
အခန်း (၁)
ကျွန်ုပ် မောင်သက်ပြင်းသည် ခုနှစ် တန်း အစိုးရစစ်ကို ဖြေဆိုပြီးနောက် ကျွန်ုပ်၏ ဇာတိချက် ကြွေ ဖြစ်သော သာယာကုန်းရွာကလေးသို့ ပြန်ခဲ့ရလေ၏ ။ ရွာသို့ရောက်ပြီး တစ်ပတ်အတွင်း၌ ပင် ကျွန်ုပ်၏ ဖခင်သည် ကျွန်ုပ်အား..
“ငါ့သားက ကိုရင်တောင် မစည်းရသေးဘူး၊ လူကောင်ကြီးက ထွားနေပြီ၊ အဲဒီ တော့ ရှင်ပြုတွေ ဘာတွေ ကြီးကြီးကျယ်ကျယ်လုပ်နေရင် ကြာနေဦးမယ်၊ ဆရာတော့် ကျောင်းမှာ သွားပြီး အမြန်ဆုံး သင်္ကန်းစည်းပေးတာ ကောင်းတယ်”
ဟု ဆိုကာ ကျွန်ုပ်အား သာယာကုန်းရွာ၏ ရွာဦးကျောင်း ဖြစ်သော ဆရာတော် ဦးပညာဒီပ၏ ကျောင်း၌ ကိုရင်ဝတ်ခဲ့လေ၏ ။ ဆရာတော် ကြီးသည် ကျွန်ုပ်အား…
“သက်ပြင်းက လောကဓာတ် ကျောင်းနေတာဆိုတော့ ပိဋကတ်စာပေသင်ဖို့ မလိုဘူး၊ ကိုရင် ဝတ်တာကလည်း ရက်ပိုင်းလောက်ဝတ်ရမှာ ဆိုတော့ သင်မနေနဲ့ တော့၊ ပုတီးပဲ ကောင်းကောင်းစိပ်”
ဟု ဆိုသဖြင့် ကျွန်ုပ်သည် အခြားသော ကိုရင်များ ကဲ့သို့ စာတက် စာအံမပြုရဘဲ သက်သာခွင့်ရ လေတော့၏ ။ ကျွန်ုပ် ကိုရင်ဝတ်ပြီး တစ်ပတ်ခန့်ကြာသော အခါ၌ ကျွန်ုပ်တို့၏ စိတ္တသု ခကျောင်းသို့ အသက်သုံးဆယ်ကျော်ကျော်အရွယ်ခန့်ရှိသော လူကြီး တစ်ယောက် ရောက်လာ၏ ။ ထိုလူကြီး၏ အမည် မှာ ဦးရွှေရိုးဟူ၍ ဖြစ်၏ ။ ၄င်း ဦးရွှေရိုးသည် ကျွန်ုပ်တို့၏ ဆရာတော် ကြီးနှင့် လွန် စွာ ရင်းနှီး၏ ။ ဆရာတော် ကြီးသည် ၄င်း ဦးရွှေရိုးအား တွေ့ လျှင် တွေ့ ချင်း…
“ဒကာ ရွှေရိုးတို့များ မကြာခင် ပြန်လာခဲ့မယ်ဆိုပြီး ပြောသွားတာ တစ်မိုးကုန်မှပဲ ရောက်တော့တာပဲ”
ဟု မိန့်တော် မူလိုက်ရာ ဦးရွှေရိုးက
“တပည့်တော် တို့မှာ က လူရေး လူမှု များ တယ် ဘုရား၊ ကိစ္စများ မြောင် လူတို့ဘောင် ဆိုတဲ့ အတိုင်းပဲ ကိစ္စတွေ က အများ ကြီးပဲ ဘုရား၊ ဒါကြောင့် မရောက် ဖြစ်တာပါ။ အခုလို ကတိပျက်ကွက်တာ ကိုလည်း အရှင်ဘုရား ခွင့်လွှတ်ဖို့ တပည့်တော် တောင်းပန်ပါတယ် ဘုရား၊ ပြီးတော့ တပည့်တော် က ခုနစ်ဂဏန်းသမားဆိုတော့ အငြိမ်နေရတယ် မရှိပါဘူး ဘုရား၊ ခရီးက တယ်ပြီးများ တာကိုး”
ဟု လျှောက်ထားလျှင် ဆရာတော် ကြီးက
“ဟဲ့ဒကာရွှေရိုးရဲ့ ခုနစ်ဂဏန်းသမားဆိုတာ ဘာကိုပြောတာတုံး”
ဟု ပြန်၍ မေးတော် မူလေ၏ ။
“ဒီလိုပါ ဘုရား၊ မြန်မာလို မွေးသက္ကရာဇ်ကို အင်္ဂလိပ် မွေးသက္ကရာဇ်နဲ့ တိုက်ဆိုင်ပြီးကြည့်တဲ့ အခါမှာ ခုကလည်း အင်္ဂလိပ် ခု၊လ ကလည်း အင်္ဂလိပ် လ၊ရက် ကလည်း အင်္ဂလိပ်ရက် ဖြစ်သွားတာ ပေါ့ ဘုရား၊ တပည့်တော် ရဲ့ အင်္ဂလိပ် မွေးသက္ကရာဇ်ဟာ ၁၉၁၈ ခု၊ မတ်လ (ရ) ရက်ပါ ဘုရား အဲဒါ ကြောင့် ရက်ကို အကြောင်းပြုပြီး ခုနစ်ဂဏန်းသမားလို့ ခေါ်ပါတယ် ဘုရား”
ဟု ဦးရွှေရိုးက လျှောက်ထားလိုက်လျှင် ဆရာတော် ကြီးက
“အင်္ဂလိပ် (၇)ရက်နေ့ မွေးတယ်ပေါ့ကွယ်၊ အဲဒီ လို မွေးတာနဲ့ ပဲ ခရီးများ ရရောသတဲ့လား ဒကာရွှေရိုးရဲ့ ”
ဟု မေးတော် မူပြန်လေ၏ ။ ထိုအခါ ဦးရွှေရိုးက
“အင်္ဂလိပ် မွေးရက်မှာ က (၇) ရက်မှာ မွေးတဲ့လူ ၊ (၁၆) ရက်မှာ မွေးတဲ့သူ၊ (၂၅) ရက်မှာ မွေး တဲ့သူ သူတို့အားလုံးဟာ (၇) ဂဏန်းသမားတွေ ချည်းပါပဲ၊ အဲဒီ လူတွေ ဟာ အိမ် သိပ်မကပ်ဘူး ဘုရား၊ သိပ်ပြီး လမ်းများ တဲ့လူတွေ ဖြစ်တယ်”
ဟု ပြောလိုက်ရာ ဆရာတော် ကြီးက
“ကိုင်း..ငါက ဘာဂဏန်းသမားလဲ”
ဟု မေးတော် မူပြန်ရာ ဦးရွှေရိုးသည် သူ့လွယ်အိတ်အတွင်းပါသော နှစ် တစ်ရာ ပြက္ခဒိန်စာအုပ် ကို ထုတ်၍ ဆရာတော် ကြီး မြန်မာသက္ကရာဇ်ကို မေးမြန်းပြီးလျှင် တိုက်ဆိုင် ရှာဖွေလေ၏ ။ ထိုသို့ ရှာ ဖွေပြီးနောက်..
