(၁)
ပစ(ပွဲစား) လောကမှာ ဝကြီးကို မသိ တဲ့လူမရှိဘူး။
အမည် ရင်းက မြင့်ဦးပါ။ ဒါပေမယ့် လူကဝဝကြီးမို့ မြင့်ဦး နာမည် ပျောက်ပြီး ဝကြီး အမည် ရောက်ခဲ့ရတာ ။
ကဲ...မေးကြပါဦး၊ ဝကြီးက ဘာပွဲစား လဲ။
ဟုတ်ကဲ့ ဖြေပါ့မယ်။
ဝကြီးက ပွဲခရရင် ဘာမဆို ပွဲစားလုပ် ပါတယ်။
တိုက်တာ ခြံမြေအပြင် ကား၊ ဆိုင်ကယ်၊ စက်ဘီးက အစ စိန်ရွှေကျောက်သံပတ္တမြားအလယ် အိမ်ဖော်အဆုံး ပွဲစားလုပ်ပါတယ်။
နောက်တစ်ချက်ထူးခြားတာက ဝကြီးကိုင်လိုက်တဲ့ အလုပ်ဟာ မ ဖြစ်ဘူးဆိုတာ မရှိဘူး။ ရောင်းသူဘက်ကလည်း ကျေနပ်လောက်တဲ့ ဈေးရပြီး၊ ဝယ်သူဘက်ကလည်း ဈေးသက်သာ နေတဲ့အပြင်ဝကြီးကလည်း သူများ မရနိုင် တဲ့ ပွဲခရသွားတာချည်း ပါပဲ။
ဝယ်လက်ကို ဝယ်ချင်အောင် ပြောတတ်တဲ့အပြင် ရောင်းသူ ကိုလည်း ရောင်း ဖြစ်အောင်ပြောတတ်တဲ့နေရာမှာ ဝကြီးက နိုးတူးပဲ။
အရောင်းအဝယ်ကိစ္စမှာ ဝကြီးရဲ့ အာဝဇ္ဇန်းနဲ့ ဖြတ်ထိုးÓဏ် ကို ဘယ်သူမှမီတယ်ကို မရှိအောင် လူတိုင်းချီးမွမ်းရတယ်။ ကုန်ကုန် ပြောရရင်ပွဲစား အချင်းချင်းကိုလေးစားရတယ်ဆိုပါတော့။
နောက်ပြီး သူ့ကိုတစ်ခုချီးမွမ်းရမှာ က သူ့ရဲ့ ဗဟုသုတပဲ။ အိမ်မှာ ထိုင်နေရင်းနဲ့မှာ တင် မျက်လုံးကလေး ဝင့်ကြည့်လိုက်တာနဲ့ ရန်ကုန်မြို့  ရဲ့ ဘယ်နေရာဘယ်ဒေသမှာ ဘာရောင်းဖို့ရှိတယ်။ ဘယ်သူဝယ်ရင် သင့်တော် တယ်ဆိုတာ ကောင်းကောင်းသိပါတယ်။မျက်လုံးလေးတစ်ဖက်ကိုဝေ့ကြည့်လိုက်ရင် ဝယ်လက်ပါလာမယ်ဆိုတဲ့ လူမျိုး။ ဘယ်နေရာမှာ ဘာအဆောက်အဦ သစ်တွေ ဆောက်နေပြီ။ ဒီလိုနေရာမျိုးကိုဘယ်လိုလူတွေ ကြို က်တတ်တယ်ဆိုတာ သူ ချက်ချင်း သိတယ်။ အဲဒီ နေရာကိုလည်း ရောက်အောင်သွားတယ်။ သူရောက်သွားရင် အလုပ်က ဖြစ်ပြီ။
ဒါကြောင့် သူဌေးတော် တော် များများ ကသူ့ကို အားကိုး ထားရတယ်။ တိုက်၊ ခြံ၊ မြေ၊ ကားကအစ ရွှေထည်ပစ္စည်းများ ရောင်းချင်ရင်လည်းဝကြီးပဲ။ ဝကြီးရောင်းရင်အကုန်ရောင်းထွက် တယ်။ ဝကြီးကိုင်ရင်ရွှေ ဖြစ်ပြီ။ ဝကြီးပါးစပ် ဟလိုက်တာနဲ့ အကုန်ပါ ပြီးသား။
အဲ...အဲသည်လောက်ထိစွမ်းတဲ့ ဝကြီး။ဒါပေမယ့် ... ဒါပေမယ့် ပေါ့လေ သူလည်းလောကီသားပေမို့ မစွမ်းဆောင်နိုင်တဲ့ အရောင်းထိုင်းပစ္စည်း ကြီးတစ်ခုတော့ ရှိသေးသပေါ့။
အဲဒါကြောင့် လည်း ဝကြီးဂုဏ်သန် ညိုး ချုံးနေရတာ ။ ပစ္စည်းကိုတိုင်ကလည်း ဟန်မဆောင်နိုင်အောင်အသေရရ ရှင်ရရ မသေမရှင်ရရ တစ်ပိုင်းသေအောင်အရောင်းထွက်ချင်နေတယ်။ ဝကြီးဆိုတဲ့ ပြိုင်စံရှားပွဲစားကြီးကလည်း ခွေးစားစားကျီးထိုးထိုးကို ရတဲ့ဈေးနဲ့မရရင် အလကားပေးမယ်။ ဒါမှမဟုတ်ရင်အလိုက်ပေး ဆိုရင်လည်းပေးဦးမယ်။ ပစ္စည်းထွက်ရင်ပြီးရောဆိုပြီးအတင်းစပ် တယ်။ ဒါပေမယ့် ဒီပစ္စည်းက ဒုံပေကပ်သပ်နဲ့ အရောင်းကိုမထွက် ဖူး ဖြစ်နေတယ်။
ပစ္စည်း ကတော့ သက်မဲ့ကုန်ပစ္စည်းတော့မဟုတ်ဘူး။ သက်ရှိ။
အဲဒါ ကတော့ ...
ဝကြီးခယ်ခ သရဲဗလ။
ဝကြီးခယ်မသရဲဗလဟေ့ဆို ကျွန်တော် တို့တစ်ရပ်ကွက်လုံးကလေးအစ ခွေးအဆုံး သိ တယ်။
နာမည် ရင်းက လွန်းဌေးဌေး။
ဝကြီး သူ့မိန်းမ သူဇာကို ယူလိုက်တော့ ဒီခယ်မကအဆစ်ကပ်ပါလာတာ။ လွန်းဌေးဌေး က သူဇာရဲ့ ညီမ။
ဖြစ်ပုံကို ကြည့်ပါဦး...
