Love, the best bodyguard for your health
ထိုနေ့က နောင်ရိုး တစ်ယောက် အထူးစိတ်ကောင်းဝင်နေသည်။ ကျောင်းဝင်းထဲ လမ်းလျှောက်ဝင်လာသည့်ပုံစံကပင် မြောက်ကြွမြောက်ကြွ နှင့် ။ ဒါသည်ပင် မကသေး။ ပါးစပ်ကလည်း လေတချွန်ချွန်လုပ်လာသေး သည်။ ထပ်ပြောရရင် ဒင်း လေချွန်လာသည့်သီချင်းက မြန်မာပြည်သိန်းတန် သီဆိုထားသော 'သိပ်ပျော်လိုက်တာ ရင်တောင်ခုန်တယ်' ဆိုသည့် သီချင်း အလိုက်။ နောင်ရိုးက ထိုစာသားနှစ် ကြောင်းတည်းကိုပဲ ထပ်ကာထပ်ကာ လေချွန်လာခြင်း ဖြစ်သည်။
လမ်းမှာ အသိတွေ နှင့် တွေ့ လျှင်လည်း လင်းလင်းဝင်းဝင်း ပြုံးပြ ကာ နှုတ်ဆက်လာသေး၏ ။
''ဟေ့ ကိုဇော်ဖြိုးကြီး ...ခင်ဗျား ဒီနေ့ တယ်သန့်နေပါလားဗျ၊အသားတွေ လည်း ဖြူလာတယ်နော့''
''ဟေ ...ဟုတ်လား နောင်ရိုး၊ မင်းပုံစံကလည်း ဒီနေ့ တယ်မြူး နေပါလားကွ''
''အဲဒါတော့ အမှန်ပဲဗျို့''
နောက်တစ်ခါ အရပ်အတော် ပုသော ရီရီခိုင်ဆိုသည့် သူငယ်ချင်းမ နှင့် ဆုံတော့လည်း ...
''ရီရီခိုင် ...နင့်ကို အဝေးကြီးက လှမ်းကြည့်နေတာ၊ နင် အရပ် ပိုရှည်လာသလိုပဲ၊ ဘာဆေးတွေ များ စားလို့လဲ''
''ကေသီပန်၊ အဲလေ ...နင်ပြောတာနဲ့ ငါတောင် ယောင်ကုန်ပြီ၊ ဟုတ်လို့လားဟဲ့''
မ ဖြစ်နိုင်မှန်းသိလျက်နှင့် ရီရီခိုင် တစ်ယောက် ခြေလှမ်းရပ်ကာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နေသေးသည်။
နောင်ရိုးက ဟီးခနဲရယ်ကာ ...
''မဟုတ်ဘဲ ပြောပါ့မလားဟ၊ ကေသီပန်သာ မှန်မှန်သောက် နင် စင်ကြယ်ပြီး အရပ်ပိုရှည်လာလိမ့်မယ်''
ပြောပြီး ဆက်လျှောက်လာခဲ့၏ ။ နောက်ထပ် လမ်းမှာ ဆုံသော အသိအားလုံးကိုလည်း မြူးထူးစွာ နှုတ်ဆက်လာခဲ့သည်။ ထိုသို့ နောင်ရိုး အထူးပျော်ရွှင်ကာ စိတ်ကောင်းဝင်နေရခြင်းကလည်း တိကျခိုင်လုံသော အကြောင်းပြချက် ခိုင်ခိုင်မာမာရှိပါသည်။
ထိုအကြောင်း ကတော့ ...
မနေ့ညကပဲ နောင်ရိုး၏ တစ်ဦးတည်းသော အစ်မ ရွှေနွယ်ရိုးသည် မပြောမဆို လင်နောက်လိုက်သွား၍ ဖြစ်လေသည်။ လင်နောက်လိုက်သည် ဆိုကတည်းက ပြောဆိုပြီး လိုက်သွားလို့မှ မ ဖြစ်သည်ကိုး။
မည် သို့ ပင် ဖြစ်စေ ...
မိဘတွေ ဆီမှ အခွင့်အရေး ကို အစ်မနှင့် အတူ ခွဲဝေယူနေရသော နောင်ရိုး ကတော့ ပျော်သည်။ ထို့ကြောင့် အစ်မရည်းစား စ,ထားကတည်းက ပင် မိဘတွေ အား တိုင်မပြောမိ။ ပြီး ...အစ်မကို ခိုးသွားသော သူ့ရည်း စား ကိုမျိုးသန့်ကလည်း အစ်မကို တင့်တောင့်တင့်တယ်ထားနိုင်သူ။ ဒီ ဘက်က ကြည့်လျှင်လည်း မိဘနှစ် ပါးမှာ ထမင်းတစ်နပ်လျော့သွားသည် မဟုတ်လား။
ထို့ကြောင့် နောင်ရိုး တစ်ယောက် ဖင်တစ်စက်မှ မကျိန်းဘဲ ပျော် နေခြင်း ဖြစ်သည်။ သို့ သော်လည်း မနက်ပိုင်း ကတော့ အိမ်မှာ မိဘနှစ် ပါး မရိပ်မိအောင် မျက်နှာကို တင်းထားခဲ့ရသေး၏ ။
မနက်ပိုင်း အစ်မလင်နောက်လိုက်သွားသည်ကို သိသိချင်း အဖေက ဒေါသူပုန်တထကာ ...
''ခွေးမ ...ဒင်း ငါ့မျက်နှာကို အိုးမဲသုတ်သွားတယ်၊ တောက်!''
''ထင်လို့ပါ အဖေရာ၊ အဖေ့သမီးက အဖေတို့မျက်နှာကို ရွှေပြား နဲ့ ကပ်သွားတာပါဗျ''
ထိုစကား ကတော့ နောင်ရိုးစိတ်ထဲက ပြောလိုက်ခြင်းသာ ဖြစ် သည်။ ပါးစပ်ကပြောမိလျှင် ကိုယ်ပါ အိမ်ပေါ်က ဆင်းပြေးရမည် လေ။
ထို့ကြောင့် မွေးသဖခင်၏ လေသံအတိုင်း ...
''ကျွန်တော် လည်း တင်းတယ်ဗျာ၊ ရပ်ကွက်ထဲမှာ ဆို ဘယ်လို မျက်နှာပြရတော့မလဲ၊ အဲဒီ မျိုးသန့်ဆိုတဲ့ကောင်နဲ့ တွေ့ ရင်တော့ သူသေ ကိုယ်သေပဲ''
ထိုသို့ ပင် လက်သီးလက်မောင်းတန်းကာ ပြောလိုက်သေးသည်။ နောင်ရိုးကိုကြည့်ကာ အမေက မျက်စိမျက်နှာပျက်နှင့် ...
''သား ...စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့ကွယ်၊ သားအစ်မ လည်း အရွယ်ရောက်နေပြီပဲ''
''အေး ...အရွယ်ရောက်ပြီဆိုရင်လည်း မိဘတွေ ကို ဖွင့်ပြောပြီး လာတောင်းရမ်းခိုင်းပေါ့ကွ၊ ခုလို ခွေးဇာတ်ခင်းသွားတာကို ငါက မကြိုက် တာ''
ဒေါသတကြီးပြောကာ အဖေ ဖြစ်သူ အိမ်ခန်းထဲသို့ ဝင်သွားလေ၏ ။ နောင်ရိုးက အမေ့ကိုကြည့်ရင်း ...
''ကဲ အမေ ...အဖေ့ကို လိုက်ပြောလိုက်ဦး၊ အဖေ့ဒေါသက ခဏနေရင် ပြေတော့မှာ ပါ''
''အေး ...အေး''
အမေ အိမ်ခန်းထဲ လိုက်ဝင်သွားတော့မှ နောင်ရိုး ပေါ့ပါးကြည် လင်ပျော်ရွှင်စွာ ကျောင်းသို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဒီလောက်ဆိုလျှင် နောင်ရိုး ပျော်ရွှင်နေရသည့်အကြောင်းက ရှင်းပြီ။
ခုလည်း ကျောင်းဝင်းထဲရောက်တော့ ထိုင်နေကျကင်တင်းဆီ ဦးတည်ကာ သွားလိုက်၏ ။ ကင်တင်းထဲ လှမ်းဝင်လိုက်တော့ သူငယ်ချင်း တွေ ဖြစ်သည့် ကောင်းသော်နှင့် သက်ဦးမောင်တို့ကို တွေ့ ပါသည်။ သို့ သော် ခါတိုင်းလို နှစ် ယောက် တည်းမဟုတ်ဘဲ တခြားကျောင်းသားနှစ် ယောက် နှင့် အတူ စကားပြောနေခြင်း ဖြစ်၏ ။ ထိုနှစ် ယောက် ၏ နာမည် ကို နောင်ရိုး မသိ သော်လည်း ကျောင်းမှာ တော့ မြင်ဖူးနေ၍ မျက်မှန်းတန်းမိသလိုလိုရှိ၏ ။
နောင်ရိုးက ထိုဝိုင်းမှာ ဝင်ထိုင်လိုက်ရင်း ...
''အတော် ပဲကွာ၊ မင်းတို့နှစ် ကောင် အတန်းများ သွားတက်ပြီလား လို့''
''သွားမလို့ပါပဲ၊ ဒီကောင် ဘူနေလို့ ငါလည်း ထိုင်ပေးနေတာ''
ကောင်းသော်ကို မေးငေါ့ရင်း သက်ဦးမောင်က ပြောလိုက်ခြင်း ဖြစ်သည်။
ထိုစကားကြောင့် နောင်ရိုးက မျက်မှော င်ကြုတ်လိုက်ရင်း ကောင်းသော်ကိုကြည့်ကာ ...
''ကောင်းသော် ... မင်းက ဘာတွေ ဘူနေတာလဲ၊ ပြောစမ်းပါ ဦး''
''မင်းက ဘာလုပ်မလို့လဲ''
မျက်နှာသေသေကြီးနှင့် ပြန်ပြောလာသော ကြောင့် နောင်ရိုးက-
''မင်း အရင်ပြောကြည့်လေကွာ၊ ဒါမှ မင်းအတွက် စဉ်းစားပေး လို့ရမှာ ပေါ့၊ ဟေ့ကောင် ...ငါ ဒီနေ့ စိတ်ကောင်းအရမ်းဝင်နေတယ်၊ အဲဒါကြောင့် ခု မင်းတို့ကို စားချင်တာ အရင်ကျွေးမယ်၊ အခက်အခဲရှိနေ ရင်လည်း ကူညီပေးမယ်ကွာ၊ ဘာကိစ္စ ဘူနေလဲဆိုတာကိုပဲ ပြော''
ကောင်းသော် ပြန်ပြောမလာခင်မှာ ပဲ သက်ဦးမောင်က မျက်ခုံး ပင့်၍ ...
