စာရေး သူ၏ ကိုယ်ရေး အကျဉ်း
“…မြန်မာ့ထီးနန်း ကိန်းခန်းအလိုက် အခိုက်အခါ ကြမ္မာအလျောက် အင်္ဂလိပ်မင်းတို့၏ အလံအောက်သို့ ကျရောက်ရလေသော ခေတ်အတွင်း အင်္ဂလိပ်ကျောင်းကန်များ ၌ သင်ကြားရကုန်သော ကလေးသူငယ်တို့မှာ ဘာသာတစ်ပါး လူမျိုးခြားတို့ ရေး သားပြုလုပ်၍ ပေးသည့် အရေး တော် ပုံများ ကို သင်ကြားလေ့ကျက်စေလျက် အထက်ကျော်ကာရီက ရှိနှင့် ပြီး ဖြစ်သော ရာဇ၀င်ဟောင်း၊ ရာဇ၀င်သစ်များ ၏ အနှစ် သာရများ ကို ခံစား သုံးဆောင်သမှု မပြုကြရရှာဘဲ ရှိလေသော်၊ သြော်…ဗုဒ္ဓဘာသာ မြန်မာလူမျိုး ကလေးတို့မှာ မိမိတို့ ဘေးဘိုးဘမိတို့၏ အစီအစဉ်၊ ဘုရင်မင်းအဆက်ဆက် ခေတ်လက်ထက်တို့၌ ဖြစ်ပျက်ခဲ့ဖူးသော ထုံးဟောင်းစံရ အစစကို လှလှပပ မသိရှာဘိသဖြင့် ဇာတိမာ ပုညတန်ခိုး ညှိုးနွမ်းပျက်ပြယ်၍ ခက်ဖွယ်လိလိ ရှိချိမ့်မည် တကားဟု ကျွန်ုပ်တို့စိတ်တွင် ပူပင်သော က ဖြစ်ရဘိသော ဟူ၏ …”
-မှန်နန်းရာဇ၀င်တော် သစ် စာအုပ်၏ အတ္ထုပ္ပတ္တိ နိဒါန်းမော်ကွန်း…မှ။
ပြည်ခရိုင် ရွှေတောင်မြို့နယ် ၀ါးလည်ရွာတွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ၂၃ မတ် ၁၈၇၆ ကြာသာပတေးနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ငါးယောက် အနက် ဒုတိယမြောက် ဖြစ်သည်။ ငယ်မည် မှာ မောင်လွမ်းမောင် ဖြစ်၏ ။
ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီးထံတွင် စာပေပညာ သင်ယူခဲ့သည်။ ခုနစ်နှစ် သားအရွယ်တွင် မန္တလေး မြတောင်ကျောင်းတိုက်၌ ကိုရင်ပဏ္ဍိတ ဘ၀ဖြင့် ပညာသင်ယူခဲ့သည်။ ၁၈၉၇ တွင် အစိုးရစစ် ခုနစ်တန်း စာမေးပွဲကို မုံရွာမြို့ အလွတ်ပညာသင်ကျောင်းမှ ဦးပဏ္ဍိတ ရဟန်းအမည် ဖြင့် ဖြေဆို အောင်မြင်ခဲ့သည်။ ထို့နောက် လူဝတ်လဲခဲ့သည်။ ၁၉၈၉ တွင် မော်လမြိုင်မြို့ ရန်ကုန်တိုင်း သတင်းစာတွင် “ပဏ္ဍိလေး” အမည် ဖြင့် ကဗျာများ ၊ စာများ ရေး သားခဲ့သည်။ ရန်ကုန် ဇမ္ဗူကျက်သရေ စာပုံနှိပ်တိုက်တွင် စာစီ၊ စာပြင်ဆရာ (၁၉၀၀)၊ ရန်ကုန်တိုင်းသတင်းစာတိုက်နှင့် မော်လမြိုင်မြို့ မြန်မာတိုင်း သတင်းစာ အယ်ဒီတာ (၁၉၀၃)၊ ဟင်္သာတမြို့ အမရ၀တီ ပုံနှိပ်တိုက် စာပြု၊ စာပြင် အယ်ဒီတာ (၁၉၀၇)၊ သူရိယသတင်းစာ အယ်ဒီတာ (၁၉၁၁-၁၉၂၁)၊ အမျိုးသားကောလိပ် မြန်မာစာပေနှင့် ရာဇ၀င်ပါမောက္ခ (၁၉၂၁)၊ ဒဂုန်မဂ္ဂဇင်း တိုက်ထိုင်အယ်ဒီတာ (၁၉၂၃)၊ ဗြိတိသျှဘားမား မဂ္ဂဇင်း (နောင် ဓူဝံမဂ္ဂဇင်း) ကြီးမှူးအုပ်ချုပ်သူ (၁၉၂၇)၊ တို့ဗမာအစည်းအရုံး နာယက (၁၉၃၄)၊ ဒုတိယကမ္ဘာစစ်အပြီး တို့ဗမာအစည်းအရုံး ဥက္ကဌ (၁၉၄၅)၊ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေး ဆရာ သမဂ္ဂ နာယက (၁၉၆၂) စသည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး ၊ အမျိုးသားလွတ်မြောက်ရေး ၊ ဖက်ဆစ်တော် လှန်ရေး ၊ အမျိုးသား စည်းလုံးညီညွတ်ရေး အခန်းကဏ္ဍတိုင်းတွင် တက်ကြွထက်သန်စွာ ပါဝင်လှုပ်ရှားခဲ့သည်။ အလင်္ကာကျော်စွာ ဘွဲ့ (၁၉၅၀)၊ စတာလင် ငြိမ်းချမ်းရေး ဆု (၁၉၅၄)၊ အရှေ့ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပညာပါရဂူ [ဒေါက်တာဘွဲ့] (၁၉၆၀) တို့ အပ်နှင်းခြင်း ခံရသည်။
၁၉၀၀-၁၉၁၀ အတွင်း ပြဇာတ်ပေါင်း ၈၀ ကျော် ရေး ခဲ့သည်။ ထင်ရှားသော စာအုပ်အချို့မှာ မော်လမြိုင်ရာဇ၀င်ဝတ္ထု [ပထမတွဲ ] (၁၉၅၀)၊ ကဗျာသာရမဉ္စူ (၁၉၆၀)၊ ကဗျာသာရတ္တသင်္ဂြိုဟ် (၁၉၁၀)၊ မြန်မာရာဇ၀င်ချုပ်နှင့် ရွှေနတ်တောင်ဘုရားသမိုင်း (၁၉၁၁)၊ ဗိုလ်ဋီကာ (၁၉၁၄)၊ ဆောင်းပါးပေါင်းချုပ်ကြီး [ပထမတွဲ ] (၁၉၁၄)၊ ဓမ္မစေတီဝတ္ထု (၁၉၁၈)၊ မှာ တော် ပုံ (၁၉၁၆-၁၉၂၁)၊ ပဲခူးရာဇ၀င် ဇာတ်တော် ကြီး (၁၉၁၉)၊ ဒေါင်းဋီကာသစ် (၁၉၂၀)၊ မှန်နန်းရာဇ၀င်တော် ချုပ် [ပထမတွဲ ] (၁၉၂၁)၊ မှန်နန်းရာဇ၀င်တော် သစ် [ပထမအုပ်] (၁၉၂၂)၊ မျောက်ဋီကာ (၁၉၂၃)၊ မျောက်ကဏ္ဍိ (၁၉၂၃)၊ ခွေးဋီကာ (၁၉၂၅)၊ ဂဠုံပျံဒီပနီ (၁၉၃၁)၊ မန္တလေးမြို့ ရွှေရေး ဆောင် ဆရာတော် ဘုရားကြီး ဦးကြည်၏ ထေရုပ္ပတ္တိကထာ (၁၉၃၅)၊ သခင်ဋီကာ (၁၉၃၈)၊ အာဇာနည်ဗိမာန် (၁၉၄၈)၊ အနာဂတ်ဇာတ်ခုံ အိပ်မက်ဒိဋ္ဌုံဋီကာ (၁၉၅၀)၊ လေးချိုးပေါင်းချုပ် [ပထမတွဲ ] (၁၉၅၅)၊ တို့ဗမာ ၀တ်ရွတ်စဉ် (၁၉၇၆) တို့ ဖြစ်ကြ၏ ။ စာအုပ်ပေါင်း ၁၅ အုပ်ခန့်ကိုလည်း တည်းဖြတ်ခဲ့သည်။
၂၃ ဇူလိုင် ၁၉၆၄ ၊ ကြာသာပတေးနေ့ နံနက် ၁:၃၀ နာရီတွင် ရန်ကုန်မြို့ ချမ်းသာလမ်း စမ်းချောင်း နေအိမ်၌ လူကြီး ရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။
ကျွန်ုပ်တို့သည် ဤ “မှန်နန်းရာဇ၀င်တော် သစ်” စာအုပ်ကို အားထုတ်စီရင်ခြင်း၏ အကြောင်းရင်းမူလ အစနိဒါန်းတွင် အကြင် မြန်မာပြည် တိုင်းခန်း၌ ထီးနန်း အစူအစဉ်၊ ရာဇ၀င်သံပိုင်း၊ သမိုင်းမော်ကွန်းတို့ ပေါ်ထွန်း ဖြစ်ပေါ်လာပုံများ ကို ရှေးဖျားမဆွ ထုတ်ဆောင် ဖော်ပြလိုသည်မှာ -ကမ္ဘာဦးကာလ မဇ္စိုမဒေသဟု ဆိုအပ်သော အိန္ဒိယနိုင်ငံတော် ကြီးအတွင်း၌ မှီတင်းနေထိုင်ကြသူ အပေါင်းတို့သည်ဒ မကောင်းမှု မ ဖြစ်ပွားလေအောင် မတရားသော အမှု တို့ကို ပြုကျင့်သော ကာလ “မဟာသမ္မတ၊ ခတ္တိယဟု၊ ရာဇနာမံ၊ သုံးမည် ခံသည်” ဟူသော အရ လောက၀တ်၊ ဓမ္မသတ်၊ ရာဇ၀တ်၊ ထုံးသစ်စံဟောင်းအကြောင်းကြောင်းတို့ဖြင့် ကောင်းကောင်းကြီး ဆုံးဖြတ်စီရင်တော် မူနိုင်အံ့သော ပညာဉာဏ်သတ္တိ ရှိလေစွတကားဟု အများ သော တိုင်းသူပြည်သားအပေါင်းတို့က သော င်းသော င်းဖြဖြ တကွနက် ရွေးကောက်တင်မြှော က်ခြင်းကို ခံတော် မူရသည့် ဒုတိယနေမင်းဟု ထင်ရှားသော မဟာသမ္မတ ကျွန်ုပ်တို့ ဘုရားလောင်း မင်းကောင်းမင်းမြတ် သိဒ္ဓတ်မင်းတရား တိုင်အောင် ခံ့ခိုင်မြဲမြံသော အာဒိစ္စကုလ သကျသာကီဝင် ဘုရင်မင်းမြတ် အပေါင်းတို့သည်ကား မင်းချပ်တစ်ပါး မျိုးခြားမ၀င် သန့်စင်မြင့်မြတ်သော မျိုးဇာတ်နွယ်တော် စစ် ဖြစ်ကြပေသတည်း။
ထို ဆိုခဲ့ပြီးသော သကျသာကီဝင် ရှင်တော် ဘုရား ထင်ရှားပွင့်တော် မမူခင် ပဉ္စာလရာဇ် ဘုရင်နှင့် သကျသာကီဝင် ဖြစ်သော ကောလိယမင်းတို့ စစ်ခင်း တိုက်ခိုက်ကြသည်တွင် သာကီဝင်မင်းတို့ အရေး ရှုံးနိမ့်သည်နှင့် ကပ္ပိလ၀တ်ပြည်မှ အဘိရာဇာမည် သော သကျသာကီဝင်မင်းသည် ဤ မြန်မာနိုင်ငံ တကောင်းပြည်ကြီးကို အတီးကာလ ပထမ ကြွရောက်တည်ထောင် စံတော် မူရာ၊ အဆိုပါ အဘိရာဇာမင်းဆက်မှ ဆင်းသက်၍ မင်းပေါင်း (၃၃) ဆက်သို့ ကျရောက်ကာလ မဇ္စိုမဒေသတွင် ရှင်တော် ဘုရား ထင်ရှားရှိတော် မူစဉ်ပင် ကောသလ ဘုရင်နှင့် ကပ္ပိလ၀တ်ပြည်ရှင် သာကီဝင် မဟာနာမမင်းတို့ အခင်းစစ်မက် ပေါ်ထွက်ပြန်ရာ မဟာနာမမင်း အရေး ရှုံးနိမ့်သဖြင့် တဖျင့်တပါး ပျက်ပြား ရှောင်တိမ်းခဲ့လေရာ မြန်မာပြည်တည်ဟောင်း တကောင်းမြို့သို့ ပင် ဆိုက်ရောက်ပြန်လျက် မင်းဆက်ရာဇ၀င်ဘုရင် (၁၇) ဆက်အားဖြင့် မင်းဆက်ပေါင်း (၅၀) မျှ ကာလအရှည် တည်ထောင်စံနေတော် မူကြလေသည်။
ထိုတကောင်းမင်းမျိုး မင်းရိုးမင်းဆက်တို့မှ ဆင်းသက်လျှက် သရေခေတ္တရာပြည်ကြီး၌ လည်း ထီးမင်းမပျက် (၂၇) ဆက်မျှ လည်းကောင်း၊ ထိုမှတဖန် ပုဂံပြည်တွင် ဘုရင်မင်းပေါင်း (၅၅) ဆက်မျှ လည်းကောင်း၊ ထိုနောက်တစ်ဝ ၀ိဇယပူရ မည် သော ပင်းယပြည်သနင်း မင်းပေါင်း (၆) ဆက်မျှ လည်းကောင်း၊ ထိုနောက်တစ်ဖြာ ရတနာပူရမည် သော အင်းဝပြည်၌ မကိုဋ်ရာဇ၀င် မင်းပေါင်း (၂၉) ဆက်မျှ လည်းကောင်း၊ ထို့နောက် တောင်ငူ ကေတုမတီပြည်တွင် ဘုရင်မင်းဆက်ပေါင်း (၃၅) ဆက်မျှလည်းကောင်း၊ ထို့နောက် ပြည်မြို့မင်း (၁၇) ဆက်မျှ လည်းကောင်း၊ နေဒေါင်းအောင်လံတံဆိပ် ခတ်နှိပ်ဝင့်ထည် တင့်တယ်ခိုင်ဖြီး ကြီးကြယ်မြင့်မြတ်သော ဘုန်းတန်းဖြင့် တစ်နန်းတစ်ထီး တစ်သီးပုဂ္ဂလ ဗုဒ္ဓဘာသာ ရိုးရာမပျက် ကနက်လှစ်ထူ ပစ္စူထီးဆောင်း မင်းကောင်းမင်းမြတ်တို့ စိုးစံတော် မူရာ ဘူမျာဓိပတိ ဘူမိနက်သန် မြေကြန်မင်္ဂလာ အောင်ကိန်းဖြာလျက် အောင်ထာဝရ အောင်သိုက်ရသော မြန်မာ့ပြည်ကြီး၌ ဘုန်းနီးထိန်ပြောင် ရုံးတော် ထောင်သည့် ကုန်းဘောင်မင်းဆက် သက္ကရာဇ် ၁၁၈၁ ခုနှစ် တွင် နန်းတက်တော် မူသော ဘကြီးတော် ဘုရား လက်ထက် သက္ကရာဇ် ၁၁၈၆ ခုနှစ် မှာ ဘာသာမျိုးခြား ကုလားမျိုး ခြောက်ဆယ် အ၀င်အကြင်သို့ သော အရှေ့အိန္ဒိယကုမ္ပဏီ အင်္ဂလိပ်လူမျိုးတို့နှင့် စစ်မက် ဖြစ်ပွားကြလေရာ ၊ မြန်မာတို့က အရေး နိမ့်ရကား မဏိပူရပြည်၊ အာသံပြည်၊ ရခိုင်ဒေသ၊ တနင်္သာရီဒေသများ ကို အင်္ဂလိပ်လူမျိုးတို့ စိုးမိုး အုပ်ချုပ်လေသည်။ ထိုနောက် သက္ကရာဇ် ၁၂၀၈ ခုတွင် နန်းတက်တော် မူသော ပုဂံမင်းတရား လက်ထက် သက္ကရာဇ် ၁၂၁၄ ခုတွင် မြန်မာနှင့် အင်္ဂလိပ်တို့ စစ်မက် ဖြစ်ပွားကြပြန်ရာ မြန်မာတို့က စစ်ရေး နိမ့်၍ မြန်မာပြည် အောက်ပိုင်း ဟံသာဝတီဒေသ၊ တောင်ငူပြည်၊ သရေခေတ္တရာပြည်များ ကို အင်္ဂလိပ်တို့က သိမ်းပိုက်ယူငင် ပြန်လေသည်။ ထို့ပြင် သက္ကရာဇ် ၁၂၄၀ ပြည့်နှစ် တွင် နန်းတက်တော် မူသော အရှင် သီပေါမင်းတရားလက်ထက် သက္ကရာဇ် ၁၂၂၄၇ ခုနှစ် အတွင်း မြန်မာနှင့် အင်္ဂလိပ်တို့ စစ် ဖြစ်ကြပြန်ရာ မြန်မာတို့ကပင် အရေး ရှုံးနိမ့်ပြန်သဖြင့် အင်္ဂလိပ်မင်းတို့က ဤမြန်မာပြည်လုံးကို လက်ရုံးဆန့်ကူ လက်နက်နိုင်ငံ မူလေသတည်း။
ယင်းသို့ လျှင် အကြင်သင်္ခါရ၊ ကမ္ဘာ့လောက၊ လောကဓံတရားများ အရ မြန်မာ့ထီးနန်း ကိန်းခန်းအလိုက် အခိုက်အခါ ကြမ္မာအလျောက် အင်္ဂလိပ်မင်းတို့၏ အလံအောက်သို့ ကျရောက်ရလေသော ခေတ်အတွင်း အင်္ဂလိပ်ကျောင်းကန်များ ၌ သင်ကြားရကုန်သော ကလေးသူငယ်တို့မှာ ဘာသာတစ်ပါး လူမျိုးခြားတို့ ရေး သားပြုလုပ်၍ ပေးသည့် အရေး ပုံ ရာဇ၀င်ကလေးများ ကိုသာ သင်ကြားလေ့ကျက်စေလျက် အထက်ကျော် ကာရီက ရှိနှင့် ပြီး ဖြစ်သော ရာဇ၀င်ဟောင်း၊ ရာဇ၀င်စစ်များ ၏ အနှစ် သာရများ ကို ခံစားသုံးဆောင်သမှု မပြုကြရရှာဘဲ ရှိလေသော်၊ သြော် ဗုဒ္ဓဘာသာ မြန်မာလူမျိုးကလေးတို့မှာ မိမိတို့ ဘေးဘိုးမိဘတို့၏ အစီအစဉ်၊ ဘုရင်မင်းအဆက်ဆက် ခေတ်လက်ထက်တို့၌ ဖြစ်ပျက်ခဲ့ဖူးသော ထုံးဟောင်းစံရ အစစကို လှလှပပ မသိရှာဘိသဖြင့် ဇာတိမာန ပုညတန်ခိုး ညှိုးနွမ်းပျက်ပြယ်၍ ခက်ဖွယ်လိလိ ရှိချိမ့်လိမ့်မည် တကားဟု ကျွန်ုပ်တို့စိတ်တွင် ပူပင်သော က ဖြစ်ရဘိလော ဟူ၏ ။ သို့ ရာတွင် သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆန်း၊ ၁၀ ရက်နေ့တွင် မြန်မာပြည်ပညာရေး ဌာန အစိုးရတို့ ပြုလုပ်အပ်သော ယူနီဗာစတီ ဥပဒေကို မနှစ်သက် မကြိုက်ညီသဖြင့် ဤအဆိုပါ အင်္ဂလိပ်ကျောင်းသား တပည့်သူငယ်လေးများ သည် မိမိတို့နေထိုင် သင်ကြားကြသော ကျောင်းကန်များ ကို ခုခံတော် လှန်လိုသော စိတ်အလျောက် သပိတ်မှော က်ကိစ္စကြီးကို အပြီးတိုင် ဆောင်ရွက်ကြလေရာ မြန်မာလူကြီး ဦးစီးခေါင်းဆောင်အချို့တို့က ဤပညာရေး ကို သပိတ်မမှော က်သင့်သေး ဟူ၍ လည်းကောင်း၊ အချို့ကလည်း သပိတ်မှော က်ခြင်းမှာ လွန်မင်းစွာ ကောင်းမွန်သည်ဟူ၍ လည်းကောင်း၊ နှစ် ဦးနှစ် ဖက် အစွန်းထွက်လျက် ရှိကြကုန်၏ ။ သို့ ရာတွင် “အရေး ကြီး သွေးနီးရာ” ဟူဘိသကဲ့သို့ နောက်သော အခါ အဆိုပါ လူကြီးမင်းအပေါင်းတို့သည် ပေါင်းသင်းတူကွ တိုင်ပင်စည်းလုံး ညီညွတ်ကြသည့်အလျောက် သပိတ်မှော က် ကျောင်းသားတို့ အရေး ကို အားပေးကူညီမည် ဟု ဤမည် သော မြန်မာပြည်တိုင်းရင်းသား ပညာရေး ဌာန အဖွဲ့အစည်းကြီးကို ဖွဲ့စည်းတည်ထောင် အောင်မြင်ထမြောက်လေ၏ ။ ယင်းသော အခါ ကျွန်ုပ်တို့သည် “သူရိယ” သတင်းစာတိုက်၌ ခေတ်သမယအလိုက် ထိုက်သည့်အားလျော်စွာ မြန်မာမှု ဆိုင်ရာ အယ်ဒီတာလုပ်ငန်းဖြင့် ထမ်းရွက်လုပ်ကိုင်ဆဲရှိနေရာ အဆိုပါ မြန်မာပြည် တိုင်းရင်းသား ပညာရေး ဌာန အဖွဲ့အစည်းချုပ်ကြီး အပါအ၀င် ဆင်ဒီကိတ် လူကြီးမင်းတို့ အမိန့်အရ စက္ကရီတေရီမောင်လှစိန်က ကျွန်ုပ်တို့ထံ တောင်းပန်စာစကား ရေး သားပေးပို့လိုက်သည်မှာ အောက်ပါအတိုင်း ဖြစ်ချေသည်။
၁၉၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့။
ရိုသေလေးမြတ်စွာ နှင့် စာရေး အစီရင်တော် ခံပါသည်။
ဆရာလွန်း ခင်ဗျား။
ယခု ဇွန်လ ၁၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသား ပညာရေး ဆင်ဒီကိတ် အစည်းအ၀းကြီးက ဆရာကြီးအား မှန်နန်းရာဇ၀င်တော် သစ် စာအုပ်နှင့် စာဆိုပညာရှိတို့၏ အတ္ထုပ္ပတ္ထိ စာအုပ်များ ကို အလျင်အမြန် ပြီးစီးအောင် ဆောင်ရွက်ပါမည့် အကြောင်း တိုက်တွန်းတောင်းပန်ဖို့ရန် ဆုံးဖြတ်လိုက်ပါသဖြင့် ဆရာကြီးသည် ဤသပိတ်မှော က် ကျောင်းသားအပေါင်းတို့က ထောင်သော င်းမကသော တိုင်းရင်းသူ တိုင်းရင်းသား၊ ကျောင်းသား ကျောင်းသမီးကလေးတို့ အကျိုး၊ နောင်လာလတ္တံသော လူငယ် သူငယ်တို့၏ အကျိုး၊ တိုင်းနေပြည်သူ ရှင်လူရဟန်းတို့ အကျိုး၊ မြန်မာပြည်၏ အကျိုး၊ ဆရာကြီး၏ အကျိုးကို မျှော်ကိုးထောက်ထားလျက် အထက်အဆိုပါ စာအုပ်များ ကို အထူးအရေး ယူ ဂရုပြု၍ လျင်မြန်နိုင်သလောက် လျင်မြန်စွာ ပြီးဆုံးခြင်းသို့ ရောက်စေရန် စီမံဆောင်ရွက်ပါမည် အကြောင်း၊ စီမံပြီးစီးကာလ ၎င်းစာအုပ်များ ကို တိုင်းရင်းသာ ကျောင်းသုံးစာအုပ် ပြဋ္ဌာန်းရေး ကော်မတီထံ တင်သွင်း၍ တိုင်းရင်းသား ပညာရေး အဖွဲ့အစည်းချုပ်ကြီးက ဆရာကြီးထံမှ မူပိုင် ၀ယ်ယူ၍ ဖြစ်စေ၊ အခြား တစ်နည်းနည်း နှင့် ဖြစ်စေ၊ အလျင်အမြန် ပုံနှိပ်လုပ်ဆောင်ရန် ရည်သန်အားထားလျက် ရှိပါကြောင်း။
မောင်လှစိန်
စက္ကရီတေရီ
မြန်မာပြည် တိုင်းရင်းသား ပညာရေး အဖွဲ့အစည်းချုပ်
၄၉ (အေ)၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့
ဤအထက်ပါစာကို ရသော ကာလ ကျွန်ုပ်တို့ စိတ်တွင် ဆင်ခြင်စဉ်းစားမိသည်ကား၊ ရှေးဖျားမဆွ ရှိနှင့် ပြီး ဖြစ်ကြသော ရာဇ၀င်နှင့် စူဠ၀င်ကျမ်း၊ ကျန်စစ်သားမင်း၏ ဖွားရင်းသက္ကရာဇ် စသည်များ ကို ဖော်ပြသည့် ပုဂံမြို့ ဖြစ် စေတီယ၀ံသကထာကျမ်း၊ ပုဂံ ဇေယျသိင်္ခ နန်းတောင်းများ မင်း၏ ဆရာပေါင်းလောင်းရှင် ကဿပ စီရင်သည့် ဗောဓိဝင်ဋီကာ၊ ရှင်ဝဇီရ စီရင်သည့် ရာဇ၀င်ပါဌ်၊ ငှက်ပစ်တောင် ပထမ ရှင်ဂေါဓာဝရ စီရင်သည့် ရာဇ၀ံသပါဌ်၊ ဗြာဟ္မဏပုဏ္ဏား စီရင်သည့် ပုဂံရာဇ၀ံဟောင်း၊ အရှင်ဉာဏသည်းခံကြီး စီရင်သည့် တောင်ငူရာဇ၀င်၊ ရှင် မဟာသီလ၀ံသ စီရင်၍ သက္ကရာဇ် ၈၆၄ တွင် ပြီးသော ရာဇ၀င်ကျော်၊ ပြည်မင်းတရား တောင်းပန်၍ မြောက်နန်းကျောင်းဆရာတော် စီရင်သည့် မြောက်နန်းကျောင်း ရာဇ၀င်၊ ထို့ပြင် သမိုင်းတော် အကျယ်၊ သက္ကရာဇ် အင်းစောက်မှ စ၍ မြန်မာ့ရာဇ၀င် အစောင်စောင်ရှိသည်တွင် စီရင်ရေး သားသော ပညာရှိတို့ သတိချွတ်ယွင်း၍ လည်းကောင်း၊ သဘောဉာဏ်တွင် မဆင်ခြင်မိ၍ သော်လည်းကောင်း၊ ဆင်ခြင်မိလျက် သဘောမသက် ဉာဏ်မနက်သေး၍ သော်လည်းကောင်း၊ အမှန်ကို ရေး ငြားသော်လည်း နောက်သားတို့ ရေး ကူးမှတ်သားရင်း ယွင်းယိုတိမ်းယိမ်းသော ကြောင့် လည်းကောင်း၊ ရှေးဟောင်းရာဇ၀င်တို့သည် တစ်စောင်နှင့် တစ်စောင် မညီမညွတ် ယွင်းချွတ်ကွဲလွဲလျက် အနည်းနည်း အဖုံဖုံ ရှိကြလေရာ၊ ရတနာ ပူရ အင်းဝကြငှန်းတွင် ညောင်ရမ်းမင်းခေတ် တနင်္ဂနွေမင်း လက်ထက် စဥ့်ကိုင်ရွာ ဒေ၀သူဌေးနှင့် သူဌေးကတော် မဏိသြဃတို့သား မောင်ကုလားသည် အဆိုပါ ရာဇ၀င် အသီးသီးတို့ကို ပေါင်းစည်းပြီးလျှင် မဟာရာဇ၀င်ကြီး၊ ရာဇ၀င်လတ်၊ ရာဇ၀င်ချုပ်တို့ကို ပြုပြင်စီရင်ခဲ့ငြားလည်း အမှားမယွင်းမကင်း ရှိပြန်ရာ အမရပူရ မြို့တည်နည်းတည် မင်းတရားကြီး လက်ထက်တွင် တွင်းသင်းဝန်ကြီး မဟာစည်သူသည် မဟာရာဇ၀င်သစ်ကျမ်းကို ကြိုးပမ်းစီရင်ပြန်လေ၏ ။ ထိုနောက် အဆိုပါ မဟာရာဇ၀င်ကြီး၊ မဟာရာဇ၀င်သစ်တို့၌ အပြစ်မကင်း မှားယွင်းလျက်ပင် ရှိပြန်လေရာ ရတနာပူရ စတုတ္ထ မြို့တည်နန်းတည် ဘကြီးတော် ဘုရား အမိန့်တော် အတိုင်း သက္ကရာဇ် ၁၁၉၁ ခုနှစ် နယုန်လဆန်း ၁ ရက်နေ့က စ၍ (၁) မုံရွေးဆရာတော် ၊ (၂) သော်ကပင် ဆရာတော် ၊ (၃) ချည်ပါတောင်ရွာ မြောက်ရွာစာ မင်းတိုင်ပင် အမတ်ကြီး မဟာဓမ္မသင်္ကြံ၊ (၄) မြင်းစုဝန်ကြီး ဦးရောက်၊ (၅) သံတော် ဆင့် ဦးချိန်၊ (၆) စာရေး တော် ကြီး ဦးဖျော်၊ (၇) ဘိသိက်တော် ဆက် ပုဏ္ဏား ဇယဒေ၀၊ (၈) ၎င်းကုမုဒြ၊ (၉) ဗြဲတိုက်သံဆင့် မောင်ရွှဲ၊ (၁၀) စာရေး မောင်လူကြီး၊ (၁၁) ၎င်းမောင်အောင်သာ၊ (၁၂) အတွင်းဝန် ဆောမြို့စားမင်းကြီး သိရီမဟာနန္ဒသင်္ကြံ၊ (၁၃) စဥ့်ကူးမြို့စား အတွင်းဝန်အသည်ဝန်ဟု ဆိုအပ်သော ရဟန်းပညာရှိ၊ မှူးမတ်ပညာရှိ၊ ပုဏ္ဏားပညာရှိတို့သည် မှန်နန်းဆောင်တော် ဦ နန်းမစနု၌ ကြည့်ရှုတိုက်ဆင် တိုင်ပင်ညီညွတ်၍ မှန်နန်းရာဇ၀င်တော် ကြီးကို စီရင်တော် မူကြလေသတည်း။
ထိုစီရင်အပ်သော မှန်နန်းရာဇ၀င်တော် ကျမ်းကြီးသည် ငြမ်းထီးတစ်ဆူ ပြုမူသင်ကြားဖို့ရာ လွန်စွာ ကောင်းမြတ်လင့်ကစား နောက်ပွားနောက်သား ကျောင်သားသူငယ်တို့ သင်ကြားလေ့ကျက်ဖို့ရာ အချိန်အခါ ကာလ မရနိုင်လောက်အောင်ပင် ရှိသည်တစ်ကြောင်း၊ ၎င်းပြင် မူလပုံနှိပ်လုပ်ဆောင်၍ ထားကြသည့် မှန်နန်းရာဇ၀င် စာအုပ်များ မှာ အထားအသို၊ ထိုထို မာတိကာ အခန်းကဏ္ဍတို့ လှပသန့်ရှင်းခြင်း မရှိသည့် မှတစ်ပါး မှားယွင်းချက်များ တွေ့မြင်ရသည်မှာ မင်းကြီးစွာ စောက်ကဲ၏ မိဖုရားကြီး ခမည်းမိတွင် သားတော် ၂ ပါး၊ သမီးတော် ၃ ပါး၊ ပေါင်း ၅ ပါး ရှိတော် မူရာ သမီးတော် စောဇလာကဒေ၀ီ၏ မြောက်သားတော် သီဟသူရငယ်၊ သို့မဟုတ် သိင်္ခသူငယ်ကို ချထားခဲ့၍ ၎င်းညီမတော် မင်းခေါင်မယ်တော် ၏ မြောက်သားတော် မြင်စိုင်းစည်သူကို စောဇလာကဒေ၀ီ၏ မြောက်သားတော် ဟု မှားယွင်းသည့်ပြင် မင်းခေါင်မယ်တော် မပါ၊ ပေါင်း လေးပါးမျှသာ ပါရှိသည်လည်း တစ်ကြောင်း၊ ၎င်းပြင် မင်းရဲကျော်စွာ မွန်ဒေသသို့ ချီသော တပ် ၇ တပ်ဟုဆိုလျက် ရေတွက်သော အခါ ၆ တပ်မျှသာရှိခြင်း စသော အမှားအယွင်းတို့နှင့် မကင်းရှိသည်လည်း တစ်ကြောင်း၊ သို့ အကြောင်းကြောင်း အ၀၀ကို ထောက်ဆဆင်ခြင်ပြီးလျှင် အကြင်သို့သော ကျောင်းသားသူငယ်တို့ အလွယ်တကူ သင်ယူလေ့ကျက်ကြစေရန် ယမန်က မှန်နန်းရာဇ၀င်တော် ကြီး၏ အဆိုအမိန့်တို့ကိုလည်း ပိုသည်ကိုထုတ်၊ ယုတ်သည်ကို ဖြည့်စွက်လျက် နောက်ဆက်ခန်း မှန်နန်းနိယံတို့ဖြင့် စီမံပြုစုလျက် ယခု “မှန်နန်းရာဇ၀င်တော် သစ်” ပထမ စာအုပ်ကို ရိုက်နှိပ်လိုက်ပေသည်။ ဤမှတစ်ပါး မိုးညှင်းမင်းတရားမှစ၍ ဟံသာဝတီရောက်မင်း တိုင်အောင် ဒုတိယအုပ်၊ ကုန်းဘောင်ဆက် တတိယအုပ်တို့ကိုလည်း လုပ်ဆောင်ပုံနှိပ်ဆဲပင် ဖြစ်ပေသတည်း။
ထို “မှန်နန်းရာဇ၀င်တော် သစ်” စာအုပ်ကို အားထုတ် ကြည့်ရှုလတ္တံသော မြန်မာတိုင်းသူ ရှင်လူအပေါင်းတို့မှာ ရှေးဟောင်းပုံပြင်၊ ရာဇ၀င်ထုံးတမ်းတို့ကို ဆုံးခန်းတိုင်ရောက် တတ်မြောက်ကျွမ်းကျင်တော် မူကြပြီးခါ အမျိုးဘာသာ သာသနာနှင့် ပညာတန်ခိုး တိုးကြီး တိုးအောင် အားကြိုးဆောင်ရွက် နိုင်ကြပါစေသော ၀်။
ဆရာလွန်း
မြန်မာဘာသာဆရာကြီး
မြန်မာပြည် တိုင်းရင်းသားကောလိပ်ကျောင်း
(၁) သတိသမ္ဗောဇ္ဈင်တည်း ဟူသော လွန်မြတ်သော စက်ရတနာကို ရှေ့ဆောင်တော် မူသော အကြင်ဘုရားတည်းဟူသော စကြာမင်းသည် ဓမ္မ၀ိစယသမ္ဗောဇ္ဈင် တည်းဟူသော ဆင်ရတနာထက် တက်စီးတော် မူ၍ တရားဒေသနာတည်း ဟူသော လက်နက်စွဲကိုင်တော် မူလျက် ဘုံသုံးပါ၌ ကိလေသာ တည်းဟူသော ရန်သူအပေါင်းကို ဖျက်ဆီးတော် မူသော ကြောင့် အောင်မြင်ခြင်းသို့ ရောက်တော် မူလေပြီ။ ကိလေသာစစ်၌ ထိုးပစ်ခြင်းငှာ ရဲစွမ်းတော် မူသော ၊ ထိုဘုရားတည်းဟူသော စကြာမင်းကို အကျွန်ုပ်သည် ရှိခိုး၏ ။ ထိုသို့ ရှိခိုးသော ကောင်းမှု ဖြင့် မြတ်သော ထိုဘုရားတည်း ဟူသော စကြာမင်းသည် အကျွန်ုပ်တို့အား ကဲလွန်သော အောင်မြင်ခြင်းကို ပေးတော် မူစေသတည်း။
(၂) အကြင် ဆယ်ပါးသော တရားတော် သည် ကောင်းမြတ်သော ထီးဖြူကဲ့သို့ ပူပန်ခြင်းကို တားမြစ်တော် မူတတ်၏ ။ တင့်တယ်သော ထီးဖြူကဲ့သို့ ချမ်းသာခြင်းကိုလည်း ပေးအပ်တော် မူတတ်၏ ။ မြတ်သော တရားကို သိတော် မူသော သဗ္ဗညုဘုရား ချီးမွမ်းအပ်သည် ဖြစ်၍ မွန်မြတ်တော် မူသည့် ဆယ်ပါးသော တရားတော် ကို အကျွန်ုပ်သည် ရှိခိုး၏ ။ ထိုသို့ ရှိခိုးသော ကောင်းမှု ဖြင့် ဤသို့ သဘောရှိသော ဆယ်ပါးသော တရားတော် သည် အကျွန်ုပ်တို့၏ ချမ်းသာကို ပယ်တတ်သော ၊ ကဲ့ရဲ့ ခြင်းငှာထိုက်သော ဆင်းရဲအပေါင်းကို စွန့်ပယ်တော် မူသည် ဖြစ်စေသတည်း။
(၃) အရှင် ရှစ်ပါးသော အရိယာသံဃာတော် သည် ကောင်းမြတ်သော အနံ့ရှိသော ၊ ကောင်းစွာ ပွင့်သော ပဒုမ္မာကြာဖြင့် အနာ ရောဂါ ကို စွန့်ပယ်ဘိသကဲ့သို့၊ သူတော် ကောင်းတရား အစွမ်းဖြင့် သစ္စာလေးပါးတရားကို ကောင်းစွာ သိ၍ ရာဂ အစရှိသော အခါခပ်သိမ်းနာကျင်သော အနာ ရောဂါ ကို စွန့်ပယ်တော် မူလေပြီ။ အခါခပ်သိမ်း မြတ်တော် မူသော ၊ တစ်နည်းကား ကလျာဏပုထုဇဉ် သူတော် ကောင်းတို့ထက် မြတ်တော် မူသော ထိုရှစ်ပါးသော အရိယာ သံဃာတော် ကို အကျွန်ုပ်သည် ရှိခိုး၏ ။ ထိုသို့ ရှိခိုးသော ကောင်းမှု ဖြင့် ထိုရှစ်ပါးသော အရိယာ သံဃာတော် သည် အကျွန်ုပ်တို့အား ကြောက်မယ်ဖွယ်သော မကောင်းမှု နှင့် တကွ ဘေးအပေါင်း ကင်းခြင်းကို ကောင်းစွာ ပေးတော် မူစေသတည်း။
(၄) မင်းတကာတို့၏ ပူဇော်ထိုက်သော မင်း ဖြစ်လျက် လူအပေါင်းကို အစိုးရသည့် လောက၏ အရှင် ဖြစ်သော အကြင် တရားမင်းမြတ်သည် ရဲရင့်၏ ၊ ပညာရှိ၏ ၊ သတိနှင့် ပြည့်စုံ၏ ၊ တည်ကြည်၏ ၊ အလွန်သော ဘုန်းတန်ခိုး ရှိ၏ ၊ ကောင်းစွာ ထကြွ လုံ့လ ကြီး၏ ။
(၅) ပိဋကတို့၌ လည်းကောင်း၊ ဗေဒင်တို့၌ လည်းကောင်း၊ ဆေးကျမ်းတို့၌ လည်းကောင်း လိမ္မာ၏ ။ ဆင်အတတ်၊ မြင်းအတတ် အစရှိသော များ စွာ သော အတတ်တို့၌ အချင်းခပ်သိမ်းအားဖြင့် သိမ်မွေ့၏ ။ တိုင်းသူပြည်သားတို့၏ ချီးမြှင့်ချင်း၌ လမင်းနှင့် တူ၏ ။ ဘုန်းတန်ခိုးအားဖြင့် နေမင်းနှင့် တူ၏ ။ အမှု ကြီးငယ်ကို ဆောင်ရွက်ခြင်း၌ မြေကြီးနှင့် တူ၏ ။ ဒါန သီလအစရှိသော ကျေးဇူးအပေါင်းဖြင့် သမုဒ္ဒရာနှင့် တူ၏ ။
(၆) ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းဖြင့် ချီးမွမ်းအပ်သော မင်းထက် မင်းဖျား မင်းတရား ဖြစ်သော ငါတို့၏ အရှင် ဘ၀ရှင် မင်းတရားမြတ်၏ လက်ထက်တော် ၌ များ စွာ ကုန်သော လောက၀တ် ဓမ္မသတ် အကြားအမြင်ပညာမျက်စိ ရှိကုန်သော မှူးမတ်တို့နှင့် လည်းကောင်း၊ ဆရာတော် ရဟန်းတို့နှင့် လည်းကောင်း အချင်းခပ်သိမ်း ညီညွတ်နှီးနှော၍ ဤမဟာ ရာဇ၀င်ကျမ်းကို ကောင်းစွာာ ထက်ဝန်းကျင် သုတ်သင်အပ်၏ ။
(၇) ထိုသို့ ပညာရှိအပေါင်းနှင့် တိုင်ပင်နှီးနှော၍ မဟာရာဇ၀င်ကို ထက်ဝန်းကျင် သုတ်သင်သော အကြောင်းအရာကို ချဲ့၍ ဆိုဦးအံ့။ သာသနာတော် ၂၂၉၅ နှစ် ရှိလတ်သော် ကောဇာသက္ကရာဇ် ၁၁၁၃ ခုနှစ် ရောက်သော အခါ မဟာဓမ္မရာဇာဓိပတိ မည် သော မင်း၏ လက်ထက်၌ မြန်မာတိုင်းပြည်အလုံးသည် ရာမညတိုင်းသား၊ မွန်သူပုန်တို့ဘေးကြောင့် ပျက်စီးတိမ်းယိမ်းလတ်သော် အလောင်းမင်းတရားကြီး ဟူသော ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌ အခါခပ်သိမ်း ကျော်စောထင်ရှားတော် မူသော မင်းတရားကြီးသည် ထိုရာမညတိုင်း မွန်သူပုန်တို့ ဘေးကို အကြွင်းမဲ့ ဖြေဖျောက် ငြိမ်းချမ်းအောင် ပြုတော် မူ၏ ။ ရတနာသိင်္ဃ မြို့တည်လည်း ဖြစ်တော် မူ၏ ။ သာသနာတော် မြတ် စီးပွား၊ တိုင်းပြည်စီးပွားကိုလည်း ရွက်ဆောင်တော် မူ၏ ။
(၈) ထိုရတနာသိင်္ဃ မြို့တည် အလောင်းမင်းတရားကြီးမှ အစမူ၍ ထိုအလောင်းမင်းတရားကြီး၏ သာလျှင် သားတော် မြေးတော် အစဉ်အဆက် အားဖြင့် အမရပူရ မြို့တည် ဘိုးတော် မင်းတရားကြီး တိုင်အောင် မင်းမြတ်ငါးဆက်တို့၏ လွန်လေပြီးသော အခါ၌ ဆိုအပ်ခဲ့ပြီးသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံတော် မူသော ဤငါတို့၏ အရှင် ဘ၀ရှင် မင်းတရားမြတ်သည် ဖြစ်တော် မူ၏ ။ ဦးထိပ်၌ စိုက်၍ သွန်းအပ်သော မုဒ္ဓါဘိသိတ် ခံတော် မူသော အဆုံး၌ သိရီတြိဘ၀နာဒိတျာဓိပတိပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဟူသော ကျက်သရေနှင့် ယှဉ်သော နာမံတံဆိပ် ရှိတော် မူ၏ ။ ဆဒ္ဒန်ဆင်မင်း သခင် မင်းတရားကြီး ဟူ၍ ခပ်သိမ်းသော မြေပြင်၌ ထင်ရှားကျော်စောတော် မူ၏ ။ ခပ်သိမ်းသော လောက၀တ် ဓမ္မသတ် ဟူသမျှ၌ လည်း များ သော အကြားအမြင် ရှိတော် မူ၏ ။ အခါခပ်သိမ်း အကြားအမြင် ပညာကိုလည်း ကောင်းစွာ မပြတ် ဆည်းပူးတော် မူ၏ ။
(၉) ထို ကျွန်ုပ်တို့အရှင် မင်းတရားမြတ်သည် ထိုအခါ၌ ရှေးဟောင်းရာဇ၀င်ကျမ်းတို့၌ မူတစ်စောင်သာမက မူအစောင်စောင် ကွဲပြားခြင်း အချင်းချင်း မူတစ်စောင်နှင့် တစ်စောင် မညီမညွတ် ဆန့်ကျင်ခြင်း၊ အထပ်ထပ်ဆိုသော ပုနရုတ္တိဒေါသဖြင့် ပြွမ်းခြင်းတို့ကို မြင်သိတော် မူရကား ထိုသို့ မညီမညွတ် ဆန့်ကျင် ကွဲပြားလျက် ရှိနေကြသော ရာဇ၀င်ကို အကြောင်းနှင့် တကွ ကြံစည်ဆင်ခြင်တော် မူသည်မှာ - ရာဇ၀င်ကျမ်း မည် သည်ကား မင်းတို့ အမှု ၌ လည်းကောင်း၊ တိုင်းပြည်အမှု ၌ လည်းကောင်း၊ အလုံးစုံသော သာသနာတော် ရေး ၌ လည်းကောင်း၊ အတိုင်းအရှည် ပမာဏ ဖြစ်၏ ။ စဉ်းချိန်သဖွယ်လည်း ဖြစ်၏ ။ ထို့ကြောင့် ရာဇ၀င်ကျမ်းသည် ထိုသို့ မညီမညွတ် မမှန်မကန် ဆန့်ကျင်ယိုယွင်းသော အားဖြင့် ဖြစ်သော အရာသည် မသင့်တင့်လေစွတကားဟု အထူးထူး အပြားပြား ကြံစည်ဆင်ခြင်တော် မူပြီးလျှင် မှူးမတ်တို့နှင့် ဆရာတော် တို့ကို အထူးထူးသော ရတနာတို့ဖြင့် ဆန်းကြယ်လျက် မြတ်သသူတို့နှင့် သာ ထိုက်တန်သော ဆောင်တော် ဦး နန်းမ စနု၌ စည်းဝေးစေ၍ မျာစွာ သော ရာဇ၀င်ကျမ်းစုတို့နှင့် များ စွာ သော ကျောက်စာစုကို တစ်စောင်နှင့် တစ်စောင် တိုက်ခိုက်နှိုင်းရှည်စေ၍ မှန်သည်အလျောက် ညှိညွတ်နှီးနှော၍ ဟုတ်မှန်သည့်အတိုင်း အသင့်ယုတ္တိ အာဂုံကျမ်းဂန်အားဖြင့် အထူးထူး အပြားပြား ကောင်းစွာ ထက်ဝန်းကျင် မဟာရာဇ၀င်ကို သာသနာတော် ၁၃၇၃ နှစ် ၊ ကောဇာ သက္ကရာဇ် ၁၁၉၁ ခု နယုန်လဆန်း ၁ ရက်နေ့မှ အဦးအစမူ၍ မြင့်ရှည်စွာ ကာလပတ်လုံး သုတ်သင်တော် မူသတည်း။
(၁၀) ထိုသို့ ပြုစုသုတ်သင် စီရင်ခြင်းအရာဖြင့် ဖြစ်သော ဤရာဇ၀င်ကျမ်းသည် မင်းစကား၊ အမတ်စကား၊ စစ်သည်စကား၊ သူခိုးသူပုန်စကား စသော စကားများ ၌ အကယ်၍ ကား မှီ၏ ။ ထိုသို့ မင်းစကား စသည်၌ မှီငြားသော်လည်း ထိုရာဇ၀င်ကို သင်ကြားလေ့လာကုန်သော သူတို့အား ကံသာ ဥစ္စာရှိသည်ဟု သိရသော ကမ္မဿကတဉာဏ်၊ ကြားနာရသဖြင့် ဖြစ်ပွားသော သုတမယ အစရှိသော ဉာဏ်၊ နှစ်သက် ခြင်း၊ ၀မ်းမြောက်ခြင်း၊ ပီတိပါမောဇ္ဇ ပွားများ ခြင်း ဖြစ်ပါလတ္တံ၊ ထိုသို့သော သူ စင်လျက်လည်း ကုန်ခြင်း ပျက်ခြင်းသို့ ရောက်ရတုံသေး၏ ဟူ၍ ကောင်းစွာ ပညာဖြင့် ရှုကုန်သော သူတို့အား ကမ္မဌာန်းလည်း ဖြစ်ပါလတ္တံ။ ထိုသို့ ကမ္မဿကတဉာဏ်၊ သုတမယ အစရှိသော ဉာဏ်၊ ပီတိပါမောဇ္ဇ ပွားများ ခြင်း၊ ကမ္မဌာန်းမြောက်ခြင်း၏ အကြောင်း ဖြစ်သော ကြောင့် ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပြုစုသုတ်သင် စီရင်သော ဤရာဖ၀င်ကျမ်းကို တည်ကြည်သော စတ် ရှိကုန်လျက် နှစ်သက် စွာ လေ့လာသင်ကြား ကုန်ရာသည်။ ဤကဲ့သို့ မဖောက်မပြန် မှန်ကန်သော မဟာရာဇ၀င်ကို အလွန်တရာ ရခဲစွာ သတည်း။
တကောင်းပြည်ကြီး၏ အကြောင်းကား သံသယပူရ၊ ရဋ္ဌပူရ၊ သင်းတွဲ ၊ တကောင်းဟု အမည် ၄ ပါးတွင် ၏ ။ ထိုတကောင်းပြည်ကြီး၌ အစစွာ တည်ထောင်၍ မင်းပြုတော် မူသော အဘိရာဇာ မင်းကြီး အကြောင်းတော် ကား- ငါတို့ မြတ်စွာ ဘုရားသည် ဗောဓိအောင်မြေ ဗုဒ္ဓဟေ၌ သစ္စာလေးဆင့် ပွင့်တော် မမူမီ ရှေးလွန်လေပြီးသော အတိတ်ကာလ၌ ကောသလတိုင်း၊ ပဉ္စာလရာဇ်တိုင်း၊ နှစ် တိုင်းလိုလို အစိုးရသော ပဉ္စာလရာဇ်မင်းက ကောလိယ မင်းအား အမျိုးဆက်လိုသော ငှာ အမတ်တို့ကို စေ၍ သမီးတောင်းရာ ကောလိယမင်းက ဇာတိမာန်ဖြင့် မချေမငံသော စကားကို ဆိုချေသော ကြောင့် ပဉ္စာလရာဇ်မင်းနှင့် ကောလိယမင်းတို့ စစ်ကြီး ဖြစ်ကြရာ ပဉ္စာလရာဇ်မင်းနိုင်၍ ကောလိယ၊ ဒေ၀ဒဟ၊ ကပ္ပီလ၀တ် မည် သော သုံးပြည်ထောင်သော သာကီဝင်မင်းတို့ ရှုံးလေလျှင် သုံးဖြာကွဲ၍ သာကီဝင်မင်းတို့ ပျက်စီးလေသော အခါ ကပ္ပီလ၀တ်ပြည်မှ အဘိရာဇာ မည် သော သကျသာကီဝင်မင်းသည် မိမိ ဗိုလ်ခြေအလုံးအရင်းကို ယူ၍ မဇ္ဈိမဒေသမှ ဖဲခဲ့သဖြင့် သင်္ကဿရဋ္ဌမည် သော တကောင်းပြည်ကြီးကို တည်ထောင် စံနေတော် မူ၏ ။
(တကောင်းပြည်ကို သင်္ကဿရဌဟူ၍ လည်းကောင်း၊ သင်္ကဿနဂိုရ်ဟူ၍ လည်းကောင်း၊ ရေး သားရှိရာ ရဋ္ဌသဒ္ဒါကား တိုင်းဟော၊၊ နဂရသဒ္ဒါကား ပြည်ဟော ဖြစ်၍ သင်္ကဿတိုင်း သင်္ကဿပြည် ဆိုလိုသည်)
ထို အဘိရာဇာမင်းကြီး နတ်ပြည်စံတော် မူလျှင် သားတော် ကံရာဇာကြီး၊ ညီတော် ကံရာဇာငယ် မင်းညီနောင် နှစ် ပါးတို့ နန်းလုကြရာ အမတ်ပညာရှိက အရှင်သားတို့၊ ရန်စစ်ကြီးစွာ ဖြစ်ကြလျှင် ပြည်သူသတ္တ၀ါအပေါင်း သေကျေပျက်စီးခြင်း ဖြစ်လတ္တံ။ ရန်စစ်ထိုးတော် မမူကြနှင့် ။ ကုသိုလ်စစ် ထိုးတော် မူကြရမည် ဆိုလတ်သော်၊ မင်းညီနောင်တို့လည်း အသို့ လျှင် ငါတို့ ကုသိုလ်စစ် ထိုးရအံ့နည်းဟု မေးလတ်မူကြသော်၊ အရှင်သားတို့ အလှူမဏ္ဍပ်ကြီးစွာ တစ်ယောက် တစ်ဆောင်စီ တစ်ညဥ့်တွင်းချင်း ဆောက်တော် မူကြရမည် ။ ယင်းသို့ ဆောက်လုပ်ရာ အလျင်ပြီးသသူ ခမည်းတော် အရာကို ခံ၍ မင်းပြုတော် မူရမည် ဟု ဆိုပေတော် ကောင်းစွဟု ၀န်ခံပြီးလျှင် မင်းညီနောင် နှစ် ပါးတို့ တောင် တစ်ယောက် တစ်လုံးစီ ယူ၍ အလှူမဏ္ဍပ် ကြီးစွာ စီရင်ကြသော အခါ နောင်တော် ကံရာဇာကြီးမူကား သစ်ကြီး ၀ါးကြီးတို့ဖြင့် စီရင်သော ကြောင့် မပြီးလေ။ ညီတော် ကံရာဇာငယ်မူကား သစ်ငယ် ၀ါးငယ်တို့ဖြင့် စီရင်ပြီးလျှင် ပုဆိုးဖြူ လွှမ်းလျက် ထုံးဖွေးဖွေးဖွပ်၍ ပြီးလေ၏ ။ မိုးသောက်၍ ညီတော် က ဆောက်လုပ်သော မဏ္ဍပ်ဖွေးဖွေးပြီး ပြီးလေသည်ကို နောင်တော် မြင်လျှင် နောင်တော် ကံရာဇာကြီးသည် မိမိ အလုံးအရင်းကို ယူ၍ ဧရာဝတီမြစ်ကို စုန်ခဲ့ပြီးလျှင် သလ္လာဝတီမြစ်ကို ဆန်ခဲ့၍ ကလေးတော် ညိုကို ရာဇဂြိုဟ် သမုတ်၍ ၆ လဗိုလ်ဝင်ခံတော် မူ၏ ။ ထိုအခါ သုနာပရန်၊၊ ပျူ၊ ကမ်းယံ၊ သက်တို့က မင်းလျာတောင်းသော ကြောင့် သားတော် မုဒုစိတ္တကို ပျူတို့အရပ်မှာ မင်းပြုစေပြီးလျှင် ကံရာဇာကြီးမင်းသည် ဂစ္ဆပနဒီမြစ် အရှေ့ဘက် ကျောက်ပန်းတောင်းမြို့ကို တည်ထောင်၍ ၇၄ နှစ် စံနေတော် မူသည်၊ ထိုကမှ ရှေး မာယာယုမင်း တည်ထောင်ရင်း ဖြစ်သော ဓည၀တီ မြို့ဟောင်းကို သိမ်းယူ၍ ထီးနန်းမြို့ပြ ထပ်ပြု တည်ထောင် စံနေတော် မူသည်။
