Cover

(၁)

အညိုးအတေးနည်းလေ ပျော်ရွှင်လေ

( ၁ ) ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ့်ကိုယ်ကို အားကိုးပါ။ပြဿနာ၊ အခက်အခဲနဲ့  ရင်ဆိုင်ရတဲ့အခါ လူအများ ဟာ မိမိကိုယ်တိုင်ယုံကြည်မှု ၊ မိမိကိုယ်ကိုယ် လေးစားမှု တွေ မဲ့သွားတတ်ကြတယ်။ပြဿနာ၊ အခက်အခဲကြောင့် လဲပြိုသွားတတ်ကြတယ်။ နောက်ဆုံးမှာ ဆင်းရဲဒုက္ခရဲ့ ကျေးကျွန်ဖြစ်ရတယ်။

လူတချို့က မိမိကိုယ်ကိုယ် ယုံကြည်မှု ၊ လေးစားမှု ကို ထိန်းထားနိုင်ကြတယ်။ ပြဿနာ၊ အခက်အခဲကို ခေါင်းညိတ် အရှုံးမပေးဘူး။နောက်ဆုံးမှာ ဆင်းရဲဒုက္ခက သူတို့ရဲ့ ကျေးကျွန်ဖြစ်ရတယ်။ ဒီလိုလူမျိုးက လူရဲ့  ပင်ကိုယ်ကို ပိုမြင့်မြတ်၊ ပိုတောက်ပြောင်စေတာကြောင့် လေးစားထိုက်သူဖြစ်တယ်။

(၂) ဒီကနေ့ခေတ်မှာ . . . . .

ကျွန်တော်တို့ ရဲ့ နေအိမ်တွေ ကြီးသထက်ကြီးလာကြတယ်။ ဒါပေမယ့်မိသားစုဝင်တွေ နည်းသထက် နည်းသွားကြတယ်။ စားဝတ်နေထိုင်ရေးတွေ အဆင်ပြေသထက် ပြေလာကြတယ်၊ ဒါပေမယ့် အချိန်တွေနည်းသထက် နည်းသွားခဲ့တယ်။ အတန်းပညာတွေ မြင့်သထက်မြင့်လာကြတယ်၊ ဒါပေမယ့် အသိဉာဏ်တွေ နည်းသထက် နည်းသွားကြတယ်။

အသိပညာတွေ များ သထက် များ လာကြတယ်၊ ဒါပေမယ့် ဆင်ခြင်ဆုံးဖြတ်ဉာဏ်တွေ နည်းသထက် နည်းသွားကြတယ်။ ပညာရှင်တွေ အများ ကြီး ပေါ်ထွက်လာကြတယ်၊ ဒါပေမယ့် ပြဿနာတွေပိုမိုများ လာခဲ့တယ်။ ဆေးပညာတွေ တိုးတက်သထက် တိုးတက်လာတယ်၊ ဒါပေမယ့် ကျန်းမာရေးက ချွတ်ယွင်းသထက် ချွတ်ယွင်းသွားကြတယ်။ သုံးဖြုန်းမှု များ သထက်များ လာကြတယ်၊ ဒါပေမယ့်အပြုံးအရယ် နည်းသထက် နည်းသွားကြတယ်။

ကားအမြန်မောင်းကြသလို ဒေါသအထွက်လည်း မြန်ကြတယ်။အိပ်ရာဝင်ချိန် နောက်ကျကြပေမယ့် စာဖတ်ချိန် နည်းလာကြတယ်။အလာပသလာပတွေ များ သထက် များ လာကြတယ်၊ ဒါပေမယ့် တွေးတောချင့်ချိန်မှု နည်းသထက် နည်းသွားကြတယ်။ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာ များ သထက်များ လာတယ၊် ဒါပေမယ့်တန်ဖိုးကျသထက်ကျခဲ့တယ်။ အပြောများများ ပြောကြတယ်၊ ဒါပေမယ့် စေတနာပါတဲ့အလုပ် နည်း နည်း ပဲလုပ်ကြတယ။် မြင့်သထက်မြင့်တဲ့ အဆောက်အဦးတွေ ဆောက်ကြတယ်၊ ဒါပေမယ့် နိမ့်သထက် နိမ့်သွားတဲ့ EQတွေလည်းရှိတယ်။

ဟိုင်းဝေးလမ်းမကြီးတွေ ပိုကျယ်ပြန့်သထက် ကျယ်ပြန့်အောင်ဆောက်ကြတယ်၊ ဒါပေမယ့် အမြင်တွေ ပိုကျဉ်းမြောင်းသထက်ကျဉ်းမြောင်းလာကြတယ်။ ကျွန်တော်တို့ သုံးဖြုန်းသထက် သုံးဖြုန်းကြတယ်၊ ဒါပေမယ့် ပိုင်ဆိုင်တာတွေ နည်းသထက် နည်းလာကြတယ်။ လကမ္ဘာပေါ် ကျွန်တော်တို့ သွားနိုင်ကြပြီ၊ ဒါပေမယ့် ဘေးအိမ်က အိမ်နီးချင်းနဲ့ ကျွန်တော်တို့ မခင်မင်ကြဘူး။ အာကာသတစ်ခွင်ကို ကျွန်တော်တို့ သိမ်းပိုက်စိုးမိုးလို့ရတယ်၊ ဒါပေမယ့် ကိုယ့်အတွင်းစိတ်ကမ္ဘာကိုတော့ ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ဘူး၊အဏုမြူတွေကို ကျွန်တော်တို့ ခွဲခြမ်းစိတ်ဖြာလို့ရတယ်၊ ဒါပေမယ့်စိတ်ထဲက ဘက်လိုက်တဲ့အစွဲတွေကို ကျွန်တော်တို့ ထုတ်ဖယ်မပစ်နိုင်ခဲ့ဘူး။

