နိဒါန်း
လူတွေ ဟာ သူတို့သေဆုံးဖူးတဲ့နေရာကို တစ်ခေါက်တော့ ပြန်လည်ရောက်ရှိကြစမြဲ ဖြစ်သည်။ ရောင် စုံမီးပွင့်များ .. လှပသိုက်မြိုက်စွာ ဆင်ယင်ထားသော ထင်းရှုးပင်ချွန်ချွန်များ သည် ကျွန်တော် .ကို အသစ်ပြန်မွေးလာခဲ့သူ တစ်ယောက် အ ဖြစ် သိအမှတ်ပြုချင်မှပြုလိမ့်မည် ဖြစ်သော်လည်း နန်းတော် ကြီးတစ်ခုလို ခမ်းနားထည် ၀ါသော ဤ ခြံကျယ်ကျယ်ကြီးထဲတွင် ကျွန်တော့် အား အသိအမှတ်ပြုရမည့် သူ နှစ် ယောက် တိတိရှိရပါလိမ်.မည် ...။
တစ်ယောက် မှာ “ဦးသစ္စာ” ဟု အမည် ရသော ကျွန်တော့် ဘ၀ကို ပထမဆုံးသတ်ခဲ.သော လူ တစ်ယောက် ဖြစ်ပြီး ဒုတိယ တစ်ယောက် မှာ ကျွန်တော့် ဘ၀ကို ဒုတိယသတ်ခဲ့သော ကျွန်တော့် အသက်နဲ့ရင်းပြီး ချစ်မြတ်နိုးခဲ့ရသော ကျွန်တော့်  ချစ်သူ “သစ္စာရဲရဲနီ” ဟူသော အမျိုးသမီး တစ်ယောက် ဖြစ်သည်။
ဤ ခြံကြီးတွင် ပါတီများ ၊ ပျော်ပွဲရွှင်ပွဲများ ၊ ပွဲလမ်းသဘင်များ ၊ အခမ်းအနားများ မြောက်မြားစွာ ကျင်းပခဲ့သည်။ ထိုကျင်းပသမျှပွဲများ ဆီသို့ ကျွန်တော် သည် ဖိတ်ကြားခံ ဂုဏ်သရေရှိ လူကြီးလူကြီးကောင်းအ ဖြစ် တက်ရောက်ခွင့်ရသည်မှာ ဒါပထမဆုံးအကြိမ် ဖြစ်၏ ။
ခြံဝတွင် ယာဉ်ထိန်းရဲများ က ကားတွေ နေရာတကျ ရပ်ပေးလျက်ရှိတာ တောင်ကားတွေ ပြည့်ကြပ်ကာ ခြံထဲသို့ ရောက်အောင်ခြံဝကနေ ကားရပ်ပြီး လမ်းဆင်းလျှောက်နေရသူတွေ များ စွာ ရှိသည်။
ကျွန်တော့် ရဲ. VOLVO ကားအနက်ကြီးသည် ပေါ်တီကိုရှေ့သို့ရောက်အောင် မောင်းဝင်လာနိုင်ခြင်းသည် “သွေးသောက်” ဟူသော နာမည် တစ်ခု၏ အရှိန်အ၀ါကြောင့် ဖြစ်သည်။ ဒီအရှိန်အ၀ါအတွက် ကျွန်တော် ဘာတွေ ပေးဆပ်မြှုပ်နှံခဲ့ရ၊ နစ်နာဆုံးရှုံးခဲ့ရသလဲဆိုတာ ဒီခြံထဲမှာ ရှိသော လူများ စွာ က သိနိုင်ကြမည် မဟုတ်ပါ။ ခုအချိန်မှာ သူတို့လိုလား တပ်မက်နေကြသူမှာ ဘဏ်သူဌေးကြီး “ဦးသွေးသောက်” ဆိုသော အရှိန်အ၀ါ တစ်တခုပဲ ဖြစ်လိမ့်မည် ။ အားလုံးက ကျွန်တော့် ရဲ့ လက်ဆွဲနှုတ်ဆက်ခြင်းကို ဂုဏ်ယူစရာအ ဖြစ် မျှော်လင့်စောင့်စားနေကြမည် ။
ကျွန်တော် ကားပေါ်က ဆင်းပြီးလျှောက်လာခဲ့သော လမ်းတလျှောက်တွင် လူများ စွာ ကို လက်ဆွဲနှုတ်ဆက်ခဲ့ရသော်လည်း ကျွန်တော် တကယ် လက်ဆွဲနှုတ်ဆက်ချင်သူမှာ ထိုလက်များ မဟုတ်ပါ။ မာနကြီး၍ မောက်မာသော ၊ ကတိသစ္စာမရှိသော ကျွန်တော့် ဘ၀ကို သတ်ခဲ့သော ၊ အဆင့်အတန်းခွဲတတ်သော ဦးသစ္စာရဲ့လက်နှင့် သာ ကျွန်တော့် လက်ဆွဲနှုတ်ဆက်ဖို့ လာခဲ့ခြင်း ဖြစ်သည်။
ဂျပန်မြက်ခင်းစိမ်း များ ကိုနင်းဖြတ်လာခဲ.ရသော လမ်းတလျှောက်တွင် လူများ စွာ ကို ကျွန်တော် ပြုံးပြခဲ့ရသော်လည်း ကျွန်တော် တကယ်ပြုံးပြချင်သူမှာ ကျွန်တော့် ဘ၀တစ်ခုလုံးနှင့် လောင်းကြေးထပ်ပြီး ချစ်ခဲ့ရသော ကျွန်တော့်  ချစ်သူ ဖြစ်သည်။ အဓိပ္ပါယ်များ စွာ လေးနက်သိပ်သည်းပြီး ကျွန်တော် နှင့် သူ နှစ် ယောက် ချင်းသာသိနိုင်မည့် အပြုံးမျိုး ကျွန်တော် သူ့ကိုပြုံးပြချင်ပါသည်။
ဤမျှကျယ်ဝန်းခန့်ညားသော ခြံကျယ်ကြီးထဲမှ လူပေါင်းများ စွာ ရဲ့ စိတ်နှလုံးကို ဖမ်းစားထားသော မြင်ကွင်းတစ်ခု မှခြံ၏ ဗဟိုတည့်တည့်မြက်ခင်းစိမ်းစိမ်းပေါ်မှာ ပြောင်လက်တောက်ပလွန်းသော စန္ဒရားကြီးရှေ့မှ မခို့တရို့လေးထိုင်ကာ သွယ်ပျောင်းလှပသော လက်ချောင်းကလေးများ ဖြင့် ကျွမ်းကျင်ပြောင်မြောက်စွာ တီးခတ်နေသော ပိုးအဖြူရောင် ဂါဝန် ဆင်မြန်း ထားသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ ကျွန်တော် .ကိုကျောခိုင်းထားသော ကြောင်. သူမ၏ ရှည်လျားနက်ပြောင်သော ပိုးသားလိုဆံမျှင်ရှည်ကြီးများ မြက်ခင်းနှင့် ထိလုလုရှည်ကျနေတာကိုပဲ ကျွန်တော် တွေ .ရပါသည်။ သူမမျက်နှာကိုကျွန်တော် မတွေ့ ရပါ။ သို့သော် ကျွန်တော် ရှာနေသည်မှာ သူမမဟုတ်ပါ။
“ဦးသွေးသောက်”
ကျွန်တော် လှည့်လိုက်သည်။
“သွေးသောက်လို့ပဲခေါ်ပါကွာ...ငါတို.က ငယ်ငယ်ကတည်းက ခင်ခဲ့ ကြတဲ့ သူငယ်ချင်းတွေ ပဲ”
“အင်း...မင်း ငါ့ရဲ့ ဧည့်ခံပွဲကို လာလိမ့်မယ်တောင် မထင်ဘူး သွေးသောက်... ဖိတ်သာဖိတ်လိုက်ရတာ ၊ မင်း တော် တော် ပြောင်းလဲသွားတယ် သူငယ်ချင်း၊ ရုပ်ပိုင်းဆိုင်ရာအရရော ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာရော.......”
ကျွန်တော် မိုးနီရဲ့ ပခုံး ကိုညင်သာစွာ ပုတ်လိုက်သည်။
“ငါ့ အသက် ခုလာမယ့် ဇွန်လရှစ်ရက်နေ့မှာ လေးဆယ်ပြည့်ပြီလေ၊ ဒီအသက်မှာ ငါ့ ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ မပြောင်းလဲသေးဘူးဆိုရင် ငါတော် တော် ညံ့တဲ့ ကောင် ဖြစ်သွားမှာ ပေါ့ မိုးနီရာ မင်း ကတော့ ခုမှဘ၀စတာဆိုပါတော့ ”
အသက်လေးဆယ်ပြည့်ခါနီး မှ မိုးနီလက်ထပ်ရသည်။ စီးပွားရေး လောကထဲမှာ သူ့ဘ၀ ကိုဘယ်လောက်မြှုတ်နှံခဲ့ သလဲဆိုတာရဲ့ သက်သေပဲ ဖြစ်ပါလိမ့်မည် ။ သူသည်ကျွန်တော့် ရဲ့အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်ကာ ကျွန်တော့် ဘ၀ရဲ့ တစိတ်တဒေသလည်း ဖြစ်ခဲ့သည်။
“ဟား..ဟား..ဟုတ်တယ်ကွ ငါ့ ဘ၀က အခုမှ လက်ထပ်ခြင်းနဲ့ စတာ...”
ကျွန်တော့် မျက်လုံးများ တစ်ယောက် ယောက် ကို အငမ်းမရရှာဖွေနေကြောင်း သဘောပေါက်သွားသော် မိုးနီက ကျွန်တော့် ကို တိုးတိတ်စွာ ပြောသည်မှာ ....
“ မင်းရဲရဲကို ရှာနေတာဆိုရင်တော့ သူအိမ်ပေါ်ထပ်မှာ ပဲ ရှိနေဦးမယ် ”
“ ကျေးဇူးပဲ မိုးနီ ငါသူနဲ့ တွေ့ ချင်တယ် ”
“ သူ ကတော့ မင်းကို တွေ့ ချင်မယ်မထင်ဘူး”
ကျွန်တော့် မျက်လုံးများ ရုတ်တရက် စူးရှခက်ထန် သွားမည် ထင်ပါသည်။ မိုးနီ မျက်နှာပျက်သွား၏ ။
“ငါ ကတော့ တွေ .ကိုတွေ .ရမယ် မိုးနီ .. ငါသူ.ကိုပြောချင် တာတွေ ရော၊ သူ.ဆီက ငါကြားချင်တာတွေ ရော အဲဒါတွေ ကိုပြောဖို. နားထောင်ဖို.ငါစောင့်ခဲ့တာ အနှစ် နှစ် ဆယ်ရှိခဲ့ပြီ မိုးနီ ”
မိုးနီက သက်ပြင်းတစ်ချက်ချပြီး ကျွန်တော့် ကို ခပ်မှိန်မှိန် ကြည့်ပါသည်။ ဇွဲကောင်းသူ တစ်ယောက် အ ဖြစ် သတ်မှတ် ချင်တာလား၊ အစွဲအလန်းကြီးသူ တစ်ယောက် အ ဖြစ် ချီးကျူးချင်တာလား၊ အငြိုးကြီးသူ တစ်ယောက် အ ဖြစ် သမုတ် ချင်တာလား၊ ကျွန်တော် အဓိပါယ်မဖော်ချင်တော့သည့် အကြည့် ဖြစ်သည်။
“ သူက အပြစ်ရှိတဲ့သူလေ ”
“ သူ့မျက်လုံးအကြည့်တစ်ချက်ကို ဖြစ် ဖြစ် ရပြီးရင်သူငါ့ကို ခွင်လွှတ်နိုင်မယ်ထင်တာပဲ မိုးနီ ”
သူက ငါအမြတ်နိုးဆုံး၊ အစွဲလန်းဆုံး ငါ့ချစ်သူပဲ ငါ့ချစ်သူတောင်းပန်တာကို ငါခွင့်လွှတ်ဖို့ ဒီနေ့ကို ငါလာခဲ့တာပါ ဒီကိုငါလာခြင်းရဲ့ တစ်ခုတည်းသော ရည်ရွှယ်ချက်က သူ့ကိုခွင့်လွတ်ဖို.ပဲ ”
ကျွန်တော် ပီပီသသနှင့် လေးလေးနက်နက်ပြောခဲ့သည်။
“ အိမ်ပေါ်တက်သွားလိုက်ပါ သွေးသောက်၊ ဧည့်ခန်းမှာ သူရှိနေမှာ ပါ။ ငါဧည့်သည်တွေ ကို နှုတ်ဆက်လိုက်ဦးမယ်။ နောက်မှ ငါ့အမျိုးသမီးနဲ. မင်းကိုမိတ်ဆက်ပေးမယ် ”
“ ကောင်းပြီ ”
ကျွန်တော် အိမ်ကြီးဘက်ဆီ ဦးတည်လာခဲ့သည် ။ ကျွန်တော့်  ခြေလှမ်းများ သည် တစ်ခုခုရဲ. ဆွဲငင်မှု ဖြင့် ညှို့ဆွဲရစ်ပတ်ခံရသလို အိမ်ကြီးနှင့် တရွေ့ရွေ့နီးကပ်လာခဲ.သည်။ ဤသို့ နီးကပ်ခွင့်ရဖို့ ကျွန်တော် အရူးအမူး မျှော်လင့်ချက်ကြီးစွာ ကြိုးစားခဲ့ရဖူးသည်။
ကျွန်းတံခါးကြီးသည် အဆင်သင့်ဖွင့်ထားသည်။ ကျွန်တော့်  ခြေလှမ်းများ ရုတ်တရက်ဆောင့်ဆွဲခံလိုက်ရသလို ရပ်တန်.သွား၏ ။ အသံအားလုံးငြိမ်သက်သွား၏ ၊ လှုပ်ရှားမှု အားလုံး ရပ်တန့်သွား၏ ။ ကျွန်တော် လည်း အသက်မဲ့သွား၏ ။
ကျွန်တော် နှင့် မျက်နှာချင်းဆိုင်လှေခါးဆီမှ တစ်ထစ်ချင်းလှပစွာ နှင့် ဆင်းလာသော မိန်းမ တစ်ယောက် ... ၊ ကျွန်တော့်  မျှော်လင့်ချက်၊ ရည်ရွယ်ချက်အားလုံးကို ဖမ်ချုပ်ထိန်းသိမ်းထားနိုင်ခဲ့သော ကျွန်တော့် အသက်ထက်ပင် ပိုချစ်ခဲ့သော မိန်းမ တစ်ယောက် ဖြစ်သည်။
ငယ်ရွယ်နုပျိုမှု များ တွင် ရင့်ကျက်တည်ငြိမ်သော ကျက်သရေရှိမှု များ အစားထိုးဝင်ရောက်လာခဲ့တာက လွဲပြီး သူမသည် လွန်ခဲ့သော အနှစ် နှစ် ဆယ်ကအတိုင်း စိတ်နှလုံးတုန်ရီမူးမိုက်အောင် ဖမ်းစားနိုင်စွမ်းရှိမြဲ။ လှပသော ညှို့ငင်စွမ်းအား များ ပြင်းထန်မြဲ။ ကျွန်တော့် ကို သွေးဆူရူးသွပ်စေသော မျက်လုံးတောက်တောက်ရွှန်းရွှန်းများ စူးရှမြဲ။ နှုတ်ခမ်း ထူပြည့်ပြည့်များ ဖောင်းကြွကာ တစ်ခုခုဖြေတော့မလို အသက်ဝင်ပြောင်မြောက်ဆဲ ... ။
ကျွန်တော့် ကိုမြင်လျှင် အနည်းဆုံးတော့ တုန်လှုပ်သွားလိမ့်မည် ဟု မျှော်လင့်ထားသော်လည်း တကယ်တမ်းတွင် သူမ ဘာမှ ဖြစ်မ သွားပါ။
တော် တော် အံသြဖို့ ကောင်းသည်။ ကျွန်တော့် အတွက် ဘ၀တစ်ခုစာတန်ဘိုးရှိသော မိန်းမ တစ်ယောက် က ကျွန်တော့် ကို တန်ဖိုးဖြတ်ခဲ့သည်မှာ သူ့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုသာသာမျှ ဖြစ်ကြောင်း သိပ်မကြာခင်တွင် ကျွန်တော် သဘောပေါက်သွားခဲ့တော့သည်။
“ ရဲရဲ ”
ကျွန်တော် သည် အရာရာကို လွှမ်းမိုးကြိုးကိုင်အုပ်ချုပ်နိုင်ခဲ့သူ တစ်ယောက် ဖြစ်ခဲ့သော်လည်း ကျွန်တော် ချစ်သော မိန်းမ တစ်ယောက် ရဲ့ ရှေ့မှာ တော့ ဒူးများ ယိုင်ညွှတ်တော့မလို အသံတုန်ကာ စိတ်လှုပ်ရှားမှု ကို မသိမ်းဆည်းနိုင်သေးချေ။
“ သြော် .. သွေးသောက်ရောက်လာပြီလား ”
မနေ့တစ်နေ့ကပဲ လမ်းခွဲပြီး ပြန်တွေ့ ရသလိုသာမန်ကာလျှံကာကြည့်ပြီး .... အေးစက်စိမ်းကားစွာ တုန့်ပြန် ခံရလိမ့်မည် ဟု ကျွန်တော် မထင်ခဲ့ချေ။
ကျွန်တော် နှင့် ပက်သက်ပြီး သူမသည် သွေးပျက်ချောက်ချားနေရမည် ။ တုန်လှုပ်နေရမည် ။ သူမရဲ့ သစ္စာဖောက်မှု အတွက် သူမကိုယ်တိုင် စိတ်မလုံမခြုံခံစားနေရမည် ။ ပြီးတော့ကျွန်တော့် ကို သူမကိုယ်တိုင် ၀န်ချတောင်းပန်ရမည် ။ ပြီးတော့ ကျွန်တော့် ဆီက ခွင့်လွှတ်မှု ကို သူမ စိတ်လှုပ်ရှားစွာ တောင်းခံရမည် ။
ကိုယ်တိုင်ရောက်လာခဲ့တာ မင်းကိုခွင့်လွှတ်ဖို. သစ္စာရဲရဲနီ ။
“ ရဲ ...... မင်း ကိုယ့်ကို တစ်ခုခုမပြောတော့ဘူးလား ”
ကျွန်တော် သူမနှင့် မျက်နှာချင်းဆိုင်ရပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။ နှစ် ပေါင်းနှစ် ဆယ်ကြာအောင် ခွဲခွါခဲ့ရသော ချစ်သူနှစ် ယောက် ၏ ပြန်လည်တွေ .ဆုံမှု ဟာ ဘာကြောင့် ဒီလောက် စိမ်းကားနေရပါလိမ်.။ မ ဖြစ်သင့်ပါ။ ဘယ်နည်းနှင့် မှ မ ဖြစ်သင့်ပါ။
“ ဘာများ ပြောစရာ ရှိတော့လို့လဲ ... သွေးသောက် ... အားလုံးပြီးခဲ့တာ အနှစ် နှစ် ဆယ်တောင်ရှိပြီ၊ ခုမှ ရှင်က ကျွန်မဆီက ဘာများ မျှော်လင့်ချင်သေးလို.လဲ ”
ပျော့ပြောင်းခြင်းမရှိသော အသံခပ်တောင့်တောင့်သည် ကျွန်တော့် ရင်ထဲဆီသို. မုန်တိုင်းတစ်စင်းပစ်သွင်းလိုက် သလို ကြမ်းတမ်းခက်ထန်စွာ ၀င်ရောက်သွားတော့သည်။ ပြီးတော့ မျက်လုံးများ က ဘာမှမဆိုင်တော့သလို ပြတ်သားခက်မာနေ၏ ။
“ ဘာများ မျှော်လင့်ချင်သေးလို့လဲ ဟုတ်လား။ မင်းဒီမေးခွန်းကို မေးဖို့မကောင်းဘူး ရဲရဲ ၊ မင်းဆီက ကိုယ်ဘာတွေ ဘယ်လောက်မျှော်လင့်ခဲ့သလဲဆိုတာ မင်းအသိဆုံးပါပဲ ”
“ လူတွေ ကြားကုန်မယ် .... တိုးတိုးပြောစမ်းပါ ဒီမှာ ကျွန်မအပြတ်ပြောလိုက်မယ်၊ ရှင်နဲ့ကျွန်မ ဘာမှ မပတ်သတ်ချင် တော့ဘူး ၊ ကျွန်မနဲ့ဝေးဝေးနေပါ။ တစ်ကယ်ဆို ဒီအိမ်ကြီးကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ရှင်ပြန်လာခဲ့ဖို့မကောင်းဘူး။ ကျွန်မနဲ့ တွေ့ ဖို့လည်း ရှင်မကြိုးစားသင့်တော့ဘူး ....”
