Cover

ရမ္မက်၏ နိဂုံး

မြစ်ဝကျွန်းပေါ်မြို့တစ်မြို့၏ ဘုရားကြီးတစ်ဆူ၌ ပန်းရောင်းသော မိန်းမပျိုတစ်ဦးသည် သူမ၏ သာယာသော အသံလေးဖြင့် ဘုရားဖူးများ အား ပန်းဝယ်အောင် ဖိတ်ခေါ်နေလေ၏ ။

သူမ၏ အမည် မှာ ထားမေဟူ၍ ဖြစ်ပြီး ဆင်းရဲနွမ်းပါးသော မုဆိုးမမိခင်အား လုပ်ကျွေးပြုစုနေ သူ ဖြစ်၏ ။ ထားမေသည် ဆရာကြီးဦးရွှေဘို၏ ကျောင်း၌ ခုနှစ် တန်း စာမေးပွဲကို အောင်မြင်ခဲ့သော် လည်း ဖခင်ဆုံးပါးသွားသဖြင့် ကျောင်းဆက်၍ မတက်နိုင်တော့ဘဲ မြို့ပေါ်ရှိဘုရားကြီး၌ ပန်းသည်အ ဖြစ် အသက်မွေးဝမ်းကျောင်းရလေတော့၏ ။

ထားမေသည် ယနေ့ပန်းရောင်းမကောင်းသဖြင့် ဂန္ဓာလောကမဂ္ဂဇင်းကို ဖတ်ရှုနေလေ၏ ။ ထိုအခိုက်မှာ ပင် ဘုရားစောင်းတန်းသို့ စက်ဘီးစီးလာသော လူငယ်တစ်ဦး ရောက်ရှိလာပြီး စက်ဘီးကို ဒေါက်ထောက်ကာ

“ထားမေ”

ဟု ခေါ်လိုက်လေ၏ ။

ထားမေသည် မဂ္ဂဇင်းဖတ်နေရာမှ ခေါင်းမော့ကြည့်လိုက်ပြီး ဝမ်းသာအားရဖြင့်

“ရွှေတိုးပါလား၊ ဘုရားဖူးလာတာလား”

ဟု မေးမြန်းလိုက်လေ၏ ။ ထိုအခါ ရွှေတိုးဆိုသော လူငယ်က

“ဘုရားဖူးတာလဲ ဟုတ်ပါတယ်၊ နင့်ကိုတွေ့ ချင်တာလဲပါတယ်”

ဟု ပြောလေရာ ထားမေက မျက်မှော င်ကြုတ်၍

“ဘာကိစ္စများ ထူးထူးထွေထွေရှိလို့လဲဟယ်”

ဟု မေးမြန်းလေ၏ ။ ရွှေတိုးဆိုသော လူငယ်က

“ကိစ္စထူးထူးထွေထွေရှိမှ နင့်ဆီကိုလာရမှာ လား၊ ငါတို့က သူငယ်ချင်းတွေ ပဲ”

ဟု ပြောလေရာ ထားမေသည် မျက်နှာညှိုးငယ်သွားပြီး

“ဘာပဲ ဖြစ် ဖြစ် နင်တို့နဲ့ ငါ ဘဝချင်းမတူတော့ဘူးလေ၊ နင်တို့က ကျောင်းသား၊ ငါက ဈေးသည်ဘဝကိုရောက်နေပြီ”

ဟု ပြောလေရာ ရွှေတိုးဆိုသော လူငယ်က

“ဒီလိုမပြောပါနဲ့ ၊ နင်နဲ့ ငါက သူငယ်ချင်းတွေ ပါ၊ ငါတိုကဘဝချင်းမတူတော့ပေမယ့် သူငယ်ချင်းဟာ သူငယ်ချင်းပါပဲ။ မနက်ဖြန် လှရင် မွေးနေ့လေ၊ သူ့မွေးနေ့ကို လှရင်တို့ အိမ်မှာ အုန်းနို့ခေါက်ဆွဲကျွေးလိမ့်မယ်။ အဲဒါ နင်လာ ဖြစ်အောင်လာခဲ့ဦး”

ဟု ပြောလေ၏ ။ ထားမေက ခေါင်းညိတ်၍

“လှရင်မွေးနေ့ကို သူကိုယ်တိုင်ဖိတ်ရင်တော့ လာရတာ ပေါ့ဟယ် ၊ အခု လှရင်က နင့်ကိုဖိတ် ခိုင်းတယ်ဆိုတော့”

ဟု ပြောလေရာ ရွှေတိုးက

“လှရင် မအားလို့ပါဟာ၊ မြို့က ဓာတ်ပုံဆရာ ရောက်နေလို့ ဓာတ်ပုံရိုက်နေတာ၊ သူ မအားလို့ ငါ လာဖိတ်တာ၊ နင် မလာရင် သူစိတ်ကောင်းမှာ မဟုတ်ဘူး၊ နင်လာ ဖြစ်အောင် လာဦး”

ဟု ပြောလေ၏ ။ ထားမေက ရွှေတိုး၏ ဖိတ်ခေါ်မှု ကြောင့်

“ငါလာပါ့မယ်ဟာ၊ ဒါပေမယ့် ငါက ဆင်းရဲသားဆိုတော့ လှရင်ကို ဘာလက်ဆောင်မှ ပေးနိုင်မှမဟုတ်ဘူး”

ဟု ပြောလေရာ ရွှေတိုးက လက်ကာ၍

“ငါတို့သူငယ်ချင်းတွေ ကြားမှာ ဘာလက်ဆောင်မှ မလိုပါဘူး၊ ဆရာကြီးဦးရွှေဘိုကျောင်းမှာ ငါတို့ ၃ ယောက် ဟာ အခင်မင်ဆုံး သူငယ်ချင်းတွေ ပဲ၊ နင်မလာဘူးဆိုရင် ဘုရားကို ငါကိုယ်တိုင် စက် ဘီးနဲ့ လာခေါ်မှာ နော်”

ဟု ပြောလေ၏ ။ ထားမေက

“ငါ ခဏတော့ ရောက်အောင်လာပါ့မယ်၊ ဒါပေမယ့်ဟာ လှရင်မွေးနေ့မှာ ဆရာကြီးဦးရွှေဘို ကျောင်းက ကျောင်းသူကျောင်းသားတွေ အများ ကြီးလာမှာ ပဲ၊ ငါ သူတို့ကိုကြည့်ပြီး အားငယ်နေမှာ ပဲ”

ဟု ပြောလေ၏ ။ ထားမေ၏ စကားကြောင့် ရွှေတိုးက လက်သီးဆုပ်၍

“ဘာမှ အားငယ်စရာမလိုဘူး သူငယ်ချင်း၊ နင်က ကိုယ့်ခြေကိုယ့်လက်ပေါ်မှာ ရပ်ပြီး မိဘကို လုပ်ကျွေးနိုင်နေပြီ၊ ငါတို့က ကျောင်းသားတွေ ပဲရှိသေးတယ်”

ဟု အားပေးစကားပြောလေ၏ ။ ထားမေက ခေါင်းခါ၍

“ဘာပဲ ဖြစ် ဖြစ် နင်တို့ တစ်နေ့နေ့မှာ ပညာတွေ စုံပြီး ပညာတတ်ကြီးတွေ ဖြစ်မှာ ၊ မြို့အုပ်တို့၊ အရေး ပိုင်တို့၊ ကျောင်းဆရာမ ကြီးတွေ ဖြစ်ကြမှာ ၊ ငါ ကတော့ ပန်းသည်မ ပန်းသည်မပါပဲဟာ”

ဟု မိမိဘဝကို အားငယ်ဟန်ဖြင့် ပြောနေလေရာ ရွှေတိုးဆိုသော လူငယ်သည် သူမအား စိတ် မကောင်းဟန်ဖြင့် ကြည့်ကာ အာေးပးစကားအမျိုးမျိုးကို ပြောဆိုနေလေတော့၏ ။

ထိုနေ့က လှမေ စိတ်မချမ်းသာ ဖြစ်နေသဖြင့် ရွှေတိုးဆိုသော လူငယ်သည် သူမဆိုင်သိမ်းသည် အထိ စောင့်၍ ခေါ်လေ၏ ။ ရွှေတိုးသည် ထားမေအား သူ၏ စက်ဘီးပေါ်သို့တင်၍ သူမ၏ အိမ်ကို လိုက်ပို့ပေးလေ၏ ။

ရွှေတိုးနှင့် ထားမေသည် မြို့စွန်လမ်းကလေးအတိုင်း စက်စီးအတူစီးပြီး ပြန်လာခဲ့လေ၏ ။

ထိုသို့ပြန်လာရင်း မြို့တစ်နေရာ၌ ရှိသော ပန်းခြံအနီးမှ စက်ဘီးကို ဖြတ်သန်းသွားလေ၏ ။

ထိုအခါ ပန်းခြံ၌ ဓာတ်ပုံဆရာတစ်ဦးနှင့် ဓာတ်ပုံအရိုက်ခံနေသော လှရင်ဆိုသည့် မိန်းမပျို သည် စက်ဘီးတစ်စီးကို နှစ် ယောက် အတူစီး၍ ဖြတ်သန်းသွားသော ထားမေနှင့် ရွှေတိုးကို ကြည့်၍ မကျေနပ်ဟန်ဖြင့် အံကိုကြိတ်လိုက်မိ၏ ။

လှရင်သည် မြို့ပေါ်ရှိ အချမ်းသာဆုံးသူဌေးကြီးဦးလှ၏ တစ်ဦးတည်းသော သမီး ဖြစ်၏ ။

သူဌေးကြီးဦးလှသည် မြို့ပေါ်၌ ပွဲရုံကြီးတစ်ရုံကို ပိုင်ဆိုင်ပြီး တော၌ လည်း လယ်ဧကထောင်ချီပြီး ပိုင်ဆိုင်လေ၏ ။

ဦးလှသည် ဇနီးသည် သေဆုံးသွားပြီးနောက် အိမ်ထောင်ပြုရန် မကြိုးစားတော့ဘဲ တစ်ဦးတည်းသော သမီးလေးလှရင်ကိုသာ အရွယ်ရောက်အောင် ကျွေးမွေးပြုစုလာခဲ့၏ ။

လှရင်သည် ဖခင်၏ အလိုလိုက် အကြိုက်ဆောင်မှု ကြောင့် လက်ညှိုးညွှန်ရာ လိုရာ ဖြစ်သဖြင့် မာန်မနထောင်လွှားသော မိန်းမပျိုတစ်ဦး ဖြစ်၏ ။

ရွှေတိုးနှင့် ထားမေသည် သူမ၏ အခင်မင်ဆုံး သူငယ်ချင်းများ ဖြစ်သော်လည်း ရွှေတိုးသည် ထားမေထက် သူမကိုသာ ဂရုစိုက်စေလို၏ ။

ယခု ထားမေနှင့် ရွှေတိုးတို့ နှစ် ကိုယ်ယှဉ်တွဲ ၍ ထွက်ခွာသွားသော အခါ လှရင်သည် ကြိတ်မနိုင် ခဲမရ ဖြစ်ပြီး ကျန်ရစ်ခဲ့လေ၏ ။

ထို့ကြောင့် ဓာတ်ပုံဆရာနှင့် ဓာတ်ပုံရိုက်ရန် စိတ်မပါတော့ဘဲ ဒေါကြီးမောကြီးနှင့် အိမ်သို့ပြန် လာခဲ့လေ၏ ။

မနက်ဖြန်၌ ကျရောက်သော သူမ၏ မွေးနေ့တွင် အခင်ဆုံး သူငယ်ချင်း ထားမေကို ဆန္ဒမရှိခဲ့ချေ။

ထားမေသည် ယခင်က သူငယ်ချင်း ဖြစ်သော်လည်း ယခု ကျောင်းသူဘဝမှ ပန်းသည်မ ဖြစ်သွားသဖြင့် ဘဝချင်းမတူတော့ဟု ခံစားရ၏ ။

သူမ မွေးနေ့၌ ဆရာကြီးဦးရွှေဘို ကျောင်းမှ ကျောင်းသူကျောင်းသားများ ကိုဖိတ်ကြားထားသ ဖြင့် ထိုသူများ ၏ အမြင်၌ မိမိနှင့် ရွှေတိုးကို အလိုက်ဖက်ဆုံးစုံတွဲ ဟု မြင်စေလို၏ ။

ထို့ကြောင့် မိမိ၏ ခရီးလမ်း၌ အတားအဆီးသဖွယ် ဖြစ်နေမည့်  ထားမေကို မွေးနေ့ပွဲသို့ မဖိတ် ရန်ကြံစည်ထား၏ ။ ထားမေအနီးမှာ ရှိလျှင် ရွှေတိုးက ထားမေကိုသာ ဂရုစိုက်ပေတော့မည် ။

ရွှေတိုးသည် မိမိ၏ ဆန္ဒမပါဘဲ ထားမေကို မွေးနေ့ပွဲလာရန် ဖိတ်ကြားလိုက်ပုံရ၏ ။

လှရင်သည် မဆီမဆိုင် မိမိ၏ မွေးနေ့ပွဲ၌ ဝင်ပါသော ရွှေတိုးကို မကျေမချမ်း ဖြစ်နေလေတော့သည်။

♥ ♥ ♥


နောက်တစ်နေ့၌ ထားမေသည် ဘုရားစောင်းတန်းရှိ ပန်းဆိုင်လေးကို နံနက်စောစော ရောက်အောင်လာပြီး ပန်းရောင်းထွက်လေ၏ ။ ပန်းများ အတော် အတန်ရောင်းပြီးသော အခါ လှရင်၏ မွေးနေ့သို့သွားရန် တော် သင့်သော အဝတ်အစားလေးများ ကို ကြည့်ကောင်းအောင် ဝတ်ဆင်ပြီး မွေး နေ့ရှိရာသို့ထွက်ခဲ့လေ၏ ။

လှရင်သည် ကြွယ်ဝချမ်းသာသူ ဖြစ်သဖြင့် သူမ၏ မွေးနေ့ကို ခမ်းနားကြီးကျယ်စွာ ကျင်းပလေ ၏ ။ လှရင်တို့ သုံးထပ်တိုက်ကြီး၏ အောက်ဆုံးထပ်၌ သူမ၏ မွေးနေ့ပွဲကို ပြုလုပ်လေ၏ ။

