Cover

အမှာ စာ

ချစ်နိုင် (စိတ်ပညာ)

၁။ မကွေးတိုင်း၊ ချောက်ရေနံမြေဇာတိ။ အမိ ဒေါ်အေးသ၊ အဖ အလယ်တန်းပြဆရာ ဦးမာတင်။ ငယ်နာမည် မောင်ချစ်နိုင်။ ၁၉၄၈ခု၊ ဒီဇင်ဘာလ ၆ မှာ မွေးဖွားသည်။ ငယ်စဉ်က ကြီးနီအလယ်တန်းကျောင်းနှင့် ချောက်မြို့အမှတ် (၁) အထက်တန်းကျောင်းမှာ ပညာသင်ယူသည်။ မန္တလေး ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူပြီး ၀ိဇ္ဇာဘွဲ့ (စိတ်ပညာ) ရခဲ့သည်။ ရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်မှ အသုံးချစိတ်ပညာ (စစ်ဆေးရေး ) ဘွဲ့လွန်သင်တန်းတက်ရောက်အောင်မြင်ခဲ့သည်။

၂။ တပ်မတော် အရာရှိအ ဖြစ် ၂၆ နှစ် စစ်မှု ထမ်းခဲ့သည်။ စစ်မှု ထမ်းကောင်းတံဆိပ် ချီးမြှင့်ခြင်းခံရသည်။ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် တာဝန်ကို ၁၁ နှစ် ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် မှာ စီမံထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခြင်းခံရသည်။

၃။ စာနယ်ဇင်းများ တွင် ဆောင်းပါးများ ရေး သားသည်။ “ချစ်လို့ပြောတာ မှတ်ပါ” စာအုပ်အတွက် လူငယ်စာပေ၊ အမျိုးသားစာပေဆု ချီးမြှင့်ခြင်းခံရသည်။ “ဘ၀တစ်ခု စီမံမှု ” စာအုပ်အတွက် သုတစွယ်စုံ လူငယ်စာပေဆု ချီးမြှင့်ခြင်းခံရသည်။ စာအုပ် (၁၀၁) အုပ် ရေး သားခဲ့သည်။

၎။ ချစ်ကြည်ရေး ၊ လေ့လာရေး ၊ ဆွေးနွေးပွဲများ အတွက် တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံများ သို့ သွားရောက်ခဲ့ပါသည်။

ချစ်နိုင် (စိတ်ပညာ) ၏ အမှာ စာ

လောကကို စိတ်သည်ဦးဆောင်သည်။

စိတ္တေနနိယတိ လောကော။

အရာရာတို့သည် စိတ်၏ အလိုအတိုင်းသာ လိုက်ပါကြရကုန်သည်ဟု ငယ်စဉ်ကပင် ကြားဖူးနာဖူးသည်။

စိတ်ဆိုသည်မှာ လည်း အာရုံကို သိခြင်းသဘော။ စိတ်နှင့် စေတသိက်ပေါင်းထားသော နာမ်တရားသည် အာရုံကို အာရုံခံအင်္ဂါများ ဖြင့် မြင်၊ကြား၊ နံ၊ အရသာ၊ ထိတွေ့ ၊ ခံစားသိရှိခြင်း၊ လူတိုင်းဤသဘောကို နားလည်ကြသည်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်က မြင်ရကြားရ ခံစားရသော အာရုံကို အသိစိတ်ဖြင့် သိရသည်။

စိတ်ကို အာရုံက ပြောင်းလဲစေသည်။

စိတ်က အာရုံခံစားမှု ကို အကောင်းအဆိုးခွဲခြမ်း စိတ်ဖြာသည်။အကြောင်းအကျိုးဆက်စပ် စဉ်းစားသည်။ စိတ်၏ စွမ်းရည်သည် လူမှာ အရေး ကြီးပေသည်။ သူက ဖန်တီးနိုင်စွမ်း ရှိသည်။

သိခြင်းသဘောမှာ လူ တစ်ယောက် နှင့် တစ်ယောက် လွန်စွာ ကွာခြားသည်။ ကလေးနှင့် လူကြီးလည်းကွာခြားသည်။ ပါမောက္ခပါရဂူနှင့် စာမတတ်သူ ကွာခြားသည်။ ဥာဏ်ပညာအရာတွင် အချို့လူတို့သည် မိုးပမာမြင့်မားကြသည်။

ဥာဏ်ပညာမြင့်မားသော လူ့အဖွဲ့အစည်းက သိပ္ပံနှင့် နည်းပညာစသည့် အတတ်အမျိုးမျိုးတို့ဖြင့် လောကကို တိုးတက်ချမ်းသာကြွယ်ဝစွာ ဖြင့် သာယာလှပအောင် ဖန်တီးကြသည်။ နတ်ဘုံနတ်နန်းတမျှ။

အသိဥာဏ်ပညာနည်းပါးရှားသော လူ့အဖွဲ့အစည်းတို့ကား တောတိရစ္ဆာန်ပမာ တစ်ကောင်နှင့် တစ်ကောင် ရန်စောင်တိုက်ခိုက်သတ်ဖြတ်တာ ရိုင်းစိုင်းသော စိတ်များ ဖြင့် သာ ဆင်းရဲကြမ်းတမ်းသော ဘ၀များ ကို ဖြတ်သန်းနေကြရသည်။ အေးချမ်းမှု မရှိ။ ကြွယ်ဝမှု မရှိ။

လူသားအချင်းချင်းတူပါလျက် နတ်ပြည်နှင့် ငရဲပြည်ပမာ လွန်စွာ ကွာခြားနေကြခြင်း၏ အကြောင်းရင်းတရားများ တွင် ပညာမျက်စိ၊ အသိဥာဏ်သည် အဓိကကျသော အချက်တစ်ရပ် ဖြစ်ပါသည်။ လူအချို့သည် အသိဥာဏ်နည်းလွန်းလှသည်။ ပညာနည်းသမျှ လူတွေ ဆင်းရဲကြရသည်။

ပညာမြင့်သမျှ လူတွေ ချမ်းသာတင့်တယ်ထယ်ဝါကြရသည်။ ဤအချက်ကို လက်ခံနားလည်ကြပါပြီလား။

ပညာတိုးပွားအောင် ကျွန်တော် တို့ လူ့ဘောင်ကို စာဖတ်သော ၊ သင်ယူသော ၊ လူ့အဖွဲ့အစည်းအ ဖြစ် ရနိုင်သမျှ ပြောင်းလဲကြရမည် ။ တစ်ယောက် အားနှင့် ယူသော် မရသော်လည်း တစ်သော င်းအားနှင့် တွန်းကြလျှင် ရွေ့လာပေလိမ့်မည် ။ လှုပ်သူကလှုပ်၊ တွန်းသူကတွန်း၊ ပညာထွန်းကားအောင် မိမိတို့ မနားမနေကြိုးစားကြရပေမည် ။ မည် သည့်မြို့၊ မည် သည့်ရွာပင် ဖြစ်စေ၊ ပညာရည်မြင့်သူတွေ များများ ပေါ်ထွက်လာလျှင် တိုးတက် ဖွံ့ဖြိုးလာလိမ့်မည် ။ သယံဇာတပေါကြွယ်ဝမှု ထက် လူသားစွမ်းရည်အရင်းအမြစ် ကသာ အဓိကကျလှပါသည်။

လူတွေ ဗဟုသုတ၊ ဆင်ခြင်တုံတရား၊ အမြော်အမြင်နှင့် ကိုယ်ကျင့်သီလတွေ ပြည့်ဝစေရမည် ။

လူ့ဘောင်ကို ကောင်းအောင် ပျိုးထောင်ရာတွင် လူတစ်ဦးချင်းစီ၏ ကိုယ့်ကျင့်တရား (သီလ) နှင့် အသိဥာဏ် (ပညာ) ကို မြှင့်တင်ပေးခြင်းသည် အရင်းခံတရားပါတည်း။ ဤအချက်သည် နိုင်ငံအတွက် အရေး ကြီး၏ ။ တိုင်းပြည်တိုးတက်ဖို့ နိုင်ငံရေး လည်း ဟုတ်၏ ။ နိုင်ငံရေး အလုပ်လည်း မှန်၏ ။

ချက်ချင်း ကြီးတော့ မသီးမပွင့်ပါ။

အခုရေတွင်း တူး၊ အခုရေကြည်သောက်ချင်လို့မရ။

အချိန်ကာလ တစ်စုံတစ်ရာတော့ စောင့်ပါမှ။

လူငယ်တွေ စာဖတ်လာပါက တိုင်းပြည်အနာဂါတ်ကို စိတ်အေးကြရမှာ ဖြစ်၏ ။ သူတို့ ဗဟုသုတအမြော်အမြင်ပြည့်ဝကြလျှင် လောကကိုအောင်မြင်စွာ ဆက်လက်တည်ဆောက် နိုင်ကြမှာ သေချာ၏ ။

