စာဖတ်သူတို့ကိုရည်ရွယ်ချက်တိတိကျကျနှင့် စာအုပ်တစ်အုပ်ပြုစုရေး သားတင်ပြခြင်းထက် မိမိစာဖတ် သမားစာအုပ်များ ၊ စဉ်းစားမိသမျှတွေးများ ကို ပေါ်လာလျှင်ပေါ်လာသလို ကောက်ရေး ချထားပြီး အဆက်မပြတ်တောင်းနေသော ဂျာနယ်၊ မဂ္ဂဇင်း၊ နှစ် ပတ်လည်စာစောင်များ သို့ ပို့သည့်အခါပို့ ၊ မပို့ဘဲထားသင့်သည်ထား။ ဤသဘောမျိုး အရေး များ သည်။
စာရေသူစိတ်တွင် ဖြစ်ပေါ်နေသော ခံစားမှု များ ၊ အတွေးအမြင်များ ကို ပူပူနွေးနွေး လတ်လတ်ဆက်ဆက် စာဖတ်ပရိတ်သတ်ဖတ်စေချင်သော စေတနာဇောက ထက်သန်နေပါသည်။ သို့ မို့ ကြောင့် ရေး ဟန်သည် စကားပြောဟန်အကြောင်းအချို့ လည်းပါ၊ စကားပြေနှင့် သတင်းဆောင်းပါးလည်းပါသွား၊ အရောရောအနှောနှော ဖြစ်နေပါတော့သည်။
ခေတ်ရေစီးကြောင်းက အင်မတန်မှ လျင်မြန်လွန်းလှသည်။ အံ့သြစရာကောင်းလောက်အောင်ပင် ကစုန်စိုင်းပြေးလွှားနေသည်ဟု ဆိုရပါတော့မည် ။ ပြောင်းလဲမှု တွေ က တဟုန်ထိုး ဖြစ်နေပါတော့သည်။
ဘာမှမပြောင်းဘူး၊ မပြောင်းလဲဘူးဟု ဒေါနှင့်မောနှင့် ပြောဆိုရေး သားနေကြသူတွေ လည်း တွေ့ ရပါ၏ ။ ရှိပါစေ၊ သူမြင်ရာသူပြေခြင်း၊ သူထင်ရာသူရေး သားခြင်း၊ငြင်းမနေပါ။ အချိန်က အဖြေပေးလိမ့်မယ်။ ငါးနှစ် ဆယ်နှစ် ကြာလျှင် သိသာသဲကွဲသွားမည် ။
နိုင်ငံရေး စနစ်ပြောင်းပြီးပြီ။ စီးပွားရေး စနစ်ပြောင်းနေပြီ။
ဤကဲ့သို့လျင်မြန်စွာ ပြောင်းလဲနေသော အခြေအနေအရပ်ရပ်အတွက် ကျွန်တော် တို့လူငယ်လူရွယ်များ မှာ အဆင်သင့် ဖြစ်ကြပါသလားဟု သုံးသပ်ကြည့်လိုက်လျှင် စိတ်မကောင်းစရာမြင်ကြရပါမည် ။
မိုးတိုးမတ်တတ်နှင့် ထိုင်စရာရှာမတွေ့ ။ ခေတ်နောက်ကျကျန်နေသေး၏ ။
စာအုပ်စာပေနှင့် ဝေးလှသည်။ ယောင်နန၊ ဝေလေလေ၊ ဂိုးပေါက်ပျောက်နေကြ၏ ။
စာရေး သူတို့ ရေး သမျှကား သက်ကယ်ချောင်းနှင့် ခေါင်းလောင်းထိုးသကဲ့သို့ အသံတိုးညှင်းလှတော့၏ ။ ဘယ်သူမှလည်း မကြားမသိ။ လစဉ်ထွက်ပေါ်နေသော မဂ္ဂဇင်းပင်လယ်နှင့် အပတ်စဉ် အပတ်စဉ် ထုတ်ဝေနေကြသော ဂျာနယ်သမုဒ္ဒရာအတွင်းမှာ မိမိရေး သော ဆောင်းပါးလေးများ သည် မြုတ်တစ်ခါပေါ်တစ်လှည့်ဖြင့် သေးငယ်စွာ မျောပါပျောက်ကွယ်သွားကြပေတော့၏ ။ မည် သူမှ လှည့်မကြည့်။
