Cover

ရှင်စောပု ပဲခူးစုန် သီချင်း

နဒီငယ်ဝိုင်းပါလို့၊ ရှုတိုင်းတဲ့မှု န်ပြာ၊ ဝတ်နံ့ငယ်ဖြာ၊ ထူပါရုံစေတီကြီးငယ်နှင့် ၊ ထီးစွင့်စွင့် ပုညရှင်၊ သည်ကပင် ဦးခိုက်ပမယ်လေး။ ။

အဉ္ဇလီငယ်၊ ဝစီကာယ၊ ပဏာမဖြင့် ၊ ပတ္တမြား စေတီ၊ ခြောက်ရောင် ငယ်ညီလို့၊ မဟီမဏ္ဍလာ၊ မြေမျက်နှာ၊ တေဇာဝှန်တက်၊ ရွှေကြက်ယက်နှင့် ၊ ရွှေကြက်ကျခေါ်၊ စိန္တေယျော် ပူဇော်ပြီးလျှင်၊ မြို့ပကိုးကိုတဲ့၊ ရေရိုးက နှင်တော့၊ တို့မောင်ရင် ညီနောင်ငယ်၊ ယင်းရဲတောင်၊ ကျောက်ဆောင်စွန်းဆီက၊ မယ်စောကွယ် ဖြူဖြူရွှန်းကိုလ၊ လွမ်း ရစ်ပေလေး။ ။

သွင်သွင်ငယ် ဆင်းပါလို့၊ မြစ်မင်းငဲ့သလ္လာ၊ သဲမွေ့ရာ၊ မာဂထာရွှေဇင်ယော် တို့၊ မ,ခေါ်ကာ ထူးပြန်ကြတယ်လေး။ ။

နဒီဗွေ၊ လေဝေရမ္ဗ၊ မြူခိုးငယ်ဆင်၊ မင်းလွင် ထလို့၊ လှိုင်းကသုတ်သုတ်၊ ရေဝဲငုတ်လို့၊ မြုပ်ချည်-ပေါ်ချည်၊ ပွတ်အော်ချည်နှင့် ၊ မဆည်တတ် နိုင်၊ မိန်းမသားငယ်မို့၊ ကြောက်အားသာလှိုင်တော့တယ်၊ ပဲ့ထိုင်တဲ့ပျိုခင်ငယ်၊ လက်ပံဇင် ကမ္ဘား နီမြင့်ဆီက၊ ရေလှိုင်းသံကမ်းခြေရင်းမှာ ၊ ပြင်းလှတယ်လေး။ ။

လှေယဉ်လောင်းငယ်နှင့် ၊ ရေကြောင်းကိုတဲ့ စုန်လို့လာ၊ ရွှေကိုင်းငယ်သာ၊ ပြည်ဇေယျာနိုင်ငံကြီးငယ်က၊ ခရီးတဲ့သင်္ချာယူ၊ ရွာမြင်းမူ သာပျံ့ပျူးပါဘိ၊ မြတ်စောလူး စိန္တေယျာကို၊ လှေနာဝါ အပေါ်က၊ ပူဇော် ဦးခိုက်ပမယ် လေး။ ။

ရွှေပြောင်းရွာ၊ တေဇာတောက်ထွန်း၊ တန်ခိုးငယ်ဝေ၊ ရွှေပေါ်ကျွန်းနှင့် ၊ ပန်း လှိုင်နဂါးရုံ၊ ဓာတ်ပေါင်းငယ်စုံ၊ ရိပ်မြုံသာယာ၊ ရွာငမြာ၊ မဟာရွှေဂူ၊ သည်ကမူလဲ၊ လေးဆူဓာတ် ရိုး၊ ကုန်သည်မျိုး၊ ပုထိုးမနိုင်-ညောင်ပင်နိုင်က၊ တာတိုင်သင်္ချာ၊ ရွှေတန်တစ်ကိုလ၊ မယ်စောကွယ် စုန်တဲ့နှစ် တွင် မှ ဖူး ဖြစ်တယ်လေး။ ။

