Cover

အရည်အချင်းဆီသို့

ချစ်နိုင် (စိတ်ပညာ) ၏ အမှာ စာ

ချစ်စွာ သော စာဖတ်သူ၏ လက်ဝယ်ရောက်နေသော စာအုပ်သည် စာရေး သူရေး သားခဲ့သော ဆောင်းပါး ၂၄ ပုဒ်ကိုစုစည်းဖော်ပြထားသည့် စာအုပ် ဖြစ်ပါသည်။

စာဖတ်သူများ သိပြီး ဖြစ်သည့်အတိုင်း စာရေး သူသည် အသက်အရွယ် ၁၃ နှစ် မှ ၃၁ နှစ် အတွင်း လူငယ်များ အတွက် ရည်ရွယ်ချက်ထားလျက် စာရေး ဖြစ်ပါသည်။ ဤစာအုပ်သည်လည်း အလားတူပင် လူငယ်များ ဖတ်ရူပြီး အကျိုးရှိစေရန် ရည်သန်ပါသည်။

မိမိအသက် ၅၀ ကျော်က ရေး ထားသည့် ဆောင်းပါးအချို့လည်း ပါဝင်သည်။ အသက် ၆၀ ကျော်ပြီးမှ ရေး သော ဆောင်းပါးများ လည်း ပါဝင်ပါသည်။ အသက်ကြီးမှရေး သည့်စာက ဘာသာရေး အမြင် ပိုကဲလာကြောင်းသတိပြုမိပါသည်။ မည် သို့ ပင် ဖြစ်စေ၊ လူငယ်လူရွယ်များ သိရှိသင့်သည်ဟု ယူဆမိသော အကြောင်းအရာနှင့် အယူအဆများ ကို ရွေးချယ်ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။

ချစ်စွာ သော တူမောင်၊ ချစ်သမီးမေလေး၊ စာဖတ်သူသို့ စသည်ဖြင့် ဦးတည်သော ပရိတ်သတ်အမည် ကွဲပြားကောင်း ကွဲပြားသော်လည်း အဓိက ရည်ရွယ်ချက်ကား လူငယ်လူရွှယ်များ အချိန်ကို အသုံးချလျက် မိမိတို့ အရည်အချင်းမြင့်မားကြစေရေး သာ ဖြစ်၏ ။

ပြင်းပြင်းထန်ထန် အားထုတ်ယှဉ်ပြိုင်နေကြရသော နှစ် ဆယ့်တစ်ရာစုကာလ (သို့ မဟုတ်) လူ့သမိုင်းခရီးစဉ်၏ တတိယထောင်စုနှင့် အစ အချိန်အခါမျိုးဝယ် ပြည်ထောင်စုသမ္မတနိုင်ငံတော် မှ မြန်မာလူငယ်လူရွယ်များ နိုးကြားကြစေလိုသည်။ကြိုးစားကြစေချင်သည်။ ပေါ့ပေါ့တန်တန် ရေသာခို၊ ခိုးချ၊ နို့သက်ခံစို၊ ဖြတ်လမ်းလိုက်ပြီး ဇိမ်ခံချင်သော အမူအကျင့်တွေ ကင်းစင်ရမည် ။

ရိုးသားကြစေချင်သည်။ နိုင်ငံတကာနှင့် ဆက်ဆံထိတွေ့ ရာတွင် တစ်နပ်စား ဉာဏ်နှင့် ကလိမ်ကကျစ်လုပ်ပါက လူမျိုးသိက္ခာကျလိမ့်မည် ။ အများ ၏ ယုံကြည်လေးစားမှု နှင့် အားကိုးမှု ကို ခံယူထိုက်အောင် ရိုးဖြောင့်မှန်ကန်ကြစေလိုသည်။ နိုင်ငံနှင့် လူမျိုးကို ထိပ်တန်းအဆင့် နေရာသို့ပို့ ဆောင်နိုင်သူတွေ ဖြစ်ကြပါစေ…..။

