စကားချီး
ကျွန်တော် ၌ ညီရင်းအစ်ကိုတမျှ ချစ်ခင်လျက်ရှိသော သူငယ်ချင်း တစ်ယောက် ရှိ၏ ။ ထိုသူငယ်ချင်းကို အကြောင်း တစ်ခုကြောင့် နာမည် မဖော်ပြချင်သဖြင့် မောင်ကဟု ခေါ်ကြပါစို့။ မောင်က သည် ကျွန်တော် မကြိုက်နှစ်သက် သော အလုပ်တစ်ခုကို လုပ် လေ့ရှိသဖြင့် ထိုအလုပ်ကိုမလုပ်ရန် အစဉ်လိုလိုပင် ကျွန်တော် သတိပေးလျက်ရှိ၏ ။ တစ်နေ့သ၌ မောင်ကသည် ထိုအလုပ်ကို သူကိုယ်တိုင်လုပ်ရုံသာမက ကျွန်တော့် ကိုပါ ထိုအလုပ်အတွက် ကူညီပေးပါဟူ၍ စာရေး တောင်းပန်၏ ။ ထိုစာကိုဖတ်ပြီးလျှင် စိတ်ဆိုးလျက်ရှိသော ကြောင့် စိတ်လိုက်မာန်ပါ 'မင်းဟာ ဘာ ကောင်ပဲ၊ ညာကောင်ပဲ' စသည်ဖြင့် ကျွန်တော် သူ့ထံသို့ စာ တစ်စောင် ပြန်၍ ရေး လိုက်၏ ။
အမှန်ကို ဝန်ခံရမည် ဆိုသော် ကျွန်တော် သည် စာထဲ တွင် အတော် လွန်လွန်ကျူးကျူး ရေး လိုက်မိ၏ ။ တနင်္ဂနွေ နှစ် ပတ်မျှကြာသော အခါ မောင်ကထံမှ ကျွန်တော် ၏ စာနှင့် အတူ ထပ်တူထပ်မျှ ပြင်းထန်သော စာတစ်စောင် ပြန်ရောက် လာ၏ ။ ထိုစာကို ဖတ်ပြီးလျှင် ကျွန်တော် ၏ အသားသည် ဆတ်ဆတ်တုန်လျက်ရှိ၏ ။ ထိုစဉ်အခါက မောင်ကသည် ကျွန်တော် ထသွား၍ ရောက်နိုင်သော နေရာ၌ သာ ရှိပါကမူ ကျွန်တော် သည် ရာဇဝတ်မှု တစ်ခုခုကို ကျူးလွန်ကောင်း ကျူးလွန်မိပေမည် ဖြစ်၏ ။
ကျွန်တော် ရေး လိုက်သော စာသည် မောင်ကကို မည် မျှ နာကြည်းစေလိမ့်မည် ၊ မောင်က၏ 'ငါ' ဟူသော မာနကို မည် မျှထိခိုက်စေလိမ့်မည် စသည်တို့ကိုကား ကျွန်တော် စိုးစဉ်းမျှ မတွေးမိ။ 'ငါက အကောင်းပြောတာ၊ ငါ့ကို ဒီလိုစော်ကား ရမလား၊ 'ငါ' 'ငါ' 'ငါ' ဟူ၍ ကျွန်တော် အလိုရှိသမျှကိုသာ တွေးတောလျက်ရှိ၏ ။ လေပင့်ခံရသော မီးကဲ့သို့ ကိုယ်လိုရာ ကိုသာ ကိုယ် စဉ်းစားလျက်ရှိသော 'ငါ' စိတ်သည် ကျွန်တော် ၏ ဒေါသစိတ်ကို ပင်လျက်ရှိရကား ဆောက်တည်ရာမရဘဲ ရှေးကထက် ပြင်းထန်သော စာတစ်စောင်ကို မောင်ကထံသို့ ထပ်၍ ရေး သားလိုက်လေသည်။ ကျွန်တော် ၏ သူငယ်ချင်း အရင်းများ စာရင်းမှ သူ့ကိုပယ်ထုတ်ပစ်လိုက်ကြောင်းနှင့် ကျွန်တော့် ကိုလည်း အလားတူ သူ၏ စာရင်းမှ ထုတ်ပစ်လိုက်ရန် အကြောင်းကြားလိုက်လေသည်။
ထိုစာကို ရေး သားသော အချိန်ကား ညဥ့်ခုနစ်နာရီကျော် ကျော်လောက် ရှိလေပြီ။ စာရေး ပြီးသော်လည်း ဒေါသအရှိန် မပြေသေးသည်မှာ တုန်နေသော လက်ချောင်းများ က ထောက်ခံ လျက်ရှိ၏ ။ ထိုကြောင့် စိတ်ပြေလက်ပျောက်ဆိုသလို စာအုပ် တစ်အုပ်ကို ဖတ်မည် ဟု စာအုပ်စင်ပေါ်တွင် လိုက်၍ ရှာရာ ဒေးလ်ကာနက်ဂျီ၁ ဆိုသူ အမေရိကန်စာရေး ဆရာကြီးတစ်ဦး ရေး သားသော မိတ္တဗလဋီကာ၂ စာအုပ်ကို အဆင်သင့်တွေ့ ရ၏ ။
ထိုစာအုပ်ကို ဝယ်ယူမိပုံကို အနည်းငယ် ပြောပြပါအံ့။ တစ်နေ့သ၌ စာအုပ်ဆိုင်တစ်ဆိုင်သို့ ကိစ္စတစ်ခုနှင့် သွားရောက် လည်ပတ်ရင်း ၁၄ လအတွင်း ၂၉ ကြိမ်တိုင်တိုင် အသစ် ထပ်မံရိုက်နှိပ်ရသည်ဟူသော ကြော်ငြာကိုတွေ့ ၍ သာ ထိုစာအုပ် ကို ဝယ်ခဲ့မိသည်။ ကျွန်တော် ၏ နဂိုစိတ်ရင်းအရဆိုလျှင် သူဌေး ဖြစ်နည်းစာအုပ်များ ၊ စိတ်ပညာစာအုပ်များ ၊ ချစ်သူကိုရအောင် လုပ်နည်းစာအုပ်များ စသည်ကို ဖတ်ရန်ဝါသနာမပါခဲ့ချေ။ (ထိုသို့ ဝါသနာမပါခြင်းမှာ လည်း ကျွန်တော် ၏ ချွတ်ယွင်းချက် ပင် ဖြစ်ပေသည်။) သို့ ရာတွင် ၁၄ လအတွင်း ၂၉ ကြိမ်တိုင် တိုင် ထပ်မံပုံနှိပ်ရသော စာအုပ်မှာ ကား စာအုပ်ထူး ဖြစ်ပေ လိမ့်မည် ။ ထိုစာအုပ်၏ နည်းများ ကို မကြိုက်သော်လည်း ထို စာအုပ်ထူးကို ဘာကြောင့် ဤမျှရိုက်နှိပ်ရောင်းချရသည်ကိုပင် သိရစေတော့ဟူသော သဘောဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။
ထိုစာအုပ်ထူးကို ဝယ်ခဲ့သည်မှာ ငါးရက်မျှ ရှိပြီ ဖြစ် သော်လည်း ဝယ်လာပြီးကာမှ ဖတ်ရန် စိတ်ထဲက မပါတပါနှင့် နေသော ကြောင့် စာအုပ်စင်ပေါ်တွင် အသာတင်ထားခဲ့ရာ အဆိုပါညသို့ ရောက်မှသာ ကောက်ယူဖတ်မိလေသည်။
ထိုစာအုပ်ထူး၏ အခန်း ၁ တွင် လူတို့၌ ကိုယ့်ကိုယ် ကိုယ် အထင်ကြီးသော သဘောရှိသည် ဖြစ်၍ တစ်ဖက်သား ကို အပြစ်တင်ခြင်းနှင့် အပြစ်တင်ခံရသူသည် ထိုအပြစ်ကို မစွန့်ရုံသာမက ထိုသူနှစ် ဦးသည် တစ်ဦးနှင့် တစ်ဦး အချစ်ပျက် တတ်သည်ဟု သက်သေ သာဓကပေါင်း မြောက်မြားစွာ နှင့် ဖော်ပြထားသည်ကို တွေ့ ရ၏ ။
ထိုအခန်းကို ဖတ်ပြီးသော အခါ နာရီဝက်အတွင်းက ဖြစ်ပျက်ခဲ့သော ကျွန်တော် ၏ အ ဖြစ်အပျက်တို့သည် ကျွန်တော် ၏ မျက်စိထဲတွင် တရေး ရေး ပေါ်၍ လာလေသည်။ ထိုသို့ တရေး ရေး ပေါ်နေသော အချိန်တွင် ကျွန်တော် ၏ စာသည် စာတိုက်ပုံးထဲသို့ ရောက်နေလေပြီ။ ဤစာကို ပြန်၍ ယူရန် လည်း မ ဖြစ်တော့ချေ။ ထိုစာထဲတွင် အလွန်အကျွံ ရေး ထား သော ကြောင့် ထိုစာများ ကို ရုပ်သိမ်းသည့် စာတစ်စောင်ကို ထပ်၍ ရေး ရမှာ လည်း ကျွန်တော် ၏ ဂုဏ်ကို မထိခိုက်ဘဲနှင့် မပြီးချေ။ ထိုစာသည် မောင်က၏ လက်ထဲသို့ ရောက်သော အချိန်တွင် ကျွန်တော် ၏ သူငယ်ချင်း တစ်ယောက် ဆုံးရှုံးရ တော့မည် ဖြစ်၏ ။ ဤကဲ့သို့ ဆုံးရှုံးရလောက်အောင် ဖြစ်ရ သော အကြောင်းရင်းကား အခြားမဟုတ်၊ တစ်ဖက်သားကို အပြစ်တင်မိခြင်းပင် ဖြစ်လေသည်။ ထိုကဲ့သို့ အပြစ်တင်ခြင်း သည် သူငယ်ချင်း တစ်ယောက် ဆုံးရှုံးလောက်အောင် အဖိုး တန်၏ လောဟူ၍ စာအုပ်ကို ခေတ္တပိတ်ထားပြီးနောက် ကျွန်တော် ၏ စိတ်ထဲတွင် အပြစ်တင်ခြင်း၏ တန်ဖိုးကို အပြန်ပြန် အလှန်လှန် တွက်ချက်လျက်ရှိ၏ ။
မောင်ကထံသို့ ရေး လိုက်သော ပထမစာကို မရေး မီ ၁၅ မိနစ်လောက် အချိန်ရ၍ ထိုစာအုပ်ကိုသာဖတ်မိလျှင် ထိုစာ ကို ရေး ဖြစ်မည် မဟုတ်။ ထိုစာကိုသာ မရေး ဖြစ်လျှင် ထို သူငယ်ချင်းတစ်ဦး ဆုံးရှုံးရမည် မဟုတ်ဟု တွေးမိ၏ ။
ထိုသို့ တွေးရာမှတစ်ဖန် တစ်ဖက်သားကို အပြစ်တင်မိ သော ကြောင့် ကျွန်တော် ကဲ့သို့ ပင် မိတ်ဆွေရင်းချာများ ဆုံးရှုံး ရဖူးသူများ ၊ ဆုံးရှုံးရလတ္တံသော သူများ ကို ဆက်၍ တွေးမိပြန်၏ ။
ထိုသူများ ကို တွေးရာမှတစ်ဖန် အကယ်၍ အလွန် စိတ်ဝင်စားဖွယ်ကောင်းသော ထိုအခန်း ၁ ကို လူများများ သိရှိနိုင်အောင် ကြိုးစားပေးရလျှင် ထိုသူများ ထဲ၌ တစ်ဖက်သား ကို ကြိမ်းမောင်းလွန်း၍ လူမုန်း မကြာခဏ ခံရသော သူများ လည်း ထို လူမုန်းခံရသော ဘဝမှ လွတ်မြောက်ကြလိမ့်မည် ၊ ကြိမ်းမောင်းရန် ကြံစည်လျက်ရှိသူများ လည်း အသိတရားများ ရကြလိမ့်မည် ဟု ယုံကြည်ရင်းစွဲရှိသော ကြောင့် ဤစာအုပ်ကို ဖတ်ပြီးလျှင် အခြားအခန်းများ ကို ဘာသာပြန်ဆိုရန် သဘော မကျနိုင်သည့်တိုင်အောင် ထိုအခန်း ၁ ကို လူအများ ၏ အကျိုး စီးပွားအတွက် ဘာသာပြန်ဆိုတော့မည် ဟူ၍ စိတ်နှလုံး တုံးတုံး ချလိုက်၏ ။
ထို့နောက် စာအုပ်ကို ဆက်၍ ဖတ်ပြန်ရာ လူတို့တွင် ချမ်းသာမှု ဆင်းရဲမှု တို့သည် 'ကံ'တည်းဟူသော တစ်ခုတည်း သော အကြောင်းကြောင့် သာ မဟုတ်။ ဆင်းရဲခြင်းသည် လုပ်သင့်သည်အရာများ ကို မလုပ်၊ မလုပ်သင့်သည် အရာများ ကို လုပ်နေသော ကြောင့်ပင် ဖြစ်ပြီးလျှင် ချမ်းသာခြင်းသည် မလုပ်သင့်သည့်အရာမျိုးကို အထူးရှောင်၍ လုပ်သင့်သည်အရာ များ ကို အထူးဆောင်လျက်ရှိသော ကြောင့် ဖြစ်ကြောင်းကို အလွန်ထင်ရှား မှတ်သားနာယူဖွယ်ကောင်းသော သက်သေ သာဓကတို့ဖြင့် ရြော>ွပမ်းလျက် စာအုပ်တစ်အုပ်လုံးကို အစမှ အဆုံးအထိ ရေး သားဖော်ပြထားသည်ကို ဆက်လက်တွေ့  ရှိရ၏ ။ ထိုအခါတွင် စာတစ်အုပ်လုံးကို ဆုံးခန်းတိုင်အောင် ဘာသာပြန်တော့မည် ဟု ဒုတိယအကြိမ် ကျွန်တော် ၏ စိတ် နှလုံးကို တုံးတုံးချပြန်၏ ။
သို့ ရာတွင် ဤစာအုပ်ကို ဘာသာပြန်၍ နဂါးနီစာအုပ် တစ်အုပ်အ ဖြစ်ဖြင့် ပုံနှိပ်ရန်ကိစ္စသည် မလွယ်ကူလှပေ။ ထို အကြောင်းကို ရှင်း၍ ပြပါအံ့။
'နိုင်ငံရေး ' ဆိုသော စကား၏ အဓိပ္ပာယ်ကို စဉ်းစား ရာ၌ 'နိုင်ငံရေး ' သည် အင်္ဂလိပ်လက်အောက် မြန်မာများ လွတ်မြောက်သော အရေး ပင် ဖြစ်သော ကြောင့် နိုင်ငံရေး စာအုပ် များ မှာ လည်း ထိုလွတ်မြောက်ရေး ကိုသာလျှင် ပဓာနထား၍ ရေး သားထားသော စာအုပ်များ ဖြစ်ရမည် ဟူ၍ လည်းကောင်း၊ 'နိုင်ငံရေး ' သည် လူလူချင်း မတရားညှဉ်းပန်းမှု များ ကို ပပျောက်စေလျက် လူတိုင်း ညီတူညီမျှ အကျိုးခံစားရအောင် ပြုလုပ်ပေးခြင်းပင် ဖြစ်သော ကြောင့် နိုင်ငံရေး စာအုပ်များ သည်လည်း ထိုအကြောင်းများ ကိုသာ ရေး သားထားသော စာအုပ်များ သာ ဖြစ်ရမည် ဟူ၍ လည်းကောင်း 'နိုင်ငံရေး ' ဟူ သော စကားလုံးကို ကျဉ်းမြောင်း ကျပ်တည်းစွာ အဓိပ္ပာယ် ကောက်ထားခဲ့ပါမူ ထိုနိုင်ငံရေး စာအုပ်များ ကိုသာ ဖတ်လိုသော ကြောင့် နဂါးနီအသင်းသို့ ဝင်ကြကုန်သော အသင်းသားများ သည် ဤ'မိတ္တဗလဋီကာ' ကို ဖတ်ကြည့်ပြီးလျှင် စိတ်ပျက် ကောင်းစိတ်ပျက်ကြပေမည် ။
