‘ကျေးသာ. . . သား. . . ဒီနားလာဦး’
‘ဟုတ်ကဲ့. . . အဖေ. . .’
‘အဖေမသေခင် သားကို အမွေပေးသွားခဲ့မယ်. . . အဟွတ်. . . အဟွတ်. . .’
‘ဟာ. . . အဖေကလည်း မဟုတ်တာ ပြောတော့.မယ်. . .’
‘အေးလေ. . . မင်း ငယ်ငယ်လေးကတည်းက အဖေတို့ ဆင်းဆင်းရဲရဲ ရုန်းကန် စားသောက်လာရတာ ဆိုတော့ မင်းက အဖေ့စကားကို ဘယ်ယုံပါ့မလဲ’
‘အဖေရယ် စကားများများ မပြောပါနဲ့လို့ ဆရာဝန်က မှာ ထားတယ်လေ. . . အဖေ့ကို မယုံလို့ မဟုတ်ပါဘူး၊ အဖေ မသေနိုင်သေးဘူးဆိုတော့ ဒါတွေ ပြောနေဖို့မှ မလိုတာ. . .’
‘မဟုတ်ဘူးကွ၊ သားအဘိုးလည်း အဖေ့အသက်အရွယ်မှာ ဆုံးသွားတာပဲ၊ အဖေလည်း နေရမယ် မထင်ပါဘူးကွာ. . .’
‘အာ. . . အဘိုးက အဖေ့အရွယ်မှာ ဆုံးတိုင်း အဖေက လိုက်ဆုံးရမယ်လို့မှ မဟုတ်တာ. . .’
အဖေက သူ့ကို ဖြူဖတ်ဖြူလျော်မျက်နှာလေးနဲ့ ပြန်ကြည့်နေသည်။ တကယ် တော့ အဖေ့အခြေအနေမကောင်းတော့မှန်း ဆရာဝန်ကြီးဆီက သိထားပြီ ဖြစ်သည်။
သူ သိတတ်စအရွယ်ကတည်းက ကြုံရာကျပန်း လုပ်ကျွေးပြီး ကျောင်းထား ခဲ့သည့် အဖေသည် အမိအဖမရှိဘဲ လောကကြီးအလယ်မှာ တစ်ယောက် တည်း ကျန် ခဲ့မယ့်သားအတွက် အမွေတွေ ပေးထားခဲ့ချင်ပုံရသည်။
အမေသည် သူ့ကို မွေးစဉ်က ဆုံးပါးသွားခဲ့သည်။ အမေဆုံးပြီးနောက်ပိုင်း ကတည်းက အဖေသည် နောက်အိမ်ထောင်မပြုဘဲ သူ့ကို ကျွေးမွေး၊ ကျောင်းထားခဲ့ သည်။
ယခုတော့ အဖေသည်လည်း သူ့ကို စွန့်ခွာသွားတော့မည် ဖြစ်သည်။
‘သား. . . ကျေးသာ’
‘ဗျာ. . . အဖေ. . .’
‘ဒီနား ထပ်တိုးပါဦး. . . အဖေ ပြောစရာရှိလို့. . .’
‘ဟုတ်. . . ဟုတ်ကဲ့အဖေ. . .’
သိပ်မကြာသော အချိန်တွင် အဖေ ဆုံးသွားခဲ့သည်။ သူ့ကို စကားတစ်ခွန်း မှလွဲ၍ အခြားဘာမှမပြောနိုင်တော့ဘဲ လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ သည်။
အဖေဆုံးပြီးချိန်တွင် အဖေထားခဲ့တဲ့ အမွေပစ္စည်းဆို၍ လက်ရှိနေထိုင်သော အိမ်ကို ငှားထားသည့် (၁) လစာရယ်၊ အဖေ့အ၀တ်အစား (သူ့အ၀တ်အစားလည်း ဒါတွေ ပဲ)၊ ဟင်းချက် ပြုတ်သည့် အိုးခွက်များ နှင့် သူ့အဘိုး၏ တန်ဖိုးမရှိသော ပစ္စည်းနှစ် ခုလောက်သာ ကျန်ရစ်ခဲ့သည်။
သူတို့သားအဖနှစ် ယောက် မှာ အဆင်ပြေတဲ့သူများ မဟုတ်ကြသော ကြောင့် အသုဘကိစ္စကို ရပ်ကွက်ကပဲ အစအဆုံးတာဝန်ယူကူညီပေးကြသည်။
ကျေးသာ သူငယ်ချင်းများ ကလည်း အစစအရာရာဝိုင်းဝန်းဆောင်ရွက်ပေးကြလေသည်။
‘ကျေးသာ. . .’
‘ဟင်. . .’
ရက်လယ်ပြီးနောက်ဆုံးတွင် သူနှင့် သူငယ်ချင်းနှစ် ဦး ဖြစ်သည့် ထွန်းမြင့်နှင့် ကျော်ဟန်တို့ သာ ကျန်ရစ်ခဲ့သည်။
‘မင်း ဘာဆက်လုပ် မလဲ’
‘ငါ အလုပ်တစ်ခု လုပ်ရမှာ ပေါ့. . .’
အဖေရှိစဉ်တုန်းက အဖေသည် သူ့ကို ပညာရေး သာ ဦးစားပေးသင်ကြားခိုင်းခဲ့သည်။
အိမ်က အဆင်မပြေသော ကြောင့် အလုပ်ထွက်လိုက်မည် ဟု အတန်တန်ပြောသော်လည်း အဖေက လက်မခံခဲ့ပေ။ အခု သူ ဘွဲ့ရပြီး နှစ် ပတ်အကြာမှာ ပဲ အဖေက ဆုံးသွားခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းကို က သူ့ကို ပို၍ ၀မ်းနည်းစေသည်။
‘ငါတို့ မင်းအတွက် အလုပ်ရှာပေးထားမယ်၊ မင်းက အိမ်မှာ တစ်ပတ်လောက်တော့ နားလိုက်ဦး၊ မင်းအဖေ ဆေးရုံတက်တုန်းကလည်း ပင်ပန်းထားတာဆိုတော့ မင်း နည်းနည်း အနား ယူမှ ဖြစ်မယ်’
ထွန်းမြင့်ပြောစကားကို သူ လက်ခံလိုက်သည်။ အခု အချိန်မှာ ဘာကိုမှ မစဉ်းစားချင်ဘဲ တစ်နေရာရာမှာ ခွေပြီး နေချင်နေမိသည်။ နွမ်းလျနေပြီး အဖေ့ကိုလည်း သတိရနေသည်။ တစ်ချိန် တုန်းက နှစ် ယောက် အတူနေခဲ့သော အိမ်တွင် တစ်ယောက် တည်းနေရတော့ မနေတတ်သလို ဖြစ်နေသည်။ အိမ်ရှေ့က အဖေ့ခေါ်သံလိုလို တစ်ချက်တစ်ချက်ကြားနေရသည်။ မငိုဘဲနဲ့ ၀ဲနေသော မျက်ရည်တို့က သူမျက်ဝန်းအိမ်ထဲတွင် ဝှေ့နေ၏ ။
‘ငါတို့ ဒီနေ့ မင်းနဲ့အတူ အိပ်ပေးမယ်လေ. . .’
ကျော်ဟန် စကားကို သူ ခေါင်းခါပြလိုက်သည်။
‘ရပါတယ်ကွာ. . . ငါ တစ်ယောက် တည်း ခဏနေချင်သေးတယ်. . .’
ထို့နောက် ထွန်းမြင့်နှင့် ကျော်ဟန်တို့သည် သူစားရန်အတွက် လမ်းထိပ်ကတစ်ခုခု ၀ယ်ပေးသွားကြပြီးနောက် နှုတ်ဆက်ကာ အိမ်ပြန်သွားကြလေသည်။
ခဏအကြာတွင် တစ်အိမ်လုံးသည် တိတ်ဆိတ်သွားပြီး သူ တစ်ယောက် တည်းသာ ကျန်နေ ခဲ့တော့သည်။
လမ်းထိတ်က ခွေးအူသံ တစ်ချက်နှစ် ချက် ကြားရသည်။ ညဥ့်နက်နေသော်လည်း အိပ် မပျော်သေးဘဲ အိပ်ရာထဲ၌ လူးလှိမ့်နေမိသည်။ မနက်ဖြန်ကစပြီး မိမိဘ၀ကို မိမိဘာသာ ရုန်းကန် ရပေတော့မည် ။ အလုပ်လုပ်မယ်ဆိုရင်ရော ဘာအလုပ်တွေ လုပ်မလဲဆိုပြီး စဉ်းစားနေပါသည်။
ယခုနေသော အိမ်ကလည်း လကုန်ဆိုရင် ပြည့်တော့မှာ ဖြစ်သော ကြောင့် နေစရာပါ ပူရပေ တော့မည် ။
အိပ်မပျော်သော ကြောင့် ထထိုင်လိုက်သည်။ အခန်းထဲကို လျှောက်ကြည့်လိုက်သည်။ အဖေနဲ့ သူနဲ့ ၀တ်နေကျ အ၀တ်ပုံတစ်ခု၊ ယပ်တောင်တစ်ချောင်း၊ စာရေး ခုံနှင့် စာအုပ်တချို့သာ ရှိသည်။
ရောင်းချစရာဆို၍ ဘာမှမယ်မယ်ရရ မတွေ့ ရချေ။ ဒါတောင် အဖေက သူ့ကို အမွေပေး သွားခဲ့ချင်သေးသည်ဟု ၀မ်းနည်းနေရင်းကြားမှပင် ပြုံးလိုက်မိသည်။ သို့သော် အဖေ့ရဲ့ နောက်ဆုံး စကားကိုတော့ သူ့စိတ်ထဲမှာ ပြန်စဉ်းစားနေမိသည်။
ထိုနေရာမှာ ထလိုက်ပြီး ရေအိုးစင်မှ ရေတစ်ခွက်သောက်လိုက်သည်။ ထို့နောက် အဖေ့ ဓာတ်ပုံကို တစ်ချက်ကြည့်ပြီးနောက် ၀မ်းနည်းလာသော ကြောင့် မျက်နှာကို ပြန်လွှဲထားလိုက်ရ သည်။
‘သား. . . ကျေးသာ. . .’