အခုကျွန်မမှာ ခိုင်မြဲတဲ့အိမ်တောင်တစ်ခု တည်ဆောက်ထားခဲ့တာ အနှစ် နှစ် ဆယ်ရှိပြီ ။ ကျွန်မဘ၀ကို ဘာအကြောင်းနဲ့မှ အပြိုကွဲမခံနိုင်တော့ဘူး ။ ရှင်နားလည်ဖို့ ကောင်းတယ်။ ရှင်လည်း လူကြီးလူကောင်း တစ်ယောက် ဖြစ်နေပြီ၊ မီလျံနာ တစ်ယောက် လဲ ဖြစ်နေပြီ .... ”
ကျွန်တော့် မျက်လုံးများ အေးစက်စူးရှသွားခဲ့သည်။ ကျွန်တော့် ကြောင့် သူမအိမ်တောင်ရေး မှာ အနှောင့်အယှက် တစ်ခုခု ဖြစ်မှာ ကို သူမအသေအလဲစိုးရိမ်ကြီးကာ ကာကွယ်နေပုံမှာ ကျွန်တော့် အပေါ်ဘယ်တုန်းကမှ သစ္စာမထားခဲ့သလိုပဲ ဖြစ်သည်။
“ မင်းနာမည် မှာ သစ္စာဆိုတဲ့ စကားလုံးနှစ် လုံးပါဖို့ မကောင်းဘူး ... လို့ခုနေ ကိုယ်ပြောလိုက်ရင် လွန်မယ်ထင်သလား ရဲရဲ ကိုယ်မလွန်မယ်ထင်သလားရဲရဲ ကိုယ်မလွန်ဘူးကွယ့် ... မင်းကိုယ့်အပေါ် သစ္စာမရှိခဲ့ဘူး ......
အဲဒါထက်ဆိုးတာက မင်းကို ခွှင့်လွှတ်ဖို့ ရောက်လာခဲ့တဲ့ကိုယ့်ကို ခုထက်ထိ တောင်းပန်စကားတစ်ခွန်းမှ မပြောခဲ့သေးတာပဲ၊ မင်းက မင်းကိုယ်မင်းပဲ သဲကြီးမဲကြီး ကာကွယ်နေတော့တာပါလား ရဲရဲရယ်.. ဘယ့်နှယ့် အံ့သြဖို့ ကောင်းလိုက်တာ”
ကျွန်တော့် ရင်ထဲတွင် ချစ်မြတ်နိုးစိတ်နှင့် ခွင့်လွှတ်စိတ်တို့အစား နာကြည်းစိတ်နှင့် မုန်းမျက်ခါးသီးစိတ်တို့နေရာ ယူလာခဲသည်။
“နေစမ်းပါဦး သွေးသောက်...ရှင် ဒီအိမ်ကို ဘယ်လိုအကြံအစည်၊ ရည်ရွယ်ချက်မျိုးနဲ့ ရောက်လာခဲ့တာလဲ မလိမ်ဘဲ ပြောစမ်းပါ”
သူမမျက်နှာပေါ်တွင် မယုံသင်္ကာသံသယရိပ်တွေ တလက်လက် ဖြတ်ပြေးနေသည်။ အဲ့ဒီအတွက် ကျွန်တော် ပိုပြီးနာကြည်း သွားပါသည်။ သရော်မော်ကားအပြုံးသည် ကျွန်တော့်  နှုတ်ခမ်းပေါ် တွဲ ခိုလျက် ပေါ်လာသည်။
“မင်း သိချင်ရင် ကိုယ်ပြောပြရမှာ ပေါ့ ရဲရဲ ၊ ကိုယ်ဒီအိမ်ကြီးဆီကို ပြန်လာခဲ.တဲ.အကြောင်းက သိပ်များများ စားစားမရှိပါဘူး၊ နှစ် ချက်တည်းပဲ၊ နံပါတ်တစ်က ကိုယ့်ကိုဖဲလိမ်ရိုက်သွားတဲ့ မင်းအဖေနဲ့တွေ့ ဖို့ရယ်၊ နံပါတ်နှစ် က ကိုယ့်ကို သစ္စာဖောက်သွားတဲ့ ကိုယ့် ချစ်သူကို ခွင့်လွှတ်စကားပြောဖို့ရယ် ဒါပါပဲ....”
“ရှင်ရှုးနေသလား၊ရှင်ခွင့် လွှတ်ဖို့ကို ကျွန်မကပဲ ဒူးထောက်တောင်းပန်နေရဦးမှာ လား၊ ဒီမှာ ရှင့်ဘာသာ မီလျံနာကြီးမကလို့ ဘာကြီးဘဲ ဖြစ်နေ ဖြစ်နေ ရှင်ဘယ်ဘ၀က လာခဲ့သလဲ ရှင်ဘယ်သူလဲဆိုတာ ရှင့်ဘာသာ မြင်အောင်ပြန်ကြိုးစား။ ကျွန်မ ပြန်မဖော်ချင်ဘူး.... ပြီးတော့ ကျွန်မ ဂရုလည်း မစိုက်ဘူး၊ ဘ၀မေ့ မပစ်နဲ....
ကျွန်မယောက်ျားဆင်းလာရင် ရှင်ကျွန်မနဲ့ ဘာမှ မဆိုင်သလိုနေပါ၊ ရှင်နဲ့ကျွန်မ ဘာမှ မပတ်သက်တော.ဘူး.....”
အလို....။ သိပ်ကိုပြင်းထန်ထိရောက်တဲ့ ကာကွယ်မှု ကြီးပါလား.....။
“ကိုယ်စိတ် ပြောင်းသွား ပြီ”
“ရှင်ဘာပြောလိုက်တယ်”
သူမက တစ်ခုခုကို အကြီးအကျယ် စိုးရွံ.တုန်လှုပ်နေသည်။ ကျွန်တော် ကတစ်ခုခုကို အပြင်းအထန်နာကြည်းနေသည်။ ထိုအတွက် ရလာဒ် ကတော့.......
“ကိုယ်စိတ် ပြောင်းသွား ပြီလို့ ပြောတာပါ သစ္စာရဲရဲနီ၊ မင်းကိုငါဘယ်လောက် အရှုးအမှုး ချစ်ခဲ့သလဲဆိုတာ မင်းအသိဆုံးပါ၊ မင်းအပေါ် ငါဘယ်လောက် သစ္စာစောင့်သိခဲ့သလဲဆိုတာ မင်းအသိဆုံးပါ...
“ဒါပေမယ့် မင်းကိုယ့် အချစ်တွေ ကို လျစ်လျူရှုပစ်ခဲ့တယ်၊ ကိုယ့်သစ္စာတွေ ကို တန်ဖိုးမရှိအောင် နှစ် ပြားမတန်အောင် စော်ကားခဲ့တယ်....
“ကိုယ်ဘယ်ဘ၀ကလာခဲ့တယ်၊ ကိုယ်ဘာကောင်လဲဆိုတာ မင်းလဲသိတယ်၊ ကိုယ်လဲသိတယ်။ ငါဟာ အိမ်တစ်လုံးတောင် မပိုင်ခဲ့ဖူးတဲ့ ကလေကချေ ဂျစ်ပစီတစ်ကောင်လို့ မင်းပြောလိုက်လေ၊ ငါ.ဘ၀ဟောင်းကို လူသိသွားမှာ ငါမကြောက်ပါဘူး၊ အဲဒါ ငါ့ဘ၀ကို ငါဘယ်တုန်းကမှ မေ့မပစ်ခဲ့လို့ပဲရဲရဲ....”
“ရှင်တော် တော့၊ ဆက်မပြောနဲ့တော၊ ရှင် ကျွန်မကိုလာပြီး အရှက်ခွဲနေတာလား၊ ဟိုမှာ ကျွန်မယောက်ျား ဆင်းလာတော့မယ်....”
သူမ၏ မျက်လုံးများ သည် စိုးရိမ်တုန်လှုပ်မှု ဖြင့် ပို၍ အရောင် လက်လာသည်။ ကျွန်တော့် ရင်ထဲက မြိုသိပ်သည်းခံနိုင်မှု များ သည်လည်း အရှိန်ပြင်းစွာ ပြိုဆင်းလာခဲ့တော့သည်။ အနှစ် နှစ် ဆယ်လုံးလုံး ခါးသီးစွာ မြိုချခဲ့ရတာ တွေ ......။
“ဆက်ပြောမယ်...မင်း ကတော့တစ်ခုခုကို သိပ်ကိုကြောက်နေတယ်၊ မင်းရဲ့အိမ်ထောင်ကြီး ပြိုကွဲပျက်စီးသွားမှာ မင်းရဲ့ ဂုဏ်သရေရှိ လူကြီးမင်းက မင်းကိုအထင်သေးမုန်းတီးသွားမှာ ဒါတွေ ကိုကြောက်နေတယ်...
ငါနဲ. နှစ် ကိုယ့်တစ်စိတ်ချစ်ခဲ့ကြတဲ့ဘ၀ကို မင်းတဇွတ်ထိုးမေ့ပစ်ချင်နေတယ်...ငါတို့နှစ် ယောက် လက်ညှိုးထိပ်ကသွေးတွေ
ဖောက်ပြီး၊ သစ္စာဆိုခဲ့တဲ့ဘ၀ကို မင်းမေ့ပစ်ဖို.ကြိုးစားနေတယ်။ မင်းသာဘ၀မေ့နေတာကွ ငါကမမေ့ဘူး၊ ငါ.ဘ၀ငါ ဘယ်တော့မှမမေ့ဘူး။မင်းကိုလည်း ဘယ်တော့မှ မမေ့ဘူး”
“တော် တော့...တော် တော့....တော် တော့ လို.ပြောနေတယ်”
သူမမျက်နှာတစ်ခုလုံး အ၀တ်ဖြူတစ်စလို တဖြည်းဖြည်း သွေးဆုတ်ဖြူလျော်လာခဲ့သည်။ ထို.နောက် သူမ၏ မျက်ဆန်နက်နက်သည် အထက်သို.လန်သွာစပြီးပျော့ခွေကျလာခဲ့သည်။ ကျွန်တော် က အလိုက်သင့်ပွေ.ယူလိုက်သဖြင့် သူမသည် ကော်ဇောပေါ်သို.ကျမ သွားပါ။
“ဟာ..ဟေ့ သစ္စာ ဘာ ဖြစ်သွားတာလဲ”
ကျွန်တော် တစ်ချက်မော့ကြည့်လိုက်သည်။အဲ့ဒါသူမရဲ.ယောက်ျားပဲ ဖြစ်ရမည် ။ ကျွန်တော် သူ.မျက်နှာကို မုန်းတီးစက်ဆုပ်စွာ လှည့်ကြည့်လိုက်သည်။ ဖြစ်နိုင်ရင် ကျွန်တော် သူ့ကိုသတ်ပစ်ချင်သည်။ ကျွန်တော့်  လက်ထဲက ကျွန်တော့် ချစ်သူကို အရသိမ်းပိုက်သွားသူကို ကျွန်တော် ဘယ်တော့မှခွင့်မလွှတ်ပါ။
“ခင်ဗျား...ကျုပ်မိန်းမကိုဘာလုပ်လိုက်သလဲ”
ကျွန်တော့် မျက်လုံးများ ကို မှေးကျဉ်းပစ်လိုက်ပြီး အတော် လေးကြာအောင် စိုက်ကြည့် နေလိုက်သည်။ ပြီးမှ မခို့တရို့လေးပြုံးလိုက်ကာ တစ်လုံးချင်း ပြောလိုက်သည်။
“သူကခင်ဗျားအတွက်ခဏလေးပဲ သတိမေ့သွားတာပါ... ကျွန်တော့် အတွက်တော့ ဘ၀တစ်ခုလုံးကို သူမေ့ပစ်လိုက်တာပါ...”
ထို.နောက် သူမရဲ. ကိုယ်ခန္ဓာကို သူ.လက်ဆီသို. လွှဲပြောင်းပေးလိုက်သည်။ ကမ္ဘာပေါ်တွင် နာကြည်းရသမျှ အနာအားလုံးထဲမှာ သစ္စာအဖောက်ခံရသော အနာက အနာဆုံး .... မပျောက်နိုင်ဆုံး... အနက်ဆုံး ဖြစ်၏ ။
“ခင်ဗျား ဘယ်သူလဲ၊ သစ္စာ ဘာ ဖြစ်သွားတာလဲ၊ ပြောဦးလေဗျ၊ သစ္စာ...သစ္စာ...”
ကျွန်တော် ခပ်တိုးတိုးတစ်ချက်ရယ်လိုက်သည်။
“ကျွန်တော် ဘယ်သူလဲဆိုတာ.....ခင်ဗျားနောက်တော့ ကောင်းကောင်းသိမှာ ပါ”
ကျွန်တော် ထိုအိမ်ကြီး ထဲမှ လှည့်ထွက်လာခဲ့သည်။
ကျွန်တော် သည် တစ်ခုခုပေးပြီးတိုင်း တစ်ခုခုပြန်ယူခဲ့သော စနစ်ဖြင့် မီလျံနာ တစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ရသူ တစ်ယောက် ဖြစ်သည်။
ကျွန်တော့် ကို နာကျင်စေပြီးနောက် ကျွန်တော် သူမကို ပြန်ပေးရမည့် အရာမှာ နာကျင်စေမှု သာ ဖြစ်ရမည် ။
ခြံထဲမှာ လူတွေ ရှုပ်ထွေးစည်ကားလျက်ရှိသည်။ ဘူဖေး စနစ်ဖြင့် ကိုယ်ကြိုက်ရာ ကိုယ်ယူစားလျက် ရှိသည်။ ၀ိုင်ခွက်များ လည်း ကိုယ်စီကိုင်ကာ စန္ဒရားတီးသံမရှိတော့ဘဲ ဓာတ်ပြားမှဖွင့်သော တီးလုံးသံသာ ခပ်ငြိမ့်ငြိမ့် ထွက်လျက်ရှိသည်။
တဖြည်းဖြည်းနှင့် Night Club ပုံစံပေါက်လာသည်။ စုံတွဲ အချို. Disco တီးလုံးနှင့် တွဲ က လျက်ရှိနေပြီ။ ကျွန်တော် ၀ိုင်တစ်ခွက်သောက်လျက် တစ်ယောက် ယောက် ကို ရှာဖွေနေဆဲ ကျွန်တော့် နားသို. တစ်ယောက် ယောက် ချဉ်းကပ်လာသည်ကို Opium.... ရနံ.တစ်ခုဖြင့် ကျွန်တော် သိလိုက်သည်။
“အန်ကယ့်(လ်) ခွက်ထဲမှာ ၀ိုင် ကုန်နေပြီရှင်”
ကျွန်တော် ထိုအသံဖက်သို.လှည့်ကြည့်လိုက်သည့် ထိုခဏအတွင်း... ကျွန်တော့် ကိုကျွန်တော် ဘာ ဖြစ်သွားမှန်း ကျွန်တော် မသိတော့ချေ။
ထိုခဏတွင် ကျွန်တော့် အသက်သည် အနှစ် နှစ် ဆယ်စာ နုပျိုသွားခဲ့သည်။ ကျွန်တော် သည် လွန်ခဲ့သော အနှစ် နှစ် ဆယ်ကာလသို့ ရုတ်ခြည်းပြန်လည်ရောက်ရှိသွားသလို ခံစားရကာ လူငယ်ကလေး တစ်ယောက် ပြန် ဖြစ်သွားတော့သည်။
သစ္စာရဲရဲနီ...။ အသက်ဆယ့်ခွန်၊ ဆယ့်ရှစ်အရွယ် သစ္စာရဲရဲနီကလေးကို ကျွန်တော် ပြန်တွေ .ရလေပြီ။ ကျွန်တော့် ကို ပြန်လည် အသက်ဝင်စေခဲ့သည်မှာ သူမ၏ ပုခုံးကလေး တွန့်ကာပြုံးလိုက်သော အပြုံးကလေးပင် ဖြစ်၏ ။
“ကျွန်မဟာ ဒီလောက်ကြည့်ဖို့လိုသလား အန်ကယ်”
ကျွန်တော် အနည်းငယ်ရှက်သွားကာ ၀ိုင်ခွက်ကို တစ်ချက်မြှော က်ပြရင်း
“ဆောရီး...မင်းက မင်းအမေနဲ့ တစ်ထေရာတည်းကို တူလွန်းလို့ ကိုယ်မယုံနိုင်လောက်အောင် အံ့သြ သွားတာပါ”
“ကျွန်မသိသားပဲ လူတိုင်းက ကျွန်မဟာ မေမေငယ်ငယ်ကနဲ့ တစ်ထေရာတည်းလို့ ပြောကြပါတယ်။ ဒါနဲ. အန်ကယ်လ်က မေမေ့ဧည့်သည်လား၊ဦးမိုးရဲ့ ဧည့်သည်လား”
“နှစ် ယောက် စလုံးရဲ့ ဧည့်သည်ဆိုပါတော့၊ ကိုယ်တို့က ငယ်ငယ်တုန်းကတည်းက သူငယ်ချင်းတွေ လေ”
သူငယ်မလေးက ကျွန်တော့် ကိုရွှန်းလက်နက်ဖြာသော မျက်လုံးကြီးများ ဖြင့် ၀င့်ခနဲကြည့်ကာ...
“အန်ကယ်နာမည် ....ကျွန်မသိလို့ရမလားရှင်..”
ဟုချိုချိုကလေးမေး၏ ။
“အင်း...ကိုယ့်နာမည် သွေးသောက်ပါ”
“ကျွန်မနာမည် မီးမီးရဲရဲနီ ပါ..”