ရုပ်က ဆိုးလို့လား၊ မဟုတ်ဘူး။
ရုပ်ဆိုးတဲ့အဆင့်ကိုမဟုတ်ဘူး။ ကြောက် စရာကောင်းတာ။
ရုပ်ဆိုးတာက ကြည့်လို့ရသေးတယ်။
ကြောက်စရာကောင်းတာက ကြည့်လို့ကို မရဲဘူး။
ရပ်ကွက်ထဲကလူတွေ က ပြောကြတယ်၊ လွန်းဌေးဌေးရဲ့ ပုံကို။
သရဲကို မီးဖုတ်ပြီး တုတ်ထိုးနေလှန်းထားတာကိုမှ ရေပြန် တောက်ထားတဲ့ သရဲငပိကောင်အတိုင်းပဲတဲ့။ မည်းမည်းပုပ်ပုပ် ပွပွရွရွကြီး။
ဒါကြောင့်တစ်ရပ်ကွက်လုံးကတစ်ညီတစ်ညာ တည်းနာမည် ပေးထားကြတယ်။ သရဲဗလလို့။
သရဲအသား ကတော့ မည်းမည်းမွဲမွဲနဲ့ ရွဲရွဲတွဲ တွဲ ကြီးမှာ မှ ထုံထုံထိုင်းထိုင်းနဲ့ စည်းပိုင်းလိုဗလရှိတဲ့ သရဲလေ၊ သရဲဗလ။
အသားလားမည်းတယ်။ ရုပ်ရည်လားဆိုးတယ်။ ဘော်ဒီ လား အင်း... ဆန်အိတ်ကမှသူ့ထက်ကိုယ်လုံးလှသေး ... ပြောရရင်ကတ္တရာပုံးတစ်ပုံးလိုပဲ။
ဘယ်လောက်ထိလဲဆို စည်ပင်သာယာက လမ်းပြင်တဲ့ နားတောင် ပေးမသွားရဲဘူး။ စည်ပင်သာယာက ကတ္တရာပုံးမှတ်ပြီး မ,သွားမှာ စိုးလို့။ မသွားမိရင်လည်း ပက်ပက်စက်စက် ဆဲပြီးပစ်ကန် ချသွားမှာ မြင်ယောင်သေး။ ကတ္တရာကမှ ရောင်းစားလို့ရနိုင်သေး တာကိုး ဒါကြီးက...။
ကိုယ်လုံးက ကတ္တရာပုံးနဲ့ တူနေတဲ့အပြင် ကိုယ်သင်းယနံ့ ကလည်း ကတ္တရာမီးမြှို က်ထားတဲ့အနံ့မျိုး။ စိမ်းရွေရွေကြီး ချိုင်းဖတ် နံ့ဆိုလားပါပဲ။
ရေမချိုးတဲ့ အကျိုးတွေ လေ။ အကျိုးထူး ကတော့နိုးတူးပဲ။သိလား နိုးတူးဆိုတာ။ ရုပ်ရည်က နိုး...အသားအရည်က တူး။
ဝကြီးခမျာလည်း သူ့ခယ်မ အသားဖြူ လာနိုးဖြူ လာနိုးဆိုပြီး အဲယားကွန်း နဲ့ထားပါတယ်။ ဒါပေမယ့် အသားဖြူ မလာတဲ့အပြင် နှုတ်ခမ်းထော် ထော်ကြီးပဲ ပြာပြာတက်လာတယ်။
သူရဲ့ ဆံပင်မွေးပေါက်ပုံ အိုင်းစတိုင်းနဲ့တစ်ထေရာတည်း။ အဲဒီ အောက်ကမှ နဖူးကလီနင်ဂရက်လိုမောက်နေတဲ့အပြင် ဦးနှောက်နေရာက ချွန်ချွန်သေးသေးလေး။ ပြီးတော့နဖူးကြီးက အဖန်တရာတေ ဗွက်ပေါက်နေတဲ့လှည်းလမ်းကြမ်းကြီးလို အတွန့် အတက်တွေ ပွထနေတယ်။ အဲဒီ အတွန့်တွေ ကြားထဲမှာ ပြောင် သလင်းခါနေတဲ့ ကတုံးမျက်ခုံးကြီးက တစ်ဖက်သားကို ပြောင်နေ သလိုပဲ။ အင်း မျက်လုံး ကတော့ လှသလားမလှသလားမဆုံး ဖြတ်တတ်ဖူး။ ဘာလို့လည်းဆိုတော့မြင်မှ မမြင်ရတာ ကိုး။ မျက် ပေါက်က အဲဒီ လောက်ကို ကျဉ်းနေပြန်ရော။ အောင်မာ မျက်ပေါက် သာကျဉ်းတာ မျက်ကွင်းကြီးကတရုတ်ပေါက်စီလုံးကြီး လိုအပြင်ကို မဟားဒယားခေါထွက်နေပြန်ရောဗျ။ ဘုရားသခင်ကကြည်လဲ့ရွှမ်းစို မျက်ဝန်းညို ခွင့်မပြု လေတော့ မှော င်နောက်မည်းပြောင်မျက်ကွင်းပင် ချောင်ရရှာတော့သကိုး။ အဲဒီ အောက်က နှာခေါင်းကျမှ သေသေချာ ချာထင်ထင်ရှားဟန်ကျပန်ကျ ရုပ်ဆိုးတယ်လို့ပြောလို့ရတယ်။ ဘာကြောင့် လည်းဆို မြန်မာ့ရိုးရာဘီလူးနှာခေါင်းနဲ့ တထေရာ ထဲတူနေလို့။ အဲဒီ အောက်ကိုဆက်ကြည့်ဦး... မိန်းမအလှအင်္ဂင်္ါမှာ အမြဲတင်စားပါတယ်ဆိုတဲ့ နှုတ်ခမ်းနှစ် လွှာက မုန့်ကုလားမဲ ဒိတ်အောက်ကြီးလို မဲမဲရွဲရွဲအက်အက်ကွဲကွဲကြီး။ အဲဒီ အောက်မှာ ကျမှ ရယ်လိုက်ရင် ကုန်းပြီးတစ်ပြုံ လုံး ထွက်ထွက် လာတတ်တဲ့ သွားဖုံးကြီး။ ထွက်လာတဲ့သွားဖုံးရောင် က ပါပယ်ပလိန်း လို့ပြောရမှာ ပဲ ပီဘိခရမ်း ညို ရောင် မှိုင်းမှိုင်းကြီး။ အဲဒီ အောက်ကိုဆက်ဆင်းကြည့်ပြန်တော့ မညီညာတဲ့သွားစွယ်လေးက တပ်ဦးကထွက်ပြီးလဲ့နေတယ်။ ရှေ့သွားနှစ် ချောင်းအနက် တစ်ချောင်းထဲကွက်ခေါနေတော့ အဲဒီ ကွက်ပြီးခေါနေတဲ့ သွားဘေးမှာ သွားတိုက်တံမဝင်နိုင်တဲ့ နှစ် ချို့ သွားချေးတုံးကြီးကလည်း ခုပဲဘာပဲ ဝင်စားခဲ့သလိုမျိုး။ အဲဒီ အောက် ကိုဆင်းကြည့်လိုက် တော့ ငှက်ကြီးဝန်ပို လိုတွဲ ရွဲကျနေတဲ့ လည်စလုတ် မဲမဲကြီးကို ဝက်ခြံ ဟောင်းတွေ က စပေါ့ထိုးထားသေးတယ်။ စိတ်ပျက် သွားပြီလား မိတ်ဆွေ...သီးခံပါဦး။ အဲ...လည်စလုပ်မဲမဲကြီး နဲ့တွဲ ဆက်နေတဲ့ လည်ပင်းတိုတိုမှာ သားရည်ပိုတွေ က အတင်းတိုးပြီး အလုအယက် ကျပ်ခဲနေပြန်တော့ ပဒေါင်တို့ရဲ့ ကြေးကွင်းစွပ် လည်ပင်းကို ဆယ်ပေါင်တူနဲ့အတင်း ထုသွင်းထားသလိုမျိုး ။
အဲဒီ လိပ်လိပ်ထနေတဲ့ လည်တိုင်အလှကို ရှင်းရှင်းလင်းလင်း မြင်ရတယ်တော့လည်း မထင်ပါလေနဲ့ဦး...လည်ပင်းအရစ် အရစ်ပေါ်ချေးညှော်တွေ လားအသားပိုမှဲ့ချောက်တွေ လား တစ်ဖက်သားကိုထင်မှတ်မှားစေမယ့် ကျပ်ဖုများ ကလည်း ခွေးမကြီးနို့ ခွေးကလေးများ လုစို့နေသလို အပြွတ်လိုက်အခိုင်လိုက် သီးသီးထ နေပုံကလည်း စီးပွား ဖြစ်စပျစ် ခြံကြီးအတိုင်းပါပဲ။ အဲဒီ အောက် ကိုရောကြည့် ဦးမလားတော် တော် ပါတော့ဗျာ။ အတိုချုံး ပြောရရင် ဒရက်ကူလာ နှစ် ပြန်သေ ကြီးမကျွတ်မလွတ်လို့ ဖုတ်တစ္ဆေအ ဖြစ် ဝင်စားပြီး စုန်းတောက်ကစား ပြနေသလိုမျိုး ။ မျက်နှာတစ်ကွက် ထည်းနဲ့ တင် အင်မတန်လက်ရာမြောက်တဲ့လျှို့  ဝှက် သည်းဖိုဝတ္ထု ကြီး ဖတ်နေရသလို သည်းခြေကိုဒဲ့ချိန်းခြောက်နေတော့တာ။
အလှပါရမီ ခန်းခြောက်ပုံများ ပြောပါတယ်။
အဲ...အဲဒီ လောက်ထိ ရုပ်ကကြောက်စရာကောင်းတာ ထားဦး၊ သည်းခံလို့ ရသေးတယ်။
အလုပ်ကရော ...
