Cover

ကိုယ်ရေး အကျဉ်း

ချစ်နိုင် (စိတ်ပညာ)

မိခင် ဒေါ်အေးသနှင့် ဖခင် အလယ်တန်းပြ ကျောင်းဆရာ ဦးမာတင် တို့က ၁၉၄၈ ခုနှစ် ၊ ဒီဇင်ဘာလ ၆ရက်တွင် ချောက်မြို့နယ် ကြီးနီရွာ၌ မွေးဖွားခဲ့သည်။ ငယ်နာမည် မောင်ချစ်နိုင်၊ ကြီးနီ အစိုးရအလယ်တန်းကျောင်း၊ ချောက်မြို့နယ် အမှတ်(၁) အစိုးရအထက်တန်းကျောင်းနှင့် မန္တာလေးတက္ကသိုလ်တို့တွင် ပညာသင်ယူပြီး (၀ိဇာဘွဲ့၊ စိတ်ပညာ)ဘွဲ့ရခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှာ အသုံးချစိတ်ပညာ ဘွဲ့လွန်သင်တန်း တက်ရောက်အောင်မြင်ခဲ့သည်။

တပ်မတော် (ကြည်း)တွင် အရာရှိအ ဖြစ် စစ်ရေး ၊ လေ့ကျင့်ရေး နှင့် စည်းရုံးရေး တာဝန်များ ကို ၂၇နှစ် ထမ်းဆောင်ခဲ့သည်။ စစ်မှု ထမ်းဟောင်း ဖြစ်ပါသည်။ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများ တွင် ဆောင်းပါးများ ကို ၁၉၈၄ခုနှစ် မှ စတင်ရေး သားသည်။ ၁၉၉၆ခုနှစ် က “ ချစ်လို့ပြောတာမှတ်ပါ“ စာအုပ်ဖြင့် လူငယ်ဆိုင်ရာစာပေ၊ အမျိုးသားစာပေဆုကို ရခဲ့သည်။ စာအုပ် ၇၆အုပ်ရေး သားခဲ့သည်။ ဆောင်းပါးရှင်၊ စာရေး သူ ဖြစ်ပါသည်။

ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတွင် ညွှန်ကြားရေး မှူးချုပ်အ ဖြစ် ၁၁ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လူထုစာကြည့်တိုက်နှင့် စာဖတ်အသင်းများ ရှင်သန်အောင် ကူညီအားပေးသည်။ သတင်းခေတ်၊ ပညာခေတ်တွင် ခေတ်မီအောင် လူငယ်များ စာဖတ်ကြရေး အတွက် စည်းရုံးလှုံ့ဆော်ပါသည်။

အခန်း (၁)

အမေနှင့် ရွာကိုလွမ်းတယ်

လွန်ခဲ့သော အနှစ် နှစ် ဆယ်တုန်းက ကျွန်တော် သည် လားရှိုးမှ အင်းစိန်၊ ဒညင်းကုန်း တိုက်ခန်း ကျဉ်းကျဉ်းကလေး၏ အပေါ်ထပ်သို့ ပြောင်းရွှေ့နေထိုင်ရလေသည်။ အနောက်ဘက်မှာ တစ်မျှော်တစ်ခေါ် လယ်ကွင်းပြင်။ မြောက်ဘက်မှာ တစ်မျှော်တစ်ခေါ် လယ်ကွင်းပြင်။ ရန်ကုန်တစ်မြို့လုံး၏ အနောက်မြောက် ထောင့်အစွန်းဆုံးက တိုက်ခန်း၏ အပေါ်ထပ်မှာ ကျွန်တော် နေရ၏ ။

ရှေ့တန်းမှာ ခြောက်နှစ် ကျော် ခုနစ်နှစ် တာမျှ ပင်ပင်ပန်းပန်း သက်စွန့်ကြိုးပမ်းတာဝန်ထမ်းခဲ့ပြီးပြီမို့ ရန်ကုန်မှာ တစ်လှည့် လူကြီးတွေ က သက်သက်သာသာ တာဝန်ပေးပုံရပါသည်။ စိတ်စစ်ဆေးရေး အရာရှိ လုပ်ရသည်။ ဤအချိန်မှာ ကျွန်တော့်  ညီအလက်က ဥပဒေဒုတိယနှစ် (စာပေးစာယူ)၊ ညီအငယ်က ဆယ်တန်း။ အညာရွာကလေးမှာ အဖေ၊ အမေနှင့် အတူနေကြသည်။

အဖေက အငြိမ်းစားကျောင်းဆရာ၊ အသက် ၆၀ ကျော်ပြီ။ ညီလေး နှစ် ယောက် ကို ကျောင်းဆက် ထားဖို့ရာ ကျွန်တော် ပခုံးပေါ်သို့ တာဝန်ကျရောက်လာသည်။ ထို့ကြောင့် ကျွန်တော် ဆီမှာ လာနေကြဖို့ သူတို့နှစ် ယောက် ကို ခေါ်သည်။

ဘယ်သူမှ မလာချင်။

အမေနှင့် မခွဲချင်။

ဇာတိမွေးရပ်ရွာနှင့် မခွဲချင်။

ညီလေးက ကျွန်တော် စာကြိုးစားချင်သလောက် စာမလိုချင်သူ ဖြစ်၍ အစ်ကိုကြီးကိုကြောက်၍ မလာချင်။ ပညာကို ကျွန်တော် ကချစ်သလောက် သူက တန်ဖိုးမသိ။ ရှိစေတော့လေ။ ညီလေးနေပါစေ။ ညီလတ်တော့လာခဲ့။ တောကျောင်းတစ်ခုမှာ မိဘဆရာအသင်းခန့်၊ မူလတန်းကျောင်းဆရာလေးအ ဖြစ် ဘုန်းကြီးကျောင်းမှာ ကပ်စားနေရသော ညီလတ်ကလည်း အစ်ကိုကြီးဆီမလာချင်။ ဟိုမှာ က တပည့်တွေ ၀ိုင်းဝိုင်းလည်နေသည်ကို သာယာသည်။ အိပ်ရာဝင်မှာ နင်းနှိပ်ပေးသည့် ကျေးလက်က ဘုန်းကြီးကျောင်း သားတရုန်းရုန်းနှင့် နေရသည်ကို သူက ကျေနပ်နေ၏ ။

ကျွန်တော် အတင်းအကျပ်ခေါ်မှ ရန်ကုန်တက်လာ၏ ။ ရန်ကုန်ကို သူမရောက်ဖူးချေ။ အသက် ၂၀ ကျော်ထိရွာမှာ ပဲ သူကြီးပြင်းခဲ့ရ၏ ။ စာပေးစာယူစာမေးပွဲဖြေရန် မကွေးသို့ ရောက်ဖူး၏ ။ မကွေးသည် သူအဖို့ ကြီးလှပြီ။ ရန်ကုန်ရောက်လာရတော့ ကျီးကန်းတောင်မှော က်၊ မြို့တော် ကြီးက စည်ကားရှုပ်ထွေးလှသဖြင့် စိတ်ငယ်သည်။ မနေချင်။ မပျော်ပိုက်။ နေ့စဉ်ပင် တမှိုင်မှိုင်တတွေ တွေ ဖြင့် ပြန်ဖို့ရာချည်းစိတ်ကူးနေသည်။

