စာရေး သူ၏ ကျေးဇူးစကား
ပထမဆုံး ကျေးဇူးစကား ပြောချင်တာ ကတော့ မကြားနိုင်တော့ပြီး ဖြစ်သော ဆရာဦးထွန်း လွင်၏ မိခင် ဒေါ်အေးကြီးနှင့် တကွ မိခင်မျိုးနွယ်စုတွေ ကိုပဲ။ ပုံပြု စံထားလောက်တဲ့ မိခင်ကောင်း တစ်ယောက် အ ဖြစ် ကျွန်မတို့ အမျိုးသမီးများ ကို အတုယူဖွယ် အားမာန်တွေ ပေးသွားတဲ့ ကျေးဇူး တရားကို ဦးစွာ မမေ့မလျော့ ဂါရ၀ပြုပါတယ်။
ဒုတိယအနေဖြင့် ကျွန်မကို ဒီစာအုပ်ကလေး ရေး ဖြစ်အောင် မွေးရပ်မြေကို တကူးတက် တပင်တပန်း လိုက်ပို့ပေးခဲတဲ့ ဒေါက်တာဦးထွန်းလွင်၊ အမှာ စာ ရေး သားချီးမြှင့်ပေးသော ဆရာမ ဒေ၀ီသန့်စင် နှင့် ကျွန်မမေးသမျှ စိတ်ရှည်လက်ရှည် ဖြေကြားပေးသော မိသားစုဝင်များ ၊ ဒေသခံ များ ၊ မိတ်ဆွေအပေါင်းအသင်းများ နှင့် စာရေး ဖြစ်အောင် အစစအရာရာ ကူညီပံ့ပိုး တိုက်တွန်ကြ သော မောင်နှမများ ၊ ညီအစ်မများ ၊ စားပေအသိုင်အ၀န်းများ ၊ စားရေး သားခဲ့သော ယာယီခရီးစဉ်များ အတွင်းမှ နေရာထိုင်ခင်းပေးခဲ့ကြသူများ ၊ စာအုပ်အချိန်မှီ ထွက်ရှိနိုင်အောင် ကူညီဝိုင်းဝန်းကြသော စာပေလောကသားများ အားလုံးကို အထူးတလည် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ…။
သန်းမြင့်အောင်
* * *
ကောင်းကင်မေမေသို့ တမ်းချင်း
ကျွန်တော် တို့ညီအစ်ကို မူလတန်းကျောင်းသားဘ၀မှာ အဖေဟာ အထက်အညာက ကြက် တကောင်သူနဲ့ နောက်အိမ်ထောင်ကျတော့ မန္တလေးကို ပြန်လာပြီး ဖားသားလဖုန်းကျောင်း (သာ သနာပြုကျောင်း)မှာ ကျောင်းတက်နေတဲ့ ကျွန်တော် တို့ ညီအစ်ကိုနှစ် ယောက် ကို ကျောင်းက ထုတ်ပစ်ခဲ့ပြီး နောက်အိမ်ထောင်ရှိရာ အညာကိုပြန်တက်သွားခဲ့တယ်တဲ့ဗျ။ တောက တက်လာခဲ့ တဲ့အမေနဲ့ကျွန်တော် တို့ ညီအကိုနှစ် ယောက် ကို မန္တလေးမှာ ထားခဲ့ပြီး ငါတော့ဒီကလေးတွေ အ တွက် ဘာတာဝန်မှမယူတော့ဘူးဆိုတဲ့ သဘောပေါ့ဗျာ။ဒါကို ကျွန်တော် က ငယ်လွန်းတော့ မမှတ် မိဘူးဗျ။ အဲဒါ အခုအမေ့ကြောင်း ဆရာမ သန်းမြင့်အောင်က စားအုပ်ရေး မယ်ဆိုတော့ ငယ်ငယ် တုန်းက မန္တလေးမှာ ကျွန်တော် တို့နဲ့အတူ လာနေသွားတဲ့မမသန်း (ဖအေတူ အမေကွဲ အဖေ့ရဲ့က ပထမဆုံးအိမ်ထောင်နဲ့ ရတဲ့အမ)က ပြန်ပြောမှ ကျွန်တော် သိရပါတယ်။ ဆရာမ ရဲ့ ကျေးဇူးတွေ အများ ကြီးပါ။
