လမင်းကိုထရံပေါက်မှကြည့်ခြင်း
အခမ်းအနားကို တက်ရောက်လာတဲ့ စာရေး ဆရာကြီးများ နဲ့ စာပေမိတ်ဆွေများ ခင်ဗျား။
ဒီနေ့ ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲမှာ စကားပြောခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီနေ့ စာပေဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ် ချက်ကို ဆောင်ပါတယ်။ တစ်ချက် ကတော့ ဒီစာပေဆုဟာ စာဖတ်သူများ က ပေးဆဲ့ဆု ဖြစ်လို့ပါပဲ။ နောက်တစ်ချက် ကတော့ ဖြူမြို့ မိတ်ဆွေများ စာကြည့်အသင်းက အမှု ဆောင်လူငယ်များ ဟာ သူတို့ မြို့မှာ မလုပ်ဘဲ သူများ ရပ်ရွာစာရေး ဆရာတွေ ရှိရာကိုလာပြီး ဆုပေးပွဲ ဖြစ်လို့ပါ။ သူများ ရပ်ရွာမှာ ကိုယ်က အိမ်သည်လုပ်ပြီး ဧည့်သည်တွေ ကို ဖိတ်ခေါ်ကျင်းပရတာ ဟာ တော် တော် စွန့်စားရတဲ့ ကိစ္စ ဖြစ်ပါတယ်။ တော် တော် တာဝန်ကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ တော် တော် လည်း ငွေကုန်ကြေးကျများ တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ် ချက်ရှိတယ်လို့ ကျွန်တော် ပြောခြင်း ဖြစ်ပါတယ်။
အမှန် ကတော့ ကျွန်တော် ဟာ ဒီစင်မြင့်ပေါ်ကို တက်ရောက်ပြီး ဟောပြောစရာ အကြောင်းမရှိပါဘူး။ ဒီစင်မြင့်နေရာဟာ ကျွန်တော့် နေရာ မဟုတ်ပါဘူး။ ရှေ့တန်းမှာ ထိုင်နေကြတဲ့ ဆရာကြီးတတ်တိုး၊ ဆရာမ ကြီးဒေါ်နုယဉ်၊ ဆရာကြီးထင်လင်း၊ ဆရာကြီးတက္ကသိုလ်နေ၀င်း တို့ရဲ့ နေရာ ဖြစ်ပါတယ်။ သူတို့သာလျှင် ဒီနေရာမှာ ရပ်ပြီးပြောသင့်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေ ဟာ အသက်အားဖြင့် ၊ ဂုဏ်အားဖြင့် ၊ ပညာအားဖြင့် ကျွန်တော် ထက်ကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဒီနေရာဟာ သူတို့ရပ်ပြောရမယ့် နေရာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆရာကြီးတွေ ဟာ အသက်ကလည်းကြီး၊ (အင်္ဂလိပ်တွေ ပြောလေ့ရှိသလို) “ရက်စက်သော တိတ်ဆိတ်မှု ”ကိုလည်း ဆောင်နေကြတဲ့အတွက် အသက်မကြီးတကြီး ဖြစ်တဲ့ ကျွန်တော် က “ရက်စက်သော ဆူညံမှု ”ကိုပြုလုပ်နေရခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မို့ ကျွန်တော့် ရဲ့ ` ရက်စက်သော ဆူညံမှု ´အတွက် ခွင့်လွှတ်ပါလို့ တောင်းပန်ချင်ပါတယ်။
ကျွန်တော် ဒီအခမ်းအနားမှာ ပြောဖို့ အချက်ငါးချက်လောက်ကို စိတ်ထဲမှာ မှတ်လာခဲ့ပါတယ်။ အဲ့ဒါတွေ ကတော့ . . .
(၁) စာအုပ်ဆိုတာ ဘာလဲ၊
(၂) စာအုပ်ကို ဘယ်လိုဖတ်ကြမလဲ၊
(၃) ဘယ်လိုအချိန်အခါမှာ ဘယ်လိုစာတွေ ကို ဖတ်ကြမလဲ။
( ၄) ဘယ်အရွယ်မှာ စာဖတ်ရင် ဘယ်လိုအကျိုးသက်ရောက်မှု ကို ရစေသလဲဆိုတာနဲ့
(၅) စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်ရမလဲ ဆိုတဲ့ အချက် များြ့ဖစ်ပါတယ်။
ဒီိချက်တွေ ဟာ ကျွန်တော့် ခေါင်းထဲက၊ ကျွန်တော့် ဦးနှောက်ထဲက ထွက်လာတဲ့ အတွေးတွေး မဟုတ်ပါဘူး။ ဆရာသမား ပညာရှိ နှစ်ဦးက ပြောခဲ့တဲ့အဆိုအမိန့်များ ကို ကျွန်တော် မှတ်သားထားတဲ့ အချက်များ ဖြစ်ပါတယ်။ ဒီအချက်တွေ ကို ကျွန်တော် သဘောကျလွန်းလို့ စာအုပ်ထဲမှာ မှတ်သားထားပြီး မကြာခဏ ပြန်ဖတ်လေ့ရှိပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အတွေးတွေ ကို ပြောတာထက် ပညာရှိများ ရဲ့ အဆိုအမိန့် က ပိုပြီး တန်ဖိုးရှိတဲ့ အတွက် ဒီအချက်များ ကို ဖောက်သည်ချရခြင်း ဖြစ်ပါတယ်။
အဲ့ဒီပညာရှိ နှစ် ဦး ကတော့ ၁၉ ရာစုမှာ ပေါ်ထွန်းခဲ့တဲ့ အင်္ဂလိပ်စာပေ အနုပညာဝေဖန်ရေး ဆရာ၊ ပန်းချီဝေဖန်ရေး ဆရာ၊ ဗိသုကာဝေဖန်ရေး ဆရာ၊ စာတမ်းဆရာ ဂျွန်ရပ်စကင်း ဖြစ်ပါတယ်။ နောက်ပညာရှိတစ်ဦး ကတော့ ၁၇ ရာစုနှစ် က ပေါ်ခဲ့တဲ့ တရုတ်စာဆို ကျန်းကျောက်ရဲ့ အဆိုအမိန့် ဖြစ်ပါတယ်။ သူတို့ နှစ် ဦးရဲ့ အဆိုအမိန့်တွေ ကို ပေါင်းပြီး ကျွန်တော် ပြော သွားပါမယ်။
(၁) စာအုပ်ဆိုတာ ဘာလဲ။
ပညာရှိ တစ်ယောက် ၊ စာရေး ဆရာ တစ်ယောက် က ရိုးသားစွာ နဲ့ စေတနာရှိစွာ ရေး သားထားတဲ့ စာပုဒ်ဟာ စာအုပ်ဟာ စာအုပ်တစ်အုပ်ပဲ။ စာအုပ်တွေ ထဲမှာ မကောင်းတာတွေ ၊ အပေါ်ယံကျတာတွေ ၊ ကရော်ကမည် ရေး ထားတာတွေ ၊ ဟန်လုပ်ရေး ထားတာတွေ ပါကောင်းပါနိုင်တယ်။ ဒါပေမယ့် ကိုယ်က မှန်ကန်စွာ ဖတ်တယ်လို့ ရှိရင် အဲ့ဒီအထဲမှာ ကောင်းမွန်တဲ့ အပိုင်းအစတွေ တွေ့ လိမ့်မယ်။ အဲဒီ အပိုင်းအစတွေ ဟာ စာအုပ်ပဲ။
စာအုပ်အမျိုးအစား အားလုံးကို ခွဲကြည့်လိုက်ရင် နှစ် မျိုးပဲရှိတယ်။ တစ်မျိုးက ခုလောလောဆယ် ဖတ်ရမယ့်စာအုပ်၊ ခု နာရီပိုင်းသာ ခံတဲ့ စာအုပ် ဖြစ်တယ်။ နောက်တစ်မျိုး ကတော့ ရေရှည်ဖတ်ရမယ့် စာအုပ်၊ ခေတ်တိုင်း ခံတဲ့စာအုပ် ဖြစါပါတယ်။ နာရီပိုင်းသာခံတဲ့၊ ခု ချက်ချင်း ဖတ်ရမယ့် စာပေဆိုတာ ကတော့ ဗဟုသုတကို ပေးတဲ့ စာတွေ ဖြစ်ပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့ဟာ တစ်နေ့လုံး ဖတ်ရမယ့် စာတွေ မဟုတ်ပါဘူး။ မနက်ပိုင်းဖတ်လိုက်ရင် ကုန်သွားတာပဲ။ ခေတ်တိုင်း ခံတဲ့ စာဆိုတာ ကတော့ ခံစားချက်၊ အတွေးအခေါ်ကို လှုံ့ဆော်ပေးတဲ့ စာ ဖြစ်ပါတယ်။
ဒီစာအုပ်အမျိုးအစားနှစ် ခုကို ရပ်စကင်းက နောက်တစ်နည်း ပြောပါသေးတယ်။ အသံကို ပွားစေတဲ့ စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့ စာအုပ်လို ပြောပါသေးတယ်။ အသံကို ပွားစေတဲ့ စာအုပ်ဆိုတာ လူပေါင်းများ စွာ ကို တစ်ခါတည်း မပြောနိုင်တဲ့ အတွက်၊ တစ်နေ့ရာတည်းမှာ ပြောလို့ မရတဲ့အတွက် ကူးယူပုံနှိပ်ပြီး ပြောရတာ ။ တိုင်း မဂ္ဂဇင်းတို့၊ ဘာတို့ဆိုတဲ့ သတင်းမဂ္ဂဇင်းတွေ ဟာ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ ပြောလို့မ ဖြစ်နိုင်တဲ့အတွက် အဲ့ဒီထဲမှာ ပါတဲ့ သတင်းတွေ ကို ပွားပြီး၊ ကူးယူပြီးဖြန့်ဝေရတယ်။ ဒါ့ကြောင့် မို့ အသံကို ပွားစေတဲ့ စာအုပ်လို့ ရပ်စကင်းက ခေါ်ပါတယ်။ အသံကို ထိန်းသိမ်းပေးတယ်ဆိုတဲ့ စာအုပ် ကတော့ အတွေးအခေါ်များ ၊ အဆိုအမိန့်များ ၊ ခံစားချက်များ ကို နောင်မှာ ပျောက်ကွယ်မသွားအောင် နောင်လာနောင်သားတွေ မှတ်နိုင်ဖတ်နိုင်အောင် ထိန်းသိမ်းထားတဲ့ စာအုပ်တွေ ပါ။
ဒီနှစ် မျိုးကိုပဲ ရပ်စကင်းက နောက်တစ်နည်း ထပ်ပြောပါသေးတယ်။ စကားပြောထားတဲ့ စာအုပ်နဲ့ စာရေး ထားတဲ့ စာအုပ်လို့ သူက ခေါ်ပါတယ်။ စကားပြောထားတဲ့ စာအုပ်ဆိုတာ မနှစ် က ဒီနေရာမှာ ဘယ်လိုရာသီဥတုရှိခဲ့တယ်။ လမ်းပန်းက ဘယ်လိုရှိတယ်။ စားသောက်ဆိုင် ဘယ်နှစ် ဆိုင်ရှိတယ်၊ ဘယ်နားမှာ ဘာဘုရားရှိတယ်ဆိုတဲ့ စာမျိုးတွေ ပါ။ သူတို့ အဲ့ဒီလိုစာတွေ ကို ဘယ်လောက်ပဲ လှပခန့်ညားတဲ့ သားရေဖုံးကြီးတွေ နဲ့ ချုပ်ထားသည် ဖြစ်စေ၊ အဲ့ဒီ စာအုပ်ဟာ တကယ့်စာအုပ်မဟုတ်ပါဘူး။ ပြောပြထားတဲ့ စာအုပ် ဖြစ်တယ်။ တကယ့်စာအုပ် ကတော့ ရေး ပြထားတဲ့ စာအုပ် ၊ ဖတ်ပြီး သိရုံရေး ထားတဲ့ အရာမဟုတ် မဟုတ်ဘဲ ဖတ်ပြီးခံစားရအောင် ရေး ထားတဲ့ စာအုပ်လို့ ပြောတယ်။
သုတစာပေနဲ့ ၊ ရသစာပေကို ပြောတာပါပဲ။ ဒီတော့ စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင် နှစ် မျိုးပဲ ရှိတယ်။ တစ်မျိုးက ရေတိုခံတဲ့ စာအုပ် နဲ့ နောက်တစ်မျိုးက ရေရှည်ခံတဲ့ စာအုပ်၊ တစ်နည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။
ဒီနေရာမှာ ရေတိုခံတဲ့ စာအုပ်ဟာ မကောင်းဘူး။ ရေရှည်ခံတဲ့ စာအုပ်မှ ကောင်းတယ်လို့ အဆိုးအကောင်း ပြောတာ မဟုတ်ဘူး။ နှစ် မျိုးစလုံးဟာ စာကောင်းတွေ ချည်းပဲ။ ဒါပေမယ့် တစ်မျိုးက ရေတိုအတွက် ဖတ်တာ။ သုတအတွက် ဖတ်တာ။ နောက်တစ်မျိုးက ရေရှည်အတွက် ဖတ်တာ၊ ရသအတွက် ဖတ်တာ၊ အဲ့ဒါကို ပြောနေတာ။
( ၂) စာကို ဘယ်လို ဖတ်ကြမလဲ။
စာဖတ်တဲ့ လူ တစ်ယောက် ဟာ ရွေတွင်းတူးသမား တစ်ယောက် နဲ့ တူတယ်။ ကျွန်တော် အနေနဲ့ ကြည့်လိုက်ရင် လျှပ်စစ်စွမ်းအားစုတွေ ဟာ မြေကြီးထဲမှာ ရှိတဲ့ ရွှေတွေ ကို ဘာ ဖြစ်လို့ တစ်ခါတည်း တောင်ထိပ်ပေါ်အသင့် ဖြစ်နေအောင် အလွယ်တကူ ပိုမပေးလိုက် သလဲ၊ ဘာ ဖြစ်လို့ မြေကြီးထဲမှာ ဟိုတစ်စ သည်တစ်စ ရှိနေရသလဲ လို့ မချင့်မရဲ့ ဖြစ်ချင် စရာပဲ။ ဒီလိုဆိုရင် ကျွန်တော် တို့အတွက် ရွှေတုးရတာ မလွယ်ပေဘူးလား။ ခုတော့ ကျွန်တော် တို့မှာ တူးလိုက်ရတာ ။ မြေအောက်မှာ အနက်ကြီး၊ အချိန်ကုန်ရတယ်။ လူပင်ပန်းရတယ်။ စိုးရိမ်သော က ဖြစ်ရတယ်။ တစ်ခါတစ်လေမှာ ဘာမှမရဘဲ အချည်းအနှီး ဖြစ်ရတယ်။
သဘာဝက ရွှေ့တွေ ကို မြေကြီးပတ်ကြားအက်တွေ မှာ ဟို တစ်စသည်တစ်စ နည်းနည်း စီပဲ သိုမှီးထားတယ်။ ဘယ်နေရာမှဘာ ရှိတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ပင်ပန်းကြီးစွာ ရက်ပေါင်းများ စွာ တူးပေမယ့် ရွှေလေးတစ်စကို ရချင်မှ ရတာ ။
ပညာရှိတွေ ရဲ့ အကောင်းဆုံးသော အသိဉာဏ် ပညာတွေ ဟာလည်း ထိုနည်းလည်းကောင်းပဲ။ ဒီတော့ စာအုပ်ကောင်းတစ်အုပ်ကို ကောက်ကိုင်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်ရလိမ့်မယ်။ ငါဟာ ရွှေတူးသမား တစ်ယောက် လို လုပ်နိုင်ပါ့မလား။ ကိုယ့်ပေါက်တူးတွေ ၊ ဂေါ်ပြားတွေ ၊ လက်နက်ကိရိယာတွေ ကောင်းရဲ့ လား။ ကျန်းမာရေး ကောင်းရဲ့ လား။ စိတ်ဓာတ်ကြံခိုင်ရဲ့ လား။ အဲ့ဒီမေးခွန်းတွေ မေးဖို့လိုတယ်။ ဒီမေးခွန်းတွေ ဟာ အရေး ကြီးပါတယ်။ ခင်ဗျားခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုံးတွေ ဟာ စာရေး ဆရာရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျား သုံးရမယ့် ပေါက်တူးတွေ ၊ ဂေါ်ပြားတွေ ဟာ ခင်ဗျားရဲ့ အလေးတားမှု ၊ စိတ်အားထက်သန်မှု ၊ စိတ်ရှည်မှု ၊ ပညာအခံတို့ ဖြစ်ပါတယ်။ ခင်ဗျား ရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ ကိုယ်ပိုင် အတွေးအခေါ် ဖြစ်ပါတယ်။ ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို ခင်ဗျားဖတ်ပြီ။ ခင်ဗျား ပညာအခံတွေ နဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့ ပေါက်တူးတွေ ၊ ဂေါ်ပြားတွေ နဲ့ တူးပြီး။ အဲ့ဒါတွေ ကို ခင်ဗျားကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အတွေးအခေါ်ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။ အဲဒီ အခါမှာ တစ်ချို့သော ကျောက်ခဲ့တွေ ဟာ အဖြုန်းတွေ ဖြစ်ပြီး၊ အချို့သော ကျောက်ခဲတွေ မှာ ရွှေစတွေ ပါလာတာ ကိုတွေ့ ရလိမ့်မယ်။ ဒါ့ကြောင့် ရွှေလေးတစ်စကို လိုချင်ရင် ကိုယ့်မှာ လက်နက်ကိရိယာ ရှိရလိမ့်မယ်။ စာအုပ်တစ်အုပ်ကို ဖတ်ပြီဆိုရင် ကိုယ့်မှာ လက်နက်ကိရိယာ ရှိရလိမ့်မယ်။ စိတ်ရှည်မှု နဲ့ ၊ စိတ်အားထက်သန်မှု ကို၊ ကိုယ်ပညာအခံတို့ ဆိုပါတော့။ စကားလုံးတွေ ကိုထုထောင်းခွဲ ချေပြီး ကိုယ်ပိုင်ဉာဏ်။ ကိုယ်ပိုင်အတွေးနဲ့ မီးပြင်တိုက် ကျိုရလိမ့်မယ်။ စာအုပ်တစ်အုပ်ကို ဆယ်မျက်မှာ လောက် ဖတ်ပြီး အဲ့ဒီ ဆယ်မျက်နှာလောက်ထဲက စာလုံးတွေ တစ်လုံးချင်းရဲ့ အဓိပ္ပာယ်ကို တိတိကျကျ၊ သေသေချာချာ နားလည်ပြီဆိုရင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ စာပေကျွမ်းကျင် သူတစ်ဦးလို့ ခေါ်နိုင်တယ်။ စာတတ်ခြင်း မတတ်ခြင်းဟာ အဲ့ဒီစကားလုံးတွေ ကို တိကျစွာ နားလည်ခြင်း မလည်ခြင်း ပေါ်မှာ တည်တယ်။ ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်တတ်ဖို့၊ တရားမှု နဲ့ မတရားမှု ကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။
ဒါဟာ စာကို ဘယ်လို ဖတ်မလဲဆိုတာနဲ့ ပတ်သက်လို့ ရပ်စကင်းက ပြောခဲ့တဲ့ စကား ဖြစ်ပါတယ်။
(၃) ဘယ်အချိန်အခါမှာ ဘယ်စာတွေ ကို ဖတ်ကြမလဲ
ဒါကိုတော့ တရုတ်ပညာရှိ ကျန်းကျောက်က ဒီလို ပြောပါတယ်။ ရှေးဟောင်းဂန္တ၀င်ကိုဖတ်ချင်ရင် ဆောင်းတွင်းမှာ ဖတ်ရမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဆောင်းတွင်းမှာ စိတ်ဟာ ပျံလွင့်ခြင်းကင်းပြီး တည်ငြိမ်တဲ့အတွက် ဖြစ်တယ်။ သမိုင်းကို နွေရာသီမှာ ဖတ်ရမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ နွေရာသီမှာ နေ့ဟာ ရှည်လျားပြီး အချိန်များများ ရလို့ ဖြစ်တယ်။ ဒဿနကို ဆောင်းဦးပေါက်မှာ ဖတ်ရမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဆောင်းဦးပေါက်ဟာ နှစ်သက် စဖွယ် စိတ်ကူးတွေ ကို ပေါ်ပေါ့က်စေတယ်။ ခေတ်ပေါ်စာပေကို နွေဦးပေါက်မှာ ဖတ်ရမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ နွေဦးမှာ သဘာဝလောကကြီးက အသက်ပြန်ဝင်လာလို့ ဖြစ်တယ်လို့ သူက ပြောတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် ဒီအဆိုအမိန့်ဟာ တော် တော် မှတ်သားဖို့ကောင်းပါတယ်။
(၄) စပေဟာ ဘယ်အသက်အရွယ်ကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ။
