Cover

(ပတမအကြိမ်ပုံနှိပ်ခြင်းမှ "အမှာ စာ")

၁(ပထမအကြိမ် ပုံနှိပ်ခြင်းမှ ‘အမှာ စာ’)

လေးစားအပ်သော စာဖတ်သူသို့

(၁)

ဝတ္ထုစာအုပ်တွင် စာရေး သူကိုယ်တိုင် အမှာ ရေး ခြင်းအလုပ်ကို အချို့စာရေး ဆရာများ က မနှစသက် ကြပါ။ စာရေး သူကိုယ်တိုင် အမှာ ရေး ခြင်းသည် မလိုအပ်၊ မိမိကလောင်ကို တနည်းတဖုံ လှည့်၍ ကြွားဝါခြင်း၊ သမားဂုဏ်ပြခြင်း၊ ကျွန်တော် ကျွန်မ ဤရွေ့ဤမျှကြိုးစားအားထုတ်ပါကြောင်း ထပ်ဆင့် ရှင်းလင်းပြခြင်းဟု ယူဆကြ သည်။

အချို့ ကတော့ အမှာ ရေး ခြင်းကို လိုအပ်သော အလုပ်ဟု ခံယူရေး သားကြသည်။

ကျွန်တော် သည် ထွက်ခဲ့ပြီးသည့်စာအုပ်တိုင်းတွင် ‘စာရေး သူ၏ အမှာ စကား’ကိုရေး ခဲ့ပါသည်။ဤအမှာ မှနေ၍ စာရေး သူ၏ ကြိုးပမ်းချက်၊ခံယူရပ်တည်ချက်၊မိတ်ဆက်ပြန်ကြားချက် စသည်များ ကိုတော့ တကူးတကန့် မရေး လိုပါ။

ယင်းတို့သည်လည်း တကယ့်တကယ်တော့ အထူးတလည် ကဏ္ဍဖွင့်ပြီး ရေး စရာမလိုလှဟု ထင်မိပါသည်။

ကိစ္စမရှိပါ။ အမှာ ရေး ခြင်းသည် လုပ်သင့် မလုပ်သင့်ဟူသော ကိစ္စမှာ စာပေပြဿနာမဟုတ်ပါ။ ပုဂ္ဂိုလ်ဆိုင်ရာ သူ့အကြိုက်နှင့် သူသာ ဖြစ်ပါသည်။ လိုအပ်သည်ထင်လျှင်လည်း ရေး လိမ့်မည် ။ မလိုအပ်ဟုထင်လျှင်လည်း မရေး ။ အငြင်းပွားစရာ မလိုသော ကိစ္စမျှသာ။

(၂)

ကျွန်တော့် အနေနှင့် မူ စာရေး သူ၏ အမှာ သည် တစ်ခါတစ်ရံ စာပေဟောပြောပွဲနောက်ကွယ်မှဒူးတိုက်ဆွေးနွေးပွဲငယ်တစ်ခု ဖြစ်ပွားနိုင်သည်ဟု ထင်ပါသည်။

ဝတ္ထုစာအုပ်ပေါ်တွင် ဦးတည်၍ ဆွေးနွေးရှင်းလင်းခြင်းမှတစ်ဆင့်၊ တစ်စုံတစ်ရာသော စာပေကိစ္စဆွေးနွေးမှု ၊ အနုပညာပြဿနာဆွေးနွေးမှု အ ဖြစ် ကျယ်ပြန့်လာနိုင်ခွင့်လည်း ရှိနေသည်။ အမှာ ကို ဦးတည်ဆွေးနွေးသော ပြန်ကြားချက်တို့သည် စာရေး ဆရာကို ရိုက်ပုတ်နှိုးဆော်လိမ့်မည် ။ လေးစားအပ်သော ဝေဖန်ချက်တို့ကို တပါတည်း သယ်ဆောင်လာကြနိုင်မည် ။

‘ရာဇ၀င်ဝတ္ထု’နှင့် ပတ်သက်၍ တော့ ယခင်စာအုပ်များ တွင် ကျွန်တော် တင်ပြခဲ့ပြီး ဖြစ်၍ ယခုမရေး တော့ပါ။

ယခုရေး လိုသည်မှာ ဤ ‘နှင်းကေသရာ’နှင့် ပတ်သက်သော အချက်နှစ် ချက် ဖြစ်ပါသည်။

ပထမအချက်မှာ ‘နှင်းကေသရာ ချစ်တဲ့ သူရဲကောင်း’မှ ဇာတ်ဆောင်များ တွင် စာဖတ်သူနှင့် ရင်းနှီးပြီးအမည် များ ပါဝင်ကြပါသည်။ရာဇာဓိရာဇ်၊မင်းခေါင်၊မင်းရဲကျော်စွာ ၊သမိန် ဗရမ်း၊ အဲမွန်ဒယာ၊ လဂွန်းအိမ်. . .စသော ရာဇ၀င်ထွတ်အမည် ပိုင်ရှင် ဇာတ်ဆောင်များ ။

ဤစာအုပ်၏ အဖွင့်မျက်နှာတွင် ဇာတ်ဆောင်အမည် များ ကို ဖော်ပြထားသည်။ ပါဝင်သမျှဇာတ်ဆောင်အားလုံးနီးပါး၊ ဆင်အမည် ၊ လှေအမည် မှစ၍ ရာဇ၀င်ထွတ်၊ တကယ်ရှိ၊ တကယ်လှုပ်ရှားခဲ့သော ဇာတ်ဆောင်များ ဖြစ်ကြသည်။ ဇာတ်ဆောင်လေးဆယ်ခန့်တွင် ကျွန်တော် ၏ ‘စာရေး သူ ဖန်တီးသော ’ဇာတ်ဆောင်သုံးဦးသာ ပါရှိပါသည်။ ယင်းတို့ကို တကယ်ရှိခဲ့သော ဇာတ်ဆောင်များ နှင့် ဆက်သွယ်လှုပ်ရှားစေပါသည်။ ထို့နောက် တကယ် ဖြစ် တကယ်ပျက်ခဲ့သော ဖြစ်ရပ်များ နှင့် ဖန်တီး ဖြစ် ဖန်တီးပျက် ဖြစ်ရပ်များ ကိုလည်း ဆက်စပ်စေပါသည်။

ယင်းအတွက် ‘ရာဇဓိရာဇ် အရေး တော် ပုံ’ရာဇ၀င်အကြောင်းကို ထိခိုက်သွားမည် ဆိုပါက ကျွန်တော့် အား ‘၀တ္ထုရေး သူ’ အ ဖြစ်နားလည်ပေးကြပါရန် ရာဇ၀င်ပညာဆိုင်ရာ ပုဂ္ဂိုလ်များ ကို စကားဆိုပါရစေ။

ရသပညာ(AESTHECTICS)ဆိုင်ရာ ပုဂ္ဂိုလ်များ ကမူ ‘အနုပညာဟူသည် တကယ်အရှိနှင့် စိတ်ကူးတို့ ယှက်နွယ်နေသော သီးပွင့်မှု တစ်ရပ် ဖြစ်သည်’ဟု စာနာနားလည်နိုင်ကြမည် ထင်ပါသည်။

(၃)

ဒုတိယအချက်ကား . . .လှိုက်လှဲစွာ ကျေးဇူးတင်ရှိခြင်းများ ကို ဖော်ပြလိုခြင်းပင် ဖြစ်ပါသည်။

ဤ၀တ္ထုအတွက်လက်ရင်းထား၍ ကိုးရသော စာအုပ်မှာ ဆရာ ‘နိုင်ပန်းလှ’ပြုစုသည့် ၁၉၇၇၊ ဇူလိုင်လထုတ် ‘ရာဇာဓိရာဇ်အရေး တော် ပုံကျမ်း’ ဖြစ်ပါသည်။ မွန်၊ မြန်မာ၊ ပါဠိ၊ သက္ကတကျမ်းများ ကို စုရုံးကိုးကားမှီငြမ်းလျက် ‘ရာဓိရာဇ်အရေး တော် ပုံကျမ်း’ ကိုပြုစုထားသော ဆရာ‘နိုင်ပန်းလှ’အားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းပြုအပ်ပါသည်။

စိတ်ကူးဆန္ဒထဲက ရုပ်ပုံနှင့် အရောင် များ ကို စိတ်ရှည်လက်ရှည် ရေး ဆွဲပေးသည် သူငယ်ချင်း ပန်းချီဆရာ ‘ရဲဘော်ဝသုန်’။

“ကြိုက်သလောက်ရေး ၊ကြိုက်သလိုပြင်ဆင်” ဟုလွဲအပ်ခွင့်ပြုသော ဦးစံလှ(အသက်မွေးဝမ်းကျောင်းစာပေ)နှင့် စိုးမိုးမိတ်ဆက်ပုံနှိပ်တိုက်မှ မိတ်ဆွေတို့အားလည်း ကျေးဇူး တင် ရှိပါသည်။

လေးစားအပ်သော စာဖတ်သူ၏ ဝေဖန်မှု ကို ဆက်လက်ခံယူ သွားပါမည် ။

လေးစားစွာ ဖြင့်

ချစ်ဦးညို

တဆင့်/ အသက်မွေးဝမ်းကျောင်းစာပေ

၁၉၇၉-ခုနှစ် ၊ ဖေဖော်ဝါရီလ

ပဉ္စအကြိမ်ထုတ်ဝေခြင်းအတွက် စာရေး သူ၏ အမှာ စာ

ပဉ္စအကြိမ်ထုတ်ဝေခြင်းအတွက်

စာရေး သူ၏ အမှာ စာ

ရေး သူ ဖတ်သူ ဆွေးနွေးပွဲများ အင်တာဗျူး များ တွင် မကြာခဏကြုံရသော မေးခွန်းတစ်ခုရှိပါသည်။

“ရေး ခဲ့ပြီးသမျှ ၀တ္ထုများ အနက်မှာ ဘယ်ဝတ္ထုကိုအကြိုက်ဆုံး၊ အားအရဆုံးပါလဲ”

ကျွန်တော့် အဖြေမှာ

“ရေး ခဲ့တဲ့ဝတ္ထုတိုင်းကို စေတနာထား၊ ဉာဏ်အား၊ ၀ီရိယအား အတတ်နိုင်ဆုံး အားထုတ်ပြီး ရေး ပါတယ်။ ဘယ်ဝတ္ထုကိုမှ အားမလို အားမရနဲ့ လက်လွှတ်လိုက်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် ရေး ခဲ့သမျှထဲမှာ အပင်ပန်းဆုံး အားထုတ်ခဲ့ရတာ ကတော့ ‘နှင်းကေသရာချစ်တဲ့ သူရဲကောင်း’ပါပဲ”

“ဘာ ဖြစ်လို့လဲ”

“ဇာတ်အိမ်ကလဲ ကြီး၊ ဇာတ်ဆောင်တွေ ကလဲများ ၊ ဇာတ်ကွက်တွေ ကလဲစိပ်၊ ပြီးတော့ အဲဒီ ဇာတ်ဆောင်တွေ နေရာကနေ အဖုံဖုံအနည်းနည်း ပူးကပ်ဝင်စားပြီး၊ သူတို့ရဲ့ ကံသုံးပါးအပြုအမူကို သူတို့ရဲ့ ဇာတ်ဆောင်စရိုက်နဲ့ ကိုက်ညီအောင် သရုပ်ဖော်ရတာ ဆိုတော့ ဒီဝတ္ထုမှာ စာရေး သူရဲ့ ကိုယ်ပွားတွေ က အများ ကြီးပါ”

“နောက်ကောရှိသေးလား”

“ဟုတ်ကဲ့ ရှိပါတယ်။ လူတွေ ရဲ့ စေတသိတ်တွေ ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မာန၊ မောဟ၊ ဣဿာ၊ မစ္ဆရိယ စတာတွေ ကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ပွဲတွေ ၊ စစ်ရဲ့ အနိဋ္ဌာရုံတွေ ကို ပြချင်တဲ့ ရည်ရွယ်ချက်၊ ဒီရည်ရွယ်ချက်ကို မျက်ခြေမပြတ်အောင် နှလုံးသွင်းလက်ကိုင်ပြုရပါတယ်။ ဒါဟာ အတော် ကို လေးပင်တဲ့ ၀န်ထုပ်ကို မနိုင် တနိုင် အောင် မ,ရတဲ့ အလုပ်ပါ”

“အဲဒီ ရည်ရွယ်ချက် အထမြောက်တယ် ထင်ပါသလား”

“ဒါ ကတော့ စာဖတ်သူဆုံးဖြတ်ရမယ့် အပိုင်း ဖြစ်ပါတယ်”

“နှင်းကေသရာချစ်တဲ့ သူရဲကောင်းဝတ္ထုကို စကားလုံးတစ်လုံးတည်းနဲ့ ပြောပါဆိုရင်ကော”

“ငြိမ်းချမ်းရေး ”

ချစ်ဦးညို

၂၀၁၃၊ အောက်တိုဘာ၊ ၂၄

(ကမ္ဘာ့ကုလသမဂ္ဂနေ့)

နှင်းကေရာချစ်တဲ့သူရဲကောင်း

ပါဝင်သည့်ဇာတ်ဆောင်များ

Cover

အကြောင်းအရာနောက်ခံ

သစ္စာတရား၊ မေတ္တာတရား၊ အ၀ိဇ္ဇာတရား၊ ဣဿာမစ္ဆရိယတရား၊ ကရုဏာတရား၊ ဗြဟ္မစိုရ်တရားစစ် ၊ အချစ်နှင့် - - ငြိမ်းချမ်းရေး ။

Cover

(၃)

အခန်း ( ၁ )

မတ်သံလုံ၊ နှင်းပန်းခိုင်

“နှင်းရယ် . . .နှင်းပန်းခိုင်ရယ် . . .”

ပါးပြင်မှ တစ်ပေါက်ချင်းကျနေသော ‘သူရဲကောင်း မတ်သံလုံ’၏ သွေးစက်တို့သည်‘နှင်းပန်းခိုင်’၏ ရင်အုံပေါ်မှ သွေးတို့ဖြင့် ရောယှက်သွားသည်။

သို့ သော် ပါးပြင်မှ ဒဏ်ရာကို မတ်သံလုံ သတိမရ။ နာကျင်မှု ကို အာရုံမပြုမိ။ တကယ်တမ်းသာ အာရုံပြုမည် ဆိုလျှင် နာကျင်မှု တို့သည် မတ်သံလုံ၏ တစ်ကိုယ်လုံးမှ ပေါ်ပေါက်၍ လာနေမည် ။ လွှားကို ဆုပ်ကိုင်ခဲ့ရသော ကြောင့် လက်ချောင်းများ နာကျင်နေသည်။ ရန်သူ၏ မြင်းခွာများ ဖြင့် အကြိမ်ကြိမ်အနင်းခံရသော ကြောင့် ခြေထောက်များ နာကျင်နေသည်။ ရန်သူ၏ ဓားပြားဖြင့် အခါခါ အရိုက်ခံရသော ကြောင့် ပခုံးများ နာကျင်နေသည်။ ချပ်ဝတ်ကိုယ်ကျပ်ကို ၀တ်ထားသည် ဖြစ်၍ အထဲသို့ ထွင်းဖောက် စူးရှခြင်းမရှိစေကာမူ ရန်သူဒူးလေးမှ မြားတံများ ရာပေါင်းများ စွာ ထိမှန်ခဲ့သော ကြောင့် ကျောပြင်နှင့် ရင်အုပ်မှာ လည်း နာကျင်နေသည်။

သူ့လက်ချောင်းများ ၊ သူ့ခြေထောက်၊ သူ့ပခုံး၊ သူ့ကျောပြင်၊ သူ့ရင်အုပ်၊ တစ်ကိုယ်လုံးမှာ နာကျင်မှု ၊ တိုက်ပွဲကြောင့် ရရှိသော နာကျင်မှု ၊ နာကျင်မှု များ . . .။

ထို့ထက်မူ. . .

ဘယ်အရပ်ဆီက တည့်မတ်စွာ ၀င်လာသည်မသိရသော မြားတံတစ်ချောင်းက သူ့ဘယ်ဘက်ပါးပြင်ကို ပွတ်၍ ထိသွားသည်။ မြားသွားမှအဆိပ်သည် သူ့ကိုဒုက္ခမပေးနိုင်စေကာမူ ချွန်မြသော သံမဏိမြားသွားကမူ သူ့ပါးပြင်ကို လက်တစ်ဆစ်ခန့် ဒဏ်ရာ ဖြစ်ပေါ်စေသည်။

မတ်သံလုံ၏ ပါးပြင်တွင် ရုတ်တရက် ပူလောင်သွားသည်။

သို့ သော် ဖြာခနဲ ကျလာသော သွေးတို့ကို မသုတ်နိုင်သေးမီ. . .

“နှင်း . . .နှင်းပန်းခိုင်၊ နှင်းပန်းခိုင် ”

အသံနက်ကြီးဖြင့် စူးစူးဝါးဝါးအော်ဟစ်ရင်း မတ်သံလုံသည် မြို့ရိုးထိပ်ရှိ တစ်ခုသော သူရဲခိုဆီသို့ တစ်ဟုန်ထိုးပြေးသည်။

ပါးပြင်မှဒဏ်ရာနှင့် နာကျင်မှု ကိုလည်း မသိတော့။

အခြားနေရာများ မှ ဒဏ်ရာနှင့် နာကျင်မှု တို့ကိုလည်း မတ်သံလုံ မသိတော့။

“နှင်းပန်းခိုင် . . .နှင်းပန်းခိုင်”

တစ်စုံ တစ်ယောက် သည် သူရဲထိပ်မှအောက်သို့ တလိမ့်ခေါက်ကွေးထိုးကျသွားသည်။ ထိုနေရာသို့ မတ်သံလုံ မြားတစ်စင်းအဟုန်ဖြင့် ပြေးသွားသည်။

လဲကျနေသော ကိုယ်ခန္ဓာကို ပွေ့ထူလိုက်သည်။

ရင်အုံတွင် စိုက်ဝင်နေသော မြားတံ၏ ငှက်မွေးအမြီးသည် အရုပ်ဆိုးစွာ တဆတ်ဆတ် ခါနေသည်။ မြားတံစိုက်ဝင်ရာ ရင်အုံသည် လှိုင်းထသော မြစ်ပြင်ကဲ့သို့ လှုပ်ရှားနေသည်။ မတ်သံလုံ မမြင်ရက်၊ မကြည့်ရက်။ မြားတံကို ဆွဲနုတ်လိုက်သည်။ ဒဏ်ရာမှ သွေးတို့ ပွက်ခနဲ ထွက်အန်လာသည်။

“နှင်း . . . နှင်းရယ် . . .နှင်းပန်းခိုင်ရယ်”

မတ်သံလုံ၏ ရင်ခွင်အတွင်းမှ ‘နှင်းပန်းခိုင်’သည် ပင်ပန်းကြီးစွာ ဖြင့် မျက်လုံးများ ကို ဖွင့်ကြည့်သည်။ ပြင်းထန်သော မြားဆိပ်တို့ ဖြန့်ကျက်ပေပြီ။ အမြဲတစေ ကြည်လင်ရွှန်းလဲ့ခဲ့ပေသော သမင်မငယ် မျက်လုံးအစုံတို့သည် ရီဝေနေပြီ။

“နှင်း . . .နှင်း . . .ကျူပ်ပါ၊ မတ်သံလုံလေ”

“… … … ”

နှင်းပန်းခိုင်သည် တစ်ခုခုပြောရန် နှုတ်ကိုဖွင့်သည်။ လှပသော နှုတ်ခမ်းမြွှာတို့ လှုပ်ရှားလာသည်။

သို့ သော် နှုတ်ခမ်းမြွှာအစုံမှ အသံတစ်စုံတစ်ရာ ၊ စကားလုံးတစ်စုံတစ်ရာမှ ထွက်ပေါ်မလာခဲ့။ သွေးများ သာ . . .။

နှင်းပန်းခိုင်သည်တစ်ချက်မသိမသာ လူးလွန့်လိုက်ပြီး မပွင့်တပွင့်  ဖြစ်နေခဲ့သော မျက်လုံးတို့သည် ပိတ်သွားသည်။ ပြုံးမယောင် မသမ်းရသေးသည့် နှုတ်ခမ်းတို့မှာ သွေးစိမ်းရှင်ရှင် ထွက်အန်ဆဲပင်။

“နှင်းရယ် . . . နှင်းပန်းခိုင် အချစ်ရယ် . . .”

မြားစိုက်ဒဏ်ရာမှ တပွက်ပွက်ကျနေသော ‘သွေးရင်အုံ’ထက်သို့ မတ်သံလုံမျက်နှာအပ်လိုက်သည်။ ထိုအခါ . . .

ပါးပြင်မှ တစ်ပေါက်ချင်းကျနေသော ‘သူရဲကောင်း မတ်သံလုံ’၏ သွေးစက်တို့သည် နှင်းပန်းခိုင်၏ ရင်အုံမှ သွေးတို့ဖြင့် ရောယှက်သွားလေသည်။ ပါးပြင်မှ ဒဏ်ရာကို မတ်သံလုံ မသိတော့။ တစ်ခုတည်းသော နေရာမှ နာကျင်မှု ကိုသာ သူခံစားနေရသည်။

ထိုနေရာကား မတ်သံလုံ၏ သည်းပွတ်နှလုံး။

နှလုံးသားထဲက နာကျင်မှု ။

ဆတ်ဆတ်တုန်နေသော နှလုံးသားဖြင့် မတ်သံလုံသည် နှင်းပန်းခိုင်ကို ပွေ့ပိုက်ခါယမ်းနေမိသည်။ ထိုခဏ၌ မတ်သံလုံအဖို့ ၀ဲယာဝန်းကျင်တွင် ပြင်းထန်စွာ ဖြစ်ပေါ်နေသော တိုက်ပွဲကိုလည်း သတိမရတော့။ ဓားသွားချင်း၊ လွှားချင်း ထိခတ်သံ၊ စစ်မြင်းတို့ဟီသံ၊ ရဲမတ်တို့၏ ကြွေးကြော်သံ၊ အော်ဟစ်သံများ ကိုလည်း သူမကြားတော့။

“နှင်းပန်းခိုင်ရယ် . . . ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း”

ပါးပြင်ရှိ ဒဏ်ရာမှ သွေးတို့သည် ဆူပွက်သော အသည်းနှလုံးကြောင့် လား မသိ၊ ပို၍ သွေးထွက်များ လာသည်။ ထိုသွေးများ နှင့် အတူ သူရဲကောင်းမတ်သံလုံ၏ မျက်လုံးအိမ်မှယိုစီးလာသည့်မျက်ရည်များ လည်း ရောနှောကျဆင်းလာသည်။

“နှင်းပန်းခိုင်ကို ချစ်တယ်၊ နှင်းပန်းခိုင်ကို ချစ်တယ်၊ မင်းမသေရဘူး၊ မင်းမသေရဘူး”

သွေးရူးသွေးတန်း အော်ဟစ်ရင်း နှင်းပန်းခိုင်၏ ရင်ခွင်တွင် အပ်ထားသော သူ့မျက်နှာကို ပြန်မော့လိုက်သည်။ မတ်သံလုံ၏ မျက်နှာတွင် သွေးတို့ အလူးလူးအလိမ်းလိမ်း စွန်းပေလျက် မြင်မကောင်း။

“နှင်းပန်းခိုင်ကို ချစ်တယ်၊ သူ . . .နှင်းပန်းခိုင် သေပြီ”

မတ်သံလုံ၏ အော်ဟစ်သံမှာ စူးနစ်ကျယ်လောင်လွန်းလှသည်။ သူ့အသံနက်ကြီးကို မလှမ်းမကမ်းမှ ‘မင်းကြီး သမိန်သံဗြတ်'ပင် ကြားသွားသည်။

“နှင်းပန်းခိုင်ကို ချစ်တယ်၊ ဒါကြောင့် စောအဲဗညားကို ငါ မုန်းတယ်”

သူ့ပါးပြင်မှ သွေး၊ သူ့ရင်အုံမှ သွေးတို့ဖြင့် လိမ်းကျံအပ်သော လက်တို့ကို မြှောက်လျက် မတ်သံလုံ အော်ဟစ်နေသည်။

“စောအဲဗညား. . .မင်းကိုငါ မုန်းတယ်ဟေ့၊ မင်းကို ငါသတ်ဖို့လာပြီ”

လေးလံသော အဲမောင်းလှံနှစ် ချောင်းကိုတစ်ဖက်စီဆုပ်ကိုင်ရင်းမတ်သံလုံသည်တိုက်ပွဲ၏ အရှုပ်ထွေးဆုံးဆီသို့ ပြေးဝင်သွားသည်။ မတ်သံလုံသည်လူသားရဲမက် တစ်ယောက် နှင့် မတူတော့။ နတ်ဘီလူး စစ်သည် တစ်ယောက် လို ဖြစ်နေသည်။ သူဖြတ်သွားသည့်နေရာတိုင်းမှာ ရန်သူများ သည် ငှက်ပျောပင်များ ခါးအလယ်မှအပိုင်းပိုင်း ပြတ်ကျသည်ကဲ့သို့ . . .။

“စောအဲဗညား . . .မင်းကိုငါသတ်မယ်”

“မတ်သံလုံ သတိထား . . .”