ညီတော် ကံရာဇာငယ်မူကား တကောင်းပြည်တွင် ခမည်းတော် အရိုက်အရာ ရွှေထီး ရွှေနန်းကို စိုးအုပ် စံတော် မူသည်။ ယင်းသို့ လျှင် တကောင်းပြည်ကြီး၌ (၁) အဘိရာဇာ မည် သော သကျာသာကီဝင်မင်းကြီးမှ စ၍ (၂) သားတော် ကံရာဇာငယ်၊ (၃) သားတော် ဇမ္ဗူဒီပရာဇာ (၄) သားတော် သင်္ကဿရာဇာ၊ (၅) သားတော် ၀ိပ္ပန္နရာဇာ၊ (၆) သားတော် ဒေ၀တရာဇာ၊ (၇) သားတော် မုနိကရာဇာ၊ (၈) ဘထွေးတော် နာဂရာဇာ၊ (၉) ညီတော် က္ကန္ဒရာဇာ၊ (၁၀) သားတော် သမုတိရာဇာ၊ (၁၁) သားတော် ဒေ၀ရာဇာ၊ (၁၂) သားတော် မဟိန္ဒရာဇာ၊ (၁၃) သားတော် ၀ိမလရာဇာ၊ (၁၄) သားတော် သီဟနုရာဇာ၊ (၁၅) သားတော် မင်္ဂနရာဇာ၊ (၁၆) သားတော် ကံသရာဇာ၊ (၁၇) သားတော် ကလိင်္ဂရာဇာ၊ (၁၈) သားတော် သင်းတွဲ ရာဇာ၊ (၁၉) သားတော် သီဟဠရာဇာ၊ (၂၀) ညီတော် ဟံသရာဇာ၊ (၂၁) သားတော် ၀ရရာဇာ၊ (၂၂) သားတော် အလောင်းရာဇာ၊ (၂၃) သားတော် ကောလကရာဇာ၊ (၂၄) သားတော် သူရိယရာဇာ၊ (၂၅) သားတော် သင်းကြီးရာဇာ၊ (၂၆) သားတော် တိုင်းချစ်ရာဇာ၊ (၂၇) သားတော် မဒုရာဇာ၊ (၂၈) သားတော် မင်းလှကြီးရာဇာ၊ (၂၉) သားတော် သံသုသီဟရာဇာ၊ (၃၀) သားတော် ဓနင်္ဂရာဇာ၊ (၃၁) သားတော် ဟိန္ဒရာဇာ၊ (၃၂) သားတော် မောရိယရာဇာ၊ (၃၃) သားတော် ဘိန္နကရာဇာ၊ ယင်းသို့ သုံးကျိပ်သုံးယောက် သော မင်းတို့သည် သင်္ကဿရဌ မည် သော တကောင်းပြည်ကြီး၌ အစဉ်အတိုင်း မင်းပြုတော် မူကြလေရာ အဆုံးစွန် ဖြစ်သော ဘိန္နကရာဇာမင်းကြီး လက်ထက် သင်္ကဿရဋ္ဌ မည် သော တကောင်းပြည်ကြီးကို ဂန္ဓာလရာဇ်တိုင်း စိန့်ပြည်က တရုတ်တရက်တို့ နှောင့်ယှက်လာ၍ သင်္ကဿရဋ္ဌ မည် သော တကောင်းပြည်ကြီး ပျက်စီးလေလျှင် ဘိန္ဒက မင်းကြီးသည် ရုံးမိသမျှသော မိမိဗိုလ်ခြေအလုံးအရင်းနှင့် မလည်ချောင်းသို့ ၀င်၍ နေတော် မူ၏ ။ ထိုအရပ်တွင် ဘိန္နကမင်းကြီး ကံတော် ကုန်လေသော် ဗိုလ်ပါအလုံးအရင်းတို့သည် သုံးစု ကွဲလေ၏ ။ (၁) တစ်စု လူတို့ကား အရှေ့မျက်နှာဟု ရှမ်း ၁၉ ခရိုင် တည်ထောင်၍ နေကြ၏ ။ (ထိုမျှစ၍ ဘိန္နကရာဇ် မင်းမျိုးဟု တွင် လေ၏ ။) (၂) တစ်စု လူတို့ကား ဧရာဝတီမြစ်ကို စုန်ခဲ့၍ ပျူ၊ ကမ်းယံ၊ သက်တို့ အရပ်တွင် မုဒုစိတ္တ စသော သာကီဝင် မင်းတို့နေရာ သုနာပရန္တတိုင်းသို့ ၀င်ကြလေ၏ ။ (၃) တစ်စု လူတို့ကား မိဖုရားကြီး နာဂဆိန်နှင့် နေမြဲ မလည်အရပ်တွင် နေကြလေ၏ ။
ထိုအခါ မဇ္ဈိမဒေသ၌ ဂေါတမ အမည် တော် ရှိသော ငါတို့ မြတ်စွာ ဘုရား ထင်ရှားပွင့်တော် မူ၍ သာဝတ္ထိပြည် ပေဿနဒီ ကောသလမင်းက ကပ္ပီလ၀တ်ပြည် မဟာနာမမင်းမှာ သမီးတောင်းသည်ကို အမျိုးအနွယ် ပျက်အံ့စိုးသဖြင့် မင်းသမီးစစ်ကို မပေးဘဲ မဟာနာမမင်း၏ ကျွန်မတွင် မြင်သော ၀ါသဘခတ္တိယ မည် သော မင်းသမီးကို ပေးလိုက် ၍ မိဖုရားမြှော က်လေသော် ၀ိဋဋူပ မင်းသားကို ဖွားမြင်၏ ။ မင်းသား အရွယ်သို့ ရောက်လာလျှင် ကပ္ပီလ၀တ်ပြည်သို့ လာ၍ ပြန်ခဲ့လတ်သော အခါ ၀ိဋဋူပ မင်းသားနေရာကို ကျွန်မသား နေရာဟု ရေရွတ်လျှက် နို့ရည်ဖြင့် ဆေးကြောကြောင်းကို ၀ိဋဋူပ သိလေလျှင်၊ နောင် ငါမင်း ဖြစ်သော အခါ ဤသူတို့၏ လည်ချောင်းသွေးဖြင့် ဆေးအံ့ဟု ရန်ငြိုးထားလေ၏ ။ ခမည်းတော် မရှိနောက် ၀ိဋဋူပ မင်းသား မင်း ဖြစ်၍ ရန်ငြိုးထားသည့်အတိုင်း သာကီဝင်မင်းတို့ကို ဖျက်အံ့ဟု စစ်အဂွင်္ါ ၄ ပါးနှင့် ၃ ကြိမ်တိုင်တိုင်အောင် ထွက်လေသည်ကို မြတ်စွာ ဘုရား မြစ်တော် မူ၏ ။ ၄ ကြိမ်မြောက်၌ သာကီဝင်မင်းတို့ ရှေးဝဋ်ကို မြင်တော်မူ၍ မြစ်တော် မမူသည်နှင့် ၀ိဋဋူပမင်းလည်း စစ်ကြီးချီလေ၍ ကပ္ပီလ၀တ်သို့ ရောက်လျှင် မဟာနာမမင်းထံ နေသသူမှ တစ်ပါး သာကီဝင် မင်းမျိုးတို့ကို နို့စို့မျှမကျန် အကုန် သတ်လေ၏ ။ သာကီဝင်မင်းလောဟု မေးလျှင် မြက်ကိုကိုင်၍ မြင်ဟု ဆိုသသူ၊ ကျူကိုကိုင်၍ ကျူဟု ဆိုသသူ၊ မဟာနာမမင်း အထံ၌ နေသသူတို့သာ ကြွင်း၏ ။ မြက်ကို ကိုင်၍ လွတ်သသူတို့ကို တိဏသာကီဝင်၊ ကျူကိုကိုင်၍ လွတ်သသူတို့ကို နဠသာကီဝင်၊ မဟာနာမမင်းကို မှီ၍ လွတ်သသူတို့ကို ပကတိ သာကီဝင်ဟူ၍ သာကီဝင် ၃ပါး ပြားလေရာ၊ သာကီဝင် မင်းမျိုးတို့သည် မောရိယမြို့၊ ဝေဒိဿဂီရိမြို့၊ ပဏ္ဍုရာဇမြို့ စသော ထိုထိုသော အရပ်ဒေသသို့ ရှောင်ရှားနေရလေကုန်၏ ။ (ယင်းသို့ လျှင် အလွန် မွန်မြတ်သော ဘူမိနက်သန် မြေကြန်နှင့် ပြည့်စုံသဖြင့် တစ်ယောက် သော သူလျက် အရာ အထောင်သော သူတို့ကို နိုင်စွမ်းရာ ဖြစ်သော မဟာရာဇဌာနီ မင်းနေပြည်ကြီးဖွယ်ရာ အင်္ဂါခပ်သိမ်းနှင့် ပြည့်စုံသော အချင်း ၇ ယူဇနာ ကျယ်သည့် ရှစ်သော င်းမကသော မင်းတို့စံရာ သက္ကတိုင်း ဖြစ်သော ကပ္ပီလ၀တ်၊ ဒေ၀ဒဟ၊ ကောလိယ မည် သော တိုင်းကြီး ပြည်ကြီး စင်လျက် ဖြစ်တတ် ပျက်တတ်သော သဘောတရားမှ မလွန်နိုင်ချေသော ကြောင့် ကောလိယမင်း လက်ထက် တစ်ကြိမ်၊ မဟာနာမမင်း လက်ထက် တစ်ကြိမ်၊ နှစ် ကြိမ်စင် ပျက်စီးလေသည်။)
ထိုသို့ သာကီဝင်မင်းတို့ ပျက်လေသော အခါ ဓဇရာဇာမည် သော သာကီဝင်မင်းသည် မိမိ အလုံးအရင်းနှင့် တကွ မဇ္ဈိမဒေသမှ အစဉ်အတိုင်း လာလတ်၍ ရှေးဦးစွာ မောရိယ*ကို တည်ထောင်စံနေ၏ ။ ယင်းက တစ်ဖန်ပြောင်းခဲ့ပြန်၍ သင်းတွပြည်ကို တည်ထောင်စံနေ၏ ။ ယင်းကတစ်ဖန် ပြောင်းခဲ့ပြန်၍ မလည်အရပ်တွင် ရှိနေသော နာဂဆိန် မိဖုရားနှင့် တွေ့ လေသော ဆွေတူမျိုးမျှ သာကီယချည်း ဖြစ်၍ မင်းမိဖုရား နှစ် ပါး စုံဖက်တော် မူပြီးလျှင် အညာ ပုဂံပြည်ကို တည်ထောင်စံနေပြန်၏ ။ ထိုတွင် သားတော် ၀ိရာဂကို ဖွားမြင်တော် မူ၏ ။ ယင်းကတစ်ဖန် ပြောင်းခဲ့ပြန်၍ ရှေးသကျသာကီဝင်မင်းတို့ စံနေရာ သင်္ကဿရဋ္ဌ မည် သော တကောင်းပြည်ကြီိးကို ပဉ္စာလရာဇ်ပြည် သမုတ်၍ ထီးနန်းမြို့ပြ တည်ထောင်တော် မူသည်။ ထိုပြည်ကို ပဉ္စာတကောင်းဟု တွင် ၏ ။ ထို ပဉ္စာတကောင်းကို တည်ထောင်ပြီးလျှင် အလွန် ကြီးကျယ်သော မင်းတို့၏ အစီအရင်ဖြင့် မြို့နန်း သိမ်းတော် မူသည်။ ထီးဆောင်းမင်္ဂလာ မဟာဥကင်သ ဖွင့်တော် မူသည်။ “သတိုးဇမ္ဗူ ဒီပဓဇရာဇာ” တံဆိပ်နာမံ ခံတော် မူသည်။ မဟာသင်္ကြန် ခေါ်တော် မူသည်။ ရာဇဘိသေက ခံတော် မူသည်။ သုခမိန် ပညာရှိတို့ကို ရှေးဦး ဘွဲ့အမည် ပေးတော် မူသည် မှူးတော် မတ်တော် လက်လက်ယာ အမှု ထမ်း အရာထမ်း ဆင်သည် မြင်းသည် ခြေသည် သူဌေး သူကြွယ် ပုဏ္ဏား ဟူးရား ဆေးသမား လက်သမားတို့ကို ၁၀၆၀ သော အမည် ဘွဲ့ပုံ ပေးတော် မူသည်။
ထိုသတိုးဇမ္ဗူဒီပဓဇရာဇာမင်းကြီး ရွှေနန်းတော် တည်ထောင်မူသည့် စာတမ်းကား- ရွှေနန်း တည်မည် ကို ၃ နှစ် နှင့် ၇ လ ကြံတော် မူ၏ ။ နန်းမသည် တိုင်အလုံးကို ရွှေလင်ပန်း ခံ၏ ။ သည်ရံတိုင် အလုံးကို ငွေလင်ပန်း ခံ၏ ။ နန်းမသည်တိုင်ဖျားကို ပတ္တမြား မြူတာတစ်လုံး ရဟန္တာနှစ် ပါး ပရိတ် မေတ္တာ ပြုရ၏ ။ အလယ်တွင် ပြသာဒ် တစ်ဆောင် ဘုံကိုးဆင့်၊ နန်းမမှာ ကား အတွင်း ဥကင်သ၊ ပြင်ဥကင်သ ၄ မျက်နှာ ထားကုန်၏ ။ ၄ မျက်နှာ၌ နံဂြိုဟ်သင့်ဘုရား အတွင်း နှစ် ဆူ၊ ပြင် နှစ် ဆူ ထား၏ ။ သင်္ကြန်တော် ခေါ်ရန် အန၀တတ် သီတာရေ၊ မြစ်ကြီးငါးစင်းရေတို့ကို ဧရာဝတီမြစ်ရေနှင့် ပေါင်း၍ မဟာသင်္ကြန် ခေါ်တော် မူ၏ ။ မိဖုရား မောင်းမမိဿံ ပြည်သူတို့လည်း ယင်းသည့်နေ့ကို ဦးဆေး မင်္ဂလာပြုရကုန်၏ ။ သင်္ကြန် ခေါ်ပြီးလျှင် နန်းတက်တော် မူသော အခါ ပုရောဟိတ် ပုဏ္ဏား ရှစ်ယောက် တို့ ခရုသင်းလက်ယာရစ် ရှစ်လုံး ကိုယ်စီကိုင်လျက် လက်ယာတော် က နေရ၏ ။ စစ်သူကြီး အမတ်အပေါင်းတစ်သိန်း၊ မိဖုရားကြီး ၂ ပါး၊ မိဖုရားငယ် ၇၀၀၊ ဆင်ဖြူ ၉၀၊ သိန္ဓောမြင်း ၁၈၀၊ အမတ် ဗိုလ်ပါအပေါင်း ခြံရံလျက် မြေနန်းတက်တော် မူပြီးမှ နန်းမထက် တက်တော် မူ၏ ။ နန်းတက် ထမင်းစားတော် ခေါ်၏ ။ ထမင်းအိုး ၁၀၇၊ ဟင်းအိုး ၁၇၀ မုနောလင်ပန်းနှင့် ပြင်၏ ။ နံဂြိုဟ်ဘုရားကိုလည်း တင်၏ ။ သိကြား ဗြဟ္မာ ထီးချက်စောင့်နတ်၊ နန်းစောင့်နတ်မြို့၊ စောင့်နတ်ကိုလည်း တင်၏ ။ နန်းရင်ပြင်ကို ကြဲတော် မူ၏ ။ ကြောင် ၂ ခု ကိုလည်း စားစေ၏ ။ ထိုနောက် တစ်နာရီတွင် လူ ၂ ယောက် ကို စားစေ၏ ။ ထိုနောက် တစ်နာရီတွင် မင်းကိုယ်တိုင် စားတော် ခေါ်၏ ။ အိမ်ရှေ့မင်းမှစ၍ မှူးမတ်တို့လည်း စားရကုန်၏ ။ ထိုအခါ အိမ်ရှင် စည်ကြီးကိုလည်း ထားပေ၏ ။ မုရိုးစည်ကီး ၂ လုံးကိုကား ထီးဖြူ ကနက္ကဒဏ်အပါးတွင် တစ်ဖက် တစ်လုံး ဆွဲထားရ၏ ။ ပေါက်ချိုစည်ကြီး တစ်လုံးက ပြင်စည်ကြီး တစ်လုံး၊ စကားစည်ကြီး တစ်လု၊ ပိတောက်စည်ကြီး တစ်လုံး၊ ကျွန်းစည်ကြီး တစ်လုံး၊ ခေါင်းလောင်း ၅ လုံး အမည် ကား နားတော် လျှောက် တစ်လုံး၊ နားတော် တင် တစ်လုံး၊ နားတော် ပါး တစ်လုံး၊ နားတော် စောင့် တစ်လုံး၊ နားတော် သွင်း တစ်လုံး၊ ပေါင်း ၅ လုံးတည်း။ ထိုမင်းတွင် မိဖုရားကြီး နှစ် ပါး၊ သားတော် နှစ် ကျိပ်၊ သမီးတော် နှစ် ကျိပ်၊ ပေါင်း လေးကျိပ်တည်း။ သားတော် နှင့် သမီးတော် များ ကိုလည်း စုံဖက်တော် မူ၏ ။
ထိုမင်းမှစ၍ သတိုးမဟာရာဇာမင်းတိုင် ညီတော် သားတော် အဆက်အားဖြင့် ၁ ကျိပ် ၇ ယောက် သော မင်းတို့သည် အစဉ်အတိုင်း မင်းပြုကြကုန်၏ ။ ထိုမင်းတို့၏ အမည် ကား (၁) သတိုးဇမ္ဗူဒီပဓဇရာဇာမင်း၊ (၂) သတိုးတိုင်းရရာဇာမင်း၊ (၃) သတိုးရထားရမင်း၊ (၄) သတိုးတံခွန်ရမင်း၊ (၅) သတိုးလှံပျံရမင်း၊ (၆) သတိုးရွှေမင်း၊ (၇) သတိုးဂဠုန်ရမင်း၊ (၈) သတိုးနဂါးရမင်း၊ (၉) သတိုးနဂါးနိုင်မင်း၊ (၁၀) သတိုးရဟောလာမင်း၊ (၁၁) သတိုးပေါင်ရှည်မင်း၊ (၁၂) သတိုးကျောက်ရှည်မင်း၊ (၁၃) သတိုးဆင်လောက်မင်း၊ (၁၄) သတိုးဆင်ထိန်းမင်း၊ (၁၅) သတိုးတိုင်းချစ်မင်း၊ (၁၆) သတင်းမင်းကြီးမင်း၊ (၁၇) သတိုးမဟာရာဇာမင်း။ ဤ ၁ ကျိပ် ၇ ယောက် တည်း။ ထိုမင်းတို့ကား နတ်မိစ္ဆာ၊ ဘီလူးရက္ခိုက်၊ မြွေနဂါးတို့ နှောင့်ယှက်သော ကြောင့် စည်းစိမ်နန်းသက် မရှည်လေ။ ထို ၁၇ ဆက်သော မင်းတို့၏ အဆုံးစွန် ဖြစ်သော သတိုးမဟာရာဇာမင်းကြီး လက်ထက် သားယောက်ျား မရှိ၍ မိဖုရားကြီး ကိန္နရီဒေ၀ီ မောင်တော် ခေပဒူတကို အိမ်ရှေ့အရာ ထားတော် မူ၏ ။ ယင်းသော အခါ ပျူတို့အရပ်၌ ကံရာဇာကြီးမင်း သားတော် မုဒုစိတ္တမင်းသားမှစ၍ နွယ်လာစဉ်ဆက် ဆင်းသက်ခဲ့သည့် သကျသာကီဝင် ဖြစ်သော တမ္ဘူလမင်းကို ဓည၀တီက နှောင့်ယှက်ဆောင်ယူလေ၍ ထိုမင်းမိဖုရား နန်းခန်းမူကား မိမိ အလုံးအရင်းနှင့် တကွ အကျအင်းသို့ ပြောင်း၍ နေလေ၏ ။
တကောင်းရာဇ၀င်ချုပ် ပြီး၏ ။
• သာသနာကျမ်းတို့၌ မောရိယ ဟူ၏ ။ လောကီကျမ်းတို့၌ မောရဂီ ဟူ၏ ။ ရခိုင် ရာဇ၀င်တို့၌ မောရင် ဟူ၏ ။ ယခု မွေရင် ဟူ၏ ။
သာသနာတော် သက္ကရာဇ် ၄၀ ပြည့်တွင် ပဉ္စာတကောင်းပြည်ကြီး၌ ဆိုအပ်ခဲ့ပြီးသော သာကီဝင်မင်းမျိုး သတိုး ၁၇ ဆက်မြောက် ဖြစ်သော သတိုးမဟာရာဇာမင်းကြီး လက်ထက် တောဝက်ကြီးတစ်ခု ရောက်လာ၍ ကျေးမွန်ရွာနား၌ နေသောာ လူသူတို့ကို မသွားသာအောင် ဖျက်ဆီးလေ၏ ။ ထိုသို့ ဖျက်ဆီးကြောင်းကို တကောင်းမင်းကြီး ကြားတော် မူသော် အိမ်ရှေ့မင်းကို ခေါ်တော် မူ၍ ဤသို့ မိန့်တော် မူ၏ ။ ၀က်ကြီးတစ်ခုသည် ငါတို့နိုင်ငံကျေးစွန်ရွာနားကို လူသူတို့ မလုပ်မဆောင်သော အောင် ဖျက်ဘိသည်ဟူ၍ ငါ ကြားတော် မူသည်။ မောင်အိမ်ရှေ့မင်း နိုင်အောင်ခွင်းလေ ဟူ၍ မိန့်တော် မူ၏ ။ အိမ်ရှေ့မင်းလည်း ဤသို့ နားတော် လျှောက်လေ၏ ။ ဇမ္ဗူဒီမမြေ အပြင်ဝယ် ရန်သူရှိက ကျွန်ုပ်တွင် မခံနိုင်ရာ၊ သည်တောဝက် မသေဘဲကို နေပြည်တော် သို့ မပြန်ပြီဟူ၍ နားတော် လျှောက်ပြီးလျှင် လက်နက်ငါးပါးကို ယူ၍ တောဝက်ကြီးရှိရာသို့ သွားလေ၏ ။ ၀က်ကြီးလည်း ဘုန်းကြီးသော သူ ဖြစ်၍ ရန်တုံ့မပြုဝံ့ဘဲ တောအရပ် ဖြစ်သော ရှမ်းဒေသ မောကို ပြေးလေ၏ ။ အိမ်ရှေ့မင်းလည်း ခြေရာအစဉ်ကို ထပ်၍ လိုက်သော် ၀က်ကြီးလည်း သေအံ့သေဘေးကို ကြောက်၍ အစဉ်အတိုင်း ပြေးလေရာ၊ သရေခေတ္တရာပြည် တည်ရာအနီး ကျွန်းတစ်ခုသို့ ရောက်လေ၏ ။ အိမ်ရှေ့မင်းလည်း ၀က်ကြီးကို ထိုကျွန်း၌ ပင် ခွင်းလေ၏ ။
အိမ်ရှေ့မင်းလည်း ၀က်ကို အောင်မြင်ပြီးလျှင် ဤသို့ ကြံ၏ ။ ငါသည် ဤ၀က်ကို သတ်မည် ဟူ၍ လိုက်သည်။ ယခု လာခဲ့သော ခရီးကို ထောက်သော် အလွန်လည်း ဝေးလှသည်။ တကောင်းပြည်သို့ ပြန်၍ ၀က်သေလေသော အကြောင်းကို မင်းကြီးအား နားလျှောက်သော်လည်း မယုံနိုင်ရာ။ ယုံကြည်စိမ့်သော ငှာ ဤ၀က်ကို ဆောင်ယူပြီးလျှင် မင်းကြီးအား ပြ၍ ယုံကြည်သော်လည်း ပစ္စုပ္ပန် စီးပွားမျှသာ ဖြစ်သည်။ ငါလည်း အသက်အရွယ် တန်ပြီ။ တကောင်းပြည်သို့ ပြန်၍ အိမ်ရှေ့မင်းတို့၏ စည်းစိမ်ကို ခံစားသော ထက် ရဟေ့ရဟန်းပြု၍ ထိုအရပ်တွင် နေလေရာ ဤလူမနီးသော အရပ်တွင် ကလေးငိုသံကို ကြားသဖြင့် အကြောင်းရှိမည် ဟူ၍ ကြည့်လတ်သော် အဆင်းအင်္ဂါ လက္ခခဏာကြီးငယ်နှင့် ပြည့်စုံသော သတို့သမီးကို မြင်လေလျှင် ရှင်ရသေ့သည် ယူ၍ သမီးအ ဖြစ်ဖြင့် မွေးလေ၏ ။ အရွယ်သို့ ရောက်လျှင် ဘေဒါရီ ဟူသော အမည် ကို သမုတ်တော် မူသည်။ ဘေဒါရီ ၁၇ နှစ် အရွယ်သို့ ရောက်လတ်သော် ငါတို့ ရသေ့ ရဟန်း မည် သည်ကား မိန်းမနှင့် အတူနေခြင်းသည် မသင့် ဟူ၍ ကြံပြီးမှ တစ်နေ့လုံးရေမှာ ကြာ၍ ညဥ့်အချိန်တန်မှ ရောက်လာအောင် မထွင်းသော ဘူးမျောက်မြီးဖြင့် ရေကို နှစ် စေပြီးလျှင် ထိုဘူးစက်တွင် ကျည်တောက်ဖြင့် ခံ၍ ပြည့်စေသဖြင့် တစ်နေ့လုံးနှင်နှင် ကြာ၏ ။ ထိုနေ့မှစ၍ သမီးတော် ဘေဒါရီအား နေ့တိုင်း နေ့တိုင်း အမြဲ ရေခပ်စေတော် မူ၏ ။
ထိုတကောင်းပြည်ကို အစိုးရတော် မူသော သတိုးမဟာရာဇာမင်းကြီး ယောက် ဖတော် အိမ်ရှေ့မင်းသည် ၀က်ကြီးကို ခွင်းမည် ဟု လိုက်လေသော နှစ် တွင် ပင် တကောင်းမင်း၏ မိဖုရားသည် သားတော် မဟာသမ္ဘ၀၊ စူဠသမ္ဘ၀ မျက်မမြင် ညီနောင်ကို အမြွာ ဖွားတော် မူ၍ တကောင်းမင်းကြီးလည်း ရှက်စနိုး၍ မိဖုရား၊ ယခုဖွားသော သူငယ်နှစ် ယောက် ကို သူမသိအောင် ဖျောက်လေဟု မိန့်တော် မူသည်တွင် အရှင်မိဖုရားလည်း ရင်တော် ၌ ဖြစ်သော အသွေးအရည် ဖြစ်၍ ၀ှက်ထားလေရာ သာသနာတော် သက္ကရာဇ် ၅၉ ခု ရှိသော အခါ ခမည်းတော် တကောင်းမင်းကြီးသည် မိဖုရား ၀ှက်ထားကြောင်းကို သိလေ၍ ဟယ်မိဖုရား၊ ငါ၏ အသရေကို ယုတ်အောင်ပြုသည် မဟုတ်လော့။ ယခုပင်သည် ညီအစ်ကို နှစ် ယောက် အား သတ်ဘိဟူ၍ မိန့်တော် မူလေ၏ ။ မိဖုရားလည်း မင်း၏ အာဏာကို ကြောက်သော အားဖြင့် မထားဝံ့၍ ယခုလတ်တလော သေလေသည်ထက် မျက်ကွယ်ရာမှာ မိမိတို့ကံနှင့် လျော်စွာ ဖြစ်ပါစေတော့ဟူ၍ ကောင်းမွန်ခိုင်ခံ့စွာ သော လှေဖောင်ကို လုပ်စေပြီးသော် နေ့ရက်ရှည်ကြာစွာ စားသောက်ရလေအောင် အထူးထူးသော စားမြိန်စာမုန့်တို့ကို လုပ်၍ လုံခြုံသေချာအောင် သိုထားပြသပြီးလျှင် မင်းသားတို့ကို ဖောင်တွင် စီးစေ၍ မျှောလိုက်လေ၏ ။ မင်းသားညီနောင်တို့လည်း မယ်တော် က ထည့်ပေးလိုက် သော စားမြိန်စာမုန့်ကို စားလျက် အစဉ်အတိုင်း မျောခဲ့ကြလေရာ လမ်းခရီး ဖြစ်သော ရလင်းသို့ ရောက်လျှင် ဆေးဝါး၏ အစွမ်းဖြင့် မျက်စိအလင်းကို ရလေသည်။ မင်းသားတို့သည် မျက်စိမြင်ပြီးသော် ဖောင်နှင့် အစဉ်အတိုင်းသွား၍ ယခုအခါ ကုန်းတလင်းတွင် သည့် ကြိုးကြာငှက်တို့ ပျံသန်းရာ ဖြစ်သော ကုဉ္စပြင် အရပ်သို့ရောက်လေသော် ဖောင်ကို ဆိုက်ထားခဲ့ပြီးလျှင်၊ လက်နက်ငါးပါးကို ယူ၍ ထွက်သွားကြလေလျှင် ဦးရီးတော် ရှင်ရသေ့ သီတင်းသုံးသော အရပ်သို့ ရောက်ကြလေ၏ ။ ဦးရီးတော် ရှင်ရသေ့ သီတင်းသုံးသော အရပ်သို့ ရောက်ကြလေ၏ ။ ဦးရီးတော် ရှင်ရသေ့ သမီး ဘေဒါရီ ရေခပ်သွားသော ခြေရာကို အစဉ်လိုက်၍ တွေ့ လေသော်၊ ဘေဒါရီ ရေခပ်သော အခြင်းအရာကို မြင်လေ၍ ၊ မင်းသားတို့ ဤသို့ ဆိုကုန်၏ ။ အဘယ် သတို့သမီး၊ သင်ရေခပ်သော ဘူးသည်ကား နားမထွင်း * (ထိုကစ၍ ဘူးလုံး နားမထွင်းဆိုသော စကားသည် အစဉ်ဆိုရ ဖြစ်၏ ။) တကား၊ သင်သည် မိုက်လှသည် ဆိုပြီးမှ ဘူးကိုယူ၍ သန်လျက်ဖြင့် မျက်နှာကိုလှီးလျက် အစေ့ကို သွန်ပြီးလျင် ရေမှာ ခပ်စေ၍ ကျည်တောက်ကို ပြည့်စေ၏ ။ ဘေဒါရီ သတို့သမီးလည်း ပ်သော ကျည်တောက်ပြည့်လျင် ခမည်းတော် ရှင်ရသေ့ နေသော ကျောင်းသို့ သွားလေ၏ ။ ရှင်ရသေ့လည်း သင် ယနေ့ ရေခပ်သည် ပြည့်လွယ်စွတကားဟု မိန့်တော် မူ၏ ။ ဘေဒါရီလည်း အကြောင်းမျိုးကို ခမည်းတော် ရှင်ရသေ့အား ပြောလေ၏ ။ ရှင်ရသေ့လည်း ထိုလုလင် နှစ် ယောက် တို့ကို ခေါ်၍ စေ့စုံစွာ မေးတော် မူ၏ ။ မင်းသားညီနောင်တို့လည်း တကောင်းပြည်ကြီးကို အစိုးရသော မိဖုရားကြီး ကိန္နရီဒေ၀ီတွင် မျက်စိမမြင် ရှိကြောင်း၊ ဆေးဝါးကုစား၍ မျက်စိမြင်ကြောင်း စသည်များ ကို စေ့စုံစွာ လျှောက်လေ၏ ။ ရှင်ရသေ့လည်း မင်းသားတို့ စကားကို ကြားတော် မူလေသော်၊ မောင်တို့နှစ် ယောက် ကား ငါ၏ နှမတော် သား၊ ငါ၏ တူရင်းတည်းဟူ၍ မိန့်တော် မူပြီိးလျှင် မဟာသမ္ဘ၀နှင့် သမီးတော် ဘေဒါရီကို သာသနာတော် သက္ကရာဇ် ၆၀ ပြည့်နှစ် တွင် စုံဖက်တော် မူလေ၏ ။ ထိုအခါ သမ္ဘူလမည် သော ပျူမင်းကို ဓည၀တီက နှောင့်ယှက်သိမ်းယူလေ၍ ထိုမင်းမိဖုရား နန်းခန်း ထိုအရပ်တွင် နေလာသည်ကို ကမ်းယံ * တို့က ထိုအရပ်တွင် နေလိုသော ကြောင့် ပျူနှင့် ကမ်းယံတို့ စစ်ကြီး ဖြစ်လေသော် ပျူနိုင်၍ ကမ်းယံ ပြေးလေ၏ ။ ပျူတို့တွင် လည်း မိဖုရား နန်းခန်း မောင်နှမ နန်းလုကြပြန်၍ နှမ နိုင်လေ၏ ။ နှမလည်း သကျအင်း အရပ်တွင် ရွာပြု၍ အလုံးအရင်းများ နှင့် နေလေ၏ ။ မောင်လည်း အလုံးအရင်းနှင့် တကွ ဘိုးဦးအရပ်သို့ ရှောင်လွှဲ၍ နေလေ၏ ။ *(ကမ်းယံဟူသည်ကား သံတွဲ မှစ၍ တောင်စဉ် ခုနှစ် ခရိုင်၌ နေသော သူတို့ကို ဆိုသတည်း) ပျူမိဖုရား (ပျူမိဖုရား သာကီဝင်မျိုး ဖြစ်ကြောင်းကား ကံရာဇာမင်းကြီးသည် ကလေးတောင်ညို ရာဇဂြိုဟ် ဗိုလ်ဝင်ခံကြိုက်၊ ပျိုတို့အကြီး ဖြစ်သော ဒေ၀ဒူတက နားလျာတောင်းလာသော အခါ သားတော် မုဒုစိတ္တ ၁၆ နှစ် အရွယ် ရောက်သည် ဖြစ်၍ ပျူလူမျိုးတို့ အရပ်မှာ ရွှေနန်း တင်တော် မူသည်။ မုဒုစိတ္တမင်းသားကား ဘိုးတော် အဘိရာဇာ မင်းတရားကြီးရှိစဉ် သားတော် ကံရာဇာကြီးနှင့် သမီးတော် သုဘတ္တာဒေ၀ီတို့ စုံဖက်ရာတွင် မုဒုစိတ္တကို ဖွားမြင်၍ မမြင့်ခင် မယ်တော် နတ်ပြည်စံလေ၏ ။ ထိုကြောင့် ထိုမုဒုစိတ္တ မည် သော သာကီဝင်မင်းမှ မျိုးတော် စဉ်ဆက် ဆင်သက်ခဲ့သော ပျူမိဖုရားကိုလည်း သာကီဝင် မင်းမျိုးဟု အစဉ်တွင် ၍ ထိုသကျသာကီဝင် မင်းမျိုး ဖြစ်သော ပျူမိဖုရားနေရာကို သကျအင်း တွင် လေသည်) မှ စ၍ သကျအင်းအရပ်၌ နေကုန်သော သူ အပေါင်းတို့သည် တကောင်းမင်း ယောက် ဖတော် ဖြစ်သော ရှင်ရသေ့အား ဘုရားကဲ့သို့ ကိုးကွယ်မှီခိုရာ ပြုကုန်၏ ။ ရှင်ရသေ့လည်း ဈာန်အဘိညာဉ်နှင့် တကွ ဖြစ်၍ ဘုန်းတန်ခိုး အာနုဘော် အလွန်ကြီးမြတ်တော် မူလျက် အဋ္ဌာရသ၌ လည်း အပြီးတိုင်အောင် တတ်တော် မူသည့်ပြင် ရာဇမာယာ၌ လည်း အလွန် လိမ္မာတော် မူသည် ဖြစ်၍ တစ်ရံရောအခါ ပျူမိဖုရားအား ဤသို့ မိန့်တော် မူ၏ ။ ငါ၏ တူတော် ဖြစ်သော မဟာသမ္ဘ၀ မင်းသားသည် မင်းတို့၏ ကျင့်ရာဝတ်နှင့် လည်း ပြည့်စုံ၏ ။ တရားအရာ၌ လည်း အလွန် လိမ္မာစွာ ၏ ။ ရန်သူ ရှိသော အခါ စစ်ထိုးခြင်း၌ လည်း သူရသတ္တိနှင့် ပြည့်စုံ၏ ။ သင်တို့ နေသော အရပ်ကို မင်းပြုစေ၍ သင်တို့အား စိုးအုပ်စီမံ ကွပ်ကဲစေလော ဟူ၍ မိန့်တော် မူလျှင် ပျူမိဖုရားလည်း ငါသည် မိန်းမသား ဖြစ်သည်။။ တစ်ဖက်သား ရန်သူတို့ ရောက်လတ်သည်ရှိသော် ဘုန်းလက်ရိုး အာဏာနှင့် လုပ်ကြံသည် ဖြစ်မှ ရန်သူကို အောင်မြင်၍ ပြည်ထဲသာယာဝပြောလတ္တံဟု ကြံပြီးမှ မဟာသမ္ဘ၀အား မင်းမြှော က်လေ၏ ။ မဟာသမ္ဘ၀ မင်းပြုသော သက္ကရာဇ်ကား သာသနာတော် နှစ် ၆၀ ပြည့်တွင် မင်းပြုတော် မူ၏ ။ မိဖုရားကား (၁) ဘေဒါရီ တစ်ပါး၊ (၂) ပျူမိဖုရား တစ်ပါး၊ သည်နှစ် ပါးတွင် ပျူမိဖုရား၌ သမီးတော် တစ်ပါး မြင်သည်။ များ မကြာမီ ပျူမိဖုရာ အနိစ္စရောက်တော် မူလေ၏ ။ ဘေဒါရီ မိဖုရားတွင် ဒ္ဓတ္တပေါင်မင်း ပဋိသန္ဓေ ၃ လ ရှိသော အခါ ခမည်းတော် မဟာသမ္ဘ၀ မင်းကြီး နတ်ပြည်စံတော် မူလေ၏ ။ ထိုမင်းကား အိမ်နိမ့် ၂၀၊ မင်းစည်းစိမ် ၆ နှစ် ၊ သက်တော် ၂၆ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော်တော် ၇ ရက် လည်း၏ ။ နံတော် တနင်္လာသားတည်း။
သာသနာတော် သက္ကရာဇ် ၆၆ ခုနှစ် တွင် ထိုမင်း၏ ညီတော် စူဠသမ္ဘ၀ မင်း ဖြစ်တော် မူ၏ ။ မိဖုရားကား မရီးတော် ဘေဒါရီမင်းပင်တည်း။ ထိုမင်းကား တရားသဖြင့် မင်းပြု၍ အိမ်နိမ့် ၂၆ နှစ် ၊ စည်းစိမ် ၃၅ နှစ် ၊ သက်တော် ၆၁ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် ၇ ရက်တိုင်တိုင် ညဥ့်ကဲ့သို့ မိုက်၏ ။ နံတော် တနင်္လာသားတည်း။
သာသနာတော် သက္ကရာဇ် ၁၀၁ ခု တန်ခူးလဆန်း ၁ ရက် တနင်္ဂနွေနေ့၊ နက္ခတ် ၁၆ လုံး နေထွက်တပြူတွင် မြို့တည်အံ့သော အကြောင်းကို ရဟန်းပညာရှိ၊ ရသေ့ပညာရှိ၊ လူပညာရှိတို့ စုရုံးတိုင်ပင် ညီညွတ်ကြ၍ သာယာညီညွတ်လှစွာ သော မြေအပြင်ဝယ် တံခါးကြီး ၃၂ တံခါး၊ တံခါးငယ် ၃၂ တံခါး၊ ကျုံးမြောင်း၊ ပစ္စင်၊ ရင်လျှောက်၊ တန်ဆောင်း၊ ပြအိုးစသော မြို့၏ အင်္ဂါ ၇ ပါးနှင့် ထူးဆန်းတင့်တယ်လှစွာ မြတ်သော အသရေကို ဆောင်သော သရေခေတ္တရာ ရွှေမြို့တော် ကို တည်၏ ။ ရွှေနန်းတော် ၊ မြို့တော် ၊ ကျုံး၊ ဤ ၃ ဋ္ဌာနနှင့် တကွ မင်းကြီးအား ထိုက်သော ဂိမှန္တဥတု၊ ၀သန္တဥတု၊ ဟေမန္တဥတု သုံးပါး၌ မွေ့လျော်ပျော်ပါးစေခြင်းငှာ ဘုံ ၇ ဆင့်ရှိသော ပြသာဒ်၊ ဘုံ ၉ ဆင့်ရှိသော ပြသာဒ်၊ ဘုံ ၁၁ ဆင့်ရှိသော ပြသာဒ်၊ ဤသို့ သော ပြသာဒ်နန်းသုံးဆောင်တို့ပါ မြို့၏ ကိရိယာ၊ နန်း၏ ကိရိယာအပြည့်အစုံ ပြီးပြေလျှင် ဒွတ္တပေါင်မင်းကြီးသည် ပျူမိဖုရားကို ခမည်းတော် မဟာသမ္ဘ၀မင်းကြီး မိဖုရားမြှော က်၍ မြင်သော နှမတော် စန္ဒာဒေ၀ီ မိဖုရားလည်း တစ်ပါး၊ နဂါးမင်းသမီး ဘေစန္ဒီလည်း တစ်ပါး၊ ဤမိဖုရား ၂ ပါးတို့နှင့် ရာဇဘိသေက ခံတော် မူ၏ ။ ဘုန်း လက်ရုံးနှင့် ပြည့်စုံတော် မူသည် ဖြစ်ရကား သီလ၀ံသဓား အစရှိသော မင်းမြောက်တန်ဆာ ငါးပါးတို့ဖြင့် လည်းကောင်း၊ ဧကရာဇ်မင်းတို့နှင့် ထိုက်တန်သော မင်းဆောင် မင်းယောင် မင်းခမ်း မင်းနားတို့ဖြင့် လည်းကောင်း၊ ရန်သူအပေါင်းတို့ကို နှိပ်နင်းစေခြင်းငှာ အရိန္ဒမာလှံ အစရှိသော ခေါင်းလောင်းစည်ကြီးတို့ဖြင့် လည်းကောင်း၊ မင်းကြီးကို ရွတ်ဆောင်နိုင်သော အရပ်အားဖြင့် ၁၅ တောင်၊ အလျားအားဖြင့် အတော် ၂၀ ရှိသော နာဠာဂီရိဆင်နှင့် တကွ မင်းယာဉ်တို့ဖြင့် လည်းကောင်း၊ မင်းကြီး၌ မပြတ် စောင့်ရှောက်စေခြင်းငှာ သူရဲကြီးတစ်ကျိပ် ခုနှစ် ယောက် တို့ဖြင့် လည်းကောင်း၊ သံတမန် စေခြင်း၌ လိမ္မာသော ဘုန်းပညာ အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံသော အမတ် ငနီပါး၊ ငရဲကျား၊ ပဉ္စင်ဖြူ၊ ပဉ္စင်ညိုတို့ဖြင့် လည်းကောင်း၊ အတွင်းပင်လယ်၊ ပြင်ပင်လယ်တို့ဖြင့် လည်းကောင်း ပြည့်စုံတော် မူဘိ၏ ။ ထိုထိုသော မင်းတို့သည်လည်း ရိုသေခယမ်းသော အားဖြင့် သမီးကညာ ရတနာ အစရှိသော ဆင်ရတနာ၊ မြင်းရတနာတို့ကို လည်းကောင်း၊ ပတ္တမြား အစရှိသော ရွှေငွေရတနာတို့ကို လည်းကောင်း၊ သားမွေးဖြင့် ပြီးသော ပုဆိုး၊ ပိုးချည်ဖြင့် ပြီးသော ပုဆိုး၊ ကြာချည်ဖြင့် ပြီးသော ပုဆိုး၊ ၀ါချည်ဖြင့် ပြီးသော ပုဆိုးတို့ကို လည်းကောင်း၊ နှစ် တိုင်း နှစ် တိုင်းလျှင် ဆက်လာရကုန်သော ဟူ၏ ။ သက္ကရာဇ် ၁၆၇ ခု တပို့တွဲ လဆန်း ၁၀ ရက် တနင်္လာနေ့၊ ပြိဿလက်၊ ပြိဿစည်း၊ တူတွင် အင်္ဂါ၊ မကာရတွင် တနင်္ဂနွေ ဗုဒ္ဓဟူး သော ကြာ ပူးလျက်၊ ကုံတွင် စနေ ရာဟု၊ မိန်တွင် ကြာသာပတေး၊ ထိုအခါတွင် နှောင်ကိန်းကြုံ၍ ပြင်နန်းတော် ဆောက်၍ ယတြာပြုတော် မူသည့်ပြင် ရသေ့ ဂ၀ံပတေ့ ပေးသော အခါ ၁၆၈ ခု ၀ါဆိုလဆန်း ၁၁ ရက် ကြာသပတေးနေ့၊ ပြိဿလက်တွင် နှောကိန်းဆက်၍ နန်းတက်တော် မူသည်။ ထိုမင်းလက်ထက် ဘုရားသခင် တပည့်သားတော် ရဟန္တာမြတ် ၃၀၀၀ တို့အားလည်း နေ့တိုင်းမပြတ်လျှင် ပစ္စည်းလေးပါး ထောက်ပံ့၍ ဆရာပြုတော် မူသည်မှတစ်ပါး ခပ်သိမ်းသော ပြည်သူတကား အပေါင်းတို့ကို ကိုးကွယ်စိမ့်သော ငှာ ဘုရားရှင် သရီရဓာတ်တော် ကိုလည်း စေတီပုထိုး တည်တော် မူသည်။ ထိုစေတီတို့၏ အမည် ကား (၁) သော ကြာမ္မာ ဟူသော ကောင်းမှု တော် တစ်ဆူ၊ (၂) ညည်းညည်း ဟူသော ကောင်းမှု တော် တစ်ဆူ၊ (၃) စည်စည်ဟူသော ကောင်းမှု တော် တစ်ဆူ၊ (၄) ပေါပေါ ဟူသော ကောင်းမှု တော် တစ်ဆူ၊ (၅) လျောလျောဟူသော ကောင်းမှု တော် တစ်ဆူ၊ (၆) မြသိတင် ဟူသော ကောင်းမှု တော် တစ်ဆူ၊ (၇) ဘုရားတောင် ဟူသော ကောင်းမှု တော် တစ်ဆူ၊ (၈) (၉) ဆုတောင်းပြည့်ဟူသော ကောင်းမှု တော် နှစ် ဆူ၊ (၁၀) ဘုရားရှင် လက်ရုံးတော် ဓာတ်ကို ဌာပနာပြု၍ မြင်ဗာဟု ဟူသော ကောင်းမှု တော် တစ်ဆူ၊ (၁၁) ဘုရားရှင် နဖူးသင်းကျစ်တော် ဓာတ်တော် တို့ကို ကမ်းယံပြည်မှ ယူ၍ တည်သည်ဟူသော ပုထိုးကြီး တစ်ဆူ၊ ပေါင်း ၁၁ ဆူတည်း။ ထိုမင်း လက်ထက်တော် ၌ ဘုရားရှင် သာသနာတော် ကား ထင်ရှားစွာ ဖြစ်၏ ။ ထိုမင်းကား နောင်လာလတ္တံသော မင်းတို့အား မှတ်သားစိမ့်သော ငှာ ရဟန္တာ ၃၀၀၀ တို့နှင့် တိုင်ပင်၍ ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏ စီးပွား အလို့ငှာ အပါယဂတိမုပါယံ ဂါထာ ဦးတပ်သော ဓမ္မသတ်ကျမ်းကို ပြုတော် မူ၏ ။
ထိုသို့ ဘုန်းလက်ရုံး အာဏာနှင့် ပြည့်စုံတော် မူသော ဒွတ္တပေါင်မင်းကြီးသည် တစ်ရံသော အခါ မုန့်သည်မ တစ်ယောက် သည် ဆရာရဟန်းအား လှူသော ကျောင်းဝတ်မြေလယ် ၅ ပယ်မျှကို သိမ်းယူတော် မူမိချေသော အားဖြင့် ဘုန်းလက်ရုံးအာဏာ လွန်စွာ ဆုတ်ယုတ်သဖြင့် မင်းကြီးသည် ရဟန္တမြတ်တို့အား ထိုအကြောင်းကို နားတော် လျှောက်လေ၏ ။ ရဟန္တာမြတ်တို့လည်း ဉာဏ်ဖြင့် ဆင်ခြင်တော် မူသည်ရှိသော် မုန့်သည်မငယ်သည် ဆရာရဟန်းအား လှူသော ကျောင်းဝတ်လယ် ၅ ပယ်ကို သိမ်းယူတော် မူသော ကြောင့် ဖြစ်ကြောင်းကို မြင်တော် မူသဖြင့် ရဟန္တာမြတ်တို့လည်း မင်းကြီးကို ဤသို့ မိန့်တော် မူ၏ ။ မင်းကြီး၊ ခပ်သိမ်းသော လောက၌ ရတနာသုံးပါးနှင့် စပ်သော ပစ္စည်းပစ်ယံတို့သည် အဆိပ်ထန်သော မြွေပွေးမြွေဟောက်နှင့် တူ၏ ။ ထိုမြွေတို့၏ သဘောသည်ကား ထိခိုက်မိချေသည်ရှိသော် ပြန်၍ ခွပ်မြဲတည်း။ ထိုသို့ ခွပ်သည်ရှိသော် ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့သည် ကြီးစွာ သော ဘေးဘယသို့ ရောက်ကြလေသကဲ့သို့ ရတနာသုံးပါးနှင့် စပ်သော ပစ္စည်းပစ်ယုံတို့ကို မအပ်သော သိမ်းဆည်းယူငင်ခြင်းဖြင့် သိမ်းယူမိချေသော် မြတ်သော စည်းစိမ်မှလည်း ရွေ့လျောလေရာ၏ ။ ဘေးအန္တရာယ်တို့သည် ရောက်သည် ဖြစ်၍ အသက်သော်လည်း ယုတ်လေရာ၏ ။ မင်းကြီးသည် မအပ်သော ၀တ္ထုပစ္စည်းတို့ကို သိမ်းယူတော် မူမိချေသော ကြောင့် ဤအကြောင်းတို့သည် ဖြစ်ချေသည်ဟု မိန့်တော် မူ၍ ၊ မင်းကြီးလည်း ထို လယ် ၅ ပယ်ကို မုန့်သည်မ ဆရာအား လှူတော် မူလေ၏ ။ ထိုသို့ လှူတော် မူသော်လည်း မတင့်မအပ် မသန့်မရှင်းသော ၀တ္ထုကို သိမ်းတော် မူမိချေသော ကြောင့် ထိုသို့ သော မင်းတို့ ဆက်မြဲသော အခွန်တို့သည် မရောက်သည် ဖြစ်၍ ၊ ကြီးစွာ သော အမျက်တော် သည် ဖြစ်၍ တစ်ရံသော အခါ ပဉ္စင်ဖြူ၊ ပဉ္စင်ညိုတို့ကို ခေါ်တော် မူ၍ ဟယ် အမတ်တို့၊ ငါ၏ နိုင်ငံတော် ၌ ရှိကုန်သော မင်းတို့သည် ဆက်မြဲသော အခွန်ကို မဆက်၊ အမတ်တို့သွား၍ အခွန်ကို တောင်းခံချေဟု စေတော် မူ၏ ။ ပဉ္စင်ဖြူ၊၊ ပဉ္စင်ညိုတို့လည်း အလုံးအရင်း အများ နှင့် ၇ နှစ် တိုင်တိုင် အခွန်ခံ၍ ဆက်၏ ။ မင်းကြီးလည်း ရှည်လတ်သော် ပဉ္စင်ဖြူ၊ ပဉ္စင်ညိုတို့ကို ယုံကြည်တော် မမူ၍ ဥပါယ်တံမျဉ်ဖြင့် ကွပ်မျက်တော် မူဘိ၏ ။ ထိုသို့ ပဉ္စင်ဖြူ၊ ပဉ္စင်ညိုတို့ကို ကွပ်မျက်တော် မူလျှင် ဘုန်းလက်ရုံး အာဏာနှင့် အခွန်တောင်းမည့် သူ မရှိသည် ဖြစ်၍ မင်းကြီးကိုယ်တိုင်တော် နဂါးကြေးလှေကို စီးတော် မူ၍ ဇမ္ဗူဒီပါ ကျွန်းအလုံးကို အခွန်ခံတော် မူ၏ ။
တစ်ရံရောအခါ ပန်ထွာပြည်သို့ ရောက်တော် မူလေရာ ပန်ထွာမိဖုရားလည်း မကောင်းသော နှလုံးဖြင့် မကောင်းသော ပုဆိုးကို ယူစေ၍ အထူးထူးသော စီရင်ခြင်းဖြင့် နူးညံ့သိမ်မွေ့စွာ သော လက်သုတ်ပ၀ါကို စီရင်ပြီးသော် မင်းကြီးအား ဆက်လေ၏ ။ မင်းလည်း မစူးမစမ်း၊ မဆင်မခြင် ယုံကြည်တော် မူ၍ ထိုလက်သုတ်ပ၀ါဖြင့် မျက်နှာတော် ကို သုံးသပ်တော် မူမိလေရာ၊ မင်းကြီး နဖူးတော် ရှိ မှဲ့ရှင်သည် ကွယ်ခဲ့၏ ။ ထိုမှဲ့ရှင် ကွယ်ခဲံသည်ရှိသော် ဘေစန္ဒီလည်း သွားခဲ့၏ ။ မင်းကြီးလည်း နှလုံးမသာမယာ ရှိတော် မူသဖြင့် နေပြည်တော် သို့ ပြန်တော် မူခဲ့၏ ။ ထိုအခါ မင်းကြီး ပြုတော် မူဖူးသော ကုသိုလ်ကံသည် ကုန်ခြင်းသို့ ရောက်သည် ဖြစ်၍ သာသနာတော် သက္ကရာဇ် ၁၇၁ ခုနှစ် တွင် သမုဒ္ဒရာ အတွင်းဝယ် နဂါးကြေးလှေနှင့် တကွ နစ်မြှုပ်၍ နတ်ပြည်စံတော် မူလေ၏ ။ ဒွတ္တပေါင်မင်းကြီး မိဖုရားနှစ် ပါးတွင် ဘေစန္ဒီ မိဖုရားတွင် သားမရှိ။ ပျူမိဖုရာ သမီးတော် စန္ဒာဒေ၀ီတွင် ဒွတ္တရန်ကို မြင်သည်။ ဒွတ္တပေါင်မင်းကြီးကား အင်္ဂါသားတည်း။ အိမ်နိမ့် ၃၅ နှစ် ၊ စည်းစိမ် ၇၀၊ သက်တော် ၁၀၅ နှစ် တည်း။
ထိုဒွတ္တပေါင်မင်းကြီး အကြောင်းကို ထောက်၍ ပြည်ကြီး၏ အရှင် ဖြစ်တော် မူသော မင်းတို့သည် ရတနာသုံးပါးနှင့် စပ်သော ပစ္စည်းပစ်ယံတို့ကို မအပ်သော အကြောင်းဖြင့် သစ်သီးတစ်လုံး၊ ပန်းတစ်ပွင့်ကိုမျှ မသိမ်းမယူသင့်ပေ။ ရွေးချယ်စိစစ်၍ သုံးဆောင်ရသည်။ ထိုမှတစ်ပါးလည်း ရေမြေအရှင် ဖြစ်တော် မူသော မင်းတို့သည် ကိုယ်တော် နှင့် စပ်သော အသုံးအဆောင်တို့ကို မေးမြန်းစိစစ်၍ သန့်ရှင်းစင်ကြယ်သော အ ဖြစ်ကို အတပ်အကျ သိတော် မူသည် ဖြစ်မှ သုံးဆောင်တော် မူရာသည်။
သာသနာ သက္ကရာဇ် ၁၇၁ ခု ရောက်သော အခါ ထိုမင်း သားတော် ဒွတ္တရန် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၅၉ နှစ် ၊ စည်းစိမ် ၂၂ နှစ် ၊ သက်တော် ၈၁ နှစ် တွင် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် တစ်နေ့တည်းတွင် မိုးကြိုး ၇ ချက် ကျ၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
၉။ ရန်ဘောင်မင်း အကြောင်း
သာသနာတော် သက္ကရာဇ် ၁၉၃ ခုသော် ထိုမင်း သားတော် ရန်ဘောင်မင်း ဖြစ်တော် မူ၍ အလှူကောင်းမှု ၌ မွေ့လျော်တော် မူ၏ ။ ရသေ့၊ ပုဏ္ဏား ရဟန်းပညာရှိတို့နှင့် ပေါင်းဖက်၍ ဉာဏ်ပညာ ကြီး၏ ။ ပြည်သူ လူတကာတို့ကို ၀မ်းထွက်သားကဲ့သို့ သနားကြင်နာတော် မူ၏ ။ မင်း၏ တရားဆယ်ပါးနှင့် ပြည့်စုံတော် မူ၏ ။ အိမ်နိမ့် ၄၀၊ စည်းစိမ် ၅၀၊ သက်တော် ၉၀ သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စ ရောက်လိုသော် နေ ၂ ခု ထွက်၍ မွန်းမတည့်မချင်း ခွပ်ကြ၏ ။ နံတော် စနေသားတည်း။