''နေစမ်းပါဦးကွာ၊ မင်းကရော ဘာ ဖြစ်လို့ ဒီနေ့မှ စိတ်ကောင်း ဝင်နေတာလဲ''
''ငါ့အစ်မ လင်နောက်လိုက်သွားလို့''
''ဟေ''
''ဟာ''
သူငယ်ချင်းနှစ် ကောင်တင်မဟုတ်ဘဲ ဘေးက နှစ် ယောက် ပါ မျက်လုံးပြူး၊ ပါးစပ်ပြဲ ဖြစ်သွားကြ၏ ။
အားလုံး၏ ပုံစံကိုကြည့်ကာ နောင်ရိုးက လက်ကာပြလိုက်ရင်း-
''ခဏလေး ...ငါ့အစ်မ လင်နောက်လိုက်သွားလို့ ငါ ပျော်နေ တယ်ဆိုတာက ဒီလိုပါ''
ဇာတ်ကြောင်းကို ပြန်ခင်းရပြန်၏ ။ ပထမ ...အစ်မကို ခိုးသွားသူမှာ ပြည့်စုံချမ်းသာပြီး အစ်မကို တကယ်ချစ်သော သူ ဖြစ်ကြောင်း။ ဒုတိယ ... လာတောင်းရမ်းလျှင် သဘောတူမှာ ကို သိလျက်နှင့် ခိုးရာလိုက်သွား၍ အဖေက လူကြီးစိတ်နှင့် ဟန်ဆောင်ကာ ဒေါသထွက်နေကြောင်း။ တတိယ ...အိမ်မှာ သားသမီးဆို၍ သူတစ်ဦးတည်း ကျန်သော ကြောင့် ဝမ်းသာမိ ကြောင်း စသဖြင့် ပေါ့။
စကားဆုံးတော့ သက်ဦးမောင်က တဟားဟားရယ်ကာ ...
''မင်း ကတော့ တကယ့်ကောင်ပဲ နောင်ရိုးရာ၊ ကဲ ...မင်းရဲ့ ပျော် ရွှင်မှု ကို အရင်ဂုဏ်ပြုလိုက်ရအောင်''
ပြောရင်းပင် စားပွဲထိုးလေးကို လှမ်းခေါ်လိုက်၏ ။ နောင်ရိုးက စားစရာတွေ မှာ နေရင်း တခြားနှစ် ယောက် ကိုပါ ကြည့်၍ ...
''မှာ ကြလေကွာ၊ မင်းတို့နာမည် တော့ မသိဘူးကွ၊ မိတ် ဖြစ်ဆွေ ဖြစ်ပေါ့''
ထိုအခါမှ ဘေးမှနှစ် ယောက် က ...
''ငါ့နာမည် က လင်းဇော်ပါ၊ ဒီကောင်က ကျော်နိုင်ဦး''
နှစ် ယောက် စလုံး ပြုံးပြရင်း နှုတ်ဆက်လာသည်။ ပြီး ... ဒင်းတို့ကလည်း စားစရာတွေ ကို ရောယောင်ကာ မှာြ ကတော့၏ ။
စားသောက်ပြီးစီးသွားတော့မှ နောင်ရိုးက ပါးနားသပ်ရင်း ...
''ကဲ မောင်ကောင်းသော် ...မောင်ရင် ဘူနေတဲ့ အခက်အခဲကို စတင်ပြောပြပေတော့''
ထိုသို့ ပြောလိုက်သည့်တိုင် ကောင်းသော်က လေသံပျော့ပျော့နှင့် -
''မင်း ကူညီလို့ရမှာ မဟုတ်ပါဘူး နောင်ရိုးရာ၊ ပြီးတော့ ...ကူညီ လို့ရရင်တောင် မင်း ကူညီချင်မှာ မဟုတ်ဘူး''
''ဟင် ...ဘာ ဖြစ်လို့လဲ''
''ငါ ...ငါ ...နှင်းဖြူကို လိုက်နေတာ သိတယ်မဟုတ်လား''
နောင်ရိုးက မျက်ခုံးပင့်လိုက်ကာ ...
''မင်းပြောလို့တော့ သိတယ်လေ၊ ပြီးတော့ ...မင်း အဆင်မပြေ သေးဘူးဆိုတာလည်း သိတယ်''
''ငါ မင်းတို့ကို အဲဒီ ကိစ္စ ရင်ဖွင့်တုန်းက မင်း ဘယ်လိုပြန်ပြောခဲ့ လဲ''
ခေါင်းစားသည်။ ဒီကောင် ဘယ်လိုခံစားရကြောင်း ပြောပြစဉ်က ကိုယ်ပြောခဲ့သည်မှာ အများ ကြီး။ ထို့ကြောင့် ကောင်းသော်ကိုပဲ ပြန်မေး လိုက်၏ ။
''မမှတ်မိတော့ဘူးကွာ၊ မင်းကို မိန်းမ တစ်ယောက် အတွက်နဲ့ အချိန်ကုန် အလုပ်ပျက် မခံနဲ့လို့တော့ ပြောဖူးတယ် ထင်တာပဲ''
ကောင်းသော်က ခေါင်းညိတ်၍ ...
''ဟုတ်ပါတယ်၊ ငါ ခံစားနေရတာ ကိုကြည့်ပြီး မင်းပဲ ပြောခဲ့တာ ကွ၊ ဘာလဲ ...သိပ်ပြီး မခံစားနဲ့ ...တဲ့၊ အချစ်ဆိုတာက ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုပြီး ...မင်းပဲ တားခဲ့တာ''
စကားအဆုံးမှာ နောင်ရိုးက ဟက်ခနဲ ရယ်လိုက်ပြီး ...
''ငါ့ပါးစပ်က အဲဒီ လောက် လှတဲ့စကား ထွက်ခဲ့တာလား၊ ထားပါ တော့ကွာ၊ ငါက မင်းပင်ပန်းမှာ စိုးလို့ စေတနာနဲ့ တားခဲ့တာပါ၊ ခုထိရော မင်း အဆင်ပြေသေးလို့လား''
''မပြေသေးပါဘူးကွာ၊ သူ့ကိုလည်း ငါ့စိတ်ထဲက ထုတ်လို့ မရ သေးပါဘူး၊ ဒါပေမဲ့ ...သူနဲ့ နည်းနည်း နီးစပ်နိုင်ဖို့ အခွင့်အရေး တစ်ခု တော့ ပေါ်လာတယ်၊ အဲဒီ အခွင့်အရေး ကို အသုံးချခွင့်မရလို့ ခု ငါတို့ ဘူ နေကြတာ''
ထိုစကားကြောင့် နောင်ရိုး ကြောင်တက်တက် ဖြစ်သွားရပြီး ...
''ငါတို့ဆိုတာက''
''ဒီကောင်တွေ လေ ...လင်းဇော်နဲ့ ကျော်နိုင်ဦးတို့ပေါ့''
''ဟေ ...ဘယ်လို''
''ဟုတ်တယ်၊ သူတို့ကလည်း နှင်းဖြူရဲ့ သူငယ်ချင်းတွေ ထဲက ဟေမန်နဲ့ မေသက်ဇော်တို့ကို ကြိုက်နေကြတာ''
ခုကျမှ ရှင်းသွားသည်။ ဒါကြောင့် လည်း အသည်းကွဲသမားတွေ ဒီနေရာမှာ စုနေကြတာကိုးဟူ၍ တွေးလိုက်မိ၏ ။
''ကဲ ...ဟုတ်ပါပြီ၊ မင်းတို့ အသုံးချခွင့်မရတဲ့ အခွင့်အရေး ဆို တာက ဘာလဲ''
ထိုအခါမှ လင်းဇော်က ဝင်၍ ...
''ဒီလိုဗျာ ...သူတို့သုံးယောက် ကို ငါတို့လည်း ကိုယ်နည်းကိုယ့် ဟန်နဲ့ကိုယ် လိုက်နေကြတာပဲ၊ ငါတို့က ဇွဲကောင်းလွန်းလို့ သူတို့က အခွင့် အရေး တစ်ခု ပေးလာတယ်၊ အဲဒါက ...သူတို့ရဲ့ မွေးနေ့မှာ သူတို့နှစသက် တဲ့ လက်ဆောင် ပေးနိုင်ရင် စဉ်းစားပေးမယ်ဆိုတဲ့ အခွင့်အရေး ပဲ''
''ဟေ ...မင်းတို့သုံးယောက် စလုံးကို အဲဒီ လိုပဲ ပြောတာလား''
''ငါတို့တင်မဟုတ်ဘူး၊ တခြား သူတို့ကို ချဉ်းကပ်နေတဲ့ကောင် တွေ ကိုပါ အဲဒီ အတိုင်း ပြောတာ''
''အဲဆိုတော့ ...''
''ရှင်းနေတာပဲလေ၊ သူတို့ကို မွေးနေ့လက်ဆောင် ဘာပေးရမယ် ဆိုတာထက် သူတို့ရဲ့ မွေးနေ့ကိုတောင် ဘယ်သူမှ စုံစမ်းလို့မရဘူးကွ''
''သြော် ...ဒီလိုလား''
နောင်ရိုး ညည်းသလို ပြောလိုက်တော့မှ ကောင်းသော်က ...
''ဟုတ်တယ် နောင်ရိုး၊ စုံစမ်းလို့ ရနိုင်တဲ့နေရာတွေ အားလုံးကို သူတို့က ပိတ်ထားတယ်၊ အဲဒီ တော့ ငါတို့လည်း ဘူပိတ်တာပေါ့ကွာ''
''မင်းတို့ကလည်း အဲဒီ လိုလုပ်ထားပုံအရဆိုရင် သူတို့ကိုယ်တိုင်က ရည်းစားမထားချင်လို့ ဖြစ်မှာ ပေါ့''
စကားဆုံးတော့ သုံးယောက် စလုံးက ယိမ်းကသလို တက်ညီ လက်ညီ ခေါင်းခါကြသည်။ ပြီး ကျော်နိုင်ဦးက အရင် ...
''ရည်းစားမထားချင်တာ မဟုတ်ဘူးဗျ၊ မထားရဲကြတာ၊ သူတို့ အချစ်ဆိုတာကို အယုံအကြည်မရှိအောင် လက်ချာပေးနေတဲ့ တစ်ယောက် လည်း ရှိသေးတယ်၊ သူတို့နဲ့ တစ်ဖွဲ့တည်းပဲ၊ ဒါပေမဲ့ ...အဲဒီ တစ်ယောက် က နည်းနည်း ထူးခြားတယ်''
''လုပ်စမ်းပါဦး ...ဘယ်လိုထူးခြားတာလဲ၊ ထဘီမဝတ်ဘဲ ပုဆိုး ဝတ်ပြီး ကျောင်းတက်လို့လား''
''မနောက်ပါနဲ့ဗျာ၊ အဲဒီ တစ်ယောက် က သူတို့အဖွဲ့ထဲမှာ အစွာ ဆုံး၊ သူ့သူငယ်ချင်းတွေ ကို ထိရင်လည်း မခံဘူး၊ ပိုဆိုးတာက သူ့သူငယ် ချင်းတွေ က သူ့ကို အလိုလိုက်ကြတယ်၊ သူ့စကားဆိုရင်လည်း နားထောင် တယ်၊ အဲဒါကြောင့် ...သူတို့အနား ကပ်ချင်တဲ့လူတွေ တောင် ရှေ့က ကားဆီးပိတ်ပင်နေတဲ့ အဲဒီ တစ်ယောက် ကို ချဉ်နေကြတာ''
နောင်ရိုးက မျက်ခုံးပင့်လိုက်ကာ ...
''အဲဒါဆို အဲဒီ တစ်ယောက် က ဆရာမ ကြီးထင်တယ်၊ သူ့နာမည် က ...''
''ခေမာ ...တဲ့''
ခေမာဟု ခပ်တိုးတိုးရေရွတ်လိုက်ပြီးမှ နောင်ရိုးက ...