မိုးထားဝန်ထောက်-မင်းကြီး မင်းလှမဟာကျော်ထင် စာစုမှ။

******

ဓမ္မစေတီ အကြိုက်ဆုံး

၁၉၅၆-ခု၊ ဇူလိုင်လအတွင်းလောက်က အိန္ဒိယမှ ''အတ်(ဂျ)''(ယနေ့)ဟိန္ဒီသတင်းစာ ဆရာနှင့် ရန်ကုန်မှ ဟိန္ဒီစာပေဂျာနယ် အယ်ဒီတာ ပါရဂူတို့ ဆရာကြီးသခင်ကိုယ်တော် မှိုင်းနှင့် တွေ့ ဆုံပြီး စာပေရေး ရာများ ကို ဆွေးနွေးကြသည်။ အတ်(ဂျ)ဟိန္ဒီသတင်းစာဆရာက ဆရာကြီး ရေး သားခဲ့သော နိုင်ငံရေး ၊ ရာဇဝင်၊ ပြဇာတ်၊ ဝတ္ထု၊ ကျမ်းဂန်၊ ကဗျာများ တွင် ဆရာကြီးအကြိုက် ဆုံး စာအုပ်တအုပ်ကို ပြောပြပါဟု မေးသော အခါ ဆရာကြီးသည် မဆိုင်းမတွပင် ''ဓမ္မစေတီ'' ဟု ဖြေခဲ့ပါသည်။

ဆရာကြီးသခင်ကိုယ်တော် မှိုင်းသည် ပြဇာတ်ပေါင်း ၈ဝ ကျော်နှင့် တကွ တွေ့ ရသမျှတွင် အစောဆုံး ဖြစ်သော ၁၉ဝ၅-ခု(၁၂၆၇-ခု)နှစ် တွင် မော်လမြိုင် မြန်မာတိုင်းသတင်းစာတိုက်မှ ပုံနှိပ်ခဲ့သည့်''မော်လမြိုင်ရာဇဝင်ဝတ္ထု''မှစ၍ ၁၉၅ဝ(၁၃၁၂)ခုနှစ် တွင် ပုံနှိပ်ခဲ့သည့်''အနာဂတ် ဇာတ်ခုံ အိမ်မက်ဒိဋ္ဌုံဋီကာ''ကျမ်းအထိ ၄၅-နှစ် အတွင်း ရေး သားပြုစုခဲ့သော စာအုပ်စာတမ်း များ မှ ၅ဝ-ထက်မနည်း ရှိပေသည်။ ထိုမျှများ ပြားပြီး စာအုပ်တိုင်းလည်း တမျိုးစီ ကောင်းကြ လေရာ။ ထိုအများ အပြားထဲမှ အကောင်းဆုံးစာတအုပ် ရွေးထုတ်ယူပြရန်မှာ မလွယ်ကူလှပါ။ ယူပြနိုင်သည့်တိုင်အောင် တဦးနှင့် တဦး အကြိုက်ချင်းလည်း တူကြမည် မဟုတ်ပါ။ ယခုသော် ဆရာကြီးကိုယ်တိုင်က ဓမ္မစေတီဝတ္ထုသည် သူရေး ခဲ့သမျှ စာအုပ်များ တွင် အကြိုက်ဆုံး၊ အနှစ် သက်ဆုံးပါဟု ရွေးချယ်ပေးထားခဲ့လေသည်။ ¤င်းမှာ နောင်တွင် ဆရာကြီးစာပေနှင့် ပတ်သက် ၍ ပြဿနာပေါ်လာသော အခါ အဖြေပေးစွမ်းနိုင်မည့် သော့ ချက်ဟု ဆိုရပါမည် ။

ဓမ္မစေတီဝတ္ထုသည် ဆရာကြီးသခင် ကိုယ်တော် မှိုင်း အနှစ်သက် ဆုံးနှင့် အကောင်းဆုံးလက်ရာ

