Cover

(၁)

အမှန်တော့ ကျွန်တော် က တောသားလည်း ဟုတ်ရပေါင်ဗျာ..။

ဒါပေမယ့် ကျွန်တော့် အဖေ ဦးထွန်းနိုင်က တောသားဗျ...။

အဖေက မော်လမြို င်မြို့  ကနေ ရေလမ်းခရီးနဲ့ တစ်ညအိပ်သွားမှရောက်တဲ့ ကရင်ကဒိုက်ရွာသား။

သူ့အသက် ရှစ်နှစ် လောက်မှာ စစ်ကြီး ဖြစ်လို့ မော်လမြို င်မြို့  ကို ထွက်ပြေးလာရာကနေ သူ့လိုပဲ စစ်ရှောင်ရင်း ကတိုးကော့နှပ်က ပြောင်းပြေးလာတဲ့ ကျွန်တော် တို့ 'မာတာမော်ဒယ် ဒေါ်ညွန့်နွယ်'နဲ့ အကြောင်းပါကြတာကလား။ အဲဒီ တုန်းက ကျွန်တော် တို့ မမွေးသေးဘူးပေါ့။ (ဟယ်..အခုမှ အဖေ အမေ ညားတုန်းရှိသေး။ 'ပနက်' ကလေးတောင် မရိုက်ရသေးပဲ ကလေးကဘယ်နှယ့်မွေးမှာ တုန်း ...။)

နှစ် ယောက် လုံး ကတော့ တောသူတောင်သားများ ပီပီ တောမှာ နေ ရတာ ကိုပဲ နှစ်သက် ကြပါတယ်။ အဖေဝန်ထမ်း ဖြစ်တော့ ဝန်ထမ်းတို့ ဘာသာဘာဝ ပြောင်းရရွှေ့ရပေါ့ဗျာ ... ဒါပေမယ့် တောသဘာဝ ကိုကြို က်တဲ့ကျွန်တော့အဖေက သူ့ဗီဇအတိုင်း တောရွာ တွေ မှာ ပဲ လှည့်ပတ်တာဝန် ထမ်းဆောင်ခဲ့ရှာတယ်။

သူများ မသွားချင်တဲ့ ခေါင်ဗေ့နက်ဗေ့ဆိုတဲ့ တောရွာများ ဆိုလို့ ကတော့ ကျွန်တော့အဖေတို့များ အသည်းယားပြီ ...သွားမယ် လာထားပဲ ဒီတော့ ဒီတောကြို က်မိဘနှစ် ပါး ကောင်းမှု အကြောင်း ပြု ပြီး ကျွန်တော် တို့လည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်အနှံ့ မနေဖူး တဲ့နေရာ မရှိခဲ့ဘူး။ မြို့  တော့မပါဘူးနော် ...တောကိုပြောတာ ...တော ...တော ...။ မြဝတီ၊ တောင်သုံးလုံး၊ ကော့ကရိတ် ကနေ (အဲဒီ တုန်းက အင်မတန်ခေါင်တယ်ဆိုတဲ့) ခလည်တံခွန်တိုင်၊ မွန်တံခွန်တိုင်၊ လှိုင်းဘွဲ့၊ ကြာအင်းစိတ်ကြီး၊ တောင်ကြာအင်း စသည် ဖြင့် နေခဲ့ရတဲ့အပြင် မွန်ပြည်နယ် ဆယ်မြို့  နယ်လုံးမနေခဲ့ဖူးတဲ့မြို့  မရှိ ခဲ့ဘူး။ (ဒါတောင် အိမ်ကထွက်ပြေးပြီး ရခိုင်ရောက်တဲ့အကြောင်း မပြောသေးဘူး)

ပြောရဦးမယ်...။ အဖေက ဝန်ထမ်းကောင်းဗျ။ အဖေစ ပြီး ဝန်ထမ်းအ ဖြစ် တာဝန်ထမ်းဆောင်ကတည်းကနေ ပင်စင်ယူတဲ့ အထိ ခွင့်တစ်ရက်မှ မယူခဲ့ဖူးဘူး။ တာဝန်နဲ့ပတ်သက်ပြီး လစ်ဟင်း ပျက်ကွက်ခဲ့တာ မရှိဘူး။ သူ့အလိုလိုနေရင်းနဲ့ကို စံပြဝန်ထမ်းကောင်း ဖြစ်နေတာလေ။

ဒီလောက် ဝန်ထမ်းကောင်း ဖြစ်ချင်တဲ့ အဖေ့ကို သူ့အထက် အရာရှိများ က တောပဲပို့ပါတယ်။

တောပို့တော့လဲ အဖေကပျော်ပျော်ပဲ..။ သူကိုယ်တိုင် တောမှာ နေချင်သူဆိုတော့ ကျွန်တော် တို့ကိုလက်ဆွဲ တောထဲသွားတာပဲ။ အဲဒါကြောင့် ပြောတာပေါ့...။

ခင်ရယ်...။

အမှန်တော့ ကျွန်တော် က တောသားလည်း ဟုတ်ရပေါင်ဗျာ..။

x x x x x

ပြောရဦးမယ်...။

ကျွန်တော့် အဖေက အဲသည်လို အပစ်ကင်းအောင်နေတဲ့အပြင် အချိန်ကိုလည်း အရမ်းလေးစားပါတယ်။

ရှစ်နာရီချိန်းထားတဲ့ အလုပ်ကို ရှစ်နာရီအတိအကျ သွားပါတယ်။ ပိုလည်းမပိုဘူး၊ လိုလည်းမလိုဘူး။

ဆယ်နာရီဆိုလည်း ဒီလိုပဲ။ ဆယ်နာရီ အတိအကျပဲ လုံးဝအချိန် မမှားဘူး။ ကျွန်တော် အခုလိုပြောလို့ ကျွန်တော့် အဖေရဲ့ အချိန်တိကျပုံကို လေးလေးနက်နက် ခန့်မှန်းမိမှာ မဟုတ်ပါဘူး။ အသေအချာ ခန့်မှန်းလို့ရအောင် ကျွန်တော် တို့ ညီအစ်ကိုခုနစ်ယောက် နဲ့ သာဓက ရှင်းပြပါမယ်။ အဖေမွေးထားတာက ကျွန်တော် တို့ညီအစ်ကိုခုနစ်ယောက် ။ အားလုံး နှစ် နှစ် ခြား တစ်ယောက် ပဲ။ အဖေလုံးဝအချိန်မမှားဘူး။ တစ်ယောက် မွေးပြီး နောက်နှစ် နှစ် ကြာရင် တစ်ယောက် ၊ နောက် နှစ် နှစ် ကြာရင် တစ်ယောက် ၊ ကွက်တိပဲ။ အားလုံးခုနစ်ယောက် ...။ အဲဒီ ခုနစ်ယောက် မွေးဖို့ အဖေ ဆယ့်လေးနှစ် တိတိ အချိန်ယူခဲ့တယ်။

အဖေ့အချိန် တိကျပုံပြောပါတယ်..။

ဒါတောင် အဖေနဲ့အမေက မတည့်လို့။ မျက်နှာချင်းဆိုင်တာနဲ့ရန် ဖြစ်တာပဲ..။ ရန် ဖြစ်ရင်လည်း အဖေကသိပ်မာနကြီးတာ..။

သူချည်း အထုတ်ဆွဲဆင်းတော့တာပဲ...။

ပြီးတော့ အဖေကတစ်ခြားလူတွေ နဲ့ဆို ငြင်သာပျော့ပျောင်းသလောက် အမေနဲ့ဆိုရင်တော့ ခပ်မာမာပဲဆက်ဆံတယ်...။

''ကိုထွန်းနိုင် ဒီအဝတ်တွေ လျှော်လိုက်ပါလား'' ဆို

''အေး...လျှော်တယ် ဘာ ဖြစ်လဲ...''

