Cover

စာရေး သူ၏ အမှာ

ကဗျာဝိုင်း၊ စာဝိုင်းတို့ကို ကျွန်တော် အလွန်ခုံမင်မိပါသည်။ ဆရာမ ကြီးဒေါ်ခင်မျိုး ချစ်၊ ဘဘဦး ခင်မောင်လတ်တို့အိမ်တွင် နေခဲ့စဉ်က တနင်္ဂနွေလို အားရက်များ တွင် ကဗျာဝိုင်း၊ စာဝိုင်းနှင့် ကြုံ ခဲ့ရ သည်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ မင်းသားကြီးဦးကျောက်လုံး၊ ခါတစ်ရံ ဓမ္မိက ဦးဘသန်း. . . စ သည်ဖြင့် ဆုံကြသည်။ ပုလိပ်အရာရှိတစ်ဦးကိုလည်း မှတ်မိနေသည်။ ခါတစ်ရံ ဆရာသော်တာဆွေ ရောက်လာတတ်သည်။

ကျွန်တော် တို့က ငယ်ကြသေးသည်။ ထိုဝိုင်းမျိုး တွင် လက်ဖက်ခွက်ချ၊ ရေနွေးကြမ်းအိုးဖြည့် … စသည်ဖြင့် ဝေယျာဝစ္စလုပ်ပေးရင်း တစေ့တစောင်း ဘေးက နားထောင်ခဲ့ရသည်။

စာပေလောကထဲ ရောက်ရှိသည့်အခါတွင် တော့ ရေး ဖော်များ နှင့် ဆုံရသည်။ ကဗျာဝိုင်း၊ စာ ဝိုင်းဖွဲ့ ဖြစ်သည်။ တစ်ဦးရေး သည့်စာတစ်ဦးကဖတ်၊ ဝေဖန်၊ မှတ်ချက်ပေး၊ အပြန်အလှန်ဆွေးနွေးရင်း ငြင်းသည့်အခါငြင်း၊ ညီသည့်အခါညီ။ မည် သို့ ဖြစ်စေ ထိုဝိုင်းမျိုး တွင် အာရွှင်သည်၊ ညဏ်ရွှင်သည်။ ခဲ ကတ်သည်တို့ ပြေသွားသည်။ ရသပေါ်လာလျှင် ပီတိ ဖြစ်ရသည်။ အလင်းညဏ် ပွင့်လာသည်လည်း ရှိသည်။

ကဗျာဝိုင်း စာဝိုင်းတို့တွင် စာစကား၊ ကဗျာစကားသာမက အဘိဓမ္မာစကား၊ ဓမ္မသတ်စကား၊ ရာဇဝင်စကား …စသည့်ဖြင့် ကြားရတတ်သည်။

ဆရာကြီး သခင်ကိုယ်တော် မှိုင်း၏ “မှာ တော် ပုံ” ဝတ္ထု ထဲတွင် ကဗျာဝိုင်း စာဝိုင်းကို ဖတ်ခဲ့ရ သည်။ သဂြိင်္ု ဟ်စကား၊ အဘိဓမ္မာစကားသာမက ရွာကြောင်းရပ်ကြောင်း၊ ဒေသထွက်ကုန်အကြောင်း၊ ဈေးနှုန်းအကြောင်းတို့ကို ကြားရသည်။

မှော်ပီဆရာသိန်း၏ “အရူးလွယ်အိတ်” ကို ဖတ်ရသည့်အခါ သံတော် ဆင့်မင်း၊ နားခံတော် မင်း၊ စာရေး တော် ကြီးမင်း၊ စာဆိုတော် မင်း၊ စာတော် ဖတ်မင်း၊ အမှာ တော် ရေး မင်း …စသူတို့၏ ရှေးဟောင်း နှောင်း ဖြစ် မှတ်သားစရာများ ၊ ကဗျာလင်္ကာအကြောင်းများ ကို ထိတွေ့ ရသည်။ စာတိုစာစများ သာမက စာမဖတ်တတ်လျှင် လူရယ်စရာ ဖြစ်ပုံတို့ ပါသည်။ ဇာတ်စာ ဇာတ်စကားအကြောင်း ပါသည်။ သံချို ဦး လှကျော်နှင့် ပျော်ဘွယ်တို့အကြောင်း ပါသည်။ သူတော် ဦးမင်း၊ လူဦးမင်းတို့၏ ညဏ်ရွှင်ဖွယ် လက် တန်းကဗျာတို့အကြောင်းပါသည်။ မြန်မာစာပေသမိုင်းတွင် ခေတ်ဟောင်းနှင့် ခေတ်သစ်ကို ဆက်ပေး နိုင်သော စာပေကွင်းဆက်တစ်ခုအ ဖြစ် မြင်သည်ဟု ဆရာဇော်ဂျီ ဆိုခဲ့သည်။

မိုးလျဲ၏ ပြဇာတ်ကို ဆရာဇော်ဂျီ မြန်မာပြန်သည့် “မဟာဆန်ချင်သူ” ပြဇာတ်တွင် လည်း ကဗျာ ဝိုင်း စာဝိုင်းနှင့် တိုးခဲ့ရသည်။

ဤသို့သော ကဗျာဝိုင်း စာဝိုင်းကို စာသမားတိုင်း၊ ပညာဗဟုသုတ လိုလားသူတိုင်း ခုံမင်မိကြ မည် မှာ မလွဲဧကန် ဖြစ်ပါ၏ ။

ကျွန်တော် သည် ကဗျာဝိုင်း၊ စာဝိုင်းကို ခုံမင်သည့် ချစ်ခင်သည့် စိတ်အရင်းခံဖြင့် စာပေဝိုင်း အက်ဆေးများ ကို ရေး ဖြစ်ပါသည်။ ကိုသုတ၊ ကိုရသ၊ ကိုလေ့လာတို့နှင့် ဝိုင်းဖွဲ့ဟန် ရေး သားခဲ့သည်။ သူတို့တစ်တွေ နှင့် ဆွေးနွေးရာ၌ -

• လောကအကြောင်း၊ ဓမ္မအကြောင်းတို့ ပါသည်။

• ဓမ္မသတ်ဖြတ်ထုံးပုံပြင်တို့အကြောင်း ပါသည်။

• ကဗျာခံစားမှု၊ ဝတ္ထု အာရုံကျက်စားမှု၊ အက်ဆေးနယ်၏

အမြော်အမြင် အတွေးအခေါ်တို့အကြောင်း ပါသည်။

• နည်းပညာခေတ်နှင့် လှိုင်းတံပိုးတို့အကြောင်း။

• နိုင်ငံတကာရေး ရာကို မျှော်ကြည့်ရင်း ချမိသည့်သက်ပြင်း

ရှိုက်သံတို့အကြောင်း၊ ကိုယ့်လောက သူ့လောက ရှုမြင်ချက်

တို့အကြောင်း ပါသည်။

• ကျေးလက်ပုံရိပ်နှင့် မြို့  ပြပတ်ဝန်းကျင် ထိတွေ့ မှုတို့အကြား

အစုန်အဆန် ကူးခတ်လူးလာ ဖြတ်သန်းနေသော စာရေး သူ

၏ ခံစားမှုနှင့် နွေးထွေးသော မိတ်ဆွေများ ၏ ဝေဖန်ဆွေးနွေးမှု၊

ငြင်းခုံမှု၊ ညှိနှိုင်းမှု၊ တူညီမှု၊ ကွဲပြားမှု စသော စာပေဝိုင်း၏ အသံများ …။

“သီဆိုတီးမှုတ်ကြရာတွင် အသံ၏ အချိန်နရီကို ဝါးသံဖြင့် ပိုင်းဖြတ်ရာ၌ ဒိုးသံ(ပတ်သံ)သည် လည်း စည်းသံနှင့် အတူ အခါမရွေးတွဲ ဖက်တာဝန်ယူကြရကြောင်း” ဆရာကြီး ဦးဂုဏ်ဘဏ်၏ စာတို့ တွင် ကျွန်တော် ဖတ်ဖူး မှတ်ဖူးပါသည်။ ကျွန်တော် သည် ဂီတတွင် သံစဉ်အဖွဲ့ကိုသာမက စည်းဝါးကို လည်း စိတ်ဝင်စားမိသည်။ နရီစည်းကိုသာမက ဝါးလက်စည်းကိုလည်း နားစိုက်မိသည်။

“ဝါးလက်စည်းနှစ် ခုသည် နရီစည်းတစ်ခုနှင့် ညီမျှ၍ နရီကိုက်သကဲ့သို့ စုံစည်းလေးခုသည် လည်း နရီစည်းတစ်ခုနှင့် ညီမျှ၍ နရီကိုက်ကြောင်း ဆရာကြီး ဦးဂုဏ်ဘဏ် မိန့်ဆိုဖူးသည်။”

ကျွန်တော် သည် ကျေးလက်ဇာတိသား ဖြစ်၍ ကျေးလက်၏ ရိုးရာဂီတ ဖြစ်သော အိုးစည်၊ ဒိုး ပတ်သံ၌ ပျော်မွေ့သည်။ “ဒိုး(ပတ်သံ)က စည်း၏ နေရာမှ ခေါ်သံပေးသည်ကို စည်းဝါးစုံတို့က ဝါး၏ နေရာမှ လိုက်၍ ထူးကြသော ပညာစကား ကြားရသည်။ “ချွတ်” ဟုခေါ်သော အတီး၌ လည်း စုံစည်းကို သုံးသည်။

“စုံစည်းကို နရီကိုက် (၄)ချက်တီးရာမှ (၁)ချက် ဖျောက်၍ (၃)ချက် တီးကြသေးသည်။ ပထမ တစ်ချက် ဖျောက်၍ နရီကိုက်စုံစည်းချက်(၃)ချက် တီးခြင်းကို “စည်းသုံးချက်၊ ဝါးသုံးချက်” ဟူ၍ ခေါ် ကြောင်း သိရသည်။