တကယ့်ဂယောင်။
မိတ်ဆွေတို့ဘဝမှာ ဂယောင်ပေါင်း မြောက်မြားစွာ တွေ့  ဖူးမှာ ပါ။ ဒါပေ မယ့် အဲဒီ ဂယောင်အားလုံး လွန်းဌေးဌေးနဲ့တွေ့ ရင် အတည်အတန့်သမားကြီးတွေ ဖြစ်သွားစေရမယ်။ အလုပ်ကိုလည်း ဘယ်ဟာကိုမှ အသေအချာ လုပ်တယ်ရယ်မရှိဘူး။
အိမ်နောက်ဖေးမှာ ထမင်းအိုးတည်ရင်၊ အိမ်ရှေ့မှာ ပါ အဝတ်တွဲ လျှော်တယ်။ ထမင်းအိုး ရေဆေးလိုက်၊ ပြီးရင်အဝတ် ကလေး ရေပြေးစိမ်လိုက်၊ ပြီးရင် မီးဖိုထဲ မီးပြန်ထည့်လိုက်၊ လျှော် ဖို့ထားတဲ့အဝတ်ပေါ် ဆပ်ပြာမှု န့်လေး ပြေးပုံလိုက်၊ မီးဖိုပေါ် ထမင်းအိုးပြန်ပြေးတင်၊ အဝတ်ကလေး တစ်ချက်နှစ် ချက်ပြေး ဆောင့်၊ ထမင်းအိုးပြန်ဝင်မွှေ။ ဒီကြားထဲ အိမ်အလယ်မှာ ရှိတဲ့ ဝကြီး သမီး သူ့တူမကို
''သမီးလေး ပူတူးတူးလေး၊ ကြီးကြီးအားရင် လာချီမယ်နော် အား ပလူးပလူး''
ဆိုပြီး လူကြားကောင်းအောင်က လုပ်သွားသေး။သူထိန်း နေတယ်ပေါ့။ တကယ် ကလေးထိန်းခိုင်းရင် ဘယ်တော့မှမထိန်းဘူး။ အလုပ်ရှိလို့၊ ဖင်နာ လို့ခေါင်းနာလို့ဆိုပြီး အကြောင်းအမျိုးမျိုး ပြရှောင်နေတာ။ ကလေးကို အသေအချာလည်းထိန်း မခိုင်းရဲဘူး သူ့ဂယောင်ရိုက်ပုံ၊ ပြာယာခတ်ပုံနဲ့ ကလေးခမျာ မတွေးရဲစရာ တွေ ဖြစ်ကုန်မယ်။
ဒီလိုနဲ့ အိမ်ရှေ့အိမ်နောက် ဘုန်းကြီးပျံဧယဉ်ကျူး နေတယ် ထင်ရ လောက်အောင် လွန်းပျံပြေးနေတာနဲ့တင် ထမင်းအိုးလည်း ပျက်၊ အဝတ်တွေ လည်းကွက်၊ ကလေးလည်း သေးတွေ ထွက်ပြီး အားလုံးပျက်စီး ကုန်တော့တာပဲ။
အိမ်တွင်းမှာ မစွံလို့ အိမ်ပြင်မှာ ရော ဟုတ်မယ်ထင်လို့လား။ တက်လိုက် တဲ့ သင်တန်း၊ ကမ္ဘာပေါ်မှာ သင်တန်းအတက် နိုင်ဆုံး လူသားပြပါဆို သူပဲရမှာ ။
ဂီတ ဒီပလိုမာ၊ကွန်ပျူ တာ ဒီပလိုမာ၊LCCI ၊ အင်္ဂလိပ်၊ ဂျပန်၊ ပြင်သစ်၊ တရုတ်စပီကင်၊ ရှေးဟောင်း၊ မီးသတ်၊ ကြက်ခြေနီ၊ အိမ်တွင်းစက်မှု ဟင်းချက် အစုံအစုံပါပဲဗျာ။ သူတက်တဲ့ သင်တန်း တွေ ချရေး ပြရင် ဒီစာအုပ်ဆံ့မှာ မဟုတ်ဘူး။ သင်တန်းဟေ့ အသံကြား ရင်ကို လွန်းဌေးဌေး တို့ကပ်ပါနေတာ။
ဒီလောက် သင်တန်းတွေ ဆင်းပြီး ဘာတတ်လဲမမေးနဲ့။ ဘာမှမတတ်ဘူး။ တစ်ခုဆင်းပြီးတစ်ခုတက်တာ အရင်ဟာတွေ ကိုဘာတစ်ခုမှ မသိတော့ဘူး ဂယောင်ပါဆိုနေ။
ဝကြီးခမျာလည်း လူထူထူကြား သူ့ခယ်မပါသွားရင် တစ်ယောက် ယောက် တော့ မျက်စိမှော က်မှာ ပဲ အောက်မေ့ပြီး တက်ချင်သမျှ သင်တန်းအစုံ ပေးတက်တယ်၊ ပိုက်ဆံလည်း စိုက်ပေး တယ်။ငါ့လက်ကလွတ် အေးရောဆိုပြီး။ ဒါပေမယ့် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့ရဲ့ ဆန္ဒမဲက သူ့ဘက်ပါဝင်မှု အား နည်းနေ တာမို့ သူ့ခယ်မ ဘယ်မျှ ရှစ်စပ်က ဂျင်ခြေလည်ပါစေ၊ သူ့အကြံမ အောင်။ဖူးစာရေး နတ်သားလေးကျူး ပစ်က ပစ်ကောင်းတဲ့အရာ မဟုတ်ဘူးလို့ပဲ သတ်မှတ်ထားသလားမသိ၊ ထင်တာ ကတော့ စေ့စေ့ကြည့်ပြီးကို မပစ်ရဲလို့ သူ့ရဲ့ လေးနဲ့မြားကိုဝှက်ထားပြီး လက်ရှောင်နေတာထင်ပါရဲ့ ။ ဒါကြောင့် ဝကြီးကိုယ်တိုင် ကလည်း အစွံထုတ်ချင် ဟိုကလည်းငမ်းငမ်းတက် သုံးလေးပိုင်း သေချင်အောင် လိုချင် ဖြစ်နေတာတောင်မှ ဘာမှ ဖြစ်မလာတာ။ သူ့ကို ကူညီစောင်မ မယ့် ကိုယ်စောင့်နတ်ကလည်း ရူးချင်ယောင်ဆောင်နေတာနေမှာ ပေါ့။
တစ်ခုတော့ ဖြစ်လာပါတယ်။ လူရှုပ်ရှုပ် ဖြစ်နေရင် သူ့ခယ်မ ပါပြီ။ ဦးဆောင်သူလည်းမဟုတ်ဘူး။ နောက်လိုက်လည်းမဟုတ်ဘူး။ဘေးကနေကန့်လန့်တိုက်ပြီး သူ့ဘာသာသူ ကပ်ပါနေတာ။ လူ့စလင်း ဘက်။
