
အခန်း (၁)
''အရူးမသား''
''အရူးမသား''
အသံဗလံတွေ က နားထဲမှာ ပဲ့တင်ထပ်မျှ ရိုက်ခတ်အော်မြည် နေ ဆဲ။ မကြားချင်ဘဲ ကြားနေရသည်။ နားမထောင်ချင်လည်း တိုးတိုးတစ် မျိုး၊ ကျယ်ကျယ်တစ်မျိုး။
မျက်နှာချင်းဆိုင် စိန်ခေါ်သလို လှောင်ပြောင်သရော်သူတွေ လည်း ရှိနေကာ သိမ်ငယ်မှု တွေ မခံမရပ်နိုင် နာကျင်မှု တွေ ဖြင့် တုံ့ပြန် ချင်စိတ်တွေ လည်း ပြင်းထန်လာတတ်တာမျိုး။
''ဒီကလေးက မိဘဆိုဆုံးမမှု မှ မရှိဘဲ၊ အရူးမကရော သူ့ကို ဘာသင်ပြပေးတတ်တာမှတ်လို့၊ အရူးမက မိခင်စိတ်နဲ့နို့တိုက်လို့ ကြီးပြင်း လာပေမယ့် မအေလို အရူးစိတ်ဝင်နေမှာ ပဲ''
''အရူးကြီးက မွေးတော့ အရူးလေးပေါ့၊ အမြဲတမ်း မျက် ထောင့်နီ မျက်မှော င်ကုပ်နဲ့ ရန်လိုနေတဲ့ ဂျစ်ကန်ကန်ရုပ်''
''ဘယ်လို ဖအေမျိုးနဲ့ ဘယ်လို ဖြစ်ပြီး ရလာတဲ့ကလေးမှန်း မှ မသိတာ၊ သူခိုးဂျပိုး ဘိန်းစားကလေကချေသွေးမို့ ရိုင်းစိုင်းတာလည်း ဖြစ်မှာ ပဲ''
''ကိုယ့်သားသမီးတွေ ကိုယ် နိုင်အောင်ထိန်းထားကြ၊ ဒီလိုမျိုး မသန့်တဲ့ကလေးနဲ့ အခေါ်အပြော အဆက်အဆံ လုပ်မိရင် သိက္ခာကျ တယ်''
သူ့ရဲ့ သမိုင်းကြောင်းက ဒီလို အပါယ်ခံ။ လူကို လူလိုမဆက်ဆံ တတ်သည့် ပတ်ဝန်းကျင်ကို သူကရော ဘာအတွက် ဂရုစိုက်နေရမှာ လဲ။ သည်းခံနေလို့ရော ဘယ်သူက ကျေးဇူးတင်မှာ လဲ။
''ငါ့ကို အရူးမသားလို့ မခေါ်နဲ့၊ ငါ့အမေက ငါ့ကိုနို့တိုက်တာ မရူးလို့ပေါ့၊ အမေမို့လို့ ဘုန်းကြီးကျောင်းက ထမင်းတွေ တောင်းကျွေးရ မယ့်အသိရှိတာပေါ့''
သူ ပြောတတ်လာတော့ အမေ့ဘက်က ခုခံကာကွယ်နိုင်သ လောက် ဖြေရှင်းခဲ့သည်။ ဒါပေမဲ့ ဘယ်သူကမှ လူရာမသွင်းပါ။
လှောင်ပြောင်ရယ်ရင်း အမေနဲ့သူ သွားလေရာ တကောက် ကောက်လိုက်၍ ကျောက်ခဲနဲ့ပေါက်၊ တုတ်တွေ နဲ့ပစ်။
အမေက သူ့ကိုမထိအောင် ဖက်တွယ်ထားရင်း ရယ်မောလို့ မဆုံး။ တစ်ခါတစ်ရံလည်း ကလေးတွေ ကိုခြောက်လှန့်သလို တုတ်တစ် ချောင်းနှင့် ဒေါသတကြီး လိုက်ရိုက်တတ်ပြီး ကပ္ပိယကြီးနှင့် ရွာလူကြီး တွေ အော်ဟစ်ကြိမ်းမောင်းလျှင် အော်ဟစ်ငိုယို၍ တစ်ချောင်ချောင်မှာ ငြိမ်ကုတ်သွားတတ်သူပါ။
သူ့ရဲ့ ကလေးဘဝက သူများ ကလေးတွေ လို စားချင်တာလည်း မစားရ။ နေချင်သလိုလည်း မနေရ။ ကစားချင်သလိုလည်း မကစားရ။
''အမေ အမေ ဟိုလိုဘောလုံးလေးနဲ့ ကစားချင်တယ်''
''ဟင် သားက ဘောလုံးယူချင်လို့လား၊ ယူပေးမယ် ယူပေး မယ်''
ဖအေက လက်ဆွဲထားသော ကလေး တစ်ယောက် ရဲ့ လက်ထဲ က ဘောလုံးကို လက်ညှိုးထိုးကာ ပြောမိတော့ လူကောင်း တစ်ယောက် အသိÓာဏ်မရှိသည့် အမေက ဇွတ်အတင်း နောက်ကလိုက်ကာ ဆွဲလု သည်။
''ဟာ ဒီအရူးမ သွားစမ်း၊ ငါ့သားဘောလုံးကို ဘာလုပ်တာလဲ''
တွန်းထိုးကန်ကျောက်သော်လည်း အမေက ဇွဲမလျှော့။
''ပေး ပေး ငါ့သားက လိုချင်လို့ ပေး''
ရူးနေသော်လည်း အမေ့မှာ မိခင်စိတ်အပြည့်။ အသားအနာခံ ကာ သားလေးရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားရှာသည်။
''ဒီအရူးမ သေချင်လို့လား၊ ဟိတ်ကောင်တွေ လာကြစမ်း၊ ဒီအရူးမကို ဝိုင်းရိုက်ကြစမ်းကွာ''
ရွာထိပ်ညောင်ပင်ရိပ်မှာ ဒိုးဆက်ဆက်နေကြသော ကာလသား တစ်စုက ထိုလူကြီးရဲ့ အမိန့်ကို တသွေမတိမ်း လိုက်နာကာ အမေ့ကို ဆွဲရုန်းရိုက်ပုတ်ကြသည်။
''အမေ့ကို မလုပ်ပါနဲ့၊ သား အမေကို မလုပ်ကြပါနဲ့ အီး''
ထိုပုံစံ ပဋိပက္ခမျိုးဖြင့် သူ့မှာ ငိုခဲ့ရတာ အကြိမ်ကြိမ်။
''သားလေးစား မေမေ့သားလေး စား''
အချိန်တန်ရင် ဘုန်းကြီးကျောင်းအပေါက်ဝမှာ ဆွမ်းကျန်ကွမ်း ကျန်တောင်းကျွေးဖို့ မမေ့ခဲ့သော အမေက သူ့ကိုအမြဲ ဦးစားပေးတတ် မြဲ။ ရွာဦးစေတီတန်ဆောင်းများ က သူတို့သားအမိရဲ့ အိပ်ခန်းဆောင်။
တစ်နေကုန် ရွာရိုးကိုးပေါက် လျှောက်သွားပြီး အမိုးမလုံသော ဆောင်းတန်းမှာ ပြန်အိပ်ဖို့လည်း အမေ မမေ့ပေ။ ဟိုကဒီက ကောက် လာသော လုံချည်အင်္ကျီအစုတ်အပဲ့များ ဖြင့် သူ့ကို လုံခြုံအောင်နွေးထွေး မှု ပေးခဲ့တာ အမေ့ရဲ့ မေတ္တာတရား။
တစ်နေ့မှာ တော့ ရွာအပြင် ကားလမ်းမကို သားအမိနှစ် ယောက် လက်ချင်းချိတ်၍ ခုန်ပေါက်ကာ ပြေးလွှားထွက်လာခဲ့ကြသည်။ အမေက ပြေး သူကလိုက်။ သူကပြေး အမေက လိုက်။
ရွာထဲမှာ ထော်လာဂျီနှင့် ထွန်စက်လောက်သာ မြင်ဖူးသော သူ က ကားကြီးကားငယ်တွေ တဝူးဝူးမောင်းနေတာ မြင်တော့ ပျော်လို့ မဆုံး။
''ကျွီ''
''ဝုန်း ဒုန်း''
''ဟာ အရူးမ ကားတိုက်ပြီ''
''ကားသမားက သူ့လမ်းသူမောင်းတာ အရူးမက မကြောက် မလန့် ဖြတ်ပြေးတာ တိုက်တော့မှာ ပေါ့''
သူ့ကို အမေက တွန်းထုတ်လိုက်တာလား၊ ကားတိုက်ဖို့ကံ ပါမလာလို့ပဲလား။ သူက ခပ်ဝေးဝေးမှာ လွင့်စင်သွားပြီး အမေက သွေးအိုင်ထဲမှာ ။
အမေ့ကို အော်ဟစ်ပွေ့ယူပြီး သူ အော်ငိုသည်။ အမေ့မျက်နှာ ပေါ်က ခေါင်းက သွေးတွေ ကို လက်သေးသေးလေးနှင့် သုတ်ပေးရင်း ဘယ်သူ့အားကိုးရှာရမှန်းမသိ။
ကားသမားက မှန်ပြီး အမေက မှားသည်တဲ့။
လျော်ကြေးဆိုတာမျိုးမဟုတ်ဘဲ မြေချပေးတာနှင့် ရက်လည် ဆွမ်းသွတ်ဖို့သာ ထောက်ပံ့ခဲ့သည်။
အရူးမ ရက်လည်ဆွမ်းသွတ်မှာ တစ်ရွာလုံး မီးခိုးတိတ် စား လိုက်ကြတာ ပွဲတော် တွေ့ သလို အုန်းအုန်းထ သောက်သောက်လဲ။
မျက်ရည်တစ်စက် မကျကြ။ စိတ်မကောင်းစကား တစ်လုံး မပြောကြ။ ဆွမ်းကျန်ကွမ်းကျန် အမြဲစွန့်လေ့ရှိသော ရွာဦးဘုန်းတော် ကြီးနှင့် ကပ္ပိယကြီး ကတော့
''အသက်ခြောက်နှစ် ခုနစ်နှစ် နဲ့ အားကိုးစရာမရှိ မှီတွယ်စရာ မရှိ၊ ကျောင်းမှာ လာနေပြီး စာသင်ပေါ့၊ ဆွမ်းလည်းလိုက်ခံ ကျောင်း ဝေယျာဝစ္စလည်းလုပ်၊ ဘုန်းကြီးကကျောင်းထားပေးမယ်''
ဒါက သူ့ရဲ့ ဒုတိယဘဝ။ အမေ အရူးမကြီးနှင့် ရွာရိုးကိုးပေါက် လျှောက်လည်အော်ဟစ်နေရတာ လောက် ပျော်စရာမကောင်းပေမယ့် လူလို သူလို နေတတ်လာအောင် ကပ္ပိယကြီးက ငေါက်ငမ်းဆူပူဆုံးမသမျှ သူ ကျေနပ်နေခဲ့သည်။
စာလည်းသင်ရ၊ ကျောင်းထဲမှာ ဘောလုံးလည်း ကန်ရတာ ကိုး။ ဒါပေမဲ့ အရူးမသားဆိုတာတော့ ဘယ်နေရာရောက်ရောက် ရာထူးမကျ ခဲ့ပေ။
''အရူးမသား ဆွမ်းခံရင် ဆွမ်းမလောင်းနဲ့၊ အလကား ကျက်သရေမရှိဘူး''
''ဘုန်းကြီးကျောင်းမှာ အရူးမသား ရှိနေလို့ ဥပုသ်တောင် မစောင့်ချင်ပါဘူးဟယ်''
မြေနိမ့်ရာလှံစိုက်ချင်သည့် အမြင်ကျဉ်းသော လူတွေ ကြားမှာ သူ တကယ်ပင် အနေကျုံ့ စိတ်ပင်ပန်းခဲ့ရတာ အမှန်ပင်။ သူလည်း လူ တစ်ယောက် ပဲ။
အတိတ်ကံမကောင်းလို့ အရူးမရဲ့ သား ဖြစ်ရတာ ။ ပစ္စုပ္ပန်မှာ ဘာတွေ များ အပြစ်ကြီးနေလို့လဲ။ အရွယ်လေးရောက်လာတော့ ကျောင်း သားကျောင်းသူတွေ ကြားမှာ အမျိုးမျိုး အကြိမ်ကြိမ် အရှက်ခွဲခံရသည်။
နှိမ့်ချစွာ ဆက်ဆံခံရတာ ကြာလာတော့ ပြန်ပြီး တုံ့ပြန်ချင် စိတ်တွေ ဖြစ်လာ၏ ။ အမြင်မကြည်သော လူတွေ ကို အမြင်မကြည်စွာ ပြန်ကြည့်တတ်လာသည်။
''အရူးမသားက တစ်နှစ် တစ်တန်း မှန်မှန်အောင်ပြီး အရမ်းကို စာတော် နေပါလား''
''မတန်လိုက်တာကွာ၊ သူ့ဘာသာ စာဘယ်လောက်တော် တော် အရူးမသားက အရူးမသားပါပဲ''
အနားကပ်ကာ ပြောနေကြတာမို့ လက်သီးကိုဆုပ် အံကိုကြိတ် သည်။ သည်းမခံနိုင်လွန်းစွာ လမ်းဘေးက သစ်ကိုင်းတုတ်တုတ်ကို ဆွဲယူပြီး စိတ်ထဲမှာ ရှင်းလင်းသွားသည်အထိ စိတ်ကိုလွှတ်၍ အဆက် မပြတ် ရိုက်ပစ်လိုက်၏ ။
