ဇော်ဂျီ၏ မှာ တော် ပုံ လေ့လာချက်
ပထမတွဲ
၁၉၁၅ ခုနှစ် ၊ ၁၆ ခုနှစ် တို့တွင် လည်း ဆရာကြီးဦးလွန်းသည် ရာဇ၀င် ပုံပြင်များ ကို ပြောဟော၍ လည်းကောင်း၊ ရှေးဟောင်း မြန်မာ ကဗျာလင်္ကာတို့၏ အရသာကို ထုတ်ဖော်၍ လည်းကောင်း၊ ဇာတိမာန်တက်ကြွစေမှု အကြောင်းကိုပင် ရေး လျက်ရှိသေးသည်။ သို့ ရာတွင် ဗိုလ်ဋီကာမှာ ကဲ့သို့ ဆောင်းပါးနည်းကို မသုံးတော့ဘဲ ၀တ္ထုနည်းကိုသာ သုံးလာသည်။
ဆရာကြီးသည် ဆောင်းပါးနည်းမှ ၀တ္ထုနည်းသို့ အဘယ်ကြောင့် ပြောင်းသွား ပါသ နည်း။ ထိုခေတ်၌ ပြဇာတ်စာပေမျိုးအပြင် ကာလပေါ် ၀တ္ထုစာပေမျိုးလည်း ထွန်းကားစပြုလာ ပြီ။ မောင်ရင်မောင် မမယ်မ ၀တ္ထု၊ ၀န်စာရေး ကြီး ဦးကြိး၏ ချသ်ပေါင်ရွက်သည် မောင်မှိုင်း ၀တ္ထု နှင့် မြကလေး ၀တ္ထု၊ ဦးလတ်၏ စပယ်ပင်နှင့် ရွှေပြည်စိုး ၀တ္ထုတို့သည် ထုခေတ်တွင် လူအများ နှစ်သက် လာကြသော စာများ ဖြစ်သည်ဟု ဆိုသည်။ ၀တ္ထုကို လူအများ နှစ်သက် လျှင် ၀တ္ထု နည်းဖြင့်လည်း မိမိ၏ စေတနာကို တိုင်းပြည်သို့ တင်ပြမည် ဟု ဆရာကြီး၌ ရည်ရွယ်ချက် ရှိဟန်တူသည်။ ထို့ကြောင့်သာလျှင် ဆရာကြီးသည် ပြဇာတ်ဆန်သော ဆောင်းပါးနည်းမှ ၀တ္ထုနည်းသို့ ကလောင်စမ်းသည့် သဘောဖြင့် ပြောင်းကြည့်သည်ဟု ဆိုရာသည်။ သို့ရာတွင် ၁၉၁၆ ခုနှစ် ၌ ထုတ်ဝေသော မှာ တော် ပုံ ၀တ္ထု၌ ပြဇာတ်ဆန်သော လေးချိုး ငိုချင်း၊ ညည်းချင်း တို့ ပါလျက်ပင် ရှိသေးသည်။ ထိုသို့ ပါရှိသေးသည်မှာ ပြဇာတ်စာအုပ်ခေတ်ကလည်း မကုန် သေး ဖြစ်ရာ ပြဇာတ်သဘောကိုလည်း ဆရာကြီး လုံးလုံး မစွန့်နိုင်သေးဟု ထင်ဖွယ်ရှိသည်။ သို့ရာတွင် မှာ တော် ပုံဝတ္ထုတွင် ၀တ္ထုဟု အမည် တပ်ထားသည့်အတိုင်း ၀တ္ထုသဘောက စိုးမိုး လျက်ရှိနေသည်ကို သိမြင်နိုင်သည်။
မှာ တော် ပုံ ၀တ္ထု ပထမတွဲ ၏ နိဒါန်းတွင် -
အများ သော မြနမာ တိုင်းသူ ရှင်လူအပေါင်းတို့မှာ နှစ် ထောင်း အင်ခြိုက် ဘ၀င်ခိုက်ပြီး လျှင် အစဉ်တစိုက် အာရုံပျော်မည့် မှာ တော် ပုံစာတမ်း အရေး ကြောင့် မန္တလေးခေတ် လက် ထက်က ဖြစ်ပျက်သော အတ္ထုပ္ပတ်ကိုလည်း အဟုတ်အဟတ် သိရလိမ့်မည် အကြောင်းကို ကောင်းမွန်စွာ ပြအံ့သော ငှာ
ဟု ပါရှိသူည်။ ထိုရည်ရွယ်ချက်ကို ထောက်သဖြင့် ဆရာကြီးသည် မှာ တော် ပုံဝတ္ထုကို ရေး ခါစ၌ လည်းကောင်း၊ ရေး ခိုက်၌ လည်းကောင်း အထက်အညာတွင် မိမိစာသင်စဉ်က မြင်ရ ကြားရ တွေ့ ကြုံရသည်တို့ကို ပြန်လည်သတိရ အောက်မေ့ခဲ့သည်ဟု ဆိုသင့်သည်။ ထိုသို့ ဆိုသင့်အောင်လည်း မှာ တော် ပုံ ဇာတ်လမ်းတွင် ကိုပေါ ရိုးပုံ အ ပုံကိုလည်းကောင်း၊ ဗားကရာ လူထွက် ဦးကျော်ဒွေး တဲ့တိုးပြောတတ်ပုံကိုလည်းကောင်း၊ ခင်အုံ မာယာများ ပုံကိုလည်း ကောင်း၊ မောင်မောင်ရွ၊ ဆရာဧ၊ ဘုရားဒကာညွန့်တို့ အညာအလှိုင်းဖြင့် စားသောက်နေထိုင် ကြပုံကိုလည်းကောင်း၊ တကယ့်လူ၊ တကယ့်လောကနှင့်တူသည်ထင်ရအောင် ဆရာကြီး အနုစိတ်၍ ရေး ဖွဲ့နိုင်သည်။ ထိုမျှမကသေး၊ ထိုအဖွဲ့များ ကို သနားဖွယ် ဖြစ်အောင်လည်း ရေး ဖွဲ့ နိုင်သသေးသည်။ ဤလူစုကိုကြည့်၍ ဆရာကြီး ကရုဏာ ဖြစ်ခဲ့သည်မှာ ထင်ရှားလေသည်။
၁၉၂၃ ခုနှစ် လောက်က ရန်ကုန်မြို့ ဘားလမ်းရှိ သူ့အခန်း၌ ဆရာကြီးကို ပထမ အကြိမ်တွေ့ ဖူးသည်။ ဆရာကြီးသည် သင်ဖြူးတစ်ချပ်ပေါ်တွင် ၀မ်းလျားမှော က်ကာ စာရေး လျက်နေသည်။ သူ့အနီးတွင် ကလေးနှစ် ယောက် ကစားနေသည်ဟု ထင်မိသည်။ ကျွန်တော် တို့ကို မြင်သော အခါ ဆရာကြီးသည် ခဲတံကိုချကာ ကျွန်တော် ၏ မိတ်ဆွေကို အားရ၀မ်းသာ ခေါ်ငင်နှုတ်ဆက်၍ စကားပြောသည်။ စကားပြောရင်းလည်း အနီး၌ ကစား နေကြသော ကလေး နှစ် ယောက် ကို တိုးတိုးသက်သာ ကစားကြကွယ်ဟု ခဏခဏ ချော့မော့ ရရှာသည်။ ကျွန်တော့် မိတ်ဆွေနှင့် ပြောကြသော စကားများ ကို ကျွန်တော် မမှတ်မိတော့ပြီ။ သို့ရာတွင် ဆရာကြီးပြောသော အကြောင်းတစ်ခုကိုကား ကျွန်တော် စွဲစွဲမြဲမြဲ မှတ်မိလိုက် သည်။
ထိုအကြောင်းကား ဆရာကြီး၏ သားအကြောင်း ဖြစ်လေသည်။ ဆရာကြီးက ထို သားသည် ဆိုဆုံးမသည်ကို စိတ်ကောက်၍ အိမ်မှ ထွက်ခွာသွားရာ တစ်လနီးပါးမျှ ကြာ ကြောင်း ပြောပြပြီးနောက် ဆက်လက်၍ ‘ဆရာ ကတော့ ဒီကောင်ကလေး ပြန်လာမှ နာနာနှက် ပေးလိုက်ဦးမယ်လို့ စိတ်က ခဲထားတာ။ မောင်မင်းကြီးသားက ကိုရင်ဝတ်နဲ့ ပြန်လာလေတော့ မနှက်ရတဲ့အပြင် ကိုယ်တော် မြတ်ကို ဆွမ်းတော် တောင် ကပ်လိုက်ရသေးသကွ’ ဟု ပြော၍ ရယ်ရှာသည်။ ထိုသို့ ရယ်လိုက်ခြင်းသည် သားလုပ်ပုံကို ဆရာကြီး စိတ်မဆိုး၊ သား၏ အပြစ်ကို ခွင့်လွှတ်ကာ ကရုဏာစိတ်ဖြင့် ဖြေဖျော် ရယ်မောလိုက်ခြင်း ဖြစ်သည်ဟု ထင်မိသည်။
ဆရာကြီးသည် ထိုစိတ်ထားမျိုးဖြင့် ပတ်ဝန်းကျင်လောကကို ရှု၍ ဆင်ခြင်တတ်သည်။ ပတ်ဝန်းကျင် လောကတွင် အပြစ်ကို မြင်သော်လည်း အပြစ်မတင်လို၊ သနားဖွယ်သာတကား ဟူသော သမာဓိ အမူအရာဖြင့် အသင့်အတင့် နှလုံးသွင်းတတ်သည်။ ကိုပေါ၊ ဦးကျော်ဒွေး၊ ခင်အုံ စသော လူ့သဘာဝ အဖွဲ့များ တွင် ထိုစိတ်ထားမျိုးဖြင့် ဆင်ခြင်တတ်ပုံ၊ အသင့်အတင့် နှလုံးသွင်းတတ်ပုံတို့ကို ထင်ရှားစွာ သိမြင်နိုင်သည်။ ဆရာကြီးသည် ကိုပေါ ကဲ့သို့ သော လူမျိုး ကိုလည်း သနားသည်။ ဦးကျော်ဒွေး ကဲ့သို့သော လူမျိုးကိုလည်း သနားသည်။ ခင်အုံ ကဲ့သို့ သော လူမျိုးကိုလည်း သနားသည်။ သို့ရာတွင် ကိုပေါ အကြောင်းကို ချစ်စိတ်ဖြင့် ပြောပြသည်။ ဦးကျော်ဒွေး အကြောင်းကို လေးစားစိတ်ဖြင့် ပြောပြသည်။ ခင်အုံ အကြောင်းကို ခွင့်လွှတ် စိတ်ဖြင့် ပြောပြသည်။
ကိုပေါ ဆိုသူသည် ညောင်ကန်ရွာသား မုဆိုးဖို ဖြစ်သည်။ ငွေကြေး အတော် အသင့် ရှိသူ ဖြစ်သည်။ မန္တလေးသို့ အလည်အပတ်လာစဉ် ဘုရားတကာ ဦးကြာညွန့်၏ အိမ်၌ တည်းခို သည်။ တစ်နေ့သ၌ ဦးကြာညွန့်၏ မိတ်ဆွေများ ဖြစ်ကြသော ၀န်စာရေး မောင်မောင်ရွနှင့် သဂြုင်္ိဟ်ဆရာကလေး မောင်ဧတို့သည် ဦးကြာညွန့်၏ အိမ်သို့ ရောက်လာ စကားစမြည်း ပြော ကြပြီးလျှင် ကိုပေါ ကိုပါခေါ်၍ ဗားကရာလူထွက် ဦးကျော်ဒွေး၏ အိမ်သို့ သွားကြသည်။ ရောက် သော အခါ အဘိုးအို ဦးကျော်ဒွေးနှင့် သမီးအရွယ်၊ မြေးအရွယ် ဖြစ်သော ဇနီးသည် ခင်အုံတို့ ရန် ဖြစ်နေကြသည်ကို တွေ့ ကြသည်။ ဦးကြာညွန့်ုတို့လူစုသည် ကိုပေါ ထံမှ ငွေစ ကြေးစ ချူလို သဖြင့် ဦးကျော်ဒွေးနှင့် ခင်အုံတို့ကို ကွဲအောင်ပြုပြီးလျှင် ခင်အုံကို ကိုပေါနှင့် တို့ပေးသည်။ နောက်ဆုံးတွင် ဦးကျော်ဒွေးမှာ လည်း ဒုက္ခ ဖြစ် ကျန်ရစ်ခဲ့၍ ၊ ကိုပေါမှာ လည်း ဒုက္ခသစ်နှင့် ရင် ဆိုင်တိုးနေရရှာသည်။ ဤကား မှာ တော် ပုံ ၀တ္ထု၏ ဇာတ်လမ်းအချုပ် ဖြစ်သည်။
ဤဇာတ်လမ်းတွင် အသည်းထိတ်စရာလည်းမပါ။ ပျိုရွယ်နုနယ်သူတို့ လွမ်းချင်ကြ သော မယ်ဘွဲ့ မောင်ဘွဲ့ အလွမ်းမျိုးလဘည်း မပါ။ အထူးအဆန်းဟူ၍ အရှင်းမပါ။ အရိုးခံ သက်သက်မျှသာ ဖြစ်သည်။ သို့ရာတွင် ဤဇာတ်လမ်း၌ လောကီဘုံဓလေ့ ကြုံတွေ့ ရတတ် သော သဘောတို့ ပါရှိလေသည်။ လောကသဘာဝ၊ လူ့သဘာဝတို့ကို ကြားတတ် မြင်တတ် ဆင်ခြင်တတ်၍ ၊ ကရုဏာမေတ္တာထားတတ်သော ဥာဏ်ရှင် စာရေး ဆရာတို့တွင် လောက အကြောင်း၊ လူ့အကြောင်းတို့ကို ဇာတ်ဆင်၍ သနားစဖွယ်၊ ချစ်ခင်ဖွယ် ဖြစ်အောင် ဖန်တီး ဖွဲ့ဆိုနိုင်သော စွမ်းရည်ရှိသည်။ ဆရာကြီး၌ ထိုစွမ်းရည် ရှိသည်။ ရှိသည်ကို မှာ တော် ပုံ ၀တ္ထု တွင် အထင်အရှား ပြခဲ့သည်။
ဆရာကြီးသည် ကိုပေါကို ဖွဲ့ရာတွင် အနှစ်သက် ဆုံး ဖြစ်ဟန်တူသည်။ ကိုပေါသည် ရိုး သည်။ စကားကြွယ်လှသော မန်းသား မောင်မောင်ရွတို့အလယ်တွင် နှုတ်ဆိတ်၍ သာ နေရရှာ သည်။ သို့ရာတွင် မိမိသိသော ကိစ္စ၌ ကား နှုတ်မနည်းလှ။ ကျကျနန ပြောတတ်သည်။ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား စကားဝိုင်းတွင် ဗားကရာလူထွက်ကြီး ဦးကျော်ဒွေးသည် ရာဇ၀င်အကြောင်းကို ကောင်းကောင်းကြီး ပြောနိုင်သည်။ မောင်မောင်ရွသည် ထီးနန်း အကြောင်းကို ကောင်းကောင်းကြီးပြောနိုင်သည်။ ကိုပေါမှာ ကား မိမိ၏ နားကိုသာ အသုံးပြုရ သည်။ သို့ ရာတွင် ကျောင်းဒကာကြီးတစ်ဦးက မောင်တို့ အလုံ မုံရွာဆီမှာ ဆီဈေးများ ဘယ်လို ပေါက်နေသတုံးဟု မေးလိုက်သော အခါ ကိုပေါသည်။ ဆီးဈေးသာမက ငရုတ်ဈေး၊ ပြောင်းဖူး ဈေး၊ ပဲကျားဈေး၊ ချိတ်ဈေးတို့ကိုပါ သာသာထိုးထိုး သွက်သွက်လက်လက် ပြောပြနိုင်သည်။
‘ကျောင်းဒကာရဲ့၊ ကျွန်တော် လာတုန်းကဖြင့် ၄၅ ကျပ်ဈေး ဖြစ်နေတာပါပဲ။ မုံရွာနှင့် ကြေးမှုံမတော့ ငရုတ်ကုန်က အစိတ်ဈေး ဖြစ်နေတဲ့အပြင် ခင်မွန်းနှင့် ချောင်းဦးမတော့ ပြောင်းဖူးစေ့ ၁၅ ကျပ်ဈေး ပြု၍ ဘုတလင်၊ ညောင်ကန်၊ စစ်ပင်၊ ရှောက်ခါးတို့မတော့ ပဲကျားဈေး ၃၂ ကျပ်ခွဲ ပေါက်လို့မို့ ကျောက်ကာနှင့် အင်းတိုင်မတော့ အရိုင်းချိတ်ထုတ် စပ်တိုင်ဓားခွဲ ၄၂ ကျပ်ခွဲပါပဲ ခင်ဗျာ’ … ဟူသော စကားများ သည် ကျွမ်းကျင်ရာ လိမ္မာသော ကိုပေါ ၏ စကားများ ပင် ဖြစ်သည်။
ဆရာကြီး၌ တည်ငြိမ်သော အမူအရာရှိ၏ ။ သို့ရာတွင် မတော် မတည့်ကို မြင်ရလျှင် ရယ်ချင်သော သဘောလည်းရှိသည်။ သူချစ်သော ကိုပေါကိုပင် မတော် မတည့်ဆင်၍ ရယ် လိုက်သည်။ ဆရာကြပီးသည် ကိုပေါကို လူရိုးကြီးသက်သက် ဖြစ်အောင် ဖန်တီးသော်လည်း လူရိုးဟန်လုပ်လျှင် ရယ်စရာကောင်းသည်ဟူသော သဘောကိုလည်း ပြလိုက်ချင်သေးသည်။ ထိုသို့ ပြလိုက်သဖြင့် ရိုးသူ၏ ရိုးသာသော သဘာဝမှာ ပို၍ ပင် ထင်ရှားလာသည်။ ဘုရားဒကာ ညွန့်က ကိုပေါကို မုဆိုးဖို ဖြစ်သော ကြောင့် သနားလေဟန်ပြော၏ ။ ၀မ်းထဲမှာ ကား ခင်အုံနှင့် ဆွယ်လိုသော စိတ် ရှိသည်။ ခင်အုံ၏ အိမ်သို့ ကိုပေါကို ပို့လိုသဖြင့် ကိုပေါကို အ၀တ်အစား အလဲခိုင်းသည်။ ကိုပေါသည်။ မ၀တ်စဖူး ၀တ်စားလာဟန်တူသည်။ ဆရာကြီးသည် ကိုပေါ အား ဤသို့ ၀တ်စားစေပြီးလျှင် ရယ်ချင်သော သဘောဖြင့် လှောင်လိုက်ပုံမှာ -
အိမ်ပေါ်မှ ဆင်းခဲ့ကြ၍ စကားတပြောပြောနှင့် လာခဲ့ကြရာ မောင်ပေါမှာ ဟန်လုပ်အား ကြီးသည့်အပြင် ဆီးဝတ်သော ပုဆိုးကလည်း ခြေမျက်စိဖုံးလျက်နေသဖြင့် ပုဆိုးတုပ်၍ ယိမ်း ယိုင်သွားရာ ရှေ့နားမှာ ရှိသော ကြိုးကွင်းတစ်ကွင်းနှင့်ငြိ၍ ကိုယ်ကို မဟန်နိုင်ဘဲ မှော က်လျက် လဲသွားလေ၏ ။
ထိုအခါ အတူပါလာသူ သဂြုင်္ိဟ်ဆရာဧက ‘ယခု ခင်ဗျားတို့လာခဲ့ကြတဲ့ ကိစ္စကို ကြိုးကွင်းငြိတဲ့ ပထမနိမိတ်ဟာ သဂြုင်္ိဟ်ကျမ်းတွင် လာတဲ့ သံယောဇဉ်ကြိုး အနှောင်အဖွဲ့တွေ နှင့် တည့်တည့်ကြီး တွေ့ ရမယ့် ပုဗ္ဗနိမိတ်ဗျာ့။ ဒုတိယ မှော က်လျက်လဲတဲ့ နိမိတ် ကတော့ စိတ် သာချပါတော့။ လဲချင်လို့ လဲတာပဲဗျာ့’ … ဟု ရယ်လား မောလား စကားပြောရင်းနှင့် လာခဲ့ကြ ရာ ခင်အုံတို့ နေအိမ်သို့ ရောက်ကြလေ၏ ။
ဟု ဆရာကြီးက လှောင်ပြောင် ရယ်မောလိုက်သည်။ ဆရာကြီးသည် ကိုပေါကို ၀ိုင်းညာနေကြသော သူတို့၏ သဘောကိုလည်း ဤအချက်ဖြင့် ထင်ရှားစေခဲ့သည်။
ခင်အုံနှင့် နှစ် ယောက် ချင်း နဖူးတွေ့  ဒူးတွေ့  တွေ့ သော ကိုပေါအကြောင်းကို ပြောပြရာ တွင် ဆရာကြီးသည် ပို၍ ရွှင်သည်။ ခင်အုံ၊ ကိုပေါတို့ တွေ့ ခန်းတွင် ဆရာကြီးသည် ကိုပေါအား ရိုး၍ လည်း သနားစရာကောင်းပုံ၊ အ ၍ လည်း သနားစရာကောင်းပုံ၊ မယားသစ် ယူအံ့ဆဲဆဲ တွင် ကွယ်လွန်သူ မယားဟောင်းကို အောက်မေ့ သတိရတတ်၍ လည်း သနားစရာကောင်းပုံ၊ ကြောက်ရွံ့ ကြောက်ရွံ့နှင့် နောက်တွန့်တတ်၍ လည်း သနားစရာကောင်းပုံ ဇာတ်အစုံကို ခင်းပြ ခဲ့သည်။ ဤအခန်းတွင် ခင်အုံ နှူးနှပ် အရချူတတ်ပုံသည်လည်း အလိုလို ထင်ရှားလာသည်။ ခင်အုံသည် ကိုပေါ အင်းမလှုပ် အဲမလှုပ် ငုတ်တုတ်ကြီး ဖြစ်နေပုံကို မြင်ရသော အခါ ရေလာ မြောင်းပေး သဘောဖြင့် -
‘ပြောသာပြောပါ ကိုပေါရဲ့။ မုန်းလို့ကြည့် ကြည့်တယ်။ ချစ်လို့ကြည့် ကြည့်တယ်။ တည့် တည့်မတ်မတ်သာ ပြောပါ’ ဟူ၍ လည်းကောင်း၊ ‘ကိုပေါရဲ့၊ လောကမှာ လူဆိုတာ ရိုးရင်လည်း မိုက်သတဲ့၊ ထိုက်မှလည်း ရသတဲ့’ ဟူ၍ လည်းကောင်း၊ ဟောတော့၊ ကြည့်ပြန်ပြီ။ ကိုပေါရဲ့၊ ရှင် အကြည့်အရှု ရဲလှချည့်ကလား။ အခုကြည့်တာကကော မိတ်ဆွေခင်ပွန်း သဘောမျိုးနှင့် ရိုးရိုးကြည့်ပြန်တာပဲလား’ ဟူ၍ လည်းကောင်း၊ ခင်အုံသည် ပေါက်ပေါက်ဖောက်သကဲ့သို့ ဆင့်ကာ ဆင့်ကာ မေးလေသည်။ ထိုအခါ ကိုပေါမှာ ငုံ့လျှိုးလျှိုး လုပ်နေရာမှ-
‘သြော် ကြည့်ပြန်လည်း တစ်ပြစ်၊ မကြည့်ပြန်လည်း တစ်ပြစ်နှင့် အမိတို့ မြို့သူများ ဟာ စိတ်ညစ်စရာကြီးပါကလား’ … ဟုသာ ဆိုတတ်လေသည်။ တစ်ဖန် ခင်အုံက -
‘ကျွန်မတို့မှာ တော့ ရှင်ဘုရင်များ လို မြို့စားရွာစား မပေးနိုင်ဘူး။ ကိုယ်တတ်နိုင်တာပဲ ပေးရမှာ ပဲ။ ရှင်ကကော ဘာများ လိုချင်သလဲ။ တောင်းသာ တောင်း ကိုပေါရဲ့။ အချိတ်ပုဆိုး များ မဆီးချင်ဘူးလား။ အားမနာပါနှင့်’ ဟု ကိုပေါကို ရဲဆေး တင်ပေးနိုင်သမျှ တင်ပေးရှာ ပြန်သည်။
ကိုပေါအတွက် နှစ် ကိုယ်နီးဖို့ အရေး သည် တဲတဲကလေးသာ ကျန်တော့သည်ဟု ထင်မိပါ၏ ။ သို့ရာတွင် ကိုပေါမှာ ကား -
‘ဆေးလိပ်တစ်တိုတော့ဖြင့် လိုချင်တာပဲ။ တကတဲ ခံတွင်းချဉ်လိုက်တာ’ ဟူ၍ သာ ဆိုလိုက်ရှာလေသည်။
ကိုပေါကို ဤမျှ စကားရိပ်ပြောရုံနှင့် မရမှန်း သိလာသော အခါ ခင်အုံသည် နောက်ပိုး စခန်းတွင် ခြေတစ်လှမ်း တိုးလိုက်ပြန်သည်။
