင် ဖြစ်နိုင်တယ်။ နည်းလမ်းစာအုပ် (တရုတ်ဟင်းလျာချက်နည်း၊ မော်တော် ကားပြင် နည်း၊ သိုးမွေးဆွယ်တာအင်္ကျီထိုးနည်း)တစ်အုပ် ဖြစ်နိုင်သည်။ အကန့်အသတ်မရှိခြင်းနှင့် အပွင့် လင်းဆုံး၊ အလွတ်လပ်ဆုံးသော အချက်တို့က အခရာပါပဲ။ The Gateless Gate ၀င်ပေါက်မဲ့ ၀င်ပေါက်ဟုပင် တင်စားလိုက်တာ ဖတ်ခဲ့ရပေသည်။

ဆရာလူထုစိန်ဝင်းကလည်း မဂ္ဂဇင်း၊ ဂျာနယ်တွေ ထဲကနေပြီး “စာပေ အနုပညာမှာ နယ်နိ မိတ်အပိုင်းအခြားမရှိ၊ စာပေကို ခြံခတ်မထားကြပါနဲ့”ဟုဆိုကာ အက်ဆေးနှင့် ပတ်သက်ပြီး တော် တော် ကြီးပြောခဲ့သည်။ အက်ဆေးဆိုတာ နိုင်ငံရေး ဖြစ်စေ၊ လူမှု ရေး ဖြစ်စေ၊ စာပေယဉ်ကျေးမှု ဖြစ် စေ “ဝေဖန်ဆန်းစစ်တဲ့သဘော”ရေး သားတဲ့စာ ဖြစ်ပါတယ်။ အက်ဆေးဆိုတာ တိုချင်လည်းတိုမယ်၊ ရှည်ချင်လည်းရှည်မယ်၊ ရသပါချင်လည်းပါမယ်၊ မပါချင်လည်းမပါဘူး၊ ရသပါရမယ်လို့လည်း ဆိုမထားပါဘူး။ ဒါပေမယ့် စာဖတ်သူရဲ့ ဦးနှောက်ကိုဆွဲတဲ့ ဝေဖန်ဆန်းစစ်မှု တော့ ပါရပါမယ်။ ဝေဖန်ဆန်းစစ်မှု မပါရင်တော့ အက်ဆေးမဆိုချင်ပါဘူးဟု အတိအလင်း ဖွင့်ဆိုသည်။ ဆရာ့သ ဘောက ရှင်းသည်။ ဒီခေတ်ကြီးက ဘယ်နယ်ပယ်မှာ မဆို နယ်နိမိတ်အပိုင်းအခြားတွေ ပြိုကျနေ သည့်နယ်စည်းမခြားခေတ်မဟုတ်လား။ ထို့ကြောင့် စာတစ်ပုဒ်ကို အက်ဆေးပဲ၊ ဆောင်းပါးပဲ၊ ၀တ္ထုပဲ၊ ကဗျာပဲ၊ စကားပြေပဲဟူ၍ ခွဲခြားပြောမနေသင့်ပါဘူး။ တစ်ခုနဲ့တစ်ခု ကူးလူးဆက်နွယ် ရောစပ်နေကြတာပဲမဟုတ်လားဟု တံခါးဖွင့်ကြိုဆိုထားတာ အထင်အရှားတွေ့ ရသည်။

ဆရာနေ၀င်းမြင့် ကတော့ သာသာထိုးထိုးပဲ မိမိအမြင်ကို ဖော်ပြသည်။

“ကျွန်တော် တို့ဆီမှာ အက်ဆေးတစ်ပုဒ်ရဲ့ တရားကိုယ်သဘောဟာ သိပ်ပြီးမပြောင်းလဲ သေးပေမယ့်၊ ကမ္ဘာ့အက်ဆေးတွေ မှာ ပြောင်းပြန်ပြောင်းလဲသွားတာ အများ ကြီးတွေ့ ရတယ်၊ မျက်ရည်၊ အမုန်း၊ အာဃာတ၊ နာကျင်မှု ၊ ခိုကိုးရာမဲ့မှု ၊ ယူကျုံးမရ ဖြစ်မှု ၊ မလုံခြုံမှု ၊ အနာဂတ်ေ၀၀ါးမှု ၊ သော ကနဲ့ ညှိုးချုံးမှု ၊ အက်ဆေးတွေ မှာ ဒီအရိပ်တွေ ရှိလာပြီ”ဟူ၏ ။

* * * * *


မည် သို့ ဆိုစေ . . .

ယခုအခါ အက်ဆေးခေါ် ရသစာတမ်းဟူသော ကမ်းခြေသို့ လျှောက်လှမ်းကြရာတွင် ရေး သားတင်ဆက်သူတို့သည် လမ်းနှစ် သွယ်အတိုင်း တူရှုချီတက်နေကြတာကို ပြက်ပြက်ထင်ထင် မြင်နေရသည်။ တစ်လမ်းကား အစဉ်အလာလမ်း ဖြစ်ပြီး၊ တစ်လမ်းကား ခေတ်ပေါ်လမ်းဟူ၍ လွယ် လွယ်ဆိုကြပါစို့။

အစဉ်အလာလမ်းအတိုင်း လျှောက်သူတို့ကား ကံ့ကော်မြိုင်စာတမ်းလာ ဆရာကြီးများ ချ မှတ်ခဲ့သည့် သွင်ပြင်လက္ခဏာများ ကို ပွေ့ပိုက်၍ ခေတ်အလိုက် သစ်လွင်လတ်ဆတ်မှု များ ဖြင့် မွမ်းမံကာ၊ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်အမျိုးသား ဓလေ့စရိုက်ဟန်ဖြင့် လျှောက်လှမ်းသည်။ အဲဒီ မှာ ဖြစ်ရပ် (Events) တွေ ကို ဇောင်းပေးပြီး တွေးဆဆင်ခြင်စရာတွေ ကို မျှဝေခံစားစေမည် ။ အက်ဆေး ဆရာဘာပြောချင်သလဲ၊ ဘာပေးချင်သလဲဆိုတာကို သဲသဲကွဲကွဲ ထင်သာမြင်သာရှိစေ သော ရသဖြင့် ထုံမွှမ်းရေး သား တင်ဆက်မှု မျိုး။

ခေတ်ပေါ်လမ်းအတိုင်း လျှောက်လှမ်းသူတို့ကား စာပေကို ခြံခတ်ထားတာမျိုးမဟုတ်ဘဲ နိုင်ငံရေး ၊ လူမှု ရေး ၊ ပညာရေး ၊ စာပေယဉ်ကျေးမှု စသည်ဖြင့် ကြိုက်ရာကို လွတ်လပ်ပေါ့ပါးစွာ ရေး မည် ။ ရသပါချင်လည်းပါမည် ၊ မပါချင်လည်းရသည်၊ အတွေးတွေ ၊ စိတ်ကူးတွေ ၊ ခံစားမှု တွေ ကို စာလုံးလှလှ၊ ကဗျာဆန်ဆန် ၀ါကျအပိုင်းအစတွေ ဖြင့် ဖြန့်ကြဲရောသမမွှေချင်သလို မွှေနိုင်သည်။ အချက်အလက်တွေ ဖြင့် သတင်းစာ စကားပြေဆန်ဆန် ရိုးရိုးကြီးလည်းရေး နိုင်သည်။ ဒိုးဒိုးဒေါက် ဒေါက်လည်း ပြောနိုင်သည်။ ဘာရေး ရေး ၊ ဘယ်လိုရေး ရေး အက်ဆေးဟု အတည်ပေါက် တံဆိပ် ကပ်နိုင်သော ဖွဲ့စည်းတည်ဆောက်မှု မျိုး။

ယနေ့မဂ္ဂဇင်းတွေ ကို ပြန်ကြည့်လိုက်တော့လည်း ရှည်ရှည်ဝေးဝေး၊ တွေးတွေးဆဆဖြင့် မြန်မာ့အငွေ့အသက်၊ ရိုးရာရနံ့အရသာပါသော အစဉ်အလာလမ်းက လျှောက်လှမ်းလာသည့် ရသ စာတမ်းတွေ ကို ဇောင်းပေးဖော်ပြတာတွေ ရှိသလို၊ ဘာရေး ရေး အက်ဆေးဟူသော ခေတ်ပေါ်လမ်း က လျှောက်လှမ်းလာသည့် အက်ဆေးတွေ ကိုလည်း တခုတ်တရ ဖော်ပြလာကြတာတွေ လည်း တွေ့ ရပေသည်။ ထိုအခါ ဘာတွေ မှန်းမသိ ချာတိချာလည်၊ မျက်စိတွေ လည်ကုန်သည်။ သို့ ဖြင့် ဘာသံတွေ ထွက်လာကြသနည်းဆိုလျှင်၊ အစဉ်အလာဆရာတွေ က ခေတ်ပေါ်အက်ဆေးတွေ ကို အလွယ်ရေး စာတွေ ဟူ၍ အရာမသွင်းချင်သလိုမျိုး မေးငေါ့ထိုးလာကြသလို၊ ခေတ်ပေါ်အက်ဆေး သမားတွေ ကလည်း အစဉ်အလာအက်ဆွေးတွေ ကို အန်းတိတ်ကြီးတွေ ပါဗျာဟု အထင်သေး၊ အမြင်သေး အဟောင်းပုံထဲ ထိုးထည့်လိုကြသံတွေ ပျံ့လွင့်လာသည်။ သဘောထား အမြင်တွေ ဆန့်ကျင်ကွဲပြားလာကြသည်။ ဤသို့ ဖြင့် စာပေလွင်ပြင်တွင် ဒါအက်ဆေးဟုတ် မဟုတ်၊ ရသစာ တမ်း မှန် မမှန်၊ ဝေဖန်မျက်စိဖြင့် ကြည့်သူကကြည့်၊ သံသယမျက်စိဖြင့် ဖတ်သူကဖတ် ဖြစ်လာကြ သည်။ မလိုလားအပ်စွာ ပေါ်ပေါက်လာလျက်ရှိသည်ဟု ပြောရမလိုပင် ဖြစ်နေတာ သတိပြုမိပါ သည်။