''မှတ်ထား အရူးမသားလည်း မခံချင်စိတ်ဆိုတာ ရှိတယ်''
စိတ်ပြေလက်ပျောက် ဖြစ်အောင် ကြုံးဝါးလိုက်နိုင်တာက တ ခဏပါ။ စိတ်လိုက်မာန်ပါ မသေမချင်း ရိုက်သတ်မှု ဖြင့် သူ ထောင်ငါးနှစ် ကျသွားခဲ့သည်။ ဒါတောင် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပင်။
အခု ဒီနေ့က သူ ထောင်ကလွတ်လာသော နေ့။
သူ ဘယ်ကိုသွားရမလဲ။ သူ့ရဲ့ မှီခိုစရာက ဘယ်မှာ လဲ။
ထောင်ဝင်စာ လာတွေ့ မည့် သူ မရှိ။ သူ့အတွက် ဝမ်းနည်းကြေ ကွဲမည့် သူ မရှိ။
လက်ကမ်းကြိုမည့် သူ မရှိ။
သူ့ရဲ့ ဒီဘဝကို အုတ်မြစ်ချခဲ့တာ ဘယ်သူလဲ။
နာနာကျင်ကျင် အော်ဟစ်ပစ်လိုက်ချင်သော်လည်း...။
ရွာအဝင်လမ်းမှာ ပင် လူတွေ ရဲ့ မသတီသော မျက်လုံးတွေ ကို သူ ရင်ဆိုင်ရသည်။ ရှောင်ကွင်းသွားစရာလမ်းလည်း မရှိတာမို့ သူ ဒီ အတိုင်း မှု န်ကုပ်ကုပ်နှင့်ပင် လျှောက်လာခဲ့သည်။
''အရူးမသားက လူပါးဝတာကိုး၊ ဟိုက သား တစ်ယောက် လုံး သေတာ ငြိမ်ခံပါ့မလား၊ ပွဲကြီးပွဲကောင်းတော့ ကြည့်ရဦးမယ်''
အရင်လို ကျယ်ကျယ်လောင်လောင် အတင်းပြောနေကြတာ မဟုတ်ပေမယ့် သူ ကြား ဖြစ်အောင် ကြားသည်။ ဒါပေမဲ့ ဂရုစိုက်မနေ နိုင်။ ဘုန်းတော် ကြီးကျောင်းကိုရောက်အောင် ခြေလှမ်းမြန်မြန်လျှောက် လိုက်သည်။
''ကောင်လေး နေစကြာ''
''ဟာ ကပ္ပိယကြီး''
ကျောင်းအောက်မှာ ပင် ကပ္ပိယကြီးနှင့် တွေ့ သည်။ ကျောပိုး အိတ်ကို ပစ်ချပြီး ကပ္ပိယကြီးရဲ့ လက်ကို ဝမ်းသာအားရပင် ဆုပ်ကိုင် လိုက်သည်။
''မင်းလွတ်ဖို့ တစ်နှစ် ကျော်လောက် လိုဦးမယ်ထင်တာ''
''လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပါလာတာဗျ၊ ဘဘုန်းကြီးရော နေ ကောင်းလား ကပ္ပိယကြီး''
''အင်း သက်တော် ဝါတော် ကလည်း မနည်းတော့ ဘယ်ကောင်း ပါ့မလဲကွာ၊ မင်းလွတ်လာတာသိရင် ဝမ်းသာမှာ ပါ၊ လာလေ ဖိုးနေ''
ကပ္ပိယကြီးနှင့်အတူ ဘုန်းကြီးကျောင်းပေါ် တက်လာခဲ့သည်။ ဘဘုန်းကြီးက ဘုရားခန်းရှေ့မှာ ထိုင်လျက်။ သူ့ကိုမြင်တော့ ဝေဝေ ဝါးဝါးကြည့်၏ ။ သူ လက်အုပ်ချီ၍ ဝင်ထိုင်လိုက်ကာ
''နေစကြာပါ ဘုရား''
''ဟင် အေး မင်း လွတ်လာပြီကိုး၊ ဘာလို့ ဒီရွာကို ပြန်လာ ရတာ လဲ''
''ဗျာ''
''စိန်တိုးမိသားစုက ဘယ်ကျေနပ်မလဲ၊ အန္တရာယ်များ တာပေါ့ ကွယ်၊ တစ်ရွာလုံးက မလိုလားတာလည်း မင်းအသိပဲ''
''ဒါပေမဲ့ တပည့်တော် မှာ သွားစရာနေရာမှ မရှိဘဲဘုရား''
''မင်းအရွယ်ရောက်နေပြီပဲ၊ ဒီမှာ အနှောင်အဖွဲ့လည်း မရှိဘဲ နဲ့ ရေကြည်ရာမြက်နုရာ ရှာပေါ့၊ တစ်ရွာမပြောင်း သူကောင်းမ ဖြစ်ဆို တဲ့ စကားပုံလည်း ရှိသား ဒကာလေးရဲ့ ''
''ဘယ်နေရာရောက်ရောက် အရူးမသားမှန်းသိသွားရင် ဘယ် သူမှ လက်ခံချင်ကြမှာ မဟုတ်ပါဘူး၊ အခု ထောင်ထွက်ဆိုတော့ ပို တောင်ဆိုးဦးမယ်''
''မင်းက အရူးမသားအစစ် မဟုတ်ပါဘူးကွယ်''
''ဗျာ''
ဘဘုန်းကြီးရဲ့ ခပ်လေးလေးစကားသံမှာ သူ အံ့သြခြင်းကြီး စွာ မျက်လုံးအစုံ ပြူးကျယ်သွားသည်။ ဒါ ဘယ်လိုအဓိပ္ပာယ်လဲ။ သူ့ ဘဝသက်တမ်း တစ်လျှောက် ဒီစကားက အသစ်အဆန်း။
အရူးမသားရယ်လို့ လူတကာရဲ့ အနှိမ်ခံ အထင်သေးခံဘဝနှင့် ကြီးပြင်းခဲ့ရတာ မဟုတ်ပါလား။
''ဘာကြောင့် အခုမှ ပြောရတာ လဲဆိုတော့ ဘဘုန်းရဲ့ သက် တမ်းလည်း သိပ်မကျန်တော့ဘူး၊ ဘဘုန်း ပျံတော် မမူခင် အသိပေးသင့် တယ်လည်း ထင်လို့ပါ''
''မိန့် မိန့်တော် မူပါ ဘုရား၊ တပည့်တော် က အရူးမကြီးရဲ့ သား မဟုတ်ရင် ဘယ် ဘယ်သူ့သားပါလဲ ဘုရား''
''မသိဘူးကွယ့်''
''ဟင်''
''ပြောရရင် မင်းကို မွေးကင်းစလေးမှာ ရထားလမ်းမှာ လာ ပြီး စွန့်ပစ်ထားတယ်ထင်တာပဲ၊ ဘုန်းကြီးက မင်းအမေလို့ခေါ်နေတဲ့ စာဥရဲ့ ယောက်ျား နာရေး ကို တရားဟောဖို့ ကျီးညိုရွာကို ရောက်ခဲ့တယ်''
''အ အမေစာဥ ယောက်ျား''
''အေး ဟုတ်တယ် စာဥ ယောက်ျားက တံငါသည်၊ လှေနဲ့ငါး ကွန်ပစ်ထွက်ရင်း မုန်တိုင်းမိလို့ ဆုံးရတာ ၊ စာဥကလည်း အဲဒီ အချိန်က ကလေးမွေးပြီး မီးတွင်းထဲမှာ ပေါ့၊ ယောက်ျားဖောင်စီး မိန်းမမီးနေဆိုတာ တယ်မှန်တဲ့ စကားပဲ''
ဘဘုန်းက ချောင်းတစ်ချက်ဟန့်ရင်း ထွေးခံထဲမှာ ကွမ်းသွေး တွေ ပျစ်ခနဲထွေး၏ ။ ပြီးတော့ ရေနွေးတစ်ခွက်သောက်သည်။
ဒီလောက် အချိန်လေး စကားခဏရပ်သွားတာကို သူ စိတ် မရှည်။ အရူးမသား မဟုတ်ဘူးဆိုတာကို ပျော်နေသည့် ခံစားချက်မျိုး မဟုတ်ဘဲ ဘယ်လိုမိဘမျိုးက စွန့်ပစ်ရက်တာလဲဆိုသည့် တုန်လှုပ်မှု ကြောင့် နာကျင်နေမိတာပဲ ဖြစ်သည်။
ဘဘုန်းက ချောင်းတစ်ချက် ပြန်ရှင်းပြီးမှ
''အင်း ကံဆိုးမသွားရာ မိုးလိုက်ရွာလို့ ရွာတာပါပဲ၊ စာဥ ကလေးမွေးတာ အဖတ်မတင်ဘူး၊ ကလေးက ဗိုက်ထဲမှာ တင် အသားဝါ မိတယ်ဆိုလား၊ အပြင်ရောက်တော့ အသက်ပါမလာဘူးလေ၊ ယောက်ျား သတင်းလည်း ကြား၊ ကလေးကလည်း အသက်မရှင်ဆိုတော့ စာဥသွေးတက်ပြီး ရူးပြီပေါ့၊ ယောက်ျားရက်လည်ဆွမ်းသွတ်တောင် တရား မနာနိုင်ဘူး၊ ကလေးမြေချလိုက်တာလည်း သူ မသိဘူး၊ ထဘီစွန်တောင် ဆွဲ ဟိုပြေး ဒီပြေးနဲ့''
''တ တပည့်တော် ကို အမေက ဘယ်လိုမွေးစားခဲ့တာလဲ''
''ရထားလမ်းမှာ လျှောက်ပြေးနေရင်းနဲ့ မင်းကို သူ တွေ့ သွား တာ၊ ကလေးလေးငိုနေတော့ သူ့နို့လှန်တိုက်တယ်၊ နို့ဆာနေတဲ့ ကလေး က နို့စို့လိုက်ရတော့ အငိုတိတ်တယ်၊ အင်း သေကံမရောက်တဲ့ မင်းရဲ့ ကံပေါ့၊ မိခင်စိတ်ရှိတဲ့ အရူးမရဲ့ မေတ္တာစိတ်ကြောင့် မင်း အသက်ရှင် လာတာ''
သူ တက်ခေါက်မိသလား၊ အံကြိတ်လိုက်မိသလား မသိပါ။ လူကောင်းတွေ က လူစိတ်မရှိ စွန့်ပစ်ရက်ကြပေမယ့် အသိစိတ်မရှိသော အရူးမက မေတ္တာအပြည့်နှင့် မွေးမြူခဲ့သည်။
''ဒကာလေး မွေးမိခင်တွေ ကို ဒေါသ ဖြစ်နေသလား၊ ကိုယ့်ရဲ့ အတိတ်ကံလို့သာ မှတ်ပါကွယ်၊ ဘုန်းကြီးက တရားဟောပြီး အပြန်မှာ ဒါတွေ ကို သိတယ်၊ မြင်တယ်၊ အဲဒါကြောင့် ကလေးကို နီးရာရပ်ကွက် လူကြီးတွေ ဆီမှာ အပ်ဖို့ ကြိုးစားတယ်၊ အရူးမဆီက ကလေးကိုတောင်း တာပေါ့၊ စာဥကလေ သူ့ကလေးဆိုပြီး ဘယ်သူ့ကိုမှ မပေးဘူး၊ ကလေး က အဲ့ဆို ငိုတာနဲ့ နို့လှန်တိုက်တော့တာပဲ''
''ဒီလို အရူးမကတောင် မိခင်စိတ်ရှိပါရဲ့ နဲ့ ဘယ်လိုမိဘတွေ က တပည့်တော် ကို စွန့်ပစ်ရက်တာလဲ ဘဘုန်းရယ်''
''သူတို့မှာ လည်း အကျိုးအကြောင်းရှိလို့ နေမှာ ပေါ့ကွယ်၊ မိဘ ဆိုတာ အပြစ်မယူကောင်းပါဘူး၊ ကိုယ့်အတိတ်ကံက ဒီလို ဖြစ်ဖို့ ကံပါ လာတယ်လို့ပဲ အောက်မေ့ပါ''
''ဘဘုန်းက ဘာလို့ ဒီအကြောင်းတွေ အစက မပြောခဲ့တာလဲ ဘဘုန်းရယ်''
''မင်းကို နို့တိုက်မွေးခဲ့တဲ့ စာဥကို သနားလို့ပေါ့၊ ရပ်ရွာလူကြီး တွေ ကို မွေးစားခိုင်းတာပဲ ဖြစ် ဖြစ်၊ ဘဘုန်းကိုယ်တိုင် မွေးစားတာပဲ ဖြစ် ဖြစ် အမျိုးမျိုးလုပ်ကြည့်ဖို့ ကြိုးစားပါသေးတယ်၊ ဒါပေမဲ့ စာဥက အော် ဟစ်ငိုတယ်၊ သူ့ကိုယ်သူ သတ်သေမယ်လို့လည်း ကြံစည်တယ်၊ မင်းနဲ့ ခွဲတော့မယ်ဆို စိတ်တွေ က ရိုင်းစိုင်းကြမ်းတမ်းလာတယ်၊ ဒါကြောင့် ဘဘုန်း လက်လျှော့လိုက်ရတာ ၊ တိုက်ဆိုင်မှု တွေ နဲ့ ရေစက်ဆုံရတာ မဟုတ်လား''
သူ ခေါင်းကို တွင် တွင် ရမ်းကာ နာကျင်ကြေကွဲလျက် မျက်ရည် ကျသည်။ ဘေးနားမှာ ထိုင်နေသော ကပ္ပိယကြီးက သူ့ကျောလေးကို ဖွဖွပွတ်သပ်ကာ နှစ် သိမ့်၏ ။