‘ဗျာ. . . အဖေ. . .’
‘ဒီနား ထပ်တိုးပါဦး. . . အဖေ ပြောစရာရှိလို့. . .’
‘ဟုတ်. . . ဟုတ်ကဲ့ အဖေ. . .’
ခေါင်းကို ခါယမ်းလိုက်သည်။
လက်ထဲက သောက်ရေခွက်ကို ရေအိုးပေါ် ပြန်တင်လိုက်ပြီး အိပ်ရာထဲ ပြန်လှဲနေလိုက် သည်။
‘သား. . . အဖေမရှိတော့ရင် သား တစ်ယောက် တည်း နေရတော့မှာ . . .’
မျက်ရည်များ စီးကျလာသည်။
‘အဖေရယ်. . . ဘာ ဖြစ်လို့ ငိုနေတာလဲ. . .’
‘မဟုတ်ဘူး သား၊ သား ဒီလိုနေရတာ အဖေ အပြစ်မကင်းသလို ခံစားနေရတယ်. . .’
‘ဟာ. . . မဟုတ်တာဘဲ အဖေရာ၊ အဖေက သားအပေါ် ဘာမကောင်းတာရှိလို့လဲ၊ ကျွေးမွေးတယ်၊ ပညာသင်ပေးတယ်လေ. . .’
ထထိုင်လိုက်လေသည်။ နားထဲသို့ဝင်လာသော စကားသံများ ကို လက်ဖြင့် အတင်းပိတ်ရန် ကြိုးစားနေမိသည်။
ဒါပေမဲ့ ဘယ်လိုလုပ်လုပ် ပြန်ကြားနေမိသည်။
‘မဟုတ်ဘူးလား. . .’
အဖေသည် မောနေပြီ ဖြစ်သည်။
စိတ်ထဲကလည်း ဘာကြောင့် မှန်းမသိ အဖေသေများ သေတော့မလားဟု စိုးရိမ်မိနေသည်။
‘သား. . .’
‘ဗျာ. . .’
‘သား တစ်ယောက် တည်း ကျန်ခဲ့လို့ ဘာမှမလုပ်တတ် မကိုင်တတ် ဖြစ်နေရင် အဖေ့မွေးရပ် ဖြစ်တဲ့မြို့ကို သွားပါ၊ အဲ့ဒါအဖေ ပေးခဲ့မယ်ဆိုတဲ့ အမွေပါပဲ၊ သားနဲ့ထိုက်ရင် ရပါလိမ့်မယ်. . .’
‘အဖေကလည်း အဲ့ဒီမှာ အဖေ့အိမ် ရှိလို့လား. . .’
အဖေက ခေါင်းခါပြသည်။
‘အမျိုးတွေ ရှိလို့ သားကို လွှတ်တာလား’
ခေါင်းခါပြပြန်သည်။
‘အဖေ အကြွေးရစရာလူ ရှိလို့လား. . .’
‘မ. . . မဟုတ်ဘူး သား. . .’
‘အဲ့ဒါတွေ မဟုတ်ရင် ဘာ ဖြစ်လို့များ အမောခံနေရတာ လဲ အဖေရာ၊ သား မသိချင်ပါဘူး’
တကယ်လည်း အဖေစကားမပြော ဖြစ်အောင် လျှောက်မေးနေခြင်း ဖြစ်သည်။
အဖေ့မြို့မှာ အိမ်တစ်လုံးရှိပါက အဖေအိမ်ငှားမနေပါ။ အမျိုးတွေ ရှိလို့လားဆိုတော့ လည်း မဟုတ်ပြန်ဘူး။ သူ့တစ်သက် ဘယ်အမျိုးကိုမှလည်း မတွေ့ ခဲ့ဘူးပါ။
ဒါပေမယ့် အဖေသည် ဘာမှမလုပ်တတ် ဖြစ်နေရင် သူ့မြို့ကို သွားပါဟု တတွတ်တွတ် မှာ ကာ ဆုံးပါးသွားခဲ့လေသည်။
‘ဟင်း. . .’
ဒီညတော့ အိပ်ပျော်မှာ မဟုတ်တော့ချေ။ ထိုအကြောင်းတွေ ပဲတွေးရင်း မိုးလင်းသွားတော့ မည် ထင်သည်။
သို့သော် ကံကောင်းစွာ နဲ့ပဲ မနက်လင်းခါနီး တွင် တစ်ရေး အိပ်မောကျသွားလေသည်။
မောမောနှင့် အိမ်ပေါ်ကိုတက်လိုက်ပြီး လွယ်အိတ်ကို ပစ်ချကာ ရေတစ်ခွက်ကို အငမ်းမရ သောက်လိုက်သည်။ ဒီနေ့လည်း အလုပ်မရဘဲ ပြန်လာခဲ့ရပြီ။
လျှောက်တဲ့အလုပ်တိုင်းကလည်း တင်ထားခဲ့ဆိုတာချည်းပဲ ဖြစ်သော ကြောင့် ဘယ်နေ့ အလုပ်ရမယ်ဆိုတာ မသေချာဘဲ ဖြစ်နေသည်။
ကြုံရာကျပန်းအလုပ်တောင် မလွယ်ကူဘဲ ရှိနေသည်။
‘ဟူး. . .’
လေပူမှု တ်ထုတ်ပြီး ကြမ်းပြင်ပေါ် ထိုင်ချယုံပဲရှိချိန်တွင် အိမ်ထဲသို့ဝင်လာသော အဒေါ်ကြီး ကြောင့် စိတ်ညစ်သွားလေသည်။
သူ့လက်ရှိနေသော အိမ်ပိုင်ရှင် ဒေါ်ငြိမ်း ဖြစ်သည်။၏
‘ဟဲ့. . . ကျေးသာ. . .’
‘ဗျာ. . . ဒေါ်ငြိမ်း. . . လာလေ၊ ထိုင်ဦး. . .’
‘မထိုင်တော့ဘူး၊ နင့်ကို ငါ လာမေးတာ၊ နင် ဒီအိမ်ဆက်ငှားဦးမှာ လား. . .’
‘အင်း. . . ငှား ဖြစ်မယ်ထင်တယ် ဒေါ်ငြိမ်း၊ ကျွန်တော် အလုပ်ရှာနေတယ်. . .’
‘အလုပ်ရှာနေတယ် မလုပ်နဲ့၊ ငါလည်း ငွေလိုလို့၊ ဒီအိမ်ကို နင်ဆက်ယူမယ်ဆိုရင် (၆) လစာပေးရမယ်. . .’
‘ဟာ. . . ဒေါ်ငြိမ်းရယ်. . . အရင်လို တစ်လစီပဲ ယူပါလား. . .’
‘မရလို့ပါ ကျေးသာရယ်၊ ငါလည်း အခက်အခဲ ဖြစ်နေလို့၊ နို့မို့ဆိုရင် နင့်ကို တစ်လချင်းစီ ပေးခိုင်းပါတယ်. . .’
သူ့လက်ထဲမှာ ရက်လည်တုန်းကကျန်သည့် ကူငွေအနည်းငယ်သာ ရှိတော့သည်။ အိမ်ငှား ဖို့ (၆) လစာမပြောနဲ့ နောက်ရက်တွေ ဆို စားဖို့တောင် အနိုင်နိုင် ဖြစ်တော့မှာ ကို တွေးကြည့်နေရ သည်။
‘ဒါဆိုလည်း ဒေါ်ငြိမ်းရယ်. . . လကုန်ပြီး ပထမအပတ်ထိတော့ ကျွန်တော့်ကို ခဏပေးနေ ပါဗျာ. . .’