ကျွန်တော် ၏ စာပေဝိုင်းအက်ဆေးများ တွင် ခေတ်ပြို င်ခံစားမှုနှင့် နိမိတ်ပုံတို့၏ ပြေးတမ်းလိုက် တမ်း ကစားကြပုံများ သည် “စည်းသုံးချက်၊ ဝါးသုံးချက်” ညီ မညီ ချိန်ထိုးကြည့်နိုင်ဖို့ ချစ်သော စာဖတ် သူများ ထံ တင်ဆက်လိုက်ပါသည်။ ဤအက်ဆေးများ ကို အစဉ်တစိုက် ဖော်ပြပေးခဲ့သည့် “မြန်မာ့ဓန မဂ္ဂဇင်း” ၏ ကျေးဇူးတရားကိုလည်း ကျွန်တော့်ဘဝတွင် မမေ့နိုင်ပါ။

အစဉ်လေးစားလျက် …

ကြည်နိုင်

၂၇-၇-၂၀၀၇

အမြွှာညီနောင်စာပေတိုက်

အတိတ်က သက္ကစ္စာ ပစ္စု ပ္ပန်ဂါရဝါနှင့် စဉ်အလာ-သီတင်းကျွတ်ပွဲ

[ ၁ ]

“သီတင်းကျွတ်လ၊ ထက်နတ်ပြည်ကဲ့သို့

နက္ခတ် အဿကဝဏီ၊ အာဇဋာ ထိန်ဝါ၍

တာဝတိံသာက၊ ဘဂဝါ အရဟံသက်ပေသည့်

ကာယကံလက်နှင့် ဖူးညားတော့၊

အမှူးထားကာ အောင်စည်နော် မချဲ့ပါဘူး။

ဟဲ့ “ရွာစား” ထူးမခြားနား ရောင် ခြည်တော် ဖွဲ့စမ်း”

(ရှေးရေး ဆိုင်းဆင့်)

“အလဲ့ ဘယ်ဆိုးလို့တုန်း …”

စာဖတ်နေရင်းမှ ယောင်ပြီး အသံထွက်သွားမိ၏ ။ ဤဆိုင်းဆင့်လေပြည်ထိုး အလင်္ကာလေးကို ဆရာကြီး ဒဂုန်နတ်သျှင်၏ “စာပေဝတ်ဆံ” တွင် ဖတ်ရပေသည်။ သဘောကျမိသဖြင့် နှုတ်မှ ယောင် ထွက်သွားမိခြင်း ဖြစ်၏ ။

ကျွန်တော့်ဇာတိရွာ၌ ယခုအချိန်ထိ ကျွန်တော့်ဦးကြီးတော် “ဗြုံး ဗြုံး ဒိုင်းဒိုင်း ဖိုးလှိုင်ဆိုင်း” ရှိ သေးလျှင် ကျွန်တော် ဤဆိုင်းဆင့်လေးကို အလှူ ပွဲများ ၌ ရွတ်ပြီးတီးရန် တကူးတက ကူးပေးမိမည် ဖြစ်၏ ။

ဘာကြောင့် ဗြုံး ဗြုံး ဒိုင်းဒိုင်း ဖိုးလှိုင်ဆိုင်းလဲ မိတ်ဆွေသိချင်နေပါလိမ့်မည် ။ တကယ်တော့ ကျွန် တော် တို့ရွာတွင် ဦးဖိုးတက် ဗျောဝိုင်း၊ အရှေ့ပိုင်း၌ ဦးသူတော် ဆိုင်းတို့ ရှိကြပါသည်။ ကညင်ဆိတ်- ဦးချစ်ပုဆိုင်းလည်း နာမည် ကြီးပါ၏ ။ အခြား အငြိမ့်ဇာတ်ပွဲ၊ အလှူ ဆိုင်းဧည့်ခံရှိ၍ ကျောင်းပိတ်ရက် ဖြစ် လျှင် အဘွားနှင့် သွားခွင့်ရခဲ့ပါ၏ ။ ကျောင်းတက်ရက် ဖြစ်လျှင်တော့ အိမ်က မသွားရ။ ဤသို့ဖြင့် ဝါသ နာ ကြီးလျက် ဆိုင်းဧည့်ခံပွဲများ လွတ်ခဲ့ရပေါင်း မနည်း။ ဦးဖိုးလှိုင်ဆိုင်းဆိုတော့ ရွာ့ဆိုင်းလည်း ဖြစ်၊ ကိုယ့်ဦးကြီးကလည်း ဖြစ်သဖြင့် ခါတစ်ရံ ကျောင်းပိတ်ရက် လိုက်နားထောင်ခွင့်ရပါ၏ ။ အထူးသဖြင့် တော့ ကျွန်တော် တို့နတ်စင်ကုန်းရွာ သီတင်းကျွတ်ဆွမ်းကြီးလောင်းပွဲတွင် ဦးဖိုးတက် ဗျောဝိုင်းမအား လျှင် ဦးဖိုးလှိုင်ဆိုင်း ဧည့်ခံဝင်ပါသည်။

ဆိုင်းနောက်ထ (၂)ဦးက တစ်မျိုး ပြီးတစ်မျိုး မရိုးရအောင် ပြက်လုံးထုတ်ပြီး ဧည့်ခံအုံတီး တီး သည့်အခါ အမျိုး မျိုး နဘေထပ်ဖြင့် တရစပ်ဆင့်၏ ။ ဖိုးလှိုင်က အတီးမပြောင်း။

“ဟယ်. . . ပတ်ဖျားချလိုက်တာ နတ်သားတွေ က,ရောဟဲ့…”

“ဗျူ နောင် ဗျူ နောင်၊ ဗျူ နောင် ဗျူ နောင် … တယ်တီတီ …တဲတိတိ ဗဗျူ နောင် …ဂျိ …”

တစ်ပုဒ်ပြီးလျှင် ဆိုင်းနောက်ထနှစ် ဦးက ပတ်ဝိုင်းထဲမှ မြွေတွက်လာသည့်အလား အလွန်အံ့သြဟန် မျက်လုံးပြူး ကြည့်ပြီးနောက် နဘေဆက်ထပ်ဆင့် …။

“ဟယ် …ပတ်လည်ချလိုက်တာ နတ်သူငယ်တွေ က,ရောဟဲ့”

ဗျူ နောင် ဗျူ နောင်၊ ဗျူ နောင် ဗျူ နောင် တယ်တီတီ …တဲ … တိတိ …ဗဗျူ နောင် …ဂျိ…

ဆိုင်းနောင်ထများ က မျက်လုံးပြူး ကြည့် “ဟယ် …ပတ်ရင်း ချလိုက်တာ နတ်မင်းတောင် က,ရောဟဲ့…”

“ဗျူ နောင် ဗျူ နောင်၊ ဗျူ နောင် ဗျူ နောင် တယ်တီတီတဲ …တိတီ ဗဗျူ နောင် …ဂျိ…”

“အို …နှစ် ထပ်ရှိမှ မှတ်မိမယ် ဆိုပါလား …”

“ဗျူ နောင်-ဗျူ နောင် … ဗျူ နောင် ဗျူ နောင် …ဂျိ…”

“ဟဲ့ …ရွာစား …တယ်လုပ်လိုက်ပါလား …”

“ဗျူ နောင်-ဗျူ နောင် …ဗဗျူ နောင် …ဂျိ”

“သုံးသပ်ကြည့်တော့လည်း …ကုန်းစပ်မိကိုးဗျ”

“ဗျူ နောင်၊ ဗျူ နောင် …ဗဗျူ နောင် …ဂျိ”

“အဆုံးသတ် …ဖုန်းထပ်လိုက်ပါဦး”

“ဗျူ နောင်၊ ဗျူ နောင် …ဗဗျူ နောင် ဂျိ”

“တော် တီတော် …တော် တော့…”

ဗျူ နောင်-ဗျူ နောင် …ဗဗျူ နောင် …ဂျိ။

“တော် တီးတော် တော် တော့”

“ဗျူ နောင် ဗျူ နောင် ဗဗျူ နောင် …ဂျိ၊ တော် တီတော် …တော် တော့ …ဆိုသည်မှာ ဆိုင်းဝိုင်းထဲမှာ နှဲကြီးက မှုတ်သည်လည်းမဟုတ်။ ဆိုင်းနောက်ထများ က ဆက်အော်သည့်အခါ ပရိသတ်က တအုံးအုံးပွဲကျကြ၏ ။ ကျွန်တော် လည်း အများ နည်းတူ ရောရယ်မောခဲ့ကြသည်။

အလွန်ပျော်ရွှင်ကြည်နူးခဲ့ရသည့် ကျွန်တော့်ဇာတိရွာ သီတင်းကျွတ်ပွဲတော် ဖြစ်ပါ၏ ။ နှစ် စဉ် သီတင်းကျွတ် (၁၄)ရက်မှ လပြည့်ကျော် (၁)ရက်နေ့ထိ စာရေး တံမဲနှင့် ဆွမ်းကြီးလောင်းပွဲ ကျင်းပမြဲ ရှိခဲ့ပါသည်။

မှတ်မိနေပါသေးသည်။ ရွာပေါ်၊ ရပ်ပေါ်၊ မြို့  ပေါ် နယ်ပေါ် ရှိသမျှ ဘုန်းတော် ကြီးကျောင်းအား လုံး၊ သံဃာအားလုံး ပင့်ဖိတ်သည်။ နတ်စင်ကုန်း အနောက်တစ်ကြော၊ ဘီလင်း၊ ဇိုင်းသွယ်၊ အသနော်၊ အသရော်…ရွာကျောင်းများ ပါမကျန်၊ ရှားဇီးဖို၊ ဆင်ကူး၊ ကျီးပင်အင်း စသော ရွာကျောင်းများ ။ လက်ပံ တန်း မြို့  ပေါ်ကျောင်းများ ၊ စာသင်တိုက်များ ပါမကျန် အားလုံး သံဃာပေါင်းခြောက်ရာမျှ ရှိပါလိမ့်မည် ။ အာဂါနုကိုယ်တော် များ လပြည့်ညတွင် ဘုံဆောင်ကျောင်းမြင့်ကြီးပေါ်ကြို ရောက်နေကြပြီ။ အချို့  အ ဝေးရပ်မှဆိုလျှင် လပြည့်ညမတိုင်ခင်ကပင် ရောက်နှင့် ကြပြီ။ ကျွန်တော် တို့ နတ်စင်ကုန်းရွာတွင် အ ရှေ့ပိုင်း အိုးဖို၊ တာဆိပ်၊ မြောက်ပိုင်း အုန်းပင်ရိုး၊ အနောက်ပိုင်း၊ တောင်ပိုင်း ကွက်သစ်၊ တာဆုံ၊ ရွာ လယ်ပိုင်း စသည်ဖြင့် အိမ်ခြေပေါင်း ခြောက်ရာကျော် ခုနှစ် ရာထက် မနည်းလှ။ ဆရာ ဖြစ်သင်နော်မန် ကျောင်းကြီးရှိခဲ့သည့် ရှေးရွာကြီး ဖြစ်ပါသည်။