ချစ်စွာ သော

ချစ်နိုင် (စိတ်ပညာ)

၁၈-၆-၂၀၁၂

ချစ်နိုင် (စိတ်ပညာ)

၁။ မကွေးခရိုင်၊ ချေက်ရေနံမြေဇာတိ။ အမိ ဒေါ်အေးသ၊ အဖ အလယ်တန်းပြဆရာ ဦးမာတင်။ ငယ်နာမည် မောင်ချစ်နိုင် ။ ၁၉၄၈ ခု၊ ဒီဇင်ဘာလ ၆ မှာ မွေးဖွားသည်။ ငယ်စဉ်က ကြီးနီအလယ်တန်းကျောင်း၊ ချောက်မြို့အမှတ် (၁) အထက်တန်းကျောင်းတို့မှာ ပညာသင်ယူသည်။ မန္တလေး ၀ိဇ္ဖာသိပံ္ပတက္ကသိုလ်တွင် ဆက်လည်ပညာသင်ယူပြီး ၀ိဇ္ဖာဘွဲ့ (စိတ်ပညာ) ရခဲ့သည်။ ရန်ကုန် ၀ိဇ္ဖာသိပ္ပံတက္ကသိုလ်မှ အသုံးချစိတ်ပညာ (စစ်ဆေးရေး ) ဘွဲ့လွန်သင်တန်း တတ်ရောက် အောင်မြင်ခဲ့သည်။

၂။ တပ်မတော် အရာရှိအ ဖြစ် ၂၆ နှစ် စစ်မှု ထမ်းခဲ့သည်။ “ စစ်မှု ထမ်းကောင်း တံဆိပ်” ချီးမြှင့်ခြင်းခံရသည်။ ပြန်ကြားရေး နှင့် ပြည့်သူဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်တာဝန်ကို ၁၁ နှစ် ထမ်းဆောင်ခဲ့သည်။ “စီမံထူးချွန်တံဆိပ် ပထမဆင့်” ချီးမြှင့်ခြင်းခံရသည်။

၃။ စာနယ်ဇင်းများ တွင် ဆောင်းပါးများ ရေး သားသည်။ ‘ချစ်လိုပြောတာ မှတ်ပါ’ စာအုပ်အတွက် လူငယ်စာပေ၊အမျိုးသားစာပေဆု ချီးမြှင်ခြင်းခံရသည်။ ‘ဘ၀တစ်ခု စီမံမှု ’ စာအုပ်အတွက် သုတစွယ်စုံ လူငယ်စာပေဆု ချီးမြှင်ခြင်းခံရသည်။ စာအုပ် (၉၈) အုပ် ရေး သား ခဲ့သည်။

၎။ ချစ်ကြည်ရေး ၊ လေ့လာရေး ၊ ဆွေးနွေးပွဲများ အတွက် တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံများ သို့ သွားရောက်ခဲ့ပါသည်။

(၁)

စက်လေးပါး

ချစ်သမီးမေလေး

ရွှင်လန်းချမ့်မြေ့ကြပါစေ…..။

ဒီကနေ့ သမီးကို ဦးဦးပြောချင်တဲ့အကြောင်းအရာက “အလွယ်တကူပြည့်စုံပြီးမြောက်စေနိုင်တဲ့ အကြောင်းတရားလေးပါး” ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းမယ် ထင်ပါတယ်။