သူက လူငယ်အရွယ်မှာ စာဖတ်ရတာ ဟာ လမင်းကို ထရဲပေါက်ကြား၊ နံရံအက်ကြားက ချောင်းကြည့်တာနဲ့ တူတယ်။ လူငယ်ဆိုတော့ အတွေ့ အကြုံမရင့်သန်သေးဘူး။ အတွေးအခေါ် မလေးနက်သေးဘူး။ ဒါ့ကြောင့် မို့ ရိုးတိုးရိပ်တိတ်ပဲ မြင်လိုက်ရတယ်။ လူလတ်ပိုင်းအရွယ်မှာ စာဖတ်ရတာ ဟာ လမင်းကို အိမ်ရှေ့တလင်းပြင်က ရပ်ကြည့်ရတာ နဲ့ တူတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ လရောင် ဖြာပုံက ဘယ်လိုအနေအထား ရှိသလဲဆိုတာ အကဲခတ်ခွင့်ရပြီ။ လူကြီးပိုင်းမှာ စာဖတ်ရတာ ကလော့ လင်းမင်းကို လသာဆောင် ၀ရန်တာပေါ်က တက်ကြည့်ရတာ နဲ့ တူတယ်ကိုယ့်နောက်မှာ အတွေ့ အကြုံတွေ အများ ကြီး ကျန်ရစ်ခဲ့ပြီ။ ပတ်ဝန်းကျင်ကို ခြုံငုံသုံးသပ်နိုင်ပြီ။
ခရီးသည်ကောင်လေး တစ်ယောက် ဟာ သွားလေရာရာမှာ ရှုခင်းကို မြင်တတ်တယ်။ သူ့အဖို့ စာအုပ်တွေ နဲ့ သမိုင်းဟာလည်း ရှုခင်းပဲ။ ၀ိုင်အရက်နဲ့ ကဗျာဟာလဲ ရှုခင်းပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ ရှုခင်းပဲ။ အလားတူပဲ စာဖတ်ကောင်းသူ တစ်ယောက် ဟာလဲ သွားလေရာရာမှာ စာအုပ်ကို ပဲမြင်တယ်။ သူ့အဖို့ တောင်နဲ့ ရေဟာစာအုပ်ပဲ။ စစ်တုရင်ခုံနဲ့ ၀ိုင်အရက် ဟာလည်း စာအုပ်ပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလည်း စာအုပ်ပဲ။
( ၅) စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်ရမလဲ။
စာအုပ်တစ်အုပ်ကိုဖတ်ရာမှာ ပညာရှိတွေ ရဲ့ အဆုံးအမကို နာခံလိုတဲ့ ဆန္ဒရှိရမယ်။ ဆရာသမားတွေ ရဲ့ အတွေးအခေါ်တွေ ထဲကို ၀င်ရောက်နိုင်အောင် ကြိုးစားရမယ်။ သူတို့နဲ့ အတူနေထိုင်ပြီး သူတို့ခံစားချက်တွေ ကို ခွဲဝေခံစားနိုင်အောင် ကြိုးစားရမယ်။
ဒါတွေ တော့ ရပ်စကင်းနဲ့ ကျန်းကျောက်တို့ရဲ့ အဆိုအမိန့်တွေ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ စာဖတ်တာအရေး ကြီးပုံနဲ့ ပတ်သက်လို့ ရပ်စကင်းရဲ့ ဟောပြာချက်ထဲက စာတစ်ပုဒ်ကို ကျွန်တော် ဖတ်ပြပါမယ်။ ကောက်နုတ်ချက်က နည်းနည်း ရှည်တဲ့အတွက် ကျွန်တော် အလွတ်မရပါဘူး။ ဒါကြောင့် မို ဖတ်ပြရတာ ကို ခွင့်လွှတ်ကြပါ။
ဒီစာကားတွေ ကို ပြောခဲ့တဲ့အချိန်ဟာ ၁၉ ရာစုနှစ် ရဲ့ ဒုတိယပိုင်းကာလ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက အင်္ဂလန်နပိုလီယန်စစ်ပွဲတွေ ပြီး လို့ ကရိုင်းမီးယားစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ အာဖရိကမှာ စစ်ပွဲတွေ တိုက်နေချိန် ဖြစ်တယ်။ အာရှတိုက်မှာ အာဖဂန်စစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ မြန်မာပြည်မှာ ဒုတိယစစ်ပွဲကို တိုက်ပြီးချိန် ဖြစ်တယ်။ အရှေ့ဖျားမှာ ဘိန်းစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ တစ်နည်းပြောရရင် ဗြိတိသျှအင်ပါယာကြီးကို ချဲထွင် နေချိန် ဖြစ်ပါတယ်။
အဲဒီ အချိန်မှာ ရပ်စကင်းဟာ ဒီစကားတွေ ကို ပြောခဲ့ခြင်း ဖြစ်တယ်။ သူ့စကားကို ကျွန်တော် ကောက်နုတ် ဖော်ပြပြီး ဖတ်ပြပါမယ်။ နားထောင်ကြည့်ကြပါ။
ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်ကမှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာမကြည့်ဘဲ၊ ဒီစစ်ပွဲပြီးရင် ငါတို့ကုန်အရောင်းအ၀ယ် ဘယ်လိုနေမလဲ၊ ငါတို့ အမြတ်တွေ ဘယ်လောက်ရမလဲ ဆိုတာကိုပဲတွေးပြီး စစ်မြေပြင်မှာ လူငယ်တွေ နေ့စဉ်နဲအမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ သစ်ကြားသီးခြောက်လုံးလောက်ခိုးလိုက်တာနဲ့ ကလေးတွေ ကို ထောင်ထဲမပို့ဘူး။ ကြီးမြတ်တဲ့ လူမျိုးတစ်မျိုးဟာ ဆင်းရဲသားတွေ ရဲ့ စုငွေနဲ့ ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေတာကို ဒီအတိုင်းလက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ တောင်တရုတ်ကပင်လယ်တစ်ဝိုက်မှာ လက်နက်အပြည်အစုံ တပ်ဆင်ထားတဲ့ သဘောင်္ကြီးတွေ နဲ့ အမြောက်ကြိးတွေ ချိန်ပြီး သူများ တိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလားဆိုတဲ့ ဓားပြတို့ထက် ပိုကဲပြီး၊ ပိုက်ဆံရော၊ အသက်ရော ပေးလို့ နှစ် ခုစလုံးကို တောင်းနေတဲ့ ဓားပြအကြီးစားတွေ စားပြတိုက်နေတာကို ဒီအတိုင်းလက်ပိုက်ကြည့်မနေဘူး။
ကျွန်တော် တို့တစ်တွေ ဟာ ဘာ ဖြစ်လို့လူတွေ စာဖတ်ဖို့အတွက် ပြောနေရသလဲ။ ခုအခြေအနေမှာ ကျွန်တော် တို့လူမျိုးဟာ စာမဖတ်နိုင်ဘဲ ဖြစ်နေတယ်။ ဒီလို စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတစ်မျိုးဟာ စာမဖတ်ချင်ဘဲ ဖြစ်နေတယ်။ ဘယ်လောက်ကြီးကျယ်တဲ့ စာရေး ဆရာက ရေး ခဲ့တဲ့ စာပဲ ဖြစ်စေ စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိးတစ်မျိုး ဟာ နားဝင်မှာ မဟုတ်ဘူး။
“ခုလတ်ရှိအခြေအနေမှာ ကျွန်တော် တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့ အတွေးအခေါ်ပါတဲ့ စာတွေ ကို ဖတ်နိုင်မှာ မဟုတ်ဘူး။ လောဘတွေ ၊ ဒေါသတွေ ၊ မောဟတွေ ဖုံးနေတဲ့အတွက် ဘယ်အတွေးအခေါ်ကို မှလည်း လက်ခံနိုင်မှာ မဟုတ်ဘူး။”
“ လူမျိုးတစ်မျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင်၊ အနုပညာကို အထင်သေးနေရင်၊ သဘာဝကို အထင်သေးနေရင်၊ မေတ္တာကရုဏာကို အထင်သေးနေရင်၊ ပိုက်ဆံနောက်ကို သာ ငမ်းငမ်းတက်လိုက်နေရင် အဲ့ဒီလူမျိုးဟာ ရေရှည်တည်တံနိုင်မှာ မဟုတ်ဘူး။ ”
ကျွန်တော် ပြောခဲ့တဲ့စကားတွေ ဟာ ရင့်သည်းတယ်လိုများ ထင်ကြရင် သည်းခံနားထောင်ကြပါ။
ရပ်စကင်းရဲ့ စကားပါ။ ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။
( ၁၉၉၄၊ ဒီဇင်ဘာ ၅ ရက်၊ ရန်ကုန်မြို့၊ ၀ိုင်အမ်စီဒီခန်းမတွင် ကျင်းပသော ဖြူးမြို့မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲ အခမ်းအနားတွင် ပြောသည့်စကား )
ကျွန်တော် သည် ခပ်လှမ်းလှမ်းမှ ရပ်၍ စာအုပ်တန်းကို ငေးကြည့်နေမိလေသည်။ ငယ်ငယ်တုန်း ကတော့ စာအုပ်တန်းမှန်သမျှကို ရောက်သည်။ မြက်ပင်ကို ဆိတ်ဝါးသလို စာအုပ်တွေ ကို တစ်အုပ်ပြီးတစ်အုပ် ကောက်လှန်ပြီး မြည်းစမ်းကြည့်သည်။ ဘာရယ်လို့မဟုတ်။ ရှေ့နားကစာကို ကောက်ဖတ်လိုက်၊ အလယ်နားလောက်ကို ကောက်လှန်လိုက်၊ အမြီးပိုင်းကို ကျော်ကြည့်လိုက်၊ စိတ်မ၀င်စားလျှင် ထိုစာအုပ်ကိုချပြီး နောက်တစ်အုပ်ကို ကောက်လှန်ပြန်သည်။ သည်လိုဖြင့် စာအုပ်တန်းတစ်လျှောက်တွင် တစ်ဆိုင်ပြီးတစ်ဆိုင် စာအုပ်ပုံတွေ ကြားထဲတွင် တစ်အုပ်ပြီးတစ်အုပ် ကောက်မြည်းကြည့်သွားသည်။ ဆိတ်တစ်ကောင် လျှောက်သွားပြီး မြတ်ပင်ကလေးတစ်ဆုပ်ကို တဖြုတ်ဖြုတ်ကောက်ဝါးလိုက်၊ တဖန်တစ်နေရာသို့ လျှောက်သွားပြီး မြတ်တစ်ဆုပ် ကောက်ဝါး လိုက်ဖြင့် မြတ်ခင်းကျယ်ကြီးတစ်ခုလုံး နေရာအနှံ လျှောက်သွားနေသော်လည်း စား၍ မ၀နိုင်သလို စာအုပ်တောထဲတွင် ကျွန်တော် လျှောက်သွားခဲ့သည်။ စာအုပ်တန်းသို့ ရောက်တိုင်း ကျွန်တော် သည် မြတ်ခင်းပြင်ကျယ်ကြီးတွင် ဆိတ်မြတ်စားသလိုမ၀နိုင်၊ မတင်းတိမ်နိုင်ဘဲ စာအုပ်တွေ့ သမျှကို ကောက်မြည်းကြည့်သည်။ မကြိုက်လျှင် နောက်တစ်အုပ်ကို ကောက်မြည်းသည်။ ကြိုက်လျှင် ၀ယ်လာခဲ့သည်။
ငယ်ငယ်တုန်း ကတော့ အချိန်လည်းရသည်။ မျက်စိအမြင်အား ကလည်းကောင်းသေးသည်။ ယခုတော့ ငယ်ငယ်တုန်းကလို စာအုပ်တွေ့  သမျှကို မ၀ါးနိုင်တော့ပြီ။ စာအုပ်တန်းကို ရောက်လျှင် စာအုပ်တွ့သမျှကို လှန်ချိန်မရတော့။ မျက်စိအားကလည်းနည်းလာပြီ။ စာအုပ်ဆိုင် တန်းများ တွင် ခင်းထားသော ရောင် စုံပြိုးပြက်နေသည့် စာအုပ်များ ကိုသာ မြင်ရသည်။ သို့ရာတွင် ခပ်လှမ်းလှမ်းမှ စာအုပ်များ ကိုမူ ခေါင်းစဉ်များ ကို ဖတ်၍ မသဲကွဲတော့။ စာအုပ်တိုင်းကို ကပ်ကြည့်နေ၍ လည်းမ ဖြစ်။ ဆိုင်ရှင့်မျက်နှာကိုလည်း ကြည့်ရသေးသည်။ စာအုပ်မြင်သမျှကို ကောက်ကိုင်နေသည်ကို ကြိုက်ပုံမရ။ ထို့ကြောင့် စာအုပ် တန်းရောက်လျှင် ကျွန်တော် သည် ငယ်ငယ်တုန်းကလို စာအုပ်များ ကို တစ်အုပ်ပြီးတစ်အုပ် မမြီးနိုင်တော့။ အဝေးမှ လှမ်းကြည့်ရုံသာ တတ်နိုင်တော့သည်။ သို့ရာတွင် ခေါင်းစဉ် တွေ ကို သဲကွဲခြင်းမရှိ။
ကျွန်တော် တို့ငယ်ငယ်တုန်းက စာအုပ်တန်းသည် သည်လောက်လည်း စာအုပ်အမျိုးအမည် မစုံ။ သည်လောက်လည်း အရေအတွက် မများ ။ ထိုစဉ်က စာအုပ်ဆိုင်ကြီးဆို၍ ဆူးလေဘုရားလမ်းက စမတ်အင်မူကာဒမ်၊ ပန်းဆိုးတန်းက စီးတီးဘွတ်ကလပ်၊၊ ကုန်သည်လမ်းက သည်အက်ဂျူကေးရှင်နယ် ဘွတ်စတောနှင့် စပတ်လမ်း ( ဗိုလ်အောင်ကျော်လမ်း)က စတင်းဒတ်လစ်ထရေး ချားဟောစ် လောက်ပဲ ရှိသည်။ ထိုဆိုင်ကြီးများ က စာအုပ်သစ်တွေ ကိုတင်ကြသည်။ သို့ရာတွင် စာအုပ်သစ်တိုင်းကို ကျွန်တော် မ၀ယ်နိုင်ပါ။ တစ်ခါက ကျွန်တော် သည် ဆမ္မားဆက်မွန်၏ စာအုပ်ကို မ၀ယ်နိုင်သဖြင့် စမတ်အင်မူကာဒမ်သို့ နေစဉ်သွား၍ ဖတ်သည်။ နောက်တော့ အစောင့်ကုလားကသိ၍ စာအုပ်ကို သိမ်းထားလိုက်သဖြင့် မဖတ်ရတော့။ ထိုစအုပ်ကို မေးတော့ ၀ယ်သွားပြီ၊ မရှိတော့ဟု ပြောလိုက်သည်။ အမှန် ကတော့ မ၀ယ်သေး။ ကျွန်တော့် ရှေ့မှာ ပင်လူ တစ်ယောက် ထိုစာအုပ်ကိုလာဝယ်ရာ စားပွဲအံဆွဲထဲတွင့်  သိမ်းထားရာမှ ထုတ်ရောင်းလိုက်သည်ကို မြင်လိုက်ရသည်။
နောက်တော့ စမတ်အင်မူကာဒမ်၏ မြေးက ကျွန်တော့် အားကျောင်းသားမှန်းသိသွားကာ မ၀ယ်နိုင်သည့်တိုင် စာအုပ်ကိုလာဖတ်မှန်းသိလျှင် ကြည်ကြည်ဖြူဖြူခွင့်ပြုသည်။ သူ့ တပည့် ကုလားများ အားလည်း ကျွန်တော် စာအုပ်လာဖတ်လျှင် ဖတ်ခွင့်ပေးလိုက် ပါဟု ပြောထားသည်။
“တို့ဆိုင်က တို့အဘိုးတွေ လက်ထက်ကတည်းက ဖွင့်လာတဲ့ ဆိုင်။ မြန်မာပြည်ကို အင်္ဂလိပ်သိမ်းပိုက်ပြီးကတည်းက ဖွင့်တာ။ တို့အဘိုးကစာအုပ် ၀ါသနာပါတယ်။ ဒါ့ကြောင့် မို့ ဒီစာအုပ်ဆိုင်ကို ဖွင့်တာ။ မင်းတို့ကျောင်းသားတွေ ဖတ်ချင်တဲ့ စာအုပ်ရှိရင်လဲ ပြောကြ၊ ငါမှာ ပးမယ်၊ ပိုက်ဆံမရှိရင်လဲ ငါ့ဆိုင်မှာ လာဖတ်နိုင်တယ် ” ဟု့ခွင့်ပေးသည်။ နောင်တွင် သနဲ့ ကျွန်တ်ာသည် ခင်မင်ရင်းနှီးသော မိတ်ဆွေ များ ဖြစ်လာခဲ့ကြလေသည်။
သူသည် တစ်ခါတစ်ခါတွင် ကျွန်တော် လိုချင်သော စာအုပ်ကို သူ့နိုင်ငံခြားငွေထဲမှ ထုတ်၍ မှာ ပေးတတ်သည်။ မှလိုက်လျှင် ဘယ်လောက်မှ မကြာ။ တစ်ပတ်အတွင်းစာအုပ်ရောက်လာသည်။ မှတ်မှတ်ရရ အင်္ဂလိပ်စာရေး ဆရာ ရာဖော့စ်ရေး သည့် ` ၀တ္တုနှင့် ပြည်သူ´ ဆိုသော စာအုပ်ကို သူမှာ ပေးသဖြင့် ကျွန်တော် ဖတ်ရခြင်း ဖြစ်သည်။ အခြားစာအုပ်တွေ လည်း အများ ကြီး
ကျွန်တော် သည် ထိုစာအုပ်ဆိုင်ကို ဘယ်မျှ စွဲလမ်းနေသနည်းဆိုလျှင် ထိုစာအုပ်ဆိုင် ( ဆူးလေဘုရားလမ်းဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်နေရာ) ကလေးကို ယခုတိုင် အိမ်မက်ထဲတွင် မကြာခဏမြင် မက်တတ်ပါသည်။
ပန်းဆိုးတန်းရှိ စီးတီးဘွတ်ကလပ်မှာ သူ့ထက်အခင်းကျင်းကျယ်ပြီး သူ့ထက်စာအုပ်ပိုစုံသည်။ သူ့ဆိုင်မှာ ကျောင်းသုံးစာအုပ်ပါ ရောင်းသဖြင့် ပိုပြီးစုံခြင်း ဖြစ်သည်။ အပြင်စာအုပ်မှာ မူ စမတ်အင်မူယာဒမ်လောက်စုံလင်ခြင်းမရှိ။ ကုန်သည်လမ်းရှိ သည်အက်ဂျူးဂေးရှင်းနယ်ဘွတ်စတောနှင့် ဗိုလ်အောက်ကျော်လမ်းရှိ စတင်းဒတ်လစ်ထရေး ချားဟောက်စ်တို့မှာ မူ စွယ်စုံကျမ်းကြီးများ ၊ ဘာသာရပ်ဆိုင်ရာ စာအုပ်ကြီး များ ကို ရောင်းလေ့ရှိကြသည်။
စာအုပ်ဆိုင်ကြီးများ အနီးသို့ မကပ်နိုင်သည့်အခါတွင် ကျွန်တော် သည် လမ်းဘေးစာအုပ်တန်းသို့ လျှောက်သွားနေတတ်သည်။ ဆူးလေဘုရားလမ်း၊ မောင်ဂိုမာရီလမ်း ( ဗိုလ်ချုပ်လမ်း) တစ်လျှောက်မှာ စာအုပ်ဟောင်းရောင်းသည့် ဆိုင်ကလေးတွေ အများ ကြီးရှိသည်။ အချိုလည်း ဆိုင်ခန်းကလေးတွေ နှင့် ရောင်းကြသည်။ အချို့ကလည်း ပလက်ဖောင်း ပေါ်တွင် ဗန်းကလေးခင်းပြီး ရောင်းကြသည်။ သို့ရာတွင် ယခုခေတ် စာအုပ်တန်းလို တစ်စုတစ်ဝေးတည်းမဟုတ်။ ဟိုနားတွင် တစ်ဆိုင်၊ သည် နားတွင် တစ်ဆိုင်၊ ပျောက်တိပြောက်ကျား။ ရေကျော်တစ်ဝိုက်တွင် နည်းနည်း ပါးပါးရှိသည်။ ထိုမှလွန်လျှင် ဗိုလ်အောင်ကျော်လမ်းထောင့်နား တစ်ဝိုက်တွင် နှစ် ဆိုင်၊ သုံးဆိုင်။ ထိုမှလွန်လျှင် ပန်းဆိုးတန်းနားတွင် သုံးလေးဆိုင်၊ မဟာဗန္ဓုလပန်းခြံတွင် လေးငါးဆိုင်၊ ထို့နောက် ကွန်တီနင်တယ်အောက်မှာ ခပ်စိပ်စိပ် တွေ့ လာရသည်။ အနောက်ဘက် သို့လျှောက်လာလျှင် မောင်ထောင်လေးလမ်းထောင့်နားတွင် နည်းနည်း ပါးပါး၊ ရွှေဘုံသာလမ်းနားတွင် နည်းနည်း ပါးပါး။
ညနေတိုင်းစာအုပ်တန်းသို့ ကျွန်တော် ရောက်သွားလျှင် နဖုးပြောင်ပြောင်၊ ကတုံးဆံတောက်ပါးပါး၊ မျက်လုံးပြူြး့ပူး၊ အသားညိုညို ခပ်ဖိုင့်ဖိုင့်၊ အရပ်ပြက်ပြတ် လူကြီး တစ်ယောက် ကို ကျွန်တော် အမြဲလိုလိုတွေ့ ရတတ်သည်။ ထီးကောက်ကြီးတစ်ချောင်းကို လက်မောင်းတွင် ချိတ်ထားပြီး စာအုပ်တစ်အုပ်နှစ် အုပ်ကို လက်တွင် အမြဲကိုင်ထားတတ်သည်။ ဆေးပြင်းလိပ်ကြီးကလည်း ဘယ်တော့မှချွတ်သည်မရှိ။ အမြဲခဲထား တတ်လေသည်။