ဆင်းရဲခြင်းနှင့် ဘေးဒုက္ခတို့မှ ကင်းဝေးနိုင်လေအောင် လူငယ်များ စာဖတ်ခြင်းဖြင့် ကြီးမြင့်ကြပါစေ ……။

ချစ်နိုင် (စိတ်ပညာ)

၂၆-၈-၂၀၁၂

ဖူးစာဆုံခဲ့ကြသူများ

တစ်နေ့သော အခါ ကျွန်တော် သမီးက “မြန်မာရုပ်ရှင်လောကမှာ မင်းသားနဲ့ မင်းသမီး အိမ်ထောင်ပြုတာ တော် တော် ရှားတယ်နော်” ဟု ပြောပါသည်။

ထိုအခါ ကျွန်တော် ၏ ဇနီးက “ရုပ်ရှင်မင်းသားပြေတီဦးနဲ့ ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင်တို့ စုံတွဲ က လွဲရင် အရင်မရှိဘူးထင်တာပဲ” ဟု ထင်မြင်ချက်ပေးပါသည်။

“အဖေ၊ ဟုတ်သလား၊ မြန်မာရုပ်ရှင်လောကမှာ မင်းသားနဲ့ မင်းသမီး ယူတာမရှိဖူး ဘူးလား? ဟု မေးပါသည်။

မှန်သည့်အတိုင်းဆိုလျှင် ရုပ်ရှင်မင်းသားနှင့် မင်းသမီးသည် ဇာတ်ဝန်ခန်းအတွက် ချစ်ခန်းကြိုက်ခန်းတွေ ရိုက်ရင်း အပြင်မှာ လည်း တကယ်ကြိုက်သွားကြာတတွေ ရှိကြပါပေသည်။ သို့ သော် ဇာတ်ကားလည်း ရိုက်ပြီးရော သူတို့ချင်းလည်း မီးဝေးချိတ်မာဝေးကွာသွားကြသည်က များ ပါ၏ ။

ဟောလီးဝုရုပ်ရှင်လောက၊ ဟောင်ကောင်ရုပ်ရှင်လောက၊ အိန္ဒိယ ဘောလိဝု ရုပ်ရှင်လောကနှင့် ကိုရီးယားရုပ်ရှင်လောကတို့တွင် မင်းသားနှင့် မင်းသမီးချစ်နေကြပုံရပြီ၊ တွဲ နေကြပြီစသည်ဖြင့် စာစောင်တွေ က ရေး ကြ စွပ်စွဲကြ၊ လူတွေ ပြောနေကြသည့်ကြားက လက်မထပ် ဖြစ်သော အတွဲ တွေ မရေမတွက်နိုင်အောင် များ ပါသည်။ လီဗြောင်ဟွန်း နှင့် လီမင်ဂျန်။

ရုပ်ရှင်မင်းသား ချာလ်တန်ဟေစတန်နှင့် အယ်လီဇဘက်တေလာတို့ အတွဲ သည် နာမည် ကြီးခဲ့သည်။ လက်ထပ် ဖြစ်ကြသည်။ သုံးလေးနှစ် ကြာတော့ ကွဲသွားကြသည်။ နောက်လေးငါးနှစ် ကြာသော အခါ ပြန်လည်လက်ထပ်ပြန်သည်။ များ မကြာမီ မိတ်ဆွေလိုပဲ နြေ ကတော့မည် ဆိုပြီး ကွဲကွာသွားကြပြန်ပါသည်။ အလားတူ တွဲ လိုက်ကွဲလိုက် စုံတွဲ တွေ က အလွန်တရာများ ပြားကြပါသည်။

မင်းသားနှင့် မင်းသမီး သမီးရည်းစား ဖြစ်တတ်ကြပါသည်။ ရုပ်ရှင်လောကမှာ ဖြစ်ရိုး ဖြစ်စဉ်။ မှန်သည်။ သို့ သော် ရခဲသည်။ ချစ်မိတတ်သည်။ သို့ပေမယ် အကြင်လင်မယားအ ဖြစ် အိမ်ထောင်စုဘ၀ တစ်ခုဟူ၍ ပေါင်းဆုံမိကြသူကား ရှားပါသည်။ ရေတွက်ကြည့်တော့ မများ လှ။ ရှိတော့ ရှိသည်။ ရှားသည်။

“မြန်မာရုပ်ရှင်လောကမှာ မင်းသားနဲ့ မင်းသမီး ဖူးစားဆုံတဲ့ စုံတွဲ တွေ ရှိပါတယ် သမီးရယ်”

ကျွန်တော် က စာရွက်ပေါ်မှာ ချရေး ပြီး သမီးကို အောက်ပါ မြန်မာရုပ်ရှင်မင်းသား၊ မင်းသမီးတို့အမည် ဖော်ပြလိုက်ပါသည်။ ရုပ်ရှင်ချစ်သူများ က အခြားစုံတွဲ များ သိလျှင်လည်း ဖြည့်စွက်ကြပါလေ ………။

၁။ ဖိုးပါကြီး မေချစ်

၂။ အေ၀မ်းညွန့်မောင် မေမြင့်

၃။ သိန်ဇော် မေလွင်

၎။ ကျော်ဝင်း တင်တင်မူ

၅။ ကျော်ဆွေ ခင်ယုမေ

၆။ ကျော်ဖေ ခင်လေးဆွေ

၇။ ရွှေဘ သင်းသင်းလဲ့

၈။ မောင်ဗမာဘကွန်း ဘေဘီနွဲ့

၉။ သိန်းတန် သိန်းသိန်းဦး

၁၀။ နုမောင် ခင်သန်းနု

၁၁။ သန်းထွတ် ၀ါဝါ၀င်းရွှေ

၁၂။ တွံတေးသိန်းတန် ချစ်စပယ်

၁၃။ ကျော်ဟိန်း စန္ဒာ

၁၄။ မောင်ယဉ်ထွေး ရှုမ၀ စမ်းစမ်းအေး

၁၅။ ခင်မောင်ချင်း စမ်းစမ်းအေး

၁၆။ အကော်ဒီယံအုန်းကျော် မြတ်မွန်

၁၇။ သီဟတင်စိုး ဇင်မာဦး

၁၈။ ပြေတီဦး အိန္ဒြာကျော်ဇင်

တစ်ယောက် ကို တစ်ယောက် မေတ္တာစစ် မေတ္တာမှန်ဖြင့် အပြန်အလှန်ချစ်မိဖို့ဆိုတာ ရခဲသော တိုက်ဆိုင်မှု ဖြစ်ပါသည်။ မြင်မြင်ချင်းချစ်မိသည်။ ခဏတော့ ချစ်သည်ဟု ထင်မိတတ်သည်။ ကြာရှည်တော့ တည်ခဲသည်။

ရှပ်ရှင်လောကမှာ ဖြစ်စေ အပြင်မှာ ဖြစ်စေ ခိုင်မြဲသော အချစက တွေ့ ရခဲ့ပါ၏ ။ ချစ်သည်ဆိုစေဦး လက်ထပ် ဖြစ်ဖို့ မလွယ်သေး။ နှစ် ဘက်မိဘဆွေမျိုး အသိုက်အ၀န်းချင်း သဘောတူကြည်ဖြူကြဖို့ လိုပေသည်။ လက်ထပ် ဖြစ်ပြီ ဆိုပါစို့။

ရာသက်ပန်ရိုးမြေကျ ခိုင်မြဲဖို့က မလွယ်ပေ။ လမ်းခွဲသွားကြသော သတင်းတွေ က များ လှသည်။ ဟောလီးဝုမှာ ဖြစ်စေ၊ ဘောလိဝုမှာ ဖြစ်စေ။

နှစ် ဦးသဘောတူ ကြည်ဖြူလက်တွဲ ကြပြီး ခိုင်မြဲသော အိမ်ထောင်စုကို တည်ဆောက်ကြသော ရုပ်ရှင်မင်းသား မင်းသမီးတို့အားချီးမမွမ်းရပေမည် ။ အခက်အခဲအမျိုးမျိုးကို လက်တွဲ ပြီး ရင်ဆိုင်ဖြတ်သန်းခဲ့ကြသဖြင့် သူတို့၏ မေတ္တာနှင့် သစ္စာကို အသိအမှတ်ပြု ရပေလိမ့်မည် ။ တစ်ယောက် အကြိုက်ကို တစ်ယောက် လိုက်ခဲ့ကြရမည် ။