ကျွန်တော် မသိအောင် ရွာပြန်ပြေးဖို့ ကြံစည်သည်။ ကျွန်တော် သိတော့သူ့ကို ချော့မော့၍ တားရသည်။ မင်းဘွဲ့ရအောင် ဆက်ထားပေးဖို့ ငါ့မှာ တာဝန်ရှိနေသည်။ အမြင်ကျယ်အောင် ရန်ကုန်မှာ နေပါ။

ညီလတ်က ငို၍ ပြော၏ ။

“အမေနဲ့ ရွာကို လွမ်းတယ်”

စစ်သားအ ဖြစ် နှစ် ပေါင်းများ စွာ ရွာနှင့် ခွဲခွာခဲ့သော ကျွန်တော် လည်းရွာကိုလွမ်းမိဖူးသည်သာ။ သို့ရာ တွင် လွမ်းနေဖို့ချည်းမပြီး။ ဖြစ်ရာဘ၀ ကျရာနေရာမှာ အဆင်ပြေအောင် နေတတ်ရမည် ။

ညီတော် မောင်ကို ပျော်ပိုက်အောင် အမျိုးမျိုးဆွဲဆောင်၍ အိမ်မှာ နေရန် အားပေးခဲ့သည်။ ယခုအခါ ဥပဒေဘွဲ့ရပြီး ရဲအရာရှိ ဖြစ်နေပါပြီ။ သူ၏ အမှုထမ်းသက်ပင် အနှစ် ၂၀ နီးလေပြီ။ ပခုက္ကူနယ်မှာ ရှိနေသည်။

အမေနဲ့ ရွာကို လွမ်းတယ်ဟူသော ဓါတ်ပြားအဆိုတော် တစ်ဦး၏ တေးသီချင်းသည် ကျွန်တော် တို့လို တောသားတွေ ၏ နှလုံးသားကို တုန်ခါလောက်အောင် လာ၍ ရိုက်ခတ်၏ ။ မြို့ကြီးသားတွေ တော့မသိ။ တောရွာမှာ မွေး၊ ကျေးလက်မှာ ကြီးပြင်း၊ မြို့ပေါ်မှာ ရေကြည်ရာမြက်နုရာ ကျင်လည်ကြရသော ကျွန်တော် တို့အဖို့ရာမှာ အမေ့ကိုလည်း သတိရသည်။ မွေးရပ်မြေကျေးရွာကလေးကိုလည်း တမ်းတမိ သည်။ မှန်ပေသည်။ အမေနှင့် ရွာကိုပါ လွမ်းပါသည်။

အမေသည် အသက် ၈၀ ကျော်ပေပြီ။

မျက်စိရေတိမ် ရောဂါ ဖြင့် မမြင်မစမ်း မှုန်ဝါးသည်မှအပ ဘာ ရောဂါ မှမရှိ။ ကျန်းမာသည်။ အကယ်၍ သာ ကျွန်တော် ၏ မျက်လုံးများ ကို အစားထိုးလဲ၍ အမေ့ကိုတပ်ပေး၍ ရနိုင်လျှင် ကျွန်တော့် မျက်လုံးအစုံဖြင့် အမေ့ကိုပူဇော်ချင်ပါ၏ ။ အမေ့ကိုကျွန်တော် အလွန်ချစ်၏ ။

အမေစတ်ဆင်းရဲအောင် ကျွန်တော် တစ်ကြိမ်မှ မပြုလုပ်ဖူးပေ။ အမေစိတ်ချမ်းသာစေမည့် အရာများ ကို ကျွန်တော် အမြဲတမ်း စဉ်းစားသည်။ အမေကရပ်ရွာကို တိုးတက်စေချင်သည်။ ကျွန်တော် တို့ရွာက ရေအလွန်ရှားသည်။ မိုးခေါင်ရေရှားဟု ဟိုးရှေးက ခေါ်ခဲ့ကြ၏ ။ မိုးနည်းရေရှား ရပ်ဝန်းပေပ။

မြူအိုးထဲမှာ ရေကိုထည့်၍ အုန်းမှုတ်ခွက်တစ်ခြမ်းပဲ့ဖြင့် နွားစာကျင်းခေါင်းထဲမှာ ငယ်ငယ်က ရေချိုးခဲ့ ရ၏ ။ ထိုရေကို နွားသောက်စေရ၏ ။ ရေရရှိစေရန် အ၀ီစိတွင်းများ တူးဖော်ဖို့ဆက်သွယ်ကြိုးစားရာ ယခုအခါ ရေမရှားတော့။ အစိုးရ၏ ကျေးဇူးဖြင့် ဘုန်းတော် ကြီးကျောင်းမှာ အ၀ီစိရေတွင်းရှိလေပြီ။

ရွာမှာ ရေလည်းရှိပြီ။

ရွာမှာ လျှပ်စစ်မီးလည်း သွယ်တန်းပြီးပြီ။ မီးလည်း ရနေပြီ။ ပညာအလင်းရောင် ထွန်းပြောင်ဖို့ရာ စာသင်းကျောင်းကိုလည်း တွဲ ဖက်အထက်တန်းကျောင်းအ ဖြစ် ဖွင့်လှစ်နိုင်လေပြီ။ ရပ်သူရွာသားလူအများ ဗဟုသုတရှိစေရန် စာကြည့်တိုက်တစ်ခုကိုလည်း ကျွန်တော် ထူတောင်ပေးနေပါသည်။ လစဉ်လစဉ် တတ်နိုင်သမျှ စာအုပ်များ ကျွန်တော် ရှာဖွေစုဆောင်း၍ ပေးပို့လှူဒါန်းသည်။

ရွာဦးစေတီတော် အတွက် ဆလိုက်မီးတပ်ဆင်ချင်သည်ဟု အမေကဆန္ဒရှိသဖြင့် မီးလုံးမီးခွက် ၀ယ်ပေးပြီး ပို့လိုက်သည်။ ကျပ် ၆၀၀၀ ကျလေသည်။ အမေသည် စေတီတော် မြတ်ကို အလင်းရောင် ဖြင့် ပူဇော်ချင်သည်။

ကြည်နူးဖွယ်ဟူသော နှဲကြီးနှင့် ရေကင်းသံဗျောချသော ဓါတ်ပြားအသံချဲ့စက်ကြီးဖြင့် ရွာထိပ် မန်ကျည်းပင်ပေါ်က ဖွင့်လိုက်လျှင် ကလေးဘ၀ အလွန်ပျော်ကြသည်။ အလှူ ဖြစ်စေ၊ မင်္ဂလာဆောင် ဖြစ်စေ၊ ဟင်းကောင်းကောင်းနှင့် ထမင်းစားရမည် ။ အနည်းဆုံးတော့ မုန့်ဟင်းခါး ကျွေး ဖြစ်သည်။