သူသည် ကျွန်တော့် ကို တွေ့ လျှင် အမြဲပြုံး၍ နှုတ်ဆက်တတ်သည်။ တစ်ခါတစ်လေတွင် ကွန်တီနင်တယ်အောက်က စာအုပ်ဆိုင်တွေ ရှေ့မှာ တွေ့ တတ်သည်။ ရွှေဘုံသာလမ်းထောင့်က ဆိုင်လေးတစ်ဆိုင်တွင် တွေ့ တတ်သည်။ တစ်ခါသော် ကျွန်တော် သည် ဗိုလ်ချုပ်လမ်းနှင့် ၁၂ လမ်းထောင့်က စာအုပ်ဆိုင်ကလေးတစ်ဆိုင်တွင် ထိုင်၍ စာအုပ်တစ်အုပ်ကို ကြည့်နေသည်။ စာအုပ်ကလက်တစ်ဝါးသာသာမျှသာရှိသည့် စာအုပ်ကလေး၊ အောက်စဖို့ တက္ကသိုလ် စာအုပ်တိုက်မှထုတ်သည့် အက်ဒွင် အာနိုး၏ `အာရှတိုက်၏ အလင်းရောင် ´ ဆိုသည့်စာအုပ်။
စာအုပ်ဆိုင်ကလေးမှာ ကုလားကြီး တစ်ယောက် ရောင်းနေသည့် စာအုပ်ဆိုင် ဖြစ်သည်။ ပဘက်ဖောင်းပေါ်တွင် အ၀တ်ကလေးခင်း၍ စာအုပ်ကလေး ဆယ့်လေးငါးအုပ်ကိုရောင်းနေသည့် ဆိုင်ကလေး ဖြစ်သည်။ ကျွန်တော် က အာနိုး၏ စာအုပ်ကို ဟိုလှန်သည်လှန်လုပ်နေသည်။ ဗုဒ္ဓ၏ ဖြစ်တော် စဉ်ကို ကဗျာဖြင့် ဖွဲ့ထားသည့် စာအုပ် ဖြစ်သည်။
ထိုစဉ် ` ကိုရင်လေး ဘာစာအုပ်တွေ များ ဖတ်နေသလဲ´ ဟုမေးလိုက်သဖြင့် လှည့်ကြည့်လိုက်သော အခါတွင် ဆေးပြင်းလိပ်ကို အမြဲခဲထားတတ်သည့် ထိုလူကြီး ဖြစ်နေသည်။
ကျွန်တော် က စာအုပ်အမည် ကိုပြောလိုက်သည့်အခါတွင် ထိုလူကြီးက အနားသို့ကပ်လာကာ ဆေးပြင်းလိပ်ကို ပါးစပ်မှ ချွတ်လိုက်ပြီး လေသံကလေးဖြင့် ` ဒီစာအုပ်က သိပ်ကောင်းတဲ့စာအုပ် ကိုရင်လေးရ။ နိမိတ်ကြီးလေးပါးကို မြင်ပြီးတောထွက်တော် မှု တဲ့ညကျ တော့ . . . . ယသော်ဓရာ၊ ယခု ငါသွားသော ခရီးသည် ခရီးတကာတို့အနက် အဝေးဆုံးခရီး ဖြစ်၏ . . . လို့ဆိုပြီး ယသော်ဓရာကို နှုတ်ဆက်တဲ့အခန်းဟာ ဖတ်ရင်းကြက်သီးမွေးညင်းထလောက်တယ် ဟုဆိုကာ အာနိုး၏ ကဗျာထဲမှ စာသားများ ကို ရွတ်ပြနေသည်။
ထိုလူကြီးသည် လေအေးကလေးဖြင့် အမျှင်မပြတ်ပြောနေသည်။ နားထောင်လို ကောင်းသည်။ ဟာသပါသည်။ တောမတ်စ်ဂရေး ၏ တမ်းချင်းများ အကြောင်း၊ ဘော့စ၀ဲနှင့် ဂျွန်ဆင်တို့အကြောင်း၊ အော်လီ် ဗာ ဂိုးလ်စမစ်အကြောင်း၊ ဓာပိန်းယိမ်းဆရာ ဦးမောင်ကြီးနှင့် တောင်လုံးပြန် ဆရာမ တို့၏ ပြဇာတ်အကြောင်း ၊ ပီမိုးနင်း အကြောင်း ။
ထိုလူကြီးမှာ အခြားသူမဟုတ်ပါ။ ဆရာကြီး ဇေယျာ ဖြစ်သည်။ ကျွန်တော် သည် ` မြတ်လေးရွှေဓားဗိုလ်´ ၀တ္တများ အလယ်၊ စာပေ ဆောင်းပါးများ နှင့် ယဉ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများ အဆုံး အားလုံး လောက်ကို ဖတ်ခဲ့ဖူးပါသည်။ တစ်ခါတွင် ကျွန်တော် သည် ရန်ကုန်မြို့က စာအုပ်ဟောင်းရောင်းသည့် လမ်းဘေးစာအုပ်ဆိုင်ကလေးများ အကြောင်း ရေး ထားသည့် ဆောင်းပါးတိုကလေးတစ်စောင်ကို ဖတ်မိပါသည်။
သူ့ဆောင်းပါးကလေးကို ဖတ်မိသည့်အခါတွင် မှ ရန်ကုန်မြို့တွင် လမ်းဘေး စာအုပ်ဟောင်းဆိုင်ကလေးများ ပေါ်လာသည့်ကိစ္စတွင် ဇေယျ၏ ကျေးဇူးမကင်းကြောင်းကို ကျွန်တော် ပြန်စဉ်းစားမိပါသည်။ ဇေယျက စာအုပ်ရောင်းသည့် ကုလားများ အား ပဲခူးကလပ်၊ ဂျင်မခါနာကလပ်၊ မေရိုးမရင်ကလပ်၊ ကန်တော် ကြီးဘုတ်ကလပ် စသည့် မျက်နှာဖြူကလပ်များ နှင့် မျက်နှာဖြူအိမ်များ တွင် အင်္ဂလိပ်စာနယ်ဇင်းများ ကို ဖတ်ပြီးလျှင် လွှင်ပစ်ထားတတ်ကြောင်း၊ ယင်းတို့ကို နောက်ဖေးတန်းလျားမှ ထမင်းချက်များ ၊ ဘဏ္ဍာစိုးများ နှင့် ပေါင်းပြီး ထိုစာအုပ်များ ကို ယူ၍ ရောင်းသင့်ကြောင်းဖြင့် အကြံပေးဖူးသည်။ ဤသို့ဖြင့် ရန်ကုန်မြို့ တွင် လမ်းဘေးစာအုပ်အဟောင်းဆိုင်ကလေးများ ပေါ်လာခြင်း ဖြစ်သည် ဟု ကျွန်တော် ထင်ပါသည်။ ဇေယျသည် စာအုပ်ချစ်သူတစ်ဦး ဖြစ်သည်။ နောက်ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်းကြားရေး ၀န် ဖြစ်လာသည့် အခါတွင် လည်း ဇေယျသည် ထီးကောက်ကို လက်မောင်းတွင် ချိတ်ပြီး စာအုပ်တန်းကို လမ်းသလားမြဲ ဖြစ်ပါသည်။ ဒူးနာပြီး ကောင်းစွာ လမ်းမလျှောက်နိုင်တော့မှပင် ရပ်တော့သည်။
စာအုပ်တန်းသို့ ရောက်သွားခြင်းသည် ဘုရားပွဲ လူအုပ်ကြီးတစ်အုပ်ထဲသို့ ရောက်သွားသည့်နှင့် တူသည်ဟု ကျွန်တော် ထင်ပါသည်။ ညစ်ပတ်နံစော်နေသော လူများ ၊ ပျော်ရွင်နေသော သူများ ၊ အလစ်သုတ်ရန်စောင့်ဆိုင်းနေသူများ ၊မုန်းစရကောင်းသော သူများ ၊ အဖိုးတန်သော လူများ ၊ တန်းဖိုးမရှိသော လူများ စသည်ဖြင့် ဘုရားပွဲတစ်ခုတွင် လူမျိုးစုံတွေ နိုင်သကဲ့သို့ စာအုပ်တန်းတစ်ခုတွင် အဖိုးတန်သော စာအုပ်များ ၊ အဖိုးမတန်သော စာအုပ်များ ၊ စိတ်ညစ်ညူးဖွယ်စာအုပ်များ ၊ ကြည်နူးစရာကောင်းသော စာအုပ်များ ၊ အသုံးဝင်သော စာအုပ်များ ၊ အသုံးမ၀င်သော စာအုပ်များ ၊ ကိုယ်လိုချင်သော စာအုပ်များ စသည်ဖြင့် အမျိုးစုံ ကိုတွေ့ နိုင်ပါသည်။
အင်္ဂလိပ်စာရေး ဆရာ ဂရေဟမ်ဂရင်းက `စာအုပ်ဈေး´ ဆိုသော သူ၏ ရသစာတမ်းတစ်စောင်၌ ` စာအုပ်ဈေးသည် အသုံးဝင်သော အချက်အလတ်အတိုအထွာများ ကို ကောက်ယူစုဆောင်းနိုင်သည့် နေရာ ဖြစ်သည်။ ဥပမာအားဖြင့် - စာအုပ်တန်း၌ ` ရေမြောင်းများ သန့်ရှင်းနည်း စာအုပ်၊ ` တောနယ်သို့ သွားရောက်သူများ အတွက် နတ်ဗေဒင်မေးနည်း ´` ရေအောက် ကြေနန်းကြိုး ဆယ်သွယ်ခြင်း ပညာ´ ၊ ` ရှိကာဂိုရဲဘတ်ဘိုင် တို့တွေ့ ရသော ပြဿနာများ ´ စသည့် စာအုပ်တို့ ဖြစ်သည် ´ ဟု ရေး ခဲ့ဖူးပါသည်။
မှန်ပါသည်။ စာအုပ်တန်းတွင် ကျွန်တော် တို့လိုချင်သော စာအုပ်များ ကိုလည်း ရနိုင်၍ ကျွန်တော် တို့ လုံးဝစိတ်ဝင်တစား ခြင်းမရှိသော သစ်တန်းတွတ်နည်း၊ ဆေးမြီးတို ကုထုံးကျမ်း၊ ဆပ်ပြာချက်နည်း ၊ နှင်းဆီ ကိုင်းဆတ် စိုက်ပျိုးနည်း စသည့် စာအုပ်များ ကိုလည်း တွေ ရတတ်ပါသည်။
သို့ရာတွင် ကျွန်တော် တို့ စိတ်မ၀င်စားသော စာအုပ်ပုံများ ထဲတွင် တစ်ခါတစ်ရံ ကျွန်တော် တို့ကလေးဘ၀ကို ပြန်၍ လွမ်းစေသည့် စာအုပ်များ ကိုလည်း တွေ့ ရတတ်ပါသည်။
တစ်လောက ကျွန်တော် သည် စာအုပ်အဟောင်းဆိုင်တစ်ဆိုင်ရှေ့တွင် ထိုင်ရင်း ကျွန်တော် ဖတ်ချင်နေသည့် စာအုပ်သုံးလေးအုပ်ကိုတွေ့ သဖြင့် ၀မ်းသာသွားကာ ဈေးမဆစ်ဘဲ ၀ယ်လာခဲ့ပါသည်။ ထိုစာအုပ်များ မှာ ကျွန်တော် တို့ငယ်ငယ်က ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းတို့တွင် သင်သည့် ဒေါင်းတံဆိပ် မြန်မာဖတ်စာ များ နှင့် ဦးဖေမောင်တင် ၏ မူလတန်း မြန်နာဖတ်စာသစ် စာအုပ်များ ဖြစ်ပါသည်။
စာအုပ်တန်းသို့သွားရသည်မှာ ကလေးဘ၀ကို ပြန်သွားရသကဲ့ပျော်စရာ၊ လွမ်းစရာ ကောင်းပါသည်။
ယခုကျွန်တော် မျက်စိအားနည်းလာသည့် စာအုပ်တန်းကို မှန်မှန်မသွားနိုင်တော့ပြီ။ ကျွန်တော် သည် စာအုပ်တန်းကို အဝေးမှ သာငေးကြည့်နေမိလေသည်။
(၁၉၈၉၊ စက်တင်ဘာ၊ ပွင့်စွယ်တော် မဂ္ဂဇင်း )
တံခါးအိုတစ်ချပ်၏ ခန္ဓာဗေဒကို ခွဲစိတ်ကြည့်ခြင်း
မနေ့ညက စာတစ်ပုဒ်ဖတ် ဖြစ်ပါသည်။
အင်္ဂလိပ်စာရေး စာ ရောဗတ်လင်းရေး တဲ့ အက်ဆေးတစ်ပုဒ်ပါ။ အက်ဆေးကိုတစ်ချို့က အက်ဆေးလို့ပဲခေါ်ပြီး တစ်ချို့ ကတော့ စာတမ်း၊ ရသစာတမ်း၊ စာတမ်းငယ် စသဖြင့် အမျိုးမျိုး ပြန်ဆိုကြသည်။ ကျွန်တော် ကတော့ ရသစာတမ်းဆိုတာကို သဘောကျတယ်။ ကြီးတာ ငယ်တာတွေ ကို ထားပါတော့။
ရောဗတ်လင်းဆိုတဲ့ စာရေး ဆရာက ရသစာတမ်းတွေ ၊ ကဗျာတွေ အတ္ထုပ္ပတ္တိတွေ ကို ရေး လေ့ရှိပါတယ်။
ခေတ်သစ် အင်္ဂလိပ်စကားပြေအရေး အသားမှာ ထင်ရှားတဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော့် အထင်ပြောရရင်တော့်  သူ့စကားပြေဟာ တော် တော် ကို ချောပါတယ်။ သူ့စကားပြေကို ဖတ်လိုက်ရတာ ဟာ တသွင်သွင် စီးနေတဲ့ ရေစီးထဲမှာ မျောလိုက်သွားရသလို ငြိမ့်အေးနေပါတယ်။
ကျွန်တော် ဖတ်လိုက်မတဲ့ သူ့ရသစာတမ်းကလေးက ` မြည် နေသော တံခါး ´တဲ့။
သူ့စာတမ်းရဲ့ အဓိပ္ပာယ်က ကျွန်တော် နားလည်သလောက်ပြော ရရင် ဒီလိုပါ။
သူ့အိမ်ရှေ့ကတံခါးဟာ ဖွင့်လိုက်ပိတ်လိုက်ရင် ကျပ်နေလို့တကျွီကျွီမြည် နေတယ်။ တံခါးပတ္တာကလည်း သံချေးတတ်နေပြီ။ သစ်သားတွေ ကလည်း ဟောင်းနွမ်းနေတော့ တချို့နေရာတွေ မှာ ကျုံဝင်ပြီး တချို့နေရာတွေ မှာ ကားထွက်နေပြီ။ ဒါ့ကြောင့် သူ့တံခါးဟာဖွင့်လိုက်ပိတ်လိုက်တိုင်း တကျွီကျွီမြည် နေတယ်။ ဖွင့်ချင်ရင်ပခုံးစောင်းနဲ့ တိုက်ပြီးဖွင့်ရတယ်။ ဒါတောင် သိပ်မပွင့်ဘူး။ တစ်ကိုယ်စာဝင်သာရုံကလေးဘဲ ဟသွားတယ်။ ပိတ်တော့လည်း ကျပ်လွန်းလို့မနည်းဆွဲပြီး ပိတ်ရတယ် ။ ဒီတံခါးကိုမပြင်ဘဲထားတာ တော် တော် ကြာပြီ။
တစ်ညနေတော့ သူအိမ်ပြန်လာတယ်။ ခါတိုင်းလို တံခါးကို အားစိုက်ဖွင့်လိုက်တော့ တံခါးဟာ အသာကလေးပွင့်သွားပြီ လူတောင် အားလွန်ပြီးအထိ လဲကျတော့မလို ဖြစ်သွားတယ်။ ခါတိုင်းကျပ်နေတဲ့ တံခါးကိုဖွင့်ကြည့်၊ ပိတ်ကြည့်တယ်။ တံခါးက အသာကလေးနဲ့ ဖွင့်လို့ ပိတ်လို့ရနေတယ်။ ဘယ်လို ဖြစ်တာလဲ၊ လက်စသတ်တော့ သူမရှိတုန်းမှာ လက်သမားလာပြီး သူတံခါးကို ပြင်ပေးသွားတာကိုး။
ဒီတင် သူ့စိတ်ထဲနည်းနည်း မကျေမနပ် ဖြစ်သွားတယ်။ သူက ကျပ်နေတဲ့ တံခါးကို မှဖွင့်လေ့ပိတ်လေ့ရှိနေတော့ အဲ့ဒီတံခါးနဲ့ ကျင့်သားရနေပြီ။ သက်သက်သာသာ၊ လွယ်လွယ်ကူကူ ဖြစ်တာကိုသိပ်ဘ၀င်မကျချင်ဘူး။ အသစ်လုပ်ထားတာကို သူဘ၀င်မကျချင်ဘူး။
ဒီနေရာမှာ ကျွန်တော် သူ့စာကို ဆက်မဖတ်သေးဘဲ စဉ်းစားတယ်။ နို့နေစမ်းပါဥိး။ သူ့တံခါးဟောင်းကြီး ကျပ်နေတာကို ပြင်ပေးသွားတာ မကောင်းဘူးလား။
အရင်တုန်းက ခက်ခက်ခဲခဲ ဖွင့်ရတဲ့တံခါး ချောချောမောမော ဖွင့်လို့ရသွားတာ မကောင်းဘူးလား။ ဘာ ဖြစ်လို့ ဘ၀င်မကျချင်သလိုလို ဖြစ်ရတာ လဲ။
ဒီမှာ တင် သူ့အဆိုဟာ ကျွန်တော့် အဖို့စဉ်းစားစရာ ဖြစ်လာပြီ။ ဒါနဲ့ ကျွန်တော် ဆက်ဖတ်တယ်။
သူက သူဒီလိုဘ၀င်မကျချင်သလိုလို ဖြစ်ရတာ ဟာ အသစ်ကို မကြိုက်လို့ ဖြစ်ရတာ များ လားမသိဘူးဆိုပြီး လောကမှာ လူတန်းစား နှစ်မျိုးရှိတဲ့အကြောင်း၊ တစ်မျိုးက အသစ်ကို ကြိုက်တဲ့ လူတန်းစား ဖြစ်ပြီး တစ်မျိုးက အသစ်ကို မကြိုက်တဲ့လူတန်းစား ဖြစ်တဲ့ အကြောင်း၊ ကျွန်တော် အားလုံးဟာ တစ်ခါတလေမှာ အသစ်ကိုကြိုက်ပြီး တစ်ခါတစ်လေမှာ အဟောင်းကိုကြိုက်တဲ့အခါရှိတတ်ကြောင်း၊ တစ်ချိန်တည်း မှာ ပဲ အသစ်ကိုလည်းကြိုက်၊ အဟောင်းကိုလည်း ကြိုက်တာမျိုလည်းရှိတတ်ကြောင်း စပြီးပြောတယ်။
ဒီမှာ တင် သူ့အတွေးဟာ အသစ်နဲ့ အဟောင်းကိစ္စကို ရောက်သွားတယ်။ ပထမတုန်း ကတော့ တံခါးပျက်ကို ပြင်တဲ့အကြောင်းက စတယ်။ အသစ် ဖြစ်သွားတဲ့တံခါးကို သူမကြိုက်ချင်သလိုလို ဖြစ်တဲ့ အကြောင်းကိုပြောတယ်။ နောက်တော့အဲ့ဒီကနေပြီးအသစ်နဲ့ အဟောင်းကိစ္စကို ရောက်သွားပြီး အဲ့ဒီအကြောင်းကို ဆက်ပြောတော့တယ်။
ဒီစကားဆက်ကလေးဟာ တော် တော် အရေး ကြီးတယ်လို့ ထင်တယ်။ ရသစာတမ်းဆိုတာ ဘယ်လို့ ဘယ်ညာစသည့်ဖြင့် ပညာရှင်တွေ ရဲ့ အနက်ဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိတယ်။
ဒါပေမယ့် စာကိုယ်နဲ့ ကင်းပြီး သဘောတရားသက်သက်၊ အနက်ဖွင့်ဆိုချက်သက်သက်ချည်း ဖြစ်နေတော့ တစ်ခါတစ်လေမှာေ၀၀ါးနေတတ်တယ်။ မပီမပြင် ဖြစ်နေတတ်တယ်။
ဆေးကျောင်းသားကို ခန္ဓာဗေဒသင်ရင် သဘောတရားချည်းပဲ သင်လိုမရဘူး။ အရိုးစုကြီးထောင်ပြီးသင်မှပိုပြီး သဘောပေါက်တယ်။ ခုလည်း ကျွန်တော့် ရှေ့မှာ အရိုးစုတစ်ခု ရောက်နေတယ်။ ဒီအရိုးစုကို ထောက်ပြီး ဘယ်သင်းကကျောရိုး၊ ဘယ်သင်းက လက်ဖျံရိုး၊ ဘယ်သင်းက တင်ပါးဆုံရိုး၊ ဘယ်သင်းက ညှပ်ရိုး၊ ဘယ်သင်းက မေးရိုး၊ ဘယ်သင်းက ပါးရိုး စသည်ဖြင့် ခွဲခြားလို့ သင်ရင်ပိုပြီး သဘောပေါက်လွယ်တယ်။
ခု စာရေး ဆရာ ရောဗတ်လင်းက ကျွန်တော့်ကို အရိုးစုတစ်စု ထောင်ပြထားသည်။
ပထမ သူ့တံခါးကျပ်တာကိုပြောတယ်၊ နောက် သူ့တံခါးပြင်လို့ အသစ် ဖြစ်သွားကိုပြောတယ်၊ အဲ့ဒီလို အသစ် ဖြစ်တာကို သူဘ၀င်မကျ ချင်တဲ့အကြောင်းပြောတယ်။ ပြီးတော့မှ အဲ့ဒီကနေပြီး အသစ်နဲ့ အဟောင်းကိစ္စကို ပြောသွားတယ်။ အသစ်ကို သူသဘောမကျချင်သလိုလို ဖြစ်တဲ့ကိစ္စကို ပြောသွားတယ်။
ရုပ်ရှင်သဘောနဲ့ ပြောရရင် ` ကပ်´ ပြောင်းသွား ပြီ။ ` အခန်း´ ပြောင်းသွား ပြီ။ တံခါးအကြောင်း မဟုတ်ဘူး။ အသစ်နဲ့ အဟောင်းကိစ္စကို ရောက်သွားပြီ။
သူဟာ အသစ်တိုင်းကို မကြိုက်တာတော့ မဟုတ်ဘူး။ သမ္မတ ရုစဗဲ့ရဲ့ စီးပွားရေး စီမံကိန်းသစ်ကိုသူကြိုက်တယ်။ ဂျေရုဆလင်မြို့သစ်ကို သူသဘောကျတယ်။ နှစ် သစ်ကို သူကြိုဆိုတယ်။ ဘ၀သစ်ကို သူ မျှော်မှန်းတယ်။
ဒါပေမယ့် အခါခပ်သိမ်း အသစ်ကိုကြိုက်တ်ာတော့ မဟုတ်ဘူး။ ဥပမာ သူငယ်ငယ်တုန်းက တောမှာ ဖိုခုံလောက်နဲ့ ထင်မီးနဲ့ထမင်းချက် ရတာ ကို သဘောကျတယ်။ မီးသွေးဖိုတွေ ပေါ်လာတာကို သဘောမျက်ဘူး။
တံစဉ်နဲ့ ကောက်ရိတ်တဲ့နေရာမှာ ကောက်ရိတ်စက်တွေ ပေါ်လာတာကို သဘောမကျဘူး၊ မြင်းနဲ့ လယ်ထွန်တဲ့နေရာမှာ လယ်ထွန်စက်တွေ ပေါ်လာတာကို သဘောမကျဘူး၊ လှည်းဘီးရာဇောတ်ကြီတွေ ထင်နေတဲ့ တောလမ်းကလေးနေရာမှာ ပြောင်ချောနေတဲ့ ကတ္တရားလမ်းတွေ ပေါ်လာတာကို သဘောမကျဘူး။ လမ်းပေါ်က တအီအီမြည် နေတဲ့ ထင်းလှည်းသံရဲ့ နေရာမှာ မောတော် ကားစက်သံပေါ်လာတာကို သဘောမကျဘူး။
ချုပ်ပြောရရင် တချို့လူတွေ ဟာပြောင်းလဲမှု ကို သဘောကျပြီး တချို့လူတွေ ဟာ ပြောင်းလဲမှု ကို သဘောမကျဘူးလို့ သူက ဆိုတယ်။
