
အတိတ်ခရီး-ရှေ့ခရီး
(အုတ်ဖုတ်မြေမှ မီးခိုးများ တွက် - နိုင်ဝင်းဆွေ၏ နိဒါန်းအမှာ )
(က)
(၁)
သူငယ်ချင်းရေ
မင်းနဲ့ငါလေ၊ ဟိုခါတုန်းက
အနုပညာ၊ စိတ်သာကဲကြည့်
ပေါင်းစည်းမိကြ။
ထိုသို့ လျှင် ကိုကြည်နိုင်က သူ၏ “ရှေးခရီး” အမည်ပေးထားသည့် ကဗျာများ ကို ဖွင့်လိုက် သည်။ ကျွန်တော် စာတစ်ပုဒ်ရေးရန် လ, အတန်ကြာ ရန်ကုန်မှခွာကာ အမေ့အိမ်ပြန်နေခိုက် သူ သည် ကျွန်တော့်ကို သတိတရဖြင့် ဤကဗျာလေးကို ရေးဖြစ်လေသည်။
“သူငယ်ချင်းရေ” ဟု သူသည် ကျွန်တော့်ကို လှမ်းခေါ်တသလိုက်သည်။
သံချိုကြည်မော
နွေတယောရှင်
ဥသြပီ့ပီ လွမ်းတေးသီသံ။
ပါနုပါမှု န်
နံ့သာထုံသ
နှမငယ်ကျွမ်း၊ တောကျေးမှန်းလို့
ဆည်းဆာနေညို၊ ချိုးမ, ငိုလို့
ချိုး ဖိုပျောက်ရှာ
ကူသံလာရာ၊ မှန်းမိကြ။
ထိုသို့လျှင် သူ့ကဗျာလေးဖြင့် ကျွန်တော်တို့၏ အတိတ်ခရီးကို ရမ်းရော်လေသည်။
သူနှင့် ကျွန်တော်တို့သည် ၁၉၆၇- လောက်၌ အသိဖြစ်ခွင့် ကြုံခဲ့ကြသည်။ ကျွန်တော် တို့သည် စာရေးဆရာမ ကြီး ဒေါ်စိန်စိန်၏ အနုပညာများ ကို ချစ်ခင်သူများ ဖြစ်ကြသည်။ ဒေါ်စိန်စိန် မှတစ်ဆင့် သူနှင့်ကျွန်တော် သိကျွမ်းလာခဲ့ကြသည်။ ဘ၀ဖြတ်သန်းလာရပုံချင်းလည်းတူသူ၊ စိတ် သဘောထားချင်းလည်းတူသူ၊ အနုပညာတပ်မက်သူများ အဖြစ်နှင့်လည်းတူသူ၊ သူနှင့်ကျွန်တော် သည် တိုတောင်းလှသည့် အချိန်ကလေးအတွင်း၌ တစ်ဦးကိုတစ်ဦး နားလည်လေးစား ချစ်ခင်ခဲ့ကြ သည်။ ကျွန်တော်သည် သန်းဆွေ၊ ခင်နှင်းယု၊ ကြည်အေး၊ မင်းဏီ၊ ဂျာနယ်ကျော်မမလေး……တို့ ၏ စာပေအနုပညာများ ကို မြတ်နိုးသူဖြစ်လျက် ဤအချက်တွင်လည်း ကိုကြည်နိုင်နှင့် တစ်သား တည်းကျခဲ့သည်။ ထိုအနုပညာသည်ကြီး ငါးဦး၏ အနုပညာရပ်များ အပေါ် သူနှင့်ကျွန်တော်သည် ကျွန်တော်တို့၏ စူးစိုက်လေ့လာချက်များ ၊ ခံစားတွေ့ထိချက်များ ကို မမောမပန်းပြောခဲ့ကြသည်။ သန်းဆွေ၏ သံသာလေကမ်းတိုင်၊ ခယောင်းတော၊ ယု၊ နှင်းကြွင်းအုံ့ပျတို့မှ စာပိုဒ်အချို့ကို ကျွန်တော်ပြောသောအခါ သူသည် ငြိမ်သက်နားထောင်နေသည်။ ခင်နှင်းယု၏ “မွှေး” ကိုပြောကြ သည်။ မင်းဏီ၏ “ငွေခင်” မှအစ “နုလေး” “မိုးသားတွဲ့ တွဲ့ ” ၀တ္ထုတိုလေးများ မှ “ညောင်းရွက် ကယ်တို့ ကြွေလေဟန်” ရောက်လာကြသည်။ ကြည်အေး၏ “ကျွန်မ အနုပညာသည်” “နွမ်းလျ အိမ်ပြန်” “ မီ” တို့ကို ပြောရင်း ဂျာနယ်ကျော်မမလေး၏ “မုန်း၍ မဟူ” ကို ပြောနေမိကြသည်။
ထိုအခါက ကိုကြည်နိုင်သည် မဂ္ဂဇင်းပါးလေးတစ်စောင် ၌ အခြားကလောင်နာမည်တစ်ခုနှင့် ဆောင်းပါးတိုလေးတစ်ပုဒ်နှင့် ကဗျာတစ်ပုဒ်ရေးခဲ့သည်။ သူ၏ ပထမဆုံးလက်ရာကလေးများ ကပါ သည့် ထိုမဂ္ဂဇင်းနှစ်စောင်ကို အသေအချာချုပ်ကာ သေတ္တာထဲ သိမ်းထားခဲ့သည်။ဤမဂ္ဂဇင်းလေး နှစ်စောင်မှာ သူ့အတွက် အမြတ်နိုးဆုံးရတနာများ ဖြစ်သည်ကို ကျွန်တော် စာနာပါသည်။
ထိုအခါက ကျွန်တော်သည် ရပ်တည်ရာမဲ့၊ ခြေသလုံးအိမ်တိုင်ဖြစ်လျက် အိပ်ရာလိပ် တစ် လိပ် ကျောပိုးကာ နေရာအနှံ့ သွားလာနေထိုင်နေသူဖြစ်သည်။ ဒေါ်စိန်စိန်နှင့်အတူ သူနှင့်ကျွန် တော်သည် ဆရာဦးခင်မောင်လတ်၊ ဆရာမ ကြီးဒေါ်ခင်မျိုးချစ်တို့အိမ်သို့ ရောက်သွားခဲ့ကြသည်။ ဆရာနှင့် အစ်မကြီးတို့၏ အိမ်ဂေဟာမှာ အစဉ်အဆက်အားဖြင့် နားခိုရာမဲ့ အနုပညာသမားများ ခေတ္တနားခိုရာ၊ အမောဖြေရာနေရာဖြစ်သည်။ သော်တာဆွေလည်း ဤနေရာ၌ နေခဲ့ဖူးသည်။ ကြည် အေးလည်း ဤနေရာ၌ နားနေခဲ့ဖူးသည်။ဤနေရာသည် အနုပညာသမားများ နားနေရာလည်းဖြစ်၊ အနုပညာရပ်များ ကို ဖန်တီးရာ ဆွေးနွေးညှိနှိုင်းရာ၊ ငြင်းခုံကြရာနေရာဖြစ်သည်။ အစ်မကြီးသည် အနုပညာသမားဖြစ်၏ ။ ဆရာသည်လည်း လေးနက် သည့် အနုပညာတပ်မက်သူဖြစ်သည်။
ဤနေရာ၌ ကျွန်တော်နှင့် ကိုကြည်နိုင်တို့လည်း ကာလအတိုင်းအတာ တစ်ခုအထိ နေဖြစ်ခဲ့ကြသည်။ ဆရာနှင့် အစ်မကြီးသည် ကျွန်တော်တို့နှစ်ယောက်ကို ဘုရားဆောင်အခန်းတွင် နေခွင့်ပေးထားလိုက်သည်။ ထမင်းကျွေးထားသည်။ ကျွန်တော့်ကျောပေါ်မှ အိပ်ရာလိပ်ကို ဤ ဘုရားဆောင်အဆောက်အအုံတွင် ချထားခွင့် ကြုံရပြန်ပြီ။ သော်တာဆွေနှင့် ကြည်အေးတို့ကို မောင်, ညီမ, နှမလေးများ အဖြစ်ဖြင့် နေခွင့်ပြုခဲ့သည့် အစ်မကြီးနှင့် ဆရာတို့သည် ယခုလည်း ကျွန် တော်နှင့် ကိုကြည်နိုင်တို့ကို သားနှစ်ယောက်လိုပင် နေခွင့်ပြုလိုက်ပြန်ပြီ။ အနုပညာသမားချင်းအ နေဖြင့်လည်း အလေးထားသည်။ နိုင်ငံခြားမှ စာပေအနုပညာများ ကို လေ့လာနိုင်စေရန် အင်္ဂလိပ် စာ ဖတ်တတ်လာအောင် အကူညီပေးသည်။ အင်္ဂလိပ်ဂန္ထ၀င်များ ကိုဖတ်သည့် စာဖတ်သင် ကျောင်းကလေးတစ်ခုသို့ လည်း ပို့ထားပေးသည်။ကိုကြည်နိုင်ကို လက်နိုပ်စက်သင်တန်းတစ်ခုသို့ ပို့ပေးထားသည်။ တစ်ခါတစ်ရံ အစ်မကြီး၏ စာမူများ ကို ကျွန်တော်က ဖတ်ပြပြီး ကိုကြည်နိုင်က လက်နိုပ်စက်ရိုက်သည်။ တစ်ခါတစ်ရံ ကျွန်တော့်ဝတ္ထုများ ကို ရိုက်သည်။ ကိုကြည်နိုင်က သူ့ကဗျာ ကလေးများ ကို ချစ်ခင်လာခဲ့သည်။ သူ၏ “သွားကြစို့လေ” ကဗျာကလေးကို “မြစပယ်ရုံ” ၀တ္ထုတွင် ဇာတ်ကောင်ဆရာ ကိုကြော့ဝေရေးသည့်ကဗျာအဖြစ်ဖြင့် ကျွန်တော် ယူသုံးခဲ့သည်။
ဆရာကိုကြော့ဝေတို့၏ အနုသဘင်အဖွဲ့ကြီး ညောင်လေးပင်တွင် ရုံဝင်နေသည့်ညတစ်ည နေ၌ မြစပယ်ရုံက ဆရာ့ကို သူ့အချစ်ရေး အိမ်ထောင်ရေးကိစ္စ ဖွင့်ပြောရန်အတွက် လမ်းလျှောက် ရန် အခေါ်၌ “သွားကြစို့လေ” ဟု မြစပယ်ရုံခေါ်သံနှင့်အတူ ဤကဗျာကို ကျွန်တော် ပေါင်းစပ် ထည့်သုံးလိုက်သည်။
“သွားကြစို့လေ၊ စောင်းခေါ်နေရဲ့
တွေဝေချိန်များ ၊ ပြည်ဖုံးကားချ ထားခဲ့ပါ့ကွယ်။
ဘယ်လိုလဲနော်
မရဲမ၀ံ့၊ နောက်တွန့်နေလား၊
ထားဆိုသစ္စာ၊ သဲနှစ်မြွှာဝယ်
မေတ္တာပွင့်ပန်း၊ ခရီးလမ်းကို
ယုံတမ်းပုံပြင်၊ ထင်နေရော့လား၊
ခေါင်းမော့စမ်းပါ…… ပြုံးစမ်းပါကွယ်” ။
စာဖတ်သူများ က ကိုကြော့ဝေရေးသလိုဖြင့် ကျွန်တော်ယူသုံးခဲ့သည့် ထိုကဗျာလေးကို ခုံမင်နှစ်လိုကြသည်။ တချို့သည် ကျွန်တော်ကို ကဗျာရေးကောင်းသူဟု ချီးကျူးကြသည့် ပေးစား များ ရေးကြသည်။ကျွန်တော့်အနေဖြင့်လည်း ကဗျာဆရာ ကိုကြော့ဝေအဖြစ် ကျွန်တော်ဖန် တီးခဲ့ သူ ဇာတ်ကောင်ကို အထိခိုက်မခံနိုင်သဖြင့် ၀တ္ထုထဲ၌ ကိုကြည်နိုင်၏ အမည်ကိုမထည့်နိုင်ခဲ့။ တစ်ဦးချင်းအနေဖြင့်သာ ကျွန်တော်ရေးသည့် ကဗျာ မဟုတ်ကြောင်း ပြန်ကြားရတော့သည်။
ကိုကြည်နိုင်သည် အစ်မကြီးအကူအညီဖြင့် ဂျွန်ကိစ်ကဗျာများ ၊ အိုမာ့ခယမ်၏ ရူဘာအိ ယက်၊ တဂိုး၏ ကဗျာများ ၊ ရှယ်လီ၏ ကဗျာများ ကို ဖတ်ခွင့်၊ အနုပညာခံစားခွင့် ကြုံခဲ့ရသည်။ အစ်မကြီးသည် ဘုရားကျောင်းဆောင် အိမ်ကလေးပေါ်တွင် ရှယ်လီ၏ ကဗျာများ ကို ရွတ်ထား သည့် ဓာတ်ပြားကို ကျွန်တော်နှင့် ကိုကြည်နိုင် နားထောင်ခံစားနိုင်ရန် ဖွင့်ပြောပေးသည်။ ကျွန် တော်တို့သည် သေချာဂန နားမလည်သော်လည်း အနုပညာချစ်စိတ်၊ မြတ်နိုးစိတ်ဖြင့် စိတ်လှုပ်ရှား စွာ စူးစိုက်နားထောင်ခဲ့ရသည်။
ဓာတ်ပြားထဲမှ ကဗျာရွတ်သံလှိုင်းများ သည် ကျောင်းဆောင်ကလေးထဲ၌ လှိုင်းခတ်နေ သည်။ အစ်မကြီးက ဓာတ်ပြားကို တစ်ဖက်လှည့်ဖွင့်သည်။ သူခံစားရသလိ ကျွန်တော်တို့ ခံစားထိ တွေ့စေချင်သည်။ သို့ သော် ဘာသာစကားအခက်အခဲကြောင့် ကျွန်တော်တို့မှာ မူ အစ်မကြီး တွေ့ ထိခံစားစေချင်သလောက် ခံစားတွေ့ထိနိုင်ခွင့်မကြုံ။
ကိုကြည်နိုင်သည် ရှယ်လီ၏ ကဗျာတစ်ပုဒ်မှ ဆက်နွယ်သည့် ခံစားချက်ဖြင့် ထိုအခါမှ ကဗျာလေးတစ်ပုဒ် ရေးဖြစ်လိုက်ပြန်သည်။
အပြောကျယ်စွ
လောကကမ်းပါး
ငါကားထီးတည်း
ရပ်ပြီးနေဟန်
ခံစားပြန်မိ။
သည့်အခါဝယ်
မေတ္တာချစ်ခြင်း
ရင်တွင်းမှာ လျှင်
အသွင်သုံည
အနန္တဖြစ်၊ ကျဆင်းကုန်ကြလေပြီလား။
နားထောင်ခဲ့ရသည့် ရှယ်လီကဗျာရွတ်သံမှ အသံလှိုင်းများ ကို သူဖမ်းမိသလို ကိုကြည်နိုင် က ပြန်၍ ယူငင်ခဲ့သည်။ဤကဗျာကို ကိုကြည်နိုင်က ရွတ်ပြသည်။ “မြစံပယ်ရုံ” ၌ မစံပယ်သည် ငွေဂုဏ်ပကာသနမက်မောကာ “အနုသဘင်” အဖွဲ့ကြီးကို စွန့်ပယ်ပစ်ကာ သူဌေးသားတစ် ယောက်နှင့် လက်ထပ်သွားခဲ့သည်။ ဆရာသည် ဤကလေးမလေးကို ဖြူစင်စွာ ချစ်ခင်ခဲ့သည်။ ဤ မိန်းကလေး၏ အနုပညာစိတ်ဓာတ်ကိုလည်း မြတ်နိုးအလေးထားခဲ့သည်။ သူစွန့်ခွာသွားသောအခါ အနုသဘင်အဖွဲ့ကြီးကိုပင် ဖျက်သိမ်းပစ်ရသလို ဖြစ်လာခဲ့ရသည်။ သူ့အတွက် အစားထိုး၍ လည်းမ ရ။ ဆရာကိုကြော့ဝေသည် ပြင်းထန်စွာ စိတ်ထိုခိုက် နာကျင်ခဲ့ရသည်။ သို့ သော်လည်း သူ၏ အနုပညာမာန်မာနမှာ မီးကျီရဲရဲမှထ၍ တောက်လာခဲ့သည်။ သူသည် မစံပယ်နေရာတွင် မင်း သမီးတစ်လက် အစားထိုးလျက် ပိုမိုလုံ့လစိုက်ထုတ်လျှက် အနုသဘင်အဖွဲ့ကြီးကို ပြန်လည်ဖွဲ့စည်း လိုက်သည်။ တစ်မိုးလုံး ပြန်လည်ဖွဲ့စည်ြး့ပီး ဆောင်းရာသီ၌ ဇာတ်ပြန်ထွက်လာခဲ့သောအခါ မစံ ပယ်သည် တစ်နေရာ၌ ဇာတ်ကားကြီး ထွက်အလာကို စောင့်နေသည်။ မစံပယ်သည် ငွေဂုဏ်ပ ကာသနများ ကိုသာ စွန့်ပစ်နိုင်သူဖြစ်သည်။ တကယ်၌ အနုပညာကို စွန့်လွှတ်နိုင်သူ မဟုတ်ခဲ့ပေ။ မစံပယ်သည် ကားကိုလက်တားပြီး ဆရာ့နံဘေးတွင် ကားခေါင်းထဲမှ လိုက်ပါလာခဲ့သည်။
ဆရာကမူ မစံပယ်ကို ဣနြေ္ဒကြီးစွာ နှုတ်ဆတ်ပြီး ကားမှန်ကိုဖောက်လျက် ရှေ့ဘက် တောင်လိမ်တောင်ကွေ့များ ကိုသာ အမှတ်မထင် ငေးကြည့်လာခဲ့သည်။ ကျွန်တော်သည် ဆရာကို ကြော့ဝေ ရင်ထဲ၌ ပျက်ဆီးဆိတ်သုဉ်သွားခဲ့ရပြီဖြစ်သည့် ချစ်မေတ္တာကို ကိုကြည်နိုင်၏ ဤကဗျာ တစ်ပုဒ်ဖြင့် ဖော်ဆိုလိုက်သည်။ ဆရာကိုကြော့ဝေက သူရေးခဲ့သည့် ကဗျာလေးတစ်ပုဒ်ကို ပြန်လည်သတိရနေသည့်ပုံနှင့် ဖော်ပြလိုက်သည်။ဤကဗျာလေးသည်လည်း စာဖတ်သူများ ရင်ထဲ၌ တိုးဝှေ့ရိုက်ခတ်သွားနိုင်ခဲ့သည်။
အစ်မကြီးနှင့် ဆရာဦးခင်မောင်လတ်တို့အိမ်၌ ကမ္ဘာ့ပန်းချီကားများ ကို ရုပ်ရှင်ပြစက်နှင့် ပြ သသောအခါ ကျွန်တော်နှင့် ကိုကြည်နိုင်တို့သည် ပန်းချီနှင့် စာပေအနုပညာရှင်ကြီးများ ကို လှည့် လည်ဖိတ်ကြားပေးရသူများ လည်းဖြစ်သည်။ဆရာဦးဘရင်ကလေး၊ ဦးဘကြည်၊ အခြားအနုပညာ ရှင်ကြီးများ ၊ ဘသန်းဓမ္မိက၊ ဒဂုန်တာရာနှင့် စာပေအနုပညာရှင်များ လည်း ရောက်လာကြသည်။ ပန်းချီကားများ ကို အုတ်နံရံဖြူပေါ်တွင် ရုပ်ရှင်ပြစက်နှင့် ပြရာ၌ ကျွန်တော်နှင့် ကိုကြည်နိုင်တို့သည် စက်ဆရာအော်ပရာများ ဖြစ်နေကြသည်။ အချို့ပန်းချီကားချပ်များ ကို အနုပညာသည်ကြီးများ ၏ တောင်းဆိုချက်အရ ထပ်ထပ်ပြရသည်။ အစ်မကြီးနှင့် ဆရာတို့၏ သားကြီး ကိုခင်မောင်ဝင်း၏ ပြင် သစ်တွင်ရိုက်ခဲ့သည့် ဓာတ်ပုံကြီးများ ကိုလည်း ကျွန်တော်တို့သည် အကြာကြီးပြထားလိုက်သည်။ အရပ်ရှည်ကြီးနှင့် ကိုခင်မောင်ဝင်း၏ ပုံမှာ အုတ်နံရံပေါ်၌ ပေါ်နေလေသည်။ ဦးဘကြည်၏ အင်္ဂလိပ်စကားပြောသံမှာ တိုးသက်စွာ တိုးဝှေ့နေသည်။ ရိုဒင်၏ “အနမ်းရုပ်တု” ကို ကိုကြည် နိုင်သည် အတော်ကြာကြာပြနေသဖြင့် ကျွန်တော်က အခြားပန်းချီကားတစ်ချပ်နှင့် လဲ လှယ်ပေး လိုက်မှ အဆင်ပြေသွားသည်။
ညသန်းခေါင်ကျော်သည့်တိုင်အောင် အနုပညာရှင်များ ၏ ထင်မြင်ခံစားချက်များ ကို ပြော နေသံများ မှာ မရပ်စဲသေးပေ။ ဧည့်သည်များ ကို ကျွန်တော်တို့ လိုက်ပို့ပြီး ဘုရားကျောင်းဆောင်သို့ ပြန်လာခဲ့သောအခါ အရှေ့ဘက်တွင် ရောင်နီများ ပင် ပျိုးစပြုနေပြီ။
ကျွန့်တော်တွင် စာရေး၍ ၀င်ငွေတစ်စုံတစ်ရာ ရလာသောအခါ ဆရာနှင့် ဆရာမ ကြီးတို့ သည် ကျွန်တော်တို့ကို အိမ်ခွဲပေးလိုက်ကြသည်။ ကျွန်တော်တို့သည် ဘုရားဆောင်မှ ဆင်းခဲ့လျက် လှည်းတန်းအပိုင်းကြီးနှင့် မလှမ်းမကမ်းတွင်ရှိသည့် ဆရာဦးခင်မောင်လတ်၏ ကျူရှင်ကျောင်း ဆောင်သို့ ပြောင်းလာခဲ့ကြသည်။ အစ်မကြီးက မကျွေးတော့သဖြင့် ကျွန်တော်လည်း ကိုယ့်ဝမ်းစာ ကိုယ်ရှာလာရသည်။ ကိုကြည်နိုင်၏ စာရေးလစာလေးကို အားထားလာရသည်။ ဤအခန်းလေးထဲ ၌ ပန်းချီလည်းရေးသူ၊ ကဗျာဝတ္ထုတိုများ လည်းရေးသူ ကိုခိုင်ငြိမ်းသည်လည်း သူ့စောင်းတစ်လက် နှင့်အတူ ညညလာအိပ်နေတတ်သည်။ ဤအခန်းလေးမှာ ညဥ့်သန်းခေါင်ယံများ တွင် ကိုခိုင်ငြိမ်း၏ စောင်းခတ်သံဖြင့် ငြိမ့်ညောင်းနေတတ်သည်။
တစ်ခါတစ်ရံ ညဥ့်သန်းခေါင်ယံများ တွင် ကျွန်တော်၊ ကိုခိုင်ငြိမ်း၊ ကိုကြည်နိုင်တို့သည် စောင်းတစ်လက်ဖြင့် လှည်းတန်းအ၀ိုင်းကြီး မြက်ခင်းပေါ်တွင် သွားထိုင်တတ်သည်။ ကားအသွား အလာများ သည်လည်း ပြတ်တောက်သွားခဲ့ပြီ။ လူသံများ လည်း ငြိမ်သက်သွားခဲ့ပြီ။ နွေဦးညလေ သည် အေးချမ်းစွာ တိုးဝှေ့နေခဲ့ပြီ။ ကိုခိုင်ငြိမ်းက စောင်းကို တီးခတ်လေသည်။ သူ၏ သီချင်းဆိုသံ မှာ မူ တိုးသက်လွန်းသည်ဟု ကျွန်တော်ခံစားနေသည်။ ကိုကြည်နိုင်သည်လည်း ကိုကြည်နိုင်၏ သီ ချင်းသံမှာ ကြည်လင်တောက်ပနေသည်။
ထိုနေ့ရက်များ က ပြဇာတ်တစ်ပုဒ်ကရန် ကျွန်တော် တာဝန်ခံထားသဖြင့် ကျွန်တော်တို့ သည် အင်းယားကန်ဘောင်ရိုး အုတ်လှေကားထစ်ကြီးပေါ်တွင် ညဥ့်သန်းခေါင်ကျော်သည်အထိ ဇာတ်တိုက်ကြသည်။ ကိုခိုင်ငြိမ်း၏ အလွမ်းသံများ ကို ယခုလည်း ကျွန်တော် သတိရနေလျက်ပင်။
ထိုကတည်းက ကျွန်တော်တို့သည် ကိုကြည်နိုင်၏ ပုံမနိုပ်ဖြစ်သော ကဗျာများ စွာ နှင့် ၀တ္ထု တိုကလေးများ ကို ဖတ်နေရသည်။ ၀တ္ထုတိုကလေးအဖြစ်ဖြင့် သူရေးထားသည့် “အုတ်ဖုတ်မြေမှ မီးခိုးများ ” ကိုလည်း စတင်ဖတ်လိုက်ရသည်။
“ ဒီဝတ္ထုတိုကလေးအဖြစ်နဲ့ ခင်ဗျားရေးတာ သိပ်နှမြောစရာကောင်းတယ် ကိုကြည်နိုင်” ဟု ကျွန်တော်သည် စဉ်းစားတွေးဆပြောခဲ့သည်။ကိုကြည်နိုင်ဖြတ်သန်းလာခဲ့ရသည့် ဘ၀တစ်ကွေ့နှင့် ဤ၀တ္ထုကလေးမှာ မည်သို့ ယှက်လိမ် ဆက်သွယ်လျက် ရှိသည်ကို ကျွန်တော်သိပါသည်။
ကျွန်တော်သည် သူ့အနုပညာရပ်များ ကို ဖန်တီးစွမ်းအားရှိပုံနှင့်အတူ ဤ၀တ္ထုနှင့် သူ့ဘ၀ တစ်ကွေ့ ဆက်သွယ်နေပုံကိုပါ တွေးမိနေသည်။ တွက်ဆမိသည်။
“ဒီဝတ္ထုဟာ ခင်ဗျားရဲ့ စာပေဘ၀အတွက် အင်မတန်အရေးကြီးတယ် ကိုကြည်နိုင်၊ ပြော ရရင်တော့ စာပေမှတ်တိုင်တစ်တိုင်အဖြစ်နဲ့ ကို ခင်ဗျားစိုက်ထူနိုင်မယ်လို့ ကျွန်တော်ယုံနေတယ်။ ဖြစ်အောင်ကို စိုက်ထူရမယ်လို့ မြင်နေတယ်။ ဒါကို ဒီလောက်လွယ်လွယ်လေး မလုပ်ပစ်စေချင်ဘူး၊ စဉ်းစားဦးဗျာ၊ ဘယ်မဂ္ဂဇင်းမှ မပို့ပစ်လိုက်နဲ့ဦးဗျာ…….”
သူကလည်း အလေးအနက်စဥ်းစားလေသည်။ ရက်အတော်ကြာသောအခါ ကျွန်တော် ပြောသည်ကို လက်ခံလိုက်သည်။
ထို့နောက် ကျွန်တော်လည်း ရန်ကုန်တွင် မရပ်တည်နိုင်တော့သဖြင့် ဤစာပေသမား သူ ငယ်ချင်းနှင့် ကွဲကွာသွားရလေသည်။ ဘ၀၏ ရေစုန်ရေဆန်များ ကို ကျွန်တော်တို့ ဖြတ်သန်းနေရ သည်။ သူနှင့် ကျွန်တော်သည် စာဆက်သွယ်မှု မပြတ်ရှိနေကြသည်။ ကျွန်တော် အမေ့အိမ် ပြန် ရောက်နေသောအခါ သူသည် ရန်ကုန်မှလှမ်းကာ ကျွန်တော်ထံ သူ့လက်ရေးစာမူ ၀တ္ထုတိုကလေး များ ကဗျာများ ကို ပို့ပေးနေတတ်သည်။
နောက် သူသည် မယ်ဒလင်နှင့် ဂီတာတီးနေသည်ဟု စာကလေးတစ်စောင်ဖြင့် ကျွန်တော့်ထံ လှမ်းရေးလိုက်သည်။ ကျွန်တော်ကိုယ်တိုင်သည်လည်း ဂီတနှင့် စာပေပြိုင်နေရာမှ ဂီတကို မတတ်သာသဖြင့် စွန့်လွှန်ခဲ့ရပြီး စာပေအနုပညာလမ်းကြောင်းပေါ်ကိုသာ စူးစိုက်လျှောက် ခဲ့သည်။ ဂီတကို စွဲလမ်းသည့် အလွမ်းစိတ်မှာ အမြဲလိုပင် တွေဝေနေခဲ့တတ်သည်။
သူသည် စာရေးလည်း ကျဲလာခဲ့ဟန်တူသည်။ ကျွန်တော့်ဆီ စာရေးကျဲလာရာမှ နောက်ဆုံး၌ စာအဆက်သွယ်ပြတ်သွားခဲ့သည်။ သူ့နေရပ်လိပ်စာသစ်ကိုပင် ကျွန်တော်မသိရပြီ။
သြော်……ဆရာဦးခင်မောင်လတ် အစ်မကြီး ဒေါ်ခင်မျိုးချစ်တို့၏ အနုပညာဂေဟာမှ ကျွန် တော်တို့ထွက်လာခဲ့သည်မှာ ယခုဆိုလျှင် ဆယ်စုတစ်စုပင် ကျော်ဖြတ်မိကြပြီ။
(ခ)
ပြန်တွေ့ကြသည်မှာ ၁၉၇၂-တွင်မှ ဖြစ်သည်။ ကျွန်တော် မျှော်လင့်မထားချိန်၌ သူသည် ရန်ကုန်တွင် ကျွန်တော် ရောက်နေသည့်သတင်းကို ကြားပြီး လိပ်စာအရ တစ်ညနေ၌ ရုတ်ခြည်း ပေါက်ချလာသည်။ သူနှင့်အတူ လူစိမ်းတစ်ယောက်လည်း ပါလာသည်။ ကဗျာဆရာနီဟိန်း- ဟု သူက မိတ်ဖွဲ့ပေးသည်။ သူနှင့် ကျွန်တော်တို့သည် နှင်းဆီခြံထဲက ကျွန်တော့်တဲကလေးရှေ့ရှိ ပိန္နဲပင်အောက် ဖျာကြမ်းပေါ်တွင် ထိုင်လိုက်ကြသည်။
သူသည် ယခင်ကလို မှိုင်းတွဲ့ နေတတ်သူ၊ မှုံငေးနေတတ်သူ မဟုတ်တော့ပြီ။ သူ့ရုပ်ပုံမှာ မ လှုပ်မယှက်ဟန်များ ရှိနေသေးဆဲဖြစ်သော်လည်း သူသည် ရွှင်လန်းလတ်ဆတ်နေသူ၊ တက်ကြွ ထက်သန်သူ၊ ဖြစ်လာခဲ့ပြီ။ သူနှင့် ကျွန်တော်တို့သည် အနုပညာရပ်များ ကို ပြန်လှန်ခြေရာ ကောက် ဖြစ်ကြသည်။ သူသည် ကျွန်တော်နှင့် စာအဆက်ပြတ်နေချိန်၌ ကျွန်တော့်လိုပင် အတွေးအခေါ် ကွေ့ချိုးတစ်ခုကို ကွေ့နေခဲ့သည်။
တစ်ဆစ်ချိုးကွေ့။ ။ တကယ့်ကို တစ်ဆစ်ချိုးသည့်…….
ယခု သူသည် ရှယ်လီ၏ ကဗျာများ ပေါ်မှ သူတွေ့ထိခံစားချက်များ ကို မပြောပြတော့။ ဂျွန်ကိစ်၏ ကဗျာများ ကို သူ အမှတ်တော့ရနေလိမ့်ဦးမည် ထင်ရသော်လည်း မပြောတော့။ တဂိုး၏ ကဗျာများ ပေါ်မှ သူ့ခံစားချက်များ ကိုလည်း သူ မှု န်မှိုင်းစွာ ပြောတတ်လေ့ရှိသည့်ကိုပင် ကျွန်တော် ပြန်တွေးယူနေရပြီ။ ကြည်အေး၏ ကဗျာရသ၊ သန်းဆွေ၏ “နှင်းကြွေအုံ့ပျ”ထဲမှ အဖွင့်စာပိုဒ်ကို သူရွတ်ပြခဲ့ဖူးသည်ကိုပင် မေ့ခဲ့ပြီလားမသိ။
သူသည် လူတန်စားတိုက်ပွဲ မိုးသက်မုန်တိုင်းကြီးအောက်၌ ပုံသဏ္ဍန် အမျိုးမျိုးဖြင့် တိုက်ပွဲ ၀င်ရောက်လျက်ရှိသည်။ စာပေအနုပညာရပ်များ အကြောင်း ပြောသည်။
“လူတန်းစား တံဆိပ်ခတ်နှိပ်ထားတဲ့အရာ မရှိဘူးမဟုတ်လား ကိုနိုင်ဝင်း။ လူတန်းစားနဲ့ မ ဆီမဆိုင်ဘဲ သီးခြားတည်ရှိနေတဲ့ လူ့သဘာဝဆိုတာလည်း မရှိဘူး။ ကျွန်တော်တို့ သိချင်သိ၊ မသိ ချင်နေလိမ့်မယ်။ ကျွန်တော်တို့ စာပေယဉ်ကျေးမှု အနုပညာရပ်တွေဟာတော့ လူတန်းစားတိုက်ပွဲ မှာ တစ်ဖက်မဟုတ် တစ်ဖက်မှာ ပါနေကြတာပဲ။ ဒါဟာ မျက်ကွယ်ပြုလို့ မရတဲ့ တကယ့်အခြေအ နေ၊ အနေအထားပါပဲ။ ဒီတော့ ကျွန်တော်တို့ဟာ သိစိတ်ရှိရှိနဲ့ ကျွန်တော်တို့အနုပညာရပ်တွေကို လူတန်းစားတိုက်ပွဲကို နာခံခိုင်းရမှာ ပဲ။
ကျွန်တော်တို့ စာပေအနုပညာရပ်တွေဟာ တော်လှန်ရေးရဲ့ လက်အောက်ခံတွေလည်းဖြစ် တယ်။ တော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ခွေးသွားစိပ်နဲ့ ၀က်အူဘီးတွေလည်း ဖြစ်တယ်ဆို တဲ့ လီနင်ရဲ့ ကောက်ချက်ကို ကျွန်တော်တို့ နက်နက်နဲနဲ သဘောပေါက်ရမယ်…….”
သူနှင့်ကျွန်တော်ပြန်၍ တွဲ ဖက်မိသောအခါ ဤစကားများ ကို သူပြောပြလာခဲ့သည်။
ယခု ကျွန်တော်တို့ သတိရစိတ်ဖြင့် သူရေးလိုက်သည့် ကဗျာလေးတွင်လည်း ထိုပြောင်းလဲ ချက်များ ကို သူဖော်ပြလိုက်သည်။
[၂]
သူငယ်ချင်းရေ
နေနားရိပ်ခို၊ တန်စောင်းအိုမှ
ငါတို့ထပြီ။
“သည်မှာ ပင်လယ်ပြာ
သည်မှာ ငွေလွှာသဲသောင်
သည်မှာ ကျောက်ဆောင်မဟူရာ”
ညဉ့်လွှာခွင်းဖောက်၊ မိုးသောက်တော့်မည်
သမိုင်းနီတေး၊ တို့ဟစ်ကြွေးကြ။
လက်သီးကျစ်ဆုပ်၊ ကျားကုတ်ကျားခဲ
သဲမဲထန်ပြင်း၊ ရင်တွင်းမီးဟုန်း
လက်ရုံးတန်းမြှော က်၊ မိုးဖောက်ကြွေးကြော်
နွှဲပျော်သည့်ပွဲ
ငါတို့လည်းပဲ…..ပါဝင်ကြ။
လူတန်းစားတိုက်ပွဲ မိုးသက်မုန်တိုင်းကြီးထဲ၌ ကျွန်တော်တို့၏ အနုပညာရပ်များ သည်လည်း တိုက်ပွဲ၏ စစ်ခေါ်တေးသံများ အဖြစ် ဟိန်းဟိန်းညံလာစေရမည်။
ပြန်တွေ့ဆုံကြပြီးနောက် သူနှင့်ကျွန်တော်တို့သည် ဝေဖန်ရေးစာတစ်အုပ် ထုတ်ဝေရန်အတွက် ပါဝင်ဆွေးနွေးလာခဲ့ကြသည်။ စာပေနယ်၌ အတူတကွ ပြန်လည်လက်တွဲ မိကြပြန်သည်။
၇၃- ခုနှစ်စတွင် သူသည်” အုတ်ဖုတ်မြေမှ မီးခိုးများ ” ကို ဒုတိယအကြိမ် ပြန်ရေးပြီး ကျွန်တော်ထံ ယူလာခဲ့ပြန်သည်။
မဂ္ဂဇင်းတစ်လ- စ-ဆုံး ၀တ္ထုရှည်တစ်ပုဒ်လောက် ရှိပါလိမ့်မည်။ကျွန်တော်လည်း ကျောရိုး တစ်ခုခုမှလွဲကာ ဘာမျှမတူတော့သည့် သူ၏ ဒုတိကအကြိမ် ပြန်ရေးသားချက်ကို ဖတ်ရပြန်သည်။
“ကိုနိုင်ဝင်းရေ….. အကြောင်းအရာ အတွေးအခေါ်ပိုင်းကိုလည်း ပြောဗျာ၊ ပြီးတော့ အနုပညာနဲ့ ပက်သက်တဲ့ ခင်ဗျား အမြင်ကိုလည်း ပြောဗျာ။ ဒီစံနှစ်ရပ်ကို ပေါင်းသည်း နိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းရမယ်မဟုတ်လား…..”
ကျွန်တော်လည်း ပိန္နဲပင်ရိပ်တွင် ပင်စည်ကိုမှီကာ ချက်ချင်းပင် သူ့ဝတ္ထုကို ကောက်ဖတ် လိုက်သည်။ ဟိုစဉ်က မိုင်ပေါင်းများ စွာ ဝေးသည့် အရပ်မှ လှမ်းကာ သူ့ဝတ္ထုတစ်ပုဒ်နှင့် ပတ်သတ် ပြီး ကျွန်တော့်ထင်မြင်ချက်တစ်ခု ပို့လိုက်ဖူးသည်ကို ပြန်သတိရသည်။
“ ကိုကြည်နိုင်ရေ….. ခင်ဗျားဝတ္ထုဟာ ခေတ်စမ်းစာပေ ပိုက်ကွန်ကလေးထဲမှာ အမိခံနေရ တုန်းလို့ ကျွန်တော် မြင်နေရတယ်။ အနုပညာအရ အားလုံးကို ပစ်ပယ်ရေး မဟုတ်ပေမယ့် ကျွန် တော်တို့ဟာ ကိုယ့်လမ်းတော့ ကိုယ်သိတတ်ရမှာ ပဲ မဟုတ်လား……”
ဟု ဟိုကာလက သူ့ဝတ္ထုတစ်ပုဒ်အပေါ်မှ ကျွန်တော့်သုံးသပ်ချက်များ ကို ပြန်လည်သတိရ လေသည်။ သူနှင့် ကျွန်တော်တို့သည် တူညီသော အနုပညာသမားများ အဖြစ်ဖြင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားချစ်ခင်လာကြသူများ ။
သြော်….သတိရပြန်ပြီ။
၁၉၆၉- လောက်တွင် ကျွန်တော် အမေ့အိမ်၌ ပြနရောက်နေခိုက်တွင် သူသည် စာတိုက်မှ တစ်ဆင့် ကျွန်တော်ထံ လက်ဆောင်တစ်ခု လှမ်းပို့လိုက်သည်။ ထိုအချိန်အထိ ကျွန်တော် ရှုမ၀၌ ရေးသားလာခဲ့သည့် ၀တ္ထုတိုရှည်များ ကို မဂ္ဂဇင်းများ မှဖြုတ်ကာ စုပေါင်းသီချုပ်ထားသည့် စာအုပ် ဖြစ်သည်။ သူ့ဆီ တွင်ရှိသည့် ကျွန်တော့်ဓာတ်ပုံတစ်ပုံကို ပန်းချီ ဆရာ ယဉ်မင်းပိုက်က ပုံတူဖမ်း ထားသည့် ပန်းချီကားချပ်ကို စာအုပ်အဖွင့်စာမျက်နှာ၌ တွဲ သီချုပ်ထားသည်။
“သူငယ်ချင်းရေ….. ကျွန်တော်တို့ လူချင်းဝေးနေကြပေမယ့် အနုပညာသံယောဇဉ်ကတော့ မဝေးကွာပါဘူး….”
