
သာယာလှပသောနေ့တစ်နေ့တွင် တီကောင်တစ်ကောင် တွင်းထဲမှတက်လာသည်။
လန်းဆန်းသွားအောင် လေကောင်းလေသန့်ရှုပြီးနောက် အခြားတီကောင်တစ်ကောင်ကို အနီးအနားတွင်တွေ့၍ လှမ်းနှုတ်ဆက်လိုက်သည်။
''ဟိုင်း ..နေကောင်းပါစ...ဘော်တီ...''
(ဘော်တီဆိုသည်မှာ ဘော်ဒါတီကောင်ဟု ခက်ဆစ်ထွက်၏ ။)
ဟိုဘက်တီကောင်က သူ့ကိုဘာမှပြန်မပြော။ တွေပြီးရပ်နေသည်။မျက်လုံးပင်မဖွင့်။ သူစဉ်းစား၏ ။
''အင်း ...ဒီကောင် ဘာကြောင့်ငါ့ကိုပြန်မပြောတာပါလိမ့်...မာနကြီးပြီး သူ့ကိုယ်သူနဂါးကြီးပဲထင်နေလို့လား..ဒါမှမဟုတ် သူ့ဆီကငါချေးထားတဲ့မြေဆွေး ပြန်မပေးမိလို့လား...ဘာပဲဖြစ်ဖြစ် တီမှု ရေးအရထပ်ပြီးနှုတ်ဆက်ဦးမှပဲ...''
ဟုဆို၍ တီကောင်ပြုံး အလှပဆုံးပြုံးကာ . . .
''ဟယ်လိုဘော်ဘော်တီ ရာသီဥတုကအရမ်းသာယာတယ်နော်''
ဟိုကောင်က တုတ်တုတ်မှမလှုပ်။
သူ၏ ဖော်ရွေသောနှုတ်ဆက်မှု ကို တစ်ဖက်တီကောင်မှ ဘာမှအသိအမှတ်မပြု ။ သူစိတ်ပျက်စွာ သက်ပြင်းချလိုက်၏ ။ ဒေါသလည်းနည်းနည်းထွက်လာသည်။
''ဒီတီကောင် သောက်ဘဝင်မြင့်နေတယ် အရင်စိတ်နဲ့ဆိုမလွယ် ဘူး...ဟူး ...ဒီလောက်တောင်မာနကြီးနေတဲ့တီကောင် ဘယ်သူ့သားသမီးလည်းဆိုတာမှတ်ဦးမှ...''
ဟုဆိုကာ ...ရုပ်မှတ်ရန်ကုတ်ကိုဆွဲပြီး ဟိုတီကောင်ကိုအနီးကပ်ကြည့်လိုက်သည်။ ရုတ်တရက်တီကောင် ကြက်သေ သေသွားပြီးသူ့ဖာသာသူတွင်းထဲပြန်ဆင်းသွား၏ ။ ပြီးမှညည်းတွားလိုက်သည်။
''တောက်...အသက်ကြီးလာရင်ဘာမှ မကောင်းဘူး...အခုပဲကြည့်လေ...ကိုယ့်ဖင်ကိုတောင် သူများ ခေါင်းမှတ်ပြီး မှားနှုတ်ဆက်မိ နေပြီ...''
ဤသို့ ပင် ....
ထိုသို့ ပင် အသက်ကြီးလာလျှင်ဘာမှ မကောင်းတော့သောအချိန်မ ရောက်မီကျွန်တော်တို့ အချစ်အကြောင်းပြောကြရပေလိမ့်မည်။
အချစ်ကြောင်း စတင်ပြောမည့်အချိန်တွင် ကျွန်တော့်ဇာတ်ကောင် (မင်းသား)မှာ လွမ်းဆွေး ဝမ်းနည်းဘွယ်ကောင်းစွာ သေလွန်ပြီးဖြစ်ပါသည်။
မိတ်ဆွေတို့၏ အနီးအနား ပတ်ဝန်းကျင်နှင့် ကြားဖူးသမျှထဲမှာ အချစ်ကြောင့် သေသည့်မသာ ကြားဖူး၊ တွေ့ဖူးခြင်း ရှိချင်မှရှိပေလိမ့်မည်။
ယခု ကျွန်တော်ဆက်လက်ဖော်ပြလတ္တံ့သော ဇာတ်လမ်းထဲမှဇာတ်ကောင်သည် လူသန်းပေါင်းများ စွာ ထဲမှာ မှ ထူးဆန်းစွာ အချစ်ကြောင့်သေခဲ့သော မသာလေးတစ်လောင်းမျှသာဖြစ်၏ ။
သူသည်သူအိုဘဝကို မရောက်မီမှာ ပင် သူနာဘဝမှနေ၍ သူသေဘဝသို့ ဂျမ့်ပရိုမိုးရှင်း (Jump Promotion) ဖြင့် လွယ်ကူလှပစွာ ခုန်ကူးသွားသောသူတစ်ဦးပင် ဖြစ်ပေသည်။
သူမည်သို့ နည်းဖြင့်၊ မည်သည့်နည်းကိုအသုံးပြု ၍ ခုန်ကူးသွားသည်ကို နောင်လာနောင်သားများ ဆင်ခြင်မိစေရန် မျက်ရည်တဝိုင်းဝိုင်းဖြင့်တင်ပြရမည်ဖြစ်ပါသည်။
ဤသို့ တင်ပြနိုင်ရန်အတွက် ကျွန်တော့်မလည်း မသာလက်ဘော(လ်)ပင်တပ်၍ ကိုယ်တိုင်လက်ဖြင့်လှည့်ယူကာ သဘောတူညီမှု လက်မှတ်ရယူခဲ့ပြီးဖြစ်ပါသည်။
ထို့ကြောင့် တိုက်ဆိုင်မှု ရရှိခဲ့သော လူငယ်မသာလေးများ ရှိလျှင်အကြောင်းကြားပါ။ ကျွန်တော်ကိုယ်တိုင် လာရောက်၍ သေသူ၏ ခွင့်ပြု ချက်တောင်းခံ၊ တောင်းပန်မည်ဖြစ်ကြောင်း ပန်ကြားလိုက်ရပါသည်။
ဤကား ကျွန်ုပ်၏ စေတနာစစ်စစ်ပင် . . .။
''ကျွန်တော် သေခဲ့ပါပြီ''
ဇာတ်လမ်း အစကတည်းကကျွန်တော်သေခဲ့ကြောင်းကို ကြို တင်ပြောပြထားရခြင်းမှာ မိတ်ဆွေတို့ ဤဇာတ်လမ်းကိုဖတ်ပြီး မျက်ရည်တဝိုင်းဝိုင်းနှင့် ခံစားရမည်စိုး၍ ကြို တင်အစီရင်ခံထားရခြင်းဖြစ်၏ ။
လူ့ဘဝတွင် လူများ သည်တစ်ခါသေသာကြုံ ဖူးကြပေလိမ့်မည်။ ကျွန်တော်ကထိုသို့ မဟုတ်၊ တစ်ဘဝထဲ၌ သာ သုံးခါသေခဲ့ဖူးပါသည်။
မိတ်ဆွေတို့ထံတွင်လည်း အချစ်အတွက် အသက်ပင်ပေးချင်ကြသောသူများ ရှိကြပေလိမ့်မည်။ ခိုက်ရန်ဖြစ်၍ သေဆုံးခြင်း၊ ချစ်သူကို ကာကွယ်ရင်း မတော်တဆသေဆုံးသွားခြင်း၊ အချစ်ကိုရယူရန်အတွက် အဓမ္မကြံစည်ရင်း လွဲချော်ထိခိုက်သေဆုံးခြင်း၊ ချစ်သူက မိမိအချစ်ကိုမယုံကြည်၍ ယုံကြည်အောင်သက်သေပြရင်း ခြေလွန်လက်လွန်ဖြစ်မိခြင်း စသည်ဖြင့်အမျိုးမျိုးရှိကြပေလိမ့်မည်။ ထိုစိတ်ကူးများ သည် လွန်စွာ ကြမ်းတမ်း၍ အဆင့်နိမ့်လှသည်ဟု ကျွန်တော်စွပ်စွဲပြောဆိုရဲပါသည်။ မသာဖြစ်ကံမကောင်းဟုပြော၍ ရပါသည်။ ကျွန်တော်ကထိုသို့မဟုတ်။ ကျွန်တော့်အသက်ပေးပုံကယဉ်ကျေးသည်၊ လှပသည်၊ လွန်စွာ မသာကဗျာဆန်သည်။
ဤသည်ကား ကျွန်တော်သေဆုံးခဲ့ရပုံကို ဋီကာချဲ့နေခြင်းမဟုတ်။ကိုယ့်ကိုယ်ကို မသာဂုဏ်ရှိလွန်းလှ၍ ဖြစ်၏ ။ သေပန်းမှာ ပွင့်၏ ။ လူတကာနှုတ်ဖျားမှာ ရေပန်းစား၏ ။ ကြားသူတိုင်းမှာ စုတ်သတ်၏ ။ မနေနိုင်မထိုင် နိုင်အိမ်မြှောင်ပင်စုတ်ထိုး၏ ။ ကျွန်တော်၏ မွေးသမိခင် ရွှေနှုတ်တော်မှပင်
''သေတာပဲ အေးပါတယ်တော်''
ဟူ၍ ဂုဏ်ယူစွာ ရေရွတ်ရပေသည်။
ဤမျှလောက်သိရုံမျှနှင့် သေတာချင်းအတူတူ ကျွန်တော်မသာဂုဏ်မောက်နေသည်မှာ လွန်အံ့မထင်။ အဖြစ်အပျက်များ ကို မယုံကြည်ရှိနေပါက ကျွန်တော်သေဆုံးစဉ်ခါက မှီခဲ့သောသူများ ကိုမေးကြည့်ကြပါ။ ထိုအချိန်၊ ထိုကာလတွင် လူများ သည်ရုပ်ရှင်ရုံမှာ ဘာကားပြနေသည်ကိုမသိ။အီရန်နှင့် အမေရိကန်အရေးကိုမေ့။ ပရီမီးယားဘောလုံးပွဲကို မကြည့်နှင့်။နေရာတကာ ကျွန်တော့်အကြောင်းချည်းသာ ရေပန်းစားနေတော့ကြောင်းသိမှီခဲ့သူများ ရှင်းပြကြပေလိမ့်မည်။
ဤသည်မှာ လူတိုင်းနှုတ်ဖျား ရေပန်းစားသည်ဟူသောအသုံး သည်လူတကာသုံးသောစကားလုံးမို့သုံးလိုက်ရခြင်းဖြစ်၏ ။ ကျွန်တော့်ကိုယ်ကျွန်တော်တော့ ဤအများ သုံးစကားလုံးဖြင့် အဆင့်နှိမ့်ချ၍ မပြောလိုပါ။ကျွန်တော့်ကိုယ်ကျွန်တော်လည်း သေဆုံးခြင်းကို သူတစ်ပါးနှင့်မတူ တမူထူးခြားအဆင့်မြင့်စွာ မသာ့မျက်နှာရွှေပန်းပွင့်လန်းသည်ဟူ၍ သုံးလိုသောကြောင့်ပင်။ အချို့ကလည်း ကျွန်တော့်ကိုကြည့်၍
''သြော် ...ဒီကောင်နှယ် ...သေမှခေါင်းနဲ့တိုက်ပြီး မျက်နှာရွှေပန်းပွင့်ရတယ်လို့ ...''
ဟူ၍ မချိတင်ကဲစုတ်တသတ်သတ်မချင့်မရဲ ဆိုလတ်သည်ဟူ၏ ။လူတကာနှုတ်ဖျား ရေပန်းစားသည်ဟူသည့်နေရာတွင်လည်း လူတကာနှုတ်ဖျား ရွှေပန်းစားလွန်းသူဟူ၍ အဆင့်မြင့်မြင့်သာ နှိုင်းယှဉ်လိုက်လိုပေ၏ ။ဤသည်ကား ကျွန်တော်၏ အလိုတည်း။
ကဲ ...ဤမျှလောက် ချီးမွမ်းနေရအောင် မင်း ဘယ်လိုသေခဲ့လဲ။သုံးခါတိတိ ဘာလို့သေခဲ့ရလဲ။ လူတကာနှုတ်ဖျား ရွှေပန်းစားရလောက် အောင်(မင်းပြောသလို) မင်းကဘယ်လိုလုပ်ခဲ့လို့လဲမေးကြလိမ့်မည်။
ဟုတ်ကဲ့ ...ဖြေပါ့မည်။ ထိုအဖြေမပေးခင် ကျွန်တော့်၏ (ကျွန်တော်ကိုယ်တိုင်စပ်ဆိုထားသော)သီချင်းကလေး အရင်ဆိုပြပါ့မည်။ နားဆင်တော်မူပါ အရပ်ကတို့ -
လူမမာဖြစ်ဖို့ ...ကျွန်တော်ကြိုးစားမည် ...
ဂီလာနဖို့ ...ကျွန်တော်ကြိုးစားမည် ...
ဆွေသန်းသား ဇာနည် ...
(ကျွန်တော့အမေနာမည်က ဒေါ်ဆွေသန်းခင်ဗျ...ကျွန်တော့နာမည်က ဇာနည်...)
အခွင့်အရေးရရင် ...နာတာရှည်တော့မည် ...
''ဆရာမောင် ဆေးနီမှု န့်နဲ့ ငန်းနီကျော်သာ နှစ်မျိုးပေါင်းပြီး တွဲ တွယ်ထည့်လိုက်ပါအမေရာ ... ပြီးရင်ရေနွေးတစ် ခွက်အလယ်မှာ ချပြီး မုံရွာစောင်ခြုံ ပြီး ဝပ်နေလိုက် ... ချက်ချင်း ချွေးပြို က်ပြို က် ကျပြီးအမေ့ခေါင်းကိုက်ဝေဒနာ ယူပစ်လိုက်သလိုပျောက်သွားစေရမယ် ... ဒါမြန်မာ့နည်း မြန်မာ့ဟန် ရှေးမြန်မာကြီး များ ဒီနည်းသုံးလာတာပဲ ...အမေတို့ကနည်းနည်းလေးကိုယ်ပူ ...နည်းနည်းလေးခေါင်းကိုက်တာနဲ့ ...ပြပြီ ...ဆရာဝန် ...သွားပြီအထူးကု ..''
''ဇာနည်''
သူ၏ ရှည်လျားစွာ ရှင်းပြနေသော စကားအဆုံးမှာ ပင် အမေကထအော်သည်။ ပြီးနောက် အမေကသူ့ခေါင်းကိုသူအုပ်ကိုင်ပြီး...
''အား ...ကျွတ်ကျွတ်... ငါခေါင်းကိုက်နေတဲ့အထဲ ခေါင်းနောက်အောင် လာလုပ်မနေနဲ့စမ်း...ငါ့ကိုဆေးခန်းပို့မလား... မပို့ဘူးလားပြော...''
အမေ့တုံ့ပြန်စကားသံကြောင့် ဇာနည်စိတ်ညစ်သွား၏ ။ ထို့ကြောင့်ခါးကိုမင်းသားထောက်ထောက်၍ ဆံပင်ကို လူရွှင်တော်ပွတ် ပွတ်ကာ...
''ခက်တာပဲအမေရ ...အဖျားဆိုတာ သုံးရက်ဖျားမယ်...သုံးရက်ဖျားမယ့်အဖျားဟာ သုံးရက်ပြည့်အောင်ကိုဖျားပြီး ခုနစ်ရက်ဖျားမယ့်အဖျားဟာ ခုနစ်ရက်ပြည့်အောင်ကိုဖျားတယ်... ဒါကြောင့်ဆရာဝန်များ ဆေးပေးရင် သုံးရက်စာဒါမှမဟုတ်ငါးရက်စာ ခုနစ်ရက်စာဆိုပြီးအဖျားပတ်လည်အောင် ပေးကြတာ...သုံးရက်ဖျားမယ့်အဖျားဟာဘယ်ဆရာဝန်ဆီသွားသွား တစ်ရက်ထဲနဲ့ ဘယ်တော့မှမကောင်းဘူး... အေး...ဆရာဝန်က လူနာကို လုပ်ပေးနိုင်တာ ခဏသက်သာ သွားဖို့ပဲ''
''ဟဲ့ ... ငါအခု မသက်သာလို့ ပြောနေတာပေါ့...ဟဲ့ ... အား...ကျွတ်ကျွတ် ...ခေါင်းတွေကကိုက်လိုက်တာ''
''အဲဒါအမေမှားတာ...အမှန်တော့ ဒါဟာ ခေါင်းကိုက်တာမဟုတ်ဘူး...ခေါင်းမှာ ရှိတဲ့ နပ်(ဖ်)တွေက ဆွဲကျုံ့ ပစ်လိုက်တာ နပ်(ဖ်)တွေကဘာဖြစ်လာလည်းသိလား...ကျန်တဲ့ လည်ပတ်နေတဲ့သွေး ကြောတွေကဆက်သွားစရာနေရာမရှိတော့လို့ ခေါင်းပေါ်တိုးတက်လာတာ...မြန်မာလိုဆိုရင်တော့ ပထဝီကြောမပွင့်တာပေါ့... ပထဝီတေဇော..အာပေါ..ဝါယော..ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်မှာ ပထဝီတစ်ခု ချွတ်ယွင်းတာပေါ့...အမှန်တော့ ပထဝီကြော ဆိုတာလူရဲ့ ခြေထောက်မှာ ရှိတယ်... ဒါကြောင့် ရှေးမြန်မာကြီးများ ကလူတစ်ယောက်ခေါင်းကိုက်ရင် ခြေကိုနှိပ်ပေးကြတာပဲ... ဆေးပညာသဘောအရဆိုရင်
''ဇာနည်''
သူ့စကားမဆုံးမီ အမေဖြစ်သူက သံကုန်ခြစ်အော်သည်။ နောက်အမေက သူ့ဘာသာသူ ညည်းတွားဟန်ဖြင့်
''အောင်မလေး ဦးဆန်းကြီးရေ...ရှင်မသေခင်ကပြောခဲ့တာမှတ်မိသေး...မိဆွေသန်းရေတဲ့...ငါကလည်း ဦးဆန်း.... အင်္ဂါသားနင်ကလည်းဆွေသန်းဆိုတော့ အင်္ဂါသူ...တို့သားလေးဇာနည် ဆိုတာကလည်းအင်္ဂါသား...ဇာတ်ပွဲဝါသနာကလည်း နင့်မှာ လည်းရှိ... ငါ့မှာ လည်းရှိဆိုတော့...ဒါကြောင့်တို့သုံးယောက်ပေါင်းပြီး အင်္ဂါသား ဇာတ်လေးထောင်ကြရအောင်လားတဲ့...သြော် ...သွားလေသူကြီးပြောသွားတာအမှတ်ရသေး''
သူ့အမေ ဒေါ်ဆွေသန်းက စကားစဖြတ်ပြီး သူ့ကို ပြန်ကြည့်သည်။ပြီးမှဆက်၍
''ဟင်... အဲဒီ တုန်းကရှင့်စကားနားထောင်ပြီး...ဝါသနာအ လျောက်ဇာတ်လေးထောင်မိရင် ရှင့်သားလျှာရှည်ပုံနဲ့ ရှင်မဆုံးခင်ကတည်းကရှင့်ဇာတ်ခေါင်းကွဲသွားမြင်ယောင်လှပေါ့ .. ပရိသတ်ကခဲနဲ့ဝိုင်းဆော်လို့လေ...''
ဒေါ်ဆွေသန်းစကားကို ဇာနည်ကအထွန့်တက်ပြီး
''အမေကလည်း ကျွန်တော့်ကြောင့် အဖေ့ရဲ့ ဇာတ်မကွဲစေရပါဘူး ...သားက''
သူ့စကားပင်မဆုံးလိုက်၊ ဒေါ်ဆွေသန်းက လက်ကာပြပြီး
''တော် ...တော် တော်တော့ဇာနည်..နင့်စကားနားထောင်ပြီးငါခေါင်းကိုက်တာလည်းပျောက်သွားပြီ ...နင့်စကားထပ်ပြန်ကြားမှ ငါခေါင်းပြန်ကိုက်မိတော့မယ် ...သွားသွား..ငါခေါင်းပြန်မကိုက်မီ ဝေးဝေးသာသွားနေတော့ ...မှတ်ထား ...သားသမီးဆိုတာ မိဘနဲ့ဝေးဝေးနေရ တယ်...နင်ဝေးဝေးမှာ နေရင် ငါ့ကိုကူညီရာရောက်ပြီ ..သိလား...''
ဒေါ်ဆွေသန်းစကားကြားတော့ ဇာနည်ဝမ်းသာသွားပြီ။
''ဒီလိုပဲဖြစ်ရမှာ ပေါ့ ...အမေရ ...ဝေဒနာဆိုတာ''
''ဟယ် ...သွားမယ့်သာသွားစမ်းပါ ...ငါမွေးထားတဲ့သားရုပ်ငါ့ဘာသာငါကြည့်ပြီး စိတ်ညစ်လွန်းလို့ပါ...''
ဒေါ်ဆွေသန်းစကားကို ဇာနည်က ရိုကျိုးစွာ ခေါင်းလေးငုံ့ပြီး
''ဟုတ်ကဲ့အမေ ...အမေ့စကား သားနားထောင်ပါ့မယ်''
ဟုဆိုကာ လှစ်ခနဲပျောက်သွား၏ ။ အမှန်တော့ဇာနည်က အစကတည်းကအပြင်သွားချင်နေတာ။ ဒါကို သူ၏ မိခင်ဒေါ်ဆွေသန်းက နေမကောင်းလို့ ဆေးခန်းသွားရန် ဆွဲခေါ်နေခြင်းဖြစ်၏ ။ ယခုမှသူ့အလိုကျသွားသဖြင့် ခြံအပြင်ဘက် ဒရောသောပါးပြေးထွက်သွားခြင်းပင်။
အမှန်တော့ ဒေါ်ဆွေသန်းနှင့်ဇာနည်မှာ အမေတစ်ခုသားတစ်ခု။ဒေါ်ဆွေသန်းယောက်ျား၊ ဇာနည့်အဖေဦးဆန်းကြီး လိပ်ခေါင်းရောဂါနှင့်ဆုံးပြီးကတည်းက ရှိခဲ့သောအမွေအနှစ်များ စုထိုင်ပြီး အေးဆေးတည်ငြိမ်စွာ ရပ်တည်ခဲ့ကြသည်။ တွေးရင်းတွေးရင်း ဒေါ်ဆွေသန်း၏ မျက်ဝန်းထဲ သူ့ယောက်ျားဦးဆန်းကြီးကိုပြေးမြင်ရင်း မျက်ရည်ဝိုင်းသွားသေး၏ ။
''ဦးဆန်းကြီးရှိရင် ကောင်းမယ်''
ပြူ တင်းပေါက်ကငေးရင်း သူ့ယောက်ျားဦးဆန်းကြီး၏ ပုံကို စိတ်ထဲပုံပြန်ဖော်ကြည့်သည်။ သူ့သားတော်မောင်ဇာနည်ကဲ့သို့ ပင် ကောက်ခွေခွေ ဆံနွယ်စနှင့် ဝဝဖိုင့်ဖိုင့်နှုတ်ခမ်းလန်လန် မျက်ပေါက်ကျဉ်းကျဉ်းသူ့ယောက်ျားပုံစံကကောင်းကင်ထက်ဝယ်စပ်ဖြီးဖြီးနှင့် ဗြောင်ကြီးပေါ်လာ၏ ။
သြော် ...သူ့ခမျာ ဖြတ်လိုက်ရသည့်လိပ်ခေါင်း၊ ဆေးရုံတက်လည်း မကောင်း၊ သားရည်ကွင်းနှင့် ထိုင်ပစ်လည်းမဝင်နှင့် နောက်ဆုံးထွက်သက်ပါ အနှီနေရာမှာ ပင် တိုးထွက်သွားသလား အောက်မေ့ရလောက်အောင် ဒုက္ခပေးခဲ့၏ ။
မသေခင်ကတော့ ကွန်ပျူ တာဒီဇိုင်းလုပ်၊ ကြော်ငြာပုံတွေ ရေးလိုက်နှင့်မအားမလပ်နိုင်အောင် ပျော်တပြုံးပြုံးရှာကျွေးခဲ့သောလူကြီး။ သားလေးမွေးတာတောင် ဇာနည်လို့မခေါ်ဘဲ ဖိုးအင်္ဂါလို့ချစ်စနိုးခေါ်ခဲ့လို့ ဒေါ်ဆွေသန်း မှပင်
''အဲဒီ နာမည်တော့ မခေါ်ပါနဲ့ကိုဆန်းရယ် ...တော်ကြာတော့ သားကိုဖိုးအင်္ဂါလို့မခေါ်ဘဲ ရှေ့စီးဖြု တ်ပြီးခေါ်မှ ကျု ပ်သားလေးဒုက္ခရောက်နေ ပါဦးမယ်''
ဆိုပြီး တားယူရရှာသည်။
အလုပ်ကိုလည်းလောဘကြီး ကွန်ပျူ တောရှေ့ထိုင်မနေနဲ့၊ အညောင်းမိလိမ့်မယ်။ အညောင်းပြေအညာပြေ ကြိုးလေးဘာလေးခုန်ဆိုတော့လည်း ကြိုးကမခုန်ရဲ။ ကျမှာ စိုးလို့တဲ့လေ။ သိက္ခာပြောပါတယ်။ ဒီဇိုင်နာကြီးက ကြိုးခုန်နေရတယ်ဆိုတော့ ဘယ်အမြင်ကောင်းမှာ လဲ။ အဲဒါနဲ့ လိပ်ခေါင်းနဲ့ပဲ သေတော့တာပဲ။
သြော် ...မှတ်မိသေးပါရဲ့ ၊ ဦးဆန်းကြီးမဆုံးခင်တုန်းက ဦးဆန်းကြီး စပ်ဆိုခဲ့တဲ့သီချင်းလေး၊ သူ့ခမျာပျော်လည်းဆို၊ စိတ်ညစ်လည်းဆို၊ တဆိုတည်း နှုတ်ဝယ်တဖွဖွ ရွတ်ဖတ်သရဇ္ဈယ်သွားတဲ့သီချင်း။ အင်း ...လိုက်မှတ်ထားကြ။ ကိုယ်လည်းဒီဒုက္ခမျိုးကြုံ ရင် ဒီသီချင်းကို ပျော်ပျော်ကြီးဆိုလို့ရတာ ပေါ့။
(ဦးဆန်းကြီးရဲ့ ဝမ်းဒုက္ခကိုသိလား ...
ဇောချွေးပြို က်ပြို က် ခေါင်းမူးမိုက်အောင် ညှစ်ဖူးလား ..
မင်းတို့ဖြစ်တဲ့ ဝမ်းဒုက္ခဟာ ပါမွှား ....
ဆတ်ကနဲတိုးလိုက် ဆစ်ကနဲဖြစ်လိုက်
ဇွတ်ကနဲရစ်လိုက် ဇိကနဲရပ်လိုက်
ပန်းချင်နေပြီအိမ်သာပြေးထိုင် မပါပြန်ဘူးဟေ့ ...
စွမ်းပါတယ်ဆိုတဲ့ မြန်မာဆေးတွေ
ဂွတ်ပါတယ်ဆိုတဲ့ ဟိုအင်္ဂလိပ်ဆေးတွေ
ကောင်းပါတယ်ဆိုတဲ့ တရုတ်ဆေးတွေ
တစ်လုံးသောက်လိုက် နှစ်လုံးသောက်လိုက်
တစ်ကြုံးသောက်လိုက် တစ်ပြုံ လုံးသောက်လိုက်
အဲဒါတောင် ငါမပါဘူးဟေ့ ...)
ဦးဆန်းကြီးရဲ့ ဝမ်းဒုက္ခအကြောင်းလေး
အထူးကုတဲ့ အထူးကုနဲ့ ဆွေးနွေး
ဦးဆန်းကြီးရဲ့ ဝမ်းဒုက္ခအကြောင်းလေး
စဉ်းစားစမ်း ဦးနှောက်နဲ့ ဆေးပေး ...ဟေး
(------)
''အချစ်ဆိုတာ မျက်လုံးချင်းဆုံ ရာက စတယ်ကွ''
ညနေ၏ မိုးဖွဲဖွဲကို အမှီသဟဲပြု ၍ ဘီယာဟုမည်သော ခေါင်းပေါင်းဖြူ ဖြူ မျက်နှာဝါဝါနှင့်ငတိအား လူအများ ကခေါင်းပေါင်းမှစစုပ်ကာ စည်းစိမ်ခံနေကြသည်။
''မင်းကိုအဲဒီ စကားဘယ်သူပြောလဲ''
လေပြေသည် သေးငယ်သောမိုးရေစက်တချို့ကို သယ်ဆောင် ရင်းဘီယာခွက်ကို ကျီစယ်နေ၏ ။
''မင်းတို့ပဲစဉ်းစားကြည့်လေ..အချစ်ဆိုတာ တစ်ယောက်ကိုတစ် ယောက်မြင်တွေ့ပြီးမှသာ ချစ်ကြတာမဟုတ်လား... ဒါကြောင့် မျက်လုံးကစတယ်လို့ဆိုတာပေါ့...''
ကားလမ်းမပေါ်ရှိ ဗွက်အိုင်ငယ်မှ ကားတစ်စီးဖြတ်သန်းရှိန် ကြောင့်ရေများ ဗွမ်းကနဲ လမ်းမပေါ် ခုန်တက်လာ၏ ။
''ဒါဆိုရင်ကွာ အခုတယ်လီဖုန်းထဲကနေ စကားပြောမိရင်း သေအောင်ချစ်မိသွားတဲ့သူတွေ... နောက် မျက်လုံးမမြင်ဘဲတစ်ဦးကိုတစ်ဦးသံယောဇဉ်တွယ်မိသွားသူတွေကျတော့ ဘယ်လိုလုပ်မလဲ... အမှန်တော့အချစ်မှာ မျက်စိမရှိဘူးကွ ငွား ...ငွား ...ငွား''
ဘီယာဆိုင်ကလေးမှာ စကားဝိုင်းကကောင်းနေပြီ။ ဦးဆောင်ဆွေးနွေးသူက တင်မောင်လွင်၊ ကန့်ကွက်သူကဇာနည်။
ဇာနည်က ထိုကဲ့သို့ ပင် မူးလာလျှင်အမြဲတမ်း ကန့်လန့်တိုက်နေကျ။
''အဲဒါမျိုးက အင်မတန်ဖြစ်ခဲတဲ့ကိစ္စပါကွာ... တစ်ယောက်ကိုတစ်ယောက်မမြင်တွေ့ဖူးဘဲ ချစ်ဖို့ဆိုတဲ့ကိစ္စဟာ လွယ်တော့မလွယ်ဘူး...ဥပမာကွာ တစ်ယောက်ကိုတစ်ယောက်မတွေ့ဖူးဘဲ ဖုန်းထဲကတင်ချစ်ကြတယ်ဆိုတာ အမှန်တော့သာယာကြတာကွ... အကယ်၍ လူချင်းဆုံမိမှကိုယ့်မျက်စိနဲ့ တိုက်ရိုက်မြင်ရတဲ့အချိန်ကျမှ ကိုယ်တကယ်မချစ်နိုင်တဲ့ပုံကြီးမျိုးဖြစ်နေတာမျိုး ဖြစ်တတ်တယ် ...ဥပမာ ဗိုက်ကြီးပူနေတာတို့ဘာတို့ဆိုရင် အဲဒီ တော့မှ ကိုယ်သာယာခဲ့တာတွေနဲ့အတူ အချစ်စိတ်ပါပျောက်သွားတတ်တယ်... ဒါကြောင့် ရှေးလူတွေကပြောခဲ့တာချစ်ခြင်းအစမျက်စိကတဲ့''
တင်မောင်လွင်က ရှည်လျားစွာ ရှင်းပြပြီး မောသွားဟန်နှင့် ဘီယာ ခွက်ကိုဟန်လုပ်စုပ်ယူလိုက်သည်။ ဒါကို မူးနေပြီဖြစ်သောဇာနည်က အာ လေးလျှာလေးနှင့် ဖင်ပိတ်ငြင်းသည်။
''ချစ်ခြင်းအစ မျက်စိကဆို ...မျက်စိနဲ့မကြည့်ဘဲ နှလုံးသားနဲ့ကြည့်ပြီး ချစ်ခဲ့တာတွေကရောကွာ... ဒါကြောင့်ပြောတာ... အပေါ်နှစ်လုံးနဲ့ပဲမတွက်နဲ့ ... အလယ်နှစ်လုံးအတွက်ပါထည့်စဉ်းစား ...ဒါမှအောက်နှစ်လုံးသက်သာမှာ ''
သူ့စကားကို တင်မောင်လွင်က မျက်မှော င်ကြု တ်၍
''ဘာလဲကွ..မင်းဟာ ...အပေါ်နှစ်လုံး..အလယ်နှစ်လုံး..အောက်နှစ်လုံးနဲ့ ရှုပ်နေတာပဲ''
တင်မောင်လွင် အမေးကို ဇာနည်က
''အပေါ်နှစ်လုံးဆိုတာ မျက်လုံးကိုပြောတာ... အလယ်နှစ်လုံးကနှလုံးသား ...အောက်နှစ်လုံးကခြေသလုံးလေကွာ..မင်းမျက်စိနဲ့တင်ကြည့်ပြီးလှတယ်... ကြို က်တယ်ဆိုပြီး ဆုံးဖြတ်ခဲ့တော့ အောက်နှစ်လုံးဖြစ်တဲ့ခြေသလုံးကြီးအောင် လုပ်ကျွေးရမှာ ပေါ့ကွ....''
''ဟာ ..တော်ပါကွာ..မင်းနှစ်လုံးကိစ္စ ...မင်းနဲ့လည်း ဆက်မငြင်းတော့ဘူး... မူးလည်းမူးနေပြီ ...အိမ်ပဲပြန်တော့မယ်...''
ဟုဆိုကာ မတ်တတ်ရပ်သည်။ ဇာနည်ကသာ...
''ခဏနေဦးကွ ...ဒါလေးဖြတ်လိုက်ဦးမယ်''
ဆိုပြီး လက်ကျန်ဘီယာခွက်မော့သောက်ကာ...
''ဟေ့ ...ဒီမှာ ရှင်းမယ်ဟေ့''
ဘီယာဝိုင်းထိုင်ပြီးလျှင် ဘာမှမလုပ်ရဘဲချမ်းသာနေသော သူဌေးလေးဇာနည်ကရှင်းနေကျ။
လူခြေကရှင်းနေပြီ။ ရှင်းနေလို့လည်းတော်သေးသည်။ ဘီယာမူး၍ ပြန်လာသောတင်မောင်လွင်နှင့်ဇာနည် နှစ်ယောက်တည်း လမ်းပိတ်နေ၏ ။ ယိုင်ထိုးယိုင်ထိုးနှင့် ခပ်ဖြည်းဖြည်း လျှောက်လာကြပုံကမသိရင် အရက်သမားကြီးတွေကျနေတာပဲ... သိတော့လည်း..အဲ ...အရက်သမားကြီးတွေပါပဲ...။ လမ်းဘေးမှာ တော့ ကားတွေ စီရီတန်းရပ်လို့ ...။
''မင်းတို့လက်တွေမြေကြီးမှာ ...ထောက်ထားလိုက် ...