သာသနာတော် သက္ကရာဇ် ၂၄၃ ခု ရောက်သော အခါ ထိုမင်း သားတော် ရန်မန် မင်း ဖြစ်တော် မူ၏ ။ ထိုမင်းကား အကျင့်သဘော လျစ်လျူရှု၏ ။ အိမ်နိမ့် ၃၀၊ စည်းစိမ် ၅၀၊ သက်တော် ၈၀ သော် အနိစ္စရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် ကြာသပတေးကြယ် လ တွင် ချဉ်း၏ ။ နံတော် အင်္ဂါသားတည်း။
သာသနာတော် သက္ကရာဇ် ၂၉၃ ခု ရောက်သော အခါ ထိုမင်း သားတော် ရက္ခန် မင်း ဖြစ်တော် မူ၏ ။ အရောင် အဆင်းလည်း လှ၏ ။ မိဖုရားလည်း များ ၏ ။ လေးအရာ၌ လည်း တတ်လှ၏ ။ အိမ်နိမ့် ၄၀၊ စည်းစိမ် ၃၁ နှစ် ၊ သက်တော် ၇၁ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် ကြယ် နေ့ကို ထွက်၏ ။ အရိပ်ပြန်၏ ။ နံတော် တနင်္လာသားတည်းး။
သာသနာတော် သက္ကရာဇ် ၃၂၄ ခု ရောက်သော အခါ ထိုမင်း သားတော် ခန်းလောင်း မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၇ နှစ် ၊ စည်းစိမ် ၃၈ နှစ် ၊ သက်တော် ၇၅ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် ယောက် သွားကြီး တစ်လုံးသည် ကောင်းကင်မှ ကျ၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
သာသနာတော် သက္ကရာဇ် ၃၆၂ ခု ရောက်သော အခါ ထိုမင်း သားတော် လက်ခိုင် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၉ နှစ် ၊ စည်းစိမ် ၃၄ နှစ် ၊ သက်တော် ၇၃ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် နေ ၂ ခု ထွက်၏ ။ နံတော် တနင်္လာသားတည်း။
သာသနာတော် သက္ကရာဇ် ၃၉၆ ခု ရောက်သော အခါ ထိုမင်း သားတော် သီရိခန် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၄၀၊ စည်းစိမ် ၂၈ နှစ် ၊ သက်တော် ၆၈ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် သော ကြာကြယ် လတွင် ချဉ်း၏ ။ နံတော် ကြာသာပတေးသားတည်း။
သာသနာတော် သက္ကရာဇ် ၄၂၄ ခု ရောက်သော အခါ ထိုမင်း သားတော် သီရိရာဇ် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၅၁ နှစ် ၊ စည်းစိမ် ၉ နှစ် ၊ သက်တော် ၆၀ သော် အနိစ္စ ရောက်တော် မူ၏ ။ ထိုမင်းကား ငြိမ်သက် တည်ကြည်၏ ။ သစ္စာစကား စောင့်၏ ။ အလှူကောင်းမှု မွေ့လျော်၏ ။ ဆရာ ၆ ပါးတို့နှင့် ပေါင်းဖော်၍ သက္ကရာဇ် ၄၀၃ ခုကို ဖြိုသည်ဟု ပြု၏ ။ ကိန်းလက်မမြောက်၍ မပြိုလေ။ ဆရာ ၆ ပါး တို့၏ အမည် ကား- (၁) ပုပ္ပားမဏိ၊ (၂) က္ကန္ဒြိယ၊ (၃) ကိတ္တရိယ၊ (၄) စန္ဒရိယ၊ (၅) သက္က၊ (၆) မဿ၊ ဤ ၆ပါးတည်း။ ထိုဆရာ ၆ ပါးနှင့် ပင် ရာဇ၀င်ဗေဒင်လည်း ပြု၏ ။ ဘုရားသခင် သာသနာတော် ကိုလည်း သုတ်သင်စီရင်၏ ။ ဂူ ကျောင်း ဇရပ် ဆောက်သည်လည်း များ ၏ ။ ၀တ္ထုကံမိုးမြေတို့ကိုလည်း အစဉ်မပျက်စေရအောင် စောင်မတော် မူ၏ ။ မင်း၏ တရား ဆယ်ပါးနှင့် လည်း ပြည့်စုံသည် ဖြစ်၍ ပြည်သူ လူရဟန်းအမတ် ဗိုလ်ပါတို့သည်လည်း နှစ် လိုကုန်၏ ။ (ထိုမင်းတွင် ရွေ့ ဒွတ္တပေါင်မင်း အဆက်အနွယ် ၉ ဆက်စေ့သဖြင့် တကောင်းမင်းရိုး ပြတ်၏ ။) နံတော် တနင်္လာသားတည်း။
သာသနာတော် သက္ကရာဇ် ၄၃၃ ခုတွင် ငတပါး မင်း ဖြစ်တော် မူ၏ ။ ငတပါးအကြောင်းကား ဤသို့ တည်း။ ထိုပြည်တွင် နေသော သူ တစ်ယောက် သည် မိမိသားကို ဆရာရဟန်းထံအပ်၍ ငယ်စဉ်ကပင် သာမဏေပြုစေ၏ ။ ဆရာကလည်း သနားတော် မူ၍ ပိဋကတ်ဗေဒင်တို့ကိုလည်း တတ်အောင် သင်ပေ၏ ။ ထိုသာမဏေလည်း ဆရာအား သိမ်မွေ့စွာ လုပ်ကျွေးမွေးမြူ၏ ။ တစ်ရံရောအခါ ဆရာ မွေးသော ကြက်ဖသည် အခါခပ်သိမ်း တွန်တွန်သမျှမှာ ငါ့ဦးခေါင်းစား ငတပါးမင်း ဖြစ်လတ္တံ ဟူ၍ သာ တွန်စမှတ် ပြုသဖြင့် ဆရာလည် သင်း တိရစ္ဆာန် ဖြစ်လျက် ဤသို့ အခြင်းအရာတို့ကို တွန်သည်ဟူ၍ နှလုံးထားပြီးသော် ရှင်သူငယ်ကိုခေါ်၍ မောင်ရှင်ငယ်၊ ဤကြက်ဖသည် အထူးထူး အပြားပြားသော အခြင်းအရာတို့ကို တွန်သည် ဖြစ်သော ကြောင့် ဤကြက်ဖကို ချက်ပြုတ်၍ ငါ့ကို ကပ်ရဘိလော့ဟု မိန့်တော် မူ၏ ။ မောင်ရှင်ငယ်လည်း ဆရာ ဆိုတိုင်း ချက်ပြုတ်လေ၏ ။ ထိုသို့ ချက်ပြုတ်ပြီးသော အခါ ကြက်ကို အိုးက အဆယ်တွင် ကြက်ဦးခေါင်း ပြုတ်ကျ၍ စားဖို၌ ကျလေ၏ ။ ရှင်သူငယ်လည်း မသန့်ပြီဟူ၍ ကြက်ဦးခေါင်းကို ဆေးကြော၍ စားလေ၏ ။ ဆရာလည်း ကြက်ဦးခေါင်း မပါ၍ မေးလေသော် ဆယ်ရာတွင် ကျ၍ မသန့်သော ကြောင့် မထည့်ပဲ ကျွန်ုပ် စားပေသည်ဟု ဆိုလျှင်၊ ဆရာလည်း ချင်းတိရစ္ဆာန် တွန်သည် မှန် မမှန်ကို သည်တွင် သိရတော့မည် ဟူ၍ မောင်ရှင်ငယ်ကို အထူးထူးသော ဓမ္မ၀တ်၊ လောက၀တ်၊ ရာဇ၀တ်တို့ကို တတ်အောင် သွန်သင်ပြီးမှ လူပြုစေ၍ အမတ် စစ်သူကြီးထံ အပ်နှံသည်တွင် အမတ် စစ်သူကြီးလည်း ထိုသူကို သားပြုလေ၏ ။ ထိုသူငယ်လည်း အရောင် အဆင်း ဘုန်းပညာ လက္ခဏာကြီးငယ် ပြည့်စုံသော သူ ဖြစ်၍ ထိုသူနှင့် ထိုက်တန်သော တန်ဆာတို့ကို ဆင်စေ၍ သွားလေရာ ခေါ်၍ မပြတ်သွားလေ၏ ။ တစ်ရံရောအခါ မင်း၏ နန်းတော် သို့ ခေါ်၍ သွားလေရာ မင်းကြီးလည်း ထိုသူငယ် အမူအကျင့် ကျစ်လျစ်၍ မင်းခွင့်စိုးရာနှင့် ပြည့်စုံသည်ကို မြင်တော် မူလေသော် အလွန် နှစ်သက် တော် မူလေသည် ဖြစ်၍ သားတော် မရှိသည်နှင့် အမတ်ကို တောင်း၍ သားတော် ပြုလေ၏ ။ ထိုအမတ်ကြီးကိုလည်း အထိန်းအချီအ ဖြစ်မှ စေ၏ ။ ထိုသူငယ်လည်း မင်းတကာတို့ ကျင့်စရာ တရားတို့ကို လည်းကောင်း၊ ပြည်ထဲအရေး ၌ ကွပ်ညှပ်စိရင်သော အမှု ကို လည်းကောင်း၊ အလွန်လျှင် တတ်လိမ္မာစွာ ၏ ။ ခမည်းတော် မင်းကြီးကိုလည်း အလွန် ခယရိုသေစွာ လုပ်ကျွေးမွေးမြူ၏ ။ တရား၌ လည်း စိစစ် မေးမြန်းခြင်းနှင့် ပြည့်စုံ၏ ။ မင်း စသော အမတ်ဗိုလ်ပါပြည်သူ လူရဟန်းတို့သည်လည်း လွန်စွာ ချစ်နှစ် လိုကုန်၏ ။ မင်းကြီးလည်း ထိုသူအား နန်းလျာထား၏ ။ အိမ်ရှေ့ပေး၍ အသက် ၁၅ နှစ် ရှိသော အခါ ခမည်းတော် လွန်၍ ခမည်းတော် အရာ မင်း ဖြစ်လေ၏ ။ ထိုမင်းကကား ရတနာ သုံးပါး၌ လည်း ရိုသေ၏ ။ ပညာရှိ ရဟန်းပုဏ္ဏားတို့နှင့် ပေါင်းဖက်၍ ပဉ္စသီ၊ အဋ္ဌဒသီ၊ ဒသသီ၊ သီတင်းတို့ကိုလည်း မပြတ် ဆောက်တည်တော် မူ၏ ။ မင်း၏ တရား ၁၀ ပါး၊ မင်း၏ သဂြိုဟ်ခြင်း ၄ ပါးနှင့် ပြည့်စုံတော် မူ၏ ။ ပြည်သူလူတကာတို့ကိုလည်း ၀မ်းထွက်သားကဲ့သို့ သနားကြင်နာ လေးမြတ်တော် မူ၏ ။ ရဟန္တာမြတ် ၅၀၀ တို့ကိုလည်း ဆရာပြု၏ ။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ဟီရိ၊ သြတ္တပ္ပ၊ ပညာတည်းဟူသော သူတော် ကောင်းတို့၏ တရား ၇ ပါးနှင့် လည်း ပြည့်စုံတော် မူ၏ ။ ရတနာပုထိုးကြီး ဘုရားကို တည်တော် မူ၏ ။ ထိုဘုရားကြီးပြီး၍ သာဓုခေါ်သော အခါ မြေကြီးလှုပ်၏ ။ အိမ်နိမ့် ၁၅ နှစ် ၊ စည်းစိမ် ၅၁ နှစ် ၊ သက်တော် ၆၆ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် နေ ၂ ခု ထွက်၏ ။ နံတော် အင်္ဂါသားတည်း။
သာသနာတော် သက္ကရာဇ် ၄၈၄ ခုသော် ငတပါး သားတော် ပါပိရန် မင်းပြုတော် မူ၏ ။ အိမ်နိမ့် ၃၇ နှစ် ၊ စည်းစိမ် ၆၆ နှစ် ၊ သက်တော် ၁၀၃ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် ကြာသာပတေးကြယ်လတွင် ချဉ်း၏ ။ နံတော် အင်္ဂါသားတည်း။
သာသနာတော် သက္ကရာဇ် ၅၅၀ သော် ထိုမင်း သားတော် ရန်မုက္ခ မင်း ဖြစ်တော် မူ၏ ။ ဗေဒင်လေးပုံကိုလည်း အပြီးတိုင် တတ်တော် မူ၏ ။ ဘုန်းတန်ခိုး အာနုဘော်ကြီး၏ ။။ ငြိမ်ဆိမ် ဆေးလေး တည်ကြည်တော် မူ၏ ။ မင်းကျင့်တရား ၁၀ ပါးနှင့် လည်း ပြည့်စုံတော် မူ၏ ။ ပြည်သူ လူရဟန်းတို့အားလည်း ၀မ်းထွက်သားကဲ့သို့ သနားကြင်နာတော် မူ၏ ။ အိမ်နိမ့် ၆၇ နှစ် ၊ စည်းစိမ် ၁၅ နှစ် ၊ သက်တော် ၈၂ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် ဗုဒ္ဓဟူးဂြိုဟ် ၇ လ တိုင်တိုင် နိယထုံ ပြု၏ ။ နံတော် စနေသားတည်း။
သာသနာတော် သက္ကရာဇ် ၅၆၅ နှစ် သော် သားတော် ရန်သိင်္ခ မင်း ဖြစ်တော် မူသည်။။ အသားမည်း၏ ။ မျက်လုံးလည်း နီ၏ ။ မျက်ထောင့်လည်း နီ၏ ။ သူ့မယားကိုလည်း မျက်မုန်းကျိုးတတ်၏ ။ ရက်ရောကြမ်းကြုတ်၏ ။ သူ့အသက်ကိုလည်း မနှမြော၊ အမှူးအမတ် ပြည်သူ လူတကာအပေါင်းတို့လည်း ကြောက်ရွံ့ခြင်း ပြင်းကုန်သည် ဖြစ်၍ မကောင်းသော ဆုကို ယူကုန်၏ ။ ထိုမင်းလက်ထက် မိုးခေါင်၍ ပြည်သူတို့ ငတ်မွတ်ကုန်၏ ။ ဘုရားရှင် သာသနာတော် ကိုလည်း မချီးမြှော က်။ ထိုမင်းကား အိမ်နိမ့် ၆၅ နှစ် ၊ စည်းစိမ် ၃ နှစ် ၊ သက်တော် ၆၈ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် အရပ်လေးမျက်နှာ ကိတ်ထွက်၏ ။ နံတော် တနင်္ဂနွေသားတည်း။
သာသနာတော် သက္ကရာဇ် ၅၆၈ ခုသော် ထိုမင်း သားတော် ရန်မုဉ္စလိန္ဒ မင်း ဖြစ်တော် မူ၏ ။ ထိုမင်းကား သီလ သမာဓိ ပညာနှင့် ပြည့်စုံတော် မူ၏ ။ ရတနာသုံးပါးကို မပြတ် ဆည်းကပ်၍ သာသနာတော် ကိုလည်း ကောင်းစွာ ချီးမြှော က်ပေ၏ ။ ပြည်သူ လူ ရဟန်းအပေါင်းတို့အား ၀မ်းထွက်သားကဲ့သို့ သနားတော် မူ၏ ။ သစ္စာစကား စောင့်တော် မူ၏ ။ အိမ်နိမ့် ၅၀၊ စည်းစိမ် ၁၅ နှစ် ၊ သက်တော် ၆၅ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် ကြယ်တံခွန် ပြ၏ ။ နံတော် ကြာသာပတေးသားတည်း။
၂၁။ဘေရိန္ဒမင်း အကြောင်း
သာသနာတော် သက္ကရာဇ် ၅၈၃ နှစ် သော် ညီတော် ဘေရိန္ဒ မင်း ဖြစ်တော် မူ၏ ။ ထိုမင်းကား တက္ကသိုလ်ပြည်သို့ သွား၍ အတတ်ပညာ သင်လေသော ကြောင့် ဆေးဝါး မန္တရား ဗေဒင် တတ်လှစွာ ၏ ။။ အိမ်နိမ့် ၆၃ နှစ် ၊ စည်းစိမ် ၁၂ နှစ် ၊ သက်တော် ၇၅ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် နေထွက်လျှင် မွန်းတည့်၏ ။ မွန်းတည့်လျှင် နေ၀င်၏ ။ နံတော် စနေသားတည်း။
သာသနာတော် သက္ကရာဇ် ၅၉၅ ခုသော် ထိုမင်း သားတော် မုဉ္စလမင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၅၈ နှစ် ၊ စည်းစိမ် ၅ နှစ် ၊ သက်တော် ၆၃ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်တော် မူလိုသော် နေထွက်လျှင် မွန်းတည့်ဘိ၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
သာသနာတော် သက္ကရာဇ် ၆၀၀ တွင် ထိုမင်း သားတော် ပုဏ္ဏ မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၄၃ နှစ် ၊ စည်းစိမ် ၃ နှစ် ၊ သက်တော် ၄၆ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်တော် မူလိုသော် တော် ခုနစ်ရက်လည်း ၏ ။ နံတော် သော ကြာသားတည်း။
သာသနာတော် သက္ကရာဇ် ၆၀၃ နှစ် သော် ထိုမင်း ညီတော် သာခ မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၄၄ နှစ် ၊ စည်းစိမ် ၃ နှစ် ၊ သက်တော် ၄၇ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် နန်းထက် လင်းတ တစ်ဆယ် နား၏ ။ နံတော် တနင်္လာသားတည်း။
သာသနာတော် သက္ကရာဇ် ၆၀၆ ခုသော် ထိုမင်း သားတော် သာသိ မင်း ဖြစ်တော် မူ၏ ။ အသားလည်း နီ၏ ။ အမူအကျင့်လည်း မကောင်း။ ပြည်သူတို့ ချမ်းသာကိုလည်း မရှာ၊ ရတနာသုံးပါးကိုလည်း မရိုသေ။ အိမ်နိမ့် ၂၉ နှစ် ၊ စည်းစိမ် ၃ နှစ် ၊ သက်တော် ၃၂ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် မြို့ဝန်းကျင် ငလျင် လှုပ်၏ ။ မြေကြီး အစိတ်အစိတ် ကွဲ၏ ။ ရေလည်း ထွက်၏ ။ နေနှင့် လလည်း တစ်လတည်းတွင် သရဗ္ဗ ကြတ်သွား၏ ။ နံတော် စနေသားတည်း။
သာသနာတော် သက္ကရာဇ် ၆၀၉ ခုသော် ထိုမင်း ညီတော် ကန္နုမင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၀၊ စည်းစိမ် ၁ နှစ် ၊ သက်တော် ၃၁ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် ပုထိုးဘုရား ပြာဋိကာ ပြ၏ ။ နံတော် တနင်္ဂနွေသားတည်း။
သာသနာတော် သက္ကရာဇ် ၆၁၀ သော် ထိုမင်း၏ အစ်ကို ကန်တက် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၂ နှစ် ၊ စည်းစိမ် ၃ နှစ် ၊ သက်တော် ၃၅ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် ကောင်းကင်အလုံး ညဥ့်ကဲ့သို့ မိုက်၏ ။ နံတော် တနင်္လာသားတည်း။
သာသနာတော် သက္ကရာဇ် ၆၁၃ ခုသော် နောင်တော် ဘိဇ္ဇ မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၇ နှစ် ၊ စည်းစိမ် ၄ နှစ် ၊ သက်တော် ၄၁ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။။ အနိစ္စရောက်လိုသော် သော ကြာကြယ် လ တွင် ချဉ်း၏ ။ နံတော် တနင်္လာသားတည်း။
သာသနာတော် သက္ကရာဇ် ၆၁၇ ခုသော် သုမုန္ဒရီ မင်း ဖြစ်တော် မူ၏ ။ ထိုမင်းကား အမူအကျင့် လျစ်လျူရှိ၏ ။ အိမ်နိမ့် ၂၄ နှစ် ၊ စည်းစိမ် ၇ နှစ် ၊ သက်တော် ၃၁ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် ကြာသာပတေးကြယ် တံခွန်ပြ၏ ။ နံတော် စနေသားတည်း။
ထိုမင်းလက်ထက် ဘုရား ပရိနိဗ္ဗာန် ပြုတော် မူသော နှစ် တွင် ရှင်မဟာကဿပ အမှူးရှိသော ၅၀၀ သော ရဟန္တာမြတ်တို့သည် အဇာတသတ်မင်းနှင့် တိုင်ပင်တော် မူ၍ ၁၄၈ ခု သက္ကရာဇ်ကို ဖြိုသဖြင့် သာသနာတော် နှင့် သက္ကရာဇ်အမျှ ရှိစေဟု တစ်ခုတည်းပြု၍ ထားသော သက္ကရာဇ်သည် သုမုန္ဒရီမင်းကြီး လွန်တော် မူသော နှစ် ၌ သက္ကရာဇ် ၆၂၄ ခု ဖြစ်၍ ထိုကိုဖြိုကိန်း ရောက်လတ်သော် ဒေါဒေါရသ ၆၂၂ နှစ် ကို ဖြို၍ အတို သက္ကရာဇ် ၂ ခုဟု ထားပေ၏ ။ သီရိရာဇ်မင်း ဖြိုလေသည်ကား ကိန်းလက်လည်း မမြောက်၊ ဖြိုကိန်းလည်း မသင့်သော ကြောင့် အရေအတွက်သို့ မသွင်းသတည်း။ ဒေါဒေါရသကိန်းကား အရှည်၊ ခဆပဉ္စကိန်းကား အတို ဖြစ်လေသတည်း။ (သာသနာတော် သက္ကရာဇ် ဟူ၍ ရေး သည်ကား ယင်းသို့ ဆိုခဲ့ပြီးသော စကားအတိုင်း သာသနာတော် နှင့် သက္ကရာဇ်နှင့် အညီ ဆင်းသက်သော ကြောင့် သာသနာတော် သက္ကရာဇ်ဟု ရေး သတည်း။)
သက္ကရာဇ်တို ၂ ခုတွင် သုမုန္ဒရီမင်း သားတော် အတိတြာ မင်း ဖြစ်တော် မူသည်။ ထိုမင်းကား အမူအကျင့် မကောင်း၊ မိခင်ကိုလျက် ပြစ်မှားလို၍ မယ်တော် အိမ်သို့ သွားလေသော် သရဏဂုံနှင့် တကွ ပဉ္စသီကို ဆောက်တည်လင့်၏ ။ သစ္စာဓိဋ္ဌာန်လည်း ပြု၏ ။ ငါ၏ သီလသည် မယွင်းသည် ဖြစ်မူကား ငါ့သားလာသော အခါ ကျက်သရေတိုက်သည် ပေါင်းချုပ်၏ သို့ ဖြစ်လေ၏ ။ သားတော် မင်းကြီးလည်း ရှက်၍ သက်ခဲ့လျှင်ပင် ကိုယ်အလုံး ယားယံ၍ နန်းတော် တွင်းဝယ် လေးထောင့်ကန်၌ ရေချိုးမည် ဟူ၍ သက်စဉ် မျောက်မွှေး တစ်ကိုယ်လုံးရောက်၍ ပစ္စုပ္ပန် မျက်မှော င်ထင်ထင် မျောက် ဖြစ်ဘိ၏ ။ ပြည်သူတို့ အုတ်ခဲ လှံတံတို့ဖြင့် ပစ်၍ သေလေ၏ ။ မယ်တော် လည်း သားတော် ကို မြင်တော် မူသော် အလောင်းချစ်သား ထလော့ဟု မိန့်တော် မူ၏ ။ ထိုအရပ်ကို လောင်းသားချောင်းဟု ယခုတိုင်အောင် တွင် ၏ ။ ထိုမင်းကား အိမ်နိမ့် ၁၅ နှစ် ၊ စည်းစိမ် ၃ နှစ် ၊ သက်တော် ၁၈ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် သော ကြာကြယ် တံခွန်ပြ၏ ။ နံတော် စနေသားတည်း။
ထိုမင်း မရှိလျှင် ထိုမင်း ညီတော် နှင့် ထိုမင်း သားတော် နန်းလုကြ၍ ၊ ထိုမင်း ညီတော် သုပညာမင်းနိုင်၍ သက္ကရာဇ် ၅ ခုတွင် မင်း ဖြစ်တော် မူ၏ ။ ထိုသုပညာမင်းကား အဆင်းအင်္ဂါ လက္ခဏာကြီးငယ်နှင့် ပြည့်စုံတော် မူ၏ ။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ဟီရိ၊ သြတ္တပ္ပ၊ ပညာနှင့် ပြည့်စုံတော် မူ၏ ။ ပြည်သူ လူရဟန်းတို့အားလည်း ရင်တော် ၌ ဖြစ်သော သားကဲ့သို့ သနားကြင်နာတော် မူ၏ ။ သာသနာတော် ကိုလည်း ကောင်းစွာ ချီးမြှော က်တော် မူ၏ ။
တစ်ရံရောအခါ ကမ်းယံပြည် သော င်းကျန်းလေသည်ကို စစ်အင်္ဂါ ၄ ပါးနှင့် တကွ လုပ်ကြံတော် မူမည် ဟူ၍ ချီတော် မူလေ၏ ။ ကမ်းယံပြည်ကို အောင်တော် မူလျှင် ထိုပြည်တွင် မဇ္စိုမပုရိသ အတော် နှင့် ၈၈ တောင်မျှ ရှိသော ရွှေဆင်းတု ဘုရားကို မြင်တော် မူလေသော် ဘုရားရှင်ကိုယ်တော် မြတ်ကို ဖူးတွေ့ ရသကဲ့သို့ အလွန် သဒ္ဓါတော် မူသည် ဖြစ်၍ ညနံနက်အပြတ် ၀တ်ပြုတော် မူ၏ ။ ထိုသို့ ရွှေပိဿ ကုဋေဆယ်ရာမကသော အရိမေတ္တေယျ ဘုရားရှင်နှင့် သဏ္ဍာန်တော် တူသော ရုပ်တုတော် ၌ သုံးနှစ် တိုင်တိုင် ခွာ၍ မသွားရက်သော အားဖြင့် နေတော် မူ၏ ။ မှူးတော် မတ်တော် တို့လည်း ဘုန်းကြီးသော အရှင်၊ ဆင်မြင်းဗိုလ်ပါ ညောင်းညာကြပြီ။ နေပြည်တော် သို့ အလျင်ပြန်တော် မူလော့ဟု နားတော် လျှောက်ကြလေ၏ ။ မင်းကြီးလည်း ဤသို့ မိန့်တော် မူ၏ ၊ ငါသည် ဤ ဘုရားရှင်ရုပ်တုတော် ကို ခွာ၍ သွားအံ့သော ငှာ မတတ်နိုင်၊ ဤ ဘုရားရှင် ရုပ်တုတော် ကို ရတနာဖောင် ကြီိးစွာ စီရင်၍ ဖောင်ထက် တင်ပြီိးသော် နဂါးရစ်တော် သို့ လှည့်၍ မဟာသမုဒ္ဒရာဖြင့် သရေခေတ္တရာ နေပြည်တော် သို့ ဆောင်ယူမည် ဟူ၍ မိန့်တော် မူ၏ ။ အမတ်ဗိုလ်ပါတို့ကလည်း မင်းကြီးသည် မ ဖြစ်နိုင်သော အကြံတော် ကို ကြံဘိသည်။ ဤသို့ ကြံတော် မူသည်ရှိသော် ငါတို့ သားမယားတို့ကို မတွေ့ မမြင်ရပြီ ဟူ၍ နှလုံးမကြည် ရှိကြသည့်တိုင်း အမတ်ဗိုလ်ပါတို့လည်း တိုင်ပင်ကြ၍ ဘုရားရှင် ရွှေရုပ်တုတော် အောက်၌ ဥမင် တူးလေ၏ ။ ရုပ်တုတော် သည်လည်း ရွှေအတိ သွန်းသည် ဖြစ်၍ လေးသော ကြောင့် လဲတော် မူလေ၏ ။ မင်းကြီးလည်း ဘုရားရှင် ရုပ်တုတော် လဲသည်ကို မြင်တော် မူလျှင် အမတ်တို့ အဘယ့်ကြောင့် ဘုရားရှင် ရုပ်တုတော် လဲဘိသနည်းဟု မေးတော် မူ၏ ။ အမတ်ဗိုလ်ပါတို့ကလည်း ဆရာတော် ဘုရားရှင် ပရိနိဗ္ဗာန် ပြုတော် မူသည်ဟု နားတော် လျှောက်၍ မင်းကြီး ကြားတော် မူသော် နှလုံး မသာရှိ၍ ခပ်မဆိတ် နေတော် မူလေ၏ ။ မှူးမတ်ဗိုလ်ပါတို့လည်း ထင်း တစ်ယောက် တစ်ချောင်း၊ မီးသွေး တစ်ဆုပ်စီ ထည့်ကြ၍ မီးတိုက်လေ၏ ။။ ထိုသို့ မီးတိုက်သော အ ဖြစ်ကို မင်းကြီးမြင်တော် မူလျှင်၊ အမတ်တို့ အဘယ့်ကြောင့် ဘုရားရုပ်တုတော် ကို မီးတိုက်ဘိသနည်းဟု မိန့်တော် မူရာ၊ အမတ်တို့ကလည်း ဘုရားရှင် ပရိနိဗ္ဗာန် ၀င်တော် မူ၍ နတ်တို့ သဂြိုဟ်လေသည်ဟု နားတော် လျှောက်ကုန်၏ ။ မင်းကြီးလည် မုတ်သော စကားကို လျှောက်သည်ဟု နှလုံးမသာ ဖြစ်၍ ဆိတ်ဆိတ် နေတော် မူ၏ ။ အမတ်ဗိုလ်ပါတို့လည်း မင်းကြီး အမျက်ထွက်လတ္တံကို ကြောက်သဖြင့် ထက်ဝယ်တော် တစ်တောင်ပြည့်ရှိသော အဋ္ဌ၀ီသ နှစ် ကျိပ်ရှစ်ဆူသော ဘုရားရှင် ရုပ်တုတော် ကို ရွှေစင်အတိသွန်း၍ မင်းကြီးအား ဆက်သည်ပြင် ရွှေလျက်လည်း သွန်းလုပ်၍ ဆက်ကြလေ၏ ။ မှူးမတ် ဗိုလ်ပါတို့လည်း များ စွာ ယူလေကုန်၏ ။ သရေခေတ္တရာ နေပြည်တော် သို့ ပြန်တော် မူလေ၏ ။
ထိုဥစ္စာတို့ကို ပြည်သူတို့ သုံးစွဲသော အခါ ဒွတ္တပေါင်မင်းကြီိး တည်သော သရေခေတ္တရာပြည်မြတ်သည် စနောင့်စနင်း ရှိသည် ဖြစ်၍ လုစားယက်စား ခိုးသားဓားပြ ထူထပ်သော အားဖြင့် ကွပ်ညှပ်မနိုင် ရှိရသည့်ပြင် လေပွေကြီး လာ၍ ဆန်ကောလွင့်သည်ကို ဆန်ကောရှင် မိန်းမသည် ငါ့ ဆန်ကော ငါ့ဆန်ကော ဟူ၍ လိုက်လေသည်ကို ငစကောစစ် လာသည်ဟူ၍ တစ်ပြည်လုံး ထိတ်လန့်သော အားဖြင့် ထိုပြည်၌ နေကုန်သော သူတို့သည် ၃ စု ကွဲ၏ ။ မင်းကြီးလည်း ထိုအခါ နာတော် မူ၍ အိမ်နိမ့် ၁၇ နှစ် ၊ စည်းစိမ် ၁၁ နှစ် ၊ သက်တော် ၂၈ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ အနိစ္စရောက်တော် မူလိုသော် လေပွေလာရာတွင် ဆန်ကောလွင့်၍ ပြည်သူတို့ ၃ စုကွဲခဲ့၏ ။ နံတော် တနင်္လာသားတည်း။
သရေခေတ္တရာ ရာဇ၀င်ချုပ် ပြီိး၏ ။
သက္ကရာဇ် ၁၆ ခု ရောက်သော အခါ ၃ စုကွဲလေ၏ ။ (၁) ပျူတစ်စု၊ (၂) ကမ်းယံတစ်စု၊ (၃) သက်တစ်စု၊ ၃ စုကွဲရာတွင် ပျူနှင့် ကမ်းယံ စစ်ပြုကြ၍ ဗိုလ်ပါများ ရာ နိုင်ကြစေဟု စကားအမြဲ ဆိုကြပြီးမှ ဘုရားတစ်ဆူ တည်ကြကုန်၏ ။ ကမ်းယုံတိ့ကား သရေခေတ္တရာပြည်မြောက် ပုထိုးကို တည်ကြကုန်၏ ။ ပုထိုးကြီး ပြီးသသူ နိုင်ရမည် စကားရှိသော ကြောင့် ကမ်းယံတို့က အုတ်ဖြင့် လုပ်ကြ၍ ပုထိုးကြီးမပြီးလေသော်၊ ပျူတို့သည် ပညာဖြင့် ကြံ၍ ၀ါးကို ပုထိုးအယောင် လုပ်ပြီးလျှင် ပုဆိုးဖြူကို လွှမ်း၍ ထီးတင်သည်ကို ကမ်းယံတို့က မြင်လေသော် ငါတို့ ရှုံးချေပြီဟူ၍ ထွက်ပြေးလေ၏ ။ ကမ်းယံ ပြေးလေပြီးသော် ပျူအချင်းချင်း စစ် ဖြစ်ကြပြန်၍ ၃ စု ကွဲပြန်၏ ။ တစ်စုကို ကျပင်းတို့ ယူလေ၏ ။ တစ်စုကို သက်တို့ ယူလေ၏ ။ တစ်စုကား တောင်ညိုဟူသော အရပ်ကို ပြည်တည်ထောင်၍ နေလေရာ ၃ နှစ် ရှိသော အခါ မွန်တို့က တိုက်ပြန်လေသော ကြောင့် ပျက်ချေ၏ ။ ထိုကသည် ပန်းတောင်းသက်သာ အရပ်ကို တည်ထောင်၍ နေပြန်ရာ ၆ နှစ် ရှိလျှင် ကမ်းယံတို့က တိုက်ပြန်လေ၍ ပျက်ပြန်ချေ၏ ။ ထိုကမှ မင်းတုန်းကို တည်ထောင်၍ ၃ နှစ် နေပြန်ပြီးမှ သက္ကရာဇ်တို ၂၉ ခုတွင် ယုန်လွှတ်ကျွန်း အရပ်၌ သမုဒ္ဒရာဇ် တည်ထောင်စ ပြု၏ ။
ထို ၁၉ ရွာတို့၏ အမည် ကား - (၁) ညောင်ဦး၊ (၂) နဂါးဘို၊ (၃) နဂါးကျစ်၊ (၄) မန်ကျည်းကြီး၊ (၅) တူတည်၊။ (၆) ကျောက်စကား၊ (၇) ကုတ်ကဲသိမ်၊ (၈) ညောင်ဝန်း၊ (၉) အနုရာဓ၊ (၁၀) တန်းဆောင်းကွန်း၊ (၁၁) ရွာမုံး၊ (၁၂) ကြင်လို၊ (၁၃) ကုက္ကို၊ (၁၄) တောင်ပ၊ (၁၅) မြေခဲတွင်း၊ (၁၆) သရက်ရ၊ (၁၇) အုံးများ ၊ (၁၈) ယုန်လွှတ်၊ (၁၉) ရွာစိုက်။ ဤ ၁၉ ရွာတည်း။ ရွာတစ်ရွာတွင် ရွာသူကြီး တစ်ယောက် တစ်ယောက် စီ ဖြစ်သော ကြောင့် ရွာသူကြီး ၁ ကျိပ် ၉ ယောက် ဖြစ်သည်။ ဤ ရွာသူကြီး ၁ ကျိပ် ၉ ယောက် တို့ကို ချုပ်၍ သမုဒဒရာဇ်မင်းကြီး မင်းပြုတော် မူ၏ ။
အညာ တကောင်းပြည်ကြီး၌ ခမည်းတော် သတိုးမဟာရာဇာမင်းကြီးနှင့် သားတော် ရသေ့မြိုကတည် မဟာသမ္ဘ၀မင်းတို့ မင်းပြိုင်စံ စံတော် မူကြကုန်သည်။ ထိုမင်းတို့မှ နွယ်တော် စဉ်ဆက် ဆင်းသက်ခဲ့သော တကောင်းနန်းရိုး သတိုးအာဒိစ္စရာဇာ မည် သော သာကီဝင်မင်းသည် မလည်အရပ်၌ ပြည်ရွာမငြိမ်မသက် ရှိသည်ကပင် ရှောင်လွှဲ၍ မထင်မရှားသော အသွင်ဖြင့် ဥယျာဉ်တောင်ယာ လုပ်စား နေထိုင်၏ ။ ထိုဥယျာဉ်တွင် နဂါးတွင်း ဟူ၍ လည်း ရှိ၏ ။ ထိုအခါ ဓလေ့အားဖြင့် ပြည်သူ ရွာသားအပေါင်းတို့သည် နဂါးကို အမြတ်တနိုး ပူဇော်ရိုး ဖြစ်၍ နေ့စဉ်မပြတ် ကိုးကွယ်ပူဇော်ခြင်းဖြင့် သားဆုကို တောင်းစမှတ် ပြုကုန်၏ ။ တစ်ရံရောအခါ မိမိတို့ ဘုန်းကြမ္မာအားဖြင့် ထိုသတိုးအာဒိစ္စရာဇာမင်း၏ မိဖုရားတွင် ပဋိသန္ဓေ္ဓရ၍ နေ့လစေ့ရောက်လျှင် အဆင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံသော သတို့သားကို ဖွားမြင်၍ စောထီးဟူသော အမည် ကို မှည့်၏ ။ ၇ နှစ် အရွယ်သို့ ရောက်လတ်သော် ထိုအရပ်၌ လေးအတတ်ကို အပြီးတိုင် တတ်မြောက်သော ဆရာရသေ့ထံ၌ အပ်လေ၏ ။ ဆရာရသေ့လည်း ရူပနိကာယ်၊ သဒ္ဒနိကာယ် စသော အထူးထူးသော လောကီဗေဒင်ကျမ်းတို့ကို တတ်မြောက်လေသော ကြောင့် ထိုသူငယ်၏ လုံးရပ်သဏ္ဍာန် ကြင်အင်လက္ခဏာနှင့် လည်း ပြည့်စုံ၏ ။ မချွတ်လျှင် အကြေအရပ်၌ မင်းအ ဖြစ်ကို ရလတ္တံဟု စောထီးဟူသော အမည် ကို လွှဲ၍ မင်းထီးဟူသော အမည် ကို မှည့်ပြီးမှ မင်းလောင်းမင်းလျာတို့ တတ်စရာသော အဋ္ဌာရသ အတတ်မျိုးတို့ကို အပြီးတိုင် တတ်မြောက်အောင် သင်ကြားပေး၏ ။ ၁၆ နှစ် အရွယ်သို့ ရောက်လတ်သော် ပုဂံပြည်သို့ သွားလိုသော ငှာ ခမည်းတော် မယ်တော် တို့ကို ပန်ကြားလတ်သော်၊ ခမည်းတော် မယ်တော် တို့လည်း မဆွကပင် အကြေအရပ်၌ မင်း ဖြစ်လတ္တံဟု ဆရာရသေ့ မိန့်ဆိုဖူးသည်ကို အမှတ်ပြု၍ သွားခွင့်ပေးပေ၏ ။ ခမည်းတော် ကလည်း ရတနာ အတိပြီးသော လေးမြားတို့ကို နှင်းအပ်တော် မူလိုက်၏ ။
လုလင်လည်း လေးမြားတို့ကို ရပြီးသော် ပုဂံပြည်သို့ သွား၍ ပျူအိုလင်မယားကို မှီတင်း၍ နေလေ၏ ။ ပျိုအို လင်မယားလည်း သားရင်း သမီးရင်း မရှိရကား အလွန်ချစ်ကြည်လေးမြတ်စွာ သား၏ အမှတ်ဖြင့် လုပ်ကျွေးမွေးမြူပေ၏ ။ တစ်ရံရောအခါ ပါသော လေးမြားတို့ကို စမ်းလိုသော ငှာ တောသို့ လှည့်ပတ်အံ့ဟု ပျူလင်မယားအား ပန်ကြားလတ်သော် ပျုအိုလင်မယားလည်း သားကို ချစ်ခြင်းဖြင့် စိုးရိမ်သော ကြောင့် ချစ်သား ဤပြည်တွင် (၁) အရှေ့မျက်နှာအရပ်၌ ၀က်ကြီးတစ်ခု အရံငါးရာနှင့် ရှိ၏ ။ (၂) အနောက်မျက်နှာအရပ်၌ ငှက်ကြီးတစ်ခု အရံငါးရာနှင့် ရှိ၏ ။ (၃) တောင်မျက်နှာအရပ်၌ ကျားကြီး အရံငါးရာနှင့် ရှိ၏ ။ (၄) မြောက်မျက်နှာအရပ်၌ ရှူးပျံ အရံငါးရာနှင့် ရှိ၏ ။ ချစ်သား ထိုရန်သူတို့ကို ပြည့်ရှင်မင်းကြီး စင်လျက် မအောင်နိုင်။ ယင်းသို့ ကြောက်မက်ဖွယ်အတိ မ ဖြစ်ဖူးမြဲသော ရန်သူတို့သည် ပြည်အလုံးကို နှိပ်စက်လေသည်တကား။ ၁၂ နှစ် တိုင်တိုင် ရှိလေပြီဟု ဆို၏ ။ လုလင်လည်း မိမိ စွမ်းပကား ခွန်အားကို ယုံကြည်၍ ရန်သူရှိရာ ရှာ၍ သွားရောက် သတ်ဖျောက်အောင်မြင်လေသတည်း။
မင်းကြီးလည်း ၁၂ နှစ် တိုင်တိုင် အစာပေးရသော ရန်သူတို့ကို နှိပ်နင်း၍ သေလေပြီဟု ကြားတော် မူလေသော် အလွန်အားရတော် မူသည် ဖြစ်၍ စစ်အင်္ဂါလေးပါးနှင့် တကွ မင်းသားရှိရာသို့ သွားရောက်တော် မူလေ၏ ။ ရောက်လေသော် တောင်ငယ်ခန့် အတိုင်းအရှည်ရှိသော ငှက်ကောင်ကို မြင်တော် မူလေ၏ ။ မင်းသားအား ဤသို့ မိန့်တော် မူ၏ ။ အမောင်သည် ဤသို့ သော ရန်သူကို ခွင်းပေသည်ကား အဘယ်သူ၏ အမျိုးအနွယ် ဖြစ်သနည်း၊ အဘယ်လက်နက်ဖြင့် ခွင်းသနည်းဟု မေးတော် မူ၏ ။ မင်းသားလည်း ဟုတ်မှန်တိုင်းကို ပြောသော် သမုဒ္ဒရာဇ်မင်းလည်း ဤသို့ အရိုးအမျိုး ဘုန်းလက်ရုံးနှင့် ဆောက်နှင်း၍ အိမ်ရှေ့အရာကို အပ်နှင်းတော် မူလေ၏ ။ ပျူမင်းထီး အိမ်ရှေ့မင်း ဖြစ်သော အခါ ၁၆ နှစ် တည်း။ အိမ်ရှေ့မင်း ဖြစ်၍ ၃ နှစ် ရှိသော အခါ သမုဒ္ဒရာဇ်မင်းကြး အနိစ္စ ရောက်တော် မူ၏ ။ သမုဒ္ဒရာဇ် မင်းကား အိမ်နိမ့် ၃၂ နှစ် ၊ မင်းစည်းစိမ် ၄၅ နှစ် ၊ သက်တော် ၇၂ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်တော် မူလိုသော် ဥပါလှည်းဘီးခန့် ရှေ့တော် ၀ယ် ကျ၏ ။ နံတော် တနင်္ဂနွေသားတည်း။
သမုဒ္ဒရာဇ်မင်းကြီး အနိစ္စရောက်တော် မူလျှင် ပျူမင်းထီး မင်းမပြုဦးဘဲ ကျေးဇူးတင်ပေဖူးသည့် တကောင်းနန်းမျိုး ဖြစ်သော ဆရာရသေ့အား လူပြုစေ၍ မင်းမြှော က်လေ၏ ။ (ထိုသို့ လူပြုသည်ကို အကြောင်းရည်၍ ရသေ့ကြောင်ဟု နောက်မှ တွင် ကုန်၏ ။) သက္ကရာဇ် ၇၄ ခုသော် ရသေ့ကြောင် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၉၁ နှစ် ၊ စည်းစိမ် ၁၅ နှစ် ၊ သက်တော် ၁၆ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်တော် မူလိုသော် ဒိန္နက်သဲသင်္ကြန် တစ်ပြိုင်နက် သင့်၏ ။ နံတော် တနင်္လာသားတည်း
သက္ကရာဇ် ၈၉ ခုသော် ပျူစောထီး မင်း ဖြစ်တော် မူ၏ ။ ထိုမင်းကား ပျူအိုတို့မွေး၍ ကြီးသော ကြောင့် ပျုမင်းထီးဟု တွင် ၏ ။ ထိုပျူမင်းထီး လက်ထက်တွင် မှ အရိနဒ္ဒနာဟု တွင် ၏ ။ ပျူမင်းထီး မိဖုရားကား - (၁) သမုဒ္ဒရာဇ်မင်းကြီး သမီးတော် သီရိစန္ဒာဒေ၀ီလည်း တစ်ပါး၊ (၂) ဘုန်းလက်ရုံးအားတော် ကြောင့် ဆက်လာရသော က္ကရန္ဒဒေ၀ီလည်း တစ်ပါး၊ ဤ ၂ ပါးတည်း။ မင်းမြောက်တန်ဆာ ငါးပါးနှင့် တကွ မင်းဆောင် မင်းခမ်းမင်းနားတို့ကို အကုန် ဆောက်နှင်းပေ၏ ။ သန္တာထီးရိုး ရှစ်စင်းကား အလျားကိုးတောင် တစ်မိုက်၊ လုံးပတ် သုံးထွာ၊ အထပ်တစ်ရာရှိသော နူးညံ့သိမ်မွေ့ လှစွာ သော ကုမုဒြာ ကြာချည်ဖြင့် ပြီးသော ထီးရွက်၊ အဖိုး အတိုင်းမသိပြီးသော န၀ရတ်ကိုးပါးဖြင့် ခြယ်လှယ်စီအပ်သော ညောင်ရွက်၊ ထီးခံတိုင်အောင် အရောင် ဖြင့် ဖုံးလွှမ်းအပ်သော ထီးကြက်စီ တပ်အပ်သော ရတနာမျက်မြတ်၊ ဆဒ္ဒန်အိုင်မှ ဖြစ်သော ဂီရိမေခလာ အမည် ရှိသော ဆဒ္ဒန်ဆင်၊ အဿဇာနည်မြင်း၊ ဤသို့သော မင်းဆောင် မင်းယောင်တို့ကိုလည်း ဆောက်နှင်းပေ၏ ။
ထိုမင်းကြီးတွင် သေနာပတိ စစ်သူကြီး လေးယောက် တို့မှာ - (၁) ရာဇ၀ဍ္ဎလည်း တစ်ယောက် ၊ (၂) ဒေ၀၀ဍ္ဎလည်း တစ်ယောက် ၊ (၃) ဓမ္မ၀ဍ္ဎလည်း တစ်ယောက် ၊ (၄) နာဂ၀ဍ္ဎနာလည်း တစ်ယောက် ၊ ဤလေးယောက် တည်း။ အမတ်ငယ် ရှစ်ထောင်၊ အမှူးကား သော င်းခြောက်ထောင်၊ ခြေသည် သူရဲအား၊ ဆင်အား၊ မြင်းအားတို့လည်း များ ပြားလှစွာ ရှိသော ဟူ၏ ။
ထိုမင်း လက်ထက် နိုင်ငံတော် ကျေးလက် ဖြစ်သော ကောသမ္ဘိမြို့သို့ ကုဋေအရာမကသော တရုတ်စစ်သည်တို့ ရောက်သော အခါ မင်းကြီး ကိုယ်တော် တိုင် ဆင်လုံးမြင်းရင်း အများ နှင့် ချီတော် မူ၍ နှိပ်နင်းလုပ်ကြံတော် မူလိုက်၏ ။
ထိုမင်းမိဖုရား က္ကရန္ဒဒေ၀ီတွင် သားတော် သမီးတော် မရှိ။ စန္ဒာဒေ၀ီ မိဖုရားတွင် ထီးမင်းယဉ် မင်းသားကို မြင်တော် မူ၏ ။ အရွယ်သို့ ရောက်လျှင် အိမ်ရှေ့အရာကို ပေးတော် မူ၏ ။ ပျူမင်းထီးကား ဘုန်းလက်ရုံးအာဏာနှင့် ပြည့်စုံတော် မူသော မင်း ဖြစ်၍ ဇမ္ဗူဒီပါကျွန်း၌ နေကုန်သော မင်းအပေါင်းတို့က ဆက်စာသ၀ဏ်နှင့် လက်ဆောင် လက်နက် သမီးကညာ ရတနာ ဆင်မြင်းတို့ကို ဆက်လာရကုန်၏ ။ ထိုမင်းကား သဒ္ဓါ၊ သီလ၊ ဟီရိ၊ သြတ္တပ္ပ အစရှိသော သူတော် တရား ၇ ပါး၊ မင်းကျင့်တရား ၁၀ ပါးနှင့် လည်း ပြည့်စုံတော် မူ၏ ။ ဘုရားသခင် သာသနာတော် ၌ ကောင်းစွာ ချီးမြှော က်တော် မူ၏ ။ နောင်လာလတ္တံသော မင်းတို့စီးပွား ဂ၀ံပတေ့ရသေ့တို့နှင့် တိုင်ပင်တော် မူ၍ “အတ္ထေသု ဓမ္မ သတ္ထေသု” ဂါထာဦးတပ်သော ဓမ္မသတ်ကျမ်းကိုလည်း ပြုတော် မူပေ၏ ။ ငှက်ကြီးဦးခွံ မြှုပ်ရာအရပ်၌ လည်း ဥမင်နှင့် ဘုရားတည်တော် မူ၏ ။ ထိုမှတစ်ပါးလည်း ဘုရားဂူကျောင်း လိုဏ်ခေါင်း ဥမင် ပြုစုတော် မူသည်ကား များ ၏ ။ အမှူးအမတ် ကလန် သံပျင် အစရှိသော ပြည်သူ လူရဟန်းတို့အားလည်း ရင်တော် ၌ ဖြစ်သော သားကဲ့သို့ သနားကြင်နာတော် မူ၏ ။ ဤသို့ ဆိုခဲ့ပြီးသော ကုသိုလ် ကောင်းမှု တို့ကို ဆည်းပူးတော် မူ၍ အိမ်နိမ့် ၃၅ နှစ် ၊ စည်းစိမ် ၇၅ နှစ် ၊ သက်တော် ၁၁၀သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် ကြာသာပတေးကြယ် လတွင် ချဉ်း၏ ။ တစ်နေ့လုံး ညဥ့်ကဲ့သို့ မိုက်၏ ။ (ထိုမင်း ကိုယ်တော် အရပ်ကား ၅ တောင်၊ ကိုယ်တော် လုံးပတ်ကား ၃ တောင်ရှိသော ဟူ၏ ။) နံတော် အင်္ဂါသားတည်း။
သက္ကရာဇ် ၁၆၄ ခုသော် ထိုမင်း သားတော် ထီးမင်းယဉ် မင်း ဖြစ်တော် မူ၏ ။ ရာဇဘိသေက ခံတော် မူ၏ ။ အိမ်နိမ့် ၅၀၊ စည်းစိမ် ၅၇ နှစ် ၊ သက်တော် ၁၀၇ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်တော် မူလိုသော် ဒိန္နက်သဲသင်္ကြန် တစ်ပြိုင်နက် သင့်၏ ။ ကြာသပတေးကြယ် လ တွင် ချဉ်း၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
သက္ကရာဇ် ၂၂၁ ခုသော် ထိုမင်း သားတော် ယဉ်မင်းပိုက် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၅၀၊ စည်းစိမ် ၂၅ နှစ် ၊ သက်တော် ၇၅ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် ကြာသာပတေးကြယ် လ ထက်နား၏ ။ ငလျင် ၇ ရက်တိုင်အောင် လှုပ်၏ ။ နံတော် ကြာသာပတေးသားတည်း။
