သန်းမြင့်အောင်က မဂ္ဂဇင်းတွေ ထဲမှာ သူရေး ခဲ့တဲ့ ၀တ္ထုတိုကလေးတချို့ကို စုစည်းပြီး ၀တ္ထုတိုပေါင်းချုပ်စာအုပ်ကလေး ‘သဏ္ဍာန်မဲ့ထုထည်ဝတ္ထုတိုစု’ ဆိုတဲ့ နာမည် နဲ့ ထုတ်ဝေမယ်လို့တဲ့။ အဲဒီ စာအုပ်မှာ “အမေ့ရဲ့ အမှာ စကားလေးတစ်ခုခု ပါချင်ပါတယ်၊ သန်းမြင့်အောင်ဆိုတာကလည်း ငါ့သမီး တစ်ယောက် လိုပါပဲလို့ အသိအမှတ်ပြုသော အားဖြင့် ရေး ပေးပါ” လို့ စာရေး လာပြီး သူ့ဝတ္ထုတိုပေါင်းချုပ် စာမူကလေးတွေ ကော်ပီယာ (မိတ္တူ)နဲ့ ကူးထားတာကို ပို့ပေးလိုက်တယ်။ သူ့စာနဲ့အတူ ကမာရင်ခွဲဝတ္ထုတိုပေါင်းချုပ်ရေး ခဲ့တဲ့ မိချမ်းဝေကလည်း ကူညီတောင်းခံပေးတဲ့ စာတစ်စောင်ပါ ပါသေးတယ်။
သန်းမြင့်အောင်ကို ကျွန်မက စာတော့မရေး ဘဲနဲ့ လူမှု ရေး ကိစ္စပေါင်းစုံနဲ့ အချိန်ကုန်ရသလားလို့
တွေ့ တုန်း ‘စာရေး ဦးနော်၊ စာလည်း ရေး ဦးနော်’ လို့ သတိပေးနေတာပါ။ ဒီမိန်းကလေးက စာရေး ရင်လည်း ကောင်းတယ်။ ဒါပေမယ့်သူက လူမှု ရေး တွေ မှာ လည်း ၀ါသနာလည်းပါ၊ စိတ်ပါလက်ပါလည်း လုပ်တတ်တော့ သူ့လက်က စာထွက်သင့်သလောက် မထွက်ဘူး။ ကျွန်မက အရည်အချင်းရှိတယ်ဆိုရင် ရေး ဖြစ်စေချင်တယ်။ စာဆိုတာ ရေး မှ ထွက်တာပါ။
ကျွန်မတို့နိုင်ငံမှာ ယောက်ျားနဲ့မိန်းမ အဆင့်အတန်းခွဲခြားမှု နည်းပါးပါရဲ့ ဆိုပေမဲ့ ရှိသင့်သလောက်တော့ ရှိပါတယ်။ စာပေမှာ တောင် ‘စီလို့သာကုံးရ စာလုံးတယ်မလှလေဘု မိန်းမလက်ရေး ’ ဆိုတာ ဟိုခေတ်က ပြယုဂ်မဟုတ်ပါလား။ခုခေတ်ရောက်တော့လည်း မိန်းကလေးတွေ ရဲ့ ပညာရေး က တက်လာလေတော့ ကျွန်မတို့မိန်းမတွေ ကလည်း စာပေနယ်ထဲမှာ ပေါ်သလောက် ပေါ်လာခဲ့ပါတယ်။ အဲဒီ လိုပေါ်လာတဲ့အခါ ‘ဒါဟာ မိန်းမရေး တာမို့’ ဆိုပြီး ဖတ်တဲ့လူက မခွဲခြားပါဘူး၊ စာကောင်းရင် လက်ခံတာချည်းပါပဲ။ ဒါကြောင့် သာပေါ့ ပဒေသရာဇ်ခေတ်မှာ တောင်မှ နန်းတွင်းသူ မယ်ခွေတို့၊ တောင်တွင်း ရှင်ငြိမ်းမယ်၊ အင်းဝသူ မိဖြူ၊ မိညို၊ မင်းကြီးကတော် ခင်ဆုံတို့၊ အနောက်နန်းမတော် မမြကလေးတို့၊ လှိုင်ထိပ်ခေါင်တင်တို့ရဲ့ စာတွေ ၊ ကဗျာတွေ တို့ တလေးတစားဖတ်ကြ မှတ်ကြရတယ် မဟုတ်လား။
ဒီဘက်ခေတ်မှာ လည်း မန္တလေးက သတင်းစာဆရာမ ကြီး အင်ပီပင်းဒင့် ဒေါ်စမ်း (ကလောင်နာမည် ဒေါ်ကွာစိ) တို့ဆိုတာ သတင်းစာနယ်မှာ အစောကြီးက ၀င်ဆံ့သူ အမျိုးသမီးကြီးပေါ့။ ဆရာကြီး သခင်ကိုယ်တောင်မှိုင်းက ဒေါ်စန်းကို ချစ်စနိုးနဲ့ ‘ရွယ်တူရင် ဘယ်သူက ကောင်းမယ်လို့ လောင်းချင်လှတယ်’ လို့ သူ့လေးချိုးကြီး တစ်ပုဒ်မှာ စခဲ့ပါသေးတယ်။ မန္တလေးက ပညာအုပ် ဒေါ်ထားတို့၊ ၀တ္ထုအရေး အသားမှာ လည်း ဒေါ်ဒဂုန်ခင်ခင်လေးတို့၊ ဒေါ်ခင်လေးဆွေတို့စာတွေ ဟာ ကျွန်မတို့ အမျိုးသမီးတွေ ရဲ့ ရှေ့ဆောင်လမ်းပြတွပေါ့။ သူတို့ လျှောက်သွားတဲ့လမ်းကိုလိုက်ပြီး ခင်မျိုးချစ်တို့၊ ဂျာနယ်ကျော်မမလေးတို့၊ ကျွန်မတို့၊ စမ်းစမ်းနွဲ့တို့က သတင်းစာလမ်းကိုပါ လျှောက်ခဲ့ကြတယ်။ ၀တ္ထုလမ်းမှာ လည်း ခင်နှင်းယုတို့၊ ခင်ဆွေဦးတို့၊ ကလျာ (၀ိဇ္ဖာသိပ္ပံ)၊ မစန္ဒာတို့၊ မိုးမိုး (အင်းလျား)တို့၊ ရွှေကူမေနှင်းတို့ နုနုရည်(အင်းဝ)တို့၊ ဂျူးတို့၊ ၀င်းဝင်းလတ်တို့၊ မြို့သာမရထိုတို့၊ ငြိမ်း(ရွှေလီ)တို့ မန္တလေးသူတွေ ဖြစ်တဲ့ မကိုတို့၊ မ၀င့်(မြစ်ငယ်)တို့၊ မေမောင်တို့၊ မြနှောင်းညိုတို့၊ ၀င်းဝင်းမြင့်(နန်းတော် ရှေ့)တို့၊ ခင်ခင်ထူး(မန္တလေး)တို့၊ ယဉ်ယဉ်နု(မန္တလေး)စသဖြင့် အပြိုင်းအရိုင်း တက်လာကြတယ်။ ရန်ကုန်ဘက်ကလည်း သန်းမြင့်အောင်တို့၊ ရာသက်ပန်(တောင်ငူဆောင်)တို့ ခက်မာ၊ သွင်းနှင်းအိမ်၊ သင်းသင်းသာ၊ မိချမ်းဝေတို့ ရှိကြတယ်။
ကျွန်မက ဒီကလေးမလေးတွေ ကို ငယ်တုန်းရွှယ်တုန်း ရေး အားကောင်းတုန်း စာထွက်အောင် ရေး စေချင်တယ်။ စာဆိုတာ ရေး နေမှ ထွက်တာပါ။ ကလောင်ကိုချထားလိုက်ရင် ပြန်မကိုင် ဖြစ်ဘူး။ ဒါကိုယ်တွေ့ ပါ။ ဒါကြောင့် သန်းမြင့်အောင်ကိုလည်း သူ့လက်ရာလေးတွေ ကို ဖတ်ဖူးနေတော့ ‘စာရေး နော်၊ တွေ့ ကရာနဲ့ အချိန်ကုန်မနေနဲ့’ လို့ ခဏခဏ ပြောမိပါတယ်။ စာရေး တဲ့ မိန်းကလေးဆိုရင် ကျွန်မက ကျေနပ်တာချည်းပါ။
အဲ တစ်ခုတော့ ရှိတာပေါ့။ ကိုယ့်ကလောင်နဲ့ ဟိုထိုး ဒီကော်၊ ဟိုဆွ ဒီကလိနဲ့ ပွဲဆူအောင်တော့ မလုပ်နဲ့။ ကိုယ့်ကလောင်နဲ့ ကိုယ်ကျိုး ကိုယ်စီးပွားတော့ မရှာနဲ့၊ ကိုယ့်ကလောင်ဟာ အများ အကျိုးအတွက် ဖြစ်ရမယ်။ ကိုယ်စာရေး တာ စေတနာကောင်း စေတနာမှန် ပါရမယ်။ ဒါဆိုရင် ရေး တတ်တဲ့လူတိုင်း စာရေး စေချင်ပါတယ်။ သန်းမြင့်အောင်က စေတနာကောင်းမကောင်းတော့ မေးမနေနဲ့ သူ့မှာ စာမရေး ဘဲ အလုပ်တွေ လုပ်လွန်းလို့ ကျွန်မက သူ့ကို ဟန့်နေရသူပါ။
သူ့စာလေးတွေ ကို ဖတ်ကြည့်ကြပါဦး။
လူထုဒေါ်အမာ
အစာအာဟာရအကြောင်း သိကောင်းစရာ ဆောင်းပါးအတော် များများ ကို လေ့လာခဲ့ဖူးပေမဲ့ သည်အကျိုးအာနိသင်မျိုးကိုတော့ လက်တွေ့ ခံစားနားလည်ဖူးကြသူ ရှားပေလိမ့်မည် ။
အမှန်စင်စစ် သူ့အမည် က အရောင် နှစ် မျိုးကို ပေါင်းစပ်ကို ပေါင်းစပ်မှည့်ခေါ်ထားပေမဲ့ သူ့သိက္ခာနှင့် ကိုယ်ကျင့်တရား ကတော့ အဖြူရောင် ပဲ ဖြစ်သည်။
ဆယ့်နှစ် ရာသီ ပြုံးနေတတ်ပြီး သူတကာကို စာနာနားလည်နေတတ်သော သူ၏ အသက်မွေးဝမ်းကျောင်းက ဓာတ်ခွဲမှူးအလုပ် ဖြစ်သည်။ ဆေးရုံကြီးမှ နှစ် ပြည့်ပင်စင်ယူပြီး ရွှေဘုံသာလမ်းရှိ အထူးကုဆေးခန်းကြီးတစ်ခုက ဓာတ်ခွဲခန်းတွင် စွဲစွဲမြဲမြဲ ထိုင်နေပြီ ဖြစ်သော သူ့မှာ ချစ်ခင်အားကိုးသူတွေ ပေါလှသည်။ သူနှင့် ပတ်သက်ရာ ပတ်သက်ကြောင်း လူမှု ရေး နယ်ပယ်မှရော အနုပညာ အသိုင်းအ၀ိုင်းမှ သူ့မိတ်ဆွေများ ၊ ထိုမိတ်ဆွေများ မှတစ်ဆင့် ဆပွားတိုးစနစ်နှင့် ၀င်ရောက်လာသူများ ပါ သူ့ဓာတ်ခွဲခန်းကလေးကို ဥဒဟို ၀င်ရောက်ကာ ခရီးတစ်ထောက်နား၊ ထမင်းစား၊ လက်ဖက်ရည်သောက် ရောက်တတ်ရာရာပြောနှင့် သူနှင့် တွေ့ လျင် အမောပြေကြစမြဲ။ ငြိုငြင်ခြင်းအလျဉ်းမရှိ ပကတိအေးချမ်းနေသော သူ့အသွင်ကြောင့် လူချစ်လူခင် များ နေခြင်း ကတော့ သိပ်ပြီး အဆန်းတကျယ် မဟုတ်လှပေ။