တင်မောင်လွင်...မင်းတို့နောက်မှာ ရောက်နေပြီ ...''အာ ...အိမ်ကအဝေးကြီးလိုသေးတဲ့ဟာ... ငါမနေနိုင်တော့ဘူး...''ဇာနည်စကားကြောင့် တင်မောင်လွင် ပျာပျာသလဲ ဖြစ်သွားပြီး''ဟာ ...ဟေ့ကောင် ဒီမှာ တော့မလုပ်နဲ့ကွ ...လမ်းဘေးကအိမ်တွေက မအိပ်ကြသေးဘူး ...မြင်သွားလို့ ပြဿနာတက်နေပါဦးမယ်''''တို့အမျိုးက အမြင်မရိုင်းပါဘူးကွ''ဇာနည်က အထွန့်တက်နေသေး၏ ။ တင်မောင်လွင်ကသာ...''မင်းအဘ...မင်းသာမရိုင်းတာ...ကျန်တဲ့သူတွေက ရိုင်းလိမ့်မယ်ကွ...နေရာရှာစမ်းပါဦးကွာ''တင်မောင်လွင်ကလည်းဇာနည်တိုက်ထားသော ဘီယာတဖြဲနှစ်ဖြဲသောက်မျိုမိထားသည့်အတွက် ဤကိစ္စမျိုးလေးနှင့် ရှောင်ထွက်၍ မကောင်း။''နေဦးကွ ...ဟိုကားနောက်မှာ ပဲ ရှင်းလိုက်တော့မယ်''ကြည့်လိုက်တော့ကားက ပါဂျဲရိုးကားအမြင့်ကြီး။''ဟေ့ကောင်ရာ ကားပိုင်ရှင်နဲ့တွေ့လို့ ...''
မင်းတို့လက်တွေမြေကြီးမှာ ...ထောက်ထားလိုက် ...
တင်မောင်လွင်...မင်းတို့နောက်မှာ ရောက်နေပြီ ...''
တင်မောင်လွင်က ဘာမှန်းမသိတဲ့ သီချင်းတစ်ပုဒ်ကိုဆိုလာ သည်။
''နေဦးကွ ငါရှူးပေါက်ချင်တယ်''
ရုတ်တရက်ခြေလှမ်းရပ်ပြီး ပြောလိုက်သောစကားကြောင့် တင်မောင်လွင်မျက်လုံးပြူးသွား၏ ။ နံဘေးနားကြည့်တော့လည်းလူနေအိမ်ချည်းသာ။ သူတို့ရှိနေတာက ပလက်ဖောင်း။
''ဟေ့ကောင် နည်းနည်းအောင့်ထားလိုက်ပါကွ... ဒီနားအပေါ့သွားလို့မရဘူး ...အိမ်ရောက်မှ''
''ကားပိုင်ရှင်နဲ့တွေ့တော့လည်း ခွေးလိုဟောင်ပြလိုက်မှာ ပေါ့ကွကားဘီးမြင်ရင် သေးမပန်းရမနေနိုင်လို့ ပန်းမိတာပါဆိုပြီး ကြာတယ်ကွာ''
ဟုဆိုကာ ကားနောက်ပြေးကပ်လိုက်သည်။
''ဟား ...''
ဇာနည့်ထံမှ အားရကျေနပ်စွာ ထွက်ပေါ်လာသော သက်ပြင်းချ သံ။တင်မောင်လွင်ကသာမလုံမလဲနှင့် လူရိပ်လူခြေကြည့်နေရသည်။ ဖြတ်သွားဖြတ်လာကကျဲပါးဆဲ။ ဟိုငတိကလည်း ဘီယာတွေမဆန့်မပြဲ သောက်သုံးလာရော့ထင့်။ ကြောင်းရှည်တစ်ကြောင်းကမဆုံးနိုင်။ ခွေးဇာတ်ခင်းလို့မပြီးနိုင်။ ဘောင်းဘီလေး မ,ကာ မ,ကာနှင့်စတိုင်ကျနေ၏ ။ ထိုခဏမှာ ပင်
ဖျတ်ခနဲ ပွင့်လာသော ပါဂျဲရိုးမီး ..နောက် ကားစက်နှိုးသံ။ ရုတ်ချည်းပြောင်းလဲသွားသောအခြေအနေကြောင့် ဇာနည်ရော၊ တင်မောင်လွင်ပါကြောင်သွားကြသည်။ ထိုခဏမှာ ပင် ထပ်ကြားလိုက်ရသောအသံက ...
''သတိ ကားနောက်ဆုတ်မယ် ...သတိ ကားနောက်ဆုတ်မယ်''
ဘက်(ခ်)ဂီယာထိုးလိုက်သည်နှင့် အော်တိုထွက်လာသော သတိပေးသံ။ ကားကပါကင်ထိုးထားရာမှ အနောက်ဆုတ်ကာ ထွက်ရန်ပြင်ပုံရ၏ ။ဟိုကောင်လည်းကမန်းကတန်း နောက်ဆုတ်ထွက်ရန်ပြင်သည်။
''ဟာ''
ကားက ဆတ်ခနဲရွေ့ပြီ။ ထိုတော့မှ နှစ်ယောက်လုံးသတိရပြီး
''ဟာ ..ဟေ့ဟေ့ ...နောက်မှာ လူ လူ''
တင်မောင်လွင်၏ ကျယ်လောင်သောအော်သံ။ သို့ သော်နောက်ကျသွားပေပြီ။ ဟိုကောင် အောက်နှစ်လုံး (ခြေသလုံးနှစ်လုံး)မလှုပ်ရှားနိုင်မီမှာ ပင်ဒုန်းခနဲမြည်သံကြားရ၏ ။
''ဇာနည် ...ဇာနည်''
တင်မောင်လွင်၏ အာခေါင်ခြစ်အော်ဟစ်သံ။
အမှော င်။ သူ လွန်စွာ ကြောက် သောအမှော င်။ အမှော င်ထဲတွင်သူရုန်း ကန်ပြေးလွှားဆဲ။ ညာဘက်ချိုးကွေ့လိုက် သည်။အလင်းရောင်မမြင်ရသေး။
''လုပ်ကြပါဦး ...ကျွန်တော် ဘယ်ရောက်နေလဲ''
သူ၏ ကြောက်လန့်တကြားအော်သံ။ မည်သည့်နေရာကမှ ပြန်ထူးသံမကြား။ ဇောချွေးတွေအလိုလို စိမ့်ထွက်လာသည်။ ကျောကိုတစ်စုံတစ်ခုလာထောက်သဖြင့် လှည့်ဖမ်းလိုက်ရာ ...ဟင်အမြီး ...ငါငါ ...ဘာလို့အမြီးပေါက်လာတာလဲ ... ငါဟာ ...
'' ကယ်ကြပါဦးဗျို့...ကားဘီးမြင်တိုင်း ခွေးဇာတ်မခင်းတော့ပါဘူး''
သူ့ရဲ့ ကယောင်ကတမ်းအော်သံ။ ဘာမှမထူးခြား။ သူဘယ်ဘက်ကိုချိုးကွေ့လိုက်သည်။
''ဟာ''
ခပ်ဝေးဝေးမှ မြင်ရသော အလင်းရောင်ငယ်ငယ်။
''ငါလာပြီ ...ငါလာပြီ''
သူ အားတက်ပြီးအလင်းရောင်ဆီပြေးလိုက်သည်။ ကျိန်းစပ်သောအလင်းရောင်ကြောင့် သူမျက်လုံးကိုပြန်ပိတ်လိုက်မိသည်။ အလင်းရောင်မမြင်တာကြာ၍ မျက်လုံးကျိန်းစပ်သွားပုံရသည်။ အတန်ကြာမှ သူမျက်လုံးကိုပြန်ဖွင့်လိုက်တော့...
''ဟင်''
သူ့မျက်လုံးကိုဖြဲ၍ ဓာတ်မီးနှင့် ထိုးကြည့်နေသော မျက်ဝန်းတစ်စုံ။သူရုတ်တရက်မျက်လုံးပွင့်လာ၍ ကြောင်ပြီးငြိမ်နေပုံရ၏ ။
''အို ...လှလိုက်တဲ့မျက်ဝန်း''
မျက်ဆန်နက်နက်၏ ပတ်ဝန်းကျင်တွင် ဝဲဖြာနေသောမျက်တောင်မွေးကော့ကော့လေး၊ နောက် မျက်ခုံးနက်နက်တစ်စုံ။ ချစ်ခြင်းအစ မျက်လုံးကဆိုသော တင်မောင်လွင်၏ အဆိုကို သူချက်ချင်းသတိရသွားသည်။ သူသတိလက်လွတ် ထပ်ငေးကြည့်နေမိသည်။ နှာခေါင်းထိပ်ဖျားလေးက ချွန်ပြီးနှုတ်ခမ်းနှစ်လွှာက ပန်းရောင်သန်းနေသည်။ ပါးပြင်နုနုပေါ်မှတစ်ဆင့် ဆံနွယ်စတစ်ချို့ပင် သူ့နဖူးပေါ်ဖြာကျနေပြီ။ အနေအထားက သူမ၏ ဆံနွယ်စများ သူ့ပါတ်ဝန်းကျင်ကိုလိုက်ကာချထားသလိုလို ...သူမ၏ နက်မှော င်ရှည်လျှားတဲ့ဆံနွယ်များ ကြားမှာ သူနှင့်သူမတို့ တစ်ယောက်ကို တစ်ယောက်ကြောင်ပြီးစိုက်ကြည့်နေမိသည်။
ဖြူ စင်နုနယ်သောမျက်နှာလေး သူ့အပေါ်ဘယ်လိုရောက်နေပါလိမ့်။
သူစဉ်းစားမရ။ ခဏငြိမ်သက်နေတုန်းမှာ ပင် ထိုမျက်ဝန်းလေးသူ့နားမှဆတ်ခနဲခွာပြီး
''သူသတိပြန်ရလာပြီ ...''
အသံက သေးသေးနွဲ့နွဲ့အေးအေးလေး၊ ထိုတော့မှ
''အောင်မလေး ကံကြီးပေလို့ပေါ့သားရယ်...''
ဟူသော အမေ့ငှက်ဆိုးသံကြီးကြားရတယ်။ ထိုတော့မှ သူလည်းသတိရသွားပြီ။
''ကျွန်တော် ...ကျွန်တော် ဘယ်ရောက်နေတာပေါ့နော်...ကျွန်တော်ဘယ်ရောက်နေတာပေါ့နော်...''
ဇာနည့်နှုတ်မှ ကယောင်ကတမ်းထွက်လာသောစကားတချို့။ ဒါကိုအနားရောက်လာသောအမေက...
''အေး ...ဘယ်ရောက်နေ အာငါတောင်ယောင်ကုန်ပြီ... နင်အထူးကုဆေးခန်းတစ်ခုရောက်နေတာလေ''
ဆေးခန်းဟူသော စကားသံကြားသည်နှင့် ဇာနည်က သူ့ခေါင်းကိုသူ ပြန်အုပ်ကိုင်ပြီး....
''ဟင် ...အထူးကုဆေးခန်းဟုတ်လား ...ဒါဆို...ခုနက ကျွန်တော်ခေါင်းကိုက်နေတာလားဟင်''
''ဟာ ...ဒါတော့ဘယ်သိပါ့မလဲ...နင်ကိုက်တာ နင်ပဲသိမှာ ပေါ့ ...''
ဇာနည် အမေဖြစ်သူ၏ စကားကို ဂရုမစိုက်အားဘဲ ခုနမြင်တွေ့လိုက်ရသော မျက်ဝန်းအစုံဆရာမ လေးကိုသာလိုက်ငေးနေမိ၏ ။ ဆရာမ လေးကတော့ သူ့အလုပ်သူလုပ်ရင်းရှုပ်နေသည်။ ဇာနည်ကလည်း ဆရာမ လှမ်းရာသို့ မျက်လုံးကမခွာ။
''ဟဲ့ ...အာ လန့်လိုက်တာ ကလူ ကလူ''
ဆရာမ ကိုလိုက်ငေးနေရင်း ရုတ်ချည်းမြင်လိုက်ရသော သူ့အမေမျက်နှာမြင်၍ လန့်အော်မိသေးသည်။ ဒါကိုသူ့အမေဒေါ်ဆွေသန်းက မျက်နှာမဲ့ရှုံ့ကာ...
''သြော် ..အမေ့ မျက်နှာမြင်တာတောင် သွေးလန့်နေသေးတယ်ဟုတ်လား ...ငါလုပ်လိုက်ရသေတော့မယ်...''
သူ့အမေ၏ ကြုံးဝါးစကားကို ဇာနည်ဂရုမစိုက်အားသေး။ သူ့အမေပခုံးကိုပင် အနည်းငယ်ဆွဲဖယ်လိုက်ပြီး
''မကွယ်နဲ့လေ အမေကလည်း...ဒီမှာ စိတ်ပါလက်ပါ ကြည့်နေတယ်ဆိုမှပဲ''
ဟုဆိုလိုက်မှ သူ့အမေလည်းပိုစိတ်ဆိုးသွားပြီး....
''ဟဲ့ ...အကောင် ...နင့်အမေဒီမှာ ... ဒီမှာ မကြည့်ဘဲဘယ်လိုက်ကြည့်နေတာလဲ''
''ဟာ ..အမေ့မျက်နှာက ကျွန်တော်တစ်သက်လုံးကြည့်လာတာ...ကျွန်တော်မှတ်မိပါတယ်အမေရာ..အခုဟာက ..ဟာ သွားပြီ''
ဆရာမ လေး အခန်းထဲကထွက်ခွာပျောက်ကွယ်သွားပြီ။ ထိုတော့မှ သူ့ခေါင်းထဲ တစစ်စစ်နှင့်ပြန်ကိုက်တက်လာပြီး ...
''အား ...ခေါင်းကိုက်လိုက်တာအမေရာ...ကျွန်တော် ...ကျွန်တော်ဘာဖြစ်သွားတာပေါ့ဟင်''
ဟု ကယောင်ကတမ်းဆိုလိုက်ရာ သူ့အမေကလည်း
''အေး ...ဘာဖြစ် အာ ...နင့်စကားတွေကလည်း''
ဆိုကာ အဖြစ်အပျက်ကို ပြန်ရှင်းပြ၏ ။
''ဒီလိုဟေ့ ...မနေ့ညက နင်နဲ့တင်မောင်လွင် ဘီယာဆိုင်ကနေမူးရူးပြီး သူများ ကားနောက်သေးဝင်ပေါက်လို့ အဲဒါ ကားနောက်ဆုတ်ရင်းတိုက်မိတာ...တစ်ညလုံးလည်း သတိမရ ...ခေါင်းမှာ လဲလေးချက်ချု ပ်လိုက်ရတယ်...ဟင်း ခွေးစိတ်ပေါက်ပြီး သူများ ကားဘီးသေးဝင်ပန်းရတယ်လို့... ဖြစ်တာတောင်နည်းသေး''
သူ့အမေရှင်းပြသောစကားသံများ ကြားတော့ မနေ့ညကအဖြစ်အပျက်များ ပြန်မြင်ယောင်မိသေး၏ ။ ဟုတ်သား။ သူများ ကားနောက်ဝင်ပြီးဟဝှာလုပ်နေတုန်း ကားကြီးနောက်ပြန်ကြီး မျက်စိတည့်တည့်ဝင်လာတာ။စဉ်းစားရင်းစဉ်းစားရင်း ခေါင်းကတစစ်စစ်ကိုက်လာပြန်၏ ။ ခေါင်းကိုက်တာကနည်းနည်းပါ။ ခုနမျက်ဝန်းပိုင်ရှင်ဆရာမ လေးကို ပြန်တွေ့ချင်နေသည်နှင့်
''အား ...ခေါင်းကိုက်လိုက်တာအမေရာ ... ကျွတ်ကျွတ်..ခုနဆရာမ လေးပြန်ခေါ်ပေးပါ...''
အမေကလည်း ဘုမသိဘမသိနှင့်....
''ဟဲ့ ခေါင်းကိုက်ရင်လည်း လှဲနေလေ...ခဏနေ သက်သာသွားမှာ ပေါ့''
''အား ...လှဲနေလည်းရမှာ မဟုတ်ဘူး အမေရာ...ခေါင်းကသိပ်ကိုက်တာပဲ...မနေနိုင်တော့ဘူး...အား ...ဆရာဝန်မလေးသာခေါ်ပေးပါ...အား ...လုပ်ပါအမေရဲ့ အမြန်ခေါ်ပေးပါ''
သူ့ရဲ့ အမူအယာကို ကြည့်ပြီး အမေဖြစ်သူလည်းမနေနိုင်တော့ဘဲ
''ဟဲ့ဟဲ့ ...လုပ်ကြပါဦး..ဒီမှာ သားလေး သားလေးခေါင်းကိုက်လို့တဲ့...''
ဒေါ်ဆွေသန်းအော်သံကြားသည်နှင့် နံဘေးနားသို့ နပ်(စ်)မလေးတစ်ယောက်ရောက်လာပြီး...
''ခေါင်းကိုက်လာရင် ဒီဆေးသောက်ဖို့ ဆရာဝန်မကမှာ ခဲ့ပါတယ်.. ဒီဆေးလေးသောက်လိုက်ပါ..''
ဇာနည်က ဆေးများ ကိုကြည့်ပြီး
''အား...ဒီဆေးတွေသောက်ရင်လည်း ကောင်းမှာ မဟုတ်ဘူး..အောင်မလေးခေါင်းကကိုက်လိုက်တာ...ဆရာဝန်မလေး ခေါ် ပေးပါ...အား...ကျွတ်ကျွတ်''
သူ့စကားကို နပ်(စ်)မလေးကလည်း...
''ဟုတ်ကဲ့ ဆရာမ က Round လှည့်နေပါတယ်..မသက်သာရင်ဒီဆေးလေးသောက်ထားလိုက်ပါ...ကောင်း သွားမှာ ပါ''
နပ်(စ်)မလေးစကားကို သူ့အမေကလည်း ....
''ဟုတ်သား ..သားရယ်... ဆေးသောက်လိုက်ရင် သက်သာသွားမှာ ပါ ...ကဲ ...အမေရေခပ်ပေးမယ်''
ဟုဆိုကာ ရေတစ်ခွက်ခပ်ပေး၏ ။ ဇာနည်လည်း ဘာမှမတတ်နိုင်တော့ဘဲ ဆေးလေးလုံးကိုယူ၍ တစ်ပြို င်ထဲမော့ချလိုက်၏ ။ ခေါင်းကိုက်ကပျောက်သလောက်ဖြစ်သွားပြီ။ သို့ သော် ရောဂါကအကင်းမသေသေး။ ထို့ကြောင့် ခုတင်ပေါ်နှစ်ပတ်သုံးပတ်ခန့်လှိမ့်၍ ....
''အား ..ဆေးသောက်ပြီးမှခေါင်းပိုကိုက်လာသလိုပဲ...အောင်မလေးခေါင်းပွင့်ထွက်တော့မယ်ထင်တယ်...ဒီဝေဒနာကိုခင်ဗျားတို့ကိုပြောပြရင်လည်းနားလည်မှာ မဟုတ်ဘူး ....ဆရာဝန်သာခေါ်ပေးပါဗျာဆရာဝန်သာ မြန်မြန်ခေါ်ပေးကြပါ.... အား ကျွတ်ကျွတ် နာလိုက်တာနာလိုက်တာ ...အား ...သေတော့မယ်ဗျာ''
ဇာနည့်ထံမှ လိုသည်ထက်ပို၍ ညည်းညူ သံကြားရ၍ နပ်(စ်)မလေးလည်း ပျာပျာသလဲဖြစ်သွားပြီး....
''ခေါင်းတအားကိုက်နေရင်လည်း ခဏလှဲနေနော်... ကျွန်မဆရာဝန်သွားခေါ်ပေးမယ်''
ဟုဆို၍ ပြောပြီး အခန်းပြင်ကမန်းကတန်းပြေးထွက်သွား၏ ။ ထိုတော့မှဇာနည်လည်း အလိုကျသွားပြီး ခုတင်ပေါ်ပြုံးပြုံးကြီးလှဲနေလိုက်၏ ။ဆရာဝန်မသူ့ကိုလာကြည့်ချိန် လှပနေအောင်လို့လေ။သူ့ကိုကြည့်ပြီး အမေဖြစ်သူကပါ ကြောင်ပြီး ...
''ဘယ်လိုဖြစ်တာလဲ ...ခုနကတော့ ခေါင်းကိုက်တာသေတော့မယ်ဆို....အခုဘာဖြစ်လို့ ပြုံးပြုံးကြီးလှဲနေရတာ လဲ''
အမေ့စကားကို ဇာနည်က...
''အမေမသိပါဘူး ...အမေရာ''
ဆိုကာ ပြုံးပြုံးကြီးပြန်လှဲနေလိုက်သည်။ မျက်ဝန်းလှလှနှင့် ဆရာမလာလျှင် စတိုင်လ်ကျနေစေရန်အတွက်ဒူးတစ်ဖက်ပင်ချိတ်၍ အပြုံးကို မလျှော့ဘဲတစ်ပုံစံထဲဖြစ်ရန်တင်ထားသေး၏ ။
သိပ် မကြာလိုက်ပါ။အခန်းထဲဝင်လာသောခြေသံကြား၍ ဇာနည် အပြုံးကိုအနည်းငယ်ထပ်တင်ကာမျက်လုံးကိုမှိတ်ထားလိုက်၏ ။ သူ့ပုံက ဖားဖောင်စင်းသေလို့ဝင်စားထားသည့်အတိုင်း....
''ဘာဖြစ်တာလဲ''
''ဟင်''
ရုတ်တရက်မထင်မှတ်ဘဲကြားလိုက်ရသော သံပြည့်ကြီးကြောင့်ဇာနည်အံ့အားသင့်သွား၏ ။ ဟုတ်ပါ့။ မျက်လုံးဖွင့်ကြည့်တော့ သူမြင်ချင်သောမျက်ဝန်းကလေးမဟုတ်။ မျက်ဝန်းပြူးပြူးကြီးပိုင်သော ယောက်ျားဆရာဝန်ကြီး။
''အက်ဒီးဆင့်ဖြစ်ထားတာဆရာ...ဆရာမ နေရီမွန်က အသေအချာကြည့်ထားပြီးပြီ ...အဲဒါကိုခေါင်းတအားကိုက်လာလို့တဲ့''
နေရီမွန်တဲ့။ နာမည်လေးသိလိုက်ရရုံနှင့် ဇာနည်ရင်တွေ တဒိတ်ဒိတ်ခုန်သွား၏ ။
''ဆေးရော မတိုက်ရသေးဘူးလား''
''တိုက်ပြီးပြီဆရာ... ဒါပေမယ့်ခေါင်းက တအားကိုက်လို့တဲ့''
ဆရာဝန်က သက်ပြင်းချသည်။ သူ၏ ရေရှည်အပြုံးလည်း အလဟဿဖြစ်ကုန်ပြီ။
''မှော က်လိုက်''
''ဗျာ ...''
သူ့ကိုကြည့်၍ ပြောလိုက်သောဆရာဝန်စကားကြောင့် ဇာနည်ကြောင်သွား၏ ။ ဒါကိုဆရာဝန်က ....
''ဆေးထည့်ဖို့ မှော က်လိုက်ပါ''
''ဟင် ..ဆေးထည့်ဖို့''
ဆေးထည့်ဖို့ဆိုသော စကားကြားသည်နှင့် ဇာနည်မျက်လုံးများ ပြူးကျယ်သွား၏ ။ဘာလည်း နောက်ကျောမှာ ဘာဒဏ်ရာရှိလို့လည်း၊ ကားကနောက်ဆုတ်ပြီး ကိုယ့်အရှေ့ဖက်ခြမ်းကိုတိုက်ပြီး၊ ခေါင်းထိခိုက်တာကျောနဲ့ဘာမှမဆိုင်။
''ဟိုဟို ဆေး ..ဆေးကဘာဆေးထည့်မှာ လည်းဟင် ..မထည့် လို့မရဘူးလားဟင်''
သူ့စကားကို ဆရာဝန်က ခေါင်းခါလိုက်ပြီး....
''မရဘူး ..ဆေးသောက်ထားတာတောင် မသက်သာဘူးဆိုတော့ဆေးထည့်မှကိုဖြစ်မှာ ထည့်ဆေးကပိုပြင်းတယ်''
''ဗျာ''
သူ အမူပိုခဲ့သမျှခံရပြီ။
''ဟို ..ဟို ကျွန်တော့်ခေါင်းကိုက်ကပျောက် ပျောက် သွားပါပြီ''
''ဒါ ခဏသက်သာသွားတာလည်း ဖြစ်နိုင်ပါတယ်... ပိုသေချာသွားအောင်ဆေးထည့်ပေးမှဖြစ်မှာ ပါ မှော က်သာမှော က်လိုက်ပါ''
''အဟင့် ..အဟင့် ...ငါ့ မှာ ခြေမကြီးကိုကားနေတော့တာကွာ''
ဇာနည့်စကားကို သူငယ်ချင်း များ က ပြုံးစေ့စေ့လုပ်နေကြသည်။ဇာနည်ကသာဆက်၍ ...
''သြော် ...ငါ့မှာ တော့ ခုနကမျက်ဝန်းနက်နက်နဲ့ ဆရာမ လေး ပြန်လာမယ်ထင်ပြီးတော့ ဟန်ဆောင်လိုက်ရတာ ကွာ...နောက်တကယ်လာတော့နောက်ဆရာဝန်ထီးကြီးတစ်ယောက်ဖြစ်နေတယ်''
သူငယ်ချင်းများ စိတ်ပါကားမပါကားမသိ။ ဇာနည့်ကိုပြုံး၍ ကြ ည့်နေသည်။ဇာနည်ကသာဆေးခန်းတုန်းက
ဖြစ်ခဲ့သမျှကို ပြန်သတိရဟန်ဖြင့် တွေတွေကြီးငေးရင်း
''တင်မောင်လွင်ပြောသလို...ချစ်ခြင်းအစမျက်စိက ငါယုံသွားပြီကွာ''
သူငယ်ချင်းအားလုံး မျက်နှာကိုရှုံ့မဲ့စွာ တစ်ဘက်သို့ လှည့်သွားကြ၏ ။ သူ့ရုပ်နှင့်သူ့စကားလုံး လမိုင်းမကပ်လွန်း၍ ဖြစ်မည်။
''ငါ ဘယ်လိုလုပ်ရမလဲဟင်...ငါဘယ်လိုလုပ်ရမလဲ..ငါဆရာဝန်မလေးကိုချစ်မိနေပြီ...ငါဘယ်လိုလုပ်ရမလဲ...အကြံလေးများ ရှိရင်ပေးသနားကြပါဦး''
ဇာနည်၏ အမေး။ ဒါကို နံဘေးနားရှိသည့်နေသူက အမြင်ကတ်ကတ်နှင့် ...
''ဆရာဝန်မကိုကြို က်ရင် လူမမာဖြစ်ဖို့အရင်ကြိုးစားပေါ့ကွာ..မင်းကလည်း ရှင်းရှင်းလေး''
နေသူ၏ စကားကို အောင်မျိုး ကလည်း....
''အေးလေကွာ ...ကိုယ်က ဆရာဝန်မကို ကြို က်နေမိတော့ အနီးစပ်ဆုံးဖြစ်အောင် လူမမာဖြစ်အောင် ကြိုးစားလိုက်ပေါ့ကွ ...ဒါလေးများ ''
အောင်မျိုး၏ ထောက်ခံမှု ကို မောင်တင်မောင်လွင်ကလည်း...
''လူအိုကတော့ မင်းဖြစ်နေပြီး သားပဲကွ...လူနာသာဖြစ်အောင်ကြိုးစား...အေး ...ကြိုးစားရင်း လူသေဖြစ်သွားရင်တော့ မပြောတတ်ဘူးပေါ့ကွာ ...''
အားလုံး၏ စကားသံကိုကြားတော့ ဇာနည်အားတက်သွားပြီး...
''အေး ဟုတ်တယ် ...လူမမာဖြစ်အောင်ငါကြိုးစားမယ်''
ဟုဆိုရင်းနောက်မှ ပြန်သတိရသွားကာ....
''နေဦးကွာ...လူမမာဖြစ်ဖို့ဆိုတာကလည်း ငါ့မှာ ပါရမီက မပါဘူးကွ ...ငါ့မှာ တစ်ခါမှတောင်ဖျားဖူးတာမဟုတ်ဘူး''
သူ့စကားကို နေသူက...
''အား ..လူမမာဖြစ်ဖို့ကပါရမီလိုလို့လား ...မမာအောင်နေရင်လူမမာဖြစ်ပြီပေါ့ ...တကတည်း''
''အဲဒီ လို မမာအောင်နေဖို့ဆိုရင် ကြာဦးမှာ ကွ..ငါကခုချက်ချင်း ဖျား...ခုချက်ချင်းဆေးရုံရောက်''
''အောင်မလေး ..ခုချက်ချင်းများ သေဦးမလားကွာ..ခုချက်ချင်းဆေးရုံရောက်ချင်လည်း မကျန်းမာတဲ့သူတွေ့အောင်ရှာပေါ့ကွာ...လူမမာတွေ့ရင် ဆေးခန်းပို့... မင်းတွေ့ချင်တဲ့ ဆရာမ လေးနဲ့တွေ့..ဒါလေးများ ''
သူ့စကားမဆုံးခင် ဖြတ်ပြောလိုက်သော တင်မောင်လွင်စကားကြောင့် ဇာနည်မျက်နှာကြီးဝင်းလက်သွား၏ ။ နောက်အရှေ့မှစားပွဲခုံကို ပုတ်ကာ...
''အဲဒီ တစ်ချက်ကိုငါလွတ်နေတာ ...ဟုတ်တယ်..ငါ့ချစ်ခြင်းရဲ့မြစ်တစ်ဖက်ကိုကူးခတ်ဖို့ လူမမာတည်းဟူသော တံတားကိုရှာရမယ်''
ဆိုပြီး အားလုံးကို လက်ညှိုးဝေ့ထိုးကာ...
''မင်းတို့ထဲမှာ ရော ကျန်းမာရေးမကောင်းတဲ့သူရှိလား''
ဆိုပြီးမေးလိုက်တော့ အားလုံးတွန့်ဝင်ကုန်တယ် ..ဒီကောင်ကတကယ်လုပ်မယ့်ကောင်ကိုး ...
''ဘာလို့မကောင်းရမှာ လဲ....ငါတို့ကဒေါင်ဒေါင်မြည်ပဲ''
''ဟုတ်ပါ့ စမ်းချင်စမ်းလို့ရသေးတယ်...တင်းရင်းနေတာ''
''ချောင်းလေးတောင် ဆိုးဖူးပေါင်...လက္ခဏာမှာ ပါကြည့်...အသက်လမ်းကြောင်းနှစ်ထပ်နဲ့''
ဟုဆိုကာ အကြောက်အကန်ငြင်းကြသည်။ ဒါကိုဇာနည်က တစ်ယောက်စီ အသေအချာကြည့်ပြီး
''မလိမ်ကြပါနဲ့ကွာ...မှန်း တင်မောင်လွင် မင်းမျက်သားတွေဖြူ နေသလိုပဲ ...ဟုတ်တယ်ဖြူ နေတယ် ...''
''မျက်သားပဲ ဖြူ မှာ ပေါ့ကွ''
''ဟိုကောင်အောင်မျိုး မင်းလည်းမျက်နှာကြီးဝါနေတယ်...အ သည်းယောင်အသားဝါရှိနေသလိုပဲ ..သေချာပါပြီ ...ဒီလောက်ဝါနေ ရင် ဒီရောဂါပဲ...''
''မျက်နှာဝါတာ သနပ်ခါးလိမ်းထားလို့ကွ...ဘာမှအသားမဝါဘူး''
''ဟိုကောင်နေသူ မင်းကြည့်ရတာ တစ်နေ့တခြားပိန်ပိန်လာ သလိုပဲ...ဧကန္တ...''
''ဟေ့ကောင် ငါဝိတ်ကျချင်လို့ ကြိုးခုန်နေတာကွ... ဒါကြောင့်ထင်တယ်လုပ်မနေနဲ့ ...ဘာရောဂါမှမရှိဘူး''
သူငယ်ချင်းတွေကိုစည်းရုံးမရ၍ ဇာနည်စိတ်ပျက်သွား၏ ။
''လုပ်ပါကွာ....တစ်အောင့်လောက်တော့ ဖျားပေးကြပါ''
အားလုံးကလည်း ခေါင်းခါပြီး...
''မဖျားနိုင်ပေါင်ဗျာ...တခြားကိစ္စဆိုကူညီမယ် ...နို့မဟုတ် ရင်ဘုမသိဘမသိနဲ့ ခြေမသွားကားနေရမှာ လား ...''
''အေးလေ ...တော်ကြာဆေးခန်းရောက်မှ ဆရာဝန်မက ထည့်ဆေးနဲ့ဆော်ထည့်လိုက်လို့ ခြေမကြီးကိုကားနေမှာ ...ဟီဟိ''
''ဟုတ်ပါ့ ..ဟုတ်ပါ့... သူ့ကားဖူးတိုင်း သူများ လိုက်ပေးကားချင်နေတာ''
အားလုံး အကြောက်အကန်ငြင်းဆန်နေတော့ ဇာနည်ဘာမှမတတ်နိုင်တော့။ သူ့ခမျာ သူကိုယ်တိုင်လည်းမဖျား၊ သူများ တွေကိုလည်းဖျားခိုင်း၍ မရနှင့် ဆရာဝန်မလေးနေရီမွန်နှင့်တွေ့ရဖို့အရေး ဝေးရင်းသာဝေးနေတော့၏ ။ သူသက်ပြင်းကို ခပ်ပြင်းပြင်းချလိုက်သည်။ ဒါကို အောင်မျိုးက ...
''ဟေ့ကောင်ရ ...နေမကောင်းဖြစ်တယ်ဆိုတာ တို့လိုငယ်ငယ်ရွယ်ရွယ်တွေကဖြစ်ခဲတယ်ကွ ... ဖြစ်တော့လည်းခဏပဲ ...ဆေးတော်ကြီးမှီဝဲလိုက်ရင်အဖျားပိုးပါရူးကြောင်မူးကြောင့်နဲ့ လည်ထွက်သွားမယ်...လူကြီးတွေကမှသာ''
လူကြီးတွေဟူသောစကားကြားတော့ ဇာနည်ခေါင်းပြန်ထောင်လာ၏ ။ ပြီးမှ...
''ဟုတ်တယ် လူကြီးတွေဆို ချူ ချာကြတယ် ...ဟုတ်တယ်...လူမမာအရှာထွက်ရမယ်''
ဟု ဆုံးဖြတ်ပြီး...