သူကြီးခေတ် ကျွန်တော် တို့ မီလိုက်ပါသေးသည်။

ဤသို့ ရပ်ပေါ်ရွာပေါ် မြို့  ပေါ်နယ်ပေါ် ကျောင်းများ အား ဆွမ်းဟင်းချို င့်များ အစုံ ညဦးတည်း က ချက်ကြပြု တ်ကြ ဖွယ်ဖွယ်ရာရာ ထည့်ထားကြသည်။ ဒေါ်ကြီးမရွှေ၊ ဒေါ်ဒေါင်း၊ ဒေါ်ကြီးအေးတင်၊ ဒေါ်ကြီးမတင်၊ အပျို ကြီး မအေးစိန်၊ ဒေါ်စိန်ဆင့်၊ ဒေါ်စိန်နှစ် ၊ ဒေါ်ကရင်မ၊ ဒေါ်ကြီးစိန်တင်၊ ဒေါ်ခင်တို့၊ ဒေါ်ကြီးအေးခင်၊ ဒေါ်ငွေညွန့်တို့ ဒေါ်သန်းတို့ စသည်စသည်ဖြင့် ။ ဦးကြီးထွန်းစိန်တို့၊ ဦးကြီးဖိုးရွှေ၊ ဦးကြီးထွန်းအေး၊ ဦးကြီးထွန်းရွှေ၊ ဦးကြီးကိုတင်၊ ဦးကြီးလွန်းမောင်၊ ဦးကြီးမောင်ကြင်၊ ဦးကြီးရွှေထိန်၊ ဦးကြီးဦးစောရွှေ၊ ဆရာကြီး ဦးသာရင်၊ ဦးထွန်းအေး၊ ဦးတင်ရွှေ၊ ဦးထွန်းအိ၊ ဦးခန့်ကြီးတို့လည်းပါ၊ တစ်ရွာလုံးလိုလို ကုသိုလ်ရေး မို့ ကြိုး စားကာ ကျု ပ်တို့ကိုယ်မှာ ချွေးတလုံးလုံး၊ နောက်သူက နောက်။

ဦးဇင်းတင်စိန်တို့၊ ဦးဇင်းစောမောင်၊ ကိုရင်ကြီးနီတိုးတို့ကလည်း မီးပုံးတွေ လုပ်ကြ၊ ဦးဇင်းတင် စောက စာကျက်ကောင်းတုန်း။ ဆရာတော် ဦးပညာသာမိကလည်း စိတ်မြန်လက်မြန်ဆော်သြလျက်။

လပြည့်ညမတိုင်ခင်ရက်ကတည်းမှ ဆွမ်းတော် ကြီးကပ် နတ်စင်ကုန်းကျောင်း လောကမာရဇိန် ဘုရားကြီးထံ သစ်သီး၊ ဆွမ်းဆန်၊ မုန့်၊ ဖယောင်းတိုင် စသည် ကပ်ကြသည်။ မာလကာ၊ ရှောက်ချို ၊ ကျွဲကော၊ ကြံ၊ သရက် စသည်ဖြင့် သစ်သီးမျိုး စုံကား ဘုရားကြီးရှေ့ ကွပ်ပျစ်ကြီးဝယ် ပြည့်နေတော့ သည်။ တန်ဆောင်းကြီးပတ်လည် ရှေးစာသင်ခုံကြီးများ မျက်နှာချင်းဆိုင်ထားလျက် ၂တန်း တစ်ခုနှင့် တစ်ခု ထိစပ်ကာ ညဦးယံကတည်းက လှူ ဖွယ်ဝတ္ထု ပစ္စည်းများ ပို့ထားကြသည်။ ဆွမ်းဆန်စိမ်း၊ ဖ ယောင်းတိုင်၊ မုန့်ထုပ်အမျိုး မျိုး ၊ သစ်သီးတောင်းကြီးတောင်းငယ်ဖြင့် ဆွမ်းလောင်းမည့် သူများ က ညဦး ထဲမှချက်ကြရသည်။ ဆွမ်းလောင်းလှူ ပွဲမနက် (၃း၀၀)နာရီမှ စပြီး တန်ဆောင်းကြီးတံခါးနားက ဆန်အိတ်ပုံကြီးကို သက်ဆိုင်ရာကျောင်းမှ ကျောင်းသားများ မနိုင်၍ ရွာမှလှည်းနှင့် တိုက်ကာ လိုက်ပို့ရ၏ ။ အထူးသဖြင့် သံဃာများ သည့် စာသင်တိုက်ကျောင်းများ ဖြစ်သည်။

စာရေး တံမဲရုံကို တန်ဆောင်းကြီးအတွင်းတွင် ပင် ဝါးတန်းယာယီရိုက် ပန်းစက္ကူ ကပ်။ စာရင်းစာအုပ်ကြီးနှင့် ရေး မှတ်ရသည်။ ငွေပဒေသာပင် သီးသူသီး၊ သင်္ကန်းမဲထည့်သူထည့်၊ ဖယောင်းတိုင်၊ တ ဘက်၊ ဖိနပ်၊ ယပ်များ ၊ စာအုပ်များ စသည်ဖြင့် တစ်ဦးချင်း ပဒေသာပင်လှူ သူကလည်း မနည်း၊ ဝတ္ထု ငွေစာအိတ်များ ကလည်း တစ်ပုံတစ်ပင်။

ကျွန်တော် တို့ကလေးများ ကား ဆွမ်းကြီးလောင်းပွဲအစ ဆွမ်းတော် ကြီးကပ်၊ ပို့ရက်မတိုင်ခင် ကတည်းက ရွာထဲလျှောက် တစ်အိမ်တက်ဆင်း မုန့်ဖတ်ထုပ်၊ အညာသားကျောကုံး-မုန့်လုံးရေပေါ်၊ မုန့်ဆီကြော်၊ ဘူးသီးငါးပေါင်းကြော် အစားမျိုး စုံ စားကြသည်။ တချို့  အပိုင်းက နိဗ္ဗာန်ဈေးဖွင့်ကြသည်။ မုန့်မျိုး စုံ၊ သစ်သီးမျိုး စုံ၊ ရေနံဆီ ဆီမီးခွက်ကလေးများ လည်း ရွာကြီးတစ်ရွာလုံး ထိန်ထိန်လင်းနေ၏ ။ ဘုန်းတော် ကြီးကျောင်းနှင့် တန်ဆောင်းကြီး၊ သိမ်ကြီးတို့တွင် ကား အောက်လင်းဓာတ်မီးရောင် သန်း ခေါင်ကို နေ့မှတ်ပါလို့ ဆိုသကဲ့သို့ တစ်ရွာလုံး ကလေးလူကြီး မအိပ်ကြ။ အသက်အရွယ်ကြီးသူ ဦးဖိုးဥတို့၊ ဦးဖိုးနုတို့၊ ဦးကြော့မှူး တို့၊ ဦးအောင်မှူး တို့ လူကြီးဝိုင်းက ကျောင်းကြီးပေါ်၌ ဒိဋ္ဌိဂတ-သမ္ပယုဂ် -ကြက်သွန်ကြော် များများ နှင့် တမြုံ့  မြုံ့  တရားငြင်းကြ၊ ဆွေးနွေးကြ၊ တန်ဆောင်းကြီးထဲမှာ ဆိုင်းဝိုင်း၊ ဗျောဝိုင်း၊ ကျောင်းဝင်းကြီးထဲမှာ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ထန်းပင်ကုန်းကျောင်းလည်း နှစ် စဉ်ဇာတ်ပွဲကြီးဝင်၏ ။ ဆင်ကူးက ရုပ်သေးပွဲ။

သီတင်းကျွတ်လပြည့်ညတွင် ရွာကာလသား၊ ကာလသမီးလူပျို ၊ အပျို တို့သာမက ကာလသား ပေါက်ကလေးများ ကလည်း မိမိမှာ အကောင်းဆုံးကို ချဝတ်ကြသည်။ တစ်မိုးလုံးလုပ်ကာ သီတင်းကျွတ်ဆွမ်းတော် ကြီး လောင်းလှူ ပွဲကို အားခဲကြသည်။ စိတ်လွတ်လပ်ပျော်ရွှင် မီးသဘင်ပွဲဆင်နွှဲကြ သည်။

“သီတင်းကျွတ်ပတဲ့

လွတ်လပ်ရင်ခုန်မိ၊

ဖုံဖွေးဖွေးသနပ်ခါး၊ ပါးကွက်ကျား၊ ဆံတောက်ကြော့

မျက်တောင်ကြီးကော့သနဲ၊ ခပ်မော့မော့ လမ်းလျှောက်ဟန်

အရှေ့ပိုင်းသူတွေ နန်းဆန်လှချည့် ကာလသားတို့ ဟန်ရေး အပြ၊

ဗျောဝိုင်းက နှဲကြီးအော် …။

တော် တီးတော် -တော် တော့ …တဲ့။”

ဆိုင်းသံ၊ ဗျောသံ၊ အသံချဲ့စက်သံဖြင့် လက်ပံတန်းမြို့  နယ်၊ နတ်စင်ကုန်းကျောင်း၊ သီတင်း ကျွတ် ဆွမ်းကြီးလောင်းပွဲ ကြီးကျယ်ခဲ့ပါသည်။ ရွာ့အခြေအနေ ဒီရေတက်ကျ သီတင်းကျွတ်မှာ အကဲခတ်ခွင့် ရသတဲ့ …။