ဟူ၍ စာကလေးနှစ်ကြောင်းကိုလည်း သူ့လက်ဆောင်စာအုပ်ကြား၌ ညှပ်ပေးလိုက်သည်။
ဤလက်ဆောင်ကိုလည်း ကျွန်တော် ဟိုစဉ်က မျက်ရည်ဝဲလောက်အောင် ကြည်နူးရပြန်ပြီ။
ဒုတိယအကြိမ် သူ၏ “အုတ်ဖုတ်မြေမှမီးခိုးများ ” ကိုပြန်ဖတ်ရသောအခါ ကျွန်တော်သည် အနုပညာဘက် ရှုထောင့်တစ်ခုမှနေ၍ ကြည့်ရှုတတ်သူ မဟုတ်တော့ပြီ။ ပိုမိုလေးနက်စွာ ဖတ်နေရ ပြီ။
သူသည် ကျွန်တော် သူ့ဝတ္ထုဆုံးသွားသည်အထိ ကျွန်တော့်နံဘေးတွင် ပိန္နဲပင် ပင်စည်ကို မှီကာ ငြိမ်သက်စွာ ထိုင်စောင့်နေခဲ့သည်။ ကျွန်တော် စာဖတ်နေသည်ကို စကားတစ်လုံး တစ်ခွန်း သော်မှမပြောဘဲ စောင့်ကြည့်နေသည်။ ကျွန်တော်ဖတ်ပြီး ပြန်ပေးလိုက်သည့်စာရွက်များ ကို တစ် ရွက်ပြီး တစ်ရွက် လှမ်းယူကာ ယုယစွာ ပြန်သိမ်းနေသည်။ ၀တ္ထုတစ်ပုဒ်လုံး သူ့လက်ထဲ ပြန်ရောက် ပြီးမှ သူသည် စိတ်သက်သာရသလို တောက်ပစွာ ပြုံးရယ်လေသည်။
မိုးပင်ချုပ်လုပါပြီ။
သည်တစ်ခါတွင်လည်း ကျွန်တော်သည် ပထမအကြိမ် ပြောခဲ့ဖူးသည့် စကားကိုပင် လေးနှစ်တာလောက်ခြားပြီးမှ ယခု ဒုတိယအကြိမ်တွင်လည်း ပြန်၍ ပြောရပြန်ပြီ။
“ကိုကြည်နိုင်ကြီး ဒါကိုလည်း ဘယ်မှမပို့နဲ့ဦးဗျာ၊ ဒီဝတ္ထုကို အင်မတန်ကြီးမားတဲ့ ၀တ္ထုကြီး တစ်ခုဖြစ်လာအောင် ခင်ဗျားလုပ်နိုင်တယ်ဆိုတာ ကျွန်တော်သိနေတယ်။ အခု ရေးအားကုန်နေ သေးရင်လည်း သိမ်းထားဦးလေ။ တစ်နေ့ကျရင် ဒီဝတ္ထုကို ခင်ဗျား လက်ကုန်နှိုက်ပြီး ရေးလာမယ် ဆိုတာ ကျွန်တော် သိပါတယ်….”
ကျွန်တော်က စိတ်ချစွာ ပြောလိုက်သည်။
သူက စာမူကို သေသပ်စွာ ပြန်ထပ်ကာ ဖိုင်ထဲပြန်ထည့်သည်။ သူ့မျက်နှာမှာ ကြည်နူးမှု များ ဖြင့် ဆွတ်ပျံ့နေသည်။ သူ၏ ဂီတသမားဆန်သည့် လက်ချောင်းကလေးများ သည် တဆတ် ဆတ်လှုပ်ကာ မငြိမ်မသက် ဖြစ်နေသည်။ သူ၏ ငေးမှိုင်နေတတ်သည့် မျက်နှာပေါ်၌ အပြုံးရိပ်များ တရွေ့ရွေ့ဖြတ်သန်းသွားနေသည်။ သူ၏ နက်ဝင်နေသည့် မျက်လုံးသေးသေးများ သည် တဖျတ် ဖျတ်တောက်ပနေသည်။ လှိုင်းလိပ်ထလျက် အဖြူပင်များ ရောထွေးနေသည့် သူ့ဆံပင်တိုတိုကို လက်ဖြင့် သပ်တင်လိုက်သည်။
“ ခင်ဗျားဟာ အယ်ဒီတာကောင်းတစ်ယောက်ပါဗျာ …..” ဟု
သူက အပြုံးပုံရိပ်ဝဲလျက် ပြောကာ နှုတ်ဆတ်ကာ ကျွန်တော့်နှင်းဆီခြံမှ ထွက်ခွာသွားသည်။
သူနှင့် ကျွန်တော်သည် ရန်ကုန်၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းဖြစ်လျက်ရှိသော်လည်း အမြဲလိုပင် တွေ့ဆုံဖြစ်နေသည်။ စာပေအနုပညာ ခရီးလမ်း၌ အတူတကွပြန်လျှောက်ကြရင်း နောက်ထပ်လေးနှစ်တာမျှ ထပ်မံကြာညောင်းလာပြန်ပြီ ဖြစ်သဖြင့် သူ၏ “အုတ်ဖုတ်မြေမှ မီးခိုးများ “ ကို ကျွန်တော်ျလည်း မေ့သလောက်ဖြစ်လာရပြန်ပြီ။
(ဂ)
၁၉၇၇- ခုနစ်တွင် ဤ “ အုတ်ဖုတ်မြေမှ မီးခိုးများ ” ကို သူပြန်ရေးဖြစ်လေသည်။ သူ့ဝတ္ထု ကြီး အဆုံးသတ်သည့်နေ့၌ ယခု ကျွန်တော် ပြန်ဖတ်ရပြန်ပြီ။ ကျွန်တော် တကယ်ပင် ကြည်နူးနေရ ပြီ။ သူ့ဝတ္ထုကြီးနှင့် အတူ ကျွန်တော့်ကို သတိရပြီး သူရေးခဲ့သည်ဆိုသည့် သူ၏ ကဗျာကိုလည်း ကျွန်တော် ဖတ်နေရပြီ။
[၃]
အို ရဲဘော်
ယုံကြည်ချက်တူ၊ ခံယူချက်မြဲ
ပိုင်းဖြတ်ရဲရင့်
တွဲ ခိုင်ဆတ်ထား
လူတန်းစားလတ်
စည်းခြားဘက်လိုက်
တိုက်စစ်ခရီး၊ ရှေ့ဆက်ပြီးချီ…..
သူ၏ “ အုတ်ဖုတ်မြေမှ မီးခိုးများ ” ကို စာဖတ်သူများ သည် ထက်သန်စွာ လေ့လာ စူးစမ်း လာကြလိမ့်မည်ဟု ကျွန်တော် စိတ်ချပါသည်။
နိုင်ဝင်းဆွေ
နေ့…၁၀.၃.၁၉၇၈။
သူ့ငယ်ဘ၀၏ နေ့ရက်များ သို့
ဤနေရာဝယ်
ကလေးငယ်လည်း
အရွယ်မမျှ
အရိုက်ခံရတယ်။
သံချွန်နဲ့ပေါက်
သော့ခလောက်ထူးခတ်
မပြတ်ညှဉ်းပန်းခံရတယ်။
မစင်နံ့၊ သေးနံ့
ပုပ်နံ့ဟောင်သော
ကြမ်းပိုးတောကွာတား
ပိတ်လှောင်ထားခြင်းခံရတယ်။
ယိုင်နဲ့လို့နေ
အိမ်အိုဂေဟာ
ဤနေရာဝယ်
ဘယ်သူပျော်နိုင်မှာ တဲ့လဲ။
လှောင်ချိုင့်တွင်းမှ
ငှက်ငယ်ဘဝ
ကျရောက်ခဲ့ပေ
တို့တစ်တွေလည်း
နှုတ်ရဲချွန်မြ
ဒေါင်းခွပ်ထလျက်
နှောင်အိမ်ဖျက်ခဲ့
တစ်သက်မမေ့
မနေ့ကလို၊ ကနေ့လိုထင်။
ကြည်နိုင်
အုတ်ဖုတ်မြေမှ မီးခိုးများ
(၁)
* လူမိုက်ဆိုလျှင်
ရှောင်သွေလွဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ….။
*ပညာရှိကို
အရှည်တွဲ လို့
မှီဝဲဆည်းကပ်…..နည်းယူစေ…။
အိမ်အိုဂေဟာကြီးအတွင်းမှ ကလေးသူငယ်များ ၏ မင်္ဂလာကဗျာကို ဒေါနှင့်မောနှင့် ဆောင့် ဆောင့်ဆိုသံများ ကား ဤစိမ်းညိုနေသော ခြံဝန်းကျယ်ကြီး၏ အပြင်ဘက်သို့ လျှံထွက်နေလိမ့် မည်။
မင်္ဂလာကဗျာကလေးများ ကို ကျွန်တော်ငယ်စဉ် ဘုန်းတော်ကြီးကျောင်း၌ တညီတညာ တည်း သံပြိုင်သီဆိုခဲ့ရဖူးသည်။ ဆရာတော်ရွှေမျက်မှန်၏ ကြိမ်လုံးအောက်တွင် ဆိုကြရသဖြင့်ာ ကျွန်တော်တို့မှာ စိတ်မသက်သာ။ ဆရာတော်ဘုန်းကြီး၏ မျက်နှာထားနှင့် လက်တွင်းကကြိမ်လုံး ကိုကြည့်ရင်း အသံညီအောင် မနည်းကြိုးစားခဲ့ကြရသည်။ ကြောက်ပြီး အသံတုန်နေလျှင် ဗြန်းခနဲ ကျောပြင်ပေါ်သို့ ကြိမ်လုံးကျလာလိမ့်မည်။ ဘယ်အချိန် ကြိမ်ကျောပေါ်ကျလာမလဲ။
ယခုလည်း မောင်ငယ်တို့လူသိုက် ဟိုစဉ်က ကျွန်တော့်လိုခံစားနေကြရပြီလား…။ ကျွန်တော် တွေးကြည့်နေမိလေသည်။
အပြင်လူတစ်ဦးအနေနှင့် ခင်ဗျားအနေနှင့် ကလေးသူငယ်များ ၏ မင်္ဂလာကဗျာဆိုသံက လေးများ မှာ ကြည်နူးစရာဟု ပြောချင်လျှင် ပြောဆိုနိုင်ပါသည်။ ကျွန်တော်အနေနှင့် ဟိုစဉ်ကလို ကြောက်စိတ်နှင့် ကိုယ်တိုင် ဆိုမနေရသည့်တိုင် မကြည်နူးနိုင်ပါ။
သူတို့၏ အသံကလေးများ မှာ တချို့တုန်နေပြီး တချို့ ငိုသံလေးပါနေသည်။ တစ်စုံတစ်ခုက ခြောက်လှန့်နေသလို တအားပြေးလွှားနေရသလို ကဆုန်ပေါက် ဆောင့်ဆောင့်ဆိုသံ ထွက်နေသည်။ မုချပင် ဟိုစဉ်က ကျွန်တော်ခံစားခဲ့ရသလို ယခုလည်း သူတို့လေးတွေ ခံစားနေရလိမ့်မည်။
သို့ သော် ဟိုစဉ်က ကြိမ်လုံးကိုင်ထားသူကား ဆရာတော်ရွှေမျက်မှန်။ ယခု ကြိမ်လုံးကိုင်နေ ရာ ရောက်နေသူကား ကျွန်တော်ပင်လား။
ဤနေရာ ဤဌာနသို့ ကျွန်တော်ရောက်နေသည်မှာ လေးနှစ်ကျော် လောက်ပင်ရှိပေပြီ။
ဤရှေးဆင်ဝင်အိမ်အိုကြီး၏ ပတ်လည်တွင် ပြွက်သီးနေကြသည့် အုန်းပင်ကြီးများ အတန်း လိုက် ပတ်လည်ဝန်းရံနေကြသည်။ နောက်ကျောဘက် ကျယ်ဝန်းလှသော ဘုရားငါးဆူကျောင်း တိုက်ဝန်းကြီးအတွင်း၌ သင်တောကြီးရှိနေသည်။ အရှေ့ဘက်ခြံကား စံပယ်ခြံဖြစ်၏ ။ ခြံစောင့် မာ လီအဘိုးကြီးကား သန်သန်မာမာနှင့် အမြဲတမ်း ရေလောင်းနေတတ်သည်။ ထိုစံပယ်ခြံကြီးမှာ သူဌေးတစ်ဦးပိုင်ဖြစ်၏ ။ စံပယ်ခြံ၊ အုန်းခြံ၊ ဘုန်းကြီးကျောင်းဝင်းခြံ၊ ခြံသုံးခြံအကြားတွင် ရေတွင်း ပျက်ကြီးတစ်ခုနှင့် လမ်းမြောင်းကလေးတစ်ခုရှိ၏ ။ ထိုထောင့်တွင် မလွယ်ပေါက်လည်း ရှိသည်။
မလွယ်ပေါက်မှထွက်၍ ဘုရားငါးဆူ ဘုန်းတော်ကြီးကျောင်းမှ တုန်းမောင်းခေါက်သံကြားရ သည်။ ဆယ့်တစ်နာရီ ဆွမ်းစားပြီးချိန် ခေါင်းလောင်းထိုးလျှင် ခွေးသားအုပ်မများ ၏ သာဓုခေါ်သံ၊ စိတ်ရှိလက်ရှိ ဆွဲငင်အူကြသံ၊ ညရှစ်နာရီခွဲလောက် ဆိုလျှင် ဘုန်းကြီးကျောင်းသားများ ၊ ကိုရင်များ ၏ ဘုရားဝတ်တက်ကြသံကို ကြားကြရ၏ ။ အမျှဝေသံ၊ ကြေးစည်သံ၊ သာဓုသံ။ ကျွန် တော်၏ ငယ်စဉ်ကျောင်းအိပ်ကျောင်းစား ဘုန်းကြီးကျောင်းသားဘ၀ကို မမေ့ရန် သတိပေးနေတော့သည်။
ခြံကြီးအတွင်း အုန်းနှစ်တန်းအကြား လေကလေးတဖြူးဖြူးနှင့် တစ်ပတ်ကြီးလမ်းလျှောက် ရသည်မှာ တော့ စိတ်ကြည်နူးချင်စရာပင်။
စံပယ်ရနံ့၊ အုန်းအနံ့နှင့်။
တုံးမောင်းခေါက်သံ၊ ခေါင်းလောင်းသံနှင့်။
ဝတ်တတ်ကြသံ၊ ကြေးစည်သံနှင့်
အမျှဝေသံ၊ သာဓုသံနှင့်။
အကယ်၍ သာ ဤနေရာသည် ကလေးသူငယ်များ အား ချုပ်ချယ်ရာ၊ နှိပ်ကွပ်ရာ ဋ္ဌာနဒေသ မဟုတ်ပါမူ ဆင်ဝင်အိမ်ကြီး အုန်းခြံကြီးနှင့် သူငယ်ချင်းပေါင်း၊ လူငယ်ပေါင်းနှင့် သိုက်သိုက်မြိုက် မြိုက် ပျော်ပိုက်စရာကြီး ဖြစ်နေပါလိမ့်မည်။
ဤနေရာသည် ကျွန်တော့်အတွက် အပန်းဖြေရာ ကွန်းရိပ်သာလား ထင်မှားခဲ့ရပါသည်။
ကျွန်တော့်သူငယ်ချင်း ဖိုးသိန်းအောင်မှာ ဤအိမ်အိုဂေဟာကြီးသို့ ကျွန်တော့်ထက် ခြောက် လခန့် စောရောက်နေခဲ့သည်။ သူလည်း ကျွန်တော့်လိုပင် အထင်တကြီးနှင့် လာရောက်ခဲ့ခြင်း ဖြစ် ပါလိမ့်မည်။ ကျွန်တော့်လိုပင် ကိုယ့်ရွာ၊ ကိုယ့်အိမ်၊ ကိုယ်ချစ်သောအဖေ အမေ ညီအစ်ကိုမောင်နှ မများ နှင့် ခွဲခွာ၍ ဤအိမ်အိုဂေဟာကြီးသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ငယ်သူငယ်ချင်းများ နှင့် ခွဲခွာ ၍ ကျွန်တော့်လိုပင် အိုးပစ်အိမ်ခွာ ကွန်းသစ်ရှာရန် လာရောက်ခဲ့ခြင်းဖြစ်သည်။
အဖြစ်အပျက်များ သည် မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သလို လတ်လတ်ဆတ်ဆတ်ပင် ရှိနေပါ သေးသည်။ အဖြစ်အပျက်များ သည် အချိန်ကြာလာ နှောင်းလာခဲ့သော် စိမ်း၍ ပုံပြင်ဆန်လာသည် ဟု အဆိုရှိ၏ ။ ကျွန်တော့် အဖို့ရာကား ကျွန်တော်ပဘ၀တစ်ကွေ့အား မည်မျှအချိန်ကြာညောင်းခဲ့ သည်ဖြစ်စေ စိမ်းသွားလိမ့်မည်၊ ပုံပြင်ဆန်သွားလိမ့်မည်မဟုတ်။ မည်သည့်အချိန်မှလည်း မေ့ ပျောက်လို့ရမည်မဟုတ်။ စိမ်းကြာနေသည့် နှောင်းပုံပြင်ကလေးကား မဟုတ်။
***
“အမေတားလို့မရရင် ….သွားပေတော့ မောင်ရေ….
အမေတို့မှာ ….ငါးရာ့နှစ်ဆယ်..ရှစ်သွယ်နဲ့ပေ….
မင်းတို့မှာ တဏှာပေမနဲ့ …ချစ်ပါသတဲ့လေ….
တစ်နေ့ကျရင်တော့..ငါ့အမိုးကိုလည်း မတ,နဲ့လေ..လေ
လူလေးရေ..ဖဝေးရေ..”
ကျွန်တော်အိမ်မှထွက်ခဲ့သည့်မနက်က ကျွန်တော် ငယ်စဉ်ကကြားဖူးသည့် ဤသီချင်းက လေးကိုသတိရကာ စိတ်မကောင်းဖြစ်နေမိသည်။ ဤသီချင်းကလေးမှာ စိန်အောင်မင်း၏ “ချင်းက လေး ဖဝေး” ဇာတ်ထုတ်မှ သီချင်းဖြစ်၏ ။
“ချင်းကလေး ဖဝေး” မှာ ဘုရင့်သမီး နန်းကြီးကြေးမုံနှင့် ချစ်ကြိုက်ပြီး ရွှေမြို့တော်သို့ လိုက်သွားတော့မည်။တစ်သက်လုံး အတူနေလာခဲ့သည့်သား ခွဲသွားမည်ဆိုသောအခါ အမေမှာ ၀မ်းနည်းပက်လက် ဖြစ်ရပေတော့သည်။ ဤချင်းမ မအိမ်ခေါင်းဆိုသည့် သီချင်းကလေးကား ကျွန် တော့်ရင်ထဲထိကာ ကျွန်တော်လည်း နွမ်းလျော်နေမိတော့သည်။
ကျွန်တော်ချစ်ခင်သည့် ကျွန်တော့်ရွာ၊ ကျွန်တော့်အိမ်၊ ကျွန်တော့်အမေ၊ ညီအစ်ကို မောင်နှ မ ငယ်ပေါင်းများ နှင့် ခွဲခွာလာခဲ့သည်မှာ ချင်းကလေး ဖဝေးလို ချစ်ရေး ကြိုက်ရေးကိစ္စကြောင့်မ ဟုတ်။ ရွှေအင်္ကျီ၊ ရွှေပုဆိုးနှင့် အမျိုးမျိုးဝတ်ဆင်ရန်လည်းမဟုတ်။ သို့ သော် ချင်းကလေးဖဝေး သူ့ ဖခင်နှင့် ဝေးနေရသလို ကျွန်တော်လည်း ကျွန်တော့်အဖေနှင့် ဝေးနေရပေသည်။
ကျွန်တော့်အဖေမှာ မူလက မီးရထားလမ်းတံတားစောင့် အလံပြ အလုပ်သမားကလေးဖြစ် ၏ ။ အမေနှင့် အိမ်ထောင်ကျသောအခါ ရှစ်ဆယ့်နှစ်ကျပ်စား မီးရထားလမ်း အလုပ်ကြမ်းသမားဖြစ် နေ၏ ။
ကျွန်တော့်ကို အဘိုးအဘွားနှင့် ရွာတွင်ထား၏ ။ ညီလေးနှင့် ညီမလေးမှာ အဖေ အမေနှင့် မြို့တွင်နေသည်။ အဘိုးအဘွားက ကျွန်တော့်ကို ဘုန်းကြီးဖြစ်စေချင်၏ ။ ဆရာတော် ရွှေမျက်မှန် ဆီအပ်၍ ကျောင်းအိပ် ကျောင်းစား ထား၏ ။
အဘိုးဆုံးသည့်နှစ်တွင် အဖေလည်း အလုပ်အလွန်ခိုင်းသော မီးရထားလမ်းဗိုလ်နှင့် စကား များ ရာ ရုံပိုင်ကြီး သွားတိုင်သဖြင့် ရုံပိုင်ကြီးက အဖေ့ကိုပါးရိုက်သည်။ အဖေက ဇလီဖားတုံးဖောက် လွန်နှင့် ရုံပိုင်ကိုရိုက်သည်။ ရိုက်မှု နှင့် အမှု ဖြစ်ကာ အဖေ ထောင်ကျသည်။ ညီလေး ညီမလေးကို ခေါ်၍ အမေ ရွာပြန်လာခဲ့ပြီ။
အမေ ရွာပြန်ရောက်လာပြီး ကျွန်တော်လည်း ဘုန်းကြီးစာသင် ကျောင်းအိပ်ကျောင်းစားဘ ၀က လောကဓာတ်စာသင်ကျောင်းသားဘ၀ ရောက်ရသည်။
အမေသည် ကျွန်တော့်အား ပင်ပန်းကြီးစွာ နှင့် ကျောင်းထားခဲ့ရ၏ ။ ယောက်ျားများ နှင့်တန်း တူ ပျိုးနုတ်၊ ကောက်စိုက်၊ ကောက်ရိတ် တရစပ်ပင်။
ဆရာကြီးဦးစိန်၏ တန်းလတ်ကျောင်းတွင် သူငယ်ချင်း ဖိုးသိန်းအောင်နှင့် တွေ့သည်။ သူ ငယ်ချင်း အမေမုဆိုးမကြီးနှင့် မအေတစ်ခု သားတစ်ခုသာဖြစ်၏ ။ သူက မြို့အနောက်မြောက်ဘက် မြို့နှင့် သုံးမိုင်ကွာ ရွာလေးတစ်ရွာမှ လာကျောင်းတက်၍ ကျွန်တော်ကမူ မြို့နှင့်ငါးမိုင်ကျော်ကွာ မြို အနောက်တောင်ဘက်ရှိရွာမှ ကျောင်းလာတက်ရသည်။
မျက်နှာပြားရှည်ရှည်၊ ခေါင်းတုံးဆံတောက်၊ ပခုံးနိမ့်လျှော ခပ်ကျကျ ခါးသိမ်သိမ်နှင့် သူ ငယ်ချင်းမှာ လူရိုးလူအေးတစ်ယောက်ဖြစ်သည်။ သူ့ကြည့်ရသည်မှာ လည်း တောက်တောက် ပြောင်ပြောင်မရှိလှ။ ကျွန်တော့်လိုပင် ချို့ချို့ငဲ့ငဲ့နှင့် ကျောင်းတက်နေရသည်။ အတန်းထဲ၌ အခြား ကျောင်းသားများ စာအုပ်ဖိုးစုံပြီး ကျွန်တော်နှင့် ဖိုးသိန်းအောင်၊ နောက်တစ်ယောက် မြို့ပေါ် ဆီစက်ဝင်းဘေး အလုပ်သမားရပ်ကွက်ကလေးမှ ကျောင်းလာတက်သည့် မောင်ကျော် လေးတို့မှာ ကျန်မြဲ၊ နောင်ကျမြဲ။ ဆရာမ အဆူအကြိမ်ကို အမြဲတမ်းခံ၊ မျက်နှာအငယ်ရဆုံးမှာ ကျွန် တော် တို့သုံးဦးသားဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သုံးဦးမှာ အခြားသူများ ထက် ပိုခင်ကြ၏ ။
ဖိုးသိန်းအောင်မှာ ကျွန်တော်နှင့်မူ တောသားချင်းပဲဟု ပိုရင်းနှီး၏ ။ မြို့ပေါ်က ကျောင်းသား တွေမှာ ဆောင့်ကြွားကြွားနိုင်သည်ဟု ကျွန်တော်တို့ မှတ်ယူထားကြသည်။ ဖိုးကျော်လေးနှင့်လည်း တစ်စစမှ ခင်မင်လာသည်။ သူကစပြီး အသိဖွဲ့၏ ။ စက်ဝင်းဘေး သူတို့အိမ် အလုပ်သမားရပ်ကွက် ကလေးသို့ ကျွန်တော်တို့ကို အလည်ခေါ်သည်။
ဖိုးကျော်လေးအဖေမှာ စက်ရုံစောင့်အလုပ်သမားကြီးဖြစ်သည်။ သူ၏ အစ်ကို ကိုကျော် ကြီးမှာ ထောင်ထောင်မောင်းမောင်း အသားညို၊ ခေါင်းတုံးဆံတောက်နှင့် အသက်သုံးဆယ်နီးပါး လောက် ရှိရော့မည်။ ကျွန်တော်တို့ကို သူ့ညီလေးနှင့် တန်းတူဆက်ဆံသဖြင့် ကျွန်တော်တို့မှာ ခဏချင်းပင် ကိုကျော်ကြီးကို ခင်မင်မိကြသည်။
ကျွန်တော်နှင့် ဖိုးကျော်လေးလည်း သိန်းအောင်တို့ရွာကို တစ်ခေါက်လိုက်လည်ပြီးကြပြီ။
နောက် ကျွန်တော့်ရွာကို လိုက်လည်ချင်သည်ဟုဆိုသည်။ ကျွန်တော်စဉ်းစားရတော့၏ ။ ကျွန်တော်တို့မိသားစု ဆင်းဆင်းရဲရဲနေထိုင်ရသည်ကို သိသွားမှာ ကျွန်တော်ရှက်နေသည်။ အ ကြောင်းအမျိုးမျိုးဖြင့် ဆင်ဝှေ့ရန်ရှောင် လုပ်ကြည့်သေး၏ ။ မရ။ နောက်ဆုံးတော့ “ အေးလေ..သူ တို့လည်း ငါတို့လိုပါပဲ” ဟု စိတ်တင်းပြီး ရွာအလည်ခေါ်ဝံ့တော့သည်။
ကျွန်တော်တို့မှာ တစ်ယောက်အကြောင်း တစ်ယောက်၊ တစ်ယောက်ဘ၀ တစ်ယောက် ပို မိုသိရှိလာကြသောအခါ ယခင်ကထက်တိုး၍ ချစ်ခင်လာကြသည်။
ခြောက်တန်းနှစ်ဝက်လောက်အရောက်တွင် ဖိုးသိန်းအောင် အိမ်အိုဂေဟာ အုန်းခြံကြီးသို့ ရောက်ခဲ့သည်ဟုဆိုသည်။ ရောက်ပြီး ခြောက်လလောက်ကြာမှ ကျွန်တော်တို့သိရသည်။
“အစက ငါရှက်လို့မပြောတာ သူငယ်ချင်း၊ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေ၊ မိဘမဲ့ကလေးတွေသာ နေရတယ်ဆိုတော့…”
ဖိုးသိန်းအောင်မှာ ပြောရင်း အသံတိမ်ဝင်သွားရသည်။
“ဟ…လူရ…ဆင်းရဲတာ ရှက်စရာလားကွ၊ ဆင်းရဲတိုင်းသာ ရှက်ရမယ်ဆိုရင်ကွာ၊ မခက်ဘူး လား…”
ဖိုးသိန်းအောင် အလည်ခေါ်သဖြင့် အုန်းခြံကျယ် ဆင်ဝင်အိမ်အိုဂေဟာကြီးထဲ လေးငါးခါ ထက်မနည်း ကျွန်တော်လိုက်လည်သည်။ အိမ်အိုဂေဟာကြီးအတွင်း နံရံပေါ်မှ အပတ်စဉ် စား သောက်ရမည့် အာဟာရစာရင်း၊ အပတ်စဉ် ကလေးသူငယ်များ အား ကျန်းမာရေး ဆေးစစ်ပြုစုကု သပေးသည့် ဆရာဝန်ကြီးများ စာရင်း၊ အဖွဲ့အမှု ဆောင်စာရင်း၊ “ စည်းကမ်းဟူသည် လူ့တန်ဖိုး၊ “ “အကွပ်မဲ့ကြမ်း…ပရမ်းပတာ…” စာတန်းများ ၊ ဆောင်ပုဒ်များ လူငယ်များ လိုက်နာရမည့် စည်း ကမ်းချက် နံရံကပ်ဇယားကြီးများ ၊ ကျွန်တော်သဘောအကျဆုံးကား “တနင်္ဂနွေ-ကြက်သားဟင်း” ဟု စ,ထားသည့် အပတ်စဉ်စားသောက်ရမည့် အာဟာရစာရင်းဇယားကြီးဖြစ်၏ ။
စားရမှာ မပူရ၊ ၀တ်ရမှာ မပူရ၊စာအုပ်ဖိုး ခဲတံဖိုး၊ ကျောင်းစရိတ် ဘာဆိုဘာမှ မပူရ။ တယ် ဟန်ကျပါလား။ ဖိုးသိန်းအောင် အဆွယ်ကောင်းသဖြင့် ကျွန်တော် နေချင်စိတ်ပေါက်လာခဲ့သည်။
ကျွန်တော့်သဘောတူညီချက်ဖြင့် ဖိုးသိန်းအောင် အမေ့ကိုပြောပြတော့သည်။ဖိုးကျော်လေး ကတော့် မတိုက်တွန်း၊ မကန့်ကွက်၊ တုံဏှိဘာဝေ။ ဖိုးသိန်းအောင် ပြောပြသည့်အထဲတွင် ကလေး သူငယ် အက်ဥပဒေတွေရော၊ လူငယ်ပျိုးထောင်ရေး၊ လူမှု ၀န်ထမ်းလုပ်ငန်း ဆိုတာတွေရော စုံနေ တော့သည်။ သူငယ်ချင်းချစ်တစ်ယောက်နှင့် အတူနေရရန် သူကြားရဖန်များ သည့် စကားတွေမှတ် ပြီး ပြန်ပြောခြင်းဖြစ်မည်ဟု ကျွန်တော်တွေးမိ၏ ။ ဘ၀တူချင်းမို့ ရိုင်းပင်းကူညီချင်သည့် သူ့စေတနာ လည်းပါပါသည်။
အမေကား ဖိုးသိန်းအောင်ပြောပြသည်ကို မယုံကြည်။ သူများ သားသမီးအား အလကား ကျွေးမွေးထားပြီး ကျောင်းထားပေး၊ အ၀တ်အစားဆင်၊ အစစအရာရာ လိုလေသေးမရှိ ဟုတ်နိုင်ပါ့ မလား။ သူ့မျက်ကွယ်ရာတွင် စိတ်မချ။ အထူးသဖြင့် အဖေထောက်ကျနေခိုက် ကိုယ့်သားသမီး သူ များ ဆီ သွားထားရသည်မှာ ကောင်းနိုင်ပါ့မလား။ အဖေကရော သဘောတူပါ့မလား။ မိသားစုတစ် စုလေးအား ရှာမတွေ့နိုင်တော့ဘူးလား။ ကိုယ့်ရင်သွေး သားသမီး လောကအလယ် တင့်တင့်တယ် တယ်နေနိုင်ရန် ကြိုးစားပြီး ကျောင်းလေးတောင် ထားမပေးနိုင်တော့ဘူးလား။ အမေက ခပ်အင် အင် ဖြစ်နေသည်။
“ဟုတ်တယ်…..အမေရဲ့ ၊ ကျွန်တော်လည်း ဖိုးသိန်းအောင်တို့ ဂေဟာ လေးငါးခါ လိုက် လည်ဖူးတယ်။ သူငယ်ချင်းတွေအများ ကြီးပဲ အမေ။ ကျောင်းသားတွေ၊ အံမယ် စည်းကမ်းရှိတယ် အမေရ၊ စားချိန်စား၊ ကစားချိန် ကစား၊ စာကြည့်ချိန် စာကြည့်။ အိပ်ချိန်အိပ်၊နောက်ပြီး အမေ အ ပတ်စဉ် စားသောက်ဖို့ အာဟာရစာရင်းတွေလည်း နံရံမှာ ကပ်ထားသေးတယ်။ ဆရာဝန်ကြီးတွေ ကလည်း အမြဲတမ်း ကျန်းမာရေးစစ်ပေးမတဲ့။ ဆင်ဝင်ကြီးကလည်း အကြီးကြီး၊ ဘေးပတ်လည်လည်း အုန်းခြံကြီးနဲ့ အမေရ၊ နေရရင် တော့ သိပ်ပျော်ဖို့ကောင်းမှာ ပဲ အမေ..”
ကျွန်တော် အားတတ်သရော ၀င်ပြောပြသောအခါ အမေ စဉ်းစားလာတော့သည်။ ညီလေး ကား ရွာမူလတန်းကျောင်းတွင် သုံးတန်းတက်နေပြီ။ ကြက်တောင်စည်းညီမက ၀လုံးအရေးသင်နေပြီ။
“ အိုကြီး မြို့သွားနေမလို့လား…”
မျက်ရည်ဝဲနှင့် ညီမက ဆိုလာသည်။ ညီလေးကား မှု န်တေတေ။
“အစ်ကိုကြီးသွားရင် ကျွန်တော်လည်း လိုက်နေမယ် အမေ…”
“အေး…အေး.. အေးဟဲ့…အကုန်လုံးသာ သွားနေကြ…”
အမေလည်း အမျိုးမျိုးစဉ်းစားရင်း ခေါင်းရှုပ်လာသလားမသိ။ ညီလေးကို ငေါ့ပြောလိုက်ရင်း ကွမ်းအစ်ဆွဲပြီး ကွမ်းယာနေသည်။ ကျွန်တော်လည်း ဘာမှမပြောတော့။ သိန်းအေင်တို့လည်း နှုတ်ဆိတ်နေကြသည်။
“ အေးလေ၊ ဒေါ်လေး စဉ်းစားပါဦးမယ်ကွယ်…”
အမေကား အဝေးသို့ ငေးပြီး ဖြည်းဖြည်းလေးလေးပြောလိုက်သည်။ ကျွန်တော့်သဘောအရ မူ အမေ့ကို ခွင့်ပြုစေချင်သည်။ အမေ အဘယ်မျှ ပင်ပန်းနေသည်ကို ကျွန်တော်သိသည်။ နေ့စာည စာ အလျင်မမီဖြစ်နေရသည်။ ကျွန်တော့်တစ်ယောက်စရိတ်လျော့သွားလျှင် အမေတို့ အနည်းငယ် အသက်ရှုခွင့် ရနိုင်စရာအကြောင်းရှိလိမ့်မည်။
ထိုအတောအတွင်းတွင် ပြဿနာက တစ်ထောင့်ကတက်လာသည်။
***
ခြောက်တန်းတက်စက ကျွန်တော့်ကို ရိုးသည်၊ အေးသည်၊ တည်သည် ကြည်သည်ဆိုပြီး အတန်းလူကြီး(မော်နီတာ) ခန့်ကြ၏ ။ အတန်းထဲတွင် ဆရာမ ဆော်သြချက်အရ နေ့စဉ် မုန့်ဖိုးထဲ က ငါးပြား ဆယ်ပြား ဖဲ့စုကြရသည်။ ထိုငွေကို ကျွန်တော်ထိန်းရသည်။ တစ်လလောက်ကြာသော အခါ ဆယ့်ခြောက်ကျပ်ခန့် ရလာသည်။ ပထမတော့ ထိုငွေကို အတန်းထဲရှိ ဗီရိုအံဆွဲတွင် သော့နှင့်ထားသည်။
အမေလည်း အရင်ကလို တစ်လတစ်ခါ ထောင်ဝင်စာ သွားမတွေ့နိုင်တော့်ပေ။ နှစ်လမှ တစ်ခါ သွားဖို့တောင် မနည်းကြိုးစားနေရတော့သည်။ တစ်ခေါက်တစ်ခေါက် သွားတွေ့ရင်လည်း လမ်းစရိတ်၊ ဆေးလိပ်၊ ပဲလှော်၊ ထန်းလျက်၊ ငါးပိကြောင်…စသဖြင့် မနည်းကုန်ကျသည်။
ကျွန်တော်လည်း အဖေ့ကို တွေ့ချင်နေသည်။အမေလည်းတွေ့ချင်နေလိမ့်မည်။ကျွန်တော့် တွင် အတန်းသားတွေ စုအပ်ထားသည့် ငွေဆယ့်ခြောက်ကျပ် ရှိသည့်အကြောင်း အမေ့ကို ကျွန် တော်ပြောပြသည်။ “ဖြစ်ပါ့မလား သားရယ်” ဟုအမေတား၏ ။ အမေ့ကို ရှင်းပြပြီး နောက်နေ့ ကျောင်းတက်သောအခါ ဆရာမ ကို မျက်နှာငယ်နှင့် ခပ်တိုးတိုး ကျွန်တော်ပြောပြ၏ ။ အဖေ့အား ထောင်ဝင်စာ သွားတွေ့ချင်သည့်အကြောင်း၊ ကျွန်တော် မရှက်နိုင်တော့ပါ။ ဆရာမ က ကျွန်တော့် ကိုသနားသလားမသိ၊ နောက်တော့ပြန်ထားဆိုပြီး လောလောဆယ် ယူသုံးခွင့်ပြုလိုက်သည်။ ကျွန် တော်လည်း အားရ၀မ်းသာ ငွေဆယ့်ခြောက်ကျပ် ယူခဲ့သည်။အတန်းသားတွေကတော့ မသိ။
“ ဆရာမ ကို ပြောပြပြီးပြီ အမေ…ရလာခဲ့တယ်”
ကျွန်တော် အားရ၀မ်းသာ အမေ့ကို ပေးလိုက်၏ ။ အမေ ၀မ်းသာနေရမယ့်အစား မျက်နှာမကောင်း။
“ငါ့သားလည်း အမေတို့အတွက် ဒုက္ခပါပဲကွယ်…”
ငွေဆယ့်ခြောက်ကျပ်ကိုင်ပြီး အမေ ငိုင်တွေနေသည်။
“ဘိန်းမုန့်အရင်းလေး လုပ်လိုက်ရ ကောင်းမလား…”
“ကလေးကြီးအတွက် ဖိနပ်တစ်ရန် ဇွတ်မှိတ်ဝယ်ရ ကောင်းမလား…..”