ဒေါ်ငြိမ်းသည် စိတ်သဘောထားကောင်းသူ ဖြစ်ပြီး အခက်အခဲရှိ၍ သာ ထိုသို့လုပ်မှန်း သူသိ နေသည်။
ထို့ကြောင့် အားနာနာနဲ့ပဲ အကူအညီတောင်းရသည်။ ဒေါ်ငြိမ်းကလည်း သူ့အ ဖြစ်ကို သနား၍ လားမသိ၊ ‘တစ်ပတ်ပဲနော်. . .’ ဟုဆိုပြီး ထွက်သွားလေသည်။
ဒေါ်ငြိမ်းထွက်သွားပြီး ခဏအကြာတွင် သူ့အိတ်ကပ်ထဲရှိ ငွေလက်ကျန်အချို့ကို ထုတ်ရေ ကြည့်လိုက်သည်။
အကြွေတချို့နဲ့ အတန်ကြီးတချို့ပေါင်းရင် ၂၁၅၀၀ သည် ဘယ်နှစ် ရက်ခံမည် နည်း။
အလုပ်လည်းမရ၊ ပိုက်ဆံတွေ လည်း ကုန်သွားပြီဆိုရင် ဘာလုပ်မလဲ၊ တွေးရင်းနဲ့ ဦးနှောက် ခြောက်လာသည်။ ထားပါတော့. . . အလုပ်မရခင် ဒီပိုက်ဆံလေးနဲ့ မှေးစားလို့ရသည်ဆိုသော် လည်း ဒီလကုန်ပါက အိမ်ပေါ်မှ ဖယ်ပေးရတော့မည် ။ ဒါဆိုဘယ်မှာ သွားအိပ်မလဲ။ သူငယ်ချင်း တစ်ယောက် အိမ်မှာ များ သွားနေရင် ကောင်းမလား။
မ ဖြစ်သေးပါဘူး။ သူတို့တောင် သူတို့မိသားစုတွေ နဲ့ ကျပ်သိပ်နေတာ။ ငါက ဘယ်လိုလုပ် သွားလို့ရမလဲ။ အမျိုး တစ်ယောက် ရှိရင်လည်း ကောင်းသား။
ဒါပေမယ့် သိတတ်စအချိန်ကစပြီး အမျိုးဆိုတာ တစ်ယောက် မှ မတွေ့ ဘူး၊ မသိဘူးပေ။ အဆောင်ဆိုရင်တော့ အိမ်ထက်ဈေးပေါတယ်လို့ ကြားဖူးတယ်။ နောက်ဆုံး မရပါက ဈေးပေါသော အဆောင်တွင် ငှားနေမည် ဟု ယာယီဆုံးဖြတ်ထားလိုက်သည်။
ထိုသို့ဆုံးဖြတ်ချက်ချလိုက်၍ လားမသိ၊ စိတ်ထဲတွင် ပေါ့ပါးသွားကာ လမ်းထိပ်က ၀င်ဝယ် လာသော အသုပ်စုံတစ်ပွဲကို ထမင်းနှင့် ရောစားရန်အတွက် အိမ်နောက်ဖေးသို့ လှမ်းဝင်လိုက် သည်။
ထင်ထားသည့်အတိုင်းပင် လကုန်ရက်နီးလာသည်အထိ အလုပ်မရသေးချေ။ နောက်ပြီး ပိုဆိုးသည်က စုံစမ်းလိုက်သည့်အတောင်များ သည် လူပြည့်နေသည်ကများ ပြီး လွတ်သည့် အဆောင်များ ကလည်း ဈေးကြီးသည့် အဆောင်များ ဖြစ်နေသည်။
နှစ် လစာ ကြိုပေးရမည် ဟုလည်း ဆိုသေးသည်။ ၀င်ငွေမရှိသေးတော့ ဘယ်လိုမှ နှစ် လစာ မပေးနိုင်သေးချေ။
သူ့သူငယ်ချင်း ထွန်းမြင့်နှင့် ကျော်ဟန်ကလည်း သူ့အတွက် တတ်နိုင်သလောက် အလုပ်ရှာပေးကြပါသည်။
သို့သော်လည်း ဟိုနေ့ရမယ်၊ ဒီနေ့ရမယ်နှင့် ပျက်သွားတာများ သည်။
‘မင်း. . . နေစရာမရှိသေးရင် ငါတို့အိမ်မှာ ခဏလာနေကွာ. . .’
သူငယ်ချုင်းတွေ ကတော့ သူ့အပေါ်ကောင်းရှာပါသည်။ ဒါပေမယ့် သူတို့လည်း သူတို့ဒုက္ခနဲ့ ဆိုတော့ ကိုယ့်ဘာသာကိုယ်နေမယ်လို့ပဲ ပြောလိုက်ရသည်။
‘မင်း. . . လကုန်ပြီးတဲ့အထိ အလုပ်မရဘူး၊ နေစရာရှာလို့မရဘူးဆိုရင် ဘာလုပ်မလဲ. . .’
တကယ်တော့ သူ ဘာမှ မတွေးထားသေးပါ။ ဖြစ်ချင်ရာ ဖြစ်ဆိုသည့် တဇွတ်ထိုးစိတ်တွေ လည်းပါမည် ဟု ထင်ပါသည်။ နောက်ဆုံးမည် သို့မှ မတတ်နိုင်သည့်အခါမှ အဖေပြောခဲ့သည့် စကားကိုသာ လိုက်နာဖို့ ရှိတော့သည်။
‘သား တစ်ယောက် တည်း ကျန်ခဲ့လို့ ဘာမှ မလုပ်တတ်မကိုင်တတ် ဖြစ်နေရင် အဖေ့ မွေးရပ် ဖြစ်တဲ့ မြို့ကို သွားပါ၊ အဲ့ဒါအဖေပေးခဲ့မယ်ဆိုတဲ့ အမွေပါပဲ၊ သားနဲ့ထိုက်ရင် ရပါလိမ့်မယ်. . .’
အဆင်မပြေ ဖြစ်တိုင်း အဖေမှာ ထားခဲ့တဲ့ စကားကိုသာ ကြားယောင်နေမိသည်။
အဖေ သေဆံးခါနီး ဂယောင်ချောက်ချားပြောခဲ့တဲ့စကားတွေ လား၊ ဒါမှမဟုတ် ဘာကို ဦးတည်ပြီး ပြောခဲ့လဲဆိုတာ အဖေ တစ်ယောက် သာ သိနိုင်မည် ဖြစ်သည်။
‘ဘာမှမ ဖြစ်သေးဘူးဆိုရင်တော့ ငါ့အဖေမှာ ခဲ့တဲ့အတိုင်း သူ့မြို့ကို သွားဖို့ပဲ ရှိတော့တယ်. .’
‘ဟင်. . . မင်းပြောတော့ အမျိုးတွေ လည်း မရှိဘူး၊ အိမ်လည်း မရှိဘူး၊ မင်းအတွက် ဘာဆို ဘာမှ မရှိဘူးဆိုတဲ့မြို့ကို ဘာသွားလုပ်မှာ လဲ’
‘အဲ့ဒါတော့ ငါသိပါတယ်ကွာ၊ အဖေက သူသေရင် ငါ ဒီလိုဒုက္ခတွေ ကြုံတွေ့ မှာ စိုးလို့ စဉ်းစားလို့ရအောင် တစ်ခုခု ပြောခဲ့ပုံရတယ်၊ အကြောင်းမဲ့တော့ မဟုတ်ဘူးထင်တယ်. . .’
သူ့စကားကို သူငယ်ချင်းနှစ် ယောက် က လက်မခံသော်လည်း ပြန်တော့အငြင်းပေ။
‘အေးလေ. . . မင်းလည်း မင်းအဖေဆုံးပြီးကတည်းက ဖိအားတွေ များ နေတော့ စိတ်ပြေ လက်ပျောက်အနေနဲ့ သွားချင်သွားပေါ့၊ မင်းသွားတဲ့အချိန်မှာ ငါတို့ အလုပ်ရှာထားပေးမယ်လေ၊ ငါတို့ဆီလည်း ဖုန်းဆက်ကြည့်ပေါ့. . .’
‘မင်း အဲ့ဒီကိုသွားရင် ပိုက်ဆံလိုဦးမှာ ပေါ့ကွ. . .’
ကျော်ဟန်က ၀င်ပြီးသတိပေးသည်။
သူက အိတ်ကပ်ထဲမှ လက်ကျန်ငွေကို ထုတ်လိုက်ပြီး ရေကြည့်ရာ တစ်သော င်းစွန်းစွန်း လေးပဲ ရှိတော့သည်။
‘ဒါနဲ့ ဘယ်လိုလုပ် သွားလို့ရမှာ လဲကွ. . .’
ထွန်းမြင့်က သူ့လက်ထဲက ပိုက်ဆံကိုကြည့်ပြီး ပြောလေသည်။
‘မင်းတို့ဆီမှာ ရှိတာလေး ငါ့ကို နည်းနည်း လောက် ချေးလိုက်ပေါ့ကွာ. . .’
‘ချေးချင်ပါတယ်၊ ဒါပေမယ့် ငါတို့နှစ် ယောက် ပေါင်းလိုက်ရင်တောင်မှ မင်းထက်နည်းသေး တယ်. . .’