တွေ့ လား... မာမာပဲ။

''ကိုထွန်းနိုင် ပိုက်ဆံမလောက်လို့ပေးပါဦး''

''ရော့ယူသွား...စကားမရှည်နဲ့''

''ကိုထွန်းနိုင် ထမင်းချက်လိုက်ဦး'' ဆို

''ချက်တယ်ကွာ...ဘာလုပ်ချင်လဲ...''

အဖေက အဲလိုကို မာတာ။

ကျွန်တော် အမေ့ကို မေးဖူးတယ်..။

''အမေရယ်..အဖေနဲ့အမေ ဒီလောက်မတည့်တာတောင် ဘာလို့ ကလေးခုနစ်ယောက် တောင် မွေးချခဲ့တာလဲ...''

ဆိုတော့ အမေက...

''အိုကွယ်..နင့်အဖေက နှစ် နှစ် တစ်ခါ သူမှားကြောင်းလာ လာတောင်းပန်တာကိုး...''

ဟော...ဒါလည်း တိကျပြန်ရော...။

x x x x x

ငယ်ငယ်တုန်းကပေါ့ ...။

နယ်တွေ ဆိုခဏခဏ ပြောင်းဘူးတယ်။ တစ်နေရာ ခြောက်လကနေ အလွန်ဆုံးနေခဲ့တဲ့ ဘီလူးကျွန်းမှာ ခြောက်နှစ် ထိပေါ့။

နယ်ပြောင်းရတာ ပျော်စရာတော့ကောင်းပါတယ်။ နယ်ပြောင်းပြီဆို ပါနေကျ မီးခိုးကြောင့် မဲတူးနေတဲ့ ဒန်အိုးစုတ်ကြီး နှစ် လုံးကို လုံချည်နဲ့တုတ်၊ စစ်ခြင်ထောင်ဟောင်းကြီး တစ်ထည်ကိုဖျာလိပ်ထဲထည့်၊ အဝတ်စားစုတ်တွေ စောင်နဲ့ချည်။ ဒီလိုပဲခေါင်းရွက်ပြီးပြောင်းကြရတာ ။ ဇိမ်ခံပစ္စည်းဆို ထိုင်ခုံမပြောနဲ့ သေတ္တာတောင်မပါဘူး။ ယခုခေတ်ဝန်ထမ်းများ လို တီဗီ၊ ရေခဲသေတ္တာ ဝေးရော...။

ဝတ်ရတာ ကလည်း မြင်းခေါင်းစွပ်ကျယ်နဲ့ သင်တိုင်းတစ်ထည်စီပဲရှိတယ်။ ပြောရဦးမယ် အဝတ်အစားအကြောင်း...။

ငယ်ငယ်တုန်းကဆို အင်္ကျီအသစ်ဆိုတာ တစ်ခါမှမဝတ်ဖူးခဲ့ဘူး။ အဖေက သူအချိန်တိကျခဲ့တဲ့ သူ့သားသမီးတွေ ထဲက အကြီးဆုံး တစ်ယောက် ကိုပဲ အသစ်ဝယ်ပေးတယ်။ အဖေက အဲဒီ မှာ လဲ တိကျပြန်ရော။ ဇယားဆွဲပြီးတော့ကို ပလမ်ချခဲ့လေသလားပဲ...။

အကြီးဆုံး တစ်ယောက် ကို အင်္ကျီအဝတ်အစားဝယ်ပေး တယ်။ နှစ် နှစ် ကြာရင် နောက် တစ်ယောက် တက်လာရင် အဲဒီ အဝတ်ကို သူယူဝတ်။ ကွက်တိပဲ။ သူပြီးနောက် တစ်ယောက် ။ သူပြီးနောက် တစ်ယောက် ။ အဲ..အဲဒီ မှာ မှ အကြီးဆုံးတွေ က ပြဿနာမရှိ ပေမယ့် ကျွန်တော် တို့ အငယ်တွေ ကျတော့ ပြဿနာရှိပြန်ရော...။

ဘာလို့လဲဆိုတော့ အားလုံးသိတော် မူကြတဲ့အတိုင်း ကျွန်တော် တို့ အငယ်သုံးယောက် ရဲ့ အထက်မှာ မချောဆိုတဲ့အစ်မ တစ်ယောက် ရှိနေတယ်လေ။

မချောက သူ့အလှည့်ကျတော့ သူကမိန်းမကိုး...။

ရလာတဲ့လုံချည်တွေ ကို အထပ်ဆင်တွေ တပ်၊ ဒေါက်တွေ တပ်ပြီး ဝတ်တော့တာပေါ့..။ ကျွန်တော် တို့တွေ က သူ့အငယ်တွေ ဆိုတော့ သူ့ဆီကကျလာတာတွေ ကို အထပ်ဆင်တွေ ဖြု တ်၊ ဒေါက် တွေ ဖြု တ်ပြီး ဒီအတိုင်းပြန်ဝတ်ရတာ ။

ဒါကြောင့် ကျောင်းနေတုန်းကဆို ဆရာမ တွေ ရဲ့ အရိုက်ခံ ရရင် ကျွန်တော် တို့က ပိုအရိုက်ခံရတယ်..။ ဟုတ်တယ်လေ...။

''ရုပ်ကြည့်တော့ ကျောက်ရုပ်မျိုး ၊ ဖင်မှာ ကြည့်တော့ ဒေါက်ချု ပ်ရိုး ''ဆိုတော့ ဆရာမ က သူ့ကိုနောက်ရပါ့မလားဆိုပြီး ကြိမ်နဲ့ကို ပိုဆွဲတာ...။

x x x x x

အော်..။

ငယ်ဘဝအကြောင်းကလေး ပြန်တွေးရင်း နေခဲ့ရတဲ့နယ်လေးတွေ လွမ်းလိုက်တာ။ အဲဒီ နေရာကလေးမှာ ကျွန်တော် တို့ နေတုန်းက လမ်းပန်း ဆက်သွယ်ရေး က အခုလိုမဟုတ် သေးဘူး။ တစ်ပတ်နေမှကားတစ်စီး အဝင်အထွက်ရှိတာ...။

ဈေးမရှိဘူး။ သမဝါယမဆိုင် မရှိဘူး။ ရုပ်ရှင်ရုံမရှိဘူး။ ရွာမှာ နေတဲ့ လူတွေ က ကိုယ်စားချင်တဲ့အပင်ကိုယ် စိုက်။ ကိုယ်စား ချင်တဲ့ကောင် ကိုယ်မွေးပဲ...။

များ သော အားဖြင့် ကြက်တွေ ၊ ဝက်တွေ မွေးကြတာပေါ့..။

အောင်မာ..ဝက်မွေးတာတောင် ဘယ်လိုမွေးလည်းသိလား..။

အစာကျွေးရင် ဝက်ကြီးကျောကိုသပ်ပြီး...

''ဟေ့ကောင်ကြီး..စားထားနော့..၊ ဝအောင်သာစား၊ အေး.. နင်စားတုန်း ငါစိတ်မဆိုးဘူး..၊ အေး..ငါစားရင်လည်း နင်ပြန်စိတ်မဆိုး ရဘူးနော့..အေး.. ငါကျွေးတုန်း..နင်.. ဝအောင်သာစားထား...''

အဲဒီ လို...။

အော်...အခုများ ။ ကျွန်တော် က စာရေး ဆရာ ဖြစ်လာတော့ ဧည့်ခံပွဲတွေ ၊ စာပေဟောပြောပွဲတွေ ဖိတ်ပါတယ်။ ထမင်းလည်းကျွေးကြပါတယ်။ အဲဒါကို စိတ်မဆိုးဘူး။ ဒါပေမယ့် ကိုယ်စားနေတုန်း အလှူ ရှင်က ကျောလာသပ်ပြီး...