တကယ်တော့ ဖူးစာဆိုသည်မှာ မလွယ်ပါ။

ရုပ်လည်းချော၊ အမူအရာလည်းကောင်း၊ သီးချင်းအဆိုလည်း ထင်ရှားအောင်မြင်၊ အရွယ်ကော၊ ကျော်ကြားမှု ရော ဘာမှပြောစရာမရှိအောင် ရုပ်ရှင်မင်းသမီး မေရှင်သည် မည် သည့်မင်းသား၊ အရပ်သားနှင့် မှ မညားဘဲ တစ်ကိုယ်တည်း အပျိုကြီးအ ဖြစ် အရိုးထုတ်သွားခဲ့ပေသည်။ မေချစ်၊ မေမြင့်၊ မေလွင်၊ ဟူသော အေ၀မ်း “မေ” ဆီးရီးစ်ကို တွေ့ ရသဖြင့် မင်းသမီးမေရှင်ကို သတိရမိသည်။ အငြိ စွန်းလည်း ကင်းရှင်းပြီး ဂုဏ်သိက္ခာနှင့် ပြည့်စုံပါသည်။

ရုပ်ရှင်မင်းသမီး မေရှင်သီဆိုသော သီးချင်းပေါင်းများ စွာ အနက်မှ အောင်ခြင်းရှစ်ပါး သီချင်းကို ရပ်ကွက်ထဲရှိ အလှူအတန်းပွဲလမ်းစသည့်တို့မှာ နံနက်ခင်းအချိန်၌ ယနေ့အချိန်ကာလတိုင်အောင် ကြားနရဆဲ မဟုတ်ပါလား။

ရုပ်ရှင်မင်းသားနှင့် ချစ်ဖူးသူ၊ ခင်ဖူးသူများ ရှိနိုင်ပါသည်။ မင်းသမီးနှင့် ရင်းနှီးဖူးသူ၊ နီးစပ်ခဲ့ဖူးသူတွေ့ ရှိနိုင်ကြပါသည်။ သို့ သော် တရားဝင်လက်ထပ်ယူပြီး ဘ၀တစ်သက်လုံး အတူတကွ မိသားစုတစ်ခုကို ထူထောင်နိုင်ပါမည် လား ဆိုလျှင်ကား စဉ်းစားတွေ ဝေရမည် ထင်၏ ။ အနုပညာရှင်၏ ဘ၀သည် သာမန်လူအများ ၏ ဘ၀မျိုးတော့ မဟုတ်ကြပေ။ ပိုမိုထူးခြားလေသည်။

အနုပညာရှင်အ ဖြစ် အောင်မြင်လာသူတို့၏ အားသာချက်၊ အားနည်ချက်များ သည် ထူးခြားသော ၀ိသေသ လက္ခဏာများ ရှိကြသည်။ အားလုံးလည်း သိကြသည်။

Artist ဟူသော ရုပ်ရှင်ဇာတ်ကားတစ်ကားပြသသည်ကို ကျွန်တော် တို့ မိသားစုကြည့်ကြရင်းက ရုပ်ရှင်မင်းသားနှင့် ရုပ်ရှင်မင်းသမီးတို့ ပေါင်းဆုံသွားကြပုံကို ဇာတ်လမ်းအရ တွေ့ ကြသဖြင့် ဆွေးနွေးပြောဆိုမိကြခြင်း ဖြစ်ပါသည်။

ရှားရှားပါးပါးနှင့် ခက်ခက်ခဲခဲဖူးစာဆုံကြသော ရုပ်ရှင်မင်းသားပြေတီဦးနှင့် ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင်တို့ အပါအ၀င် ဘ၀ချင်းပေါင်းဆုံကြသော စုံတွဲ အနုပညာရှင်များ အားလုံးပျော်ရွှင်ကြည်မွေ့သော မိသားစုဘ၀ရရှိကြပါစေဟု ဆန္ဒပြုပါသည်။

ချစ်နိုင် (စိတ်ပညာ)

၈-၇-၂၀၁၂

ရှင်သန်ကြပါစေ

ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခု၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာစာပေသမိုင်း၌ ပထမဦးဆုံးထုတ်ဝေသည့် ဂျာနယ်အ ဖြစ် မှတ်တမ်းတင်ရမည့်  “မြန်မာ့ဗျူဟာ ဂျာနယ်” စတင်ထုတ်ဝေခဲ့လေသည်။ ဂျာနယ် Journal ဟူသော အခေါ်အဝေါ်ကိုလည်းကောင်း၊ Reporter သတင်းထောက်ဟူသော ဝေါဟာရကိုလည်းကောင်း စတင်သုံးစွဲသူမှာ ဆရာကြီး ရွှေဥဒေါင်း ဖြစ်ပေသည်။ မြန်မာ့ဗျူဟာဂျာနယ်ကို ထုတ်ဝေစီမံခဲ့သူကလည်း အခြားမဟုတ်၊ ဆရာကြီး ရွှေဥဒေါင်းပင် ဖြစ်သည်။ ထိုစဉ်က အသက် ၃၀ အရွယ် ဖြစ်၏ ။

စာရေး ဆရာ သတင်းစာဆရာ၊ ဆရာကြီး ရွှဥဒေါင်း (ခ) ဦးဖေသိန်း (၁၈၈၉-၁၉၇၃) ကွယ်လွန်ခဲ့သည်ကား နှစ် ပေါင်းလေဆယ်ရှိလေပြီ။ ရွှေဥဒေါင်းသေသွားသော်လည်း ရွှေဥဒေါင်း၏ စာပေလက်ရာများ ကား အစဉ်အဆက် ဆက်လက်ရှင်သန်လျက် နိုင်ငံနှင့် ပြည်သူကို ကျေးဇူးပြုနေဆဲ ဖြစ်ပေသည်။ ထို့ထက်ပို၍ ၀မ်းသာကြည်နူးစရာ ကောင်းသည်မှာ ဆရာကြီး ၏ ကြီးပြင်းခဲ့ရာ မန္တလေးမြို့တွင် “ရွှေဥဒေါင်း စာကြည့်တိုက်” ဟူ၍ ၇၈ လမ်းမကြီးပေါ်တွင် မီးရထားဌာနက ဆရာကြီး ရွှေဥဒေါင်းရုပ်ထုကြီးနှင့် တကွ အမှတ်တရ ဂုဏ်ပြုဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ပါသည်။

လူပင်သေသော်လည်း နာမည် မသေသူများ ရှိ ကြသည်။ စာပေဖြင့် ပြည်သူကို အကျိုးပြုရုံမျှမက စာကြည့်တိုက်ဖြင့် ဆက်လက်အကျိုးပြုနေကြသော ပုဂ္ဂိုလ်တို့လည်း ရှိကြပါသည်။

ဥပမာပြရသော် -

၁။ ဟင်္သတမြို့နယ်၊ နိဗ္ဗာန်ရွာ၊ ဦးဖိုးကျား သုတ စွယ်စုံစာကြည့်တိုက်။ စာရေး ဆရာအမျိုးသား ပညာဝန် ဦးဖိုးကျား (၁၈၉၀-၁၉၄၁) ကို ဂုဏ်ပြုဖွင့်လှစ်ခဲ့သည်။

၂။ ဖျာပုံမြို့၊ ဇော်ဂျီရာပြည့်စာကြည့်တိုက်။ အမျိုးသားစာဆို၊ ကဗျာစာဆို၊ ဆရာဇော်ဂျီ (ခ) ၀ဏ္ဏကျော်ထင်၊ သီရိပျံချီ ဦးသိန်းဟန် (၁၉၀၇-၁၉၉၀) ကို ဂုဏ်ပြုဖွင့်လှစ်ခဲ့သည်။

၃။ ပခုက္ကူမြို့၊ ပခုက္ကူ ဦးအုံးဖေစာကြည့်တိုက်။ စာရေး ဆရာ ပခုက္ကူဦးအုံးဖေ (၁၉၁၇-၂၀၀၈) က မတည်ဆောက်လုပ်ထူထောင်ပြီး လှူဒါန်းခဲ့သော ပြည်သူ့စာကြည့်တိုက် ဖြစ်သည်။

၎။ ဗိုလ်ကလေးမြို့၊ ဗိုလ်ကလေးတင့်အောင် စာကြည့်တိုက်။ အမျိုးသားစာပေဆုရ စာရေး ဆရာ၊ ဂီတစာဆို စည်သူဗိုလ်ကလေး တင့်အောင်က ထူထောင်လှူဒါန်းသော ပြည်သူ့စာကြည့်တိုက် ဖြစ်သည်။