''အရူးမကမွေးလို့ လူ ဖြစ်လာတာပဲ တော် သေးတယ်၊ စာဥက မိခင်စိတ် ရှိရာပါတယ်၊ အပြစ်မယူပါနဲ့ကွာ''
''ဟင့်အင်း အမေက အရူးမကြီး ဖြစ် ဖြစ် ဘာ ဖြစ် ဖြစ် ကျွန် တော့် အမေပါပဲ၊ မိုးပေါ်က နေမင်းကြီးကိုမော့ကြည့်ပြီး သားလေး နေစကြာ သားလေး နေဝဠာ စကြာဝဠာလို့ တတွတ်တွတ် ရေရွတ်သလို ခေါ်နေတတ်တဲ့ အမေ့ကို ကျွန်တော် အပြစ်မယူပါဘူး၊ မမုန်းပါဘူး၊ အမေနဲ့အတူနေခဲ့ရတာ ဝမ်းနည်းစရာ နာကျင်စရာအချိန်တွေ ရှိပေမယ့် လည်း ကျွန်တော် ပျော်ပါတယ်၊ နို့ဆာရင် နို့တိုက်တယ်၊ ထမင်းဆာရင် မုန့်ဆာရင် တောင်းကျွေးတယ်၊ အိပ်တဲ့အချိန်လည်း အဝတ်စုတ်တွေ ခြုံပေး၊ သူ့ရင်ခွင်ထဲမှာ လည်း ဖက်ပွေ့သိပ်ခဲ့တာပဲ မဟုတ်လား''
''ဒါဖြင့် မင်း ဘာလို့ မျက်ရည်ကျနေတာလဲ''
''အရူးမလောက်တောင် လူစိတ် မိခင်စိတ်မရှိတဲ့ မိဘတွေ ကို နာကြည်းလို့ မုန်းလို့''
''ဘယ်လို အကျိုးအကြောင်းကြောင့် လဲဆိုတာ မသိဘဲနဲ့''
''ဟင့်အင်း တာဝန်မယူနိုင်ရင် မွေးမထုတ်ခဲ့နဲ့ပေါ့၊ ဒီလို ပစ် စလက်ခတ် စွန့်ပစ်မယ့်အစီအစဉ်ရှိနေရင် လူ့ဘဝထဲကို ခေါ်မလာခဲ့နဲ့ ပေါ့၊ အခု ကျွန်တော့် ဘဝက အရူးမသားလို့ လူတကာလက်ညှိုးထိုး လှောင်ပြောင်ကဲ့ရဲ့ ခံရတယ်၊ လူသတ်သမား ထောင်ထွက် ဖြစ်ရတယ်၊ ခိုကပ်စရာ တွယ်တာစရာမရှိ တစ်ကောင်ကြွက်အထီးကျန်''
ရင်တွေ ဆို့နစ်ကာ စကားမဆက်နိုင်တော့သလို နေစကြာ ကြိတ်ရှိုက်သည်။ နှုတ်ခမ်းမွှေးပါးမြိုင်းမွှေးများ အောက်က ဝင်းဝင်းဝါဝါ ရှိသော ပါးပြင်လေးလည်း နီရဲနေသည်။
နာကျင်မှု များ ကြောင့် နှုတ်ခမ်းသားလေးတွေ လည်း တဆတ် ဆတ်တုန်လို့ပါ။
''ဘုန်းကြီးပြောတာ နားထောင်ဦး ဒကာလေး''
''တင် တင်ပါ ဘုရား''
''ဒီရွာမှာ ဒကာလေးနေဖို့ မသင့်ဘူး၊ အရူးမသား၊ လူသတ် သမား ထောင်ထွက်ဆိုတာကြီးက နာမည် ဆိုးအရိပ်မည်းကြီး ဖြစ်နေပြီ၊ တစ်ရွာမကောင်း သူကောင်းမ ဖြစ်ဆိုတဲ့ စကားအတိုင်း ရန်ကုန်ကိုသာ သွားနေပေတော့''
''ဗျာ တပည့်တော် က''
''ဘုန်းကြီးကျောင်းမှာ မင်းမရှိတုံးက ကျောင်းသားလုပ်နေတဲ့ ဖိုးတွတ်ကို မှတ်မိသေးတယ် မဟုတ်လား''
''တင်ပါ''
''အေး သူလည်း ရေကြည်ရာမြက်နုရာ ရှာရမယ်ဆိုပြီး ရန် ကုန်တက်သွားတာ၊ ဟိုမှာ အိမ်ငှားနေပြီး ဆိုင်းထမ်းနဲ့ ထမင်းသုပ်တို့ တုတ်ထိုးတို့ ရောင်းတယ်ဆိုလားပဲ၊ အဆင်ပြေတယ်လို့ လူကြုံနဲ့ ဘုန်းကြီး ဆီကို အကြောင်းကြားသကွဲ့၊ လိပ်စာပေးလိုက် မယ်၊ သူနဲ့တူတူ ကောင်း ရောင်းကောင်းဝယ်လေး လုပ်စားပေါ့''
နေစကြာ ခေါင်းညိတ်နာခံရုံကလွဲလို့ ဘာစောဒက တက်နိုင်မှာ လဲ။ ရွာအဝင်လမ်းမှာ ကတည်းက မလိုလား၊ မကြည်ဖြူသော ရွာကလူ တွေ ရဲ့ မျက်လုံးတွေ ကို သူ ထပ်ပြီး ရင်မဆိုင်ချင်တော့။
လှောင်ပြောင်သရော်ချင်သော စကားတွေ ၊ အထင်သေးနှိမ်ချ မှု တွေ ကြောင့် သူ နောက်ထပ် လူသတ်မှု မကျူးလွန်မိဘူးလို့ မပြောနိုင်။
ကိုယ့်ဘဝကိုယ် သိမ်ငယ်အားငယ်ပြီး အမြဲတမ်း စိုးရွံ့မှု တွေ နှင့် သည်းခံဖို့ဆိုတာ သူ့ရဲ့ အသွေးအသားတွေ က လက်မခံတော့ပါ။ လောကကြီးကို လူတွေ ကို ပြန်ပြီး အရွဲ့တိုက်ချင်သည်။
ခေါင်းငုံ့အရှုံးပေးရမှာ ကို ရွံရှာစက်ဆုတ်လာ၏ ။
ဘယ်သူ့ကိုမှ လက်ပြနှုတ်ဆက်ချင်စိတ် မရှိတော့ဘဲ...။
အခန်း (၂)
ဘဘုန်းကြီး ပေးလိုက် သော လမ်းစရိတ်နှင့် ညတွင်းချင်းပင် ရွာက ထွက်လာခဲ့သည်။ ညဆယ်နာရီကျော်လောက်မှာ ရန်ကုန်ဘူတာ ကြီးကို ရထားဆိုက်၏ ။
သူ့ရဲ့ အသုံးအဆောင်က အဝတ်အစားနှစ် စုံလောက်သာ ပါ သော ကျောပိုးအိတ်ငယ်တစ်လုံး။
''ဟိုရောက်ရင် ရင်းနှီးစားသောက်ဖို့ ဘုန်းကြီး ငွေအလုံအ လောက် ထည့်ပေးလိုက် မယ်၊ ဖိုးတွတ်ကလည်း သူ့ဘာသာ ရုန်းကန်နေ တာဆိုတော့ မင်းကို တင်ကျွေးထားနိုင်မှာ မဟုတ်ဘူး၊ သူသွားတုန်း ကလည်း ဘုန်းကြီးက ပေးလိုက် တာဆိုတော့ အိမ်လေးငှားပြီး ဈေးရောင်း ဈေးဝယ်လုပ်တာပေါ့၊ ရန်ကုန်ဆိုတာလည်း ရကုန်ပဲ၊ ချွေတာစုဆောင်း မှု မရှိရင် ကျောတစ်နေရာ ဝမ်းတစ်ထွာရပ်တည်ဖို့ မလွယ်ဘူး၊ ဘုန်းကြီး ပေးလိုက် တဲ့ ငွေကို လူမမြင်သူမမြင်အောင် သေချာထုပ်ပိုး သိမ်းဆည်း ပြီး ယူသွား၊ ရန်ကုန်မှာ ခါးပိုက်နှိုက်တွေ က ပေါကပေါနဲ့၊ ဒီငွေပါသွား လို့ ကတော့ မင်း သူတောင်းစား ဖြစ်ပြီမှတ်''
ဘုန်းကြီးက သေချာမှာ လိုက်တာပါ။ ငွေကများများ စားစားတော့ မဟုတ်။ တစ်ထောင်တန်တစ်အုပ်ဆိုတော့ တစ်သိန်းပေါ့။
ဒီငွေလောက်ဆိုလည်း ဖိုးတွတ် အကူအညီယူပြီး ရင်းနှီးစား သောက်လို့ အဆင်ပြေမှာ ပါ။
''ကောင်လေး ပိုက်ဆံကို အလွယ်မထားနဲ့၊ ရထားလက်မှတ် ဖြတ်ဖို့ ထုတ်ထားပြီး ကျန်တာကို အင်္ကျီနဲ့ သေချာပတ်၊ ပြီးရင် ဘောင်း ဘီအပိုပါသေးတယ် မဟုတ်လား၊ အဲဒါနဲ့ ထပ်ထုတ်ပြီးမှ ကျောပိုးအိတ် အောက်ဆုံးကထည့်၊ ဒီငွေပျောက်လို့ ကတော့ မင်းလည်း သူတောင်းစား ခွက်ပျောက်သလို ဖြစ်မှာ ''
ကပ္ပိယကြီးကလည်း သေချာမှာ သည်မို့ ရထားအဆင်းမှာ စိုးရိမ် စိတ်နှင့် ကျောပိုးအိတ်ကို ရင်ဘတ်ရှေ့ပို့၍ ကျစ်ကျစ်ပါအောင် ပိုက်ထား လိုက်သည်။
''ဟူး ဒါ ရန်ကုန်ရွှေမြို့တော် ကြီးပေါ့''
မီးရောင် ဖွေးဖွေးအောက်မှာ လူတွေ အလုအယက် လှုပ်ရှား နေကြသည်။ တက္ကစီကားသမားတွေ ကလည်း အော်ဟစ်ခေါ်၍ ဆွဲလွှဲ တော့မတတ်။ ဈေးသည်တွေ ဆူညံပွက်နေတာမို့ လူရှုပ်ရှုပ်နေရာကနေ သူ တိုးထွက်လိုက်သည်။
သူ့ကိုတော့ ဘယ်ကားသမားကမှအရေး မလုပ်ပါ။ ဂျင်းဘောင်း ဘီခပ်နွမ်းနွမ်း၊ စပို့ရှပ်အနက်အပေါ်မှာ ဂျာကင်ညစ်နွမ်းနွမ်း ထပ်ဝတ် ထားတာမို့ လူမိုက်ဂျလေဘီ၊ ဒါမှမဟုတ် သူခိုး၊ ခါးပိုက်နှိုက်ထင်နေကြလို့ ဖြစ်မည် ။
သူ ဟိုကြည့် ဒီကြည့် ကြောင်တောင်တောင်နှင့်ပင် ဘူတာဝင်း ထဲက ထွက်လာခဲ့သည်။ လမ်းမရောက်မှ တက္ကစီတစ်စီးလောက် တား ပြီး လိပ်စာပြ၍ ဖိုးတွတ်အိမ် လိုက်ပို့ခိုင်းရုံပေါ့။
''ဟင်''
အမှော င်ရိပ်ကျသည့်ဘက်မှာ မိန်းကလေး တစ်ယောက် နှင့် ယောက်ျားလေးနှစ် ယောက် ။ မိန်းကလေးက တန်ဖိုးကြီးဟန်တူသော ကားတံခါးကို ဖွင့်လိုက်၊ ယောက်ျားလေးက ဆွဲထားလိုက်။
စကားသံတွေ ကလည်း ကျယ်ကျယ်လောင်လောင် ဖြစ်လာကာ ဘာတွေ မကျေမလည် ပဋိပက္ခ ဖြစ်နေကြသည်မသိ။
''ဉာဏ်လင်း ငါ ထပ်မပြောတော့ဘူးနော်၊ ဖယ်ဆို ဖယ်''
''အခါတော် ရာ တစ်ခါလေးပဲ လိုက်ခဲ့စမ်းပါ၊ နင် ပျော်သွားစေ ရမယ်''
''နင် မယုတ်မာနဲ့၊ ငါ အပေါစားမိန်းမ မဟုတ်ဘူး၊ ပျော်ချင် ကချင်လို့ ဒီကိုလာတာ ပျက်သွားဖို့ မဟုတ်ဘူး''
''ကျွတ် ကြားကောင်းအောင် မပြောစမ်းပါနဲ့၊ ဒီထက်ပျော် အောင် ငါလုပ်ပေးနိုင်တယ်၊ တစ်သက်လုံး စွဲသွားစေရမယ်ဟာ၊ လိုက်ခဲ့ ပါ''
''တောက် ဖယ်နော် ဥာဏ်လင်း၊ ငါ့လက်ကိုလွှတ်၊ နင် ခွေး စိတ်မမွေးနဲ့ လွှတ်စမ်း''
ဒီပွဲက တကယ်ကို ကြည့်မကောင်းဘူး ထင်သည်။ မိန်းကလေး တစ်ယောက် ကို နိုင်ထက်စီးနင်း ဆက်ဆံလွန်းနေ၏ ။
မလိုက်ပါဘူးလို့ ခါးခါးသီးသီး ငြင်းနေသည့် မိန်းကလေးကို ဇွတ်အတင်း ဆွဲခေါ်ပြီး ဘာလုပ်မလို့လဲ။
ကိုယ်နဲ့မဆိုင်သော်လည်း အမြင်မတော် တာမို့ ခြေလှမ်းတို့က ထိုနေရာကို ဖျတ်ခနဲ ရောက်သွားသည်။
''ဟိတ်ကောင်တွေ ''
''ဟင်''
''ဟယ်''
ဂျလေဘီ သူ့ဒီဇိုင်းကိုမြင်တော့ အားလုံး အံ့အားသင့်သွားကြ သည်။ မိန်းကလေးကလည်း ကယ်တင်ရှင် သူ့ကိုကြည့်၍ နှာခေါင်းရှုံ့ ချင်သလိုလို။
