
ရဲဘော်ဖခင်၏ မှတ်တမ်း
ဤအချိန်သည် ဂျပန်၏ အကူအညီဖြင့် မြန်မာပြည်ကြီး၏ လွတ်လပ်ရေး ရတော့မ ယောင် ယောင် အရိပ်အယောင်များ သန်းနေချိန် ဖြစ်ပါသည်။
တစ်သက်တွင် တစ်ခါမျှ ၀မ်းမမြောက်ဖူးသော ၀မ်းမြောက်ခြင်းမျိုးဖြင့် ကျွန်တော့်တွင် ၀မ်း မြောက်နေပါသည်။ ကျွန်တော် ၏ တစ်သက်တွင် လွတ်လပ်ရေး ဆိုသည်မှာ ရွှေ ဖြစ်ငွေဖြင့် အဂ္ဂိရတ် ထိုးသော ဆရာကြီးများ ကဲ့သို့ နောက်ဆုံး၌ ပျာပုံသာ ဖြစ်မည် ဟု စိတ်တွင် အောက်မေ့မှတ် ထင်ခဲ့ သည်။
ယခုမူ ကျွန်တော် ၏ နားတွင် ကြား၍ နေသော လွတ်လပ်ရေး အသံဗလံများ ကြောင့် ယခု လောက် ၀မ်းမြောက်ခြင်း ဖြစ်ပါသည်။
ကျွန်တော် ၏ အခြေအနေမှာ စစ်ဒဏ်ကြောင့် ဥစ္စာပစ္စည်းများ ပျက်စီးဆဲရှိပါသည်။ မျက်စိ လည်း တစ်နေ့ထက်တစ်နေ့မှု န်၍ နေသည်။ လူလည်း ၀မ်းကိုက် ရောဂါ ၊ စိတ္တဇ ရောဂါ နှစ် မျိုး နှိပ်စက် လျက်ရှိပါသည်။ ကျွန်တော့်အခြေအနေမှာ အဖက်ဖက်မှ လုံးလုံး၊ မျှော်လင့်စရာ မရှိလောက် အောင် ဖြစ်နေပါသည်။ သို့ သော် ကျွန်တော့်မှာ အားကိုးအားထား သား တစ်ယောက် ရှိပါသည်။
သူ့အသပ်မှာ ၁၆နှစ် ထဲသို့ ရောက်ပြီ။ ကျွန်တော် သူ့ကို အထူးအားကိုးမိသည်။ ကျွန်တော့် အခြေအနေရှေ့ကို မည် မျှဆိုးရွားသွားစေကာမူ သူသည် ကျွန်တော့ကို တစ်နည်းနည်း ဖြင့် အကူအ ညီပေးနိုင်မည့် သား တစ်ယောက် ရှိသေးခြင်းကြောင့် ရှေ့ရေး ကို မတွေးဘဲအဖက်ဖက်မှ နွမ်းပါးသည့်တိုင် စိတ်ချမ်းသာလျက်ရှိပါသည်။ မကြာမီသူသည် ကျွန်တော့်ကို အသိမပေးဘဲ တိတ်တဆိတ် တပ်မတော် ထဲသို့ ၀င် သွားပါသည်။
ကျွန်တော် အထူး တုန်လှုပ်၍ သွားပါတော့သည်။
ရှေ့ကို ဘာ ဖြစ်မည် ဟု ကျွန်တော့်ဘ၀အခြေအနေအကြောင်း ကျွန်တော် သိသဖြင့် တုန်လှုပ်ခြင်း ဖြစ်ပါသည်။ သူသည် ကလေးအရွယ်မျှသာရှိသေးသည်။ စိတ်ကလည်း ထက်တုန်း အရွယ် စစ်ထဲဝင်ရန် အလွန်စိတ်ထက်သန်လျက်နေသဖြင့် ကျွန်တော် တားပါသေးသည်။ တား၍ မရပေ။ ကျွန်တော့် ကို အသိမပေးဘဲ စစ်ထဲဝင်သွားသည်။
ကျွန်တော် သူ့ကို ကျပ်ကျပ်တည်းတည်းတော့ မတားမြစ်မိပါ။ တားတယ်ဆိုရုံသာ တားပါ သည်။ ဇွတ်အတင်းအကျပ် မတားခြင်းမှာ ကျွန်တော့်တွင် ရည်ရွယ်ချက်နှစ် ရပ်ရှိပါသည်။ သူ၏ ရှေ့ ကြီးပွားရေး နှင့် ကျွန်တော် ကိုယ်တိုင်ကလည်း မျိုးချစ်စိတ်ထက်သန်သူ ဖြစ်၍ မြန်မာပြည်ကြီး အစွန့် ရှည်ကြာစွာ တည်တံ့သော လွတ်လပ်ရေး မျှော်မှန်းချက် ဖြစ်ပါသည်။
သူစစ်ထဲဝင်သွားကြောင်းကို ကျွန်တော် ၏ ဆွေမျိုးညာတိများ နှင့် မိတ်သင်္ဂဟများ သိလာကြ သည်။ အချို့မှာ ဆင်းရဲနွမ်းပါးသော ကျွန်တော် ၏ ဘ၀ကို သိ၍ အပြစ်ပြောကြသည်။ အချို့လည်း အပြစ်မပြောကြ။ အချို့မှာ ကျွန်တော့်သားကို အားကျ၍ သူတို့သားများ ကို အဆက်အသွယ်ရှိရာ စစ်ထဲသို့ သွင်းလိုက်ကြသည်။ အချို့ကမူ လူငယ်များ ၏ တက်ကြွသော စိတ်ကိုမရှူဆိတ် မနာလို ၍ လည်းကောင်း၊ မျိုးချစ်စိတ်မရှိ၍ လည်းကောင်း၊ အမျိုးမျိုးချိုးနှိမ်ရှုတ်ချ ကဲ့ရဲ့ ပြစ်တင်စကားပြော လာကြပါသည်။
ဤလူစုနှင့် ကျွန်တော် နှင့် သဘောချင်း မတိုက်ဆိုင်၍ အတိုက်အခံပြောရတော့သည်။
သူစစ်ထဲဝင်ပြီး ကျွန်တော့်အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပါသည်။ စစ်ဒဏ် ကိုလည်း တစ်နေ့တခြား ကုန်ခံနေရပါသည်။ ရောဂါ ကလည်း နေ့ဆက်ရက်ဆက် နှိပ်စက်လျက်ရှိ ပါသည်။ မျက်စိလည်း အားနည်းသထက် နည်းနေပါသည်။ ဆေးဖိုးဆေးခနှင့် စားသောက်ရသည့် တန်ဖိုးကလည်း အဆပေါင်းများ စွာ တတိုးတည်းတိုးနေသည်။ ကျွန်တော့်မှာ သူများ နည်းတူ မရှာ နိုင် မဖွေနိုင်သည့်အထဲတွင် မတန်တဆ သုံးစွဲနေရသဖြင့် ဘာပစ္စည်းတစ်ခုမျှ ကျွန်တော် ထံ၌ အားကိုးရန် အဖိုးထိုက်အဖိုးတန် မကျန်တော့ပါ။
ကျွန်တော် ၏ တဲတွင် သူခိုး သုံးကြိမ်ခိုးခံရပါသည်။ အလစ်ဝင်၍ လည်း ငါးကြိမ်အဆွဲခံရပါ သည်။ ကျွန်တော့်၌ ကုန်သမျှပစ္စည်း စောင်၊ ခြင်ထောင်၊ အ၀တ်အစားနှင့်တကွ အဖိုးတန်တာက လေးတွေ မှန်သမျှ ကုန်ဆုံး၍ သွားပါပြီ။
ဒုက္ခတွေ ၀ိုင်းဝိုင်းလည်နေသည့်တိုင် ကျွန်တော့်စိတ်rပျက်ပါ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟုစိတ်တင်း၍ ထားပါသည်။ ကျွန်တော် ၏ သားသည် တနင်္ဂနွေနေ့တိုင်း ကျောင်း အား၍ အိမ်သို့ ပြန်လာပါသည်။ အားပါးတရ ရွှင်လန်းဝမ်းမြောက်စွာ ပြောပြသော သူ၏ စစ် ပညာနှင့် သူ၏ နေရေး ထိုင်ရေး များ ကို ကြားရတိုင်း ကျွန်တော် ပီတိ ဖြစ်မိသည်။