ကျွန်တော် တို့ ဘယ်လိုဖြေရှင်းမလဲ။

* * * * *


ဤနေရာတွင် ဆရာ့ဆရာတို့၏ အတွေးအယူကို အနည်းငယ်တင်ပြပါရစေ။

ဆရာတက်တိုးက (အတွေးအမြင်၊ ၁၉၈၆၊ မတ်လ)သူ၏ “ဒဿနစာပေ” ဟူသော ဆောင်းပါးတွင် “အတွေးအမြင်ဆောင်းပါးလေးများ ရေး သော အက်ဆေးဆရာများ သည် ရှေးခတ် က တော် တော် များများ ရှိခဲ့သည်။ ယခုခေတ်၌ သူတို့မျိုးဆက်ကို “ဆောင်းပါးရှင်”ဟုခေါ်ကြသည်။ အက်ဆေးဟူသော ဝေါဟာရ၏ အဓိပ္ပာယ်သည် ကျယ်ပြန့်၍ အသုံးအနှုန်းမှာ လည်း ကျယ်ပြန့်လာ သည်။ ဆောင်းပါးအချို့ကို အက်ဆေးဟုခေါ်ကြသည်။ ဥပမာ အမေရိကန် သတင်းမဂ္ဂဇင်း “တိုင်း” (Time) တွင် ပါတတ်သော အက်ဆေးမျိုး။ ထိုအက်ဆေးမျိုးသည် “ဆောင်းပါး”ဟု ယခုခေါ်နေ သော အရေး အသားနှင့် ကွာခြားချက်မရှိပေ” ဟု ရေး သားခဲ့သည်။

ဆရာကြည်နိုင်ကလည်း “နာရီခွဲသူများ ” အက်ဆေးစာအုပ်နိဒါန်း၌ “အက်ဆေးတွင် ကဗျာရသသည်လည်းကောင်း၊ ၀တ္ထုတိုရသသည်လည်းကောင်း၊ ကြွယ်ဝစွာ ပါဝင်နေသည်ဟု ယုံကြည်မိကြပေသည်”ဟု အပီရေး ထားတာ ဖတ်ရသည်။

ပြီးတော့ ဆရာနေ၀င်းမြင့်၏ “နိုင်ငံတကာရသအတွေး၊ ရသအက်ဆေး”အမှာ စာ၌ လည်း အက်ဆေးတွင် အက်ဆေးတစ်ပုဒ်၏ ပင်ကို၊ ကိုယ်ရည်ကိုယ်သွေး အလင်္ကာလက္ခဏာများ ရှိရခြင်း (Rhetorieal element)နှင့် ကိုယ်ပိုင်မူ (သို့ မဟုတ်) အပြောက်အမွမ်းရှိခြင်းရခြင်း (Principle of Pattern) တို့ပါရှိသည်ဟုတွေ့ ရရာ၊ အက်ဆေးတွင် ကဗျာရသဟုဆိုအပ်သော အလင်္ကာ အရိပ်လက္ခဏာ၊ ၀တ္ထုတိုရသနှင့် နီးစပ်သည့် အပြောက်အမွမ်းစတာတွေ ပါသင့်သည်ဟု တွေးယူ ထားတာ မှတ်သားခဲ့ရဖူးပါသည်။

ကျွန်တော့် သဘောကို ပြောရမည် ဆိုပါလျှင် . . .

ဂလိုဘယ်ခေတ်၊ အိုင်တီခေတ်နှင့် အညီ ကမ္ဘာကြီးအဘက်ဘက်က ပြောင်းလဲတိုးတက်လာ သည်နှင့် အမျှ အနုပညာဆိုင်ရာ အတွေးအမြင်အယူအဆတွေ ရွေ့လျားပြောင်းလဲလာရမည် ကို ကျွန်တော် အပါအ၀င်၊ အစဉ်အလာအက်ဆေးဆရာတွေ ယေဘူယျနားလည်သဘောတူ လက်ခံ ပြီး ဖြစ်ပါသည်။ အက်ဆေးဟူသော ဝေါဟာရ၏ မူလအဓိပ္ပယ်ကလည်း စမ်းသပ်ခြင်း ဖြစ်ရာ အခါ မလပ်စူးစမ်း၊ တီထွင်၊ စမ်းသပ်ရမှာ ပဲဟု နားလည်ခဲ့ပါ၏ ။ ဒီကနေ့ ကျွန်တော် တို့ရေး နေကြသည့် အက်ဆေးတွေ ကလည်း လက်ရှိအနေအထားနှင့် လုံလောက်မှု မရှိတော့။ ခေတ်၏ တောင်းဆိုချက် နှင့် အညီ ပြောင်းလဲရတော့မည် ။ မြစ်ဟာ မကွေ့ရင်မလှဘူး၊ ကွေ့မှလှမည် ဆိုသလို တစ်ခုခုတော့ ပြောင်းရ ရွေ့ရ၊ ကွေ့ရတော့မှာ အသေအချာပဲ ဖြစ်သည်။ ဒီတော့ ကျွန်တော် တို့ ရသစာတမ်းသို့ မဟုတ်အက်ဆွေးတွေ ကို ခေတ်ရေစီးအရ၊ ဘယ်အင်္ဂါရပ်တွေ ဟာ ခေတ်နဲ့မလျော်ညီလို့ချန်ထား သင့်၊ သိမ်းနုတ်ဖယ်ရှားသင့်သည်။ ဘယ်အရာတွေ ကတော့ အခြေအနေအရ ထပ်မံတိုးချဲ့ ဖြည့် ဆည်းသင့်သည်ဆိုတာတွေ ကို မိမိတို့အလေ့အထုံအတွေ့ အကြုံနှင့် ယှဉ်ပြီး တွေးဆဆင်ခြင်လျက် ရှိကြပါသည်။ ကျွန်တော် တို့ အက်ဆေးချစ်သူတွေ ဆုံမိကြလေတိုင်း ဤအကြောင်းအရာကို မမေ့ မလျော့တွေးဆနှီးနှောလျက်ရှိတာလည်း အသေအချာပဲ ဖြစ်ပါသည်။

ကျွန်တော့် အနေနှင့် ကတော့ ဒီလိုပဲပြောချင်သည်။

မိမိထင်မြင်ရာ၊ ယုံကြည်ရာ၊ နှစ်သက် ရာလမ်းအတိုင်း အက်ဆေးစခန်းသို့ လွတ်လပ်စွာ လှမ်းကြပါ။ ရေး ကြပါ။ ဆရာမောင်စိမ်းနီ၏ ပိတောက်ပွင့်သစ်မဂ္ဂဇင်း ဆောင်ပုဒ်အတိုင်း ပြည်သူ ချစ်လျှင် ကမ္ဗည်းတင်မှာ ဖြစ်သည်။ တကယ်တမ်း အဆုံးအဖြတ်ပေးမည့် သူမှာ စာဖတ်သူ ပြည်သူ တို့သာ ဖြစ်သည်။

တကယ်ပြောကြစတမ်းဆိုလျှင် အက်ဆေးဆိုတာကိုက ကျွန်တော် တို့ မိရိုးဖလာ စာပေပုံ သဏ္ဌာန်တစ်ခုမဟုတ်ပါပေ။ သူတို့အနောက်တိုင်းဆီက ရောက်လာသော စာပေအမျိုးအစား ဖြစ် သည်။ သူတို့ဆီမှာ ပေါ်ခဲ့တာ နှစ် ပေါင်းလေးရာကျော်ခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော် တို့ဆီသို့ ဂန္ထလောကခေတ်ကမှ ရောက်ရှိလာသည်ဆိုတော့ နှစ် ပေါင်း ရှစ်ဆယ်ခန့်ပင်ရှိပါသေးသည်။ လှိုင်း အပုတ်မှာ မြုပ်လိုက်ပေါ်လိုက်နှင့် ။ ဒါကို ဆရာ့ဆရာကြီးတွေ က အစဉ်အဆက်ပြုပြင်မွမ်းမံ၊ မြန်မာရနံ့ဖျန်းပြီး တစ်မျိုးတစ်ဘာသာ ဆန်းသစ်အောင် စီရင်ခဲ့ကြသည်။ သို့ ဖြင့် ကျွန်တော် တို့မိခင် စာပေ အကိုင်းအခက်တစ်ခုလို ဖြစ်လာကာ အတော် လေးအထာကျ တည်ငြိမ်ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။ ထိုလမ်းအတိုင်းပင် ရသစာတမ်းခေါ် ရသအက်ဆေးကို ဆရာဇော်ဂျီ၊ ဆရာနွယ်စိုး၊ ဆရာဇေယျ၊ ဆရာတိုက်စိုး၊ ဆရာမြသန်းတင့်၊ ဆရာအောင်သင်းတို့ လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့ကြသည်။

ဒီမှာ ဆရာမောင်ခိုင်လတ်ပြောတာကို ကျွန်တော် သတိရမိပါသည်။

ကျွန်တော် တို့ရေး နေတာ မြန်မာတွေ ဖတ်ဖို့ရေး နေတာ၊ မြန်မာအက်ဆေးဆိုတဲ့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကျွန်တော် တို့အ ဖြစ်နိုင်ဆုံး မြန်မာ့နား၊ မြန်မာ့နှလုံးသားတွေ ဆီရောက်ဖို့ ကြိုးပမ်း နေတာ။ ဘယ်သူတွေ ဘာပြောပြော၊ အခု ကျွန်တော် တို့ရေး ဟန်နဲ့ မြန်မာလူထုနဲ့ အဆီလျော်ဆုံး လို့ ကျွန်တော် တို့ ဆာဗေးလုပ်လို့ရတယ်ဟူသော စကား။ စဉ်းစားစရာ အလွန်ကောင်းသည်ဟု ဆိုချင်ပါသည်။

