Cover

`ဝေးဝေး---- နီးနီး----- ကြီးကြီး ---ငယ်ငယ်´´

လောကကြီးထဲမှာ တချို့အ ဖြစ်အပျက်တွေ ဟာ အတော် ပဲ ဆန်းကြယ်ပါတယ်။ နာရေး ကူညီမှု အသင်းမှာ လူမှု ရေး ကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်နေကြရင်းနဲ့ ကျွန်မတို့ လုပ်ဖော် ကိုင်ဖက် အချင်းချင်းဟာလည်း မောင်နှမရင်းချာတွေ လို ချစ်ခင်နေလြာ ကတော့ တစ်ယောက် အကြောင်းရှိရင် ကျန်တဲ့ လူတွေ က ၀ိုင်းဝန်းကူညီဆောင်ရွက်ကြ၊ လက်လှမ်းမီရာ အကြောင်းကြား ကြနဲ့ ဆွေမျိုးသားချင်းအစုက လေးလိုပါပဲ။

တစ်ည ကျွန်မ အိမ်ပြန်အရောက်မှာ သမီးကြီးက ….

´၆နာရီလောက်က နာရေး အသင်းက ဦး တစ်ယောက် ကြိုးလာဆွဲတယ်။ မေမေ ပြန်မ ရောက် သေးဘူးလို့ ပြောလိုက်တော့ မနက်ကျရင် အသင်းကို ဖုန်းဆက်ပါလို့ မှားသွားတယ်´

ဆိုတော့ ကျွန်မ အကြောင်းထူးတစ်ခုခုတော့ ရှိမယ်လို့ ထင်တာနဲ့ …. နောက်တစ် နေ့မနက်မှာ ဖုန်းဆက်ဘဲ အသင်းရုံးကို ကန်းသွားလိုက်တယ်။ ရုံးရောက်တာနဲ့ ကျွန်မတို့ အသင်းက လက်ထောက် မန်နေဂျာ ဦးကျင်အောင်က …..

`ဆရာမ ရေ …. စိတ်မကောင်းစရာပြောရဦးမယ်။ ဒေါ်သန်းချိုသားလေး နိုင်ငံခြားမှာ သင်္ဘော ပေါ်က ပြုတ်ကျပြီး သေလို့တဲ့။ အဲဒါ မနေ့ကမှ သိလို့´

ဦးကျင်အောင် စကားမဆုံးခင် ကျွန်မရင်ထဲ ထိတ်ခနဲ့ ဖြစ်သွားပြီး မမချိုကို မြင်ယောင်လိုက် သည်။

`သားငယ်က ပြန်လာချင်ပြီလို့ ဖုန်းတွေ လှမ်းလှမ်းဆက်၊ စာတွေ လှမ်းလှမ်းရေး နေတယ်။ ကိုယ်က နေပါဦး သားရယ်။ တစ်နှစ် လောက်တော့ အောင့်ပြီးနေလိုက်ပါဦး ….။ အမေတို့အခြေအနေ လည်း ငါ့သားသိရဲ့ သားနဲ့လို့ ချောမော့ပြောထားရတယ်´

ပြီးခဲ့တဲ့ အပတ်ထဲကမှ မမချိုပြောခဲ့သော စကားကိုလည်း ကျွန်မ ကြားယောင်ပြီး စိတ်မ ကောင်း ဖြစ်သွားတယ်။ ကျွန်မတောင် ဒီလောက်ကလေးကြားရုံနဲ စိတ်မချမ်းမ သာ ဖြစ်သွားရင် ကာယကံရှင် မိခင် မမချိုခမျာ ဘယ်လောက်များ စိတ်ထိခိုက်ခံစားနေရ မလဲ ဆိုတာ တွေးစရာ တောင်လိုမယ်မထင် တော့ပါ။

`ညက ကိုဝင်းနိုင်ရယ်၊ ကိုစိုင်းရယ်၊ ဒေါ်ရွှေဇီးကွက်နဲ့ အမှု ဆောင်အချို့သွားကြတယ်။ ဆရာမ ကို ၀င်ခေါ်သေးတယ်။ ဆရာမ အိမ်မှာ မရှိဘူးတဲ့´