''ကဲ ...သူငယ်ချင်းတို့ ငါ ဆရာမ လေးနေရီမွန်နဲ့တွေ့ရဖို့လူမမာအရှာထွက်ဦးမယ်''
ဟုဆိုကာ ခပ်သုတ်သုတ် လှမ်းထွက်သွားလေသည်။ သူငယ်ချင်းများ က သူတို့၏ အူကြောင်ကြောင်ကောင်ကို ငေးရင်းသာကျန်ခဲ့ကြလေသည်။
စကားကတော့ သိတယ်မဟုတ်လား။
''တကယ့်ငကြောင် (Really Cat Man)''ဟူ၍ ။
အချစ်သည် အဖျားရောဂါနှင့် ခပ်ဆင်ဆင်တူပေလိမ့်မည်။
ဆေးပညာ၏ အဆိုအရ လူတိုင်းသည်အချစ်အကြောင်းကိုတွေးနေချိန်ဝယ်သွေးနွေးနေတတ်သည် ဟုဆိုကြသည်။ မယုံကြည်လျှင်ကိုယ့်နဖူး ကိုကိုယ်ပြန်စမ်းပြီး အချစ်အကြောင်း စဉ်းစားကြည့်လိုက်ပါ။
ခန္ဓာကိုယ်သည် အ နည်းငယ်ပူနွေးလာကြောင်းတွေ့ရပေမည်။
ဤသို့ ပင် အချစ်အတွက် နဂိုသွေးနွေးနေတတ်သူများ အတွက်တော့ကိုယ့်ချစ်သူ၏ မျက်နှာကို စိတ်ကူးယဉ်မိတိုင်း အဖျားတက်လာသလိုခံစားကြရလိမ့်မည်ပင်။ မိမိနှင့်လိုက်ဖက်သင့်တင့်သောရောဂါဖြစ်ရန်သာလိုပေလိမ့်မည်။ကိုယ်ကတုတ်ကွေး လောက်သာခံနိုင်ရည်ရှိပါလျက် ငှက်ဖျားရောဂါပိုးလောက်ခံစားလိုလျှင်သေဖွယ်ရာလမ်းသာ ရှိပေလိမ့်မည်။
ဤသို့ ပင် အချစ်သည်လည်း ကိုယ့်အတွက် ခံနိုင်ရည်ပမာဏလောက်သာ ထားရှိခြင်းသာ ကောင်းပေလိမ့်မည်။ ကိုယ့် ခံနိုင်ရည်ထက်လွန်ကဲ၍ ခံစားနေလျှင်တော့...
''သေပါပြီ ငါ့ကောင်ပဲ''
တစ်ခါတစ်ရံ၌ လည်း အချစ်သည် မိမိနှင့်မလှမ်းမကမ်းတွင်ရှိနေသည်ကိုသိသော်လည်း မမီနိုင်သောနေရာမျိုး၌ သူ့ဘာသာသူရှိနေတတ်၏ ။
ထိုမမီရာနေရာကို ကြိုးစားမျှော်မှန်းနေသည်ကလည်း ...
''သေမှာ ပါ ငါ့ကောင်ပဲ''
ရှင်းလင်းသွားစေရန် သာဓကတစ်ခုပြပါမည်။ အချစ်သည်ထိုနေရာ၌ ရှိနေ၏ လို့မှတ်ပါ။ တိရစ္ဆာန်များ အတွက်သာ သီးသန့်အစားအသောက်ရောင်းဆိုင်သို့ မိန်းမကြီးတစ်ယောက်ရောက်လာ၏ ။
''ကျွန်မအတွက် ကြောင်စာနည်းနည်းလောက် ရောင်းပေးပါ''
''ဘယ်နှစ်ကောင်စာလည်း''
ဈေးရောင်းသူကချိုသာစွာ ပြန်မေး၏ ။ မိန်းမကြီးက မျက်မှော င်ကြု တ်၍ ...
''အင်း ..ဆယ်ကောင်စာလောက်ပါ''
မိန်းမကြီး၏ စကားကို ဈေးရောင်းသူကတအံ့တသြနှင့်...
''ဟယ် ...ကြောင်ကို ဆယ်ကောင်တောင် မွေးထားတာလား''
''ကြောင်မရှိပါဘူး...အခုဟာက ကျွန်မယောက်ျားကိုကျွေးမ လို့''
မိန်းမကြီးစကားကြောင့် ဈေးရောင်းသူ မျက်လုံးပြူးသွားကာ...
''ဟင် ...ကြောင်စာကိုလူကျွေးရင်သေသွားမှာ ပေါ့ ... ကျွေးလို့မရဘူးလေ... သေတတ်တယ်''ဈေးရောင်းသူစကားကို မိန်းမကြီးက ခပ်တည်တည်နှင့်...''ကျွန်မအလုပ်ကျွန်မသိတယ် ...ကြောင်စာသာထည့်ပေးပါ''
ဈေးရောင်းသူလည်းစိတ်မသက်မသာနှင့် ကြောင်စာများ ကိုထုတ်ပိုးပေးရင်း ကြောင်စာကိုလူစားမိလျှင် သေတတ်ကြောင်း တဖွဖွမှာ ကြားလိုက်လေသည်။
သိပ်မကြာသောရက်အတွင်း ထိုဆိုင်ရှေ့သို့ ကြောင်စာဝယ်သွားသူ မိန်းမကြီးတစ်ယောက်ထည်း ဖြတ်သွားသည်ကိုမြင်၍ ဈေးရောင်းသူက
''အစ်မကြီး ကြောင်စာမဝယ်တော့ဘူးလား''
''မလိုတော့ဘူးလေ''
မိန်းမကြီးစကားကြောင့် ဈေးရောင်းသူမိန်းမလည်း ထိတ်ခနဲဖြစ်သွားပြီး...
''ဒါနဲ့အစ်မကြီး ယောက်ျားရော''
''သေပြီ''
မိန်းမကြီး၏ ခပ်ပြတ်ပြတ်စကားကိုကြားတော့ ဈေးရောင်းသူလည်းစိတ်ဆိုးသွား၏ ။
''အဲဒါကြောင့်ပြောတာပေါ့ ...ကြောင်စာကိုလူကျွေးရင် သေမယ်လို့...''
ဆိုတော့ မိန်းမကြီးကခပ်အေးအေးလေသံဖြင့်...
''ကျွန်မယောက်ျားသေတာ ကြောင်စာနဲ့ဘာမှမဆိုင်ပါဘူး...''
ဤသို့ ပင် အချစ်သည်ကိုယ့်အနီးအနားတွင်ရှိနေသည်မှာ မှန်သော်လည်း မမှီမကမ်းနေရာတွင်ဖြစ်နေတတ်ပါသည်။ ထိုအရာကိုမှ မျှော်လင့်ချက်နှင့်ကြိုးစားနေခဲ့လျှင်
''ဇက်ကျိုးသေမှာ ပေါ့ ငါ့ကောင်ရဲ့ ''
ချစ်သူ
နေ့ညများ နှင့်အတူ
ချစ်သူကိုတွေ့ရန်
နှလုံးသားက တောင့်တနေမိတယ်
ခဏတာတွေ့ဆုံလိုက်ရခြင်းသည်လည်း
အားလုံးကို ဖျက်ဆီးတတ်သော
သေခြင်းတရားကို လက်ကိုင်ထားခြင်းနှင့်တူပေစွ။
မြက်ခင်းနဲ့ မြေပြင်လို
ချစ်သူနှင့် ငါ့နှလုံးသား
နီးကပ်စွာ တည်ရှိနေလို၏ ။
မိုးကုပ်စက်ဝိုင်းတွင် မြင်နေရသော
ကောင်းကင်နှင့် မြေပြင်ဆက်စပ်လျက်ရှိသည့်
သက်တံ့ကြီးသာ ငါဖြစ်ခဲ့လျှင်
သေခြင်းတရားကို လက်ကိုင် ထားခြင်းနှင့်ပင်တူနေလိမ့်မည်။
အိမ်ထဲမှာ ပင် ခေါက်တုံ့ခေါက် ပြန်လမ်းလျှောက်ရင်း
ဂနာမငြိမ်ဖြစ်နေသော သားတော်မောင်ဇာနည်ကို ဒေါ်ဆွေသန်းကြောင်ပြီးလိုက်ငေးကြည့်နေ မိသည်။ ခါတိုင်း ဂနာမငြိမ်တာနှင့်မတူ။ယခုဟာက တစ်ခုခုကို အသေအချာစဉ်း စား၍ ဂနာမငြိမ်ဖြစ်နေပုံမျိုး။ အတန်ကြာမှ သူ့နားစောင်းငန်းစောင်းငန်းတိုးကပ်လာပြီး နဖူးကိုလာစမ်းသည်။ နောက်မျက်လုံးကို ဖြဲကြည့်သည်။
ဒေါ်ဆွေသန်းကလည်းသူ့သားဘာလုပ်နေမှန်းမသိ၍ ကြောင်ပြီးငေးကြည့်နေမိသည်။
'' အမေ...လျှာထုတ်ပြကြည့်စမ်း''ဇာနည့်စကားကြောင့်ဒေါ်ဆွေသန်းယောင်ပြီး လျှာထုတ်ပြမလိုလုပ်ပြီးမှ...
''ဟယ် ငါကမကြီးမငယ်နဲ့ ဘာလို့လျှာထုတ်ပြရမှာ လဲ''
''အကြောင်းရှိလို့ပါ လျှာထုတ်ပြကြည့်စမ်းပါ''
ဒေါ်ဆွေသန်းလည်း သားတော်မောင်ငပေါအလိုကျ လျှာထုတ်ပြရသည်။ ဒါကိုဇာနည်က အသေအချာကြည့်ပြီး...
''အမေ ...နေမကောင်းဖြစ်နေပြီ''
''အမ်''
ဇာနည့်စကားကြောင့် ဒေါ်ဆွေသန်းကြောင်သွားသေး၏ ။ နောက်မှသတိရပြီး ...
''အိုး ...ငါက ဘာလို့ နေမကောင်းဖြစ်ရမှာ လဲ..ကျန်းမာတာမှဒေါင်ဒေါင်မြည်ပဲဟာကို ...''
ဒေါ်ဆွေသန်းစကားကို ဇာနည်ကသက်ပြင်းချကာ ခေါင်းကိုလေးတွဲ့ စွာ ခါလိုက်ပြီး...
''အမေ ဖျားနေတာ အမေမသိဘူး ...ကျွန်တော်သိတယ်''
''ဟဲ့ ...ငါဖျားတာ ငါသိမှာ ပေါ့ ...နင်ကဘယ်လိုလုပ်ပြီးကာယကံရှင်ထက်ပိုသိမှာ တုန်း ...ငတုံးရဲ့ ''
ဇာနည်က ခေါင်းကိုခပ်ဖြည်းဖြည်းထပ်ခါသည်။
''အမေ့မျက်လုံးက သွေးကြောတွေရော...အမေ့လျှာရော ဖြူ နေပြီ...ဒါမျိုးဟာနေမကောင်းဖြစ်သူတွေမှာ ပေါ်တတ်တဲ့လက္ခဏာမျိုးကျွန်တော်သိတယ် အမေဖျားနေပြီ ...''
သားတော်မောင်စကားကြောင့် ဒေါ်ဆွေသန်းလည်း စိတ်ဆိုးသွားကာ...
''ဘာ မျက်လုံးဖြူ .. ဘာလျှာဖြူ လဲ..ငါဘာမှမဖြစ်ဘူး...ဘယ်လိုရူးကြောင်မူးကြောင်အကောင် မွေးထားမိလည်းမသိဘူး...''
''တစ်ခါတလေကျတော့ အတွင်းကြိတ်ဖျားတွေဖြစ်တတ်တယ်ဖျားတဲ့ကာယကံရှင်က ဘာမှမခံစားရပေမယ့် ...ပတ်ဝန်းကျင်က သူဖျားနေတာကိုခံစားရစေတယ် ...''
''တော်စမ်းပါဟယ် ...''
ဒေါ်ဆွေသန်း၏ ငေါက်ငန်းစကားကို ဇာနည်က....
''အမေတစ်ခု သားတစ်ခုပဲရှိတာအမေရာ... အမေ့မျက်လုံးတွေအမေ့လျှာတွေကြည့်ပြီး အမေသေချာပေါက်ဖျားနေတယ်ဆိုတာ ကျွန်တော်သိတာပေါ့ ...ဖျားကိုဖျားနေတယ်ဗျာ...အမေမညာနဲ့''
''ဟဲ့ ...မဖျားပါဘူးလို့ ပြောနေတယ်လေ''
''အခုမဖျားလည်းတော်ကြာဖျားတော့မှာ ...သေချာတယ် ...ကျွန်တော်သိနေတယ်နော်အမေ''
''သြော် ...ဒီကောင် ငါမဖျားပါဘူးလို့ပြောနေတာ မရဘူးလားနင်မယုံရင်ငါမဖျားကြောင်း သက်သေပြမယ် ...မှုံရွှေရီသီချင်းဖွင့်စမ်း..''
သိတယ်မဟုတ်လား ဒေါ်ဆွေသန်းကလည်း ဇာတ်ပိုးကသေးတာမှမဟုတ်တာ၊ ကမယ်ဆို လာထားပဲ ။
''ဖျားတယ်နော် ...''
''မဖျားဘူး ...''
သားအမိနှစ်ယောက်ထဲ ကပ်ပြီးစကားများ နေကြသည်။ အမှန်တော့ဇာနည်က ဆရာဝန်မလေးနေရီမွန်ရှိသော ဆေးခန်းကိုသွားချင်တာ။ဒါကြောင့် ဒေါင်ဒေါင်မြည်သူ့အမေကို အတင်းဖျားနေပါတယ်ဆိုပြီး စည်းရုံးနေတာ။ ဒါကိုမိခင်ဖြစ်သူ ဒေါ်ဆွေသန်းကလည်းမလျှော့။ ဟုတ်တယ်လေ။ သူမှနေမကောင်းမဖြစ်တာ။ အလန်းကြီးဟာကို။
''မဖျားဘူးဟာ...မဖျားဘူး...ငါဘာမှမဖြစ်ဘူး''
သူ့အမေကို ရုတ်တရက်စည်းရုံး၍ မရတော့ ဇာနည်အသာလေးမတ်တတ်ပြန်ရပ်သည်။ ပြီးမှလက်နောက်ပစ်ကာ နောက်တစ်မျိုးထပ်စည်းရုံး၏ ။
''မဟုတ်သေးဘူးနော်... အမေတို့အရွယ်ဆိုတာ မကြာမကြာဖျားပေးရတယ်..ဒါမှကျန်းမာရေးပိုကောင်းပြီး အသက်ရာကျော်ရှည်တာ''
''ဟဲ့ ..မကြာမကြာဖျားနေရရင် ဘယ့်နှယ်အသက်ရှည်မှာ လဲငနာလေးရဲ့ ...အောင်မလေး ...ဘယ်ဘက်မျိုးလိုက်ပြီး တစ်ယောက်ထဲကွက်ပေါနေတယ်မသိပေါင်တော် ...တကတည်း''
သူ့အမေ၏ မှတ်ချက်စကား။ ဇာနည်ကလည်းမလျှော့။
''အမေစဉ်းစားကြည့်လေ..လူဆိုတာ ချူ ချာမှအသက်ရှည်တာမဟုတ်လား...ဟိုစက်တွေလိုပေါ့အမေရာ တစ်ခါတလေပျက်တော့ပြင်ရင်းနဲ့တခြားပျက်တာတွေပါ တစ်လက်စထဲပြင်လိုက်လို့ရတာ ပေါ့ ...လူလည်းဒီလိုပဲ...မကြာခဏဖျားပေးတော့ တစ်လက်စထဲ နောက်ဖြစ်လာ မယ့်ရောဂါတွေ...ပိုးတွေကိုတစ်လက်စထဲကုသွားလို့ရတာ ပေါ့ ... တစ် ချို့ဆိုတစ်သက်လုံးတစ်ခါမှမဖျားဖူးဘဲနဲ့ ခေါက်ခနဲသေတတ်တာမျိုးလေ''
သားတော်မောင်၏ စကားကြောင့် ဒေါ်ဆွေသန်းတွန့်ဝင်သွား၏ ။နောက်မှမျက်လုံးလေး ပြာကလည်ပြာကလည်နှင့်....
''ငါလည်း တစ်ခါတလေတော့ ဖျားပါတယ်ဟယ်''
သူ့ခမျာလည်း မဖျားမနာဘဲ ခေါက်ခနဲသေသွားမှာ တော့ ကြောက်ပုံရ၏ ။ ထို့ကြောင့် သားတော်မောင်အလိုကျ ပြန်ဖြေလိုက်ရခြင်းပင်။
''ဖျားတယ်ဆိုတာကလည်း မကြာမကြာဖျားမှ....အိုဗျာ ..အမေတို့အရွယ်ဆိုတာ အထူးကုလိုဆေးခန်းမျိုးမှာ ခုတင်တစ်လုံး ဘိုင်သေယူထားရတော့မှာ ...ဘယ်တော့မှမဆင်းသင့်တော့ဘူး''
ဇာနည်၏ စကားကြောင့် ဒေါ်ဆွေသန်းပြန်ပြီးခါးမတ်သွားကာ..
''ဟင် ...ငါက အထူးကုဆေးခန်းကမဆင်းတော့ဘယ်သူကပိုက်ဆံပေးမှာ လဲ...နင်ဟိုတစ်နေ့ကတင် ဆေးခန်းနှစ်ရက်တက်တာငါးသောင်းတဲ့''
''တန်ပါတယ်အမေရာ...ကိုယ့်အိမ်ကိုယ်နေလဲ လေးငါးရှစ်ထောင်ကကုန်နေတာပဲ ...ဟိုမှာ က ကိုယ့်အမျိုးအရင်းထက်တောင် ကိုယ့်ကိုဂရုစိုက်သေးတယ် ...တကယ်တန်တယ် ...''
ဇာနည်က မရရသည့်နည်းနှင့် သူ့အမေလူမမာဖြစ်အောင် ဇွတ်စည်းရုံးနေသည်။ ဒါကိုဒေါ်ဆွေသန်းကလည်းမလျှော့။ လျှော့လို့မဖြစ်ဘူးလေ။ မဟုတ်သည့်ဇာတ်လမ်းကြီးကို ။
''ဘာတန်တာလဲ ...ဘာတန်တာလဲ...ဆရာဝန်မက မျက်လုံးလေးတစ် ချက်ဖြဲကြည့်တာကို စမ်းသပ်ခငါးထောင်တဲ့..အဲဒါတန်လား''
''အဲဒါတန်တာပေါ့ ...အမေရ...တစ်ခါဖြဲမှငါးထောင်... တောက်ဒီလိုမှန်းသိရင် နှစ်ခါသုံးခါဖြဲခိုင်းပါတယ် ...''
ဇာနည်၏ အားတက်သရောစကား။ သူ့စိတ်ကူးထဲမှာ လည်း ဆရာဝန်မလေးနေရီမွန်၏ မျက်ဝန်းကို မြင်ယောင်ရင်းတန်နေပုံရ၏ ။ ဒေါ်ဆွေသန်းကသာ
''သြော် ...တစ်ခါဖြဲငါးထောင်ကိုတန်တယ်ဟုတ်လား... မျက်လုံးလေး ဖြဲတာလောက်နဲ့ကတော့ ငါအလကားဖြဲပြမယ်''
''အိုး...အမေတို့လို ပြဲပြီးရောဆိုပြီး ရမ်းသမ်းဖြဲတာ မဟုတ်ဘူးလေ... ဆေးပညာရှုထောင့်နဲ့ ဖြဲသင့်မှဖြဲတာ''
''ဟဲ့ကောင်လေး စကားကောင်းပြောနေတာ... အားကျွတ်ကျွတ်နင်နဲ့စကားပြောရတာ ခေါင်းကိုက်လာပြီ... အားကျွတ်ကျွတ် ...''
ခေါင်းကိုက်လာပြီဟူသော သူ့အမေ၏ စကားသံကြားသည်နှင့်ဇာနည်ဝမ်းသာသွားသည်။ စိတ်ထဲတွင်လည်း ...
''ဟီဟိ ..ပိုင်ပြီ ..ပိုင်ပြီ ... ဆရာဝန်မလေးနှင့်တွေ့ရပြီ''
ဟုစိတ်ကူးယဉ်လျက် အူမြူး သွား၏ ။ ထို့ကြောင့် သူ့အမေနားကမန်းက တန်းသွားပြီး...
''ခေါင်းကိုက်လာပြီဟုတ်လား ဒါဆိုအမေဖျားပြီ...သေချာပေါက်ကိုဖျားပြီ... လာဆေးခန်းသွားရအောင်''
ဟုဆိုကာ အတင်းဆွဲ၏ ။ ဒါကို ဒေါ်ဆွေသန်းက ရုန်းလိုက်ပြီး...
''ဟယ် ...ဘယ်လိုဖြစ်နေတာလဲ ...ဆေးခန်းမသွားဘူး''
သူ့အမေ၏ စကားကြားတော့ ဇာနည်အံ့အားသင့်သွားသည်။
''ဟင် ...ဖျားနေတယ်ဆို..ဆေးခန်းသွားမယ်လေ...လာပါ အမေရဲ့ ...အမေပဲ ဟိုတစ်ခါကဆေးခန်းသွားချင်တယ်ဆို ...ဖျားနေတယ်ဆို''
ဇာနည့်အမေဒေါ်ဆွေသန်းကခေါင်းယမ်းကာ
''ဆေးခန်းမသွားဘူး...ဆရာမောင်ဆေးနီမှု န့်နဲ့ ငန်းနီကျော်သာဝယ်ပေး...''
''အင်''
သူ့အမေစကားကြောင့် ဇာနည်ကြောင်သွား၏ ။ နောက်မှသတိရပြီး...
''မဟုတ်သေးဘူးအမေရ ...ဗမာဆေးဆိုတာ''
''ကောင်းတယ်ဟဲ့...ဟိုတစ် နေ့က နင်ပြောလို့ ဗမာဆေးတွေသောက် ပြီး ရေနွေးခွက်ချပြီး မုံရွာစောင်ခြုံ ပြီး ဝင် နေလိုက်တာချွေးပုပ်တွေထွက်ပြီး လူကိုချက်ချင်းပြန်လန်းလာတာ''
''အာ ...မဟုတ်သေးပါဘူးအမေရာ..သေချာပေါက်ဖျားပြီဆို ဆေးခန်းသွားမှ အိုကေမှာ ...''
''ဘာဆေးခန်းမှ သွားစရာမလိုဘူး...သုံးရက်ဖျားမယ့်အဖျားကသုံးရက်အထိဖျားမှာ ပဲ ...ငါးရက်ဖျားမယ့်အဖျားဟာ ငါးရက်ထိ ဖျားမှာ ပဲဘယ်လိုဖျားဖျား သူ့အပတ်လည်တဲ့အထိဖျားမှာ ပဲ... ဒီကြားထဲ ဆရာဝန်လုပ်ပေးနိုင်တာက ခဏတာသက်သာ မှု ပဲ...ဗမာဆေးကမှဟုတ်သေး လျက်ဆားလေးသောက်ပြီးရင် ရေနွေးတစ်ခွက်နဲ့စောင်ခြုံ ဝပ်နေလိုက်ရင် ချက်ချင်းသက်သာသွားရော ...အင်း တယ်ကောင်း...''
ဇာနည်တစ်ကိုယ်လုံး ဖျော့ကျပြီးဝုန်းခနဲလဲကျမတတ်ပဲ။ ဒီနည်း ကသူ့နည်း။သူပဲ အမေ့ကိုပြောပြခဲ့တာ။ဒီနည်းသာအမေမသိရင် သေချာပေါက် ဆေးခန်းရောက်တယ်။တွေးရင်းတွေးရင်း သူ့ကိုယ်သူအပြစ်တင်မိတယ်။
''တောက် ...ဒါကြောင့် ရှေးလူကြီးများ ပြောတာပေါ့... ဟင်းစားသာပေး... ကွန်ချက်မပြနဲ့ဆိုတာ..အမေသာ ဒီကွန်ချက်ကိုမသိရင်သေချာပေါက် လူနာတစ်ယောက်ရတယ် ...အခုလောက်ဆိုဆေးခန်းမှာ ဆရာဝန်မလေးနဲ့ မျက်လုံးချင်းတောင်အီစီကလီရိုက်နေလောက်ပြီ ...အခုတော့''
သူ၏ အားကြိုးမာန်တက်လုပ်ဆောင်မှု များ က သဲထဲရေသွန်။
လက်ဖက်ရည်ဆိုင်ကလေးမှာ အမိုးမပါသော်လည်းသစ်ပင်ရိပ်များ ဖြင့် အေးနေသည်။ မလေးရှားပိတောက်ပင်၊ စွယ်တော်ပင်၊ဗာဒံပင်များ ဖြင့် စိုပြည်နေ သောထိုဆိုင်ကလေးသည် နေ့လယ်နေ့ခင်းအပူရှောင်ရန်နှင့် အနားယူရန်အကောင်းဆုံးပင်။
ထိုအထဲမှာ မှ ရင်ထဲအပူများ နှင့် အပူလောင်သူတစ်ယောက်ကတော့သူငယ်ချင်းများ ရှေ့ မျက်နှာငယ်ကလေးဖြင့်ငြိမ်လို့။
''စဉ်းစားကြည့်ပါဦးကွာ...ငါ့မှာ အင်မတန်ဖြစ်ရလွယ်တဲ့လူမမာမဖြစ်နိုင်ဘူး...အမေ့ကိုကြည့်တော့လည်းကျန်းမာလိုက်တာမှဒေါင် ဒေါင်မြည်လို့ ...ငါကိုက ကံဆိုးနေလားမသိပါဘူး...သူများ မိဘတွေများ ...ဖျားပါတယ်ကွာ...''
သြော် ..အမေကျန်းမာတာတောင် ဝမ်းမသာဘဲ ကံဆိုးတယ်ထင်နေတဲ့ကောင်။ ဘယ်လောက် နားရင်းဖြတ်အုပ်ချင်စရာကောင်းလဲ ဆိုတာစဉ်းစားသာကြည့်။ အခင်ဆုံးသူငယ်ချင်းများ ပါ မျက်နှာရှုံ့ကုန်၏ ။ ငတိကသာမျက်နှာသေလေးနှင့်...
''ရပ်ကွက်ထဲလည်း လှည့်ပတ်စုံစမ်းပါတယ်ကွာ... မကျန်းမာတဲ့သူတစ်ယောက်မှမတွေ့ဘူး... အမှန်ဆို ဒီလောက်အပူရှိန်နဲ့ လူကြီးတွေနာကိုနာရမှာ ...ကံဆိုးစွာ ပဲ မနာကြဘူး.. တောက် ...မနှစ်ကတောင်သုံးလေးယောက်ဆုံးသေးတာပဲကွ ...နော့ ..ဟေ့ကောင်တွေ''
ဇာနည်က သူ့စကားဟိုကောင်တွေ စိတ်မဝင်စားတော့မှန်းသိ၍ ပြန်ခေါ်လိုက်သည်။ သူငယ်ချင်းများ က သူ့ကိုစောင်းငဲ့ကြည့်ကြသည်။ ထိုတော့မှ သူလည်းစကားကိုဆက်၍ ...
''မနေ့ကလည်းကွာ ဟိုဖက်လမ်းက ဦးထွန်းတင်ကြီး တုတ်ကွေးဖြစ်လို့ဆိုပြီး ...ငါ့မှာ ဝမ်းသာအားရသွားတာ...နှစ်ရက်သုံးရက်မထနိုင်တဲ့ လူကြီးငါ့လည်းမြင်ရော ငုတ်တုတ်ကိုထထိုင်တော့တာပဲ... ဒီလူကြီးကိုက ကိုယ်ချင်းစာစိတ်မရှိတာပါကွာ...အမှန် ငါ့ဘဝကိုစာနာပြီး လူမှု ရေးအရ သူဆက်ပြီးမဖျားပေးသင့်ဘူးလားဟင် ..လူချင်းဒီလောက်ခင်နေတာကွာ''
သြော် သူဆေးခန်းသွားချင်တိုင်း ကျန်းမာတဲ့သူတွေကို မေတ္တာပို့နေတာလေ။ ကြာတော့ ဟိုကောင်တွေလည်းသည်းမခံနိုင်ရော့လား၊ ခွင်ဝင်လာ၍ လားမသိ။ နေသူက ပြုံးဖြဲဖြဲမျက်နှာနှင့်...
''ဒီမှာ ဇာနည်...မင်းကို သတင်းကောင်းတစ်ခုပေးမယ်''
သတင်းကောင်းဆိုသည်နှင့် ဇာနည်မျက်လုံးအရောင်လက်သွား၏ ။
''ဘာလဲ ဘာသတင်းလဲ...ဆရာမ လေးနဲ့တွေ့ရဖို့လား''
သူ့အမေးကို နေသူကပြုံး၍ ခေါင်းညိတ်ရင်း...
''မင်းကြိုးစားရင် ကြိုးစားသလောက်တော့ ဖြစ်နိုင်တာပေါ့ကွာ''
''ကြိုးစားရင် ကြိုးစားသလောက်၊ စိတ်ဝင်စားပြီ ပြော''
''ဒီအတိုင်းတော့မရဘူးကွ ...တန်ရာတန်ကြေးတော့ပေးရမယ်များများ မဟုတ်ပါဘူး ....တစ်ဝိုင်းထဲပါ ...''
ဇာနည်မျက်မှော င်ကြု တ်သွား၏ ။
''တစ်ဝိုင်းဟုတ်လား..မင်းသတင်းက တစ်ဝိုင်းစာတန်လို့လား''
သူ့အမေးကို နေမျိုးက ခပ်ဟဟရယ်လိုက်သည်။ ပြီးမှ...
''တစ်ဝိုင်းတန် ..မတန်...မင်းပဲဆုံးဖြတ်လေ''
ဆိုတော့ ဇာနည်ပိုစိတ်ဝင်စားသွားသည်။ ထို့ကြောင့်...
''အင်း ...ပြော''
သူ ခွင့်ပြု လိုက်သည်နှင့် နေသူကသူ့နားကပ်လာပြီး...
''ငါ ...လူမမာတစ်ယောက် တွေ့ထားတယ်''
လူမမာအသံကြားတော့ ဇာနည်လှုပ်လှုပ်ရွရွဖြစ်သွား၏ ။ နေသူမှပင်ဆက်၍
''အဲဒီ လူမမာက ဆယ်ရက်ဆယ့်ငါးရက်ကနေ နာတာရှည်လည်းဖြစ်သွားနိုင်တယ်''
နာတာရှည်ဆိုသည့်စကားက ဇာနည့်ကို သဘောခွေ့သွားစေ၏ ။
''နာတာရှည် ဟုတ်လား.. ကြို က်ပြီ..ဒါဆိုဆရာမ လေးနဲ့အကြာကြီးတွေ့ရပြီ ...ဟီဟိ''
ဆိုပြီးအူမြူးနေသေး၏ ။ နောက်မှ သတိရသွားသလိုဖြင့် မျက်မှော င်ကြု တ်ပြီး...
''နေဦးကွ...အဲဒီ လူ နာတာရှည်သေချာပေါက်ဖြစ်မယ်ဆိုတာ.. မင်းအာမခံလား''
သူ့အမေးကိုနေသူက ခါးကိုမတ်၍ သူ့ကိုပြန်ကြည့်ကာ...
''ဒါကတော့ ငါကိုယ်တိုင်ရောဂါသည်မှမဟုတ်တာ...ဘယ်သိပါ့မလဲ.. အနည်းဆုံးဆယ်ရက်... ဆယ့်ငါးရက်ကတော့လူနာကိုယ်စားငါဂရမ်တီပေးတယ်ကွာ...ဆယ့်လေးငါးရက်ဆိုလည်း မင်းတစ်ဝိုင်းနဲ့က ...တန်ပါတယ်''
နေသူ့စကားကို ဇာနည်ကသွား လေးဖြဲပြီး ...
''ဟီးဟီး ...အဲဒါလည်းဟုတ်သားကွ...မင်းဖျားတာမှ မဟုတ်တာ..လူနာကိုယ်စားအာမခံနိုင်တာကို လွန်လှပြီ...မင်းသာဆို နာတာရှည်ကနေသေလို့တောင်ရတယ်...ကိုယ့်သူငယ်ချင်း အတွက်ပဲ ဟုတ်ဖူးလား ...နော့ ...ဟေ့ကောင် ...ဒါနဲ့ ခဏ ဘယ်သူ''
သူ့အမေးကိုနေသူက ချက်ချင်းမဖြေသေးဘဲ သူ့ကို ပြန်ကြည့်ကာ
''မင်းကတိတော့ တည်ပါတယ်နော်''
ဇာနည်က ခေါင်းကိုခပ်သွက်သွက်ညိတ်ကာ
''တည်ပါတယ်ကွာ...တည်တဲ့အပြင် ငါကတောင်ထပ်တိုးပေးဦးမယ်...လေးငါးဆယ်ရက်ဆို ဝိုင်းကြီးတစ်ဝိုင်း...နာတာရှည်ဆို နေ့စဉ်ရှယ်ကွာ''
ဆိုတော့မှ နေသူသဘောကျသွားကာ ကျန်သူများ ဘက်လှည့်၍
''အားလုံးကြားတယ်နော် ဒီကောင့်စကားကို''
အားလုံးကလည်း အလကားဝါး ရမည့်အရေးမို့ အားရပါးရခေါင်းညိတ်ကြ သည်။ သြော် လူမမာ အရောင်းအဝယ် လုပ်နေကြတာလေ။ဖျားတဲ့သူက သူ့ဘာသာသူအိမ်ထဲဖျားတာကို ကြားကအရောင်းအဝယ်ဖြစ်နေကြတာ။ အဲဒီ လူမမာသာကြားလို့ကတော့ ငုတ်တုတ်ကို သေသွားမလားပဲ။ မသေရင်တောင်လေလောက်တော့ဖြတ်နိုင်တယ်။
''ပြောမယ်ဆိုလည်း မြန်မြန်ပြောစမ်းပါ...သိချင်လှပြီ''
ဇာနည်၏ အားတက်သရောအမေး။ ဒါကိုနေသူက မည်သူမျှ မကြားစေချင်ဟန်နှင့် အသံလေးနှိမ့်ပြီး...
''ငါတို့အိမ်ခေါင်းရင်းကဦးဝပုသိလား''
ဇာနည် မျက်မှော င်ကြု တ်သွား၏ ။
''ဦးဝပု ...ဘယ်... ဦးဝပုလဲ''
ကျွတ်ခနဲ စုတ်သပ်သည်။
''မင်းကလည်းကွာ...တို့အိမ်ခေါင်းရင်းတစ်အိမ်ကျော်ကလေ သူ့သမီးလှိုင်လှိုင်ကြူ ...ဟိုတရုတ်မကြီးကွာ''
စကား ပင် မဆုံးလိုက် ၊'ဖလွတ်'ခနဲအသံ ကြားလိုက်သည်။ဇာနည် ပြေးတာ မှုံလို့။ ပြေးတာတောင်မှရိုးရိုးမပြေး။ တဟီးဟီး တဟားဟားရယ်၍
''ဟားဟားဟား ...ပိုင်ပြီကွ...ပိုင်ပြီ...ဒီလူနာ ငါပိုင်ပြီ ဟီးဟီးဟီး''
ဆို၍ အားရဝမ်းသာ ရယ်မောရင်း ပြေးထွက်သွားလေသည်။
ဇာနည် ဦးဝပုတို့အိမ်ခါးပန်း ရောက်သည်နှင့်...
''စိတ်မပူပါနဲ့ ကောင်းသွားမှာ ပါ..ရာသီဥတုပြောင်းလွန်းလို့ဖြစ်တာပါ''
ဟူသောအသံကြားရ၏ ။ ကြည့် လိုက်တော့ ဆရာဝန်တစ်ယောက်။ဦးဝပု ကိုစစ်ဆေးစမ်းသပ်ပြီး နှစ်သိမ့်နေသံ။ ဇာနည်ဂရုမစိုက်နိုင်ဘဲ ဦးဝပုနားပြေးကပ် လိုက်သည်။သူ့ကိုရုတ်တရက်ကြီး မြင်တော့ ဦးဝပုပင်...
''ဟင် ..ဘာကြီးလဲဟ''
ဆိုပြီး ကြောင်သွား၏ ။
အရင်ကလည်း သိပ်ရင်းနှီးသူလည်းမဟုတ်။နှုတ်ဆက်စကားပြောဖူးသူပင်မဟုတ်၍ အံ့အားသင့်သွားခြင်းဖြစ်၏ ။ ဇာနည်ကသာမျက်နှာဖြဲဖြင့် ...