''အကြည်တော် ကြီး စားထားနော့..၊ ဝအောင်သာစား.. အားမနာနဲ့သိလား...''

လို့ အလာပသလာဘ လာပြောရင်တော့ကိုယ့်မှာ ရွာက ဝက်ကြီးပဲ ပြေးပြေးမြင်ပြီး ထမင်း နင်တယ်...။

x x x x x

ကျွန်တော် တို့ အဲဒီ ရွာစပြောင်း စကဆိုအရမ်းအံ့သြရတယ်..။

သွားရတာ ကကားနဲ့။ ရွာ ရောက်တော့ လာကြို ကြတယ်။

လာကြို တဲ့သူက အဖေ့ကို လည်းမြင်ရော...။

''ဟေ့...ဆရာကြီး ဦးထွန်းနိုင်ဆိုတာ မင်းလား...''

ဆိုပြီး အော်မေးတယ်။ လူက တော့လူရည်သန့်လို့ပဲ။ မလေးရှား အင်္ကျီလိုဟာကြီးဝတ်ပြီး မျက်နှာချေတွေ ပွတ်ထားတယ်။

အဖေလည်း သူ့ကိုကြည့်ပြီး ကြောင်တောင်တောင်နဲ့..။

''ဟုတ်ပါတယ်..၊ ကျွန်တော် ဦးထွန်းနိုင်ပါခင်ဗျာ..''

ဟိုလူကြီးက ရင်ကော့ပြီး ...

''အေး..ငါမင်းကို လာကြို တာကွ... ငါလည်းမြို့  ပေါ်ကဆရာကြီးတစ်ကောင် တို့ဆီကိုပြောင်းလာမယ်ဆိုလို့ လာစောင့်နေတာ ...အော် အော် ...ဆရာကြီးဆိုတာလည်းလူပဲကိုး ... တို့ရွာကလူတွေ နဲ့စကားပြောရင်ရိုင်းတယ်ဆိုပြီး စိတ်မဆိုးနဲ့နော်''

ဆိုပြီး တစ်ဆက်တည်းမှာ ပဲ...

''အေး..မင်မှတ်ထားရမှာ က..၊ဒီရွာမှာ ကျွန်တော် ကျွန်တော် နဲ့ပြောတတ်တာ ငါ တစ်ယောက် ထဲ ရှိတယ်ဆိုတာပဲ...''

''ဟင်''

သူဆိုလိုချင်တာက တစ်ရွာလုံးမှာ သူအယဉ်ကျေးဆုံးပေါ့။

အဲဒါနဲ့ မပြီးသေးဘူး။ သူ့ဘေးမှာ လုံချည်ကြီးခေါင်းပေါင်းပြီး အင်္ကျီချွတ်နဲ့ ငုတ်တုတ်ထိုင်နေတဲ့ လူကြီး တစ်ယောက် ရဲ့ အောက်တင်ပါးကို ခြေမနဲ့ကလော်ပြီး...

အဲဒီ ထဲက အခြေအနေမကောင်းတော့ဘူးဆိုတာ သိသာတယ်။ တကယ့်တစ်ကယ်နေတော့လည်း သူတို့စိတ်ရင်းကိုသိပြီး ပျော်သွားလှတော့တာပဲ။

တစ်ယောက် နဲ့ တစ်ယောက် ဘာအပြို င်အဆိုင်မှမရှိဘူး .. ဘာအညိုး ဘာအာဃတမှမရှိဘူး ...ချမ်းသာဆင်းရဲလည်းမရှိဘူး ...အားလုံးက ... ရှိရင်စား..မရှိရင်မစားနဲ့..။ အပူအပင်မရှိဘူး။ ဒီလိုပဲနေကြတာကိုး...။

တလောက ရွာပြန်ရောက်ပါ့...။

လမ်းပန်း ဆက်သွယ်ရေး တွေ ကောင်း၊ အိမ်ကြီးယာကြီးတွေ ဖြစ်နေပြီ။ ဒါပေမယ့် ရွာကလူတွေ ရဲ့ စရိုက်ကမပြောင်းဘူး။

ကျွန်တော် တို့ အဲဒီ ရွာကလေးကထွက်သွားတာ နှစ် ပေါင်း နှစ် ဆယ်ကျော်ပြီလေ...။

ဒါပေမယ့် ကျွန်တော့် ကို တွေ့ တာနဲ့...။

''ဟေ့..စောကြည်ဖြူ ပြန်လာပြီလား..''

နှုတ်ဆက်သံကြားတော့ အံ့အားသင့်သွားတယ်။ ဆယ်နှစ် သားလောက်ကတည်းက ရွာကထွက်သွားတဲ့လူ တစ်ယောက် ကို အသက်သုံးဆယ်အရွယ်မှ ပြန်မှတ်မိသတဲ့လား ...ကျွန်တော့် စိတ် ထဲမှာ နှစ် နှစ် ဆယ်ဆိုတဲ့ကာလမှာ ကျွန်တော့် ကို ဘယ်လိုမှတ်မိနိုင်တော့မှာ လဲနော့..။ ကျွန်တော့် ကို နှုတ်ဆက်နေသူကိုတောင် ကျွန်တော် မသိဘူး။ ဒါနဲ့ပဲ သိချင်စိတ်နဲ့...

''ကျွန်တော့် ကို မှတ်မိနေသေးတယ် ဟုတ်လား...''

ဆိုပြီး မေးကြည့်တော့၊ အဲဒီ လူက...

''မှတ်မိတာပေါ့ကွာ..၊ ဒီရွာကထွက်သွားတာ မင်းတို့မိသားစုနဲ့၊ သေသွားတဲ့ ဦးကာတင်၊ ဒေါ်လှမြို င်၊ ဒေါ်ကြာစိနဲ့ သံလုံးတို့ရှိသေးတာ..''

ရွာလေးက အဲဒီ လောက်ထိ အဝင်အထွက် ကင်းတုန်းပဲ။

x x x x x

အဲ့ဒီမှာ တင် သူငယ်ချင်းတွေ နဲ့ဆုံပြီး ထန်းရည်သောက် ဖြစ်ကြတယ်။ ထန်းရည်ကျည်တောက် တစ်ဝက်ကျိုး လောက်မှာ သူငယ်ချင်း တစ်ယောက် က စပြောတယ်...။

''ဟိုဖက်ရွာမှာ အလှူ ရှိတယ်ကွ..အိုင်စခင်တိုက်တာမောင်''

သူငယ်ချင်းစကားကျွန်တော် ရုတ်တရက်နားမလည်ဘူး။ အိုက်စခင်၊ ဘာလဲ အိုက်စခင်...။ ကျွန်တော် မကြားဖူးဘူး ဖြစ်နေတယ်။ ဒါနဲ့ပဲ။

''ဘာလဲကွ..အိုက်စခင်ဆိုတာ၊ အဲဒီ အစားအသောက်မျိုး ငါ မကြားဖူးပါဘူး...''

ဆိုတော့ ဘေးနားကသူငယ်ချင်းက...

''အာ..ဒီကောင်ဘိုလိုပြောချင်နေတာ၊ မပြောတတ်လို့..၊ အိုက် စခင်ဆိုတာ ဘာမှမဟုတ်ဘူး၊ ဖာလူဒါကို ပြောတာ...''