လူငယ်များ စွာ တွင် အသင့်ပြင်ဆင်ထားနိုင်ခြင်းမရှိခဲ့ကြပါ။ နေ့စဉ်သတင်းစာကိုပင် မှန်မှန်မဖတ်သော ကြောင့် နိုင်ငံတကာအခြေအနေ၊ အရှေ့တောင်အာရှအခြေအနေ၊ အထွေထွေသော ခေတ်ရေစီးကြောင်း၏ စီးပွားရေး ၊ နိုင်ငံရေး အခြေအနေ၊ အထွေအထွေသော ခေတ်ရေစီးကြောင်း၏ မျက်မှော က်ခေတ်ကာလ သဘောသဘာဝကို သိလည်းမသိ၊ မြင်လည်းမမြင်။ မျက်ကန်းတစ္ဆေမကြောက်တွေ ။ ဘာမှ မပြင်ဆင် မဖြည့်ဆည်းချေ။
အချို့ အချို့သည် အထွေအထွေဗဟုသုတ ခေါင်းပါးရုံမျှသာမဟုတ်။ အတန်းပညာကျောင်းစာကိုပင် ကောင်းစွာ လေံလာဆည်းပူးခဲ့ခြင်းမရှိ။ ကျောင်းတွင်းစာမှာ မတော် သော်လည်း ကျောင်းပြင်ပအားကစားတို့ အနုပညာတို့ ပရဟိတလူမှု ရေး အများ အကျိုးဆောင်မှု တွေ မှာ စွမ်းစွမ်းတမံပါဝင်ကြသလော။ မရှိ။ အသင်းအပင်းအဖွဲ့အစည်းနှင့် လှုပ်ရှားတတ်သော အလေ့အထလည်းမရှိ။
တောရောမြို့ပါ အသိပညာနိမ့်ပါးကျဆင်းနေကြခြင်း ကပ် ရောဂါ ကြီးဆိုက်နေသည်ကို စာရေး သူက ဇိမ်နှင့် ငြိမ်ထိုင်မနေနိုင်ဘဲ ပူပူလောင်လောင်အော်ဟစ်ကာ သတိပေးလှုံ့ဆော်နေခြင်းမှာ မိမိအကျိုးအတွက် ဘာမျှ မပါပါ။ နိုင်ငံတကာအဆင့်အတန်းနှင့် အညီ ဘာမဆိုလုပ်တတ်ကိုင်တတ် ဖြစ်ဖို့ရာ လိုနေပါ၏ ။
မကြာမီနှစ် ကာများ တွင် နိုင်ငံတကာမှ စီးပွားရေး မြုပ်နှံမှု တွေ နှင့် အတူဆက်သွယ်ရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ၊ ထုတ်ကုန်လုပ်ငန်း၊ ကုန်သွယ်မှု ၊ ၀န်ဆောင်မှု လုပ်ငန်းများ ရာနှင့် ထောင်နှင့် ချီကာ ၀င်ရောက်လာတော့မည် ။
အလုပ်အကိုင်အခွင့်အလမ်းတွေ နှင့် အတူ ယှဉ်ပြိုင်မှု အလွန်ပြင်းထန်လှသော စိန်ခေါ်မှု များ ကြုံတွေ့ ကြရပါတော့မည် ။ စာရေး သူ၏ နားထဲတွင် လက်ဝှေ့ကြိုးဝိုင်းဘေးပြင်ပရှိ အမှတ်ပေးအကဲဖြတ်ဒိုင်ချုပ်၏ ခေါင်းလောင်းတီးသံကို ကြားလိုက်မိသည်။ ဒေါင်ခနဲ။
မိမိတို့ လူငယ်များ ဘာမှမသိကြ။
ကြားလည်းမကြားကြ။