ကြည့်စမ်း။ ကျွန်တော် တို့ကို အဖေ ထားခဲ့ပြီး ဘာတာဝန်မှမယူတော့ပဲ အမေ့လက်ထဲ ၀,ကွက်အပ်သွားတော့ ကျွန်တော် တို့ဘာမှမသိသေးတဲ့ လူမမယ်အရွယ်မှာ ပဲ ရှိပါသေလား။ ကျွန် တော် တို့ဘ၀ ကျွန်တောတို့ ဘာမှမဖန်တီးနိုင်သေးတဲ့အရွယ်။ ဒီတစ်ခါ အမေ့မှာ ရွေးစရားလမ်းတွေ ရှိနေခဲ့ပါတယ်။ လင်စွန့်ပစ်ခံမိန်းမသားတစ်ဦးအနေနဲ့ အားကိုအားထားရှိရာ မိဘဆွေမျိုးတွေ ဆီ ရွာကိုပြန်မလား။ ရွာမှာ လည်း လယ်ပိုင်ယာပိုင် မိစုံဖစုံ မောင်နှမသားချင်းအစုံနဲ့။ ရွာကလည်း ရန်အောင်မန်းဘတ်စ်ကား စီးသွားရင်တောင် ကြာလှ တစ်နာရီခွဲသာသာမောင်းပဲ ဝေးပါတယ်။ ဒါမှမဟုတ် ကျောင်းလခတွေ ကြီးမြင့်တဲ့ သာသနာပြုကျောင်းကထုတ်ပြီး ကျောင်းလခ သက်သာ တဲ့အစိုးရကျောင်းကို ပြောင်းထားမလား။ အမေ လုပ်နိုင်တာပဲ။ဒါပေမဲ့ အမေ မလုပ်ခဲ့ဘူးဗျ။ သာသနာပြုကျောင်းမှာ ပဲ ကိုယ်အားကိုယ်ကိုးပြီး အဆင်းရဲအမျိုးမျိုးခံ ထီးတိုင်တန်းဈေးလေးထဲ ကြက်သွန်ကို ဗန်းလေးနဲ့ ချရောင်းတဲ့ဘ၀အထိ ပင်ပင်ပန်းပန်း ကျရာအလုပ်လုပ်ပြီး ကျောင်းထား ပေးခဲ့တယ်။
သြော်…အမေရယ်၊ ဒီအင်အားတွေ ၊ သတ္တိတွေ ၊ အနစ်နာခံမှု တွေ ၊ ပေးဆပ်မှု တွေ … ဘုန်း ကြီးကျောင်းစာ သေစာ ရှင်စာလောက်သာတက်တဲ့ လင်စွန့်ပစ်ခံ မုဆိုးမတစ်ပိုင်း မြန်မာတောသူ ကြီးကိုဘယ်အရာတွေ ကများ ခွန်အားတွေ ပေးခဲ့ပါလိမ့်။ အကယ်၍ သာ အမေ အဲ့ဒီတုန်းက ရွာကို ပြန်သွားခဲ့ရင် ကျောင်းကနှုတ်ပြီး ပညာရေး ကို ဦးစားမပေး၊ ပညာအမွေ မပေးခဲ့ရင် ကျွန်တော် ဟာ ဒီဘ၀ကို ရောက်လာနိုင်ပါ့မလား။
ကျွန်တော် ဟာ ပထမဆုံး ပြည်ပစာပေဟောပြောပွဲအ ဖြစ် ၂၀၁၁ နိုဝင်ဘာလထဲမှာ စင်ကာ ပူနိုင်ငံကို သွား ဖြစ်ခဲ့ပါတယ်။ တစ်ယောက် တည်းတော့ မဟုတ်ပါဘူး။ စာပေမိတ်ဆွေကြီးတွေ ဖြစ် ကြတဲ့ ဆရာဦးမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာအော်ပီကျယ်၊ ဆရာမြင့်မောင်းကျော်တို့နဲ့အတူ ဖြစ် ပါတယ်။ ဟောပြောပွဲပြီးတော့ ပြည်ပရောက်နေကြတဲ့ လူငယ်အုပ်စုတွေ ထဲမှာ တွေ့ လိုက်ရတာ က တော့ သူတို့အားလုံးမှာ အမိနိုင်ငံအတွက် ဂုဏ်ယူလိုစိတ်လေးတွေ ရှိနေကြတယ်ဆိုတာပါပဲ။ ကျွန် တော် ဆိုတာပါပဲ။ ကျွန်တော် ရဲ့ ဟောပြောချက်တွေ မှာ ကျွန်တော့ရဲ့တစ်ဘ၀တာ လေ့လာချက် တွေ ၊ လုပ်ငန်းအတွေ့ အကြုံတွေ ၊ ကိုယ်တွေ့  အသိတွေ တောတောသဘောကျ နှစ် ခြိုက်ကြတာကို တွေ့ ရပါတယ်။ စင်ကာပူမှာ တော့လူငယ်ကပရိသတ်တွေ က ဒီထဲကအချက်အလက်တွေ ကို ကမ္ဘာက သိသွားသည်အထိပုံနှိပ်ဖြန့်ဝေဖို့ကို ကျွန်တော် နေတဲ့အိမ်အထိလာရောက်အကြံပြုကြပါတယ်။ ကျွန်တော့်ရင်ကို သိမ့်တုန်ရိုက်ခတ်စေတဲ့ စကားတစ်ခွန်းကို ပြောသွားကြပါတယ်။
“ကျွန်တော် တို့နိုင်ငံမှာ ဒီလိုပညာရှင်မျိုး ရှိတယ်ဆိုတာကို ကျွန်တော် တို့ အလွန်ဂုဏ်ယူပါ တယ်” တဲ့လေ။
ဒီစကားတွေ ဟာ ကျွန်တော့ရင်ကို အရှိန်ပြင်းစွာ ရိုင်ခတ်သွားစေခဲ့ပါတယ်။ အခုတော့ ကျွန် တော့ကအများ ပြည်သူတွေ က 'မိုးလေ၀သပညာရှင်ဦးထွန်းလွင်' ‘လူထုဦးထွန်းလွင်’ ပြည်သူလူထု ကိုစောင့်ရှောက်တဲ့ ဦးထွန်းလွင်’တဲ့။ တကယ်တော့ကျွန်တော် ဒီလိုအပြောခံရတဲ့ဘ၀မျိုးရောက် လာအောင် ကျွန်တော့ကို ခေါင်းရွက်ဈေးသည်ဘ၀နဲ့ ဈေးရောင်းပြီး ကျောင်းထားပေးခဲ့တဲ့၊ အဆင်းရဲအမျိုးမျိုးခံ ဘ၀ကိုရုန်းကန်ပြီး အံကြိတ်ပညာသင်ပေးခဲ့တဲ့ ကျွန်တော့ကျေးဇူးရှင် ကတော့ မွေးမိခင်ကြီးပဲ ဖြစ်ပါတယ်။ ကျွန်တော် ဂုဏ်ပြုခံရလေ ကျွန်တော့အမေရဲ့ အနစ်နာခံရကျိုး နပ် လေ၊ အမေ့ရဲ့ ဂုဏ်သိက္ခာတွေ တက်လေ မဟုတ်ပါလားဗျာ။ အမေဟာ ကျွန်တော့် တွက် တုနှိုင်း စရာကင်းတဲ့ ထာဝရကျေးဇူးရှင်၊ အမေဟာ မြန်မာအမျိုးသမီးများ ကိုယ်စားပြု စံပြမိခင် ကောင်းအာဇာနည်၊ အမေရဲ့ကျေဇူးတွေ ဟာ အနန္တမို့ အမေ့ရဲ့ကျေးဇူးတော် အမိုးအောက် က ကျွန်တော် ဘယ်လိုမှ မလွတ်နိုင်တဲ့ 'ကောင်းကင်မေမေ’။