ထားမေသည် စိန်ရောင် ရွှေရောင် တလက်လက်တောက်ပနေသူများ ကိုကြည့်၍ မိမိကိုယ်မိမိ သိမ်ငယ်သွားသယောင်ခံစားရလေ၏ ။ မွေးနေ့ပွဲသို့ ရောက်ရှိသွားသော အခါ ဆရာဦးရွှေဘိုကျောင်း မှ ကျောင်းသူကျောင်းသားများ ကြားတွင် ပျော်ရွှင်နေသော လှရင်သည် ထားမေကို မြင်တွေ့ သော် လည်း ဂရုမစိုက်ဘဲ မမြင်ဟန်ပြုနေလေ၏ ။

ထားမေသည် ကျောင်းသူကျောင်းသားများ ကြား၌ ပျော်ရွှင်နေသော လှရင်ကိုကြည့်၍ မိမိနှင့် ဘဝချင်းမတူတော့ပြီဟု ယူဆကာ သိမ်ငယ်စိတ်များ ဖြစ်ပေါ်နေမိ၏ ။

သူငယ်ချင်း ဖြစ်သူ လှရင်က မိမိကို မမြင်ဟန်ဆောင်လေရာ ပိုမို၍ အားငယ်စိတ်များ ဝင်လာမိ ၏ ။ ထားမေသည် မွေးနေ့ပွဲသို့ ရောက်ရှိလာသော်လည်း သူမကို ဖိတ်ခေါ်မည့် သူမရှိဘဲ ချောင်ကျ လှသော စားပွဲဝိုင်း၌ တစ်ကိုယ်တည်း ထိုင်နေရလေ၏ ။

ထားမေသည် မိမိကို မွေးနေ့ပွဲသို့လာရောက်ရန် ဖိတ်ခေါ်သော သူငယ်ချင်းရွှေတိုးကို ပရိ သတ်ထဲတွင် ရှာဖွေလေ၏ ။

သို့သော် ရွှေတိုးကို မတွေ့ ရသဖြင့် သူမတစ်ကိုယ်တည်း အထီးကျန် ဖြစ်နေလေ၏ ။

သူမကို မည် သူမျှ လာရောက်ပြီး ဧည့်ခံခြင်းမရှိသဖြင့် စားပွဲဝိုင်း၌ တစ်ယောက် တည်း ငေါင်းစင်းစင်းထိုင်နေရလေ၏ ။

ထားမေသည် စားပွဲဝိုင်း၌ အထီးကျန်စွာ နေထိုင်စဉ် လှရင်နှင့် ဆရာကြီးဦးရွှေဘို ကျောင်းသူ ကျောင်းသားများ သည် မြို့မှခေါ်ထားသော ဓာတ်ပုံဆရာနှစ် ဦးနှင့် အတူ ဓာတ်ပုံရိုက်ရန် ပြင်ဆင်ကြ၏ ။

ကျောင်းသူကျောင်းသားများ သည် ဓာတ်ပုံရိုက်ရန် စိတ်အားထက်သန်နေပြီး ဓာတ်ပုံရိုက်ဆရာ အနီး၌ အလုအယက်ကြိတ်ကြိတ်တိုးနေကြ၏ ။

ကျောင်းသူမိန်းကလေးများ သည် မွေးနေ့ရှင်လှရင်နှင့် အတူပျော်ရွှင်စွာ ဓာတ်ပုံရိုက်ကြလေ၏ ။

လှရင်သည် အိုက်တင်အမျိုးမျိုးပေး၍ ဓာတ်ပုံအရိုက်ခံရင်း စားပွဲတစ်လုံးတည်း၌ ဧည့်ခံသူမရှိ ဘဲ တစ်ကိုယ်တည်း အထီးကျန် ဖြစ်နေသော ထားမေကို မသိမသာကြည့်၍ ကျေနပ်အားရဟန်ဖြင့် ပြုံးလိုက်ခြင်းကို ထားမေသတိပြုမိလိုက်၏ ။

မိမိအား လာရောက်ဖိတ်ခေါ်သော ရွှေတိုး၏ မျက်နှာကြောင့် သာ လှရင်၏ မွေးနေ့ပွဲသို့ လာရောက်ခဲ့ခြင်း ဖြစ်၏ ။

ယခုမွေးနေ့ပွဲ၌ မိမိကို မတူမတန်သလို ဆက်ဆံခြင်းအား နာကျင်ခံစားရလေ၏ ။

ထိုအခိုက်မှာ ပင် လှရင်သည် သူငယ်ချင်းများ ဘက်သို့လှည့်၍

“သူငယ်ချင်းတို့ရေ ငါတို့ ကျောင်းသူကျောင်းသားတွေ ပဲ စုပြီး ဓာတ်ပုံရိုက်နေတာနော်၊ အပြင်ကလူတွေ ဝင်မရိုက်စေနဲ့ ၊ ဓာတ်ပုံဆရာက အလကားရတာ မဟုတ်ဘူး၊ ဈေးကြီးပေးပြီး ခေါ် ထားရတာ ဟဲ့”

ဟု ပြောလေရာ အကြောင်းမသိသော မိန်းကလေးများ သည် လှရင်၏ စကားကို နားဝင်ကြလေ ၏ ။

လှရင်က ထားမေကြားလောက်အောင်

“ငါတို့က နောက်နှစ် ဆိုရင် ကောလိပ်တက်ရမဲ့ ကျောင်းသူတွေ ၊ ဈေးသည်တွေ ငါတို့နဲ့ အတူရောပြီး ဓာတ်ပုံမရိုက်စေနဲ့ နော်၊ ကောလိပ်ကျောင်းသူ ဖြစ်မဲ့ ငါတို့ ဂုဏ်သိက္ခာတွေ ကျဆင်း မယ်”

ဟု ပြောလေရာ မိန်းကလေးများ က သဘောကျဟန်ဖြင့် ထောက်ခံကြပြန်၏ ။

ထားမေသည် မိမိကို အသားလွတ်စောင်းမြောင်းပြောဆိုနေကြောင်းရိပ်စားမိသဖြင့် ရင်ထဲ၌ နာ ကျင်နေမိ၏ ။ မိမိက လှရင်အား သူငယ်ချင်းရင်းခြာကဲ့သို့ သဘောထားပြီး သူမ၏ ပျက်စီးရာ ပျက်စီး ကြောင်းကို ရှေ့တွင် ဖြစ်စေ၊ ကွယ်ရာ၌ ဖြစ်စေ ပြောဆိုလေ့မရှိချေ။

ယခု လှရင်က မိမိကို ရန်သူတစ်ဦးသဖွယ် စော်ကားနေခြင်းကို နားမလည်နိုင်အောင် ဖြစ်မိ၏ ။

ယနေ့ လှရင်၏ မွေးနေ့ပွဲကို လာရောက်ခဲ့ခြင်းအတွက် မိမိကိုယ်မိမိ များ စွာ နောင်တ တရားရမိ၏ ။

လှရင်၏ သဘောဆန္ဒမပါဘဲ မွေးနေ့ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားသော ရွှေတိုးကိုသာ မကျေမချမ်း ဖြစ်မိ၏ ။

လှရင်သည် သူမ၏ မွေးနေ့ပွဲသို့ လာရောက်ချီးမြှင့်သော ဧည့်သည်ကို အိမ်ရှင်ကောင်းတစ် ယောက် ကဲ့သို့ မဆက်ဆံဘဲ အိမ်ရှင်က ဧည့်သည်အား စော်ကားခြင်း ဖြစ်၏ ။

ထားမေသည် မိမိကို စော်ကားမော်ကားပြုခြင်းကို မခံနိုင်တော့သဖြင့် မွေးနေ့ပွဲမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်၏ ။

မွေးနေ့ပွဲတက်ရန် ဖိတ်ကြားသော သူငယ်ချင်း ရွှေတိုးကိုလည်း မတွေ့ ရချေ။

ထားမေသည် ထိုင်ရာမှထရပ်လိုက်ပြီး မလှရင်ထံသို့ ဦးတည်လျှောက်သွားပြီး မျက်နှာတည် တည်ဖြင့်

“ပြန်တော့မယ်လှရင်”

ဟု ပြောလိုက်ရာ မလှရင်သည် ထားမေကို စော်ကားလိုက်ရသဖြင့် ကျေနပ်စွာ ဖြင့်

“ထားမေရေ၊ ငါတို့ကျောင်းသူတွေ အချင်းချင်း စကားပြောနေလို့ နင့်ကိုတောင် ဧည့်မခံနိုင်ဘူး၊ ဆောရီးပဲနော်”

ဟုပြောလိုက်ရာ ထားမေက သက်ပြင်းချ၍

“ရပါတယ်၊ ကျောင်းသူကျောင်းသားအချင်းချင်းပဲ အားပါးတရ ဧည့်ခံကြပါ၊ ငါက ဈေးသည်ပဲ အရေး မကြီးပါဘူး”

ဟုပြောကာ မွေးနေ့ပွဲမှ စိတ်နာစွာ ဖြင့် ပြန်လာခဲ့၏ ။ နောက်တစ်နေ့တွင် ထားမေ ပန်းရောင်း သော ဘုရားစောင်းတန်းသို့ သူငယ်ချင်းရွှေတိုးရောက်လာပြီး ရွှေတိုးက

“မွေးနေ့ပွဲမှာ ငါ့ကိုတောင်မစောင့်ဘဲပြန်သွားတယ်၊ ငါက လှရင်အကူအညီတောင်းလို့ မြို့ပေါ်က မုန့်တွေ သွားသယ်နေရတယ်”

ဟုပြောလေရာ ထားမေသည် ရင်ထဲရှိ နာကျင်မှု ကြောင့် မျိုသိပ်မထားနိုင်တော့ဘဲ

“နင် ငါ့ကို လှရင် မဖိတ်ခိုင်းဘဲ မွေးနေ့ကိုလာဖိတ်တယ် မဟုတ်လား”

ဟု ပြောလေရာ ရွှေတိုးက

“ဆရာဦးရွှေဘို ကျောင်းမှာ ကတည်းက နင်ရယ် ငါရယ် လှရင်ရယ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းတွေ မွေးနေ့ပွဲဖိတ်ဖို့ ခွင့်တောင်းနေရဦးမှာ လား”

ဟု ပြောလေရာ ထားမေသည် ရင်ထဲတွင် နာကျင်သွားပြီး

“ဒီမှာ ရွှေတိုး၊ နောက်တစ်ခါ လှရင်နဲ့ ပတ်သက်ရင် ငါ့ကို ဘယ်တော့မှ လာမဖိတ်နဲ့ ၊ ငါက ဈေး သည်ပေမယ့် ကောင်းရောင်းကောင်းဝယ် လုပ်စားနေတာဟဲ့၊ ကိုယ့်ထမင်းကိုယ်စားပြီး သူတစ်ပါး စော်ကားတာ မခံပါရစေနဲ့ ”

ဟု ပြောလေ၏ ။

ရွှေတိုးက နားမလည်နိုင်ဟန်ဖြင့်

“နင် ဘာတွေ ပြောနေတာလဲ၊ မွေးနေ့မှာ နင်ဘာ ဖြစ်လို့လဲ”

ဟု မေးမြန်းလေရာ ထားမေသည် မိမိကြုံတွေ့ ရသော အ ဖြစ်များ ကို ရွှေတိုးအားပြောပြလေ၏ ။

ရွှေတိုးသည် သူမ၏ စကားကိုနားထောင်၍ တစ်စုံတစ်ရာကို လေးနက်စွာ စဉ်းစားဟန်ဖြင့်

“နင်တကယ်ပဲ ဒီလိုအစော်ကားခံခဲ့ရတယ်ဟုတ်လား”

ဟု မေးမြန်းလေရာ ထားမေက

“ငါက လုပ်ကြံပြီးပြောမဲ့လူလား၊ ငါမဟုတ်တဲ့စကားကို ဘယ်တော့မှမပြောတတ်ဘူးဆိုတာ နင်သိပါတယ်”

ဟု ပြောလေရာ ရွှေတိုးသည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး

“လှရင် ဘာ ဖြစ်လို့ ဒီလိုစိတ်တွေ ဖြစ်သွားရတာ လဲ၊ သြော်..ဒါကြောင့်ကိုး၊ မွေးနေ့မလုပ်မီက နင့်ကို ငါတို့နှစ် ယောက် အတူဖိတ်မယ်ပြောတုန်းက သူ ဒါကြောင့် အင်တင်တင်လုပ်နေတာကိုး၊ နင့် ကို သူ့မွေးနေ့ကို ဘာကြောင့် မဖိတ်ချင်ရတာ လဲ၊ ငါနားမလည်တော့ဘူး”

ဟု ပြောလေ၏ ။

ထားမေက နာကျင်စွာ ဖြင့်

“ရှင်းရှင်းလေးပါ ရွှေတိုးရယ်၊ ငါက နင်တို့လို ဆရာကြီး ဦးရွှေဘိုရဲ့ ကျောင်းသူမှမဟုတ်တော့ တာ၊ ငါက ဘုရားစောင်းတန်းက ဈေးသည် ဖြစ်နေပြီ၊ ဆရာကြီးရဲ့ ကျောင်းသူကျောင်းသားတွေ ဟာ တစ်ချိန်ချိန်မှာ အစိုးရအရာရှိကြီးတွေ ဖြစ်လိမ့်မယ်၊ ငါ ကတော့ ဈေးသည်က ဈေးသည်ပါပဲ၊ သူ့စိတ်ထဲမှာ ငါနဲ့ သူ မတူမတန်ဘူးထင်လို့ ဖြစ်မယ်”

ဟု ပြောလေရာ ရွှေတိုးက ခေါင်းခါယမ်း၍

“မဟုတ်သေးပါဘူးဟာ၊ လှရင်မှာ ဒီလို လူတန်းစားခွဲခြားတတ်တဲ့စိတ်မျိုး မရှိပါဘူး၊ သူ့အ ကြောင်းကို ငါ ကောင်းကောင်းသိပါတယ်”

ဟု ပြောလေ၏ ။ ထားမေက မျက်နှာရှုံ့မဲ့၍

“နင်က ဒီကောင်မဘက်က လိုက်ပြီးပြောနေပြန်ပြီ၊ ငါကိုယ်တိုင် လူတန်းစားခွဲပြီး မတူမတန် သလို ဆက်ဆံတာခံခဲ့ရတာ ”