“ဘယ်လို”
“မေမေနဲ. သိပ်တူလွန်းလို.လေ.. မေမေက သစ္စာရဲရဲနီ၊ ကျွန်မက မီးမီးရဲရဲနီပေါ့။ (အဘိုး) ကိုယ်တိုင်ပေးတဲ့နာမည် ပေါ့။ ကျွန်မကို သူကသိပ်ချစ်တာလေ”
ကျွန်တော် သူမမျက်နှာဆီက အကြည့်မခွါနိုင်လောက်အောင် ဖြစ်နေသည်။ သူမက ခဏတိတ်ဆိတ်သွားကာ...
“အန်ကယ် က, တတ်လား ဟင်”
“ကိုယ်တို့ တွဲ ကကြည့်ဖို့ ....မင်းကိုဖိတ်ခေါ်ပါတယ်”
တီးလုံးက တော် တော် ငြိမ့်ညောင်း သာယာလျက်ရှိပြီ။ ကျွန်တော့် လက်တဖက်က သူ့ပခုံးနုနုကလေးဆီသို့ ဖွဖွကိုင်လိုက်ပြီး နောက်လက်တစ်ဖက်က သူမလက်ကလေးနှင့် ယှက်ကိုင်ကာ မြှော က်ထားလိုက်သည်။ ထို့နောက် တေးသွားအလိုက်အတိုင်း နူးညံ့သိမ်မွေ့စွာ ကကြသည်။
ထို့နောက် ကျွန်တော် ရှာဖွေနေသော မျက်လုံးတစ်စုံကို သူငယ်မလေး၏ ခေါင်းနောက်မှတဆင့် ကျွန်တော် လှမ်းမြင်လိုက်ပါသည်။
သူသည် ကျွန်တော် တို့ရှိရာသို့ မာန်အပြည့်နှင့် မောက်မာသော ခြေလှမ်းများ ဖြင့် လျှောက်လာလျက်ရှိသည်။
ကျွန်တော် ပီပီသသပင်ပြုံးလိုက်ပါသည်။ ထို့နောက်ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကိုလည်း သဘောပေါက်သွား၏ ။ ကျွန်တော် သူ့ဆီက တစ်ခုခုပြန်ယူစရာရှိသည်ဆိုလျှင် ထိုတစ်ခုခု မှာ .....
နှလုံသားဆုံချက်၏ အလယ်ဗဟိုတည့်တည့်
ထိုခြံကြီးထဲက ပါတီပွဲကို ကျွန်တော် သစ်ပင်ပေါ်ကနေ အပေါ်စီးမြင်ကွင်းဖြင့် အားကျမက်မောစွာ ကြည့်နေခဲ့သည်မှာ လေးနာရီတိတိရှိခဲ့ပြီ ဖြစ်သည်။ လူရောင် စုံ၊အမူအရာမျိုးစုံ ၊ အသံမျိုးစုံ သိပ်ကိုပျော်စရာကောင်းတဲ့ နှစ် သစ်ကူးည....။ ညဆယ့်နှစ် နာရီထိုးပြီးလျှင်နှစ် အသစ်ကို ကူးတော့မည် ။
ကျွန်တော် အကြိုက်ဆုံးမှာ ထင်းရှုးပင်ကြီးများ ဖြစ်သည်။ မီးသီးရောင် စုံများ ကြောင့် ထင်းရှုးပင်ကြီးတွေ မှာ လှပဆန်းကြယ်နေသည်။
ပြီးတော့ ထိုခြံကျယ်ကြီးထဲမှာ ကျွန်တော် အချစ်ဆုံးကောင်မလေး တစ်ယောက် လည်းရှိသေးသည်။ သူ ကတော့ ငွေရောင် မင်းသမီးကလေး တစ်ယောက် လို လှပနေသည့် ငွေရောင် ပိုးဂါဝန် ပျော့ပျော့ကလေးကို ၀တ်ထားသည်။ ပခုံးမှာ ကြိုးကလေးတစ်ချောင်း မျှင်မျှင်ကလေးပါရာ ပခုံးသားဝိုင်းဝိုင်းကလေးများ သည် မီးရောင် အောက်တွင် လှချင်တိုင်းလှနေလေသည်။
“အဲဒါ အင်္ဂလန်က မှာ ယူတာ”
လို့ ကောင်မလေးက ခပ်ကြွားကြွားပြောဦးမှာ မြင်ယောင်သေး၏ ။ သိပ်အကြွားသန်တဲ့ ကောင်မလေး ဖြစ်သည်။ သို့သော်
ကျွန်တော် ကတော့ မယုံနိုင်လောက်အောင် ချစ်မြတ်နိုးပါသည်။ သူမဘာလုပ်လုပ် ကျွန်တော် စွဲလန်းရမြဲ ဖြစ်ပါသည်။
“တီတီ...တီတီ...”
ဟော....ဆယ့်နှစ် နာရီထိုးတဲ့ အ ချက်ပေးသံကြားရပြီ....။
“HAPPY NEW YEAR”
တစ်ခြံလုံး မီးတွေ မှိတ်သွားသည်။ ၀ိုင်းအော်သံတွေ ဆူညံသွားစဉ် ကျွန်တော် အရဲစွန့်ကာ သစ်ပင်ပေါ်မှ ဖုတ်ခနဲ ခုန်ချပစ်လိုက်သည်။ ခြင်တွေ အကိုက် ခံထားရတဲ့ ဒဏ်နှင့် မလှုပ်ရမရှားရဖြင့် ညောင်းချိကိုက်ခဲကာ ဆောင်းဒဏ်ဖြင့် တစ်ကိုယ်လုံးအေးစက်နေသည်။
ကျွန်တော် ခုနက သေသေချာချာမှတ်ထားသော သစ္စာရဲရဲနီ ရပ်နေသော နေရာသို့ မှန်းပြီးပြေးသွားကာ တစ်ကိုယ်လုံးတုန်နေသော နှုတ်ခမ်းဖြင့် သူမလက်ကလေးကို ဆွဲယူနမ်းပစ်လိုက်သည်။
“အမလေး...အေးအေးကြီး...အေးအေးကြီး ရဲရဲကို လာနမ်းပါတယ်တော့... မီးတွေ ပြန်ဖွင့်ပါ။ ဘယ်သူလဲ လို့ကြည့်ချင်လှပြီ၊ ဟိတ်...ဟိတ်.. ဘယ်သူလဲ မပြေးနဲ့ ...မပြေးနဲ့ ”
သူမက ကျွန်တော့် လက်ကို အတင်းဆွဲထားသည်။ ကျွန်တော် စိတ်လှုပ်ရှားလွန်းသဖြင့် ရင်တွေ တဆတ်ဆတ်တုန်ကာ ဒူးတွေ တဆတ်ဆတ်တုန်နေခဲ့သည်။ ဆောင့်ရုန်းကြည့်သော်လည်း မရပါ။
မကြာခင်မှာ မီးတွေ ပြန်လင်းလာသည်။ အားလုံးက ကိုယ်လက်ဆွဲနမ်းမိသူ အချင်းချင်းပြန်ကြည့်ကာ ရယ်မောကြသည်။
ကျွန်တော် မရယ်မောနိုင်။ သူမက ကျွန်တော့် ကိုဝိုင်းစက်ပြူးကျယ်သော မျက်လုံးနက်နက် ရွှန်းရွှန်းများ ဖြင့် တအံ့တသြကြည့်ကာ...
“ဘုရားရေ...ငါ့ကိုနမ်းတာ နင်”
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
“ဘာ ဖြစ်လို.နမ်းတာလဲ”
သူမက မယုံကြည်နိုင်လွန်းသဖြင့် အသက်တောင်မရှုနိုင်သံဖြင့် မေးသည်။ မတတ်နိုင်တော့။ ကျွန်တော် ရှောင်ပြေးလို့ မရတော့။ ကျွန်တော့် ဘာသာ သစ်ပင်ပေါ်မှ အေးအေးဆေးဆေး ကြည့်လို့ရနေရက်နှင့် ပြဿနာကို လှလှပပရှာဖွေခဲ့ပြီ ဖြစ်သည်။
“ချစ်လို့”
“ဘာ”
“ချစ်လို့နမ်းတာလို့ပြောတာ”
“နင် နဲ့ ငါ တန်သလားပြော”
“လူလူချင်းပဲ.. ဘာကိစ္စမတန်ရမှာ လဲ၊ ငါယောက်ျားပဲ ချမ်းသာအောင်လုပ်မှာ ပေါ့။ ငါချမ်းသာတော့ နင့်ကိုယူမှာ ပေါ့”
ကျွန်တော် ဈာန်ဝင်လာသဖြင့် အတိအလင်းပြောလိုက်သည်။ ကျွန်တော့် ရဲ့ မိုက်ရှုးရဲဆန်မှု များ ၊ ဂျစ်ကန်ကန် ကြွပ်ဆတ်ဆတ်နိုင်မှု များ ကို တစ်ခြံတည်းအတူနေကြသူများ မို့ သူမကောင်းစွာ သိပြီး ဖြစ်သည်။
တစ်ခုပဲပြောစရာရှိသည်မှာ ဒရိုင်ဘာသားမို့ ကျွန်တော် နှင့် ဖေဖေက ခြံနောက်ဖက်အစေခံတန်းလျားတွင် နေရသည်။ အဆင့်အတန်းဆိုတာ အဲ့ဒါပဲပြောစရာရှိပါသည်။
“သွေးသောက်...နင်ထွက်သွားတော့၊ နင့်ကို ငါ ပါးမရိုက်မိခင် နင်ငါ့ရှေ့က ထွက်သွားတော့”
လှသွေးကြွယ်နေသော ဘုရင်မက လက်ညှိုးညွှန်ကာ အမိန့်ပေး၏ ။ ကျွန်တော် အေးဆေးစွာ ပင် ထွက်လာခဲ့သည်။ ကျွန်တော့် ကိုကျွန်တော် မှားတယ်လို့ မထင်ပါ။ သူမ ဒီလောက်ဆတ်ဆတ်ခါ မနာသင့်။ မီးတွေ ပိတ်လိုက်တဲ့အချိန်မှာ သူမကို ကျွန်တော် မဟုတ်လည်း တစ်စုံ တစ်ယောက် ကတော့ လာနမ်းမှာ ပဲ...။ သူ့ကို ကျွန်တော် ဘယ်လောက်ချစ်နေခဲ့သလဲဆိုတာ သူမ မသိသေးပေမယ့် ကျွန်တော့် အချစ်က အစိုင်အခဲ သိပ်သည်းနေခဲ့ပြီ...။
အရွယ်ရောက်လာတဲ့ လူရွယ်ကလေး တစ်ယောက် က အရွယ်ရောက်နေပြီ ဖြစ်တဲ့ လူရွယ်မ, ကလေးကိုလွတ်လပ်စွာ ချစ်မြတ်နိုးခွင့်ရှိသည်ဟု ကျွန်တော် က ခံယူထားခဲ့တာ ဖြစ်၏ ။
ထို့ကြောင့် ကျွန်တော် မမှားတာ သိပ်ကိုသေချာပါသည်။
အဲ့ဒီအချိန်ကစပြီး သူ့ကိုအရူးအမူး ချစ်နေမှန်းသိသော ကျွန်တော့် ကို သူကပညာသားပါပါ နှိပ်စက်ခဲ့တော့တာ ဖြစ်၏ ။ ကျွန်တော် ကလည်း လူတကာအပေါ် ဗိုလ်ကျ အနိုင်ကျင့်တတ်သလောက် သူမကိုတော့ သိပ်ချစ်လွန်းသဖြင့် ခွင့်လွှတ်ခဲ့၏ ။ သူမ ဘာလုပ်လုပ် ကျွန်တော် ခွင့်လွှတ်မြဲ ဖြစ်၏ ။
“ဟိတ်...နင်လားဟေ့ ငါ့ကိုချစ်တာ....”
ကျွန်တော့်  အချစ်ကို သူမသိသွားပြီးနောက် .. တွေ့ တိုင်းပြုံးစိစိ ကြည့်ကာ ပမာမခန့် မေးတတ်၏ ။ ကျွန်တော် ကလည်း ခေသူမဟုတ်....။
“ဟုတ်တယ်...ငါပဲ...”
“ကောင်းပြီ....ငါ့ကိုချစ်တယ်ဆိုရင် ဟိုးအမြင့်ဆုံးသစ်ပင်ထိပ်ကို တက်ပြ၊ ရောက်အောင် တက်ပြစမ်း၊ နင့်မှာ ဘယ်လောက် အစွမ်းအစ ရှိသလဲ စမ်းသပ်ကြည့်ရအောင်...”
“ငါ ရောက်အောင်တက်ပြနိုင်ရင် နင်ငါ့ကို ချစ်မလားပြော”
“လျှာမရှည်စမ်းနဲ့ ၊ တက်ပြ၊ငါ့ကိုချစ်တဲ့ယောက်ျားဟာ မြင့်မိုရ်တောင်ထိပ်တက်ပြနိုင်ရမယ်၊သိလား”
ကျွန်တော် က... သူမအတွက်ဆို အမြဲပင် သွေးဆူပွက်တတ်သူ ဖြစ်ရာ ယောက်ျားမာနဖြင့် ခြံထဲရှိ အမြင့်ဆုံး ဖြစ်သော အုန်းပင်များ ထိပ်ဖျားသို့ မရောက်ရောက်အောင် ခက်ခက်ခဲခဲ ကြိုးစားးတက်ခဲ့သည်။ တစ်ကိုယ်လုံးပွန်းပဲ့ဒဏ်ရာတွေ ရလည်း ကျွန်တော် ဂရုမစိုက်။ အကိုင်းအခက်လည်းမရှိ ပြောင်ချောနေသော အုန်းပင်ထိပ်ရောက်အောင် အတော် ခက်ခဲပင်ပန်း စွာ တက်ရသည်။
ကျွန်တော် ပြန်ပြုတ်ကျတိုင်း သူမက အောက်ကနေ ဟားတိုက်၍ ရယ်မောလှောင်ပြောင်လေသည်။ ကျွန်တော် သည် သူမအတွက် အသက်ကိုတောင်ပေးထားခဲ့ပြီး ချစ်ခဲ့သည်။နောက်ဆုံးတော့ သွေးအရဲရဲဖြင့် လက်တွေ ခြေထောက်တွေ ရှကာ အုန်းပင်ထိပ်ဖျားသို့ ကျွန်တော် ရောက်သွားသည်။
ထိုအချိန်က ကျွန်တော် .ရင်ထဲတွင် အချစ်သာရှိပြီး သူမရင်ထဲတွင် တော့ မလိုတမာစိတ်၊ ခံပြင်းစိတ် တို့သာ ရှိခဲ့ပုံရပါသည်။
နောက်တော့ သူမက ကျွန်တော့် ကို တစ်မျိုးနှိပ်စက်ပြန်သည်။
“ဟိတ်..နင်ငါ့ကို ချစ်ကြောင်းသက်သေပြချင်ရင်ရေကူးကန်ထဲမှာ တစ်နာရီကြာအောင် ရေငုပ်ပြရမယ် ဘယ်လိုလဲ”
“လုပ်ပြန်ပြီ..ငါမှရေမငုပ်တတ်တာ ငါ ရေမွှန်းပြီးသေသွားနိုင်တာပေါ့”
“နင်ပဲ ငါ့အတွက် သေရဲတယ်ဆို”
“နေဦး တစ်နေရီတော့မရဘူး၊ ငါတတ်နိုင်သမျှတော့ ငုပ်ကြည့်မယ်၊ မွန်းတဲ့အဆုံးမနေနိုင်တော့မှ တက်မယ်ဟုတ်ပြီလား”
“အိုကေ.....”
သူမက ရေကူးကန်ထိပ်မှာ ဒရင်း(မ်) ဘက်(ဒ်) ဖြင့် အချိုရည်စုပ်ကာ ဇိမ်ကျကျထိုင်ကြည့်နေချိန်မှာ ကျွန်တော် ကရေထဲမှာ အတော် ဒုက္ခခံပြီး ငုပ်ကြည့်သည်။ ရေတွေ နားခေါင်းထဲ၊ ပါးစပ်ထဲ၊ နားတွေ ထဲ လဲဝင်ကာ မခံနိုင်တဲ့အဆုံးမှာ မှ ကျွန်တော် ဘွားခနဲပြန်ပေါ်လာသည်။
“အိုး ညံ့လိုက်တာ..ဆယ်မိနစ်ပဲရှိသေးတဲ့ဥစ္စာ..”
“ငါသေသွားတော့မယ်ဟ...နင်ကလဲငါချစ်မှန်း သိလို့ သက်သက်အနိုင်ကျင့်နေတာ၊ နင်ပဲ တစ်နာရီ ငုပ်ကြည့်ပါဦး...”
“အေးလေ နင့်အရည်အချင်းကိုပြတာပဲ၊ ရေထဲမှာ တောင်တစ်နာရီကြာအောင် မငုပ်နိုင်တဲ့ကောင်ကများ ပိုက်ဆံချမ်းသာအောင် လုပ်ပြီး ငါ့ကိုယူမယ်တဲ့၊ ဟား ဟား ဟား ဟား တိုက်ပြီး ရယ်ပစ်လိုက်မယ်သိလား..”
ထိုနေ့ကစပြီး ရေထဲမှာ တစ်နာရီငုပ်နိုင်အောင် ကျွန်တော် အပြင်းအထန် လေ့ကျင့်ခဲ့သည်။
ထိုအတွက် ရလာဒ် ကတော့ အဆုတ်ယောင် ရောဂါ နှင့် အပြင်းဖျားခဲ့ခြင်းပင် ဖြစ်သည်။ ကျွန်တော် ဖျားတာကို သူမကလာကြည့်ဖို့ဝေးစွ။
“ဟဲ့..နင် ငါ့အတွက် မသေသေးဘူးလား...”
ဟု သူမအခန်း လသာဆောင်ကနေ ကျွန်တော့် မြင်တိုင်း လှမ်းအော်နေခဲ့သည်။ သူမရဲ့ အစ်ကို ဖြစ်ပြီး ကျွန်တော် အတွက် အကောင်းဆုံးသူငယ်ချင်း ဖြစ်ခဲ့သော မိုးနီက ကျွန်တော့် ဘေးမှာ အမြဲရှိခဲ့ကာ စိတ်မကောင်းသော မျက်နှာနှင့် ရှိခဲ့သည်။
“မင်းကလဲကွာ...ရဲရဲက မင်းကိုကစားနေတာ သူကအပျင်းပြေအောင် မင်းကို ပျော်တော် ဆက်လို နှိပ်စက်နေတာ သိသိကြီးနဲ့များ သူခိုင်းသမျှ လုပ်နေတယ် သူ့ကိုမကြိုက်စမ်းပါနဲ့ ကွာ.. တခြားမိန်းမပြောင်းကြိုက်စမ်းပါ...”