''ဒါနဲ့ အဲဒီ ခေမာဆိုတဲ့ ကောင်မလေးကိုကော လိုက်တဲ့လူတွေ မရှိဘူးလား''
''အရင်တုန်း ကတော့ ရှိတာပေါ့၊ ဒါပေမဲ့ ...ဒီလောက် စွာ တေး လန်ပြီး ချဉ်ဖို့ကောင်းတော့ ဘယ်သူမှ မကပ်ြ ကတော့ဘူး၊ ကျန်တဲ့သုံး ယောက် ကို လိုက်ချင်ရင်တောင် သူ့ကိုရှောင်ပြီး လိုက်ရတယ်''
''အေးလေ ...မင်းတို့ပြောတဲ့အတိုင်းဆိုရင် အဲဒီ ခေမာကပဲ အချစ်ဆိုတာ ကျန်းမာရေး ကို ထိခိုက်စေနိုင်တယ် ထင်လို့ သူလည်း ရည်း စားမထားဘဲ သူ့သူငယ်ချင်းတွေ ကို တားနေတာနေမှာ ပေါ့''
နောင်ရိုးအပြောကြောင့် ကောင်းသော်က လေပူကြီးကို မှု တ်ထုတ် လိုက်ရင်း ...
''ငါတို့ သိသလောက်တော့ အဲဒါပဲကွာ၊ အဲဒါကြောင့် မင်း ကူညီ ရင်တောင် မလွယ်ဘူးလို့ ငါ ပြောတာ''
နောင်ရိုးက ခဏတွေ ဝေသလိုလုပ်ကာ စဉ်းစားနေသေးသည်။ ပြီးမှ ...
''ရ,မရဆိုတာထက် ငါ သူတို့ကို လေ့လာကြည့်ချင်သေးတယ်၊ ဒါနဲ့ သူတို့တွေ ဘယ်ကင်တင်းမှာ ထိုင်လေ့ရှိလဲ''
''အဲဒါလည်း ထူးခြားတယ် ဟေ့ကောင်၊ သူတို့ ကင်တင်းထိုင် ပုံစနစ်က တစ်မျိုးကွ''
''ပြောစမ်းပါဦး''
ပင့်သက်ကို ရှိုက်ရင်း ကောင်းသော်က စကားစလိုက်သေးသည်။
''ဒီလိုကွာ ...''
ပြောလို့သာ လာခဲ့ရသည်။ စိတ်ထဲ ကတော့ သိပ်ယုံချင်လှသည် မဟုတ်။
''သူတို့အုပ်စုက ဒီကျောင်းဝင်းထဲက ချောင်အကျဆုံးဆိုင်၊ ပြီး တော့ ...ယောက်ျားလေးတွေ အများ ဆုံးထိုင်ကြတဲ့ ကင်တင်းမှာ ထိုင် တာကွ''
အဆိုတင်သွင်းပုံအရ အဖိုတွေ ချည်း ထိုင်တတ်သော ကင်တင်းမို့ ထိုဟာမလေးတွေ က သူတို့ကိုယ်သူတို့ လာကြော်ငြာတာများ လားဟု ရယ် ကျဲကျဲ တွေးမိသေးသည်။
မည် သို့ ပင် ဖြစ်စေ ...
ဒင်းကလေးတို့ကို လေ့လာသုံးသပ် အကဲဖြတ်ချင်သော နောင်ရိုး ကတော့ ထိုကင်တင်းထဲသို့ ရောက်ရှိနေလေပြီ။ တိတိကျကျပြောရလျှင် ဆိုင်ထဲရှိ ထောင့်ကျကျ စားပွဲတစ်ခုမှာ နေရာယူထားခြင်း ဖြစ်၏ ။
''မင်း စောင့်ကြည့်နေလိုက်၊ ဆိုင်တစ်ခုလုံးရဲ့ အလယ်ဗဟိုကျတဲ့ စားပွဲမှာ သူတို့ ထိုင်လိမ့်မယ်''
''အဲဒီ စားပွဲမှာ ထိုင်နေတဲ့လူ ရှိနေရင်ကော''
ထိုသို့ ပြန်မေးခဲ့စဉ်တုန်းက ကောင်းသော်က ခပ်ယဲ့ယဲ့ ပြုံးသည်။ တစ်ဆက်တည်း ...
''ရှိရင်လည်း ...အဲဒါ ယောက်ျားလေးပဲ ဖြစ်လိမ့်မယ်၊ ပြီးတော့ ...အဲဒီ ကောင်တွေ က နှင်းဖြူတို့အုပ်စု ဝင်လာတာနဲ့ အဲဒီ စားပွဲက ဖယ်ပေး လိမ့်မယ်၊ ဆိုလိုချင်တာက သူတို့အတွက် နေရာဦးပေးထားတာပေါ့ကွာ''
''ဟေ''
နောင်ရိုး အံ့သြသွားသဖြင့် ကောင်းသော်က မျက်ခုံးအရင်ပင့် သည်။ ဘယ်လိုလဲ ...ထူးခြားတယ်မဟုတ်လား ဆိုသည့်သဘော။
ပြီးမှ အောက်သိုးသိုးအသံလေးနှင့် ...
''ငါတို့လည်း အဲလို နေရာဦးပေးဖူးပါတယ်ကွာ၊ နောက်တစ်ခု ထပ်ပြောရရင် အဲဒီ ကင်တင်းမှာ လာထိုင်ကြတဲ့ ယောက်ျားလေးအများ စု ဟာ သူတို့အဖွဲ့ထဲက တစ်ယောက် မဟုတ် တစ်ယောက် ကို ကြိုက်နေတဲ့ သူတွေ ပဲ''
''သြော် ...ဟုတ်လား''
''အမှန်ပဲ နောင်ရိုး၊ ပြီးရင် ကိုယ်နှစသက် တဲ့ ကောင်မလေးကို အဆင်ပြေသလို ကြည့်ကျက် ကြိုးစားပေါ့ကွာ၊ တချို့ကလည်း လွမ်းလွမ်း ဆွေးဆွေးငေးနေတာမျိုးကွ''
ကောင်းသော် ပြောခဲ့စဉ်က ဘာလေးတွေ လဲဟဟု နောင်ရိုး စဉ်း စားမိသေးသည်။ ခုတော့ ထိုဘာလေးတွေ ကိုပဲ မကြာခင်အချိန်မှာ လေ့လာ ခွင့် ရတောမ့ည်လေ။
သိပ်မကြာလိုက်။ ကင်တင်းအတွင်း မတိုးမကျယ် ထွက်ပေါ်နေ သော စကားသံများ ရုတ်ခြည်းတိတ်ဆိတ်သွားကြသည်။ အားလုံး၏ မျက်နှာ တွေ ကလည်း ကင်တင်းအဝင်ဝသို့ အသီးသီး လှည့်သွားကြ၏ ။ ထူးခြား ဖြစ်စဉ်ကြောင့် နောင်ရိုးလည်း မသိမသာ လှမ်းအကြည့် ...
''ဟင်''
ကောင်မလေးသုံးယောက် ကင်တင်းထဲ ဝင်လာခြင်း ဖြစ်သည်။ ဘေးဘီမကြည့်ဘဲ တည့်တည့်လျှောက်လာသည့် သူတို့၏ မျက်နှာပေးတွေ က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေသလိုမျိုး။
ထိုသုံးယောက် ထဲမှ တစ်ယောက် ကိုတော့ နောင်ရိုးသိသည်။ ကောင်းသော် တစ်ခါလှမ်းပြဖူးသော နှင်းဖြူဆိုသည့် ကောင်မလေး ဖြစ်၏ ။ ခုလည်း ဝင်လာသော ကောင်မလေးသုံးယောက် စလုံး ထူးခြားသော အလှ ကိုယ်စီပိုင်ဆိုင်ထားကြသည်။ ထိုအလှတွေ ကိုတော့ နောင်ရိုး စိတ်မဝင်စား ချေ။ ခုလာခဲ့သည်ကလည်း လေ့လာရုံသက်သက်။
ထိုစဉ် ...
သူတို့ ဦးတည်ကာ လျှောက်လာသော ကင်တင်း၏ အလယ်စားပွဲ တွင် နေရာယူထားသော ကျောင်းသားနှစ် ယောက် သည် ဆတ်ခနဲထကာ ဝိုင်းအပြင်သို့ ထွက်လိုက်ကြ၏ ။ ပြီး ...စားပွဲဘေးတွင် ခပ်ရို့ရို့လေး ရပ် နေကြပြန်သည်။ ကောင်မလေးတွေ ဆီက တစ်စုံတစ်ခု မျှော်လင့်နေပုံမျိုး ရှိ၏ ။
ကောင်မလေးတွေ ကတော့ အေးဆေးပေါ့ပါးပုံနှင့် ပင် ထိုစားပွဲ ဝိုင်းမှာ နေရာယူလိုက်ကြ၏ ။ ထိုအထဲမှ ကောင်မလေး တစ်ယောက် က ကျောင်းသားနှစ် ယောက် ဘက် ဆတ်ခနဲလှည့်၍ ...
''ကျေးဇူးပဲ''
ထိုတစ်ခွန်းမျှသာပြောပြီး ပြန်လှည့်သွားသော်လည်း ကျောင်းသား နှစ် ယောက် မှာ တော့ လန်ဒန်အိုလံပစ်ပွဲတော် မှ ရွှေတံဆိပ်ဆုကြီးရသည့် အလား မျက်နှာတွေ က ပြုံးဝင်သွားကြသည်။ ပြီး ...ထိုကျေးဇူးဖလား ကြီးပိုက်ကာ ခပ်ရို့ရို့ပဲ ပြန်လှည့်လာကြ၏ ။
တော် တော် ကြောင်တဲ့ ငနဲတွေ ပဲဟု နောင်ရိုး တွေးလိုက်မိသည်။ မိန်းကလေး တစ်ယောက် ကို ကျွတ်ကျဲနေလိုက်ပုံများ ရေစိုနေတဲ့ခွေး ရေမခါ ရဲသလို ...။
နောင်ရိုး ကတော့ ဆက်ကြည့်နေလိုက်သည်။ ကောင်မလေးတွေ က ဝိတ်တာလေးခေါ်ကာ စားသောက်စရာတွေ အသီးသီးမှာ လိုက်ကြ၏ ။ ဟုတ် သည်လေ။ ကင်တင်းထဲကိုတော့ အလှပြရုံသက်သက် ဒင်းတို့လာမည် မဟုတ်။ သမုဒ္ဒရာဝမ်းတစ်ထွာကိုဖြည့်ရန် လာခြင်းသာ ဖြစ်သည်။ ပြီးလျှင် ထိုအစာတွေ ကိုပဲ မလွယ်ထားနိုင်သော အန္တရာယ်အ ဖြစ် အသွင်ပြောင်းကာ မွေးဖွားကြလိမ့်ဦးမည် ။ ကိုယ့်လိုသာ ဒီလဒတွေ ဆက်တွေးမိပါက မွှန်နေ သော စိတ်တွေ အနည်းငယ်လျော့သွားမှာ ပဲဟု နောင်ရိုး ခပ်ချဉ်ချဉ်တွေးမိ သေး၏ ။
ကောင်မလေးတွေ အစားအသောက်မှာ ပြီး စောင့်နေချိန်မှာ တော့ ကင်တင်းထဲရှိ သကောင့်သားအားလုံးလိုလိုသည် ဗြောင်ကျကျတစ်မျိုး၊ မသိမသာတစ်ဖုံ၊ ခိုးကြောင်ခိုးဝှက်တစ်သွယ် စသဖြင့် ကောင်မလေးတွေ ကို ကြည့်နေကြသည်။ ကင်တင်းထဲမှာ တိတ်ဆိတ်နေလိုက်ပုံများ ငြိမ်သက်နေ သော လေဖိအားနည်း ရပ်ဝန်းတစ်ခုနှင့် ပင် တူနေသေးတော့၏ ။
ထိုစဉ်မှာ ပဲ ...