အားလုံးသိကြသည့်အတိုင်းပါပဲ။ ကျွန်တော် တို့၏ အစဉ်အလာ ဆရာ့ဆရာကြီးတွေ က တော့ အက်ဆေးကို အနည်နာမအမျိုးမျိုး ကင်ပွန်းတပ်ခေါ်ဆိုခဲ့ကြသော်လည်း နောက်ဆုံး “ရသစာတမ်း”ဟူသော အသုံးကို ခံတွင်းအတွေ့ ဆုံး ဖြစ်ကာ ရသစာတမ်းဟုပင် တွင် တွင် ကြီး ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ထိုအမည် အရ “ရသစာတမ်း”ဆိုကတည်း “ရသ”အဖွဲ့ ပါကိုပါရမည် ။ မပါ မ ဖြစ်ဆိုတာ အထူးပြောဖွယ်ရာပင် မလိုတော့ပါ။ အခုနောက်ပိုင်းမှာ မှ ရသစာတမ်းကို “အက်ဆေး” လို့ပဲ တိုက်ရိုက်ဝေါဟာရ ဖလှယ်ပြီး မြန်မာမှု ပြုသုံးစွဲလာကြရာမှ တစ်နည်းဆိုလျှင် ယနေ့ နိုင်ငံ တကာ (ဥပမာ Time Newsweek) အက်ဆေးတွေ ကို အတုယူကာ အက်ဆေးမှာ ရသပါစရာမလို၊ ရသမပါလည်း ဖြစ်တယ်ဟု ဆိုလာကြပုံရသည်ဟု တွေးမိကြပါသည်။

အက်ဆေးကို တချို့က “အက်ဆေး”ဟူ၍ ခေါ်ဝေါ်သုံးစွဲသလို၊ တချို့က “ရသအက်ဆေး” ဟူ၍ လည်း ခေါ်ဝေါ်သုံးစွဲကြတာလည်း ရှိပါသေးသည်။ ရသ အက်ဆေးဆိုလျှင်တော့ ရသကို ဖယ်ချန် စွန့်ပစ်ထားလို့ရမည် မဟုတ်တာ သတိပြုမိဖို့လိုပါသည်။ သို့ ဖြင့် အမျိုးအစားခွဲပြောရမည် ဆိုလျှင် အက်ဆေးကသတ်သတ်၊ ရသအက်ဆေးကသတ်သတ်ဟု ခွဲရမည် ဖြစ်သည်။

ဒါကြောင့် နောက်ဆုံးပြောရလျှင် -

အက်ဆေးကို ဘယ်လိုရေး ရေး ၊ ရသပါပါ မပါပါ အက်ဆေး ဖြစ်နိုင်သည်။ သို့ သော် အက်ဆေးတိုင်းသည် ရသစာတမ်းမဟုတ်၊ ရသစာတမ်းမ ဖြစ်နိုင်။ (လုံးဝမ ဖြစ်နိုင်)ရသစာတမ်း တိုင်းသာလျှင် အက်ဆေး ဖြစ်နိုင်သည်ဟု ကျွန်တော် အခိုင်အမာ ပြောချင်သည်။ ဆုံးဆုံးဖြတ်ဖြတ် ပြောချင်သည်။

အခု ဟောဒီ ကျွန်တော့် အရေး အသားစာစုကို ရသစာတမ်းဟု မပြောလိုပါ။

သို့ သော် “အက်ဆေး”ဟု ကျွန်တော် ပြောမည် ဆိုပါလျှင် စာဖတ်သူတို့ သဘောတူနိုင်ပါသ လား။

* * * * *


အခန်း (၂)

ကျွန်တော် နှင့် ကာလီဒါသခေါင်းလောင်း

ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၂၀၁၁၊ ဖေဖေါ်ဝါရီလ။

“ ဘုရင်မင်းမြတ် အသက်ကိုရှည်စေတတ်သော

ရသာယတနဆေးသည် မိမိ၏ ဆေးစွမ်းသတ္တိအား၊

မှီဝဲသုံးဆောင်သူတို့၏ ခန္ဓာကို

ကျန်းမာခိုင်ခံ့၍ အားအစွမ်းကို ဖြစ်စေနိုင်ပါသည်။

ထို့အတူ ပညာရှိသော ဘုရင်သည်

မိမိနိုင်ငံအတွင်း၌ မတရားမှု များ မရှိစေခြင်း၊

အာဏာရှိသူက အာဏာမဲ့သူအား

နှိပ်စက်ကလူမပြုမူစေခြင်း

လွတ်လပ်စွာ ရှာဖွေစားသောက်နိုင်စေခြင်းစသော

ရသာယတနဆေးတည်းဟူသော

အခွင့်အရေး တို့ကို ပြည်သူပြည်သားတို့အား

တင်းပြည့်ကျပ်ပြည့်

ခံစားနိုင်ခွင့် ပေးထားခဲ့လျှင်

ထိုရသာယတနဆေး၏ အစွမ်းသတ္တိသည်

တိုင်းပြည်ကို စည်ပင်ပြန့်ပွားစေ၍

တည်တံ့ခိုင်မြဲအောင်

စွမ်းဆောင်နိုင်ပါလိမ့်မည် ´´

စိနပညာရှင်ကြီး ကျန်းကျောက်က ရှေးဟောင်းဂန္တ၀င်စာပေကိုဖတ်ချင်လျှင် ဆောင်းတွင်း ရက်တွင် ဖတ်ဖို့ အမှာ တော် ရှိခဲ့တာ ကျွန်တော် မှတ်သားခဲ့ဖူးပါတယ်။ အဘယ်ကြောင့် ဆိုသော ဆောင်းတွင်းကာလမှာ စိတ်သည်ပျံ့လွင့်ခြင်းကင်းစင်ပြီး တည်ငြိမ်းအေးချမ်းမှု ရှိ၍ ဟု ဆိုပါသည်။ ကျွန်တော် ကတော့ ဘာရယ်မဟုတ်ဘဲ ဆရာကြီးဦးလှဒင်၏ ဓာရာနဂရတိုင်း၊ ဘောဇဘုရင်လက် ထက်၊ ကာလီဒါသလျှောက်ထုံး ငါးစောင်တွဲ ပေါင်းချုပ် စာအုပ်ထူကြီးကို ဆောင်းဝင်စ တနင်္ဂနွေ နံနက်ခင်းတစ်ခုမှာ တိုက်တိုက်ဆိုင်ဆိုင်ပင် စိမ်ပြေနပြေ ကောက်ဖတ်နေမိလေသည်။

အခါတစ်ပါး၌ ဘောဇဘုရင်မင်းမြတ်သည် ပညာရှိကြီး ကာလီဒါသအား “က၀ိမြတ်ကာလီ ဒါသ၊ တည်တံ့ခိုင်မြဲရေး ၊ သော င်းကျန်းမှု ပပျောက်ရေး ၊ တိုင်းပြည်စည်ပင်ပြန့်ပွားရေး နှင့် ပတ်သက် ၍ ငါကိုယ်တော် မြတ်အား အကြံဥာဏ်များ ပေးပါလော့” ဟူ၍ မိန့်တော် မူသည်။ အကြောင်းကား ဘုရင်မင်းမြတ်သည် သူ၏ လက်ထက်တွင် နိုင်ငံတော် တိုးတက်ကြီးပွားခြင်း၊ အပြစ်တစ်စုံတစ်ရာ မရှိခြင်း၊ ပြည်သူပြည်သားတို့ အေးချမ်းသာယာရှိခြင်းကို နောင်ရာဇ၀င်၌ တည်ရစ်စေလို၍ ဖြစ်ပေ သည်။

ထိုအခါ ကာလီဒါသက . . .

“ဘုရင်မင်းမြတ် . . . အသက်ကိုရှည်စေတတ်သော ရသာယတနဆေးသည် မိမိ၏ ဆေးစွမ်းသတ္တိအား၊ မှီဝဲသုံးဆောင်သူတို့၏ ခန္ဓာကိုယ်ကို ကျန်းမာခိုင်ခံ့၍ အားအစွမ်းကို ဖြစ်စေနိုင် ပါသည်။ ထို့အတူ ပညာရှိသော ဘုရင်သည် မိမိနိုင်ငံအတွင်း၌ မရားမှု များ မရှိစေခြင်း၊ အာဏာရှိသူ က အာဏာမဲ့သူအား နှိပ်စက်ကလူမပြုမူစေခြင်း၊ လွတ်လပ်စွာ ရှာဖွေစားသောက်နိုင်စေခြင်းစသော ရသာယတနဆေးတည်းဟူသော အခွင့်အရေး တို့ကို ပြည်သူပြည်သားတို့အား တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ခွင့်ပေးထားခဲ့လျှင် ထိုရသာယတနဆေး၏ အစွမ်းသတ္တိသည် တိုင်းပြည်ကို စည်ပင်ပြန့်ပွား စေ၍ တည်တံ့ခိုင်မြဲအောင်စွမ်းဆောင်နိုင်ပါလိမ့်မည် ”ဟူ၍ တင်လျှောက်ပါသည်။ ကျွန်တော် သည် ဆိုခဲ့ပါကာလီဒါသ၏ လျှောက်ထုံးကိုဖတ်ရင်း လွန်လေပြီးသော တစ်ရံရောခေတ်အခါက ဟောင်း နွမ်းသော ညွန်များ အပေါ်ဖြတ်ကျော်ခဲ့ရသည့် အတွေ့ အကြုံများ ကို ပြန်လည်အမှတ်ရရှိလာသည်။ အတိတ်လှိုင်းတို့သည် အာရုံရင်ကမ်းစပ်ကို တဖျတ်ဖျတ်ရိုက်ခတ်လာလေသည်။

ကြာတော့ ကြာခဲ့ပါပြီ။

* * * * *


အ ဖြစ်အပျက်ဟာ အ ဖြစ်အပျက်အတိုင်း ဆူးပေါ်ကဖက်လို အသက်ရှင်ခဲ့ရသည့်ပုံပြင်ဆို ပါလျှင် ထိုဒဏ်ရာကား ဘ၀ကို ပေါင်းခံပြီးမှရလာသည့် ဒဏ်ရာဟုဆိုနိုင်ပေသည်။ ကြာခဲ့ပါပြီ။ လှမ်းကြည့်တော့ ဇာတ်လမ်းက လွမ်းဆွတ်ဖွယ်သက်သက်မဟုတ်ပါချေ။ လွမ်းစရာကို နာစရာနှင့် ဖြေလည်းဘာထူးမလဲ။ နာစရာကို လွမ်းစရာနှင့် ဖြေတတ်လျှင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မည် ။