ဤစာအုပ်ထူးကို ဖတ်ခြင်း.ဖြင့် မြန်မာနိုင်ငံတွင် နွားကျောင်းသားမှ နန်းရင်းဝန်၊ တေလေဂျပိုးမှ စာတည်းမှူး၊ လှေထိုးသားမှ သူဌေးကြီးဘဝသို့ ရောက်လိမ့်မည် သို့ မဟုတ် ရောက်နိုင်ရမည် ဟု ဧကန်အမှန်မပြောနိုင်။ သို့ ရာတွင် 'လုပ်ပါ' ဟု ဤစာအုပ်ထဲတွင် ရေး သားထားသော နည်းများ ကို မလုပ် ဘဲ၊ 'မလုပ်ပါနှင့် 'ဟု ရေး သားထားသော နည်းများ ကို လုပ်ခဲ့ လျှင် နန်းရင်ဝန်သော်လည်းကောင်း၊ စာတည်းမှူးသော်လည်း ကောင်း၊ သူဌေးကြီးသော်လည်းကောင်း မိမိတို့တွင် ရရှိပြီး သော ရာထူးနှင့် စည်းစိမ်တို့ကို မပျောက်မပျက်အောင် တားဆီး နိုင်သော်လည်း သူတို့၏ မိတ်ဆွေသင်္ဂဟ၊ သူတို့နှင့် ပေါင်းသင်း ဆက်ဆံကြသူများ ကို သူတို့အား စွန့်ပစ်မသွားအောင် ဘယ် နည်းနှင့် မျှ တားဆီးနိုင်ကြလိမ့်မည် မဟုတ်။
လောကနီတိဆရာကြီး၏ အလိုအားဖြင့် ဆိုသော် အဆွေ ခင်ပွန်းမရှိသော သူ၌ ချမ်းသာခြင်း မရှိနိုင်ချေ။ သို့ ဖြစ်ပေရာ ထိုစာအုပ်တွင် ပါသော ဥပဒေများ ကို ဆန့်ကျကြကုန်သော ပုဂ္ဂိုလ်မှန်သမျှတို့သည် တတ်နိုင်လျှင် နန်းရင်းဝန်သော်လည်း ကောင်း၊ စာတည်းမှူးသော်လည်းကောင်း၊ သူဌေးကြီးသော် လည်းကောင်း ဖြစ်စေကာ မိတ်ဆွေသင်္ဂဟနှင့် ပေါင်းသင်း ဆက်ဆံကြသူတို့၏ စွန့်လွှတ်ခြင်းကိုခံရသည်မှာ အမှန်ပင် ဖြစ်ရ ကား ထိုသူတို့၌ အဘယ်မှာ ချမ်းသာခြင်းရှိနိုင်ပါတော့အံ့နည်း။
အပြန်အလှန်သဘောအားဖြင့် ပြောရမည် ဆိုလျှင် ထို စာအုပ်ထူးသည် နွားကျောင်းသားတစ်ဦးအား နန်းရင်းဝန် ဖြစ် အောင် ပြုလုပ်ပေးခြင်းငှာ မစွမ်းနိုင်စေကာမူ ထိုနွားကျောင်း သားအား စာအုပ်ပါနည်းများ အား အသုံးပြုစေခြင်းဖြင့် အဖျင်းတကာ့ အဖျင်းဆုံး လူချစ်လူခင် ပေါများ အောင်သော် လည်းကောင်း၊ မိတ်ဆွေသင်္ဂဟ ပွားများ အောင်သော် လည်း ကောင်း ပြုလုပ်ပေးနိုင်သည် ဖြစ်ရာ ချစ်ခင်သူနှင့် မိတ်ဆွေ သင်္ဂဟပေါများ သော ထိုနွားကျောင်းသားတွင် အဘယ်မှာ လျှင် စိတ်ချမ်းသာခြင်းကို မရဘဲ ရှိပါတော့အံ့နည်း။
ဤစာအုပ်တွင် ပါသော နည်းများ သည် နည်းထူး နည်း ဆန်းများ မဟုတ်၊ လူပေါ်ကာစက အစပြု၍ ပေါ်ပြီးသော သမာရိုးကျ နည်းများ ဖြစ်ကြောင်းကို စာအုပ်ရေး သူသည် စာအုပ်ထဲတွင် အခါအခွင့်ရတိုင်း ဝန်ခံထားပေ၏ ။ သတိမမူ လျှင် ဂူမမြင်ဟုဆိုသော စကားကဲ့သို့ များ စွာ သော လူတို့သည် မိမိတို့သာ သတိမူခဲ့သော် လက်နှင့် လှမ်းယူကာမျှဖြင့် ရနိုင် သည့်နည်းများ အပေါ်တွင် အမှတ်တမဲ့ နေခဲ့သဖြင့် ထိုနည်းများ ဖြင့် ထိုသူတို့သည် မပေါင်းမိဘဲ မျက်နှာစိမ်းများ ဖြစ်၍ နေကြ၏ ။
သက်သေထုတ်၍ ပြပါအံ့။ ဤစာအုပ်တစ်အုပ်လုံးကို ချုံးလိုက်လျှင် 'အများ အကျိုးဆောင် ကိုယ့်အကျိုးအောင်သည်' ဟူသော နည်းကောင်းတစ်ခု ထွက်လာ၏ ။
ထိုစာအုပ်မပေါ်မီ နှစ် ပေါင်းနှစ် ထောင့်ငါးရာလောက်က
သင်္ဂါဟကော မိတ္တကရော၊
ဝဒညူ ဝီတ မစ္ဆရော၊
နေတာ ဝိနေတာ အနုနေတာ၊
တာဒိသော လဘဘေ ယသံ။
ဟူ၍ သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာ ဘုရားသည် သိင်္ဂါလသုတ်တွင် ဟောကြားတော် မူခဲ့၏ ။
ထိုဂါထာ၏ အဓိပ္ပာယ်ကား 'အကြင်သူသည် သူ တစ်ပါးကို ချီးမြှောက်တတ်၏ ။ အဆွေခင်ပွန်းကောင်း ပြု တတ်၏ ။ သူ့ကျေးဇူးကို သိတတ်၏ ။ ကင်းသော မစ္ဆရိယရှိ၏ ။ သူတစ်ပါးအကျိုးကို ဆောင်တတ်၏ ။ သူတစ်ပါး၏ အကျိုးကို အဖန်တလဲလဲ ဆောင်ရွက်တတ်၏ ။ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် အခြံအရံကိုရနိုင်၏ 'ဟု ဆိုလေသည်။
သို့ ပင် ဖြစ်လင့်ကစား တစ်နေ့လျှင် ၂၄ နာရီ ရှိသည့် အနက် သူတစ်ပါး၏ အကျိုးကို စာဖတ်သူသည် ဘယ်နှနာရီ ဆောင်ရွက်ခဲ့သနည်း။ ထိုသို့ ဆောင်ရွက်ရန် စိတ်ကူးမိရဲ့ လား။ ဒေးလ်ကာနက်ဂျီ ပြောသကဲ့သို့ ကျွန်တော် တို့သည် ၂၄ နာရီ ရှိသည့်အနက် အိပ်သည့် ၈ နာရီကိုနုတ်၍ ကျန် ၁၆ နာရီတွင် ကျွန်တော် တို့၏ ကိုယ်ကျိုး ကိုယ့်စီးပွား 'ငါ' 'ငါ' 'ငါ' ကိုသာ စဉ်းစားခဲ့ကြ၍ ကိုယ်ကျိုး ကိုယ့်စီးပွားကိုသာ ရှာဖွေခဲ့ ကြသည် မဟုတ်ပါလော။
ဤကဲ့သို့ ပြုလုပ်နေကြခြင်းသည် လက်လှမ်း၍ မီသော အဖိုးအနဂ္ဃထိုက်တန်သည့် နည်းကောင်းကို သတိမမူဘဲ လျစ်လျူ ရှုထားခြင်းပင် ဖြစ်ပေရာ စာဖတ်သူတိုင်းအား ထိုနည်း ကောင်းများ ကို လှမ်းမယူချင် ယူချင်အောင် ဤစာအုပ်ထူး တစ်အုပ်လုံးတွင် ထုံးဟောင်း သက်သေသာဓကများ ဖြင့် တန် ဆာ ဆင်ထားလေသည်။
ဤစာအုပ်ထူးကို အသင်းသားများ မြန်မြန်ဖတ်စေချင် သော စေတနာ၏ တိုက်တွန်းချက်ကြောင့်သာ အချိန်အလင့်မခံ နိုင်ဘဲ ခပ်မြန်မြန် ဘာသာပြန်ပေးလိုက် ခြင်း ဖြစ်ပေသည်။ စင်စစ်မှာ ထိုစာအုပ်ထူးကို မူလလက်ရာမပျက်ဘဲ မြန်မာလို ပြန်ဆိုနိုင်ရန် အရည်အချင်း ကျွန်တော် ၌ မရှိချေ။ သို့ ရာတွင် ခြေလျင်ဦးအုန်းခင်၏ အလွန်အဖိုးတန်သော အကြံဥာဏ်ပေးချက် များ ၊ ပြင်ဆင်ချက်များ ကြောင့် ဘာသာပြန် မူလလက်ရာနှင့် နီးကပ်နိုင်သလောက် နီးကပ်လာသဖြင့် ကျေနပ်ဖွယ်ရာ ရှိပါကြောင်း၊ ဤကဲ့သို့ ဂရုတစိုက် ကူညီသည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း။
ထို့ပြင်လည်း ဤစာအုပ်ကို စာအုပ်ကောင်းတစ်ခု ဖြစ် မြောက်စေရန် စေတနာနှင့် ဝိုင်းဝန်းကူညီကြသော မိတ်သင်္ဂဟ တို့ကိုလည်း ကျေးဇူးအထူးတင်လျက် ရှိပါကြောင်း။
စကားချီး
ဤစာအုပ်ကို 'လူပေါ်လူဇော်လုပ်နည်း' ဟူသော အမည် ပေးသည်တွင် အထင်အမြင်လွဲစရာအကြောင်းများ ပေါ်ပေါက် ခဲ့လေသည်။ အချို့သော ပုဂ္ဂိုလ်တို့ကား အတွင်းစာသားကို ဖတ် မကြည့်ကြဘဲ စာအုပ်အမည် ကို ကြားရရုံနှင့် စာအုပ်တစ်အုပ် လုံးကို 'နေအေး၏ လိမ်နည်းအမျိုးမျိုး' ဟူသော စာအုပ်မျိုးနှင့် နှိုင်းယှဉ်လိုက်ကြသည်။ ဤကဲ့သို့ နှိုင်းယှဉ်ခြင်းမှာ စင်စစ် ပြောရလျှင် နှိုင်းယှဉ်သူများ ၏ အပြစ်မဟုတ်ဘဲ အင်္ဂလိပ် စာအုပ်၏ အမည် ကို 'လူပေါ်လူဇော်လုပ်နည်း' ဟူ၍ အမှား မှားအယွင်းယွင်း ဘာသာပြန်ဆိုထားသော လူ၏ အပြစ်ပင် ဖြစ်ပေသည်။
အဆိုပါ အင်္ဂလိပ်အမည် ကို တိုက်ရိုက်ဘာသာပြန်ဆို လျှင် 'မိတ်ဆွေပေါများ အောင်လုပ်နည်းနှင့် လူအများ အပေါ် တွင် သြဇာညောင်းအောင်လုပ်နည်း'၁ ဟူ၍ ပြန်ဆိုရပေမည် ။ ဤအမည် သည် မြန်မာစာအုပ်များ ကို မှည့်ရိုးမှည့်စဉ် အမည် များ နှင့် စာလိုက်လျှင် အလွန်ရှည်လှသည် ဖြစ်ရာ၊ တိုတိုနှင့် အခေါ်ရလွယ်သော အမည် ကို ဘာသာပြန်သူသည် မိတ်ဆွေ တစ်စုနှင့် တိုင်ပင်နှီးနှောလျက်ရှိစဉ် မိတ်ဆွေတစ်ဦးကစ၍ 'လူပေါ်လူလုပ်နည်း' လို့ ခေါ်ပါလားဟူ၍ အကြံပေးလေ သည်။ ထိုသို့ အကြံပေးချက်ကို တစ်ဆင့်တက်၍ 'ပေါ်' ဆိုသော ကာရန်ကိုလည်း ဟပ်မိလေအောင် ဒုတိယ 'လူ' ဟူသော စကားလုံး၏ နောက်မှ 'ဇော်' ဟူသော စကားလုံးကို ဘာသာပြန်သူသည် ထပ်၍ ထည့်သွင်းခဲ့သည်။ ဤသည်ကား 'လူပေါ်လူဇော်လုပ်နည်း' ဟူသော အမည် ပေါ်လာခြင်း၏ အကြောင်းရင်းပေတည်း။
'လူပေါ်လူဇော်လုပ်နည်း' သည် ဓနရှင်ဝါဒလည်း မဟုတ်။ ဘုံဝါဒလည်းမဟုတ်။ သို့ ရာတွင် ဓနရှင်ဝါဒနှင့် ဘုံဝါဒသမားအားလုံး ဤလူ့လောကကြီးတွင် လူလုပ်၍ နေ သမျှ ကာလပတ်လုံး မလိုက်နာဘဲ မနေနိုင်သော နည်းများ သာ ဖြစ်လေသည်။
ရုရှားပြည်၏ အာဏာရှင်စတာလင်၂ သည် ဘုံဝါဒ သမားစစ်စစ် ဖြစ်၏ ။ ဘုံဝါဒကို တစ်ကမ္ဘာလုံး လွှမ်းမိုးနိုင် အောင် ဖြန့်ဖြူးနေသူများ အနက် အရေး ပါအရာရောက်ဆုံး သော သူ တစ်ဦးပင် ဖြစ်သည်။ သို့ ရာတွင် အာဏာရှင်မ ဖြစ်မီက 'လူပေါ်လူဇော်လုပ်နည်း' များ ကို မလိုက်နာမိခဲ့သဖြင့် သူ၏ ခေါင်းဆောင် ဖြစ်သူ လီနင်၃ ကိုယ်တိုင်က 'စတာလင်သည် လူများ နှင့် ပေါင်းသင်းဆက်ဆံရာ၌ ရုန့်ရင်းကြမ်းတမ်းသည်။ ထို့ကြောင့် အာဏာရှင်အ ဖြစ်ဖြင့် ငါ့အရိပ်အရာကို ဆက်ခံရန် စတာလင်ကို ငါ မထောက်ခံ' ဟူ၍ ပင် ပြောဆိုခဲ့ဖူးသည်ဟု ကြားလိုက်ရဖူး၏ ။
ကမ္ဘာစစ်ကြီးပြေငြိမ်းပြီးနောက် အမေရိကန်သမ္မတ ဝီလ်ဆင်၄၃ သည် ဥရောပတိုက်တွင် နိုင်ငံပေါင်းချုပ်အသင်း ကြီး၅ ကို စတင်ထူထောင်ခဲ့လေသည်။ သူ၏ မူလရည်ရွက် ချက်၌ ထိုနိုင်ငံပေါင်းချုပ်အသင်းကြီးတွင် အမေရိကန်ပြည် ကိုလည်း အသင်းသားတစ်ဦးအ ဖြစ်ဖြင့် ထည့်သွင်းလို လေသည်။
သို့ ရာတွင် ထိုအသင်းကြီးကို စတင်တည်ထောင်သူက လူပေါ်လူဇော်လုပ်နည်းများ ကို လျစ်လျူရှုပြီးလျှင် တစ်ဖက် ဂိုဏ်းသားများ ကို နေရာမပေးခဲ့သဖြင့် ထိုသူများ က မကျေမနပ် ဖြစ်ကာ ထ၍ ဆူပွက်ကြသော ကြောင့် သမ္မတဝီလ်ဆင်၏ စီမံကိန်းများ မှာ ပျက်စီးသွားခဲ့ရ၏ ။ မြင်းကို သံခွာမရိုက်မိသည် နှင့် စစ်ပွဲကြီးတစ်ပွဲလုံး ဆုံးရှုံးရဖူးသော ထုံးကဲ့သို့ သမ္မတဝီလ် ဆင်သည် ခဲခဲယဉ်းယဉ်းမရှိဘဲနှင့် စွမ်းဆောင်နိုင်သော လူပေါ် လူဇော်လုပ်နည်းအချို့ကို မစွမ်းဆောင်ခဲ့မိရုံနှင့် တစ်ကမ္ဘာလုံး ၏ သေရေး ရှင်ရေး ကိစ္စကြီးမှာ ပျက်ပြားသွားခဲ့ရဖူး၏ ။