မင်းကြီး သမိန်သံဗြတ်က အော်ဟစ်သတိပေးသော်လည်း မတ်သံလုံ မကြားနိုင်တော့။ အဲမောင်းလှံရှည်ကြီးများ ကို ဝှေ့ယမ်းလျက် တိုက်ပွဲ၏ အတွင်းသို့ တစ်ဟုန်ထိုး ၀င်သည်။ အဲမောင်းလှံသွားနှင့် လှံရိုးတို့ အဆက်မပြတ် လှုပ်ရှားနေသည်။ လှံတံကို ပကတိအတိုင်း မမြင်ရတော့ ၊ လေအဟုန်တွင် ဖွင့်ထားသော စကြာကဲ့သို့ အခြားမပြတ်လည်နေသည်။ ရန်သူတို့သည် မတ်သံလုံ၏ လှံတစ်ကမ်း အနီးသို့ ပင် မချဉ်းကပ်ရြဲ ကတော့။ မတ်သံလုံ ၀င်သွားသည့် နေရာတိုင်းတွင် ထိတ်လန့်တကြားအော်ဟစ် ရှောင်တိမ်းကြရသည်။

“စောအဲဗညား ငါလာပြီဟေ့၊ မင်းကြီး သံဗြတ်ရဲ့ သူရဲကောင်း မတ်သံလုံဆိုတာ ငါပဲဟေ့”

အဲမောင်းလှံနှစ် ချောင်းကိုအခြားမပြတ်ဝှေ့ယမ်းလျက်ရှိသလိုနှုတ်ကလည်းအသံနက်ကြီးဖြင့် စူးစူးဝါးဝါးအော်ဟစ်လျက်ရှိသည်။ ရန်သူ၏ စစ်မြင်းကြီးများ ပင်မတ်သံလုံ၏ အသံနက်ကြီးကြောင့် ထိတ်လန့်ကုန်ကြသည်။ အတုံးအရုံး လဲကျကုန်ကြသော ရန်သူများ ကို နင်းဖြတ်ကျော်လွှားလျက်မတ်သံလုံသည် တိုက်ပွဲအလယ်သို့ သာတစ်ဟုန်ထိုးပြေးဝင်နေသည်။

“မတ်သံလုံတဲ့ ၊ ဒီလူဟာ လူမဟုတ်ဘူး၊ နတ်ဘီလူးဟေ့”

“မတ်သံလုံ ဘီလူးစီးနေပြီ၊ ပြေးကြ . . .ပြေးကြ”

“မင်းကြီး သံဗြတ်ရဲ့ သူရဲကောင်း မတ်သံလုံဆိုပါလား”

တိုက်ပွဲ၏ အသွင်သည် ရုတ်တရက် ပြောင်းသွား သည်။ စောစောက ဟစ်အော်ကြွေးကြော်ရင်း ရင်ဆိုင်တိုက်ခိုက်နေကြသူများ အားလုံး ဘေးသို့ ရှဲဖယ်သွားကြသည်။ လေမုန်တိုင်းတစ်ခုလို ရုတ်ခြည်းဝင်ရောက်လာသော မတ်သံလုံ၏ ဘေးတွင် ရဲမက်များ ၊ ရန်သူများ သည် သစ်ရွက်ခြောက်များ ပမာ ကစဥ့်ကလျား ဖြစ်သွားသည်။

ဓားသွားချင်း၊ လှံသွားချင်း ရှုပ်ထွေးနေသော မြင်ကွင်းသည် ရှင်းလင်းသွားပြီး တိုက်ပွဲအလယ်ဗဟိုနေရာတွင် မြင်းနက်ကြီးကို စီးထားသည့် ရန်သူခေါင်းဆောင်ကို ထင်ရှားစွာ တွေ့ လာရသည်။ သို့ သော် ထောင်းထောင်းထနေသော ဖုန်လုံးများ ကြောင့် ရန်သူခေါင်းဆောင်၏ မျက်နှာကိုမူ မတ်သံလုံ သဲသဲကွဲကွဲ မမြင်ရ။ ရန်သူခေါင်းဆောင်၏ လွှားမှ သံမဏိပေါ်သို့ မွန်းတိမ်းနေရောင် ထိုးကျနေသော ကြောင့် လည်း စူးရှသော အလင်းရောင် တို့ ပြိုးပြက်ကျိန်းစက်နေသည်။

“စောအဲဗညား မင်းသေပေတော့”

မြင်းနက်ကြီးကို တွေ့ လျှင်တွေ့ ချင်းပင် မတ်သံလုံသည် မြားတစ်စင်းပမာ ဇွတ်ဝင်လေသည်။ ရန်သူခေါင်းဆောင်လည်း မြင်းကို ဇက်ကုန်ဖွင့်လာသည်။

“မတ်သံလုံ . . .သတိထား”

မင်းကြီး သံဗြတ်က ကျယ်လောင်စွာ အော်သည်။ ရန်သူမှာ မြင်းပေါ်က၊ မတ်သံလုံကား မြေပြင်ပေါ်က။ သို့ သော် . . .။

သို့ သော် မတ်သံလုံ၏ ဘယ်လက်တွင်းမှ အဲမောင်းသည် ကဆုန်စိုင်းလာသော မြင်း၏ ရင်ညွန့်သို့ တည့်မတ်စွာ စွဲဝင်လာလေသည်။ အရှိန်ပြင်းစွာ ပြေးလာသော မြင်းကြီးသည် ကျယ်လောင်စူးနစ်စွာ အော်လျက်လမ်းမှာ ပင်အဟုန်ပြင်းစွာ လဲကျသည်။ မြင်းပေါ်မှလူလည်း မြေပြင်သို့ တလိမ့်ကောက်ကွေးကျသည်။

ပြန်ထရန်ကြိုးစားသည်။

သို့သော်မတ်သံလုံ၏ ညာလက်အဲမောင်းသည် မိုးကြိုးလျှပ်စီးတစ်ခုပမာ ထိုသူ၏ ရင်အုံဆီသို့ ပျံသန်းသွားသည်။ လေထုကို ထွင်းဖောက်ပျံသန်းသွားသော အသံသည်ပင် နှလုံးသွေးပျက်ဖွယ် ဖြစ်တော့သည်။

အဲမောင်းလှံသွား ရင်အုံသို့ စွဲဝင်သော အသံကို မတ်သံလုံပင် ပြန်ကြားလိုက်ရသည်။ ရန်သူခေါင်းဆောင်သည် မြေပေါ်သို့ အလူးလူးအလိမ့်လိမ့် လဲပြိုသွားလေသည်။

“တပ်မင်း ကျပြီ၊ တပ်မင်း ကျပြီ”

“ပြေးကြ. . .ပြေးကြ၊ သူတို့ဘက်မှာ နတ်ဘီလူးတစ်ကောင် ၀င်ကူနေတယ်”

“တပ်မင်းကျသွားပြီ၊ ပြေးကြစို့ဟေ့”

ရန်သူများ ခြေဦးတည့်ရာသို့ ကစဥ့်ကလျား ထွက်ပြေးကြသည်။

မတ်သံလုံကားရန်သူတို့သွေးပျက်ထိတ်လန့်သံကြောင့် လည်းကောင်း၊ ရန်သူခေါင်းဆောင်၏ ကိုယ်မှထွက်သော သွေးတို့ကို တွေ့ ရသည့်အတွက်ကြောင့် လည်းကောင်း ပို၍ ခက်ထန်သွားလေသည်။ လဲကျနေသော ရန်သူခေါင်းဆောင်၏ ဓားအိမ်မှ ဓားကိုထုတ်ယူလျက် မည်းမည်းမြင်သမျှကို လိုက်ခုတ်တော့သည်။

“နှင်းပန်းခိုင်ကို လေးနဲ့ပစ်တာ မင်းလားကွ”

“နှင်းပန်းခိုင်ကို သတ်တာ မင်းလားကွ”

“ငါ့အချစ်ကို သတ်တာမင်းလားဟေ့”

“ဟုတ်တယ်ဟေ့၊ငါဟာနတ်ဘီလူး၊ အချစ်အတွက်မင်းတို့ကိုသတ်မယ့် နတ်ဘီလူး”

ရန်သူ တစ်ယောက် ကို စကားတစ်ခွန်း ဓားတစ်ချက်ဖြင့် ကြောက်ခမန်းလိလိ ခုတ်ပိုင်းနေသော မတ်သံလုံကို ‘တရည်းမြို့စောင့်’ရဲမက်တို့ပင် အံ့သြထိတ်လန့်ကုန်ကြသည်။ သို့ သော် ရန်သူများ ကစဥ့်ကလျား တပ်ပျက်သည်ကို တွေ့ ရသော အခါ တရည်းရဲမက်တို့ အားတက်သွားကြပြီ။ ညာသံပေး၍ ဖိတိုက်ြ ကတော့သည်။

တိုက်ပွဲသည် ပြန်၍ ရှုပ်ထွေးသွားသည်။ မြင်းဟီသံ၊ အော်ဟစ်သံများ သည် ဖုန်လုံးကြီးများ ထဲမှ တစ်ခဲနက် ပေါ်ထွက်လာသည်။ တိုက်ပွဲ ကွင်းပြင်အစပ်မှ ကြည့်နေသော မင်းကြီး သမိန်သံဗြက်သည် မတ်သံလုံကို တိုက်ပွဲကြားတွင် ရှာကြည့်သော်လည်း မတွေ့ ရတော့။ ရဲမက်များ ရှုပ်ထွေးနေသည့်အတွက် မတ်သံလုံလည်း တိုက်ပွဲကြားတွင် ပျောက်ကွယ်သွားသည်။

သို့ သော် တရည်းမြို့မြေပြင် သိမ့်သိမ့်တုန်မျှ ဆူညံနေသော တိုက်ပွဲသံများ အကြားတွင် မတ်သံလုံ၏ အသံဝါကြီးကိုမူ မင်းကြီး တစ်ချက်တစ်ချက် ကြားနေရသည်။

“နှင်းပန်းခိုင်အတွက် သွားစမ်း တစ်ယောက် ”

“ငါ့အချစ်အတွက် ဟောဒီမှာ ငရဲကောင်တစ်ကောင်”

ဤမြေပြင်ထက်ဤကွက်လပ်တလင်းပြင်ဝယ်ယမန်နေ့ကပြင်းထန်ရက်စက်သော စစ်ပွဲကြီး ဖြစ်ခဲ့သည် ဆိုခြင်းကိုပင် မယုံနိုင်စရာ ဖြစ်နေသည်။ တရည်းမြို့စောင့်ရဲမက်များ က ချက်ချင်း ရှင်းလင်း သုတ်သင်လိုက်သဖြင့် လည်း စစ်မြေပြင်သည် သန့်ရှင်းနေသည်။ ရေကျုံးအစပ်ရှိ ကျိုးကြေခဲ့သော နဂါးသန်လျက်ပင်များ ကို ချက်ချင်း ပြန်၍ စိုက်ပျိုးခဲ့ကြသည်။ နဂါးသန်လျက်ပင်များ ကား ချွန်မြသော အရွက်ရှည်ပင်များ ဖြစ်သဖြင့် ကြံ့ခိုင်သော အလှကို ဆောင်ကြသည်။ မြေမာကို ကြိုက်သော အပင်မျိုး ဖြစ်သဖြင့် လည်း နဂါးသန်လျက်သည် တရည်းမြို့မြေပြင်နှင့် လိုက်ဖက်ညီနေလေသည်။

ရေကျုံးအစပ်တစ်လျှောက်တွင် နဂါးသန်လျက်ပင်များ အစီအရီရှိနေသည်။

တစ်ခုသော နေရာတွင် ကား အခြားနေရာများ ထက်ပင် နဂါးသန်လျက်ပင်တို့က ထူထက်များ ပြားနေသည်။ တဖြောင့်တည်း စီရရီစိုက်ထားသည်လည်း မဟုတ်၊ ၀န်းဝိုက်ကွေ့ပတ်လျက် စိုက်ထားသည့်နေရာ ဖြစ်သည်။ ထိုနဂါးသန်လျက်ပင်အုပ်၏ ခြေရင်းဝယ် တစ်စုံ တစ်ယောက် သည် ခြေစုံရပ်လျက် မြေပြင်သို့ မမှိတ်မသုန်စိုက်ကြည့်နေသည်။

မမှိတ်မသုန်ကြည့်နေသော မျက်လုံးများ သည် နီရဲလျက်ရှိသည်။ ကျင်စွယ်နှုတ်ခမ်းမွေးရေး ရေး ရှိသော်လည်း ထိုမျက်နှာသည် အသက်သုံးဆယ်မပြည့်တတ်သေးသည့် ပျိုမျစ်မှု ကို ဆောင်နေသည်။ သို့ သော် ထိုပျိုမျစ်သည်ပင် တင်းမာသော အမူအရာကြောင့် ခက်ထန်နေပြန်သည်။

ခက်ထန်မှု ကို ပို၍ လေးနက်သွားစေသော အရာမှာ ထိုမျက်နှာ၏ လက်ဝဲဘက် ပါးပြင်ပေါ်မှ လက်တစ်ဆစ်ခန့် အမာရွတ်ပင် ဖြစ်သည်။ တုတ်ခိုင်၍ အဆစ်များ ကြီးမားသော လက်ချောင်းတို့ဖြင့် ထိုအမာရွတ်ကို ပွတ်သတ်ရင်းဖြင့် ထိုမျက်နှာသည် နဂါးသန်လျက်ပင်အုပ်၏ အလယ်မှ မြေကမူမို့မို့ကို ကြည့်နေသည်။

“နှင်းပန်းခိုင်ရယ် . . .သည်တစ်ခါ တိုက်ပွဲပြီးရင်တော့ အဖကိုဖွင့်ပြောပြီး ကျုပ်တို့လက်ထပ်ကြမယ်လို့ မင်းပြော ဖြစ်အောင် ပြောခဲ့သေးတယ်နော်၊ ပြီးတော့ ဒီတိုက်ပွဲဟာဖြင့် နောက်ဆုံးပါပဲ အမောင်ရယ်တဲ့၊ နောက်ဆုံး . . .နောက်ဆုံး၊ နှင်းရယ်ကိုယ့်ရဲ့ ကံကြမ္မာကို ကြိုပြီး နိမိတ်ဖတ်ခဲ့တာလား၊ အခုတော့ တကယ့်ကို နောက်ဆုံးပါပဲလား အချစ်ရယ်”

မတ်သံလုံ၏ နီရဲသော မျက်လုံးတို့သည် မြေကမူမို့မို့ကို မမှိတ်မသုန်ကြည့်ရင်း နှုတ်မှလည်း သတိလက်လွတ် တတွတ်တွတ်ရေရွတ်နေမိလေသည်။

“သူရဲကောင်းရဲ့ ချစ်သူဆိုတာဟာ စစ်ပွဲမှာ လည်း သူရဲကောင်းရဲ့ ဘေးမှာ ပဲရှိနေရမယ်လို့ ကျုပ်ပြောခဲ့တာကို မင်း တကယ်လိုက်နာခဲ့တာပါလား နှင်းရယ်၊ ကျုပ် မှားတာပါ၊ ကျုပ်မှားခဲ့တာပါ၊ တကယ်က မင်းကို မြားတံတွေ အန္တရာယ်က လုံခြုံတဲ့နေရာမှာ ပဲ ချန်ထားခဲ့သင့်ပါတယ်၊ ဒါပေမဲ့ သူရဲကောင်းကြီးမတ်သံလုံဆိုတဲ့ ကျုပ်လေ... တကယ်တော့ သိပ်မိုက်မဲခဲ့တဲ့ ကျုပ်ပါ၊ မင်းကို သူရဲခိုပေါ်မှာ နေရာယူထားလို့ ပြောခဲ့တဲ့ ကျုပ်အမှားပါ၊ ကျုပ်အမှားပါ၊ ကျုပ်အချစ်ကို မြားတံတွေ တဖွဲဖွဲကျနေတဲ့ နေရာအရောက် ကျုပ်ကိုယ်တိုင်ပဲ ပို့လိုက်မိပါပကော၊ ကျုပ် ဘယ်လိုပြောရမလဲ အချစ်ရယ် ...ဟင်၊ ကျုပ် ဘယ်လိုပြောရမလဲ၊ သည်တုန်းက မင်းပြောခဲ့ပါသေးတယ် နှင်းရယ်”

ထိုညက လပြည့်ဝန်း၏ ဖြူပြာသော ငွေရည်တို့သည် တရည်းမြို့၏ ဒေါနဥယျာဉ်တော် အတွင်းသို့ လှပစွာ စီးကျနေခဲ့သည်။

‘နှင်းပန်းခိုင်’၏ အဖြူရောင် ၀တ်လွှာသည် လရောင် ကြောင့် ပြာနုသော အသွေးကို ဆောင်နေခဲ့သည်။ နှင်းပန်းခိုင်၏ လုံးဝန်းသော ပခုံးစွန်းများ သည် ပြဒါးသုတ်ခြယ်ထားသလို ပြိုးပြက်နေခဲ့သည်။

မတ်သံလုံကား ချစ်သူနှင့် တွေ့ ဆုံခန်းမှာ ပင် ဓားကို ကိုယ်မှမချခဲ့။ ဓားအိမ်သည် ကျောက်သလင်းခုံစွန်းနှင့် တိုက်မိသော ကြောင့် တချွင်ချွင် မြည် နေသည်။ နှင်းပန်းခိုင်သည် မတ်သံလုံ၏ တုတ်ခိုင်သော လက်မောင်းအိုးကို ဖွဖွဆုပ်ကိုင်ကာ ကျောက်သလင်းခုံထက်သို့ ထိုင်စေခဲ့သည်။

“အမောင်ရယ်. . .ဒီဓားကို မချတော့ဘူးလား၊ အချိန်ဟာ လသာတဲ့ညအချိန် ခုနေရာဟာ ဒေါနဥယျာဉ်တော် ၊ ပြီးတော့ အမောင့်ရှေ့က လူတွေ ဟာလည်း သူ့ရှင် ရာဇဓိရာဇ်မဟုတ်ပါဘူး၊ ရန်သူသစ္စာဖောက် သမိန်လောက်ဖြားလည်း မဟုတ်ပါဘူး။ ရန်သူ စောအဲဗညားလည်း မဟုတ်ပါဘူး၊ အမောင့်အချစ် နှင်းပါ၊ နှင်းပန်းခိုင်ပါ၊ အဲဒီ ဓားကြီးကို ခဏချထားပါလား အမောင်ရယ်”

မတ်သံလုံကမူ ဓားလွတ်ကိုလည်း မချ၊ ကျောက်သလင်းခုံထက်သို့ လည်း ၀င်မထိုင်၊ ဖြူပြာသော လ၀န်းကိုလည်းမကြည့်၊ စကားတစ်လုံးကိုလည်း မဆို။

“အမောင်”

“ဟင် . . .ဘာလဲ”

ခေါ်သံသည် စမ်းရေအလျဉ်သံ ဖြစ်သော်လည်း ထူးသံသည် ရေတံခွန်သံ ဖြစ်သည်။ မတ်သံလုံသည် နှင်းပန်းခိုင်၏ ဖွေးဥသော မျက်နှာကို လှမ်းကြည့်ရင်း ကျောက်သလင်းခုံသို့ ၀င်ထိုင်လိုက်သည်။ ဓားအိမ်သည် ခုံစွန်းနှင့် ခတ်မိသော ကြောင့် အသံမြည် သွားပြန်သည်။

“အမောင် . . .အမောင်အတွက် နေရာတိုင်းနဲ့ အချိန်တိုင်းဟာ စစ်ပွဲပဲလားဟင်၊ နှင်းကို အမောင့်အချိန်တွေ ထဲက တဒင်္ဂလေးမှ မပေးနိုင်တော့ဘူးလား၊ နှင်းလေ စစ်ပွဲတွေ ကြောင့် ပင်ပန်းခဲ့ရတဲ့ အမောင့်နွမ်းနယ်မှု တွေ ကို ဖြေသိမ့်ပေးချင်လှပါပြီ”

“ကျုပ် နှင်းကို . . အဲ . . .တကယ်ချစ်တာပါ”

နွေးထွေးသော ဒေါနဥယျာဉ်၏ ပန်းလေပြည်ထဲတွင် မတ်သံလုံ၏ အသံက အေးစက်စွာ ထိုးဖောက်ထွက်ပေါ်လာသည်။

“အဲဒါ တကယ်လား အမောင် . . .ဟင်”

“ဘာလဲ”

“အို . . .ခုနက အမောင်ပြောတာလေ”

“မင်းကို ကျုပ်ချစ်တယ်ဆိုတာလား၊ တကယ်ပေါ့ အဲဒါတကယ်လေ”

နှင်းပန်းခိုင် သိမ့်သိမ့်ငြိမ့်ငြိမ့် ရယ်လေသည်။

ဓားရိုးကိုင်ထားသည့် မတ်သံလုံလက်ကို တယုတယ ဆုပ်ကိုင်မိသည်။ ထိုလက်ပေါ်သို့ မတ်သံလုံ၏ အခြားလက်တစ်ဖက်က ပြန်၍ အုပ်မိုးသည်။ ညံ့သက်သော လက်ဖမိုးနှင့် ကြမ်းတမ်းသော လက်ဖ၀ါးတို့ ထိတွေ့ မိကြသည်။

“အဲ. . .ဓား ကတော့ ချလို့မ ဖြစ်ဘူးလေ၊ ကျုပ်တို့ဟာက အခုစစ်တိုက်နေကြတဲ့ စစ် ကာလ မဟုတ်လား၊ သူ့ရှင်က မင်းကြီး သံဗြတ်ကို အမိန့်တော် ပေးခဲ့တယ်၊ ဒီတရည်းမြို့ကို ရန်သူတွေ လာလုပ်ကြံမယ်တဲ့၊ ဖိဖိစီးစီး ကွပ်ညှပ်ပြီး ကြံ့ကြံ့ခံတွန်းလှန်ရမယ်တဲ့၊ မင်းကြီးသံဗြတ် ကျုပ်တို့ကို ထပ်ပြီးအမိန့်တော် မှတ်တယ်လေ၊ စောအဲဗညားတို့ဟာ တရည်းကိုနေ့နေ့ညည အချိန်မရွေးဝင်လာနိုင်တယ်၊ ကျုပ်ဓားကိုချလို့မ ဖြစ်သေးဘူးနှင်းရဲ့ ၊သူရဲ ကောင်း ဟာ ဓားနဲ့မကင်းကွာစကောင်းဘူး”