ကျွန်တော်တို့ စာအများ ကြီး ရေးကြတယ်၊ ဒါပေမယ့် သင်ယူမှု တွေနည်းသထက် နည်းလာကြတယ်။ ကျွန်တော်တို့ စီမံချက်တွေ အများ ကြီးချကြတယ်၊ ဒါပေမယ့် အောင်မြင်မှု တွေ နည်းသထက် နည်းလာကြတယ်။ အလုပ်များ အောင် ကျွန်တော်တို့ လုပ်ဆောင်ကြတယ်၊ဒါပေမယ့် စောင့်ရတာ ကို ကျွန်တော်တို့ စိတ်မရှည်ခဲ့ကြဘူး။ကျွန်တော်တို့ရဲ့ လစာတွေ များ သထက်များ လာကြတယ်၊ ဒါပေမယ့်ကျွနေ် တ်ာတ့ရို့ဲ စာရတိ္တတွေ နမိ သ့် ထက် နိမ့ခ်ြဲ့ကတယ။် ကနွြ်ပူတာတွေ ထွင်ကြတယ်၊ သတင်းအချက်အလက်တွေ ဖမ်းဆုပ်ကြတယ်၊မိတ်္တူတွေ ပွားများ ကြတယ်။ ဒါပေမယ့် အချင်းချင်း ပြောဆိုဆက်ဆံမှု တွေ နည်းသထက် နည်းလာခဲ့ကြတယ်။ ကျွန်တော်တို့မှာ အရေအတွက်တွေ များ သထက် များ လာတယ်၊ အရည်အချင်းရှိသူတွေနည်းသထက် နည်းလာကြတယ်။

ဒီခေတ်ဟာ . . . . .

ရယ်ဒီမိတ် အစားအစာတွေ များ လာပြီး အစာမကြေတဲ့ခေတ်

ကြီးမားတောင့်တင်းတဲ့ ခန္ဓာကိုယ်ရှိပြီး နိမ့်ကျသေးသိမ်တဲ့ အကျင့်စရိုက်ရှိတဲ့ ခေတ်

အနားယူစခန်းတွေ များ လာပြီး ပျော်ရွှင်မှု တွေနည်းလာတဲ့ ခေတ်အစားအစာမျိုးစုံပြီး အာဟာရချို့တဲ့တဲ့ ခေတ်

မိန်းမရှာတဲ့ငွေ၊ ယောက်ျားရှာတဲ့ငွေနဲ့ ၀င်ငွေနှစ်ခုရှိပြီး ကွာရှင်းပြတ်စဲခြင်းများ တဲ့ခေတ်

တိုက်ကြီးတာကြီးနဲ့ ခမ်းညားထည်ဝါကြပြီး ကျိုးပဲ့တဲ့ မိသားစုများ တဲ့ခေတ်

ဒီလိုခေတ်ကြီးမှာ လုပ်စရာအလုပ်တွေကို ထူးခြားတဲ့ရက်၊ ထူးခြားတဲ့နေရာမှ လုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးမရှိဖို့ သင့်ကို ကျွန်တော် အကြံပြုပါရစေ။ အကြောင်းက သင်အသက်ရှင်နေတဲ့ နေ့ရက်တိုင်းဟာထူးခြားတဲ့နေ့ ဖြစ်လို့ပါပဲ။

စာများများ ဖတ်ပါ၊ အသိပညာကို လိုက်စားပါ။ သင့်အိမ်ရှေ့ဝရံတာမှာ ထိုင်ပြီး သဘာဝအလှကို ရှုစားပါ။ မိသားစု၊ သူငယ်ချင်း မိတ်ဆွေတွေအတွက် အချိန်ပိုပေးပါ။ ကြိုက်နှစ်သက်တဲ့ အစားအစာကိုစားသုံးပါ။ ကြိုက်နှစ်သက်တဲ့နေရာဆီ ခရီးထွက်ပါ။

ဘ၀ဆိုတာ ရှင်သန်ဖို့ချည်း မဟုတ်ဘဲ ပျော်ရွှင်ချမ်းမြေ့ ခြင်းတွေနဲ့ ပေါင်းစပ်ချိတ်ဆက်ထားတဲ့ ကွင်းဆက်လေး ဖြစ်ပါတယ်။ သိမ်းထားတဲ့ ၀ိုင်ဖန်ခွက် လှလှလေးတွေကို ထုတ်လိုက်ပါ၊ ရေမွှေးတွေကို သိမ်းထားဖို့ စိတ်မကူးပါနဲ့။ ဘယ်အချိန်ပဲဖြစ်ဖြစ် သင် သုံးချင်တယ်ဆိုတဲ့အချိန်မှာ သုံးလိုက်ပါ။

“တစ်နေ့နေ့ကျမှ” “တစ်ချိန်ချိန်ကျမှ” ဆိုတဲ့ စကားလုံးကို သင့်အဘိဓာန်ထဲကနေ ဖြုတ်ထုတ်လိုက်ပါ။ ပြီးတော့ “တစ်နေ့နေ့ကျမှ”ရေးမယ်လို့ သင်စိတ်ကူးထားတဲ့စာကို အခုပဲ ကောက်ရေးလိုက်ပါ။အိမ်သားတွေကို သင် ဘယ်လောက်ချစ်ကြောင်း ထုတ်ဖော်ပြောလိုက်ပါ။

သင့်ကို ပျော်ရွှင်မှု ပေးနိုင်မယ့်၊ အပြုံးအရယ်တွေပေးနိုင်မယ့် ဘယ်အရာကိုမဆိုလုပ်ဖို့ မနှောင့်နှေးပါစေနဲ့။ နေ့ရက်တစ်ရက်၊ အချိန်တစ်ချိန်၊ တစ်စက္ကန့်တိုင်းဟာ ထူးခြားမှု ရှိပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်မိနစ်ဟာ သင့်ရဲ့ နောက်ဆုံးအချိန်ဖြစ်မယ်မှန်း မသိလို့ပါပဲ . . . . .