ကြိုးဝိုင်းထဲဝယ် ကိုယ်ကထိုးဖို့ အနိုင်ယူနိုင်ဖို့မဆိုထားပါနှင့် ဘာကစရမှန်းပင် မတွေးရသေး။ ယောင်တိယောင်နရှိကြသည်ကို မြင်နေရ၏ ။ သတင်းစာဆရာတွေ ကူကြပါဦးလား။
နှစ် ဆယ့်တစ်ရာစုကားအပြောင်းအလဲ အရွေ့အပြောင်း လျင်မြန်မှု များ နှင့် အတူ ယှဉ်ပြိုင်ရသော အပြိုင်အဆိုင်ဗိုလ်လုရသော ခေတ်ကြီးဆိုတာကို သဘောပေါက်ထားသူဦးရေက နည်းပါးလှပါသည်။ သက်လုံကောင်းကြပါရဲ့လား။
တစ်နေ့က တက္ကစီယာဉ်မောင်း တစ်ယောက် နှင့် စကားပြော ဖြစ်သည်။ သူ၏ တစ်ဦးတည်းသော သမီးလေးသည် တက္ကသိုလ်မှ ဘွဲ့တစ်ခုရခဲ့သည်ဟု ကျေနပ်ရပ်တန့်ပြီး သူ့ဘ၀ဖူလုံပြီဟု ထင်နေပုံ။ သူသင်ခဲ့သော ဘာသာရပ် ပညာရပ်ကိုလည်း ဘာမှ ရေရေရာရာမတတ်ပုံ အားမလိုအားမရ သူခံစားရပုံတွေ ရင်ဖွင့်သည်။ ထို့အပြင်-
သူ၏ မိတ်ဆွေ လူငယ်တစ်ဦး ကတော့ စာရေး သူရေး ခဲ့သော စာများ ကိုဖတ်ပြီး သူ့ဘ၀ကိုဇွဲလုံ့လဖြင့် အဟုန်ပြင်းစွာ ကြိုးစားပြီးပြောင်းလဲမှ သူ့မွေးရပ်ဇာတိတောရွာ ဇနပုဒ်ဆင်းရဲသားနိမ့်ကျခြင်း ဘေးဆိုးကပ်ဆိုးကြီးအတွင်းက လွတ်မြောက်မည် ကို သိမြင်ကာ အဆင့်ဆင့်လေ့လာ၊ ဖြေဆို၊ အင်တာနက်များ ရှာ၊ လျှောက်လွှာတွေ တင်၊ အင်္ဂလိပ်စာတော် အောင်ပြင်ဆင်။ ယခုတော့ နိုင်ငံခြားတက္ကသိုလ်တစ်ခုတွင် ပညာသင်ယူနေပြီ။ ကြားရတာ ၀မ်းသာစရာ။
မွဲမွဲချာချာ သာမန်ကျေးရွာသားလေးပဲ။
သူက စာဖတ်တော့ အလန့်တကြား နိုးသွား၏ ။
ကြိုးစားမှရမည် ကို နားလည်၏ ။
ကြိုးစားလျှင် အောင်မြင်နိုင်ကြောင်းကိုလည်း မြင်သွား၏ ။ မိဘဆင်းရဲခဲ့တာ အရေး မကြီး စာဖတ်ဖို့သာအရေး ကြီး၏ ။
တစ်နေ့တစ်နေ့ တရွေ့ရွေ့ဖြင့် ရန်ကုန်သို့တက်လာပြီး အပင်ပန်းခံကြိုးစားရုန်းကုန်ခဲ့ရာ လစာ ၅ သိန်းခွဲ ၆ သိန်းရသော အလုပ်ကိုလုပ်ရပြီ။
သို့သော် မကျေနပ်သေး။ ယုံကြည်မှု ပိုမိုမြင့်မားလာပြီ။ နိုင်ငံခြား၌ လစာဒေါ်လာသုံးထောင်လေးထောင်ရရအောင် သူကြိုးစားနိုင်သေးသည်ဟု ယုံကြည်ပြီး ရန်ကုန်မှာ တစ်နှစ် သိန်း ၇၀ ခန့်ရနေသော အလုပ်မှ ထွက်ခွာသွား၏ ။ နိုင်ငံခြားသို့ ဆက်လက်ပညာသင်နေပါသည်တဲ့။
ဒါမျိုးကို ကြိုက်သည်။