သက္ကရာဇ် ၂၄၆ ခုသော် ထိုမင်း သားတော် ပိုက်သေဉ်လည် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၄၁ နှစ် ၊ စည်းစိမ် ၂၀၊ သက်တော် ၆၁ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် နေတံခွန် ထန်းခုနှစ် ဆင့်လောက် ပြ၏ ။ ကောင်းကင်၌ ကြယ်တစ်ဝက် မမြင် ပျောက်၏ ။ နံတော် ကြာသာပတေး သားတည်း။
သက္ကရာဇ် ၂၆၆ ခုသော် ထိုမင်း သားတော် သေဉ်လည်ကြောင်* မင်း ဖြစ်တော် မူ၏ ။ ထိုမင်းလက်ထက်တွင် မှ ရွာစု ၁၉ ရွာကို ဖျက်၍ လောကနန္ဒာ အရပ်၌ မြို့တည်ပြီးလျှင် သီရိပစ္စယာ ဟူ၍ လည်း သမုတ်တော် မူ၏ ။ မင်း၏ တရား ၁၀ ပါးနှင့် လည်း ပြည့်စုံတော် မူ၏ ။ ပြည်သူ လူရဟန်းတို့အား သနားကြင်နာတော် မူ၏ ။ အမှူးအမတ် ကလန် သံပျင် အစရှိသော ပြည်သူ လူအပေါင်းတို့လည်း နှစ် လိုသည် ဖြစ်၍ မြတ်သော ဆုကို ယူကုန်၏ ။
(*သေဉ်လည်ကြောင်မင်း ခေါ်သည်မှာ မင်းသား လက်ထက်က တောင်တွင်းကြီးမြို့ အနောက်မြောက်ယွန်းတွင် ရှိသည့် ယခုအခါ ဘုရားပုထိုးဟောင်း ကျောင်းရာဟောင်း ရွာဆိုးကုန်း ဖုန်းဆိုးတောမျှသာ ဖြစ်နေသည့် သေဉ်လည်ကြောင်ရွာစား ဖြစ်သော ကြောင့် တည်း။)
ထိုမင်းလက်ထက် မဟာဂီရိ* နတ်မောင်နှမ ရောက်လာ၍ ပုပ္ပားတောင်မှာ ထားလေ၏ ။ အိမ်နိမ့် ၅၃ နှစ် ၊ စည်းစိမ် ၄၃ နှစ် ၊ သက်တော် ၉၆ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် ၇ ရက်တိုင်တိုင် လေပြင်းမုန်တိုင်း လာ၍ သစ်ပင်အများ ကျိုးပဲ့ကုန်၏ ။ နံတော် တနင်္ဂနွေသားတည်း။
(*တကောင်းပြည်သား ပန်းပဲတင့်တော် သား ငတင့်တယ်သည် စွမ်းပကား ခွန်အား ကြီးသည် ဖြစ်၍ အလွန် ကျော်စော ထင်ရှား၏ ။ ဆင်ပြောင်စွယ်ကိုလည်းကောင်း ချိုး၍ ပစ်သော ဟူ၏ ။ ထိုအကြောင်းကို တကောင်းမင်းကြီး ကြားတော် မူလေသော် ချင်းလျှင် ငါ၏ စည်းစိမ်ကို လုလတ္တံ။ ချင်းကိုဖမ်း၍ ဖျောက်လေဟူ၍ အမှူးအမတ်တို့ကို မိန့်တော် မူလေ၏ ။ ငတယ့်တယ်လည်း အသက်သေအံ့သည်ကို ကြောက်လန့်၍ ဝေးစွာ သော ခရီးကို ပြေးလေ၍ တောကြီးတစ်ခု၌ နေလေ၏ ။ မင်းကြီးလည်း ရွှံ့ရှာတော် မူသော အားဖြင့် ငတင့်တယ်နှမကို ယူ၍ မိဖုရားမြှော က်တော် မူ၍ ရှည်လျားလတ်သော် မိဖုရားကိုမင်းကြီး ဤသို့ မိန့်တော် မူသည်။ သင့်မောင်သည်ကား ခွန်အားဗလနှင့် လည်း ပြည့်စုံသည်၊ ငါ မြို့ကွပ်ခန့်တော် မူမည် ဖြစ်သော ကြောင့် အလျင်ခေါ်စေလေ ဟူ၍ မိန့်တော် မူ၏ ။ မိဖုရားလည်း မင်းကြီး အမိန့်တော် ကို ယုံကြည်သည် ဖြစ်၍ ခေါ်လေ၏ ။ ငတင့်တယ်လည်း ငါ့နှမကို မိဖုရား မြှော က်လေပြီးသည် ဖြစ်သော ကြောင့် ငါ့ကို အမှု ထမ်းစေလို၍ ခေါ်သည်ဟု အမှတ်ရှိသဖြင့် လိုက်လာ၏ ။ မင်းကြီးလည်း ဥပါယ်တံမျဉ်ဖြင့် ဖမ်းစေ၍ စံကားပင်တွင် ချည်ပြီးသော်ထင်းမီးသွေး အများ ထည့်၍ ဖိုကျင်ထိုးစေလေ၏ ။ မိဖုရားလည်း ငါ့မောင်သည် ငါ့ကြောင့် သေရပလေသည် ဟူ၍ မီးတွင် ဆင်းလေ၏ ။ မင်းကြီးလည်း မိဖုရားဆံထုံးကို ဆွဲုလိုက်၍ ကိုယ်ကား ကျွမ်းလေသည်။ ခေါင်းမျက်နှာကိုသာ ရလိုက်သော ဟူ၏ ။ ထိုမောင်နှမ သေလေပြီးသော် နတ်မောင်နှမ ဖြစ်၍ စကားပင်တွင် နေလေ၏ ။ ထိုစကားပင်ကို လူသူ မြင်း ကျွဲ နွား ချဉ်းဝင်မိလေသော် သေကုန်လေ၏ ။ ဤသို့နှင်နှင် ဖြစ်ရကား စကားပင်ကို အမြစ်က တူး၍ ဧရာဝတီမြစ်ကို မျှောလိုက်လေ၏ ။ ထိုအခါ ပုဂံသို့ ရောက်လေ၍ နတ်မောင်နှမရုပ် ထုပြီးသော် ပုပ္ပားတောင်မှာ ထား၍ မင်း မှူးမတ် စသော ပြည်သူတကာ အပေါင်းတို့သည်လည်း တစ်နှစ် တစ်ကြိမ် ဖူးမြင်ကြကုန်၏ ။)
သက္ကရာဇ် ၃၀၉ ခုသော် ထိုမင်း သားတော် ကြောင်ဒူရစ်* မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၅၅ နှစ် ၊ စည်းစိမ် ၂၅ နှစ် ၊ သက်တော် ၈၀ သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်တော် မူလိုသော် လ တံခွန်ပြ၏ ။ ဖျောက်ဆိပ်လတွင် ချဉ်း၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
သုဝဏ္ဏဘုမ္မိ မည် သော သထုံပြည် ဓမ္မပါလမင်း လက်ထက်တွင် ရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ ကူး၍ ပိဋကတ်တော် ကို ဆောင်ယူတော် မူသည်မှာ ကြောင်ဒူရစ်မင်း နန်းစံသော ခေတ်ပင် ဖြစ်၏ ။
သက္ကရာဇ် ၃၃၄ ခုသော် ကြောင်ဒူရစ်မင်း သားတော် သည်ထန်မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၅ နှစ် ၊ စည်းစိမ် ၂၇ နှစ် ၊ သက်တော် ၆၂ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် လောင်မီး ၇ ရက်တိုင်အောင် ကျ၏ ။ အရိပ်ပြန်၏ ။ နံတော် စနေသားတည်း။
သက္ကရာဇ် ၃၆၁ ခုသော် မင်းရိုးမဟုတ်သော အမတ်သုံးယောက် နန်းလုကြ၍ ထိုသုံးယောက် တွင် (၁) အမတ် မုက္ခမန် ဆိုသော သူ နိုင်၍ မင်းပြုစဉ်၊ ၃ လရှိလျှင် မုက္ခမန်ကို (၂) သူရဲလု၍ မင်းပြုပြန်လေ၏ ။ မုက္ခမန်အနိစ္စရောက်လိုသော် ကျောက်စရစ်မိုး ရွာ၏ ။ သူရဲမင်းကား အိမ်နိမ့် ၃၂ နှစ် ၊ စည်းစိမ် ၅၈ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် ညောင်ဦးကမ်းပါး အစဉ်အတိုင်း ပြို၏ ။ နံတော် ကြာသာပတေးသာတည်း။
သက္ကရာဇ် ၄၁၆ ခုသော် သည်ထန်မင်းမြေး ပုန်းကွယ်၍ နေလေရာ၊ မှူးမတ်တို့ ရှာ၍ နန်းတင်ကြလေသော် သာရမွန်ဖျား ဟူသော အမည် ကို ခံ၍ မင်းပြုတော် မူ၏ ။ အိမ်နမ့် ၅၅ နှစ် ၊ စည်းစိမ် ၂၂ နှစ် ၊ သက်တော် ၇၇ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် ကြယ်ချင်း ခွပ်ကြ၏ ။ နံတော် သော ကြာသားတည်း။
သက္ကရာဇ် ၄၃၈ ခုသော် ထိုမင်း သားတော် သိုက်တိုင် မင်း ဖြစ်တော် မူ၏ ။ ထိုမင်းကား လုံးရပ်လည်း ကြီး၏ ။ သီရိပစ္စယာမြို့ကို ပစ်၍ သမထီးအရပ်၌ မြို့တည်ပြီးလျှင် တမ္ပ၀တီဟု သမုတ်၍ နေ၏ ။ အရည်းကြီးတို့ အယူကိုသာ အယူများ ၍ သာသနာတော် အားနည်းစ ပြု၏ ။ အိမ်နိမ့် ၄၅ နှစ် ၊ စည်းစိမ် ၇ နှစ် ၊ သက်တော် ၅၂ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် လ တွင် တာရာ ချဉ်း၏ ။ လောင်မီး ၇ ရက်တိုင်အောင် ကျ၏ ။ နံတော် စနေသားတည်း။
သက္ကရာဇ် ၄၄၅ ခုတွင် သားတော် သေဉ်လည်ကြောင်ငယ် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၅ နှစ် ၊ စည်းစိမ် ၉ နှစ် ၊ သက်တော် ၄၄ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် မြစ်ရေ အညာသို့ ဆန်၏ ။ မိုးကြီး သည်းစွာ ရွာ၏ ။ နံတော် တနင်္လာသားတည်း။
သက္ကရာဇ် ၄၅၄ ခုသော် ထိုမင်း ညီ သေဉ်လည်ပိုက် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၂၀၊ စည်းစိမ် ၁၅ နှစ် ၊ သက်တော် ၃၅ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် အိမ်တော် အခိုးထွက်၏ ။ နံတော် စနေသားတည်း။
သက္ကရာဇ် ၄၆၉ ခုသော် ထိုမင်း ညီတော် ခန်းလောင်း မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၂ နှစ် ၊ စည်းစိမ် ၁၀ နှစ် ၊ သက်တော် ၄၂ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် လေမလာဘဲ မြစ်မှာ လှိုင်းတံပိုး ပြင်းစွာ ပွက်၏ ။ နံတော် သော ကြာသားတည်း။
သက္ကရာဇ် ၄၇၉ ခုသော် ထိုမင်းညီတော် ခန်းလတ် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၉ နှစ် ၊ စည်းစိမ် ၁၂ နှစ် ၊ သက်တော် ၅၁ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် ၇ ရက်တိုင်တိုင် ဘီလူး ပြည်အလုံးကို လည်၍ ရယ်၏ ။ လူတို့သည် ဘီလူးရယ်သံ ကြား၍ မအိပ်ဝံ့ ရှိကြကုန်၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
သက္ကရာဇ် ၄၉၁ ခုသော် ထိုမင်း သားတော် ထွန်တိုက် မင်း ဖြစ်တော် မူ၏ ။ ထိုမင်းကား မင်းတို့၏ အစဉ် လယ်ထွန်မင်္ဂလာပြုမြဲ ရွှေကျွဲ ရွှေနွား ရွှေထွန်တို့ဖြင့် ထွက်တော် မူ၏ ။ လယ်ထွန်သော အခါ မင်းကြီး ၀တ်တော် မူသော ရွှေဝတ်လုံဖျင်လက်ကို လေခတ်၍ လွင့်သည်ကို နွားလန့်၍ ပြေးလေလျှင် ထွန်ခွင်ထဲဝယ် ကျ၍ အိမ်နိမ့် ၃၅ နှစ် ၊ စည်းစိမ် ၁၃ နှစ် ၊ သက်တော် ၄၈ နှစ် တော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် လ တွင် ကြယ် ချဉ်း၏ ။ နေ့ကို ကြယ်အများ ထွက်၏ ။ နံတော် တနင်္လာသားတည်း။
သက္ကရာဇ် ၅၀၄ ခုသော် ထိုမင်း သားတော် ထွန်ပစ် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၀၊ စည်းစိမ် ၁၆ နှစ် ၊ သက်တော် ၄၆ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ အနိစ္စရောက်တော် မူလိုသော် နေ ၂ ခု ထွက်၏ ။ အရိပ်လည်း မထွက်။ ကြာသာပတေးကြယ်နှင့် သော ကြာကြယ် ခွပ်ကြ၏ ။ နံတော် ကြာသာပတေးသားတည်း။
သက္ကရာဇ် ၅၂၀ သော် ထိုမင်း သးတော် ထွန်ချစ်မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၂၂ နှစ် ၊ စည်းစိမ် ၁၅ နှစ် ၊ သက်တော် ၃၇ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် ဖျောက်ဆိပ်တွင် ကြာသာပတေးကြယ် နင်း၍ သွား၏ ။ လ လည်း တံခွန်ပြ၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
သက္ကရာဇ် ၅၃၅ ခုသော် မိဖုရားဆရာ သင်္ဃရာဇာ မင်း ဖြစ်တော် မူ၏ ။ ထိုမင်းကား ပါပစုတ်သား မင်းတရားလည်း ဟူ၏ ။ ပုပ္ပားစောရဟန်းလည်း ဟူ၏ ။ ထိုမင်းကား ပိဋကတ် ဗေဒင်ကို အလွန် တတ်လှစွာ ၏ ။ အဆင်းလည်း အလွန်လှ၏ ။ သဒ္ဓါ သီလနှင့် လည်း ပြည့်စုံတော် မူ၏ ။ (ထွန်ချစ်မင်း မရှိလျှင် မင်းမိဖုရားတို့နှင့် ညီ၍ မင်းမြှော က်သဖြင့် ထွန်ချစ်မင်းသား ရွှေအုန်းသီး ကြောက်၍ ပြေးခဲ့ပြီးလျှင် ပလင်းအရပ်၌ ရူးကျွန်ပြု၍ ဖုန်းစား တောင်းစား နေလေ၏ ။) ပုပ္ပားစောရဟန်းကား မင်းကျင့်တရားဆယ်ပါးကိုလည်း စောင့်တော် မူ၏ ။ ပြည်သူ လူရဟန်းတို့အားလည်း ၀မ်းထွက်သားကဲ့သို့ ချစ်မြတ်နိုးတော် မူ၏ ။ နေမျိုး အစဉ်မပြတ် ကောင်းပလေဟူ၍ လည်း မင်းသား ရွှေအုန်းသီး ရှောင်ရှား၍ နေလေရာ၌ ခေါ်၍ ၊ သမီးတော် နှင့် ဆောက်နှင်း၍ အိမ်ရှေ့အရာကို ပေးတော် မူ၏ ။ ထိုမင်း နန်းတက်၍ ၂၇ နှစ် ရှိသော အခါ ခ ဆ ပဉ္စ ကျိန်းသည် ကြုံကြိုက်လတ်၍ ၊ ၅၆၀ ကို ဖြို၍ ပသျှူဆိဒြမုနိ ကျိန်းဟု အတို ၂ ခု * ထား၏ ။
ထိုမင်းကား ဖြိုသော သက္ကရာဇ်တွင် အိမ်နိမ့် ၃၇ နှစ် ၊ စည်းစိမ် ၂၇ နှစ် ၊ သက်တော် ၆၄ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် နန်းတော် ထက် လင်းတ ခုနစ်ခု နား၏ ။ ကျိတ်ထွက်၏ ။ နံတော် တနင်္ဂနွေ သားတည်း။
(* သက္ကရာဇ်ကား ၂ ခု တည်းရိုးတည်း။ သူဇိဓာတ်ကျမ်းပြု၊ ဓာတ်လုပ်၊ အဓိပတိလုပ်၊ ပြည့်နက်သတ်အတွက် ဤ ၄ ပါးကား သက္ကရာဇ်အသစ် တည်၍ တွက်ရိုးတည်း။ တူသည်ကား သမသော ၊ တန်ဆာစု၊ အဓိသမာသ်ပြိုခြင်း၊ အတာသုဉ်း၊ ဤ ၄ ပါးကား သက္ကရာဇ် တူက တူရိုးတည်း။ ပုပ္ပားစောရဟန်း ဖြိုသည်ကား ၅၆၂ ခုသော် သက္ကရာဇ် ၅၆၀ ကို ဖြို၍ အစွန်း ၂ ခုကို သက္ကရာဇ်ကို ၂ ခုဟု ခေါ်သတည်း။
သက္ကရာဇ်တို ၂ ခုသော် ထိုမင်း သမက်တော် ရွှေအုန်းသီး မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၅ နှစ် ၊ သက်တော် ၄၇ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် နန်းတွင်းသို့ ကျားဝင်၏ ။ နံတော် သော ကြာသားတည်း။
သက္ကရာဇ် ၁၄ ခုသော် ထိုမင်း ညီတော် ပိတ်သုံမင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၄၁ နှစ် ၊ စည်းစိမ် ၈ နှစ် ၊ သက်တော် ၄၉ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် ဖျောက်ဆိပ် လ တွင် ချဉ်း၏ ။ လင်းတအများ နန်းတော် ၀ယ် ပျံဝဲ၍ ကျအံ့သို့ ပြု၏ ။ နံတော် သော ကြာသားတည်း။
သက္ကရာဇ် ၂၂ ခုသော် ထိုမင်း သားတော် ပိတ်တောင်း မင်း ဖြစ်တော် မူ၏ ။ (ပိတ်တောင်းမင်းနှင့် ငခွေးကား ညီအစ်ကိုတည်း) အိမ်နိမ့် ၂၂ နှစ် ၊ စည်းစိမ် ၅၀ နှစ် ၊ သက်တော် ၇၂ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် ဒိန္နက်သဲ သင်္ကြန် တစ်ပြိုင်နက် သင့်၏ ။ နံတော် စနေသားတည်း။
သက္ကရာဇ် ၇၂ ခုသော် ထိုမင်းညီ ငခွေး မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၅၅ နှစ် ၊ စည်းစိမ် ၆ နှစ် ၊ သက်တော် ၆၁ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် ကြာသာပတေးကြယ် ၁၅ ရကတိုင်အောင် တံခွန်ပြ၏ ။ အရိပ်ပြန်၏ ။ နံတော် တနင်္လာသားတည်း။
သက္ကရာဇ် ၇၈ ခုသော် မြင်းကျွေး မင်း ဖြစ်တော် မူ၏ ။ မင်းရိုးမဟုတ်။ ကုက္ကိုတောင်ပရွာသား သူကြွယ်ကျွန်တည်း။ တစ်ရံရောအခါ သခင် သူကြွယ်မသည် မြင်းကျောင်းစေ၍ မြင်းပျောက်ခဲ့၏ ။ အရှင်ကို ကြောက်ရွံ့သော အားဖြင့် မင်းတွင် ၀င်၍ ခစားလေ၏ ။ မင်းကြီလည်း နီကမ်းစွာ စေတော် မူ၏ ။ ထိုသူလည်း စွမ်းပကား ခွန်အား ကြီးသည် ဖြစ်၍ မြင်းခံအကြီး ပြုစေ၏ ။ မင်းကြီးမြင်းကို ချစ်လှစွာ ၏ ။ နေ့အခါ လူဆိတ်ညံပြီးသော် မြင်းတင်းကုပ်သို့ လာ၍ မိုရား တစ်ယောက် နှင့် နေစမှတ် ပြုတော် မူ၏ ။ လာဖန်များ သော် မြင်းခံအကြီးနှင့် မိဖုရား စကားဝင်ကြ၏ ။ အခါတစ်ပါး မင်းကြီး တောကစားတော် မူလေ၍ တောအုပ်သို့ ရောက်လျှင် မှူးမတ်ဗိုလ်ပါတို့နှင့် ကွဲ၍ မင်းကြီးကို မြင်းခံ လုပ်ကြံလေ၏ ။ မင်းကြီး ၀တ်တော် မူသော တန်ဆာတို့ကို ဆင်ယင်၍ မြင်းကို စီးပြီးလျှင် မြို့သို့ ပြန်လေ၏ ။ နန်းသို့ ရောက်လျှင် အလိုသို့ မပါသော မိုဖုရား တစ်ယောက် ကို လုပ်ကြံ၍ အလိုသို့ချည်း ပါကြလေ၏ ။ အမှူးအမတ်တို့လည်း စနောင့်စနင်း ရှိလတ္တံသည်ကို စိုး၍ အလိုသို့ ပါရလေ၏ ။။ ထိုမင်းကား အိမ်နမ့် ၂၁ နှစ် ၊ စည်းစိမ် ၁၀ နှစ် ၊ သက်တော် ၃၁ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် ကြာသာပတေးကြယ် လ တွင် ချဉ်း၏ ။ နံတော် စနေသားတည်း။
သက္ကရာဇ် ၈၈ ခုသော် မင်းရိုး ဖြစ်သော သိင်္ခ မင်း ဖြစ်တော် မူ၏ ။ မြင်းကျွေးမင်းမှာ သားမရှိ၍ အမတ်တို့သည် မင်းရိုးကိုရှာ၍ မင်းပြုစေသတည်း။ အိမ်နိမ့် ၅၃ နှစ် ၊ စည်းစိမ် ၈ နှစ် ၊ သက်တော် ၆၁ နှစ် တွင် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် ၇ ရက်ပတ်လုံး ကောင်းကင်ဝယ် သွေးခဲကဲ့သို့ ထင်၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
သက္ကရာဇ် ၉၆ ခုသော် သားတော် သိန်းခွန် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၅၅ နှစ် ၊ စည်းစိမ် ၁၀ နှစ် ၊ သက်တော် ၆၅ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် နန်းတော် တွင်းသို့ ကျားသုံးခု ၀င်၍ ၊ တစ်ခုကား နန်းတော် ထက်သို့ တက်၏ ။ နံတော် အင်္ဂါသားတည်း။
သက္ကရာဇ် ၁၀၆ ခုသော် ထိုမင်း သားတော် ရွှေလောင်း မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၅ နှစ် ၊ စည်းစိမ် ၉ နှစ် ၊ သက်တော် ၄၄ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် နန်းတော် ၌ ပျားစွဲ၏ ။ ခွေးလည်း နန်းတက်တွင် သားမွေး၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
သက္ကရာဇ် ၁၁၅ ခုသော် ထိုမင်း သားတော် ထွန်ထွင်းမင်း မင်း ဖြစ်တော် မူ၏ ။ တောကစားရာဝယ် မင်းကြီး မြင်းထက်က ကျ၍ ရှားငြောင့်စူး၍ အနိစ္စ ရောက်တော် မူ၏ ။ အိမ်နိမ့် ၂၆ နှစ် ၊ စည်းစိမ် ၉ နှစ် ၊ သက်တော် ၃၅ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် ဒိန္နက်သဲ သင်္ကြန် တစ်ပြိုင်နက် သင့်၏ ။ နံတော် စနေသားတည်း။
သက္ကရာဇ် ၁၂၄ ခုသော် ထိုမင်း သားတော် ရွှေမှော က် မင်း ဖြစ်တော် မူ၏ ။ လုံ့လ၀ီရိယ လုပ်ရည်ကြံရည်နှင့် လည်း ပြည့်စုံတော် မူ၏ ။ အိမ်နိမ့် ၂၀၊ စည်းစိမ် ၂၃ နှစ် ၊ သက်တော် ၄၃ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ နံတော် ကြာသာပတေးသားတည်း။
သက္ကရာဇ် ၁၄၇ ခုသော် ထိုမင်းညီ ထွန်လတ်မင်း မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၉ နှစ် ၊ စည်းစိမ် ၁၇ နှစ် ၊ သက်တော် ၅၆ နှစ် သော် အနိစ္စရောက်တော် မူ၏ ။ ရောက်လိုသော် တစ်ရာသီတွင် ဂြိုဟ် ၈ လုံး စု၏ ။ စနေကြယ်တံခွန် ပြ၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
သက္ကရာဇ် ၁၆၄ ခုသော် သားတော် စောခင်နစ် မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၆ နှစ် ၊ စည်းစိမ် ၂၇ နှစ် ၊ သက်တော် ၆၃ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် စနေကြယ်၊ သော ကြာကြယ်၊ လတွင် ၀င်၏ ။ နံတော် ကြာသာပတေးသားတည်း။
သက္ကရာဇ် ၁၉၁ ခုသော် ထိုမင်း သားတော် ခဲလူး မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၃၅ နှစ် ၊ စည်းစိမ် ၁၇ နှစ် ၊ သက်တော် ၅၂ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် ကြာသာပတေးကြယ် လ တွင် ချဉ်း၏ ။ သော ကြာကြယ် တံခွန် ဖြစ်၏ ။ ဒိန္နက်သဲသင်္ကြန် တစ်ပြိုင်နက် သင့်၏ ။ နံတော် တနင်္ဂနွေသားတည်း။
သက္ကရာဇ် ၂၀၈ ခုသော် ထိုမင်း ညီတော် ပျဉ်ပြားမင်း မင်းပြုတော် မူ၏ ။ (မင်းသားငယ် လက်ထက် ပျဉ်ပြားရွာကို စားရသော ကြောင့် ပျဉ်ပြားမင်းဟု တွင် ၏ ။) အိမ်နိမ့် ၄၅ နှစ် ၊ စည်းစိမ် ၃၂ နှစ် ၊ သက်တော် ၇၇ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ပျဉ်ပြားမင်း နန်းတက်၍ ၃ နှစ် ၊ သက္ကရာဇ် ၂၁၁ ခုတွင် ပုဂံမြို့ကို တည်တော် မူ၏ ။ ၂၁၉ ခုတွင် တောင်တွင်းမြို့ကိုလည်း ရမ္မာဝတီ သမုတ်၍ မြို့တည်၏ ။ အနိစ္စရောက်တော် မူလိုသော် သော ကြာ ကြယ်တံခွန် ပြ၏ ။ ဒိန္နက်သဲ သင်္ကြန် တစ်ပြိုင်နက် သင့်၏ ။ နံတော် တနင်္လာသားတည်း။
သက္ကရာဇ် ၂၄၀ တွင် ထိုမင်း သားတော် တန်နက် မင်း ဖြစ်တော် မူ၏ ။ ထိုမင်းကား မြင်းကို ချစ်လှစွာ ၏ ။ မြင်းကိုလည်း တတ်လှစွာ ၏ ။ ညဥ့်အခါ မြင်းတင်းကုပ်သို့ သက်၍ ကြည့်စမြဲတည်း။ ကြည့်ရာတွင် စလေငခွေး လုပ်ကြံလေသတည်း။ အိမ်နိမ့် ၂၈ နှစ် ၊ စည်းစိမ် ၂၈ နှစ် ၊ သက်တော် ၅၆ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် သော ကြာကြယ် တံခွန်ပြ၏ ။ ဒိန္နက်သဲသင်္ကြန် တစ်ပြိုင်နက် သင့်၏ နံတော် သော ကြာသားတည်း။
သက္ကရာဇ် ၂၆၈ ခုသော် မင်း ဖြစ်တော် မူသော စလေငခွေး အကြောင်းကား အထက်က သိန်းခွန်ညီအစ်ကို တိုက်ကြ၍ အစ်ကိုနိုင်လျှင် ညီ ပြေးလေ၍ စလေအရပ်မှာ ပုန်းကွယ်၍ နေလေ၏ ။ ထိုသူမြေး ဖြစ်သော ငခွေးကို ငခွေးမိဘတို့သည် မကုံ၍ သူကြွယ် တစ်ယောက် အိမ်မှာ ရောင်းလေ၏ ။ ထိုငခွေးကား ကွမ်းပန်း ဖယောင်း လိမ်းစရာ နံ့သာကို ချစ်၏ ။ ၀တ်ကောင်း၊ စားကောင်းကို ချစ်၏ ။ တစ်နေ့ ၃ ခါ ဆံကို အမှန်ဖြီးသော ဟူ၏ ။ တစ်ရံရောအခါ အရှင်သူကြွယ်သည် လှေထိုးထည့်လေရာ ပုဂံသို့ မရောက်ခင် ညဥ့်တွင် ချက်က အူထွက်၍ ပုဂံမြို့ကို ပတ်လျက် နေသည်ဟု အိပ်မက်မြင်လေ၏ ။ မိုးသောက်လျှင် လှေထိုး၍ ဆန်ခဲ့၏ ။ လှေထိုးရာဝယ် မုနောလင်ပန်းကို ထိုးမို၍ ထိုးဝါးငြိ၍ ပါလာ၏ ။ ငခွေးလည်း မုနောလင်ပန်းပါလာကြောင်းကို သိလျှင် ငါ့အိပ်မက် ဖြစ်ခဲလှသည်၊ သည်မုနောလင်ပန်း နှင့် ကျေလေတော့မည် ဟူ၍ မုနောလင်ပန်းကို ထိုးချခဲ့၏ ။ ပုံဂံသို့ ရောက်လေသော် မင်း၏ ဆရာ ဖြစ်သော ပုရောဟိတ်အိမ်သို့ သွားလေ၏ ။ ပုဏ္ဏား မရှိခိုက် ဖြစ်၍ ပုဏ္ဏားမကို အကြောင်းပြန်လေ၏ ။ ပုဏ္ဏားမလည်း ဘုန်းကြီးမည် ၊ အသက်ရှည်မည် ဟူ၍ သာ ဆိုလိုက်၏ ။ ငခွေးလည်း မှတ်မှတ်ရရ မဖတ်ပါသော ကြောင့် ဆင်း၍ သွားလေ၏ ။ ထိုခဏ၌ ပုဏ္ဏားလာ၍ ငါမရှိသည့် နောက် အဘယ်သူ လာသနည်းဟု မယားကို မေး၏ ။ မယားလည်း လုလင် တစ်ယောက် အိပ်မက်ကို ပြန်လာသော ကြောင့် ငါ သည်ကဲ့သို့ ဖတ်ပေသည် ဟူ၍ ပြောပေ၏ ။ လင်ပုဏ္ဏားလည်း အိပ်မက်ကို ကြားသော် မယားဆံထုံးကို လှီး၍ အောက်သို့ ပစ်လိုက်လေ၏ ။ ပစ်လိုက်သော ခဏ၌ ဆံထုံးကို မိုးကြိုးပစ်လေ၏ ။ ပုဏ္ဏားလည်း အိပ်မက်ပြန်လာသသူကို အလျင်လိုက်၍ ခေါ်ရလေ၏ ။ အမောင်ကား အဘယ်သူ၏ အမျိုးအနွယ်နည်၊ အမောင်မက်သော အိပ်မက်သည်ကား အလွန် ဖြစ်ခဲလှသည်၊ သီတင်းသီလကိုလည်း ဆောက်တည်ပါလေ၊ မကြာမတင် ပုဂံပြည်ကို အစိုးရသော မင်း ဖြစ်လတ္တံ၊ အမောင် မင်း ဖြစ်သော အခါ ငါ့ကို မမေ့ပါစေနှင့် ဟု ဆိုလိုက်၏ ။
ငခွေးလည်း ကုန်စည်အရောင်းအ၀ယ်ပြီးလျှင် မိမိအရပ် စလေသို့ စုန်ခဲ့လေရာ ၊ အရှင်သူကြွယ်လည်း ငခွေးကို ညှဉ်းပန်း၍ ပူပြင်းစွာ စေပါလေ၏ ။ ငခွေးလည်း သည်းမခံနိုင်၍ တန်နက်မင်းမှာ ၀င်၍ ခစားလေ၏ ။ မင်းလည်း လုလင်၏ အသွင်အပြင်ကိ မြင်သော် သနားတော် မူသည် ဖြစ်၍ မြင်းခံ ခန့်တော် မူ၏ ။ မင်းလည်း မောင်းမငယ် တစ်ယောက် နှင့် မြင်းတင်းကုပ်သို့ နေ့ညမပြတ် လာတော် မူ၏ ။ မင်းကြီးလည်း မြင်းခံကို ခေါ်တော် မူ၍ ဤသို့ မိန့်တော် မူ၏ ။ အချင်းမြင်းခံ၊ ထိုမြင်းချေးကို ဝေးစွာ သော တွင်း၌ ထည့်ပြီးမှ သွေ့ရာက စ၍ မီးထည့်၊ နောက်ထည့်သော မြင်းချေးလည်း မီး၏ အရှိန်ဖြင့် သွေ့နှင့် ၍ လောင်နှင့် စေ ဟူ၍ မိန့်တော် မူ၏ ။ မြင်းခံလည်း မင်းကြီး ဆိုတိုင်း ပြုလေ၏ ။ အခါ တစ်ပါးသော နေ့၌ မောင်းမငယ်နှင့် မြင်းခံ စကားဝင်၍ မင်းကြီးကို မြင်းချေးတွင်းဝယ် တွန်းဘိ၏ ။ မြင်းခံလည်း မိဖုရား မောင်းမတို့ကို အလိုသို့ ပါအောင် ခြိမ်းခြောက်၍ အလိုသို့ ပါလျှင် မင်းပြုလေ၏ ။ ငခွေးကား ဘုန်းတန်ခိုး အာနုဘော် ကြီး၏ ။ အမျက်စောင်မန် ကြီး၏ ။ အစားကြူး၏ ။ မှူးမတ် ဗိုလ်ပါတို့လည်း ကြောက်ရွံ့ခြင်း ပြင်းကုန်သည် ဖြစ်၍ ခစားရလေကုန်၏ ။ ထိုမင်းကား စလေအရပ်၌ သခင် ဖြစ်သသူ ညှဉ်းပန်းဖူးလေသည်ကို အငြိုးထား၍ သခင်ကိုလည်း မင်း ဖြစ်လျှင် သတ်လေသည်။ သခင်နှင့် တူသော သူတို့ကိုလည်း ဖမ်း၍ ရလျှင် ရေကန်ဝယ်ချစေပြီးသော် ၀က်..၀က် ဟူ၍ ဆင်ထက်က လှံနှင့် ထိုးကာ ပြု၏ ။ ထိုသို့ ပြုဖန်များ လတ်သော် အမတ်ဗိုလ်ပါတို့လည်း ဆင်ကဲကို တံစိုးများ စွာ ပေး၍ ရေကန်ဝယ် ရေကစားလျှင် ဆင်ကဲလည်း အောက်ကကြိုးကို ဖြတ်၍ က လည်လေလျှင်င ကနှင့် တကွ ရေတွင် ကျလေ၏ ။ မှူးမတ် ဗိုလ်ပါတို့လည်း ရွှံ့ညွန် တစ်ယောက် တစ်လက်ဖက်စီနှင့် ပစ်၍ အနိစ္စ ရောက်လေ၏ ။ (ယခုတိုင်အောင် ထိုကန်ကိ ညွန်တစ်လက်ဖက်ကန် ဟူ၍ တွင် ၏ ။) ထိုမင်းကား အိမ်နိမ့် ၅၀၊ စည်းစိမ် ၉ နှစ် ၊ သက်တော် ၅၉ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် ဘီလူး ထန်းပင်ရှိလောက် ကိုယ်ထင်ပြ၍ မင်းရင်ပြင်တွင် ရပ်လာ၏ ။ နံတော် စနေသားတည်း။
သက္ကရာဇ် ၂၇၇ ခုသော် ထိုမင်း သားတော် သိန်းခို မင်း ဖြစ်တော် မူ၏ ။ အိမ်နိမ့် ၂၅ နှစ် ၊ စည်းစိမ် ၁၆ နှစ် ၊ သက်တော် ၄၁ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်ဟန်ကား မြင်းစီး၍ တောကစားသွားရာတွင် ထမင်းဆာမွတ်တော် မူ၍ တောင်သူကြီး သခွားယာတွင် ဆွတ်၍ စားချေသော် မတိုင်မကြား ဆွတ်သည်ဟု တောင်သူကြီး တူရွင်းရိုးနှင့် ပုတ်၍ အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် သော ကြာကြယ် တံခွန်ပြ၏ ။ ကြာသာပတေးကြယ်နှင့် သော ကြာကြယ် ခွပ်ကြ၏ ။ နံတော် စနေသားတည်း။
သက္ကရာဇ် ၂၉၃ ခုသော် ညောင်ဦးစောရဟန်း မင်း ဖြစ်တော် မူဟန်ကား၊ သိန်းခိုမင်း၏ မြင်းခံသည် နောက်မှ မီလာ၍ ဟယ် တောင်သူကြီိး၊ ငါတို့ အရှင်ကို အဘယ့်ကြောင့် ပုတ်ခတ်ဘိသနည်းဟု ဆို၏ ။ နင့်မင်းသည် ငါ့သခွားသီးကို ဆွတ်၍ စားသ်။ မပုတ်ဘိတုံလား ဟူ၍ ဆို၏ ။ မြင်းခံလည်း ဟယ် တောင်သူကြီး၊ မင်းကို သတ်သော သူသည် မင်းပြုမြဲ ဖြစ်သည်ဟု လှည့်ပတ်သော စကားဖြင့် ဆိုသည်တွင် တောင်သူကြီးလည်း ငါ မင်းမမှု ဘူး၊ သည်နှစ် သည် ငါ့တောင်ယာတွင် ငါ့သခွားသီးသည် ခွေးငယ် နို့စို့သကဲ့သို့ သီးသည်တမင့် ဟူ၍ ဆို၏ ။ ဟယ် တောင်သူကြီး နင့် သခွားသီးကိုလည်း နင်ပိုင်ရမည် ။ မင်စည်းစိမ်ကိုလည်း နင် ခံစားရမည် ။ မင်းစည်းစိမ်ချမ်းသာ ဟူသည်ကား အလွန်လျှင် ကြီးမြတ်လှ၏ ။ အ၀တ်ကောင်း အစားကောင်း ရွှေငွေ ဆင်မြင်း ကျွဲနွား ဆိတ်ဝက် စပါးဆန် များ လှစွာ ၏ ဟု ယုံအောင် လှည့်၍ ဆိုမှ လိုက်၏ ။ မြင်းခံလည်း သူ မသိရအောင် တောင်သူကြီးကို နန်းတွင်းသို့ ဆောင်ယူ၍ အကြောင်းမျိုးကို စေ့စုံစွာ မိဖုရားအား လျှောက်ရာ ပညာရှိလှပေသည် ဟူ၍ ချီးမွမ်းတော် မူ၏ ။ မိဖုရားလည်း ပြည်ရွာအနှောင့်အယှက် များ လတ္တံသည်ကို စိုး၍ အတွင်းသူတို့လည်း ပြင်သို့ မထွက်ရ။ ပြင်သူတို့လည်း အတွင်းသို့ မ၀င်ရ။ မင်းကြီးကိုယ်တော် မလုံသည် ဟူ၍ ဆီးတားရ၏ ။ တောင်သူကြီးအားလည်း သွန်သင်ပဲ့ပြင်၍ ရေပူရေချမ်း ချိုးစေပြီးသော် ကြေးညှင်းကသယ်နယ်စေ၏ ။ မိဖုရားလည်းး ၇ ရက်မစေ့ခင် တစ်နေ့က မင်းကြီး နက်ဖြန် ထွက်တော် မူအံ့သည်။ အမှူးအမတ် ကလန် သံပျင် တစ်ယောက် မျှ မကြွင်း ၀င်လှည့်ကုန်ဟူ၍ ပြည်အလုံးကို မောင်းကြေးနင်း လည်စေ၏ ။ မိုးသောက်ပြီးသော် မှူးမတ် ဗိုလ်ပါ အပေါင်းတို့သည် မင်းကြီး နန်းတော် သို့ တက်ကြလေ၏ ။ ရုံးမိလျှင် ဥကင်တံခါးကို ရုတ်ခြည်း ဖွင့်လေ၏ ။ မျူးမတ်ဗိုလ်ပါတို့လည်း လက်အုပ်ချီ၍ ဦးတိုက်ကြကုန်၏ ။ တောင်သူကြီးလည်း မင်း ဖြစ်လျှင် ဘုန်းတန်ခိုး အာနုဘော် ကြီး၏ ။ နဂါးသည် လူတို့ထက် မြတ်လေသည်။ တန်ခိုးလည်း ကြီးလေသည်။ ကိုးကွယ်ရသော် အကျိုးကြီးမည် ဟူ၍ မိမိ သခွားယာအရပ်၌ ဥယျာဉ်ကြီး သာယာစွာ ပြုပြီးသော် နဂါးရုပ် ကြီးစွာ လုပ်၍ ထား၏ ။ ထိုမှတစ်ပါးလည်း ရသေ့ပြည် အစရှိသော သထုံပြည်တို့မှာ စည်းခုံပုထိုး ရှိသည်ကို အကြောင်းပြု၍ အယူမှားသော ရှင်အရည်းတို့နှင့် တိုင်ပင်၍ (၁) ပုထိုးကြီး တစ်လုံး၊ (၂) ပုထိုးငယ် တစ်လုံး၊ (၃) ပုထိုးသားများ တစ်လုံး၊ (၄) သင်လည်ပုထိုး တစ်လုံး၊ (၅) စိတ်တည်ပုထိုး တစ်လုံး ဤ ပုထိုး ၅ လုံးကို တည်၏ ။ ထိုပုထိုး ၅ လုံးတို့တွင် နတ်ရုပ်လည်း မမည် ၊ ဘုရားရုပ်လည်း မမည် လုပ်၍ ည နံနက် ထမင်း ဟင်း သေစာ တင်၍ ကိုးကွယ်သည် ပြု၏ ။ နတ်တော် ကျောင်း ဒကာ မင်းချမ်းသာ ဟူ၍ လည်း တွင် ၏ ။
ထိုအခါ ပရိယတ္တိ သာသနာတော် တည်းဟူသော ပိဋကတ်တော် မရှိချေသော ကြောင့် သမထီး အရည်းကြီးတို့ အယူကိုသာ အယူများ ၍ စောရဟန်းမင်း လက်ထက် မင်းနှင့် တကွ တစ်ပြည်လုံး ယူကြလေကုန်၏ ။
ထိုမင်းကား မင်းလောင်း ဖြစ်သော ကွမ်းဆော်ကျောင်းဖြူမင်း လာသည်ကို ရပ်၍ ကြည့်စဉ် နန်းဦးက ဦးစောက်ကျ၍ အနိစ္စ ရောက်လေ၏ ။ အိမ်နိမ့် ၄၅ နှစ် ၊ မင်းစည်းစိမ် ၃၃ နှစ် ၊ သက်တော် ၇၈ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် တစ်ရာသီတည်း ဂြိုဟ် ၈ လုံး စု၏ ။ နန်းတော် ထက်တွင် ဘီလူး ကိုယ်ထင် ပြ၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
သက္ကရာဇ် ၃၂၆ ခုတွင် မင်း ဖြစ်တော် မူသော ကွမ်းဆောင် ကျောင်းဖြူမင်း အကြောင်းကား - တန်နက်မင်း မိဖုရား တစ်ယောက် သည် တန်နက်မင်းကို စလေငခွေး လုပ်ကြံ၍ မင်းပြုသော အခါ ငခွေး မိဖုရားပြု၍ မခံလို၍ ၀မ်းတွင်း ပဋိသန္ဓေနှင့် တကွ နန်းက ဆင်း၍ ပြေးလေ၍ ကျောင်းဖြူအရပ်တွင် နေစဉ် ကျောင်းဖြူမင်းကို ဖွား၏ ။ ကျောင်းဖြူမင်း ငယ်သော အခါ သူငယ်ဖော်များ နှင့် ကစားလေသော်၊ ဟယ် အဖမဲ့သားဟု ဆဲရေး လေ၏ ။ ကျောင်းဖြူမင်းလည်း မယ်တော် ၊ ထိုရွာသားငယ်တို့ အဖမဲ့သား ဆဲရေး သည်ဟူ၍ ပြော၏ ။ မယ်တော် လည်း သားမွန်၊ သင်၏ အဖကား လူမည် ကာ မဟုတ်၊ ဤပြည်ကို အစိုးရသော မင်းတည်း။ သင်၏ အဖကို သူ လုပ်ကြံ၍ စည်းစိမ်ကို လုလေသည်။ သူ့မယား ပြုလတ္တံသည်ကို စိုးရိမ်သဖြင့် အမောင်ကို ၀မ်းတွင်း ပဋိသန္ဓေနှင့် တကွ ရှောင်ရှား ပုန်းကွယ်နေရာတွင် အမောင်ကို ဖွားမြင်သည်ဟု ဆိုသည်။
ကျောင်းဖြူမင်းလည်း မယ်တော် စကားကို ကြားလေသော် ခမည်းတော် အရာကို ငါ ရပါစေသားဟူ၍ သစ္စာဓိဋ္ဌာန်ပြုလျက် မင်းကြီးဝယ် ခစားလေ၏ ။ မင်းကြီးလည်း လက်ထုတ်ကို ကွမ်းဆော် ထည့်တော် မူလေ၏ ။ ကျောင်းဖြူမင်းလည်း မယ်တော် ကို သိမ်မွေ့စွာ လုပ်ကျွေးမွေးမြူသည့်ပြင် သရဏဂုံ ပဉ္စသီကို မြဲစွာ ဆောက်တည်ခြင်း၊ သစ္စာစကားကို မှန်အောင် သုံးခြင်း၊ အနုဿတိ ဆယ်ပါးကို တစ်နေ့ နှစ် ထောင် ရအောင် စီးဖြန်းခြင်းတို့ကို အမြဲ ဆောက်တည်လေ၏ ။ (ဤစကားကို ထောက်၍ ဤအရာ၌ ပုဂံပြည်၌ သာသနာတော် အလုံးစုံ မကွယ်ဟေု မှတ်အပ်၏ ။)
ထိုအခါ ပုဂံပြည်တွင် မင်းလောင်း ပေါ်မည် ဟူ၍ ကျော်စော၏ ။ မည် သည့်နေ့ရက်ကို မင်းလောင်း ရောက်လတ်မည် ၊ မင်းလောင်းကို ပူဇော်အံ့၊ ကြည့်ကြအံ့ ဟူ၍ အုတ်အုတ်ကျွတ်ကျွတ် တူရွင်းတောင်သို့ သွားကြလေကုန်၏ ။ ထိုအခါ ကွမ်းဆော်မင်းလည်း ငါသည် ကွမ်းကို စောစောဆော်၍ မင်းလောင်းကို ကြည့်ပါအံ့ ဟူ၍ မယ်တော် အား စားမြိန်စာကို စောစောထုပ် ဟူ၍ ဆို၏ ။ မယ်တော် လည်း သားတော် ဆိုတိုင်း ထုပ်လေ၏ ။ သားတော် လည်း စားမြိန်စာထုပ်ကို ယူ၍ ညဉ့်က သွားလေ၏ ။ လက်ထုတ်သို့ ရောက်လျှင် ကွမ်းကိုအပြင်းဆော်၍ မင်းလောင်းကို ကြည့်အံ့ဟု အလျှင်လာခဲ့၏ ။
ထိုအခါ သူအို တစ်ယောက် မြင်းစီးလျက် မြင်းထက်က ကွမ်းဆော်ကို ဤသို့ ဆို၏ ။ လုလင်၊ သည် ငါစီးသော မြင်းကို ပုဂံပြည်သို့ ယူနှင့် ပါလေ၊ ငါမူကား သည်တွင် အခွင့်ရှိပါသည်ဟု ဆို၏ ။ ကွမ်းဆော်လည်း မင်းလောင်းကို ငါ ကြည့်မိအောင် သွားပါမည် ။ အဘိုး မြင်းကို ငါ မဆောင်နိုင်ဟု ဆို၏ ။ သူအို မြင်းရှင်လည်း လုလင်၊ ခြေကျင်သွားသော်ထက် မြင်းနှင့် သွားသော် ခရီးမလျင်ပါလော့။ သည်မြင်းကိုလည်း စီးပါလေ။ သည်ပတ္တမြား၊ ဦးလျှော်ကျင်၊ သည်ပတ္တမြားလက်စွပ်ကိုလည်း ဆင်ဝတ်လေ။ သည်လှံ၊ သည်ဓားကိုလည်း စွဲကိုင်လေ။ ငါကြာလျှင် သည်မြင်းကို စီး၍ မင်းရင်ပြင်သို့ အရောက်သွားတော့ဟု ဆို၏ ။ ကွမ်းဆော်လည်း သူအိုပေးသော လက်စွပ်ကို ၀တ်ပြီးသော် ဦးသျှော်ကျင်ကို တပ်၍ သီလ ၀ံသဓား၊ အရိန္ဒမာလှံတို့ကို စွဲကိုင်လျက် မင်းလောင်း လာသည်ကို ကြည့်မိအောင်ဟု မြင်းကို အပြင်းနှင်လေ၏ ။ အမှူးအမတ် ကလန် သံပျင် အစရှိသော ပြည်သူ လူတကာအပေါင်းတို့သည် ကွမ်းဆော် မြင်းစီး၍ လာသည်ကုမြင်လျှင် အရောင် အ၀ါသည် တက်သစ်သော နေလုလင်ကဲ့သို့ ထင်၍ ဦးတိုက်ကြကုန်၏ ။ ကွမ်းဆော်လည်း ငါ့ကိုပင် ဖြစ်ချေသည်တကား ဟု နှလုံးထားပြီးလျှင် နန်းတွင်းတိုင်အောင် မြင်းနှင့် ၀င်လေ၏ ။ စောရဟန်းမင်းလည်း ငါ ရှိလျက်ကို အဘယ်သူ ၀ံ့အံ့နည်းဟု နန်းဦးက ရပ်၍ ဆိုသည်တွင် နန်းတော် ဦးက ဦးစောက်ကျ၍ အနိစ္စ ရောက်တော် မူလေ၏ ။
