
သမီးဖတ်ဖို့
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာတွင် အဖ ဦးဝင်းသိန်း၊ အမိ ဒေါ်တင် တို့မှ ၁၉၅၈ ခု မတ်လ ၁၁ ရက် အင်္ဂါနေ့တွင် မွေးဖွားသည်။ သားသုံးယောက် အနက် အကြီးဆုံးသား ဖြစ်ပြီး အမည် ရင်းမှာ ဦးညွန့်သော င်း ဖြစ်ပါသည်။ သုံးခွကျေးရွာ မူလတန်းကျောင်း၊ ကွမ်းခြံကုန်းမြို့ အထက၊ မြောက်ဥက္ကလာ အလက(၁)၊ အထက(၁)တို့၌ ပညာသင်ကြားခဲ့ပြီး မြောက်ဥက္ကလာ အထက(၁) မှပင် ၁၉၇၇ ခုနှစ် ၌ ရူပဗေဒ ဂုဏ်ထူးဖြင့် ဆယ်တန်း အောင်မြင်ပါသည်။ ထို့နောက် ဒေသကောလိပ်(၂)တွင် ပထမနှစ် သင်္ချာအဓိက၊ ဒုတိယနှစ် သတ္တုဗေဒ အဓိက၊ ရန်ကုန်တက္ကသိုလ်တွင် တတိယနှစ် ရူပဗေဒ အဓိကတို့ဖြင့် ပညာဆက်လက် သင်ကြားခဲ့ပြီး နောင်တွင် မြန်မာစာပေနှင့် ဘာသာစကားကို ပြောင်းလဲ သင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ၁၉၈၁ တွင် ၀ိဇ္ဇာဘွဲ့၊ ၁၉၈၃ တွင် ၀ိဇ္ဇာ (ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့သည်။
၁၉၇၃ ခု ဒီဇင်ဘာလထုတ် သော င်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှ `ခေတ်သစ်မေတ္တာ´ ကဗျာဖြင့် စာလောကသို့ စတင်ဝင်ရောက်ခဲ့ပါသည်။ ၁၉၈၈ ခု ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှ စ,ကာ တာဝန်ခံ အယ်ဒီတာအ ဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
လုပ်သားမားကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြားဘာသာသိပ္ပံ၊ ရန်ကုန်တက္ကသိုလ်၊ မိတ္ထီလာဒီဂရီကောလိပ် စာသည်တို့တွင် အမှု ထမ်းခဲ့ဖူးပြီး ယခုအခါ ဟင်္သာတကောလိပ်တွင် ကထိကအ ဖြစ် တာဝန်ထမ်းဆောင်နေပါသည်။
အခြား ကလောင်ခွဲတစ်ခုမှာ ဂျက်ကွမ်းခြံကုန်း ဖြစ်ပါသည်။
အမှာစာ
`လူသည် ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါ ဖြစ်သည်´ ဟူသော အဆိုတစ်ရပ်ကို ကျွန်တော် တို့အားလုံး ကြားဖူးနားဝ ရှိခဲ့ကြပါသည်။ မှန်ပါ၏ ။ ကျွန်တော် တို့သည် ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါများ သာလျှင် ဖြစ်ကြပါသည်။