ကိုစန်းအောင်ဆိုသော သံလျင်မြို့နယ်ဘက်၊ ကျေးလက်ဇာတိ တက္ကစီယာဉ်မောင်းပုဂ္ဂိုလ်နှင့် သူ၏ မိတ်ဆွေနိုင်ငံခြားမှာ ပညာရှာနေသော လူငယ်။ စာရေး သူ၏ စာအုပ်များ ကို သေသေချာချာဖတ်၊ ဆွေးနွေး၊ လက်တွေ့ ချပြီး သူတို့နှစ် ဦးသား လိုက်နာကျင့်သုံးရင်း တိုးတက်လာကြပါသည်ဟု ပြောပြတာကို ကြားရတော့ ကြက်သား၊ ၀က်သားဟင်းများ ကို နူးနပ်အိနေ အောင်နှပ်ပြီး ကျွေးမွေးသည်ကို စားရသည်ထက် အားရကျေနပ်သည်။ အရသာတွေ့ သည်။
မုန်တိုင်းကိုဖြတ်သန်းကျော်လွန်နိုင်ဖွယ်ရှိနေသော ဤကဲ့သို့ လှေငယ်လေးများ အား မြင်ရသော အခါ “အိမ်မက်စေရာ” ကဲ့သို့သော ရှေ့ကစာအုပ်များ ရေး သားနိုင်ခဲ့ခြင်းကို ကျေနပ်နှစ် သိမ့်မိပြန်၏ ။ စာရေး သူတာဝန်ကျေခဲ့၏ ။
မြန်မာနိုင်ငံသည် ပင်လယ်အောက်ထဲနစ်ပြီး ရေမွန်းနေသော နိုင်ငံမဟုတ်တော့။ ရေမွန်းမနေနှင့် ။
ကောင်းကင်ယံထဲ ပျံဝဲတော့မည့် နိုင်ငံမျိုး ဖြစ်နေပြီကို အခြေအနေမှန်သိမြင်ရမည် ။
ရေအောက်ကြမ်းပြင် ရွှံ့နွံထဲမှာ ပဲ မြုတ်ပြီးနေတော့မည် ဟု ကျောက်ချရပ်မနေနှင့် တော့။
လူငယ်တစ်ဦးချင်း အတောင်ပံတပ်ကြရမည် ။ စာဖတ်ပြီး မိမိကိုယ်ကု တောက်ပအောင် မြှင့်တင်ပျိုးထောင်ကြရမည် ။ ရွှေရောင် ခေတ်သစ်တစ်ခုက ပြေးလာနေပြီ။ ကျော်နိုင်အောင်ကျော်ရပါမည် ။ မကျော်နိုင်လျှင် ငုံ့ရလိမ့်မည် ။ ငုံ့ခံမနေရအောင် ခုန်နိုင်စွမ်းကျော်နိုင်စွမ်းအား ဖြည့်ဆည်းပါလေ။
သင်တို့ရင်ထဲမှာ အစွမ်းအစတွေ က ရှိပြီးသား။
လေဟုန်ထဲ ပျံဝဲရန်အတောင်ပံတပ်ကြပေတော့။ လင်းယုန်ငှက်၊ သိန်းငှက်၊ စွန်ငှက်ကဲ့သို့ မြင့်မြင့်ပျံကြ။
တောင်ပံပါပါလျက် သစ်ပင်အကိုင်းထက်ဆီလောက်သာ ရောက်အောင် ပျံနိုင်သော ကြက်ဖကြက်မလေးတွေ ဖြစ်မနေစေနှင့် ။ အတောင်ရှိလျက် အပျံခက်သူတွေ မ ဖြစ်စေနှင့် ။ အတောင်ပံသန်မာအောင် စာဖတ်ကြပါ။ ပညာကိုတန်ဖိုးထားဖြည့်ဆည်းနေပါ။
အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတအမြင်ကျယ်စွာ ဖြင့် ကောင်းကင်ဝဠာတစ်ခို မိမိအိမ်လို ပျော်ရွှင်ပျံသန်း ကျက်စားနိုင်ကြပါစေ…။
ချစ်နိုင် (စိတ်ပညာ)
ချစ်သမီးမေလေးရွှင်လန်းချမ်းမြေ့ပါစေ…