၅။ ရန်ကုန်မြို့၊ ရွှေပေါက္ကံမြို့သစ်၊ ဦးပုညလမ်း၊ ၉၈၈-၉၉၀၊ ပါရဂူရှန္တိနိကေတန်ရည်ညွှန်း စာကြည့်တိုက်။ စာအုပ်ပေါင်း ၁၃၀ ရေး သားခဲ့သော အမျိုးသားစာပေ၊ တစ်သက်တာစာပေဆုရ စည်သူပါရဂူ ကိုယ်တိုင်ဦးဆောင်ထူထောင်ခဲ့သော ရည်ညွှန်းစာကြည့်တိုက် ဖြစ်သည်။ စာအုပ်ပေါင်း ငါးသော င်းကျော်ရှိပေသည်။ ပါရဂူ (၁၉၂၁-၂၀၁၁) ကို ဂုဏ်ပြုသော အားဖြင့် ကော်မတီက ဆက်လက်ထိန်းသိမ်းဖွင့်လှစ်ထားပေသည်။

၆။ ကဝေမြို့နယ်၊ ရစ်ကံကြီးရွာ၊ ချစ်စံဝင်းစာဖတ် ခန်း။ အမျိုးသားစာပေ၊ တစ်သက်တာစာပေဆုရ ဆရာချစ်စံဝင်းက မတည်ထူထောင်တည်ဆောက်ပေးသော ပြည်သူ့စာကြည့်တိုက် ဖြစ်သည်။ သိန်း ၃၅၀ ကျော် ကျခံတည်ဆောက်ခဲ့သည်။

သာဓကပြစရာများ စွာ ရှိပါသော်လည်း စာမျက်နှာကို ငဲ့၍ ဤမျှသာ ဖော်ပြပါရစေ။

၂၀၁၂ ခု၊ ဇူလိုင်လ ၂၂ ရက်နေ့မှာ ပဲခူးတိုင်း ဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ၀ါးလယ်ရွာ (ဆရာကြီး ၏ မွေးရာဇာတိချက်မြုပ်ရွာ) တွင် အမျိုးသားစာဆို စာရေး ဆရာ သခင်ကိုယ်တော် မှိုင်းကို ဂုဏ်ပြုအမှတ်တရအ ဖြစ် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက ဦးဆောင်စည်းရုံးကာ စေတနာရှင်များ စုပေါင်းတည်ဆောက်သည့် “သခင်ကိုယ်တော် မှိုင်း စာကြည့်တိုက် ” ကို ဖွင့်လှစ်ပါတော့မည် ။

ဆရာကြီး သခင်ကိုယ်တော် မှိုင်း (၁၈၇၆-၁၉၆၄) ကို မွေးဖွားခဲ့သည့် သူ၏ ဇာတိကျေးရွာတွင် ပြည်သူ့စာကြည့်တိုက် တစ်တိုက် (၂၂-၇-၂၀၁၂) တနင်္ဂနွေနေ့၌ ခမ်းနားထည်ဝါစွာ ပေါ်ထွက်လာခြင်းမှာ ၀မ်းသာကြည်နူးစရာ သာဓုခေါ်စရာ ကောင်းမှု တစ်ရပ် ဖြစ်ပါပေသည်။

စာရေး ဆရာ စာပေပညာရှင်များ က ပြည်သူများ ကို စာပေရေး သားခြင်းဖြင့် ကျေးဇူးပြုခဲ့သည်။ ပြည်သူများ က ပြန်လည်ဂုဏ်ပြုသော အားဖြင့် မျိုးဆက်သစ်များ သည် သတိတရ ဤကဲ့သို့ စာကြည့်တိုက်ထူထောင်တည်ဆောက်ခြင်းသည် နောင်လာနောက်သား ကောင်းစားတိုးတက်စေဖို့ပင် ဖြစ်လေသည်။

စာဆိုနှင့် ပြည်သူသည် သာယာလှပသော အနာဂါတ်ကို လက်တွဲ တည်ဆောက်နေကြခြင်း ဖြစ်သည်။

စာဖတ်သော ပြည်သူလူထုသည် အသိဥာဏ်ဗဟုသုတ ရင့်သန်လာကြမည် ဟု အမှန်ပင် ဖြစ်၏ ။ အသိဥာဏ် အမြော်အမြင်ပြည့်ဝသော ပြည်သူများ သည် နှလုံးသားများ နူးညံ့ပျော့ပြောင်းပြီး စိတ်ကောက်းစေတနာကောင်းကိုလည်း ရွေးချယ်တတ်မည် ။ ဆုံးဖြတ်နိုင်သည်။ အမှန်အမှား ခွဲခြားနိုင်ကြမည် ။ အတတ်ပညာနည်းပညာများ ဖွံ့ဖြိုးတိုးတက်အောင် ပျိုးထောင်မြှင့်တင်နိုင်ကြပါလိမ့်မည် ။ လူ့ဘောင်ကို သာယာစည်ပင် စေလိမ့်မည် ။

အလုပ်သမား၊ လယ်သမား၊ ကျောင်းသားကျောင်းသူ အားလုံးသည် စာအုပ်စာပေ၏ ရင်းနှီးနေဖို့ လိုပေသည်။ စာပေနှင့် အလှမ်းမကွာဖို့ အရေး ကြီးလေသည်။ စာပေဗဟုသုတနိမ့်ကျသည်နှင့် အမျှ အဓိကနှင့် သာမညကို မခွဲခြားတတ်သဖြင့် အချိန်ကုန်လူပန်း ဖြစ်ရမည့် အပြင် ခေတ်နောက်ကျရသည်။ ဆင်းရဲနွမ်းပါးကြရသည်။ အခြားသော လူမျိုးတို့ထက် လူမှု စီးပွားအခြေအနေ နိမ့်ကျရတတ်သည်။ အမှော က်ထုထဲ ၀ယ်တ၀ဲလည်လည်။

စာပေမှတစ်ဆင့် အသိပညာ၊ ဗဟုသုတ၊ ရသအမြင်၊ စသည်တို့ ရရှိလာကြလျှင် စာဖတ်သူများ သည် မိမိတို့ဘ၀တက်လမ်းကို ဖြစ်စေ၊ နိုင်ငံတကာ ဖြစ်ပေါ်ပြောင်းလဲမှု ၊ များ ကို ဖြစ်စေ၊ ကောင်းစွာ သိမြင်သည်နှင့် အမျှ လူမှု စီးပွားဘ၀ကို ကောင်းသည်ထက်ပိုကောင်း အောင် ပြောင်းလဲပြုပြင်နိုင်ကြလိမ့်မည် ။

လူသားတို့၏ လုပ်ဆောင်ချက်ကို အသိအမြင်က ဦးဆောင်ပါသည်။ အသိအမြင်ကို စာအုပ်စာပေတို့မှ ဈေးချိုချို အဖိုးသက်သက်သာသာနှင့် လွယ်ကူစွာ ရရှိစေနိုင်ပါသည်။ စာပေပြန့်ပွားအောင် ပြည်သူ့စာကြည်တိုက်များ ရပ်ကွက်ကျေးရွာ အနှံ့အပြားတည်ထောင် အောင်မြင်ကြလျှင် ပြည်သူအများ အကျိုးများ ပါသည်။

ဖျာပုံမြို့တွင် ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက်ကို ၂၀၀၈ ခု၊ ဧပြီလ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲကို ကျွန်တော် တက်ရောက်ခဲ့သည်။ ဆရာချစ်စံဝင်း၊ ကြူကြူသင်း၊ ဆောင်းဝင်းလတ်နှင့် ကျွန်တော် တို့ ဇော်ဂျီ စာကြည့်တိုက်ဘေးရှိ ကွင်းပြင်မှာ ထိုည စာပေဟောပြောပွဲ ဟောပြောခဲ့ကြပါသည်။ ဆရာဇော်ဂျီစာကြည့်တိုက်သည် (၁) အဆောက်အအုံ၊ (၂) စာအုပ် ၁၃၅၀၀ နှင့် စာနယ်ဇင်း မျိုးစုံ ၁၀၀၀၀ ကျော်၊ (၃) စာဖတ်သူ၊ (၄) ၀န်ထမ်း၊ (၅) ရန်ပုံငွေ ၁၈၃.၆၅ သိန်း ဟူသော စာကြည့်တိုက်အင်္ဂါ (၅) ရပ်နှင့် ပြည်စုံစွာ ရှင်သန်လျက်ရှိနေပါသည်။ စာကြည့်တိုက်အသင်းဝင် ၂၄၅၀ ဦး ရှိလေသည်။ နေ့စဉ် စာအုပ်ငှားသူ ၂၀၀ ကျော်ရှိနေသည်။