“အရှင်ဘုရားဟာ မြန်မာသက္ကရာဇ် ၁၂၅၆ ခု ၊ နယုန်လပြည့်ကျော် (၄) ရက်၊ ကြာသပတေး နေ့မှာ ဖွားမြင်တော် မူပါတယ်၊ ဒါမှမဟုတ်ရင် အင်္ဂလိပ်သက္ကရာဇ်ဟာ ၁၈၉၄ ခုနှစ် ၊ ဇွန်လ(၂၁)ရက် ဖြစ်ပါတယ် ဘုရား၊ အဲဒါကြောင့် အရှင်ဘုရားရဲ့ မွေးရက်ကို အကြောင်းပြုပြီး အရှင်ဘုရားကို (၃) ဂဏန်းသမားလို့ ခေါ်ပါတယ် ဘုရား”
ဟု လျှောက်ထားလိုက်လျှင် ဆရာတော် ကြီးက
“အိမ်း ဟုတ်ပြီ၊ အဲဒီ လို (၃) ဂဏန်းသမား ဖြစ်တော့ ဘာ ဖြစ်သတဲ့တုံး”
ဟု မေးလိုက်ရာ ဦးရွှေရိုးက
“ဒီလိုပါတယ် ဘုရား၊ (၃) ဂဏန်းတွေ ဟာ ရည်ရွယ်ချက် ကြီးမားပြီး ခိုင်ခံ့တတ်ပါတယ်၊ လူ အများ အပေါ် သြဇာလွှမ်းမိုးနိုင်အောင် ကြိုးစားထားသူများ ဖြစ်တတ်ပါတယ်၊ မိမိကိုယ်တိုင် ငယ်သား ဖြစ်တဲ့အခါမှာ လူကြီးရဲ့ စကားကို အတိအကျ နားထောင်ပြီး မိမိကိုယ်တိုင် လူကြီး ဖြစ်တဲ့အခါမှာ လည်း မိမိရဲ့ စကားကို အတိအကျ လိုက်နာနိုင်မှ ကြိုက်တတ်ပါတယ်၊ ဘယ်ကိစ္စမဆို တိတိကျကျ လုပ်တတ် တဲ့အတွက် မလိုအပ်တဲ့ ရန်သူတွေ ပေါများ တတ်ပါတယ်”
ဟု လျှောက်ထားလိုက်လျှင်
“ဟ…ဒကာရွှေရိုးရ၊ နင့်ဟာက တယ်မှန်ပါလား၊ ငါ့မှာ နေရင်းထိုင်ရင်း ရွာထိပ်က စေတီပြင် တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ရန်သူတွေ က များ နေပြီကွ၊ ဘာပဲ ဖြစ် ဖြစ်လေ ငါကလည်း ဘုရားစကားကလွဲပြီး ဘယ်သူ့စကားမှ နားမထောင်နိုင်ဘူးဟေ့”
“မှန်ပါတယ် ဘုရား၊ (၃) ဂဏန်းသမားတွေ ဟာ မာနကြီးတတ်ကြပါတယ်၊ ဒါပေမယ့် နောက် ဆုံးမှာ တော့ သူတို့ဟာ အမှန်ဘက်က ရပ်တည်တဲ့အတွက် အောင်မြင်သွားတာချည်းပါပဲ၊ ပြီးတော့ ဒီ နှစ် ဟာ ခရစ်နှစ် ၁၉၄၄ ခုနှစ် ဖြစ်ပါတယ်ဘုရား”
ဟု လျှောက်ထားလိုက်သော် ဆရာတော် ကြီးက..
“၁၉၄၄ ခုနှစ် ဖြစ်တော့ ဘာ ဖြစ်တာတုံး ဒကာရွှေရိုးရ”
ဟု ပြန်၍ မေးတော် မူလေ၏ ။ ထိုအခါ ဦးရွှေရိုးက
“၁၉၄၄ ဆိုတဲ့ ဂဏန်းလေးလုံးကို ပေါင်းလိုက်ရင် (၉) ဂဏန်း ရပါတယ် ဘုရား”
ဟု လျှောက်ထားလိုက်လျှင် ဆရာတော် ကြီးက
“၁၈ ပဲ ရပါတယ်ကွာ”
ဟု မိန့်တော် မူပြန်၏ ။
“မှန်ပါတယ် ဘုရား၊ အဲဒီ ၁၈ ကို ဒီအတိုင်းမထားဘဲ ၁ နဲ့ ၈ နဲ့ ပြန်ပေါင်းရင် (၉) ပဲ ရပါတယ် ဘုရား၊ အဲဒါကြောင့် ဒီနှစ် ကို (၉) ဂဏန်းနှစ် လို့ ခေါ်ပါတယ်”
ဟု လျှောက်ထားပြန်လေ၏ ။ ဆရာတော် ကြီးသည် ဦးရွှေရိုး၏ မျက်နှာကို သေချာစွာ ကြည့်ပြီး နောက်
“(၉) ဂဏန်းနှစ် ဖြစ်တော့ ဘာ ဖြစ်သတဲ့တုံး ဒကာရွှေရိုးရဲ့ ”
ဟု မေးတော် မူပြန်ရာ ဦးရွှေရိုးက
“(၃) ဂဏန်းသမားတွေ ဟာ (၉) ဂဏန်းနှစ် မှာ ကောင်းကျိုးပေးပါတယ်၊ ဒါပေမယ့် ၉ နဲ့ ၃ နဲ့ ပေါင်းရင် ၁၂ ဖြစ်တယ် မဟုတ်လား ဘုရား၊ အဲဒါကြောင့် ဘာတွေ ပဲလုပ်လုပ် အလွဲလွဲ အချော်ချော် ဇောက်ထိုးမိုးမျှော်တွေ ဖြစ်တတ်ပါတယ်၊ ဥပမာ ဒီနေရာမှာ ကိုယ်က လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ ကိစ္စ၊ ဒီနေရာမှာ မ ဖြစ်တဲ့ အခြားနေရာမှာ သွား ဖြစ်တတ်ပါတယ်၊ ကိုယ်က လုပ်ချင်တာတစ်မျိုး၊ တကယ် ဖြစ်တော့တစ်မျိုး ဆိုသလို ဖြစ်တတ်ပါတယ် ဘုရား”
ဟု လျှောက်ထားလိုက်ရာ ဆရာတော် ကြီး၏ မျက်နှာသည် ဝင်းပ၍ သွားလေ၏ ။ ထို့နောက် ဆရာတော် ကြီးက
“ဟဲ့…ဒကာ ရွှေရိုးရဲ့ ၊ နင့် အင်္ဂလိပ် ဂဏန်းဗေဒင်ဆိုတာကလည်း မှန်လှချည်လား၊ ငါက ဒီနှစ် ဒီမှာ ကထိန်ခင်းမယ်လို့ စီစဉ်ထားတာ၊ ကော့မှူးဘက် ဒါယိကာတွေ က ကျောင်းလည်း အပ်တယ်၊ သူတို့အပ်တဲ့ ကျောင်းမှာ လည်း ကထိန်ခင်းပေးရမယ်ဆိုပြီး ပူဆာကြလို့ ဟိုမှာ သွားလုပ်ရမယ်ဟဲ့၊ တယ်လည်း မှန်တာပဲကိုး၊ ကဲ… ဆွမ်းစားကျောင်းက ဦးပဉ္စင်း ဥတ္တမ ဒါလောက်မှာ တဲ့ ဗေဒင်ဆရာကို ထန်းလျက်ဖြူဆုပ်ကလေး ရေနွေးကြမ်းကလေး ချီးမြှင့်ပါဦးကွယ်”
ဟု ပြောလိုက်သဖြင့် အနီးတွင် ပါးစပ်အဟောင်းသားဖြင့် ငေးနေသော ဆွမ်းစားကျောင်း ဦးပဉ္စင်းလည်း
“ဟဲ့ ကိုရင်တို့၊ ကပ္ပိယတို့၊ ရေနွေးကြမ်း ထည့်စမ်း၊ ကျက်သရေခင်းထဲက ဖန်ပုလင်းထဲမှာ ထန်းလျက်ဖြူဆုပ်တွေ ရှိတယ်၊ ပန်းကန်ပြားနဲ့ ထည့်လာ၊ လက်သုတ်ပဝါလည်း ပါလာပစေ”
ဟု အမိန့်ပေးလိုက် ရာ ကပ္ပိယ ဦးလာဘနှင့် ကျွန်ုပ်တို့ ကိုရင်သုံးဦးသည် ပျာယာခတ်သွားရ လေတော့၏ ။ ဆရာတော် ကြီးသည် ဦးရွှေရိုး၏ ဗေဒင်ကို လွန်စွာ သဘောကျ၏ ။ ဆွမ်းစားကျောင်း ဦးပ ဉ္စင်းကမူ….