''ဖုန်းကိုင်ရင် ...ကိုင်လိုက်နော်၊ မကိုင်ရင် သောက်ပြဿနာ အကြီးအကျယ်တက်သွားလိမ့်မယ်''
စူးခနဲထွက်ပေါ်လာသော မိန်းကလေးအသံကြောင့် အားလုံး၏ မျက်နှာတွေ က နောင်ရိုးဆီ ဝုန်းခနဲရောက်ရှိလာကြသည်။ ထိုအသံကလည်း နောင်ရိုးအိတ်ကပ်ထဲရှိ ဖုန်းဆီမှ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်၏ ။
''ဖုန်းကိုင်မှာ လား၊ မကိုင်ဘူးလားလို့၊ မကိုင်ရင် သောက်ပြဿနာ အကြီးအကျယ် တက်သွားလိမ့်မယ်နော်''
ဖုန်းရိန်းတုံးသံက ဆက်ထွက်နေဆဲ။ နောင်ရိုးက ဖုန်းဖွင့်မကိုင် သေးဘဲ ကင်တင်းတစ်ခုလုံး မြင်သာအောင် လက်အပေါ်ထောင်၍ ပြလိုက် သေးသည်။ ပြီး အားလုံးကိုဝေ့ကာ ဟီးခနဲရယ်ပြလိုက်၏ ။ ဆိုလိုချင်တာက ဖုန်းသံက သူ့ထံမှ မြည် သည်ပေါ့။ အနှောင့်အယှက် ဖြစ်သွားရင်လည်း ဆောရီးပါပေါ့ဆိုသည့် အထာမျိုး။
အားလုံးက နောင်ရိုးကို မကြည်သလို လှမ်းကြည့်ကြသည်။ ဘာ ကောင်မှန်းလည်း မသိဘူးဆိုသည့် စကားသံသဲ့သဲ့ကိုလည်း ကြားလိုက်ရ သေး၏ ။ ဒင်းတို့ နှာဘူးကျနေသော အရှိန် ပျက်သွား၍ ဖြစ်မည် ။
နောင်ရိုးက ဖုန်းဖွင့်ကာ ကိုင်လိုက်၏ ။ ပြီး ...ခေတ်လူငယ်အထာ မျိုးနှင့် ပင် ...
''အေး ...သားကြီးပြော''
တစ်ဖက်က ကောင်းသော်ကလည်း အူတူတူအသံဖြင့် ...
''ဟေ့ကောင် ...ဘယ်က သားကြီးလဲ၊ ငါပါကွ ကောင်းသော်''
''သိပါတယ် သားကြီးရာ၊ သားကြီး ဘာ ဖြစ်ချင်လဲ၊ သားကြီးကို ဘာလုပ်ပေးရမှာ လဲ၊ သားကြီး လိုအပ်တဲ့အကူအညီကိုသာ ပြောကွာ''
''ဟေ့ကောင် နောင်ရိုး ...ဘာတွေ လဲကွာ၊ ငါက မင်းကို လူနဲ့ နာမည် တွဲပြမလို့ပါကွ''
''ဘယ်လို၊ သားကြီးက တွဲပြမယ် ဟုတ်လား၊ ဘာကိုတွဲပြမှာ လဲ သားကြီးရဲ့ ၊ တွဲတယ်ဆိုတာ နေရာတိုင်းမကောင်းဘူး သားကြီး၊ ကဲပါ သားကြီးရာ ...ဒီလောက်တွဲချင်နေရင်လည်း တွဲမယ့်ကိစ္စကိုသာပြောတော့''
တစ်ဖက်မှ ကောင်းသော် ကတော့ တော် တော် တင်းနေပြီထင်သည်။ အောက်သိုးသိုးအသံကြီးနှင့် ...
''ငါ့လခွေးမှပဲ နောင်ရိုးရာ၊ မင်း နှင်းဖြူကိုတော့ သိတယ်မဟုတ် လား၊ အေး ...သူနဲ့ ကပ်ထိုင်နေတာက ဟေမန်၊ ဟိုဘက် ကတော့ မေ သက်ဇော်ပဲ''
''အေး အေး ...သိပြီ သားကြီး၊ သားကြီး ဘာမှစိတ်မပူနဲ့တော့၊ ဒါပဲနော် သားကြီး''
ပြောပြီး ဖုန်းချလိုက်သည်။ ပြီး ပတ်ဝန်းကျင် ဝေ့ကြည့်လိုက်တော့
''ဟင်''
ကိုယ့်ကို ပြူးပြဲကြည့်နေကြသည့် မျက်လုံးပေါင်းများ စွာ ကို တွေ့  လိုက်ရလေသည်။ အင်းလေ ...သူတို့၏ အသံတိတ် ငမ်းရှိုးမှာ မှ ကိုယ်က အသံပြဲကြီးနှင့် လာစွာ သလို ဖြစ်နေသည်ကိုး။ နောင်ရိုးက အားလုံးကို တောင်းပန်သလို နောက်တစ်ခါ ဟီးခနဲ ရယ်ပြလိုက်ရသည်။ ထိုအခါမှ မျက်နှာတချို့က ပြန်လှည့်သွားကြ၏ ။ တခြားဘက်ကိုတော့မဟုတ်။ နဂို မူလ ပထမ သူတို့ကြည့်နေသော ကောင်မလေးတွေ ထံသို့ သာ ဖြစ်သည်။
ကောင်မလေးတွေ မှာ ယူထားသော ထမင်းနှင့် ဟင်းပွဲလျာတွေ လည်း ရောက်ရှိလာပါပြီ။ သုံးယောက် သား စတင်သွတ်သွင်းတော့မည် ဆို သော ပုံစံတွေ ဖြင့် တစ်ယောက် နှင့် တစ်ယောက် အရင်ကြည့်လိုက်ကြသေး ၏ ။
ပြီး ...စ,လေပြီ။
တစ်ယောက် က ဟင်းပန်းကန်ထဲမှ ငါးသလောက်ဗိုက်သားတစ် တုံးကို ဟန်ပါပါ ခပ်ယူလိုက်သလို နောက် တစ်ယောက် ကလည်း ပုန်းရည် ကြီးနှင့် ရောချက်ထားသော ဝက်သားကြီးတစ်တုံးအား ခက်ရင်းနှင့် အိခနဲ ထိုးချလိုက်၏ ။ နောက်ဆုံး တစ်ယောက် ၏ လက်အစုံသည် ညာဇွန်း၊ ဘယ် ခက်ရင်းကိုင်၍ ဘဲပေါင်းတုံးကြီးအား အားကျိုးမာန်တက် ခွခပ်တော့မည့်  ဆဲဆဲ ...
''ဟဲ့ ဟဲ့ ...ရပ်လိုက်ကြစမ်း၊ မိန်းမတွေ ငါလစ်ပြီဆိုပြီး ထင် တိုင်းကြဲဖို့ ကြိုးစားနေကြတာပေါ့ ...ဟုတ်လား''
အသံနှင့် အတူ ထိုစားပွဲဝိုင်းတွင် ဇိုးဇိုးဆတ်ဆတ်ဝင်ထိုင်လိုက် သော ကောင်မလေး တစ်ယောက် ကို တွေ့ လိုက်ရလေသည်။ ထိုကောင်မ လေး၏ မျက်နှာကို မြင်လိုက်ရသည်နှင့် ငါးသလောက်ဗိုက်သားကြီးသည် လည်းကောင်း၊ ပုန်းရည်ကြီးလူးပေနေသော ဝက်သားတုံးကြီးသည်လည်း ကောင်း မူလပန်းကန်ထဲ၌ ပြန်နေရာယူသွားကြ၏ ။ ဘဲပေါင်းဆိုလျှင် ပန်း ကန်ထဲမှ နေရာပင် မရွေ့လိုက်ရချေ။
ကောင်မလေးသုံးယောက် စလုံးလည်း စိတ်ပျက်လက်ပျက်ပုံစံတွေ နှင့် ခေါင်းကုတ်ဖင်ကုတ်တွေ ဖြစ်ကုန်ကြ၏ ။
တစ်ယောက် က အရင် ...
''ခေမာ ...နင် နောက်တစ်ချိန် အတန်းတက်ပြီးမှ ကင်တင်းကို လာမယ်ဆို''
စကားအဆုံးမှာ ခေမာဆိုသော ကောင်မလေးက နှာခေါင်းရှုံ့လိုက် ရင်း ...
''အေး ...ပထမတော့ အဲဒီ လိုပဲ စဉ်းစားထားတာဟေ့၊ ဒါပေမဲ့ ...စေ့စေ့တွေးကြည့်တော့ ရေး ရေး ပေါ်လာတာနဲ့ လိုက်လာတာ၊ ဒီရောက် တော့ ထင်တဲ့အတိုင်းပဲ''
''နင်ကလည်းဟာ ငါတို့က တစ်ခါတလေ စားတာပဲဟာကို''
ထိုကောင်မလေးအပြောကြောင့် ခေမာက မျက်နှာထိ မျက်နှာထား နှင့် ...
''ဘာပြောတယ်၊ တစ်ခါတလေ စားတာ ဟုတ်လား၊ နင်တို့စား တဲ့ ဟင်းတွေ ကိုလည်း ကြည့်ဦးလေ၊ ကျန်းမာရေး အရ ဘာကောင်းလဲ၊ အာဟာရထက် အဆိပ်အတောက် ဖြစ်မှာ က ပိုများ နေတယ်၊ နင်တို့ကို ငါ ပြောထားသားပဲ၊ နင်တို့အိမ်ရောက်ရင် စိတ်ကြိုက်စား၊ ငါနဲ့ရှိနေတဲ့အချိနမှာ တော့ ငါ့လိုပဲ စားစမ်းပါဟာ၊ အဲဒါဆို ထမင်းတစ်နပ်က နင်တို့အတွက် ကျန်းမာရေး ကောင်းစေမယ်၊ ဟုတ်ပြီလား''
''အေးပါဟယ်၊ နင် စားသလိုပဲ စားပါ့မယ်၊ ဒါပေမဲ့ ဒီမှာ ငါတို့ မှာ ထားတာတွေ က နှမြောစရာကြီး၊ ဘယ်လိုလုပ်ရမလဲဟင်''
နှင်းဖြူက မျက်နှာငယ်လေးလုပ်ကာ အတွန့်တက်လိုက်သေးသည်။ သို့ သော်လည်း အရာမရောက်လိုက်။ ခေမာကလည်း ပြတ်သည်။
''ဘယ်လိုလုပ်ရမှာ လဲ၊ ခွေးကျွေးလိုက်ပေါ့၊ ပိုက်ဆံကို နှမြောမနေ နဲ့၊ ငါ ရှင်းလိုက်ပါ့မယ်၊ ကဲ ...အားလုံးစားဖို့ ငါပဲ မှာ ပေးမယ်၊ ဟဲ့ ... မောင်လေး ...လာဦး''
ဝိတ်တာလေးကို လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။ သို့ သော် ဝိတ်တာ လေးရောက်မလာမီ ထိုဝိုင်းနားရောက်သွားသူ သူရဲကောင်း တစ်ယောက် က ပေါ်လာပြန်သေး၏ ။
ထိုလူကပဲ ဝိုင်းရှေ့မှာ ရပ်ကာ ...
''ဒီမှာ မခေမာ''
ခေါ်သံကြောင့် မျက်ခုံးလေးပင့်ရင်း ဆတ်ခနဲ မော့ကြည့်လာသည်။ ပြီး ...ထိုလူအား ...