“ကလေးကြီး ကျောင်းဝတ်အကျီင်္လည်း စုတ်နေပြီ…”
“ထီးလည်း မရှိ…”
“ဖောင်တိန်လေးတစ်ချောင်းလည်း ဖဲ့ဝယ်ပေးချင်သည်။ အမေကား ငွေဆယ့်ခြောက်ကျပ် ကိုင်ပြီး ၀ီစိကိစ္စတွေ များ နေတော့သည်။
“အမေ တခြားဟာတွေလျှောက်စိတ်ကူးမနေပါနဲ့၊ အဖေ့ထောင်ဝင်စာတွေ့ဖို့ပဲ ၀ယ်ပါအမေရာ….”
နောက်ဆုံးတွင်တော့ အမေသက်ပြင်းချရင်း အဖေ့အား ထောင်ဝင်စာသွားတွေ့ခဲ့သည်။
ယခုဆိုလျှင် အတန်းပိုင်ငွေလေးကို သုံးပြီးသည်မှာ လေးငါးလပင် ကြာခဲ့ပေပြီ။ ဤ အတောအတွင်း အတန်းသားများ ဆက်စုနေခဲ့၏ ။ကျွန်တော်လည်း မှန်မှန်ပင်ထိန်းခဲ့သည်။ ပြဿနာတက်ချင်တော့ ကျွန်တော်တို့ အတန်းပိုင်ဆရာမ မှာ ခုနှစ်တန်း ပြောင်းကိုင်ရမည် ဟု သိရ၏ ။ ဤတွင် အတန်းသားများ သည် ဆရာမ မရှိလျှင် မစုတော့ဘူးဆိုပြီး သူတို့စုငွေ လေးများ ပြန်တောင်းကြတော့သည်။ ထိုအခါမှပင် အဖေ့အား ထောင်ဝင်စာတွေ့ရန် ယူ သုံးထားသည့် ငွေဆယ်ခြောက်ကျပ်ကို သတိရတော့သည်။ ချက်ချင်းအပြည့်အ၀မရသဖြင့် အတန်းထဲတွင် ပူညံပူညံ ဖြစ်ကုန်တော့သည်။ ဆရာမ က ထိန်းပြီး ခဏစိုက်ထားပေး၍ ကျွန်တော်အသက်ရှုချောင်သွားရသည်။
ဖိုးသိန်းအောင်နှင့် ကျော်လေးတို့လည်း စိတ်မကောင်းကြ။ သူတို့လည်း ရွာလိုက်လာပြီး အမေ့ကို ပြောပြကြသည်။
အမေရွာထဲထွက် အတိုးနှင့် လျှောက်ချေးသည်။ အဆင်မပြေခဲ့။ တစ်ပတ်အတွင်း အမေ ရအောင်ရှာပေးမယ် ဟုကျွန်တော့်အား ကတိပေးသည်။ အမေလည်း မျက်နှာမ ကောင်းလှ။
နောက်နေ့မနက်တွင် အမေ အစောကြီးပျောက်သွားသည်။ နောက်မှ အနောက် ဘက် အောက်ကျင်းလယ်ဘေး တောစပ်ရေအိုင်ကြီးများ တွင် အလေ့ကျပေါက်နေသည့် ကန်စွန်းညွှန့်များ သွားချိုးကြောင်း သိရသည်။ လေးငါးမိုင်ထက်မနည်း လျှောက်ရ၏ ။ ရေ အိုင်ကြီးများ မှာ ဂျပန့်ခေတ်က ဗုံးကျင်းကြီးများ ဖြစ်သည်။ အမေ့ရင်ခေါင်းအထိ ရေနက် သည်။ အသည်းယားစရာကောင်းလှသည့် မျှော့ပြားစိမ်းစိမ်းကြီးတွေ တလန်းလန်းနှင့် ကူ နေသည်။ တစ်နေ့လုံးခူးပြီး အမေက ခြင်းကျားကြီးနှင့် ရွက်သည်။ ကျွန်တော်က နိုင်သမျှ ကြံဆိုင်းငှားထမ်းသည်။ ဒါတောင် တစ်နေ့လုံးလုပ်မှ လေးကျပ်ဖိုးကို မနည်းကြီးရောင်းရသည်။
ကျွန်တော်လည်း ကျောင်းပျက်တော့၏ ။အမေ့ကြည့်ရသည်မှာ လည်း ပိုပြီးအိုစာလာသလိုပင်။
“ကျွန်တော် ကျောင်းထွက်မယ် အမေ၊ နွားငှားကျောင်းရင် ဆယ့်ငါးတောင်းတော့ ရမှာ ပါ….”
အမေကား မျက်နှာထားတင်းတင်းနှင့်ပင် ခေါင်းခါသည်။
“အမေတို့ ဒီလိုပင်ပန်းဆင်းရဲနေရတာ ပညာမရှိလို့ ကလေးကြီးရေ…” ဟု အမေ ပြန်ပြောသည်။
ဖိုးသိန်းအောင်နှင့် ကျော်လေးသည် ကျွန်တော် ကျောင်းပျက်သဖြင့် ရွာလိုက်လာ ကြသည်။ကျွန်တော် ကျောင်းထွက်မှဖြစ်မည်ဟု ပြောပြသောအခါ သူတို့လည်း စိတ်မ ကောင်းခြင်းကြီးစွာ နှင့် ၀ိုင်းတားကြသည်။
သူနှင့်အတူ ဂေဟာတွင်ထားဖို့အကြောင်း ဖိုးသိန်းအောင် ထပ်ပြောပြန်သည်။ ကျော်လေးလည်း ဤတစ်ခါတွင် ၀င်ပြောသည်။ ကျွန်တော်ကလည်း သွားနေချင်သည်။ အိမ်ကသာ တက်နေရလျှင် ဤလိုပုံနှင့် မိုးကြီးချုပ်လိမ့်မည်။ အိမ်ကသာ တက်ရမည်ဆို လျှင် ကျွန်တော် မတက်တော့။ ယတိပြတ်ဆုံးဖြတ်ပြီး အမေ့ကို ပြောကြည့်သည်။ အခြေအနေ အရပ်ရပ်ကို အမေလည်း နားလည်သည်။
ဤတစ်ခါတွင် ခေါင်းမညိတ်ချင် ညိတ်ချင်နှင့် အမေသဘောတူလိုက်ရသည်။ ကျွန် တော်လည်း ရှိသည့် ပုဆိုး အကျီင်္ဟောင်းလေး လွယ်အိတ်ထဲ စုထည့်သည်။ ကျွန်တော် အိမ်မှထွက်လာသောအခါ အမေ့မျက်နှာမကောင်း။ညီလေး ညီမလေးတို့လည်း ငိုမဲ့မဲ့ဖြစ်နေ ကြသည်။ အမေ မျက်ရည်ဝိုင်းကျန်ရစ်လေသလား။ အမေ့ကို ကျွန်တော် ဦးသုံးကြိမ်ချ ကန်တော့ခဲ့သည်။
“အမေ…..တားလို့မရရင် သွားပေတော့ မောင်ရေ…. အမေတို့မှာ ငါးရာ့နှစ်ဆယ့် ရှစ်သွာနဲ့ပေ….”
ချင်းဖဝေးဇာတ်ထုတ်မှ ချင်းမ….မအိမ်ခေါင်းဆိုသည့် သီချင်းကလေးကား ကျွန်တော့်နားထဲ တိုးဝင်လာတော့သည်။ ကျွန်တော့်စိတ်များ လည်း မှိုင်းရော်နေတော့်၏ ။
ဂေဟာသို့ အမေ့မောင် လယ်သမားကြီး ဦးလေးလှတင်က လိုက်လံအပ်နှံပေးခဲ့ သည်။ ဘယ်လိုပြောအပ်သလဲ ကျွန်တော်လည်းမသိရ။ ဂေဟာမှ သူငယ်ချင်းများ က ကျွန်တော့်အား မျက်မှန်းတန်းမိနေကြပြီ။ ဆီးကြိုကြ၏ ။
ဦးလေးပြန်သောအခါ မုန့်ဖိုးတစ်ကျပ်ပေးခဲ့သည်။လိမ်လိမ်မာမာနေဟု ပြောပြီး ပြန် သွားသည်။ ဦးလေးလယ်သမားကြီး၏ နောက်ကျောပြင်ကြီးကြည့် ကျန်ရစ်ပြီး ကျွန်တော် ငို ချင်စိတ်ပေါက်လာခဲ့သည်။ အမေတို့ ဘယ်လိုနေလိမ့်မလဲဟုတွေးရင်း ကျွန်တော် ၀မ်းနည်း ကျန်ရစ်ခဲ့သည်။
****
ကျွန်တော်ရောက်ခါစက ဤအိမ်အိုကြီးမှာ “လူငယ်ဂေဟာ” ဆိုသည့် အောက်ခံ စိမ်းပေါ်တွင် အ၀ါစာလုံးနှင့် ရေးထားသည့် ဆိုင်းဘုတ်တင်ထားသည်ကို တွေ့ရသည်။ ယခုလို “ရမန်ဂေဟာ” မဖြစ်သေး။ ဆင်းရဲသည့် ကလေးများ ဂေဟာ၊ မိဘမဲ့ကလေးများ ဂေဟာသာ ဖြစ်သည် ဆို၏ ။
မူလက ဤလူငယ်ဂေဟာမှာ ဘုန်းတော်ကြီး ဦးကေတုက မြို့အနောက်ဘက်ရှိ သူ့သရက်တောကျောင်းတိုက်တွင် စတင်ဖွင့်လှစ်တည်ထောင်ခဲ့ခြင်းဖြစ်သည် ဆို၏ ။ ဆရာ တော်ကြီးမှာ အလှူခံပြီး ရှာဖွေကျွေးမွေးခဲ့သည်။
အစကတော့ လူငယ်သုံးဦးသာရှိသည်။ ဆွမ်းအုပ်ပို့၊ ဆွမ်းခံလိုက်၊ ဆွမ်းကြီးခံထွက်၊ ဝေယျာဝစ္စလုပ်ပေး၊ ကျောင်းအိပ်ကျောင်းစား သူငယ်များ ဖြစ်၏ ။ နောက်တော့ ဒကာ၊ဒကာ မတွေကလည်း ကျပ်တည်း တချို့ခိုကိုးရာမဲ့ကလေးတွေကို ကြည့်ရှုထားရင်းက တဖြည်း ဖြည်းများ လာပြီး “ပရဟိတ” ဂေဟာ ဖြစ်လာ၏ ။
ထိုမှတဆင့် တစ်စတစ်စ လူသိများ လာပြီး လူမှု ၀န်ထမ်းဌာနမှ ပုဂ္ဂိုလ်အချို့၊ မြို့ မျက်မှာ ဖုံးလူကြီးအချို့နှင့် တိုင်ပင်စည်းဝေးကြပြီး လူမှု ၀န်ထမ်းဌာနအောက် “လူငယ်ဂေဟာကြီး” ဟု ခေါ်ကြသည်။
ကျွန်တော်ရောက်တော့ တည်ထောင်ပြီး လေးနှစ်လောက်သာ ရှိသေး၏ ။ နောက် ပိုင်းတွင် တောက်တိုမယ်ရ ရုံးလုပ်ငန်းအကူအညီ ခိုင်းလို့ရသောအခါ သူငယ်ချင်း ဖိုးသိန်း အောင်နှင့် ကျွန်တော့်ကို တစ်လ လခ နှစ်ဆယ်ကျပ်ပေးပြီး ကျောင်းသားတိုင်း ဆရာလေး တစ်ပိုင်းဖြစ်သည့် “ လက်ထောက်အဆောင်မှုးလေး…”အဖြစ် ခန့်အပ်လိုက်ကြသည်။ ဂေ ဟာကြီးသို့ ရောက်ပြီး တစ်နှစ်ခွဲခန့်ကြာမှ ဤရာထူးကို ရခြင်းဖြစ်၏ ။
ရောက်စကမူ ဆင်းရဲသားကလေးများ ၊ မိဘမဲ့ ခိုကိုးရာမဲ့ကလေးများ သာဖြစ်သည်။ နောက်တစ်နှစ်လောက်ရှိသောအခါ တရားရုံးမှပို့သည့်ကလေးများ ပါ ရောက်လာသည်။ ဓား ပြမှု ၊ လူသတ်မှု ၊ လုယက်မှု ၊ ခိုးမှု ၊ အလစ်သုတ်မှု စသဖြင့် အမျိုးမျိုးအထွေထွေဖြစ်၏ ။
အမှန်မှာ ဖိုးသိန်းအောင်နှင့် ကျွန်တော့်ကို ရုံးလုပ်ငန်းအကူအညီရလို့ အဆောင်မှုး လေး ခန့်သည်ထက် လူဆိုးထိန်းသဘော သတ်မှတ်ကာ တစ်လ မုန့်ဖိုးနှစ်ဆယ်ပေးပြီး ခန့် သည်ဟု ကျွန်တော်ယူဆသည်။ မည်သို့ ပင်ဖြစ်စေ ကျွန်တော်ကား အိမ်အိုဂေဟာကြီး၏ လက်ထောက်အဆောင်မှုးလေး တစ်ယောက်ပင် ဖြစ်ပါ၏ ။
ယခုလည်း လူမှု ၀န်ထမ်းဌာနမှ ပုဂ္ဂိုလ်များ ၊ မြို့ပေါ်မှ မြို့မျက်နှာဖုံး လူကြီးများ နှင့် တခြားမြို့နယ်မှ ကျောင်းသူကျောင်းသား၊ ဆရာ ဆရာမ များ လေ့လာရေးလာကြမည်ဆို၍ အမြင်ကောင်းစေရန် သန့်ရှင်းရေးလုပ်သူလုပ်၊ စားဖိုဆောင် ကူလုပ်သူလုပ်နှင့် ပွဲထုတ်ပြရန်အငယ်ဆုံးကလေးတချို့ကို ဒု-ဂေဟာမှုးက မင်္ဂလာကဗျာလေးများ သင်ပေးထားသည်။
ယခု အစမ်းလေ့ကျင့်နေသည်ကို ကျွန်တော်က လမ်းလျှောက်ရင်း ကြီးကြပ်ပေးနေ ရသည်။ ကြီးကြပ်ပေးနေရသည် ဆိုသော်လည်း ကလေးများ ရှေ့ ဟန်မပျက် လမ်း လျှောက်ပြီး ကိုယ်တွေးချင်ရာတွေးနေခြင်းဖြစ်၏ ။ သို့ သော် ခပ်လှမ်းလှမ်းတွင် ကြိမ်ကိုကိုင်ရင် ကျွန်တော်တို့ကို တစေ့တစောင်း အကဲခတ်နေသည်ကား ဒု-ဂေဟာမှုးဦးမြဆိုင်။ အ သားအရေ လျော့ရဲရဲ၊ ခါးကိုင်းကိုင်း၊ ခေါင်းတုံးဆံတောက်၊ ရှပ်ဖြူလက်တိုနှင့် လူကြီး။ စဉ်း လဲသော အပြုံးနှင့် လူကြီး။
တော်သေးသည်။ ကျွန်တော်ကား ကြိမ်လုံးကိုင်နေရာ မဟုတ်သေး။ ကလေးများ မုန်းသည့် ကြိမ်လုံးကိုင်နေရာလည်း ကျွန်တော် မရောက်ချင်။ ကလေးများ နည်းတူ ကြိမ် လုံးကိုင်သူတွေကို ကျွန်တော်လည်း မုန်းတီးနေပါသည်။
* * *
(၂)
“အိုးထိန်းသည် သည် အိုးကိုကွဲစေရန် မပုတ်ခတ်၊ ခိုင်ခံ့စေရန်သာ နာနာပုတ်ခတ်ရသည်”
ဤစာတန်းကြီးကို အိမ်အိုကြီး၏ ဆင်ဝင် ယက်မကြီးပေါ်တွင် တစ်ကြောင်းတည်း ရေးထိုး ထား၏ ။ ပြာလဲ့လဲ့အရောင် အောက်ခံပေါ်တွင် သဘောင်္ဆေးအနက်နှင့် ရေးထားသည် မသိ။စာ လုံးများ ပတ်ကြားအက်နေသည်ကို ဖုံးရန် ဆေးခပ်ပါးပါးအပေါ်က ထပ်လိုက်ရေးထားသည်။
ရုတ်တရက် အပေါ်ယံကြည့်လိုက်လျှင် ထိုစာလုံးများ ပတ်ကြားအက်နေသည်ကို မြင်ရလိမ့် မည်မဟုတ်။ ဤစာတန်းကြီး ရေးထိုးထားသည့် ယက်မမှာ ရုံးခန်းနှင့် အရှေ့အိပ်ဆောင်တို့၏ နဖူး စည်းကဲ့သို့ ဖြစ်နေပေသည်။ ဆင်ဝင်အိမ်အိုကြီးမှာ မြောက်ဘက်သို့ မျက်နှာလှည့်ထား၏ ။ ဆင် ၀င် အိမ်အိုကြီး၏ အောက် ဆင်ဝင်ခန်းတစ်ခန်းကျော်လျှင် အရှေ့ဘက်ခြမ်းတွင် ရုံးခန်းနှင့် အိပ်ဆောင်။ အိပ်ဆောင်မှာ မြေကြီးပေါ်တွင် ခုတင်များ ချထားပြီး ရုံးခန်းနှင့် အိပ်ဆောင်ကို ရုံးဗီရိုရှည်ကြီးနှစ် လုံးအား ခန်းဆီးအဖြစ်သုံးပြီး ခွဲခြားထားသည်။ရုံးခန်းနှင့် ကပ်လျှက်ခုတင်မှာ ကျွန်တော်၏ ခုတင် ဖြစ်၏ ။ ထိုစာတန်းကြီး၏ အောက်ဘက် မျက်စောင်းထိုးနေရာတွင်ဖြစ်သည်။
အပေါ်ထပ်ဆင်ဝင်ခန်းတွင် ဂေဟာမှုးခုတင်နှင့် သူ့လက်ရုံးတပည့် အဆောင်မှုးကြီးခုတင် ရှိသည်။ ဘုရားစင်လည်း အပေါ်ထပ်တွင်ရှိ၏ ။ ကလေး-လေးဆယ်ကျော်ခန့် အပေါ်ထပ်တွင် အိပ် ၍ အိမ်အောက် အရှေ့အိပ်ဆောင်နှင့် အနောက်အိပ်ဆောင်နှစ်ခုတွင် သူငယ်သုံးဆယ်ကျော်၊ ပေါင်း ခုနှစ်ဆယ်ကျော်ခန့်ရှိလိမ့်မည်။ ခုတင်မလုံလောက်သဖြင့် တစ်ယောက်အိပ်ခုတင်ကို နှစ်ယောက်အိပ်၊ တချို့ သုံးလုံးဆက်၊ လေးလုံးဆက် ကပ်ထားရသည်။ ဤသို့ ခုတင်ချင်းစပ်ပြီး ဆက်ထားသဖြင့် လူပိုဆံ့သည်။ ကျပ်ကျပ်တည်းတည်းနှင့် အိပ်ကြရသည်။
ဒုတိယဂေဟာမှုးမှာ ဤအိမ်အိုကြီး၏ အိမ်ရှင်ဖြစ်၍ အိမ်အိုကြီး၏ သုံးချိုးတစ်ချိုး နောက် ခန်းတွင် သူ့မိသားစုနှင့် နေသည်။ ဂေဟာအဆောက်အအုံအပိုင် မရှိသေး၍ ဤဆင်ဝင်အိမ်အိုကြီး ၏ ရှေ့ပိုင်း သုံးချိုးနှစ်ချိုးကို ငှားထားခြင်းဖြစ်သည်။
အပေါ်ထပ်ဆင်ဝင်ခန်းတွင် ဂေဟာမှုးခုတင်ရှိသော်လည်း များ သောအားဖြင့် ဂေဟာမှုးမှာ ညဘက် ဂေဟာတွင် အိပ်ခဲသည်။ ဂေဟာမှုးအိမ်မှာ ဂေဟာနှင့် ဆယ်အိမ်ကွာလောက်တွင်ရှိ၍ သူ့ အိမ်သူပြန်အိပ်သည်။
အရှေ့အိမ်ဆောင်သို့ လည်းကောင်း၊ရုံးခန်းသို့လည်းကောင်း ၀င်တိုင်း ထွက်တိုင်း ယက်မ တန်းကြီးပေါ်က ထိုစာတန်းကြီးအား ခေါင်းနှင့်တိုက်နေရသလို၊ ဦးတိုက်နေရသလို ဖြစ်နေသည်။ ထိုစာတန်းကြီးအား ကျွန်တော် အတော်လေး ရင်းနှီးခဲ့ဖူးသလို ခံစားနေရသည်။
လေ့လာရေးဆရာမ အချို့ ယက်မပေါ်ကထိုစာတန်းကြီးအား လက်ညှိုးထိုးပြပြီး သဘောကျ နေကြသည်။ ကျွန်တော်ကား ရုံးခန်းထဲတွင် ဂေဟာမှုးအား လိုအပ်သည့်ဖိုင်များ ကို ယူပေးရင်း ကူ လုပ်ပေးနေရသည်။ ဂေဟာမှုးမှာ လူလက်ခံရေးကိုစ္စ၊ ထိန်းသိမ်းရေး၊ စည်းကမ်း၊ ကလေးများ ကျန်း မာရေး၊ ဂေဟာတွင်းတာဝန်များ ၊ ကလေးသူငယ် တရားအက်ဥပဒေ ပျံ့နှံ့လာပုံ၊ ကလေးများ ၏ စာ ရိတ္တပြုပြင်ရေး၊ အဘယ်ပုံစိတ်ရှည်ရသည်၊ အနာဂတ်သည် လူငယ်တွေလက်ထဲ၌ ရှိပုံ….စသည်ဖြင့် စုံတကာစေ့ မမောတမ်း မပန်းတမ်း ပါးစပ်မှ အမြုပ်စီအောင်ပြောနေသည်မှာ ရွှန်းရွှန်း ဝေနေ တော့၏ ။ ဤရုံးခန်းထဲတွင် ရွှန်းရွှန်းဝေအောင် ရှင်းပြနေရသော်လည်း အိမ်ရှေ့ဘက်သို့ လည်း စိတ် မချ၊တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်ဖြစ်အောင် ကြည့်ရင်း ဂေဟာမှုးမှာ ချွေးစေးများ ပြန်နေသည်။
ဤအိမ်အိုဂေဟာကြီး၏ ရှေ့ကွက်လပ် တလင်းပြင်အလယ်ကောင်တွင် ရေညှိုတက်ပြီး မည်းစိမ်းနေသည့် ၀ါးအလံတိုင် ခပ်ယဲ့ယဲ့တစ်ခုရှိသည်။ လေတဟူးဟူးဒဏ်ကြောင့်လည်းကောင်း၊ နေလောင်ထားသဖြင့် လည်းကောင်း အလံဖျင်ရွက်မှာ ဖြူဖျော့နေပြီး အနားစုတ်ဖွာနေသည်။
အလံတိုင်ရှေ့တွင် မောင်ငယ်တို့လူသိုက် တန်းစီ လက်ပိုက်လျက် မင်္ဂလာကဗျာ ဆိုပြနေ ကြသည်။ ဒု- ဂေဟာမှုးလည်း အနီးတွင်ရှိသည်။ သို့ သော် အစမ်းလေ့ကျင့်သည့်နေ့ကလိုတော့ သူ့ လက်ထဲ ကြိမ်လုံးမပါတော့ပေ။ ဒု-ဂေဟာမှုး ဦးမြဆိုင်မှာ ဂုဏ်လည်း ဂုဏ်ယူမဆုံး၊ မှားပြီး က ဘောက်တိကဘောက်ချာလည်း ဖြစ်မှာ စိုး၊ အဆင်ပြေပြေဖြစ်ပြီး မြန်မြန်သက်ပြင်းချချင်နေသော မျက်နှာပေးနှင့်ဖြစ်၏ ။
ဦးမြဆိုင်မှာ ဤအိမ်အိုဂေဟာကြီး၏ အိမ်လည်းအိမ်ရှင်ဖြစ်၏ ။ ဘုန်းကြီးလူထွက်ဖြစ်သည် ဟုလည်း ကြားဖူးသည်။ ကလေးများ လိမ္မာရေးခြားရှိဖို့ တရားဓမ္မလေးဟောလိုက်၊ ငါးပါးသီလအ ကြောင်းလေးပြောလိုက်၊ သားရွှေဥမှာ ကဘယ်လို၊ပုတ္တောါဒက ဘယ်သို့ မာတောဝါဒက ဘယ်ပုံ သားရွှေခဲ၊ သားရွှေတောင်၊ သားရွှေကြူမှာ က ဘယ်နည်း…. စသဖြင့် ဆုံးမသြ၀ါဒများ ပေးတတ် သည်။ ကျွန်တော်ငယ်စဉ်ကမူ ကျွန်တော့်ဦးလေး လယ်သမားကြီးက ကျွန်တော့်ကို ဆိုဆုံးမသည့် အခါ ကျွန်တော် စိတ်ကျဉ်းကျပ်နေရ၏ ။ အဆာပလာမပါဘဲ ဘွင်းဘွင်းကြီးပြောနေသဖြင့် ကျွန် တော်အထင်မကြီးမိ။ သို့ သော် ကျွန်တော်၏ အဘိုးက “သားရွှေဥ၊ မျက်ရှု၊ ကြေးမုံ၊ သက်လုံးပုံလော့” ဆိုပြီး ဆုံးမစာ လင်္ကာရွတ် ဆုံးမသောအခါ အဘိုးကို အထင်ကြီးစိတ်၊ လေးစား စိတ်တွေ ပေါ်လာ၏ ။ ယခုမူ ထိုဆုံးမစာ၊ ဆုံးမသောစကားများ အား ကြားရဖန်များ ၍ နားငြီးနေပေပြီ။
ဒုဂေဟာမှုး ဦးမြဆိုင်မှာ ဧည့်သည်လာလျှင် ဟန်ပြကောင်းရန် ယခုလို မင်္ဂလာ ကဗျာလေး များ နှုတ်တိုက်သင်ပေးထားတတ်သည်။ သူဆုံးမ၍ အဘယ်မျှ လိမ္မာရေးခြား ရှိနေကြောင်း ကြွားမဆုံးနိုင်တော့ပေ။
ဒု-ဂေဟာမှူးလက်ထဲ ကြိမ်လုံးကိုင်မထားသော်လည်း မောင်ငယ်တို့ လူသိုက်၏ မင်္ဂလာ ကဗျာဆိုသံတွေမှာ အစမ်းလေ့ကျင့်သည့်နေ့ကထက် ပိုတုန်နေသည်ဟု ကျွန်တော်ထင်သည်။ ကဘောက်တိကဘောက်ချာဖြစ်၍ အရှက်ကွဲပါက ဧည့်သည်များ ပြန်လျှင် ကျောကွဲအောင်အရိုက်ခံ ရမည်ကို သူတို့အတွေ့အကြုံအရ ဤကလေးများ သိနေကြသည်။
တရားသူကြီး၊ ဆရာဝန်၊ အထက်တန်းကျောင်းအုပ်ဆရာမ ကြီး စသော မြို့မျက်နှာဖုံး လူ ကြီးလူကောင်းများ အပါအ၀င် ဆရာ,ဆရာမ ၊ လေ့လာရေး ကျောင်းသူကျောင်းသားတို့ကား ပြုံးစိစိ နှင့် နားထောင်နေကြသည်။မြို့မျက်နှာဖုံး လူကြီးလူကောင်းများ ကား ခေါင်းတညိတ်ညိတ်နှင့် ဣနြေ္နရရ သဘောကျဟန်ပြနေကြသည်။ ဣနြေ္နကြီးတွေနှင့် သည်လူကြီးတွေ ဟန်လုပ်နေမှန်း ကျွန်တော် မြင်ရုံနှင့် သိနေသည်။
လေ့လာရေးဆရာမ တစ်ဦးနှင့် ကျောင်းသူတချို့ကား မင်္ဂလာကဗျာဆိုနေသည့် တင်အောင် လေးကို လက်ညှိုးလေး ခပ်ဝှက်ဝှက်လုပ် ထိုးပြကာ အချင်းချင်း တီးတိုးပြောလျက် တခိခိလုပ်ရင်း သဘောခွေ့နေကြသည်။ တင်အောင်လေးမှာ လက်ကို အပေါ်မြင့်မြင့် ရင်အုပ်ထိ ခပ်ကြွားကြွား တက်ပိုက်လျှက် မင်္ဂလာကဗျာကို တအားဆောင့်ဆောင့်ဆိုနေသည်။ တအားဆောင့်ဆောင့်ဆို လိုက်တိုင်း သူ့ဗိုက်ပူပူလေးမှာ ပူလိုက်ပိန်လိုက် စူလိုက်လျော့လိုက်နှင့် ဖြစ်နေသည်။
မျက်လုံးပြူးပြူး မျက်နှာဝိုင်းဝိုင်းနှင့် ၀ကစ်ကြည်ဝင်းလေး၊ မျက်နှာရှည်ရှည် ပိန်စောက် စောက် ခပ်ပေပေမျက်နှာပေးနှင့် သန်းဦးလေး၊ ဘုမသိဘမသိ မျက်လုံးကလယ်ကလယ်နှင့် အပန်း တကြီး ဆိုပြနေသည့် အောင်ကြည်မြင့်လေး၊ ငါအတော်ဆုံးဆိုသည့် အကြွားနှုတ်ခမ်းနှင့် ပုဒလက် မောင်ငယ်၊ အဝေးကိုလှမ်းငေးရင်း ရီဝေေ၀ဆိုနေသည့် အေးမြင့်လေး၊ မျက်မှော င်ကုတ်ကုတ် နား ရွက်ကားကားနှင့် အောင်ဆန်းဝင်း၊ မျက်လုံးတစ်ဖက်စောင်းနှင့် တင်ရွှေလေး၊ မျက်နှာပြဲပြဲ ဗိုက်ရွှဲရွှဲ တရုတ်ကြီးထွန်းချစ်၊ အသားလတ်လတ် ရုပ်ဖြောင့်ဖြောင့် မျိုးမြင့်လေး၊ မထုံတက်တေးအမူအရာ နှင့် မောင်မြအောင်။
သူတို့လေးတွေမှာ ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ် ကလေးငယ်များ ဖြစ်ကြ၏ ။ ညီတူညာတူ ၀တ်စုံနှင့်မဟုတ်ကြ။ တချို့ကလေးတွေက ဘောင်းဘီတိုလေးနှင့် တချို့ အိမ်ပါအကျီင်္အဖြူလက် တို၊ တချို့လည်း ဂေဟာထုတ် ခပ်လျှောလျှော လျော့တိလျော့ရဲ အကျီင်္ဖားဖားစင်း၊ တချို့ စွပ်ကျယ် ချိုင်းပြတ်ကလေးနှင့်။
သတင်းထောက်လား၊ ကျောင်းဆရာပဲလားမသိ၊လေ့လာရေး ဧည့်သည်တစ်ဦးက လက် ပိုက်တန်းစီပြီး မင်္ဂလာကဗျာ အော်ဆိုနေသည့် ကလေးများ ကို ဓာတ်ပုံရိုက်ယူနေသည်။
ဘုန်းကြီးလူထွက် ဒု-ဂေဟာမှူး ဦးမြဆိုင်ကား ပြုံးဖြီးဖြီးမျက်နှာကြီးနှင့် အကျေနပ်ကြီး ကျေ နပ်နေသည်။ ဓာတ်ပုံထဲလည်းပါအောင် ဣနြေ္နလည်းမပျက်ရအောင် ကင်မရာကိုလည်း မကြည့်၊ ရိုက်ကွင်းကလည်းမထွက်ဘဲ ခါတိုင်း ရိုးရိုးနေလျှင် အနည်းငယ်ကုန်းနေသည့် သူ့ခါးကို နည်းနည်း လေးမတ်ထား၏ ။ ခေါင်းတုံးဆံတောက် ဆံပင်တိုတို လယ်တိုအကျီင်္လက်ရှည်နှင့် ဣနြေ္နရရ ဟန် လုပ်လက်ပိုက်နေသည်။
ကျွန်တော် ဦးမြဆိုင်ကို မသိမသာလှမ်းကြည့်လိုက်ပြီး ပြုံးချင်ချင်ဖြစ်သွား၏ ။ ဟိုနေ့က သည်မျက်နှာမျိုးမဟုတ်။ ကလေးများ ကို ရိုက်သည့်အခါ ဒီမျက်နှာမျိုးမဟုတ်။ ညပိုင်း ဘုရားရှိခိုးအ ပြီး ပုတ္တောဝါဒရွတ်၍ ကလေးများ အား ဆုံးမနေစဉ်အခါလည်း ဤမျက်နှာမျိုးမဟုတ်။ ဒု-ဂေဟာမှုး၏ ဤမျက်နှာပေးမျိုးအား ကျွန်တော် မတွေ့ဖူးသေး။
အိမ်အိုဂေဟာကြီးအောက် ရုံးခန်းထဲ ကျွန်တော့်ဘေးမှ ဂေဟာမှူး ဦးမင်းအေးကား ဧည့် သည်လူကြီးတချို့ကို ဖိုင်များ လှန်လှောပြနေရာမှ တစ်ချက်တစ်ချက် အိမ်ရှေ့ ကလေးများ ဆီ စိတ် မချဟန်ဖြင့် လှမ်းလှမ်းကြည့်တတ်၏ ။ ဆံပင်နောက်ပါးကို သူ့အရပ်ရှည်ရှည် မာကျောကျောမျက် နှာနှင့် ကလေးများ ကို မညှာမတာ သားသမီးချင်းမစာတမ်း ရိုက်နှက်ညှဉ်းပန်းတတ်သည်။ လမ်း သွားလျှင် သူ့ကျောလျားရှည်ကြီးကို ကော့ပြီး သွားတတ်သည်။
သူ့အိမ်မှာ အိမ်အိုဂေဟာကြီးနှင့် မဝေးလှ၊ ကလေးသုံးယောက်၊ ယောက္ခမ၊ အစ်ကို၊ ယောက်ဖ၊အိမ်သူအိမ်သား တစ်လှေကြီးနှင့်ဖြစ်၏ ။ ဂေဟာမှ ကလေးများ ကို သူ့အိမ်သို့ ခေါ်ခေါ်တတ်သည်။ တချို့ဆိုလျှင် မိုးလင်းသည်နှင့် သူ့အိမ်သွား ထင်းခွဲ၊ရေခပ်၊ဗာဟီရလုပ်ပေး၊ ဆရာကတော်နှင့် ဈေးလိုက်၊ ဆွဲခြင်းဆွဲ၊ အိပ်ချိန်မှ ဂေဟာပြန်ရ၏ ။ သူ့လက်ရုံးအဆောင်မှူး လူမိုက်များ အပြင် ကျောင်းသားထဲမှ လက်သစ်တပည့်မွေးသေး၏ ။ ရုံးလုပ်ငန်းလည်းနားလည်၊ လူ ကြီးတွေလာလျှင်လည်း မျက်နှာလွှဲလို့ရသည့် လက်ထောက်အဆောင်မှူးလေး ကျွန်တော့်အား လည်း တပည့်မွေးဖို့ ကြိုးစားဖူးသေးသည်။ သို့ သော် ကျွန်တော်ကား မည်သည့်အခါမှ သူ့လက် သပ်မွေး ခံလိမ့်မည်မဟုတ်။
သူ့အမူအကျင့် တပည့်မွေးမှု ၊ မျက်နှာလိုက်မှု ၊ ကလေးများ အပေါ် မညှာမတာရိုက်မှု ၊ သူ့ဖိ နှိပ်မှု တွေကို ကျွန်တော်ကား ရွံမုန်းနေသည်။ သူနှိပ်စက်နိုင်အောင် အထောက်အကူပေးနေသည့် အရာမှန်သမျှ ကျွန်တော်မုန်းသည်။ ကျွန်တော်ကလည်း သူ့ကိုမုန်းသည်။ သူကလည်း မုချ ကျွန် တော့်ကို မုန်းလိမ့်မည်။ အပေါ်ယံအလုပ်ဖြစ်ရုံ ဆက်ဆံနေရသော်လည်း သူနှင့် ကျွန်တော်ကား တ စောင်းနှင့်မျက်ချေး။ ထို့ကြောင့်လည်း ကလေးများ က ကျွန်တော့်ကို ပိုချစ်ခင်ကြသည်။ ပိုယုံကြည် ကြသည်။ ကျွန်တော်လည်း သူတို့လိုပင် အဖိနှိပ်ခံလာခဲ့ရသည်။ ဤဂေဟာမှူးပင် ကျွန်တော့်အား အကြိမ်ကြိမ် ရိုက်နှက်ခဲ့ဖူးသည်။ ယခုလည်း ကျွန်တော် လက်ထောက်အဆောင်မှူး ဖြစ်နေ၍ လွတ်လပ်နေသည် မဟုတ်ပါ။ ကျွန်တော့်အား နှိပ်ကွပ်ရန် အမြဲကြိုးစားနေသည်။ ကလေးများ ကျွန်တော့်ကို လေးစားချစ်ခင်ကြသည်ကို သူ မကျေနပ်နိုင်။ ကျွန်တော့်အား နှိမ်ထားနိုင်လျှင် သူ့ သြဇာ ပိုကြီးလိမ့်မည်၊ အုပ်ချုပ်ရ ပိုကောင်းလာမည်ဟု တွက်ထားကြောင်း ကျွန်တော်သိနေသည်။
ဂေဟာရှေ့၊ အလံတိုင်ခပ်ယဲ့ယဲ့ရှေ့မှ ကလေးများ အား မင်္ဂလာကဗျာဆိုပြပြီး၍ လေ့လာ ရေးဧည့်သည်များ နှင့် အမေး၊ အဖြေလုပ်နေရသည်။ ဂေဟာမှူး စိတ်မချမည့်သာမချဖြစ်နေသည်။ သူ့တစ်ချက်လွှတ်အမိန့်ကို အထပ်ထပ်အပြန်ပြန် အခါခါအဖန်ဖန် ထုတ်ဆင့်ပြီး သတိပေးပြီး ခြိမ်း ခြောက်ပြီး ရာဇသံပေးပြီးဖြစ်၏ ။
လူမှု ၀န်ထမ်းအရာရှိ၊ လေ့လာရေး ကျောင်းဆရာ ဆရာမ ဘယ်လိုဧည့်သည်မျိုးပဲလာလာ ဂေဟာ၏ အခြေအနေ၊ ကလေးများ ၏ နေရေးထိုင်ရေး၊ စားရေးဝတ်ရေး၊ ပျော်ရွှင်မှု ရှိမရှိ မေးလျှင် အားလုံးအဆင်ပြေပါကြောင်း၊ နေရထိုင်ရကောင်းကြောင်း၊ သိုက်သိုက်မြိုက်မြိုက်နှင့် ပျော်စရာ ကောင်းကြောင်း၊ စားရေးဝတ်ရေးလည်း အခြေအနေကောင်းကြောင်း၊ တစ်သံတည်း တစ် လေတည်းဖြစ်ရန် ကြိမ်တ၀င့်ဝင့်နှင့် သတိပေးပြီးဖြစ်၏ ။ ချို့တဲ့ကြောင်း၊ အဆင်မပြေကြောင်း၊ အ နှိပ်စက်ခံရကြောင်း၊ အဖိနှိပ်ခံနေရကြောင်း နည်းနည်းလေးလေသံထွက်မိလျှင် အမှန်အတိုင်း နည်းနည်းပါးစပ်ဟ မိလျှင် ဧည့်သည်များ ပြန်ပါက ကျောကွဲအောင် အရိုက်ခံရလိမ့်မည်။ သံချွန်နှင့် တင်ပါး၊ ပေါင်၊ ခြေသံလုံးကြွက်သားတို့ကို အပေါက်ခံရလိမ့်မည်။ လက်နှစ်ဖက် သံကြိုးချည်သော့ ခတ်လျှက် ခြေနှစ်ဖက် သံကြိုးကွင်း ထူးခတ်လျက်၊ ချေးနံ့သေးနံ့၊ ပုပ်ဟောင်နေသော ကြမ်းပိုးတောကွာတားခန်းထဲ စံမြန်းရလိမ့်မည်။