“အင်္ဂလိပ်တွေ ဟာ မိစ္ဆာဒိဌိတွေ သာ ဆိုရတယ်၊ ဒင်းတို့ ဗေဒင် ကတော့ မဆိုးပါဘူး၊ အတော့်  ကို မှန်တာပဲ”
ဟု ပြောလိုက်ရာ ဆရာတော် က
“ဒီလိုရှိတယ်၊ မိစ္ဆာဒိဌိဆိုတာ ဘုရား တရား သံဃာနဲ့ ပတ်သက်တဲ့ အယူမှာ သာ မိစ္ဆာဒိဌိ ဖြစ် တာကိုးကွယ်၊ ကျန်တဲ့ လောကီအတတ်တွေ မှာ စွမ်းကြပေမပေါ့၊ ကောင်းကင်မှာ ပျံတဲ့ လေယာဉ်ပျံ ကြီးတွေ ဘယ်သူ လုပ်တာလဲ၊ အဲဒီ မိစ္ဆာဒိဌိတွေ လုပ်ကြတာပဲ မဟုတ်လား၊ မီးရထားကြီးတွေ ဘယ် သူလုပ်သလဲ၊ မိစ္ဆာဒိဌိတွေ လုပ်ကြတာပဲ မဟုတ်လား၊ မီးသင်္ဘောကြီးတွေ ရောကွယ့်၊ အဲဒီ မိစ္ဆာဒိဌိ လုပ်တာပဲ မဟုတ်လား”
ဟု မိန့်တော် မူလေ၏ ။ ကျွန်ုပ်သည် ဆရာတော် ကြီး၏ စကားကို လွန်စွာ သဘောကျသွား၏ ။ အတော့် ကို ကောင်းတဲ့စကားပဲဟုလည်း ကျွန်ုပ်၏ စိတ်၌ ထင်မှတ်မိ၏ ။ ဆရာတော် ကြီးက ကောင်းတာတွေ့ လျှင် “သာဓု” ခေါ်ရမည် ဟု မှာ ထား၏ ။ သို့ရာတွင် ဆရာတော် ကြီးကို ကိုရင်က သာဓုခေါ်ကောင်း မခေါ်ကောင်း မဆုံးဖြတ်တတ်သဖြင့် ငြိမ်သက်၍ သာနေရလေ၏ ။
ဦးရွှေရိုးသည် ကျောင်းတွင် ရှိသော ဦးပဉ္စင်းများ အား တစ်နေကုန်တွက်၍ ပေးနေလေ၏ ။ ဆွမ်း စားကျောင်း ဘုန်းကြီးသည် (၄) ဂဏန်း ဖြစ်သည်ဟု ဆို၏ ။ တိုက်အုပ်ကိုယ်တော် မှာ (၆) ဂဏန်းသ မား ဖြစ်သည်ဟု ဆို၏ ။ ကိုရင်ကြီးပဏ္ဍိတမှာ (၅)ဂဏန်းသမား ဖြစ်သည်ဟု ဆို၏ ။ ကျွန်ုပ်တို့၏ စိတ္တသုခကျောင်းတိုက်မှာ (၃) ဂဏန်းရသည်ဟု ဆို၏ ။ ကျွန်ုပ်တို့၏ သာယာကုန်းရွာမှာ (၄) ဂဏန်း ရသည်ဟု ဆို၏ ။ ၄င်း ဦးရွှေရိုးသည် ညပိုင်းသို့ ရောက်သော အခါ ဆွမ်းစားကျောင်း၌ အိပ်ရ၏ ။ ကျွန်ုပ် မှာ လည်း ဆွမ်းစားကျောင်းတွင် အိပ်ရသူ ဖြစ်၏ ။ ထို့ကြောင့် ကျွန်ုပ်သည် ဦးရွှေရိုးနှင့် အေးအေးဆေးဆေး စကားပြောခွင့်ရလေတော့၏ ။ ထို့ကြောင့် ကျွန်ုပ်က
“ဒီမှာ ဒါယိကာကြီး၊ ကိုရင်က ဘာဂဏန်းရသလဲ”
ဟု မေးရာ ဦးရွှေရိုးက
“မွေးသက္ကရာဇ်ပြောလေ၊ ဒီမှာ နှစ် တစ်ရာပြက္ခဒိန် ရှိတယ်၊ အင်္ဂလိပ်ခုနှစ် သက္ကရာဇ်ကို ရှာကြည့်မယ်၊ ပြီးရင် ဘာဂဏန်းလဲ ပြောမယ်”
ဟု ပြန်၍ ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ်က
“ဒီလို ဒါယိကာကြီးရဲ့ ၊ ကိုရင်ရဲ့ မွေးသက္ကရာဇ်က ၁၂၉၃ ခု၊ ဒုတိယ ဝါဆိုလပြည့်ကျော် (၁၀) ရက်”
ဟု ပြောလိုက်လျှင် ဦးရွှေရိုးသည် သူ၏ လွယ်အိတ်အတွင်းမှ နှစ် တစ်ရာပြက္ခဒိန်ကိုထုတ်၍ ကျွန်ုပ်၏ မွေးနေ့သက္ကရာဇ်ကို ရှာလေ၏ ။ ထိုသို့ ရှာပြီးနောက်
“ကိုရင် သေသေချာချာ မှတ်ထားနော်၊ ကိုရင့်ရဲ့ အင်္ဂလိပ် သက္ကရာဇ်ဟာ ၁၉၃၁ ခု၊ သြဂုတ်လ ၈ ရက် စနေနေ့ ဖြစ်တယ်၊ ဒါကြောင့် ကိုရင့် ကို (၈) ဂဏန်းသမားလို့ ခေါ်တယ်”
ဟု ပြောလေ၏ ။ ထိုအခါ ကျွန်ုပ်က
“(၈)ဂဏန်းသမား ဖြစ်တော့ ဘာ ဖြစ်သတဲ့တုံး ဒါယိကာကြီး ဦးရွှေရိုးရဲ့ ”
ဟု မေးရာ ဦးရွှေရိုးက
“ကိုရင့်ဘွဲ့က ဘယ်လိုခေါ်သတုံး”
ဟု ပြန်၍ မေးလေ၏ ။
“နန္ဒိယလို့ ခေါ်တယ်၊ ဒါပေမယ့် ဒီကျောင်းမှာ က ကျုပ်ကို ဘယ်သူမှ နန္ဒိယလို့ မခေါ်ပါဘူး၊ လူနာမည် က သက်ပြင်းဆိုတော့ ကိုရင်သက်ပြင်းလို့ ခေါ်ကြပါတယ်၊ ကျုပ် ကိုရင်ဝတ်တာကလည်း တစ်ပတ်ပဲ ရှိပါသေးတယ်၊ ကျောင်းဖွင့်ရင် ပြန်ပြီးထွက်မှာ ပါ”
ဟု ကျွန်ုပ်က ပြောလိုက်ရာ ဦးရွှေရိုးက
“သြော်..ကိုရင်က မြို့ကျောင်းမှာ နေသလား၊ ဘယ်နှစ် တန်းရောက်ပြီလဲ”
ဟု မေးလေ၏ ။
“ကျုပ် ခုနစ်တန်း ဖြေထားခဲ့တယ်”
ဟု ကျွန်ုပ်က ပြန်၍ ဖြေလျှင်
“ဒီနှစ် ဟာ ၁၉၄၄ ခုနှစ် ဖြစ်တယ် ကိုရင်သက်ပြင်းရေ၊ ၁၉၄၄ ခုနှစ် ဆိုတော့ အားလုံးပေါင်းရင် (၉) ဂဏန်း ရတယ်၊ (၈) ဂဏန်းသမားတွေ ဟာ (၉) ဂဏန်းနှစ် မှာ ဒုက္ခတွေ့ ရတတ်တယ်၊ ဘာ ဖြစ်လို့ လဲဆိုတော့ (၈) နဲ့ (၉) နဲ့ ပေါင်းရင်း (၈) ပဲ ပြန်ရတယ်၊ (၈) ဂဏန်းဟာ အခု ကျုပ်ပြောတဲ့ အင်္ဂလိပ် ဂဏန်းဗေဒင်မှာ အကောင်းယူဆလို့ မရဘူး၊ သူ့ရဲ့ နိမိတ်ပုံဟာ ကေသရာဇာ ခြင်္သေ့မင်းရဲ့ ပါးစပ်ကို မိန်းမ တစ်ယောက် က ဖမ်းဆီးချုပ်နှောင်ထားတဲ့ပုံ ဖြစ်တယ်၊ ခြင်္သေ့ကြီးဟာ လုံးဝမလှုပ်နိုင်တော့တဲ့ သဘောကို ဖော်ပြနေတယ်”
ဟု ပြောပြီးလျှင် ဦးရွှေရိုးသည် အနီးတွင် ချထားသော ဂေါ်ရင်ဂျီ ဆေးပြင်းလိပ်တစ်လိပ်ကို မီးညှိ ဖွာနေလေတော့၏ ။ ထို့ကြောင့် ကျွန်ုပ်က