တကယ်တော့အမေဟာ မိုးတွင်း တစ်တွင်းလုံး နွားနဲ့ယာရုန်းပြီး နဖူးကချွေး ခြေမကျအောင် ကြိုးစားရုန်းကန်ခဲ့လို့ ရွှေရောင် ၀င်းမှဲ့ နေတဲ့ လယ်ကွင်းကြီး ဖြစ်အလာ အားရရွှန်လန်းစွာ နဲ့ လယ်ကွင်းကြီးကိုကြည့်ရန် အသွား၊ လမ်းမှာ ပိုးထိခံရတဲ့ လယ်သမားကြီးလို ဖြစ်ခဲ့ရတာ ပါလား။
ဘ၀တစ်ပါးက အမေ သားဘ၀အတွက် ကျေနပ်ဝမ်းမြောက်နိုင်ပါစေ။
မောင်ထွန်းလွင် (မိုးလေ၀သ)
၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁ရက်
* * *
ဆရာမ ဒေ၀ီသန့်စင်၏ အမှာ စာ
ကျွန်မကို ညီမသန်းမြင့်အောင်က မိုးလေ၀သ ဦးထွန်းလွင်ရဲ့ ဘ၀အကြောင်း တစ်စိတ်တစ် ဒေသကို သူရေး တဲ့စာအုပ်မှာ ဆရာဦးထွန်းလွင်နှင့် ပတ်သတ်တဲ့ ကျွန်မရဲ့အမြင်အလေးနည်းနည်း လောက်ကို အမှာ စာ ရေး ပေးခဲ့ပါလို့ တောင်းခံလာပါတယ်။
ညီမသန်းမြင့်အောင်ရော ဆရာဦးထွန်းလွင်ရောဟာ ကျွန်မအတွက် မောင်နှမရင်ချာတွေ လို ချစ်ခင်ရင်းနှီးရသူတွေ ပါ။
အများ နည်းတူ ရုပ်မြင်သံကြား မိုးလေ၀သအစီအစဉ်ကနေ ဆရာကြီး ဦးထွန်းလွင်ကို စတင် မြင်ဖူးခဲ့တာပါ။ အထူးသဖြင့် လချုပ်မိုးလေ၀သ ဟောပြောချက်ကို အလေးထား ကြည့် ဖြစ်ခဲ့ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေ ကို ဆောင်ရွက် လုပ်ကိုင်နေသူ တစ်ယောက် မို့ စိတ်ဝင်းတစား နားထောင်မိတာလည်း ဖြစ်ပါလိမ့်မယ်။ ဆရာကြီးရဲ့ ရှင်းလင်းတင်ပြ ချက်တွေ မှာ စေတနာအပြည့်ပါဝင်နေတယ်ဆိုတာ ရေရှည်နားထောင်လာလေ တွေ့ ရှိလာလေပါပဲ။ လေးနက်ရှုပ်ထွေးတဲ့ ဘာသာရပ်တစ်ခုကို အများ ပြည်သူ သဘောပေါက်နားလည်လွယ်အောင် ရှင်းပြနိုင်ခြင်းဟာ စေတနာအရင်းခံရဲ့ ရလဒ်ပဲလို့ ခံစားမိခဲ့တယ်။ ဒီခံစားချက်ကြောင့် မိမိထုတ်ဝေ ဖြန့်ချီနေတဲ့ ‘အောင်ပင်လယ် လူမူဝန်းကျင်မဂ္ဂဇင်း’ အတွက်လူချင်း လုံးဝမသိမြင်ဘူးဘဲ ဖုန်းနဲ့ ဆောင်းပါး တောင်း ဖြစ် သွားပါတယ်။ အသိအကျွမ်းမဟုတ်ပေမဲ့ ဟိတ်ဟန်မရှိ ပကတိလေသံနဲ့ ‘ရေး ပေးရမှာ ပေါ့ ဆရာမ ရယ်…တဲ့’။ ဆောင်းပါးယူဖို့ ဖုန်ဆက်လိုက်တော့ ‘ကျွန်တော် ခရီးတွေ ၊ အစည်းအဝေးတွေ နဲ့ မရေး ရသေးဘူး ဆရာမ ရေ…’ဆိုပြီး တောင်းပန်ရင်း..ဆရာကြီးပင်စင်သာ ယူရောအောင်ပင်ခယ်မဂ္ဂဇင်းအတွက် ဆောင်းပါး မရခဲ့ပါဘူး။