“ဟုတ်ပါတယ် အမောင်ရယ်၊ သူရဲကောင်းဟာ ဓားနဲ့မကင်းကွာစကောင်းပါဘူး၊ ဒါပေမဲ့ သူရဲကောင်းကြီးလက်က ဓားရိုးကိုသာ မလွတ်တမ်းဆုပ်ကိုင်ထားတော့ နှင်းပန်ချင်တဲ့ ဟောဟိုဒေါနပန်းခက်ကလေးကို အဲဒီ သူရဲကောင်းကြီး ဘယ်လိုလုပ်ပြီးခူးပေးနိုင်တော့မှာ လဲ”

“ဟင် . . .ဘာပြောတာလဲ နှင်း”

မတ်သံလုံသည် နှင်းပန်းခိုင်ကို နားမလည်စွာ ဖြင့် ကြည့်မိသည်။

နှင်းပန်းခိုင်က အပြစ်ကင်းစွာ ရယ်သည်။

စစ်၏ အငွေ့အသက်တို့ ရိုက်ခတ်တင်းမာနေခဲ့သော မတ်သံလုံ၏ မျက်နှာသည်လည်းနှင်းပန်းခိုင်၏ အပြစ်ကင်းသော ရယ်သံကြောင့် တင်းမာရာမှ ပြေလျော့သွားခဲ့သည်။ မတ်သံလုံလိုက်၍ ရယ်မိသည်။အချစ်မှမွေးဖွားသော ပျော်ရွှင်မှု ရယ်သံနှစ် ခု ဒေါနဥယျာဉ်တော် အတွင်း လွင့်ဝဲသွားသည်။

ရယ်လိုက်သော အခါ နှင်းပန်းခိုင် ပို၍ လှလာသည်။ ချစ်သူ၏ ၀န်းဝိုင်းပြည့်ဖြိုးသော မျက်နှာပြင်ကို ငေးကြည့်ရင်း မတ်သံလုံ အလှတရား၌ ငေးငိုင်သွားခဲ့သည်။ နှင်းပန်းခိုင်အရယ်ရပ်သည်။ လပြည့်ဝန်းနှင့်တကွသော ကြယ်တို့ကို ယှဉ်ပြိုင်နိုင်သည့် ချစ်သူနှစ် ဦး၏ မျက်လုံးအစုံတို့သည်အပြန်အလှန် ဆုံဆည်းယှက်နွှယ်နေသည်။ တိတ်ဆိတ်သော အကြည့်များ ဖြင့် တစ်ဦးကိုတစ်ဦး ရွှန်းလဲ့စွာ ငေးစိုက်သွားမိကြသည်။ နှလုံးခုန်သံများ သဲ့သဲ့လှုပ်ရှားလာနေသည်။

ချစ်သူ၏ ရွှန်းလဲ့သော မျက်ဝန်းအရေး အကြောင်း တစ်လျှောက်တွင် အချစ်၏ နက်ရှိုင်းသော နယ်နိမိတ်အပိုင်းအခြားကို မတ်သံလုံတွေ့ နေရသည်။

မြို့ရိုးကင်းမျှော်စင် မှညဥ့်တစ်ပဟိုရ်စည်သံ ပေါ်ထွက်လာသည်။

လှပသော တိတ်ဆိတ်မှု ပြီးဆုံးသွားလေသည်။ မတ်သံလုံသည် ကင်းမျှော်စင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ကင်းစောင့်ရဲမက်များ လူလဲကြသည့် လှုပ်ရှားမှု ကို တွေ့ သည်။

“ဘာ အကြောင်းကြောင့် ပဲ ဖြစ် ဖြစ် သူရဲကောင်းရဲ့ လက်ဟာ ဓားရိုးနှင့် မကင်းကွာရဘူး နှင်း၊ ကျုပ်နှင်းကို ဘယ်လောက်ချစ်မြတ်နိုးသလဲဆိုတာ ကျုပ်မပြောပြတတ်ဘူး၊ ဒါပေမဲ့ ကျုပ်စစ်တိုက်ရဦးမယ် မဟုတ်လား”

“အမောင့်ကို နှင်းနားလည်ပါတယ်၊ နှင်းသာမကဘူး၊ အဖကလည်း အမောင့်ကိုနားလည်ပါတယ်၊ မြို့စောင့်တပ်မှူးတွေ ထဲမှာ အမောင့်ကိုအဖ သဘောကျဆုံးပါ၊ ဒါကြောင့် အဖကိုလည်း နှင်းပြောပြလိုက်တယ်၊ ဒီတရည်းတိုက်ပွဲပြီးရင် နှင်းတို့ကိုလက်ထပ်ပေးဖို့”

“ဟုတ်လား . . .ဟုတ်လား၊ အဲဒီ တော့ မင်းကြီးသံဗြတ်က ဘာပြောသလဲ”

“အဖကလား၊ ခေါင်းခါပြတယ်”

မတ်သံလုံသည် ဓားအိမ်ကို လက်ဖြင့် ရိုက်လေသည်။

“ကျုပ်တော့ ခေါင်းနဲ့ကိုယ် အိုးစားကွဲပြီထင်ပါရဲ့ ဗျာ၊ နှင်းက ဘာကြောင့် မင်းကြီးကို ဖွင့်ပြောလိုက်သလဲ၊ တပ်မင်းကြီး သမိန်သံဗြတ်ရဲ့ သမီးတော် နဲ့ ကျုပ်လို မြို့စောင့်တပ်မှူး ဘာဆိုင်သလဲ၊ မင်းကြီးက သူ့သမီးတော် ကို နေပြည်တော် က မင်းညီမင်းသားနဲ့သာလက်ဆက်စေချင်မှာ ပေါ့၊ ဒုက္ခတော့ရောက်ပြီ ထင်ပါရဲ့ ဗျာ”

နှင်းပန်းခိုင်က ရယ်ပြန်သည်။

“အဖကလေ ခေါင်းခါပြတာ ဒီလိုမဟုတ်သေးဘူးတဲ့၊မတ်သံလုံနဲ့ သမီးတို့ လက်ဆက်ပွဲကို တရည်းမြို့မှာ ခွင့်မပြုဘူးတဲ့၊ သူ့ရှင် ရာဇာဓိရာဇ်နေပြည်တော် သွားပြီး သူ့ရှင်ရဲ့ ရှေ့မှော က်မှာ ဘိသေကမင်္ဂလာ. . .”“ဟာ. . .တကယ်လားလား နှင်း. . .”

လှပစွာ ခေါင်းညိတ်နေသော နှင်းပန်းခိုင်ကို မတ်သံလုံ ပွေ့ဖက်မိသည်။

“ကျုပ်ဝမ်းသာလိုက်တာ နှင်းရယ်၊ ၀မ်းသာလိုက်တာ”

“အဲဒါကြောင့် ပြောတာပေါ့ အမောင်ရယ်၊ တရည်းတိုက်ပွဲဟာ နောက်ဆုံးပါလို့၊ ဒီတိုက်ပွဲဟာ နောက်ဆုံးပါပဲ”

“ဟုတ်တာပေါ့ နှင်း၊ ဟုတ်တာပေါ့”

“နှင်းလေ အမောင့်အတွက် ဘုရားဆောင်ဝင်ပြီး ဥပုသ်ယူ၊ သီလစောင့်၊ သပြေခက်ကိုလည်း အမောင့် မောက်ရှည်ထက်မှာ ပန်ပေးမယ်”

“ဟာ ...ဒါက စစ်ထွက်ယောကျာ်းအတွက် အိမ်မှာ ကျန်ခဲ့တဲ့ ဇနီးသည်တွေ လုပ်နေတဲ့ဟာတွေ ပါ နှင်းရယ်၊ အခုဟာက ကျုပ်စစ်တိုက်နေတဲ့ စစ်ပြေပြင်မှာ ပဲ နှင်းကိုယ်တိုင် ရှိနေတာမဟုတ်လား၊ ဘုရားဆောင်ဝင်ပြီး သပြေခက်ပေးစရာမလိုပါဘူး၊ သူရဲကောင်း ရဲ့ ချစ်သူဆိုရင် သူရဲကောင်းရှိရာစစ်မျက်နှာပဲ တစ်ဖ၀ါးမခွာရှိနေရမှာ ပေါ့”

“အို . . .အမောင်က အဲဒီ လို ဖြစ်စေချင်သလား၊ ကဲ မနက်ဖြန် အမောင် ဘယ်မုခ်မှာ အမှု တော် ကျသလဲ

“အလယ်မုခ်”

“ကောင်းပြီ အမောင်ရေ၊ အလယ်မုခ်ရဲ့ ညာဘက်က သူရဲခိုပေါက်မှာ နှင်းကိုယ်တိုင် ရှိနေမယ်၊ နှင်းရဲ့ သူရဲကောင်းကို နှင်းအနားက အားပေးနေမယ်”

“ကျုပ် ဘယ်လိုပြောရမလဲ အချစ်ရယ်၊ မင်းကို မြားမိုးရွာနေတဲ့နေရာ ရောက်အောင် ကျုပ်ပို့ခဲ့မိပါပကော၊ မင်းကို ကျုပ်သတ်တာ၊ မင်းကို ကျုပ်သတ်တာ ၊ မင်းရင်အုံလှလှလေးကို စွဲဝင်နေတဲ့ မြားတံဟာ ကျုပ်ကြောင့် ...ကျုပ်ကြောင့် ဒီမြားတံ အတွက်ရန်သူခေါင်းဆောင်ကိုရော၊ရန်သူတွေ ကိုရော ကျုပ်လက်စားချေခဲ့ပါတယ်၊ ဒါပေမဲ့ ကျုပ်လက်စားချေရမယ့် တကယ့်ကာယကံရှင်က ကျုပ်ကိုယ်တိုင်ပါ အချစ်ရယ်၊ ကျုပ်ကိုယ်တိုင်ပါ”

ချွန်မြသော နဂါးသန်လျက်ပင်၏ ဦးထိပ်ချွန်ဖျားကို မတ်သံလုံ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ အကြောပြိုင်းပြိုင်းထသော လက်ဖြင့် နဂါးသန်လျက်ပင်များ ကို ဆုပ်ခြေမိသည်။

သို့ သော် တကယ်တမ်း ကွဲအက်ကြေပြုန်းနေသည်က မတ်သံလုံ ကိုယ်တိုင်၏ အသည်းနှလုံးများ သာ။

“သူရဲကောင်းတဲ့၊ သူရဲကောင်းမတ်သံလုံတဲ့၊ မိမိချစ်သူကို သေတွင်းထဲ ပို့တဲ့သူဟာ သူရဲကောင်းတဲ့လားဟင်၊ ကျုပ်လေ. . .ကျုပ်”

အဆုံးစွန်သော ထိခိုက်ကြေကွဲမှု ။ မတ်သံလုံစကားနောက်ထပ်မရေရွတ်နိုင်တော့။ နီရဲသော မျက်လုံးများ စိုစွတ်လာသည်။

နဂါးသန်လျက်ပင်ကို ဆုပ်ညှစ်နေသော လက်များ သည် ခါးစည်းတွင် ချိတ်ထားသည့် ဓားမြှောင်ဆီသို့ တဖြည်းဖြည်း ရွေ့လျားသွားသည်။ ဓားမြှောင်ရိုးကို တုန်ရင်စွာ ဆွဲထုတ်ယူသည်။

“ကျုပ်သူရဲကောင်းမဟုတ်ဘူး၊ ကျုပ်ဟာ ချစ်သူရဲ့ သေမင်း၊ ဒီတော့”

ဓားမြှောင်ကိုင်ထားသော လက်အပေါ်သို့ မြောက်လာသည်။

တစ်ဟုန်ထိုး အောက်သို့ စိုက်ချသည်။ ရင်ညွန့်ဆီသို့။

သို့ သော် ရင်ညွန့်ဆီသို့ မရောက်မီမှာ ပင် လှံလျင်တစ်ချောင်းဝင်လာပြီး ဓားမြှောင်သည် နဂါးသန်လျက်ပင်သို့ ကျသွားလေသည်။

“မတ်သံလုံ”

အောင်မြင်သော အသံဝါကြီး ဖြစ်သည်။

နီညိုရောင် ၀တ်လွှာရုံ သိမ်းဖယ်ရင်း တရည်းမြို့၏ မြို့စောင့်တပ်မင်းကြီး သမိန်သံဗြတ်သည် နဂါးသန်လျက်ပင်အုပ်ဆီသို့ လျှောက်လာလေသည်။ မတ်သံလုံသည် တပ်မင်းကြီးကိုမြင်သော အခါ ဒူးထောက်ဦးညွှတ်လိုက်သည်။ မတ်သံလုံတစ်ကိုယ်လုံး ယိမ်းယိုင်နေသည်။

“မင်း ယောက်ျားကောင်းမဟုတ်ဘူးလား သံလုံငယ်၊ မင်းက ချစ်သူကိုဆုံးသလို ငါကလည်း သမီးကို ဆုံးရတာ ပဲ၊ စစ်မြေပြင်ရောက် သူရဲကောင်းတွေ အထောင်အသော င်း ထဲမှာ သူလိုချစ်သူတွေ ၊ သမီးတွေ ၊ ဇနီးသည်တွေ ၊ မိခင်တွေ ကို ဆုံးရှုံးရတဲ့ ယောကျာ်းတွေ အများ ကြီးရှိတယ်၊ ခုကာလဟာစစ်ကာလ၊ စစ်ကာလမှာ သူ့အသက်ကိုယ့်အသက်အတွက် ဆုံးပါးကြတာဟာ ဆန်းသလား၊ မင်း သူရဲကောင်း ဆိုပြီး သွေးနည်းသလား ဟင်”

တပ်မင်းကြီး သမိန်သံဗြတ်၏ အသံသည် သည်တစ်ခါ ကြောက်စရာ အကောင်းဆုံးဟု မတ်သံလုံထင်လိုက်မိသည်။ တပ်မင်းကြီးမျက်နှာကို မော့မကြည့်ရဲ။ လွှာခြေ၀တ် သိုင်းချည်ထားသည့် ခြေအစုံကိုသာ ရှက်ကြောက်စွာ စေ့စေ့ကြည့်နေမိသည်။

“နှင်းပန်းခိုင်ဟာ သေတာမဟုတ်ဘူး၊ ကျဆုံးတာ၊ ဒါကိုမင်းသိရဲ့ လား”

“မှန်. . .မှန်ပါ”

“စစ်မြေပြင်မှာ စစ်ပွဲမှာ ရန်သူ့မြားတံနဲ့ ကျဆုံးတာ၊ သူ့ကို မြားမစွဲခင် သူရဲခိုထက်ကနေ သူ ဘယ်လိုတိုက်ခိုက်ခဲ့တယ်ဆိုတာ မင်းသိရဲ့ လား၊ နှင်းပန်းခိုင် သူရဲကောင်းလို ကျဆုံးသွားချိန်မှာ မင်းက ကလေးငယ်လို ဒါမှမဟုတ် သူရူးလို တတွတ်တွတ်ရေရွတ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြံသတဲ့လား . . .ထွီ”

“ကျွန်တော် မျိုးကြီး သံလုံငယ်. . .”

“တိတ်. . .ဘာမှ မပြောနဲ့၊ မင်းဟာ ငါ့လက်အောက်ခံ မြို့စောင့်တပ်မှူး၊ စစ်ပွဲ ကာလ အတွင်းက တပ်မှူး၊ သူ့ရှင် ရာဇာဓိရာဇ်ရဲ့ အမိန့်တော် ကို ဦးထိပ်ရွက်ထားရတဲ့ လက်ရုံး ကျွန်တစ်ဦး၊ ဒါတွေ ကို မေ့ပျောက်ပြီး မင်း ဒီလောကထဲက ထွက်သွားချင်သလား၊ အေး သံလုံငယ်၊ ဥပစ္ဆေဒကကံတော့ မထိုက်စေနဲ့၊ မင်း သေလိုလျှင် ငါကိုယ်တိုင် သတ်ပေးမယ်”တပ်မင်းကြီးသည် ဓားအိမ်မှဓားကို ထုတ်ယူလိုက်သည်။

မတ်သံလုံသည် ပြူးကြောင်ဝိုင်းစက်သော မျက်လုံးများ ဖြင့် တပ်မင်းကြီးကို မော်ကြည့်လိုက်သည်။

“သတ်ပေးပါဘုရား၊ သတ်ပေးပါဘုရား၊ ကျွန်တော် မျိုးဟာ နှင်းကိုလည်း သေစေခဲ့ပါပြီ၊ ပြီးတော့နှင်းကိုသတ်ခဲ့တဲ့ ရန်သူတွေ ကိုလည်း သုတ်သင်ပြီးခဲ့ပါပြီ။ ရန်သူခေါင်းဆောင်စောအဲဗညားကိုလည်း လက်စားချေခဲ့ပါပြီ။ ကျွန်တော် မျိုးတာဝန်တွေ ပြီးစီးကုန်ပါပြီ၊ ကျွန်တော် မျိုးကြီး အဆုံးစီရင်စရာ ကျွန်တော် မျိုးပဲရှိပါတော့တယ်”

“ဟား ဟား ဟား . . .ဘယ့်နှယ်ကွယ်၊ တာဝန်တွေ ပြီးစီးပြီတဲ့ ဟုတ်လား စစ်ပြီးပလား၊ ငါက မင်းကို အမှု တော် ကလွတ်စေလို့လား၊ သူ့ရှင် ရာဇာဓိရာဇ်က စစ်ရပ်ကြလို့ အမိန့်တော် ချမှတ်ပြီလား၊ ဒါတွေ ထားပါတော့လေ၊ ရန်သူခေါင်းဆောင်စောအဲဗညားကိုလည်းလက်စားချေခဲ့ပြီလို့ မင်းကပြောတယ်၊ မင်းမနေ့ကသုတ်သင်လိုက်တဲ့ မြင်းနက်ပေါ်ကလူဟာ သစ္စာဖောက် တရည်းမြို့စားစောအဲဗညား၊ သစ္စာဖောက်သမိန်လောက်ဖျားရဲ့ သား စောအဲဗညားလို့ မင်းကို ဘယ်သူပြောသလဲ၊ ဟား ဟား ဟား”

“ဟင် . . .အဲဒါ စောအဲဗညားမဟုတ်. . .”

“သံလုံငယ် မင်းသုတ်သင်လိုက်တဲ့သူဟာ စောအဲဗညားမဟုတ်ဘူး၊ သူ့ရှင်ရာဇာဓိရာဇ်ကို ပုန်စားတဲ့ လောက်ဖျားရဲ့ ညီ လဂွန်းဗျည်းမြို့စား အဲဗြဗုန်ရဲ့ သားအငယ် ဘောလဂွန်းငယ်ကွ၊ ဘောလဂွန်းငယ်”

“ဟင် ဘောလဂွန်းငယ်”

“ဟုတ်တယ်၊ မနေ့က တိုက်ပွဲမှာ စောအဲဗညား မပါလာဘူးလား၊ ဒီမှာ သံလုံငယ်၊ အကယ်၍ စောအဲဗညားကိုပဲ မင်းသုတ်သင်လိုက်နိုင်ပြီထားဦး၊ မင်းလက်ထဲက ဓားရိုးကို မချရသေးဘူး၊သစ္စာဖောက်တွေ ကို သုတ်သင်ဖို့ ဓားကိုမင်းဆက်ကိုင်ရဦးမယ်၊မင်းသုတ်သင်ဖို့သစ္စာဖောက်တွေ ရှိသေးတယ်သိရဲ့ လား၊မြောင်းမြစားလောက်ဖျား၊သံမောင်မြို့စား၊ မဂြိုင်း၊ ဒုန်ဝန်းမြို့စားသံလှစ်၊ အများ ကြီး အများ ကြီး”

မတ်သံလုံသည် ဒူးထောက်နေရာမှ တပ်မင်းကြီး သမိန်ဗရမ်း၏ ခြေအစုံကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

“ကျွန်တော် မျိုး အဲဒီ သစ္စာဖောက်တွေ ကို သုတ်သင်ဖို့၊ ပြီးတော့ မင်းကြီးရဲ့ အမှု တော် တွေ ကို ထမ်းရွက်ဖို့၊ ပြီးတော့ ရွှေနန်းရှင်ရဲ့ အမှု တော် ကို ထမ်းရွက်ဖို့ဆက်လက် အသက်ရှင်ပါတော့မယ် ဘုရား”

တပ်မင်းကြီး မတ်သံလုံ၏ ပခုံးကို ဖေးကိုင်ရင်း ဆွဲယူလိုက်သည်။ ထို့နောက် ဂူမှထွက်သော ကေသရာဇာ၏ အသံမျိုးဖြင့် လေးနက်စွာ ရေရွတ်လိုက်လေသည်။

“မင်းဟာ သူရဲကောင်း ဖြစ်တယ်၊ စစ်ပွဲအတွက် သူရဲကောင်းအ ဖြစ် မင်းနှစ် ပေါင်းများ စွာ အသက်ရှင်နေရမယ်၊ ဒါဟာ ငါ့အမိန့်ပဲ”

စောစောက သော ကပရိဒေ၀တို့ဖြင့် နီရဲနေခဲ့သော မတ်သံလုံ၏ မျက်လုံးတို့သည် ယခုအခါ သူရဲကောင်းတို့သွေးတို့ဖြင့် ခြားနားစွာ နီရဲလာသည်။ ဆူလှိုက်သော သူရဲကောင်းသွေးတို့လှည့်ပတ်မှု ကြောင့် ဘယ်ဘက်ပါးပြင်ထက်ရှိမြားဒဏ်ရာ အမာရွတ်မှာ လည်းသွေးစအနည်းငယ် စို့လာသည်။

တပ်မင်းကြီးသည် မတ်သံလုံ၏ ပခုံးကို နှစ် သိမ့်ဟန်ဖြင့် ရိုက်ပုတ်လိုက်ပြီး လှည့်ထွက်သွားသည်။ မတ်သံလုံသည် တပ်မင်းကြီး၏ ကြီးမားကျယ်ပြန့်သော ကျောပြင်ကို ငေးစိုက်ကြည့်ရင်း ထိုမှတစ်ဆင့် ပြာလဲ့သော တရည်းမြို့ထက်က ကောင်းကင်ဆီသို့ မျှော်ကြည့်မိလေသည်။

ကောင်းကင်ပြင်တွင် တိမ်ဖြူလိပ်တို့သည်အမြင့်ဆီတွင် တရွေ့ရွေ့ဖြတ်ကူးနေကြသည်။

တစ်ဆုပ်စီ တစ်ဆုပ်စီသော တိမ်တိုက်တို့ကိုကြည့်ရင်း မတ်သံလုံသည် အေးစက်မာကျောစွာ ရေရွတ်နေလေသည်။

“စောအဲဗညား၊ ပြီးတော့ မြောင်းမြစား လောက်ဖျား၊ သံမောင်စား မဂြိုင်း၊ ဒုန်ဝန်စား သံလှစ် သစ္စာဖောက်တွေ ၊ ရွှေနန်းရှင်ရဲ့ ဘုန်းသမ္ဘာဟာ ဟောဟိုကကောင်းကင်ပြာလိုတည်တံ့ရမယ်၊ မင်းတို့သစ္စာဖောက်တွေ ကတော့ အဲဒီ တိမ်လိပ်တွေ လို ရွေ့လျားပျောက်ပျက်သွားစေရမယ်၊ ငါဟာ သူရဲကောင်း၊ ငါဟာ သူရဲကောင်း”

ဟံသာဝတီဘုရင် ရာဇာဓိရာဇ် ဆင်ပေါ်မှ သက်လာသည်ကို တွေ့ ရသော အခါ အမတ်ဒိန်သည် ဆင်ဦးကင်းနားအထိ သွား၍ ကြိုသည်။ အမတ်ဒိန်နောက်မှာ တပ်မှူးရဲသင်ရံလည်း လိုက်သွားသည်။