“ဒါယိကာ ရွှေရိုးရယ်၊ ဒီနှစ် မှာ ကျုပ်က ဘာလို ဖြစ်မှာ တုံး၊ ဘယ်လိုဒုက္ခမျိုး တွေ့ ရမှာ တုံး”
ဟု အလောတကြီးမေးလိုက်လေ၏ ။ ထိုအခါ ဦးရွှေရိုးက
“ဒီမှာ ကိုရင်သက်ပြင်း၊ သေသေချာချာ နားထောင်၊ ဒီနှစ် မှာ ကိုရင်တို့ မိသားစုထဲကို ဒုက္ခ တစ်ခု ရောက်လာလိမ့်မယ်၊ ကိုရင့်ဘဝဟာ တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲတွေ နဲ့ ကြုံရလိမ့်မယ်၊ ကိုရင်သက်ပြင်းရဲ့ မျှော်လင့်ချက်တွေ ဒီနှစ် မှာ ပျက်စီးသွားလိမ့်မယ်”
ဟု ပြောလိုက်လေ၏ ။ ထိုအခါ ကျွန်ုပ်က
“ဒါယိကာ ဦးရွှေရိုးရယ်၊ ခင်ဗျားဟာက ကြောက်စရာကြီးပါလား”
ဟု ပြန်၍ ပြောလိုက်လေ၏ ။ ထို့နောက် ကျွန်ုပ်လည်း ဆက်၍ မမေးတော့ဘဲ အိပ်ရာသို့ ဝင် လေ၏ ။ ဦးရွှေရိုးကြီးကမူ စာအုပ်တစ်အုပ်နှင့် မည် သူတွေ ၏ အကြောင်းကို တွက်ချက်နေသည်မသိ၊ တွက်ချက်နေလေတော့၏ ။ ကျွန်ုပ်သည် အိပ်မောကျသွားပြီ ဖြစ်၏ ။ ကျွန်ုပ်၏ နား၌
“ကိုရင်သက်ပြင်း..ကိုရင်သက်ပြင်း”
ဟု ခေါ်သံကို ကြားနေရ၏ ။ သို့သော် ကျွန်ုပ်သည် အိပ်ရာမှ မထ ဖြစ်ပါ။ တစ်စုံ တစ်ယောက် က ကျွန်ုပ်၏ တင်ပါးအား ဖုန်းခနဲ ကန်လိုက်မှပင် ကျွန်ုပ်သည် လန့်၍ ထထိုင်၏ ထို့နောက် ကျွန်ုပ်လည်း ကြောင်တိကြောင်ကန်းနှင့် ကြည့်လိုက်ရာ ကျွန်ုပ်အား ကန်သူမှာ ဆွမ်းစားကျောင်းဘုန်းကြီး ဖြစ်မှန်း သိရ၏ ။
“သက်ပြင်းတို့များ အိပ်လိုက်တာ ကုလားသေ၊ကုလားမော၊ နိုးလို့ကို မရဘူး၊ ခြေထောက်နဲ့ ကန်မှပဲ နိုးတော့တယ်၊ ထ..ထ.. ဟိုမှာ နင့်အမေ နင့်ကို လာခေါ်နေပြီ၊ နင့်အဖေ ပိုးထိုလို့တဲ့၊ လိုက် သွား လိုက်သွား”
ဟု ပြောသဖြင့် ကျွန်ုပ်လည်း ကပျာကသီ ထရလေ၏ ။ ဦးရွှေရိုးမှာ ကျွန်ုပ်အား ကရုဏာသက် သော မျက်လုံးများ ဖြင့် ကြည့်နေလေ၏ ။ ထို့နောက်…
“ကိုရင်သက်ပြင်း ဒီမှာ ကြည့်စမ်း”
ဟု ဆိုကာ တိုင်တွင် ချိတ်ထားသော ပြက္ခဒိန်ကို ပြလေ၏ ။ ထို့ကြောင့် ကျွန်ုပ်သည် ထိုနေ့ ပြက္ခဒိန်ကို ကြည့်လိုက်ရာ ၁၉၄၄ ခုနှစ် ၊ ဇူလိုင်လ (၈) ရက် စနေနေ ဖြစ်ကြောင်း တွေ့ မြင်ရလေ၏ ။ ထိုအခါ ဦးရွှေရိုးက
“ကိုရင်သက်ပြင်း အင်္ဂလိပ် (၈) ရက်နေ့ ညနော်၊ (၈)ဂဏန်းဟာ ဒုက္ခပေးပြီ”
ဟု ညည်းညူလိုက်လေ၏ ။ ကျွန်ုပ်သည် အမေနှင့် လိုက်သွား၏ ။ အိမ်သို့ ရောက်လျှင် မြွေဆရာတစ်ဦးသည် မန်းမှု တ်၍ အဖေ့အား မြွေဆိပ်ချနေသည်ကို တွေ့ ရ၏ ။ သို့သော် အဖေသည် လုံးဝ သတိမရတော့ပေ။ ဆယ်အိမ်ခေါင်း ဦးညိုက အဖေ့ကို လှည်းပေါ်တင်၍ မြို့ဆေးရုံသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်နေလေ၏ ။ ထိုအချိန်၌ ကျွန်ုပ်တို့ရွာမှ ဗိန္ဓောဆရာကြီး ဆရာဉာဏ် ရောက်လာပြီးလျှင်
“ဟဲ့..မောင်ညို၊ ဆေးရုံပို့မနေနဲ့ တော့၊ ဒီမှ ငမြကြီး အသက်မရှိတော့ဘူးကွ”
ဟု ပြောလိုက်သည့်အချိန်၌ အမေသည် “အမလေး” ဟု အော်ကာ ချုံးပွဲချ၍ ငိုလေတော့၏ ။ ကျွန်ုပ်သည် အံကို တင်းထား၏ ။ သို့ရာတွင် ကျွန်ုပ်၏ ပါးပေါ်သို့ မျက်ရည်များ စီးကျနေပြီ ဖြစ်၏ ။
ထို့နောက်တွင် ကား ကျွန်ုပ်အဖေ၏ အသုဘကို တောဓလေ့ထုံးစံအတိုင်း စီမံဆောင်ရွက်ကြရ လေ၏ ။ ရက်လည်သော အခါ၌ အမေသည် ကျွန်ုပ်အား ခေါ်ယူ၍ …
“ဒီမှာ ကိုရင် ဒါယိကာမကြီးပြောတ သေသေချာချာ နားထောင်နော်၊ ကိုရင့်အဖေ ဒါယိကာကြီး မရှိရင် ဒါယိကာမကြီး ဒီရွာမှာ တစ်ယောက် တည်းနေလို့ မ ဖြစ်ဘူး၊ ဟောဒီ အိမ်ဝိုင်းလေးရော၊ လယ် ကလေးတွေ ရော၊ နွားတွေ ၊ လှည်းတွေ ရောရောင်းပြီး စစ်ကိုင်းက ကိုရင့် ကြီးတော် ဆီကို လိုက်သွား ပြီး သီလရှင် ဝတ်တော့မယ်၊ ကိုရင်လည်း ဆရာတော့် ကျောင်းမှာ ကိုရင်အ ဖြစ်နဲ့ နေခဲ့တော့၊ ဒါယိကာမ ကြီးလည်း ကိုရင့်ကို မြို့မှာ ကျောင်းဆက်ပြီး မထားနိုင်တော့ဘူး၊ ကိုရင့်အဖေ ဒါယိကာကြီး ရှိတုန်းက တော့ သူက လုပ်နိုင်ကိုင်နိုင်တယ်၊ သူက လယ်လည်း လုပ်တယ်၊ စပါးပွဲစား၊ နွားပွဲစားလည်း လုပ်တယ်ဆိုတော့ ကိုရင့်ကို ကျောင်းထားနိုင်တယ်၊ သူ မရှိတော့ဘူးဆိုတော့ ကိုရင့်ကို ကျောင်းဆက် ထားဖို့ မလွယ်တော့ဘူး၊ ဆရာတော့် ဆီမှာ ပဲ လောကုတ္တရာစာပေ သင်ကြားပြီး နေရစ်ခဲ့ပေတော့”
ဟု မျက်ရည်စက်လက်ဖြင့် ပြောရှာလေ၏ ။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိခင်၏ အခက်အခဲကို ကောင်းစွာ နားလည်ပါ၏ ။ ထို့ကြောင့် ..