သို့ သော်အမှားတွေ က တွေးမိတွေးရာကစတင်တော့ ဝေဒနာတို့သည် ကြယ်တွေ လို တဖွဲဖွဲ ကျွန်တော့် ရင်ထဲ ကြွေရှာလေပေါ့။ ထိုအခါ ဟိုဝေးဝေးက တဆစ်ဆစ်မွှေးရနံ့တွေ ရလာသည်။ တစ်ပွင့်ဆီ ကောက်ကြည့်တော့ လွန်ခဲ့သည့် နှစ် အစိတ်သုံးဆယ်လောက်က ထားရဲ့ သီချင်းသံ ကျွန်တော့် ဆီပြန်လာသည်။ အဟုန်ပြင်းပြင်း ကျွန်တော့် မျက်နှာပေါ်တက်နင်းသည့် တစ်ခါက အ၀ါရောင် မြစ်ကလေးရဲ့ ရေစီးသံ၊ ကျွန်တော့် ထံပြန်လာသည်။ တစ်ဖျစ်ဖျစ်မြည် နေသည့် သက္ကရာဇ်လေတိုးသံ ကျွန်တော့် ဆီပြန်လာသည်။

တကယ်တော့ ထိုနေရာထိုဒေသတွင် တောင်မှမြောက်သို့ ဖဲကြိုးတစ်စလိုထာဝရစီးဆင်း နေသည့် အ၀ါရောင် မြစ်ကလေးတစ်စင်းရှိသည်။ ထိုမြစ်ကလေးပေါ် မေးတင်ထားသည့် မြို့က လေးတစ်မြို့ရှိသည်။ ထိုမြို့ကလေးနှင့် နယ်ဝန်းကျင်တစ်ခွင်ကို ထိုအခါက ပဒေသရာဇ်ခေတ် ကလို နယ်စားပယ်စားကလေးတွေ စုဝေးစီမံအုပ်ချုပ်သည်။ ကျွန်တော် ကလည်း ကြိုးပြတ်သွား သည့် စွန်တစ်ကောင်လို မင်းအမှု တော် ထမ်းကလေးဘ၀ဖြင့် ထိုနယ်ပယ်သို့ လွင့်စဉ်ရောက်ရှိသွား ခဲ့သည်။ အဲဒီ မှာ ကျွန်တော် က အ၀ါရောင် မြစ်ကလေးကို ဖက်လိုက်၊ အ၀ါရောင် မြစ်ကလေးက ကျွန်တော့် ကိုဖက်လိုက်။ အ၀ါရောင် မြစ်ကလေးနှင့် ကျွန်တော် မြွေနှစ် ကောင်လို လုံးထွေးချစ်လို လျက်နှင့် မဝေးခဲ့ပါချေ။ အဲဒီ မှာ ကြိုးစကိုဖြည်လို့ ကျွန်တော့် ကိုယ်ကျွန်တော် လွှတ်ချလိုက်ပုံက ရေစီးမှာ ရပ်မရတော့သည်အထိ။ လွတ်လပ်ပေါ့ပါးမှု ဆီ လွှတ်ချလိုက်ခြင်း ဖြစ်ပါသည်။ သို့ သော် ကျွန်တော့် မှာ စာနာတတ်သော ပုန်ကန်စိတ်ကလေးလည်း ကိန်းဝပ်နေတတ်သေးသည်။

ပြောရလျှင် မြို့ကလေး၏ အဓိကစီးပွားရေး သည် “မိရိုးဖလာ လယ်ယာဥယျဉ်ခြံမြေထွက် ကုန်ပစ္စည်း စိုက်ပျိုးထုတ်လုပ်ရေး ပင် ဖြစ်ပါသည်။ သို့ သော် မှော င်ခိုစီးပွားရေး မိုးသားတို့ အုံ့ဆိုင်း ညို့မှိုင်းနေသော ရာသီကာလ ဖြစ်သည်နှင့် အညီ ခေတ်ရေစီးထဲအများ စုက မျောပါစီးဆင်းကြကုန် ၏ ။ မြို့ကလေးကလည်း ထိုစီးပွားရေး လမ်းကြောင်းပေါ်တွင် တည်ရှိသဖြင့် အချက်အချာကျ၏ ။ အ၀င်အထွက်ဖြင့် စည်ကား၏ ။ မြို့ကလေးရှိ ဖမ်းဆီးပစ္စည်းများ ၊ သိုလှောင်ထားရှိရာ ဂိုဒေါင်ကြီး တွင် အဖိုးတန်ပစ္စည်းမျိုးစုံဖြင့် ဗောင်လန်လျက်ရှိသည်။ ထိုဂိုဒေါင်ကြီးနည်းတူ မြို့ကလေးရှိ မြို့စား အပါအ၀င် နယ်စား၊ ပယ်စားများ သည်လည်း အသီးသီးအသက ကြွယ်ဝပြည့်လျှံလာကြသည်။ သူတို့ခါးမှာ ကျည်ဆန်ခါးပတ်တွေ ခြောက်လုံးပြူးတွေ နှင့် တချို့ဆို ကာဘိုင်တွေ ၊ ရိုင်ဖယ်တွေ တလွယ်လွယ်နှင့် ။ ဆိုင်ကယ်တွေ ၊ ကားတွေ တ၀ီဝီနှင့် ။ ငွေမရှား ဆီမရှား။ သွားချင်ရာသွား လာချင် ရာလာ။ တံခါးမရှိ ဓားမရှိ။ ဘုန်းတန်ခိုးကြီးမားလှပါဘိသည်။

ဂိုဒေါင်ကြီးထဲပစ္စည်းတွေ နည်းပါးလာပြီဆိုလျှင် အလွယ်လေး။ အ၀ါရောင် မြစ်ကလေး အတိုင်း စုန်ဆင်းလာသည့် သင်္ဘောတစ်စီးစီးပေါ် တက်ရောက်ရှာဖွေသိမ်းဆည်းလိုက်ရုံသာ။ နောက်တစ်နည်းကား နံနက်စောစောစီးစီးတွင် ပဲ၊ ပဲ့ချိတ်စက်လှေတစ်စင်းဖြင့် မြစ်ကလေးအတိုင်း စုန်ဆင်းသွားကြသည်။ နယ်စားကလေးနှင့် သူ၏ ငယ်ကျွန်တပည်တပန်းများ ။ လက်နက်အစုံ အလင်၊ စားဖွယ်သောက်ဖွယ်အစုံအလင်နှင့် ။ အလင်းကွယ်ပျောက် အမှော င်ရောက်၍ မိုးကြီးစုပ် စုပ်ချုပ်ကာမှ စက်သံညက်ညက်ဖြင့် ခုတ်မောင်းဝင်လာသည့် မော်တော် ဘုတ်တစ်စင်းနှစ် စင်းဖြင့် သူတို့မြို့ကလေးထဲ ပြန်ဝင်လာကြသည်။ ဖမ်းဆီးမှော င်ခိုပစ္စည်းမျိုးစုံတွေ တနင့်တပိုးဖြင့် ၊ သူတို့ အချိတ်အဆက် ကားကြီးကားငယ်အသွယ်သွယ်ဖြင့် ပစ္စည်းတွေ ကို တစ်ညလုံး အခေါက်ခေါက် အခါခါ သယ်ဆောင်ကြသည်။ ဂိုဒေါင်သို့ ဘယ်နှစ် စီးရောက်၍ လမ်းမှာ ဘယ်နှစ် စီးပျောက်သွား တာမည် သူသိနိုင်ပါအံ့နည်း။ သိခွင့်လည်းမရှိပါချေ၊ ဤသို့ သော ပွဲတော် ညများ ဖြင့် နယ်စားပယ်စား တွေ ကြီးပွားချမ်းသာလာကြတာ တကယ်တော့ မဆန်းလှပါချေ။

ဆန်းတာက ထိုဖမ်းဆီးပစ္စည်းတွေ ကို ခွဲခြမ်းရောင်းချပုံ ဖြစ်သည်။

ချိန်ညနေဆိုလျှင် နယ်စားကလေး ရီဝေချိန်။ ယမကာဆိုင်တစ်ဆိုင်မှာ ဖြစ်နိုင်သလို၊ ရောက်လေရာ တစ်နေရာရာတွင် လည်း ဖြစ်နိုင်သည်။ နယ်စားကလေးရောက်လေရာမှာ ပစ္စည်း လျှောက်သူ၊ တောင်းခံသူတွေ တရုန်းရုန်းနှင့် ရောက်ရှိလာတတ်ကြသည်။ နယ်စားလေးကလည်း သောက်ရင်းစားရင်း အခစားရောက်လာကြသူတွေ ကို မဟာကရုဏာဖြင့် ပေးချင်ရာပေးသည်၊ ရေး ချင်ရာရေး သည်။ စက္ကူမရှိလျှင် တွေ့ ကရာစာရွက်အစုတ်အပြတ်နှင့် ဖြစ်စေ ကောက်ရေး ပေး သည်။ ဒီတော့ ရွှေ ဖြစ်ဖို့မခက်၊ ငွေ ဖြစ်ဖို့မခက်၊ နယ်စားလေးကလည်း ရီဝေလာလေ ရက်ရောလေ လေဆိုတော့ ဘာပြောကောင်းမလဲ။ သူ့မိဘဘိုးဘွားပိုင်ပစ္စည်းတွေ လို သဘောထားကာ သူနှင့် အလွမ်းသင့် အကြောတည့်သူတွေ ကို နေ့စဉ်အလှူဒါနကြီး ပေးနေလေတော့ နယ်စားကလေး လောက်စိတ်နှလုံးကောင်းသူ သဘောမနောကောင်းသူ ရှိပါလေဦးမလား။ မောင်မင်းကြီးသား ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ သက်တော် ရာကျော်ရှည်ပါစေပေါ့။