အဆက်မပြတ်သော စစ်ပွဲများ ကြောင့် ရာဇာဓိရာဇ်၏ မျက်နှာသည် နေလောင်ထားသော သစ်သီးကဲ့သို့ နီရဲနေသည်မှအပ ပင်ပန်းနွမ်းနယ်ခြင်း၊ အရိပ်အယောင်မရှိ။ ဟံသာဝတီထီးနန်းကို သိမ်းပိုက်တုန်းကလို ငယ်ရွယ်နုပျိုသော သဏ္ဍာန်မရှိတော့။ ဘုရင်တို့၏ ရာဇမာန်ဖြင့် တည်ငြိမ်တင်းမာသော အသွင်ကို ဆောင်နေသည်။

“အမတ်ဒိန်လားဟေ့၊ ဘယ်နှယ့်လဲ၊ ဒုန်ဝန်းမြို့စား သံလှစ်က ငါ့သစ္စာခံအ ဖြစ် ခိုလှုံလာပြီလား၊ ပဏ္ဏာဆက်လာပြီလား”

အမြဲတစေ အေးဆေးတည်ငြိမ်ခဲ့သော အမတ်ဒိန်သည် ရာဇာဓိရာဇ်ကို လေးနက်စွာ ပြုံးပြလိုက်လေသည်။ သူ့နောက်မှတပ်မှူးရဲသင်ရံမှာ ကား ဘုရင်ကိုစေ့စေ့မျှပင် မကြည့်ရဲသဖြင့် မျက်နှာကို ငိုက်ထားသည်။

“ဒုန်ဝန်းကို ငါတိုက်မယ်လုပ်တော့ သံလှစ်က တောင်းပန်တယ် မဟုတ်လား၊ သူဟာ သူပုန်မဟုတ်ပါဘူးတဲ့၊ မုတ္တမ၊ လဂွန်းဗျည်း၊ သံမောင်၊ တရည်းမြို့တွေ ကိုသာ အရင်လုပ်ကြံပါပဲတဲ့၊ အင်း . . .ဒါကို မင်းလည်းအသိမဟုတ်လား အမတ်ဒိန်”

“ဟုတ်ပါတယ် သူ့ရှင်၊ ဒီတုန်းက ကျွန်တော် မျိုးကိုယ်တိုင် ပြောခဲ့ပါတယ်၊ ဒုန်ဝန်းမြို့ဟာ ခရီးကျဉ်းမြောင်းတယ်၊ အလုပ်အကြံခက်မယ်၊ ဒုန်ဝန်းစားရဲ့ စကားလည်း မဆိုးလှတာမို့ ဒုန်ဝန်းကိုအရင်မတိုက်ဘဲ တရည်းကို အရင်သိမ်းဖို့ ကျွန်တော် မျိုးပဲ အကြံပြုခဲ့ပါတယ်”

“အေး. . .ဟုတ်တယ်လေ၊ မင်းကန်စီကလည်း မင်းကို ထောက်ခံခဲ့တာပဲ၊ အခုဆိုရင် တရည်းကို ငါရပြီ၊ တရည်းမှာ သံဗြတ်ကို မြို့စောင့်ထားခဲ့ပြီးပြီ၊ သစ္စာဖောက် မုတ္တမစားနဲ့ မော်လမြိုင်စားတွေ က လာပြီးတိုက်ကြသေးတယ်လို့ သတင်းရတယ်၊ ဒါပေမဲ့ သံဗြတ်က ရွပ်ရွပ်ချွံချွံ တွန်းလှန်နိုင်ခဲ့တယ်၊ ဟေ့...အမတ်ဒိန်၊ ဒါဖြင့် သံဗြတ်လက်အောက်မှာ အမှု ထမ်းတဲ့ တပ်မှူးငယ် တစ်ယောက် ဟာ တယ်သွေးကောင်းဆိုပါလားဟေ့၊ မင်း အဲဒါကို ကြားမိရဲ့ လား”

အမတ်ဒိန်က ပြုံး၍ ရဲသင်ရံကို လှမ်းကြည့်သည်။

ရဲသင်ရံကလည်း အမတ်ဒိန်ကို ပြန်ကြည့်ရင်း ရာဇာဓိရာဇ်ဘက်သို့ လှည့်လိုက်သည်။“ကျွန်တော် မျိုး သိပါတယ် သူ့ရှင်၊ သူ့အမည် ဟာ မတ်သံလုံပါတဲ့၊ အသက်နှစ် ဆယ့်ခုနှစ် နှစ် ပဲ ရှိပါသေးတယ်၊ သူဟာ မင်းကြီး သမိန်သံဗြတ်ရဲ့ ညာလက်ရုံး တစ်ယောက် ပါပဲ”

ရာဇာဓိရာဇ်သည် တစ်စုံတစ်ရာ ကျေနပ်နှစသက် လျှင် ပြုမူလေ့ရှိသည့်အတိုင်း ကျင်စွယ်နှုတ်ခမ်းမွှေးကို ညာလက်ဖြင့် ပွတ်ရင်း အရှေ့ဘက်ဆီသို့ လှမ်းကြည့်လေသည်။

“ကောင်းတယ်၊ အဲဒီ တပ်မှူးငယ်ဆီကို ဆုလာဘ်တွေ ပို့ပေးလိုက် အမတ်ဒိန်၊ ငါဟာ ဟံသာဝတီထီးနန်းရဲ့ အရှင်သခင် ဖြစ်နေပေမယ့် မင်းတို့လို၊ မတ်သံလုံတို့၊ သံဗြတ်တို့လို သူရဲကောင်းတွေ ရဲ့ ရွပ်ရွပ်ချွံချွံ အမှု တော် ထမ်းမှု ကြောင့် ငါ့ဘုန်းသမ္ဘာ တစ်နေ့တခြား ပိုကျယ်ပြန့်လာရပေတာပဲ၊ရာမညတိုင်း ကိုးဆယ့်ခြောက်မြို့စလုံးကို ဟံသာဝတီနိုင်ငံတော် အ ဖြစ် စည်းရုံးမိပြီးရင်တော့ ဘုရင်မင်းမြတ် ဖြစ်လာရတဲ့ ငါ့ဘ၀ ကျေနပ်ပါပြီကွယ်၊ အင်း. . .သစ္စာဖောက်တွေ ကို နှိမ်နင်းရတာ က တစ်ဖက်၊ အင်းဝဘုရင်နဲ့စစ်ကစားရတာ က တစ်ဖက်နဲ့ မင်းတို့လည်း ပင်ပန်းလှရော့မယ်”

အမတ်ဒိန်သည် တပ်မှူးတစ်ဦးယူလာသော ရွှေရေး ချထိုင်ခုံကို သူကိုယ်တိုင်ဘုရင့်ရှေ့သို့ ခင်းပေးလိုက် သည်။ ရာဇဓိရာဇ်သည် ခုံပေါ်၌ ၀င်ထိုင်လေသည်။ အမတ်ဒိန်နှင့် ရဲသင်ရံတို့လည်း မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။

“သူရဲကောင်းတွေ ကို သူ့ရှင် ချစ်မြတ်နိုးသလို သူရဲကောင်းတွေ ကလည်း သူ့ရှင်ကို ချစ်မြတ်နိုးပါကြတယ်၊ အခု သစ္စာဖောက်တွေ ဖြစ်နေကြတဲ့ မြို့စားတွေ ရဲ့ အရေအတွက်က သူ့ရှင်ရဲ့ သစ္စာတော် ခံ ကျွန်ယုံတွေ နဲ့စာရင် နည်းပါးလှပါတယ်၊ သူတို့ရဲ့ ဥပါယ်တံမျဉ်တွေ ဟာလည်း ရယ်စရာကောင်းလှပါတယ်၊ ဥပမာ အခု ဒုန်ဝန်းစာ သံလှစ်”

“ဒုန်ဝန်စား သံလှစ်၊ ဘာ ဖြစ်သလဲ၊ ဒင်း အခုထိ သစ္စာမခံသေးဘူးလား၊ တရည်းမြို့ကို ရပြီးရင် အလိုအလျောက် ခိုလှုံလာခဲ့ပါ့မယ်လို့ သင်းပြောခဲ့တယ် မဟုတ်လား”

“စစ်ကာလမှာ ရန်သူ့စကားဟာ ဥပါယ်တွေ ချည်းပါပဲ သူ့ရှင်၊ ဟောဒါဒုန်ဝန်းစား သံလှစ်ဆီက မနေ့ကရောက်လာတဲ့ စာချွန်ပါ”

ရဲသင်ရံသည် အမတ်ဒိန်ကို ချီးကျူးသည့်မျက်လုံးများ ဖြင့် လှမ်းကြည့်လိုက်သည် ခက်ထန်သော ဘုရင် ရာဇာဓိရာဇ်ကို မိမိတို့သည် စေ့စေ့မျှပင် မကြည့်ရဲ။ ထို့ထက် ယခုလို အရေး မလှသော ကိစ္စတစ်ခုအကြောင်းကို လျှောက်တင်သတင်းပေးရန်ဆိုခြင်းမှာ ခက်ခဲသော ပြဿနာ ဖြစ်သည်။ အမတ်ဒိန်မူကား ရာဇဓိရာဇ်၏ စိတ်လက်ကြည်လင်သာမှု ကို ရအောင်စောင့်ဆိုင်းပြီးမှ အခင်းမလှသော ပြဿနာကို ရဲရဲဝံ့ဝံ့ တင်ပြနိုင်စွမ်း ရှိပေသည်။

ရာဇာဓိရာဇ်သည် အမတ်ဒိန် လှမ်းပေးသော စာချွန်ကို ဖွင့်လိုက်သည်။

“အမတ်ဒိန်နှင့် သွေးသောက် ရဲသင်ရံတို့အား ကျွန်ုပ် ဒုန်ဝန်းစား သံလှစ်သ၀ဏ်လွှတ်လိုက်သည်မှာ . . .

မြောင်းမြစား လောက်ဖြား၊ သံမောင်စား မဂြိုင်းတို့ သူ့ရှင်ကိုပုန်စားကြသည်မှာ သင်းတို့သည် ငယ်နုပ်သော ကျွန်များ ဖြစ်သော ကြောင့် . . .”

“ကျွန်ုပ် သံလှစ်မူကား သူ့ရှင်စီးသော ‘အဗြတ်’အမည် ရှိ ဆင်ကိုလည်း စီးရသသူ၊ ဒုန်ဝန်းသို့ သော စည်ပင်မြို့ကို စားရသသူ၊ သမိန် သံလှစ် ဟူသော ဘွဲ့ကိုရသသူ၊ သည်အင်္ဂါသုံးပါး ပြည့်နေပါလျက် သင်တို့၏ ရာဇာဓိရာဇ်ဘွဲ့ခံ ဗညားနွဲ့မင်းသားအား ငါ ရှိခိုးရမည် လော”

“သံလှစ် ကျွန်ယုတ်”

ရာဇာဓိရာဇ်သည် စာချွန်ကိုလုံးချေလျက် မြေပေါ်သို့ ပစ်ပေါက်လိုက်သည်။

“အခု စစ်အင်္ဂါပြင်၊ ငါကိုယ်တိုင် ဒုန်ဝန်းကိုချီမယ်၊ ဒင်းကို ငါ့လက်နဲ့သတ်မယ်”

ရာဇဓိရာဇ်၏ ခက်ထန်သော အမူအရာသည် ရုတ်ခြည်းပေါ်လာသည်။ ရဲသင်ရံသည် သူ့ရှင်ကို မကြည့်ရဲတော့။ ရာဇာဓိရာဇ် လုံးခြေထားသော သံလှစ်၏ စာချွန်ကိုသာ မျက်တောင်မတ် ကြည့်နေမိသည်။

အမတ်ဒိန်မူကား ရှေ့သို့ တိုးသွားလေသည်။

“ကျွန်တော် မျိုး လျှောက်တင်ပါရစေ၊ သံလှစ်လို မြို့စားမျိုးကို ရွှေနန်းရှင်အနေနဲ့ ဖက်ယှဉ်စစ်ပြုမယ်ဆိုရင် မဖွယ်မရာ ဖြစ်လိမ့်မယ်၊ ကောက်ကျစ်တဲ့ သံလှစ်ကိုအပြီးတိုင်အောင်မြင်ဖို့ ကျွန်တော် မျိုးမှာ အကြံရှိပြီး ဖြစ်ပါတယ်၊ ခွင့်ပြုပါ အရှင်မင်းမြတ်”

“ဘာအကြံလဲ အမတ်ဒိန်”

“သံလှစ် ယုံကြည်အောင် ပြုပြီးရင် အလွယ်တကူ အနိုင်ရလိမ့်မယ် သူ့ရှင်၊ စစ်ပြုမယ်ဆိုရင်တော့မိမိစစ်သည်ထိခိုက်ရှနာ ဖြစ်ဖို့ များ ပါတယ်၊ ဒုန်ဝန်းဟာခရီးလမ်း ကျဉ်းမြောင်းလွန်းပါတယ်၊ ဒီအရေး ကို ကျွန်တော် မျိုးရဲ့ ပရိယာယ်နဲ့ ဖြေရှင်းခွင့်ပြုပါ”

“မင်းက ဘယ်လိုလုပ်ချင်သလဲ အမတ်ဒိန်”

“ဆင်စီးကျွမ်းတဲ့ သူရဲအမတ် စောဗြလတ်၊ ပြီးတော့ ဟောဒီတပ်မှူး ရဲသင်ရံတို့နဲ့ သူ့ရဲ့ သုံးရာအင်အားနဲ့ပဲ သံလှစ်ကို အောင်မြင်နိုင်ပါလိမ့်မယ်”

ရာဇာဓိရာဇ်သည် တည်ငြိမ်လေးနက်လွန်းသော အမတ်ဒိန်၏ မျက်နှာကို စူးရှစွာ ငေးစိုက်ကြည့်နေမိသည်။ အမတ်ဒိန်၏ မျက်နှာပေါ်မှာ ခိုင်မာတည်ကြည်မှု ကို တွေ့ ရသော အခါ ရာဇာဓိရာဇ် ယုံကြည်သက်ဝင်သွားသည်။

“ကောင်းပြီ အမတ်ဒိန်၊ သံလှစ်ကို ရအောင်ယူ၊ ဒါပေမဲ့ သံလှစ်မသေစေနဲ့၊ ဒင်းဟာ စင်စစ်တော့ သူရဲကောင်းတစ်ဦး ဖြစ်ပေတယ်”

အမတ်ဒိန်နှင့် ရဲသင်ရံတို့သည် ရာဇာဓိရာဇ်အား ဦးညွှတ်လိုက်ကြလေသည်။

ဓားအိမ်လည်းမပါ၊ ဓားမြောင်လည်း မချိတ်၊ လှံတို လှံရှည် ကင်းမဲ့သော စစ်ချပ်ဝတ်မိန်ညို မဟုတ်သော သာမန်ပုဆိုးနှင့် ရဲသင်ရံသည် လက်နက်မပါသော ကျွန်သုံးရာခြံရံလျက် ဒုန်ဝန်းမြို့တွင်းသို့ ၀င်လာသည်။

“ဟေ့ . . .သွေးသောက်”

ဒုန်ဝန်းစား သံလှစ်က မြင်းပေါ်မှ ဆင်း၍ ရဲသင်ရံကို ကြိုဆိုသည်။ ငယ်ပေါင်းသွေးသောက်များ ဖြစ်သော ရဲသင်ရံနှင့် သံလှစ်တို့ တစ်ဦးကိုတစ်ဦး ပွေ့ဖက်နှုတ်ဆက်ကြသည်။

“ဆိုစမ်း ရဲသင်ရံ၊ မင်း အခု ရာဇာဓိရာဇ်ခြေတော် အောက် ခိုလှုံဖို့ ငါ့ကို လာပြီးသွေးဆောင်တာပေါ့ ဟုတ်လား”

“အေး . . .ငါက သွေးဆောင်ပြီဆိုပါတော့၊ မင်းကကော”

“ရှည်ရှည်ဝေးဝေးတွေ ပြောမနေပါနဲ့ ရဲသင်ရံရယ်၊ ငါ့သခင်ဟာ တစ်ယောက် တည်းရှိပါတယ်၊ နတ်ရွာစံ ဆင်ဖြူရှင် ဗညားဦး မင်းတြားကြီးကိုပဲ ငါရှိခိုးနိုင်မယ်၊ ဘုရားပေါ်က ဆီသည်မလား၊ ပန်းသည်မလား မသိတဲ့ မိန်းမကို မိဖုရားကောက်ယူတဲ့ နင့်ဗညားနွဲ့မင်းသားကို ငါမရှိခိုးနိုင်ပါဘူး၊ ကဲ. . .ဒါတွေ ထားစမ်း၊ နင် အခု ဘာလုပ်ဖို့ လာသလဲ”

“သံလှစ် . . .ငါလာတုန်း ကတော့ မင်းကို အခုပါလာတဲ့ လက်ဆောင်တွေ ပေးပြီး သူ့ရှင်ရဲ့ သစ္စာတော် ခံဖို့ ဖြားယောင်းသွေးဆောင်ဖို့လာတာပဲ၊ အခုတော့ မင်းသဘော ထားကို ရှင်းရှင်းကြီးသိရပြီပဲ၊ သွေးဆောင်လို့လည်း ရမှာ မဟုတ်ပါဘူး၊ သည်တော့ အခုပါလာတဲ့ လက်ဆောင်တွေ ကို ငါ့လက်ဆောင်လို့သဘောထားပြီး သိမ်းလိုက်တော့၊ မင်းနဲ့ငါ တွေ့ ရတာ အမြတ်ပဲဆိုကြပါစို့”

“ဟား . . .ဟား . . .ဟား ဘာတွေ လဲကွယ်၊ ဘာလက်ဆောင်တွေ လဲ”

ရဲသင်ရံသည် ကျွန်များ ယူလာသည့် သစ်ဆေးသုတ် လင်ပန်းများ ပေါ်က အ၀တ်နီစကို ဖယ်ရှားစေသည်။

“အဲဒါတွေ လေ၊ လက်စွပ်တွေ ၊ နားတောင်းတွေ ၊ ရွှေဆွဲကြိုးနဲ့ ထန်းရွက်ယပ်တောင်တွေ ၊ မင်းကို အယုံသွင်းရအောင်ဆိုပြီး သူ့ရှင်နဲ့ အမတ်ဒိန်က စီစဉ်ပေးလိုက် တာကွ”

“ဟား . . .ဟား. . .ဟား . . .ထန်းရွက်ယပ်တောင်ပဲ ပါလာသလား၊ မင်းတို့ပဲခူးက ထန်းရည် ကျည်တောက်တွေ ကော မပါဘူးလား ရဲသင်ရံရဲ့ ”

ရဲသင်ရံသည် ကျွန် တစ်ယောက် လွယ်ပိုးလာသော ပတ္တူဖျင်အိတ်ကြီးကို အောက်သို့ချ၍ ဖွင့်လိုက်သည်။

“ပါသော်ကော သွေးသောက်ရဲ့ ၊ မင်းနဲ့ငါ တွေ့ တုန်း သောက်ကြစားကြဖို့ ဘယ်မေ့လိမ့်မတုန်း၊ မင်းဟိုတုန်းကလိုပဲလား၊ တစ်ထိုင်တည်း ခြောက်မြူကုန်သောက်နိုင်တုန်းပဲလား”

သံလှစ်သည်ရဲသင်ရံ၏ ရင်အုပ်ကို တ၀ုန်းဝုန်းထုနှက်ရင်းအားရပါးရရယ်လေသည်။ ဒုန်ဝန်းရဲမက်များ သည်လည်း တဟားဟား ရယ်ြ ကတော့သည်။

“တစ်ထိုင်တည်း ခြောက်မြူတဲ့လား၊ ဘယ်ဟုတ်လိမ့်မတုန်း ရဲသင်ရံရဲ့ ငါကအခု ဒုန်ဝန်းမြို့စား ဖြစ်နေပြီမို့လား၊ ဆယ်မြူ. . ဆယ်မြူ အသာလေး၊ ဟား. . .ဟား. . .ဟား၊ ကဲ. . . .လာ . . .လာ နန်းတော် ထဲသွားကြစို့၊ ဟေ့ . . .တပ်မှူးတွေ မြို့ရိုးမှာ ကင်းစောင့်အသစ်ပြန်လဲ၊ ကျန်တဲ့ ရဲမက်တွေ ဒီနေ့အဖို့ အနားယူကြ၊ ရွှေတိုက်ကကျည်တောက်တွေ ကိုဆိုင်ရာ အကြပ်မှူးတွေ က တစ်ဆင့် အချိုးကျထုတ်ယူ သောက်ကြစမ်း၊ မင်းတို့သောက်ချင်လှတဲ့ အရက်၊ ပြီးတော့သာ မူးပြီး အချင်းချင်း ရန်စမခုတ်ကြနဲ့၊ ကဲ. . .ရဲသင်ရံလာဟေ့၊ နန်းဆောင်ဝင်ကြစို့၊ တို့များ သောက်ကြစို့”

သံလှစ်သည် ရဲသင်ရံ၏ ပခုံးကိုဖက်လျက် နန်းဆောင်ထဲခေါ်သွားသည်။ ရဲသင်ရံနှင့် အတူ လိုက်ပါလာသော ကျွန်သုံးရာကား မြို့ရိုးအရှေ့မြောက်ထောင့် ၀ါးထဲကြီးဆီသို့ လက်ဆောင်ပစ္စည်းများ ကို သယ်သွားကြလေသည်။

ထန်းရည်ကျည်တောက်များ သည် တစ်လုံးပြီးတစ်လုံး သံလှစ်ဘေးတွင် လဲကျသွားကြသည်။ သံလှစ်၏ ရယ်သံသည် တဖြည်းဖြည်းပို၍ ကျယ်လာသည်။ ရဲသင်ရံမူကား တစ်စထက်တစ်စ စကားနည်းလာသည်။

သံလှစ်၏ စကားများ သည်ဒုန်ဝန်းမြို့အကြောင်းမှတစ်ဆင့်မုတ္တမမြို့စား အကြောင်း၊သံမောင်မြို့စားအကြောင်းများ သို့ ကူး ပြောင်းသွား သည်။ သမိန်မရူနှင့် မဟာဒေ၀ီတို့ မကင်းမရှင်းရှိကြသည့်အကြောင်း၊ မြောင်းမြစားလောက်ဖျားက အင်းဝဘုရင်ထံ တိတ်တဆိတ် စာချွန်ဆက်သွယ်သည့် အကြောင်းများ ။

ချုပ်ညရီ၏ ရောင် ခြည်သည် ဒုန်ဝန်းမြို့ထဲသို့ တဖြည်းဖြည်း လွှမ်းမိုးအုပ်ဆိုင်းလာသည်။ သံလှစ်နှင့် ရဲသင်ရံတို့ သေရည်သောက်သည့်နန်းဆောင်အတွင်းတွင် လည်း မှော င်လာပြီ ဖြစ်၍ ရဲမက်တစ်ဦးက မီးတိုင်များ ထွန်းညှိနေသည်။

“ရဲသင်ရံ. . .သွေးသောက် မင်းတို့တရည်းမြို့ကို ရပြီမဟုတ်လား”

“အေး . . .ဟုတ်တယ်လေ”

“အဲဒီ မှာ မြို့စောင့်ထားခဲ့တဲ့ တပ်မင်းသမိန်သံဗြတ်ရဲ့ တပ်မှူး တစ်ယောက် ဟာတယ်ပြီး စစ်ရေး ကောင်းဆိုပဲ၊ ဘယ်သူလဲကွ၊ သင်းဟာ”

“မတ်သံလုံ”

“ဒီနာမည် ငါ မကြားဖူးပါလား”