တို့ရဲ စိတ်ကူးတွေ ဟာ ဆန္ဒ ဖြစ်လာကြတယ်။ ဆန္ဒတွေ မှာ ရည်မှန်းချက် ရှိတယ်။ အဲဒီ ရည်မှန်းချက်ကိုရောက်အောင်၊ အကောင်အထည်ပေါ်လာအောင် လုပ်ဆောင်ရမယ့် အကြောင်းတရားတွေ ရှိတယ်။ များများ မရှိပါဘူး။ လေးချက်ထဲပါ။ သမီးက သိပြီးသား ဖြစ်ချင်လည်း ဖြစ်မှာ ပါ။ဒီလေးချက်သာ ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်လိုက်ရင် မိမိ ဖြစ်ချင်တဲ့ ဆန္ဒ၊ မိမိရောက်ချင်တဲ့ပန်းတိုင်ရည်မှန်းချက်သို့ မုချရောက်ရှိစေပါလိမ့်မယ်။ ဥပမာ- ဆိုကြပါစို့။ ခရီးတစ်ခုခြေထောက်နဲ့သွားလည်း ရောက်တာပါပဲ။ ဒါပေမယ့် ဆိုင်ကယ်နဲ့သွားရင် မြန်မြန်ရောက်တယ် မဟုတ်လား။ကားစီးသွားလိုက်ရင်တော့ ၀ှီးခနဲ့ပိုပြီး မြန်မြန်ရောက်တာပေါ့။

ခြေကျင်သွားတာထက် စက်ဘီး၊ ဆိုင်ကယ်၊ မော်တော် ကားနဲ့ သွားလိုက်ရင် ဘာလို့ မြန်မြန်ထက်ထက် ခရီးရောက်တာလဲ။ မေးနေစရာလိုသေးလား။

သမီးတို့အားလုံး သိတာပေါ့။ ခြေထောက်နှစ် ချောင်းနဲ့ တစ်လှမ်းပြီး တစ်လှမ်းသွားနေရတာ နဲ့ စာရင် စက်ဘီး၊ဆိုင်ကယ်၊ကားစသည့်တို့ရဲ ၀င်ရိုးကို ဗဟိုပြုပြီးလည်တဲ့ လိမ့်တဲ့ဘီးပါတာကိုဗျား။ ဘီးက မြန်မြန်လိမ့်တော့ခြေထောက်နဲ့ လျှောက်တာ၊ ပြေးတာထက် ခရီးပိုရောက်တာပေါ့ခင်ဗျား။ စက်ဘီးရဲ့ ထိရောက်မှု သဘော။

ဟုတ်တယ်။ ကိုယ် ဖြစ်ချင်တဲ့အရာကို အလွယ်တကူ ချောချောမွေ့မွေ့ထမြောက်အောင်မြင်ချင်ရင် ယခုစာရေး သူတင်ပြမယ့် စက်လေးပါးကို သေသေချာချာ မှတ်သားပြီးသာ အသုံးချကြပေရော့ ။ မကောင်း ဘူးလား။ဆိုင်ကယ်မရှိလို့ ၊မော်တော် ကားမပိုင်သေးလို့၊ သူများ တကာထက် နောက်ကျနေခဲ့ပြီလို့ ဆိုတဲ့သူများ ။ မပူပါနဲ့။ စာရေး သူပေးတဲ့ စက်လေးပါးက ရွှေငါး၊ မတ်တူးကားတို့၊ ဟာရီယာ၊ လင်ခရူဇာ၊ ပါဂျဲရိုး၊ ပါရာဒိုကားတွေ ထက်ပိုပြီးမြန်ဆန် ထိရောက်ခရီးပေါက်တာ လက်တွေ့ တွေ ကြရပါလိမ့်မယ် ခင်ဗျာ။ အောင်မယ် ညွှန်းလှချည်လား။ ကားရှိရှိ၊ မရှိရှိ၊ ဒီ (၄) ချက်တော့ ပြည့်စုံပါစေနော်။ အော် ရဲရဲဝံ့ဝံ့ ညွှန်းဆိုရဲတာပေါ့။ မြတ်စွာ ဘုရားသခင် ဟောကြားတော် မှု တဲ့ “စက္ကသုတ်” ထဲမှ ကောက်နုတ်ကူးယူထားတာကိုး ခင်ဗျ။ မှန်တာပေါ့။ ကောင်းတာပေါ့။