ဦးကျင်အောင်နဲ့ အသင်းက ညီမလေးတွေ ဖြစ်တဲ့ ခင်သိန်းဝင်းတို့၊ စန္ဒာတို့၊ ခိုင်ခိုင်တို့ ကတော့ သတင်းတွေ ဆက်ပေးနေဆဲ၊ ကျွန်မ ကတော့ သူတို့အသံကိုမကြားတစ်ချက် ကြားတစ်ချက်။ ကျွန်မနား ထဲမှာ ကြားနေတာက မမချိုရဲ့ `ကိုယ့်သားငယ်ကလေး… ကိုယ့်သားငယ်ကလေး…`ဆိုသော ကျွန်မ တို့နှင့် တွေ့ တိုင်း သူ့သားအကြောင်း ပြောနေကျစကား သံများ ပဲ ဖြစ်သည်။

ကျွန်မ ရုံးမှာ တစ်မနက်လုံး နေမထိ ထိုင်မသာ ဖြစ်နေသည်။ မမချိုအိမ်ကိုသွား လည်းသွားချင် ပြီး သွားလည်းမသွားရဲ။ ကျွန်မမှာ အသုံးမကျသော အကျင့်တစ်ခုရှိသည်။ အဲဒါက လူတစ်ဦး တစ်ယောက် ပူပန်သော ကရောက်နေချိန်မှာ တရားမချ၊ မဖျောင်းဖျတတ်ခြင်းဘဲ။ အခုနေခါ အဖော်တစ် ယောက် ယောက် ရှိရင် ကောင်းမယ်။ ဒါဆို အဲဒီ အဖော်က မမချိုနဲ့ စကားပြောရင်း တရားချ။ ဖျောင်းဖျ၊ ငါက ဘေးကနေ ငုတ်ထုတ်ထိုင်ပြီး ငြိမ်ငြိမ်လေး စိတ်မ ကောင်း ဖြစ်နေရုံပဲ။ တစ်ယောက် တည်းသွားလို့ ကတော့ ဘယ်စကားက ဘယ်လိုပြောရမှန်း မသိတာနဲ့ကို အိုးနင်းခွက်နင်း ဖြစ်ဦးမှာ လို့ တွေးရင်း အဖော်စောင့်နေပေမယ့် တစ်ယောက် မှ ပေါ်မလာ။

ကျွန်မက သိပ်စိတ်မကောင်း ဖြစ်လာရင် စကားမပြောတတ်တော့။ ရင်ထဲကရှိသော စကားများ လည်း အပြင်မထွက်တော့။ မမချိုကို ရင်ထဲက အရမ်းသနားနေလျက်က မြင်လည်း မမြင်ရက်။ မမချို ခင်ပွန်း အစ်ကိုကြီးကလည်း လေဖြတ်ထားသော နာတာ ရှည်လူမမာ ဖြစ်ပြီး အစ်ကိုကြီးရဲ့ အထက် အစ်မကြီး တစ်ယောက် က သူတို့နှင့် အတူနေသည်။ အခုဆို သူတို့ (၃)ယောက် ဘယ်လောက်များ ဗြောင်းဆန်နေလိုက်ကြမလဲလို့ တွေးနေတုန်း ….

`ကလေးဆေးရုံမှာ DF (ဒါရိုက်မီးရှို့)တစ်ခုသွားယူရမယ်။ ရုံးမှာ ရှိတဲ့ ကားနဲ့ သွားသယ် ရမှာ ´

ဆိုတဲ့ သတင်းကြားတာနဲ့ မမချိုအိမ်သွားဖို့ အဖော်မရှိတဲ့အတူတူ အဲဒီ လမ်းကြောင်း လိုက်သွား လိုက်ဦးမယ်ဆိုပြီး ကျွန်မ ရုံးက, နာရေး ကားနဲ့ ကလေးဆေးရုံ အအေးတိုက်ကို လိုက်လာခဲ့တယ်။ ကားပေါ်မှာ ယာဉ်မောင်းတဲ့ ထွန်းထွန်းနိုင်က …