“ခပ်ငယ်ငယ်ပဲရှိပါသေးတယ်၊သူကတရည်းတိုက်ပွဲကျမှလူစွမ်းလူစပေါ်လာတာပါ”

“အင်း. . .မင်းတို့ဘုရင်လက်အောက်မှာ သူရဲကောင်းတွေ အများ ကြီးပါလားကွ၊ ဒါနဲ့များ ငါ့ကို အမှု တော် ထမ်းစေချင်သတဲ့လား၊ ဒုန်ဝန်းကို ရလို့ကော မင်းတို့ရာဇဓိရာဇ် ဘာ ဖြစ်မှာ လဲ ၊ မင်းတို့ သူ့ရှင်က တယ်ပြီး လောဘကြီး . . .”သံလှစ်၏ စကားမဆုံးခင်မှာ ပင် မြို့ရိုးအရှေ့မြောက်ထောင့် ၀ါးတဲကြီး ဆီမှ တ၀ုန်းဝုန်းအသံများ ပေါ်လာသည်။

“ဟေ့ . . .သံလှစ် ဘာ ဖြစ်တာလဲ”

“၀ါးတဲဆီကပဲ၊ ဟော . . . မီးလောင်တာဟေ့”

ကြီးမားသော မီးတောက်ကြီးများ မှ အလင်းရောင် ကြောင့် မြို့ရိုးအတွင်းဘက် ကွက်လပ်တစ်ခုလုံး လင်းထိန်နေသည်။ ရဲမက်များ ရုတ်ရုတ်သဲသဲ ပြေးနေကြသည်။ မီးကို ငြိမ်းသတ်ကြရင်းဖြင့် ဟစ်အော်နေကြသည်။

“သံလှစ် . . .မီးတောက်တွေ ကြီးလှတယ်၊ ကြည့်လုပ်ဦးလေကွာ”

“၀ါးတဲ မီးလောင်တာပဲကွာ၊ ရဲမက်တွေ နိုင်ပါတယ်”

သံလှစ်ကျည်တောက်တစ်ခုကို ကောက်ကိုင်သည်။ ကျည်တောက်ထဲက အရက်ကို မော့မည် ပြုသည်။ သို့ သော် အရက်ကို လောင်းမချသေးမီမှာ ပင် တ၀ုန်းဝုန်းမီးတောက်သံများ ကို ထိုးဖောက်လျက် ဒုန်ဝန်းရဲမက်တို့ ဟစ်အော်သံ ထွက်ပေါ်လာသည်။

“ဗညားနွဲ့၊ ဗညားနွဲ့တပ်တွေ လာပြီ”

“ရဲသင်ရံရဲ့ ကျွန်တွေ ဟာ ကျွန်မဟုတ်ဘူးဟေ့၊ ရဲမက်တွေ ”

“မြို့တံခါးဆီပြေးကြ၊ ဗညားနွဲ့ရဲမက်တွေ လာပြီ”

သံလှစ်သည် ကျည်တောက်ကို အဝေးသို့ လွှင့်ပစ်လိုက်သည်။ သူ့ရှေ့တွင် သူ၏ ငယ်ပေါင်း သွေးသောက်ရဲသင်ရံ မရှိတော့။ ခပ်လှမ်းလှမ်းရှိမီးတောက်များ အလင်းရောင် တွင် ဓားလွယ်ကိုင်လျက် ခုတ်နေသော ရဲသင်ရံကို တွေ့ လိုက်ရသည်။

ရဲသင်ရံသည် ဒုန်ဝန်းရဲမက်များ အား ခုတ်ရင်း အော်ပြောနေလေသည်။

“သံလှစ်. . .မင်းနဲ့ ငါ ငယ်ပေါင်းက တခြား၊ သစ္စာတော် ခံ သူရဲကောင်းကတခြား၊ ငါကရာဇာဓိရာဇ်ရဲ့ လူ ၊ မင်းက ရာဇဓိရာကို ပုန်စားသူ၊ အခု ငါလာတာ မင်းကို ဥပါယ်နဲ့ဖြိုခွင်းဖို့ပဲဟေ့၊ ငါခေါ်လာတဲ့ ကျွန်သုံးရာဟာ ငါလက်ရွေးစင်သူရဲတွေ ပဲ၊ ထန်းရည်ကျည်တောက်တွေ ထဲမှာ ဓားတွေ ၀ှက်ပြီးယူလာတာဟေ့မင်းလွတ်အောင် ပြေးနိုင်ပြေးပေတော့”

သံလှစ်၏ စစ်သည်များ ဖြစ်သော ဒုန်ဝန်းရဲမက်များ သည် အငိုက်မိသွားကြသည်။ ထန်းရည် ၀ါးကျည်တောက်အတွင်းတွင် တိတ်တဆိတ်ထည့်ယူလာသော ဓားလွတ်များ ကို ရဲသင်ရံ၏ ရဲမက်များ က ထုတ်ယူ၍ တစ်ဟုန်ထိုး တိုက်ခိုက်ကြသည်။ ၀ါးတဲကိုလည်း မီးတင်လိုက်ကြသည်။ ဒုန်ဝန်းစစ်သည်များ မှာ အရှိန်ပြင်းစွာ လောင်ကျွမ်းနေသော မီးတောက်ကြီးများ ကို ငြှိမ်းသတ်ရန် ပြေးသွားကြစဉ်မှာ ပင် ရဲသင်ရံ၏ ရဲမက်များ ဓားအောက်တွင် ကစဥ့်ကလျား ဖြစ်ကုန်ကြသည်။

ဒုန်ဝန်းတပ်များ ဖရိုဖရဲ ဖြစ်နေသည့်အချိန်မှာ ပင် ရာဇဓိရာဇ်သည် တပ်မအလုံးအရင်းဖြင့် မြို့တံခါးကို ထိုးဖောက်ဝင်ရောက်လာသည်။ ဒုန်ဝန်းရဲမက်များ မှာ ရာဇာဓိရာဇ်၏ ဆင်တပ်၊ ရဲသင်ရံ၏ ဓားလွယ်ကိုင် သူရဲသုံးရာတပ်ကို စုစည်းမရနိုင်လောက်အောင် ပျက်ပြားသွားသည်။

သံလှစ်သည် ဓားလွယ်နှစ် စင်းကို ၀ဲယာတွင် ကိုင်လျက် ရဲသင်ရံကိုသာ လိုက်ရှာသည်။ မီးတောက်မှ မီးရောင် များ အကြားတွင် ရဲသင်ရံကို မထင်မရှား တွေ့ ရသည်။

“ငရဲသင် . . .မင်းဟာ သွေးသောက်သူရဲကောင်း မပီသဘူး၊ ငါ့ကို အယုံသွင်းပြီးလျှို့ဝှက်လုပ်ကြံတဲ့ကောင်၊ မင်းကိုလည်း ငါမညှာနိုင်ဘူးဟေ့”

ရဲသင်ရံသည် သံလှစ်ကို ရင်ဆိုင်တိုက်ခိုက်ခြင်း မပြု။ မြင်သာအောင် အရောင် ပြပြီး ရာဇာဓိရာဇ် ရောက်နေရာ မြို့တံခါးလမ်းဆီသို့ ခေါ်သွားသည်။ ‘သံလှစ်ကို မသေစေနှင့် ’ဟု သူ့ရှင်က မှာ ထားသည်။ သံလှစ်ကို အရှင်ဖမ်းမိနိုင်ရန် အားထုတ်ရမည် ။

ရဲသင်ရံ၏ ဥပါယ်ကို သံလှစ်ရိပ်စားမိသွားသည်။

“ငရဲသင် . . .မင်းအကောက်ဉာဏ် ဒါပဲလားဟေ့၊ ငါ့ကို ဗညားနွဲ့ရှေ့အရောက် မျှားခေါ်မလို့ပေါ့၊ မရဘူးဟေ့ . . .မရဘူး၊ မင်းတို့လက်ထဲ ငါအကျမခံဘူး”

သံလှစ်၏ လူစွမ်းလူစကို ရဲသင်ရံနှင့် တကွ ဆင်ပေါ်မှ ရာဇာဓိရာဇ်ပါတွေ့ ကြရတော့သည်။ သံလှစ်သည် အနီးရှိ မြင်းစီးရဲမက်တစ်ဦးကို အောက်မှ ပိုင်းချသည်။ မြင်းပေါ်မှ ရဲမက်အောက်သို့ ကျချိန်မှာ ပင် သံလှစ် မြင်းပေါ်သို့ ရောက်နေပြီး ဖြစ်သည်။ ထိုမြင်းကို ဇက်ကုန်ဖွင့်လျက် ဆင်ကျူံးရှိရာသို့ အပြင်းနှင်သည်။ ရဲသင်ရံက မြင်းဆီသို့ လှံလျက်တစ်စင်းလွှတ်လိုက်ရာ မြင်း၏ လက်ပြင်ကို ၀င်စွဲသည်။ မြင်းရော လူပါ အထွေးထွေးကျလေသည်။ မြင်းသည် မြေပေါ်၌ ရုန်းကန်လူးလိမ့်နေသော်လည်း သံလှစ်မူကား ကျားသစ်တစ်ကောင်၏ လျင်မြန်မှု မျိုးနှင့် မြင်းအောက်မှ ခုန်ထွက်သည်။ ထို့နောက် အနီးရှိ မြင်းတစ်စီးပေါ်သို့ လှပစွာ ခုန်တက်ရင်း ဇက်ကုန်ဖွင့်ပြန်သည်။ ထိုမြင်းကို ရဲသင်ရံက လှံလျင်တစ်စင်းပြန် ပစ်လွှတ်ပြန်သည်။ မြင်းရော လူပါ အရှိန်ပြင်းစွာ ကျပြန်သည်။ သို့ သော် သံလှစ်ကား တတိယမြင်းကို ချက်ချင်း ပြောင်းစီးသွားနိုင်ပြန်သည်။

ရဲသင်ရံက နောက်ထပ်လှံတစ်စင်း လွှတ်ပြန်သော်လည်း မြင်းကိုမစွဲတော့။ သံလှစ်သည် ဆင်ကျုံးရှိရာသို့ ချောမောစွာ ရောက်သွားသည်။ သံလှစ်၏ လက်စွဲတော် ဖြစ်သော ရာမညတွင် အကောင်းဆုံးတိုက်ဆင်သုံးစီးအနက် တစ်စီးအပါအ၀င် ဖြစ်သော တိုက်ဆင်ကြီး ‘အဗြတ်’သည် သခင်အား စူးစူးနစ်နစ်အော်လျက် ကြိုနေသည်။ သံလှစ်သည် မြင်းကုန်းပေါ်မှ ဆင်ကျုံးတံခါးတိုင်ပေါ်သို့ ၊ ဆင်ကျုံးတံခါးတိုင်မှသည် ‘အဗြတ်’၏ ကျောပေါ်သို့ တစ်ဟုန်ထိုး ခုန်တက်သည်။

အဗြတ်သည် ကျောပေါ်သို့ တစ်ပြိုင်နက် ချွန်းဖွင့်၍ အနောက်မြို့တံခါးသို့အပြေးနှင်လေသည်။

“သံလှစ် လွတ်ပြေးပြီ၊ သံလှစ် ဟိုမှာ ပြေးပြီ”

အဗြတ်၏ သွားရာလမ်းတစ်လျှောက်တွင် မည် သည့် ဆင်စီး မြင်းစီးမျှမခံနိုင်ကြ။ အဗြတ်သည် စူးနစ်သော တိုက်ပွဲဝင် ကြွေးကြော်သံကို ဟစ်အော်လျက် ရဲမက်များ အလယ်သို့ ကြောက်မက်ဖွယ် ၀င်လေသည်။ အဗြတ်၏ နှာမောင်းသည် အဲမောင်း သုံးဆယ့်ခုနစ်ကရေး ကသော သူရဲကောင်း၏ လက်များ ကဲ့သို့ တွေ့ သမျှ ရန်သူမျှ ရန်သူအား သုတ်သင်ရိုက်ချိုးလျက်ရှိသည်။

အဗြတ်ဆင်ပေါ်မှ သံလှစ်ကား အခြားလက်နက်များ ကိုမသုံး၊ ‘ချွန်းသီးလက်နက်’ကိုသာလျှင်အဓိကထား၍ သုံးသည်။ ချွန်းသီးတစ်ခုပြီးတစ်ခု ထုတ်ယူပြီးချဉ်းကပ်လာသမျှသော ဆင်စီးရဲမက်တို့ထံသို့ ပစ်လွှတ်သည်။ သံလှစ်၏ ချွန်သီးသည် ပစ်လွှတ်သမျှ ထိမှန်သည်ချည်း ဖြစ်သည်။ အဗြတ်နှင့် သံလှစ်အနီးသို့ မည် သူမျှမကပ်နိုင်ြ ကတော့။ သံလှစ် အနောက်မြို့ရိုးအနီးသို့ ရောက်လာသည်။

ရာဇဓိရာဇ်သည် စစ်ဦးကင်း ဆင်ထိပ်မှနေ၍ သံလှစ်၏ အစွမ်းကိုကြည့်ရင်း အားပါးတရ ဖြစ်နေသည်။ သို့ သော် အနောက်မြို့ရိုးတံခါးမှတစ်ဆင့် သံလှစ်ထွက်ပြေးလွတ်မြောက်သွားလျှင် . . .

“စောဗြလတ်”

စောဗြလတ်သည် ဆင်စီးအမတ်သူရဲကောင်း ဖြစ်သည်။ ဘုရင့်ဆင်ကျုံး၏ အကြီးအမှူးလည်း ဖြစ်သည်။ စောဗြလတ်သည် တုတ်ခိုင်ကြီးမားသော ဘုရင့်ဆင်အနီးသို့ ပေါ့ပါးစွာ သယ်သွားသည်။

“စောဗြလတ် မြင်လား၊ သံလှစ် ထွက်ပြေးတော့မယ် ရအောင်ဖမ်း”

“မှန်ပါ”

စောဗြလတ်သည် ပေါ့ပါးဖျတ်လက်သော ဆင်မတစ်ကောင်ကို ရွေးချယ်လျက် သံလှစ်နောက်သို့ လိုက်သည်။ ဆင်မသည် စောဗြလတ်၏ ချွန်းမိန့်ကို တစ်သဝေမတိမ်း လိုက်နာလေသည်။

“သံလှစ် . . .အဗြတ်ကို စီးတဲ့ သံလှစ်၊ မင်းငါ့ကို မခံဝံ့လို့ပြောတာ လားဟေ့”

ဆင်ချင်းမလှမ်းမကမ်းရောက်စဉ်မှာ ပင် စောဗြလတ်က အသံဝါကြီးဖြင့် အော်လိုက်သည်။ သံလှစ်လှမ်းကြည့်သည်။ စောဗြလတ်က ဆင်ဦးကင်းထက်မှ မတ်တပ်ရပ်ကာ အဲမောင်းကို မြှောက်ပြလိုက်သည်။

“ဟေ့ . . .မင်း စောဗြလတ် မဟုတ်လား၊ မင်းတို့ကို ငါမယုံဘူးဟေ့၊ ကြိုက်သလိုထင်၊ ငါမုတ္တမဘက်ပြေးမယ်၊ ဒါပဲ”

စောဗြလတ် စိုးရိမ်သွားသည် ။ ‘မုတ္တမဘက်ပြေးမယ်’ဆိုသော သံလှစ်၏ စကားသည် သူ့ရှင် ရာဇဓိရာဇ်အဖို့ကြီးစွာ သော အန္တရာယ်ပင် ဖြစ်တော့သည်။ သံလှစ်လို ဆင်စီးသူရဲကောင်းသာ မုတ္တမစားနှင့် ပူးပေါင်းမိလျှင်. . . ။

စောဗြလတ်သည် ဆင်ကို ချွန်းကုန်ဖွင့်၍ သံလှစ်ရှိရာသို့ အတင်းဝင်လေသည်။ စောဗြလတ်၏ ဆင်မှာ အသွားလျင်သော ဆင်မမျိုး ဖြစ်သဖြင့် သံလှစ်ကို အနောက်မြို့ရိုးတံခါးမရောက်မီမှာ ပင်မီသွားသည်။ သံလှစ်မနေသာတော့ချေ။ အဗြတ်ကိုပြန်လှည့်၍ စောဗြလတ်ကို ရင်ဆိုင်ရန်ပြင်ရသည်။

အဗြတ်သည် နှာမောင်းကို အထက်သို့ မြင့်မားစွာ မြှောက်လျက် ရှေ့ခြေနှစ် ချောင်းကို ပြင်းစွာ တ၀ုန်းဝုန်းနင်းစောင့်ရင်း စူးနစ်စွာ ဟစ်လေသည်။ အဗြတ်၏ အော်သံကို ကြားရသည်တွင် သံလှစ်စိုးရိမ်သွားသည်။ သို့ သော် စောဗြလတ်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အသွင်တစ်ခု ပေါ်လာသည်။

ဘုရင့်ဆင်ကျုံးမှု ဖြစ်သော စောဗြလတ်သည် ဟတ္ထသေနင်္ဂ သဘာဝအလုံးစုံ၌ လိမ္မာကျွမ်းကျင်သူ ဖြစ်သည်။အဗြတ်၏ အော်သံ၊ အဗြတ်၏ ရှေ့ခြေ ပေါက်ဟန်၊နှာမောင်း မြှောက်ဟန်တို့ကို စောဗြလတ်ကောင်းစွာ သိလိုက်သည်။စောဗြလတ်သည် အောင်နိုင်သူ၏ အသံဖြင့် အော်လိုက်လေသည်။

“သံလှစ်. . .မင်းဆင် အဗြတ် မုန်ယိုပြီ၊ မင့်လက်ထဲက ချွန်းကို အဗြတ်မနာခံတော့ဘူး၊ သိရဲ့ လားဟေ့၊ အညံ့ခံပေတော့”

သံလှစ်သည် စောဗြလတ်ကို ပြန်လှန်မပြောနိုင်တော့ပေ။ မုန်ယိုလျက် ချွန်းကို ပုန်ကန်လာပြီ ဖြစ်သော အဗြတ်ကိုသ မနိုင်မနင်းထိန်းနေရသည်။ အဗြတ်ဆင်သည် သခင်၏ ချွန်းကို မနာခံပေတော့။ စောဗြလတ် စီးလာသော ဆင်မ၏ အနံ့ကို ရသည်တွင် ပေါက်ကွဲသော မီးတောင်ကဲ့သို့ တစ်ခဲနက် ဟစ်လေတော့သည်။

“သံလှစ် . . .အညံ့ခံပါ၊ အညံ့ခံပါ”

“စောဗြလတ်. . .ယောက်ျားကောင်းမှန်ရင် စကားမပြောနဲ့တော့ဟေ့၊ မင်းမှာ ဘာလက်နက်ပါသလဲ”

သံလှစ်သည် စကားမဆုံးမီမှာ ပင် ချွန်းသီးကို စောဗြလတ်ဆီသို့ ပစ်လွှတ်သည်။ သို့သော် ယိမ်းယိုင်လှုပ်ခါနေသော အဗြတ်ကြောင့် ချွန်းသီးသည် လွဲချော်သွားသည်။ အဗြတ်သည်လည်း ဆင်မဆီသို့ အတင်းဝင်လာပြီး ဆင်မ၏ သူစိမ်းတစ်ရံအနံ့ကိုရလျှင် အစွယ်နှစ် ချောင်းကို ဖွင့်၍ အပြင်းထိုးလေသည်။

သံလှစ်နှင့် စောဗြလတ်တို့ ဆင်ချင်းယှဉ်မိသွားကြသည်။

အဗြတ် မုန်ယိုနေသလို သံလှစ်သည်လည်း ပြင်းစွာ တိုက်ခိုက်နေသည်။ ချွန်းသီးလက်နက်သာမက လှံတို့နှင့် ချွန်းများ ကိုပါ ပစ်လွှတ်တိုက်ခိုက်သည်။ စောဗြလတ်သည်ဆင်မကိုကျွမ်းကျင်စွာ ချွန်းထိန်းစေလျက်အဗြတ်ကို ရှောင်တိမ်းသည်။ မိမိကိုယ်တိုင်လည်း သံလှစ်၏ လက်နက်များ ကို လွတ်အောင် ရှောင်သည်။

အဗြတ်၏ အစွယ်တို့ ဆင်မလက်ပြင်သို့ စူးဝင်သွားသည်။

စောဗြလတ်၏ ဆင်မသည် နာကျင်စွာ အော်ရင်း ဘေးသို့တိမ်းယိုင်သွားသည်။ သံလှစ်က အဲမောင်းကို မြှောက်လျက် စောဗြလက်ကို ထိုးစိုက်ရန်ချိန်ရွယ်သည်။ စောဗြလတ်သည် သူ့ရှင်၏ အမိန့်ကို လိုက်နာရန် မစွမ်းသာတော့။ သံလှစ်ကို အရှင်ဖမ်းရန်မှာ မ ဖြစ်နိုင်တော့။ သံလှစ်ကို အရှင်ဖမ်းရန် ဆက်လက်အားထုတ်နေလျှင် မိမိကိုယ်တိုင် သံလှစ်၏ အဲမောင်းကြားဖျားတွင် အသက်ဆုံးရတော့မည် ။

“သူရဲကောင်း သံလှစ် . . .ငါဝမ်းနည်းပါတယ် သွေးသောက်ရယ်”

စောဗြလတ်သည်ခါးကြားမှ ဓားမြှောင်ကိုထုတ်၍ အဲမောင်းကို မြှောက်ရွယ်ထားသော သံလှစ်ဆီသို့ ပစ်လိုက်ရသည်။ ဓားမြှောင်သည် သံလှစ်၏ ၀ဲဘက်ရင်အုံသို့ တည့်မတ်စွာ စွဲဝင်သည်။

သံလှစ်သည် ဆင်ထက်မှ ကျလေသည်။

သခင်မဲ့သော အဗြတ်ကား မုန်ပြင်းစွာ ဖြင့် တွေ့ ရာမြင်ရာကို နင်းသတ်ထိုးချေလျက် . . .။

မတ်သံလုံသည် ဓားရိုးကို ဓားအိမ်အတွင်းသို့ ခပ်ပြင်းပြင်းဆောင့်သွင်းလိုက်သည်။ သူ့မျက်နှာသုန်မှု န်နေသည်။ ဘယ်ဘက်ပါးပြင်ပေါ်မှ လက်တစ်ဆစ်ခန့် အမာရွတ်သည်လည်း သွေးရောင် သမ်းနေသည်။ ကင်းစောင့်တဲဆီမှ မီးဖိုသည် မတ်သံလုံ၏ သုန်မှု န်သော မျက်နှာတစ်ဝိုက်ဆီကိုမှ မီးခိုးငွေ့များ ဖြင့် ဝေ့၀ိုက်ခြုံသိုင်းထားသည်။ မီးခိုးများ ကို ကာကွယ်နေရသဖြင့်  မတ်သံလုံ၏ ကျဉ်းသလောက်ရှိသော မျက်လုံးအစုံတို့ပို၍ ကျဉ်းနေလေသည်။

“ဒါသူရဲကောင်းတဲ့လား၊ ယောက်ျားချင်း လက်ရုံးဖွင့်ပြီးတိုက်ပါလား၊ ဘာကြောင့် မိန်းမဉာဏ်နဲ့လှည့်ဖြားပြီးမှ အနိုင်ယူရတာ လဲ”

သိန်းစွန်ရဲ၏ ညည်းညူသံမျိုးဖြင့် မတ်သံလုံ ရေရွတ်နေသည်။

ဒုန်ဝန်းစား သံလှစ်နှင့် စောဗြလတ်တို့၏ တိုက်ပွဲအကြောင်းကို ပြောပြနေသော အမတ်ဒိန်၏ စကားဆုံးလျှင် ဆုံးချင်းပင် မတ်သံလုံသည် မကျေမချမ်း ဖြစ်သွားသည်။ သူ့ရှေ့မှ သူအမြဲကြောက်ရွံ့လေးစားခဲ့ရသော တပ်မင်းကြီး သမိန်သံဗြတ်ရှိနေသည်ကိုပင် မတ်သံလုံ သတိမထားမိတော့။