'' ဟိုတစ်နေ့ထဲက လူနာသတင်းလာမေးမလို့''
သူ့စကားကြားတော့ ဦးဝပုမျက်လုံးပြူးသွားကာ
''ဟင် ...ငါ ..ငါဖျားတာမှ မနေ့ညနေကမှ ကောက်ကာငင်ကာဖျားတာ ...''
ဦးဝပု၏ အဖြေကြောင့် ဇာနည်မျက်နှာပျက်မလိုဖြစ်သွားသေး၏ ။ သို့ သော် မည်သူနှင့်ယှဉ်ယှဉ် သူမှဝမ်းတွင်းအစစ်ဟု ဆိုရလောက်အောင်စခွင့်ပြောင်သောအနှီငတိမှ ခေါင်းကိုခပ်ဖွဖွကုပ်၊ သွားလေးဖြဲကာ..
''အဟဲ ...ဦးကမနေ့ကဖျားပေမယ့် ကျွန်တော်ကတစ်နေ့ထဲကသိတာ...အိုဗျာ ပြီးခဲ့တဲ့အပတ်ထဲကကြို သိနေတယ်...မနောလေ ဟဲဟဲ မနော''
ဇာနည့်စကားကြောင့် အပြင်းဖျား၍ အိပ်ရာထဲလဲနေသော ဦးဝပုခေါင်းထောင်လာပြီး...
''မင်း ...မင်းက ငါဖျားမယ်ဆိုတာ ပြီးခဲ့တဲ့အပတ်ထဲကကြို သိနေတယ် ...ဒါဆိုဘာလို့လာမတားလဲဟင်...''
ဦးဝပု၏ ယောင်နနစကား။ သြော် ...သူတို့လက်ထက်ကျမှ အဖျားကိုကြို သိပြီး ကြို တားရသတဲ့။ ဒါကို ဟိုဝမ်းတွင်းရူးကလည်း
''ဟုတ်တယ်ဦးရဲ့ ...ဟီးဟီး..မနောလေ မနော...ကဲ ဒီအကြောင်းတွေပြောနေရင်ရှည်ပါတယ်..လာ ဆေးခန်းသွားပြရအောင်''
သူ့စကားကို ဦးဝပုက နံဘေးနားကစမ်းသပ်နေသည့် ဆရာဝန်ကိုလက်ညှိုးညွှန်ကာ
''ဒီမှာ ဆရာဝန်နဲ့ အိမ်ပင့်ပြီးပြပြီးပြီလေ...ဘာလို့ဆေးခန်းသွားရမှာ လဲ...''
ဆိုတော့ဇာနည်က ဆရာဝန်ကိုမတူမတန်သလို တစ်ချက်သာကြည့်ပြီး...
''ဟာဒီဆရာဝန်တွေက မစွံပါဘူး...အာပလာတွေပါ ... ဟိုနားကအထူးကုဆေးခန်းကဆရာဝန်တွေကမှ တကယ်တော်တာ''
သူ့စကားကြောင့် နံဘေးနားကဆရာဝန်လည်း ဒေါသထွက်သွားပြီး...
''ဘာကွ... ဟေ့ကောင် ...မင်းငါ့ကိုစော်ကားတာလား''
ဆရာဝန်၏ အမေးကိုဇာနည်က အဖက်မတန်သလိုဖြင့်...
''ဆရာ့ကိုမစော်ကားပါဘူး...ဆရာ့ပညာကိုမယုံတာပါ''
''ဟင် ...ငါ့ပညာ ...ဟေ့ကောင်နိုင်ငံခြားမှာ ဘွဲ့လွန်ယူပြီးပြန်လာတာကွ...ပတ်ဝန်းကျင်ကိုမေးကြည့်...လူတိုင်းသိတယ်''
ဆရာဝန်၏ ဒေါသတကြီးစကားကို ဇာနည်ကသက်ပြင်းချပြီး..
''တွေ့လား...နိုင်ငံခြားမှာ ပညာသင်လာတဲ့လူက မြန်မာ့ရောဂါရဲ့ ဇစ်မြစ်ကိုဘယ်လိုသိမှာ လဲ..လာပါဦးလေးရာ..ပစ္စည်းတွေထုပ်ဆေးခန်းသာသွားရအောင်''
ဇာနည်က သူသွားချင်သောဆေးခန်းကိုသာ ဇွတ်ခေါ်နေ၏ ။ ဒါကိုဘေးနားကဆရာဝန်က ပိုတင်းသွားပြီး...
''ဟေ့ကောင်..မင်း...မင်းလွန်လာပြီနော် ..မင်းငါ့ကိုလည်းစော်ကားတယ်..ငါ့ပညာကိုလည်းစော်ကားတယ်..မင်းကဘာကောင်မို့ လဲ''
ဟုဆိုကာ လဲနေသောလူမမာဦးဝပုဘက်လှည့်၍ ...
''ဒီမယ်ဦးဝပု...ဒီကောင်ဘယ်ကကောင်လဲ... ဦးဝပုနဲ့ဘာတော်လဲ...''
ဆရာဝန်၏ ဒေါသတကြီးစကားလုံးကို ဦးဝပုကမျက်လုံးလေးကလယ်ကလယ်နှင့် လက်ခါပြကာ...
''ဘာမှ ...ဘာမှမတော်ပါဘူးဒေါက်တာရယ် ...အခုမှ''
''အခုမှတွေ ...ဘာတွေလုပ်မနေနဲ့ဦးဝပု...အစကတည်းကဒီလိုကောင်မျိုးနဲ့ ဦးဝပုပေါင်းနေမှန်းသိရင် ကျွန်တော်ဦးဝပုတို့မိသားစုနဲ့မဆက်ဆံခဲ့ဘူး ...ဒါပဲ''
ဟုဆိုကာ ဆေးအိတ်ထဲသူ့စ္စည်းများ ဘောက်ဆတ်ဘော်ဆတ်နဲ့ကောက်ထည့်ကာ ကမူးရူးထိုးနှင့်အိမ်ပေါ်မှဆင်းချသွားလေ၏ ။ ဆရာဝန်ဆင်းသွားတာမြင်တော့ ဇာနည့်ရင်ထဲကြိတ်ပျော်သွားသည်။ ဆရာဝန်တစ်ရန်အေးသွားပြီမို့ သူသွားချင်သောဆေးခန်းသို့ ဦးဝပုကိုအသာလေး စည်းရုံးခေါ်သွားရုံပေါ့ ...မပိုင်လား။ အားလုံးစရိတ်ငြိမ်းဆိုတော့ ဦးဝပုလည်းငြင်းနိုင်မည်မထင်။
သူ့အတွေးနှင့် ပြုံးပြုံးကြီးဖြစ်နေတုန်းမှာ ပင် ဦးဝပုစောင်ခြုံ ထဲကဝုန်းခနဲခုန်ထလာပြီး ...
''ဟင် ...မင်း ...မင်းငါ့ခွင်ကိုဘာလုပ်တာလဲကွ..ဟေ''
''ဟင်''
ဦးဝပုကို ခုနကလို လူမမာလိုမဟုတ်ဘဲအလတ်ကြီး အထောင်လိုက်ကြီးမြင်လိုက်ရတော့ ဇာနည်အံ့အားသင့်သွားသည်။ နောက် ဇဝေဇဝါနှင့်...
''ဟာ ..ဦး ...ဦး ဖျားနေတာမဟုတ်ဘူးလား''
သူ့အမေးကိုဦးဝပုက ခါးကြီးထောက်ပြီး
''ဘယ့်နှယ်ဖျားရမှာ လဲကွ ...ဟင် ..ငါ့မှာ တော့ တစ်လကိုး သီတင်း..ဒီလောက်ကြက်သွန်နီဈေးကြီးတဲ့ခေတ်ကြီးမှာ ...ကြက်သွန်နီကြီးချို င်းကြားညှပ်လို့ ကိုယ်ပူအောင်လုပ်ဖျားချင်ယောင်ဆောင်ပြီး ဆရာဝန်လေးနဲ့ ငါ့သမီးလဲ့လဲ့ကြူ ကို နီးစပ်အောင်ကြံနေတာကွ ..အခု မင်းဝင်ရှုပ်လို့ငါ့ခွင်ကပျက်ပြီ''
''ဗျာ''
ဦးဝပုစကားကြောင့် ဇာနည်ကြောင်သွား၏ ။ နောက်မှ သြော်ဆရာဝန်တွေကိုကြို က်နေတာ ငါတစ်ယောက်တည်းမဟုတ်ပါလား။ ဦးဝပုကြီးပါ ပါနေပါလားဟူ၍ စဉ်းစားမိသေး၏ ။ ဟင် ကျားအချင်းချင်းကြီး ဘာလို့ကြို က်ပါလိမ့်။ ထိုအချိန်မှာ ပင် ဦးဝပုက...
'' သွားပါပြီ ... သွားပါပြီ... ကျွန်တော့်ရည်မှန်းချက် တွေးလျက်နဲ့ပျော်သည်ပျော်သည် ဖြစ်နေရာကနေ အခုမင်းဝင်ရှုပ်လို့ ခွင်ပျက်ရ ပြီ...ဆရာဝန်ယောက္ခမဖြစ်ရေးစီမံကိန်း မင်းကြောင့်ပျက်ပြီ... ဟေ့ကျက်သရေတုံးကောင် မင်းငါ့အိမ်ပေါ်ကခုချက်ချင်းဆင်းစမ်း... မင်းမျက်နှာငါမကြည့်ချင်ဘူး..အခု ဖြတ်ရိုက်လိုက်မိတော့မယ် ဆင်းသွား''
ဦးဝပု၏ ဒေါသတကြီးအော်သံကြောင့် ဇာနည်ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ယောင်နနဖြစ်နေ၏ ။ ဟိုဟာပဲယူရနိုး၊ ဒီဟာပဲ လှမ်းဆွဲရနိုးနဲ့ကြောင်နေသည်။
''ဟေ့ကောင်ဗရုတ် ဆင်းသွားလို့ပြောနေတာမရဘူးလား..ငါ ..တယ်လုပ်လိုက်ရ...ဟဲ့ ...မိပန်းကျင် ...''
''ရှမ်...''
''နင်သုံးသုံးနေတဲ့ ...တစ်တောင်လောက်ဟာကြီးယူခဲ့စမ်း .. ဟို...ငရုပ်ကျည်ပွေ့ဆိုလား ..ဘာလား''
''အော် ...ငရုပ်ကျည်ပွေ့လား...''
''ငရုပ်ကျည်ပွေ့အပြင် ဘာရှိသေးလို့လည်း ...''
''ငရုပ်ကျည်ပွေ့ထက်ကြီးပြီး ...ပိုတုတ်တဲ့ အဝတ်လျှော်တုတ်ရှိတယ်လေ ...''
''အေး ...ပိုကောင်းတာယူခဲ့ ...ငါဒီကောင့်ကိုရိုက်ဖြု တ်မယ် ...''
ဆိုကာ ရိုက်ဟန်ပုတ်ဟန်ပြု မှ ဇာနည်လည်းဦးဝပုအိမ်ပေါ်မှဆင်းမိတော့၏ ။
လမ်းပေါ်ရောက်မှ သူ့ဘာသာသူ သက်ပြင်းချရင်း...
''အင်း ..ကိုယ့်မှာ တော့ လူမမာတစ်ယောက်ရပြီဆိုပြီး ပျော်နေလိုက်တာ ...လူမမာ ကလိမ်ခြုံ အကြံသမားလူနာနဲ့မှ လာတွေ့နေရတယ် လို့''
နောက်မှ သူ့ဘဝသူစဉ်းစားမိကာ...
''ဆရာမ လေးရေ မင်းနဲ့ကိုယ်တွေ့ရဖို့ ...မိုးပေါ်ကအပ်တစ်ချောင်းနဲ့မြေပြင်ပေါ်က တင်ပုဆုံလို ...ဆုံဖို့ခက်ခဲလှပါလားကွယ် ...ထူးပါဘူးလေ ..ကိုယ့်ဝိဘက်ကံ ကိုယ်သာခံ ...ကိုယ့်ကံကိုယ်စမ်းပြီးကိုယ်တိုင်လူမမာဖြစ်ဖို့သာ ကြိုးစားတော့မကွယ့် ...မိုးပေါ်ကအပ်တစ် စင်းရေ...မြေပြင်ကလူမမာ့တင်ပုဆုံ ...တုံးခုလို့ခုန်ပြပြီး ဆေးအထိုး ခံတော့မယ်ကွယ့်...''
ဟုသာ။
အဆုံးမရှိကောင်းကင်ပြာကြီးက
သူ့ရဲ့ ကြယ်တွေအားလုံးကို
တန်ဖိုးဖြတ်မရတဲ့ ရတနာတွေနဲ့
ဟောဒီကမ္ဘာကြီးတစ်ခုလုံးကိုပဲ ပေးပါစေ
ကျွန်တော် မကျေနပ်နိုင်ဘူး
ဒီလောက်နဲ့ ဘယ်ရမှာ လဲ
ထပ်တောင်းမှာ ပေါ့
ဒါပေမယ့်
သူမဟာ
ကျွန်တော့်အတွက် အမြဲဖြစ်စေရမယ်ဆိုတဲ့ ဆုလဘ်သာရခဲ့ရင်
ဒီကမ္ဘာရဲ့ ချောင်တစ်ခုထဲက
အသေးငယ်ဆုံးတစ်နေရာရရင်ပဲ
ကျွန်တော်ကျေနပ်လှပါပြီ
တဂိုး
''ဟောဒီ မြင်နေရတဲ့ကောင်းကင်... ဟောဒီမှာ မြင်နေရတဲ့ လမင်းလမင်းနောက်က အခြံအရံကြယ်စင်...ဟောဒီစင်္ကြဝဠာကြီး တစ်ခုလုံးငါရခဲ့ရင်တောင် ဆရာဝန်မလေးနေရီမွန်ရဲ့ မျက်ဝန်းနက်တစ်စုံနဲ့ ငါလဲပစ်မယ်အောင်မျိုး''
ညခင်းမှော င်မှိုင်းမှိုင်းအောက်၊ အာလုံးနေသူတစ်ယောက်။ ရူးကြောင်မူးကြောင်ကောင် အရက်မူးနေတော့သိတယ်မဟုတ်လား။ ဒိုင်ကြောင်တွေက သူ့အလို လိုထွက်တယ်။
ကျန်တဲ့ကောင်တွေကတော့ သူ့စကားကို ဂရုမစိုက်အားပါဘူး။ဘီယာအလကားသောက်ရပြီးရော၊ သူ့ဘာသာသူပြောချင်တာပြောပါစေ။ငပေါလို့သတ်မှတ်ထားတော့ ဘာမှမလိုတော့ဘူး၊ ပြီးရော။
''ငါ့ရင်ဘတ်ထဲက တံခါးတစ်ချပ်ကိုလှစ်ဟလိုက်ရင်''
''ဟာ ...ရင်ဘတ်ပါဆိုမှ တံခါးကဘယ်ကလာမှာ လဲ''
သူ့စကားများ ကိုနားကြားမြင်းကတ်၍ တင်မောင်လွင်က ထကလပ်သည်။ ဒါကို ဇာနည်ကလည်း ထုံးစံအတိုင်း မလျှော့။
''ဟေ့ကောင်...ရင်ဘတ်ထဲမှာ တံခါးရှိတယ်...တံခါးကမှရိုးရိုးပတ္တာနဲ့တံခါးဟုတ်ဘူး...နိုင်ငံခြားဖြစ် ဒိုးလော့(ခ်)တပ်ထားတဲ့တံခါး...ဖွင့်ချင်ရင် အဲဒီ အဖုလေးလှည့်ဖွင့်ရတယ်...မသိရင်မှတ်ထား''
သူငယ်ချင်းအားလုံး မျက်နှာရှုံ့မဲ့ကုန်၏ ။သူ့အလှည့်ကျမှ ရင်ဘတ်မှာ ပါ ဒိုးလော့(ခ်)ကပါသေး မပြောတော့ပါဘူး။ ပြောရင်လည်း စကားရှည်တာပဲအဖတ်တင်မယ်။ ဟိုငကြောင်ကသာ ခံစားချက်ကြီးနှင့် ဆက်၍ ...
''ငါ့ရင်ဘတ်မှာ သီးထနေတဲ့ ဒိုးလော့(ခ်)ကလေး လှည့်ဖွင့်ဝင်ကြည့်လိုက်ရင်...ငါ့နှလုံးခုန်သံတိုင်းဟာ နေရီမွန်...နေရီမွန်ဆိုတဲ့ အသံကြားရမှာ ...သူငယ်ချင်းတို့ရာ''
ဇာနည်ကလွမ်းလွမ်းဆွေးဆွေးပြောပြီး ဘီယာတစ်ခွက်မော့ချလိုက်သည်။ ဘီယာအလေးချိန်ကြောင့်လားမသိ လူကပို၍ ခွေယိုင်ကျသွားသည်။ ပြီးမှ သူ့အင်္ကျီကော်လံစကို သူ့ဟာသူပြန်ဆွဲပြီး...
''ငါဘာလုပ်ရမလဲဟင် ...ဆရာမ လေးနဲ့တွေ့ဖို့ ငါ ဘာလုပ် ရမလဲ... လူမမာဖြစ်အောင် ဘယ်လိုကြိုးစားရမှာ လဲ''
ဒါကို နံဘေးနားရှိနေသောနေသူက အရေးတစိုက်ဟန်ဖြင့်..
''ဒါလေးများ ကွာ... အရင်လို လမ်းအိုလိုက်ပေါ့ကွ''
နေသူ၏ စကားကြောင့် မူးရူးနေသောဇာနည် မျက်မှော င်ကြု တ်လိုက်ပြီး...
''ဘယ်လမ်းအိုကိုလိုက်ရမှာ လဲ..ဘယ်လိုလုပ်ရမှာ လဲဟင်''
''လွယ်လွယ်လေးပါကွာ ...အရင်တစ်ခါမင်း ဆေးခန်းရောက်သလိုကားနောက်ဘီးသေးကော့ပန်းလိုက်ပေါ့ကွာ...ဟုတ်ဘူးလား''
ဆိုတော့ ဇာနည်မျက်နှာဝင်းလက်သွားပြီး အရှေ့စားပွဲခုံ ဖြောင်းကနဲပုတ်ကာ...
''ဟား ...အဲဒါငါမေ့နေတာကွ...အဲဒါကိုငါမေ့နေတာ... ဟုတ်တယ်...သူများ ကားနောက်ဘီး ပတစ်ဆိုသေးကော့ပန်း... ကားဘက်(ခ်)ဆုတ်ရင်အံကြိတ်ခံ...ဒဏ်ရာရရင်အတွင်းလူနာအဖြစ် ဆေးခန်းမှာ သွားနေ...ဒါဆိုဆရာမ လေးနေရီမွန်နဲ့ ရေရှည်တွေ့ရပြီ...အေး ...အဲဒီ အကြံကောင်းတယ် ...ဟီးဟီး''
ဟု အားတက်သရောဆိုကာဝမ်းသာအားရ ဟီလာတိုက်နေ၏ ။ကျန်သည့်သူများ ကတော့ သူကျွေးတာစားသောက်နေရသည်ကိုပင် ဝဋ်ခံနေသလို။
''ကဲ ...အားလုံးလက်ကျန်လေး ဖြတ်လိုက်ကြရအောင်...ပြီးရင်ငါ့ရဲ့ လူမမာဖြစ်ရေး..မဟာပတစ်စီမံကိန်း အကောင်အထည်အဖော်ကြမယ်''
သူကစိတ်ပါလက်ပါ ပြောနေပေမယ့် ကျန်သူများ က ဘာမှဝင်မပြော။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။ သက်ပြင်းချကြ၏ ။အရူးစိတ်ချမ်းသာပြီးရော သဘောလားတော့မသိ။ ဒီအတိုင်း အသာလွှတ်ထားလိုက်၏ ။
ညက လကို မှော င်မှိုင်းခြင်းသို့ ဆွဲဆောင်နေသည်။ လကရုန်းရင်းကန်ရင်းနှင့်ပင် ညခံတွင်းဝသို့ တဖြည်းဖြည်းကျ ဆင်းနေရပြီ ...။
လမ်းမပေါ်တွင်လည်း ကားအ သွားအလာကျဲပါးနေပြီ။ပလက်ဖောင်းဘေး ရောင်းချလျှက်ရှိကြကုန်သော ဈေးဆိုင်များ လည်းလူခြေပါးချိန်ရောက်ပြီမို့ သိမ်း ဆည်းနေကြပြီ။ အချို့ကတော့ ယောက်ယက်ခတ်နေကြဆဲ။
ထိုအချိန်ကျမှ ယိုင်ထိုးယိုင်ထိုး နှင့်လျှောက်လာသောလူလေးယောက်။ သုံးယောက်ကတော့ သာမန်ပင်။ သို့ သော်တစ်ယောက်သော သူက ပလက်ဖောင်းဘေးကားလမ်းမပေါ် ရပ်လျက်ရှိကြကုန်သော ကားကြီး၊ ကားငယ်၊ကားလတ်တို့၏ နောက်ဖင် မြီးများ ကိုမတော်တရော်ပြု ကျင့်ရန် မျှော်လင့်ချက် တောက်ပသောမျက်လုံးမျိုးနှင့် လိုက်လံကြည့်ရှုကြလာ၏ ။
''တွေ့ပြီ ...ဒီဖင်ပဲ ...''
စိတ်ကြို က်တွေ့သွားပြီ။ကားကအနက်ရောင်ပြောင်လက်နေသောကားအမြင့်ကြီး။
''တောက် ...ဒီကားမျိုးနဲ့တိုက်မိလိုက်လို့ကတော့ အီစိမ့်သွားမှာ ပဲ''
ဟူ၍ တွေးမိပြီး ပြုံးမိသေး၏ ။ သူကိုယ်တိုင် အီစိမ့်နေချင်သူမဟုတ်လား။ များများ အီစိမ့်လေ ဆရာဝန်နှင့်အချိန်ကြာကြာတွေ့ရလေမဟုတ်ပါလား။ ထို့ကြောင့်...
''ဘုရားသိကြားမလို့ ကားဆရာ... ကားကို ဘက်(ခ်)ကြမ်းကြမ်းဆုတ်ပါစေ''
ဟုပင် ဘုရားသိကြားတိုင်တည်၍ ဆုတောင်းလိုက်သေး၏ ။ ပြီးမှသူငယ်ချင်းများ ဘက်လှည့်၍ ...
''ဟေ့ကောင်တွေ ငါ့စိတ်ကြို က်တော့တွေ့ပြီ...ဟိုမှာ တွေ့လား''
ဆိုတော့ သူငယ်ချင်းများ က ဒီကောင်တကယ်လုပ်မယ်မှန်းသိ၍ စိုးရိမ်ကာ...
''ဟာ ...ဟေ့ကောင် အရမ်းမလုပ်နဲ့နော်... တော်ကြာ ကျိုးပဲ့ကုန်မှဖြင့်''
''အေးလေ ..ဟိုတစ်ခါတောင် ကံကောင်းလို့နော''
''မင်းကိုမသနားပေမယ့် အမှု ဖြစ်မယ့်ကားဆရာကိုသနားတယ်''
စသည်ဖြင့်ဝိုင်းတားကြသေး၏ ။ ဒါကိုငတိက အတင်းရုန်း၍ ...
''နေပါ...ဖယ်ပါ..ငါ့ကိစ္စငါသိပါတယ်...မင်းတို့သာ ဆေးရုံ ပေါ်မှာ ငါဘယ်လိုမျိုးဆရာမ နဲ့ အကြည်ဆိုက်နေမယ်ဆိုတာ စောင့်ကြည့်ကြစမ်းပါ...ဟားဟား ...အတွင်းလူနာဟာငါသာဖြစ်ရမည်...ဒါ ငါ့ရဲ့ မဟာအဓိဋ္ဌာန်''
ဟုဆိုကာ ကားအနောက်ပြေးကပ်သွားသည်နှင့်...
''ဟာ ..ဟေ့ကောင်''
''မလုပ်နဲ့ ...မလုပ်နဲ့''
''မကြည့်ရဲလို့ပါကွာ မလုပ်ပါနဲ့''
ဇာနည်ကတော့ ဘာကိုမှဂရုမစိုက်တော့။သူ့မျှော်မှန်းချက်အတိုင်းကားနောက်သို့ ဖျတ်ခနဲပြေးဝင်လိုက်သည်။ နောက် သိတယ်မဟုတ်လား။
''ဟား''
ရှည်လျားသော သက်ပြင်းချသံကြားရ၏ ။ ပလက်ဖောင်းပေါ်မှဟိုသုံးယောက်ကလည်း ဘာဆက်ဖြစ်မယ်သိချင်စိတ်နှင့် ကြောက်လန့်တကြားငေးကြည့်နေကြ၏ ။ သွားလည်းမဆွဲရဲ။ ဤအနေအထားကလည်းဆွဲလို့မဖြစ်ဘူးလေ။ မြားဦးက ကိုယ့်ဘက်လှည့်လာမှာ ကိုး။
ထိုစဉ်မှာ ပင်...
ဖြတ်ခနဲ လင်းလာသောကားမီး...
''ဟာ''
''ဟင်''
အားလုံး ကြောင်ငေးပြီးကြည့်နေမိကြသည်။ ကားက မကြာခင်နောက်ဆုတ်ထွက်တော့မည်။ အားလုံးစိုးရိမ်တကြီးနှင့် ကြည့်နေကြသည်။ဇာနည်ကတော့ အခြေအနေကို ကြို တင်သဘောပေါက်သည့်အလား ကြုံ လာမည့်အန္တရာယ်ကို ကမ်းလင့်ကြို ဆိုနေဘိအလား လက်နှစ်ဖက်ကိုဆန့်တန်းပြီး ပြုံးပြုံးကြီးအံကြိတ်စောင့်နေသည်။ မသိရင် တိုက်တန်းနစ်ကားထဲက ဒီကာပရီယိုအတိုင်း။ တိုက်မိလျှင်အရှိန်ပိုပြင်းရန် အရှေ့ဖက်သို့ ခြေတစ်လှမ်းပင်ထိုးတင်ထားသေး။
''သတိကားနောက်ဆုတ်မယ် ...သတိ ကားနောက်ဆုတ်မယ်''
ကားနောက်ဆုတ်ရန်အတွက် အချက်ပေးသံ။ အားလုံးစိုးရိမ်သွားပြီး...
''ဟေ့ကောင် ဇာနည်...ကား ..ကားနောက်ဆုတ်တော့မယ်''
''ဟေ့ကောင် ...ထွက်တော့လေ ...ထွက်တော့''
''ဟာ ..လာပြီ ..လာပြီ''
စိုးရိမ်တကြီးအော်သံများ ၊ ငတိကဂရုမစိုက်ဟန်ဖြင့် သူတို့ဖက်လှည့်၍ ပခုံးပေါ်ခေါင်းတင်ရင်း ပြုံးပြုံးကြီးပြန်လှည့်ကြည့်၏ ။ နောက်ကားနောက်ဆုတ်လာချိန်တွင် စိုးရိမ်စိတ်မရှိစေရန် မျက်လုံးကို စုံမှိတ်ထားလိုက်သည်။
ထိုခဏလေးမှာ တင် ....ဝုန်းခနဲ ခုန်ထွက်သွားသောကား၊ ကားကအနောက်ကိုလုံးဝမဆုတ်ဘဲ ရှေ့ကိုသာရအောင်ကွေ့ပြီးထွက်သွားသည်။
''ဟာ''
''ဟင်''
''ဘယ်လို''
ခုနက ကားရပ်ထားသော ကွက်လပ်ကလေးတွင် ခြေကားယားလက်ကားယားနှင့်ပြုံးပြုံးကြီးရပ်ကျန်ခဲ့သောမျှော်လင့်ချက်နှင့်လူတစ်ယောက်။
မည်သို့ သော အကြောင်းနှင့် ဖြစ်စေ ...
အချစ်၏ ရောင်စဉ်ကို ခယဖူး သူသည် ဘာကိုမှမလိုအပ်တော့လောက်အောင် တမ်းတခြင်းကိုသာ ပိုင်ဆိုင်သွားကြပေသည်။
လွမ်းဆွတ်ခြင်း၊ နာကျင်ခြင်း၊သတိကင်းကွာနေတတ်ခြင်းတို့သည်လည်း လူ၏ ခန္ဓာကိုယ်တွင်ကိုယ်ခံအားနည်းနေ ချိန် အလစ်အငိုက်ဝင်ရောက် တိုက်ခိုက် တတ်သောဗိုင်းရပ်(စ်)ပိုးတစ်မျိုးကဲ့သို့ ပင်။
ထိုကဲ့သို့ ဖြစ်ပေါ်နေသော ဝေဒနာတစ်သီတစ်တန်းကြီးသည်လည်းအချိန် မည်မျှကြာပါစေ။အချစ်၏ ရောင်စဉ်ပြန်လည် လင်းလက်လာချိန်၌ မည်သည့်နေရာမှမကျန်ရစ်နိုင်အောင်တစ်မဟုတ်ခြင်း ပျောက်ပျက်သွားစေသည်။
သို့ သော် အချစ်၏ ရောင်စဉ်ကိုမြင်တွေ့နေရပြီး မခံစားနေသူတို့အဖို့မှာ ကား...
နီးသည်ထက်နီးအောင်ကြိုးစားပါလျက်ပစ်မှတ်ကိုမထိနိုင်သူကဲ့သို့ ပင်ပစ်မှတ်နေရာသည်လည်း
မိမိမျက်စေ့ရှေ့တွင်ရှိနေပြီ။ ပစ်၍ ကား မထိသေး။ ထို့အပြင်ထိုပစ်မှတ်သည်သက်ငြိမ်ပစ္စည်းမဟုတ်ဘဲ အင်အား ကြီးသက်ရှိအရာဝတ္ထု ဖြစ်နေခဲ့လျှင်မည်သို့ ခံစားရမည်နည်း။ ဤသို့ ဖြစ်နိုင်ကြောင်း သာဓကတစ်ခုပြပါမည်။
ဝါရင့်မုဆိုးတစ်ဦးထံသို့ မုဆိုးလက်သင် လူငယ်တစ်ယောက်ရောက်လာ၏ ။
''ဝက်ဝံတစ်ကောင် မိအောင် ဘယ်လိုလိုက်ရတယ်ဆိုတာ ကျွန်တော့်ကို ရှင်းပြပေးပါ''
လူငယ်မုဆိုး၏ တောင်းဆိုမှု ကို ဝါရင့်မုဆိုးက ရှင်းပြသည်။
''ပထမဆုံး...နှစ်လုံးပြူးသေနတ်ကိုယူ...ဝက်ဝံတွေနေတတ်တဲ့လိုဏ်ဂူကို သွားပါ...သေနတ်ပြောင်း လိုဏ်ဂူထဲကိုဝှေ့ယမ်းပြီး အော်သံပေးလိုက်ပါ...ဝက်ဝံထွက်လာမှပထမကျည်ကို ဝက်ဝံရင်ဝထဲ ပစ်ထည့်လိုက်ပါ''
''လွဲသွားရင်''
လူငယ်မုဆိုးက ပြန်မေး၏ ။
''ဒါများ လွယ်လွယ်လေး...ဝက်ဝံလည်း မင်းနဲ့နီးလာပြီဆိုတော့ဒုတိယကျည်ကို အပိုင်လွှတ်ထုတ်လိုက်ပေါ့''
''ဒီတစ်ခါလည်း လွဲပြန်ရင်ရောဗျာ''
လူငယ်မုဆိုးက စောဒကတက်ပြန်၏ ။ ဝါရင့်မုဆိုးက...
''အဲဒါဆိုရင် ...ချေးတုံးသိလား...အဲဒီ ချေးတုံးကိုယူပြီး မျက်လုံးကိုကွင်းလိုက်ပေါ့ကွာ''
''ချေးတုံးကို ...ဘယ်ကရမှာ လဲ''
''မပူနဲ့ ...အဲဒီ အချိန် မင်းဆီက ထွက်ကို ..ထွက်ကျလာမယ်''
ဤသို့ ပင် အချစ်ရောင်စဉ်၏ ပစ်မှတ်ကို မြင်နေပါလျက်နှင့် တစ်ချက်ပစ်လည်းမထိ။ နှစ်ချက်ပစ်လည်းမထိ။ သူသည် ဘာများ လုပ်သင့်ပါသေးသနည်း။
တတိယအပြု အမူဖြင့်သာ ကိုယ့်မျက်လုံးကို ကိုယ်ပြန်သုတ်လိုက်ကြပါ။
မနက်ဖြန်ပေါင်း မြောက်မြားစွာ ကြွယ်ဝချမ်းသာသောဒီနေ့သည်မနက် ကတည်းက ကြွေးရှင်မျက်နှာပေးနှင့် ခပ်အေးအေးတည်ရှိနေသည်။
နောက်တစ်နေ့ ကူးသွားလျှင် သူကိုယ်တိုင်ပင် စွန့်ပစ်ပစ္စည်းဖြစ်သွားမည်ကိုသိသော်လည်း တစ်သက်မှာ တစ် ခါသာရရှိသောဒီနေ့သည်ဘာကိုမှဂရုမ စိုက်ဘဲ စည်းစိမ်ချမ်းသာပြည့်ဝစွာ ခံယူ ရင်းစံပယ်တော်မူနေလေသည်။
ထိုနည်းတူစွာ ပင် ဒီနေ့တွင်နေထိုင်ပြီး ဒီနေ့ပင်လူမမာဖြစ်ချင်သူ တစ်ယောက်သည် ကြီးမားသောကြံစည်မှု များ စွာ ထုပ်ပိုးရင်း အလကားဘာရရစားပြီးသားဟူသောသူငယ်သုံးဦးကိုယုံကြည်ကိုးစားတန်ဖိုးထားကာသူ၏ တစ်ကိုယ်တော် ကြံစည်မှု များ ကိုတိုင်ပင်ရှင်းပြလျက်ရှိသည်။
''ငါအခုကြံထားတဲ့အကြံအစည်ကတော့..အကောင်းဆုံးပဲကွ''
သူ၏ စကားကိုအားကိုးရသောသူငယ်ချင်းများ က စားပွဲပေါ်ရှိ တွေ့ကရာမုန့်များ ကိုဆွဲဆက်စားရင်း ဂရုပင်မစိုက်ကြ။
''တို့လေးယောက် ...ရန်ဖြစ်ကြမယ်ကွာ''
''အဟု''
ဇာနည်၏ စကားကြောင့် လက်ဖက်ရည်ဆိုင်မှမုန့်များ ကို ဝေသာလီပြည်ဘီလူးစီးသလို ကဒီးကဒီးနှင့်စားနေသည့်သူငယ်ချင်းများ မုန့်နင်ကုန်၏ ။ ထို့ကြောင့် ဤသို့ မုန့်သီးချိန်တွင် သောက်သုံးရန် ရှယ်လက်ဖက်ရည်ခွက်များ မ၍ လည်ချောင်းဝတွင်တစ်ဆို့နေကုန်သောမုန့် ဗိုက်ထဲသို့ ပြု တ်ကျရန် သောက်မျိုချလိုက်သည်။
''လေးယောက်ဆိုပေမယ့် တစ်ယောက်ချင်း နှစ်ယောက်ချင်းမဟုတ်ဘူး ...သုံးယောက်တစ်ယောက်''
အားလုံးက မုန့်များ ပင်ဆက်မစားနိုင်ဘဲ ဇာနည့်ကိုပြန်ကြည့်ကြသည်။ ဒီကောင့်မျက်လုံးတွေက အကောင်းပါ။ ကြောင်နေသည့်အရိပ်အယောင်သော်မျှ မမြင်ရသေး။
''သုံးယောက်တစ်ယောက်ကမှ မင်းတို့သုံးယောက် ငါတစ်ယောက်တည်း...ကဲ ..ဘယ့်နှယ်လဲ''
အားလုံးတစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ကြသည်။ ဒါကိုဇာနည်ကပင်အားကြိုးမာန်တက်ဖြင့်...
