အို...ဘာတဲ့
ဟော့ရှေ့အမှာ စာ ....
ရုပ်ရှင်နှင့် စာပေသဘောသဘာဝမတူကြောင်း ကျွန်တ်ာအမြဲတစေပြောခဲ့ပါတယ်။ ဒါက ရုပ်ရှင်မှာ ပြတဲ့ သဘောတရားတွေ စာပေမှာ တင်ပြ ရခက်သလို စာနဲ့ရေး လို့အဆင်ပြေတဲ့ဟာမျိုးကို ရုပ်ရှင်မှာ အရုပ်နဲ့ပြန်ပြဖို့ ကလည်း ခက်ခဲလေ့ရှိပါတယ်။
ဥပမာ ၊ ကျွန်တော် တို့စာပေအနေနဲ့၊ အခြေခံ၊ ရာသီဥတု၊ ပတ်ဝန်း ကျင်နဲ့ သစ်ရွက်ကလေးတစ်ရွက်ကြွေကျပုံကို စာမျက်နှာ နှစ် ဆယ်ကျော်ရေး ပြလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ရေး တဲ့အတိုင်း ရုပ်ရှင်အနေနဲ့ ရိုက်လို့ နာရီဝက်စာကြာမယ်ဆိုရင် အဲဒီ ရုပ်ရှင်ကို ဘယ်သူက ကြည့်တော့မှာ လဲ။
ဒီလိုပဲ ရုပ်ရှင်အနေနဲ့ မြို့  နှစ် မြို့  ၊ နိုင်ငံ နှစ် နိုင်ငံ၊ လူနှစ် ယောက် ရဲ့ လှုပ်ရှားပုံကို ပိတ်ကားထက် တစ်ခြမ်းစီရိုက်ပြနေတာကို စာပေအနေနဲ့ ဘယ်လိုပီပြင်အောင် ပြန်ရေး မှာ လဲ။ အင်မတန်ကို ခက်ခဲလှပါတယ်။
ကျွန်တော့် ရဲ့ ၀တ္ထု အတော် များများ ကို ရုပ်ရှင်အ ဖြစ်အသက်သွင်း ခဲ့ကြပါတယ်၊ စာဖတ်ပရိသတ် ကတော့ “ရုပ်ရှင်ကျတော့တစ်မျိုး ဖြစ်သွား တယ်” ဆိုပြီး ပြန်ပြောတတ်ကြပါတယ်။ ကျွန်တော် ဘာမှပြန်မပြောခဲ့ပါဘူး။
“သြော် ..သူ့ခမျာ ရုပ်ရှင်နဲ့စာပေကွဲလွဲမှု အခြေခံသဘောတရား တွေ ကို သဘောမပေါက်လို့ပဲလို့”
ဝတ္တု တွေ ကို အရုပ်အ ဖြစ် အသက်သွင်းနေတဲ့ ဆရာသမားတွေ ကို လည်း ကိုယ်ချင်းစာပါတယ်။ သူတို့မှာ မူရင်းအရသာမပျက် ဖန်တီးဖို့ကို မနည်းအားစိုက်နေကြရရှာတာ။
အခုတော့ ကျွန်တော့်ရုပ်ရှင်ကို ၀တ္တု အ ဖြစ်ပြန်လည်အသက်သွင်း လိုက်ပါပြီ။
“ဟော့ရှော့” ဆိုတဲ့ရုပ်ရှင်ကားဟာ ကျွန်တော့် ရဲ့ ၀တ္တု ဇာတ်ညွှန်း ပါ။ ဒါကိုကျွန်တော် ရုပ်ရှင်ရိုက်ဖို့အတွက် သက်သက်ရေး တဲ့ဝတ္တု ပါ။ ရုပ်ရှင် ၀တ္တု ဖြစ်တဲ့အတွက် ကျွန်တော် တို့သာမန်ရေး ရိုးရေး စဉ်အတိုင်း ၀တ္တု မျိုးနဲ့ လုံးဝမတူပါဘူး။ အားလုံးကို အရုပ်ဆန်ဆန်ချည်း ရေး ရတဲ့အတွက် စာအနေ နဲ့ပြန်ရေး ပြဖို့ကို သဘောသဘာဝ လုံးဝမတူနိုင်ပါဘူး။ အခုတော့ ကျွန်တော့်  ရဲ့ “ဟော့ရှော့” ရုပ်ရှင်ကို ၀တ္တု စာအုပ်အနေနဲ့ ပြန်လည်တင်ပြလိုက်ရပါပြီ။
မကောင်းရင်တော့ ကျွန်တော် ညံ့လို့ ဖြစ်ပြီး၊ အဆင်ပြေတယ်ဆို ရင်တော့ ရုပ်ရှင်ဇာတ်လမ်းမို့ ကောင်းတာ ဖြစ်ပါကြောင်းတင်ပြရင်း ....