၂၀၁၁ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖျာပုံမြို့ ဆရာဇော်ဂျီ ရာပြည့် စာကြည်တိုက်အသင်းဝင် (၄) ဦးက “မြန်မာစာဂုဏ်ထူး” ရပြီး အောင်မြင်ခဲ့ကြပါသည်။ စာကြည့်တိုက်၏ လက်ငင်းအကျိုးပေးပုံကို တွေ့ မြင်နိုင်ပါသည်။

မြန်မာစာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသူများ မှာ -

၁။ မဇင်မာနွယ် အထက (၁) ဖျာပုံ

၂။ မ၀ိုင်းနန္ဒာထွဋ် အထက (၁) ဖျာပုံ

၃။ မအေးငြိမ်းသူ အထက (၁) ဖျာပုံ

၎။ မလွင်လွင်မော် အထက၊ သမိန်တော

တို့ ဖြစ်ကြပါသည်။ ချီးကျူးစရာကောင်းသည်။

ပြည်သူ့စာကြည့်တိုက်များ သည် အရွယ်မရွေး၊ ကျား မ မရွေး၊ အလုပ်အကိုင်၊ ပညာအရည်အဆင့်မရွေး၊ စာဖတ်သူအားလုံးကို ဘ၀မြင့်မားအောင် ထူးချွန်ပြောင်မြောက်အောင် အထောက်အကူပေးနေသော ပညာဘဏ်တိုက် ကြီးများ ဖြစ်ကြပါသည်။ စာကြည့်တိုက်မှ ရသ-သုတ၊ ပညာရပ် မျိုးစုံကို ဖြန့်ဖြူးပေးနေကြပါသည်။

ပြီးခဲ့သော သုံးလခန့်ကပင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်။ ကျုံတနီးကျေးရွာသို့ ကျွန်တော် ရောက်ခဲ့ပါသေးသည်။ ကျုံတနီးကျေးရွာတွင် မွေးဖွားခဲ့သော မောင်ခင်အေးအမည် ရှိ လူငယ်လေးတစ်ဦးသည် သော င်းကျန်းဆူပူသော သူပုန်သူကန်များ နှိပ်စက်သတ်ဖြတ်သဖြင့် ဖခင်သေဆုံး၊ မိခင်ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်။ မိဘမဲ့၊ စစ်ပြေးဒုက္ခသည် အ ဖြစ် ရန်ကုန်ရှိ ဆွေမျိုးများ ထံ ဆင်းဆင်းရဲရဲနေခဲ့ရာမှ ငယ်စဉ်က အဖိုးကျောင်းအုပ်ဆရာကြီး ၏ ပျိုးထောင်ပေးမှု ကြောင့် စာဖတ်ကျင့်စွဲခဲ့သည်။

စာဖတ်ဝါသနာထုံသော မောင်ခင်အေးလေးသည် စာစုံဖတ်သည်။ စာဖတ်များ သဖြင့် ဗဟုသုတရခဲ့သည်။ ၄ တန်းစကောလားရှစ်ဆု၊ ၇ တန်း စကောလားရှစ်ဆုများ ရခဲ့သည်။ ၁၀ တန်းကိုလည်း မြန်မာစာနှင့် သင်္ချာ၊ နှစ် ဘာသာဂုဏ်ထူးနှင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။ ပညာရည်ချွန်သော မောင်ခင်အေးသည် ပညာသင် ထောက်ပံ့ဆုများ ရကာ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှာ တက်ခွင့်ရခဲ့သည်။ ဘွဲ့ရသည်။ မဟာဘွဲ့ထပ်မံရသည်။ ဒေါက်တာဘွဲ့ချီးမြှင့်ခြင်း ခံရသည်။ ရန်ကုန်တက္ကသိုလ်နှင့် ဂျပန်နိုင်ငံရှိ အိုဆာကာတက္ကသိုလ်တို့မှာ မြန်မာစာ ပါမောက္ခအ ဖြစ် သူဆောင်ရွက်ခဲ့ရသည်။ ပညာဖြင့် အသက်မွေး နိုင်ခဲ့သည်။

ဒေါက်တာ ဦးခင်အေး၊ ဇနီး ဆရာမ ဒေါ်စုစုနွယ်၊ သမီး မသူသူနွယ်အေး မိသားစု ငွေကျပ် ၂၅ သိန်းနှင့် စာအုပ် ၅၇၆ အုပ် (တန်ဖိုး ၁၇ သိန်း ခန့်) ၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက ကျပ် ၁၀ သိန်းနှင့် သုတရသစာအုပ်များ နှင့် စာနယ်ဇင်း ၁၀၀၀ ကျော် တို့ကို မတည်လှူဒါန်းကာ သူ၏ ဇာတိကျုံတနီးရွာမှာ “ပညာအလင်း ကျေးရွာ စာကြည့်တိုက်” ကို တည်ဆောက်ထူထောင် ပေးခဲ့ကြလေပြီ။ ဖြူစင်သော လူမူရေး အလှူဒါန။

ကျုံတနီရွာသား၊ ငယ်ငယ်ရွယ်ရွယ်နှင့် မိဘမဲ့ဘ၀ စစ်ပြေးဒုက္ခသည်လေး မောင်ခင်အေးကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ကယ်တင်ပေးခဲ့သည်ကား စာဖတ်ကျင့်နှင့် စာအုပ်စာပေအသိဥာဏ် ဗဟုသုတ ဖြစ်ပေသည်။ မိဘမဲ့ ဆင်းရဲသားကလေးငယ် တစ်ယောက် သည် တက္ကသိုလ်ကြီးများ မှ မြန်မာစာပါမက္ခ ဖြစ်လာရပါသေးသည်။ ပုံပြင်မဟုတ်ပါ။

ကျွန်ုပ်တို့နိုင်ငံ ကျွန်ုပ်တို့လူမျိုးသည် စာဖတ်ခြင်းဖြင့် မကြာမီကြီးမြင့် ထွန်းတာက်လာကြမည် မှာ သေချာပါသည်။ မြေကြီးလက်ခတ်မလွဲချေ။ ရွှေဥဒေါင်း၊ ဇော်ဂျီ၊ ဦးဖိုးကျား၊ ပါရဂူ၊ ပခုက္ကူ၊ ဦးအုန်းဖေ၊ ဗိုလ်ကလေးတင့်အောင်၊ ချစ်စံဝင်းနှင့် ဆရာကြီး သခင်ကိုယ်တော် မှိုင်း စာကြည့်တိုက်များ ကို ရှင်သန်ခိုင်မြဲအောင် စာဖတ်၍ အားပေးကြရမည် ။ အမြို့မြို့အရွာရွာ ပြည်သူ့စာကြည့်တိုက်များ လည်း အလားတူစွာ စည်ကားလာလျှင် ကျွန်ုပ်တို့ နိုင်ငံနှင့် လူမျိုးအညွန့်တလူလူ တက်ပြီဟု လက်ခမောင်းခတ်နိုင်ပေတော့မည် ။

ဗဟုသုတပြည့်စုံပြီး အတတ်ပညာ၊ နည်းပညာရှိကြသော လူမျိုးများ သည် လူနေမှု ဘ၀၊ စီးပွားရေး အဆင့်မြင့်မားစွာ တည်ဆောက်နေနိုင် ကြသည်ကို မတွေ့ လော။

ပညာဗဟုသုတဖြည့်ဆည်းကြဖို့ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်ပါစေ။ စာကြည့်တိုက်ရှိ စာအုပ်စာပေမျိုးစုံကို မွှေနှောက်ဖတ်ရှုကြပါလေ။ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာဇော်ဂျီ၊ ဆရာပါရဂူ စသည် စာဆိုက၀ိ ပုဂ္ဂိုလ်များ သည် ၀မ်းသာပီတိဖြင့် ကောင်းရာဘုံဘ၀မှ ကြည့်နေ ကြလိမ့်မည် ဟု မြင်ယောင်မိပါ၏ ။

အသက်ကိုးဆယ်ကျော်ထိ သက်ရှိထင်ရှာ ဆရာဗိုလ်ကလေးတင့်အောင်နှင့် အသက်ခုနှစ် ဆယ်အရွယ် ဆရာချစ်စံဝင်းတို့သည် သူတို့ ထူထောင်တည်ဆောက်ပေးသော သူတို့ဇာတိမြို့ရွာမှ စာကြည့်တိုက်မှာ စာဖတ်သူများ စည်ကားပုံကို ကြည့်မြင်ပြီး ကြည်နူးကျေနပ်စွာ အသက်ရှည်ကြပါလိမ့်မည် ။