ဟု ပြောလေရာ ရွှေတိုးက

“နင်နဲ့ သူကြားမှာ မမြင်နိုင်တဲ့ ပြဿနာတစ်ရပ်ရပ် ရှိမယ်ထင်တယ်၊ ငါတစ်နေ့က နင် မွေးနေ့ပွဲကို မလာဘူးလားလို့ မေးကြည့်တယ်၊ လှရင်က နင်ခဏလေးလာပြီး သူ့ကိုတောင် နှုတ်မ ဆက်ဘဲ ပြန်သွားတယ်လို့ပြောတယ်”

ဟု ပြောလေ၏ ။ ထားမေသည် အံကိုကြိတ်၍

“ဒီကောင်မ နင့်ကို ဗလောင်းဗလဲပြောလိုက်တာပဲ၊ အိမ်ရှင်က ဧည့်သည်ကို စော်ကားပေမယ့် ဧည့်သည်က အိမ်ရှင်ကို မစော်ကားဘူး၊ ငါသူ့ကို ယဉ်ယဉ်ကျေးကျေးပြောပြီး ပြန်ခြ့တယ်၊ ဒီကောင်မ က ကျောင်းသူကျောင်းသားတွေ ကို ဧည့်ခံနေရလို့ ငါ့ကို ဧည့်ဝတ်ကျေအောင် ဧည့်မခံနိုင်ဘူးလို့ ရိသဲ့သဲ့ ပြောသေးတယ်၊ ဘာပဲ ဖြစ် ဖြစ် ငါ့ကို မွေးနေ့ပွဲကို ခေါ်ပြီး လူအများ ရှေ့မှာ စော်ကာတာ အမှန်ပဲ”

ဟု ပြောလိုက်လေ၏ ။

♥ ♥ ♥


ရွှေတိုးသည် ထားမေထံမှ ပြန်လာပြီးနောက် သူမ စိတ်ဆင်းရဲနေသည့်အတွက် များ စွာ စိတ်မ ကောင်း ဖြစ်မိ၏ ။

မွေးနေ့ပွဲ၌ ထားမေအား မတူမတန်သလို ဆက်ဆံလိုက်သော လှရင်ကို မကျေနပ်သလို ဖြစ်မိ ၏ ။

ထို့ကြောင့် လှရင်ရှိရာသို့ သွားပြီး မွေးနေ့ပွဲနေ့က စော်ကားလိုက်ပုံကို မေးမြန်းလေရာ လှရင်သည် အစပိုင်း၌ မိမိကိုယ်မိမိ ဖုံးဖိ၍ ပြောဆိုသော်လည်း နောက်ပိုင်းတွင် မူ ထားမေနှင့် မိမိတို့ သည် ကျောင်းသူနှင့် ဈေးသည် ဖြစ်သဖြင့် အဆင့်အတန်းချင်းမတူတော့ပြီဟု ပြောလေရာ ထားမေအား စော်ကားလိုက်ခြင်းကို ဝန်ခံလိုက်သကဲ့သို့ ရှိလေ၏ ။

ရွှေတိုးသည် လှရင်၏ လူတန်းစားခွဲခြားမှု ကို မနှစ်သက် ကြောင်း ပြောလေရာ လှရင်က

“မတူညီတဲ့ လူတန်းစားနှစ် ရပ်ဟာ ဘယ်တော့မှ ပေါင်းစပ်လို့ မရတော့ဘူး ရွှေတိုး၊ ဈေးသည် ဟာ ဈေးသည်လိုပဲ တွေးတယ်၊ ကျောင်းသူကလဲ ကျောင်းသူလိုပဲ တွေးလိမ့်မယ်၊ ကောလိပ်တက်ပြီး ရင် သူနဲ့ ပိုပြီး အလှမ်းကွာသွားလိမ့်မယ်၊ ဒီကောင်မ ကတော့ သူ့အဆင့်န့သူ ဈေးသည်ပဲ ဖြစ်နေလိမ့် မယ်၊ အဆင့်အတန်းချင်းမတူရင် အတွေးအခေါ်ခြင်းလဲ မတူနိုင်ဘူး၊ ဒါကြောင့် သူနဲ့ သူငယ်ချင်းမ ဖြစ်နိုင်တော့ဘူး”

ဟု ပြောလေရာ ရွှေတိုးက

“လှရင် နင့်အတွေးတွေ မှားနေပြီ၊ တကယ်တော့ ဈေးသည် ဖြစ်စေ၊ အရာရှိကြီး ဖြစ်စေ လူတစ် ယောက် ရဲ့ တန်ဖိုးဟာ ကိုယ်ကျင့်တရားကောင်းမွန်ပြီး သူတစ်ပါးအပေါ် စေတနာ၊ မေတ္တာ ထားဖို့ပဲ လိုတယ်လို့ ငါထင်တယ်၊ နင့်အယူအဆဟာ အတော့် ကို မှားယွင်းနေပြီ၊ ဒါဆိုရင် ငါ့မိဘစီးပွားရေး အဆင်မပြေလို့ ကျောင်းထွက်ရမယ်ဆိုရင် နင်နဲ့ ငါ အဆင့်အတန်းချင်းမတူတော့ဘူး၊ ငါကျောင်း ထွက်ပြီး ကူလီ ဖြစ်ရင် ဖြစ်မယ်၊ ဒီလိုအဆင့်အတန်းမတူတဲ့အခါ နင်ငါ့ကို မတူမတန်ဘူးဆိုပြီး မဆက် ဆံဘဲနေမှာ လား”

ဟု ပြောလေ၏ ။

လှရင်သည် ရွှေတိုး၏ အမေးကြောင့် ဖြေဆိုရခက်သွားပြီး ခေါင်းခါယမ်း၍

“နင်သာဆိုရင်တော့ လူတန်းစား ဘယ်လောက်ပဲကွဲကွဲ နင့်ကို ခွဲသွားမှာ မဟုတ်ဘူး”

ဟု ပြောပြီး လှရင်သည် ရွှေတိုးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏ ။

ရွှေတိုးသည် သူမအား နားမလည်နိုင်ဟတ်ဖြင့် ကြည့်၍

“ငါလဲ နင့်သူငယ်ချင်းပဲ၊ ထားမေလဲ နင့်သူငယ်ချင်းပဲ၊ ဘာများ ကွာခြားလို့လဲ”

ဟု ပြောလေရာ လှရင်က ရွှေတိုးကို မျက်လုံးရွဲကြီးဖြင့် ကြည့်၍

“ထားမေနဲ့ နင် ဘယ်တူမှာ လဲ”

ဟု ပြောလေရာ ရွှေတိုးသည် နားမလည်နိုင်ဟန်ဖြင့် လှရင်ထံမှ ထွက်ခဲ့လေတော့၏ ။

ရွှေတိုး၏ ဖခင်သည် အမျိုးသားကျောင်းမှ အငြိမ်းစားကျောင်းဆရာကြီး ဖြစ်၏ ။ ရွှေတိုး၌ ငွေတိုးဆိုသော ညီငယ်တစ်ဦးလည်းရှိ၏ ။ ရွှေတိုး၏ မိခင်သည် မြို့လယ်ခေါင်ဈေး၌ ငါးပိ၊ ငါးခြောက် များ ရောင်းဝယ်၍ အသက်မွေးဝမ်းကျောင်းပြုလေ၏ ။

ရွှေတိုး၏ ညီ ငွေတိုးသည် ငယ်စဉ်ကပင် လွန်စွာ ဆိုးသွမ်းပြီး မိဘများ ၏ ဆိုဆုံးမစကားကို နား မထောင်ဘဲ ခုနှစ် တန်းစာမေးပွဲကိုပင် အကြိမ်ကြိမ်ကျရှုံးသဖြင့် ကျောင်းထွက်လိုက်ရ၏ ။

ငွေတိုးသည် ၄င်းကဲ့သို့ ဆိုးသွမ်းသော လူငယ်လေးများ နှင့် ပေါင်းသင်းကာ ဝေလေလေလုပ် နေသူ ဖြစ်၏ ။

ရွှေတိုး၏ ဖခင် အငြိမ်းစားကျောင်းဆရာကြီးသည် ငွေတိုးကြောင့် မြို့ပေါ်၌ အရှက်ရခဲ့လေ၏ ။

ရွှေတိုးကမူ လိမ္မာရေး ခြားရှိပြီး ကျောင်းစာကို ကြိုးစားသင်ယူကာ လူချစ်လူခင်များ သူတစ် ယောက် ဖြစ်၏ ။

ရွှေတိုးသည် စက်ဘီးလေးကိုနင်း၍ အိမ်သို့ပြန်လာစဉ် လမ်းထိပ်သို့ရောက်သော အခါ ရန် ဖြစ် နေသော လူငယ်တစ်စုကို တွေ့ ရ၏ ။

ထိုလူငယ်များ ကို ကြည့်လိုက်သော အခါ ညီ ဖြစ်သူ ငွေတိုးနှင့် လူငယ်များ ဖြစ်ကြောင်း တွေ့ ရ၏ ။

ရွှေတိုးသည် စက်ဘီးပေါ်မှခုန်ဆင်း၍

“ဟေ့….ဟေ့…ရန်မ ဖြစ်ကြနဲ့ ၊ ရပ်ကြစမ်း”

ဟု တားဆီးလေရာ ငွေတိုးနှင့်ရန် ဖြစ်နေသော လူငယ်များ သည် ရွှေတိုး၏ စကားကို နားမထောင်သည့်အပြင် ရွှေတိုးကို ဝင်ရောက် ထိုးကြိတ်လေ၏ ။

ရွှေတိုးသည် လူငယ်များ ကို သည်းခံမနေတော့ဘဲ ပြန်လည်ထိုးကြိတ်ရာ ရွှေတိုးသည် သန်မာ ဖျက်လတ်သူတစ်ဦး ဖြစ်သဖြင့် လူငယ်များ အထိနာပြီးထွက်ပြေးရလေ၏ ။

ငွေတိုးသည် ထိုမြင်ကွင်းကိုကြည့်၍ သဘောကျဟန်ဖြင့် လက်ခုပ်တီးကာ

“ဒါမှ တို့အစ်ကိုကွ၊ ဒီကောင်တွေ စော်ကားလို့ ဘယ်ရမလဲ၊ အခုတော့ ခွေးပြေးပြေးရပြီ”

ဟု ပြောလေရာ ရွှေတိုးက ပုဆိုးကိုပြင်၍ ဝတ်လိုက်ပြီး

“ဘယ်လို ဖြစ်တာလဲကွာ၊ မင်းကို ရန်မ ဖြစ်ပါစေနဲ့ လို့ မိဘတွေ က အကြိမ်ကြိမ်မှာ ထားတယ်၊ မင်း ကတော့ မိဘစကားကို ဘယ်တော့မှ နားထောင်မဲ့ကောင်မဟုတ်ဘူး”

ဟု ကြိမ်းမောင်းလေ၏ ။ ငွေတိုးက ခေါင်းခါယမ်း၍

“ကျုပ်လဲ ရန်မ ဖြစ်ပါဘူးဗျာ၊ ဒီကောင်တွေ ကျုပ်တို့ မြို့ကမဟုတ်ဘူး၊ ဒီမြို့မှာ ကျုပ်ကို ရန်စရဲတဲ့ကောင်မရှိဘူး”

ဟုပြောလေရာ ရွှေတိုးက ငွေတိုး၏ ပခုံးကိုပုတ်၍

“တော် စမ်းကွာ၊ လူမိုက်လုပ်ရတာ ဂုဏ်ယူပြီး ပြောမနေနဲ့ ၊ မင်းကြောင့် မိဘတွေ ဘယ်လောက် စိတ်ဆင်းရဲရသလဲ၊ လာ ငါနဲ့ ခု ချက်ချင်း လိုက်ခဲ့ပေတော့”

ဟု ပြောကာ ငွေတိုးအားစက်ဘီးပေါ်သို့တင်၍ အိမ်သို့ ခေါ်ခဲ့လေတော့၏ ။

ရွှေတိုးသည် ထားမေအား အထက်တန်းကျောင်းပြန်တက်နိုင်ရန် ကူညီဖို့ဆုံးဖြတ်လိုက်၏ ။

ထို့ကြောင့် ဖခင် ဖြစ်သူ အငြိမ်းစားကျောင်းအုပ်ဆရာကြီးထံသို့သွား၍ ထားမေသည် စာတော် သော မိန်းကလေးတစ်ဦး ဖြစ်သော်လည်း ၇ တန်းနှင့် ကျောင်းထွက်လိုက်ရသဖြင့် များ စွာ နစ်နာ ကြောင်းပြောဆိုပြီး ထားမေကျောင်းတတ်နိုင်ရန် ကူညီလိုကြောင်းပြောလေ၏ ။

ထိုအခါ ဖခင်က

“ဆရာကြီး ဦးရွှေဘိုက ငါ့သူငယ်ချင်းပဲ၊ ဒီနေ့ညနေ ဦးရွှေဘိုနဲ့ ခြင်းဝိုင်းမှာ ဆုံရင် ထားမေ ကျောင်းတက်လို့ရအောင် ငါပြောပေးမယ်”

ဟုပြောလေရာ ရွှေတိုးသည် ထားမေအတွက်များ စွာ စိတ်အားတက်ကြွခြင်း ဖြစ်ရ၏ ။

ရွှေတိုး၏ ဖခင် ကျောင်းအုပ်ဆရာကြီး၏ အကူအညီကြောင့် ဆရာကြီးဦးရွှေဘိုသည် ထားမေ အား တွေ့ လိုကြောင်း ပြောလေ၏ ။

ထိုအခါ ရွှေတိုးသည် ထားမေရှိရာသို့သွားပြီး သူမကျောင်းတက်နိုင်ရန် မိမိ၏ ကြိုးပမ်းဆောင် ရွက်ပုံကို ပြောပြလေရာ ထားမေသည် တစ်စုံတစ်ခုကိုတွေး၍ စိတ်အားတက်ကြွဟန်ဖြင့်