သီတင်းကျွတ်ပတဲ့

လွတ်လပ်ရေး ရင်ခုန်မိ၊

ရွာဘုံအလှူ ပွဲ၊ စာရေး တံမဲတွေ နှင့်

ဆန်လောင်းသူလောင်း၊ ဆွမ်းလောင်းသူလောင်း

ရွာကျောင်းနယ်ကျောင်း၊ မြို့  ကျောင်းတွေ မကျန်

သံဃာပေါင်းခြောက်ရာကျော်

ဆွမ်းတော် ကြီးလောင်းတဲ့ပွဲ

ပျော်ပျော်ကြီးဆင်နွှဲ

မီးပုံကြီးလည်း မှိုင်းဝ

ဗျောက်တန်းကြီးလှသနဲ့

ဦးဥာဏ္ဏဝံသ၊ ရွှေမျက်မှန်မှစလို့

ဦးပညာသာမိ၊ မီးစက်ကြီး “မိ” ပါ့၊

နာမကို ကြည့်ဦး၊ “နတ်စင်ကုန်း ဂါမ” တဲ့

အာဂရွာကြီးလေ …။

[ ၂ ]

“ရှိဦးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း သက္ကစ္စာ၊ ဂါရဝါနှင့် စဉ်အလာ ပူဇော်ကို နွှဲကြပေတောင်း …။ ”

ဖိုးသူတော် ဦးမင်း

သီတင်းကျွတ်လအခါသည် ရာသီဥတု အကူးအပြောင်းကာလလည်း ဖြစ်သည်။ စိုရာမှ ခြောက်လာသည်။ အေးရာမှ ပူလာ၏ ။ အနောက်လေဘက်မှ အရှေ့လေဘက်သို့ ပြောင်းလာ၏ ။ အပူအအေး မမျှ၊ စပ်ကူးမတ်ကူးကာလ၊ မိုးအကုန် ဆောင်းအကူး၊ လေရူးကလေးလည်း ဝှေ့တတ်၏ ။ လူတို့ ဖျားနာတတ်ကြသည်။ သို့သော် သီတင်းကျွတ်ပွဲတော် စဉ်အလာပူဇော်ပွဲကို မမေ့ကြ၊ တတ်အားသမျှ ဆင်နွှဲကြပေ၏ ။ ကံ(၃)ပါးတွင် တစ်ပါးပါသော ကံဖြင့် ပြစ်မှားလွန်ကျူး မိသည်ရှိသော် အပြစ်မှ ကင်း လွတ်ပါစေခြင်းအကျိုး ငှာ ထေရ်ကြီးဝါကြီး၊ သက်ကြီးဝါကြီး မိဘဘိုးဘွား ဆရာသမားတို့အား ပူဇော် ကန်တော့ကြသော မြတ်နိုးစရာ မြန်မာ့အစဉ်အလာကို မပျက်စေရ။

ကျွန်တော် လည်း ဘိုးဘွားတို့၏ ရှေးစဉ်လာကို တစ်သီတစ်တန်း မှန်းမျှော်ရင်း ငယ်ဘဝကို လွမ်းဆွတ်တမ်းတမိသည်။ မနေနိုင်ဘဲ အမေ့ရွာ တန်းပြေးခဲ့မိပါ၏ ။ အမေ့ကန်တော့၊ ဆရာသမားများ ကန်တော့၊ သက်ကြီးဝါကြီးများ ကန်တော့၊ ငယ်ဆရာတော် အား ကန်တော့ကာ ရွာသီတင်းကျွတ်ပွဲ ပါ ဝင်နွှဲ့ခဲ့ပါ၏ ။

ယခင် ကျွန်တော် တို့ ဘိုးဘွား၊ အဖေ၊ အမေတို့နေရာတွင် ငယ်သူချင်းများ ၊ နေရာဝင်ကြပြီ။ သူတို့လည်း တချို့  ဘိုးဘွားစာရင်းဝင်ကြပြီလေ။ အသက်ငါးဆယ်ကျော် ခြောက်ဆယ်တန်းတွေ ဖြစ်နေကြပြီ။ ရပ်ရေး ရွာရေး ဦးဆောင်နေကြပြီ။ အစ်ကိုထွန်းဟန်ကို ခေါင်းအဖွေးသားနှင့် တွေ့ ရ၏ ။ အ ရှေ့ပိုင်းက ဦးစိန်မောင်ကိုလည်း ကျန်းကျန်းမာမာ တွေ့ ရပါ၏ ။

သူငယ်ချင်း ကွက်သစ်လှထွန်းကြီးက ခါးနည်းနည်း ကိုင်းလာသလို အိုးဖိုပိုင်း အောင်မြင့်ကြီး မျက်လုံးလည်း ပိုပြူး ကျယ်လာလေသလား၊ သူ့ညီမောင်ကျော်ဝင်း(ယခု တာဆိပ်ဦးကျော်ဝင်း) က တော့ ငယ်မူ သိပ်မပျောက်။ မြောက်ပိုင်း ကိုစန်းအောင်လည်း အရပ်ပိုရှည်ကာ ကိုင်းလာလေသလား။ ကျော်လွင်ကိုတော့ လူငယ် တစ်ယောက် လို ဖျတ်လတ်ဆဲတွေ့ ရ၏ ။ သူ့အစ်ကို တာဆိပ်လှထွန်းကြီး ကား သူငယ်ချင်းအပေါ် သံယောဇဉ်ကြီးစွာ ဖြင့် ညစကားဝိုင်းလာရှာ၏ ။ မြစိန်လည်း ငယ်ရုပ်မပျောက်။ ရယ်ကြဲကြဲ တာဆုံးက ဖိုးသန်း(ယခု ဦးမောင်သန်း)၊ အိုးဖိုက ကိုအောင်ငွေ၊ ကိုဝင်းမောင်၊ ကိုသန်းစိုး၊ တာဆုံးကကိုဝင်း၊ ကွက်သစ်က ကိုစိုးလွင် စသည့် လူလတ်ပိုင်းကော လူကြီးပိုင်းပါ ဆွမ်းကြီးလောင်းပွဲ တွင် ဆုံရ၏ ။ ပွဲတော် ဖြစ်မြောက်ရေး အကျိုး ဆောင်အဖွဲ့တွင် သူတို့ပါကြသည်။

စဉ်လာမပျက်စေရ ဝါတွင်း(၃)လပတ်လုံး ဥပုသ်နေ့တိုင်း အကြီးအကဲ သီတင်းသည်များ နှင့် ထိတွေ့ ပြီး နေ့စဉ် ကြိုး ပမ်းဆောင်ရွက်ကြရပါသတဲ့။

မြို့  နယ်လုံးကျွတ် ဆွမ်းလောင်းအဖွဲ့က မြို့  နယ်ကျောင်းပေါင်း(၅၆)ကျောင်းကို အကြောင်း ကြား ဖိတ်ပေးပါသတဲ့။ နတ်စင်ကုန်းရွာ ဂေါစကံအတွင်းမှာ ရှိသည့် ကျောင်း(၁၅)ကျောင်းပါ ထပ်ဖိတ်သဖြင့် စုစုပေါင်း (၇၁)ကျောင်း၊ ရှေးကထက်တော့ သံဃာအားကားမလျှော့။ လက်ပံတန်းဘုရားငါးဆူ စာသင်တိုက်ကပင် သံဃာ(၅၇)ပါး၊ မဟာဇေယျစာသင်တိုက်က သံဃာပေါင်း(၆၀)၊ အောင်ဆုပန်စာ သင်တိုက်က အပါး(၃၀)၊ ဘုရားကြီးကျောင်းတိုက်က (၂၅)ပါး စသည်ဖြင့် အားလုံး ဝါဆိုသံဃာပေါင်း (၆၅၄)ပါးဟု စာရင်းပေါက်သိရပေ၏ ။

ယခုအကြိမ်သည် “အုတ်ချပ်တည်လှန်”ဆိုသည့် နတ်စင်ကုန်းကျောင်း လောကမာရဇိန်ဘုရားကြီး စတည်သည့်နှစ် က စတွက်လျှင် အကြိမ်(၉၀)မြောက်တိုင်ပြီဟု သိရ၏ ။ တစ်နှစ် မျှ ဆွမ်းကြီးလောင်းပွဲ မပျက်။

ယခုနှစ် တွင် တော့ မုန့်ဟင်းခါး အချိန်(၁၅၀)ဖြင့် သံဃာတော် များ အရုဏ်ဆွမ်းကပ်။ ကျောင်း လာအလှူ ရှင်များ ကျွေးမွေးကြသည်။ ရွာမှကောက်သည့် ဆွမ်းဆန်က (၁၀)တင်းလောက်ရပါသတဲ့။ ရွာ့လူကြီး ဦးလှမြင့်က (၃)တင်း လှူ သည်ဟုဆိုပါသည်။

အလယ်လမ်းမကား ကျွန်တော် တို့ငယ်ငယ်ကလို ရွှံ့ဗွက်မရုန်းရတော့။ ဦးဘိုးဆစ်၊ ဒေါ်စိန် ဆင့်ကွေ့-ရင်ခေါင်းလောက် ရေအိုင်ချို င့်ကြီးလည်း မရှိတော့။

တန်ဆောင်းကြီးအတွင်း ထောင့်တစ်နေရာတွင် စာသင်ထိုင်ခုံတွဲ ရှေးလက်ရာများ ကား ယို ယွင်းကုန်ကြပြီ။ ဘုရားကြီး ပတ်လည်သံတိုင်များ လည်း ရှင်းလင်းလျက် ကြွေပြားခင်းသည့်အထဲ ပါ သွားပြီထင်၏ ။ သူအို၊ သူနာ၊ သူသေ၊ ရဟန်း (သက်ရှိ လူ့အရပ်အထွာဖြင့် ပကတိ အသက်ဝင်ဟန်ရှိ သော ) ရှေးပန်းပုလက်ရာများ လည်း မတွေ့ ရတော့ပြီ။