‘ဘာပဲ ဖြစ် ဖြစ်ပေါ့ကွာ၊ နည်းနည်း လေ ပိုသွားတာပေါ့. . .’
‘နေဦး. . . ကျေးသာ၊ နေဦး. . .’
ကျော်ဟန်က အခုမှ သတိရသလိုပုံစံဖြင့် ၀င်ပြောသော ကြောင့် . . .
‘ဘာ ဖြစ်ရပြန်တာလဲ. . .’
‘မင်း. . . ပိုက်ဆံလိုနေတယ်၊ အလုပ်လိုနေတယ်ဆိုရင် မင်း မမ အပျိုကြီး မအေးကြင် ရှိနေ တာပဲ၊ ဟဲ. . . ဟဲ. . . သူက မင်းကို ကူညီမှာ ကွ. . .’
‘အေး. . . ဟုတ်တယ် ကျေးသာ၊ အဲ့ဒါ ငါတို့မေ့နေတာပဲ. . . အဟီး၊ အလုပ်လည်းရ. . . အဟီး. . .’
‘တော် ပါကွာ. . . မင်းတို့ပြောတာတောင် နောက်ကျနေသေးတယ်၊ သူက ငါ့ဆီကို နေ့တိုင်း လာတယ်၊ အလုပ်မရှိဘူးဆိုရင် သူ့ဆီမှာ လာလုပ်ပါနဲ့ နေ့တိုင်းနားပူနေတာပဲ၊ လာရင်လည်း ဟိုဟာ ၀ယ်လာရတာ နဲ့ ဒီဟာဝယ်လာရတာ နဲ့. . .’
‘ဟာ. . . အဲ့ဒါ ကောင်းတာပေါ့. . .’
‘ဘာကောင်းတာလဲကွ၊ မင်းတို့က ဘာသိလို့လဲ. . .’
‘သိပါတယ် ကျေးသာရယ်၊ မအေးကြင်က ပိုက်ဆံရှိတယ်၊ ပြီးတော့ အပျိုကြီး၊ မင်းကို ကြိုက်နေတာ. . .’
‘တော် ပါပြီကွာ. . . မင်းတို့က ငါ့ကို ဗွီဒီယိုထဲကအတိုင်း လာပြောနေကြတာပဲ. . .’
ကျေးသာက နောက်နောက်ပြောင်ပြောင် စကားတွေ လျှောက်ပြောသော ကြောင့် မအေး ကြင်အကြောင်းကနေ အခြားအကြောင်းအရာ လွှဲသွားကြလေသည်။
မပြီးသေးတာက ထိုသကောင့်သားနှစ် ယောက် ဖြစ်သည်။ ထိုမပြီးသေးတာကိုလည်း နောက်တစ်နေ့မှသာ သိရသည်။
‘မောင်လေးကျေးသာ. . . မင်း ခရီးသွားဖို့ ပိုက်ဆံလိုနေလို့ဆို. . .’
‘အာ. . . မအေးကြင်ကို ဘယ်သူပြောလဲ. . .’
အိမ်ပြန်ရောက်ပြီး မကြာခင် ရောက်လာသော မအေးကြင်စကားကြောင့် ဘယ်သူတွေ ပြောလိုက်မှန်း ရိပ်မိလိုက်သည်။
ဒီကောင်တွေ တော့ တွေ့ မယ်. . .။
‘ဒီလိုပဲ သိတာပေါ့ မောင်လေးရယ်၊ အစ်မက မောင်လေးအကြောင်း. . .’
‘ကျွန်တော် ခရီးသွားဖို့ ပိုက်ဆံရခဲ့ပြီဗျ. . .’
တကယ်တော့ ဘာမှ မရသေးပါ။ ပြီးပြီးရော ပြေလိုက်ခြင်းသာ ဖြစ်ပါသည်။
‘ရပြီလည်း အပိုအလိုသုံးရအောင်. . . မင်းနဲ့ကိုက်မယ့် အလုပ်တစ်ခု အစ်မတွေ့ ထားတယ်’
‘အာ. . .’
သူ စိတ်ညစ်သွားပုံကို မအေးကြင်က တွေ့ သွားပြီး. . .
‘အစ်မဆီမှာ လုပ်ရမှာ မဟုတ်ပါဘူးဟယ်. . . အစ်မ အသိ တစ်ယောက် ဆီမှာ ၊ လုပ်ရမှာ ကလည်း တစ်ပတ်တည်းပါ’
ဟု ကမန်းကတန်းပြောလိုက်သော ကြောင့် မအေးကြင်ကို အားနာသွားရလေသည်။
ဒါပေမယ့် မအေးကြင်ပြောသည့် တစ်ပတ်တည်းလုပ်ရမည့် အလုပ်ကို စိတ်ဝင်စားသော ကြောင့် . . .
‘ဘာအလုပ်လဲ အစ်မ’
ဟု မေးလိုက်သည်။
‘မောင်လေးက စာလည်းဖတ်တယ်၊ ဉာဏ်လည်းကောင်းတယ်ဆိုတော့ အစ်မအသိ ဆရာ တစ်ယောက် က စာအုပ်တစ်အုပ် ပြုစုစရာရှိလို့ အကူ တစ်ယောက် လိုတယ်ပြောတာနဲ့ မောင်လေး ကို သတိရပြီး လာပြောတာ၊ သူလိုချင်တဲ့ လူကလည်း စာဖတ်တာကို ၀ါသနာပါရမယ်၊ ဉာဏ် ကောင်းရမယ်၊ မပျင်းရဘူးဆိုတော့ မောင်လေးနဲ့ အံကိုက်ပဲ. . .’
ထိုအလုပ်ကို တော် တော် လေး စိတ်ဝင်စားသွားသည်။ စာအုပ်များ နှင့် ပတ်သက်သော ကြောင့် ပို၍ ပင် စိတ်ဝင်စားသွားသည်။
ငယ်ငယ်လေးတည်းက အပြင်စာတော် တော် များများ ကို ဖတ်လေ့ရှိပြီး နောက်ပိုင်းတွင် စာအုပ်များ မ၀ယ်နိုင်သော ကြောင့် စာကြည့်တိုက်များ ကိုသာ အားကိုးပြီး ဖတ်ခဲ့ရလေသည်။
‘သူက ဘာစာအုပ် ပြုစာမှာ လဲ’
‘အစ်မလည်း မသိဘူး၊ သူပြောတာတော့ စုံနေတာပဲ၊ မောင်လေး စိတ်ဝင်စားရင် အစ်မ ပြောပေးမယ်လေ. . .’
‘ကျွန်တော် စိတ်ဝင်စားပါတယ်၊ အချိန်က ဘယ်လောက်လုပ်ရမှာ လဲ. . .’
‘တစ်ပါတ်လောက်ပဲ လုပ်ရမှာ ပါ. . .’
ဒီလိုနဲ့ မအေးကြင်အသိဆီမှာ ၀င်လုပ် ဖြစ်သည်။ ဘာပဲ ဖြစ် ဖြစ် မအေးကြင်ကိုတော့ ကျေးဇူးတင်မိသည်။
မည် သို့ဆိုသော် ပိုက်ဆံလည်းရပြီး စာအုပ်စာတမ်းများ လည်း ဖတ်ရှုရသော ကြောင့် ဖြစ် သည်။
လုပ်ရသည့်အလုပ်မှာ လိုချင်သည့်အကြောင်းအရာများ ရအောင် စာကြည့်တိုက်များ သွား ပြီး စာအုပ်ပြုစုသူနှင့် အတူ ဖတ်ရှုပြန်ကူးရ၊ ဆွေးနွေးရနှင့် ပျော်စရာကောင်းသော အလုပ်တစ်ခု ဖြစ် ခဲ့သည်။
ပြုစုရသည့် စာအုပ်အကြောင်းအရာများ မှာ စုံလင်လှပေသည်။ စက်များ ၊ သင်္ချာအကြောင်း အရာများ နှင့် နိုင်ငံခြားတိုင်းပြည်မှားမှ ပညာရပ်များ အကြောင်းတို့ ဖြစ်ပါသည်။
ဤသို့ဖြင့် တစ်ပတ်အတွင်း ထိုလုပ်ငန်းများ ပြီးစီးသွားပြီး လက်ထဲမှာ လည်းခရီးသွားဖို့ ငွေအလုံအလောက် ရရှိသွားသော ကြောင့် အဖေမှာ ခဲ့သည့် သူ့မြို့ဆီသို့ ခရီးထွက်ရန် ပြင်ဆင်ရ လေသည်။
တကယ်တော့. . .
ဘ၀ဆိုတာ. . .
သစ်ပင်လိုပါပဲ အဖေ. . .
ကိုယ်တိုင် စိုက်ပျိုးမှ. . .
ရှင်သန်ရတာ ပါ. . .