သူပြောမှ ပိုရှုပ်သွားတယ်။ အိုက်စခင်နဲ့ ဖာလူဒါ ဘယ်လို ဆက်စပ်နေတယ်ဆိုတာ စဉ်းစားလို့ကိုမရဘူး။ ဒါနဲ့ဟိုဖက်ရွာအလှူ ကိုသိချင်စိတ်နဲ့ စုံစမ်းကြည့်တော့ ဟိုကတိုက်လွှတ်လိုက်တာက ဘာမှမဟုတ်ဘူး။

''စပါကလင်ကြီး''

x x x x x

ငယ်စဉ်က အဲဒီ လိုရွာကလေးတွေ မှာ နေခဲ့ရတော့ မြို့  စာတွေ ကို မသိဘူး။ ဘာတွေ စားရမှန်းလည်း မသိဘူး။ ကျွန်တော် တို့ကလည်း အဖေနဲ့လိုက်နေတော့ အဖေကအမဲသားချည်း ပြု တ်ကျွေးတာ။ မှတ်မှတ်ရရ အမဲသားချည်းပဲ ခြောက်နှစ် ၊ တစ်ရက်မှ မပျက်မကွက်စားခဲ့ဘူးတယ်။

မုန့်ဖိုးလည်း တစ်ခါမှ မရဖူးဘူး။

အမဲသားကိုလည်း အဖေက မချက်တတ်တော့ နေ့တိုင်းပြု တ်ကျွေးတယ်..။ အဲဒါကြောင့် ထင်တယ်။ ကျွန်တော့် အဖေကလူကောင် တန်တန်။ အမေက လူကောင်း သေးသေး..၊ မွေးထားတဲ့သားသမီး အားလုံး ခြောက်ပေတန်းတွေ ချည်းပဲ။ အစ်မ မချောတောင် ငါးပေငါးလက်မ။ ကဲ... အကောင် မကြီးလား။ အမဲသားပြု တ်တန်ခိုးတွေ လေ...။

အဲဒါကြောင့် ကျွန်တော် တို့ အတော် အသက်ကြီးတဲ့အထိ ဘာသားရည်စာမှ မစားဖူးဘူး။ ဘယ်လောက်ထိလည်းဆို တစ်ခါက အဖေကျွန်တော် တို့ကို မြို့  ခေါ်သွားတယ်။ အဲဒီ တုန်းက ကျွန်တော် ကခြောက်နှစ် သား ...ကျွန်တော့ညီက လေးနှစ် ...။

x x x x x

မြို့  အဝင် လက်ဖက်ရည်ဆိုင်လေးမှာ ကားခဏရပ်တော့ ကျွန်တော် နဲ့အဖေက အပေါ့အရင်သွားတယ်။ ကျွန်တော့် ညီ မောင်မောင် (ဓီရာမိုရ်)က ဗိုက်ဆာနေပြီဆိုပြီး လက်ဖက်ရည်ဆိုင်မှာ ထိုင်ကျန်ခဲ့တယ်။ ဒါကို အဖေက...

''မောင်မောင်..၊ ဗိုက်ဆာ နေရင် လာချတာအကုန်သာစားထားနှင့် ..၊ အဖေတို့ပြန်ထွက်လာမယ်...''

ဆိုပြီး မှာ သွားတယ်။ ဟိုကောင်ကလည်း လာသမျှအကုန်ဝါးမယ်ဆိုတဲ့ရုပ်နဲ့ ထိုင်ကျန်ခဲ့တယ်။

သိပ်မကြာဘူး။ ကျွန်တော် တို့ အပေါ့အပါးသွားပြီး ပြန်ထွက်လာတော့ ငတိတစ်ခုခုကို စဝါးနေပြီ။ စားပွဲပေါ်မှာ လည်း ချထားတဲ့မုန့်ဘာမှ မတွေ့ ရဘူး။ ပါးစပ်ထဲကြည့်တော့ ဖြူ ဖြူ ၊ ဖြူ ဖြူ နဲ့ ညက်အောင် အားတင်းဝါး နေရပုံရတယ်။ မျက်လုံးမှိတ်သည်အထိ အံကြီးကြိတ်လို့..။ ဒါနဲ့ ကျွန်တော် မေးကြည့်တာပေါ့...။

''မောင်မောင်...ဘာတွေ ဝါးနေတာလဲ...''

ဆိုတော့ ကျွန်တော့် ညီ မောင်မောင်က...

''မသိဘူး..၊ စားပွဲပေါ်လာချတာ ဝါးနေတာပဲ...''

''ဘာအရသာရှိလဲ...''

ကျွန်တော့် အမေး။ ငတိက မျက်မှော င်ကျုံ့  ပြီး...

''မသိဘူး..၊ ဘာအရသာမှတော့ မရှိဘူး။ ဒါပေမယ့် အေးတေးတေးနဲ့ မွှေးတေးတေးကြီး...''

သူ့စကားကို ဘေးနားရှိနေတဲ့အဖေက...

''ပြကြည့်စမ်း..၊ ပါးစပ်ဟကြည့်စမ်း၊ ဘာလဲလို့အဖေ ကြည့်မယ် ...''

ဆိုတော့ ငတိက ပါးစပ်ဟပြတယ်။ အဲဒါတော့မှ အဖေက...

''အေးတေးတေးနဲ့ မွှေးတေးတေးကြီး ဖြစ်မှာ ပေါ့..၊ မင်းက စနိုးတာဝါကြီး ကောက်ဝါးနေတာကိုး...။ အဲဒါ မျက်နှာသုတ်ဖို့ ချပေးထားတာ...''

ဆိုမှမောင်မောင်က သွားဖြဲကြီးနဲ့ ဖင်ကုတ်ခေါင်းကုတ်လုပ်ပြီး...

''မသိဘူးလေ..၊ ချပေးတာအရင်ဝါးထားဆိုတာနဲ့ ကောက်ဝါးနေတာ...''

ဆိုပြီး ပါးစပ်ထဲက စနိုးတာဝါထုတ်ပြီး မျက်နှာအရှက်ပြေ ပြန်သုတ်နေသေးတယ်။ ဒီတော့မှ အဖေကဆိုင်ဖက်လှည့်ပြီး...

''ဟေ့..ဒီမှာ ၊ ငါ့သားတွေ စားဖို့ မုန့်အစုံချ၊ကော်ဖီပါချပေးစမ်း''

ဆိုတော့မှ ဆိုင်ကလည်း မုန့်အစုံကို ချတော့တာ။ မုန့်ဖက်ထုပ်လည်းပါတယ်။ ပေါက်ဆီလည်းပါတယ်။ ကော်ပြန့်လည်းပါတယ်။ ဘိန်းမုန့်လည်းပါတယ်။ ကိတ်မုန့်လည်းပါတယ်။ မုန့်ဆီကြော်လည်းပါတယ်။

လာချသမျှ မုန့်အားလုံးကို ခုနအေးတေးတေးနဲ့ မွှေးတေးတေးကြီးဝါးနေတဲ့ ကျွန်တော့် ညီက မျက်လုံးပြူး ကြီးနဲ့လိုက်ကြည့်နေတယ်။ အတော် ကြာမှ အသံကျယ်ကျယ်နဲ့မေးတယ်...။

''ဖေ့..ဒီထဲမှာ ကော်ဖီဆိုတာ ဘယ်မုန့်လဲ..''