တစ်နေ့မှာ သူ့မိတ်ဆွေနှစ် ယောက် သူ့ထံအကူအညီတောင်းရန် ရောက်လာကြသည်။
ဓာတ်ခွဲခန်းထဲက စားပွဲပေါ်မှာ အင်္ဂလိပ်သတင်းစာ တစ်စောင်ကို ကောက်ကိုင်ကာ ဖတ်ဖို့ပြန်နေတုန်းမှာ ပင် ဓာတ်ခွဲခန်းအ၀မှ ခန်းဆီးစကိုမကာ ၀င်လာသော သူ့မိတ်ဆွေ မခင်ဝေနှင့် ညီမ၀မ်းကွဲ လင်းလင်းတို့ကို မြင်လိုက်ရသဖြင့် ထုံးစံအတိုင်း ရင်းနှီးဖော်ရွေသော အပြုံးဖြင့် ပျာပျာသလဲ နှုတ်ဆက်လိုက်သည်။
“ဟာ…လာ…လာ…၊ အတော် ပဲ တစ်ယောက် ထဲ ပျင်းနေတာနဲ့ ဘယ်လိုလဲ၊ ပျောက်လှချည်လားဗျ”
အမှန်တော့ အခုမှ စတင်အနားယူဖို့ ပြင်နေသော သူ့အတွက် နှောင့်ယှက်ရန်လာကြသူများ သူ့ကို အားနာသွားမှာ စိုး၍ ပါးစပ်ထဲ တွေ့ ကရာ ပြောလိုက်ခြင်း ဖြစ်သည်။
“ဟင်-မနေ့ကပဲ ရောက်သေးတယ်လေ၊ ဘယ်မှာ ပျောက်လို့လဲ”
အူကြောင်ကြောင် ဖြစ်သွားသော သူ့မိတ်ဆွေကို
“ဟုတ်တယ်လေ၊ မနေ့ကနဲ့ ဒီနေ့ကြား ခင်ဗျား ပျောက်နေတာကို ပြောတာ”
ဟု ပြောကာရယ်မောလိုက်ကြရင်းမှ ခင်ဝေ့နောက်နားမှ မျက်နှာညှိုးညှိုးတစ်ခုကို သတိပြုမိကာ-
“ဒေါ်လင်းလင်းက ဘာ ဖြစ်နေတာလဲဗျ၊ မျက်နှာလည်း မကောင်းပါလား၊ ကျုပ်ဘာကူညီပေးရမလဲ ပြောနော်၊ အားမနာနဲ့ တစ်ခုခုတော့ လုပ်ပေးဖို့ လိုနေပြီထင်တယ်၊ ကြည့်ရတာ ဆရာ့ဆီ တန်းတန်းမတ်မတ် လာခဲ့တာပဲ”
“၀မ်းသာပါတယ်ဗျာ”
“ဟင်..ဆရာကလဲ၊ ဘာကို ၀မ်းသာတာလဲ၊ နေမကောင်းလို့ပါဆိုမှ”
“ဟုတ်တယ်လေ၊ ကျုပ်ကို အားကိုးပြီးလာတော့ ကူညီခွင့်ရတာ ကို ၀မ်းသာတယ်လို့ ပြောတာ၊ မကူညီရရင် စိတ်ဆိုးမှာ နော”
သူ့စကားကြောင့် လူနာအားတက်သွားသယောင် ပြုံးယောင်သန်းသွားသည်။
“ကဲ…ဘာ ဖြစ်သလဲ ပြော”
“လူ ကတော့ ဖျားလှနာလှတယ် မရှိပါဘူး ဆရာ၊ ဒါပေမယ့် လက်ညှိုးမှာ အနာတစ်လုံးပေါက်နေတာ တော် တော် နဲ့ မပျောက်ဘူး၊ အဲဒါ ဆရာဝန်က ဆီးချိုစစ်ခိုင်းတယ်”
“အဲဒါ အနာကြောင့် စစ်ရမှာ လား”
“ဟုတ်တယ် ဆရာ၊ ဆီးချိုရှိတဲ့လူဟာ အနာ ဖြစ်ရင် ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရသွားရင် မပျောက်တော့ဘူးလို့ ကြားတယ်၊ လိုအပ်ရင် သွေးပါ စစ်ရမယ်တဲ့”
ပြောရင်း သူ့မျက်နှာက သွေးဆုပ်သလို ဖြူဖတ်ဖြူလျော် ဖြစ်သွားသည်။
“ဒီ အနာပေါက်တာ ဘယ်လောက်ကြာပြီလဲ”
“တစ်လလောက်ရှိပြီ ဆရာ၊ ပျောက်တော့မလိုလိုနဲ့ ပြန်ကြီးလာလိုက်၊ ဂျုံအုံပြီး ပေါက်အောင် လုပ်လိုက်လို့ ပေါက်သွားပြီးရင်လည်း တစ်ခါထဲ တန်းပြီး ပျောက်မသွားဘူး၊ တစ်ရက်နှစ် ရက်ကြာရင် ပြည်တွေ ပြန်တည်လာပြီး ယောင်ကိုင်းလာလိုက်နဲ့ အခုဆို ဒီတစ်နေရာထဲကပဲ သုံးခါလောက် ရှိနေပြီ။ အဲဒါနဲ့ ဆရာဝန်က ဆီးချိုစစ်ခိုင်းလို့ပါ။ ကျွန်မလေ စစ်မကြည့်ချင်ဘူး ဆရာ၊ အဖြေကို မကြားရဲဘူး၊ အဲဒါကြောင့် မမဝေကို အဖော်ခေါ်လာတာ မစစ်လို့လည်း မရဘူးလေ၊ ဆရာဝန်ကို ပြန်ပြရမှာ ၊ ကျွန်မ ကြောက်လိုက်တာ ဆရာရယ်”