အမတ်ဒိန်သည် မတ်သံလုံ၏ ရေရွတ်သံကို ကြားရသည်တွင် မတ်သံလုံကို စူးရှစွာ ကြည့်လိုက်လေသည်။ မတ်သံလုံကား မီးခိုးတို့ယှက်သန်းနေသည့် ကင်းစောင့်တဲဆီသို့သာ ငေးမျှော်နေသည်။ အမတ်ဒိန်ကဲ့သို့သော သူ့ရှင် ရာဇဓိရာဇ်၏ လက်ရင်းအမတ်ကြီးတစ်ဦးကို ယင်းသို့ မထီမဲ့မြင်ဆိုခဲ့သဖြင့် တပ်မင်းကြီးသံဗြတ်လည်း မတ်သံလုံကိုတအံ့တဩ ကြည့်လိုက်မိသည်။

“မုန်ယိုနေတဲ့ တိုက်ဆင်ပေါ်မှာ ချွန်းမအုပ်နိုင် ဖြစ်နေတဲ့ ဒုန်ဝန်းစားကို အသေဖမ်းလိုက်နိုင်တယ်ဆိုတော့ အတော် သတ္တိပြောင်မြောက်တာပဲ၊ သူ့ရှင်က အရှင်ရအောင်ဖမ်းဆိုတာတောင်မှ အရှင်မဖမ်းနိုင်ခဲ့ဘူး၊ သံလှစ်ဟာဒီပုံဆိုတကယ်နှမြောစရာကောင်းတဲ့ သူရဲကောင်း တစ်ယောက် ပဲ”

မတ်သံလုံကား တပ်မင်းကြီး သံဗြတ်ကိုရော အမတ်ဒိန်ကိုပါ သတိမရ။ သူပြစ်တင်ကြိမ်းမောင်းနေသည်မှာ သံလှစ်ကိုအသေဖမ်းခဲ့သော စောဗြလတ် ဖြစ်သော်လည်း ထိုဥပါယ်ကိုစီရင်သူမှာ သူ့ရှေ့မှာ အမတ်ဒိန် ဖြစ်သည်ကို သတိမထားမိ။ မင်းကြီးသံဗြတ်က အမတ်ဒိန်ကို မလုံမလဲကြည့်ရင်း စိတ်ထင်ရာ ပြောနေသော မတ်သံလုံအား တားဆီးရန်ပြင်လိုက်သည်။

သို့သော် အမတ်ဒိန်က မင်းကြီးသံဗြတ်ကို လက်ကာပြလိုက်လေသည်။

“မတ်သံလုံ . . .သံလှစ်ကို အသေဖမ်းတဲ့အတွက် မင်း မကျေမချမ်း ဖြစ်နေသလား၊ ဟုတ်လား”

“သံလှစ်ဟာ နှမြောစရာကောင်းတဲ့ သူရဲကောင်းပဲ”

“မင်း မကျေမချမ်း ဖြစ်သလို အသေဖမ်းတဲ့အတွက် မကျေမချမ်း ဖြစ်နေတာပဲ”

မတ်သံလုံသည် အမတ်ဒိန်ဘက်သို့ ပြန်လှည့်လာသည်။

“သူ့ရှင်က တကယ်မကျေမချမ်း ဖြစ်နေတာပဲ” သူ့ရှင်က ၀မ်းမြောက်ဝမ်းသာ ဖြစ်မနေဘူးလား”

အမတ်ဒိန်သည် ကလေးငယ်အား ဆုံးမသွန်သင်သော ဖခင်တစ်ဦး၏ အပြုံးမျိုးဖြင့် ပြုံးလိုက်ပြီး မတ်သံလုံ၏ လက်မောင်းကို တရင်းတနှီး ဆုပ်ကိုင်လိုက်သည်။

“မင်း မယုံဘူးလား မတ်သံလုံ၊ သူ့ရှင်လာရင် မင်းကိုယ်တိုင်မေးကြည့်ပေါ့ကွယ်”

“ကျွန်တော် က သူ့ရှင်ကို ဘယ်လိုလုပ်တွေ့ နိုင်မလဲ၊ ကျွန်တော် က တရည်းမှာ ၊ သူ့ရှင်က အခုဒုန်ဝန်းမှာ မဟုတ်လား၊ ပြီးတော့ သူ့ရှင်လို ဘုရင်မင်းမြတ်တစ်ပါးကို ကျွန်တော် လို တပ်မှူးငယ် တစ်ယောက် က ဘယ်လိုလုပ်တွေ့ ခွင့်ရမှာ လဲ”

“မတ်သံလုံ. . .နားထောင်စမ်း”

အမတ်ဒိန်သည် မတ်သံလုံရှေ့တည့်တည့်သို့ ရပ်၍ လက်ပိုက်လိုက်သည်။ ရင့်ကျက်ခိုင်ခံ့သော အမတ်ဒိန်၏ သွင်ပြင်သည် အထင်အရှားပေါ်လာသည်။

“သူ့ရှင် ရာဇဓိရာဇ်ဟာ ဆင်ဖြူရှင် ဗညားဦးရဲ့ သားတော် ၊ ဘုရင့်သားမို့ ဘုရင် ဖြစ်လာတဲ့ဘုရင်မဟုတ်ဘူး၊ ဗညားနွဲ့မင်းသားဘ၀ကတည်းက စစ်မှာ မွေ့လျော်ကျွမ်းကျင်တဲ့မင်းသား၊ သူဟာလည်း သူရဲကောင်းတစ်ဦးပဲ၊ အတွင်းရန်အပြင်ရန်တွေ ကိုထိုးဖောက်ပြီး ရသူထိုက်တဲ့ ရာဇပလ္လင်တော် ကို ရယူခဲ့တဲ့ဘုရင်၊ သူ့ရှင်က သူရဲကောင်းတွေ ကို ချစ်မြတ်နိုးတတ်တဲ့ ဘုရင် ဖြစ်တယ်၊ သူရဲကောင်းတိုင်းရဲ့ နှလုံးသားဟာ သူ့ရှင်ရဲ့ နှလုံးသားနဲ့ အမြဲနီးကပ်နေတယ်၊ သူ့ရှင်ကို တွေ့ ဖို့ ဘာမှမခဲယဉ်းဘူး မတ်သံလုံ၊ ဘာကြောင့် လဲဆိုတော့ အခု သူ့ရှင်ဟာ ဒုန်ဝန်းကနေ ထွက်လာပြီ၊ လဂွန်းဗျည်းကိုသိမ်းဖို့ စစ်ချီတက်လာပြီ၊ မင်းတို့ တရည်းမြို့စောင့်တပ်လည်း အခုပဲတရည်းကခွာပြီး လဂွန်းဗျည်းကို ချီရမယ်၊ လဂွန်းဗျည်းမြို့ပြင် တောအုပ်မှာ သူ့ရှင်တပ်နဲ့ ဆုံရမယ်၊ အဲဒီ ကိစ္စအတွက် ငါကိုယ်တိုင် လာစီစဉ်တာပဲ”

မတ်သံလုံသည် ပြတ်သားတိကျလွန်းသော အမတ်ဒိန်၏ အသံ၌ ဆက်လက်တင်းမာနေရန်မစွမ်းသာတော့။ တင်းမာနေခဲ့သော သူ့မျက်နှာ ပြေလျော့သွားသည်။

“အေး . . .အဲဒီ အခါ သူ့ရှင်နဲ့ဆုံမြိ ကတော့မှ ဒုန်ဝန်းစား သံလှစ်ကိစ္စကို မင်းမကျေနပ်ရင် မင်းကိုယ်တိုင် သူ့ရှင်ကို မေးပေတော့၊ သူရဲကောင်းကိုချစ်တယ်တဲ့ သူ့ရှင်ဟာ မင်းကိုလည်းချစ်ပါလိမ့်မယ်၊ ဘယ့်နှယ်လဲ မတ်သံလုံ”

“ကျွန်တော် ကျေနပ်ပါတယ် မင်းကြီး”

“အေး. . .အခုပဲ လဂွန်းဗျည်းကိုချီမယ်၊ မင်းလုပ်စရာရှိတာ သွားလုပ်တော့”

မင်းကြီး သမိန်သံဗြတ်၏ အမိန့်ရလျှင် မတ်သံလုံ ဦးညွှတ်ပြီး ထွက်သွားသည်။ အမတ်ဒိန်ကား တုတ်ခိုင်သော မတ်သံလုံ၏ ကျောပြင်ကို ကြည့်ရင်း လေးနက်စွာ ပြုံးနေသည်။

“အမတ်ဒိန်ရယ်. . .ကျုပ်တောင်းပန်ပါတယ်၊ ဒီအကောင် မတ်သံလုံဟာ ငယ်လည်းငယ်ရွယ်သူ ဖြစ်ပြန်၊ ပြီးတော့ ကျုပ်သမီးနှင်းပန်းခိုင် ကျပြီးကတည်းက မတ်သံလုံ သိပ်ခက်ထန်နေတယ်၊ သူ့နှလုံးသားဟာ နွေခေါင်ခေါင် နေပူအောက်ကသစ်ကိုင်းခြောက်လိုကြွပ်ဆက်နေတယ်၊ အချိန်နဲ့အမျှ သူ့ကိုယ်ထဲမှာ စစ်သွေးတွေ ဆူနေတယ်၊ ဒီကောင်ဟာ မှူးကြီးမတ်ကြီးလည်းမသိ၊ တစ်ခါတစ်လေများ စိတ်တွေ ဆူပွက်လှုပ်ရှားလွန်းအားကြီးလို့ ဒီအကောင် ရူးမလားလို့တောင် ကျုပ်စိုးရိမ်မိတယ် အမတ်ဒိန်၊ ဒါပေမဲ့ မတ်သံလုံဟာတကယ်တိုက်ရည်ခိုက်ရည် ကောင်းတဲ့အကောင်၊ အဲမောင်းကို ဘယ်ညာကိုင်ရင်း တိုက်ကြက်လိုတဇွတ်ထိုးတိုက်တတ်တဲ့အကောင်”

အမတ်ဒိန်သည် ခေါင်းကို တဆတ်ဆတ်ညိတ်လေသည်။

“မင်းကြီးသံဗြတ်. . .ကျုပ်နားလည်ပါတယ်၊ မတ်သံလုံလို သူရဲကောင်းမျိုးဟာ သူ့ရှင်အတွက် တကယ်လိုအပ်နေတယ်၊ သူ့ကို မင်းကြီးနဲ့ ကျုပ်နှစ် ယောက် နိုင်နင်းအောင် ကိုင်တွယ်သွားကြရမှာ ပေါ့၊ မတ်သံလုံရဲ့ စိတ်ဓာတ်ကို ကျုပ်နားလည်ပါတယ်၊ သူ့ရှင်ကလည်း သဘောကျမှာ ပေါ့၊ ကဲ. . .တပ်တွေ အသင့် ဖြစ်ပြီနဲ့တူတယ်၊ မင်းကြီး သွားစို့လား”

စစ်ချီတံပိုးသံသည် စစ်ဦးမှ လွင့်လာသည်။

တံပိုးသံတွင် ယဉ်ပါးနေသော တိုက်ဆင်တို့သည် အမဲလိုက်ရတော့မည့်  ခွေးများ ၏ အသိမျိုးဖြင့် စူးစူးနစ်နစ် အော်ကြလေသည်။

တရည်းမြို့ရိုး၏ မြောက်တံခါးထိပ်မှ စစ်မောင်းသံသည် တိုက်ဆင်များ အော်သံကို လွှမ်းခြုံလိုက်သည်။ အမတ်ဒိန်နှင့် မင်းကြီး သမိန်သံဗြတ်တို့သည် အပြန်အလှန်အဓိပ္ပာယ်ပြည့်ဝစွာ ကြည့်ရင်း မြင်းပေါ်သို့ တက်လိုက်ကြသည်။

လဂွန်းဗျည်းသည် ဒုန်ဝန်းနှင့် တရည်းအကြားတွင် ရှိသည်။ ဒုန်ဝန်း၊ တရည်းမြို့နှစ် မြို့ထက်ပို၍ အစီအမံအထားအသို ခိုင်ခံ့သော မြို့လည်း ဖြစ်သည်။ မြို့ရိုးသည် တရည်းထက်ပို၍ ကျယ်သည်။ ပိုမြင့်သည်။ ရေကျုံးနှစ် ထပ် ကာရံသည်။ မြို့စောင့်တပ် ထူထပ်ကျစ်လျစ်သည်။

လဂွန်းဗျည်းမြို့ တပ်မထဲတွင် ဒုန်ဝန်းနှင့် တရည်းမှပြေးလာသော ရဲမက်များ ပါ ရောနှောပူးပေါင်းလာကြသဖြင့် ရဲမက်အင်အားလည်း ပို၍ များ နေသည်။ ထို့အပြင် လဂွန်းဗျည်းသည် သံမောင်မြို့နှင့် လည်း အဆက်အသွယ်မပြတ် စစ်ကူနေရသည်။

လဂွန်းဗျည်းမြို့စား ‘ဘောလဂွန်း’သည် သံမောင်မြို့စား ‘မဂြိုင်း’နှင့် ငယ်ပေါင်းသွေးသောက်လည်း ဖြစ်သည်။ ထိုထက်မူကား ‘ဘောလဂွန်း’သည် ရာဇဓိရာဇ်၏ အကြီးဆုံးပထမရန်သူ၊ မြောင်းမြစား သမိန်လောက်ဖြား၏ တူ ဘောလဂွန်းသည် လဂွန်းဗျည်းမြို့စားဟောင်း အဲဗြဟုန်၏ သား။

ထို့ကြောင့် ဘောလဂွန်းသည် ရာဇဓိရာဇ်အဖို့ သမိန်လောက်ဖြားမှလွဲလျှင် အကြီးမားဆုံးရန်သူ ဖြစ်သည်။ အင်အားအကောင်းဆုံး လဂွန်းဗျည်း၏ အကြီးအမှူးလည်း ဖြစ်သည်။ ဆင်ဖြူရှင် ဗညားဦး ကွယ်လွန်ပြီးနောက် ဗညားနွဲ့မင်းသားသည် ‘ရာဇာဓိရာဇ်’ဘွဲ့နှင့် ဟံသာဝတီထီးနန်းကိုသိမ်းပိုက်ပြီးသည့်အချိန်မှစ၍ ရာမညတိုင်းကိုးဆယ့်ခြောက်မြို့အတွင်းမှ ပုန်စားသူ မြို့စား ဘုရင်ငယ်များ ကို အဆက်မပြတ်ရင်ဆိုင်ခဲ့ရသည်။

လဂွန်းဗျည်းကို တိုက်ခိုက်ရန် ရာဇဓိရာဇ်၏ တပ်မနှင့် တရည်းမှ တပ်မင်းကြီး သမိန်ဗြတ်၏ တပ်မတို့သည် လဂွန်းဗျည်း၏ အရှေ့တောင်တောအုပ်တွင် တွေ့ ဆုံရမည် ဖြစ်သည်။

တပ်မနှစ် ခုဆုံမိမှ လဂွန်းဗျည်းကိုတိုက်ရန် သေနင်္ဂဗျူဟာကို စီစဉ်ကြမည် ။ နံနက်လင်းအားကြီးတွင် တောအုပ်အ၀င်၌ တပ်မကြီးနှစ် ခုဆုံမိလေသည်။

သူ့ရှင် ရာဇဓိရာဇ်သည် ဆင်ထက်မှဆင်း၍ မြင်းပေါ်သို့ တက်သည်။ တပ်မင်းများ အားလုံးကိုလည်း မြင်းပေါ်မှာ ပင် နေစေသည်။ မင်းကြီးသံဗြတ်၏ တပ်မကို လမ်းပြခေါ်လာသည့် အမတ်ဒိန်သည် တပ်ဦးရှေ့သို့ထွက်၍ သူ့ရှင်ကို ကြိုဆိုသည်။ သူ့ရှင်ကား အဝေးဆီတွင် မှိုင်းညို့စွာ တွေ့ နေရသော လဂွန်းဗျည်းမြို့ရိုး ပြဿာဒ်ထိပ်ဖျားကို မမှိတ်မသုန် လှမ်းကြည့်နေလေသည်။

လဂွန်းဗျည်း၏ အပြင်ရေကျုံးမျက်နှာပြင်မှ အငွေ့များ ဆို့ဆီးနေသဖြင့် မြို့ရိုးအောက်ခြေသည် ၀ိုးတ၀ါး ဖြစ်နေသည်။ မည်းမှော င်သော မြို့ရိုးအပေါ်ပိုင်းသူရဲခိုများ သည် စစ်ကိုငံ့လင့်နေသော တိုက်ဆင်များ ၏ ဦးကင်းသဖွယ်။

“တရည်းက မင်းကြီးသံဗြတ်တပ်မကို ခေါ်ခဲ့ပါပြီ သူ့ရှင်”

“အင်း”

“လဂွန်းဗျည်းကို တိုက်ဖို့ သူ့ရှင်ရဲ့ အမိန့်ကို စောင့်နေကြပါတယ်”

“မနက်မလင်းခင် ၊ နေထွက်မလာခင်မှာ လဂွန်းဗျည်းရဲ့ မြို့ရိုး လေးမျက်နှာပြင် အစီအရင်ကို ငါသိချင်တယ် အမတ်ဒိန်၊ ဘယ်အရပ်မျက်နှာက ထိုးဖောက်ရင် သင့်မလဲဆိုတာ စုံစမ်းခိုင်း၊ မြင်းသည်ကျော် လေးယောက် ကို မြို့လေးရပ်မျက်နှာခွဲပြီးလွှတ်၊ ထောက်လှမ်းခိုင်း”

“ကောင်းပါပြီ သူ့ရှင်”

တပ်မနှစ် ခု ပေါင်းထားသော်လည်း ကျွမ်းကျင်လိမ္မာသော ရဲမက်များ ထံမှ အသံတစ်စုံတစ်ရာ မကြားရ။ စစ်မြင်းများ ၏ နှာမှု တ်သံနှင့် တိုက်ဆင်များ ၏ နားရွက်ခတ်သံသာ သဲ့သဲ့ပေါ်ထွက်နေသည်။ ဒုန်ဝန်းမှချီတက်လာသော ရာဇာဓိရာဇ်မှာ ဆင်တစ်ရာ၊ မြင်းငါးရာ၊ သူရဲ သုံးထောင့်ငါးရာရှိသော ‘ပုတနာတပ်’ ဖြစ်သည်။ တရည်းမှချီတက်လာသော မင်းကြီးသံဗြတ်တပ်မနှင့် ပေါင်းလျှင် ခေါဘဏီတစ်ဝက်နီးပါးမျှရှိသည်။ ဤမျှများ ပြားသော ဆင်မြင်း ရဲမက်အင်အားနှင့် စာလျှင် ဤမျှသော လှုပ်ရှားမှု နှင့် ဤမျှသော အသံတို့ကို တိတ်ဆိတ်ခြင်းဟု ခေါ်ဆိုနိုင်လေသည်။

ထိုတိတ်ဆိတ်ခြင်းကို မြင်းခွာသံများ က ဖြိုခွင်းလိုက်သည်။

အမတ်ဒိန် လွှတ်လိုက်သော မြင်းသည်ကျော်လေးဦး ဖြစ်သည်။

သူ့ရှင် ရာဇာဓိရာဇ်သည် မည် သူ့ကိုမျှ စကားမဆိုဘဲ လင်းအားကြီးနံနက်၏ မြူခြေတို့ကို တစ်စတစ်စ ထွင်းဖောက်ဖြန့်ကျက်လာသည့် နေခြည်များ မှတစ်ဆင့် လဂွန်းဗျည်းမြို့ရိုးဆီသို့ သာ မျှော်ကြည့်နေသည်။ ခိုင်ခံ့တိကျသော မေးရိုးနှင့် မည်းနက်သော ကျင်စွယ်နှုတ်ခမ်းမွေးများ ရှိသည့် ရာဇာဓိရာဇ်၏ မျက်နှာပြင်ဘေးတိုက်ကို ကြည့်ရင်း အမတ်ဒိန်သည် နောက်ထပ်ထွက်ပေါ်လာမည့်  အမိန့်ကို စောင့်နေသည်။

သို့ သော် ရာဇာဓိရာဇ်ထံမှ အသံမထွက်လာ။

အမတ်ဒိန်၏ လက်ယာဘက်အနီးမှသာတိုးတိတ်သော အသံတစ်သံပေါ်လာသည်။

“မတ်သံလုံက ရှေ့တော် ၀င်ခွင့်ပြုပါတဲ့ ပြောနေတယ် အမတ်ဒိန်”

မင်းကြီး သမိန်သံဗြတ် ဖြစ်သည်။

“ဘာ ဖြစ်လို့လဲ မင်းကြီး”

အမတ်ဒိန်ကလည်း လေသံဖြင့် ပြန်မေးသည်။ သေနင်္ဂအစီအရင်တွင် ၀င်စားနေသော သူ့ရှင် ရာဇာဓိရာဇ်အား အနှောင့်အယှက်မ ဖြစ်စေလို။

“သူ့ရှင်ကို သူတစ်ခါမျှ နီးနီးကပ်ကပ်မတွေ့ ဖူးလို့တဲ့၊ ပြီးတော့ လဂွန်းဗျည်းတိုက်ပွဲအတွက် လိုအပ်ရင် တိုက်ရိုက်အမိန့်တော် ပေးနိုင်ဖို့တဲ့”

“ခေါ်လိုက်ပါ၊ ဒါပေမဲ့ အသံမပြုပါစေနဲ့၊ သူ့ရှင်ကို အနှောင့်အယှက်မ ဖြစ်စေပါနဲ့၊ တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ်ရှိပါစေ”

မင်းကြီးသံဗြတ်က နောက်လှည့်၍ ခေါင်းညိတ်ပြသည်။ တပ်မှူးများ အကြားတွင် စိတ်အားထက်သန်စွာ လှမ်းကြည့်နေသော မတ်သံလုံသည် ရှေ့သို့ တိုးထွက်လာသည်။ မင်းကြီးက မတ်သံလုံအနီးသို့ ရောက်သော အခါ လေသံနှင့် ပြောလေသည်။

“ငါ့အနားမှာ ပဲနေ၊ အသံလုံးဝမထွက်စေနဲ့၊ ဒီလိုအချိန်မျိုးမှာ သူ့ရှင်ဟာ ဘယ်သူ့အသံကိုမှ မကြားချင်ဘူး၊ ကြားလား”

မတ်သံလုံက တောက်ပသော မျက်လုံးများ ဖြင့် ခေါင်းညိတ်လျက် မင်းကြီးသံဗြတ်၏ ခြေရင်း မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်လေသည်။ မင်းကြီး၏ သိုရင်းအမြိတ်ကိုကျော်၍ မြင်းပေါ်မှသူ့ရှင်ကိုလှမ်းကြည့်လိုက်သည်။ ဘယ်ဘက်ပါးပြင်ပေါ်မှအမာရွတ်ကို လက်နှင့် ပွတ်နေမိသည်။

အဝေးဆီမှ မြင်းခွာသံသဲ့သဲ့ ပြန်ကြားလာရသည်။

တဖြည်းဖြည်း သဲကွဲထင်ရှားလာသည်။

သို့ သော် အပြန် မြင်းခွာသံမှာ အသွားမြင်းခွာသံလောက် မများ ။

မြူခြေနှင့် လင်းစနေခြည်တို့ ယှက်လိမ်နေသော နံနက်ခင်း၏ တောစပ်ကိုဖြတ်လျက် မြင်းတစ်စီးနှင်လာသည်။ မြင်းကြီး၏ မျက်လုံးများ ပြူးကျယ်နေပြီးနှာဝမှလည်း ပြင်းပြင်းထန်ထန် လေမှု တ်နေသည်ကို မတ်သံလုံ သတိထားမိသည်။ မြင်းကြီး၏ လက်ပြင်တွင် ချွေးများ ဖြင့် အရောင် တောက်နေသည်။ မြင်းစီးရဲမက်သည် မြင်းခြေစုံမရပ်မီမှာ ပင် မြင်းပေါ်မှခုန်ချ၍ ရာဇာဓိရာဇ်ရှေ့သို့ အရောက်ပြေးလာသည်။