''ကျွန်မနာမည် ကို ခေါ်လိုက်တာလား၊ ရှင်က ဘယ်သူလဲ''
မနည်းတင်းထားပုံရသော ထိုလူ၏ မျက်နှာမှာ အနည်းငယ် ဖရို ဖရဲ ဖြစ်သွားရပြီး ...
''ကျွန်တော် က ကျော်ကိုကိုအောင် ...ပါ''
စကားဆုံးဆုံးချင်းပဲ ခေမာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ...
''ကျော်ကိုကိုအောင်ဆိုတော့ ကြောင်ကိုကိုအော်ပေါ့''
တစ်ဝိုင်းလုံး ဝါးခနဲ ရယ်လိုက်ကြသည်။ ကျော်ကိုကိုအောင် မျက်နှာက တင်းခနဲ ဖြစ်သွားကာ ...
''မရယ်ပါနဲ့ မခေမာ၊ ဒီဟင်းပွဲတွေ နဲ့ပတ်သက်ပြီး ပြောချင်လို့ လာတာဗျ''
ထိုစကားကြောင့် ခေမာက မျက်ခုံး အတွန့်ချိုးလိုက်ရင်း ...
''ဒီဟင်းပွဲတွေ နဲ့ ပတ်သက်လို့ ...ဟုတ်လား၊ သြော် ...သိပြီ၊ ဒီဟင်းတွေ က ကျွန်မတို့ မစားချင်တော့လို့ ခွေးကျွေးမယ်ဆိုပြီး လုပ်နေ တာ၊ ဘာလဲ ...ရှင်က ကြားထဲက နှမြောလို့လား၊ စားချင်တယ်ဆိုရင် ယူသွားလိုက်လေ၊ အားလုံးရှင်းပြီးသားပါ''
''ဘာဗျ''
ကျော်ကိုကိုအောင်မျက်နှာက နီရဲပြဲထွက်သွားသည်။ ဒေါသကို ဆီးအောင့်သလို အောင့်ထားရသော အသံဖြင့် ...
''ခင် ...ခင်ဗျား မရိုင်းပါနဲ့ မခေမာ၊ ကျွန်တော် ပြောချင်တာက သူတို့ဟာသူတို့ ကြိုက်တာမှာ စားတာကို ခင်ဗျားက ဘာ ဖြစ်လို့ ပိတ်ပင်ပြီး ဆရာကြီး ဝင်လုပ်နေတာလဲ၊ ဒီနေရာမှ မဟုတ်ဘူး၊ နေရာတကာမှာ ခင်ဗျား က သူတို့အပေါ် စီးပိုးလွန်းတယ်''
ခေမာ့မျက်နှာက ကွက်ခနဲ ပျက်သွားသည်။ မျက်နှာကို ပြန်တည် ရင်း ပက်ခနဲ ပြန်ပြောလိုက်၏ ။
''အဲဒါ ရှင်နဲ့ ဘာဆိုင်လို့လဲ၊ ရှင့်အပူရော ဘယ်နှပြားသားပါလို့ လဲ၊ ကျွန်မသူငယ်ချင်းတွေ က ကျွန်မ စားစေချင်တာနဲ့ စားတယ်၊ ကျွန်မ ပြောတဲ့အတိုင်း နေတဲ့အပေါ် ရှင်က ဘာဝင်နာနေတာလဲ၊ ဘာလဲ ...ခုလို ရှင်ဝင်ပြောတော့ သူတို့က ရှင့်ကို ကျေးဇူးတင်မယ်များ ထင်နေလို့လား''
''ဘာ ဖြစ် ဖြစ်ဗျာ၊ အဲဒီ လိုပုံစံတွေ ကို ကျွန်တော် မှ မဟုတ်ဘူး၊ တခြားတော် တော် များများ လည်း ကြည့်မရတော့ အားလုံးကိုယ်စား ဝင် ပြောပေးတာ''
''ဒီမှာ ...ရှင်တို့ကိုလည်း ဘယ်သူကမှ လိုက်ကြည့်မခိုင်းဘူး၊ ကြည့်မရရင်လည်း အားလုံးလဲသေလိုက်''
''ခင် ...ခင်ဗျား ...မိန်းကလေးတန်မဲ့ စွာ လှချည်လား''
''အောင်မာ ...လာလာချည်လား၊ ကျွန်မပုံစံက ဒီအတိုင်းဆိုတာ တစ်ကျောင်းလုံး သိတယ်၊ ရှင်ကသာ ကိုယ့်ထမင်းကိုယ်စားပြီး သူများ ကိစ္စကို ဝင်စွက်တာ''
''တောက်ဍ''
ဒေါသမျက်နှာဖြင့် တက်တစ်ချက်ခေါက်ကာ ကျော်ကိုကိုအောင် လှည့်ထွက်သွားသည်။ ခြေလှမ်းလေးငါးလှမ်းလောက် လှမ်းပြီးချိန်မှာ ပဲ...
''ဟေ့ ...ဟေ့ ...ဒီကိုလာဦး''
ခေမာ့အသံပဲ ဖြစ်သည်။ ကျော်ကိုကိုအောင်လည်း သူ့ကို တောင်း ပန်ရန် ပြန်ခေါ်သည်ထင်ပြီး မျှော်လင့်တကြီး လှည့်အကြည့် ...
''ဟာ''
ရှက်ခြင်းနှင့် ဒေါသတို့ ပူးပေါင်းကာ ကျော်ကိုကိုအောင် မျက်နှာ ဖြစ်သွားပုံက ဆိုဖွယ်ရာပင် မရှိတော့ချေ။ ခေမာ အရေး တယူလှမ်းခေါ် နေသည်က သူ့ကိုမဟုတ်။ ကင်တင်းထောင့်တစ်နေရာမှာ ခွေနေသော ခွေးတစ်ကောင်ကို ဖြစ်လေသည်။
လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ကာ ဆက်လျှောက်သွားသော ကျော်ကိုကိုအောင်ကိုကြည့်ပြီး သူတို့တစ်ဝိုင်းလုံး ရယ်ြ ကတော့၏ ။
အောင်မြင်စွာ နှင့် ဆုတ်ခွာလာသော ကျော်ကိုကိုအောင်ကား ကျန် သည့် ကျောင်းသားတွေ က ...
နည်းတောင် နည်းသေးတယ်။
မင်းလိုကောင်မျိုးက အဲဒီ လိုခံရမှ မှတ်မှာ ၊။
ခေမာ့အကြောင်းသိလျက်နဲ့ သွားပြောတာကိုး ...ခံပေါ့။
အရှက်မရှိသွားပြောတော့ ခု အရှက်ကွဲရပြီမဟုတ်လား။
ဟု ယူဆရသော အကြည့်များ ဖြင့် ဖေးမကာ အားပေးကြပါသည်။
ဖျတ်ခနဲ လှမ်းမြင်လိုက်ရသော ကျော်ကိုကိုအောင့်မျက်နှာကို ကြည့်ပြီး ဒီကောင် တော် တော် တင်းသွားပြီဆိုတာ နောင်ရိုး ရိပ်မိလိုက်၏ ။
ကောင်မလေးတွေ ဆီ ကြည့်လိုက်တော့လည်း ခုနကမှ စစ်ပွဲတစ် ပွဲ အနိုင်ရလိုက်သလို ရယ်မောစားသောက်ရင်း အောင်ပွဲခံနေကြသည်။
ထူးခြားသည် ကတော့ ကောင်းသော်တို့ ပြောခဲ့သလို ခေမာဆို သော ကောင်မလေးသည် သူ့သူငယ်ချင်းများ အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိသည် ဆိုသော အချက်ပင် ဖြစ်လေသည်။
ရယ်ရင်းမောရင်း ခေမာ၏ မထီတရီမျက်ဝန်းတောက်တောက်လေး များ က အရောင် မှိုင်းကာ တစ်ခါတစ်ခါ ငြိမ်ကျသွားသည်ကိုလည်း နောင်ရိုး သတိထားမိလိုက်သေး၏ ။
မည် သို့ ပင် ဖြစ်စေ ...
မိန်းကလေး တစ်ယောက် ကို သေသေချာချာ စူးစမ်းလေ့လာမိခြင်း သည်လည်း နောင်ရိုး၏ ဘဝမှာ ပထမဆုံး ဖြစ်လေသည်။
''ဘယ်လိုလဲ နောင်ရိုး၊ မင်း လက်တွေ့ မြင်လိုက်ရတော့ ယုံပြီ မဟုတ်လား''
ရုတ်တရက် ကောက်ကာငင်ကာ မေးလိုက်သော ကောင်းသော် စကားကြောင့် နောင်ရိုး အူတူတူ ဖြစ်သွားရပြီး ...
''ဟ ...ငါက ဘာကိုလက်တွေ့ မြင်ပြီး ယုံရမှာ လဲ''
''အာ ...ငါပြောတာက မင်း မနေ့က သွားကြည့်တဲ့ နှင်းဖြူတို့ အုပ်စုကို ပြောတာ''
''သြော် ...ဒါလား၊ သွားကြည့်တော့ မြင်တာပေါ့ကွ၊ သူတို့အား လုံး မိန်းကလေးတွေ ချည်းပဲလေ၊ ဘာကို ထပ်ပြီးယုံရမှာ လဲ''
ခပ်ထေ့ထေ့ပြောလိုက်သော နောင်ရိုးစကားကြောင့် ကောင်းသော် အီလည်လည် ဖြစ်သွားရသည်။ ဒီကောင် သူ့သောက်ကျင့်အတိုင်း စားနေပြီ ဆိုတာ ရိပ်မိလိုက်သော ကြောင့် ရွဲ့ပြီး ပြန်မေးလိုက်၏ ။
''ယုံလားဆိုတာက သူတို့အားလုံး အပျိုစင်တွေ ပဲဆိုတာ ယုံလား လို့ မေးတာ''
နောင်ရိုးက ခပ်တည်တည်ပဲ ...