ဤတွင် စတင်ပြီး ဒုက္ခရောက်တာက အဖေနေခဲ့တဲ့မြို့ကို ဘယ်လိုသွားလို့ သွားရမှန်း မသိ ချေ။ အဖေ့ရဲ့ မွေးရပ်မြို့ကို အဖေပြောဖူး၍ သာ ကြားဖူးပြီး၊ ရောက်လည်း မရောက်ဖူးပေ။
နာမည် ကြီး မြို့လေးတစ်မြို့မဟုတ်သော ကြောင့် သိတဲလူလည်း ရှားလှပေသည်။ ထို့ကြောင့် ဘယ်လိုသွားရမလဲဆိုတာကို အစအနရှာမရဘဲ ဖြစ်နေသည်။ မြေပုံတွေ မှာ လည်း ရှာမတွေ့ ပေ။
အဖေသည် သူ့မြို့လေးနဲ့ပတ်သက်တဲ့ ကိစ္စများ ကို သိပ်ပြောလေ့ပြောထ မရှိပေ။ တစ်ခါ တစ်ရံ မေးတာတောင်မှ ဘာလုပ်မလို့လဲဟု ပြန်မေးတတ်၏ ။ ထို့ကြောင့် အဖေ့ရဲ့ မွေးရပ်ကို နာမည် ကလွဲလို့ ဘာမှရေရေရာရာမသိဘဲ ဖြစ်ခဲ့သည်။
ထိုသို့ဖြင့် အစအနရှာလို့မရချိန်တွင် ရပ်ကွက်ထဲက အဖေ့သူငယ်ချင်း တစ်ယောက် က အဖေအသက်ရှိစဉ် အဖေ့မြို့လေးအကြောင်းကို စကားတစ်ခွန်းနှစ် ခွန်း ပြောဖူးကြောင်း၊ ဘယ်လို သွားရမလဲ မေးကြည့်ဖူးကြောင်း စသဖြင့် သိရှိရသော ကြောင့် ထိုအဖေ့သူငယ်ချင်းကိုပဲ အကူ အညီတောင်း မေးမြန်းရလေသည်။
အဖေ့သူငယ်ချင်းကလည်း သိပ်သိလှရယ်လို့တော့ မဟုတ်ဘဲ သူမှတ်မိသလောက်တော့ ပြောပြရှာသည်။
ထိုသို့ဖြင့် အဖေ့မြို့ကိုသွားဖို့အတွက် လမ်းစပေါ်လာခဲ့သည်။ အဖေ့မြို့လေးသည် လူသွား လူလာနည်းပါးပြီး တသီးတသန့်ဆန်စွာ ဖွံ့ဖြိုးနေသော မြို့ငယ်လေးတစ်မြို့ ဖြစ်ပုံရသည်။
‘ငါ သိရသလောက်တော့ မင်းအဖေမြို့က တော် တော် လေးဝေးတယ်ကွ၊ လမ်းလည်း ကြမ်းတယ်လို့ ပြောတယ်. . .’
‘အဖေ့မွေးရပ်က မြို့လား၊ ရွာလားဗျ. . .’
‘ရွာတော့ မဟုတ်ဘူးလို့ ပြောတယ်၊ မြို့ငယ်လေးလို့တော့ ပြောတာပဲကွ၊ မြို့ငယ်လေး တစ်မြို့ရဲ့ အင်္ဂါရပ်တွေ ရှိတယ်တဲ့. . .’
‘ဒါဆို ကျွန်တော် က အဲ့ဒီကို ဘယ်လိုသွားရမှာ လဲ. . .’
‘အင်း. . . ခဏလေး ခဏလေး၊ မင်းအဖေ ပြောဖူးပုံအရဆိုရင် ဒီကနေ. . . မြို့ကို ရောက် အောင် ကားစီးသွားရမယ်၊ အဲ့ဒါတောင် တော် တော် စီးရတယ်တဲ့၊ အဲ့ဒီမြို့ကို ရောက်မှ မင်းအဖေ မြို့ကို ဘယ်လိုသွားရတယ်ဆိုတာ စုံစမ်းမေးမြန်းသွားလို့ရတယ်တဲ့. . .’
ဤသို့ဖြင့် ငှားထားသော အိမ်လေးကိုအပ်ပြီး ပစ္စည်းအချို့ (ချက်ပြုတ်သည့် ပစ္စည်းများ သာ) ကို သူငယ်ချင်းများ အိမ်တွင် အပ်ကာ ခရီးစတင်ထွက်ခွာလာခဲ့သည်။
ပထမဦးဆုံး အဖေ့သူငယ်ချင်းပြောပြသည့်မြို့ကို ကားနဲ့သွားရသည်။ လမ်းကလည်း ကြမ်း သည်။ ကားကလည်း သက်သော င့်သက်သာမရှိဘဲ မကြာခဏဆိုသလို လမ်းမှာ ကားပျက်နေသေး သည်။
ကားပေါ်တွင် သူ့လို တစ်ကိုယ်ရည်တစ်ကာယ ခရီးတွင် သူ မပါဝင်ဘဲ ပစ္စည်းများ ၊ ကြက် များ ၊ ကြက်များ ၊ စားစရာများ အပြည့်အသိပ်တင်လာပြီး လူများ ကလည်း ပစ္စည်းများ ပေါ် တက်ထိုင် သူနဲ့၊ ကားခေါင်မိုးပေါ် ပါလာသူများ နှင့် ကားတစ်စီးလုံးမှာ ပြည့်ကျပ်သိပ်နေလေသည်။
သူတောင်မှ ခုံလေးနှင့် ထောင့်တစ်နေရာစာရလို့ တော် သေးသည်။ ထိုသို့ဖြင့် ကားပျက် လိုက်၊ ဆင်းလိုက်၊ ပြန်သွားလိုက်နှင့် သွားကြရာ ပထမဦးဆုံးသွားရမည့် မြို့ကို တစ်နေ့နှင့် နေ့ တစ်ဝက်ကြာမှသာ ရောက်လေသည်။
ထိုမြို့ကို ရောက်မှပဲ အခက်အခဲ အကြီးအကျယ် တွေ့ လေတော့သည်။ မည် သို့ဆိုသော် သူ့အဖေရဲ့ မွေးရပ်မြို့ကို ဘယ်သူမှ မသိခြင်းပင် ဖြစ်သည်။
‘မသိဘူးဗျ. . . ဒီနားတစ်ဝိုက်မှာ တော့ ခင်ဗျားပြောတဲ့မြို့ မရှိဘူးထင်တယ်. . .’
‘ဟို. . . သေချာပြန်စဉ်းစားပေးပါဦးဗျာ. . . ညွှန်တဲ့လူကလည်း ဒီမှာ စုံစမ်းရင် သိတယ်ဆို လို့ပါ. . .’
‘တကယ်ပါ. . . ခင်ဗျားပြောတဲ့မြို့ကို မသိကို မသိတာပါ. . .’
တော် တော် လေးစိတ်ပျက်ပြီး ထိုနေရာမှာ ပင် ထိုင်ချလိုက်သည်။
သူရောက်နေသည့်နေရာမှာ ဒီမြို့ရဲ့ ကုန်ကားများ ရပ်နားရာ နေရာတစ်ခု ဖြစ်သည်။
အိတ်တစ်လုံး၊ ပိုက်ဆံအနည်းငယ်နှင့် သူ မသိသော မြို့မှာ ဘာဆက်လုပ် လို့ လုပ်ရမှန်း မသိချေ။
ဒါနဲ့ ဒီဦးလေးကြီးများ မသိလို့များ လားဆိုပြီး နောက် တစ်ယောက် ကို မေးကြည့်ဖို့ ဆုံးဖြတ် လိုက်သည်။
ထိုသို့ဖြင့် ရှေ့ဆက်သွားရာ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်တွေ့ ၏ ။ ဆိုင်ပိုင်ရှင်ကို မေး ကြည့်ရာ သူလည်း မသိဘူးဘဲ ပြောနေလေသည်။
သူက မသေချာ၍ ဆိုင်ထဲတွင် ထိုင်နေသာ သူ့အသိသူငယ်ချင်းဝိုင်းကိုလည်း မေးမြန်း ပေးလေသည်။
ထိုဝိုင်းက လူများ ကလည်း မသိချေ။ သူ့မှာ စိတ်မောလူမော ဖြစ်လာပြီး လက်ဖက်ရည် တစ်ခွက်မှာ ကာ ထိုဆိုင်ထဲမှာ ပဲ ထိုင်နေလိုက်သည်။
ရှေ့ဆက်သွားလို့ မရတော့ပါက သူ့နေရပ်ကိုသာ ပြန်ပေတော့မည် ဖြစ်သည်။ မလာခဲ့ရင် အကောင်းသားဟုဆိုပြီး မိမိကိုယ်ကို အပြစ်တင်နေမိသည်။
မှာ ထားသော လက်ဖက်ရည်လာချသည်။ အပြင်ကိုကြည့်လိုက်တော့ နေကပူနေပြီး စိတ်ပျက်စရာကောင်းလောက်အောင်ပင် လူအများ က ရှုပ်ရှက်ခတ်နေသည်။
ကုန်စည်တစ်ခုခု ထွက်ရှိရာမြို့ ဖြစ်ပုံရသော ကြောင့် ကုန်ကားများ ကိုသာ တွေ့ ရသည်။
‘ဒီမှာ . . . ကောင်လေး. . .’