‘ကိုပေါ ကိုပေါ၊ ကြည့်စမ်းပါဦး။ ဟောဒါ သိရဲ့လား’ ဟု ခေါင်းက စကားဝါ နှစ် ငုံကို ယူ၍ ပြပြီးလျှင် ‘နမ်းချင်ရင် ရော့’ … ဟု လှမ်းပေးပြန်သည်။ ကိုပေါသည် ပရိယာယ် နားမလည်။ ကြိုက်လျှင် ကြိုက်သည်၊ မကြိုက်လျှင် မကြိုက်ဘူးဟု ဆိုတတ်သော လူရိုးတို့၏ သဘောအတိုင်း ခင်အုံ ဘေးအောင့်စရာ ဖြစ်အောင် ပြန်ပြောလိုက်သည်မှာ -
‘ပန်းတကာ့ ပန်းထဲမှာ စကားဝါပန်းကို မနမ်းချင်ဆုံးပဲ’ … ဟူလေသတည်း။
ခင်အုံမှာ အတော် စိတ်မောရှာလိမ့်မည် ။ သို့ ရာတွင် ခင်အုံ လက်မလျှော့။ တစ်နည်း
ဖြင့် ကျော့ပြန်လေသည်။ ဤတစ်ကြိမ်တွင် ခင်အုံသည် မိမိကို သနားအောင် မိမိ၏ ဒုက္ခကို ပြောသည်။ ဤနည်းသည် ငြိတိတိ ရှိသည်ဟု ဆိုရာသည်။ ကိုပေါသည် လူရိုးပီပီ ခင်အုံ သနားလာသလိုလို ဖြစ်လာသည်။ “မင်းကတော် ရဲ့အတွက် ခက်လျှည့်ရဲ့နှော” ဟု ကိုပေါ စဉ်းစားလာသည်။ သို့ရာတွင် ခင်အုံ ဆွယ်ယောင်ပြသည့်နောက်သို့ ကောက်ကောက်ပါ အောင် မလိုက်နိုင်သော အချက် ကိုပေါမှာ ရှိသည်။ ထိုအချက်ကား ကွယ်လွန်သူ မယား ဟောင်း မအိမ်ကောင်းကို အရေး ထဲတွင် ထင်လာ၊ မြင်လာသော အချက်ပင် ဖြစ်သည်။ ကိုပေါသည်။ မဝေခွဲနိုင်၊ ငေးငိုင်၍ သာ နေရှာသည်။ ချီတုံချတုံ တအုံနွေးနွေး ဖြစ်ရရှာသည်။ မယားဟောင်း မအိမ်ကောင်းကို အောက်မေ့၍ ခင်အုံကို သနားသော ကိုပေါသည် သနား စရာ သတ္တ၀ါ မဟုတ်လျှင် အဘယ်သို့ ဆိုအံ့နည်း။
ဆရာကြီးသည် မုဆိုးဖို လူရိုး တစ်ယောက် ၏ သဘောကို အဆန်းတကြယ် နှစ်သက် ဖွယ် ဖွဲ့ဆိုတတ်ပါပေသည်း။ ကိုပေါသည် မြန်မာဝတ္ထုစာပေတည်းဟူသော ဗိမာန်တွင် ကောင်းကောင်းကြီး ထင်ရှား၍ တကယ့် ကျေးတောသား လူရိုးအ ဖြစ်ဖြင့် အမှတ်တရ လွမ်းစရာ ဖြစ်မည် မုချဟု ဆိုသင့်သည်။
ထို့နောက် ကိုပေါ ရိုးသလောက် ခင်အုံ ဆန်းပြား မာယာများ လှ၍ ၊ ဗားကရာလူထွက် ဦးကျော်ဒွေး တဲ့တိုးနိုင်လှပုံကို ဤ၀တ္ထု၌ သိမြင်နိုင်သေးသည်။
ခင်အုံသည် လက်ယာဝင်းတော် မှူး၏ မယားအငယ်ဆုံး ဖြစ်ခဲ့ဖူးသည်။ ၀င်းတော် မှူး သေဆုံးသော အခါ ခင်အုံအသက် ၂၀ ခန့်မျှသာ ရှိသေးသည်။ ယခု အသက် ၃၆ နှစ် မျှ ရှိပြီ။
ရုပ်ဆင်းသဏ္ဍာန်မှာ မဖြူမညို အသားလတ် ဖြစ်၍ ချစ်ကြိုက်ဖွယ်ရာ ပျူငှာသော လောက၀တ်တို့နှင့် ပြည့်စုံသည်ဟု ဆိုသည်။ လက်ပါးစေး အပျိုတော် အ ဖြစ် လေးငါးနှစ် ခန့် ရွှေနန်းတော် ကြီးအတွင်း ခ စားဖူးသူ ဖြစ်သဖြင့် ထီးမူနန်းရာ အယဉ်အကျေး အသိမ်အမွေ့ ကို သိသည်ဟု ဆိုသည်။ ပျို့လင်္ကာတို့၌ ၀ါသနာထုံ၍ စကားအရာ အင်္ဂါလေးတန် ကျေပွန် တတ်မြောက်သည်ဟု ဆိုသည်။ ခင်အုံ၏ မျက်နှာတွင် မျက်ရည်ခံ မှဲ့တစ်လုံး ပါသည့်ပြင် လင်ပေါ် သားပေါ်၌ မြည် တွန်တောက်တီးတတ်သော အလေ့ရှိသည်ဟု ဆိုသည်။
ဝင်းတော် မှူးသေးဆုံးပြီးသည်နောက် ခင်အုံသည် ဆင်းရဲရှားပါး၍ အမရပူရ မန္တလေး သို့ ရွှေ့ပြောင်း နေထိုင်သည်။ မိမိ၏ ရုပ်ရည် ရူပကာယကို အားကိုးအားထားပြု၍ မင်းကတော် ဟူသော အမည် တစ်လုံးဖြင့် ဟိတ်ဟန်ထုတ်၍ နေသည်။ ထိုအခိုက်တွင် မောင်မောင်ရွတို့က ကြားက ၀င်လှော်သဖြင့် ဖအေအရွယ် ဗားကရာလူထွက် ဦးကျော်ဒွေး နှင့် အကြောင်းပါသည်။ ပထမသော် ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် နေရမည် အမှတ်ဖြင့် အဘိုးအိုကို ယူလိုက်သည်။ နောင်အခါမှာ မှ တစ်ပတ်ရိုက်ခံရမှန်းကို သိသည်။ ထိုသို့ သိသည့်နေ့မှစ၍ ခင်အုံသည် အဘိုးအိုကို ရန်ထောင်တော့သည်။ ထိုအခိုက် ဦးကြာညွန့်တို့ကပင် အလုံသား ကိုပေါနှင့် ဆွယ်လာကြပြန်သဖြင့် အဘိုးအို၏ အိမ်မှ ဆင်းလေသည်။ ထို့နောက် ကိုပေါနှင့် တွေ့ ပြန်သော အခါမှာ လည်း စိတ်ထင်တိုင်း မပေါက် ဖြစ်ရရှာပြန်သည်။ ဤကား ခင်အုံ၏ အကြောင်း ဖြစ်သည်။
ခင်အုံသည် ချောသလောက်၊ လှသလာက် ကံမကောင်းရှာချေ။ ခင်အုံသည် အလွင် အကြော့နေလို၏ ။ နေလိုက်ရပါ၏ ။ သို့ရာတွင် ခဏမျှသာတည်း။ နောက်အဖို့၌ ကား ရေလိုက် လွဲသဖြင့် အဘိုးအိုနှင့် နွဲရ၍ အလိုမပြည့်နိုင် ဖြစ်ရသည်။ တစ်ဖန် မုဆိုးဖို ကိုပေါနှင့် တွေ့ ရ ပြန်ပါသော လည်း ထင်တိုင်းမပေါက် ဖြစ်ရပြန်သည်။ ခင်အုံ၏ ဘ၀သည် သနားဖွယ်ပင် ဖြစ်သည်။ ခင်အုံ၏ ဒုက္ခသည် မြက်မြက်ကို အစွဲမပြေနိုင်သော အထည်ကြီးပျက်တို့၏ ဒုက္ခမျိုး ဖြစ်သည်။ ဆရာကြီး ဦးလွန်းသည် ထိုသဘောကို ကောင်းစွာ ဆင်ခြင်မိဟန် တူ သည်။ ခင်အုံ ဗားကရာလူထွက်ကို စွန့်ခန်းနှင့် ကိုပေါကို အမိဖမ်းခန်းတို့တွင် ထိုသဘောကို ထင်ရှားစွာ ဖွဲ့ခဲ့သည်။
ဘုရားဒကာညွန့်တို့က ကိုပေါနှင့် ဆွယ်ပေးမှန်း သိသော အခါ ခင်အုံသည် အဘိုးကြီး အိမ်မှ ဆင်းလိုသည်။ ဇွတ်ဆင်းသော် မိမိ မတရားသဖြင့် ပြုသော အရာကို မတရားပြုသော အရာဟူ၍ အရပ်က ထင်မည် စိုးသေးသည်။ ခင်အုံသည် စာတတ် ပေတတ် ဖြစ်သဖြင့် အရပ်မျက်စိတွင် အရုပ်ဆိုးမည့် အလုပ်ကို မလုပ်လို။ အိမ်မှ မိမိ ဆင်းခြင်းသည် ကောင်း သော ဆင်းခြင်း၊ မှန်သော ဆင်းခြင်း၊ တရားသော ဆင်းခြင်း ဖြစ်သည် ဟူ၍ အရပ်မျက်စိ၌ ထင်ရှားစေလိုသည်။ သို့ မှသာ အဘိုးအိုက အတင်းတားလျှင် အဘိုးအိုကို အရပ်က ၀ိုင်း၍ လက်ညှိုးထိုးကြမည် ဖြစ်သည်း။ အဘိုးအိုက စိုက်မည့် လှံသည် အဘိုးအိုကိုပင် ပြန်၍ စူးမိအောင် ပြုရမည် ဖြစ်လေသည်။ ထို့ကြောင့် ခင်အုံသည် မာယာကို သုံးလေသည်။
ထိုမာယာများ ကို ဖွဲ့ရာတွင် ဆရာကြီး ဦးလွန်း၏ ကလောင်သည် စွမ်းလှပေသည်။ မာယာဆင်တတ်သော မိန်းမ၏ သဘောကို သိတတ်လှပေသည်။ ခင်အုံသည် ရှေးဦးစွာ ဗေဒင်အကူကို ယူ၍ အဘိုးအိုကို ဗေဒင်နှင့် ခြောက်သည်။ ထို့နောက် နတ်၏ အကူကို တောင်း၍ နတ်နှင့် လှန့်ပြန်သည်။ ဤအဖွဲ့များ တွင် ခင်အုံသည် ပလီမလာ နိုင်လှပေသည်။ သို့ ရာတွင် ခင်အုံ ခြောက်သမျှ၊ လှန့်သမျှတို့ကို အဘိုးအိုက မယုံ၊ ကန့်လန့်ကျကျ ပြန်၍ တွန်းလှန်လိုက်သော အခါ ခင်အုံမှာ သနားဖွယ်သာ ဖြစ်တော့သည်။
အဘိုးအိုကို ခြောက်ခန်း၊ လှန့်ခန်းတွင် ခင်အုံ ပလီပလာ နိုင်ပုံကို ကြည့်ကြစို့။ ခင်အုံ သည် အဘိုးအိုကို မနေ့က ရန်ထောင်၍ တစ်ချီတစ်ပွဲ လင်မယားသတ်ပြီး ဖြစ်သည်။ အိမ် က ဆင်းမည့် ယနေ့၌ မူကား ခင်အုံမျက်နှာ တစ်မျိုးပြောင်းသည်။ လေသံတစ်မျိုး ပြောင်း သည်။ ဘီလူးသည် မင်းသားခေါင်းကို ဆောင်းလေပြီ။ ခင်အုံသည် ယခင်က အဘိုးအိုပေါ် တွင် မျက်နှာသုန်မှု န်သည်။ မခန့်လေးစားလုပ်သည်။ ယခုမူ အဘိုးအို အနီးတွင် ဒူးတုပ်သည်။ သနားစရာရုပ်ကို ပြသည်။ ထို့နောက်-
‘ဆရာကြီးရဲ့၊ ကျွန်မ တစ်နေ့ညက အိပ်မက် ရာမက်များ လည်း မကောင်း၊ မျက်ခုံး လက်ရုံးတွေ ကလည်း လှုပ်နှင့် စိတ်ရှုပ်လွန်းလို့ အိမ်တော် ရာဘုရား သွားပြီး ထီး တံခွန် ကုက္ကား မုလေးပွားနှင့် ရေချမ်းများ သွန်းပြီး ဆွမ်းများ သက်စေ့လှူလို့မို့ ကြည့်ဖြူမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးဦးချပြီးသော်၊ သြော် ဆရာကြီးနှင့် ကျွန်မ ယခုဘ၀မှာ လည်း အိုအောင် မင်းအောင် ပေါင်းရပါစေ။ ဖြစ်လေရာ သံသရာ အဆက်ဆက်မှာ လည်း ငှက်ပင် ဖြစ်ကတဲ တစ်ကိုင်းထဲ အတူနားပါရစေလို့ ပန်ခြွေသမှု ဆုတောင်းခြင်း ပြုခဲ့၍ ၊ ထတဲ့ပြီး အနောက်နား လျှောက်သွားရာ ဗေဒင်ဆရာကိုလည်းအခန့်သင့်တွေ့ တာနဲ့ ၀င်ပြီး ဗေဒင် ကြည့်ပြန်တော့ အမိတို့ လင်မယားဟာ မကြာခင် ကွဲစစ်မြင်တယ်တဲ့၊ ရှင်ကွဲမကွဲ သေကွဲ ကွဲရမတဲ့။ ယတြာ ဆင်ပြီး ခဏလောက်ကွာရင် ကောင်းမယ်လို့ ဗေဒင်ဆရာက ဟောလိုက်တယ်။ သို့ အတွက် ယတြာကောင်း မင်းလောင်းပျောက် ဆိုတာလို ကွာရှင်းပြီး ယာယီ ဆိုသလို ကျွန်မ ဆင်း သွားပါရစေ။ နှစ် ရှည်လများ လည်း မဟုတ်ပါဘူး ဆရာကြီးရဲ့’ … ဟု ခင်အုံက မာယာသံ နှော၍ ပြောလိုက်သည်။ ခင်အုံ အချက်ပိုင်လှပေသည်။
သို့ရာတွင် ဗားကရာလူထွက် အဘိုးအိုသည် ခင်အုံ ထင်သလို အ တတ၊ န တတ မဟုတ်။ ဗေဒင်ကို မယုံဟု ကန့်လန့်ကျကျ အတင်းကန့်ကွက်သည်။ ထိုအခါ ခင်အုံမှာ ပွဲဦးကပင် တပ်လန်၍ -
‘ဆရာကြီးရဲ့၊ ဆရာကြီး ကတော့ ဗေဒင်ဆိုတာများ ကို လားလားမျှ မယုံ၊ ကံကိုသာ ယုံစား၍ ဘုရား တရားကိုသာ ယုံကြည်အားထားကြောင်းကိုတော့ ကျွန်မလည်း သိဟောင်း ပင် ဖြစ်တော့သည်။ သို့သော် ဗေဒင်ဆိုတာ တစ်ခါ တစ်လေတော့လည်း ပြေးကြည့်သလို မှန်တာပဲ။ မယုံဘဲလည်း မရှိကောင်းဘူး’ … ဟု အရှုံးပေး၍ လေချိုသွေးရရှာလေသည်။
သို့ရာတွင် ခင်အုံ လက်မလျှော့ချေ။ မာယာတကိန်း ဆင်းပြန်သည် ခင်အုံသည် အသိမိန်းမတစ်စုနှင့် အချိတ်အဆက် ပြုထား၍ ၊ ထိုမိန်းမတစ်စုကို အိမ်သို့ လာရောက် လည်ပတ်စေသည်။ အိမ်တွင် မိန်းမ တစ်ယောကို ပုခန်းနတ် ပူးဝင်ဟန်ပြု၍ အဘိုးအိုကို ကြိမ်းလား၊ မောင်းလား လုပ်စေသည်။ အချိတ်အဆက် ပြုထားသည့်အတိုင်း နတ်ပူးသူက ပူး၍ ကြိမ်းစရာ ရှိသည့်အတိုင်း ကြိမ်းဝါး သမ်းဝေ နတ်ထွက်သွားသည်။ ထိုအခါ ခင်အုံက-
‘ကိုင်း ဘယ့်နှယ်ရှိစ၊ မနက်က ကျွန်မ ပြောလိုက်တဲ့အတိုင်း ဗေဒင်ဆရာ ဟောလိုက် တာနဲ့ တစ်သဝေမတိမ်းပါဘူး။ တစ်ခါတည်း ကိုက်နေတာပဲ။ တော် တို့ရဲ့ ဘိုးဘဆိုင်ရာ ပုခန်းနတ်ကြီး ကိုယ်တိုင် ပူးပြောသတော့။ တစ်ခါဖြင့် ဘယ့်နှယ်လုပ်ကြမတုံး။ သေကွဲ ကွဲကြရတော့မယ်။ ရှင်ကွဲ ကွဲရတာ ကမှ တစ်ယောက် နှင့် တစ်ယောက် တစ်ခါတစ်လေ တွေ့  ချင် မြင်ချင်တယ်ဆိုရင် တွေ့ ရမြင်ရသေးလို့ အလွမ်းဖြေနိုင်သေးရဲ့။ ယခုတော့ တစ်ယောက် တစ်လမ်း သေနယ်ကို လှမ်းရမတဲ့။ အလွမ်းကို ဘယ်လိုဖြေလို့ ပြေနိုင်ပါတော့မလဲ’ … ဟု သူ့အကျိုးကို လိုယောင် ဟဲသံ ချွဲသံ နှင့် ပြန်ပြောသည်။ သို့ ရာတွင် ဗားကရာလူထွက်ကြီး သည် နတ်ကိုလည်း ယုံယူမဟုတ်သဖြင့် ခင်အုံ၏ မာယာသည် သဲထဲရေသွန်သကဲ့သို့ ဖြစ်ရရှာသည်။ နောက်ဆုံတွင် ခင်အုံသည် အဘိုးအိုကို ရန်ထောင်၍ ဆင်းခွင့်ရအောင် ပြုသည်။ ထို့နောက် အဘိုးအို၏ အိမ်မှ ဇွတ်အတင်းပင် ဆင်းသွားလေတော့သည်။
ဗားကရာလူထွက် အဘိုးအို ဦးကျော်ဒွေး အဖွဲ့သည်လည်း မှာ တော် ပုံ ၀တ္ထုတွင် အမှတ်တရ လွမ်းလောက်သော အဖွဲ့ပင် ဖြစ်သည်။ ဦးကျော်ဒွေးဆိုသူမှာ ပုခန်းကြီးမြို့ဇာတိ၊ ရဟန်းလူထွက် ဖြစ်ည်။ ရဟန်းဘ၀၌ ရှိစဉ် ပိဋကတ်တတ်၊ စာတတ်ပေတတ်၊ လောကီ လော ကုတ္တရာ နှစ် ဖြာ နှံ့စပ်သူ ဖြစ်သဖြင့် မကွေးမြို့စား အတွင်းဝန်ကြီးက အင်းဝမှ အမရပူရသို့ ပင့်ခဲ့သည်။ အမရပူရတွင် ဗားကရာတိုက်၌ သီတင်းသုံးနေစဉ် ဘိုးတော် မင်းတရားနှင့် အမှု မျိုးကို တော် သင့်အောင်လိုက်၍ အကြိုက်ကို မငဲ့ဘဲ မိန့်တော် မူတတ်သည်။ ဘိုးတော် မင်းတရား အမျက်ရှိသဖြင့် မဟာဒါန်ဝန် မဟာဒါန် စာရေး များ အား ဗားကရာဆရာတော် ၏ သင်္ကန်းကို အတင်းချွတ်၍ အ၀တ်ဖြူ လဲစေရမည့် ဟု အမိန့်တော် မှတ်ရာ ဗားကရာ ဆရာ တော် မှာ အမိန့်တော် အတိုင်း လူထွက်ရရှာလေသည်။ ထို့နောက် မန္တလေးမြို့ တပည့်များ ၏ အိမ်၌ နေစဉ် မောင်မောင်ရွတို့ အလှော်ကောင်းသဖြင့် သမီးအရွယ်၊ မြေးအရွယ်လောက် ရှိသော ခင်အုံနှင့် အကြောင်းဆက် ပေါင်းဖက်မိကြသည်။
ဆရာကြီး ဦးလွန်းသည် ဗားကရာလူထွက် ဦးကျော်ဒွေး အကြောင်းကို ဖွဲ့ရာတွင် လေးစားဖွယ်၊ သနားဖွယ် ဖြစ်အောင် ဖွဲ့ထားလေသည်။ ဆရာကြီးဦးလွန်းသည် ထိုပုဂ္ဂိုလ်မျိုး ကို ချီးမွမ်းလိုဟန်တူသည်ဟု ယူဆနိုင်သည်။ ဦးကျော်ဒွေး အဖွဲ့တွင် ဦးကျော်ဒွေး ဥာဏ်ကြီး သော သဘော၊ ထွင်းဖောက်၍ သိမြင်တတ်သော သဘော၊ မဟုတ်သည်ကိုမြင်၍ မဟတ် သည်ကို ကြားလျှင် အားမနာ ပါးမနာ တဲ့တိုးပြောတတ်သော သဘော၊ အများ မိုးခါးရေ သောက်လောကတွင် တစ်ဦးတည်း ကန့်ကလန့်ကျနေသော သဘောတို့ကို ထင်ရှားအောင် ဖွဲ့ခဲ့သည်။ ရွယ်ကြီးအိုမ ဖြစ်ခါမှ မြာနုကိုယူ၍ မြာနုဒုက္ခကို ခံနေရသော ဦးကျော်ဒွေး၏ သဘောကိုလည်း တင်ပြ၍ သနားလိုက်သေးသည်။
စစ်ကိုင်း ငါးထပ်ကြီးဘုရား ပွဲတော် ချိန် ဇရပ်တစ်ခုတွင် ဦးကျော်ဒွေး၊ ဘုရားဒကာ ဦးကြာညွန့်၊ မောင်မောင်ရွတို့သည် တရားဝိုင်း စကားဝိုင်းဖွဲ့ကာ မိမိတို့သန်ရာ ပြောဆိုလျက် ရှိကြသည်။ ဘုရားဒကာ ဦးကြာညွန့်က ဦးကျော်ဒွေးအား ရွှေဘုံနိဒါန်းအကြောင်း စ၍ ရှေးအစူအစဉ် ရာဇ၀င်ကြောင်းကိုပါ ဟောခိုင်းရာ ဦးကျော်ဒွေးသည် အများ နားမဆံ့ ကန့်လန့်ကျကျ ပြောလေသည်။ ရွှေဘုံနိဒါန်း ဆရာကို အပြစ်တင်ရာတွင် -
‘ကျုပ်တို့ မြန်မာပြည် ဧရာဝတီမြစ်တောင်မှ မဆံ့နိုင်တဲ့ သင်္ဘေကြီးတွေ ဘာတွေ ပေါ်နေတဲ့ ခေတ်ထဲမှာ တကတဲ ဘာမဟုတ် ညာမဟုတ် အနုပ်စုတ်ကုပ်စုတ် ဗရုတ်သုတ်ခ လှေတွေ ၊ သမ္ဗန်တွေ ၊ လှော်ကားတွေ ၊ ဖောင်တွေ ကို အမြတ်တနိုးလုပ်ပြီး န၀ရတ်ဖောင် တော် ၊ သုံးလူ့ပူဇော်လှေတော် ၊ ရေနန်းစကြာကိုး၊ ဘာကိုးနဲ့ ရှေးရိုး လက်ဟောင်းတွေ ကို အကောင်းလုပ်နေကြတာလား’…ဟူ၍ လည်းကောင်း၊ လက်နက်ငါးပါး၏ သရော်ရာ၌ လည်း-
‘ပြီးတော့ ကျုပ် ရယ်ချင်တာ တစ်ခုရှိသေးတယ်။ ရှေးကျပုံက ကြည့်စမ်းပါလား ဘုရားဒကာညွန့်ရဲ့။ အဲ အနှီ ပြူစောထီးတို့ကိုင်တဲ့ လေးတွေ ၊ ခက်ရင်းတွေ ၊ လက်ရိုက်ခေါ်တဲ့ ဆောက်ပုတ်တွေ ကို လက်နက်ကြီးငါးပါးလုပ်ပြီး လက်နက်စကြာ သခင်ရယ်လို့ ရှင်ဘုရင် ကြိုက်အောင်ဟာ မှူးတွေ မတ်တွေ က အလိုက်သင့် မြှောက်ပင့်ခေါ်နေကြတယ်။ တကယ် လို့ဆိုတော့ အနောက်နိုင်ငံများ မှာ ကြောက်ပါးလိလိကြီးပါလား ကျောင်းဒကာရဲ့။ တကယ့် ကို ရှက်စရာဗျာ။ ကျုပ်တို့ မြန်မာ မှူးမတ်များ ဟာ စက်တို့၊ စိန်တို့၊ အမြောက်တို့၊ ဗုံးတို့ ဆိုတာကို ဘယ်လိုနေမှန်းတောင် ကောင်းကောင်း မသိကြရှာဘူး’ … ဟူ၍ လည်းကောင်း ဦးကျော်ဒွေးသည် အားမနာ ပါးမနာ တဲ့တိုး ပြောချလိုက်သည်။