စိမ်းမြသော မြက်ခင်းပေါ်သို့ လှပသော ခြေသံတို့ စီးမိုးနေသည်။
ထိုခြေသံရှင်တို့၏ ရယ်သံလွင်လွင်ကြောင့် နံဘေးနားကငိုက် မြည်းနေသော ကိုင်းပင်များ ပင် အိပ်ချင်မူးတူးအသွင်သဏ္ဌာန်နှင့် ဦးမော့ ကြည့်ကြမယ်။
မှန်ပေသည်။
လွန်စွာ လှပသော ကောင်မလေးနှစ် ယောက် တစ်ယောက် ကို တစ်ယောက် ကလူကျီစယ်ရင်း မြက်ခင်းစိမ်းပေါ် ပြေးလွှားဖြတ်ကျော်နေခြင်းပင်။
တစ်ယောက် ကကျစ်ဆံမြီးကို နှစ် ဖက်ခွဲကျစ်ထားပြီး တစ်ယောက် ကတော့ ရှိရှိသမျှဆံပင်အားလုံးကို ငယ်ထိပ်တွင် ထိပ်ဖူးလေးသဖွယ် စုစည်း ထုံးနှောင်ထားသည်။
“မိုးသိင်္ဂီ သိလား၊ ဒီနေ့ကျောင်းမှာ သစ်လွင်တို့ ဘက်စကက်ဘော ပြို င်ပွဲရှိတယ်”
ကျစ်ဆံမြီးနှင့် ကောင်မလေးကို ဆံပင်တွေ စုထုံးထားသည့် ကောင်မလေးက မဲ့ရွဲ့၍ ...
“သိပြီးသားပါ စိုးဒေ၀ါရဲ့ ၊ မနက်ကတောင် အတန်းရှေ့လာပြီး ညနေကျရင် လာအားပေးပါလို့ ငါ့ကို တကူးတက လာဖိတ်သွားသေး၊ ဟင်း ဟင်း”
မိုးသိင်္ဂီစကားကြောင့် စိုးဒေ၀ါမျက်နှာပျက်သွားသည်။ ပြီးမှ ဘာမှ မ ဖြစ်သလိုဟန်မျိုး နှင့် မျက်နှာကိုပြန်မဲ့ရွဲ့လိုက်ပြီး...
“မိန်းမတွေ ကလည်း ခက်ပါတယ်အေ အဲဒီ သစ်လွင်ဆိုတဲ့ ကောင်ကိုများ ရွှေထွက်မှာ ကျနေတာပဲ၊ ဖြစ်နေလိုက်ကြတာ၊ ငါ ကတော့ မကြို က် ပေါင်၊ မျက်နှာက ဖောင်းဖောင်းနဲ့ နဖူြး ကတော့ လက်နှစ် လုံးလောက်ရှိတာ တကယ်တမ်းကြည့်ရင် ဘာမှမလာဘူး”
“လာစရာရှိတာတော့ လာမှာ ပါအေ”
“အေး ဒါတော့ သန်တုန်းမြန်တုန်း၊ ဟဲ့ ငါကရုပ်ကိုပြောတာ”
“အေးလေ ငါလည်း ရုပ်ကိုပဲပြောတာပဲ၊ ကိုယ့်ဘာသာကိုယ် အတွေးချော်ပြီး ဘာတွေ စဉ်းစားလဲမှမသိတာ၊ ဟော ကြည့်စမ်း ကိုသစ်လွင် နှုတ်ခမ်း၊ နှာခေါင်း၊ မျက်ဝန်း”
မိုးသိင်္ဂီ ပြောရင်းပြောရင်းနှင့် သူ့စိတ်ကူးထဲတွင် သစ်လွင်ဆိုသူ တကယ်ပေါ်လာသလို ခံစားရသည်ထင့် ခြေလှမ်းက ပုံမှန်လှမ်းနေသော်လည်း မျက်လုံးတွေ က ရီဝေပြီး ကောင်းကင်ကိုမော့ကြည့်နေသည်။
“တစ်နေ့ကလေ သိလား၊ ငါလည်း အတန်းရှေ့အထွက် ကိုသစ်လွင်က ကော်ရစ်တာထောင့်ချိုး ကလှည့်အလာ ၀ုန်းဆိုတိုက်မိမလို ဖြစ်”
“၀ုန်း”
“အား”
“ဟင် ကယ်ကြပါဦးတော့၊ ဒီမှာ ဒီမှာ တိုက်မိပြီ”
ယခုမှ တကယ်တိုက် သွားပါသည်။ မိုးသိင်္ဂီ ပြောသည့် အတိုင်းပင် သူတို့လည်း လမ်းမအရောက် တစ်ဖက်လမ်းကြားမှ ချိုး ကွေ့လာသော မောင်ဗမာစက်ဘီးကြီးနှင့် မရှောင်နိုင်ဘဲ ၀င်တိုက်မိခြင်းပင်။ တိုက်တာမှ အရှေ့တည့်တည့်မှ အရှိန်မထိန်းနိုင်ဘဲ တင်းကျမ်းကို တိုက်မိခြင်း ဖြစ်သည်။