ဒီမှာ တင် သူ့စာကို ဆက်မဖတ်သေးဘဲ ကျွန်တော် စဉ်းစားကြည့် ပြန်တယ်။ ပထမ တံခါးပြင်တာ၊ နောက် အသစ်အဟောင်းကိစ္စ၊ ခု . . .ပြောင်းလဲမှု ၊ ဒါမှမဟုတ် အပြောင်းအလဲကိစ္စ။ တစ်ဆင့်ပြီးတစ်ဆင့် နွယ်ပြီး ပြောသွားတယ်။ တံခါးအိုကလေးတစ်ချပ်ကို ပြင်တဲ့ကိစ္စကနေပြီး အသစ်ကိစ္စ၊ အပြောင်းအလဲကိစ္စကို နှီးနွှယ်ပြောသွားတယ်။
အက်ဆေးလို့ခေါ်တဲ့ စာပေပုံသဏ္ဌာန်၊ ရသစာတမ်းလို့ခေါ်တဲ့ စာပေပုံသဏ္ဌာန်ကို ကျွန်တော် နည်းနည်း သဘောပေါက်သလိုလို ဖြစ်လာတယ်။
ဟုတ်ပြီ။ ဒီလိုဆိုရင် ရသစာတမ်းဆရာဟာ စကားပြေအရေး အသားမှာ ကောင်းရမယ်။ ဒါက နံပါတ်တစ်အချက်။ ရသစာတမ်းဆရာဟာ စကားပြေအရေး မကောင်းရင် ဖြစ်ကိုမ ဖြစ်ဘူး။ ဒါက အနည်းဆုံးလိုအပ်ချက်။ ဒါပေမယ် စကားပြေအရေး ကောင်းရုံနဲ့ ရသစာတမ်းဆရာ မ ဖြစ်သေးဘူး။
အကြောင်းအရာတစ်ခုကနေ အခြားအကြောင်းအရာတစ်ခုကို လိမ္မာပါးနပ်စွာ နှီးနွှယ်ဆက်စပ် ပြောတတ်ရမယ်။
ခု ရောဗတ်လင်းကိုပဲကြည့်လေ။ တံခါးအိုကနေ အသစ်အဟောင်းကိစ္စ၊ အဲ့ဒီကနေ အပြောင်းအလဲကိစ္စကို လိမ္မာပါးနပ်စွာ ရောက် အောင်ပြောသွားတယ်။
သူပါးနပ်တော့ စကားစပ်ဟာ ဘယ်လိုကနေဘယ်လိုရောက်သွားမှန်းမသိလိုက်ရဘူး။ ဒါက နံပါတ်နှစ်လိုအပ်ချက်။
ဒါပေမယ့် ဒါနဲ့ မပြီးသေးဘူး။ သူဆက်စပ်ပြောသွားတဲ့ နောက် အကြောင်းအရာသစ်ဟာ အတွေးတစ်ခုကို ပေးနိုင်ရမယ်။
သူက သူဟာ ဇောက်တွေ ထင်နေတဲ့ လှည်းလမ်းကလေးကို ကတ္တရာလမ်းထက် သဘောကျတယတဲ့။ တအီအီမြည် နေတဲ့ ထင်းလှည်းသံကို မော်တော် ကားသံထက် သဘောကျတယ်တဲ့။
သူပြောမှပဲ ကျွန်တော် စဉ်းစားမိတယ်။
တောမှာ မွေးလာတဲ့ ကျွန်တော် ဟာ တစ်ခါတစ်ခါမှာ သူ့လိုပဲ။ တအီအီမြည် နေတဲ့ ထင်းလှည်းသံကိုလွမ်းတယ်။
ကျေးငှက်သံတွေ စိုးစိုးစီစီနဲ သစ်ပင်တွေ စိမ်းစိုနေတဲ့ကြားက မြေနီတောလမ်းကလေးကို သတိရတယ်။
အသေးစားလက်မှု ကုန်ထုတ်လုပ်ရေး နေရာမှာ စက်မှု ၀ါဒပေါ်ပေါက်လာတာကို မကြိုက်ချင်သလိုလိုပဲ။
တောလှည်းလမ်းပေါ်က နွားချေးပုံတွေ အနီးမှာ လယ်ထွန်စက်ကကျတဲ့ အင်ဂျင်ဝိုင်တွေ ကို မြင်ရတာ ကို မနှစ်သက် သလိုလိုပဲ။
မြို့ပြရိပ်မှာ ခိုလှုံနေပေမယ့် ကျေးလက်ခံစားမှု ဟာ ကျန်နေတုန်းပဲ။ ဟဲဗီးမက်တယ်တွေ ကို နားထောင်နေရပေမယ့် မြမြမောင်းမောင်းကို လွမ်းနေတုန်းပဲ။
ဒစ္စကိုဂီတရဲ့ နရီစည်းချက်ဟာ ဆူညံပူညံမြန်ဆန်လွန်း တယ်လို့ ထင်ပြီး သုံးချက်စည်းမှသာ ငြိမ့်ညောင်းပျော့ပျောင်းပြီး နားဝင်ပီယံ ဖြစ်တယ်လို့ ထင်နေတုန်းပဲ။
ခေတ်ပေါ်နရီစည်းချက်ဟာမြန်လွန်းပြီး ခေတ်ဟောင်းရဲ့ နရီစည်းချက်ဟာ နှေးလွန်းနေတယ်။ တစ်ခါတလေမှာ ခေတ်ပေါ်ကဗျာဟာ နိမိတ်ပုံတွေ နဲ့ ထွေပြားေ၀၀ါးလွန်းပြီး ခေတ်ပေါ်မတိုင်မိကဗျာဟာလည်ူး ရိုးစင်းလွန်းနေတယ်။
ဒါဟာ ကျွန်တော် တို့ မျိုဆက်ရဲ့စိတ်ဓာတ်အခြေအနေပဲထင်ပါရဲ့ ။
၁၉၇၀ ပြည့်လွန်နှစ် များ အတွင်း ကမ္ဘာကြီးမှာ စက်မှု နည်းပညာတော် လှန်ရေး တွေ ပေါ်ပေါက်နေတယ်။ ဒါနဲ့ အတူ လူတွေ ရဲ့ စိတ်ဓာတ်အတွေးအခေါ်တွေ ဟာလည်း ပြောင်းနေတယ်။
ဒါ့ကြောင့် ကျွန်တော် တို့ မျိုးဆက်ဟာ အသစ်နဲ့ အဟောင်းကြား ထဲမှာ အသစ်ကိုကြိုက်ပြီး တစ်ခါတလေမှာ လည်း အဟောင်းကိုတမ်းတနေတတ်တယ်။
ဒါဟာ ကျွန်တော် တို့တွင် မဟုတ်ပါဘူး။ အင်္ဂလန်မှာ စက်မှု တော် လှန်ရေး ကြီးပြီးတော့ အဲ့ဒီတော် လှန်ရေး ကြီးနေယက် ပေါ်ပေါက်လာတဲ့ မျိုးဆက်ဟာလည်း ဒီလိုပဲ အသစ်နဲ့ အဟောင်းကြားမှာ တွေ ဝေပြီးခွဲမရ ဖြစ်နေတယ်။
တခြားကိုမကြည့်ပါနဲ့ ။ အင်္ဂလိပ်စာရေး ဆရာတွေ ဖြစ်တဲ့ ဒီအိတ်လော့ရင်တို့၊ ဒီရသစာတမ်းကိုရေး တဲ့ ရောဗတ်လင်းတို့ ၊ အဲဗလင်ဝေါတို့ ၊ ဟာရိုးနီကိုလ်ဆန်တို့၊ တီအက်စ်အီလီယော.တို့ဆိုတဲ စာရေး ဆရာတွေ ဟာလည်း ဒီအတိုင်းပါပဲ။
သူတို့ဟာ အသစ်ကိုတွေ့ ပေမယ့် အသစ်နဲ့ အထာမကျသေးဘူး။ အဟောင်းကို တစ်ခါတလေမှာ တမ်းတနေမိကြသေးတယ်။
ကျွန်တော် ဟာ ရောဗတ်လင်းရဲ့ စာတမ်းကို ဖတ်ပြီး တွေးနေတယ်။ ပြီးတော့ သူ့စာတမ်းကိုဆက်ဖတ်တယ်။
ရောဗတ်လင်းက တောလမ်းကလေးတွေ ကို လွမ်းဆွတ်တဲ့အကြောင်း၊ ပြောင်ချောနေတဲ့ ကတ္တာရာလမ်းကို သူမကြိုက်တဲ့အကြောင်းရေထားတယ်။ ဒါပေမယ့် ပြောင်ချောနေတဲ့ကတ္တရာ လမ်းကို သူမကြိုက်တာ၊ တော် လမ်းကလေးကို သူလွမ်းတာဟာ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် လွမ်းတာမှဟုတ်ရဲ့ လားလို့ သူ့ကိုယ်သူ မေးထားတယ်။
တောလမ်းကလေးကို သူလွမ်းတာဟာ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ သဘောတဖြောင့်တည်းနဲ့ လွမ်းတာမဟုတ်ဘူး၊ တောလမ်းကလေးကို လွမ်တာဟာ ရာသီဥတုသာယာတုန်း၊ သွားလို့လာလို့ကောင်းတုန်းမှာ သာ လွမ်းတာတဲ့။ မိုးတွေ စိုရွဲပြီး ရွံဖွတ်တွေ ထနေတဲ့ ရာသီမျိုးမှာ တော့ အဖေတို့၊ အဘိုးတို့ခေတ်က တောလမ်းကလေးကို ပြန်မသွားချင်တော့ဘူးတဲ့။ သူဟာ ခေတ်မီသူ ဖြစ်လာတယ်တဲ့။
ရေနွေးငွေနဲ့ မောင်းတဲ့မီးရထား ပေါ်လာပြီးနောက်ပိုင်းမှာ အသစ်အဆန်းတွေ အများ ကြီး ပေါ်လာခဲ့တယ်။
ဥပမာ ငါးဖမ်းတဲ့ဆက်လှေတွေ ပေါ်လာတယ်။ သူ့စိတ်ထဲမှာ နေ၀င်ရီတရော ပင်လယ်ပြင်မှာ ရွတ်တွေ ၊ လင်းယဉ်တွေ အဖွေးသားနဲ့ တံ ငါလှေတွေ မြင်ရတာ ကို သူသတိရတယ်။ တံငါလှေဟာ ပင်လယ်ငှက်လို ပင်လယ်နဲ့ ခွဲမရတဲ့အရာ ဖြစ်တယ်။ ခုတော့ အဲ့ဒီရွက်ဖွေးဖွေး တံငါလှေတွေ ပျောက်သွားပြီး ငါးဖမ်းစက်လှေတွေ ပေါ်လာတယ်။ ဒါကိုသူ သဘောမကျဘူး။
အသစ်တွေ နဲ့ ကင်းလို့ရသလားဆိုတော့ ကင်းလို့မရဘူး။ ဒါပေမယ့် သူ့မှာ အထားမကျနိုင်ဘူး။ မော်တော် ကားနဲ့ သွားရတာ အချိန်ကုန်သက်သာတယ်။ လူသက်သာတယ်။ ဒါပေမယ့် သူအထာမကျသေးဘူး။ မကောင်းဘူးလားလို့မေးရင်ကောင်းတယ်။ ဒါပေမယ့် သူ့မှာ ကျင့်သား မရသေးဘူး။ အလားတူပဲ
ဝတ်စားဆင်ယင်ပုံမှာ လည်း သူ့မှာ အထာမကျနိုင်ဘူး။ အပြောင်းအလဲတစ်ခုကို ချက်ချင်း မခံယူတတ်ဘူး။ သူများ တွေ ဖိနပ်ရှည်ကြီးတွေ ချွတ်ပြီး ရှုးဖိနပ်တွေ စီးကုန်ကြပြီ။ ဒါပေမယ့် သူက ရှုးဖိနပ်ကို မကြိုက်သေးဘူး။ ဖိနက်ရှည်ကြီးကို စီးနေတုန်းပဲ။ သူများ တွေ ကကုတ် အကျီင်္အပေါ်အိတ်မှာ လက်ကိုင်ပ၀ါလေးကိုထည့်နေကြပြီ။ သူက အတွင်းအိတ်မှာ ထည့်နေတုန်းပဲ။ သူသာ မိန်းမ တစ်ယောက် ဖြစ်ခဲ့ရင်သူများ တွေ ၀တ်လို့ စားလို့ ရိုးသွားတော့မှ အဲ့ဒီအ၀တ်အစားမျိုးဟာ သူနဲ့ အထာကျလိမ့်မယ်လို့ ထင်တယ်တဲ့။
ဒီလိုနဲ့ အသစ်ဟာ သူနဲ့ အထာမကျပုံ၊ အပြောင်းအလဲကို သူ ချက်ချင်း လက်မခံတတ်ပုံတွေ ကို ရေး သွားပြီးနောက် အကြောင်းအရာတစ်ခုကို ဆက်ပြန်တယ်။
အဲ့ဒါ ကတော့ အမျိုးသမီးတွေ ရဲ့ စိတ်နေစိတ်ထား။ အမျီုးသမီးတွေ ဟာ အမျိုးသားတွေ ထက် အပြောင်းအလဲကို လွယ်လွယ်နဲ့ လက်ခံတတ်တယ်လို့  သူထင်တယ်တဲ့။
စသူတို့မှာ ၀တ်စားဆင်ယင်မှု တစ်ခုကနေတစ်ခုကို ပြောင်းရာမှာ ဘာမှ အခက်မခဲ မရှိသလိုပဲ။ အမျိုးသမီးတွေ ၀တ်စားဆင်ယင်မှု ပြောင်းသလို နိုင်ငံရေး အယူအဆတွေ ကိုလည်း မကြာခဏ ပြောင်းနေရရင် ကမ္ဘာကြီးမှာ တော် လှန်ရေး နဲ့ တန်ပြန်တော် လှန်ရေး တွေ မကြာခဏ ဖြစ်နေမှာ ပဲလို့တောင် သူကတ်သီးကတ်သတ် တွေးလိုက်သေးတယ်။
ဒါပေမယ့် နောက်ဆုံးကျတော့ မနှစ်သက် မှု ဆိုတာဟာ တွေ့ ဖန်များ လာရင်၊ အထာကျသွားရင် ပျောက်သွားတတ်တယ်လို့ သူက ဆိုတယ်။
အထူးသဖြင့် အစွဲအလမ်းကြီးသူတွေ ဟာ အသစ်တစ်ခု၊ အပြောင်းအလဲတစ်ခုကို ကြိုက်ခဲတယ်။ ဒါပေမယ့်ကြာတော့လည်း အကျင့် ဖြစ်သွားပြီး၊ အထာကျသွားပြီး မနှစ်သက် မှု ဟာ ပျောက်သွားတတ်တယ်လို့ သူကဆိုတယ်။ ဒါကို သူက စိတ်ဓာတ်ခိုင်တယ်လို့ပြောရမလား မသိဘူးလို့လည်း စဉ်းစားစရာပြောထားတယ်။ ဘယ်လိုပဲ ဖြစ် ဖြစ် ကြာတော့လည်း အသစ်တစ်ခုနဲ့ အထာကျပြီး မနှစ်သက် တာတွေ ဟာ ပျောက်သွားတတ်တာပါပဲတဲ့။
ခုဆိုရင် သူ့တံခါးကို အလွယ်တကူ ဖွင့်နိုင်သွားတဲ့အတွက် သူ စိတ်ထဲမှာ ပျော်သလိုလို ဖြစ်နေပြီလို့ သူက အဆုံးသတ်ထားတယ်။ သူပြောတာ ဟုတ်သလိုလိုပဲ၊ စတီရီယိုတေးတွေ ပေါ်ကာစက အဲ့ဒီသီချင်းတွေ ကို ကျွန်တော် နားထောင်လို့ မရဘူး။ နရီမြန်လွန်းနေတယ်။ ဆူညံလွန်းနေတယ်။ ခုနားထောင်ဖန်များ တော့လည်း ခြွင်းချက်အချို့အပသူတို့ကို ကျွန်တော် သဘောကျချင်သလိုလို ဖြစ်လာတယ်။
အနှစ် နှစ် ဆယ်တေးတွေ ကို နားထောင်းရတာ လေးပြီး အသက်မပါသလိုလို၊ နှေးကွေးနေသလိုလို ထင်လာတယ်။
ပါတိတ်စကို ရှပ်အကျီင်္ချုပ်ဝတ်တာကို ကလက်သလိုလိုထင်ခဲ့တယ်။ ခုတော့ ပင်စင်စားဆိုရင် ပါတိတ်ရှပ်အကျီဝတ်မှ ပင်စင်စားပို ပီသတယ်လို့ စိတ်ထဲမှာ အလိုလို ထင်လာတယ်။
`ထီးခေါက်နဲ့ ခေါက်ထီး´ ဆိုရင် ကျွန်တော့်  စာတစ်ပုဒ်မှာ ခေါက်ထီးကို စကိုင်ရတာ အားမရသလို ဖြစ်ခဲ့ပေမယ့် နောက်တော့ ခေါက်ထီးကို ကိုင်ရတာ ပေါ့ပါးတယ်။ ၀န်ကျဉ်းတယ်လို့ ထင်လာတဲ့အကြောင်း ကျွန်တော် ရေး ဖူးခဲ့တယ်။
ရောဗတ်လင်းရဲ့ ရသစာတမ်းဟာ တော် တော် ကောင်းကောင်းတဲ့ ရသစာတမ်းတစ်ပုဒ်ပါပဲ။ သူ့စာတမ်းကို သရုပ်ခွဲကြည့်လိုက်တော့ ရသစာတမ်းတစ်စောင်ဟာ နံပါတစ်၊ စကားပြေကောင်းရမယ်။ နံပါတ်နှစ် ၊ ပါးနပ်လိမ္မာစွာ နဲ့ အကြောင်းအရာ တစ်ခုကနေတစ်ခုကို ကူးပြောင်းဆက်စပ်သွားရမယ်။နံပါတ်သုံး ကူး ပြောင်းသွား တဲ့ အကြောင်းအရာ များ ဟာလည်းတွေးစရာတစ်ခု၊ သို့မဟုတ် အများ ကို ပေးနိုင်၊ရမယ်။ တစ်နည်းပြောရရင် ပိုးဥကလေးတစ်ဥထဲက ပိုးချည်မျှင်ကလေးကို ဆွဲထုတ်လျစ်နေရမယ်လို့ ကျွန်တော် ထင်တယ်။
ရောဗာတ်လင်းရဲ ` မြည် နေသော တံခါး´ မှာ စစချင်းမှာ သူ့တံခါးကျပ်နေတာကလေး ချောင်သွားတာကို ပြောတယ်။ နောက်တော့ အသစ်ကို သူမကြိုက်တာ၊ အပြောင်းအလဲကို သူမကြိုက်တာပြောတယ်။ မကြိုက်ပေမယ့် အဲဒီ အသစ်တွေ ၊၊ အဲဒီ အပြောင်းအလဲတွေ ဟာ အသုံးမ၀င်နေတာကို ပြောတယ်။
အမျိုးသမီးတွေ ဟာ အမျိုးသားတွေ ထက် အပြောင်းအလဲနဲ့ အသစ်ကို ပိုပြီး လက်ခံလေ့ရှိတာကိုပြောတယ်။ သူ့ကိစ္စမှာ တော့ သူဟာ အပြောင်းအလဲနဲ့ အသစ်ကို ဖြည်းဖြည်းမှလက်ခံတတ်တာကို ပြောတယ်။ နောက်တော့ အသားကျသွားပြီး အဲ့ဒီအပြောင်းအလဲ၊ အဲ့ဒီအသစ်ကို နှစ်သက်လာတတ်တာကို ပြောတယ်။ နောက်ဆုံးမှာ သူ့တံခါးက လေးဖွင့်ရ၊ ပိတ်ရလွယ်ကူသွားတာကို သူတဖြည်းဖြည်း သဘောကျလာတဲ့ အကြောင်းကို ပြောပြီး နိဂုံးချုပ်တယ်။
ပြောလိုက်တာ ကတော့ တံခါးအိုကလေးတစ်ချပ်အကြောင်းပါပဲ။ ဒါပေမယ့် အဲ့ဒီတစ်ခါးအိုကလေးအကြောင်းပြုပြီး တွေးစရာတွေ ကို အများ ကြီး တင်ပြထားပါတယ်။
ကျွန်တော် ဟာဒီရသစာတမ်းကို ဖတ်တာလေးငါးကြိမ် ရှိပါပြီ။ ဒါပေမယ့် ဘယ်တော့ဖတ်ဖတ်မရိုးနိုင်ဘူးလို့ ထင်နေပါတယ်။
ရသစာတမ်းတစ်ပုဒ်ရဲ ခန္ဓာကိုယ် စမ်းသပ်ခွဲစိတ် ကြည့်ခြင်း ပါ။
( အမှတ် ၁၀၊ ရနံ့ သစ်မဂ္ဂဇင်း )
တပေါင်းညတစ်ည၌ ရေး ဖော်တစ်သိုက်နှင့် စကားလက်ဆုံကျမိကြသည်။ ရေး ဖော်များ မှာ စာရေး ဆရာ၊ ကဗျာဆရာနှင့် ဝေဖန်ရေး ဆရာ၊ ၀တ္ထုတိုဆရာတို့ ပါကြသည်။ ကျွန်တော် တို့သည် စပိုက်ဒါသစ်ခွခက်တွေ ကြားထဲက ပိတောက်ပွေးစားပွဲတွင် ထိုင်ကာ ကော်ဖီကြမ်းသောက်ရင်း စကားကောင်နေကြသည်။ အမျိုးသမီးစာရေး ဆရာတစ်ဦး၏ ၀တ္ထုတိုတစ်ပုဒ်အကြောင်း၊ မဂ္ဂဇင်းများ အကြောင်း၊ ကဗျာအကြောင်း၊ စာပေဝေဖန်ရေး အကြောင်း . . .။
နိမိတ်ပုံဝါဒ၊ သရုပ်ဖော်စာပေ၊ ဝေဖန်ရေး သဘောတရား စသည့်စကားလုံးများ သည် နက်စ်ကဖီး ကော်ဖီနံ့၊ စပိုက်ဒါသစ်ခွပန်းနံ့များ နှင့်အတူ တပေါင်းည၏ လေထဲတွင် စီးဆင်းမျောပါနေကြသည်။
“ပေဖူးလွှာထဲမှာ ပါတဲ့ ဆရာရဲ့ အင်တာဗျူး က ကဗျာအကြောင်းဖွင့်ဆိုသွားတာတွေ ကို တော့ လူငယ်တွေ သဘောကျကြပါတယ်။ ဒါပေမယ့်ဒီနေ့ခေတ်ဟာ ကဗျာရဲ့ ရွှေခေတ်လို့ပြောတာကိုတော့ သိပ်ဘ၀င်မကျကြဘူးဆရာ ” ၀တ္ထုတိုရေး ဆရာက ပြောသည်။
ပေဖူးလွှာမဂ္ဂဇင်းက ၀င်းငြိမ်းနှင့် တွေ့ ဆုံမေးမြန်းခန်း၌ ယနေ့ လူငယ်ကဗျာဆရာများ သည် အတွေးရဲ့ ကြောင်း၊ အရေး ရဲကြောင်း ၊ အမြင်ရဲကြောင်း၊ သူတို့ သုံးသွားသည့်နိမိတ်ပုံများ သည် လတ်ဆတ်ကြောင်း၊ သူတို့ အတွေးများ ကလည်း ဆန်းသစ်ကြောင်း၊ အကြောင်းအရာများ ကလည်း ကောင်းကြောင်း၊ အကြောင်းအရာ ကောင်းသည်ဟုဆိုခြင်းမှာ ပြောင်းလဲနေသော ခေတ်ကြီးကို ထင်ဟပ်နိုင်ကြောင်း၊ လူထု၏ ဘ၀နှင့် နီးစပ်ကြောင်း ၊ ယနေ့ခေတ်ကို ကဗျာ၏ ရွှေခေဟု ပြောနိုင်ကြောင်းဖြင့် ကျွန်တော် ပြောခဲ့သည်။
သူပြောသည့် ဘ၀င်မကျဆိုသည့်အချက်မှာ ကဗျာ၏ ရွှေခေတ်ဆိုသည့် စကားလုံး ဖြစ်သည်။
ရွှေခေတ်ဆိုသည်မှာ တင်စား၍ ပြောလိုက်သော စကားလုံးတစ်လုံးမျှသာ။ ရိုးရိုးပြောလျှင် ကဗျာခေတ်ဟု ဆိုလိုသည့်သဘော ဖြစ်သည်။ နေ့ခေတ်ကဗျာခေတ်ဟုတ်သလား မဟုတ်ဘူးလား။ မဂ္ဂဇင်းများ တွင် ကဗျာကို တသီးတသန့်နေရာပေးရသည့်ခေတ် ဟုတ်သလား မဟုတ်ဘူးလား။ ကဗျာစပ်သူဦးရေ၊ တစ်နည်း ကဗျာဆရာ ဦးရေများ သည့်ခေတ် ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုသည့်အချက်သည် ပြဿနာ၏ သော့ ချက် ဖြစ်သည်။
သည်အချက်များ ဖြင့် ကျွန်တော် စံထား၍ ပြောခဲ့ခြင်း ဖြစ်သည်။