“အရင်တုန်း ကတော့ အမေ့ကိုတစ်လှည့် လုပ်ကျွေးဖို့ ပညာရေး ကို ပစ်ပယ်ခဲ့တယ်၊ ဒါပေမယ့် လှရင်မွေးနေ့မှာ ပညာမဲ့တဲ့အတွက် အနှိမ်ခံရတာ ကြောင့် ပညာရေး မှာ ပြန်ကြိုးစားချင်လာတယ်၊ အခု လို ငါ့အတွက် ကြိုးစားပေးတာ ကျေးဇူးတင်တယ် ရွှေတိုး၊ ငါ ဒီနေ့ညနေ ဆရာကြီးဦးရွှေဘိုနဲ့ သွား တွေ့ ပါ့မယ်”

ဟု ပြောလေ၏ ။ ထားမေသည် ညနေရောက်သော အခါ ဆရာကြီးဦးရွှေဘိုနှင့် သွားရောက်တွေ့ ဆုံလေ၏ ။

ဆရာကြီးဦးရွှေဘိုက ထားမေကို လက်ခံတွေ့ ဆုံ၍

“ငါ့သမီး ကျောင်းတက်ချင်ရင် ဆရာကြီးကျောင်းမှာ ကျောင်းလခလွတ်နေပေတော့”

ဟု ပြောလေ၏ ။

ထားမေသည် ဆရာကြီး၏ စေတနာကို နားလည်သော်လည်း

“ဆရာကြီးရယ်၊ ကျောင်းလခလွတ်နေရင် ကျွန်မမှာ အစွမ်းအစမရှိသလို ဖြစ်မှာ ပေါ့”

ဟု ပြောလေ၏ ။ ဆရာကြီးဦးရွှေဘိုသည် ထားမေ၏ မာနစိတ်ကို သဘောကျသွားပြီး

“ဒါဆိုရင် ငါ့သမီး ဘယ်လိုလုပ်ပြီး ကျောင်းတက်ချင်လို့လဲ”

ဟု မေးမြန်းလေ၏ ။ ထိုအခါ ထားမေက

“ဆရာကြီးကျောင်းမှာ တံမြက်စည်းလှဲပြီး၊ သောက်ရေခပ်တဲ့အလုပ်ကို လုပ်ချင်ပါတယ်၊ ဒီအလုပ်တွေ လုပ်ပြီးတော့ ကျောင်းလခလွတ်နေခွင့်ပြုပါ”

ဟု ပြောလေရာ ဆရာကြီးက သဘောကျပန်ဖြင့် ခေါင်းညိတ်၍

“ကျောင်းမှာ တံမြက်စည်းလှဲတဲ့အလုပ်နဲ့ ရေခပ်တဲ့အလုပ်ကို လုပ်ပေးမယ်ဆိုရင် ငါ့သမီးကို ကျောင်းလခလွတ်နေရုံမကဘူး၊ စာရွက်စာတမ်းတွေ ကအစ ဆရာကြီးစီစဉ်ပေးပါမယ်”

ထားမေသည် နံနက် (၇)နာရီထ၍ စက်ဘီးကို ကိုယ်တိုင်နင်းကာ စိုက်ခင်း၌ ဘုရားပန်းများ ယူ ရ၏ ။ ထို့နောက် အိမ်သို့ပြန်ကာ အိမ်အတွက်သောက်ရေသုံးရေများ ကို ခပ်ရ၏ ။

မိခင်နိုးလာလျှင် စားသောက်နိုင်ရန် ဆန်ပြုတ်အိုးတည်ရ၏ ။ ထားမေတို့ သားအမိသည် နံနက် စာအတွက် လက်ဖက်ရည်၊ ကော်ဖီတို့ကို မသောက်ဘဲ ဆန်ပြုတ်ကိုသာ အရသာရှိအောင် စီမံ၍ သောက်လေ၏ ။

ထားမေသည် ဆန်ပြုတ်အိုးတည်ပြီးသော အခါ ဆရာကြီး ဦးရွှေဘိုကျောင်းသို့သွား၍ တံမြက် စည်းလှည်းခြင်း၊ ရေခပ်ခြင်းတို့ကို ပြုလုပ်လေ၏ ။

ပြီးနောက် အိမ်သို့ပြန်လာပြီး မိခင်နှင့် အတူ နံနက်စာဆန်ပြုသောက်လေ၏ ။ ထားမေသည် ဗိုက်ပြည့်သွားသော အခါ ရသမျှအချိန်ကလေး၌ ကျောင်းစာကိုကျက်ရလေ၏ ။ ကျောင်းချိန်သို့ရောက် လျှင် ကျောင်းသို့သွားပြီး ကျောင်းတက်လေ၏ ။

ထားမေ ကျောင်းတက်နေစဉ် မိခင်သည် ဘုရားစောင်းတန်းသို့သွားကာ ထားမေကိုယ်စား ပန်းရောင်းလေ၏ ။

ကျောင်းမုန့်စားလွှတ်ချိန်၌ အခြားသော ကျောငးသူကျောင်းသားများ ကဲ့သို့ မုန့်ဝယ်မစားနိုင် သဖြင့် မိခင်ချက်ပြုတ်ထားသော အသီးအရွယ်ကြော်နှင့် ထမင်းစားရလေ၏ ။

ညနေကျောင်းဆင်းသော အခါ ထားမေသည် ကမန်းကတန်း ဘုရားသို့ပြေး၍ ပန်းရောင်းရ၏ ။ မိခင်ကိုလည်း အိမ်သို့ ပြန်၍ အနားယူစေ၏ ။ ဘုရား၌ ပန်းရောင်းပြီးမှသာ အိမ်သို့ပြန်ရလေ၏ ။

ထိုအလုပ်များ သည် ထားမေ၏ နေ့စဉ်အလုပ်တာဝန်များ ပင် ဖြစ်လေတော့၏ ။

ထိုကဲ့သို့ ထားမေသည် အလုပ်လုပ်ရင်းကျောင်းတက်ရသော်လည်း ကျောင်းစာ၌ ပထမချည်း သာရလေတော့၏ ။ ထို့ကြောင့် ထားမေအား ဆရာကြီးဦးရွှေဘိုနှင့် တကွ ဆရာများ ၏ အားပေး ချီးမြှော က်မှု ကို ခံရလေ၏ ။

ထိုအခါ ထားမေကိုမနာလိုသော ကျောင်းသူများ က

“ထားမေဆိုတဲ့ကောင်မဟာ ကျောင်းမှာ ဂှာဖူးဝါလား အလုပ်လုပ်ပြီး ကျောင်းတက်နေရလို့ သာပေါ့၊ တို့လို မိဘပိုက်ဆံနဲ့ ကျော့ကျော့လေး ကျောင်းတက်ရမယ်ဆိုရင် ဘယ်လောက်များ ထောင်နေမလဲ မသိဘူး”

ဟု ကဲ့ရဲ့ လေ၏ ။

ထိုအခါ စိတ်ကောင်းမရှိသော ကျောင်းသူ တစ်ယောက် ကလည်း

“ဟုတ်ပါ့၊ ကျောင်းမှာ ဆရာတွေ က မျက်နှာသာပေးလို့ ဘာများ မှတ်နေလဲ မသိဘူး၊ ကြိုးစားပြနေလိုက်တာ”

ဟု ပြောလေ၏ ။

ထိုအခါ ၄င်းတို့စကားကို နားထောင်နေသော ရွှေတိုးက

“နင်တို့က သူတစ်ပါးကို မနာလို ဖြစ်နေတာကိုး၊ ကိုယ့်အစွမ်းအစနဲ့ ကြိုးစားပြီး ကျောင်းတတ် တဲ့သူကို ချီးကျူးဖို့ကောင်းတယ်ဟဲ့၊ ဒါမှ အဖိုးတန်တဲ့ မိန်းကလေးဟဲ့”

ဟု ပြောလေရာ ရွှေတိုး၏ စကားကြောင့် မိန်းကလေးများ အနက် တစ်ယောက် က

“နင် ဒီကောင်မကို မျက်စိကျနေတာ အခုမှသိတော့တယ်၊ ကျမယ်ဆိုလဲ ကျလောက်ပါတယ်။ ထားမေက ကျောင်းမှာ အချောဆုံး အတောင့်ဆုံးမဟုတ်လား”

ဟု ဝိုင်းဝန်းနောက်ပြောင်ကြလေတော့၏ ။

♥ ♥ ♥


ထားမေသည် ဆရာကြီးဦးရွှေဘို ကျောင်း၌ ၈ တန်းတက်ရသော်လည်း ယခင်က သူငယ်ချင်းများ ဖြစ်သည့် ရွှေတိုး၊ လှရင်တို့နှင့် အတန်းချင်းမတူတော့ချေ။ ရွှေတိုးတို့သည် သူမ ကျောင်းထွက်သွားသော နှစ် ၌ ၈ တန်းစာမေးပွဲအောင်မြင်ပြီး ၉ တန်းသို့ပင် ရောက်နေ၏ ။

ရွှေတိုးသည် ထားမေနှင့် အတန်းချင်းမတူသော်လည်း ထားမေနှင့် သာ တပူးပူးတတွဲ တွဲ ရှိလေ၏ ။

သူဌေးသမီးလှရင်မှာ မူ ထားမေကို မတူမတန်သလို သဘောထားကာ ယခင်ကကဲ့သို့ ပေါင်း သင်းခြင်းမရှိတော့ဘဲ မေးထူးခေါ်ပြောသာရှိလေ၏ ။

ထားမေသည် မိမိအပေါ် ဝန်တိုစိတ် ဖြစ်ပေါ်နေသော လှရင်အား နားမလည်နိုင်အောင် ဖြစ်မိ၏ ။

တစ်နေ့သ၌ ထားမေသည် မုန့်စားဆင်းချိန် အိမ်သို့ပြန်ပြီး ထမင်းစားရန် ကျောင်းတံခါးဝ သို့ ရောက်လေ၏ ။ ထိုစဉ် သူမ၏ အနီးသို့ ရွှေတိုးရောက်လာပြီး

“နေပူလိုက်တာ ထားမေရယ်၊ ဒီနေ့အိမ်မပြန်ဘဲ ငါ့ထမင်းချိုင့်မှာ ပဲ ပေါင်းစားပါလား၊ ဒီနေ့ ငါ့ထမင်းချိုင့်မှာ ဟင်းတွေ ထည့်လာတယ်”

ဟု ဖိတ်ခေါ်လေရာ ထားမေက ရယ်မော၍

“ငါ နေ့စဉ် ပြန်စားနေကျပါ၊ ဆင်းရဲသားတွေ အတွက် နေပူတာ မဆန်းပါဘူး၊ နင့်ထမင်းချိုင့်ကို နင့်ဘာသာစားပါ၊ ငါ့ကို အခုလို ခေါ်ကျွေးတာကို ကျေးဇူးတင်လှပါပြီ”

ဟု ပြောလေရာ ရွှေတိုးက

“သူငယ်ချင်း အချင်းချင်း ကျေးဇူးတင်စကားတွေ ဘာတွေ မပြောပါနဲ့ ဟာ၊ နင်နဲ့ အတူ စားချင်လို့ ခေါ်တာပါ”

ဟု ပြောလေ၏ ။ ထားမေက သက်ပြင်းချ၍

“နင်က ငါ့အပေါ် အခင်အမင်မပျက်ပေမယ့် သူဌေးသမီးလှရင် ကတော့ ငါ့ကို မတူမတန်သလိုပဲဟယ်”

ဟု ပြောလေရာ ရွှေတိုးကခေါင်းခါယမ်း၍

“လှရင်ရဲ့ စိတ်ဓာတ်ကို ငါမကြိုက်ဘူး၊ သူဟာ ဓနရှင်သမီးပီပီ မာန်မန ထောင်လွှားနေတယ်၊ သူ့ရဲ့ စိတ်ဓာတ်ကို ငါရွံမုန်းလို့ မပေါင်းဘဲ ခင်ရှောင်ရှောင်နေတာ ကြာပါပြီ”

ဟု ပြောလေရာ ထားမေက သက်ပြင်းချ၍

“လှရင်က ငါ့အပေါ်မှာ သာ မကောင်းတာပါ၊ နင့်အပေါ်မှာ တော့ ကောင်းမှာ ပါ၊ နင်မရှိရင် ကိုး တန်းမှာ သူ တစ်ယောက် တည်း အထီးကျန် ဖြစ်နေလိမ့်မယ်”

ဟု စိတ်နှလု့းကောင်းမွန်စွာ ဖြင့် ပြောဆိုလေ၏ ။

♥ ♥ ♥


တစ်နေ့သ၌ ဆရာကြီးဦးရွှေဘို၏ ကျောင်းသို့ အမျိုးသားပညာဝန် ဦးစိန်တင်ရောက်ရှိလာပြီး ကျောင်းကို စစ်ဆေးလေ၏ ။ ဆရာကြီးဦးစိန်တင်သည် ကျောင်းသူကျောင်းသားများ အား လိမ္မာယဉ် ကျေးပြီး ဘာသာတရား ကိုင်းရှိုင်းရန် ဆိုဆုံးမလေ၏ ။

ထို့နောက် ဆရာကြီးဦးစိန်တင်က မင်္ဂလာသုတ် ငါဠိတော် ကို မည် သူအလွတ်ရွတ်ပြနိုင်သ နည်းဟု မေးမြန်းလေ၏ ။

ဆရာကြီးဦးစိန်တင်ကဆက်လက်၍ မင်္ဂလာသုတ်ပါဠိတော် အား မထစ်မငေါ့ဘဲ ဂျောင်းဂျောင်း ပြေးရွတ်နိုင်သူအား ဆုငွေ ၁ဝဝ ချီးမြှင့်မည် ၊ မည် သည့်ကျောင်းသား ရွတ်ပြနိုင်သနည်းဟု မေးမြန်း လေ၏ ။

ထိုအခါ မိခင်၏ တိုက်တွန်းချက်အရ အားလပ်သည့် အချိန်တိုင်း တရားဓမ္မများ ကို ရွတ်ဖတ်လေ့ရှိသော ထားမေက လက်ညှိုးထောင်၍

“ကျွန်မ ရွတ်ပြနိုင်ပါတယ် ဆရာကြီး”