‘ဗျာ. . .’
သူ့ဘေးနားက၀ိုင်းမှာ ထိုင်နေတဲ့လူကြီးက လှမ်းခေါ်ခြင်း ဖြစ်သည်။
‘မင်း ခုနမေးနေတဲ့မြို့က ဘယ်မြို့. . .’
‘. . . မြို့ပါ ဦးကြီး’
‘မင်းကို ဘယ်လိုပြောလိုက်လို့လဲ. . .’
‘မြို့ ကတော့ ကျွန်တော့် အဖေရဲ့ မွေးရပ်မြို့ပါ၊ ကျွန်တော် လည်း တစ်ခါမှ မရောက်ဖူးပါဘူး၊ အခု အဖေဆုံးတော့ အဲ့ဒီကို သွားပါဆိုတာနဲ့ ထွက်လာတာ၊ ဒီမြို့ရောက်လို့ မေးကြည့်ရင် သိတယ် ဆိုတာနဲ့ ဒီမြို့ကို အရင်ထွက်လာတာ’
ဦးလေးကြီးပုံစံက သဘောကောင်းပုံရသည်။ ၀ိုင်းထဲတွင် တစ်ယောက် တည်းထိုင်နေပြီး ကုန်ကားမောင်းသမား တစ်ယောက် ဖြစ်ပုံရသည်။
‘အချိန်တွေ ကြာပြီဆိုတော့ မြို့က သိတဲ့လူတွေ လည်း ပြောင်းလဲလောက်ပြီပေါ့ကွာ၊ ဒါပေမယ့် အခု ဦးသွားမယ့် အဝေးပြေးလမ်းနဲ့ နည်းနည်း ဝေးတဲ့နေရာမှာ တော့ မြို့လေးတစ်မြို့ ရှိတယ်. . .’
သူ ၀မ်းသာအားရ ဖြစ်သွားပြီး. . .
‘ဟုတ်လား. . . ဦးကြီး၊ နာမည် က ဘာတဲ့လဲ. . .’
ဟု အလျင်စလို မေးလိုက်မိသည်။
‘နာမည် ကတော့ ဦးကြီးလည်း မသိဘူး. . .’
‘ဦးတောင်မှ အဲ့ဒီအဝေးပြေးလမ်းကို ဖြတ်နေတာ နှစ် ပေါင်မနည်းတော့ဘူး၊ အဲ့ဒီမြို့ရှိ တာတောင် မသိဘူး၊ တစ်နေ့ ကားပျက်လို့ အကူအညီတောင်းရအောင်ဆိုပြီး လိုက်ရှာရင်းနဲ့ အဲ့ဒီ မြို့ကို ရောက်ဖူးတာပဲ. . .’
‘ရွာကြီးတစ်ရွာလား’
‘ရွာကြီးတစ်ရွာတော့ မဟုတ်ဘူးကွ၊ အစုံရှိတယ်၊ တည်းခိုခန်းတွေ ၊ စားသောက်ဆိုင်တွေ စသည်ဖြင့် ပေါ့၊ ဦးကြီးအထင် တစ်သီးတစ်သန့်တည်း ဖွံ့ဖြိုးနေတဲ့ မြို့ငယ်လေး ထင်တယ်. . .’
‘ကျွန်တော် သွားချင်တဲ့မြို့က အဲ့ဒီမြို့ ဖြစ်ပါ့မလား ဦးကြီး. . .’
‘အဲ့ဒါတော့ မသိဘူး၊ ဦးကြီးတွေ့ ဖူးတဲ့မြို့နဲ့ ကောင်လေးလိုက်ရှာနေတဲ့မြို့နဲ့များ တစ်ခု တည်း ဖြစ်မလားဆိုပြီး ပြောကြည့်တာ. . .’
သူ တွေ ဝေသွားလေသည်။
ထိုဦးကြီးပြောသော မြို့မှာ သူလိုက်ရှာနေသော မြို့ ဖြစ်ချစ်မှ ဖြစ်မည် ။ သို့သော်လည်း ဖြစ်ရင် လည်း ဖြစ်နိုင်သည်။
အခုအချိန်မှာ ဘာပဲ ဖြစ် ဖြစ် သူ့မွေးရပ်မြေကို မပြန်ချင်သေးပါ။ ပြန်ပါကလည်း သူနေဖို့ အိမ်မရှိတော့ပါ။ ထို့ကြောင့် လျှောက်သွားကြည့်ချင်သည့်စိတ်က ပြင်းပြင်းပြပြ ဖြစ်နေသည်။
‘ဒီမြို့နဲ့ အဲ့ဒီမြို့က ဝေးလား ဦးကြီး. . .’
‘အင်း. . . နည်းနည်း တော့ ဝေးတယ်၊ မင်းလိုက်ကြည့်ချင်တယ်ဆိုရင် ဦးကြီး ကားနောက် က လိုက်ခဲ့လို့ရပါတယ်. . .’
‘ကျွန်တော် လိုက်ခဲ့မယ်ဗျာ၊ အဲ့ဒီမြို့က ကျွန်တော် ရှာနေတဲ့မြို့ ဟုတ်၊ မဟုတ် မသိပေမယ့် ကျွန်တော့်အဖေကလည်း မရှိတော့ဘူး၊ ကျွန်တော် ကလည်း ဘာလုပ်ရမှန်း မသိ ဖြစ်နေတဲ့အချိန် ဆိုတော့ လိုက်ခဲ့မယ် ဦးကြီးရယ်၊ ကျွန်တော် ကားခ ဘယ်လိုပေးရမလဲ. . .’
‘ပေးစရာ မလိုပါဘူးကွ၊ အလကားလိုက်ခဲ့ပါ၊ ဒါပေမယ့် ကားအနောက်က ကုန်စည်တွေ ပေါ် လိုက်ရတာ ဆိုတော့ သက်တောင့်သက်သာတော့ မ ဖြစ်ဘူးနော်. . .’
‘ရပါတယ်. . . ဘယ်လိုပဲ ဖြစ် ဖြစ်ပါ. . .’
ထိုသို့ဖြင့် မျှော်လင့်ချက်နဲ့ ခရီးကြမ်းကို ပြန်စခဲ့ရသည်။
တစ်ချိန်ချိန်မှာ အမောဆို့ခဲ့ရင် ဘာအကြောင်းပဲ ဖြစ် ဖြစ်
ပြန်ထပါဆိုတဲ့ အဖေ့ စကားကို သတိရလျက်ပါ အဖေ။
နေသည် ခြစ်ခြစ်တောက် ပူနေ၏ ။ မနေ့က တစ်နေ့လုံး မိုးအုံ့နေခဲ့လေသမျှ ဒီနေ့ကျမှ ရက်ရက်စက်စက် ပူပြင်းနေလေသည်။
ထို့ကြောင့် လမ်းပေါ်မှာ လည်း တစ်ယောက် မှ မရှိဘဲ လူရှင်းနေလေ၏ ။ အရိပ်ရသော အပင်များ ၊ အဆောက်အဦများ ၊ ဆိုင်များ အတွင်းတွင် ၀င်ထိုင်ကြရင်း စကားပြောတဲ့လူက ပြောနေ ကြသည်။ စာဖတ်တဲ့လူကလည်း စာအုပ်လေးတစ်အုပ်နှင့် သစ်ပင်အောက်မှာ ငြိမ့်နေလေ၏ ။
တချို့ကလည်း လက်ဖက်ရည်လေးသောက်ရင်း အပူကြောင့် တံလျှပ်များ ထနေသော လမ်းမကြီးကို ငေးကြည့်ရင်း တောရောက်တောင်ရောက် တွေးတောနေကြလေသည်။
နေမပူလျှင် အတော် လူသွားလာများ သော လမ်းမကြီးက ယခုတော့ ခြောက်ကပ်နေသည့် လမ်းတစ်ခု ဖြစ်နေတော့သည်။
‘အိုက်လိုက်တာဗျာ. . . ဘကြီးမိုး ယပ်တောင်လေးရှိရင် ပေးပါဦး. . .’
ဆိုင်ထဲတွင် ထိုင်နေသည့်လူက ကောင်တာကို လှမ်းအောင်သည်။ ကောင်တာမှ ထိုင်နေတဲ့ ဘကြီးမိုးဆိုသူကလည်း. . .
‘ဟေ့. . . ယပ်တောင်တဲ့ ပေးလိုက်ပါဦး. . .’
ဟု လှမ်းအော်သံများ ။
‘အအေးဗျို့. . . အအေး. . .’
‘ဘယ်လိုပူပြင်းတဲ့ ရာသီဥတုလဲ မသိဘူး. . .’