အစ်ကိုလေး ဗိုလ်ကလေးတင့်အောင် ကျန်းမာပါစေ။

ဗိုလ်ကလေးမြို့ “ဗိုလ်ကလေးတင့်အောင် စာကြည့်တိုက်” ရှင်သန်ပါစေ။

ဆရာချစ်စံဝင်း ကျန်းမာပါစေ။

ကဝေမြို့၊ ရစ်ကံကြီးရွာ၊ “ချစ်စံဝင်းစာဖတ်ခန်း” ရှင်သန်ပါစေ။

ရွှေတောင်မြို့နယ်၊ ၀ါးလယ်ရွာ “သခင်ကိုယ်တော် မှိုင်း စာကြည့်တိုက်” လည်း အသက်ဝင်ကာ ရှင်သန်ပါစေ။

ချစ်နိုင် (စိတ်ပညာ)

၇-၇-၂၀၁၂

ပရိတ်သတ်ကိုဟောပြောနည်း သံခိပ်

သံခိပ်ဆိုတာကို စာရေး သူက တက္ကသိုလ်ဝင်တန်း အောင်ခဲ့ပြီးသည်အထိ မကြားဖူးပါ။ ကြားဖူးတာ ဖတ်ဖူးတာ ရှိကောင်းရှိခဲ့မယ်။ လုံးဝသတိမထားခဲ့မပါဘူး။ မန္တလေး တက္ကသိုလ်ပထမနှစ် စတက်ရတော့ မြန်မာစာ ပထမနှစ် သင်ရိုးမှာ “သံခိပ်” ဘာသာရပ်ကို သင်ရပါတယ်။ ဟုတ်တယ်။ ပထမနှစ် မြန်မာစာမှာ ။

သြော် သံခိပ်ဆိုတာ အကျဉ်းချုံ့ရေး နည်းပေးကိုး။

သံခိပ်ဆိုတာ ငါဠိသက်ဝေါဟာရကို တိုတိုတုတ်တုတ်နဲ့ လိုရင်းပြန်လည်ပြီး အတိုချုပ်ရေး တဲ့နည်းပါပဲ။ အင်္ဂလိပ်စာမှာ လည်း သင်ခဲ့ကြရပါတယ်။ စာပိုဒ်တစ်မျက်နှာကို ပေးထားတယ်၊ လိုရင်းအနှစ် ချုပ် ၀ါကျငါးခုနဲ့ ရေး ပြပါ။ ဒါမျိုးလေ့ကျင့်ခဲ့ရတယ်လေ။ အတိုရေး နည်း။

မြန်မာစာ မြန်မာစကားမှာ လည်း စာမျက်နှာလေးရာ ငါးရာရှိတဲ့ ၀တ္ထုရှည်တစ်ပုဒ်ကို စာမျက်နှာ ၄-၅ ရွက်နဲ့ ချုံပြီး ရေး လို့ရတာ ပဲ မဟုတ်လား။ ဇာတ်ခမ်းအကျဉ်း။

ပရိသတ် စကားပြောရတဲ့အခါ အခြေံသဘော ကတော့ တိုတိုကျဉ်းကျဉ်းနဲ့ လိုရင်းရောက်အောင် ဟောပြောတာဟာ အထိရောက်ဆုံးလို့ စာရေး သူက ထင်ပါတယ်။

အင်္ဂလန် (ယူကေ) ပါလီမန်မှာ နာရီပေါင်းများ စွာ အမတ်တွေ က စိတ်ဝင်စားစွာ ငေးပြီး နားထောင်နေရ လောက်အောင် နှုတ်မှု ပညာ အပြောနာမည် ကြီးတဲ့ အင်္ဂလိပ်နိုင်ငံရေး သမားတွေ ရှိပါတယ်။ လေရှည်ပေမယ့် ပရိသတ်က ကြိုက်နှစ်သက် သတဲ့။ သူ့ရေမြေ၊ သူ့အခြေအနေ။ ၁၉၅၀ ကာလဆီက မြန်မာပြည်နိုင်ငံရေး လောကမှာ ၀ိဓူရသခင်ချစ်မောင် အမတ်ဟာ အပြောကောင်းကြောင်း ထင်ရှားကျော်ကြားပါတယ်။ လက်ဝဲနိုင်ငံရေး သမားပါ။

၁၉၇၀ ကာလလွန်အချိန် စာပေဟောပြောပွဲတွေ မှာ စာလည်းရေး တဲ့ ဆရာဝိဓူရ သခင်ချစ်မောင်ဟာ “စာပေရဲ့ ကျေးဇူးနဲ့ ရှေးစာဆိုတော် များ ရဲ့ ကျေးဇူးတရား” ကို ဟောပြောသွားလိုက်တာ အတူဟောပြောမည့်  နာမည် ကျော် စာရေး ဆရာလူငယ်လေးငေးပြီး အံ့သြစွာ နားထောင်ခဲ့ရဖူးပါသတဲ့။ ဆရာနွမ်ဂျာသိုင်းပြေကြတာ။ ၃ နာရီကြာခဲ့တာကို ဆက်ပြီးနားထောင်ချင်တုန်း။ အပြောကောင်းပုံ။

ဆရာအောင်သင်းကလည်း စာဆိုတော် နေ့ ဟောပြောပွဲတွေ မှာ အချိန် ၃ နာရီ ၄ နာရီ ပရိသတ် တပြုံးပြုံးတအုံးအုံးနဲ့ သဘောကျပြီး အားရနှစ်သက် အောင် ဆွဲဆောင်ဟောပြောနိုင် ပါတယ်။ အခုလို မအိုခင်ကာလက။

ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်သွားတဲ့ စာရေး ဆရာမ ဦးနုဟာလည်း ပရိသတ်ကို အဟောအပြောနေရမှာ စံနမူနာ ယူရလောက်အောင် ထူးချွန်သူတစ်ဦးအ ဖြစ် ကျော်ကြားလှပါတယ်။

လူထုပရိသတ်ကို ဟောပြောရာမှာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လှုံ့ဆော်ဟောပြောတာကို စာရေး သူ ဒီနေရာမှာ မဖော်ပြလိုပါ။ ပရိသတ်ကို ဟောပြောနည်းဆိုရာမှာ စာပေရေး ရာနဲ့ ဆိုင်တာကိုပဲ တင်ပြဆွေးနွေးရန် ရည်ရွယ်ပါတယ်။

မိမိရဲ့ ဟောပြောခဲ့သမျှ အတွေ့ အကြုံဟာလည်း စာပေရေး ရာများ သာ ဖြစ်ခဲ့တဲ့အတွက် ကိုယ်ထိတွေ့  ဖြတ်သန်းရသမျှသာ တင်ပြလိုခြင်း ဖြစ်ပါတယ်။

အထူးသဖြင့် စာပေရေး ရာ၊ လူထုကို ဟောပြောကြမည့်  လူငယ်စာပေသမားများ အတွက် လွယ်လွယ်ကူကူနဲ့ အောင်မြင်ချောမောစေဖို့ အကြံပြုမှာ ဖြစ်ပါတယ်။

ပထမဦးစွာ ဘယ်စာအုပ်တွေ လေ့လာဖတ်ရှုသင့်သလဲ မေးလာရင် လက်လှမ်းမှီသမျှ ကျယ်ကျယ်ပြန့်ပြန့် ရှာဖတ်ပြီး မှတ်စုထုတ်ပါ။ လက်တွေ့ လိုက်နာပါ။ ဒီစာအုပ် တွေ့ တောဖတ်သင့်တယ် -

၁။ စကားဟောပြောနည်း ပီမိုးနင်း

၂။ ပရိသတ်ကို ဟောပြောနည်း လှသမိန်

၃။ ပရိသတ်ကို ဟောပြောခြင်း

လယ်တွင်းသားစောချစ်

၎။ ပရိသတ်ရှေ့တွင် ဟောပြောနည်း

ဦးအေးသော င်း

(တရားလွှတ်တော် ရှေ့နေ)