ရေး သူ ရွှေကိုင်းသား

******

စာအုပ်အပြင်အဆင်

ဓမ္မစေတီဝတ္ထုကို ရန်ကုန်မြို့ မြန်မာအဆွေ ကုမ္ပဏီမှ စက္ကူကောင်း မင်ကောင်းအတွင်း အပြင် ရုပ်ဘလောက်များ ဖြင့် အထက်တန်းကျကျ ပုံနှိပ်ထုတ်ဝေခဲ့သည်။ အတွင်းဘက် ပန်းချီ ပုံများ ကို ကိုထွန်းမင်း၊ ကိုလှမောင်တို့က ရေး ဆွဲပြီး မျက်နှာဖုံးပုံကို ပန်းချီဆရာ ကိုထွန်းကြွယ်က အထူး ရေး ဆွဲ ပေးလေသည်။ မျက်နှာဖုံးမှာ ဧကရီဘုရင်မကြီး ရှင်စောပုပုံကို မိဖုရားကြီးများ ၏ အဆင်တန်ဆာဖြင့် အသေးစိတ်ခြယ်မှု န်းပြီး ဘမ်းတင်ထားခြင်း ဖြစ်၍ ဓမ္မစေတီဝတ္ထုစာအုပ်အား ဂုဏ်မြောက်စေပါသည်။ စာအုပ်အရွယ်မှာ ဒီမိုင်းဆိုက်အရွယ် ဖြစ်၍ ကရောင်းဆိုက်ဖြင့် များ သော အားဖြင့် ရိုက်နှိပ်လေ့ရှိသော ကာလပေါ်ဝတ္ထုစာအုပ်များ ထက် အပုံကြီးခန့်ညားသည်ဟု ဆိုရပါ သည်။ သို့ သော် ဓမ္မစေတီဝတ္ထုတွင် ပုံနှိပ်ထုတ်ဝေသည့်သက္ကရာဇ်ကို¤င်း၊ ကျမ်းပြုသည့်နှစ် ကို သော်¤င်း၊ တစုံတရာ မပါရှိခဲ့သဖြင့် စာအုပ်သက်တမ်းကို တိတိကျကျ မသိနိုင်ပါ။ ယင်းသည်မှာ ဓမ္မစေတီဝတ္ထု၏ ချို့ယွင်းချက်တရပ်ဟု ဆိုရပါမည် ။

******

သက္ကရာဇ် ရှာပုံတော်

ယင်းချို့ယွင်းချက်ကို ပယ်ဖျက်လိုသော အားဖြင့် ဓမ္မစေတီဝတ္ထုနှင့်ခေတ်ပြိုင်ဆရာကြီး ၏ အခြားသော စာအုပ်စာတမ်းများ တွင် သဲလွန်စ ရလိုရငြား ရှာဖွေသော အခါ၌ ၁၉၂၃(၁၂၈၅) မြန်မာအမျိုးသား စာပုံနှိပ်တိုက်မှ ပုံနှိပ်ထုတ်ဝေသည့် မစ္စတာမောင်မှိုင်း၏ ''မျောက်ဂဏ္ဌိ'' စာအုပ် အဆုံး အတွင်းဘက်ကြော်ငြာပိုင်းမှ မျောက်ဂဏ္ဌိကို စီရင်ရေး သားသူ ဆရာကြီးမစ္စတာမောင်မှိုင်း စီရင်ရေး သားသော စာအုပ်များ စာရင်းတွင် ၁၊ ဓမ္မစေတီ(ဒုတိယပုံနှိပ်ခြင်း) နှင့် ၂၊ အီနောင်နန်း တွင်းဇာတ်တော် ကြီးစာအုပ် ကြော်ငြာထားသည်ကို တွေ့ ရှိရပါသည်။ ယင်းကြော်ငြာအရ ဓမ္မစေတီ ဝတ္ထုသည် ၁၂၈၅-ခု(၁၉၂၃-ခု)နှစ် ထက် နောက်မကျကြောင်း ခန့်မှန်းရသည်။ မျောက်ဂဏ္ဌိ ကျမ်း နိဂုံးအဆုံး၌ -

''သာသနာတော် သက္ကရာဇ် ၂၄၆၇-ခုနှစ် ၊ ကောစာသက္ကရာဇ် ၁၂၈၅-ခု၊ ပဌမနွယ်တာ လဆန်း ၁-ရက်၊ ပိတဟူးနေ့ ဆွမ်းခံအပြန်ချိန်တွင် ''.