ထိုနေ့သည် တနင်္ဂနွေနေ့ ဖြစ်ပါသည်။ နံနက်စောစောအချိန်ကစ၍ သူ့ကိုတစ်မနက်လုံး ကျွန်တော် မျှော်လျက်နေပါသည်။ ၁၁နာရီလောက်တွင် သူရောက်လာသည်။
သူ၏ နှမကလေးများ က သူလာလျှင် စားရန်ဖွယ်ဖွယ်ရာရာမရှိသော်လည်း ရှိသမျှကလေး ကို စားကောင်းအောင် ချက်ပြုတ်၍ ထားကြသည်။ နှမများ ချက်ပြုတ်ထားသမျှကို အားရပါးရ သူ ထိုင်စားနေသည်။ သူအားရပါးရ စားနေပုံကို ကြည့်၍ ကျွန်တော် ၀မ်းနည်းမိပါသည်။ သူ့နှမများ သူ့ အတွက် အကောင်းဆုံးစီမံထားသော ဟင်းမယ်မှာ ပဲပြုတ်၊ ငပိထောင်းမျှသာ ဖြစ်ပါသည်။
“သူတော့ နေ့စဉ်နေ့တိုင်း စစ်ကျောင်းမှာ ၀က်တစ်မျိုး ကြက်တစ်မျိုး ငါးတွေ အမျိုးမျိုး ဟင်းမယ်ပေါင်းစုံနဲ့ အဆီအဆိမ့်တွေ စားနေရတယ်။ ခုလို ငပိထောင်းနဲ့ပဲပြုတ်ကို အိမ်ကလူတွေ ၀မ်းသာအောင် မစားချင်ဘဲနဲ့ သူဟန်လုပ်စားနေတယ်”
ကျွန်တော် သည် ဤအတွေးဖြင့် သူ့ကိုကောင်းကောင်းကလေးမှ မကျွေးနိုင်ပါကလားဟု တွေးတောဝမ်းနည်းမိခြင်း ဖြစ်ပါသည်။
“သားရေ…အကြောင်းကိစ္စအထူးရှိရင် မင်းဆီကို စာပေးလို့ရသလား”
စားသောက်ပြီးသော အခါ ခါတိုင်းကဲ့သို့ ၀ိုင်းဖွဲ့၍ စကားပြောကြပါသည်။
“ရပါတယ် အဖေရဲ့ …. မောင်ခင်မောင် နံပါတ် ၁၂၊ မူလတန်းစစ်ပညာသင်ကျောင်း၊ ပဉ္စမ အပတ် မြန်မာ့တပ်မတော် လို့ရေး လိုက်ရင် ရောက်ပါတယ်”
“ဂျပန်တွေ မင်းတို့ကို သိပ်ပါးရိုက်တယ် ပြောကြတယ် ဟုတ်သလား”
“ရိုက်တာပေါ့ အဖေရဲ့ ”
သူက ခပ်ပြုံးပြုံး ပြန်၍ ပြောပါသည်။
“ဒီအတိုင်းဆိုရင် မင်းတို့ကို စော်ကားတာပေါ့”
ကျွန်တော့်မျက်နှာ မှု န်သွားခြင်ကို သူကကြည့်၍ အပြုံးမပျက် ပြန်ပြောပါသည်။
“စော်ကားတယ် ဘယ်ဟုတ်မလဲ အဖေရဲ့ …သူတို့က ဆရာ၊ ကျွန်တော် တို့က တပည့်၊ ဆရာကတပည့်ကို ဘယ်မှာ စော်ကားပါ့မလဲ၊ စစ်ပညာ တတ်စေချင်တဲ့စိတ်နဲ့ ကြိုးကြိုးစားစားသင် ပေးတာပဲ၊ ကျွန်တော် တို့က မလိုက်နိုင်လို့ ဖျင်းလို့အရိုက်ခံရတာ ပဲ”
ကျွန်တော် က မျက်မှော င်ကြုတ်၍ ပြန်ပြောလိုက်သည်။
“ဆုံးမတာတော့ ဆုံးမတာပေါ့ကွယ်….ပါးစပ်နဲ့လည်း ဆုံးမလို့ရတာ ပဲ။ ကြိမ်လုံးနဲ့လည်း ရတာ ပဲ၊ ခုလို ပါးရိုက်တာက စော်ကားတာနဲ့ တူမနေဘူးလား”
ပါးရိုက်တာ ကျွန်တော် မကြိုက်မှန်းသူသိ၍ ခပ်တွေ တွေ ကလည်း ပြန်၍ ပြောသည်။
“ဒါ ကတော့ အဖေရယ်…သူတို့ ဘယ်လိုပဲလုပ်လုပ် ကျွန်တော် တို့ ရည်ရွယ်ချက် ကတော့ ပညာရဖို့ပဲ၊ ခုနေအခါမှာ ပါးရိုက်ရုံမကလို့ ဖနောင့်နဲပဲ ပေါက်ပေါက်၊ဒူးနဲ့ဘဲ တိုက်တိုက်ခံရမှာ ပဲ၊ စစ်ပညာတတ်တာသာ ပဓာနပါ အဖေရယ်”
“အစားအသောက် ကောင်းကောင်းကျွေးပြီး ခုလိုစစ်ပညာသင်ပေးတာတော့ ကျေးဇူးတင် တာပေါ့ကွယ်….ဒါပေမယ့် ပါးနားရိုက်တယ်ဆိုတော့ အဖေစိတ်ဘယ်ကောင်းမလဲ”
“အစားအသောက်လား”
သူသည် ငေါ့၍ ပြောလို၍ လား၊ သို့ မဟုတ် ၀မ်းမြောက်သွား၍ လား ကျွန်တော် မခွဲခားနိုင် လောက်အောင် နဂိုမျက်နှာပုံပန်းမျိုးမှ မချိုမချဉ်မျက်နှာမျိုးပြင်၍ ပြောလေသည်။
“အစားအသောက် ကတော့ အဖေတို့ အပြင်မှာ သာ ဆီရှားတယ်။ ဆားရှားတယ်။ ကြက် သွန်၊ ငရုတ်အကုန်ရှားတယ်။ ကျွန်တော် တို့ဆီမှာ တော့ ဘာမှမရှိဘူး။ တစ်ခါတလေရွှေဖရုံသီးပြုတ် နဲ့ ကျွေးတယ်၊ ကံကောင်းတဲ့ တစ်ခါတလေတော့ အမဲသားလေးရပါရဲ့ ၊ဆားတောင်မပါဘူး။ မကျက်တကျက်ပေါ့ အဖေ”
ကျွန်တော့ရင်ထဲ၌ ဘယ်လို ဖြစ်သွားမှန်းမသိပါ။ မျက်နှာကျောတင်းတင်း အသံတုန်တုန် ယင်ယင်ဖြင့် ပြန်ပြောလိုက်ပါသည်။
“ဟင်…မင်းတို့ ဒီလိုဖြင့် ပါးနားအရိုက်ခံပြီး ဇရပ်ထဲက ခွေးလောက်မှ ကောင်းကောင်းမစား ရဘဲနဲ့ကွာ….မင်းတို့ ဘာကိုမျှော်လင့်ပြီးနေကြတာလဲ၊ ထွက်လိုက် ထွက်….တို့ဟာတို့ ဖြစ်သလို လုပ်ကိုင်စားမယ်”
သူသည် ဟက်ဟက်ပက်ပက် အားရပါးရ ရယ်မော၍ နေပါသည်။ ရယ်မောပြီး ကျွန်တော့် ကို လေရှည်ကြီး တရားဟောပါလေသည်။
“အဖေတို့ မှားတာပေါ့၊ ကျွန်တော် တို့ဟာ ကောင်းကောင်းစား ကောင်းကောင်းအိပ်ပြီး စည်း စိမ်ခံဖို့ စစ်တပ်ထဲ ၀င်တာမှမဟုတ်ဘဲ၊ မြန်မာပြည် လွတ်လပ်ဖို့၊ မြန်မာလူမျိုး လွတ်လပ်ဖို့၊ မြန်မာ ပြည်ကြီး လွတ်လပ်ရေး တကယ်ရပြီး တည်တံ့သွားရင် ကျွန်တော် တို့ကောင်းစား၍ ဒါတွေ ကို ရည်ရ ရွယ်ပြီး အစားအသောက် မကောင်းတာမပြောပါနဲ့။ အသက်တောင်စွန့်ပြီး တိုက်ရင် တိုက်ရဦးမယ်။ ဒါနဲ့မှ ကံကောင်းလို့ မသေဘဲ ကျန်ရင် မြန်မာပြည်ကြီး လွတ်လပ်ရေး ရပြီး အထက်တန်းရောက်မှာ တွေ့ ရမှာ ပေါ့။ ဒီလိုအဆင်းရဲအပင်ပန်းခံပြီး မလုပ်ချင်ဘဲ ရှောင်နေရင် အနစ်နာမခံကြရင် ဘယ် မှာ အသာစံစရာရှိတော့မလဲ အဖေရဲ့ … ကျွန်ဘ၀က ဘယ်တော့လွတ်ကြဦးမလဲ”