မစစ်ခင်ထဲက သေချာပေါက် ဖြစ်နေသော ဝေဒနာသည်ရုပ်ပေါက်နေသူကို ကရုဏာမျက်ဝန်းများ ဖြင့် ငေးကြည့်ရင်း သူက-
“အဲဒါ ကြောက်စရာမဟုတ်ဘူးဗျ၊ ရှက်စရာ”
“ရှင်”
“ဟုတ်တယ်လေဗျာ၊ ခင်ဗျား အသက်အရွယ်နဲ့ဆိုရင် ကိုယ်ပိုင် ရောဂါ တစ်ခုခုတော့ ရှိသင့်နေပြီ”
ကျားသားမိုးကြိုး၊ စကားက အဆန်းပါလား။ ဓာတ်ခွဲမှုး၏ စကားကြောင့် နှစ် ယောက် လုံး နားရော မျက်စိပါ လည်သွားကြသည်။
“အသက်အရွယ်ကလည်း လူလတ်ပိုင်းကို ရောက်နေပြီ၊ စီးပွားဥစ္စာလည်း ပြည့်စုံတယ်၊ မိသားစုအသိုင်းအ၀ိုင်းကလည်း ကောင်းတယ်၊ ရှေ့လျှောက် ဇိမ်ကျကျနေနိုင်ဖို့အတွက် မျက်နှာပြပြီး အနားယူစရာ တင့်တင့်တယ်တယ် ရောဂါ တစ်ခုတော့ ရှိဖို့လိုတယ်ဗျ၊ ဒါပေမဲ့ အဲဒီ ရောဂါ ဟာ ဆီးချိုဆိုရင်တော့ သိပ်ကို သေးငယ်နေတယ်”
“ရှင်…. ရောဂါ က သေးနေတယ်”
“ဟုတ်တယ်၊ ရောဂါ က သေးလွန်းလို့ ရောဂါ သည်လို့ ပြောရမှာ တောင် ရှက်စရာကောင်းနေတယ်”
“ဟာ…ဆရာကလဲ”
“တကယ်ပြောတာဗျ၊ ဆီးချိုဆိုတာက ရောဂါ တွေ တန်းစီလိုက်ရင် နံပါတ်ခြောက်လောက် ခုနှစ် လောက်မှာ ရှိတာဗျ၊ တစ်ဆယ်နားတောင် ကပ်နေပြီ၊ နံပါတ်တစ်က အေအိုင်ဒီအက်စ်ပေါ့ဗျာ၊ နံပါတ်နှစ် ကတော့ ကင်ဆာပေါ့ဗျာ၊ သူတို့နောက်မှာ သွေးတိုးတို့၊ နှလုံးတို့ ဘာတို့ညာတို့ ရှိသေးတယ်၊ တစ်နဲ့နှစ် ကတော့ ထားပါတော့ဗျာ၊ အတော် ဆိုးဝါးတဲ့ ရောဂါ တွေ မို့၊ အဲဒီ နောက်က နှလုံးတို့ သွေးတိုးတို့လို အယုအယခံရတဲ့ ရောဂါ တွေ လောက် ခင်ဗျား ရောဂါ က မျက်နှာပန်းမလှပါဘူးဗျ၊ ကျုပ်ဓာတ်ခွဲခန်းကိုလာတဲ့ လူမှန်သမျှ ရောဂါ ကြီးကြီးမားမားတွေ ကို ပိုင်ဆိုင်တဲ့ လူတွေ ချည်းပါပဲ၊ မနေ့က HIV ပေါ့စတစ်ဖ်နှစ် ယောက် တွေ့ တယ်”
“အံမယ်လေး ဆရာရယ်၊ ကြက်သီးတောင် ထပါပြီ”
မခင်ဝေက ကျောတစ်ချက်တွန့်သွားပေမဲ့ လင်းလင်း ကတော့ ဓာတ်ခွဲမှုး၏ မျက်နှာကိုသာ စိုက်ကြည့်ရင်း စိတ်ဝင်တစား နားထောင်လျက်ရှိသည်။
“ဒါပေမဲ့ အားမငယ်ပါနဲ့၊ ခင်ဗျားမှာ အရင်က ဘာ ရောဂါ မှ မရှိဖူးတဲ့အတွက် အခု ဆီးချို ရောဂါ လေး ဖြစ်တာကိုပဲ ခင်ဗျား မိသားစုက ခင်ဗျားကို ဧရာမ ရောဂါ ပိုင်ရှင်ကြီးလို့ သဘောထားပြီး ဂရုတစိုက် ပြုစုကြပါလိမ့်မယ်။ အဲဒါ သိပ်ဇိမ်ရှိတာဗျ၊ အထူးသဖြင့် ခင်ဗျား ခင်ပွန်းက ခင်ဗျားကို အကြင်နာတွေ ပိုပြီး အရင်ကထက်ပိုပြီး ချစ်ခင်ယုယလာလိမ့်မယ်။ အစားအသောက် အနေအထိုင်ကစပြီး ခင်ဗျားကို ဂရုတစိုက်နဲ့ ပြင်ဆင်ပေးကြလိမ့်မယ်။ ကျွန်တော့် မိတ်ဆွေ ကဗျာဆရာ တစ်ယောက် ဆို ဆီးချို၊ သွေးချိုပါ ရှိတာ မိန်းမက ဂရုစိုက်လိုက်တာဗျာ၊ အချိန်ရှိသရွေ့ သူ့ယောက်ျားအနားမှာ ချည်းပဲ၊ ကိစ္စရှိလို့ မြို့ထဲလာတာတောင် စိတ်မချလို့ လိုက်တွဲ ပို့တာ၊ သူ့ယောက်ျားကို မျက်နှာအညိုမခံဘူးဗျ၊ ပါးစပ်ကလည်း မောင်…မောင်..နဲ့ တစ်မောင်ထဲ မောင်နေတာပဲ၊ အတော် အားကျစရာ ကောင်းတဲ့ လင်မယားဗျ၊ ရောဂါ ဖြစ်လေ၊ ပိုချစ်လေပဲ”