ရွာဓလေ့သည် မိသားစုပမာ ဖြစ်သည်။ သာရေး နာရေး အားလုံးမှာ ညီညာစည်းလုံးကြသည်။

ရန်ကုန်မှာ လူဦးရေ ငါးသန်းနီးပါးမျှ နေထိုင်ကြသည်။ မိမိကိုသိသူလည်းရှိ၊ မသိသူလည်း ရှိ။ မိမိက သိသူလည်းရှိ၊ မိမိက မသိသူလည်း ရှိ၏ ။ အများ အားဖြင့် ကတော့ သူစိမ်းတွေ ပဲ ဖြစ်သည်။ စကားအော်၍ ပြောမ ဖြစ်။ အသံကျယ်ကျယ် ရယ်၍ မသင့်။ ပွင့်ပွင့်လင်းလင်း မရှိ။ ရင်းရင်းနှီးနှီး အော်ကြီးဟစ်ကျယ် လုပ်၍ မရ။

စိတ်ကျဉ်းကျပ်လှပါ၏ ။ အလုပ်ကလည်း ဖိစီး၏ ။

တောရွာမှာ တော့ ဟေး… ဘယ်သူရေ ဘယ်ဝါရေ သိုဝှက်စရာလည်းမဟုတ်။ တုတ်ထိုးအိုးပေါက်ပင် စိတ်ထဲရှိရာ ပြောချလိုက်လို့ရ၏ ။ ချစ်ခင်ရင်းနှီးခြင်းဟူသည် စိတ်ကို လုံခြုံနွေးထွေးစေပါသည်။

မြို့အလိုက် မြို့စရိုက်တွေ က တောသား ဖြစ်သော မိမိအနေနှင့် တစ်ခါတစ်ရံ အံမကျချင်ပေ။ မိမိသည် အသက် ၅၀ နီးပေပြီ။ အမေနှင့် ရွာကိုလွမ်းတယ်ဟု အသည်းနှလုံးထဲက မြည် ကြွေးသော အသံကို ပြန်၍ ကြားမိသော အခါ ညီလေးကို ကျွန်တော် အပြစ်တင် ဆူပူခဲ့သမျှ အခုမှဝဋ်လည်ပေတော့သည်ဟု ခံစားရ ပါသည်။

အမေ့ဆီကို တစ်နေ့က လူကြုံနှင့် ဗီတာဇုံအားဆေး၊ ဘားပလက်အားဆေးလေးအချို့ ၀ယ်ပြီးပို့ ပေးလိုက် ပါ၏ ။ အမေသည် နေ့စဉ် ဘုရားရှင်ထံ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူရင်း မေတ္တာပို့ရာ၌ သားအကြီးဆုံး ကျွန်တော့် ကို ဘယ်တော့မှမမေ့။ အမေ့ရင်ငွေ့သည် ကျွန်တော့် အဖို့ နွေးထွေး ချမ်းမြေ့လှပါ၏ ။

မွေးမေထံ သားအပြန်

မိုးဦးသစ်စ အခါသမယ။ လေနှင့် အတူ တိမ်ဖြူဖြူများ သည် မြောက်အရပ်ဆီသို့ တရွေ့ရွေ့။

ကျွန်တော် သည် ကုသိုလ်ပြုသူ အလှူဒကာတစ်စု၏ ဖိတ်ကြားခေါ်ဆောင်မှုကြောင့် ရန်ကုန်-ပုဂံ အမှတ် (၂၅) အဆန်အမြန်ရထားကြီးဖြင့် တစ်ခုသော သော ကြာနေ့၊ ညနေ ၉ နာရီအချိန်တွင် ရန်ကုန် ဘူတာကြီးမှ ထွက်ခွာလိုက်ပါခဲ့ပါသည်။ မြေလတ်ရပ်ဌာန်။

ပုဂံ။

မြန်မာတို့၏ ပုဂံ။ စနေနေ့ ညနေ ၄ နာရီခွဲတွင် မြန်မာ့အားမာန် ရှေးဟောင်းမြို့တော် ကြီး ပုဂံသို့ (လှပခမ်းနားသော ပုဂံဘူတာ အဆောက်အဦးကြီးရှေ့သို့) ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရပါ တော့၏ ။

ပုဂံကိုချစ်ပါသည်။ ပုဂံကို ကျွန်တော် ၏ နှလုံးသားထဲက မြတ်နိုးသည်။ပုဂံကိုရှုမြင်ရတိုင်း ပီတိလှိုင်း သည် တအိအိတငြိမ့်ငြိမ့် ရိုက်ခတ်သည်။ ညနေဆည်းဆာ ပုဂံမြေသည် နေရောင် နုနုအောက်မှာ အလွန်တရာလှပသော ပန်းချီကားကြီးအ ဖြစ် ညှို့ယူဆွဲငင်ထားပါ၏ ။

နောက်တစ်နေ့နံနက်ခင်း။ ၄ နာရီခွဲ အရုဏ်တက်စမှာ ပုဂံ၏ အရုဏ်ဆည်းဆာကို စောင့်ပြီး ငေးမောကြည့်ရှုကြပြန်သည်။ ကျီးမနိုးမီ ထ၍ ထွက်ခဲ့ရသည်။ ပုဂံဘုရားစေတီဟောင်းများ ၊ ထန်းပင် များ ကြားမှ အလင်းရောင် တစ်စတစ်စပြန့်ကျယ်ထွန်းလင်းလာပုံ၊ နံနက်ခင်းဆည်းဆာအရုဏ်သည် စွဲမက် စရာအလှပုံရိပ်လွှာ။

ဘုရားမှာ ဆွမ်း၊ ပန်း၊ သစ်သီး၊ ရေချမ်းတို့ ကပ်လှူပူဇော်ကြပြီး ကျွန်တော် အမေ့ကိုတွေ့ ချင်လာ သည်။ အမေနှင့် တွေ့ ရပါလို၏ ။

အမေ့အသက် ၇၉ နှစ် ပြည့်ခဲ့ပြီ။

ကဆုန်လပြည့်ကျော် ၄ ရက်။ တနင်္လာနေ့မှာ အမေမွေးသည်။ မွေးနေ့မွေးရက် တစ်ထပ်တည်း ကျသဖြင့် အမေကုသိုလ်ဒါနပြုခဲ့သည်။ လွန်ခဲ့သည့်တစ်ပတ်က ဖြစ်သည်။ အမေက သားကြီးကို သာဓု ခေါ်စေချင်သည်။ ဆရာတော် သံဃာတော် များ ကို မုန့်ဟင်းခါးဆွမ်းကပ်လှူသည်။ ညီနှစ်ယောက် အနီးမှာ ရှိသည်။ မိမိသာ အဝေးမှာ ။