ကျွန်တော် တို့သည် ကျွန်တော် တို့က စိတ်ပါသည်ပဲ ဖြစ်စေ၊ စိတ်မပါသည်ဘဲ ဖြစ်စေ လောက၏ အချိန်တိုင်း၊ နေရာတိုင်းမှာ လူတွေ နှင့် ပေါင်းသင်းဆက်ဆံနေကြရပါသည်။ ကျွန်တော် တို့၏ မိသားစု၊ ကျွန်တော် တို့၏ အိမ်နီးနားချင်း။ ကျွန်တော် တို့၏ လုပ်ဖော်ကိုင်ဖက်၊ အခန်းဖော် အတန်းဖော်၊ အပေါင်းအသင်း ရောင်းရင်း၊ ဆရာများ တပည့်များ ၊ ကျွန်တော် တို့နှင့် တစ်လှေတည်းစီး တစ်ခရီးတည်း သွားသူတွေ ။ လက်ဖက်ရည်ဆိုင်မှာ ၊ စာအုပ်ဆိုင်မှာ ၊ သားတန်း ငါးတန်းမှာ ၊ ဘူတာရုံမှာ ၊ ဘတ်စ်ကားရိတ်မှာ ဖျိုးခနဲ ဖျတ်ခနဲ ဆုံလိုက်ရသူတွေ အားလုံးနှင့် ကျွန်တော် တို့ ဆက်ဆံနေကြရပါသည်။ ထိုအခါများ တွင် ကျွန်တော် တို့သည် မိမိကိုယ်မိမိ ဘယ်လိုများ နေရာချထားမိခဲ့ကြပါလိမ့်။ ကျွန်တော် တို့မှာ အနုပညာမှ ရှိကြပါလေစ။ ကျွန်တော် ၏ မသိသား ဆိုးရွားမှု ၊ ဘ၀ရှင်သန်မှု ဆိုင်ရာ အနုပညာ ခေါင်းပါးမှု ၊ ဒါတွေ ကြောင့် ကျွန်တော် တို့၏ ပတ်ဝန်းကျင်သည် ဘယ်လောက်များ ဟန်ချက်ပျက်ခဲ့ရလေသလဲ၊ ဘယ်လောက်များ အလှဓာတ် ခန်းခြောက်ခဲ့ရလေသလဲ။ ဘယ်လောက်များ အသက်ရှူ ကျပ်ခဲ့ရလေသလဲ။ လူမှု ရေး သိပ္ပံတွင် ကျွန်တော် တို့တစ်တွေ အောင်မှတ်ကလေးမှ ရကြပါလေစ။
ဤသို့ ထိုသို့သော အတွေးများ ၏ အရိပ်အောက်မှာ ယခု ဆောင်းပါးများ ကို ကျွန်တော် ရေး ဖြစ်ပါသည်။
တိုက်တွေ ကို တစ်ဆင့်ပြီးတစ်ဆင့် မြင့်ပြီးရင်းမြင့်အောင် ဆင်ယူနေသော ကမ္ဘာမြေပေါ်၌ ကျွန်တော် တို့၏ စိတ်အဆောက်အအုံများ ကိုလည်း အဆင့်ဆင့်မြှင့်တင်ရန် လိုအပ်လှပါသည်။ ကျွန်တော် တို့သာမက ကျွန်တော် ၏ သားများ ၊ သမီးများ သည်လည်း စိတ်နေမြင့်မားရန် လိုအပ်သည်ဟု ကျွန်တော် ယုံကြည်မိပါ၏ ။ ကျွန်တော့် သမီးဖတ်ဖို့ ဆောင်းပါးများ သည် ယင်းတို့အတွက် အားထုတ်မှု ပင် ဖြစ်ပါသည်။