သူ့အသံလည်းကြားရော တစ်ဆိုင်လုံး ဝါးခနဲဝိုင်းရယ်ကြတယ်။

အဲသည်လောက်ထိ တုံးတာ။ ကော်ဖီဆိုတာတောင် ဘယ်မုန့်လဲ မေးရလောက်အောင်ကို မသိကြတာ။ အေးလေ..ကိုယ်မှမစားဖူး မသောက်ဖူးပဲကိုး...။

အဲ...ဒါပေမယ့် ထန်းရည်ကျတော့ သိသဗျ..။

x x x x x

ငထွတ်တန်းတယ်ဆိုတာ ကြားဖူးလား...။

အဓိပ္ပာယ်မသိ ဖြစ်နေလိမ့်မယ်...။

အမှန်တော့ ဘာမှမဟုတ်ဘူးဗျ...။

ငထန်းတွတ်တာကို ပြောတာ၊ ငထန်းတွတ်တယ်ဆိုတာလည်း ဘာမှမဟုတ်ဘူး၊ ထန်းရည်သောက်တာဗျ။ ဒါပေမဲ့ ကျု ပ်တို့ဘက်မှာ တော့ ငထွတ်တန်းတယ်ဆိုတာ ခေတ်အစားသားကလား။ ငထွတ်တန်းတယ်ဆို လူတိုင်း ထန်းရည်တွတ်မယ် ဆိုတာ သိတယ်။ ကျွန်တော် တို့လည်း သောက်ခဲ့ဖူးတယ်။ ကြို က်လည်း ကြို က်တယ်။ ကျွန်တော့် အစ်ကို ကိုဈာန် တစ်ယောက် ဆို ထန်းရည် ဘယ်လောက် ကြို က်တယ်မှတ်လည်း မြန်မာ့အသံမှာ လာတဲ့ မြန်မာအစာနဲ့ အာဟာရအခန်းမှာ ထန်းရည်အကြောင်းဘယ်တော့မှမလာလို့ဆိုပြီး စိတ်များ တောင်ကောက်သေး။ ဟုတ်တယ်လေ။ သူပြောမှ သိရတာ ။

ထန်းရည်ဆိုတာ ဝမ်းမီးကို အလွန်ငြိမ်းစေသဗျ။ ဆီးမှန် တယ်၊ ဝမ်းမှန်တယ်၊ ဆောင်းရာသီမှာ ထန်းရည်သာ မှန်မှန်သောက်၊ အသားတောင် မပတ်ဘူးဗျ။ အဲသည်လောက်ထိ သွေးလည်ပတ်မှု ကို မှန်ကန်စေတယ်။ ဒါတင်ပဲလား၊ မဟုတ်သေးဘူးဗျ။ ကျောက်ကပ် ရောဂါ ကိုလည်းနိုင်တယ်။ မယုံလို့လား၊ သောက်ကြည့် တကယ်ပြောတာ။ ထန်းရည်က တခြားအရည်မျိုး နဲ့ မတူဘူး။ ဆီးအလွန်သွားတာ။ ကိုယ်သောက်သလောက် သူကအားလုံး ပြန်သွားပစ်တော့တာကိုး။ မယုံသောက်ကြည့်၊ ထန်းရည်သမားရဲ့ ဆီးဟာ ထန်းရည်နံ့ ပြန်ထွက်တယ်။ ဒါကြောင့် သူ့အလိုလိုနေရင်း ကျောက်ကပ်ကို ဆေးပြီးသား ဖြစ်သွားရောတဲ့ ကျွန်တော့အစ်ကို ကိုဈာန်ပြောတာ။

ကျွန်တော် ကိုယ်တိုင် ကျောက်ကပ်တစ်လုံး ရပ်ဖူးတယ်။ ပါရဂူတွေ က ဆေးရုံတက်ပြီး ခွဲခိုင်းတယ်။ ပိုက်ဆံကလည်းမရှိ၊ ဆေးရုံ ကလည်း မတက်နိုင်တာနဲ့ စိတ်ဓာတ်ကျပြီး နယ်ပြန်သွားခဲ့ရတယ်။ အိမ်တောင်မရောက်ဘူး ပြန်ကောင်းသွားပြီ။ အိမ်ပြန်နေကျလမ်းမှာ ထန်းတဲကြီးရှိတာကိုး။ ထန်းတဲရှိရင် ကိုဈာန်ရှိနေပြီပဲ ...ကိုဈာန်ရှိ နေရင် ကောင်းဗေ့ဆိုတဲ့ထန်းရည်ကရှိနေပြီ ...ဆိုတော့ကာ ... ကိုဈာန်က ...

''ဟကောင်ကြီးရ ...ဝင်ဆွဲ သွားပါဟ ...ကျောက်ကပ် လောက် ကတော့ ဆေးကုဖို့တယ်မလိုပါဘူး ...ထန်းရည်နဲ့တင် ကောင်းပါတယ် ...လာ ရှိန်းတယ်ကွ ...''

ဆိုတော့ ကျွန်တော် လည်းစိတ်ညစ်ညစ်နဲ့ ထန်းရည်နှစ် ခွက် ဝင်ချထည့်လိုက်တာ ရပ်နေတဲ့ကျောက်ကပ် ချက်ချင်း ဗလောင်ဆူပြီး ပြန်ခုတ်တော့တာ။ သွားလိုက်တဲ့ဆီး၊ တစ်ဒီးဒီးနဲ့ ရေကာတာကျိုး တယ်တောင် မှတ်ရတယ်။

တစ်လလောက်နေပြီး ရန်ကုန်ပြန်လာတော့ ပါရဂူတွေ နဲ့ ပြန်စစ် သေးတယ်။ ဘာ ရောဂါ မှမရှိတော့ဘူး။ အသားလေးဖြူ ဝင်းပြီး နုများ တောင်နေသေး။ ထန်းရည်က ဝက်ခြံလည်း မထွက်ဘူးဗျ။ (ဟယ်...ပြောရင်းတောင် သောက်ချင်လာပြီ) ထန်းရည် အကြောင်းပြောရရင် ကုန်မှာ မဟုတ်ဘူး။ ဒီတော့ တစ်ခွက်တလေ သောက်ကြည့်ဖို့ အကြံပေးပါတယ်။ များ ရင်တော့ ဘယ်အရာမဆို မကောင်းဘူးပေါ့။ (တန်ဆေး ...လွန်တော့လဲ ...အင်း... တယ်ကောင်း၊ အဲ... လွန်ဘေးလေ၊ တောက် ...အမှည့်ဟ)

ကျွန်တော် တို့ ငယ်ငယ်တုန်းက ထန်းရည်သိပ်သောက်ချင် တာ။ အကျင့်မကောင်းပုံ ပြောပါတယ်။ ကိုယ့်ကိုလည်း ထန်းတက်တဲ့ လူတွေ က သိနေတော့ ထန်းရည်မရောင်းဘူးဗျ။ မသိရင်တော့ ရောင်းမှာ ပဲ ဘာကြောင့် လည်း ဆိုတော့ကျွန်တော် က ကလေးက တည်းက မျက်ခွက်လေးတစ်ကွက်တင် ကွက်အိုနေတာ။ မွေးကတည်း က ကျွန်တော့် ကိုမွေးပေးတဲ့ဝမ်းဆွဲဆရာမ ကတောင် အဘိုးကြီး တစ်ယောက် က မွေးခန်း ထဲဝင်နောက်နေတယ်ထင်ပြီး စိတ်ဆိုးဖူး သေးဆိုပဲဗျ။ မွေးကတည်းက အဲလိုကိုအိုတာ။ ဒါနဲ့ပဲ သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုဇော်တို့၊ မောင်အေးသိုက်၊ ကျော်ကျော်၊ မင်းမင်း အမြွှာညီအစ်ကို တွေ နဲ့ တိုင်ပင်တယ်။ ဒီလောက် မရောင်းတဲ့ ထန်းရည် ခိုးသောက်ကြမယ်ဆိုပြီး။

အားလုံးကလည်း စိတ်တူ ကိုယ်တူတွေ ဆိုတော့ အလုပ်က ဖြစ်ကြ ပါလေရောလား။

အဓိက ပစ်မှတ်ထားတာက မွန်အဘိုးကြီး ဦးထောပိုင်ထန်းတော ကိုဗျ။

ဒီလူကြီးရဲ့ ထန်းရည်က သိပ်ကောင်းတယ် ဆိုပါရောလား။ သူ့ဆီမှာ ထန်းရည်မှာ ရင် တစ်နွေစာမှာ ရတယ်။ အဲဒီ လိုမှာ ထားတဲ့ လူတွေ ကိုပဲ ရောင်းတယ်။ မှာ မထားတဲ့လူဆို မရောင်းဘူး။ တစ်နေ့ နှစ် ကျည်တောက်ဆို နှစ် ကျည်တောက်၊ တစ်နွေလုံးစာ မှာ ထားရတာ ။ မှာ မထားရင် ဘယ်လောက် သောက်ချင်သောက်ချင် နိုးပဲ...ဧည့်သည်အာဂါန္တု လည်း .. နိုးပဲ ....။