ကျွန်တော် တို့ငယ်ငယ်က နံနက်(၃)နာရီခန့် သံဃာတော် များ ဆွမ်းမလောင်းမီ ဒေသစာရီကြွ ချီဟန် ဗုဒ္ဓမြတ်စွာ (ဆင်းတုတော် ရှေ့မှ သရိုးကိုင်ကျောက်စီသပိတ်ကြီးဖြင့်) ထိုဆင်းတုတော် အား ရှေးလက်ကိုင်တွန်းလှည်းဖြင့် တွန်းကာ “မြတ်စွာ ဘုရားကြွလာပါပြီခင်ဗျား”ဟု မဲရုံမှ အသံချဲ့စက်ဖြင့် အော်၊ ဗျောဝိုင်းက ဗျောစည်သံညံမစဲ။ ထိုမြတ်စွာ ဆင်းတုတော် လည်း ယခုအခါ မသမာသူများ လက်ထဲ ပါသွားရှာပြီဟု သိရ၏ ။

၂၀၀၂ ခုနှစ် နတ်စင်ကုန်းရွာ သီတင်းကျွတ် ဆွမ်းကြီးလောင်းပွဲတွင် မိမိတို့ ကျေးရွာ ဖြစ်သည့် အတွက် လုပ်အားဖြင့် ချီးမြှင့်ကြသည့်အားဖြည့်လူရွှင်တော် ဂျစ်တူးနှင့် ဇီးစေ့တို့က ရန်ကုန် ဟိန်းဇော် ဗျောဆိုင်းဖြင့် ဟာဒယရွှင်ဆေး တိုက်ကျွေးပါသတဲ့။ ရှေးစဉ်လာမပျက်စေရ။ အဆိုတော် စိုးမြင့်အောင်၊ မောင်သန့်ရှင်း၊ ခင်လဲ့ရီ၊ ချို သဲ၊ မဝင်းချို တို့လည်း ပါသေးသပေါ့။

အရေး ကြီးသည့်အချက် မေ့သွားလျှင် စာဖတ်သူများ ကျွန်တော့်အား အပြစ်တင်ကြပါလိမ့်မည် ။ ဒါတဗ္ဗဝတ္ထု အစုစု (ရွာတွင်းမှအလှူ ငွေ၊ စာရေး တံမဲတန်ဖိုးငွေပစည်း၊ သစ်သီး၊ မုန့်ဆွမ်း၊ ဆွမ်း ဆန်၊ အလင်းတိုင် စသည်ဖြင့် အားလုံး) အလှူ ငွေပမာဏ ကျပ် ၃သိန်း ၅သော င်း ၉ထောင်ကျော်ရှိပါ သတဲ့။ ဤအကြိမ် (၉၀)မြောက် ငွေပမာဏသည် (ရှေးဘိုးဘွားတို့ တစ်ဆင့်စကားမှတ်သားမှုအရ) ပ ထမဦးဆုံးအကြိမ် သီတင်းကျွတ်ပွဲတော် ၏ လှူ ငွေအား မီလုမီခင်ရှိသည်ဟု သိရပါသည်။

ချက်ရေး ပြု တ်ရေး ပိုင်းတွင် လည်း အားမလျော့စေရ၊ အနောက်ပိုင်း ဒေါ်သန်းမြင့်၊ အစ်မကြီး တင်လှ၊ အပု၊ ကွက်သစ်က ပေါက်ပေါက်၊ အစ်မကြီးစောတင်၊ ကျောင်းနေဖက် အစန်းကလည်း လာနှုတ်ဆက်၏ ။ လူကြီးပိုင်းက အဒေါ်ကြီးတို့၊ အဘိုးတို့လည်း တွေ့ ရသည်။ မျက်ခုံးပေါ် လက်ကလေး ကာလျက် မှုန်တုံတုံမျက်လုံးဖြင့် “ဟဲ့… ဘယ်သူ …ဟောတော့ …ကွက်သစ်က မသန်း…သားကြီးတဲ့ အံ့ရော” ဆိုသည့် အသံတုန်တုန်အဘွားတို့ အသံလည်း ကြည်ကြည်နူးနူး ကြားရ၏ ။ နားဝင်ချို လှပါ ၏ ။ ကျွန်တော် ကား တချို့  နာမည် များ ကို ပြန်အစဖော်မရတော့။ သြော် …ကိုယ်ပင် သွားတွေ ကျိုး နေပြီ မဟုတ်လား။

အလှူ ငွေ ၅ိ၊ ၁၀ိ ကအစ စာရေး တံမဲအလှူ ရှင်ကို အသံချဲ့စက်ဖြင့် အော်ရသဖြင့် နံနက် ၃နာရီ ကျော်ခန့်မှ မိုးစင်စင်လင်းသည်ထိ စာရေး တံမဲစာရင် အော်မဆုံး၊ ၃-၄ ဦး ပြောင်းအော်နေရသည်။ အများ တကာ အလှူ ရှင်တွေ လည်း ကျောင်းပေါ် မုန့်ဟင်းခါးစားပြီး ပြန်ကြပြီ။ ဗျောဆိုင်းပင် အစအနမ မြင်ရတော့။ ဖြစ်မြောက်ရေး အကျိုး ဆောင်အဖွဲ့တို့ မဲစာရင်းကြေညာမဆုံး။

ဘယ်ဆုံးပါ့မတုံး အလှူ ရှင်နာမည် နှင့် လှူ ငွေသာ မဟုတ်၊ မည် သည့်ရပ်နေ အဘိုး ဖြစ်သူ ဦးဘယ်သူ၊ သားဘယ်သူ၊ သမီးဘယ်သူ မြေးချစ်ကလေးမောင်ဘယ်သူတို့က အလှူ ငွေ ၁၀ိ/ -အား ဘယ်ရပ်ဌာနေ ဘယ်ကျောင်းသို့ လှူ ဒါန်းလိုက်ရသည်ခင်ဗျား။ နတ်လူသာဓုခေါ်စေသော် …။ အား လုံး ကြားကြားသမျှ အမျှ …အမျှ …အမျှ၊ တချို့  အလှူ ရှင်များ ကလည်း ကွယ်လွန်သူ မည် သူအား ရည် စူး၍ ဆိုကာ တစ်နံတစ်လျား ကြေညာပေးရပြန်သည်။

မကြေညာလို့လည်း မရ၊ ဒါမှ အလှူ ရှင် ပီတိ ဖြစ်ပေမပေါ့။ သဒ္ဒါတရားထက်သန်ကာ နောက် နောင်နှစ် တွေ မှာ တိုး၍ လှူ ဒါန်းလိုစိတ် ပေါက်ပေမပေါ့။ ညောင်စေ့လောက်လှူ သော်လည်း ညောင်ပင်ကြီးလောက် ကုသိုလ်ရမည် ဆိုသည်ကို ကျွန်ုပ်တို့၏ ဒါနရှင်များ က ပီတိသော မနဿက ဖြစ်ကြပါ၏ ။

ဒါနက တဝေဝေ၊ ရေတွေ က တရွှဲရွှဲ ဆိုသကဲ့သို့ အလှူ ရဲသော လူမျိုး ကမ္ဘာတွင် မြန်မာမှမြန် မာ … ဟု ဆိုပါက လွန်အံ့မထင်ပါ။ တစ်ကျပ်တစ်ပြား အမြတ်ထား တတ်အားသမျှ လှူ ကြသည်ကပဲ။ သာဓုခေါ်ပါဘိ။

“သက္ကစ္စာ-ဂါရဝါနှင့်

စဉ်အလာ ပူဇော်ပွဲကို

နွှဲကြပေတောင်း …”

မြန်မာ့ဓနမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၂

ကောင်းမြတ်ခြင်း၊ ဆိုးယုတ်ခြင်းနှင့် သုတ ရသ စကားဝိုင်း

“ကျွန်ဘဝသို့ ရောက်နေသော လူမျိုး တစ်မျိုး သည် ကိုယ့်စကား၊ ကိုယ့်စာပေကို မမေ့ သေးသမျှ သူ့ကျွန်ဘဝတည်းဟူသော အကျဉ်းထောင်ကို ဖွင့်ရန် သော့ ကို သိမ်းဆည်းထားသည် မည် လေသည် …”

(ပြင်သစ်စာရေး ဆရာ ဒူဒေး)

‘နောက်ဆုံးသင်ခန်းစာ’ ဆိုသည့် ဝတ္ထု တိုကလေးသည် ပြင်သစ်စာရေး ဆရာကြီး ဒူဒေး (Daudel)၏ နာမည် ကျော်ဝတ္ထု တိုကလေး တစ်ပုဒ် ဖြစ်ပါသည်။ ဤဝတ္ထု ကလေးတွင် လည်း ပြင်သစ်-ဂျာမန် ရန်မီးအကြောင်းပင် အဓိကအချက် ဖြစ်ပါသည်။ ထိုဝတ္ထု ထဲမှ အဆိုတစ်ရပ်သည် ရင်ထဲ စွဲထင် နေမိ၏ ။

“လူရိုင်းဝါဒသည် ခြေလှမ်းမှန်မှန်ဖြင့် ချီတက်လာနေသော အကောင်းအမှန်၏ ရှေ့မှော က်တွင် နောက်ကို ဆုတ်ပေးနေရလေပြီ။ အချိန်တန်သည်နှင့် (လူရိုင်းဝါဒ သည်) ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားလိမ့်မည် ဟု ယုံကြည်ပေသည်”

(တောမတ်စ်ဂျက်ဖာဆန်)

လန့်စ်မော်ရိုး၏ ‘ကောင်းမြတ်ခြင်း ဆိုးယုတ်ခြင်း’ ဟူသည့် အက်ဆေးထဲတွင် မျက်မှော က်ခေတ် ကမ္ဘာ့ရေး ရာများ ၊ အတိတ်နှင့် ပစ္စု ပ္ပန်သမိုင်းရေး ရာများ ၊ ကမ္ဘာကျော်စာရေး ဆရာကြီး များ ၏ ရေး သားချက်များ ပါဝင်ပေ၏ ။ ဒေါ့စတော့ယက်ဖ်စကီး၏ ‘ကာရာမာဇော့ညီအစ်ကိုများ ’ ထဲမှ ဆိုးယုတ် ခြင်း ဖြစ်ရပ် ပုံခိုင်းများ ၊ နသမ်နီယယ်ဟောသွန်း၏ တင်ပြချက်၊ မော်ဘီဒစ်ဝတ္ထု ရေး ခဲ့သည့် ဟာမင်း မယ်လ်ဘီ၏ တင်ပြချက်၊ ညဏ်သစ်ထွန်းချိန်ခေတ်တုန်းက ထက်မြက်သူတစ်ဦး ဖြစ်ခဲ့သည့် ဂျက်ဖာ ဆန်၏ အမြင် စသည်ဖြင့် သူ့အက်ဆေးကို တန်ဆာဆင်ထားပေ၏ ။