ဤမျှ တင်းတင်းကျပ်ကျပ် ထူးခတ်အုပ်ချုပ်ထားပါလျှက် စိတ်မချ။ တစ်ချက်တစ်ချက် လှမ်း ကြည့်ဖြစ်အောင် ကြည့်မိလိုက်သေးသည်။ ဒု-ဂေဟာမှူး ဦးမြဆိုင်မှာ ကလေးများ မင်္ဂလာကဗျာ ချောချောမောမော ဖြစ်သွားသဖြင့် အလုံးကြီးကျသွားပြီး လေ့လာရေးဆရာတစ်ဦးနှင့် အုန်းတန်း ကြားထဲ လမ်းလျှောက်စကားပြောနေသည်။ဤသည်ကို ဂေဟာမှူး ဦးမင်းအေးက လုံးဝသဘောမ ကျ။ မကျေမနပ်နှင့် ဦးမြဆိုင်တို့ကို လှမ်းကြည့်လိုက်သေးသည်။ ဦးမြဆိုင် အနားမှာ ရှိနေလျှင် က လေးများ သူတို့ပြောချင်ရာ ပြောလို့ရမည်မဟုတ်။ လေ့လာရေးဆရာတို့လည်း မေးချင်ရာမေးနိုင် လိမ့်မည်မဟုတ်။ ထို့ကြောင့်ပင် ခဏခဏ အိမ်ရှေ့ဘက် လှမ်းလှမ်းကြည့်ပြီး စိတ်လှုပ်ရှား ဗျာများ နေသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်ကတော့ ဂေဟာမှူး စိတ်ဆင်းရဲနေသည်ကို သဘော ကျနေ၏ ။ ၀တ်လည်နေပြီဟု ကျွန်တော်တွက်၏ ။ ကလေးများ လည်း ရင်ထဲရှိရာ ပြောပြချင်ရှာလိမ့် မည်။ ခံစားချက်များ ဖွင့်အန်ချင်ပေလိမ့်မည်။ ရရာထောင့်ကနေပြီး မကျေနပ်ချက်များ ဖော်ထုတ် ချင်ရှာပေလိမ့်မည်။
ကျွန်တော်လည်း တစ်ချက်တစ်ချက် အခြေအနေသိရန် အိမ်ရှေ့လှမ်းကြည့်ဖြစ်၏ ။ ကျွန် တော်က မတ်တတ်ရပ်ပြီး ဂေဟာမှူးတောင်းရာ ဖိုင်များ ဗီရိုထဲမှ ယူပေးနေရသည်ဖြစ်ရာ ဂေဟာ မှူးကို အပေါ်စီးမှမြင်နေရသည်။ ယခုအချိန်တွင် သူ့ခေါင်းကို တူနှင့်ထုချလိုက်ရလျှင် ပုဝင်သွားလိမ့်မည်ဟု ကျွန်တော်တွေးမိလိုက်သေးသည်။
ကလေးများ လက်ပိုက်တန်းစီလျက်ပင်ရှိနေကြသေးသည်။ သန်းဦးလေး၏ ငိုသံပါနှင့်ပြော ပြနေသံကိုလည်း မသဲမကွဲကြားနေရသည်။ လက်ကလေးပိုက်လျက်ဖြင့် တစ်ချက် တစ်ချက်ရှိုက် လျက်ဖြင့်…. ကျွန်တော်တွေ့နေရတော့သည်။ခဏအကြာတွင် တန်းဖျက်ပြီး အချို့ကလေးများ နောက်ဖေးစားဖိုဆောင် တဲလျားရှည်ကြီးဆီ သွားကြ၏ ။ အချို့ကလေးများ ကား လေ့လာရေးဧည့် သည်အချို့နှင့် စကားပြောနေကြသည်။ စာရေးဆရာဆိုသူ လေ့လာရေးဆရာတစ်ဦးနှင့် သန်းဦး လေးတို့အား အနောက်ခြံစပ် အုန်းနှစ်တန်းကြားလမ်းလျှောက်သွားကြသည်ကို ရုံးခန်းထဲမှ မြင်နေ ရသည်။ဂေဟာမှူးလည်း သူတို့သွားရာ လည်ဆန့်ပြီး တစ်ချက် လှမ်းကြည့်နေ သည်။ ဂေဟာမှူး ရင်တွင်း ဒေါသပုန်ထနေသည်ကို မည်မျှပင် ဟန်ဆောင်ပြီး မျက်နှာမှာ ပြုံးထားသော်လည်း မ သိ မသာကုတ်ကျလာနေသည့် သူ့မျက်မှော င်က သက်သေဖော်ပြလျှက်ရှိသည်။
ဒု-ဂေဟာမှူးလည်း ဘယ်ဆီရောက်နေပြီနည်း။ နောက်ဖေးဆောင်ဘက် ရောက်နေပြီလား မသိ။ ရုံးခန်းထဲတွင် ကျွန်တော်၊ ဂေဟာမှူးနှင့် လေ့လာရေးလူကြီးလူကောင်းအချို့၊ အရာရှိအချို့ တို့သာကျန်သည်။ တချို့လူကြီးတွေက ခေါင်းတညိတ်ညိတ်နှင့် ဂေဟာမှူးပြောသမျှ ဒိုင်ယာယီစာ အုပ်ထဲ ရေးမှတ်နေကြသည်။ သူတို့ချင်းလည်း တစ်ချက်တစ်ချက် အင်္ဂလိပ်လိုပြောကြသေး၏ ။
ထိုစဉ် ကျွန်တော့်သူငယ်ချင်း လက်ထောက်အဆောင်မှူးလေးသိန်းအောင် နောက်ဖေး ဆောင်တွင် ကူလုပ်နေရာမှ ရုံးခန်းထဲဝင်လာသည်။ ကျွန်တော့်ကို ဆရာကြီးဦးဆန်းဦး ခေါ်နေသည်ဟုပြောပြီး ရုံးခန်းတွင် ကျွန်တော့်နေရာ သူဝင်ကူလုပ်သည်။ကျွန်တော်လည်း နောက်ဖေးစားဖိုဆောင်ကြီးဘက် ထွက်လာခဲ့သည်။
နောက်ဖေးစားဖိုဆောင်တဲလျားရှည်ကြီးမှာ ဤဂေဟာမှကလေးများ မြေထမ်းဖို့၊ ကုန်းမြင့် လုပ်ပြီး ဓနိမိုး၊ ၀ါးပိုးတိုင်စိုက်ပြီး အဆောင်ကြီးထိုးထားခြင်းဖြစ်၏ ။ အကာအရံမရှိ ကျောလျားရှည် ကြီးဖြစ်၏ ။ ရာဝင်စဉ်အိုးကြီးလေးလုံး၊ မိုးဗြဲဒယ်၊ ဒန်ထမင်းအိုးကြီးတစ်လုံး ဘေးတွင် ရှိနေသည်။ မြေတူးပြီး လုပ်ထားသည့် မီးလင်းဖိုကြီးတစ်ခု။ အုတ်ခဲဆင့် သုံးပွင့်ဆိုင်၊ မီးဖိုနှစ်ခုရှိ၏ ။ စားဖိုဆောင် အ၀င်ဝ ၀ါးရေအိုးစင် ရင်တိုက်လောက်ပေါ်တွင် သောက်ရေအိုးငါးလုံး၊ အောက်က သဲခံထား သည်။
စားဖိုဆောင်ကြီးတစ်ဖက်တစ်ချက် အရှေ့စပ်နှင့် အနောက်စပ်တွင် ထမင်းစားခုံတန်းလျား ရှည်ကြီးနှစ်ခု မျဉ်းပြိုင်နှစ်ကြောင်းလို ရှိနေကြသည်။
စားပွဲခုံရှည်ကြီး ဟိုဘက်သည်ဘက် နှစ်ဖက်ညှပ်၍ ထမင်းထိုင်စားရန် ၀ါးသုံးလုံးပူး အဆင့် ရိုက် တန်းချထားသည်။ တစ်ဖက် လူနှစ်ဆယ်ခန့်ဆံ့သည်။ ခုံတန်းလျားနှစ်ခုလုံးဆိုလျှင် လူရှစ် ဆယ်ကျော် ကိုးဆယ်ခန့် စားလို့ရလိမ့်မည်။
ဦးကေတု ပရဟိတဂေဟာမှတဆင့် မြို့ပေါ်ရောက် ဤဂေဟာကြီးကို စတင်ဦးစီးဦးကိုင်ပြု တည်ထောင်သူဟု နာမည်ကြီးနေသည့် စေတနာ့ဝန်ထမ်း လူမှု ၀န်ထမ်း ကျောင်းအုပ်ကြီး ဆရာကြီးဦးဆန်းဦးကား တပည့်လက်သား ကျောင်းသားအချို့နှင့် အထူးစပါယ်ရှယ် စာရင်း ဇယားကိုက် ကြက်သားဟင်းကြီး (သို့ မဟုတ်) “ဂနွေလာဟင်းကြီး” ချက်လျက်ရှိ၏ ။
ဆရာကြီးဦးဆန်းဦးမှာ အသားလတ်လတ်၊ပုပု၊ ဆံပင်ကို သေသပ်ကျနစွာ ဖြီး ထားတတ် သည်။ ခရီးသွားလျှင် တိုက်ပုံအကျီ်င်္ အမြဲဝတ်လေ့ရှိပြီး မျက်မှန်ကို အမြဲတမ်းတပ်ထားလေ့ရှိ သည်။ သူကား ဟင်းချက်ကောင်း နာမည်ကြီးဖြစ်၏ ။ စာရေးဆရာတစ်ဦး၏ ရာဇ၀င်မှတ်တမ်း စာအုပ် တစ်အုပ်တွင် သူ့အကြောင်း အချို့ပါဖူး၏ ။ သူကား ရာဇ၀င်နှင့် ဆက်စပ်နေသူဖြစ်၏ ။ ဆံပင် သေ သေသပ်သပ်ဖြီးတတ်ပုံကား အထူးနာမည်ကြီး၏ ။ ထိုစာရေးဆရာ၏ ရာဇ၀င်မှတ်တမ်း စာအုပ် တွင် စာမှတ်တမ်းတင်ထားရ၏ ။ ဤအချက်ကို ရင်းနှီးသူများ အား တွေ့တိုင်းပြောပြီး ဂုဏ်ယမဆုံးရှိ နေတတ်သည်။
ဆရာကြီးကား ချွေးတလုံးလုံးနှင့် လုံးပန်းနေ၏ ။ ကျွန်တော်ဝင်လာလျှင် ကျွန်တော်စိတ်ဝင် စားနေသည့် စာရေးဆရာဆိုသူ လေ့လာရေးဆရာနှင့် မိတ်ဆတ်ပေး၏ ။ ကျွန်တော် စာရေးစာဖတ် ၀ါသနာပါကြောင်း ဆရာကြီးက ပြောပြနေသည်။ထိုစာရေးဆရာက သူ့ကလောင်နာမည်ကို ပြောပြ ၏ ။ ထိုလူမှာ အသားဖြူဖြူ၊ လူပုံနွဲ့နွဲ့၊ ခပ်ပုပုပင်။ တိုက်ပုံပင်နီဝတ်ထားသည်။ စကားပြောခပ်ချိုချို ပင်။ ပြုံးလိုက်လျှင် ရွှေသွားလေးနှင့်။
ကျွန်တော်ကား သူ့စာအုပ်ကို မဖတ်ဖူးသေးပေ။ စာပေလည်း ၀ါသနာပါသည်။ သူ့စာအုပ် လည်း မဖတ်ဖူးသေး ဆိုသောအခါ သူအတော်အောင့်သွားလိမ့်မည်ထင်သည်။ပခုံးလွှဲပေးလိုက်၏ ။
“ဆရာမ ရေ….စာပေသမားလေးကိုကြည်မောင်…..ရွှေတန်းကြည်မောင်….”
အသက်လေးဆယ်ခန့် ပိန်ပိန်ပါးပါး၊ အရောင်ရင့်ရင့် အမယ်အိုဆင်ကို ၀တ်ထားသည့် မျက် မှန်တပ် ဆရာမ ကြီးတစ်ဦး၊ ကျောင်းသူပျိုလေးများ နှင့် တစ်ဖက်ခုံတွင် စကားပြောရာမှ ကျွန်တော် တို့ဘက်သို့ လျှောက်လာသည်။
“ကျွန်တော်က စာရေးသက် နုပါသေးတယ်။ ဆရာမ ကြီးကတော့ ကြာပြီ….”
ထိုဆရာမ ကြီး ကလောင်အမည်ကို ပြောပြ မိတ်ဆက်ပေး၏ ။ ကျွန်တော်ဖတ်ဖူးသည်။ထို ဆရာမ ကြီးနှင့်မူ ခဏအတွင်းရင်းနှီးသွားသည်။ကျွန်တော်သိချင်သမျှ စာပေလောကအကြောင်း၊ စာအုပ်တွေအကြောင်း၊ စာရေးဆရာတေအကြောင်း၊ စာဘယ်လိုရေးပုံ စသဖြင့် မေးခွန်းပေါင်းကို စုံ နေတော့သည်။ ဆရာမ ကြီးကား စိတ်ရှည်လက်ရှည်ပင် ရှင်းပြနေ၏ ။ ဆရာမ ကြီး၏ စာပေအယူအ ဆကား ဗုဒ္ဓ၏ ဒေသနာ အခက်အလက်များ နွယ်နေသလားမသိ။ သတိသမ္မစဉ်အကြောင်း၊ တရား ထိုင်ပုံများ ၊ သူ၏ အကြိုက်ဆုံး စာအုပ်ကလေးတစ်အုပ်ဖြစ်သည့် “ဂရုဓမ္မပျို့” စာအုပ်ကလေးအ ကြောင်း၊ တစ်လုံးချင်းပြောပြနေသည်။ ကျွန်တော်ကား ခေါင်းရှုပ်နေ၏ ။ သို့ သော် ကျွန်တော့်လို ဂေ ဟာတွင် မှီနေရသူ အညတြကျောင်းသားတစ်ဦးအား စိတ်ရှည်လက်ရှည်ပြောပြသဖြင့် ဤဆရာမ ကြီးအား ကျွန်တော်များ စွာ လေးစားမိပါသည်။
မိုးဗြဲဒယ်ကြီးအား ပွက်ပွက်ဆူနေပြီ။ လူငယ်အချို့ ၀ိုင်းမိးထိုးမွှေ၊ လိုအပ်ရာ ချွေးတလုံးလုံး နှင့် လုပ်နေကြသည်။ ထမင်းချက်အဘိုးကြီး အဘွားကြီးလင်မယားမှာ ဆရာကြီးဦးဆန်းဦး စားဖို ဆောင်ဝင်သည်နှင့် ဘာမှမချက်တတ်၊ မပြုတ်တတ်သည့် ခိုင်းရာလုပ်ပေးရသည့် လူငယ်လေးများ ဖြစ်သွားရသည်။
ကျွန်တော်နှင့် စာရေးဆရာမ ကြီး အုန်းတန်းကြား စကားတပြောပြောနှင့် လမ်းလျှောက်ကြ သည်။ ကျွန်တော်က ကလေးများ အကြောင်း၊ပတ်ဝန်းကျင်က အထင်သေးပုံဝ အနှိပ်စက်ခံရပုံ၊ ဂေ ဟာမှူး၏ ဖိနှိပ်မှု ၊ ကျွန်တော့်ခံစားချက်များ ပြောပြနေသည်။ ဆရာမ ကြီးက လူထုဦးလှ၏ “လှောင် ချိုင့်တွင်းမှ ငှက်ငယ်များ ” စာအုပ်ဖတ်ဖူးသလား ဟုမေး၏ ။ ကျွန်တော်ကား မဖတ်ဖူးပေ။ “ ညွန် နစ်နေသောရတနာကလေးများ …..“ဟု ခေါင်းစဉ်ပေးပြီး ဆောင်းပါးတစ်ပုဒ် သူရေးမည်။ ရသည့် စာမူခကို ဤကလေးများ အတွက် လှူမည်ဟုပြော၏ ။
အုန်းတန်းကြား လမ်းလျှောက်ရင်း ကျွန်တော် ဂေဟာအောက်ထပ် လှမ်းကြည့် လိုက်မိ သည်။လက်ထောက်အဆောင်မှူးလေး သူငယ်ချင်းဖိုးသိန်းအောင်နှင့် ဧည့်သည် ဆရာတစ်ဦး အခန်းတစ်ဖက် နံရံပေါ်မှ အပတ်စဉ် စားသောက်ရမည့် အာဟာရစားသောက်စာရင်း ဇယားကြီးကို ကြည့်နေကြပြီး လက်ညှိုးထိုး ရှင်းပြရင်း ရယ်မောနေကြ၏ ။
ယနေ့ချက်နေသည့် စပါယ်ရှယ် စာရင်းဇယားကိုက် ကြက်သားဟင်းကြီး (သို့ မဟုတ်) “ဂ နွေလာဟင်းကြီး” အကြောင်း ပြောပြနေမှန်း ကျွန်တော်နားလည်လိုက်ပါသည်။ ကျွန်တော်လည်း ဆရာမ ကြီးအား သူတို့ဘက် လက်ညှိုးထိုးပြပြီး “ဂနွေလာဟင်းကြီး” အကြောင်း နံရံပေါ်မှ ဇယားများ အကြောင်း ပြောပြနေမိသည်။
နံရံဇယားပေါ်တွင် ……
တနင်္ဂနွေ…….ကြက်သားဟင်း
တနင်္လာ……..ပဲဟင်း
အင်္ဂါ……………၀က်သားဟင်း
ဗုဒ္ဓဟူး………….ပဲဟင်း
ကြာသပတေး…အမဲသားဟင်း
သောကြာ………ဟင်းရွက်ကြော်
စနေ………………ပဲဟင်း+ ငါးပိကြော်
မှတ်ချက်။ ။ဝက်သားမစားသူ ဘဲဥ၊ အမဲသားမစားသူ - ငါးဟင်း။
ဇယားပေါ်၌ ကား စမတ်တကျရေးထားသည်။ တကယ်ချက်သည့်အခါ ဤဇယားအတိုင်း မကိုက်ပေ။ အလျဉ်းသင့်ရာ ရာသီစာများ ပါ၍ အများ အားဖြင့် ဤစာရင်းဇယားထက်ညံ့သည့်ဟင်း က ပိုများ သည်။ ချဉ်ပေါင်ဟင်း၊ မျှစ်၊ နိုင်လွန်ဟင်းချို၊ပဲငါးပိ….စသည်ဖြင့် ဖြစ်၏ ။ဤစာရင်းဇယား မှာ ဧည့်သည်လာလျှင် အမြင်ကောင်းစေရန် ဟန်ပြချိတ်ထားခြင်းဖြစ်သည်။ စာရင်းဇယားနှင့် ဘာမှမဆိုင်သည့် ကန်စွန်းရွက်နှီးစဟင်း၊ ကန်စွန်းရွက်ကျွတ်ကြော်ဟင်းမျိုးနှင့်တိုးလျှင် “ကြက်… ပဲ…၀က်…ပဲ…အမဲ….ဟင်း၊ ပဲ…ဟဲဟဲ….ပိ” ဟု ခပ်နောက်နောက် စိန်မောင်ကြီးတို့ လူ သိုက် အော်တတ်လေ့ရှိသည်။ နံရံပေါ်မှဇယားကို အတိုကောက်ကျက်မှတ်ထားခြင်းဖြစ်၏ ။ ဤသို့ အော် သည့်အခါ ဂေဟာမှူး သူ့လက်ရုံးအဆောင်မှူးကြီးများ ကြားလျှင် ပြဿနာတက်ပြီး သူငယ်များ အရိုက်ခံရတော့သည်။
ယနေ့ကား လူမှု ၀န်ထမ်းဌာနမျ ပုဂ္ဂိုလ်အချို့လေ့လာရေးဧည့်သည်များ လာသဖြင့် စပါယ် ရှယ် ကြက်သားဂနွေလာဟင်းကြီးကို စာရင်းဇယားပါအတိုင်း ပြုစုချက်ပြုတ်နေကြခြင်းဖြစ် သည်။ တနင်္ဂနွေဖြစ်၍ နံရံပေါ်မှ ဇယားအတိုင်း ကြက်သားဟင်းဖြစ်သည်။ သို့ သော် လူခုနှစ်ဆယ် စာ အတွက် ကြက်သား တစ်ပိဿာငါးဆယ် ချက်ရသည့်အထဲ ဂေဟာမှူးနှင့် လူမှု ၀န်ထမ်း လူကြီး လူ ကောင်းပုဂ္ဂိုလ်နှစ်ဦးစားဖို့ ငါးဆယ်သားခန့် ချက်ပြီးသား ခွဲခပ်ထားသောအခါ ကြက်သားတစ်ပိ ဿာနှင့် ပဲ မိုးပြဲဒယ်တစ်အိုးရောပြီး ဇယားကိုက်ပင် တနင်္ဂနွေနှင် တနင်္လာ နှစ်ရက်ပေါင်းပြီး “ဂနွေ လာဟင်း” ဖြစ်သွားတော့သည်။ ဒါတောင် လူကြီးလူကောင်းများ က အသံကောင်းဟစ်လိုက် သေးသည်။ ဟင်းကို သပ်သပ်စီခွဲချက်မစား၊ ကလေးများ စားသည့်အထဲကပင် စားပါသည်….တဲ့။
ဟုတ်ပါသည်။ သပ်သပ်ခွဲချက်မစားပါ။ သို့ သော် မရောခင် သပ်သပ်ခွဲခပ်စားပါသည်။ ကလေးတွေစားရမည့်အထဲကပင် ဦးဦးဖျားဖျား မရောခင် သပ်သပ်ခွဲခပ်စားပါသည်ခင်ဗျား…။
ပြောရင်းပြောရင်းနှင့် ကျွန်တော့်မကျေနပ်ချက်များ ဖွင့်အန်ပြပြီးသား ဖြစ်နေသည်။ ဆရာမ ကြီးကား ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။ ဤဆရာမ ကြီးနှင့် ဤသို့ စကားပြော ရင်း လမ်းလျှောက်နေရသည်မှာ အဘွားနှင့် ငယ်စဉ်က တရားပွဲများ တကောက်ကောက်လိုက်ရ သည့်အဖြစ်ကို ပြန်သတိရတော့သည်။
ဆရာမ ကြီးက “ဘ၀ဟူသည် တိုက်ပွဲ” ပင်ဖြစ်ကြောင်းလည်း ပြောပြ၏ ။ “ခန္တီပရမံ တပေါတိ၊ တိက္ခာ…” ဆိုသည်လည်း ပြောပြ၏ ။ ကျွန်တော်ကား ဆရာမ ကြီးအား ကြည်ညိုစိတ်၊ လေးစားစိတ်နှင့်သာ နားထောင်နေရသည်။ ဟုတ်သလိုလို မဟုတ်သလိုလို ရင်ထဲသိပ်မရှင်းလှ။ တော်သေးသည်မှာ ဒု-ဂေဟာမှူး ဦးမြဆိုင်လို ပုတ္တောဝါဒ ရွတ်မပြ၊သားရွှေဥ ဆုံးမစာ ရွတ်မပြ။ သို့ အတွက် ဆရာမ ကြီးအား ကျွန်တော် ကျေးဇူးတင်ပါသည်။
ဂေဟာမှူး၏ လက်သပ်မွေးတပည့်တစ်ဦး ပျာယီးပျာယာ အုန်းတန်းလမ်းကြား မယောင်မလည်လျှောက်သွားသည်။ ခပ်လှမ်းလှမ်း ဘုရားငါးဆူ သင်တောခြံစပ် အုန်းတန်းလမ်း ကြားဝယ် လေ့လာရေးဆရာနှင့် သန်းဦးလေးတို့ စကားတပြောပြောနှင့် လျှောက်နေသည်။ သန်းဦး လေးရော ရင်ဖွင့်နေပြီလား။ သူ့အတွက် ကျွန်တော်စိုးရိမ်နေသည်။
နောက်ဖေးစားဖိုဆောင်ဘက်မှ ထမင်းစားသံချောင်းခေါက်သံ ကြားရသည်။ ပြေးလွှားလှုပ် ရှားသံတွေလည်း ကြားနေရ၏ ။ ဆရာမ ကြီးကား စားဖိုဆောင်ကြီးဘက် ငေးကြည့်နေသည်။
ဂေဟာမှူး၏ လက်သပ်မွေးတပည့် ထွေးပုအား ကျွန်တော် မျက်နှာထားခပ်တင်းတင်းဖြင့် လှမ်းကြည့်နေလိုက်သည်။ ဆံပင်ပျော့ပျော့ လူပုံက ကနွဲ့ကလျ။ အသားဖြူဖျော့ဖျော့ဖြစ်နေသဖြင့် ပိုးဟပ်ဖြူဟု ကျောင်းသားများ ခေါ်ကြသည်။ သူများ ကိုတော့ ဒုက္ခရောက်စေ၊ ကိုယ်တော့ သက်သာစေ၊ ဘ၀တူချင်းဖြစ်ပါလျက် ရိုင်းပင်းချင်စိတ်မရှိ၊ တစ်သားတည်း စိတ်ဓာတ်မရှိ၊ ဘုန်းကြီးအချစ်တော်လို ကောင်စားမျိုးဖြစ်၏ ။ ဦးလေးကြီးပြောပြသည့် ဂျပန်ခေတ်က မျိုးဖျက်ဆို သည့် လောက်ကောင်တွေမှာ ဒီလိုကောင်မျိုးတွေ ဖြစ်နေမလားဟု ကျွန်တော် တွေးကြည့် နေမိသည်။
“စကားပြောလို့တော့ ကောင်းပါတယ် ဆရာမ ကြီး၊ ထမင်းစားသံချောင်း ခေါက်နေပြီ။ ကျွန်တော် ထမင်းသွားစားလိုက်ဦးမယ်။ တော်ကြာ နောက်ကျရင် ပြဿနာလုပ်နေဦးမယ်….”
ဆရာမ ကြီးအား စကားဖြတ်ပြီး နောက်ဖေးစားဖိုဆောင်ကြီးဘက်သို့ ကျွန်တော် ထွက်လာ ခဲ့သည်။ ဖိုးသိန်းအောင်လည်း ရုံးခန်းထဲမှ ထလာသည်။ သူက ကျွန်တော့်နား နား တိုးတိုး ကပ် ပြော၏ ။ ….ကျွန်တော် စိတ်မကောင်းဖြစ်သွားမိသည်။ စားဖိုဆောင်ကြီးထဲ ကျွန်တော် မျက်လုံး ၀င့် ကြည့်မိ၏ ။ ဖိုးသိန်းအောင် ပြောသည်မှာ မှန်သည်။ သူတို့ အရိပ်အယောင် မတွေ့ရ။ ကျောင်းသူ ပျိုလေးများ ကျွန်တော်တို့ လုပ်ပုံကိုင်ပုံကို ၀ိုင်းကြည် လေ့လာနေကြသည်။ ကျွန်တော်တို့လည်း ခပ်ရှိန်းရှိန်းနှင့် ဟင်းဝေ၊ ထမင်းထည့် လုပ်ပေးနေရ၏ ။ ကလေးသူငယ်များ ကိုယ့်မတ် ခွက်၊ သံပန်းကန်ပြား ကိုယ်စီကိုင်ပြီး တန်းစီနေကြသည်။ အနော်ရထာအရင်၊ ကျန်စစ်သား အရင်နှင့် ဖြစ်နေကြသေး၏ ။ မနည်းဟောက်ရသေးသည်။ ထမင်းစားရာတွင် အဖွဲ့လိုက်တန်းစီရ၏ ။
တစ်……ကျန်စစ်သား
နှစ်……..အနော်ရထာ
သုံး……..အလောင်ဘုရား…..
ကျွန်တော်ကား ခပ်ကျယ်ကျယ် နေရာတကျဖြစ်ရန် အော်ပေးနေရသည်။ ဇွန်းသံ၊ ပန်းကန်သံ၊တိုးဝှေ့သံ၊ ငြင်းခုံသံ၊ ပြေးလွှားလာကြသံ…. ညံနေတော့သည်။
သူငယ်များ ကား ထမင်းပူပူ ဟင်းပူပူကို ချွေးတရွဲရွဲနှင့် ကုန်းလွှေးနေကြသည်။ အထူး ခံတွင်းတွေ့နေကြဟန်တူ၏ ။ ခေါင်းမဖော်ကြ။အထူးဧည့်သည်များ လည်း လာ၍ ဂနွေလာဟင်း ကြီးလည်း ချက်သည်မဟုတ်လား။
ခေါင်းမဖောဘဲစားနေကြသည်မှာ အကြောင်းနှစ်ကြောင်းရှိပေသည်။
ကလေးသူငယ်ပိုင်းနှင့် လူလတ် လူငယ်ပိုင်းဟူ၍ ကျွန်တော်တို့ အိမ်အိုဂေဟာကြီးတွင် နှစ်ပိုင်းရှိသည်။ ကလေးသူငယ်ပိုင်းမှာ အသက်ခြောက်နှစ်မှ ဆယ်နှစ်၊ ဆယ့်သုံးနှစ်ခန့်ရှိပြီး လူလတ် လူငယ်ပိုင်းမှာ ဆယ့်လေးမှ အသက်နှစ်ဆယ်ကျော်အထိ ရှိပေသည်။ ဆယ့်ခြောက် ထက်ကျော်သည့် လူငယ်များ မှာ ကလေးတရားရုံးမှပို့သည့် ကလေးများ ဖြစ်သည်။ တချို့လည်း ပရဟိတထဲမှ ပါလာခြင်းဖြစ်၏ ။ ကျွန်တော်နှင့် သိန်းအောင်တို့လို ပရဟိတလည်းမဟုတ် ရမန် ဂေဟာလည်း မဖြစ်ခင်အချိန်ပိုင်း ရောက်လာသူတွေလည်း ရှိပေသည်။
ကလေးသူငယ်ပိုင်းက ခံတွင်းတွေ့လို့ဖြစ်နိုင်ပြီး လူလတ်လူငယ်ပိုင်းကမူ ခံတွင်း တွေ့ သည်ထက် ရှက်လို့ပိုဖြစ်နိုင်သည်။ လေ့လာရေးဧည့်သည်များ ထဲတွင် ကျောင်းသူအပျိုမ ကလေး များ ပါသည်။ အ၀တ်အစား သစ်လွင်တောက်ပြောင်လျက် ကြော့ကြော့ရှင်းရှင်း ဖော့ယမင်းတို့ကား ကျွန်တော်တို့ ကလေးသူငယ်များ ထမင်းစားနေသည်ကို အထူးအဆန်း သဖွယ် မမြင်ဖူး သည့် အ လား ၀ိုင်းလေ့လာကြည့်ရှုနေကြသည်။
ဖိုးသိန်းအောင် ကျွန်တော့်နားနားကပ်ပြောသည်မှာ မှန်၏ ။ ညိုဝင်း၊ သန်းအောင်ကြီး၊ မင်းနိုင်၊ မြင့်ဦး၊ စောမြင့်၊ကုလားမြင့်လွင်၊ ရွှေဘသိန်းဝင်း၊စောဇော်ဝင်း၊ ခင်ဝင်း။ကျွန်တော် ဘယ်သူရှိသည် မရှိဘူး စိတ်ထဲက မှတ်ကြည့်နေမိ၏ ။ လေ့လာရေးဧည့်သည်တွေ၊ ကျောင်းသူတွေ လာကတည်းက ဂေဟာအုန်းခြံကြီးတောင်ဘက် နောက်ကျောရှိ ဘုရားငါးဆူ ဘုန်းကြီး ကျောင်း ၀င်း သင်တော်ကြီးထဲ သွားပုန်းနေကြသည်။
ဤပြဿနာမျိုး ယခင်ကလည်း ကြုံဖူးခဲ့သည်။ဖိုးသိန်းအောင်နှင့် ကျွန်တော် ကျောင်းတက် စဉ်က ကျွန်တော်တို့ လူငယ်ဂေဟာကဟု မပြောရဲကြ။ လူငယ်ဂေဟာမှာ နေသည်ဟု ပြောရမှာ တခြားကျောင်းသူကျောင်းသားများ ကြားထဲတွင် သိမ်ငယ်နေရသည်။ ရှက်နေမိသည်။ အတန်းသူ အတန်းသားများ ကိုရော ဆရာမ ကိုပါ မည်သူ့ကိုမျှ အသိမပေးရဲ။ ဤမျှသိမ်သိမ် ငယ်ငယ် နေ ရသည့်ဘ၀ဖြစ်၏ ။ ထိုအခါ ကျောင်းဝင်ကြေး၊ ကျောင်းလခ၊စာအုပ်ဖိုးပေးရသည့်အခါ ပြဿနာ တက်တော့သည်။ အငယ်တန်းလေးများ ကျောင်း အပ်စဉ်ကလည်း အထူးအဆန်းလုပ်ပြီး ကျောင်း သားများ က ၀ိုင်းကြည့်နေကြသည်။
ကျွန်တော်တို့ကလေးများ မှာ ရပ်ကွက်ထဲမှကလေးများ နှင့် မတူကြ။သူခိုးလေးများ ၊ လူဆိုး လေးများ ဟု ၀ိုင်းအထင်သေးခံကြရသည်။ အနှိမ်ခံကြရသည်။ ဂေဟာကြီးအတွင်းတွင် အနှိပ်စက် ခံ၊ အညှဉ်းပန်းခံရသည်က တစ်မျိုး၊ အပြင်လောကက ၀ိုင်ပယ်ခံရသည်ကတစ်ဖုံ ညှပ်ပူး ညှပ်ပိတ်ခံနေရသလိုဖြစ်၏ ။ ဤ၀ိုင်းပယ်ခံ၊ ဖိနှိပ်ခံ ချောက်ကမ်းပါးကြီးထဲသို့ မည်သူသည် တွန်းချခဲ့လေသနည်း။
ညနေပိုင်းတွင်…လူကြီးများ တိုင်ပင်ကြပြီး အစီအစဉ်လေးတစ်ခုလုပ်ကြသည်။ ဟောပြော ပွဲ၊ ဆွေးနွေးပွဲနှင့် ဖျော်ဖြေပွဲလေးဖြစ်၏ ။ ဟောပြောပွဲလေး အစခင် အိမ်အိုဂေဟာခြံကြီး၏ အနောက်ဘက် ဘောလုံးကွင်းတစ်ဖက်မှ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမ ကြီးက လေ့လာရေး ကျောင်းသူကျောင်းသားများ ၊ ဆရာ ဆရာမ များ ကို ထမင်းကျွေးသည်။
ထိပ်ပြောင်နှင့် ဗိုက်ရွှဲ လူမှု ၀န်ထမ်းအရာရှိပုဂ္ဂိုလ်နှစ်ဦးမှာ မူ ကျောင်းအုပ်ဆရာမ ကြီး ဖိတ် သည်ကို လက်မခံ။ ကလေးများ နှင့် အတူစားရမည်ဟု အသံကောင်းလွှင့်ပြီး နေရစ်ခဲ့ သည်။သို့ သော် ဂေဟာမှူးနှင့် သူတို့လူကြီးများ အတွက် စောစောကပင် ပဲမရောခင် ခွဲခပ်ပြီးပြီ မဟုတ်ပါကလာ။
ဆရာကြီးဦးဆန်းဦး၊ ဂေဟာမှူး၊ ဒု- ဂေဟာမှူး ၊လက်ရုံးအဆောင်မှူးကြီးနှစ်ဦး၊ လူမှု ၀န် ထမ်းအရာရှိနှစ်ဦးတို့ အိမ်ရှေ့ရုံးခန်းထဲတွင် ထမင်းစားကြသည်။ သူတို့အတွက် အိမ်ရှေ့ သယ်ပေးရသည်။ ထမင်း၊ ဟင်း၊ ပန်းကန် ၊ လက်ဆေးရေကအစ လိုလေသေးမရှိအောင် ကလေးများ က လုပ်ပေးရသည်။
သူတို့ထမင်းဝိုင်းတွင် ကျွန်တော်တို့ကလေးများ အတွက် ချက်သည့် ဂနွေလာ ဟင်း ကြီးအပြင် သပ်သပ်ခွဲထားသည့် ဂနွေလာအစ်ကို ကြက်သားဟင်း၊ မည်သည့်အချိန်က ၀ယ် ထား မှန်းပင် ကျွန်တော်တို့ မသိလိုက်သည့် အစိမ်းကြော်သုံးပွဲ၊ ပုဇွန်တုပ်ကြော်၊ အချဉ်သုပ်၊ နောက်မှ ဆရာကြီး ဦးဆန်းဦးအိမ်က လာပို့သည်ဟု သိရသည်။
လူကြီးတွေကို မကျေမနပ်နှင့် သူတို့ထမင်းဝိုင်းကို တစေ့တစောင်းအကဲခတ်နေစဉ် ဒေါင်းစိန်လေးက ကျွန်တော့်ကို လက်ကုတ်ခေါ်သည်။ ကျွန်တော်လည်း ဘုမသိဘမသိနှင့် စားဖို ဆောင်ကြီးဘက်သို့ လိုက်သွားသည်။ ကျွန်တော်တို့နောက်က ဂေဟာမှူးလိုက်လာသည်။ ဒေါင်း စိန် ကျွန်တော့်ကို ဘာမှမပြော၊ အသာလက်ကုတ်ထားသဖြင့် မသိလိုက်မသိဘာသာ ငြိမ်နေရ သည်။ သူငယ်ချင်းသိန်းအောင်မှာ စားဖိုဆောင်တာဝန်ကျအဖွဲ့ကို ခုံလှည်း၊ ပန်းကန်သိမ်း၊ ဗာဒီရ စားဖိုဆောင်ကိစ္စ… ကြီးကြပ်ခိုင်းနေသည်။ ဂေဟာမှူးက သိန်းအောင်ကို ခေါ်သွားသည်။ သူတို့ အိမ်ရှေ့ဘက်ရောက်သွားမှ ဒေါင်းစိန်က အလောတကြီး….
“ဟိုလူတွေ ထမင်းမစားရသေးဘူး အစ်ကိုရ…”
“ဘယ်သူတွေလဲ….ဒေါင်းစိန်ရ….”
“ဟို…ကိုညိုဝင်းတို့၊ စောဇော်ဝင်းတို့လေ….သင်တော်ထဲမှာ ….”