“ဒါယိကာမကြီး စိတ်ချ လက်ချ သွားပါ၊ သီလရှင်ဝတ်တယ်ဆိုတော့လည်း ကောင်းပါတယ်၊ ကိုရင့်အတွက် ဘာမှမပူနဲ့ ၊ အခု ကိုရင်ဖြေထားတာ ခုနစ်တန်းဖြေထားတာ၊ အောင်ရင် မြေတိုင်းစာ ရေး တော့ ရပါတယ်၊ ပြီးတော့ ပုလိပ်ဘက်မှာ ဆိုရင် ဆပ်ကျောင်းတောင် တက်လို့ရသေးတယ်၊ ဆပ် ကျောင်းတတ်ရင် ရာဇဝတ်အုပ်တို့ ဘာတို့ ဖြစ်နိုင်တာပေါ့၊ ဒါယိကာမကြီးရယ်၊ အဲဒီ တော့ ကိုရင် ကောင်း စားတဲ့ တစ်နေ့ ဒါယိကာမကြီးကို လာခေါ်မယ်၊ အဲဒီ အခါကျရင် သီလရှင်က ထွက်ချင်လည်း ထွက်ပေါ့”
ဟု ကျွန်ုပ်က ပြောလျှင် ကျွန်ုပ်၏ မိခင်ကြီးသည် ကျွန်ုပ်ကို ဖက်၍ ကြူကြူပါအောင် ငိုလေတော့၏ ။ ကျွန်ုပ်၏ မိခင်ကြီးသည် သူပြောသည့်အစီအစဉ်အတိုင်းပင် အိမ်ဝိုင်းကလေးကို ရောင်း ပစ်လိုက်၏ ။ လယ်ကွက်ကလေးနှင့် လှည်းများ ၊ နွားများ ကိုလည်း ရောင်းပစ်လိုက်၏ ။ ပြီးလျှင် ကျွန်ုပ် အား ဆရာတော် ထံတွင် ထပ်မံအပ်နှံကာ စစ်ကိုင်းချောင်သို့ ထွက်ခွာသွားလေတော့သတည်း။
အခန်း (၂)
ကျွန်ုပ်သည် စိတ္တသုခကျောင်းတိုင်၌ ပင် ကိုရင်ဆက်၍ ဝတ်နေရာ၏ ။ ဦးရွှေရိုးမှာ လည်း ကျောင်း၌ ပင် တည်းခိုနေရသေးသည် ဖြစ်ရာ ညအချိန်များ ၌ ကျွန်ုပ်နှင့် စကားပြောခွင့်ရလေ၏ ။ တစ်နေ့တွင် ဦးရွှေရိုးက
“ကိုရင်သက်ပြင်း၊ ခုနစ်တန်းဖြေထားတာ အောင်တယ်ဆိုရင် ဘာလုပ်မလဲ”
ဟု ကျွန်ုပ်အား မေးလေ၏ ။ ထိုအခါ ကျွန်ုပ်က
“ဒါယိကာကြီး ဦးရွှေရိုးရယ်၊ ကျုပ်က အဲဒါကို ကောင်းကောင်း စိတ်မဝင်စားပါဘူး၊ ကျုပ်က မြွေအလပ္ပာယ် သင်မယ်၊ ပြီးတော့ ကျုပ်အဖေကို သတ်ပစ်တဲ့ မြွေတွေ ကို နှိပ်စက်မယ်”
ဟု ပြောလိုက်ရာ ဦးရွှေရိုးက
“အိုး..အိုး..ကိုရင်သက်ပြင်းမှာ ဒီစိတ်ဓာတ်မျိုးရှိတာကိုး၊ ဒါဟာ လက်စားချေတဲ့စိတ်၊ အင်္ဂလိပ် လို ရီဗန့်(ဂ်ျ) လို့ခေါ်တယ်၊ ဒါပေမယ့် လောကမှာ အဲဒီ လို မခံချင်စိတ် ကြီးမားတဲ့ လူတွေ မှလည်း ထွန်းထွန်းပေါက်ပေါက် ဖြစ်တတ်တယ်၊ ဘာပဲ ဖြစ် ဖြစ်လေ မြွေတွေ ကိုတော့ လက်စားမချေပါနဲ့ တော့၊ ကိုရင့်အဖေကို ကိုက်တဲ့ မြွေဟောက်လည်း ကိုရင့်အဖေ ရိုက်သတ်လို့ သေသွားပြီပဲ၊ မဆိုင်တဲ့မြွေ တွေ ကို ဒုက္ခမပေးပါနဲ့ တော့”
ဟု ပြောလေ၏ ။
“နေစမ်းပါဦး ဒါယိကာကြီး ဦးရွှေရိုးရယ်၊ လောကကြီးမှာ ဘာကြောင့် မြွေတွေ ရှိနေတာတုံး၊ အဆိပ်တွေ ပြင်းထန်နေရတာ တုံး၊ သူတို့မရှိရင် သိပ်ပြီးကောင်းမှာ ပဲ”
ဟု ကျွန်ုပ်က ပြောလိုက်ရာ ဦးရွှေရိုးက
“လောကကြီးမှာ ရှိတဲ့ လူတွေ အားလုံး မေတ္တာတရား ပြည့်ဝလာရင် မြွေတွေ မှာ အဆိပ်တွေ ရှိ တော့မှာ မဟုတ်ဘူး၊ မြွေတွေ မှာ အဆိပ်တွေ ရှိနေတယ်ဆိုတာ လောကကြီးမှာ ရှိတဲ့ လူတွေ မှာ မေတ္တာတရား မပြည့်ဝသေးလို့ပဲ၊ အဲဒီ တော့ မြွေဆိုတာ မေတ္တာတရားရဲ့ ဘဲလ်လင့်(စ်) ပဲ၊ ဘဲလ်လင့်(စ်)ဆိုတာ ချိန်သားညီအောင် လုပ်တာကို ပြောတာ”
ဟု ပြောလိုက်လေ၏ ။
ညအချိန်များ တွင် ဦးရွှေရိုးသည် တော် တော် နှင့် မအိပ်တတ်ပေ။ ညည့်နက်သည်အထိ စာရေး နေတတ်၏ ။ တွက်ချက်နေတတ်၏ ။ ထို့ကြောင့် ကျွန်ုပ်သည် ရေနွေးကြမ်းကို မပြတ်ကျိုပေးပြီး ဦးရွှေ ရိုးပြောပြသည့် အိပ်ရာဝင်ပုံပြင် သို့မဟုတ် ဂဏန်း ၉ လုံးအကြောင်းလျှင် လက်ဖက်ခြောက်နိုင်နိုင် ခတ်၍ ရေနွေးကရားများ တစ်လုံးပြီး တစ်လုံးချပေးလေ၏ ။ ဦးရွှေရိုးသည် ကျွန်ုပ်အား လွန်စွာ ကျေးဇူး တင်လေ၏ ။ ထို့ကြောင့်
“ကိုသက်ပြင်းကို ပြန်ပြီး ကျေးဇူးပြုရဦးမယ်”
ဟုပြောလေ၏ ။
“တခြားကျေးဇူးတွေ မပြုပါနဲ့ ဒါယိကာကြီးရယ်၊ ဖြစ်နိုင်ရင် ခင်ဗျားရဲ့ အင်္ဂလိပ်ဂဏန်းဗေဒင် လေးပဲ ကျုပ်ကို သက်ပြပေးခဲ့ပါဗျာ၊ ကျုပ်ရဲ့ ရှေ့ရေး ကလေးပဲ ကျုပ်ကို သင်ပြပေးခဲ့ပါဗျာ၊ ကျုပ်ရဲ့ ရှေ့ရေး ကလေးပဲ ကျုပ်ကိုသင်ပြပေးခဲ့ပါဗျာ၊ ကျုပ်ရဲ့ ရှေ့ရေး ကလေးကို ကျုပ်ဘာသာ ကျုပ်ကြိုပြီး တွက်ချက်ကြည့်ရတာ ပေါ့”
ဟု ကျွန်ုပ်က ပြောလိုက်ရာ ဦးရွှေးရိုးက
“ရပါတယ် ကိုရင်သက်ပြင်းကို ပြပေးခဲ့မှာ ပေါ့”
ဟု ကျွန်ုပ်က ပြောလိုက်ရာ ဦးရွှေရိုးက
“ရပါတယ် ကိုရင်သက်ပြင်းကို ပြပေးခဲ့မှာ ပေါ့”
ဟု ပြောလေ၏ ။