`ဆရာမ ကိုယ်တိုင် လိုက်လာတာကောင်းတယ်ဆရာမ ။ ဒီကလေးက စည်ပင်သာယာဌာန မှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်း တစ်ယောက် ရဲ့ သမီးလေး။ အခု ဒီကလေးရဲ့ နာရေး ကို ရေဝေးသုဿန် စည်ပင်နဲ့ ကျွန်တော် တို့အသင်းနဲ့ ပေါင်းပြီး ကူညီကြတာ။ ရေဝေးစည်ပင်က အခေါင်းကူပြီး ကျွန်တော် တို့နာရေး အသင်းက ကားကူကြတာ``

ဆိုတော့ ကျွန်မလိုက်လာမိတာ အဆင်ပြေသွားသည်။

ကလေးဆေးရုံ အအေးခန်းရောက်လို့ အသက် ၈နှစ် အရွယ် သမီးလေး `နှင်းအိရွှန်းလဲ့`၏ အ လောင်းကို မြင်ပြန်တော့ ကျွန်မ ကြေကွဲရပြန်သည်။ ပါးလျားသေးသွယ်ပြီး ချစ်စဖွယ်မျက်နှာလေးနှင့် သမီးငယ်မှာ လောကကြီးအကြောင်းကို ဘာမှ လည်လည်ဝယ်ဝယ် မသိနားမလည်ခင်မှာ ပင် လူ့ပတ်ဝန်းကျင်ကို ကျောခိုင်းထွက်ခွာသွားခဲ့ပေပြီ။ ကလေး၏ အလောင်းကို အအေးခန်းထဲမှ ထုတ်ပြီး ကျွန်မတို့ ရုံးမှ ယာဉ်လုပ်သားကလေး နှစ် ယောက် ပါ ၀ိုင်းဝန်းပြင်ဆင်ပေးနေချိန်အထိ ကလေး၏ အမေ နှင့် အဖေ ရောက်မလာသေးပါ။ သည်အချိန်မှာ ရောက်နေပါကလည်း သွေးသားရင်းချာတစ် ယောက် အနေနှင့် ဘယ်လိုမှ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိနိုင်ရှာမည် မဟုတ်။

`ဟော … ကားတွေ လာပြီ။ ရှေ့ဆုံးက ကားမှာ သူ့အဖေနဲ့သူ့အဘွားပါလာတယ်´

ဘယ်သူက လှမ်းမြင်လိုက်သည်မသိ။ ထိုသအံကြားပြီး ခဏအတွင်း စပို့ရှပ်အနက် ရောင် နှင့် လူရွယ်တစ်ဦး ကလေးအလောင်နားရောက်လာပြီ…

`သမီး…သမီး…ဒီမှာ ကြည့်ပါဦး။ ငါ့သမီးလေး အိပ်နေတာကွ။ အိပ်နေတာ´

ဆိုပြီး ရှိုက်ကာ ရှိုက်ကာ ငိုပါလေတော့သည်။

ထိုအချိန်တွင် ကလေးအဘွား၏ ညီမ ဖြစ်သူ ဆရာမ တစ်ယောက် က ကျွန်မနှင့် မိတ်ဆက် စကားဆိုကြရင်း ကျွန်မကို ကလေးအကြောင်းပြောပြသည်။