''အဲဒီ သုံးယောက်တစ်ယောက်မှာ မှ မင်းတို့ကိုဘာမှ ပြန်မလုပ်ဘူးမင်းတို့သုံးယောက်က ငါ့ကို...စိတ်ကြို က်တွယ် ...တကယ်တွယ်...ငါဒဏ်ရာရရင်ပြီးရော...ကဲ ...ဘယ့်နှယ်လဲ''
ဇာနည်က သူဆေးခန်းရောက်ချင်တိုင်း သူငယ်ချင်းများ ကို ရန်ဖြစ်အောင်စည်းရုံးနေ၏ ။ ဒါကိုတောင် ဟိုကောင်တွေက...
''အာ ...ဒါတော့ ...မဖြစ်နိုင်ဘူးကွ''
''ဘာဖြစ်လို့လဲ''
''တကယ်ရန်ဖြစ်ရင်တော့ မင်းမျက်နှာကြီးကိုငါတို့က ဘယ်လိုလုပ်ပြီး ..နဖူးကွဲ ..ဒူးပြဲသည်အထိလုပ်ရက်မှာ လဲကွ... ဟုတ်ဘူးလားဟေ့ကောင် တင်မောင်လွင်''
နေသူ၏ အမေးကို တင်မောင်လွင်ကလည်း လက်ဖက်ရည်ခွက်ကိုသောက်မလိုလုပ်ပြီးမှ ပြန်ချကာ ...
''အေးလေကွာ...တစ်ယောက်နဲ့တစ်ယောက် ပေါင်းလာတာကြာပြီ...ဒီလိုအနာတရဖြစ်တာမျိုးတော့...မလုပ်ရဲပေါင်ကွာ... အောင်မျိုး...မင်းဆိုရောလုပ်မလား''
''ဟင့်အင်း ...ဟင့်အင်း...လူကိုမပြောနဲ့ ပုရွက်ဆိတ်သတ်မိရင်တောင်နာမှာ စိုးလို့ ခေါင်းပဲခြွေတာ''
''မင်းတို့ကလည်းကွာ ...ဒါလေးတောင်အားမကိုးရဘူးလား''
သူ့စကားကို သူငယ်ချင်းများ ကခေါင်းခါပြီး...
''မလုပ်နဲ့ကွာ...တော်ကြာလက်လွန်ပြီး ..သေသွားမှဖြင့် ...မင်းကိုလည်းမသေစေချင်သေးဘူး...ငါ့လက်လည်းအနာမခံနိုင်ဘူး..''
ဇာနည်က ချက်ချင်းအဖြေမပေးသေးဘဲ သူ့အင်္ကျီကို ပင့်တင်ကာ
''ဟောဒီမှာ ကြည့်စမ်း''
သူပြရာ သူငယ်ချင်းများ လိုက် ကြည့်ကြသည်။ လက်မောင်းရင်းမှာ အမှတ်တစ်ခု။
''တွေ့လား...ဟောဒီမှာ အမှတ်တစ်ခု... ဒါလူဝင်စားတွေမို့ ရှိတာ''
''လူဝင်စားတွေဟာ ဥပစ္ဆေဒက ကံနဲ့ကိုမသေဘူးကွ.. ရိုးရိုးရောဂါနဲ့သာ သေတတ်တာ... အဲဒီ တော့...မင်းတို့ ထိုးလို့ငါသေမှာ မကြောက်ပါနဲ့ကွာ ... လုပ်သာလုပ်ပါ''
ဇာနည်၏ အားတက်သရောစကား။ ဒါကို သူငယ်ချင်းများ က ခေါင်းခါပြီး ...
''မင်းမသေတတ်တာ နောက်မှထား...ငါတို့ကသွေးသံရဲရဲ ကြည့်ရဲတာမဟုတ်ဘူး''
''အေးလေ ..ကြက်ဝယ်ရင်တောင် သွေးတိတ်ပြီးသားကောင်ပဲဝယ်တယ်''
''ငါကတော့...ပုပ်မှကို စားတာဟေ့ ...လင်းဒခေါ်လည်းခေါ် အေးရော''
သူတို့စကား ကြားတော့ဇာနည်ပျော့ကျသွား၏ ။ သူ့စိတ်ကူးထဲမှာ တော့ တစ်ယောက်ကိုတစ်ယောက်ရန် ဖြစ်ချင်ယောင်ဆောင်။သူ့ကိုဝိုင်းထိုးကြပြီး ဖူးယောင်လာမှဆေးခန်း ကိုသွား။ ဆရာမ လေး နေရီမွန်ကဒဏ်ရာတွေကိုဆေးထည့်ပေး၊ အဆင်ပြေ၊ချစ်ကြ။ ဤကဲ့သို့ စိတ်ကူးယဉ်ခဲ့တာ။အခုတော့ ဟိုကောင်တွေက သူ၏ စွန့်စားမှု ကိုမကူညီနိုင်ဘူးဆိုတော့သူ၏ ရည်မှန်းချက်များ လွှင့်ပစ်ရပြန်ပြီ။
ဆရာမ လေးနှင့်တွေ့ရန် အခွင့်အရေး ဆုံးပါးရပြန်ပြီ။ဘာဆက်လုပ်လို့ ဆက်လုပ်ရမှန်းမသိဘဲ ဘေးဘီသို့ ဝေ့ကြည့်နေမိ၏ ။
ခဲလုံးနဲ့ ကိုယ့်ကိုကိုယ် ပြန်ချထည့်လိုက်ရမှာ လား။ ဒါကလည်းမဖြစ်နိုင်။ ကိုယ့်ကိုကိုယ်ကျတော့လည်း ဤမျှမလုပ်ရဲ။ ကားလာမှကားရှေ့ဖြတ်ပြေးရကောင်းမလား။ ဒါကလည်းမလွယ်။ မတော်တဆအရှိန်လွန်သွားလျှင် သေသွားနိုင်သည်။ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိခင်လမ်းမပေါ် ဖြတ်လာသည့် လူနှစ်ယောက် ...
''ဟင်''
ထိုလူနှစ်ယောက်ကိုမြင်တော့ ဇာနည်ခေါင်းထဲ လက်ခနဲဖြစ်သွား၏ ။
''သာဒင်နှင့် ဂျူ ဗလီ''
သည်နှစ်ယောက်က ရပ်ကွက်အတွင်း နာမည်ပျက်လှသော လူမိုက်ကြီးများ ။ မကြာခဏဆိုသလို ရန်ဖြစ်ဖြစ်ပြီး မကြာမကြာအချု ပ်ထဲရောက်နေကြသူတွေ။
''ဟုတ်ပြီ ပိုင်ပြီ''
ဇာနည် ဝမ်းသာသွားသည်။ ထို့ကြောင့် သူ့အကြံအစည်အကောင်အထည်ဖော်ရန်စလိုက်သည်။
''ဟေ့ကောင် ငပေါတွေ''
ဇာနည်၏ ကျယ်လောင်သော အော်သံကြောင့် ဆိုင်ထဲမှလူများ လန့်ဖြန့်သွား၏ ။ သူရည်ညွှန်းသောနှစ်ယောက်က ခြေလှမ်းများ တန့်ကုန်၏ ။နောက် တစ်ယောက်ကိုတစ်ယောက် အချင်းချင်းတီးတိုးဆိုရင်း လမ်းကိုဆက်လျှောက်၏ ။ ဒါကိုဇာနည်ကလည်း ရရှိသောအခွင့်အရေးကို လက်လွတ်မခံဘဲ...
''ဟေ့ကောင်ငပေါတွေ ..မင်းတို့ကို ငါခေါ်နေတာ မကြားဘူး လား''
ဒုတိယအကြိမ်အော်သံကြောင့် ဟိုနှစ်ယောက်ခြေလှမ်း သေသေချာချာရပ်သွား၏ ။ ထိုသူနှစ်ယောက်ရပ်သွားတာမြင်သည်နှင့် ဇာနည်၏ သူငယ်ချင်းများ ကုပ်ချောင်းကုပ်ချောင်းနှင့် အလျှိုလျှို ပျောက်ကုန်၏ ။သာဒင်နှင့် ဂျူ ဗလီက နောက်ပြန်လှည့်လာကာ...
''မင်း ဘယ်သူ့ကိုပြောတာလဲ ဟေ့ကောင်''
သူတို့၏ အမေးကိုဇာနည်က ထီမထင်ဟန်နှင့် စားပွဲကိုလက်ထောက်ကာ....
''ခင်ဗျားတို့နှစ်ယောက် ဖြတ်လာတုန်းပြောတာပဲ...ဘယ်သူ့ကိုများ ပြောရမှာ လဲ...''
ဟိုနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်သည်။ပြီးမှ သာဒင်က....
''မင်းနဲ့ငါတို့နဲ့ ဘာမှပြဿနာမရှိဘဲ ဘာလို့ ပြဿနာရှာချင်နေရတာလဲကောင်လေး...ကိုယ့်ဘာသာကိုယ် အေးအေးနေရင်ကောင်းမယ်''
''အမှန်တော့ ကျု ပ်လည်း အေးအေးနေချင်တာပဲဗျာ..ဒါပေမယ့်ခင်ဗျားတို့လို အီးပေါလောတွေက ရပ်ကွက်ထဲလူမိုက်ဆိုပြီး နာမည်ကြီးနေတော့ရပ်ကွက်နာတယ်ဗျ''
ဇာနည်ကတော့ ရန်ပွဲမဖြစ်ဖြစ်အောင်ပြဿနာကို မီးစက်မောင်းပြီးရှာသည်။ ရန်ဖြစ်ပြီးဒဏ်ရာရမှ သူဟန်ကျပန်ကျ ဆေးခန်းရောက်မည်ကိုး။
''ဟေ့ကောင် မင်းလွန်လာပြီနော်...ငါတို့ကို အီးပေါလောလို့ဆိုရအောင် ...မင်းကဘာဖြစ်ချင်လို့လဲ''
အနည်းငယ် စိတ်ဆတ်သော ဂျူ ဗလီအော်သံ။
''ဘာဖြစ်ချင်လို့လဲဟုတ်လား ...ဟောဒါမျိုးဖြစ်ချင်တာဗျာ''
ဟုဆို၍ ထိုင်နေသောခွေးခြေခုံကိုဆွဲပြီး....
''ယား''
ခနဲအော်ကာ သာဒင်နှင့်ဂျူ ဗလီရှိရာသို့ ပြေးဝင်သွားသည်။ ဟိုနှစ်ကောင်က တုတ်တုတ်မျှပင်မလှုပ်။ ဇာနည်ကပြေးသွားရင်းနှင့် ဟိုလူနှစ်ယောက်လက်ထဲ ခွေးခြေခုံထိုးထည့်ပေးလိုက်သည်။ သဘောကတော့ သူ့ကိုရိုက်စေချင်သည့်သဘော။
ဟိုလူနှစ်ယောက်က လက်ထဲခွေးချေခုံရောက်တာတောင် ဘာမှမလုပ်။ ဒီအတိုင်းသာကြည့်နေကြသည်။ အေးလေ...ဘာမှလည်းမဟုတ်ဘာမှလည်းမဖြစ်ပဲ ဘလိုင်းကြီး။
ဟိုလူနှစ်ယောက်က ဘာမှမလုပ်တော့ ဇာနည်လည်းမည်သို့ဆက်လုပ်ရမည်မသိဘဲ ကြောင်နေမိသည်။ နောက်မှသတိရသွားပြီး...
''ဟင် ...ခင်ဗျားတို့က ဘာမှမလုပ်ဘူးဟုတ်လား... ဒါဆိုကျု ပ်လုပ်ပြီဗျာ''
ဆိုပြီး သူ့ရှေ့ရပ်နေသောသာဒင်၏ မျက်နှာကို ခွပ်ခနဲထိုးချလိုက်သည်။
ထိုတော့မှ သာဒင်နှင့်ဂျူ ဗလီ လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး
''ဟင် ..မင်းကငါ့ကိုထိုးတယ် ဟုတ်လား''
''ထိုးတယ်လေ...ဘာဖြစ်လဲ''
''အေး...မင်းကမှစထိုးရင် ...ကဲကွာ''
အဿထိုရ်မြင်းပြေးနေသလား အောက်မှတ်ရတယ်။ တခွပ်ခွပ်နဲ့ဗျာ။
ဟိုနှစ်ယောက်က ရန်ဖြစ်နေကျလူမိုက်တွေ။ ကိုယ့်ကောင်က ဂယောင်ဆိုတော့ စဉ်းစားသာကြည့်။ မျက်နှာကချက်ချင်းဖူးယောင်လာတယ်။ ချိုစောင်းကသွေးထွက်လာတယ်။ ဒါတောင်ငတိက ...
''ဟောဒီမှာ မေးရိုး... အဲဒါကိုရွေးထိုးပါလား... ဟောဒီ မျက်ခုံးကိုထိုးမှကွဲမှာ ပေါ့''
အံမယ်...ကွဲနိုင်သည့်နေရာများ ပြပြီးထိုးခိုင်းသေး၏ ။ ဒါကိုဟိုနှစ်ယောက်ကဂရုမစိုက်တော့။ သက်ညှာသောအနေဖြင့်ငတိခေါင်းကို ပေါင်နှစ်လုံးနဲ့ညှပ်ပြီးထုကြတာ လက်တောင်မလည်ကြရှာဘူး။ဘယ်လိုမှကြည့်မကောင်းသောအခြေအနေကျမှ....
'' လာကြပါဦးဗျို့...ဒီမှာ ...ရန်ဖြစ်နေကြလို့ဗျို့''
ဆိုတဲ့ အော်သံစီညံသွား၏ ။ထိုတော့မှ ပြေးလာသောခြေသံများ ၊ရပ်ကွက်လူကြီးများ နှင့်လုံခြုံ ရေးအဖွဲ့များ ပါရောက်လာ၏ ။ဒါတောင် ဟိုနှစ်ကောင်ကထုရတာ လက်ညောင်းလွန်းလို့ တော်နေပြီ။ထိုတော့မှ ဇာနည် လည်း ဒဏ်ရာဗလပွနှင့်သာဒင်နှင့်ဂျူ ဗလီကို လက်ဆွဲနှုတ်ဆက်ပြီး..
''ကျေးဇူးပါပဲဗျာ...အခုလို ကျွန်တော့်ကိုဒဏ်ရရအောင် ကူညီတဲ့အတွက် ...အားကျွတ်ကျွတ် ...ကျွန်တော့်ကိုဆေးခန်းပို့ကြပါဦး''
ဇာနည်က ဒဏ်ရာအစစ်အမှန်ရပြီမှတ်ပြီး ဝမ်းသာအားရပြော ၏ ။ဟိုနှစ်ယောက်ကလည်း အခုပဲရန်ဖြစ်ပြီး အခုပဲဒဏ်ရာဗလပွနှင့် အူမြူးနေသောဇာနည့်ကို ရူးများ ရူးသွားပြီလားအမှတ်နှင့် ကြောင်ကြည့်နေ၏ ။ဇာနည်က ဒဏ်ရာရတာ ကို ဝမ်းသာအားရတွေဖြစ်ပြီး...
''ကဲ ...ဒဏ်ရာတွေကတော့ အတွင်းဒဏ်ရာတွေပဲဖြစ်မှာ ဗျို့...ကျု ပ်ကို ဆေးခန်းတွဲ ပို့ကြဦး''
ဒါကို ဘေးနားက ရဲသားကြီးက...
''ခိုက်ရန်ဖြစ်ပွားပြီး ဒဏ်ရာရရင် ဆေးခန်းသွားလို့ မရပါဘူး..ဆေးရုံမှာ ဆေးစာယူပြီး အမှု ဖွင့်ရပါ့မယ်...ဒါကြောင့် ...သူ့ကို ဆေးရုံ ပို့ကြပါ''
''ဟမ်''
သူထင်သလိုဖြစ်မလာတော့ ဇာနည်ကြောင်သွားသေး၏ ။ နောက်
''မ ...မဟုတ်သေးဘူးလေဗျာ...ဒီဒဏ်ရာလောက်နဲ့ ဆေးရုံတင်စရာမလိုပါဘူး...ဆေးခန်းမှာ တင်ကုရင် တစ်ပတ်ဆယ်ရက်ဆိုကောင်းသွားမှာ ပါ...အဟဲ ...''
သူ့စကားကိုရဲသားကြီးက သက်ပြင်းချ၍ ...
''ခိုက်ရန်ဖြစ်ပွားပြီဆိုတာနဲ့ ရဲနဲ့ပတ်သက် သွားပါပြီ..ဒါကြောင့်ရဲအရေးပိုင်တဲ့မှု ခင်းဖြစ်ရင် ဘယ်ဆေးခန်း..ဘယ်အထူးကုမှ လက်ခံလို့မရပါဘူး.. ဆေးရုံမှာ ဆေးစာယူပြီး အမှု ဖွင့်ရမှာ ပါ..အဲ အမှု ဖွင့်ဖို့ကိစ္စ မှာ လည်းအခုကိစ္စက မောင်ရင်က စပြီးရန်ရှာပြီး ခိုက်ရန်ဖြစ်ပွားခဲ့တာလို့မျက်မြင်သက်သေတွေက ထွက်ဆိုထားပါတယ်...ဒါကြောင့်ဆေးရုံကဆင်းရင်တောင် မောင်ရင် အချု ပ်ထဲဆက်ဝင်ရမှာ ပါ''
''ဟမ်''
ရဲသားကြီး၏ ရှည်လျားသောရှင်းပြချက်ကြောင့် ဇာနည်ငိုင်ကျသွား၏ ။ နောက်သူ့ခန္ဓာကိုယ်လည်း ပျော့ကျသွား၏ ။ ထိုတော့မှ အချစ်နှင့်တွေ့ဆုံရဖို့ ပိုင်ပိုင်ကြီးရယူထားသောဒဏ်ရာများ က တစစ်စစ်နှင့်နာကျင်ကိုက်ခဲသလိုဖြစ်လာ၏ ။
''ကိုင်း ...တရားခံကို ဆေးရုံပို့ကြစမ်း''
သြော် နာမည်ပါချက်ချင်းပြောင်း သွားပါလား။ အမေပေးထားသောဇာနည်ဆိုသည့်ဘဝကနေ တရားခံဆိုသောဘဝ ချက်ချင်းရောက်သွားရပါရောလား။
ဖြစ်ပုံများ ပြောပါတယ် ...ဒဏ်ရာဗလပွနဲ့လူနာ ...ကိုယ်ပဲ လူနာ...ကိုယ်ပဲတရားခံ ...ရှုပ်ပွနေတာပဲ ....။
''ရှက်လိုက်တာတော်... ရှက် လိုက်တာ...ငါ့မျက်နှာတောင်ဘယ်နား ထားရမှန်းမသိဘူး''
''လည်ပင်းပေါ်တင်ထားပေါ့ အမေရာ''
''အေးလည်ပင်းပေါ် အဲ ဟဲ့ အကောင်နင်ဒီအထိကိုအပိုးမသေသေးဘူးလား''
ထုံးစံအတိုင်း ဒေါ်ဆွေသန်းက သူ၏ သားတော်မောင်ဇာနည့်ကိုဆူနေခြင်းဖြစ်၏ ။
'' ဘယ့်နှယ်တော်...ဘာအလုပ်မှမလုပ်စားဘဲ ..တစ်နေကုန်လတ်လျားလတ်လျားနေလို့အားမရ.ရန်ပါဖြစ်လာသေးသတဲ့တော်.လူကြားလို့မှမတော်...ဟင် ငါ့မျက်နှာအိုးမဲသုတ်ရတာ အားမရလို့ ... နှာခေါင်းပါလက်နဲ့ကလော်ပြချင်တဲ့ကောင်''
''ကျွန်တော့်လက်ပေကုန်မှာ ပေါ့အမေရာ''
ဇာနည်ဆိုတဲ့ကောင်ကလည်းသိတယ်မဟုတ်လား။ တစ်ခွန်းတင် မခံ။မျက်နှာမှာ လည်း ဒဏ်ရာတွေကအကင်းပင်မသေသေး။ ဖူးတချို့ ယောင်တစ်မျိုး။
''ဘယ့်နှယ်တော် ...လမ်းပေါ်ကလူမိုက်တွေကို သူကရန်စပြီးဝင်ထိုးသတဲ့ ...ခံရတာ တောင်နည်းသေး...''
''နည်းလို့ပေါ့အမေရာ.. များ ရင်ဆေးရုံကဆင်းပြီး အခုဆေးခန်းတောင် ပြန်ဆက်သွားနေရပြီ...တောက် ..ဟိုကောင်တွေကလူမိုက်သာ ဆိုတယ်...လက်ဆက ထင်သလောက်မပြင်းဘူး''
''အောင်မလေး ..အောင်မလေး..ဆေးခန်းကသွားချင်သေး.. ဟင်..အဲဒီ ဆေးခန်းက ကံစမ်းမဲပေးနေတာ ကျနေတာပဲ ဘယ့်နှယ်တော်အခုတော့ဆေးရုံမှာ လည်းဆေးကုရသေး...ဟိုဘက်ကလူတွေနဲ့လည်း အမှု ကျေအေးဖို့လျော်ရသေး..ဘာကောင်းသေးလဲ...နင့်ကိုထိန်းမနိုင်လို့ ငါတောင်နောက်လင်ယူမိတော့မယ်..ဟုတ်တယ် ...''
ဒီတစ်ခါတော့ ဇာနည်ဘာမှ ပြန်မပြောဘဲငြိမ်နေသည်။ သူ့အမေနောက်ယောက်ျားယူမှာ စိုးရိမ်၍ မဟုတ် ...ဆရာမ လေး နေရီမွန်နှင့် မည်ကဲ့သို့ နီးစပ်နိုင်မည်ကို အကြံထုတ်နေခြင်းသာ။
''ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ...နောက်တစ်ခါ ပြဿနာရှာရင်ငါနဲ့အတွေ့ပဲ... ဟင်း ...ဆွေသန်းတဲ့နော်...မလုပ်ချင်လို့ကြည့်နေတာ...နင်ကြပ်ကြပ်သတိထား''
ဒေါ်ဆွေသန်းသားတော်မောင်ကိုကျိန်းဝါးရင်း အိမ်ပေါ်ကိုဒေါကြီးမောကြီးတက်ချသွား၏ ။ သူ့သား ဇာနည်ကတော့အေးဆေးပင်။ သူ့အမေ၏ နောက်ဆုံးအကြိမ်ဆိုတာ သူငယ်တန်းထဲကကြားဖူးနေပြီမို့ ဘာမှမထူးဆန်း။ထို့ကြောင့် ဆရာမ လေးနေရီမွန်နှင့် မည်ကဲ့သို့နီးစပ်နိုင်မည်ကိုသာ ကြံစည်နေမိ၏ ။
ဖြစ်ချင်တော့လည်း ဆရာဝန်မလေးနေရီမွန်က သူ့ဘာသာသူ အိမ်ကကားနှင့် ဆေးခန်းကိုလာ။ ဆေးခန်းကပြန်တော့လည်း ကားပေါ်တက်၍ တစ်ခါတည်းအိမ်ကိုတန်းပြန်သဖြင့် သူ့ခမျာမည်သို့ မျှလိုက်၍ မရ နိုင်။အိမ်ကကားနှင့်လိုက်တော့လည်း မည်သို့ ဖြစ်နိုင်မည်နည်း။ ကားကား ချင်းစကားပြောလို့မှမလွယ်တာ။
ဒါကြောင့် ဒါကြောင့် ...
''ထွက်စမ်းဟဲ့ အကြံဉာဏ်''
ဇာနည်၏ အကြည့်က လမ်းထပ်ဓါတ်တိုင်ကိုမထင်မှတ်ပဲရောက်သွား၏ ။
''ရွေး နိပ်ဟ ...ဟာ ..ဟုတ်ပြီ သိပြီ...ဒီအကြံဉာဏ်ကိုအသုံးပြု ရမည်''
ဒါကလူလည်းမနာဘဲ..လူနာရနိုင်မည့်နည်း..ပိုင်သဟ ဒီနည်းကိုအသုံးပြု ရမယ်။
နောက်တစ်နေ့မနက် လမ်းထိပ်ဓာတ်တိုင်တွင်ကြော်ငြာဆန်းများ တွေ့ရသည်။
ဖျားရဲ ဖျားကြည့်စမ်း။
ဇာနည်ရှိသည်။
ကိုယ်အပူချိန်တစ်ရာကျော်သည်နှင့်
အမြန်ဆုံးအကြောင်းကြားလိုက်ပါ။
စရိတ်ငြိမ်းဆေးခန်းပို့ဆေးကုသပေးမည်။
(ဇာနည် လူမမာ အကျိုးဆောင်လုပ်ငန်း)
ဆိုတာကတစ်မျိုး။
လူမှန်ရင် ဖျားဖူးရမည်။
သင့်ပတ်ဝန်းကျင်တွင်ဖျားနာသူတွေ့က လက်တို့လိုက်ပါ။
ထိုက်တန်သောဆုငွေရရှိမည့်အပြင် လူမမာကို အထူးကုဆေးခန်းတွင်ကုသပေးမည်။
( ဇာနည် နားဖျားကူညီမှု အသင်း )
ဆိုတာကတစ်ဖုံ။
သင်ဖျားနေပြီ။ သင်မသိပေမယ့် ကျွန်ုပ်သိ၏ ။အမြန်ဆုံး စောင်ခြုံ ဖြင့် ကြွလှမ်းခဲ့ပါ။အတွင်းလူနာမှ သေဆုံးသည်အထိ ကျွန်ုပ်တာဝန်ယူဆောင်ရွက်ပေးမည်။
(စေတနာရှင် မိသားစု)
ဆိုတာက တစ်သွယ်
Wellcome လူနာသင့်ဖက်ကဖျားဖို့သာတာဝန်ယူပါ။ကျန်ဆေးဖိုး ကျွန်ုပ်တာဝန်ယူပါရစေ။
(ဓမ္မဒါန ကုသရေးအဖွဲ့)
သင့်ဖက်ကဆေးရုံတက်ဖို့သာ
စိတ်ကူးရှိနေပါစေ။
ကျွန်ုပ်နှင့်လာတွေ့ပါ။
နာတာရှည်ကို အထူးဦးစားပေးမည်။
ဆိုတဲ့ဆိုင်းဘုတ်မျိုးစုံတွေ့ရလေသည်။
ကံကောင်းပါသည်။ မနက်အစောကြီးဈေးသွားသော ဒေါ်ဆွေသန်းတွေ့ရှိ၍ ပြန်သိမ်းလာခဲ့၍ ဖြစ်၏ ။ နောက်မဟုတ်လျှင် လူနာတွေအိမ်ရောက်မရောက်တော့မသိ။ သူ့သားငပေါကြီးမှန်း တစ်ရပ်ကွက်လုံး သိရှိသွားကြပေလိမ့်မည်။ ကံဆိုးသည်က လမ်းမပေါ်တွင်ခွင့်ပြု ချက်မရဘဲ ဆိုင်းဘုတ်ထောင်သည့်အတွက် စည်ပင်သာယာကို ဒဏ်ငွေဆောင်လိုက် ရခြင်းပင်။
မည်သို့ ပင်ဖြစ်စေ ...
တစ်စက္ကန့်သာမြင်ခဲ့ရသော မျက်ဝန်းအတွက် တစ်သက်တာရင်ခုန်ချစ်မိသူကို မည်သူကများ အပြစ်ဆိုကြမည်နည်း။ မျက်ဝန်းပေါ်ထင်ကျန်ရစ်သောအရိပ်အယောင်၊ အာရုံထဲ စွဲကပ်နေသောပုံရိပ်။
တလက်လက်တောက်ပနေသောအိပ်မက်တို့သည် ဖြစ်ပေါ်နေသောချစ်သူ့ခြေရာအတွက် အကောင်းဆုံးခေတ်ပေါ်ပြဇာတ်တစ်ပုဒ်ပင် ဖြစ်ပေမည်။
ပြဇာတ်များ ၏ သဘောတရားအရဇာတ်ထုပ်တစ်ခုထဲကိုသာအကြိမ်ကြိမ်ကနေရသော်လည်းချွတ်ချော်တိမ်းပါးမှု အနည်းနှင့်အများ တော့ရှိကြပေမည်။
ထိုကဲ့သို့ပင်
မိမိ၏ စိတ်ကူးနှင့်လက်တွေ့ဘဝတို့သည်လည်း တစ် ထပ်တည်းပြု လုပ်ခဲ့သော်ငြား အနည်းအပါးတော့ တိမ်းပါးမှု ရှိပေလိမ့်မည်။ထိုလွဲမှားမှု များ ကိုလည်း ရောင့်ရဲနေနိုင်ရပေမည်။
မည်သူတစ်ဦးတစ်ယောက်ကမှ စိတ်ကူးထဲကအတိုင်း ဆန္ဒပြည့်ဝခဲ့သူကိုမတွေ့ရှိခဲ့ဖူးပေ။ အမြဲတမ်းအိပ်မက်ထက်နိမ့်ကျသော လက်တွေ့ ဘဝကိုခံနိုင်ရည်ရှိကြရပေမည်ပေါ့။
ထိုအတိုင်းပင်မိမိမျှော်လင့်ချက်နှင့် လက်တွေ့ ဘဝတစ်ထပ်တည်းကျချင်နေသူကတော့ အိမ်ကစက်ဘီး(ပြို င်ဘီး)ကို ဘရိတ်ကြိုး ထိုင်ဖြု တ်နေသည်။ သူ့အကြံကဒီလို။ စက်ဘီးကိုဘရိတ်ကြိုးဖြု တ်ပြီး ကားထူထပ်ရာလမ်းကို နင်းချသွားမည်။ မည်သည့်ကားနှင့် အက်ဆီးဒင့်ဖြစ်ဖြစ်၊ အဖြစ်ခံပြီးဒဏ်ရာရပါက ဆေးခန်းရောက်မည်။ ဆေးခန်းရောက်ပါက ဆရာမ နှင့်တွေ့ပြီ။ ဒါပဲ။
ဒါကြောင့် စက်ဘီးကိုဘရိတ်ကြိုးပါမက ဖင်ထိုင်ခုံပါဖြု တ်ပစ်လိုက်သည်။ ဖင်ထိုင်ခုံရှိနေပါကထိုင်နင်းမိနေလျှင် အရှိန်နည်းနေမှာ စိုး၍ ဖြစ်၏ ။ ဖင်ထိုင်ခုံမပါဘဲ မတ်တတ်ရပ်နင်းမှ အရှိန်ပိုရမည်မဟုတ်ပါလား။ ထိုတော့မှ အတွင်းလူနာဒဏ်ရာမျိုးရနိုင်ပေမည်။သူပြုံး၍ ဖင်ထိုင်ခုံကို ဖြု တ်ချလိုက်သည်။ အရှေ့ဘရိတ်ကတော့ဖြု တ်စရာမလို၍ ဒီအတိုင်း ထားလိုက်သည်။
အခြားသက်သာသော နည်းလမ်းတွေလည်းရှိပါသည်။ ဝမ်းနှုတ်ဆေးတွေမဆန့်မပြဲစားပြီး ဝမ်းတွေ သွားပါက ဆေးခန်းသွားသောနည်းပင်။ဤနည်းက လူနာမလှ။ ဆရာမ လေးရှေ့ ဝမ်းခဏခဏသွားပြနေရလျှင် မည်သို့ မင်္ဂလာရှိမည်နည်း။ အနံ့အသက်မကောင်းသောလူနာကို နှာခေါင်းရှုံ့ကုသမည်ကို လူနာလောင်းကြီးကမလိုလား။ ထို့ကြောင့် လူနာအလှဆုံးနည်းဖြစ်သော ဤနည်းကိုအသုံးပြု ရခြင်းဖြစ်၏ ။
သူ့အတွေးနှင့်သူတော့ ကြိတ်ပျော်နေသည်။ စက်ဘီးကလည်းပြို င်ဘီးဆိုတော့ လိုအပ်သောအရှိန်၊ လိုအပ်သောဒဏ်ရာရနိုင်သည်မဟုတ်ပါလား။ ဒီတစ်ခါတော့သေချာပြီ Rent လူနာအဆင်မပြေရင် Own လူနာရှိသည်။
အားလုံးပြင်ဆင်ပြီးမှ အားရဝမ်းသာနှင့်...
''အမေရေ ...သား အပြင်ခဏ သွားဦးမယ်''
ဟုဆို၍ စက်ဘီးကိုအရှိန်ပြင်းစွာ တွန်းပြီး အားရပါးရလွှားခနဲခြေစုံခုန်တက်လိုက်သည်။ သို့ သော်....
''အု(ဖ်)''
ခပ်အုပ်အုပ် အော်သံနှင့်အတူ၊ သူ့မျက်လုံးပြူးတက်သွားသည်။ဘာဖြစ်သွားတာလဲအတွေးမျိုးနှင့် တစ်ချက်စဉ်းစားလိုက်သည်။ ခေါင်းထဲတွင်အဖြစ်အပျက်များ တန်းစီပေါ်လာ၏ ။ အက်ဆီးဒင့်ဖြစ်စေရန်ဖြု တ်ထားသောဘရိတ်ကြိုး။ နောက် အရှိန်ပြင်းရစေရန်ဖြု တ်ထားသော ဖင်ထိုင်ခုံ။ အရိုးသက်သက်ထောင်နေမည့်ခုံမဲ့ဝင်ရိုး။ သူ လွှားခနဲခုန်အတက် ဘယ်မှာ စွပ်နေပါလိမ့်။ စဉ်းစားရင်း သူ့ဆံပင်များ ထောင်တက်သွား၏ ။ နောက်မှ စဉ်းစားမိကာ မျက်လုံးပိုပြူးသွားပြီး
''အား ...သွားပြီ ...သွားပြီ အားဟားဟား အွား''
''သွားပြီ ...ဒါမှတကယ်သွားပြီ''
အလုပ်မလုပ်တော့သော ဘရိတ်ကြိုး၊ သူ မျက်လုံးပြူးသွားရ၏ ။
''ဟာ ...ဒီဘရိတ်ကြိုးကဘာလို့ပြု တ် ...အို ..''
ခုမှသူကိုယ်တိုင်ဖြု တ်ပစ်ခဲ့ကြောင်း ပြန်၍ သတိရသည်။ ဝှီးခနဲဖြတ်သွားသောကားတစ်စီး။ ပွတ်ကာသီကာနှင့် လွတ်မြောက်သွားသည်။
''အား...''