၅။ ဒေးလ်ကာနက်ဂျီရဲ့ ထိရောက်ထက်မြက်တဲ့

စကားပြောနည်း

ကိုနေ (မန်း) ဘာသာပြန်

၆။ ဟောနည်းပြောနည်း ကိုယ့်ဘက်ပါအောင်

ဆွဲဆောင်နည်း ဖေမြင့်

အင်တာနက်မှာ ဖြစ်စေ၊ စာကြည့်တိုက်မှာ ဖြစ်စေ၊ ဟောပြောခြင်း နှုတ်မှု စွမ်းရည်ဆိုင်ရာ စာအုပ်စာပေတွေ ရှာဖွေလေ့လာသင့်ပါတယ်။ သူများ ပြောတာကို များများ နားထောင်ပါ။

ဒါက နည်းနာအတွက်သာ ဖြစ်ပါတယ်။ အကြောင်းအရာ အချက်အလက် ကတော့ စာပေ၀မ်းစာနဲ့ ဗဟုသုတရှိ ထားလေ ကောင်းလေလေပေါ့။ မိမိဟောပြောမည့်  ခေါင်းစဉ်နဲ့ ဆိုင်ရာတွေ ၊ ဆက်စပ်တာတွေ ၊ သေသေချာချာရှာဖွေ ဖတ်ရှုထားရမယ်။ ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားသင့်တယ်။

ဟောပြောပြီးရင် ပရိသတ်ထဲက ထမေးတာလည်း ရှိတတ်တယ်။ အချို့ပွဲတွေ မှာ မေးချင်တဲ့လူမေးတဲ့ မေးခွန်းကို သေသေချာချာ တိတိကျကျနားထောင်ပြီး ရေရေရာရာ ဖြေပေးနိုင်ဖို့ လိုပါတယ်။ ကြိုတင်ပြင်ဆင်။

ပရိသတ်ကို ဟောပြောရာမှာ အကြိုက်ကျအောင် ပြောမှာ လား။ အကျိုးရှိအောင် ပြောမှာ လား။ ဘယ်အချို့နဲ့ မိမိက ပြောရမှာ လဲ။ အဲဒါ ရွေးချယ်ရပါမယ်။

ကြိုက်အောင်ပြောရမယ်ဆိုရင် ပရိသတ်အုပ်စုကို ကောင်းစွာ လေ့လာရလိမ့်မယ်။ အချဉ်ကြိုက်နေတဲ့ ပရိသတ်ကို အချိုသွားပေးမိရင် မှားပြီ။ လွဲပြီ။ အချဉ်ကိုပေး။

အကျိုးရှိအောင် ပြောမှာ လား။ ပရိသတ်ရဲ့ စိတ်ဝင်စားမှု ၊ ပညာရည်၊ ဥာဏ်ရည်၊ အတွေ့ အကြုံ၊ လတ္တလော သူတို့ရဲ့ လိုလားချက်။ ခံစားချက် စတဲ့ အချက်တွေ ထည့်တွက်ပြိး သူတို့ လက်ခံအောင် ဆွဲဆောင်ဟောပြောရမှာ ပဲ။ ပရိသတ်ရဲ့ အထာ။

အသိပေးတာ၊ ပညာပေးတာက သုတဆိုပါစို့။

ပရိသတ်ကို ဟောပြောတာ ကတော့ သုတသက်သက်ပြောနေလို့ မရဘူး။ လုံးဝမရဘူး။

လူထုဟောပြောချက်ဟာ အနုပညာမြောက်ရပါမယ်။ ရသပါရမယ်။ ၀ီရရသ၊ ကရုဏာရသ၊ သဲထိတ်ရင်ဖိုရသ၊ ဟာသရသ၊ စသဖြင့် ရသသေဘော ပါကိုပါရမယ်။ ရသမပါရင်တော့ ဟောပြောချက်ဟာ ၁၅ မိနစ်လောက်ကြာရင် ပရိသတ်အဖို့ ပျင်းရိငြိငွေ့ သွားပါပြီ။

ပရိသတ်အကြိုက်ဆုံး ကတော့ ဟာသပါပဲ။ ဟာသမြောက်အောင် ဟောပြောနိုင်ရင် ၇၅ ရာခိုင်နှုန်းအောင်မြင်တဲ့ ဟောပြောချက်ပါပဲ။ ပရိသတ်က ဟောပြောသူကို ရင်းနှီးသွားပြီး။ အနှစ် သာရပိုင်းပါ ရရှိသွားအောင် ပြောနိုင်ရင် ရာနှုန်းပြည့်အောင်မြင်တယ် ဆိုရမှာ ပေါ့။

ဟာသအနုပညာက ပြောသလောက် မလွယ်လှဘူး။ ရယ်စရာပြောပေမယ့် ပရိသတ်က မရယ်ဘဲတင်းခံနေတဲ့ အခြေအနေမျိုးလည်း ကြုံတတ်တယ်။ မရယ်ရဘဲ - ဟ ဘာဘဲကွာဆိုပြီး (ဘွတ်ရှောလို့ ဇာတ်သမား အခေါ် ခေါ်လေ့ရှိ) ခြောက်ကပ်ကပ် ဖြစ်စေ၊ ရွစိရွစိ ဖြစ်စေ၊ လွဲချော်သွားတာလည်း ဖြစ်တတ်တယ်။ ကျွမ်းကျင်မှု တော့ လိုတယ်။

စာပေဟောပြောပွဲမှာ တိတိကျကျ လိုက်နာသင့်တဲ့ အချက်တွေ က များများ မရှိလှပါဘူး -

၁။ အကြောင်းအရာ ပိုင်နိုင်တာကို ရွေးချယ်

၂။ လေ့လာပြုစုပြီး သေသေချာချာပြင်ဆင်

၃။ ပိုကောင်းအောင် ထပ်ခါထပ်ခါဖတ်၊ ပြင်ရေး ၊ မှတ်စုထုတ်၊ လေ့ကျင့်၊ ဇာတ်တိုက်၊ အချိန်ကိုက်အောင်ညှိ။

၎။ ပရိသတ်ကို လေးစား၊ ချစ်ခင် (သူတို့လှောင်တာ ပြောင်တာဟေးဝါးလုပ်ရင်တောင် ခွင့်လွှတ်)

၅။ ပရိသတ်နားလည်၊ နားဝင်လောက်တဲ့ စကားလုံး၊ ၀ါကျအချက်အလက်၊ အခြေအနေ၊ ဇာတ်ကြောင်း၊ စသည်တို့ကို ပီပီသသ ရှင်းရှင်းလင်းလင်းပြော

၆။ ကိုယ်တိုင် ယုံယုံကြည်ကြည် စိတ်ပါလက်ပါပြော

၇။ ရည်ရွယ်ချက် တိတိကျကျချမှတ်ပြီး ပြောပါ။

၈။ အမူအရာ၊ ဟန်ပန်၊ လေယူလေသိမ်း၊ လေသံ၊ မလွန်ကဲစေရ၊ သတိနဲ့ထိန်းပါ၊ ထုံအေးအေးကြီးလည်း မ ဖြစ်စေရ။ အကြောင်းအရာနဲ့လိုက်ပါပြီး အသက်ဝင်နေရမယ်။ မိမိနဲ့ အတူ ဆွဲခေါ်သွား။

၉။ ပရိသတ်က အဓိကပဲ။ ဟောပြောချက်၊ ဟောပြောသူ ဟောပြောပုံ၊ ဟောပြောချိန်၊ အားလုံးဟာ ပရိသတ်ကြီးကို အခါအလပ် အကဲခတ်ပြီး ဆီလျော်ကိုက်ညီအောင် မိမိက အတိုးအလျော့၊ အတင်အချ၊ ညှိနေရပါမယ်။

၁၀။ အချိန်ဘယ်လောက်ကြာကြာ ပြောသင့်သလဲ ?