ဒါကြောင့် မိတ်ဆွေတို့ကို သတိပေးတာပါ။ မိတ်ဆွေတို့ရဲ့ အနီးအနားမှာ မည်းမည်းဝဝ ရွဲရွဲပွပွမိန်းမကြီး တစ်ယောက် ခုန်ဆွ ခုန်ဆွနဲ့ ဆတ်ဆလူးထနေတာမြင်ရင် တခြားလူမဟုတ်ပါဘူး၊ ဝကြီး ခယ်မ သရဲဗလပါပဲ။ ကြို က်ရင်စရင်းပေး ထောက်ပံ့ကြေးရမယ်။ ဒါပဲ။
''နွယ်မြက်သစ်ပင် ဆေးဘက်ဝင် ဆိုပေ မယ့် 'ကဲ... ဟောဒီ မြက်ကို စားဆိုရင် ကျု ပ်က နွားမှမဟုတ်တာ၊ ဘာလို့စားရမှာ လဲ' လို့ဆိုကြ မယ်၊ ကဲ... မြက် ကတော့ ဒီမြက်ပဲ၊ ဒီမြက်ကိုပဲ ကြိတ်၊ လူအထင်ကြီးအောင် အသေအချာထုပ် ပိုးပြီး ချိုသာပျော့ပျောင်းတဲ့အပြောအဆိုနဲ့ 'ဒီဆေး ဟာ (၉၆) ပါး ရောဂါ ထဲကနှစ် ပါးတိတိ ပျောက်ကို ပျောက်တယ်ဗျ'လို့ ပြောရောင်းမှ မင်းရဲ့ ကုန် ပစ္စည်းရောင်းစွံတော့မှာ ပေါ့''
ဘုရင့်နောင်ကားပွဲစားတန်းဘေး လက်ဖက်ရည်ဆိုင်လေးမှာ ပွဲစား မျိုးမြင့်ထွန်းက ဝကြီးကို နျသည တွေ ပေးနေခြင်း ဖြစ်၏ ။
''ကဲ...ခုနကရိုးရိုးမြက်နဲ့ ထုပ်ပိုးပြီးရောင်းချတဲ့မြက်၊ တန်ဖိုးချင်းတူသေးလား''
မျိုးမြင့်ထွန်း၏ စကားကို ဝကြီးက ခေါင်းကုတ်ပြီး-
''အခုဟာက ငါ့ခယ်မ လင်ပေးစားဖို့ ဆွေးနွေးနေတာလေ၊ ဘယ့်နှယ်ကြောင့် စက်နဲ့ကြိတ်၊ အလုံးလုပ်၊ ပလတ်စတစ်အိတ်နဲ့ထုပ် တံဆိပ်ကပ်ရဦး မှာ လဲ၊ မင်းဟာက တလွဲကွာ''
''တယ်လည်းဝေးတဲ့ဝကြီးကွာ ...ငါကလည်း မင်းခယ်မ ရုပ်ဆိုးမကြီးကို လင်မြန်မြန်ရသွားစေဖို့ ဥပမာနဲ့ ရှင်းပြနေတာ၊ ဆိုလိုတာက မင်းခယ်မ ရုပ်ဆိုးမကြီးကို နောက်ဆုံး ပေါ်ဒီဇိုင်းတွေ ဆင်၊ ရေလေးဘာလေး ချိုးခိုင်း၊ ချေးပါတွန်းခိုင်း၊ သြော်... နောက် ကြက်တူရွေး ဆပ်ပြာသိလား''
''သိတယ်လေ''
''ယိုးဒယားကလာတဲ့ ကြက်တူရွေးဆပ်ပြာနော်''
''သိပါတယ် ဆိုနေ၊ အဲဒါ ဘာ ဖြစ်လို့လဲ''
''အဲဒီ ဆပ်ပြာက ဝဲပျောက်တယ်တဲ့ကွ၊ ဒါကြောင့် ကြက်တူ ရွေးဆပ်ပြာလေး ဘာလေးတိုက်ခိုင်း၊ ဒါမှ လှလှပပ မွှေးမွှေး ကြို င်ကြို င်လေး ဖြစ်ပြီး လူစိတ်ဝင် စားတော့မှာ ပေါ့ မဟုတ်ဘူးလား၊ ငါဆိုလိုတာက မြက် ကတော့ ဒီမြက်ပဲ၊ အရောင်းမြှင့်တင်ရေး အနေနဲ့...''
မျိုးမြင့်ထွန်း စကားတောင် မဆုံးဘူး၊ ဝကြီး ဝုန်းခနဲထပြီး
''တော် ပြီကွာ၊ ခယ်မ လင်ပေးစားဖို့ကို အရောင်းမြှင့်တင် ရေး လုပ်ရဦးမယ်တဲ့၊ အရောင်းမြှင့်တင်ရေး တော့မလုပ်ဘူး၊ ဒစ်စကောင့်ပဲချပစ်မယ်၊ သမဝါယမခေတ်တုန်းကလို ရောင်းမထွက် တဲ့ပစ္စည်းတွေ ရောင်းသလို ရေနံဆီနဲ့တွဲ ရောင်းပစ်မယ်၊ အပ်ချည် နှစ် လုံးနဲ့တွဲ ပေးမယ်၊ ငါ့ခယ်မယူတဲ့လူကို နေ့တွက် တစ်နေ့ခုနစ်ရာ ငါကိုယ်တိုင် စာချု ပ်စာတမ်းနဲ့ ရာသက်ပန်ထောက်ပံ့မယ်၊ ပွဲစား ဝကြီးကွ၊ ငါ့မှာ ရောင်းမထွက်တာဆိုလို့ ဝကြီးခယ်မသရဲဗလပဲရှိ တယ်''
ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့အထွက်၊ မျိုးမြင့်ထွန်းထံမှ-
''ဟ...ဟေ့ကောင် လက်ဖက်ရည်ဖိုးလေး ရှင်းသွားဦး လေကွာ.. .အဟေ့''
ဆိုသည့် အသံကြားရ၏ ။
ဝကြီး လှည့်မကြည့်တော့။ သူ့စိတ်ထဲတွင် တော့-
''အင်း...မျိုးမြင့်ထွန်းပြောသလို ကြက်တူရွေး ဆပ်ပြာ လေးဘာလေး ဝယ်သွားဦးမှပဲ''
ဟု စိတ်ကူးယဉ်လျက်။
အိမ်ပြန်ရောက်တော့လည်း အိမ်မှာ ဘယ်သူမှရှိမနေပြန်။ သူ့မိန်းမ သူဇာလည်း အမျိုးအိမ်အကြောင်းပြကာ ရပ်ကွက်ထဲ လှည့်ပတ် အတင်းတုတ်နေမှာ သေချာ၏ ။ ဒါကမျိုးနဲ့ရိုးနဲ့ ကို ဖြစ်လာတာ။
လက်ကြောမတင်း၊ အပျင်းလည်းဖက်၊ အရှက်မရှိ၊ သတိကင်းကွာ၊ အိမ်စုံရှာပြီး၊ လှည့်ကာလိမ်ရှုပ်၊ အတင်းတုတ်သည်၊ ဘုတ်အီး ငပေါက်သားသားကြောက်၊ ဂေါက်မျိုးဂေါက်နွယ် ဝတ်ငါးသွယ်တည်း။ ဆိုတဲ့ဝကြီးရဲ့ 'မိန်းမဝတ်'ကဗျာ ထဲက အတိုင်းအစဉ်အလာမပျက် စောင့်ထိန်းခဲ့တာ ...။
သူတို့အမျိုးကို ဝကြီးက