မောင်မင်းကြီးသားကလည်း ပေးသည့်ဆုနှင့် ပြည့်စုံစွာ ကျန်းမာပကတိ ချမ်းသာစွာ ရှိပါဘိ သည်။ ကောင်းဘွိုင်လို ၀တ်စားလေ့ရှိသော ဘောင်းဘီဘေးအိတ်နှစ် ဖက်ရော၊ နောက်အိတ်နှစ် ဖက်ပါ ငါးရာတန်အသစ်တွေ အထပ်လိုက်အုပ်လိုက်ထည့်ထားပြီး ပေးချင်ရာပေး၊ ကျွေးချင်ရာ ကျွေးဆိုတော့ နာမည် မွှေးလိုက် လူချစ်လူခင်ပေါလိုက်ပုံများ မှာ အံ့ဖွယ်တစ်ပါးပင် ဖြစ်သည်။

စစ်ကြောင်းကြီးငါးကြောင်းဟူသော ခေါင်းစဉ်အောက်မှ နယ်စားလေး၏ တိုင်းခန်းလှည့် လည်ပုံကလေးကလည်း စိတ်ဝင်စားစရာကောင်းလှပါသည်။ နောက်တော် ပါးမှနေ၍ ဆိုင်ရာဆိုင် ရာ ဌာနအသီးသီးမှ အမှု တော် ထမ်း အရာတော် ထမ်းတွေ အစုံအလင် ပါဝင်လိုက်ပါရသည်။ ခရီး စဉ်က တစ်ပတ်ဆယ်ရက်၊ တစ်ခါတလေ လ၀က်ခန့်ပင်ကြာတတ်သဖြင့် စားစရာအစုံအလင် သောက်စရာတစ်ပုံတစ်ပင် သယ်ဆောင်သွားကြရသည်။ ဘီယာ၊ ယမကာသေတ္တာလိုက်၊ စီးကရက်တွေ အတောင့်လိုက် ကာတွန်းလိုက်၊ ရောက်လေရာမှာ သောက်သောက်စားစား ရွှေ မင်းသား၊ အဖူးမြော်ခစားရောက်သူ လူထူလာလျှင် အိတ်စပို့ဒူးယားတွေ ဘူးလိုက်ပစ်ပေါက်ပေးဝေ နေပုံများ ဝေဿန္တရာပင်လက်ဖျားခါလောက်သည်။

ဒီလိုခရီစဉ်တွေ မှာ အရေး အပါဆုံး ဇာတ်ကောင်တစ်ကောင်မှာ စီးတော် ဆိုင်ကယ် ဖြစ် သည်။ မိုးရာသီခရီးစဉ်တွေ ဆို ပိုဆိုးတော့သည်။ နယ်စားမင်းသားလေးသွားလေရာ ခရီးစဉ် တစ်လျှောက် ရောက်လေရာ ရွာဇနပုဒ်လေးမှာ ရှိုးထုတ်စီးဖို့အရေး ဆိုင်ကယ်ကို သယ်ယူဆောင် ကြဉ်းသွားရခြင်း ဖြစ်သည်။ အဲဒီ ခေတ်က ဆိုင်ကယ်ရှားသေးရာ ဧရာမအကြီးစား ဟဲဗီးဘီအက်စ် အေ ဆိုင်ကယ်ကြီးကို ၀ါးပိုးဝါးဖြင့် ခိုင်ခိုင်ချည်၊ အရှေ့အနောက် လူလေးငါးဆယ်ယောက် ဖြင့် ထမ်း ရွံ့ဗွက်နင်းကြမ်းထဲ ယိုင်တိယိုင်တိုင် သယ်ယူရတာ မျိုး ဖြစ်သည်။ ရွာလေးတစ်ရွာရောက်လျှင်တော့ သူကြီးကို ဆိုင်ကယ်ပေါ်တင်ကာ နယ်စားလေး ဖုတ်ချက်ဖုတ်ချက်နှင့် စတိုင်ထုတ်တော့သည်။ ဆိုင်ကယ်ကိုပင် အရှင်လတ်လတ်မမြင်ဖူးရှာကြသော အင်္ကျီဗလာ၊ ဖိနပ်မပါကျေးလက်ပြည်သူ တွေ ကား တအံ့တသြပါးစပ်အဟောင်းသားနှင့် လူလား၊ နတ်လား၊ နဂါးလားပေါ့။ ထိုသို့ ဖြင့် တစ်ရွာဝင်တစ်ရွာထွက်နှင့် စီးတော် ဆိုင်ကယ်ကြီးသည် ခရီးစဉ်တစ်လျှောက်လူပေါင်းမြောက်မြား စွာ ၏ ပခုံးပေါ် အရသာရှိရှိ ခွစီးသွားခဲ့လေသည်။

* * * * *


ဤသို့ ဖြင့် ကျွန်တော် သည် . . .

အ၀ါရောင် မြစ်ကလေးနံဘေးမှာ ဖော်ကွာဝေး၊ ပဆစ်ပိုင်းထဲအပယ်ခံရသော ကြွေလို တစ်နွေပြီးတစ်နွေ အုံ့ဆိုင်းခဲ့ရသည်။ ညအသင်္ချေမှာ တိမ်တွေ ကိုခေါင်းအုံးလို့၊ စကားလုံးတွေ နှင့် ကဗျာရေး ကြယ်တွေ နာမည် လှမ်းမေးသည်။ အိပ်မရသော နွေညတွေ မှာ ဆေးလိပ်တိုတွေ လို ပက်လက်။ ဘယ်လိုဆက်လက်အသက်ရှင်မလဲ။ ကြယ်တွေ ကို ရေတွက်ရင်း ဆံပင်တွေ သာ ရှည်လာခဲ့သည်။

မြို့ကလေးနှင့် ကျွန်တော် ကား ပြဒါးတစ်လမ်း သံတစ်လမ်း။

တကယ်တော့ ကျွန်တော် က ခေါင်းနည်းနည်း မာသည်။ တက္ကသီလာမှ အဌာရသပညာရပ် တွေ တတ်မြောက်ခဲ့ရုံမက ကဗျာလင်္ကာအရာမှာ ပါ စာဆိုတော် ဘွဲ့ဖြင့် နာမည် ရထားသူမို့ နယ်စား လေးက ချီးမြှောက်စားလိုတာအမှန်။ ခခယယ ရိုကျိုးပျပ်ဝပ်စွာ အလိုက်သင့် အလျားသင့် ခိုဝင်ခ စားလိုက်ရုံဖြင့် အားလုံး အဆင်ပြေသွားမှာ ဧကန်မလွဲဆိုတာ ကျွန်တော် သိသည်။ သို့ သော် ခေါင်းမာသော အငုပ်စိတ်က ဘယ်လိုမှလက်မခံ၍ ကျွန်တော် တို့ဆက်ဆံရေး မပြေချောခဲ့ပါချေ။ နောက်တစ်ကြောင်းက သူ့အရှိန်အ၀ါဖြင့် ရွှေ ဖြစ်၊ ငွေ ဖြစ်နေသော ကာလတွင် ကျွန်တော် က ဘာတစ်ခုမျှ တပ်မက်လိုစိတ်ကင်းစွာ မျက်နှာချိုသွေး လက်ဖြန့်တောင်းခံခြင်း အလျဉ်းမရှိခဲ့တာ လည်းပါမည် ။ ကင်းကင်းရှင်းရှင်းနေသူဆိုတော့ . . . သင်းကဘာကောင်လဲ၊ အများ မိုးခါးရေ သောက်နေကြချိန်မှာ ဘဇာကြောင့် လျှာပေါ်မြက်အပေါက်ခံ၍ ငါကိုယ်တော် ရှင်မြတ်ကို အခစား မ၀င် ဦးမခိုက်ရသနည်း။ ဖီလာဆန့်ကျင်၊ ပုန်ကန်ခြားနားချင်လို့လားဟူသော သံသယမျက်စိဖြင့် ထာဝစဉ် အကြည့်ခံရလေသည်။

ပြောရလျှင် ကျွန်တော် သည် ထုံအနေသော ဗုံတစ်လုံးမဟုတ်သလို မွေးမြူရေး ငါးတစ် ကောင်ဘ၀လည်း အရောက်မခံလိုပါ။ ရောယောင် နောက်လိုက်အမြှောက်ကြိုက် တစ်ယောက် လည်း မဟုတ်ပါ။ ကမ္ဘာပေါ်မှာ အစာကျွေးနည်းကိုလည်းသိပါသည်။ အဆိပ်ဖြေနည်းကိုလည်း သိပါသည်။ မြေကြီးပေါ် ဘယ်လိုမတ်တပ်ရပ်ရမည် ကိုလည်း ကောင်းကောင်းကြီးသိပါသည်။ မိမိ အမှန်တရား၊ မိမိစံတရားဖြင့် ဆားခပ်၍ စားခဲ့သော အဲဒီ မှာ ကမ္ဘာကြီးပြားခဲ့ပါသည်။ ကျွန်တော် လည်း ပြားခဲ့ပါသည်။

* * * * *


ထိုသို့ ကာလီဒါသလျှောက်တင်ပြီးသည့်အခါ . . .

ဘုရင်မင်းမြတ်က “က၀ိမြတ်ကာလီဒါသ၊ သင်၏ စကားသည်ကောင်းမြတ်လှပေ၏ ။ သို့ ရာတွင် ငါ၏ နိုင်ငံတော် ၌ ငါကိုယ်တော် တိုင် မသိနိုင်သော မတရားမှု များ ၊ အာဏာရှိသူက အာဏာမဲ့သူအား နှိပ်စက်ကလူပြုမှု များ ၊ အားရှိသူက အားနွဲ့သူအား အနိုင်ကျင့်မှု များ ရှိကောင်းရှိ ပေလိမ့်မည် ။ အချို့သူတို့သည် ငါ၏ ထံမှော က်သို့ လာရောက်၍ မတိုင်ဝံ့သဖြင့် အဖိနှိပ်ခံကြရပြီး အချို့သူများ သည် လာရောက်တိုင်ရဲသော်လည်း သက်ဆိုင်ရာမင်းမှု ထမ်းတို့၏ ဆိုးသွမ်းညစ်ပတ်မှု ကြောင့် တံခါးမှူးထံမှ အခွင့်မရ၍ ငါထံမှော က်သို့ မရောက်နိုင်ခြင်းများ ရှိကောင်းရှိပေလိမ့်မည် ။ ထိုကိစ္စကို မည် သို့ စီမံရလျှင် ကောင်းမည် နည်း” ဟု မေးမြန်းတော် မူလေ၏ ။

ထိုအခါ ကာလီဒါသက . . .