ယခု 'စကားချီး' ရေး သူသည် လူအမျိုးမျိုးအစားစားကို တွေ့ ရှိခဲ့ရဖူး၏ ။ အချို့လူများ သည် ဗဟုသုတနှင့် လည်း အတော် ပြည့်စုံ၏ ။ လူနှင့် သတ္တဝါအပေါင်း ကောင်းစားအောင် လုပ်လို သော စေတနာကောင်းလည်းရှိ၏ ။ စေတနာကောင်း ရှိ သလောက် လုပ်ရည်ကိုင်ရည်နှင့် လည်း ပြည့်စုံ၏ ။ သို့ ရာတွင် ပေါင်းသင်းဆက်ဆံမှု ကို ဂရုမပြုမိသော ကြောင့် မိမိတွင် စေတနာရှိသလောက် အလုပ်ကို တွင် ကျယ်အောင် မလုပ်နိုင် ကြချေ။ သူတို့လုပ်သမျှ လုပ်ငန်းတွင် ဝိုင်းဝန်းကူညီချင်ကြ သော လူများ အလွန်နည်းပါးကြသည်ကို တွေ့ ရှိရပေသည်။
ဒေးလ်ကာနက်ဂျီ၁ သည် ငါးမျှားရန်သွားစဉ်က အ ဖြစ် အပျက်ကလေးကို ဖော်ပြထားသည်မှာ မှတ်သားဖွယ်ပင် ဖြစ်လေသည်။
ဒေးလ်ကာနက်ဂျီသည် ပေါင်မုန့်ထောပတ်သုတ်ကို ကြိုက်၏ ။ တီကိုအလွန်ရွံ၏ ။ သို့ ရာတွင် ငါးများ သည် တီကို သာ ကြိုက်သဖြင့် တီနှင့် မျှားခဲ့ရလေသည်။ သူကြိုက်သော ပေါင်မုန့်ထောပတ်သုတ်ကိုကျွေးလျှင် ငါးများ သည် စားကြမည် မဟုတ်ပေ။
ဘုရားအလောင်း နွားလားဥဿဖ ဖြစ်စဉ်က နွားရှင် ပုဏ္ဏားသည် ရုန့်ရင်းကြမ်းတမ်းသော စကားကို သုံးမိသော ကြောင့် နွားလားဥဿဖက မရုန်းဘဲနေသဖြင့် ပစ္စည်းဥစ္စာ ဆုံးပါးခဲ့ရဖူးသော နိပါတ်တော် ကို ဖတ်မိဖူးကြပေမည် ။
ဤလောကကြီးတွင် စေတနာကောင်းနှင့် အလုပ်လုပ် တိုင်း မရနိုင်ပေ။ မြတ်စွာ ဘုရားကိုယ်တော် မြတ်ကြီးပင်လျှင် တရားရေအေးတိုက်ကျွေးရာ၌ စေတနာကောင်းကိုသာ မယုံစား ဘဲ ပေါင်းသင်းဆက်ဆံရေး ကိုပါ အသုံးချဖူးကြောင်းမှာ ဝတ္ထု အထင်အရှား ရှိခဲ့သည်မဟုတ်ပါလော။
ဘုရားလက်ထက်တော် က ဂင်္ဂါ ဖြစ်ဖျားတွင် လယ်လုပ် ခြင်းဖြင့် အသက်မွေးမြူလျက်ရှိသော ပုဏ္ဏားအိုကြီးတစ်ဦး ရှိလေသည်။ ထိုပုဏ္ဏားကြီးကို အမှီပြု၍ သတ္တဝါအပေါင်း အကျွတ်တရားရမည့် အကြောင်းကို ဘုရားကိုယ်တော် မြတ်ကြီး သည် မြင်တော် မူ၏ ။ ထိုအခါ မြတ်စွာ ဘုရားကိုယ်တော် မြတ် ကြီးသည် 'ဒီပုဏ္ဏားအတွက် ငါ ကောင်းတာကိုလုပ်တာပဲ၊ ငါ့တရားကို ဒီပုဏ္ဏားကြီး နာရမည် ' ဟူသော စိတ်ထားဖြင့် ပုဏ္ဏားကြီးကို အတင်းအကျပ် တရားဟောခြင်းမပြု။ ပုဂ္ဂိုလ် ခင်မှ တရားမင်သည်ဟူသော စကားအရ အပင်ပန်းခံတော် မူ၍ ပုဏ္ဏားကြီးနှင့် ရင်းနှီးသော အနေသို့ ရောက်အောင် မိတ်ဆွေ ဖွဲ့ခဲ့ဖူးလေသည်။
ပုဏ္ဏားကြီးလယ်ထွန်ချိန်တွင် ကိုယ်တော် တိုင် လယ်ထဲ သို့ ကြွသွားတော် မူပြီးလျှင် 'ပုဏ္ဏားကြီး၊ လယ်ထွန်ပြီလား' အစရှိသော စကားတို့ဖြင့် နှုတ်ခွန်းဆက်သတော် မူ၏ ။ ကောက် စိုက်ချိန်၊ ကောက်ရိတ်ချိန်၊ ကောက်နယ်ချိန် အစရှိသည်တို့၌ လည်း အထက်ပါနည်းအတိုင်းပင် သွားရောက်၍ နှုတ်ခွန်း ဆက်သတော် မူသည်။ ပုဏ္ဏားကြီး၏ စိတ်ထဲတွင် 'ရှင်ကြီး ဂေါတမဟာ ငါ့မိတ်ဆွေအရင်းပဲ၊ ငါ့အကျိုး တကယ်လိုလားလို့ အပင်ပန်းခံပြီး ငါ့ထံသို့ မကြာခဏ လာရောက်မေးမြန်းခြင်း ပြုပါကလား' ဟူ၍ ထင်မြင်လာသော အချိန်သို့ ရောက်မှ မြတ်စွာ ဘုရား ကိုယ်တော် မြတ်သည် တရားစ၍ ဟောရာ ပုဏ္ဏားကြီးလည်း သော တာပန်တည်လေသည်။
ကရုဏာအရာတွင် ပြိုင်ဘက်မရှိသော မြတ်စွာ ဘုရား ကိုယ်တော် မြတ်ကြီးပင်လျှင် တစ်ဖက်သား ကောင်းစားဖို့ကို တစ်ဖက်သား၏ အလိုသို့ လိုက်၍ ကျင့်ကြံတော် မူသေးလျှင် သာမည လူပုဂ္ဂိုလ်များ မှမူကား 'ငါ့စေတနာ ကောင်းသားပဲ၊ သူ့အလို မလိုက်နိုင်' ဟူသော စိတ်ထားမျိုးနှင့် ကြိုးစားခြင်း ဖြင့် အဘယ်မှာ လျှင် အောင်မြင်နိုင်ပါအံ့နည်း။
ပထမတွဲ တွင် ဖော်ပြခဲ့ပြီးသော ပါဠိနှင့် အနက်တို့သည် အလွန်မှတ်သားဖွယ်ရာကောင်းသဖြင့် ယခု ဒုတိယတွဲ တွင် လည်း ထပ်မံဖော်ပြလိုက်ရပေသည်။
သင်္ဂါဟကော မိတ္တကရော၊
ဝဒညူ ဝီတ မစ္ဆရော။
နေတာ ဝိနေတာ အနုနေတာ၊
တာဒိသော လဘတေ ယသံ။ ။
ဟူ၍ သုံးလူ့ထွက်ထား သဗ္ဗညု မြတ်စွာ ဘုရားသည် သိင်္ဂါလသုတ်တွင် ဟောကြားတော် မူသည်။
ထိုဂါထာ၏ အဓိပ္ပာယ်ကား 'အကြင်သူသည် သူ တစ်ပါးကို ချီးမြှောက်တတ်၏ ။ အဆွေခင်ပွန်းကောင်း ပြုတတ် ၏ ။ သူ့ကျေးဇူးကို သိတတ်၏ ။ ကင်းသော မစ္ဆရိယရှိ၏ ။ သူတစ်ပါး၏ အကျိုးကို ဆောင်တတ်၏ ။ သူတစ်ပါး၏ အကျိုး ကို အထူးဆောင်ရွက်တတ်၏ ။ သူတစ်ပါး၏ အကျိုးကို အဖန် တလဲလဲ ဆောင်ရွက်တတ်၏ ။ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ် သည် အခြံအရံကို ရနိုင်၏ ' ဟု ဆိုလိုသည်။
ပထမတွဲ ကို ထုတ်ဝေပြီးနောက် လပေါင်းအတော် ကြာမှ ဒုတိယတွဲ ကို ထုတ်ဝေနိုင်ခဲ့ခြင်းမှာ ဘာသာပြန်ဆိုသူ၏ အပြစ် ပင် ဖြစ်ပေသည်။
ယခု စာအုပ်ကို ဘာသာပြန်ဆိုရာ၌ စကားအထားအသို အစီအစဉ်များ ကို နေသားတကျ ဖြစ်အောင် စီစဉ်ပေးပေသော မြို့မဆရာဟိန်းအား အထူးကျေးဇူးတင်ရှိကြောင်းကို ရေး သား ထုတ်ဖော်လိုက်ရပေသတည်း။
ထင်ပေါ်ရန် ဖြတ်လမ်းလိုဝဲ သော မတ်၁
လွန်ခဲ့သော ဇန်နဝါရီလအတွင်း ချမ်းအေးသော ညတစ်ညတွင် နယူးယောက် ၂ မြို့ရှိ ပင်ဆီဗေးနီးယားဟိုတယ်၃ ၏ ကပွဲ ခန်းမကြီးအတွင်းသို့ ယောက်ျား မိန်းမ ပရိသတ်ပေါင်း နှစ် ထောင့်ငါးရာတို့သည် တိုးဝှေ့ဝင်လျက် ရှိကြ၏ ။ ခုနစ်နာရီက ပင် ထိုင်စရာနေရာအားလုံး လူပြည့်လျက်ရှိ၏ ။ ရှစ်နာရီ အချိန်တိုင်အောင် ပရိသတ်များ မှာ တိုးလျက်ပင်ရှိသေး၏ ။ များ မကြာမီ လသာခန်းတစ်ခုလုံးလည်း ပြည့်ကြပ်သွားတော့ ၏ ။ မတ်တတ်ရပ်နိုင်သော နေရာကလေးကို အလုအယက် နေရာယူလျက် ရှိကြ၏ ။ တစ်နေ့လုံးလုံး ပင်ပန်းကြီးစွာ အလုပ် လုပ်ရာမှ ပြန်လာကြသော ပရိသတ်ရာပေါင်းများ စွာ တို့သည် ထိုနေ့ညက တစ်နာရီခွဲတိတိ စိတ်အားထက်သန်စွာ စောင့် လျက်ရှိကြသည်မှာ ဘာ့ကြောင့် လဲ။
အဝတ်အစား အလှပြိုင်ပွဲကို ကြည့်ချင်လို့လား၊ ခြောက် ရက်မနားဘဲစီးသော စက်ဘီးပြိုင်ပွဲကို ကြည့်ချင်လို့ပဲလား၊ သို့ မဟုတ် နာမည် ကျော် ရုပ်ရှင်မင်းသား ကလတ်ဂေဘယ်၎ ကိုယ်တိုင်ထွက်၍ ပြမည် ကို ကြည့်ချင်လို့ပဲလား။
မဟုတ်ပါ။ ဤပရိသတ်ကို ဤနေရာသို့ သတင်းစာ ကြော်ငြာတစ်ခုက တိုက်တွန်း၍ လွှတ်လိုက်ခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သော နှစ် ရက်လောက်က ထိုလူများ သည် နယူးယော့ဆန်း၅ ခေါ် သတင်းစာတစ်စောင်ထဲတွင် အောက်ပါ ကြော်ငြာတစ်စောင်ကို မျက်နှာပြည့် တွေ့ ကြရလေသည်။
သင်၏ ဝင်ငွေကို တိုးအောင် လုပ်လော့။
စကားပြော ထိရောက်အောင် သင်ကြားလော့။
ခေါင်းဆောင် ဖြစ်အောင် ပြင်ဆင်လော့။
သမားရိုးကျ ကြော်ငြာမျိုးပဲ မဟုတ်လား။ ဟုတ်တယ် လေ။ သို့ ရာတွင် ယုံချင်ယုံ မယုံချင်နေ၊ ကမ္ဘာပေါ်ဝယ် အပါးနပ်ဆုံးသော မြို့တွင် မြို့သားဦးရေ ၂ဝ ရာခိုင်နှုန်းသည် အမ အစကို ခံယူနေရသည့် အရောင်းအဝယ် အလွန်ညံ့ဖျင်း လျက်ရှိသော အခါသမယကြီး၌ လူပေါင်းနှစ် ထောင့်ငါးရာတို့ သည် ထိုကြော်ငြာဖတ်ပြီးသော် အဆိုပါခန်းမကြီးထဲသို့ တိုးလျက်ရှိခြင်းမှာ အမှန် ဖြစ်သည်။
ထို့ပြင်လည်း ထိုကြော်ငြာပါသည့် နယူးယောက် ဆန်းမှာ နယူးယောက် မြို့တွင် ရှေးအဆန်ဆုံး သတင်းတစ် စောင် ဖြစ်၏ ။ သီးသန့်ကြော်ငြာခြင်း မဟုတ်သော်လည်း လာသည့်လူများ သည် အရာရှိကြီးများ ၊ သူဌေးကြီးများ ၊ တစ်နှစ် လျှင် ဒေါ်လာငွေ နှစ် ထောင်မှ ငါးသော င်းအထိ ဝင်ငွေ ရှိသော အလုပ်သမားများ ဖြစ်ကြကုန်သော အထက်တန်း စားတို့သာ များ လေသည်။
ထိုနှစ် ထောင့်ငါးရာသော ယောက်ျား မိန်းမတို့သည် ထိထိရောက်ရောက် စကားပြောခြင်းနှင့် လူများ နှင့် ပေါင်းသင်း ဆက်ဆံရေး ပညာများ ကို သင်ကြားပေးသော ဒေးလ်ကာနက်ဂျီ တည်ထောင်ထားသည့်ကျောင်း၆ မှ ကြီးကြပ်၍ ဖွင့်လှစ်သော စကားပြောကောင်းရန်နှင့် အလုပ်လုပ်ရာ၌ လူများ ကို မိမိအလို သို့ ပါအောင် ဆွဲနိုင်ရန်၇ ခေတ်ရှေ့ပြေး သင်ခန်းစာများ ကို သင်ကြားနာယူရန် လာရောက်ကြခြင်း ဖြစ်လေသည်။
ထို နှစ် ထောင့်ငါးရာသော ယောက်ျားနှင့် မိန်းမတို့သည် ထိုနေရာသို့ အဘယ်ကြောင့် လာရောက်ကြသနည်း။
အရောင်းအဝယ် ညံ့ဖျင်းလာသည့်အခါမှသာ ပညာ သင်ကြားလိုသည့်ဆန္ဒများ ရုတ်တရက် ပေါ်ပေါက်လာသော ကြောင့် လော။
ဤသို့ မဟုတ်တန်ရာ။ ထိုကဲ့သို့ သင်ခန်းစာမျိုးကို လွန်ခဲ့သော နှစ် ဆယ့်လေးနှစ် ကျော်အခါကပင် နယူးယောက် မြို့တော် တွင် ရာသီအလိုက် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အခါ တိုင်းပင် ကြွရောက်ကြသော ပရိသတ်များ မှာ ဒုနှင့် ဒေး ပြည့် ကျပ်လျက်ပင် ရှိ၏ ။ ထို ၂၄ နှစ် အတွင်း ဒေးလ်ကာနက်ဂျီ ကိုယ်တိုင် ပြုပြင်သွန်သင်ပေးလိုက် သော ကုန်သည်ကြီးများ နှင့် ပညာသည်များ ၏ အရေအတွက်မှာ တစ်သော င်းငါးထောင် ကျော်မျှပင်ရှိ၏ ။ နယူးယောက် မြို့ရှိ အလွန်ရှေးဆန်၍ မယုံ တစ်ဝက် ယုံတစ်ဝက် ဖြစ်နေသော ကုမ္ပဏီကြီးများ အလုပ် တိုက်ကြီးများ ပင်လျှင် သူတို့၏ အရာရှိကြီးများ ၊ အလုပ်သမား များ အကျိုးငှာ ဤသင်ခန်းစာ သင်တန်းများ ကို သူတို့၏ တိုက် တာအသီးသီးတွင် ဖွင့်လှစ်စေခဲ့၏ ။