ကျွန်တော် ဘယ်လိုများ စိတ်ထိခိုက်မှန်းမသိပါ။
“ကျွန်တော် တို့ဒုက္ခခံပြီး သူတော့စစ်ထဲမှာ ကောင်းကောင်းစားသောက်နေရလိမ့်မယ်” အောက်မေ့၍ စိတ်အေးချမ်းသာ ဖြစ်နေရာတွင် သူပြောတာတွေ ကြားလိုက်ရသဖြင့် အလွန်စိတ် မချမ်းမသာ ဖြစ်၍ သွားပါသည်။ ကျွန်တော့်မှာ စကားကိုမပြောနိုင်တော့ဘဲ သူ့ကိုအကြောင်သား ငေးကြည့်ပြီး သူပြောသမျှကို နားထောင်၍ နေမိသည်။
“နို့….မင်းလာတိုင်း မင်းနှမလေးတွေ ကို မနက်ကြက်သား ည၀က်သား အမျိုးမျိုးစားရ တယ်ဆို၊ နေရေး ထိုင်ရေး မလဲ ညီမများ တောင် သူတို့လောက် ဒုက္ခခံပြီး မစောင့်ရှောက်နိုင်ဘူးလို့ မင်းပြောပြောသွားတာတွေ ဟာ ခုတော့အလကားပေါ့”
ကျွန်တော် က ယူကျုံးမရ ပြောလိုက်သည်။
“အလကားတော့ ဘယ်ဟုတ်မလဲ၊ ဟုတ်တာလည်း ဟုတ်တာပေါ့၊ မဟုတ်တာလည်း အဖေတို့ စိတ်ချမ်းသာအောင် မဟုတ်တာပြောရတာ ပေါ့၊ အဖေတို့သာ ကောင်းကောင်းမွန်မွန်နေ ကြပါ။ ကျွန်တော့်အတွက် စိတ်လည်း ဘယ်လိုမှ မထားပါနဲ့တော့။ စွန့်လွှတ်ထားပါတော့။ သွားမယ် အဖေ…၁၂နာရီထိုးနေပြီ။ မမှီဘဲနေလိမ့်မယ်။ မမီရင် ဒဏ်ခံနေရမယ်”
သူသည် ပြောပြောဆိုဆို ထ၍ သွားရန် ပြင်ဆင်၍ နေပါသည်။
ကျွန်တော် ဘာမျှထပ်၍ မပြောနိုင်ပါ။ စိတ်လည်းဆိုး၊ ၀မ်းလည်းနည်းမိသည်။ ကျွန်တော် ထင်နေတာက တစ်မျိုး၊ ဖြစ်နေတာက တခြား၊ ကျွန်တော့်မှာ သူစစ်ထဲဝင်သွား၍ သူကောင်းစား လျက်ရှိသည်။ ရှေ့၌ ပိုမို၍ ကောင်းစားဦးမည် ။ မြန်မာပြည်ကြီး ဤလူငယ်များ ၏ ဇွဲသတ္တိဖြင့် လွတ် လပ်ရေး ရမည် ။ ဤလူငယ်များ ၏ အကြံဉာဏ်အားဖြင့်ရသည့် လွတ်လပ်ရေး သည် အရှည်သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည် ဟု ကျွန်တော် အဆင်းရဲခံကာ အမျိုးမျိုးစိတ်ကို တင်း၍ နေသည်တွင် ယခုလို ဆင်းဆင်းရဲရဲနှင့် ညှင်းဆဲနှိပ်စက်ခံနေရရုံမကဘဲ နောက်ထပ်အသက်လည်း စွန့်ရဦးမည် ။ ကျွန် တော် ၏ အခြေအနေမှာ လည်း ခွက်ဆွဲ၍ တောင်းစားဖို့ရန်သာ ရှိပါတော့သည်။
ကျွန်တော် အဖက်ဖက်မှ အမျိုးမျိုးတွေးတောလျက် မျက်ရည်များ ကျ၍ လာပါသည်။ သူ့ နှမလေးက ငွေ သုံးကျပ် သူ၏ လက်ထဲသို့ ထည့်လိုက်သည်။ သူသည် ကျွန်တော် ၏ မျက်နှာကို မကြည့်တော့ဘဲ ခပ်သုတ်သုတ်ကလေး ထွက်၍ သွားသည်။
ထိုနေ့ကစ၍ တစ်လမှ တစ်လခွဲနီးပါး အိမ်သို့ သူပြန်မလာပါ။ ကျောင်းမှအပြင်ထွက်ခွင့်ရ တိုင်း အခြားဆွေမျိုး ဉာတိအိမ်တွေ ကိုသာ သူသွားနေသည်။ သူမလာသည့်အကြောင်း ကျွန်တော် သိပါသည်။ သူလာလျှင် တစ်နေ့တခြား ဆိုးရွားလာသည့် ကျွန်တော် ၏ အခြေအနေကို ပြောပြ၍ စစ်တပ်မှ ထွက်ခိုင်းရပါတော့မည် ။ ကျွန်တော် ထွက်ခိုင်းမည် ကို သူသိ၍ မလာခြင်း ဖြစ်ပါသည်။
ဤရက်များ အတွင်း ကျွန်တော့်မိတ်ဆွေများ နှင့် အချို့ဆွေမျိုးများ ကို သူ့အတွက် တိုင်ပင် ကြည့်ပါသည်။
အမျိုးမျိုးအကြံပေးကြသည်။အချို့ပေါက်ရောက်သော ဆွေမျိုးများ ရှိလေသည်။ ဗိုလ်ချုပ်ထံ ပေါက်နိုင်သည့် အရာရှိထံသို့ သွား၍ အမှန်အတိုင်း အကျိုးအကြောင်း ပြောပြလျှင် သနားသဖြင့် ထုတ်ပေးနိုင်သည်ဟု ပြောကြသည်။
ဤကိစ္စအတွက် ကျွန်တော် အထပ်ထပ် အပြန်ပြန် စဉ်းစားကြည့်သည်။ အကြောင်းမှာ ကျွန် တော့် ကိုယ်၌ က မျိုးချစ်စိတ်ရှိနေသည်။ မြေကြီးလက်ခတ်မလွဲ မျှော်လင့်ချက်ကင်း၍ ဆင်းရဲမည့် ကျွန်တော့် ဘ၀ ဖြစ်အင်ကလည်း ရှိသည်။ ကျွန်တော် တစ်ယောက် သာမဟုတ်ဘဲ လူမမယ် သူ့နှမ ငယ်လေး နှစ် ယောက် အတွက်ကလည်း ရှိသည်။
ကျွန်တော့်အတွက်မူ ဤလောကတွင် ဘာမျှအသုံးချစရာမရှိပါ။ ဘာပဲ ဖြစ် ဖြစ် သူ့အကူအညီကို မယူဘဲ ဇွတ်မှိတ်၍ နေလိုက်ပါသည်။ စစ်တပ်မှ ထုတ်ရေး အတွက် ဘာမျှမကြိုး စားတော့ဘဲ နေလိုက်ပါတော့သည်။
ထိုနေ့သည်မိုးလင်းစပင် ရှိသေးသည်။ ကျွန်တော် သည် တဲပေါက်ဝ၌ ထိုင်၍ လမ်းသွားလမ်းလာများ ကို ကြည့်နေပါသည်။ စောစောကြီး သူပေါက်လာလေသည်။ ကျွန်တော် နှင့် တကွ သူ၏ နှမငယ်ကလေးများ ပါ အားလုံးဝမ်းသာအားရဆီးကြိုနှုတ်ဆက်ကြသည်။ သူသည်ခါ တိုင်းကဲ့သို့ ၀မ်းသာအားရမရှိပါ။ မျက်နှာလည်း မကြည်ပါ။ အတော် ပင်ပန်းပုံရနေသည်။ မျက်ကွင်း များ ချိုင့်လျက် ရှိပါသည်။
“ခုမှပဲ ပေါ်လာရသလား”
ကျွန်တော် က မြည် တွန်တော် ကတီးလုပ်သော်လည်း ဘာမျှပြန်မပြောဘဲ နေသည်။
သူ့နှမကလေးမှာ ဆိုင်သို့ ပြေး၍ မုန့်ကြွပ်တစ်ခုနှင့် လက်ဖက်ရည်တစ်ခွက် ၀ယ်လာပြီး သူ့ ကိုတိုက်ပါသည်။ စားသောက်ပြီးစီးသော အခါ သူအတော် ပဲ ရွှင်လန်းလာသည်။ ထိုအခါမှ ရယ် ရယ်မောမောနှင့် စကားပြောဖော်ရလာပါသည်။ ကျွန်တော့်မှာ သူတို့မောင်နှမသုံးယောက် စကား ပြောနေကြသည်ကို အမှတ်တမဲ့ နားထောင်နေသည်။