“ငါ သူ တစ်ယောက် တည်းကိုပဲ အသေအလဲ ချစ်တာကိုမိုးရ သူဘယ်လောက်နှိပ်စက်နှိပ်စက်.. သူ့ကြောင့် ဘယ်လို ဒဏ်ရာတွေ ပဲ ရရ ငါ သူ့ကိုချစ်တယ်၊ ငါ့အသက်တောင် သူလိုချင်ရင်နှုတ်ပေးလိုက်ဦးမယ်၊ အဲ့ဒီလောက်ချစ်တာ.. သူကငါ့ရဲ့အချစ်ဦးပဲကွာ။ သူ့နေရမှာ ဘယ်သူ့ကိုမှ အစားထိုးလို့မရဘူး။ သူဟာ ငါ့ဘ၀ပဲ ငါ့ဘ၀တစ်ခုလုံးပုံပြီး သူ့ကိုချစ်လိုက်တာ”
“မင်းကလည်းပိုလိုက်တာ”
ကျွန်တော့် အချစ်ကို မိုးနီအပါအ၀င် အားလုံးကတအံ့တသြ ဖြစ်ကြသည်။ ကျွန်တော် ကိုယ်တိုင်လည်း တအံ့တသြ ဖြစ်တဲ့အထိ သူမကိုချစ်ခဲ့သည်။ သူမကလည်း အံ့သြစရာကောင်းလောက်တဲ့အထိ ကျွန်တော့် ကိုပညာသားပါပါ နှိပ်စက်ညှည်းပန်းခဲ့သည်။
သူမက ကျွန်တော့် ကိုသူမရဲ့ ရယ်မောစရာ သတ္တ၀ါတစ်ကောင်လို၊ ပြီးတော့ သက်စွန့်ဆံဖျား စွန့်စားဖျော်ဖြေရမည့်  စတန့်သမား ပျော်တော် ဆက်တစ်ကောင်လို သဘောထားခဲ့သည်။ကျွန်တော် က သူဘာလုပ်လုပ် ချစ်မြတ်နိုးခဲ့သည်။
သူမက ကျွန်တော့် ကိုဘယ်လောက်ထိအောင်နှိပ်စက်ကလူ ပြူခဲ့သလဲဆိုရင်...
“ဟိတ်...ဒီမှာ ငါ့ကိုချစ်တယ်ဆိုတဲ့ကောင်လေးငါ့ကိုနင်တကယ်ချစ်ကြောင်းသက်သေပြစမ်းပါဦး ။ငါကား မောင်းဘယ်လောက်ကျွမ်းကျင်နေပြီလဲလို့ စမ်းသပ်ကြည့်ချင်လို့ နင်က တည့်တည့်ငြိမ်ငြိမ်လေးအိပ်ပြနေ၊ ငါက နင့်ပေါ်ကနေဖြတ်မောင်းသွားမယ် ငါ့ကားက အမြင့်ကြီးပါဟ။နင့်ကို မကြိတ်မိစေရဘူး။ ငါတာဝန်ယူတယ်၊နင်တစ်ခုခု ဖြစ်သွားရင် နင့်ကိုငါ ပြန်ချစ်မယ် ဘယ်နှယ့်လဲ”
သူမ ဒီတစ်ကြိမ်နှိပ်စက်သော နည်းသည် သိပ်အန္တရာယ်များ ပါသည်။ မထင်မှတ်လျှင် ကားကြိတ်ခံရမည့် ကိစ္စကြီး ဖြစ်သည်။
နင် တစ်ခုခု ဖြစ်သွားရင် နင့်ကိုငါပြန်ချစ်မယ် ဆိုသော မက်လုံးကလေးဖြင့် ကျွန်တော် သဘောတူလိုက်သည်။ သူမပြောတဲ့အတိုင်းဆိုရင်လမ်းမပေါ်မှာ မျဉ်းတစ်ကြောင်းဆွဲထားပြီး ထိုမျဉ်းကြောင်းအတိုင်း ကျွန်တော် ကအရှည်လိုက်အဆန့်သား အိပ်ပေးနေရမည် ။ သူ့ကားက ကျွန်တော့် ကိုယ်ခန္ဒာအရှည်လိုက်ပေါ်က ကျော်သွားရုံပဲ ဖြစ်သည်။ သူမမောင်းသော ကားမှာ ဂျစ်ကားအမျိုးအစား ဖြစ်သော ကြောင့် ကျွန်တော့် ကိုမကြိတ်မိနိုင်၊အလွတ်ကြီး ဖြစ်သည်။ သို့သော် ဘယ်လိုလူမျိုးက ကိုယ်မမြင်ရသည့်ကံကြမ္မာနဲ့ လောင်းကြေးထပ်ပြီး ကားတစ်စင်းကိုယ့်အပေါ်က ဖြတ်ကျော်သွားဖို့ ကိုမျက်စိမှိတ်ပြီး လက်ခံနိုင်ပါမည် နည်း။
သို့သော်ကျွန်တော် က အနည်းငယ် မိုက်မဲပါသည်။
“ကောင်းပြီလေ နင်ငါ့ကိုပြန်ချစ်မယ်ဆိုရင် ငါအိပ်ပါ့မယ်”
“ကဲ...ဒါဆို အိပ်..”
ကျွန်တော် တို့နှစ် ယောက် ရဲ့ မိုက်ရှုးရဲဆန်သော အပေးအယူကို အပြင်းအထန်ကန့်ကွက်သူမှာ မိုးနီ ဖြစ်သည်။
“ဟေ့ကောင် သွေးသောက် မင်းအရှုးမထစမ်းနဲ့ ....မင်းရဲရဲ လက်ချက်နဲ့ သေသွားနိုင်တယ် ၊ ရဲရဲ နင် သိပ်တရားလွန်ပြီနော်”
“အို....နင်အသာနေစမ်းပါ ကိုမိုးရာ၊ ငါ့ကို သူဘယ်လောက်ထိချစ်ပြနိုင်သလဲဆိုတာကို ငါ စမ်းသပ်နေတာ ပါ။ နင်နဲ့ မဆိုင်ရင် ၀င်မရှုပ်နဲ့ ၊ အသာလက်ပိုက်ကြည့်နေ”
တစ်နှစ် သာကြီးသော အစ်ကို ကို သူမ မကြောက်ပါ။
“နင် သူ့ကို တကယ်ပြန်ချစ်လို့လား”
“အဲဒါ ငါ့ကိစ္စပါ ကိုမိုး”
ကျွန်တော် ကတော့ လမ်းမပေါ်တွင် မျဉ်းဖြောင့် တကြောင်းဆွဲကာ ထိုမျဉ်းကြောင်းအတိုင်းလှဲ အိပ်ချလိုက်ကာ မျက်လုံးစုံမှိတ်ထားလိုက်သည်။ကျွန်တော် သည် ငယ်ငယ်ကတည်းက ကိုယ်လိုချင်တာကို မရရတဲ့ဇွဲနဲ့ ရအောင်ယူတတ်သူ ဖြစ်သည်။
ကျွန်တော့် ရဲ့ဇွဲကောင်းမှု ကို ဘယ်သူမှလိုက်မမှီခဲ့။
သူမမျက်နှာပေါ်တွင် စွန့်စားမှု တစ်ခုကို လှလှပပလုပ်ပြတော့မည့်  ဆပ်ကပ်ပြပွဲတွေ ထဲက မင်းသမီးလို သူမကိုယ် သူမ ယုံကြည်မှု အပြည့် ရှိနေပုံရသည်။ ဆယ့်လေးနှစ် သမီးအရွယ် ကတည်းက သူမ ကားမောင်းတတ်နေခဲ့တာကို ကျွန်တော် ကောင်းစွာ သိသော ကြောင့် သူမရဲ့ အစွမ်းအစကိုတော့ ယုံကြည်စိတ်ချထားပြီး ဖြစ်သည်။
သူမသည် ကျွန်တော် နှင့် သိပ်မကွာလှသော နေရာမှ (ဓါတ်တိုင်တစ်တိုင်စာလောက်ရှိမည် ) ကျွန်တော် အိပ်နေရာဆီ တရှိန်ထိုးမောင်းလာခဲ့သည်။ ကျွန်တော့် ရင်တွေ တဒိတဒိတ်ခုန်လာသည်။ အခုနေကျွန်တော် လိမ့်ထွက်သွားပြီး ရှောင်သွားလျှင် သတ္တိမရှိတဲ့ကောင်ဟု သူမ ပြင်းပြင်းထန်ထန် ရှုတ်ချကဲ့ရဲ့မှာ စိုးရိမ်သည်။
ကဲကွာ ... သေချင်လဲသေပစေတော့ ဟု အံကြိတ်ကာ မျက်လုံးကို ကြပ်ကြပ်ဖိမှိတ်ထားဆဲမှာ ပင် ကျယ်လောင်သော ကားစက်သံခပ်ကြမ်းကြမ်း ကျွန်တော့်အပေါ်က ဖြတ်ကျော်သွား တော့သည်။ ကျွန်တော့် မျက်နှာတစ်ခုလုံး ပူကနဲ ဖြစ်ကာ နားတွေ အူထွက်သွားသည်။ တစ်ခုခုပွင့်ထွက်သွားသလား အောက်မေ့ရသည်။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။
“ ဆက်အိပ်နေ .. .. ဆက်အိပ်နေ ... .. ဘာမှမ ဖြစ်သေးဘူး ... .. ဘက်(ခ်)ပြန်လာမယ် ”
သူမ၏ ကျယ်လောင်ချိုလွင်သော အသံကလေးကို ထပ်ကြားရသည်၊
“ ဟာ .. တော် ပြီ .. .. မလုပ်နဲ့ တော့ ... ငါသေတော့မယ် .... ”
ကျွန်တော် တအားကျူံးထသည် သူမကားက ဘက်(ခ်)ပြန်ဆုတ်လာသည်။ အယူအဆတွေ လွဲကုန်သည်။ ကျွန်တော် ထရပ်လိုက်သဖြင့် သူမက အလန့်တကြားဘရိတ်နင်းလိုက်သေးသည်။ သို့သော် ကားက ကျွန်တော် ရှိရာသို့ နီးကပ်စွာ ရောက်နေခဲ့ပြီ။
ကျွန်တော် အသံကုန်အော်ကာ ခုန်ထွက်လိုက်သေးသည်။ ကားမတိုက်မိဘဲ ခလုတ်တိုက်မိကာ ကျွန်တော် အရှိန်ပြင်းစွာ ပြိုလဲသွား၏ ။ လမ်းဘေးပလက်ဖောင်းနှင့် ကျွန်တော့် ခေါင်းနောက်ဖက် ပြင်းစွာ ရိုက်မိလိုက်၏ ။ နာကျင်မှု သည် ကျွန်တော့်  တစ်ကိုယ်လုံး ဖုံးအုပ်သွားသည်။
“ အမလေး သွေးသောက် သေပြီလား ”
သူမရဲ့ စူးရှကျယ်လောင်သော အာမေဋ်သံကို ကျွန်တော် ကြား ဖြစ်အောင် ကြားလိုက်ရသေး၏ ။
မင်းအတွက် ငါသေရဲတယ် သစ္စာရဲရဲနီ ......။
ကျွန်တော် ပြန်ပြောလိုက်တာ ..... သူမ ကြားရဲ့ လား မသိပါ။
ထိုသို့ မိုက်မဲခြင်းရဲ့ ရလာဒ် ကတော့ ကျွန်တော် က ခေါင်းမှာ ခြောက်ချက်ချုပ်ရပြီး သူမက အလန့်လွန်ပြီး ကြောက် ဖျားဖျားလေတော့သည်။ ကျွန်တော့် ခေါင်းက ဒဏ်ရာအတွက် ကျွန်တော် မပူပင်ဘဲ နေမကောင်းသော သူမအတွက် အကြီး အကျယ် စိုးရိမ်နေခဲ့သည်။
ထိုအ ဖြစ်အပျက်အားလုံးကို လူကြီးများ မသိအောင် ဖုံးဖိထားကြသည်။ ကျွန်တော် က ဘောလုံးကန်ရင်း မတော် တဆ ချော်လဲကျဖျားသူ ဖြစ်ပြီး သူမ ကတော့ သူမဘာသာဖျားခြင်း ဖြစ်သည်ဟု လူကြီးများ သိထားသည် ....
သူမကို မတွေ့ ရတာ ကြာသော အခါ ကျွန်တော် မနေတတ် မထိုင်တတ် ဖြစ်ခဲ့သည်။ သူမမျက်နှာကလေးကို တစ်နေ့မတွေ့ ရလျှင် ကျွန်တော် မနေနိုင်ပါ။
“ ဟေ့ကောင် ... ကိုမိုး ... ငါ ရဲရဲနဲ့ တွေ့ ချင်တယ်ကွ ... သူ .. သိပ်နေမကောင်း ဖြစ်နေတာ ငါစိုးရိမ်တယ် .. မနေနိုင်ဘူး ... ”
မိုးနီက ဒီလောက် ဖြစ်နေတာတောင် အမှတ်သည်းခြေမရှိဘူးလား .. ဟူသော အကြည့်မျိုးဖြင့် ကျွန်တော့် ကိုကြည့် ခြင်းကို ခံရပါသည်။ သို့သော် ကျွန်တော် ဂရုမစိုက်ပါ . . . .။
“ သူ မသေနိုင်ပါဘူးကွာ .. မင်းဒဏ်ရာကသာ အချိန်မရွေးသေသွားနိုင်တာ .... ကိုယ့်ကိုယ်ကိုလဲ ဂရုစိုက်ဦး ရဲရဲကိုပဲ အာရုံစိုက်မနေနဲ့ .... .”
“ ..... သူ့ကို ငါတွေ့ ချင်တယ်ကွာ ..... ”
“ ... မင်းကို အိမ်ပေါ်တင်ခေါ်လာရင်.... ဖေဖေငါ့ကို ဆူမှာ ပေါ့ကွ ... ဖေဖေ့အကြောင်းလဲ မင်းသိသားပဲ ”
သူမနှင့် မိုးနီရဲ့ ဖေဖေ ဖြစ်သော ဦးသစ္စာသည် မယုံနိုင်အောက်အောင် အဆင့်အတန်းခွဲခြားတတ်သူ ဖြစ်သည်။
“ အေးပါ ... ငါသိပါတယ် .. ငါအကြံရပြီ ကိုမိုး .. ခြံထဲမှာ ဆေးသုတ်တဲ့လှေခါးရှိတယ်ကွ .. အဲဒီ လှေခါးနဲ့ ရဲရဲအခန်းဆီတက်လို့ရတယ် ... မင်းပယောဂ ဘာမှမပါစေရဘူးကွာ ... ငါ့ဘာသာငါကြိုးစားမယ် .. သူ့မျက်နှာလေးကို ငါမြင်ရရင် ကျေနပ်ပြီ ... ”
“ ... မင်းကလဲ သူခိုးလမ်းပြ လုပ်ပြန်ပြီကွာ .. မင်းတို့နှစ် ယောက် ကြောင့် ငါ စိတ်ညစ်လာပြီ ... ဘယ်တော့ တက်မှာ လဲ ... မိသွားရင် မင်း မသက်သာဘူးနော် ..... မင်းအဖေပါ အလုပ်ပြုတ်မယ် .... ”
“ ..... မင်းကလဲ ငါ သွေးသောက်ပါကွ .. ... ဖြစ်အောင်လုပ်မယ် . . . ”
“ ဒီကိစ္စမှာ ငါတော့ ၀င်မပါချင်ဘူး သွေးသောက် ...
ငါမသိချင်ဟန်ပဲ ဆောင်ပေးနိုင်မယ် ... ဒါ့ထက်ပိုပြီး မင်းကို မကူညီနိုင်ဘူး ... ဖေဖေသိရင် ငါ့ကိုလဲ သားရော ဘာရောညှာမှာ မဟုတ်ဘူး ... ဖေဖေသိရင် သိပ်စိတ်ဆိုးမှာ ....”
မိုးနီသည် ယုန်ကလေးတစ်ကောက်လို ဖြူစင်နှုညံ့ပြီး အကြောက်အလန့်ကြီးသူ တစ်ယောက် ဖြစ်ကာ ရဲရဲသည် ကျားသစ်မတစ်ကောင်လို ရဲရင့်ဖျတ်လတ်ကာ သတ္တိကောင်းသူ ကြောက်အလန့်ကင်းမဲ့သူ တစ်ယောက် ဖြစ်သည်။ သူတို့မောင်နှမနှစ် ယောက် ကွဲလွဲချက် ကတော့ အဲဒါပဲ ဖြစ်သည် .... ။
“ အေးပါ ... ရတယ် မင်းမပါနဲ့ ... ငါ့ ဘာသာငါကြိုးစားမယ် ... ငါ ဖြစ် ငါခံပဲ ”
“ မင်း ဘယ်နေ့တက်မှာ လဲ .... ”
“ ဒီနေ့ည .... ”
“ ပြီးရော .... ငါ ကတော့ စောစောအိပ်ဆေးသောက် အိပ်မယ် ... ”
ထိုညက .. လလည်းသာနေသည်။ အချစ်ရဲ့ စိတ်တန်ခိုးဖြင့် ကျွန်တော် ဘာကိုမှ အကြောက်အလန့် မရှိဘဲ၊ သတိ ကောင်းနေသည်။ တိုက်ဆေးသုတ်သော လှေခါးကို ရဲရဲ အခန်းတည့်တည့်မှာ ချသည်။ လှေခါးအတိုင်း တစ်ထစ်ချင်းတက်ရင်း ကျွန်တော့် ရင်တွေ တဒိတ်ဒိတ် ခုန်နေခဲ့သည် . . .. ။
သိပ်မခက်ခဲဘဲ ရဲရဲ အခန်း လသာဆောင်ရှိရာကို ကျွန်တော် ရောက်သွားသည်။ သူမက အခန်းတံခါးမကြီးကို ပိတ်ထားသည်။ မွေ့ယာထူထူအိအိကြီးပေါ်တွင် မြုပ်နေကာအိပ်ပျော်နေသော သူမကို တံခါးမှန်မှတဆင့် ကျွန်တော် မြင်ရသည်။ သို့ သော် ကျွန်တော် ထိုမျှလောက်နှင့် မရောင့် ရဲနိုင်ပါ။
အခန်းတံခါးကို ဖွင့်ကြည့်ဖို့ ကျွန်တော် ကြိုးစားသည်။ အသံမြည် သွားပြီး အအိပ်ဆန်ပုံရသော သူမက ဖျတ်ကနဲ လန့်နိုးလာသည်။ ကျွန်တော့် ကို ချက်ဖြင်းမြင်သွားပြီး၊ တအံတသြ ဖြစ်ကာ မျက်လုံးကလေးဝိုင်းပြီး နှုတ်ခမ်းကလေး ဟသွားသည်။ ချက်ချင်း ပင် စောင်ပုံကြီးထဲမှထွက်လာကာ တံခါးချက်ကိုလာဖွင့်သည်။
“ ကြည့်စမ်း . . . နင် ဘာလာလုပ်တာလဲ ..... တော် တော် အတင့်ရဲပါလား ... ”
သူမက ခပ်တိုးတိုးပြောသည်။
သူမ မျက်နှာကလေးကို အနီးကပ်ကြည့်ကာ ကျွန်တော် အသက်ရှူမှားပြီး ယစ်မူးလာသည်။ ပန်းရောင် နုနု ပိုးပျော့ ည၀တ်အင်္ကျီရှည်ကလေးနှင့် ဆံမျှင်နွယ်များ ကပိုကရို ဖြစ်နေသော ချစ်သူ၏ ညအလှသည် ကျွန်တော့် ကို အရှုးအမှုး ဖြစ်အောင် ဖမ်းစားတော့သည်။
“ နင် နေမကောင်းဘူး ဆိုလို. .. ငါလာကြည့်တာ ... မတွေ့ ရတာ လဲ ကြာပြီ .. .. ”
သူမကလှစ်ကနဲပြုံးသည်၊
“ နင် မသေသေးဘူးလား . .. နင်သေမှ အေးမှာ ဟဲ့ သောက်ကောင်လေးရဲ့ . . . .”