`ဒီကလေးက သိပ်လိမ္မာတာ ဆရာမ ရဲ့ ။ နှစ် နှစ် အရွယ်တည်းက ကျောက်ကပ်မ ကောင်းတာ။ အဖေ အမေကလည်း ရအောင်ကုရှာတယ်။ အခု အမေက ဒုတိယကလေးမွေး ထားတာ ၂၁ရက်ပဲ ရှိသေးတော့ ခေါ်မလာရဲဘူး။ ကလေးက ကျန်းမာရေး မကောင်းလို့ ကျောင်းက ဆရာမ တွေ ကလည်း တအားစောင့်ရှောက်ကြတာ…။ သူကလည်း စာသိပ်ကြိုးစားတယ်။ အခု မဆုံးခင် သုံးလေးရက် လောက်ကတင် စာမေးပွဲကို အတင်းဖြေနေသေးတာ။ ဆရာမ က သူ ၃ပုဒ်လောက်ဖြေထားတာကို ကြည့်ပြီး သမီးအမှတ် ၁၀၀ ပြည့်နေပြီ တော် တော့ဆိုပြီး အိမ်ပြန်ပို့ ရတယ်။ သူ့အဒေါ် တစ်ယောက် ကလည်း ကျောင်းက ဆရာမ မို့ တော် သေးတာပေါ့´လို့ ပြောနေ တုန်း အခြား တစ်ယောက် ကကြားဖောက် ပြီ…..

`သူတို့ကျောင်းသား အချင်းချင်းလည်း ချစ်ကြတယ်။ သူကျောင်းလာတာမြင်တာနဲ့ ကလေး အချင်းချင်း ပြေးကြိုပြီး လွယ်အိတ်ကူသယ်ပေးတဲ့လူနဲ့၊ ထမင်းချိုင့် ဆီးယူတဲ့လူနဲ့´

`ဟိုတလောက သူတို့အိမ်ရောက်တော့တောင် သူ့ ညီမ, နီတာရဲလေးကို ထိုင်ကြည့်ပြီး… ညီမ လေး… ညီမလေးနဲ့ သည်းသည်းလှုပ်နေတာ ခုထိမျက်စိထဲက မထွက်ဘူး´

အစီအစဉ်မကျ တစ်ယောက် တစ်ပေါက်ပြောပြနေကြတဲ့ အသံတွေ ကြားမှာ ပဲ ကလေးအ လောင်းကို ခေါင်းထဲထည့်ပြီး ကျွန်မတို့ စိတ်မချမ်းမြေ့စွာ နဲ့ ရေဝေးသုဿန်ကိုခရီးဦးတည်ရပါတော့ တယ်။

နောက်တစ်နေ့မနက် ကျွန်မ အိပ်ရာကနိုး၍ ရေမိုးချိုးပြီးမှာ အိမ်အောက်မှာ ခေါင်းလောင်း ကြိုး ဆွဲသံကြား၍ ထွက်ကြည့်တော့ အသင်းမှ အစ်မ တစ်ယောက် ဖြစ်သည့် ဒေါ်ဥမ္မာစိုး ဖြစ် နေသည်။

`ဆရာမ ဒေါ်သန်းချိုဆီ သွားရအောင် လာခေါ်တာ။ လိုက်မလား´ ဆိုတော့ ကျွန် ရုတ်တရက် ၀မ်းသာသွားပြီ ….

`လိုက်မယ် …လိုက်မယ် … ခဏစောင့်´ဟု လက်ပြပြီး ကမန်းကတမ်းပြေးဆင်းခဲ့သည်။

`အတော် ပဲ မမရေ …။ ကျွန်မလည်း သွားချင်နေတာ။ တစ်ယောက် တည်းနဲ့ ဘာမှလည်း မ ပြောတတ်။ မမချိုကိုလည်း မကြည့်ရက်တာနဲ့ အဖော်စောင့်နေတာ´

`မမက ညက တစ်ခေါက်ရောက်ပြီးသွားပြီ။ သူ့သားလေးက နိုင်ငံခြားမှာ သေတာကို အပေါင်းအသင်းတွေ က အကြောင်းကြားပေမယ့် တကယ့်တရားဝင်သူ့အလုပ်ဌာနနဲ့ ပတ်သက်တဲ့ အကြောင်း ကြားစာရောက်ဖို့တို့၊ ဆက်သွယ်ဆောင်ရွက်ဖို့ အခြားကိစ္စတွေ အများ ကြီး လုပ်ရဦးမှာ ။ သူတို့ကလည်း လောလောဆယ် ထူပူပြီး ဒါတွေ ကို သေသေချာချာ စဉ်းစားနိုင်မှာ မဟုတ်လို့ အကြံဥာဏ်သွားတောင်းရအောင် ဒီမနက်လာခေါ်မယ်လို့မှာ ထားတယ်။ ဆရာမ လည်း မရောက် သေးဘူးဆိုတာ သိလို့ဝင်ခေါ် တာ …´