ပညာရေး ၊ ကျန်းမာရေး ၊ လူမှု ရေး ၊ စီးပွားရေး လောကအလယ်မှာ ရာထူး ဂုဏ်သိန်၊ စည်းစိမ်ချမ်းသာ၊ ဘာလိုသလဲပြော။ ပြောပါ။ ဟောဒီ စက် (၄) ပါးကို အသုံးချလိုက်စမ်းပါ။ (ဆေးကြော်ငြာသလို ပေါ့ပေါ့ပါးပါး ပြောဆိုနေလို့ အပေါစားတော့ မထင်လိုက်ပါနဲ့ နော်)။ ကမ္ဘာပေါ်မှာ ထိပ်တန်းအဆင့်ကို ရောက်နေကြသူမှန်သမျှ ဒီအချက် (၄) ချက်နဲ့ သူသိသိ၊ မသိသိ လိုက်နာကျင့်သုံးခဲ့တာကြောင့် ဒီလိုထူးထူးကဲကဲ အောင်မြင်တာပဲ။

အဲဒီ စက် (၄) ပါးက ဘာတွေ လဲ-

၁။ ပတိရူပဒေသ၀ါသစက် တဲ့။ သင့်လျှော်တဲ့အရပ်ဒေသမှာ ရေရခြင်း

၂။ ပုဗ္ဗေစ ကတပုညတာစက်။ ရှေးကကြိုတင်ပြုခဲ့ဖူးတဲ့ ကောင်းမှု အထူးရှိခြင်း

၃။ သပ္ပူရိသ ဥပနိသယစက်။ ဆရာကောင်း၊ မိတ်ဆွေကောင်း၊သူတော် ကောင်း ကို အမှီရခြင်းနဲ့

၎။ အတ္တသမ္မာပဏီဓိစက်။ မိမိရဲ ကိုယ်စိတ်နှစ် ပါးကို ကောင်းစွာ တည်ဆောက်ထားနိုင်ခြင်းတဲ့။

၁။ သင့်တင်လျောက်ပတ်ကောင်းမြတ်တဲ့ အရပ်ဒေသမှာ နေရမယ် ဆိုတာ နေရာကို ပြောတာ။ ဘယ်မြို့နယ်မှာ နေမလဲ။ ဘယ်ရပ်ကွက်မှာ နေမလဲ။ ဘယ်လမ်းမှာ နေမလဲ။ ကိုယ့်အတွက် ဆီလျော်သင့်မြတ်မယ့်အရပ်မှာ နေပါ။ နွားသတ်ရုံ၊ ၀က်သတ်ရုံရှေ့ နီးနီးကပ်ကပ်မှာ နေရင် ၀က်အော်သံ၊ နွားအော်သံတွေ နေ့စဉ်ပဲကြားပြီး စိတ်ဆင်းရဲနေရမယ်။

အိမ်ယာမြေအကျိုးဆောင်လုပ်ငန်းလုပ်တဲ့ ပုဂ တွေ က အိမ်ခြံမြေရဲ့ တန်ဖိုးကို အကဲဖြတ်ရာမှာ ဥပဒေသသုံးချက်ရှိတယ်တဲ့။

ဘာတွေ လဲခင်ဗျာလို့ မေးတော့-

-၀မ်း လိုကေးရှင်း တည်နေရာအနေအထား။

-တူး လိုကေးရှင်း။

-သရီး လိုကေးရှင်းတဲ့။ တည်နေရာ။

အော် ပတိရူပဒေသဆိုတာ လူ့လောကမှာ အရေး ကြီးဆုံးပါလား။

ချောင်ကြိုချောင်ကြား အရေး မပါ။ အရာမရောက်တဲ့နေရာမှာ နှစ် ပေါင်း ၄၀ လုပ်ခဲ့ပေမယ့် မိမိဘ၀ဘာမှ အကျိုးမရှိလှ။