ကျွန်တော်လည်း သူပြောမှပင် သတိရတော့သည်။ ဟုတ်ပေသားပဲ။ ဒေါင်းစိန်အား ကျွန် တော်ရင်တွင်းမှ ကျိတ်ချီးကျူးမိသည်။
“အမေကြီးတို့က လူကြီးတွေလစ်တုန်း ကလေးတွေ သွားပို့ခိုင်းလိုက်ပြီးရော”
ကျွန်တော်က ထမင်းချက်သည့်အမေကြီးကို အပြစ်ဆိုသည်။ အမေကြီးက သူ မပို့ရဲ ကြောင်း၊ ဆရာသိလျှင် ဤထမင်းချက်အလုပ်ကလေးပါ ပြုတ်သွားနိုင်ကြောင်း ပြောပြသည်။ ကျွန် တော်တာဝန်ယူပြီး ဒေါင်းစိန်နှင့် နှစ်ယောက် သင်တော်ထဲ ထမင်းသွားပို့ရသည်။ မောင်မင်း ကြီး သားတချို့ အိပ်ပျော်နေသည်။မင်းနိုင်နှင့် သန်းအောင်ကြီးသာ ဗိုက်နှိပ်နေသည်။သင် တောကြီးမှာ ထူထပ်သိပ်သည်းပိတ်ဆို့နေသည်။ သင်ပင်ကြားထဲ သင်ပင်ကို ကွေးလှဲပြီး ထိုင်ထားကြသည်။ ဘုရားငါးဆူဘုန်းကြီး၏ ခွေးဆိုးတွေနှင့် မတွေ့တာ ကံကောင်းဟု ကမန်တော်တွေးမိသည်။
“ဟာ….ကျေးဇူးတင်လိုက်တာ အစ်ကိုရာ၊ ဧည့်သည်တွေ ပြန်သွားကြပလား…”
အသားလတ်လတ်၊ခပ်တုတ်တုတ်၊ လူရည်သန့် စောဇော်ဝင်းက ဆီးပြီး ကျေးဇူးတင်စကား ဆိုသည်။
“ကျေးဇူးတင်မနေနဲ့ မောင်မင်းတို့၊ မင်းတို့လုပ်ပုံနဲ့ ပြဿနာတက်လိမ့်မယ်၊ ဧည့်သည်တွေ ထမင်းသွားစားတယ်။ ညနေပိုင်း ဟောပြောပွဲလေး လုပ်လိမ့်မယ်၊ မင်းတို့လုပ်ပုံနဲ့တော့ ဒုက္ခပါပဲ ကွာ၊ လူစစ်ရင် ငါ ဘယ်လိုလုပ်ပြောရမလဲ…”
သူတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ မင်းနိုင်က အိပ်နေသူတွေကို လှုပ်နှိုးနေသည်။
“ကြည့်ပြောပေးပါ အစ်ကိုရာ၊ ရှိကြီးခိုးပါရဲ့ ၊ ကျွန်တော်တို့ မလာပါရစေနဲ့…”
“အေး…ဖြစ်သမျှအကြောင်းအကောင်းကြီးပဲပေါ့ကွာ၊ ဒေါင်းစိန်နေခဲ့၊ ငါ လူရှင်းရင် အချက် ပေးလိုက်မယ်၊ အဲဒီ တော့မှ ပန်းကန်တွေ၊ အိုးတွေ ယူခဲ့….”
ကျွန်တော် သင်တောထဲက အရိပ်အခြည်ကြည့်ပြီး ထွက်လာခဲ့သည်။ အိမ်ရှေ့ ရုံးခန်း ထဲတွင် လူကြီးလူကောင်းများ စားကောင်းကြတုန်းရှိလိမ့်မည်။ စားဖိုးဆောင်ကြီးထဲ ခုံတန်းရှည် ကြီးပေါ်တွင် တော်သလရွာမှ မောင်ဖိုးအေးအား သံကြိုးတန်းလန်းနှင့် ဖိုးသိန်းအောင်က ထမင်း ကျွေးနေသည်။ ဂေဟာမှူး သိန်းအောင်ကို ခေါ်သွားတာ ဒါပဲဖြစ်မည်ဟု ကျွန်တော်တွေးလိုက်မိ၏ ။
မောင်ဖိုးအေးမှာ အသက်ဆယ့်ငါးနှစ်ခန့် ရှိလိမ့်မည်။ ဆံပင်ညှင်းသိုးသိုးနှင့် ဘုတ်သိုက် ရှည်နေပြီ။ လူပုံမှာ နုံးနေသော်လည်း မျက်လုံးကား ကြည်လင်တောက်ပနေသည်။ သူ့မေးရိုးက သူ့စိတ်ဓာတ်ကို ဖော်ပြနေသယောင် ခပ်ငေါငေါထောင်ထောင်နှင့် ဗိုလ်ကျမင်းမူနေသည့် ပြူစော ထီးတစ်ဦးကို သတ်မှု ဖြင့် ရောက်လာခြင်းဖြစ်သည်။ ဂေဟာမှူးက သံကြိုးနှင့် ခြေထောက်ထူး ခတ်ပြီး ကြမ်းပိုးတော၊သေးနံ့ ချေးနံ့ဟောင်နေသော ကွာတားခန်းထဲ ထည့်ထားခြင်းဖြစ်သည်။ ဧည့်သည်တွေ အပြင်သွားမှ ထမင်းထုတ်ကျွေးခြင်းဖြစ်သည်။
ဂေဟာမှူး သွေးထိုးထား၍ တချို့ကလေးများ မောင်ဖိုးအေးကို ကြောက်နေကြသည်။ ဒု-ဂေဟာမှူးကလည်း “အသေ၀နာစ-ဗာလနံ”ကိုရွတ်ပြီး ဆုံးမသြ၀ါဒပေးထားသည်။ မည်သို့ ဖြစ်စေ ကျွန်တော်ကမူ မောင်ဖိုးအေးကို နှစ်သိမ့်ပြီး ဂေဟာမှူးအလစ်တွင် သူနှင့် ရင်းရင်နှီးနှီး စကားပြော ခဲ့ဖူးသည်။
လူရိုးလူကောင်းတစ်ဦးဖြစ်မှန်း ကျွန်တော် သိရသည်။အမေမုဆိုးမကြီးနှင့် နေရသည်။ ပြူ စောထီးလူမိုက်က မောင်ဖိုးအေးအမေကို စော်ကားမည်အလုပ် ထင်းခုတ်ပြီးပြန်လာသည့် မောင် ဖိုးအေးက နောက်မှ တစ်ချက်တည်း ဇက်ကိုပိုင်းချလိုက်ခြင်းဖြစ်သည်။
တော်သလရွာသည် သူပုန်ပေါသည့် သူပုန်နယ်ဟု နာမည်ကြီး သည်။ မောင်ဖိုးအေး အဖေပင် သူပုန်ထဲဝင်သွားသလိုလို ဘာလိုလို ထင်ကြေး သတင်းထွက်နေသည်။ သူပုန်ပေါသည့် ရွာက လာသဖြင့် သည်ကောင်လည်း သူပုန်နွယ်ပဲဟု ယိုးစွပ်ပြီး ဂေဟာမှူးက အကြောင်းမဲ့ မောင်ဖိုးအေးကို ထုတ်ထုတ်ရိုက်၏ ။ ကလေးများ အား အုပ်ချုပ်ရလွယ်အောင် ဤသို့ ထုတ်ထုတ် ရိုက်ပြရသည်ဟု သူ့လက်ရုံး အဆောင်မှူးတွေကို သြ၀ါဒပေးနေသည်ကို ကျွန်တော်နား နှင့် ဆတ် ဆတ်ကြားဖူးသည်။
မောင်ဖိုးအေး ခေါင်းငုံ့စားနေရာမှ ကျွန်တော့်ကို မြင်သောအခါ အစ်ကို စားပြီးပလား … ဟုနှုတ်ဆတ်သည်။ သူ့ဘေးတွင် ဖိုးသိန်းအောင်ရှိ၏ ။ သူတို့ဘေးနား ကျွန်တော်ဝင်ထိုင်ပြီး အိမ်ရှေ့ဘက် လှမ်းကြည့်လိုက်သည်။ပြီး….ရွှီခနဲ လက်ခေါက်တစ်ချက် ခပ်အုပ်အုပ် မှု တ် လိုက် သည်။ သိန်းအောင်နှင့် ဖိုအေးတို့ ကျွန်တော့်ကို နားမလည်သလို ကြောင်စီစီနှင့် ကြည့် နေကြ သည်။
သင်တောကြီးထဲမှ အိုးခွက်ပန်းကန်တွေနှင့် ဒေါင်းစိန်ထွက်လာမှ သူတို့နား လည် သွား ကြ သည်။ မောင်ဖိုအေးကား နားလည်ချင်မှ လည်ပေမည်။
“အစ်ကိုရာ…ကျွန်တော့်အမေကို သတိရလိုက်တာ၊ အမေ ဘယ်လိုများ နေသလဲ မသိဘူး ”
မောင်ဖိုးအေးမှာ ကျွန်တော့်ကို ရင်းရင်းနှီးနှီးရှိလှသည်။ သူ့ရင်ထဲရှိရာ ဖွင့်ပြော၏ ။ ဤသို့ မောင်ဖိုးအေးနှင့် ကျွန်တော် ရင်းရင်းနှီးနှီးရှိ၍ လည်း မောင်ဖိုးအေးနှင့်ပက်သက်လျှင် ဂေဟာမှူး ကျွန်တော့်ကို တာဝန်မပေးခြင်းဖြစ်မည်။ မောင်ဖိုးအေးက ညှိုးလျော်သောမျက်နှာလေးနှင့် ကျွန်တော့်ကိုပြောနေသည်။ ကျွန်တော်လည်း စိတ်မကောင်းဖြစ်နေမိသည်။ တွေးပြီး ကျွန်တော် အမျိုးမျိုး စဉ်းစားနေမိ၏ ။ ထိုခဏ၌ အဝေးကို ကျွန်တော်ငေးနေမိမည်ထင်သည်။ ကျွန်တော် ကိုယ်ချင်းစာနာမိပါ၏ ။ ကျွန်တော့်အမေရော ဘယ်လိုနေမလဲ၊ အဖေလွတ်ရက်ရော နီးပြီလား..။
“မင်းပြေးလို့ရရင် ပြေးမလား…”
ကျွန်တော် ရုတ်တရက် လှည့်ပြောလိုက်သည်။ ဖိုးသိန်းအောင် ငိုင်နေရာမှ ဆတ်ခနဲ မျက် လုံးပြူးသွား၏ ။ မောင်ဖိုးအေး ပါးစပ်တွင်းသွင်းနေသည့် ထမင်းလုတ်ကို ဆတ်ခနဲပြန်ချပြီး အား တက်သရောမေးသည်။
“ တကယ်လား….အစ်ကို….”
ကျွန်တော့်လက်မောင်းကို ကိုင်လှုပ်ပြီး မေးနေသည်။
“ဟေ့….ကြည်မောင်၊ ဘယ့်နှယ်ပြောလိုက်တာလဲ၊ကြည့်လုပ်ပါ သူငယ်ချင်းရာ၊ ငါ့ကို တာဝန်ပေးထားတာကွ၊ ငါ ပြဿနာတက်နေပါ့မယ်ကွာ၊ အေးအေးနေပါ ဖိုးအေးရာ…”
သူငယ်ချင်း ဖိုးသိန်းအောင် ပျာပျာသလဲတောင်းပန်ရင်း မောင်ဖိုးအေးကို လှည့်ပြောသည်။ အားတက်သရောနှင့် ၀င်းထိန်နေသည့် မောင်ဖိုးအေးမျက်နှာ ပြန်ညှိုးသွားသည်။ ကျွန်တော်လည်း သိန်းအောင်ကိုတော့ ပြောလို့ရမည်မဟုတ်ဟု နားလည်လိုက်သည်။ဖိုးသိန်းအောင် မမြင်အောင် ကျွန်တော် ဖိုးအေးကို မျက်စိတစ်ဖက် မသိမသာမှိတ်ပြလိုက်သည်။ ထိုအခါမှ မောင်ဖိုးအေး စိတ် သက်သာရာရသွားသလားမသိ၊ ထမင်းကို အေးအေးဆေးဆေးအမူအရာဖြင့် ပြန်ငုံ့စားနေသည်။ နေရာရွေ့လိုက်လျှင် သူ့ခြေထောက်မှ သံကြိုးသံကြားရ၏ ။
အိမ်ရှေ့ဆီမှ ဆူဆူညံညံအသံများ ကြားလာရသည်။ ဧည့်သည်များ ပြန်လာ ကြပြီ ထင် သည်။ ကျွန်တော် အိမ်ရှေ့ဘက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်မိ၏ ။ သိန်းအောင်လည်း ကြည့် နေ သည်။ မောင်ဖိုးအေးကား ကုန်းပြီး ထမင်းငုံ့စားနေဆဲ။ အဆောင်မှူးဦး ဘိုကြီး သုတ်သုတ် သုတ် သုတ်နှင့် ကတိုက်ကရိုက်ဝင်လာသည်။ ကျွန်တော် ဖိုးအေးအနားက ခွာလိုက်သည်။
“ဟေ့…သိန်းအောင်၊ ဖိုးအေး ထမင်းကျွေးလို့မပြီးသေးဘူးလား၊ဟိုမှာ မင်းတို့အဘ ဧည့် သည်တွေ လာနေပြီ…မြန်မြန်လုပ်ကွာ…”
အဆောင်မှူး ဦးဘိုကြီးက လောကစောတိုက်နေသည်။ ဦးဘိုကြီး စကားကြားရသောအခါ ကျွန်တော် ရုတ်တရက် အကြံတစ်ခုရလိုက်သည်။
“ဟာ…ဆရာဦးဘိုကြီး ဒီအတိုင်း ဧည့်သည်တွေရှေ့ ကွာတားထဲပြန်သွင်းလို့ ဘယ် ကောင်းမလဲ၊ မနက်တုန်းကတောင် ချက်ရေးပြုတ်ရေးနဲ့ အပေါ်ထပ် တက်မကြည့်ကြလို့ တွေ့ မသွားတာ…”
အဆောင်မှူး ဦးဘိုကြီးကို ကျွန်တော် ဘယ်တုန်းကမှ ဆရာမ ခေါ်ဖူးပေ။ ဒီတစ်ခါ ဆရာပစ်ခေါ်လိုက်သည်။ ဖိုးသိန်းအောင်ကား ကျွန်တော့်ကို မျက်ခွံလှန်ပြီး ခပ်လေး လေး ကြည့် နေသည်။ သူ့အကြည့်မှာ အဓိပ္ပါယ်ပါသည့်အကြည့်။ စူးစမ်းသည့်အကြည့်။ ကျွန်တော်က မမြင် ဟန်ဆောင်နေလိုက်သည်။ ကျွန်တော့်စကားကြောင့် ဦးဘိုကြီး တွေသွားသည်။
“ခြေထောက်က သံကြိုးနဲ့ သော့ကြီးတွေလည်း ဧည့်သည်တွေတွေ့သွားရင် မကောင်း ပါ ဘူးဗျာ၊ ဒုက္ခပါပဲ။ တွေ့သွားရင်တော့ ကျွန်တော်တို့ဂေဟာ နာမည်ပျက်တော့မှာ ပဲ။ နောက်ပြီး စာရေးဆရာတွေလည်း ပါတယ်မဟုတ်လား။ သတင်းစာမှာ ဆောင်းပါးရေးလိုက်ရင်..ဒုက္ခ..”
ဦးဘိုကြီး တွေနေခိုက် ခပ်မြန်မြန် ကျွန်တော်ဆက်တွန်းနေသည်။ ဖိုးသိန်းအောင် ကျွန်တော့်ကို မျက်ခွံကြီးလှန်ကြည့်နေပြန်ပြီ။ စာရေးဆရာတွေ လည်းပါသည်။ ဆောင်းပါးရေး လိုက်ရင် ဒုက္ခဆိုသည့် ကျွန်တော့်စကားသည် ဦးဘိုကြီး အရှိုက်ပါမက နှလုံးသားကိုပါ ကိုင်ညှစ် လိုက်သည့် ထင်သည်။ပျာပျာသလဲဖြစ်သွား၏ ။ အိမ်ရှေ့ဆီမှလည်း အသံဗလံများ ကြားနေရသည်။
“ဟေ့….ဟေ့…သိန်း…သိန်းအောင် မြန်မြန်ဖြုတ်စမ်း…ပေး..ပေး…သော့ ငါ့ပေး… သြော်.. အရေးထဲ…နေနေ…ငါသွားယူမယ်…..”
ဦးဘိုကြီး ပြောပြောဆိုဆို ဂေဟာမှူးဆီ သော့အမြန်ပြန်ပြေးယူသည်။ ဦးဘိုကြီး ကျောခိုင်း လိုက်သည်နှင့် သိန်းအောင်က အလောတကြီးမေးသည်။
“ဟေ့..ကြည်မောင်၊ ဘယ်လိုလုပ်မလို့လဲ…မင်း…”
ဖိုးသိန်းအောင် စိုးရိမ်တကြီး အလောတကြီးမေးနေသလောက် ကျွန်တော်ကား ခပ်အေး အေး၊ခပ်ပြုံးပြုံး…မောင်ဖိုးအေးမျက်နှာလေးလည်း ရွှင်လန်းနေသည်။
“ဟ….သူငယ်ချင်း၊ ငါ ဘာမှမလုပ်ပါဘူး၊ မင်းပဲစဉ်းစားကြည့်စမ်းပါဦး၊ ဧည့်သည်တွေ တွေ့ သွားလို့ ကောင်းမတဲ့လားကွာ…”
ဦးဘိုကြီး ခပ်သုတ်သုတ်ပြန်ပြေးလာသည်။ မောင်ဖိုးအေးလည်း ထရပ်လိုက်၏ ။ ဦးဘိုကြီး က သူကိုယ်တိုင် မောင်ဖိုးအေးခြေထောက်မှ ဆင်ကိုထူးခတ်သလို ခတ်ထားသည့် သော့နှစ်ချက် ဖွင့်ပြီး သံကြိုးဖြုတ်ပေးလိုက်သည်။အိမ်ရှေ့ဆီမှ ရယ်သံ၊ စကားပြောသံ၊ ခြေသံ ရှပ်တိုက်သံ ….အသံဗလံများ ပြုံဆင်းလာကြသည်။ဦးဘိုကြီးလည်း စိတ်ရှုပ်သလို ခေါင်းကုတ်လိုက်၏ ။ ဧည့် သည်များ နောက်ဖေးစားဖိုဆောင်ကြီး ကျွန်တော်တို့ဆီ လာနေကြပြီ။
အဆောင်မှူး ဦးဘိုကြီး သော့နှင့် သံကြိုးကို လက်ထဲဝှက်ကိုင်ပြီး မယောင်မလည်နှင့် အိမ်ရှေ့ထွက်သွားသည်။ သူ့နောက်ကျောကို အသာပင် ကျွန်တော်လိုက်ကြည့်နေမိသည်။ အရပ် ထောင်ထောင်မောင်းမောင်း၀၀၊ ခပ်အိအိ ဘုတ်ထိုင်းပုံ ဖြစ်သည်။ သိန်းအောင်က ကျွန်တော့်ကို ကြည့်နေသည်။ သူ့မျက်နှာပေါ်၌ စိုးရိမ်ရိပ်များ ဖြတ်သန်းနေသည်။ မောင်ဖိုးအေး၏ မျက်နှာ လေး ကား ကြည်လင်နေသည်။ ကျွန်တော့်ကိုလည်း လေးစားချစ်ခင်စွာ ကြည့်နေ၏ ။
ကျွန်တော်တို့ ငြိမ်နေကြခိုက် ကျောင်းသူပျိုများ …ဆရာ ဆရာမ များ ၊ စားဖိုဆောင်ကြီး အတွင်း ၀င်လာကြသည်။ ပုဒလက်မောင်ငယ်လေး စားဖိုဆောင် ပြေးချလာ၏ ။
“အစ်ကိုသိန်းအောင်…ဆရာဦးမြဆိုင် ခေါ်နေတယ်…”
သိန်းအောင် ကျွန်တော့်ကို တစ်ချက်ကြည့်ပြီးထွက်သွား၏ ။ စိတ်ရှုပ်သလို ခေါင်းလည်း ကုတ်သွားသည်။ ဧည့်သည်တွေရှိနေသဖြင့် ဘာမှမပြောသာ။ အပျိုချောတစ်သိုက်က ပုဒလက် မောင်ငယ်လေးကြည့်ပြီး ‘ချာတိတ်…မင်းနာမည် ဘယ်လိုခေါ်လဲကွ…..’နှင့် အမေးအဖြေ လုပ် နေသည်။ မောင်ဖိုးအေးကို ကျွန်တော် မျက်ရိပ်ပြလိုက်သည်။ အနားကပ်ပြီးလည်း တိုးတိုးမှာ လိုက်ရသေး၏ ။
“ဣနြေ္နရရလုပ်…”
ကျွန်တော်လည်း ချက်ချင်း ထိုနေရာမှ မယောင်မလည်ခွာပြီး စာရေးဆရာမ ကြီးနှင့် စကားမရှိ စကားရှာကာ လက်ဆုံကျနေလိုက်သည်။ ကျွန်တော့်မှာ ၀မ်းလည်းဝမ်းသာ၊ ရင်လည်းဖို နေသဖြင့် …အသံမတုန်အောင် မနည်းထိန်းနေရသည်။ ဆရာမ ကြီးနှင့် စကားသာပြောနေရသော် လည်း ကျွန်တော့်ရင်တွေ ခုန်နေသေးသည်။ မောင်ဖိုးအေး၊ ချောချောမောမော ဖြစ်ပါစေဟု ရင် ထဲ မှလည်း ဆုတောင်းနေမိသည်။ နောက်ဖေးခြံစပ် ခြတောင်ပို့ကြီးဘက်လည်း လှမ်းလှမ်း ကြည့် ဖြစ်၏ ။ အုန်းလက်များ မှာ ဟန်မပျက်ပင် လေအလာဝယ် ယိမ်းက နေကြပါ၏ ။
စာရေးဆရာမ ကြီးကမူ စာပေသမုဒ္ဒရာကြီးထဲဝယ် လက်ပစ်ကူးခတ်နိုင်ရန် ဇွဲရှိဖို့လိုအပ်ပုံကို ကျွန်တော့်အား တတွတ်တွတ်သြ၀ါဒပေးနေသည်။
ခဏကြာလျှင် လူစုဝီစီသံ ကြားရသည်။
ကျွန်တော်လည်း ဆရာမ ကြီးနှင့်အတူ ဂေဟာရှေ့ ကွက်လပ်ဘက်လျှောက်လာခဲ့ကြ၏ ။ ဒု- ဂေဟာမှူး ဦးမြဆိုင်နှင့် သူငယ်ချင်း ဖိုးသိန်းအောင်တို့ နေရာထိုင်ခင်း လုပ်ပြီးကြပြီ။ ဖိုးသိန်းအောင် ကျွန်တော့်ကို မြင်သောအခါ ဒုဂေဟာမှူးမမြင်အောင် မေးငေါ့ပြီး ပါးစပ်လှုပ်လိုက်သည်။ မောင်ဖိုး အေး အခြေအနေကို မေးမှန်း ကျွန်တော်သိလိုက်သည်။ သို့ သော် သူ့အား ကျွန်တော် ဘာမှမ တုံ့ပြန်ဘဲ ဆရာမ ကြီးဘက်လှည့်ပြီး “ဆရာမ ကြီးရေးတဲ့ အထဲက ဘယ်စာအုပ်အကြိုက်ဆုံးလဲ... ” မေးနေလိုက်သည်။
ဆရာကြီးဦးဆန်းဦး၊ဂေဟာမှူး ဦးမင်းအေး၊ လူမှု ၀န်ထမ်းအရာရှိနှစ်ဦးနှင့် လေ့လာရေး ဧည့်သည်များ ၊မြို့မျက်နှာဖုံးလူကြီးများ ၊ခုံတန်းလျားရှည်ပေါ်တွင် ထိုင်နေကြသည်။ သူတို့ရှေ့တွင် စာရေးစားပွဲသုံးလုံး ဆက်ချထားသည်။ စားပွဲပေါ်တွင် မောင်းထောင်ရေချိုင့်၊ရေနွေးအိုး၊ ဓာတ်ဘူး၊ ချိုချဉ်ပန်းကန်၊ ကွာစိပန်းကန်၊စမူဆာပန်းကန်၊ လက်ဖက်ရည်ပန်းကန် စုံနေတော့သည်။ စားပွဲရှေ့ တွင် နှီးကြောဖျာများ ဆက်ခင်းထားသည်။ အိမ်အိုဂေဟာကြီး၏ ရှေ့ကွက်လပ် အရှေ့ဘက်ခြမ်း တွင် ခင်းကျင်းထားခြင်းဖြစ်၏ ။ ဆီးပင်အိုအုပ်များ လည် မိုးနေကြသည်။
ဂေဟာမှူး ဦးမင်းအေးက နေရာမှထပြီး ဆရာမ ကြီးကို ဖိတ်ခေါ်သည်။ တစ်ဆက်တည်း ကျွန်တော့်ကိုလည်း မျက်မှော င်ကုန်ကြည့်၏ ။ မင်း လူတွင်ကျယ်သိပ်လုပ်နေသလား ဆိုသည့်သဘော။
ကလေးများ ဂေဟာရှေ့ အ၀င်လမ်းကြောင်းအတိုင်း တန်းစီနေကြသည်။ ဂေဟာမှူး၏ လက်ရုံး အဆောင်မှူးငွေမောင်က ၀ီစီမှု တ် လူစုနေခြင်းဖြစ်၏ ။ ငွေမောင်ကား ခပ်ပုပု၊ ဂင်တိုတို၊ အသားလတ်လတ်၊ မိုက်ဂိုက်နှင့် ဖြစ်သည်။ သူကတော့ အဆောင်မှူးဘုတ်ထိုင်း ဦးဘိုကြီးလောက် ကလေးများ ကို ရိုက်လေ့ရိုက်ထမရှိ။ “မိုက်သလား-မိုက်သလား” နှင့်တော့ မိုက်စကား ခဏ ခဏပြောတတ်သည်။ ကျွန်တော်တို့က “မိုက်ဂိုက်ငွေမောင်”ဟု ကျွန်တော်တို့ချင်း နာမည်တပ်ပြီး ခေါ်ကြ၏ ။ ဦးဘိုကြီးရော ငွေမောင်ပါ နှစ်ဦးစလုံး အရပ်ထဲမှခေါ်ထားသည့် ဂေဟာမှူး၏ လက်ရုံး တပည့် လူမိုက်နှစ်ဦးဖြစ်၏ ။ ကလေးများ အား နိုင်နိုင်နင်းနင်းအုပ်ချုပ်နိုင်ရန် အကူခေါ်သည်ဟု ဂေဟာမှူးက အကြောင်းပြသည်။ နောက်ပိုင်းအမြဲတမ်းလစာ ရစေရန် သူကြိုးပမ်းပေးမည်ဟု ပြောသံကြားဖူးသည်။ ကျွန်တော်လည်းရောက်စက မသိ။ ဦးကေတု- ပရဟိတဂေဟာထဲမှ နေလာသည့် ကျောင်းသားဟောင်း စောဇော်ဝင်းတို့ပြောပြမှ သိရသည်။
တော်သေးသည်။ မိုက်ဂိုက်ငွေမောင်က လူမစစ်ဘဲ စုရုံသာစုပြီး စားပွဲရှေ့ ဖျာများ တွင် ဣနြေ္နရရ ၀င်ထိုင်ဖို့ပြောသည်။ ကျောင်းသူပျိုတို့ ဖျာပေါ်ရှေ့ဆုံးတွင် နေရာဝင်ယူထားကြပြီးပြီ။ ကျွန်တော်တို့ကလေးသူငယ်များ ခပ်ရွံ့ရွံ့နှင့် နောက်ဘက်က ၀င်ထိုင်ကြရသည်။ ဖိုးသိန်း အောင် နှင့် ကျွန်တော်ပါ ရောထိုင်ကြရ၏ ။ လူစုတန်းစီနေစဉ် ကရော ….ဖျာပေါ်ဝင် ထိုင်ပြီး နေမှရော …ဖိုး သိန်းအောင် ကလေးများ ကို မသိမသာ လိုက်ကြည့်နေသည်ကို ကျွန်တော်သတိထားမိ၏ ။ မောင် ဖိုးအေးကို သူရှာဖွေနေသည်ကို ကျွန်တော်သိပါသည်။ကျွန်တော်မသိလိုက်ဘာသာပင် မမြင် ယောင်ဆောင်နေရ၏ ။ ဖိုးသိန်းအောင် ကျွန်တော့်အနား ကပ်လာသည်။သူတစ်စုံတစ်ခုမေးတော့မည်။ ထိုစဉ်ပင် ရှေ့စားပွဲမှ ဂေဟာမှူး မတ်တက်ထလိုက်ပြီး အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာလိုက်သည်။
“တစ်။ ။ နိုင်ငံတော်အလံ အလေးပြုရန်၊
နှစ်။ ။ သဘာပတိ မိန့်ခွန်းပြောရန်၊
သုံး။ ။ စာရေးဆရာမ ကြီးက သြ၀ါဒစကားပြောရန်၊
လေး။ ။ အထက်တန်းကျောင်းအုပ်ဆရာမ ကြီး သြ၀ါဒစကားပြောရန်။
ငါး။ ။ လူမှု ၀န်ထမ်းအရာရှိကြီး သြ၀ါဒစကားပြောရန်၊
ခြောက်။ ။ ဌာနအုပ် မိန့်ခွန်း။
ခုနစ်။ ။ ဆရာကြီးဉ်ီးဆန်းဦး မိန့် ခွန်း။
ရှစ်။ ။ ဂေဟာမှ လူငယ်များ က ဖျော်ဖြေရန်။”
ဂေဟာမှူးက အခမ်းအနားမှူးလုပ်ပြီး အစီအစဉ်ကြေညာပြီး အလံအလေးပြုရန် ထကြ သည်။နောက် သဘာပတိမိန့်ခွန်းပြောသည်။သဘာပတိမှာ မြို့ပေါ်မှ ဗိုလ်ကြီးဟောင်း တစ်ဦးဖြစ် သည်။ဂေဟာအုပ်ချုပ်ရေး အဖွဲ့တွင်လည်း ဥက္ကဋ္ဌဖြစ်သည်ဟု ကြားဖူးသည်။ ဌာနအုပ်က ဒု-ဥက္ကဋ္ဌ၊ မြို့ပိုင်၊ ပညာရေးအရာရှိ၊ မိခင်နှင့် ကလေးများ စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌလည်း ပါသည်။ ပြောရလျှင် မြို့ပေါ်မှ အရာရှိများ ၊ မြို့မျက်နှာဖုံးလူကြီးများ အားလုံးလိုလိုဖြစ်သည်။
သဘာပတိမှာ ဗိုက်စူစူ၊ မျက်နှာအစ်အစ်၊ ဆံပင်နောက်ပါးနှင့် ဖြစ်၏ ။ မိန့်ခွန်းမပြောခင် ကျွန်တော်တို့ပရိသတ်ကိုတစ်ချက်ဝေ့ကြည့်လိုက်သေးသည်။ချောင်းတစ်ချက်ဟန့်ပြီးမှပြောသည်။
“ဘွိုင်းစ်- အော့ဖ် တူဒေး…၀ီလ်ဘီ…မင်းန်အော့ဖ်…တူမောရိုး” …
တိုင်းပြည်၏ အနာဂတ်အင်အားသည် ယနေ့လူငယ်များ ဖြစ်သည်ဟု အစချီပြီးပြောသည်။ ပြောပြောချင်း အင်္ဂလိပ်လို စပြောခြင်းဖြစ်၏ ။ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းကို သည့်ထက် တိုးတက် အောင် ကြံဆောင်မည်ဖြစ်ကြောင်း။ယခုအခါ ဂေဟာအပိုင်မရှိသေး၍ ဖြစ်သလို စခန်းသွားနေရ ကြောင်း၊ ကလေးတစ်ပြုံကြီး၏ ဒဏ်ကို သည်းခံပြီး ငှားထားသည့် အိမ်ရှင် ဒု-ဂေဟာမှူး ဦးမြဆိုင် မိသားစုကိုလည်း ကျေးဇူးတင်ကြောင်း၊ ဂေဟာသစ်ဆောက်ရန် မြေဆယ့်ခြောက်ဧက အလှူခံ၍ ထားကြောင်း၊အုတ်ဖုတ်လုပ်ငန်းလုပ်ပြီး ရန်ပုံငွေရှာမည်ဖြစ်ကြောင်း….အသေးစိတ်ကို ဆရာကြီး ဦးဆန်းဦးက ပြောမည်ဖြစ်ကြောင်း တောက်လျှောက်ကြီးပြောပြသွား၏ ။
စာရေးဆရာမ ကြီးကလည်း တိုင်းပြည်အတွက် လူငယ်များ သည် အရေးပါကြောင်း၊ ဤဂေ ဟာတွင် အရည်အသွေးရှိသည့် ကျောက်ကောင်းကလေးများ များ စွာ ရှိကြောင်း၊ သွေးပေးနိုင်လျှင် အရောင်တောက်လာမည်ဖြစ်ကြောင်း၊ လူငယ်များ ၏ အနာဂတ်အရေးကို ပစ်ထားကြမည်ဆိုလျှင် ကျွန်မတို့ တိုင်းပြည်နှင့် လူမျိုးကို ဇွဲကြိုးချသတ်နေသည်နှင့် အတူတူပင်ဖြစ်ကြောင်း…။
“ပထမရွှေကျင်ဆရာတော်ဘုရားကြီးက မိန့်တော်မူခဲ့ပါတယ်…..
* ၀က်သားသော်လည်း ဆီနိုင်နိုင်အချက်ခံရမှ အရသာရှိသည်။ အချက် မခံရလျှင် ပုပ်၍ ယင်တရုန်းရုန်း။
* ပတ္တမြားတွင်းထွက်မှန်သော်လည်း ကျောက်သွေးဆရာ အကာကုန်အောင် သွေးမှအရောင်တောက်သည်။
* ကျောက်ဆင်းတုသော်လည်း ကျောက်ဆစ်ဆရာထုနိုင်မှ အနေကဇာ အတင်ခံရသည်။
* တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်၏ ….”
ဤဂေဟာမှ ဆရာများ သည် ကလေးတို့၏ မိဘသဖွယ်ဖြစ်ကြောင်း မိဘကောင်းများ ဖြစ်လိမ့်မည်ဟု ဆရာမ ယူဆကြောင်း၊ “ညွန်နစ်နေသော ရတနာကလေးများ ” အမည်ဖြင့် ဆောင်း ပါးရေးပြီး ဤဂေဟာသို့ ကလေးများ အတွက် စာမူခကို လှူဒါန်းမည်ဖြစ်ကြောင်း ပြောပြသွား၏ ။
စားပွဲနောက် ကုလားထိုင်အသီးသီးပေါ်မှ လူကြီးမင်းများ မှာ ခေါင်းကလည်း တညိတ်ညိတ်၊ ဣနြေ္နလည်းသိပ်မပျက်ရအောင် ထိန်းပြုံးရင်း စာရေးဆရာမ ကြီးပြောသည်ကို သဘောခွေ့နေကြ သည်။ကျောင်းသူလေးတွေမှာ တကုတ်ကုတ် တကုန်းကုန်းနှင့် သူတို့ မှတ်စုစာ အုပ်ကလေးများ ထဲ ရေးမှတ်နေကြသည်။ ရွှေကျင်ဆရာတော်ဘုရားကြီးသြ၀ါဒ စာရေးဆရာမ ကြီး ပြောစဉ်ကဆိုလျှင် ဆရာမ စောင့်ပါဦး…ဟု လိုက်ကူးယူကြသည်။ စာရေးဆရာမ ကြီးမှာ သူတို့လိုက်ကူးနိုင်အောင် နှေးနှေးကလေး စာခေါ်ပေးသလို ခေါ်ပေးရင်း ပြောခဲ့ရသည်။
အထက်တန်းကျောင်းအုပ်ဆရာမ ကြီးကလည်း “ပညာရှာ ပမာသူဖုန်းစား၊ အမှီကောင်း ကိုရှာ၊ကိုယ့်ကိုယ်ကိုအားကိုး၊ သစ္စာရှိပါ၊ ရိုးသားပါ၊ကိုယ်ချင်းစာတရားရှိပါ၊ အများ အကျိုးဆောင် ကိုယ့်အကျိုးအောင်၊ ရတနာသုံးပါး မမေ့ပါနှင့်…” အထက်တန်းကျောင်းအုပ် ဆရာမ ကြီးက တစ်ချက်ချင်း အကျယ်ချဲ့ပြောသွားသည်။ သူက သမာရိုးကျဆန်သည်။ စာရေးဆရာ မကြီး လောက် မဝေဆာဟု ကျွန်တော်ထင်သည်။ စာရေးဆရာမ ကြီးပြောသည့် စကား များ အား ကျွန်တော်ပြန်စဉ်းစားကြည့်သည်။ ကျွန်တော်နှင့် ဆရာမ ကြီး စောစောကတင်ပြောခဲ့သည့် စကား တွေကို ဆရာမ ကြီး မေ့သွားလေပြီလား။
လူမှု ၀န်ထမ်းအရာရှိကြီးကလည်း လူမှု ၀န်ထမ်းလုပ်ငန်းမှာ မွန်မြတ်ကြောင်း၊ စေတနာ အရင်းခံ၍ လုပ်လျှင် စေတနာသည် အကျိုးပေးကြောင်း၊ နိုင်ငံတော်သည် လူမှု ၀န်ထမ်းအလုပ်ကို များ စွာ အားပေးကြောင်း၊ ဗုဒ္ဓသည်ပင်လျှင် လူမှု ၀န်ထမ်းပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ လူငယ်များ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို သည့်ထက်ကောင်းမွန်အောင် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း …သူ့နှုတ်ခမ်းမွေးကားကားကြီးကို တွန့်တွန့်ပြီး လေရှည်ကြီးနှင့် ပြောသွားသည်။
ကျွန်တော့်ရဲဘော်များ အောင်မြင့်တို့၊သိန်းငွေ၊လှစိုး၊ အေးဝင်းတို့ဘက် ကျွန်တော် မသိ မသာ အသာလေးစောင်းကြည့်လိုက်သည်။ မောင်မင်းကြီးသားများ အလွန်စိတ်ဝင်စားဟန် ရှိ၏ ။ အိပ်ငိုက်နေကြသည်။ ကျွန်တော်မသိမသာစောင်းကြည့်ခိုက် ကိုရင်သိန်းကျော်က ငိုက်နေသည့် ရဲခေါင်ပေါင်ကိုဆိတ်ပြီး သတိပေးနေသည်။ ကိုရင်သိန်းကျော်မှာ ကိုရင်ဝတ်နှင့် ဂေဟာရောက် လာ၍ ဖြစ်သည်။ စိန်မောင်ကြီးက ကျောင်းသူတွေဘက် ငေးကြည့်နေသည်။
ဌာနအုပ်ကလည်း ရာဇ၀တ်မှု ပြဿနာများ အကြောင်း အထူးသဖြင့် သက်ငယ် ရာဇ၀တ်မှု များ အကြောင်း အလေးပေးပြောသွားသည်။ ဤဌာနာအုပ်မှာ မျက်လုံးပေါက်ကျဉ်းကျဉ်း၊ မျက်နှာ ပြဲပြဲ၊ နှာပြားပြားနှင့် အကြည့်ရအတော်ဆိုး၏ ။ အချုပ်သားများ အား နှိပ်စက်ရာတွင် နာမည်ကြီးသူဖြစ်သည်။
ကုလားထိုင်တန်း အနောက်ဘက် ဂေဟာမှူးအနားမှ အဆောင်မှူးဦးဘိုကြီးမှာ ခပ်ကုပ် ကုပ်ထိုင်နေ၏ ။ မိုက်ဂိုက်ငွေမောင်ကတော့ ကလေးများ ငြိမ်ငြိမ်နားထောင်မှု ရှိမရှိ အကဲခတ် နေ သည်။ ဂေဟာမှူးမှာ သူ့ကျောလျားရှည်ကြီး ရှေ့ကိုင်းဆန့်ပြီး ဟောပြောချက်များ မှတ်သား နေ သည်။ လူကြီးတစ်ဦးပြောပြီးတိုင်း မှတ်သားစရာအလွန်ကောင်းကြောင်း၊ ဤသို့ ပုဂ္ဂိုလ်ကြီးများ ၏ သြ၀ါဒကို ကြားနာရခဲကြောင်း၊ ဂရုတစိုက်နားထောင်ဖို့အကြောင်း ကလေးများ ကို ထပ်ဆင့် သြ၀ါဒပေးရင်း နောက်ပြောရမည့် လူကြီးတစ်ဦးဦး၏ အမည်ကို ဖတ်ပြီးဟောဖို့ တောင်းပန်ပေးရ၏ ။
ဌာနအုပ်ကြီးပြောပြီးနောက် ဆရာကြီးဦးဆန်းဦး မိန့်ခွန်းပြောသည်။ ဦးဆန်းဦးက ဤလူငယ်ဂေဟာ ဖြစ်ပေါ်လာပုံ။ကျောင်းသူ သူငယ်မတွေ လိုက်မှတ်နေကြပြန်ပြီ။ ဦးဆန်းဦးက လည်း နှေးနှေးကလေး တစ်လုံးချင်းပြောပြနေ၏ ။ ဤဂေဟာမှ ကလေးသူငယ်များ သည် မေတ္တာ ငတ်နေပုံ၊ကိုယ့်သားသမီးကို ကြင်ကြင်နာနာပြုစုဖို့လိုပုံ၊ အပတ်စဉ်ပင် မြို့ပေါ်မီ လူကြီး လူ ကောင်းများ အလှည့်ကျ သြ၀ါဒပေး ဆုံးမနိုင်ရန် စီစဉ်ထားကြောင်း၊ သူတော်ကောင်းဆီ ရောက် သွားသည့် ကျေးသားလေးနှင့် လူမိုက်များ ဆီရောက် သွားသည့် ကျေးသားတို့ ကွာခြားပုံ ဒဏ္ဍရီ ကလေး။ဤဂေဟာသည် ကလေးများ အား ပြုပြင်ရာဌာန၊လူတော်လူကောင်းလေးများ မွေးထုတ် ပေးရာဌာန၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်အောင် စောင့်ရှောက်ရာ ဌာနဖြစ်ကြောင်းကို နည်းနည်း လေးမှ သံသရာဖြစ်စရာမလိုကြောင်း..။
“ယခုအခါတွင် ကျွန်တော်တို့ကလေးများ ဟာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ဖြစ်သလို နေထိုင်ကြ ရပါတယ်။ ဂေဟာသစ်ကြီးဆောက်ဖို့ ဒီကဗိုလ်ကြီးတို့ ဆောင်ရွက်ပေးမှု နဲ့ မြေဆယ့်ခြောက်ဧက အလှူခံထားရပါတယ်။ ဂေဟာသစ်ကြီး ဆောက်ပြီးလျှင်တော့ ကလေးများ ကျယ်ကျယ်ဝန်းဝန်းနဲ့ ဘောလုံးကွင်း၊ဘတ်စ်ကတ်ကွင်း၊ ကြက်တောင် ရိုက်ကွင်း၊ရေကူးကန်၊ငါးမွေးကန်၊ အပန်းဖြေဥယျာဉ်၊ ဒါန်း၊ လျှော၊ စီးဆော….၊ တန်းဘား၊ ရိန်းဘာကွင်း…. ကလေးများ စိတ်တိုင်းကျဖြစ်စေရမယ်။ ရေဆိုရင်လည်း အခုလို ပင်ပင် ပန်းပန်း နေ့တိုင်းထမ်းဖို့ မလိုတော့ဘူး။ အ၀ိစိတွင်းတူးပြီး ရေစုပ်စက်နဲ့ ထားမယ်။ ရေစင်နဲ့ …..လိုရင် ဘုံဘိုင်ခလုတ်ခေါင်းကလေး ဖွင့်လိုက်ရုံပဲ။နောက်…စနစ်တကျ ကိုယ့်စာကြည့် စားပွဲနဲ့ကိုယ်၊ ကိုယ်စာကြည့်မီးနဲ့ကိုယ်….”