ကျွန်တော် ပုဂံရောက်နေပြီ။

ရန်ကုန်-ပုဂံ မိုင် ၄၀၀ ကျော် လာခဲ့ပြီးပြီ။

ပုဂံနှင့် ၂၅ မိုင်မျှသာ ကွာဝေးသော မွေးဇာတိမြေသို့ ကျွန်တော် မရောက်ရောက်အောင် မသွားသင့် ပေဘူးလား။ ကားရှာငှားတော့ ကားခ ၂၅၀၀ ကျပ်ဟုဆိုသည်။ အသွားအပြန် ၃၊၄ နာရီ ခရီးတိုတို ဤမျှ များ သဖြင့် ကျွန်တော် ဖျားသွား၏ ။ ကျွန်တော့် လခ တစ်လစာ။

ဟာ-စာမူခ မနေ့ကပင် တစ်သိန်းနီးနီးရထားတာ။ အမေ့ကို တစ်သော င်းကန်တော့မည် ။ ကားခကို ချိုချိုသာသာ၊ ချော့ချော့မော့မော့နှင့် ဈေးဆစ်၍ ငှား ဖြစ်အောင်ငှားကာ သွားလိုက်သည်။ အမေ မိမိကို မျှော်

နေပုံရသည်။

ကျွန်တော် ၏ တစ်ဦးတည်းသော သားကလေးလည်း အဖော်ပါသည်။ ဤသားမှာ ကျွန်တော် သွားလေရာရာ ခရီးအတော် များများ ၌ အဖော်ခေါ်နေကျ ဖြစ်ပါသည်။

သားအဖနှစ် ယောက် အမေ့ကို ကန်တော့ကြသည်။ သားကြီးသြရသနှင့် တစ်ဦးတည်းသော မြေး ယောက်ျားလေးတို့သည် အမေံအဖို့ ချစ်မ၀သူများ ဖြစ်ပါ၏ ။ အဝေးမှာ ပဲ နေကြရသည်။ နတ်တို့ ဖန်ဆင်း စေလွှတ်ဘိသကဲ့သို့ ဗြုန်းခနဲ၊ ဒိုင်းခနဲ ရှေ့မှော က်သို့ရောက်လာခြင်းမှာ အလွန်တရာ အံ့သြ၀မ်းသာစရာ။ အမေကကြည်နူးသည်။ အမေ့မျက်နှာသည် ကြည်လင်းဝင်းပနေ၏ ။ အမေ့မျက်လုံးသည် ရယ်ရွှင်တောက်ပနေ၏ ။

ကြာကြာတော့မနေနိုင်။ နာရီပိုင်းအတွင်းမှာ ရွာမှထွက်ခဲ့ကြသည်။ ဟာ…နံနက်စောစော အလိုတော် ပြည့်ဘုရားမှာ ဂုဏ်တော် တွေ ပူဇော်ရွတ်ဆိုခဲ့ခြင်းကြောင့် ပေလော။ ချက်ချင်း လက်ငင်းပင် အလို ဆန္ဒပြည့်ဝပေပြီကော။ အံ့သြ၀မ်းသာ ကြည်နူးရပါ၏ ။

တကယ်တော့ ရန်ကုန်မှမထွက်မီကတည်းက ကျွန်တော် သည် ကျွန်တော့် ဇနီးကို ပြော ဖြစ်သည်။

“လှလှရေ၊ နိုင်ငံ ကတော့ အချန်ရရင်ရတာ နဲ့ အမေ့ကိုသွားပြီး တွေ့ မှာ နော်”

“ပြောမနေပါနဲ့ ၊ သိပါတယ်”

ချစ်ဇနီးက မျက်လုံးထောင့်ကပ်၍ ခနဲ့တဲ့တဲ့ပြော၏ ၊

“သိပါတယ် ဆရာ”

“မှန်၏ ။ ကျွန်တော့် ဘ၀မှာ ကျွန်တော် တန်ဖိုးအထားဆုံး သက်ရှိလူးသားတစ်ဦးမှာ မွေးကျေးဇူးရှင် မာတာမိခင် ဖြစ်ပါသည်။ သားတွေ ၊ သမီးတွေ နှင့် ဇနီးထက် အမေ့ကိုဦးစားပေး၏ ။ အသက် ၈၀ အရွယ် အိုသော်လည်း ကျန်းမာသေး၏ ။

အမေစိတ်ချမ်းသာပါစေ၊ အမေစိတ်ချမ်းသာစေမည့်  အလုပ်တွေ ကို ကျွန်တော် ရှာဖွေစဉ်းစား၍ လုပ် ၏ ။

အမေစိတ်မချမ်းမသာ ဖြစ်မှာ ၊ စိတ်ညစ်ညူးမှာ မျိုးကို ကျွန်တော် ဆင်ခြင်၏ ။ ရှောင်ရှား၏ ။ အမေ့ကျန်းမာရေး ကို အမြဲဂရုစိုက်၏ ။ ထို့ကြောင့် ပင်လား မသိ။

ကျွန်တော့် ဘ၀မှာ အကျပ်အတည်း အခက်အခဲ ကြီးကြီးမားမားမရှိ။

အမေ ကတော့ ကျွန်တော့် ကို ဘွားခနဲတွေ့ မြင်လိုက်ရတော့-

“ငါထင်တယ်။ ငါထင်တယ်၊ အိမ်မြှော င်တွေ က တစစ်စစ်စုပ်ထိုးနေတယ်။ ရေအိုးအောက်က ကရွတ် ခွေမှာ မှိုတွေ ပေါက်လိုက်တာများ အံ့အားသင့်စရာဟဲ့၊ ငါကဓါတ်ပုံရိုက်ပြီး သားကြီးဆီပို့ချင်လှသ ကိုးလို့တောင် ပြောမိသေး”

“နိမိတ်တွေ က ပြနေတာပါ၊ ငါ့သားနဲ့ တွေ့ ရမယ်ဆိုတာ အမေက ကြိုသိနေပါတယ်”

အဲဗျ။ အင်ကျူးရှင်း Intuition လား။

ပရီကော့နေရှင်း Precognition လား။

ဘာမှန်းတော့မသိ။ ကျွန်တော် နှင့် အမေ တွေ့ ဆုံခြင်းကို အိမ်နီးချင်း လေးငါးယောက် ကပါ တစ်စုတစ်ဝေး၀ိုင်း၍ ကြည့်ရှုရယ်မောကာ ပျော်ရွှင်နေကြ၏ ။ ပွဲတစ်ခုပမာပင်။

ပုဂံကိုနေ့ချင်းပြန်၊ နေ့လယ်မှာ ပြန်ရောက်သွားကာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၊ ဒေါက်တာ မျိုးသန့်တင်နှင့် နုနုရည်(အင်းဝ)တို့ကို ပြောပြသော အခါတွင် လည်း သူတို့ပါ ကြည်နူးအားရ၀မ်းသာကြ၏ ။ သာဓုခေါ်ကြ၏ ။