ရေးသားသူ--- Sun Yueh(ထိုင်ဝမ်သရုပ်ဆောင်)

(၃) ပျော်ရွှင်ဖို့ ကိုယ့်ကိုယ်ကို မှီခိုအားထားရတယ်။ ဘယ်သူကမှ သင့်ရဲ့ နာကျင်ကြေကွဲခြင်းတွေကို အမြဲမျှဝေခံစားပေးလိမ့်မှာ မဟုတ်ဘူး။

ကြံ့ခိုင်ဖို့ ကိုယ့်ကိုယ်ကို မှီခိုအားထားရတယ်။ ဘယ်သူကမှ သင့်ရဲ့ ပျော့ညံ့ချက်ကို အမြဲကရုဏာထား၊ သနားလိမ့်မှာ မဟုတ်ဘူး။

တိုးတက်ဖို့ ကိုယ့်ကိုယ်ကို မှီခိုအားထားရတယ်။ ဘယ်သူကမှသင်နဲ့အတူ နဂိုနေရာမှာ အမြဲရပ်စောင့်ပေးလိမ့်မှာ မဟုတ်ဘူး။

တန်ဖိုးထားတတ်ဖို့ ကိုယ့်ကိုယ်ကို မှီခိုအားထားရတယ်။ ဘယ်သူကမှ သင်နဲ့အတူ သူတို့ရဲ့ နုနယ်ပျိုမြစ်ခြင်းကို အလဟဿ ဖြုန်းလိမ့်မှာ မဟုတ်ဘူး။

ဘ၀ခရီးလမ်းတစ်လျှောက်လုံး ကိုယ့်ကိုယ်ကို မှီခိုအားထားရတယ်။

ဘယ်သူကမှ သင်နဲ့အတူ လမ်းဆုံးအထိ အမြဲလျှောက်ပေးလိမ့်မှာ မဟုတ်ဘူး။

(၄) ပျော်ပျော်နေတတ်သူတွေက ရေနွေးကရားအိုးနဲ့ တူတယ်။ အိုးဖင်ပူအောင် မီးမြိုက်ခံရသည့်တိုင် သူက လေချွန်နိုင်သေးတယ်။

မပျော်ဘူးလို့ ငါတို့ခံစားရတာ က ပျော်ရွှင်ခြင်းကို ငါတို့မရှာဖွေခဲ့လို့မဟုတ်ဘူး။ “သူ့လောက် ငါမပျော်ဘူး” ဆိုတဲ့ နှိုင်းယှဉ်ခြင်းကြောင့်သာ ဖြစ်တယ်။

(၅) ဒီလောကကြီး ဘာလိုအပ်နေသလဲလို့ မမေးပါနဲ့။ ဘယ်အလုပ်ကသငက့ိုလန်းဆန်းတကြ်ွကစေသလ၊ဲ ခွနအ်ားဖြစ်စေသလဲလ့ိုသငက့ိုသင်မေးပါ။ ပြီးတော့ အဲဒီ အလုပ်ကို လုပ်ပါ။ ဒီလောကကြီး လိုအပ်နေတာက လန်းဆန်းတက်ကြွပြီး ခွန်အားရှိတဲ့ သင့်ကိုပဲဖြစ်တယ်။

(၆) မိုးမလင်းတဲ့ညတွေဆိုတာ မရှိသလို နွေဦးရောက်မလာနိုင်တဲ့ဆောင်းဆိုတာလည်း မရှိပါဘူး။ အရာအားလုံး ပြီးဆုံးသွားတတ်သလို အရာအားလုံးလည်း တစ်ဖန်ပြန်စတတ်တယ်။ မနက်ဖြန်ကပိုကောင်းချင်မှ ကောင်းလိမ့်မယ်။ ဒါပေမယ့် မနက်ဖြန်ဆိုတာရောက်လာဦးမှာ ပဲ။

မနက်ဖြန်ကို သင် မှန်းမျှော်ကြည့်နေချိန် မနက်ဖြန်ထက် ပိုကောင်းခဲ့တဲ့“မနေ့က”က သင့်အပါးကနေ တိတ်တဆိတ်ထွက်ခွာသွားခဲ့ပြီး“မနေ့က”အချိန်ဆီ သင် မရောက်နိုင်ခဲ့တော့ဘူး။

လူ့ ဘ၀မှာ ပျှော် ရွှင်ခြင်း၊ ၀မ်းနည်းကြေကွဲခြင်း တွေရှိသလို ဆုံးရှုံးခြင်း၊ရယူခြင်းတွေလည်း ရှိတယ်။ မတူတဲ့ အတွေ့အကြုံတိုင်းက လူကိုပိုကြီးပြင်းရင့်ကျက်စေတယ်၊ ပိုကြံ့ခိုင်သန်စွမ်းစေတယ်၊ လူကိုတွေးတောစေတယ်၊ ပိုတန်ဖိုးထား မြတ်နိုးတတ်စေတယ်။ လက်ရှိအချိန်အခါမှာ ပျော်ရွှင်နေထိုင်ခြင်းက အကောင်းဆုံးရွေးချယ်ခြင်းပဲဖြစ်တယ်။