မူလက ဤဆောင်းပါများ ကို ထည့်သွင်းပေးခဲ့ကြသော ရနံ့သစ် မဂ္ဂဇင်း အယ်ဒီတာအဖွဲ့၊ ချယ်ရီ မဂ္ဂဇင်း အယ်ဒီတာအဖွဲ့၊ ရွက်နုဝေ မဂ္ဂဇင်း အယ်ဒီတာအဖွဲ့၊ မြားနတ်မောင် မဂ္ဂဇင်း အယ်ဒီတာအဖွဲ့တို့အပြင် ဤဆောင်းပါးများ အတွက် ၁၉၉၈ ခုနှစ် ဆုကို ပေးခဲ့သည့် မြူး မိတ်ဆွေများ စာကြည့်တိုက်အသင်း တို့ကို ကျေးဇူးအထူး တင်ရှိအပ်ပါ၏ ။ စာအုပ်အ ဖြစ် စုထည်း ထုတ်ဝေပေးသော ရာပြည့် စာအုပ်တိုက်၏ ကျေးဇူးတရားမှာ ကား ဆိုဖွယ်ရာ မရှိတော့ပါပြီ။
မောင်သာချို။
၁၈ ၊ ဒီဇင်ဘာ ၊ ၁၉၉၈
ဈေးက ပြန်လာပြီလား
သမီးရေ….။
အဲဒီ့ မနက်က ဖေဖေတို့ အိပ်ရာက ထတော့ သမီးတ်စယောက် မနိုးတတ်လှသေးဘူး။ ဂွမ်းစောင် အမွေးပွပွကြီးထဲမှာ ကွေးလို့။ ဖေဖေက လမ်းလျှောက်ထွက်ရအောင် နှိုးတော့ သမီးက အလျင်နေ့တွေ ကလို တက်တက်ကြွကြွ မရှိလှတဲ့အပြင် စောင်ခြုံထဲက မထွက်ဘဲ တအင်းအင်း တအဲအဲနဲ့ ညည်းလို့။ သမီးမေမေက အနွေးထည် ၀တ်နေရင်းတန်းလန်းကနေ တစ်ရက်တစ်လေ အိပ်ပါစေလေတဲ့။ ဒါနဲ့ ဖေဖေလည်း ညက လူကြီးတွေ အိပ်တဲ့အထိ မအိပ်ဘဲ ရုပ်မြင်သံကြား အစီအစဉ် ပြီးတဲ့အထိ ကြည့်ပြီး ညဥ့်နက်မှ အိပ်ရာဝင်ခဲ့တဲ့ သမီးကို သနားကာ နှိုးမနေတော့ဘဲ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ရတယ်၊ အဲဒီ မနက်ခင်း ကတော့ သမီးမပါဘဲနဲ့ ဖေဖေရယ်၊ မေမေရယ် နှစ် ယောက် တည်း လမ်းလျှောက်ထွက် ဖြစ်တဲ့ မနက်ခင်းပါပဲ။
အပြင်မှာ တော့ နှင်းတွေ က ဖွေးဖွေးလှုပ်လှုပ်ပဲ သမီးရေ။ နေလုံးကြီးကို မမြင်ရပေမယ့် နှင်းထုကို ဖောက်ပြီး ဇွတ်ထိုးဝင်လာတဲ့ မနက်ခင်း နေရောင် ခြည်ရဲ့ အောက်မှာ မြို့ကလေးဟာ တောက်ပလို့ လှချင်တိုင်း လှနေတော့တာပါပဲ။ ထုံးစံအတိုင်းပေါ့၊ ဖေဖေရယ်၊ မေမေရယ် မြို့ပတ်လမ်းအတိုင်း ဟိုး မြို့ပြင်ကို ရောက်တဲ့အထိ လျှောက် ဖြစ်ကြတယ်၊ အဲဒီ မှာ က ကြည့်မဆုံးတဲ့ လယ်ကွင်းပြင်ကြီး ရှိတယ်၊ စပါးတွေ က ရိပ်သိမ်းဖို့ အသင့်။ မောင်းညိုကာ ငိုက်စင်းလို့။ လေက မွှေးလို့၊ သန့်လို။