ဟင်…ထိုနေ့နံနက်က နံနက်စာ နန်းကြီးမုန့်တီသုပ်နှင့် လက်ဖက်ရည်တို့ကို ညောင်ဦးဈေးမှာ ဤဘုရားဖူးတစ်ဖွဲ့လုံးအား ကျွန်တော် ကျွေးမွေးခဲ့တာပါတကား။ ဤဒါနကုသိုလ်အကျိုးပေးကြောင့် ချက်ချင်း အလိုပြည့်တာကော မ ဖြစ်နိုင်ပေလော။

ကုသလ၊ ပုည ဖလတွေ ကတော့ အကျိုးရကို ရဦးမှာ ဟု မိမိယုံကြည်ထားသည်။ ကောင်းကျိုးရအောင် ကောင်းမှုအပြုအမူတွေ ကိုတော့ ကိုယ်တိုင် ရှာဖွေ စုဆောင်းရပေမည် ပေါ့။

အမေ့ထံ အပြန်လမ်းဝယ်

ကျောက်ပန်တောင်းမှ ပုဂံသို့ ရထားလမ်းမဖွင့်ရသေးမီ စမ်းသပ်ပြေးဆွဲစကာလမှာ ဒေါက်တာ မျိုးသန့်တင်ခေါင်းဆောင်သော မြတ်မိခင်လူမှုရေး အဖွဲ့သည် ရန်ကုန်မှပုဂံသို့ လေ့လာရေး ခရီး ထွက်ခဲ့ကြပါသည်။ ရန်ကုန်မှ ရထားဖြင့် တောင်ငူ၊ ပျဉ်းမနား၊ တောင်တွင်း၊ ကျောက်ပန်းတောင်း၊ ထိုမှ ပုဂံ၊မြန်မာတို့၏ ရှေးဟောင်းမြို့တော် ကြီးကို ရထားစီးပြီး တိုးလျှိုပေါက်ရောက်ရှိခြင်းသည် အလွန် တရာအံ့သြ၀မ်းသာစရာ ဖြစ်ပါ၏ ။ ယမန်နှစ် က ထူးခြားအောင်မြင်မှုတစ်ခု။

ဤခရီးမှာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ပါလာသည်။ ကဗျာဆရာသူရဇော်နှင့် သူဇနီး ပါသည်။ စာရေး ဆရာမ နုနုရည်(အင်းဝ)နှင့် သူ့ခင်ပွန်း ကိုအောင်ကျော်တိုးပါသည်။မောင်စိန်ဝင်းနှင့် ဆရာမြတို့ မပါခဲ့ကြ။ သူတို့ခရီးလွန်နေကြသည်။ ကျွန်တော် က သားလေး မောင်ကောင်းထိုက်ကို ခေါ်လာသည်။ ဘုရား တွေ ဖူးကောင်းမှု ကုသိုလ်တွေ ပြုကြပြီးနောက် အနားယူမည့် တစ်နေ့တွင် ကျွန်တော် က အဖွဲ့ဥက္ကဠ ဒေါက်တာမျိုးသန့်တင်ထံ ခွင့်ပန်၍ နေ့ချင်းပြန် မိမိဇာတိရွာရှိ အမေ့ထံ သွားတွေ့ ပါရစေ ပြောလိုက်၏ ။ ပြန်ပါ-ပြန်ပါ။ ကြည်ဖြူစွာ တိုက်တွန်းပါ၏ ။ အမေက အသက် ၈၀ ရှိပြီဆိုတော့ ဟာ-ဒီလောက်နီးနေမှတော့ ရောက်အောင်သွားမှာ ပေါ့။ အမေ့ဆီသွားမှာ ဟာ ကုသိုလ်အရဆုံးပဲ။ သွားသာသွားဟု ဆရာဘုန်းနိုင်က တပည့်ကိုအားပေးသည်။

ညောင်ဦး-ပုဂံမှ အငှားကားတစ်စီးကို နံနက် ၉ နာရီမှာ နေ့ချင်းပြန်ငှားပြီး မိမိမွေးရပ် ကျေးရွာ ကလေးဆီသို့ သားအဖနှစ် ယောက် ပြန်လာကြပါသည်။ သဲပြင်ယာတောနှင့် တမာပင်၊ ထနောင်းပင်၊ ထန်းပင်တို့သည် နောက်မှ တရိပ်ရိပ်ပြေး၍ ဝေး၍ ကျန်ခဲ့သည်။ ကားလေးသည် အရှိန်ဖြင့် ပြေးနေသည်။

ဘယ်တောင်ကြည့်ကြည့်

သတိရချင် တွေးတိုင်းထင်ရဲ့

တို့ရင်ထဲက ပုပားတောင်…။

ဘယ်မြစ်တွေ့ တွေ့ 

အောက်မေ့နေချင် လွမ်းတိုင်းမြင်ရဲ့

တို့ရင်ထဲက ဧရာဝတီ…။

ဘယ်နေရာရှိရှိ

တမ်းတမိချင် ပြန်ရောက်ချင်ရဲ့

တို့ရင်ထဲက ပုဂံပြည်…။

ပုပား ဧရာဝတီ ပုဂံပြည်နှလုံးသား

ရှိသူများ လေ တို့တစ်တွေ

ရွှေမြန်မာများ ဖြစ်ပါ၏ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

ပုဂံမှချောက်သို့သွားသော ကားလမ်းတလျှောက်တွင် အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ပါက ပေ၄၀၀၀ကျော် မားမားစွင့်စွင့် ပြာပြာလွင့်လွင့်မြင့်သော ပုပားတောင်မကြီးကို မြင်နိုင်သည်။ အနောက် ဘက်တွင် သော င်ပြင်ဖြူဖြူဖွေးဖွေးကြီးနှင့် ဧရာဝတီကို မြင်ရသည်။ ခံ့ညားလှပသော အနုပညာလက်ရာ တို့ဖြင့် နိုင်ငံတကာ၊လူမျိုးတကာ လေးစားခန့်ညားရသည့် အရိမဒ္ဒနပူရဆိုသည့် ပုဂံနေပြည်တော် ကြီးနှင့် မိုင် ၂၀ ဝေးသော ကျေးရွာ။