''မျောက်ဂဏ္ဌိ''ကျမ်းကြီး ဤတွင် ရွေ့ ပြီးပြည့်စုံပြီ''ဟု ကျမ်းပြီးသက္ကရာဇ်ကို ဖေါ်ပြ ထားပါသည်။

ဓမ္မစေတီဝတ္ထု ကြော်ငြာမူရင်းမှာ ဤသို့ ဖြစ်ပါသည်။ဆ

၁။ ဓမ္မစေတီ(ဒုတိယနှိပ်ခြင်း) ကျွန်ုပ်တို့ မွန်မြန်မာ ရာဇဝင်တွင် ထင်ရှားကျော်ဇောသော ဓမ္မစေတီမင်း၊ မွေးဖွားသည်မှစ၍ နန်းတက်သည်တိုင်အောင် ဟံသာဝတီဘုရင်မ ရှင်စောပုလက် ထက်တွင် ဖြစ်ပျက်သော အကြောင်းအရာများ ကို စေ့ငှစုံလင် ဘတ်ရှုချင်ဘွယ် စီစဉ်ရေး သားထားသော ရာဇဝင်ဝတ္ထုကြီး ဖြစ်ပါသည်။ ။ တအုပ် ၁ ကျပ် ၈ ပဲ။ ။

ဒဂုန်မဂ္ဂဇင်းတိုက်၊ ရန် ကုန်မြို့ ဟူ၍ ဖြစ်ပါသည်။

******

မဏိခက်မှ သဲလွန်စ

ဓမ္မစေတီဝတ္ထု၏ ကျမ်းပြု သက္ကရာဇ်ကို ခန့်မှန်းရာ၌ ဤမျောက်ဂဏ္ဌိကျမ်းသည် အကြမ်း ဖျင်း သဘောမျှသာ ဖြစ်ပါသည်။ ထို့ထက် အနီးကပ် ခန့်မှန်းချက်ကိုကား မူလဝန်ကြီးပဒေသ ရာဇာ စီရင်ရင်း ဖြစ်သော မစ္စတာမောင်မှိုင်း ပြင်ဆင်ရိုက်နှိပ်သည့် ''မဏိခက်နန်းတွင်းဇာတ်တော် ကြီး''အမှာ နိဒါန်းတွင် ဤသို့ တွေ့ ရှိရပါသည်။

''မစ္စတာမောင်မှိုင်း'' တည်းဟူသော ယောဂီကဝိသည် လောကီ၏ ကြီးပွားရာကြီးပွား ကြောင်း ရှေးဟောင်းပညာဟု ဆိုအပ်သော လုပ်ရပ်အတတ်၊ အဂ္ဂိရတ်ထိုးခြင်း၌ မကင်းဝါသနာ အထုံပါသည့်အတိုင်း စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ရွှေဘို ထိုထိုသို့ သော အညာတခွင် တောစဉ် တောင်တန်းတို့၌ ရှောင်ဘမ်းရင်း ပြဒါးမသေသဖြင့် အကြေဒဂုန် သထုံနယ် ဇင်းကျိုက်သို့ နဝင်း ကိုက် အင်းကိုက် ဆင်းလိုက်၍ စုံခဲ့လေရာ၊ အဆိုပါ ဇင်းကျိုက်တောင်ကြီးသို့ ခရီးသင့် ဆိုက် ရောက်သဖြင့် အခွင့်အားလျော်စွာ အဘော်သဟာယ ကပ္ပီယဒါယကီ၊ ဥပါသကီ တပည့်မ သီလ ရင်တွေ ကို စာပေပို့ချခြင်းလုပ်ငန်းနှင့် ကြိုးပမ်းကြံစည်ရင်း ဖြစ်သော အဂ္ဂိရတ်ပညာတော် ကလည်း တမျိုး ဖိုထိုးခြင်းအလုပ်ကို အားထုတ် နေထိုင်လေသတည်း။