''ဘာလဲ ဟီးရိုးဝင်လုပ်တာလား၊ မပတ်သက်သလိုနေ၊ မမြင်ချင်ယောင်ဆောင်သွား၊ ဆွေမျိုးမတော် ရင် အနေသာကြီး''
''ဒီမှာ ကိုယ့်ဇယားနဲ့ကိုယ်တောင် ငြိနေတာ၊ အရှုပ်ထုပ် လာ မလုပ်နဲ့၊ ကန်းသွားမယ်နော်''
ခြိမ်းခြောက်ကြတာတော့ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်စရာ ပင်။ ဒါပေမဲ့ လက်ရဲဇက်ရဲ လူသတ်ပြီး ထောင်ကထွက်လာသည့် သူ့ အကြောင်း မသိကြသေးလို့ ဖြစ်မှာ ပါ။
ကောင်မလေးက သူ့ကို ရွံ့သလိုလို ရှိပေမယ့် အားကိုးရှာသည့် မျက်ဝန်းများ ကတော့ အထင်းသား။
''ကျွန်မကို ကူညီပါရှင်၊ ဒီကောင်တွေ လိုက်နှောင့်ယှက်နေတာ''
ခေတ်ရဲ့ သမီးပျို ခပ်လန်းလန်းလေးက အသံချိုချိုအီအီလေးနှင့် အားကိုးချင်နေသည်ဆိုတော့ ဘဝင်က မြင့်ချင်ချင်။
ကျောပိုးအိတ်ကို သူမရင်ခွင်ထဲ ဘုတ်ခနဲ ပစ်ထည့်၍ လူငယ် နှစ် ယောက် ကို မျက်ထောင့်နီ မျက်မှော င်ကုတ်နှင့် ရင်ဆိုင်လိုက်သည်။
''မိန်းကလေး တစ်ယောက် ကို ဗလအားကိုးနဲ့တော့ အနိုင်မကျင့် နဲ့ကွာ၊ ငါနဲ့ပဲ သွေးပူလေ့ကျင့်ခန်း အရင်လုပ်လိုက်ပါ''
''ရတယ်လေ၊ ငါတို့ကလည်း အစာမာန်တက်နေတာဆိုတော့ ရှေ့မှာ ရှုပ်နေရင် ရှင်းရုံပဲ''
''စားခွက်အလုခံမယ့်ကောင်တွေ မဟုတ်ဘူးကွ''
ရန်ပွဲက နှစ် ယောက် တစ်ယောက် အားမမျှပေမယ့် နေစကြာ မမှု ။ ဒီလိုမြို့ကြီးပြကြီးကို တစ်ယောက် တည်း ရောက်လာကတည်းက ဘယ်သူ့ကိုမှ မကြောက်လို့ပါ။
ရထားပေါ်မှာ ညောင်းညာကိုက်ခဲလာသည်မို့ ခြေဆန့်လက်ဆန့် လုပ်ရင်း ဘဲနှစ် ပွေကို တိုက်ခိုက်လိုက်သည်။ ဒီနှစ် ယောက် ကလည်း မခေ။
အတွေ့ အကြုံ ရှိပြီးသားဟန်တူပြီး သူ့ကို သူတစ်ပြန် ကိုယ်တစ် ပြန် ဖဲ့၏ ။
''ဝူး''
''ဟာ''
သူ ကားသံကြားတော့ လန့်ဖျပ်ကာ နောက်လှည့်ကြည့်လိုက် သည်။ သူ့အိတ်ကို ပွေ့ပိုက်၍ ကောင်မလေးက ကားပေါ်တက်ကာ မောင်းပြေးခြင်း ဖြစ်၏ ။
''သွားပြီ ငါ့အိတ် ငါ့ပိုက်ဆံ''
''ဖောင်း''
''အား''
သူ ဝမ်းနည်းပက်လက် အငိုက်မိသွားစဉ်မှာ ပဲ ငနဲသားနှစ် ကောင်က တစ်ချက်စီ ပစ်ကန်၍ ဆဲရေး ကာ ထွက်သွားကြသည်။
သူ ကုန်းရုန်းထကာ ဒီကောင်တွေ နောက် မကျေမနပ် ပြေး လိုက်ပြီး ဆော်ရမလား။ သူ့အိတ်ယူပြီး ထွက်ပြေးသော ကောင်မလေးကို ကျိန်ဆဲရမလား။
ဘာလုပ်ရမှန်းမသိတော့ဘဲ ပလက်ဖောင်းပေါ် ဖင်ထိုင်ကျသွား ၏ ။
''တောက် ဂန်းမလေး၊ သူ့ကိုလည်း ကူညီရသေးတယ်၊ ငါ့ အိတ်ကို မပြေးတယ်၊ ကျေးဇူးတင်စကားမပြောတဲ့အပြင်ကွာ၊ ဘယ်ဘဝ ရောက်ရောက် ဘာ ဖြစ် ဖြစ် ဒီအတိုင်း မျက်နှာလွှဲနေလိုက်ရ ကောင်းသား''
အသံထွက် ရေရွတ်မိရင်း တစိမ့်စိမ့်တွေး၍ ထိုကောင်မလေး ကို သတ်ပစ်ချင်လောက်အောင် ဒေါသ ဖြစ်နေမိသည်။
တစ်ကိုယ်လုံး ကြပ်ထုပ်နေအောင် ဝတ်ထားပြီး အပေါ်က ဝေ့စကုတ်လေးနှင့် အမှတ်တမဲ့ မြင်လိုက်ရသော မျက်နှာလေးက မှု န် နေအောင် ချောမည့် ပုံပါ။
ကားအကောင်းစားကြီး စီးနိုင်သော ကောင်မလေးက သူ့အိတ် ကို ယူပြေးပြီး ဒီလိုလုပ်စရာလား။ စုတ်ပြတ်နေသော သူ့ကျောပိုးအိတ်ထဲ က ဘယ်လောက် မက်မောစရာ ပါမှာ မို့လဲ။
''ဟင် ဘယ်လိုလုပ် ဖိုးတွတ်အိမ် သွားမလဲ''
အခုမှ ပိုပြီး ထိတ်လန့်သွားကာ ဘောင်းဘီအင်္ကျီအိတ်ကပ်တွေ မှန်သမျှ ဟိုစမ်း ဒီစမ်း ရှာမိသည်။
တော် ပါသေးရဲ့ တက္ကစီကားသမားကို ပြရမည် ဆိုပြီး အိတ်ကပ် ထဲမှာ အခေါက်လိုက်လေး ထည့်ထားမိလို့။
မတတ်နိုင်။ ကားသမားကို အကျိုးအကြောင်းပြော ခေါ်သွား ပြီး ဖိုးတွတ်ကို ကားခရှင်းခိုင်းရမည် ။
နောက်ကိစ္စက နောက်မှ။
ခုလောလောဆယ်တော့ ထိုကောင်မလေးကို ကြိတ်မနိုင်ခဲမရ ဒေါသတွေ ဖြစ်ရင်း...။
''ဟား ဟား ဟား''
သူ အကြောင်းစုံပြောပြတော့ ဖိုးတွတ်က သူ့မျက်နှာကို လက် ညှိုးနှင့်ထိုးကာ အားရပါးရ ရယ်သည်။ ဖိုးတွတ်အိမ်ကိုရောက်တော့ ဖိုးတွတ်က သူ့ကို တန်းခနဲ မှတ်မိ၍ တော် ပါသေးသည်။
တက္ကစီကားသမားတွေ က သူ့ပုံစံကိုကြည့်ပြီး ခေါင်းတခါခါ နှင့် မလိုက်ချင်ကြ။
ဦးလေးကြီး တစ်ယောက် ကိုတွေ့ မှ တောင်းတောင်းပန်ပန်နှင့် လိုက်ပို့ခိုင်းရတာ ။ အိမ်ကိုရောက်တော့ ဖိုးတွတ်ကို မနည်းနှိုးယူပြီး ကားခ ပေးခိုင်းရသည်။
''ဒီကလူတွေ ကိုများ မင်းက ဘာထင်နေလဲ၊ အဲလို ဆွဲရုန်းနေ လို့မကလို့ ဟို ဘယ်လိုကြီးပဲ ကိုယ့်ရှေ့မှာ တွေ့ တွေ့  ဇယားထဲ မညပ် အောင် ရှောင်ကွင်းသွားတတ်ရတယ်၊ သူတို့က အဖွဲ့နဲ့အချဉ်ဖမ်းတတ်ကြ တာကွ''
''ဘာ အချဉ်ဖမ်းတာ''
''ဟုတ်တယ် ဒီမှာ ဒါမျိုးတွေ က ရိုးနေပြီ၊ တချို့မိန်းကလေး တွေ ဆို ရေလျှံတဲ့ ဟိုက်ဘော့စ်တွေ ကို အပျိုလိုလိုနဲ့ ကိုယ်ခန္ဓာပေး ဝင် ရောပြီး ယောက်ျားကြီးနဲ့ မယားခိုးမှု တရားစွဲ၊ အဲလို သိက္ခာကျမခံနိုင် ရင် လျော်ကြေးတောင်း လုပ်စားနေကြတာ''
''ဟာ တောက် မထင်ရဘူးကွာ၊ မီးရောင် နဲ့ ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် အရမ်းချောတာ၊ ကားကလည်း အပျံစား၊ လူကလည်း အပျံစား၊ တကယ် ဒုက္ခရောက်နေတယ်ထင်လို့ ဝင်ကူညီမိတာပါ''
''ဟုတ်လို့လား ဖွန်ကြောင်ရင် ကြောင်တယ်ပြောစမ်းပါ၊ မိန်းကလေးတွေ က ငါတို့ယောက်ျားလေးတွေ ရဲ့ အဲဒီ အားနာချက်ကို သိလို့ ဂွင်ရိုက်တာ၊ အချဉ်ဖမ်းတာကွ၊ နောက်ဆို သိရတော့မှာ ပါ၊ မိန်းမလည် မိန်းမရှုပ်တွေ အကြောင်း''
ထမင်းခူးကျွေးရင်း ဖိုးတွတ်ပြောပြနေသမျှ သူ ယုံရခက် မယုံရခက်။ ဒါပေမဲ့ လက်တွေ့  ကတော့ သူ ခံလိုက်ရတာ အမှန်။
ထမင်းကို အငမ်းမရစားပြီး ရေသောက်လိုက်သည်။ ဒီထမင်း တစ်နပ်အတွက်တော့ ဖိုးတွတ်ကို ကျေးဇူးတင်လိုက်၏ ။
''ငါ မင်းကို မှီခိုစားဖို့ လာတာမဟုတ်ပါဘူးကွာ၊ ဘဘုန်းကြီး က ရင်းနှီးစားသောက်ဖို့ဆိုပြီး ပိုက်ဆံထည့်ပေးလိုက်ပါတယ်၊ အဲဒီ ကောင် မလေး ဘတ်သွားလို့ပါ၊ တောက် တစ်နေ့နေ့ ပြန်တွေ့ လို့ ကတော့ကွာ အမှု န့်ချေပစ်မယ်''
''ဘာမှလုပ်လို့ မရတော့ဘူး၊ နာရီပိုင်းအတွင်း ဖြစ်ခဲ့တဲ့အတိတ် ကိုပါ မေ့ထားလိုက်၊ ငါ ငှားထားတဲ့အိမ်မှာ မင်းနေလို့ရတယ်၊ စားတာ သောက်တာလည်း ငါနဲ့တန်းတူပေါ့၊ ဒါပေမဲ့ ငါလည်း မိန်းမယူချင်လို့ စုနေတာကွ၊ မင်းအလုပ်တစ်ခုခုလုပ်ဖို့တော့ စဉ်းစားထားပေါ့''
''အေးပါ အဲဒါ ကတော့ ဘာအလုပ် ဖြစ် ဖြစ် ငါလုပ်မှာ ၊ ဘဘုန်း ကြီးကျေးဇူးကို ပြန်ဆပ်ချင်သေးတယ်၊ လူ့ဘဝမှာ နေထိုင်ရင်းနဲ့ ဘဘုန်း ကြီးပဲ ငါ့အပေါ်ကောင်းတဲ့သူ ရှိတယ်''
''ဘာ အဲလိုတော့ မပြောပါနဲ့ကွာ၊ ငါလည်း မင်းကို သူငယ် ချင်း တစ်ယောက် လို ပေါင်းခဲ့တာပါ၊ အရူးမသားဆိုပြီး မင်းဆွမ်းခံလိုက်ရင် မလောင်းကြလို့ ငါပဲ လိုက်သွားနေရတာ မဟုတ်လား''
''အောင်မာ မင်း အဲလိုလိုက်ရလို့ ငါ့ကိုတစ်ကျောင်းလုံး သန့် ရှင်းရေး လုပ်ခိုင်း၊ ကုဋီတွေ ဆေးခိုင်းနဲ့ မင်းလည်းငါ့ကို အနိုင်ကျင့်ခဲ့တာ ပါပဲ''
''သူငယ်ချင်းရာ အဲဒါ ငယ်စိတ်နဲ့ပါ၊ နှိမ့်ချချင်တာ အထင်သေးချင်တာမျိုး မဟုတ်ပါဘူး၊ ငါလည်း မိဘတွေ ဆုံးသွားလို့ ဘုန်းကြီး ကျောင်းမှာ ခိုကပ်နေခဲ့ရတဲ့ကောင်ပါ၊ မင်းထောင်ကျတော့ ငါ တကယ် သတိရနေတာ၊ အဲလို ဖြစ်သွားတာ စိတ်လည်း မကောင်းဘူး''