အရွယ်ရောက်ပြီးသူတို့သည် မည် သည့်အရာကို နှစ် နှစ် ကာကာ သင်ကြားချင်ကြပါသလဲ။ ထိုမေးခွန်းသည် အရေး ကြီး သော မေးခွန်းတစ်ခု ဖြစ်သည်။ ထိုမေးခွန်းကို ဖြေသော အနေ ဖြင့် ရှီကာဂို ယူနီဗာစီတီ၁၊ ထို့ပြင် သက်ကြီးပညာသင်ကြားရေး အမေရိကန်အသင်း၂ နှင့် ယူနိုက်တက်ဝိုင်အမ်စီအေ ကျောင်းများ အဖွဲ့၃ တို့သည် စုံစမ်းရေး အဖွဲ့တစ်ခုဖွဲ့ပြီးနောက် အစီရင်ခံစာ တစ်ခုကို ရေး စေရာ ဒေါ်လာငွေပေါင်း နှစ် သော င်းငါးထောင် ကုန်ကျ၍ နှစ် နှစ် ကြာမှ ပြီးစီးလေသည်။
ထိုအစီရင်ခံစာအရဆိုလျှင် အရွယ်ရောက်ပြီးသူတိုင်း၏ အကြီးဆုံးသော စိတ်ပါဝင်စားခြင်းသည် ကျန်းမာရေး ပင် ဖြစ် သည်။ ထို့နောက် ဒုတိယအကြီးဆုံးသော စိတ်ပါဝင်စားခြင်း သည် လူများ နှင့် ပေါင်းသင်းဆက်ဆံရာ၌ ကျွမ်းကျင်သော စွမ်းရည်သတ္တိကို တိုးပွားအောင် ပြုလုပ်ရေး ပင် ဖြစ်သည်။ အရွယ်ရောက်ပြီးသူတို့သည် လူအများ နှင့် သင့်တင့်စွာ ဆက်ဆံ ၍ ထိုလူများ ကို မိမိတို့အလိုသို့ ပါအောင် ဆွဲငင်နိုင်သော သတ္တိ ထူးများ ကိုပေးမည့်  နည်းလမ်းကောင်းများ ကို သင်ကြားလိုကြ ၏ ။ ထိုအရွယ်ရောက်ပြီးသူတို့သည် စင်မြင့်စကားပြောသမား များ ဖြစ်ရန် အလိုမရှိကြ။ ထို့ပြင် ကြီးကြီးကျယ်ကျယ် တခမ်း တနား ရေး သားသင်ကြားလျက်ရှိသော စိတ်ပညာရပ်များ ကို လည်း နားမထောင်ချင်၊ နာယူမှတ်သားလိုသည့်စိတ်လည်း မရှိ ကြ။ သူတို့ အလိုရှိကြသည်ကား အလုပ်လုပ်ရာ၌ လည်းကောင်း၊ ပေါင်းသင်းဆက်ဆံရာ၌ လည်းကောင်း၊ အိမ်တွင်း၌ လည်းကောင်း လျင်လျင်မြန်မြန် လက်တွေ့ အသုံးပြုနိုင်ရန် အကြံကောင်းများ သာ ဖြစ်ကြသည်။
သို့ ရာတွင် ထိုလူများ အားကိုးအားထားပြုနိုင်ရန် ကျမ်း တစ်စောင်တစ်ဖွဲ့ကို ရှာဖွေရာ ထိုကဲ့သို့ သော လိုအပ်ချက် မျိုးကို ဖြည့်စွမ်းပေးနိုင်သော လက်စွဲကျမ်းမျိုး တစ်အုပ်တလေ မျှ ရေး ပြီးသားရှိသည်ကို မတွေ့ ရပေ။
နှစ် ပေါင်း ရာပေါင်း များ စွာ ကစ၍ ဂရိ၎ လက်တင်၅ နှင့် အထက်တန်း ဂဏန်းသင်္ချာတည်းဟူသော ပညာရပ်များ အတွက် ကျမ်းပေါင်း မြောက်မြားစွာ ရေး သားခဲ့ဖူးကြလေပြီ။ သို့ ရာတွင် ထိုကျမ်းစာအုပ်များ ကို ယေဘုယျအားဖြင့် အရွယ် ရောက်ပြီးသူတို့သည် နှမ်းတစ်စေ့လောက်မျှ ဂရုမစိုက်ကြချေ။ မှီခိုအားထားရာအတွက် ထိုသူတို့ ငမ်းငမ်းတက် လိုချင်ကြသော စာအုပ်တစ်အုပ်ကိုမူကား ရှာ၍ မတွေ့ နိုင်အောင်ပင် ရှားပါး လေသည်။
ထိုအချက်ကိုသိလျှင် အဆိုပါ ခန်းမကြီးသည် အဘယ် ကြောင့် ယောက်ျား မိန်းမပေါင်း နှစ် ထောင့်ငါးရာတို့ဖြင့် ပြည့် နှက်နေသည်ကို အထူးတွေးတောစရာ မလိုတော့ပေ။ ထိုသူတို့ နှစ် ရှည်လများ ရှာဖွေလျက်ရှိသော အရာကို ထိုည ထိုအချိန်တွင် ထိုခန်းမကြီး၌ တွေ့ ရတော့မည် ဖြစ်သော ကြောင့် တည်း။
ထိုသူတို့သည် ကျောင်းများ တွင် စာသင်ကြစဉ်က စာတတ်မှသာလျှင် စီးပွားရှာ၍ ရနိုင်မည် ဟု ထင်သော ကြောင့် စာအုပ်များ ကို အတော် ပင် လေ့လာခဲ့ကြ၏ ။
သို့ရာတွင် ကျောင်းကထွက်ပြီးနောက် နင်လားငါလား ကြဲရသော ဤလောကကြီးထဲ၌ အလုအယက် စီးပွားရှာဖွေ ကြရသော အခါမှ ကျောင်း၌ နေစဉ်ကအမှန်ဟု ယုံကြည်ခဲ့ သမျှတို့သည် အမှား ဖြစ်ကြောင်း တွေ့ ရ၏ ။ ထို့ပြင် စီးပွား လမ်း အလွန်အမင်း ဖြောင့်လျက်ရှိကြသော သူအချို့သည် 'စာတတ်' ရုံသာမက စကားပြောကောင်းခြင်း၊ တစ်ဖက် သားကို ကိုယ့်ဘက်ပါအောင် ဆွဲနိုင်ခြင်း၊ မိမိတို့ကိုယ်နှင့် အကြံဥာဏ်များ ကို အဖိုးတန်အောင်လုပ်နိုင်ခြင်းတည်းဟူ သော သတ္တိထူးများ နှင့် လည်း ပြည့်စုံကြောင်းကို တွေ့ မြင်ကြ ရလေသည်။
ထိုမှတစ်ပါး အလုပ်ကြီးတစ်ခုကို ပေါက်မြောက် အောင် လုပ်ကိုင်တော့မည် ဟု ဆိုလာလျှင် လက်တင်ဘာသာ တတ်မြောက်ခြင်း။ သို့ မဟုတ် ဟာဗတ် ယူနီဗာစီတီ၆ မှ ဘွဲ့ထူးများ ကို ရခြင်းတို့ထက် လူရည်သန့်ခြင်း၊ စကားပြော ကောင်းခြင်းက ပိုမို၍ ခရီးရောက်ကြောင်းကိုလည်း သိရှိ ကြလေသည်။
နယူးယောက် ဆန်း သတင်းစာတွင် ပါသော ကြော်ငြာ ကို ဖတ်ရခြင်းအားဖြင့် ကပွဲခန်းမကြီးထဲ၌ စိတ်အာရုံကို ဆွဲငင်စေနိုင်သော တစ်စုံတစ်ခုကို တွေ့ ရတော့မည် ဟု လူတို့ သည် ယုံကြည်ကြ၏ ။ သူတို့ ယုံကြည်သည့်အတိုင်းလည်း တွေ့ ရ၏ ။
ဒေးလ်ကာနက်ဂျီ၏ သင်ခန်းစာတို့ကို သင်ကြားခဲ့ ဖူးသူ ၁၈ ဦးကို အသံချဲ့စက်ရှေ့တွင် စီတန်း၍ နေစေ၏ ။ ထို ၁၈ ဦးအနက် ၁၅ ဦးကို တစ်ဦးလျှင် ၇၅ စက္ကန့်မျှ မိမိ၏ အတ္ထုပ္ပတ္တိအကျဉ်းချုပ်ကို ပြောစေ၏ ။ ၇၅ စက္ကန့်စေ့ သည်နှင့် တစ်ပြိုင်နက် နာယကလုပ်သူသည် မောင်းကိုထု၍ 'အချိန် ကျပြီ၊ နောက် တစ်ယောက် ' ဟု ခေါ်လေသည်။
စကားပြောမည့် သူများ ထဲတွင် ပေါင်မုန့်ဖုတ်သမား၊ ရှေ့နေ၊ စာရင်းကိုင်၊ အသက်အာမခံကုမ္ပဏီကိုယ်စားလှယ်၊ ဘဏ်သူဌေး၊ အရက်ရောင်းသမားမှ စ၍ လူအစားစား ပါဝင် လေသည်။
ပထမစကားပြောသူမှာ ပက်ထရစ် ဂျေအိုဟဲယား၁ ဖြစ်သည်။ သူသည် အိုင်ယန်လန်တွင် မွေး၍ ကျောင်းတွင် လေးနှစ် မျှ စာသင်ဖူး၏ ။ ထို့နောက် အမေရိကန်သို့ ကူးလာပြီး လျှင် ရှေးဦးစွာ စက်ပြင်ဆရာ၊ နောက်မကြာမီ မော်တော် ကား မောင်းသမားအ ဖြစ်ဖြင့် အသက်မွေး၏ ။
အသက် ၄ဝ တွင် သူ့၌ သားသမီးများ လည်း များ လာသဖြင့် ရှေးကထက် ငွေကိုပို၍ လိုလာ၏ ။ ထို့ကြောင့် သူ သည် ကုန်တင်မော်တော် ကားများ ကိုရောင်းရန် ကြိုးစားလေ သည်။ စိတ်ဝယ်ရွံ့ကြောက်လျက်ရှိသော ကြောင့် ဝယ်မည့် သူ၏ အလုပ်ခန်းရှေ့တွင် လေး ငါး ခြောက်ခေါက်လောက် ခေါက် တုံ့ခေါက်ပြန်လျှောက်၍ စိတ်ကိုအတော် တင်းပြီးမှ ထိုသူ၏ အခန်းတွင်းသို့ ဝင်ရဲလေသည်။ ထို့ကြောင့် စိတ်အပျက်ကြီး ပျက်လျက် ထိုကဲ့သို့ အရောင်းအဝယ်အလုပ်ကို စွန့်ပြီးသော် ရှေးက လုပ်ခဲ့ဖူးသော စက်ဆရာအလုပ်ကိုပင် ပြန်၍ လုပ်ပါ တော့မည် ဟု စိတ်ကူးလျက်ရှိစဉ် ဒေးလ်ကာနက်ဂျီ၏ ထိ ရောက်သော စကားပြောနည်းသင်ခန်းစာများ ကို တက်ရောက် သင်ကြားရန် ဖိတ်ကြားစာတစ်စောင် ရရှိလေသည်။
စာရစက သူသည် ထိုသင်ခန်းစာများ ကို သွားရောက် သင်ကြားလိုသည့်ဆန္ဒ မရှိချေ။ အဘယ်ကြောင့် ဆိုသော် ထို ကျောင်းတွင် ကောလိပ်ကျောင်းထွက်များ နှင့် အတူတူရော၍ သင်ကြားရလျှင် သူသည် အပိုသက်သက် ဖြစ်နေမည် စိုးသော ကြောင့် ပင် ဖြစ်၏ ။
သို့ ရာတွင် သူ၏ မိန်းမက 'ပက်'၂ ရယ် သွားသာ သွားပါ၊ ဘာပဲ ဖြစ် ဖြစ် နည်းနည်း တော့ အကူအညီရမှာ ပဲ'
ဟု အတင်းတိုက်တွန်း၍ လွှတ်သော ကြောင့် ပက်ထရစ် သည် ထိုကျောင်းသို့ သွားလေသည်။ ရောက်လျှင် ငါးမိနစ် လောက် ရဲဆေးတင်ပြီးမှ ကျောင်းခန်းထဲသို့ ဝင်ရဲလေသည်။
စကားပြောသင်စ၌ လန့်၍ နေ၏ ။ ရက်အတော် ညောင်း သွားသော အခါ စကားပြောရန်ကိုပင် ဝါသနာပါလေတော့၏ ။ ထို့နောက် ပရိသတ်များ လေ ကြိုက်လေလေ ဖြစ်၏ ။ ယခုအခါ မှာ ဆိုလျှင် သူသည် နယူးယောက် မြို့၏ ပထမတန်းဈေးရောင်း ကောင်းသူတစ်ဦး ဖြစ်လျက်နေ၏ ။ ပရိသတ် နှစ် ထောင့်ငါးရာ ရှေ့တွင် စကားပြောရသော ထိုနေ့ညက တဝုန်းဝုန်းတဝါးဝါး နှင့် ပရိသတ်များ အလွန်ပွဲကျလျက်ရှိ၏ ။ ကြေးစား စကား ပြောကောင်းသူများ ပင် သူ့ကို မီရန် ခဲယဉ်း၏ ။
ဒုတိယ စကားပြောသူမှာ ဂေါ့ဖရေး မိုင်းယား၃ ဖြစ်၏ ။ သူသည် ကလေး ၁၁ ယောက် အဖေ ဘဏ်သူဌေးတစ်ဦး ဖြစ်၏ ။ စကားပြောသင်ရန် အတန်းထဲတွင် ထ၍ ပြောစဉ်က စကားတစ်လုံးမျှ မထွက်ဘဲ အ ၍ ကြက်သေ သေလျက်ရှိ၏ ။ သူ၏ အတ္ထုပ္ပတ္တိကို နားထောင်ရခြင်းဖြင့် စကားပြောကောင်း သူတစ်ဦးသည် မည် သည့်နည်းနှင့် ခေါင်းဆောင် ဖြစ်လာနိုင် ကြောင်းကို သိရ၏ ။ သူသည် နယူးဂျာစီပြည်နည် ကလစ် ဖတန်၎ မြို့တွင် အနှစ် ၂ဝ နေခဲ့ရာ မြို့ရေး မြို့ကိစ္စ ဟူသရွေ့ တွင် မည် သည့်အထဲမှ မပါခဲ့ဖူးချေ။ ၂၅ နှစ် အတွင်း ထိုအရပ် တွင် သူနှင့် သိကျွမ်းသော သူပေါင်းမှာ ငါးရာလောက်သာရှိ ပေမည် ။
ကာနက်ဂျီကျောင်းတွင် သင်ကြားပြီးနောက် များ မကြာ မီ မြူနီစီပယ်၅ ခွန်ပေးရန် နို့တစ်စာရ၏ ။ အခွန်ငွေမှာ အလွန် အမင်း တိုးလျက်ရှိရကား သူသည် ဒေါသထွက်လျက်ရှိ၏ ။ ရှေးအခါကဆိုလျှင် သူသည် ပုဆိုးခြုံထဲက လက်သီးပြရုံ လောက်နှင့် ကျေနပ်မည် ဖြစ်သော်လည်း ယခုမှာ မူကား မြူနီ စီပယ်ကို ကန့်ကွက်သော အစည်းအဝေးသို့ ကိုယ်တိုင်တက် ပြီးလျှင် အပြင်းအထန် 'ပွက်' လေ၏ ။ အပွက်ကောင်းသဖြင့် တစ်ညတည်းနှင့် သူ၏ နာမည် မှာ ကျော်ကြားသွားရကား မြို့သူမြို့သား တို့သည် မြူနီစီပယ် ရွေေးကာက်ပွဲတွင် ဝင်၍ အရွေးခံရန် သူကို ဝိုင်း၍ တိုက်တွန်းကြ၏ ။ ရွေးကောက်ပွဲပြီး သော အခါ ယှဉ်ပြိုင် အရွေးခံသူ ၉၆ ဦးအနက် သူပင် ပထမ ဆွဲလေသည်။