ဦးဆန်းဦးပြောနေစဉ် စောဇော်ဝင်းတို့ လူသိုက်ဘက် ကျွန်တော် အကဲခတ်ကြည့်မိ၏ ။ နှုတ် ခမ်းချင်းစေ့၍ တစ်ချက်ချက် မဲ့နေသည်။စိန်မောင်ကြီးကတော့ ပါးစပ်အဟောင်းသားနှင့် ငေးနား ထောင်နေသည်။ ပုဒလက်မောင်ငယ်လေးမှာ တဆတ်ဆတ်ငိုက်နေသည်။
“အဲဒီ ဂေဟာသစ်ကြီး မဆောက်မီ ကလေးတို့လည်း ဒီမှာ တတ်နိုင်သမျှ လူကြီးစကားနားထောင်ပြီး လိမ်လိမ်မာမာနေကြဖို့လိုတယ်။ ဂေဟာသစ်ကြီးဆောက်ဖို့လည်း လူကြီးတွေ အုတ်ဖုတ်ပြီး ရန်ပုံငွေရှာဖို့ လုပ်နေတယ်။ အဲဒီ ကျတော့ တို့ဂေဟာက လုပ်နိုင် တဲ့ကလေးတွေ ၀င်လုပ်ရမယ်။ မင်းတို့ လုပ်ခ မင်းတို့ရမယ်။ ကိုယ်သုံးချင်ရာ သုံးလို့ရ တာပေါ့။ မကောင်းဘူးလားဟေ့….”
“ကောင်းပါ….တယ်….ဆရာကြီး…”
ဆရာကြီးဦးဆန်းဦး ပြောနေရင်းက ကလေးတွေကို မေးလိုက်သည်။ ကလေးများ လည်း ဈေးသုံးရမည်၊လုပ်ခရမည်ဆို၍ လားမသိ၊ အားတက်သရော ဖြစ်သွားကြသည်။ သံပြိုင် ကောင်းပါ တယ် ဟု အော်လိုက်ကြသည်။ ပုဒလက်မောင်ငယ် မျက်လုံးကျယ်သွားသည်။ ကလေးများ လည်း အုတ်ဖုတ်လုပ်ငန်းကို အထူးစိတ်ဝင်စားပုံရကြ၏ ။ တစ်ဦးနှင့် တစ်ဦးတီးတိုးပြောရင်း စကား သံ များ ညံလာကြသည် ဆယ့်ခြောက်ဧကဆို အကျယ်ကြီးပေါ့….ဆိုသည့် စကားသံများ လည်း ကြား ရသည်။ ဆရာမ များ ဘက်မှ ဤအသံထွက်လာသည်ဟု ထင်သည်။
ကျွန်တော်ကြားဖူးသမျှဆိုလျှင် ဤမြေဆယ့်ခြောက်ဧကမှာ လယ်မြေများ ဖြစ်သည်။ လူကြီး များ အလှူခံ၍ ရခြင်းမဟုတ်။ ကုလားသူဌေးနှင့် လယ်သမားများ ပြဿနာဖြစ်ကြသည်။ ကုလား သူဌေးကလည်း ဤလယ်မြေတွေကို ကြွေးနှင့်သိမ်းထားသည်မှာ ကြပြီဟုဆို၏ ။ လယ်သမား များ ကလည်း ဤလယ်မြေတွင် နွားနှင့် ကုန်းရုန်းလုပ်လာခဲ့သည်မှာ ကြာပြီ။ ထိုပဋ္ဌိပက္ခကို ဖြေရှင်း ပေးသည့်အနေဖြင့် မြို့ပိုင်စသည့် လူကြီးလူကောင်းများ က ဤလယ်မြေများ ကို သိမ်းယူလိုက် သည်။ ကုလားသူဌေး၏ အမည်ကို မြေအလှူရှင်စာရင်းအဖြစ် ကြေညာပေးမည်။ ဤမြေဆယ့် ခြောက်ဧကတွင် ဂေဟာသစ်ကြီးဆောက်မည်။
ပြန်မပြောသာ၍ ပဲလား၊ သူ့နာမည်ကို အလှူရှင်အဖြစ် ကြေညာ၍ ပဲလားမသိ ကုလားသူဌေး က ကျေနပ်ဟန်အမူအရာပြသည်။ လယ်သမားများ ကမူ မိမိတို့ အနှစ်နှစ်အလလက လုပ်ကိုင်လာ သည့်လယ်မြေ၊ယခုလို အသိမ်းခံလိုက်ရသည့်အခါ မကျေမချမ်းနိုင်ဘဲ ဒေါသူပုန်ထကုန်တော့သည် ။ရုတ်ရုတ်- ရုတ်ရုတ်နှင့် ထိုဆင်ခြေဖုံးရပ်ကွက်အတွင်းဝယ် မြို့စောင့်စစ်သားများ ၊လက်နက်တ ကားကားနှင့် ခြေရှုပ်သွားလိုက်သေးသည်။
ထိုအဖြစ်ကို လေ့လာရေးဧည့်သည်များ က မသိကြ။ မြေဆယ့်ခြောက်ဧကလှူသည့် အလှူ ရှင်ကိုသာ အံ့သြချီးမွမ်းနေကြပြီး သူဓုခေါ်နေသည်။ ကျွန်တော်လည်း အစကမသိ။ ကျောင်းနေ ဘက်သူငယ်ချင်း ကျော်လေးနှင့် တွေ့၍ သူပြောပြသဖြင့် သိရသည်။ ကာယကံရှင် လယ်သမား များ နှင့် ကျော်လေးတို့ရပ်ကွက်မှာ တဆက်တည်းလိုလိုဖြစ်ကြသည်။
ဆရာကြီးဦးဆန်းဦးက မြေဆယ့်ခြောက်ဧကကို ဘယ်လိုအသုံးချမည်ဆိုသည်ကို စီကာ ပတ်ကုံး ဆက်ဟောပြောနေသည်။ ဥယျာဉ်၊ပန်းခြံ၊ရေကန်၊ကစားကွင်း၊ရိပ်သာ၊ပေနှစ်ရာ။ ပေလေး ဆယ်ရှိ တိုက်တာ၊ စိတ်ကူးယဉ်နန်းတော်ကြီးတစ်ဆောင် ဆောက်နေသည်။ ကလေးများ လည်း စိတ်ကူးယဉ်ဗိမာန်ထဲ လမ်းလျှောက်ချင်သလို ထိုခဏ၌ ကြည်နူးနေကြသည်ဟု ကျွန်တော် ထင်သည်။ကျွန်တော်လည်း သူတို့နှင့်အတူ ဘုမသိ ဘမသိ ကြည်နူးချင်ပါ၏ ။ သို့ သော် မဖြစ်နိုင် တော့ပေ။ ကျွန်တော်ကား မြေဆယ့်ခြောက်ဧကအကြောင်း သိနေပေပြီ။ လယ်သမားကြီးများ ၏ ဇနီးသည်အချို့ မျက်ရည်ပေါက်ကြီးငယ်ကျရသည်ဟု ကျွန်တော်သိရ၏ ။ ဆရာကြီးဦးဆန်းဦး၏ ဟောလုံးပြောလုံးများ ကို ကျွန်တော် ဘယ်မှာ ကြည်နူးနိုင်တော့မည်နည်း။
ဆရာကြီးဦးဆန်းဦးပြောပြီး ခါးရှည်စိန်မောင်ကြီးနှင့် အပ်အင်ဒေါင်းတင်ရှိန်တို့ လူရွှင်တော် အိုက်တင်နှင့် ဟာသပြောပြီး ဖြေဖျော်ကြရ၏ ။ နှစ်ယောက်စလုံးမှာ ခါးကိုင်းပြီး အရပ်ရှည်ကြသည်။ ‘အပ်….အင်….ဒေါင်း ဆိုတဲ့ စုန်ဆန်ရထားကြီးပေါ်မှာ ငါဈေးရောင်းခဲ့တယ်ကွ’ဟု တင်ရှိန်ကြီး ပြော လေ့ရှိသည်။ လူသစ်တင်ရှိန်တစ်ဦး ရောက်လာသောအခါ ဆရာတွေ နာမည်ခွဲသလို တင်ရှိန် တစ်၊ နှစ် မခေါ်တော့ဘဲ အပ်အင်ဒေါင်းတင်ရှိန်ကြီး ဟုသူငယ်များ က ခေါ်ကြသည်။
သူတို့နှစ်ဦး ဖျော်ဖြေခန်းကို အထူးသဘောခွေ့ပြီး ကျောင်းသူပျိုတို့ တခိခိလုပ်နေကြသည်။ ဆရာမ ကြီးများ ၊ လူကြီးလူကောင်း အရာရှိကြီးများ လည်း ဣနြေ္နကြီးတွေနှင့် ပြုံးနေကြသည်။ နောက်ဆုံးတွင် ဒေါင်းစိန်လေး၏ ပလွေသံဖြင့် အဆုံးသတ်၏ ။ သူ့ပလွေကြူသံလေး ကြားရ သောအခါ ကျွန်တော့် ပြန်လွမ်းဆွတ်တသနေမိပါတော့သည်……။
* * *
(၃)
“ရွှီး…ရွှီး….ရွှီး….”
ဝီစီသံသုံးချက် ဆက်တိုက်ကြားလိုက်ရသည်။ ခါတိုင်းဆိုလျှင် တစ်ချက်နှင့်တစ်ချက် အတော်လေးခြားပြီးမှ မှု တ်သည်။ဒါမှလည်း လုပ်လက်စအလုပ်ကို ရပ်နား၍ ကြားရာနေရာက ပြေးလာ တန်းစီချိန်ရမည်။သုံးချက်မှု တ်ပြီးလျှင် လူစုံတက်စုံရောက်နေရမည်။ နောက်ကျနေလျှင် နားရွက်ဆွဲ ထိုင်ထ အခါငါးရာ၊ သို့ မဟုတ် ကြိမ်ငါးချက်။ သိုမဟုတ် ရေ(၁၀)ထမ်း။ သို့ မဟုတ်….. သို့ မဟုတ်…အမျိုးမျိုး ဒဏ်ပေးခံရလိမ့်မည်။
ယခု သုံးချက်မနားဘဲ ဆက်တိုက်မှု တ်လိုက်သောအခါ ကျွန်တော်နားမလည်နိုင်အောင် ဖြစ်သွားသည်။ ကိစ္စတော့ တစ်ခုခုထူးပြီဟု ကျွန်တော်ထင်လိုက်၏ ။ ဂေဟာမှူးမျက်နှာထားလည်း ထန်ပြီးမှု န်နေသည်။ အဆောင်မှူး လူဆိုးကျော်နှစ်ဦးလည်း ဘေးနားတွင် ရှိသည်။ ဒုတိယ ဂေဟာ မှူးကား ထုံးစံအတိုင်း နေ့ခင်းဘက် ဈေးထွက်နေသည်။ လူမှု ၀န်ထမ်းကျောင်းအုပ် ကြီးဆိုသူမှာ တရားရုံး။ အမှု ဆောင်အစည်းအဝေး၊ ကြက်ခြေနီကိစ္စ၊ ရှင်ပြုသင်းကိစ္စနှင့်။ မြို့မျက်နှာဖုံး လူကြီး ဆိုတော့ အားရသည်သိပ်မရှိ၊ တစ်ပတ်တစ်ခါ၊နှစ်ပတ်တစ်ခါ အလျဉ်းသင့်သလို ကိစ္စရှိမှ ဂေဟာ သို့ ရောက်တတ်သည်။
ထိုမနက်က ကျွန်တော်မှာ ကလေးတချို့နှင့် နောက်ဖေးစားဖိုဆောင်တဲကြီးတွင် ၀ိုင်းကူ လုပ်နေသည်။ ဖိုးသိန်းအောင်မှာ ရုံးခန်းတွင် လက်နှိပ်စက်ရိုက်နေသည်။
ဝီစီသံကြားလျှင်ကြားချင်း ဂေဟာရှေ့သို့ ကလေးများ အပြေးအလွှား ပြေးထွက် သွား ကြ သည်။ လုပ်လက်စအလုပ်များ ပစ်ထားခဲ့ကြရ၏ ။ ဂေဟာမှူး၏ လက်ဝဲရံ အဆောင်မှူး ဦးဘိုကြီးက ၀င်လာသည့်ကလေးများ အား အနောက်အိပ်ဆောင်ဝမှနေကာ တဖုန်းဖုန်းနှင့် ဆီးရိုက်ချနေသည်။ ကလေးများ လည်း ကျောကော့၊ တင်ပါးပွတ်ရင်း ရုံးခန်းရှေ့ဘက် ပြေးတန်းစီနေရ၏ ။ တချို့လက် ကာသဖြင့် လက်ဖြတ်ရိုက်ချနေသည်။ အဆောင်မှူး ဦးဘိုကြီးပါးစပ်ကလည်း ရိုက်ချနေရင်း တတွတ်တွတ်ဆဲဆိုနေ၏ ။ ကျွန်တော် ကလေးများ အား လမ်းဖယ်ပေးရင်း သူတို့နောက်မှ ဖြည်းဖြည်းလိုက်သွားသည်။ ထမင်းချက် အဘိုး ကြီးလင်မယားလည်း ကျွန်တော်တို့ နောက်ကျော ကို လှမ်းကြည့်ရင်း စိတ်မသက်မသာဖြင့် သက် ပြင်းချ ကျန်ရစ်သည်။
“ဟေ့..ကြည်မောင်….မြန်မြန်လာပါလားကွ၊ မင်းပါ ရောရိုက်ရမလား”
ဦးဘိုကြီးက ကျွန်တော် ဖြည်းဖြည်းလာနေသည်ကို လှမ်းကြည့်ပြီး ရုတ်တရက် ခါးထောက် ကာ လှမ်းအော်ပြောလိုက်သည်။ ဒေါသနှင့် မချင့်မရဲဖြစ်နေသည့် သူ့မျက်နှာထားကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ ၀ီစီသုံးချက်ဆက်တိုက်တွက်ကတည်းက မကျေမနပ်ဖြစ်နေရာ အပေါက်ဝ မှဆီးပြီး ကလေးတွေရိုက်၊ ကျွန်တော့်အား ဘုမှု တ်လိုက်သောအခါ ထောင်းခနဲ ဒေါသ ဖြစ်သွား သည်။ သို့ သော် သူ့အား ဂရုစိုက်ပြီး ကျွန်တော် အဖက်လုပ် ဘာမှပြန်မပြော မီးတောက်မျက်လုံး နှင့်တော့် ၀ါးမတက် တစ်ချက်ကြည့်ပစ်လိုက်သည်။
ကျွန်တော် ရုံးခန်းအတွင်း လှမ်းကြည့်မိ၏ ။ ဖိုးသိန်းအောင်လည်း မျက်နှာမကောင်း။ ဂေ ဟာမှူးလက်ထဲလည်း ကြိမ်လုံးကိုင်ထားသည်။ ဂေဟာမှူးက ထုံးစံအတိုင်း ကျွန်တော့်ကို မထီ လေးစား အကဲခတ်ကြည့်နေသည်။ မိုက်ဂိုက်ငွေမောင်မှာ ပါးစပ်တွင် ၀ီစီတပ်လျက် ရုံးခန်းရှေ့အိမ် အိုကြီးအောက် ကွက်လပ်၌ တန်းစီနေသည့် ကလေးများ ရှေ့တွင် ဟန်ရေးပြနေသည်။
ကျွန်တော် အရှေ့အိပ်ဆောင်နားအရောက် ဂေဟာမှူးလည်း ရုံးခန်းထဲက ကြိမ်လုံးတဆ ဆလုပ်ကိုင်ရင်း ထွက်လိုက်သည်။ ကလေးတွေလည်း မဲ့သူမဲ့၊ မျက်နှာထားတင်းသူ တင်းနေကြ၏ ။
“အားလုံး…ရှေ့ကြည့်။ ညာညှိ…နေမြဲ။ …..သတိ၊ အမှတ်စဉ်….မှတ်…”
“တစ်၊ နှစ်၊ သုံး၊ လေး……”
ကလေးသူငယ်များ ၏ တစ်နှစ်သုံးလေး ဆက်တိုက်ခေါ်သံ ညံထွက်သွားသည်။နံပါတ်စ ခေါ်သည့် တစ်နေရာတွင် ဘုကြီးမောင်ဝင်း အမြဲတမ်း ရှိနေတတ်၏ ။ ဆရာများ ၏ အမိန့်ကို အမြဲ တမ်း နိုးနိုးကြားကြားလိုက်နာနေ၍ တော့မဟုတ်။ အသက်ဆယ့်ငါး ဆယ့်ခြောက်နှစ်ခန့် ရှိသော် လည်း သူ့မှာ ဂဏာန်းမရေတတ်။ ခဏခဏအရိုက်ခံရသည်။ ပိုက်ဆံလည်း မရေတတ်သေး။ ခဏခဏလည်း ၀က်ရှုးပြန်တတ်၏ ။ နှာခေါင်းတွင် ဘုကြီးပါသဖြင့် သူ့ကို ဘုကြီးဟုခေါ် ကြသည်။ နှာခေါင်းဘုကြီး ကြောင့် သူ့မျက်လုံးမှာ ကျယ်မလိုနှင့် ကျဉ်းနေသည်။ လူကောင်ထွား၊ခေါင်းကြီး ကြီး ဆံပင်ကို ဘဲမြီးညှပ်ထားသောအခါ ကလေးဆိုးကြီးလို ဖြစ်နေသည်။ စိတ်ရင်းကား အမှန် ကောင်းသူဖြစ်၏ ။ သူ့အတွေ့အကြုံအရ အရိုက်ခံရ သက်သာစေရန် အတန်းစစချင်း နေရာရဖို့ အ မြဲတမ်း သူကြိုးစား၏ ။ စစချင်း အမှတ်စဉ်တစ်ခေါ်ရသည်မှာ သူ့အဖို့ သိပ်အခက်အခဲမရှိလှ။ အ တန်းအလယ်သော်လည်းကောင်း၊ နောက်ဆုံးသော်လည်းကောင်းကျ၍ ဂဏာန်းမခေါ်တတ်ဘဲ ထစ်နေလျှင် အရိုက်ခံရတော့၏ ။ ကျွန်တော် (သို့ မဟုတ်) သိန်းအောင် ဘေးနားရှိလျှင် သူ့အစား ကူပြီး နံပါတ်အော်ပေးလိုက်သည်။ တချို့လူငယ်များ သူ့အစား နံပါတ်အော်ပေးလျှင်တော့ အော်ပေးသူပါ အရိုက်ခံရသည်။ ဘုကြီး နံပါတ်ခေါ်တတ်ဖို့ မကြိုးစားအောင် အားပေးရာရောက် သည်ဟု အကြောင်းပြသည်။ ကျွန်တော်တို့ အော်ပေးလျှင်တော့ ဘာမှသိပ်မပြော။ပြောလျှင်လည်း ပြဿနာတက်မြဲ။
ကလေးများ မှာ အရွယ်အစားစားဖြစ်၏ ။ ခြောက်နှစ်၊ ခုနှစ်နှစ်မှ….နှစ်ဆယ်ကျော်အထိ။ ဆံ ပင်ညှပ်သင်၊ ထီးပြင်၊ စက်ဘီးပြင်သင်၊ အတန်းကျောင်းနေရသူ သူငယ်တန်းမှ ရှစ်တန်း ကိုးတန်း ထိ။ မနေသူက ပိုများ သည်။ ကျောင်းနေသူများ မှာ လူဟောင်းများ ထဲမှ အနည်းဆုံး ဂေဟာသက် တစ်နှစ်ကျော်ကျော် ရှိသူများ ဖြစ်၏ ။
“တန်းစီ…ငါးဆယ်၊ ဂိတ်…နှစ်၊ ကွာတား….နှစ်၊အပြင်….တစ်ဆယ်…..”
မိုက်ဂိုက်ငွေမောင်က ကလေးများ နံပါတ်ခေါ်အပြီး အသံကျယ်ကျယ်အော်ကာ ဂေဟာမှူး ထံ သတင်းပို့လိုက်သည်။
ဂိတ်တွင် အပေါက်စောင့်နှစ်ယောက် ချထားသည်။ အပြင်တစ်ဆယ်တွင် အပ်ချုပ်သင်၊ ဆံ ပင်ညှပ်သင်၊ စက်ဘီးပြင်သင်နှင့် အတန်းကျောင်းသားများ ပါဝင်၏ ။
“သန်းဦးရောဟေ့……ရှေ့ထွက်စမ်း….”
ဂေဟာမှူးမှာ အမှတ်စဉ်ခေါ်၊ လူစစ်၊ သတင်းပို့သည်ကို မနည်းစိတ်ရှည်ရှည်ထားစောင့်နေ ရပုံပေါ်သည်။ လူစစ် သတင်းပို့သည်နှင့် သန်းဦးလေးကို ဒေါသသံနှင့် ရှေ့ခေါ်ထုတ်လိုက်သည်။ သူ့ခါးကျောရှည်ကြီးကို ကော့ကာ ကြိမ်လုံးတဆဆနှင့် လက်ယားနေကြောင်းပြနေသည်။ သန်းဦး လေးမှာ တုန်တုတ်ယင်ယင်နှင့် ဂေဟာမှူးကိုကြည့်ပြီး လက်ပိုက်လျက် ကလေး တန်းရှေ့ထွက်ရပ် လိုက်သည်။ ကလေးများ ၊သူငယ်များ ကား သန်းဦးလေးကိုတစ်လှည့် ဂေဟာမှူးကိုတစ်လှည့် မျက် နှာငယ်လေးတွေနှင့် ကြည့်နေရှာသည်။ လူငယ်အကြီးပိုင်းကတော့ မျက်နှာထားမှု န်ပြီး တင်းနေကြ သည်။ တချို့က သန်းဦးမှာ ဘာအပြစ်ရှိလို့လဲဆိုသော နားမလည်နိုင်သည့် မျက်နှာထားနှင့် ဂေ ဟာမှူးကို စွေကြည့် အကဲခတ်နေပြန်သည်။ ဂေဟာမှူးကား တန်းရှေ့ ခေါက်ပြန်လမ်းလျှောက်ရင်း ကလေးများ ကို တစ်ဦးချင်း လိုက်အကဲခတ်ကြည့်နေသည်။ သန်းဦးလေးကို တစ်ချက်ခကြည့်။ လက်ကကြိမ်လုံးမှာ လည်း တဆဆ တရွရွ။
“ကဲ…..ဘုကြီးလည်း…..ရှေ့ထွက်ဟေ့….”
“ကျ……ကျ…..ကျနော်….”
“ထွက်ဆိုထွက်……စကားမများ နဲ့…..”
ဘုကြီးမောင်ဝင်းကြီးမှာ သူ့လက်တုတ်တိုတိုကြီးကို ပိုက်လျက် ဂေဟာမှူးကို ထစ်ထစ်ငေါ့ ငေါ့နှင့် လှမ်းပြောရာ သူ့စကားမဆုံးမီပင် ဂေဟာမှူးက ဖြတ်အော်လိုက်သည်။မောင်ဝင်းကြီး ပေ ရွေ့ရွေ့နှင့် တန်းရှေ့ထွက်လိုက်ရသည်။ ဂေဟာမှူးက သူ့မေးစေ့ကို လက်ညှိုး လက်မ ခွကိုင်ပြီး ထန်စောင်းစောင်း ရန်မူမျက်လုံးနှင့် ကျွန်တော်တို့ကို ကြည့်နေပြန်ပြီ။
“နောက်တစ်ယောက်….ဆရာလေးကြည်မောင်….”
ကျွန်တော် ဆတ်ခနဲ ဂေဟာမှူးကိုကြည့်လိုက်သည်။ သူငယ်များ အားလုံး ကျွန်တော့်ကို ကြည့်နေကြသည်။ ဖိုးသိန်းအောင်လည်း လက်နှိပ်စက်အရိုက်ရပ်ပြီး ကျွန်တော့်ကို လှမ်းကြည့်၏ ။ လက်ရုံးအဆောင်မှူး ဦးဘိုကြီးနှင့် မိုက်ဂိုက်ငွေမောင်တို့လည်း မထီလေးစားနှင့် ကျွန်တော့်ကို ကြည့်နေကြသည်။
ကျွန်တော်လည်း မျက်နှာထားတင်းတင်းနှင့် ဂေဟာမှူးကို ကြည့်လိုက်သည်။ ကျွန်တော် ကား ဤသို့ ကြည့်ခဲလှသည်။ တချို့လူငယ်တွေလည်း ဂေဟာမှူးကို ကျွန်တော်နည်းတူ ကြည့်နေ ကြသည်။ ဂေဟာမှူး တစ်ချက်မဲ့သွား၏ ။
“ဆရာလေးက မျက်နှာထားတင်းလှချည်လား…..”
“ကိုငွေမောင်….ခင်ဗျားအပူ ဘာပါလဲ….”
မိုက်ဂိုက်ငွေမောင်က မျက်နှာလိုမျက်နှာရ ၀င်ပြောသည်။ ကျွန်တော်လည်း ခပ်အေးစက် စက်တုံ့ပြန်လိုက်၏ ။ ဖိုးသိန်းအောင်လည်း ခပ်ထေ့ထေ့ခေါ်လိုက်ခြင်းဖြစ်သည်။
ဂေဟာမှူးက ငွေမောင်ကို လက်ကာပြလိုက်၏ ။ အသာနေ ဆိုသည့်သဘော။
“ဘုကြီးနဲ့ ဆရာလေးကြည်မောင်က ကူညီဖို့ တကယ်အပြစ်ရှိတာက သန်းဦး…”
ကျွန်တော့်စိတ်ထဲက ဒီမနက် သန်းဦးလေး၏ တာဝန်ကို စဉ်းစားကြည့်နေမိသည်။
အနော်ရထာ….ရေခပ်
ကျန်စစ်သား….ထင်းခွဲ
ဗန္ဓုလ………သန့်ရှင်းရေး
အလောင်းဘုရား…စားဖိုဆောင်ကူ…
သန်းဦးလေးမှာ အနော်ရထာအဖွဲ့ကဖြစ်၍ မနက်ကလည်း ရေခပ်နေသည်ကို ကျွန်တော် တွေ့သည်။ စားဖိုဆောင်တဲကြီးမှ ရာဝင်စဥ့်အိုးကြီးလေးလုံး၊ အိမ်ရှေ့တိုင်ကီ၊သောက်ရေအိုး၊ အား လုံးရေပြည့်နေသည်ကို ကျွန်တော်သိသည်။ သူ့အဖွဲ့ခေါင်းဆောင်”ဒေါင်းစိန်လေး”ကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ ဒေါင်းစိန်လည်း ဘာမှနားလည်ပုံမရ။
“သန်းဦးမှာ ဘာအပြစ်ရှိလဲ…..သိကြလားဟေ့…”
ဂေဟာမှူးအမေးကို မည်သူမျှပြန်မဖြေကြ။ ဂေဟာမှူး ခပ်အမ်းအမ်းဖြစ်သွားသည်။
“တို့ဂေဟာရဲ့ အတွင်းရေးအကြောင်းတွေကို အပြင်လူ ဘယ်သူ့ကိုမှ မပြောရဘူးလို့ ငါ အ ထပ်ထပ်ပြောထားတယ်မဟုတ်လား။ ကိုယ့်ပေါင်ကိုယ်လှန်မထောင်းနဲ့…လို့…”
ကျွန်တော်လည်း ခုခါမှ သတိရတော့သည်။ လေ့လာရေးဆရာတွေ၊ ကျောင်းသားတွေ လာတုန်းက သန်းဦးလေးနှင့် လေ့လာရေးဆရာတစ်ဦးတို့ စကားလက်ဆုံကျပုံ၊ အုန်းတန်းလမ်း ကြား လျှောက်စကားပြောပုံကို သတိရနေမိသည်။ ဂေဟာမှူးမှာ အောင်နိုင်သူစစ်သူကြီးပမာ ပါး စပ်စိ အံကိုကြိတ်ကိုက်နေသည်။ သူ့မေးကြောများ ကြွစိကြွစိဖြစ်နေသည်ကို တွေ့နေရ၏ ။ သူ့မေး ကြော ကြွစိကြွစိဖြစ်နေသည်နှင့်အမျှ ကလန်ကလား ကျောလျားရှည်ကြီးလည်း ကော့ကော့သွား သလားထင်ရသည်။
“ကျွန်….ကျွန်တော်…ဘယ်သူ့မှ…ဘာမှမပြောဘူး….ဆရာ…”
သန်းဦးလေးမှာ တုန်တုန်ယင်ယင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေရှာသည်။ ကျွန်တော့်ကိုလည်း အားကိုးမျက်လုံးနှင့် လှမ်းကြည့်ရှာ၏ ။
“မင်း…ဘာမှ ဆင်ခြေတက်မနေနဲ့၊ငါကိုယ်တိုင်မျက်မြင်၊ နားနဲ့ဆတ်ဆတ်ကြား၊ ကဲ… ဘုကြီး၊ ကြည်မောင် ဟိုတိုင်မှာ လက်တစ်ယောက်တစ်ဖက်စီကိုင်၊ တိုင်နဲ့ ကပ်ထား၊ ခြေကန်ဆွဲ…..”
ဂေဟာမှူးက ကျွန်တော်တို့ကို လှမ်းပြောပြီး တစ်ဖက်နီးပါးလောက် ရှိမည့် အိမ်အိုကြီး၏ ကျွန်းတိုင်ကြီးကို လက်ညှိုးထိုးပြသည်။ဘုကြီးမောင်ဝင်းကြီးလည်း ကျွန်တော့်ကို လှမ်းကြည့်၏ ။ သူလည်း ခပ်ပေပေ။ကျွန်တော်ကလည်း အေးတိအေးစက်။
“ဟေ့…တိုင်ဖက်ခိုင်းလေကွာ….ကြည်မောင်…”
“ကျွန်တော်….မဆွဲနိုင်ဘူး ဆရာ…”
“ဟေ…”
ကျွန်တော်က ဖြစ်ချင်ရာဖြစ် ခပ်ပြတ်ပြတ် တစ်ခွန်းတည်းပြောလိုက်၏ ။ ဂေဟာမှူး အာ မေ ဍိက်သံ ထွက်သွားသည်။ ကျွန်တော့်ကို အံသြနေသလား၊ ဘယ်လိုနားလည်သွားသည်မသိ။ ခေါင်း တဆတ်ဆတ်ညိတ်နေသည်။ ကလေးများ ရှေ့တွင် သူ့ကိုပြန်ပြောလိုက်သဖြင့်လည်းကောင်း၊သူ့ လက်ရုံး ဘိုကြီးနှင့်ငွေမောင်ရှေ့တွင်လည်းကောင်း၊ ဖိုးသိန်းအောင်ရှိနေသဖြင့်လည်းကောင်း၊ ရှက် တော့ အတော်လေးရှက်သွားလိမ့်မည။ဂေဟာမှူး တစ်ချက် ဟက်ခနဲရယ်လိုက်၏ ။ ရင်ထဲက မပါ သည့် လုပ်ရယ်….။
“ဆရာလေးက မဆွဲနိုင်ဘူးတဲ့၊ ငွေမောင်ရေ….ထားပါ၊ ထားပါ၊ ကိစ္စ မရှိပါ ဘူး၊ မကူညီချင်နေ ပါ၊ ဆရာလေးနဲ့ပြဿနာ တစ်ပိုင်းပြီးမှ ရှင်းကြတာပေါ့။ ကဲ…သန်းဦးတို့ အဖွဲကခေါင်းဆောင် ရှေ့ ထွက်၊သြော် အနုပညာသည်ကြီးကိုး….”
ဒေါင်းစိန် ရှေ့ထွက်ရပ်လိုက်သည်။ ဒေါင်းစိန်လေးမှာ ဆယ့်လေးနှစ်ခန့် ရှိလိမ့်မည်။ ဂီတ အနုပညာကို ၀ါသနာပါသည်။ သူ့အမေမှာ ခေါ်ကောက်လိုက်က ရသည့် ရှေ့ပိုင်းထွက် အငြိမ့်သမ တစ်ဦးဖြစ်သည်။ အငြိမ့်အဖွဲ့ အတည်တကျမရှိ။လူလိုမှ ဆီးသီးကောက်နေရာမျိုးက ကရခြင်း ဖြစ်သည်။ဒေါင်းစိန်တွင် အဖေမရှိတော့။ သူဂေဟာရောက်စက ၀ါးပလွေလေး လက်မှာ ကိုင် ထား သည်ကို ကျွန်တော် မှတ်မိနေ၏ ။ သန်းဦးလေးထက် ခြောက်နှစ်လောက်ကြီးလိမ့် မည်။ အရပ်ရှည် ရှည် ပိန်စောက်စောက်နှင့် ဆေးငုံတတ်ပြီး တံတွေးကို ပျစ်ခနဲ ခပ်လှမ်းလှမ်း ရောက်အောင် ကိုယ် ကိုမကိုင်းဘဲ လှမ်းထွေးတတ်သော်လည်း သန်းဦးလို ခပ်ပေပေဂိုက်မျိုးမဟုတ်။ လူပုံနွဲ့။သူ့ကို ဂေဟာမှူးက အနုပညာသည်ကြီး ခေါ်သည်ကို စက်ဆုပ်ဟန် တစ်ချက်ကြည့်လိုက်သည်။ ဘာမှတော့ မပြော။
“ကဲဟေ့…မြန်မြန်ကွာ…ကြာတယ်ဟေ့…”
ဂေဟာမှူးက ပြောပြောဆိုဆို လေထဲတွင် ကြိမ်ကို “၀ှီး….၀ှီး” မြည်အောင် ဝှေ့ကစားလိုက် သည်။ ဘုကြီးမောင်ဝင်းကြီးနှင့် ဒေါင်စိန်လေးမှာ ခပ်ရွေ့ရွေ့ဖြင့် သန်းဦးလေးကို ဆွဲခေါ်သည်။ သန်းဦးမှာ စောစောကလို မျက်နှာသေလေးနှင့်မဟုတ်ဘဲ အံကိုက် မျက်နှာထားတင်းပြီး ရုန်းနေ သည်။ဆွဲသူတွေကလည်း ဆွဲသာဆွဲနေရသည်။ သိပ်မဆွဲချင်။ ထိုအခါ ဆယ့်လေးနှစ် ဆယ့်ငါးနှစ် သူငယ်နှစ်ယောက်အားကို ခုနှစ်နှစ်ကျော်ကျော် ကလေးတစ်ယောက်က အသာလေးရုန်းလို့ရနေ တော့သည်။ ဤသို့ ဖြစ်နေလေလေ၊ ဂေဟာမှူးမှာ ဒေါပွလေလေ ဖြစ်နေသည်။
“တောက်…အဖြစ်မရှိလိုက်တဲ့ကောင်တွေ၊ ဘိုကြီး ငွေမောင်…ဆွဲစမ်းကွာ၊ ဖယ်… ဒေါင်းစိန်၊ဘုကြီး အလကားကောင်တွေ….”
ဂေဟာမှူးမှာ နောက်ဆုံးတော့ စိတ်မရှည်ဘဲ သူ့လက်ရုံးနှစ်ဦးကိုသာ ခိုင်းရတော့သည်။ ဦး ဘိုကြီးနှင့် မိုက်ဂိုက်ငွေမောင်တို့ အတင်းဆွဲခေါ်သွားကြ၏ ။ တိုင်တွင် ကပ်နေအောင် လက်တစ် ဖက်တစ်ချက်စီက တအားဆွဲထားကြသည်။ တန်းစီနေသည့် သူငယ်များ မှာ လှုပ်လှုပ်ရွရွ ဖြစ်နေ ကြ၏ ။ မျက်နှာထားများ လည်း တင်းမာနေကြသည်။ သန်းဦးလေးကိုကြည့်ပြီး အုတ်ဖိုကိုထွန်း မြင့်ကြီးမှာ မျက်ရည်လည်နေသည်။
“မှတ်ထားကြ၊ ဂေဟာအကြောင်း ပြောချင်ဦးဟေ့….”
ဂေဟာမှူးမှာ ပြောပြောဆိုဆိုနှင့် ကြိမ်ကိုတအားဝင့်ပြီး လွှဲရိုက်သည်။ ဂေဟာမှူး ဦးမင်း အေးမျက်နှာမှာ မောက်မောက်မာမာနှင့် ကြမ်းကြုတ်နေသည်။ ၀င့်ဝင့်ပြီး လွှဲလွှဲရိုက်နေ သည်။ သန်းဦးလေးမှာ တွန့်လိမ်နေတော့သည်။
တစ်ချက်….
နှစ်ချက်……
သုံးချက်….