''စောင့်လေမျိုးနွယ်''လို့ခေါ်တယ်။
ဝကြီး သူ့ဘဝကို သူပြန်စဉ်းစားမိ၏ ။ သူယူလိုက်တာ မိန်းမတစ် ယောက် တည်း။ ဒါတောင် မတော် တဆ ညားထားတာ။ သူဇာက သူ့အိမ်အလည် လာပြီး ပြန်မဆင်းတော့ရာမှ ညားထားတာ။ ထားပါတော့ မိန်းမ တစ်ယောက် ကတော့ မပြောသာပါဘူး။ ကိုယ်က လည်းဆတ်ဆော့ထားလို့ ကလေးတောင် ရနေမှကိုး။
အဲ...ဆိုးတာကသူ့ဝတုတ်မကြီးပါ ခေါ်တင်ထားခြင်း ပင်။ ကျွေးတာကမကျွေးနိုင်လို့မဟုတ်၊ ကျွေးနိုင်သည်။
ဒါပေသည့် မျက်စိနောက်အောင်တော့ မလုပ်နဲ့ပေါ့။
အခုဟာက တစ်အိမ်လုံး ဘာလုပ်လို့ လုပ်နေမှန်းမသိ အောင် ပျာယာခတ်နေတာ။ အလုပ်တွေ လုပ်နေတာလား ဆိုတော့ လည်း မဟုတ်ပြန်၊ မလုပ်ဘူးလားဆိုတော့လည်း မဟုတ်ပြန်။ လုပ် တော့လုပ်နေတယ်၊ ဘာလုပ်နေမှန်းကို မသိ။ အိမ်ကြည့်တော့လည်း တစ်အိမ်လုံး သူတို့အဝတ်တွေ အရှုပ်တွေ ၊ အရှုပ်တွေ အရှုပ်ထုပ်တွေ နှင့် ပွပြဲပလဲနေတယ်။ ပြောလိုက်ရင်လည်း-
''ဒီတစ်အိမ်လုံးငါ တစ်ယောက် တည်း သိမ်းကျုံးလုပ်နေရတာ ...ငါမို့ လုပ်နိုင်တာ ...နော် ...နင်တို့အလုပ်သမားခေါ် လုပ် ကြည့်ပါလား ... ဟွင်း ...လောက်တောင်တက်သွားဦးမယ် ...''
ဆိုတာကပါသေး။ သူ့ကြောင့် လင်မယားရန် ဖြစ်ရတဲ့ အကြိမ်ပေါင်းလည်းမနည်း။ ဘာကြောင့် လည်းဆိုဒီကောင်မကြီးက ကတုံးကတိုက်ကလုပ်သေး။ ပြောလိုက်ရင်လည်းဆပ်ဆပ်ထိမခံသေး အငိုကလည်းထူသေးဆိုတော့ကာ ..။
ထို့ကြောင့် ဝကြီးကဒီကောင်မကြီး လင်မြန်မြန်ရမှ အေး မယ်ဟုစဉ်းစားပြီး သူ့ခယ်မလင်အမြန်ရရန် နည်းလမ်းကောင်းများ ထိုင်၍ စိတ်ကူးယဉ်နေရခြင်း ဖြစ်တယ်။ ပွဲစားသိက္ခာကျတာလည်းပါ တာပေါ့။ ဘာကြောင့် ဆို ဒါကြီးရောင်း မထွက်ဘဲအိမ်ရှေ့ အငုတ် တည်နေတာကြာ ...ကြာမှကိုး။
ဆိုက္ကားသမားအောင်ကြီးနဲ့ဆို သင့်တော် မလား၊ စပယ်ယာ လိုက်နေတဲ့ အောင်သွေးရော၊ ရေထမ်းရောင်းတဲ့ ဝပုဆိုရင်မဆိုး၊ နောက် မိန်းမမှန်ရင် တွေ့ မရှောင်ပစ်မှားတတ်တဲ့ ကောင်လေးနဲ့ရော။ အို...ဘာပဲ ဖြစ် ဖြစ် ဒီကောင်မကြီး ဘယ်သူနဲ့ရရအေးတာပဲဟု တွေးရင်း...
ဟုတ်ပြီ အကြံရပြီ၊ ဒီအကြံကို အကောင်အထည်ဖော်ရမယ်။ သူ့ခေါင်း ထဲတွင် ဝင်းခနဲလက်ခနဲ။ မျက်နှာလည်း ချက်ချင်း ပြုံး ယောင် သန်းသွား၏ ။
နောက်တစ်နေ့မနက် အစောကြီးမှာ ဝကြီး သူ့အိမ်ရှေ့ စားပွဲခုံတစ်ခုံမှာ ၊ ထိုင်ခုံ ခြောက် လုံးခင်းပြီး အေးဆေးသက်သာပုံစံနဲ့ ထိုင်နေတယ်။
သူ့ရင်ဘတ်ကြီးထဲမှာ တော့ အော့အန် ချမတတ် မျှော်လင့်ချက်တွေ ပြည့်လို့။
သူ့အိမ်ရှေ့မှာ ကလည်း လမ်းမကြီး ဆို တော့ ဖြတ်သွားဖြတ်လာ လူအားလုံး သူ့ကို မြင်နေ ရတယ်။ စားပွဲပေါ်မှာ လည်း ရေနွေးကရားနဲ့ မုန့်မျိုးစုံတင်ထားတယ်၊ ဈေးသွား ဈေးပြန် မိန်းမကြီးတွေ ဝကြီးကိုကွက်ကြည့် ကွက်ကြည့် လုပ်သွားကြတယ်။
ဝကြီး ကတော့ ဂရုမစိုက်ဘူး၊ သူလိုချင်တဲ့လူတွေ ကိုပဲ ခပ်တည်တည်နဲ့ မျှော်နေလိုက်တယ်။
သိပ်မကြာဘူး၊ ရပ်ကွက်ထဲ ရေလှည့်ပတ်ရောင်းနေတဲ့ ဝပုဆိုတဲ့ကောင် ခေါင်းငိုက်စိုက်ငိုက်စိုက်နဲ့ ထွက်လာတယ်။ ဝပုက နေ့စဉ်နံနက်တိုင်း သူ့အိမ်ရှေ့ကဖြတ်ပြီး လမ်းထိပ်ကမိုးကြီး လက် ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေကျ။
ဝပု သူ့အိမ်ရှေ့ရောက်တော့ ဝကြီးကဝမ်းသာအားရပင်
''ဟေ့....ကောင်လေး ဝပု ဘယ်တုံးဟ''
ဘယ်တုန်းကမှ အခေါ်အပြောမရှိတဲ့ ဝကြီးရဲ့ ပြုံး ရွှင်တဲ့ ခေါ်သံကြောင့် ဝပု အံ့အားသင့်သွားတယ်။
ဒါကို ဝကြီးက -
''လမ်းထိပ် မိုးကြီးဆိုင်ထင်တယ်၊ လာပါဦးကွ ဒီကို၊ ဆွေးနွေးစရာလေး ရှိလို့...''