`ကျေးဇူးတင်လိုက်တာ မမရယ်´

အခုအချိန်မှာ မမချိုအတွက် လိုအပ်တာက အပေါင်းအသင်း ရောင်းရင်းများ ၏ ဖေးမကူညီ မှု နှင့် အကြံဥာဏ်အားပင် တကယ့်အပူနှင့်ကြုံလျှင် တရားချတတ်သည့် မမဒေ၀ီကလည်း ရိပ်သာ ၀င်နေသည်။ အသင်းမှာ ကြားသမျှ လူအပေါင်းက မမချိုအတွက် စိတ်မကောင်းကြ။ တတ်အား သမျှ အကြံဥာဏ်များ ပေးကြ၊ အဆက်အသွယ်များ ရှာပေးကြသည်။

`သားကြီးတို့ သားငယ်တို့ သူငယ်ချင်းတွေ လည်း လာကြတယ်။ သူတို့နဲ့ပတ်သက်ရာ ပတ် သက်ကြောင်း နိုင်ငံခြားက လုပ်ဖော်ကိုင်ဖက်တွေ ဆီကိုလည်း ဖုန်းလှမ်းဆက်ကြ၊ အကူအညီ တောင်းပေးကြပါတယ်။ သားငယ်ရဲ့ အလောင်းက ကမ်းရိုးတန်းသင်္ဘောဆိပ်ကမ်းတစ်လျှောက် ဖြစ်တဲ့ စီဘူးမြို့လေးက ဆေးရုံမှာ လို့ပြောတယ်။ ကိုယ် ကတော့ ခုချိန်ထိ မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေတုန်းပဲ´

`၂၀ ရက်နေ့က ရေထဲကျတာ…။ ၂၃ရက်နေ့မှ အလောင်ပြန်ပေါ်တယ်တဲ့။ မလေးရှားသ တင်းစာထဲမှာ ပါတယ်လို့ပြောတယ်။ ကိုယ်လိုက်သွားပြီး ကိုယ့်သားလေးအလောင်းကို ကြည့်ချင် လိုက်တာ….။ ဒါမှမဟုတ် ကိုယ့်သားလေးအလောင်းကို မြန်မာပြည် ပြန်သယ်ရင်ကောင်းမလား… ကိုယ်ဘာလုပ်ရင်ကောင်းမလဲဟင်´´

သူက ကျွန်မတို့ကို အားကိုးတကြီး အကြံဥာဏ်တောင်းသော်လည်း ကျွန်မပေးသော အကြံ ဥာဏ်က … သူ့အတွက် ကျေနပ်ဖွယ်မရှိမှာ တော့ သေချာသည်။

`မမချိုရယ် …. မမချို အဲဒီ တိုင်းပြည်၊ အဲဒီ မြို့ကလေးအထိသွားရမှာ လွယ်တာမှမဟုတ်ဘဲ။ ပိုက်ဆံကအများ ကြီးကုန်မှာ ။ ပြီးတော့ ကိုယ့်အသက်အရွယ်၊ ကိုယ့်ကျန်းမာရေး နဲ့ သူများ နိုင်ငံမှာ တစ်ခုခု ဖြစ်နေရင် ဘယ်နှယ့်လုပ်ပါ့မလဲ။ အဖော်ခေါ်သွားရအောင်ကလည်း စရိတ်စက,က ဘယ် တတ်နိုင်မှာ တုန်း၊ အလောင်းကို မြန်မာပြည်ပြန်သယ်တော့ရော ငွေကုန်ကြေးကျများ တာ။ အခက် အခဲရှိတောတွေ ကို ထားပါဦး။ မမချိုသားက ရေထဲမှာ ၃ရက်နေမှ ပုပ်ပွပြီး ပြန်ပေါ်လာတာလေ။ ကိုယ့်ဆီက ထွက်သွားတဲ့ ကိုယ့်သားလေး ရုပ်အတိုင်းမှ မဟုတ်တော့တာ။ မမ ဘယ်လိုလုပ်ပြီး ခံစားနိုင်မှာ လဲ`