ဤတွင် ခေတ်ဆိုသော စကားလုံး၏ အဓိပ္ပာယ်ကို စဉ်းစားစရာ ဖြစ်လာသည်။ အဘိဓာန်ဆရာတို့က အတ္တဗေဒဖြင့် အနက်ဖွင့်ကြသည်။ ခေတ်ဆိုသည်မှာ တည်နေရာ၊ အပိုင်းအခြား၊ နယ်ဟု တိုက်ရိုက် အနက်ထွက်သည်။ ခေတ်ဆိုသည်မှာ ခေတ္တဟူသော ပါဠိစကား ဖြစ်ပြီး မျိုးစေ့တို့ စိုက်ပျိုးရာလယ်မြေ၊ သတ္တ၀ါအမျိုးမျိုးတို့ ဖြစ်ပွားရာလောကကြီးဟု လယ်တီဆရာတော် က သူ ၏ ဂမ္ဘီရကဗျာကျမ်းတွင် အနက်ဖွင့်သည်။ နောက်ဆရာတို့က ခေတ်ဆိုသည်မှာ မျက်မှော က်ကာလ၊ တစ်စုံတစ်ရာ ဖြစ်ပျက်၍ မပြီးသေးသော အချိန်အခါ`ဟု ဆိုကြသည်။
`အိမ်ရှေ့မင်း ဖြစ် ၊ စံသည့်ခေတ်လည်း ၊ အနှစ်ရှစ်သော င်း၊ လေးထောင်ပေါင်းသည့်´ ဟု မဃဒေ၀လင်္ကာသစ်ဆရာကဆိုသည်။။ ဦးကြင်ဥ က ` ငါ့ခေတ် တော် တလှဲ့၊ ကုသိုလ်ကံနဲ့ မွ့ချိန်မို့´ ဟု ပါပဟိန် ပြဇာတ်တွင် ရေး သည်။ တည်ဆဲကာလတစ်ခုဟု အနက်ဖွင့်ကြသည်။
ဘောဂဗေဒပညာရှင်တို့က ကုန်လုပ်ရေး စနစ်များ ၊ ကုန်လုပ်စွမ်းအားစုများ ၊ ကုန်စည်ဖြန့်ဖြူးရေး စနစ်များ စသည့် အခြေခံစီးပွားရေး အဆောက်အအုံများ ပြောင်းလဲမှု ကို ကြည့်၍ ခေတ်ကိုပိုင်းခြားကြသည်။ မြေယာကုန်လုပ်ရေး စနစ်၊ မြေယာကုန်လုပ် စွမ်းအားစုနှင့် မြေယာကုန်ဖလှယ်ရေး တို့ကို တည်၍ ထိုခေတ်ကို မြေရှင်ပဒေသရာဇ်စနစ်ခေတ်ဟု ခေါ်ကြသည်။ စက်မှု ကုန်လုပ်ရေး စနစ်များ ၊ စက်မှု ကုန်လုပ်စွမ်းအားစုများ ပေါ်ထွန်းလာကြသည့် အခါတွင် ထိုခေတ်ကို အရင်းရှင် ခေတ်ဟု သတ်မှတ်ကြသည်။
လူမှု ဗေဒပညာရှင်များ နှင့် သမိုင်းပညာရှင်တို့ကမှု စံများ ၊ တန်ဖိုးများ ဖြင့် ခေတ်တစ်ခေတ်ကို သတ်မှတ်ကြသည်။ တစ်ချိန်က စံအ ဖြစ်ထားခဲ့သော အရာသည် နောင်တစ်ချိန်တွင် စံ ဖြစ်မှ လျော့ကျသွားကာ စံအ ဖြစ်သတ်မှတ်သော အခြားအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ တစ်ချိန်က အလေးအနက်ထားခဲ့သော တန်ဖိုးတစ်ခုသည် နောက်တစ် ချိန်တွင် မှေးမှိန်သွားခဲ့သည် ။ ခေတ်သည် စံများ ၊ တန်ဖိုးများ အပေါ်တွင် အမှီပြုနေသည်ဟု သမိုင်းဆရာများ နှင့် လူမှု ဗေဒပညာရှင်များ က ယူဆကြသည်။
တစ်ခါက ကျေးကျွန်အရောင်းအ၀ယ်လုပ်ခြင်း၊ အရွယ်မရောက်သည့်ကလေး ငယ်များ ကို အလုပ်ကြမ်းလုပ်ခိုင်းခြင်း စသည်တို့သည် လူ့ကျင့်ဝတ်နှင့် ထိခိုက်ခြင်းမရှိသော အရာဟု ယူဆခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုအရာများ သည် လူကျင့်ဝတ်ကို ထိခိုက်စေသည့်အရာ၊ လု့ကျင့်ဝတ်နှင့် မညီသည့်အရာဟု ယူဆလာခဲ့ကြသည်။. စံများ ၊ တန်ဖိုးများ ပြောင်းသွား သည့်သဘောပင်။
ထို့ကြောင့် ခေတ်ကို သတ်မှတ်ရာတွင် အခြေခံစီးပွားရေး စနစ်ကို သတ်မှတ်သည့် အစုများ ရှိသကဲ့သို့ တန်ဖိုးများ ၊ စံများ ကို ကြည့်၍ သတ်မှတ်သည့်အစုများ ရှိနေခဲ့ကြသည်. အချိန်ကာလ တစ်ခုတွင် တန်ဖိုးဟောင်းများ နှင့် တန်ဖိုးသစ်များ ၊ စံဟောင်းများ နှင့် စံသစ်များ သည် ပဋိပက္ခ ဖြစ်နေတတ်ကြသည်။ တန်ဖိုးဟောင်း၊ စံဟောင်းသည် ရှေ့တန်းရောက်နေရာမှ ရုတ်တရက် ဖယ်ပေးခြင်းမရှိ။ တန်ဖိုးသစ်များ ၊ စံသစ်များ ကလည်း ရှေ့တန်းသို့ အတင်းတက်ရန် ကြိုးစားလာကြသည်။ စံဟောင်း တန်ဖိုးဟောင်းက လွှမ်းမိုးအနိုင်ယူသွားလျှင် တန်ဖိုးဟောင်း၊ စံဟောင်းများ ၏ ခေတ်သည် တည်ရှိမြဲတည်ရှိသည်။စံသစ်မျး၊ တန်ဖိုးသစ်များ က လွှမ်းမိုးအနိုင်ရသွားလျှင် ခေတ်သစ်တစ်ခုသို့ ကူး ပြောင်းသွား ပေသည်။ စံဟောင်း၊ တန်ဖိုးဟောင်းတို့ ကျဆုံးချုပ်ငြိမ်းသွားသော အချိန်သည် စံသစ်၊ တန်ဖိုးသစ်တို မွေးဖွားလာသော အချိန် ဖြစ်သည်။
မြန်မာလူမှု အဆောက်အအုံတွင် တစ်ခါကပွဲစားကြီးများ ၊ ကုန်သည်ကြီးများ သည် လွမ်းမိုးတွင် ကျယ်ခဲ့ကြသည်။ ထိအချက်ကို ၀တ္ထုများ ထဲမှာ ပင် တွေ့ နိုင်သည်။ ဦးလတ်၏ ` ရွှေပြည်စိုး´ ၀တ္ထုထဲမှ ဇာတ်လိုက် မောင်သော င်းဖေ၏ ဖခင်သည် လမ်းမတော် မှ ပွဲစားကြီး ဦးရာကျော် ဖြစ်သည်။ သားကိုဘိလပ်သို့လွှတ်၍ ပညာသင်နိုင်သည်အထိ သူတို့တွင် ကျယ်ကြသည်။ ပီမိုးနင်းက ` ပွဲစားကြီး ဂရာရွတ်ကို မြာချွတ်ခန်း ´ ၀တ္ထုရေး ခဲ့သည်။ မြန့်မာ့နိုင်ငံရေး တွင် ခေါင်းဆောင်ခဲ့သော တူသာသါးအဖွဲတွင် ဦးဘတူ၊ ဦးဖိုးသာ၊ ဦးသင်းမောင် စသူများ သည် မြေရှင်ကြီးများ ၊ ကုန်သည် ပွဲစားကြီးများ ဖြစ်ခဲ့ကြသည်။ ထိုနောက်တွင် ဘိလပ်ပြန်ဝတ်လုံတော် များ ခေတ်စားခဲ့ပြန်သည်။ သူတို့ နောက်တွင် အိုင်စီအက်စ်များ ခေတ်စားခာခဲ့ပြန်သည်။ ဤသည်မှာ တန်ဖိုးများ ပြောင်းလာသည့် သဘောပင် ဖြစ်လေသည်။
ခေတ်တစ်ခေတ်တွင် တန်ဖိုးများ ၊ စံများ သည် ယှဉ်တွဲ တည်ရှိနေကြသည့်တိုင် တန်ဖိုးတစ်ခု၊ စံတစ်ခုသည် ရှေ့တန်းသို့ရောက်လာသည့် အခါတွင် ထိုတန်ဖိုး၊ ထိုစံကိုအစွဲပြု၍ ခေတ်ကို အမည် တပ်ကြရိုးထုံးစံရှိသည်။
အမျိုးသမီးတို့၏ အပြင်အဆင်တွင် ဘီးဆံပတ်တွေ ခေတ်စားသည့်ခေတ်က ထိုခေတ်ကို ဘီးဆံပတ်ခေတ်၊ ကျစ်ဆံမြီးတွေ ခေတ်စားသည့်ခေတ်ကို ကျစ်ဆစ်မြီးခေတ်၊ အမောက်တွေ ခေတ်စားသည့်ခေတ်ကို အမောက်ခေတ်။ ပိုနီးတေးခေတ်စားသည့်ခေတ်ကို ပိုနီးတေးခေတ်။ ဆံတိုရုတ်ဝဲတွေ ခေတ်စားသည့်ခေတ်။ ၀တ်စားဆင်ယင်မှု တွင် အင်္ကျီပါး ခေတ်။ ထိုခေတ်အကြောင်းကို မဟာဆွေက `အကျီင်္ပါး´ ဆိုသည့် ၀တ္ထုရှည်ကြီး တစ်ပုဒ်ရေး ခဲ့သည်။ ပင်နီးချောနှင့် ယောထမီခေတ်။ လက်ပွ ခေတ်။ လက်ပြတ်ခေတ်။ လက်တိုခေတ်။ လက်စကခေတ် စသည်ဖြင့် ၀တ်စားဆင်ယင်မှု များ တန်ဖိုးများ ပြောင်းသွား သည်ကိုလိုက်၍ ခေတ်ကို သတ်မှတ်ခေါ်ဝေါ်ကြသည်။
စာပေတွင် လည်း ထို့အတူပင် ဖြစ်သည်။ ရွေတောင်ဆရာလွှမ်းတို့၊ တောင်လုံးပြန် ဆရာခတို့၊ ဆင်ဖြူကျွန်းဆရာသင်တို့၊ဒါးပိန်ယိမ်းဆရာဦးမောင်ကြီးတို့ခေတ်ကို ပြဇာတ် ခေတ်ဟုခေါ်သည်။ ထိုခေတ်တွင် သြဇာအလွှမ်းမိုးဆုံးသော စာပေပုံသဏ္ဌာန် ဖြစ်သည့် ပြဇာတ်စာပေကို အစွဲပြုဇာတ်စာမေခေတ်ဟုခေါ်ကြခြင်း ဖြစ် ဟန်တူသည်။ ထိုနောက် နှစ်ပဲတန်ဝတ္ထုကလေးများ ခေတ်စားလာခဲ့ကြသည်။ ထို့ခေတ်ကို စာအုပ်တိုက်ကိုအစွပြု၍ ရွှင်ပျော်ပျော်ခေတ်ဟုခေါ်ကြသည်။ ထိုနောက်လေးပဲတန် ၀တ္ထုခေတ်။ ထိုနောက် ခေတ်စမ်းခေတ်။ နဂါးနီခေတ်။
တန်ဖိုးတွေ စံတွေ ပြောင်းသည်နှင့် အမျှ ခေတ်တွေ လည်းပြောင်း သွားခဲ့ကြသည်။
ခေတ်စမ်းပြီးသည့်နောက်တွင် ကဗျာသည် မှေးမှိန်သွားခဲ့သည်။ စကားပြေက လွှမ်းမိုးသွားသည်။ ပေါ်ထွက်လာသော ကဗျာများ မှာ လည်း ဆန်းသစ်မှု မရှိလှ။ ကဗျာသည်နောက်ကျ၍ ကျန်ရစ်ခဲ့သည်။ စကားပြေက ရှေ့သို့ရောက်နေသည်။
ဤသည်မှာ ၁၉၇၀ ပိုင်းတစ်ဝက်လောက်အထိ ဖြစ်သည်ဟုဆိုသင့်သည်။ ထို့နောက်ပိုင်းတွင် ကား မြန်မာကဗျာသည် အရေအတွက်ရော၊ အရည်အချင်းပါအများ ကြီး ပြောင်းသွား လေသည်။ ပုံသဏ္ဌာန်တွင် လွတ်လပ်မှု ကို ရှာဖွေလာခဲ့ကြသည်။ အကြောင်းအရာတွင် ခေတ်ပြိုင်ဝေဒနာပီပြင်စွာ ဖော်ပြနိုင်အောင် ကြိုးစားလာကြသည်။ ကဗျာစပ်သူများ မှာ အများ အားဖြင့် လူငယ်များ ဖြစ်ကြပြီး အရေအတွက်မှာ လည်း များ ပြားလာသည်။ တစ်ချို့တစ်လေ မဂ္ဂဇင်းများ တွင် ဖော်ပြနေသော ကဗျာများ ၊ မဂ္ဂဇင်းတိုက်များ သို့ရောက်လာသော ကဗျာများ ကို ကြည့်လျှင်ထိုအချက်ကို သိနိုင်ပေသည်။ ယခင်ကဗျာသည် မဂ္ဂဇင်းများ တွင် စာဖြည့်သဘောလောက်သာပါလာရာမှ သူကို့ သီးသန့်နေရာပေးကာ ရုပ်ပုံတွေ ဝေေ၀ဆာဆာဖြင့် ဖော်ပြလာကြသည်။ ကဗျာပရိသတ်ကလည်း နှစ် နှစ် ခြိုက်ခြိုက် ဖတ်ကြသည်။ ကဗျာစာအုပ်တွေ ထုတ်ဝေလာကြသည်။
စစ်ပြီးခေတ်၌ ကဗျာ၏ အင်အားသည် သည်မျှလောက်တစ်ခါမျှ ထုထည်မကြီးခဲ့ဟုပင် ဆိုနိုင်ပေသည်။
ဤသဘောကိုရည်ရွယ်၍ ကဗျာရွှေခေတ်ဟု ကျွန်တော် ဆိုခဲ့ခြင်း ဖြစ်ပေသည်။ သို့ရာတွင် တန်ဖိုးသစ်တစ်ခု၊ စံသစ်တစ်ခုသည် အလွယ်တကူဖြင့် ပေါ်ထွက်လာခဲ့ခြင်းမဟုတ်ပေ။ တန်ဖိုးဟောင်း၊ စံဟောင်းတို့၏ ခုခံမှု ကြားမှ လူးလွန့်တိုးထွက်လာခဲ့ရခြင်း ဖြစ်လေသည်။
အားပြိုင်နေသော တန်ဖိုးများ ထဲမှ တန်ဖိုးတစ်ခုသည် ရှေ့တန်းသို့ထွက်ကာ လွှမ်းမိုးထားသည်နှင့် ထိုတန်ဖိုးသည် ခေတ်၏ သင်္ကေတ ဖြစ်သွားခဲ့သည်သာ ဖြစ်လေသည်။
ကျွန်တော် တို့သည် စပိုက်ဒါသစ်ခွပင်များ ကြားတွင် ထိုင်ရင်း ခေတ်ဆိုသော စကားလုံး၏ အနက်ကို ကြိုးစားရှာဖွေနေကြလေသည်။ ကျွန်တော် တို့သောက်နေသည့် ကော်ဖိဆိုင်ကလေးသည် တစ်ခါက အိမ်ကြီးရှင်တစ်ဦး၏ ပန်းဥယျာဉ်ကြီး ဖြစ်၏ ။ ယခုမူ အိမ်ကြီးရှင်များ ဆိုင်ဖွင့်သည့်ခေတ် ဖြစ်သဖြင့် ထိုနေရာတွင် ကော်ဖီဆိုင်ရောက်လာရခြင်း ဖြစ်သည်။
ဤသည်လည်း ခေတ်တစ်ခုကို ဖော်ပြသော တန်ဖိုးသစ်တစ်ခု၊ ပြယုဂ်သစ်တစ်ခု မဟုတ်လော။
( ၁၉၈၉၊ ဧပြီလ၊ စွယ်တော် )
မတ်တတ်ရပ်လိုက်ပြီ
အခုတစ်လောတွင် ကျွန်တော့် သည် မိတ်ဆွေ တစ်ယောက် ထံမှ ငှားလာသည့် အမေရိန်စာရေး ဆရာကြီး အိုင်းဇာတ်ဘာရှီးဗစ်ဆင်းဂါး ၏ ၀တ္တုတိုပေါင်းချုပ်တစ်အုပ် ဖတ်နေသည်။ ဘာရှီးဗစ်ဆင်းဂါးသည် ၀တ္တုတိုတွေ ဘယ်မျှရေး ခဲ့သည်မသိ။ ကျွန်တော် ဖတ်ဖူးသည့် ၀တ္တုတိုပေါင်းချူပ်ပင်လျှင် သုံးလေးအုပ်ရှိနေပြီ။ ဘားရှီးဗစ်ဆင်းဂါးသည် စာတော် တော် လေးရေး နိုင်သူ ဖြစ်သည်။ အမေရိကန်ပြည်သား ရေ၀တီလူမျိုး ဖြစ်၍ သူရေး သည့်ဝတ္တုရှည်ကြီးတွေ ကလည်း မနည်း။ ` မြေကျွန်´ ဆိုသည့် ၀တ္ထုကြီးမှာ မြေကျွန်ခေတ်က ပိုလန်ပြည်တွင် နေခဲ့ကြသော ရေ၀တီမြေကျွန်တို့ အကြောင်းကို ဖွဲ့ထားသည့်ဝတ္ထုကြီး ဖြစ်၍ မြေကျွန်တို့၏ လွတ်မြောက်ရေး အရေး တော် ပုံကို တခမ်းတနားဖွဲ့ထားလေသည်။
သူ့ဝတ္ထုတိုများ တွင် အများ အားဖြင့် ရေ၀တီအမျိုးသားတို့၏ ယဉ်ကျေးမှု ၊ ရ၀တီတို့၏ စိတ်ဓာတ်၊ ရေ၀တီတို့၏ ၏ ဓလေ့ထုံးစံ၊ ရေ၀တီတို့၏ ဘ၀တို့ကို ပီပြင်စွာ ရေး ခြယ်ပြထားတတ်သည်။ ဘာရှီးဗစ်ဆင်းဂါးသည် စာတော် တော် လည်း ရေး နိုင်သူ ဖြစ်သည်။ သူသည်အမေရိကန်ပြည်တွင် နေထိုင်ပြီး ကမ္ဘာအနှ့သို့ ခရီးသွားခဲ့ဖူးသည်။ စာရေး တော့လည်း အင်္ဂလိပ်ဘာသာ၊ ရေ၀တီဘာသာတို့ဖြင့် မျိုးစုံရေး သည်။ တစ်ခါတစ်ရံတွင် အင်္ဂလိပ်လို တိုက်ရိုက်ရေး ပြီး တစ်ခါတစ်ရံတွင် လည်း ရေ၀တီလိုရေး သည်။ ရေ၀တီဘာသာဖြင့် သူရေး သော ၀တ္ထုများ ကို အင်္ဂလိပ်ဘာသာသို့ သူကိုယ်တိုင်ပြန်ဆိုသည်။
ကျွန်တော် ဖတ်နေသော ၀တ္ထုတိုပေါင်းချုပ်တွင် ပါသည့် ၀တ္ထုတိုအများ စုမှာ ရေ၀တီလိုရေး ပြီး သူကိုယ်တိုင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသော ၀တ္ထုတိုများ ဖြစ်လေသည်။
သူ့ဝတ္ထုတိုပေါင်းချုပ်ထဲတွင် ` မဂ္ဂဇင်း ´ ဆိုသည့် ၀တ္ထုတိုလေးတစ်ပုဒ်ကို ကျွန်တော် သွားတွေ့ သည်။ ဇာတ်လမ်းက မဂ္ဂဇင်းထုတ်ချက်နေသော သူ့သူငယ်ချင်း တစ်ယောက် အကြောင်း ဖြစ်သည်။ ထိုစဉ်က သူတို့နှစ် ယောက် သည် အသက်နှစ် ဆယ်ကျော်သုံးဆယ်အတွင်း။ ပိုလန်ပြည် စစ်မ ဖြစ်မီ ပိုလန်ပြည်တွင် ရာက်နေကြသည်။ သူ့သူငယ်ချင်းက မဂ္ဂဇင်းတစ်စောင်ထုတ်ချင်သည်။ သူက မဂ္ဂဇင်းမထုတ်ဖို့ဖျက်သည်။ မဂ္ဂဇင်းထုတ်ဝေရေး လုပ်ငန်းသည် မည် မျှစိတ်ပျက်စရာကောင်းကြောင်း၊ မည် မျှငွေကုန်ကြေးကျများ ကြောင်း၊ ကိုယ့်တွင် ငွေကြေးတောင့်တင်းခြင်း မရှိဘဲ မဂ္ဂဇင်း မထုတ်သင့်ကြောင်း၊ ၀ါသနာကြောင့် မဂ္ဂဇင်းထုတ်ဝေကြသည့် စာပေသမားတော် တော် များများ ပြုတ်ကုန်ကြကြောင်း၊ မဂ္ဂဇင်းထုတ်ဝေရေး လုပ်ငန်း ဆိုသည်မှာ စာပေ၀ါသနာတစ်ခုတည်း ရှိရုံဖြင့် မလုံလောက်ကြောင်းဖြင့် သူ့ကို ကန့်ကွတ်သည်။
သူတို့နှစ် ယောက် သည် ပိုလန်ပြည် ၀ါဆော့၊မြို့က လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်ထဲတွင် စကားပြောနေကြခြင်း ဖြစ်သည်။ သို့ရာတွင် သှူုသူငယ်ချင်းသည် သူ့စကားနားမ၀င်ပါ။ သူငယ်ချင်းသည် ၀ါဆောတွင် မဂ္ဂဇင်းတစ်စောင်ထုတ်သည်။ ဘားရှီးဗစ်ဆင်းဂါး မဂ္ဂဇင်းထုတ်သည့် သှူုသူငယ်ချင်းအား `ခင်ဗျား ဘာ ဖြစ်လို့မဂ္ဂဇင်းထုတ်ချင်တာလဲ ´ ဟုမေးသည်။
`လူ့လောကကြီးကို ပြုပြင်ဖို့၊ ကယ်တင်ဖို့ ´ ဟုသူကဖြေသည်။
အလိုလေး ၊ တယ်လို့လည်းကြီးကျယ်လှပါကလား။ သူ့သူငယ်ချင်းသည် စိတ်ကူးယဉ်သည်ဟု ဘာရှီးဗစ်ဆင်းဂါးက မှတ်ချက်ချသည်။ သူ မဂ္ဂဇင်းမထုတ်၍ ဘာမှမ ဖြစ်။ သူမဂ္ဂဇင်းထုတ်တော့လည်း လောက ကြီးသည် ဘာမျှကို ပြောင်းလဲသွားခြင်းမရှိ။ သူ့လမ်းသူ သွားမြဲသွားလျက်သာရှိသည်။
သူ့မဂ္ဂဇင်းသည် မကြာမီပြုတ်သွားသည်။
သူ့သူငယ်ချင်းသည် လောကကြီးကို ပြောင်းလဲပစ်မည် ဟု ကြိမ်းဝါးသွားခဲ့၏ ။ သို့ရာတွင် လောကကြီးကဘာမျှမပြောင်း။ သူကသာပြောင်းလံခြင်း ခံလိုက်ရသည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်သည့်အခါတွင် သူတို့နှစ် ယောက် ကွဲသွားကြသည်။ သူကပြင်သစ်ပြည်နှင့် အမေရိကန်ပြည်သို့ ရောက်သွားသည်။ သှူုသူငယ်ချင်းမှာ နာဇီအကျဉ်းစခန်းထဲသို့ ရောက်သွားသည်။ သို့ဖြင့် နှစ် ပေါင်းနှစ် ဆယ်ကျော်ကြာသွားသည်။