ထိုဇင်းကျိုက်တောင်၌ နေ့စဉ်ပင် အကြင်တပည့်မအပေါင်း သူတော် ကောင်းတို့က တောင်းပန်လျှောက်ထားကြသည် နှင့် အညီ ''အီနောင်နန်းတွင်း ဇာတ်တော် ကြီးဝတ္ထု''ကို ပြုစု စီရင်ပြီးသော အခါ အညာသို့ တဖန်ဆန်တက်သွားပြန်ရာ၊ သလ္လာဝတီမည် သော ချင်းတွင်းမြစ်ညာ အလုံမုံရွာ တလျှောက်၌ နေထိုင်ကြကုန်သော ဆွေရင်းမျိုးချာ ဒါယကာ ဒါယိကာမအပေါင်းတို့ နှင့် သိဟောင်း ကျွမ်းဟောင်း ငယ်ပေါင်းကြီးဘော် များ စွာ တို့က တဝါတချီလောက် ကိုးကွယ်ပါရ စေဟု အလီလီ အလာလာ ကြိမ်ဖန်များ စွာ လျှောက်ထား တောင်းပန်ကြသည့် အကြောင်းကြောင့် အလောင်းတော် ကဿပတောရ၌ ယာပထမျှတင်း သီတင်းသုံး နေထိုင်လေရာ၊ အညာသူ အညာ သားတပည့်များ တို့၏ လျှောက်ထားချက်အတိုင်း တလိုင်းစံရာ ဟံသာဝတီ ပဲကူးပြည်ကြီးရှင် ဘုရင် ဓမ္မစေတီမင်းမြတ်၏ အတ္ထုပ္ပတ္တိကျမ်းကြီးကို တသီးတဖုံ အာရုံကျက်စားဘွယ်ရာ များ စွာ သော တလိုင်းရာဇဝင်၊ မြန်မာရာဇဝင်ဝတ္ထုပုံပြင်တို့ဖြင့် စုံစုံလင်လင် စီရင်ရေး သား လေသတည်း။

၎င်းဓမ္မစေတီအတ္ထုပ္ပတ္တိကျမ်းကြီး ပြီးစီးချောမောသည်နှင့် တပြိုင်နက်တည်း ခရီးလမ်းစဉ်အတိုင်း စုန်ဆင်းခဲ့ပြန်ရာ (လ) ဇင်းကျိုက်တောင်သို့ ရောက်သော အခါ မယ်စန္ဒာ၊ မယ်ဥမ္မာ တပည့်မများ စွာ တို့က ဆရာအရင်းနှင့် တဝါတွင်းမျှ ကွဲကွာနေထိုင်ရသဖြင့် တပည့်တော် မတို့၏ မချိချက်ကို မဏိခက်နန်းတွင်းဇာတ်ဖြင့် ဘမ်းသတ်တော် မူပါမည့်  အကြောင်းနှင့် ညွှတ်ပျောင်းရို သေ လျှောက်ထားကြလေ၏ ။

ယင်းသို့ သော လျှောက်ထားချက်အတိုင်း ဆရာမှိုင်းက (လ) စဉ်းစားဆင်ချင်လျက် ယခင်က ရှိရင်းမူဟောင်းကို ကောင်းကောင်းပြင်ဆင်၍ စက်တင်ပုံနှိပ်ရန် အခွင့်အရေး ပေးအပ် လိုက်သော ဟူ၏ '' စသည်ဖြင့် နိဒါန်းကို အပြီးသတ်ရေး သားပြီးနောက် ''၁၂၇၉-ခု၊ သီတင်းကျွတ် လဆန်း ၁၃-ရက်၊ ဇင်းကျိုက်တောင်''ဟု ဖေါ်ပြထားပါသည်။ ၄င်းရက်စွဲအရ ဓမ္မစေတီအတ္တု -ပ္ပတ္တိကို မဏိခက်နန်းတွင်းဇာတ်တော် ကြီး မတည်းဖြတ်မီ ၁၂၇၇-၇၈ ခု၊ (၁၉၁၅-၁၆)ခုနှစ် လောက်ကပင် ရေး သားပြီးစီး ခဲ့လိမ့်မည် ဟု ခန့်မှန်းရပါသည်။ ¤င်းမှာ အနီးကပ်ဆုံး ဖြစ်၍ တိတိ ကျကျကား မဖေါ်ပြနိုင်သေးပါ။