တတိယစကားပြောသူသည် စားစရာသောက်စရာများ ကို ပြုလုပ်ရောင်းချသူများ အသင်းကြီး၏ ဥက္ကဌ ဖြစ်လေသည်။ ရှေးအခါများ က ညွှန်ကြားသူလူကြီးများ ၏ အဖွဲ့အစည်း၁ တွင် စကားပြောရမည် ကိုပင် လန့်နေ၏ ။ စကားပြောသည့် အတတ် ကို သင်ကြားပြီးနောက် များ မကြာမီပင် သူ့အသင်း၏ ဥက္ကဋ္ဌ ဖြစ်လာပြီးသော် အမေရိကန်ပြည်ထောင်စုအတွင်း တရားလည် ၍ ဟောရ၏ ။ သူ၏ ဟောပြောချက်တို့မှ ကောက်နုတ်ချက် များ ကို သတင်းစာများ ကုန်စည်မဂ္ဂဇင်းများ ထဲတွင် မကြာခဏ တွေ့ ကြရ၏ ။ ရှေးအခါက ဒေါ်လာနှစ် သိန်းကျော်မျှ အကုန်ခံ၍ ကြော်ငြာခဲ့သော်လည်း ယခုကဲ့သို့ သူကိုယ်တိုင် လှည့်လည် ဟောပြောသလောက် သူ၏ ကုမ္ပဏီသည် ကျော်ကြားခြင်း မရှိ ခဲ့ဖူးပါလေ။
စကားပြောကောင်းခြင်းသည် ထင်ပေါ်ရန် ဖြတ်လမ်း ပင် ဖြစ်၏ ။ စကားပြောကောင်းသူတစ်ဦးသည် သာမည လူထု အပေါ်သို့ ထိုးထွက်၍ လာနိုင်လေသည်။ ထိုမျှမကသေး။ စကားပြောကောင်းသူတစ်ဦးသည် မိမိတွင် ရှိသော ကိုယ်ပိုင် ဥာဏ်ထက် ပို၍ အထင်ကြီးခြင်း ခံရတတ်၏ ။
ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် အရွယ်ရောက် ပြီးသူများ ၏ ပညာရေး အတွက် များ စွာ လုံးပန်းလျက် ရှိကြလေ သည်။ ဤကဲ့သို့ လုံးပန်းနေသည့် လူစုများ ထဲတွင် ဒေးလ် ကာနက်ဂျီ၏ နာမည် သည် အထင်ရှားဆုံးပင် ဖြစ်၏ ။ သူ၏ အတ္ထုပ္ပတ္တိကို ဖတ်ရခြင်းအားဖြင့် လူတစ်ဦးသည် ပင်ကိုယ် ဥာဏ် တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာ အပြင်းအထန် စွဲလမ်းလျှင် ထိုသူသည် မည် မျှပင် စွမ်းဆောင်နိုင်မည် ကို ကောင်းစွာ သိရှိရမည် ဖြစ်၏ ။
မစ်ဇူရီ၂ ပြည်နယ်ရှိ မီးရထားဘူတာရုံတစ်ခုနှင့် ဆယ် မိုင်ကွာသော တောရွာကလေးတစ်ရွာတွင် ဒေးလ်ကာနက်ဂျီကို မွေးသည်။ သူသည် ၁၂ နှစ် သားအရွယ်တိုင်အောင် မော်တော် ကားကို မမြင်ဖူးချေ။ သို့ ရာတွင် ယခု အသက် ၄၆ နှစ် တွင် တစ်ကမ္ဘာလုံး၏ အကြောင်းများ အနက် သူ မသိသည့်အရာဟူ ၍ မရှိသလောက်ပင်။
ရှေးအခါက ဆီးသီးကောက်၍ တစ်နာရီလျှင် ငါးဆင့်၃ မျှသာ ရခဲ့ဖူးသော တောသားကလေး ကာနက်ဂျီသည် အလုပ် တိုက်ကြီးများ ရှိ အရာရှိကြီးများ အား ထိရောက်စွာ ပြောဆိုနိုင် ရန် သင်ပေးရခြင်းအားဖြင့် ယခုအခါ တစ်မိနစ်လျှင် ဒေါ်လာ ရွှေဒင်္ဂါးတစ်ပြားရ၏ ။
ရှေးအခါဝယ် ပရိသတ်အလယ်တွင် စကားထပြောရန် လေ့ကျင့်စဉ်က ၆ ကြိမ်လောက် မရှုမလှ ပျက်ခဲ့ဖူးသော ထိုသူမှာ များ မကြာမီ ကျွန်ုပ်၏ ပုဂ္ဂလိကမန်နေဂျာ ဖြစ်လာ၏ ။ ကျွန်ုပ်၏ ထမြောက်အောင်မြင်ချက်တို့သည် စင်စစ်အားဖြင့် ကျွန်ုပ်ကိုယ်တိုင် ဒေးလ်ကာနက်ဂျီ၏ အသွန်အသင်ခံခဲ့ရဖူး သော ကြောင့် ပင် ဖြစ်၏ ။
ဇာတိချက်ကြွေ မွေးရာမြေတွင် စီးပွားပျက်သဖြင့် ရှိ သမျှပစ္စည်းကလေးကို ရသမျှနှင့် ရောင်းပြီးလျှင် ကာနက်ဂျီ၏ မိဘများ သည် ဝါရင်စဘတ်၎ မြို့ရှိ နိုင်ငံတော် ဆရာ ဖြစ်သင် ကောလိပ်ကျောင်း၅ အနီးတွင် လယ်မြေကလေး တစ်ကွက် ဝယ်၍ နေထိုင်ကြ၏ ။ မြို့တွင် သွား၍ နေလျှင် တစ်နေ့ ဒေါ်လာ တစ်ပြားမျှ ကုန်ကျမည် ကို မတတ်နိုင်သော ကြောင့် သုံးမိုင်မျှ ဝေးကွာသော ကောလိပ်ကျောင်းသို့ နေအိမ်မှ မြင်းစီး၍ တက်ရ လေသည်။ ကျောင်းအားချိန်တွင် ကာနက်ဂျီသည် အိမ်၌ နွားနို့ ညှစ်ရ။ ထင်းဖြတ်ရ၏ ။ ဝက်စာကျွေးရ၏ ။ ညအချိန်တွင် မျက်စိများ ပြာ၍ ငိုက်မျဉ်းလာသည့်တိုင်အောင် သင်ခန်းစာများ ကို မှန်အိမ် မလင်းတလင်းကလေးနှင့် ကြည့်ရလေသည်။
ညဉ့်နက်သန်းခေါင်မှ အိပ်ရာဝင်သော်လည်း နံနက် သုံးနာရီတွင် နှိုးစက်သံကို နာခံ၍ ထရ၏ ။ သူ၏ အဖေသည် ဝက်များ ကို ဖောက်၍ ရောင်းသဖြင့် ဝက်ကလေးများ အအေး မိ၍ သေမည် ကို ကြောက်ရ၏ ။ ထို့ကြောင့် ပင် ဝက်ကလေး များ ကို တောင်းထဲတွင် ထည့်၍ မီးဖိုအနီးတွင် သိပ်ရ၏ ။ နံနက် ၃ နာရီ အိပ်ရာမှနိုးသော အခါ ဝက်ကလးများ ကို မိခင်ဝက် ကြီးများ ရှိရာသို့ ယူ၍ နို့တိုက်ပြီးမှ မီးဖိုအနီးတွင် ရှေးကကဲ့သို့ ပြန်ထားရ၏ ။
ဒေးလ်ကာနက်ဂျီနေသော ကောလိပ်ကျောင်းတွင် ကျောင်းသားပေါင်း ၆ဝဝ ကျော်မျှရှိရာ မြို့ထဲတွင် မနေနိုင် သော မျက်နှာငယ်ကျောင်းသား ၆ ဦးထဲတွင် ကာနက်ဂျီလည်း တစ်ဦး ပါဝင်လေသည်။
ကောလိပ်ကျောင်းသို့ နေ့တိုင်း မြင်းစီးတက်ရသည်ကို သူသည် ရှက်၏ ။ အိမ်တွင် နေ့တိုင်း နွားနို့ညှစ်ရသည်ကို ရှက်၏ ။ ဆင်းရဲလွန်းသဖြင့် အလွန်ကျပ်သော အင်္ကျီနှင့် တို လှသော ဘောင်းဘီတိုကိုလည်း ဝတ်ဆင်နေရသည်ကိုလည်း ရှက်၏ ။ ထိုကြောင့် အားငယ်သော စိတ်ဓာတ်များ (ဝါ)လူကို ကြောက်သော စိတ်ဓာတ်များ တစ်နေ့တခြား တိုးပွား၍ လာရာ သူသည် ထင်ပေါ်ကျော်ကြားသော ဘဝသို့ ရောက်ရန် လမ်းတို့ ကို စူးစမ်းရှာဖွေလျက်ရှိ၏ ။ ကျောင်းတွင် ပေါ်လွင်ထင်ရှား၍ ခေတ်စားသော ကျောင်းသားတစ်စုကို သတိထားမိ၏ ။ ထိုသူ တို့ကား ဘေ့စ်ဘော၁ နှင့် ဘောလုံးကစားကောင်းသူများ နှင့် စကားရည်လုပွဲ စကားပြောပွဲများ ၌ အနိုင်ရသူများ ဖြစ်ကြ၏ ။
ကစားခုန်စားဘက်တွင် ဝါသနာမပါသည့်အတွက် စကားပြောပွဲတွင် ချွန်ရန် အထူးကြိုးစားပါသော်လည်း တစ် ကြိမ်ပြီးတစ်ကြိမ် ရှုံး၍ သာ နေလေသည်။ ထိုအခါက သူသည် အသက် ၁၈ နှစ် မျှသာ ရှိသေး၏ ။ စိတ်ပျက်လွန်းအားကြီး သော ကြောင့် သတ်သေရန်ကိုပင် စိတ်ကူးခဲ့ဖူး၏ ။ ထို့နောက် များ မကြာမီ စကားပြောပွဲများ တွင် တစ်စတစ်စ နိုင်စပြုလာ၏ ။ အခြားကျောင်းသားများ ကလည်း စကားပြောသင်ပေးရန် ကာ နက်ဂျီကို တောင်းပန်တိုးလျှိုးသဖြင့် သင်ကြားပေးရာ ထိုသူ များ ပင် စကားပြောပြိုင်ပွဲများ ၌ အနိုင်ရကြလေသည်။
ကောလိပ်ကျောင်းမှထွက်သော အခါ စာတိုက်မှတစ်ဆင့် စာရေး ၍ သင်ကြားပေးရသော စကားပြောသင်ခန်းစာများ ကို ရောင်းစားရန် ကြိုးစား၏ ။ သို့ ရာတွင် ထိုအကြံမှာ အထမြောက် ခြင်း မရှိပေ။ စိတ်အပျက်ကြီးပျက်၍ မိမိတည်းခိုနေသော ဟိုတယ်တွင် ရှိုက်ကြီးတငင် ငိုမိလေသည်။ ထိုနေရာမှတစ်ဖန် အိုးမဟား၂ ပြည်နယ်သို့ သွားရန် အကြံပြု၏ ။ သို့ ရာတွင် သွား ရန် ခရီးစရိတ်မျှပင် မရှိသော ကြောင့် ကုန်တင်ရထားတွဲ တစ်တွဲ တွင် စီး၍ မီးရထားခအစား မြင်းရိုင်းနှစ် ကောင်ကို အစာ ကျွေး၍ လိုက်သွားရလေသည်။ အိုးမဟားသို့ ရောက်သော အခါ ဝက်ပေါင်ခြောက်၊ ဆပ်ပြာ၊ ဝက်ဆီတို့ကို ရောင်းသော အလုပ် တစ်ခုကို ရလေသည်။ နှစ် နှစ် အတွင်း ထိုအလုပ်သည် အလွန် တွင် ကျယ်လာသော ကြောင့် ကုမ္ပဏီက သူ့ကို အလုပ်တိုးပေး ရန် စီစဉ်၏ ။ သို့ ရာတွင် သူသည် အလုပ်မှထွက်ပြီးနောက် ပြဇာတ်အဖွဲ့တစ်ခုတွင် ဇာတ်လိုက်လုပ်၍ တိုင်းပြည်ကို လှည့် လည်ကပြလေသည်။ ထိုသို့ ကပြရင်း သူ့တွင် ဇာတ်လိုက်ကြီး တစ်ဦး ဖြစ်ရန် အရည်အချင်း မရှိမှန်း သိလာ၍ ဈေးရောင်း သော အလုပ်ကိုပင် ပြန်၍ လုပ်ရ၏ ။
ဤအကြိမ်တွင် ပက္ကတ်မော်တော် ကားကုမ္ပဏီ၃ အတွက် ကုန်တင်ကားများ ကို ရောင်းပေးရ၏ ။ စက်အကြောင်းကို နား မလည်၊ ဝါသနာလည်းမပါသော ကြောင့် အလုပ်ဆင်းရန်ပင် စိတ်မပါ့တပါ ဖြစ်ခဲ့လေသည်။ ကောလိပ်ကျောင်းတွင် နေ့ခဲ့စဉ် က ရေး သားမည် ဟုစိတ်ကူးခဲ့ဖူးသော စာအုပ်များ ကို ရေး သား လိုသော ဆန္ဒများ သည် တစ်နေ့တခြားပြင်းပြလာသဖြင့် ထို အလုပ်မှ ထွက်လိုက်ပြန်၏ ။ စာအုပ်များ ဝတ္ထုများ ရေး နိုင်ရန် အတွက် ညကျောင်းတွင် ဝင်၍ အလုပ်လုပ်ရန်စိတ်ကူး၏ ။ သို့ ရာ တွင် ညကျောင်းတွင် မည် သည့်ဘာသာကိုသင်ရမည် ကို မတွေး တတ်အောင် ဖြစ်နေလေသည်။ ကောလိပ်ကျောင်းတွင် နေစဉ် က လုပ်ခဲ့သော အလုပ်များ အနက် စကားပြောကောင်း ဖြစ်ရန် လေ့ကျင့်ထားခြင်းသည် အခြားသော သင်ခန်းများ အားလုံးထက် ပို၍ သူ့ကို နှလုံးရည်နှင့် တကွ လူများ နှင့် ဆက်သွယ်နိုင်သည့် စွမ်းရည်သတ္တိထူးတို့ကို ပေးခဲ့သည် ဖြစ်ရကား စာသင်ပေးရလျှင် စကားပြောသင် ဘာသာကိုသာ သင်ကြားပြသပေးလိုသော စိတ်ရှိ၏ ။ ထိုကြောင့် နယူးယောက် မြို့ရှိ ဝိုင်အမ်စီအေကျောင်း အဖွဲ့သို့ အရောင်းအဝယ်သမားတို့စကားပြောနည်းများ ကို သင် ကြားပြသခွင့်ပေးရန် ပြော၏ ။ ဤသို့ သင်ကြားပြသသည့် အတွက် တစ်ညလျှင် ဒေါ်လာ ၂ ပြားကျပေးရန် တောင်း၏ ။ ဆိုင်ရာတို့က တောင်းသည့်အတိုင်းပေးရန် သဘောမတူသော အခါ ကော်မရှင်နှုန်းဖြင့် ပေးရန် တောင်းပြန်၏ ။ သုံးနှစ် အတွင်း ကော်မရှင်နှုန်းအရ တစ်ညလျှင် ဒေါ်လာအပြား ၃ဝ မျှ ရလာ လေသည်။
များ မကြာမီ သူ့သင်ခန်းစာများ ၏ ဂုဏ်သတင်းသည် တစ်စတစ်စ ပျံ့နှံ့လာရာ နယူးယော့တစ်မြို့တည်းသာမက ဖီလဒဲဖီးယား၎၊ ဗာလတီမိုး၅၊ လန်ဒန်၆ နှင့် ပဲရစ်၇ မြို့များ သို့ ပင် သွားရောက်၍ သင်ကြားပြသခဲ့ရလေသည်။ သူ့ထံသို့ လာရောက်သင်ကြားကြသော ကုန်သည်ကြီးငယ်တို့ အသုံးပြု သည့် လက်စွဲစာအုပ်များ သည် နေ့စဉ် အလုပ်လုပ်ရာ၌ သုံး၍ မ ဖြစ်ချေ။ ထို့ကြောင့် ကုန်ရောင်းကုန်ဝယ်လုပ်ရာ၌ တစ်ဖက် သားကို ကိုယ့်ဘက်သို့ ပါအောင်ဆွဲနည်းများ ပါဝင်သည့် ကျမ်း တစ်ကျမ်း၁ ကို ရေး သားရာ ထိုကျမ်းစာအုပ်သည် ယခုအခါ အမေရိကန်ကုန်သည်ကြီးငယ် အသင်းတိုင်း၏ လက်စွဲကျမ်း ဖြစ်လျက်ရှိ၏ ။