ဦးရွှေရိုးသည် ကတိတည်သူ ဖြစ်၏ ။ သူ၏ ကတိအတိုင်း ညအချိန်သို့ ရောက်သော အခါတိုင်း ၌ သူသည် ကျွန်ုပ်အား ဂဏန်းဗေဒင်ပညာရပ်များ ကို သင်ပြပေးလေ၏ ။ သင်ပြသည်ဆိုရာ၌ စာသင် သကဲ့သို့ သက်သည် မဟုတ်ပေ။ ပုံကြိုက်သော ကလေးအား လူကြီးတစ်ဦးက ပုံပြောပြနေဘိသကဲ့ သို့ ပြောပြ၍ သင်ပေးခြင်း ဖြစ်၏ ။ ကျွန်ုပ်သည် ညစဉ်ညတိုင်း ဦးရွှေရိုး၏ ပုံပြင်များ ကို နားထောင်ရ၏ ။ ကျွန်ုပ်သည် ညစဉ် ညတိုင်း ဦးရွှေရိုး၏ ပုံပြင်များ ကို နားထောင်ရ၏ ။ သို့မဟုတ် ဦးရွှေရိုး၏ ဂဏန်းဗေ ဒင်ကို သင်ယူခွင့် ရခဲ့လေတော့သတည်း။
တစ်ညသ၌ ဦးရွှေရိုးသည် ရေနွေးကြမ်းတစ်ခွက်ကို သောက်ပြီးနောက် ကျွန်ုပ်အား
“ကိုရင်သက်ပြင်းကို ပုံလေးတစ်ပုံ ပြောပြမယ်၊ ဟိုး..ရှေးရှေးတုန်းက ရောမပြည်မှာ နီရိုဆိုတဲ့ ဘုရင်ကြီးတစ်ပါး အုပ်ချုပ်တယ်၊ တစ်နေ့မှာ အဲဒီ ဘုရင်ကြီးဆီကို မိန်းမကြီး တစ်ယောက် ရောက်လာ တယ်၊ အဲဒီ မိန်းမကြီးရဲ့ နာမည် က ‘တာကွင်စီ’ တဲ့၊ အဲဒီ မိန်းမကြီးဟာ နီရိုးဘုရင်ကို စာအုပ်သုံးအုပ်ကို သုံးရာနဲ့ ဝယ်ဖို့ လာပြီးရောင်းတယ်၊ အဲဒီ မှာ မဝယ်ဘူးလို့လည်း ပြောလိုက်ရော သူ့စာအုပ် သုံးအုပ်အနက် နှစ် အုပ်ကို မီးရှို့လိုက်ပြီး တစ်အုပ်ကို ပြန်ယူသွားတယ်၊ တစ်နှစ် လောက်ကြာတဲ့ အခါ ကျတော့ အဲဒီ မိန်းမကြီး ပြန်ရောက်လာရော၊ ကျန်တဲ့စာအုပ်ကို သုံးထောင်နဲ့ ရောင်းမယ်လို့ ပြောတယ်၊ အဲဒါကိုလည်း နီရိုးဘုရင်ကြီးက မဝယ်ဘူးလို့ ပြောပြန်ရော၊ အဲဒီ အခါမှာ တာကွင်စီက စာအုပ်တစ်ဝက်ကို ဖြဲပြီး မီးရှိုးပစ်ပြီး တစ်ဝက်ကို ပြန်ယူသွားတယ်၊ တစ်နှစ် လောက်ကြာတော့ အဲဒီ တာကွင်စီဆိုတဲ့ မိန်းမကြီး ရောက်လာပြန်ရော၊ ရောက်လာပြီးတော့ ကျန်တဲ့ တစ်ဝက်ကို သုံးသော င်း နဲ့ ရောင်းမယ်လို့ ပြောပြန်ရော၊ နီရိုးဘုရင်က မဝယ်ဘူးလို့ ပြောပြန်တယ်၊ အဲဒီ အခါမှာ ကျန်တဲ့တစ် ဝက်ကို ဆွဲထုတ်ပြီး မီးရှို့ပြန်တယ်၊ ပြီးတော့ ကျန်တာကို ပြန်ယူသွားပြန်တယ်၊ နောက်တစ်နှစ် မှာ ပြန် ပြီးရောက်လာပြန်တယ်၊ နီရိုးဘုရင်ကို ကျန်တဲ့ စာအုပ် အစိတ်အပိုင်းကို သုံးသိန်းနဲ့ ရောင်းမယ် ပြော ပြန်တယ်၊ နီရိုးဘုရင်က မဝယ်ဘူးလို့ ပြောတယ်၊ မိန်းမကြီး တာကွင်စီက ကျန်တဲ့ စာရွက်တစ်ဝက် ကို မီးရှို့ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်သွားတယ်၊ နောက်တစ်နှစ် မှာ မိန်းမကြီးဟာ ရောက်လာပြီး နီရိုး ဘုရင်ကို ကျန်တဲ့ စာရွက် အစိတ်အပိုင်းလေးကို ကိုးသိန်းနဲ့ ရောင်းမယ် ပြောတယ်၊ နီရိုးဘုရင်ဟာ ဘယ်လို ဖြစ်တယ် မသိဘူး၊ ဝယ်ချင်စိတ်ပေါက်လာတယ်၊ အဲဒါနဲ့ တာကွင်စီဆိုတဲ့ မိန်းမကြီးကို ငွေကိုး သိန်းပေးပြီး ကျန်တဲ့ စာရွက်ကလေးကို ဝယ်လိုက်တယ်၊ ပြီးတော့ နီရိုးဘုရင်က ဖတ်ကြည့်လိုက်တယ်၊ စာရွက်ကလည်း များများ စားစား မရှိတော့ဘူး၊ နှစ် ရွက်ပဲ ရှိတော့တာ၊ အဲဒီ နှစ် ရွက်မှာ ဘာရေး ထားသ လဲ ဆိုတော့ လူ တစ်ယောက် ရဲ့ မွေးသက္ကရာဇ်ကို ပေါင်းလိုက်ပါ၊ ဂဏန်းနှစ် လုံးရတဲ့အထိ ပေါင်းရမယ် တဲ့၊ အဲဒီ ဂဏန်းနှစ် လုံးကို သူ့ရဲ့ မွေးသက္ကရာဇ်နဲ့ ပြန်ပေါင်းပါတဲ့၊ အဲဒါ အဲဒီ လူရဲ့ ဘဝမှာ အပြောင်း အလဲ ကြီးကြီးမားမား ဖြစ်မယ့် နှစ် ပဲတဲ့၊ ဒီနည်းဟာ သိပ်ပြီးမှန်တယ်၊ တိလည်း တိကျတယ်၊ အဲဒီ နည်း ကို ငါတို့ဂဏန်းဗေဒင်ဆရာတွေ က တာကွင်စီနည်းလို့ အဘွားကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ခေါ်ကြတယ်ကွယ့် ”
ဟု ဦးရွှေရိုးက ပြောလိုက်လျှင် ကျွန်ုပ်သည် မေးချင်စိတ်များ ဖြစ်ပေါ်လာသဖြင့်
“ကိုရင် နားသိပ်ပြီး မရှင်းဘူး၊ ဒါယိကာကြီး ဦးရွှေရိုးရဲ့ ”
ဟု ပြောလိုက်ရာ ဦးရွှေရိုးက ဂေါ်ရင်ဂျီ ဆေးပြင်းလိပ်ကို မီးညိုရင်း
“ကိုရင်သက်ပြင်းရယ် တာကွင်စီနည်းက မပြီးသေးဘူးလေ၊ ဆက်ပြီး ပြောရဦးမှာ ”
ဟု ပြန်၍ ပြောလေ၏ ။
သို့ရာတွင် ကျွန်ုပ်က
“ဆက်မပြောနဲ့ ဒါယိကာကြီးရယ်၊ အခု ပြောပြီးတဲ့အထိပဲ ကျုပ်ကို ရှင်းပြပါဦး”
ဟု ပူဆာသဖြင့် ဦးရွှေရိုးက