“ငါတို့ဖြင့်ကွာ တစ်ညလုံး မအိပ်ရဘူးဟေ့…. ကံကောင်းလို့ နင်တို့နဲ့တွေ့ ရတာ ”
သူပြောပုံ ဆန်းလှ၍ ကျွန်တော် လည်း အမှတ်တမဲ့ နေသလို နေရာမှ “ဘာ ဖြစ်လို့လဲ”ဟု ကြားဖြတ်၍ မေးလိုက်သည်။
“ဟာ…မပြောပါနဲ့တော့ အဖေရာ၊ ကျွန်တော် တို့ စစ်ဗိုလ်က ယမ်းတိုက်ကို ၀င်စီးဖို့ အမိန့် ပေးတာကြောင့် မနေ့က ၁၂နာရီလောက်က အစပေါ့။ ကျွန်တော် တို့ မူလတန်းကျောင်းသားတွေ မြန်မာတွေ ဖို့ဆိုပြီးထားတဲ့ ယမ်းတိုက်ကို တစ်ခါတည်း ၀င်ပြီး စီးကြတာပေါ့။ ပထမတံခါးတော့ သော့ တုနဲ့ဖွင့်ပြီးပြီ။ ဒုတိယတံခါးအဖွင့်မှာ ဂျပန်တွေ ရိပ်မိ သွားပါရော၊ ကျွန်တော် တို့လည်း ဘာ ကြောက်မလဲ။ ခံပြီး ပစ်တော့မယ်လုပ်နေတုန်း ကျွန်တော် တို့အုပ်ချုပ်တဲ့ ဗိုလ်က အလိမ္မာနဲ့ လှည့် အုပ်လိုက်တာပေါ့။ ဒီတော့ သူတို့ကမေးတယ် မင်းတို့ဘာလုပ်ကြတာလဲတဲ့။ ကျွန်တော် တို့ဗိုလ်က ညတိုက်ပွဲ လေ့ကျင့်ဖို့ သူတို့ပြင်ဆင်နေကြတာပါလို့ ပြောပြလိုက်တယ်။ ဒီတော့ ဂျပန်က ဒီလို ကြိုးစားကြတာ ချီးကျုးပါတယ်ဆိုပြီး ထွက်သွားတယ်”
သူပြောလိုက်သည့်စကားမှာ ကျွန်တော့်နားထဲ ရင်ထဲခိုက်သွားလျက် ပါးစပ်၌ ကိုက်ထား သည့် ဆေးလိပ်လည်း လွတ်ကျ၍ သွားပါသည်။ လက်ခြေများ နှင့် နှုလုံးပါ တဆတ်ဆတ်ခုန်လာပါ သည်။ အဓိပ္ပာယ်နားမလည်ပါ။
“မင်းတို့ ဘာလုပ်ကြတာလဲ။ ဂျပန်တွေ က မင်းတို့ကို ဒီလိုပဲ အသာတကြည် ပြောလွှတ် လိုက်သလား။ မင်းရူးလာသလား။ မင်းဘာတွေ ပြောနေတာလဲဟင်”
ကျွန်တော် သည် သူပေးမည့်အဖြေကို စိုးရိမ်ကြီးစွာ ဖြင့် တထိတ်ထိတ် နားစွင့်ထားရသည်။
“ဘာရူးမလဲ အဖေရဲ့ …..တော် လှန်တာပေါ့။ ကျွန်တော် တို့ လူနည်းနည်း လုပ်တာမှ မဟုတ် ဘဲ။ ကျွန်တော် တို့ စစ်တပ်ကြီးတစ်တပ်လုံးက တော် လှန်တာပဲ။ သူတို့ကလည်း ကြည်ကြည်သာ သာနဲ့ အချိုသပ်လိုက်တာပဲ။ နောက်ထပ် ဘာလုပ်ဦးမလဲတော့ ဘယ်သိမလဲ”
ကျွန်တော် ပိုမို၍ ရင်တုန်ရသည်။ သူကငြိမ်သက်လျက် မျက်တောင် တဖျပ်ဖျပ်ခတ်နေ သည်။
“ဟင်….အခုဘယ်လိုလုပ်ပြီး လွတ်အောင်ထွက်လာခဲ့ကြတာလဲ….ပြောစမ်းပါဦး၊ ဘယ်လို ဘယ်လို”
“သူတို့ ကျွန်တော် တို့ကို မသတ်ချင်သေးလို့ လွှတ်လိုက်တာပေါ့ အဖေရ၊ ဒီလို ဒီလို…ကျွန် တော် တို့ဗိုလ်က လွှတ်အောင်ပြေးကြဆိုလို့ စွန့်ပြီး ဂျပန်စစ်တပ်တွေ ကြားထဲက တစ်ညလုံးက္ကုနြေ္ဒ မပျက် ထွက်လာခဲ့ရတာ ။ ဂျပန်တွေ က ကျွန်တော် တို့ဗိုလ်ကို အမိန့်ထပ်ပေးတယ်။ ကလေးတွေ ညတိုက်ပွဲ အခုမဆင်းပါနဲ့ဦး။ အားလုံး လက်နက်ဖြုတ်လိုက်ပြီး လေယာဉ်ပျံကွင်းထဲက ဗုံးကျထား တဲ့ ကျင်းတွေ ဖို့ခိုင်းရအောင် လွှတ်လိုက်ပါဆိုတဲ့အမိန့် ရောက်လာပါရော။ ကျွန်တော် တို့ ဗိုလ်က လည်း အပါးပဲ။ သိပါတယ်။ ကျွန်တော် တို့ကိုခေါ်ပြီး ကွင်းထဲမှာ စက်သေနတ်နဲ့ ပစ်သတ်မှာ သိလို့ ဒီနေ့တော့ ခွင့်လွှတ်ပါ။ သူတို့ထွက်သွားကြပါပြီ။ မနက်မှပဲ ခိုင်းပါတော့ဆိုတဲ့အမိန့် ပြန်တောင်း တုန်း ကျွန်တော် တို့ကို မင်းတို့လွတ်အောင်ပြေးကြပေတော့လို့ တစ်ဖက်လှည့်ပြီး လွှတ်လိုက်တာပဲ။ ကျွန်တော် တို့လည်း ဘာကြောက်မလဲ၊ သူတို့ရန်မူရင် ခံချမှာ ပဲ”
ကျွန်တော့်မှာ သူပြောသည့်စကားကို နားထောင်ရင်း တွေးမရအောင် ဖြစ်မိသည်။
ဘာကြောင့်များ တော် လှန်တာလဲ။ သူတို့လက်ထဲမှာ ဘယ်နည်းနဲ့ တော် လှန်၍ ရမှာ လဲ။ အင်ဒိုချိုင်းနားကို ပြေး၍ သတိရပါသည်။ သူတို့လက်ထဲမှာ ဘာရှိသလဲ။ သိပ်ဉာဏ်မဲ့တဲ့လူတွေ ပါ လား။
ကျွန်တော် အမျိုးမျိုးတွေးက သူတို့ကို အပြစ်တင်ချင်ပါသည်။ စိတ်အပျက်ကြီးပျက်သွား၍ သူ့အတွက် ဘာလုပ်ရမှန်းမသိအောင် စိတ်ပူလာသည်။
“ငါမေးစမ်းပါရစေဦး….အခု ဘယ်သူ့သဘောနဲ့တော် လှန်ကြတာလဲကွ”
“လူကြီးများ သဘောနဲ့ပေါ့ အဖေရ”
ကျွန်တော့်မှာ ဂျပန်ဆီက လွတ်လပ်ရေး ရတော့မည် ဟု အတွေးရောက်နေခဲ့သူ ဖြစ်သည်။ အခုတော့ တစ်မျိုးကြားပြန်ပါပြီ။
“ဘာအကြောင်းကြောင့်လဲကွာ”
သူသည် ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်၍ အပြစ်တင်သံနှင့် ကျွတ်ဆတ်ဆတ် ပြန်၍ ပြောပါသည်။
“ဟာ…အဖေကလည်း ဒီဂျပန်တွေ က ဂျပန်ဖက်ဆစ်တွေ ၊ သွေးစုပ်ဘီလူးတွေ ၊ မြန်မာတစ်မျိုးလုံး နှိပ်စက်နေတာ အဖေတို့မသိကြဘူးလား။ ဒီလောက်စော်ကားနေကြတာခံနေရ မှာ လား၊ဒီလောက် ကျွန်တော် တို့ လုပ်လာကြပါတယ်ဆိုမှ အဓိပ္ပာယ်မသိတာလည်း အံ့ပါရဲ့ အဖေ ရယ်….”