ဘ၀မှာ အောင်မြင်ချင်ရင် ရှေးရှေးကလူကြီးသူမတွေ ရဲ့ အလိုအရ ကျင့်သုံးလိုက်နာစေချင်တဲ့ အဆုံးအမစကား ၄ ချက်ရှိပါတယ်။
၁။ စိရကာလဘာဝနာ တဲ့ ။ စွဲစွဲမြဲမြဲဇွဲနဲ့ တာရှည်အချိန်ကြာကြာလုပ်ဆောင်ရမယ်။
၂။ နိဝရသေသ ဘာဝနာ တဲ့ ။ အစွမ်းကုန်ကြိုးစားပြီး လုပ်ရမယ်။ မပေါ့ဆရဘူး။ စိတ်မပါ့တပါမလုပ်ရဘူး။
၃။ နိရန္တရ ဘာဝနာ တဲ့ ။ အမြဲမပြတ်လုပ်ရမယ်။ မနားရဘူး။ ပြတ်တောင်းပြတ်တောင်း မလုပ်ရဘူး။ အရှိန်ရနေအောင် အဆက်မပြတ် လုပ်နေရမယ်။
၎။ အဘိရတိ ဘာဝနာ တဲ့ ။ အလုပ်ကို လေးစားမြတ်နိုးရမယ်။ အလုပ်ကို ရိုရိုသေသေ၊ သပ်သပ်ယပ်ယပ်၊ သန့်သန့်ရှင်းရှင်း အကောင်းဆုံး ဖြစ်အောင်လုပ်ဆောင်ရပါမယ်။ အလုပ်ကို တန်ဖိုးထားပါ။
ဒါဆိုရင် ဘ၀မှာ နာမည် ကောင်းနဲ့ ပေါ်လွင်ထင်ရှားပြီး အောင်မြင်မှု များ ရနေမှာ ပဲလို့ ဆိုခဲ့ကြတယ်။
ဒီ ၄ ချက်ကို လက်တွေ့ လိုက်နာကျင့်သုံးတဲ့အတွက် တရုတ်လူငယ် တစ်ယောက် ဟာ သာမန်ပညာရှာမှီးသူ လူငယ်လေးအ ဖြစ်မှ ကမ္ဘာကျော်ရုပ်ရှင်အနုပညာရှင်၊ နိုင်ငံတကာက ဆုတံဆိပ်ပေါင်းများ စွာ ချီးမြှင့်ဂုဏ်ပြုခံရတဲ့ ရုပ်ရှင်ဒါရိုက်တာ အန်းလီ ဖြစ်လာခဲ့တယ်။ ရုပ်ရှင်ဝါသနာအိုးတွေ ကတော့ သူရိုက်တဲ့ ဇာတ်ကားတွေ ကြည့်ဖူးလောက်ပါတယ်။ သူ့အကြောင်းပြောရအောင်။
အန်းလီဟာ တိုင်ဝမ်မှာ ၁၉၅၄ ခုက မွေးဖွားတဲ့ တရုတ်လူမျိုးပါ။ ၁၉၇၈ ခု (သူအသက် ၂၄ နှစ် အရွယ်) မှာ အမေရိကန် ပြည်ထောင်စု အီလီနွိုက်အနုပညာတက္ကသိုလ်မှာ ရုပ်ရှင်ပြဇာတ်ဘာသာရပ်ကို သွားသင်ချင်ပါတယ်သူကဆိုတော့ သူ့ရဲ့ဖခင်က အပြင်းအထန်တားမြစ်ကန့်ကွက်ပါတယ်။
“ငါ့သား စဉ်းစားကြည့်။ အမေရိကန် ဘရော့ဒ်ဝေးဇာတ်ရုံကြီးမှာ နှစ် စဉ်ဇာတ်ကောင် ၂၀၀ အတွက်ပဲနေရာရှိတယ်။ အဲဒီ နေရာ နှစ် ရာစာအတွက် နှစ် စဉ်နှစ် စဉ်လာလျောက်ကြတဲ့လူတွေ က ငါးသော င်းကျော်တယ်။ အဲသလောက် အပြိုင်အဆိုင် ယှဉ်ပြိုင်လုရမယ်။ ခက်ခဲတယ်။ ဖြစ်ထွန်းဖို့မလွယ်ကူတဲ့အလုပ်မျိုးကို မရွေးချယ်ချင်ပါနဲ့ သားရယ်’’
ဖအေက တားတယ်။ အမျိုးမျိုးနားချတယ်။