တစ်ယောက် တည်းပြောရင် ပရိသတ်လက်ခံသလောက် တစ်ညလုံး မိုးလင်းအောင် ဟောပြောလို့ ရတယ်။ သုံးယောက် ပြောရင် တစ်နာရီစီ၊ လေးယောက် ပြောရရင် ၄၅ မိနစ်စီ၊ (နောက်ဆုံးပုဂ္ဂိုလ် ကတော့ ပရိသတ်နေနိုင်သလောက်) ပြောသင့်တယ်ထင်တာပဲ။ အချိန်တိုတာကြာတာထက် ပရိသတ်မှာ ရသ၊ သုတ ရအောင် ထိရောက်မှု က ပိုပြီး အရေး ကြီးပါတယ်။ ထိရောက်အောင် အဓိကထားရမယ်။

၁၁။ အရေး ကြီးဆုံး ကတော့ စိတ်ကောင်းစေတနာကောင်း (ကုသိုလ်စိတ်) နဲ့ ဟောပြော စေလိုပါတယ်။ သူတစ်ပါးကို ရန်လိုပုတ်ခတ်ရှုံ့ချလှောင်ပြောင်တာမျိုးတွေ မပါစေရ။ လုံးဝမပါစေရ။ ဒေါသ၊ မာန်မာန ကင်းပါစေ။

၁၂။ မေတ္တာပါပါစေ။ မေတ္တာအရင်းခံမှ အဆင်ပြေတယ်။ စာရေး သူကို ယခုတင်ပြတဲ့ သံခိပ်အချက်များ ဖော်ထုတ်လို့ ရအောင် အတူတကွ ဟောပြောကြရင်း သင်ပြသွားခဲ့ကြဖူးတဲ့ ဆရာ၊ ဆရာမ များ ကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ စာပေဟောပြောပွဲတွေ မှာ သူတို့ဆီက ပညာယူခဲ့ရတာ မို့ပါ။

အတူဟောပြောဖူးသော ဆရာ၊ ဆရာမ များ

(၁) ကိုဆွေ (ပင်နိုရာမား) ၊(၂) ကိုရိုးကွန့်၊ (၃) ကောင်းသန့်၊ (၄) ကျော်သက်ခိုင် (ဆေးတက္ကသိုလ်)၊ (၅) ကျော်အောင်၊ (၆) ကျိုက်လတ် မိုးမြင့်၊ (၇) ကြူကြူသင်း၊ (၈) ကြည်စိုးထွန်း၊ (၉) ခင်မောင်ထွန်း (လမ်းမတော် )၊ (၁၀) ခင်စိန်လှိုင်၊ (၁၁) ချိုမြနွယ်၊ (၁၂) ချစ်စံဝင်း၊ (၁၃) ချစ်ဦးညို၊ (၁၄) ဂီတာဖေ၀င်း၊ (၁၅) ငြိမ်းမင်း၊ (၁၆) စောမုံညင်း၊ (၁၇) စစ်တွေ ညိုသန့်၊ (၁၈) ဆရာမိုး (Follow Me) ၊(၁၉) ဆုတင် ၊ (၂၀) ဆူး (ခရစ်ယန်ဓမ္မဆရာ)၊ (၂၁) ဆင်ဖြူကျွန်းအောင်သိန်း၊ (၂၂) ဆောင်းဝင်းလတ်၊ (၂၃) ဆွေဇင်ထိုက်၊ (၂၄) ဆွေမင်း(ဓနုဖြူ)၊ (၂၅) ဇင်ယော်(မာန်)၊ (၂၆) ညွန့်ဟံ (ကြူတော)၊ (၂၇) ဌေးမောင်၊ (၂၈) တက္ကသိုလ် စိန်တင်၊ (၂၉) တက္ကသိုလ်တင်ခ၊ (၃၀) တက္ကသိုလ် ဘုန်းနိုင်၊ (၃၁) တက္ကသိုလ်မြတ်သူ၊ (၃၂) တက္ကသိုလ်သင်္ခ၊ (၃၃) တင်ထွန်းဦး (ယဉ်ကျေးမှု )၊ (၃၄) တင်လှဝင်းထင် (ပန်းချီ)၊ (၃၅) ထီလာစိုးမြင့်ထယ်၊ (၃၆) ဒေါက်တာကျော်ညွန့်စိန်၊ (၃၇) ဒေါက်တာကျော်မြင့်၊ (၃၈) ဒေါက်တာခင်မောင်ညို၊ (၃၉) ဒေါက်တာတင်ထွန်းဦးး၊ (၄၀) ဒေါက်တာတိုးလှ၊ (၄၁) ဒေါက်တာမောင်မောင်လွင် (စိတ်ကျန်းမာရေး )၊ (၄၂) ဒေါက်တာမောင်ဝင်း (ဆေးရုံအုပ်ကြီး မန္တလေး)၊ (၄၃) ဒေါက်တာမျိုးသန့်တင်၊ (၄၄) ဒေါက်တာ နိုက်တင်ဂေး၊ (၄၅) ဒေါက်တာဦးထွန်းလွင် (မိုးလေ၀သ)၊ (၄၆) နုနုရည် (အင်းဝ)၊ (၄၇) နေ၀င်းစံ၊ (၄၈) နေ၀င်းမြင့်၊ (၄၉) နန္ဒာမိုးကြယ်၊ (၅၀) နန္ဒာသိန်းဇံ၊ (၅၁) နွမ်ဂျာသိုင်း၊ (၅၂) ပခုက္ကူဦးအုံးဖေ၊ (၅၃) ပန်းချီ လှတင်ထွန်း၊ (၅၄) ပျဉ်းမနားမောင်နီသင်း၊ (၅၅) ဖိုးရန်နိုင် (ကျောက်ကြီး)။ (၅၆) ဖိုးသော ကြာ (အဆိုတော် ၊ မင်းသား)၊ (၅၇) ဗဂျီးကျော် (စစ်တွေ )၊ (၅၈) ဗိုလ်ကလေးတင့်အောင်၊ (၅၉) မစန္ဒာ၊ (၆၀) မမြတ်လေး၊ (၆၁) မနုဿကျော်ဝင်း၊ (၆၂) မိချမ်းဝေ၊ (၆၃) မင်းရွှေမင်း (အင်းစိန်)၊ (၆၄) မင်းယုဝေ၊ (၆၅) မင်းသူဟိန်း (ပညာရေး )၊ (၆၆) မှော်ဝန်းကြည်မြတ်၊ (၆၇) မောင်ခိုင်ခံ့၊ (၆၈) မောင်ချစ် (သူရဲသမိန်)၊ (၆၉) မောင်ကျေးဇူး၊ (၇၀) မောင်စိန်ဝင်း (ပုတီးကုန်း)၊ (၇၁) မောင်ဆုရှင်၊ (၇၂) မောင်ဆ္ဒ (လယ်ဝေး)၊ (၇၃) မောင်ငြိမ်းသူ (ကြို့ပင်ကောက်)၊ (၇၄) မောင်ညိုမှိုင်း (သန်လျင်)၊ (၇၅) မောင်စိုးစည်၊ (၇၆) မောင်မြင့်ကြွယ်၊ (၇၇) မောင်နေမျိုး၊ (၇၈) မောင်ဝဏ္ဏ (ကာတွန်း)၊ (၇၉) မောင်ဝဏ္ဏ (ဒါရိုက်တာ)၊ (၈၀) မောင်သာချို၊ (၈၁) မောင်သွေးသစ်၊ (၈၂) မောင်သန်းဆွေ (ထားဝယ်)၊ (၈၃) မြေဇာ (ကာတွန်း)၊ (၈၄) မြင်းမူ မောင်နိုင်မိုး၊ (၈၅) မြတ်ကေသီအောင်၊ (၈၆) မြတ်ခိုင်၊ (၈၇) မြတ်သူစံ (၀ါးခယ်မ)၊ (၈၈) ရေနံ့သာဝင်းမောင်၊ (၈၉) ရွှေစွန်ညို၊ (၉၀) ယမုန်သက်လယ်၊ (၉၁) ယောနကဖိုးထောင်၊ (၉၂) လမင်းအိမ်၊ (၉၃) လယ်တွင်းသားစောချစ်၊ (၉၄) သားအောင်မြင့်၊ (၉၅) သုတေသီတင်အောင်ရွှေ၊ (၉၆) သုဝဏ္ဏကျော်စိန်၊ (၉၇) သူရဇော်၊ (၉၈) သန်လျင်မောင်မောင်ဦး၊ (၉၉) သန်းမြင့်အောင်၊ (၁၀၀) သိပ္ပံမှူးတင်၊ (၁၀၁) အကြည်တော် ၊ (၁၀၂) အီကြာကွေး၊ (၁၀၃) အော်ပီကျယ်၊ (၁၀၄)အံ့မောင်၊ (၁၀၅) အောင်သင်း၊ (၁၀၆) အဏ္ဏ၀ါစိုးမိုး၊ (၁၀၇) ဦးဘုန်း၊ (၁၀၈) ဦးဟန်ညွန် (ဥပဒေ)၊ (၁၀၉) ဦးအေးချို (မဟာဝိဇ္ဇာ)။

ချစ်နိုင် (စိတ်ပညာ)

၂-၈-၂၀၁၂



ဝန်ဇင်းချစ်သူများ ချစ်နိုင် (စိတ်ပညာ) ၏ “ စာဖတ်ခြင်းဖြင့် ကြီးမြတ်ပါစေ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ယဉ်စမ်းပါ့ စိတ်ကူး

အခက်ခဲ နှင့် အောင်ပွဲ

အမေ့ကြေးစည်သံ