ကျွန်တော် မှာ စိတ်ထွက်သွားသည်။
“တို့က မင်းတို့ရဲ့ အတွင်းရေး ဘယ်သိနိုင်မလဲကွယ်၊ အခုစာကလေးကြော်၊ အခုဆီထမင်း၊ အခုဖင်ကြော၊ ရင်ကြောတင်းဆိုတာလို လုပ်နေလို့ ဖြစ်ပါ့မလား။ ကလေးကစားနေတာမဟုတ်ဘူး ကွ။ တိုင်းပြည်ရေး ၊ လူမျိုးရေး သေရေး ရှင်ရေး တွေ အခုတစ်မျိုး ခုတစ်မျိုးလုပ်လို့ရမလား၊ မင်း လည်း ငယ်တော့တာ မဟုတ်ဘူး။ စဉ်းစားကြည့်ပါဦး”
သူက ကျွန်တော့် ကို ပြန်၍ ဒေါနှင့်မောနှင့် ချေပနေပေသည်။
“အစတုန်းက သူတို့ကောင်းလိမ့်မယ်ထင်လို့ လုပ်ကြတာ ဖြစ်မှာ ပေါ့။ သစ္စာရှိလိမ့်မယ်ထင်လို့ လုပ်ကြတာ ဖြစ်မှာ ပေါ့။ ခုလို ထင်တိုင်းမဟုတ်ဘဲ ရမ်းရမ်းကားကား ရိုင်းရိုင်းစိုင်းစိုင်း နှိပ်စက်လာတော့ ဒီလိုပဲ မှိတ်ခံနေကြမလား၊ တွန်းထုတ်ရုံရှိတော့တာပေါ့၊ တိုက် ထုတ်ရုံရှိတော့တာပေါ့”
“ဟုတ်ပါပြီကွာ…သူတို့ပြောသလို တော် လှန်ကြပါပြီ။ မင်းတို့မှာ ဘာလက်နက်ရှိသလဲ။ ဘယ်သူ့အားကိုးမလဲ။ ဘယ်သူက ထောက်ပင့်မှာ လဲ”
“ဟာ…ဒါတွေ က ကျွန်တော့်တာဝန်မဟုတ်ဘူး။ လူကြီးများ ရဲ့ တာဝန်ပဲ။ ကျွန်တော် တို့ရဲ့ တာဝန်က လူကြီးတွေ ရဲ့ အမိန့်ကို နာခံရုံသာရှိတာပဲ။ ကျွန်တော် တို့အသက်တော့ တိုင်းပြည်အတွက် လှူပြီးသား”
“တော် တော် …. ဆက်မပြောနဲ့တော့၊ အခုဘယ်လိုလုပ်ကြမလဲ”
ကျွန်တော့်မှာ မကြံနိုင်မဖန်နိုင် ဖြစ်၍ နေသည်။ ရှေ့ရေး ကို သူ့အတွက် မတွေးဝံ့အောင် ဖြစ်မိ သည်။
“ကဲလေကွာ…..ပြောလေကွာ ပြောလေ။ ဘယ်လိုလုပ်ကြမလဲ”
သူသည် အေးအေးဆေးဆေးဖြင့် ဘယ်လောက်မှ အရေး မကြီးသလိုလုပ်၍ ပြောပါသည်။
“ခုတော့ ဘာမှလုပ်စရာမရှိသေးပါဘူး။ သူတို့မမိအောင် ရှောင်နေရုံပဲ။ အချိန်ကျမှ ထလုပ် ရုံရှိတာပဲ”
ကျွန်တော် ၏ တဲမှာ ပေတစ်ရာလမ်းပေါ်တွင် ရှိသည်။ ဂျပန်စစ်သားများ အိမ်ရှေ့တွင် ဥဒဟို လမ်းလျှောက်နေကြသည်။ ကျွန်တော့် တဲရှေ့မျက်နှာချင်းဆိုင်အိမ်တွင် တာဂျီးမားဆိုသည့်ဂျပန် ကုန်သည် တစ်ယောက် နေပါသည်။
ကျွန်တော် စိတ်မလုံနိုင်တော့ပါ။ စစ်ဝတ်စစ်စားအချွတ်ခိုင်းပြီး သူ့ကိုရုပ်ဖျောက်ရသည်။ ကျွန်တော့် တွင် တစ်ပူပေါ် နှစ် ပူသုံးပူဆင့်၍ လာပါပြီ။ ကျွန်တော် အရေး ကြီးနေသလောက် သူက မတုန်မလှုပ်လုပ်၍ နေ ကျွန်တော် စိတ်မရှည်နိုင်အောင် ဖြစ်လာသည်။
“အိမ်မှာ ရှိတဲ့ မင်းပစ္စည်းတွေ ဘယ်လိုလုပ်ရမှာ လဲပြောပါဦး”
“ကျွန်တော် ခုဝတ်လာတဲ့ စစ်ဝတ်တစ်စုံ သပ်သပ်ဖယ်ထားမယ်၊ တခြား တခြားဟာတွေ တော့ အားလုံးဖျက်ဆီးလိုက်ပါ့မယ်”
“အို…. အမှု ရောက်မယ့်ပစ္စည်း ဘာထားနေစရာရှိသေးသလဲ၊ ချွတ်ထားတဲ့ ဒီစစ်ဝတ်ပါ အားလုံးဖျက်ဆီးပစ်လိုက်စမ်းပါ”
“အကုန်လုံး ဖျက်ဆီးလို့ မ ဖြစ်သေးဘူး အဖေ….အလုပ်က အများ ကြီးလုပ်စရာရှိသေး တယ်”
ကျွန်တော် ခေါင်းကြီး၍ စိုးရိမ်စိတ်တွေ မွှန်နေသည်။ သူ့မှာ မူ အေးစက်စက်။
“ဘာအလုပ်တွေ ကျန်သေးလို့လဲကွ။ ထားမနေပါနဲ့တော့။ တို့ပါဆက်ပြီး ဒုက္ခရောက်ကုန် ပါဦးမယ်ကွာ။ ဒါပဲလား တခြားဘာတွေ ကျန်သေးသလဲ”
သူကအေးတိအေးစက်ဖြင့် ဖြေသည်။
“တခြားတော့ မကျန်ပါဘူး။ သေနတ်တစ်လက်ပဲရှိတယ်”
“အမယ် ဘယ်မှာ လဲ ဒီသေနတ်….ပေး ငါ့ကိုပေး၊ ငါဖျက်ပစ်လိုက်မယ်”
“အို… အဖေကလည်း သေနတ်က ဖျက်ပစ်လိုက်ဖို့မှ မဟုတ်ဘဲ။ ဂျပန်တွေ ကို ချဖို့ပါ။ ကျွန်တော် ဒီကိုယူမလာဘဲ တစ်နေရာမှာ ဖွက်ထားခဲ့တယ်”
“သားရယ်…. တော် ပါတော့ကွယ်၊ မင်းကိုယ်မင်း လွတ်အောင်သာရှောင်ပါ။ မင်းတို့အလုပ် က ရေရာတော့တာမှ မဟုတ်ဘဲ။ ခုလိုကံကောင်းလို့ မသေဘဲ လွတ်လာပြီးမှ တစ်ခါထပ်ပြီးထောင် ချောက်ထဲ ၀င်သလို ဖြစ်နေပါဦးမယ် သားရယ်”
ကျွန်တော် ချော့၍ ပြောပါသည်။ ယခုအချိန်တွင် သူ့အား ချော့မှ ဖြစ်ပေတော့မည် ။ ချော့မရ မှ အတင်းအကျပ်လုပ်ရန် စိတ်ကူးပါသည်။
“မဟုတ်ဘူးအဖေ…ကျွန်တော် ကင်းကင်းရှင်းရှင်းလာတာမဟုတ်ဘူး။ ကျွန်တော့်မှာ တာဝန်ကြီးနဲ့ အဖေတို့ ကျွန်တော့ပစ္စည်းတွေ သာ မြေကြီးထဲ မြှုပ်တန်တာ မြှုပ်ပြီး မီးရှို့သင့်တာ ရှို့ လိုက်ပါ။ ကျွန်တော် ခုသွားရဦးမယ်။ ကျွန်တော် ဗိုလ်က ချိန်းထားတယ်။ ညနေမှပဲ အရိပ်အခြည် ကြည့်ပြီး ပြန်လာမယ်”
သူသည် ပြောပြောဆိုဆို စောစောက ချွတ်ခိုင်း၍ ချွတ်ထားသည့် စစ်ဝတ်စစ်စားကို ပြန်၍ ၀တ်နေပြန်သည်။
ကျွန်တော့် မှာ အထူးစိတ်ဆင်းရဲရသည်။ သူ့အတွက် အလွန်ထိတ်လန့်၍ ပူပန်ရသည်။ ဤမျှအရေး ကြီးနေ့စဉ် ပုန်းလျှိုးဝှက်လျှိုးနေရမည့်အချိန်၌ ဤအ၀တ်အစားများ နှင့် ပေါ်ပေါ်ထင် ထင်ကြီး ထပ်၍ အပြင်ထွက်သွားဦးမည် ကို စိုးရိမ်လွန်းလှသည့်အတွက် အတင်းအကျပ် တားရပါ သည်။