ကြောက်လန့်တကြားအော်ဟစ်သံ။ ညာဘက်လမ်းမှ ကားတစ်စင်း ခုန်ထွက်လာသည်ကို တွေ့ရ၏ ။ နောက်သတိရပြီး အရှေ့ဘရိတ်ကိုအားကုန် ဆွဲညှစ်လိုက်သည်။ ကံကောင်းထောက်မစွာ ပင် အရှေ့ဘရိတ်ကိုမဖြု တ်မိခဲ့။ ကံဆိုးစွာ ပင် အရှေ့ဘရိတ်ကိုအားကုန်ဆွဲလိုက်သည့်အတွက်စက်ဘီးကာ ကျွိခနဲရပ်ကာ နောက်ဘီးထောင်ပြီး လူကလေထဲကားယားကြီးလွင့်ပျံသွား၏ ။ ကံကောင်းစွာ ပင် သူလေထဲရောက်မှထိုကားက သူ့စက်ဘီးကိုဒုံးခနဲဝင်ဆောင့်သွားသည်။ လေထဲမှာ သူ့တစ်ယောက်တည်း။ ဘယ်ဘက်ကြည့်တော့ကားများ ၊ ညာဘက်မှာ လည်း ကားတွေ။ သူလေထဲ လက်ဆန့်တန်းပြီးပျံကြည့်သေးသည်။ အပေါ်စီးမှမြင်တွေ့ရ၍ မြင်ကွင်းကကြည့်၍ ပင်ကောင်းသေး။ လူတွေက အံ့အားသင့်စွာ သူ့ကို မော့ကြည့်ကြ၏ ။ သူကလက်မောင်းနှစ်ဖက် ချိုင်းကပ်၍ ပျံနေတုန်း။ လူအများ ကြီး ဝိုင်းကြည့်နေ၍ ပျံသန်းရင်း ပျော်ရွှင်စွာ ပြုံးလိုက်သေး၏ ။ နောက်အရှေ့တည့်တည့်ပြန် လှည့်မှ
''ဟာ''
သူနှင့် လွန်စွာ နီးကပ်နေသော ကားမှန်တစ်ခု။ သူလန့်ပြီးနောက်ပြန်ပျံကြည့်သေး၏ ။ မရတော့။ သူ့ဦးကင်းတော်က ကားခေါင်းကို ချိန်ရွယ်ပြီးသား။ မာတဲ့ခေါင်းပါပေ။
'ဒုန်း'ခနဲ မြည်သံ။ ကားခေါင်းပေါ် ကားယားကြီးခွကျသွား၏ ။သူ့ အတွေးထဲတွင်တော့ သူကစူပါမင်းဖြစ်ပြီး ဆရာဝန်မလေးနေရီမွန်ကိုကောင်းကင်တွင် ပွေ့ချီပျံသန်းနေ၏ ။ လေဟာနယ် ပေါ်ရောက်တော့မှသူကပက်လက်လှန်ပြီး ဆရာမ လေးကသူ့ရင်ဘတ်ကို နားကြပ်နှင့်ထောက်ပြီးစမ်းသပ်နေသည်။ သူကတော့ ကြည်ကြည်နူးနူးကြီးပြုံးလျက်။ဆရာမ လေးက သူ့ကိုလေထဲမှာ ပင် မှော က်ဖို့လုပ်သည်။ သူအကြောက်အကန်ငြင်းဆန်လိုက်သည်။ ဖင်ကဒဏ်ရာမြင်လို့မဖြစ်သေး။ ဆရာဝန်မလေးကအတင်းမှော က်ပြီး ထိုဒဏ်ရာကိုကြည့်ရန်ပြင်သည်။ သူကလေ ထဲမှာ ယက်ကန်ယက်ကန်နှင့်ရုန်းသည်။ ဆရာမ လေးက အတင်းဆွဲသည်။သည်လိုနှင့် လေထဲတွင်ရုန်းကန်ရင်း ...
''ဒီအဖြစ်အပျက်မျိုးက တယ် ထူးဆန်းတာပဲ''
ခပ်ဝါးဝါး ကြားနေရသော စကားသံတချို့။
''စဉ်းစားကြည့်လေ..ကားကို ခေါင်းနဲ့ဝင်ဆောင့်မိပြီးဖင်ကွဲသွားတယ် ဆိုတဲ့ကိစ္စ။ ဒါက အင်မတန် ဖြစ်ခဲတယ်။ အိုဗျာ ..ဆေးပညာသမိုင်းတစ်လျှောက်ဒီလိုလူနာမျိုး ဘယ်သူမှကြုံ ဖူးမှာ မဟုတ်ဘူး''
ရှက်ရွံ့စိတ်က ဖောက်ခနဲပေါ်လာ၏ ။
'' ဖင်နဲ့ ခေါင်းဘယ်လောက်ကွာတယ်ဆိုတာခင်ဗျားတို့သိပါတယ် . . . အဖြစ်နိုင်ဆုံးကတော့လူဟာခေါင်းနဲ့ဆောင့်မိရင် လည်ပင်းရိုးကျိုးမယ်...ပြီးရင်ခါးဆစ်ရိုးဆက်ကျိုးမယ်...ဒီထက်အရှိန်ပြင်းရင် တင်ပါးဆုံရိုးတွေပါ ကျိုးသွားလိမ့်မယ်... ဒါပေမယ့် အခုဒီလူက ကားကို ခေါင်းနဲ့ဆောင့်မိပေမယ့်ဘယ်အရိုးမှမကျိုးဘဲ ...နောက်အိုးပဲ ပွင့်ထွက် သွားတယ်ဆိုတဲ့ကိစ္စကအင်မတန်စဉ်းစားရခက်နေတယ်''
သူ ပွင့်နေသောမျက်လုံးကို ပြန်မှိတ်ပစ်လိုက်သည်။ သူ့နားမှာ ခေါင်းလာကြည့်လိုက်၊ စောင်လာလှန်ကြည့်လိုက် လုပ်နေသောဆရာဝန်တချို့။
''မျိုးရိုးကို စုံစမ်းကြည့်တော့ သူ့အဖေကလည်း လိပ်ခေါင်းရောဂါနဲ့ဆုံးခဲ့ဖူးကြောင်းတွေ့ရတယ်... ဒီလိုဂျင်နရေးရှင်းနဲ့ ပြန်တွက်ကြည့်တော့သူလည်းမျိုးရိုးလိုက်ပြီး ကားနဲ့ခေါင်းတိုက်ချိန် လိပ်ခေါင်းကရုတ်ချည်း အပြင်ကန်ထွက်ပြီးပွင့်သွားတာလား...ဒါလည်းမဖြစ်နိုင်ပြန်ဘူး.. လိပ်ခေါင်းထွက်တာဆိုရင် လိပ်ခေါင်းကအပြင်မှာ ပဲရှိနေရမယ်..အဲဒီ တော့ အားလုံးဒီလူနာသတိရလာချိန်မှ သူ့ကိုအသေအချာမေးပြီး နိုင်ငံတကာကို ရောဂါဆန်းကြီးဆိုပြီး စာတမ်းတင်ဖို့ ကြိုးစားကြပါ... ဒါမှဆေးပညာသမိုင်းမှာ မှတ်တမ်းအသစ်စိုက်နိုင်မှာ ...ပြီးတော့ဆေးကျောင်းတက်နေတဲ့ကလေးတွေလည်း လေ့လာလို့ရအောင် ဒီလူနာကိုဆေးကျောင်းခေါ်သွားပြီး ...တစ်နေ့လုံး ဖင်လှန်ပြီးပြခိုင်းထားရမယ် ...ဒါမှနောက် ဂျင်နရေးရှင်းမှာ ဒီလိုရောဂါဆန်းတွေပေါ်လာရင် ...ဒီဆရာဝန် ဆရာဝန်မလေးတွေ အတွေ့အကြုံ ရှိလာကြမှာ ...ကျု ပ်တော့ဖြင့်အံ့ရောပဲဗျာ ...''
သူမျက်လုံးကို တင်းကြပ်စွာ ပိတ်ထားလိုက်သည်။ နံဘေးမှ သူ့မျက်နှာလာကြည့်သူများ ၊ စောင်လှန်ကြည့်သူများ ဖြင့် ရှုပ်ယှက်ခတ်နေသော်လည်း သူ့အာရုံတွင်ခဏတာမြင်တွေ့ခဲ့ရသော ဆရာဝန်မလေး နေရီမွန်၏ မျက်ဝန်းနက်ကလေးကသာ မှတ်တိုင်အဖြစ်စိုက်ထူနေ၏ ။
''အို ဆရာမ လေးရယ်...ဆရာမ လေးရဲ့ မျက်ဝန်းနက်နဲ့ နောက်တစ်ကြိမ်ထပ်ဆုံဖို့ကြိုးစားနေသူပါ...သို့ သော်...ကံအပေါင်း အကြောင်းမလှစွာ ဖြင့်ပင် ဆရာမ လေးနဲ့လွဲခဲ့ရပြန်ပါပြီ ...''
အမှန်တော့ သူချိန်လုပ်ခဲ့တာအမှန်ပါ။ ဒဏ်ရာရပြီး သတိလစ်မျောနေစဉ်အတွင်း ဆရာမ လေးနေရီမွန်တို့ရဲ့ အထူးကုဆေးခန်းကိုပဲခေါ်သွားခဲ့တာပါ။ ဒါပေမယ့် လောကရဲ့ အလှည့်အပြောင်းဆန်းကြယ်လှစွာ ဖြင့်သူ့ကို စမ်းသပ်စစ်ဆေးရင်း ခေါင်းကတိုက်တာဖင်ဘာကြောင့် ပွင့်ရတယ် ဆိုတဲ့စစ်ဆေးတွေ့ရှိချက် အသစ်စက်စက်ကြီးကို စူးစမ်းရှာဖွေလေ့လာ တွေ့ရှိခဲ့လို့။ဒစ်စကာဘာရီ သို့ မဟုတ် ဆေးပညာဂင်းနစ်ထဲ တင်သွင်းနိုင် ရန်ရန်ကုန်ဆေးရုံကြီးကို ချက်ချင်းလွှဲပြောင်းခြင်းခံရတယ်တဲ့။
ကွယ် ...ဆရာမ လေးနေရီမွန်တို့ ဆေးခန်းမှာ သာ သူသတိရခဲ့ရင်နောက်အိုးပွင့်ရခြင်းတရားခံ စက်ဘီးဖင်ထိုင်ခုံရိုးကို လက်ညှိုးထိုးပြီးပြုံးပြုံးကြီးအဖြေပေးလိုက်ချင်ရဲ့ ။ အခုတော့ အခုတော့ကွယ်။ လွဲမှားခြင်းကြုံ ရပုံက လူတိုင်းသံသယဖြစ်ရသည်အထိ။
ဘရိတ်မမိပေမယ့် စိတ်ကသိနေတယ်=
မေးခွန်းတစ်ခုထဲကို အဖြေရှာဖို့မှ မဟုတ်ခဲ့တာ။
ငါလည်း ငါးတစ်ကောင်ကို ဖမ်းယူစားသောက်ဖို့ပြင်ဆင်နေသူ
မီးစ မီးနတွေ ထူထပ်နေတဲ့ရေပြင်ပေါ်
လည်ပင်းရှည်အောင်စောင့်လို့
ပေါ်မလာပါဘူး။
ကိုယ့်စကားထာကိုယ်ပြန်ဝှက်ရမယ့်အချိန်မျိုးမှာ ပေါ့
ခေါင်းထဲက ဆားကစ်ပြားတွေတောင် လောင်ကျွမ်းကုန်ပြီ
မင်းမျက်ဝန်းကို တစ်ကြိမ်မြင်ဖူးထဲကပေါ့။
အမှန်တရားဆိုတာ လမ်းပေါ် မှာ အကြိမ်ကြိမ်လွဲချော်၊အကြိမ်ကြိမ်လွဲ မှားနေရသူပါ။ ဘယ်သူကမှ အစအန ဖော်လို့မရအောင် သတိထားကြိုးစားနေပေမယ့်ဘောလုံးတစ်လုံးကို ဆယ်ပေအမြင့်ကသံကွင်းထဲ ပစ်တင်သလောက်ကိုလွယ်မှမလွယ်ကူနိုင်ပဲ။ ဘဝတစ်ခုလုံးပစ်တင်ဖို့ကြိုးစားနေသူအတွက်ကတော့ လွဲတယ်ဆိုတာမထူးဆန်းပါဘူး။(အကျနာတာကလွဲလို့ပေါ့။)
သစ်ပင်ထိပ်ဖျားချည်နှောင်ထားတဲ့ပန်းပွင့်တောင် လှတယ်ဆိုပြီး ချီးမွမ်းတတ်သူ။ တကယ်မြင်ရတဲ့အလှတရားတစ်ခုအတွက်အရည်ပျော် ရတာ မဆန်းပါဘူး။ ယခုလည်းတကယ်မြင်ရတဲ့အလှတရားပေါ်အရည် ပျော်လိုသူရယ်လေ။လူမမာဖြစ်နိုင်မည့်နည်းများ ကိုဇယားချရှာလို့။ ဒါမျိုးက စနစ်ကျမှလှပမည်မဟုတ်ပါလား။
ချက်ချင်းလက်ငင်းလူမမာ ဖြစ်နိုင်သောနည်းများ နှင့် ဖြစ်နိုင်ခြေများ ။
၁။ ကားရှေ့ပြေးရပ်နည်း။
ဖြစ်နိုင်ခြေ (၅ဝ%)
သို့သော် ကားကအရှိန်လွန်တိုက်မိလျှင် အသက်အန္တရာယ်ရှိ။ကားဘရိတ်အုပ်၍ ရှောင်တိမ်းလွတ်မြောက်သွားလျှင်လည်း ပက်ပက်စက်စက်အဆဲခံရနိုင်ခြေ ရာနှုန်းပြည့်။ အားလုံးခြုံ ငုံသုံးသပ်သော် ဖြစ်နိုင်ခြေနည်းပါး။ ထို့ကြောင့် ခေတ္တဆိုင်းငံ့။
၂။ အရှိန်ဖြင့်သွားနေသော ကားပေါ်မှ ခြေလွတ်လက်လွတ်ခုန်ချနည်း။
ဖြစ်နိုင်ခြေ(၇ဝ%)
အကျမတော်လျှင် ဒဏ်ရာရမည်။ အကျတော်လျှင် ဒီအတိုင်းဖြစ်မည်။ သို့ သော်စပယ်ယာ၏ ဆဲဆိုငေါက်ငန်းခြင်းရာနှုန်းပြည့်ခံရမည်။ ခြုံ ငုံသုံးသပ်သော် အဆဲခံရနိုင်ခြေလွန်ကဲ။ ထို့ကြောင့်ပယ်။
၃။ ပလက်ဖောင်းအပေါက်ထဲ ကျွံကျနည်း။
ဖြစ်နိုင်ခြေ(၃ဝ%)
ပလက်ဖောင်းအပေါက်ကိုချိန်၍ တည့်တည့်ချော်ကျသော် ဒဏ်ရာရနိုင်ခြေ(၇ဝ)ရာနှုန်းရှိ။ သို့ သော် ထိုဒဏ်ရာရနိုင်ခြေသည် မတော်တရော်နေရာမှသာ စရမည်ဖြစ်၏ ။ (ဒေါင်လိုက်ကျမှာ ကိုး)။ ထို့ကြောင့်ဆေးခန်းတွင် ဒဏ်ရာနေရာပြရန်ခက်။ အဓိကမှတ်ချက်။ ဒဏ်ရာဟောင်းရှိသဖြင့်စဉ်းစားဆုံးဖြတ်သင့်။
၎။ မိုးရွာနေချိန် ဧရိယာတိုင်တစ်တိုင်တွင် သံလိုက်တုံးချီ၍ လယ် ကွင်းပြောင်ပြောင်တွင်ရပ်၍ မိုးကြိုးမျှားနည်း။မိုးကြိုးက သူသင့်ရာနေရာ ရွေးပစ်ချနေသည့်အတွက် ထိနိုင်ခြေနည်းပါး။ ထိလျှင်လည်း ရှစ်ပေအမြင့်ထိ မြင့်သင့်မီးလောင်ကျွမ်းပြီး တစ်ခါထဲ မာလကီးကုတ်နိုင်။ ကမ္ဘာ ပေါ်၌ ပင် မိုးကြိုးထိ၍ မသေသူသုံးဦးသာရှိဖူး။ထို့ကြောင့်ပယ်။
ဖြစ်နိုင်ခြေ(၁ဝ%)
၅။ တိုက်အိမ်အမြင့်ပေါ်မှ ခုန်ချနည်း။
ဖြစ်နိုင်ခြေ(၇ဝ%)
သို့ သော် မည်သည့်အမြင့်ပေ၌ ခြေနှစ်ချောင်းသွင်သွင်ကျိုးနိုင်ကြောင်းမသိရ။ လိုအပ်သည်ထက်ပိုသောအမြင့်ပေဖြစ်ပါက အသက်အန္တရာယ်ရှိနိုင်၍ လိုအပ်သည်ထက်လျော့ပါက ဒဏ်ရာမရဘဲအဆဲခံရနိုင်။ထို့ကြောင့်ပယ်။
၆။ မြစ်လယ်ကောင် ရေနက်မှာ လှေပေါ်မှခုန်နည်း။
ဖြစ်နိုင်ခြေ(၃ဝ%)
သို့ သော် ကယ်ဆယ်သူမရှိပါကသေဆုံးနိုင်။ ကယ်ဆယ်သူရှိပါကရှေးဦးသူနာပြု စုနည်းဖြင့် ရာနှုန်းပြည့်ကောင်းနိုင်။ ရှေးဦးသူနာပြု စုသူမှာ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများ ရှိပါက ကိုယ်ပင်အသားတင် သည်းခြေထိခိုက်နိုင်။ ဖြစ်နိုင်ခြေနည်းပါး။ ထို့ကြောင့်ပယ်။
၇။ လယ်ကွင်းထဲ ကဏန်းနှိုက်၍ မြွေကိုက်ခံနည်း။
ဖြစ်နိုင်ခြေ(၂ဝ%)
လယ်ကွင်းများ ရှိ တွေ့သမျှတွင်းမှန်သမျှ စွပ်ရွပ်လက်နှိုက်ရှာဖွေခြင်းဖြင့် ကံမကောင်းလျှင်ကဏန်းရ၍ ကံကောင်းလျှင် မြွေကိုက်ခံရမည်။သို့ သော် ကိုယ့်ကိုကိုက်သည့်မြွေ ဖမ်းသွားပေးရမည်။ အထူးသဖြင့်အထူးကုဆေးခန်းတွင် မြွေအဆိပ်ဖြေဆေးမရှိ။ ဆေးရုံသာရောက်မည်။ထို့ကြောင့် ဖြစ်နိုင်ခြေနည်းပါး။ ပယ်။
၈။ စတိုးဆိုင်အတွင်း ဒဏ်ရာရှာနည်း။
''ဟုတ်ပြီ ဒီနည်းအကောင်းဆုံးနည်းပဲ''
သူ့ခေါင်းထဲ လက်ခနဲဖြစ်သွား၏ ။ သူ့စိတ်ကူးနှင့်သူ အကောင်အထည်ဖော်ကြည့်သည်။
''ကွက်တိ''
ဒီတစ်ခါမှအတွင်းလူနာမဖြစ်လျှင် ဘယ်အချိန်ဖြစ်တော့အံ့နည်း။ ထာဝရအတွင်းလူနာသူသာဖြစ်ရမည်။ သူ့အကြံအစည်က
လျှို့ ဝှက် ...
ဆေးခန်းရောက်ချိန်ဝယ် အလှပဆုံးဖြစ်စေရန် အသစ်လွင်ဆုံးအဝတ်အစားများ ရွေးဝတ်ကာ ထာဝရအတွင်းဒဏ်ရာရှာဖွေရေးအတွက် သူဈေးတကာပတ်လိုက်သည်။
ပလာဇာ မစွံ။ သူစိတ်ကြို က်မတွေ့။
ရှိုးကေ့(စ်)ကြီးတွေ၊ အဝတ်တန်းတွေ၊ အင်္ကျီချိတ်တွေလောက်သာတွေ့ရသည်။ သူလိုချင်သော ထုထည်ပဏာမကိုမရ။ ဒီကြားထဲ ဆိုင်ခန်းက ကျဉ်းသေး။
'' ဟား ဟား...ဒီလောက်နဲ့ကတော့ ဇာနည်တို့ စိတ်မဝင်စား အာဟားအာဟား''
သူဆိုင်ခန်းများ ကို သရော်ချင်စိတ်ဖြင့် ခိုးရယ်မိသေး၏ ။
စတိုးဆိုင်များ ...စိတ်တိုင်းမကျ။ ဆိုင်ခန်းများ က ကျဉ်းသည့်အပြင်သွားလေရာ၌ ဝန်ထမ်းများ က ကပ်ပါရှင်းပြနေသည်။ ထို့ကြောင့် လွတ်လွတ်လပ်လပ် လှုပ်ရှားရန် နေရာမတွေ့။
ဒီလောက်နဲ့များ ဆိုင်ဖွင့်ရတယ်လို့ကွာ။ သူ့စိတ်ထဲ မဲ့ရွဲ့ကာ ညည်းတွားရင်းပြန်ထွက်လိုက်သည်။
စူပါမားကတ်၊ ကြို က်ပြီ။ သူလိုချင်သောအကျယ်အဝန်း။ လွတ်လပ်စွာ လှုပ်ရှားခွင့်ရမှု ။ သူဘေးဘီဝေ့ကြည့်လိုက်သည်။ သူ့နောက်ကို ဘယ်သူမှပါမလာ။ သူကြိတ်ပြီးဝမ်းသာသွား၏ ။ အနီးနားတွင် သူစိတ်ကြို က်နေရာရှာကြည့်သည်။ တော်ရုံနှင့်မတွေ့။ ရှိသည့်ဘီရိုများ က နိမ့်လွန်းသည့်အပြင်အလေးချိန်ပေါ့သော ကုန်ပစ္စည်းများ သာတင်ထား၏ ။ ဒီလောက်နှင့်တော့ အတွင်းလူနာမဖြစ်နိုင်။
အင်္ကျီချိတ်များ သူဆွဲကြည့်သည်။ ဘာမှ တန်ဘိုးမရှိသော သတ္တု ကိုင်းများ စွာ ။
တောက် ...စတိုးဆိုင်ကြီးဖြစ်ပါလျက်နဲ့ သံကိုင်းလေးတောင်မထားဘူး။ တယ်ကပ်စေးနည်းနဲ့သူတွေ။ သူမကျေမနပ်ရေရွတ်ရင်း အပေါ် ထပ်ပြေးတက်လိုက်သည်။
တွေ့ပြီ။ သူ့စိတ်ကြို က်နေရာတွေ့ပြီ။
သူ ထိုအနားပြေးသွားလိုက်သည်။
ဟုတ်ပါ့။ ဖန်ခွက်တွေ၊ ပုလင်းတွေကို ပါကင်ထုပ်၍ အထုပ်အပိုးအတိုင်း အစီအရီထားသောနေရာ။ သူမော့ကြည့်လိုက်သည်။ ဟိုက်ရှားပါးအနည်းဆုံး ဆယ်ပေခန့်တော့မြင့်ပေလိမ့်မည်။
ဟီဟိ ပိုင်ပြီ ပိုင်ပြီ။
သူ ဝမ်းသာလွန်း၍ ခုန်ဆွခုန်ဆွပင်ဖြစ်နေသေး၏ ။ ဘေးဘီဝေ့ကြည့်လိုက်သည်။ လူကရှင်းနေဆဲ။ အရောင်းစာရေးတစ်ယောက်သာ ဈေးဝယ်သူတစ်ဦးနှင့် စကားပြောနေသည်။ သူ ဝမ်းသာအားရပင် ဖန်ခွက်စင်ခြေရင်း ခြေဆင်းထိုင်လိုက်သည်။ ဒါမှ ဘယ်နေရာကျကျ မလွတ်မှာ ကိုး။
ပြီးနောက် အောက်ဆုံးအထပ်မှပုံးတစ်ပုံးကို ခြေကန်ဆွဲလိုက် သည်။အောက်ဆုံးအခြေခံယိုင်မှ အပေါ်ကအထုပ်တွေ ပြု တ်ကျမှာ ကိုး။ ထို့ကြောင့်...
''ယာ့(စ်)''
ဒီတစ်ခါအသံက အနည်းငယ်ကျယ်သွားသလို သူဆွဲလိုက်သောအထုပ်က အနည်းငယ်ပါလာသည်။ အထုပ်အနည်းငယ် ပါလာသည်နှင့် အမျှအပေါ်တွင်တင်ထားသောအထုပ်များ အနည်းငယ်ယိုင်နဲ့သွားသည်။
''ပိုင်ပြီ ...ပိုင်ပြီ ဖြစ်နိုင်ချေ ရာနှုန်းပြည့်ပဲ''
ဟုတွေးကာ အထုပ်ကိုခြေကန်ဆွဲလိုက်သည်။
''ယား''
အထုပ်က တဖြည်းဖြည်းထွက်လာပြီ။ သူ့အော်သံကြားတော့ အရောင်းစာရေး လှည့်ကြည့်သည်။ သူလုပ်ပုံမြင်တော့ မျက်လုံးပြူးသွားကာ
''ဟာ..ဟေ့လူ ..ဟေ့လူ..အောက်ကမဆွဲနဲ့ အောက်ကမဆွဲနဲ့ပြို ကျကုန်မယ် ...လိုချင်ရင်အပေါ်ကယူပေးမယ်''
ဟူသော အော်သံ။ သူထိတ်ခနဲဖြစ်သွားသည်။ ဒီအထုပ်မထွက်ခင် အရောင်းစာရေးအနားရောက်လာလျှင် သူ့အကြံအစည်မအောင်မြင်ဖြစ်ရတော့မှာ ကိုး။ ထို့ကြောင့်
''ယား''
အထုပ်က ထွက်ခါနီး မှ တစ်နေသေး၏ ။
''ဟေ့လူ ...မလုပ်နဲ့လေ... ကျု ပ်ယူပေးမယ်လေ''အရောင်းစာရေး အလန့်တကြားအော်သံနှင့်အတူပြေးလာ၏ ။ သူစိုးရိမ်ပြီး အားကုန်ခြေကန်ဆွဲလိုက်သည်။
''ယောက်ျားကွ''
အထုပ်က ထောင့်စွန်းလေးနဲ့ညိပြီး တဲတဲလေးဖြစ်နေသည်။ ပြေးလာသောခြေသံကလည်း တဖြည်းဖြည်းနီးလာပြီ ...
''မိန်းမကွ''
''နှစ်ဖက်ချွန်ကွ ...''
''ဖရီးဝှီးကွ''
သူအော်မိအော်ရာ အော်ပြီး ဆွဲထုတ်လိုက်တော့...
''ဟာ''
လက်ထဲ အထုပ်ပါလာသည်။ လူကလန်လဲမတတ်။ သို့ သော် သူထင်သလိုဖြစ်မလာ။ အပေါ်ကအထုပ်များ ယိုင်ထိုးယိုင်ထိုးနှင့် ပြို မကျသေး။အရောင်းစာရေးကအထုပ်များ ကို တစ်လှည့်သူ့ကိုတစ်လှည့်ကြည့်ကာ အနားမကပ်ရဲ။ အခြေအနေကအားလုံးအငြိမ်။ သူ သက်ပြင်းချလိုက်သည်။သူ့လုပ်ဆောင်ချက်ကျဆုံးပြန်ပြီ။ လူမမာဖြစ်မည့်အရေးဝေးရပြန်ပြီ။ မျှော်လင့်ချက်တောက်ပစွာ ဖြင့် ငံ့လင့်နေသောမျက်လုံးများ အရောင်မှိန်သွားရပြီ။
အရောင်းစာရေးမှ သက်ပြင်းချသံ။
''တော်သေးတာပေါ့ဗျာ''
''ကလစ်''
အရောင်းစာရေး၏ စကားမဆုံးခင် ဖန်ခွက်စင်မှမြည်သံ။ နောက်သူခြေကန်ဆွဲ၍ ပါလာသော အထုပ်နေရာသို့ ဖုတ်ခနဲ ဦးညွတ်လာသောပထမတန်းမှပါကင်တစ်ခု။ သူကမန်းကတန်း မော့ကြည့်စဉ်မှာ ပင် စင်ကြီးတစ်ခုလုံး ယိမ်းယိုင်သွားပြီး အပေါ်ဆုံးမှလွင့်ကျလာသောပါကင်တစ်ခု။
သူနှင့်ခပ်လှမ်းလှမ်းတွင်ဖြစ်သော်ငြား ရရှိလာသော အခွင့်အရေးကို လက်လွတ်မခံနိုင်စွာ ။ ပြုံးရင်းခေါင်းထိုးခံလိုက်သည်။
ခွမ်းခနဲမြည်သံနှင့်အတူ ပန်းတို့ပွင့်သွားသလိုခံစားရ၏ ။ ကြည့်နေစဉ်မှာ ပင် နောက်တစ်ခု။ သူ ဘယ်ညာယိမ်း၍ ခေါင်းထိုးပေးလိုက်သည်။နောက်တစ်ခု။ နောက်တစ်ခု။ နောက်တစ်ခု။ နောက်တစ်ခု။ ကျနှုန်းမြန် လာပြီ...
တခွမ်းခွမ်းမြည်သံနှင့်အတူ သူ့အပြုံးပန်းတို့ပွင့်ဆဲ။ နောက်တစ်ခု၊နောက်တစ်ခု။ သူပျော်နေတုန်း တပြုံ လုံးအုံဆင်းလာတော့...
''အား ...''
သိပ်မကြာခင်အချိန်အတွင်း သူ့ခန္ဓာကိုယ် တစ်ခုလုံးဖန်ကွဲပုံကြားပျောက်ကွယ်သွား၏ ။
အမှော င်..သူလွန်စွာ ကြောက် သောအမှော င်။ ရုန်းကန်ပြေးလွှားဆဲ။ဘယ်မှာ လဲ အလင်းရောင်။
''အား''
သူ ကြောက်လန့်တကြား အော်ဟစ်သံ။ မည်သည့်နေရာကမှ အသံမကြား။ ဇောချွေးများ အလိုလိုစိမ့်ထွက်လာ၏ ။
''ကယ်ကြပါဦး ...ကယ်ကြပါ ဦးဆရာမ လေးနေရီမွန်ရေ..''
ကယောင်ကတမ်း နှုတ်ထွက်စကားများ ။ သူတမ်းတနေသောဆရာမ လေး နေရီမွန်ကို အမှော င်ထဲမှာ ဖြတ်ခနဲတွေ့လိုက်ရသည်။ ပြီးနောက်မှု န်ဝါးစွာ ပျောက်ကွယ်လုနီးပါး။
''ဆရာမ လေး ..ကျွန်တော့်ကို ...စောင့်ပါဦး ..စောင့်ပါဦး''
သူ့အော်သံကြောင့် ဆရာမ လေး ဖျတ်ခနဲပြန်လှည့်ကြည့်သည်။
''အို ...ကြည့်စမ်း..ဆရာမ လေးနေရီမွန်မျက်ဝန်းမှာ လက်ဖြာနေသောအလင်းရောင်...''
အလင်းရောင်မြင်တော့ သူဝမ်းသာသွားသည်။
''ဆရာမ လေး ကျွန်တော်လာပြီ...ကျွန်တော်လာပြီ''
အော်သံနှင့်အတူ အလင်းရောင်ရှိရာ သူအားကုန်ပြေးသွားမိ သည်။
ဖျတ်ခနဲမြင်ရသော ကျိန်းစပ်စပ်အလင်းရောင်၊ ဟင် ...ဘာလို့တစ်လုံးတည်းမြင်နေရပါလိမ့်။ သူ့မျက်လုံးကိုကမန်းကတန်းပြန်ပိတ်လိုက် ၏ ။ပြီးမှနေသားကျမှ သူမျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်သည်။
မျက်လုံးတစ်စုံ၊ သူ့ကိုအပေါ်မှစိုက်ကြည့်နေသောမျက်လုံး။ ဟုတ်ပြီ၊ ပိုင်ပြီ။ ဒါအနှစ်နှစ်အလလ သူမျှော်ကိုးခဲ့သောမျက်လုံးပဲ။ အတွေးနှင့်ပီတိဖြစ်နေစဉ်မှာ ပင် တိုးဝင်လာသောကျွဲကော်ကိုင်းကြီး။ ဟင် ...ဘယ်လိုဖြစ်တာပါလိမ့်။ ဆရာမ လေးက မျက်မှန်နဲ့မဟုတ်ပါဘူး။ မသင်္ကာစိတ်နှင့်သူ့အပေါ်ဘက် မျက်လုံးအနည်းငယ်လှန်ကြည့်လိုက်တော့ ...အင်း...မျက်ခုံးမွှေးကတော့ထူထူရယ်၊ အပေါ်ဘက်ကို ဆက်ကြည့် ...ကြည့်
''ဟာ ...ထိပ် ထိပ်ပြောင်ကြီး...''
မထင်မှတ်သော ထိပ်ပြောင်ကြီး မြင်လိုက်ရတော့ သူအံ့အားသင့်သွားရ၏ ။
''ဟင် ..ဘယ်လိုဖြစ်တာလဲ။ ဘယ်လိုဖြစ်တာပါလိမ့်''
သူတွေးနေတုန်းမှာ ပင် ထိုမျက်လုံးကသူ့ဆီမှခွာသွားကာ...
''သူ သတိပြန်ရလာပြီ...''
ထိပ်ပြောင်ကြီးဆီမှအသံ။ ဟင် ဆရာမ လေးလည်း မဟုတ်ဘူးပဲ။သွားပြီ ...သူအနှစ်နှစ်အလလ စာတမ်းသဖွယ်ပြု စုရေးသားတွက်ချက်ခဲ့ သမျှလွဲရပြန်လေပြီ။ သူအနာခံခဲ့ရသမျှ သဲထဲရေသွန်ဖြစ်ရလေပြီ။ ထိုစဉ်မှာ ပင်...
''အောင်မလေး ..ချစ်သားရဲ့ ..မသေကောင်း မပျောက်ကောင်း ကွယ်...ဟီး''
ဟူသော မိခင်ဖြစ်သူ၏ ငိုသံ။ သူလှမ်းကြည့်လိုက်သည်။ သူ့မိခင်ဒေါ်ဆွေသန်းနှင့်အတူ သူငယ်ချင်းများ ဖြစ်သော တင်မောင်လွင်၊ နေသူ၊အောင်မျိုးတို့ကိုမြင်ရ၏ ။ မြင်ရတာ မှတစ်လုံးတည်း။
''ဟင် ..ဘာလို့တစ်လုံးတည်းမြင်နေရပါလိမ့်''
သူမသင်္ကာစိတ်နှင့် ဦးကင်းကို အနည်းငယ် ကြွ၍ ကြည့်လိုက်သည်။
''ဟင်''
ရုတ်တရက်မြင်လိုက်ရသောမြင်ကွင်းကြောင့် သူ့ကိုယ်သူ မံမီရုပ်မှတ်ပြီးဂုဏ်ယူလိုက်မိသေး၏ ။ နောက်မှ အံ့အားသင့်သွားရသည်။ ဟုတ်ပါသည်။ ခေါင်းဖျားမှ ခြေဖျားအဆုံး တစ်ကိုယ်လုံး သိမ်းကြုံးပတ်ထားသောပတ်တီးများ ။ တစ်ကိုယ်လုံး မျက်လုံးတစ်လုံးသာ ဖွင့်ထားရ၏ ။
သူလျှာနှင့်ထိုးကြည့်၏ ။ ပါးစပ်ကိုပိတ်ထားသော ပတ်တီးစကိုတိုက်ရိုက်ထိုးမိသည်။ သြော် ..ပါးစပ်ပါ ပတ်တီးတွေဆို့ထားတာကိုး။။နောက်မှသတိရပြီး
''ဟင် ..ဒါဆို... ငါ့သွား တွေရော...ငါ့သွားတွေရော''
မသင်္ကာစိတ်နှင့် ပါးစပ်အနှံ့ လျှာ ဖြင့်လိုက်ထိုးကြည့်သည်။ သူ့နှုတ်ခမ်းရှေ့ကို လျှာနှင့်ထပ်ထိုးကြည့်သည်။ ဘာကိုမှမထိ။
''ဟင် ...ဒါဆို ..ငါ့... ငါ့ ...သွားတွေပြု တ်ကုန်ပြီ..သွားတွေပြု တ်ကုန်ပြီပေါ့..သွားဗလာဖြစ်ပြီ...''