ပြောပြောဆိုဆို သူမက ကျွန်တော့် ရင်ဘတ်ကို ဆောင့်တွန်းပစ်လိုက်သည်။
“ ပြောစမ်း ... နင် ဘယ်လိုလုပ် တက်လာတာလဲ ... ”
“ ဆေးသုတ်တဲ့ လှေခါးနဲ့ . . . ”
“ သြော် . . . ”
သူမက ၀ရန်တာ လက်ရန်းဆီသို့သွားပြီး၊ ငုံကြည့်လိုက်သည်။ ၀ရန်တာနှင့် ကပ်ထောင်ထားသော လှေခါးကို ရုတ်တရက် တွန်းပစ်လိုက်သည်။ လှေခါးပြုတ်ကြသံ ၀ုန်းကနဲထွက်လာသည်။
“ ကဲ . . .. ပြန်ဆင်း .. လှေခါးမပါဘဲ ... နင် ဒီအတိုင်းပြန်ဆင်း ... နင်မဆင်းရင် ငါ အခုအသံကုန်“ဟစ်”ပြီး အော်လိုက်မယ် ... ခုဆင်း .. သွား .. ဟော့ဒီမှာ ... ”
ကျွန်တော် သည် သူမရဲ့ ရက်စက်နိုင်မှု အတွက် မယုံနိုင်လောက်အောင် ဖြစ်နေသည် . . . ။
“ နင့်ကို ငါ သိပ်ချစ်တယ် ရဲရဲ . . . နင့်အတွက် ငါ ဘာမဆို လုပ်ရဲတယ်ဆိုတာ နင် ခုထိမယုံသေးဘူးလား . . ”
“ သွားလို့ဆိုနေ . . ငါအော်လိုက်ရမလား . . ”
“ မအော်နဲ့ ဆင်းမယ် ”
ကျွန်တော် သူမကို ကျောခိုင်းလိုက်ပြီး မျက်လုံးစုံမှိတ်ကာ ဆယ့်ငါးပေအမြင့်ရှိသော လသာဆောင်မှ ခုန်ချခဲ့သည်။ လေထဲတွင် လှပ်ကနဲအေးသွားပြီး အောက်သို့ ခြေထောက်နှင့် ဖင်ထိုင်ရက် လဲကျလေသည်။ တော် တော် နှင့် ပြန်မထနိုင်။ ဦးခေါင်းကြီးပွင့်ထွက်သွားတော့မလား အောက်မေ့သည် . . .။
ကျွန်တော် သတိမမေ့ပါ။ သူမကိုပြန်မော့ကြည့်လိုက်သည်။ ကျွန်တော် ရှိရာသို့ ငုံ့ကြည့်နေသော သူမမျက်နှာကို မသဲမကွဲသာ မြင်ရပါသည်။
ထို့နောက် ကျွန်တော့် ခြေထောက်ဆီမှ မခံမရပ်နိုင်အောင် နာကျင်မှုကိုမြိုသိပ်ပြီး လှေခါးပြန်သိမ်းကာ ကိုယ့်အခန်း ကလေးဆီသို့ သေလုမြောပါး နာကျင်စွာ ပြန်လာခဲ့သည် .... ။
သူမကို တွေ့ ခဲ့ရသည့်အတွက် ကျွန်တော် ကျေနပ်ပါသည် .... ။
ထိုအ ဖြစ်အပျက်အတွက် ရလဒ် ကတော့ ကျွန်တော့် ညာဘက်ခြေသလုံးရိုး အက်သွားခဲ့ခြင်းပင် ဖြစ်သည်။ ထိုဒဏ်ကို ကျွန်တော် အလူးအလှိမ့်ခံလိုက်ရပါသည်။ သူမကို ချစ်မိသည့်အတွက် သူမကပေးသော ဒဏ်ရာမြောက်များ စွာ ကျွန်တော့် ရခဲ့ ပါသည်။ သို့ သော် ကျွန်တော် မမှုခဲ့ပါ။ ကျွန်တော် လိုချင်သည်မှာ သူမဆီက အချစ် ဖြစ်၏ ။
အဲဒီ အချစ်ကိုရဖို့ ကျွန်တော် ဘက်က အများ ကြီးပေးခဲ့ရသည် . .. ။
ကျွန်တော် လမ်းမလျှောက်နိုင်သဖြင့် အိပ်ယာထဲ လဲနေသော ကာလအတွင်း ကျွန်တော် ရခဲ့သည်မှာ အနီရဲရဲ နှင်းဆီပွင့်တွေ စည်းထားသည့် ပါကင်တစ်ထုပ် ဖြစ်သည်။ ကဒ်ပြားပေါ်တွင် . . . .
“ . . . . သူရဲကောင်းအတွက် . . . . ”
ဟုရေး ထားသည်။ ကျွန်တော် မယုံနိုင်လောက်အောင်ပင် ပျော်ရွှင်သွားခဲ့သည်။ ထိုအနီရဲရဲပန်းများ နှင့် သူရဲကောင်းအတွက် ဆိုသော စာတန်းကြောင့် ကျွန်တော် လမ်းမြန်မြန် ပြန်လျှောက်နိုင်အောင် ကြိုးစားခဲ့သည်။ ကျွန်တော် နှင့် သူမ မြန်မြန်ပြန်တွေ့ ချင်ပြီ။
ကျွန်တော် လမ်းပြန်လျှောက်နိုင်ပြီး တစ်လလောက်အကြာတွင် ကျွန်တော့် အခန်းလေးဆီသို့ အထုပ် တစ်ထုပ် ရောက်လာပါသည်။
အထုပ်ထဲတွင် အဖြူခံပေါ်မှာ အပြာစင်းပါသော ရှပ်အင်္ကျီလက်ရှည်တစ်ထည်၊ အပြာရောင် ဂျဲင်း(န်)ဘောင်း ဘီတစ်ထည်နှင့် ဝေါ့ကင်းရှုးတစ်ရံ ပြီးတော့ . . . .
“ ဟိတ် . . . ငါ့သူရဲကောင်း . ..
ငါတို့ ရုပ်ရှင်သွားကြည့်ရအောင် ... . ”
ဟူသော စာတိုကလေးတစ်စောင် ပါဝင်သည် . . . ။
ဘယ်သူ ဘယ်ဝါလို့ အမည် မတပ်ထားပေမယ့် သူမပဲဆိုတာ ကျွန်တော် အတပ်သိပါသည်။ ကျွန်တော် အခန်းထဲမှ ကမန်း ကတန်းထွက်ပြေးလာခဲ့ပြီး သူမအခန်းရှိရာသို့ မော့ကြည့်လိုက်သည် . . .။
သူမက လသာဆောင်ပေါ်မှ လက်နှစ် ချောင်းထောင်ပြလျက် အားရပါးရ ရယ်မောနေပါသည် . . . ။
အဓိပါယ်မှာ “ ဇေပိ(စ်) ” ကျေအေးသွားပြီဟု ယူဆရင်လည်း ရပါသည်။
ဘာပဲ ဖြစ် ဖြစ် ကျွန်တော့် ရင်ခုန်စွာ ရေမိုးချိုးပြီး၊ သူမပို့ပေးလိုက်သော အင်္ကျီဘောင်းဘီနှင့် ဖိနပ်စီးကာ ခြံထဲမှ သူမထွက်သွားမည့် အချိန်ကို မသိမသာစောင့်နေခဲ့သည် ....။
နေ့လည် တစ်နာရီတွင် သူမသည် ဂျစ်ကားကိုကိုယ်တိုင်မောင်းကာ ခြံထဲမှထွက်သွားတာ မြင်ရ၏ ။ ကျွန်တော် ဟိုဟိုဒီဒီကြည့်ပြီး ခြံထဲမှ တဟုန်ထိုး ထွက်ပြေးလာခဲ့တော့သည်။ ကျွန်တော် ပေးဆပ်ခဲ့သမျှအတွက် တစ်ခုခုတော့ ကျွန်တော် ပြန်ရခဲ့ပြီဟု ကျွန်တော် နားလည်လိုက်ပါသည် . . . ။
ကားသည် တရကြမ်းမောင်းထွက်သွားပြီး လမ်းထိပ်လောက်ရောက်မှ ရပ်သည်။ ကျွန်တော် က တအားပြေးလာပြီး ကားပေါ်ခုန်တက်လာခဲ့၏ ။
“ ခွေးကောင်လေး . . . . နင့်ကို ငါ မကျေနပ်သေးဘူး သိလား ... ”
သူမက ကျွန်တော့် ကို မျက်စောင်းထိုးပြီး လှမ်းပြောကာ ကျွန်တော့် နားသယ်စပ်က ဆံပင်တိုတိုကလေးတွေ ကို မရရအောင် ဆွဲနှုတ်သည် . . . ။
“ အား သေတော့မယ်ဟ . . . ဒီလောက်နှိပ်စက်တာတောင်မကျေနပ်သေးဘူးလား .... ”
သူမကလက်ထဲမှာ ပါသွားသော ကျွန်တော့် ဆံပင် တိုတိုကလေးတွေ ကို သေသေချာချာကြည့်ကာ ဟတ်ဟတ် ပက်ပက် ရယ်သည်။ ကျွန်တော် က အသည်းခိုက်အောင် နာလှပြီ ... . .။
“ မကျေနပ်ဘူး . . . နင်ကိုငါ ဒီထက်အများ ကြီး နှိပ်စက် ချင်သေးတယ် . . . နင် ဘာ ဖြစ်လို့ ငါ့ကို ဒီလောက်တောင် ချစ်နေရတာ လဲ . . . ငါနှိပ်စက်သမျှ ဘာ ဖြစ်လို့ ဒီလောက်ခံနေရတ်ာလဲ . . . နင်သာ ငါ့ကိုမချစ်ရင် . . ငါ ဘာမှ စိတ်ရှုတ် စရာ မရှိဘူး . . . ခုတော့ နင့်ကြောင့် ငါခေါင်းရှုပ်ရပြီ ကောင်စုတ်ကလေးရဲ့ . .. . ငါ့ကို နင် မုန်းသွားအောင် နင့်ကို ငါ ဘယ်လောက် ရက်စက်ပြခဲ့သလဲ ..... အဲဒါတောင် နင် ငါ့ကို မမုန်းဘူး ...၊ အဲဒါကြောင့် ငါပြောတာ . . .နင်သေမှအေးမှာ ပဲ..”
“ . . . . . ငါသေတောင် နင့်ကိုချစ်တဲ့ စိတ်နဲ့ ပဲ သေမှာ ပေါ့ ကောင်မစုတ်ကလေးရဲ့ . . . . .”
ကျွန်တော် က အားကျမခံ ပြောလိုက်သည်။
“ အံမယ် . . . . သေနာကလေး . . .”
သူမက မျက်လုံးကလေးပြူးကာ ဆဲလိုက်သည် . . . .။
ကျွန်တော် သိပ်ပျော်နေသည် . . . .။
“ ငါ့ကို ချစ်တယ်လို့ ပြောတော့လေ . . . . .”
“ အယုတ်တမာလေး . . . မပြောဘူး ... သွား . . . .”
“အယုတ်တမာမလေး...ပြောစမ်းပါဟ...ငါကြားချင်လှပြီ...”
သူမအဖြေပေးပုံမှာ အတော် ရီစရာကောင်းပါသည်။လက်တစ်ဖက်က ကားမောင်းနေရင်း ကျန်လက်တစ်ဖက်က ကျွန်တော့် ပါး
ကို နာကျင်အောင် တအားဆွဲဖျစ်ကာ...
“နင့်ကို ငါမချစ်ရင် နင်သေသွားမှာ စိုးလို့...နင့်ကိုငါပြန်ချစ်ရပြပေါ့ဟဲ့.....”
ဟုဒေါသထွက်နေသလိုအသံဖြင့် ပြောလေသည်။
“ဟုတ်တယ်....နင်ပြန်မချစ်ရင် ငါသေတော့မှာ ...”
“နင့်ကို ငါ အပျော်ရည်းစားထားတာဆိုရင် နင်ဘာလုပ်မှာ လဲ...”
“ငါက နင့်ကိုအတည်ချစ်တာ ရဲရဲ...နင့်ကို ငါလက်ထပ်မယ်....ငါချမ်းသာအောင်ကြိုးစားမယ်...ငါချမ်းသာလာတဲ့တစ်နေ့မှာ
ငါလက်ထပ်မယ့်မိန်းမဟာနင်ပဲ ဖြစ်ရမယ်...ဟုတ်ပြီလား...”
ကျွန်တော် က လေးလေးနက်နက်ပြောသည်။သူမက ကျွန်တော့် မျက်နှာကို သေသေချာချာစိုက်ကြည့်ကာ...
“ ဖြစ်ပါလိမ့်မယ်...အားကြီးကြီး...နင့်လက်ထဲမှာ ငွေတစ်ဆယ်တောင် ပြည့်အောင်ရှိလို့လား...”
ဟု အထင်မကြီးသံဖြင့် ပြောသည်။ ကျွန်တော် ရင်ကိုကော့မတ်လိုက်၏ ....။
“ဒီမှာ ကြည့်.....ရဲရဲ...လူ တစ်ယောက် ကိုဘယ်တော့မှ အထင်မသေးစမ်းပါနဲ့ ....လူမှာ ရည်ရွယ်ချက် မျှော်လင့်ချက် ...ပန်းတိုင်
ဆိုတာတွေ ရှိတယ်...ငါ့ရဲ့အဲဒါအားလုံးဟာ နင်ပဲ...နင့်ကြောင့် ငါ့ဘ၀ကအမြင့်ဆုံးရောက်အောင်လုပ်နိုင်တဲ့ ဇွဲ သတ္တိတွေ ငါ့မှာ
ရှိတယ်....
ဒီနေ့ မီလျှံနာ ဖြစ်နေတဲ့ ကမ္ဘာကျော်သူဌေးကြီးတွေ လဲခြူးတစ်ပြားမှမရှိတဲ.ဘ၀ကနေ စ ခဲ့ကြတာပဲ.. ဘယ်သူမှမွေးကတည်းက ချမ်းသာလာတာ မဟုတ်ဘူး ရဲရဲ..နင်တစ်နေ့ ငါ့ရဲ့အချစ်တွေ ကို တအံ့တသြ ဖြစ်စေရမယ်...အချစ်မှာ
တန်ခိုးရှိတယ် ရဲရဲ...မယုံမရှိနဲ့ ...မှတ်ထား...
နင် ငါ့ကို ပြန်ချစ်တဲ့ ဒီနေ့ကစပြီး ငါ့ဘ၀ဟာ အညွန့် စတက်တဲ့နေ့ပဲ...ငါချမ်းသာတဲ့အထိ နင်က သစ္စာရှိရှိစောင့်နေရမယ်...”
“ကဲ...ငါက သစ္စာမရှိဘူးဆိုရင်ရော...”
သူမက အပိုးမကျိုးသော မျက်နှာဖြင့် ပြောသည်.....။
“.....သတ်ပစ်မယ်....”
ကျွန်တော် က ခြိမ်းခြောက်သည်။ သူမက ပခုံးမလေးတွန့်ပြကာ..
“...နင့်များ တော့ ငါမကြောက်သေးပေါင်...”
ဟုမဲ့မဲ့ ရွဲ့ရွဲ့ပြော၏ ....။
“..နင့်နာမည် မှာ သစ္စာဆိုတာပါနေတဲ့နောက်တော့ နင်ငါ့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာ ငါယုံတယ်ကွာ
သစ္စာတောင်မှ ရိုးရိုးဖျော့တော့တော့ သစ္စာမဟုတ်ဘူးကွ.. ရဲရဲနီနေတဲ့သစ္စာ...နင်ဟာ ငါ့ရဲ့ နိမိတ်ပဲ သိလား...”
ကျွန်တော် က တက်ကြွစွာ အားပါးတရပြောသည်။သူမက ရယ်မောလျက်ရှိသည်...။
“ဘာပဲ ဖြစ် ဖြစ်...နင်ဟာ သိပ်ချောတဲ့ကောင်လေး တစ်ယောက် ဆိုတာတော့ ငါမငြင်းပါဘူး...ငါ့သူငယ်ချင်းတွေ နင့်ကိုမြင်ရင် ၀ိုင်းကြိုက်ကြမှာ သေချာတယ်၊ မျက်ခုံး မျက်လုံး နှာတံ နှုတ်ခမ်း...ဘာမှ ပြောစရာမရှိဘူး...မေးရိုးကလည်း ယောက်ျားပီသတယ်...Body Structure ကလည်းဖြေင့် တယ်...တစ်ခုပဲ ပြောစရာရှိတယ်...
နင်ဟာ ငါ့အိမ်က ဒရိုင်ဘာရဲ့သားလို့ ဘယ်သူ့ကိုမှ မပြောမိစေနဲ့ ...ကြားလား...”
ကျွန်တော် ခဏငြိမ်သက် သွားပါသည်။ အဆင့်အတန်းဆိုသော အတွေးသည် သူမအဖေလိုပင် သူမရဲ့ ခေါင်းထဲမှာ ပါဝင်ရောက်
နေပြီ ဖြစ်ကြောင်း ကျွန်တော် နားလည်လိုက်ပါသည်။ဘာဘဲ ဖြစ် ဖြစ် ကျွန်တော် သူမကို မချစ်ဘဲမနေနိုင်...။
“နင်က ငါ့ကိုရုပ်ချောပြီး Body ဖြောင့်တာ တစ်ခုခုကြောင့် ပဲ ချစ်တာပေါ့ ....ဟုတ်လား...”
“နောက်တစ်ခုရှိသေးတယ်...နင်က ငါ့ကို ဘယ်သူမှချစ်မပြနိုင်တဲ့ အချစ်မျိုးနဲ့ အရှုးအမှုး ချစ်နေလို့....”
ကျွန်တော် မငြင်းနိုင်ပါ။ သူမှဆီက ဘာကြောင့် နဲ့ပဲ ဖြစ်စေ...အချစ်ရဖို့သာလိုသည်။
ထို့ကြောင့် ကျွန်တော် အားလုံးကိုခွင့်လွှတ်နားလည်ခဲ့ပါသည်...။
ကျွန်တော် တို့နှစ် ယောက် ရဲ့ ချစ်သူဘ၀သည် စွန့်စားမှု များ ခိုးကြောင်ခိုးဝှက်နိုင်မှု များ ဖြင့် ပြည့်နေခဲ့သည်။ သူမကပြောပြ
ခဲ့သည်မှာ ...
“နင့်ကို ငါ ဘယ်အချိန်မှာ ချစ်သွားတာလဲ...သိချင်လား...”
“အင်း..သိချင်တာပေါ့..”
“သိချင်ရင်..ဆရာမ ကြီးလို့ခေါ်...ဆယ်ခါခေါ်..”
ကျွန်တော် က သူမရဲ့ ညစ်ကျယ်ကျယ်နိုင်မှု ကို အောင့်သက်သက်ဖြင့် ပင် လိုက်လျောရ၏ ။ ပြီးမှ...