“အရှင်မင်းကြီး ဓာရာနဂရမြို့၏ အပြင်ဘက်တစ်နေရာတွင် ခေါင်းလောင်းကြီးတစ်ခုကို ချိတ်ဆွဲပြီး ပြည်သူ့ဟစ်တိုင်အ ဖြစ် ထားတော် မူပါ။ အရှင်မင်းမြတ်၏ နန်းတော် တွင် လည်း ခေါင်း လောင်းတစ်ခုကို ချိတ်ဆွဲထားပါ။ ထို့နောက် ခေါင်းလောင်းနှစ် လုံးကို ကြိုးတစ်ခုနှင့် ဆက်သွယ် ထားပါ။ မည် သူမဆိုမိမိ၏ အခက်အခဲများ ကိုလည်းကောင်း၊ မကျေနပ်မှု များ ကိုလည်းကောင်း ဘုရင်မင်းမြတ်အား တိုင်ကြားလိုလျှင် ထိုခေါင်းလောင်းကြီးကိုဆွဲ၍ တီးပေးစေခြင်းဖြင့် အရှင်မင်း မြတ်သိနိုင်ပါသည်။ သို့ အားဖြင့် ပြည်ရွာငြိမ်းချမ်းသာယာခြင်းနှင့် စည်ပင်ပြန့်ပွားမှု ကို အရှင်မင်းမြတ် မပြတ်သိရှိပြီး ဆောင်ရွက်ပေးနိုင်ပါလိမ့်မည် ”ဟု လျှောက်တင်လေ၏ ။

ကျွန်တော် သည် . . .

အဆိုပါ ကာလီဒါသ၏ လျှောက်ထုံးကိုဖတ်ရင်း တစ်ခါက တစ်ဘ၀မှာ ရာသီဥတုက ရာသီဥတုကိုဖြားယောင်း၊ အတော် ကြီးရွဲ့စောင်းနေသော နှုတ်ခမ်းများ ၊ စိုသော မိုးအောက် ဟိုတစ် စ သည်တစ်စ ကျပျောက်ခဲ့သော ဘ၀များ ၊ အခုအခံမဲ့ မျက်နှာထဲပစ်သွင်းနေကြသော လောကဓံ လက်သီးချက်များ ၊ အမဲလိုက်သလို တစ်ယောက် ကို တစ်ယောက် ဆုတ်ဖြဲဖို့ချောင်းနေကြသော မျက်လုံးများ ၊ လိမ့်နေသော ပိုက်ဆံနောက် အပြေးလိုက်ကောက်နေကြသော မျက်ရည်ပေါက် ကြီးငယ်များ နှင့် အတူ မိတ်ကပ်ကောင်းကောင်းဖြင့် ဖောင်းကားနေသော ပေါင်မုန့်မျက်နှာများ ကို ရွံ့ရှာစက်ဆုပ်စွာ မြင်ယောင်နေမိလေသည်။ ထို့အတူ ဓာရာနဂရမြို့ပြင်က ကာလီဒါသ ခေါင်းလောင်းသံအချိုချိုကိုလည်း ကြားယောင်နေမိပါသည်။

နှင်းမြူတို့ ပါးပါးဝေ့ဝေ့ လွင့်ဝဲလျက်သော ဆောင်းမနက်ခင်းတစ်ခုမှာ ပဲ ဖြစ်သည်။

* * * * *


ရေနည်းငါးနေကြာပန်းများ

ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၁၀၊ ဖေဖေါ်ဝါရီလ။

“ လူငယ်တွေ ကြယ်ခူးဖို့ရည်ရွယ်ချက်တွေ နဲ့

စက်သံပြင်းကြ၊ ကံကြမ္မာကို

လက်ကိုင်ဖုန်းထဲထည့်ကြ၊

မနက်ဖြန်ကို တောင်ကုန်းပေါ်တွန်းတင်ဖို

ရွှေအိပ်မက်စစ်စစ်ကို

ဝက်ဘ်ဆိုက်အသစ်နဲ့ချိတ်ဆက်ကြ၊

ထိုင်နေလို့တော့

ဘာမှ ဖြစ်မလာဘူး၊ အမှန်တရားကိုမြတ်နိုးကြ။

မတရားတဲ့နည်းနဲ့ ရရှိလာမယ့်

ဘယ်အရိပ် အာဝါသကိုမှ

အေးမြလိုက်တာဆိုပြီးတော့

ခိုလှုံနားစက်ဖို့ မကြိုးစားပါနဲ့ ”

နေသာသော်လည်း နှင်းမပျောက်သည့် နံနက်ခင်းတစ်ခုမှာ ပဲ ဖြစ်သည်။

၁၃၇၁ခုနှစ် ၊ ပြာသိုလပြည့် အမေနေ့။ ၂၀၀၉ နှုတ်ဆက်နှင်းတို့ဖြင့် ဝေနေသော ဒီဇင်ဘာ ၃၀ရက်။ ထိုနံနက်ခင်း၌ ပို၍ မြင့်သော ကောင်းကင်တစ်ခိုမှ နှင်းတို့သည် နင့်နင့်သဲသဲ ရွှဲရွှဲစိုစို ငိုနေ ကြလိမ့်မည် ထင်ပါသည်။ နှင်းတို့သည် ကောင်းကင်ကိုချစ်သလို ကျွန်တော် တို့လူသားအားလုံး၏ နှလုံးသားသည်လည်း အမေကိုချစ်တတ်ကြသည် မဟုတ်ပါလား။

ကျွန်တော့် ရင်ထဲ လွမ်းပွင့်ကြွေ့ကြွေ့ တဖွေ့ဖွေ့နှင့် အမေ့ကိုသတိရသော အားဖြင့် လွမ်းမျက် ရည်သီသီဝေ့ရုံမက ယိုဖိတ်အန်ကျ တားမရသည့်အထိ ကြွေသွားခဲ့ပါပကော ပြောမယုံ ကြုံမှသိ ဆိုသလိုပါပဲ။

သြော်. . . မတ္တရာမှာ ဝေသော နှင်း။ ရွှေပရဟိတ ဂေဟာမှာ စွေသော နှင်းကား စွမ်းအား ပြင်းလှပါဘိသည်။

* * * * *


ရေနည်းငါးလေးဆိုတာနဲ့ သေချာပေါက် ဗျိုင်းသုတ်ခံရတော့မှာ လား။

ရေမရှိပေမယ့် ရွှေရှိပါတယ် . . .

အဲသလိုယုံကြည်ခံယူမှု တွေ ဖြင့် ဆွတ်ဆွတ်ဖြူနှင်းကလေးများ နှင့် တူသော လူငယ်လူရွယ် တစ်စုသည် ကျွန်တော် တို့၏ လှပသော တိုင်းပြည်တွင် လှပစွာ အမှန်တကယ်တည်ရှိပါသည်။ အီကွေတာရပ်ဝန်းဒေသ၏ မြို့မတ္တရာမှပါပဲ။ သာယာသော ခေါင်းလောင်းသံတွေ နဲ့ တောက်ပ။ အေးမြတဲ့ ပဋိရူပအရိပ်အာဝါသလေးတစ်ခုဆိုလျှင် ပို၍ တိကျဖွယ်ရှိသည်။

သူတို့သည် စည်းလုံးညီညွတ်သော လက်များ ဖြင့် ရွှေပရဟိတ ဂေဟာလေးတစ်ခုကို ထူထောင်သည်။ ရေနည်းငါးလေးများ ဟူသော အနွတ္တသညာကိုခံယူသည်။ လောကဓံ၏ နေပူပူ အောက် တွန့်လိမ်ခန်းခြောက်နေသော အားငယ်သနားဖွယ် ရေနည်းငါးကလေးများ ကို စာနာသော နှလုံးသားဖြင့် ဖေးကူဆယ်ယူကာ ညာဘက်လက်ဖြင့် သော ကရိဒေ၀ မျက်ရည်များ ကို သုတ်ပေး လျက်၊ ဘယ်ဘက်လက်ဖြင့် ပညာဒါနဟူသော ရိက္ခာတွေ ကို နွေးနွေးဝေေ၀ပေးလှူလျက်ရှိသည်။

အခုမှ ဗြုန်းစားကြီး ကောက်ကာငင်ကာ၊ ခါတော် မီပေါ်ပေါက်လာခဲ့ခြင်းမဟုတ်ပါ။ လွန်ခဲ့ သော ၁၉၉၈၊ စက်တင်ဘာလ ၁ ရက်ကတည်းကပင်ဤရွှေပရဟိတအပင်လေးကို မြေစမ်းခရမ်း ပျိုးကာ ပေါင်းသင်ရေလောင်းခဲ့ကြသည်။ အခက်အခဲ နွယ်မြက်ပေါင်းပင်များ ကို ခိုင်ကျည်သော ဇွဲ လက်များ ဖြင့် ဖယ်ရှားခဲ့ရကြရင်း အခုဆိုလျှင် ၁၂ နှစ် ကာလသို့ ချည်းနင်းဝင်ရောက်ခဲ့လေပြီ။