ဓာတ်ခွဲမှုး၏ အပြောကြောင့် လင်းလင်းမျက်စိထဲ အိမ်က လူ၏ မျက်နှာကြီးကို တဖြည်းဖြည်း မြင်ယောင်လာကာ စိတ်ထဲမှာ လည်း…
“ဟင်း…ပိုက်ဆံရှာဖို့ ချမ်းသာပြီးရင်း ချမ်းသာဖို့ပဲ စိတ်ဝင်စားနေတဲ့လူကြီး၊ အခု သူများ မှာ ဆီးချိုရှိနေပြီတဲ့ရှင့် သိရဲ့ လား၊ အနားမှာ နေပြီး ဂရုစိုက်ရင်စိုက်၊ မစိုက်လို့ ကတော့ ထင်သလိုနေပြီး စားချင်တောတွေ လျှောက်စားပစ်လိုက်မှာ ၊ သေသွားလည်း အေးတာပဲ”
လို့ ချက်ချင်း ပြေးပြး ချွဲလိုက်ချင်စိတ်ပေါက်သွားပြီး ပါးစပ်မှ လွှတ်ခနဲ-
“ဒါဆို-ကျွန်မ ပြန်ရတော့မလား ဆရာ၊ အိမ်မှာ သွားပြောပြလိုက်ရတော့မလား”ဆိုတော့-
“ဟာ..ဖြည်းဖြည်းပေါ့ဗျာ၊ စစ်မှမစစ်ရသေးတဲ့ဟာ ပြန်စစ်ပြီးမှ အဖြေစာရွက်ကိုပြပြီး ပြောလို့ရမှာ ပေါ့ဗျ၊ ပိုပိုလိုလို သွေးပါစစ်ပေးမယ်၊ သွေးနဲ့ဆီးနဲ့ထားခဲ့ ညနေလာယူ”
“နေ့ချင်းဖြင့် တစ်ခေါက်ပြန်မနေတော့ဘူး ဆရာရယ်၊ မမဝေနဲ့ ကျွန်မ တစ်နေရာရာ သွားလိုက်မယ်၊ ဈေးဘက် ဖြစ် ဖြစ် အသိ တစ်ယောက် ဆီကို ဖြစ် ဖြစ်ပေါ့၊ ပြီးမှ အဖြေစာရွက်ဝင်ယူပြီး အိမ်ပြန်မယ်”
ဓာတ်ခွဲမှုးရော လူနာပါ ကံစမ်းမဲနှိုက်ထားတုန်း စိတ်ကူးယဉ်ပြီး အူမြူးနေသည့်ပုံဖြင့် တက်ကြွနေကြသည်။
“ကောင်းတာပေါ့ဗျာ၊ ဒါက ဘာမှ ကြတာမဟုတ်ဘူး၊ ခင်ဗျားတို့ ဈေးတစ်ပတ်တောင် မပတ်ရသေးခင် ကျွန်တော် က စစ်လို့ပြီးသွားမှာ ၊ ဒီတော့ ခင်ဗျားတို့ လမ်းများများ လှေျ့ာက်နိုင်အောင် ချာပါတီတစ်ပွဲစီလောက် ဗိုက်ထဲထည့်ပေးလိုက် မယ်၊ ချာပါတီက ဆီးချိုသမား စားလို့ရတယ်ဗျ”
ဆေးခန်းနှင့် ကပ်လျက် ချစ်တီးဆိုင်မှာ ဓာတ်ခွဲမှုးက သူတို့နှစ် ယောက် အား ချာပါတီကျွေးရင်း ရောဂါ ဗေဒအကြောင်းကို စိတ်ဝင်စားဖွယ်ရာ ပြောပြနေသေးသည်။
“အခုအခါမှာ ဆီးချို ရောဂါ ၊ သွေးတိုး ရောဂါ ဆိုပြီး ခေါ်သံတွေ လွှမ်းလာတယ်ဗျ၊ ဘာ ဖြစ်လို့လဲဆိုရင် ဆီးမှာ ဓာတ်ခွဲကြည့်လို့ အချေိုဓာတ်မရှိပေမဲ့ သွေးမှာ ရှိချင် ရှိနေတတ်တယ်။ တကယ်လို့သာ ဆီးနဲ့သွေးဟာ တစ်သဘောတည်းဆောင်နေမယ်ဆိုရင် ဆီးပဲ စစ်ဆေြး ကတော့မှာ ပေါ့ဗျ၊ အသားအနာခံပြီး ဘယ်သူကမှ သွေးဖောက်စစ်ကြည့်မှာ မဟုတ်ဘူး”
စားသောက်ဆိုင်မှ ထွက်တော့ ဓာတ်ခွဲမှူးက ဓာတ်ခွဲခန်းသို့ ပြန်ဝင်လာပြီး သူတို့နှစ် ယောက် က သိမ်ကြီးဈေးဘက်သို့ ထွက်လာခဲ့ကြသည်။ ထွက်လာရင်းမှ လင်းလင်းက ဘာစိတ်ကူးပေါက်သွားသည် မသိ။
“ဈေးထဲလျှောက်ပြီး ခြေညောင်းခံမယ့်အစား မင်္ဂလာရုံမှာ ရုပ်ရှင် ၀င်ကြည့်ကြရင် မကောင်းဘူးလား၊ အချိန်မီသေးတယ်”