ယခုအခါ နယူးယောက် မြို့ရှိ စကားပြောနည်းကို သင် ကြားပေးနေသော ကောလိပ်ကျောင်း ၂၂ ကျောင်းတွင် စာ သင်နေသော ကျောင်းသားဦးရေထက် ကာနက်ဂျီတစ်ဦးတည်း ထံတွင် သင်ကြားနေသော ကျောင်းသားဦးရေက များ မည် ဖြစ်၏ ။
မည် သူမဆို ဒေါသထွက်လာလျှင် စကားပြောကောင်း ဖြစ်နိုင်သည်ဟု ဒေးလ် ကာနက်ဂျီက အတိအကျ ဆို၏ ။ လူ့အန္ဓတစ်ဦး၏ မေးရိုးကို ခပ်ပြင်းပြင်းတစ်ချက်လောက် ထိုး လှဲလိုက်လျှင် ထိုသူသည် ပြန်ထလာပြီးလျှင် စကားပြော အကောင်းဆုံး လူ တစ်ယောက် လောက်ကောင်းအောင် ဒေါပါပါ နှင့် စကားပြောနိုင်မည် ဟု ကာနက်ဂျီက ဆို၏ ။ ဗလောင် ဆူဝေ၍ နေသော ကိစ္စတစ်ခု မိမိရင်တွင်း၌ ရှိ၍ မိမိကိုယ်ကို မိမိ စိတ်ချလျှင် မည် သူမဆို ပရိသတ်အလယ်တွင် နားထောင် ကောင်းလောက်အောင် စကားပြောလာနိုင်လိမ့်မည် ဟု ကာနက် ဂျီပင် ဆိုသေး၏ ။
မိမိကိုယ်ကို မိမိစိတ်ချသည့် စိတ်ဓာတ်များ ရင့်သန် အောင်ပြုလုပ်ရန် အကောင်းဆုံးသော နည်းလမ်းသည် မိမိ ကိုယ်တိုင်လုပ်ရန် ကြောက်သော ကိစ္စတို့ကို လုပ်ပြီးလျှင် အောင် မြင်သည့်အခါတိုင်း ထိုအောင်မြင်ချက်တို့ကို ကောင်းစွာ မှတ်သားထားခြင်းပင် ဖြစ်သည်ဟု ကာနက်ဂျီက ဆိုပြန်၏ ။ ထို့ကြောင့် ကာနက်ဂျီသည် သူ၏ တပည့်များ ကို အတန်းတက် တိုင်း စကားပြောစေ၏ ။ ဤသို့ ပြောဖန်များ သဖြင့် အပြော လေ့ကျင့်သူတို့တွင် မိမိကိုယ်ကိုမိမိ စိတ်ချယုံကြည်ခြင်း၊ သတ္တိ ရှိခြင်း၊ စိတ်အားထက်သန်ခြင်းတည်းဟူသော စိတ်ဓာတ်များ တစ်နေ့တခြား ရင့်သန်လာကြမည် ကား မလွဲတည်း။
လူများ အား စကားပြောသင်ပေးခြင်း အလုပ်တစ်ခု တည်းဖြင့်သာ အသက်မွေးဝမ်းကျောင်းမရှာ။ ထိုလုပ်ငန်းသည် ခရီးသွားဟန်လွှဲခြင်းမျှသာ ဖြစ်၍ ကျွန်ုပ်တို့၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအစစ်မှာ လူများ အား သူတို့၏ ကြောက် စိတ်များ ကို နှိမ်နင်းပြီးလျှင် သတ္တိများ ကို မွေးမြူနိုင်ရန် သင်ကြားပြသပေးခြင်းသာလျှင် ဖြစ်သည်'ဟု ဒေးလ်ကာနက် ဂျီက ထုတ်ဖော်ပြောဆိုဖူး၏ ။
ရှေးဦးပထမ စကားပြောသင်တန်းများ ကိုသာ ဖွင့်လှစ် ရန် သူသည် ကြံစည်ခဲ့၏ ။ သို့ ရာတွင် သူ့ထံသို့ ပညာဆည်းပူး ရန် လာကြသော သူများ မှာ ကုန်ရောင်းကုန်ဝယ်သမားများ သာ ဖြစ်ကြ၍ ကျောင်းမှ ထွက်လာခဲ့သည်မှာ အနည်းဆုံး အနှစ် ၃ဝ ကျော်စီ ရှိပြီး ဖြစ်ကြလေပြီ။ ထိုတပည့်များ သည် ယနေ့ သင်သော သင်ခန်းများ ကို မနက်ဖြန် အသုံးချနိုင်ရန် အလိုရှိ ကြ၏ ။ ထို့ကြောင့် ဒေးလ်ကာနက်ဂျီသည် လက်တွေ့ အသုံးချ နိုင်သော နည်းများ ကို လျင်မြန်စွာ ထွင်ရလေသည်။ သူ၏ နည်း များ မှာ စကားပြောနည်း၊ ဈေးရောင်းနည်း၊ ပေါင်းသင်းဆက်ဆံ နည်းနှင့် အသုံးချစိတ်ပညာရပ်များ ကို အားလုံးစုပေါင်းပြီးလျှင် သင်ခန်းစာတစ်ခု ဖြစ်အောင် ထွင်ထားသော ကြောင့် အခြား သူများ ၏ သင်ခန်းစာများ နှင့် စိုးစဉ်းမျှ မတူချေ။
သူ့ထံတွင် သင်ခန်းစာများ ကို ကုန်အောင်သင်ပြီးသော အခါ တပည့်များ သည် မိမိတို့ဘာသာအသင်းများ ထူထောင်၍ တစ်လလျှင် နှစ် ကြိမ်ကျ နှစ် ပေါင်းအတော် ကြာစွာ တွေ့ ဆုံ ဆွေးနွေးကြလေသည်။
လူတစ်ဦး၌ ကိုယ်ပိုင်သတ္တိများ အပုံတစ်ရာရှိလျှင် ထို သူသည် ဆယ်ပုံကိုသာလျှင် အသုံးချသည်ဟု ဟားဗတ် ယူနီဗာစီတီမှ ပရော်ဖ်ဆာ ဝီလျံဂျိမ်း၂ က ဆိုထားလေသည်။ ဒေးလ်ကာနက်ဂျီသည် ကုန်ရောင်းကုန်ဝယ်သမားတို့အား သူတို ရှိပြီး ကိုယ်ပိုင်သတ္တိများ ကို ရှိရှိသရွေ့ အသုံးချနိုင်ရန် ကြိုး စားပေးခြင်းဖြင့် အရွယ်ရောက်ပြီးသော သူများ ၏ ပညာပြန့် ပွားရေး ကိစ္စတွင် အရေး ပါအရာရောက်ဆုံးသော ကိစ္စကြီးတစ် ရပ်ကို ဆောင်ရွက်လိုက်ပေသည်ဟု ဆိုရမည် ဖြစ်၏ ။
ဤစာအုပ်ကို ဘယ်လိုရေး သည်ဘာ့ကြောင့် ရေး သည်
လွန်ခဲ့သော ၃၅ နှစ် အတွင်းက အမေရိကန်ပြည်ရှိ ပုံနှိပ်တိုက် များ သည် စာအုပ်အမျိုးကွဲပေါင်း နှစ် သိန်းကျော် ပုံနှိပ်ထုတ်ဝေ ခဲ့၏ ။ ထိုများ စွာ သော စာအုပ်တို့မှာ လွှင့်ပစ်ချင်စဖွယ် ငြီးငွေ့စရာ ကောင်း၏ ။ ဤစာအုပ်များ အတွက် ပုံနှိပ်ထုတ်ဝေသူများ သည် ပုံနှိပ်ခ ရှုံးလေသည်။ 'များ စွာ သော စာအုပ်များ ' ဟု ကျွန်ုပ် ပြောသည် မဟုတ်လား။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ပုံနှိပ် တိုက်တစ်တိုက်၏ ဥက္ကဌတစ်ဦးက '၇၅ နှစ် အတွင်း ကျွန်ုပ် ၏ ပုံနှိပ်တိုက်သည် စာအုပ် ရှစ်အုပ် ပုံနှိပ်တိုင်း ခုနစ်အုပ်မှာ အရှုံးပေါ်သည်' ဟု ကျွန်ုပ်အား ဝန်ခံဖူး၏ ။
ဒီလိုဆိုလျှင် ကျွန်ုပ်သည် အဘယ့်ကြောင့် မဆင်ခြင် မစဉ်းစားဘဲ အရဲစွန့်ကာ စာအုပ်တစ်အုပ်ကို နောက်ထပ်ရေး ချင် ရသနည်း။
ကျွန်ုပ် ရေး ပြီးသည့်တိုင်အောင် စာအုပ်တွေ ဒီလောက် များ နေတဲ့အထဲမှာ ဒီစာအုပ်ကို သင်သည် အဘယ့်ကြောင့် စိတ်ရှုပ်ခံကာ ဖတ်ရမည် နည်း။
နှစ် ခုစလုံး မေးသင့်သော မေးခွန်းများ ပေ။ ထိုမေး သင့်သော မေးခွန်းတို့ကို ကျွန်ုပ် ကြိုးစား၍ ဖြေကြားပါအံ့။
ဤစာအုပ်ကို ဘယ်လိုရေး သည်၊ ဘာကြောင့် ရေး သည် ကို ဖြေရှင်းရာ၌ လိုဝဲသော မက် ရေး သားပြီးခဲ့သော 'ထင်ပေါ် ရန် ဖြတ်လမ်း' စာတမ်းတွင် ပါဝင်သည့် အချက်အချို့ကို ချုံး၍ ထပ်မံရေး သားရဦးမည် ဖြစ်၏ ။
၁၉၁၂ ခုနှစ် က အစပြုသည့် ကျွန်ုပ်သည် ကုန်သည်များ နှင့် ပညာသည်များ အတွက် ပညာရေး လမ်းစဉ်ကို နယူးယောက် မြို့တွင် ကြီးကြပ်ခဲ့လေသည်။ လက်ဦးတွင် ကျွန်ုပ်သည် လူတောစကားပြောနည်း သင်ခန်းစာများ ကိုသာ ပို့ချလျက် ရှိသည်။ ထိုသင်ခန်းစာများ ဖြင့် အရွယ်ရောက်ပြီးသူတို့အား လူအများ ရှေ့မှော က်တွင် သော်လည်းကောင်း၊ အလုပ်အကိုင်နှင့် စပ်လျဉ်း၍ သော်လည်းကောင်း စကားပြောရာ၌ မိမိတို့၏ အကြံ ဥာဏ်များ ကို ရှင်းရှင်းလင်းလင်း ထိထိရောက်ရောက် ဟန်ပန် လေသံနှင့် ပြောဆိုပြသနိုင်အောင် သင်ကြားပြသပေးရန် ကျွန်ုပ် ရည်ရွယ်ချက် ရှိလေသည်။
သို့ရာတွင် ထိုအရွယ်ရောက်ပြီးသူများ သည် ထိရောက် သော စကားပြောအတတ်ကို တတ်မြောက်ရန် လိုသည်နှင့် အမျှ အလုပ်အကိုင်နှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ ပေါင်းသင်း ဆက်ဆံရေး ၌ သော်လည်းကောင်း လူအများ နှင့် သင့်တင့်စွာ စခန်းသွားနိုင်မည့်  သင်ခန်းစာများ ကိုလည်း ပို၍ လိုအပ်ကြောင်း နှစ် များ စွာ လွန်လာသော အခါ ကျွန်ုပ်သည် တဖြည်းဖြည်း သိလာပါသည်။
ကျွန်ုပ်ကိုယ်တိုင်ပင် ဤသင်ခန်းစာများ ကို လေ့လာရန် လိုသေးကြောင်းကို တစ်စတစ်စ သိလာ၏ ။ ကုန်ခဲ့ပြီးသော နှစ် များ ကို ပြန်လည်ကြည့်လိုက်သော အခါ အခါပေါင်းများ စွာ ကျွန်ုပ်ကိုယ်တိုင် ပါးနပ်မှု သိနားလည်မှု ချို့တဲ့ခဲ့သည်ကို ပြန်၍ မြင်မိ၏ ။ သို့ မြင်မိတိုင်း ကျွန်ုပ်၏ စိတ်သည် များ စွာ တုန်လှုပ် ချောက်ချားလေသည်။ အနှစ် ၂ဝ လောက်က ဤလိုစာအုပ်မျိုး တစ်အုပ် ကျွန်ုပ်၏ လက်တွင်းသို့ ရောက်ပါစေတော့ဟု များ စွာ တောင့်တမိ၏ ။ အကယ်လို့များ ရောက်လာခဲ့လျှင် ဘယ် လောက် အဖိုးတန်လိုက်မလဲ။
လူအများ နှင့် ပေါင်းသင်းဆက်ဆံရေး သည် သင့် အတွက် အရေး အကြီးဆုံးသော ပြဿနာ ဖြစ်ကောင်း ဖြစ်ပေ မည် ။ အထူးသဖြင့် သင်သည် ကုန်သည် ဖြစ်ခဲ့လျှင် ထိုစကား သည် မှန်ကန်ပေသည်။ ဟုတ်တယ်လေ။ အကယ်၍ သင် သည် အိမ်ရှင်မ(သို့ မဟုတ်) ဗိသုကာ(သို့ မဟုတ်) စက်ဆရာ ဖြစ်လျှင်လည်း ထိုစကားဟာ မှန်ဦးမှာ ပဲ။ ဆရာ့တက်လမ်း ကာနက်ဂျီ အခြေခံအဖွဲ့က ကြီးကြပ်၍ နှစ် အနည်းငယ်ခန့်က စုံစမ်းဖူးရာ အလွန်အရေး ပါအရာရောက်သည့် အချက်တစ်ချက် ကို တွေ့ ရ၏ ။ ထိုအချက်မှန်ကြောင်းကိုလည်း 'ကာနက်ဂျီ လုပ်ငန်း အတတ်သိပ္ပံအဖွဲ့'၁ က ထပ်မံရှာဖွေရရှိသော အချက် များ က ထောက်ခံပြန်လေသည်။ စက်ဆရာလုပ်ငန်းမျိုး၌ ပင်လျှင် စက်ဆရာအတတ်ကို ကျွမ်းကျင်ခြင်းတစ်ခုတည်းနှင့် သူဌေး ဖြစ်သူများ မှာ ၁၅ ရာခိုင်နှုန်းသာ ဖြစ်၍ ကျန် ၈၅ ရာခိုင်နှုန်းမှာ လူရည်သန့်ခြင်း၊ လူထုကို ဆွဲဆောင်နိုင်ခြင်းတည်းဟူသော ပေါင်းသင်းဆက်ဆံရေး ၌ ကျွမ်းကျင်သော ကြောင့် ဖြစ်လေ သည်။