''အပျိုစင်ဆိုတာ ယုံပါတယ်၊ ဘာ ဖြစ်လို့လဲဆိုတော့ အပြင်မှာ စိုနေတာကိုး''
''မိုက်ရိုင်းလိုက်တာ နောင်ရိုးရာ''
အောင့်သက်သက်လေသံနှင့် ပြောလာသော ကောင်းသော်ကို ကြည့်ကာ နောင်ရိုးနှင့် သက်ဦးမောင်တို့ ဝါးလုံးကွဲ ရယ်ချလိုက်ကြသည်။
ခဏနေတော့ ...နောင်ရိုးကပဲ
''နောက်တာပါ ကောင်းသော်ရာ၊ မင်းတို့ပြောလိုက်တဲ့အတိုင်း တွေ့ ခဲ့ပါတယ်၊ ဒါပေမဲ့ ...ငါ့အမြင်အရ အဲဒီ အုပ်စုထဲက ကောင်မလေး တစ်ယောက် နဲ့ ရည်းစား ဖြစ်ဖို့ဆိုတာ မလွယ်လောက်ဘူးကွ၊ သူတို့အဖွဲ့ထဲက ခေမာကို မင်းတို့ ဘယ်လိုမှ ကျော်လို့ရမှာ မဟုတ်ဘူး''
ကောင်းသော်က စိတ်ရှုပ်ဟန်ဖြင့် သူ့လည်ပင်းသူ တဗျဉ်းဗျဉ်း ကုတ်တော့သည်။ သူများ လည်ပင်းမှ သွားကုတ်လို့မရသည်ကိုး။ ပြီး ... ကောင်းသော်ဆိုသည့် ငတိက ဘာကောင်မှန်းမသိ။ စိတ်ရှုပ်လျှင် သူများ တွေ လို ခေါင်းကုတ်၊ ဖင်ကုတ်မလုပ်ဘဲ လည်ပင်းချည်းပဲ ကုတ်သည်။ ဒါ ကြောင့် လည်း ဒင်းလက်သည်းကြားတွေ ထဲမှာ ချေးဖတ်တွေ က အမြဲနေရာ ယူထား၏ ။ ထပ်ပြောရလျှင် ထိုလက်သည်းများ ဖြင့် နှင်းဖြူဆိုသော လှတီး လှတကောင်မလေးနှင့် ရည်းစား ဖြစ်ချင်နေသေးသည်။ ထိုမျှလောက် မတန် တရာမှန်းသော ကောင်းသော် ဖြစ်၏ ။
ခုလည်း လည်ပင်း တစ်ကိုယ်ရည်သန့်ရှင်းမှု လုပ်နေသော ကောင်း သော်ကပဲ ဆက်ပြောလာသည်။ လေပူကြီးတစ်ချက် မချိမဆန့်မှု တ်ထုတ် ပြီးမှ အားမလိုအားမရ ပြောလာခြင်း ဖြစ်၏ ။
''အဲဒါကြောင့် ခက်နေတာပေါ့ နောင်ရိုးရာ၊ ငါ ဘယ်လိုဆက်လုပ် ရမှန်းမသိတော့လို့ မနေ့က မင်းကို တိုင်ပင်တာပေါ့ကွ''
''ငါလည်း စဉ်းစားမိပါတယ်၊ ဒီအတိုင်းဆိုရင်တော့''
''ဘာ ...ဘာ ဖြစ်မှာ လဲဟင် နောင်ရိုး''
မျှော်လင့်တကြီး မေးလာသော ကောင်းသော်ကို နောင်ရိုးက မညှာ မတာစွာ ...
''မင်း မေ့ပစ်လိုက်တာ အကောင်းဆုံးပဲ ကောင်းသော်၊ ဒါမှမဟုတ် မင်း ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲသလိုပဲ ဖြစ်နေမှာ ''
ကောင်းသော်မျက်နှာကြီးက တစ်မုဟုတ်ချင်း အသက်ခုနစ်ဆယ် အဘိုးအိုလောက် အိုစာသွားသည်။ ပြီး နောင်ရိုးကိုလည်း ...
''အဲလိုတော့ မလုပ်ခိုင်းပါနဲ့ကွာ၊ မင်း မကူညီနိုင်ရင်တောင် ငါ့ကို လက်မလျှော့ခိုင်းပါနဲ့''
နောင်ရိုးပခုံး အသာတွန့်လိုက်မိ၏ ။ ဒီကောင် အတော် ဟိ (ံHeat) တက်နေပြီဆိုတာလည်း နားလည်လိုက်သည်။
ထို့ကြောင့် ...
''လဒမှိုင် မှိုင်မနေပါနဲ့ ကောင်းသော်ရာ၊ မင်းရုပ်က သနားဖို့ မကောင်းဘဲ ယောက်ျားချင်းတောင် တော် တော် စိတ်ကုန်ဖို့ကောင်းနေတယ် ကွ၊ ကဲ ...ငါ မင်းကို တစ်ခုတော့ ကူညီမယ်''
''ဟင် ...ဘယ်လိုကူညီမှာ လဲ''
နောင်ရိုးက စဉ်းစားဟန်ပြု၍ ...
''ငါ ...ယောက်ျားကြီးတန်မဲ့ အောင်သွယ်တွေ , ဘာတွေ တော့ မလုပ်တတ်ဘူးကွ၊ ဒါပေမဲ့ မင်း နှင်းဖြူကို မွေးနေ့လက်ဆောင်ပေးလို့ ရအောင် ငါ ကူညီပေးမယ်''
''တ ...တကယ်လားဟင် နောင်ရိုး''
''တကယ်ပေါ့ကွ၊ မင်းကို အလကား နေရင်းထိုင်ရင်း ညာနေရ အောင် ငါက ဘာရမှာ မို့လို့လဲ''
ထိုသို့ ပြောရင်း မဆီမဆိုင် ခေမာ၏ မျက်နှာလေးကို ဖျတ်ခနဲ မြင် ယောင်လိုက်မိသေးသည်။
ထိုအချိန်မှာ ပဲ ငြိမ်နေသော သက်ဦးမောင်က ...
''မင်း အဲဒီ ကိစ္စကို ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ နောင်ရိုး''
နောင်ရိုးက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီးမှ ...
''ရိုးရိုးလေးပါပဲကွာ၊ မိန်းကလေးတော် တော် များများ မှာ ရှိတတ်တဲ့ အားနည်းချက်ကလေးကိုပဲ ခုတုံးလုပ်ရမှာ ပေါ့''
စာသင်ချိန်တစ်ချိန် ကျန်သေးမှန်းသိလျက်နှင့် နှင်းဖြူတို့သုံး ယောက် ဖင်မငြိမ် ဖြစ်နေသည်ကိုကြည့်ကာ ခေမာ စိတ်တိုလာရသည်။ ဖင်မငြိမ်ဆို၍ ဒင်းတို့က မတ်တတ်ရပ်ပြီး လှုပ်ပြ,ယမ်းပြနေခြင်းမျိုးလည်း မဟုတ်ချေ။ လှုပ်လှုပ်ရွရွ ဖြစ်ကာ အခန်းအပြင်သို့ ထွက်ချင်နေခြင်း ဖြစ်သည်။
ဟေမန်က ခေမာကို မျက်နှာငယ်လေးလုပ်ကာ ...
''ကင်တင်းသွားရအောင် ခေမာရာ၊ ဒီတစ်ချိန်လောက် လွတ်တာ ဘာမှမ ဖြစ်ပါဘူး၊ ဗိုက်ဆာလာပြီဟ''
''ဟုတ်တယ်၊ ငါတို့လည်း ဆာနေပြီ''
မေသက်ဇော်ကပါ စစ်ကူသဘောမျိုး ဝင်ပြောလာသည်။ ခေမာက သုံးယောက် စလုံးကို ဝေ့ကြည့်လိုက်ကာ ...
''အေး ...သွားတာက လွယ်တယ်၊ ဒီတစ်ချိန် လွတ်သွားတဲ့ စာကို ဘယ်သူ့ဆီက ပြန်ကူးမှာ လဲ၊ ငါ သူများ ဆီက စာအုပ်မငှားချင်တာ နင်တို့လည်း အသိပဲ''
''အဲဒါဆိုရင်လည်း ငါပဲ ငှားပြီး ကူးပေးပါ့မယ်''
နှင်းဖြူစကားအုံးမှာ ခေမာက ဆတ်ခနဲ ခပ်တင်းတင်းကြည့်ရင်း-
''မကူးနဲ့၊ ဘာ ဖြစ်လို့ သူများ တွေ ဆီက အောက်ကျနောက်ကျခံ ပြီး ကူးမှာ လဲ၊ ငါတို့ အတန်းလစ်တာကို ကြော်ငြာမလို့လား၊ နင်တို့လည်း သူများ ဆီက မငှားနဲ့၊ ငါလည်း မငှားဘူး''
''အာ ...ဒါဆို ဘယ်လိုလုပ်မှာ လဲ၊ ငါတို့က တကယ်ဆာလို့ပါ ခေမာရယ်''
ဟေမန်စကားကြောင့် ခေမာက မျက်တောင်လေး ပုတ်ခတ်ပုတ် ခတ်လုပ်ရင်း တစ်ချက်စဉ်းစားလိုက်သည်။ ပြီး ...မသိမသာ သက်ပြင်း ခိုးချလိုက်ရင်း ...
''ကဲ ...ဒါဆိုလည်း ဒီလိုလုပ်၊ နင်တို့တွေ ကင်တင်းအရင်သွား နှင့် ၊ ငါ ဒီအချိန်ပြီးအောင် တက်လိုက်မယ်၊ ပြီးမှ ငါ့ဆီကပဲ ပြန်ကူးပေါ့''
''အေး ...ကောင်းတယ်၊ ကောင်းတယ်''
ပြောရင်း သုံးယောက် သား တက်ညီလက်ညီ ထရပ်လိုက်စဉ်မှာ ပဲ
''နေဦး ...ပြန်ထိုင်ဦး''
သုံးယောက် စလုံး ညီညီညာညာပင် ပြန်ထိုင်လိုက်ကြရသည်။ ခေမာ က မျက်နှာတည်တည်လေးနှင့် ...
''ငါက နင်တို့အတွက်ပါ အတန်းတက်ပေးရတာ နော်၊ ဒီတော့ ထမင်းစားရင် ငါတို့စားနေကျ ဟင်းတွေ နဲ့ပဲ စားပါ့မယ်လို့ ကတိပေးကြ၊ ဘယ်လိုလဲ ... ဖြစ်မလား''
ထိုစကားကြောင့် သုံးယောက် သား တစ်ယောက် မျက်နှာ တစ် ယောက် ကြည့်လိုက်ကြပြီးမှ ...
''အေးပါဟယ် ...ငါတို့ ကတိပေးပါတယ်''
မေသက်ဇော်စကားအဆုံးမှာ နှင်းဖြူကလည်း ...
''စိတ်ချပါဟာ၊ နင်ရောက်လာလို့ မယုံရင် ကင်တင်းက ဦးလေး ကြီးဆီမှာ မေးကြည့်လိုက်၊ ဒီလောက် ဗိုက်ဆာနေတာ ဘာ ဖြစ် ဖြစ် စား ဝင်ပါတယ်ဟ''
ခေမာ့ဆီမှ ခွင့်ပြုချက်ရရချင်း သုံးယောက် သား အမြန်ထထွက် လာခဲ့ကြသည်။
လမ်းမှာ နှင်းဖြူက ...
''ဘာပဲပြောပြော ခေမာက ငါတို့အတွက်ဆိုရင် ငယ်ငယ်လေးက တည်းက ခုလို အနစ်နာခံပေးခဲ့တာနော်''
နှင်းဖြူစကားကြောင့် ဟေမန်လည်း မျက်နှာညှိုးသွားပြီး ...
''အေးလေ ...သူ့ပုံစံကြောင့် ဘေးလူတွေ အမြင်စောင်းတာ ရှိကောင်းရှိနိုင်ပေမယ့် ငါ ကတော့ ဂရုမစိုက်ပါဘူး၊ ငါတို့ ခေမာ့စကား နားထောင်လို့ သူ့စိတ်ချမ်းသာရင် ငါပျော်တယ်''
''ငါလည်း ဒီလိုပါပဲဟာ၊ သူ့ဘဝမှာ ငါတို့သုံးယောက် က အရေး ကြီးဆုံးပဲဆိုတဲ့ အချက်ကို နားလည်ပါတယ်၊ ငါတို့ဘက်ကလည်း ဒီအတိုင်း ပါပဲ၊ အဲ ...တစ်ခါတစ်ခါမှာ တော့''
မေသက်ဇော်စကားက မဆုံးလိုက်။ နှင်းဖြူက မေသက်ဇော်၏ ပါးစပ်ကို လက်နှင့် လှမ်းပိတ်လိုက်ရင်း ...