သူသည်အောင်မြင်သော စာရေး ဆရာတစ်ဦး ဖြစ်နေပြီ။ နယူယော့တွင် နေထိုင်ကာ စာအုပ်တွေ ကို တစ်အုပ်ပြီးတစ်အုပ် ရေး နေသည်။ တစ်နေ့တွင် ပြင်သစ်ရှိ ထုတ်ဝေသူတစ်ဦးနှင့် စကားပြောရန် ပါရီသို့ သူရောက်သွားသည်။ ပါရီသို့ရောက်သည့်အခါ ရေ၀တီမိတ်ဆွေများ မှ တစ်ဆင့် သူ့သူငယ်ချင်းအကြောင်းကို ကြားရသည်။ သူ့သူငယ်ချင်းသည် နာဇီအကျဉ်းထောင်စခန်းမှ လွတ်လာပြီးနောက် အမျိုးသမီး တစ်ယောက် နှင့် ရည်ငံကာ လက်ထက်ခဲ့ကြသည်။ ထို့နောက်ပါရီသို့ပြောင်းလာခဲ့ကြသည်။ သူ့သူငယ်ချင်းမိန်းမက အလုပ်အကိုင်ကောင်းသည်။ အထည်ဆိုင်ကြီးတစ်ဆိုင်ဖွင့်၍ အောင်မြင်သွားသည်။ သူတို့နေသည့်တိုက်ခန်းကလည်း အထက်တန်းကျသည်။ သူတို့ဘ၀တွင် ဘာမျှလိုလေ သေးမရှိ။ သူ့သူငယ်ချင်းသည် အငြိမ်မနေနိုင်။ ငယ်စဉ်က ၀ါဆောတွင် မဂ္ဂဇင်းတစ်စောင်ထုတ်သလို ပါရီတွင် လည်း မဂ္ဂဇင်းလေးတစ်စောင်ထုတ် ချင်သည်။ မိန်းမက ကန့်ကွက်သည်။ အပေါင်းအသင်းတွေ က ဖျက်ကြသည်။ သို့ရာတွင် နားမထောင်၊ မဂ္ဂဇင်းတစ်စောင်ထုတ်ရာ စီးပွားပျက်ပြီးရှိသမျှလေးကုန်သွားသည်။ လင်းမယားလည်း ကွဲသွာြး ကတော့သည်။
ဘာရှီးဗစ်ဆင်းဂါး၏ ၀တ္ထုတိုကလေးမှာ ဤမျှသာ ဖြစ်သည်။ လောကကြီးကို ပြောင်းလဲချင်သူ တစ်ယောက် လောကကြီး၏ ပြောင်းလဲခြင်းကို ခံလိုက်ရသည့် ဇာတ်လမ်းသာ ဖြစ်သည်။
ကျွှန်တော် သည် ဘာရှီးဗစ်ဆင်းဂါး၏ ၀တ္ထုတိုကလေးကို ဖတ်ရင်းကျွန်တော် တို့ဆီက မဂ္ဂဇင်းထုတ်ချင်နေသူများ အကြောင်းကို သတိရနေသည်။
တစ်နေ့တွင် ကျွန်တော့် ထံသို့ လူ တစ်ယောက် ရောက်လာသည်။ ထိုလူမှာ အသားညိုညို ၊ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး နှင့် ဖြစ်ပြီး အသက် ၆၀ ကျော်ခန့်ရှိလေပြီ။ ကျွန်တော် သူ့ကို တစ်ခါမျှမတွေ့ ဖူး။ ကျွန်တော့် မိတ်ဆွေထဲက မဟုတ်။ ထို့ကြောင့် သူ့ကို ကျွန်တော် အကဲခတ်နေသည်။
`ကျွန်တော် တပ်ကြပ်ကြီး မောင်ကို ( အငြိမ်းစား)ပါ´
သူကသူ့ကိုယ်သူ စတင်မိတ်ဆက်သည်။ တပ်ကြပ်ကြီး မောင်ကို (အငြိမ်းစား) ဆိုသည့် အမည် ကို ကျွန်တော့်  ဘယ်မှာ ကြားဖူးပါလိမ့်။ ထိုနာမည် ကို ကျွန်တော် ကြားဖူးသော နာမည် ဖြစ်သည်။
“ကျွန်တော် အရင်တုန်းက သွေးသောက်မဂ္ဂဇင်းမှာ စာပေကလေးတွေ ရေး ခဲ့ဖူးပါတယ်”
သြော် ဟုတ်သားပဲ။ လွန်ခဲ့သည့်နှစ် ပေါင်းသုံးဆယ်ကျော်ခန့်က သွေးသောက်မဂ္ဂဇင်းတွင် သူ့ဝတ္တုတိုကလေးတွေ မကြာခဏပါတတ်သည်။ ထိုနောက် ပျောက်သွားသည်။ တစ်ခါမျှသူ့စာများ ကို မတွေ့ တော့။ မေ့သလောက်ရှိနေပြီ။ ယခုမှု တပ်ကြပ်ကြီး မောင်ကို ( အငြိမ်းစား) သည် မထင်မှတ်ပဲ ပြန်ပေါ်လာသည်။ သူသည် စာပေလောကတွင် ရင်းနှီးကျင်လည်ခဲ့သူမဟုတ်။ သူ့ဘာသာသူ စာရေး နေသူ ဖြစ်သည်။ စာရေး ဆရာတွေ အသိုင်းအ၀ိုင်းမှာ သူ့ကို မတွေ့ ရတတ်။
“ဟုတ်ကဲ ကျွန်တော် မှတ်မိပါပြီ ဦးမောင်ကို။ ဆို ကျွန်တော် ဘာလုပ်ပေးရမလဲ၊ မဂ္ဂဇင်းထုတ်မလို့လား”
ကျွန်တော့် ထံ မဂ္ဂဇင်းထုတ်ဝေသူများ မကြာခဏစာမူလာ၍ တောင်းတက်ကြသည်။ ယခုတလောတွင် ပို၍ မဂ္ဂဇင်းတွေ အများ ကြီး ထွက်လာကြသည်။ ပေါ်လာလိုက်၊ ပျောက်သွားလိုက်။ တစ်ချို့ မဂ္ဂဇင်းများ သည်လဲကျသွားကြသည်။ သို့ရာတွင် မကြာခဏပြန်၍ ကုန်းရုန်းထလာကာ စာအုပ်ဆိုင်များ ပေါ်တွင် ရောက်လာတတ်ကြသည်။ ကျွန်တော့်  ထံစာမှု လာတောင်းသည့် မဂ္ဂဇင်းထုတ်မည့် သူများ ကို ကျွန်တော် ဖက်လေ့ရှိပါသည်။ မဂ္ဂဇင်းအလုပ်သည် အလွန်အလုပ်များ ၍ အလွန်မသေချာသော အလုပ် ဖြစ်ပါသည်။ မျှော်လင့်စရာမရှိလှ။ ရှိသမျှ ငွေကလေးသာ ကုန်သွားကြသည်။ ခဏကြာတော့ ရပ်သွားကြသည်။
ကျွန်တော် တို့ ကိုယ်တိုင် ၁၉၅၀ခုနှစ် တစ်ဝိုက်တုန်းက ` စာပေသစ်´ မဂ္ဂဇင်းကို ထုတ်ခဲ့ကြသည်။ ဇွဲမာန်တွေ အပြည်။ သတ္တိတွေ အပြည့်။ သို့ရာတွင် ကျွန်တော် တို့ မဂ္ဂဇင်းလေးသည် လေးပတ်မျှသာ ထုတ်လိုက်ရပါသည်။ နောက်တော့အားကုန်ပြီး ရပ်တန့်သွားလေသည်။ ဒါတောင် ဟိုတုန်းက စရိတ်တွေ သည်လောက်မကြီး။ ကျွန်တော် တို့တွင် လုပ်ချင်ဇောသာရှိပြီး ကျန်တာဘာမျှမရှိ။ ငွေအင်အားတောင့်တင်းခြင်း မရှိ။ စိတ်ဓာတ်ကလွဲ၍ ဘာမျှမရှိ။
သို့ဖြင့် ဇွတ်လုပ်ခဲ့ကြရာ ကျွန်တော် တို့ မဂ္ဂဇင်းသည် လေးပတ်မျှသာခံလိုက်ပါသည်။ စာပေအမြတ်အစွန်းတော့ နည်းနည်း ပါးပါး ရှိချင်ရှိနိုင်ပါသည်။ ဒါလေးနှင့် ဘဲ ဖြေသိမ့်ရပါသည်။
ယခုတပ်ကြပ်ကြီးမောင်ကို (အငြိမ်းစား) ကိုလည်း ကျွန်တော် ဖျက်ပါသည်။ သို့ရာတွင် ယခင် မဂ္ဂဇင်းထုတ်ဝေသူများ လို ဦးမောင်ကို` တပ်ကြပ်ကြီးမောင်ကို (အငြိမ်းစား)သည်လည်း ကျွန်တော့်  ကန့်ကွတ်ချက်ကို လက်မခံပါ။
“ကျွန်တော် စလုပ်နေပြီ ဆရာ။ ခုတော် တော် စုံနေပြီ။ ဆရာ့ကို အားနာတာနဲ့ ကော်ပီမတောင်းတော့ဘူး။ ဒါပေမယ့် ပထမဆုံးစာစောင်မှာ ပါစေချင်တာနဲ့ လာခဲ့တာ။ တစ်ချို့ ၀တ္ထုတွေ ကို ရိုက်တောင်နေပြီ ”
ကဲ . . . . ကျွန်တော် ဘာများ တတ်နိုင်ပါဦးမည် နည်း။
ကျွန်တော် က ကျွန်တော့် တွင် ခန်းဆက်တွေ များ နေသဖြင့် မရေး နိုင်ကြောင်း နောက်တစ်ပက်မှ ရေး ပေးနိုင်မည် ဖြစ်ကြောင်း၊ ခွင်းလွှတ်စေလိုကြောင်း တောင်းပန်သည်။ သို့ရာတွင် တပ်ကြပ်ကြီး မောင်ကို အငြိမ်းစာ) သည် လက်မခံပါ။
“ကျွန်တော့် မဂ္ဂဇင်းက နတ်သျှင်နောင်လို့ အမည် ပေးထားပါတယ်ဆရာ။ ကြိုက်သလိုရေး နိုင်ပါတယ်။ ဆောင်းပါးရေး ရေး ၊ ၀တ္ထုရေး ရေး ကြိုက်ရာကိုရေး ပါ။ ပထမဆုံးစာစောင်မှာ ပါစေချင်လို့ပါ”
တပ်ကြပ်ကြီးမောင်ကို အတန်တန်ပြောသဖြင့် ကျွန်တော် ရက်ချိန်းပေးလိုက် သည်။ ထို ချိန်းသည့်နေ့ပင် ဦးမောင်ကိုသည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါသည်။ သို့ ရာတွင် ကျွန်တော် တစ်လုံးမှ မရေး ဖြစ်ခဲ့ပါ။ နောက်တစ်ခါချိန်းပြန်သည်။ မပြီး။ နောက်တစ်ခါချိန်းပြန်သည်။ တစ်လုံးမှမရေး ရသေး။ တပ်ကြပ်ကြီးမောင်ကိုက ကော်ပီခထုတ်ပေးသည်။ ကျွန်တော် လက်မခံလိုက်ပါ။ နောက်တစ်ခါ ချိန်းပြန်သည်၊ မရေး ဖြစ်ပါ။ နောက်တစ်ခါချိန်းပြန်သည်။ မရေး ဖြစ်ပါ။ ကျွန်တော် မျက်နှာပူလှပြီ။ နောက်တစ်ပတ်ထုတ် စာစောက်မှရေး ပါမည် ဟု ပြောသည်။ သူလက်မခံ။
ဆောင်းပါးတစ်ပုဒ်ရေး ရသည့်အချိန်က ဘာမျှမကြာ။ စိတ်ကူး ရသည့်အချိန် ကတော့ကြာသည်။ ဘာကိုရေး ရမည် နည်း။ အကြောင်း အရာကို ရေး ၍ မရ။
သူနှင့် စကားပြောနေရင်း ကျွန်တော် ဖတ်နေသည့် ဘာရှီးဗစ်ဆင်းဂွး၏ ၀တ္ထုတိုပေါင်းချုပ်ထဲမှ ` မဂ္ဂဇင်း ´ ဆိုသည့် ၀တ္ထုတိုကလေးတစ်ပုဒ်ကို သွားသတိရသည်။ လောကကြီးကို ပြောင်းလဲပစ်ချင်သည့်လူ တစ်ယောက် လောကကြီး၏ ပြောင်းလဲခြင်းကို ခံလိုက်ရသည့် အကြောင်း။
မဂ္ဂဇင်းထုတ်ဝေသူများ သည် စာရေး ဆရာဖြဟ်ချင်သူများ ကဲ့သို့ပင် တော် တော် စိတ်ကူးယဉ်သည့် သူများ ဖြစ်သည်ဟု ကျွန်တော် ထင်ပါသည်။ သူတို့တွင် မျှော်မှန်းချက်တွေ ရှိသည်။ ငွေရေး ကြေးရေး မျှော်မှန်းချက်များ မဟုတ်။ လောကကြီး၊ အနည်းဆုံးစာပေလောကကြီးကို ပြောင်းလဲချင်သည့် စိတ်ကူး ဖြစ်သည်။ ဖတ်ရသည့် မဂ္ဂဇင်းတွေ ကို အားမရ။ သည်တော့ ကိုယ်ပိုင်စိတ်ကူးနှင့် ကိုက်သည့် မဂ္ဂဇင်းကလေးတစ်စောင်ကို ထုတ်ချင်ကြသည်။ ကိုယ်ထုတ်သည့် မဂ္ဂဇင်းသည် စာပေလောကတွင် ထူးထူးခြားခြား ဖြစ်စေချင်သည်။ စာဖတ်ပရိတ်များ ကြားတွင် အရှိန်အ၀ါရှိစေချင်သည်။ ထို့ကြောင့် မဂ္ဂဇင်းထုတ်ရန် ထိုမျှစိတ်သန်နေကြခြင်း ဖြစ်သည်။ မဂ္ဂဇင်းတစ်စောင် အောင်မြင်ဖို့ဆိုသည်မှာ တော် တော် မလွယ်ပါ။
စိတ်ကူးမျှော်မှန်းချက်ကြီးစွာ ဖြင့် မဂ္ဂဇင်းထုတ်ဝေခဲ့ကြသော်လည်း တစ်ချို့ မဂ္ဂဇင်းများ သည် လမ်းတစ်ဝက်တွင် ကျဆုံးသွားခဲ့ကြသည်။ တစ်ချို့ကတစ်လထုတ်ပြီး ရပ်သွားသည်။ အချို့က နှစ် လ၊ သုံလထုတ်ပြီး ရပ်သွားကြသည်။ သို့ရာတွင် သူတို့ အရှုံးမပေး။ နောက်ထပ် မဂ္ဂဇင်းတစ်စောင်ထုတ်ရန်၊ နောက်တစ်ခါ ကုန်းရုန်းထရန် ကြိုးစားကြပြန်သည်။ တစ်ချို့လည်း ပြန်၍ မတ်တက်ထနိုင်ကြသည်။ အချို့လည်း ပြန်၍ မထ နိုင်ြ ကတော့။
မည် သို့ ဖြစ်စေ၊ သူတို့ စိတ်ဓာတ်သည် ချီးကျူးစရာပင် ဖြစ်ပါသည်။
ယခုလည်း တပ်ကြပ်ကြီးမောင်ကို ( အငြိမ်းစား ) သည် ဗာရှီးဗစ်ဆင်းဂါး၏ ၀တထုတိုထဲက ဂါးဒီးနားကဲ့သို့ မဂ္ဂဇင်းတစ်စောင်ထုတ်ရန်မတ်တပ်ရပ်နေလေပြီ။ တပ်ြကပ်ကြီးမောင်ကို၏ မဂ္ဂဇင်းသည် ခြေလှမ်းသစ်များ လှမ်းနိုင်ပါစေဟု . . .။
( ၁၉၈၉၊ နိုဝင်ဘာ ၊ နတ်သျှင်နော်၊ အမှတ် ၁)
တစ်လောက ဆိုဗီယက်စာပေမဂ္ဂဇင်းတွင် ` စာပေဝေဖန်ရေး ´ ဟူသော ဆောင်းပါးတစ်စောင်ကို ဖတ်လိုက်ရသည်။ ` စာပေဝေဖန်ရေး ´ဟု ခေါင်းစဉ်တပ်ထားသော်လည်း မည် သူ့စာအုပ်ကိုမှ ဝေဖန်ခြင်းမဟုတ်ပေ။ ယခုခေတ် ဆိုဗီယက်ယူနီယံတစ်ဝန်းနှင့်တကွ ကမ္ဘာတွင် နာမည် ကြီးနေသည့် ကားဂျစ်အမျိုးသားစာရေး ဆရာ ချင်းဂစ်ဇ်အက်တမားတော့ဗ်နှင့် ဆိုဗီယက်စာပေမဂ္ဂဇင်းမှ သတင်းထောက်တစ်ဦး ဖြစ်သူ ကော်ကင်တို့ တွေ့ ဆုံမေးမြန်းသည့် အကြောင်းများ ကို ရေး သားထားခြင်း ဖြစ်သည်။
ကျွန်တော် တို့ စာပေလောကတွင် ခေတ်စားနေစောစကားနှင့် ပြောရလျှင် ထိုအခန်းသည် စာရေး ဆရာနှင့်တွေ့ ဆုံမေးမြန်းသော အင်တာဗျုးပင် ဖြစ်၏ ။ လူငယ်စာရေး ဆရာများ အနုပညာအရည်အသွေးမြင့်မားလာအောင် မည် သို့ လုပ်ဆောင်သင့်ကြောင်း၊ စာရေး ဆရာကောင်း တစ်ယောက် ဖြစ်ရန် မည် သို့သော အရည်အချင်းများ ရှိအပ်ကြောင်းကို စာရေး ဆရာက သူ့အတွေ့ အကြုံများ ဖြင့် နှိုင်းယှဉ် ပြောသွားသည်။
ထိုတွေ့ ဆုံမေးမြန်းခန်းကို ဘာကြောင့် စာပေဝေဖန်ရေး ဟုခေါင်းစဉ်တပ်ထားသည်ကို ကျွန်တော် စဉ်းစားကြည့်ပါသည်။ ကျွန်တော် တို့ ဆီတွင် မူ စာရေး ဆရာ တစ်ယောက် ရေး သော စာအုပ်ကို ဝေဖန်ချက်ရေး သည့်အခါတွင် မှ ထိုဝေဖန်ချက်ဆောင်းပါးကို စာပေဝေဖန်ရေး ဟုခေါ်ကြသည်။ သည်နေရာတွင် ပင် အနည်းငယ်ကွဲပြားသေး၏ ။ စာအုပ်ကောင်းကြောင်းတွေ ကိုချည်း ရေး နေလျှင်ဝေဖန်ရေး ဟုမခေါ်။ ထိုစာအုပ်၏ အပြစ်အနာအဆာ၊ ချွတ်ယွင်းချက်တို့ကို ရေး မှ ဝေဖန်ရေး ဟု ကျွန်တော် တို့အများ အားဖြင့် နားလည်နေကြသည်။ သူတိုဆီတွင် မူ ဤသို့ဟုတ်ဟန်မတူ။ စာပေသဘောတရားပါသော စာများ ၊ စာပေအယူအဆနှင့် စပ်လျဉ်းသော စာများ အားလုံးကို စာပဝေဖန်ရေး ဟု သိမ်းကျုံးခေါ်ပုံရသည်။
စာရေး ဆရာ အက်တမားတော့ဗ်သည် ဆိုဗီယက်ယူနီယံတွင် တော် တော် လူ ကြိုက်များ သည် စာရေး ဆရာ ဖြစ်ကြောင်းဖြင့် ရုရှားမိတ်ဆွေများ ကပြောသံကို ကျွန်တော် ကြားဖူးပါသည်။
“ခင်ဗျားတို့ဆီမှာ နောက်တက်လာတဲ့ စာရေှးဆရာတွေ ၊ အထူးသဖြင့် စစ်ပြီးကာလမှာ ထင်ရှားလာတဲ့ စာရေး ဆရာတွေ ထဲက ဘယ်သူပေါ်ပြူလာအ ဖြစ်ဆုံးလဲ၊ ဘယ်သူ့စာအုပ်ကို အဖတ်များ ဆုံးလဲ” ဟု ရုရှားမိတ်ဆွေများ နှင့် အခွင့်ကြုံတိုင်း ကျွန်တော် မေးကြည့်ရာ သူတို့အားလုံး၏ အဖြေများ ထဲတွင် အက်တမားတော့ဗ်၏ နာမည် သည် အမြဲတမ်းပါနေတတ်သည်။
ကျွန်တော် သည် အောက်တိုဘာတော် လှန်ရေး မတိုင်မီက ရုရှားဝတ္တုတော် တော် များများ ဖတ်ဖူးပါသည်။ အောက်တိုဘာတော် လှန်ရေး မတိုင်မီကာလသည် ရုရှားစာပေ၏ ရွှေခေတ်ကြီး ဖြစ်သည်ဟု ပညာရှင်များ က သတ်မှတ်ကြပါသည်။
အင်္ဂလိပ်တက်ကာစက ကျွန်တော် လုပ်နေသော အဖွဲအစည်းသို့လူ တစ်ယောက် က စာအုပ်တွေ လာလှူသည်။ ထိုမြို့ရှိ ဘုရားရှိခိုးကျောင်းကို အင်္ဂလိပ်ကဗုံးကြဲရာ ထိုဘုရားရှိခိုးကျောင်း စာကြည့်တိုက်မှ စာအုပ်များ ကို သူယူထားလိုက်ခြင်း ဖြစ်သည်။ စာအုပ်ကြီးတွေ က အထူကြီးတွေ ။ သူကစာပေ၀ါသနာလည်းမပါ။ အင်္ဂလိပ်စာလည်း ကောင်းကောင်းမတတ်။ ထို့ကြောင့် ကျွန်တော် တို့ကို လာလှူခြင်း ဖြစ်သည်။ စာအုပ်များ မှာ လက်ပစ်ဗုံးသေတ္တာလေးလုံးနှင့် အပြည့်။ ကျွန်တော် သည် ဂန္တ၀င်စာအုပ်များ နှင့် လက်ပစ်ဗုံးသေတ္တာတို ၀ိရောဓိ ဖြစ်နေကြပုံကို ကြည့်၍ စစ်အနိဋ္ဌာရုံကိုပြသော နိမိတ်ပုံတစ်ရပ်ကို သွား၍ မြင်မိသေးသည်။ စာအုပ်နှင့် လက်ပစ်ဗုံးသတ္တာ၊ ဘုရားစင်ပေါ်တွင် တင်ထားသည့် ကြေးအမြောက်ဆန်ခွံထဲမှ နှင်းဆီပွင့်။ ထိုအရာများ သည် စစ်နှင့် ငြိမ်းချမ်းရေး တို့၏ နိမိတ်များ ပင် မဟုတ်လော။ စာဖွဲ့စရာ၊ ကဗျာဖွဲစရာ၊ ပန်းချီရေး စရာ အကြောင်းများ မဟုတ်လော။
လက်ပစ်ဗုံးသေတ္တာတွေ က အင်္ဂလိပ်လက်ပစ်ဗုံးထည့်သည့်သေတ္တာတွေ ၊ ချိတ်ကလေးတွေ ကို ဖွင့်ကြည့်လိုက်သည့်အခါတွင် စာအုပ်ထူထူကြီးတွေ ၊ အင်္ဂလိပ်စာရေး ဆရာကြီးများ ၏ ဂန္တ၀င်စာအုပ်ဝတ္ထုကြီးတွေ ၊ ကမ္ဘာ့ဝတ္ထုတို အတွဲ ပေါင်းချုပ်အတွဲ ကြီးတွေ ၊ ရုရှားဂန္တ၀င်ဝတ္ထုကြီးတွေ ကို ကျွန်တော် တွေ့ ရသည်။ စာအုပ်တိုင်းတွင် `ခင်ကြူ၊ ခက်အေး၊ ခင်ဌေး ကောင်းမှု ´ ဟု စာတန်းထိုးထားသည်။
စေတနာ ရှင်က လေးငါးခြောက်နှစ် မျှသာရှိသေးသော သူ့သမီးငယ်များ ၏ အမည် ကို ရေး ထိုးထားခြင်း ဖြစ်သည်။
ကျွန်တော် လုပ်နေသော်အဖွဲ့အစည်းတွင် ကျွန်တော် မှာ စာဖတ်ဝါသနာအကြီးဆုံး ဖြစ်ရာ ထိုစဉ်က တာဝန်ခံ ဖြစ်သော ကိုအောင်သူ (သံမဏိမောင်မောင်)က . . .