ဆိုပြီး ခေါ်လိုက်တယ်။
ဒါကို ဝပုက ဘုမသိဘမသိ ခေါင်းကုတ်ပြီး-
''နေဦးဗျ၊ ဆွေးနွေးမယ်ဆိုလည်း နောက်မှဆွေးနွေး၊ ကျွန်တော် ဗိုက်ဆာလို့ လက်ဖက်ရည်သွားသောက်လိုက်ဦးမယ်''
ဝကြီးက ပြုံး ပြီး-
''လက်ဖက်ရည် ငါတိုက်မှာ ပါကွ၊ ဒီမှာ ကြည့်စမ်း၊ မုန့်တွေ လည်းအစုံဗျာ၊ ဟောဒီမှာ ရွှေပုစွန်ကိတ်၊ ဟောဒါက နိုင်ငံခြားက လာတဲ့ ပူတင်း၊ မင်း မိုးကြီးဆိုင်မှာ ဒါမျိုးမရဘူးကွ၊ နောက်ပြီး လက်ဖက်ရည်လည်းငါဖျော်ထားတယ်၊ ချက်နို့ဆီ မဟုတ်ဘူးနော်၊ ရှယ်ဘူးနို့ဆီ၊ လက်ဖက်ခြောက် ကတော့ ရှမ်းပြည်နယ်က လက်ဖက် ခြောက်၊ ဘာကောင်းသလဲမမေးနဲ့၊ တစ်ခွက်သောက်ပြီး တစ်သက် ကြောက်စေရမယ် ..အဲလေ...တစ်သက်မမေ့စေရဘူး''
ဆိုတော့ ဝပုလည်းမငြင်းသာတော့ဘူး။ မျက်လုံးလေး ကလယ်ကလယ် နဲ့ သူ့စားပွဲရောက်လာတယ်။
''လာပါကွ ဒီမှာ ထိုင်၊ တို့တွေ က တစ်ရပ်ကွက်တည်းသား ညီအစ်ကိုတွေ ပဲ၊ အားနာစရာမလိုပါဘူး၊ ဟဲဟဲ...''
ဝပုက ခုံတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ သူထိုင်တဲ့ခုံကလည်း သိတယ်မဟုတ်လား၊ လမ်းမကို ကျောခိုင်းပြီး၊ သူ့အိမ်ဘက် မျက်နှာ မူထားတဲ့ခုံ။ ဒါဝကြီးရဲ့ မိန်းတားကပ်၊ ဝကြီးရဲ့ အစီအမံ။
''ကဲ...စားပါကွ၊ ကြို က်တာစား၊ ဟောဒီမှာ လက်ဖက် ရည်၊ မိုးကြီး ဆိုင်မှာ လို တစ်ခွက်မဟုတ်ဘူး၊ အဝသောက်၊ စိတ်ကြို က် သောက်''
ဆိုပြီး လက်ဖက်ရည်ကို ကိုယ်တိုင်ထည့်ပေးတယ်။
ဝပုကစားပွဲပေါ်က မုန့်တွေ ကိုကြည့်ပြီး ခေါင်းကုတ်ကာ..
''ကျွန်တော် က ဒီလိုမုန့်တွေ မစားတတ်ဘူးဗျ၊ မနက် လင်းတယ်ဆိုတာနဲ့ ထမင်းကြော်လေး နှစ် ပွဲလောက်စားရမှ တင်းတိမ် တာ''
ဝပုစကားကို ဝကြီးက မေ့လျော့သွားဟန်နဲ့ နဖူးကို သူ့လက် ဖနောင့် နဲ့ထုပြီး-
''ဟာ...အဲဒါကို မေ့နေတာ အဲဒါကိုမေ့နေတာ မင်းတို့ ပင်ပင် ပန်းပန်း လုပ်ရတဲ့ လူတွေ ဆိုတော့ အစားများများ စားရမှ တင်းတိမ်မှာ ပေါ့ ဟုတ်လား၊ အခု ဒါလေးပဲ လွေးထားလိုက်၊ မနက်ဖြန် ထမင်းကြော် ငါကြော် ထားပေးမယ်၊ ရှယ်ကြော်မှာ နော်''
''ဟင်''
ဝကြီးစကားကြောင့် ဝပု ကြောင်သွားတယ်။
နောက် တအံ့တသြနဲ့-
''ဟင်...ခုနခင်ဗျားပြောတော့ ကျု ပ်နဲ့ ဆွေးနွေးစရာ ရှိလို့ဆို၊ ဆွေးနွေးတာက နှစ် ရက်တောင်ကြာမှာ လား ... အဲဒီ လောက်ဆိုရင်တော့ကျွန်တော် မအားဘူးနော်''
ဝကြီးကသူမူပျက်နေတာသတိရသွားပြီးရှက်ကိုးရှက် ကန်းနဲ့-
''သြော်...ဟုတ်သားပဲ၊ ဆွေးနွေးချင်တယ်ဆိုတာက ဒီလိုလေ.. ငါ့အိမ်က ရေစက်က နည်းနည်း ပျက်ချင်ချင် ဖြစ်နေလို့ကွ၊ အဲဒါ...''
''ဟ...ရေစက်ပျက်ရင် ရေစက်ပြင်ဆရာခေါ်ပေါ့ဗျ၊ ကျွန်တော် တို့လို ရေထမ်းရောင်းတဲ့သူက ဘယ်ပြင်တတ်မှာ လဲ''
''အေး...ငါလည်း အဲဒါပြောမလို့၊ ရေစက်ပြင်ဆရာ ဘယ်သူ့ခေါ်ရင် ကောင်းမလဲလို့ မင်းနဲ့တိုင်ပင်ချင်တာ''
ဝကြီးစကားကို ဝပု မျက်မှော င်ကြု တ်လိုက်ပြီး-
''ခင်ဗျားဟာက သဘောရိုးမဟုတ်သေးဘူးထင်တယ်နော်၊ ယတြာများ ခြေနေတာလား''
ဝကြီး ရယ်ကျဲကျဲလုပ်ပြီး-
''ယတြာချေတာ မဟုတ်ပါဘူးကွာ၊ စေတနာပါ၊ စေပါ ... စေစစ်စစ် တွေ ပါကွာ ...ဝပု အပေါ်ထားတဲ့ ဝကြီးစေပါ ဟီးဟီး''
ဆိုပြီး ရောချလိုက်ရတယ်။
အင်မတန် စကားလည်ပါတယ်ဆိုတဲ့ ပွဲစား၊ ခယ်မလင် ပေးစားဖို့ အရေး မှာ တော့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေတယ်။
ဝပု ကတော့ သူဖျော်ပေးတဲ့ လက်ဖက်ရည်ကို တစ်ငုံငုံရင်း သူ့မျက်နှာကို မသင်္ကာသလို ကြည့်နေတယ်။
အဲဒီ အချိန်မှာ ပဲ ကံကောင်းချင်တော့-
''ဟေ့....တင်မောင်တည်''
လမ်းပေါ်လျှောက်လာတဲ့ကျောင်းဆရာ တင်မောင်တည် ကိုမြင်တော့ ဝကြီးဝမ်းသာအားရလှမ်းခေါ်လိုက်တယ်။ ကျောင်း ဆရာ တင်မောင်တည်ကလည်း ဝကြီးကိုမြင်တော့ ရွှင်ပြတဲ့မျက်နှာ နဲ့-
''ဟ...ပစဝက(ပွဲစားဝကြီး)ပဲ၊ ဘယ့်နှယ် အိမ်ရှေ့မှာ ထွက်ပြီး လက်ဖက်ရည်တွေ ဘာတွေ သောက်လို့၊ ဘာခွင်ကောင်း တွေ မိထားပြန်ပြီလဲ''
ဆိုပြီး ဝကြီးတို့ရှိရာ လှမ်းလာတယ်။
ဒါကို ဝကြီးကလည်း ဝမ်းသာအားရပဲ-
''လာလေဗျာ၊ လာ...ကြုံ တုန်း လက်ဖက်ရည်လေး မုန့်လေးဝင်လွေး သွားပါဦး၊ မုန့်တွေ ကလည်းစုံသဗျ ကျု ပ်ဒါန ပြု တာပါ''
စားပါးဝနေတဲ့ကျောင်းဆရာလည်း ဝပုနားဝင်ထိုင်ပြီး-
''ဒါန ပြု တယ်ဆိုရင်လည်း ပါရမီဖြည့်ရတာ ပေါ့၊ ကဲ...စား ပြီဗျ''
ဆိုပြီးအကောင်းဆုံးမုန့်တစ်ခုကို တစ်လုပ်တည်းဂွပ်ခနဲ ပါးစပ်ထဲ ထိုးထည့်လိုက်တယ်။
ဝကြီး ကတော့ လက်ဖက်ရည်ဖျော်ပေးရင်း-
''ကျောင်းဆရာ လက်ဖက်ရည် ဘယ်လိုကြို က်လဲ''
''ကျဆိမ့်ပါဗျာ၊ ထုံးစံအတိုင်း နို့ဆီပိုထည့်''
ဝကြီးကကျောင်းဆရာ ညွှန်ကြားတဲ့အတိုင်း လက်ဖက်ရည် ဖျော် ပေးတယ်။
''ရပြီဗျာ...ကျဆိမ့်လေး''
ကျောင်းဆရာက ဝကြီးဖျော်ပေးတဲ့ လက်ဖက်ရည်တစ်ငုံ ယူသောက် ရင်း-
''အား...ကောင်းတယ်ဗျာ၊ ဂွဒ်တေ့(စ်)၊ ခင်ဗျားသာ ပွဲစားမလုပ်ဘဲလက်ဖက်ရည်ဖျော်စားရင် မိုးကြီးတို့ မွဲရချေသေး ရဲ့ ...ဟဲဟဲ''
ကျောင်းဆရာက သူ့ဝသီအတိုင်း ရရင်ရသလောက်ဖော တယ်။ ဝကြီးက သဘောကျသလို ပြုံး လျက်။
အဲဒီ အချိန်မှာ ပဲ ...