ကျွန်တော် ဇာတိ ကြေးနီကျေးရွာသည် ပုဂံ၏ တောင်ဘက် မိုင် ၂၀ (ရှေးကလှည်းနှင့် တစ်ရက်ခရီး/ မြင်းနှင့် တစ်နံနက်ခရီး)မှာ တည်ရှိပါသည်။ ပုပား/ပုဂံ/ဧရာဝတီတို့သည် မိမိမွေးကင်းစမှစ၍ မိမိရင်ထဲသို့ စိမ့်ဝင်နေကြသော သင်္ကေတလက္ခဏာများ ဖြစ်ကြပါသည်။ ပုဂံမှကြီးနီသို့ကားဖြင့် ခရီးထွက်ခဲ့ရာတွင် လူရွယ်ကားမောင်းသူက သူနှစ်သက် ရာ ကက်ဆက်သီချင်းခွေများ တစ်ခုပြီးတစ်ခု ဖွင့်လာခဲ့သည်။ ပထမ စိုင်းတီးဆိုင်ဖွင့်လက်စ တစ်ဝက်ကုန်တော့ တစ်ခွေအသစ်လဲထည့်သည်။ ချိုပြုံး…

အင်း…အမှန်တိုင်းဝန်ခံရလျှင် ကျွန်တော် သည် မြန်မာသံပီပီသသမှ ကြိုက်သည်။ မေလှမြိုင်၊ ရီရီသန့်၊ မလှရွှေတို့လိုအသံမျိုး ဒေါ်ကြည်အောင်လိုအသံမျိုးကို အကြိုက်ဆုံး ဖြစ်သည်။နှုတ်ခမ်းပါးပါး၊ လျှာသွက်သွက် ကလေးနှင့် အဖျားခတ်သံမျိုး၊ ခပ်ဝဲ၀ဲတဲတဲ အသံမျိုးတွေ ဆိုလျှင် မကြိုက်ချင်ပေ။

ချိုပြုံးသီဆိုကျော်ကြားသော သီချင်းပေါင်းများ စွာ ရှိခဲ့ပါသည်။သော တရှင်ပိရိသတ်သည် ချိုပြုံး၏ ဂရုဏာရသပသော ချိုလွင်သည့်အသံကို နှစ်သက် အားပေးကြသဖြင့် နှစ် ပေါင်း ၃၀ ကျော် အနုပညာ နယ်မြေမှာ ရပ်တည်နေနိုင်ခြင်းပင်။ သူ့မှာ လည်း သူ့အခိုင်အမာပရိသတ်တော့ ရှိပါသည်။ကျွန်တော် သည် တစ်ကျော့နှစ် ကျော့တေးကိုသီမှစပြီး မင်းသမီးမချိုကို အံ့သြစွာ လေးစားချီးကျူးခဲ့ပါ၏ ။ သူ၏ သရုပ်ဆောင် အနုပညာမှာ လည်း အထူးပြောစရာမရှိ။ သူ့သီချင်းတွေ ခုမှအေးအေးဆေးဆေးစုပြီး နားထောင်မိသည်။ အေးဗျာ။ ယခုအခါ သား ၁၂ နှစ် သားလေးနှင့် အတူ မတွေ့ ရသည်မှာ ကြာပြီ ဖြစ်သော အမေ့ဆီသွားသည့် ခရီးတွင် မူ ကားဆရာလေးဖွင့်ထားသော ချိုပြုံး၏ သီချင်းများ သည် တစိမ့်စိမ့် တသိမ့်သိမ့်အရသာ တွေ့ နေ ပါ၏ ။ မိမိ၏ အတွေးယဉ်ကြောတွင် ကြည်နူးကျေနပ်မှုဖြင့် ပြည့်နေပါသည်။ မချိုကတယ်ပြီး တော် ပေတာပဲ။

စန္ဒရား၊ တယော၊ နှဲကြီး၊ ခြောက်လုံးပတ်တို့ဖြင့် အေးအေးဆေးဆေးသီဆိုထားသော မချို၏ တမာလမ်းကပြန်ခဲ့ပါ၊ တက္ကသိုလ်ကျောင်းက ငွေလမင်း၊ ဘ၀ချင်းဆုံတွေ့ ပါရစေ၊ ပန်းပိတောက်ကြွေရာ မြေစသည့် တေးကလေးများ သည့်တငြိမ့်ငြိမ့်နှင့် အရသာရှိလှပါတကား။ သြော်…နုနုလှလှ ခံစားတတ်သူ များ အတွက် ဂီတ၏ ဖမ်းစားမှု အပြည့်အ၀ပေးနိုင်သော သံစဉ်တေးသွား၊ စာသား၊ ဆိုဟန်ဆိုပေါက်၊ ပင်ကိုယ်အသံ ပျော့ပျောင်းနွဲ့နှောင်းမှု၊ ကြည်လင်ချိုသာမှု၊ ပါရမီရှင် အမျိုးသမီး အဆိုတော် ပေပဲ။

ရုပ်လည်း ချောမောလှပ၏ ။ ဒေါင်းငှက်ပမာ။

အသံလည်း ဥသြသဖွယ်သာယာ။

သရုပ်ဆောင်လည်း အလွန်တော် ၏ ။

သူ၏ ကောင်းသတင်း မကောင်းသတင်းများ ကိုကား ကြားရဖူး၏ ။ ပုထုဇဉ် လူသားတစ်ဦး ဖြစ်သော သူ့ဘ၀ကိုလည်း လောကဓံက ခြွင်းချန်မထား။

ချိုပြုံး၏ တေးသီချင်း၊ ရာပေါင်းများ စွာ ကို ရေဒီယို၊ ရုပ်ရှင်၊ ကက်ဆက်၊ ပွဲလမ်းသဘင်အမျိုးမျိုးတို့မှ မရိုးနိုင်အောင်ကြားရဖူးသည်။ ဤမျှ တစ်ခါမှ သတိမပြုမိပေ။ ယခုမှ ဗြုန်းစားကြီး မချိုကို နီးနီးကပ်ကပ် တွေ့ လိုက်ရသကဲ့သို့ ရှိပါဘိတော့သည်။ကားဆရာ၏ ထိုင်ခုံဘေးရှိ အခွေထည့်သော ခွက်ထဲမှာ ကက်ဆက်ခွေတွေ အများ ကြီးတွေ့ ရ၏ ။

“ဘယ်အဆိုတော် တွေ လဲကွ”

“ချိုပြုံးတွေ ပါပဲ”

“ယောကျာ်းအဆိုတော် မပါဘူးလားဟ”

“စိုင်းထီးဆိုင်တို့ ခင်မောင်တိုးတို့ ပါပါတယ်”

အလဲ့ကွဲ့။ ကားဆရာသည် ခံစားမှု ငြိမ့်ငြိမ့်အေးအေးလေးလေးတွေ ကို ကြိုက်ပုံပေါ်ပါ၏ ။

နိဂုံးချုပ်ပါတော့မည် ။

နှစ် ပေါင်း ၄၀ နီးပါး ချိုပြုံးသီချင်းဆိုသွားသော်လည်း ကျွန်တာ့်နားထဲသို့ စွဲလောက်စရာတစ်ပုဒ်မှ မှတ်မှတ်သားသားမရှိခဲ့ဖူးပါ။ ပုဂံမှ ရွာအပြန် အမေ့ဆီသွားခဲ့သော ခရီးမှာ တော့ ချောက်မြို့သို့ မ၀င်မီ မချို၏ ပါရမီရှင်အဆိုတော် ပီသသော အသံတို့ကို လှိုက်လှဲစွာ သတိပြုလေးစားမိပါ၏ ။ နားအာရုံထဲသို့ ခုမှပဲ စွဲနစ်စိမ့်ဝင်သွားတော့၏ ။ ကြားနားသူ၏ အာရုံအခံကအပြည့်အ၀ ဖွင့်ထားမှသာ အရသာပြည့်ဝစွာ ရနိုင်ပေ သည်တကား။