(၇) စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာ နာကျင်ဝမ်းနည်းချိန် မျက်ရည်မကျတာ မဟုတ်ဘူး။ ကျလာတဲ့မျက်ရည်ကို သုတ်ပြီး အပြုံးနဲ့ ရှေ့ကိုရဲရဲ ဆက်လျှောက်တာပဲဖြစ်တယ်။

(၈) လူတွေကို သွားမမုန်းပါနဲ့ . . . . . ဒါဟာ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာနဲ့ အတူတူပဲ။ မပြောပလောက်တဲ့ လူတစ်ယောက်အတက်ွနဲ့ကိုယ့်ကိုယ်ကို ညှင်းပန်းဖို့မလိုပါဘူး။ သူ့ကို မုန်းတယ်ဆိုတာနဲ့တစ်ပြိုင်နက် သင့်ဆီမှာ နဂိုရှိနေတဲ့ ကြင်နာခြင်း၊ စိတ်သဘောကောင်းခြင်းတွေ ပွန်းပဲ့ကုန်လိမ့်မယ်။

လူတွေ သင့်အပေါ် မကောင်းဘူးလို့ သင်ထင်နေရင် သင့်ဘေးနားက လှပခြင်းတွေကို သင်မြင်လိမ့်မှာ မဟုတ်ဘူး ။ လူတစ်ယောက်ကိုမုန်းဖို့ အာဏာကို သင့်ရဲ့  ပျော်ရွှင်ခြင်းနဲ့ လဲလှယ်ရတာ မထိုက်တန်ပါဘူး။

(၉) “အတိတ်”ကို အတင်းအကျပ် ပွေ့ဖက်မထားပါနဲ့။ “အခုလက်ရှိ”ကိုသင် လက်ဆန့်ထုတ်ပြီး မပွေ့ ဖ က်နိုင်မှာ စိုးလို့ပါ။

(၁၀) လူ့ဘ၀လမ်းခရီးတစ်လျှောက်မှာ ကိုယ်တိုင်လျှောက်လှမ်းရ၊ ကိုယ်တိုင်တာဝန်ယူ ထမ်းပိုးရတဲ့ ခရီးတစ်ထောက်တော့ရှိတယ်။ ဒီလိုတစ်ယောက်တည်း လျှောက်လှမ်းရတဲ့အချိန်မှာ မကြောက်ပါနဲ့၊အဖော်မဲ့တယ်လို့ မခံစားပါန့။ဲ ဒါတွေဟာ ဘ၀ကို ကြီးပြင်းရင့်ကျက်စေမယ့် ရလဒ်တွေဖြစ်တယ်။

(၁၁) လူ့ဘ၀ ပျော်ရွှင်ရတာ ဟာ ပိုင်ဆိုင်တာတွေများ လို့ မဟုတ်ဘူး။အညိုးအတေးနည်းလို့ ဖြစ်တယ်။ လူ့ဘ၀နာကျင်ရတာ ဟာ ရယူတာတွေနည်းလို့ မဟုတ်ဘူး။ တောင်းဆိုတပ်မက်မှု တွေ များ လို့ဖြစ်တယ်။

(၁၂) သူငယ်ချင်းအပေါ် ခွင့်လွှတ်စိတ်ပိုများ နိုင်ပါစေ၊ တေးမှတ်တာတွေလျော့နည်းပါစေ။ ဇနီးအပေါ် ကြင်နာယုယမှု ပိုများ ပါစေ၊ လျစ်လျူရှုမှု လျော့နည်းပါစေ။

ကလေးအပေါ် အားပေးစကား ပိုများ ပါစေ၊ ဆူငေါက်အပြစ်တင်မှု လျော့နည်းပါစေ။ မိသားစုအပေါ် တွေ့ဆုံဝန်းရံချိန် ပိုများ ပါစေ၊ ခွဲခွာနှုတ်ချိန်လျော့နည်း ပါစေ။ လမ်းသွားလမ်းလာအပေါ် ပြုံးရယ်မှု ပိုများ ပါစေ၊ မမြင်ဟန်ဆောင်မှု လျော့နည်းပါစေ။ ဘ၀အပေါ်မျှော်လင့်ချက်တွေ ပိုများ ပါစေ၊ မကျေနပ် ညည်းတွားမှု တွေ လျော့နည်းပါစေ။ အချိန်အပေါ် ဖမ်းယူဆုပ်ကိုင်တာတွေ ပိုများ ပါစေ၊အလဟဿတွေ လျော့နည်းပါစေ။ ဒါတွေက ဘ၀ကို လတ်ဆတ်စေပါတယ်။

(၂)

အရှုံးအမျိုးမျိုးထဲက ရုန်းထွက်လာတဲ့ သမ္မတကြီး

( ၁၃ ) ကိုယ့်ကို မနာလိုသူတွေကို မမုန်းပါနဲ့ ။ဟသူတို့ ရဲ့  မနာလိုစိတ်ကိုလေးစားလိုက်ပါ။ အကြောင်းက သူတို့ရဲ့ စိတ်ထဲမှာ သင်ဟာ သူတို့ထက် ထက်မြက်ထူးချွန် သာလွန်နေလို့ပါပဲ။

(၁၄) အကောင်းမြင်စိတ်ဆိုတာ ပျက်ပြားခြင်းရဲ့ နောက်က ငြိမ်သက်ခြင်းဖြစ်တယ်။ အကောင်းမြင်စိတ်ဆိုတာ သာမန်ရိုးရှင်းခြင်းထဲက မိမိကိုယ်ကိုယ် ယုံကြည်မှု ဖြစ်တယ်။ အကောင်းမြင်စိတ်ဆိုတာ အခက်အခဲရဲ့ နောက်က အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ဖြစ်တယ်။