ဒါတောင် သူကြို က်တဲ့ ထန်း ပင်ရှိသေးတယ်။ ထန်းတောအစွန် မှာ ။ အဲဒီ ထန်းပင်က ထန်းရည်ဆို ဘယ်သူ့မှ မရောင်းဘူး။ သူပဲသောက် တယ်။ သူထန်းတက်ပြီဆိုရင် အဲဒီ ထန်းပင်အရင်သွားတယ်။ အဲဒီ အပင်က ထန်းရည်ကို အောက်တောင်ယူမချဘူး။ အပင်ပေါ်မှာ ပဲ အပြီးသောက်လိုက်တယ်။ ပြီးမှကျန်တဲ့ထန်းပင်တွေ လျှောက် တက်တော့တာ။ သူ့ထန်းပင်ကထန်းရည်ဆို တစ်ခါမှပိုတယ်မရှိဘူး။ သူသောက်ဖို့ ကွက်တိချည်းပဲ။

ကျွန်တော် တို့အဖွဲ့ကလည်း အဲဒီ ထန်းပင်က ထန်းရည်ကိုပဲ စိတ်ဝင်စားတာ။ ဒီလောက်ကောင်းတဲ့ထန်းရည် သောက်ဖူးတယ်ရှိအောင် သောက်ဦးမှဆိုပြီး။

ဒီလိုနဲ့ ဆောင်းဦးတစ်နေ့ကျတော့ ကျွန်တော် တို့အဖွဲ့ မနက်အစောကြီးထပြီး အားကစားလုပ်သလိုလို ဘာလိုလိုနဲ့ လူအလစ်စောင့်ကြည့်ပြီး လစ်လဲလစ်ရော အပင်တက်အိပ်စပတ် ကိုဇော်က ဘုတ်ဘတ်ဘုတ်ဘတ်နဲ့တက်သွားတယ်။ ပြီးကျတော့ မွန်အဘိုးကြီးဦးထောပိုင် တစ်သက်လုံးဘယ်သူ့ကိုမှ မရောင်းပါဘူး ဆိုတဲ့ထန်းရည်ကျည်ထောက်ကြီးဆွဲလို့ ပြန်ဆင်းလာတယ်။ သူ့ထန်းရည်တွေ အကုန်သောက်ပစ်လိုက်တယ်။ တောက်..ချို .. လိုက်တာ...ရှိန်းတာကလည်း စပရိုက်ထက်တောင် ရှိန်းသေး။ ရီတီရီတီနဲ့ပေါ့ဗျာ။ ဟယ်..သောက်တောင် သောက်ချင်လာပြီ။ ပြီးတော့ ကျည်တောက်ကိုပုံမပျက် ထန်းပင်ပေါ် ပြန်ချိတ်ထားတယ်။ မွန်အဘိုးကြီးက အချိန်ကျတော့ ထန်းပင်လာတက်တယ်။ ထန်း ပင်ပေါ်လည်းရောက်ရော ကျီထောက်ကိုအားရပါးရ မလိုက်တာ ကံကောင်းထန်းပင်ပေါ်က ပက်လက်လန်ကျတော့မလို့။ သူ့ထန်းပင်က ထန်းရည်မတွေ့ တော့ ရုတ်တရက်သူတော် တော် ကြောင်သွားတယ်။ နောက်...တော် တော် ကြာကြာစဉ်းစားနေပြီးမှ တစ်စိမ့်စိမ့်နဲ့ ဒေါမွှန်လာတယ်။ နောက်...ဆဲတာ မိုးကိုမွှန်ရော။ သူဆဲလေ ကျွန်တော် တို့ ကျိတ်ရယ်လေပဲ။ ရီဝေဝေနဲ့။ လေများ တောင် တက်နေသေး ...အေ့ခနဲ။ အင်း ...တယ်ကောင်း။

နောက်နေ့လည်း အဲလိုပဲ...။ အစောကြီးထ မွန်အဘိုးကြီး အလစ်ချောင်းပြီး၊ သူ့ထန်းရည်တွေ ခိုးသောက်ပစ်။

ထုံးစံအတိုင်း မွန်အဘိုးကြီး ထန်းပင်တက်တယ်။ ထန်းရည် မတွေ့ တော့ အံ့အားသင့်တယ်။ ပြီးတော့ မိုးမွှန်နေအောင်ဆဲ။

နှစ် ရက်သုံးရက် လေးရက်ရဲ့ မနက်ခင်းမှာ မွန်အဘိုးကြီးရဲ့ ဆဲသံဟာ ...စံတော် ချိန်ကျနေတာပဲ အချိန်ကိုမှန်လို့ ။ ကျွန်တော် တို့ လုပ်တာကလည်း ပိရိတော့ သူဘယ်လိုမှ ဖမ်းမမိဘူး။ ဒါနဲ့ပဲ...

''ထန်းရည်ခိုးသောက်တဲ့ ကောင်တွေ ၊ ဒီတစ်ခါသောက်ရဲ သောက်ကြည့်..၊ ငါ့အကြောင်းသိမယ်..၊ ထောပိုင်တဲ့နော်၊ ကမာဝက်သားကွ၊ ဒီတစ်ခါ ခိုးသောက်ရဲတဲ့ကောင် သောက် ကြည့်...ထန်းရည်ထိ ဓါးကြည့်ပဲ ...''

စသဖြင့် ဓားတယမ်းယမ်းနဲ့ ကြိမ်းဝါးပါလေရော။ ကျွန်တော် တို့ကလည်း သိတဲ့အတိုင်းခိုးရယ်တာပေါ့။

''နောက်နေ့ သောက်ရဲတဲ့ကောင် သောက်ကြည့်...၊ ငါ့အဆိုး မဆိုနဲ့...''တဲ့။

ဒါမျိုး ဘယ်ရမလဲ။ လူလေးတွေ ကလည်း သိုးဖော်ဝင်စ ဆိုတော့ ...ချိုစမ်းချင်တဲ့အရွယ်မလား ...လူကြီးတွေ ကိုထီမထင်တဲ့အရွယ်... ကပ်လာရင်ပုခုံးခြင်းယဉ်ချင်တဲ့အရွယ်တွေ ကိုး..။သူစိမ်ခေါ်လေ ကိုယ်စမ်းချင်လေမို့ နောက်နေ့မနက် အစောကြီးထပြီး သူ့ထန်းရည်ကျည်တောက် ဖြု တ်ပြီးချလာတယ်။ ပြီးတော့ ငါးယောက် သား စိတ်ပြေနပြေ ထိုင်သောက်လိုက်တယ်။

''ဟား ...တယ်ခါးပါလား ...''

ဒါနဲ့ မသင်္ကာတာနဲ့ပဲ...

''ဟေ့ကောင်..ကိုဇော်၊ ထန်းရည်က ခါတိုင်းနဲ့မတူဘူးနော်၊ ဒီနေ့ ပိုခါးနေသလိုပဲ...''

''ဒါမှ ထန်းရည်အစစ်ကွ၊ ထန်းရည်ဆိုတာ ဒီလိုခါးနေမှ ပိုကောင်းတာ...အရသာကိုတင်းနေတာပဲ ...''

''မဟုတ်သေးဘူးနော်..''