မိဘမေတ္တာ

တစ်ခါတစ်ပါးမှာ ရွာတစ်ရွာ၌ လုလင် တစ်ယောက် ရှိလေသည်။ သူ့မှာ မျက်မမြင် အဖေအိုနှင့် အမေအို တို့ရှိကြသည်။အသက်အရွယ် ၇၈ နှစ် ရှိပြီ ဖြစ်သော စာရေး သူ၏ မိခင်သည်လည်း မျက်စိရေတိမ် ရောဂါ ရှိသဖြင့် မျက်စိကွယ်လုနီးနီး ဖြစ်နေရှာပြီမို့ ထိုအဖြစ်ကို စာနာမိသည်။ လုလင်မှာ ဇနီးရှိသည်။ သူ့ဇနီးက ယောက္ခမအဘိုးအို၊ အဘွားအိုတို့ကို ငြိုငြင်ငြူစူသည်။ ဒုက္ခပိုသည် ထင်သည်။ လင်သားကို အမျိုးမျိုး ကုန်းချောသည်။ ရုပ်ရည်လှပ စကားကလည်း တတ်ပါလိမ့်မည် ။

မကြာခဏ အခါခါပြောတော့ ရှင့်အဖေအို အမေအိုတွေ ကို တောထဲခေါ်သွားပြီး ရှင်းခဲ့ပါတော့ ဟူသော စကားကို နားယောင်မိသည်။နွားလှည်းကိုပြင် အဖေနှင့် အမေကို ဥပါယ်တံမျဉ်ဖြင့် တင်ခေါ်ဆောင် သွားကာ သားက လူဆိုးတွေ လာပြီဆိုပြီး ထွက်ပြေးဟန်ဆောင်ပြီးတော့ တုတ်၊ဓား၊လက်နက်ကိုင်ကာ ရိုက်နှက် သတ်ဖြတ်မည် ကြံစည်ကာ ခေါ်အသွား။

“သားရေ…တို့သားအမိသားအဖသုံးယောက် အခုလိုလှည်းတစ်စီးနဲ့ခရီးသွားရတာ တယ်ပြီး ကြည်နူး စရာကောင်းလှသကွယ်” အမေကရွှင်ပျနေရှာ၏ ။

“ဟုတ်ပါ့ကွယ်၊ ငါ့သားလေးနဲ့ တို့တစ်တွေ အခုလို ချစ်ချစ်ခင်ခင် လှည်းနဲ့ မသွားရတာ ကြာခဲ့ပြီကိုး”

အဖေကလည်း ဘာမှမသိရှာတော့ ပျော်ရွှင်လန်းဆန်း။

ညာပြီးတော့ သတ်မည် ဟု ရည်မှန်းခဲ့သည့် သားလုလင်မှာ ရင်ထဲကမကောင်း၊ ဟယ် မတတ်နိုင်ပါဘူး၊ ဇနီးထံမှာ မျက်နှာရအောင် ရက်စက်ရမှာ ပဲ စိတ်ကိုတင်း။

“အဖေရေ- လူဆိုးတွေ လာပြီဗျို့၊ ဒုက္ခပဲ”

“ဟေ… ဒါဆိုရင် အဖေတို့အမေတို့ ထားခဲ့ကွဲ့၊ ငါ့သားလေး လွတ်အောင်ပြေး”

“သားလုလင် ရင်လေးရပြန်ပြီ။ မိဘမေတ္တာ ထင်ရှားစွာ တွေ့ နေရသည်။ တတ်နိုင်ဘူးကွာ၊ မူလကြံစည်ထားတဲ့အတိုင်း လုပ်ရမှာ ပဲ။ အသံဖျက်၍ လူဆိုးဟန်ဆောင်ကာ အဘိုးအို အဘွားအိုတို့ကို ပုတ်ခတ်ရိုက်နှက်လေ၏ ။ သေသည်အထိပြုတော့မည် ။

“အမေလေးလေး…သေရပါတော့မယ်၊ နာလှပါပြီရှင်၊ ကယ်တော် မူကြပါ”

“ရှင်မရေ- ကြိတ်ခံပါ၊ ကြိတ်ခံပါ”

“နာလွန်းလို့ပါတော် ”

“မင်းအော်သံကြားရင် ငါ့သားလေး သံယောဇဉ်ညိတွယ်ပြီး ပြန်လာနေပါဦးမယ်၊ ငါ့သားလေး လွတ်ရာအဝေး ပြေးပါစေ။ တို့တစ်တွေ က အိုလည်းအိုလှပါပြီ။ သေပျော်ပါပြီ ရှင်မရယ်၊ မအော်ပါနဲ့ကွယ်၊ သားလေးပြန်လာမှာ စိုးလို့”

“မအော်တော့ပါဘူးတော့၊သားလေး ချမ်းသာပါစေ၊ လွတ်ပါစေတော် ၊ ကျွန်မကြိတ်ပြီးခံပါ့မယ်”

မျက်မမြင် ဒုက္ခိတ အဖေအို အမေအိုတို့ကို တုတ်မိုးလျက် ရိုက်နှက်ထုထောင်းနေမိသော လုလင်မှာ ရင်ထဲဆို့၍ လှိုက်ဖိုလာသည်။ ဆက်မရိုက်ရက်တော့။ ငါမှားပါပေါ့ကလား။

ထွက်ခွာသွား၊ ချုံကြားမှာ အားရအောင် ချုံးပွဲချငို၍ ကျွန်တော် မှားပြီအမေ၊ ကျွန်တော် မှားပြီ အဖေ၊ သားလူမိုက်ကြီး နောင်တရပါပြီ။ မိဘမေတ္တာ ဒီလောက်ကြီးမားတာ နားမလည်ခဲ့လို့ပါဟု စိတ်ထဲက အကြိမ်ကြိမ် နောင်တရ။ မျက်ရည်သုတ်၍ ပြန်ထွက်လာခဲ့။

“အဖေတို့ အမေတို့ လူဆိုးဓားပြတွေ ပြေးသွာားကပါပြီ၊ ဘယ်မှာ နာသွားသေးလဲ”

“မနာပါဘူးကွယ်၊ သားအရိုက်မခံရဘဲ လွတ်သွားတာပဲ အမေတို့ ကျေနပ်လှပါပြီ”