“နင်..ငါ့ရဲ့ လသာဆောင်ပေါ်ကနေ ၀ုန်းခနဲဆင်းသွားတဲ့အချိန်မှာ ..ငါ့ရင်ထဲမှာ လှပ်ခနဲ ဖြစ်သွားတယ်...ငါအောက်ကို အလန့်တ
ကြားငုံ့ကြည့်လိုက်မိတော့...ပြန်မော့ကြည့်နေတဲ့နင့်မျက်လုံးတွေ ကိုလရောင် အောက်မှာ ငါတွေ့ လိုက်ရတယ်...နင့်မျက်လုံး
တွေ ထဲမှာ ငါ့ကိုသိပ်ချစ်တဲ့အရည်တွေ ..တဖိတ်ဖိတ်လက်နေသလိုပဲ ငါခံစားရတယ်..အဲဒီ အချိန်ကလေးမှာ ငါကြက်သီးမွေးညှင်း
တွေ ထလာပြီး သိလိုက်တာပဲ...နင့်ကို ငါချစ်သွားတယ်...”
ဟု စိတ်လိုလက်ရ ပြောပြတတ်၏ ။
ကျွန်တော် တို့နှစ် ယောက် ချစ်နေကြောင်းကို...မိုးနီ တစ်ယောက် ကလွဲပြီး တစ်ခြံလုံး ဘယ်သူမှ မရိပ်မိအောင် လျှို့ဝှက်ထားခဲ့
ကြရသည်။ ကျွန်တော် က နေ့တိုင်း သူမကားကိုရေဆေးပေးသည်။သူမက ခပ်လှမ်းလှမ်းသစ်ပင် တွေ ကြားမှ ကျွန်တော့် ကို မသိမသာ ကြည့်နေတတ်၏ ...။
သူမ ဖေဖေ မရှိတဲ့အချိန်မျိုးမှာ တော့ ကျွန်တော် တို့ နှစ် ယောက် သိပ်လျှို့ဝှက်ဟန်ဆောင်စရာမလိုပေ။သူမက ကျွန်တော့် ကိုဆို
အနိုင်ကျင့်ဖို့....နောက်ဖို့ပြောင်ဖို့...စတန့်လုပ်ခိုင်းဖို့သာ အမြဲသတိရသည်။ ကျွန်တော် က အတင်းအကြပ် ခိုင်းလွန်း မက
ခိုင်းမှ...`မောင်` ဟု ခေါ်ဖော်ရ၏ ။ ဒါတောင်တစ်ခါတစ်ခါ...ဟေ့ကောင်...တဲ့..။
“ဟေ့ကောင်...မောင်...နင့်ကို ငါပြောစရာတစ်ခုရှိတယ်..ငါပြောတဲ့အတိုင်းလုပ်နော်..မျက်စိမှိတ်ထားပြီး..ငါပြောတဲ့လမ်း
ကြောင်းအတိုင်းလာခဲ့...”
“နင် နဲ့ ငါနဲ့ မပြောကြေးလေကွာ...”
“အေး...အေး..မပြောတော့ဘူး...မျက်စိမှိတ် ရှေ့ကို ဆယ်လှမ်းလောက်လျှောက်...ဟုတ်ပြီ...ခိုးမကြည့်နဲ့ နော်...အင်း..အင်း..
ညာဖက်နဲနဲချိုးလိုက် ဟုတ်ပြီ...ခြေလှမ်းကို အကျဲကြီးမချနဲ့လေ။ အေး..အေး..နှစ် လှမ်းပဲလှမ်းတော့...ခပ်စိပ်စိပ်ကလေးလှမ်း..
ဟုတ်ပြီးကွ...ဟားဟား..”
ဒုတိယမြောက်ခြေလှမ်းတွင် ကျွန်တော် တစ်ခုခုကို နင်းမိပါတော့သည်။ ထိုတစ်ခုခုမှာ ပျော့စိစိ ဖြစ်၏ ။ ကျွန်တော် အလန့်
တကြား ဖြစ်သွားကာ မျက်လုံးဖွင့်လိုက်မိသည်။ ခြံထဲမှာ အသာအိပ်နေသော သူမရဲ့ အချစ်တော် အယ်လ်ဇေးရှင်း အမျိုးအစား
`ရန်လုံ` ကိုတည့်တည့် တက်နင်းမိအောင် သူမကအကွက်ထွင်ခဲ့ခြင်း ဖြစ်သည်...။
ခွေးက တအားဒေါကန်ပြီး ကျွန်တော့် ကို လိုက်ကိုက်တော့သည်...။ ကျွန်တော် ရင်ကော့ပြီး တအားထွက်ပြေးရ၏ ။ သူမ၏ အော်
ရယ်သံက အူလှိုက်သည်းလှိုက် အသံမျိုး...။နောက်ဆုံး ကျွန်တော် ပြေးရလွန်းလို့ အသက်ထွက်တော့မည် ။ သူမက ရယ်နိုင်တုန်း။ရန်လုံက ကျွန်တော့် ကို ခုန်အုပ်ပစ်လိုက်မှ
“ရန်လုံ...ပြန်လာခဲ့...”
ဟု စူးရှစွာ အမိန့်ပေးဖော်ရသည်။ ကျွန်တော့် မှာ တော် တော် နဲ့ အသက်ပုံမှန် ပြန်မရှုနိုင်။ သူမက ကျွန်တော့် အနားကပ်လာပြီး တိုးတိုးပြောသည်မှာ ....
“မောင်...တော် တော် လန့်သွားလား...ချစ်လို့ကျီစားတာပါဟယ်...”
ကျွန်တော် က သေတော့မည် ။ သူမကို မျက်စောင်းကြီးထိုးပစ်လိုက်ကာ..
“အေးပါ...မှတ်ထားပါ...နောက်တော့သိမယ်..”
ဟု မောဟိုက်သံကြီးဖြင့် ကြိမ်းရသည်။ သို့သော သူမကို မော့ကြည့်နေသော ကျွန်တော့် မျက်လုံးများ ထဲတွင် အချစ်တွေ ပြည့်သိပ်
နေခဲ့သည်...။
ထို့ကြောင့် ကျွန်တော် နှင့် သူမရဲ့ ချစ်သူဘ၀သည်စွန့်စားစရာတွေ နဲ့ ပြည့်နှက်နေခဲ့ပါသည်...ဟု ကျွန်တော် ပြောခဲ့တာ ဖြစ်၏ ။
သူမသည် သိပ်ချစ်စရာကောင်းပြီး...တစ်ခါတစ်ရံ သိပ်ကြောက်စရာကောင်းသည်...။
ပြီးတော့သူမရဲ့ ဖေဖေမသိအောင် ခိုးကြောင်ခိုးဝှက်စွန့်စားခဲ့ရတာ တွေ လည်း အများ ကြီးရှိခဲ့သေးသည်။ သူမကိုယ်တိုင်ကလည်း
စွန့်စွန့်စားစားလုပ်ရတာ ၊ စတန့်ထွင်ရတာ ၊ခိုးကြောင် ခိုးဝှက်လုပ်ရတာ ကို အင်မတန် ၀ါသနာထုံသူ ဖြစ်ရာ သူမကြောင့် ပင် ကျွန်တော့် မှာ အမြဲစတန့်မင်းသား ဖြစ်ခဲ့ရသည်။
နွေကျောင်းပိတ်ရက်တွေ မှာ သူမဖေဖေက သူမနှင့် မိုးနီကို မန္တလေးသို့ အလည်အပတ်ခေါ်သွားမည် ဆိုတော့ ကျွန်တော် ဘယ်လိုမှ ကျန်မနေနိုင်ဘဲ ငါးရန့် ပြာလူး ဖြစ်နေစဉ် သူမက ကျွန်တော့် ကို တစ်ခါမှ မချော့ဖူးဘဲ..
“မောင်ကလဲကွာ...တစ်ပတ်ပဲခွဲရမှာ ဘယ်လောက်ကြာမှာ မှတ်လို့...ပြန်လာတော့..မုန့်ဝယ်လာမယ်လေ...”
ဟု ချော့ဖော်ရသည်....။
“ဟေ့အေးကွာ...ချစ်နဲ့ တစ်ပတ်မပြောနဲ့ တစ်ရက်လေးတောင် မောင် မခွဲနိုင်ဘူး...”
“အံမယ်....ပိုလိုက်တာ...”
သူမက ချစ်စရာကောင်းသော မျက်စောင်းဖြင့် ကျွန်တော့် ဆီ ပစ်ပေါက်၏ ...။
“တကယ်ပြောတာ..”
“ဒါဖြင့် လဲ လိုက်ခဲ့ပေါ့...”
“ဟာ...ဘယ်လိုက်လို့ ရမလဲ..ချစ်တို့က ကားနဲ့သွားမှာ ဆို...ဘာလဲ မောင်က ရထားနဲ့ လိုက်ခဲ့ရမလား...”
“မောင်က တုံးသေးတာပဲ...ငါပြောတာ သေချာနားထောင်...မန္တလေးကိုသွားရင် ဖေဖေ့ဆလွန်းကားနဲ့ သွားမှာ မောင့်အဖေက မောင်းရမှာ မောင့်ကို ငါက ကားနောက်ဖုံးထဲဝှက်ခေါ်လာပေးမယ်..ကိုမိုးကိုလဲ ပြောပြထားမယ်...မောင် အထဲမှာ မွန်းမနေအောင် ငါနဲ.ကိုမိုး တစ်ယောက် တစ်လှည့်အကြောင်း အမျိုးမျိုးပြပြီး နောက်ဖုံးကိုမသိမသာဖွင့်ပေးမယ်..
မန္တလေးရောက်မှ မောင့်ကို ဖေဖေ မြင် ပစေ...ဖေဖေကမေးရင် မောင့်အဖေနဲ့ မခွဲနိုင်လို့ ခိုးပြီးလိုက်လာပါတယ်လို့ပြောပြီး ဖေဖေစိတ်မဆိုးအောင် တောင်းပန်လိုက်ပေါ့...မန္တလေးရောက်မှဆိုရင် ဖေဖေ နင့်ကိုမောင်းထုတ်လို့မရတော့ဘူးပေါ့ မောင်ရဲ့...”
သူမအကြံဥာဏ်ဖြင့် ကျွန်တော့် မှာ မန္တလေးသွားတဲ့တစ်လမ်းလုံး တစ်ကိုယ်လုံးနာကျင် ညောင်းချိပြီး...အမွန်းအကြပ်ခံကာ ချွေးတရွှဲရွှဲဖြင့် လိုက်ပါလာခဲ့ရသည်...။
မန္တလေးရောက်တော့မှ ပစ္စည်းတွေ ချပေးဖို့ နောက်ဖုံးလာဖွင့်သော ဖေဖေက ကျွန်တော့် ကိုတွေ့ သွားပြီး...အလန့်တကြား ဘုရားတ၏ ။ကျွန်တော် က သူမသင်ပေးထားတဲ့အတိုင်း..
“ဖေဖေနဲ့ မခွဲနိုင်လို့ပါ...ပြီးတော့မန္တလေးကိုလည်းရောက်ဖူးချင်လို့ပါ...”
ဟု ဆင်ခြေပေးပြီး...သနားစဖွယ် မျက်နှာငယ်ကလေးနှင့် နေပြရသည်။ သူမအဖေ သူဌေးက ကျွန်တော့် ကို ဆူပူဟိန်းဟောက်
တာကိုခံရ၏ ။ ဖေဖေက ကျွန်တော့် ကို နားရင်းအုပ်တာခံရ၏ ။ သူမက တစ်ဖက်သို့လှည့်ကာ ကျိတ်ရယ်နေ၏ ။မိုးနီ ကတော့ သူ
ဘာမှမသိသလို အူကြောင်ကြောင်မျက်နှာနှင့် နေ၏ ...။
ဘာပဲ ဖြစ် ဖြစ် သူမနှင့် ကျွန်တော် မခွဲရတော့သဖြင့် ကျွန်တော် စွန့်စားရကျိုး အသားအနာခံရကျိုးနပ်ပါသည်...။
ကျွန်တော် နဲ့ သူမရဲ့ ချစ်သူဘ၀ က အဲဒီ လို ဘ၀ မျိုး ဖြစ်၏ ...။
ထို့နောက်ကျွန်တော် တို့နှစ် ယောက် သည် တစ်ယောက် ကို တစ်ယောက် နှစ် ကိုယ့်တစ်စိတ်လို ချစ်မြတ်နိုးခဲ့ကြသည်။
အရှုးအမှုး စွဲလန်းမက်မောခဲ့ကြ၏ ...။
“မောင်ဟာ...ပိုက်ဆံမချမ်းသာတာတစ်ခုပဲ အပြစ်ပြောစရာရှိတာပါ...နင့်လောက် ငါ့အပေါ် ချစ်နိုင်တဲ့ သည်းခံစိတ်မွေးနိုင်တဲ့ယောက်ျားမျိုး ငါ ဘယ်မှာ မှ ရှာတွေ့  တော့မှာ မဟုတ်ဘူး...”
ဟု သူမက ကျွန်တော့် ရင်ခွင်တွင် ခေါင်းကလေးမှီကာ ယစ်ယစ်မူးမူး ပြောပြခဲ့သည်...။
“မောင် ပိုက်ဆံချမ်းသာအောင်လုပ်မှာ ပေါ့ ချစ်ရဲ့ ..ဆယ်တန်းအောင်ပြီးရင်..ချစ်ကတက္ကသိုလ်ဆက်သွား..မောင်က စီးပွားရေး လောကထဲ ခြေစုံပစ်ဝင်တော့မယ်...ပိုက်ဆံတွေ အများ ကြီးရှာမယ်...မောင့်ရည်ရွယ်ချက်တွေ ပြည့်တဲ့အခါ မောင်က မီလျံနာကြီးပေါ့...ချစ်က မီလျံနာကတော် ကြီးပေါ့...”
ကျွန်တော် တို့ နှစ် ယောက် သား အနာဂတ်ကို လှမ်းပြီးစိတ်ကူးယဉ်ကာပျော်ခဲ့ကြတဲ့အခါလည်းရှိသည်။ တစ်ယောက် ကို တစ်ယောက် စိတ်ဆိုးကာ ဒေါသတကြီး ရန် ဖြစ်ခဲ့ကြတဲ့အခါတွေ လည်းရှိသည်။ အမှန်တော့ သူမကသာ ကျွန်တော့် ကို အမြဲ
ရန်စခဲ့တာ ဖြစ်၏ ...။
ကျွန်တော် မသွားစေချင်သော ပါတီပွဲတချို့သို့ သူမက တက်လျှင် ဒါမှမဟုတ် ကျွန်တော် မကြိုက်သော ယောက်ျား တစ်ယောက် ယောက် နှင့် သူမ တွဲ လျှင် ကျွန်တော် တို့ ရန် ဖြစ်ကြရသည်။ကျွန်တော် မကြိုက်ကြောင်း သူမကိုပြောလျှင်...
“နင်မရှည်နဲ့ ပါးစပ်ပိတ်ထား...နင် ငါ့ အဖေ မဟုတ်ဘူး...”
ဟု ပက်ခနဲ ပြန်ပြောတတ်၏ ...။
“အေး...နင့်အဖေ မဟုတ်ပေမယ့်...ငါက နင့်ချစ်သူပဲ..ငါမကြိုက်တာ နင်မလုပ်ရဘူးပေါ့ ရဲရဲ...”
“ငါ့ကို လွှမ်းမိုးဖို့...နင့်မှာ ဘာအရှိန်အ၀ါရှိသလဲ..ပြော..”
“အေးပါ...တစ်နေ့ကျမှ နင့်ကိုငါ ငွေနဲ့ အရှိန်အ၀ါ နဲ့ ဖို့သတ်ပြမယ်...မှတ်ထား...”
“နင်နော်...ငါ့ကိုမအော်နဲ့ ...ငါကိုက်ဆွဲပစ်လိုက်မယ် ဘာမှတ်လဲ...”
“နင် ငါ့ကို ပြန်အော်နေတာကျတော့ရော...”
“ငါ စိတ်တိုနေတာကိုး...”
“သြော်...ဟုတ်တယ်...နင့် တစ်ယောက် တည်းမှာ ပဲစိတ်ရှိတယ်လေ...ငါ့မှာ တော့ စိတ်မရှိရတော့ဘူး...ဟုတ်လား...”
“နင့်မှာ စိတ်ရှိဖို့မလိုဘူး...ငါ့မှာ ပဲ စိတ်ရှိရမယ်...”
သူမကမတရားသဖြင့် ပြော၏ ...။ ကျွန်တော် တို့နှစ် ယောက် တစ်ယောက် ကို တစ်ယောက် အကြာကြီးပဲ စိုက်ကြည့်နေကြ၏ ..။
ကျွန်တော် ကပဲ အလျှော့ပေးနေကျ ဖြစ်ပါသည်....။
“အေး...ပြီးရော...ဒီနေ့ကစပြီး မောင့်ရဲ့ စိတ်မရှိတော့ဘူး...ချစ်စိတ်နဲ့ ပဲ မောင်နေမယ် ဟုတ်ပြီလား..ကဲ..”
“ချစ်တွေ မောင်တွေ နဲ့ လာပြောနေရအောင်...ငါကနင့်ရည်းစားမို့လို့လား..”
“ဘာ...ချစ်က မောင့်ရည်းစားမဟုတ်လို့ ဘယ်သူ့ရည်းစားလဲ...”
သူမက မထိန်းနိုင်တော့ဘဲ...ဟက်ဟက်ပက်ပက် ရယ်မောတော့သည်...။
“နင့်ကို ငါစိတ်ကောက်တယ်...ငါ့ကို ပြန်ချော့စမ်း မောင်...”
ဟု လည်း တင်တင်စီးစီးပြော၏ ...။
“ကဲ..မောင် ဘယ်လိုချော့ရမလဲ...ပြော..”
သူမကပျော့ပျောင်းသွယ်လျသော လက်ဖမိုးကလေးကို ကျွန်တော့် ဆီသို့ ထိုးပေး၏ ...။ကျွန်တော် က ချစ်မြတ်နိုးသော နမ်းခြင်းဖြင့် ရန်ပွဲကို အဆုံးသတ်ရမြဲ ဖြစ်ပါသည်....။
ကျွန်တော် တို့ နှစ် ယောက် သူမအဖေမသိအောင် ချိန်းတွေ့ သော နေရာမှာ ခြံအနောက်ဖက် ပိန်းစင်တွေ အောက်က ချောင်အကွယ်ကလေး ဖြစ်သည်။ထိုနေရာတွင် ကျွန်တော် တို့ နှစ် ယောက် ရှိနေတတ်ကြောင်း ...တစ်ခါတစ်ရံ ရေလာလောင်းသော ဒေါ်ကြီးပင်မသိလိုက်ရချေ။ ကျွန်တော် တို့နှစ် ယောက် သည် ရေရွှဲရွှဲစိုလျက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ အသံမထွက်အောင် ကျိတ်ရယ်မိကြသည်...။
“မောင်ရေ..နင့်ကိုချစ်မှ ငါလဲ လူစင်စစ်ကနေ သစ်ပင် ဖြစ်ပြီး ရေလောင်းခံနေရတော့တယ်...”