ဌာနန္တရဆိုတဲ့ ဌာနနေရာဟာ ရာထူးဆိုတာထက်ပိုပြီး အရေး ကြီးတာ ပတိရူပဒေသ၀ါသစက်ရဲ့ နိယာမပါပဲ။ နေရာကောင်းကို ယူပါလေ။ ဆေးရုံးနဲ့ နီး၊ ကျောင်းနဲ့နီး၊ ဈေးနဲ့နီး၊ ဥပမာ ပြောတာ။ တောင်ပေါ်မှာ နေနေ၊ မြေပြန့်မှာ နေနေ၊ အထက်အညာမှာ နေနေ၊ အောင်အကြေမှာ နေနေ၊ အဲဒါက အဓိက မဟုတ်ဘူး။ ဝေလငါး ဖြစ်နေရင် ကန်ထဲ၊ အင်းထဲနေလို့ မရနိုင်ပါ။ ပင်လယ်သမုဒ္ဒရာထဲ နေရပေလိမ့်မယ်။

အောင်မြင်ချင်ရင် နေရာရွေးချယ်တာ မှန်ကုန်ပါစေ။ ဒါအရေး ကြီးတယ်နော် ဘ၀မှာ ။

၂။ ရှေးကပြုခဲ့တဲ့ ကောင်းမှု အထူးရှိပါစေ ဆိုတာက ယခု ပစ္စပ္ပန်မှာ ကုသိုလ်ကောင်းမှု တွေ အမျိုးမျိုး၊ အထွေထွေ၊ ထူးထူးခြားခြားလုပ်နေရမှာ ဆိုလိုတယ်။ဒါန လည်း အထူးပြုလုပ်တယ်။ သီလလည်း လပြည့်၊လကွယ်မှန်မှန်ဆောက်တည်တယ်။ စသဖြင့် …..

ဒါနကုသိုလ် ၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တိုနဲ့ မိမိမှာ ပုဗ္ဗေစကတပုညတာစက်တွေ အဆက်မပြတ်တည်ဆောက်နေရင် တစ်နေ့မဟုတ် တစ်နေ့စက်ရဲ့ အကျိုးကျေးဇူး ကတော့ ပေးတာပဲ။ အတိတ်က ကုသိုလ်ရှိဖို့ဆိုတာ အခုလုပ်နေရမှာ ၊ အခုလုပ်မှ မကြာခင်ပဲ အဲဒါဟာ အတိတ်က ကုသိုလ်တွေ ဖြစ်နေရောမဟုတ်လား။ ရှင်းတယ်နော်။ ထိုင်စောင့်နေဖို့ မဟုတ်ဘူးဗျာ။ ကုသိုလ်အထူးကို ယနေ့ ၊ ယခု၊ အခု ချက်ချင်း ပြုလိုက်ပါ။

နာရီမဆိုင်း လုပ်ဆောင်လိုက်စမ်းပါ။

ကောင်းမှု ကုသိုလ်အလုပ် (စေတနာ) ရဲ့ အကျိုးပေးပုံကို ဥပမာ သာဓကတစ်ခုပြပါရစေ….

အသက် ၂၅ နှစ် အရွယ် ဦးသန့်ဆိုတဲ့ လူငယ်တစ်ဦးဟာ မြန်မာလူငယ်လူရွယ်များ ကို နိုင်ငံတကာ ကမ္ဘာ့မျက်မှော က်ရေး ရာ အခြေအနေတွေ ကို သိစေ၊ မြင်စေချင်တဲ့စေတနာအင်မတန်ထက်သန်ပြင်းပြပါတယ်။ ဒါနဲ့ ရောဘတ်ဂျူံးနဲ့ အက်စ်အက်စ်ရှာမင်တို့ ပြုစုထားတဲ့ “THE LEAGUE OF NATION” ဆိုတဲ့စာအုပ်ကိုအင်္ဂလိပ်လိုမှ မြန်မာဘာသာသို့ ပြန်ဆိုပြုစုခဲ့တယ်။ ရိုးရိုးသာမန်ဘာသာပြန်ရုံမျှသာမဟုတ်ဘဲ ကမ္ဘာကိုမြန်မာက သိစေရန် ရည်ရွယ်ချက်နဲ့ မျက်စိကြီးနားကြီးလူမျိုး ဖြစ်စေဖို့ လိုအပ်တဲ့နေရာတွေ မှာ စိတ်ကူးဉာဏ်ပါ ဖြည့်စွက်ပြီး သေသေချာချာရေး ပါတယ်။

ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပါမောက္ခဦးဖေမောင်တင်နှင့် အငြိမ်းစားဝန်ထမ်း ဂျေအက်စ်ဖာနီဗယ်တို့က တည်းဖြတ်ပြီး မြန်မာပြည်ပညာ ပြန့်ပွားရေး အသင်က ၁၉၃၄ခုမှာ ပုံနှိပ်ထုတ်ဝေပါတယ်။

ထူးဆန်းတဲ့ တိုက်ဆိုင်မှု လား။

အံ့သြစရာကောင်းလိုက်လေလို့ ဆိုမလား။

“နိုင်ငံပေါင်းချုပ်” ဆိုတဲ့ မြန်မာကျောင်းသုံးစာအုပ်ကောင်း တစ်အုပ်ကို ရေး သားခဲ့သူ ဒီလူ ဦးသန့်ဟာ နောင်နှစ် ပေါင်း ၂၇ နှစ် ကြာတဲ့အခါမှာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေး မှူးတာဝန်ကို နိုင်ငံအားလုံးက အညီအညွတ်ရွေးချယ်တင်မြှော က်ခြင်းခံရပါတော့တယ်။၁၉၆၁ ခုမှာ ။ပုဗ္ဗေစကတ ပုညတာ ရှေးကပြုဖူးသော ကောင်းမှု ရှိစေရမယ်ဆိုတဲ့ အကြောင်းအကျိုး သဘောကို ထင်ရှားစွာ မြင်ရ ပါလိမ့်မယ်။ စေတနာ ကောင်းရင် ကံကောင်းတယ်။

၃။ ဆရာသမားကောင်း၊ မိတ်ဆွေကောင်း၊ သူတော် ကောင်းကို အမှီရတာ သပ္ပူရိသဥပသယစက်ခေါ်တယ်။ ဆရာချစ်တဲ့ တပည့် ဖြစ်အောင်ကြိုးစား။ သူငယ်ချင်းတွေ ချစ်ခင်တဲ့မိတ်ဆွေကောင်း ဖြစ်အောင် သူတစ်ပါးကို ဂရုစိုက်၊ ကူညီ၊ အနစ်နာခံ။ ပတ်ဝန်းကျင်ကို စိတ်ကောင်း စေတနာကောင်းလေးနဲ့ အမြဲတစေ ကောင်းကျိုးပြုပေးသူ ဖြစ်ပါစေ။

“အဲဒီ ကောင်လေး လိမ္မာတယ်ဗျ၊ တော် တယ်ဗျ။”

ဆရာသမား စောင့်ရှောက်ကြည့်ရူမှ ကြီးပွားတာ။

“ဒီသမီးလေးက အလုပ်သိပ်ကြိုးစားတာပဲ။ အလုပ်လုပ်တဲ့နေရာမှာ စိတ်ချရတယ်” ဆိုတာမျိုး။ ကိုယ်က တာဝန်ကျေရင် ဆရာကောင်း၊ မိတ်ဆွေကောင်းတွေ ရတာ ပေါ့။အားလုံးရဲ့ ထောက်ခံချက်။

တိုးတတ်ဖို့၊ အောင်မြင်ဖို့ဆိုတာ ဆရာသမားနဲ့ လုပ်ဖော်ကိုင်ဖက်များ ရဲ့ လေးစားအားကိုးမှု ၊ ချစ်ခင်ရင်းနှီးမှု လိုအပ်တယ်နော်။