ဆိုတော့ မခင်ဝေက
“နင်ကလည်းဟယ် အစီအစဉ်လည်းမရှိဘဲနဲ့ ရုပ်ရှင်တစ်ပွဲက အကြာကြီးရယ်”
အင်တင်တင်လုပ်နေသော မခင်ဝေကို လင်းလင်းက-
“မမဝေကလည်း နောက်ဆို လင်းလင်းက ရုံကားတွေ ကြည့်ချင်မှ ကြည့်ရမှာ ၊ ကြုံတုန်း ၀င်ကြည့်ရအောင်ပါ”
ဆိုပြီး လက်မှတ်တန်းဝယ်သဖြင့် ကြည့် ဖြစ်သွားကြသည်။
ရုပ်ရှင်ပြီး၍ ရုံမှပြန်အထွက်တွင် တော့ ဆေးခန်းဘက်သို့ ဦးတည်ကာ ခပ်သွက်သွက် လှမ်းလာသော ခြေလှမ်းများ က အလာတုန်းကလို လေးလံဖင့်နွဲမနေဘဲ ဓာတ်ခွဲခန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် တန်းဝင်သွားကြသည်။
ဖျတ်ခနဲ ခန်းဆီးစကို လှပ်လိုက်သည်နှင့် တစ်မျက်နှာပင် မလှန်ရရသေးသော လက်ထဲမှ သတင်းစာကို စားပွဲပေါ်ပြန်ချရင်း ဓာတ်ခွဲမှူးက ပြုံးရွှင်တက်ကြွစွာ သော မျက်နှာဖြင့် -
“မျှော်လိုက်ရတာ ဗျာ၊ ခင်ဗျားတို့ကလည်း ကြာလိုက်တာ ဘယ်အထိတောင် သွားနေကြတာတုံး”
ဟု နှုတ်ဆက်သည်။
“ရုပ်ရှင်တစ်ပွဲ ၀င်ကြည့်နေကြတာ ဆရာရေ”
ဟု သူတို့က ပြောတော့-
“အံမယ်-တယ်ပျော်နေကြပါလား၊ သည့်ထက် ပျော်စရာ အဖြေတစ်ခု ထပ်ပေးဦးမယ်၊ ဒေါ်လင်းလင်းရေ ခင်ဗျားတော့ လပ်ကီးပဲဗျို့”
ဓာတ်ခွဲအဖြေစာရွက်ကို လှမ်းပေးရင်း ပြောတော့-
“ဆီးချိုအပြင် အခြား ရောဂါ တစ်ခုပါ ထပ်တွေ့ ထားလို့လား ဆရာ”
“ဘယ်ကသာ ခင်ဗျားမှာ ဆီးချို ရောဂါ ၊ သွေးချို ရောဂါ ဘာမှ မရှိဘူးဗျ”
“ဟင်…သေချာရဲ့ လား ဆရာရယ်”
လင်းလင်းအသံက စိတ်ဓာတ်ကျသွားသည့် လေသံ သိသိသာသာ ပေါက်နေသည်။
“ကျုပ်ထက်သေချာတဲ့လူတောင် ကျုပ်လောက် မသေချာနိုင်ဘူးဗျ၊ ဓာတ်ခွဲမှူးသက်တမ်း တစ်လျှောက်လုံး ကျုပ် ဘယ်တုန်းကမှ အမှားအယွင်း မရှိခဲ့ဖူးဘူး၊ အခုလည်း သေချာအောင် အထပ်ထပ် စစ်ထားတာ၊ စိတ်သာချနေတော့၊ ခင်ဗျားမှာ ဘာ ရောဂါ မှ မရှိဘူးဗျ၊ ၀မ်းမသာဘူးလား”
လင်းလင်းမျက်နှာပေါ်က တစ်ခုခုကို နှမြောနေဟန်ကို သူက အမိအရ ဆုပ်ကိုင်မိသွားဟန်ဖြင့် -
“အာရောဂျံ မရမံ လာဘံ ဆိုတာ ခင်ဗျား ကြားဖူးတယ်မဟုတ်လား၊ ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးဗျ၊ ကျန်းမာခြင်းကို ဘာနဲ့မှ လဲယူလို့ မရဘူး”
“ကျန်းမာခြင်းရဲ့ တန်ဖိုးကို မကျန်းမာလာတော့မှ ရှင်းရှင်းလင်းလင်း သိရတယ်ဆိုတဲ့ စကားဟာ သိပ်တိကျတယ်၊ ခေတ်လည်း ဘယ်တော့မှ ကုန်မှာ မဟုတ်ဘူး၊ ဆီးချို ရောဂါ တကယ်မရှိဘဲနဲ့တောင် စိုးရိမ်စိတ်နဲ့တင် ခင်ဗျား ကျန်းမာခြင်းရဲ့ တန်ဖိုးကို သဘောပေါက်ခဲ့ပြီးပြီ မဟုတ်လား၊ ကျန်းမာရေး ညံ့ဖျင်းတဲ့ လူတွေ ဟာ ဘယ်တော့မှ အလိုဆန္ဒမပြည့်တတ်ကြဘူးဗျ”
“ဆရာပဲ ရောဂါ သည်ဆိုပြီး မိသားစုက အရင်ကထက် ပိုဂရုစိုက်ပြုစုမယ်၊ ချစ်ခင်ယုယလာမယ်ဆို”
“အဲဒါက ခဏပဲ ဖြစ်မှာ ပေါ့ဗျ၊ ခင်ဗျားကို ကျုပ် တစ်သက်လုံး အာမမခံခဲ့ဘူးလေ၊ ကြာရင် ညည်းငွေ့လာမှာ ပေါ့ဗျ၊ တစ်သက်လုံးတော့ ဘယ်သူက စိတ်ရှည်ပါ့မလဲ”