‘အေးဗျာ. . . အဲ့ဒီတုန်းက ကျုပ်မရှိတာ နာတယ်၊ တကယ်တော့ အဲ့ဒီပွဲမှာ ကျုပ်ရှိရင် နိုင်မှာ ဗျ. . .’
‘နေစမ်းပါဦး. . . ကောင်းပါပြီ. . .ခင်ဗျားနဲ့ ပြိုင်ပြီး မငြင်းတော့ဘူး. . . ဟုတ်ပြီလား. . .’
‘ကောင်းပါပြီ. . . ကောင်းပါပြီ. . . ခင်ဗျားနဲ့ ပြိုင်ပြီး မငြင်းတော့ဘူး. . . ဟုတ်ပြီလား. . .’
‘သေစမ်း. . . အမေမှာ လိုက်တဲ့ပစ္စည်း. . . ၀ယ်ဖို့မေ့နေတာ သွားလိုက်ဦးမယ်. . . ရှင်းမယ် ဘကြီးမိုးရေ. . .’
‘အဲ့ဒါပဲ. . . အဲ့ဒါပဲ. . . ကျုပ်ပြောတာ မှန်တယ်မှတ်လား. . .’
စသည်ဖြင့် ဆိုင်လေးအတွင်းတွင် ဆူညံနေလေသည်။
‘တောက်. . . ဒီလောက်ပူပြင်းနေတာကို ဘယ်ကကောင်လဲကွ. . .’
ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် အားလုံးတိတ်ဆိတ်သွားလေသည်။ အသံမှာ အနည်းငယ် ကျယ်သွားသော ကြောင့် ဘာ ဖြစ်တာလဲဟု စပ်စုရင်း အသံထွက်လာရာနေရာကို ကြည့်လိုက်၏ ။
လက်ဖက်ရည်သောက်ရင်း အဝေးက တံလျှပ်များ ကို တစိမ့်စိမ့်ထိုင်ကြည့်နေသော သူထံမှ အသံထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုသူသည် လမ်းမကြီးအဝေးတစ်နေရာကို ငေးကြည့်ရင်း ရေရွတ်ပြောဆိုလိုက်သော ကြောင့် အားလုံးကလည်း ဘာများ လဲဆိုပြီး လိုက်ကြည့်မိကြပြန်သည်။
အပူကြောင့် တံလျှပ်များ တဖျတ်ဖျတ်ထနေသော အဝေးက လမ်းမကြီးပေါ်တွင် လမ်းလျှောက်လာနေသော လူ တစ်ယောက် ကို တွေ့ လိုက်ရလေသည်။
ခေါင်းဆောင်းမပါ ဘာမပါနဲ့ နေပူထဲမှာ တရွေ့ရွေ့လျှောက်လာနေခြင်း ဖြစ်သည်။
အိတ်တစ်အိတ်ကိုလည်း ကိုင်ထားပြီး အဝေးက ကြည့်ယုံနဲ့တင် ထိုသူမှာ ခြေကုန်လက် ပန်းကျပြီး မောပန်းနေပုံရသည်။
‘ဟုတ်ပါ့. . . ဒီလောက် ပူပြင်းနေတာကို ဘယ်သူများ လဲဟ. . .’
ထိုအဝေးက လာနေသော လူကို အားလုံးက စိတ်ဝင်စားသွားကြပြန်သည်။
‘ခရီးက ပြန်လာတဲ့လူ ထင်တယ်. . .’
‘မဟုတ်နိုင်ပါဘူး၊ အခုတစ်လော ငါတို့မြို့မှာ အခြားမြို့ကို ခရီးထွက်သွားတဲ့လူ ရှိမှ မရှိတာ’
ထိုသို့ ဟိုးအဝေးက လူ တစ်ယောက် ကို လှမ်းကြည့်ရင်း တစ်ယောက် တစ်ခွန်းပြောနေကြ သော ကြောင့် ဆိုင်ထဲရှိ အခြားလူများ ကလည်း စိတ်ဝင်စားလာပြီး ထိုင်နေရာမှ ထကြည့်ကြလေ သည်။
ကောင်တာမှာ ရှိသော ဘကြီးမိုးလည်း ကောင်တာမှထပြီး ထိုလူကို လှမ်းပြီးကြည့်မိသည်။
ဝေးနေသော ကြောင့် သဲသဲကွဲကွဲ မမြင်ရပေ။ သေချာတာ ကတော့ သူတို့မြို့ထဲသို့ ဦးတည် ၀င်လာနေခြင်းပင် ဖြစ်သည်။
‘ဧည့်သည် ထင်တယ်. . .’
တစ်ယောက် က ထင်မြင်ချက် ပေးပြန်သည်။
‘ဟုတ်မယ် ထင်တယ်. . .’
‘အံမယ်. . . ဒါဆို ငါတို့မြို့ကို ဧည့်သည်တွေ ဘာတွေ ထူးထူးဆန်းဆန်း လာလို့ပါလား’
‘ဘာလာလုပ်တာလဲ မသိဘူး. . .’
‘ငါ့တို့မြို့ တည်းခိုခန်းတော့ ဧည့်သည် တစ်ယောက် ရပြီပေါ့. . .’
တစ်ယောက် တစ်ခွန်း ပြောနေကြစဉ်မှာ ပဲ အဝေးက လာနေသော လူမှာ တဖြည်းဖြည်းနှင့် နီးလာလေ၏ ။
‘လူငယ်လေး တစ်ယောက် ပဲ’
သဲသဲကွဲကွဲ မြင်ရချိန်တွင် လူငယ်လေး တစ်ယောက် ဖြစ်မှန်း အားလုံးတွေ့ လိုက်ရ၏ ။
ထိုသို့ဖြင့် ထိုလူငယ်လေးကို အားလုံးစိတ်ဝင်တစားကြည့်နေစဉ်မှာ ပဲ ဆိုင်ထဲမှ ဦးလေးကြီး တစ်ဦးက. . .
‘ဒီကောင်လေးကို ငါ မြင်ဖူးသလိုပဲ. . .’
ဆိုသည့် ရေရွတ်သံကို အားလုံး ကြားလိုက်ရလေသည်။
‘ဒီမြို့နာမည် က ဘာလဲမသိဘူး ခင်ဗျာ. . .’
ကျေးသာသည် နီးစပ်ရာ ဆိုင်တစ်ခုကို ၀င်လိုက်ပြီး ကောင်တာရှိ ဦးလေးကြီးကို မေးလိုက် လေ၏ ။
မောကလည်း မော၊ ရေကလည်း ဆာလာသော ကြောင့် ကောင်တာနှင့် အနီးဆုံးခုံတွင် ၀င်ထိုင်ရင်း ရေတစ်ဘူးမှာ ကာ အရင်ဝင်ထိုင်လိုက်သည်။
အေးအေးဆေးဆေး ဖြစ်သွားမှသာ ကောင်တာရှိ ဦးလေးကြီးကို လှမ်းမေးလိုက်ခြင်း ဖြစ် သည်။
ကောင်တာက ဦးလေးကြီးက ချက်ခြင်းမဖြေသေးဘဲ သူ့ကို စိုက်ကြည့်နေလေ၏ ။
ထိုအခါမှပဲ ကျေးသာသည် ဆိုင်ထဲကို တစ်ချက်ကြည့်လိုက်ရာ အားလုံးမှာ သူ့ကို တအံ့တသြ ၀ိုင်းကြည့်နေကြမှန်း တွေ့ လိုက်ရလေသည်။
ထိုသို့ အားလုံးဝိုင်းကြည့်နေသော ကြောင့် ကျေးသာမှာ ထိတ်ထိတ်လန့်လန့် ဖြစ်သွား လေ၏ ။
ဒုက္ခပဲ ငါ့ကို ဘာ ဖြစ်လို့ ကြည့်နေကြတာပါလိမ့်ဟု တွေးရင်း စိတ်လည်း စိတ်ပူနေမိသည်။
ဘယ်ရောက်လို့ ရောက်မှန်း မသိ၊ လူတွေ ကလည်း သူ့ကို ပြူးကြောင်ကြောင်နှင့် ကြည့်နေ ကြတယ်ဆိုတော့ ကျေးသာမှာ ပို၍ ပင် နားမလည်နိုင် ဖြစ်နေမိသည်။
သူ့ကို တအံ့တသြကြည့်နေသူများ မှာ လည်း ကလေး၊ လူကြီး၊ လူငယ် အစုံအလင်ရှိသော ကြောင့် ရယ်ပြရနိုးနိုး၊ ထပဲပြန်ရမလိုလို ဘာလိုလို ဖြစ်နေသည်။
ပိုဆိုးသည်က သူ့ကို ဘာမှ ပြန်မပြောကြဘဲ စူးစိုက်ကြည့်နေကြခြင်းပင် ဖြစ်သည်။
‘ဟို. . . ဒီမြို့နာမည် က ဘာလဲဟင်. . .’