ညောင်ဦး စောရဟန်းမင်းကား မင်းသမီး ညီအစ်မတော် ၃ ပါးကို မိဖုရားမြှော က်၍ (၁) အကြီးကို တောင်ပြည်သည်ဟု တွင် ၏ ။ (၂) အလတ်ကို အလယ်ပြည်သည်ဟု တွင် ၏ ။ (၃) အငယ်ကို မြှော က်ပြင်သည်ဟု တွင် ၏ ။ ထို ၃ ပါးတို့တွင် အကြီး တောင်ပြည်သည်၌ ကျည်စိုးကို ပဋသန္ဓေ ၉လ၊ အလယ်ပြင်သည်တွင် စုက္ကတေးကို ပဋိသန္ဓေ ၆ လ ရှိသော အခါမူလျင် ထိုမိဖုရား ၃ ပါးကိုပင် မိဖုရားမြှော က်တော် မူလျက် မိဖုရားမြောက်ပြင်သည်တွင် အနော်ရထာမင်းစောကိုဖွား၍ ကျည်စိုးနှင့် စုက္ကတေး အရွယ်သို့ ရောက်လျှင် ကျောင်းသာယာစွာ ပြု၍ ကွမ်းဆော်မင်းကို ကျောင်းသာဓု ခေါ်ပါဟု လျှော်လေသော်၊ ကွမ်းဆော်မင်းလည်း မစူးမစမ်း မဆင်ခြင် ယုံကြည်တော် မူလေ၏ ။ ကျည်စိုးနှင့် စုက္ကတေးလည်း မင်းကြီးကို ဖမ်းပြးသော် ခြိမ်းခြောက်၍ ရဟန်းပြုစေပြီးလျှင် မင်းကြီးကား သံသရာကို ချစ်မြတ်နိုးတော် မူ၍ ရဟန်းပြုလေသည်ဟု ကောလာသဟ ဖြစ်စေ၏ ။
ကွမ်းဆော်ကျောင်းဖြူမင်းကား အိမ်နိမ့် ၅၈ နှစ် ၊ စည်းစိမ် ၂၂ နှစ် ၊ သက်တော် ၈၀ သော် နန်းကျတော် မူ၏ ။ နံတော် တနင်္ဂနွေသားတည်း။ နန်းကျလိုသော် ဘုရားပုထိုး ပြာဋိကာ ပြ၏ ။ သော ကြာကြယ် လ ထက် နင်း၏ ။ လဆန်း ၂ ရက်ကို လ၀န်း ညီ၏ ။ ၇ ရက်တိုင်အောင် ငလျင် လှုပ်၏ ။ မြစ်ရေ တန့်၏ ။
သက္ကရာဇ် ၃၄၈ ခုတွင် ကျည်စိုးမင်း ဖြစ်တော် မူလျှင် ချင်းတွင်းညွန်အရပ်မှာ မင်းတဲဆောက်၍ ဗန့်ကျီဆယ်ရွာတိုက်သို့ မပြတ်သွား၍ သမင် ကစားတော် မူ၏ ။ အခါတစ်ပါးသော် မုဆိုး တစ်ယောက် သည် သမင်ရေသောက်သည်ကို စောင့်သည်တွင် မင်းကြီးလည်း သမင် စောင့်ရာသို့ ရောက်လေ၍ မင်းကြီးကို သမင်မြင်လျှင် လန့်၍ ပြေးလေ၏ ။ မုဆိုးလည်း မင်းမှန်း မသိသော ကြောင့် လေးနှင့် ပစ်၍ အနိစ္စ ရောက်တော် မူ၏ ။ အိမ်နိမ့် ၂၂ နှစ် ၊ စည်းစိမ် ၆ နှစ် ၊ သက်တော် ၂၈ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် လခွဲတိုင်အောင်ဘီလူး ရယ်၍ နန်းတော် ကို အုတ်ခဲနှင့် ပစ်၏ ။ နံတော် အင်္ဂါသားတည်း။
သက္ကရာဇ် ၃၅၄ ခုသော် ထိုမင်း ညီတော် စုက္ကတေး မင်း ဖြစ်တော် မူ၍ ထိုမင်းဝယ် အနော်ရထာမင်းစော ခစားလေသတည်း။ အနော်ရထာစော မယ်တော် ကား ကျောင်းဖြူမင်းကို လုပ်ကျွေး၍ အတူနေ၏ ။ အနော်ရထာစောလည်း ခမည်းတော် မယ်တော် တို့နှင့် အတူနေတော် မူ၏ ။။ အခါတစ်ပါးသော် နော်တော် စုက္ကတေးသည် အနော်ရထာစော ခစားရာဝယ် “ညီသားနောင်မယ်” ဟု ခေါ်၏ ။ ထိုသို့ ခေါ်လေသော အကြောင်းကို ခမည်းတော် ကျောင်းဖြူမင်းအား လျှောက်လေရာ၊ ခမည်းတော် လည်း အမောင့် အမိကို ယူလို၍ ဆိုသတည်းဟု မိန့်တော် မူရကား အနော်ရထာစောလည်း ကြီးစွာ သော အမျက်ထွက်သည် ဖြစ်၍ ခမည်းတော် ၀ယ် ရှိသော ၊ မြင်း အစရှိသော လက်နက်ကိရိယာတို့ကို တောင်းလေ၏ ။ ခမည်းတော် လည်း အရိန္ဒမာလှံ၊ သီလ၀ံသဓား၊ ပတ္တမြားလက်စွပ်၊ ပတ္တမြားဦးလျှောင်ကျင်တို့ကို သားတော် အား ဆောက်နှင်းသည့်ပြင် ငါ့မြင်းမူကား ငါ နင်းကျကတည်းကပင် လွတ်၍ ရှိလေသည်။ ငါ ၀တ်တော် မူသော လက်စွပ်ကို ပြလျှင် အဖမ်းခံလိမ့်မည် ။ ရလျှင် သည်မြင်းကိုယူ၍ ပုပ္ပါးအရပ်၌ အလုံးအရင်း များ အောင် ဆည်းပူးလေ။ အင်အားနှင့် ပြည့်စုံမှ အမောင့်နောင်တော် ကို လုပ်ကြံလေ ဟူ၍ မိန့်တော် မူ၏ ။ အနော်ရထာစောလည်း ခမည်းတော် မြင်းကို လက်စွပ်ပြ၍ ရပြီးလျှင် ပုပ္ပားအရပ်သို့ သွား၍ အလုံးအရင်း ဆည်းပူး၍ နေစဉ်၊ မယ်တော် ကိုလည်း စုက္ကတေးမင်း ယူ၍ မိဖုရားမြှော က်တော် မူ၏ ။ အနော်ရထာစောလည်း အလုံးအရင်းနှင့် ပြည့်စုံပြီးသော် ပုဂံသို့ ချီလာ၍ နောင်တော် ကို နန်းကိုလည်း ပေးမည် လော၊ စစ်တည်း ပြုမည် လောဟူ၍ စေတော် မူလိုက်၏ ။ နောင်တော် စုက္ကတေးမင်းလည်း ညီတော် က စေသော စကားကို ကြားတော် မူလျှင် ပြင်းစွာ သော အမျက်ထွက်သည် ဖြစ်၍ ၊ ချင်းမျှတည်း ခံတွင်းတွင် မှ နို့ဖတ်မစင်သေး ဖြစ်သသူသည် ငါ့ကို တိုက်မည် ဆိုသော် အမတ်ဗိုလ်ပါတို့ ကြည်၍ သာနေစေ။ ငါနှင့် မြင်းတစ်စီးချင်း တိုက်မည် ဟူ၍ မှာ တော် မူလိုက်၏ ။ အနော်ရထာစောလ်း နောင်တော် က မှာ လိုက်သော စကားကို ကြားတော် မူသော် ၀မ်းမြောက်ဝမ်းသာ ဖြစ်၍ ချိန်းချက်သော နေ့သို့ ရောက်လျှင် မြင်းတော် ကို စီး၍ ခမည်းတော် ပေးသော လှံဓားကို ယူပြီသော် သမထီးချောင်းသို့ သွားတော် မူလေ၏ ။ နောင်တော် စုက္ကတေးလည် ညီတော် မြင်းနှင့် လာသည်ကို မြင်လျှင် ဆီး၍ ကြိုနှင့်သည်တွင် အနော်ရထာစောလည်း နောင်တော် င့ါထက် ကြီးသသူ ဖြစ်သည်၊ အလျင် ထိုးလေဟု မိန့်တော် မူသည့်အတိုင်း နောင်တော် စုက္ကတေးလည်း ညီတော် ကို လှံနှင့် ထိုးလေ၏ ။ ညီတော် အနော်ရထာစောသည် အရိန္ဒမာလှံဖြင့် ဆီးကာ၍ ကိုယ်တော် သို့ မရောက်ဘဲ မြင်းကဦးကို ထိုးမိလေ၏ ။ စုက္ကတေးလည်း မိမိ ထိုးသော လှံချက်သည် ညီတော် သို့ မရောက်ဘဲ မြင်းကဦးကို ထိုးမိလေသည်ကို မြင်တော် မူသော် အလွန် ကြောက်ရွံ့ခြင်း ဖြစ်၍ တုန်တခိုက် ရှိတော် မူလေ၏ ။ ထိုသို့ ရှိသော အခါဝယ် ညီတော် အနော်ရထာစောက နောင်တော် အလှည့်ကုန်လေပြီ၊ သည်အခါတော် ညီတော် အလှည့်သာ ရှိတော့သည်။ ခံနိုင်အောင် ခံလေဟု အရိန္ဒမာလှံဖြင့် ထိုးလျှင် ရှေ့မှ နောက်သို့ ထွင်း၍ ထုတ်ချင်းခပ်လေ၏ ။ စုက္ကတေးလည်း မြင်းနှင့် တကွ မြစ်နားသို့ ပါ၍ အနိစ္စရောက်တော် မူ၏ ။ (ထိုအရပ်ကို မြင်းကပါဟု ယခုတိုင်အောင် တွင် ၏ ။)
အနော်ရထာစော မယ်တော် လည်း သားတော် လှံဖြင့် ထိုး၍ စုက္ကတေး အနိစ္စရောက်တော် မူလေပြီ ဟူ၍ ကြားတော် မူလေသော် ရင်ဝတ်မျှ မကပ်၊ ပုတ္တလင် ပုတ္တလင် ဟု ခေါ်ဝေါ်မြည် တမ်း၏ ။ ထိုအရပ်တွင် ဘုရားတည်တော် မူ၏ ။ (ထိုဘုရားကိ ပုတ္တလင်ု နောက်မှ တွင် ၏ ။) မယ်တော် ရင်ဝတ်ကျွတ်ရာ အရပ်တွင် လည်း ဘုရားတည်တော် မူ၏ ။ (ထိုဘုရားကို ရင်ဝတ်ကျွတ်ဟု နောင်မှ တွင် ၏ ။)
စုက္ကတေးမင်းကား အိမ်နိမ့် ၂၈ နှစ် ၊ စည်းစိမ် ၂၅ နှစ် ၊ သက်တော် ၅၃ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် နန်းတော် ၀ယ် ဥက္ကာ တင်ခြင်းလုံးရှိရှိ ၃ လုံး အစိုင်အခဲ ကျ၏ ။ နံတော် စနေသားတည်း။
အနော်ရထာစောလည်း နောင်တော် ကို လုပ်ကြံပြီးသော် ခမည်းတော် ကျောင်းသို့ သွား၍ မင်းပြုပါဟု တောင်းပန်တော် မူ၏ ။ ခမည်းတော် လည်း ငါ အသက်အရွယ် ကြီးပြီ။ အမောင်ပင် နန်းပြုတော့လု မိန့်တော် မူလျှင် သက္ကရာဇ် ၃၇၉ ခု* သော် အနော်ရထာမင်းစော နန်းတက်၍ ရာဇဘသေက ခံတော် မူ၏ ။ ခမည်းတော် ကိုလည်း မင်းမြောက်တန်ဆာ ၅ ပါးနှင့် တကွ မင်းဆောင် မင်းယောင် မင်းခမ်းမင်းနား အကုန် ကျင်းပစေ၍ ရဟန်းမင်းပြုရ၏ ။ ထိုမင်းကား မောင်းမမိဿံတို့နှင့် ထိုကျောင်းတွင် ရဟန်းမင်းအ ဖြစ်ကို ခံတော် မူ၏ ။
*ရာဇ၀င်တို့၌ သက္ကရာဇ် ၃၇၉ ခုတွင် နော်ရထာစော နန်းတက်သည်ဟု မဆိုသည်ကိုလျက် ယခုဆိုခဲ့သော စကားမှာ နော်ရထာမင်း၏ မိဖုရား မြောက်ပြင်သည် ဘုရားကျောက်စာတွင် “သက္ကရာဇ် သုံးရာခုနှစ် ဆယ့်ကိုးခု၊ သရ၀ဏ်နှစ် ၊ ပြာသိုလပြည့်ကျော်၊ ရှစ်ရက်၊ တနင်္လာနေ့ အနော်ရထာမင်းစော မင်း ဖြစ်တော် မူလျှင် မင်းသား မိဖုရား မှူးမတ် ကလန် သံပျင်တို့နှင့် ပြည်သူပြည်သားတို့ကို တရားသဖြင့် စိုးအုပ်စိရင်တော် မူသည်” ဟူသော စကားကို ထောက်၍ သိရာသည်။
အနော်ရထာမင်းစောလည်း နောင်တော် ကို လုပ်ကြံမိသည် ဟူ၍ ၆ လတိုင်တိုင် စက်တော် မခေါ်တတ် ရှိ၏ ။ ထိုအခါ ဤသို့ အိပ်မက်၏ ။။ မင်းကြီးသည် နောင်တော် အကြီးအား ပြစ်မှားမိသော မကောင်းမှု မှ ခေါင်းပါးစေလိုသော် ဘုရား ဂူ ကျောင်း ဇရပ်တို့ကို များ စွာ ပြု၍ နောင်တော် အား အမျှဝေလေ။ ထိုမှတစ်ပါးလည်း ရေတွင်း ရေကန် ဆည်မြောင်း လယ်ချောင်းများ စွာ တို့ကို များ စွာ စီရင်၍ နောင်တော် အား ပေးဝေရာသည် ဟူ၍ အိပ်မက်လေ၏ ။
မင်းကြီးလည်း နန်းတက်တော် မူပြီးလျှင် စောလူးမယ်တော် မိဖုရားတစ်ပါး ငါနှင့် ထိုက်တန်သော မင်းသမီးကို ဇမ္ဗူဒီပါ မြေအပြင်ဝယ် ရှာလေဟူ၍ အမတ် ရာဇသမန်တို့ကို လက်ဆောင် လက်နက်အများ နှင့် လွှတ်တော် မူ၏ ။ အမတ် ရာဇတမန်လည်း မင်းနှင့် ထိုက်တန်သော သူကို မေးမြန်းစူးစမ်းသည် ရှိသော် မဇ္ဈိမတိုက်၌ ဝေသာလီပြည်တွင် မင်းပြုသော မင်း၏ သမီးတော် ပဉ္စကလျာဏီ မင်းသမီးသည် အဆင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံသည် ဖြစ်၍ တစ်ပင်တိုင် ပြဿဒ်နှင့် ထားကြောင်းကို ရာဇတမန်ကြားလေသော် ဝေသာလီပြည်သို့ သွား၍ လက်ဆောင်လက်နက် အများ ဆက်ပြီးသော် ပေါက္ကာရာမပြည်ကြီးကို အစိုးရသော အနော်ရထာမင်းစောတွင် မိဖုရားမရှိ၍ ပဉ္စကလျာဏီ မင်းသမီးကို တောင်းမည် လာရသည်ဟု လျှောက်၏ ။ ဝေသာလီမင်းလည်း အနော်ရထာမင်းက ပန်လာသည်ကို မပေး မနေသာဟူ၍ အခြွေအရံ ကိုယ်လုပ်ရှစ်ကျိပ်နှင့် တကွ ပဉ္စကလျာဏီ မင်းသမီးကို ဝေါတွင် တင်၍ ပေးလိုက် ၏ ။ အမတ်ရာဇတမန်လည်း ထိုမင်းသမီးကို ယူ၍ လာခဲ့၏ ။ ထိုမင်းသမီး၏ အဆင်းသည်ကား အပြစ် ၆ ပါး လွှတ်၍ ကောင်းခြင်း ၅ ပါးနှင့် လည်း ပြည့်စုံ၏ ။ ဦးသစ်သော ရွှေအဆင်းနှင့် လည်း တူသည် ဖြစ်၍ နူးညံ့သိမ်မွေ့လှသဖြင့် အမတ်ရာဇတမန်လည်း ထိုမင်းသမီး အဆင်းကိုမြင်လျှင် မရပ်မတည်နိုင်သော စိတ် ရှိသည် ဖြစ်၍ တစ်နေ့သ၌ ရောနှောကြလေ၏ ။
အမတ် ရာဇတမန်ကား ဤသို့ ကြံ၏ ။ ဤအခြွှေအရံအပေါင်းနှင့် တကွ ပေါက္ကာရာမသို့ ရောက်သည်ရှိသော် မင်းကြီးအား အကြောင်းကိုလျှောက်၍ ကြားလတ်လျှင် ကြီးစွာ သော ပျက်စီးခြင်းသို့ ငါ ရောက်လတ္တံသည်ဟု အကြုံပြု၍ မင်းသမီးနှင့် အတူပါသော အခြွေအရံတို့ကို တစ်မြို့၊ တစ်ယောက် ၊ တစ်ရွာ တစ်ယောက် အစဉ်အတိုင်း ထားခဲ့၍ ဓည၀တီသို့ ရောက်လေ၏ ။ ရောက်ကြောင်းကို အနော်ရထာမင်းစောအား လျှောက်စေသော် အနော်ရထာမင်းစောလည်း စစ်အင်္ဂါ ၄ ပါးနှင့် တကွ ကြိုတော် မူ၍ အဆက်အသကို ခံပြီးလျှင် စစ်အင်္ဂါ ၄ ပါးနှင့် တကွ ပြန်တော် မူလေ၏ ။ (ထိုအရပ်ကိုလည်း ယခုတိုင် ထင်ရှားစွာ မင်းပြန်တော် ဟု တွင် ၏ ။) အရိမဒ္ဒနာနေပြည်တော် သို့ ရောက်လျှင် ဝေသာလီက ဆက်၍ ကြိုယူရောက်သော မင်းသမီးကို ရွှေနန်းတော် သွင်းမည် ရှိသည်တွင် စေခန့်ဆောင်ခဲ့ရင်းသူ ရာဇတမန် လျှောက်သည်ကား ဝေသာလီပြည်သည် မည် ကာမတ္တ တိုင်းကြီးပြည်ကြီး ဖြစ်ချေသည်။ တိုင်းကြီးပြည်ကြီးအရှင် သမီးရင်းစစ် ဖြစ်ချေကလည်း သည်ကဲ့သို့ သိမ်သိမ်ငယ်ငယ် မဆက်မပေးတန်ချေ။ ရွှေဘုန်းတော် ရှိန်ကို မ၀ံ့၍ ဆက်သလေသော်လည်း မှူးကြီး မတ်ကြီးတို့ အုပ်ကွပ်လျက် ကတော် မယား အထိန်းအယ အစေအပါး သူကောင်းသားသမီး အလုပ်အကျွေး အထုံးအမြတ် အချုပ်အလုပ် အခြယ်အလှယ်တတ်သသူ၊ အကြော်အကျစ် အကင်အပေါင်း အချက်အပြုတ် တတ်သသူမှ စ၍ နန်းလေ့နန်းရာ ဘာသာအထိုက်အလိုက် ထည်ထည်လိပ်လိပ် ပါရာသင့်သည်ကို မှူးကြီးမတ်ကြီး ကတော် မယား သူကောင်း သားသမီး အခြံအရံ အထိန်းအချီအယ အထုံးအမြိတ် အခြယ်အလှယ် အချုပ်အလုပ် အကြော်အကျစ် အကင်အေပါင်း အချက်အပြုတ် အလုပ်တတ်သသူ မပါ။ ယခု ဆက်သလိုက်သည့် မင်းသမီးသည် ဝေသာလီမင်း၏ သမီးရင်းချာ မဟုတ်ဟု အမတ် ရာဇတမန်က လျှောက်၏ ။
အမတ် ရာဇတမန်က လျှောက်ချက်စကားကို ကြားတော် မူလျှင် ဆွေးနွေး စုံစမ်းတော် မမူ၊ ယုံကြည်တော် မူလေ၍ ငါသို့ သော မင်းကို မိမိသမီးကိုကား မဆက်၊ မွေးစားသော သမီးကို ဆက်သည်ဟု အမျက်တော် ထွက်၍ ဆက်လိုက်သော မင်းသမီးကို အနောက်ရုံးတော် တွင် ထားပြီးမှ ပရိမ္မအမတ်ကို အပ်၍ ပရိမ္မအရပ်သို့ ရောက်လျှင် နော်ရထာမင်းစောနှင့် ရှည်သော ပဋိသန္ဓေ ရင့်မာခြင်းသို့ ရောက်လေသော အခါ မြေကြီးငလျင် ပြင်းစွာ လှုပ်၏ ။ နော်ရထာမင်းစောလည်း ထိုမြေလှုပ်သော အကြောင်းကို ဟူးရားဖြူ ဟူးရာညိုတို့အား မေးတော် မူ၏ ။ ဟူးရားဖြူ ဟူးရားညိုတို့လည်း အရှင်မင်းကြီး၊ မင်းပြုမည့် သူ မြောက်အရပ်မှာ ပဋိသန္ဓေ နေသည်ဟု နားတော် လျှောက်၏ ။ နော်ရထာမင်းစောလည်း မြောက်အရပ်၌ ပဋိသန္ဓေ ရှိသူ မိန်းမတို့ကို စစ်ကြော၍ သတ်လေသည်။ ၇၀၀၀ ကျော်သော်လည်း မသေ၊ လွတ်၏ ။ မင်းကြီးလည်း သေလေပြီလောဟု ဟူးရားဖြူ ဟူးရားညိုတို့ကို မေးပြန်ရာ ဟူးရားဖြူ ဟူးရားညိုတို့လည်း မသေချေ၊ အမိဝမ်းမှ ဖွားပြီဟု နားတော် လျှောက်သဖြင့် သူငယ် နို့စို့ ပုခက်တွင်းတို့ကို စစ်ချီသတ်ပြန်သည်။ ၆၀၀၀ ကျော်သော်လည်း ကျန်စစ်သား မသေ၊ လွတ်လေ၏ ။ မင်းကြီးလည်း သေလေပြီလောဟု မေးတော် မူပြန်ရာ မသေချေသေး၊ နွားကျောင်းသားအရွယ် ရှိပြီဟု လျှောက်ပြန်၍ နွားကျောင်းသား အရွယ်ကို စစ်၍ သတ်ပြန်သည်။ ၅၀၀၀ ကျော်သော ဟူ၏ ။ ထိုအခါလည်း သတ်ရာသို့ မပါ၊ ကျန်ရစ်လေ၏ ။
ကျန်စစ်သား မယ်တော် လည်း သားတော် ကို မင်းကြီး ဆရာတော် အထံဝယ် အပ်၍ ရဟန်းပြုလေ၏ ။ ဟူးရားဖြူ ဟူးရားညိုတို့လည်း ရဟန်းပြုပြီဟု လျှောက်ပြန်၍ မင်းကြီးလည်း အဘယ့်ကြောင့် သိရအံ့နည်းဟု မေးတော် မူ၏ ။ ဆွမ်းပင့်၍ ကျွေးတော် မူဆုံး၌ ကရားနှင့် ရေတိုက်တော် မူလျှင် မင်း ဖြစ်မည့် သူ ခံတွင်းမှ စက်ပြောင်ပြောင် ထွက်လတ္တံဟု နားတော် လျှောက်၏ ။ မင်းကြီးလည်း ရဟန်းအပေါင်းတို့ကို အစဉ်အတိုင်း ပင့်၍ နေ့တိုင်းလျှင် ဆွမ်းလုပ်ကျွေးတော် မူ၏ ။ တစ်နေ့သ၌ ကျန်စစ်သားကို ပင့်၍ ဆွမ်းလုပ်ကျွေးတော် မူ၏ ။ ဆွမ်းဘုဉ်းပေးပြီးလျှင် ကရားနှင့် အစဉ်အတိုင်း ရေတိုက်တော် မူ၏ ။ ထိုအခါ ကျန်စစ်သား ခံတွင်းမှ စက်ပြောင်ပြောင် ထွက်သည်ကို မင်းကြီး မြင်လေသော် လန့်တော် မူ၍ ကရားလန်လေ၏ ။ မင်းကြီးလည်း ငါ့စည်းစိမ်ကို လုမည် လောဟု မေးတော် မူ၏ ။ ဟူးရားဖြူ ဟူးရားညိုတို့လည်း မင်းကြီး နောက်တစ်ဆက်လွန်မှ မင်း ဖြစ်လတ္တံဟု နားတော် လျှောက်ပေ၏ ။။ မင်းကြီးလည်း သင်တို့ သည်စကားကို ငါအား ယခုမှ လျှောက်သည်။ ငါ့စည်းစိမ်ကို လုလတ္တံသည်ဟု များ စွာ သော သတ္တ၀ါတို့ကို ငါသတ်မိသည်ဟူ၍ အမိန့်တော် ရှိပြီးလျှင် ကျန်စစ်သားကို လူ ဖြစ်စေ၍ အပါးတော် ၀ယ် ခစားရ၏ ။ သားတော် ရင်း ဖြစ်၍ လည်းး သနားတော် မူ၏ ။ ကျန်စစ်သား * ဟူ၍ လည်း အမည် သမုတ်၍ ခေါ်ဝေါ်တော် မူ၏ ။
*ထိုသို့သတ်ရာတွင် မပါ ကျန်ရစ်သည်ကို အကြောင်းပြု၍ ကျန်ရစ်သားဟု အချို့ရာဇ၀င်မှာ ရေး ကြလေသည်။။ ကြန်အင်္ဂါ လက္ခဏာနှင့် ပြည့်စုံသည်ကို အကြောင်းပြု၍ လည်း အချို့ရာဇ၀င်မှာ ကြန်စစ်သား ဟူ၍ လည်း ရေး ကြသည်။ ပရိမ္မအရပ်မှာ ဖွားတော် မူသော ကြောင့် လည်း ပရိမ္မစစ်သား ဟူ၍ ရေး ကြသည်။ ရေတိုက်ရာတွင် စက်ထွက်၍ ၊ ကရားလန်သည်ကို အကြောင်းပြု၍ ကရားလန်စစ်သာ ဟူ၍ လည်း ရေး ကြသည်။ စည်းခုံသမိုင်းတွင် ကား စစ်ကြောတိုင်းပင် ကျန်ကြွင်းရစ်သည်ကို အကြောင်းပြု၍ နော်ရထာမင်းကပင် ကျန်စစ်သားဟူသော အမည် ကို ပေးသည်ဟူ၍ ဆိုသည်။ ငထီးလှိုင် ရွာသူကြီး အရှင် ဖြစ်သည်ကို အကြောင်းပြု၍ လည်း ထီးရှင်ရှင် ဟူ၍ လည်း ရေး လေသည်။ စကားအလျင့်သင့်၍ ဆိုသည်။
ထိုမှတစ်ပါးလည်း မြင်းမူအရပ်၌ ငထွေးရူး ဆိုသော သူသည် ထန်းတစ်ထောင်ကို တက်တုံ သက်တုံ လှီးသည်။ အချိန်တန်က ပြီးသော ဟူ၏ ။ ထိုစကားကို အနော်ရထာ မင်းစော ကြားတော် မူသော် ခေါ်စေ၍ ရောက်လျှင် ကျန်စစ်သားနှင့် အတူမြဲ၏ ။ ပုပ္ပားအရပ်၌ လည်း ငလုံးလက်ဖယ်ဆိုသော သူသည် နွားအရှဉ်း သုံးဆယ်ကို ထွန်၍ ကပြီးသော် ထွန်ရေး ထွန်က မှန်အောင် တက်တုံသက်တုံ အနှံ့ထွန်နိုင်သော ဟူ၏ ။ ထိုအကြောင်းကို မင်းကြီး ကြားတော် မူသော် ခေါ်စေ၍ ရောက်လျှင် ကျန်စစ်သား၊ ငထွေးရူးတို့နှင့် အတူ မြဲရ၏ ။ ညောင်ဦးအရပ်၌ လည်း ညောင်ဦးဘီး ဆိုသော သူသည် ညောင်ဦးကမ်းပါးမြင့်ထက်က ပြေးဆင်းပြီးသော် မြစ်ကို ကူး၍ အောင်သာ တစ်ဖက်သို့ ရောက်လျှင် ကမ်းပါးကို ခြေမကော်ခဲ့ဘဲ ပြန်၍ ကူးပြန်သည်။ ညောင်ဦးကမ်းပါးသို့ ရောက်လျှင် ကမ်းကိုပြေးတက်နိုင်သော ဟူ၏ ။ ထိုအကြောင်းကို မင်းကြီး ကြားတော် မူသော် ခေါ်စေ၍ ရောက်လျှင် ကျန်စစ်သားတို့နှင့် အတူ မြဲရ၏ ။
တစ်ရံရောအခါ လက်ထုတ်အရပ်၌ ကြိုးကနှင့် တကွ မြင်း ၄ စီးသည်လူတို့ ဖမ်း၍ လည်း မရနိုင်၊ အရှင်လည်း မရှိဟူ၍ မင်းကြီးအား နားတော် လျှောက်လေ၏ ။ မင်းကြီးလည်း (၁) ကျန်စစ်သား၊ (၂) ငထွေးရူး၊ (၃) ငလုံးလက်ဖယ်၊ (၄) ညောင်ဦးဘီး၊ ဤသူရဲ ၄ ယောက် တို့ကို ရအောင် ဖမ်းချေဟု စေတော် မူ၏ ။။ သူရဲ ၄ ယောက် တို့သည် ခြံရဲလောင်း လုပ်၍ ရေသို့ချပြီးလျှင် မြင်း ၃ စီးလည်း ရေသို့ ကျလေ၍ ကူးရာတွင် မှတက်၍ စီးကြလေ၏ ။ မြင်းကို ရပြီးသော် ဆောင်၍ မင်းကြီးအား ဆက်လေ၏ ။ မင်းကြီးလည်း သည်မြင်း ၄ စီးကို သင်တို့ ၄ ယောက် မွေး၍ ငါ့အမှု တော် ကို ထမ်းဟု အပ်တော် မူလေ၏ ။ (၁) အနော်ရထာ စီးသော မြင်းကား ကဏ္ဍိကလက်လှဟု တွင် ၏ ။ (၂) ကျန်စစ်သား စီးသော မြင်းကား နှလုံးခွံကောင်းဟု တွင် ၏ ။ (၃) ငလုံးလက်ဖယ်စီးသော မြင်းကား လေမိုးယည်ခေါင်ဟု တွင် ၏ ။ (၄) ငထွေးရူးစီးသော မြင်းကား နှလုံးအတုမရှိဟု တွင် ၏ ။ ဤကား မြင်းယာဉ် ၅ စီး အမည် တည်း။
အနော်ရထာ မင်း ဖြစ်၍ ၄ နှစ် ရှိသော အခါ ခမည်းတော် ကျောင်းဖြူမင်း အနိစ္စ ရောက်တော် မူ၏ ။ ကျောင်းဖြူမင်းကား အိမ်နိမ့် ၅၈နှစ် ၊ စည်းစိမ် ၂၂ နှစ် ၊ နန်းကျ ၃၁ နှစ် ၊ ရဟန်းမင်းပြု ၄ နှစ် ၊ သက်တော် ၁၁၅ နှစ် ၊ သက္ကရာဇ် ၃၈၃ ခုသော် အနိစ္စ ရောက်တော် မူ၏ ။ *
(* ဤအရာ၌ ရာဇ၀င်ကြီးတွင် အနော်ရထာမင်းစော သက္ကရာဇ် ၃၆၄ ခု မင်း ဖြစ်သည်။ ၄ နှစ် ရှိလျှင် ကျောင်းဖြူမင်း အနိစ္စရောက်သည် ဆိုလေသည်။ အနော်ရထာမင်းစော ခမည်းတော် ကို ဆောက်လှူသော မထီးကျောင်း ကျောက်စာတွင် သုံးရာရှစ်ဆယ့်နှစ် ခု ဆောက်သည်ဟု ထွက်သည်။ ရာဇ၀င်ကြီးထွက် သက္ကရာဇ်နှင့် မထီးကျောင်း ကျောက်စာကို တွက်လျှင် ကျောင်းမျှမဆောက်မီ ၁၄ နှစ် ကပင် ကျောင်းဖြူမင်း အနိစ္စ ရောက်နှင့် သကဲ့သို့ ဖြစ်၍ သက္ကရာဇ် ၃၇၉ ခုတွင် အနော်ရထာမင်းစော မင်း ဖြစ်သည်။ မင်း ဖြစ်၍ ၃ နှစ် ရှိလျှင် ကျောင်းဆောက်သည်။။ ကျောင်းဆောက်၍ တစ်နှစ် ရှိလျှင် ကျောင်းဖြူမင်း အနိစ္စရောက်သည်ဟူသော စကားသာ အရပ်ရပ် ကျောက်စာ ရာဇ၀င်သစ်တို့နှင့် ညီညွတ်လေသတည်း။)
အနော်ရထာမင်းစော လက်ထက်တော် ၌ ပုဂါရာမဟု တွင် ၏ ။ ထိုပြည်တွင် မင်းအဆက်ဆက်တို့သည် သမထီးအရပ်၌ သီတင်းသုံးသော အရည်းကြီး သုံးကျိပ်နှင့် တပည့်ခြောက်သော င်းတို့ အဆုံးအမကို ခံ၍ မှားသော အယူ၌ တည်ကုန်၏ ။ ထိုအရည်၊၊ ရဟန်းတို့ အယူကား ဘုရားရှင်ဟောတော် မူသော တရားတော် ကို ပယ်၍ မိမိတို့ အယူဖြင့် အသီးသီး ယူကြကုန်၏ ။ မိမိဆန္ဒနှင့် လျော်စွာ ကျမ်းဂန်ပြု၍ လူတို့အား လှည့်ပတ်ဖြားယောင်း၏ ။ ထိုသူတို့ ဟောသော တရားကား သူ့အသက်ကို သတ်မိသော သူသည် ဤပရိတ်ကို ရွတ်သော် ကမ္မပထမှ လွှတ်၏ ။ ဤသို့ အစရှိသော မဟုတ်မတရားသော အဓမ္မတို့ကို ဓမ္မဟူ၍ ဟောကြား၏ ။ ထိုမှတစ်ပါးလည်း မင်း အစရှိသော အမှူးအမတ် ကလန် သံပျင် သူဌေးသူကြွယ် ပြည်သူတို့ သားသမီးကို ထိမ်းမြားမင်္ဂလာပြုအံ့သော အခါ ဆရာတို့အား ပန်းဦးလွှတ်* ဟူ၍ ညဦးက ထိုသူတို့ အထံသို့ ပို့ရလေ၏ ။ မိုးသောက်၍ လွှတ်လိုက်မှ ထိမ်းမြားရသော ဟူ၏ ။ ဆရာသို့ ပန်းဦးမလွှတ်ဘဲကို ထိမ်းမြားပချေသော် အစဉ်ကို ဖျက်သည်ဟု ကြီးစွာ သော မင်းပြစ်ကို ခံရသော ဟူ၏ ။
အနော်ရထာမင်းစောသည် ဤသို့ မဟုတ်မတရားသော အကြောင်းတရားတို့ကို ကြားမြင်တော် မူသည်ရှိသော် ရင့်ပြီးသော ပါရမီတော် ရှိသည် ဖြစ်၍ မှားသော အယူ ဖြစ်သည်ဟု နှစ် သိမ့်တော် မမူဘဲ ကြီးစွာ သော ထိတ်လန့်ခြင်းဖြင့် မှန်သော တရားကို မြင်ရစေလိုဟု တော့် တတော် မူ၏ ။
(*ဤအရာ၌ ပန်းဦးလွှတ်သည် ဟူသည်ကား ပူဇော်သည် ဆိုလိုသည်။ ထို့ကြောင့် ၀ိဟာရမဟော ဟူ၍ သဒ္ဒါကို ကျောင်းလွှတ်ပူဇော်သည်ဟု ဆရာတို့ အနက်သမ္ဗန်ကုန်သည်။ ကျောက်ရေး ဆရာတို့လည်း ကျောင်းလွှတ်သော အခါဟု ရေး သားကုန်သည်။ န၀ဒေးလည်း “၀ိဇယစေတီ သီရိရတနာ လွှတ်သော အခါ” ဟု ဘုရင့်နှမတော် စချင်းတွင် စပ်ဆိုသည်။)
ထိုအခါ သုဓမ္မ၀တီ မည် သော သထုံပြည်မှ ဓမ္မဒဿီ မည် သော အရှင်အရဟံသည် ပုဂံပြည်သို့ ရောက်တော် မူလာ၏ ။ မင်းကြီးလည်း မြတ်သော က္ကနြေ္ဒနှင့် ပြည့်စုံတော် မူသော ရှင်အရဟံကို မြင်တော် မူသော် ဤသူကား သူယုတ်မဟုတ်၊ မြတ်သော သူတည်း၊ ဤသူ ကိုယ်တွင်း၌ မြတ်သော တရား ရှိရာသည် ဟူ၍ နေရောင် ဖြင့် တွေ့ သော ကြာမုံကဲ့သို့ ရွှင်သော စိတ် ရှိသည် ဖြစ်၍ ဤသို့ ကြံတော် မူ၏ ။ ဤသူသည် မြတ်သော သူ ဖြစ်အံ့၊ မြတ်သော နေရာ၌ နေလတ္တံ။ ယုတ်သော သူ ဖြစ်အံ့၊ ယုတ်သော နေရာ၌ နေလတ္တံ ဟူ၍ ကြံပြီးသော် လျောက်ပတ်သော နေရာ၌ နေတော် မူဟု ဆို၏ ။ အရှင်အရဟံလည်း မြတ်သော အ ဖြစ်ကို သိစေလို၍ မြတ်သော ရာဇပလ္လင်သသို့ တက်၍ နေတော် မူ၏ ။ မင်းကြီးလည်း ထိုသို့ နေတော် မူသော အကြောင်းကို မြင်တော် မူလေသော် ဤသူကား နေရာကြီးကျယ်လှသည်။ ဤသူ၏ အမျိုးအနွယ်ကို မေးရစေဟု ကြံတော် မူပြီးသော် ငါ့ရှင်ကား အဘယ်သူ၏ အမျိုးအနွယ် ဖြစ်တော် မူသနည်း။ အဘယ်အရပ်မှ ကြွလာတော် မူသနည်း။ အဘယ်သူ၏ အဆုံးအမကို ခံတော် မူသနည်းဟု မေးတော် မူ၏ ။
ရှင်ရဟံလည်း ငါ၏ အမျိုးအနွယ်သည်ကား အရဟံ အစရှိသော ဂုဏ်တော် ၉ ပါး၊ က္ကသာရိယ အစရှိသော ဘုန်းတော် ၆ ပါး၊ ညာဏစသော အစိန္တေယျ ၄ ပါးနှင့် ပြည့်စုံတော် မူသော သမ္မာသမ္မုဒ္ဓ အမျိုးအနွယ်တည်း။ အဘယ်သူ၏ အဆုံးအမကို ခံတော် မူသနည်း ဆိုရာ၌ သမ္မာသမ္မုဒ္ဓ အမည် ရှိတော် မူသော ဘုရားသခင်သည် ဟောတော် မူအပ်သော နူးညံ့သိမ်မွေ့ ခဲခက်နက်နဲလှစွာ သော အာဏာဒေသနာတော် မှ လာသော အဆုံးအမတော် ကို ခံသည်ဟူ၍ မိန့်တော် မူ၏ ။ မင်းကြီးသည် ပီတိသော မနဿ လွန်စွာ ဖြစ်၍ ဤသို့ လျှောက်ပြန်သည်။ ငါ့ရှင်ဆရာ ဘုရားသခင် ဟောတော် မူအပ်သော တရားတော် ကို တစ်စိတ်တစ်ဒေသမျှ ငါ့အား ဟောတော် မူပါလော့ဟူ၍ တောင်းပန်၏ ။ ရှင်အရဟံလည်း သီရိဓမ္မာသော ကမင်းကြီးအား နိဂြောဓသာမဏေ ဟောတော် မူအပ်သော အပ္ပမာဒ အစရှိသော တရားတော် ကို ဟောတော် မူ၏ ။ ထိုအခါ မင်းကြီး နှလုံးတော် သည် အကြိမ်တစ်ရာ စစ်သော ဆီတွင် အဖန်တရာ ဖတ်သော ၀ါဂွမ်းကို ချဘိသကဲ့သို့ သြက္ကမသဒ္ဓါခြင်းဖြင့် မတုန်မလှုပ် သဒ္ဓါတော် မူ၏ ။
တရားဟောတော် မူသော အဆုံး၌ ဤသို့ လျှောက်ပြန်၏ ။ (၁) ငါ့ရှင်၊ သမ္မာသမ္မုဒ္ဓ အမည် တော် ရှိသော ဘုရားသခင်သည်ကား အတီအရပ်မှာ ရှိတော် မူသနည်း။ (၂) ဘုရားသခင် ဟောတော် မူအပ်သော တရားတော် သည်ကား အရေအတွက် အတီမျှ ရှိသနည်း။ (၃) ဘုရားသခင် တပည့်သားတော် သည်ကား ငါ့ရှင်မှတစ်ပါး အခြားရှိသလောဟု မိန့်တော် မူ၏ ။
အရှင်အရဟံလည်း ဤသို့ မိန့်တော် မူ၏ ။ (၁) လက္ခဏာတော် ကြီး ၃၂ ပါး၊ လက္ခဏာတော် ငယ် ၈၀၊ ရောင် ခြည်တော် ၆ ပါးတို့ဖြင့် တန်ဆာဆင်တော် မူလျက် အလွန် တင့်တယ်တော် မူသော ၊ မနှိုင်းရှည်အပ်သော အသရေကို ဆောင်တော် မူသော ၊ ဉာဏ်တော် အား ၁၀ ပါးနှင့် ပြည့်စုံတော် မူသော သဗ္ဗုညု ရှင်တော် ဘုရားသည် မဟာဗောဓိပင်၏ အနီး၌ ဘုရားအ ဖြစ်သို့ ရောက်တော် မူပြီးသော် ၄၅ ၀ါပတ်လုံး ခပ်သိမ်းသော လူနတ်ဗြဟ္မာ သတ္တ၀ါ အပေါင်းတို့အား မဟာကရုဏာ တည်းဟူသော သနားခြင်းဖြင့် တိုက်တွန်းတော် မူအပ်သည် ဖြစ်၍ တရားအမြိုက်တည်း ဟူသော မြိန်မြတ်သော အရသာကို သောက်စေပြီး၍ ကုသိန္နာရုံပြည်တွင် မလ္လာမင်းတို့၏ မင်္ဂလာပြုရာ အင်ကြင်းဥယျာဉ်၌ ခပ်သိမ်းသော လောကဓာတ်ကို တုန်လှုပ်စေလျက် ပရိနိဗ္ဗာန် ပြုတော် မူလေပြီ။ မြတ်သော သရီရဓာတ်တို့ကို တစ်ဆယ့်တစ်ပြည်ထောင်သော မင်းတို့သည် ဆောင်ယူ၍ အသီးအသီး ကိုးကွယ်ကြလေ၏ ။ ထိုမင်းတို့ ကိုးကွယ်ကြလေသော ဓာတ်တော် ၈ ဒေါဏတွင် ၇ ဒေါဏသော ဓာတ်တော် တို့ကို တတိယသင်္ဂါယနာတင်ဆရာမြတ်တို့သည် ဆောင်တော် မူကုန်၍ သီရိဓမ္မာသော ကမင်းကြီးအား အပ်ပြီးသော် စေတီ ၈၄၀၀၀ တည်၏ ။ တစ်ဒေါဏ ဓာတ်တော် တို့ကို နဂါးယူ၍ ၀မ်းတွင် ထားလေသည်ကို သုမနသာမဏေ ဆောင်တော် မူ၍ ၊ သီဟိုဠ်ကျွန်းကို အစိုးရသော အဘယဒုဋ္ဌဂါမဏိမင်းအား အပ်၍ စေတီကြီးစွာ တည်တော် မူလေ၏ ။ လက်ယာ အထက်စွယ်တော် ကိုကား သိကြားပင့်ယူ၍ တာဝတိံသာဝယ် ကိုးကွယ်လေ၏ ။ လက်ယာ အောက်စွယ်တော် ကိုကား နဂါးတို့ ယူ၍ နဂါးပြည်ဝယ် ကိုးကွယ်လေ၏ ။ လက်ဝဲအောက် စွယ်တော် ကိုကား ကလိင်္ဂရာဇ်ပြည်မှသည် ဟီဟိုဠ်ကျွန်းကို ဆောင်ယူ၍ မင်းတို့ အစဉ် ကိုးကွယ်လေ၏ ။ လက်ဝဲ အထက်စွယ်တော် ကိုကား ဂန္ဓာလရာဇ် မည် သော တရုတ်ပြည်၌ မင်းတို့ အစဉ် ကိုးကွယ်လေ၏ ။ (၂) ဘုရား ဟောတော် မူသော တရားတော် အရေအတွက်ကား ဓမ္မ၀ိနယအားဖြင့် ၂ ပါး၊၊ ပိဋကတ်အားဖြင့် ၃ ပါး၊ နိကာယ်အားဖြင့် ၅ ပါး၊ အင်္ဂါ အားဖြင့် ၉ ပါး၊ ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ ရှိ၏ ။ ထိုသို့ အရေအတွက် ရှိသော ဓမ္မဒေသနာတော် တို့ကို မဇ္ဈိမဒေသ အရပ်၌ သင်္ဂါယနာ ၃ ကြိမ် တင်ပြီးသည်နောက် သီဟိုဋ္ဌ်ကျွန်၌ ပေထက် အက္ခရာ တင်ထားရှိသည်ကို သံဃာတော် တို့သည် ရေး ကူး ဆောင်ယူတော် မူခဲ့၍ သထုံမင်းအား အပ်၏ ။ သထုံပြည်ဝယ် ပိဋိကတ် အစုံ ၃၀ ရှိ၏ ။ (၃) ဘုရားသခင် တပည့်သား သံဃာတော် သည် ငါမှတပါး အခြားရှိမည် လော မေးရာ၌ ငါမှတစ်ပါး၊ ပရမတ္တသံဃာ၊ သမုတိသံဃာ တို့သည် အခြား ရှိတော် မူကြ၏ ဟူ၍ မိန့်တော် မူ၏ ။
ဤသို့ အရှင်အရဟံ မိန့်တော် မူသော စကားကို အနော်ရထာမင်းစော ကြားတော် မူသော် အတိုင်းထက်အလွန် သဒ္ဓါခြင်း ပြင်းစွာ ဖြစ်၍ ဤသို့ လျှောက်၏ ။ ငါတို့ကာ ငါ့ရှင်မှတစ်ပါး အခြား ကိုးကွယ်ရာ မရှိပြီ။ ဤနေ့မှစ၍ ငါ့တို့ကိုယ်အသက် ၂ ပါးကို ငါ့ရှင်အား ဆောက်နှင်းတော့သည် ငါ့ရှင် အဆုံးအမ၌ လည်း ငါ ခံတော့သည် ဟူ၍ မိန့်တော် မူပြီးလျှင် အရညကင် ရသော အရပ်၌ သာယာလှစွာ သော ရတနာအတိဖြင့် တန်ဆာဆင်သော ကျောင်းကို ဆောက်၍ လှူတော် မူ၏ ။ တိတ္ထိ ဖြစ်သော အရည်းတို့ အယူကိုလည်း ပယ်တော် မူ၏ ။ ထိုအခါ မင်း အစရှိသော ပြည်သူအပေါင်းတို့သည် မိမိတို့၏ အယူကို စွန့်၍ ကောင်းသော တရား၌ တည်ကြလေသော် အရည်းကြီးတို့သည် လာဘ်သပ်ပကာမှ လျော့ကုန်သည် ဖြစ်၍ ရှင်အရဟံအား ကြီိးစွာ သော ရန်ငြိုး ဖြစ်၏ ။ မင်းကြီးလည်း အရည်းတို့သည် မကောင်းသော အကြံအစည်ဖြင့် ကြံလတ္တံသည်ကို စိုးရိမ်တော် မူ၍ အရည်းကြီး ၃ ကျိပ်နှင့် တပည့် ၆၀၀၀၀ တို့ကို နိုင်လောက်အောင် အစောင့်အနေတို့ကို ခန့်ရန် စောင့်ရ၏ ။ (ထိုအခါ သထုံပြည်က ရဟန်းသာမဏေအများ ရောက်လာ၏ ။ ) ရှင်အရဟံလည်း သာသနာတော် ၌ သဒ္ဓါကြည်ညိုသော သူတို့အား ရဟန်းပဉ္စင်း အ ဖြစ်ကို ဖြစ်စေ၏ ။ မင်းကြီးလည်း အရည်းကြီး ၃ ကျိပ်နှင့် တကွ တပည့် ၆၀၀၀၀ တို့ကို လူဝတ်လဲစေ၍ အဲမောင်း လှံကိုင် ဆင်ချေးကျုံး ထည့်တော် မူလေ၏ ။ မင်းကြီးလည်း ဤသို့ မိန့်တော် မူ၏ ။ ဤပြည်ကို အစဉ် မင်းပြုတော် မူသော အဆက်အဆက်သော ဘေးလောင်းတောင်၊ ဘိုးလောင်းတော် တို့သည် အရည်းရဟန်းတို့ အယူကို ယူတော် မူကြလေသည်။ ယူ၍ ရကောင်းပြန်ဘိမူကား တစ်ဖန် ယူချင်ပြန်ခလိုဟု တောင့်တတော် မူသော ဟူ၏ ။
ယင်းသော အခါ သထုံပြည်ဝယ် သင်္ဘောပျက်လေသော ကုလားညီနောင် ၂ ယောက် တို့သည် ပျဉ်တစ်ချပ်ကို စီး၍ သထုံပြည်သို့ ရောက်လာ၏ ။ ထိုကုလားညီနောင် သထုံပြည်သို့ ရောက်လျှင် သထုံ မင်းဆရာတော် တွင် ၀င်၍ မြဲစွဲ ခစားကြလေ၏ ။ ထိုဘုန်းကြီးလည်း ကုလားငယ် ညီနောင်တို့ကို ချစ်ကြည်လေးမြတ်တော် မူ၍ အပါးတွင် မပြတ်စေပါတော် မူ၏ ။ ကုလားညီနောင်တို့လည်း သတ္တိ ဗျတ္တိနှင့် ပြည့်စုံသည် ဖြစ်၍ ရှည်လတ်သော် သထုံမင်းလည်း ခန့်ညားရွံ့ရှာတော် မူ၍ ကုလားညီနောင်ကို ဖမ်းရ၏ ။ အစ်ကိုမူကား မယားအိမ်တွင် အိပ်ပျော်ခိုက် ဖြစ်၍ ဖမ်းမိလျှင် သတ်လေ၏ ။ ညီမူကား သထုံပြည်က ပြေးထွက်ခဲ့ရာ ပုဂါရာမသို့ ရောက်လာ၍ အနော်ရထာမင်းစောဝယ် ခစားလေ၏ ။ အနော်ရထာမင်းစောလည်း ထိုကုလား အရည်အသွားကို မြင်တော် မူလျှင် သနားတော် မူ၍ အပါးတော် တွင် မပြတ် စေပါတော် မူ၏ ။ ပုပ္ပားသို့ လည်း စကားပန်းယူ တစ်နေ့ ဆယ်ခေါက်စေတော် မူသည်။ ရောက်နိုင်သော ဟူ၏ ။ တစ်ရံရောအခါ ကုလားငယ်သည် ပုပ္ပားရပ်မှာ အိမ်ထောင်ကျ၍ သား ၂ ယောက် မြင်လေ၏ ။ အရွယ်သို့ ရောက်လျှင် ထိုသား ၂ ယောက် ကို အနော်ရထာမင်းစောအား ဆက်လေ၏ ။ အနော်ရထာမင်းစောလည်း အပါးတော် တွင် စေပါ၍ အရည်အသွားကို မြင်တော် မူလျှင် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် ဟူ၍ သမုတ်တော် မူ၏ ။
ရှင်အရဟံသည် အနော်ရထာမင်းစောအား ဤသို့ မိန့်တော် မူ၏ ။ ဘုရားရှင် သာသနာတော် သုံးပါးတွင် ပရိယတ္တိ သာသနာတော် ရှိမှ ပဋိပတ္တိသာသနာတော် ဖြစ်နိုင်သည်။ ပဋိပတ္တိ သာသနာတော် ဖြစ်မှ ပဋိဝေဓ သာသနာတော် ဖြစ်နိုင်သည်။ ပရိယတ္တိ ဟူသော ပဋိကတ်သုံးပုံသည် မရှိချေသေး။ ဘုရားရှင် သရီရဓာတ်တော် ၊ မွေတော် ၊ ပိဋကတ် ကျန်းဂန်ရှိသော ပြည်ရွာတိုင်းကားသို့ လက်ဆောင် လက်နက်နှင့် တောင်းစေ၍ ရသည် ဖြစ်မှ သာသနာတော် အစဉ် ရှည်စွာ တည်ရာသည် ဟူ၍ မိန့်တော် မူ၏ ။ အနော်ရထာမင်းစောည်း အဘယ် တိုင်းကားနိုင်ငံ၌ တောင်းသော်ရလတ္တံ့နည်းဟူ၍ လျှောက်၏ ။ ရှင်အရဟံလလည်း သထုံပြည်၌ ပိဋကတ်သုံးပုံကို တစ်စုံခေါ်၍ အစုံသုံးဆယ်ရှိ၏ ။ မွေတော် ဓာတ်တော် လည်း များ စွာ ရှိ၏ ဟူ၍ မိန့်တော် မူပြီးလျှင် မင်းကြီးလည်း လက်ဆောင်ပဏ္ဏာကာရ အများ စီရင်တော် မူ၍ လိမ္မာသော အမတ် တစ်ယောက် ကို သာယာချေငံသော စကားဖြင့် သထုံပြည်သို့ စေ၍ တောင်းရလေ၏ ။ သထုံမင်းလည်း မကောင်းသော နှလုံးဖြင့် ကြီးစွာ သော ပဋိဃာတ်စိတ်သည် ဖြစ်၍ မချေမငံသော စကားကို ဆိုလိုက်မိ၏ ။ အနော်ရထာမင်းစောလည်း ထိုစကားကို ကြားတော် မူသော် ပြင်းစွာ သော အမျက်တော် ရှိသည် ဖြစ်၍ ရေကြောင်း၊ ကြည်းကြောင်း ချီတက်တော် မူလေ၏ ။။ ရေကြောင်းမှာ လည်း လှေတပ် များ ပြားစွာ နှင့် ၊ ကြည်းကြောင်းမှာ လည်း ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဘီး၊ စစ်သူကြီး ၄ယောက် တို့ကို ရှေ့ဖျား ချီစေ၍ အနော်ရထာမင်းစောကား နောက်တပ်မ ပြု၍ ချီတော် မူ၏ ။ ထိုသို့ အနော်ရထာမင်း ချီလာပြီဟူ၍ သထုံမင်း ကြားလေသော် အလွန် ကြောက်ရွံ့ခြင်း ပြင်းသည် ဖြစ်၍ မြို့တံခါးကို ပိတ်ပြီးသော် မြို့ကို ခိုင်လုံအောင် လုပ်၍ ခံနှင့် ၏ ။ စစ်သည်တော် ရေကြောင်း ကြည်းကြောင်းရောက်လျှင် စစ်သူကြီး ၄ ဦး ခေါင်းတည်၍ မြို့ကို တက်သည်။ မတက်နိုင်ချေ။ အကြိမ်အဖန်များ စွာ လုပ်ကြံသော်လည်း အောင်မြင်ခြင်းကို မရနိုင် ရှိရာတွင် ကုလားခြေလျင်၏ အစီအရင်ဖြင့် သထုံပြည်ကို ရဲမက်အပေါင်း ၀င်နိုင်၍ မနူဟာမင်းနှင့် တကွ သားမယား အမှူးအမတ်တို့ကို ဖမ်း၍ အနော်ရထာမင်းစောအား ဆက်လေ၏ ။ အနော်ရထာမင်းစောလည်း သထုံပြည်တွင် မင်းအဆက်ဆက်တို့ ကိုးကွယ်သော ၊ ရတနာပန်းတောင်းဖြင့် ထားသော မွေတော် မြတ်ကိုလည်းကောင်း၊ အစုံ ၃၀ သော ပိဋကတ်တို့ကို လည်းကောင်း ၃၂ စီးသော ထိုမင်း ဆင်ဖြူတွင် တင်၍ ဆောင်ယူတော် မူ၏ ။ ထိုမှတစ်ပါးလည်း သူရဲသူခက်နှင့် တကွ ဆင်မြင်း အလုံးအရင်းကိုလည်း အသီးသီး ဆောင်ယူတော် မူသည်။ ယင်းကမှ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းရန်၊ ပန်းတော့၊ ပန်းထိမ်၊ ပန်းပဲ၊ ပန်းတဉ်း၊ ပန်းတယား၊ ပန်းသေး၊ ဆင်ဆေးသမား၊ ဆင်တတ်သသူ၊ မြင်းဆေးသမား၊ မြင်းတတ်သသူ၊ ဒိုင်း လွှား ကာ လုပ်တတ်သသူ၊ အမြောက် သေနတ် လေး လုပ်တတ်သသူ၊ အကြော် အလှော်အပေါင်းအကျစ် တတ်သသူ၊ ဆံထုံး ယဂင် တတ်သသူ၊ သထုံ အမွှေး ပန်းစစ် ပန်းလျက် တတ်သသူ၊ ဤသူတို့ကိုလည်း အခြား အခြားသော မရောစေဘဲ ဆောင်ယူတော် မူခဲ့၏ ။ ပိဋကတ် ကျမ်းဂန်တတ်သော အရိယာ သံဃာတော် တို့ကိုလည်း လျောက်ပတ်စွာ တောင်းပန်၍ ပင့်ဆောင်တော် မူခဲ့၏ ။ မနူဟာမင်းနှင့် သားမယားတို့ကိုလည်း ယူတော် မူခဲ့၍ နေပြည်တော် ပုဂါရာမသို့ ပြန်တော် မူ၏ ။