ဟုပြောလေရာ ဆရာကြီး ဦးစိန်တင်က

“ငါ့သမီး အတော် လိမ္မာယဉ်ကျေးတာပဲ၊ ဘာသာတရားလဲ ကိုင်းရှိုင်းတယ်၊ မိကောင်းဖခင် သားသမီးပဲ ဖြစ်ရမယ်”

ဟု ချီးမွမ်းစကားပြောလေရာ ထားမေသည် ဆရာကြီးရှေ့တွင် လက်ပိုက်၍ မင်္ဂလာသုတ်ပါဠိ တော် ကို မထစ်မငေါ့ဘဲ ဂျောင်းဂျောင်းပြေး အလွတ်ရွတ်ပြနိုင်၏ ။

ဆရာကြီးဦးစိန်တင်သည် ထားမေအား အလွန်သဘောကျပြီး ဆုငွေ (၁ဝဝ) ချီးမြင့်လေ၏ ။

ထိုသို့ချီးမြှင့်ရင်း ဆရာကြီးက

“ဒီနေ့ခေတ်မှာ ဘာသာတရားကိုင်းရှိုင်းတဲ့ လူငယ်လေးတွေ အတော် ရှားနေပြီ။ ဆရာကြီး ကျောင်းတွေ လှည့်စစ်ရင်း မင်္ဂလာသုတ်ပါဠိတော် ကို အလွတ်ရွတ်ပြနိုင်သူ ဘယ်သူရှိသလဲလို့ မေးတဲ့အခါတိုင်း ရွတ်ပြနိုင်သူမပေါ်ခဲ့ဘူး၊ ဆရာကြီး ဦးရွှေဘိုကျောင်းမှာ ဒီလိုကျောင်းသူမျိုးရှိတာ ဂုဏ်ယူစရာသိပ်ကောင်းတယ်”

ဟု ချီးမွမ်းလေရာ ပညာဝန်ကြီး၏ စကားကြောင့် ဆရာကြီးဦးရွှေဘိုသည် အလွန်ဝမ်းမြောက်ဂုဏ်ယူမိလေ၏ ။ ထားမေကို ကျောင်းလခလွတ် ထားရှိခြင်းသည် များ စွာ မှန်ကန်ပြီး မိမိကျောင်းအတွက် ဂုဏ်တက်စေသည်ဟုလည်း ယူဆမိ၏ ။

ထားမေ တစ်ယောက် ပညာဝန်ကြီး၏ ဆုငွေ (၁ဝဝ)ကို ရရှိသွားသော သတင်းမှာ လည်း ကျောင်း တစ်ခုလုံးသို့ ပြန့်နှံ့သွားလေ၏ ။ ထိုသို့ ထားမေ၏ နာမည် သတင်းကျော်ကြားခြင်းအား မနာလိုမရှုစိမ့်သူတစ်ဦးရှိလေ၏ ။

ထိုသူမှာ ထားမေ၏ အခင်ဆုံးသူငယ်ချင်း ဖြစ်ခဲ့ဖူးသော သူဌေးသမီး လှရင်ပင် ဖြစ်၏ ။

လှရင်က မျက်နှာမဲ့၍

“ကောင်မက ပညာဝန်ကြီးချီးမြှင့်တဲ့ငွေ ၁ဝဝ ရလို့ဟုတ်လှပြီဆိုပြီး ဘဝင်မြင့်နေတယ်၊ ငွေတစ်ရာလောက်များ ငါ့အဖေဆီမှာ အချိန်မရွေးတောင်းလို့ရတယ်”

ဤသို့လှရင်က ထားမေနှင့် ပတ်သက်ပြီး နှိမ့်ချပြောဆိုသည့်အခါတိုင်း ရွှေတိုးသည် ထားမေ ဘက်မှ ရှေ့နေလိုက်တတ်၏ ။

“ဒီမှာ လှရင်၊ နင်က ဓနရှင်သမီးပီပီ အတော် ငွေဂုဏ်မောက်တာပဲ၊ ထားမေက ဘုရားစောင်း တန်းမှာ ဈေးရောင်းနေပေမယ့် ကိုယ့်အစွမ်းအစနဲ့ ကိုယ် ကျောင်းတက်တဲ့ မိန်းမကောင်းလေပါဟယ်၊ ထားမေကို ဘဝင်မြင့်တယ်လို့ နင်ထင်နေသလား၊ တကယ်တော့ မိဘရဲ့ အထောက်အပံ့နဲ့ ကျောင်း တက်နေတဲ့ ငါတို့တွေ သာ ပေါကြော့ ဖြစ်ပြီး ရှက်ဖို့ကောင်းတာ”

ဟု ပြောလေရာ လှရင်၏ မျက်နှာ မည်းခနဲ ဖြစ်သွားပြီး

“ရွှေတိုး ဘာမဟုတ်တဲ့ကောင်မကို နင်ဘာ ဖြစ်လို့ အထင်ကြီးနေတာလဲ၊ ဒီကောင်မမျိုးဟာ သူ့ကို ဆရာမိဘတွေ က ချီးမွမ်းတာကို ဂုဏ်မောက်နေတာဟဲ့၊ သူ့ရဲ့ ပင်ကို စိတ်ရင်းက ဈေးသည်ပီ ပီ အလွန်လည်ဝယ်တယ်၊ လူတွေ ချီးမွမ်းတာခံချင်လို့ ကြိုးစားပြနေတာဟဲ့၊ နင်တောင်ဒီကောင်မကို အဟုတ်မှတ်နေပြီပဲ”

ဟု ပြောလေ၏ ။ ထိုအခါ ရွှေတိုးက ခေါင်းခါယမ်း၍

“ထားမေရဲ့ စိတ် ရိုးသားဖြောင့်မတ်တယ်ဆိုတာ ငါအသိဆုံးပါ၊ တကယ်တော့ နင့်စိတ်တွေ ကို သာ ပြင်ရမှာ ဟဲ့၊ နင်ဟာ ဓနဂုဏ်မောက်ပြီး သူငယ်ချင်းဆိုတာ မသိတော့ဘူး”

ဟု ပြောကာ လှရင်ကိုကျောခိုင်း၍ ထွက်ခွာသွားလေတော့၏ ။

လှရင်သည် မိမိကဲ့သို့ မိဘက ရွှေလိုဥထားသော သူဌေးသမီး တစ်ယောက် ကို အပြစ်တင်၍ ဈေးသည်မ တစ်ယောက် ကို ချီးမွမ်းသွားသော ရွှေတိုးကို မကျေမချမ်းကြည့်၍

“ရွှေတိုး နင်တော် တော် နုံသေးတာပဲ၊ လူ တစ်ယောက် ရဲ့ တန်ဖိုးဟာ ဘာလဲဆိုတာ နင်မသိဘူး၊ ငါ့လို သူဌေးသမီး တစ်ယောက် နဲ့ ဈေးသည်မ တစ်ယောက် ဟာ ဘယ်သူက တန်ဖိုးရှိတယ်ဆိုတာ နင် တစ်နေ့သိစေရမယ်”

ဟု တစ်ကိုယ်တည်းပြောဆိုနေလေတော့၏ ။

♥ ♥ ♥


ထိုနှစ် က အတန်းတင်စာမေးပွဲ ဖြေဆိုပြီးသော အခါ ရိုးသားကြိုးစားသော ထားမေသည် ပထမရရှိလေ၏ ။

စာမေးပွဲအောင်စာရင်းများ ထွက်ပြီးနောက် ဆုပေးပွဲကို ဆရာကြီးဦးရွှေဘိုသည် ခြံဝင်ကြီး၌ ကျင်းပလေ၏ ။

ထိုဆုပေးပွဲသို့ မိဘဆရာများ လည်း တက်ရောက်ကြကုန်၏ ။

ဆရာကြီးသည် ကျောင်းသူကျောင်းသားများ ကို ဆုအသီးအသီးချီးမြှင့်ပြီးနောက်

“ဒီနှစ် ဆရာကြီးတို့ကျောင်းမှာ ရှေးတုန်းက မပေးဘူးခဲ့တဲ့ ဆုတစ်ဆုကိုပေးဖို့ရှိတယ်၊ အဲဒါက တော့ ဒီနှစ် ၈ တန်း စာမေးပွဲကို ပထမဆင့်နဲ့ အောင်မြင်တဲ့ မထားမေဟာ ဆရာကြီးတို့ကျောင်းက ကျောင်းလခလွတ်ပေးတာကို လက်မခံဘဲ ကိုယ့်အစွမ်းအစနဲ့ ကျောင်းမှာ အလုပ်လုပ်ပြီးတော့ ကျောင်းတက်ခဲ့တယ်၊ ဒီနေ့ခေတ်လို့ ငွေရေး ကြေးရေး ခက်ခဲနေတဲ့ ခေတ်ကြီးမှာ မထားမေလို ကိုယ်ဒူးကိုယ်ချွန်ပြီး ပညာရှာဖွေတဲ့ မိန်းကလေးမျိုးကို ချီးမြှော က်ရမှာ ဖြစ်တယ်၊ နောက်ပြီးနော့ ထားမေဟာ ဆရာကြီးတို့ကျောင်းကနေ ပညာဝန်ကြီး ချီးမြှင့်တဲ့ဆုကိုလဲ ရရှိသွားခဲ့တယ်၊ ဒီဆုမျိုးကို ဘယ်ကျောင်းကမှ မရခဲ့ဘူးလို့ ပညာဝန်ကြီးက ပြောတယ်၊ ဒါကြောင့် မထားမေရဲ့ ဘာသာတရား ကိုင်းရှိုင်းပြီး ရိုးသားကြိုးစားတဲ့စိတ်ဓာတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆရာကြီးတို့ကျောင်းက ရွှေတံဆိပ် ဆုချီးမြှင့်လိုက်တယ်”

ဟု ဆိုကာ ဆရာကြီးဦးရွှေဘိုသည် သူ၏ ကျောင်း၌ တစ်ကြိမ်တစ်ခါမျှ မချီးမြှင့်ခဲ့ဖူးသော ရွှေတံဆိပ်ဆုကို ထားမေအား ချီးမြှင့်လေရာ ကျောင်းသူကျောင်းသားများ က အားရဝမ်းသာ လက်ခုပ် လက်ဝါးတီးကြလေ၏ ။

လှရင်သည် ထားမေ ရွှေတံဆိပ်ဆုယူခြင်းကို လက်ခုပ်မတီးနိုင်ဘဲ

“နင်ရတဲ့ရွှေတံဆိပ်ဆုဟာ ဘယ်လောက်တန်လို့လဲ၊ ငါ့ဆီမှာ အဖေပေးထားတဲ့ ရွှေထည်ပစ္စည်းတွေ အများ ကြီးရှိတယ်၊ နင့်လိုကောင်မမျိုးဟာ ငါ့ကို ဘယ်တော့မှ မယှဉ်နိုင်ပါဘူး”

ဟု တွေးနေလေ၏ ။ ထိုစဉ် အနီး၌ ထိုင်နေသော ရွှေတိုးက ဝမ်းသာအားရ လက်ခုပ်လက်ဝါး တီး၍

“ထားမေ အရမ်းတော် တယ်”

ဟု လှရင်ဘက်သို့လှည့်ပြီး ပြောလိုက်လေတော့၏ ။

♥ ♥ ♥


ဤသို့ဖြင့် ထားမေသည် ဆင်းရဲနွမ်းပါးသော်လည်း ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစားလာခဲ့ရာ ၉ တန်းစာမေးပွဲကိုလည်း ပထမအဆင့်ဖြင့် အောင်မြင်လေ၏ ။ ရွှေတိုးသည် လှရင်ထက် ထားမေထံ၌ သာ အနေများ သဖြင့် လှရင်သည် ထားမေကိုများ စွာ ဝန်တိုခြင်း ဖြစ်ရလေ၏ ။

ရွှေတိုးသည် ပညာရေး ကို ကြိုးစားသူပီပီ ၁ဝ တန်း စာမေးပွဲကိုအောင်မြင်ခဲ့လေ၏ ။ ပညာရေး ထက် အလှအပရေး ရာကို ဦးစားပေးသော လှရင်သည် ၁ဝ တန်းစာမေးပွဲကို ကျရှုံးလေတော့၏ ။

ထိုအခါ ၉ တန်းစာမေးပွဲအောင်မြင်လာသော ထားမေနှင့် လှရင်သည် တစ်တန်းတည်း ဖြစ်သွား လေ၏ ။

ထားမေသည် တစ်တန်းတည်း ပညာသင်ကြားသော သူငယ်ချင်းများ ဖြစ်သဖြင့် လှရင်ကို ဖော် ရွေစွာ ဆက်ဆံလိုသော်လည်း မာန်မနထောင်လွှားသော လှရင်ကြောင့် မေးထူးခေါ်ပြောသာ ဆက်ဆံ ဖြစ်လေ၏ ။

ရွှေတိုး၏ မိဘများ သည် စီးပွားရေး မကောင်းသော်လည်း သား ဖြစ်သူကို ကောလိပ်ကျောင်းသို့ ကြိုးစားပို့ဆောင်မည် ဆို၏ ။ ထို့ကြောင့် ရွှေတိုး၏ မိဘများ သည် ရှိစုမဲ့စုလေးများ ကို စုဆောင်းရလေ တော့၏ ။

ရွှေတိုးမှာ လည်း ကောလိပ်ကျောင်းတက်ရန် စိတ်အားထက်သန်နေလေတော့၏ ။

♥ ♥ ♥


တစ်နေ့သ၌ ရွှေတိုး၏ ညီ ငွေတိုးနှင့် ဆိုးဖော်ဆိုးဖက် သူငယ်ချင်းများ သည် ဘုရားအနီးရှိ သစ်ပင်ရိပ်အောက်၌ ဘင်ဂျိုတီးရင်း သီချင်းဆိုနေကြ၏ ။

ထိုအခိုက်မှာ ပင် ထားမေသည် စက်ဘီးကိုနင်း၍ ငွေတိုးတို့လူစုအရှေ့မှ ဖြတ်သန်းသွားလေ ၏ ။