“ကဲ ခင်ဗျားဒီလောက်တောင် စာဖတ်ချင်တဲ့သူ ဖတ်ပေတော့”
ဟုကျွန်တော့် ကို စာအုပ်ထည့်ထားသည့် လက်ပစ်ဗုံးသေတ္တာကြီးလေးလုံး အပိုင်စားပေးသည်။
ကျွန်တော် ၀မ်းသာ၍ မဆုံး။ ကျွန်တော် သည် စာအုပ်ရူး ဖြစ်ပါသည်။ လူ တစ်ယောက် လျှင် ၀ါသနာတစ်ခုစီရှိကြရာ အချို့မှာ အစားအသောက်ကို ခုံမင်ပါသည်။ အချို့ကား ကစားခန်စားကို ၀ါသနာပါပါသည်။ အချို့မှာ လူတွေ နှင့် ရောနှောစကားပြောရခြင်းကို ၀ါသနာပါပါသည်။ ကျွန်တော် ကား အစားအသောက်ကိုလည်း သည်လောက်မခုံမင်ပါ။ လူတွေ နှင့်လည်း ရောနှောနှောမနေတတ်ပါ။ တစ်ယောက် တည်း နေပြီးစာအုပ်တွေ နှင့် နေချင်သူ ဖြစ်ပါသည်။
ထိုအကျင့်မှာ ကောင်းသော အကျင့်မဟုတ်ပါ။ စာအုပ်နှင့် ပတ်သက်လာလျှင် ကျွန်တော် တွင် အားနည်းချက်ရှိပါသည်။ ကျွန်တော် ကြိုက်သော စာအုပ်ဆိုလျှင် ကျွန်တော် သည်အမြဲသိမ်းထားချင်ပါသည်။
လူ တစ်ယောက် တွင် ရောဂါ တစ်မျိုးစီရှိတတ်ရာ ကျွန်တော့်  ရောဂါ မှာ စာအုပ်ရူး ရောဂါ ဖြစ်ပါသည်။
ကျွန်တော် သည် စာအုပ်ကြီးတွေ ကို ကြည့်ကာ ပီတိ ဖြစ်နေသည်။ သို့ရာတွင် ခတ်သည်ကကျွန်တော် သည် အင်္ဂလိပ်စာကို ကောင်းကောင်းမဖတ်တတ်။ ဒုတိယကမ္ဘာစစ် ဖြစ်သည့်အချိန်တွင် ကျွန်တော် သည် ပဉ္စမတန်းကျောင်းသားအရွယ်မျှသာရှိ သေးရာ ထိုမျှလောက်ကြီး သော စာအုပ်ကြီးများ ကို ကျွန်တော် မဖတ်နိုင်။ မဖတ်တက်။ ငယ်စဉ်ကျောင်းသားတုန်းက အင်္ဂလိပ်စာကို ၀ါသနာပါသော်လည်း ကျောင်းပညာတို့လို့တန်းလန်းဖြင့် စစ် ဖြစ်သွားသည်။ ဂျပန်ခေတ်ရောက်သည့် အခါတွင် လည်း အင်္ဂလိပ်စာမဖတ်ရတော့။ မြန်မာစာသာ အဖတ်များ ခဲ့သည်။
ယခု ကျွန်တော် အင်္ဂလိပ်ဂန္တ၀င်ဝတ္ထုကြီးများ ကို တွေ့ ရလေပြီ။ စက္ကူဖုံးများ မဟုတ်။ စာကြည့်တိုက်များ အတွက် အကောင်းစားရိုက်နှိပ်ထားသည့် စာအုပ်ကြီးများ ဖြစ်သည်။ ထိုအထဲတွင် ဒစ်ကင်း၏ ၀တ္ထုကြီးများ က အတွဲ အပြည့်။ ကမ္ဘာ့ဝတ္ထုတိုတွေ ဒစ်ကင်း၏ ၀တ္ထုကြီးများ က အတွဲ အပြည့်။ ကမာ့္ဘ၀တ္ထုတိုပေါင်းချုပ်အုပ်တွဲ ကြီးများ ကလည်းဆယ့်နှစ် စုံရှိသည်။ နိုင်ငံတကာမှ ၀တ္ထုတိုတွေ အကုန်ပါသည်။
ကျွန်တော် သည် ထိုစာအုပ်ကြီးများ ပြီး မျောက်အုန်းသီးရသည့်နှယ် ဖြစ်နေသည်။ ထိုစာအုပ်ကြီးများ ကိုရသော်လည်း ကျွန်တော် မဖတ်တတ်။ ကျွန်တော့် အင်္ဂလိပ်စာက ငါးတန်းအင်္ဂလိပ်စာ။ သို့ရာတွင် အင်္ဂလိပ်စာကို ၀ါသနာပါသဖြင့် ဟိုရောက်သည်ရောက် ချောက်တီးချောက်ချက် ဖတ်ဖူးသည့်အတွေ့ အကြုံတော့ရှိသည်။
ကျွန်တော် သည် ဒစ်ကင်း၏ စာအုပ်ကြီးများ ကို အရင်မဖတ်သေးဘဲ ကမ္ဘာ့ဝတ္ထုတိုပေါင်းချုပ်တွေ ကို အရင်စဖတ်သည်။ အစတွင် ကောင်းကောင်းနားမလည်။ ဦးထွန်းငြိမ်း၏ အဘိဓာန်စာအုပ်အသေးစားတစ်အုပ်ကိုရှာပြီး ထိုစာအုပ်ကြီးများ ထဲမှ ၀တ္ထုတိုများ ကို ကြိုးစားဖတ်ကြည့်သည်။ သို့ရာတွင် အဘိဓာန်ကပေးသော အနက်အတိုင်း ပြန်ကြည့်သည့်အခါ အဓိပ္ပာယ်မရှင်းဘဲ ဖြစ်နေသည်။ ထိုအခါတွင် ကျွန်တော် သည် အဘိဓာန်အားမကိုးတော့ဘဲ ထိုစာလုံးကို မသိသည့်အတိုင်း ထားပစ်ခဲ့သည်။ တစ်နေရာတွင် ပြန်တွေ့ သည့်အခါကျမှ ထိုစကားလုံးသည် ထိုအနက်ကို ဆောင်ကြောင်းသိလာပါသည်။
သို့ဖြင့် ကျွန်တော် သည် ထိုစာအုပ်ကြီးတွေ အားလုံးကို နားမလည်သည့်တိုင် နားလည်သလောက် ကြိုးစားဖတ်သည်။ တာဝန်ဖြင့် နယ်သို့ထွက်လျှင် ကျွန်တော် ဟေးဗားဆက်ခေါ် စစ်လွယ်အိတ်ထဲတွင် တစ်အုပ်တော့ အမြဲပါလာပြီး ရောက်လေရာမှာ ဖတ်သည်။ တစ်ခေါက်နှင့် နားမလည်လျှင် အခေါက်ခေါက်ဖတ်သည်။
အဘိဓာန်ကို လှန်သည်။ သိသူတတ်သူများ ထံ မေးသည်။
ကံအားလျော်စွာ ပင် ကျွန်တော် ရသည် ကမ္ဘာ၀တ္ထုတိုပေါင်းချုပ်အုပ်တွဲ ကြီးများ ထဲမှတစ်တွဲ တွင် ပိုလန်စာရေး ဆရာမ ရိုမာယာရိုဒီဝပ်ဇ်ရေး သည့် အေနိုက်စ်ထရပ်ဂျဒီ ဆိုသည့် ၀တ္ထုကလေးတစ်ပုဒ်ကိုသွားတွေ့ သည်။ ထိုဝတ္ထုကလေးအားမှီးထားသည့် ဒဂုန်တာရာရေး သော ` နေရစ်တော့သက်လယ်ရယ်´ ဆိုသည့် ၀တ္တုတိုကလေးကို တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်း တစ်စောင်တွင် ကျွန်တော် ဖတ် လိုက်ဖူး၏ ။ ထိုဝတ္ထုတိုနှင့် ဒဂုန်တာရာမှီးထားသည့် မြန်မာဝတ္ထုကို ကျွန်တော် တိုက်ဖတ်သည်။ ရသစာပေဘာသာပြန်ကို ပထမဆုံးဓာတ်ခွဲ ကြည့်ုခြင်းပေတည်း။
ထိုပေါင်းချုပ်စာအုပ်ကြီးထဲတွင် တော် လ်စတွိုင်း၊ ချက်ကော့၊ ဂေါ်တီ၊၊ ဘုနင်၊ါရွှင်၊ ပွတ်ရှကင်းစ သူတို့၏ ၀တ္ထုတိုများ ကို တော် တော် များများ တွေ့ ရသည်။ ကျွန်တော် သည်သူတို့ ၀တ္ထုတိုများ အားဖတ်ရင်း နိုင်ငံတကာစာပေ၏ သဘောကို စမ်းမိသလိုလိုရှိလာသည်။ အထူးသဖြင့် အောက်တိုဘာတော် လှန်ရေး မတိုင်မီ ရုရှားဝတ္ထုတိုများ သည်ပို၍ ဖတ်ကောင်းပြီး ပို၍ ဘ၀နှင့်နီးစပ်သည်ဟု ကျွန်တော် ထင်ပါသည်။
အောက်တိုဘာတော် လှန်ရေး ပြီးသည့်နောက်ပိုင်း ၀တ္ထုများ ကို နောင်တွင် ကျွန်တော် ဖတ်ကြည့်သည့်အခါ ငယ်ငယ်ကဖတ်ရသည့် ရုရှားဝတ္ထုကလေးများ လောက် အရသာမတွေ့ တော့။ သူတို့နှင့် ကျွန်တော် တို့သည် လူနေမှု စနစ်ချင်း၊ ပတ်ဝန်းကျင်ချင်း၊ ဘ၀ချင်းကွာခြားသော ကြောင့်လည်း ဖြစ်ချင် ဖြစ်မည် ။ အရသာသိပ်မတွေ့ တော့။
ဆိုဗီယက်စာရေး ဆရာများ ထဲတွင် အာရင်ဘတ်၊ ပက်စတာနက်၊ ဖီဒင်၊ သြစထရောစကီးနှင့် ကထားယက် စသူတို့လောက်သာကြိုက်တော့သည်။ ကျန် စာရေး ဆရာများ ကို အရသာမတွေ့ တော့။
ယခုနောက်ပိုင်းတွင် ရုရှားမိတ်ဆွေများ ပြောသဖြင့် ချင်းဂစ်ဇ်အက်တမားတော့ဗ်၏ စာအုပ်များ ကို ရှာဖတ်ကြည့်သည်။ အက်တမားကော့ဗ်သည် ကားဂျစ်အမျိုးသား ဖြစ်ပြီး ၁၉၂၈ခုနှစ် တွင် မွေးသည်။ `အပျံစောသော ကြိုးကြာ၊ ဂျဗီလာ၊ နေရစ်တော့ ဂျူဆာရီ´ စသည့်ဝတ္ထုများ ကို ကျွန်တော် ဖတ်ကြည့်၏ သူဝတ္ထုများ မှာ ၀တ္ထုတိုလည်းမဟုတ်။ ၀တ္ထုရှည်လည်းမဟုတ်ပဲ ၀တ္ထုလတ်များ ဖြစ်သည်။
သူ့ဝတ္ထုထဲတွင် အောက်တိုဘာတော် လှန်ရေး ကြီးမတိုင်မီက စာရေး ဆရာကြီးများ ၏ အရိပ်ငွေ့၊ နံ့အသက်ကို ကျွန်တော် ပြန်တွေ့ ရသည်။ သူ့ဝတ္ထုများ ကို ရုရှားတွေ ကြိုက်နေကြခြင်းမှာ ထိုအချက်ကြောင့် ဖြစ်လိမ့်မည် ဟု ကျွန်တော် ထင်ပါသည်။ ကျွန်တော် လည်း သူ့ဝတ္ထုများ ကို ကြိုက်သဖြင့် များ မကြာမီက `မိုးအဆုံး မြေအဆုံး ´ အမည် ဖြင့် ဂျမီလာဝတ္ထုကို ဘာသာပြန်ခဲ့ပါသည်။
သူ့အကြောင်းကို ကျွန်တော် သတိပြုမိ၍ ဖတ်နေစဉ် ဆိုဗီယက်စာပေမဂ္ဂဇင်းတွင် သူနှင့် ဆိုဗီယက်စာပေမဂ္ဂဇင်းကိုယ်စားလှယ်တို့တွေ့ ဆုံမေးမြန်းခန်းကို ဖတ်လိုက်ရ၏ သူ့တွေ့ ဆုံမေးမြန်းခန်းတွင် စိတ်ဝင်စားစရာ၊ စဉ်းစားစရာတွေ ပါသည်။ သူ့အဖြေများ ကိုဖတ်ပြီး ကျွန်တော့် ခေါင်းထဲတွင် အတွေးအချို့ပေါ်လာရာ သူ့အဖြေနှင့် ကျွန်တော့် အတွေးကို တင်ပြပါသည်။
မေး။ ။ ကျွန်တော် တို့ရဲ့ အနာဂတ်စကားပြေ အရေး အသားတိုးတတ်ခြင်းရှိ မရှိဆိုတဲ့ ကိစ္စဟာ ကျွန်တော် တို့ရဲ့ လူငယ်မျိုးဆက်တွေ ထဲက စကားပြေအရေး အသားကောင်းတဲ့ စာရေး ဆရာတွေ ပေါ်ထွက်လာခြင်းရှိ မရှိဆိုတဲ့ အချက်ပေါ်မှာ တည်နေတယ်လို့ ဆောင်းပါးတစ်စောင် မှာ ဆရာရေး ခဲ့ပါတယ်။ စာရေး ဆရာ တစ်ယောက် ရှိရမယ့် အရည်အချင်းတွေ ထဲမှာ ` ဘက်စုံပညာရေး ၊ ရသအမြင်နဲ့ ဒဿန ´ တို့ ရှိရမယမလို့လဲ ဆရာပြော သွားပါတယ်။ ဒီတော့ ကျွန်တော် တို့လူငယ်စာရေး ဆရာတွေ ထဲမှာ ဒီအရညအချင်းတွေ ချို့တဲ့နေတယ်လို့ ဆရာမြင်ပါသလား။
ဖြေ။ ။ လူငယ်စာရေး ဆရာတွေ တင် မဟုတ်ပါဘူး။ လူကြီးပိုင်းစာရေး ဆရာတွေ အတွက်လဲ ဒီအတိုင်းပါပဲ။ ရသစာပေကို ဖန်တီးရာမှာ သူဟာအကုန်လုံးကို သိမြင်ပြီးပြီ။ သှူုမှာ အသိပညာပိုင်းအရရော၊ အတက်ပညာပိုင်းအရရော လုံလောက်ပြီ။ ဒါမှမဟုတ်လဲ ၀တ္ထုတစ်ပုဒ်ကို ရေး ပြီးသွားတာနဲ့ သူမှာ ပြောစရာကုန်ပြီ။ တစ်ချို့ပြောသလိုပြောရရင် ဦးတည်ချက်တစ်ခုကို အပြည့်ရောက်သွားပြီလို့ ပြောနိုင်ပြောရဲ့ တဲ့ လူကြီးပိုင်းစာရေး ဆရာရယ်လို့ကော ရှိလို့လား၊ ဒီလို ပြောတဲ့ စာရေး ဆရာမျိုးရှိရင် သူ့ကို ကျွန်တော် တို့ အားမကျသင့်ဘူးလို့ ထင်တယ်။ ဒီလို ပြောလိုက်ခြင်းဟာ ကိုယ့်မှာ ခံစားချက်တွေ ကုန်ခမ်းသွားပြီလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ရေး စရာမရှိတော့လို့ စာရေး ဆရာအ ဖြစ်က ရပ်စဲသွားတဲ့၊ စာဆက် မရေး တော့တဲ့ စာရေး ဆရာ တစ်ယောက် ရဲ့ ကျဆုံးခန်း ကတော့ တစ်မျိုးပေါ့လေ။ ကျွန်တော် ဆိုလိုတဲ့ ဘက်ပေါင်းစုံပညာရေး ဆိုတာနဲ့ ပတ်သက်လို့ တစ်နေ့မှာ ကျွန်တော် ရှင်း ပြပါဦးမယ်။ ကျွန် တော် တို့ဟာ ကျွန်တော် တို့ရှာဖွေသောက်သုံးလို့ရတဲ့ ဗဟုသုတ အသိပညာတွေ ကို ကိုယ့်ပင်ကိုအရည်အသွေးနဲ့ တစ်ထပ်တည်း ဖြစ်သွားအောင် လုပ်ယူနိုင်ရမယ်။ ဒီလို မလုပ်နိုင်ရင် ကျွန်တော် တို့ရတဲ့ အသိပညာတွေ ဟာ ၀ိညာဉ်မဲ့ဘဲ ဖြစ်မှာ ပဲ။
မေး။ ။ ဒီလိုဆိုရင်ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေတဲ့ အသိပညာမျိုး ပိုင်ရှင်မ ဖြစ်ရလေအောင် ဘာလုပ်သင့်သလဲ။
ဖြေ။ ။ ကျွန်တော့် သဘော ပြောရရင်တော့ အဲ့ဒီအ ဖြစ်ကလွတ်ဖို့နည်းလမ်း ကတော့ ကိုယ့်အနုပညာခံစားမှု အရည်အသွေး တိုးတက်ဖွဲဖြိုးအောင် လုပ်ဖို့ပဲလို့ထင်တယ်။ ဒါဟာ ဒြပ်မဲ့ အတွေ့ အကြုံအရ ပြောနေတာ မဟုတ်ပါဘူး။ တကယ့်ဒိဋ္ဌကျတဲ့ အတွေ့ အကြုံအရပြောတာပါ။ ကျွန်တော် နဲ့ တကွ ရေး ဖော် ရေး ဖက်များ ဟာ အနုပညာအကောင်းနဲ့ အဆိုး၊ အညံနဲ့ အကောင်းကို ခွဲခြားသိဖို့အတွက် နှစ် ပေါင်း များ စွာ လေ့လာဆည်းပူး ခဲ့ရပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ ဒါများ ဘာခတ်လို့တုန်းလို့ ထင်ကောင်း ထင်ကြမှာ ပါပဲ။ ဒါပေမယ့် စာကောင်းပေကောင်းကို ဖတ်တတ်ဖို့က အချိန်များ စွာ ၊ အားထုတ်မှု များ စွာ ကို ဖြတ်သန်းပြီးမှ ရရှိလာတာချည်းပါပဲ။ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး စာပိုဒ်တစ်ပိုဒ်ကို ဖတ်လိုက်ရုံ၊ စကားလုံးအသုံးအနှုန်းကို ကြည့်လိုက်ရုံ၊ ၀ါကျဖွဲ့စည်းပုံကိုကြည့်လိုက်ရံ၊ အထူးသဖြင့် အဲ့ဒီ စာအုပ်ထဲမှာ ပါတဲ့ အတွေးအခေါ်ကိုကြည့်လိုက်ရုံနဲ့ အဲ့ဒီစာအုပ်ဟာ ခွဲခြားခန့်မှန်းကြည့်နိုင်ဖို့အတွက် အချိန်များ စွာ ၊ အားထုတ်မှု များ စွာ ကို ဖြတ်သန်းပြီးမှ ရနိုင်ပါတယ်။
ကျွန်တော် သည် ချင်းဂစ်ဇ်အက်တမားကော့ဗ်၏ တွေ ဆုံးမေးမြန်းခန်းကို ရှေ့ဆက်မဖတ်နိုင်သေးဘဲ သူ့စကားများ ကို ပြန်၍ စဉ်းစားကြည့်သည်။ အက်တမားတော့ဗ်က စာရေး ဆရာ တစ်ယောက် ဖြစ်ဖို့အတွက် အရည်အချင်းသုံးမျိုးလိုသည်ဟု ဆို သွားပါသည်။
ယင်းသုံးမျိုးကို ( All rounf Education, Aesthetic and Philosophical Competence ) ဟု အင်္ဂလိပ်လို သုံး သွားပါသည်။
ဘက်စုံပညာရေး ၊ ရသပညာအပြင်နှင့် ဒဿနဟု အနက်ထွက်မည် ထင်ပါတယ်။ ထိုအချက်သုံးချက်သည် လူငယ်စာရေး ဆရာတွေ ရော၊ လူကြီးပိုင်း စာရေး ဆရာတွေ အတွက်ပါ မရှိမ ဖြစ်သည့် အချက်သုံးချက်ဟု သူကဆိုပါသည်။ ထိုအချက်သုံးချက်ကို အက်တမားတော့ဗ်က အကျယ်ရှင်းမပြပါ။ ထို့ကြောင့် ကျွန်တော့် ဘာသာ တွေးယူရပါသည်။
ဘက်စုံပညာရေး ဆိုသည်မှာ အတန်းပညာ၊ ကျောင်းပညာကို ဆိုလိုခြင်းဟုတ်ဟန် မတူပါ။ ဘ၀အတွေ့ အကြုံစုံရမည် ။ စာဖတ်စုံရမည် ဟု ပြောလိုခြင်း ဖြစ်ပုံရပါသည်။ ( ရုရှားစာရေး ဆရာကြီး) ဂေါ်တီသည် ဘ၀များ စွာ တွင် ကျင်လည်ခဲ့ဖူးပါသည်။ ပေါင်မုန့်ဖုတ်သမား၊ လှေထိုးသမား၊ ပန်းကန်ဆေးသမား၊ သဘောင်္ကူလီ၊ အစေခံ၊ ရှေ့နေစာရေး ၊ ပြည့်တန်ဆာခေါင်း၊ အိမ်တွင် လက်တိုလက်တောင်းလုပ်ရသူ၊ ထမင်းချက်၊ ငှက်ခတ်သမား၊ ဘုရားကားရေး သူ၊ ဆေးဆိုးသမားဘ၀ စသဖြင့် အထွေထွေကို ကျင်လည်ခဲ့ဖူးပါသည်။ ၀မ်းတစ်ထွာကို ကျောင်းရင်းစာပေ မျိုးစုံဖတ်ခဲ့ပါသည်။