သူတို့သည် ငွေအသပြာအားဖြင့် ကြွယ်ပိုး၊ ကြွယ်ဝ ဇောတိကများ မဟုတ်စေကာမူ စေတနာ သဒ္ဓါအလှတို့ဖြင့် ပြည့်စုံထုံရှကြသူများ ဖြစ်သည်။ ဆိုရပါလျှင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာအရာတွင် ဆင်းရဲနွမ်းပါးကြသူများ မဟုတ်ကြပါ။ အခြားမည် သူတစ်ဦး တစ်ယောက် ၏ ထည့်ဝင်သယ်ပိုးမှု ကိုမျှ လက်မခံဘဲ၊ ကိုယ့်အင်ကိုယ့်အားကလေးဖြင့် တစ်နိုင်တစ်ပိုင် လုပ်ဆောင် ကြခြင်းသာ ဖြစ်သည်။ ကိုယ့်အင်ကိုယ့်အားဖြင့် ဆိုတော့ စိတ်ရှိလက်ရှိ လွတ်လပ်ပေါ့ပါးစွာ အကောင်အထည်ဖော်နိုင်စွမ်းသည်။ ဘယ်သူတစ်ဦး တစ်ယောက် ၏ မျက်နှာကိုမျှ ကြည့်နေစရာ ငဲ့ညှာထောက်ထားနေစရာမလို။ လူငယ်တွေ ပီပီ ယုံကြည်စွာ လုပ်ဆောင်မှု တို့အပေါ် သံသယမျက် ၀န်းလေးတစ်ဝေ့ဖြင့် ပင် အကြည့်မခံနိုင်ကြ။ အရေခွံပါးလျလွန်းတာလည်း ဖြစ်နိုင်ဖွယ်ရာရှိသည်။ စွတ်စွတ်ရွတ်ရွတ် လုပ်တတ်သော လူငယ်တို့၏ သဘာဝဟုလည်း ဆိုနိုင်ပါသည်။ အခါလွန်မိုး တွေ က စွေဖို့ရွာဖို့ ကလေးကိုပင် ချင့်ချိန်ဆင်ခြင်တွေ ဝေနေတတ်သေးသည် မဟုတ်လား။

သို့ ဖြင့် ရေနည်းငါးလေးများ သည် စိန်ခေါ်ခြင်းတွေ ကို စိန်ခေါ်ရင်း ရွှေပရဟိတ ပညာဒါန သင်တန်း၏ ဆယ့်နှစ် နှစ် မြောက်လှမ်းသို့ ရောက်ခဲ့သည်။ အောင်ဆုရှင် ၁၀၀၀ ကျော် ၁၂၀၀ ခန့်၊ မွေးထုတ်ခဲ့ပြီး ဖြစ်သည်။ တချို့ဆိုလျှင် ဆယ်တန်းလွန်မြောက်၊ တက္ကသိုလ်သို့ ရောက်ခဲ့ကြ၊ ဘွဲ့ရခဲ့ ကြ၊ အလုပ်အကိုင်တွေ ရခဲ့ကြ၊ လူတစ်လုံးသူတစ်လုံး ဖြစ်ခဲ့ကြ။ အချို့ကား၊ မိမိကိုမွေးဖွားသန့်စင် ပေးလိုက် သော ဤအမိရွှေပရဟိတတွင် ပင် လမ်းပြမှူးဆရာဘ၀ဖြင့် တစ်ကြော့ပြန်၊ ပြန်လည်ပခုံး ထမ်း တာဝန်ယူခဲ့ကြ။ လှလိုက်တဲ့လုပ်ရပ်တွေ ။ တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား အားရှိနေ ကြပုံများ ။ လှသော ပန်းချီကားတစ်ချပ်သည် ကျွန်တော် မျက်စိထဲ ခုန်ဝင်လာသည့်အလား။

* * * * *


ကျွန်တော် တို့ရောက်သွားတော့ ရွှေပရဟိတပညာ့ရိပ်သာစခန်းတည်ရှိရာ ရွှေသိမ်တော် အရှေ့ကျောင်းထဲတွင် လူငယ်လူရွယ်များ ၊ ကျောင်းသူကျောင်းသားများ မြို့ခံဧည့်ပရိတ်သတ်များ ဖြင့် ဆုပ်ဆုပ်ခဲခဲ။ သူတို့လက်တွေ ထဲ ရွှေပရဟိတဂေဟာ၏ အမေနေ့ ရွှေသား ရွှေသမီးများ သို့ မဟုတ် ရေနည်းငါးလေးများ ရေစပ်သီကုံးထားသည့် ကဗျာ၊ စာစီစာကုံးလက်ကမ်းစာစောင်တွေ ကိုယ်စီကိုယ်ငှဖြင့် ။ သူတို့ ကတော့ ရွှေသားရွှေသမီးတို့ဖော်စပ်သော ကဗျာဆေးစွမ်းကောင်းများ ၊ စာစီစာကုံးဆေးစွမ်းကောင်းများ ဟု ညွှန်းဆိုထားတာ တွေ့ ရ၏ ။

ကမ္ဘာကျော်ပန်းချီဆရာမိုးနေး၏ ပန်းရောင် နှင်းနှင့် ဗန်ဂိုး၏ နေကြာက ကင်းဗတ်စပေါ်မှာ ပွင့်သည်။ ဂေါ်ဂင်၏ အ၀ါနှင့် ဟောဒီရေနည်းငါး နေကြာတွေ က ပညာရှိရာ၊ နေရှိရာဘက်မျက်နှာ လှည့်၊ ၀င်းမှည့်သော အားမာန်အလင်းတွေ နှင့် မနက်ခင်း၏ အဖြူရောင် လေညင်းမှာ ပွင့်ကြသည်။ ရဲရင့်တက်ကြွရနံ့တွေ ဖြင့် ထုံလွင့်တင့်တယ်ခမ်းနားပါပေရဲ့ ။

ပြီးတော့ . . . စာရေး ဆရာများ ကိုဖိတ်ခေါ်၍ စာပေအသိပညာများ ရှင်သန်ဖွံ့ဖြိုးရေး အတွက် ဟောပြောစေသည်။ ဒီနှစ် အဖို့တော့ သူငယ်ချင်းမြေလတ်မောင်မြင့်သူနှင့် ကျွန်တော် တို့ကို တာဝန် အပ်နှင်းသဖြင့် ကျွန်တော် တို့တက်ရောက် ဟောပြောခဲ့ရသည်။

အလှည့်ကျတော့ မနွဲ့စတမ်းပေါ့။

ကျွန်တော့် အာရုံထဲသို့ ဖတ်ခဲ့ဖူးသော ကဗျာတစ်ပုဒ်က ပျံသန်းခုန်ဝင်လာသည်။ တိုင်ထပ် မှာ မီးနီလေးထွန်းညှိလိုက်လို့၊ မျက်ရည်တွေ ခမ်းခြောက်သွားရင်ကောင်းမယ်၊ ကောင်းကင်ရဲ့ မြေကြီးရောင် တဲတွေ ထဲ သော ကတွေ လေငြိမ်နိုင်ပါ့မလား၊ ခြေထောက်များ ရှေ့ဆက်တက်ဖို့ ဖိနပ် တွေ တပ်ဆင်ပေးရဦးမှာ ၊ မိုးရွာရင် ဘယ်အရိပ်အောက် ၀င်ခိုရမလဲ။ ရေနည်းငါးကလေးများ ဆိုသော ကဗျာဆရာ ကျော်သက်လွင်၏ ကဗျာကလေးဖြင့် ပဏာမနိဒါန်းသွယ်ဆင်ကာ “လူငယ်၊ ပရဟိတနှင့် ပညာ”ကို ကျယ်ကျယ်လွင့်လွင့် ဖွင့်ဆိုပြောကြားမိသည်။

လောကတွင် လူအမျိုးမျိုးရှိရာ၊ တချို့က မိမိတို့လုပ်ဆောင်တည်ဆောက်မှု မှန်သမျှကို ကမ်းသဘောဆောင်ကာ အတ္တဆီသို့ ဦးတည်သည်။ အချို့က မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်မှု မှန်သမျှကို ဖောင်သဘောဆောင်ကာ ပရဟိတဆီသို့ ဦးတည်သည်။ ဘ၀တွင် အပေးအယူရှိရာ တဒင်္ဂဘ၀တာဝယ်၊ အတ္တအတွက် လောဘလက်ဖြင့် ယက်သဲ့ဆယ်ယူခဲ့ပေါင်း များ လေပြီ။ ပရအရေး ၊ အလှသွေးကာ၊ မွှေးရနံ့ကြူ၊ စိတ်ဖြူဖြူနှင့် ပေးလှူခဲ့တာရှိပါစေ။ ဘ၀၏ လမ်းဆုံးအန္တိမနိဂုံးမှာ တော့ ရှာခဲ့ဖွေခဲ့ ရယူခဲ့သမျှ၊ ထားခဲ့ရမှာ ဧကန်ပါတည့်။ သန့်သန့်လေးနှင့် ဖေးဖေးကူကူ ပေးလှူခဲ့သမျှတို့သည်သာ မိမိနှင့် အတူတကွ ယူသွားရမှာ ရတနာမို့၊ ခဏတာတွေး ဘ၀လေးမှာ ၊ ပေးဖို့လာသူ ဖြစ်သင့်သလား၊ ယူဖို့လာသူ ဖြစ်သင့်သလား၊ စဉ်းစားကြဖို့ကောင်းသည့် အကြောင်းကို မီးမောင်းထိုးပြသည်။

နရသီဟပတေ့မင်း တစ်ကြိမ်ပွဲတော် တည်သည့် ဟင်းခွက်သုံးရာကို ဘ၀နိဂုံးမှာ ယူဆောင် သွားနိုင်ခဲ့ပါသလား။ အီမယ်ဒါမားကို့စ်လည်း သူတပ်မက်လှစွာ သော လေဒီရှုးအရံ ၂၇၀၀ ကို ဘ၀ ၏ နောက်ဆုံးခရီးမှာ ယူဆောင်သွားနိုင်ခဲ့ပါသလား။ ရှပ်အင်္ကျီတစ်ထည်ကို တစ်ခါသာ ၀တ်သော ချောင်ချက်စကူးလည်း သူ့ရှပ်အင်္ကျီနှစ် သော င်းသုံးသော င်းကို တမလွန်သို့ ယူဆောင်သွားနိုင်ခဲ့ပါ သလား။ ထို့အတူ အစမန်ဘုရင်ကြီးလည်း သူချစ်မြတ်နိုးလှစွာ သော ကိုယ်လုပ်တော် သုံးထောင်ကို ထားခဲ့ရ။ နိုင်ဇမ်စော်ဘွားကြီးလည်း ပူပိုင်ဆိုင်သည့် ရာပေါင်းများ စွာ သော ကားလှလှတွေ ကို ထားခဲ့ရ။ ပြင်သစ်ဘုရင်လူဝီ ၁၄လည်း ထိုခေတ်ကာလဖရန့် ၁၄ သန်းတန် စိန်စီ အင်္ကျီကိုလည်း ထားခဲ့ရတာ ပဲ ဖြစ်သည်။ ဘယ်အရာမှာ မဆို ပိုသူက လိုသူတွေ ကို မွန်မြတ်သော စိတ်စေတနာဖြင့် မျှဝေကြလျှင် မကောင်းပေဘူးလား။