အကောင်းမြင်စိတ်ဆိုတာ စိတ်ဆင်းရဲဒုက္ခကြားထဲက တည်ငြိမ်ခြင်းဖြစ်တယ်။အကောင်းမြင်စိတ်ရှိရင် လူ့ ဘ၀ကို ဖောက်ထွင်းမြင်နိုင်တဲ့အကြည့်ရှိတယ်။အကောင်းမြင်စိန်ရှိရင် အင်အားကို ပိုင်ဆိုင်ရတယ်။ အကောင်းမြင်စိတ်ရှိရင် ဆင်းရဲဒုက္ခ၊အခက်အခဲတွေကိုရ င်ဆိုင်ရဲတဲ့ သတ္တိရှိတယ်။ရှင်သန်နေခြင်းဟာ အင်အားတဲ့။အကောင်းမြင်စိတ်နဲ့ အင်အားပူးတွဲ ပြီး တောက်ပတဲ့မနက်ဖြန်တိုင်းကို တည်ဆောက်နိုင်တယ်။

(၁၅) ရွည္လ်ားမွာ ကို မောကာက္ဘူး။ရည်မှန်းချက်တိုတောင်းမှာ ကိုပဲစိုးတာ။နှေးကွေးတာကိုမကြောက်ဘူး။ရပ်တန့် နေမှာ ကိုပဲစိုးတာ။

(၁၆) လက်လွတ်တယ်၊ လွှတ်ချတယ်ဆိုတာ စိတ်နေစိတ်ထားတစ်မျိုး၊ စိတ်ဓာတ်ရဲ့ အသိပညာတစ်မျိုး၊ဘ၀ရဲ့ အသီဉာဏ်တစ်မျိုးပါတဲ့။

စိတိစီးမှု ကိုလက်လွတ်လိုက်တော့ ပေါ့ပါးဖြင်းကိုရတယ်။စိတ်ရှုပ်ဝမ်းနည်းစရာတေတွကို လက်လွတ်လိုက်တော့ ပျော်ရွှင်ဖြင်းကိုရတယ်။သိမ်ငယ်တာကို လက်လွတ်လိုက်တော့မိမိကိုယ်ကိုယ် ယုံကြည်ခြင်းကိုရတယ်။ပျင်းရိတာကိုလက်လွတ်လိုက်တော့ ကြွယ်ဝကောင်းမွန်ခြင်းကိုရတယ်။အပျက်သဘောဆောင်တာကို လက်လွတ်လိုက်တော့ တိုးတက်မြန်ဆန်ခြင်းကိုရတယ်။မကျေမနပ်ညည်းတွားတာတွေကို လက်လွတ်လိုက်တော့ စိတ်လက်ချမ်းသာခြင်းကို ရတယ်။ တွေဝေတာတွေကို လက်လွတ်လိုက်တော့ လွတ်လပ်ပေါ့ပါးခြင်းကို ရတယ်။ ကျဉ်းမြောင်းသေးသိမ်တာကို လက်လွတ်လိုက်တော့ ပျော်ရွှင်ကြည်နူးခြင်းကို ရတယ်။

(၁၇) ကံကောင်းခြင်းဆိုတာ အခွင့်အရေးရောက်လာချိန် အဒီ့အခွင့်အရေးအတွက် သင် အသင့်ပြင်ထားပြီးတာ ဖြစ်တယ်။ “အဲဒီ အောင်မြင်နေသူတွေက ကံကောင်းလိုက်တာ။ ငါ့မှာ တော့ ကံမကောင်းတဲ့အပြင် အရှုံးနဲ့ပဲ ရင်ဆိုင်နေရတယ်”. . . . . ဒီလိုစကားမျိုးကို ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာ ပေါ့။ သမ္မတလင်ကွန်းရဲ့  ကိုယ်ရေးရာဇ၀င်အကျဉ်းက ဒီလိုဆိုပါတယ်။

စီးပွားရေးလုပ်တယ် စီးပွားပျက်တယ်။ လက်ထပ်ခါနီး သတို့သမီးလောင်း သေတယ်။ လွှတ်တော်အမတ်ဝင်ရွေးတယ် မအောင်မြင်ဘူး။ အကြိမ်ကြိမ်ဝင်ရွေးတယ် အကြိမ်ကြိမ် မအောင်မြင်ခဲ့ဘူး။စိတ်ကျရောဂါ ခံစားခဲ့ရတယ်။ ဆေးရုံမှာ (၆)လကြာ ကုသခဲ့ရတယ်။ အရှုံးနဲ့ရင်ဆိုင်ရသည့်တိုင် အရာရာကို သူ လက်မလွတ်ခဲ့ဘူး။ ရောက်ရှိလာမယ့် အခွင့်အရေးအတွက် သူ ကြိုးစားပြင်ဆင်ထားခဲ့တယ်။ နောက်ဆုံး သူ့အသက် (၅၀)ကျော်မှ အမေရိကန်သမ္မတ ဖြစ်ခဲ့တ ယ်။ လူတွေရဲ့ အောင်မြင်မှု ကိုပဲ ငါတို့ တွေ့ ခဲ့ကြတယ်။ သူတို့ ကံကောင်းတယ်၊ အရာရာ အဆင်ပြေချောမွတ်တယ်လို့ ငါတို့ ထင်ခဲ့ကြတယ်။ သူတို့က ဒီလိုအောင်မြင်မှု ကိုရဖို့အကြိမ်တစ်ရာ ပြင်ဆင်ကောင်း ပြသ်ဆင်ခဲ့မယ်။သူတို့ (၉၉)ကြိမ် ရှုံးနိမ့်ခဲ့ဖူးတာကို ငါတို့ မတွေ့ ခဲ့ဘူး။သူတို့ တစ်ကြိမ်အောင်မြင်တာကိုပဲ င်တို့ တွေ့ ခဲ့တယ်။ကိုယ်ကိုယ့်ကို ကံမကောင်းဘူးလို့  ဘယ်တော့မှမပြေပါနဲ့။ကံကောင်းတယ်ထားဦး...တကယ်လို့ ရောက်လာမယ့် အခွင့်အရေးအတွက် သင် အသင့်ပြင်ဆင်မထားခဲ့ရင် အလကားပါပဲ။