အို….ဘယ်နှစ်ချက်လို့ ရေနေမှာ လဲ။ကျွန်တော် မျက်နှာတစ်ဖက်လွှဲထားလိုက်ရ၏ ။ ကလေး တွေမှာ ငိုမဲ့မဲ့မျက်နှာလေးတွေဖြင့် မျက်ရည်စိုနေကြသည်။ မောင်ဝင်းကြီးလည်း မျက်ရည်တွေတွေ ကျနေပြီး သူ့လက်တုတ်တိုတိုကြီးကို တစ်ချောင်းချောင်း၊ တစ်ဆစ်ချင်းချိုးနေသည်။ ဆယ့်ခြောက် ဆယ့်ခုနှစ် လူငယ်ပိုင်းကမူ မျက်နှာထားတင်းပြီး အံသွားကြိတ်ထားကြသည်။
“အောင်မယ်လေး….အမေရဲ့ …
အမေရဲ့ …..အမေရဲ့ …”
ကျွန်တော် တစ်ဖက်လွှဲနေသော်လည်း သန်းဦးလေးအသံက စူးစူးဝါးဝါး နားထဲတိုးဝင်နေ သည်။ ဖုန်းခနဲ ကြိမ်ကျသံ…အမေရဲ့ အော်ငိုသံ၊ တစ်ချက်အော်လိုက်တိုင်း ကျွန်တော့်အသည်းထဲ လှံနှင့် တစ်ချက်ဆောင့်ထိုးလိုက်သလို နာကျင်လွန်းလှသည်။ သန်းဦးလေးမှာ အော်ရင်းကပင် အ သံတိမ်လိုက်လာသည်။
ကျွန်တော် အံကြိတ်ပြီး မျက်နှာတစ်ဖက်လွှဲနေရာမှ ရုံးခန်းအထက်ယက်မကို အမှတ်မထင် လှမ်းကြည့်လိုက်မိသည်။
[အိုးထိန်းသည်သည် အိုးကိုကွဲစေရန် မပုတ်ခတ်၊ ခိုင်ခံ့စေရန်သာ နာနာပုတ်ခတ်ရသည်။]
စာတန်းကြီးကို လှမ်းမြင်နေရသည်။ဤစာတန်းကြီးကို အရင်က ခဏခဏ လှမ်းကြည့် မော့ ကြည့် ဖတ်မိဖူးသည်။ စိတ်ထဲတွင် ထင့်ခနဲ…ထင့်ခနဲနေသွားသည်။ဘာကြောင့်လဲ၊ ဘာကြောင့်လဲ …၊ ဘာပြုလို့လဲ။ ကျွန်တော့်ခေါင်းထဲ နောက်ကျိနေသည်။
“ဂေဟာအကြောင်း….ပြောဦးကွာ…ပြောဦးကွာ…”
“အမေရဲ့ …အမေရဲ့ ….”
****
“ကြောက်ပါပြီ ဘုရာ့…ကြောက်ပါပြီဘုရာ့…အမလေး….အမေရဲ့ …”
ရွာနတ်စင်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် ကျွန်တော် ကျောင်းအိပ်ကျောင်းစား နေရစဉ် ကာလကို သတိရမိသည်။
ကျွန်တော့်မှာ ပြဿနာအမျိုးမျိုးကြောင့် ခဏခဏ ဘုန်းကြီး အရိုက်ခံရ၏ ။
ကျွန်တော်တို့ ပြဿနာတစ်ခုခုဖြစ်၍ အရိုက်ခံရသောအခါ ဘုန်းကြီးအချစ်တော် သောင်း ညွှန့်သည် ကျွန်တော့်တို့တက်နေသည့် “လောကနီတိ” ထဲမှ စာပိုဒ်တစ်ပိုဒ်ကို အသံနေ အသံထား ဘုန်းကြီးတရားဟောလေသံနှင့် ထုတ်ဖတ်လေ့ရှိ၏ ။ ပထမတော့ သတိမထားမိ။ လေးငါးခါဆို တော့ သတိထားမိလာသည်။
သီတင်းကျွတ်တုန်းက ဖြစ်သည်။ ဂါထာအစမေ့မှု ၊ သပြေသီးပစ်စားမှု ဆွမ်းကြီးခံထွက် နောက်ကျမှု ….စသည်….စသည် အပြစ်အမျိုးမျိုးကြောင့် ကျွန်တော်လည်း ဘုန်းကြီးကို လက်စား ချေမည်ဆိုပြီး ဘုန်းကြီးကျိန်းနေစဉ် ကိုရင်ကြီးလုပ်ပေးသည့် ယမ်းသေနတ်ကလေးနှင့် ဘုန်းကြီး နားနား ကပ်ဖောက်လိုက်သည်။ “ဒိုင်း” အသံနှင့်အတူ ကျွန်တော်လည်း ကျောင်းတိုက်ကြီးလျှော ဆင်းပြေးရာ ရင်ဘတ်တွေစုတ်ကုန်သည်။ မကြာပါ ဘုန်းကြီးထပ်အရိုက်ခံရ၏ ။
ကျွန်တော်ကား ဘုန်းကြီး၏ ကြိမ်ဒဏ်ကို တွန့်လိမ်ပြီး အံကြိတ်နေသည်။ မအော်မိအောင် ကျွန်တော်ကြိုးစားနေသည်။ တဖုန်းဖုန်းနှင့် ကျွန်တော့်ကိုရိုက်နေစဉ် ဘုန်ကြီး တရားဟောလေသံ နှင့် သောင်းညွှန့်စာကျက်သံ ပေါ်လာသည်။
“ကုမ္ဘကာရော….အိုးထိန်းသည်တို့သည် ၊ ကုမ္ဘံအိုးကို…..ဘိဇ္ဇေတုံ-ကွဲစိမ့်သောငှာ၊ နဃဋ္ဌ တိ…..မခတ်….”
ကျွန်တော်ကား တဖုန်းဖုန်းအရိုက်ခံနေရသည်။သောင်းညွှန့်ကား အသံနေ အသံထား ဘုန်း ကြီးသံနှင့် စာဖတ်နေသည်။ တစ်လုံးချင်း အသံလေးလေးနှင့် ခပ်သာသာ ဆိုနေလိုက်သေးသည်။
“သောဘေတုံ….တင့်တယ်စိမ့်သောငှာ၊ဃဋ္ဌတိခတ်၏ …..” “အာစရိယော…ဆရာတို့သည်၊ သိဿာနံ…တပည့်တို့အား၊ အပါယေသု…အပါယ်ဆင်းရဲတို့သို့ ၊ ခိပေတုံ….ကျစေခြင်းငှာ၊ နဃဋ္ဌတိ…၀ုဎုကာရဏာ….အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့်၊ ဃဋ္ဌတိ…ပုတ် ခတ်၏ ….”
“ကုမ္ဘကာရော အိုးထိန်းသည်တို့သည်….”
ဤအပိုဒ်ကိုပင် ပြန်ကျော့နေသည်။
“၀ုဎုကာရဏာ…အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့်…”
*****
[အိုးထိန်းသည်သည် အိုးကိုကွဲစေရန် မပုတ်ခတ်၊ ခိုင်ခံ့စေရန်သာ နာနာပုတ်ခတ်ရသည်။]
ဂေဟာအိုယက်မကြီးပေါ်မှ ပတ်ကြားအက် ဤစာတန်းကြီးအား မုန်းမုန်းတီးတီး ကျွန်တော် ထပ်ကြည့်လိုက်မိသည်။ ဂေဟာမှူးကား ဆဲဆိုကြိမ်းမောင်းနေသည်။ ကြိမ်သံတ၀ှီးဝှီးကိုလည်း ကြားနေရ၏ ။ ဆရာတော် ဘုန်းကြီး၏ ကြိမ်လုံးနှင့် ဂေဟာမှူး၏ ကလေးသူငယ်များ အပေါ် နှိပ်ကွပ် တတ်သည့် ဤကြိမ်လုံးနှစ်လုံးကား ဆက်စပ်နေလိမ့်မည်ဟု ကျွန်တော်ထင်မိသည်။ ဤစာတန်း ကြီးကား ကြံရွယ်ချက်ရှိရှိ ရေးထားသည့် စာတန်းကြီး၊ ရိုက်တာဟာတရားတယ်ဆိုတဲ့ အကြောင်းပြ ဖို့၊ ဖိနှိပ်မှု ကို ဖုံးကွယ်ကာကွယ်ပေးတဲ့စာတန်း၊ ဖိနှိပ်တာဟာ တရားတယ်ဆိုတဲ့ စာတန်းပါလား….။
ဤစာတန်းကား ဘုန်းကြီးလူထွက် ဒု-ဂေဟာမှူးလက်ချက်ဖြစ်မည်။ကျွန်တော့်၌ မူ မုန်းသူ တွေ ပိုများ လာသည်။ ကျွန်တော့်ရင်ထဲ နာကျင်နေ၏ ။ သန်းဦးကလေး၏ ရှိုက်ငိုနေသံ ကြားနေသည်။
“တောက်”
ကျွန်တော်မထိန်းနိုင်ဘဲ တောက်ခေါက်သံ ထွက်သွား၏ ။
“ဆရာ….ဆရာ……ဆရာ….”
ဂေဟာမှူး ကျွန်တော့်ကို လှည့်အကြည့်၊ ဂိတ်အစောင့်တာဝန်ကျ သူငယ်လေးတစ်ဦး အူ ယားဖားယားလာပြီး အမောတကောခေါ်နေသည်။
ကလေးအားလုံး သူ့ဆီဝိုင်းကြည့်နေကြ၏ ။ သူငယ်လေးမှာ မောနေသည်။
“ဆရာ….ဆရာ…ဧည့်သည်….ဧည့်သည်…လာနေတယ်…”
“ဟေ…ဟုတ်လား…”
ဂေဟာမှူး မျက်လုံးကျယ်သွားသည်။ ကျွန်တော်ကား ဧည့်သည်တွေ့ သွားပါစေဟု ကျိတ်ဆု တောင်းနေမိ၏ ။
“ကဲ….အားလုံးတန်းဖြုတ်…ဒေါင်းစိန်…..သန်းဦးခေါ်သွား…”
ကလေးများ အသီးသီးထွက်သွားကြသည်။ တချို့လည်း အိပ်ဆောင်သန့်ရှင်းရေး၊ အများ အားဖြင့်တော့ နောက်ဖေးစားဖိုတဲကြီးဘက် ထွက်သွားကြသည်။ သန်းဦးလေးတို့နောက် ၀ိုင်းလိုက် သွားကြသည်က များ သည်။ သန်းဦးလေးအား ဒေါင်းစိန်နှင့် စောဇော်ဝင်း နှစ်ယောက် ညှပ်တွဲ သွား၏ ။
ဂေဟာမှူးနှိပ်စက်နေသည်ကို ဧည့်သည်တွေ့သွားမှာ စိုးသဖြင့် အမောတကောလာပြော သည့် ဂိတ်စောင့်တာဝန်ကျ ကိုရင်သိန်းကျော်ကို ကျွန်တော်လှမ်းကြည့်လိုက်သည်။ဆံပင်သန်သန် တွေက ထောင်နေသည်။ဂေဟာရောက်စက ကိုရင်ဝတ်နှင့် သူ့ကို ကိုရင်သိန်းကျော်ဟုခေါ်ကြ သည်။ ကိုယ်လုံးကိုယ်ပေါက်ကျစ်လျစ်၍ ကိုရင်ဂိုက် မရှိသော်လည်း သင်္ကန်းချွတ်ရသည်ကို ၀မ်း နည်းနေတတ်သည်။ သူ့အဖေမှာ ထင်းအငှားလိုက်ပေါက်ရသည့် ကျပန်းအလုပ်သမားကြီးတစ်ဦး ဖြစ်၏ ။
ကျွန်တော် ကိုရင်သိန်းကျော်ကိုကြည့်၍ သက်ပြင်းချမိသည်။ ကျွန်တော့်သဘောက ဧည့် သည် တွေ့သွားစေချင်သည်။ ဂေဟာမှူး၏ ဘီလူးရုပ်ကို မြင်စေချင်သည်။ သို့သော် တစ်ဖက်က ပြန်တွေးရသည်မှာ လည်း သူ့တို့ လာသတင်းမပို့၍ ဧည့်သည်တွေ့သွားလျှင် သူတို့ အရိုက်ခံရလိမ့် မည်။ ကိုရင်သိန်းကျော် အမောတကောပြေးလာသဖြင့်လည်း သန်းဦးကလေးအား အရိုက်ရပ်သွား ခြင်းဖြစ်သည်။ ဒါတောင် သန်းဦးလေးမချိအောင်ခံရသည်။ ဖိုးသိန်းအောင်မှာ လည်း လက်နှိပ်စက် ပြန်ဆက်ရိုက်နေသည်။
“ဂေဟာမှူးက ကဗျာကယာ ရုံးခန်းဗီရိုအမြင့်ကြီးပေါ် ကြိမ်လုံးကို ခြေဖျားထောက် တင် လိုက်သည်။ အဆောင်မှူးဦးဘိုကြီးက ဟန်မပျက် ရုံးခန်းအတွင်း ၀င်ထိုင်နေပြီး မိုက်ဂိုက်ငွေမောင် က ရေတွင်းဘက် လေကလေးချွန်ပြီး ထွက်သွားသည်။ ကျွန်တော့်ကို စောင်းကြည့်သွားသေး သည်။ ကျွန်တော်လည်း ပြန်စောင်းကြည့်လိုက်သည်။ ဂေဟာမှူးက ဘာမှမဖြစ်ဟန် မျက်နှာ ပြင်လိုက်ပြီး ဖိုင်တစ်ခုကောက်ယူ လှန်လှောကာ ဣနြေ္နကြီးတစ်ခွဲသားလုပ်နေသည်။ ကျွန်တော် မြင်ပြင်းကတ်လွန်းလှသဖြင့် ထွီခနဲတံ့တွေးတစ်ချက်ထွေးကာ စားဖိုဆောင်တဲကြီးဘက် လှည့် ထွက်လာခဲ့သည်။
စားဖိုဆောင်တဲကြီးအတွင်းဝယ် သန်းဦးလေးအနား၌ လူငယ်များ ၀ိုင်းအုံနေကြသည်။ စော ဇော်ဝင်းက သန်းဦးလေး၏ ပေါက်ပြဲကုန်သည့်ကျောမှ အရှိုးရာတွေကို ကြပ်ပူထိုး၊ နနွင်းမှု န့်သိပ် လုပ်ပေးနေသည်။ ထမင်းချက်ဘကြီးနှင့် ဒေါ်ကြီးတို့မှာ ဘေးမှ ၀ိုင်ရံလျက် ပြောပြ အကြံဥာဏ်ပေး ကူညီနေသည်။
စောဇောဝင်းမှာ အသားလတ်လတ်၊ ကိုယ်လုံးကိုယ်ထည် အနည်းငယ်ထွားသဖြင့် ပုသ ယောင်ထင်ရသည်။ ဆံပင်ကို သေသေသပ်သပ်ဖြီးတတ်ပြီး တတ်နိုင်သရွေ့ သပ်သပ်ရပ်ရပ်နေ တတ်သည်။ မျက်မှော င်နက်၊ မျက်ခုံးထူပြီး သူ့မျက်လုံးမှာ တောက်ပနေတတ်သည်။ မျက်နှာဝိုင်း ၀ိုင်းနှင့် သဘောသကာယကောင်းသော ကရင်လူမျိုး လူငယ်တစ်ဦးဖြစ်သည်။ယခင် ဦးကေတု ပရဟိတဂေဟာထဲမှာ နေလာသည့် လူဟောင်း တစ်ဦးဖြစ်သည်။ ချို့ချို့တဲ့တဲ့နေထိုင်ရပြီး ဖခင်နှင့် ဒိုးတူပေါင်ဖက် ယာထဲအလုပ်လုပ်နေရှာသည့် သူ့ညီမ ကရင်မလေးအကြောင်း သတိ တရပြောပြော ပြတတ်သည်။ ဂေဟာမှူးအမြင်ကတ်သည့်အထဲတွင် စောဇောဝင်းလည်း တစ်ဦး အပါအ၀င်ဖြစ်သည်။
စောစောက ဂေဟာမှူး သန်းဦးလေးကိုရိုက်နှက်နေစဉ်က စောဇော်ဝင်း မျက်နှာထားတင်း မာနေသလောက် ယခုမူ ကိုယ့်ညီအရင်းကို ပြုစုနေသလို ကြင်ကြင်နာနာနှင့် ပြုစုနေသည်။ ကျွန် တော်ရင်ထဲက ကျိတ်ချီးမွမ်းမိ၏ ။ ကြည်လည်းကြည်နူး၊ လေးလည်းလေးစားမိသည်။ စောဇော်ဝင်း ကို တစ်ချက်လှမ်းကြည့်ရင်း သူတို့ဆီ ကျွန်တော်ကပ်သွားသည်။
“ကြည်စမ်းပါဦး အစ်ကိုရာ….သားသမီးချင်းမစာနာ….”
ကျွန်တော် အနားရောက်ရောက်ချင်း မော့ကြည့်ပြီး ကျွန်တော့်ကို တိုင်ပြော ပြောနေသည်။ သန်းဦးလေးမှာ မျက်ရည်တွေတွေကျပြိး ရှိုက်နေသည်။ ကျွန်တော် သန်းဦးလေးနားထိုင်ပြီး သူ့ဒဏ်ရာများ ကို ကြည့်ရင်း အားပေးစကားပြောနေမိသည်။ “ဒီမှာ လုပ်ရတာ တို့လည်း ၀ဋ်ပါပဲ ကွာ၊ စိတ်မချမ်းသာပါဘူး င့ါတူရာ…..” ထမင်းချက်ဘကြီးက ခေါင်းကုတ်ရင်း ညည်းပြောနေသည်။ ထမင်းချက်အမေကြီမျက်နှာလည်းမကောင်း
“မင်းကရော ဘာတွေပြောမိလို့လဲ…ငါ့ညီရာ….”
ကျွန်တော်လည်း စိတ်ဆင်းရဲစွာ နှင့် မေးမိ၏ ။ မေးပြီးမှ မမေးဘဲနေလိုက်ရ ကောင်းသားဟု ပြန်တွေးမိနေသည်။
“ဟို…ဟို… လေ့လာရေးဆရာကိုလေ….ကျွန်….ကျွန်တော့်အဖေ အမေအကြောင်း မေးလို့ ပြောပြတာပါ အစ်ကိုရာ…ဟီး…”
သန်းဦးလေးမှာ ပြောပြောဆိုဆို ငိုသံပါလာသည်။ တစ်ချက်တစ်ချက်ရှိုက်နေသည်။ မေးမိ တာ မှားပြီဟု ကျွန်တော်လည်း ပိုပြီးစိတ်မကောင်းဖြစ်နေမိ၏ ။ ဘေးနားဝိုင်းအုံနေကြသည့် သူငယ် အားလုံး မျက်နှာမကောင်းကြ။
“ရွှီ…..ရွှီ……ရွှီ…”
ကျွန်တော်တို့ဝိုင်းမေးနေကြစဉ် မရဏ၀ီစီသံ ကြားရပြန်ပြီ။ ကလေးများ ၀ရုန်းသုန်းကား ဂေဟာရှေ့ဘက် ပြေးထွက်သွားကြရပြန်သည်။ဝီစီသံကြားရသည်နှင့် သန်းဦးလေးလည်း သတိ လက်လွတ် ရုတ်တရက် ထလိုက်၏ ။ ချက်ချင်း မျက်နှာရှုံမဲ့သွားကာ ကျွတ်….ကျွတ်နှင့် ညည်းနေ ပြန်သည်။ကျွန်တော်က ဖေးမပေးရ၏ ။ ဒေါင်းစိန်လေး စောဇော်ဝင်းတို့ လာတွဲ မည်လုပ်၏ ။ ကျွန် တော်က လက်ကာပြလိုက်မှ သူတို့လည်း ပြေးထွက်သွားကြတော့သည်။ သန်းဦးလေးတွဲ သွားပြီး ကျွန်တော်တို့ ခပ်ဖြည်းဖြည်း ခပ်ရွေ့ရွေ့ ဂေဟာရှေ့ လိုက်သွားရပြန်သည်။
“ဟေ့…..မြန်မြန်…..မြန်မြန်….”
ဒီတစ်ခါတော့ အနောက်အိပ်ဆောင်ဝက ဆီးရိုက်နေသည်မှာ အဆောင်မှူး ဦးဘိုကြီး မ ဟုတ်တော့။ ဘုတ်ထိုင်းကြီး မဟုတ်တော့။ နောက်တစ်ယောက် ဂေဟာမှူး၏ လက်ယာရံ လက် ဆွဲတော်….ဂင်တိုတိုနှင့် မိုက်ဂိုက်ငွေမောင်။
ကျွန်တော်လည်း စောစောကလိုပင် မျက်နှာထားတင်းတင်းနှင့် လာခဲ့သည်။
“ဟေ့….သန်းဦး၊ အဖြစ်သည်းမနေနဲ့၊ တောက်….ငါဖြတ်ရိုက်လိုက်ရ ဆရာလေးကလည်း မြန်မြန်လာပါဗျ….မြေမပြိုပါဘူး….”
မိုင်ဂိုက်ငွေမောင်က ရိုက်ရန်ရွယ်သေး၏ ။ ကျွန်တော်က မျက်နှာထားတင်းပြီး သန်းဦးလေးရှေ့က ကာလိုက်သောအခါ သူ အရိုက်ခံရခက်သွားသည်။ ရိုက်သာရိုက်ချလိုက်လျှင် တော့ ကျွန်တော်လည်း ဖြစ်ချင်ရာဖြစ်ပစေ၊ ၀င်ထိုးမည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။ ဂေဟာ အိုကြီးအောက်လှမ်းဝင်လိုက်သည်နှင့် ခါးထောက်ရပ်ကြည့်နေသော ဂေဟာမှူး ဦးမင်းအေး၏ အေးစက်မာကျောသောမျက်နှာနှင့် ရင်ဆိုင်လိုက်ရသည်။ တချို့ကလေးများ တန်းစီနေရာမှ ကျွန် တော်နှင့် သန်းဦးလေးဆီ လှည့်ကြည့်နေကြ၏ ။ စောစောကလိုပင် ဂေဟာမှူးလက်ထဲ ကြိမ်လုံးနှင့်။ကျွန်တော့်မျက်နှာထားကို ကျွန်တော်တစ်ချက်ကလေးမပြင်။ ရုံးခန်းထဲ ကျွန်တော် အ ကဲခတ်ကြည့်မိ၏ ။ ဧည့်သည်၏ အရိပ်အယောင်ကို မတွေ့ရ။ ပြန်သွားပြီထင်သည်။
သူငယ်ချင်းဖိုးသိန်းအောင်မှာ ရုံးခန်းထဲတွင် လက်နှိပ်စက်ရိုက်နေဆဲ။ အဆောင်မှူး ဦးဘို ကြီးလည်း ရုံးခန်းထဲတွင် ဖိုင်တစ်ခု လှန်လှောနေသည်ကို တွေ့ရသည်။ ဂေဟာမှူးကား ကြိမ်တ၀င့် ၀င့်လုပ်လိုက်၊ လမ်းသလားလိုက်နှင့် ဂနာမငြိမ်ဖြစ်နေသည်။
“ဧည့်သည်လာလို့ ခဏတန်းဖြုတ်လိုက်တာ ကိစ္စပြီးပြီမထင်ကြနဲ့….”
သန်းဦးလေးကိုများ ဆက်ရိုက်ဦးမလားဟု ကျွန်တော် ရင်တထိတ်ထိတ်နှင့် တွေးနေမိ သည်။ သန်းဦးလေးလည်း မျက်ရည်တွေတွေကို လက်ဖမိုးနှင့် သုတ်ရင်း တန်းဝင်စီနေသည်။ က လေးတွေလည်း မျက်နှာမကောင်းကြ။ ဂေဟာမှူး ခါးရှည်ကြီးကော့ကာ မျက်ထောက်နီကြီးနှင့် ကြည့်နေပြန်ပြီ။
“စောဇော်ဝင်း….ရှေ့ထွက်…..”
ဂေဟာမှူးက ကြိမ်တဆဆလုပ်ရင်း ခေါ်ထုတ်လိုက်သည်။စောဇော်ဝင်းလည်း ဘုမသိ ဘ မသိ တန်းရှေ့ထွက်လိုက်သည်။ ကလေးများ က စောဇော်ဝင်းကို လှမ်းကြည့်လိုက်သည်။ ကျွန် တော် အမျိုးမျိုးစဉ်းစားကြည့်၏ ။ စောဇော်ဝင်း၌ ရိုက်လောက်စရာ ဘာအပြစ်မျှ ကျွန်တော်မမြင်။
“မင်းနိုင်၊ ရွှေဘ၊ မြင့်လွင်၊ မြင့်ဦး၊ ညိုဝင်း၊ သန်းအောင်ကြီး၊ စောမြင့်၊ ခင်ဝင်း….”
ဂေဟာမှူးက နာမည်များ ခေါ်ထုတ်လိုက်သည်။ ဆယ့်ငါးမှ နှစ်ဆယ်အရွယ် လူငယ်များ တန်းရှေ့ထွက်ရပ်လိုက်ကြသည်။ ဂေဟာမှူးက ခေါင်းတညိတ်ညိတ်လုပ်နေသည်။ တန်းဘေးမှ မိုက်ဂိုက်ငွေမောင်က ခါးထောက်ကြည့်နေသည်။
“သူတို့မှာ ဘာအပြစ်ရှိသလဲဟေ့….သိကြလား…”
ဂေဟာမှူးက ကလေးများ ကိုကြည့်ရင်း မေးနေသည်။ ဘယ်သူမှ တုတ်တုတ်မလှုပ် သူ့အ မေးကို ဂရုတစိုက်မဖြေကြ။ ဂေဟာမှူး ရှက်အမ်းအမ်းဖြစ်ပြီး သူ့ဘာသာသူဆက်ပြောနေပြန်သည်။
“သူတို့အပြစ်က ရှက်တဲ့အပြစ်ကွ၊ ရှက်တဲ့အပြစ်၊ ဧည့်သည်တွေလာတော့ လူကြီးတွေ မျက် နှာမပျက်အောင် သွားပုန်းနေတာ၊ ငါမသိဘူးထင်လား။ မင်းတို့ကိုယ်မင်းတို့တော့ လည်လှပြီ အောက်မေ့နေတယ်။ ကဲ….တစ်ယောက်ချင်း တိုင်ဖက်….”
ဂေဟာမှူးက တိုင်ဖက်ခိုင်သည်။ သူငယ်တွေက မဖက်။ ခပ်တည်တည်ပင် ဂေဟာမှူးရှေ့ ရပ်ပေးသည်။ ဦးဘိုကြီးနှင့် မိုက်ဂိုက်ငွေမောင် လှုပ်လှုပ်ရွရွဖြစ်သွားကြ၏ ။ အတင်းဆွဲကာ သန်းဦး လေးတုန်းကလို တိုင်ခြေကန်ဆွဲပေးမည့်ဟန်။ ဂေဟာမှူးက လက်ကာပြလိုက်၏ ။
ကြိမ်ကို လေထဲဝင့်ပြီး တအားလွှဲလွှဲရိုက်နေသည်။ တစ်ယောက်လေးချက်စီ အရိုက်ခံရ၏ ။ နောက်ဆုံး ခင်ဝင်းကိုရိုက်သည်။ ပုဒလက်မောင်ငယ်နှင့် အောင်ကြည်မြင့်လေးတို့ မဲ့မဲ့လေးဖြစ်ကြ ၏ ။ မောင်ဝင်းကြီးလည်း သူ့မျက်လုံးကျဉ်းကြီးကြီးကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။
“ကဲ…အနုပညာသည်ကြီး မောင်ဒေါင်းစိန် ရှေ့ထွက်ပါဦး၊ သူကရော ဘာအပြစ်လဲ သိကြလားဟေ့…”
ဂေဟာမှူး ဤသို့ မေးတိုင်း ဘယ်သူတစ်ဦးတစ်ယောက်မှ အဖက်လုပ်ဖြေမနေကြ။
“သူက အရှက်ကြီးသူတွေကို ကူညီတဲ့အပြစ်…ဟိုဘက်လှည့်…”
ဒေါင်းစိန်လေးလည်း လေးချက်အရိုက်ခံရသည်။
“ကဲ…. နောက်ဆုံး ဆရာလေးကြည်မောင်…..”
ကျွန်တော်နာမည်ခေါ်လိုက်သောအခါ ရုံးခန်းတွင်းမှ သိန်းအောင်ကို ဦးဘိုကြီးတို့လည်း လှမ်းကြည့်ကြသည်။ ကလေးများ လည်း အံ့အားသင့်နေသလိုရှိ၏ ။ စောဇော်ဝင်းတို့လူတသိုက် ကား မျက်မှော င်ကုတ်ပြီး မျက်နှာတင်းနေကြသည်။ ကျွန်တော် ဣနြေ္နမပျက်ပင် ဂေဟာမှူးရှေ့ နည်းနည်းတိုးရပ်လိုက်သည်။
“ပြောပါဆရာ…..ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ….”
ဂေဟာမှူးက အံသွားကိုက်ပြီး စိမ်းစိမ်းကြည့်နေသည်။ ချက်ချင်းမပြော။ သူ့စိတ်ထဲ ချီတုံ ချတုံလုပ်နေသလား။ ရိုက်ရင် ပြဿနာတက်မလာ စဉ်းစားနေသလားမသိ။ ဘုမသိဘမသိရိုက် လျှင်တော့ မုချပြဿနာတက်မည်မှာ သေချာ၏ ။
“မင်းတို့ကိုတော့ ငါကိုယ်တိုင် မဆုံးမပါဘူး၊ ကျောင်းအုပ်ကြီးနဲ့ သွားတွေ့ပေါ့။ အမှု ဆောင် အဖွဲ့နဲ့ လည်း တွေ့ရမယ်။ ဒါနဲ့ မပြီးရင် တရားရုံး၊ ဂတ်တဲ…”
ဦးဘိုကြီးနှင့် မိုက်ဂိုက်ငွေမောင်တို့ ကျွန်တော်ကို လှမ်းကြည့်နေသည်။သူတို့ကား ၀မ်းသာ နေကြပေမည်။ သိန်းအောင်လည် လက်နှိပ်စက်ဆက်မရိုက်တော့။ ကျွန်တော်လည်း ခေါင်းနောက် ရှုပ်ထွေးနေသည်။ ဒီလောက်ဖြစ်ရအောင် ငါလည်း ဘာမှမလုပ်မိပါလား။ ဘာတစ်ခုမှ စဉ်းစားလိုမရ။
“နောက်….ဆရာလေး….ကိုသိန်းအောင်….”
ကျွန်တော် ခေါင်းရှုပ်စဉ်းစားမရဖြစ်နေစဉ် နောက်နာမည်ခေါ်လိုက်သောအခါ ပိုအံ့သြကုန် ကြသည်။ ဆရာလေးဟု ကျွန်တော်တို့ကိုခေါ်သည်မှာ ခေါ်ချင်လို့မဟုတ်။ ငေါ့ပြီး တမင်ခေါ်ခြင်း ဖြစ်သည်။ သိန်းအောင်လည်း လက်နှိပ်စက်ရပ်ပြီး ကျွန်တော့်ဘေး လာပြီး ယှဉ်ရပ်သည်။သူလည်း ဘာမှနားလည်ပုံမရ။
“ကျွန်တော်တို့ ဘာလုပ်လို့လဲ…ဆရာ…”
သိန်းအောင်လည်း စဉ်းစားရကြပ်ပြီး မေးနေသည်။ သူငယ်များ အားလုံး သိချင်နေကြသည်။ ဂေဟာမှူးဆီမှ အဖြေစကားကို ငံ့လင့်ရင်း ဂေဟာမှူးကို ကြည့်နေကြသည်။ လှပါတယ်ဆိုမှ ရေမ ချိုးရသေးဆိုသလို ဂေဟာမှူးကား မထီလေးစား မုန်းစရာမျက်နှာထားနှင့် ကြည့်နေပြီး ဘာမှမဖြေ ဘဲ ကြိမ်လုံးကို တဆဆလုပ်နေသည်။
ဂေဟာမှူး၏ ညွှန်ကြားချက်အရ ဘာပြဿနာမှန်းမသိသော ပြဿနာကို ဖြေရှင်း ရင်ဆိုင် ရန်အတွက် ကျောင်းအုပ်ကြီး ဦးဆန်းဦးနှင့် တွေ့ရန် ကျွန်တော်တို့ ထွက်လာခဲ့သည်။
ဂေဟာအိုကြီးနောက်ဘက်ရှိ ရေတွင်းပျက်လမ်းမြောင်မှ ဘုရားငါးဆူဘုန်းကြီးကျောင်းဝင်း ဖြတ်ပြီး ထွက်လာခဲ့ကြသည်။ ရွှေမတို့ ဆေးလိပ်ခုံလွန်လျှင် ဆရာကြီးဦးဆန်းဦး၏ တိုက်ခံအိမ်ကြီး အား တွေ့ရလိမ့်မည်။
ထွက်သာလာခဲ့ကြသည် သိန်းအောင်နှင့် ကျွန်တော် စကားမပြောဖြစ်ကြ။ အတွေးကိုယ်စီ နှင့် ဖြစ်ကြသည်။ သိန်းအောင်လည်း ကျွန်တော့်လိုပင် စဉ်းစားနေပါလိမ့်မည်။
“ဆရာကြီးဦးဆန်းဦးနှင့် မပြေလည်က အမှု ဆောင်အဖွဲ့၊ ဒါနဲ့မပြီးရင် တရားရုံး၊ နောက် …. ဂတ်တဲ….နောက်…..နောက်…..”
ဂေဟာမှူး၏ ခြိမ်းလုံးခြောက်လုံးများ ကား နားထဲမှ လျှံထွက်ပြီး ပတ်ဝန်းကျင်ဝယ် ပဲ့တင် ထပ်နေတော့သည်။
* * *
(၄)
“ကလေးသူငယ်များ သည် ရိုက်နှက်ညှဉ်းပန်းမှု ကိုခံရန် မွေးဖွားလာရလေသလား….”
ဤရက်များ အတွင်းဝယ် ကျွန်တော်ကား စိတ်ပင်ပန်းဆင်းရဲနေသည်။ ကျွန်တော် တင်မဟုတ်၊ ဤအိမ်အိုဂေဟာကြီးရှိ ကလေးသူငယ်အားလုံးလိုလိုပင် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြသည်။ အဖေ့လွတ်ရက်လည်း နီးလေပြီလားဟုကျွန်တော်တွေးကြည့်မိနေပြန်သည်။ အမေ ညီလေး ညီမလေးတို့ ဘယ်လိုရုန်းကန်စားသောက်နေကြပါလိမ့်။ ကျွန်တော်ကား ရွာကို အောက်မေ့လွမ်းဆွတ်နေ၏ ။ ကျွန်တော်၏ ငယ်သူငယ်ချင်းများ ၊ ကျောင်းအိပ်ကျောင်းစားဘက်များ လည်း နေပူမရှောင်၊ မိုးရွာမရှောင် လယ်ထဲကိုင်းထဲတွင် လုပ်နေကြပြီ။ လူလောကအတွင်းဝယ် နင် လားငါလား အလုပ်လုပ်နေကြရပြီ။ နဖူးကချွေး၊ ခြေမကျသည်အထိ ပင်ပန်းကြီးစွာ ရုန်းကန်နေကြရပြီ။အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမ မိသားစုနှင့်အတူ ၀န်ကူထမ်းနေကြရပြီ။
ကျွန်တော်ကား ယခုအချိန်အထိ မိဘညီအစ်ကိုမောင်နှမတို့အား ဘာတစ်ခုမှ မကူညီနိုင် သေး။ အမေသည် ကျွန်တော့်အပါ်၌ မျှော်မှန်းချက်ကြီးလှ၏ ။ ကျွန်တော့်အား ပညာတတ်ကြီးတစ်ယောက်ဖြစ်၍ ရာထူးရာခံနှင့် တင့်တောင်းတင့်တယ် မြင်ချင်ရှာသည်။ အမေအ ထင်ကြီးသည့် လောကဓာတ်စာ၊ အတန်းပညာအား အမေ့သားသည် အဘယ်မျှ စိတ်ဆင်းရဲစွာ သင်နေရသည်ကို အမေမသိ။
ကျွန်တော်ရွာကို အလွန်ပြန်ချင်နေမိသည်။ ပြန်ခွင့်ကား မရ။ ရွာနှင့် မြို့မှာ ငါးမိုင်ခန့်သာ ကွာလှမ်းသည်။ ဤခရီးလေးမျှကိုပင် ကျွန်တော့်အား ပြန်ခွင့်မပေး။ အဘွားဆုံးသည့်မနှစ်ကမှ ကျွန်တော့်ညီလေးလာပြောပြပြီး တာဝန်ခံသွားသဖြင့် တစ်ညအိပ်သာ ပြန်ခွင့်ရခဲ့သည်။ ကျွန်တော် နှင့် သူငယ်ချင်းသိန်းအောင်မှာ လက်ထောက်အဆောင်မှူးလေးဆိုသော်လည်း အမှန်မှာ ဂေဟာ ကျောင်းသားပင်ဖြစ်သည်။ အတန်းမော်နီတာသဘောမျိုး၊ အုပ်ချုပ်သူ လူကြီးများ အကူအညီရရန်သာ ခန့်ထားခြင်းဖြစ်၏ ။
ကျွန်တော့်တို့မှာ လက်ထောက်အဆောင်မှူးလေးများ ဖြစ်၍ ဂေဟာရောက်လာသည့် လူသစ်လူငယ်လေးများ က အစ၌ ခပ်ရွံ့ရွံ့ဖြစ်တတ်ကြသည်။ အုပ်ချုပ်သူလူကြီးတွေဘက်သားဟု ထင်ဟန်ရှိသည်။ ငါတို့နှင့် ဘ၀တူပဲဟု အစ၌ မမြင်ကြ။ တဖြည်းဖြည်း တစ်ယောက်အကြောင်း တစ်ယောက်သိလာမှသာ ရင်းရင်းနှီးနှီး ယုံယုံကြည်ကြည်ရှိလာကြသည်။ “ဆရာ”ဟုခေါ်နေရာမှ “အစ်ကို”ဟု ခေါ်သည်ကို ပိုနှစ်သက်သည်။ ဘ၀တူချင်း ရိုင်းပင်းသည့်သဘော၊ ညီရင်းအစ်ကိုသဘောများ ပါဝင်၏ ။
ဤအညတြကလေးများ ညီအရင်းအစ်ကိုလို သဘောထားပြီး ခင်ဗျားဆက်ဆံကြည့်စမ်းပါ။ သူတို့ကလည်း ခင်ဗျားကို အစ်ကိုရင်းလို လေးစားချစ်ခင်လာပါလိမ့်မည်။ လူဆိုးလေးတွေပဲဟု ရှုတ်ချသည့်မျက်နှာနှင့် ကြည့်လျှင်တော့ သူတို့ကလည်း ခင်ဗျားကို ဂရုစိုက်စရာလားဟု အောက် မေ့ပါလိမ့်မည်။
ကျွန်တော်တို့တစ်တွေမှာ မိဝေးဖဝေးနှင့် ဤနေရာတွင် လာရောက်နေကြရသည်။ အရိုက် နှက် အညှဉ်းပန်းခံနေကြရသည်။ ကျွန်တော်တို့အား ချစ်ခင်ကြင်နာသူကို ကျွန်တော်တို့ကလည်း ဤအတိုင်းတုံ့ပြန်ပြီး ကျွန်တော်တို့အား ဖိနှိပ်ရက်စက်သူကို အဘယ်မျှ မုန်းတီးခါးသီးလိုက်လေမ လဲ….စဉ်းစားကြည့်စမ်းပါ။
တစ်ခါက စောဇော်ဝင်းနှင့် ဒေါင်းစိန်လေးတို့ ညဘက်ဂေဟာမှူးမရှိစဉ် ပွဲကြည့်ချင်သည်ဟု ကျွန်တော့်လာပြော၏ ။ ရွှေဥဒေါင်းရုံတွင် ပြဇာတ်နာမည်ကြီးဇာတ်အဖွဲ့ ကနေသည်။ ကျွန်တော်ရ သည့်လခကလေးထဲမှ ကျန်သည့်တစ်ဆယ်ကို သူတို့အားပေးလိုက်သည်။ ပွဲဈေးမှ နှစ်ယောက် သား လက်မောင်းတွင် စက်မှင်ကြောင်းအရုပ်ကလေးများ ထိုးလာကြ၏ ။ ဒေါင်းစိန်လေးက စောင်း ကောက်ပုံလေးထိုးလာသည်။ စောဇော်ဝင်းက အသည်းကို ဓားနှင့်ထိုးထားသည့်ပုံ ဆွဲလာပြီး ကျွန်တော့်ကိုပြသည်။ စက်မှင်ကြောင်မှာ ဆေးမှင်ကြောင်လိုပင် တစ်သက်လုံးမပျက်တော့ဟု လည်းပြောပြကြသေးသည်။
စောဇော်ဝင်းမှာ ဆယ့်ငါးဆယ့်ခြောက်လောက်ရှိမည့် လူပျိုပေါက်ကလေးဖြစ်သည်။ ဘုရား ငါးဆူကျောင်းတစ်ဖက် ဆေးလိပ်ခုံမှ ရွှေမလေးကိုလည်း မျက်စိကျနေသည်ဟု ကလေးများ က ကျွန်တော့်ကိနု လာပြောဖူးသည်။ ထို့ကြောင့် ကျွန်တော် ကောက်ကာငင်ကာ မေးကြည့်မိသည်။
“နေပါဦးကွ၊ မင်းက အသည်းဓားနဲ့ ထိုးထားတဲ့ပုံ ဆွဲလာတယ်ဆိုတော့ ဘယ်ရည်းစား စိတ်နာလို့လဲ…..ရွှေမလေးကိုလား…..ဟုတ်လား ငါ့ညီ…..”