''မပြောပါနဲ့တော့ မေသက်ရယ်၊ နင် ဘာကိုဆိုလိုချင်တယ်ဆိုတာ ငါ နားလည်ပါတယ်၊ အဲဒီ အတွေးတွေ မတွေးတာ အားလုံးအတွက် အကောင်းဆုံးပဲ မဟုတ်လား''
သုံးယောက် စလုံး တိတ်ဆိတ်သွားကြသည်။ ခေမာ၏ စိတ်နှင့် သူတို့အပေါ်ထားသည့် သံယောဇဉ်ကို ငယ်ငယ်လေးထဲက သိခဲ့ရခြင်း ဖြစ် ၏ ။ ဒါကြောင့် လည်း ခုချိန်ထိ သူတို့လေးယောက် ပဲ သီးခြားတွဲခဲ့ကြခြင်း ဖြစ်သည်။ ဆယ်တန်းအောင်တော့ ဆေးတက္ကသိုလ်အမှတ်မီသော ခေမာ ပင်လျှင် မတက်ဘဲ သူတို့လို ရိုးရိုးမေဂျာပဲ ယူခဲ့ခြင်း ဖြစ်၏ ။ ထိုအချိန်တုန်း က ခေမာပြောခဲ့သော စကားကိုလည်း ခုချိန်ထိ သူတို့သုံးယောက် မမေ့။
ကိုယ့်အတွေးနှင့် ကိုယ် လျှောက်လာရင်း ထိုင်နေကျ ကင်တင်းရှေ့ သို့ ရောက်လာကြသည်။ ကင်တင်းထဲသို့ လှမ်းဝင်လိုက်စဉ်မှာ ပဲ ဟေမန်က အလန့်တကြားပုံစံလေးဖြင့် ...
''ဟဲ့ ...ဟို ...ဟိုမှာ ကြည့်လိုက်ဦး''
ဟေမန့်အပြောကြောင့် ကင်တင်းထဲ လှမ်းကြည့်ရင်း ဟင်ခနဲ ဖြစ် သွားရသည်။ ခါတိုင်း သူတို့အဖွဲ့သာထိုင်သော စားပွဲ၌ ကျောင်းသားများ အုံခဲနေကြ၍ ဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် ထိုဝိုင်း၌ ကျောင်းသားနှစ် ယောက် လောက်ရှိတတ်သော်လည်း သူတို့လာလျှင် အူလျားဖားလျားဖြင့် ဖယ်ပေးကြစမြဲ။ ခု ဒီနေ့ကျမှ ဘာ ဖြစ်လို့ လူတွေ ဒီလောက်များ နေသနည်း။
မည် သို့ ပင် ဖြစ်စေ ...
သူတို့အနားရောက်လျှင်တော့ ထိုလူတွေ စားပွဲမှ ထသွားကြလိမ့် မည် မှာ မလွဲ။ ထိုအတွေးကို သုံးယောက် စလုံး တွေးလိုက်မိပြီး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြ၏ ။ ပြီး ...သုံးယောက် သား ထိုဝိုင်းအနားသို့ ကပ်သွားလိုက်ကြသည်။
အနားရောက်သည်အထိ လူအုပ်ကြီးက မခွဲသေး။ ဘာတွေ များ ဒီလောက် သဲကြီးမဲကြီး စိတ်ဝင်စားနေကြသည်မသိချေ။ ခေါင်းတွေ ပြုံကာ စားပွဲဆီသို့ ပဲ ကြည့်နေကြသည်။
စိတ်မြန်သော ဟေမန်ကပဲ အဟမ်းအဟမ်းဟု ချောင်းဟန့်ကာ အသံပေးလိုက် ၏ ။ ကြားလိုက်ပုံရသော ကျောင်းသား တစ်ယောက် က လှည့် ကြည့်လာပြီး သူတို့သုံးယောက် ကိုမြင်တော့ တခြားလူတွေ အား အသိပေး လိုက်ပုံပေါ်သည်။
ချက်ချင်း ဆိုသလို လူအုပ်ကြီးသည် ဝရုန်းသုန်းကား ပြိုကွဲသွား လေ၏ ။
သို့ သော် ...
သူမတို့သုံးယောက် မထိုင် ဖြစ်ကြသေးဘဲ ထပ်ကာမျက်မှော င်ကြုတ် ရပြန်သည်။ အကြောင်းမှာ စားပွဲတွင် ထိုင်လျက်သား ကျန်ခဲ့သည့် တစ်ယောက် တည်းသော လူသည် အေးဆေးတည်ငြိမ်စွာ ဖြင့် စားပွဲထက်မှ စာရွက်များ ကို သိမ်းဆည်းနေ၍ ဖြစ်၏ ။
ရပ်နေသည့် သူမတို့ကို တစ်ချက်လှမ်းကြည့်သော်လည်း စိတ်လှုပ် ရှားပုံမရှိချေ။ သူ့အလုပ်သူ အေးအေးလူလူ လုပ်နေသည့်ပုံစံသာ ရှိသည်။ ထိုစာရွက်တွေ ဆီ လှမ်းကြည့်မိတော့ ဗေဒင်တွက်ထားသလို ဂဏန်းများ ၊ အကွက်များ ၊ ပုံများ ရေး ဆွဲထားသည်ကို တွေ့ လိုက်ရ၏ ။ ထိုလူ၏ မျက်နှာ ကိုကြည့်ရင်း ဒါ ဟိုတစ်ရက်က ဒီကင်တင်းထဲမှာ သားကြီး ...သားကြီး ဆိုပြီး ဖုန်းပြောတဲ့ လူပဲဆိုတာ သူတို့ ပြန်စဉ်းစားမိသွား၏ ။ သူ့ဘာသာသူ သားကြီးမကလို့ သားငယ်ပဲ ဖြစ် ဖြစ် ဂရုမစိုက်ချေ။ လောလောဆယ် ကိုယ့် နေရာက ဖယ်ခိုင်းဖို့ပဲ ရှိသည်ဟု တွေးလိုက်ရင်း ဟေမန်က ...
''ဒီမှာ ...ရှင့်ပစ္စည်းတွေ က သိမ်းလို့မပြီးနိုင်တော့ဘူးလား''
ထိုလူက ထပ်ကာမော့်ကြည့်လာကာ ...
''မြင်တဲ့အတိုင်းပဲလေ၊ ခင်ဗျားတို့က ဘာလုပ်မလို့လဲ''
''ဒီဝိုင်းမှာ ထိုင်ဖို့ပေါ့ရှင်''
နှင်းဖြူ စကားအဆုံးမှာ ထိုလူက ဟက်ခနဲရယ်လိုက်ရင်း ...
''ထိုင်ချင်ရင် ထိုင်ပေါ့ဗျ၊ ခင်ဗျားတို့မှာ လည်း ဖင်ပါတာပဲဥစ္စာ''
''ဘာရှင့် ...ရှင် ...မိုက်ရိုင်းလှချည်လား''
သုံးယောက် စလုံး မျက်နှာတွေ ရဲရဲနီသွားရင်း မေသက်ဇော်က ပြောလိုက်ခြင်း ဖြစ်သည်။ ထိုလူက ရယ်ဟဟနှင့် လက်ကာပြလာပြီး ...
''ဆောရီး ဆောရီး ...ကျွန်တော် မိုက်ရိုင်းတဲ့စကားပြောတာ မဟုတ်ပါဘူး၊ စကားပြော လောသွားလို့ပါ၊ ဆိုလိုချင်တာက ဒီဝိုင်းမှာ ထိုင်စရာနေရာတွေ အများ ကြီး ရှိသေးတယ်လေ၊ အဲဒါကြောင့် ထိုင်ချင်ရင် ထိုင်ပါလို့ အလွယ်ပြောလိုက်တာပါ''
ထိုလူ့အပြောကြောင့် နှင်းဖြူက မျက်စောင်းကို အတုံးလိုက် အတစ် လိုက်ထိုးကာ ...
''ဘာလို့ထိုင်ရမှာ လဲ၊ ဒီဝိုင်းမှာ က ကျွန်မတို့သူငယ်ချင်းတွေ ချည်း ပဲထိုင်တာ၊ အဲဒါကြောင့် ရှင့်ကို ဖယ်ပေးလို့ ပြောနေတာ''
''ဟောဗျာ၊ ခင်ဗျားတို့က ဘယ်လိုလဲဗျ၊ ဒီဟာက ကင်တင်းလေ၊ ဘယ်ကျောင်းသူ, ကျောင်းသားမဆို ထိုင်ခွင့်ရှိတာပဲ မဟုတ်လား''
''မရဘူး၊ ကျွန်မတို့အတွက်တော့ ဒီကင်တင်းက ဒီစားပွဲမှာ ပဲ ထိုင်တာ''
''ခင်ဗျားတို့က စည်ပင်ကလား''
''ဘာရှင့်''
''သြော် ...နေရာစကားပြောလို့ပါ''
''အပိုတွေ လျှောက်ပြောမနေနဲ့၊ ရှင်ဖယ်မှာ သာ ဖယ်ပေးစမ်းပါ''
ထိုစကားအဆုံးမှာ တော့ နောင်ရိုးက မျက်နှာကို တည်ပစ်လိုက်ပြီး-
''ဒီမှာ ခင်ဗျားတို့ဘာသာ ကိုယ့်ဟာကိုယ် ဥပဒေထုတ်ထားတာ ကျွန်တော် နဲ့ မဆိုင်ဘူး၊ လောလောဆယ် ကျွန်တော် သိတာက ဒီဝိုင်းမှာ ထိုင်ပြီး အခကြေးငွေနဲ့ ကျွန်တော် ဗေဒင်ဟောနေတယ်၊ အဲဒီ အချိန်မှာ ခင်ဗျားတို့ရောက်လာတော့ ဘာကြောင့် မှန်းမသိ အကုန်ထပြေးကုန်ကြရော၊ ဒီတော့ ပိုက်ဆံမရလိုက်တဲ့ ကျွန်တော် ကမှ နစ်နာတာဗျ''
သုံးယောက် သား နောင်ရိုးကိုကြည့်ကာ မျက်ခုံးပင့်သွားကြသည်။
နှင်းဖြူက အရင် ...
''ဘယ်လို ...ရှင်က ဗေဒင်ဟောနေတယ်ဆိုတော့ ဗေဒင်ဆရာ လား''
နောင်ရိုးက အသာတွန့်ကာ ...
''ကဝိတစ်ဆူကြီးတော့လည်း မဟုတ်ဘူးပေါ့ဗျာ၊ တတ်ထားတဲ့ ပညာလေးနဲ့ ဒီလိုပဲ ကျောင်းမှာ ရှာစားရတာ ပေါ့ ...အဟဲ''
သုံးယောက် စလုံး နှာခေါင်းရှုံ့သွားကြသည်။
''ထားပါတော့လေ၊ ရှင့်ဟာရှင် ဘာဆရာပဲ ဖြစ် ဖြစ် လောလော ဆယ် ဒီနေရာက ဖယ်ပေးဖို့ပဲလိုတာ''
''ရော် ...ခက်တာပဲ၊ ဒီနေ့ ဒီမှာ ထိုင်ပြီး ဗေဒင်ဟောတာ တစ် ပြားမှတောင် မရသေးဘူးဗျ၊ မေးတဲ့သူကို စောင့်လိုက်ဦးမယ်၊ တစ်ယောက် လောက် ဟောပြီးလို့ ပိုက်ဆံရရင်တော့ ဒီနေရာက ထမှာ ပါ၊ ကျွန်တော့်  အဓိဋ္ဌာန်က တစ်နေရာမှာ တစ်ခါလောက်မှ မဟောရရင် နေရာက မထဘူး ဗျ''
နှင်းမြူတို့ ဘာလုပ်ရမည် မှန်းမသိ ဖြစ်သွားကြသည်။ ဒီလူ့ကို လည်း ကင်တင်းထဲက အတင်းဆွဲထုတ်လို့ ရမည် မဟုတ်။ ထိုသို့ ဥပဒေ လည်း မရှိချေ။ တခြားလူတွေ ကသာ သူတို့ကို ငမ်းချင်စိတ်ဖြင့် နေရာဖယ် ပေးကြခြင်း ဖြစ်သည်။
ထို့ကြောင့် တက်ညီလက်ညီပင် ခေါင်းကုတ်လိုက်မိကြသည်။ ထိုစဉ်မှာ ပဲ ဖျတ်ခနဲ အကြံရလိုက်သော ဟေမန်က ...