(၁၈) သင့်အတွက် တစ်စုံတစ်ခု စွန့် လွှတ်ပေးဆပ်၊အနစ်နာခံသူကို တန်ဖိုးထားပါ။သူ စွန့် လွှတ်၊အနစ်နာခံလိုက်တဲ့ တစ်စုံတစ်ခုက သူ့ ပိုင်ဆိုင်သမျှအရာ ဖြစ်နိုင်လို့ ပါပဲ။

တကယ် သင်လက်ရှိဘ၀က ကောင်းမွန်ပျော်ရွှင်နေတယ်ဆိုရင် သင့်ဘေးနားက လူတစ်ချို့ ဟာသင့်အတွက်သူတို့ ရဲ့ အချိန်ကို ပေးပြီး၊ငွေကြေးတွေပေးပြီး၊စိတ်ကူးအိမ်မက်တွေပေးပြီး ဒီလျုပျော်ရွှင်ကောင်းမွန်တဲ့ဘ၀ သင်ပိုင်ဆိုင်ဖို့  သူတို့ စွန့် လွှတ်အနစ်နာ ခံခဲ့ကြတယ်။သူတို့ ကကိုယ့်မိဘလဲဖြစ်မယ်၊ကိုယ့်ညီအစ်ကိုမောင်နှမလဲဖြစ်မယ်၊သူငယ်ချင်းအပေါင်းအသင်းလဲဖြစ်မယ်၊ချစ်သူရည်းစားလဲဖြစ်မယ်...။

သူတို့ ကိုသင်ပြန်ပေးဆပ်ရမယ်လို့  အဓမ္မ မဆိုပါဘူး။ဒါပေမယ့် သူတို့ ကို သင်ကျေးဇူးသိတတ်ရမယ်။

(၁၉) ပြုံးရယ်တယ်ဆိုတာ စိတ်နေထားတစ်ခုပါ။ဘ၀ကိုချစ်လို့ ၊မသက်ကိုချစ်လို့ ၊ကိုယ်ကိုယ်ကိုချစ်လို့ ပြုံးတယ်။အပြုံးထဲမှာ ခွင့်လွှတ်ခြင်းရှိတယ်။နှစ်သိမ့်ခြင်းရှိတယ်။ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းရှိတယ်။သင်မပြုံးရယ်တာ ဘယ်လောက်ကြာခဲ့ပြီလဲ...။

(၂၀) လူတစ်ယောက်ကိုချစ်မိတာ ကြောက်စရာမကောင်းပါဘူး။ကြောက်စရာကောင်းတာက မိုက်ရူးရဲဆန်ခြင်းပါပဲ။လမ်းခွဲတာကြောက်စရာမကောင်းပါဘူး။ကြောက်စရာကောင်းတာက လမ်းခွဲပြီးလဲ လက်မလွှတ်နိုင်ခြင်းပါပဲ။အထီးကျန်တာကြောက်စရာမကောင်းပါဘူး။ကြောက်စရာကောင်းတာက ကိုယ့်ကိုယ်အထီးကျန်ကျန်ထားခြင်းပါပဲ။အသဲကွဲတာ ကြောက်စရာမကောင်းပါဘူး။ကြောက်စရာကောင်းတာက နလန်မထနိုင်ခြင်းပါပဲ။ဖျားနာတာ ကြောက်စရာမကောင်းပါဘူး။ကြောက်စရာကောင်းတာက ဗုန်းဗုန်းလဲခြင်းပါပဲ။အလုပ်လက်မဲ့ဖြစ်တာကြောက်စရာမကောင်းပါဘူး။ကြောက်စရာကောင်းတာက အလုပ်ထွက်မရှာခြင်းပါပဲ။ ပိုက်ဆံမရှိတာကြောက်စရာမကောင်းပါဘူး။ကြောက်စရာကောင်းတာက ကူညီထောက်ပံဲ့ သူကို စောင့်မျှော်နေခြင်းပါပဲ။

ရှုံးနိမ့်တာေောကာက်စရာမကောင်းပါဘူး။ကြောက်စရာကောင်းတာက ရှုံးနိမ့်နေရာကနေ ပြန်မထနိုင်ခြင်းပါပဲ။မှာ .ယွင်းတာကြောက်စရာမကောင်းပါဘူး။ကြောက်စရာကောင်းတာက အမှားကို ထပ်တလဲလဲ လုပ်ခြင်းပါပဲ။