''ဟေး...ကျောင်းဆရာတို့၊ ဝကြီးတို့၊ ဝပုတို့ပါလား၊ ဘာလုပ်နေကြ တာလဲ''
ဆိုတဲ့ အော်သံကြားရတယ်၊ လှည့်ကြည့်လိုက်တော့ လမ်းထိပ် အသံသွင်းစတူဒီယိုက အသံဖမ်းဆရာ ကိုကိုလွင်ထုံးစံအတိုင်း ဖောက်သည် အောင်ကြီးနင်းလာတဲ့ ဆိုက်ကားပေါ်မှာ ထိုင်လို့။
''ဟာ...ကိုကိုလွင်နဲ့ အောင်ကြီးတို့ပဲ၊ လာကြ လာကြ၊ လက်ဖက်ရည်ဝင်သောက်ကြပါဦး''
နှစ် ယောက် လုံးက တဟီးဟီးတဟားဟားနဲ့
''အလကားရတာ ပဲ၊ သောက်ပေးရတာ ပေါ့၊ ဟီးဟီးဟီး''
ဆိုပြီး သွားဖြီးကြီးတွေ နဲ့ဝကြီးတို့လက်ဖက်ရည် ဝင်လာကြ တယ်။ ဝကြီး ကတော့ ပြုံး ရွှင်တဲ့မျက်နှာနဲ့ လက်ဖက်ရည်ဖျော်ပေး ရင်း-
''ရပါတယ်ဗျာ၊ တစ်ရပ်ကွက်သားချင်းတွေ ပဲ၊ ဒါနဲ့ခင်ဗျား တို့က ဘယ်သွားကြမလို့လဲ''
ကိုလွင်က အောင်ကြီးဘက် မေးငေါ့ပြရင်း-
''ဟိုမှာ လေ အောင်ကြီးက သူတို့အိမ်နားကမင်းသားပြု တ် မုဆိုးပြန် ရောက်လာပြီး သမင်သားပါလာလို့တဲ့၊ အဲဒါ နည်းနည်း သွားဝယ်မလို့...''
ဝကြီးကစကားရောဖောရောဖြင့်
''ဘာလဲကွ ...မင်းသားပြု တ်ပုဆိုးဆိုတာ''
''အော် ...ဒီလို ...မုဆိုးက ...အရင်ဗီစီဒီတွေ ဗွီတီ ယိုတွေ ရိုက်နေရာက မအောင်မြင်လို့ လင်းခေးပြန်ပြီးမုဆိုးလုပ်နေ တဲ့လူ ...အခုသူ သမင်ရလာလို့တဲ့ ...''
ကိုလွင့်စကားကို ဘယ်နေရာကရရ ဝင်ဖောမယ်လို့ ဆုံးဖြတ် ထားတဲ့ ကျောင်းဆရာက-
''ဟုတ်တယ်ဗျ၊ သမင်သားက သိပ်နူးညံ့တာ၊ ကျု ပ်လည်း ကျောင်းဆရာမ လုပ်ခင်က မုဆိုးလုပ်ခဲ့တာ၊ သားကောင်တော့ အကုန်ပစ်ဖူးရဲ့ ''
သူ့စကားကို ဆိုက္ကားသမားအောင်ကြီးနဲ့ ကိုလွင်တို့က ခါသွားတယ်။ ဒါပေမယ့် ဝကြီး ကတော့-
''ဟုတ်လား၊ လုပ်စမ်းပါဦး၊ ခင်ဗျားရဲ့ တောတောင် အတွေ့ အကြုံ ''
ဆိုတော့ မြှောက်ပေးသူရှိရင် ဘာတက်အောင် က,တယ် ဆိုလား၊ အေး...အဲဒီ လိုလူ ကျောင်းဆရာက-
''ကျား၊ ဆင်၊ သမင်၊ ပြောင် ပစ်တာတွေ ကတော့ ပြော မနေပါနဲ့ဗျာ၊ အဲ...တစ်ခါတော့ တောအခြောက်ခံရတာ ၊ တော် ရုံလူ ဆို သွေးပျက်လောက်တယ်၊ ကျု ပ်မို့လို့ပေါ့ဗျာ၊ ကျု ပ်မို့ပေါ့၊ ကျန်တဲ့ သူဆို ရူးပြီ''
ကျောင်းဆရာက သူ့ရင်ဘတ်ပိန်ပိန်ကို တဗုန်းဗုန်းထုရင်း ပြောတယ်။ ဒီတစ်ခါတော့ သူ့စကားကို အားလုံးစိတ်ဝင်စားသွား ကြတယ်။
''လုပ်စမ်းပါဦးဗျ၊ တောခြောက်တယ်ဆိုတာ...''