ထိုမျှသာမကသေး ဦးကျော်ဒွေးသည် ဗေဒင်ကိုလည်း မယုံ၊ နတ်ကိုလည်း မယုံ။ ခင်အုံ၏ မာယာကြောင့် မိမိ၏ အိမ်တွင် ပုခန်းနတ်ပူး၍ ကြိမ်းလား မောင်းလား လုပ်သော အခါ ဦးကျော်ဒွေးသည် စောက်ကစနတ်၊ နင် င့ါကို ဘာမှတ်သလဲ ဟုဆိုကာ ဒုတ္ထာ၊ ဟင်းရိုင်း၊ လက်ချား စသော အဂ္ဂိရတ်ဆေးများ ထုထောင်းသည့် ကျည်ပွေ့ကြီးနှင့် ချိန်ရွယ်လိုက်သေး သည်။ နတ်ပူးဟန်ဆောင်သူမှာ ကြောက်လန့်၍ ကမန်းကတန်း နတ်ထွက်လိုက်သော ကြောင့်သာ သက်သာရာ ရသွားဟန်တူသည်။ ဦးကျော်ဒွေးသည် အသိမ်အဖျင်းကိုလည်း စိုးစဉ်မျှ မကြိုက်ချေ။ မိမိ၏ အိမ်တွင် ခင်အုံ၏ သူငယ်ချင်းများ သည်-
‘ကတဲမှပဲတော် ကျွန်မတို့ကိုတော့ မျက်နှာမရှိလို့ အသိမဟုတ်သလို အကြောင်း မကြားဘူး။ ကောင်းကြပါပေရဲ့တော် ၊ ကောင်းကြပါပေရဲ့’ … စသဖြင့် အချင်းချင်း ခနဲ့တဲ့တဲ့ ပြောနေကြသည်ကို ကြားသော အခါ ဦးကျော်ဒွေး သည်းမခံနိုင်ချေ။
‘သူတို့ မိန်းမများ တွေ့ ကြုံ ဆုံစည်းမိကြလျှင် တစ်ယောက် နှင့် တစ်ယောက် အတင်း ပြော၊ အဖျင်းပြော၊ ပြောချင်ရာ ပြောကြ၍ လင်စကား သားစကားနှင့် အလကား တောင် မရောက် မြောက်မကျ စကားကိုသာ ပြောဆိုတတ်ကြသည်။ ဤမိန်းမများ အနီးအပါးမှာ ငါနေလို့ မတော် ချေတကား’ … ဟု ဆိုသည်။
ဆရာကြီး ဦးလွန်းသည် ကလေးများ ကို ကြင်နာတတ်သော ဦးကျော်ဒွေး၏ သဘော ကိုလည်း ဖွဲ့ခဲ့သေးသည်။ အဖွဲ့တွင် ဦးကျော်ဒွေးသည် ချစ်စဖွယ်ပင် ဖြစ်သည်။ မိမိအိမ်တွင် ပုခန်းနတ်ပူး၍ ကြိမ်းလား မောင်းလား လုပ်ဟန်ပြုနေသော အခါ အတူပါသော ကလေးမ ကလေးသည် အထိတ်တလန့် ဖြစ်သည်။ ထိုအခါ ဦးကျော်ဒွေးသည်-
‘င့ါမြေး လာပါ၊ လာပါ။ မကြောက်ပါနှင့်၊ အဘိုး အရှိသားပဲ။ အလကားဟာတွေ ပါ။ မင်း ဘသူ့သမီးလဲ င့ါမြေး။ မကြောက်ပါနဲ့။ ရတနာသုံးပါး၊ ဆရာသမား ဘိုးဘွားမိဘတို့ကို သာ ရိုသေလေးမြတ် ဆည်းကပ်ယုံကြည်ပါ’ … ဟု ကလေး အကြောက်ပြေအောင် ချော့တတ်သည်။
ဦးကျော်ဒွေးသည် သတ္တိရှိသည်။ ပြောရဲသည်။ ဆိုရဲသည်။ စိတ်ထဲက မပါသော ဆိုမှု ပြုမှု မျိုးကို အမြင်ကတ်သည်။ လောကဓမ္မတာ ဟန်လ်ုပမှု ကို မုန်းသည်။ လောက၏ တကယ့်သဘောကို ထွင်းဖောက်၍ မြင်တတ်သည်။ အပေါ်ယံ ညာလှိုင်းမြှောက်ပင့်၍ ရေး သော စာ၊ ပြောသော စကားတို့ကို မျက်မုန်းကျိုးသည်။ ကလေးကို ချစ်တတ်သည်။ ဤ အချက်တို့သည် လေးစားဖွယ် ဖြစ်သည်။ ရဟန်းလူထွက် ဖြစ်သည့်အားလျော်ညီစွာ လက် ကြော တင်းအောင် အလုပ်မလုပ်တတ်။ အလုပ် မလုပ်နိုင်။ စာရေး သောက်မှု ကို ဂရုမစိုက်။ စာပေနှင့်သာ ပျော်ချင်သည်။ အဂ္ဂိရတ်နှင့်သား ပျော်ချင်သည်။ ဤအထဲတွင် အကြော့ အလွင် ဂုဏ်ပကာသနကို မက်သော ခင်အုံနှင့် အကြောင်းပါမိလျက်သား ဖြစ်သည်။ ခင်အုံ နှင့် ရန်တကျက်ကျက် ဖြစ်ရသည်။ ခင်အုံကို ချော့သည်။ ခင်အုံ၌ သံယောဇဉ် အတွယ်ကြီး တွယ်သည်။ ဤအချက်များ သည် သနားဖွယ် ဖြစ်သည်။
ဆရာကြီး ဦးလွန်းသည် သူ့မှာ တော် ပုံ ၀တ္ထုထဲက ဦးကျော်ဒွေးကြီး ကဲ့သို့ ပင် စိတ်ထဲ ၀မ်းထဲက မပါဘဲ လူမြင်ကောင်းအောင်သာ ပြုတတ်သော လူတို့၏ ဟန်ဆောင်သဘောကို မြင်ပြင်းကတ်ဟန်တူသည်။ အမှန်မှာ ထိုသဘောမျိုးသည် မုသားတစ်မျိုးပင် ဖြစ်လေရာ မြင်ပြင်းကတ်စရာပင် ဖြစ်တော့သည်။ သို့ရာတွင် ဤမုသားမျိုးသည် ဤလူ့လောက၌ သူသူ ငါငါ မလွတ်ကင်းနိုင်ကြောင်းကို ဆရာကြီး ဦးလွန်း ဆင်ခြင်မိ၍ လား မသိ၊ အပြစ်မတင်လို။ ခွင့်လွှတ်သော သဘောဖြင့်သာ ရယ်မောတတ်ဟန် တူလေသည်။ ဆရာကြီး ဦးလွန်း ဖွဲ့ဆို လိုက်သော လူ့ဓမ္မတာ မုသားအဖွဲ့ တစ်ခုကို ၊ ၀ါ သာဌေယျအဖွဲ့တစ်ခုကို ထုတ်ပြလိုသည်။ ဤအဖွဲ့ကို ခင်အုံ၏ အိမ်မှ ပြန်သွားကြသော နတ်ဝင်သည် မိန်းမတစ်စု၏ အမူအရာတို့၌ သိမြင်နိုင်သည်။ ထိုမိန်းမတစ်စုသည် လမ်းတွင် အောက်ပါအတိုင်း ပြောဆိုသွားကြသည်။
ခင်ခင်ညွန့်က ‘ဒေါ်ဒေါ်မြင့်ရဲ့၊ အဲဒီ အထဲမှာ ရှင် မြင်လိုက်ကဲ့လား။ လမ်းပေါ်က ဟိုငနဲ က ပြယ်တယ်တယ်နှင့်’
ခင်မြင့်က ‘မြင်လိုက်ပါရဲ့၊ မြင်လိုက်ပါရဲ့။ ဟို ပုဆိုးဝါ၊ ခေါင်းပေါင်းဝါနှင့် သူငယ် မဟုတ်လား။ ညည်းကစပြီး ပြုံးတုံးတုံး လုပ်တာကိုအေ့’
မစောဦးက ‘ပြီးတော့လည်း ပိန်ရှည်ရှည် မျက်နှာမှာ ကျောက်ပေါက်မာ သက်သက် နဲ့ အကောင်ဟာက ဘာကြောင့်လဲ မသိရဘူး။ ကျွန်မတို့ လူစုကို ကြည့်ကြည့်ပြီး ဖွီဖွာနှင့် တောင်လုပ်သွားသေးတယ်’
ခင်ခင်ညွန့်က ‘အဲဒီ လျှောက်သွားတဲ့ လူ လေးငါးယောက် ထဲမှာ ရှေ့ဆုံက သွားတဲ့ ပုဆိုး အပြာနှင့် ဟာ တယ်လည်း မျက်နှာကျက်သရေ ရှိတယ်ရှင့်’
ခင်မြင့်က ‘အေးလေ၊ ဒီလူကို ခင်ခင်ညွန့်က မျက်စိကျသွားတာပ။ ညည်းတို့ အပျိုကြီး စားမျိုးဟာ လူမြင်ရင် မျက်စိကျဖို့ချည်းပဲ’
ဤသို့ ပြောဆိုသွားရင် သူတို့နောက်က ဘုန်းကြီးတစ်ပါးနှင့် ဥပသကာ သုံးလေးဦး လျှောက်လာကြသည်ကို ရုတ်တရက် သိသွားသော အခါ အောက်ပါအတိုင်း ချက်ချင်း လေသံ ပြောင်းလိုက်ကြသည်။
ခင်မြင့်က ‘ကတဲမှပဲတော် ၊ ခင်မကန်တိုက်က ကိုယ်တော် ကလေးနှယ် တရားဟော ကောင်းလိုက်တာ ဘယ်လိုများ ကောင်းမှန်းမသိဘူး’
မစောဦးက ‘သြော်၊ လပြည့်နေ့က ရှင်တို့ ခင်မကန်တိုက်ကို သွားကြသကိုး’
ခင်ခင်ညွန့်က ‘ကျွန်မတို့တော့ မြတောင်တိုက် သွားပြီး စောင့်တယ်’
ဆရာကြီး ဦးလွန်းသည် ထိုမိန်းမတစ်စုတို့၏ သာဌေယျ အမူအရာမျိုးပါသော လူ့ သဘောကို ဆင်ခြင်မိ၍ ရယ်မောလိုက်သည်သည်မှာ ထင်ရှားလှသည်။ ထိုကဲ့သို့သော လူ့ သဘောသည် ရယ်စရာပင် ကောင်းလှပေသည်။
ကာလပေါ်ဝတ္ထု မြန်မာနိုင်ငံ၌ ပေါ်လာခဲ့သည်မှာ အနှစ် လေးဆယ်လောက် ရှိလာ လေပြီ။ သို့ရာတွင် တကယ့် လူ့လောက၊ တကယ့် လူ့သဘော အသိအမြင်ဖြင့် ဖန်တီးရေး ဖွဲ့ ထားသော ၀တ္ထုမျိုးကား လက်ချိုး၍ ရေတွက်ရမလောက် ရှားပါးသေးသည်ဟု ဆိုကြလေ သည်။ ဆိုလည်း ဆိုစရာပင် ဖြစ်နေသေးသည်။ ထိုသို့ ရှားနေသေးသော မြန်မာ ကာလပေါ် ၀တ္ထုများ တွင် မစ္စတာမောင်မှိုင်း၏ မှာ တော် ပုံ ၀တ္ထုသည် ရဲရဲကြီးပါနေသည်ဟု ဆိုချင်သည်။ ဆရာကြီးဦးလွန်းသည် သူ့ခေတ်အလျောက် ၀တ္ထုတွင် ကဗျာများ ကို ညှပ်သွင်း၍ လည်း ကောင်း၊ ပျို့ကဗျာ ရာဇ၀င် စကားများ ကို ထည့်၍ လည်းကောင်း ရေး သားသော်လည်း လူ့အကြောင်း၊ လောကအကြောင်းကို အချက်ပိုင်ပိုင် ဖွဲ့နိုင်လေသည်။ ၀တ္ထုကောင်း၏ အသက်သည် လူ့သဘာဝအဖွဲ့၊ လောကသဘာဝအဖွဲ့၌ အဓိကအားဖြင့် အခြေတည်နေ သည်ဆိုသော အချက်သည် မည် သူမျှ မငြင်းနိုင်သော အချက် ဖြစ်သဖြင့် ဆရာကြီး ဦးလွန်း ၏ မှာ တော် ပုံ ၀တ္ထုသည် မြန်မာစာပေသမိုင်းတွင် သမိုင်းထိုးလောက်သော ဂုဏ်နှင့် ပြည့်စုံ သည်ဟု ယူဆမိပါသတည်း။
ဒုတိယတွဲ နှင့် တတိယတွဲ
မှာ တော် ပုံဝတ္ထု ပထမတွဲ ကို ၁၉၁၆ ခုနှစ် ၌ ထုတ်ဝေခဲ့ကြောင်း ဆိုခဲ့ပြီး။ ထို့နောက် ဒုတိယ တွဲ ကို ၁၉၁၉ ခုနှစ် ၌ လည်းကောင်း၊ တတိယတွဲ ကို ၁၉၂၁ ခုနှစ် ၌ လည်းကောင်း ထုတ်ဝေခဲ့ သည်။ တတိယတွဲ အဆုံး၌ စတုတ္ထတွဲ ကို ဆက်၍ ထုတ်ဝေဦးမည် ဟု မျှော်လင့်ချက် ပေးခဲ့ သည်။ သို့ရာတွင် စတုတ္ထတွဲ ထွက်မလာတော့ချေ။ ထို့ကြောင့် ဆရာကြီး ဦးလွန်းသည် မှာ တော် ပုံဝတ္ထု၏ ဇာတ်လမ်းကို အဆုံးသတ်ခြင်း မပြုခဲ့ဟု ဆိုရာသည်။ မှာ တော် ပုံဝတ္ထု သည် ဇာတ်လမ်းထက် လူ့သဘာဝအဖွဲ့ကို ပို၍ ပဓာနထားသော ၀တ္ထု ဖြစ်သဖြင့် ဇာတ်လမ်း မဆုံးသော်လည်း လူ့သဘာဝအဖွဲ့သည် ပြီးပြည့်စုံသလောက် ဖြစ်၏ ဟု ဆိုနိုင်ပါသည်။
ဒုတိယတွဲ နှင့် တတိယတွဲ တို့၏ ဇာတ်လမ်းအချုပ်သည် ဤသို့ ဖြစ်သည်။ ခင်အုံသည် မိမိ၏ အိမ်မှ ဇွတ်အတင်းဆင်း၍ ဦးကြာညွန့်၏ အိမ်သို့ သွားသည်။ နောက်တစ်နေ့တွင် ဦးကြာညွန့်တို့က တမင်ရှောင်ပေးသဖြင့် အိမ်တွင် ခင်အုံနှင့် ကိုပေါတို့ နှစ် ဦးသာ ကျန်ခဲ့ ကြသည်။ ထိုအခါ ခင်အုံသည် ကိုပေါကို နှူးရရှာသည်။ နောက်ဆုံး၌ ကိုပေါသည် ခင်အုံ၏ အလိုဘက်သို့ ပါသွားသည်။ ထိုအခိုက် မန္တလေးမြို့တွင် အမှု တစ်ခု ပေါ်လာ၍ ဦးကြာညွန့်ကို မြို့ဝန်က မသင်္ကာ ဖြစ်လာရာ ဦးကြာညွန့်သည် အောက်ပြည်သို့ ဆင်း၍ ရှောင်ရသည်။ ကိုပေါသည် အလုံသို့ ပြန်ရသည်။ ခင်အုံသည် ရွှေဘိုသို့သွား၍ မိုးခိုသည်။ ရွှေဘိုတွင် ခင်အုံသည် လူပျိုပေါက် တစ်ယောက် ကို မျက်စိကျ၍ မုန့်ပေးကြိုက်သည်။ ညားကြသည်။ လူပျိုပေါက်နှင့် ကြာသမားတို့ သတ်မောင်းပုတ်မောင်း ဖြစ်လာသော အခါ ခင်အုံ ထိတ်လန့် ၍ အင်းဝသို့ ပြေးသည်။ အင်းဝမြို့ ဘိုးရွှေအိတ်အိမ်၌ တည်းခိုနေစဉ် ပုခန်းမြို့ မြိုင်ရွာသို့ ပြန်သွားသော ဗားကရာလူထွက် ဦးကျော်ဒွေး အနိစ္စရောက်ကြောင်း ကြားသည်။ ထိုအခါ ခင်အုံသည် ဦးကြာညွန့်တို့ လူစုနှင့်အတူ မြိုင်ရွာသို့ သွား၍ အသုဘပို့ကြသည်။ အသုဘ အိမ်၌ ခင်အုံ ဆွေးလိုက်သေးသည်။ ဤတွင် ဇာတ်လမ်းကို ဖြတ်ထားလိုက်သည်။
ဤအထိ ဖြစ်သော ဇာတ်လမ်းသည်လည်း အရိုးခံ ခပ်စင်းစင်းပင် ဖြစ်သည်။ ထူးလာ သည်မှာ ဆရာကြီး ဦးလွန်းသည် ဦးကျော်ဒွေး၊ ကိုပေါ၊ ဦးကြာညွန့် စသည်တို့ကို နောက် တန်းထား၍ ခင်အုံကို ရှေ့တန်းတင်ကာ ခေါင်းဆောင်ဇာတ်လိုက်အ ဖြစ် အကခိုင်းလိုက် ခြင်း ဖြစ်သည်။ ဤသို့ ဖြင့် ခင်အုံ၏ လူ့သဘာဝတွင် လောကီဘုံဓလေ့ ကြုံတွေ့ ရတတ်သော လူ့သဘောကို ပို၍ ထင်ရှားလာအောင် ဖွဲ့ခဲ့သည်ဟု ဆိုနိုင်သည်။ စင်စစ်မှာ ခင်အုံအကြောင်း ကို အဓိကထား၍ ပြောချင်သော ကြောင့် မှာ တော် ပုံကို ဆရာကြီးရေး သည်ဟုပင် ယူဆဖွယ် ရှိသည်။ တစ်နည်းဆိုရသော် မကောင်းမှန်းသိပါလျက် စိတ်အလိုလိုက်၍ မိုက်တတ်သော လူ့သဘာဝကို စက်ဆုပ်ခြင်းလည်း ဖြစ်၍ ၊ ကရုဏာလည်း ဖြစ်သော ကြောင့် ထိုလူ့သဘာဝ ကို ဆရာကြီး ဖွဲ့ခဲ့သည်ဟု ဆိုနိုင်သည်။
ခင်အုံကို တွေ့ စဉ်ကပင် ခင်အုံကို ထီးနန်း အယဉ်အကျေး အသိမ်အမွေ့ကြိုက်သူ၊ ဂုဏ်ပကာသနမက်သူအ ဖြစ်ဖြင့် တွေ့ ရသည်။ ထို့နောက် သူ့ဘ၀ကိုသူ မကျေမနပ် ဖြစ်ခဲ့ရ သည်။ သူ့ဘ၀တွင် သူ့စိတ်ကိုသူ အလိုလိုက်မှု တို့သည် သူ့ကို ဒုက္ခပေးခဲ့သည်ချည်း ဖြစ် သည်။ ပို၍ ဆိုးသည်မှာ ခင်အုံသည် မိမိစိတ်အလိုလိုက်မှု ကြောင့် ဒုက္ခတွေ့ ၍ သုခသစ်ကို ထပ်၍ ရှာရာတွင် စိတ်အလိုကိုလိုက်၍ သာ ရှာသဖြင့် ဒုက္ခသစ်နှင့် တိုးနေရခြင်း ဖြစ်သည်။ ထိုအမူအရာတို့ကို ဖွဲ့ရာတွင် ဆရာကြီးသည် ခင်အုံကို စက်ဆုပ်စရာ ဖြစ်အောင် ဖွဲ့သည်။ သနားစရာ ဖြစ်အောင်လည်း ဖွဲ့သည်။ ဘယ်သူမပြု မိမိမှု ကြောင့် ဒုက္ခတွေ့ ရခြင်း ပေတကား ဟု ဖြေနိုင်စရာ ဖြစ်အောင်လည်း ဖွဲ့ခဲ့သည်။
ခင်အုံ အသက် ၂၀ အရွယ်၌ သူ့ယောကျာ်း လက်ယာဝင်းတော် မှူး သေဆုံးသဖြင့် သူ ဒုက္ခရောက်ရခြင်းသည် သူ့ကံ မကောင်းသော ကြောင့် ဖြစ်ရ၏ ဟု ဆိုနိုင်ပါသည်။ ဗားကရာလူထွက်ကြီးနှင့် အကြောင်းပါရခြင်းကာ တစ်စိတ်တစ်ပိုင်းအားဖြင့် သူ၏ စိတ် အလိုကို လိုက်ခဲ့သော ကြောင့် ဖြစ်သည်။ သူ အညာခံရသည်ကား မှန်၏ ။ သို့ ရာတွင် တစ်နေ့ နေ့၌ ၀န်းကတော် ဖြစ်လာအံ့နိုးအထင် စိတ်ကူးယဉ်မှု ကြောင့် လက်သည်းဝှက် အညာ အလှိုင်းကို သူ မမြင်နိုင်၍ သူ ဒုက္ခရောက်ရသည်ဟု ဆိုရာသည်။ ထို့နောက် ကိုပေါနှင့်တွေ့  သည်။ ထ်ုအခါ ခင်အုံသည် ဗားကရာလူထွက် မယားအ ဖြစ်မှ လွတ်မြောက်ရေး အတွက် လမ်းစကိုရှာသည်။ လွတ်မြောက်အောင် သူ ကြံဖန်၍ အတင်း ရုန်းထွက်နိုင်သည်။ ထို့နောက် ကိုပေါကို သူ အမိဖမ်းရရှာသည်။ ဤအထိ ခင်အုံ၏ အပြုအမူသည် သူ့အဖို့ မှန်သည်ဟု ဆိုနိုင်သည်။ ညှပ်ပူး ညှပ်ပိတ် အမိခံနေရသော သူ၏ ဘ၀မှ သူ လွတ်အောင် ပြုရသော ကြောင့် ဖြစ်သည်။
ထို့နောက် ဦးကြာညွန်ကိုအကြောင်းပြု၍ မသင်္ကာမှု ပေါ်လာသော အခါ ကိုပေါကို အမိဖမ်းနိုင်သော ခင်အုံသည် ကိုပေါနောက်ကို အတင်းမလိုက်။ သူ့စိတ်အလိုကို သူလိုက်၍ ရွှေဘိုသို့သွားသည်။ အိမ်တစ်ဆောင် မီးတပြောင်နှင့် သူ့မင်းသူ့ချင်း နေသည်။ ဆရာကြပီး ဦးလနင်္းသည် ဤအခနးမှစ၍ ခင်အုံကြုံရသမျှသည် ခင်အုံ စိတ်ရူးထ၍ စိတ်ရူးအလိုကို လိုက်သော ကြောင့် ဖြစ်ရပုံကို တင်ပြလိုဟန် တူသည်။
ရွှေဘို၌ မိုးခိုနေစဉ် ပျင်း မုန်း ငြီးငွေ့လာသော သဖြင့် သူ့စိတ်အလိုကို သူ လိုက်၍ အပျင်းဖြေသည်။ ဤအခန်းကို ဖွဲ့ရာတွင် လည်း ဆရာကြီးသည် ခင်အုံ မာယာများ ပုံကို ပိုင်ပိုင်နိုင်နိုင် ဖွဲ့ခဲ့သေးသည်။
“ထ ထ ထိုင် ထိုင်၊ မောင်ဘေဘကိုဖြင့် ငါ လှလှပိုင်ရနိုင်ရရဲ့။ ငယ်နိုင်ကြက်သွင်၊ ကွက်ရှုပ်ကြီးမို့၊ ရွက်အုပ်သီးကြင်ရလျှင်၊ သခင်နှင့်ကျွန်လောက်သေးတာမို့၊ ၀န်လေးမယ် မထင်ပါဘူးလေ”
ဟု ခင်အုံ တစ်ကိုယ်တည်း ဆိုသည်ကို ထောက်ခြင်းအားဖြင့် ခင်အုံသည် လာမည့် ဘေးကို မတွေး၊ သူ အပျင်းဖြေချင်သည်ကိုသာ တွေးသည်။ သူ ဖောက်ပြန်လာပြီဟု မထင်။ သူ အပျင်းပြေမည် ဟုသာ ထင်သည်။ ထို့နောက် အမေဘွားဆိုသူနှင့် တိုင်ပင်သည်။ ထို့နောက် မိန်းမကစတင်၍ ယောက်ျားကို ရဲဆေးတင်ပေးသော တေးထပ်ကို စာရေး ဆရာ တစ်ယောက် အား ရေး စေသည်။ ထို့နောက် လူပျိုပေါက် မောင်ဘေဘကို အိမ်သို့ အရောက် ခေါ်၍ အဆိုခိုင်းသည်။ ထို့နောက် တေးထပ်၏ အဓိပ္ပာယ်ကို ခင်အုံကပင် လူပျိုပေါက်ရှေ့၌ အမေဘွားကို ရှင်းပြသည်မှာ -