''ကောင်းပြီလေ၊ ဒါဆိုရင်လည်း ကျွန်မတို့ပဲ ရှင့်ကို ဗေဒင်မေး လိုက်မယ်၊ ရှင်ဟောပြီးရင်တော့ လစ်တော့၊ ဟုတ်ပြီလား''
ထိုစကားကြောင့် ဘေးမှ နှင်းဖြူနှင့် မေသက်ဇော်တို့က တံတောင် နှင့် မသိမသာ တွတ်လိုက်မိ၏ ။ ဟေမန်က အသာနေဆိုသော အကြည့် ဖြင့် ကြည့်လာသည်။ ပြီး ...မျက်ရိပ်ပြလိုက်သဖြင့် သုံးယောက် စလုံး နောင်ရိုးနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ကြသည်။
နောင်ရိုးက ...
''ကဲ ...ဟုတ်ပြီလေ၊ ခင်ဗျားတို့ကိုယ်တိုင် ဗေဒင်မေးမယ်ဆို တော့ အဆင်ပြေသားပဲ၊ မေးခွန်းတစ်ခုစီအတွက် မြန်မာငွေကျပ်ငါးရာကျ မယ်၊ ဒီတော့ ဘယ်သူအရင်မေးမှာ လဲ''
''သုံးယောက် စလုံး အတူမေးမယ်''
ဒီကောင်မလေးတွေ ရစ်ပြီဆိုတာကိုတော့ နောင်ရိုး နားလည် လိုက်သည်။ သို့ သော်လည်း စိတ်ကို လျှော့လိုက်ရင်း ...
''ဟုတ်ပြီလေ၊ မေးပေါ့၊ ဒါပေမဲ့ ...ကိုယ့်ကို ဗေဒင်ဟောပေး တဲ့ ဆရာနာမည် ကိုလည်း မှတ်ထားဦး၊ ကျွန်တော့် နာမည် နောင်ရိုးလို့ ခေါ်တယ်''
စကားအဆုံးမှာ နှာခေါင်းကိုယ်စီ ရှုံ့လိုက်ခြင်းကို နောင်ရိုး မြင် လိုက်ရ၏ ။ ရပါသည်။ ဘယ်လိုပဲ ဖြစ် ဖြစ် ကိုယ့်နာမည် ကို သူတို့ သိသွားပြီ ပဲ။
ထိုသို့ တွေးရင်း နောင်ရိုးက သုံးယောက် စလုံးကို ရင်ဆိုင်ကြည့် လိုက်ကာ ...
''ကဲ ...သုံးယောက် စလုံးမေးမယ်ဆိုတော့ ခင်ဗျားတို့ရဲ့ မွေး သက္ကရာဇ်ကို ပြောတော့''
ပြောပြောဆိုဆို နောင်ရိုးက စာရွက်တစ်ရွက်ထုတ်ကာ ရှေ့မှာ ချထားလိုက်၏ ။ ပုံစံက အပီအပြင်တွက်တော့မည် ဆိုသည့်သဘော။
ကောင်မလေးတွေ ကလည်း တစ်ယောက် နှင့် တစ်ယောက် အဓိပ္ပာယ်ပါပါကြည့်လိုက်ကြပြီးမှ ...
''ကျွန်မတို့က မွေးသက္ကရာဇ်ကိုတော့ မပြောချင်ဘူးရှင့်၊ ဒီအတိုင်း ရှင် အဆင်ပြေသလို တွက်လို့မရဘူးလား၊ အဲဒါလည်း ရှင့်ကို မေးတာပဲ လေ''
နောင်ရိုး ခေါင်းအနည်းငယ် စားသွားသည်။ သို့ သော်လည်း ရပါ သည်ဟု ထပ်တွေးကာ ပြန်ပြောလိုက်၏ ။
''အင်းလေ ...ဒါ ကတော့ ခင်ဗျားတို့ဆန္ဒပါ၊ ဒါပေမဲ့ ...တွက် လို့ရအောင်တော့ ကူညီဗျာ၊ ခင်ဗျားတို့ရဲ့ မွေးသက္ကရာဇ်ကို စိတ်ထဲမှာ ပဲ မှတ်ထားပေါ့၊ တွက်လို့ရအောင် ကျွန်တော် ပြောတဲ့အတိုင်းသာ လုပ်ပေး''
''ဘယ်လို လုပ်ရမှာ လဲ''
''ဒီလိုဗျာ၊ ခင်ဗျားတို့ရဲ့ မွေးလနံပါတ်ကို ငါးနဲ့မြှောက်လိုက်''
သုံးယောက် သား တဒင်္ဂ ငြိမ်သွားကြပြီးမှ ပြိုင်တူနီးပါး ...
''အိုကေ ...ရပြီ''
''ရတဲ့အဖြေကို ခြောက်ထည့်ပေါင်း''
''အဲ ...ရပြီ''
''နောက်ထပ်ရတာ ကို လေးနဲ့ ထပ်မြှောက်လိုက်''
''ခဏလေး ...ခဏလေး''
စာအုပ်ကိုယ်စီ ဆွဲထုတ်လိုက်ပြီး တွက်ကြပြန်၏ ။ အတန်ကြာမှ-
''မြှောက်တဲ့အဖြေလည်း ရပြီ''
''ပြီးရင် ...အဲဒီ အဖြေကို ကိုးနဲ့ထပ်ပေါင်းလိုက်''
ညီညီညာညာတွက်နေကြပုံမှာ အားရစရာပင် ကောင်းလှသေးတော့ ၏ ။ ခဏနေတော့ နောင်ရိုးကပဲ ...
''အဖြေရရင် ငါးနဲ့ထပ်မြှောက်''
''ရှုပ်နေတာပဲ၊ ပြီးပြီ ...ပြီးပြီ၊ ဘာဆက်လုပ် ရဦးမှာ လဲ''
''ပြီးတော့မှာ ပါ၊ ရတဲ့အဖြေမှ မွေးရက်ထည့်ပေါင်းလိုက်''
''ရပြီ''
''နောက်ဆုံးရတဲ့အဖြေထဲက (၁၆၅) ကို နှုတ်လိုက်တော့''
''နှုတ်ပြီးပြီ''
''ဘယ်လောက်ကျန်လဲ၊ တစ်ယောက် စီ ပြောပါ''
သဲစုက အရင်သွက်လက်စွာ ...
''ရှစ်ရာ့ရှစ် (၈ဝ၈) ကျန်တယ်''
''နောက် တစ်ယောက် က''
''ထောင့်နှစ် ရာ့တစ်ဆယ် (၁၂၁ဝ)''
''ဟို တစ်ယောက် ကရော''
ဟေမန့်ကို မေးလိုက်ခြင်း ဖြစ်သည်။
''လေးရာ့သုံး (၄ဝ၃)''
သုံးယောက် စလုံး၏ စကားအဆုံးမှာ နောင်ရိုးက ပီပီပြင်ပြင် ပြုံး လိုက်ရင်း ...
''ကျေးဇူးတင်ပါတယ်ဗျာ၊ ခင်ဗျားတို့ကို ပြောထားတဲ့အတိုင်း အဖြေတစ်ခုစီပဲ ဟောပါ့မယ်၊ ခင်ဗျားရဲ့ မွေးရက်၊ မွေးလ ကတော့ မိုက်တယ် ဗျ''
သူ့ကို လက်ညှိုးထိုးကာ ပြောလာခြင်းကြောင့် နှင်းဖြူ ကြောင် အမ်းသွားရပြီး ...
''ရှင် ...ဘာ ဖြစ်လို့လဲ''
''သြော် ...ခင်ဗျားက ရှစ်လပိုင်း၊ ရှစ်ရက်မှာ မွေးတာလေ၊ ဟုတ်တယ်မဟုတ်လား''
''ရှင်''
''ဟို တစ်ယောက် ကတော့ ဆယ်နှစ် လပိုင်း ဆယ်ရက်''
မေသက်ဇော်ပါးစပ်အဟောင်းသား ဖြစ်နေစဉ်မှာ ပဲ နောင်ရိုးက ဟေမန်ကိုကြည့်ကာ ...
''အင်း ...ခင်ဗျားက လေးလပိုင်း သုံးရက်နေ့ ဖြစ်မယ်''
''ဟောတော့''
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့၏ မွေး လ၊ မွေးရက်တွေ ကို ကွက်တိပြောလိုက်သည်ကိုး။ နောင်ရိုးက ရှေ့မှ စာရွက် တွေ ကို သိမ်းကာ ကျောပိုးအိတ်ထဲ ထည့်လိုက်ရင်း ...
''ကဲ ...ခင်ဗျားတို့ကိုယ်တိုင် မပြောတဲ့ အရာတစ်ခုစီကို ကျွန် တော် ဟောပြီးပြီနော်၊ ဒီတော့ Óာဏ်ပူဇော်ခလေး ချီးမြှင့်ပါဦး''
တစ်ယောက် ငါးရာစီ ထုတ်ပေးလိုက် ရသည်။ နောင်ရိုးက ပိုက်ဆံ ထောင့်ငါးရာကို အိတ်ကပ်ထဲသို့ ပိုင်နိုင်စွာ ထည့်လိုက်ရင်း ထရပ်လိုက်ကာ-
''ခွင့်ပြုကြပါဦးဗျာ၊ ခင်ဗျားတို့ရဲ့ စားပွဲမှာ လည်း မထိုင်တော့ပါဘူး၊ နောက်ကြုံရင်လည်း ဝင်မေးကြည့်ပေါ့''
ခပ်တည်တည်ပြောကာ ထထွက်လာခဲ့သည်။ ကင်တင်းအဝင်ဝ နားမှာ ခေမာနှင့် ဆုံသေးသည်။ ခေမာ၏ စူးရဲသော အကြည့်ကို နောင်ရိုးက ငြိမ်းအေးသော မျက်ဝန်းနှင့် ရင်ဆိုင်လိုက်ပါသည်။
နောင်ရိုး ငြိမ်းအေးသလောက် မငြိမ်းအေးနိုင်သူက ခေမာ ဖြစ် သည်။ အဘယ်ကြောင့် ဆိုသော် ခုနက ဆုံခဲ့ရသော လူသည် သူ့သူငယ်ချင်း တွေ ၏ ဝိုင်းမှ ထထွက်လာသည် မဟုတ်ပါလား။
ထို့ကြောင့် စိတ်ထဲ၌ ဗလောင်ဆူကာ သူငယ်ချင်းတွေ ရှိရာဝိုင်းသို့ ခပ်သွက်သွက်လျှောက်သွားလိုက်ပြီး ဝင်မထိုင်နိုင်သေးဘဲ အရင်မေးချလိုက် သည်။
''ခုနက လူက ဘယ်သူလဲ''
![]() ကိုယ့်လက်နဲ့ ပျိုးမိတဲ့ပန်း | ![]() စူပါဆန်းဒေး | ![]() ရာသက်ပန် ပရိုဂရမ် |