အကောင်းနှင့် အဆိုး ဒွန်တွဲ မှု၊ အားပြို င်မှုများ ၊ သမ္မာကျမ်းလာ ‘ယောဘ’ ဝတ္ထု မှ ဘုရားသခင် နှင့် စာတန်နတ်ဆိုးတို့ တွေ့ ဆုံခန်းပါ ဆိုးယုတ်မှုအကြောင်း ဖွင့်ဆိုချက်များ …။ သဘာဝ ဘေးအန္တရယ်၊ စနစ်ဆိုး၏ ဘေးအန္တရယ်၊ အနိဋ္ဌာရုံများ ၊ ဘင်္ဂလားဒေ့ရှ်ဆိုင်ကလုန်း၊ ကာဒ်လူမျိုး တို့၏ ဒုက္ခသုက္ခများ ၊ အလယ်အမေရိကမှ အစုလိုက်အပြုံ လိုက် သတ်သေမှုများ ၊ တောင်အာဖရိကမှ လူမျိုး စု အချင်းချင်း ပုဆိန်ဖြင့် ခုတ်သတ်မှုများ ၊ ကူဝိတ်နိုင်ငံမှ ရေနံတွင်းမီးတောက်များ ၊ လှိုင်းထနေသည့် ဆိုးယုတ်မှု၊ ‘ဆိုးယုတ်မှုသည်လေကို မည်းနက်ပြီး ဆီချေးတွေ ပေကျံအောင်လုပ်သည်။ အသက်ရှုရ ကျပ် ပြီး နေမင်းကိုဖုံးကွယ်သည်’ စသည့် စာအရေး အသား။

 ပင်လယ်ကွေ့စစ်ပွဲသည် ဟိုင်းတက်ခ် (အဆင့်မြင့် နည်းပညာ)ကို အလယ်ခေတ်အသွင် ဆောင်စေသည်။ ဟူသည့် ဖော်ပြချက်၊

 ‘စကဒ်ဒုံးကျည်များ နှင့် စမတ်ဗုံးထိပ်ဖူးများ ပေါ်တွင် နတ်ဆိုး၊ ဗေလဇေသုလနတ်ဆိုးသည် မကောင်းမှုနှင့် ငရဲမီးတို့ကို ကိုင်ဆောင်၍ စီးနင်းလိုက်ပါခဲ့သည်မဟုတ်လေ’ ဟူသည့် တင်စားချက်၊

 ‘ဟစ်တလာ၊ စတာလင်နှင့် ဆီယောက် ဆက်စကူးတို့ ကျင့်သုံးခဲ့သော ပုံစံ ဖြစ်သည့် နိုင်ငံတော် အကြမ်းဖက်မှုသည် နာမည် ပျက်ဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီ’ ဟူသော သုံးသပ်ချက်၊

 သမိုင်းဆရာ ဖူကူယားမားကဆိုလျှင် ‘သမိုင်းနိဂုံးချု ပ်သွားပြီ’ ဟု ကြွေးကြော်ခဲ့ပုံ၊

 ‘ဂြို ဟ်တုများ နှင့် ကွန်ပျူ တာများ ၊ ဆက်သွယ်ရေး ပစ္စည်းများ နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွား ရေး လုပ်ငန်းတို့သည် ကမ္ဘာအနှံ့တွင် ယခင်က ရှိခဲ့သော မပြို ကွဲနိုင်သည့် ထုထည်ကြီး များ ကို အရည်ပျော်စေခဲ့ပြီ’ တဲ့။

ကျွန်တော် ဤသို့ စာတစ်ပုဒ်တွင် အာရုံဝင် ပီတိကျလျက် သဲကြီးမဲကြီး ဖြစ်နေချိန်တွင် အိမ် ရှေ့မှ အသံများ ကြားရပါသည်။

“ဒါ ကောင်းတာဗျ၊ နိဂုံးကမ္ပက်လေ…”

“မကောင်းသေးဘူးဗျ၊ အဲဒီ နိဂုံးရဲ့ လက်တက်ဆိုတာ ရှိတယ်”

“အကြောင်းကို မချန်နဲ့ လေ”

“ခင်ဗျားလည်း အကျိုး ဆက်ကို မျက်စိမမှိတ်နဲ့ ”

ထုံးစံအတိုင်း သူတို့လာလျှင် အငြင်းကလေးပါနေကျ။ ကိုရသ၊ ကိုလေ့လာနှင့် ကိုသုတတို့ပါ ပဲ။ မည် မျှ ထက်သန်ငြင်းခုံလာကြသနည်း။ အကိုးအကတ်တွေ နှင့် ဘေးဘီဝန်းကျင်ကိုပင် သူတို့ မေ့နေဟန်တူ၏ ။

“ဗျို့  …ဆရာကြည် …ဆရာကြည်”

ကျွန်တော် ။ ။ လာကြဗျို့  ။ ခင်ဗျားတို့ အသံခုနစ်သံကိုချီလို့ ကျွန်တော့်  ငယ်ဘဝလေးတောင် သတိရမိသဗျ။

ကိုသုတ ။ ။ တွေ့ မှ တွေ့ ပါ့မလားလို့။ဝမ်းသာလိုက်တာ ဆရာရယ်၊ ပြီးခဲ့တဲ့အပတ်က မဆုံကြရဘူး။ ဆရာ တောပြန်နေတယ်လို့ ပြောကြတယ်။

ကျွန်တော် ။ ။ ဟုတ်တယ်ဗျ။ သီတင်းကျွတ် ကျွန်တော့် ဇာတိ မိဘ၊ ဘိုးဘွား၊ ဆရာသမားများ ကန်တော့ရင်း ကျွန်တော် တို့ရွာက နှစ် စဉ်ဆွမ်းကြီးလောင်းပွဲလည်း နွှဲရင်းပေါ့။

ကိုရသ ။ ။ ဆရာ့ ငယ်က ဆံတောက်ကလေးတွေ နဲ့ လည်း တွေ့ ခဲ့မှာ ပေါ့လေ …ဟဲ…ဟဲ…။

ကိုလေ့လာ ။ ။ ကိုရသ ကတော့လေ။ စွပ်စွပ်ပြောတော့မယ်။ တော် ကြာ ဆရာ့အိမ်ရှင်မက နှစ် ပြန်ကြော်လေးတောင်ချမကျွေးဘဲ နေဦးမယ် …။

ကျွန်တော် ။ ။ ရပါတယ်ဗျာ၊ ကျွန်တော့် အိမ်ရှင်မက မငြူ စူတတ်ပါဘူး။ မစိုးရိမ်ပါနဲ့ ။ ခင်ဗျားတို့ပြောတဲ့ ကျွန်တော့်  ဆံတောက်မ သူငယ်ချင်းတွေ လည်း ခုတော့ တချို့  က တစ်နယ်တစ်ရပ်၊ တချို့  လည်း မရြှိ ကတော့ဘူး။ ရွာမှာ ရှိသူတွေ လည်း ဆံပင်ဖြူ ၊ သွားကျိုး သူ ကျိုး ကုန်ပြီဗျ။

ကိုသုတ ။ ။ ဒါကြောင့် ဇရာနဲ့ မရဏဟာ တစ်နေ့ ကြုံ ကိုကြုံ ရမယ်ဆိုတာ ဗုဒ္ဓ္ဓအဆုံးအမရှိ မဟုတ်လား။ မလွဲမသွေပဲလေ။

ကိုလေ့လာ ။ ။ နွားသေ သားရေကျန်ရမယ်။ လူသေ နာမည် ကျန်ရမတဲ့။

ကိုရသ ။ ။ အဲဒီ ကျန်တဲ့နာမည် ဟာ အကောင်းလား၊ အဆိုးလား ဒါအရေး ကြီးတယ်မဟုတ်လား ဆရာ။

ကိုလေ့လာ ။ ။ ဆရာရေ … ကိုရသတောင် အတော် တိုးတက်နေပါပြီ၊ အဟုတ်ပြောတာပါ။

ကိုရသ ။ ။ ခင်ဗျားက အကောင်းပြော ဖောက်လာပြီ။ ကဲ ဆရာ၊ ဘာတွေ သဲကြီးမဲကြီး ရေး ဖတ်နေလဲ လုပ်ပါဦး ဆရာရယ်၊ စာကြောင်း ပေကြောင်း မကြားရတာ ကြာပါပြီ။ ကိုလေ့လာနဲ့ က ဆိုင်လိုက်တာနဲ့ ငြင်းခုံနေရတာ နဲ့ ။

ကိုသုတ ။ ။ ဟုတ်ပါ့ ဆရာရယ်၊ ကျွန်တော် တို့က ဆရာနဲ့ တွေ့ ဆုံ ဆွေးနွေးဖို့ အမြဲထက်သန်နေတာပါ။

ကျွန်တော် ။ ။ ဒီလိုဗျ။ ခင်ဗျားတို့ပြောတဲ့ အကောင်းအဆိုး ပြဿကနာနဲ့ လည်း ဆက်စပ်နေပါ တယ်။ ဝတ္ထု တိုလေးတစ်ပုဒ်အပေါ် ခံစားမှုနဲ့ အက်ဆေးတစ်ပုဒ်ကပေးတဲ့အတွေး ဖြန့်ကြက်မှု ဆက်စပ်နေပုံလေး၊ ယှဉ်ပြီး သုံးသပ်ကြည့်ရင်းနဲ့ အကြိမ်ကြိမ် ပြန်ဖတ် မိ၊ တချို့  စာကြောင်းလေးတွေ အသုံးအနှုန်းကအစ ကြို က်တော့မှတ်စုမှတ်ရာရေး နဲ့ အလုပ်ရှုပ်နေတယ် ဆိုပါတော့ဗျာ။