‘မမကလည်း မောင်ကလေးမှတစ်ပါး တခြားကို စိတ်မကူးဘူး။ အထူးပဲ မောင့်ကို သနားတယ်။ မောင်လးသည် ကြွားဝါပလွှားခြင်း မရှိပေ။ ပကတိ တက်တက်ရိုးကလေး ဖြစ်လေတော့ စကားသွင်းပြန်က မှားယွင်းမှာ လားလို့လည်း ကြောက်လန့်နေတယ်။ အဟန့် ငယ်၍ အရွယ်ချင်း တစ်ဆိတ်မှ မမျှတာကြောင့် စိတ်က ထိတ်ခနဲ ဖြစ်နေရှာလိမ့်မယ်။ တစ်ခါဖြင့် ကြာရှည်မဆွဲနဲ့တော့။ ရဲသင့်ပါပြီ။ မမဆွဲမယ့် ပုလဲသီ ပုလဲကုံးနဲ့တူနဲ့ မောင် ကလေးရယ်။ မမ ရှောင်မပြေးပါဘူး။ နောင်ရေး ကို ကြဲမည် မို့ လွှဲမဖည်သင့်ဘူးပတဲ့ အမေ ဘွားရဲ့။ မှတ်ထား။ နားလည်ပလား’ … ဟု ရှင်းပြလိုက်သည်။
ထို့နောက် လူပျိုပေါက် ပေါင်းလာသော ခေါင်းပေါင်း ပ၀ါအဟောင်းကိုယူ၍ ပ၀ါသစ် ပေါင်းပေးသည်။ ပါးစပ်ချင်းအပ်၍ ကွမ်းဖက်ခွံ့ပေးသည်။ ထို့နောက် ရေမွှေးတစ်ပုလင်းပေး သည်။ သက္ကလတ် အင်္ကျီ၊ ကတ္တီပါဖိနပ်၊ ငွေသားဒင်္ဂါး ပြားရေ ၅၀ ပေးသည်။ ထို့နောက် အနောက်ဆောင်မှ အရှေ့ဝဲယာ ဆောင်သို့ ပြောင်းရွှေ့ခဲ့ကြပြီးလျှင် ဇောင်းသင်ဖြူးကြီးပေါ်မှာ ဗျလာဒီကော်ဇောကြီးကို ခင်း၍ နေရာထိုင်ကြီးကို ဖြန့်ပြီးလျှင် ခံ့ခံ့ကြီး ယှဉ်တွဲ ပြီး ကြင်ဖဲ ကစား၍ တဟားဟားနှင့်ပျော်ရွှင်လျက် ရှိကြကုန်၏ ဟု ဆရာကြီးက ဆိုခဲ့သည်။ ထိုကာလ အတွင်း၌ ပင် ခင်အုံသည် အပျင်းဖြေချင်ပြန်သဖြင့် ကျောက်ကုန်သည် စိန်ပွဲစား၊ တစ်ခုလပ် ယောက်ျား၊ ကြာသမားတစ်ဦးကို လက်ခံပြန်သည်။ ကြာသမား၏ အမူအရာတိုက်စစ်ကို ခုခံခြင်းမပြု။ အလွယ်တကူ အရှုံးပေးလိုက် သည်။ ထို့နောက် ခင်အုံသည် သူ့ဇာတ်ကို သူ မနိုင် ဖြစ်လာသဖြင့် အင်းဝသို့ ပြေးလေသည်။
ခင်အုံသည် သူ့စရိုက်ဆိုးကိုလည်း သိသူ ဖြစ်သည်။ သူ့စရိုက်ဆိုးကို မိန်းမချင်းတို့ ကပါ သိကြသည်ကိုလည်း သိသူ ဖြစ်သည်။ ဆရာကြီးသည်လည်း ထိုသို့သော ခင်အုံ၏ သဘာဝကိုပင် ဆိုခဲ့သေးသည်။ အင်းဝတွင် ဘိုးရွှေအိတ်၏ အိမ်၌ ခင်အုံတည်းခို၍ ဘိုးရွှေ အိတ်နှင့် အတန်ကြာ စကားပြောဆိုပြီးသည့်နောက် ခင်အုံက-
‘သြော်၊ တငိုငို တရီရီ နှင့် နေတယ်လို့ အခြေမလှသေးဘူး။ ဘုရာ့တကာဇနီး မေမေ ကြီးလည်း ပြန်ချိန်နီးပြီး။ အဖေကြီးနဲ့ နီးနီးကပ်ကပ်နေလျှင် အမေမြင်ရင် အထင်လွဲပြီး အဖေ့ကို ဆဲဦးမယ်။ ကဲ၊ အဖေက အိမ်ပေါ်ကြွ။ ကျွန်မက မီးဖိုချောင်အတွင်းမှာ ထမင်းဟင်း ချက်မယ်’ ဟူသော စကားကို ခင်အုံ၏ နှုတ်အမူအရာ၌ ထည့်ပေးခဲ့သည်ကိုထောက်၍ သိနိုင်သည်။ တတိယတွဲ ၏ နိဂုံးတွင် ဆရာကြီး ဦးလွန်းက ဆိုခဲ့သည်မှာ -
“ခင်အုံမှာ လေးငါးရက်ကြာလျှင် မြိုင်ရွာမှထွက်ခွာသွားသဖြင့် တရားကျင့်ဖို့ ရည်ရွယ် လျက် မယ်သီလ လုပ်သွားသည် ဟူ၍ လည်းကောင်း၊ မန္တလေးမြို့မှာ ပင် မောင်ဘုန်းခင်နှင့် အတူနေထိုင်သည်ဟူ၍ လည်းကောင်း၊ အလုံမြို့နယ်ပါ ညောင်ကန်ရွာသား ကိုပေါနှင့်ပင် သဘောသင့်မျှ ပေါင်းသင်းနေထိုင်ကြသည် ဟူ၍ လည်းကောင်း၊ သထုံဇင်းကျိုက်တွင် အင်းသိုက်ကို တွေ့ ရသဖြင့် ရသေ့မ လုပ်သွားသည် ဟူ၍ လည်းကောင်း ပုခန်းမြို့အပိုင် မြိုင်ရွာသူ မြိုင်ရွာသားတို့သည် အမျိုးမျိုး အဖုံဖုံ ပြောဆိုနေကြလေသည်။ ဤ မင်းကတော် ခင်အုံရဲ့ အကြောင်းကို ကောင်းကောင်း အဟုတ်သိရလျှင် စတုတ္ထတွဲ စာအုပ်ကို ပြုလုပ်စီရင် မည် ဟု ကြံစည်မျှော်လင့်လျက် ရှိပေသတည်း။” ဟု မျှော်လင့်ချက် ပေးခဲ့သည်။
တစ်ဖန် ကာလပေါ် ၀တ္ထုအဖွဲ့တွင် ဘ၀အလွမ်းသဘော (romance) ကဲသော ဘ၀ အလွမ်းဝတ္ထုမျိုးဟူ၍ လည်းကောင်း၊ ယထာဘူတသဘော (realism) ကဲသော ယထာဘူတ ၀တ္ထုမျိုး ဟူ၍ လည်ကောင်း အကြမ်းအားဖြင့် ၀တ္ထုနှစ် မျိုး ရှိသည်ဟု ဆရာ့ဆရာများ ဆိုခဲ့ကြသည်။ အဆင့်အတန်းကောင်းရှိသော ထိုဝတ္ထုနှစ် မျိုးစလုံးသည် ၀တ္ထုဆရာ၏ အကြားအမြင်၊ အတွေ့ အကြုံနှင့် ဘ၀အသိတို့ကို အခြေပြု၍ ရေး ကြသော ၀တ္ထုများ ဖြစ်၏ ဟုလည်း ဆိုကြသည်။ သို့ သော်လည်း ဘ၀အလွမ်းဝတ္ထုမျိုးသည် သစ္စာရှိခြင်း၊ သတ္တိရှိခြင်း၊ သမာဓိရှိခြင်း၊ ပရဟိတစိတ်ရှိခြင်း၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်း စသော လူတော် လူကောင်း တရားတို့ကို ရွေး၍ အံ့သြစရာ ဖြစ်အောင်၊ လွမ်းစရာ ဖြစ်အောင်၊ သနားစရာ ဖြစ်အောင်၊ ထိတ်လန့်စရာ ဖြစ်အောင်၊ သံဝေဂ ရစရာ ဖြစ်အောင်၊ အားတက်စရာ ဖြစ်အောင် ချီးချီး ကျူးကျူး ချဲ့ချဲ့ထွင်ထွင် ဖွဲ့တတ်သော စာမျိုး ဖြစ်၍ ယထာဘူတ ၀တ္ထုမျိုးသည် လူခပ်သိမ်း၌ ရှိတတ်သော ပုထုဇဉ် သဘ၀တို့ကို ချီးချီးကျူးကျူး ချဲ့ချဲ့ထွင်ထွင် မရေး ၊ ယထာဘူတ ကျသည် ထင်ရအောင်၊ ဒိဋ္ဌလောက၏ သဘောကိုမြင်၍ သဘောပေါက်လာကြအောင် ဖွဲ့တတ်သော စာမျိုး ဖြစ်သည်ဟူ၍ လည်း ဆိုကြပါသည်။
ယခုအခါတွင် စတုတ္ထတွဲ ကို မမျှော်လင့်နိုင်တော့ပြီ။ ထို့ကြောင့် မင်းကတော် ခင်အုံ၏ အကြောင်းကို အပြည့်အစုံ မသိနိုင်တော့ပြီ။ မြိုင်ရွာသူရွာသားတို့ အမျိုးမျိုး အဖုံဖုံ ပြောဆို ကြသည့်အတိုင်း ခင်အုံသည် နောက်ဆုံးတွင် တစ်ခုခု ဖြစ်လာနိုင်ပါသည်။ သို့ရာတွင် မကောင်းမှန်း သိပါလျက် စိတ်အလိုလိုက်၍ မိုက်တတ်သော ခင်အုံ၏ လူ့သဘာဝကိုကား နောက်ြဖစ်လာမည့် ဇာတ်လမ်းသည် ဖုံးကွယ်၍ ရမည် မဟုတ်ဟု ထင်သည်။ ထို့ကြောင့် အဆုံးမသတ်ခဲ့သော မှာ တော် ပုံ ၀တ္ထုသည် ကျေနပ်စရာပင် ဖြစ်တော့သည်။ တစ်ဖန် စိတ်အလိုလိုက်၍ မိုက်တတ်သော လူ့သဘာဝကို ခင်အုံ၏ အမူအရာတို့ဖြင့် တင်စား၍ ဆရာကြီး ဖွဲ့ပြရာတွင် သနားစရာ အလွန်အကျွံဟူ၍ လည်း မပါ။ အံ့သြစရာ အလွန်အကျွံ ဟူ၍ လည်းမပါ။ အထူးအဆန်း ဟူ၍ လုံးဝ မပါ။ ဖြစ်တတ် ပျက်တတ်ပုံတို့၏ သဘောသည် စဉ်းစားစရာ ဖြစ်ရုံလောက်မျှသာ ပါသဖြင့် မှာ တော် ပုံ ၀တ္ထုကို ယထာဘူတ ၀တ္ထုမျိုး၌ ထည့်ရလျှင် ရနိုင်သည်ဟု ယူဆပါသည်။
ဒုတိယတွဲ နှင့် တတိယတွဲ တို့တွင် ပြောစရာ အချက်အလက် ရှိပါသေးသည်။ ထို အချက်သည် ဇာတိမာန်တက်ကြွရာ တက်ကြွကြောင်း ဖြစ်သော မြန်မာရာဇ၀င် ဗဟုသုတ စကားနှင့် မြန်မာရာဇ၀င်ကဗျာများ ကို ၀တ္ထု၌ ထည့်၍ ရေး လိုသော ဆရာကြီး ဦးလွန်း၏ ဆန္ဒ အားကောင်းလာသော အချက် ဖြစ်သည်။ မြနမာနိုင်ငံတွင် ၁၉၁၉ ခုနှစ် မှစ၍ ၀ံသာနု လှုပ်ရှားမှု သည် တရှိန်ရှိန် တက်လာသည်။ ဆရာကြီးသည် ၀ံသာနု လှုပ်ရှားမှု ဘက်သို့ တဖြည်းဖြည်း ယိုင်လာသည် ဖြစ်ရာ ဆရာကြီး၏ ကလောင်သည်နောက်ဆုံးတွင် ဒေါင်း ဋီကာ၊ မျောက်ဋီကာ၊ မျောက်ဂဏ္ဍိ၊ ဘွိုင်းကောက်ဋီကာ၊ ခွေးဋီကာ၊ သခင်ဋီကာ စသည် တို့သို့ ကူး ပြောင်းသွား သည်မှာ အထင်အရှား ဖြစ်သည်။ ထို့ကြောင့် မှာ တော် ပုံ ဒုတိယတွဲ နှင့် တတိယတွဲ တို့တွင် အလောင်ဘုရား အရေး တော် ပုံ ရာဇ၀င် စကားများ နှင့်တကွ အလောင်း ဘုရားဘွဲ့လေးချိုး၊ အင်းဝပျက်ရပုံဘွဲ့ လေးချိုး၊ အင်းဝမင်းအောက်ပြည်စုန်လေးချိုး၊ တောင်ငူရာဇာဘွဲ့ လေးချိုး၊ ဟံသာဝတီရောက်မင်း တမ်းချင်းလေးချိုး၊ ရွှေဘို့မြို့လေးချိုး၊ မင်းတုန်းမင်းတရားဘွဲ့ လေးချိုးတို့ကိုလည်း တခမ်းတနား တွေ့ ရခြင်း ဖြစ်ပါသည်။
ပထမတွဲ
- ၁ -
အကြောင်းပြ နိဒါန်း
ဤ ယခု ရေး သားလတ္တံ့သော မစ္စတာမောင်မှိုင်း မှာ တော် ပုံဝတ္ထုကို ဖတ်ရှုကြသူ ရှင်လူ အပေါင်းတို့အား ကောင်းညွန့်ကောင်းဟိတ်၊ နိမိတ်သြဘာ၊ မင်္ဂလာစကား၊ ညွှန်ကြားပြောဆို လိုသည်မှာ ယခုအခါ မြန်မာလူမျိုးတို့ ရေး ရိုးရေး စဉ် ပြုကြသော ၀တ္ထုအသီးသီးတို့မှာ ပင် သမီးရည်းထားထားခြင်း၊ မယားယူခြင်း၊ အပျော်အပါးလိုက်စားခြင်း စသည်တို့ကိုသာ ရည် ရွယ်ချက်ကြီးတစ်ခု ပြုလုပ် ရေး သားကြလေရာ၊ ဘာသာအယူဝါဒ၊ ၀ံသာနုရက္ခိတ တရားတို့ ပျက်ပြားဆုတ်ယုတ်၍ လောကုတ္တရာကိုလည်း မမှီး၊ လောကီမှာ လည်း မတောက်ပဘဲ အောက်ကျနောက်ကျကျကြီးကျ၍ မြန်မာ့တန်ခိုး ညှိုးနွမ်းပျက်ပြယ်လျက် သွက်သွက်လည် မှော က်မှားအောင် ကြောက်ပါးလိလိ ဖြစ်လေ၏ ။ သို့ အတွက် ဤအ ဖြစ်အပျက်ကို လှစ်မြွက် ရေး သားလိုက်သော ဤမှတော် ပုံ ၀တ္ထုမှာ ကား သား လင် ခင်ပွန်း၊ ချစ်ကျွမ်းတ၀င် ပြုလုပ် ကြသော အသုံးအနှုန်းတို့သည် ထုံးစံအတိုင်း ပါရှိစေကာမူ-
၁။ ။ သူဟောင်း သက်ကြီးတို့ သားသမီးများ ကို ဆုံးမ သွန်သင်နည်း။
၂။ ။ ဗဟုသုတပညာ လေ့လာရှာမှီးနည်း။
၃။ ။ အပျို လူပျိုတို့ ကျင့်ဝတ်တရားများ ။
၎။ ။ ကာမဘေဂီ၊ လောကကီစီးပွားတို့ကို ကြီးမားအောင် ရှာဖွေစုဆောင်းနည်း။
၅။ ။ ၀ံသာနုရက္ခိတ တရားကို လေးစားဖြောင့်မတ်စွာ လိုက်နာနည်း။
၆။ ။ အပျို လူပျိုတို့၏ လက္ခဏာကို အချက်ရှာ၍ ကြည့်နည်း။
၇။ ။လူလိမ်လူဝါ၊လူညာလူနပ်တို့၏ အရိပ်အကဲကို စိတ်ထဲက သိအောင်လုပ်နည်း။
၈။ ။ “ဟောင်းပင်ဟောင်းသော်လည်း မကောင်းလျှင်ပယ်ရမည် ” ဟူသော စကား ပုံအရ အဂ္ဂိရတ်ထိုးခြင်း၏ အကျိုးအပြစ်ကို သိရန်နည်း စသည်တို့ဖြင့် အခွင့်အားလျော်စွာ တော် သင့်ရာပျို့ကဗျာ လင်္ကာ ပမာပမည်းတို့ဖြင့် နိဿရည်း ပြုလောက်သော ၀တ္ထုပုံပြင် ရာဇ၀င် အချက်အလက်တို့ဖြင့် အကွက်ကွက် ပေါ်ပေါ်လွင်လွင်နှင့် မြော်မြော်မြင်မြင် စီမံ ပြညွှန်းသော မှာ တော် ပုံ စစ်စစ် ဖြစ်ပေရကား၊ အများ သော လူကြီးလူရွယ် လူငယ်မခြား တိုင်းရင်းသာုး မြန်မာလူမျိုးတို့ လက်သုံးကျင့်ထုံး ဥပဒေကြီးသဖွယ် အကယ်စစ်စစ် ဖြစ်ရစ်ပေလိမ့်သတည်း။
ဤကား နိဒါန်းပေတည်း။
ခပ်သိမ်းသော စာရေး ဆရာတို့၏ မူလတံထွာ ဓမ္မတာသဘောကို ရှုပြီးလျှင် ယခု စီရင် ရေး သားလတ္တံ့သော မစ္စတာမောင်မှိုင်း မှာ တော် ပုံ ၀တ္ထု၏ ကနဦး ပထမ၌ အဦးအစ၊ ၀တ္ထုပြ ၀န္ဒနာ ပတ္ထနာဆုတောင်းတို့ကို စုပေါင်း၍ ပြအံ့သော ငှာ-
ပဏာမ တေးထပ်
မြကေသာ ထုံးမင်လဲ့၊ရုံးဆင်သွဲ့လျယ်ကာ၊ ကုံးယဉ်ဘွဲ့ဖွယ်ရာအောင်၊ နွယ်အာသာနတ်ပန်း။ မြတ်လေးနှင့်သော်ကညှာကို၊ သော တမှာ လက်ျာမှန်း။ ပန်းသုံးပွင့် ထွတ်ဖူးမှန်ကို၊ ဆွတ်ခူး ပန် တင်ဆန်း၊ ညွတ်နူးရန် ဆင်မြန်းလို့၊ ရွှင်လမ်းဘို့ ပြုတာ။ နှုန်းမမျှော် ဆုံးနော်ချဲ့နိုင်ဘု၊ ဘုန်းတော် ဘွဲ့ တောင်းဆုပန်ထွာ။ ပဏာမ စေတနာငယ်၊ အဝေရာမှုဝေးလို့၊ ခုရေး မယ့် မှိုင်း၏ ဇာတ်နှယ်၊ တိုင်းပြဘတ်ဘွယ်၊ အဂ္ဂိရတ် လုပ်ရပ်နယ်မှာ ၊ စုတ်သပ်မယ် ထင်သေး တော့လေး။
ဤ ပဏာမတေးထပ်၏ ရေး စပ်ရင်း အာဘော်မှာ မှာ တော် ပုံ ၀တ္ထုကို ရေး သားစီရင် သူ ကျွန်ုပ်၏ ဦးထိပ်ရတနာ မြတ်အင်္ဂါမှာ “ရတနာသုံး၊ နီလာကုံးကို၊ ထိပ်လုံးပန်းသွင်၊ ပန်ယူ ဆင်၍ ” ဟူသော နိယံကဗျာ။ “ပုလဲမြကုံး၊ ရွှေဆုံထုံးသို့၊ ဦးလုံးထိပ်ပြင်၊ နေ့တိုင်းဆင်လျက်” ဟူသော ကိုးခန်းပျို့။ “မွေးဘလက်ရုံး၊ မြပန်းကုံးသို့၊ နှလုံးဝမ်းက၊ ချစ်နိုးလှသည်” ဟူသော ပုတ္တောဝါဒ ဆုံးမစာ စသည်တို့၌ ကဲ့သို့ လည်းကောင်း၊ ရှေးဟောင်း တေးကဗျာရေး ဆရာကြီးတို့သည် ဤကမ္ဘာတွင် ပွင့်တော် မူဆဲ၊ ပွင့်တော် မူလတ္တံ့သော ဘုရားငါးဆူတို့ကိုပင် စံပယ်ပွင့် စံပယ်ပန်းတို့နှင့် နှိုင်းတမ်းနှီးနွှယ်လျက် “စံပယ်တဲ့လေးရုံ၊ အပွင့်ငယ်ကုန်၊ အငုံကွယ်ကျန်ပါသေးရဲ့” စသည်ဖြင့် စီကုံး နှုန်းဖွဲ့တော် မူကြလေဘိသကဲ့သို့ လည်းကောင်း အကြောင်းအားလျော်စွာ တာဝတိံသာ နတ်ကြငှန်းတည်းဟူသော နတ်နန်းနတ်ထီးက နတ်သမီးတို့၏ ပန်ဆင်စရာ နွယ်အာသာ ပန်းဝတ်ကို လှမ်းဆွတ် ဆင်မြန်းခြင်းအားဖြင့် ဘုရားမြတ်စွာ အား ရိုသေစွာ ရှိခိုးကြောင်းကိုပြ၏ ။ ၎င်းပြင် အကြင်သို့သော တရားရတနာ၊ သံဃာရတနာတို့ကိုလည်း လေးမြတ်စွာ သော အမှတ်ကိုပေးလျက် မြတ်လေးပန်း၊ သော်က ပန်းတို့ကို စိတ်ဝမ်းကြည်နူး၊ ဆွတ်ခူးမြဲစွာ ၊ လက်ဝဲ လက်ယာ နားနှစ် ဖက်၌ အထက်တန်း ကျကျ မျက်နှာပန်းလှရန် ပန်ဆင်ကြောင်းကို ပြ၏ ။ ဤ၌ ဆရာမှိုင်း တစ်ဦးသာလျှင် မြတ်လေးပန်း၊ သော်ကပန်းတို့ကို အထူးအဆန်း မှတ်ထင်၍ စပ်ချင် ဟပ်ချင်ပါသလော ဟူငြားအံ့၊ ထိုသို့လည်း မဟတ်ုသေးချေ။
ရှေးသရောအခါ လင်္ကာဒီပမည် သော သီဟိုဠ်ကျွန်းတွင် ဘုရင်တစ်ဆူ ပြုတော် မူ သော ဘာတိယမင်းကြီးသည် ဘုရားဟော အဂုင်္တ္တိုရ်ပါဠိတော် နှင့် ၀ိမာန အဋ္ဌကထာ၌ ပန်းတကာတွင် မြတ်လေးပန်း မြတ်ကြောင်းနှင့် ဟောပြဖွင့်ဆိုချက်များ သည် မှန်မှ မှန်ပါ့ မလားဟု ယုံမှားရှိတော် မူသဖြင့် နန်းတော် တိုက်ခန်း တစ်ခုအတွင်းဝယ် စံပယ်စံကား၊ ချရား ပန်းသုံး၊ ဂမုန်းနော်ဇာ စသော ပန်းတို့နှင့် ရောပြွမ်းဖုံးအုပ်လျက် အောက်ဆုံးက မြတ်လေး ပွင့်ကိုထား၍ စမ်းသပ်တော် မူရာ အဆိုပါ မြတ်လေးပန်း၏ ရနံ့အထုံသည် ဂန္ဓာရုံ ဘူတရုပ်၌ တလှုပ်လှုပ် ရမ္မက်ခြွေပြီးလျှင် သက်သေခံပြသော ဟူ၏ ။