စာရှုသူတို့ သိပြီး ဖြစ်သည့်အတိုင်း ဂေါတမမြတ်စွာ ဘုရား၏ လက်ဝဲတော် ရံတန်ခိုးအရာမှာ ဧတဒဂ်ရတော် မူသော အရှင်မဟာမောဂ္ဂလာန်ရဟန္တာထေရ်မြတ်၏ တစ်ခုသော နုစဉ်ဘ၀က မှားခဲ့မိပုံ ဖြစ်စဉ်တစ်ခုပါ။ ဤ ဖြစ်ရပ်မှာ အဖေနှင့် အမေတို့ ကြီးမားသော မေတ္တာဓါတ်ကို တွေ့ ရနိုင်၏ ။

အမိအဖတို့သည် သားသမီးအပေါ်၌ ဤကဲ့သို့ ပင် မိမိအသက်ကို အသေခံ၍ စွန့်စွန့်စားစား ချစ်တတ်စမြဲ။ မိဘတို့မေတ္တတရား၊ ကျေးဇူးတရားကား ကြီးမားလှပါ၏ ။

ဤအကြောင်းအရာကို အကယ်ဒမီရွှေစင်ရုပ်တု ခြောက်ဆုရဆရာကြီး ဦးသုခ စစ်ကိုင်း ရွာထောင်ဘိုးဘွားရိပ်သာ၌ ၁၇-၂-၉၇ နေ့ ဟောပြောရာတွင် ထည့်သွင်းဟောပြောသည်။ အာဂမယုတ္တိ၊ သာဓကယုတ္တိ၊ဒေသနာယုတ္တိတို့ဖြင့် ညှိပြီး ရုပ်ရှင်ဇာတ်ကားတစ်ခုပမာ မြင်ယောင်ကြားယောင် ခံစားလာရအောင် ပြောပြသည်။

ယောက္ခမနှင့် ချွေးမတို့ တစ်ယောက် ကို တစ်ယောက် အထအနကောက်ကာ မသင့်မတင့် ဖြစ်တတ်ပုံမျိုးကို ရယ်စရာတသော သော ဖြင့် ပိရိသတ်ရယ်မော ပွဲကျအောင် ပြောသည်။

အမိနှင့် အဖကို ကိုယ်တို်င် တုတ်နှင့် ရိုက်နှက် နှိပ်စက်နေသည့်ကြားက “သားရေ…လွတ်အောင်ပြေး လွတ်အောင်ပြေး၊ အဖေတို့ အမေတို့ မျက်မမြင်တွေ ထားခဲ့ကွယ်” ဟု အသက်စွန့်ကာ ချစ်ရှာသော အဖေနှင့် အမေကို တွေ့ နေရသော ထိုလုလင်၏ ရင်ထဲမှာ မည် သို့ ရှိပါမည် နည်း။

ဆရာကြီးဦးသုခ ပြောပြ၍ ကျွန်တော် တို့ နားထောင်ရင်း မျက်ရည်ဝဲရ၏ ။

အဖေနှင့် အမေကို ကျွန်တော် သတိရသည်။ ဘုရားပွဲတွေ ၊ ပုဂံဘုရားပွဲ၊ မကွေးမြသလွန်ဘုရားပွဲ ကျွန်တော့် ကို ငယ်စဉ် လေးနှစ် ငါးနှစ် သားအရွယ် အဖေနှင့် အမေက တစ်လှည့်စီ ပခုံးပေါ်တင်၍ ပွဲဈေးလျှောက်လည်ကြပုံ။

ကျွန်တော် ဖျားနာနေမကောင်းသည့်အခါ အဖေတစ်လှည့်၊ အမေတစ်လှည့်၊ မှန်မီးအိမ်လေးထွန်းကာ မအိပ်ဘဲ မိုးအလင်းစောင့်နေကြပုံ။

ကျွန်တော့် ကို တက္ကသိုလ်ပို့ရသဖြင့် အိမ်မှာ (၁၉၆၇ ခုနှစ် ၊ ဆန်ရှားပါးသော ပြဿနာ ဖြစ်ခိုက်) ဆန်ဝယ်မစားနိုင်ဘဲ ပြောင်းဖူးစေ့၊ ဆန်ကွဲတို့ကို အဖေအမေတို့ ကျိုချက်၍ စားကြရှာပုံ။ တက္ကသိုလ် တွေ က ရုတ်တရက်ပိတ်လိုက်သဖြင့် အိမ်ပြန်လာရမှ အံ့အားသင့်စွာ ကျွန်တော် တွေ့ ရစားရ၏ ။ သားကို အသိမပေးဘဲ ဒုက္ခဆင်းရဲတွေ ကို ကြိတ်ပြီးခံစားကြသည့် အဖေနှင့် အမေ။

အမိအဖဆိုတာ ကျေးဇူးတင်စရာမလိုပါဘူးဟုဆိုသော လက်ဝဲစွန်း ရုပ်ဝါဒီသမားတွေ လည်းရှိ။ အနောက်နိုင်ငံတွေ မှာ ဆို ၁၈ နှစ် မှာ အကုန်လွတ်လပ်တာပဲ၊ ဘာအချုပ်အချယ်မှ မရှိဘူးဆိုပြီး အနောက် တိုင်းယဉ်ကျေးမှုစံတွေ ကို အတင်းအတုယူချင်သူတွေ လည်းရှိ။ အမျိုးသားယဉ်ကျေးမှု အစဉ်အလာအရ မိဘကို ရိုသေမြတ်နိုးသော စိတ်နေသဘောထားတွေ တော့ မပျောက်ကွယ်ရအောင် ထိန်းသိမ်းသင့် ပေးကြ၏ ။ ရုပ်ဝတ္ထုတွေ မည် မျှပင် တိုးတက်ထွန်းကားပါစေ၊ စိတ်ပိုင်းယဉ်ကျေးမှု ယိုယွင်းပျက်ပြားလျှင် အကြင်လူ့အဖွဲ့အစည်းသည် မအေးချမ်း၊မသာယာနိုင်ပါ။ မလုံခြုံပါ၊မပြည့်စုံပါ။

မေတ္တာဖြင့် ယှဉ်သော နှလုံးသားများ ရှင်သန်ဖွံ့ဖြိုးအောင် အားလုံးက ပျိုးထောင်ကြစေလိုပါသည်။ မိဘမေတ္တာကို ခံစားနားလည်ကြပါစေ။

ဝေဒမဂ္ဂဇင်း၊ ၁၉၉၇ ခုနှစ် ဧပြီလ။



ဝန်ဇင်းချစ်သူများ ချစ်နိုင်(စိတ်ပညာ) ၏ “ အမေ့အတွက် လက်ဆောင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လူငယ်ဆိုတာ လန်းရမယ်

ကျွန်တော့်ဘ၀ကိုလွှမ်းမိုးသော စာအုပ်များမှသည် လူငယ်များသို့

ချစ်လို့ပြောတာမှတ်ပါ ရေဒီယိုဟောပြောချက် (၂)