ငွေတိုးတို့လူစုသည် ချောမောလှပသော ထားမေကို မျက်လုံးကျွတ်မတက်ငေးမောကြည့်ကြ ၏ ။

ထိုသူများ အနက် ဘင်ဂျိုတီးနေသော တင်လှဆိုသူက သွားရည်တမြားမြားကျရင်း

“ကြည့်စမ်းပါဦးကွာ၊ ထားမေရဲ့ တင်ကြီးက ထွားပြီးကားနေတာပဲ၊ တို့မြို့မှာ ထားမေလောက် မက်လောက်စရာ မရှိဘူး၊ ဒီကောင်မကြီးကို ရရင်တော့ကွာ၊ ဆွေမျိုးကို မေ့သွားမှာ ပဲ”

ဟုပြောလေရာ တင်လှ၏ စကားကို နားထောင်၍ အေးမောင်ဆိုသူက

“ဒီကောင်မကြီးက ငွေတိုးအစ်ကို ရွှေတိုးရဲ့ ပစ္စည်းကွ”

ဟု ပြောလေ၏ ။ ထိုအခါ တင်လှက

“ငွေတိုးရဲ့ အစ်ကိုက သူဌေးသမီးလှရင်ရော၊ ထားမေရော နှစ် ယောက် စလုံးကို သူ တစ်ယောက် တည်း မောင်ပိုင်စီးထားတာကွ၊ ငါတို့သူငယ်ချင်း ငွေတိုးအတွက်တော့ တို့မြို့မှာ ပိုးပန်းစရာ တစ် ယောက် မှ မကျန်တော့ဘူး”

ဟု ပြောလေရာ ငွေတိုးသည် သူငယ်ချင်းများ ၏ စကားကြောင့် လွန်ခဲ့သော တစ်ပတ်ခန့်က မိမိ ကြုံတွေ့ ခဲ့ရသော ရင်ခုန်ဖွယ်အ ဖြစ်ကို မျက်လုံးထဲတွင် ပြန်လည်မြင်ယောင်လာမိ၏ ။

သူ၏ ဖခင်ကျောင်းအုပ်ဆရာကြီးက ထားမေ၏ မိခင် သောက်ရန် ပန်းနာရင်ကျပ်ဆေးကို ငွေ တိုးအား လမ်းကြုံပေးခိုင်းလိုက်လေ၏ ။

ငွေတိုးသည် ပန်းနာရင်ကျပ်ဆေးဘူးကို ကိုင်၍ ထားမေတို့အိမ်ရှေ့သို့ရောက်ခဲ့လေ၏ ။

အိမ်ရှေ့သို့ ရောက်သော အခါ ခြံတံခါးကိုဖွင့်၍

“ထားမေ၊ ထားမေ”

ဟု အသံပြုကြည့်ရာ အိမ်ထဲတွင် မည် သည့်အသံမျှ မကြားရချေ။

ငွေတိုးသည် ထားမေကို ခေါ်မရသဖြင့် စိတ်မရှည်တော့ဘဲ အိမ်ပေါ်သို့တက်၍ ထပ်မံအသံပြု ကြည့်ပြန်၏ ။ သို့သော် အိမ်ထဲ၌ မည် သူမျှ ရှိပုံမရဘဲ တစ်အိမ်လုံးတိတ်ဆိတ်နေလေ၏ ။

ငွေတိုးသည် အိမ်ပေါ်သို့တက်၍ အိပ်ခန်းထဲသို့ မျက်လုံးဝေ့ကြည့်လိုက်ရာ အိပ်ခန်းထဲတွင် မြင်ရသော မြင်ကွင်းကြောင့် ရင်ထဲ၌ လှိုက်ဖိုသွားလေ၏ ။

ထားမေသည် လုံချည်ရင်လျားပြီး ဖျာပေါ်၌ ပိုးလိုးပက်လက် အိပ်ပျော်နေ၏ ။ သူမ၏ ဝင်းဝါ စိုပြေသော အသားစိင်များ နှင့် ဖွံ့ထွားသော ကိုယ်လုံးကြောင့် ပုရိသ တစ်ယောက် အတွက် တပ်မက်ဖွယ် အတိ ဖြစ်နေလေ၏ ။

ငွေတိုးသည် ထားမေအိပ်မောကျနေပုံကိုကြည့်၍ မိမိ၏ ရင်ထဲတွင် တဒိန်းဒိန်းခုန်နေကြောင်း သတိပြုမိ၏ ။

ငွေတိုးသည် သူမ၏ ရင်နှစ် မြွာကို စူးစိုက်ကြည့်နေရာမှ သက်ပြင်းရှည်ကြီးကိုချ၍ အိမ်ပေါ်မှာ ချာခနဲလှည့်ထွက်ခဲ့လေ၏ ။ ထိုနေ့က ဖခင်ကြီးပေးလိုက် သော ဆေးကို ဘုရားစောင်းတန်း၌ ပန်းရောင်းနေသော ထားမေ၏ မိခင်ထံသို့ သွားရောက်ပေးပို့ခဲ့လေ၏ ။

ငွေတိုးသည် လွန်ခဲ့သော အပတ်က ထားမေ၏ တပ်မက်ဖွယ်အလှကို မြင်တွေ့ လိုက်ရသဖြင့် ရင်တုန်ပန်းတုန် ဖြစ်ခဲ့ရပုံကို သတိရနေစဉ် သူငယ်ချင်းတင်လှက

“ဟေ့ကောင် ငွေတိုး၊ မင်းဘာတွေ တွေးနေတာလဲ၊ ထားမေကို မျက်စိကျနေပြီလား၊ မင်းအစ်ကိုနဲ့ ညီအစ်ကို ချင်းဖိုင်တင်ချရမယ်နော်၊ သတိထားလိုက်ဦး”

ဟု ပြောလေရာ ငွေတိုးသည် အစ်ကို ဖြစ်သူ ရွှေတိုးနှင့် ထားမေ၏ ဆက်ဆံရေး ကိုတွေး၍

“ငါ့အစ်ကိုနဲ့ ထားမေဟာ ဘာမှမ ဖြစ်သေးဘူးဆိုတာ ငါ သေသေချာချာ သိတာကွ သူတို့ဟာ ဒီနေ့အထိ အခင်ဆုံး သူငယ်ချင်းတွေ ပဲ ဖြစ်နေသေးတယ်၊ ငါ့အစ်ကိုစိတ်ဓာတ်ကို ငါအသိဆုံးပါကွာ၊ အစ်ကိုဟာ လူရိုးကြီးကွ၊ ထားမေက အစ်ကို့ကိုကြံရင်တောင် အစ်ကိုက သူ့သိက္ခာကိုထိန်းပြီး နောက်လှည့်ပြေးမဲ့လူစားမျိုးကွ၊ ငါ့အစ်ကိုက အတော် အူကြောင်ကြောင်နိုင်တယ်”

ဟု ပြောလေ၏ ။ ထိုအခါ အေးမောင်က ဘင်ဂျိုကိုယူ၍ တီးလိုက်ပြီး

“မင်းအစ်ကိုနဲ့ ထားမေက ဘာမှမဟုတ်ဘူးဆိုရင် ထားမေကို မင်းကြံသင့်တယ်က၊ ဒီမြို့မှာ ထားမေကို လိုချင်တဲ့ယောက်ျားတွေ အများ ကြီးကွ၊ အဲဒီ အထဲမှာ ငါလဲပါတယ်၊ ငါတို့က မမှီတဲ့ပန်း ကို တုံးခုပြီး မလှမ်းချင်လို့ ငြိမ်နေတာကွ၊ ဒီကောင်မကို မင်းကြံရင်တော့ ဟန်နိုင်ပါတယ်”

ဟု မြှော က်ထိုးပင့်ကော် ပြုလုပ်ပေးလေ၏ ။ ငွေတိုးသည် အေးမောင်၏ စကားကြောင့် ထားမေ၏ ရင်ခုန်စရာ အလှများ ကိုပြန်လည်မြင်ယောင်ပြီး ရင်ခုန်နှုန်းမြန်လာလေ၏ ။

ငွေတိုးသည် ထိုအချိန်မှစ၍ ထားမေ၏ မျက်နှာကို မကြာခဏမြင်ယောင်နေလေ၏ ။

ထို့နောက်တွင် မူ နေမြင့်လေ အရူးရင့်လေ ဖြစ်ပေါ်လာပြီး ထားမေကို စားလည်းသည်စိတ်၊ သွားလည်းသည်စိတ် ဆိုသကဲ့သို့ ဖြစ်ပေါ်လေ၏ ။

ငွေတိုးသည် ထားမေကို ချစ်မိပြီ ဖြစ်ကြောင်း မိမိကိုယ်မိမိ ဝန်ခံရလေတော့၏ ။

ငွေတိုးသည် ထိုအချိန်မှစ၍ ထားမေအနီး၌ ရစ်ဝဲ၍ နေလေတော့၏ ။ ထားမေ ဘုရားစောင်းတန်းမှ အပြန်လမ်း၌ ဘင်ဂျိုတီးနေသော ငွေတိုးကို မကြာခဏမြင်တွေ့ ရလေ၏ ။

ငွေတိုးသည် ထားမေနှင့် နီးစပ်နိုင်ရန် ထားမေ ဘုရားမှ အိမ်သို့အပြန်လမ်း၌ သူမ၏ စက်ဘီးကယ်ရီယာအနောက်မှ လိုက်ခဲ့လေ၏ ။

ထိုသို့ စက်ဘီးအနောက်မှလိုက်ရင်း ထားမေကို ရိသဲ့သဲ့ စကားများ ပြောဆိုလေ၏ ။

ထားမေသည် ငွေတိုး၏ မရိုးသားသော စိတ်ဓာတ်ကို သိရသဖြင့် နောက်ပိုင်းတွင် ငွေတိုးကို စက်ဘီးပေါ်သို့ မခေါ်တော့ချေ။

ထားမေ၏ မိခင် ခေါ်ခင်ခင်၌ ပန်းနာရင်ကျပ် ရောဂါ ရှိသကဲ့သို့ ရွှေတိုး၏ ဖခင် အငြိမ်းစားကျောင်းဆရာကြီး ဦးတင်၌ လည်း ပန်းနာရင်ကျပ် ရောဂါ ရှိလေ၏ ။

ဒေါ်ခင်ခင်နှင့် ဦးတင်တို့သည် မြို့နှင့် မနီးမဝေးတွင် ရှိသော ကွင်ေးချာင်းရွာ ဘုန်းကြီးကျောင်းမှ ကပ္ပိယကြီး ဖော်စပ်သော ပန်းနာရင်ကျပ်ဆေးကို စားသောက်ကြလေ၏ ။

တစ်နေ့တွင် ပန်းနာရင်ကျပ် ရောဂါ ပျောက်ဆေးများ ကုန်စင်သွားသဖြင့် ရွှေတိုးနှင့် ထားမေကို ကွင်းချောင်းရွာ ဘုန်းကြီးကျောင်းရှိ ကပ္ပိယကြီးထံသို့ သွားရောက်ရန် ဖြစ်ပေါ်လာလေ၏ ။

ထိုနေ့သည် ထားမေ ကျောင်းအားရက် ဖြစ်သဖြင့် ရွှေတိုးနှင့် ထားမေသည် ထမင်းထုပ်ကိုယ်စီ ဖြင့် ကွင်းချောင်းရွာသို့ ထွက်ခဲ့လေ၏ ။ ထိုရွာသို့ မြို့ပြင်မှ လှည်းကြုံဖြင့် သွားလျှင် မွန်းတည့်ချိန်၌ ရောက်ရှိနိုင်၏ ။ ရွှေတိုးတို့သည် ကွင်းချောင်းရွာသို့ရောက်သော အခါ ကပ္ပိယကြီးအား ပန်းနာရင်ကျပ် ဆေးကို တောင်းလေရာ ကပ္ပိယကြီးက ဆေးများ ကိုပေးပြီး

“လူလေးတို့ ရွာပြန်ရင် လှည်းလမ်းနဲ့ မပြန်ဘဲ ရေလမ်းကပြန်ပါလား၊ ကျောင်းအနောက်မှာ ကပ္ပိယကြီးရဲ့ လှေရှိတယ်၊ လှေကိုလှော်ပြီးတော့ မြို့က ဆရာတော် ရဲ့ ကျောင်းမှာ ကပ်ထားလိုက်ပါ၊ ဒီရက်ပိုင်းမှာ ကပ္ပိယကြီးမြို့ကျောင်းကို လာစရာရှိတယ်၊ မြို့ကျောင်းကိုရောက်မှ လှေကို ရွာပြန်လှော် သွားမယ်”

ဟု ပြောလေရာ ရွှေတိုးသည် ရေလမ်းခရီးမှ ကိုယ်တိုင်လှေလှော်၍ အေးးအေးသက်သာပြန်ရမည် ဆိုသဖြင့် သဘောကျသွားလေ၏ ။

ထို့နောက်တွင် မူ ရွှေတိုးတို့သည် ကပ္ပိယကြီး၏ လှေကို လှော်၍ ကွင်းချောင်းရွာမှ ထွက်ခဲ့လေ ၏ ။

၎င်းတို့လှေသည် ညနေစောင်းအချိန်၌ မြို့သို့ ပြန်ရောက်မည် ဖြစ်၏ ။

ရွှေတိုးနှင့် ထားမေသည် လှေကို တစ်လှည့်စီလှော်ခတ်ရင်း ခရီးဆက်ခဲ့လေ၏ ။

၎င်းတို့နှစ် ဦးစလုံး ရုပ်ရည်ချောမောသန့်ပြန့်သူများ ဖြစ်သဖြင့် အဝေးမှမြင်သူများ သည် လှေကိုသဘောကျဟန်ဖြင့် ကြည့်ရှုသွားလေ၏ ။

ရွက်လှေကြီးတစ်စင်းပေါ်မှ လှေထိုးသားများ သည် အနီးမှလှော်ခပ်သွားသော ရွှေတိုးတို့လှေကလးကို အားကျဟန်ဖြင့် ကြည့်၍

“ဒီစုံတွဲ သိပ်လိုက်ဖက်တယ်၊ ချစ်သူကျွန်းကို သွားကြပါလား”

ဟု အော်ဟစ်ပြီးနောက်ပြောင်ကြလေ၏ ။

၎င်းတို့၏ နောက်ပြောင်မှု ကြောင့် ထားမေသည် ရှက်လွန်း၍ မျက်နှာတစ်ပြင်လုံး ရဲရဲနီးသွားလေ၏ ။ ရွှေတိုးကမူ ၄င်းတို့စုံတွဲ ကို နောက်ပြောင်ခံရခြင်းအတွက် ဝမ်းသာကြည်နူးသွားသ လိုရှိ၏ ။