ဖေဖေတို့ ပြန်လြာ ကတော့ အိမ်ကို မ၀င်သေးဘဲနဲ့ ဈေးအထိ ဆက်လျှောက်သွားရင် ကောင်းမယ်လို့ စဉ်းစာမိကြတယ်၊ အိမ်နဲ့ မနီးမဝေးမှာ က ဖေဖေတို့ တစ်ခါတစ်ခါ ၀ယ်နေကျ ရပ်ကွက်ဈေးလေး ရှိတယ်လေ။ ဈေးကြီးလို့ လိုချင်တာ အကုန်မရပေမယ့် ဟင်းချက်စရာ သီးနှံသားငါး လတ်လတ်ဆတ်ဆတ်တွေ က ဒီဈေးကလေးမှာ အပြည့်ပေါ့။
လမ်းပေါ်မှာ ကတော့ ဈေးက ပြန်လာသူတွေ တောင်မှ ပြန်လာနေကြပါပြီ။ မျက်နှာစိမ်းတွေ ရော၊ မျက်နှာကျက်တွေ ရော။ သမီး မေမေ ကတော့ သူ့အသိ မိတ်ဆွေတွေ ကို တွေ့ တိုင်း နှုတ်ဆက်ရတာ အမော။
``ဈေးက ပြန်လာပြီလား´´ … တဲ့။
ဟုတ်တယ်။. အဲဒီ မနက် လမ်းတစ်လျှောက်လုံး သမီးမေမေ သူ့အသိ မိတ်ဆွေတွေ ကို နှုတ်ခွန်းဆက်နေပုံက `ဈေးက ပြန်လာပြီလား´ ချည်းပါပဲ။ မေမေ စိတ်ဝင်စားမိတယ်။
သမီးရေ….။
အဲဒီ မနက် ဈေးကို သွားရာ လမ်းတစ်လျှောက်လုံး သမီးမေမေ နှုတ်ဆက်သွားတဲ့ `ဈေးက ပြန်လာပြီလား´´ ဆိုတဲ့ မေးခွန်းဟာ သာမန်ကြည့်ရင်တော့လည်း သာမန်နှုတ်ဆက်စကား မျှသာပဲပေါ့၊ `ဈေးက ပြန်လာပြီ လား´ ဟာ `ဈေးက ပြန်လာပြီလား´ ပဲပေါ့၊ ဒါပေမယ့် သမီးမေမေ ဒီစကားကို သတိလက်လွတ် ပြောချခဲ့တာလား၊ ဒါမှမဟုတ် ဒီမနက်ခင်း ဒီလမ်းပေါ်မှာ ဒီစကားလောက်ပဲ ပြောမယ်လို့ အသေအချာ ဆုံးဖြတ်ပြောခဲ့တာလား၊ `ဈေးက ပြန်လာပြီလား´ ကို `ဈေးက ပြန်လာပြီလား´ မှာ ဘာောကာင့် မေမေ ရပ်နားပစ်ခဲ့သလဲ၊ ဖြတ်တောက်ပစ်ခဲ့သလဲ။ တခြားဆက်ရန် မေးခွန်းတွေ မရှိတော့ဘူးလား၊ ဥပမာ `ဘာတွေ ၀ယ်လာခဲ့လဲ´ စတဲ့ မေးခွန်းမျိုး။
ဖေဖေ တစ်ခု ယုံကြည်တယ် သမီးရယ်၊ သမီးမေမေဟာ ဘယ်သော ကာလမှ `ဈေးက ပြန်လာပြီလား´ နောက်မှ တခြားမေးခွန်းတွေ ကို ဆက်မေးလိမ့်မယ် မဟုတ်ဘူး။ သူ တွက်ချက်ပြီးသား။ သူ ဆုံးဖြတ်ပြီးသား၊ သူချိန်ဆပြီးသား။ သူ့အတွက် ဒီမနက်ခင်းမျိုးမှာ `ဈေးက ပြန်လာပြီလား´ နဲ့တင် လုံလောက်တယ်၊ ပြည့်စုံတယ်။ `ဘာတွေ ၀ယ်ခဲ့လဲ´ အစချီ မေးခွန်းတွေ ဟာ ဖေဖေတို့အတွက် မေးစရာလည်း မလို၊ ဖြေစရာလည်း မလိုအပ်လှဘူးလို့ ဖေဖေတော့ ယူဆမိတယ်။