“ကောင်းတာပေါ့ချစ်ရဲ့ ..ကြည့်စမ်း ချစ်က ရေစိုနေတော့ သိပ်လှတာပဲ...အရုပ်ကလေးနဲ့ တူနေတယ်...”
“ဘာ အရုပ်လဲ....”
“ဘီလူးရုပ်ကလေး....”
“ရှုး...တိုးတိုး...လူတွေ ကြားကုန်မယ်...ဒီမှာ ချစ် ၊ မောင် ပြောပြမယ်...ချစ် မောင့်ကို ချစ်တယ် မဟုတ်လား...”
“အင်း...ချစ်တာပေါ့....”
“တစ်သက်လုံး ချစ်မှာ နော်..”
“အင်း ပေါ့”
“ဘယ်အချိန်ရောက်ရောက်...မောင့်ကိုသစ္စာရှိရှိစောင့်မှာ မဟုတ်လား...”
“အင်းပေါ့...စောင့်ရမှာ ပေါ့...”
“အဲဒါဆိုရင်...မောင်တို့သစ္စာဆိုကြရအောင်...”
“ဆိုလေ....”
“သူရဲကောင်းတွေ ကတော့ လက်မောင်းသွေးဖောက်ပြီးသစ္စာဆိုကြတယ်ချစ်ရဲ့ ...ဒါပေမယ့်ချစ်ရဲ့ လက်မောင်းကိုတော့ မောင်က ဘယ်ဖောက်ရက်မလဲ၊ ချစ် သိပ်နာသွားမှာ ပေါ့ အဲဒါကြောင့် မောင်တို့ လက်ညိုးထိပ်ကပဲ သွေးဖောက်မယ်...အဲဒီ သွေးကိုစုပ်ပြီး သစ္စာဆိုမယ်...မောင်ပြောတာသဘောတူလား...”
သူမသည်...မျက်နှာကလေးရှုံ့မဲ့သွားကာ....
“...အိုး...နာမှာ ပေါ့မောင်ရဲ့ ...ငါနာမှာ ကြောက်တယ်ဟဲ့...အမလေး...ငါ့လက်ညိုးကို အပ်နဲ့ ဖောက်ပြီး သွေးတွေ ထွက်အောင်လုပ်မယ်...သေတော့မှာ ပဲ...”
ဟု အလန့်တကြားပြောသည်။ ကျွန်တော် က အပ်ချောင်းထုပ်ယူကာ...
“ဒီမှာ ...အပ်က သေးသေးလေးပဲ ချစ်ရာ...မနာပါဘူး...သစ္စာဆိုပွဲတစ်ခုလုပ်တာပဲ...ဒီလောက်တော့အနာခံရမှာ ပေါ့...ချစ်ပဲမောင့်အပေါ် သစ္စာရှိမှာ ဆို...”
“...ပြီးရောလေ...ဒါပေမယ့် ငါ့ကိုမနာအောင်ဖောက်ပေး...နာလို့ ကတော့ နင်သေပြီသာမှတ်...ကဲ..ဖောက်...ဖောက်...”
ဟု ပြောကာ မျက်လုံးစုံမှိတ်ထားပြီး မနာအောင်အံကြိတ်ထားသော သူမကို ကျွန်တော် သိပ်ချစ်သွားခဲ့ပါသည်။ ကျွန်တော် သူမရဲ့ လက်ညိုးနုနုကလေးကို အပ်ဖြင့် ဖောက်ဖို့အတော် နာကျင်ဝန်လေးနေသေးသည်...။
သို့သော် မဖောက်လို့လည်းမ ဖြစ်...။တစ်နေ့ ကျွန်တော် တို့ ခွဲရမည် ဆိုလျှင် ကျွန်တော့် အတွက် ခိုင်မာသော မျှော်လင့်ချက်ဆိုလို့ ဒီသစ္စာဆိုမှု ကလေးပဲရှိမည် ။ အဲဒီ သစ္စာတစ်ခုပဲ ကျွန်တော့် ဆီမှာ ရှိမှာ ဖြစ်၏ ...။
အန္တရာယ်တစ်ခုကျရောက်လာတော့မည် ဆိုလျှင် ကျွန်တော့် ဘယ်ဘက်ရင်အုံဆီမှအောင့်မျက်မျက် ဖြစ်လာတတ်သည်။ခုရက်
ပိုင်းအတွင်းကျွန်တော် အဲဒီ လို ဖြစ်နေသည်။ဘာ ဖြစ်တော့မယ်ဆိုတာသာမသိ။ထို့ကြောင့် သူမနှင့် ကျွန်တော် သစ္စာဆိုထားကြဖို့ ကျွန်တော် စိတ်ကူးခဲ့ခြင်း ဖြစ်၏ ။
“ချစ်...ချစ်ကို မောင်သိပ်ချစ်တယ် သိလား...”
ကျွန်တော် လည်း မျက်လုံးစုံမှိတ်ပစ်လိုက်ကာ...သူမရဲ့ လက်ညိုးထိပ်ကလေးကို အပ်ဖြင့် စွပ်ခနဲ ဖောက်ချလိုက်တော့သည်.။
“...အား...သေပါပြီ...”
သူမက ကိုယ်ခန္ဓာကလေး ဆတ်ခနဲ တွန့်ကာ နာကျင်စွာ အော်လိုက်သည်။ ကျွန်တော် မျက်လုံးပြန်ဖွင့်လိုက်လျှင် ကျွန်တော့် မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်အိုင်လာ၏ ။သူမရဲ့ လက်ညိုးထိပ်ကလေးဆီမှ သွေးတွေ စီးကျကာ လက်ကလေးသည် တဆတ်ဆတ်တုန်နေသည်။သူမ၏ မျက်လုံးများ သည် ၀ိုင်းစက်နက်ရွှန်းကာကျွန်တော့် ကို တအံ့တသြကြည့်နေခဲ့ကာ ဘာစကားမှ မပြောခဲ့။
ကျွန်တော် အံတစ်ချက်ကြိတ်ပြီး ကျွန်တော့် လက်ညိုးထိပ်ကို အပ်ချွန်ဖြင့် ကိုယ့်ဘာသာ ဖောက်လိုက်၏ ။ ကျွန်တော့် သွေးက ပိုရဲရဲနီပြီး ပိုအားကောင်း၏ ။သူမသွေးက ပန်းရောင် သန်းကာ အနည်းငယ်သာထွက်၏ ။
“ကဲ...သစ္စာဆို ချစ်...ပြီးရင် ချစ်ရဲ့ သွေးကိုမောင်ကစုပ်မယ်..မောင့်ရဲ့ သွေးကို ချစ်က စုပ်ရမယ်...မောင်ပြောသလို လိုက်ပြောနော်...”
“အင်း...”
သူမက အလွယ်တကူ ခေါင်းညိတ်ပြ၏ ။ ကျွန်တော့် မျက်နှာထားနှင့် ကျွန်တော့် လုပ်ပုံကိုင်ပုံကို သူမ အံ့သြဆန်းကြယ်နေခဲ့ပုံရပါသည်...။
“ကျွန်တော် သွေးသောက်နှင့် ကျွန်မ သစ္စာရဲရဲနီသည် အသက်ထက်ဆုံး တစ်ယောက် ကို တစ်ယောက် သစ္စာရှိရှိ ချစ်ကြမည့် ချစ်သူများ ဖြစ် သွားပါပြီ...”
သူမအသံမှာ အနည်းငယ်တုန်ရီနေသလောက်...ကျွန်တော့် အသံက လေးနက်မှုဖြင့် စူးရှ ပြင်းပြနေခဲ့သည်။မုန်တိုင်းတစ်ခုလို ခိုင်မာ၍ အားကောင်းနေခဲ့သည်။
“သစ္စာဖောက်ခြင်းကို အသက်နှင့် လဲ၍ ကာကွယ်ပါမည် ....”
“အကယ်၍ .... တစ်ယောက် ယောက် က သစ္စာဖောက်ခဲ့ပါက...သစ္စာဖောက်သူသည် သစ္စာသင့်ပါစေသား နှလုံးသားတွင် ဒဏ်ရာနက်နက် ရပါစေသား...”
“အကယ်၍ .... တစ်ယောက် ယောက် က သစ္စာဖောက်ခဲ့ပါက...သစ္စာဖောက်သူသည် သစ္စာသင့်ပါစေသား နှလုံးသားတွင် ဒဏ်ရာနက်နက် ရပါစေသား...”
ထို့နောက် ကျွန်တော့် မျက်လုံးထဲတွင် ပြည့်အိုင်နေခဲ့သော မျက်ရည်တို့သည် ပါးပြင်ဆီသို့ လျောကျလိမ့်ဆင်းလာခဲ့သည်။ သူမကလည်း ၀မ်းနည်းလာသလို ငိုကြွေးပါသည်...။
ကျွန်တော့် လက်ညိုးထိပ်က သွေးနီရဲများ ကို သူမကစုပ်ယူပြီး၊ကျွန်တော် က သူမလက်ညိုးထိပ်ကလေးမှ ချိုအီသော သွေးနုနုကလေးများ ကို ချစ်မြတ်နိုးစွာ စုပ်ယူလိုက်သည်။ထို့နောက် သူမက ကျွန်တော့် ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ...
“မောင်က ချစ်ထက်တောင် ပိုချစ်တာပါ...”
ကျွန်တော် က သူ့ဆံနွယ်များ ကို တယုတယ နမ်းမွှေးပါသည်။ကျွန်တော့် ဘ၀တွင် အရာရာ ပြီးပြည့်စုံသွားသလို ခံစားရ၏ ..။
“ငါတို့ ခွဲရဦးမှာ လား မောင်...”
“မောင် ပိုက်ဆံတွေ ရှာရဦးမယ်လေ...ချမ်းသာအောင်လုပ်ရဦးမယ်...ဒီတိုင်း ထိုင်ချစ်နေရုံနဲ့ ဘယ်ပြည့်စုံမလဲ ခွဲတာတော့ ခွဲရဦးမှာ ပေါ့..ဘယ်နှစ် နှစ် ကြာမလဲ မသိဘူး...ခု...မောင်တို့သစ္စာဆိုပြီးထားပြီးပဲ....မောင်လဲသစ္စာမဖောက်ဘူး....ချစ်လည်းသစ္စာမဖောက်ကြေး....နော်..”
“အင်း...ငါ့ကိုစိတ်ချပါမောင်ရယ်...ငါ မောင်နဲ့ မခွဲနိုင်တော့ပါဘူ...နင် ငါ့ကို သိပ်ချစ်တာ ငါသိနေသရွှေ့နင့်ကိုမချစ်ဘဲ ငါမနေနိုင်ပါဘူး...”
အဲဒီ အချိန်ကစပြီးကျွန်တော် တို့ တစ်ယောက် ကို တစ်ယောက် နားလည်မှု အပြည့်ရသွားကြသည်။ ကျွန်တော် တိုကနှစ် ယောက် သည် တစ်သားတည်း ဖြစ်သွားကြသည်။ကျွန်တော် တို့ရဲ့ စိတ်တွေ တစ်စိတ်တည်း ဖြစ်သွားကြသည်။
ကျွန်တော် သူမကို အကြွင်းမဲ့ ယုံကြည်စိတ်ချသွားခဲ့သည်။ ကျွန်တော် တို့နှစ် ယောက် ရဲ့ လက်တွေ တင်းကြပ်စွာ ဆုပ်ကိုင်ထားကြသည်.....။
ထိုအချိန်တွင် ကျွန်တော့် ဘယ်ဖက်ရင်အုံဆီမှ အောင့်မျက်မျက် ခံစားချက်ကို ကျွန်တော် ခံစားရပြန်သည်။အဲဒီ ခံစားချက်ကိုကျွန်တော် သိပ်ကြောက်ပါသည်။
တကယ်လည်း သိပ်မကြာလိုက်ပါ။ကျွန်တော် သိပ်ကြောက်သော အန္တရာယ်သည် ကျွန်တော် တို့နှစ် ယောက် ထံသို့ကျရောက်ခဲ့တော့တာ ဖြစ်သည်.....။
အဲဒီ နေ့က ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တော့မည့် နေ့လည်း ဖြစ်သည်။ထိုနေ့သည် ကျွန်တော် နှင့် သူမဆီသို့မုန်တိုင်းကျရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ အဲဒီ နေ့မနက်က ဆယ်တန်းအောင်စာရင်းတွေ ထွက်သည်။ မိုးနီက ရိုးရိုးအောင်သည်။ ရဲရဲကတူးဒီပါပြီး ကျွန်တော် ကဖိုးဒီပါသည်။ အားလုံးပျော်ခဲ့ကြသည်။
ပျော်ခဲ့တဲ့သူတွေ ထဲမှာ ကျွန်တော့် အဖေလည်းပါသည်။ ကျွန်တော် ကိုယ်တိုင်ထက်တောင် အဖေက ပိုပျော်နေခဲ့သည်။
“ငါ့သားက ဇွဲသိပ်ကောင်းတဲ့ကောင်ကိုး...မှတ်ဥာဏ်ကလဲ သိပ်ကောင်းတာ...မင်းဆေးကျောင်းပဲဆက်တက်ရမယ်....
ကြားလား....သူဌေးကို အဖေပြောပြပြီးပြီ...ဆယ်တန်းအောင်တဲ့အထိတောင် သူဌေးက မင်းကို ကျောင်းထားပေးခဲ့တာပဲတဲ့
ငါ့သား ဘယ်လောက်ကံကောင်းထားလဲလို့.....”
“ဟာ...ကျွန်တော် ဆရာဝန်မ ဖြစ်ချင်ပါဘူး အဖေရာ...ကျွန်တော် က မီလျံနာ ဖြစ်ချင်တာ...ဆေးကျောင်းတက်မယ့်ခုနှစ် နှစ် ကိုကျွန်တော် အချိန်ဖြုန်းမနေတော့ဘူး...ခုနှစ် နှစ် ဆိုတာ ကျွန်တော့် ဘ၀ကို ကောင်းကောင်းပြောင်းလဲပေးမယ့် အချိန်ကာလဗျ..”
“မင်း...ခွေး ဖြစ်ချင်လို့လား သွေးသောက်...ဘာမှမလုပ်နဲ့ ...မင်း ဆရာဝန်ပဲလုပ်....”
“မလုပ်ဘူးဗျာ...ကျွန်တော် မှ ၀ါသနာမပါဘဲ...ကျွန်တော် ၀ါသနာမပါတဲ့အလုပ် ဘယ်တော့မှ မလုပ်ဘူး...”
ကျွန်တော့် ကို ပြောမရသဖြင့် အဖေမျက်ရည်ကျသည်။ကျွန်တော် က ဆုံးဖြတ်ပြီးလျှင် ဘယ်တော့မှ မပြင်တော့မည့် တဇွတ်ထိုးတဇောက်ကန်းသမား ဖြစ်ကြောင်း အဖေသိပြီး ဖြစ်၏ ။
“သိပ်ခေါင်းမာတဲ့ကောင်...မင်းကို သူဌေးနဲ့ ငါတိုင်မယ်...သူဌေးက ဆေးကျောင်းတက်လို့ အမိန့်ပေးရင် မင်းငြင်းနိုင်ဦးမလား....ပြောစမ်းပါဦး...”
ကျွန်တော် ဒီခြံထဲမှာ ခြောက်နှစ် သားအရွယ်ကတည်းက နေလာခဲ့သူ ဖြစ်သည်။ သူဌေးနှင့် တစ်ခါမှ မျက်နှာချင်းဆိုင်ပြီး စကားတစ်ခွန်းပြည့်အောင် မပြောခဲ့ဖူးခဲ့ပါ။သူဌေး ကလည်းကျွန်တော့် ကို ကျောင်းစရိတ်ထောက်ပံ့ရုံကလွဲပြီး ကျွန်တော် ရှိနေတယ်လို့တောင် ထင်ခဲ့ပုံမရပါ။
သူဌေးရဲ့ မောက်မာမှု တွေ ၊ မာနကြီးပြီး အဆင့်အတန်း ခွဲတတ်မှု တွေ ၊ဒေါသကြီးပြီး အော်ဟစ်ကြိမ်းမောင်းတတ်မှု တွေ ကို အဖေက တဆင့်သာ ကျွန်တော် ကြားခဲ့ဖူးသည်...။
“အဖေ့ သူဌေးက ကျွန်တော့် ကို သူ့အိမ်ပေါ်တောင်မတက်ခိုင်းတဲ့ဥစ္စာ...ကျွန်တော့် ကို ဆေးကျောင်းတက်ဖို့များ တကူးတကခေါ်တွေ့ ပါလိမ့်မယ်...အားကြီး...ကျွန်တော် ယုံအောင်လဲ ပြောပါအဖေရာ.....”
ကျွန်တော် က အဖေ့ကို စိတ်မတိုတိုအောင် ရန်စနောက်ပြောင်ပြီး ပြေးထွက်ခဲ့၏ ။ သို့သော် ကျွန်တော့် အထင်တွေ တက်တက်စင်အောင် လွဲခဲ့ကြောင်း သိပ်မကြာခင်တွင် ကျွန်တော် သိခဲ့ရပါသည်.....။
ကျွန်တော် တစ်ခါမှ မရောက်ဖူးသော သူဌေးရဲ့ စာကြည့်ခန်းထဲတွင် သူဌေးနှင့် ကျွန်တော် နှစ် ယောက် တည်း မျက်နှာချင်းဆိုင်တွေ့ ဆုံစကားပြောရလိမ့်မည် ဟု နောက်ဆုံးအချိန်ထိ ကျွန်တော် မသိခဲ့ချေ....။
သူဌေးတွင် လိမ္မာပါးနပ်သော ပိရိသော အကြံအစည်များ ၊ လှည့်စားမှု များ ၊ ၀ှက်ဖဲများ လည်းရှိကြောင်း ကျွန်တော် ထိုအချိန် က မသိခဲ့ချေ....။
ရဲရဲက သူမရဲ့ လသာဆောင်ကနေ လက်ကလေးနှစ် ဖက်ကို ပေါင်းမိုးလေးသဖွယ်လုပ်ပြလျှင် အဲဒါပိန်းစင်အောင်ကစောင့် ဆိုတဲ့အဓိပ္ပါယ် ဖြစ်၏ ။ ထို့ကြောင့် ကျွန်တော် က စောင့်နေကျ ခြံနောက်ဖက် ပိန်းစင်များ ဆီသို့ လျှောက်လာခဲ့သည်။ ကျွန်တော့် ဘယ်ဖက်ရင်အုံတွင် တလှပ်လှပ် ဖြစ်နေခဲ့၏ ....။
ပိန်းစင်အောက်တွင် ကျွန်တော် အသာထိုင်ကာစောင့်နေခဲ့သည်။ နောက် ငါးမိနစ်အကြာတွင် ရဲရဲရောက်လာ၏ ။ ကျွန်တော် တို့နှစ် ယောက် လက်ချင်းချိတ်တွဲ ကာထိုင်ကြ၏ ....။
“ မောင်...နင် ဆေးကျောင်းတက်ရလိမ့်မယ် သိလား...မနက်က ဖေဖေနဲ့ နင့်အဖေ ပြောတာ ငါကြားခဲ့ပြီးပြီ....”