ကျွန်တော် ခပ်ထေ့ထေ့စပြီး သူ့အကဲစမ်းကြည့်သည်။ သူက ရှက်ပြုံးပြုံးပြီး မျက်နှာကလေး အိုသွားသည်။ နောက်…..မခံချိမခံသာ မျက်နှာထားတင်းလာသည်။
“အသည်းကွဲလို့ ထိုးတာမဟုတ်ဘူး၊ အစ်ကိုရေ့……အသည်းနာလို့၊ဘယ်သူ့အသည်းကို ထိုးမှာ လဲဆိုတော့ ကျွန်တော်တို့ကို နှိပ်စက်တဲ့လူ၊ နှိပ်ကွပ်တဲ့လူကို ထိုးမှာ ၊ စိစိညက် ညက် ကြေ အောင်ထိုးမှာ ….”
သူ့အသံကလေးမှာ ထိုခဏ၌ မာကျောတုန်ခါ လှိုက်လှဲနေသည်။ ရင်ထဲဝယ် သိပ်သည်းနေ သည်။ ကျွန်တော်လည်း တည်ငြိမ်လေးနက်စွာ ခေါင်းညိတ်နေမိသည်။ သူပြောပြီး ကျွန်တော့်လက် ကို လာတင်းဆုပ်ထားလိုက်မိသည်။ သူ့လက်တွေ ပူနွေးနေ၏ ။ အနားတွင် ရပ်နေသည့် ဒေါင်းစိန် မျက်နှာလေးလည်း ကြည်လင်တောက်ပစွာ လေးနက်တည်ကြည်နေသည်။
ဤအိမ်အိုဂေဟာကြီးတွင် ကျွန်တော့်အား ခုတင်တစ်လုံး၊ သပ်သပ်ပေးထား၏ ။ ခြင်ထောင် ခေါင်းအုံး၊ စောင် အစုံပေးထား၏ ။ သို့ သော် ကျွန်တော်ကား ကျွန်တော်၏ အိပ်ယာတွင် အိပ်ခဲလှ သည်။ကျွန်တော့်ခုတင်ကား အိမ်အိုကြီးအောက်ထပ် ရုံးခန်းဘေးတွင်ဖြစ်၏ ။ အသက်ဆယ့်ရှစ်၊ ဆယ့်ကိုးရွယ် လူငယ်အချို့မှအပ ကျန်ကလေးသူငယ်များ အိမ်အိုကြီး အပေါ်ထပ်တွင် အိပ်ကြရ သည်။
အပေါ်ထပ် အခန်းရှည်ကြီးထဲတွင် လူခြောက်ဆယ်ဆံ့ ခြင်ထောင်ရှည်ကြီးတစ်ခု ထောင် ထား၏ ။ ထိုခြင်ထောင်ရှည်ကြီးထဲတွင် ကလေးများ စုအိပ်ကြရသည်။ အကန့်တစ်ခုမျှမရှိ။ တောက် လျှောက်အရှည်ကြီးဖြစ်သည်။ ညအိပ်ရာဝင်လျှင် သူဝင်ငါထွက် ချွေးနံ့ ဖုန်နံ့ နံပြီး ခြင်တသော သောနှင့် လုံးနေသည်။ ပိတ်ခြင်ထောင်ကြီးဖြစ်၍ လေလုံလှောင်ပိတ်နေ၏ ။ ထိုခြင်ထောင်ရှည်ကြီး ထဲတွင် ကလေးများ နှင့်အတူ ကျွန်တော် ၀င်အိပ်သည်။ ပူးကပ်လှောင်အိုက် ညပ်သိပ်နေတော့ သည်။
ကျွန်တော်က ညစဉ် ကျွန်တော်ကြားဖူးသမျှ ပုံပြင်လေးများ ပြောပြသည်။ ကျွန်တော့်အား နင်းပေးသူ၊ နှိပ်ပေးသူတွေ ၀ိုင်းဝိုင်းလည်နေသည်။ ကျွန်တော့်ဘေးသို့ စုပြုံတိုးလာကြသည်။ အလို လိုမှ ကျပ်ညပ်နေသည့်ကြားထဲ ကျွန်တော်ရှိရာသို့ ကလေးခြောက်ဆယ်လောက် ပူးကပ်တိုးဝှေ့ လာကြသောအခါ ခြင်ထောင်ကြီးမှာ ဘေးကားလှုပ်ခါပြီး မှိုင်းဝေနေသည့်မီးပုံးကြီးလို ဖြစ်နေတော့ ၏ ။ ဆံ့လည်းမဆံ့တော့ပေ။ ကြွက်စိကြွက်စိ ရုန်းစုရုန်းစုနှင့် အသံဗလာများ ထွက်လာသောအခါ အ ဆောင်မှူး ဦးဘိုကြီး၏ ကြိမ်မောင်းခြင်းခံကြရတော့သည်။ တချို့ကလေးများ ထိပ်ဖုအောင် ခေါင်း ကြိမ်လုံးနှင့် အရိုက်ခံရသည်။ကျွန်တော့်ကိုလည်း ကြိမ်းမောင်း၏ ။ ထို့ကြောင့် နောက်ပိုင်းတွင် အိပ် ရာမ၀င်မီ ဘုရားရှိခိုးပြီးချိန်တွင် တန်းစီထိုင်နေတုန်း ကလေးထုရှေ့မှ မတ်တတ်ရပ်ပြောရ၏ ။ ပြီးမှ ခြင်ထောင်ရှည်ကြီးထဲ အိပ်ရာဝင်ကြရသည်။
စောစောပိုင်းအချိန်များ က ဒု-ဂေဟာမှူး ဦးမြဆိုင်၊ အဆောင်မှူးကြီး ဦးဘိုကြီးနှင့် မိုက်ဂိုက် ငွေမောင်၊ လက်ထောက်အဆောင်မှူးလေး ကျွန်တော်တို့နှစ်ဦး တစ်ညစီ အလှည့်ကျ ကလေးများ အား ဆုံးမစကားပြောရ၏ ။ တနင်္ဂနွေနေ့တိုင်းလည်း မြို့ပေါ်မှ လူကြီးလူကောင်းများ ၏ သြ၀ါဒသံ နာခံရသေးသည်။ ကျွန်တော်တို့ နားထောင်ခဲ့ရသည့် ဆုံးမစကားများ ကိုသာ ချိန်မည်ဆိုပါက အချိန်နည်းမည်မဟုတ်တော့ပေ။
ညစဉ် ဘုရားရှိခိုး၊ကြီးကြပ်ပြီး ဆုံးမစကားပြောဖို့ အလှည့်ကျဝင်ရာတွင် အဆောင်မှူးကြီး နှစ်ဦးစလုံးမှာ ကြိမ်းမောင်းခြိမ်းခြောက်နည်းများ ကိုသာ သုံးကြ၏ ။ ကြာတော့ ၀တ်ကျေတန်းကျေ ခ ဏတဖြုတ်ဖြစ်လာ၏ ။ နောက်ပိုင်း ကျွန်တော်တို့ကို သူတို့အလှည့်ကျ ၀င်ပေးဖို့ ပြောလာသည်။ ဖိုး သိန်းအောင်လည်း ကြားဖူးနားဝ စကားလေးများ ဖြင့်သာ တတ်သမျှ မှတ်သမျှ ပြောပြနေရသည်။ ကြာတော့လည်း ပြောစရာစကား သူ့တွင် ရှားလာ၏ ။ သူ့အစား ကျွန်တော်ဝင်ရသည့်အခါက များ သည်။ ဒု- ဂေဟာမှူး ဦးမြဆိုင်တစ်ယောက်ကား ဟိုလူတွေနှင့်မတူ၊ သူ့အချိန်သူမှန်မှန်ဝင်သည်။ နေ့ဘက်တွင် ဂေဟာလုပ်ငန်း ဘာမှ မည်မည်ရရမလုပ်ပေးနိုင်သည့် အတွက်လည်း ညဘက် ဤ တာဝန်လေးလောက် မှန်မှန်ဝင်မှဟု သဘောရလေသလားမသိ။
နောက်တစ်ကြောင်းက သူ့တွင် ပြောစရာစကားတွေ ရှိနေသည်ဟု ကျွန်တော်ထင်သည်။
သူလေ့လာခဲ့ရ၊ ဖတ်မှတ်ခဲ့ရသည့် ဘုန်းကြီးစာတွေ၊ သူ့အား အထင်ကြီးရန် ရွတ်ပြဖို့ ပါဋ္ဌိပါဋ္ဌ်သားတွေ။
ပထမတော့ သားရွှေဥ၊ သားရွှေကြူ၊ သားရွှေတောင်၊ သားရွှေခဲ၊ ပုတ္တောဝါဒ၊ မာတောဝါဒ၊ သိင်္ဂလောဝါဒသုတ်” မတွေ့ခိုက်ရန် မကျူးလွန်နှင့် မျက်မာန်ဒေါသ မထွက်ရအောင်” တို့။
“ငယ်ကပျော်လွန်၊ ကျမ်းဂန်တရား၊ မသင်ကြားသော်၊ မင်းပါးစိုးခွင်၊မ၀င်နိုင်ဘဲ” ဆိုတာတို့ စုံနေတော့သည်။ဦးမြဆိုင်ပြောနေစဉ်၌ ကလေးတေါလည်း များ သောအားဖြင့် ငိုက်မြည်းနေကြ သည်များ သည်။ တစ်ခါတစ်ရံ ပါဋ္ဌိတွေလည်း ရွတ်ပြသည်။ တခြားသူတွေ သူတို့အလှည့် သူတို့ မ၀င်တော့သော်လည်း ဦးမြဆိုင်ကား သူ့အလှည့်ကို ပျက်ကွက်သည်မရှိ။ မှန်မှန်ဝင်၏ ။ မှန်မှန်ဘုန်း ကြီးစာရွတ်ပြ၏ ။ သူ့အလုပ်မှာ အခြားလည်း မည်မည်ရရမရှိလှ။ ကြာတော့ သူနှင့်ကျွန်တော် နှစ်ဦး တည်းသာ တစ်ညစီ အလှည့်ကျဝင်ရတော့သည်။
ကျွန်တော်ကား ကိုယ်ဘ၀နှင့် ကိုယ့်ညီနောင်များ ကို ပြောပြသလို ပြောပြ၏ ။ သူတို့ကို အထက်စီးက ဟောပြောသည်မဟုတ်ဘဲ အတူတူပင် ဆွေးနွေး၏ ။ ကျွန်တော့်ဘ၀ ဖြတ်သန်းလာရမှု အတွေ့အကြုံတွေကို ပြောပြ၏ ။ ကျွန်တော်တို့မိသားစု ဆင်းရဲပုံ၊ အဖေ ထောင်ကျနေပုံ၊ အမေမှာ ကျရာကျပန်း မရှောင်တမ်း ပင်ပန်းတကြီးလုပ်နေရပုံတွေကို ပြောပြ၏ ။ သူတို့ဘ၀ဖြတ်သန်းလာရမှု တွေကို ပြောပြခိုင်း၏ ။ ပထမတော့ သူတို့ဘ၀အကြောင်း သူတို့ သိပ်မ ပြောချင်ကြ။ ဘာ့ကြောင့်လဲ ကျွန်တော်စုံစမ်းကြည့်သောအခါ ဂေဟာမှူး လက်သပ်မွေးထားသည့် လောက်ကောင်တစ်ဦးက ဂေဟာမှူးကို အလုံးစုံပြန်ပြောပြသည်ဟု သိရသည်။ သူ့ကိုလည်း ကိုယ့်ဘ၀တူချင်း စာနာတတ်လာအောင်၊ ကိုယ်ကိုယ်တိုင် အနှိပ်စက်ခံရပုံတွေကို တစ်စတစ်စနှင့် နွေးနွေးထွေးထွေးပြောပြရသည်။ နောက်ပိုင်း ဂေဟာမှူး၏ တပည့်အမွေးခံရသည့် သူငယ်လည်း နားလည်လာ၏ ။ ထိုအခါမှ ကလေးများ မှာ သူတို့အကြောင်း ပြောဝံ့တော့သည်။ ဒါတောင် ပထမ တော့ ရှက်နေကြသေး၏ ။ ကျွန်တော်ကိုယ်တိုင် ရင်ဖွင့်ပြောပြ။ သူတို့ရှေ့မှ မားမားမတ်မတ်ရပ်မှု များ တွေ့လာမှ မခြွင်းမချန် သူတို့ရင်ထဲရှိရာ ဖွင့်ပြောလာကြတော့သည်။
တချို့ကလေးတွေမှာ သူတို့ဘ၀အကြောင်း ပြောပြသောအခါ မျက်ရည်ရစ်ဝိုင်း နေတော့ သည်။ ဤသို့ ရင်းရင်းနှီးနှီးနှင့် ပြောကြဆိုကြသောအခါ တစ်ယောက်နှင့် တစ်ယောက် ပိုရင်းနှီး၊ ပို ယုံကြည် ချစ်ခင်လာကြသည်။ဘ၀တူချင်း ရိုင်းပင်မှု ရှိလာသည်။
အဆောင်မှူးဦးဘိုကြီး အပေါ်တွင်အိပ်သည့်အခါ ပြောရသည်မှာ မလွတ်လပ်။ အပေါ်ထပ် ဆင်ဝင်ခန်းတွင် ဂေဟာမှူးခုတင်နှင့် ဦးဘိုကြီးခုတင်ရှိသည်။ နောက်ပိုင်း အိုက်သည်ဆိုကာ အောက်ဆင်းအိပ်သည်။ကျွန်တော့်အောက်ထပ်ကနေရာကို ဦးဘိုကြီးက သဘောကျသည်။ ကျွန်တော်ကလေးတွေနှင့် အတူအိပ်သည်ကို သူသိသဖြင့် သူ့ခုတင်နှင့် နေရာချင်းလဲလိုက်ကြသည်။ ထို့ကြောင့် ကျွန်တော့်အိမ်ရာ အပေါ်ထပ်ရလာ၏ ။ သို့ သော် ဆင်ဝင် ခန်းခုတင်တွင် ကျွန်တော်မအိပ်။ ကလေးတွေနှင့် အတူ လူခြောက်ဆယ်ဆံ့ ခြင်ထောင်ရှည်ကြီးထဲ တွင်သာ ၀င်အိပ်သည်။ ကလေးတွေမှာ ကျွန်တော့်အား ပိုပြီးလေးစားချစ်ခင်လာကြသည်။ဒု- ဂေ ဟာမှူး ဦးမြဆိုင်အလှည့်ထက် ကျွန်တော့်အလှည့်ကို ပိုမျှော်လင့်လာကြသည်။ ကျွန်တော့်အလှည့် ညများ တွင် အပေါ်ထပ်၌ ကလေများ နှင့် ကျွန်တော်သာရှိသည်။ သူငယ်ချင်းသိန်းအောင်မှာ အောက်ထပ် အနောက်အိပ်ဆောင်တွင် အိပ်ရ၏ ။ ဒု-ဂေဟာမှူး ဦးမြဆိုင်မှာ သူ့အလှည့် တာဝန်ပြီး သည်နှင့် အိမ်အိုကြီးနောက်ဘက်ခြမ်း သူ့အခန်းပြန်အိပ်၏ ။
ထို့ကြောင့် ကျွန်တော့်အလှည့်ညများ ကို ကျွန်တော်သိမ်းပိုက်ထားနိုင်သည်ဟု ကျွန်တော် ယူဆသည်။
သန်းဦးလေးနှင့် စောဇော်ဝင်းတို့ အရိုက်ခံရပြီးနောက်ပိုင်း ကျန်ကလေးသူငယ်များ လည်း အမြဲတမ်းလိုလိုပင် အကြောင်းတစ်ခုခုပြပြီး အရိုက်ခံနေကြရသည်။ ကျွန်တော်နှင့် သိန်းအောင်ကို လည်း သူတို့လိုချင်သည့်ပုံစံဖြစ်မလာသဖြင့် အထူးငြိုးနေပုံရသည်။ သူတို့လက်ရင်းတပည့်လုပ်ပြီး ကလေးများ အား ကူနှိပ်စက်မပေးသောအခါ ခံပြင်းနေပါလိမ့်မည်။ကလေးများ ရှေ့က အကာတစ်ခုလို ရပ်ခံနေသည်ဟု သူတို့မြင်လာသောအခါ ဤတံတိုင်းအား ဖြိုချဖျက်ဆီးပစ်ချင် လိမ့်မည်ကို ကျွန်တော် မှန်းဆ ကြည့်မိ၏ ။
ထို့ကြောင့်လည်း အပြစ်မရှိ အပြစ်ရှာပြီး စာတစ်တန်ပေတစ်တန်နှင့် ကျောင်းအုပ်ကြီးဆီ တင်ပြ၏ ။ အမှု ဆောင်အဖွဲ့ တင်ပြရန် (သို့ မဟုတ်) ဂေဟာတွင်း အုပ်ချုပ်ရေးခုံဖွဲ့ပြီး စစ်ဆေးသင့်ကြောင်း တင်ပြထား၏ ။ ဤ “သင့်” ကလေးကိုပင် မရှောင်မလွှဲသာဘဲ ထည့်လိုက်ရသည်ဟု ကျွန်တော်ထင်သည်။
ကျွန်တော်တို့အား တင်ထားသည့်စွဲချက်မှာ ”သရက်ဘော်စတယ် ပို့မည့်ဆဲဆဲ တရားခံ သူပုန်နှင့် ဆက်သွယ်သည်ဟု ယူဆစရာ အကြောင်းရှိသည့် တရားခံ မောင်ဖိုးအေးအား ထွက်ပြေးရန် တိုက်တွန်းပြီး လွှတ်လိုက်မှု ……ပင်ဖြစ်သည်။
ထိုရက်များ ၀ယ် ကလေးများ သည် မတန်တဆ အရိုက်ခံနေရရာ ကျွန်တော်လည်း စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်နေရသည်။ ကလေးတွေလည်း စိတ်ဓာတ်ကျနေ၏ ။ သိန်းအောင်လည်း ခပ်ငိုင်ငိုင်။ စောဇော်ဝင်းတို့ လူသိုက်ကား အံတကြိတ်ကြိတ်ဖြစ်နေသည်။ ကျွန်တော်လည်း ဤ အိမ်အိုဂေဟာကြီးမှထွက်ဖို့ သိန်းအောင်နှင့် တိုင်ပင်မိကြသေးသည်။ သို့ သော် ထွက်လို့မရ။ ကျွန်တော်တို့မှာ ထောက်ပံ့ကြေးဝင်ကလေးများ ဖြစ်နေကြပြီ……တဲ့”
ရမန်ဂေဟာဖြစ်လာသောအခါ ဘုန်းတော်ကြီး ဦးကေတုပရဟိတ မိဘမဲ့ဂေဟာမှ မူလတန်းကျောင်းသားဟောင်းများ က မကျေနပ်ကြ။အမှု ဖြစ်သည့် ကလေးများ နှင့် အတူတူ ရော တွက်သည်ကို မခံနိုင်ကြ။အမှု ဖြစ်လို့ ရောက်လာသည်ထက် မိဘမဲ့လို့၊ ဆင်းရဲနွမ်းပါးလို့ ရောက်ရ သည့်အဖြစ်က တော်သေးသည်ဟု တွေးဆကြပုံရသည်။
ပတ်ဝန်းကျင်အမြင်တွင် မိဘမဲ့ကလေး၊ ဆင်းရဲနွမ်းပါးသည့်ကလေးဆိုက သနားကြသည်။ လူဆိုးလူတေ လူလွင့်ကလေးဆိုလျှင် အော့နှလုံးနာသည်။ နှုတ်ခမ်းမဲ့ကြသည်။ မလိုမုန်းထားကြ သည်။ ထို့ကြောင့်ပင် ဆင်းရဲကလေးနှင့် ရမန်ကလေး ရောထား၊ အတူတူထင်မှတ်သည်ကို ကျွန်တော်လည်း အစက မကျေနပ်ခဲ့ဖူးပေ။
သို့ သော် ဤနေရာ ဤဋ္ဌာနတွင် ဆင်းရဲ၊ ရမန် မခွဲ အားလုံး အနှိပ်စက်၊ အညဉ်းပန်းခံကြရသောအခါ ဘ၀တူများ ဟူသောအသိကို ရလာသည်။ငါတို့အားလုံး အတူတူပါပဲဟု တွက်လာကြသည်။ ထိုအသိမှာ လက်တွေ့ကရရှိလာသည့် အသိစိတ်ဖြစ်၏ ။ ထိုအခါ အချင်းချင်း ပိုနားလည်မှု ၊ စာနာမှု ရိုင်ပင်းမှု ရှိလာကြတော့သည်။
စိတ်ပင်ပန်းဆင်းရဲ၍ ဤအိမ်အိုဂေဟာကြီးမှ ထွက်ချင်သော်လည်း အမှန်မှာ ကျွန်တော့်အား လေးစားချစ်ခင်အားကိုးနေသည့် ဤကလေး၊ လူမမည် သူငယ်လေးများ အား ကျောခိုင်း၍ ကျွန်တော် ဤနေရာမှ ထွက်ခွာမသွားရက်နိုင်ပါ။ ကျွန်တော် ဘယ်သို့ မျှ သူတို့အား စွန့်ခွာမသွားလိုတော့ပေ။ ကျွန်တော် ရက်စက်ရာကျလိမ့်မည်။ မိုက်မဲရာကျလိမ့်မည်။ တစ်သက်လုံး စိတ်ကောင်းနိုင်စရာရှိလိမ့်မည် မထင်တော့ပေ။ ကျွန်တော်စိတ်ဆင်းရဲချင် ဆင်းရဲပါစေတော့။
ထိုညနေက အမှု ဆောင်အစည်းအဝေးဖိတ်စာပေးရန် ကျွန်တော့်အား တာဝန်ပေးလိုက်သဖြင့် မြို့ထဲဘက် ထွက်လာခဲ့သည်။ စောဇော်ဝင်းကို အဖော်ခေါ်မည် စိတ်ကူး သေး၏ ။ ဂေဟာမှူးအား ခခယယမပြောချင်သဖြင့် တစ်ယောက်တည်းပင် မြို့ထဲဘက် ထွက်လာခဲ့ သည်။ ဖိတ်စာလက်ခံရရှိကြောင်း စာလက်ခံ လက်မှတ်ထိုးစာအုပ်လည်း ယူလာခဲ့သေးသည်။
ဖိတ်စာအားလုံး လိုက်ပေးပြီးချိန်မှာ စောနေသေးသည်။ ဂေဟာအိုကြီးလည်း ချက်ချင်းမပြန် လို၊ ပထမတော့ ရွာကိုဒုန်းစိုင်းပြေးမည် စိတ်ကူးမိသေး၏ ။ ဘယ်လိုနည်းနှင့်မျှ အချိန်းမရပေ။ နောက်မှ မြို့အနောက်ဘက်ခြမ်းစက်ဝန်းရပ်ကွက်၊ ကျော်လေးတို့အိမ်ဘက် ခြေဦးလှည့်ခဲ့မိသည်။ သူတို့အိမ်မရောက်သည်မှာ အတော်ပင်ကြာသွားပေပြီ။
လူနေအိမ်ခြေ ကျပ်တည်း၍ ကျဉ်းမြောင်းလှသော လမ်းသွယ်များ ဖြာနေပြီး စက်ရုံဆီမှ မီးခိုးများ မွှန်ထူကာ မှော င်ရိပ်ဆိုင်းနေသည့် ဤအရပ်ကလေးကား နေချင်စရာမကောင်းလှပေ။ စက်ရုံဆီမှ အသံဗလံများ လည်း ဤရပ်ကွက်ကလေးထဲဝယ် ပျံ့နှံ့နေသည်။ ဤရပ်ကွက်ရှိ အိမ်က လေးတွေမှာ လည်း ခနော်နီခနော်နဲ့ ကြမ်းခင်းတဲအိမ်ကလေးများ သာဖြစ်သည်။
မြို့ထဲတွင်ကား ခြံဝင်းထဲတွင် အုတ်ကန်နှင့် လျှာထိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ နှစ်ထပ်တိုက်၊ အောက်ခံ၊ သွပ်မိုးအိမ်ကြီများ စသည့် အိမ်ကြီးအိမ်ကောင်းများ ဖြင့်ပြည့်နေသည်။ လူမှု ၀န်ထမ်း အရာရှိ ဆရာကြီးဦးဆန်းဦးတို့ ရပ်ကွက်နှင့် ယခုစက်ဝင်းဘေး ရပ်ကွက်ကလေးမှာ ခြားနားလှ၏ ။
ကျွန်တော် ခေါင်းငိုက်ငိုက်…..ငိုက်ငိုက်…နှင့် လာသည်ကို အဝေးထဲမှ လှမ်းမြင်ရော့လား မသိ။ အစ်ကိုကုလားကြီး အိပ်ပေါက်ဝမှ ပြုံးပြီး ဆီးကြိုနေသည်။ အစ်ကိုကုလားကြီး အပြုံးကိုတွေ့ လိုက်ရသောအခါ ကျွန်တော့် သောက၊ ဗျာပါရများ စိတ်ဆင်းရဲနေမှု များ ခေတ္တတော့ ပြေပျောက် သွားသည်ဟု ကျွန်တော်ခံစားလိုက်ရသည်။ ဘာကြောင့်မှန်းမသိ အစ်ကိုကုလားကြည့်ရသည်မှာ ကျွန်တော်အားရှိလှသည်။
အစ်ကိုကုလားကြီး။ အမှန်မှာ သူ့နာမည် ကိုကျော်ကြီးဖြစ်၏ ။ သူ့အိမ်သားတွေခေါ်သလိုပင် ကျွန်တော်ကလည်း အစ်ကိုကုလားကြီးဟု ရင်းရင်းနှီးနှီးခေါ်သောအခါ သူလည်းနှစ်ခြိုက်စွာ ရယ် မောနေသည်။ သူ၏ ညီအစ်ကိုချစ်ခင်စိတ်၊ နှစ်သက်စဖွယ်အပြုံးတို့ကို ကျွန်တော်ကား ဘယ်အခါ မျှ မေ့မည်မဟုတ်။ သူ့အပြုံးမှာ သူ့မေးရိုးလိုပင် ခိုင်မာမြဲမြံလှသည်ဟု ကျွန်တော်ထင်သည်။
ထိုနေ့က တနင်္ဂနွေနေ့ဖြစ်၍ သူ့ကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရခြင်းဖြစ်သည်။ အခြားရက် များ ဆိုလျှင် နေ့ရှိတ်ကျချိန် သူ့ကို မတွေ့နိုင်။ စက်လွှတ်ချိန်မှ သူ့ကိုတွေ့ရ၏ ။ ညရှိတ်အလှည့် ဆို လျှင်တော့ နေ့ပိုင်းတွေ့ရတတ်သည်။
ကျွန်တော့်သူငယ်ချင်း ကျော်လေးလည်း အိမ်တွင်မရှိ။ သူ့အဖေအားထမင်းသွားပို့သည်ဟု သိရသည်။
အိမ်ရှေ့ခြံအဆင့်လေးတွင် အစ်ကိုကုလားကြီးနှင့် ကျွန်တော်ထိုင်မိသောအခါ သူ့အမေက ရေနွေးကြမ်းအိုးလာဖြည့်ပေးသည်။ ပြုံးပြီး ကျွန်တော့်ကို နှုတ်ဆက်၏ ။ ၀တ္တရားကျေသာမဟုတ်ဘဲ တကယ်လှိုက်လှိုက်လှဲလှဲရှိလှသည်။ ကျွန်တော်လို လူငယ်ဂေဟာမှ ကျောင်းသားတစ်ဦး ဆိုကြပါ စို့ ……လက်ထောက်အဆောင်မှူးလေးတစ်ဦးအား ဤသို့ချစ်ခင်ရင်းနှီးစွာ ဆက်ဆံသဖြင့် ကျွန် တော်များ စွာ လေးစားအားတက်လာမိသည်။ ကြည်လည်းကြည်နူးမိပါ၏ ။
အစ်ကိုကုလားကြီးတို့ အမေမှာ လည်း ကျွန်တော့်အမေလိုပင် အသားညိုသည်။ ကျွန်တော့် အမေလိုတော့ အရပ်မပု။ ရပ်ကွက်ထဲက ကလေးများ အား “လေပြင်” နှိပ်ပေးရာတွင် နာမည်ကြီးလှသည်။
အစ်ကိုကုလားကြီးမှာ ကျွန်တော့်မျက်နှာကို အကဲဖမ်းမိဟန်တူသည်။ သူ့မျက်နှာတည် ကြည်နေပြီး ကျွန်တော့်ကို “ငါ့ညီ ဘာဖြစ်လာသလဲ၊ စိတ်ညစ်လာသလား။ ” တတွတ်တွတ်မေးနေ တော့သည်။ နောက်ဆုံးတော့ ကျွန်တော်လည်း ရင်ထဲရှိသမျှ ဖွင့်အံပြလိုက်သည်။ ဖြစ်ချင်ရာ ဖြစ်ပါစေတော့….. ကျွန်တော်စိတ်ဆင်းရဲနေသည့်အကြောင်း၊ ဂေဟာမှူး၏ ရက်စက်မှု ၊ ဂေဟာတွင်း မုန် တိုင်းများ ကို တစ်လုံးချင်း ပြောပြနေမိတော့သည်။
ကျွန်တော်ပြောပြနေစဉ် အစ်ကိုကုလားကြီးမျက်နှာမှာ တည်ငြိမ်ပြီး တင်းမာနေသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဒေါသနှင့် ဖွင့်ချတိုင်တန်းနေမိသည်။ အစ်ကိုကုလားကြီးကား အံကြိတ် ခေါင်းတဆတ်ဆတ်ညိတ်ပြီး နားထောင်နေသည်။
*[“မင်းတို့ကို ဂေဟာမှူး ဒီလိုနှိပ်စက်နိုင်အောင် ဖိနှိပ်နိုင်အောင်၊ ဘယ်သူတွေက အားပေးနေ လဲ၊ ထောက်ကူနေလဲ ငါ့ညီ သိလား….”
ကျွန်တော်လည်း ခေါင်းခါပြလိုက်မိသည်။ အစ်ကိုကုလားကြီးက တစ်လုံးချင်း ကျွန်တော် နားလည်နိုင်ရန် ရှင်းပြနေသည်။ ကျွန်တော့်အဖို့ရာတွင် သူ့စကားတွေမှာ ဆန်းသစ်လေးနက်နေ သည်။ ဒါဟာ တစ်ခွင်လုံးနှင့်ဆိုင်တယ်ဟု သူပြောပြနေ၏ ။ အဓိကတရားခံကို မြင်တတ်ဖို့၊ ရန်သူ ကို မြင်တတ်ဖို့ သူပြောပြနေသည်။ အညှဉ်းဆဲခံရသည်ကို မမေ့ဖို့၊ ဘ၀ကိုမမေ့ဖို့၊ ဘ၀အကြောင်း နားလည်ဖို့ အနိဋ္ဌာရုံများ မြစ်ဖျားခံရာ အမှော င်လွှာ။ အမှော င်ထုကို တွန်းလှန်ဖြိုဖျက်နေသည့် အလင်းဘက် အကျပ်အတည်းနှင့် တွေ့လာလျှင် အောင်ပွဲကိုလည်း မြင်ရန်လိုပုံ၊ ပြဿနာရှိလျှင် အဖြေရှိပုံ။]
အစ်ကိုကုလားကြီး၏ စကားအတိုင်း အကြောင်းအရာတိုင်းမှာ ကျွန်တော့်အဖို့ အသစ် အဆန်းချည်းဖြစ်နေ၏ ။ အသစ်အဆန်းမို့ ခေါင်းရှုပ်မိသလား။ ဒီလိုတော့မဟုတ်။ ဆရာတော် ရွှေ မျက်မှန်ဆီ အဘိဓမ္မတ္ထတက်ရစဉ်ကလို ခေါင်းရှုပ်သည်မဟုတ်။ အဘဘိုးဦးတို့ တရားငြင်းသည်ကို ရှုပ်ထွေးသည်လည်း မဟုတ်။ အစ်ကိုကုလားကြီး၏ စကားတွေမှာ စဉ်းစားစရာတွေပါသည်။
“ကလေးတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရဖို့များ မွေးလာသလားလို့ တစ်ခါတစ်ခါ ကျွန်တော် စဉ်းစားကြည့်မိတယ်အစ်ကို။ ”
အစ်ကိုကုလားကြီးမှာ ကျွန်တော့်ကို ကရုဏာသက်စွာ ကြည့်နေသည်။
“ဒီလိုတော့လည်း မဟုတ်ဘူးပေါ့ ငါ့ညီရာ….”
[အစ်ကိုကုလားကြီးက လူငယ်တွေအကြောင်းပြောပြနေပြန်သည်။ မျိုးဆက်သစ်တာဝန်ကို ထမ်းဆောင်ဖို့လိုပုံ။ အနာဂတ်ကို လူငယ်တွေ ပိုင်တယ်ဆိုရာ၌ မျိုးဆက်သစ်လူငယ်များ ကို ဆိုကြောင်း။ ဖိနှိပ်သူဘက်ကရပ်သည့်လူငယ်ကို မဆိုလိုကြောင်း၊ အဖိနှိပ်ခံတွေနှင့် တစ်သားတည်းရှိ နေမှ အညွှန့်တလူလူတက်နေသည့် လူငယ်ဖြစ်ကြောင်း ရှင်းပြနေသည်။ ]
ကျွန်တော်ကား မောင်ဖိုးအေးကိစ္စ ကျွန်တော်တို့ကို ခုံဖွဲ့စစ်မည့်အကြောင်းကို အစ်ကိုကု လာကြီးအား ပြောပြလိုက်သည်။ အစ်ကိုကုလားကြီးက ကျွန်တော်ပြောပြနေသည်ကို မျက်မှော င် ကြုတ်ပြီး စုန်ရေ ဆန်ရေ သေသေချာချာစိုက်နားထောင်သည်။
“ဘာမှ မစိုးရိမ်နဲ့ ငါ့ညီ။ မင်းတို့လုပ်လိုက်တာ မှန်တယ်။ ဒါဟာ အချင်းချင်းရိုင်းပင်းတာ။ ကူညီလိုက်တာပဲ။ မင်းတို့မှန်တယ်ဟေ့….”
ဤရဲရင့်ပြတ်သားသောစကားကိုကြားရသည်မှာ အားရှိလှသည်။ မည်သည့်ကိစ္စ၊ မည် သည့်ပြဿာနာကိုမဆို ရဲရဲရင့်ရင့်ရင်ဆိုင်ဖို့အကြောင်း ပြောပြလိုက်သည်။ ပြဿနာဖြစ်လာလျှင် ခွဲ ခြားစိတ်ဖြာ ခြေခြေမြစ်မြစ်လေ့လာ၍ ဖြေရှင်းသည့်နည်း အဖြေရှိပုံကိုလည်း ပြောပြသည်။
ပေတစ်ရာလမ်းပေါ်တွင် ကားများ တ၀ီဝီပြေးနေသံကြားရ၏ ။ လမ်းချိုးများ ထဲ ဂျိုင်းခနဲ ကား ဆောင့်ပိတ်သံကိုလည်း ကြားနေရသည်။ နေလည်ညိုလေပြီ။ စက်ရုံဆီမှာ ဥသြသံရှည်ကိုလည်း ကြားရသည်။ မကြာမီ လူစီးကြောင်းကြီး စက်ရုံပေါက်ဝမှ ပွင့်လျှံအံထွက်လာတော့မည်။ အင်နှင့် အားနှင့် လှိုင်းလုံးကြီးလိမ့်လာတော့မည်။ ကျွန်တော်လည်း မထချင်၊ ထချင်နှင့် ထိုင်ရာက ထလိုက် ရသည်။ ကျေးဇူးတင်စိတ်၊ ၀မ်းမြောက်စိတ်၊ လေးစားသည့်စိတ်၊ ကြည်နူးညွတ်နူးသည့်စိတ်များ ဖြင့် အစ်ကိုကုလားကြီးကို ကျွန်တော်နုတ်ဆက်ပြီး ထိုင်ရာမှထသည်။ အစ်ကိုတစ်ယောက် ကောက်ရ ပြီဟုလည်း တွေးမိကာ ကျွန်တော်ကျေနပ်နေမိသည်။
ဆရာကြီး ဦးဆန်းဦးခုံဖွဲ့ပြီး စစ်ချင်လည်း စစ်ပေတော့။ ရဲရဲရင့်ရင့်ရင်ဆိုင်ရန်မှတစ်ပါး တခြားနည်းလမ်းမရှိ။
ဂေဟာအိုကြီးသို့ အပြန်တွင် ကျွန်တော်ကား ခါတိုင်းထက်စာလျှင် စိတ်လက်ပေါ့ပါးနေ သည်။ အစ်ကိုကုလားကြီးပြောပြသည့် မျိုးဆက်သစ်လူငယ်ဆိုသည်ကို ကျွန်တော်စဉ်းစားကြည့် နေသည်။ သူပြောပြသည်မှာ အကျိုးသင့်၊ အကြောင်းသင့် ဆက်စပ်မှု ရှိသည်ဟု ကျွန်တော်ခံစားမိ၏ ။
ဘ၀ကို မမေ့ဖို့အကြောင်းကို အမေလည်း ပြောပြခဲ့ဖူးသည်။ ဘ၀အကြောင်းကို နားလည် ဖို့ ပြောင်းလဲနိုင်အောင် ကိုယ်ကိုယ်တိုင်က ကြိုးစားဖို့ပါ အစ်ကိုကုလားကြီး ထပ်ပြောပြသည်မှာ အဓိပ္ပာယ်ရှိပေလိမ့်မည်ဟု ကျွန်တော်တွေးလာခဲ့တော့သည်။
* * *
![]() သက်တံရောင်နှင့်ဒိန်းသံ | ![]() ရသစာမွန် ပုံရိပ် | ![]() ဂိတ်တံခါး |