သား အန်းလီက မရပါ။ ရုပ်ရှင်ကိုပဲ ၀ါသနာစွဲတယ်။
တိုင်ဝမ်မှ အမေရိကန်ပြည်ထောင်စုသို့သွားပြီး ရုပ်ရှင်ပြဇာတ်ဘာသာရပ်ကို သင်ယူတယ်။ အီလီနွိုက်စ်တက္ကသိုလ်မှာ သင်တန်းတက်ခဲ့တယ်။ ၅ နှစ် ကြာ ၀ါသနာအရစူးစူးစိုက်စိုက်သင်ယူတယ်။
သင်တန်းဆင်းပြီးတဲ့နောက် ဘ၀မုန်တိုင်းကြားထဲဖြတ်သန်းရပြီဆိုမှ အဖေ့စကားမှန်လိုက်တာပါ့လားလို့ အန်းလီနားလည်လာရတယ်။ ၁၉၈၃ ခုနှစ် မှစပြီး (၆) နှစ် လုံးလုံးအလုပ်အကိုင်လုံးဝရှာလို့မရ။ ဆင်းရဲမိုးမှော င်ကျတော့တာပဲ။ အခက်အခဲအမျိုးမျိုးဟာ မရေမတွက်နိုင်ပါ။
အမေရကန်ရုပ်ရှင်လောကမှာ ဘာကျောထောက်နောက်ခံမှမရှိတဲ့ သူ့လိုတရုတ် တစ်ယောက် ကို နာမည် ရဖို့၊ နေရာရဖို့ အရမ်းခက်ခဲတာပေါ့။ ဇွဲရှိရှိနဲ့ စွဲစွဲမြဲမြဲ ကိုယ်ရွေးချယ်တဲ့လမ်းကြောင်းအတိုင်း မမှိတ်မသုန်ချီတက်ခဲ့တယ်။ စိတ်ကူးအိမ်မက်အပျက်မခံ။
ရုပ်ရျင်အနုပညာကို ဖက်တွယ်ပြီး အငတ်ခံခဲ့တယ်။
သူရေး တဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ရုပ်ရှင်ကုမ္ပဏီ ၃၀ ကျော်ကို ၂ ပတ် အတွင်း တစ်အိမ်ဝင်တစ်အိထွက်သွားပြီး တောင်းပန်ခယ ပြသပေမယ့် ကုမ္ပဏီတိုင်းက ခေါင်းခါငြင်းပယ်တာကို ခံခဲ့ရတယ်။ အသက်က ၃၀ ပြည့်ခါနီး ပြီ။ စိတ်ဓာတ်ကျရပြီ။
အလုပ်အကိုင်က မရှိ။ ၀င်ငွေ လစာမရှိ။
ဇနီးရဲ့ လုပ်စာကို မှီစားရတော့ အားနာလှပြီ။
ဇနီးက တစ်ကျောင်းတည်းအတူတက်ခဲ့တဲ့ ကျောင်းနေဖက် တရုတ်ပါပဲ။ ဇီဝဗေဒအဓိက သိပ္ပံဘွဲ့ရ၊ ဓါတ်ခွဲခန်းလေးတစ်ခုမှာ ဆေးဝါးသုတေသနပြုသူအ ဖြစ် အလုပ်ရလို့ တော် သေးတယ် သား တစ်ယောက် လည်းရနေပြီ။
ရုပ်ရှင်အနုပညာ ဘွဲ့ရ၊ အလုပ်လက်မဲ့။
ယောက္ခမက ငွေတချို့ပေးတယ်။ ဒီငွေနဲ့ စားသောက်ဆိုင်တစ်ခုဖွင့်ပြီး စားဝတ်နေရေး ကို ဖြေရှင်းဖို့ပေါ့။
သူနဲ့ သူ့ဇနီးက ခေါင်းမာမာပဲ ငြင်းပယ်ခဲ့တယ်။
ရုပ်ရှင်ရိုက်မယ်ဆိုတဲ့ သူ့ရဲ့ ငယ်ငယ်တည်းက စွဲလန်းခဲ့တဲ့ အိမ်မက်ကို လမ်းကြောင်းမသွေဖီစေရ။
အိမ်မက်ကိုပဲ အကောင်အထည်ဖော်မယ်။
အခက်အခဲ၊ အကျပ်အတည်း၊ ပြဿနာအမျိုးမျိုး အထွေအထွေကို ဖြတ်သန်းကျော်လွှားပြီး အောင်မြင်မှု ခရီးကို ဆက်ခဲ့ကြရတယ်။