တကယ်တော့ သမီးရယ်၊ ဖေဖေတို့ ကမ္ဘာလောကကြီးဟာ မလိုလားအပ်တဲ့ နှုတ်ခွန်းဆက် အမေးစကားတွေ ကြားမှ အသက်ရှူ ခဏခဏ ကျပ်ခဲ့ရတယ်လို့ ဖေဖေတော့ ထင်မိတယ်။ မထင်မှတ်ဘဲနဲ့ပဲ ဖြစ် ဖြစ်၊ တမင် ရည်ရွယ်ချက်နဲ့ပဲ ဖြစ် ဖြစ် `ဘာတွေ ၀ယ်ခဲ့လဲ´ ကို မေးသူတွေ က မေးခဲ့ကြတယ်၊ ဖြေသူတွေ ကလည်း ဖြေခဲ့ရတယ်။
ကြက်သား ၀ယ်လာတာကို ကြက်သား ၀ယ်လာပါတယ်လို့ ဖြေဆိုဖို့ တချို့လူတွေ မှာ အသက်ရှူ ကျပ်မသွားနိုင်ဘူးလား။ ငါးပိရည်၊ တို့စရာလေးမျှကို ၀ယ်ခဲ့နိုင်သူက ငါးပိရည်၊ တို့စရာပဲ ၀ယ်ခဲ့ပါတယ်လို့ ဖြေဆိုဖို့ တချို့တွေ မှာ အသက်ရှူ ကျပ်မသွားနိုင်ဘူးလား။ ဒါဆိုရင် ဖြေမယ့်သူမှာ ဝေဒနာ တစ်စုံတစ်ရာ ဖြစ်သွားစေမယ့် `ဘာတွေ ၀ယ်ခဲ့လဲ´ လို့ မေးခွန်းမျိုးကို ဖေဖေတို့ မေးဖို့ရာ လိုအပ် မလိုအပ်။ သမီးမေမေ ကတော့ `ဈေးက ပြန်လာပြီလား´ ဆိုတဲ့ သူ့ရဲ့ နှုတ်ဆက်မေးခွန်းကို ရပ်ရမယ့်နေရာမှ တိတိကျကျရပ်လို့ သူ့မိတ်ဆွေတွေ ကို ဖြတ်သန်းသွားခဲ့ပြီ။ သူ့မိတ်ဆွေတွေ ကလည်း `ပြန်လာပြီ ညီမရေ´ စသဖြင့် အော်ဟစ်နှုတ်ဆက်ကာ သူ့ကို ဖြန်သန်းသွားကြပြီ။ ဘာမှ အသက်ရှူကျပ်စရာ မလိုဘဲ၊ ဘာမှ စိတ်ကိုဒဏ်ရာ အနာတရ မ ဖြစ်စေဘဲ၊ ဘာမှ ကြွားလုံးထုတ်စရာ မလိုဘဲ၊ ဘာမှ မုသားဆိုစရာ မလိုဘဲ။
တကယ်တော့ သမီးရယ်၊ လောကရဲ့ နေရာတိုင်းမှာ ဖေဖေတို့၊ သမီးတို့တွေ ကိုယ့်မိတ်ဆွေတွေ နဲ့ တွေ့ ဆုံကြတိုင်း နှုတ်ခွန်းဆက် စကားတွေ ဆိုနေခဲ့ကြရတယ်။ ဈေးသွား ဈေးပြန် လမ်းမပေါ်မှာ ၊ အိမ်ခြံစည်းရိုး အစပ်မှာ ။ ညနေခင်း အညောင်းအညာပြေ လမ်းပေါ်မှာ ၊ ဘတ်စ်ကား မှတ်တိုင်မှာ ။ ရုံးခန်းစားပွဲမှာ ၊ စင်္ကြံလမ်းအချိုး တစ်နေရာမှာ ။ လက်ဖက်ရည်ဆိုင်ထဲမှာ ၊ ဘုရားရင်ပြင်တော် ပေါ်မှာ ။