၎။ နောက်ဆုံးတစ်ချက် မိမိရဲ့ အပြောနဲ့ အပြုအမှု ကို ကောင်းစွာ ထိန်းသိမ်းနိုင်ရမယ်။ အတ္တသမ္မာပဏီစိစစက် ဆိုတာ မင်္ဂလာတရားတော် မှာ ပါတဲ့ မင်္ဂလာတစ်ပါးလည်း ဖြစ်ပါတယ်။

မကြီးပွားသူ၊ မထွန်းပေါက်သူ၊ အောက်ကျနောက်ကျ ဒုက္ခရောက်သူတွေ ဟာ ဘယ်လိုလူစားတွေ လဲ၊ မိမိ ကိုယ်ကို ကောင်းစွာ ထိန်းသိမ်းစောင့် ရှောက်နိုင်ခြင်းမရှိဘဲစိတ်အလိုလိုက်မိတတ်သူတွေ ဖြစ်နေတတ်တယ်။ ရသမျှအခွင့်အရေး လွဲတော့တာပဲ။ ဒေါသလွန်ကဲ၊ လောဘလွန်ကဲ၊ မာန်မာနထောင်လွှား၊အဲဒါတွေ က များ တယ်။ ဒီလို မဟုတ်ဘူး။ ကြီးပွားချင်ရင် မိမိရဲ့ ကိုယ်နဲ့ စိတ်ကို ကောင်းစွာ တည်ဆောက်ထားမှသာ စတုတ္ထစက် ၁ပါးပြည့်စုံနိုင်ရပါမယ်။ကဲ နိဂုံးချုပ်ကြပါစို့-

စက် ၄ ပါးက စာဖတ်သူကို ထိပ်ဆုံးဆီသို့ အလွယ်တကူ ချောချောမောမော ရောက်ရှိသွားအောင် ပို့ပေးလိမ့်မယ်။ သေသေချာချာ ကျင့်သုံးပေရော့။

၁။ သင့်တင့်လျောက်ပတ်တဲ့ အရပ်ဒေသမှာ နေပါ။

၂။ ကောင်းမှု ကုသိုလ်တွေ အထူးပြုလုပ်နေပါ။

၃။ ဆရာကောင်း၊ မိတ်ဆွေကောင်းတွေ များများ ရှိအောင် ပြုမှု ဆက်ဆံနေထိုင်ပါ။

၎။ ကိုယ်စိတ် ၂ ပါးကို အကုသိုလ်ကင်းအောင် သတိနဲ့ ကောင်းစွာ စောင့်ထိန်းနိုင်ပါစေ။

ရှေ့က အောင်မြင်ကြသူများ ဒီစက် ၄ ပါး ဖြည့်ဆည်းလို့ ထိပ်ဆုံးသို့ ရောက်ကြတာပါပဲ။ မခက်ခဲပါ။ ချစ်စွာ သော သမီးမေလေးနဲ့ လူငယ်များ လည်း စက် ၄ ပါးကိုအသုံးပြုပြီး ဘ၀ခရီးဝယ် တိုးတတ်အောင်မြင် ပျော်ရွှင်ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်ခင်ဗျာ။ နားဆင်တာကို ကျေးဇူးတင်ပါတယ်။

ချစ်စွာ သော

ချစ်နိုင် (စိတ်ပညာ)

၁၀-၅-၂၀၁၂



ဝန်ဇင်းချစ်သူများ ချစ်နိုင် (စိတ်ပညာ) ၏ “ အရည်အချင်းဆီသို့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လောကဇာတ်ခုံပေါ်မှာ

လက်တစ်ကမ်းရှိတတ်လမ်းနှင့် ဘ၀ရှေ့ဆောင်အောင်မြင်ရေးစာစု

ဘာဖြစ်ချင်လဲ ဖြစ်ရမယ်