''ဘာလို့ မဟုတ်ရမှာ လဲကွ..၊ ပေးစမ်း၊ မင်းတို့မသောက်ရင် ငါသောက်မယ်...''

ဆိုပြီး ထန်းကျည်တောက်ကို ဂွပ်ဂွပ်ဂွပ်ဆိုပြီး သောက်ချလိုက်တယ်။ သူ့မျက်နှာက ထန်းရည်အစွမ်းနဲ့ ချက်ချင်း ရဲတက်လာတယ်။ ထန်းရည်က မကုန်ဘူး။ ဒါနဲ့ သူ့ကျည်တောက်ယူပြီး...။

''ကဲပါကွာ..၊ ငါတို့လည်း ဝိုင်းသောက်ပါမယ်..''

ဆိုပြီး ငါးယောက် ယောက် သား မျှသောက်လိုက်တယ်။ ဟုတ်တယ်.. သိသာတယ်၊ ထန်းရည်က အောက်ခြေရောက်လေ ပိုပြီး ပျစ်ခဲပြီး ခါးလာလေပဲ။ ဒါကို မရရအောင်မျို ချရတယ်။ အောင်မာ...ကိုဇော်က ထန်းရည်ကျည်တောက်မှာ ကပ်နေတဲ့ဂျိုး ပါ ခွာစားခဲ့သေး ...ပြောသားပဲသိုးစလေးတွေ ဆို ...။

''ကောင်းကွာ..''

ဆိုသေးတယ်။

သိပ်မကြာဘူး အစွမ်းက ပြလာတယ်..။

လူက ရိပ်တိတ်ရိပ်တိတ်နဲ့ ဘာမှသိပ်မမြင်ရတော့ဘူး။ သတိကလည်း လွတ်တစ်ချက် မလွတ်တစ်ချက်နဲ့...။

ဒီလိုနဲ့ နေပူလို့ဆိုပြီး ဘုန်းကြီးကျောင်းဘေးဝင်ခွေနေလိုက်တယ်။ ဆယ့်ငါးမိနစ်လောက်ပဲ...ကိုဇော် ရုတ်တရက်ထပြီး အော်ပါလေရော...။

''မင်းတို့ ဘယ်သူတွေ လဲ..''

သူ့မျက်လုံးက ပြူး ကြောင်ပြီးအရောင် လက်နေတယ်။ အဲဒီ တော့မှ ကျွန်တော် တို့လည်း ပြန်စဉ်းစားမိတယ်။

''ငါတို့ ဘယ်သူတွေ လဲ..''

ရုတ်တရက် စဉ်းစားလို့မရဘူး။ အဲဒီ အချိန်မှာ ပဲ ဟိုအမြွှာနှစ် ကောင် ကျော်ကျော်နဲ့မင်းမင်းက ဘာ ဖြစ်လို့လဲမသိဘူး။

''ဓားပြတွေ ဗျို့  ...ဓားပြတွေ ၊ ကျွန်တော် တို့ကို ဓားပြတိုက် နေတယ်၊ ကျွန်တော် တို့ အဝတ်အစားတွေ ကို ချွတ်ယူနေတယ်...''

ဆိုပြီး အဝတ်အစားတွေ ချွတ်ပြီး ထပြေးပါလေရော။ သူပြေးတော့ ကိုယ်လည်းပြေးပေါ့။ မောင်အေးသိုက်လဲ တန်းလန်း တန်းလန်းနဲ့ ပြေးနေတယ်။ တန်းလန်းမှာ ပေါ့...ပုဆိုးမှမပါပဲ။ အဲဒီ တော့မှ ကမ္ဘာပျက်သလို ဖြစ်သွားတော့တယ်။ ရွာထဲကလူ တွေ ကလည်း ကျွန်တော် တို့လေးယောက် ကို လိုက်ဖမ်းကြတယ်။ ဖမ်းမိတော့လည်း ဘာ ဖြစ်လို့ ဖြစ်မှန်းမသိဘူး။ ဗရွတ်ရွှတ်တတွေ အော်နေတယ်။ အဖေအမေတွေ လည်း ဘာလုပ်ရမှန်းမသြိ ကတော့ ဘူး။ ဒီအတိုင်း ဖမ်းချု ပ်ထားရတယ်။ နောက်တော့မှ ကိုဇော့်အမေ က...

''မနေ့ကအကောင်းကြီးကနေ ...ဒီလောက်ပြင်းထန်တဲ့ ရောဂါ ဖြစ်လာတာဆိုတော့ ...ကြောက်စရာ ရောဂါ ဆိုးတွေ လား မသိဘူး ...''

''ဒီကောင်တွေ ဆေးခန်းပို့မှ ဖြစ်မယ်...''

ဆိုပြီး ဆေးခန်းကို ဖမ်းချု ပ်ပြီးခေါ်သွားကြတယ်။ ဆေးခန်း ရောက်တော့ လေးယောက် လုံး ကိုယ်တွေ ချစ်ချစ်တောက်ပူပြီး ကြောင်စီစီတွေ ဖြစ်နေတယ်။ စကားတွေ လည်း ကယောက် ကတန်းနဲ့ ဘာပြောလို့ ပြောနေမှန်းမသိဘူး။

ကိုဇော်ဆို သူ့အမေနဲ့ ဆရာဝန်ကို ပေးစားနေတယ်။ ကျွန်တော် ကလည်း ဆရာဝန်ခေါင်းကို အုန်းသီးဆိုပြီး ခွဲမယ်လုပ်နေတယ်ဆိုပဲ။ ကျော်ကျော်နဲ့ မင်းမင်း ကတော့ ဆရာဝန်က သူတို့ကို ဆေးထိုးအပ်ကြီးနဲ့ ဓားပြတိုက်နေတယ်ဆိုပြီး အော်နေတုန်း။ ဆရာဝန်ကလည်း လေးယောက် လုံး ကောက်ကာငင်ကာ ဖြစ်တော့ ဘာ ရောဂါ မှန်းမသိဘူး။ ဒါနဲ့ပဲ...။

''ကောင်းလိုကောင်းငြား၊ ဆေးတော့ ထိုးပေးလိုက် မယ်။ ဒါပေမဲ့ ဒါမျိုး ကကျွန်တော့် ကိစ္စမဟုတ်ဘူး...''

ဆိုပြီး ဆေး တစ်ယောက် တစ်လုံးစီ ထိုးပေးလိုက် တယ်။ ဆရာ ဝန်ဆီ ကပြန်လာတဲ့အထိ ကျွန်တော် တို့ လေးယောက် လုံး ကပေါက်တိကပေါက်ချာတွေ အော်နေတုန်းပဲ။ ဒီလိုပဲ ရမ်းတမ်းရမ်းတမ်း တန်းလန်းတန်းလန်းနဲ့။ ဒါကို ကိုဇော့်အမေကပဲ...

''ဆရာဝန်ကိစ္စမဟုတ်ရင် ပယောဂဆရာကိစ္စပဲ ဖြစ်လိမ့်မယ်။ လာ..ပယောဂဆရာဆီပို့မယ် ...''

ဆိုပြီး ပယောဂကုဆရာဆီ ခေါ်သွားတယ်။ ဟိုရောက်တော့အဟုတ်ဗျ။ ပယောဂဆရာက စက္ကူ အဖြူ တစ်ရွက်ယူပြီး မြေမှု န့် ဖြူး ချလိုက်တာ စာရွက်ပေါ်မှာ ဘီလူးရုပ်ကြီး ပေါ်လာပါလေရော။ ဘီလူးရုပ်မြင်တော့ အားလုံးအံ့အားသင့်နေကြတယ်။ ပယောဂဆရာက မြိန်မြိန်ကြီးခေါင်းညိတ်ပြီး...။

''မြေဖုတ်ဘီလူးဝင်စီးတာဗျ..၊ မြေဖုတ်ဘီလူးဆိုတာ မြေမှု န့်ဖြူး တာနဲ့ တန်းပေါ်လာတာပဲ...ဒီကောင်တွေ တောထဲ တောင်ထဲ မြေဖုတ်ဘီလူးမကြို က်တာ ဘာသွားလုပ်တယ်မသိဘူး''

ဆိုတော့ အားလုံး လန့်ကုန်တယ်။ ဒါနဲ့ ကတုန်ကယင်နဲ့ပဲ။

''ဒါ..ဒါဆို ဘယ်လိုလုပ်ရင် ကောင်းမလဲဆရာ...''