ဒါနဲ့ သဘာသပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲတွေ သွားမိမိကို ဖိတ်တဲ့အခါအ ဟောပြောကောင်းတဲ့ ဆရာကြီးကို သတိသွားရမိပြန်တယ်။ ဆရာ့ဆီ ဖုန်းဆက်ပြီး ဆောင်းပါးမရေး ပေးနိုင်သေလည်း လိုက်ဟောပြောပေးဖို့ ဖိတ်မိပြန်ရော။ လူချင်းပထမဆုံးအကြိမ်တွေ့ တာနဲ့ ‘ဆရာမ အတွက် ခု ဆောင်းပါးရေး ပေးဖို့ အချိန်ရပြီ၊ ရေး ပေးမယ်နော်၊ ဌာနမှာ တုန်းက မရေး ပေးခဲ့ရ တာ အားနာပါတယ’် တဲ့။ အခုတော့ ဆရာကြီးနဲ့ လူသားမျိုးနွယ်တွေ အားလုံးနေထိုင်တဲ့ ကမ္ဘာမြေ အတွက် အတူလက်တွဲ ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းတွေ ကိုဆောင် ရွက်လျက် ရှိနေပါပြီး။ ဆရာကြီးရဲ ကတိစကားအတိုင်း အောင်ပင်လယ်မဂ္ဂဇင်းအတွက် ဆောင်းပါး တွေ လည်း လစဉ်မပြတ် ရေး ပေးနေပါတယ်။ ဆရာကြီးနဲ့မြို့နယ်အစုံ သဘာဝပတ်ဝန်းကျင်ဟော ပြောပွဲတွေ အသွားများ လာတော့ ဆိုရိုးစကား ရှိတယ်လေ။ ‘ကြာကြာဝါးမှခါးမှန်းသိတယ်’ တဲ့။ ဒါပေမဲ ဆရာကြီးနဲ့ သွားအတူ လာအတူ ရှိခဲ့သမျှ အခါးဓာတ်တော့ မရခဲ့ပါဘူး။ ချိုမှန်းသိလာရ တော့(ပွင့်လင်းရိုးသား ကတိတည်သူ) ဆရာကြီးကို လေးစားခင်မင်မိပါတယ်။ ဒါပေမဲ့ တချိုလူတွေ က ‘ နာဂစ်မုန်တိုင်း ’ ကိစ္စနဲ့ ပတ်သတ်ပြီး ဆရာကြီးအပေါ် ထင်မြင်လွှဲမှားမူတွေ ရှိနေကြပါတယ်။ တစ်ခါတစ်လေ စာရေး သူကို ဟောပြောဖို့ ဖိတ်လို့ ဆရာကြီးလည်း ဖိတ်ပေမယ်လို့ ပြောမိရင် ‘မဖိတ်ချင်ပါဘူး’ နာဂစ်မုန်တိုင်းက ဆရာကြီင်္းကြောင့် လူတွေ အများ ကြီး ဒုက္ခရောက်သွားတာလို့ ပြန်ပြောသူကပြော၊ ဆရာကြီက အချိန်မီ သတင်းမထုန်ပြန်လို့ လူတွေ မသေသင့်တဲ့ ဒုက္ခရောက် ကန်ကြရတယ် ကြားတယ်၊ ဟုတ်လား ဆရာမ ’ လို့ မေးခွန်းတွေ ခဏခဏ အမေးခံလာာရတော့ ဆရာကြီးအတွက်စိတ်မကောင်း ဖြစ်မိတာ အမှန်ပါ။ ဒီတော့မိတ်ကောင်း ဆွေကောင်းတိုမည် သည် ဆိုတဲ့ ထုံးနှလုံးမူပြီ်း ဆရာကြီးကို အားနာနာနဲ့ပဲ ဖြစ်ကြောင်းရယ် ကုန်စင် ပြောပြခဲ့ရပါတယ်။