ထိုမှတစ်ပါးတုံလည်း ဗာရာဏသီပြည့်ရှင် ဘုရင်နန္ဒရာဇ် မင်းကြီး၏ အတိုင်ပင်တော် ခံ ပညာရှိကာလီဒါသ ဆရာကြီးဟူ၍ ရှိသတဲ့။ တစ်ရံရောအခါ ဘုရင်မင်းမြတ်သည် မိမိ၏ ညာနတ်ဒေ၀ီ မဟေသီမိဖုရားကြီး၏ ရုပ်ပုံတော် ကို တူညီလှပ ကျနစွာ ရှိအောင် ရေး ရမည် ဟု စိတြ မည် သော ပန်းချီဆရာကြီးအား စေခိုင်းတော် မူသော အားဖြင့် ရေး သားဆက်သလေ ရာ၊ တူညီပါပေသည်ဟု လွန်စွာ မြတ်နိုးတော် မူ၏ ။ သို့ ရာတွင် အကြင်သို့သော ကာလီဒါသ ဆရာကြီးကမူကား ရူပနိကာယ်၊ သဒ္ဒနိကာယ် ကျမ်းတို့၌ ကမ်းတစ်ဖက်ရောက် တတ်မြောက် သည်နှင့်အညီ ထိုထိုဤဤသော မိန်းမတို့၏ လက္ခဏာကို အချက်ပါပါနှင့် ၀ှက်ရာ ကွယ်ရာ ကိုတောင် သိတတ် ထင်တတ်သော ဆရာကြီး ဖြစ်ပေရကား၊ အခါတစ်ပါးသော ကာလ နန်းမထွတ်ထား မိဖုရားကြီး၏ အသံသာယာစွာ ကို တစ်ခါမျှ ကြားဖူးသည်နှင့် ဤစိတြ ပန်းချီ ဆရာ ရေး သားသော ရုပ်ပုံတော် မှာ လွန်မင်းစွာ တူပါပေ၏ ။ သို့ ရာတွင် အရှင်မိဖုရား ကြီး၏ လျှို့ဝှက်တော် မူရာ အင်္ဂါတော် ရွှေဇာတ်၌ သေသပ်လှပတဲ့ နှမ်းစေ့ခန့် မှဲ့တစ်လုံးဟာ မပါလာပါတကား ဟု ညွှန်ကြားလျှောက်တင်သဖြင့်၊ ဘုရင်မင်းမြတ် လောကသမုတိ နတ်ကြီးက ဤကာလီဒါသ ဆရာသည် ငါကိုယ်တော် မြတ်၏ အသက်သွင် ချစ်ခင်မြတ်နိုး လှစွာ သော မိဖုရားနှင့် မှားယွင်းဖူးလို့သာ ရှာရှာဖွေဖွေ သိနိုင်ပေသတည်း ဟု ကြီးစွာ သော စိတ်ဆိုးခြင်း ဖြစ်တော် မူလျက်၊ ကွပ်မျက်ရန် အမိန့်ထားပြီးမှ အသနားခံနှင့် လွတ်၍ လာရှာ သော ကာလီဒါသ ဆရာကြီးသည် အတီးကာလ၊ မင်းမျက်တော် ရှ၍ မှ သေရခြင်း မရှိသော် လည်း မိမိ၏ ၀ါသနာစရိုက်က ကြာသိုက်ကို တူးလိုခြင်း၊ မြာ အမိုက်တည်းဟူသော မိန်းမ ပေါ့ မိန်းမရူးတို့နှင့် မြူးထူးလိုခြင်း စသော မိစရာ ထိစရာတို့ကြောင့် ပြည့်တန်ဆာမိန်းမ သတ်၍ လောလောလတ်လတ် သေရရှာသော အခါ မဟာရာဂျာ မည် သော နန္ဒရာဇ်မင်းကြီး က ချီးအံ့ အထူး ဥဒါန်းတော် ကျူးဖူးသည်မှာ လည်း (၁) အသားတွင် ၀က်၊ (၂) အသီးတွင် သရက်၊ (၃) ပြည်တကာမှာ ဗာရာဏသီ၊ (၄)မြစ်တကာတွင် ဂင်္ဂါ၊ (၅) ယောက်ျားတကာတွင် ပရမီသွာနတ်ကြီး(၆) သတ္တ၀ါအပေါင်းတို့တွင် ဘုရားလောင်း၊ (၇)အထွေထွေသော အရောင် တွင် နေရောင် (၈) မိန်းမထိုထိုမှာ အပျိုကညာ၊ (၉) ပန်းတကာတွင် အကြင်မြတ်လေးပန်း ဟူ၍ အဆိုပါ မြတ်လေးပန်း၏ ဆန်းကြယ် မွန်မြတ်ကြောင်းပါရှိ၏ ။ ထို့ကြောင့် မဟုတ်လော၊ ဘုံခန်းဆရာရှင် အဂ္ဂသမာဓိက မြတ်လေးရှိလျက်၊ စံပယ်ခက်ကို၊ ငွေလျက်ကုန်ခါ၊ မ၀ယ်ရာ ဟူ၍ လည်းကောင်း၊ သဘင်သည် ဇာတ်သမားတို့က “မြတ်လေးဖြူ စံပယ်ဖူးရယ်ကြောင့်၊ ရပ်ဝေးသူ တကယ်ရူးရချည့်” စသည်ဖြင့်လည်းကောင်း ရေး သားစပ်ဆိုကြလေရာ တေး ကဗျာပင် ဖြစ်သော်လည်း အနှစ် သာရ အာဂမယုတ္တိတို့နှင့် ပြည့်ဝစုံလင် ခုံတင်လောက်ြပပေ ၏ တကားဟု များ စွာ သော အစပ်အရေး ကို ဖွင့်လျက် မြတ်လေးပွင့် အဓိပ္ပာယ်ကို ပြသော ဟူ၏ ။ ဤကား မြတ်လေးပွင့်၏ အဖွင့်မှီရာ ဋီကာအသွား တစ်မျိုးပေတည်း။
ထို့ပြင် တစ်ခန်း၊ သော်ကပန်း၏ ထူးဆန်းသော နိမိတ် နှစ် တန်ကို အဘိဓာန်နှင့် အမရကောသကျမ်းကြီးတို့၌ “အသော ကော သော်ကပန်း၊ ၀ဉ္ဇူလော သော်ကပန်း” ဟူ၍ ပရိယာယ် ၂ ပုဒ် ထုတ်ဆောင်ပြသရာတွင် ၊ အကြင်သော်ကပန်းကြောင့် ညှိုးနွမ်းတောင့်တ ကြောင့်ကြစိုးရိမ်ခြင်း မရှိကြောင်းနှင့် ပြ၏ ။ ရာမညတိုင်း မွန်တို့ပြည် အကြေအောက်မြို့ရွာ များ ၌ တွေ့ ရသော သော်ကပန်းမှာ ရာဇာဓိရာဇ် အရေး တော် ပုံ တဘောင်နာခန်းတွင် -
“သော်ကပန်းမြတ်၊ ကြွေကျလတ်က၊ နီတွတ်ရဲရဲ၊ တွေ ခဲစံကောတွင် ” ဟူသော တဘောင် သံနှင့်အညီ၊ နီသော အရောင် ရှိ၏ ။ ကျုပ်တို့အညာ ဇေယျာပူရတိုင်း စစ်ကိုင်းမြို့ မှာ ရှိသော သော်ကပန်းအနေမှာ စလေဦးပုညက-
“မြတ်လေးဖြူ တောစ၊ ဒေါနလမ်း မြေညီ၊ လျောကျ စမ်းရေ သင်းကြည်တယ်၊ ရွှေနှင်းဆီကန်ချောင်း” ဟု စပ်ဆိုသည်နှင့် အတူ ဖြူရော်ရော် ရှိ၏ ။ ဤ(သော်ကပန်း အနီ အဖြူ ပုဒ် ၂ ရပ်ဖြင့် လုပ်ရပ်လိုက် ဆရာ မစ္စတာမောင်မှိုင်း၏ ထိုးတိုင်း ထိုးတိုင်းသော ရွှေ ဖြစ် အနီလမ်း၊ ငွေ ဖြစ် အဖြူလမ်းကိစ္စတို့၌ စိတ်ချလောက်သော အတိတ်နိမိတ် အရိပ် အယောင် တဘောင်ဓာတ်ပန်းတို့ပေတည်း။)
ယင်းသို့ လျှင် အကြင်ရတနာ မြတ်သုံးပါးတို့ဖြင့် နှုန်းထားမှန်းအင် ပန်းမြတ်သုံးပွင့် တို့၏ အဖွင့်မှတ်ဖွယ်ကို ခပ်ကျယ်ကျယ် ပြခဲ့ပြီးသော် ဤမှာ တော် ပုံ ၀တ္ထုကို ပြုစုရေး သား လတ္တံ့သော မစ္စတာမောင်မှိုင်း ဆိုသူကား အခြားသူမဟုတ်၊ ဤ သူရိယ သတင်းစာ ရှေးဦး စွာ ပေါ်ထွက်စက တွဲ ဖက်မကွာ အတူပါ၍ ကဗျာဆောင်းပါးစာ၊ ကြာဋီကာ ဗိုလ်ဋီကာတို့ကို မကြာမကြာ ရေး သားခဲ့ဖူးသူ ဖြစ်ကြောင်းနှင့် ၎င်းဝတ္ထုကို ဖတ်ရှုသုံးသပ်ခြင်းအားဖြင့် အများ သော မြန်မာတိုင်းသူ ရှင်လူအပေါင်းတို့မှာ နှစ် ထောင်း အပ်ခြိုက် ဘ၀င်သို့ခိုက်ပြီး လျှင် အစဉ်တစိုက် အာရုံပျော်မည့် မှာ တော် ပုံ စာတမ်းအရေး ကြောင့် မန္တလေးခေတ် လက် ထက်က ဖြစ်ပျက်သော အတ္ထုပ္ပတ်ကိုလည်း အဟုတ်အဟတ် သိရလိမ့်မည် အကြောင်းကို ကောင်းမွန်စွာ ပြအံ့သော ငှာ အောက်ပါ ပဋိသာဉ်ဒွေးချိုးကို တစ်မျိုး ရေး အပ်ပြန်သတည်း။
ဝေလျှမ်းငယ်ထိန် နေနန်းအိမ် ပေါ်လာထွက်စဉ်က၊ ရဲဘက်အိမ်တော် ပါတဲ့ ဆရာမှိုင်း ။ ။ခန့်နှိုင်းကာမြှော်၊ မြန်တိုင်းမှာ အာရုံပျော်ဘို့ မှာ တော် ပုံအသစ် ဆန်းလိုက်မယ်ကွယ်၊ မန်းရာဝင့်ဂိုဏ်း။ ။
ဤအထက်ပါ ကဗျာစာတမ်း၌ နေနန်းအိမ် ဟူသော ပုဒ်ဝဂ်ကို ထုတ်မြွက်ပြသ ရလျှင်၊ အမရကောသ အဘိဓာန်ကြီး၌ နေ၏ ပရိယာယ် ၃၇ ပုဒ် ပြရာ၌ (သူရသုယျ=နေ)၊ မာဂဓ အဘိဓာန်တွင် နေ၏ ပရိယာယ် ၁၉ ပုဒ် ပြရာ၌ (သူရိယော=နေ)၊ ရာဇမတ္တဏ် ကျမ်းတွင် နေ၏ ပရိယာယ် ၁၁ ပုဒ်ပြရာ၌ လည်း (သူရိယော=နေ)၊ အသီးသီး အသက အသက၊ အနည်းနည်း အ၀၀ ပါရှိရာ၌ နေသည်သူရိယမည် ကြောင်းကို ပြ၏ ။
ထို့ပြင် မြ၀တီဝန်ကြီးမင်း စီကုံးသည့် “မြန်သပြေဘွေ” ချီ မြင်းတက်ယိုးဒယား၌ ၊ “သုံးရွေရံလည်၊ နေနှယ်စမ္ပယ်မြန်း၊ မန်းညာပရမေ၊ ထွန်းဝါအသရေ ပွားသနှင့်လေ၊ ဘုန်းပွင့်ဆယ်ခိုင်နေ” ဟူရာ၌ ကား ကုန်းဘောင်သမ္မတ၊ ဒသမရာဇင်း၊ မင်းတုန်းမင်းကို ပြ၏ ။ ထို့နောက် စုဖုရားလတ် ရေး စပ်တော် မူသည့် “စံရဝေဘုံမြင့်” ချီကဗျာ၌ “နေနန်းမြင့် ဥပရာငယ်၊ သွေမဆန်းသင့် စုကလျာကို၊ ပြဒုညှာ မောင်တင့်တော့” ဟူရာ၌ အရှင် သီပေါမင်းတရားကြီး အိမ်နိမ့်စံတော် မူစဉ်ကို ပြ၏ ။ ထို့ပြင်လည်း အရှင်သီပေါမင်းတရား နန်းကျပြီးနောက်၊ ညီ နာခံတော် သေဆုံးသော အသုဘကိစ္စ၌ လှပအောင်မှ မသဂြုင်္ိဟ်နိုင် ကြောင်းနှင့် ၎င်း၏ အစ်ကို ညောင်ဝန်းဝန်ထောက် မောင်မောင်ကြီး ရေး သားသည့် “ညီခင်လေ” ချီငိုချင်းရှည်ကြီးဝယ် “တကယ်ဧကန္တ၊ သင်္ခါရမို့၊ သေကြစမြဲ၊ သေကတဲ၊ သေပွဲလှအောင်၊ သမတတဆူ၊ သယမ္ဘူဆင့်၊ တကြိမ်ငယ်တင့်၊ ပွင့်မည် သူနှင့်၊ နှစ် ဆူနေလ၊ နန်းဓိပတိ၊ ခေါင်မိကြီးတို့၊ ရှိပါကမူ၊ သတ္တမခရိုင်၊ အစ်ကိုပိုင်သည်၊ နိုင်ငံလူနှင့်၊ ၀ှန်ဆူငြိမ့် ညောင်း၊ ချိမ့်ချိမ့်သော င်းမျှ၊ ရူပကကို၊ လှပအောင်ကွယ်၊ ဘုန်းရိပ်ခိုလို့ သဂြုင်္ိဟ်မယ်၊ သည်ဝယ်ခုမှာ ၊ ကံခေဖြင့်၊ နေနှစ် ပွင့်လည်း၊ နန်းနှင့်ကွာ၍ ” ဟု စပ်ဆိုရာ၌ မင်းမိဖုရား နှစ် ပါးလုံးကိုပင် နေဟူ၍ ပြ၏ ။ အထက် ကဗျာ၌ “နေနန်းအိမ်” ၏ အလိုမှာ ထိုဆိုခဲ့ပြီးသော နေအပေါင်းတို့နှင့် အကြောင်းအားလျော်စွာ ညီတူပါသဖြင့် သဒီသူပစာရ နည်းအလိုက်၊ သတင်းစာ ပုံနှိပ်တိုက်ကို (နေ) ဟူသော ဝေါဟာရဖြင့် သူရိယခေါ်သော ဟူ၏ ။ ဤကား ဒုတိယကဗျာ၏ မဟာခက်ဆစ်ပေတည်း။
ထိုမှတစ်ပါးလည်း ကမ္ဘာအသင်္ချေပင် လွန်မြောက်ငြားသော်လည်း ဖြစ်သည်ဟူ၍ အလွန်တရာ ကြားနာရခဲလှစဟွာသော အဂ္ဂိရတ် လုပ်ရပ်လမ်းကို အပန်းတကြီး ချွေးဒီးဒီး ကျအောင်ထိုးသော ဆရာ မစ္စတာမောင်မှိုင်း တစ်ယောက် သည် တိုင်းပြည်သူ လူကြည့်ရ အောင် သူရိယသတင်းစာ၌ ဗိုလ်ဋီကာ ဆောင်းပါး ကဗျာတို့ဖြင့် အကြင်အခါကာလ ခဏ ခဏ ရေး သားဖူး၏ ။ ထိုအခါကာလ ဘယ်သူကမျှ နှုတ်မဆက်ခဲ့ဘဲ ရုတ်တရက် ပျောက် ပျက်၍ သွားသည်မှာ “ဆရာမှိုင်း တစ်ယောက် ဖြင့် ရွာတိုင်းလျှောက်ပြီး စိတ်နောက်ကိုယ်ပါ သွားချင်ရာများ သွားလေရော့သလား။ သို့မဟုတ်ငြားလျှင်လည်း ပြဒါးကား ပြာမကျ၊ လူမှာ သာ ပြာကျ၍ ဆိုသလို မာလကများ သွားရော့သလား။ သို့မဟုတ် ၀ိဇ္ဇာမယ၊ စက်အတတ် ဖြင့်၊ ထွက်ရပ်များ ပေါက်သွားရော့သလား။ သို့မဟုတ် အဂ္ဂိရတ် မီးဓာတ်က သည်းစပ်ကို လောင်ကျွမ်းပြီး ကယောင်ကတမ်းနှင့် ဘုတ် မဟာ မခိုင်မူ၍ အဆုတ်နာများ ကိုင်နေရာ့ သလား။ ယင်းသို့ မှ မဟုတ်ပြန်လျှင်လည်း ဟိုယမန် ရှေးယခင်ကဲ့သို့ ရေး ချင်စိတ်မပေါက်၍ နောက်ထပ်ရေး မည် ဟု ၀န်ခံကတိ ထားရှိပြီးသော မှာ တော် ပုံ စာအုပ်ကို မထုတ်ဘဲများ နေလေရော့သလား။ တစ်နည်းအားဖြင့် သိုက်တူးရင်း အကွက်တည့်ပြီး တစ်ဖက်လှည့် အကော် တွေ့ သွားရော့သလား” စသည်ဖြင့် ထိုထိုဤဤ စဉ်းစားကြပေလိမ့်မည် ။ ထိုသို့ စဉ်းစားကြသော အချက်တို့ကို တစ်ကွက်ကမှ မမှန်ဟူ၍ မှတ်အပ်၏ ။ ။ အကြောင်း သော် တစ်မူကား “ဃရာဝါသ၊ သမ္ပာဒဖြင့်၊ ဒုက္ခဘွဲ့နှောင်၊ လူတို့ဘောင်ဝယ်၊ အိမ်ထောင် ညွှတ်ကွင်း၊ သံချိုင့်တွင်းမှ ဆိုသလို ထိုထို သားမယား ဒုက္ခတွေ ကြောင့် လုပ်ရ ကိုင်ရသေး သည်ကလည်း တစ်ဖက်။ ဗြဟ္မစိုရ်ယတရား ခင်မင်ပြီး၊ တောဝင်ကာ ဂူအောင်းလို့မို့၊ ကောင်းကောင်းကြီး ထိုးတော့မည် ဟု ကြံစည်မိသည်လည်း တစ်ချက်။ ယင်းသို့သော တစ်ဖက်တစ်ချက်တို့ဖြင့် အကွက်မလည့် တလည်နှင့် ပျက်ပြယ်ပြယ် ဖြစ် ဖြစ်နေတုန်းအခါ မှာ သဟာယအပေါင်း မိတ်ဆွေကောင်းတို့က ၎င်းမှာ တော် ပုံကို မပျက်မကွက်စေဘဲ တစ်ချက်ဖြင့် ဆက်လက်၍ ရေး သားပါမည့် အကြောင်းနှင့် တောင်းပန်ကြလေရကား ပြဒါး မီးနေ၊ သံပန်းသေ၊ ရွှေငွေအ၀ကျွေး” ဟူသည်နှင့်အညီ ဤမည် သော ခါးပိုင်ဆောင် ဒိုင်ယာရီ ဓာတ်လုံးတို့ကို ကျွေးမွေးစရာ ရိက္ခာအတွက် စိတ်ပျက်ပျက်နှင့် ပင် ဆက်လက်၍ တစ်ဖန် ရေး ရပြန်ပေသတည်း။ ထိုသို့ ရေး သား၍ ရသော အခကြေးငွေဖြင့် ဓာတ်လုံးကိုကျွေးသော အခါ စာညွှန်းအတိုငး နေရာကျပါလျှင် (၁) အသက်ရှည်ရှည်၊ ကမ္ဘာတည်၊ ဇာနည်ဇော်ဝိဇ် ဖြစ်လတ္တံ့။ (၂) ဇော်ဝိဇ် ဖြစ်ခါ၊ ပြည်မြန်မာမှာ ၊ ရတနာမိုး ရွာသွန်းဖြိုး၊ ဖြိုးဖြိုးနေ့စဉ် ရွာလတ္တံ့။ (၃) ရွှေငွေမရှား လူတလွှား၊ ဘုရားများ စွာ တည်လတ္တံ့။ (၄) ဘုရားများ စွာ တည်သော ခါ၊ လွန်စွာ အုတ်ဈေးတက်လတ္တံ့။ (၅) အုတ်ဈေးတက်ခါ၊ အုတ်ဆရာ ဥစ္စစီးပွား စြဖ်လတ္တံ့။ (၆) ဥစ္စာပေါများ အုတ်သမား၊ မယားနှစ် ယောက် ယူလတ္တံ့။ (၇) ယူသော မယား နှစ် ယောက် သား ခိုက်ပွားရန်စစ် ဖြစ်လတ္တံ့။ (၈) ရန်စစ် ဖြစ်ခါ တိုင်းပြည်မှာ လွန်စွာ ကယောက် ကယက်တည်း ဟူသော သိုက်တဘောင်အတိုင်း ဆရာမှိုင်း၏ မေတ္တာတန်ခိုးဖြင့် ထိုးအံ့သော ငှာ အောက် မှာ ကြည့်လော။
နှိုင်းချွေဆို မတော် မရာတွေ နှင့် ကလက်တယ်လို့၊ ရိုင်းစေအပို သရော်မှာ တွေ ဘဲ ရှက်လိုက် ပါရဲ့၊ တိုင်းပြည်ကို အပျော်စာတွေ နှင့် ဆက်ရာမှ၊ မှိုင်းရွှေကိုယ် ပေါ်လာမထွက်တာက (သြ) မယားမီးကလဲ တခက်၊ သားသမီးတွေ ကလဲ တဘက်ကယ်နှင့် များများ ကြီး ခက်ရပါတဲ့ ရမ္မက်အထွေထွေ။ (သြ) မရေး ဘူးဟဲ့လို့၊ ရှေးဦး ဟိုယခင်က၊ တရားကိုယ် အမြင် မနော ၀ိဇ္ဇာဂိုဏ်းပေမို့၊ ဗြဟ္မစိုရ် ခင်မင် တောရိပ်ဝနားသု့ စိုင်းတော့မဟဲ့လို့၊ သလိုပင် သဘောစိတ် မှာ နှိုင်းပေမယ့်၊ မနေသာ အဆွေသဟာတို့က ခိုင်းပြန်တော့၊ တိုင်းနယ့်ရိပ်တွေ မှာ မေရယ်၊ အသိုင်းအ၀ိုင်းတွေ နှင့် ချဲ့ချဲ့ပြီးတော့ ဆိုင်းမတွဲ့ သာဘု၊ မှိုင်းရဲ့မိတ်တွေ ။ ။ ပြတ်လိုက်တာ မချမ်းကြည်ဘို့ အချက်တွေ က၊ ဓာတ်သိုက်လာ န်းတည်သည့် ကနက်ပေပ၊ မြတ်ရိုက်ရာ မန်းပြည်ပျက်လေတော့၊ မြန်းချီထွက် ဒဂုံမဏ္ဍလာ နှစ် နယှ်စ်ပြေမှာ ၊ (အို) စုန်ကာ ဆန်ကာ လယ်မလေလို့၊ တရွေ့တရွှေ့ လှည့်လှည့်ပြီေးတာ့၊ မမေ့စွာ သော သတိရယ်နှင့် စေ့စေ့ကြည့် လို့မို့၊ တနေ့နေ့ဖြင့် ထိမှာ ဘဲဟဲ့လို့ တွေ့ မိတွေ့ ရာထိုး။ ။ ဓာတ်လုံးငယ်ကြည်၊ ကပ်ဆုံး ကမ္ဘာတည်ဘို့၊ ရတနာအဆီ န၀င်းတဘောင်သံ ကျွေးတဲ့ပြင်၊ မြန်မာပြည် တြင်းအောင်သံ တေးတွေ နှင့်၊ ကျွတ်ဆုတ်မပြတ် ပတ္ထနာ သူမလေ၊ ၀တ္ထုဇာတ် ကဗျာတွေ ရေး ပါလို့၊ ၀ိဇ္ဇာမှာ ရိက္ခာကျွေးရပါတော့၊ ဟိုရှေးခါ အထက်ထက်က စမ်းခဲ့တာမဖြင့်၊ လိုသေးသကွာ တချက် ကမှ မမှန်းနိုင်ဘု၊ (သြော်) မဂ်ခန်း မမြောက်တမြောက်ဟာမို့ ဘာဝနာကသိုဏ်းနှင့် ဖြည့်ရ ပေသပေါ့၊ ထွက်လမ်း မပေါက်တပေါက်တွင် မှ သဒ္ဓါလှိုင်းကြီး အိအိပြီေးတာ့၊ (အမယ်မင်း) အသပြာဂိုဏ်း က၀ိဟာမို့ တနှစ် တခါ ရွှေပင်ငွေပင်တွေ ပျိုးလိုက်ရင်ဖြင့်၊ မြနမာတိုင်းကြီး ခေတ်အခါ အရှည်အစဉ် မညှိုးပေသမို့၊ ကညာတိုင်းကလဲ တခိခိနှင့် ချစ်ပါချစ်ပါလို့ ဂဟေ ပြင်ကြိုးကြစေဘို့၊ ရတနာအတိုင်းမသိ ဖြစ်စရာ အခြေယဉ်ယဉ်နှင့် ထိုးရပါတော့၊ (အိုကွယ်) ဆရာမှိုင်း၏ မေတ္တာရေစင်တန်ခိုး။
ဤသည်တို့ကား နိဒါန်း၊ ပဏာမ၊ ပဋိညာဉ်၊
အာသီသတို့ ပေတည်း။
၁၂၇၇ ကဆုန်လပြည့်ကျော် ၁၀ ရက်။
ရန်ကုန်မြို့။
မစ္စတာ မောင်မှိုင်း
အခန်း ၁
ရတနာပုံ မန္တလေး ရွှေမြို့တော် ကြီး တည်ခြင်း အကြောင်းကို
ပြောဆိုနေကြပုံ
တစ်ရံရောအခါ ရတနာပုံ မန္တလေးရွှေမြို့တော် ကြီး နောက်မျက်နှာ ဇေယျာပူရတိုင်း စစ်ကိုင်း မြို့တွင် ငါးထပ်ကြီး ဘုရားပွဲတော် ကျင်းပပြုလုပ်သော အခမ်းအနားကြီး၌ အနီးအဝေး ကျေးလက်မြို့ရွာ အပေါင်းတို့ကလည်း သော င်းသော င်းဖြဖြ လာရောက် ဖူးမြော်ကြသဖြင့် အလွန်တရာ စည်ကားလေ၏ ။
ထိုဘုရားပွဲတော် တွင် ကြင်ကြင်နာနာ မေတ္တာမဝေး၊ ရှေးက မိတ်ဟောင်း ကျောင်း နေဘက် သူငယ်ချင်းတို့လည်း နှီးနှော တွေ့ ဆုံတတ်ကြသည့် အားလျော်စွာ ရတနာပူရ အင်းဝမြို့က ကျောင်းဒကာကြီး ဘိုရွှေအိတ်သည် ဘုရားဖူးပြီးလျှင် တန်ဆောင်းထဲမှ ထွက်လာရာ၊ မန္တလေးရွှေမြို့တော် က ဘုရားဒကာ ဦးကြာညွန့် ဆိုသူသည် အနားသို့ ချဉ်းပြီး လျှင်၊ ကျောင်းနေဘက် သူငယ်ချင်း ဖြစ်ကြ၍ ချစ်ခင်ကြင်နာရင်းရှိသည့်အတိုင်း ရုတ် တရက် ဘိုးရွှေအိတ်၏ လက်ကို ဆွဲ၍ “တကတဲဗျာ၊ ခုမှ တွေ့ ရတော့တယ်။ မတွေ့ ရတာ တော် တော် ကြာပြီ။ ကျန်းကျန်းမာမာတွေ့ ရတော့ အပုံကြီး ၀မ်းသာသဗျာ။ ကျောင်းအစ်မ တစ်ယောက် ကော ဘယ်မှာ ထားခဲ့သလဲ” ဟု မေး၏ ။