လူများ နောက်ပြောင်သကဲ့သို့ မိမိတို့သည် အမှန်တကယ် ချစ်သူများ ဖြစ်လျှင် မည် မျှကောင်း မည် နည်းဟု တွေးမိလေ၏ ။

လှေဦး၌ ကြုံ့ကြုံလေးထိုင်နေသော ထားမေသည် အလွန်ချောမောလှပပြီး ကာလသားများ မက်လောက်စရာ မိန်းမလှမျိုး ဖြစ်ကြောင်းလည်း သတိပြုမိ၏ ။

ရွှေတိုးသည် ထားမေ၏ သိမ်သော ခါးနှင့် စွင့်ကားသော တင်ကိုကြည့်ရှုရင်း မြို့ပေါ်ရှိ ကာလ သားများ တမ်းတမ်းတတ ချီးမွမ်းပြောဆိုသံကို ပြန်လည်ကြားယောင်နေမိ၏ ။ မြို့ပေါ်ရှိကလာသားတစ်ဦးက

“ထားမေကိုသာ ရလိုက်ရင် မင်္ဂလာဦးညမှာ တစ်ညလုံးထိုင်ပြီး အလှအပတွေ ကို အားပါးတရ ကြည့်နေမယ်”

ဟု ပြောဖူး၏ ။

ရွှေတိုးသည် ထားမေ၏ မက်မောစရာအလှအပများ အကြောင်းကို တွေးတောနေစဉ် ထားမေ သည် သူမကို ငေးကြည့်နေသော ရွှေတိုးကို သတိပြုမိသွားပြီး ရှက်ကိုးရှက်ကန်းဖြင့်

“ဟဲ့….ရွှေတိုး၊ နင်ငါ့ကို ဘာလို့ဒီလောက်စိုက်ကြည့်နေတာလဲ”

ဟု မေးမြန်းလေရာ ရွှေတိုးသည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး

“မကြည့်…မကြည့်ပါဘူးဟယ်”

ဟုပြောလေ၏ ။ ထားမေက မျက်စောင်းထိုး၍

“မကြည့်ဘူးဟုတ်လား၊ နင့်မျက်လုံးက ဘယ်နေရာကို ရောက်နေတာလဲ၊ ငါ မပြောလိုက်ချင် ဘူးနော်”

ဟု ကြိမ်းမောင်းလိုက်ရာ ရွှေတိုးသည် ပိုမို၍ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး

“တကယ်ပြောတာပါဟာ၊ နင့်ပေါင်တွေ ကို ငါမကြည့်ပါဘူး တကယ်ပါ”

ဟု ပြောလေ၏ ။ ထိုအခါမှပင် ဖုံးသမျှပေါ်ပြီး နှစ် ဦးစလုံး ရှက်ကိုးရှက်ကန်း ဖြစ်သွားကြလေ တော့၏ ။

ရွှေတိုးသည် ရှက်ရှက်နှင့် လှေကို ကုန်း၍ လှော်လေတော့၏ ။

ဤသို့ဖြင့် လှေကို ဆက်လက်၍ လှော်ခတ်သွားသော အခါ ညနေနေစောင်းသော အချိန်၌ လှေ သည် ကျွန်းတစ်ကျွန်းအနီးမှ ဖြတ်သန်းသွားလေ၏ ။

ထိုကျွန်းအစပ်၌ ဓနိပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး ကျွန်းပေါ်ရှိ ကျောက်ဆောင်၌ ဆေးနီဖြင့် ချစ်သူကျွန်းဟု ရေး ခြစ်ထားကြောင်းတွေ့ ရ၏ ။

ထားမေသည် ဓနိပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး ချစ်သူကျွန်းဟု ပေးထားသော ကျွန်းက လေးကို အလွန်စိတ်ဝင်စားသွားပြီး ကျွန်းပေါ်သို့တက်ရောက်ပြီး ကြည့်ရှုချင်စိတ်များ ဖြစ်ပေါ်လာ၏ ။

မိမိတို့လှေအနီးမှ ဖြတ်သန်းသွားသော ရွက်လှေပေါ်မှ လှေထိုးသားများ က “ချစ်သူကျွန်းသို့ သွားပါလား” ဟု နောက်ပြောင်ခဲ့၏ ။ ထို့ကြောင့် လှေကိုကုန်း၍ လှော်နေသော ရွှေတိုးဘက်သို့ လှည့်၍

“အဲဒီ ကျွန်းကလေးကို ခဏလောက်တက်ကြည့်ရအောင်”

ဟု ပြောလေရာ ရွှေတိုးက စိတ်အားတက်ကြွဟန်ဖြင့်

“ငါလဲ ကျွန်းပေါ်သို့ တက်ကြည့်ချင်လို့ နင့်ကိုအဖော်စပ်မလို့ဟဲ”

ဟု ပြောလေ၏ ။

ရွှေတိုးသည် ချစ်သူကျွန်းဟု အမည် ပေးထားသော ကျွန်းသို့လှေကိုကပ်လိုက်၏ ။

ထိုအခါ ကျွန်းအစပ်၌ လှေတစ်စီးဆိုက်ကပ်ထားကြောင်း တွေ့ ရ၏ ။ လှေကပ်ပြီးသော အခါ ရွှေတိုးက ဦးစွာ ဆင်း၍ ထားမေအား ကျွန်းပေါ်သို့ဆင်းနိုင်ရန် ကူညီပေးလေ၏ ။

ထိုအခိုက်မှာ ပင် ကျွန်းပေါ်မှ အဝတ်အစား ကပိုကရိုဝတ်ဆင်ထားသော စုံတွဲ တစ်တွဲ သည် ၄င်းတို့၏ လှေရှိရာသို့ ကတိုက်ကရိုက်ဆင်းလာပြီး လှေကိုလှော်ခပ်ပြီးထွက်ခွာသွားလေ၏ ။

ရွှေတိုးက ကျွန်းပေါ်မှ ဆင်းပြေးသွားသော စုံတွဲ ကို ကြည့်၍ ရယ်မော၍

“ချစ်သူကျွန်းဆိုတဲ့ နာမည် နဲ့ လိုက်အောင် ကျွန်းပေါ်ကို သမီးရည်းစားတွေ လာချိန်းတွေ့ ပုံရ တယ်”

ဟု ပြောလေ၏ ။ ရွှေတိုးသည် ရှေ့မှဦးဆောင်၍ ကျွန်းပေါ်ရှိ လူသွားလမ်းအတိုင်း လှည့်ပတ် ကြည့်ရှုလေ၏ ။

ထိုအခါ ချုံနွယ်ပိတ်ပေါင်းများ ထူထပ်သော နေရာ၌ ဖျာစုတ်လေးများ ခင်းထားကြောင်းတွေ့ ရ ၏ ။

၎င်းတို့သည် သေးငယ်သော ကျွန်းကလေးကို လှည့်ပတ်ကြည့်ပြီး ချုံထူထပ်သည်မှလွဲ၍ မည် သည့်ထူးခြားမှု မှ မတွေ့ သဖြင့် စိတ်မဝင်စားတော့ဘဲ ကျွန်းမှပြန်ထွက်ရန် ပြင်လေ၏ ။

ရွှေတိုးတို့သည် ကမ်းစပ်လှေဆိုက်ထားသော နေရာသို့ ရောက်သော အခါ လှေကိုမတွေ့ သဖြင့် ရွှေတိုးက

“ဟိုက်…ကမ်းစပ်မှာ ချည်နှောင်ထားတဲ့ လှေဘယ်ရောက်သွားသလဲ”

ဟု ပြောလိုက်ရာ ထားမေက အထိတ်တလန့်ဖြင့်

“ဟုတ်ပါရဲ့ ၊ လှေဘယ်ရောက်သွားသလဲ၊ ဟင်..လှေမရှိရင် ကျွန်မတို့ဘယ်လိုပြန်ကြမလဲ၊ ဒုက္ခပါပဲရှင်”

ဟု ရေရွတ်လေ၏ ။

ရွှေတိုးသည် မိမိသေချာချည်ထားသော လှေကို မတွေ့ ရသဖြင့်

“ဘယ်လို ဖြစ်တာလဲ၊ ငါတို့လှေချည်ထားတာ ဒီနေရာမှ ဟုတ်ရဲ့ လား၊ နေရာအနှံ့လျှောက် ကြည့်ဦးမယ်”

ဟု ပြောလေ၏ ။

ထို့နောက် ကျွန်းအနှံ့လှည့်လည်ကြည့်ရှုလေ၏ ။ သို့သော် ၄င်းတို့ချည်နှောင်ထားသော လှေ ကို မတွေ့ ရတော့ချေ။ လှေသည် ရေစီးအတိုင်းမျောပါသွားပုံရ၏ ။

ထားမေသည် ကျွန်းပေါ်မှ မပြန်နိုင်တော့သဖြင့် အလွန်စိုးရိမ်သွားပြီး

“ဟင်..လှေမရှိရင် ကျွန်မတို့ဘယ်လိုလုပ်ပြီးတော့ အိမ်ကိုပြန်မှာ လဲ၊ ဒုက္ခပါပဲရှင် ကြံစမ်းပါဦး”

ဟု ပြောလေ၏ ။ ထိုအခါ ရွှေတိုးက

“ငါလှေကို သေသေချာချာကြိုးချည်ထားလိုက်ပါသေးတယ်၊ ဘာ ဖြစ်လို့ လှေက မျောသွားရ တာလ၊ ငါတို့ ကျွန်းပေါ်တက်ကြည့်တာ မှားပြီထင်တယ်”

ဟု စိတ်ပျက်လက်ပျက် ရေရွတ်လေ၏ ။ ထားမေသည် အိမ်ပြန်နောက်ကျပြီး မိခင် ဖြစ်သူ စိုးရိမ် နေမှာ မြင်ယောင်က အလွန်စိတ်ပျက်သွားလေ၏ ။ ရွှေတိုးမှာ လည်း မကြံတတ်အောင်ပင် ဖြစ်နေပုံရ ၏ ။

၎င်းတို့သည် ကျွန်းပေါ်မှနေ၍ အနီးအနားမှ ဖြတ်သန်းသွားလာသော လှေများ ကို အကူအညီ တောင်းရန် ကြိုးစား၏ ။ သို့သော် တဖြည်းဖြည်း ညနေစောင်းလာပြီး ကျွန်းအနီးသို့ မည် သည့်လှေမှ မဖြတ်တော့ချေ။

ထားမေသည် မိမိတို့နှစ် ယောက် စလုံး ပျောက်နေသည့်အရေး ကို မြို့ပေါ်မှလူများ သိလျှင် ဟု တွေးကာ အလွန်ထိတ်လန့်တုန်လှုပ်သွားမိ၏ ။

ထားမေ အပြန်နောက်ကျသဖြင့် အစိုးရိမ်ကြီးသော မိခင်သည် ရွှေတိုးတို့မိဘများ ထံသို့ သွား ရောက်မေးမြန်းလိမ့်မည် ။ ထိုအခါ ရွှေတိုးလည်း ပျောက်နေသဖြင့် မိဘများ အထင်အမြင်လွဲကာ မိမိ တို့နှစ် ယောက် ကို မိုက်လုံးကြီးရန်ကောဟု ဒေါသပုန်ထပေတော့မည် ။

ထားမေသည် ထိုအကြောင်းကိုတွေးတော ဝမ်းနည်းလွန်းသဖြင့် တအင့်အင့်ရှိုက်ငိုနေလေ တော့၏ ။

ထားမေ ငိုယိုနေပုံကို ကြည့်၍ ရွှေတိုးက

“ဒီလောက်လဲ စိတ်ညစ်မနေပါနဲ့ ဟယ်၊ ခဏနေရင် လှေကြုံလိုက်ဖို့တွေ့ ပါလိမ့်မယ်”

ဟု ပြောလေ၏ ။

ထိုအခါ ထားမေက စိတ်ပျက်လက်ပျက်ဖြင့်

“နေဝင်တော့မယ်၊ ဒီအချိန်မှာ ကျွန်းနားကို ဘယ်လှေက ကပ်တော့မှာ လဲ”

ဟု ပြောလေ၏ ။ ထိုအခါ ရွှေတိုးက ရယ်မော၍

“ဒါဆိုရင်လဲ ကျွန်းပေါ်မှာ တစ်ညအိပ်လိုက်တာပေါ့၊ တစ်ညဆိုတာ ဘာမှ မကြာပါဘူး၊ မနက်မိုးလင်းရင် လှေတွေ အများ ကြီးတွေ့ မှာ ပါ”

ဟု ပြောလေရာ ထားမေက ရွှေတိုးကို မကျေမချမ်းကြည့်၍

“နင်ပြောတော့လွယ်လိုက်တာ၊ နင်နဲ့ ငါနဲ့ မြို့ပေါ်က တစ်ညလောက်ပျောက်သွားရင် မြို့ကလူ တွေ ဘယ်လိုထင်ကြမလဲ”

ဟု ပြောလေ၏ ။ ထားမေ၏ စကားကြောင့် ရွှေတိုးက ခေါင်းခါယမ်း၍

“ငါတို့နှစ် ယောက် ရဲ့ အကျင့်စာရိတ္တကို လူတွေ သိပါတယ်၊ ငါတို့ဒီမှာ အမှန်တကယ်ဒုက္ခရောက်နေတာပဲ”

ဟု ပြောလေ၏ ။ ထားမေက ဝမ်းပန်းတနည်း ရှိုက်ငိုရင်း

“မြို့ကလူတွေ က ဘယ်လိုထင်ထင် ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် ဒီအချိန်မှာ ငါတို့မိဘတွေ စိုးရိမ်နေလိမ့်မယ်၊ ငါ့အမေ မုဆိုးမကြီးဆိုရင် ဘယ်လောက်များ စိုးရိမ်နေရှာမလဲ၊ တစ်မြို့လုံး အနှံ့ လှည့်ပြီး သူငယ်ချင်းတွေ အိမ်မှာ မေးမြန်းလိမ့်မယ်၊ ဒါဆိုရင် ငါတို့ပျောက်နေတဲ့သတင်းက တစ်မြို့ လုံးအနှံ့ပြန့်ပြီပေါ့၊ နင် ဒါတွေ မစဉ်းစားဘဲ ဘာလို့လွယ်လွယ်လေး စဉ်းစားနေတာလဲ”