သူ၏ နှမလေးများ လည်း ၀ိုင်း၍ တားကြသည်။ ဘယ်လိုတား၍ မှမရပါ။ အတင်းထွက်၍ သွား ပါသည်။
သားသမီး…သားသမီး၊ တယ်လည်းခက်တဲ့ သားသမီးပါလား။ သူတို့စိတ်နှင့် သူတို့ကိုယ်ပဲ။ သူတို့ကို ဘယ်လိုလုပ်ရမလဲ။ ရိုက်ပြီးဆုံးမရမလား။ ရိုက်ရင်ကော ခံမလား။
ကျွန်တော့် ရင်ထဲ၌ တ ဖြစ် ဖြစ် မြည် တမ်းတွေးတောလျက် စိတ်မော၍ ကျန်ရစ်ခဲ့ပါသည်။
သူထားခဲ့သည့် ပစ္စည်းတွေ နှင့် ကြံရာမရ ဖြစ်ကာ သိမ်းသော်လည်း စိတ်မလုံဘဲ ဖြစ်နေ သည်။ ဟိုနေရာတူးမြှုပ်၊ သည်နေရာတူး မြှုပ်နှင့် အလုပ်ရှုပ်နေပါသည်။ စာရွက်စာတန်းတချို့ကို မီးရှို့ပစ်လိုက်ပါသည်။ မီးရှို့လိုက်သည့် ပစ္စည်းများ အတွက် စိတ်ထဲ၌ လုံခြုံသွားသော်လည်း မြှုပ် ထားသည့် ပစ္စည်းများ အတွက် စိတ်မလုံ ဖြစ်လာပြန်သည်။ သည်နေရာက ပြန်ဖော်၍ ဟိုနေရာပြန် မြှုပ်လိုက်၊ ဟိုနေရာက ပြန်ဖော်၊ သည်နေရာမြှုပ်နှင့် တစ်နေ့လုံးလုံး အလုပ်ရှုပ်လျက်နေပါသည်။
ဂျပန်စစ်သားများ မှာ ခါတိုင်းကဲ့သို့ အိမ်ရှေ့၌ လမ်းလျှောက်သွားလျက်ရှိကြသည်။ ယနေ့ ကျွန်တော့်စိတ်တွင် ထူးခြားသည်ထင်မိသည်။ သူတို့ခေါင်းလှည့်တိုင်း ကျွန်တော် ၏ တဲကို ကြည့် သည်ထင်သဖြင့် ထန်းရွက်လေခတ် တလှမလှပ်ဆိုသကဲ့သို့ ခေါင်းကြီးလိုက်၊ ရင်ဖိုလိုက်နှင့်ဂျပန် တွေ ကို မတွေ့ အမြင်လိုသလောက် ဖြစ်နေပါသည်။
“ဘုရား…ဘုရား၊ သားကလေးလွတ်ပါစေ၊ မမိပါစေနဲ့ အရှင်ဘုရား၊ မြတ်စွာ ဘုရား….သမာ ဒေ၀နတ်မြတ်များ ကယ်မတော် မူပါ”
ကျွန်တော် နှုတ်က တတွတ်တွတ် ဆုတောင်းလျက်နေရသည်။
ဤနေ့ဤအချိန် ကုန်၍ သွားသည်။ တစ်နေ့လုံး ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အလွန် စိတ်ပင်ပန်း၍ နေပါသည်။ ဘာတွေ မလုပ်မကိုင်ရဘဲနှင့် ပင်ပန်းမောဟိုက်နေပါသည်။ မှော င်စပြု၍ လာပါပြီ။ ကျွန်တော့်မှ ဘယ်နေရာမှ အငြိမ်ထိုင်၍ မရသဖြင့် ရှေ့တွင် ထွက်ရပ်၍ သူ့ကိုသာမျှော် နေမိသည်။
သူသည် အမှော င်ထဲတွင် ဖြတ်သန်း၍ ကျွန်တော် တို့တဲဆီသို့ တဖြည်းဖြည်း လျှောက်၍ လာနေသည်။ သူမှန်းသိလျှင် သိချင်း ကျွန်တော် ၏ စိတ် အတော် ပဲ သက်သာရာရသွားသည်။
“ဘယ့်နှယ်လဲသားရယ်….မင်းကိစ္စတွေ ပြီးပလား အေးပလား၊ တစ်နေ့လုံး ဘယ်မှာ သွားနေသလဲ၊ သမီးတို့ ထမင်းထည့်။ မင်းတို့အစ်ကိုလာပြီ”
ကျွန်တော် ၀မ်းသာအားရနှင့် ပျာပျာသလဲ ဖြစ်ရသည်။
“ကျွန်တော် စားခဲ့ပြီအဖေ…. ဟဲ့…. မထည့်တော့”
သူပြောပြီး မျက်နှာမပျက် ထိုင်လိုက်သည်။ ကျွန်တော် က သူ၏ အရိပ်အခြည်ကိုကြည့်၍ အရိပ်အကဲခတ်ပြီးမှ ပြန်ပြောနိုင်ပါသည်။
“ငါမှာ တော့ကွယ် တစ်နေ့လုံး စိတ်တပူပူနဲ့၊ လွတ်မှ လွှတ်ပါ့မလားနဲ့၊ ဂျပန်မြင်တိုင်း လန့်နေရတော့တာပဲ။ ထမင်းဘယ်က စားလာခဲ့သလဲ”
“ခြောက်ထပ်ကြီးက ကြီးကြီးတို့ဆီက စားလာခဲ့တယ်။ ဒါလောက်လည်း ကြောက်မနေပါနဲ့ အဖေ…. ဒီလောက် အရေး မကြီးသေးပါဘူး”
သူ့အသံက အေးသော်လည်း သူ့မျက်နှာက မှု န်ကုပ်ကုပ် ဖြစ်နေပါသည်။ သူ့ရင်ထဲ၌ မအေး ခြင်းကို ကျွန်တော် မသိအောင် ထိန်ချန်ထားသည်ဟု ကျွန်တော် ထင်မိသည်။
“အို…. ဒီထက်ပဲ အရေး ကြီးစရာတွှေရိသေးသလားကွ၊ တော် လှန်လာတာထက် ဘာအရေး ကြီးသေးသလဲ။ စစ်တပ်ထဲက မင်းတို့ပျောက်သွားတာ မင်းတို့ကို လိုက်ရှာနေရောပေါ့။ မမိသေးလို့ မင်းအသက်ရှင်နေတာ မိရင်ဂျပန်က မင်းကို ချမ်းသာပေးမလား”
“ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့လည်း ဉာဏ်နဲ့ လူလိမ်မာကြီးတွေ လုပ်နေတယ်။ အရမ်းတော့မလုပ်သေးဘူး။ ဘယ်လိုလုပ်မယ်ဆိုတာသာ အကြံယူနေကြတယ်။ အရေး တော့ ယူ မှာ ပဲ…”
“အရေး ယူလာရင် မင်းတို့ဘယ်လိုလုပ်ကြမှာ လဲ”
“ဒါတော့ လူကြီးတွေ အလုပ်ပဲ ကျွန်တော် တို့အလုပ်မဟုတ်ဘူး”
“မင်းပြောတာ နားလည်ပါတယ်။ လူကြီးတွေ စဉ်းစားပြီးသားမှန်းလည်းသိပါပြီ။ ငါမေးချင် တာက မင်းကိုဖမ်းရင်ဘယ်လိုလုပ်မလဲ”
“လွတ်အောင် ရှောင်ရတာ ပေါ့။ ရှောင်လို့မှ မရလည်း တွယ်ရမှာ ပေါ့”
“လွတ်ဖို့တော့ ခဲယဉ်းပါတယ်ကွာ။ မင်းဒီလိုနေရင်တော့ တစ်နေ့မမိ တစ်နေ့မိတော့မှာ ပဲ။ ဂျပန်တွေ က မင်းနေရာမသိလို့ လာမဖမ်းကြနဲ့ဦး။ သူတို့ရဲ့ အလိုတော် ရိတွေ မရှိဘူးလို့ ဆိုနိုင်မလား။ မျက်နှာလိုချင်လို့ သွားပြီး လက်တို့ကြမှာ ပဲ”
“ဒါတွေ ကို ကျွန်တော် အကုန်နားလည်ပါတယ်…. အကုန်တွက်ပြီးသားပါ။ ဒါကြောင့် ရှောင် စရာ၊ တိမ်းစရာ နေစရာ ထိုင်စရာ အပူတပြင်း လိုက်ရှာနေတာပေါ့”
သူသည်ငြိမ်၍ တွေးနေသည်။ ကျွန်တော် လည်း သူ့ကို လုံလုံခြုံခြုံ ၀ှက်နိုင်ဖို့နေရာလိုက်ရှာ ကြည့်ပါသည်။ မြန်မာပြည်၌ ဂျပန်ရန်အတွက် လုံလုံခြုံခြုံဝှက်ထား၍ ရမည့်နေရာကို ကျွန်တော့်  အတွက် အလွယ်တကူရနိုင်ရန် ခက်ခဲလှသည်။ ဟိုနေရာလုံနိုးနိုး။ သည်နေရာလုံနိုးနိုးနှင့် ရွာစဉ်တ ကာ မြို့စဉ်တလျှောက် စိတ်ရောက်နေပါသည်။