“ ဆရာကြီး လူတစ်ချို့ရဲ့ ထင်မြင်ယူဆချက်အမှားတွေ ကိုဟေပြောပွဲကတစ်ဆင့် အ ဖြစ်မှန် ကိုရှင်ပြသင့်နေပါပြီ၊ အမှန်တော့ မြန်မာနိုင့်ငံမှာ မိုးလေ၀သပညာရှင် ရှားပါးလိုအပ်နေတာ ဆရာ ကြီးသိတယ်၊ ဒီပညာရပ်နဲ့ နိုင်ငံခြားမှာ ဒေါ်လာအမြင့်ဆုံးနဲ့ခေါ်ပေးခဲ့တဲ့ ရာထူးတွေ ကို လက်လွတ် ပြီး တို့မြန်မာနိုင်ငံမှာ လည်း မိုးလေ၀သပညာရှင်တွေ လိုအပ်တယ်ကွလို့ပြောပြီး ကိုယ်တိုင်အသိ စိတ်ဓာတ်နဲ့ လူထုတွေ ကို မိုးလေ၀သနဲ့ ဆက်နွယ်နေတဲ့ စိုက်ပျိုးရေး ဆိုင်ရာပါမကျန် အသိပညာ ရပ်တွေ ကို ပို့ချပေးနေတဲ့ ဆရာကြီးမို့ လွဲမှားနေတဲ့ ထင်မြင်ချက်တွေ ကို ရှင်းပြစေခြင်တာပါ”
လို့ အကြံပေးပြောခဲ့မိတယ်။ ဆရာကြီးကလည်း ဟောပြောပွဲတိုင်းမှာ ‘ ပညာရှင်တစ် ရောက်အနေနဲ့ သက်ဆိုင်အထိ ကြိုတင်ဆောင်ရွက်နိုင်ရန် သတင်းပေးပို့ခဲ့ကြောင်း၊ ထုန်ပြန်ကြေ ညာခွင့်ကို ယခုလိုအရေး ကြီးတဲ့ကာလမှာ ပညာရှင်အနေနဲ့ လုပ်ပိုင်ခွင့် မရှိပါဘူး’ ဆိုတဲ့ အချက်အ လက်တွေ ကို ဖြေရှင်းပြလိုက်တော့…
အခုဆိုရင် မေတ္တာစေတနာ အရင်းခံ ပွင့်လင်းရိုးသာတဲ့ ဆရာကြီး ဦးထွန်းလွင်(မိုးလေဝသ - ငြိမ်း)ကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘ၀နဲ့ ပွဲတိုင်းကျော် လက်မလည်အောင်ကနေ (ဟောနေ/ ပြောနေ/သွားနေ)ရတဲ့ မင်းသားကြီးအ ဖြစ် အများ ပြည်သူတွေ က ဘွဲတံဆိပ် ခတ်နှိပ်အပ်နှင်းခြင်း ခံနေရဲပြီ ဖြစ်ကြောင်း… ကြေညာမောင်းခတ်ရင်း ဆရာကြီးရဲ့ ဘသတစေ့တစောင်းဆီသို့ ဆက် လက်ကမ်းလှမ်း ဖတ်ရှုကြပါရန်…။
ဒေ၀ီသန့်စင်
အယ်ဒီတာချုပ်
အောင်ပင်လယ် လူမှု ၀န်းကျင်ကဂ္ဂဇင်း
(၁၇-၁၁-၂၀၁၄)
* * *
သူ၏ ကောင်းကင်
အခန်း(၁)
ကောင်းကင်သည် သူ၏ ရင်ဘတ်ပေါ်သို့ မကြာခဏ ပြိုကျနေဟန်တူပါသည်။ မြောက်များ စွာ သော လူထုပရိတ်သတ်တို့၏ ရှေ့စကားပြောစင်မြင့်ထက်မှာ သည်စကားကို ဆိုမိတိုင်း မကြာ ခဏ ချုံးပွဲချငိုကြွေးမိတတ်သော ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ယောက် ကို တွေ့ ဖန်များ လာ သော အခါ ကျွန်မ သည်စာကို ရေး ဖြစ်ပါတော့သည်။