အနော်ရထာမင်းစောလည်း ပုဂါရာမသို့ ရောက်လျှင် ဆောင်ယူတော် မူခဲ့သော သူရဲ သူခက် အစရှိသော ပညာသည် အပေါင်းတို့ကို အသီးသီး အစုအကွက်ချ၍ နေ၏ ။ သရီရဓာတ်တော် အပေါင်းတို့ကိုလည်း ရတနာအတိပြီးသော ပတ္တမြားကြုတ်တွင် ဌာပနာ၍ ခေါင်းရင်းတော် ၌ အမြဲထား၍ ကိုးကွယ်၏ ။ ပိဋကတ်အစုံ ၃၀ ကိုလည်း ရတနာအတိပြီးသော ပြသာဒ်၌ ထား၍ အရိယာ သံဃာတော် အား သင်ကြားပို့သရ၏ ။ မနူဟာမင်းကိုလည်း မြင်းကပါ အရပ်၌ အလုပ်အကျွေးနှင့် နေရ၏ ။ ထိုမနူဟာမင်း အာနုဘော်သည်ကား စကားပြောသော် ခံတွင်းမှ စက်ပြောင်ပြောင် ထွက်သော ဟူ၏ ။ အနော်ရထာမင်းစောလည်း မနူဟာမင်း အဖူးအမြင်လာ၍ ဦးချသော အခါ ကြက်သီးမွေးညင်းထ၍ ထိတ်ထိတ်လန့်လန့် ရှိတော် မူချေ၏ ။။ ရှည်လတ်သော် မနူဟာမင်း ဘုန်းတန်ခိုး ညံ့စေခြင်းငှာ မုနောလင်ပန်းနှင့် စားတော် ပြင်ပြီးသော် ဘုရားမှာ တင်စေ၍ ထိုစားတော် ဖြင့် မပြတ် မင်းကို ကျွေးတော် မူ၏ ။ မနူဟာမင်းလည်း မစုံမစမ်း မဆင်မခြင် စားတော် ခေါ်လေ၏ ။ ရှည်လတ်သော် မိမိခံတွင်းမှ ထွက်သော စက်ရောင် သည် ကွယ်ခဲ့၏ ။ ထိုစက်ရောင် ကွယ်ရာတွင် မှ ငါ ကြံငြားသော်လည်း မ ဖြစ်နိုင်ရာဟူ၍ နှလုံးချသော ဟူ၏ ။ ယင်းသို့မှ သံဝေဂရသည် ဖြစ်၍ “သံသရာဝယ် ကျင်လည်သမျှ သူနိုင်သည်ကို မ ဖြစ်လို” ဟူ၍ ကြီးစွာ သော ဘုရား ထက်ဝယ်တော် တစ်ဆူ၊ ပရိနိဗ္ဗာန် ပြုတော် မူဟန် ပေါင်းလည်းတစ်ဆူ တည်တော် မူ၏ ။ (ထိုဘုရားကို ယခုတိုင် မနူဟာ ဟူ၍ တွင် ၏ ။)
အနော်ရထာမင်းစောလည်း သာသနာတော် ၌ အလွန် သဒ္ဓါတော် မူသည် ဖြစ်၍ ဤသို့ ကြံတော် မူ၏ ။ ဂန္တာရာဇ်တိုင်း ဖြစ်သော တရုတ်ပြည်၌ စွယ်တော် မြတ်တစ်ဆူ ရှိသည်။ ထိုစွယ်တော် မြတ်ကို တရုတ် ဥတည်ဘွားအား တောင်း၍ ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့အား ကိုးကွယ်ရာ ဖြစ်စေရသော် သာသနာတော် လည်း အတိုင်းထက်အလွန် ထွန်းပလတ္တံ။ သတ္တ၀ါအပေါင်းတို့သည်လည်း သာသနာတော် ငါးထောင်တိုင်တိုင် များ စွာ သော အကျိုးကို ခံရ၏ ဟူ၍ ကြံတော် မူပြီးလျှင် နိုင်ငံတော် အလုံး၌ ရှိသော ဆင်မြင်း ဗိုလ်ပါတို့ကို စုရုံးတော် မူ၍ ရေကြောင်း၊ ကြည်းကြောင်း တပ်ပေါင်းများ စွာ နှင့် တကွ စစ်သူကြီး ၄ ဦး၊ ရွှေဖျဉ်းညီနောင်တို့ကို ခေါ်တော် မူ၍ တရုတ်ပြည်သို့ ချီတော် မူ၏ ။ ရောက်တော် မူလျှင် တရုတ် ဥတည်ဘွားလည်း မြို့တံခါးကို ပိတ်၍ အတင်းအကျပ် ခံ၍ နေလေ၏ ။ အနော်ရထာမင်းစောလည်း အတင်းအကျပ် ခံ၍ နေကြောင်းကို သိတော် မူလျှင် အကြောင်းကို စုံစမ်းလိုသော ငှာ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဘီး၊ ရွှေဖျဉ်းညီနောင်တို့ကို ခေါ်တော် မူပြီးလျှင် မြင်းယာဉ်စီး၍ ဥတည်ဘွားဆရာ ရသေ့ကျောင်းသို့ သွားတော် မူ၏ ။ ဥတည်ဘွား ဆရာရသေ့လည်း အရန်တစ်သိန်းနှင့် တကွ ကျောင်းတွင် နေနှင့် သည်ကို တွေ့ တော် မူလေ၏ ။ ထိုရသေ့လည်း အဘယ်အရပ်မှ အဘယ်အကြောင်းကြောင့် ငါတို့ တိုင်းနိုင်ငံသို့ လာရောက်တော် မူသနည်းဟု မေးလေ၏ ။ ထိုသို့ ရသေ့ မေးသော စကားကို ကြားတော် မူလျှင် ငါကား အရိမဒ္ဒနာတွင် သော ပုဂါရာမပြည်ကြီးကို အစိုးရသော အနော်ရထာမင်းစောလျင်တည်း။ ငါ လာတော် မူသော အကြောင်းကား သဗ္ဗညု ဘုရားသခင် စွယ်တော် ကို ကိုးကွယ်ချင်သော ကြောင့် တောင်းမည် လာသည်ဟု မိန့်တော် မူ၍ ရသေ့လည်း အနော်ရထာ မင်းစော စကားကိုကြားသော် ဥတည်ဘွားကို ထိုအကြောင်းကို ကြားစေတော် မူ၏ ။ ဥတည်ဘွားလည်း အယုတ်အမြတ်ကို မသိ၊ မလေးမစား နေလေ၏ ။ အနော်ရထာမင်းစောလည်း ရသေ့အား ဤပြည်ကို အစိုးရသော ဥတည်ဘွားသည် သံသရာ ပစ္စုပ္ပန် အလို့ငှာ အဘယ်ကို ကိုးကွယ်သနည်းဟု မေးတော် မူ၏ ။ ရသေ့လည်း တရားမင်းကြီး၊ ဥတည်ဘွားသည် သံသရာ အလို့ငှာကား ဘုရားရှင် စွယ်တော် မြတ်ကို ကိုးသည်။ ပစ္စုပ္ပန် အလို့ငှာကား စန္ဒီနတ်ကို ဥတည်ဘွား ရွှေနန်းရှေ့၌ တန်ဆောင်းပြသာဒန်နှင့် ထား၍ ကိုးကွယ်သတည်းဟု ဆို၏ ။ ဥတည်ဘွားလည်း အနော်ရထာမင်းစော ချီလာသည့် စစ်သည်ဗိုလ်ပါ နည်းလှသည်ဟူ၍ မလေးမစား ပြုလေ၏ ။ နောင်သော အခါ ရွှေဖျဉ်း ညီနောင်တို့၏ ဥပါယ်တံမျဉ်ဖြင့် ဥတည်ဘွား အစရှိသော ပြည်သူအလုံးတို့လည်း အသားစားလတ္တံကို ကြောက်ရွံ့ခန့်ညားကုန်သည် ဖြစ်၍ များ စွာ သော လက်ဆောင် လက်နက်နှင့် တကွ အမှူးအမတ်အပေါင်း ခြံရံလျက် ဥတည်ဘွား ဖူးတွေ့ တော် မူလာ၏ ။ ငါ့အဆွေတော် ဖြစ်သော အနော်ရထာမင်းစော ငါတို့ တိုင်းနိုင်ငံသို့ လာရောက်ကြောင်းကို ငါ မသိပါ။ ယခုမှ သိရသည်ဟူ၍ ဆို၏ ။ အနော်ရထာမင်းစောလည်း အဆွေတော် တိုင်းနိုင်ငံသို့ လာရောက်ကြောင်းကား လောကီ၏ စည်းစိမ်ကို အလိုရှိ၍ ငါလာသည်မဟုတ်၊ လောကုတ္တရာ ချမ်းသာကို ရောက်မည့် အကြောင်း စွယ်တော် မြတ်ကို ကိုးကွယ်ချင်သော ကြောင့် တောင်းမည် လာသတည်းဟု မိန့်တော် မူ၏ ။ ဥတည်ဘွားလည်း စွယ်တော် မြတ် ကျိန်းဝပ်တော် လူလိုသော် ပင့်တော် မူလော့ဟု ဆို၏ ။ ယင်းသို့ မှ ပြည်ထောင်မင်းနှစ် ပါးလည်း တစ်နေရာတည်းတွင် နေတော် မူကြ၍ ခင်ခင်မင်မင် ချေချေလက်လက် ပြောဟောတော် မူကြ၏ ။ (ထိုနေ့မှစ၍ ဥတည်ဘွားလည်း ၃ လတိုင်တိုင် ရွှေပေါင်းချောင် ငွေပေါင်းချောင်၊ ရွှေထမင်းအိုး ငွေထမင်းအိုး၊ ရွှေဟင်းအိုး၊ ငွေဟင်းအိုး၊ ရွှေဟင်းချို၊ ငွေဟင်းချိုတို့ဖြင့် ချက်ပြုတ်၍ နေ့တိုင်း ထွက်နပ်ပေ၏ ။) အနော်ရထာမင်းစောလည်း များ စွာ သော ပူဇော်သက္ကာရတို့ဖြင့် ပူဇော်၍ စွယ်တော် မြတ်ထားရာ တောင်းပန်တော် မူရာဝယ် စွယ်တော် မဆင်း၊ မကြွ၊ မရနိုင် ရှိရာတွင် နဖူးသင်းကျစ် ဓာတ်တော် မူကား သရေခေတ္တရာပြည်ကို ဒွတ္တပေါင်မင်းကြီးသည် ကမ်းယံပြည်မှ ပင့်ဆောင်၍ သရေခေတ္တရာပြည်မှာ စေတီကြီးစွာ တည်၍ ကိုးကွယ်ဖူးကြောင်း ကြားရက ထွက်နပ်သော ရွှေပေါင်းချောင် ငွေပေါင်းချောင်၊ ရွှေထမင်းအိုး ငွေထမင်းအိုး၊ ရွှေဟင်းချို ငွေဟင်းချိုတို့နှင့် ဆွမ်းချက်၍ နေ့တိုင်းမပြတ် စွယ်တော် မြတ်ကို တင်ပါ ဟူ၍ ရသေ့အား အပ်တော် မူ၏ ။ မင်းနှစ် ပါးလည်း ကြည်ကြည်သာသာ ပြောဟောတော် မူကြပြီးသော် အပ်နှင်းလိုက်သော မြရုပ်တုတော် ကို ပင့်ဆောင်တော် မူခဲ့လေ၏ ။
ပြန်လည်တော် မူခဲ့၍ မောကိုးပြည်သို့ ရောက်လျှင် စော်ဘွားလည်း ကောင်းခြင်း ၅ ပါးနှင့် ပြည့်စုံသော သမီး စောမွန်လှကို ဆက်လေ၏ ။ မင်းကြီးလည်း အဆက်အသကို ခံတော် မူ၍ ရေအား ကြည်းအား ပြန်တော် မူ၏ ။ ကျော်စည်အရပ်သို့ ရောက်တော် မူလျှင် ရွှေဖျဉ်းညီနောင်ကို ယုံကြည်တော် မမူ၍ ၀ါးရင်းတုတ်အရပ်၌ ကွပ်မျက်တော် မူလေ၏ ။ ( ထိုသို့ ကွပ်မျက်လိုက်သော အရပ်ကို ကွပ်ရာညောင်ပင် ဟူ၍ ယခုတိုင်အောင် တွင် ၏ ။) အနော်ရထာမင်းစောလည်း ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏ စီးပွားအလို့ငှာ သာသနာတော် ငါးထောင် တည်ရစ်စေ ဟူ၍ တောင်ပြုံးအရပ်၌ ဂူတစ်လုံး တည်တော် မူလေ၏ ။ (ထိုဂူကို ဆုတောင်းပြည့် ဟူ၍ သမုတ်တော် မူ၏ ။) ထိုက ရတနာဖောင်တော် စီး၍ ပြန်တော် မူ၏ ။ ယင်းသော အခါ ရွှေဖျဉ်းညီနောင် နတ်မိစ္ဆာ ဖြစ်၍ ဖောင်တော် စုန်သော အခါ တက်မကို ကိုင်၍ ထားလေ၏ ။ ဖောင်တော် မသွားနိုင်ရှိလျှင် ထိုအကြောင်းကို ဟူးရာဖြူ ဟူးရာညိုတို့ကို မေးတော် မူသော် ကျွန်တော် ငဖျဉ်းညီနောင်တို့သည် အမှု တော် ကို ထမ်း၍ ကျေးဇူးတော် ကို မခံစားရပါသော ကြောင့် ဖော်တော် တက်မကို ကိုင်၍ လိုက်သည်ဟူ၍ နားတော် လျှောက်လေ၏ ။ အနော်ရထာမင်းစောလည်း တောင်ပြုံးရွာတွင် ကောင်းမှု တော် ဆုတောင်းပြည့်ဘုရား၌ ကွန်းနန်းဆောက်၍ ထားပေ၊ ကျော်စည်တစ်တန်း၌ နေသော သူတို့၏ ပူဇော်ရာ ဖြစ်စေဟု မိန့်တော် မူ၏ ။ အမတ်တို့လည်း အမိန့်တော် အတိုင်း ထားလေ၏ ။ မန္တလေးတောင်ထိပ်၌ ဘုရားတစ်ဆူ၊ ကြက်ယက်နှစ် တောင်၌ ဘုရားနှစ် ဆူ တည်ထားခဲ့၏ ။ အနော်ရထာမင်းကြီးလည်း စုန်တော် မူ၍ နေပြည်တော် သို့ ရောက်တော် မူလျှင် မြရှင်ဆင်းတုကို ရွှေနန်းတော် ၌ ထား၍ ကိုးကွယ်တော် မူ၏ ။
မောကိုးပြည်ထောင်ကို အစိုးရသော စော်ဘွားသမီး စောမွန်လှကိုလည်း မင်းကြီးအနီးအပါး စေပါတော် မူသည်။ ထိုအခါ စောမွန်လှ နာတောင်းတွင် မွေတော် မြတ် ကိန်းဝပ်တော် မူ၍ အရောင် အ၀ါ တောက်ထွန်းသည်ကို မိဖုရားမောင်းမတို့မြင်လျှင် ဇော်ဂနီစုန်း ဖြစ်ကြောင်းနှင့် မင်းကြီးအား လျှောက်လေ၏ ။ မင်းကြီးလည်း ကြည့်ရှုတော် မူလျှင် နားတောင်း၊ အရောင် အ၀ါ တောက်သည်ကို မြင်တော် မူသည်နှင့် မိဖုရား မောင်းမတို့ လျှောက်သည်အတိုင်း ဇော်ဂနီစုန်း အမှန်ပင် ဖြစ်မည် အယူတော် ရှိ၍ စောမွန်လှကား ငါ၏ နန်းတော် နှင့် မတန်၊ နေရင်း မြို့ရွာသို့ ပြန်စေ အမိန့်တော် ရှိ၍ စောမွန်လှလည်း မိမိ အခြွေအရံ ကုန်းမငယ်ကျွန်တို့နှင့် မင်းကြီးမှစ၍ ပြည်စောင့်နတ်၊ နန်းစောင့်နတ်တို့အား ရှိခိုးပူဇော်ပြီးမှ ပြန်သွားလေရာ ညောင်ဦးရွာ၊ ညည့်ရွာ၊ ပလင်း၊ လက်ထုတ်ရွာ၊၊ ကောင်းစည်ရွာ၊ တုရွင်းတောင်၊ ၀ံပတေ့၊ မြို့သစ်စခန်းမ၊ ကျွန်ဘား ရွာစခန်းတို့၌ တစ်နေ့ထွက်သွား၍ ရွှေစာရံဘုရားတည်ရာ အနီးသို့ ရောက်သည်တွင် နားတောင်းကျွတ်လေသည်နှင့် ရေတွင် နားတောင်းအရောင် ထင်သော ကြောင့် ဖွေငုပ်စမ်းသော် မတွေ့ မရ။ ကောင်းကင်၌ စာသငယ်အပေါင်း သော သော ၀န်းရံ၍ နားတောင်းနှင့် တကွ မွေတော် ပြာဋိကာ ပြလျက်နေသည်ကို မြင်လျှင် စောမွန်လှလည်း ရှိခိုးပူဇော်ပြုမှ နားတောင်းမွေတော် မြတ် သက်လာ၍ စောမွန်လှ လက်ဝဲနားဝယ် ၀တ်မြဲအတိုင်း တည်လေ၏ ။ စောမွန်လှလည်း ထိုမွေတော် မြတ်ကို ဌာပနာ၍ အရပ် ၅ တောင် ပမာဏရှိသော ဘုရားလိုဏ်ဂူ တည်လေသတည်း။ စောမွန်လှလည်း ထိုအရပ်တွင် မောက ပါသည့် ရွှေငွေနှင့် လူရဟန်းတို့အား လှူဒါန်းပေးကမ်း၍ ဘုရားတည်ရှိကြောင်းကို အနော်ရထာမင်းစော ကြားတော် မူသော ကြောင့် အရှေ့မောရှမ်းတို့ရွာသို့ မျက်နှာ လိုဏ်ဝ ထားမူ စောမွန်လှကို သတ်ခဲ့။ ငါ၏ နေပြည်တော် ပုဂါရာမသို့ လိုဏ်နန်းမုခ်ဝ ရှေးရှုရှိမူ ချမ်းသာစေ အမိန့်တော် နှင့် မင်းစေတမာန်တို့ သွားရ၏ ။ မင်းစေတမန်တို့လည်း ညရီတရောအခါ ရောက်လေ၍ အမိန့်တော် ဖတ်ပြန်မည် ဆိုလျှင် စောမွန်လှသည် မိုးသောက်မှ နာခံရပါမည့် အကြောင်းနှင့် မင်းစေတို့ကို ဆုလာဘ်တံစိုး ပဏ္ဏာပေး၍ ကောင်းမွန်စွာ ကျွေးမွေးပြီးမှ ချောင်း၍ သာယာစွာ စာအရကို မေမြန်းစုံစမ်းသည်တွင် မင်းစေတို့ ပြန်ပြော၍ စောမွန်လှ အကြောင်းမျိုးကို သိလျှင် သိကြား၊ စတုလောကပါလ၊ သမ္မာဒေ၀နတ်တို့အား ရှိခိုးပူဇော်ဓိဋ္ဌာန်၍ မိမိ ၀တ်ဆင်သော ရွှေဖျင် မြစီတဘက်နှင့် ဆွဲငင်လှည့်လျှင် အရှေ့သို့ မျက်နှာမူ၍ တည်သော ရွှေစာရံဘုရားသည် အနောက်သို့ လိုဏ်ဝ မျက်နှာရှိလေ၏ ။ မိုးသောက်၍ မင်းစေတမန်တို့ မြင်လျှင် ပုဂါရာမသို့ ပြန်သွားကြလေ၍ တည်သည့် ရွှေစာရံဘုရားကို သက္ကရာဇ် ၄၁၆ ခု တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့ ဘုရားဝန်းကျင် မြေတာတစ်ထောင် လှူတော် မူသည်။
ထို့နောက် ဆင်လုံးမြင်းရင်း အများ နှင့် ရေအား ကြည်းအား သရေခေတ္တရာသို့ ချီတော် မူ၍ ရောက်တော် မူလျှင် ဒွတ္တပေါင်မင်းကြီး တည်တော် မူခဲ့သော စေတီတော် ကို ဖျက်၍ နဖူးသင်းကျစ် ဓာတ်တော် ကို ယူပြီးသော် ရတနာအတိပြီးသော ပြသာဒ်နှင့် ဆင်ဖြူတွင် တင်၍ ပင့်ဆောင်တော် မူခဲ့၏ ။ (အနော်ရထာမင်းစောသည် သရေခေတ္တရာမြို့ကို နောက်နောင် သူပုန် သူကန်တို့ နေလတ္တံသည်ကို စိုးရိမ်တော် မူ၍ ဖျက်ဆီးရ၏ ။ ဒွတ္တပေါင်မင်းကြီး စီးတော် မူသော န၀ရတ်လှေကို သားတော် ဒွတ္တပေါင် မြှုပ်ထားခဲ့သည်ကို တူးဖော်၍ ကြည့်တော် မူပြီးလျှင် မြှုပ်ထားမြဲ မြှုပ်ထားတော် မူ၏ ။) ယင်းက ပြန်တော် မူ၍ နေပြည်တော် ပုဂါရာမသို့ ရောက်တော် မူလျှင် ရဟန္တာမြတ် အရှင်အရဟံနှင့် တိုင်ပင်တော် မူ၍ ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏ စီးပွားအလို့ငှာ သာသနာတော် ငါးထောင်ပတ်လုံး တည်စေ၍ နဖူးသင်းကျစ် ဓာတ်တော် ကို ဌာပနာ၍ သက္ကရာဇ် ၄၂၁ ခုတွင် တစ်ခုသော သဲစဲခုံ* ၌ ရွှေစည်းခုံဘုရား တည်တော် မူ၏ ။ ဌာပနာတိုက် ထားတော် မူသော အခါ ရှင်အရဟံလည်း မင်းကြီးအား ဤသို့ မိန့်တော် မူ၏ ။ ဘုရားရှင် သာသနာတော် ကို ရွက်ဆောင်ရမည် လည်း များ သေးသည်။ ရတနာပန်းတောင်းကို တက်၍ နေဟန် ရွှေကိုသွန်း၍ ဌာပနာဟု မိန့်တော် မူ၏ ။ မင်းကြီးလည်း ရှင်အရဟံ မိန့်တော် မူသည့်အတိုင်း ရွှေကိုသွန်း၍ ဌာပနာလေ၏ ။
(* ထိုရွှေစည်းခုံတည်ရာ စဲခုံကား ပျူမင်းထီ မယ်တော် နှင့် ဖူးတွေ့ ရာ စဲခုံတည်း၊ ထို “စဲခုံ” ကိုပင် “ဇေယမုံ” ခေါ်သည်။ “ဇေယမုံ” ကို “စည်းခုံ” ရေး သည်။ “ဇ” ကို “စ” ပြု၍ စည်းခုံ ခေါ်ဝေါ်သည်။ ထိုစေတီနှင့် တူသမျှလည်း “စည်းခုံ” ခေါ်ဝေါ်သည်ဟု ရာဇ၀င်သစ်၌ ဆိုသည်။ ထိုရွှေစည်းခုံ၌ စွယ်တော် ၊ ညှပ်ရိုးတော် ၊ သင်းကျစ်တော် ဌာပနာကြောင်းကိုလည်း ဧကကခရကောသဋီကာ၌ ဆိုသည်နှင့် အညီ န၀ဒေးကြီးသည် “မွေတော် ၊ ဓာတ်ပေါင်း၊ စွယ်ချောင်းရိုးညှပ်၊ သင်းကျပ်နဖူး၊ ရှိမူးအသရေ၊ အထွေထွေတိ” စသည်ဖြင့် ရွှေစည်းခုံဘုရားတိုင် ရတုတွင် စပ်ဆိုသည်။)
ရွေစည်းခုံဘရားကို တည်တော် မူ၍ ပစ္စယာ ၃ ဆင့်ပြီးလျှင် ငါသည် တရုတ်ပြည်မှာ စွယ်တော် မြစ်ကို တောင်းပါသော်လည်း မရချေ။ မြဆင်းတုနှင့် နဖူးသင်းကျစ်ကိုသာ ကိုးကွယ်ရသည်။ သီဟိုဠ်ကျွန်း၌ ရှိသော စွယ်တော် မြတ်ကို ရ၍ ဤစေတီတွင် ဌာပနာသည်ရှိသော် သာသနာတော် ငါးထောင်တိုင်တိုင် ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့ အကျိုးများ စွာ ဖြစ်လတ္တံ ဟူ၍ တောင့်တတော် မူ၏ ။ ထိုညဦး၌ သီဟိုဠ်၌ စွယ်တော် မြတ်ကို ရလတ္တံ ဟူ၍ အိပ်မက်၍ နိုးတော် မူလျှင် ပီတိသော မနဿ လွန်စွာ ဖြစ်၍ စစ်သူကြီး ၄ ယောက် အစရှိသော မှူးတော် မတ်တော် အပေါင်းတို့ကို ခေါ်၍ တိုင်ပင်တော် မူသည်မှာ ငါသည် သီဟိုဠ်ကျွန်းသို့ ကူး၍ သီဟိုဠ်မင်းတို့ အစဉ် ကိုးကွယ်၍ ရှိသော စွယ်တော် မြတ်ကို ဆောင်ယူမည် အကြံတော် ရှိသည်။ အမတ်တို့ စိတ်တွင် အဘယ့်သို့ ထင်ကြသနည်းဟု မေးတော် မူ၏ ။ ယင်းသော အခါ ကျန်စစ်သား လျှောက်သည်ကား ဘုန်းကြီးသော အရှင်ကိုယ်တော် နှင့် တကွ ကျွန်တော် တို့ မြင်း ၄ စီးသာ ချီ၍ လုပ်ကြံရသည်ရှိသော် သီဟိုဠ်ကျွန်းကို ထားဘိ၍ ဇမ္ဗူဒိပ် တစ်ကျွန်းလုံး၌ ရှိသော ထီးဆောင်းမင်း အပေါင်းတို့သည် တစ်ချက်တည်း ရုံးစု၍ ခံငြားသော်လည်း ကျွန်တော် တို့ လက်တွင် ခံနိုင်မည် မဟုတ် ဟူ၍ နားတော် လျှောက်၏ ။။ အနော်ရထာမင်းစောလည်း စစ်သူကြီး ၄ ယောက် လျှောက်သော စကားကို ကြားတော် မူလျှင် ၀မ်းမြောက်ဝမ်းသာ ရှိတော် မူသည် ဖြစ်၍ မြင်းယာဉ်တော် ၄ စီးနှင့် တကွ အလုပ်အကျွေး ကုလားခြေလျင်တို့ကို ခေါ်၍ သီဟိုဠ်ကျွန်းသို့ ကူးအံ့သော ငှာ ပါဝါ မည် သော သင်္ဘောဆိပ်သို့ သွားတော် မူကြလေ၏ ။
ထို့နောက် သီဟိုဠ်ကျွန်းသို့ မကူး ဖြစ်ဘဲ ပြန်လည်တော် မူခဲ့၍ ရှင်အရဟံနှင့် တိုင်ပင်ပြီးသော် ဆင်ဖြူတစ်စီးကို လက်ဆောင်ပြု၍ လိမ္မာသော အမတ် တစ်ယောက် နှင့် ချေငံသာယာသော စကားဖြင့် မှာ တော် မူ၍ စွယ်တော် မြတ်ကို တောင်းလေ၏ ။ ယင်းသော အခါ သိန်းဃိုမင်း ဓာတုသေန* ဤသို့ အိပ်မက်လေ၏ ။ အရိမဒ္ဒနာ ပုဂါရာမပြည်ကြီးကို အစိုးရတော် မူသော ဘုန်းလက်ရုံး အာဏာနှင့် ပြည့်စုံတော် မူသော အနော်ရထာမင်းစောသည် စစ်သူကြီး ၄ ဦးနှင့် တကွ လာ၍ သိန်းဃိုကျွန်းအလုံး ပစ္စုပ္ပန်အလို့ငှာ ရိုသေစွာ ကိုးကွယ်သည့် လူ ၄ ယောက် ဖက်ရှိသော ကျောက်ဂ၀ံနတ်ရုပ်ကို ကြိုးနှင့် ချည်၍ ယူလေသည်။ စွယ်တော် မြတ်ကိုလည်း ပင့်လေသည်ကိုမြင်မက်လေ၏ ။ သိန်းဃိုမင်း ဓာတုသေနလည်း နိုးတော် မှူလျှင် ကြီးစွာ သော ထိတ်လန့်ကြောက်ရွံ့ခြင်း ပြင်းစွာ ဖြစ်လေ၏ ။ အနော်ရထာမင်းစောက စေတော် မူသော ၇ ရက်နှင့် သိန်းဃိုကျွန်းသို့ ရောက်လေ၏ ။ တမန်တို့လည်း အနော်ရထာမင်းစောက ပါးလိုက်သော ဆင်ဖြူနှင့် တကွ လက်ဆောင် ပဏ္ဏာတို့ကို သိန်းဃိုမင်းအား ဆက်၍ အကြောင်းကို လျှောက်လေ၏ ။
သိန်းဃိုမင်းလည်း အနော်ရထာမင်းစောက မှာ တော် မူသမျှကို ကြားတော် မူသော် ခင်ခင်မင်မင် ရွှင်သော နှလုံးရှိသည် ဖြစ်၍ ငါ့အဆွေတော် က မှာ သည်ကို ကိုးကွယ်ရအောင် ငါ တောင်းပန်မည် ဟူ၍ စွယ်တော် မြတ်ထားရာ ပြသာဒ်ကို သွားပြီးသော် ကြီးစွာ သော ပူဇော်သက္ကာရာကို ပြု၍ တောင်းပန်လေ၏ ။ စွယ်တော် မြတ်တစ်ဆူ ပွားရကား သီဟိုဠ်မင်းလည်း သီးခေါင်းဖြင့် ရွက်၍ သင်္ဘောဆိပ်တိုင်အောင် ဆောင်ပြီးသော် လည်ခန့်အတိုင်းအရှည် ရှိသော ရေသို့ ဆင်းသက်၍ သင်္ဘောသို့ တင်လေ၏ ။
(* အနော်ရထာမင်းစော သက္ကရာဇ် ၃၇၉ ခု မင်း ဖြစ်သော အခါ သီဟိုဠ်ကျွန်း၌ ဓာတုသေနမင်း စည်းစိမ် ၆ နှစ် ရှိသော အခါနှင့် ပြိုင်လေသည်။)
ဤသို့ လည်း မှာ တော် မူ၏ ။ အဆွေတော် ဖြစ်သော အနော်ရထာမင်းစောကို ငါကဲ့သို့ လည်ရှိတိုင်အောင် ရေသို့ ဆင်းသက်ပြီးသော် ဦးခေါင်းဖြင့် ရွက်၍ ဆောင်ယူတော် မူပါ ဟူ၍ မှာ တော် မူ၏ ။ တမန်တို့လည်း စွယ်တော် မြတ်ကို ရတနာ အတိပြီးသော ပြသာဒ်တွင် တင်၍ ရိုသေကောင်းမွန်စွာ ဆောင်ယူကြ၍ သီဟိုဠ်ကျွန်းမှ လွှင့်ခဲ့သော် ၇ ရက်နှင့်ပင် လောကနန္ဒာဆိပ်သို့ ရောက်လေ၏ ။ အနော်ရထာမင်းစောလည်း သီဟိုဠ်ကျွန်းသို့ စေလိုက်သော သင်္ဘောနှင့် စွယ်တော် မြတ်ကို ဆောင်ယူ၍ ရောက်လာပြီ ကြားတော် မူလျှင် ၀မ်းမြောက်ဝမ်းသာ ရှိတော် မူသည် ဖြစ်၍ စွယ်တော် ကြိုဆိပ်တိုင်အောင် ကြိုတော် မူ၏ ။ မင်းကြီးလည်း လည်တိုင်အောင် ရေသို့ သက်တော် မူ၍ လျှင် ရတနာပန်းတောင်းကို ဦးခေါင်းထက်မှာ ရွက်လျှက် မှူးတော် မတ်တော် ရဲမက်ဗိုလ်ပါအပေါင်း ခြံရံစေ၍ ရွှေနန်းတော် သို့ ဆောင်ယူတော် မူခဲ့၏ ။ ရွှေနန်းတော် သို့ ရောက်လျှင် နန်းတော် ရှေ့၌ ရတနာအတိ မွမ်းမံသော ပြသာဒ်ထက် ကျိန်းဝပ်တော် မူစေ၍ ကြီးစွာ သော ပူဇော်သက္ကာရကို ပြုတော် မူ၏ ။ ရှင်အရဟံလည်း မင်းကြီးအား ဤသို့ မိန့်တော် မူ၏ ။ စွယ်တော် မြတ်ကို နန်းတော် တွင် ထား၍ ကိုးကွယ်သည်ထက် သာသနာတော် ၅၀၀၀ ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့ ကိုးကွယ်စေခြင်းငှာ စေတီ တည်ထောင်မူသော် အကျိုးများ စွာ ဖြစ်လတ္တံ ဟူ၍ မိန့်တော် မူ၏ ။ အနော်ရထာမင်းစောလည်း ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏ စီးပွားအလို့ငှာ စွယ်တော် မြတ်ကို ရွှေစည်းခုံ၌ ပင် ဌာပနာတော် မူ၏ ။
တစ်ရံရောအခါ ဥဿာပဲခူးသို့ ဂျွမ်းစစ်သည်အများ ချီလာသည်။ စစ်ကူတော် မူပါဟု လျှောက်လာ၏ ။ အနော်ရထာမင်းစောလည်း မြင်းသည်ကောင်း လေးသိန်း စစ်ကူလာလိမ့်မည် ဟူ၍ မိန့်တော် မူလိုက်၏ ။ လျှောက်လာသော သူတို့ ပြန်လေသော် ကျန်စစ်သား၊ ငထွးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဘီး ၊ ဤသူရဲကြီး ၄ယောက် တို့ကို ကုလားခြေလျင် ရှစ်ကျိပ်နှင့် စစ်ကူသွားလေစေ၏ ။ ရောက်လျှင် ဥဿာပဲခူးမင်းလလည်း မြင်းသည် လေးသိန်း လာစိမ့်မည် ဟု မှာ တော် မူလိုက်သည်ကို မြင်း ၄ စီးသာ လာသည်ဟူ၍ မသက်မသာသော စကားကို ဆိုဘိ၏ ။ မြင်းသည် ၄ ဦးတို့လည်း ငါတို့အား ဤသို့ သော စကားကို ဆိုရလေသည် ဟူ၍ အထူးထူးသော လုပ်ရည်ကြံရည်တို့ကို သခွားယာ အစရှိသည်တို့၌ ပြကြလေလကုန်၏ ။ ဥဿာမင်းမှ စ၍ ပြည်သူလူအပေါင်းတို့သည်လည်း ဤသူတို့သည် လူမဟုတ်၊ နတ် ဖြစ်ရာသည်။ ဤသူတို့ကဲ့သို့ မြင်ဖူးသည်ထား၍ ကြားမျှမကြားစဖူးပါ ဟူ၍ အံ့သြချီးမွမ်းကုန်၏ ။ ဥဿာပဲခူးမင်းလည်း ၀မ်းမြောက်ဝမ်းသာ ရှိသည် ဖြစ်၍ များ စွာ သော ပဏ္ဏာသာရတို့ဖြင့် ထွက်နပ်ပေး၏ ။ ဂျွမ်းစစ်သည်တို့လည်း များ စွာ သော ဆင်လုံးမြင်းရင်းနှင့် တကွ ရောက်လာ၏ ။ မြင်းသည် ၄ ယောက် တို့လည်း ဂျွမ်းစစ်သည်တို့ကို ၄ စုကွဲအောင် အလယ်ကို ထွင်း၍ တိုက်လေ၏ ။ ၄ စုကွဲပြီးသော ဂျွမ်းတို့၏ စစ်သူကြီး ဖြစ်သော (၁) အောက်ဗြရံ၊ (၂) အောက်ဗြရဲ၊ (၃) အောက်ဗြဘုံ၊ (၄) အောက်ဗြပိုက်၊ ဤစစ်သူကြီး ၄ ယောက် တို့ကို အရှင်ဖမ်း၍ ယူလေ၏ ။ ဂျွမ်းစစ်သည်တို့လည်း မိမတို့စွဲသော လက်နက်ကိရိယာကို ပစ်၍ ခါးတွင် အ၀တ်နှင့် သာ ပြေးရလေ၏ ။ မြင်းသည် ၄ ယောက် တို့လည်း မိမိတို့ ရသော စစ်သူကြီး ၄ ယောက် တို့ကို ဥဿာမင်းအား ဆက်လေ၏ ။ ဥဿာမင်းလည်း လွန်စွာ အားရတော် မူသည် ဖြစ်၍ ကြီးစွာ သော ဆုလာဘ်သပ်ပကာ ပေး၍ အနော်ရထာမင်းစောအားလည်း ဥဿာမင်း အဆက်အဆက်တို့သည် ရွှေကြုတ်တွင် ထည့်၍ ကိုးကွယ်သော ဓာတ်တော် နှင့် တကွ ချစ်လှစွာ သော ရွှေအဆင်းကဲ့သို့ ရှိသော ခြင်္သေ့ရုပ် မဏိစန္ဒာ အမည် ရှိသော သမီးတော် ကိုလည်း ဆက်၏ ။ မြင်းသည် ၄ ယောက် တို့လည်း မဏိစန္ဒာ မင်းသမီးကို အလှည့်အလှယ် ဆောင်ယူခဲ့ကုန်၏ ။
တစ်နေ့သ၌ ကျန်စစ်သား စောင့်လှည့်တွင် မင်းသမီးနှင့် သံဝါသ ဖြစ်ဘိ၏ ။ ထိုသို့ သံဝါသ ဖြစ်လေသော် မင်းသမီးကို ချိန်သော် ခြင်္သေ့ရုပ်အလေးသည် ပေါ့၍ ၊ မင်းသမီးကိုယ်တော် လေးဘိ၏ ။ ထိုအကြောင်းကို စစ်သူကြီး ၃ ယောက် တို့ သိမြင်သော် ကျန်စစ်သား စောင့်လှည့်တွင် ဖြစ်သော အကြောင်းကို အနော်ရထာမင်းစောအား လျှောက်လေ၏ ။ အနော်ရထာမင်းစောလည်း ငါသို့သော မင်းကို မခန့်မရည်း ကျင့်သည် မဟုတ်လော ဟူ၍ ကြီးစွာ သော အမျက်တော် ရှိသော အားဖြင့် မျက်မှော င်ကြိုးဖြင့် တည်း၍ အရိန္ဒမာလှံဖြင့် ထိုးတော် မူ၏ ။ ကျန်စစ်သားလည်း မိမိကံသည် အပြီးသို့ မရောက်သေးသည် ဖြစ်၍ နှောင်သော ကြိုးကို ထိုးမိ၍ ကြိုးပြတ်လျှင် လွတ်လေ၏ ။ ကျန်စစ်သားလည်း လွတ်ပြီးသော် အရိန္ဒမာလှံကို ကောက်ယူ၍ ပြေးလေ၏ ။ ညောင်စည်တံခါးက ထွက်၍ မြစ်နားစုက္ကတေးဆိပ်မှ တံငါလှေဖြင့် အောင်သာဘက် ကုလားကျောင်းသို့ ကူးလေ၏ ။ မင်းကြီးလည်း ကုလားခြေလျင် ၇ ယောက် တို့ကို လိုက်၍ သတ်ချေဟု စေတော် မူ၏ ။ ကုလားခြေလျင် ၇ ယောက် တို့လည်း ကျန်စစ်သား ဘုန်းကြီးသော သူ ဖြစ်သည်။ အမြင်အထင် ဖမ်းချေသည်ရှိသော် မဖမ်းနိုင်ရာ။ အိပ်သော အခါမှ ဖမ်း၍ တော် မည် ဟု လိုက်ကြလေ၏ ။ ကျန်စစ်သားလည်း တောအုပ်တစ်ခုသို့ ရောက်လျှင် အရိန္ဒမာလှံကို စိုက်၏ ။ လှံလည်း စိုက်တုံလဲတုံ ဖြစ်ဘိ၏ ။ ကျန်စစ်သားလည်း အမျက်ထွက်သော အားဖြင့် တောအုပ်သို့ ထိုးလိုက်ရာ ကုလားခြေလျင် ၇ ယောက် လုံး သေသော ဟူ၏ ။ ကုလား ခြေလျင် ၇ ယောက် တို့ကို လုပ်ကြံပြီးနောက် မြောက်ဘက် ကျောင်းဖြူအရပ်သို့ သွားလေ၏ ။
ထိုအရပ်တွင် ရဟန်းမထီး တူမတော် တစ်ယောက် သည် အဆင်းအင်္ဂါကြီးငယ်နှင့် ပြည့်စုံ၏ ။ ဦးရီးဘုန်းကြီးသည် ဗေဒင်တတ်တော် မူသည် ဖြစ်၍ တူမ ဇာတာကို ယူ၍ ကြည့်လေသာ်၊ ဆိုသည်ကား ငါ့နှမ ငါ့ယောက် ဖတို့ ပြောဖူးသည်။ ၀ါကောက်ရာ အိပ်၍ ပျော်စဉ် ထဘီနားတွင် ပျားစွဲသည်။ ငါတို့သမီးထံ ဘုန်းကြီးသူ ရောက်မည် ဟူ၍ ပြောလျှောက်ဖူးသည်။ နင်သည် ရှေ့သို့သူ၏ ရှိခိုးခံရမည် ။ နင်၏ လင်လျာသည် မည် သည့်နေ့ရက် ရောက်သော အခါ အနောက်တောင်ထောင့်မှလာ၍ ရေတောင်းလာမည် ။ ထိုရေတောင်းသော သူသည် နင်၏ လင်လျာတည်း။ ထိုနေ့ရက်သို့ ရောက်သော အခါ စားကောင်းသောက်ဖွယ် ရှာထား၍ ရှိနှင့် စေ ဟူ၍ ဆိုလေ၏ ။ မထီး ဆိုသော နေ့ရက်သို့ရောက်လျှင် ကျန်စစ်သားလည်း လှံတစ်စင်းဖြင့် ထိုအရပ်သို့ ရောက်လာ၏ ။ အပြင်အလျာနှင့် ပြည့်စုံသော မထီးတူမကို မြင်လေသော် ရေပေးပါဟု တောင်း၍ မထီးလည်း တူမကို တိုက်တွန်း၍ ရေကမ်းရ၏ ။ မထီးတူမ သမ္ဘူလလည်း ရိုသေစွာ ရေကမ်းပေ၏ ။ ကောင်းမွန်စွာ ပြင်၍ ထားသော ဘောဇဉ်တို့ကိုလည်း ဆက်လေ၏ ။ ကျန်စစ်သားလည်း ထိုဆက်သော စားဖွယ်သောက်ရာတို့ကို စားတော် ခေါ်ပြီးလျှင် သင်သည် ငါ့ကို လုပ်ကျွေးဘိ၊ သင်အား ငါ အသက်နှံ၏ ဟု ဆိုတော် မူ၏ ။ မထီးတူမ သမ္ဘူလလလည်း ၀န်ခံ၍ ကောင်းမွန်စွာ လုပ်ကျွေးမွေးမြူ၏ ။
နော်ရထာမင်းစောလည်း ဥဿာမင်းက ဆက်လိုက်သော ဆံတော် ဓာတ်ကို စည်းခုံတည်၍ ကိုးကွယ်တော် မူ၏ ။ ထိုဘုရားကို မဟာပိန္နဲဟူ၍ သမုတ်တော် မူ၏ ။ သထုံမင်း မနူဟာကိုလည်း သားမယား အခြွေအရံနှင့် တကွ ကောင်းမှု တော် ရွှေစည်းခုံ ဘုရားမှာ လှူတော် မူ၍ အကြီးပြုရ၏ ။
အနော်ရထာမင်းကြီး မိဖုရားကြီး အဂ္ဂမဟေသီတွင် မြင်သည်ကား စောလူးတစ်ပါးသာတည်း။ အဂ္ဂမဟေသီ မိဖုရားကို ရံသော အခြွေအရံကား ပတ္တမြားဖြင့် ပြီးသော တန်ဆာဆင်သော အမတ်ကြီးသမီး စုလည်းထုံး ငါးရာ၊ မြဖြင့် ပြီးသော တန်ဆာဆင်သော အမတ်သမီး ယဂင်ဥချာထုံး ငါးရာ၊ မင်းကြီးကို မ စ သော ပုလဲဖြင့် ပြီးသော တန်ဆာဆင် တို့မှာ လည်း ရွှေဖြင့် ပြီးသော ဘယက်တန်ဆာ ဆင်ကုန်သည်ချည်းတည်း။ ထိုမှတစ်ပါး မိန်းမစောင်း၊ မိန်းမငြင်း၊ ပတ် စည် သံလွင်တို့ကိုလည်း မိန်းမတို့သာ တီးမှု တ်ရကုန်သည်။ ဥဿာမင်းသမီး မဏိစန္ဒာကိုလည်း သီရိစန္ဒာဒေ၀ီဟူသော အမည် ကို သမုတ်တော် မူ၍ ရတနာပြသာဒ်နှင့် ထားတ်ာမူသည်။ သီရိစန္ဒာဒေ၀ီ မိဖုရားကို ရံသော ကိုယ်လုပ်တော် သည်ကား ပတ္တမြားဖြင့် ပြီးသော တန်ဆာဆင်သော အမတ်သမီး စုလည်းထုံး ငါးရာ၊ မြဖြင့် ပြီးသော တန်ဆာဆင်သော အမတ်သမီး ယဂင်ဥရစ်ထုံး သုံးရာ၊ ၀ရဇိန်ဖြင့် ပြီးသော တန်ဆာဆင်သော အမတ်သမီး ယဂင်ဥချာထုံး သုံးရာ၊ ရွှေဖြင့် ပြီးသော တန်ဆာဆင်သော မိန်းမကုန်း သုံးကျိပ်၊ မိန်းမကွ သုံးကျိပ်၊ ထိုမှတစ်ပါး မိန်းမစည်၊ မိန်းမပတ်၊ မိန်းမစောင်း၊ မိန်းမငြင်းလည်း နေ့တိုင်းမပြတ် တီးမှု တ်ရသတည်း။
အနော်ရထာမင်းစောသည် စစ်သည်သူရဲ များ စွာ နှင့် ကြော့လှေ၊ လှော်ကား၊ သားလှေ၊ ငှက်လှေ ရှစ်သိန်း ရှိသော ဟူ၏ ။ ထိုသို့ အလုံးအရင်းနှင့် တိုင်းခွင်လှည့်လည်တော် မူ၍ ကုလားပြည် ဘင်္ဂလားသို့ ရောက်တော် မူ၏ ။ ထိုကသည် မြန်မာပြည်အလုံး၌ ဘုရား ဂူကျောင်း တန်ဆောင်း ဇရပ်တို့ကို အနှံ့အစပ် တည်ထားတော် မူ၍ နေပြည်တော် ပုဂါရာမသို့ ပြန်တော် မူ၏ ။ ရောက်တော် မူလျှင် ဘုရားသာသနာတော် ၌ အလွန် သဒ္ဓါတော် မူသည် ဖြစ်၍ သထုံပြည်မှ ဆောင်တော် မူခဲ့သော ပိဋကတ်အစုံ သုံးဆယ်ကိုလည်း မွန်တို့ အက္ခရာမှ မြန်မာတို့အရေး အက္ခရာဖြင့် အသစ် ရေး ကူးစေပြီးလျှင် ရဟန္တာမြတ်တို့အား တောင်းပန်၍ အကြိမ်ကြိမ် တည်းမစေပြီးသော် ရတနာအတိပြီးသော ပြသာဒ်တွင် အရိယာသံဃာတော် တို့အား ပို့သ သင်ကြားရ၏ ။
ထိုမှတစ်ပါးလည်း မြန်မာပြည်အလုံး၌ ဆည်မြောင်း ကန်ချောင်း ဖြစ်ကောင်းသော အရာတို့ကိုလည်း ဆည်မြောင်းကန်ချောင်း ဖြစ်စေ၏ ။ တောင်ဘက် လယ်တွင်းသို့ ရောက်တော် မူသော အခါ သာလျောင်းတောင်သို့ တက်၍ ကြည့်တော် မူသော် ကယွတ်တောင်ထက်က ကျသော ရေကို အတန့်တန့်ဆည်၍ လယ်သောက်လုပ်ရသည်ရှိသော် သာသနာတော် ငါးထောင်ပတ်လုံး ခပ်သိမ်းသော သတ္တ၀ါ အပေါင်းတို့၏ စီးပွား များ လတ္တံသည်ကို မြင်တော် မူ၍ (၁) ပန်းယောင် မြစ်နားမှာ လည်း ကင်းတား တစ်ဆည်၊ (၂) ငနိုင့်သေသည် တစ်ဆည်၊ (၃) ပြောင်းပြာ တစ်ဆည်၊ (၄) ဂူမည်း တစ်ဆည်၊ (၅) မက္ခရာမြစ်မှာ နွားတက် တစ်ဆည်၊ (၆) ကွမ်းဆေးတစ်ဆည်၊ (၇) ဂူတော် တစ်ဆည်၊ သည် ၇ ဆည်နှင့် မင်းပယ် ရှစ်သိန်းကို အနော်ရထာမင်းစော ပြုတော် မူ၏ ။
အနုရုဒ္ဓါဒေ၀ မင်းကြီးသည် နန်းတက်တော် မူ၍ ၁၆ နှစ် မြောက်သော အခါ သက္ကရာဇ် ၃၉၅ ခု တပေါင်းလဆန်း ၁၂ ရက် သော ကြာနေ့တွင် မောတိုင်း ရှမ်းဒေသ မောမင်းတို့နိုင်ငံ ဖြစ်သော ကမ္ဗောဇတိုင်းနှင့် မြန်မာပြည် တမ္ပဒီပတိုင်း နှစ် ဖက်စပ်ကြား ရှမ်းယွန်းတို့ မရောမစပ်စိမ့်သော ငှာ မြို့တည်သည်ကား ကောင်းစင်၊ ကောင်းတုံ၊ ငရုန်း၊၊ ငရင်း၊ ရွှေဂူ၊ ယင်းခဲ၊ မိုးတား၊ ကသာ၊ ထီးကျဉ်း၊ မြတောင်၊ တကောင်း၊ ဟင်းဂမောင်၊ ကြံညှပ်၊ စမ္ပာနဂိုရ်၊ ငစဥ့်ကူး၊ ကုန်းသာယာ၊ မကွေးတရာအောင်၊ အုတ်၊ ရေနံ့သာ၊ နဂါးမောက်၊ ယင်းမာတဲ၊ စုန်းမြို့၊ တုံပုံ၊ မတ္တရာ၊ သက်ကယ်ကျင်း၊ ၀ါးရင်းတုတ်၊ တောင်ပြုံးကြီး၊ မြို့တင်၊ လဟေး၊ ရှဥ့်မတက်၊ မက္ခရာ၊ တအုံ၊ မြင်စိုင်း၊ မြစ်သား၊ ဟိုင်းတက်၊ သာဂရ၊ ညောင်ရမ်း၊ ရွှေမြို့၊ ပက်ပါ၊ မြို့လှ၊ ကဲလင်း၊ ဆွာ၊ ဗာရာဏသီမြို့ ဟူ၍ လည် ၄၃ မြို့ကို တစ်ပြိုင်နက် တစ်ချက်တည်း စ၍ တည်စေသတည်း။ သည်မှတစ်ပါးလည်း နိုင်ငံတော် အတွင်း မြန်မာပြည် သိန်းပြုမြို့ အခေါင်းတည်၍ ထောင်ပြု၊ ရှစ်ရာပြု၊ လေးရာပြု၊ သုံးရာပြု၊ နှစ် ရာပြု၊ တစ်ရာပြု၊ ရှစ်ဆယ်ပြု၊ ငါးဆယ်ပြု၊ သုံးဆယ်ပြု၊ နှစ် ဆယ်ပြုမြို့၊ သည်ကား အသီးသီး မြို့ပြတည်ရသည်။ မင်းတရားကြီး တိုင်းနိုင်ငံ တည်တော် မူလျှင် ထိုမြို့များ က ဤကဲ့သို့ လက်နက်ကိုင် ခွဲစုကျ မှတ်ထားသည်အတိုင်း ပါကြရသည်။ ကောင်းစင်၊ ကောင်းတုံမှစ၍ တောင်ငူ၊ ကဲလင်း၊ ဆွာ၊ ဗာရာဏသီတိုင်အောင် ၄၃ မြို့ကို တည်စေသော ကာလ၊ မင်းရဲစစ်ဆင် မည် သော အမတ်သည် မြို့တည်အံ့ဟု မြေပြင်ကို သုတ်သင် ပြုစုစဉ် မြောက်မျက်မှာ က ဆင်ဟိုင်းတစ်စီး တက်လာ၍ အရှေ့မျက်နှာသို့ ထွက်သွားသည်။ ထို့နေ့မှပင်စ၍ မြို့တည်သည်။ ဆင်ဟိုင်း တက်လာသည်ကို အစွဲပြု၍ ဟိုင်းတက်မြို့ဟု သမုတ်ရသည်။ နောက် ဟိုင်းတတ်မြို့တည် အမတ် မင်းရဲစစ်ဆင်သည် အနော်ရထာမင်းကြီးကို မကောင်းကြံ၍ ဒဏ်ခိုက်သော ကြောင့် သေလေသည်။