(၂၁) အချိန်ပေးပြီးတွေးတောတယ်။ဒါဟာအသိဉာဏ်ရဲ့ ရင်းမြစ်ဖြစ်တယ်.။အချိန်ပေးပြီး အလုပ်လုပ်တယ်။ဒါဟာအောင်မြင်ခြင်းရဲ့ ရလဒ်ဖြစ်တယ်။အချိန်ပေးပြီး သူတစ်ပါးကို ကူညီတယ်။ဒါဟာပျော်ရွှင်ခြင်းရဲ့ ရေသာက်မြစ်ဖြစ်တယ်။အချိတ်ပေးပြီး စာဖတ်တယ်။ဒါဟာအသိပညာ၊ဗဟုသုတရဲ့  အခြေခံဖြစ်တယ်။ အချိတ်ပေးပြီးပြုံးရယ်တယ်။ဒါဟာစိတ်ရှုပ်စရာတွေ ပျောက်ကင်းတဲ့ ဆေဒတစ်လက်ဖြစ်တယ်။အချိန်ပေးပြီးအားကစားလုပ်တယ်။ဒါဟာ အသက်၊ကျန်းမာရေးရဲ့ အာမခံချက်ဖြစ်တယ်။အချိတ်ပေးပြီးတရားထိုင်တယ်။ဒါဟာစိတ်နဲ့ခန္ဓာတစ်သားထဲကျစေတဲ့ နည်းဖြစ်တယ်။အချိန်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နေတယ်။ဒါဟာ ဘ၀ကိုနုပျိုစေတဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။ အချိန်ပေးပြီး လူတွေကို ကြင်နာချစ်ခင်တယ်။ ဒါဟာ ဘ၀ရဲ့  ခံစားချက်အကောင်းဆုံး လှုပ်ရှားမှု ဖြစ်တယ်။ အချိန်ပေးပြီး စီမံကိန်းဆွဲတယ်။ အပေါ်ကအချက်တွေကိုအချိန်ပေးပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ . . .

(၂၂) ပစ်္စည်းဥစ်္စာ ဘယ်လောက်များများ တစ်နေ့ထမင်းသုံးနပ်ပါပဲ။စည်းစိမ်ဓန ဘယ်လောက်များများ နေ့နဲ့ည တစ်ရက်ပါပဲ။ နေအိမ်တိုက်တာ ဘယ်လောက်ပဲ ခမ်းနားခမ်းနား ညအိပ်ချိန် ကျောတစ်နေရာစာပါပဲ။

စားကောင်းသောက်ဖွယ် ဘယ်လောက်ကောင်းကောင်း အစာအိမ်တစ်ခု ဖြည့်တင်းရုံပါပဲ။ ရာထူးရာခံ ဘယ်လောက်မြင့်လဲ နေ့တိုင်းရုံးတက်ရုံးဆင်းပါပဲ။ အ၀တ်အစား ဖိနပ်တွေ ဘယ်လောက်များများ တစ်ခါဝတ် တစ်စုံပါပဲ။ ငွေကြေးနည်းနည်း၊ များများ သုံးလောက်ရင်ရပြီ။ လူကြီးကြီး၊ လူငယ်ငယ် ကျန်းမာရေးကောင်းရင် ရပြီ။ ကိစ္စတော်တော်များများ အမြင်ရှင်းရင်ရပြီ။ နောက်ဆုံးမှာ တော့ ရောင့်ရဲတင်းတိမ်စိတ်က အကောင်းဆုံးပေါ့။

(၂၃) လက်ချင်းအတူတွဲ နေရတာ ကလည်း ပျော်ရွှင်ခြင်းတစ်မျိုးပဲ။ တစ်မြေစီခြားနေတဲ့ ချစ်သူတေ၊ွ ဇနီးမောင်နှံတွေ အများ ကြီးပါ။တစ်ယောက်ကိုတစ်ယောက်လွမ်းနေ၊ သတိရတာ ကလည်း ပျော်ရွှင်ခြင်းတစ်မျိုးပဲ။ တစ်မိုးအောက်မှာ အတူတူနေပြီး စိတ်ကွဲလွဲနေကြသူတွေ အများ ကြီးပါ။

သာမန်ရိုးရှင်းတယ်ဆိုတာကလည်း ပျော်ရွှင်ခြင်းတစ်မျိုးပဲ။ ရှုပ်ထွေးပြီး လမ်းပျောက်နေတဲ့ ဘ၀တွေ အများ ကြီးပါ။ နေကောင်းကျန်းမာနေတာကလည်း ပျော်ရွှင်ခြင်းတစ်မျိုးပဲ။ ဖျားနာပြီး အိပ်ရာထက်လဲနေသူတွေ အများ ကြီးပါ။

တကယ်တော့ ဘ၀က ငါတို့ကိုလည်း အများ ကြီးပေးထားပါတယ်။ငါတို့ရဲ့  မျက်လုံးကသာ တခြားသူတွေရဲ့ ပိုင်ဆိုင်မှု ဆီရောက်နေပြီးအကောင်းဆုံးတွေ သူတို့ဆီမှာ ပဲရှိတယ်လို့ ထင်ခဲ့တာ။ တကယ်တော့ သင် ပိုင်ဆိုင်ထားတာတွေက တခြားသူ မျှော်လင့်တောင့်တ၊အားကျတဲ့အရာလည်း ဖြစ်နိုင်တာပဲလေ။

(၂၄) မတော်တဆ စကားတစ်ခွန်းက ငြင်းခုန်မှု ကို ဖြစ်စေနိုင်တယ်။ရက်စက်တဲ့ စကားတစ်ခွန်းက ဘ၀တစ်ခုကို ပျက်စီးစေနိုင်တယ်။အချိန်မီပြောတဲ့ စကားတစ်ခွန်းက တင်းမာမှု ကို ပြေလျော့စေနိုင်တယ်။ ကိုယ်ချင်းစာတဲ့စကားတစ်ခွန်းက ဒဏ်ရာကို ပျောက်ကင်းစေနိုင်တယ်။ အားပေးဖေးမတဲ့ စကားတစ်ခွန်းက ဘ၀တစ်ခုကိုပြောင်းလဲစေနိုင်တယ်။