ဒီတစ်ခါ ကောင်တာမှ ဦးလေးကြီးကို မဟုတ်တော့ဘဲ သူ့ကိုကြည့်နေကြသော သူများ အားလုံးကို မရဲတရဲမေးလိုက်ခြင်း ဖြစ်သည်။
မည် သူမှ ပြန်မဖြေကြဘဲ သူ့ကိုသာ ဆက်ကြည့်နေကြသော ကြောင့် ကျေးသာမှာ ပို၍ ထိတ်လန့်လာလေ၏ ။
ဒီမြို့ကို ဧည့်သည်မလာဘူးလို့ တအံ့တသြ ၀ိုင်းကြည့်နေကြတာလား. . .။
ဒါမှမဟုတ် ငါ့ကိုများ ဘာလုပ်ကြမလို့လဲ။
ကြာလာသော အခါ ကျေးသာမှာ မထိုင်ရဲတော့ဘဲ ထိုင်ခုံမှ ထပြီး. . .
‘ရှင်းမယ်. . . ရှင်းမယ်. . .’
ရေသန့်ဘူးဖိုး ရှင်းရန်အတွက် လှမ်းခေါ်လိုက်၏ ။ ဘယ်သူမှ ထွက်မလာချေ။ ဒါနဲ့ ဟိုကြည့် ဒီကြည့်လိုက်ကြည့်ရာ စားပွဲထိုးပုံစံနှင့် လူငယ်လေးနှစ် ဦးသည်လည်း အခြားလူများ ကြည့်နေသလို ကြည့်နေသော ကြောင့် စိတ်ညစ်သွားပြီး ခန့်မှန်းကျသင့်ငွေကို ရှင်းကာ ဆိုင်ထဲမှ ဇဝေဇ၀ါနဲ့ ထွက် လာခဲ့ရသည်။
‘ဘယ်လိုမြို့ပါလိမ့်’
ဟု တွေးနေမိသည်။
ဆိုင်က ထွက်သွားသော လူငယ်လေး ခပ်လှမ်းလှမ်းရောက်မှပင် အားလုံးမှာ ပြန်သတိရ လာသလို ဖြစ်သွားလေသည်။ ထိုစဉ် ကောင်တာရှိ ဘကြီးမိုးက ဆိုင်ထဲရှိ လူများ အားလံးကို တစ်ချက်ကြည့်ပြီး. . .
‘သူပဲ ဖြစ်နိုင်တယ်ကွ. . .’
ဟု ပြောလိုက်လေ၏ ။
ကျေးသာသည် နေပူထဲမှာ အိတ်ကိုဆွဲရင်း ဆက်လျှောက်လာခဲ့ရာ ရှေ့တွင် ဆိုင်တစ်ဆိုင် ကို တွေ့ ပြန်၏ ။
ဆိုင် ကတော့ နာမည် မရှိချေ။ ဒီတစ်ဆိုင် ကတော့ ငါ့ကို ပြန်ဖြေလောက်ရဲ့ လို့ တွေးလိုက် ရင်း ဆိုင်ထဲကို လှမ်းဝင်လိုက်သည်။
ဝင်လိုက်သော အခါမှပင် မှားမှန်းသိလိုက်ရ၏ ။ မည် သို့ဆိုသော် ဆိုင်ထဲတွင် မိန်းကလေး များ သာ ထိုင်နေကြသော ကြောင့် ဖြစ်သည်။
သူဝင်လာတာကို မြင်သော ကြောင့် ဆိုင်ထဲရှိ အမျိုးသမီးများ အားလုံး စကားသံတိတ်သွား လေ၏ ။
ပြီးနောက် အမျိုးသမီးတစ်ဦးသည် ၀င်လာသူကိုကြည့်ပြီး. . .
‘ဟင်. . .’
ဟု တအံ့တသြ ဖြစ်သွားချိန်တွင် ဆိုင်ထဲရှိ အားလုံး၏ မျက်နှာများ တွင် လည်း တအံ့တသြ အရိပ်အယောင်များ ဖြတ်သွားပြီး စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ဖြစ်သွားကြလေသည်။
‘ဒီ. . . ဒီမြို့နာမည် လေးများ သိရမလားဆိုပြီး ၀င်. . . ၀င်မေးတာပါ. . .’
ကျေးသာမှာ မေးသာမေးလိုက်ရသော်လည်း ခုနက ဆိုင်ထဲရှိ လူများ အတိုင်း သူ့ကို ကြည့် နေကြသော ကြောင့် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလေသည်။
‘အို. . .’
အမျိုးသမီး တစ်ယောက် ၏ ရေရွတ်သံကြောင့် ကျေးသာသည် ဆက်မမေးရဲတော့ချေ။ မလှုပ်မယှက်ကြည့်နေသော အမျိုးသမီးများ သည် သူ့ကိုကြည့်နေပုံက အာစေးမိထားသည့် ပုံစံများ ဖြစ်နေကြလေသည်။
အသက်မရှူ၊ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသော ကြောင့် ကျေးသာမှာ ထိုဆိုင်ထဲမှ ခပ်မြန်မြန်ထွက်လာခဲ့ရပြန်သည်။
‘ဒီမြို့ လူတွေ က ဘယ်လိုလူတွေ လဲ မသိဘူး. . .’
ဟု ရေရွတ်ရင်း ဆက်လျှောက်လာခဲ့ရပြန်သည်။
ဆိုင်ထဲကနေ ကျေးသာထွက်သွားပြီးပြီးချင်းပင် အမျိုးသမီးကြီးတစ်ဦးမှာ စိတ်လှုပ်ရှား သည့်ဟန်ဖြင့် . . .
‘သူ. . . သူရော ဟုတ်လို့လား. . .’
ဟု အားလုံးကို မေးလိုက်လေတော့သည်။
စိတ်ညစ်ညစ်နဲ့ ရှေ့ဆက်လျှောက်လာရာ ဆိုင်းဘုတ်တပ်ထားသည့် တည်းခိုခန်းတစ်ခုကို တွေ့ ရလေသည်။
အိုဟောင်းနေပြီး လူသူအရိပ်အယောင် သိပ်မတွေ့ ရချေ။ သို့သော် ခရီးပန်းလာသော ကြောင့် တည်းခိုခန်းမှာ ပဲ တစ်ညနားပြီး နောက်နေ့မှ မြို့ထဲလျှောက်ကြည့်ရမည် ဟု စိတ်ကူးလိုက် သည်။
ပြီးနောက် အခြားနေရာတွေ ကို သူမေးတာကို မဖြေကြပေမယ့်လည်း တည်းခိုခန်းက လူတွေ ကတော့ သူ့မေးခွန်းကိုဖြေနိုင်လောက်ရဲ့ လို့တွေးလိုက်ရင်း အထုပ်ကိုဆွဲကာ တည်းခိုခန်းထဲ ၀င်လိုက်သည်။
ဧည့်သည်လက်ခံရာ ကောင်တာမှာ လည်း အရောင် လွင့်နေပြီး ဖုံအချို့တက်နေတာကို အဝေးကပင် မြင်နေရသည်။ ကောင်တာနောက်မှာ လည်း အိုဟောင်းနေသော မြေပုံတစ်ခုကို ကပ်ထားလေ၏ ။
ဧည့်သည်ဆိုလို့ တစ်ယောက် မှလည်း ရှိမယ့်ပုံ မပေါ်ချေ။ သို့သော် ကောင်တာပေါ်တွင် လူခေါ်ဘဲလ်လေး တွေ့ ရသော ကြောင့် လူခေါ်ဘဲလ်ကို နှိပ်လိုက်၏ ။
‘ဒီ. . . ဒီ. . . ဒီ. . .’
အသံကလည်း ဘာသံမှန်းမသိဘဲ ဆူညံစွာ နဲ့ ထွက်လာ၏ ။
‘လာပြီ. . . လာပြီ. . .’
အခန်းထဲက အသံတစ်သံကြားရသည်။ ယောက်ျား တစ်ယောက် ပြေးထွက်လာသည်ကို မြင်လိုက်ရ၏ ။
ထမင်းစားပြီး လက်ဆေးကာ လက်သုတ်ပ၀ါသုတ်ရင်း တန်းလန်းနဲ့ အပြင်ကို ကမန်း ကတန်းထွက်လာပုံရ၏ ။
ထို့နောက်ကောင်တာတွင် ရပ်နေသော သူ့ကို တွေ့ လိုက်ရသော အခါတွင် ရုတ်တရက် ကြက်သေသေသွားပြီး လက်ကသုတ်နေသော အ၀တ်အစမှာ လည်း အောက်ကို ပြုတ်ကျသွား လေ၏ ။
ကျေးသာ စကားစပြောမလို့ ပြင်စဉ်တွင် ထိုသူက. . .
‘ခင်. . . ခင်ဗျားက အမွေတွေ လာရှာတာလား. . .’
ဟု ပြောလိုက်သော ကြောင့် ကျေးသာမှာ မျက်လုံးပြူးသွားပြီး လက်ထဲက ခရီးဆောင် အိတ်ပင် ပြုတ်ကျသွားလေ၏ ။
![]() လိပ်ပြာရယ်သံ | ![]() မိန်းမရှာရွာ | ![]() ၂၉၈၇ ခုနှစ် |