ကိုလေ့လာ ။ ။ ဝတ္ထု တိုတစ်ပုဒ်နဲ့ အက်ဆေးတစ်ပုဒ်ရဲ့ ခံစားမှုနဲ့ အတွေးဖြန့်ကြက်မှု ဟုတ်လားဆရာ၊ အဲဒါကပဲ စိတ်ဝင်စားဖို့ကောင်းနေပြီ။ အဲဒီ အက်ဆေးလး လုပ်ပါဦး ဆရာ။

ကိုရသ ။ ။ ခံစားမှုအရဆို ဝတ္ထု ကို အရင်ပြောရင် မကောင်းဘူးလား။

ကိုလေ့လာ ။ ။ သြော်… ကိုရသရယ် ဖြစ်ရပ်တွေ ကို လေ့လာတဲ့အခါ သုံးသပ်တွေးခေါ်မှုဟာ အရေး ကြီးတယ်မဟုတ်လား၊ ခံစားမှုကို ရှေ့တန်းတင်ရင် အမှန်နဲ့ နီးစပ်ပါ့မလား။ ကြောက်၊ ချစ်၊ မုန်း၊ မျှော်ဆိုတာ ကြေးညှော် လေးသွယ်လို့ ဆိုတယ်နော်။

ကိုရသ ။ ။ အဲဒါ ဝိပဿကနာရှုတဲ့နေရာမှာ ပြောတာမဟုတ်လား။ ကျွန်တော် တို့ ဆွေးနွေးမှာ ကအနုပညာရေး ရာမှာ ခံစားမှုမပါရင် အသက်မဲ့နေမှာ ပေါ့။

ကိုလေ့လာ ။ ။ ကြောက်၊ ချစ်၊ မုန်း၊ မျှော်ဆိုတာ ဝိပဿကနာရှုရာမှာ တင် မဟုတ်ပါဘူး ကိုရသရဲ့ ။ ယထာဘူတအမြင်မှန်အောင် သုံးသပ်နိုင်ဖို့ကို ပြောတာပါ။

ကိုရသ ။ ။ မရဘူးဗျာ… ကျွန်တော် ကတော့ ရသပဲ၊ ဝတ္ထု အရင်ပြောပါဆရာ။

ကိုလေ့လာ ။ ။ ကိုရသရေ၊ ခင်ဗျားဟာ အမှန်တရားကို မျက်စိမှိတ်ချင်သူ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အက်ဆေးက ပိုစိတ်ဝင်စားဖို့ ကောင်းမယ်မဟုတ်လား။

ကိုရသ ။ ။ ဝတ္ထု ဗျာ …။

ကိုလေ့လာ ။ ။ အက်ဆေးဗျာ။

ကိုသုတ ။ ။ ကဲ…ကဲတော် ကြပါတော့…မောင်မင်းများ လေ့လာတဲ့သဘော၊ ရသနှောလို့ အတောမသတ် ဖြစ်နေပါ့မယ်။ နောက်ပိုင်း ဇာတ်ထုပ်ကလည်း ကျန်သေးသမို့ ခပ်သုတ်သုတ်လေး သွားကြစို့လား။

ကိုရသ ။ ။ ဟုတ်ပါ့၊ ရွာစား အဲလေ… ဆရာသုတရေ ဓာတ်ပြားတစ်ဖက် လှန်လိုက်စမ်း၊ လှန်လိုက်စမ်း။

ကိုလေ့လာ ။ ။ ကိုရသအသံ ကြားရတာ ကွယ်လွန်သူ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ကို သတိရလိုက်တာ။ ကျွန်တော် တို့ခေတ်မှာ တော့ အလင်္ကာကျော်စွာ ရတာ သိပ်မကြားမိပါဘူး။

ကိုရသ ။ ။ ခင်ဗျား လေ့လာမယ်ဆိုပြီး မလေ့လာလို့နေမှာ ပါ။ ခင်ဗျားက ဂုဏ်ထူး၊ ဘွဲ့ထူးတွေ ဆိတ်သုဉ်းနေတယ်လို့ ဆိုချင်တာလား။

ကိုလေ့လာ ။ ။ ဒီသဘောမဟုတ်ပါဘူး ကိုရသရယ်၊ ဟို ဥပမာ နေမျိုး ဗလကျော်သူ ရွာစားကြီးစိန်ဗေဒါ၊ ဝဏ္ဏကျော်ထင်ဦးစိန်အောင်မင်းတို့လို။

ကိုသုတ ။ ။ ကဲ… တော် ကြပါတော့။ ခင်ဗျားတို့နှစ် ဦးကြောင့် ထူးတော့မည့်  ကျွန်တော် တို့စားဝိုင်းကလေး ရပ်ဆိုင်းနေပါဦးမယ်ဗျာ။ ဆရာရေ၊ သူတို့စကားကြောကို မငဲ့ဘဲ ကိုယ့်သဘော ကိုယ်ဆောင်ကြပါစို့။ လုပ်ပါဆရာ။ ဝတ္ထု တစ်ပုဒ်နဲ့ အက်ဆေးတစ်ပုဒ်တို့ရဲ့ ခံစားမှု ဖြန့်ကြက်မှု။

ကျွန်တော် ။ ။ ဒီလိုဗျ။ ဟိုတစ်လောက ထွက်တဲ့ ဆရာမင်းသုဝဏ်ရဲ့ ဝတ္ထု တိုစာအုပ် တွေ့ တယ်မဟုတ်လား။ အဲဒီ ထဲမှာ ‘နောက်ဆုံးသင်ခန်းစာ’ ဆိုတဲ့ ဘာသာပြန်ဝတ္ထု တိုလေးပါတယ်။ ပြင်သစ်စာရေး ဆရာကြီး ဒူဒေးက ပြင်သစ်ကို ဂျာမန်နာဇီတွေ သိမ်းတဲ့ကာလနောက်ခံနဲ့ ရေး ထားတာ။

ကိုသုတ ။ ။ သူ့ဝတ္ထု ကြောင်းလေး လုပ်ပါဦးဆရာ။

ကျွန်တော် ။ ။ ဝတ္ထု က ကျောင်းသားလေး တစ်ယောက် က ပြန်ပြောတဲ့အနေနဲ့ ရေး ထားတာ။ ပြင်သစ်ပိုင် အာလစနဲ့ ယော်ရိန်းနယ်မှာ ဂျာမန်တွေ ဝင်လာတော့ ပြင်သစ်စာကို မသင်ရ၊ ဂျာမန်ဆရာတွေ နဲ့ ဂျာမန်စာပဲ သင်ရမယ်ဆိုပြီး ဘာလင်က အမိန့်ထုတ်တယ်။

ကိုလေ့လာ ။ ။ ဖက်ဆစ်တွေ ဟာ လူမျိုး ကိုသာမက စာပေကိုပါ ဖျောက်ဖို့ ကြိုး စားတာပါပဲလား ဆရာ ….။

ကျွန်တော် ။ ။ ဟုတ်ပါ့ဗျာ။ အဲဒီ နေ့ ကတော့ အမိန့်လည်းရောက်လာပြီဆိုတော့ အဲဒီ က ပြင်သစ်ဆရာကြီးက နောက်ဆုံးသင်ခန်းစာသင်ပြီး ဒီကျောင်းလေးက ထွက်ခွာပေးရမယ်လေ။

ကိုရသ ။ ။ စိတ်မကောင်းစရာပါလား ဆရာ။

ကိုသုတ ။ ။ ဟုတ်ပါ့ဗျာ။ အရှင်နှစ် ပါး ပါတော် မူတုန်းက မြတောင်ကျောင်းကနေပြီး မြင်ကွင်းကို တွေ့ လိုက်ရတဲ့(၁၀)နှစ် ရွယ် မောင်လွန်းကလေးကိုတောင် သတိရမိပါရဲ့ ။ နုနယ်တဲ့ကလေးသူငယ်ရဲ့ ရင်ထဲ သံမှိုစွဲသလို နာကျင်နေမှာ ပဲဆိုတာ ဆရာပြောတဲ့ ‘နောက်ဆုံးသင်ခန်းစာ’ ဝတ္ထု လေးက သတိပြန်ရအောင် နှိုးဆော်လိုက်သလိုပါပဲ။ ဆက်ပါဦး ဆရာ။

ကျွန်တော် ။ ။ အဲဒီ နေ့မှာ ကျောင်းသားလးကလည်း ခါတိုင်းလိုပဲ အောက်မေ့ပြီး ကျောင်းကိုနောက်ကျမှရောက်လာ၊ လမ်းမှာ ကြော်ငြာသင်ပုန်း လူတွေ ဝိုင်းအုံဖတ်နေ၊ ဘာမှန်းမသိဘူးပေါ့။ ကျောင်းခန်းထဲ အမောတကောပြေးဝင်လိုက်တော့ စာသင်ခန်းထဲမှာ ကျောင်းသူ ကျောင်းသားသာမက ရပ်သူရွာသား မိဘတွေ လည်းရောက်နေတာပေါ့။ ဆရာကြီး ဟာမ်လ်က ခါတိုင်းလို ကျောင်းသာလေးကို မဆူပါဘူး။ “ဒီနေ့ သင်ခန်းစာဟာ တပည့်တို့သင်ရမည့်  နောက်ဆုံးသင်ခန်းစာပဲ။ မနက်ဖြန်ဆို ဂျာမန်ဆရာ ရောက်လာမယ်။ ဒါကြောင့် နောက်ဆုံးသင်ခန်းစာကို ကြိုး စားသင်ကြပါ”

လို့ဆိုပြီး-

“ကဲ… ဘယ်နှယ့်လဲ၊ မင်းတို့ကိုယ်မင်းတို့ ပြင်သစ်ဆို၊ ခုတော့ ကိုယ့်စကားလည်း ကိုယ်မ ပြောတတ်၊ ကိုယ့်စာလည်း ကိုယ်မရေး တတ်” လို့ပြောတယ်။