ထိုအခါ ကျောင်းဒကာ ဘိုးရွှေအိတ်က “ဟုတ်ကဲ့ဗျာ၊ ကျုပ်လည်း ဘုရားဒကာနှင့် တွေ့ ချင်နေတာနှင့် အခန့်သင့်ပဲ။ ကျောင်းအမ တစ်ယောက် တော့ဖြင့် သူ့သားသမီးများ လည်း အပုံကြီး နေထိုင်မကောင်းတာနှင့် မပါနိုင်ဘူး။ ကျုပ်သာ တစ်နှစ် တစ်ခေါက်တော့ဖြင့် ရောက်မှပဲ တော် မကိုးလို့ ကြိုးစားလာရတာ ပဲ။ အသက်အရွယ်က သီသီကြီးလာတော့ အရာရာမှာ ပဲ နေရာမကျချင်ဘူး ဘုရားဒကာရဲ့” ဟု ပြန်ပြော၏ ။
ကျောင်းဒကာ၏ စကားကိုကြားလျှင် ဘုရားဒကာက တစ်ဖန် တုံ့ပြန်ပြောဆိုသည်မှာ “ဟုတ်ပါရဲ့၊ ဘုရားဒကာပြောသလို ပျိုရုပ်ကား ပျောက်၊ ကြီးရုပ်ပေါက်ြ ကတော့ ဘာလောက် ကမှ နေရာမကျကြဘူး ကျောင်းဒကာရဲ့။ အနို့မို့ကြောင့် စလေ ကိုပုညက “တမိုးသောက်ခင်၊ တနေ၀င်လဲ၊ လိုချင်ဇောနှင့်၊ သဘောလှစ်ဖွေ၊ ကိုယ် ဖြစ်ထွေကို၊ စေ့ရေမထောက်၊ လုပ်ရင်းကိုင်ရင်း၊ ကြံစည်ရင်းပင်၊ အိုခြင်းရောက်လို့၊ ကောက်ကောက်ကိုင်းကိုင်း၊ မျက်စေ့ မှိုင်းသည်၊ နားထိုင်းသွားကုန်၊ ဆံဖြူများ ၍ ၊ အသားကြုံသည်၊ လူပုံပျက်ပြား၊ ရွံဘွယ်များ ကို၊ နာဖျားငြိတယ်၊ ဗျာဓိမင်းက၊ နှိပ်နင်းတယ်” လို့ စပ်ဆိုပေတာကပဲ။ ကိုင်း၊ လမ်း မတ်တတ် ကြီး မကောင်းပါဘူး။ လာဗျာ လာဗျာ၊ ဟောဟိုက ဇရပ်ပေါ်မှာ အဖော်တွေ လည်း ရှိသေး တယ်။ နေအေးမှပဲ ပြန်တာပ။ ဗားကရာလူထွက်ကြီး ဦးကျော်ဒွေးတို့၊ ၀န်စာရေး မင်း မောင်မောင်ရွတို့၊ ဘုန်းကြီးလူထွက် သဂြုင်္ိဟ်ဆရာကလေး မောင်ဧတို့၊ သည့်ပြင်လည်း အလုံဆီက ကျုပ်တို့မိတ်ဆွေများ လည်း ရှိကြသဗျ။ အာလာပသလ္လာပ၊ သုခ ဒုက္ခနှင့် စပ်လျဉ်းသော စကားများ ပြောရင်းဆိုရင်း ကြွပါဦး’ ဆိုပြီးလျှင် မိမိတို့ တည်းခိုသော ဇရပ် ခေါ်သွားလေ၏ ။
ထိုသို့ ကျောင်းဒကာ ဘိုးရွှေအိတ် ဇရပ်ပေါ်သို့ တက်လာသော အခါ အဂ္ဂိရတ်စကား၊ သဂြုင်္ိဟ်စကား၊ သားစကား၊ လင်စကား၊ မယားစကား စသဖြင့် မိမိတို့ အလိုရှိရာ ပြောဆိုနေ ကြသော ပရိတ်သတ်များ သည် ဘိုးရွှေအိတ်ဆိုသူကား သက်ကြီးရွယ်ရင့် ဖြစ်သည်လည်း တစ်ကြောင်း၊ ကျောင်းဒကာ ဖြစ်သည်လည်း တစ်ဝ၊ ဓနကြေးငွေ၊ ဆန်ရေစပါး၊ ပေါများ တောင့်တင်း သတင်းပျံ့မွှေး ဌေးချင်တိုင်း ဌေးသော ကြေးရတတ်ကြီး ဖြစ်သည်လည်း တစ်ဖြာ၊ အဆိုပါ ဂုဏ်အများ ကြောင့် ခန့်ညားရိုသေစွာ နေရာထိုင်ခင်းများ ပေး၍ အဝေး ကလည်း အသီးသီး၊ အနီးကလည်း တချို့ ခပ်ယို့ယို့ ထိုင်နေကြသူ အပေါင်းတို့အနက် အထက်ကျော်ကာရီက ၀င်ထွက်သွားလာများ စွာ ဆက်ဆံဖူးသူ ကိုပေါ ဆိုသူက-
‘ကျောင်းဒကာကြီး မာသေးရဲ့နှော’ ဟု ပြောဆို နှုတ်ဆက်သော အခါ၊ ကျောင်းဒကာ ကြီးက ‘မောင် ဘယ်သူတုံး’ ဟု လေးနက်စွာ သော အသံသြဇာနှင့် မေးလိုက်ရာ၊ ကိုပေါက ‘ကျောင်းဒကာကြီး ကျွန်တော့် ကို မမှတ်မိဘူးလား။ လွန်ခဲ့သော လေးငါးနှစ် လောက်က ကျောင်းဒကာကြီးထံ ကျွန်တော် အလုံနယ် ကျေးတောက လာ၍ ငွေ ၂၀၀ိ ချေးရာ အတိုး က သီသီကြီးတာလည်းတစ်ကြောင်း၊ မိုးခေါင်ရေရှား စပါး မအောင်မြင်တာကလည်း တစ်ဒုက္ခနှင့် ရှိသမျှလယ်ခင်း ယာခင်းတို့နှင့် နွားတစ်ရှဉ်းကိုပါ အပ်လိုက်ရတဲ့ အလုံနယ်ပါ ညောင်ကန်ရွာက မောင်ပေါ ပါ ခင်ဗျား’ ဟု ခန့်ညား ရိုသေစွာ နှင့် ပြန်ပြောရာ -
ကျောင်းဒကာ ဘိုးရွှေအိတ်လည်း ‘မောင်ပေါရဲ့၊ ထည်ထည်ဝါ၀ါ လုပ်တယ်လို့လည်း မမှတ်နှင့်။ ဘကြီးမှာ အရွယ်က အိုတော့ မျက်စိများ ကလည်း အပုံကြီး မကောင်းဘူး။ မေ့ တတ်လျော့တတ်လိုက်တာကလည်း မပြောနှင့်တော့။ မနက်က တွေ့ ပေမဲ့ ည မေ့တာ ကလား မောင်ပေါရဲ့။ အနို့ နေပါဦးတော့၊ မောင်တို့ အလုံ မုံရွာဆီမှာ ဆီးဈေးများ ဘယ်လို ပေါက်နေသတုံး’ဟု မေးရာ ‘ကျောင်းဒကာရဲ့၊ ကျွန်တော် လာတုန်းကဖြင့် ၄၅ ကျပ်ဈေး ဖြစ်နေတာပါပဲ။ မုံရွာနှင့် ကြေးမုံမတော့ ငရုတ်ကုန်က အစိတ်ဈေး ဖြစ်နေသည့်ပြင်၊ ခင်မွန်းနှင့် ချောင်းဦးမတော့ ပြောင်းဖူးစေ့ ၁၅ ကျပ်ဈေး ပြု၍ ၊ ဘုတလင်၊ ညောင်ကန်၊ စစ်ပင်၊ ရှောက်ခါးတို့ မတော့၌ ကျဈေး ၃၂ ကျပ်ခွဲ ပေါက်လို့မို့၊ ကျောက်ကာနှင့် အင်တိုင်း မတော့ အရိုင်းချိတ်ထုတ်၊ စပ်တိုင် ဓားခွဲ ၄၂ ကျပ်ခွဲပါပဲ ခင်ဗျား’ ဟု ပြောသော အခါ၊ ကျောင်းဒကာလည်း ဆီကုန်၊ ငရုတ်ကုန်၊ ပြောင်းကုန်၊ ပဲကုန်များ ကို သိုလှောင်လိုသော စိတ် ဖြစ်ပေါ်လာ၍ ‘မောင်ပေါ မပြန်မီ အင်းဝဆီကိုလည်း လာခဲ့ဦးကွာ။ ယခု ဘယ်မှာ တည်း သလဲ။ သားမယားများ ကောပါလာသလား’ ဟု ထပ်မံ၍ မေးသဖြင့်၊ မောင်ပေါက ‘ကျွန်တော် ဘုရားဒကာညွန့်အိမ်မှာ ပဲ တည်းပါတယ်။ ကျွန်တော် ၏ ခင်ပွန်းမိန်းမ မတော့ဖြင့် သေတာ ၃ နှစ် တိတိ ရှိပါပြီ’ ဟု ပြောရာ-
‘ ဖြစ်ပြန် ပျက်ပြန် လောကဓံတဲ့ မောင်ရင်ရဲ့။ သင်္ခါရတွေ ကလား။ ယောက်ျားများ ကံ ကောင်းချင်ရင် မယားသေသတဲ့။ အနို့ နောက်အိမ်ထောင်များ ပြုပါပလား။ မယားဆိုတာ တော့ ရလွယ်ပါရဲ့။ သို့ ရာတွင် အငိုလွယ်လို့ ရှိုက်ခက် ဆိုတာလို မ ဖြစ်ရအောင် ကြပ်ကြပ် စဉ်းစား ပြီးတော့ ကြီးရင်လည်းမှီ၊ ငယ်ရင်လည်းချီရမှ ဆိုတဲ့ ရှေးလူကြီးသူမတို့၏ စကား ပုံကို အာရုံပြုကွယ်။ အသို့နေပါဦးတော့ မောင်ပေါရဲ့။ မင်းတို့ အလုံ မုံရွာတစ်လျှောက်က ကျောက်ကာဆိုတဲ့ရွာဟာ တယ်လို့ ရုပ်သေးသမား ထွက်ပါကလား။ အနို့ ပြီးတော့လည်း ရိုင်း သာစည်၊ ယဉ် အင်တိုင်း ရယ်လို့ စကားပုံတစ်ခု ကြားဖူးပါတယ်။ အဲသည် အင်တိုင်းဆိုတဲ့ ရွာမှာ မိန်းကလေးများ ဟာ တယ်လို့ ယဉ်ကျေးဖွယ်ရာ ရှိသလား’ စသည်ဖြင့် မေးမြန်းရာ-
ကျောင်းဒကာကြီး၏ နှလုံးသွင်း လိုရင်း အခြေကိုမှ မရောက်မီ ‘ဒုဿီလပုဂ္ဂိုလ်ကို လှူလို့ အကျိုးရှိတယ်” ဟု သဂြုင်္ိဟ်ဆရာ မောင်ဧက ပြောရာ၊ ဗားကရာလူထွက် ဆရာကြီး က ‘ဘယ်နည်းနှင့်မှ ကုသိုလ်မရဘူး’စသည်ဖြင့် ဓမ္မ၀န ဓမ္မဒေသနာပွဲက သဲသဲရုတ်ရုတ် အုတ်အုတ်ကျက်ကျက် တစ်ခဲနက်သော အသံဖြင့် ဆူညံမြည် ဟည်းအမျက်ကြီး၍ လက်သီး လက်မောင်းတန်းပြီးလျှင် အကြမ်းပတမ်း အရမ်းမဲ့ငြင်းကြခုံကြလေသည့်အတွက် အင်တိုင်း သူတို့၏ အရေး ကို မေးလို့မှ မဆုံးခင် ကျောင်းဒကာကြီးနှင့် ကိုပေါတို့မှာ စကားကြော ပြတ်၍ နောက်ထပ် မဆက်နိုင်အောင် ဖြစ်ရလေ၏ ။
ထို့နောက် ဘုရားဒကာ ဦးကြာညွန့်ကြီးက ရွှေဘုံနိဒါန်း၊ မင်းခမ်းမင်းနားတို့နှင့် ထီး ဘုရား အဆက်ဆက်တို့၏ အစူအစဉ် မဟာဝင်၊ ရာဇ၀င်၊ ပုံပြင်စကားများ ကိုလည်း ကြားနာ မှတ်သားလိုသည်နှင့်-
‘ဆရာကြီး ဦးကျော်ဒွေးရဲ့၊ ဆရာကြီးတို့တော့ဖြင့် အမရပူရပြည်ကြီးကို ဘုန်းမီးနေလ အစိုးရတော် မူသော သာသနာ ဒါယကာ မဟာဧကရာဇ် မင်းတရား မြှောက်စားသမှု အလေး ပြုသည့် လွတ်တုခတ်နှိပ် တံဆိပ်တော် ရ ဆရာတော် ဖြစ်ခဲ့သည်နှင့်အညီ ဤရတနာပုံ မန္တလေး ရွှေမြို့တော် ကြီးနှင့် စပ်လျဉ်းတဲ့ တြင်းတဘောင်၊ အောင်သံနိမိတ်၊ အတိတ် မှတ်တမ်း၊ ဓာတ်ပန်းကိန်းလက်၊ သိုက်ထွက် စနည်းထွက်များ ကို အချက်ကျကျ သိမြင် တော် မူပေလိမ့်မည် ’ ဟု ပြော၏ ။
ထိုအခါ ဗားကရာလူထွက် ဆရာကြီးက ‘ဟာ ဒီ ရွှေဘုံနိဒါန်း၊ မင်းခမ်းမင်းနားတွေ ၊ မဟာဝင်တွေ ၊ ရာဇ၀င်တွေ ကြည့်လို့ သိရင်ကော ဘာအကျိုးရှိမတုံး။ ကျုပ်တို့တော့ လုံးလုံး ကြီးလည်း ၀ါသနာ မပါပါဘူး။ ရွှေဘုံနိဒါန်းဆိုတာကလည်း ရှေးက ကျုပ်တို့ မြန်မာပြည်မှာ ထီးနန်းစိုက်ခါစ တကောင်းတို့၊ သရေခေတ္တရာတို့၊ ပုဂံတို့၊ မြင်စိုင်းတို့၊ စစ်ကိုင်းတို့၊ ပင်းယ တို့လက်ထက် အဆက်ဆက်က ရှင်ဘုရင်များ အသုံးအဆောင်တွေ ကို အခေါင်အဖျားမှတ် ပြီး လူတတ်လုပ်ကြတဲ့ ၀န်ကြီး ပဒေသရာဇာတို့၊ ဇေယျသင်္ခယာတို့က ရေး ကြတာကလား။ လားလားမှ ကျုပ်တို့တော့ သဘောမကျဘူး။ ကြည့်ပါလားဗျာ့၊ ပုဂံပြည်မှာ ပြူစောထီးမင်း လက်ထက် ဘူးသီးကို လေးနှင့် ခွင်းဖူးတာနှင့်ပဲ ရွှေကို ဘူးသီးပုံလုပ်ပြီး နန်းတော် ထဲမှာ ထားသတဲ့’။ ရွှေဘုံနိဒါန်း ဆရာကလည်း “ရွှေစဉ်ရဲရဲ၊ တခဲရောင် လျှံ၊ ရွှေထွေးခံနှင့်၊ ရွှေစံအိုး ပြစ်၊ လျှပ်စစ်မထူး၊ ရွှေဘူးကရား” ရယ်လို့ ခမ်းနားကြီးကျယ်စွာ စပ်ထားခဲ့တယ်။
‘ပြီးတော့လည်း ကျုပ်တို့မြန်မာပြည် ဧရာဝတီမြစ်တောင်မှ မဆန်နိုင်တဲ့ သင်္ဘောကြီး တွေ ပေါ်နေတဲ့ ခေတ်ထဲမှာ တကတဲ ဘာမဟုတ် ညာမဟုတ် အနုပ်စုတ်ကုပ်စုတ် ဗရုတ် သုတ်ခ လှေတွေ ။ သမ္ဗန်တွေ ၊ လှော်ကားတွေ ၊ ဖောင်တွေ ကို အမြတ်တနိုးလုပ်ပြီး “န၀ရတ် ဖောင်တော် သုံးလူပူဇော် လှေတော် ၊ ပြည်လုံးကျော် လှော်ကား၊ ရေနန်းစကြာကိုး ဘာကိုး” နှင့် ရှေးရိုးလက်ဟောင်းတွေ ကို ကောင်းလုပ်နေတာကလား။ ပြီးတော့လည်း ကျုပ် ရယ်ချင် တာတစ်ခု ရှိတယ်။ ရှေးကျပုံက ကြည့်ပါလား ဘုရားဒကာညွန့်ရဲ့။ အဲ အနှီ ပြူစောထီးတို့ ကိုင်တဲ့ လေးတွေ ၊ ခက်ရင်းတွေ ၊ လက်ရိုက်ခေါ်တဲ့ ဆောက်ပုတ်တွေ ကို လက်နက်ကြီးငါးပါး လုပ်ပြီး လက်နက်စကြာသခင်ရယ်လို့ ရှင်ဘုရင် ကြိုက်အောင်ဟာ မှူးတွေ မတ်တွေ က အလိုက်သင့် မြှောက်ပင့်ခေါ်နေကြတယ်။ တကယ်လို့ဆိုတော့ ထိုခေတ်ကာလဟာ ဟိုကာလနှင့် မတူကြဘူး။ ဗုံးတွေ အမြောက်တွေ နှင့် အနောက်နိုင်ငံများ မှာ ကြောက်ပါး လိလိ ကြီးကလား ကျောင်းဒကာရဲ့။ တကယ့်ကို ရှက်စရာဗျာ။’
‘ကျုပ်တို့ မြန်မာ မှူးမတ်များ ဟာ စက်တို့၊ စိန်တို့၊ အမြောက်တို့၊ ဗုံးတို့ ဆိုတာကို ဘယ်လိုနေမှန်းကိုတောင်မှ ကောင်းကောင်း မသိကြရှာဘူး။ အဲဒါကြောင့် ဘကြီးတော် ဘုရား လက်ထက် မဟာဇေယျသင်္ခယာဘွဲ့နှင့် သံတော် ဆင့်ကြီး ပြုလုပ်သူ ဦးချိန်ရေး တဲ့ “ဝေါဟာရ လိနတ္ထဒီပနီ”ဆိုတဲ့ကျမ်းမှာ စက်လက်နက် ဆိုသည်ကား ပြင်းမာလှသော သံကိုလုပ်သည်။ ပမာဏမှာ အကျယ်အကွင်း တစ်ထွာခန့် တစ်ထွာကျော်ခန့် ရှိသဖြင့် အပသို့ချည်း အသွား ထားသည်။ စက်နား လက်နှစ် သစ်ခန့် ဗြက်ရှိသည်။ အလွန်ထက်မြတ်သည်။ ပစ်လွှတ်သော ကာလ ပြင်းထန်လှသော ကြောင့် လက်ရုံးလည်တိုင်များ ကိုမှန်လျှင် ပိုင်းပိုင်းဖြတ်သော ’ ဟူ၍ ဆိုသည်။ ပဉ္စာလဟိုမင်းအမတ် လာလာဒေဗျီဒတ်နှင့် ပဉ္စာလဟိုမင်း အမှု ထမ်း သူရဲကောင်း တစ်ကျိပ်၊ အမရပူရမြို့တည် မင်းတရားကြီးလက်ထက်၊ သက္ကရာဇ် ၁၁၇၇ ခုနှစ် တွင် ရောက် လာဖူးသည်။ မှူးမတ်တော် တို့ ရှေ့အရပ် ၇ တောင်ခန့်ရှိသည့် ဆောက်ပင်တောကို ထိုစက် လက်နက်ဖြင့် ပစ်လွှတ်၍ ပြသည်။ ထိခိုက်သမျှ သစ်ပင်သစ်ကိုင်း၊ ပိုင်းရရိုင်း ပြတ်လေ သည် ဟူ၏ ။ ထိုစက်လက်နက် စကားမှာ ရာဇ-ဓမ္မာ လောကအကြောင်းသုံးပါးကို နားလည် သိကျွမ်း လိမ္မာသော ကြောင့် ရတနာပူရ စတုတ္ထမြို့တည် မင်းတရားကြီးလက်ထက် ၀န်ကြီး ခန့်တော် မူသော သက္ကရာဇ် ၁၁၂၈ ခု ဖွား မြ၀တီမြို့စား ၀န်ရှင်တော် မင်းကြီး မဟာသီဟသူရ ပြောဆိုဖူးသည် လို့ တွေ့ ရတယ် ဆရာဧရဲ့။ အဲ အနှာမျိုးတွေ ပြောရတော့ မောလှသကွာ’ဟု ဆို၍ လက်ဖက်များ စားပြီးလျှင် ခံတွင်းချဉ်ပြေအောင် ဆေးလိပ်များ သောက်နေလေ၏ ။
ထိုအခါ သဂြုင်္ိဟ်ဆရာ မောင်ဧက “တတ္ထကတမံ၊ ကာမာဝစရံ” ဆိုတဲ့ သဂြုင်္ိဟ်စကား အရ ‘ကာမဘုံဆိုတာ အလွန်တရာ ရှုပ်တာကလား ဆရာကြီးရဲ့။ အခုတင်က ဆရာကြီးပြော တဲ့ ဘကြီးတော် လက်ထက်မှာ ပဲ မဟုတ်လား။ အင်္ဂလိပ် အစိုးရနှင့် ပထမ စစ်တိုက်ကြတာ’ ဟု ပြောသော ကာလ-
ဗားကရာဆရာကြီးက ‘အဲ အနှီ လက်နက်စကြာသခင်လက်ထက်၊ သက္ကရာဇ် ၁၁၈၆ ခုနှစ် မှာ ပ၊ အင်္ဂလိပ်အစိုးရနှင့် မဟုတ်ဘူး။ အရှေ့ဘက် အိန္ဒိယကုမ္ပဏီဆို ထင်ပါရဲ့၊ အင်္ဂလိပ် ကုန်သည်ကြီးတွေ နှင့် တိုက်လိုက်ကြတာ။ ကျုပ်တို့ မြန်မာဘုရင်က ရှုံးလို့ ကသည်းပြည်၊ အက္ကပတ်ပြည်၊ ရခိုင်ပြည်၊ တနင်္သာရီပြည်များ ကို ဘွဲ့ဖြူလက်နက်ဆိုတဲ့ လျော်ကြေးငွေ တစ်ကုဋေနှင့်တကွ ပေးလိုက်ရတယ်။ အဲဒီ အနှီ စစ်မတိုက်ခင် ၁၁၉၅ ခုနှစ် လောက်ကပဲ သူတို့ အင်္ဂလိပ်ပြည်မှာ တော့ နွားနှင့်မမောင်းဘဲနှင့် အလိုလိုသွားနိုင်တဲ့ မီးရထားဆိုတာမျိုး ပေါ်ကုန်ပြီလို့ ကြားရဖူးတယ်။ အဲ သူတို့ အင်္ဂလိပ်ပြည်တွင် ၀ီလျံဘုရင် အနိစ္စ ရောက်တော် မူပြီး၊ တူမတော် ၀ိတိုရိယဆိုတဲ့ ရှင်ဘုရင်မဟာ ၁၁၉၉ ခုနှစ် မှာ ထီးနန်းရသတဲ့။ အဲ အနှီ ရှင်ဘုရင်မ လက်နက် သက္ကရာဇ် ၁၂၁၄ ခုမှာ ကျုပ်တို့ မြန်မာရှင်ဘုရင် ပုဂံမင်းနှင့် တိုက်ကြ ပြန်ရာ စစ်မတိုင်ခင် ထုတ်ပြန်လိုက်တဲ့ အမိန့်တော် ကိုကပဲ ဘုန်းတော် အလွန် ကြီးမြတ် တော် မူလှသော ရေမြေအရှင် ဆဒ္ဒန်ဆင်မင်းသခင် ဆင်ဖြူများ ရှင် လက်နက်စကြာသခင် အရှင် ဘ၀ရှင် မင်းတရားကြီး ဘုရားကြီး အမိန့်တော် ရှိသည်။ ပ-တပ်တော် ချတိုင်းလည်း၊ ရတနာသုံးပါး၊ သာသနာတော် စောင့်၊ သမ္မာဒေ၀နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်မြတ်တို့အား ထမင်းမုန့်ယို၊ အချိုအဆိမ့်၊ ဆေး ကွမ်း လက်ဖက်၊ အုန်း ငှက်ပျော၊ အမွှေးအထုံတို့ဖြင့် တင်လှူပသ ပူဇော်ပြီးလျှင်’ စသည်ဖြင့် ပါသတဲ့။