ဖိုးတွတ် ပြောတာတွေ သူ ယုံပါသည်။ တစ်ရွာလုံးမှာ သူ့ကို ရင်းနှီးဖော်ရွေစွာ လူလို့ သတ်မှတ်ဆက်ဆံတာဆိုလို့ ဘဘုန်းကြီးရယ်၊ ကပ္ပိယကြီးရယ်၊ ဖိုးတွတ်ရယ်ပဲ ရှိသည်။
ခုလည်း ဘဘုန်းကြီး ဘယ်လောက်မှာ မှာ သူ့ကို လက်မခံ မပတ်သက်လျှင်လည်း မောင်းထုတ်လို့ ရနေတာပဲ။
ထမင်းစားပြီးသည်နှင့် မညီမညာ ပျဉ်ခင်းပေါ်မှာ သင်ဖြူးဖျာ အစုတ်လေးခင်းပြီး နှစ် ယောက် သား အိပ်ရာဝင်ခဲ့ကြသည်။
ဖိုးတွတ် တစ်ယောက် တည်းနေတာမို့ ခေါင်းအုံးက တစ်လုံး စောင်က တစ်ထည်သာ ရှိ၏ ။
အိမ်အမိုးကလည်း မီးတွေ မှိတ်လိုက်သည်နှင့် မိုးပေါ်က ကြယ် တွေ လတွေ ကို ဒီအတိုင်း မြင်ရ၏ ။ အိမ်ချင်းတွေ လည်း ကပ်နေကာ ညဥ့်နက်သည်အထိ ဆူပူအော်ဟစ်သံတွေ ကြားနေရဆဲပင်။
''ထောင်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ရတော့ ဒီလို ဆူညံ သံတွေ နဲ့ နေရော နေတတ်ရဲ့ လား နေစကြာ''
''သြော် တစ်ရွာမပြောင်း သူကောင်းမ ဖြစ်ဆိုတဲ့စကားပုံနဲ့ ရောက်လာမှတော့ ရောမမှာ နေရင်တော့ ရောမလို ကျင့်ရမှာ လည်း နားလည်ထားရမှာ ပေါ့ကွာ''
''အင်း မင်း တော် တော် ရင့်ကျက်လာတာပဲကွ နေစကြာ၊ ဒါနဲ့ မင်းကို မေးရဦးမယ်၊ မင်းက အရူးမသား အစစ် မဟုတ်ဘူးဆို''
''ဘဘုန်းကြီး ပြောပြတာလား''
''ကပ္ပိယကြီးကို ပြောပြနေတာ ကြားတာပါ၊ အရူးမသား မဟုတ်တာ ကြိုပြောထားမိရင် ဒီလိုကိစ္စတွေ ဖြစ်ချင်မှ ဖြစ်မှာ တဲ့၊ ဒါပေမဲ့ ဘယ်သူ့သားသမီးရယ်လို့ ပြောပြစရာလည်း မရှိတော့၊ စိတ်မကောင်းဘူးတဲ့လေ''
''ဟုတ်တယ် ငါ့ကိုလည်း ဘဘုန်းကြီး ပြောပြလိုက်ပါတယ်၊ ငါက အရူးမသား မဟုတ်ဘူး၊ ဒါပေမဲ့ သူ့သားမှန်းလည်း မသိဘူးတဲ့ လေ၊ ဘယ်လို မိဘတွေ က ရထားလမ်းမှာ လာစွန့်ပစ်ထားမှန်းမှ မသိတာ၊ မလိုချင်ရင် မမွေးနဲ့ပေါ့ကွာ၊ လူမ ဖြစ်ခင်ကတည်းက စွန့်ပစ်လိုက်ရင် ဒီဒုက္ခတွေ ငါ ဘယ်ခံစားရမလဲ၊ အရူးမအမေက နို့တိုက်မမွေးခဲ့ရင်လည်း အကောင်းသား''
''မင်း ဘယ်သူ့ကို အပြစ်တင်နေတာလဲ''
''အမေ အရူးမကြီးကို မဟုတ်ပါဘူး''
''မွေးထုတ်ခဲ့တဲ့ မိဘတွေ ကိုလား''
''ဘဘုန်းကြီးက ပြောတယ်၊ သူတို့ကို အပြစ်မယူနဲ့၊ အကျိုး အကြောင်းရှိလို့နေမှာ ပါတဲ့၊ ဒါ ခွင့်လွှတ်သင့်တဲ့အပြစ်လား၊ မွေးထုတ်ပြီး တာဝန်သာကျေတတ်ကြမယ်ဆိုရင် မိဘမဲ့ဂေဟာတွေ တောင် ထားစရာ မလိုဘူး၊ ရင်သွေးဆိုတာကို သွေးသားဆာလောင်မှု အတွက် ဖြေဖျောက် လို့ရလာတာလို့ ထင်နေကြတာလား''
''စကားလုံးတွေ ကြမ်းလာပြီ၊ အဲလောက်ထိ မတင်းပါနဲ့ကွာ၊ ရလာတဲ့ဘဝကိုပဲ ကျေနပ်လိုက်စမ်းပါ၊ ရှေ့လျှောက် ဘာလုပ်မယ်လို့ စဉ်းစားသလဲ၊ ဒါပဲ အရေး ကြီးတယ်''
''မင်းက ဘာလုပ်တာလဲ''
''ငါလား''
သူ့ကိုယ်သူ လက်မနှင့်ထောက်ကာ မေးပြီးမှ ဖိုးတွတ် တစ် ချက် ပြုံး၏ ။
''ဝမ်းစာဖြည့်ဖို့ မျက်လုံးအစာကျွေးရာအရပ်မှာ ဈေးရောင်းတယ်''
''ဘာကွ''
''သြော် သင်တန်းကျောင်းတစ်ခုရဲ့ ခပ်လှမ်းလှမ်းမှာ မုန့်တီတို့ အစုံသုပ်တို့ ရောင်းတယ်၊ သူများ တွေ လို ဆိုင်ကြီးကနားကြီးနဲ့ မဟုတ် တော့ လမ်းဘေးဆိုင်ပဲ ပြောပါတော့၊ အဲဒီ နေရာကနေ သင်တန်းလာ တက်တဲ့ အလွှာစုံက အလှလေးတွေ ကို မျက်စိအစာကျွေးရတာ အားရ စရာကွ၊ အဲ အားကျစရာကွ''
''ငါလည်း အဲဒါရောင်းရင် ကောင်းမလား''
''မလုပ်ပါနဲ့ကွာ၊ စီးပွားပြိုင်ဆိုရင်တော့ မင်းနဲ့ငါနဲ့ ရန်သူ ဖြစ် မှာ နော်၊ ဒီလိုလုပ် ဝက်သားတုတ်ထိုးရောင်းချင်ရောင်း၊ ငါနဲ့အဖော်ရ တာပေါ့''
''ငါမှ မလုပ်တတ်တာ''
''အဲ လုပ်တတ်အောင် နည်းနည်း စဉ်းစားစရာတစ်ချက်ရှိ တယ်၊ ငါ့ဆိုင်နားမှာ တရုတ်ကပြား တစ်ယောက် တုတ်ထိုးရောင်းတယ် ကွ၊ သူနဲ့ဈေးကွက်အပြိုင် ဖြစ်လို့လည်း မကောင်းဘူး၊ သူက အရင်ရောင်း နေတာဆိုတော့ အားနာစရာကြီး၊ ဒီပြင်နေရာရောင်းမယ်ဆိုရင်တော့ သူ့ဆီမှာ လေ့လာသင့်တယ်''
''ထားပါတော့ ဒါနဲ့ သင်တန်းဆိုတော့ ပိုက်ဆံချမ်းသာတဲ့သူ တွေ ပဲ တက်မှာ ပေါ့၊ မင်းတို့လို လမ်းဘေးဆိုင်တွေ ကို စားပါ့မလား၊ ရောင်းရော ရောင်းရရဲ့ လား''
အမှော င်ထဲမှာ ဖိုးတွတ် မျက်နှာ ရှုံ့သွားသလား၊ နှုတ်ခမ်းမဲ့ သွားသလား မသိပေမယ့် လှောင်ပြောင်သလို ရယ်သံညစ်ညစ်ကြားရ သည်။
''ငါတို့လို ဆင်းရဲတဲ့ကောင်တွေ က လမ်းဘေးဆိုင်တွေ နဲ့ယဉ် ပါးနေလို့ ဒါမျိုးပဲ စားတယ်မထင်နဲ့၊ ပိုက်ဆံချမ်းသာတဲ့သူတွေ ကမှ ဟိုတယ် တွေ စားသောက်ဆိုင်တွေ မှာ စားနေရတာ ရိုးနေပါပြီဆိုတာ အကြောင်း ပြပြီး ခံတွင်းကောင်းလို့ဆိုတဲ့ ဆင်ခြေနဲ့ လမ်းဘေးဆိုင်ကို အမြဲလို စားတတ်တယ်၊ ဈေးထဲမှာ ဘေထုတ်တိုးရင်လည်း သူတို့ပဲ၊ နိုင်ငံခြားက လာတဲ့ ဘေထုတ်ထဲမှာ တကယ် စတိုင်မိ စမတ်ကျတဲ့ ဖစ်ဆိုက်လန်း လန်းလေးတွေ ပါတယ်၊ ရွှေရောင် စိန်ရောင် တလက် လက်နဲ့ တွဲ ဝတ်လိုက်ရင် နိုင်ငံခြားမှာ ကိုယ်တိုင်သွားဝယ်သလို ထင်ရ တယ်''
''ဟုတ်လို့လား''
''ဟုတ်ပါ့၊ ဘေထုပ်ကမှ နိုင်ငံခြားပစ္စည်းအစစ်ရတယ်လေ၊ စတိုးဆိုင်တွေ ကတော့ တံဆိပ်ကပ်ထားတဲ့ အတုရတာ ၊ ဆင်းရဲသားတွေ ကျတော့ အဲဒီ စတိုးဆိုင်ကြီးတွေ ကုန်တိုက်တွေ အထင်ကြီးပြီး ပုံမကျ ပန်းမကျ ဝတ်ကျပြန်ရော''
''ရန်ကုန်က အကုန်ပြောင်းပြန်ပဲလား''
''နောက်ထပ် အထူးအဆန်းတွေ ကြုံဖို့ရှိသေးတယ်၊ နေတတ် ရင် ကျေနပ်စရာကြီးပဲဆိုပေမယ့် မနေတတ်ရင်လည်း မနေအပ်ဘူးလို့ မင်းဖင်လှန်ပြေးချင်စိတ် ပေါက်သွားမယ်''
''အမ် ဟုတ်လား''
ဝါးခနဲ သမ်းဝေပြောနေတာမို့ လေသံက သံရှည်ဆွဲကာ ခပ် လေးလေး ဖြစ်နေ၏ ။ ဒီလိုနှင့် မင်းအိပ်တော့ ငါအိပ်တော့လို့ မတိုက် တွန်းရဘဲ စကားတပြောပြောနှင့် အိပ်ပျော်သွားကြ၏ ။
တစ်ညတာ ကုန်ဆုံးသွားပေမယ့် နောက်တစ်နေ့ ရှင်သန်ဖို့ ခြေလှမ်းအစဟာ ငွေမရှိဘဲ ဘယ်လိုလမ်းသစ်ဖောက်မလဲ။
ဒါဟာ အမည် မသိ မိန်းကလေး တစ်ယောက် ကြောင့် ...။
အခန်း (၃)
မနက်လင်းတော့ အပျင်းကြီးစွာ အကြောဆန့် သမ်းဝေရင်း ဖြင့် အိပ်ရာထ ဖြစ်၏ ။ မီးဖိုချောင်ဘက်က ဂလုံဂလွမ် အသံတွေ ကြားလို့ လျှောက်လာခဲ့တော့ ဖိုးတွတ် ဟိုဟာဒီဟာ လှီးဖြတ်ချက်ပြုတ်ရင်း အလုပ် ရှုပ်နေသည်။
''မင်း အိပ်ရာထတာ စောလှချည်လား၊ ဘယ်ချိန် သွားရောင်း ရမှာ လဲ''
''သင်တန်းက နေ့လယ် ဆယ့်နှစ် နာရီကနေ နှစ် နာရီတစ် ကြိမ်၊ လေးနာရီကနေ ခြောက်နာရီတစ်ကြိမ် ရှိတယ်ကွ၊ ငါက သင်တန်း ရယ်လို့အဓိကထား ရောင်းလို့လည်း မ ဖြစ်ပါဘူး၊ သင်တန်းနားက စား သောက်ဆိုင်အကြီးကြီးတွေ က အဲဒီ နားမှာ အရောင်းမခံဘူးလေ၊ ခပ်လှမ်း လှမ်း လူရှင်းတဲ့နေရာမှာ သွားရောင်းရတာ ၊ နေရာကကျယ်ကျယ်ဝန်း ဝန်းမဟုတ်တော့ ဈေးသည်အချင်းချင်း နေရာဦးအောင် အလုအယက် စောစော သွားရတာ ပါပဲ''
''စိတ်ပျက်စရာကြီးကွာ''
''ပျော်စရာကောင်းပါတယ်၊ မင်းလိုက်ခဲ့လေ''
''အေးပါ၊ မင်းကို မှီခိုတာမျိုးတော့ မ ဖြစ်ချင်ဘူး၊ အရင်းအနှီး မရှိတော့ဘူးဆိုတော့ ခြေချိုးလက်ချိုး ခံထားရသလိုပဲ၊ ပြန်တွေးရင် အဲဒီ ဂန်းမလေးကို သတ်ပစ်ချင်တယ်''
''ကဲပါ စောစောစီးစီး အကုသိုလ် ပွားမနေနဲ့၊ မျက်နှာသွားသစ်၊ ငါ ထမင်းကြော်ထားတယ်''
ဖိုးတွတ် သူ့အပေါ် ဒီလောက်ကောင်းလိမ့်မည် ဟု ထင်မထား မိ။ ငယ်ငယ်ကဆို ဖိုးတွတ်လည်း သူ့ကိုလှောင်ပြောင်ခဲ့သူပါ။ အမေဆုံး လို့ ဘုန်းကြီးကျောင်းရောက်သွားတော့ ဖိုးတွတ် မရှိသေး။