“ကျွန်တော် မျိုးက မြို့ရိုးမြောက်ဘက်ကို ထောက်လှမ်းသူပါ၊ တောင်ဘက် အရှေ့ဘက် အနောက်ဘက် ထောက်လှမ်းတဲ့ ရဲမက်တွေ တော့ မြို့ရိုးပေါ်ကင်းစောင့်ရဲ့ မြားသင့်ပြီးကျကုန်ကြပါပြီ၊ ကျွန်တော် မျိုးခက်ခက်ခဲခဲ ထွက်ပြေးခဲ့ရပါတယ်၊ အရှေ့ဘက်နဲ့တောင်ဘက်ဆီကိုလည်းလှည့်ပြီးထောက်လှမ်းခဲ့ပါတယ်၊ဘောလဂွန်းဟာ သူ့ရဲ့ လဂွန်းဗျည်းမြို့ကို အခိုင်အခံ့ပိတ်ဆို့ထားပါတယ်၊ မြို့ရိုးအပြင်စပ်မြေကျုံးမှာ ခြေလျင်တပ်နဲ့ဆင်တပ်တွေ ချထားပါတယ် ဘုရင်မင်းမြတ်”

မြင်းသည်ကျော်၏ အသံမှာ မောဟိုက်နွမ်းနယ်မှု များ ဖြင့် တုံ့ဆိုင်း ပြတ်တောက်စွာ ထွက်ပေါ်လာသည်။

“ကျန်တဲ့ ရဲမက်သုံးယောက် ဆီက ထောက်လှမ်းချက်တွေ မရခဲ့ဘူးလား”

အမတ်ဒိန်က တက်ကြွစွာ မေးသည်။ မောပန်းလွန်းသဖြင့် အသက်ပြင်းစွာ ရှူနေရသော မြင်းသည်ကျော်သည် အမေးကို ရုတ်တရက်မဖြေနိုင်ခဲ့။ သို့ သော် တောစပ်မှ မြင်းနှစ် စီးက ကဆုန်စိုင်းလာသည်။

သို့ သော် မြင်းပေါ်တွင် လူမပါ။ မြင်းချည်းသက်သက် ဖြစ်သည်။

ကောင်းစွာ လေ့ကျင့်ထားအပ်သော စစ်မြင်းကြီးများ သည် အရှင်သခင်မပါနိုင်တော့သော်လည်း တပ်သို့ အရောက်လာကြလေသည်။

မြင်းသည်ကျော်တို့ မပါလာတော့သော မြင်းနှစ် စီးကို မြင်ရသော အခါ ရာဇာဓိရာဇ်၊ အမတ်ဒိန်၊ မင်းကြီး သံဗြတ်တို့အားလုံး အခြေအနေမှန်ကို သိသွားကြသည်။ တစ်ဦးကို တစ်ဦးအဓိပ္ပာယ်ပြည့်စွာ ကြည့်မိကြသည်။ သူ့ရှင် ရာဇာဓိရာဇ်ကား ကျင်စွယ်နှုတ်ခမ်းမွှေးကို လက်ချောင်းများ ဖြင့် ပွတ်သပ်ရင်း လေးနက်စွာ အတွေးဝင်နေသည်။

“အလုံးအရင်းနဲ့ စစ်ထိုးလို့လည်း မ ဖြစ်နိုင်ဘူး၊ ဒီဘက်ကနေ စစ်မြှူလို့လည်း ဒင်းတို့ချဉ်းကပ်လာမှာ မဟုတ်ဘူး၊ လဂွန်းဗျည်းရဲ့ အခြေအနေကို နောက်ထပ် ဒါထက်ပိုပြီး သိနိုင်အောင် ထောက်လှမ်းလို့ရရင်ကောင်းမယ်”

ရာဇာဓိရာဇ်က မင်းကြီးသံဗြတ်နှင့် အမတ်ဒိန်တို့ကို မကြည့်ဘဲ မေးသည်။ သူ့ရှင်၏ စကားကိုကြားသည်တွင် မတ်သံလုံသည် မင်းကြီးသံဗြတ်၏ သိုရင်းအမြိတ်ကိုဖယ်ရှား၍ ရှေ့သို့ တိုးထွက်ရန် ဟန်ပြင်လေသည်။

မင်းကြီးသံဗြတ်က မတ်သံလုံကို မသိမသာ တားထားသည်။ အမတ်ဒိန်က ထိုလှုပ်ရှားမှု ကို မြင်သည်။ သူ့ရှင် ရာဇာဓိရာဇ်ကမူ သတိမထားမိချေ။

“အမတ်ဒိန်. . .ဘယ်လိုသဘောရလဲ”

အမတ်ဒိန်လည်း အဖြေမပေးနိုင်သေး။

“စစ်လှန့်တဲ့ ဥပါယ်ကို သုံးရမယ်”

တပ်မ၏ နောက်ပိုင်းမှအသံတစ်သံထွက်လာသည်။အားလုံးနောက်သို့ လှည့်ကြည့်ကြသည်။ ရေညှိရောင် သိုရင်းနှင့် နီလာရောင် ပုဆိုးတို့ သေသပ်စွာ ကျိုက်ပိုးထားသည့် သူတစ်ဦး ရဲမက်များ ကို တွန်းဝှေ့ဖယ်ရှားလျက် ရာဇာဓိရာဇ်ရှိရာသို့ မမြင်ဖူးသော ထိုအသွင်ကို တအံ့တဩ ငေးကြည့်နေမိသည်။

ထိုသူသည် နေရောင် ကောင်းစွာ ကျရောက်နေသည့်ကွက်လပ်တွင် ရှင်းကြော့စွာ ရပ်လိုက်သည်။ မျက်နှာသည် စစ်သည် တစ်ယောက် ၏ မျက်နှာနှင့် မတူ၊ နူးညံ့ရှင်းလင်းသော မျက်နှာမျိုး၊ မောက်ရှည်ကိုလည်း ဆောင်းမထား၊ ကြက်သွေးရောင် ပ၀ါကို မင်းညီမင်းသား တစ်ပါးလို သပ်ရပ်စွာ ပေါင်းထားသည်။ ကြက်သွေးရောင် ပ၀ါစ၏ အောက်ဘက် နားသယ်စပ် နားရွက်နောက်နေရာများ အခြားသူများ ကဲ့သို့ ဆံပင်များ ထိုးထွက်၍ မနေ။

“ဟင် . . .မင်းကန်စီပါလား”

သူ့ရှင် ရာဇဓိရာဇ်က၀မ်းသာအားရရေရွတ်ပြီး ထိုသူ၏ လက်အစုံကို တရင်းတနှီး ဆွဲယူလေသည်။ ‘မင်းကန်စီ ရောက်လာတယ်၊ မင်းကန်စီ ရောက်လာတယ်’ဟူသော တီးတိုးရေရွတ်သံများ တပ်မအတွင်း တသိမ့်သိမ့်လွင့်သွားသည်။ အမတ်ဒိန်နှင့် မင်းကြီးသံဗြတ်တို့လည်း မင်းကန်စီ ရောက်လာခြင်းအတွက် အားတက်ရွှင်လန်းသွားကြတယ်

“မင်းကန်စီ. . .မင်းဘယ်တုန်းက ရောက်လာသလဲ”

“အခုရောက်လာတာပဲလေ သူ့ရှင်၊ သူ့ရှင်မှာ တစ်ခုခုအခက်အခဲတွေ့ နေပြီဆိုရင် မင်းကန်စီ အလိုလိုသိလာရတာ ပဲ မဟုတ်လား”

“ဟား . . .ဟား . . .ဟား”

ရာဇာဓိရာဇ်က ပွင့်ပွင့်လင်းလင်း ရယ်သည်။ ထိုအခါမှပင် စောစောက တွေ ဝေငေးငိုင်နေခဲ့ကြသော တပ်မှူးများ ၊ အမတ်များ လည်း စိတ်လက်ပေါ့ပါးစွာ ရယ်မိကြလေသည်။

“နေစမ်းပါဦး မင်းကန်စီရဲ့ ၊ စောစောက မင်းအော်လိုက်တာ . . .ဘာ. . .စစ်လှန့်တဲ့ဥပါယ်ကို သုံးရမယ် ဟုတ်လား”

“ဟုတ်တယ်လေ”

“ဘယ်လိုသဘောလဲ”

“ဒီလို. . .”

မင်းကန်စီက သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူ၍ ရှင်းသန့်နေသော မြေပြင်ဆီသို့ ရေး ခြစ်လိုက်သည်။ ထိုအနီးသို့ အမတ်ဒိန်နှင့် တကွ အခြားတပ်မင်းများ ရဲမက်များ ၀ိုင်းအုံသွားကြသည်။ မင်းကြီးသံဗြတ်လည်း မင်းကန်စီ၏ အစီအမံကို ကြည့်ရန် ခြေလှမ်းရွှေ့လိုက်သည်။

“မင်းကြီးဘုရား. . .အဲဒီ မင်းကန်စီဆိုတာ ဘယ်သူပါလဲ”

မတ်သံလုံ ဖြစ်သည်။ မင်းကြီး သံဗြတ်သည်မတ်သံလုံအား ပြုံးပြလိုက်လေသည်။ စူးရှတောက်ပြောင်နေသော မတ်သံလုံ၏ မျက်လုံးများ ကိုလည်း သတိထားမိလိုက်သည်။

“မတ်သံလုံ . . .မင်းက သူ့ရှင်အနီးအနား မရောက်ဖူးသော သူ့ရှင်ရဲ့ တကယ့်လူရင်း ပုဂ္ဂိုလ်ကျော်တွေ ကို မသိဘဲကိုး၊ မင်းကန်စီဆိုတာ သူ့ရှင် ရာဇာဓိရာဇ်ဘွဲ့ မခံယူခင်၊ ဟံသာဝတီထီးနန်းမရခင်၊ ဗညားနွဲ့မင်းသား ဘ၀ကတည်းက လက်ရုံး တစ်ဆူပညာရှိပေါ့၊ မင်းကန်စီကို သဘောကျလွန်းလို့ ကိုရင်ဝတ်နေရာကနေပြီး ရှင်လူထွက်ခိုင်းပြီး အပါးခေါ်ထားတာ၊ မင်းကန်စီဘွဲ့က ရာဇမနုတဲ့၊ သူ ကတော့ နှလုံးရည်သမားပဲ၊ ဒါပေမဲ့ စစ်ရေး စစ်ရာအတွက် သူ့ရှင်ကို သူအခါပေးတိုင်း သူ့ရှင်အောင်မြင်တယ်၊ သူ့ရှင်က သူ့ကို သိပ်ခင်မင်တတာကလား၊ အရှင်နဲ့ကျွန်အရာထားပြီးတောင်မဆက်ဆံဘူး၊ ညီနောင်ရင်းချာလို သဘောထားတယ်”

မတ်သံလုံသည် တပ်မှူးများ ၀ိုင်းနေသည့်အလယ်မှ ရဲမက်မောက်ရှည် ဆောင်းမထားသော ဆံပင်စ မထွက်သည့် ဦးခေါင်းတွင် ပ၀ါနီပေါင်းထားသော မင်းကန်စီကို ငေးကြည့်နေမိသည်။ မင်းကန်စီမှာ နှလုံးရည်သမားသက်သက်ဟု ဆိုသော်လည်း သစ်ကိုင်းခြောက်ကို ဝှေ့ယမ်းမြှောက်ချီလျက် စကားပြောဆိုနေပုံမှာ ခေါဘဏီတပ်၏ မဟာသေနာပတိကြီးတစ်ဦးဟန်မျိုး ဖြစ်သည်ဟု မတ်သံလုံ ထင်နေမိသည်။ တပ်မှူးများ သည် စိတ်ဝင်စား အားသန်စွာ ဖြင့် မင်းကန်စီ၏ ၀ဲယာဝန်းကျင်မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ရင်း မင်းကန်စီပြောပြနေသော စကားများ ကို နားစိုက်ထောင်နေကြလေသည်။

“စစ်လှန့်တဲ့ဥပါယ်ကိုတော့ ငါသဘောကျပြီ မင်းကန်စီ၊ ဒါပေမဲ့ အဲဒီ တဲတွေ ကိုမီးရှို့ပြီး ၀ါးဖောင်နဲ့ ကျုံးထဲမျှောဖို့အရေး အတွက် ရဲမက် ဘယ်နှယောက် သုံးမလဲ၊ အခု မြင်းသည်ကျော်လေးယောက် ကို ထောက်လှမ်းခိုင်းတာကိုပဲ တစ်ယောက် သာအသက်နဲ့ပြန်လာနိုင်တယ်”

“ရဲမက်လေးယောက် မလိုဘူး သူ့ရှင်၊ သုံးယောက် လည်း မလိုဘူး၊ နှစ် ယောက် လည်းမလိုဘူး၊ တစ်ယောက် တည်း”

“ တစ်ယောက် တည်း . . .”

“ဟုတ်တယ်. . .အင်မတန် ကျွမ်းကျင်ပိရိပြီး ဖျတ်လတ်ရဲဝံ့တဲ့ သူရဲကောင်း တစ်ယောက် ပဲလိုတယ်၊ လူအများ သုံးရင် တစ်ဖက်ရန်သူက မျက်ခြည်မပြတ်ကြည့်နေတော့ အထမမြောက်နိုင်ဘူး”

“ကောင်းပြီ၊ မင်းကြိုက်ရာ လူရွေးစမ်း မင်းကန်စီ”

မင်းကန်စီသည် ၀ဲယာဝန်းကျင်တွင် ၀ိုင်းရံနေသော တပ်မှူးများ ၊ တပ်မင်းများ ၏ မျက်နှာကို တစ်ဦးချင်းလိုက်ကြည့်သည်။ သူ့ရှင်ရာဇာဓိရာဇ်၏ သူရဲကောင်းများ သည် မင်းကန်စီ၏ မျက်နှာကို တက်ကြွစွာ ပြန်ကြည့်ကြသည်။ မိမိအားရွေးချယ်ပါဟူသော အသွင်များ ကိုယ်စီနှင့် ။

မင်းကန်စီသည် ၀ိုင်းရံနေသော တပ်မှူးများ အလယ်မှ ဖယ်ခွာလျက် မင်းကြီးသံဗြတ်အနီးသို့ လျှောက်လာသည်။ မင်းကြီးသံဗြတ်၏ ၀ဲယာတွင် ရပ်နေသော တပ်မှူးများ ကို တစ်ဦးချင်းစီကြည့်ပြန်သည်။

မတ်သံလုံသည် မင်းကြီးသံဗြတ်၏ ခြေရင်းတွင် ဒူးထောက်နေရာမှ မိမိရှေ့သို့ မင်းကန်စီရောက်လာချိန်တွင် မတ်တပ်ရပ်လိုက်သည်။ မင်းကြီးသံဗြတ်၏ ရှေ့သို့ တိုးထွက်လိုက်သည်။ မတ်သံလုံတစ်ဦးတည်း ထီးထီးမားမား ဖြစ်သွားသည်။

မတ်သံလုံနှင့် မင်းကန်စီတို့၏ စူးရှသော မျက်လုံးအစုံတို့ကို အပြန်အလှန်တွေ့ ဆုံကြသည်။ အကြည့်နှစ် ခုသည် တစ်ယောက် ကို တစ်ယောက် ထွင်းဖောက်လုမတတ်။ မင်းကန်စီသည် မတ်သံလုံ၏ ဘယ်ဘက်ပါးပြင်ပေါ်မှာ ကောင်းစွာ မနာမကျက်သေးသော အမာရွတ်ကို စိုက်ကြည့်နေသည်။

မတ်သံလုံသည် လေးနက်တင်းမာစွာ ကြည့်နေရင်းမှ နှုတ်ခမ်းများ ဆတ်ဆတ်တုန်လာသည်။ ပျို့အန်စ နေရောင် အောက်တွင် မတ်သံလုံ မျက်နှာကြေးနီရောင် ထနေသည်။ ရေး ရေး ရှိသော နှုတ်ခမ်းမွေးစများ သည် နီကြန့်နေကြသည်။ မင်းကန်စီကို စိုက်ကြည့်ရင်း မတ်သံလုံ၏ မျက်နှာသည် ပို၍ နီရဲလာသည်။ တက်ကြွဆူပွက်လာသော စစ်သွေးတို့ဖြင့် မတ်သံလုံ၏ မျက်လုံးများ အရောင် ထွက်လာစည်။ မင်းကန်စီက မသိမသာ ယဲ့ယဲ့ပြုံးပြသည်။

မတ်သံလုံ၏ ပါးပြင် အမာရွတ်မှ သွေးများ စို့လာသည်။

“မင်း မင်းကြီးသံဗြတ်ရဲ့ တပ်မှူးလား”

“ဟုတ်ကဲ့”

“အမည် ဘယ်လိုခေါ်သလဲ”

“မတ်သံလုံ”

“မင်းကို လဂွန်းဗျည်းတိုက်ပွဲအတွက် သူ့ရှင်အမိန့်နဲ့ငါကတာဝန်ပေးရင် လုပ်နိုင်ပါ့မလား”

“ကျွန်တော့် ကို စော်ကားတဲ့မေးခွန်းပဲ”

“အင်း. . .ဒါပေမဲ့ မင်းပါးပေါ်ကဒဏ်ရာက သွေးစို့နေတယ်”

“သူရဲကောင်းတို့ရဲ့ စစ်သွေးတွေ ဆူဝေလာတိုင်း ကျွန်တော့် အမာရွတ်က သွေးစို့လာတတ်တယ်”

မင်းကန်စီသည် သူ့ရှင်ရာဇဓိရာဇ်ဘက်သို့ လှည့်ပြောလိုက်လေသည်။

“သူ့ရှင် . . .ကျွန်ုပ် လူရပြီ၊ မင်းကြီး သံဗြတ်ရဲ့ တပ်မှူးတစ်ဦးပဲ၊ မတ်သံလုံတဲ့”

မတ်သံလုံ၏ မျက်နှာမှာ တက်ကြွအားရမှု များ ဖြင့် ဖုံးလွှမ်းသွားသည်။ ပါးပြင်ရှိအမာရွတ်မှလည်း သွေးပေါက်အနည်းငယ် လိမ့်ဆင်းလာလေသည်။

တပေါင်းလ၏ လေရူးသည် တောအုပ်ထဲတွင် ဦးတည်ရာမဲ့ တိုက်ခတ်နေသည်။ သို့သော် လဂွန်းဗျည်းမြို့ပြင်၏ ရေကျုံးမျက်နှာပြင်ထက်တွင် ကား လေပွေရူးမဟုတ်တော့။ အရှေ့အရပ်မှ အနောက်အရပ်သို့ တူရူဦးတည် တိုက်ခတ်နေသည်။

မတ်သံလုံသည် ဓားလွတ်ကို ကိုယ်တွင် ကပ်လျက်၊ ခြေသံကို လုံခြုံနေလျက် တောအုပ်အစပ်မှ ထွက်လိုက်သည်။ မြေခွေးတစ်ကောင်ကဲ့သို့ မျက်နှာကိုမော့၍ တောစပ်အလယ်ပြင်မှ အနံ့ကိုခံသည်။ ထို့နောက်အနီးရှိ ပိန္နဲပင်တစ်ပင်ပေါ်သို့ ရှဥ့်တစ်ကောင်ပမာ တက်လိုက်သည်။ ပိန္နဲပင်၏ အလယ်ကိုင်းတွင် ခြေတင်လျက် မြောက်ဘက်ဆီသို့ မျှော်ကြည့်သည်။

“မြို့ရိုးရဲ့ အရှေ့မြောက်ထောင့်အစပ် အပေါက်မှာ ဓနိတဲကြီးတွေ ရှိတယ်။ အဲဒီ တဲကြီးတွေ ဟာ အရင်က သူတို့မြို့ပြင်တပ်မတွေ စခန်းချအသုံးပြုခဲ့တာတွေ ဖြစ်မှာ ပဲ၊ အခုတော့ သင်းတို့ ရဲမက်တွေ အားလုံး မြို့ရိုးတွင်းရောက်ကုန်ကြပြီး ဒီတဲကြီးတွေ မှာ ဘယ်သူမှ မရှိတော့ဘူး”

မင်းကန်စီမှာ လိုက်သည့်စကားများ ကို မတ်သံလုံ ပြန်၍ ကြားယောင်လိုက်သည်။

မြို့ရိုးအရှေ့မြောက်ထောင့်စပ်တွင် မင်းကန်စီ ပြောလိုက်သည့်ဓနိတဲကြီးများ ၏ အမိုးများ ကို နေရောင် အောက်တွင် မှိုင်းညိုစွာ တွေ့ လိုက်ရသည်။ မတ်သံလုံသည် ပိန္နဲပင်ပေါ်မှဆင်း၍ ခရာဆူးချုံများ ကို အကာအကွယ်ပြုလျက် အရှေ့မြောက်ဆီသို့ဦးတည်သွားလိုက်သည်။

တောအုပ်ပေါ်သို့ နံနက်နေခြည် ဖြန့်ကျက်မိချိန်တွင် မတ်သံလုံ ဓနိတဲကြီးများ ရှေ့သို့ရောက်သည်။ သူ့ချပ်ဝတ်မိန်ညိုတွင် ချွေးများ စိုရွှဲနေပြီ ဖြစ်သည်။ ခရာဆူးနှင့် နဘူးချုံများ မှ ဆူးခက်များ ကြောင့် သူ့ခြေထောက်နှင့် လက်ဖျံတို့တွင် သွေးသံရဲရဲ ဖြစ်နေသည်။

“သူတို့စခန်းချစဉ်က မီးဖိုဖို့ စုထားခဲ့ဟန်တူတယ်၊ အဲဒီ ဓနိတဲတွေ အနီးမှာ ထင်းစိုက်ဖို့ သစ်လုံးတွေ စုပုံထားတာ တွေ့ ရလိမ့်မယ်၊ သစ်လုံးတွေ ကို အနီးအနားကနွယ်တွေ ရှာပြီး ဖောင်ဖွဲ့ပေတော့”

မင်းကန်စီမှာ တဲ့အတိုင်း မတ်သံလုံစတင်လှုပ်ရှားသည်။

ဓနိတဲကြီးတစ်လုံး၏ နောက်တွင် သစ်လုံးများ ကို တွေ့ ရသည်။

ကညင်ပင်နှင့် တညင်းပင်ကြီးများ ကို နွယ်တက်နေသည့် နွယ်များ ကို မတ်သံလုံ ဓားလွယ်ဖြင့် ဖြတ်ယူသည်။ ဖြတ်ယူသည်ဆိုစေကာမူ အပင်ပေါ်ရှိ ကျေးငှက်များ လန့်ကုန်လျှင် မြို့ရိုးမှရန်သူများ ကြားမည် ဖြစ်၍ သေသပ်တိကျစွာ ဖိကြိတ်လှီးဖြတ်ယူရသည်။ တပေါင်းနေသည် အပူရှိန်ကို ရုတ်ခြည်းလွှင့်ထုတ်သည်။