‘ခါတိုင်းတော့ ပေါ့ပေါ့လျော့လျော့ တို့နေခဲ့ကြတယ်။ တို့တွေ လည်း အပြစ်မကင်းဘူး’ ဆိုပြီး ဆရာကြီး က “ကိုယ့်စာပေကို စောင့်ရှောက်ရမယ်။ ဘယ်တော့မှ မေ့မပစ်ရ။ ဘာကြောင့် လဲဆိုတော့ သူ့ကျွန်ဘဝရောက်နေရတဲ့ လူတစ်မျိုး ဟာ ကိုယ့်စကား၊ ကိုယ်စာပေကို မမေ့သေးသမျှ သူ့ကျွန်ဘဝ တည်းဟူသော အကျဉ်းထောင်တံခါးကို ဖွင့်ဖို့ သော့ ကိုသိမ်းဆည်းထားတယ် မည် ပါတယ်” တဲ့။

ကိုသုတ ။ ။ တယ်လေးနက်ပါလား ဆရာရယ်။

ကိုရသ ။ ။ ဒါကြောင့် ဆရာ အကြိမ်ကြိမ်ဖတ်မိတာကိုး။

ကျွန်တော် ။ ။ ကိုယ်တိုင်ဖတ်ကြည့်စေချင်တယ်ဗျာ။ အဲဒါ ဆရာမင်းသုဝဏ်က ၁၉၄၁ ခုနှစ် ၊ ဇန်နဝါရီ ကြီးပွားရေး မဂ္ဂဇင်းမှာ ပြန်ခဲ့တာ။

ကိုသုတ ။ ။ တကယ့် အချိန်ကောင်းပဲ။ လွတ်လပ်ရေး အကြို ကာလလို့ ဆိုရမှာ ပေါ့။

ကိုလေ့လာ ။ ။ ဖက်ဆစ်တော် လှန်ရေး အကြို ကာလလို့လည်း ဆိုချင်ဆိုနိုင်မယ်ထင်ပါရဲ့ ။ ကဲ… ဆရာ အက်ဆေးလေးလုပ်ပါဦး။

ကျွန်တော် ။ ။ အက်ဆေးက ၁၉၉၁၊ဇွန်လထုတ် Time မဂ္ဂဇင်းထဲမှာ Lance Morrow ဆိုတဲ့ ပုဂ္ဂို လ်က ‘Evil’ ဆိုပြီး ရေး ခဲ့တာ။ ကျွန်တော် က ဆရာမြသန်းတင့် ဘာသာပြန်ထားတာ ဖတ်ရတာ ။

ကိုရသ ။ ။ အင်း… ဆရာမြ ကွယ်လွန်ပြီးနောက် အက်ဆေးကို စိုက်လိုက်မတ်တတ် ဘာသာပြန်ပေးမယ့်သူ မရှိပါလားဆရာ။ အဲဒါ ဘာကြောင့် လဲ။ အက်ဆေးကို စိတ်ဝင်စားတဲ့သူနည်းလို့လား။

ကျွန်တော် ။ ။ အခုနောက်ပိုင်းမှာ ရသအက်ဆေးကို စိတ်ဝင်စားလာကြတာ တွေ့ ရပါတယ်။ နည်းတော့ နည်းနေသေးတာပေါ့ဗျာ။ အက်ဆေး ဘာသာပြန် အနည်းအကျဉ်းတော့ ရှိပါတယ်။ ဆရာမြလိုတော့ အစဉ်တစိုက် မဟုတ်ဘူးပေါ့။

ကိုသုတ ။ ။ အက်ဆေး လုံးချင်းဘာသာပြန် ထွက်ဖူးလားဆရာ။

ကျွန်တော် ။ ။ ဟိုတုန်း ကတော့ အီမာဆင် အစမ်းစာပျားဆိုပြီး သခင်ဘသော င်း မြန်မာပြန် ထွက်ဖူးတယ်။ အခုနောက်ပိုင်းတော့ အက်ဆေးဘာသာပြန် အဲ…ဦးဝင်းတင် (English for all)က ‘ကိုယ်သာလျှင် ကိုယ့်ဘဝသခင်’ ဆိုတဲ့ စာအုပ်ထွက်ဖူးတယ်။ ခင်မောင်တိုး(မိုးမိတ်)ကလည်း ‘နေ့စဉ်ဘဝရှင်သန်ရေး ’ ဆိုပြီးထွက်တယ်။ ဒါပေမဲ့ နှစ် အုပ်စလုံးဟာ တွေးခေါ်မှုဆိုင်ရာ၊ တိုးတက်ရေး ဆိုင်ရာတွေ ပါပဲ။ စာပေရေး ရာ အက်ဆေးတွေ တော့ မဟုတ်ကြပါဘူး။ ဆရာမြသန်းတင့် ကတော့ စာပေအက်ဆေးတွေ ၊ ဂန္ထဝင်အက်ဆေးတွေ ၊ တိုင်းမဂ္ဂဇင်းအက်ဆေးတွေ စသည်ဖြင့် တောက်လျှောက် ပြန်ပေးခဲ့တယ်။ ဆရာမြကျေးဇူးတွေ အများ ကြီးပဲ။

ကိုလေ့လာ ။ ။ လဲင့်စ်မော်ရိုးရဲ့ အက်ဆေးလေး လုပ်ပါဦးဆရာ။

ကျွန်တော် ။ ။ တကယ် ကတော့ ဝတ္ထု တစ်ပုဒ် ငုံမိအောင် ချု ပ်ပြောရတာ က ပြောမယ်ဆို ရတယ်ဗျ၊ အက်ဆေးတစ်ပုဒ်ကျတော့ ချု ပ်ပြောရတာ သိပ်ခက်တယ်။ အဲဒီ အက်ဆေးနာမည် က ‘ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်း’ တဲ့။ လုံးချင်းကလည်း အဲဒီ နာမည် နဲ့ ပဲထွက်ဖူးပါတယ်။ လင့်စ်မော်ရိုးဟာ ဘယ်လောက်အမြင်ကျယ်သလဲ။ ကမ္ဘာ့စာပေရေး ရာ နှံ့စပ်သလဲ ဆိုတာ အဲဒီ အက်ဆေး ဖတ်ကြည့်ရင် သိမယ်။ မျက်မှော က်ကမ္ဘာ့ရေး ရာတွေ ၊ အတိတ်ပစ္စု ပ္ပန် သမိုင်းရေး ရာတွေ …၊ ဒီနေ့ကမ္ဘာမှာ အသံတွေ ညံနေတဲ့ ဆိုးယုတ်မှုနဲ့ ကောင်းမြတ်မှုတွေ ဥပမာ- ငွေကြေးလောဘ၊ အကြမ်းဖက်ဝါဒ၊ မူးယစ်ဆေး၊ အေးအိုင်ဒီအက်စ်၊ ရာဇဝတ်မှု၊ ကလေးငယ် အလွဲသုံးမှု၊ ကမ္ဘာ့ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ပင်လယ်ရေဖိတ်ယိုမှု၊ အက်ဆစ်မိုး…အဲဒီ လို ဖျက်ဆီးနိုင်စွမ်းအားကြီးနေချိန်မှာ ပဲ သဘာဝ လောကဓာတ်ကြီးမှာ သန့်ရှင်းတဲ့လက်များ ရှိနေပုံတွေ အကြောင်းတွေ ပေါ့ဗျာ။

ကိုရသ ။ ။ ဆရာရေ… ကျေးဇူးတင်ပါတယ်။ ဝတ္ထု တိုတစ်ပုဒ်ရဲ့ ခံစားမှုနယ်ပယ်၊ အက်ဆေးတစ်ပုဒ်ရဲ့ ဖြန့်ကြက်တဲ့ နယ်ပယ် ကျွန်တော် ရိပ်မိလာသလိုပါပဲ။

ကိုလေ့လာ ။ ။ ဒါကြောင့် ရသဥခွံထဲချည်း ခေါင်းမြှု ပ်မနေပါနဲ့ လို့ ကိုရသကို ပြော,ပြောနေရတာ ပေါ့ …။

ကိုရသ ။ ။ အရေး ထဲ မင်္ဂလာ ဝင်ယူတဲ့သူကလည်း ရှိသေးဆရာရေ့။

ကိုသုတ ။ ။ တကယ်တော့ ကြောက်၊ ချစ်၊ မုန်း၊ မျှော်၊ ကြေးညှော်လေးသွယ် ကင်းကင်းနဲ့ အမြင်ကျယ်ကျယ်ကြည့်တတ် မြင်တတ်ဖို့၊ သုံးသပ်နိုင်ဖို့ဆိုတာ လောကုတ္တရာစာပေအတွက် မှန်သလို လောကီစာပေအတွက်လည်း မှန်တယ်မဟုတ်လား ဆရာ။

ကိုရသ ။ ။ ဒီတော့ ယထာဘူတလား၊ သမ္မာဒိဋ္ဌိလား။ ကိုလေ့လာ … ကိုလေ့လာ ဖြေဗျာ။

ကိုလေ့လာ ။ ။ ကျွန်တော် က ယထာဘူတလို့ဆိုရင် ခင်ဗျားက သမ္မာဒိဋ္ဌိလို့ ကပ်ပြောမယ်ဆိုတာသိနေပါသဗျ။

ကိုရသ ။ ။ ကိုလေ့လာက ကျွန်တော့်ကို ငါ့စကားနွားရသမားလို့ မှတ်ထား ထင်ပါရဲ့ …။ တကယ်တော့ အဘိဓမ္မာ မတတ်ရင် ဝေါဟာရနဲ့ ရန် ဖြစ်တတ်သတဲ့ဗျ။

ကိုသုတ ။ ။ ကဲ… ဆရာရေ ကိုရသ တိုးတက်လာပြီဆိုတာ ဆရာ့အမြင် အဲ… အကြားပါပဲ။

ကိုလေ့လာ ။ ။ ကဲ… ကိုရသရေ …။

ကိုရသ ။ ။ အစက တို့မပြောလား၊ အစက တို့မပြောလား။

မြန်မာ့ဓန၊ ဇန်နဝါရီလ၊ ၂၀၀၃။



ဝန်ဇင်းချစ်သူများ ကြည်နိုင် ၏ “ စည်းသုံးချက်၊ ၀ါးသုံးချက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မြန်မာနှင့်ကမ္ဘာ့ စံတင်ထိုက်သူများ

ကလေးများအတွက် သမိုင်းပုံပြင်(၁)

တက္ကသိုလ် နန္ဒမိတ် ဘ၀နှင​့္စာေ​ပ အထၳဳပတၱိ