သက္ကရာဇ် ၄၀၁ ခုတွင် နော်ရထာမင်းကြီးသည် ညောင်ရွှေအင်းတိမ်၌ ပေါရိသတ်ဘုရားကို တည်၍ အပြန်တွင် ဘုရားသခင် မျက်ကွင်းတော် ဓာတ်ကို ဓမ္မာသော ကမင်းကြီး တည်တော် မူသော မုတ္တောစေတီတော် သည် ပျက်ပြား၍ တောချုံရဂုံ ဖုံးအုပ်၍ ရှိသည်ကို တွေ့လျှင် မင်းကြီးလည်း ၀မ်းမြောက်စွာ ၍ တည်ထောင်ထပ်မံတော် မူ၍ ရွှေရင်မျှော်ဘုရား ဟူ၍ လည်း သမုတ်တော် မူပြန်သည်။ ထိုမှ ပြန်သည်တွင် ဟိုင်းတက်မြို့သို့ ၀င်ပါဟူ၍ ဟူးရားဖြူ ပုဏ္ဏားပညာရှိ၊ ဟူးရားညို လူပညာရှိတို့က ဆိုလျှင် အနော်ရထာမင်းစောလည်း မြို့သို့ ၀င်တော် မူသည်။ မြို့တွင် စေတီလည်း တည်တော် မူ၏ ။ ဘုရားလှ ဟူ၍ လည်း သမုတ်တော် မူ၏ ။ ကိုယ်လုပ်တော် တို့ကလည်း ရင်လှဂူ၊ ခန့်ကျည့်ဂူ၊ ဘုရားဂူတို့ကို တည်ကြကုန်၏ ။ အမတ်မြို့တည် မင်းရဲစစ်ဆင် သေရာ နတ် ဖြစ်သည် ဆို၍ လည်း မင်းရဲဂူ သမုတ်၍ တည် မင်းရဲစစ်ဆင် သေရာ နတ် ဖြစ်သည် ဆို၍ လည်း မင်းရဲဂူ သမုတ်၍ တည်သည်။ မြို့မြောက်တွင် လည်း နတ်ကွန်းဆောက်၍ မြို့သူမြို့သားတို့ ကိုးကွယ်ရသည်။ နယ်တွင်းဝင် ရွာပေါင်းနှစ် ဆယ် မြေတိုင် နှစ် ကျိပ်လည်း ထားတော် မူသည်။
အနော်ရထာမင်းစော ပြုစုတော် မူသော လယ်တွင်း ၁၁ ရွာကား - (၁) ပင်လယ်၊ (၂) မြစ်မနား၊ (၃) မြစ်သား၊ (၄) မြင်းခုံတိုင်၊ (၅) ယမုံး၊ (၆) ပနံ၊ (၇) မက္ခရာ၊ (၈) တပြက်သာ၊ (၉) သင်တောင်း၊ (၁၀) တမုတ်ဆိုး၊ (၁၁) ခံလူး ၊ ဤ ၁၁ ရွာတည်း။ ဤသို့ သော ဆည်မြောင်း ကန်ချောင်းတို့ကို ပြုစုတော် မူပြီးလျှင် ငါသည် ပုဂါရာမ၌ မင်းတစ်ကြိမ် ဖြစ်သော အခါ ပေစေ့ ပေါက်စေသော ဟူ၍ ရုက္ခစိုး၊ ဘုမ္မစိုးတို့ကို တိုင်တည်၍ ပျက်တောင်ခြေတွင် လည်း ပေစိုက်တော် မူ၏ ။
တစ်ရံရောအခါ မင်းကြီးး နေတော် မူသော တဲအောက်တွင် တွင် ဖားငယ်တစ်ခုသည် မြည် ၏ ။ အနော်ရထာမင်းကြီးလည်း ဖားငယ်မြည် သော အကြောင်းကို ဟူးရားဖြူ၊ ဟူးရားညိုတို့အား မေးတော် မူ၏ ။ ဟူးရားဖြူ၊ ဟူးရားညိုတို့လည်း ဖားဖိုသေ၍ ဖားမငယ်သည် လင်ကောင်ကို ပိုး၍ ငိုသည်ဟု နားတော် လျှောက်၏ ။ မင်းကြီးလည်း ဤအကြောင်းကိုကား အတိသို့နည်းဟု မေးတော် မူပြန်၏ ။ ဘုန်းတော် ကြီးသော အရှင်သည် အရိမဒ္ဒနာ ပုဂါရာမ နေပြည်တော် သို့ မရောက်မ၀င်ခင် ရန်သူ့လက်တွင် အပျက်မြင်၏ ။ နတ်ပြည် စံတော် မူလတ္တံ ဟူ၍ နားတော် လျှောက်လေ၏ ။ အနော်ရထာမင်းစောလည်း ငါသို့ သော မင်းအား ဤစကားကို လျှောက်ဝံ့သည်။ ဖားမငယ် လင်ကောင်ကို ပိုး၍ ရှိ မရှိကို စုံစမ်းဘိ၍ မိန့်တော် မူလျှင် အပါးတော် စေတို့ မြေကြီးကို တူး၍ ကြည့်သော် ဖားမငယ် လင်ကောင်ကို ပိုးလျက်ရ၍ မင်းကြီးအား ဆက်လေ၏ ။ မင်းကြီးလည်း မင်းတို့မာန်ဖြင့် အမျက်တော် ပြင်းစွာ ရှိသည် ဖြစ်၍ ဟူးရားဖြူ၊ ဟူးရားညိုတို့ကို သံခြေချင်းခတ်ပြီးလျှင် နှောင်အိမ်၌ ထားလေ၏ ။ ယင်းသို့ မှ စစ်အင်္ဂါ ၄ ပါးနှင့် တကွ ဆင်ဖြူ သံမြင်စွာ ကို စီးတော် မူလျက် နေပြည်တော် ပုဂါရာမသို့ ပြန်တော် မူ၏ ။
ပုဂါရာမသို့ ရောက်တော် မူ၍ သရပကာ တံခါးအ၀င်တွင် မုဆိုး တစ်ယောက် က အောင်သာမြစ်ခြေ ဟူသော အရပ်ဝယ် ကျွဲရိုင်းတစ်စုသည် လူသူ မသွားသာအောင် ရန်ပြုသည်ဟု နားတော် လျှောက်ပြီးလျှင်၊ မင်းကြီးလည်း ပြုတော် မူဖူးသော ကုသိုလ်ကံသည် အပြီးသို့ ရောက်သည် ဖြစ်၍ သရပကာ တံခါးသို့ ဆင်တော် လက်ယာလက်တစ်ဖက်ဖြင့် ၀င်ပြီးမှ ထိုကျွဲကို ငါ့ဆင်နှင့် တိုက်သတ်တော် မူမည် ဟူ၍ အလုံးအရင်းနှင့် တကွ နန်းတော် သို့ မ၀င်ဘဲ ပြန်တော် မူ၍ မြစ်ခြေအောင်သာသို့ ချီတော် မူ၏ ။ ရောက်တော် မူ၍ ကျွဲရိုင်းကို မြင်တော် မူလျှင် စီးတော် မူသော သံမြင်စွာ ကို ချွန်းဖွင့်၍ လွှတ်တော် မူ၏ ။ ကျွဲရိုင်းလည်း ဆင်တော် ထက်မှာ ကို လှမ်း၍ ခတ်လျှင် ခတ်မိ၍ အနိစ္စ ရောက်တော် မူချေ၏ ။ နောက်တောင်တွင် ပါသော အမတ်စသော ရဲမက်ဗိုလ်ပါတို့သည်လည်း ပရမ်းပတာ ပြိုကွဲ၍ ရှိချေသည်။
(၁၀) အနော်ရထာမင်းစော နိုင်ငံတော် အပိုင်းအခြား
(၁) အနောက်သို့ အလာကား။ ။ ပဋိက္ကရားမည် ကုလားပြည်လျှင် အခြားတည်း
(၂) အနောက်မြောက်ထောင့်သို့ အလားကား။ ။ ကတူးငနားကြီး ရေတွင်းမီးလျှင် အခြားတည်း။
(၃) မြောက်သို့ အလားကား။ ။ ဂန္ဓာလရာဇ်လည်းမည် တရုတ်ပြည်လျှင် အခြားတည်း။
(၄) အရှေ့မြောက်ထောင့် အလားကား။ ။ က၀န္တိလည်းမည် ပန်းသေးပြည်လျှင် အခြားတည်း။
(၅) အရှေ့သို့ အလားကား ။ ။ စတိဿမည် ပင်ကာပြည်လျှင် အခြားတည်း။
(၆) အရှေ့တောင်ထောင့်သို့ အလားကား။ ။ အရောစလည်းမည် ဂျွမ်းတို့ပြည်လျှင် အခြားတည်း။
ဤသို့ ဘုန်းလက်ရုံး အာဏာနှင့် ပြည့်စုံတော် မူသော မင်းမြတ်သည် သာသနာတော် စီးပွား၊ ကိုယ်တော် မြတ်စီးပွား၊ သားတော် အစဉ် မြေးတော် အဆက် မြစ်တော် အညွန့်တို့၏ စီးပွား၊ ပြည်သူ လူတကာတို့၏ စီးပွားကို ဆောင်တော် မူ၍ အိမ်နိမ့် ၃၃ နှစ် ၊ စည်းစိမ် ၄၂ နှစ် ၊ သက်တော် ၇၅ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် နန်းတော် ဥကင်သ တံခါးဝယ် ပျားစွဲ၏ ။ သရပါတံခါးထက်က ဘီလူးရယ်၏ ။ ဓားတော် အရောင် ညိုး၏ ။ လင်းတ နား၏ ။ ဒိန္နက်သဲ သင်္ကြန် တစ်ပြိုင်နက် သင့်၏ ။ နံတော် အင်္ဂါသားတည်း။
သက္ကရာဇ် ၄၂၁ ခုသော် သာတော် စောလူးမင်း * မင်း ဖြစ်တော် မူ၏ ။ မင်းစောလူး နန်းတက်၍ များ မကြာမန မိဖုရား ပန်းဆောက်ဦး ကြမ္မာကုန်၍ ဥဿာမင်း သမီးတော် သီရိစန္ဒာဒေ၀ီကို ခင်ဦးဟူသော အမည် နှင့် ဦးဆောက်ပန်းအရာသို့ ပေးတော် မူ၏ ။ ထိုအခါ ရှင်အရဟံ အစရှိသော မှူးတော် မတ်တော် ကလန် သံပျင် အပေါင်းတို့သည် ဤသို့ မင်းကြီးကို နားတော် လျှောက်ကုန်၏ ။ ကျန်စစ်သားသည် ကိုယ်နှင့် မကွာကောင်းသော သူ ဖြစ်သည်။ ပုန်းရှောင်၍ နေသည်ကို ခေါ်တော် မူပါ ဟူ၍ နားတော် လျှောက်ကြကုန်၏ ။ မင်းစောလူးလည်း ခေါ်တော် မူရလေ၏ ။
ကျန်စစ်သားလည်း မထီးတူမ သမ္ဘူလကို ဤသို့ မှာ ခဲ့၏ ။ သင့်တွင် ရှိသော ပဋိသန္ဓေ ဖွားမြင်သော အခါ မိန်းမ ဖွားလျှင် သည် လက်စွပ်ကို ရောင်းဝယ်၍ သုံးဆောင် မွေးကျွေးလေ။ ယောက်ျားဖွားလျင် သည်လက်စွပ်ကို ယူ၍ လာခဲ့ဟု မှာ ခဲ့ပြီးမှ ပုဂါရာမသို့ လာ၍ မင်းစောလူးတွင် မြဲလေ၏ ။
တစ်ရံရောအခါ မိဖုရား ခင်ဦးနှင့် အပြောအဟော ရှိပြန်သည်ဟူ၍ မောင်းမတို့ လျှောက်သော ကြောင့် ကျေးစည်းစိမ်ကု ရုပ်၍ အောက်ဒလသို့ ပို့ပြန်တော် မူရာ၊ အမှူးအမတ်တို့လည်း ဘုန်းကြီးသည့် အရှင့်ခမည်းတော် မျက်တော် မူ၍ ပုန်းရှောင်နေလေသည်မှ ယူချင်မတတ် ရှိရသေး၏ ။ ယခု ဘုန်းကြီးသည့်အရှင် မျက်တော် မူ၍ ဒလ၀ယ် ထားတော် မူရာမှာ ကိုယ်တော် နှင့် ကွာကောင်းသင့်သည် မဟုတ်။ အလျင် ခေါ်တော် မူပါ ဟူ၍ နားတော် လျှောက်ကြ၏ ။ မင်းစောလူးလည်း ပြည်ရေး ရွာမှု ကို ထောက်၍ ခေါ်တော် မူ၏ ။ ရောက်လျှင် စားမြဲသော ကျေးစည်းစိမ်တို့ကို ပေးတော် မူပြန်၏ ။
အထိန်းသား ငရမန်ကန်းကိုလည်း ဥဿာပဲခူးမြို့ကို ပေးတော် မူ၏ ။ တစ်ရံရောအခါ မင်းကြီးနှင့် ငရမန်ကန်း အန်ကစားကြရာတွင် ငရမန်ကန်း နိုင်လေ၍ မလမ်းပေါက် ထ၍ ခတ်လေ၏ ။ မင်းစောလူးလည်း နင် ငါ့ကို အန်တစ်ပွဲမျှ နိုင်သည်ကို မလမ်းပေါက် ထ၍ ခတ်သည်ကား နင် ယောက်ျားဟုတ်နိုးသော် နင်စားသော ပဲခူးနှင့် ပုန်စားလေ ဟူ၍ မိန့်တော် မူ၏ ။ ငရမန်ကန်းလည်း အကယ်လောဟု မေး၏ ။ မင်းကြီးလည်း ငါတို့ မင်းမည် သည်ကား မဟုတ်သော အရာကို ဆိုရာသည်လောဟု မိန့်တော် မူ၏ ။ ငရမန်ကန်းလည်း ကြံလျက်နေသော သူ ဖြစ်၍ မိမိစားသော ပဲခူးသို့ သွားလေပြီးသော် ရဲမက်ဗိုလ်ပါဆင်လုံးမြင်းရင်း ရုံးစု၍ ရေအား ကြည်းအားနှင့် ပုဂါရာမသို့ ချီလာ၏ ။ မရောက်ခင် ပြည်တော် သာကျွန်းတွင် တပ်မ ချ၍ နေလေ၏ ။ မင်းစောလူးလည်း ငရမန် ချီလာ၍ ပြည်တော် သာကျွန်းသို့ ရောက်ပြီဟု ကြားတော် မူသော် ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်း အများ နှင့် ကျန်စစ်သားကို အလျင် ချီစေရ၏ ။ မင်းကြီးကား နောက်တပ်မ ပြု၍ ချီတော် မူ၏ ။ ငရမန်ကန်းလည်း ဤသို့ ကြံ၏ ။ ကျန်စစ်သားသည် စစ်အရာ၌ လိမ္မာသည်၊ တစ်စုံတစ်ခုသော ၀င်္က၀ုတ္တိဖြင့် စိရင်မှသာ အောင်မြင်လွယ်မည် ဟု နှလုံးထား၍ ဆင်ခင်း မြင်းခင်း မသာ၊ ရွံ့ညွန်များ သော အရပ်တွင် နှီးနှင့် ဆင်ရုပ်လုပ်ပြီးသော် ပေါင်းဝန်းတင်၍ လူရုပ်ကိုလည်း ဒိုင်းလွှားကာ ကိုင်စေ၍ ဦးရန်းတပ်လျှက် ထား၏ ။ မင်းစောလူးနှင့် ကျန်စစ်သားလည်း ပြည်တော် သာကျွန်းသို့ ရောက်လျှင် ယခု မိုးချုပ်ပြီ ဖြစ်သည်။ နက်ဖြန်မှ တိုက်မည် ဟု တပ်ချ၍ နေ၏ ။ ထိုအခါ ငရမန်ကန်းသည် ညဥ့်လရောင် ရီဝင်ကို စစ်ရေး ငင်လာသည်ကို မစုံမစမ်း မဆင်မခြင် လိုက်၍ တိုက်ချေ၏ ။ မင်းကြီးလည်း ရွှံ့တွင် လုပ်၍ ထားသော ဆင်ရုပ်ကို တကယ်ဆင် ထင်၍ တိုက်လေသော် စီးတော် မူသော ဆင်တော် သံမြင်စွာ ရွှံ့သို့ကျ၍ ကျွံချေ၏ ။ မင်းစောလူးလည်း ဆင်ထက်က ဆင်းသက်၍ ပြေးပြီသော် တောအုပ်တစ်ခု၌ ညောင်စောင်းတွင် ၀င်၍ နေလေ၏ ။ ဆင်တော် သံမြင်စွာ ကိုလည်း သူ ရလေ၏ ။ စစ်သည်ဗိုလ်ပါ အပေါင်းတို့သည်လည်း အဆီးအတားမရှိ ပျက်၍ ပြေးရချေ၏ ။ ကျန်စစ်သားလည်း တောင်ခွင်ဟူသော အရပ်က မြင်းနှင့် တစ်ညဥ့်လုံး လာခဲ့သည်တွင် ပုဂါရာမသို့ မိုးသောက်လျှင် ရောက်လေ၏ ။ ပုဂါရာမတွင် ရှိနှင့် သော မှူးကြီးမတ်ရာတို့သည်လည်း ကျန်စစ်သာကို ဆိုနှင့် ၏ ။ ငါတို့အရှင် မင်းစောလူး မရှိပြီးသော် အရှင်မင်းကြီးမှတစ်ပါး ဤပြည်ကို စိုးအုပ်ထိုက်သသူ မရှိပြီဟူ၍ တံခါးလည်း ဖွင့်နှင့် လေ၏ ။ မင်းမြောက်တန်ဆာ ၅ ပါးတို့ကို ဆက်နှင့် ၏ ။ ကျန်စစ်သားလည်း ငါ့အရှင် ရှိ မရှိကို စုံစမ်းဦးမည် ။ ငါ့အရှင် ရှိသော် ငါ့အရှင်ကိုယူ၍ နန်းတင်မည် ဟု ဆို၏ ။ အမှူးအမတ်တို့က ဆက်နှင့် သော မင်းမြောက်တန်ဆာတို့ကိုလည်း ရွှေစည်းခုံရှေ့တော် ၀ယ် ထားလေ၏ ။ ငရမန်ကန်းလည်း စောလူးနှင့် ကျန်စစ်သားကို မရလျှင် အလျော့မနေကောင်းချေဟူ၍ စစ်သည်ဗိုလ်ပါတို့ကို ရုံးစု၍ အလုံအခြုံ တပ်ကြီး တည်၍ နေလေ၏ ။
မင်းစောလူးသည် စားတော် ၃ နပ်တိုင်အောင် မစားရသည်နှင့် ငတ်မွတ်တော် မူလှသော ကြောင့် ညောင်ခေါင်းမှ ထွက်၍ ငရမန်တပ်သား ယောက်ျား တစ်ယောက် ထင်းခွေသွားရာ ထမင်းစားသည်ကို တွေ့ လေ၍ သည်အဖိုးအတိုင်းမသိသော လက်စွပ်ကို သင်ယူ၊ သင့်ထမင်းထုပ်ကို ငါ့ကို ပေးပါ၊ ငါ့ကို တွေ့ သည်ဟူ၍ လည်း မပြောပါနှင့် ဟု နှုတ်ပိတ်တော် မူ၏ ။ ထင်းခွေယောက်ျားလည်း စားတော် ခေါ်တော် မူဟူ၍ ထမင်းထုပ်ကို ဆက်လေ၏ ။ မင်းစောလူးလည်း စားတော် ခေါ်ပြီးလျှင် ညောင်ခေါင်းသို့ ၀င်၍ နေလေ၏ ။ ထင်းခွေယောက်ျားလည် လက်စွပ်ကို ခါးတွင် ပိုက်၍ သွားလေ၏ ။ တပ်သို့ ရောက်လျှင် မနေနိုင်။ အတီမျှ တန်မည် နည်း ဟူ၍ အပေါင်းအဖော်တို့ကို ပြ၍ မေးလေ၏ ။ လက်စွပ်လည်း အဖိုးအတိုင်းမသိ ဖြစ်၍ အဆင့်ဆင့်သော စကားဖြင့် ငရမန် ကြားလေ၍ လက်စွပ်ကို ယူ၍ ကြည့်သော် စောလူးလက်စွပ်မှန်းကိုသိ၍ ထင်းခွေယောက်ျားကို ညှပ်ခတ်၍ စစ်လေ၏ ။ ထင်းခွေယောက်ျားလည်း နာကျင်လှသော် ဟုတ်မှန်သည်အတိုင်းပြန်၍ စောလူးကို ဖမ်းရလျှင် အမြဲထားလေ၏ ။ ယင်းသို့မှ စောလူးကို ယူ၍ ကြည်းအား ဆန်၍ မြင်းကပါ အရပ်တွင် တပ်ကြီးတည်၍ နေလေ၏ ။
ကျန်စစ်သားလည်း ငါ့အရှင်ကို ခိုး၍ နန်းတင်မည် ဟူ၍ စောလူးထားရာမှာ ခိုးလေ၏ ။ စောလူးလည်း ကျန်စစ်သား ပခုံးထက်တွင် ဤသို့ ကြံ၏ ။ ကျန်စစ်သားသည် ခမည်းတော် လည်း မျက်ဖူးသသူ၊ ငါလည်း မျက်ဖူးသသူ ဖြစ်သည်။ ငါ့ကို သတ်လို၍ ခိုးသည် ထင်သည်။ ငရမန်မူကား ငါ့အထိန်းတော် သား ဖြစ်၍ ငါနှင့် နို့ တစ်ယောက် တစ်ဖက် စို့သသူ ဖြစ်သည်။ ငါ့ကို မသတ်တန်ရာ ဟူ၍ ကြံပြီးလျှင် ‘ကျန်စစ်သား ငါ့ကို ခိုးသည်’ ဟူ၍ ဟစ်လေ၏ ။ ကျန်စစ်သားလည်း ‘မင်းဆိုး၊ မင်းညစ်၊ မွန်တို့ လက်တွင် ခွေးသေ ၀က်သေ သေရစ်လေတော့’ ဆို၍ ပစ်ခဲ့လေ၏ ။ ငရမန်စစ်သည်တို့လည်း ဖြဖြလိုက်၍ ၀န်းရံလေသော ကြောင့် ရေသို့ ဆင်း၍ တံငါသားအဖ တန်စွက်လှေငယ်နှင့် အောင်သာဘက်သို့ ကူးလေ၏ ။
အောင်သာဘက်သို့ ရောက်လျှင် မုဆိုး ငစဥ့်ကို ရှာအံ့သော ငှာ ကြခတ်ဝရာသို့ ကူး၍ မြောက်ဘက်သို့ သွား၏ ။ ငထီးလှိုင် အရပ်သို့ ရောက်လျှင် ငထီးလှိုင် ရွာသူကြီ လုပ်သော ယာသို့ ရောက်၍ အာသန်ကြီးလှသည်ကို မြင်၍ ဤလူကား လူမည် ကာ မဟုတ်၊ ဘုန်းကြီးသော သူ ဖြစ်သည်။ ဤသူအား အသက်နှံရသော် အကျိုးများ စွာ ရှိလတ္တံ ဟူ၍ ကြံပြီးမှ အဆင်းအင်္ဂါ လက္ခဏာကြီးငယ်နှင့် ပြည့်စုံသော သမီးကိုဆက်၍ မိမိကျွန်ခံလေ၏ ။ (ယင်းတွင် မှ ကျန်စစ်သားကို ထီးလှိုင်ရှင်ဟု တွင် ၏ ။)
ထီးလှိုင်ရွာကနေ၍ ဗိုလ်ပါ ရုံးစုရာ မုဆိုး ငစဥ့်ကိုလည်း ရှာလေ၏ ။ မုဆိုး ငစဥ့်လည်း ကျန်စစ်သား ရှာသည်ဟု ကြားလျှင် ကြောက်သည် ဖြစ်၍ ငစဥ့်ကူးသို့ ကူး၍ ပြေးလေရာ ငစဥ့်ကို ကိုင်ဖမ်းမိလေ၏ ။ ထီးလှိုင်ရှင် ကျန်စစ်သားလည်း ထီးလှိုင်သူကြီးနှင့် မုဆိုးငစဥ့်ကိုရလျှင် ရဲမက်ဗိုလ်ပါ ရုံးစု၍ တောင်ဘက် ၁၁ ရွာတွင် ဗိုလ်ဝင်ခံ၍ နေတော် မူ၏ ။ ငထီးလှိုင်အရပ်တွင် လည်း ဗိုလ်ဝင်ခံရ၏ ။ (ထိုအရပ်ကို ငထီးလှိုင် ဟူ၍ ယခုတိုင်အောင် တွင် ၏ ။) နိုင်ငံအလုံးတွင် ရှိသော ဆင်သည်မြင်းသည် ခြေသည် အပေါင်းတို့သည် အထက်ကပင် ကျန်စစ်သား မင်း ဖြစ်မည် ဟူ၍ ပညာရှိတို့ ဟောသော စကားရှိသော ကြောင့် ကျန်စစ်သားရှိရာသို့ ချည်းငင်လာကြကုန်၏ ။ ထီးလှိုင်ဆရာ ရှင်ပုပ္ပားလည်း ကြီးစွာ သော သတြာတို့ကို စီရင်ပေ၏ ။ ( ယတြာစီရင်သော အကြောင်းကား ဆုန်း ဟင်္သပဒါးတို့ကို မန္တန်စုတ်ပြီးသော် ဆင်ဦးကင်း၊ မြင်းကဦး၊ ဒိုင်း လွှား ကာ ရဲလှံတို့၌ နေရုပ်၊ လရုပ် ရေး ပြီးသော် အင်းမန္တန် ရံစေ၏ ။ ) ဤသို့ စီရင်၍ လလယ်တွင်းဝယ် အတပ်တပ် တည်၍ နေစေ၏ ။
ငရမန်ကန်းလည်း စောလူးကို ကျန်စစ်သား ပစ်ခဲ့၍ ရလျှင် ပျူမင်းထီး ငှက်ကြီးခေါင်းမြှုပ်ရာ အနုရာဓ ဟူသော အရပ်၌ ကွပ်ပြီးမှ ပုဂါရာမကို မင်းပြုမည် ဟူ၍ ရေအား ကြည်းအား မြို့သို့ ချဉ်းလာ၏ ။ အမှူးအမတ် ကလန် သံပျင်တို့လည်း ကျန်စစ်သားသည် လယ်တွင်း ၁၁ ရွာကို ချုပ်၍ မင်းပြုလေသည်။ အိုင်တစ်ခုကို ကျွဲနှစ် ခု လူးသကဲ့သို့ ဖြစ်အံ့သည်။ ငါတို့ တံခါး မဖွင့်သာသေး။ ကျန်စစ်သားကို တိုက်၍ အောင်မြင်သည် ဖြစ်မှ မင်းပြုတော် မူ ဆို၍ မြို့တံခါးကို မဖွင့်ဘဲ အခိုင်အမာ နေကြသဖြင့် ငရမန်လည်း ကျန်စစ်သားကို လုပ်ကြံဦးမည် ဟူ၍ ရေအား ကြည်းအား ဆန်ခဲ့ပြီးလျှင် အ၀တည်ရာ အရပ်၌ တပ်ကြီးတည်၍ ကြည်းအား ရေအား နေလေ၏ ။ ကျန်စစ်သားလည်း အထူးထူးသော ယတြာတို့ကို စီရင်၍ များ စွာ သော စစ်သည်ဗိုလ်ပါ အပေါင်းနှင့် တိုက်လေ၏ ။ ငရမန်စစ်ကြီး ပျက်လေ၍ န၀ရတ် ရွှေဖောင်ကို စီး၍ ပြေးလေ၏ ။ ကျန်စစ်သား ရဲမက်အပေါင်းတို့လည်း ထပ်၍ လိုက်လေ၏ ။ ပုဂါရာမတောင်မြင်းကပါ အရပ်သို့ ရောက်လျှင် ငရမန်ကန်းလည်း တပ်ချ ခံပြန်လေ၏ ။ ထီးလှိုင်ရှင် ကျန်စစ်သားလည်း ရွှေစည်းခုံတောင်တွင် တပ်ကြီးတပ်ခိုင် တည်၍ နေတော် မူ၏ ။ ငရမန်ကန်းမူကား နောက်လျှင် မြင်းကပါ အရပ်တွင် မခံဝံ့၍ န၀ရတ်ရွှေဖောင်နှင့် စုန်ပြေးလေ၏ ။ စုန်ပြေးကြောင်းကို ကျန်စစ်သား သိတော် မူလျှင် မုဆိုး ငစဥ့်ကို လိုက်၍ လုပ်ကြံလေစေ၏ ။ မုဆိုး ငစဥ့်လည်း ရွာသာအောက် ငစဥ့်ကူတွင် မီ၍ ရေသဖန်းပင်ထက်သို့ တက်ပြီးသော် သာယာလှစွာ သော ငှက်၏ အသံကဲ့သို့ မြည် လေ၏ ။ ထိုအသံကို ငရမန်ကြားလျှင် ထူးထူးလည်လည် သာယာသော အသံဖြင့် မြည် သည်ကာ အဘယ်ငှက်နည်း ဟူ၍ ရွှေဖောင်ပြတင်းကို လှစ်ဖွင့်၍ ကြည့်သော် မုဆိုးငစဥ့်လည်း အသင့်ချောင်း၍ နေရာက လေးဖြင့် ငင်၍ ပစ်လေသည်။ မျက်စိအကောင်းကို မှန်၍ အနိစ္စ ရောက်လေ၏ ။
မင်းစောလူးကား လုပ်ရည်ကြံရည် မရှိ၊ မှူးကြီး မတ်ရာတို့ကိုလည်း နှလုံးမကြည်ရှိအောင် ပြုတတ်သော အလေ့ ရှိ၏ ။ ခမည်းတော် တည်သော ရွှေစည်းခုံမပြီးသည်ကိုလည်း မလုပ်။ ပညာရှိ လျှောက်သော စကားကိုလည်း မယူ။ အပျော်အရွှင်နှင့် သာ နေ၏ ။ အိမ်နိမ့် ၄၁ နှစ် ၊ စည်းစိမ် ၅ နှစ် ၊ သက်တော် ၄၆ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်လိုသော် ပုထိုးတော် ကြီး အခိုးထွက်၏ ။ ကြာသာပတေးကြယ်၊ စနေကြယ် ခွပ်ကြ၏ ။ နံတော် ဗုဒ္ဓဟူးသားတည်း။
သက္ကရာဇ် ၄၂၆ ခုသော် ထီးလှိုင်ရှင် ကျန်စစ်သား မင်း ဖြစ်တော် မူ၏ ။ မင်း ဖြစ်တော် မူလျှင် အရှေ့ကား အနော်ရထာမင်းစောနန်းတက်ရာ၊ မြောက်ကား ပျူစောထီး လက်ထက် ငှက်ကြီးဦးခေါင်းခွံမြှုပ်ရာ၊ အနောက်ကား မုဋ္ဌော၊ ဤအရပ်သည် မြတ်သော အရပ်ဟု ကြံတော် မူပြီးသော် ထိုအပ်၌ နန်းတည်၍ နေတော် မူ၏ ။ နန်းတက်တော် မူသော အခါ နတ်တို့ကိုလည်း ပူဇော်ကုန်၏
(၁) အပယ်ရတနာလည်း တစ်ပါး၊ (၂) ဥဿာမင်းသမီး ခင်ဦးလည်း တစ်ပါး၊ (၃) ထီးလှိုင်ရှင် ရွာသူကြီး မင်းသမီး ခင်တန်လည်း တစ်ပါး၊ (၄) မထီးတူမ သမ္ဘူလကိုကား နောက်မှ ရောက်လာ၍ ဦးဆောက်ပန်း ဟူသော အမည် နှင့် မိဖုရားမြှော က်လေသတည်း။ ထိုမိဖုရား ၄ ပါးတို့တွင် မိဖုရားကြီး ဖြစ်သော အပယ်ရတနာတွင် သမီးတော် ရွှေအိမ်သည်ကို မြင်သည်။။ မိဖုရား ဦးဆောက်ပန်းတွင် လည်း သားတော် တစ်ပါး မြင်သည်။
မင်းကြီးကား သမီးတော် ရွှေအိမ်သည်ကို ချစ်မြတ်နိုးတော် မူသည် ဖြစ်၍ တစ်ပင်တိုင်နန်းနှင့် ထားတော် မူ၏ ။ ထိုအကြောင်းကို ပဋိက္ကရားင်းသား ကြားလေသော် လာခဲ့၍ ၊ ရောက်လျှင် ရွှေအိမ်သည် အထိန်း ဖြစ်သော အမတ် ကြံသိုင်းတို့အား ငွေဆယ်တင်း တံစိုးပေး၍ ရွှေအိမ်သည်နှင့် အရည်အငံ ရှိလေ၏ ။ ထိုအကြောင်းကို ထီးလှိုင်ရှင် ကြားတော် မူသော် အမတ်တို့ကို ခေါ်တော် မူ၍ တိုင်ပင်တော် မူ၏ ။ သမီးတော် ကို ပဋိက္ကရားမင်းသားနှင့် စုံဖက်ရသော်လည်း သင့်မည် လော၊ ငါ့အရှင် မြေးတော် ဖြစ်တော် မူသော စောယွမ်းနှင့် စုံဖက်ရသော် သင့်မည် လောဟု နှိုင်းရည့်တော် မူ၏ ။ အမှူးအမတ်တို့လည်း ဘုန်းကြီးသည့် အရှင့်သမီးတော် ကို ပဋိက္ကရားမင်း၏ သားနှင့် စုံဖက်တော် မူသော် ရှည်သဖြင့် ကုလားပြည် ဖြစ်တော့် မည် ဟူ၍ နားတော် လျှောက်ကုန်၏ ။ မင်းကြီးလည်း စောလူးသာ စောယွမ်းသည် ခြေမစွမ်း၍ မသွားနိုင် ရှိ၏ ။ ထိုသူနှင့် ပင် စုံဖက်တော် မူ၍ အိမ်ရှေ့အရာ ပေးတော် မူ၏ ။
တစ်ရံရောအခါ ရှင်အရဟံသည် မဟာဗောဓိသို့ ကြွသွားတော် မူရာတွင် ပဋိက္ကရားမင်းသားနှင့် တွေ့ ၍ ရွှေအိမ်သည်ကို စောယွမ်းနှင့် စုံဖက်လေပြီဟု မိန့်တော် မူသည်ကို ပဋိက္ကရားမင်းသား ကြား၍ စုတေပြီးနောက် မမြင့်ခင် ရွှေအိမ်သည် ၀မ်း၌ ပဋိသန္ဓေ နေလေ၏ ။ နေ့လစေ့၍ မင်းသားကို မျက်နှာမြင်သော အခါ ဥကင်တံခါး ပွင့်၏ ။ အိမ့်ရှင်စည်ကြီးလည်း သူမတီးဘဲ အလိုလို မြည် ၏ ။ မင်းသားလည်း ဖွားသည့်နေ့မှစ၍ ပြင်းပြစွာ မဆိတ်မညံ ငို၏ ။ ထီးလှိုင်ရှင် မင်းကြီးလည်း မြေးတော် ငိုသော အကြောင်းကို ဟူးရားဖြူ ဟူးရားညိုတို့ကို မေးတော် မူ၏ ။ ဟူးရားဖြူ ဟူးရားညိုတို့လည်း မြေးတော် သည် တိုင်းကားနိုင်ငံ အပိုင်းအခြားကို သိလို၍ ငိုသည်ဟူ၍ နားတော် လျှောက်၏ ။ ထီးလှိုင်ရှင် ကျန်စစ်သားလည်း ထိုသို့ လျှောက်သော စကားကို ကြားတော် မူသော် ဤသို့ ရွှေပေတွင် ရေး ရ၏ ။
(၁) အရှေ့သို့ အလားကား ။ ။ စတိဿလည်းမည် ပန်းသေးပြည်လျှင် အခြားတည်း။
(၂) အရှေ့တောင်သို့ အလားကား ။ ။ အယောဇလည်းမည် ဂျွမ်းတို့ပြည်လျှင် အခြားတည်း။
(၃) တောင်သို့ အလားကား။ ။ သုမုဒ္ဒရာအလယ် နဂါးပတ်ကျွန်းလျှင် အခြားတည်း။
(၄) အနောက်တောင်သို့ အလားကား။ ။ ပဋိက္ကရားလည်းမည် ကုလားပြည်လျှင် အခြားတည်း။
(၅) အနောက်မြောက်ထောင့်သို့ အလားကား။ ။ကတူးငနားကြီး ရေပေါ်မီးလျှင် အခြားတည်း။
(၆) မြောက်သို့ အလားကား။ ။ ဂန္ဓာလရာဇ်လလည်းမည် တရုတ်ပြည်လျှင် အခြားတည်း။
ဤသို့ ရွှေပေတွင် ရေး သော စာကို မင်းသားရှေ့တွင် ဖတ်၍ လျှောက်မှ ငိုသံတိတ်သော ဟူ၏ ။ ထိုသို့ အံ့ဖွယ်သရဲကို ဘိုးတော် မြင်လျှင် ငါ့မြေးတော် နန်းတော် ကို ငါစောင့်ပါသည် ဟူ၍ မိန့်တော် မူပြီးသော် မြေးတော် ကို ရင်ခွင်ပိုက်လျှက် ရာဇပလ္လင်ထက် တက်၍ “သီရိဇေယသူရ” ဟူသော အမည် နှင့် ရာဇဘိသေက ခံရ၏ ။ ထိုသို့ ရာဇဘိသေက သဘင်အခါ၌ ကုလားပြည် သံတော် ငသုံးပင်လယ်ကို နိုင်သည်ဟူ၍ စစ်သူကြီးတို့က လက်ရ ကျည်းကုလားတို့ကို ဆက်လာ၏ ။ (ထိုကုလားတို့ကို စဥ့်ကူအရပ်၌ အစုအကွက်ချ၍ နေစေ၏ ။)
တစ်ရံရောအခါ သက်မင်းကတုံသည် ကျေးစွန်ရွာနားကို ထိပါးလာသည်ဟု ထီးလှိုင်ရှင်မင်းကြီးအား နားတော် လျှောက်လေ၏ ။ မင်းကြီးလည်း သက်မင်းကတုံကို ရအောင် ဖမ်းလေဟု ဆင်လုံးမြင်းရင်း အများ နှင့် ခန့်ထားတော် မူသည်ကို ရှင်အရဟံလည်း သက်မင်းကတုံကို ဆုံးမ၍ ရန်စစ်ငြိမ်းစေ၏ ။
မထီးတူမ သမ္ဘူလည်း ယောက်ျားဖွားလျှင် သားနှင့် လက်စွပ်ကို ယူ၍ လာလှည့် မင်းကြီး မှာ တော် မူရင်း ရှိသော ကြောင့် မင်းကြီး မင် ဖြစ်တော် မူ၍ ၂ နှစ် ရှိသော အခါ ၇ နှစ် ရွယ်ရှိသော သားကို လက်ကိုင်၍ လာ၏ ။ ပုဂါရာမသို့ ရောက်လျှင် ထီးလှိုင်ရှင်မင်းကြီး ဗိုလ်ရှုသဘင်ခံ၍ နေတော် မူစဉ် နန်းတော် သို့ မတက်ဝံ့သော ကြောင့် နန်းရင်ပြင်က သားကို လက်ကိုင်၍ တောင်သွားချေ၊ မြောက်သွားချေ နေ၏ ။ မင်းချင်းတို့လည်း ဟယ် မိန်းမ၊ ငါတို့သခင် မင်းကြီး ထွက်တော် မူလာမည် ။ သည်တွင် မနေနှင့် ၊ ထွက်လေ ဟူ၍ နှင်ကုန်၏ ။ သမ္ဘူလလည်း မင်းကို လျှောက်ခန့်ရှိပါသည်။ လျှောက်ပါရစေဦး ဟူ၍ မထွက်ပဲ နေ၏ ။ မင်းချင်းတို့လည်း ထိုအကြောင်းကို မင်းကြီးအား လျှောက်လေ၏ ။ ထီးလှိုင်ရှင်မင်းကြီးလည်း ခေါ်တော် မူ၏ ။ သမ္ဘူလနှင့် သားတော် ကိုမြင်လျှင် ဤမိန်းမ ကျေးဇူးကား ကြီးစွ ဟူ၍ မှူးတော် မတ်တော် အလယ်တွင် မိန့်တော် မူ၏ ။ ‘သားကား အရင်း၊ မြေးကား အဖျားဟူ၍ လူတို့ဝယ် ဆိုစေကုန်သည်၊ ယခု ငါ့မြေးတော် ကို ဘိသိက်သွန်း၍ မင်းမြှော က်ခင်ပြီ ဖြစ်၍ မြေးကား အရင်း၊။ သားကား အဖျား ဖြစ်ကုန်ပြီ’ ဟူ၍ မိန့်တော် မူသည်။ ယင်းသို့ မှ မထီးတူမ သမ္ဘူလကိုလည်း ဦးဆောက်ပန်းဟူသော အမည် နှင့် မိဖုရားမြှော က်တော် မူသည်။ သားတော် ကိုလည်း ဇေယခေတ္တရာ ဟူသော အမည် နှင့် ဓည၀တီနှင့် တကွ တောင်စဉ် ၇ ခရိုင်ကို ပေးတော် မူ၍ မင်းပြုရ၏ ။
ထီးလှိုင်ရှင်မင်းကြီးကား စောလူးမျက်တော် မူ၍ မင်းပြုရ၏ ။ အရံတို့ကို သိမ်းယူသော အခါ ကိုယ်တော် တစ်ယောက် တည်း မြင်းကျောင်းရာ အိပ်ပျော်သည့်အရပ်ကိုလည်း မင်း ဖြစ်တော် မူလျှင် နဂါးရုံဘုရားတည်တော် မူသည့်ပြင် အပယ်ရတနာဟု ခေါ်သော အရပ်ကိုလည်း ဂူတစ်လုံး တည်တော် မူ၍ အပယ်ရတနာဟု တွင် ၏ ။
တစ်ရံရောအခါ ရှင်အရဟံလည်း ဤသို့ မိန့်တော် မူ၏ ။ ဘုရားသခင် နဖူးသင်းကျစ်တော် ဓာတ်၊ စွယ်တော် ဓာတ်တို့ကို အနော်ရထာမင်းစော စည်းခုံတည်သည်။ ပစ္စယာ သုံးဆင့်သာ ပြီးခင်သည်။ အပြည့်အစုံ မပြီးခင်လေ။ သားတော် စောလူးလည်း မင်းပြု၍ လောကီစည်းစိမ်ကိုသာ ခံစား၍ နေသည်။ ခမည်းတော် ကောင်းမှု ကို ဆက်၍ မလုပ်လေ။ မင်းကြီးလည်း အနော်ရထာ မင်းစော အမွေကို ခံ၍ မင်း ဖြစ်၏ ။ စည်းစိမ်ကိုသာ မွှေ့လျော်သည်။ အနော်ရထာမင်းစော ကောင်းမှု တော် ကို ပြီးအောင် မလုပ်ဟူ၍ အသွမ်းသွေးတော် မူ၏ ။ ထီးလှိုင်ရှင်မင်းကြီလည်း အရှင်မင်းကြီး ကောင်းမှု တော် ကို ပြီးအောင် လုပ်ပါမည် ဟူ၍ ၀န်ခံတော် မူပြီးလျှင် ထီးလှိုင်ရှင် ကျန်စစ်သား ထပ်၍ လုပ်တော် မူသည်။ ၇ လနှင့် ၇ ရက်တွင် ပြီးသော ဟူ၏ ။ ဘုရားပြီးလျှင် ငါကား သခင့်အမွေတော် ကို ခံရပြီဟူ၍ ၀မ်းမြောက်ဝမ်းသာ ပီတိသော မနဿ ရှိသည်။ ငါ တောင်းသော ဆုသည် မချွတ်မလွဲ ပြည့်စုံလတ္တံ ဟူ၍ ကြုံးဝါးတော် မူ၏ ။
တစ်ရံရောအခါ ရဟန္တာ ၈ ပါးတို့သည် မင်းကြီး နန်းတော် ၌ ဆွမ်းရပ်လာ၏ ။ မင်းကြီးလည်း သပိတ်တော် ကို ယူတော် မူ၍ ဆွမ်းလုပ်ကျွေးတော် မူပြီးသော်၊ အဘယ်အရပ်က ကြွတော် မူလာသနည်း ဟူ၍ မေးတော် မူ၏ ။ ရဟန္တာမြတ်တို့လည် ဂန္တမာဒနတောင်မှ ကြွာလာကြောင်းကို ပြန်တော် မူ၏ ။ ထီးလှိုင်ရှင်မင်းကြီးလည်း အလွန် သဒ္ဓါတော် မူသည် ဖြစ်၍ ရဟန္တာတို့အား ၀ါဆိုကျောင်းဆောက်၍ လှူတော် မူ၏ ။ နန်းတော် တို့လည်း ပင့်၍ ၀ါတွင်း ၃ လပတ်လုံးတိုင်တိုင် ဆွမ်းမပြတ် လုပ်ကျွေးတော် မူ၏ ။ ရဟန္တာမြတ်တို့ အစီအရင်ဖြင့် ဂန္တမာဒနတောင်၌ နန္ဒမူလလိုဏ်ကဲ့သို့ သဏ္ဍာန်တူစွာ ဂူကြီးစွာ တည်တော် မူ၍ နန္ဒာဟူသော အမည် ကို သမုတ်တော် မူ၏ ။ ဤသို့ ဆိုခဲ့ပြီးသော ကောင်းမှု တော် တို့ကို တည်ပြီးမှ သိန်းဃိုမင်းက ဘုရားရှင် သရီရဓာတ်တော် ကိုးဆူ ရောက်လာ၏ ။ ပုထိုးတစ်လုံး တည်တော် မူ၍ မင်းအိုချမ်းသာ ဟူ၍ သမုတ်တော် မူ၏ ။ ထိုမှတစ်ပါးလည်း ရှောင်ရှား၍ နေတော် မူရာ မြောက်အရပ်များ ၌ ဂူတစ်လုံး တည်တော် မူ၏ ။ ငစဥ့်ကိုင် အရပ်၊ အ၀ တည်ရာအရပ်၊ ပရိမ္မအရပ်၊ တောင်ဘက် အနောက်ဘက် အရပ်များ ၌ လည်း ဂူတစ်လုံးစီ တည်တော် မူ၏ ။ ထိုမှတစ်ပါးလည်း နိုင်ငံတော် ဖြစ်သော ပြည်အလုံး၌ ဘုရား ဂူကျောင်း တန်ဆောင်း သိမ် ဇရပ် လုသည်ကား များ စွာ ၏ ။ ကြေးစင် တစ်ထောင် သွန်းသော ခေါင်းလောင်းကြီး ၅ လုံးတို့ကိုလည်း ရွှေစည်းခုံဘရားမှာ ၃ လုံး၊ နန္ဒာဘုရားမှာ တစ်လုံး၊ မင်းအိုချမ်းသာ ဘုရားမှာ တစ်လုံး လှူတော် မူ၏ ။ ဤသို့ ဆိုခဲ့ပြီးသော ကောင်းမှု တို့ကို ဆည်းပူးတော် မူ၍ အိမ်နိမ့် ၄၄ နှစ် ၊ စည်းစိမ် ၂၈ နှစ် ၊ သက်တော် ၇၂ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်တော် မူလိုသော် ပြဿာဒ်ဖျားထက် ဘီလူး ၃ ယောက် ကိုယ်ထင်ပြ၏ ။ အင်္ဂါကြယ် စနေကြယ် ခွပ်ကြ၏ ။ နံတော် အင်္ဂါသားတည်း။
သက္ကရာဇ် ၄၅၄ သော် မြေးတော် အလောင်းစည်သူ မင်း ဖြစ်တော် မူ၏ ။ ဖွားတော် မူလျှင် အိမ့်ရှင်စည်ကြီး သူမတီးဘဲ အလိုလို မြည် ၏ ။ ဥကင်သ တံခါးလည်း သူမဖွင့်ဘဲ အလိုလို ပွင့်၏ ။ ဘိုးတော် ထီးလှိုင်ရှင်မင်းကြီးလည်း မြေးတော် ကို ရင်ခွင်ပိုက်၍ ငါကား ငါ့မြေးနန်းကို စောင့်နှင့် ပါသည်သာ။ အလောင်းဖို့သာ မိန့်တော် မူပြီးလျှင် “သီရိဇေယျသူရ” ဟူသော အမည် နှင့် ဘိသိတ်သွန်း၍ မင်းမြှော က်တော် မူ၏ ။။ ထိုသို့ အိမ့်ရှင်မင်းကြီး မင်း ဖြစ်တော် မူ၍ ရှေးဦးစွာ ရွှေဂူဘုရားကို တည်တော် မူသည်ကို အကြောင်းပြု၍ ရွှေဂူဒါယကာ၊ ဘိုးတော် ပေးသော သီရိဇေယသူရ၊ ငယ်က ငိုတော် မူရာတွင် ချက်တော် တစ်မိုက်ခန့် ထွက်သည်ကို အကြောင်းပြု၍ ချက်တော် ရှည်၊ သီရိတြိဘ၀နာဒိတျာပ၀ရ ပဏ္ဍိတ သုဓမ္မရာဇာ မဟာဓိပတိ နရပတိစည်သူ ဟူသော ဇမ္ဗုသပြေပင်ရင်း၌ ရသော အမည် ဖြင့် ထိုအမည် ရင်းတွင် အဖျားကို ယူ၍ နရပတိစည်သူ ဟူ၍ ရာဇ၀င် သမိုင်းမော်ကွန်းတို့၌ အသီးသီးရေး မှတ်ကြကုန်သည်။ ရှင်ဖြူဘုရား သမိုင်းတွင် “အလောင်းစည်သူ၊ ငါ့ကို ယူလော့” ဟူသော စကားကို အကြောင်းပြု၍ လည်း အချို့သော ရာဇ၀င်မှာ အလောင်းစည်သူ ဟူ၍ ရေး မှတ်ကြသည်။
(၁) ရတနာပုံလည်း တစ်ပါး၊ (၂) တိလောကစန္ဒာလည်း တစ်ပါး၊ (၃) ရာဇကုမ္မာရီလည်း တစ်ပါး၊ (၄) တောင်ပြင်သည်လည်း တစ်ပါး၊ ဤ ၄ ပါးသော မိဖုရားတို့သည် ရာဇဘိသေက ခံသည်ချည်းတည်း။ မိဖုရား ၄ ပါးတွင် ရံသော ကိုယ်လုပ်တော် ကား မြဖြင့် ပြီးသော တန်ဆာဆင်သော စုလည်းထုံး အမတ်သမီး တစ်ပါး ၃၀၀ စီ၊၊ ၀ရဇိန်ဖြင့် ပြီးသော တန်ဆာဆင်သော ဦးရစ်ထုံး အမတ်တစ်ပါး ၃၀၀၊ ပတ္တမြားဖြင့် ပြီးသော တန်ဆာဆင်သော ဦးချာထုံး အမတ်တစ်ပါး ၃၀၀၊ ပုလဲဖြင့် ပြီးသော တန်ဆာဆင်သော ယဂင်ထုံး အမတ်သမီး တစ်ပါး ၃၀၀၊ မိန်းမကုန်း ၃ ကျိပ်၊ မိန်းမကွ တစ်ပါး ၃ ကျိပ်စီ၊ သူကြွယ်သမီး တက္ကကြီး ၄ ယောက် ၊ မိန်းမစည်၊ မိန်းမပတ်၊ မိန်းမစောင်း၊ မိန်းမငြင်းတို့ကိုလည်း မိဖုရား ၄ ပါးတွင် မပြတ် တီးမှု တ်ရသည်။
မိဖုရားရတနာပုံတွင် မင်းရှင်စောကို မြင်သည်။ မိဖုရား တိလောကစန္ဒာကို နောက် ဦးဆောက်ပန်း ဟူသော အမည် ကို သမုတ်တော် မူသည်။ ထိုမိဖုရားတွင် ထောက်လှေကားကို မြင်သည်။ ရာဇကုမ္မာရီ မိဖုရားတွင် သားတော် ၊ သမီးတော် မရှိ။ မိဖုရားတောင်ပြင်သည်တွင် သမီးတော် ၂ ပါး မြင်သည်။ အကြီးကို တောင်ဖျားဟူ၍ မှည့်တော် မူ၏ ။ အငယ်ကို ရွှေကျူဟူ၍ မှည့်တော် မူသည်။ မိဖုရား တောင်ပြင်သည် ညီမတော် ကား လင် ၄ ယောက် နေသည်။ လင်သေဖန်များ ၍ ခင်ဦး အမည် နှင့် မင်းကြီး မိဖုရားမြှော က်တော် မူသည်။ ထိုမိဖုရားတွင် သေသော လင်တို့၏ သမီး ၄ ယောက် တည်း။ (၁) လင်ကြီးသမီး စောနန်းကား ရာဇသူ မယားတည်း။ (၂) လင်လတ်သမီး အိမ်တော် သည်ကား သင်္ကသူ မယားတည်း။ (၃) လင်ငယ်သမီး စည်းခုံသည်ကား နရသူ မယားတည်း၊ (၄) လင်ငယ်သမီး ကျောင်းတော် သည်ကား အိမ်ထောင်မကျခင် ကြမ္မာကုန်လေသည်။ အလောင်းစည်သူ မိဖုရားမြှော က်ရာတွင် ချစ်ဦးနှင့် ကျောင်းတော် သည်ကို မြင်ပြန်သည်။ မင်းကြီးလည်း သမီးတော် ၄ ပါးကို ရွှေမှု န် တစ်ယောက် သွားစီ လိမ်းပေးတော် မူ၍ လိမ်းစရာ နံ့သာ အမွှေးအထုံနှင့် ဖျော်၍ လိမ်းရ၏ ။
ထိုမင်း လက်ထက် သက္ကရာဇ် ၄၅၆ ခုတွင် သူခိုးဓားပြ ၁၀၀ ကျော် နန်းတွင်းသို့ ၀င်လာသည်ကို အတွင်းသင်းမှူး သားကျွန် မှူးမတ်တို့ သိလျှင် လှံဓားနှင့် ကူညီထိုးခုတ်မှသာ ငြိမ်ဝပ်၍ နန်းရာဇပလ္လင် ဥကင်ဝမှာ လူ ၃ ယောက် ခန္ဓာစဲသည်။ သွေးရည် အညှိ စသည်ဖြင့် နန်းထက်၌ အမြင်မသာ ရှိသေလည်။ အချို့သော သူခိုး ဓားပြတို့လည်း ထွက်ပြေး၍ လွတ်လေသည်။ ထိုနောက် သူခိုး ဓားပြ တစ္ဆေတို့ ညဥ့်အခါ ကိုယ်ထင်ပြ၍ ခြောက်သည်။ စောင်ရန်းလုလင် ချောက်နှင့် ပစ်သည်။ ကြင်ရည်နှင့် ပေါက်လွှတ်သည်။ သရပါတံခါးကို အနိုင်ဖွင့်သည်။ တောင်လေသာ နန်းတံခါးကို ဖွင့်၍ ခြောက်ခြိမ်းသည် ဟူ၏ ။ (ဤကား ငှက်ပစ်တောင် ပထမတက်၊ ရှင် ဂေါဓာဝရ ပုဂ္ဂိုလ်ကျော် စီရင်သော ရာဇ၀င်ကျမ်းနှင့် အညီ ဆိုသတည်း။)
အလောင်းစည်သူမင်းကြီးတွင် အမတ် ခြောက်သော င်း၊ ဆင် မြင်း လှေ စစ်သည် သူရဲ များ လှသော ဟူ၏ ။။ ထိုသို့ သော အလုံးအရင်းနှင့် တိုင်းကား နိုင်ငံ လှည့်တော် မူသော လှေယာဉ်တော် ၁၂ စင်း အမည် ကား (၁) သုံးလူ့ပူဇော်၊ (၂) သုံးလူ့ကြငှန်း၊ (၃) ပြည်ကြီးနောင်၊ (၄) ၀ဇီရသင်္ခါ၊ (၅) အောင်သာတန်ခိုး၊ (၆) မိုးသောက်ကြယ်၊ (၇) စွယ်လက်ယာသစ်၊ (၈) န၀ရတ်၊ (၉) ပြည်ကြီးဝမ်း၊ (၁၀) တင်ရာပြည့်စုံ၊ (၁၁) လင်းဇင်း၊ (၁၂) နဂါးကြေး၊ ဤ ၁၂ စင်းတည်း။ အလောင်းစည်သူ မင်းကြီးကား မိဖုရား မောင်းမမိဿံနှင့် တကွ အမှူးအမတ် အလုံးအရင်း ခြံရံလျက် မြန်မာပြည် တောင်ဘက်၊ မြောက်ဘက်သို့ ကြွတော် မူ၍ ကန်ချောင်း၊ ဆည်မြောင်း ပြုပြီးသော် တော် တာဝေ၍ လယ်ပယ်ဖွဲ့ပြီးမျ သူရဲသူခက် ဆင်လုံးမြင်းရင်းတို့ အစာ ဖြစ်ကောင်းသော အရာကို အစာ ဖြစ်စေ၏ ။ ထိုသို့ အစုစုသော မြေတို့ကို ပေါင်း၍ ခရိုင်မြို့ပြ ဖြစ်ကောင်းသော အရာတို့ကိုလည်း ခရိုင် မြို့ပြ ဖြစ်စေ၏ ။ နိုင်ငံတော် အလုံး၌ ခရိုင်မြို့ပြတို့ကိုလည်း အသုံးအဆောင် တစ်ချက်တည်း ဖြစ်စေလို၍ ချိန်၊ ကျပ်၊ မူး၊ ပဲ၊ တင်း၊ ခွဲ၊ စိတ်၊ စရွတ်၊ ပြည်၊ ခွက်၊ စလယ်တို့ကိုလည်း စီရင်တော် မူ၍ တစ်ချက်တည်း ဖြစ်စေ၏ ။ ထိုသို့ ခရိုင်မြို့ပြ ဖြစ်စေပြီးမှ သိမ်နှင့် ဘုရား၊ ကျောင်းနှင့် စည်းခုံ၊ ပုထိုးနှင့် ဂူ စသည်တို့ကို ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့ စီးပွားအလို့ငှာ သာသနာတော် ငါးထောင် တည်ရစ်စေ ဟူ၍ များ စွာ တည်ထားတော် မူ၏ ။ ဤသို့ စီရင်တော် မူပြီးမှ နိုင်ငံတော် အစပ်နှင့် သူ့နိုင်ငံ အစပ်ကို ကင်းတို ကင်းရှည် ထားတော် မူ၏ ။