ရှိတော့ရှိသေးသည်။ သို့ သော်အံသွား အနောက်ပိုင်းသာ။ အရှေ့ခြမ်းကပြောင်သလင်းခါနေပေပြီ။ သူ ချက်ချင်းမျက်ရည်ဝိုင်းသွားမိ၏ ။
သြော် ...ဆရာမ လေးနေရီမွန်ရယ်...ဆရာမ လေးရဲ့ မျက်ဝန်းနက်နက်ကလေးကိုမြင်ချင်လို့ ကြိုးစားလိုက်ရတာ ရှေ့သွားတွေဗလာဖြစ်ကုန်ပါပေါ့။ တကယ်တွေ့ရတော့ ထိပ်ပြောင်ကြီး
''...အဟင့် ..''
သူ့အဖြစ်ကိုသူတွေးမိပြီးယူကျုံးမရဝမ်းနည်းမိပေပြီ။ ဒါကို မိခင်ဖြစ်သူကပါ ...
''အောင်မလေးသားရယ်...အပေါ်ကဟာတွေ ပြို ကျနိုင်တာ သိလျက်နဲ့အောက်ကဟာကိုမှ ခြေကန်ဆွဲရတယ်လို့ကွယ်..မင်းဘာအငြှိုးနဲ့လုပ်လိုက်တာလဲကွယ်...အခုတော့အထူးကုဆေးခန်းရောက်နေရပြီ...အထူးကုဆေးခန်းဆိုတာက ...တစ်ခါဖြဲငါးထောင်သားရဲ့ ...ဒါတောင်တစ်လုံးထဲ ဖြဲရတာ . . .မျက်လုံးပြောပါတယ် သားရယ် ...အဟင့်ဟင့်''
ဒီထိပ်ပြောင်ကြီး ဝင်ဖြဲသွားတာတော့ မတန်ပါဘူးအမေရာဟုသူပြောလိုက်ချင်သည်။ သို့ သော် ပါးစပ်တွင်ပတ်တီးတွေနှင့်ဆို့နေသည်မို့ပြောမထွက်။
ဘေးဘီဝေ့ကြည့်သည်။ ဆရာဝန်မလေးနေရီမွန်၏ အရိပ်အယောင်မပြောနှင့်။ အနံ့ပင်မရ။ သူအသက်ကို ခပ်ပြင်းပြင်းရှူ လိုက်သည်။သူ့နှာ ခေါင်းထဲဆေးနံ့များ သာ။ ထိုစဉ်မှာ ပင်
''ဆရာ ..ဆရာ လူနာကိုဆေးထိုးဖို့ဟာ တစ်ကိုယ်လုံးပတ်တီးတွေနဲ့ဆိုတော့ ဘယ်နေရာကိုထိုးရမှာ လဲ ဟင်''
နာ့(စ်)မလေးရဲ့ အမေး။ ဒါကို ခုနဆရာဝန်ထိပ်ပြောင်ကသူ့အလုပ်သူ လုပ်ရင်း လှည့်ပင်မကြည့်ဘဲ ...
''လွတ်တဲ့နေရာထိုးလေ''
''လွတ်တာဆိုလို့ မျက်လုံးတစ် လုံးပဲကျန်တယ်ဆရာ''
''ဒါဆို မျက်စဉ်းခပ်ထားလိုက်''
သြော် ...ကိုယ့်မှာ ဒီတစ်လုံးလေးကောင်းတော့တာ။ မကောင်းတဲ့နေရာမကုဘဲ ကောင်းတဲ့နေရာမှ မျက်စဉ်းခပ်ခိုင်းရတယ်လို့။ တော်လိုက်တဲ့ အထူးကု။
နာ့(စ်)မလေးက ညွှန်ကြားချက် အတိုင်း မျက်လုံးဖြဲ၍ မျက်စဉ်းလာခပ်သည်။ဒီတစ်ဖြဲအတွက်ရော ဘယ်လောက်ယူသည်မသိ။
မျက်စဉ်းရည် ကြည်ကြည်လေးက မျက်လုံးထဲဖျတ်ခနဲ။
ဆရာမ လေးရယ် ဒီနေရာမှာ မင်းသာဖြစ်ခဲ့ရင် ငါသီချင်းတစ်ပုဒ်ပါ ပျော်ပျော်ကြီးဆိုမိမှာ ပါကွယ်။
''...မလျှော့သောမေတ္တာတွေဟာ... သီတာရေစင်ပမာ...တသွင်သွင်စီးကျစေတာ...''
ဟူ၍ ...
မျက်စဉ်းကသီတာရေစင်ပမာ မျက်ဝန်းထဲစီးကျလာ၏ ။ နောက်အမေ့ရဲ့ ငိုသံ။
''အောင်မလေးသားရယ် ...နင့်အတွက်ငိုနေလိုက်ရတာ ငါ့ကိုနောက်ပိုင်းမင်းသမီးကို ကျနေတာပဲ ... ဟီးဟီး''
သူငယ်ချင်းများ ၏ နှစ်သိမ့်သံ...
''တစ်ကိုယ်လုံးကတော့ ပုပ်မှာ ပဲ''
''တစ်သက်လုံး ပက်လက်လောက်ပါကွာ''
''နောင်ဘဝလောက်ဆိုရင်တော့ပြန်ကောင်းမှာ ပါ''
ခေါင်းထဲမှာ ပလုံစီတွေထနေတာ။ ပုကျိပုကျိနဲ့ ပြောနေကြတာဆိုတော့ ကိုယ်လည်းပုကျိပုကျိပဲကြားနေရတယ်။
နေရီမွန်
လူတစ်ဖက်သားရဲ့ အလင်း ရောင်ဖြစ်ရတဲ့မင်းဘဝ ငါအားကျရဲ့ ။
ဖြစ်ပေါ်နေတဲ့ ရက်စွဲတိုင်း စက္ကန့်တိုင်းမှာ မင်းကိုပဲတန်းတန်းစွဲ သတိရနေတတ်တဲ့ လူတစ်ယောက်ကို မင်းသိမှသိပါ့မလားကွယ်။
အချိန်တိုင်း အဝေးကြီးမှာ ရှိနေပေမယ့် ငါ့စိတ်ကူးငါ့အိပ်မက်တွေ အားလုံးဟာ မင်းရဲ့ မျက်ဝန်းနက်နားမှာ သာ ဝဲပျံနေဆဲပါ။ မင်းနဲ့အနီးဆုံးဘဝကိုရဖို့ကြိုးစားခဲ့တာငါ့ရဲ့ ဒဏ်ရာတွေသာကြည့်ပါတော့။ ဒါကိုငါရှက်လို့ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။ အခုလူစုံမှရှင်းပြတာပါ။
နေရီမွန်
ငါ့ရဲ့ အသက်မသေဆုံးမချင်း ငါ့ရဲ့ အဓိကပစ်မှတ်ဟာ မင်းပါပဲ။ဒါကိုမဖြစ်နိုင်ဘူးလို့ လူတွေလှောင်ရယ်ကြပါစေ။ ငါ့ရဲ့ ပစ်မှတ်ကမပြောင်းလဲပါဘူး။ ငါ့ရဲ့ နောက်ဆုံးထွက်သက်တစ်စက္ကန့်ထိ မင်းဟာငါ့ရဲ့ ခေါင်းထဲကထွက်သွားမှာ မဟုတ်ပါဘူး။
ငါဟာ မင်းအတွက်အမြဲတမ်း မှတ်ဉာဏ်ကောင်းခဲ့သူသာ။
ကျွန်တော်သေဆုံးချိန်တစ်စက္ကန့်အထိ ခေါင်းထဲမှာ စွဲမှတ်ထားတတ်သူပါ။ ဒါကြောင့်ဆရာမ လေး ဘယ်လိုပဲထွက်ပြေးထွက်ပြေး ကျွန်တော့်လက်ကမလွတ်နိုင်ပါဘူး။
နွေရာသီအကုန် မိုးဦးပင်ကျ နေပြီဖြစ်သော်လည်း ရာသီဥတုကပူပြင်းဆဲ။ ပတ်ဝန်းကျင်မှ သစ်ပင်တန်းများ သည်လည်း စိမ်းစိုမယောင်၊အိုမင်းမယောင်နှင့် အမျိုးအမည်ခွဲရခက်နေသည်။ မြေပြင်သို့ ကြည့်လျှင်တော့ခြောက်သွေ့ နေသယောင်စိုထိုင်းသယောင်နှင့် လူတွေ၏ အမြင်များ အား လှည့်စားနေသည်။
ထိုကဲ့သို့ အမျိုးအမည်ခွဲရခက်သောအချိန်တွင် လူတစ်ယောက် ဝှီးချဲ(လ်)လေးပေါ် ထိုင်နေသည်။ သူ့ကိုရုတ်တရက်ကြည့်လျှင် မံမီလေလား၊သက်ရှိလား၊ ခွဲရခက်လောက် အောင်တစ်ကိုယ်လုံးပတ်တီးအဖွေးသားနှင့်ဖြစ်နေသည်။သူ့အနောက်တွင်မှ လက်တွန်းလှည်းလေးကို ထိန်းကျောင်းပေးနေသော နာ့(စ်)တစ်ဦး။
သူ၏ တစ်လုံးတည်းပေါ်နေသော မျက်ဝန်းတို့ မှိုင်းညို့ နေ၏ ။သူ၏ အခန်းဝမှနေ၍ ဖြတ်သွားဖြတ်လာများ ကို ပူဆွေးမှု တစ်ခုသဖွယ်မပြတ်တမ်း လိုက်လံကြည့်ရှုမှတ်သားနေသည်။
အဖြူ ရောင်သာ အားကိုးဝတ်ဆင်ထားသော လူမမာများ ကသူ့အတွက်မရိုးနိုင်။ တချို့လည်း အော်မြည်လျက်၊ တချို့လည်း ပျော်ရွှင်လျက်။ သူကတော့ ထိုသူများ ကို ရုပ်ရှင်ဇာတ် ကားတစ်ကားသဖွယ်ငြိမ်သက်စွာ ခံစားနိုင်၏ ။ ထိုအရာများ ကသူ့အတွက် နှလုံးသားအာဟာ ရများ မဟုတ်နိုင်သေးပါ။
ဖျတ်ခနဲ လင်းလက်သွားသော အလင်းရောင်။
သူ့ရင် ဒိန်းခနဲ ခုန်လှုပ်သွားကာ အလင်းရောင်လာရာသို့ သူပိုင်တစ်လုံးတည်းသောမျက်လုံးနှင့် လှမ်းကြည့်လိုက်သည်။
နက်မှော င်သော ဆံကေသာ၊ ဖြူ လွသောဂျူ တီကုတ်မျက်လုံးလေး သူ့ဘက် ဖြတ်ခနဲ ရွေ့လာ၏ ။
မျက်လုံးလေး သူ့ဘက် ဖြတ်ခနဲ ရွေ့လာ၏ ။
ဖြတ်ခနဲ မျက်လုံးလေး သူ့ဘက်ရွေ့လာ၏ ။
ဖြတ်ခနဲ သူ့ဘက် မျက်လုံးလေး ရွေ့လာ၏ ။
သူ့ဖက် မျက်လုံးလေး ဖြတ်ခနဲ ရွေ့လာ၏ ။
သူ့ဖက် ဖြတ်ခနဲ မျက်လုံးလေး ရွေ့လာ၏ ။
ပြုံးပြပါသည်။ ပြုံးပြသွားသည်။
ခဏမှ ခဏလေး။တဒင်္ဂကလေးသာ။သို့ သော် ထိုတဒင်္ဂလေးသည်သူ့အာရုံတွင် ဗီဒီယိုပြစက်မှ တစ်နေရာတည်းခွေထစ်နေသလို ခဏခဏပြန်ပေါ်နေသည်။
သူ့ရှေ့တွင်ဘာမှမရှိတော့ချေ။ သို့ သော် သူမျက်လုံးမလွှဲဖြစ်သေး။
အပြုံး ...
သူ့ရင်ကို ကိုင်လှုပ်သောအပြုံး။ ရွှန်းစိုသော နေရီမွန်၏ မျက်ဝန်းသူ့နှလုံးသွေးတို့ တဒိတ်ဒိတ်ခုန်စေနေတုန်း...
''အထဲပြန်ဝင်တော့မှာ လား ကိုဇာနည်''
နာ့(စ်)မလေး၏ စကားသံ။ သူဆွံ့အ နားမကြားသူတစ်ယောက်သဖွယ် ငြိမ်သက်တုန်း။
''ကိုဇာနည် ..အထဲပြန်ဝင်တော့မလား..အပြင်မှာ လေစိမ်းတွေတိုက်နေတယ်''
သူဘာမှပြန်မပြောဖြစ်သေး။ သူ့အာရုံထဲရှိနေတာက ခုနမြင်လိုက်ရသောမျက်ဝန်း။
နာ့(စ်)မလေးက သူ့ကို လှုပ်ကြည့်သည်။ လုံးဝမလှုပ်တော့။ လူကငုတ်တုတ်။ မသင်္ကာတော့၍ ထင့် အရှေ့သို့ ခပ်သွက်သွက်လျှောက်လာပြီးထာဝရအဖြဲခံမျက်လုံးကို လာဖြဲသည်။ ထိုတော့မှ သတိပြန်ရပြီး ထိုထာဝရအဖြဲခံဘဝနှင့်သာ နာ့(စ်)မလေးကိုပြန်ကြည့်လိုက်သည်။
''သြော် ...သတိရနေသေးသားပဲ...အထဲ ပြန်ဝင်တော့မလား လို့''
နာ့(စ်)မလေး၏ အမေးကို သူက ပတ်တီးများ ကြားက လေထုတ်၍
''ခုနက ဆရာမ လေးက''
''ဘယ်သူ''
သူ့အမေးကို နာ့(စ်)မလေးက ရုတ်ချည်းပြန်မေးသည်။ နောက်သူ့ဖာသာသူစဉ်းစားရင်း...
''သြော် ...ဆရာမ လေးနေရီမွန်ကိုမေးတာဖြစ်မယ်... သူကဒီဆေးခန်းကပဲလေ''
နာ့(စ်)မလေး စကားကြောင့် သူအားတက်သွားကာ...
''ဒါ ...ဒါဆို ကျွန်တော့်ကို သူတစ်နေ့တော့လာကြည့်မှာ ပေါ့ နော်''
သူ့အမေးကို နာ့(စ်)မလေးက မျက်မှော င်ကြု တ်၍ ...
''အဲလိုတော့ ..လာမကြည့်ဘူးရှင့်...သူတို့က ဟိုဘက်မှာ ''
''ဘယ်လို''
''သြော် ...သူတို့က အထွေထွေကုတွေလေ... ကိုဇာနည်က အရိုးနဲ့အကြောကိုရောက်နေတာ။ ဒါကြောင့် သူတို့နဲ့ မဆိုင်ဘူးလေ''
''ဟင်''
နာ့(စ်)မလေးစကားကြောင့် ဇာနည်တစ်လုံးထဲပြူးသွား၏ ။ သူတို့ကအထွေထွေကုတဲ့။
ယခုသူ့ရောဂါက အရိုးအကြောတဲ့။ ဘာမှမဆိုင်ဘူးတဲ့။
သြော် ...သူ့ခမျာတော့ ဆရာဝန်မလေးရဲ့ အယုအယကို ခံချင်လွန်းလို့ ကြိုးစားခဲ့ရတာ ။ အခုတော့ အလွှာချင်းခြားနေပြန်ပါပြီ။
တွေးရင်းတွေးရင်း ဇာနည်အဖြဲသတ်ခံ တစ်လုံးသားကနေ အရည်ကြည်လဲ့လာ၏ ။
''လာပါကိုဇာနည် ..မျက်စဉ်းခပ်ဖို့ ..အချိန်ရောက်ပြီ''
နာ့(စ်)မလေးကို သူမော့ကြည့်လိုက်သည်။ သူ့ခမျာလည်း လုပ်စရာမရှိတိုင်း ဒီအကောင်းတစ်လုံးကိုပဲ သီတာရေစင်ဖြန်းနေရတာ ။
ဝှီးချဲ(လ်)လေးက သူ့အခန်းဘက်ပြန်လှည့်သွားပြီ။ သူ့စိတ်ထဲမှာ တော့...
''နေနှင့်ဦးပေါ့ ဆရာမ လေးရယ်။ အထွေထွေရောဂါဆိုတာ ငါဖြစ်တတ်ပါတယ်''ဟုသာ ...။
နောက်တစ်နေ့တွင် တင်မောင် လွင်တို့၊ နေသူတို့အောင်မျိုးတို့ရောက် လာတော့ သူအားတက်သွားသည်။
''ငါပြောမယ် အသေအချာ နား ထောင်ကြ''
အားလုံး ဂရုတစိုက်နားထောင်သည်။
''ငါ့ကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးပညာစာအုပ်တွေရှာပေးစမ်းပါကွာ''
သူ့စကားကြောင့် အားလုံးမျက်လုံးပြူးကာ
''ဘာ...ဘာလုပ်ဖို့လဲကွ....မင်းဟာ. . . အခုရောဂါတောင်မကောင်းသေးတဲ့ဟာကို''
''အေးလေကွာ...တော်ကြာမတော်တရော်ဖြစ်ကုန်မှဖြင့်''
''ဒီရောဂါတောင် သုံးလလောက် ရေလည်စိမ်ကုရမှာ နော''သူငယ်ချင်းများ ၏ စကားကို ဇာနည်က...
''ဟာ ..မင်းတို့ကလည်းကွာ... ငါက...ရောဂါအခြေအနေဖြစ်ပေါ်တတ်ပုံကို လေ့လာချင်လို့ပါကွ''
''လေ့လာပြီးတော့''
''မှတ်ထားရတာ ပေါ့ကွာ...နောက် ..ဆင်ခြင်လို့ရတာ ပေါ့..မင်းတို့ကလည်း...''
သူ၏ ခပ်တည်တည်စကားကြောင့် အားလုံးစိတ်သက်သာရာ ရသလိုဟန်မျိုးနှင့် သက်ပြင်းချကြသည်။
''အေးလေ ....ဒါဆိုလည်း ရှာပေးရတာ ပေါ့''
နေသူ၏ စိတ်မပါ့တပါစကား ...။
နောက်တစ်နေ့တွင် တင်မောင် တည်တို့ နေသူတို့ အောင်မျိုးတို့လူနာလာ ကြည့်ကြသောအခါ ဇာနည်မှာ လိုက်သော ကျန်းမာရေးမဂ္ဂဇင်းများ ၊ကျန်းမာရေးပညာပေး စာအုပ်များ စုံစုံလင်လင်ပါလာသည်။
ထိုနေ့မှစ၍ ဇာနည်ဘယ်လိုနေလျှင် ဘာရောဂါဖြစ်ပြီး၊ ဘယ်ဌာနကိုရောက်နိုင်သည်။ ဘယ်လိုဖြစ်လျှင် ရဲအရေးပိုင်သည့်အတွက် ဘယ်ဆေးရုံရောက်တတ်သည်။ ဘာရောဂါဖြစ်လျှင်ဘယ်အထွေထွေကု စသည်ဖြင့် အပတ်တကုပ်လေ့လာခဲ့ရာ ဆေးခန်းမှာ ရှိနေသည့်သုံးလအတွင်း သူချစ်သောဆရာဝန်မလေးနေရီမွန်အားဖျတ်ခနဲတစ်ကြိမ် သာတွေ့ခဲ့ရသော်ငြားစာဖတ်အားမည်မျှနာခဲ့သည်ဆိုလျှင် ဆရာဝန်များ ရောဂါအမျိုးအစား မေ့လျော့နေလျှင်ပင်သူ့ကိုလာမေးရလောက်သည် အထိဆေးပညာအရာ၌ ဆရာတစ်ဆူပါရဂူသဖွယ် ကျွမ်းကျင်နေလေပြီ။
ဆေးရုံပေါ်မှဆင်းရချိန်၌ ပင် ကျိုးထားသောသူ့ခြေထောက်များ အကင်းမသေသေး၍ ဝှီးချဲ(လ်)ပေါ်မှမဆင်းရသေး။ ဒါကို ဆရာဝန်ထိပ်ပြောင်ကြီးက သူ့ပခုံးကို နွေးထွေးစွာ ပုတ်ပြီး ...
''အိမ်မှာ ပဲကောင်းကောင်းအနားယူပေါ့...သေသေချာချာဂရုစိုက်နေရင် ...ရှေ့လလောက်ဆို ...အကောင်းအတိုင်း ပြန်တွေ့ရလိမ့်မယ်လို့မျှော်လင့်ပါတယ်... ဘာမှမပူနဲ့...ကောင်းသွားမှာ ပါ..''
ဟုဆို၍ နှစ်သိမ့်သည်။ ဒါကိုဇာနည်က သူ့မျှော်လင့်ချက်နှင့်သူမို့ပျော်ရွှင်နေမိသည်။
''စိတ်ချပါဆရာ..ရှေ့လတောင်မရောက်ပါဘူး..အထွေထွေရောဂါတစ်ခုခုနဲ့ ကျွန်တော့်ကိုပြုံးပြုံးကြီးပြန်တွေ့ရမှာ ပါ''
ဇာနည့်စကားကြောင့် ဆရာဝန် မျက်မှော င်၏ ကြု တ်သွား၏ ။စကား၏ အဓိပ္ပာယ်ကို စဉ်းစားနေပုံရ၏ ။ နောက်မှသူ့ဖာသာသူ ဘယ်လိုသဘောပေါက်သည်မသိ။ ပြုံးကာ...
''ဟုတ်ပါပြီ...ဟုတ်ပါပြီ.. မောင်ဇာနည်ရဲ့ ခံနိုင်ရည်ကိုတော့လေးစားပါတယ်...ဒီလောက်အပိုင်းပိုင်း အတစ်တစ်နဲ့ စုတ်ပြတ်သတ်အောင်...ငါးပတ်မွှေလို ကျိုးသွားတာတောင်မျက်လုံးတစ်လုံးထဲ ပြုံးနိုင်သေးတာပဲ...ကျန်တာကတော့ ဂရုစိုက်စရာမလိုတော့ပါဘူး...ကဲ ... သွားကြသွားကြ ... ဆရာလည်းအလုပ်ရှိသေးလို့''
ဟုဆို၍ လှည့်ထွက်သွား၏ ။ ထိုတော့မှသူ့မိခင် ဒေါ်ဆွေသန်းကဝှီးချဲ(လ်)လေးကို ကူတွန်းပေးကာ ဆေးခန်းပေါ်မှဆင်းလိုက်သည်။
မမြင်ရတာ ကြာပြီဖြစ်သော ပတ်ဝန်းကျင်နှင့် လူများ ၏ လှုပ်ရှားပုံမြင်ရတာ တောင် ဇာနည်ခမျာမပျော်ရွှင်နိုင်ရှာပဲ ဆေးခန်းကိုသာပြန်လွမ်းနေရ၏ ။
သူ့ခမျာ သူချစ်သောဆရာဝန်မလေးကို မမြင်ရလင့်ကစား၊ ဆရာမလေး၏ အငွေ့အသက်၊ ဆရာမ လေး၏ ပုံရိပ်လွှမ်းခြုံ ရာ အနှီဆေးခန်းကိုသာပြန်တမ်းတမိနေသည်။ ဖြစ်နိုင်လျှင် ချက်ချင်းပင် နောက်ရောဂါတစ်မျိုးနှင့် ဆေးခန်းထဲပြန်ပြေးဝင်ချင်နေမိသည်။ သို့ သော်မဖြစ်နိုင်။ အထွေထွေရောဂါမဟုတ်ပါက ယခုတစ်ခါကဲ့သို့ ပင်ဆရာမ လေးနှင့် တွေ့ရမည့်အရေးဝေးဟေးဟေးနေဦးမည်မဟုတ်ပါလား။ ထို့ကြောင့်
နေနှင့်ဦးပေါ့ ဆရာမ လေးရယ်။ ကျွန်တော်လည်း ဆေးကျမ်းကြီးကျမ်းငယ်အသွယ်သွယ်လေ့လာပြီးပါပြီ။ အထွေထွေရောဂါဆိုတာ ဘာလဲ။ကျွန်တော်သိထားပြီးသားပါ။ ဒါကြောင့် အထွေထွေရောဂါနဲ့ ကျွန်တော်ပြန်လာမှဆရာမ လေး ထည့်ပေးတဲ့ဆေးကို ခြေမကြီးကားနေအောင် ခံစားရင်းပီတိတွေ လာဝေဦးမှာ ပါ။
''စောင့်ပေဦးတော့ ဆရာမ လေးရေ''
သူ့စိတ်ကူးထဲမှာ တော့ ပန်းတွေ ပွင့်လို့။ ခရေပွင့်လေးတွေကြွေလို့။ခြေမကြီးကိုကားလို့....။
ကမ္ဘာလောကကြီးဟာ နေ့တစ် နေ့ဆိုတဲ့အင်ပါယာကိုထူထောင်လိုက် တိုင်း အချိန်ဆိုတဲ့စစ်သည်တွေကတိုက်ခိုက်အနိုင်ယူတတ်ကြစမြဲပါ။
ဒါကြောင့်သက်ရှိ၊ သက်မဲ့၊ လှပခြင်းဆိုတဲ့ သဘာဝ တရားတွေ ဖန်တီးမှု တွေဟာ အချိန်ဆိုတဲ့ စစ်သည်ခြေဖဝါးအောက် ပြားပြားမှော က်ကုန်ကြတော့တာပါပဲ။
အချိန်ကပြောတယ်။
''မင်းတို့ရဲ့ အိုမင်းရင့်ရော်ခြင်းတွေကိုလက်ဆောင်ပေးစွမ်းနိုင်တာ ငါကွ''
အချစ်က ငြင်းဆိုတယ်။
''မင်းငါ့ကို အိုမင်းရင့်ရော်အောင်ဘယ်တော့မှ မတိုက်ခိုက်နိုင်ပါဘူးကွာ''
ဒီလိုနဲ့ အချိန်နဲ့အချစ်ဟာ ကမ္ဘာဦးကတည်းက စစ်ပွဲစခဲ့ကြတယ်။
အချိန်ကနေ့စဉ်နဲ့အမျှ အချစ်ကိုအနိုင်ယူဖို့စစ်ပြင်ရတယ်။ သတ်ကွင်းဆင်ရတယ်။ အချစ်ကတော့ အေးပါတယ်။
ကြောင်ကို ခွေးဘာလို့ လိုက်တယ်ဆိုတာမသိဘူး။ ကမ္ဘာကြီးပူနွေးလာတာမသိဘူး။ ရေခဲတောင်ပြို ကျတာကို ဂရုမစိုက်ဘူး။
ပုံပြင်အသစ်တွေ ဂရုတစိုက်နားထောင်တယ်။ ပုံပြင်ဟောင်းတွေပြောပြတယ်။ ကြမ်းတမ်းတဲ့စကားတွေမပြောတတ်ဘူး။ ဖတ်ပြီးသား စာအုပ်ကိုပြန်ဖတ်လည်း စာမျက်နှာတွေခုန်ကျော်မဖတ်ဘူး။
အထူးသဖြင့် ခင်ဗျားတို့ကျွန်တော်တို့မှာ ဇိမ်ခံစရာ တီဗီ၊ ရေခဲသေတ္တာမရှိချိန်မျိုးတွေမှာ ပေါ့။
ဒါကြောင့်အချိန်ဟာ အချစ်ကိုတစ်ခါမှစစ်နိုင်တယ်ဆိုတာ မရှိခဲ့ဖူးဘူး။
ချစ်ခြင်းရှိရာနှင့် နှစ်ရက်သုံး ရက်သာကွာဝေးသေးသော်လည်းသူ့စိတ် ထဲတွင် နှစ်နှစ်သုံးနှစ်ကဲ့သို့ ခံစားနေရ သည်။ အရှိန်ပြင်းပြင်းနှင့်ခုတ်မောင်း လျက်ရှိသော လွမ်းဆွတ်ခြင်းများ သည်မြင်ကွင်းကျယ်နှလုံးသားဆီမှ စတင်၍ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့နေလေ၏ ။
မျက်ဝန်းနက်နက်ကလေးအကြောင်း စဉ်းစားမိတိုင်း သူ့တစ်ကိုယ်လုံး ချာချာလည်လောက်အောင် မူးယစ်ရီဝေခဲ့ပြီးအိပ်စက်ခြင်းများ ကိုပါ ခိုးယူသွားခဲ့ပေကြပြီ။
မျက်လုံးအကြောင်သားနှင့်အိပ်မရညတွေတိုင်း အလှတရားနှင့်ကိုယ်ပိုင်ဒသနများ မြောက်မြားစွာ ထုတ်ယူတတ်နေပြီ။ သြော်...ဘာလို့ များ ဒီလောက်တောင်လွှမ်းမိုးနိုင်တာလဲဆရာမ လေးရယ်။ဆရာမ လေးရဲ့ မျက်ဝန်းသာ ဟောဒီကောင်းကင်ပြာဖြစ်ခဲ့လျှင် ကျွန်တော်အခုထက်ပိုပြီးလုံခြုံ မည်ထင်ပါသည်။
ညကား နက်နေပြီ။
အိပ်၍ ကား မပျော်သေး။ မျှော်လင့်ချက်များ စွာ နှင့် ကောင်းကင်ယံကိုမော့ကြည့်နေမိသည်။ သူ့အိပ်စက်ခြင်းများ ကို ဆရာမ လေးကခိုးယူထားပေပြီ။
ဝုန်းခနဲ မိုးခြိမ်းသံကြားရ၏ ။ ဒီနေ့မိုးနံ့ကိုသူရနေသည်။ သူ့မျှော်လင့်ချက်ကောင်းကင်ကို မော့ကြည့်နေစဉ် ဝေါခနဲမိုးရွာချသံ။
သူအံ့အားသင့်စွာ မိုးရေစက်များ ကိုလိုက်ကြည့်နေသည်။
ရာသီဥတုက မိုးကိုခေါ်လာပေပြီ။
သူ ခေါင်းရင်းပြတင်းပေါက်ကို ပိတ်ပစ်ရန် ကြိုးစားလိုက်သည်။တံခါးက သူနှင့်မနီးမဝေးနေရာတွင်မို့ တံခါးကိုအတင်းဆွဲဖွင့်နေရသည်။
သူ့လက်နှင့် မိုးရေစက်အထိအတွေ့။ သူမျက်မှော င်ကြု တ်လိုက်မိသည်။ ဘာပါလိမ့်။ နောက်သူ့ခေါင်းထဲ လက်ခနဲဖြစ်သွား၏ ။
''နမိုးနီးယား''
မထင်မှတ်သော ရှာဖွေတွေ့ရှိမှု ။ သူကမန်းကတန်းထပြီး ဆေးစာအုပ်ကိုဆွဲယူလိုက်သည်။
''နမိုးနီးယား ..အထွေထွေရောဂါကု''
သေချာပြီ၊ သေချာပြီ။ ဒါဟာသေချာပေါက် အထွေထွေရောဂါကုပဲ။ ဒါသေချာပေါက် ဆရာမ လေးနဲ့တွေ့ရမယ့်ကိစ္စ။ ရရှိသောအခွင့်အရေးကိုလက်လွှတ်မခံနိုင်စွာ သူခုတင်ပေါ်မှဝှီးချဲ(လ်)ပေါ်လှိမ့်တက်လိုက်သည်။ပြီးနောက် ဝှီးချဲ(လ်)ကို တစ်လှိမ့်ချင်းလှိမ့်၍ အိမ်အပြင်သို့ ...
အမေ့အခန်းထဲတွင် အမေနှစ်ခြို က်စွာ အိပ်နေပြီ။ အမေ အသံမကြားအောင် ဝှီးချဲ(လ်)ကို အိမ်အပြင်ဘက်မိုးရေစက်များ ကြားတွန်းရွှေ့လိုက်သည်။ အချစ်၏ ဒဏ်ရာ ဒဏ်ချက်များ ကြောင့်ခန္ဓာကိုယ်ကသိပ်မလှုပ်နိုင်သေး၊ သို့ သော်အားတင်းရင်း တအိအိတွန်းရွေ့နေသည်။
ခန္ဓာကိုယ်အနှံ့ တပေါက်ပေါက်ကျနေသော မိုးရေစက်များ ကိုကြည့်ရင်း သူပျော်ရွှင်နေမိသည်။
''အသူရာသကြားမင်းကို စစ်ခင်းကာပြို င်ကြသည်''
ဟူသောကိုမြကြီး၏ မိုးသီချင်းကိုသတိရမိသေး၏ ။ ယခုအချိန်မိုးသာတကယ်မစဲဘဲ ရွာမည်ဆိုလျှင် သူကိုယ်တိုင်အသူရာဖက်ကဝင်ပြီးစစ်ခင်းလိုက်ချင်သေး၏ ။
သူ့စိတ်ကူးနှင့်သူပျော်ရွှင်နေမိသည်။ မိုးရေစက်များ ကို ကြည်နူးစွာ မော့ကြည့်ရင်း
ဆရာမ လေးရေ နမိုးနီးယားဆိုတဲ့ရောဂါဟောင်းနဲ့ ငါမင်းဆီလာရမှာ တော့ သိပ်မကောင်းဘူးကွယ့်။ ဒါပေမယ့် မင်းရဲ့ မျက်ဝန်းနဲ့သာ ဆုံတွေ့ရမယ်ဆိုရင် အထွေထွေရောဂါအားလုံးကိုရင်နဲ့လွယ်ရင်း ပယ်ပယ်နှယ်နှယ်ငါလာနေချင်တယ်။
စိတ်ထဲမှရေရွတ်မှု ။
ည၏ အေးစိမ့်မှု ၊ မိုးရေစက်များ ၏ အေးချမ်းမှု များ ကြောင့် ခဏချင်းသူဒဏ်ရာဟောင်းများ မှ တစစ်စစ်ကိုက်လာ၏ ။ ခြေဖျားလက်ဖျားများ လည်း ထုံကျင်လာသလိုခံစားရသည်။ သို့ သော်သူမမှု ။ ဥပစ္ဆေဒကကံနှင့်သူမသေနိုင်ကြောင်း သူ့ကိုယ်သူသိသည်။ ထို့ကြောင့် မိုးရေစက်များ ကြားမလှုပ်မယှက် ငြိမ်သက်နေလိုက်သည်။
မေးဖျားများ တဂတ်ဂတ်ရိုက်ကုန်ပြီ။ ခေါင်းက အုံခဲပြီးကိုက်လာသလို။ သူမလှုပ်သေး။
သူ့အတွေးထဲမှာ တော့ ဆရာမ မျက်ဝန်းကလေးသာ။ အခြား အရာရာမှုံဝါးနေပြီ။ အသိစိတ်က ကပ်တစ်ချက်မကပ်တစ်ချက်။ နောက် မေ့ခနဲ။ သူ့ကိုလူမမာဖြစ်အောင်ပံ့ပိုးနေသော မိုးကတော့သည်းကြီးမဲကြီး ရွာကျနေတုန်း။
''အပိုင်းပိုင်းအတစ်တစ် ကျိုး ထားတဲ့လူတစ်ယောက်အခုလိုမိုးရေထဲ မှာ အကြာကြီးနေမိတယ်ဆိုတော့ သူ့ရဲ့ ခြေဖျားလက်ဖျားတွေက ကွေးကောက်ပြီးသွေးမလျှောက်တော့ဘူး...ဒါကြောင့်သွေးမလျှောက်တော့တဲ့ ဒူးအောက်ပိုင်းဖြတ်ပစ်လိုက်မှကောင်းလိမ့်မယ်''
ဆရာဝန်တစ်ယောက်၏ စကားသံ။ သူခပ်ဝါးဝါးကြားနေရ၏ ။ ညကမိုးရေစက်များ ကြား သူမည်မျှကြာအောင်သတိလစ်နေသည်မသိ။ သူသတိရချိန် ဝယ်ဆေးခန်းရောက်နေပြီ။
''ကိုယ့်အတွေ့အကြုံ အရဆိုရင်ဒီလိုလူနာမျိုးက ဒူးအောက်ပိုင်းဖြတ်ရုံနဲ့ မကောင်းနိုင်ဘူးဗျ...ခါးအောက်ပိုင်းကနေစဖြတ်မှ အသက်ရှင် မှာ ''
ဆရာဝန်နှစ်ယောက် သူ့နားလာပြီးငြင်းခုန်နေကြ၏ ။
''အဲသည်လိုမဟုတ်သေးဘူးဗျ...သွေးမလျှောက်တဲ့အပိုင်းက ဒူးအောက်ပိုင်းပဲ.... ဒူးအောက်ပိုင်းလောက်ဖြတ်ရင် ...ဖြစ်ပါပြီ''
''ကျွန်တော့်ကြုံ ဖူးသမျှထဲမှာ တော့ ဒူးအောက်ပိုင်းဖြတ်လိုက်လည်းနောက်ပိုင်းအပေါ်ထိကို အကြောဆိုင်းလိုက်လာတာချည်းပဲ... ဒါကြောင့်အသက်ရှင်ဖို့ဆိုရင် ....ခါးအောက်ပိုင်းကဖြတ်မှရမှာ ''
''ဒူးဗျာ''
''ခါးဗျာ''
''ဒူးဗျာ ...ကိုင်းလောင်းမလား''
''ခါးဗျာ ...မယုံရင်ကြည့် ...သေချာပေါက်ခါးပဲ''
ဆရာဝန်နှစ်ယောက်အကြီးအကျယ် ငြင်းခုန်နေရင်းကခဏ ငြိမ်သွားကြသည်။ နောက်မှ...