(၂၅) ချစ်လိုက်ပါ . . . တစ်ခါမှ မနာကျင်ခဲ့ဖူးတဲ့ ခံစားချက်မျိုးနဲ့ ချစ်လိုက်ပါ။ကလိုက်ပါ . . . ဘယ်သူမှ ကြည့်မနေဘူးဆိုတဲ့ ခံစားချက်မျိုးနဲ့ကလိုက်ပါ။ ဆိုလိုက်ပါ . . . ဘယ်သူမှ နားထောင်မနေဘူးဆိုတဲ့ခံစားချက်မျိုးနဲ့ ဆိုလိုက်ပါ။

အလုပ်လုပ်ပါ . . . လခမလိုဘူးဆိုတဲ့ ခံစားချက်နဲ့ အလုပ်လုပ်ပါ။နေထိုင်လိုက်ပါ . . . ဒီနေ့ဟာ ကမ္ဘာ့နောက်ဆုံးနေ့ဆိုတဲ့ ခံစားချက်မျိုးနဲ့ နေထိုင်လိုက်ပါ . . .(Kim Sam-soon) My name isKim Sam Soon ဇာတ်ကားမှ

(၂၆) လူ . . . . .

ပညာအဆင့်အတန်းမရှိလို့ ရတယ်။ ဒါပေမယ့် အရှက်မရှိလို့ မရဘူး။မမြင့်မြတ်ချင်နေလို့ ရတယ်။ ဒါပေမယ့် သိမ်ငယ်စိတ်ရှိလို့ မရဘူး။မထက်မြက် မသွက်လက်ချင် နေလို့ရတယ်။ ဒါပေမယ့် တွေဝေငေးမောနေလို့ မရဘူး။ အကောင်းမြင်စိတ် မရှိလို့ရတယ်။ ဒါပေမယ့်လောကကို စိတ်ကုန်တဲ့စိတ် ရှိလို့မရဘူး။ သူငယ်ချင်းအပေါ်သဘောထားမကြီးလို့ ရတယ်။ ဒါပေမယ့် ပျက်လိုပျက်စီးကြောင်းမကြံစည်ရဘူး။

(၂၇) ပျော်ရွှင်ခြင်းက အဖန်တလဲလဲ ဖြစ်နေပါတယ်။နေ့တိုင်း ကိုယ်ချစ်တဲ့လူနဲ့ ဖုန်းပြောတယ်၊ ခရီးထွက်တယ်၊ အပြင်ထွက်တယ်။ ကတိတစ်ခု၊ အိပ်မက်တစ်ခုကိုပဲ ထပ်တလဲလဲ မက်ကြတယ်။ သူ့ငယ်ဘ၀အကြောင်း၊ သူကြီးပြင်းရာအကြောင်း နားထောင်တယ။် နှစ်တိုင်းသူ့ မွေးနေ၊့ ချစ်သူများ နေ၊့ သင်္ကြန်နေ့၊ နှစ်သစ်ကူးနေ့၊ ခရစ္စမတ်နေ့ကို အတူကျော်ဖြတ်တယ်။ ရန်ဖြစ်ငြင်းခုန်ရင်တောင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပဲ ထပ်တလဲလဲ ဖြစ်တယ်။ အဲဒီ နောက် မခေါ်မပြောဘဲ နေတယ်။ ပြီးတော့ တစ်ဦးကိုတစ်ဦး ရူးရူးသွပ်သွပ် လွမ်းဆွတ်ကြတယ်။ နောက်တော့ အစကလို တစ်ဦးအပေါ်တစ်ဦး ပြန်ကြင်နာကြတယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက အဖန်တလဲလဲဖြစ်နေပါတယ်။

(၂၈) ယုံကြည်မှု ဆိုတာ ခဲဖျက်တစ်တုံးလိုပါပဲ။ အကြိမ်ကြိမ် မှားယွင်းမှု ထဲကနေ တဖြည်းဖြည်း သေးငယ်သွားရတယ်။ယုံကြည်မှု ဆိုတာ ဒီလိုပါပဲ။ ခဲဖျက်အတုံးကြီးမို့ အချိန်တော်တော်ကြာကြာ သုံးရလိမ့်မယ်လို့ ငါတို့ထင်ခဲ့တယ်။ ဒါပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ အဲဒီ ခဲဖျက်တုံးကြီးက တဖြည်းဖြည်း သေးငယ်သွားတာကို တွေ့ရတယ်။ တကယ်လို့ ယုံကြည်မှု က ခဲဖျက်နဲ့တူရင်နောက်ခဲဖျက်တစ်တုံး လဲမှာ ပေါ့လို့ အတွန့်တက်ကောင်း တက်မယ်။ ဒါပေမယ့် လူလူချင်းကြားက ယုံကြည်မှု က ခဲဖျက်လို အသစ်လဲချင်တိုင်း လဲလို့မရနိုင်ပါဘူး။ မရှိတော့ဘူးဆိုရင် လုံးဝမရှိတော့ပါဘူး။

တစ်ဖက်သားကို ယုံကြည်မှု မဲ့စေအောင် အကြိမ်ကြိမ် မလုပ်မိပါစေန့၊ဲ ဒီလိုမှ မဟုတ်ရင် နောက်ဆုံးမှာ သင့်ကိုယ်သင် ယုံကြည်စိတ်မဲ့ သွားပါလိမ့်မယ်။



ဝန်ဇင်းချစ်သူများ နိုင်းနိုင်းစနေ ၏ “ ကျွန်မဖတ်ဖို့ (၃) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သတ္တိရှိတဲ့ပထမခြေလှမ်း

လင်းလက်တဲ့ချစ်မီးအိမ်

ဟိုတုန်းကအမှတ်တရ