“ဒါဖြင့် ဒီလိုလုပ်ရအောင်…..မင်းနှမလေးတွေ ရယ်၊ မင်းကြီးဒေါ်ရယ် က္ကုနြေ္ဒမပျက် ဒီမှာ ပဲ ထားခဲ့မယ်။ သူတို့ဘာသာ သူတို့ရှာဖွေလုပ်စားကြလိမ့်မပေါ့။ အကြောင်းကံပေါ့ကွယ်။ အသက် ထက်တော့ ဘာအရေး ကြီးသလဲ။ မင်းနဲ့ငါနဲ့ တိတ်တိတ်တဲဝိုင်းကြီးရွာမှာ သွားပြီးပုန်းကြမယ်။ ဟိုရွာကလူတွေ ငါကိုခင်ကြတယ်။ သူတို့စောင့်ရှောက်မှာ ပဲ။ ထမင်းလည်း ကျွေးထားမှာ ပဲ”
သူသည် စိုက်၍ နားထောင်နေရာမှ ခေါင်းကို ယမ်းခါလိုက်ပါသည်။
“ဟာ…ဘယ် ဖြစ်မလဲ အဖေရဲ့ ၊ ကျွန်တော် တို့ လုပ်နေကြတာက ဒီလိုပုန်းဖို့မှမဟုတ်ဘဲ”
ကျွန်တော့် တွင် သူ့ကိုဖွက်ရန် လုံလုံခြုံခြုံရှိရန် နေရာများ ကို ရှာတွေးလိုက်ရသည်မှာ ခေါင်း ကို မူးနောက်နေသည်။ သူ ကတော့ တခြားတွေးနေပါသည်။ ကျွန်တော် ၏ ဂရုဏာဒေါသကို ကြိုး စားပြီး မျိုသိပ်ရသည်။
“နို့…ဘာလုပ်ရမှာ တုန်းကွ”
“အခု ခဏကလေး အလုပ်မစခင် ရှောင်ရုံ ရှောင်နေရမှာ ။ ရှောင်ရမယ်ဆိုရင်လည်း တပ်နဲ့တပ်ကဗိုလ်နဲ့ နေ့တိုင်းဆက်သွယ်နေရမယ်။ အထက်က အမိန့်ကျလာရင် ချက်ချင်း ထတိုက် ရမှာ ၊ ဗာရဏသီ လျှောက်ပြေးဖို့ မဟုတ်ဘူး။ ဘယ်အချိန်မဆို ကျွန်တော် တို့ အသင့်ရှိနေရမယ်”
ကျွန်တော် ၏ ရင်ထဲ၌ တက်လာသော စိတ်မချမ်းသာမှု အလုံးကြီးဆို့လျက်ဖြင့် သူ့ကိုနားဝင် အောင် ပြောရပါသည်။
“သားရယ်….. အဖေ့စကား နားထောင်ပါကွယ်၊ မင်းနှမလေးတွေ မျက်နှာလည်း ကြည့်ပါ ဦး၊ မိတဆိုးကလေးတွေ ပါ။ ဒီအဖေနဲ့ ဒီအစ်ကိုပဲ အားကိုးစရာရှိတယ်။ မင်းတို့အလုပ်ကလည်း ဘာမဟုတ် ညာမဟုတ် ခုအင်္ဂလိပ်ကို ချချ၊ ခုဂျပန်ကို ချချနဲ့ စိတ်ကိုမှ မနိုင်သေးတဲ့ကလေးတွေ လို လုပ်နြေ ကတော့တာပဲ”
သူ့ခေါင်းမှာ ငုံ့နေရာမှ ထောင်လာကာ မခံနိုင်သော မျက်နှာတည်တည်ဖြင့် ပြန်ပြောပါသည်။
“ဒီလိုမပြောပါနဲ့ အဖေ…. လူကြီးတွေ မှ တကယ့်ပညာရှိတဲ့လူကြီးတွေ လုပ်နေတဲ့အလုပ်ပါ။ ဘာပဲလုပ်လုပ် လုပ်သမျှဟာ မြန်မာပြည်အတွက် မြန်မာလူမျိုးအတွက် ဒါဟာလိုရင်းပဲ မဟုတ် လား”
ကျွန်တော် သူ့ကို စိတ်ပျက်အောင် ကြိုးစားပြီး ပြောစရာစကားကို ရှာတွေးနေရသည်။
“အေးလေ…. ဟုတ်ပါတယ်။ အစတုန်းက မြန်မာပြည်နဲ့ မြန်မာလူမျိုးကောင်းစားဖို့ အင်္ဂလိပ်ကို ချချဆိုပြီး ဉာဏ်ပညာနဲ့စီစစ်ဝေဖန်ပြီး ချလာခဲ့တာပဲ မဟုတ်လား။ အခုတစ်ခါပ်ြနပြီး ဒီဉာဏ်ပညာကပဲ ဂျပန်ကိုချချလို့ စီစဉ်ဝေဖန်လာပ်ြနတော့ မင်းဉာဏ်ပညာကို ငါဘယ်လိုယုံကြည် ရမှာ လဲကွာ”
သူသည် ဘာမျှပြန်မပြောဘဲ မှု န်တေတေနှင့်ဆိတ်ဆိတ်ပင် ထိုင်နေသည်။ လမ်းပေါ်တွင် လူသွားလူလာများ နည်း၍ လူသံသူသံများ တိတ်ဆိတ် သွားပါသည်။ မနီးမဝေးမှ ပြင်းပြင်းခေါက် လိုက်သည့် နာရီသံချောင်းခေါက်သံမှာ တိတ်ဆိတ်ခြင်းကို ဖောက်ထွင်း၍ ကျွန်တော် ၏ နားထဲတွင် အချက်တိုင်း အချက်တိုင်း သိမ့်သိမ့် သွားပါသည်။
“၁၀နာရီတောင်ထိုးပါပြီ အဖေ…အိပ်ပါတော့ မနက်ကျရင် အိပ်ပျက်လို့ အဖေနေမကောင်း ပဲ ဖြစ်နေမယ်”
“မင်းကို ငါက မွေးထုတ်တာပါ။ ငါ့ကျန်းမာရေး ငါသိပါတယ်။ မင်းကိုပြောစရာရှိတယ်။ ငါ ပြောမယ့်စကားကို စဉ်းစဉ်းစားစားနားထောင်စေချင်တယ်”
“နားထောင်သင့်ရင် ထောင်ပါ့မယ်၊ ပြောပါ”
“အေး…တို့အခုပြောနေကြတာ သူစိမ်းမရှိဘူး။ ဒို့သားအဖပဲ ငါပြောချင်တာက မင်းတို့စစ် တပ်ကြီးဟာ လူတွေ အများ ကြီးပဲ။ ဘယ်သူဘယ်ရောက်နေတယ်ဆိုတာ ဘာသိမှာ လဲ။ အဖေနဲ့ မင်းနှမလေးတွေ ကိုချစ်လို့ သနားလို့ရှိရင် ခုနက ငါပြောသလို ဒို့သားအဖ သွားပုန်းရအောင် သား ရယ်”
“မ ဖြစ်နိုင်တာအဖေ…. ကျွန်တော် တို့လူတွေ ဟာ မြန်မာတစ်ပြည်လုံး ဘယ်နေရာမှာ မှ မလွတ်ဘူး။ နေရာတိုင်းမှာ တပ်စိတ်ကလေးတွေ ထားတယ်။ အိမ်ကြိုအိမ်ကြား ခြံကြိုခြံကြား တောကြိုတောကြား အို…. ဘယ်ရှောင်ရှောင် ဘယ်ပုန်းပုန်းခြေလှမ်းနည်းနည်း ကလေး မမှားနဲ့။ ကျွန်တော် မှားရင် တခြားလူက ကျွန်တော့ကို သတ်မှာ ပဲ။ တခြားလူမှားရင် ကျွန်တော် က တခြား လူကို သတ်မှာ ပဲ။ တခြားလူမှားရင် ကျွန်တော် က တခြားလူကိုသတ်မှာ ပဲ။ သစ္စာမရှိဘဲ လူလိမ္မာ လုပ်ပြီး လှည့်လို့တော့မရဘူး။ အသေချည်းပဲ”
ကြားရပုံမှာ စိတ်ချမ်းသာစရာ နားချမ်းသာစရာ တစ်ချက်မျှမရှိပါ။ မည် သို့ ပင် သူက တင်း တင်းမာမာပြောနေစေကာမူ ကျွန်တော့်အပေါ်တွင် ကရုဏာသက်ရမည် ဟူသော ယူဆချက်ဖြင့် အားမလျော့သေးပါ။ ကျွန်တော့်ဘက်ပါအောင်ဆွဲရပါမည် ။
“လွတ်အောင် ပြေးမယ်ကွာ…..”