နောက်သုံးနှစ် လောက်ကြာမှ မိဘတွေ ဆုံးသွားလို့ဆိုပြီး ဘဘုန်း ကြီးက ကျောင်းမှာ ခေါ်ထားခဲ့သည်။ အဲဒီ တုန်းက သူနဲ့မအိပ်ချင်သလိုလို မပေါင်းသင်းချင်သလိုလိုနှင့် ဘဘုန်းကြီးနှင့် ကပ္ပိယကြီးက ဆုံးမသွန်သင် ရတဲ့အထိ။
နောက်တော့ ဖိုးတွတ်က ရွာထဲဆွမ်းခံလိုက်၊ သူက ကျောင်း ဝေယျာဝစ္စလုပ်၊ သန့်ရှင်းရေး လုပ်။ ဘယ်လို ဖြစ်ပြီး ခင်မင်ရင်းနှီးသွား သလဲဆိုတော့ သူက စာတော် သည်။
ဖိုးတွတ်က စာညံ့သည်။ အတန်းထဲမှာ အမှတ်လုံးဝ မကောင်း။ ဒါကို သူက စာသင်ပေး၊ စာကူကျက်ပေးရင်းမှ သူ့ကို ဖိုးတွတ် နားလည် သွားခဲ့သည်။
ခုတော့ သူက ဖိုးတွတ်ကို အားကိုးမှီခိုရသလို ဖြစ်နေ၏ ။
''ဟိတ်ကောင် ဘာတွေ တွေးပြီး ငိုင်နေတာလဲ၊ စားမှာ သာ စား၊ ပြီးရင် ငါ့ကို ကူလုပ်ပေါ့ကွ၊ ထမင်းတော့ စားရမှာ ပါ''
''အားနာလို့ပါကွာ၊ ငါ အလုပ်ရှာမှာ ပါ''
''အေးပါ၊ ဒီလိုနေရင်းနဲ့ အလုပ်တစ်ခုခုတော့ ရမှာ ပါ''
''ဒါနဲ့ မင်းကောင်မလေးက ဘာလုပ်လဲ''
''ဈေးထဲမှာ ကုန်စိမ်းရောင်းတယ်၊ ငါ ဈေးဝယ်ရင်းနဲ့ သံယောဇဉ်တွေ ဖြစ်သွားကြတာ''
''နှုတ်ခမ်းပဲ့ချင်း မီးမှု တ်သလို ဖြစ်တော့မှာ ပဲ၊ သူက ချို့တဲ့ ကိုယ်က အဆင်မပြေနဲ့''
''အဲဒါကြောင့် ငါလည်း သူ့ကိုတင့်တောင်းတင့်တယ်လေး ထား ချင်လို့ ကြိုးစားနေတာပေါ့ကွာ၊ အိမ်ငှားဘဝနဲ့တော့ သားသမီးတွေ အထိ ဆင်းရဲဒဏ် မထိစေချင်ဘူး''
''ရည်ရွယ်ချက် ကောင်းတယ်၊ မင်းလို ကြိုတွေးတတ်တဲ့မိဘ တွေ ချည်းပဲဆိုရင် ငါ့လို မိဘက စွန့်ပစ်လို့ အရူးမက မွေးစားခံရတဲ့ ကလေးမျိုးတွေ မရှိတော့ဘူးပေါ့''
ဒီအကြောင်းကိုပြောတိုင်း နေစကြာ အသံက နားကျင်ကြေကွဲလျက်ရှိသည်။ ရီဝေနေသည်ထင်ရသော်လည်း မျက်ဝန်းများ က နာ ကြည်းမျက်ရည်ရိပ်များ ကြောင့် စူးရှလက်တောက်နေ၏ ။
ထမင်းကြော်ကိုတောင် မစားချင်တော့သလို ဘေးမှာ ချထား လိုက်သည်။
ပြန်မတွေးချင်သော်လည်း ဒဏ်ရာက အစိမ်းသက်သက်။
''ဘာ ဖြစ်လို့လဲ စားလေကွာ၊ ငါ ကြော်ထားတာ မကောင်းလို့လား''
''မဟုတ်ပါဘူးကွာ၊ ငါ ဘာလုပ်ပေးရမလဲ ပြောလေ''
''ရပါတယ် နေစကြာရာ၊ တစ်ရက်နှစ် ရက်တော့ အနားယူလိုက်ပါဦး၊ ငါက တစ်ယောက် တည်းလုပ်ရတာ အလေ့အကျင့်ရနေပြီကွ''
''ဘယ်ဟုတ်မလဲ၊ အလကား ထိုင်စားရမှာ အားနာပါတယ်''
''ကဲ အဲဒါဆိုလည်း မင်းသဘော၊ ဆိုင်းထမ်းထမ်းဖို့သာ ပြင်ထား''
''တောမှာ ကြီးပြင်းလာတာ ဖြစ်တယ် ဟိတ်ကောင်၊ ထောင်ထဲမှာ ဒီထက်ပင်ပန်းတာတွေ တောင် လုပ်ခဲ့ရသေးတယ်''
နေစကြာ အပြောနှင့်အလုပ် ညီပါသည်။ ဖိုးတွတ် ဆိုင်းထမ်း ကို ပေါ့ပေါ့ပါးပါးပင် သယ်၍ လိုက်ပို့သည်။ ဟိုရောက်တော့ ဖိုးတွတ်ကို ကူခင်းပေး၏ ။
ခဏအကြာမှာ ဟိုဘက်ဒီဘက် ဝက်သားတုတ်ထိုးသည်နှင့် မုန့်လက်ဆောင်း ရွှေရင်အေးသည်ပါ ရောက်လာသည်။
ဒီနားဝန်းကျင်က ကားတွေ လူတွေ အနည်းငယ်ရှင်းပေမယ့် သင်တန်းရှေ့က ကားပါကင်မှာ နေရာပြည့်သွားတော့ တချို့ကားတွေ ဒီဘက်မှာ လာရပ်ကြသည်။
''တို့ဟူးသုပ် တစ်ပွဲပေးပါ''
''ဒီကို မုန့်တီတစ်ပွဲ၊ ငါးဖယ်နဲ့ချဉ်ချဉ်စပ်စပ်လေး''
ဖိုးတွတ် အရင်ဆုံး ဈေးဦးပေါက်သည်။ ရှောက်သီးသုပ်၊ ထမင်း သုပ် လက်မလည်အောင် ဖြစ်သွား၏ ။
''ညီမလေး ဒီဘက်ခုံကို နေရာရွှေ့ပေးလိုက် ပါလား၊ နောက်လူ ထိုင်လို့ အဆင်ပြေအောင်နော်၊ အေး ဟုတ်တယ် ကျေးဇူးတင်တယ်နော် ညီမလေး''
''ညီမလေး အစပ်စားမလား၊ နံနံပင်လေးလည်း ထည့်လိုက် မယ်နော်''
ဖိုးတွတ်က ပါးစပ်ကလည်း ပေါက်ပေါက်ဖောက်၊ လက်ကလည်း သွက်သွက်မြန်မြန် ဇယ်ဆက်နေသည်။
သူလည်း ယောင်တောင်တောင် ရပ်နေချိန်ပင်မရပါ။ ဟင်းရည် ထည့်ပေး၊ ခုံရွှေ့ပေးနှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။
တုတ်ထိုးသည်နှင့် မုန့်လက်ဆောင်းသည်လည်း သူ့လူနဲ့သူ ရောင်းနေရ၏ ။
နာရီဝက်လောက်နေတော့ လူတွေ ကြဲပါးသွားပြန်သည်။
''သင်တန်းတစ်ချိန်တက်ပြီကွ၊ လမ်းသွားလမ်းလာ တချို့ တလေပဲ ဝင်ထိုင်တော့မှာ ၊ မင်းရော ဘာစားမလဲ စားလေ''
''မစားချင်သေးပါဘူးကွာ၊ ခဏထိုင်လိုက်ဦးမယ်''
ခြေဆန့်လက်ဆန့် ဝင်ထိုင်ရင်းမှ နေစကြာ မျက်လုံးများ တုတ် ထိုးဆိုင်ဘက် ရောက်သွားသည်။
အသက်သုံးဆယ်ဝန်းကျင်ခန့် လူ တစ်ယောက် ။
ယောပုဆိုး၊ လည်ကတုံးအဖြူတိုက်ပုံ မီးခိုးရောင် နှင့် ဆံပင် ကေ ခေါင်းလိမ်းဆီလိမ်းဖြီးသင်ထားသည်မို့၊ ပုံကျသေသပ်ကာ တကယ့် လူကြီးလူကောင်း စတိုင်။
ဒါပေမဲ့ တုတ်ထိုးစားနေသော မိန်းကလေး တစ်ယောက် ရဲ့ စလင်းဘတ်အိတ်ကို မကြာခဏ ခိုးခိုးကြည့်နေသည်။
သူ ဖိုးတွတ်ကို လက်တို့ကာ မေးငေါ့ပြလိုက်၏ ။
''အဲဒီ လူက ဘာအထာလဲ ဖိုးတွတ်၊ လူပုံကြည့်ရတာ က ဘုရား ဒကာ ကျောင်းဒကာလိုလိုနဲ့''
''အထင်မကြီးနဲ့ အဲဒီ လူ ခါးပိုက်နှိုက်''
''ဘာ ဟုတ်လို့လား''
''သြော် မွေးရာပါဗီဇလို့ ပြောကြတာပဲ၊ မခိုးရ မနေနိုင်ဘူးတဲ့၊ သူလုပ်ပြီဆို လူသိလိုက်တာ မရှိဘူးနော်''
''ဆရာကြီးပေါ့၊ ငါနဲ့ မိတ်ဆက်ပေးပါလား''
''ဘာလုပ်မလို့လဲ''
''ပညာသင်ရတာ ပေါ့၊ မြန်မြန်ကြီးပွားနိုင်မယ့်နည်းပဲ''
''မြန်မြန်လက်ထိပ်နဲ့ နီးမှာ လည်း ပြန်တွေးစမ်းပါကွာ၊ မကောင်းမှု ကို ဘာလို့လုပ်မှာ လဲ၊ ထောင်ထဲပြန်ဝင်နေရဦးမယ်''
နေစကြာ မဲ့ခနဲ ပြုံး၏ ။
''ငါ့လိုကောင်က နောက်က စိုးရိမ်ပေးမယ့် မိဘမရှိဘူး၊ ဝမ်းနည်းငိုကြွေး စိတ်မကောင်း ဖြစ်ပေးမယ့် အသိုက်အဝန်းလည်း မရှိဘူး၊ ထောင်ထဲဝင်ရမှာ ဆန်းသလား''
''ကိုယ်ကျင့်တရားကောင်းအောင် နေတာ၊ မိဘအတွက် အသိုက်အဝန်းအတွက် မဟုတ်ဘူးကွ၊ ကိုယ့်ကိုယ်ကိုယ် ကောင်းဖို့၊ သိက္ခာရှိဖို့ပဲ၊ သူများ လေးစားခံရအောင် မနေနိုင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ပြန်လေးစားတတ်ဖို့တော့ လိုတာပေါ့''
''ငါ့ကို မွေးထုတ်ခဲ့တဲ့သူတွေ တောင် အဲလို မနေကြဘဲနဲ့ ငါက ဘာကောင်မို့ နေရမလဲ၊ မိဘစွန့်ပစ်ခံရတဲ့ အရူးမသား ထောင်ထွက်ကွ၊ မင်းကိုတော့ အားနာပါတယ်၊ ငါ့အရင်းအနှီးတွေ ဟိုကောင်မလေး သမ သွားတော့ ဒီနည်းနဲ့ ငွေကို ပြန်ရှာရမှာ ပဲ''
''ကဲ မင်းသဘော၊ အဲဒီ လူနဲ့ မိတ်ဆက်ပေးမယ် ဟုတ်ပြီလား ခဏစောင့်''
ဖိုးတွတ်က လုပ်ကြည့်ဆိုသည့် သဘောဆိုပေမယ့် အားပေးတာ လည်း မဟုတ်။ တိုက်တွန်းခြင်းမပါဘဲ ထိုလူကို လက်ယပ်လှမ်းခေါ်သည်။ ထိုလူက ပုဆိုးပြင်ဝတ် အင်္ကျီကို သေသပ်အောင် ဆွဲသပ်ပြီးမှ ထလာ၏ ။ တကယ်ကို သူခိုးဂျပိုး ခါးပိုက်နှိုက်ပုံစံမပေါက်။
''ဒီနေ့ ခရီးမထွက်သေးဘူးလား ကိုစံလင်း''
''လက်မှတ်ဖြတ်ပြီးသားပါ၊ အချိန်ကောင်းစောင့်နေတာ၊ ဗိုက် မဆာသေးလို့လေ''
ဖိုးတွတ်နှင့် ကိုစံလင်းဆိုသည့်လူ အထာနှင့် စကားပြောနေတာ သူ နားမလည်။ ကိုစံလင်း အနားမှာ ဝင်ထိုင်တော့ ရေမွှေးနံ့က ခေါင်းမူး လောက်ပေ၏ ။
''ကိုစံလင်း ဘာစားမလဲ၊ ကျွန်တော့် လက်ရာလေး''
''တော် ပါပြီကွာ၊ မင်း ဘာကိစ္စရှိလို့ ငါ့ကိုခေါ်တာလဲ''
''ဒီမယ်လေ၊ ကျွန်တော့် သူငယ်ချင်းက ကိုစံလင်းကို ဆရာတင် ချင်လို့တဲ့၊ မွေးရာပါ ဗီဇမပါရင် အန္တရာယ်များ တာ သူ မသိဘူး''
ကိုစံလင်းက ခပ်ပြုံးပြုံးနှင့် သူ့ကိုလှည့်ကြည့်၏ ။
''နေစကြာပါ''
ကိုစံလင်း သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်ကာ နှာခေါင်းရှုံ့၏ ။