စိတ်ကူးတွေ ယဉ်ပြီး ထိပ်ဖူးတွေ ပြင်နေသော (သူ့ဆံပင်ထိပ်ဖူးတွင် စည်းနှောင်ထားခြင်း ဖြစ်ကြောင်း ဖော်ပြပြီး ဖြစ်) မိုးသိင်္ဂီ တစ်ယောက် စိတ်ကူးတွေ လွဲပြီး ထိပ်ဖူးကြီးကွဲသော ဘ၀နှင့် မြေပေါ် လဲရရှာလေသည်။
သိပ်မကြာခင်အချိန်အတွင်း၌ တက္ကသီလာ ပရ၀ဏ်အတွင်း အင်္ဂလိပ်စာ ပထမနှစ် ကျောင်းသူ မိုးသိင်္ဂီ တစ်ယောက် မောင်ဗမာကြီးနှင့် ထိပ်တိုက်တွေ့ ပြီး ထိပ်ဖူးကွဲသွားသော သတင်း ပျံ့နှံ့သွားလေတော့သည်။
သတင်းဖြန့်ဝေသူက သူ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်သော စိုးဒေ၀ါကိုယ်တိုင်ပင်။
အဆောင်အခန်းထဲ၌ စိုးဒေ၀ါ တစ်ယောက် မိမိကိုယ်မိမိ အလှ ဆုံးပြု ပြင်နေသည်။ အခန်းတစ်ခုလုံးတွင် လည်း ပေါင်ဒါနံ့များ မွှန်ထူနေသည်။
“ဟဲ့ စိုးဒေ၀ါ နင်ဘယ်သွားမှာ မို့လို့ ဒီလောက်ပြင်ဆင်နေရတာ လဲ ဟင်”
အခန်းထောင့် ခုတင်ပေါ်တွင် ထိပ်ဖူးကွဲသော ဒဏ်ရာကို ပတ်တီး စီး၊ စောင်ထူကြီးခြုံ ပြီး ငြိမ်နေရသော မိုးသိင်္ဂီမှ ချိနဲ့သော အသံဖြင့် မေးသည်။
မိုးသိင်္ဂီမေးလိုက်မှ စိုးဒေ၀ါက မရှိရှိသမျှအရာအားလုံးကို ဂုဏ်ယူ ဟန်ဖြင့် ကော့တင်လိုက်ပြီး...
“သစ်လွင်နဲ့ချိန်းထားတယ်လေ”
“ဟင်”
“သူက ငါနဲ့အတူ ဘိုးလင်းကစားချင်လို့”
“ဘိုးလင်းကစားချင်လို့”
“အင်း”
“သြော်”
တစ်ယောက် က ဂုဏ်ယူ၍ ပြောဆိုသံ။ တစ်ယောက် က ပူဆွေး သော အသံ။
“ကဲ နင်နဲ့ပြောနေရတာ နဲ့ သစ်လွင်နဲ့ချိန်းထားတာ နောက်ကျ နေတော့မယ်၊ သွားမယ်သူငယ်ချင်း ပြန်လာမှသစ်လွင်နဲ့ငါ ဘိုးလင်းရုံမှာ ဘယ်လိုအကြည်ဆိုက်ခဲ့တယ်ဆိုတာ မင်းကိုရှင်းပြတော့မယ်၊ တာ့တာ”
သာမန်ထက်ပို၍ လှုပ်ခါပြ၊ နှုတ်ဆက်သွားသော စိုးဒေ၀ါကို ကြည့်ပြီး မိုးသိင်္ဂီမှ ငိုချတော့မလို ဖြစ်ပြီး...
“အေးပေါ့လေ သွားနိုင်သူကသွားပေါ့၊ ဒါပေမယ့် နင်လည်း ငါ့လို မောင်ဗမာကြီးနဲ့တွေ့ ပြီး စိတ်ကူးတွေ လွဲပြီး ထိပ်ဖူးမကွဲပါစေနဲ့လို့ ငါဆုတောင်းပေးလိုက်ပါတယ်၊ အဟင့် အဟင့်”
မိုးသိင်္ဂီ၏ ဆုတောင်းသံကိုတောင် စိုးဒေ၀ါ ကြားလိုက်မည် မထင်။ ကိုင်ထားသော စလင်းဘက်(ခ်)လေး တရမ်းရမ်းနှင့် ချိန်းထားရာသို့ ပျော်ရွှင်စွာ ခုန်ပေါက်သွားလေတော့၏ ။
![]() အစုံသုပ် | ![]() နတ်နေကိုင်း | ![]() ၀ါရင့်အရောင်းထိုင်း |