ဟု ပြောလေရာ ရွှေတိုးက ထားမေကို ဂရုဏာသက်ဟန်ဖြင့် ကြည့်၍

“ဒီအကြောင်းတွေ ငါ မတွေးဘဲနေမလား၊ ဒါပေမယ့် ငါတို့နှစ် ယောက် ရဲ့ အကျင့်စာရိတ္တကို လူတိုင်းသိတယ်၊ မြို့ပေါ်က လူတွေ က ငါတို့ဒီလောက်မိုက်မဲမယ်လို့ ယူဆမှာ မဟုတ်ဘူး”

ဟု ပြောလေ၏ ။ ထားမေသည် ရွှေတိုး၏ နှစ် သိမ့်စကားများ ကို နားမဝင်ဘဲ မိခင် စိုးရိမ်နေမည် ဟု တွေးကာ အလွန်စိတ်ဆင်းရဲရရှာ၏ ။

ထားမေသည် ဆိုးဝါးလှသော မိမိတို့ကံကြမ္မာကိုတွေး၍

“တစ်သက်လုံးထိမ်းလာခဲ့တဲ့ သိက္ခာတွေ ၊ ဒီတစ်ကြိမ်တည်းနဲ့ ရေစုန်မျောပါပြီ”

ဟု ပြောရင်း ဝမ်းနည်းစွာ ငိုရှိုက်နေလေ၏ ။

ထိုသို့ငိုရှိုက်နေစဉ်မှာ ပင် နေအလင်းပျောက်၍ မှော င်မိုက်ခြင်း ရောက်လေ၏ ။

ခဏကြာလျှင် ကျွန်းပတ်ဝန်းကျင်၌ အိပ်တန်းတက်သော ငှက်တို့၏ အသံကိုပင်မကြားရတော့ ချေ။

ရွှေတိုးသည် ကျွန်းပေါ်တွင် အသင့်တွေ့ ရသော ဖျာစုတ်တစ်ချပ်ကိုယူ၍ ထားမေအတွက် ခင်း ပေးလေ၏ ။

ထားမေသည် ထိုဖျာကိုကြည့်၍ ကျွန်းပေါ်၌ သူအိပ်ရမည့် အရေး ကို တွေးပြီး ရင်မောသွားပြန်၏ ။

ကျွန်းပေါ်တွင် သွေးမတော် သားမစပ် လူရွယ်နှစ် ယောက် အတူတကွ ညအိပ်ရတော့မည် ။

ရွှေတိုး၏ အကျင့်စာရိတ္တကို ယုံကြည်သော်လည်း ကံကြမ္မာကို ယုံကြည်ချင်းမရှိချေ။

ရွှေတိုး စိတ်မိုက်ရိုင်းများ ဖြစ်ပေါ်လာလျှင်ဟုတွေးပြီး ရင်ထိတ်နေပြန်၏ ။

ရွှေတိုးသည် ငိုယိုနေသော ထားမေ၏ အနီး၌ ထိုင်၍ တက်နိုင်သမျှ နှစ် သိမ့်ရှာ၏ ။

ထားမေက အမေစိုးရိမ်နေတော့မယ် ဟူသော စကားကိုသာ တွင် တွင် ပြောလေ၏ ။

ညအချိန်သို့ တဖြည်းဖြည်းရောက်ရှိလာ၏ ။ သူတို့နှစ် ဦးစလုံး ဗိုက်ထဲတွင် အစာမရှိ၍ ဆာ လောင်နေကြ၏ ။

ထားမေသည် ပင်ပန်းလွန်းသဖြင့် ဖျာစုတ်လေးပေါ်မှာ ခဏလှဲချလိုက်၏ ။

ခဏကြာလျှင် ရွှေတိုးလည်း ထားမေ၏ အနီးတွင် လှဲအိပ်လိုက်၏ ။ ထားမေက လှဲနေရာမှ ထထိုင်၍

“နင် ငါ့အနားမှာ ဝင်မအိပ်နဲ့ ၊ ကိုယ်ဘာသာ ဝေးရာမှာ လှဲအိပ်”

ဟု ကြိမ်းမောင်းလေရာ ရွှေတိုးက ရယ်မော၍

“မစိုးရိမ်ပါနဲ့ ထားမေ၊ ငါလဲ ပင်ပန်းလွန်းလို့ ခဏလှဲလိုက်တာပါ၊ နင့်ကို လက်ဖျားနဲ့ တောင် မထိဘူး စိတ်ချ”

ဟု ပြောလိုက်လေရာ ထားမေသည် အံကိုကြိတ်၍ ဖျာပေါ်မှာ ပြန်လှဲချလေ၏ ။

ရွှေတိုးသည် ထားမေ စိတ်ချလက်ချအိပ်ပျော်စေရန် ကတိအတန်တန်ပေးလေ၏ ။ ထိုညသည် လသာသော ည တစ်ည ဖြစ်၏ ။

ထားမေသည် ပင်ပန်းလွန်းသဖြင့် ဖျာပေါ်၌ မှေးခနဲ ဖြစ်သွားလေ၏ ။

ရွှေတိုးသည် အိပ်မပျော်ဘဲ ဟိုသည်လူးလွန့်ရင်း ထားမေဘက်သို့ အကြည့်ရောက်သွား၏ ။

ထိုအခါ ထားမေ၏ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို မပီ ဝိုးတဝါး အလင်းရောင် ဖြင့် မြင်တွေ့ ရလေ၏ ။

ထားမေသည် တပ်မက်ဖွယ်ကောင်းလွန်းလှ၏ ။ ရွှေတိုးသည် ထားမေ၏ ကိုယ်လုံးကိုအနီးကပ် ကြည့်ရင်း ရင်ထဲတွင် ပူလောင်လာလေ၏ ။

ထားမေ၏ ရှည်လျားသော ဆံပင်များ သည် ဖျာပေါ်၌ ပြန့်ကျဲနေ၏ ။

ကျွန်းပေါ်၌ ယနေ့ည မိမိတို့နှစ် ယောက် တည်းရှိ၏ ။

မိမိက အပြင်းအထန်ကြိုးစားလျှင် ထားမေသည် မိမိပြုသမျှ နုရရှာပေတော့မည် ။

ရွှေတိုးသည် ရင်ထဲတွင် ပူလောင်ပြီး ရေငတ်သလို ဖြစ်လေ၏ ။ နောက်ဆုံး၌ စိတ်မိုက်ရိုင်းများ ဝင်လာကာ ထားမေ၏ အလှကို မရရအောင် သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်၏ ။

ရွှေတိုးသည် ထားမေကို သိုင်းဖက်လိုက်ရာ ထားမေက ရုန်းကန်ရင်းဖျာပေါ်၌ လူးလိမ့်နေ၏ ။

ရွှေတိုးသည် ထားမေ၏ ပါးကိုနမ်းရန် ကြိုးစားလိုက်၏ ။

ထားမေသည် ရုန်းကန်ရင်း

“ရွှေတိုး နင်မယုတ်မာနဲ့ နော်၊ ခွေးကျင့်ခွေးကြံ မကြံနဲ့ နော်”

ဟု အော်ဟစ်ပြောဆိုလေ၏ ။

သို့သော် ရွေတိုး၏ အနမ်းကြောင့် ရုန်းကန်ရင်း တဖြည်းဖြည်း အင်အားမဲ့လာသလို ခံစားရ၏ ။ ထားမေသည် နောက်ဆုံးအနေဖြင့် အစွမ်းကုန်ရုန်းရင်း ရွှေတိုး၏ ဝမ်းဗိုက်ကို ဒူးဖြင့် ဆောင့်တိုက် လိုက်ရာ ရွှေတိုးသည်

“အမလေးဗျ”

ဟု အော်ဟစ်ရင်း နောက်သို့လန်ကျသွားလေ၏ ။

ထိုအခါမှပင် အိပ်ရာမှ လန့်နိုးသွားပြီး မိမိအိပ်မက်မက်နေကြောင်း သိရ၏ ။

အိပ်မက်ထဲ၌ သူသည် ထားမေ၏ အပျိုစင်ဘဝကို သိမ်းပိုက်နိုင်အောင် ကြိုးစားခဲ့၏ ။

ထားမေတစ်ကိုယ်လုံးကို သိမ်းကျုံးပွေ့ဖက်ခဲ့ပုံအား ပြန်လည်မြင်ယောင်လာ၏ ။ ထိုသို့မြင် ယောင်ရင်း ရင်ခုန်နှုန်းများ တဖြည်းဖြည်း မြန်ဆန်လာ၏ ။

အိပ်မက်ထဲတွင် ထားမေအလွန်လှ၏ ။ တပ်မက်ဖွယ်လည်း အလွန်ကောင်း၏ ။

ရွှေတိုး၏ ရင်ထဲတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ပူလောင်မှု မျိုးကို ခံစားရ၏ ။ အာခေါင်များ ခြောက်သွေ့ပြီး ရေဆာလေ၏ ။

ရွှေတိုးသည် ထိုအတွေးများ ဖြင့် ပင် အိပ်မပျော်ဘဲ မိုးလင်းသွားလေ၏ ။

မိုးလင်းသော အခါ ကျွန်းအနီးမှ ဖြတ်သန်းသွားသော တံငါလှေတစ်စင်းကို အော်ခေါ်၍ အကူအညီတောင်း၏ ။

တံငါသည်လူကြီးကို ဖြစ်ကြောင်းကုန်စင်ပြောပြ၍ အကူအညီတောင်းရာ ၄င်းတို့၏ မျောပါသွားသော လှေသည် ကမ်းတစ်နေရာ၌ ကြိုးဖြင့် ချည်နှောင်ထားကြောင်း တံငါသည်လူကြီးက ပြောလေ၏ ။

ထို့နောက် တံငါသည်လူကြီးသည် ရွှေတိုးတို့အား လှေရှိရာသို့ ခေါ်ဆောင်သွားလေ၏ ။

ရွှေတိုးတို့သည် ကမ်းစပ်တစ်နေရာ၌ ၄င်းတို့၏ လှေကို ပြန်တွေ့ ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏ ။

ထိုအချိန်၌ မြို့ပေါ်တွင် ကျန်ရစ်ခဲ့သော နှစ် ဖက်မိဘများ သည် ရွှေတိုးတို့အနောက်သို့ လိုက် ရန်ကြံကြ၏ ။

ရွှေတိုးတို့မမျှော်လင့်ဘဲ ပြန်ရောက်လာသော အခါ တအံ့တသြကြည့်၍ ဖခင်က သား ဖြစ်သူ အား

“မိုက်လုံးကြီးတဲ့ကောင်၊ မင်းတို့ဒီလို ဖြစ်ချင်ရင် မိဘတွေ ကို ကောင်းကောင်းမွန်မွန် အသိပေး ပါလား”

ဟူ ဆူပူလေ၏ ။ ထားမေ၏ မိခင်သည် ထားမေကိုဖက်၍ ငိုယိုကာ

“သမီးရယ်၊ ဘာ ဖြစ်လို့ ဒီလို ဖြစ်သွားရတာ လဲ။ သမီးကို အမေ နှမြောလိုက်တာကွယ်”

ဟု မချိတင်ကဲပြောလေ၏ ။

နှစ် ဖက်မိဘများ သည် ရွှေတိုးတို့နှစ် ယောက် ကို ခိုးရာလိုက်ပြေးသွားသည်ဟု ယူဆနေကြ၏ ။

ထိုအခါ ရွှေတိုးနှင့် ထားမေက ၄င်းတို့၏ ဖြစ်ရပ်ကို တစ်လှည့်စီရှင်းပြလေ၏ ။

ရွှေတိုး၏ စကားကို နားထောင်ရင်း သူ၏ မိခင်က ရင်ဘတ်ကို လက်ဖြင့် ဖိ၍

“အမလေး၊ ဒါဆိုရင် ငါ့သားက ချစ်သူကျွန်းမှာ ထားမေနဲ့ နှစ် ယောက် အတူ ညအိပ်ခဲ့တာပေါ့၊ ကိုယ်ကျိုးတော့ နည်းကုန်ပါပြီကွယ်”

ဟု ပြောလေရာ ရွှေတိုးက

“ကျွန်တော် တို့က သူငယ်ချင်းတွေ ပဲ၊ တစ်ယောက် နဲ့ တစ်ယောက် မောင်နှမလိုပဲနေခဲ့ကြတာပါ ”

ဟု ပြောလေ၏ ။ ထိုအခါ ကျောင်းအုပ်ဆရာကြီးဦးတင်က ရွှေတိုးကိုကြည့်၍ ခေါင်းယမ်းကာ

“မင်းတို့နှစ် ယောက် က ချစ်သူကျွန်းမှာ တစ်ညသွားအိပ်ပြီး မောင်နှမလိုပဲနေခဲ့ကြတယ် ဟုတ် လား”

ဟု မယုံကြည်ဟန်ဖြင့် မေးမြန်းလေ၏ ။

ထားမေကလည်း ဝင်ရောက်၍

“ဟုတ်ပါတယ် ဦးလေးရယ်၊ ကျွန်မတို့ မောင်နှမလိုပဲ နေခဲ့ကြတာပါ”

ဟု ပြောလေ၏ ။

ထားမေ၏ မိခင်သည် ထားမေကိုဖက်၍

“ခေါင်းအေးအေးထားပြီး စဉ်းစားပါသမီးရယ်၊ အမေတို့ အပြစ်မပြောပါဘူး၊ အားလုံးကို အမှန် အတိုင်းပြောပြပါ”

ဟု ပြောလေ၏ ။

ထိုအခါ ထားမေသည် ခေါင်းရှုပ်လာဟန်ဖြင့်

“အမေတို့ မယုံလဲ ကျွန်မ မတက်နိုင်တော့ဘူး။ ထင်ချင်ရာ ထင်ြ ကတော့”

ဟု ပြောကာ ထိုနေရာမှ ပြေးထွက်သွားလေ၏ ။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မင်းမြတ်သူရ ၏ “ ရမ္မက်၏နိဂုံး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်

ကျောက်စိမ်းအမိန့်တော်

ဝဏ္ဏပဘာ