Cover

အမှာ စာ

Intellectual Talk အစီအစဉ်အတွက် ရိုက်ကူးဖို့ရာ ပြောလာတဲ့အခါ ၀မ်းပမ်းတသာပါပဲ။ ကောင်းပါပြီ၊ ဒီအကြောင်အရာပြောမယ်၊ အဆင်ပြေမလားဆိုတော့ သူတို့ဘက်ကပြေပါတယ်တဲ့။ ကဲဒါဆိုရင် ပြောဖို့အကြောင်းအရာကိုစာမူကြမ်း ရေး ပါတယ်။ လက်ရေး နဲ့ရေး ပြီးသားကိုကျေနပ်အောင် ပြန်စစ်၊ ပြန်ဖတ်၊ တည်းဖြတ်၊ နှစ် ရက်သုံးရက်နဲ့ဟောပြောစရာ လက်ကိုင်စာမူရပါတယ်။

အလွတ်ပြောနိုင်အောင် နှစ် ခေါက်သုံးခေါက် ဖတ်ပြီးလေ့ကျင့်ရပါသေးတယ်။ ဒါတောင်မှ တကယ်ရိုက်ကူတဲ့အခါစာရွက် ငုံ့ကြည့်တာတွေ ပါခဲ့သေးတယ်။

စာမူမှာ ရော ရိုက်ကူးရာမှပါတဲ့အကြောင်းအရာအချို့ဟာ ရုပ်သံလွှင့်ရာမှာ တော့ သတ်မှတ်တဲ့ အချိန်အတွင်းဝင်အောင် တည်းဖြတ်တဲ့အထဲ ပါ သွားပါတယ်။ ဥပမာ-ဆရာတင်မိုးရဲ့ အလှကိုယ်စီကဗျာကို ရွတ်ဆိုတာဆိုရင် ကျန်ခဲ့ပါတယ်။ ရေး ထားတဲ့ စာမူမှာ တော့ ရှိနေသေးတာပေါ့။ ထားပါတော့။ ကျေနပ်ပါတယ်။

နတ်ရေကန် ဦးတင်မောင်ထွေးက နောက်တစ်နေ့မှာ ဖုန်းဆက်တယ်။ “တီဗီမှာ ပြောတာ ကောင်းတယ်၊ ကြိုက်တယ်၊ စာအုပ်ထုတ်ပါလား ဆရာ” လို့ အားပေးတိုက်တွန်းပါတယ်။ ကျေဇူးတင်ပါတယ်။ စိတ်ကူးရှိပါတယ်။

စာဆိုတာ စိတ်ကို ရေး တာပါပဲ။

စကားဆိုတာ စိတ်ထဲရှိတဲ့အရာကို ဖွင့်ဟ ထုတ်ဖော်ရတာ မဟုတ်လား။ စာအုပ်အနေနဲ့ထုတ်ဝေတာ ကတော့ တီဗီမှာ ပြသစဉ်က မကြည့်မြင်ရတဲ့ စာဖတ်ပရိသတ်အတွက်ပါ။

စာပေဗိမာန်စာကြည့်တိုက်မှာ စာဖတ်သူမိတ်ဆွေတချို့နဲ့ဆုံတဲ့အခါ မိမိဟောပြောချက်ကြောင့် “ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္တုတွေ ပြန်ဖတ်ချင်လို့လာရှာတာပါ” လို့ပြောကြတယ်။ အသက်ငါးဆယ်ကျော်ခြောက်ဆယ်ကျော်တွေ ဟာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် လိုင်နဲ့ ၁၉၆၀ ကာလဆီကဆရာ့ရဲ့ အခြားဝတ္တုရှည်တွေ ကို ပြန်လည်လွမ်းတ သတိရစရာပါ။ အဲသလို စာဖတ်သူတွေ နဲ့တွေ့ ရတော့ မိမိဟောပြောရတာ ကြည်နူးမိပါတယ်။ စိတ်သဘောချင်းနီးခဲ့ကြသူတွေ ။ ယခုတစ်လော သတင်းစာမှာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ “လွမ်း” ၀တ္တုရှည်ကိုအခန်းဆက်ဖော်ပြနေပါတယ်။ ဖတ်ရတာ အရသာရှိဆဲပါပဲ။ ယနေ့ကာလလူငယ်တွေ လည်း ကြိုက်ကြပါတယ်။

မြန်မာနိုင်ငံစာရေး ဆရာအသင်းဗဟိုကဖွင့်တဲ့ အခြေခံစာရေး နည်းသင်တန်းမှ သင်တန်းသားတချို့ကလည်း မိမိပြောတဲ့ စာအုပ်တွေ ကို သေသေချာချာမှတ်ထားကြပါတယ်။ သူတို့လည်း “ရအောင်ရှာပြီး ဖတ်မယ်” လို့ ပြောပါတယ်။ ၀မ်းသာစရာပဲ။ အကျိုးရှိစေမှာ ပါ။ ကြိုက်ကြမှာ ပါ။

ဟောပြောစဉ်က ရှည်လျားနေမှာ စိုးလို့ မပါခဲ့တဲ့ ၀တ္တုရှည်ကြီးများ ရဲ့ ဇာတ်လမ်းအကျဉ်းကို ဒီစာအုပ်မှာ နမူနာအ ဖြစ်ဖော်ပြထားပါတယ်။ မလိခရဲ့ မြန်မာဝတ္တုအညွှန်းမှ ကိုးကားကောက်နုတ်ဖော်ပြခြင်းပါ။ ကွယ်လွန်သွားကြရှာပြီ ဖြစ်တဲ့ကျေးဇူးရှင် ဆရာနတ်နွယ်နဲ့ ဆရာ မင်းကျော်တို့ကို ဦးတင်မာန်လျော့ ပူဇော်ကန်တော့ပါတယ်။ (မလိခကလောင်ဟာနတ်နွယ်ရဲ့ မင်းကျော်နှစ် ဦးရဲ့ ကလောင်ပွားပါ။)

ကျွန်တော့် ဘ၀ကို ယခုလို စာရေး သူတစ်ဦး ဖြစ်လာအောင် အထောက်အပံ့ပြုပေးခဲ့တဲ့ မြန်မာစာရေး ဆရာများ ရဲ့ ကျေးဇူးဂုဏ်ကို ဒီစာအုပ်နဲ့ ဦးညွှတ်ပူဇောပါတယ်။ နိုင်ငံတကာစာပေပညာရှင်များ အပါအ၀င် ကမ္ဘာအ၀ှမ်းမှာ ရှိတဲ့ “စာဆိုတော် များ ရဲ့ ဂုဏ်ကျေးဇူး” ကို အထူးသတိရစွာ ဂုဏ်ပြုအပ်ပါတယ်။

ချစ်နိုင် (စိတ်ပညာ)

၁၆-၁၁-၂၀၁၂



ဝန်ဇင်းချစ်သူများ ချစ်နိုင်(စိတ်ပညာ) ၏ “ ကျွန်တော့်ဘ၀ကိုလွှမ်းမိုးသော စာအုပ်များမှသည် လူငယ်များသို့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အကြီးအမှူး ဖြစ်စေတတ်သော

အမေ့အတွက် လက်ဆောင်

လူငယ် အညွှန့်အဖူးလေးများ အတွက်