ကိုလွင်ရဲ့ အမေး၊ အောင်ကြီးနဲ့ ဝပုကသူ့ကို ငေးနေတယ်။
''တစ်ခါကဗျာ၊ ကျု ပ်လည်း တောတက်သွားပြီး ရေတံခွန် တစ်ခုရဲ့ ဘေးမှာ သုတ်ကိုင်းထောင်ရင်းဘာသားကောင်များ ရှိမလဲ ဆိုပြီး ချောင်းနေတုန်း ဗြု န်းဆို သမင်ဖိုကြီးတစ်ကောင်ပေါ်လာပါ ရောလား၊ သမင်ဖိုကြီးကလည်း ကြီးသလားမမေးနဲ့ ကျု ပ်တို့ ရင်ညွန့် လောက်ရှိမယ်၊ အဲဒီ မယ် ကျု ပ်လည်းအပိုင်ပဲဆိုပြီး သေနတ်ကို ငုံ့ပြီး မောင်းအတင်၊ လားလား..ခုနကသမင်ကြီးက ကျားကြီး ဖြစ်သွား ပါရောလား၊ ကျု ပ်ကလည်းကျု ပ်ကိုးဗျ၊ သူများ မှမဟုတ်တာ ကျားဆို လည်း ပစ်တော့မဟဲ့လို့ သေနတ်ကို အချိန်၊ အဲဒီ အချိန်ကျမှ ကျားကြီး က မတ်တပ်ထအရပ်၊ အောင်မလေး ဗျာ..အဲဒီ ကျားကြီးကနေ အမွေးအမှင်တွေ ထူလပျစ်နဲ့ရုပ်ဆိုးဆိုးနဲ့ အကြီးကြီး ကောင်ကြီး ဖြစ် သွားပြီး ကျု ပ်ကို အစွယ်ကြီး ဖြဲပြီး ...ဟမ်း ...ဆိုလုပ်ထည့်လိုက် တာ''
ကျောင်းဆရာရဲ့ အာဝဇ္ဇန်းနဲ့ အားလုံးနောက်လန်ပြီး လန့် ကုန်ကြတယ်။
သူ့စကားကို အားလုံး မျက်လုံးအဝိုင်းသားနဲ့ ငေးကြည့် နေကြတယ်။
''အဲဒီ မှာ အဲဒီ သရဲလိုကောင်ကြီးက ကျု ပ်ဆီ ခုန်အထ၊ ခုန်..ခုန် ..ဟင်''
ကျောင်းဆရာ စကားကို ထပ်မဆက်ဘဲ မျက်လုံးကြီးပြူး ပြီး ဝကြီးအိမ်ဘက်ကို ကြောက်လန့်တကြား ငေးကြည့်နေတယ်။ လက်ညှိုး လေးကလည်းကွေး ကွေးလေးထိုးလို့။
သူကြည့်နေရာကို အားလုံးကြောင်စီစီနဲ့လှည့်ကြည့်လိုက် တော့-
''ဟင်''
''အလို...''
''ဘာကြီးလဲဟ''
ဆိုပြီး အာမေဍိတ်သံ ထွက်ကုန်တယ်။
ဝကြီး မသင်္ကာလို့ လှည့်ကြည့်လိုက်တော့-
''အောင်မယ်လေးဗျ''
သူတောင်ယောင်ပြီး ခုန်ထသွားမိတယ်။
ဟုတ်တယ်။
အိမ်ပေါက်ဝမှာ သူ့ရဲ့ ခယ်မသရဲဗလကြီး အိပ်ချင်မူးတူး ဖြစ်ပြီး ထဘီရင်ခေါင်းစည်းကာ ဆံပင်ကြီးစုတ်ဖွားနဲ့ ပါးစပ်မှာ လည်းအဖြူ ဖတ်တွေ ကပ်ပြီး မျက်ချေးတွေ ချွေးတွေ ထွက်ပြီး ဆောင့် ကြောင့်ကြီးထိုင်နေတယ်။
ခုနက သရဲမကြောက်ဘူးလို့ ကြွေးကြော်နေတဲ့ ကျောင်း ဆရာ တင်မောင်တည် ကိုင်ထားတဲ့ လက်ဖက်ရည်ခွက်ဂပ်ဂပ် ဂပ်ဂပ် မြည် အောင်တုန်နေတယ်။
အသံဖမ်း ကိုကိုလွင်ရဲ့ မျက်လုံးမှာ မျက်ရည်တွေ ဝိုင်းလာ ပြီးဆို့တက်သွားတယ်။ ဆိုက္ကားသမားအောင်ကြီး မုန့်ထိုးထည့် တုန်းမို့ ဖြစ်မယ်၊ ပါးစပ် ပြန်မပိတ်နိုင်သေးဘူး။ ဝပုမျက်နှာကြည့် တော့လည်း သွေးဆုပ်ပြီး မျက်လုံး ကြီးသေနေတယ်။
အဲဒီ အချိန်မှာ ပဲ သူ့ခယ်မ အိမ်ပေါက်ဝက ဆတ်ခနဲ အထ-
''အောင်မယ်လေးဗျာ ဆင်းလာပြီဗျ၊ တောထဲကကောင်ကြီး လိုက်လာပြီဗျ''
''ဟ..ဟ..လုပ်ကြပါဦး၊ လုပ်ကြပါဦး''
''ငါ့ဆိုက္ကား ငါ့ဆိုက္ကား...''
ဆိုပြီး တင်မောင်တည်ရယ်၊ ကိုလွင်ရယ်၊ အောင်ကြီးရယ် သုတ်ခနဲ ထပြေးကြတယ်။ ဝပု ကတော့ ကြောင်တောင်တောင် ထိုင်လျက်။
ဟိုကောင်မရဲ့ မျက်နှာကလည်းဗျာ ဖြီးလိမ်းပြင်ဆင် ပြီးရင် တောင် လူကြောက်ပါတယ်ဆိုနေမှ၊ အခုလိုအိပ်ချင်မူးတူးနဲ့ မပြင်ရ မဆင်ရသေးတဲ့ အချိန်ဆိုတော့ စဉ်းစားသာကြည့်၊ မယ်ကုဝဏ်ဖဲရှုံး နေတုန်း သံပုရာသီးကိုက်မိတဲ့ရုပ်မျိုး။ မြင်ဖူးနေကျသူတောင်လန့် တယ်။
ဝပု ကတော့ ဘာကြောင့်ရယ်မသိဘူး၊လွန်းဌေးဌေးကို ကြောင်ငေး ကြည့်နေတယ်။ ဘာပဲပြောပြော တစ်ယောက် ကျန်သေး တယ်ဆိုတော့ ဝကြီးဝမ်းသာသွားတယ်။
ဒါကြောင့် အရင်ဆုံးရောက်လာတဲ့ နောက်ဆုံးလက်ကျန် လူစွမ်းကောင်း ကို အပြုံး တစ်ပွင့်နဲ့ ဖွင့်ခြွေလိုက်တယ်။
''အဟဲ...''
ဝပုက သူ့ကို မကြည့်ဘူး၊ လွန်းဌေးဌေးကိုပဲ ကြည့်နေတယ်။ သေချာပြီ၊ သေချာပြီ။ ဒီကောင် လွန်းဌေးဌေးကို မြင်မြင်ချင်း ကြွေနေပြီ။ ဟိုကနံနက်အိပ်ရာ နိုးကာစ ကပိုကယိုအလှကို ဒီကောင် စက်စက်ယိုပြီ။မျက်လုံးကလည်း အရည်လည်လို့။
''ဒီမှာ ...ဒီမှာ ..''
ဝကြီးက ထပ်ခေါ်တယ်။
ဝပု သူ့ကိုလှည့်မကြည့်ဘူး။ လွန်းဌေးဌေးကို ငေးလျက်။
ဝကြီး အပျော်လွန်ပြီး-
''ဒီမှာ ဝပု''
ဆိုပြီး ပခုံးကို တို့လိုက်မှ ဝုန်းခနဲမြည် သံနဲ့ အတူ ဝပု နောက် ပြန်ကြီးဖုန်းဆို လဲကျသွားတယ်။
''ဟာ...''
အဲဒီ တော့မှ ဝကြီးလည်း သဘောပေါက်သွားတယ်။
ဝပု လွန်းဌေးဌေးကိုကြည့်နေတာ ကြွေလို့ကြည့်နေတာ မဟုတ်ဘဲ၊ အကြောက်လွန်ပြီး ငုတ်တုတ်မေ့နေတာ။
![]() ဟန်းနီးမွန်း | ![]() ကျွန်မကအင်္ဂလိပ်မှမဟုတ်တာမောင် | ![]() စောကြည်ဖြူနှင့်မြင့်စန်းရီ |