“ဆရာပြောတဲ့ ကဗျာဆရာ လင်မယားလေ ရောဂါ ဖြစ်လေ ပိုချစ်လေဆို”
“ဟား…ဟား…အဲဒါက မိန်းမဗျ မိန်းမ၊ ယောက်ျားတွေ ကျတော့ အဲသလို မဟုတ်ဘူး၊ မိန်းမက ရောဂါ သည်ဆိုတာနဲ့ လူမမာစော်နံတယ်ဆိုပြီး အနားမကပ်ချင်ြ ကတော့ဘူး၊ သူတို့မှာ မိန်းမတွေ လို သနားကြင်နာတတ်တဲ့ နှလုံးသားမရှိတတ်ကြဘူး၊ ပြီးတော့ သူတို့က မိန်းမတွေ လောက် မိသားစုကို မခင်တွယ်တတ်ကြဘူး၊ အဲ…ယောက်ျားတိုင်းတော့ မဟုတ်ဘူးပေါ့ဗျာ၊ တချို့တလေကို ပြောတာပါ၊ အဲဒီ တချို့တလေထဲမှာ ခင်ဗျားယောက်ျားလည်း ပါချင် ပါသွားနိုင်တယ်”
ဟိုတစ်လောတုန်းက ဆိုက်ထဲက ကောင်မလေးေ တစ်ယောက် နှင့် အနေအထိုင်မဟုတ်၍ ဆူပူမိခဲ့တာကို ဖျတ်ခနဲ သတိသွားရလိုက်သည်။
“နောက်ဆုံးတော့ ရောဂါ ဆိုတာဗျာ၊ တတ်နိုင်ရင် နှာစေးချောင်းဆိုးတောင် မ ဖြစ်ရင် အကောင်းဆုံးပဲ၊ လူ တစ်ယောက် မှာ ရောဂါ တစ်ခုခု စွဲကပ်လာပြီဆိုရင် အဲဒီ မိသားစုအတွက် အကုသိုလ် ၀င်တာပဲ၊ အနည်းဆုံးတော့ ငွေကုန်မယ်ဗျာ၊ အဲဒီ နောက်မှ ဖြစ်လာမယ့် အကျိုးဆက်တွေ ကလည်း အများ ကြီး”
“ဒါ….ဒါဆို ဆရာ အစက ကျွန်မကို ပြောခဲ့တာတွေ က တကယ်မဟုတ်ဘူးပေါ့”
“စောစောက ခင်ဗျားသိပ်ကြောက်နေမှန်းသိလို့ ကျွန်တော် က ရယ်စရာတွေ ပြောပြီး ခင်ဗျားကို အားပေးနေတာဗျ၊ ခင်ဗျားရုပ်ကလည်း စိတ်ဓာတ်ကျနေလိုက်တာ တကယ့်ကို လူပမာနဲ့ တူနေတာကိုးဗျ၊ ကျုပ်က ခင်ဗျားကို သေချာပေါက် ဝေဒနာသည်လို့ တွက်လိုက်မိတာ၊ ဒါကြောင့် အဖြေစာရွက်လာယူရင် ကျေကျေနပ်နပ် လက်ခံနိုင်အောင် ကြိုတင်အားသွင်းပေးလိုက်တာဗျ”
“ဒါဆို ဆရာပြောတာတွေ တစ်ခုမှ မဟုတ်ဘူးပေါ့နော်”
“ဘယ်ဟုတ်ပါ့မလဲဗျ၊ ဆီးချိုဆိုတာ နှယ်နှယ်ရရ ရောဂါ မှတ်လို့လား၊ အင်မတန် လူ ဖြစ်ရှုံးတဲ့ ရောဂါ ဗျ၊ ဆီးချိုရှိလို့ ကတော့ ခင်ဗျားသွားပြီ”
“ဘယ်ကို သွားမှာ လည်း ဆရာ”
“ဘယ်ကို သွားတာလဲဆိုတော့ အဲ…အဲ…အလိုဆန္ဒမပြည့်တဲ့ ကမ္ဘာကိုပေါ့၊ ခင်ဗျားမှာ ဘယ်လောက် စည်းစိမ်ချမ်းသာတွေ ရှိရှိ အစားကောင်းအသောက်ကောင်းစားလို့ မရတော့ဘူး၊ ကောင်းပေ့ညွှန့်ပေ့ အရသာရှိပေ့ဆိုတဲ့ အစာအာဟာရတွေ ဆီဥထောပတ်တွေ ငွေပုံပေးပြီး ၀ယ်နိုင်ရင်လည်း ခင်ဗျားစားလို့မရတော့ဘူး၊ အကောင်း မှန်သမျှ အကုန်ရှောင်ရမယ်၊ ထမင်းတောင် သူများ လို ဆန်ကောင်း မစားရဘူး၊ ဆန်ကြမ်းပဲ စားရမယ်၊ ဘယ်လောက် ၀ဋ်ကြီးတယ် မှတ်လဲ၊ သူများ တွေ မြိန်ရေယှက်ရေ စားသောက်နေတာကိုကြည့်ရင်းက စိတ်ဓာတ်ကျပြီးတောင် သေသွားနိုင်တယ်”
သူကလည်း အစားမက်တာနဲ့တော့ တွေးတောင်မတွေးရဲ။ အထူးသဖြင့် မလိုင်လံးနှင့် ထောပတ်ကို သူဖြတ်၍ ရမည် မထင်၊ ဆန်ဆိုလျှင်လည်း နည်းနည်း လေး အကြောမာရင်တောင် သူ့လည်ချောင်းက မျိုမကျချင်။