ဖီလဒယ်လဖီးယားနှင့် နယူးယောက် မြို့များ တွင် ကျွန်ုပ် သည် နှစ် ပေါင်းများ စွာ စက်ဆရာများ နှင့် လျှပ်စစ်ဘက်ဆိုင် ရာ စက်ဆရာများ ကို သင်ကြားပြသပေးဖူး၏ ။ စက်ဆရာ ပေါင်း ၁၅ဝဝ ထက်မနည်း ကျွန်ုပ်လက်ထဲမှ ထွက်သွားဖူး၏ ။ ထိုသူများ သည် ကျွန်ုပ်ထံသို့ ပညာသင် လာရောက်ကြခြင်းမှာ အခြားကြောင့် မဟုတ်။ နှစ် ပေါင်းများ စွာ တွေ့ ကြုံမှတ်သား ကြပြီးနောက် စက်ဆရာလုပ်ငန်းဘက်တွင် ငွေဝင်အဖြောင့်ဆုံး လူသည် များ သော အားဖြင့် စက်ဆရာအတတ်ကို အတတ်ဆုံး ဖြစ်သော ကြောင့် မဟုတ်ကြောင်းကို သိလာကြသော ကြောင့် ပင် ဖြစ်လေသည်။ သာဓကဆောင်ကြစို့။ လူတစ်ဦးသည် အရည်အချင်းရှိသော စက်ဆရာ၊ သို့ မဟုတ် စာရင်းကိုင်၊ သို့ မဟုတ် ဗိသုကာ၊ သို့မဟုတ် မည် သည့်ပညာသည် တစ်ဦး ဦးကိုမဆို တနင်္ဂနွေ တစ်ပတ်လျှင် ဒေါ်လာ ဒင်္ဂါး ၂၅ ပြားမှ အပြား ၅ဝ အထိပေး၍ ငှားနိုင်လေသည်။ ဤကဲ့သို့ သော ပညာသည်များ သည် အပြည့်အနှက် ရှိလေသည်။ သို့ ရာတွင် သက်ဆိုင်ရာ အတတ်အပြင် မိမိတို့၏ အကြံဥာဏ်တို့ကို တိတိ ကျကျ ထုတ်ဖော် ပြောပြနိုင်သည့် သတ္တိ၊ ခေါင်းဆောင်နိုင် သည့် အရည်အသွေး၊ တစ်ဖက်သားကို စိတ်ပါလာအောင် ဆွပေးနိုင်သော စွမ်းရည်တို့သည် ထိုပညာသည်၌ ပြည့်စုံ လုံလောက်ပါမူကား ထိုသူသည် ဝင်ငွေ မို့မောက်ဖို့ လမ်းဖြူး နေလေသည်။
ဂျွန်ဒီရော့ဖဲလား၂သူဌေးကြီးသည် မိမိလုပ်ငန်း အတက် ဆုံးအချိန်တွင်
'လူအများ နှင့် ပေါင်းသင်းဆက်ဆံနိုင်သည့် စွမ်းရည် သတ္တိသည် သကြားတို့ ကော်ဖီတို့လို ပိုက်ဆံပေးပြီး ဝယ်ရင် ရနိုင်တဲ့ ကုန်တစ်မျိုးပဲ၊ ကျုပ်တော့ ဒီစွမ်းရည်သတ္တိကို ကမ္ဘာ ပေါ်မှာ အခြားပစ္စည်းများ ထက် ပိုက်ဆံပိုပေးပြီးဝယ်မှာ ပဲ' ဟု မက်သယူးစီဘရပ်၃ အား ပြောပြဖူး၏ ။
ကမ္ဘာပေါ်တွင် ဤမျှ အဖိုးတန်ဆုံးသော စွမ်းရည်သတ္တိ ကို တိုးပွားအောင်လုပ်ရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာ သင်ခန်းစာများ ကို တိုင်းပြည်အတွင်းရှိ ကောလိပ်ကျောင်းတိုင်း တွင် သင်ကြားပြသပေးလိမ့်မည် ဟူ၍ သင်တို့မထင်မိဘူးလား။ ထိုကောလိပ်ကျောင်းမျိုး တစ်ကျောင်းတလေလောက် ရှိ ကောင်းရှိပေမည် ။ သို့ သော် ကျွန်တော် သည် ထိုကျောင်းကို ယခုထက်တိုင် မတွေ့ ရသေးပါ။
ရှိကာဂို ယူနီဗာစတီနှင့် ယူနိုက်တက် ဝိုင်အမ်စီအေ ကျောင်းများ အဖွဲ့က ကြီးကြပ်၍ အရွယ်ရောက်ပြီးသူများ ဘာကို သင်ကြားလိုကြသည်ကို စုံစမ်းခဲ့ဖူး၏ ။
ဤကဲ့သို့ စုံစမ်းခစရိတ်ငွေ ဒေါ်လာပေါင်း ၂၅ဝဝဝ ကုန်ကျ၍ နှစ် နှစ် ကြာလေသည်။ ထိုအဖွဲ့၏ နောက်ဆုံး စုံစမ်း သော မြို့မှာ ကနက်တိကပ်၎ ပြည်နယ်၊ မရိဒင်၅ မြို့ ဖြစ်သည်။ ထိုမြို့သည် အမေရိကန်စစ်စစ် မြို့ကလေးတစ်မြို့ ဖြစ်၏ ။ ထိုမြို့ရှိ အရွယ်ရောက်ပြီးသူတိုင်းအား 'သင်ဘာလုပ်သလဲ၊ ဘယ်နှတန်းအထိ သင်ဖူးသလဲ၊ အားလပ်ချိန်မှာ ဘာလုပ်သလဲ၊ ဝင်ငွေ ဘယ်လောက်လဲ၊ ဘယ်ဟာတွေ ကို အပျင်းပြေလိုက် စားသလဲ၊ သင်အလိုရှိသော ရည်မှန်းချက်ဟာ ဘာလဲ၊ သင် တွေ့ ကြုံရတဲ့ ပြဿနာများ ဟာ ဘာလဲ၊ ဘယ်ပညာရပ်ကို သင်ကြားရန် စိတ်အဝင်စားဆုံးလဲ' စသော မေးခွန်းပေါင်း ၁၅၆ မျိုးကို မေးလေသည်။ ထိုအဖွဲ့၏ စုံစမ်းချက်အရဆိုလျှင် ကျန်းမာမှု သည် အရွယ်ရောက်ပြီးသူတို့၏ အရေး ကြီးဆုံးသော အချက် ဖြစ်ကြောင်းကို တွေ့ ရလေသည်။ သူတို့၏ ဒုတိယ စိတ်အဝင်စားဆုံးသော အချက်သည် 'လူမှု 'ပင် ဖြစ်လေသည်။ လူ့အကြောင်းကို နားလည်အောင် ဘယ်လိုလုပ်မလဲ။ လူအများ နှင့် သင့်မြတ်အောင် မည် ကဲ့သို့ ဆက်ဆံမလဲ။ လူကြိုက်အောင် ဘယ်လိုလုပ်မလဲ။ လူတွေ ကို ကိုယ့်ဘက်ပါအောင် ဘယ်လို ဆွဲမလဲ စသော 'လူမှု ' 'လူ့ကိစ္စ'များ ပင် ဖြစ်လေသည်။
ထိုအချက်များ ကို စုံစမ်းရရှိပြီးနောက် ထိုသူတို့ လိုလား ချက်များ ကို သင်ကြားရန်အတွက် ရေး ပြီးသား လက်စွဲကျမ်း တစ်အုပ်ကို စုံစမ်းရေး အဖွဲ့က အပတ်တကုတ် ရှာဖွေပြန်သည်။ သို့ သော် တစ်အုပ်ကိုမျှ မတွေ့ ရပေ။ နောက်ဆုံး၌ စုံစမ်းရေး အဖွဲ့သည် သက်ကြီးပညာရေး တွင် ကမ္ဘာပေါ်၌ ထိပ်တန်း အကျဆုံးသော ပါရဂူကြီးတစ်ဦးထံ အထက်ပါ အရေး နှင့် စပ်လျဉ်း၍ မည် သည့်စာအုပ်ကို ဖတ်ရမည် နည်းဟု စုံစမ်း ပြန်ရာ အရွယ်ရောက်ပြီးသူတိုင်း ဘာကိုလိုသည်ဆိုတာကို ကျွန်ုပ်ပြောပြနိုင်သည်။ သို့ ရာတွင် ထိုသူများ ဖတ်ရန် ကျမ်း စာအုပ်မှာ ယခုထက်တိုင် တစ်အုပ်မျှ မပေါ်ဖူးသေးချေဟု ပြန်ပြောလိုက်လေသည်။
ထိုပြောပြချက် မှန်ကန်ကြောင်းကို ကျွန်ုပ်ကိုယ်တွေ့  အားဖြင့် သိရှိပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူများ နှင့် ပေါင်းသင်းဆက်ဆံရေး အတွက် စည်းကမ်းတကျ အသုံးချရ လောက်အောင် ရေး သားထားသော စာအုပ်တစ်အုပ်ကို ကျွန်ုပ် ကိုယ်တိုင် စုံစမ်းရှာဖွေနေသည်မှာ နှစ် ပေါင်း အတော် ကြာ ညောင်းလေပြီ။ သို့ သော် တစ်အုပ်တလေမျှ မတွေ့ ရသေးချေ။
ထိုကျမ်းမျိုးတစ်ကျမ်းမျှ မရှိသဖြင့် ကျွန်ုပ်၏ သင်တန်း တွင် အသုံးပြုရန် စာအုပ်တစ်အုပ်ကို ကျွန်ုပ်ကိုယ်တိုင် ရေး သား ရန် ကြိုးစားရလေသည်။ ယခုအခါ ထိုစာအုပ်မှာ ပြီးစီးပြီ ဖြစ်ရာ သင်တို့ ကြိုက်နှစ်သက် လိမ့်မည် ဟု မျှော်လင့်၏ ။
ဤစာအုပ်ကို ရေး ရန်အတွက် ဒေါ်ရသီဒစ်၁ အရေး အသားများ ၊ လင်မယားကွာလိုမှု စီရင်ချက်များ နှင့် မိဘ မဂ္ဂဇင်း၂ တို့မှ အစပြု၍ ပရော်ဖက်ဆာ အိုဗာစထရီ၃၊ အယ် ဖရက် အက်ဒလား၎ နှင့် ဝီလျံဂျိမ်းတို့ ရေး သားချက်များ အထိ ဖတ်ခဲ့ရလေသည်။ ထိုမျှနှင့် မပြီးသေး။ စာအရှာ ကျွမ်းကျင်သူ သုတေသီပုဂ္ဂိုလ် တစ်ယောက် ကို ငှားရမ်းလျက် ကျွန်ုပ်ကိုယ် တိုင် မဖတ်ဖူးသေးသော စာအရပ်ရပ်၊ နက်နဲသော စိတ်ပညာ ကျမ်းများ ၊ ရာပေါင်းများ စွာ သော မဂ္ဂဇင်းဆောင်းပါးများ ၊ မရေမတွက်နိုင်သော အတ္ထုပတ္တိများ ထဲတွင် ရှေးပဝေသဏီ ကစ၍ ယခုခေတ်အတွင်း ထင်ရှားကျော်ဇောခဲ့သော သူများ သည် လူတို့နှင့် မည် ကဲ့သို့ ဆက်ဆံပေါင်းသင်းကြသည်ကို သိရှိရန် အရပ်ရပ်ရှိ စာကြည့်တိုက်များ သို့ သွားရောက်၍ တစ်နှစ် ခွဲလုံးလုံး စုံစမ်းရှာဖွေ မှတ်သားစေ၏ ။ ဂျူလီယက် ဆီဇာ၅ မှ အစပြု၍ သော မတ်အက်ဒီဆင်၆ အထိ ထင်ရှား ကျော်ကြားသော ခေါင်းဆောင်ကြီးတို့၏ အတ္ထုပ္ပတ္တိပေါင်း မြောက်မြားစွာ ကို ဖတ်ပြီးလေပြီ။ သီအိုဒိုရုစဗဲ့၇ တစ်ယောက် တည်း၏ အတ္ထုပ္ပတ္တိအမျိုးပေါင်း တစ်ရာကျော်ကို ဖတ်ပြီးခဲ့ ကြောင်းကို ကျွန်ုပ် မှတ်မိ၏ ။ ခေတ်အမျိုးမျိုးတို့တွင် လူအမျိုး မျိုးတို့သည် မိတ်ဆွေပေါများ ရန်နှင့် လူများ ကို မိမိဘက်သို့ ပါအောင် မည် သည့်နည်းများ သုံးခဲ့သည်ကို စုံစုံလင်လင် သိရှိရန်အတွက် အချိန်နှင့် ငွေ မည် မျှပင် ကုန်စေကာမူ အကုန်ခံ မည် ဟူ၍ သန္နိဌာန်ချပြီး ဖြစ်လေသည်။
ဤကိစ္စနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ကိုယ်တိုင် မာကိုနီ၈၊ ဖရန့်ကလင်ရုစဗဲ့၉၊ အိုဝင်ဒီယန်း၁ဝ၊ ကလတ်ဂေဗယ်၊ မေရီပစ် ဖို့၁၁၊ မာတင်ဂျွန်ဆင်၁၂ အစရှိသော ကမ္ဘာကျော် ပုဂ္ဂိုလ်ထူးများ နှင့် သွားရောက်တွေ့ ဆုံ၍ လူများ နှင့် ပေါင်းသင်းဆက်ဆံရာ၌ ထိုသူများ အသုံးပြုသော 'တစ်ခုကောင်း' များ ကို စုံစမ်းခဲ့ဖူး၏ ။
ဤကဲ့သို့ စုံစမ်းရှာဖွေ စုဆောင်းခဲ့သော အဆီအနှစ် များ မှ ခပ်တိုတိုပြော၍ ပြီးနိုင်မည့်  ဟောစာတစ်ပုဒ်ကို ဖြစ် အောင် ရေး ပြီးလျှင် 'မိတ်ဆွေပေါ၍ လူများ အပေါ် သြဇာ ညောင်းအောင်လုပ်နည်း' (ဝါ) 'မိတ္တဗလဋီကာ' ဟု အမည် ပေးလေသည်။ ခပ်တိုတိုဆိုသော စကားကို ကျွန်ုပ်သုံးခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ရေး စက ခပ်တိုတို ဖြစ်ခဲ့သော်လည်း ယခုအခါမူကား တစ်နာရီခွဲလောက်ပြောရသော ဟောစာ တစ်ပုဒ်အ ဖြစ်သို့ အနည်းငယ်ရှည်၍ သွားလေပြီ ဖြစ်သော ကြောင့် တည်း။ နယူးယောက် မြို့ရှိ ကာနက်ဂျီကျောင်း သင်တန်းများ တွင် ထိုဟောစာများ ကို နှစ် စဉ်ပင် နှစ် ပေါင်း များ စွာ ကျွန်ုပ် ဟောပြောခဲ့၏ ။
ထိုဟောစာများ ကို ဟောပြောပြီးနောက် ကျွန်ုပ်သည် ကျွန်ုပ်၏ လက်စွဲတပည့်များ အား သူတို့၏ ပေါင်းသင်းဆက်ဆံ ရာတွင် အသုံးပြုသည့်နည်းများ နှင့် တွေ့ ကြုံရသည့် အ ဖြစ် အပျက်များ ကို ကျောင်းတွင် ပြန်ရောက်ပြောဆိုရန် အမြဲ တိုက်တွန်း လွှတ်လိုက်၏ ။
ဤစာအုပ်ကို အခြားစာအုပ်များ 'ရေး နည်းကား' ကဲ့ သို့ ရေး သည်မဟုတ်။ ကလေးသည် တစ်စတစ်စ ကြီးပြင်းလာ သလို ထိုစာအုပ်သည်လည်း တစ်နှစ် ထက်တစ်နှစ် ကျယ်ဝန်း လာရလေသည်။ ကျွန်ုပ်ထံတွင် လာရောက်သင်ကြားသော တပည့်ထောင်သော င်း၏ အတွေ့ အကြုံများ မှ ထိုစာအုပ်သည် ကြီးပွားလာခဲ့လေသည်။
နှစ် ပေါင်းများ စွာ က ပို့စကတ်စာရွက်ထက် မကြီးလှ သော စက္ကူကတ်ပြားကလေးပေါ်တွင် စည်းမျဉ်းတစ်ပုံကို ပုံနှိပ်၍ သင်ခန်းစာများ ကို စတင်သင်ကြားခဲ့လေသည်။ နောက် တစ်နှစ် သို့ ရောက်သော အခါ စည်းမျဉ်းများ ကို ထို့ထက်ကြီး သော စက္ကူကတ်ပြားပေါ်တွင် ပုံနှိပ်ရလေသည်။ နောက်တစ် နှစ် တွင် စာရွက်မှ စာအုပ်ငယ် စသည်ဖြင့် တစ်နှစ် ထက် တစ်နှစ် ချဲ့ထွင်ရလေသည်။ ၁၅ နှစ် လောက် စမ်းသပ်ရှာဖွေ စုဆောင်းပြီးနောက် ယခုအခါတွင် ကျမ်းတစ်စောင် ဖြစ် မြောက်အောင်မြင် လာလေသည်။