"အတန်းထဲမှာ ကျောင်းလခမပေးရသေးတဲ့လူတွေ မတ်တတ်ရပ်ဆိုရင် ကျွန်တော် တို့ညီအ ကိုနှစ် ယောက် ဟာ လိုင်စင်ဆွဲထားသလိုပဲ"
“အမေက ပြုံးပြီး သားရယ် ရှက်သလား၊ အားငယ်သလား၊ အားမငယ်ပါနဲ့သားရယ်၊ အမေ တစ်ယောက် လုံး ရှိပါတယ်၊ ကျောင်းလခက ဒီနေ့မပေးနိုင်ရင် နောက်နေ့ပေးနိုင်မှာ ပေါ့တဲ့"
"မနက် ချမ်းချမ်းစီးစီ လေးနာရီလောက်မှာ စက်ဘီးနောက်မှာ အမေ့ကိုတင်ပြီး ဈေးပို့ရ တယ်၊ လူက အိပ်ချင်မူးတူးနဲ့ အမေ ပုံရောင်းဖို့ဝယ်မယ့် အာလူး၊ ကြက်သွန်ပွဲရုံရဲ့ ပိတ်ထားတဲ့ တံ ခါး ပေါက်ရှေ့မှာ သားအမိနှစ် ယောက် တည်းကုပ်ကုပ်ကလေး အကြာကြီးထိုင်ပြီး စောင့်နေတာ နေ့တိုင်းပါပဲ။ ကျွန်တော် ကမနေနိုင်တော့တဲ့တစ်နေ့မှာ အမေ့ကို ပြောမိတယ်။ အမေရယ် ဈေးက ၆ နာရီလောက်မှ ခင်းရတာ ၊ ပွဲရုံကလည်း တော် တော် နဲ့မှ မဖွင့်တာ၊ အစောကြီးထလာရတော့ အိပ်ရေး ပျက်တာပေါ့၊ မနက်လင်ခါနီး မှ လာလည်းရသားနဲ့လို့ပြောတော့ အမေက ငါ့သား ဒီပွဲရုံက မနက်ဆိုင်ဖွင့်ဖွင့်ချင်း ဈေးဦးဖောက်တဲ့ ဖေါက်သည်ကို တစ်မတ်၊ ငါးမူး လျှော့ပေးတာ၊ ဒါကြောင့် အမေတို့ လျှော့ဈေးလေးရဖို့ ဦးအောင်လာစောင့်ရတာ ပေါ့ သားရယ်" တဲ့။
ကျွန်တော် အဲ့ဒီတုန်းက ကျွန်တော် တို့သားအမိရဲ့ ပုံရိပ်ကို ခုပြောရင် ငိုချင်တယ်။ "ဆင်းရဲ တဲ့ ဘ၀များ ခါးသီးလိုက်တာနော်"
အဲ့ဒီသူ့ရဲ့ခံစားမှု ဟာ ကျွန်မတို့ဆီကိုပါ အရှိန်အဟုတ်နဲ့ ကူးစက်ခဲ့တာ အကြိမ်ကြိမ်ပါပဲ။
" အဖေက မိန်းမလေးယောက် ရခဲ့တာ၊ ကျွန်တော့်အမေက တတိယမြောက်၊ အံ့အောစရာ ကောင်းတာက အဖေ့ရဲ့ အရင်မိန်းမက မွေးတဲ့သားသမီးတွေ ရော၊ နောက်မိန်းမနဲ့ရတဲ့သားသမီး တွေ ကရော၊ အမေ့ကို အရမ်းချစ်ကြပြီး အမေကလည်း သူတို့ကို ကျွန်တော် တို့ ညီအကိုနဲ့တန်းတူ ချစ်ပြီး ကျွေးမွေးစောင့်ရှောက်နိုင်တာကိုပါ"
အဲ့ဒီအကြောင်းတရားတွေ က ကျွန်မအတွက် စာတစ်စောင်ပေတစ်ဖွဲ့ ဖြစ်လာစေတဲ့ တွန်းအားတွေ ပါပဲ။
* * *
![]() အထူအပါး (ဝတ္ထုတိုစုစည်းမှု) | ![]() သဏ္ဍာန်မဲ့ထုထည် ၀တ္ထုတိုစု | ![]() အငွေ့ပျံခြင်း |