“ကဲ .. ကိုသက်ပြင်းရဲ့ အင်္ဂလိပ်မွေးသက္ကရာဇ်က ၁၉၃၁ ခု မဟုတ်လား၊ အဲဒီ တော့ ၁+၉+၃+၁ = ၁၄ ရတယ်၊ အဲဒီ ၁၄ ကို ၁၉၃၁ မှာ ပေါင်းလိုက်တော့ ၁၉၄၅ ဖြစ်တယ် မဟုတ်လား၊ အဲဒီ ခုနှစ် မှာ ကိုသက်ငြ်းရဲ့ ပထမဦးဆုံး ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်မယ့် နှစ် ပေါ့”
ဟု ပြောလိုက်ရာ ကျွန်ပ်က
“ကဲ ၁၉၄၅ ခုနှစ် ဆိုတာ နောက်နှစ် ပေါ့ ဒါယိကာ ဦးရွှေရိုးရဲ့ ”
ဟု ပြောလိုက်ရာ ဦးရွှေရိုးက
“ ဖြစ်နိုင်တာပေါ့၊ ကိုရင်သက်ပြင်းရဲ့ ဖခင်ကြီး ပိုးထိလို့ ဆုံးတော့ ကျောင်းဆက်မတတ်ရတော့ ဘူး မဟုတ်လား၊ ကိုရင် ခဏဝတ်ရာက အမြဲဝတ်ရတော့မယ် မဟုတ်လား၊ အဲဒါ ကိုရင်သက်ပြင်း ဘဝဟာ နောက်နှစ် မှာ ပထမဦးဆုံး အကြီးမားဆုံးအပြောင်းအလဲ ဖြစ်တော့မယ် ဆိုတာ သေချာနေပြီ မဟုတ်လား”
ဟု ဦးရွှေရိုးက ပြောလိုက်လေ၏ ။ ကျွန်ုပ်သည် ခေါင်းတဆိတ်ဆိတ်ညိတ်မိ၏ ။ ထို့နောက် ကျွန်ုပ်က
“သိပ်မှန်တာပဲ ဒါယိကာကြီး ဦးရွှေရိုး၊ ဒီ တာကွင်စီဆိုတဲ့ မိန်းမကြီးဆီက နီရိုးဘုရင်က ဘာ ဖြစ်လို့ စာအုပ်အကုန် မဝယ်တာလဲ၊ အခုတော့ နှစ် ရွက်ထဲ ကျန်တယ်၊ ဒီဘုရင်ကလည်း တော် တော် ဆိုးတဲ့ နီရိုးပဲ”
ဟု ပြောလေ၏ ။ ထိုအခါ ဦးရွှေရိုးက
“မပြီးသေးဘူး ကိုရင်သက်ပြင်းရဲ့ ၊ ၁၉၄၅ ခုနှစ် မှာ ပထမ အပြောင်းအလဲ ဖြစ်မယ်ဆိုတာ သိ ပြီမဟုတ်လား၊ ဒုတိယ အပြောင်းအလဲ ဘယ်တော့ ဖြစ်မလဲ သိချင်ရင် ပထမ အပြောင်းအလဲ ဖြစ်တဲ့ သက္ကရာဇ်ရဲ့ နောက်ဆုံးနှစ် လုံးကိုပေါင်းပြီး တစ်လုံးတည်း ဖြစ်အောင် လုပ်ရတယ်၊ ပြီးတော့ ပထမအ ပြောင်းအလဲ သက္ကရာဇ်ထဲမှာ ပြန်ပေါင်းထည့်ရတယ်၊ အဲဒါ ဒုတိယ အပြောင်းအလဲ ဖြစ်မယ့်နှစ် ပဲ”
ဟု ပြောလေ၏ ။ ကျွန်ုပ်သည် ခေါင်းရှုပ်သွား၏ ။
“ဒါယိကာကြီးရယ် ဒါယိကာကြီးဟာက မျက်စိကို လည်သွားတာပဲ၊ ကိုရင့်ကို နမူနာနဲ့ ရှင်းပြစမ်းပါ”
ဟု ပြောလိုက်ရာ ဦးရွှေရိုးက
“ဒီလိုလေ ကိုရင်သက်ပြင်းရဲ့ ၊ ကိုရင်သက်ပြင်းရဲ့ ဘဝရဲ့ ပထမဦးဆုံး အပြောင်းအလဲဟာ ၁၉၄၅ မဟုတ်လား၊ သက္ကရာဇ်ရဲ့ နောက်ဆုံးနှစ် လုံးကို ပေါင်းရမယ်ဆိုတော့ ၄ နဲ့ ၅ နဲ့ ပေါင်းလိုက် ပေါ့၊ အဲဒီ တော့ ၉ ရတယ် မဟုတ်လား၊ အဲဒီ ၉ ကို ၁၉၄၅ နှစ် နဲ့ ပေါင်းလိုက်ရင် ကိုရင်သက်ပြင်းရဲ့ ဒု တိယအပြောင်းအလဲ ဖြစ်မယ့်နှစ် ပဲပေါ့”
ဟု ပြောလိုက်လျှင် ကျွန်ုပ်သည် ကျွန်ုပ်ဘဝ၏ ပထမဦးဆုံး အပြောင်းအလဲ ဖြစ်သည့် ၁၉၄၅ ခုနှစ် တွင် ၉ ကို ပေါင်းလိုက်ရာ ၁၉၅၄ ကို ရလေ၏ ။ ထို့ကြောင့် ကျွန်ုပ်က
“ဒါယိကာကြီး ဦးရွှေရိုး၊ ၁၉၅၄ ခုနှစ် က ကိုရင့်ဘဝ ဒုတိယအကြိမ် ထူးထူးခြားခြား ပြောင်းလဲမယ့် နှစ် ပါပဲ”
ဟု ပြောလိုက်လျှင် ဦးရွှေရိုးက
“မှန်တာပေါ့ ကိုရင်ရယ်၊ အဲဒီ နှစ် မှာ ကိုရင့်ဘဝရဲ့ ဒုတိယအကြိမ် ထူးထူးခြားခြား အပြောင်းအလဲနှစ် ဖြစ်လိမ့်မယ်၊ အဲဒီ လိုပဲ တတိယအကြိမ် အပြောင်းအလဲနှစ် ကို သိချင်ရင် ဒုတိယ အကြိမ် အပြောင်းအလဲရဲ့ နောက်ဆုံးဂဏန်းနှစ် ခုကို ပေါင်းပြီး ထည့်လိုက်ရုံပေါ့”
ဟု ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ်သည် ဒုတိယအကြိမ် အပြောင်းအလဲနှစ် ဖြစ်သော ၁၉၅၄ ခုနှစ် မှ နောက်ဆုံးနှစ် လုံး ဖြစ်သော ၅ နှင့် ၄ ကို ပေါင်းလိုက်ရာ ၉ ရ၏ ။ ထို ၉ ကို ၁၉၅၄ ခုနှစ် တွင် ပေါင်းလိုက်ရာ ၁၉၆၃ ရ၏ ။ ထို့ကြောင့် ကျွန်ုပ်က
“ဒါယိကာကြီးရေ၊ တတိယအကြိမ် အပြောင်းအလဲ ဖြစ်မယ့်နှစ် ဟာ ၁၉၆၃ ခုနှစ် ဆိုပါလား”
ဟု ပြောလိုက်ရာ ဦးရွှေရိုးက
“ဟုတ်တယ်ပေါ့ ကိုရင်သက်ပြင်းရယ်၊ အဲဒီ အတိုင်း ပေါင်းပြီးသွားရင် တစ်သက်လုံးမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်မယ့်နှစ် တွေ ထွက်လာတာပေါ့၊ မယုံရင် ပေါင်းကြည့်မိလေ”
ဟု ဆိုသဖြင့် ကျွန်ုပ်လည်း အောက်ပါအတိုင်း ပေါင်းကြည့်မိလေတော့၏ ။
ကျွန်ုပ် ကိုရင်သက်ပြင်း၏ မွေးသက္ကရာဇ် ၁၉၃၁
၁+၉+၃+၁+ = ၁၄
၁၉၃၁
၁၄
၁၉၄၅ ပထမဘဝ၏ အပြောင်းအလဲ
၉
၁၉၅၄ ဒုတိယဘဝ၏ အပြောင်းအလဲ
၁၉၅၄ ဒုတိယဘဝ၏ အပြောင်းအလဲ
၉
၁၉၆၃ တတိယဘဝ၏ အပြောင်းအလဲ
၉
၁၉၇၂ စတုတ္ထဘဝ၏ အပြောင်းအလဲ
၉
၁၉၈၁ ပဉ္စမဘဝ၏ အပြောင်းအလဲ
ဦးရွှေရိုးသည် ကျွန်ုပ်ပေါင်းထားသော ဇယားကို ကြည့်ပြီးနောက် . . .