“မောင် သိပြီးပါပြီ...အဖေနဲ့ တောင် ပြောခဲ့ပြီးပြီ..မောင်ဆရာဝန်ပညာကို ခုနှစ် နှစ် အချိန်ကုန်ပြီး မသင်တော့ဘူးချစ်...ခုနှစ် နှစ် ဆိုတဲ့ကာလဟာ မောင်ကြိုးစားရင် မီလျံနာမ ဖြစ်သေးတောင် လှေခါးတစ်ဝက်လောက် ရောက်လောက်ပြီ..။
ရိုးရိုးဆရာဝန်ဘွဲ့နဲ့ ...မောင်တို့ ဘာသွားလုပ်မလဲ..မောင် ဆရာဝန်မ ဖြစ်ချင်ဘူး ချစ်...”
“မောင် ဆေးကျောင်းတက်တော့...ငါနဲ့ မခွဲရတော့ဘူးပေါ့ဟဲ့...ငါက အဲဒီ လောက်ပဲမြင်တာ...မောင့်လောက်တော့...အမြင့်ကြီးမတွေးတတ်ဘူး...”
“မောင်က ချစ်နဲ့ ပိုပြီးတောင် မခွဲချင်သေးတယ်...ဆရာဝန်ခုနှစ် နှစ် မှာ ချစ်နဲ့ အမြဲတွေ့ နေရတာ တော့ ကောင်းပါတယ်...ဒါပေ မယ့်ချစ်ဖေဖေကချစ်ကိုရိုးရိုးဆရာဝန်ပေါက်စ တစ်ယောက် နဲ့ လွယ်လွယ်ကူကူ သဘောတူလိမ့်မယ်လို့များ ..ချစ်ထင်သလား....”
“အဲဒါလဲ ဟုတ်တာပဲ...ဖေဖေက ပိုက်ဆံသိပ်မက်တယ်...အဆင့်အတန်းလဲ သိပ်ကြည့်တတ်တာပဲ...အဲဒါကြောင့် မောင် ချမ်းသာအောင်လုပ်မယ့်ကိစ္စကို ငါမတားချင်ပါဘူး...မောင့်ကို ဖေဖေ့လက်အောက်က ဖေဖေ့ရဲ့ ကျေးဇူးစား မ ဖြစ်စေချင်ဘူး..
မောင့်ကို ကျေးဇူးတွေ ပိကုန်ပြီး....”
သူမစကားမဆုံးလိုက်ရပါ။ ခြံအနောက်ဖက်ထိ မောင်းလာသော ကားသံနှင့် အတူ ကျွန်တော် တို့ရှိရာသို့ လျှောက်လာသော ခြေသံတွေ ကြားရသည်....။
ကျွန်တော် တို့ နှစ် ယောက် ရဲ့ နေရာကို တစ်ယောက် ယောက် မြင်သွားခဲ့တာ သေချာပါသည်။ကျွန်တော့်  ဘယ်ဖက်ရင်အုံသည် ပိုပိုပြီးအောင့်လာခဲ့သည်.....။
ကျွန်တော် တို့ နှစ် ယောက် ရှိရာသို့ ရောက်လာသူနှစ် ယောက် မှာ ကျွန်တော် တို့ ဘယ်လိုမှ မျှော်လင့်မထားသော သူမဖေဖေနှင့် ကျွန်တော့် အဖေ ဖြစ်၏ ။ကျွန်တော် တို့နှစ် ယောက် သည် ကျားရှေ့မှော က်ရောက်ရှိသွားသော သားကောင်ကလေးတွေ လိုမျက်စိသူငယ် ဖြစ်လျက်ရှိသည်...။
သူမအဖေ၏ မျက်နှာပေါ်တွင် ဒေါသရိပ်များ ၊မလိုတမာရိပ်များ ၊ အဆင့်အတန်းခွဲခြားမှု များ ၊မုန်းတီးစက်ဆုပ်ရိပ်များ ကျွန်တော့် ကို သတ်ပစ်ချင်သော အရိပ်များ အရိပ်ရိပ်ဖြာ၍ လျှံကျနေသည်။
အဖေ့မျက်နှာပေါ်တွင် စိုးရွံ့တုန်လှုပ်ရိပ်များ ၊ ၀မ်းနည်းအားငယ်ရိပ်များ ၊ ကျွန်တော် ဒုက္ခ ဖြစ်တော့မည် ဟု ပူပန်သော ကရိပ်များ များ စွာ ဖုံးလွှမ်းလျက်ရှိ၏ ။
ကျွန်တော် သူမလက်ကို မြဲမြဲဆုပ်ကိုင်ထားပြီး ဘယ်တုန်းကမှ မရှိခဲ့သော သတ္တိနှင့် ရဲရင့်မှု များ ရောက်လာကာ ဦးသစ္စာနှင့် ရင်ဆိုင်လိုက်သည်...။
“သမီး...ကားပေါ်တက်နေ...မင်း...ငါ့ခြံထဲက ခုထွက်သွား...တစ်ခွန်းတည်းငါဆဲလိုက်မယ်...ခွေးမျိုး...”
ကျွန်တော် မတ်တပ်ရပ်လိုက်၏ ။
“ကျွန်တော် ....ဦးနဲ့ စကားပြောချင်ပါတယ်...ကျွန်တော့် ကို ပြောခွင့်ပေးပါ...အဲဒါနောက်ဆုံးအခွင့်အရေး ပါ အဲဒါပြောပြီးရင် ကျွန်တော် ဒီခြံကထွက်သွားမှာ ပါ...”
အဘိုးကြီး မျက်မှော င်ကြုတ်သွားကာ ကျွန်တော့် ကို ခက်ထန်စူးရှစွာ စိုက်ကြည့်သည်...။
“သူ့ကို စကားပြောခွင့်ပေးလိုက်ပါ ဖေဖေ..အဲဒီ အတွက် ဖေဖေ နောင်တ မရစေရပါဘူး...”
သူမသည် ကျွန်တော့် ဘ၀တွင် နောက်ဆုံးအချိန်မှာ မားမားဝင်ရပ်ပေးနိုင်ခဲ့သည်။ ကျွန်တော် နှင့် သူ မျက်လုံးချင်းအားပြိုင်ကြသည်။ သူ အကြာကြီးစဉ်းစားပါသည်။ နောက်တော့ မှ ခေါင်းညိတ်လိုက်၏ ....။
“ကောင်းပြီ...ငါ့သမီးကို အလို လိုက်တဲ့အနေနဲ့ မင်းကို အခွင့်အရေး ပေးမယ်...အဲဒါပြီးရင် မင်းကတိအတိုင်းပဲ....”
အဖေသည် ကျွန်တော့် အတွက် များ စွာ အိုမင်းရင့်ရော်သွားပုံရ၏ ....။
“ဦးညို....ခင်ဗျားသားကို သပ်သပ်ရပ်ရပ် ၀တ်ပေးပြီး ကျုပ်စာကြည့်ခန်းကို လွှတ်လိုက်....”
ဤမျှခမ်းနားကြီးကျယ်သော စာကြည့်ခန်းမျိုး ကျွန်တော့် ဘ၀တွင် ဒီ တစ်ကြိမ်သာ တွေ့ ဖူးပါသည်။ သူက သားရေနက်နောက်မှီကုလားထိုင်ကြီးပေါ်တွင် ဇိမ်ကျကျထိုင်ကာကျွန်တော် က မတ်တပ်ရပ်လျက်သား ဖြစ်၏ ။ သူကထိုင်ဟုမပြောမချင်းကျွန်တော် မထိုင်ပါ။ ပြီးတော့ ကျွန်တော် ခေါင်းလည်းငုံ့မထားပါ။ သူ့မျက်နှာကို သေသေချာချာ စိုက်ကြည့်၏ ....။
“မင်းမပြောခင်....ငါ မင်းကို မေးမယ်...ငါ့သမီးကို မင်း သိုက်တူးချင်တဲ့အကြံ ရှိတယ်မဟုတ်လား....”
“ကျွန်တော် ....သူ့ကိုတစ်ဘ၀လုံးစာနှစ် နှစ် ကာကာချစ်တာပါ...သူ့ကိုကျွန်တော် လက်ထပ်တဲ့အခါသူ့အရှိန်အ၀ါကိုကျွန်တော် မယူပါဘူး...ကျွန်တော့် အရှိန်အ၀ါနဲ့ သူ့ကိုလက်ထပ်မှာ ပါ...ကျွန်တော် သူ့ကိုမြင့်မြင့်မားမားထားနိုင်တဲ့ချမ်းသာကြွယ်ဝမှုမျိုးရမှ....သူ့ကို လက်ထပ်မှာ ပါ...
ကျွန်တော် လူငယ် တစ်ယောက် ပါဦး...ကျွန်တော့် မှာ ကြိုးစားဖို့ အချိန်တွေ ..အခြေအနေတွေ ... အခွင့်အရေး တွေ .. အများ ကြီးရှိပါတယ်...ကျွန်တော် အခွင့်အရေး သမားမဟုတ်ဘူး..။ ဒီကထွက်သွားပြီးရင်... ကျွန်တော် ချမ်းသာအောင်ကြိုးစား မယ်.. ကျွန်တော် ချမ်းသာမှပဲ ပြန်လာမယ် ... အဲဒီ အခါကျရင်သာ ... ဦးက ကျွန်တော် နဲ့ သူ့ကိုလက်ထပ်ခွင့်ပေးပါ့မယ်လို့ ကတိပေးပါ ..... ”
အဘိုးကြီးရဲ့မျက်နှာမှာ အထင်သေးစိတ်တွေ အထင်းသားနှင့် ရှံ.မဲ့နေသည်၊ လှောင်ရယ်ရယ်ဖို့လည်း ကြိုးစား သေးသည်။ နောက်တော့မှ သူသိက္ခာ သူပြန်ထိမ်းလိုက်ပြီး မရယ်တော့ပါ .... ။
“ နေပါဦး ... ငါ့သမီးကို ဘယ်လောက်ချမ်းသာတဲ့ ယောက်ျားနဲ့ ငါပေးစားမယ်လို့ မင်းက မျှော်လင့်ထားလို့လဲ .. မင်းကများ ငါ့ဆီက ကတိလာတောင်းနေရအောင် ...”
“ ဦးလိုချင်တဲ့ ပမာဏထိရအောင် ကျွန်တော် ကြိုးစားမှာ ပါ ...”
အဘိုးကြီးက တစ်ချက်ပြုံးပါသည် .. ။ ထိုအပြုံးထဲတွင် အဓိပ္ပါယ်များ စွာ လျှို့ဝှက်မှု များ စွာ ပါသွား၏ ...၊
“ လေတစ်လုံး မိုးတစ်လုံးပြောတဲ့ကောင်ကို ငါမလိုချင်ဘူး .... အပြောနဲ့ အလုပ်ညီတဲ့လူမျိုးကိုမှ ငါ ယောက်ျားလို့ သတ်မှတ်တယ်ကွ ... ကောင်းပြီ .. မင်းဟာ လူငယ် တစ်ယောက် ဖြစ်နေတဲ့အတွက် မင်းရဲ့ မျှော်လင့်ချက် .... မင်းရဲ့ ရည်ရွယ်ချက် ... မင်းရဲ့ အနာဂတ်ကို ငါ မဖျက်ဆီးဘူး ....
ငါ့သမီးကိုလည်း စိတ်မဆင်းရဲစေချင်ဘူး ... ဒါကြောင့် မင်းကို ငါအခွင့်အရေး တစ်ခုပေးမယ် .. လေးနှစ် အတွင်းမှာ မင်းသိန်းငါးဆယ်ပိုင်နိုင်အောင်ကြိုးစား .. အဲဒီ သိန်းငါးဆယ်နဲ့ ငါ့သမီးကို လာတောင်းနိုင်တဲ့နေ့မှာ မင်းကို ငါ့သမီးနဲ့ ပေးစားမယ် ... လေးနှစ် အတွင်း မင်းဆီက ဘာအဆက်အသွယ်မျိုးမှ ငါမလိုချင်ဘူး .... ငါ့သမီးဆီလဲ .. စာအဆက်အသွယ် လူအဆက်အသွယ် .. ဘာမှမလုပ်ရဘူး ... လုပ်ရင် ငါ့အဆိုးမဆိုနဲ့ ...
လေးနှစ် ပြည့်တာနဲ့ မင်းလက်ထဲမှာ သိန်းငါးဆယ်ချမ်းသာလာပြီဆိုတာနဲ့ ဒီခြံထဲကို မင်းပြန်လာနိုင်တယ် ... ဟုတ်ပြီလား ... ”
ကျွန်တော့် စိတ်တွေ ချက်ချင်း တက်ကြွလာခဲ့သည်။ ကျွန်တော့် မှာ အလွန်ကြီးကျယ် ခမ်းနားသော မျှော်လင့်ချက် တစ်ခုရပြီ ... ။ ကျွန်တော့် ဘ၀တစ်ခုလုံးနှင့် ရင်းနှီးပြီး ချစ်မြတ်နိုး မက်မောရသော မိန်းကလေး တစ်ယောက် အတွက် ကျွန်တော့် ရဲ့ အနာဂတ် ရှိနေပြီ .... ။
ကျွန်တော် ကျေကျေနပ်နပ်ပင် သဘောတူခဲ့ပါသည်။ ဒါဟာစွန့်စားခန်းတစ်ရပ်ပဲ .. ။ ဧရာမ စွန့်စားခန်းပဲ ဖြစ်သည်။
“ ကျွန်တော် ကတိပေးတယ် ... ဦး ... ကျွန်တော် ကြိုးစားမယ် ... လူငယ်တွေ ရဲ့ မျှော်လင့်ချက်နဲ့ ဘ၀တွေ ကိုရိုက်မချိုး ပစ်ခဲ့တဲ့ ဦးကို ကျွန်တော် ကျေးဇူးတင်ပါတယ် ... လေးလဲ လေးစားပါတယ် ...”
“ ကောင်းပြီ ... တစ်နာရီအတွင်း မင်း ဒီခြံထဲက ထွက်သွားတော့ .. မင်းအဖေကို စိတ်ချသွား .. သူဟာငါ့အတွက် အကောင်းဆုံး ဒရိုင်ဘာဘဲ ... သူ့နေရာမှာ တခြားဘယ်သူ့ကိုမှ အစားမထိုးနိုင်တဲ့ အတွက် .. သူ့ကို ငါ အလုပ် ထုတ်မပစ်ဘူး .... ”
ကျွန်တော် တက်ကြွဖျတ်လတ်စွာ အခန်းထဲမှ လှည့်ထွက်လာခဲ့သည်။ ကျွန်တော့် လက်ထဲမှာ လှပသော အနာဂတ် တစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက်ရှိပါသည် .... ။
ကျွန်တော် သူမရဲ့ လသာဆောင်ကို နောက်ဆုံးအနေနဲ့ လှမ်းကြည့်လိုက်သည်။ လသာဆောင်ပေါ်ကနေ မျက်ရည် စီးကြောင်းများ ဖြင့် ဆံပင်များ တလွင့်လွင့်၊ ဂါဝန်ကလေးကတလွင့်လွင့်ဖြင့် ကျွန်တော် ရှိရာသို. ငုံ့ကြည့်နေခဲ့သော ကျွန်တော့်  ချစ်သူရဲ့ နောက်ဆုံးပုံရိပ်ကလေးကို နောင်ကာလတော် တော် ကြာတဲ့အထိ ကျွန်တော် မမေ့နိုင်အောင် ရှိခဲ့သည် ... ။
သိပ်ချစ်စရာကောင်းတဲ့မိန်းကလေး ဖြစ်၏ ...။ သူမနှုတ်ဆက်ခဲ့ပုံမှာ ဘယ်တော့မှ မမေ့နိုင်စရာ ဖြစ်သည်။ ပထမဆုံး လက်ဖ၀ါးကလေးတွင် သူမနှုတ်ခမ်းကလေးဖြင့် တအားဖိကပ်နမ်းကာ အနမ်းရှိနေသော လက်ဖ၀ါးကလေးကိုဖြန့်လျက် ကျွန်တော့် ဆီ အနမ်းလွင့်လာအောင် နှုတ်ခမ်းကလေးဖြင့် ဖူးကနဲမှုတ်လိုက်သည် ... ။
ကျွန်တော် ကလည်း မညံပါ။ ကျွန်တော့် ဆီ လွင့်လာသည့် အနမ်းကလေးကို အောက်ကနေ လက်ခုပ်နှစ် ဖက်ဖြင့် ဆီးဖမ်းသည့်ဟန်ပြုပြီး ... ကျွန်တော့် အင်္ကျီအိတ်ထဲ ထည့်လိုက်သည်။ ပြီးတော့ ကျွန်တော် ကလည်း သူမပုံစံအတိုင်း ကျွန်တော့်  အနမ်းကို သူမဆီပို့၏ ၊ သူမကလည်း ကျွန်တော့် ပုံစံအတိုင်း ဖမ်းယူသိမ်ဆည်း၏ ။ အဲဒါသည် ကျွန်တော် တို့ နှစ် ယောက် ရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်း ဖြစ်ကြောင်း အဲဒီ အချိန်က ကျွန်တော် ရော သူပါ မသိခဲ့ကြပါ ... ။
ဘ၀အသစ်ကို စတင်တော့မည့်  ကျွန်တော် လက်ထဲမှာ အဖေ အနှစ် နှစ် အလလက စုဆောင်းထားခဲ့သော ငွေငါးရာ တိတိသာပါခဲ့သည်။ ပြီးတော့ သူမလက်ဆောင်ပေးဖူးသည့် ရှပ်အင်္ကျီနှင့် ဂျဲင်း(န်)ဘောင်းဘီပါသည်။ ပြီးတော့ “သူရဲကောင်း အတွက် .. ” ဆိုတဲ့ သူမလက်ရေး ၀ိုင်းဝိုင်းကလေးများ နှင့် ခြောက်သွေ့ညိုမည်းနေသော နှင်းဆီနီပွင့်ခြောက်များ ပါသည်။ ကျွန်တော့် အိတ်ထဲတွင် သူမရဲ့ အနမ်းကလေးပါသည်။ ရည်ရွယ်ချက်များ ၊ တက်ကြွဖျတ်လတ်မှုများ ၊ မျှော်လင့်ချက်များ ၊ စိတ်ကူးစိတ်သန်းများ ၊ အတွေးအခေါ်များ သတ္တိများ တစ်ကိုယ်တော် စွန့်စားမှုများ ပါသည် ...။
ကျွန်တော့် စိတ်ကူးမှာ နယ်စပ်ဒေသသို့ရောက်အောင်သွားမည် ။ နယ်စပ်ဒေသကတစ်ဆင့် ဟိုဖက်တိုင်းပြည်နဲ့ စီးပွားရေး ပေါင်းကူးတံတားတစ်ခု ဖြစ်အောင် ကျွန်တော် တည်ဆောက်မည် ။ အဲဒါ ကျွန်တော့် အဓိက ရည်ရွယ်ချက် ဖြစ်သည် .။
ကျွန်တော် ပထမဆုံးသွားသော နေရာမှာ ကျွန်တော့် ချစ်သူရဲ့ အကူအညီဖြင့် စွန့်စွန့်စားစား ရောက်ခဲ့ဖူးသော မန္တလေးမြို့ ဖြစ်သည်။
![]() တိတ်ဆိတ်နက်ရှိုင်းသော သက်သေ | ![]() စိတ်ဖတ်သူ | ![]() ရင်ချင်းဆက် သူငယ်ချင်း |