“ကိုယ့်ရင်ထဲက စိတ်ကူးယဉ်အိမ်မက်ကို ဘယ်တော့မှ လက်မလျှော့ပါနဲ့၊ မမေ့ပါနဲ့” လို့ သူ့အနားက အားပေးတဲ့ဇနီးရဲ့ ထောက်ကူမှု ဟာလည်း တစ်ရံတစ်ခါ စိတ်ဓာတ်ကျလို့ အိပ်မပျော်နိုင်ခဲ့တဲ့ သူ့အတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ရတယ်။ အန်းလီ။ ရုပ်ရှင်အနုပညာကိုရူးသွပ်သူ။
ဘရု(စ်)လီ၊ ဂျက်လီ၊ ဂျက်ကီချန်းစတဲ့ တရုတ်ဇာတ်ကောင်တွေ ကမ္ဘာကျော်လာမှ အမေရိကန်ဟောလီးဝု(ဒ်)အထိ ပေါက်ရောက်သွားပြီးမှ တရုတ်လူမျိုးအနုပညာရှင်ဆိုတာ အမေရိကန်ရုပ်ရှင်လောကမှာ လူရာဝင်နိုင်လာတယ်။ အိမ်မက်ဆိုတာ အကောင်အထည်ဖော်ရတယ်။
အန်းလီဟာ အခုတော့ နိုင်ငံတကာဆုပေါင်းများ စွာ ရခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီး ဖြစ်နေပါပြီ။
၁။ အော်စကာဆု ၃ ကြိမ် ၃ ခုရခဲ့တယ်။
၂။ ဗြိတိသျှအကယ်ဒမီဆု ၅ ခုရခဲ့တယ်။
၃။ ရွှေကမ္ဘာလုံးရုပ်ရှင်ဆု ၄ ခုရခဲ့တယ်။
၎။ ဗင်းနစ်ရုပ်ရှင်ပွဲတော် က ရွှေခြသေ့င်္ဆု ၂ ဆုရခဲ့တယ်။
၅။ ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော် မှ ရွှေဝက်ဝံဆု ၂ ဆုရခဲ့တယ်။
စာဖတ်သူများ ခင်ဗျာ
နိုင်ငံတကာဆု (၁၆) ဆုရဖူးသူ ရုပ်ရှင်အနုပညာရှင် ထူးချွန်သူ ဖြစ်လာဖို့ရာ စွန့်လွှတ်မှု ၊ စွန့်စားမှု နဲ့ ရူးသွပ်မှု တွေ ကတော့ ၀တ္တုတစ်အုပ်စာရှည်လျားများ ပြားပါတယ်ကွယ်၊ အန်းလီကိုယ်ရေး ဘ၀ အကျည်းချုပ်ကိုပဲဖော်ပြတာ။
ငယ်စဉ်ကတည်းက ကိုယ် ဖြစ်ချင်တဲ့ အိမ်မက်ကို အခက်အခဲအတားအဆီးအမျိုးမျိုးအား မလျှော့သော ဇွဲနဲ့ဖြတ်ကျော်ပြီး အောင်မြင်အောင် ကြိုးစားရစမြဲဆိုတာ မြင်ပြီမဟုတ်လား။
ငါ့ရင်ထဲမှာ ဘာ ဖြစ်ရမယ်ဆိုတဲ့ အိမ်မက်တစ်ခုခုတော့ (ပိုက်ဆံပေးဝယ်ဖို့မလိုပါဘူး၊ အလကားအခမဲ့ရနိုင်တာပါ) ရှိပါပြီလား။ မရှိသေးရင် ရှိအောင် ရှာဖွေသိမ်းဆည်းထားပါ။ အိမ်မက်စေရာကိုသွားပြီး ကိုယ့်ဘ၀အောင်ပွဲကို ယူရမှာ လေ။
![]() ချစ်သဖြင့် ရေးသည့်စာများ | ![]() ပစ်တိုင်းထောင် စိတ်ဓာတ် | ![]() စာဖတ်ခြင်းဖြင့် ကြီးမြတ်ပါစေ |