“မှန်တယ် ကိုရင်သက်ပြင်း၊ ကံအားလျော်စွာ နောက်ဆုံးနှစ် လုံး ပေါင်းခြင်းဟာ ၉ ဖြစ်လို့ ဆက်တိုက် ၉ ဖြစ်သွားတာနော်၊ လူတိုင်း ဒီလိုမ ဖြစ်ဘူး၊ ပထမအကြိမ် ပထမအပြောင်းအလဲ တွက်တဲ့ အခါမှာ ဂဏန်းနှစ် လုံးနဲ့ ပေါင်းရမှာ နော်၊ နောက် တစ်ကြိမ်တွေ ကျတော့ သက္ကရာဇ်ရဲ့ နောက်ဆုံးဂ ဏန်းနှစ် လုံးကို တစ်လုံးတည်း ဖြစ်အောင်လုပ်ပြီး ပေါင်းရမှာ နော်၊ အဲဒါ သတိထားဖို့လိုတယ်”
ဟု မှာ ကြားလေ၏ ။ ထိုအခါ ကျွန်ုပ်က
“အင်း ဒါယိကာကြီးရယ်၊ ရောမမြို့က မိန်းမကြီးရဲ့ တွက်တည်းက တယ်လည်း နေရာကျပါလား”
ဟု ပြောလိုက်ရာ ဦးရွှေရိုးသည် ကျွန်ုပ်၏ စကားကို သဘောကျ၍ တဟားဟား ရယ်လိုက်လေ တော့သတည်း။
“ဟား . . . ဟား . . .ဟား . . .ဟား . .ဟား”
ကျွန်ုပ်သည် တစ်နေ့လုံးလိုလို ဦးရွှေရိုး သင်ပြပေးသော ရောမမြို့က မိန်းမကြီးနည်းကို တွက် ချက်ကြည့်နေလေ၏ ။ ထိုသို့ တွက်ချက်ကြည့်ရာတွင် ကျွန်ုပ်၏ ကျောင်းနေဘက် ဖြစ်သော ကိုရင်များ ၏ မွေးသက္ကရာဇ်ကို တောင်းယူ၍ တွက်ချက်ကြည့်နေမိခြင်း ဖြစ်၏ ။ ထို့ကြောင့် ကျွန်ုပ်သည် ညနေပိုင်းသို့ ရောက်သော အခါ ရောမမြို့မှ မိန်းမကြီးနည်းကို ကျွမ်းကျွမ်းကျင်ကျင် တွက်ချက်တတ်ပြီ ဖြစ်၏ ။
ညနေပိုင်းသို့ ရောက်သော အခါ၌ ဦးရေရိုးသည် ဆွမ်းစားကျောင်းသို့ ရောက်လာလေ၏ ။ သူ၏ လက်ထဲတွင် အထုပ်ကလေးတစ်ထုပ်လည်း ပါလာလေ၏ ။ ကျွန်ုပ်က
“လက်ထဲက အထုပ်က ဘာအထုပ်လဲ ဒါယိကာကြီးရဲ့ ”
ဟု မေးရာ ဦးရွှေရိုးက
“ညဘက်တွေ မှာ ကိုရင်သက်ပြင်းကို တပည့်တော် ပညာသင်ပေးတယ်၊ ကိုရင်သက်ပြင်းက ရေနွေးကြမ်းတိုက်တယ်၊ ဒါပေမယ့် ‘သူကြီးမရှိတော့ ရွာဆူတယ်’ ကိုရင်သက်ပြင်းရဲ့ ”
ဟု ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ်က
“သူကြီးမရှိတော့ ရွာဆူတယ်၊ အမြည်းမရှိတော့ အာပူတယ်၊ အဲဒါကြောင့် တပည့်တော် က ထန်းလျက်ဝယ်လာတယ်၊ ရေနွေးကြမ်းသောက်တဲ့အခါ ထန်းလျက်ကလေးနဲ့ သောက်ရတာ ပေါ့”
ဟု ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ်သည် ပြုံးရသေးတော့၏ ။ ကျွန်ုပ်သည် ဦးရွှေရိုး သောက်ရန်အတွက် ရေနွေးကြမ်းများ ကျိုပေးရလေ၏ ။ ဦးရွှေရိုးသည် ရေနွေးသောက်လိုက်၊ ထန်း လျက်စားလိုက် လုပ်နေလေ၏ ။ ကျွန်ုပ်အားလည်း ထန်းလျက်များ ပေး၏ ။ ထို့နောက် ၄င်းက
“ဒီလိုရှိတယ်၊ ကိုရင်သက်ပြင်းနဲ့ ၊ အင်္ဂလိပ်ဂဏန်းဗေဒင်တွက်တဲ့အခါ နာမည် တွေ ကိုလည်း တွက်ရသေးတယ်၊ အဲဒီ လို နာမည် တွေ ကို တွက်ဖို့ အေ၊ ဘီ၊ စီ၊ ဒီ နှစ် ဆယ့်ခြောက်လုံးကို ဂဏန်းတန်ဖိုးတွေ နဲ့ ခွဲခြားထားတယ်၊ ဟောဒီမှာ ကြည့်”
ဟု ဆိုကာ မြေဖြူခဲနှင့် ဆွမ်းစားကျောင်း စားပွဲပေါ်တွင် ရေး ပြလေ၏ ။
A I J Q Y X ………………………….. 1
B K R ………………………….. 2
C G S L ………………………….. 3
D M T ………………………….. 4
N H E ………………………….. 5
U V W ………………………….. 6
O Z ………………………….. 7
P F ………………………….. 8
ထို့နောက် ကျွန်ုပ်အား အလွတ်ရသည်အထိ ကျက်ခိုင်းလေတော့၏ ။ ကျွန်ုပ်လည်း ဆီမန်း မန်းသကဲ့သို့ ပါးစပ်မှ တဖွဖွ ကျက်မှတ်ရလေတော့၏ ။ တစ်နာရီခန့် ကျက်ပြီးသော အခါ၌ အလွတ်ရ လေတော့၏ ။ ထိုအခါ၌ ကျွန်ုပ်က
“ဒါယိကာကြီး အလွတ်ရပြီးဗျို့”
ဟု ဆိုကာ ဦးရွှေရိုးက
“အလွတ်ရရင် မေးမယ်”
ဟု ဆိုကာ ကျွန်ုပ်အား မေးလေ၏ ။ ထိုအခါ ကျွန်ုပ်က ဒိုးဒိုးဒေါက်ဒေါက် ရွတ်ဆိုပြလိုက်လေ၏ ။
ထိုအခါ ဦးရွှေရိုးက
“ကိုရင်သက်ပြင်း ဒီပညာတတ်ဖို့ ပါရမီဓာတ်ခံရှိတယ်၊ ကျွမ်းကျွမ်းကျင်ကျင်ကြီး တတ်ပေလိမ့်မယ်”
ဟု ပြောလေ၏ ။ ကျွန်ုပ်လည်း ရေနွေးကြမ်းတစ်ခွက်ကို မော့၍ သောက်၏ ။ ထန်းလျက်ခဲကို မြုံ့၏ ။ ထို့နောက်
“ဒါက ဘယ်လိုသုံးရမှာ တုံး”
ဟု မေးလျှင် ဦးရွှေရိုးက
“နာမည် တွေ ကို အင်္ဂလိပ်စာလုံးနဲ့ ပေါင်းတတ်တယ် မဟုတ်လား”
ဟု မေးလေ၏ ။
“ခုနစ်တန်းရောက်ပြီပဲဗျာ၊ ပေါင်းတတ်ပြီပေါ့၊ ကဲ..ဘာကို ပေါင်းပြရမလဲ”
ဟု ကျွန်ုပ်က မေးရာ
“တပည့်တော် နာမည် ကို ပေါင်း”
ဟု ဦးရွှေရိုးက ပြောရာ ကျွန်ုပ်သည် ဦးရွှေရိုး၏ နာမည် ကို စာလုံးကြီးနှင့် ရေး လိုက်လေတော့၏ ။
ရွှေ ရိုး
SHWE YOE
ထိုအခါ ဦးရွှေရိုးက
“တပည့်တော် နာမည် ကို ပေါင်းတာတော့ ဟုတ်ပါပြီ၊ အခု အင်္ဂလိပ်စာလုံးမှာ စောစောက ကိုရင်ကျက်ခဲ့တဲ့ ဂဏန်းတွေ ပြန်ပြီး ရေး ထည့်လိုက်ပါ”
ဟု ပြောသဖြင့် ကျွန်ုပ်သည် အောက်ပါအတိုင်း ရေး ပြလိုက်လေတော့၏ ။
SHWE YOE
3 5 6 5 1 7 5
1 9 + 1 3
3 2
5
ဦးရွှေရိုး ကျွန်ုပ်ရေး ပြသည်ကို ကြည့်ပြီးနောက်
“ကိုရင်သက်ပြင်း သိပ်ပြီးတော် တယ်”
ဟု ချီးမွမ်းလေတော့၏ ။
ကျွန်ုပ်လည်း ကျွန်ုပ်လေးစားသော ဦးရွှေရိုး၏ ချီးမွမ်းခြင်းကို ခံရသဖြင့် လွန်စွာ ပီတိ ဖြစ်သွား ၏ ။
“ကိုရင် ကြိုးစားပါ့မယ် ဒါယိကာကြီးရယ်၊ ကိုရင့်ကို ပြည့်ပြည့်စုံစုံဟု ကျွန်ုပ်က ပြောသဖြင့် ဒါယိကာကြီးရယ်”
ဟု ကျွန်ုပ်က ပြောသဖြင့် ဦးရွှေရိုးက
“နာမည် တွေ ကို ဂဏန်း ဖြစ်အောင်လုပ်ပြီး ပေါင်းတဲ့အခါမှာ ဂဏန်းနှစ် လုံး ဖြစ်တဲ့အထိပဲ ပေါင်းရမယ်၊ တစ်လုံးတည်း ဖြစ်တဲ့အထိ မပေါင်းရဘူး၊ အဲဒီ နှစ် လုံးကို အဓိပ္ပာယ်ဖော်ရမှာ ”
ဟု ပြောလေ၏ ။
“ကောင်းပါပြီ ဒါယိကာကြီး၊ ကိုရင် ကောင်းကောင်းကြီး နားလည်ပါပြီ”
ဟု ကျွန်ုပ်က ပြောလိုက်လေတော့သတည်း။
![]() ဆားပုလင်းနှင်းမောင်နှင့် ပျားစွဲသောမုတ်ဆိတ် | ![]() မြယာရွှေပြည် မင်းသမီး | ![]() မအောင်ရင် |