ကျွန်မ ကိုယ်ချင်းမစာ၍ ပြောခြင်းမဟုတ်ပါ။ မမချိုတို့ မိသားစု၏ ကျန်းမာရေး နှင့်စီးပွားရေး ကို ငဲ့ကွက်၍ မ ဖြစ်မနေပြောလိုက်ရခြင်းသာ ဖြစ်ပါသည်။

`အင်း …. ဦးစန်းမြင့်ကလည်း ဒီလိုပဲ ပြောပါတယ်။ ဦးစန်းမြင့်ကလည်း လာသွားတယ်။ သူ လည်း သားငယ်နဲ့ ပတ်သက်တဲ့အဆက်အသွယ်ရဖို့ကိစ္စတွေ ကူညီနေပါတယ်´

ဦးစန်းမြင့်က ကျွန်မတို့အသင်းမှာ တော့ အတွင်းရေး မှူး ဖြစ်သည်။

သားသမီးရှိတဲ့ မိဘတိုင်း သူ့ရင်ထဲကို ၀င်ခံစားကြည့်၍ ရပါလျက်နှင့် ကျွန်မဘာဆက်ပြော ရမှန်းမသိ ဖြစ်နေသည်။

ပို၍ ဆိုးသည်က နောက်တစ်ခေါက် ကျွန်မအသင်းမှ လုပ်ဖော်ကိုင်ဖက် မောင်နှမများ ဖြစ် သည့် ဒေါ်တင်တင်ဦး၊ ကိုချိုသန်း၊ ကိုရဲဝင်းအောင်တို့နှင့် သွားသော အခါ သူ့ရင်ထဲမှ ပွင့်ထွက်လာ သော စကားလုံးအချို့က ကျွန်မတို့ရင်ထိခိုက်နာကျင်သွားပြန်တော့သည်။

`တကယ်တော့ ကိုယ့်သားငယ်လေး သေရတာ ကိုယ့်ကြောင့်၊ ကိုယ့်သားလေးက အခုမှ အသက် ၂၄နှစ် ပဲရှိသေးတာ။ သူလာချင်တဲ့အချိန်သာ ကိုယ်ပြန်လာခွင့်ပြုလိုက်ရင် ကိုယ်တို့လင် မယား သေတဲ့အထိ သူနဲ့နေသွားရမှာ ။ ကိုယ့်အတွက် တစ်သက်လုံး ယူကျုံးမရ ဖြစ်နေရမှာ က နာရေး ကူညီမှု အသင်းမှာ လုပ်နေသမျှ သူများ အလောင်းတွေ မရေမထွက်နိုင်အောင် လိုက်ပြီးသယ် ပေး၊ သဂြိုံဟ်ပေးနေတဲ့သူက ကိုယ့်သားလေးကျတော့ အလောင်းတောင် မြင်ခွင့်မရတော့တာကို ဘဲ´

သြော် … လောကကြီးထဲမှာ တချို့အ ဖြစ်အပျက်တွေ ဟာ အတော် လည်း ဆန်ကြယ်လှပါ ပေတယ် ……။

(နိုင်ငံခြားတွင် ကွယ်လွန်သွားသော မောင်အောင်ဖြိုးဝေနှင့် သမီးလေးနှင်းအိရွှန်လဲ့တို့ ၀မ်း နည်းခြင်းအမှတ်တရ)

၂၀၀၆ခုနှစ် ၊ ဇွန်လ ကလျာမဂ္ဂင်ဇင်း



ဝန်ဇင်းချစ်သူများ သန်းမြင့်အောင် ၏ “ ကျွန်မနှင့် ဘ၀များစွာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သူ၏ကောင်းကင်

ချစ်ကြိုးဖွဲ့သီ

အငွေ့ပျံခြင်း