“ခင်ဗျား လက်အနာက ပြည်မကုန်လို့ ပြန်ပြန်ရင်းနေတာပါ။ အချိန်တန်ရင် ပျောက်သွားမှာ ပါ၊ လက်ဖ၀ါးနဲ့ အလုပ်လုပ်ရတာ ဆိုတော့ အနာက ရင်းပြန်ရော၊ ဆီးချိုများ ရှိလို့ ကတော့ဗျာ ခင်ဗျာ့ လက် ဖြတ်ရပြီသာမှတ်၊ ကျုပ်ဆေးရုံမှာ လုပ်တုန်းကဆို ကုလားမကြီး တစ်ယောက် ခလုတ်တိုက်ပြီး ခြေမကွဲသွားရကနေ ဆီးချိုရှိနေတော့ မပျောက်တော့ဘဲ တဖြည်းဖြည်း လှိုက်စားလာလိုက်တာ ခြေသလုံးတောင် ရောက်တယ်၊ နောက်ဆုံးတော့ သေသွားတာပဲဗျို့”
“ဘုရား…ဘုရား၊ ကြောက်စရာ ကောင်းလိုက်တာ”
“အဲဒါလို ဂင်ဂရင်း (Gangrene) လို့ခေါ်တယ်၊ ဆီးချို ရောဂါ တွေ မှာ အချိုဓာတ်တွေ သိပ်လွန်ကဲနေပြီးတဲ့အခါမှာ အနာက ပုတ်လိုက်လာတာပေါ့၊ အင်မတန် ကြောက်စရာကောင်းတဲ့ ရန်သူကြီး တစ်ယောက် ၀င်ပူးကပ်နေသလို အချိန်တိုင်း သတိရှိနေရမယ်၊ နည်းနည်း လေး မေ့မေ့ပျောက်ပျောက်နေမိတာနဲ့ အလစ်ဝင်တွယ်သွားမှာ အသေအချာပဲ၊ ရောဂါ ဆိုတာ တစ်ခုဝင်လာပြီးရင် နောက်ပိုင်းကို စိတ်မချရတော့ဘူး၊ သူ့ရဲ့ အပေါင်းအသင်းရောင်းရင်းတွေ က အခါအခွင့်ကို စောင့်နေပြီး အခြေအနေပေးတာနဲ့ တပျော်တပါးကြီး အလုံးအရင်းနဲ့ ၀င်လာပြီး အလဲထိုြး ကတော့မှာ ဗျ၊ အခု ခင်ဗျား အဲဒါတွေ ကို မကြောက်ရတော့တာကိုက ထီပေါက်တာထက် ၀မ်းသာစရာ ကောင်းတယ်”
တစ်နေ့ထဲနှင့် အချိန်ပိုင်းလေးအတွင်းတစ်ခုပြီးတစ်ခု ပြောင်းလဲနေသော လင်းလင်း၏ မျက်နှာနှင့် ဓာတ်ခွဲမှူး၏ ဟန်ပါပါ အပြောအဆိုများ ကို မခင်ဝေက တအံ့တသြ ငေးမော၍ ကောင်းနေသည်။
“တော် သေးတာပေါ့ ဆရာရယ်၊ မနေ့တုန်းက ဆရာဝန်က သံသယ၀င်တဲ့အချိန်ကစပြီး ကျွန်မ အချိုရှောင်ထားတာ အခုဆို အရသာခံနိုင်တဲ့ ပါးစပ်ကြီးရှိပါလျှက်နဲ့ စားချင်တာ မစားရတာ တစ်ရက်ရှိပြီ ဆရာ၊ ကျွန်မ မတင်းတိမ်ဘူး၊ အခုတော့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။”
“မတင်ပါနဲ့ဗျာ၊ ရပါတယ်၊ ခင်ဗျားမှာ တကယ်ရှိနေရင်လည်း ကျုပ် ဘာမှတတ်နိုင်မှာ မှ မဟုတ်တာ၊ အခုတော့ ဒီ ရောဂါ ဆိုးကြီးကို သယ်ဆောင်မလာတဲ့ ခင်ဗျားကို ဂုဏ်ပြုတဲ့အနေနဲ့ ကာဖီချိုချိုလေးတစ်ခွက်နဲ့ ပြန်မိတ်ဆက်ပေးပါရစေ”
သူတို့ ၀မ်းသာတက်ကြွစွာ ဖြင့် ကာဖီဆိုင်သို့ ထွက်လာကြသည်။
ကာဖီသောက်နေရင်းမှ သူ၏ လုပ်ငန်းအောင်မြင်မှု အတွက် ဂုဏ်ယူကျေနပ်နေသော ဓာတ်ခွဲမှူးနှင့် မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိသွားပြီ ဖြစ်သော လင်းလင်းတို့ကို ငေးမောရင်းမှ-
မခင်ဝေ၏ ရင်ထဲတွင် သူတို့ပြန်သွားပြီးနောက် ဓာတ်ခွဲမှူး သတင်းစာကောက်အကိုင်မှာ ခန်းဆီးမကို မပြီး ၀င်လာမည့်  ရောဂါ ဗေဒအသစ်တစ်ခုနှင့် အဆင်သင့် ဖြစ်နေဦးမည့်  ဓာတ်ခွဲမှူး၏ စိတ်အာဟာရများ အကြောင်းကို တွေးတော မှန်းဆနေမိသည်။
ကလျာမဂ္ဂဇင်း
![]() အထူအပါး (ဝတ္ထုတိုစုစည်းမှု) | ![]() အငွေ့ပျံခြင်း | ![]() သူ၏ကောင်းကင် |