ပယောဂဆရာက...အေးဆေးပါဆိုတဲ့ စတိုင်နဲ့မျက်လုံး တစ်ဖက်ထဲ ကွက်မှေးပြီးပြုံး ပြတယ် ...တည်ကြည်တဲ့လေအေးလေးနဲ့ ပြောလိုက်ပုံက ...

''ကြိမ်နဲ့ဆွဲရမှာ ပေါ့...၊ ပြောနေကြာတယ်၊ ဒီပုဆိုးကျွတ်ကောင်တွေ ကို...ဖင်ကုန်းခိုင်းစမ်း...''

စိန်ပြေနပြေလည်းဖင်ကုန်းပြီးရော..ကြိမ်လုံးကြီးယူပြီး အပီဆွဲတာ၊ သူ့ကြိမ်လုံးကလည်း သုံးနှစ် ကလေးလက်ကောက်ဝတ် လောက်ရှိတာကိုးဗျ ...တင်ပုဆုံနဲ့ ကြိမ်လုံး ဖူးစာဆုံတဲ့အသံကြီးက

''ဖြောင်း..ဖြောင်း''နဲ့

မြိန်စရာကြီး။ လူကလည်း လျှာတွေ ကိုထွက်လို့။ ပယောဂ ဆရာ လက်အန်သေသွားတယ်။ မြေဖုတ်ဘီလူးကမထွက်ဘူး။ ပယောဂဆရာလည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူး ဖြစ်နေပြီ။ ပရိတ်ရေလည်းတိုက်ပြီးပြီ။ အထက်ဆရာပင့်ပြီး မောင်းထုတ်ခိုင်း ပြီးပြီ။ အကြမ်းနည်းနဲ့လည်း ကြိမ်နဲ့ဆွဲပြီးပြီ။ ကျွန်တော် တို့ လေးယောက် လုံးက ဒုံရင်းကဒုံရင်းပဲ။ အော်လို့ဟစ်လို့ကောင်းတုန်း။ ဒီတော့မှ ပယောဂဆရာက...။

''ကျွန်တော် မနိုင်ဘူးဗျ...ဒီမြေဖုတ်ဘီလူးက ကျွန်တော့်  ထက်စွမ်းနေပြီ၊ ဒီတော့ဟိုရွာဘက်မှာ ကျွန်တော့် ဆရာရှိတယ်..၊ သူ့ဆီသာ အမြန်ခေါ်သွားပေတော့..အရောက်မမြန်ရင် ဒီကလေးတွေ အသက်မီမှာ မဟုတ်တော့ဘူး...''

ဆိုတော့ အားလုံးမျက်လုံးပြူး သွားကြပြီး မောင်အေးသိုက်တို့ အမေက

''အောင်မလေး... အ ဖြစ်ဆိုးလှချေလား... သားရဲ့ ''

ဆိုပြီး ထငိုရော။ လူတိုင်း နွားလှည်းငှားတဲ့လူငှား၊ ပုခက်ဆင်တဲ့လူဆင်နဲ့ ယောက် ယက်ခတ်ကုန်ပြီ။ ဘယ်ကစဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။ နောက် လူငါးယောက် ရဲ့ အသက်ကိစ္စလေ။ အကုန်ပြာတောက်ကုန်တာပေါ့။ အဲဒီ တုံးမှာ ကျွန်တော် တို့နား ဖြတ်သွားတဲ့ ကိုယ်တော် တစ်ပါးက...။

''ဟေ့..ဘာ ဖြစ်နေကြတာလဲ..''

ဆိုပြီး ဝင်လာတယ်။ ဒါကို ကိုဇော့်အမေက ဒီကလေးငါးယောက် တောထဲသွားပြီး မဖွယ်မရာလုပ်လာလို့ မြေဖုတ်ဘီလူး ဖမ်းစားထားကြောင်း မျက်ရည်ရွှဲရွှဲနဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ရှင်းပြတယ်။ ကိုယ်တော် က...

''ဟယ်..မဟုတ်တာ''

ဆိုပြီး ကျွန်တော် တို့အနား အသေအချာ ကပ်ကြည့်တယ်။ ပြီးမှ

''အာ...ဘယ့်နှယ့် ...မြေဖုတ်ဘီလူးဖမ်းစားရမှာ လဲ။ ဒီကောင်တွေ ပဒိုင်းသီးထိလာပြီး ရူးလာကြတာ။ ဟိုကောင် ပယောဂဆရာ...မင်း...ပေါက်တတ်ကရတွေ လျှောက်ပြောလျှောက်လုပ်မနေနဲ့...''

ဆိုတော့မှ အားလုံးဟာခနဲဟင်ခနဲ ဖြစ်ကုန်တယ်။

''ဒါ..ဒါဆို သူတို့ကို ဘယ်လိုလုပ်ရမှာ လဲ ဟင်...''

''ဘယ်လိုမှ လုပ်မနေနဲ့..၊ ဒီအတိုင်းသာအိပ်ပျော်အောင် သိပ်ထားလိုက် ...နောက်နေ့မနက်ဆို သူ့အလိုလို ကောင်းသွားလိမ့်မယ်...''

ဆရာတော် မိန့်မှ ကိစ္စကရှင်းတော့တယ်။ အဲဒီ တော့မှ...

''ဟင်...မိဘတွေ ကို ဒုက္ခပေးတဲ့ကောင်တွေ လာခဲ့..''

ဆိုပြီး ကျွန်တော် တို့ငါးယောက် လုံးကို အိမ်တိုင်မှာ ကြိုး ချည်ပြီး တစ်ရက် ဖမ်းချု ပ်ထားလိုက်ကြတယ်။ အဲဒီ နေ့က ဘာ ဖြစ်လို့ ဖြစ်တယ်ကို မသိတော့ပါဘူး။

နောက်တစ်နေ့ကျတော့မှ သတိကသူ့အလိုလို ပြန်လည်လာတယ်။ ဒါပေမဲ့ မျက်လုံးတွေ က ဘာမှကြည့်လို့မရဘူး။ အားလုံး အရုပ်တွေ က နှစ် ထပ် ဖြစ်နေတယ်။ စာဆို လုံးဝကို မမြင်ရတော့ဘူး။ မနေ့က ဖြစ်ပျက်ခဲ့တာတွေ ကိုလည်း ဘာမှမမှတ်မိတော့ဘူး။ ဆရာဝန်ဆေးထိုးတာ၊ ပယောဂဆရာကြိမ်နဲ့ဆွဲတာ၊ ဘာတစ်ခုမှသတိမရဘူး။ ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်ပြီး ခေါင်းတွေ နောက်နေတယ်။ ဒုက္ခကြီးပုံပြောပါတယ်။ တကယ်။

''မွန်အဘိုးကြီးဦးထောပိုင်ကောင်းမှု နဲ့ ပဒိုင်းသီးစားပြီး တစ်ရက်တော့ ရူးဖူးရဲ့ ...''

x x x x x



ဝန်ဇင်းချစ်သူများ အကြည်တော် ၏ “ တောသားကြီး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လျှို့ဝှက်သော ကစားပွဲ (၂)

ခလောက်နီ

အို...ဘာတဲ့