မတ်သံလုံတစ်ကိုယ်လုံး ချွေးများ သည် ကျုံးထဲသို့ ဆင်းထားဘိသကဲ့သို့ ဖြစ်နေသည်။ လုံလောက်သော နွယ်ပင်များ ကို ရပြီးသော အခါ သစ်လုံးများ ကို ဖောင်ဖွဲ့သည်။ မတ်သံလုံအား ခရီးလမ်းတွင် လေးလံဖင့်နွှဲမည် ဖြစ်သဖြင့် ပဲကွပ်၊ ပုဆိန်၊ ရဲဒင်း ယူမသွားရန် မင်းကန်စီမှာ လိုက်သည်။ မတ်သံလုံတွင် ဓားလွယ်တစ်ချောင်းသာ ပါသည်။ ဓားလွတ်ဖြင့် ပင် သစ်လုံးဖောင် ဖြစ်အောင် ခုတ်ဖြတ်ဖွဲ့နှောင်ရသည်။

သစ်လုံးဖောင်သုံးခု ပြီးသွားချိန်တွင် မွန်းတည့်နီးပြီ ဖြစ်သည်။

“မတ်သံလုံ. . .လဂွန်းဗျည်းရဲ့ တပေါင်းလ မွန်းတည့်နေဟာ တို့များ ဟံသာဝတီထက် ပိုပြီးပူတယ်၊ သစ်ကိုင်းသစ်ရွက်တွေ ဟာ ကော့ပျံပြီး မီးထတောက်မတက် ပူပြင်းလာတယ်၊ ပြီးတော့ မွန်းတည့်ခါနီး လေလေ ရေကျုံးပေါ်မှာ တိုက်တဲ့ လေဟာ အရှိန်ပိုပြင်းလာလေလေပဲ ၊ အချိန်ကို လုပြီးလုပ်၊ မွန်းမတိမ်းစေနဲ့၊ အပူဆုံးနေနဲ့ အပြင်းဆုံးလေကို ရရှိအောင်လုပ်ပါ”

ပင်ပန်းလွန်းသည့်ကြားထဲက မင်းကန်စီ၏ စေ့စပ်တိကျသော အမှာ စကားများ ကို မတ်သံလုံ အံ့ဩလေးစားနေမိလေသည်။

သစ်လုံးဖောင်များ ကို ကြီးမားခိုင်ခံ့သော သစ်လုံးတစ်ချောင်းဖြင့် ခက်ခဲစွာ ရွှေ့၍ ကျုံးရေပြင်ထက်သို့ ချသည်။ ထို့နောက် ဓနိတဲကြီးများ ကို ဖျက်၍ သစ်လုံးဖောင်ပေါ်သို့ ဆံ့နိုင်သမျှတင်လိုက်သည်။

ဆောင်းထားသော မောက်တိုမှ အပူရှိန်သည် မတ်သံလုံ၏ ဆံပင်များ ကို ဖြတ်လျက် ဦးခေါင်းဆီသို့ ကူးပျံ့လာနေသည်။ တက်ကြွဝင်စားလွန်းသော ကြောင့် ပါးပြင်အမာရွတ်မှလည်း သွေးတို့ ပေါက်ပေါက်ယိုစီးလာနေသည်။ သို့ သော် မတ်သံလုံသည် မွန်းတည့်နေကို မတိမ်းစေရန် အရအမိဖမ်းနေသည်။

ဓနိတဲများ အပြည့်အသိပ်တင်ထားသော သစ်လုံးဖောင်သုံးခုစလုံးကို ရေချပြီးသည်နှင့် တစ်ပြိုင်နက် မတ်သံလုံသည် ခါးစည်းကြိုးအတွင်းမှ မီးခတ်ကျောက်ကို ထုတ်ယူလိုက်သည်။ ကျောက်ကို တစ်ကြိမ်နှစ် ကြိမ်မျှသာ ခတ်လိုက်ရသည်။ မီးပွင့်လာပြီး သစ်ကိုင်းခြောက်ကို ဖောင်များ ပေါ်သို့ ပစ်တင်လိုက်သည်။

ထို့နောက် မတ်သံလုံသည် သူ့ခြေအောက်သို့ ကြည့်လိုက်သည်။

အရိပ်သည် ခြေထောက်တည့်တည့်သို့ ရောက်လုနီးနေပေပြီ။

မွန်းတည့်တော့မည် ။

အကောင်းဆုံး သစ်လုံးတစ်ချောင်းကို ရွေးလျက် အဖျားတစ်ဖက်ကို ညာပခုံးတွင် ထောက်ထားလိုက်သည်။ ရှေ့နောက် ထပ်ဆင့်ထားသော သစ်လုံးဖောင်သုံးခုမှ နောက်ဆုံးဖောင်၏ နောက်မြီးသို့ အခြားသော အစွန်းတစ်ဖက်ကို ထောက်လိုက်သည်။

ဤအချိန်တွင် မွန်းတည့်သည်။

မတ်သံလုံသည် ရင်အုံတစ်ခုလုံး မောက်ကြွလာအောင် အသက်ကို ပြင်းစွာ ရှူရှိုက်လျက် သစ်လုံးဖောင်များ အား ပခုံးတွင် ထောက်ထားသော သစ်လုံးများ ဖြင့် ‘ထိုးဝါး’သဖွယ် ကျွန်းအလယ်သို့ ရောက်အောင် ထိုးတော့သည်။ မွန်းတည့်နေနှင့် လေပြင်းတို့သည် မတ်သံလုံအား ကောင်းချီးပေးကြသည်။ ဖောင်ပေါ်မှ ဓနိများ သည် ရုတ်ခြည်းပင် အလျှံတညီးညီးသော မီးတောက်ကြီးများ ဖြစ်ပေါ်လာနေသည်။

လဂွန်းဗျည်းမြို့ရိုး ပြ၀က်ခရီးခန့်မျှ ထိုးဝါးထိုးလိုက်ပြီးသော အခါ ဖောင်များ သည် ရွက်ကုန်ဖွင့်သော လှေပမာ ကျွန်းတစ်လျှောက်သို့လျင်မြန်စွာ ပြေးလေသည်။ မီးတောက်ကြီးများ သည် တ၀ုန်းဝုန်းအသံကိုပြုလျက် လဂွန်းဗျည်း၏ မြို့ရိုးဘက်ဆီသို့ အဟုန်ပြင်းစွာ ရွေ့လျားနေသည်။

လဂွန်းဗျည်းမြို့ရိုး၏ မြို့ပြင် မြေကျုံးတွင် ရှိသော တပ်မများ ၏ မြင်းဇောင်းများ ရှိရာအရပ်သို့ . . .။

လဂွန်းဗျည်းမြို့ အရှေ့မုခ်တံတားပေါ်တွင် မှီရင်းမင်းကန်စီသည် မတ်သံလုံ၏ ပခုံးကို နှစ်ခြိုက်စွာ ပုတ်လိုက်သည်။ မတ်သံလုံမူကား မြို့ရိုးမုခ်ဦးမှတစ်ဆင့် မြို့ထဲသို့ ၀င်သွားသော သုံ့ပန်းများ ကို ငေးမောကြည့်နေသည်။

“မတ်သံလုံ. . .သူ့ရှင် ကတော့ မင်းကို အပါးခေါ်ထားတော့မယ်ထင်တယ်၊ မင်းကြီးသံဗြတ်ကို စောစောက မေးနေသံကြားတယ်”

မတ်သံလုံ စကားပြန်မဖြေ။ တံတား၏ ပြဒါးသုတ်ထားသော လက်ရမ်းတိုင်နီနီကို ဆုပ်ကိုင်ရင်း စိမ်းမှော င်သော ကျုံးရေပြင်ထဲသို့ ငုံ့ကြည့်သည်။ ကျုံးရေပြင်တွင် ကြာတို့မရှိကြ။ စောစောကမှ ပြီးသွားခဲ့သည့် တိုက်ပွဲ၏ အကြွင်းအကျန်များ ဖြင့် ပြည့်နေသည်။ ရဲမက် စစ်မြင်း အလောင်းများ ၊ ဓားကျိုး၊ လှံကျိုးနှင့် တွန့်လိမ်ကောက်ကွေးနေသည့် ဒိုင်းလွှားများ ။

“လဂွန်းဗျည်းတိုက်ပွဲရဲ့ နိဒါန်းကို မင်းလှလှပပ ဖွင့်နိုင်ခဲ့လို့ လဂွန်းဗျည်းကို ငါတို့ရတာ ပဲ၊ မင်းဟာ ငါတို့ထင်တာထက်ပိုပြီး တိကျလျင်မြန်သည်၊ အမိန့်ကို တစ်သဝေမတိမ်း လိုက်နာတယ်၊ အမောအကြမ်း ခံနိုင်စွမ်းတယ်၊ မင်းဟာ သူရဲကောင်းပဲ မတ်သံလုံ”

မတ်သံလုံ စကားပြန်မဖြေ။ မြို့တောင်ဘက်ဆီသို့ လှည့်ငေးနေပြန်သည်။ မြို့ထောင့်တွင် သူမီးဖောင်တိုက်ရှို့ခဲ့သည် မြင်းဇောင်းမှ မီးခိုးလုံးများ အလိပ်လိုက် တက်နေဆဲ ဖြစ်သည်။

“တောအုပ်မှာ တပ်ချစဉ် သူ့ရှင်ကလူရွေးခိုင်းလို့ ငါလူရွေးတော့ မင်းကိုတွေ့ လိုက်စဉ်တုန်းက ငါ့ကိုကြည့်ရင်း မင်းမျက်နှာပြင်နီရဲလာပြီး မင်းပါးပြင်က အမာရွတ်သွေးစို့လာကတည်းက ဒီအရေး အရာကို မင်းတစ်ဦးတည်းသာ အထမြောက်အောင် စွမ်းဆောင်နိုင်မယ်လို့ ငါက ယုံကြည်လိုက်တာကလား”

မတ်သံလုံသည် မင်းကန်စီဘက်သို့ ပြန်လှည့်လိုက်လေသည်။ သူ့မျက်နှာမှာ နံနက်ခင်းနှင့် နေ့ခင်းချိန်တုန်းကလို သွေးရောင် မသမ်းတော့။ အားအင်ဆုတ်ယုတ်သူပမာဖြူရော်နေသည်။

“မတ်သံလုံ. . .မင်းမျက်နှာတွေ ဖြူရော်နေတယ်၊ မင်းသိပ်ပင်ပန်းနေတယ်၊ အနားယူလိုက်”

ထိုအခါမှပင် မတ်သံလုံက သက်ပြင်းချလေသည်။

“ကျွန်တော် လဂွန်းဗျည်းစစ်မှာ ရန်သူ တစ်ယောက် တလေနဲ့မှ မျက်နှာချင်းမဆိုင်လိုက်ရဘူး၊ ကျွန်တော့် ဓားသွေးတစ်စက်မစွန်းခဲ့ဘူး”

ညီရင်းအား အစ်ကို၏ အပြုံးမျိုးဖြင့် မင်းကန်စီပြုံးလိုက်သည်။

“ဘယ်ဟုတ်မလဲ ငါ့ညီ ၊ မင်းဓားမှာ ရန်သူအားလုံးရဲ့ သွေးစွန်းနိုင်ခဲ့တယ် ဆိုတာ မင်းမသိဘူးလား၊ ငါမှာ လိုက်တဲ့အတိုင်း မင်းတိတိကျကျ ခက်ခက်ခဲခဲ စွမ်းဆောင်နိုင်ခဲ့လို့ လဂွန်းဗျည်းကို ငါတို့တိုက်နိုင်တာပဲ၊ မင်းမျှောလိုက်တဲ့ သစ်ဖောင်ကြောင့် သူတို့မြင်းဇောင်း မီးစွဲပြီး ရုတ်ရုတ်သဲသဲ ဖြစ်၊ ဒီအချိန်မှာ သူ့ရှင်နဲ့တကွသော တပ်မင်းတွေ ရဲ့ တပ်မတွေ က မြို့ကိုအတင်းတိုက်၊ လဂွန်းဗျည်းမြို့စား ဘော်လဂွန်းလည်း မခံနိုင်တော့ ဆင်နဲ့ထွက်အပြေးမှာ သင်းကိုအသေရလိုက်တာပဲ မဟုတ်လား၊ စစ်ထိုးအစီအမံတွေ ရဲ့ အညှာ ဖြစ်တဲ့ စစ်လှန့်ကို မင်း တစ်ယောက် တည်းနဲ့ စတင်နိုင်ခဲ့တယ်မဟုတ်လား”

“အခု ဘောလဂွန်း ကျသွားပြီလား”

“အေး. . .ကျသွားပြီ”

“ဘောလဂွန်းအကြီးပေါ့၊ ဟုတ်လား မင်းကန်စီ”

“ဟုတ်တယ်လေ၊ အဲဗြဗုန်သား ဘောလဂွန်းအကြီး၊ ဘောလဂွန်းအငယ်ကိုတော့ မင်းကိုယ်တိုင် တရည်းတိုက်ပွဲမှာ အဲမောင်းနဲ့သုတ်သင်လိုက်ပြီ မဟုတ်လား၊ မင်းကြီးသံဗြတ်ဆီက ငါ အားလုံးအကျိုးအကြောင်းသိရပြီးပြီ”

“အားလုံးအကျိုးအကြောင်း”

မတ်သံလုံ၏ မျက်လုံးများ သည် ရုတ်တရက်ရီဝေသွားသည်။ တရည်းတိုက်ပွဲ၊ အဲမောင်း၊ ဘောလဂွန်းအငယ်ဆိုသော အမည် နာမများ သည် သူ့ရင်တွင်းသို့ ပဲ့တင်ရိုက်သွားသည်။ လူရေး လူရာ လိမ္မာလှသော မင်းကန်စီသည် မတ်သံလုံ၏ ရီဝေသော မျက်လုံးများ မှတစ်ဆင့် မတ်သံလုံ၏ စိတ်ကို ထွင်းဖောက်တွေ့ မြင်သွားလေသည်။

“မတ်သံလုံ”

မင်းကန်စီ၏ အသံ ပို၍ ဆူညံသွားသည်။

“နှင်းပန်းခိုင် အကြောင်းမင်းတွေးနေသလား”

တစ်ချိန်လုံး လှုပ်ရှားမှု ကင်းနေသော မတ်သံလုံ၏ အမူအရာသည် ရုတ်ခြည်းပင် မုန်ယိုလာသော တိုက်ဆင်တစ်ကောင်လို ဖြစ်သွားသည်။ အလိုအလျောက်ပင် ပါးပြင်ပေါ်ရှိ အမာရွတ်ကို လက်နှင့် စမ်းလိုက်မိသည်။

“နှင်းပန်းခိုင်ကို ကျွန်တော် ဘယ်မှာ မေ့လို့ရပါ့မလဲ မင်းကြီး၊ ကျွန်တော် ဟာ စစ်အမှု တော် ထမ်း၊ ကျွန်တော့် ကမ္ဘာလောကထဲမှာ ဓား၊ လှံလျင်၊ အဲမောင်း၊ ဒိုင်း၊ လွှား၊ လေး၊ မြား၊ တိုက်ဆင်၊ စစ်မြင်း ဒါတွေ ပဲရှိတယ်၊ ဒါတွေ အားလုံးဟာလည်း နှင်းပန်းခိုင်နဲ့ဆက်စပ်နေတယ်။ နှင်းဟာ ကျွန်တော့် ရင်ခွင်ထဲမှာ သွေးသံရဲရဲနဲ့ ကွယ်လွန်ခဲ့တယ်၊ သူ့ရင်အုံမှာ စိုက်ဝင်နေတဲ့မြားတံကို ကျွန်တော် ကိုယ်တိုင် ဆွဲနုတ်ခဲ့ရတယ်၊ ပြီးတော့ အဲဒီ မြားတံလာမယ့် သူရဲခိုပေါ်မှာ နှင်းရောက်နေအောင်လုပ်ခဲ့တာ ကျွန်တော် ၊ တကယ်တော့ ချစ်သူကို သတ်ခဲ့တာ ကျွန်တော် ကိုယ်တိုင်”

မတ်သံလုံ စကားကိုဆုံးအောင် မပြောနိုင်၊ လက်ရမ်းတိုင်နီနီကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ မင်းကန်စီက လက်ရမ်းတိုင်ကို ဆုပ်ကိုင်ထားသော မတ်သံလုံ၏ လက်ပေါ်သို့ နူးညံ့စွာ လက်ဖြင့် အုပ်မိုးလိုက်လေသည်။

စစ်ရှုံးရန်သူတို့၏ တိုက်ဆင်များ ကို တံတားပေါ်မှဖြတ်၍ မြို့တွင်းသို့ သွင်းလာသည့်အတွက် သူတို့ရပ်နေရာတွင် အသံများ ဆူညံသွားသည်။ မင်းကန်စီစကားဆက်ပြောခွင့် မရသေး။ တိုက်ဆင်ဦးကင်းပေါ်တွင် ချွန်းကိုင်လာသော ရဲမက်များ က မတ်သံလုံကို မြင်သော အခါ ချွန်းကိုမြှောက်၍ အော်သွားကြသည်။

“သူရဲကောင်း မတ်သံလုံ”

“လဂွန်းဗျည်းတိုက်ပွဲရဲ့ တိုက်စစ်မှူး မတ်သံလုံ”

“သံလုံငယ်ရေ. . .ဂုဏ်ပြုတယ်ဟေ့”

တိုက်ဆင်များ အားလုံး မြို့တွင်းဝင်သွားပြီးမှ အသံစဲသွားသည်။ မင်းကန်စီသည် မတ်သံလုံ၏ လက်ကို နွေးနွေးထွေးထွေး ဆုပ်လိုက်သည်။

“ကြားလား မတ်သံလုံ၊ အဲဒါတွေ ဟာလည်း မင်းရဲ့ ချစ်သူတွေ ပဲပေါ့၊ နှင်းပန်းခိုင်အတွက် ဥပါဒါန်မထားနဲ့၊ နှင်းပန်းခိုင်ရဲ့ သူရဲကောင်းဝိညာဉ်ဟာ မင်းအပါးမှာ အမြဲခိုဝင်လိုက်ပါနေတယ်လို့ မှတ်စမ်းပါ ငါ့ညီ၊ ပြီးတော့ နှင်းပန်းခိုင် ၀ိညာဉ်က မင်းကိုအမြဲမပြတ်နှိုးဆော်နေတယ်၊ ရန်သူကိုတိုက်ပါ၊ ရန်သူကိုတိုက်ပါ၊ သူရဲကောင်းနှလုံးသားကို ထာဝရပိုင်ဆိုင်ထားပါလို့”

“သူရဲကောင်းနှလုံးသားဆိုတဲ့ထဲမှာ ချစ်သူအတွက် ဥပါဒါန်မရှိရဘူးလား မင်းကြီး”

“မရှိရဘူး”

“မင်းသိပြီး ဖြစ်ကောင်း ဖြစ်ပေမယ်၊ ငါဟာ အခုလို ရာဇမနုဘွဲ့ရမင်းကန်စီမ ဖြစ်ခင်၊ သူ့ရှင်ရဲ့ လက်ရုံးတစ်ဆူမ ဖြစ်ခင်က ငါ့ရွာမှာ ရှင်ဗုဒ္ဓဉာဏဘွဲ့နဲ့ကိုရင်၊ အင်မတန်အေးချမ်းတဲ့ သာသနာ့သားတော် ၊ အင်မတန် အေးငြိမ်းချမ်းမြေ့တဲ့ဘ၀၊ ဒါပေမဲ့ အခု ဟံသာဝတီနေပြည်တော် ကြီးအတွက်၊ အရှင်သစ် ဖြစ်တဲ့ သူ့ရှင်ရာဇဓိရာဇ်အတွက်၊ ပြီးတော့ ခိုင်ဖြီးတဲ့ ရာမညနိုင်ငံတော် ကြီး ဖြစ်ရေး အတွက် ငါ့ဘ၀ဟောင်းကို ငါလုံးဝဥဿုံစွန့်ခဲ့ပြီး ဥပါဒါန်မှန်သမျှလည်း ဖျောက်ခဲ့ပြီ၊ ငါလို နှလုံးရည်သမားကသော်မှ ဒီလို ပြတ်သားနိုင်သေးရင် သူရဲကောင်းစင်စစ် ဖြစ်တဲ့ မင်းကပိုပြီး. . .”

“မင်းကြီး ကျွန်တော် သိတာ နှစ် ခုပဲရှိတယ်၊ နှင်းပန်းခိုင်ကို ချစ်တယ်၊ စောအဲဗညား ကို မုန်းတယ်”

“နှင်းပန်းခိုင်ရယ်၊ ပြီးတော့ ရန်သူကို သုတ်သင်ဖို့ရယ်၊ ဒါပေမဲ့ကျွန်တော် နားလည် တယ် မင်းကြီး၊ အရင်ကဆို ကျွန်တော့်  ညာလက်ထဲမှာ ဓား၊ အဲမောင်း၊ လှံ၊ ဘယ် လက်မှာ နှင်း၊ အခုတော့ ကျွန်တော့် ဘယ်လက်မှာ နှင်းမရှိတော့ဘူး၊ လစ်ဟာနေတဲ့ ဘယ် လက်ထဲ ကို နောက်ထပ် ဓား၊ အဲမောင်း၊ လှံတံပဲ စွဲကိုင်တော့တယ်၊ အဲမောင်း နှစ် ချောင်းကို ဘယ်ညာကိုင်ရင်းနဲ့ကျွန်တော့်ရင်ဘတ်ထဲမှာ နှင်းကိုတသသ ဖြစ်နေဦးမယ်”

မင်းကန်စီသည် ပါးပြင်အမာရွတ်နှင့် နှုတ်ခမ်းမွေးစစတို့ကြောင့် ရင့်ရော်ဟန်ရှိနေသော်လည်း ကလေးငယ်၏ မျက်လုံးများ ဖြင့် နုပျိုမှု ကို အထင်အရှားဆောင်လျက်ရှိသေးသည့် မတ်သံလုံ၏ မျက်နှာကို ကြင်နာစွာ ငေးကြည့်မိနေလေသည်။

“ငါ့ညီ . . .ဟံသာဝတီနေပြည်တော် ၊ ရာမညနိုင်ငံတော် ၊ သူ့ရှင်ရာဇဓိရာဇ်ဒါတွေ မင်းရင်ထဲမှာ ရှိတယ် မဟုတ်လား၊ ပြီးတော့ မင်းနဲ့အတူ တိုက်ပွဲပေါင်းများ စွာ တိုက်ခိုက်ခဲ့တဲ့ အိုးစားရဲမက်သွေးသောက်တွေ . . .”

“ကျွန်တော် ဘာမှမသိဘူး၊ မင်းကြီးပြောတာတွေ ကျွန်တော့် ရင်ထဲမှာ လည်းရှိမယ်မထင်ပါဘူး၊ အဲဒါတွေ ကျွန်တော် နားမလည်ဘူး၊ ကျွန်တော် ဟာတပ်မှူးငယ်၊ မင်းကြီးတို့ပေးတဲ့ အမိန့်တော် အတိုင်း သက်ငင်ဆံကျွတ်အမှု ထမ်းမယ်၊ စစ်တိုက်မယ် ပြီးတော့ . . .”

မတ်သံလုံသည် လဂွန်းဗျည်းမြို့ရိုးထက်ရှိပြဿာဒ်တစ်ခု၏ ရွဲ့စောင်းနေသော အချွန်ဖျားတစ်ခုကို မျှော်ကြည့်လိုက်ပြီးမှ မင်းကန်စီဘက်သို့ ပြန်လှည့်သည်။ ထို့နောက် မျက်စိအစုံကို တင်းကျပ်စွာ မှိတ်လျက်. . .

“ကျွန်တော် နှင်းပန်းခိုင်ကိုချစ်တယ်၊ စောအဲဗညားကိုမုန်းတယ်”



ဝန်ဇင်းချစ်သူများ ချစ်ဦးညို ၏ “ နှင်းကေသရာချစ်တဲ့ သူရဲကောင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဟိမ၀န္တာ ခရီးသည်

အဓိဋ္ဌာနကုမာရ

ရတနာဂီရိ အကျဉ်းသား