‘တကယ်လို့ဆိုတော့ စစ်ကိုနိုင်အောင် ဘယ်လိုတိုက်ရမည် ကိုသာ အမိန့်တော် ထုတ် ဖို့ ရှိတယ်။ ယခုတော့ နတ်တင်ရမတဲ့။ အနှာလို ဟာတွေ ကြောင့်ပဲ မဟုတ်လား။ ပဲခူးတို့၊ တောင်ငူတို့၊ ပြည်မြို့တို့ ပေးလိုက် ရတာ ’ဟု ပြောပြီးလျှင် ‘ကိုင်း ကျုပ်လည်းမောပြီး။ ရာဇ၀င် စကားကို ကြားနာ မှတ်သားလိုကြသေးလို့ရှိလျှင် ဟောဟိုက ၀န်စာရေး မောင်မောင်ရွက ဂဃနဏ နေရာတကျ ဖအေကို သားက သတ်ကြတာတွေ ၊ ညီတော် နောင်တော် တိုက်ကြ ခိုက်ကြတာတွေ ၊ ဘုရားတည်တာတွေ ၊ ရှမ်းပြည်နယ် ရှမ်းရွာက သမီးကညာ ဆက်တာတွေ ၊ မိဖုရားမြှောက်တာတွေ ကို ခမ်းနားကြီးကျယ် ဖွယ်ဖွယ်ရာရာ ပြောပြပါလိမ့်မယ်’ ဟု ဆို၍ လက်ဖက်များ စား၍ ကွမ်းများ ၀ါးလေသည်။
ယင်းသို့ ဗားကရာဆရာကြီးပြောဆိုသည့် စကားများ ကို ကြားနာမှတ်သားပြီးနောက်၊ ၀န်စာရေး ကျ မောင်မောင်ရွ စိတ်တွင် ‘သြော် ဒီလို မတော် မတည့် ကန့်လန့် ပြောတတ်တဲ့ အတွက် ဘိုးတော် ဘုရား အမျက်တော် ရှပြီး ရဟန်းဘ၀က အတင်းထွက်ခိုင်းတာနှင့်ပဲ တူရဲ့’ ဟု အောက်မေ့လေ၏ ။
ထို့နောက် ပရိတ်သတ်များ က ‘ကိုင်းဗျာ ဆရာကြီးကဖြင့် တစ်ခန်းရပ်သွားပြီ။ စာရေး တော် မင်း မောင်မောင်ရွ အလှည့်သာ လိုတော့တယ်။ ကျုပ်တို့ နားမလည်တဲ့လူများ ကြားနာ မှတ်သားရအောင် ကုန်းဘောင်ရာဇ၀င်ဆက်ကို အမြွတ်လောက် ဖြစ် ဖြစ် အမိန့်ရှိစမ်းပါဦး’ ဟု တောင်းပန်ကြလေသည်။
သို့ တောင်းပန်ကြသော အခါ မောင်မောင်ရွသည် အထက်ကျော် ကာလများ က မင်းပါးစိုးခွင်၊ ထွက်ဝင်ခယမ်း၊ ထမ်းရွက်ခဲ့ဖူးသော စာရေး ကြီး တစ်ယောက် ဖြစ်သည်နှင့်အညီ ဤမည် သော မဟာရာဇ၀င် ပုံပြင်နိပါတ်၊ ဇာတ်ဝတ္ထု အပေါင်းတို့ကိုတော့ ထောင်းထောင်း ညက်ညက် ကျေနေကြောင်း၊ မေးချင်ရာက မေးကြပါမည့် အကြောင်းများ နှင့် ခပ်ကြွားကြွား ပြောလိုက်ရာ-
ဗားကရာ ဆရာကြီးက ‘မောင်မောင်ရွက ရာဇ၀င်ကျေတယ် ဆိုရင် တစ္ဆေက ရှင်ဘုရင် လုပ်ဖူးတာများ တွေ့ ဖူးရဲ့လား’ ဟု မေးမြန်းသဖြင့် မောင်မောင်ရွက ‘တွေ့ ဖူးပါရဲ့ ဆရာကြီးရဲ့။ သာသနာတော် သက္ကရာဇ် ၁၆၂ ခုနှစ် တွင် မင်းပြုတော် မူတဲ့ စန္ဒဂုတ်မင်းကြီးသည် ထီးနန်းစည်းစိမ် ၂၄ နှစ် ရှိသော အခါ မင်းကြီးကိုယ်မှာ ဒေ၀ကုမ္ဘ တစ္ဆေဘီလူးဝင်ပူးပြီး နန်းစံ နေကြောင်းနှင့် ပယောဂအကျော် ပုဏ္ဏားတော် များ လျှောက်ထားချက်အရ သားတော် ဗိန္ဒုသာရမင်းက မင်းချင်း ၂ ယောက် ကို ဓားနှင့် ခုတ်စေ၍ ဖုတ်တစ္ဆေ သေသော ကာလမှ သားတော် ဗိန္ဒုသာရ ထီးနန်းကိုရကြောင်းနှင့် မဇ္ဈိမဒေသက မင်းစဉ် မဟာဝင်မှာ အထင် အရှားပါပဲ’ ဟု ဖြေလိုက်ပြီးနောက်၊ ထပ်၍ တစ်ဖန် ဆရာကြီးက မေးပြန်သည်မှာ ‘အနို့ နေပါဦးတော့ ၀န်စာရေး ရဲ့။ ကျုပ်တို့ မြန်မာရာဇ၀င်မှာ ကော တစ္ဆေသား မင်းပြုတာ တွေ့ ဖူး ရဲ့လား’ ဟု မေး၏ ။
ထိုအခါ မောင်မောင်ရွက ‘ဆရာကြီးရဲ့၊ ယခု ပုဂံမြို့၏ တောင်ဘက် လောကနန္ဒာ ဘုရားအရှေ့တွင် သေလည်ကြောင်မင်း တည်ခဲ့တဲ့ သီရိပစ္စယာမြို့က ပြောင်း၍ သိုက်တိုင် မင်း လက်ထက် သက္ကရာဇ် ၄၃၈ ခုတွင် အဲဒီ သီရိပစ္စယာမြို့ အရှေ့မြောက်ယွန်း သမထီး အရပ်၌ မြို့တည်ပြီးလျှင် တမ္ပ၀တီ သမုတ်တော် မူတဲ့။ ထိုတမ္ပ၀တီမြို့တည် သိုက်တိုင်မင်းမှ ၈ ဆက်မြောက်မှာ ဆရာကြီးတို့လို ဘုန်းကြီးလူထွက် ရှင်ဘုရင် ပုပ္ပားစောရဟန် နန်းစံ သတဲ့။ အဲဒီ စောရဟန်မင်းနောက် နန်းတက်တဲ့ မြင်းကျွေးမင်းဆိုတာ တစ္ဆေရဲ့ သားရယ်လို့ ပုဂံရာဇ၀င်များ မှာ ဆိုတယ်’ဟု ပြောသော အခါ ကျောင်းဒကာဘိုးရွှေအိတ်က ‘သြော် ဒီလိုတဲ့ လား။ အနို့မို့ကြောင့် ပုဂံရာဇ၀င်ပြော တုတ်ထမ်းပြောရတယ်လို့ လူကြီးသူမများ ပြောခဲ့တာ ပဲ’ ထင်ပါရဲ့ ဟု ဆို၏ ။
ထို့နောက် ဘုရားဒကာ ဦးကြာညွန့်က ‘ကိုင်းဗျာ၊ ကိုင်းဗျာ၊ ကျောင်းဒကာတို့က တစ်ဆိတ်သည်းခံကြပါဦး။ ၀န်စာရေး မောင်မောင်ရွကသာ ဆက်လက်ပြီး အမိန့်ရှိပါ’ ဟု ဆို၏ ။
ထိုအခါ မောင်မောင်ရွက မိမိ ခံဝန်ချက်အတိုင်း ဆက်လက် ပြောဆိုသည်မှာ -
‘ “သော်တာကန်ကြီး ဟင်္သာစီး၊ အင်းကြီး သည်တွင် ပျက်လတ္တံ့” ဆိုတဲ့ ဇာဂရုသိုက် အတိုင်း ကျောင်းဒကာ ဘိုးရွှေအိတ်တို့နေတဲ့ အင်းဝမြို့ ရွှေနန်းမှာ ညောင်ရမ်းမင်းတရားကြီး က ဆင်းသက်၍ ဆယ်ဆက်မြောက် လောကသရဖူ ဘုရားဒါယကာ ဟံသာဝတီရောက်မင်း လက်ထက် သက္ကရာဇ် ၁၁၁၁ ခုနှစ် က ရာမညတိုင်း မွန်တို့ တိုက်ခိုက်ခြင်းကြောင့် အင်းဝ ပြည်ကြီး ပျက်စီး တိမ်းယိမ်းရုံမျှမက အင်းဝဘုရင် ရွှေနန်းရှင်ကိုပါ ဖမ်းသွားပြီး ပဲခူးမြို့မှာ သတ်ပစ်လိုက်သတဲ့။’
‘ “န၀မသေ သကာလေ ၅၄၀ ကြွင်းသော ကာလ၌ ၊ ပမက္ခရရာဇညော မြန်မာမင်း သည်၊ ၀ိနသနေ ပျက်လတ်သည် ရှိသော်၊ ဥတ္တရ ဌာနတော မြောက်အရပ်မှ၊ ဘူဓိပါလော ရေမြေကို အစိုးရသော ၊ ပမက္ခရရာဇာ မြန်မာမင်းသည်၊ ဘ၀ိသတိ ဖြစ်လတ္တံ့” ဆိုတဲ့ နတ်စက်ရောင် သိုက်အရလည်ကောင်း။ “ဘိုသုံးဘိုတွင် တစ်ဘိုက မီးတောက်လောင်ညီး၊ မှော င်ကြီး ပျောက်လတ္တံ့” ဆိုတဲ့ ဂ၀ံပတေ့၊ ရသေ့ဆရာ သိုက်အရ လည်းကောင်း၊ “ဘုရားလောင် ငုံးမင်း ဇာတ်တော် မှာ ငုံးမင်းနေရာ ကွက်ကွက်ကလေးကိုသာ ချန်၍ မြိုင်ယံတောလုံး တဟုန်းဟုန်း တောက်လောင်သော တောမီးကြီးကဲ့သို့” လည်းကောင်း၊ “မုဆိုးဘို၊ အုပ်ဘို၊ နဂါးဘို ဆိုတဲ့ ဘိုသုံးဘိုတို့အနက် မြန်မာ့ဦးစွန်း ထွန်းလတ္တံ့သော မုဆိုး ဘို ကွက်ကွက်ကလေးသာ ကျန်ရှာ သည်တွင် ဇာနည်ဘုန်းရောင် ၊ လက်ရုံးထောင်၍ ၊ ကုန်း ဘောင်နန်းဦး၊ ရန်ညွန့်ခူးတဲ့၊ လူမှူးထွတ်ဖျား အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ဌာနနေရာ မုဆိုးဘိုရွာကို ရတနာသိင်္ဂ ဆိုတဲ့ မော်ကွန်းစိုက်လျက် သက္ကရာဇ် ၁၁၁၄ ခုတွင် နန်းစံရာ ရှစ်နှစ် ကြာသတဲ့။ ၎င်းနောက် သားတော် စစ်ကိုင်းမင်း နောင်တော် ကြီး ဆိုတာ ၁၁၂၂ ခုနှစ် တွင် ဘုရင် ဖြစ်ပြီးလျှင် စည်းစိမ်တော် ၃ နှစ် ရှိပြန်လျှင် နတ်ထံသို့ ကြွတော် မူ၏ ။ အဲဒီ နောက် ညီတော် ဆင်ဖြူဆက်၍ သက္ကရာဇ် ၁၁၂၅ ခုတွင် နန်းတက်လျှင် နန်းသက်တော် ၁၂ နှစ် ရှိလေသော်၊ သားတော် စဥ့်ကူးမင်း ၁၁၃၈ ခုနှစ် နန်းစံတော် မူရာ ၆ နှစ် ကြာလျှင် တဘောင် ပေါ်သည်မှာ ပန်ပါတဲ့ ပန်ပါ၊ ရွှေမင်းဝံ တော် ပေါ်ထိပ်က၊ လူပျိုတော် မောင်စံအိတ်ကယ်၊ ပန်းဆိပ်လို့လာ၊ မပန်သာ နေပါအသင့်၊ ကြက်သူငယ် တွန်သံဆုံးလျှင်၊ ဘုန်းပန်ဘို့လင့် ဆိုတဲ့ တဘောင် ပေါ်သတဲ့ ကျောင်းဒကာရဲ့” ’ ဟု ပြော၏ ။
ထိုအခါ ကျောင်းဒကာ ဘိုးရွှေအိတ်က ‘တစ်ဆိတ်လောက် ဒီတဘောင်ရဲ့ ဆိုလိုတဲ့ သဘောနိမိတ် အဓိပ္ပာယ်ရင်းကို လင်းကျင်းတော် မူပါဦး’ မောင်မောင်ရွဗျား ဟု ဆို၏ ။
မောင်မောင်ရွက ဆက်လက်၍ ပြောဆိုပြန်သည်မှာ ‘ဒီတဘောင်ရဲ့အဓိပ္ပာယ် ဆိုလိုရင်း အချက်မတော့ ထီးဆက်နန်းမွေ အတိုင်းမှာ ညီတော် နောင်တော် အစဉ်လိုက် ဆင်ဖြူရှင် နောက်ကို ဘိုးတော် ဘုရားသား နန်းစံထိုက်ပေတယ်။ သို့ရာတွင် တဘောင်အတိုင်း ဆိုင်းလင့် တော် မူလျှင် ဆင်ဖြူရှင်တို့၊ မောင်မောင်တို့ မဆီမဆိုင် ၀င်ပြီး ဘုရင်လုပ်ကြတာနှင့် ဘိုးတော် ဘုရား ရှောင်ရှားနေတော် မူရပုံကိုး ကျောင်းဒကာရဲ့’ ဟု ပြောလေသည်။
ထို့နောက် ဘိုးရွှေအိတ်က ‘ကိုင်းဗျာ၊ ရှေ့ကိုဆက်ပြီး မိန့်တော် မူပါဦး’ ဟု ဆိုပြန်၏ ။ “မင်းရဲ့ နောက်မှာ ကား နောင်တော် ကြီးသား အသက်အရွယ် ၁၈ နှစ် မျှသာ ရှိသေးတဲ့ ကြက် သူငယ်နှင့်တူသော မောင်မောင်သည် ခါးတောက်မြစ်ယှက်၊ စိုက်ရောဘက်သား၊ သရက်ပင် မင်း၊ သီးချိုကင်းသို့ ဆိုတဲ့ ကိုးခန်းလင်္ကာအတိုင်း တမာပင်၊ ခွေးတောက်ပင်နှင့် မထူးသော မှူးမတ်မိုက်တွေ နှင့်ပေါင်းပြီး ၎င်းဆင်ဖြူရှင်ကို နန်းမှချလျက် သက္ကရာဇ် ၁၁၄၃ ခုနှစ် တွင် ဘုရင်ပြုလုပ်တော် မူရာ၊ တဘောင်ပေါ်လာပြန်သည်မှာ နိဗ္ဗာန်ဆို ဝေးသမို့လား၊ ထူပါရုံမှာ အနွေးသားတဲ့။ အဓိပ္ပာယ် လိုရင်း စကားမတော့ရတနာပူရ အင်းဝရွှေနန်းကို ဘိုးတော် ဘုရား ရ၍ ချမ်းမြသာကြည်၊ အေြး ကတော့မည် ကြောင့်ကိုဗျာ့။ ၎င်းနောက်တစ်ဖန် ပေါ်လာပြန် သော မန်ကျည်းပင်တောင်ကိုင်း၊ ဗျိုင်းနားတဲ့ ဗွက်သိုက်၊ မောင်မလာအား၊ လူငှားလို့လွှတ် လိုက် ဆိုတဲ့ တဘောင်၏ သဘောကို ပြောရမှာ ဖြင့် မန်ကျည်းပင်ဆိုတာက ဘိုးတော် ဘုရား အိမ်နိမ့်မှာ စံစဉ် နေထိုင်တော် မူတဲ့ စစ်ကိုင်းမြို့၊ တောင်ကိုင်း ဆိုသည်ကား စစ်ကိုင်းမြို့ လက်ယာ ရတနာပူရ အင်းဝမြို့ကို ဆိုလိုတယ်။’
‘အဲဒီ အင်းဝမြို့မှာ ဆင်ဖြူရှင်နတ်ရွာစံကတည်းက တကတဲ ရှုပ်ရှုပ်ထွေးထွေး ဗွက်သိုက် လိုနေတာကို လွယ်ကူစွာ နှင့်ပင် အရင်ပြောခဲ့တဲ့ မောင်မောင် နန်းတက်လို့ ၇ ရက်ခန့်မျှသာ ကြာလျှင် သက္ကရာဇ် ၁၁၄၃ ခုနှစ် တွင် ဘိုးတော် ဘုရား ထီးနန်းကို ရတော် မူရာ၊ ဘိုးတော် ဘုရား နန်းစည်းစိမ် ၃၈ နှစ် မှာ နတ်ရွာစံတော် မူတယ်တဲ့။ အဲဒီ ဘိုးတော် ဘုရားမြေးတော် ဖန်နန်းရှင်ခေါ် ဘကြီးတော် ဘုရား ထီးနန်းကို ရလေသော်၊ တဘောင်ပေါ်ပြန်သည်မှာ ရွှေဘို ချဉ်ပေါင် ၇ တောင်၊ ဖူးခေါင်ဝေ၍ ဖြိုး တဲ့။ အဲဒီ တဘောင်အတွက်နှင့်သက္ကရာဇ် ၁၁၈၁ ခုနှစ် တွင် ရွှေဘိုဆက် ၇ ဆက်မြောက် ဘကြီးတော် ဘုရား နန်းတက်တော် မူရာ စည်းစိမ်တော် မှာ ၁၈ နှစ် တဲ့’ ဟု ပြောလေ၏ ။
ထိုအခါ ဗားကရာဆရာကြီးက ‘ဘယ့်နှယ်လဲ ၀န်စာရေး ရဲ့။ မင့်တဘောင်က ဖူးခေါင် ဝေ၍ ဖြိုး လို့သာဆိုတယ်။ အဲဒီ ဘကြီးတော် လက်ထက်မှာ ပဲ မဟုတ်လားကွယ်၊ မတူလျှင် မတုနှင့် ဆိုတာကို သတိမထားဘဲ ကုလားနှင့်စပြီး ပထမစစ် ဖြစ်လို့ စိတ်ညစ်စရာ ဖြစ်ကုန် တာ’ ဟု ဖြတ်၍ ပြောလေ၏ ။
ထိုအခါ (ယေဘုယျအားဖြင့် သတ္တ၀ါတို့ မည် သည်မှာ မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ် စေ မိမိက ဟုတ်သည်ဟုထင်နေသော အချက်ကို တစ်စုံ တစ်ယောက် သော သူက ၀င်ရောက် စွက်ဖက်၍ မဟုတ်ဘူးဟု ပြောလိုက်သော အခါ လွန်စွာ စိတ်ဆိုးလေ့ရှိကြသည့်အတိုင်း) ၀န်စာရေး မောင်မောင်ရွလည်း အနည်းငယ် စိတ်မချမ်းသာသော လက္ခဏာဖြင့် မျက်မှော င် ကုတ်ခြင်း၊ မျက်ထောင့်နီခြင်း၊ နဖူးရေရှုံ့ခြင်း၊ နှုတ်ခမ်းမွေးထောင်ခြင်း စသည်တို့ ဖြစ်ပေါ် လာပြီးလျှင် ဆရာကြီးရဲ့၊ ခင်ဗျား ကျွန်တော် ထက် အသက်အရွယ်ကြီးပါရဲ့၊ ခင်ဗျား ကြီးပေမဲ့ ကျွန်တော် က တစ်ခုပြောချင်တယ်။ ကျွန်တော် ပြောတာကို ဆုံးအောင်များ နားထောင်ပါဦး။ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုတာလို မလုပ်နှင့်ဟု ခပ်မာမာ ပြောလိုက်လေ၏ ။
ယင်းသို့ မောင်မောင်ရွ ပြောသော စကားများ ကို ဆရာကြီးကြားလျှင် များ စွာ စိတ်ဆိုး ခြင်း ဖြစ်ပေါ်လာ၍ ‘ဟေ့ မောင်မောင်ရွ၊ မင်းရွတ်တဲ့ တဘောင်မှာ “ဖူးခေါင်ဝေ၍ ဖြိုး” ဆိုတာ နေရာမကျလို့ မကျကြောင်း ပြောတာကွ။ မင့်တဘောင်ကို ဟော အနှီလို ပြင်ရမယ်။ “ရွှေဘို ချဉ်ပေါင် ၇ တောင်၊ ဖူးခေါင်ခွေ၍ ကျိုး” လို့ ပြင်ရမယ်။ အသို့မှ မင့်ဘကြီးတော် ဘုရား လက်ထက်နှင့်ကိုက်မယ်။ အလကား တဘောင်ကိုက တောင်မရောက် မြောက်မကျ၊ ဘာ မဟုတ် ညာမဟုတ်’ ဟု ဆိုလေ၏ ။
ထိုသို့ ဆရာကြီးနှင့်မောင်မောင်ရွတို့ ခိုက်ရန် ဖြစ်ပွား စကားများ သော အရေး ကို သဂြုင်္ိဟ်ဆရာကလေး မောင်ဧက ဖျန်ဖြေစကား ပြောဆိုသည်မှာ ‘ဆရာကြီးနှင့် စာရေး တော် မင်း နှစ် ဦးတို့အား ကျွန်တော် က အထူး အစီရင်ခံပါရစေ။ ဒီ တဘောင်ဟာ ဘကြီးတော် ဘုရား ရွှေလက်ထက်တော် မှာ ပေါ်တဲ့ တဘောင် ဟုတ် မထင်ပါဘူး။ ဟုတ်ခဲ့လို့ရှိရင် မှန်ရမယ်။ ရှေး ရှေးကပဲ ပေါ်တဲ့ တဘောင် ထင်ပါရဲ့။ သို့မို့ကြောင့် တဘောင်နှင့် ဖြစ်ပုံပျက်ပုံဟာ တက်တက် စင်အောင် ကွာနေတာပ ဟု ပြောသည့်ပြင် ကိုင်းဗျာ၊ ဆရာကြီးကလည်း သည်းခံပါ။ စာရေး တော် မင်းကလည်း ဆရာကြီးပြောတာကို ဗွေမယူပါနှင့်’ ဟု ပြော၏ ။
ဤသို့ သဂြုင်္ိဟ်ဆရာက ပြောသော အခါ မောင်မောင်ရွကလည်း ဆက်လက်၍ ပြော ပြန်သည်မှာ ‘အဲ ယခုပြောတဲ့ ဘကြီးတော် ဘုရား နန်းစံ ၁၈ နှစ် ၊ သက္ကရာဇ် ၁၁၉၉ ခုမှာ ညီတော် ရွှေဘိုမင်း ဆက်လက်၍ နန်းတက်တော် မူတယ်တဲ့။ အဲဒီ ရွှေဘိုဘုရင် နန်းစံ ၉ နှစ် တွင် နတ်ခွင်သို့ လားရာ၊ သားတော် ပုဂံမင်း ဆက်လက်၍ သက္ကရာဇ် ၁၂၀၈ ခုနှစ် မှာ နန်းစံ တော် မူတယ်တဲ့။ အဲဒီ ပုဂံမင်း နန်းကျခါနီး တွင် “တောင်ကချောက်လို့၊ မြောက်ကယူ၊ အလယ် လူ အူနှင့် ဟောင်းလောင်း” ရယ်လို့ သံချပ်တဘောင် ပေါ်တဲ့အတိုင်း ပုဂံမင်းတရားသည် ဘာသာမျိုးခြား ကုလားဘိုင်ဆန်နှင့် ဦးဘိန်တို့ကို စည်းစိမ်ရာထူး ချီးကျူးထောက်ပံ့၊ အဆ မတန်အောင် မြှောက်မြှင့်တော် မူလေရာ၊ အဆိုပါ ကုလားနှစ် ဦးတို့က မကြားဖူး မမြင့်ဝံ့အောင် တိုင်းဘောင် ပြည်သူ ရှင်လူခပဲတို့အား ညှဉ်းဆဲကလူ နှိပ်စက် ပြုမူကြသည့်အတွက် မြို့ပျက် မလောက် ကယောက် ကယက် ပွက်ပွက်ဆူကာ ကြေညာချောက်ချား တိုင်းကား ပုန်ကန်၊ ခိုက်ရန်မငြိမ်း၊ မုဒိမ်းတန္တ၊ ပြွမ်းပြွမ်းထသဖြင့် အမရပူရမြို့အလုံး တရုန်းရုန်း ဖြစ်လတ်သော်၊ အောက်အရပ် အကြေမှ အင်္ဂလိပ်များ ကလည်း တိုက်၊ ညီတော် မင်းတုန်းကလည်း မြောက်မြင်းနယ် ရွှေဘိုသို့ထွက်ပြီး တိုက်ပြန်နှင့် ပုဂံမင်းတရား နန်းကျလျက် သက္ကရာဇ် ၁၂၁၄ ခုနှစ် တွင် ယခု ရွှေနန်းရှင်ဘုရား စိုးစံတော် မူပါရောတဲ့’ ဟု ပြော၏ ။