''မင်းက သူခိုးဂျပိုးရုပ်ပဲ၊ ဒီပုံစံနဲ့တော့ ကားပေါ်မှာ ကျွန်မ ပိုက်ဆံအိတ်ပါသွားလို့ပါတော် လို့ အော်လိုက်တာနဲ့ မင်းကို အရင်ဆုံး မျက်စောင်းထိုးကြမှာ ၊ ပြီးရင် အမေးအမြန်းမရှိ ရဲလက်အပ်ပြီသာမှတ်''
''ဗျာ''
''ငါ့ကိုကြည့်၊ သူခိုး ခါးပိုက်နှိုက်လို့ မင်းထင်လား''
''မ မထင်ဘူး၊ ကျွန်တော် က ဘုရားဒကာ ကျောင်းဒကာလူ ချမ်းသာ၊ အဲလိုမျိုး အောက်မေ့တာ၊ ဖိုးတွတ်ပြောမှပဲ''
''အေး အဲဒါပဲ ညီရ၊ ဟန်သူ့ဖို့ ဟန်ကိုယ့်ဖို့ဆိုတဲ့ စကား ကြားဖူးတယ် မဟုတ်လား၊ လူကြီးလူကောင်းပုံစံ အရမ်းစမတ်ကျတဲ့ ကိုယ့်စတိုင်ကို ဘယ်သူက သူခိုးပါ ခါးပိုက်နှိုက်ပါလို့ ထင်မှာ လဲ၊ ထင် ယောင်ထင်မှား လာလုပ်ရင်တောင် ကိုယ်က ပြန်ပြီး စွပ်စွဲလို့ အသရေ ဖျက်မှု နဲ့ တိုင်တန်းလို့ ရသေးတယ်နော်''
ဆောင့်ကြွားကြွား ပြောနေပုံက တကယ့်ကို အထင်ကြီးစရာ။ အတည်ပေါက်လုပ်စားတာလည်း ပညာလို၏ ။ ကိုစံလင်းက ပညာရှင်ဆိုတော့ ဆည်းပူးချည်းကပ်ရမှာ ပေါ့။
''ကျွန်တော် အစ်ကို့ဆီမှာ တပည့်ခံချင်ပါတယ်၊ ပညာတွေ သင်ပေးပါ အစ်ကို''
''နိုး နိုး ဒါမျိုးလွယ်လွယ်တော့ မရဘူးလေ''
''ဗျာ ဥာဏ်ပူဇော်ခ ပေးရဦးမှာ လား၊ ကျွန်တော့် မှာ တစ်ပြားမှ မရှိလို့ အစ်ကို့ကို အကူအညီတောင်းတာပါ''
''အဲဒါ မဟုတ်ပါဘူးကွာ၊ မင်းပုံစံက သူခိုးဂျပိုးပုံပေါက်နေတယ်၊ ဆံပင်ကရှည်၊ မုတ်ဆိတ်မွေး ပါးမြိုင်းမွေးက ဗလဗျစ်၊ အဝတ်အစားကလည်း အနံ့တွေ ထွက်ပြီး ပျို့အန်ချင်စရာ''
ကိုစံလင်း မသတီသလို နှာခေါင်းရှုံ့ပြောနေမှ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်မိသည်။ ဖိုးတွတ်ကလည်း သူ့ကိုကြည့်၍ ရယ်၏ ။
''ကိုစံလင်းရေ ဒီကောင်က ခြေသလုံးအိမ်တိုင် တစ်ကောင် ကြွက်ဗျ၊ ပါလာတဲ့ ပိုက်ဆံကလည်း မိန်းကလေး တစ်ယောက် က အထက် တန်းကျကျ ဘတ်သွားတာ ခံလိုက်ရတယ်လေ၊ ကိုစံလင်းဘာသာ ကြည့်ရှု ပြီး စောင့်ရှောက်လိုက်ပါတော့''
''ဟ ငါက ဆံထုံးလည်းစိုက်၊ ဆီလည်းစိုက်ရမှာ လား၊ ဥာဏ် ပူဇော်ခ မရတဲ့အပြင် အရင်းအနှီးပါ ထုတ်ပေးရရင် ဂွမ်းပြီပေါ့၊ ပညာရှင် သိက္ခာကျပါတယ်၊ ဘယ်လိုကြီးလဲ''
ပြောနေပေမယ့် ကိုစံလင်းက သဘောကောင်းစွာ ရယ်လို့ပါ။ တတ်ကျွမ်းသည့်ပညာနှင့် လုပ်စားနေပေမယ့် ပျော်ပျော်နေတတ်ဟန် တူသည်။
သူက မျက်နှာငယ်လေးနှင့်
''ကျေးဇူးမမေ့ပါဘူး အစ်ကိုရာ၊ မပြည့်စုံရတဲ့အထဲ မိန်းကလေး တစ်ယောက် ကြောင့် ပိုပြီး အခြေမဲ့အနေမဲ့ ဖြစ်သွားရတာ ပါ၊ အဲဒီ ကောင် မလေးကို တွေ့ ရင် တွေ့ ရာသင်္ချိုင်း ဓားမဆိုင်းပဲ''
ကိုစံလင်းက ဆရာကြီးစတိုင်နှင့်ပြုံးပြီး သူ့ပခုံးကို ဖတ်ခနဲ လှမ်းပုတ်ကာ
''ခံခဲ့ရတာ ကို နောင်တမရနဲ့၊ အဲဒါ အတွေ့ အကြုံနဲ့ သင်ခန်းစာ လို့ အောက်မေ့၊ ကဲပါကွာ ဖိုးတွတ် မျက်နှာနဲ့ ကူညီရမှာ ပေါ့၊ ငါ ဘာ ကောင်လဲဆိုတာ သူတို့ သိတယ်၊ ဘာလုပ်တယ်ဆိုတာလည်း သိတာပဲ၊ ဒါပေမဲ့ ငါ့ကို တိုင်တာတောတာတွေ ရှုတ်ချတာတွေ မလုပ်ကြဘူး၊ ဒါ ကလည်း အပေါင်းအသင်းကောင်း မိတ်ဆွေကောင်းပဲ မဟုတ်လား''
''ဒီကောင်ကို မလုပ်သင့်ဘူးလို့ တားသေးတယ်၊ အနှောင်အဖွဲ့ မရှိတော့ အဲဒါကို စိတ်သန်နေတယ်လေ၊ ကိုစံလင်းကို အပ်ပါတယ်ဗျာ၊ အလုပ်တစ်ခုကို လုပ်ကြည့်ပြီးမှ အမှားအမှန် ခွဲခြားတတ်မှာ ၊ သူ့ကို မကန့်ကွက်ဘူး၊ မတိုက်တွန်းဘူး၊ လုပ်ချင်တာကို လုပ်ကြည့်လို့ လွှတ်ထား လိုက်တယ်''
မျက်နှာလွှဲ ခဲပစ် မဟုတ်ပေမယ့် ဖိုးတွတ်ပြောတာက ပြတ် သည်။ ကိုယ့်သဘောကိုယ်ဆောင်၊ ကိုယ် ဖြစ်ကိုယ်ခံ။
အတွေ့ အကြုံအနေနဲ့ပဲ ဖြစ် ဖြစ် ဝမ်းစာအတွက် ဖြေရှင်းဖို့ပဲ ဖြစ် ဖြစ် သူ ကတော့ ဒီလမ်းကြောင်းပေါ်ကို လျှောက်ဖို့...။
အခန်း (၄)
ဆံပင်တွေ ညှပ်ပစ်ရသည်။ ပါးမြိုင်းမွှေး မုတ်ဆိတ်မွှေးတွေ ရိတ်သင်ပစ်ရ၏ ။
အဝတ်အစားကို ကိုစံလင်းက သုံးစုံခန့် ဝယ်ပေးသည်။
''မင်းက လူငယ်ပဲ၊ ခေတ်နဲ့လျော်ညီတာ ဝတ်ရင် ဖြစ်တယ်၊ ငါက လူလတ်ပိုင်းဆိုပေမယ့် မင်းလို ရုပ်ပြစားစရာမရှိတော့ လူကြီး လူကောင်းဆန်ဆန် ဝတ်စားမှ ခန့်မှာ ''
အဲလိုပြောပြီး ရှူးဖိနပ်ကအစ လူငယ်စတိုင် အလန်းစား ဝယ်ပေး၏ ။
''လူမှာ အဝတ် တောင်းမှာ အကွပ်တဲ့၊ လူရှိန်အောင် ပြဖို့ ပါဝါ လိုတယ်၊ လူအချင်းချင်း လေးစားတာ အပေါ်ယံ ပကာသနကြောင့် ကွ၊ ဟိတ်နဲ့ဟန်နဲ့ရှိမှ သူများ ကို ဦးချိုးလို့ရတာ ''
ပညာမစုံသေးပေမယ့် စကားအစုံတော့ ကြားရပါသည်။
''ခါးပိုက်နှိုက်တယ်ဆိုတာ လွယ်တဲ့အလုပ်လို့ မထင်နဲ့၊ မျက်လုံး နဲ့ ဦးနှောက်ကို တစ်ပြိုင်နက်တည်း အသုံးချရတာ ၊ အကွက်ရွှေ့မှားရင် နံရံနောက်မှာ ကွေးဖို့သာ ပြင်ထား''
ခြိမ်းခြောက်တာ မဟုတ်ပေမယ့် ဒါ အမှန်တရားဆိုတာ သူ လက်ခံသည်။ ကိုစံလင်းနှင့်နှစ် ခေါက်သုံးခေါက် တွဲ လုပ်ချိန်မှာ တောင် သူ ရင်ခုန်စိတ်လှုပ်ရှားကာ တုန်ချိလို့။
''ဒါ အစမို့လို့ပါ၊ နောက်ဆို ထမင်းစားရေသောက် ပါးပါးလေး လှမ်းလိုက်ရုံနဲ့ အိတ်ဖောင်းသွားမယ်၊ အမြဲတစေ ကောင်းစားမှာ တော့ မဟုတ်ဘူးနော်၊ အသက်လုပြေးရတာ ရှိမယ်၊ အလိမ်အကောက်နဲ့ အတည်ပေါက်လုပ်ရတာ တွေ လည်း ရှိမယ်၊ မှင်မောင်းကောင်းဖို့တော့ လိုတယ်၊ မျက်လုံးနဲ့နားကို အသေမထားနဲ့၊ သားကောင်တွေ့ ရင် လွတ် သွားမှာ စိုးရိမ်ကြီးပြီး ဣနြေ္ဒပျက်ရင် ဂွမ်းပြီ''
သင်ပေးတာက ဟာကွက်မရှိအောင် စနစ်တကျပါ။ သူကိုယ် တိုင်က ဗီဇမပါလို့ မကျွမ်းကျင်တာလားတော့ မသိ။
''ဒီနေ့ ဂွင်တွေ့ တာ အကြီးကြီးဗျ၊ ဒါပေမဲ့ သားကောင်က သူ့ အထုပ်သူ သေချာပိုက်ထားတာ၊ မျက်လုံးတွေ ညောင်းသွားတယ်ဗျာ၊ အလုပ်မ ဖြစ်ဘူး''
''မတော် လောဘ ခေါ်တောမျက်လုံးနဲ့ ကြည့်နေမှတော့ မင်း ကို မသင်္ကာ ဖြစ်ပြီး အထုပ်ကို ချပြပါတော့မလား၊ လက်ဆုပ်လက်ကိုင် မပြနိုင်လို့ ရဲလက်မအပ်တာ ကံကောင်း''
ကိုစံလင်း ထိုသို့ သတိပေးပြီးနောက်ပိုင်းမှာ တော့ သူ အတတ် နိုင်ဆုံး ဆင်ခြင်ခဲ့ပါသည်။ အဲဒီ နောက်ပိုင်းမှာ တော့ သူ အလုပ်လုပ်ရတာ နည်းနည်း အဆင်ပြေလာသည်။
ဒီနေ့ ဖိုးတွတ်အတွက် ဘီယာတစ်ဂျားနှင့် ကြက်ကင်ဝယ်လာ ခဲ့၏ ။ ဖိုးတွတ်က ကပျာကယာ ထလာ၏ ။
''ဒီနေ့ စောလှချည်လား နေစကြာ၊ နေ့တွက်ကိုက်လာလို့လား''
''ဆိုပါတော့၊ မင်းကို ဧည့်ခံချင်လို့ စံကြီးဆီက လမ်းကြောင်း ရွှေ့လာတာ၊ ပင်ပန်းနေတယ် မဟုတ်လား လာကွာ''
''သူများ မျက်ရည်ပေါက်ကြီးငယ်ကျမှ ဒါမျိုးမြင်ရတာ မျိုမကျ ပါဘူးကွာ''
''အဲလိုလုပ်လို့ ဘယ်သူက ဂုဏ်ထူးဆောင်ဘွဲ့ ပေးမှာ မို့လဲ၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုတာ အရင်တကည်းက ရှိခဲ့တဲ့ စကားပါ''
ဒီဘဝမှာ မင်း ပျော်မွေ့နေပြီလား''
''စိတ်မပူနဲ့၊ ကောင်းရောင်းကောင်းဝယ် လုပ်စားဖို့ အရင်းအနှီး ပြည့်တဲ့နေ့အထိ လုပ်စားမှာ ၊ ငါ ချမ်းသာချင်တယ်ကွ''
''ဒီလိုနည်းလမ်းနဲ့ ချမ်းသာလည်း ဘယ်လောက်ထိ တည်မြဲ မှာ မို့လဲ''
''တရားမနာပါစေနဲ့ကွာ၊ နာမည် ကောင်းလက်မှတ်ရအောင် လုပ်လည်း ဘယ်သူကမှ ငါ့ကို မချီးမွမ်းပါဘူး၊ ဖြစ်သလို ကြုံသလိုနေ ရတာ ပိုပြီးလွတ်လပ်တယ်၊ ငါက ကြုံရာကျပန်းကောင်ပဲ၊ လာ စကား မများ နဲ့၊ မင်း မသောက်ရင် ငါ အကုန်သောက်ပစ်မှာ ''