''ကဲပါဗျာ ...ဘာမှမဟုတ်တဲ့ကိစ္စလေးတစ်ခုအတွက် ခင်ဗျားနဲ့ကျွန်တော်အငြင်းမပွားချင်ဘူး ...ခင်ဗျားပြောသလိုဒူးအောက်ပိုင်းပဲဖြစ်ပါစေဗျာ ... အလုပ်ရှိလို့သွားလိုက်ဦးမယ်''
''အေးဗျာ...ဘာမှအရေးမပါတဲ့ ဖြတ်တောက်မှု လေးအတွက်ကျွန်တော်ခံငြင်းနေမိတဲ့အတွက် ...တောင်းပန်ပါတယ်...ဆရာပြောတဲ့ခါးအောက်ပိုင်းက မှန်လောက်ပါတယ်ဗျာ ..ခွင့်ပြု ပါဦး''
သြော် ဆရာဝန်များ သူဖြစ်နေတဲ့ရောဂါကိုဘာမဟုတ်တဲ့ကိစ္စတဲ့။သူ့အဖြစ်ကို သူစဉ်းစားမိရင်း ဆရာမ လေးမျက်နှာမြင်ယောင်ကာ မျက်ရည်ကျမိသေး၏ ။ ဒီတစ်ခါတော့ နှစ်လုံးလုံး။
မနက်ခင်း၏ လန်းဆတ်သော အရသာကို အပြည့်အဝခံစားရ၏ ။ဆေးခန်းပေါ်မှ ဝှီးချဲ(လ်)လေးပေါ်ထိုင်ပြီး လမ်းပေါ်မှဖြတ်သွားဖြတ်လာလူများ ကို ငေး ကြည့်နေမိသည်။
လူများ ၏ လှုပ်ရှားမှု များ မှာ သာမန်ထက်ပို၍ ဖျတ်လတ်နေသယောင်ထင်ရ၏ ။
လက်ထဲရောက်နေသောဆေးမှတ်တမ်းကို စိတ်မသက်မသာကြည့်ရင်းက...ဆေးရုံရှေ့တွင် စိုက်ထားသောသစ်ပင်တန်းဖက်အကြည့်ရွှေ့လိုက်သည်။လေကခပ်ဖြည်းဖြည်းလေးပဲတိုက်ခတ်နေသော်လည်း သစ်ပင်များ ကခပ်သွက်သွက်ယမ်းခါနေသည်။
ဟိုး ခပ်ဝေးဝေးမှာ မြင်နေရသောဘုရားကလေးကို သူလှမ်းကြည့်မိပြန်သည်။ မှု န်ဖွဲဖွဲမိုးရေစက်များ ကြားမှု န်တိမှု န်ဝါး မြင်ကွင်းကမမေ့ရက်စရာ။သူကြည်နူးစွာ ငေးကြည့်နေလိုက်သည်။ မည်မျှကြာသည်မသိ။ ခပ်လှမ်းလှမ်းမှခြေသံကြားမှသူအသိပြန်ဝင်သည်။ ခြေသံကလေးလေး မှန်မှန်။
ဒီခြေသံမျိုး ကြားဖူးပါတယ်။
သူဇဝေဇဝါနှင့် လှည့်ကြည့်လိုက်တော့ သူ့ရင်ထဲထိတ်ခနဲ။ နှလုံးခုန်သံတို့ ပိုမြန်လာသလိုခံစားရ၏ ။
ကြည့်စမ်း ...ဆရာမ လေး နေရီမွန်ပါလား။
ပြုံးချိုသော မျက်နှာကလေးနှင့် သူ့ထံဦးတည်လျှောက်လှမ်းလာသည်။ အို ...ဒါဟာ သူအတောင့်တဆုံးအိပ်မက်ပါ။
ဆရာမ လေး၏ ခြေလှမ်းများ က အနားရောက်မှဦးတည်ချက်ပြောင်းသွားမည်ဟုသူထင်နေမိသည်။ သို့ သော်... ဦးတည်ချက်ကလုံးဝမပြောင်း။ ဆရာမ လေး၏ အပြုံးများ က ပို၍ ပင်ချိုမြလာသေး၏ ။ ဒါဟာအိပ်မက်များ လား။
သူ တွေးထင်နေတုန်းမှာ ပင် ဆရာမ လေးက သူ့ရှေ့ရောက်နေပြီ။
''ဇာနည် ...နော်''
သူ ဆရာမ လေးကိုသာငေးကြည့်နေမိသည်။ ကြည့်စမ်း ဆရာမ လေးရဲ့ ပါးပြင်ပေါ် ချယ်ရီသီးတွေမှည့်ရွှမ်းနေပြီ။
''နေကောင်းရဲ့ လား''
သူ့နဖူးလေးကို ဆရာမ က သူ့လက်ကလေးနှင့်အုပ်ပြီးမေး၏ ။ဆရာမ ရဲ့ လက်ကလေးကပန်းနုရောင်ရဲရဲ ဖောင်းဖောင်းပြည့်ပြည့်ကလေး ပါ။ဆရာမ က ရုပ်ရည်နှင့်အသံသာမဟုတ်။ လက်ကလေးမှာ ပါ ကရုဏာပါကြောင်း သူအပြည့်အဝထောက်ခံမိသည်။
ဆရာမ လေးက သူ့လက်ကောက်ဝတ်မှ သွေးခုန်နှုန်းကို စမ်းပြီး
''ကိုဇာနည်ရဲ့ အကြောင်းကို ...ကိုဇာနည့်သူငယ်ချင်းတွေဆီကရော..ကိုဇာနည့်အမေဆီကပါ သိရပြီးပါပြီ''
သူဆရာမ လေးကိုသာငေးနေမိသည်။ လှလိုက်တဲ့ မျက်နှာလေး။အပြစ်ကင်းစင်ပြီး ဝင်းဖန့်နေတာ။
''တကယ်တော့ဇာနည်ရယ်..ကျွန်မအရင်က ယောက်ျားတွေကိုမယုံကြည်ခဲ့ပါဘူး''
ဆရာမ လေးရဲ့ နှုတ်ခမ်းအရောင်က အရမ်းလှသည်။ အဲဒီ နှုတ်ခမ်းသားပေါ်မှာ မှ အက်ကြောင်းရာကလေးများ ရှိနေ၏ ။ လုံးဝဖြူ ဖျော့မနေ။ပန်းရောင်တွေသမ်းနေ၏ ။
''ယောက်ျားတစ်ယောက်ရဲ့ အချစ်ဟာ အမြဲတမ်းတည်မြဲနေမယ်လို့ကို မယုံကြည်ခဲ့မိတာပါ ...''
အရှေ့သွားလေးချောင်းက ညီညီညာညာလေး ပေါက်နေတာပါ။အဲဒီ ဘေးက သွားစွယ်လေး။
''ယောက်ျားလေးတွေရဲ့ စိတ်ဟာ အမြဲတမ်းပြောင်းလဲနေမယ်လို့ထင်ခဲ့မိတယ်လေ။ သူတို့ဟာမိန်းကလေးတစ်ယောက် မြင်ရင်သာယာကြလိမ့်မယ်။ အဲဒီ မိန်းကလေးကိုရိုးအီသွားရင် နောက်တစ်ယောက်ပြောင်းသွားလိမ့်မယ်လို့ ယုံကြည်တယ်''
ဇာနည် ဘာမှပြန်မပြောမိသေး။ အံ့သြစိတ်ဖြင့် ဆရာမ လေးကိုငေးနေ၏ ။ ဆရာမ လေးက သူ့နားကြပ်ကလေးကိုတပ်ပြီး ဇာနည်၏ ရင်ဘတ်ကို ညင်သာစွာ ထောက်၏ ။ ပြီးနောက်စကားကိုဆက်ပြန်၏ ။
''အခု ဇာနည်နဲ့တွေ့မှပဲ ...ယောက်ျားတစ်ယောက်ရဲ့ မပြောင်း လဲတဲ့ချစ်ခြင်းတရားကိုတွေ့ရတယ်''
ဆရာမ လေးကနားကြပ်ပြန်သိမ်းရင်း သူ့ကိုကြင်နာစွာ ကြည့်တယ်။
''တကယ်တော့လည်း ကျွန်မတို့မိန်းမသားတွေဟာ ဒီလိုစစ်မှန်တဲ့ချစ်ခြင်းတရားကိုငံ့လင့်နေခဲ့ရသူတွေပါ...အခုတော့ ကံကောင်းထောက် မပြီး..ကျွန်မတွေ့ရပြီလေ...''
ဇာနည် ဆရာမ လေးရဲ့ စကားကို ငေးကြည့်ရင်းနားထောင်နေသည်။ဆရာမ က ရှက်ပြုံးလေးပြုံးပြီး...
''အမှန်အတိုင်းဝန်ခံရရင် ဇာနည်ပထမဆုံးအကြိမ် ဒီဆေးခန်းကိုစရောက်ကတည်းက ဇာနည်နဲ့မျက်လုံးချင်းဆုံပြီး..ကျွန်မရင်ခုန်ခဲ့ရတာ ပါ''
ပထမဆုံးအကြိမ်ဆေးခန်း၌ သူနှင့်ဆရာမ မျက်လုံးချင်းခဲ့ပုံကိုပြန်သတိရမိသည်။
''အခုတော့ကျွန်မသိ သွားပါပြီ ...မပြောင်းလဲတဲ့ ချစ်ခြင်းတရား နဲ့တစ်ယောက်တည်းကိုပဲ မျှော်လင့်ခဲတဲ့ ဇာနည့်ရဲ့ အချစ်ကိုလည်း ကျွန်မယုံကြည် သွားပါပြီ ...''
ဇာနည်၏ ရင်တို့ တဒိတ်ဒိတ်နှင့်ခုန်နေ၏ ။ ဆရာမ က ချစ်စဖွယ်ပြုံးရင်း တစ်ဖက်လှည့်ကာ...
''ကျွန်မ ကိုဇာနည်ရဲ့ အချစ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါပြီ''
ဆရာမ ၏ စကားကြောင့် ဇာနည်ယောင်ပြီး ဝှီးချဲ(လ်)ကိုလှမ်းဆုပ်လိုက်မိသည်။ ဆရာမ လေးက အရှက်သည်းသလိုဟန်မျိုးနှင့်..နောက်ပြီး ..တစ်လောကလုံး တိတ်ဆိတ်နေသယောင်ထင်ရ၏ ။
''ကျွန်မ ...ဇာနည်ကိုပဲလက်ထပ်ဖို့ ...''
''ဝါး''
ဆရာမ စကားပင်မဆုံးသေး ဇာနည်၏ အာခေါင်ခြစ်ငိုသံ။ အကျယ်ကြီးမှအကျယ်ကြီး။ မျက်ရည်တွေလည်း ချက်ချင်းကိုဖရောဖရောနှင့် ကျလာ၏ ။ ဆရာမ လေးက အလန့်တကြားဖြင့် ...
''ဘာဖြစ်တာလဲဟင် ...ဘာဖြစ်တာလဲ''
ဆရာမ လေး၏ အလောတကြီးအမေး။ ဒါကို ဇာနည်အားရပါးရငိုရင်းမှပင် ...
''ဝါး ...ဘာဖြစ်ရမှာ လဲဗျ..ကျွန်တော်အောက်ပိုင်းသေတော့မှဆရာမ က...ကျွန်တော့်ကိုလက်ထပ်မယ်လာပြောနေတော့ ကျွန်တော်ဘာလုပ်ရတော့မှာ လဲဗျ..ဝါး ...ဒါ တမင်သက်သက်အားနည်းနေသူကိုအနိုင်လာကျင့်တာ ....ဝါးဟားဟား''
ဇာနည်၏ အက်ကွဲကြေကွဲသောငိုသံ။ ဒါကိုဆရာမ လေးက မျက်လုံးပြူးပြီး...
''ဟင် ...ဘယ်လို ...ဘယ်လို''
''ဘာ ..ဘယ်လိုရမှာ လဲ...မနက်ကပဲ ဆရာဝန်ကြီးက ကျွန်တော့်အမေကို...ခင်ဗျားသားအောက်ပိုင်းသေပြီဗျ...ပြန်ကုလို့မရတော့ဘူးဆိုပြီးပြောတာ ကျွန်တော့်နားနဲ့ဆတ်ဆတ်ကြားတယ်ဗျ... အဲဒီ ဆေးစစ်ချက်ဒီမှာ ရှိတယ် ကျွန်တော်ကြည့်ပြီးပြီ...အခုလို ဘာမှလုပ်မရ တော့မှဆရာမ က ကျွန်တော့်ကိုလက်ထပ်မယ်လာပြောတာတော့...ဒါပညာရှိနည်းနဲ့နှိပ်စက်တာ...ကြီးကြီးကြီးနဲ့ အနိုင်ကျင့်တာ...ဝါးအားပြောမယ်ဆိုလည်း အစကတည်းကလာပြောပါလား ...ဝါးဟားဟား''
ဇာနည်လုံးဝအငိုမတိတ်တော့။ ဒါကိုဆရာမ လေးက ယောင်တောင်တောင်နှင့်...
''ဟင် ...အစကတည်းက ကျွန်မမှမသိ''
''ဘာမသိလဲ...ခုနကပဲပြောပြီးတော့ ...ဟီး ...ကျွန်တော်ပထမဆုံးအကြိမ်ဆေးရုံတက်ကတည်းက မျက်လုံးချင်းဆုံပြီးရင်ခုန်ခဲ့တာ ဆို...အဲဒီ ကတည်းကပြောလိုက်ရင်ပြီးနေပြီဟာကို...အခုအောက်ပိုင်းသေမှလက်ထပ်မယ်ဆိုတော့ ...ကျွန်တော်ဘယ်လိုနေရမှာ လဲ... ဝါးဟားဟား....ကြီးကြီးကြီးနဲ့ လာလိမ်နေတယ် ...ဝါး အောက်ပိုင်းသေမှအဖြေပေးနေရတယ်လို့ ...ဝါး ...ဝါး''
ဆေးရုံတစ်ခုလုံး ဇာနည့်ငိုသံများ နှင့်ဆူညံနေ၏ ။ တလောကလုံးကတော့ ခေါင်းခါကြသည်။
ဒဏ်ရာအနာတရနဲ့ နေလုံးကြီးဟာ
သွေးစက်တို့ကို ပွေ့ဖက်ရင်း
အလင်းတို့ ပွင့်ဝေစေခဲ့
မြေသားနဲ့တူတဲ့ ဦးခေါင်းကိုလည်း
လူတွေက တူးဆွကြ၊ ထွေးပစ်ကြ၊ စုပုံကြ၊ ဖို့တင်ကြ။
အချစ်အကြောင်း ပြောပြပြန်တော့လည်း
ငါ့အိပ်မက်တွေကို ကရုဏာတွေ မကြဲပြန့်ခဲ့တာ
လွန်ခဲ့တဲ့ ဆယ်နှစ်ကမဟုတ်ဘူး
ပြီးခဲ့တဲ့ တဒင်္ဂနွေကလည်းမဟုတ်ဘူး
မိုးကုပ်စက်ဝိုင်းကလည်းမဟုတ်ဘူး
ကိုယ်ကျိုးရှာနေတဲ့ ဒီနေ့မှာ ပဲ
ငါဆိုတဲ့ သတ္တဝါတွေ ကိုယ်ကျိုးနည်းနေတာ။
''ကျွန်တော် သေခဲ့ပြီ''
ကျွန်တော်သေခဲ့ကြောင်းကို လူ တွေသိပ်မခံစားရအောင်ဟိုးစစခြင်းက တည်းက ပြောပြထားပြီးသားပါ။
ကျွန်တော့် အဖြစ်အပျက်ကို မျက်ရည်တဝိုင်းဝိုင်းနှင့် ခံစားရမည်စိုး၍ ကျွန်တော်အစကတည်းက ဖော်ပြထားခြင်းဖြစ်ပါသည်။
လူ့ဘဝတွင် လူတိုင်းတစ်ခါသေသာကြုံ ဖူးကြပေမည်။
ကျွန်တော်ကတော့ ထူးဆန်းစွာ သုံးခါသေခဲ့ပါသည်။ ပထမတစ်ခါကအောက်ပိုင်းသေခြင်းဖြစ်ပြီး ဒုတိယအခါကအိမ်ထောင်ပြု သည့်အပိုင်းကိစ္စသေခြင်းဖြစ်ကာ ၊တတိယအကြိမ်၌ အသက်ပါထွက်သွားခြင်းဖြစ်၏ ။
ကျွန်တော်၏ သေခြင်း၌ တွေးထင်ခဲ့သလို ဥပစ္ဆေဒကကံနှင့်သေဆုံးခြင်းမဟုတ်ဘဲ ရိုးရိုးကိုးဆယ့်ခြောက်ပါးရောဂါအပါအဝင် အချစ်နာကျခြင်းတည်းဟူသော ရောဂါတစ်မျိုးတိုး၍ ကိုးဆယ့်ခုနှစ်ပါးရောဂါဖြင့်သေဆုံးခြင်းဖြစ်၏ ။ ဟုတ်ပါသည်။ လူ့ဘဝရလာခိုက်ခဏ၌ ကျွန်တော်သုံးကြိမ်တိုင်တိုင်သေဆုံးခဲ့ပါပြီ။ သို့ သော် ကျွန်တော်ဂုဏ်ယူပါသည်။
ကျွန်တော်သည် အချစ်အတွက်ခိုက်ရန်ဖြစ်၍ သေဆုံးခြင်း၊ အချစ်ကိုရယူရန် အဓမ္မကြံစည်ခြင်းမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ်ကြိုးစားရင်းနှင့်ပင် အသက်ကတဖြည်းဖြည်းလေး လုံးပါးပါး၍ ထွက်သွားခြင်းပင်ဖြစ်၏ ။
ငှက်တွေက ပျံရင်းသေကြသည်။ ကျွန်တော်လည်း ကြံရင်းနှင့်ပင်သေခဲ့ရသည့်အတွက် လွန်စွာ 'မသာ'ဂုဏ်တက်သည်ဟုထင်ပါသည်။သေပန်းပွင့်၏ ။ လူတကာနှုတ်ဖျား ရေပန်းစား၏ ။ အမေကိုယ်တိုင်မှပင်...
''သေတာပဲ အေးပါတယ်တော်...''
ဟုပင် မကြာခဏဂုဏ်ပြ ရေရွတ်နေရသည်။
တစ်ခုပဲ ကျွန်တော်စိတ်မကောင်းဖြစ်ရပါသည်။ ဤသည်မှာ လည်းကျွန်တော်အသက်ရှင်စဉ်အချိန်၌ ဖြစ်ပါက ဆရာမ လေးအား ကျိုးနွံစွာ တောင်းပန်မိမည်ဖြစ်ပါသည်။ ကျွန်တော်ဘာမှမပြောနိုင်သော အခြေအနေ၌ ဖြစ်နေသည့်အတွက် မည်သို့ မှတောင်းပန်ရန် မဖြစ်နိုင်ခဲ့သောကြောင့်ပါ။အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏ အသုဘကားနှင့် ကျွန်တော်ချစ်သောဆရာမ လေးတို့၏ မင်္ဂလာကားတို့လမ်းမှာ ထိပ်တိုက်ဆုံပြီး ကျွန်တော့်အသုဘကားတစ်နေ၍ ဆရာမ လေးတို့၏ မင်္ဂလာကား ခေတ္တစောင့်ဆိုင်းပေးလိုက်ရ၍ ဖြစ်ပါသည်။
ထိုအချိန်တွင် ကျွန်တော်ချစ်သောဆရာမ လေးက ကျွန်တော့်ကို
ခါးအောက်ပိုင်းမှဖြတ်ရန် လောင်းကြေးထပ်ခဲ့သော ဒေါက်တာကိုကိုလေးနှင့်လက်ထပ်လိုက်သော မင်္ဂလာနေ့ပင်။ ထိုနေ့၌ ပင် ကျွန်တော့်အသုဘကားနှင့်ထိပ်တိုက်ဆုံလိုက်ရခြင်းအတွက် ဆရာမ စိတ်မသက်မသာဖြစ်သွားမှာ စိုးရိမ်၍ တောင်းပန်ခြင်းပင်။
ကားကို အခေါင်းထဲမှ အငြိမ့်သားအိပ်စက်စီးရသော ကျွန်တော့အတွက်နှင့် ထိုင်လျက်ကသိကအောင့်စီးကြရရှာသော အသစ်စက်စက်ဇနီးမောင်နှံတို့ အမင်္ဂလာကြုံ ရခြင်းက လွန်စွာ အားနာဖို့ကောင်းပါသည်။ဒီနေရာမှာ လည်း အဖြစ်အပျက်များ အရ ကျွန်တော်ကမထင်မှတ်ပဲဆရာမ လေးအပေါ်အသာစီးယူမိလျက်သားဖြစ်နေပြန်သည်။ ကျွန်တော်၏ အသုဘက ဆရာမ လေး၏ မင်္ဂလာကားနှင့် မင်္ဂလာရှိစွာ ဆုံရချိန်တွင်ဆရာမ လေး၏ မင်္ဂလာကားက ကျွန်တော့်အသုဘကားနှင့် မင်္ဂလာမဲ့စွာ ဆုံရခြင်းဖြစ်သည်။
သည်လိုဆုံတွေ့နိုင်မှန်း ကျွန်တော်ကြို သိခဲ့လျှင် ကျွန်တော်တစ်ရက်စောသေပေးပါသည်။ ထိုထက်မကလည်း ဆရာမ လေးဆန္ဒသာရှိပါကစောသေပေးနိုင်ပါသေးသည်။ ယခုတော့ ကျွန်တော်မသိလိုက်ဘဲ ဖြစ်ရသောကိစ္စအတွက် ကျွန်တော်ဆရာမ လေးကို အနူးအညွတ်တောင်းပန်ပါသည်။
ထို့ကြောင့်
ယခုများ ကျွန်တော်ချစ်သော ဆရာမ လေး နေရီမွန်အား မိတ်ဆွေတို့ တွေ့ရှိခဲ့ပါက မသာကိုယ်စား
''ဤကိစ္စမှာ ဇာနည်မသိခဲ့၍ ဖြစ်ခြင်းဖြစ်ကြောင်းနှင့် ဤကဲ့သို့ ဆုံနိုင်မှန်းသိလျှင် သူဆရာမ အကျိုးအတွက်စောသေပေးမည်ဖြစ်ကြောင်း''
သိသာရန် တောင်းပန်ပေးကြပါလို့ အနူးအညွတ်မေတ္တာရပ်ခံလိုက်ပါသည်။
ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါသည်။
ဇာနည်
ခေတ္တ-တမလွန်
ကျွန်တော့်ရဲ့ ဇာတ်ကောင် သေ ခဲ့ပါပြီ။
ဒါကိုလည်းကျွန်တော် ဝတ္ထု အ ဖွင့်ကတည်းက ပြောခဲ့ပြီးသားပါ။
နောက်မဟုတ်လျှင် လွန်စွာ ကြေကွဲဖွယ်ကောင်းသောဝတ္ထု ကြီးကို မျက်ရည်တဝိုင်းဝိုင်းနဲ့ ဖတ်နေရမှာ စိုးလို့ပါ။
သူဟာ အမှန်တကယ် အချစ်ကြောင့်သေခဲ့တဲ့မသာအစစ်ပါ။ မိတ်ဆွေတို့အနီးအနားမှာ ဒါမျိုးကို ကြုံ ဖူးခြင်းရှိချင်မှရှိမှာ ပါ။ (ရှိလည်း ရှိနိုင်ပါတယ်။)
သူ သေဆုံးချိန်မှာ သူ့ရဲ့ အချစ်ဆုံးဆရာမ လေးနေရီမွန်ကအမှန် တကယ် မင်္ဂလာဆောင်လိုက်ပါပြီ။
ဆရာမ လေးမင်္ဂလာဆောင်တဲ့နေ့မှာ ပဲ ကံဆိုးသည်လား၊ကံကောင်းသည်လားမသိရဘဲ
ဇာနည်ရဲ့ အသုဘကားနဲ့ ထိပ်တိုက်ဆုံဖြစ် အောင်ဆုံလိုက်ပါသေးတယ်။ ဒါကိုဇာနည်ကသူချစ်သော ဆရာမ လေးနေရီ မွန်ကိုနောက်ဆုံးအကြိမ်မြင်တွေ့ရခြင်းလို့ မိတ်ဆွေတို့ထင်ကြပေလိမ့်မယ်။မဟုတ်သေးပါခင်ဗျား။ နောက်ဆုံးရဲ့ ပထမတွေရှိပါသေးတယ်။
ကျွန်တော်အဲလိုဆိုလိုက်လို့ မိတ်ဆွေတို့နားထဲ ရှုပ် သွားပါလိမ့် မယ်။မရှုပ်ပါနဲ့ခင်ဗျား။
ဇာနည်သေဆုံးသွားတာမှန်သော်လည်း နောက်ဆက်တွဲအဖြစ်အပျက်တွေရှိပါသေးတယ်။
ဇာတ်က ခုမှစပါပြီ။
သားတော်မောင်ဇာနည် ဆုံးပြီး ကတည်းကဒေါ်ဆွေသန်းအိမ်ထဲမှအိမ် ပြင်မထွက်တာကြာခဲ့ပြီ။ သည်နေ့ကျမှမထွက်မဖြစ်ကိစ္စများ ကြောင့် မြို့ ထဲထွက်လာ၏ ။
မထွက်မဖြစ် ကိစ္စဆိုသည်မှာ အိမ်မှာ ဇာနည်မရှိကတည်းက သည်အတိုင်းထားခဲ့သည့်အရာများ မှာ ပျက်စီးယိုယွင်းကုန်ပြီ။
ရေပိုက်တွေလည်း ပေါက်ကုန်ပြီ။ ဧည့်ခန်းထဲမှဘီရိုကြီးလည်း ပြို ကျမတတ် ယိုင်နဲ့နေပြီ။ခန်းဆီးလိုက်ကာများ လည်းညစ်ထေးနွမ်းဖတ်နေပြီ။ကြမ်းခင်းကော်ဇောတွေလည်းပေါက်ပြဲကုန်ပြီ။ ပြောရလျှင် အများ ကြီး။
ထို့ကြောင့် အိမ်အတွင်းပြန်လည်ပြင်ဆင်နိုင်ရန်အတွက် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူနိုင်ရန်ပစ္စည်းအစုံအလင် တစ်ခါတည်းရသောဈေးသို့ ထွက်ခဲ့ ခြင်းပင်။
ဈေးရောက်တော့လည်း ဘယ်ကစ၍ ဘယ်လိုသွားရမှန်းမသိတော့။ ဈေးကမရောက်တာကြာမှကိုး ...။
ဤသို့ ဖြင့် ယောင်လည်လည်နှင့် ဈေးရှေ့ရပ်နေတုန်းမှာ ပင်။
''ဟယ် ...ဒီသားလေးကတော့ကွယ်''
ဟူသော ရင်းနှီးသည့်အသံကြားလိုက်၍ လှည့်ကြည့်လိုက်တော့။
''ဆရာမ လေးနေရီမွန်''
ဟုတ်ပါသည်။ ဆရာမ လေး နေရီမွန်ကလေးငယ်တစ်ဦးကို ပွေ့ချီရင်း အလုပ်များ နေသည်။
''ဆရာမ လေး''
ဒေါ်ဆွေသန်းခေါ်သံကြောင့် နေရီမွန်မော့ကြည့်၏ ။ သူ့ခမျာဇဝေဇဝါဖြစ်နေပုံရ၏ ။
''ဆရာမ လေးမမှတ်မိဘူးလား ...ကျွန်မ ဇာနည့်အမေလေ''
ဇာနည့်အမေဆိုတော့မှ ဆရာမ လေးဝမ်းသာအားရဖြင့်
''သြော် ...မှတ်မိပြီ.. မှတ်မိပြီ.. အန်တီ နေကောင်းတယ်မဟုတ်လား..''
ဆရာမ လေးခမျာ ဖြစ်ခဲ့တာတွေမေ့ကုန်ပြီထင်၏ ။ ဒေါ်ဆွေသန်းကပြုံးရယ်၍ ခေါင်းညိတ်ရင်း ...
''ကောင်းပါတယ်ကွယ် ...ဒါက သားလေးလား''
ဒေါ်ဆွေသန်းအမေးကို ဆရာမ လေးက နှစ်ခြို က်စွာ ရယ်မောရင်း
''ဟုတ်တယ် အန်တီရေ...ယောက်ျားလေးလေ... ဆိုးသလားမမေးနဲ့...တာတေ့ကိုလံနေတာပဲ ...''
ဆရာမ လေးက သူ့သားဆိုးတာကိုပင် ဂုဏ်ယူဟန်နှင့်ပြော၏ ။ဒေါ်ဆွေသန်းကိုမြင်တော့ကလေးက လက်ကမ်းပေးရင်းရယ်၏ ။ နောက်ကျောကိုတွန့်၍ ဒေါ်ဆွေသန်းဆီလိုက်ရန်ပြင်၏ ။
''အဲ လိုက်မယ်တဲ့...အန်တီ့ဆီကိုလိုက်မယ်တဲ့..အောင်မယ်အမျိုးတွေ့တာကျနေတာပဲ... ရယ်နေလိုက်တာ ...တခြားသူတွေဆိုဘယ်သူမှခေါ်လို့မရဘူး...အတင်းချီရင် ကိုက်တော့တာပဲ ...''
ဆရာမ ၏ ဝမ်းသာအားရစကားသံ။ ဒေါ်ဆွေသန်း ကလေးငယ်ကိုလက်ကမ်းရင်း
''ဟင် ...သားလေးက လိုက်မယ်တဲ့လား...လာလာ ..ဟင်''
သူ့ဆီလိုက်လာသော ကလေးမျက်နှာကိုမြင်တော့ ဒေါ်ဆွေသန်းအလန့်တကြားဖြစ်သွား၏ ။ နောက်စိတ်ထဲတွင်လည်း
''ဒီမျက်နှာမျိုး ...ငါမြင်ဖူးပါတယ် ...''
ဟူ၍ ဇဝေဇဝါဖြစ်နေ၏ ။ ဒါကို ဘေးနားကဆရာမ လေးက ရယ်ရင်း
''ထူးဆန်းတယ်တော့...သားက ဘယ်သူခေါ်ခေါ်မလိုက်ဘူး..ဘယ်လောက်ထိလဲဆို သူ့အဖေမျက်နှာမြင်ရင်ကို တူးတူးခါးခါးငိုတာပဲကျွန်မအနားကကို ...ဘယ်တော့မှမခွာဘူး''
ဆရာမ လေးစကားကိုနားထောင်ပြီး ဒေါ်ဆွေသန်း မျက်မှော င် ကျုံ့ ၍ ကလေးကို ပြန်ငုံ့ကြည့်သည်။ ကလေးကတော့ ဝမ်းသာအားရပြုံးပြီးသူ့ကိုသာစိုက်ကြည့်နေသည်။ ဒေါ်ဆွေသန်းက မသင်္ကာစွာ ဖြင့်
''ကလေးက ...အိမ်မှာ ရော ငြိမ်ရဲ့ လား''
ဆရာမ လေးထံမှ သက်ပြင်းချသံကြားရ၏ ။ မျက်နှာကပြုံးဆဲ။ သူ့ သားအကြောင်းပြောရမည်ဆို၍ ပုံပြင်ကောင်းတစ်ပုဒ်ပြောရသကဲ့သို့ ဂုဏ်ယူနေပုံရ၏ ။
''ဟင်း ...ဆော့တာကတော့ ဗြောင်းဆန်နေတာပဲ အန်တီရေဘယ်အချိန်မှမငြိမ်ဘူး...သူ့အဖေမြင်ရင်လည်း သံကုန်ခြစ်ငိုတာပဲ...ကျွန်မနို့တိုက်ချိန်သာ စပ်ဖြီးဖြီးနဲ့ငြိမ်နေတာ... လူဝင်စားကလေးလားမသိပါဘူးအန်တီရယ်... လက်မောင်းမှာ လည်း အမှတ်ကလေးနဲ့...''
ဒေါ်ဆွေသန်းက ဆရာမ လေးလှန်ပြသော သူ့သားလက်မောင်းမှအမှတ်ကလေးကိုမြင်တော့ ကလေးကိုကိုင်ပေါက်မိမတတ်လန့်သွား၏ ။
''ဟင် ...ဒါ...ဒါ...ဟိုကောင် ...ဟိုဒုက္ခိတကောင် ... ဇာနည့်အမှတ်...''
ကလေးကတော့ တခစ်ခစ်ရယ်လို့....
ဆရာမ လေးကလည်း အံ့သြပြီးပြုံးလို့ ...
ဒေါ်ဆွေသန်းသာ မျက်လုံးကြီးပြူးပြီး တောင့်လို့ ....
လေးစားစွာ ကြိုးစားလျှက်
အကြည်တော်
![]() ဘီလူး | ![]() မြစ်ပြင်ပေါ်တွင် ထင်ကျန်ရစ်သော မြွေခြေရာများ | ![]() အထုံ |