“ဘယ်လွတ်မလဲ အဖေရဲ့ ….. အဖေပြောသလိုသာ သစ္စာမဲ့ကြပြီး အရေး ကျရင် သူကလည်း ဟိုရှောင်ထွက်သွား ငါကလည်း ဒီရှောင်ထွက်သွားနဲ့ဆိုရင် ဘာလုပ်လို့ရဦးတော့မှာ လဲ။ အဖေတို့လို ရှေးကစိတ်ကူး ရှေးကဉာဏ်မျိုးနဲ့ လုပ်နေကြတာမဟုတ်ဘူး။ အခုခေတ်၊ အခုစိတ် ကူး၊ အခုဉာဏ်မျိုးနဲ့ လုပ်နေကြတာ၊ ခုမှားရင် ခုအသေခံရမှာ ပဲ”
ကျွန်တော့်မှာ ရင်ဖိထားရမလောက် နှလုံးတုန်လှပါသည်။ တစ်ကိုယ်လုံး ကြက်သီးတဖျန်း ဖျန်းထသွားသည်။ ခွှေးဒီးဒီးကျလေသည်။ သူပြောလိုက်သည့် စကားအဓိပ္ပာယ်ကို ကျွန်တော် တစ် လုံးထက်တစ်လုံး ပို၍ သဘောပေါက် နားလည်လာပါသည်။
“ဒုက္ခ ဒုက္ခ…. ဒီကလေးတွေ လက်စသပ်တော့ ဂျပန်ကသတ်၊ မသေလို့ လွတ်သွားရင် အချင်းချင်းက သတ်၊ ဒါမှမသေရင် သိပ်ကံထူးကြတဲ့ ကလေးတွေ ပဲ”
ကျွန်တော် ဘာမျှ တိုက်ရိုက်မပြောဘဲ ယင်းသို့ စဉ်းစားလျက်နေစဉ် တဲရှေ့မှ စစ်သားဖိနပ် သံများ နှင့်တကွ “ခူးရကား ခူးရကား”ဟုအော်ငေါက်ဝင်လာသော ဂျပန်စစ်သားများ ၏ အသံကို ကြားလိုက်ရသည်။
ကျွန်တော့်မှာ ငယ်ထိပ်ကို မြွေပေါက်လိုက်သလားဟု ထင်ရပါသည်။ ပြေးပေတော့၊ ပြေး ပြေး၊ ပြောပြောဆိုဆို ကြံရာမရဘဲ သူ့နှမလေးများ ရှိရာတဲအရှေ့ခန်းသို့ အပြေးထွက်သွားရသည်။
ဂျပန်စစ်သားများ မှာ လှံစွပ်တပ်ထားသော သေနတ်ကြီးများ ဖြင့် တစ်ယောက် က ကျွန်တော့် အား လှံစွပ်နှင့် တေ့လျက် တစ်ယောက် က ကျွန်တော် ၏ နားရွက်ကို ရုတ်တရက် ဆွဲ၍ မီးခွက်ကို လက်ညှိုးထိုး၍ ပြောသည်။
“မီး….မီး…..မကောင်းဘူးကား….မကောင်းဘူးကား”
အ ဖြစ်အပျက်မှာ လျင်မြန်လွန်းလိုက်၍ ဤသို့ ပြောမှ ကျွန်တော့်ကိုယ်မှာ ကျွန်တော့်စိတ်နှင့် ပြန်၍ ကပ် သွားပါသည်။ ရင်ထဲမှ အလုံးကြီးလည်း ကျ သွားပါသည်။ ကျွန်တော် မီးခွက်ကို လှမ်းမှု တ် လိုက်မှ လှံစွပ်နှင့်တေ့ထားသော ဂျပန်စစ်သားက သေနတ်ကိုဖယ်လိုက်ကာ သူ၏ လက်ဝါးစောင်း ကြီးဖြင့် ကျွန်တော် ၏ လည်ပင်းကို ဓားနှင့်လှီးသကဲ့သို့ လုပ်ပြသည်။
ကျွန်တော် လည်း ၀မ်းသာအားရ “ဟိုက် ဟိုက်”ဟု ပြောလိုက်မှ နှစ် ယောက် သား ထွက်သွားကြသည်။
သမီးတွေ ကို မှော င်ထဲတွင် စမ်းကြည့်ရသည်။ သူတို့မှာ ကြောက်အားလန့်အားနှင့် တစ်ယောက် ကို တစ်ယောက် ဖက်ကာ တဲထောင့်၌ ကွေးပုနေကြသည်။
“တော် ပါသေးရဲ့ ….အဖေတော့ ဒီတစ်ချိန်နောက်ဆုံးအချိန်ပဲလို့ ဆုံးဖြတ်ပြီးသား”
“ကျွန်မတို့စိတ်ထဲ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ ကြောက်လိုက်တာ အဖေရယ်…. ကိုကို လွတ်ပါစေလို့ ဆုတောင်းလိုက်ရတာ ၊မီးခွက်လာပြောတာ သိရမှ စိတ်အေးသွားတယ်”
သူတို့သည် တစ်ယောက် တစ်ခွန်းပြောကြတာ တိတ်တိတ်ကလေး ရယ်နေကြသည်။
“နင့်အစ်ကို နောက်ဖေးက ထွက်သွားတယ်။ ကမန်းကတန်း မလုပ်နဲ့နော်… အသာ ဖြည်း ဖြည်းလေး အပြင်မှာ လျှောက်ရှာကြ”
သမီးတွေ ကို ကျွန်တော် လွှတ်ရှာခိုင်းလိုက်သည်။ သူ့ကိုလိုက်ရှာကြသည်မှာ ဘယ်မှာ မှ မတွေ့ ရပေ။
“ကဲ ကဲ…… မရှာကြနဲ့တော့၊ တဲရှေ့တံခါး ပိတ်ပြီး သမီးတို့ အိပ်ြ ကတော့”
သူတို့နှစ် ယောက် ကို အိပ်ရာဝင်ခိုင်းပြီး ကျွန်တော် သည် တဲနောက်ဖေးတံခါးဖွင့်လျက် သူ့ကို ထိုင်စောင့်နေပါသည်။ ၁၂နာရီထိုးမှသူပြန်လာပါသည်။
“မင်း ဘယ်မှာ သွားပုန်းနေသလဲ”
“ကုလားရွာထဲက ဖြတ်ပြီး ဟိုဘက်က ခြံကြားထဲမှာ သွားပုန်းရတာ ပေါ့”
“ဒီကောင်တွေ မွှေနှောက်ရှာသွားသေးသလား။ ကျွန်တော် အရိပ်အခြည်ကိုကြည့်ပြီး လာရ မလာရ စောင့်နေရတာ ကိုက ၂နာရီလောက် ကြာသွားတယ်”
“တို့ထင်သလို မဟုတ်ဘူးဟေ့၊ မီးခွက်ထွန်းတာကို လာပြီး ငြိမ်းခိုင်းတာ၊ ကဲဝင်…. တံခါးပိတ်၊ မင်းလည်းအိပ်၊ ည့ဉ်နက်လှပြီ…. ငါလည်းအိပ်မယ်”
တစ်ညလုံး တစ်ရေး မှ ကျွန်တော် အိပ်မပျော်ပါ။ စိတ်ဂယောင်ချောက်ချား ဖြစ်နေပါသည်။ အရှေ့ရောက်လိုက် အနောက်ရောက်လိုက်၊ မိုးရောက်လိုက် မြေကြီးရောက်လိုက်နှင့် နောက်ဆုံး လေးနာရီသံချောင်းခေါက်သံ ကြားရပြီးမှ လစ်ခနဲ အိပ်ပျော် သွားပါသည်။
![]() နတ်ရေးငယ်ရွှေစာ | ![]() ယဉ်ကျေးမှုခရီးသည် | ![]() သူမ |