နေစကြာ အရင်လို မဟုတ်တော့။ ဘီယာလေးတမြမြ၊ အဝတ် အစားလေး တသသ၊ ငွေလေး တရွှင်ရွှင်ဖြင့် သူ ဖြစ်နေသော ဘဝကို ကျေနပ်နေသလိုပင်။ တရားချလို့မရမည့် အတူတူ ဖိုးတုတ် ဘီယာဝိုင်း ထိုင်လိုက်၏ ။
တစ်ခွက်စီ ကောက်မော့ပြီးချိန်မှာ နေစကြာက ဖိုးတွတ်ရှေ့ တစ်ထောင်တန် တစ်အုပ် ပစ်ချပေး၏ ။
''မင်း အသုံးလိုရင်လည်း သုံး၊ မိန်းမယူဖို့ စုမယ်ဆိုလည်းစု''
''မင်းအတွက်ပဲ မင်းလုပ်ပါ၊ ငါက ငါ့ဘာသာ အေးဆေးစု ဆောင်းလို့ ရတယ်''
''မသန့်ရှင်းဘူး ထင်လို့လား၊ ချို့တဲ့တဲ့သူတွေ ဆီက သတ်ထား တာ မဟုတ်ဘူး၊ ချမ်းသာတဲ့သူတွေ ဆီကဆိုလည်း သူတို့အတွက် ဆင်ပိန် ရင် ကျွဲလောက် ကျန်ပါတယ်၊ မျက်ရည်ကျလောက်အောင် ဘာမှ ဖြစ် မသွားဘူး''
''မျက်ရည်မကျပေမယ့် စိတ်ထိခိုက်ရမှာ ပဲလေ၊ ချမ်းသာတဲ့ သူတွေ လည်း သွေးနဲ့ချွေးနဲ့ ရှာထားတာ မဟုတ်တောင် ငွေကို ငွေနဲ့ ရင်းပြီး ဦးနှောက်အပင်ပန်းခံထားရတာ ပဲ၊ မင်းလည်း အလွယ်တကူ ရထားတာ မဟုတ်ဘူး မဟုတ်လား၊ ထောင်နှုတ်ခမ်းပေါ်နင်း အသက်နဲ့ ရင်းရတာ ၊ ငါ အချောင်မယူရက်လို့ပါကွာ''
ဘီယာတစ်ကျိုက်ရှိုက်၊ အမြည်းတစ်ဖတ်ကောက်ဝါးပြီး နေ စကြာ ပြုံးသည်။ ဒါပေမဲ့ မဲ့လိုက်သလို ဖြစ်ကာ
''ငါ့အတွက် တွေးပေးတာ မင်း တစ်ယောက် ပဲ ရှိတယ်၊ စာနာ စိတ်နဲ့ပဲ ဖြစ် ဖြစ် မသတီလို့ပဲ ဖြစ် ဖြစ် ကျေးဇူးတင်တယ်''
''မကောင်းတဲ့ ကံကြမ္မာကို ထပ်ပြီး အရွဲ့တိုက်နေတာ၊ ကိုယ့် အတွက်နာမည် ကောင်းမကျန်နိုင်ဘူးကွ၊ အနာဂတ်ကောင်းဖို့ အချိန်တွေ အများ ကြီး ကြိုးစားချိန်ရပါသေးတယ်''
''ဘယ်သူ့သားပါလို့ ဂုဏ်ထည်ဝါစရာမှ မလိုဘဲ၊ ကိုယ့်ကိုယ် ကိုယ် လက်မထောင်လောက်အောင်လည်း အရည်အချင်း မရှိပါဘူးကွာ၊ ဘဝဆိုတာ ဒါပါလားလို့ ကြည်နူးစရာ ပြယုဂ်တွေ လည်း မရှိပါဘူး၊ ငါ့ကို ဒီလို ဖြစ်အောင် တွန်းပို့ခဲ့တာ တာဝန်မဲ့ခဲ့တဲ့ မိဘတွေ ပဲ''
အရွဲ့တိုက်ပြီး ဘဝကို ရေစုံမျောနေတာ သိသိကြီးနှင့် အရွဲ့ နေတာလားလို့ ထေ့ငေါ့ပြီးလည်း မမေးချင်တော့။
တကယ်ဆို သန့်ပြန့်ချောမောသော နေစကြာရုပ်ရည်က ဒီ အလုပ်နှင့် လုံးဝမလိုက်ဖက်ပါ။
ဒါပေမဲ့လည်း ဘာမှမပြောသာသည့် အခြေအနေမှာ ...။
ကိုစံလင်းနှင့်နေစကြာ လူအရမ်းစည်ကားသော ရုပ်ရှင်ရုံနှင့် ကုန်တိုက်အနီးမှာ ရောက်နေကြသည်။ ရုပ်ရှင်ရုံလွှတ်ချိန်ဆို ကုန်တိုက် ကို ဝင်သည့်ထွက်သည့်လူတွေ နှင့် ရောနှောသွားကာ ရုန်းရင်းဆန်ခတ် အလုအယက်။
ဒါကို အခွင့်ကောင်းယူကာ လှုပ်ရှားကြမည် ဟု ကိုစံလင်းက တိုင်ပင်ထားသည်။
''နေစကြာ မင်း တစ်ယောက် တည်း ဖြစ်မလား''
''ဗျာ''
''ကုန်တိုက်ထဲဝင်သွားတဲ့ တစ်ယောက် ကို ငါ လိုက်ချက်ချင် တယ်၊ မင်း ရုပ်ရှင်ရုံအလွှတ်ကို စောင့်လိုက်''
'' ဖြစ်ပါ့မလား''
''ငါ့ကိုပဲ အားကိုးမနေနဲ့၊ မင်းအစွမ်းအစနဲ့ လှုပ်ရှားကြည့်၊ ဂွင်တော့ အပျက်မခံနဲ့နော်၊ မင်းရောငါရော ရေပြတ်နေပြီ''
''ဟုတ်ကဲ့ ဒီနေ့ရအောင် ဖန်မယ်''
ယုံကြည်မှု အပြည့်နှင့် လက်ဝါးချင်းရိုက်ပြီးချိန်မှာ ကိုစံလင်း ခပ်သုတ်သုတ်ပင် ကုန်တိုက်ဘက် ထွက်သွားသည်။
''ဟူး''
သူ လေပူတွေ မှု တ်ထုတ်ပြီးမှ အားတင်းလိုက်၏ ။ ခဏအကြာ မှာ ရုပ်ရှင်ရုံထဲက လူတွေ တစ်ပြုံကြီး ဆင်းလာသည်။ ကွမ်းယာဆိုင် ကို ကွယ်ရပ်နေရာမှ လူအုပ်ကြားထဲ တိုးဝင်ပစ်လိုက်သည်။
''ဟင်''
အပျော့သား လည်ဟိုက် ကျောဟိုက်ဝတ်ထားသော ကောင်မလေးရဲ့ ဂုတ်ပိုးဝင်းဝင်း အိအိစက်စက်လေးပေါ်မှာ မက်လောက်စရာ ရွှေဆွဲကြိုးလေး။
အလေးချိန် ဘယ်လောက်ရှိမှန်း မခန့်မှန်းတတ်ပေမယ့် အဝတ်အစား လန်းလန်းလေးနှင့် ဒီဇိုင်းမိုက်မိုက်လေးကို ကြည့်ရသည်မှာ တန်ဖိုးနည်းနည်း ဝတ်တတ်မည့် အတန်းအစားမျိုး မဟုတ်ပေ။ သူ့ရှေ့ ကနေ တိုးဝှေ့၍ သူငယ်ချင်းတွေ နှင့် ဗလစ်ဆန်အောင် စကားတွေ ဖောင်ဖွဲ့နေသော ကောင်မလေးကို သူ လုံးဝ အလွတ်မပေးတော့။
လူတိုင်းက သူ့အာရုံနှင့်သူ။
သူ့လို အကြံရှိနေသူကသာ ဘေးဘီကို အကဲခတ်ပြီး ကိုစံလင်း ဆီက သင်ယူထားသော ပညာကို အသုံးချဖို့ ကြိုးစားလိုက်သည်။
''ဟား ပြီးပြီ''
ကောင်မလေး ဂုတ်ပိုးပေါ်က လက်ကို အမြန်ရုပ်၍ လက်ထဲ ပါလာ ဆွဲကြိုးလေးကို ဘောင်းဘီအိတ်ထဲ အမြန်ထည့်လိုက်သည်။ ပြီးတော့ လူအုပ်ကြားကနေ လှစ်ခနဲ တိုးထွက်လိုက်၏ ။
''အံမယ်လေး လုပ်ကြပါဦး၊ ဆွဲကြိုး ကျွန်မ ဆွဲကြိုး ခါးပိုက် နှိုက်ဆီ ပါသွားပြီ၊ အမြန်ဖမ်းပေးကြပါ''
''ဟိုက်''
သူ အဝေးကြီးမရောက်ခင်မှာ ပင် ကောင်မလေး ဘယ်လိုလုပ် သူမ ဆွဲကြိုးမရှိတော့တာကို သိသွားသည်မသိ။
သူ တုံ့ဆိုင်းနေလို့ မ ဖြစ်။
မိသွားလို့ ကတော့ အသက်နဲ့ကိုယ် အိုးစားကွဲသွားနိုင်သည်။ ဆွမ်းကြီးလောင်းလိုက်မည့်  လူအုပ်ကြီးက မနည်းမနော။
ဦးထုပ်ကို မျက်နှာရှေ့ ခပ်ငိုက်ငိုက်ဆောင်း၍ ထိုနေရာကနေ ဣနြေ္ဒပင် မဆည်နိုင်ဘဲ ပြေးထွက်လာခဲ့သည်။
''ဟင်''
''ဟာ''
''ပြေးသွားတာ ခါးပိုက်နှိုက်ပဲ ဖြစ်မယ် လိုက် လိုက်''
''လူကြားထဲမှာ ဒီလောက် အတင့်ရဲတာ အသေသတ်ပစ်ကွာ''
''အရိုးတခြား အသားတခြား ဖြစ်အောင် ဆွဲဆုတ်ပစ်လိုက်၊ လက်သည်မပေါ်စေနဲ့''
အံမယ်လေး အသံတွေ က ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့ပြီ ဖြစ်ပေမယ့် ရှူးရှူးထွက်ကျလောက်အောင် အသည်းယားစရာ။
မိများ မိလိုက်လို့ ကတော့ အသက် ဘယ်ကထွက်ရမှန်းမသိ အောင် ဖြစ်သွားလိမ့်မည် ထင်၏ ။
''တက္ကစီ''
တက္ကစီကို လက်ပြတားကာ ထိုနေရာနှင့် အဝေးဆုံးဝေးနိုင် မည့် နေရာကို သုတ်ခြေတင်ခဲ့သည်။
''ဟား ကံကောင်းလို့''
စားသောက်ဆိုင်တစ်ခုရှေ့ရောက်မှ ကားကိုရပ်ခိုင်းပြီး ဆိုင်ထဲ ဝင်ခဲ့၏ ။ ဘီယာတစ်ခွက်မှာ ကာ တစ်ရှိန်ထိုး မော့သောက်ပြီး အမောဖြေ လိုက်သည်။
ကိုစံလင်းတော့ သူ့ကို ဘယ်လိုပြောမည် မသိ။ သူနဲ့ခွဲလုပ်လုပ် ချင်း အခက်အခဲက တန်းခနဲ ကြုံသည်။
ကိုစံလင်းဆို ပါးပါးလေး ထမင်းစားရေသောက် လုပ်သွားတာ။ အခုမှ ဘောင်းဘီအိတ်ထဲက ကြိုးလေးကို ဘယ်သူမှမမြင်အောင် မသိ မသာ ယူကြည့်လိုက်၏ ။
''အားပါးပါး လှလှချည်လား၊ ဒါမျိုး တစ်ခါမှတောင် မမြင်ဖူး ဘူး''
နှုတ်က လွှတ်ခနဲ ထွက်သွားမိသည်အထိ ပစ္စည်းလေးအပေါ် မှာ ရင်ခုန်သွားသည်။ ကြိုးက နှစ် ကျပ်သားခန့်ရှိပြီး လော့ကတ်လေးက လည်း ကျောက်တော့ မ ဖြစ်နိုင်။
စိန်ဆိုလျှင် တန်ဖိုးနည်းမှာ မဟုတ်။ သူ့လို နလပိန်းတုံးက တန်ဖိုးမခန့်မှန်းတတ်ပေမယ့် တန်ဖိုးနည်းမည် မဟုတ်တာကိုတော့ သိ နေသည်။
''အိုကေ ဟုတ်ပြီ''
ရွှေကြိုးနှင့်တွဲ ထားသော ကြယ်ပုံလော့ကတ်လေးကို သူ ဖြုတ် လိုက်၏ ။ လော့ကတ်လေးကို ဂျာကင်အင်္ကျီရဲ့ အတွင်းအိတ်ထဲကို သေချာ ထည့်ပြီးမှ ရွှေကြိုးကိုတော့ ဘောင်းဘီအိတ်ထဲမှာ ပင် ပြန်ထည့်လိုက်သည်။ ညစ်ပေသော စိတ်မဟုတ်ပေမယ့် လော့ကတ်လေးကိုတော့ ကိုစံလင်း မသိ အောင် ဘတ်ထားလိုက်၏ ။
ဒီဆွဲကြိုးရတာ လည်း သူ့ရဲ့ အောင်မြင်မှု ပေါ့။ ဘာမှမရဘူးပြော လည်း ကိုစံလင်း ဘာမှတတ်နိုင်မှာ မဟုတ်။
သူ ကတော့ စိတ်တွေ ကယောက် ကယက် လှုပ်ရှားကာ ရင်တွေ ခုန်လို့...။
![]() အောက်ဆီဂျင်ငတ်နေတဲ့ပုစ္ဆာ | ![]() အမြဲတမ်း ဇာတ်လိုက် | ![]() လောက၏ပြတင်းများ အပါအဝင်ဝတ္ထုတိုများ |