ကျမ်းတွင် ပါဝင်သော နည်းများ မှာ တွေ့ ကရာ စဉ်းစား ပြီးရေး ထားသော စိတ်ကူးများ မဟုတ်။ ထင်ကြေးများ မဟုတ်။ ယင်းတို့ကို သုံးကြည့်လျှင် မျက်လှည့်ကဲ့သို့ ထူးဆန်းအံ့သြ ဖွယ်ရာ ကောင်းသည်ကို တွေ့ ရမည် ဖြစ်၏ ။ ပြောလျှင် ယုံနိုင် စရာမရှိ။ သို့ သော် ဤစာအုပ်တွင် ပါသော နည်းများ ကို အသုံး ပြုခြင်းဖြင့် လူများ တို့၏ အခြေအနေမှာ ပြောင်းပြန်လှန်ပစ် လိုက်ဘိသို့ ဖြစ်သွားသည်ကို ကျွန်ုပ်ကိုယ်တိုင် တွေ့ ရဖူး၏ ။
သက်သေပြအံ့။ လုပ်သား ၃၁၄ ယောက် ရှိသော အလုပ်တိုက်ကြီးတစ်တိုက်၏ ပိုင်ရှင်တစ်ဦးသည် မနှစ် က ကျွန်ုပ်ထံတွင် နည်းနာယူရန် လာရောက်ခဲ့၏ ။ သူ၏ လုပ်သား များ ကို မဆုတ်မနစ် ဆူပူကြိမ်းမောင်း ဆဲရေး ခဲ့၏ ။ သနားခြင်း၊ ချီးမွမ်းခြင်း၊ အားပေးခြင်းကို နားမလည်ခဲ့ပေ။ သူ၏ နှုတ်မှ တစ်ကြိမ်တစ်ခါမျှ မထွက်စဖူးပေ။ ဤစာအုပ်တွင် ဆွေးနွေး ထားသော အခြေခံနည်းများ ကို လေ့လာပြီးနောက် ထိုသူသည် ရှေ့ကထားခဲ့သော သူ၏ စိတ်ထားကို ပြင်လုပ်လိုက်သလို တစ်ခါတည်း ပြောင်းလိုက်၏ ။ ယခုအခါမူကား သူ့အလုပ်ရုံ တစ်ခုလုံးတွင် စိတ်အားတက်ကြွခြင်း၊ ရိုသေလေးစားခြင်း၊ စုရုံးညီညွတ်ခြင်းတည်းဟူသော စိတ်ဓာတ်အသစ်များ ပျံ့နှံ့ လျက်ရှိလေသည်။ ရှေးက ရန်သူသဖွယ် ဖြစ်ခဲ့ဖူးသော အလုပ် သမား ၃၁၄ ဦးသည် ယခုအခါ မိတ်ဆွေအစစ် ၃၁၄ ဦး ဖြစ်လျက်ရှိလေသည်။
'ရှေးက ကျွန်ုပ်၏ အလုပ်ရုံထဲကို လျှောက်သွားလျှင် ကျွန်ုပ်အား တစ်ဦး တစ်ယောက် ကမျှ နှုတ်ဆက်ခြင်းမပြု၊ အလုပ်သမားများ သည် ကျွန်ုပ် လျှောက်လာသည်ကိုမြင်သည် နှင့် တစ်ပြိုင်နက် တစ်ဖက်သို့ မျက်နှာလှည့်နေကြလေသည်။ ယခုမူကား အားလုံးသော အလုပ်သမားများ သည် ကျွန်ုပ်၏ မိတ်ဆွေ ဖြစ်ကုန်ကြလေပြီ။ ကျွန်ုပ်၏ တံခါးစောင့်ကပင်လျှင် ကျွန်ုပ်၏ ငယ်နာမည် ကိုခေါ်ပြီး နှုတ်ဆက်၏ 'ဟု ထိုအလုပ်ရှင် သည် အတန်းထဲရှိ အခြားတပည့်များ ရှေ့တွင် အားပါးတရ ပြောဖူးလေသည်။
ယခုအခါ ထိုသူသည် အမြတ်အစွန်း ပို၍ ရခြင်း၊ အား လပ်ချိန် ပို၍ ရခြင်း စသော အကျိုးထူးများ သာမက အလုပ်ခွင် နှင့် နေအိမ်၌ ပင် စိတ်ရွှင်လန်းချမ်းမြေ့ခြင်းကိုလည်း ခံစားရ လေသည်။
မရေတွက်နိုင်သော အရောင်းသမားတို့သည်လည်း ဤနည်းများ ကို အသုံးပြုခြင်းဖြင့် ဝင်ငွေ သိသိသာသာ တိုးကြ လေ ပြီ။ ရှေးအခါက ချော့မရဘူးသော ဝယ်သူများ ထံမှလည်း အမှာ စာများ ရရှိကြလေပြီ။ ညွှန်ကြားသူ လူကြီးများ လည်း လခ နှင့် အာဏာများ တိုး၍ ရကြလေပြီ။ ညွှန်ကြားသူလူကြီး တစ်ဦးသည် ဤနည်းများ ကို အသုံးချမိသည့်အတွက် တစ်နှစ် လျှင် ဒေါ်လာငွေ ငါးထောင်စာမျှ လစာ တိုးတက်ရရှိသည်ဟု မနှစ် က အကြောင်းကြားဖူး၏ ။ ဖီလဒယ်လဖီးယား ဓာတ်ငွေ့ ကုမ္ပဏီ၁ တစ်ခုတွင် အလုပ်လုပ်နေသူ ညွှန်ကြားသူလူကြီး တစ်ဦးအား လက်အောက်အလုပ်သမားများ ကို လိမ္မာရေး ခြားစွာ မထိန်းသိမ်းနိုင်မှု အပြင် သူ၏ ရန်လိုမှု တို့ကြောင့် ရာထူးလျှော့ ပစ်ရန် စီစဉ်ပြီးသား ဖြစ်သည်။ သို့ ရာတွင် ထိုညွှန်ကြားသူ လူကြီးသည် ထိုစာအုပ်တွင် ပါသည့်နည်းများ ကို အသုံးပြု သဖြင့် အသက် ၆၅ နှစ် အရွယ်တွင် အလုပ်လျှော့ခံရမည့် ဘေး မှ လွတ်ကင်းရုံသာမက ရာထူးနှင့် လခလည်း တိုး၍ ရခဲ့ဖူး လေသည်။
သင်တန်းများ ပြီးဆုံးပြီးနောက် ကျွေးမွေးသော ညစာ စားပွဲများ သို့ တက်ရောက်ကြသည့် အိမ်ရှင်မတို့က သူတို့၏ ခင်ပွန်းများ သည် ဤနည်းလမ်းများ ကို သင်ကြားပြီးကြမှ သူတို့ ၏ အိမ်များ သည် ရှေးကထက်ပို၍ စိုပြည်ကာ စိတ်ချမ်းသာကြရ သည်ဟု ကျွန်ုပ်အား ဖွင့်ဟပြောဆိုကြသည်။
ဤနည်းများ ကို သုံးသော သူများ သည် သုံးပြီး၍ အကျိုး ရှိမှန်းကို မျက်မှော က်တွေ့ ရှိသော အခါ များ စွာ အံ့အားသင့် လျက်ရှိကြ၏ ။ မျက်လှည့်ပြသကဲ့သို့ အံ့သြဖွယ်ရာကောင်း လျက်ရှိ၏ ။ အချို့မှာ ကျောင်းဖွင့်အောင် စောင့်ရသည်မှာ ကြာလွန်းသဖြင့် တနင်္ဂနွေနေ့၌ ပင် ကျွန်ုပ်ထံသို့ စကားပြော ကြေးနန်းဆက်၍ သူတို့၏ ထမြောက်အောင်မြင်မှု ကို ပြော ကြားကြ၏ ။
လူ တစ်ယောက် သည် မနှစ် က ဤနည်းများ ကို သင် ကြားပြီးသည်နှင့် တစ်ပြိုင်နက် အလွန်အမင်း စိတ်ထက်သန် လျက် ရှိရကား အတန်းထဲရှိ အခြားသူများ နှင့် လင်းအားကြီး ၃ နာရီလောက်အထိ ထိုင်၍ ဆွေးနွေးဖူး၏ ။ အခြားသူများ အိမ်ပြန်ကြသော်လည်း ထိုသူသည် မအိပ်နိုင်။ သူ ရှေးကမှားခဲ့ သော ယူဆချက်များ ကိုလည်းကောင်း၊ ရှေ့အဖို့၌ ဤနည်းများ ကို သုံးရသဖြင့် ထမြောက်အောင်မြင်တော့မည့်  အချက်များ ကို လည်းကောင်း ဆင်ခြင်တွေးတောနေသည့်အတွက် နောက်တစ် နေ့နှင့် တစ်ညဆက်ပြီး မအိပ်နိုင်တော့ချေ။
ထိုလူ မည် သူလဲ။ တွေ့ ကရာ ပေါက်ကရ နည်းလမ်း တွေ ကို လျှောက်၍ လေ့လာနေသည့် လူရိုးလူအတစ်ဦးလား။ မဟုတ်ပါ။ နိုင်ငံခြား ယူနီဗာစတီ နှစ် ခုမှ ဘွဲ့ရ၍ စကားသုံး မျိုးကို ချက်ချက်ခြာခြာ ပြောပြီးလျှင် လက်မှု ပစ္စည်းများ ကို မပျင်းမရိ ဇွဲကောင်းကောင်းနှင့် လျှောက်ရောင်းနေသူ တကယ့် မြို့သားတစ်ဦးပင် ဖြစ်လေသည်။
ဤအခန်းကိုရေး နေစဉ် ဂျာမန်တစ်ဦးထံမှ စာတစ်စောင် ရရှိလေသည်။ ထိုသူ၏ မျိုးရိုးမှာ ရှေးဂျာမန်မင်းများ လက် ထက်မှစ၍ စစ်မှု ထမ်းခဲ့ကြသော စစ်ဘက်ဆိုင်ရာ အရာရှိ၊ အရာခံများ ဖြစ်ကြသည်။ သူ့စာကို ပင်လယ်ကူး သင်္ဘောပေါ် မှနေ၍ ထည့်လိုက်ရာ ကျွန်ုပ်၏ နည်းများ ကို အသုံးပြု၍ အောင် မြင်ကြောင်းတို့ကို ရေး ထားသည်မှာ ဘာသာရေး ကိုင်းရှိုင်းသည် တမျှ အင်မတန် စိတ်အားတက်ကြွဖွယ်ရာ ကောင်းတော့၏ ။
အခြားလူတစ်ဦးအကြောင်းကို ပြောဆိုဦးအံ့။ ထိုလူ သည် ကော်ဇောစက်ရုံပိုင် နယူးယောက် မြို့သား ဟားဗတ် ယူနီဗာစီတီဘွဲ့ရ သူဌေးကြီးတစ်ဦး ဖြစ်၍ မြို့မျက်နှာဖုံး နာမည် အတော် ကြီးသူ ဖြစ်လေသည်။ ထိုသူက 'ကောလိပ် ကျောင်းတွင် လေးနှစ် သင်ခဲ့ရသည်ထက် ဤစာအုပ်ပါ နည်း များ ကို တနင်္ဂနွေ ၁၄ ပတ်မျှ သင်ကြားလိုက်ရခြင်းက ပို၍ အကျိုးရှိသေးသည်' ဟု ထုတ်ဖော်ပြောဖူး၏ ။ မယုံဘူးလား။ ရယ်စရာကောင်းသလား။ ယုံတမ်းစကားပြောတယ်လို့ ထင် သလား။ ကောင်းပြီ။ ဤစကားကို ယုံဖို့မယုံဖို့ဆိုတာ ကတော့ သင့်သဘောပဲ။ ကျွန်ုပ်ကမူ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် ကြာသပတေးနေ့ညက နယူးယောက် မြို့ရှိ ယေး ကလပ်၁ တွင် ဟားဗတ်ယူနီဗာစီတီ ဘွဲ့ရပြီးသော အကျော် တစော ထင်ရှားသူတစ်ဦး၏ ပြောသော စကားများ ကို အပို မပါဘဲ ဖောက်သည်ချပါမည် ။
'ကျွန်ုပ်တို့ ဖြစ်သင့်တာနှင့် ယခု ဖြစ်နေကြတာကို နှိုင်းစာကြည့်လျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ဖြစ်သင့်တာထက် ထက်ဝက်လောက်သာ ပြည့်စုံသေး၏ ။ ကျွန်ုပ်တို့၌ ရှိသော ကိုယ်နှင့် စိတ်ပါ သက်ဆိုင်သည့်တန်ခိုးများ ကို ကျွန်ုပ်တို့သည် အနည်းငယ်မျှသာ သုံးစွဲလျက်ရှိ၏ ။ ဘွင်းဘွင်းကြီး ဖွင့်ပြော ရလျှင် လူတစ်ဦးတွင် မိမိသုံးစွဲနေသည့် သတ္တိထက်ပိုသော သတ္တိထူးများ ရှိသေး၏ ။ ထိုသူ၌ သူကိုယ်တိုင် မသုံးဖူးသေး သော တန်ခိုးသတ္တိများ စွာ တို့သည် ကျန်ရှိနေသေး၏ ' စသည် ဖြင့် ဟားဗတ်တက္ကသိုလ်ပရော်ဖက်ဆာ ဝီလျံဂျိမ်းက ထုတ် ဖော် ပြောပြဖူး၏ ။
ဤစာအုပ်၏ ရည်ရွယ်ချက်မှာ သင့်အား သင်မသုံးဘူး သေးသော သတ္တိထူးများ ကို တွေ့ အောင်ရှာစေခြင်း၊ တွေ့ လျှင် ယင်းတို့ကို တိုးချဲ့စေခြင်း၊ တိုးချဲ့ပြီးနောက် အကျိုးရှိအောင် အသုံးချစေခြင်းဖြင့် ကိစ္စအဝဝကို အပြည့်အစုံ ဆောင်ရွက်စေ ရန်ပင် ဖြစ်လေသည်။
ပရင်းစတန် ယူနီဗာစီတီ၂ ၏ ဥက္ကဌဟောင်းတစ်ဦး ဖြစ်သူ ဒေါက်တာ ဂျွန်ဟစ်ဗင်၃ က ပညာဆိုသည်မှာ လူ့တစ် သက်တွင် တွေ့ ကြုံရသော အ ဖြစ်အပျက်အမျိုးမျိုးတို့ကို နိုင် နင်းစွာ ထိန်းသိမ်းစီမံအုပ်ချုပ်နိုင်သော စွမ်းရည်သတ္တိပင် ဖြစ် သည်' ဟု ထုတ်ဖော်ပြောခဲ့ဖူး၏ ။
အကယ်၍ ဤစာအုပ်၏ ပထမ အခန်း ၃ ခန်းကို ဖတ်ပြီးသည့်အချိန်၌ သင် တွေ့ ကြုံရသော အ ဖြစ်အပျက် တို့ကို နိုင်နင်းစွာ ထိန်းသိမ်းစီမံအုပ်ချုပ်နိုင်သော စွမ်းရည် သတ္တိ အနည်းငယ်မျှကိုပင် သင်သည် မရသေးဟုဆိုပါလျှင် ဤစာအုပ်သည် သင့်အဖို့ အသုံးမဝင်တော့ပြီဟု ကျွန်ုပ် ဆိုရ မည် ဖြစ်၏ ။ အကြောင်းမူကား 'ပညာ၏ ရည်ရွယ်ချက်မှာ ဗဟုသုတ စုရန်မဟုတ်၊ စုပြီးသား ဗဟုသုတကို အသုံးချရန် ပင် ဖြစ်သည်' ဟု ဟားဘတ်စပင်စာ၎ က ဆိုဖူးရာ ကျွန်ုပ်၏ စာအုပ်သည် ရရှိသော ဗဟုသုတကို လက်ငင်းအသုံးချခိုင်း သော စာအုပ် ဖြစ်သော ကြောင့် တည်း။
ဤနိဒါန်းသည် အခြားသော နိဒါန်းများ ကဲ့သို့ အတော် ပင် ရှည်သွားလေပြီ။ ထို့ကြောင့် တစ်စခန်း သွားကြဦးစို့။ တကယ်လက်တွေ့  ချက်ချင်း လုပ်ကြစို့။ ကိုင်း ကျေးဇူပြု၍ အခန်း ၁ ကို မဆိုင်းမတွဘဲ မြန်မြန် လှန်ကြည့်လိုက်ပေတော့။
ငရဲဆို ချိုနဲ့လားဟေ့ | ကာမတဏှာ | ရှေ့တန်းခေါင်းဆောင် ဖြစ်လိုသော် |