******

ဓမ္မစေတီဝတ္ထုနိဒါန်း

ဓမ္မစေတီ ဝတ္ထုနိဒါန်းတွင် ဓမ္မစေတီ အတ္တုပ္ပတ္တိကို အလောင်းတော် ကဿပစခန်းတွင် နေထိုင်သီတင်းသုံးစဉ် တပည့်မများ ၏ တောင်းပန်ချက်ဖြင့် ပြုစုတော် မူခဲ့ကြောင်း ဖေါ်ပြထားပါ သည်။ ဓမ္မစေတီ မပြုစုမီ ''မော်ဓောရှင်ဘွဲ့ ကဗျာဋီကာ''ကျမ်းကြီး ပြုစုခဲ့သေးကြောင်းလည်း ၄င်းနိဒါန်းစကားအရ သိရှိရပါသေးသည်။ နိဒါန်း ဘုရားရှိခိုးဆုတောင်းခဏ်း အပြီး၌ -

''ယင်းသို့ လျှင် နိဒါန်းနှင့် တကွ ပဏာမ ဆုတောင်းတို့ စုပေါင်းဖေါ်ပြခဲ့ပြီးသည်မှတပါး ရေး သားအံ့ဟူသော ပဋိညာဉ်ဝန်ခံချက်အတိုင်း မစ္စတာမောင်မှိုင်းတည်းဟူသော ယောဂီကဝိ သည် တောဆီကတလှည့် လောကီတပည့်တို့ မသွေမဖီ မှတ်အောင် ဓမ္မစေတိဇာတ်ရာဇဝင်ဖြင့် စာသဘင် ကျူးတော် ပေအံ့''ဟု ဖေါ်ပြထားပါသည်။

******

ဓမ္မစေတီ အရေး အသား

ဓမ္မစေတီသည် ''ဝတ္ထု''ဟု ခေါင်းတပ်ထားသော်လည်း ရေး သားပုံမှာ ဇာတ်ဆန်သည် ဟု ဆိုရပါမည် ။ ဒီမိုင်းဆိုက်အရွယ်နှင့် စာမျက်နှာမှာ နိဂုံးလေးချိုး အပါအဝင် ၁၈၆-ရှိရာ စာ မျက်နှာ ၄၅ အထိမှာ ဓမ္မစေတီအလောင်း ''မင်းထန်'' ဘွားမြင်သည်မှ ရှင်စောပု ဟံသာဝတီ အောင်မြေနင်း၍ မင်း ဖြစ်တော် မူသည်အထိ အခဏ်း(၁ဝ)ခဏ်းမှာ ရာဇဝင်ရေး နည်းအတိုင်း တည်တည်ခန့်ခန့် ရေး သားထားပြီးနောက် အခဏ်း(၁၁) ဓမ္မဓရနှင့် ဓမ္မÓဏတို့ ပညာစမ်းသဖြင့် ရှင်စောပု အိပ်မက်တော် မူခဏ်း မှစပြီး နောက်အခဏ်းများ တွင် ဝတ္ထုသဘော၊ ဇာတ်သဘော၊ ဇာတ်ကောင်တို့၏ အပြန်အလှန် ပြောခဏ်း နှင့် နောက်ပိုင်းတွင် ငိုချင်းစသည်တို့နှင့် ဇာတ်ဆန်ဆန် ရေး သားထားသည်ကို ဖတ်ရှုရပါသည်။

******


ဝန်ဇင်းချစ်သူများ မစ္စတာမှိုင်း ၏ “ ဓမ္မစေတီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မှန်နန်းရာဇ၀င်တော်သစ် (ပထမအုပ်)