ဖေဖေတို့ဟာ ဖေဖေတို့ မိတ်ဆွေတွေ ကို နှုတ်ခွန်းဆက်စကား ဆိုကြတဲ့အခါ သူတို့တစ်တွေ လွတ်လပ်ပေါ့ပါးလို့ သွားကြပါစ။ အသက်ရှူချောင်လို့ သွားပါစ။ နှလုံးစိတ်ဝမ်း ညှိုးနွမ်းခြင်းမှ ကင်းပါစ။
ဖေဖေတို့ဟာ `ထမင်း စားပြီးပြီလား´ မှာ တင် ရပ်တန့်လိုက်သင့်ပါရဲ့ ဘာ ဖြစ်လို့ `ဘာဟင်းနဲ့ စားလဲ´ အထိ ဆက်ချင်ကြရပါသလဲ။ `ချက်ပြီးကြပြီလား´ မှာ တင် တစ်ခန်းရပ်သင့်ပါရဲ့ ။ ဘာ ဖြစ်လို့ `ဘာဟင်းချက်လဲ´ အထိ ဇာတ်ရှည်သွားချင်ရပါသလဲ။ သည်လိုပါပဲ ဖေဖေတို့တစ်တွေ နှုတ်ခွန်းစက် အမေးစကားတွေ ဆိုနေလိုက်ကြတာ။ `ညက T.V ကြည့် ဖြစ်သေးလား´။ `ဘယ်နှစ် က ကျောင်းပြီးတာလဲ´။ `လခ ဘယ်လောက်ရလဲ´။ မရေမတွက်နိုင်တဲ့ မေးခွန်းများ ။
သမီးရယ်၊ တချို့တချို့သော မိတ်ဆွေအတွက် ဒီနှုတ်ဆက်မေးခွန်းတွေ ဟာ အဖြေရ ကျပ်လှပါတယ်။ `အိမ်မှာ T.V မရှိပါဘူး´ လို့ ဖြေဖို့ သူတို့ ဘယ်လောက် နာကျင်သွားရမလဲ။ `ကျွန်မ ဘွဲ့မရခဲ့ပါဘူး´ လို့ ဖြေဖို့ သူတို့ ဘယ်လောက် ထိခိုက်သွားရမလဲ။ `လခ မကောင်းလှပါဘူး´ လို့ ဖြေဖို့ သူတို့ ဘယ်လောက် သိမ်ငယ်သွားကြမလဲ။ မေးသူတွေ က မေးနေကြလို့ ဖြေသူတွေ က ဖြေခဲ့ကြရရှာပြီ။ ဖေဖေတို့ဟာ ဖေဖေတို့ရဲ့ စကားတွေ နဲ့ အသိမိတ်ဆွေတွေ ကို မလောင်မြိုက်သွားစေသင့်ဘူးလေ။
အိမ်ပြန်ရောက်ရင်ဖြင့် ဖေဖေ့သမီး အိပ်ရာက နိုးလောက်ပြီ။ သမီးနဲ့ စကားပြော ဖြစ်တဲ့အခါ ဈေးက ပြန်လာတဲ့ မိတ်ဆွေတွေ ကို`ဘာတွေ ၀ယ်ခဲ့လဲ´ ဆိုတဲ့ မေးခွန်း မမေးမဖို့ ဖေဖေ ပြောရဦးမယ်၊ ပြီးတော့ ဘာဟင်းချက်လဲ မမေးမိဖို့။ ဘာနဲ့ စားလဲ မမေးမိဖို့။ T.V ကြည့် ဖြစ်လား မမေးမိဖို့။ ဘယ်နှစ် က ကျောင်းပြီးတာလဲ မမေးမိဖို့။ လခ ဘယ်လောက်ရလဲ မမေးမိဖို့။
(ချယ်ရီ၊ ဇန်န၀ါရီ ၁၉၉၈)
![]() သမီးဖတ်ဖို့ နှင်းပွင့်တိုင်းပြည်၌ ခွေးကျောင်းထွက်ခြင်း | ![]() လူကြီးလူကောင်းတွေ မှောင်ရိပ်ခိုကြတုန်းက | ![]() ရေကြည်ပြီးတော့ မြက်နုစေချင်လို့ |