နေပြည်တော် ပုဂါရာမ၌ အစောင့်အနေ ခန့်တော် မူခဲ့၍ မဟာသမုဒ္ဒရာအရပ်၌ အထူးထူး အထွေထွေ ရှုဖွယ် ကြည့်ဖွယ်တို့ကို ကြည့်တော် မူလို၍ ၊ ကိုယ်လေးတော် ရွှေကိုသွန်းသော ဘုရားရှင် ရုပ်တုတော် ကို ဆောင်တော် မူ၍ မိဖုရားစသော မောင်းမမိဿံနှင့် တကွ ရေအား ကြည်းအား စုန်တော် မူလေ၏ ။ မွန်ဒေသတို့ ရောက်တော် မူလျှင် ကြေးလောင်ချောင်းကို ငင်တော် မူ၍ ပုသိမ်၌ ကွန်းတော် ဆောက်ပြီးသော် မိဖုရား မောင်းမတို့ကို ဤအရပ်တွင် ထားတော် မူပြီးလျှင် သင်္ဘောစီးတော် မူ၍ လှေရံများ စွာ နှင့် တကွ သွားတော် မူ၏ ။ တန့်ကြည့်တောင် အဆုံးသို့ ရောက်တော် မူလျှင် သင်္ကြန် ခေါ်တော် မူပြီးလျှင် ဇမ္ဗုသပြေပင်သို့ သွားတော် မူရာ လမ်းခရီး၌ လွန်လေပြီးသော ဘေးတော် အနော်ရထာစော တိုင်းနိုင်ငံ လှည့်တော် မူသော အခါ ထားတော် မူခဲ့သော ၊ တူရိယာငါးပါး လွယ်လျက်ရှိသော ကျောက်သူရုပ်ကို မြင်တော် မူလေသော်၊ ဤအရုပ်ကား အဘယ်အရုပ်တည်းဟူ၍ မေးတော် မူ၏ ။ ဟူးရားဖြူ ဟူးရားညိုတို့လည်း ဘုရားဘေးတော် အနော်ရထာမင်းစော ထားတော် မူခဲ့သော ကျောက်သူရုပ်ဟု နားတော် လျှောက်၏ ။
ထိုကသည် သိန်းဃိုကျွန်းသို့ ရောက်တော် မူလေရာ သိန်းဃိုမင်းလည်း သင်္ကနက် လှေကြီးနှင့် တကွ သမီးတော် စောဦးထွေးကို ဆက်နှင်း၏ ။ သိန်းဃိုမင်းတို့ အစဉ်ကိုးကွယ်သော ရှင်မဟာကဿပ ဓူတင်ကျင့်တော် မူဟန် ရုပ်တုတော် ကိုလည်း ကိုးကွယ်စေခြင်ငှာ ဆက်နှင်း၏ ။ ထိုသို့ ဆက်နှင်းသော ရုပ်တုတော် ကို သင်္ကနက်လှေထက် တင်ပြီးလျှင် စီးတော် မူ၍ ဇမ္ဗုသပြေပင်သို့ သွားတော် မူ၏ ။ ရောက်တော် မူလျှင် ၃ လတိုင်တိုင် သဘင်ကြီးစွာ ခံ၍ “သီရိတရိဘ၀နာ ဒိတျာပ၀ရပဏ္ဍိတ သုဓမ္မရာဇာမဟာဓိပတိ နရပတိစည်သူ” ဟူသော အမည် ဖြင့် အဘိသိက်ခံ၏ ။ ဘုရားရှင်တို့ နေတော် မူရာ ဖြစ်သော ကျောက်ဖျာ သက္ကဒါန်ဦးကိုလည်း ဘုရားရှင်ရုပ်တုတော် လုပ်၍ ရပေ၏ ။ ထိုဘုရားရှင်ကို ရှင်ဖြူ ဟူ၍ တွင် ၏ ။ ဇမ္ဗုသပြေပင် ဒက္ခိဏသာခါကိုလည်း ရပေ၏ ။ ထိုလက်ယာခက် အငုတ်ကိုလည်း ဘုရားရုပ်တု လုပ်၍ ရပေ၏ ။ ထိုဘုရားကို ရှင်လှ ဘုရားဟူ၍ သမုတ်တော် ပြန်သည်။
ထို့နောက် နေပြည်တော် သို့ ပြန်လည်တော် မူခဲ့ရာ လမ်းခရီး ဖြစ်သော မလ္လာယုကျွန်း၊ မာန်အောင်ကျွန်းများ သို့ လည်း ၀င်တော် မူခဲ့၍ နေပြည်တော် ပုဂါရာမသို့ ရောက်တော် မူလျှင် သရက္ခန်ကိုလည်း ဘုရားရှင် ရုပ်တုတော် ၅ ဆူထု၍ ဒက္ခိဏသာခါ ဗောဓိခက်ကို မျိုပြီးလျှင် မွေတော် ၆ ဆူကို သရက္ခန်ထုစ၊ မြတ်ပေါင်း မဉ္စူနှင့် တကွ ၆ ဆူတွင် ဌာပနာတော် မူ၍ ကိုးကွယ်တော် မူ၏ ။
ရှင်အရဟံလည်း မင်းကြီး နန်းတော် တွင် ထား၍ ကိုးကွယ်သည်ထက် သာသနာတော် ငါးထောင်တိုင်တိုင် ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏ စီးပွားအလို့ငှာ တည်ထားတော် မူ ဟူ၍ တိုက်တွန်းတော် မူ၏ ။ အလောင်းစည်သူမင်းကြီးလည်း ဘုရား ၆ ဆူကို လှေတော် တွင် တင်၍ ကြည်းအား၊ ရေအား ဆန်တော် မူ၍ (၁) ကွန်းရွာ တစ်ဆူ၊ (၂) ပုခန်းတစ်ဆူ၊ (၃) ရှင်တောင်မ တစ်ဆူ၊ (၄) ဆင်ကျိုးတစ်ဆူ၊ စေတီ ၄ ဆူ တည်တော် မူ၍ သီတင်းသုံးတော် မူ၏ ။ (၅) မြတ်ပေါင်းမဉ္စူ တစ်ဆူကိုမူကား ပုခန်းကြီးအရပ်၌ သီတင်းသုံးသော သီလ၀န် ဂုဏ၀န်နှင့် ပြည့်စုံတော် မူသော သခင်မြတ်တို့အား အပ်၍ ကိုးကွယ်ရ၏ ။ (၆) သရက္ခန် ငါးပိုင်းတွင် အဖျားပိုင်း ဘုရားရှင်ရုပ်တုတော် ကို သီဟတော အရပ်၌ အလယ်ကျွန်းတွင် စေတီတည်၍ ဘုရားရှင် ရုပ်တုတော် သီတင်းသုံးတော် မူရ၏ ။
အလောင်းစည်သူမင်းကြီးကား နေပြည်တော် တွင် ရှည်ကြာအောင် နေတော် မမူ။ တိုင်းနိုင်ငံ လှည့်လည်တော် မူသည် များ သော ကြောင့် ဆင်သည် မြင်းသည် သင်းသည် အမှု ထမ်းတို့ အလွန် ဆင်းရဲကုန်၏ ။ မွန်ဒေသ ပုသိမ်လည်း သော င်းကျန်းလေ၏ ။ တက်သစ်ကျွန်း၌ ငသစ်လည်း ရိုင်းပျလေ၏ ။ ခက်သင်တောင်ထက် ငနွယ်လည်း ပုန်ကန်လေ၏ ။ သက်တောင်ထက် ဇေယျမင်္ဂလာလည်း မကျိုးမနွံ ရှိလေ၏ ။ သိန်းဃိုကျွန်း၌ ထားတော် မူသော ကုလားလည်း သစ္စာတော် ကို ဖောက်ပြန်လေ၏ ။ တနင်္လာရီလည်း ဆက်မြဲ ကပ်မြဲကို မရောက်နေလေ၏ ။ သက်မင်းကတုံလည်း ကျေးဇူးသစ္စာတော် နှစ် ပါးကို သွေဖည်လေသည်။
စစ်သူကြီး ငရဲတိုင်၊ ငရဲနိုင်တို့ကို ဆင်လုံးမြင်းရင်း အများ နှင့် ချီလေစေ၍ ငစည့်ကိုင်သို့ ရောက်လေသသော် သက်မင်းကတုံ ကြိုနှင့် သည်ကို နိုင်၍ သုံ့ပန်းအများ ဆက်လာ၏ ။ မင်းကြီးလည်း စစ်သည်ဗိုလ်ပါအများ နှင့် လံဖျားတိုင်အောင် သွားတော် မူ၍ ရခဲ့သော သုံ့ပန်းတို့ကို ထိုအရပ်တွင် ရွာပြု ပြည်ထောင်နေစေ၏ ။ (ရသမျှကို ကိုင်၍ ထားသည်ကို အကြောင်းပြု၍ ယခုတိုင်အောင် ရခိုင်ဟု တွင် ၏ ။) စစ်သူကြီး ၂ ယောက် ကိုလည်း သက်မင်းကတုံကို ရလျှင် ဦးခေါင်းကိုဖြတ်၍ ဆက်လာ၏ ။ မင်းကြီးလည်း သက်မင်းကတုံ ဦးခေါင်းကို ယူတော် မူခဲ့၍ ပုဂါရာမသို့ ရောက်တော် မူလျှင် တူရွင်းသော င်ယံ၌ ကောင်းမွန်စွာ သိုထားတော် မူ၍ ပြည်သူ လူတကာ အပေါင်းတို့လည်း တစ်နှစ် တစ်ကြိမ် ပူဇော်ရ၏ ။ သော င်းကျန်း ပုန်ကန်လေသော မြို့ရွာတို့ကိုလည်း ဆင်လုံးမြင်းရင်း အများ ခန့်တော် မူ၍ လုပ်ကြံရလေ၏ ။ တနင်္သာရီ ရိုင်းပျရာသို့ လည်း မိဖုရား မောင်းမမိဿံ တို့နှင့် တကွ ရေအား ကြည်းအား ချီတော် မူ၍ ရတော် မူမှ ပြန်တော် မူခဲ့၏ ။
နေပြည်တော် သို့ ရောက်တော် မူလျှင် ရှင်အရဟံ ပရိနိဗ္ဗာန် ပြုတော် မူ၏ ။ ရှင်အရဟံ ပရိနိဗ္ဗာန် ပြုတော် မူလျှင် ရှင်အရဟံကို အရာကို စိမ်းညက်မင်းသားတော် မဟာထေရ်ကို ပေး၍ သာသနာပိုင် ပြုရ၏ ။ သွားလေရာရာ ရွှေထမ်းစင်နှင့် သွားရ၏ ။ သီလ၀န် ဂုဏ၀န်နှင့် ပြည့်စုံတော် မူသော အာနန္ဒာ မထေရ်၊ ဗောဓိမထေရ်တို့ကိုလည်း အရိုးအရွက် ရွှေသန်လျင်း လှူတော် မူ၏ ။ ရှင်ဖြူ ရှင်လှ ဘုရားရှင် ရုပ်တုတော် တို့ကို နန်းတော် တွင် ထား၍ ကိုးကွယ်သည်ထက် ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့ စီးပွားအလို့ငှာ တည်ထားရသော် အကျိုးများ စွာ ရှိလတ္တံ ဟူ၍ ကြံတော် မူပြီးလျှင် ဘုရားရုပ်တုတော် ၂ ဆူကို ဖောင်ထက်တင်၍ ရဲမက်ဗိုလ်ပါအပေါင်း ၀န်းရံလျက် ဆန်တော် မူ၍ စစ်ကိုင်းအထက် ချောက်မသို့ ရောက်တော် မူလျှင် ရှင်ဖြူ၊ ရှင်လှ ရုပ်တုတော် ၂ ဆူကို ဂူတည်၍ သီတင်းသုံးတော် မူရ၏ ။
ရခိုင်၌ သက်မင်းကတုံသည် ဆယ်ဆက်မြောက် မင်းဘီလူးကို ၀ရောင်းငှက် စနည်းသည့် အမတ်အင်္ခယာ လုပ်ကြံ၍ မင်းပြုလျှင် မင်းဘီလူးသား မင်းရဲဘယသည် မြောက်သား စောပေါက်ညိုနှင့် တကွ ပေါက္ကာရာမသို့ လာ၍ ခစားပါသော်လည်း ဘိုးဘတို့ အရိုက်အရာ ရခိုင်ကို မရပါသော ကြောင့် ၀မ်းနည်းလျက် သား လက်ျာမင်းနန်၊ သမီး ရွှေဂူသာတို့နှင့် နေ၏ ။ အခါတစ်ပါး နာ၍ အနာသည်းလှသည်ကာလ သားကိုခေါ်၍ ငါတို့သည် မိဘအရိုက်အရာ စိုးအုပ်ပါရမည် ရည်၍ သည်မင်း ဘိုးတော် လက်ထက်ကပင် ခစားမြဲစွဲ ဆည်းကပ်လာပါသည်။ အလိုမပြည့်ပါ။ ငါကား ယခု သေလိမ့်မည် ။ မောင်မူကား ဘိုးဘရပ်ရွာသို့ ပြန်ရအောင် ကြိုးစားရစ်။ ဤ မင်းလက်ထက် မပြန်ရမူ နောက်မင်းတို့ လက်ထက် မပြန်ရပြီ။ ဘယ့်ကြောင့် နည်းဟူမူ ဤ မင်းတရားသာလျှင် ဆင်မြင်းရထား စစ်သည်ဗိုလ်ပါများ သည်။ လုပ်ရည်ကြံရည် ပညာအမြော်အမြင် ရှိလှသည်။ ဤမင်းတရား အားထုတ်တော် မူရအောင် ကြံရမည် ။ အဘယ်သို့ ပြုရမည် ဟူသော် မင်းကြီး ဦးဆေးမင်္ဂလာ ပြုသော အခါ ရခိုင်ဘာသာ ဆံကို နောက်တွဲ ထုံး၍ မင်းကြီး မြင်အောင်နေလေ မှာ ၍ သေခဲ့လျှင် အဘမှာ တိုင်း ပြုသည်ကို မင်းကြီးမြင်၍ မင်္ဂလာအခါတွင် မင်္ဂလာမဲ့ ပြုရာလေဟု သတ်မည် ထုတ်လေ၏ ။ လက်ျာမင်းနန်လည်း သတ်တော် မူလျှင် သေရမည် ။ လျှောက်ပါရစေဟု အဘမှာ တိုင်း လျှောက်၏ ။ မင်းကြီးလည်း သနားတော် မူ၍ အမတ်လက်ျာကို ဗိုလ်မှူးခန့်၍ (၁) မြန်မာတပ်ကို သိန်ပစ္စည်းနှင့် ကြည်းကြောင်း၊ (၂) မွန်တပ်ကို လက်ျာမင်းနန်နှင့် ရေကြောင်း ချီလေ၏ ။ ချီလာကြောင်းကို ၀ရောင်းငှက်စနစ်မင်းပြေး မင်းပတိသိလျှင် လှေတပ်စီရင်၍ ပဋိက္ကရားတောင်ညိုက ဆီး၍ တိုက်လျှင် ရေကြောင်းမွန်တို့ ပျက်ချေ၏ ။ ရေတပ်ပျက်လျှင် ကြည်းတပ် မြန်မာတို့ ပြန်ကုန်၏ ။့ ထိုအကြောင်းကို ကြားတော် မူလျှင် အမျက်ထွက်၍ ရဲမက် ထပ်လောင်းချီပြန်စေပြီးသော် မင်းပတိကို သတ်၍ လက်ျာမင်းနန်ကို* ကို နှမ ရွှေဂူသာနှင် နန်းတင်ခဲ့၏ ။
(* ထို့ကြောင့် ရခိုင်မင်းသမီး စချင်းတွင် “ဧသည်တစ်ချက်၊ စံပ၀က်၌ ၊ ဘုန်းဆက်စည်ပြုံး၊ ဆယ်ယောက် ကြုံးတွင် ၊ အဆုံးစွန်မှူး၊ မင်းဘီလူးကို၊ ကြံထူးလှည့်ပတ်၊ ပုန်ကန်သတ်၍ ၊ မတ်သင်္ခယာ၊ မည် သာတချက်၊ ၀ရောင်းငှက်လျှင်၊ သုံးဆက်၍ သာ၊ ပဉ္စာမြို့ဟောင်း၊ ကျိန်းပြီးနှောင်းမှ၊ မင်းကောင်းသွေးခဲ၊ မင်းရဲဘယ၊ ပေါက်ညိုမြနှင့် ၊ ကြွခဲ့ရွှေပြည်၊ ဆွေနှစ် မည် တွင် ၊ ပြင်သည်သည်းချာ၊ ရွှေဂူသာနှင့် ၊ လက်ျာမင်းနန်၊ နန်းရိုးမှန်လျှင်၊ တဘန်လည်းကောင်း၊ လောင်းစည်သူခိုင်၊ အယူလှိုင်း၍ ၊ မွန်ပိုင်းတစ်သိန်း၊ ပျူတစ်သိန်းနှင့် ၊ အောင်ကိန်းခါချိန်၊ ပြက္ခဒိန်လျောက်၊ ပရိန်မြို့သစ်၊ ထောင်လာလစ်သည်။ ။ ချစ်နှစ် ပြည်သူ ယူသတည့်လေ” ဟု အဒူမင်းညို စပ်ဆိုသည်။)
ယင်းကသည် တရုတ်ပြည်သို့ စွယ်တော် တောင်းအံ့သော ငှာ ရေအား ကြည်းအား ချီတော် မူ၏ ။ ရောက်တော် မူလျှင် ဂန္ဓာလရာဇ်တိုင်း တရုတ်ပြည်ကြီးကို အစိုးရသော ဦးတည်ဘွားလည်း များ စွာ သော လက်ဆောင်ပဏ္ဏာနှင့် ဖူးတွေ့ လာ၏ ။ မင်းနှစ် ပါးလည်း ကြည်ကြည်သာသာ ပြောဟောတော် မူကြ၏ ။ ဦတည်ဘွားလည်း အထက်က ငါ့အဆွေတော် ဘေးလောင်းတော် အနော်ရထာမင်းစော ပင့်တော် မူသော အခါလည်း စွယ်တော် မြတ်သည် သီတင်းသုံး နေတော် မမူလေ။ ယခုလည်း ဘေးလေးတော် လက်ထက်ကဲ့သို့ပင် ဟူ၍ မိန့်၏ ။ အလောင်းစည်သူမင်းကြီးလည်း မကြံသာသော နှလုံးတော် ရှိသည် ဖြစ်၍ ရေအား ကြည်းအား ပြန်တော် မူခဲ့၏ ။ နေပြည်တော် ပုဂါရာမသို့ ရောက်တော် မူလျှင် မြောက်ဘက်အရပ်၌ မုဋ္ဌော ၉ ဆူကို တည်တော် မူခဲ့၏ ။ ကျော်စည်အရပ်၌ လည်း အင်းခရု တစ်ဆူ၊ လှည်းထောက် တစ်ဆူ၊ မြွေအန်တော် တစ်ဆူ၊ ရွှေပေါ်ကျွန်း တစ်ဆူ၊ ဤသို့ မြန်မာပြည်အလုံး၌ များ မြတ်လှစွာ သော ကုသိုလ်ကောင်းမှု တို့ကို ဆည်းပူးတော် မူ၍ ၊ ပေါက္ကာရာမ၌ လည်း သဗ္ဗညုတဘုရားကို တည်တော် မူ၍ ဘိုးတော် ထီးလှိုင်ရှင်မင်းကြီး လှူတော် မူသော ခေါင်းလောင်းကြီး ၅ လုံးထက် ကြီးမြတ်လှစွာ သော ကြေးစင် အဒုလာ တစ်သော င်းကို သွန်းသော ခေါင်းလောင်းကြီး ၂ လုံး တို့ကို သဗ္ဗညုဘုရားကို တစ်လုံး၊ ရွှေဂူဘုရားမှာ တစ်လုံး လှူတော် မူ၏ ။
တစ်ရံရောအခါ အလောင်းစည်သူသည် ဗိုလ်ရှုသဘင် ခံတော် မူခိုက်တွင် လက်ရုံးတော် ကို ဆန့်၍ ကြုံးဝါးတော် မူ၏ ။ သက်တော် ကြီးပြီ ဖြစ်၍ လက်ပျဉ်းတော် ကျသည်ကို အမှူးအမတ်တို့ မြင်လေသော် ရယ်ကြကုန်၏ ။ မင်းကြီးလည်း အမတ်တို့ကို ငါ့ကို မစွမ်းပြီဟု ရယ်ကြလေကုန်သည် အမှတ်ထားတော် မူ၍ ၊ တစ်နေ့သ၌ အမတ်တို့ကို ခေါ်ပြီးသော် ‘ဟယ် လက်ဝဲ လက်ယာ အမတ်တို့၊ ယောက်ျား တစ်ယောက် သည် ဦးပေါင်းကျားနှင့် မြင်းကျားစီး၍ တူရွင်းတောင်ခြေရင်း၌ နေ၀င်လျင် အနိုင်အထက် လုစားသည် ဆိုသည်ကို နင်တို့ မကြားကုန်လော၊ နင်တို့ ၄ ယောက် ရအောင် ဖမ်းလေချေ၊ မရသော် နင်တို့ကို မျက်အံ့’ ဟု မိန့်တော် မူ၏ ။
စစ်သူကြီး ၄ ဦးတို့ကိုလည်း မြင်းတင်းကုပ်တွင် မြင်းကောင်း ၄ စီးကို ယူပြီးသော် ရအောင်ဖမ်းမည် ဟူ၍ အားသန်လျက် သွားလေ၏ ။ မင်းကြီးလည်း မြင်းရွှေပန်းစာပွင့်ကို ၀မ်းတွင် ၀တ်လုံဖြူ ရစ်ပြီးသော် မြဲမြံစွာ က၍ ညရီတရောကို ငါ မလာမချင်း တံခါးမပိတ်နှင့် ဟူ၍ ယုံကြည်သော သူကို တံခါးတွင် နေနှင့် စေပြီးသော် အိမ်ဓားလွယ်လျက် ဦးပေါင်းကျားနှင့် တူရွင်းတောင်ယံသို့ မြင်းကို အပြင်းနှင်တော် မူလေ၏ ။ စစ်သူကြီး ၄ ယောက် တို့သည်လည်း သည်သူသည် ခိုးသူဟု အမှတ်ရှိ၍ ရအောင် ဖမ်းမည် ဟု လိုက်ကြလေ၏ ။ မင်းကြီးလည်း တဖျင့်သုန့် ခွာတုံ ချဉ်းတုံ ပြုပြီးသော် ညောင်ဦးကမ်းပါးချောက်တွင် ဆင်းလေ၍ မြင်းတော် ပန်းသည်ကို ရေချတော် မူ၏ ။ စစ်သူကြီး ၄ ယောက် တို့လည်း ခိုးသူသည် ငါတို့ကို ကြောက်၍ ချောက်တွင် ဆင်း၍ သေလေသည်ဟု တွေးတောကုန်၏ ။ မင်းကြီးလည်း မြင်းတောပန်းသည်ကို ရေချတော် မူ၍ အပန်းပြေစေပြီးသော် ချောက်က တက်၍ မြင်း ၄ စီး ခြံရံနှင့်သည်ကို လွတ်နိုင်အောင် တိုက်ဖောက်၍ ချဉ်းချေ ခွာချေ ပြုပြီးသော် ဘိုးဦးကွင်းပြင်၌ ကစားတော် မူပြန်၏ ။ စစ်သူကြီးတို့လည်း ဤသူသည် လူမဟုတ်၊ နတ်ဘီလူး ဖြစ်ရာသည် ဟူ၍ ကြောက်ရွံ့ခြင်း ပြင်းစွာ ဖြစ်ကုန်၏ ။ မင်းကြီးလည်း မြင်း ၄ စီးသားတို့ကို ရှေ့က ပေါက်တုံ၊ နောက်က ပေါက်တုံ၊ လက်ဝဲက ပေါက်တုံ၊ လက်ယာက ပေါက်တုံ ၃ ကြိမ်နှင့် နှင်စေပြီးမှ မြို့တော် သို့ ပြန်တော် မူလေ၏ ။
မိုးသောက်၍ ထွက်တော် မူပြီးသော် ညီလာပြု၍ ရှေ့တော် ၌ စစ်သူကြီး ၄ ယောက် တို့ကို ခေါ်တော် မူ၍ ‘ဟယ် အမတ်တို့၊ မြင်းကျားစီးသော သူခိုးကို နင်တို့ တွေ့ ၏ လော’ မေးတော် မူ၏ ။ ‘ရွှေဖ၀ါးအောက် ရှိခိုး နားတော် လျှောက်ဝံ့သော ဘုရား၊ မြင်းကျားစီးသော သူကား လူ ဖြစ်ဆန်းကာ မဟုတ်၊ နတ်ဘီလူး ဖြစ်ရာသည်။ လူ ဖြစ်သော်လည်း လူမည် ကာ မဟုတ်။ ရင့်ပြီးသော ကြီးမြတ်သော ဘုန်းတန်ခိုးရှင် ဖြစ်ရာသည်။ ကျွန်တော် တို့ မြင်း ၄ စီးကို ထားဘိ၍ နိုင်ငံတော် ၀ယ်ရှိသော မြင်းသည်အပေါင်းတို့ကို ၀န်းရံဖမ်းဆို့၍ ဖမ်းစေငြားသော်လည်း မရနိုင်ရာ’ ဟူ၍ နားတော် လျှောက်ကြကုန်၏ ။ မင်းကြီးလည်း ‘ဟယ် အမတ်တို့၊ နင်တို့ ငါ့ကို အိုပြီဟူ၍ မှတ်ကြသည်။ ငါ မအိုသေး’ ဟု မိန့်တော် မူ၏ ။။ ထိုအကြောင်းကို ကြားသော မှူးမတ် ဗိုလ်ပါ အပေါင်းတို့သည် ကြောက်ရွံ့ခြင်း ပြင်းစွာ ဖြစ်ကုန်၏ ။
အလောင်းစည်သူမင်းကြီးကား ဘုန်းလက်ရုံး အာဏာနှင့် ပြည့်စုံတော် မူ၏ ။ ဆင်အတတ်၊ မြင်းအတတ်၊ လေးအတတ်တို့ကိုလည်း အပြီးတတ်တော် မူ၏ ။ တစ်ရံရောအခါ ဆင်စီးအမတ်တို့နှင့် မထုံတော၌ ကစားတော် မူသည်။ အပြစ်မှလွတ်သော တည်၊ တံ၊ ဟိုင်း၊ ဟံ စသော ဆင်ပေါက်မ ၁၀၀၀ ကျော် ရတော် မူ၏ ။ ထိုမှတစ်ပါး ပန်းတောင်းတော၌ ကစားတော် မူသော အခါလည်း အပြစ်မှလွတ်သော ဆင်ပေါက်မ ၇၀၀ ကျော် ရတော် မူ၏ ။ တလုပ်တော၌ ဆင်တော် အစွယ်ကို ဆွဲတက်စီးတော် မူ၍ သင်တွဲ လွန်နှင့် ကျော့တော် မူသည်။ ဆင်ပေါက်မ ၇၀၀ ကျော် ရတော် မူ၏ ။ ငဆောင်း ချမ်းတော၌ ဆင်ကစားတော် မူသော အခါလည်း ဆင်ပေါက် ၁၀၀ ကျော် ရတော် မူ၏ ။ ဤသည်ကား အလုံးအရင်းအများ နှင့် ကစားတော် မူသည်ကို ဆိုသည်။ ထိုမှတစ်ပါး နေပြည်တော် ၀န်းကျင် ကစားတော် မူသည်ကား များ စွာ ၏ ။
တစ်ရံရောအခါ မလည်တောင်ခြေ အရပ်တွင် ရတနာအတိ ပေါ်သည်ဟူ၍ လျှောက်လာသော ကြောင့် ရေအား ကြည်းအား ဆန်တော် မူ၍ ကောက်ယူတော် မူရာ လှေအ၀ ခြောက်တောင် တစ်စင်းပြည့် ရတော် မူ၍ ရွှေဂူဘုရား၊ သဗ္ဗညုဘုရားတို့မှာ ဌာပနာတော် မူသော အခါ ပေါက်ပေါက် ပြု၍ ပူဇော်တော် မူ၏ ။
တစ်ရံရောအခါ အလောင်းစည်သူမင်းကြီး ဤသို့ ကြံတော် မူ၏ ။ ငါကား ဘုန်းကြီးသော မင်း ဖြစ်၍ ဇမ္ဗုသပြေပင်ရင်းသို့ ရောက်ရသည်။ သရက္ခန်ဘုန်းကြီးသော မင်း ဖြစ်၍ ဇမ္ဗုသပြေပင်ရင်းသို့ ရောက်ရသည်။ သရက္ခန် ၅ ပိုင်း၊ ဒက္ခိဏသာခါ ဗောဓိခက်တို့ကိုလည်း ဘုရားရုပ်တုတော် ထု၍ ကိုးကွယ်ရသည်။ သိန်းဃိုကျွန်း၊ မလ္လာယုကျွန်း၊ မာန်အောင်ကျွန်းသို့ ရောက်တော် မူ၍ အထူးထူးသော ရှုဖွယ်တို့ကို မြင်တော် မူရသည်။ ဘေးလောင်းတော် တို့သည် ငါကဲ့သို့ ဘုန်းတန်ခိုးကြီးမည် မထင် ဟူ၍ ၀စီကံ၊ မနောကံတို့ဖြင့် ပြစ်မှားတော် မူ၏ ။ ထိုခဏ၌ မျက်လုံးတော် နှစ် ဖက် ကွယ်တော် မူချေ၏ ။ ထိုသို့ မျက်လုံးတော် မမြင် ရှိခဲ့လျှင် ပညာရှိတို့အား မေးတော် မူ၏ ။ ဟူးရားဖြူ ဟူးရားညိုတို့လည်း ဘေးလောင်းတောင်၊ ဘိုးလောင်းတော် တို့ကို ပြစ်မှားတော် မူသော ကြောင့် မျက်လုံးတော် ကွယ်သည်။ ဘေးလောင်းတော် ၊ ဘိုးလောင်းတော် တို့ကို ရွှေတန်ဆောင် ငွေတန်ဆောင်၊ ရွှေပန်း ငွေပန်း၊ ရွှေပေါက်ပေါက် ငွေပေါက်ပေါက်တို့ဖြင့် ပူဇော်တော် မူလျှင် မျက်လုံးတော် မြင်လတ္တံ ဟူ၍ နားတော် လျှောက်၏ ။ အလောင်းစည်သူ မင်းကြီးလည်း ပုဂါရာမပြည် တည်ထောင်စ သမုဒ္ဒရာဇ်မင်းမှစ၍ ခမည်းတော် စောယွမ်းတိုင်အောင် မင်း ၄၄ ဆက်တို့ အရုပ်ကို ရွှေကိုသွန်း၍ ရွှေအင်းပျဉ်ထက် ထားတော် မူပြီးလျှင် ရွှေတန်ဆောင် ငွေတန်ဆောင်၊ ရွှေပန်းခိုင် ငွေပန်းခိုင် ရွှေပေါက်ပေါက် ငွေပေါက်ပေါက်တို့ဖြင့် ပူဇော်တော် မူ၏ ။ ( ထိုသို့ ပူဇော်သော အခါ (၁) ပျူမင်းထီးအရုပ်၊ (၂) ဘေးလောင်းတော် အနော်ရထာမင်းစောအရုပ်၊ (၃) ဘိုးတော် ကျန်စစ်သားအရုပ်၊ သည် ၃ ခုသာ ငုတ်တုတ် ထားမြဲအတိုင်း ရှိသည်၊ ထိုမှတစ်ပါး မင်းဆက်တကာတို့ အရုပ်သည် တုံးရရုံး လဲလေ၏ ။) ထိုသို့ ပူဇော်သော ခဏ၌ မင်းကြီး မျက်လုံးတော် မြင်လေ၏ ။
မင်းကြီးကား အဆင်းလည်း အလွန် လှတော် မူ၏ ။ အသံလည်း သာယာစွာ ၏ ။ သီချင်း စောင်းငြင်းတို့ကို အလိုရှိတော် မူ၏ ။ ဆင်ကောင်း မြင်းကောင်း ကျီကြ ဘဏ္ဍာဥစ္စာ ရွှေငွေ များ စွာ ၏ ။ ထိုသို့ သော ခဲကျီကြတိုက်တို့၌ စချီ စမာတို့ နေ့စဉ် ရေး မှတ်ရသော ဟူ၏ ။ ဘေးတော် အနော်ရထာမင်းစော အရုပ်၊ ဘိုးတော် စောလူးအရုပ်၊ ဘိုးတော် ထီးလှိုင်ရှင် ကျန်စစ်သား အရုပ်၊ ခမည်းတော် စောယွမ်းအရုပ်၊ ဘေးတော် တွင် သူရဲကြီး ညောင်ဦးဘီး အရုပ်၊ ငထွေးရုးအရုပ်၊ ငလုံးလက်ဖယ် အရုပ်၊ သံပျင်ကြီးအရုပ်၊ သံပျင်ငယ်အရုပ်၊ တန်ဆောင်ကြီးအရုပ်၊ တန်းဆောင်ငယ်အရုပ်၊ သည်အရုပ်များ ကိုလည်း ကြေးစင်ကို အရုပ်သဏ္ဍာန်တူစွာ ပညာရှိတို့ကို သွန်းစေ၍ ရွှေဂူတွင်းဝယ် ကမ္ပည်းနှင့် ထားတော် မူ၏ ။ ထိုမှတစ်ပါးလည်း ဆင်ဖြူပေါက်မ မည် မျှ၊ ဆင်မည်းပေါက်မ မည် မျှ၊ လှော်ကား ကြော့လှေ မည် မျှ၊ ကတ္တူလွန်းကြင် မည် မျှ၊ သူရဲသူခက် မည် မျှ၊ အမှူး မည် မျှ၊ စချီ မည် မျှ ဟူ၍ ရွှေဂူတွင်းဝယ် ကမ္ပည်းနှင့် ထားတော် မူ၏ ။
တစ်ရံရောအခါ ပဋိက္ကရားမင်းက သမီးတော် ကို ဆက်လာ၏ ။ အလောင်းစည်သူမင်းကြီးသည် အလွန် သနားတော် မူသည် ဖြစ်၍ ပဘာဝတီဟူသော အမည် နှင့် အခြွေအရံ ကိုယ်လုပ်မောင်းမ အများ ပေးတော် မူ၏ ။ မင်းကြီးကိုလည်း မပြတ် လုပ်ကျွေးရ၏ ။ တစ်နေ့သ၌ သားတော် ၃ ပါး ခမည်းတော် ကို ခစားမည် ဟူ၍ တက်လာ၏ ။ ထိုအခိုက်တွင် ကုလားမင်းသမီး ပဘာဝတီလည်း မင်းကြီးနှင့် အတူ သလွန်ထက်တွင် နေနှင့် သည်။။ သားတော် သို့ ရောက်လျှင် သလွန်ထက်က မဆင်းပဲ နေလေ၏ ။ ထိုသို့ မဆင်းဘဲ နေသည်ကို သားတော် မင်းရှင်စော မြင်လတ်သော် မှူးတော် မတ်တော် အလယ်တွင် ငါ သားကြီးရှိလျက် ကုလားမငယ် သလွန်ထက်က နေသည်။ နေရာသလော ဟူ၍ ခမည်းတော် ကို မခစားဘဲ မျက်နှာလွှဲ၍ အတန်ငယ် နေပြီးသော် ကိုယ်မကျန်းမအီရှိသည် ဟူ၍ သွားလေ၏ ။
ထို့နောက် အလောင်းစည်သူမင်းကြီး အထိန်းတော် သား အနန္တသူရိယကို မင်းကြီး သနားတော် မူ၍ မင်းသားတို့သာ ၀တ်ထိုက်သော ဒုယင်အခြေတပ်သော ၀တ်လုံကို ပေးတော် မူ၏ ။ ထိုဝတ်လုံကို သဘင်ရှိသော အခါ အနန္တသူရိယ ၀တ်၍ သဘင်တက်သည်ကို သားတော် မင်းရှင်စော မြင်လေသော်၊ ဤဖျင်ကား မင်းထိန်းမင်းယတို့ ၀တ်ထိုက်သော အ၀တ်မဟုတ်။ မင်းညီမင်းသားတို့သာ ၀တ်ထိုက်သော အ၀တ်သာ ဖြစ်သည်။ ဤကဲ့သို့ သော အရောရော မ၀တ်စေနှင့် ဟူ၍ အနန္တသူရိယ နှင့် ထိုက်သော ၀တ်လုံကို ပေး၍ ဒုယင်တပ်သော ၀တ်လုံးကို ချွတ်၍ လဲစေ၏ ။
ထိုအကြောင်းကိုမင်းကြီး ကြားတော် မူလျှင် ငါ ပေးတော် မူ၍ ၀တ်သည်ကို ငါ မသေခင်က ဤကဲ့သို့ ပင် ကျင့်သည်။ ငါ မရှိ၍ မင်း ဖြစ်တပြီးကား ငါ့ သားတော် ငါ့သမီးတော် မှူးတော် မတ်တော် တို့ကို ညှဉ်းပန်းနှိပ်စက်လတ္တံသည်ဟု “ကြောင်တစ်ကောင်နှင့် ကြက်တစ်မြုံ” ကို ဥပမာ ပြု၍ စားကျေးစားလက်နှင့် တကွ အခြွေအရံ ဥစ္စာရွှေငွေတို့ကို ရုပ်သိမ်းတော် မူ၍ နှောင်အိမ်သွင်း၍ ထားသည်တွင် မယ်တော် ဖြစ်သော ရတနာပုံ မိဖုရားလည်း မှူးကြီးမတ်ကြီးတို့ကို ပန်၍ မင်းကြီားး သနားတော် မူမည် အကြောင်းကို လျှောက်စေ၏ ။ လျှောက်ဖန်များ လတ်သော မင်းကြီးလည်း သနားတော် မူပြန်၍ အလုံးအရင်း ဆင်မြင်း ဥစ္စာတို့ကို ပေးတော် မူပြီးလျှင် ငါ့ကို မျက်နှာသုန်၍ သွားဖူးလေပြီ ဖြစ်သော ကြောင့် ငါ့မြို့တွင် မနေနှင့် ဟု နှင်ထုတ်လေ၏ ။
သားတော် မင်းရှင်စောလည်း အလုံးအရင်း ဆင်မြင်းဗိုလ်ပါနှင့် တကွ အရှေ့ဘက် ထွန်တုံးပူတက်မှာ ရွာပြုပြည်ထောင် နေလေ၏ ။ ထိုအရပ်၌ အနံ အလျား အတာ ၃၀၀၀ ရှိသော အောင်ပင်လယ်ကန်ကိုလည်း ဆည်၏ ။ တမုတ်ဆိုး အရပ်၌ ကန်ကိုလည်း ဆည်၏ ။ မြောင်းသုံးသွယ်၊ လယ်ပယ် သုံးသော င်း ဖြစ်စေ၏ ။ တစ်နှစ် သုံးသီး စားရ၏ ။ အလွန် ၀ပြော စည်ပင်စွာ ဖြစ်လေ၏ ။ ထိုသို့ စီရင်သော ကြောင့် ကျီကြဘဏ္ဍာ ရွှေငွေဥစ္စာ စပါး များ ၏ ။ ဆင်လုံးမြင်းရင်း အခြွေအရံလည်း များး၏ ။ ပါဠိ အဋ္ဌကထာ ဋီကာ ကျနတော် မူသော အရိယာ သံဃာတော် တို့ကို ပင့်၍ ကျမ်းဂန်များ စွာ ပြုပြီးလျှင် ပို့သ သင်ကြားရ၏ ။ ပစ္စည်း ၄ ပါး ထောက်ပံ့တော် မူ၍ သာသနာတော် ကို ထွန်းပစေ၏ ။
အလောင်းစည်သူမင်းကြီးလည်း သားတော် မင်းရှင်စောကို မြို့က နှင်ထုတ်တော် မူပြီးလျှင် သားတော် အလတ် နရသူကို လုပ်ရည်ကြံရည် ရှိသည်ဟူ၍ ပြည်ထဲအမှု ကို စီရင်ကွပ်ညှပ်စေ၏ ။ (နရသူ မယ်တော် ကား ထီးလှိုင်ရှင် ကျန်စစ်သားအမတ် ဓမ္မကျင် သမီးတည်း။) ထိုအမတ်သမီးကို မင်းကြီး နန်းတင်တော် မူ၍ မိဖုရားသို့ လည်း မရောက်၊ မောင်းမလည်း မက၊ ကိုယ်လုပ်တော် တည်း။
ထိုသို့ ဘုန်းလက်ရုံး အာဏာနှင့် ပြည့်စုံတော် မူသော သီရိတရိဘ၀နာ ဒိတျာပ၀ရပဏ္ဍိတ သုဓမ္မရာဇာမဟာဓိပတိ နရပတိစည်သူ အမည် ရှိသော မင်းကြီးသည် သာသနာတော် မြတ် စီးပွား၊ သားတော် အစဉ် မြေးတော် အဆက် မြစ်တော် အညွန့်တို့၏ စီးပွားကိုဆောင်တော် မူ၍ သက်တော် ၁၀၁ နှစ် ရောက်သော အခါ သည်းထန်စွာ နာတော် မူသည်ကို သားတော် နရသူက နန်းက ချ၍ ရွှေဂူဘုရားတွင်းမှာ ထားလေ၏ ။ မင်းကြီးလည်း သတိရတော် မူသော အခိုက်တွင် ငါ့နန်း မဟုတ်တကား ဟူ၍ မိန့်တော် မူ၏ ။ ကိုယ်လုပ်တော် လည်း နန်းတော် မဟုတ်၊ ကောင်းမှု တော် ဟူ၍ နားတော် လျှောက်လေ၏ ။ အသူအတတ်နည်းဟု မေးတော် မူ၏ ။ သားတော် နရသူအစီအရင်တည်း ဟူ၍ နားတော် လျှောက်သော် ကြီးစွာ သော အမျက်ရှိသည် ဖြစ်၍ ကိုယ်တော် အလုံး မီးကဲ့သို့ ဖြစ်ဘိ၏ ။ ထိုအခါ သားတော် နရသူလည်း မင်းကြီးးသည် အနာမှ ထမြောက်တော် မူချေသော် ငါ ပျက်စီးခြင်းသို့ ရောက်ချိမ့်မည် အကြံ ဖြစ်ဘိရကား မင်းကြီးကို အ၀တ်ပုဆိုးတို့ဖြင့် ဖိ၍ အနိစ္စ ရောက်တော် မူ၏ ။ အိမ်နိမ့် ၂၆ နှစ် ၊ စည်းစိမ် ၇၅ နှစ် ၊ သက်တော် ၁၀၁ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ ရောက်လိုသော် စနေကြယ်၊ ကြာသာပတေးကြယ် ခွပ်ကြ၏ ။ ဒိန္နက်သဲ သင်္ကြန် တစ်ပြိုင်နက် သင့်၏ ။ ကျိတ် ထွက်၏ ။ နံတော် ကြာသာပတေးသားတည်း။
သက္ကရာဇ် ၅၂၉ ခုသော် ထိုမင်း သားတော် နရသူ မင်း ဖြစ်တော် မူ၏ ။ မင်း ဖြစ်တော် မူသော အကြောင်းကား ခမည်းတော် မင်းကြီး မရှိပြီဟူ၍ သားတော် မင်းရှင်စော ကြားလေသော် ကြည်းအား ရေအား ချီမည် ဟူ၍ ရုံးစု စည်းဝေးလေ၏ ။
နရသူလည်း ပုဂံတစ်ပြည်လုံး ဘုရားကဲ့သို့ ကိုးကွယ်သော သပိတ်သည်သား ပံ့သကူ မဟာမထေရ်ကို ဤသို့ နားတော် လျှောက်၏ ။ နောင်တော် မင်းရှင်စောလည်း ခမည်းတော် မရှိသော အကြောင်းကို ကြားတော် မူလျှင် ရေအား ကြည်းအား ချီ၍ ခမည်းတော် အရာ ရွှေထီးရွှေနန်းကို သိမ်းမည် ဟူ၍ ကြားသည်။ ဤသို့ အလုံးအရင်းနှင့် ချီတော် မူသော် ကြာချေတော့မည် ဖြစ်သည်။ ကြာ၍ လည်း ပြည်ထဲအရေး သည် မသင့်ချေ။ ကျွန်တော် ရှိလေပြီးသည်ကို ဓားတစ်စင်း၊ မြင်းတစ်စီးနှင့် သာ အလျင် ကြွတော် မူ၍ နန်းတက်တော် မူမည် အကြောင်းကို နောင်တော် အား ခေါ်တော် မူပါဟု လျှောက်၏ ။
ပံ့သကူ မထေရ်လည်း ငါခေါ်၍ ရောက်သော အခါ မင်းမမြှော က်ဘဲ နေဘိမူကား ငါ ရဟန်းတရားနှင့် မလျော် ရှိလတ္တံသည် ဟူ၍ မိန့်တော် မူ၏ ။ နရသူလည်း နောင်တော် ဓားကို ထမ်း၍ နန်းတင်ပါမည် ဟူ၍ သစ္စာကြီးစွာ ပြု၏ ။ ပံ့သကူ မဟာထေရ်လည်း နရသူ သစ္စာပြုသည်ကို ယုံကြည်တော် မူ၍ မင်းရှင်စော ရှိရာ ကြွတော် မူပြီးသော် အကြောင်းမျိုးကို ပြန်တော် မူလေ၏ ။ မင်းရှင်စောလည်း မဟာထေရ် စကားကို ကြားတော် မူလေသော် ယုံတော် မူ၍ ရွှေလှော်ကား တစ်စင်းနှင့် သာ မဟာထေရ်ကို တင်၍ စုန်လာတော် မူ၏ ။ လက်ပံဆိပ်သို့ ရောက်လျှင် နရသူလည်း သစ္စာပြုသည့်အတိုင်း လှေသို့ ဆင်း၍ နောင်တော် သန်လျက်ကို ထမ်းပြီးသော် နောင်တော် ကို မ၍ နန်းတင်လေ၏ ။ ဘိသိက်သွန်းပြီး၍ ထိုညဥ့်တွင် စားတော် ၀ယ် ဆေးခတ်ဘိ၍ အနိစ္စရောက်တော် မူလေ၏ ။ မင်းရှင်စော အနိစ္စ ရောက်တော် မူလျှင် နရသူ ထိုနှစ် တွင် မင်း ဖြစ်လေ၏ ။ ထိုသို့ ဆေးခတ်၍ အနိစ္စရောက်ကြောင်းကို ပံ့သကူ မဟာထေရ် ကြားတော် မူသော် နန်းတော် သို့ သွား၍ ‘ဟယ် မင်းဆိုးမင်းညစ်၊ သင်ကား သံသရာဝယ် ခံရအံ့သော မကောင်းမှု ကို မကြောက်။ ဤစည်းစိမ်ကို ရလျှင် သင်၏ ခန္ဓာကိုယ်သည် မအို မသေပြီဟူ၍ မှတ်သလော။ လောကတွင် သင့်ထက် ပျက်သော မင်းမည် သည်ကား မရှိ’ ဟူ၍ မိန့်တော် မူ၏ ။ နရသူလည်း အရှင်ဘုရားထံ သစ္စာခံသည်အတိုင်း နောင်တော် သန်လျက်ကု ထမ်း၍ နန်းတင်ပါ၏ တကား ဟူ၍ ဆို၏ ။ သခင်မြတ်လည်း ‘လူ့ပြည်တွင် သင့်ထက် ဆိုးသွမ်းညစ်ညမ်းသော သူ မရှိ’ ဟု မိန့်တော် မူခဲ့၍ သိန်းဃိုကျွန်းသို့ ကြွလေ၏ ။
နရသူမင်းကား မှူးမတ်ဗိုလ်ပါ အစရှိသော ပြည်သူ လူအပေါင်းတို့ ကြောက်ရွံ့ ခန့်ညားကုန်၏ ။ အမျက်စောင်းမာန် ပြင်း၏ ။ မင်း ဖြစ်လျှင် ခမည်းတော် အလောင်းစည်သူပေးသော ကြဘန် အမည် ရှိသော သတို့သမီးကိုလည်း ကွပ်လေ၏ ။ ကြဘန်သား ဥတ္တရသူနှင့် ဘထွေး စချီမဟာဗိုလ်ကိုလည်း ကွပ်လေ၏ ။ စွမ်းသန်သော ရဟန်းတို့ကိုလည်း လူထွက်ရကုန်၏ ။ အချို့သော ရဟန်းမြတ်တို့သည် လူပြုရမည် ကို ကြောက်၍ သိန်းဃိုကျွန်းသို့ ချည်း ကြွလေကုန်၏ ။ မင်းကြီးကား ရက်စက်ကြမ်းကြုတ်၏ ။ မိဖုရား စသော ကိုယ်လုပ်မောင်းမတို့သည်လည်း ကြောက်ရွံ့ ခန့်ညားကုန်သည် ဖြစ်၍ မချစ် မကြိုက်ကြကုန်။ မကောင်းသော ဆုကို ယူကုန်၏ ။ တိုင်းကားနိုင်ငံ၌ နေကုန်သော သူအပေါင်းတို့သည် ပူဆာကုန်သည် ဖြစ်၍ ရွာပြည်မြို့ပြ ပျက်စီကုန်သည်ကား များ ၏ ။ ကောင်းမှု တော် ဓမ္မရံကို လုပ်သည်လည်း ကြောက်ရွံ့ခြင်း ပြင်းသော ကြောင့် စေ့စပ်သေချာလွန်၍ မပြီးလေ။ ခမည်းတော် လက်ထက် ဆက်လာသော ကုလားမင်းကြီးသမီးကို ထိုမင်း မင်း ဖြစ်တော် မူလျှင် မပြတ် လုပ်ကျွေးရ၏ ။
တစ်ရံရောအခါ မင်းကြီး ရေအိမ်ဝင်ရာတွင် သန့်သက်ရေ မဆောင်သည်ကို ကုလားမင်းသမီး သိလေသော် ကျင်ကြီးကျင်ငယ် သွားသည်၊ သံဝါသ ဖြစ်သည်များ ၌ သန့်သက်ရေ ဆောင်ကောင်းလျက် မဆောင်နေသည် ဟူ၍ ရွံရှာသော အားဖြင့် မချဉ်းမကပ် နေသည်ကို မင်းကြီး အမျက်တော် ရှိ၍ စွဲတော် မူသော သန်လျက်ဖြင့် ခုတ်၍ အနိစ္စရောက်တော် မူလေ၏ ။ ခမည်းတော် ကုလားမင်းကြီး ကြားလေသော် ကုလားသူရဲကောင်း ၈၀၀ တွင် ရွေး၍ သူရဲကောင်း ၈ ယောက် ရသည်။။ ကုလားမင်းကြီး ဤသို့ ဆို၏ ။ ‘ဟယ် အချင်းတို့၊ သမီးတော် ကို သတ်သော မင်းရှိရာ ပုဏ္ဏား အယောင်ဆောင်၍ နင်တို့ သတ်ချေ။ ထိုမင်းသေလျှင် နင်တို့ကိုယ်ကို သန်လျက်နှင့် ထိုး၍ သေကြလေ။ နင်တို့ သားမယားကို သုံးစွဲ စားသောက်လောက်အောင် ငါ ပေးတော် မူမည် ’ ဟူ၍ ဆို၏ ။ သူရဲကောင်း ၈ ယောက် တို့လည်း ‘သားမယားတို့ကို တသန္တာန်ပတ်လုံး သုံးစွဲစားသောက်လောက်အောင် ပေးတော် မူပါ၊ ထိုမင်းကို သေအောင် သတ်မည် ’ ဟု လျှောက်၏ ။ ပဋိက္ကရားမင်းလည်း ကြီးစွာ သော ဆုလာဘ်ပေးပြီးပြီးလျှင် ထိုသူရဲ ၈ ယောက် တို့ကို ပုဏ္ဏား အယောင်ဆောင်စေ၍ ခရုသင်းကို ခါးဝယ်ပိုက်လျက် သန်လျက်ကိုယ်စီနှင့် လွှတ်လိုက်၍ ပုဂါရာမသို့ လာရ၏ ။ ရောက်လျှင် နန်းတော် သို့တက်၍ မင်းကြီးအား ခရုသင်းနှင့် နေစာမြက်ကမ်းဟန်ပြု၍ ပတ်ပတ်ရံပြီးသော် အမတ် သိဒ္ဓိကာ*ကြီးကို လက်ညှိုးတန်းတန်းထိုး၍ ‘ဟယ် အမတ်ယုတ်၊ အထက်ကလည်း နင်တို့ တံစိုးများ စွာ စား၍ ငါတို့ အရှင့်သား ဆုံးပြီ။ ယခုလည်း နင် မဆီးမတားသော ကြောင့် ငါတို့ အရှင်သမီး ဆုံးပြန်ရသည်’ ဟူ၍ ဆိုပြီးမှ မင်းကြီးကို သန်လျက်နှင့် ထိုးရာ အနိစ္စ ရောက်တော် မူ၏ ။ ယင်းသို့ မှ အမတ် သိဒ္ဓိကာကို ထိုးမည် လိုက်သည်။ မမိ၍ ချင်းတို့ကိုယ်ကို သန်လျက်ဖြင့် ထိုးသည်။ ၈ ယောက် လုံး သေလေ၏ ။ (ယင်းသို့ ကုလား ထိုး၍ သေသည်ကို အကြောင်းပြု၍ ထိုမင်းကို နောင်မှ ကုလားကျ ဟု တွင် ၏ ။)
(* သိဒ္ဓိကာ = ကိစ္စခပ်သိမ်းကို ပြီးငြိမ်းအောင် ရွက်ဆောင်တတ်သော မှူးမတ်။)
ကုလားကျမင်းကား ဟီရိ သြတ္တပ္ပလည်း မစောင့်။ စကားလည်း မမှန်။ မှူးကြီး မတ်ကြီး အတွင်းသူ ပြင်သူတို့ကိုလည်း မျက်နှာမကြည့်။ ရက်ရောကြမ်းကြုတ်စွာ ပြုလေ့ရှိ၏ ။ ပြည်သူ ရွာသားတို့ကိုလည်း နှိပ်နင်းညှဉ်းပန်း၏ ။ ထိုသို့ ပြုလေ့ရှိသော ကြောင့် အမှူးအမတ် ပြည်သူ လူရဟန်း အပေါင်းတို့သည် မကောင်းသော ဆုကို ပြုကုန်၏ ။ အိမ်နိမ့် ၄၅ နှစ် ၊ စည်းစိမ် ၄ နှစ် ၊ သက်တော် ၄၉ နှစ် သော် အနိစ္စ ရောက်တော် မူ၏ ။ အနိစ္စရောက်တော် မူလိုသော် လ နှင့် ကြာသာပတေးကြယ် ခွပ်ကြ၏ ။ ဒိန္နက်သဲ သင်္ကြန် တစ်ပြိုင်နက် သင့်၏ ။ ရွှေစည်းခုံဖျား သခွား သီး၏ ။ နံတော် စနေသားတည်း။
![]() ဓမ္မစေတီ |