ထို့နောက် ဗားကရာဆရာကြီးက တစ်နည်း ထောက်ခံပြောဆိုသည်မှာ ‘ဟုတ်ပေတယ် ဘုရားဒကာညွန့်ရဲ့။ မင်းများ တရားမစောင့်တော့ နှောင့်နှောင့်ယှက်ယှက် ဖြစ်ကုန်တာပ။ ရှေးက အင်းဝမြို့ ကောင်းစားစဉ် ရွှေနန်းကြော့ရှင် ဘုရင် နရပတိ လက်ထက် သက္ကရာဇ် ၈၈၈ ခုနှစ် ၀ယ် ဂငယ်သုံးခု ဥသျှစ်ထု ဆိုတဲ့ အဂ္ဂိရတ် လင်္ကာအတိုင်း ရှမ်းမင်း သိုဟန်ဘွားသည် ကျုပ်တို့ မြန်မာပြည်အလုံးကို တိုက်ခိုက်ဖြိုဖျက်၊ လက်နက်နိုင်ငံ ပြုမိလျှင်ပဲ ရှင်ရောလူပါ မချမ်းသာအောင်၊ ပရမ်းပတာ၊ ရက်စက်စွာ စိုးအုပ်တော် မူသည့်အတွက် ထိုလက်ထက် ထိုအခါ ကဗျာတွင် ယှဉ်ဘက်မရတဲ့ ရှင်အဂ္ဂသမာဓိ ပုဂ္ဂိုလ်သည်လည်း ထိုအင်းဝနေပြည် တော် မှ ရှမ်းကဒူးတို့နေရာ မြေဒူးမြို့ကျေးသို့ ပြေးလွှား ကြွသွားတော် မူရရှာသတဲ့။’
‘အဲ အနှီ၊ မြေဒူးမြို့သို့ ရောက်တော် မူမှ နောင်လာ နောက်သားတို့ မှတ်သားစရာ “နေမိ ငရဲခန်း” ပျို့လင်္ကာကို စပ်ဆိုတော် မူပြီးနောက်၊ ကြောက်စရာ့ ကာလဆိုးကြီးကို ဓားမိုး၍ ခုတ်ပိုင်းဖြတ်တောက် ပစ်တော် မူလိုက်ချင်ကြောင်းများ နှင့် ၎င်းပျို့အဆုံး နိဂုံး စပ်ဆိုတော် မူ သည်မှာ ရွှေပြည်အင်းဝ၊ ပုဂံစသား၊ မြန်မာလက်နက်၊ ပျက်သော အခါ၊ ကြိုက်သိပါ၍ ၊ င့ါစာ မကျော်၊ ငါတုံသော်လည်း၊ ရှင်တော် ဟောရွတ်၊ ပိဋကတ်ကို၊ နှုတ်မှခံနား၊ တပည့်သားအား၊ တည်ကြားနိစ္စ၊ မသင်ရတည့်၊ ဗု-ပ-မသိ၊ ဒိဋ္ဌိဝင်ကျုံး၊ နှလုံးယွင်းဖည်၊ ကဒူးပြည်ဝယ်၊ မွန်ရည်ကောင်းဖျား၊ ပတ္တမြားကို၊ ဖလားဖန်ခွက်၊ အဘိုးထွက်သို့၊ နှို်းချက်လေဟန်၊ တို့ကို မွန်လည်း၊ လွန်ရှာစနိုး၊ ကာလဆိုးကို၊ ကြိုးတပြီးကား၊ သံရှင်ထားနှင့်၊ လွှားလွှားစင်ကျ၊ ဖြတ်ချင်လှ၏ ဟူ၍ လည်းကောင်း၊ တစ်ကြောင်းလည်း ထိုအင်းဝပြည်နန်း၌ မင်းကောင်း မင်းမွန်တို့ စိုးအုပ်စေချင်ကြောင်း ဆုကောင်းဆုယူ ပြုလုပ်တော် မူကြောင်းနှင့် ၎င်းပျို့ ဒုတိယ တွဲ အဆုံး နိဂုံး၌ ဆိုသည်မှာ လည်း ကုသိုလ်တစ်ခု၊ ငါလျှင်ပြုသား၊ သာဓုပွက်ဟ၊ ကျမ်းတေဇ ကြောင့်၊ အင်းဝရွှေနန်း၊ မင်းကောင်းထွန်းစေ ဟူ၍ လည်းကောင်း အကြောင်းအားလျော်စွာ ကဗျာလင်္ကာ စီကုံးဖွဲ့တော် မူခဲ့ပေတယ် မောင်ဧရဲ့’ ဟု ပြော၏ ။
တစ်ဖန် ကျောင်းဒကာ ဘိုးရွှေအိတ်က ထပ်မံ ပြောဆိုပြန်သည်မှာ ‘ကိုင်းဗျ၊ စာရေး တော် မင်းက ယခု ရွှေနန်းရှင်ဘုရား လက်ထက် ဖြစ်ပျက်ပုံ အခမ်းအနားများ နှင့် ရတနာပုံ မန္တလေးရွှေမြို့တော် ကြီး တည်ထောင် ဖန်ဆင်းတော် မူပုံများ ကို ခြားခြားနားနား အမိန့်တော် ရှိစမ်းပါဦး’ ဟု ထပ်မံ တောင်းပန်ပြန်လေ၏ ။
ထိုအခါ ဘုရားဒကာညွန့်က ‘ကျောင်းဒကာရဲ့၊ ဒီ မန္တလေး ရွှေမြို့ကြီးကို တည်သော အခါ ကြီးကြပ်စီမံရတဲ့ ၀န်ရှင်တော် မြတောင်မြို့စား သေနတ်ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှ ကျော်သူရဲ့ တပည့်ပဲကလား။ မောင်မောင်ရွတော့ဖြင့် အကုန်အစင်သိမှာ ပ’ ဟု ပြော၏ ။
ထို့နောက် မောင်မောင်ရွက ဆက်လက် ပြောဆိုသည်မှာ ‘အဲ-ဒီ ရွှေနန်းရှင်ဘုရား အထွတ်အမြတ်သို့ ရောက်သကာလ ရွှေတောင်ငွေတောင်၊ ပတ္တမြားတောင်၊ ကြေးနီတောင်၊ ဆေးဒန်းတောင်၊ နဂါးရစ်တောင်၊ မန္တလေးတောင်ဟု ဆိုအပ်သော မြရည်ရောင် စို၊ တောင်ညို ၇ လုံးတို့ဖြင့် ပိတ်ဖုံးရံကာ ရတနာပုံမည် သော မန္တလေး ရွှေမြို့တော် ကြီးသည်ကား ဘုရား မြတ်စွာ ဒေသစာရီ ကြွချီတော် မူခဲ့ရာ၊ အဆိုပါ မန္တလေးအရပ်သို့ ရောက်တော် မူသကာလ စန္ဒမုခိ အမည် ရှိသော ဘီလူးမသည် ရွှင်ပျသော စေတနာ သဒ္ဓါတရားဖြင့် ရင်သားအသမြတ် ကို လှီးဖြတ်လှူဒါန်းလေရာ၊ နောင်သော အခါ သာသနာတော် ၂၄၀၀ ရှိလျှင် ဤဘုမ္မိနက်သန် ရှိသော ဌာန၌ မန္တလကြငှန်း၊ နတ်တို့နန်းကဲ့သို့ မန္တလေး ရတနာပုံပြည်ကြီး တည်လတ္တံ့။ ထိုရတနာပုံပြည်ကြီးတွင် အသင် စန္ဒမုခိ ဘီလူးမသည် လူမျာ့သနင်း မင်း ဖြစ်လတ္တံ့ ဟူသော ရှင်စောမြတ်စွာ ၏ သာသနာအတိတ် ဗျာဒိတ်တော် သိုက်ကလည်း တစ်ကြောင်း ၎င်းနောက် လည်း အသီးသီးသော ငမှန်ကန်း၊ ဂ၀ံ ပတေ့ ရသေ့ သိကြား၊ ပုဏ္ဏားဇာဂရု၊ တစ်ခုမလွဲ၊ ငရဲနဲ့ နတ်စက်ရောင် အစောင်စောင်သော သိုက်ဟောင်း သိုက်သစ် ရှိရှိသမျှ အထိကရ သိုက် အမျိုးမျိုးတို့၌ စက်ဒိုးကဲ့သို့ လည်ပတ်ကျွမ်းကျင်ကြသူ အဆူဆူသော သိုက်သမားတို့ကလည်း ဤမန္တလေးအရပ်ထူး၌ နတ်ဘီလူးမ ဖြစ်ဖူးသော ခြင်္သေ့နံ ရဟန်းမင်းကြီး ဖြစ်လတ္တံွှ့။ မန္တလေး ပြည်ရွာ တည်သော အခါ၊ ရာဇာမင်းထက်မင်း၊ သတင်းသီလ၊ ဒါနမကင်း စောင့်မြဲခြင်း၊ ဗိုလ်လူ ခပင်း ချမ်းသာခြင်း၊ မယွင်းထိုခါ ဖြစ်လိမ့်တည်။ ဒိဋ္ဌိတက္ကဒွန်း နတ်အိုးစွဲတို့ ပျောက်လိမ့်တည်း ဟူသော သိုက်စားများ အရလည်း တစ်ကြောင်း၊ ၎င်းရတနာပုံ မန္တလေး ရွှေမြို့တော် ကြီးကို ဖန်တီး တည်ထောင်တော် မူသတဲ့’ ဟု စီကာပတ်ကုံး ပြော၏ ။
မောင်မောင်ရွ၏ စကားမဆုံးမီ ဗားကရာ ဆရာကြီးက ဖြတ်၍ ပြောပြန်သည်မှာ ‘ကျုပ်တို့ မြန်မာပြည်မှာ မြို့သစ် နန်းသစ် တည်ချင်လျှင် သိုက်တဘောင် ပေါ်စမြဲပဲ ဘုရားဒကာ ညွန့်ရဲ့။ ကြည့်ပါလား၊ ရာဇ၀င်ဆရာများ လုပ်ပုံက၊ သရေခေတ္တရာပြည်ကို တည်ရတာ ဘုရား ကြွလာပြီး ဖိုးဦးတောင်ထိပ်က ဗျာဒိတ်ပေးလို့တဲ့။ ပုဂံမြို့တည်ရတာ လည်း ဘုရားကြွလာပြီး တန့်ကျည်းတောင်ပေါ်က ဗျာဒိတ်တော် ပေးလို့ ပုဂံမြို့ကို တည်သတဲ့။ သတိုးမင်းဖျား အင်းဝ မြို့ကို တည်ချင်တော့လည်း ဘုရား ဗျာဒိတ်ပေးလို့တဲ့။ ပြီးတော့လည်း ကျုပ်တို့ မုဆိုးဆက်မှာ ပဲ ဘိုးတော် ရှင်ဘုရင် အမရပူရမြို့ တည်ချင်ပြန်တော့ ဘုရားမြတ်စွာ ဒေသစာရီ လှည့်တော် မူ သော အခါ တောင်သမန်း၊ တောင်ကျည်း၊ တောင်ပြုံး၊ တောင်မြင့်ဆိုတဲ့ ဘီလူး ၄ ဦးတို့သည် ဘုရားသခင်အား သားပြွမ်းဆွမ်းနှင့် လှူဒါန်းသည်ကို နောင်သော အခါ ထိုဘီလူး ၄ ဦးတို့ စောင့်ထိန်းသော အရပ်တွင် မင်းနေပြည်ကြီး ဖြစ်လတ္တံ့ဟု ဗျာဒိတ်ထားခဲ့လို့ တဲ့။ ဘကြီးတော် ရတနာပူရကို တည်ချင်ပြန်တော့၊ ပွဲထဲက ဟေလ၀န်တို့။ ဘာလဲဝန်တို့၊ နောင်နှစ် ခါ နေရာ ဟောင်းကို ပြောင်းကြစို့ ၀န်တို့ ဆိုတဲ့ တဘောင်ပေါ်လို့တဲ့။ ကျုပ်သဘောအရဖြင့် ရှင်ဘုရင် တွေ မြို့သစ်နန်းသစ်တည်ချင်လျှင် ရှင်ဘုရင်အကြိုက်လိုက်ပြီး သိုက်တဘောင် ပေါ်ရတာ ပဲ ထင်ပါရဲ့။ အနို့မို့ကြောင့် နိုင်ငံခြားသားများ က ကျုပ်တို့မြန်မာဘုရင်များ ဟာ မိမိတို့ နန်းစံသော အထိမ်းအမှတ်အားဖြင့် မြို့သစ်နန်းသစ် တည်ကြတယ်လို့ ပြစ်တင်စကား ရေး သားကြတာပ’ ဟု ဆို၏ ။
ယင်းသို့ ဆရာကြီး၏ ပြောဆိုသော စကားအရ မောင်မောင်ရွကလည်း ‘ဆရာကြီးရဲ့၊ ဗျာဒိတ်တော် သိုက် ဧကန် ရှိ မရှိကိုတော့ အမှန်မသိဘူးပ ဟု ဆိုပြီးလျှင် ၊ ယခင် မိမိပြောရင်း စကားကို ဆက်လက်ပြောဆိုသည်မျာ အဲဒီ သိုက်စာများ ရှိတာလည်း တစ်ကြောင်း၊ မကြုံစ တောင်း၊ ထွက်မင်းလောင်း၊ မင်းလောင်ရွာပြည်၊ မန္တလေး၌ ၊ ဧစိမ့်တည်၊ လေးမည် ကျွန်းကို၊ ဖြူဝန်းမိုး၍ ၊ အစိုးရတော် မူလိမ့်မည် ။ ။ အသက်ရှည်စေလို၊ မန်းတောင်ရိပ်ခို ဆိုတဲ့ တဘောင်များ အရလည်း တစ်ကြောင်း၊ ၎င်းနောက် စနည်းကိုတောင်၊ တဘောင်ကိုမြောက် ဆိုသော အရ၊ အမရပူရ တောင်မျက်နှာ ကုန်းမော်တံခါးမှာ စနည်းနာရာ လူ တစ်ယောက် က ရေတောင်းလျှင် အိမ်ရှင်က သောက်တော့ ဆိုသည်။ အနောက်မျက်နှာတံခါးမှာ နားပြန်ရာ ကျုပ်တင်းထိမ်ဘယ်မှာ တုံး မေးရာ၊ တန်းပေါ်မှာ ရှိလေ၏ ဟု ဆိုသည်။ မြောက်တံခါးမှာ နားပြန်ရာ လူပြက်စကားကို နားထောင်ရာ၊ တစ်ခွန်းမှတ်စရာပါ၏ ဆိုသည်။ ရှေ့မျက်နှာတံခါး မှာ နားပြန်ရာ အနောက်ဝင်းတော် မှူး ဦးခိုက ယခု သာ၍ ၀ပါသည် ဆိုသည်။ ဤစနည်း ၄ ချက် ထွက်ဆိုသော နိမိတ်ကောင်းများ ကလည်း တစ်ကြောင်းပါပဲ’ ဟု ဆို၏ ။
ထိုအခါ ဗားကရာ ဆရာကြီးက ဖြတ်၍ ပြောပြန်သည်မှာ ‘အနှာလို တဘောင်တွေ နိမိတ်တွေ လည်း ပေါ်စမြဲပ ၀န်စာရေး ရဲ့၊ ကြည့်ပါလားကွ၊ ဟံသာဝတီရောက် မင်းလက်ထက်က ထက်မြတ်က်လိမ္မာတဲ့ ၀န်ကြီး သီရိဇေယျကျော်ထင်ဘွဲ့ခံ မောင်ပုတို့၊ အတွင်းဝန် ကျော်ထင် နန္ဒမိတ်တို့ကို အပြစ်မရှိဘဲလျက် သက်သက်မယ့် သတ်ပစ်ရုံမျှမက ၀န်ကြီး ဇေယျသင်္ကြန်၊ သီရိဇေယျသင်္ခယာ၊ လက်ဝဲဘိနန်သူတို့ကိုလည်း လွှတ်တော် တွင် မစီရင်စေနှင့်၊ ကျောင်းကန် ဘုရား သွားနေစေလို့ အမိန့် ထုတ်ပြန်တဲ့အပြင်၊ မြို့တွင်း ရွှေစေတီ ဆေးရေး ကျောင်း ဆရာတော် ဦးညာဏတို့နှင့် နန်းတော် ထဲမှာ တရုန်းရုန်း၊ ရှင်ဘုရင်ရော မှူးမတ်တွေ ရော ဘုန်းကြီးတွေ ရော သောက်ကြ စားကြ မူးယစ်ကြနှင့်၊ ကျင့်ချင်တိုင်း ကျင့်နေလို့ ရှင်ဘုရင် နန်းကျခါနီး တော့မှ ကိုပုရှိရင် ဒီကဲ့သို့ မ ဖြစ်ရလေဘူးလို့ ရှင်ဘုရင်က နောင်တရပြီး ညည်း ညူတော် မူသတဲ့။ အနို့ပြီးတော့လည်း ရဲတရာ နောင်တရာ ခံလတ္တံ့ ဆိုတဲ့ တဘောင်နှင့် အရပ်ဆယ်တောင်ရှိ မိန်းမကြီး ပေါ်သည် ဟူ၍ အကျော်တဇော နိမိတ်ပေါ်လို့ အင်းဝပြည်ကြီး ပျက်စီးရသတဲ့။ အနှီလို ရှင်ဘုရင်နှင့်တကွ ဘုန်းကြီးတွေ ရော၊ မှူးမတ်တွေ ရော၊ လုပ်ချင်တိုင်း လ်ုပလို့ ဗရုတ်သုတ်ခ ဖြစ်ရတာ နှင့် ရဲတရာ နောင်တရာတို့၊ အရပ်ဆယ်တောင်ရှိ မိန်းမကြီး ပေါ်တာနှင့် ဘာကလာပြီး စပ်မိကြသလဲ။ အနို့ပြီး ပေါ်တဲ့ တဘောင်တွေ က ကိုချစ်လောက် ကယ်၊ ကိုချစ်လောက်ကယ်၊ အစ်ကို ဖြစ်ချင်ကွယ်၊ တောင်သမန်းမှာ ဖျင်းအိုးကွဲ၊ လင်ကို လင်ချင်းလဲ၊ လင်ချင်းတူမှ ယူပမယ်၊ နင့်လင် ရှူနာသယ် အတော် လှော်သည့်ပဲငဲ့ကို့၊ အာမှ အာသေးပဲငဲ့ကို လို့ တဘောင်တွေ ပေါ်လို့တဲ့။ အလကားဗျာ။ မဆီမဆိုင်တာတွေ ကို’ ဟု ဆရာကြီးက တစ်နည်း ပြောဆိုပြန်၏ ။
ဆရာကြီး= စကားကိုကြားလျှင် ကျောင်းဒကာ ဘိုးရွှေအိတ်၊ ဘုရားဒကာ ဦးကြာညွန့် သဂြုင်္ိဟ်ဆရာဧမှစ၍ အရပ်ရပ်သော လူကြီးလူကောင်းတို့က ‘ကိုင်းဗျာ့၊ ဆရာကြီး ပြောတာကိုလည်း တစ်မျိုးပဲ မှတ်ရတာ ပ။ ၀န်စာရေး မင်းကလည်း ဆက်လက်၍ မိန့်ရှိပါဦး’ ဟု တောင်းပန်ကြလေ၏ ။
ယင်းသို့ လူကြီးလူကောင်းများ က တောင်းပန်ကြသည့်အတွက် မောင်မောင်ရွက ဆက်လက် ပြောဆိုသည်မှာ ‘အဲ၊ ကျွန်တော် ပြောခဲ့တဲ့ တဘောင် အတိတ် နိမိတ် စနည်းတို့ အလိုဖြင့် အဆိုပါ တောင်မြတ် ၇ လုံးတို့ပြင် အကြင်သို့သော ရန်ကင်းတောင်၊ ကုလားမ တောင်၊ ဂန္ဓမာတောင် စသော တောင်တို့၏ တင့်တယ်ခြင်း၊ ရွှေနန်းမျှော်ကုန်း၊ ကုလားပျိုကုန်း စသော မျှို့ထူးသြဘာ မင်္ဂလာရှိသော ကုန်းတို့၏ တင့်တယ်ခြင်း၊ အရှေ့မျက်နှာဝယ် အောင် ပင်လယ်ကန်တော် ၊ တောင်မျက်နှာမှာ သော် ဇောင်းကလောကန်တော် ၊ အနောက်မျက်နှာ ဧရာဝတီမြစ်၊ မြောက်မျက်နှာ မဟာနန္ဒာကန်တော် အပေါင်းတို့ဖြင့် ကောင်းမြတ်သော နေရာ၊ ဘူမျာ့ဓိပတိ၊ ဘူမိနက်သန်၊ ဘူမန္တရာဇ်၊ ရန်စစ်ခုတ်ထွင် မြေအပြင်တွင် အကြင်သို့ သော မြို့တော် ၊ ကျုံးတော် ၊ စေတီတော် ၊ သိမ်တော် ၊ ကျောင်းတော် ၊ ပိဋကတ်တိုက်တော် ၊ သုဓမ္မာ ဇရပ်တော် တည်းဟူသော ၇ ဌာနကို သာသနာ အစီးအပွား၊ ကိုယ်တော် မြတ် အကျိုးစီးပွား၊ သားတော် အစဉ် မြေးတော် အဆက် မြစ်တော် အညွန့် အဓွန့်စီးပွား၊ ရဟန်းရှင်လူ ပြည်သူများ တို့၏ အစီးအပွားများ ကို တရားနှင့်ညီစွာ အသပြာ ငွေတော် ပေါင်း (၄၃၉၄၈၅ ကျပ်၊ ၄ မူး) လေးသိန်းသုံးသော င်းကိုးထောင်လေးရာရှစ်ဆယ့်ငါးကျပ် လေးမူးမျှ အကုန်အကျခံလျက် သက္ကရာဇ် ၁၂၁၈ နှစ် က စ၍ တည်ထောင်ဖန်ဆင်းတော် မူရာ၊ ၂၂၀၀ ပြည့်နှစ် မှာ အဆိုပါ ရတနာပုံ မန္တလေး ရွှေမြို့တော် ကြီး ပြီးစီးအောင်မြင်လေသတည်း’တဲ့။ အနို့မို့ကြောင့် စလေ ဆိုတဲ့ ဦးပုည စပ်သည်မှာ -
သုံးသိန်း၊ သုံးသော င်း၊ လေးထောင်ထိပ်၊ နှစ် ကျိပ်ရှစ်ဆက် မဟာဝင်၊ အတိတ် ဖြစ်ပျက် ကမ္ဘာတွင် အောင် ဘယ်ရာဇာလျှင် မစံမြနန်း။ ။ လေးဆယ်ရှစ်ရပ်၊ ပြဿဒ်ရံသည်၊ နတ်ဝိသုကံသစ်လောင်းဘန်သည့်နန်း။ ။ ရေယဉ်န၀တတ် နှုန်းတန္တီလို၊ ရွှေကျုံးဂမ္ဘီ ကာရံသန်း၊ ပြည်ကြီးမွန် ဖောင်လောင်ခမန်း၊ ရွှေဆောင်ရွှေနန်း အထွေထွေ၊ ရွှေလောင်း ရွှေလှေ ပွေပွေရှက်၊ တေဇောထွေဖက်၊ ရေလက်ျာရစ်ခွေ၊ ရတနာဘုမ္မ တိုင်းဌာနေမှာ ၊ သမိုင်းစာခွေ ထိန်ထိန်သစ်လို့၊ နေဣန္ဒရာဇ် နတ်ရှင့်ခေတ်ပေ၊ သာမျိုးစုံစွာ့ ထွေ။ ။ ရွှေနန်းစံဆက် မဂ္ဃဒေလို၊ ပုန်းတောင်းစက်ရွှေ ဆိုက်ပွဲခံလို့လေး။
ဟု ရွတ်ဆို ပြောပြလေ၏ ။
ထိုသို့ ပြောဆိုပြီးနောက်၊ စည်းဝေးလာရောက်ကြသော ပရိတ်သတ် ကွဲပြီးလျှင် ဘုရားပွဲတော် ပြီးစီးသော နေ့ ဖြစ်သည့်အတိုင်း အသီးသီး မိမိတို့ နေရင်းဌာနသို့ ပြန်ကြလေ သတည်း။
[ဥပဒေသ မှာ တော် ပုံ။ ။ ဤအခန်းကြီး ၁ ၊ ပထမပိုင်းဖြင့်ကား မိတ်ဆွေသဟာယ တွေ့ ကြသော ကာလတွင် ခင်မင်လေးမြတ်စွာ ဆက်ဆံရခြင်း၊ ခိုက်ရန် ဖြစ်ပွား စကားများ သဖြင့် အလကား အကျိုးမဲ့ခြင်း၊ သိုက်တဘောင် စကားကို ပြောနေသဖြင့် ဧကန် မသင့်လျော်ခြင်း၊ မြန်မာမင်းစိုးတို့၏ ဘုန်းတန်ခိုး ကြီးကျယ်ခြင်းနှင့် ဘုန်းတန်ခိုးငယ်ခြင်း၊ ကုန်းဘောင်ဆက် မင်းတို့ကို ကျဉ်းကျဉ်းနှင့် သိရခြင်း၊ မန္တလေးမြို့တော် တည်ပုံ အခမ်းအနားများ ကို သိရခြင်း စသော အကျိုးများ တို့နှင့် တိုင်းရင်းသား မွန် မြန်မာတို့မှာ ဘာသာတကာတို့၏ အောက်မကျ ဘဲ ပြည်ပိုင် အစိုးရမင်းတို့၏ ထောက်မခြင်း၊ မိမိတို့ကိုယ်တိုင် မိမိတို့ နောက်မကျစေချင်ခြင်း တို့ဖြင့် တောက်ပ ထွန်းလင်းကြစေကုန်သတည်း။]
![]() လူလေးတို့ရဲ့ ဇော်ဂျီ | ![]() သခင်ကိုယ်တော်မှိုင်း ဋီကာ | ![]() ရသစာပေ အဖွင့်နှင့် နိဒါန်း |