ဒီကြားထဲ တာဝန်ယူချိန်ပြီးဆုံးတော့ စင်ကြယ်သော လက်တစ်စုံဖြင့် ပြန်လာသူ အမေရိကန် သမ္မတကြီး ဂျက်ဖာဆင်လိုလူမျိုး၊ စာအုပ်သေတ္တာနှစ် လုံးဖြင့် သမ္မတအိမ်ဖြူတော် မှ ဆင်းလာခဲ့သူ အိန္ဒိယသမ္မတကြီး အဗ္ဗဒူကလမ်လိုလူမျိုး၊ ဘ၀၏ နောက်ဆုံးတစ်ငုံစာအထိ မိမိ ကိုယ်ကို လောကအကျိုး၊ ပရအကျိုးထဲ ထိုးနှစ် သယ်ပိုးခဲ့သူ ဒေါက်တာ အက်ဗာရွိုက်ဇာ၊ ကရုဏာ ကယ်တင်ရှင် မာသာထရီဇာ၊ စေတနာရှင် ဘီးလ်ဂိတ်၊ One Foundation တည်ထောင်သူ ကွန်ဖူး မင်းသားဂျက်လီ၊ အင်ဂျလီနာဂျိုလီ၊ ချေးဂွေဗားရား၊ နယ်လ်ဆင်မင်ဒဲလား . . . စသည်ဖြင့် မြင့်မြတ်သော နှလုံးသားဖြင့် လောကို အလှဆင်သူတွေ ရှိသည်။

ကျွန်တော် တို့ပြည်မှာ လည်း အများ ကြီး။ မိမိငွေ၊ မိမိလုပ်အားဖြင့် ရွှေမန္တလေးတစ်ခွင် သစ်ပင်စိုက်ခဲ့သူ ဦးငွေ၊ အိုသူ တို့အရေး ဖေးမခဲ့သူ ဘွားဦးဇွန်း၊ ကွယ်လွန်သူတို့အတွက် ကရုဏာ ဖြင့် ကူညီမှု ပေးဆက်ခဲ့သူ မင်းသား ကျော်သူနှင့် နာရေး ကူညီမှု အသင်းအဖွဲ့များ ၊ မိဘမဲ့ဘုန်းတော် ကြီး ပညာသင်ကျောင်းများ ၊ နောက်ဆုံး မတ္တရာရေနည်းငါးကလေးများ ရွှေပရဟိတဒါနပြုသူများ . . . စသည်ဖြင့် များ လှစွာ ရှိပါ၏ ။

Duke တက္ကသိုလ်မှ ပညာရှင်ကြီး Greg Dees ကတော့ ပရဟိတကို “ကျွန်တော် တို့ အားလုံး နေထိုင်ကြတဲ့ ကမ္ဘာကြီးတိုးတက်ကောင်းမွန်ရေး အတွက် ငွေကြေး၊ အချိန်၊ လူမှု ရေး ရင်းနှီးမြှုပ်နှံမှု နဲ့ ကျွမ်းကျင်သူများ ကို ရွှေ့ပြောင်းနေရာချထားခြင်းနဲ့ အသုံးချခြင်း”ဟု အကောင်းဆုံး အနက် ပြန်ခဲ့လေသည်။

တရုတ်ပညာရှိကြီး ကွမ်ဇု (ဘီစီ ၄-၃ ရာစု)က “တကယ်လို့ ၁၀ နှစ် အတွက် စဉ်းစားရင် တော့ အပင်စိုက်ပါ။ နှစ် ၁၀၀ အတွက် စဉ်စားရင်တော့ လူတွေ ကို ပညာပေးပါ”ဟု မီးအိမ်မြှောက် ပြခဲ့ဖူးလေသည်။

ပြီးတော့ . . . ညံ့နေလို့မရ၊ ညာနေလို့မရ၊ ညည်းနေလို့မရသော ညသုံးလုံးခေတ်ထဲ၊ လူသာမန်အတွက် နေရာမရှိ၊ ပညာရှိကို အစွမ်းကုန်တူးဆွရှာဖွေကြ၊ ဦးနှောက်ခါးတောင်းကျိုက် ကြ၊ ဘုရားသခင်က သစ်သီးတွေ ကိုသာပေးတာ၊ ခွဲပြီးသားမဟုတ်ဘူး၊ စာဖတ်သော လူမျိုးသည် တိုးတက်ကြ၍ တိုးတက်သော လူမျိုးသည် စာဖတ်ကြတာမို့ စာဖတ်ကြ၊ အိုင်ဒီယာအုံးမလွဲကြစေနဲ့၊ လူငယ်တွေ ကြယ်ခူးဖို့ရည်ရွယ်ချက်တွေ နဲ့ စက်သံပြင်းကြ၊ ကံကြမ္မာကို လက်ကိုင်ဖုန်းထဲထည့်ကြ၊ မနက်ဖြန်ကို တောင်ကုန်းပေါ်တွန်းတင်ဖို့ ရွှေအိပ်မက်စစ်စစ်ကို ၀က်ဘ်ဆိုက်အသစ်နဲ့ချိတ်ဆက် ကြ၊ ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး၊ အမှန်တရားကိုမြတ်နိုးကြ။ မတရားတဲ့နည်းနဲပ ရရှိလာ မယ့် ဘယ်အရိပ်အာဝါသကိုမှ အေးမြလိုက်တာဆိုပြီးတော့ ခိုလှုံနားစက်ဖို့ မကြိုးစားပါနဲ့၊ ထွန်းလင်းတောက်ပတဲ့ နေရောင် ခြည်အောက်မှာ ပူချင်သလောက်ပူပါစေ။ မမှု နဲ့၊ ခံနိုင်ရည်ရှိ အောင်ကြိုးစားပါ၊ ဘ၀ကိုဖြတ်သန်းပါ၊ ပညာရှာပါ။ ကျွန်တော် အလေးအနက်ထားကာ အားပါတရ ဟောပြောခဲ့ပါသည်။

ပြီးတော့ . . . သူငယ်ချင်းမြေလတ်မောင်မြင့်သူကလည်း “မိုးခေါင်တဲ့အမေ့ရွာက ရေနည်း ငါးတစ်ကောင် (သို့ မဟုတ်) ခရောင်းလမ်းကိုဖြတ်သန်းခြင်း”ခေါင်းစဉ်ဖြင့် လူငယ်တို့ အတုယူအား ကျဖွယ်ရာ သူ့ဘ၀ဖြတ်သန်းမှု တွေ ကို ချစ်ကြည်ရင်းနှီးမှာ တစ်နံတစ်လျားဖြန့်ခင်းဟောကြားသွားခဲ့ တာအားရစရာကောင်းပါဘိ။

မည် သို့ ဆိုစေ . . . ကျွန်တော် တို့ ကြည်နူးပီတိ ဖြစ်ရပါသည်။

ကျွန်တော် ပြောချင်သည်က . . .

ရေနည်းငါးလေးများ ဆိုတာနဲ့ သေချာပေါက် ဗျိုင်းသုတ်ခံရမှာ မဟုတ်တာတော့ သေချာ သည်။

ရေမရှိပေမယ့် ရွှေရှိပါတယ် . . . လို့ သူတို့ဆိုခဲ့မဟုတ်လား။

တချို့က ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာပြီး ရေကြည်ရာ မြတ်နုရာသို့ ၊ တစ်ရွာမပြောင်း သူကောင်းမ ဖြစ်ထုံးကို နှလုံးမူ ကျင့်သုံးကြသည်။ တချို့က ကိုယ့်ရပ်ကိုယ့်ရွာကိုသာ ရေကြည်ရာ မြက်နုရာဘ၀သို့ ရောက်အောင် ဆွဲတင်ဆောင်နှင်းချင်ကြသည်။ သို့ ဖြစ်ပါ၍ သူတို့ရင်တွင်းမှာ ရေကြည်ရာမြက်နုရာလုပ်သူက သူရဲကောင်းလား၊ ကိုယ့်မွေးရပ်ဇာတိမြေမှာ ပဲ ရေကြည်အောင် မြက်နုအောင်လုပ်သူက သူရဲကောင်းလားဆိုတာ မေးခွန်းတွေ တဖွဲဖွဲ ရွာသွန်းလျက်ရှိတာ သတိပြု မိသည်။

အပြန်လမ်းမှာ တော့ . . .

ကျွန်တော့် ရင်တွင်းမှာ လည်း အမေရနံ့တို့ဖြင့် နွေးနွေးဝေေ၀ ၀င်းပသော မွေးရပ်မြေလေ ညင်းတို့ဖြင့် တသုန်သုန် မွေးပျံ့သင်းဆွတ်လို့နေပါပေါ့။

* * * * *




ဝန်ဇင်းချစ်သူများ မင်းချမ်းမွန် ၏ “ ကျွန်တော်နှင့် ကာလီဒါသ ခေါင်းလောင်း ရသစာတမ်းများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ထောင်ဝင်စာရုပ်ပုံလွှာ ရသ အက်ဆေးများ

အောက်မေ့ဖွယ်ရယ်သံ (ရသစာတမ်းများ)

နွေဦးကို ချောင်းကြည့် (ခေတ်ပေါ်ကဗျာများ စုစည်းမှု)