သို့ဖြင့် နောင်တွင် ဂေါ်တီသည် ဘ၀သရုပ်ဖော်စာပေလမ်းကြောင်းကို ရှေ့ဆောင်လမ်းပြခဲ့သည့် မီးရှုးတန်ဆောင် ဖြစ်လာခဲ့ပါသည်။
ကျွန်တော် တို့ မြန်မာစာရေး ဆရာများ ထဲတွင် လည်း ပီမိုးနင်းသည် ဘ၀စုံသူ ဖြစ်ပါသည်။ ပီမိုးနင်းသည် ခရစ်ယာန်တရားဟောဆရာလုပ်ဖူးပါသည်။ စာရေး ၊ ကျောင်းဆရာ စသည့်အလုပ်များ ကို လုပ်ဖူးပါသည်။ နဖာကလော်လုပ်၍ ရောင်းဖူးပါသည်။ ခေါင်းကိုက်ပျောက်ဆေးလုပ်၍ ရောင်းဖူးပါသည်။ သူတောင်စားများ ၏ ဘ၀ကို သိအောင်ဆိုကာ သူကိုယ်တိုင် သူတောင်းစားလုပ်ကြည့်ဖူးပါသည်။ ပီမိုးနင်းသည် စာရေး ဆရာလိုနေပြီး စာရေး ဆရာလိုသေသွားခဲ့ပါသည်။
ဘက်စုံပညာရေး ဆိုသည့် စကားလုံးတွင် ဘ၀အတွေ့ အကြုံစုံရုံမျှမက စာလည်းစုံအောင်ဖတ်ဖို့ လိုသည်ဆိုသည့် သဘောမျိုးအကြုံးဝင်နေသည်ဟု ကျွန်တော် ထင်ပါသည်။ စာရေး ဆရာသည် ဘ၀အတွေ့ အကြုံ စုံရုံမျှဖြင့် မလုံလောက်ပါ။ ဘ၀မှရသည့် အတွေ့ အကြုံများ သည် သူ့အဖို့အကြမ်းထည်သာ ရှိပါသေးသည်။ တနည်းပြောရလျှင် ထိုအရာများ သည် သူ့အဖို့ကုန်ကြမ်းမျှသာ ဖြစ်သည်။ ထိုကုန်ကြမ်းများ ကို ကုန်ချော ဖြစ်အောင် လုပ်တတ်ဖို့လိုသေးသည်။ စာအုပ်များ သည် အခြားသူရရှိထားသော ကုန်ကြမ်းများ ကို အချောသပ်ပေးလိုက် သော ကုန်ချောများ ဖြစ်ရာ ထိုကုန်ချောများ မှ ကျွန်တော် တို့တစ်တွေ အဆင်သင့်လုပ်ပြီးသား အသိပညာများ ကို ရရှိနိုင်ပါသည်။
သူတို့၏ လက်ရာ အနုကြမ်းကို ခန့်မှန်းနိုင်ပါသည်။ စာဖတ်ရမည် တိုရာတွင် လည်း တစ်မျိုးတည်းကို ဆိုလိုခြင်းဟုတ်ဟန် မတူပါ။ စာကိုလည်း စုံအောင်ဖတ်ရမည် ဟု ဆိုလိုချင်ပုံရပါသည်။ စာရေး ဆရာသည် မိမိနှင့် တိုက်ရိုက်သက်ဆိုင်သော အနုပညာဆိုင်ရာ စာပေတို့ကိုသာ မက ဓာတုဗေဒ၊ ရူပဗေဒ၊ နက္ခတ္တဗေဒစသည့် သိပ္ပံဆိုင်ရာစာပေများ ၊ လောုတ္တရာစာပေများ ၊ လောကီပညာရပ်ဆိုင်ရာ စာပေများ ကိုလည်း ဖတ်သင့်သည်ဟု ဆိုလိုဟန်တူပါသည်။
ဖတ်ရုံနှင့် မလုံလောက်သေးပါ။ ထိုစာတို့ကိုဖတ်ပြီး မိမိနှင့် တသားတည်း ဖြစ်သွားအောင် စုပ်ယူဝါးမျိုသင့်ကြောင်း ၊ မိမိစိတ်ဓာတ်၏ ` အနှစ် သာရ ´ ဖြစ်အောင် လုပ်ယူသင့်ကြောင်း၊ ထိုသို့မလုပ်နိုင်က ထိုစာအုပ်များ မှရသော အသိသည် ၀န်ထုတ်ဝန်ပိုးကြီး ဖြစ်နေတော့ ပဏ္ဍိတ်အတု အယောင်မျှသာ ဖြစ်မည် ဟု အက်တမားတော့် ဗ်က ပြော သွားပါသည်။ စာအုပ်ထဲမှရသော အသိတို့ကို လက်တွေ့ တွင် အသုံးချတတ်အောင်၊၊ စာအုပ်ကြီးမဆန်အောင်လုပ်ရမည် ဟု ဆိုလိုဟန်တူပါသည်။
ဒုတိယအဖြေထဲတွင် အက်တမားတော့ဗ်က ထိုသို့ စာအုပ်ကြီးမဆန်ရလေအောင် ၊ ၀န်ထုတ်ဝန်ပိုးမ ဖြစ်ရလေအောင်လုပ်သည့် တစ်ခုတည်းသော နည်းလမ်းဟု မိမိ၏ အနုပညာခံစားမှု အရည်အသွေးကို မြင့်တတ်အောင်လုပ်ရမည် ဟု ပြော သွားပါသည်။ ထိုသို့ အနုပညာ ခံစားမှု အရည်အသွေးကို မြင်မားအောင် လုပ်ရာတွင် နှစ် ပရိစ္ဆေဒများ စွာ ကို ဖြတ်သန်းရသည်။ ထိုသို့ဖြတ်သန်းပြီးမှသာ စာကောင်းပေကောင်းတို့ကို ဖတ်တတ်လာခဲ့ကြောင်းဖြင့် ပြော သွားပါသည်။
သူပြောသည့်စကားကို ကျွန်တော့် အတွေ့ အကြုံဖြင့် ကျွန်တော် စဉ်းစားကြည့်ပါသည်။ ကျွန်တော် တို့ငယ်ငယ်တုန်းက တွေ့ သမျှစာကို ဖတ်ခဲ့ပါသည်။ အကောင်းအဆိုး မရွေးတတ်သေးပါ။. စာညံ့တို့ကိုပင် ကြိုက်ခဲ့ပါသေးသည်။ စာကောင်းပေကောင်းတို့ကို သိပ်မကြိုက်ချင်ပါ။ ဖတ်လည်းမ ဖတ်ချင်ပါ။ သို့ရာတွင် စာဖတ်သက်ရင့်လာသည့်အခါ၊ အတွေ့ အကြုံအထိုက်အလျောက် ရလာသည့်အခါတွင် စာကာင်းကို ရွေးတတ်၍ ဖတ်ချင်လာသည်။
အက်တမားတော့ဗ် ဆိုလိုသည့် ဘက်စုံပညာရေး ဆိုသည်မှာ ထိုသဘောပင် ဖြစ်လိမ့်မည် ဟု ကျွန်တော် ထင်ပါသည်။
စာရေး ဆရာအတွက် ဒုတိယလိုအပ်သည့် အရည်အချင်းမှာ ရသပညာအမြင် ဖြစ်ပါသည်။ အင်္ဂလိပ်လို ( Aesthetic Competence) ဟု ဆိုလိုပါသည်။
ရသစာပေကို ဖန်တီးသည့် စာရေး ဆရာသည် ရသပညာအမြင်ထက်သန်ရပါလိမ့်မည် ။ ရသပညာအမြင်ထဲတွင် အရာဝတ္ထု၏ အလှ၊ စကားလုံး၏ အလှ၊ အနက်အဓိပ္ပာယ်၏ အလှ၊ အကြောင်းအရာ၏ အလှ၊ အသံ၏ အလှ၊ အမြင်၏ အလှ ၊ ရနံ၏ အလှ စသည်တို့ အကုန်ပါလိမ့်မည် ဟု ထင်ပါသည်။ ကိုယ်မွေးဖွားကြီးပြင်းလာရာ ပတ်ဝန်းကျင်အလျောက် ကွဲပြားကြပါသည်။ မြန်မာ့လူမျိုးတို့၏ ရသအမြင်နှင့် အခြာလူမျိုးတို့၏ ရသအမြင်သည် အခါခပ်သိမ်း မတူနိုင်ပါ။
ကျွန်တော် ငယ်ငယ်က မြမြမောင်းမောင်းပတ်ပျိုးကို နားထောင်ဖူးပါသည်။ မြမြမောင်းမောင်းပတ်ပျိုးထဲမှ စာသားများ ကို ကြားလိုက်ရလျှင် ရင်ခုန်တတ်ပါသည်။ ` မိန်ရာသီ ခါမှီလသာခေါင်၊ မြလွှာမှော င်တောင်ခိုးမြူ၊ ရွှေဖီဖူးပေါ်တင်တော့မယ်လေ့လေ့၊ မေ့ရက်ကယ်နေနိုင်တယ်´ ဆိုသည့် စာသညးများ ကို တွေ လိုက်လျှင် ကျွန်တော့် ရင်ထဲတွင် တပေါင်းဝေဒနာပေါ်လာတတ်ပါသည်။ ယမုန်နာပတ်ပျိုးကြီးကို ကြားလိုက်လျှင် နဒီကမ်းစပ်၊ တိမ်လှိုင်ူ၊ လှေငယ်၊ ကိုတံငါ၊ ဟင်္သာမောင်နှံတို့ကို မြင်ယောင်ကာ နဒီကို လွမ်းလာပါသည်။ ထိုစကားလုံးများ ၏ အလှတွင် ကျွန်တော် ယစ်မူးမေ့မြော နေမိပါသည်။ ကျွန်တော် လွမ်းသော နဒီသည် ဧရာဝတီ ဖြစ်ပါသည်။ ချင်းတွင်း ဖြစ်ပါသည်။ မစ္စစပီမဟုတ်ပါ။ ဗော်လဂါ မဟုတ်ပါ။ မတ်တွန်းသည် နဒီဘွဲတစ်ခုခုကိုကြားလျှင် မစ္စစပီမြစ်ကြီးကို လွမ်းကောင်းလွမ်းပါလိမ့်မည် ။ ဂေါ်တီသည် လှေထိုးသားတို့၏ ညာသံကိုကြားလျှင် ဗော်လဂါမြစ်ကြီးကို လွမ်းကောင်းလွမ်းပါလိမ့်မည် ။ သို့ရာတွင် ကျွန်တော် သည် မစ္စမပီကိုမလွမ်းပါ။ ဗော်လဂါကိုလည်းမလွမ်းပါ။ ကျွန်တော် လွမ်းသော နဒီမှာ ဧရာဝတီ ဖြစ်ပါသည်။ သူများ တိုင်းပြည်က မြစ်ကို လွမ်းနေသူသည် ကိုယ့်တိုင်းပြည်ကို မချစ်နိုင်ပါ။
ထိုရသအမြင်ရှိပါက ထိုအမြင်ကို ကြည်လင်အောင် လုပ်နိုင်ပါမှ ထိုအမြင်ကို ရှင်သန်အောင် လုပ်နိုင်ပါမှ ကိုယ်ကလည်းရသစာပေကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။ သူများ ကို ရသအမြင်ပေးနိုင်မည် ဖြစ်ပါသည်။
အက်တမားတော့ဗ်ပြောသည့် တတိယအချက်မှာ ဒဿန ဖြစ်ပါသည်။ ( Philosophical Compentence )ဟု သုံး သွားပါသည်။ ဤ အကြောင်းကိုမှု အထူးရေး စရာလိုမည် မထင်ပါ ရသစာပေတစ်ခုသည် ဒဿနမပါလျှင် ဘာမျှအဓိပ္ပာယ် မရှိတော့ပါ။ ဒဿနဆိုသည်မှာ အမြင် ဖြစ်ပါသည်။ ထိုဒဿနသည် မှားကောင်းမှားမည် ။ ဖောက်ပြန်ကောင်း ဖောက်ပြန်မည် ။ မည် သို့ ဖြစ်စေ၊ စာရေး ဆရာ စာတစ်ပုဒ်၊ ၀တ္ထုတစ်ပုဒ်သည် ဒဿနပါရမည် သာ ဖြစ်ပါသည်။အနုပညာဒဿနလား တစ်ခုခုတော့ ပါရမည် သာ ဖြစ်သည်။
ဒဿနမပါသော စာတစ်ပုဒ်ကို ဖတ်နေရခြင်းသည် စိတ်မနှံ့သူ တစ်ယောက် ပြောပြသော ဟကားကို နားထောင်နေရသည်နှင့် တူပါသည်။
( ၁၉၈၀၊ သြဂုတ်လ၊ မိုးဝေ )
ဝါကျင့်နေသော စာရွတ်များ
မနှစ် မိုးကုန်ခါနီး နေရောင် ၀င်းပသည့် နေ့လယ်ခင်းတစ်ခုတွင် ကျွန်တော့် အိမ်သို့ ကိုမြင့်မောင်ရောက်လာသည်။ သူ့လက်ထဲတွင် ကြွက်ကြွတ်အိတ်ဟု ခေါ်ကြသော ပလတ်စတစ်အတု ပါးလွှာအိတ်ကို ကိုင်ထားသည်။
ကျွန်တော် သည် မလာစဖူး ကျွန်တော့် ဆီသို့ ရောက်လာသော ကိုမြင့်မောင်ကိုကြည့်၍ အံ့သြ၀မ်းသာနေသည်။ သူနယ်မှာ ရောက်နေသည်ဟု သဲ့သဲ့တော့ကြားမိသည်။ သို့ရာတွင် ဘာတွေ လုပ်နေသည်ကို ကျွန်တော် ကောင်းကောင်းမသိ။ သူနှင့်အနေဝေးခဲ့သည်မှာ ကြာလှပြီ။
သူနှင့် ကျွန်တော် ကွဲသွားခဲ့သည့် နောက်တွင် ကျွန်တော် တို့ ကိုယ်ရေး ကိုယ်တာဘ၀တွ် ပြောင်းလဲမှု ကြီးတွေ ကို တွေ့ ခဲ့ကြသည်။ ကျွန်တော် တို့နိုင်ငံသည်လည်း ကြီးမားသော ပြောင်းလဲမှု ကြီးများ ၊ အကွေ့များ ကို ဖြတ်သန်းခဲ့ရသည်။ ဂျပန်ခေတ်တစ်လျှောက်လုံး သူနှင့် ကျွန်တော် တို့ နေ့စဉ်တွေ့ ခဲ့ကြသည်။ စာတွေ အတူဖတ်ခဲ့ကြသည်။ ရင်တွေ အတူခုန်ခဲ့ကြသည်။ နောက်တော့ စစ်ကြီးပြီးသွားသည်။ လွတ်လပ်ရေး ရသည်။ ပြည်တွင်းစစ် ဖြစ်သည်။ ထို့နောက် ပြည်တော် သာခေတ်၊ ဖဆပလ ၁၀နှစ် ၁၀မိုးခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ ပထစခေတ်၊ တော် လှန်ရေး ကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် စသည်ဖြင့် နိုင်ငံရေး ခေတ်တွေ အမျိုးမျိုးပြောင်းလဲသွားခဲ့တယ်။
ထိုခေတ်များ အတောအတွင်း သူနှင့် ကျွန်တော် သိပ်မတွေ့  ဖြစ်။ ကျွန်တော် က ရန်ကုန်တွင် ရှိသော်လည်း သူကအရာရှိဘ၀ဖြင့် ဟိုနယ်သည်နယ်ပြောင်းနေသည်။ သူ ရန်ကုန်ပြောင်းလာသည့်အခါတွင် လည်းမဆုံ ဖြစ်ကြ။ သူကသူ့အလုပ်နှင့်သူ။ ကိုယ်ကလည်း ကိုယ့်ကိစ္စနှင့် ကိုယ်။
တစ်ခါတစ်ရံ ယာဉ်တွေ စီးဆင်းနေရာ ဆူးလေ ဘုရားလမ်းမပေါ်မှာ လှစ်ခနဲတွေ့ လိုက်ရသည်။ တစ်ခါတစ်ရံ နီယွန်မီးရောင် ပြာလဲ့လင်းနေသည့် ဗိုလ်ချုပ်ဈေးရုံထဲမှာ ခဏတစ်ဖြုတ် တွေ့ လိုက်ရသည်။ တစ်ခါတစ်ရံ လူရေစီးကြောင်းတွေ စီးဆင်းနေသော လမ်းဘေးပလတ်ဖောင်းပေါ်မှာ တွေ့ လိုက်ရသည်။ ဘာစကားမျှမပြော ဖြစ်လိုက်။ သည်လို နှင့် သူနှင့် ကျွန်တော် ကြားတွင် နှစ် ကာလတွေ နံရံခြားသွားကြသည်။ ဘာလိုလိုနှင့် အနှစ် ၄၀ လောက်ကြာသွားပြီ။
ထိုနေ့ကမှု ကိုမြင်မောင်သည် ကျွန်တော့် အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ပေါက်လာသည်။
“လာသာလာခဲ့ရတယ်၊ တွေ့ မှတွေ့ ပါ့မလားလို့၊ နေထိုင်ကောင်းတယ်မဟုတ်လား”
ကျွန်တော် က သူ့အမေးကို မဖြေနိုင်။ ကျွန်တော် သိလိုသည့် မေးခွန်းတွေ ကို တစ်သီးတစ်တန်းမေးသည်။ ဘယ်မှာ နေလဲ။ ဘာလုပ်နေသလဲ။ အလုပ်ကပင်စင်ယူပြီလား။ သားတွေ သမီးတွေ ကော။
သူက အနှစ် ၄၀အတွင်း ဖြတ်သန်းခဲ့ရသည့် သူ့ဘ၀ကို အတိုချုပ်ပြောပြသည်။ အလုပ်ကပင်စင်ယူပြီးပြီ။ ယခုရန်ကုန်မှ ၃၊ ၄နာရီ သွားရသည့်မြို့ကလေးတွင် နေစည်။ ဇနီးဆုံးသွားပြီ ယခုသား သမီးများ မှာ အိမ်ထောင်ခွဲနေသူနေပြီး အတူနေသူများ လည်းရှိသည်။ လဆန်းတိုင်း ရန်ကုန်သို့လာ၍ ပ်စင်ထုတ်ရသည်။ အချိန်မရသဖြင့် မ၀င် ဖြစ်။ ယခု တစ်ခေါက်တွင် မ အချိန်ယူ၍ လာတွေ့ ခြင်း ဖြစ်ကြောင်း ဖြင့် ရှည်လျားစွာ ပြောပြသည်။
“ခုကော ဘာလုပ်နေသလဲ”
သူသည် ထုံးစံအတိုင်းခြောက်ကပ်စွာ ရယ်သည်။
“ကိုယ်လုပ်တဲ့အလုပ်က ကိုယ်နဲ့ ဘာမှမဆိုင်တဲ့အလုပ်၊ ကြားရရင် မောင်ရင်အံ့သြသွားမယ်”
သူသည် ရန်ကုန်တက္ကသိုလ်မှဘွဲ့ရခဲ့ပြီး အစိုရဌာနတစ်ခုမှ အရာရှိ တစ်ယောက် အ ဖြစ် အငြိမ်းစားယူသွားခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံး သူယခုလုပ်နေသည် သူအစိုးရအရာရှိလုပ်ခဲ့တုန်းက အလုပ်မျိုးနှင့် နီးစပ်သည့်အလုပ်မျိုးတော့ ဖြစ်မည် ဟု ကျွန်တော် ခန့်မှန်းကြည့်သည်။
“စာတို့ဘာတို့ကော ဖတ် ဖြစ်သေးလား”
သူကခေါင်းကို ခပ်သွက်သွက်ယမ်းလိုက်ရင် . . .
“ဘာစာမှ မဖတ် ဖြစ်ပါဘူး၊ မောင်ရင်တို့ စာအုပ်တွေ ကိုတောင် မဖတ် ဖြစ်ဘူး၊ ကလေးတွေ ပြောမှပဲ မောင်ရင်ဘာစာအုပ်တွေ ထွက်တယ်၊ ဘာရေး တယ်ဆိုတာ သိရတော့တယ်၊ သတင်းစာတော့ ဖတ် ဖြစ်ပါရဲ့ ၊ ဒါပေမယ့် ဒါလည်း နာရေး သာရေး ကြော်ငြာလောက်ပဲ အဓိကထားဖတ် ဖြစ်တော့တယ်”
ကျွန်တော် သည် သူ့အတွက် စိတ်မကောင်း ဖြစ်ရမလား၊ ၀မ်းသာရမလားဟု မဝေခွဲနိုင်ဘဲ ဖြစ်နေသည်။
ကဗျာဆရာ `တော် မတ်စ်ဂရေး ´ ၏ `မသိမှု သည် သုခချမ်းသာ´ ဆိုသည့်စာပုဒ်ကို ကျွန်တော် သွား၍ သတိရနေသည်။ မဂ္ဂဇင်းလည်း မဖတ်။ သတင်းစာလည်းမဖတ်။ ဘာကိုမျှမဖတ်။ ကျွန်တော် သည် ဘာကိုမျှမဖတ်ဘဲ နေနိုင်သော သူ့ကိုကြည့်၍ အံ့သြနေသည်။
“ခင်ဗျား စာမဖတ်ဘဲ နေနိုင်ရဲ့ လား”
“နောက်တော့ နေသားကျသွားတာပေါ့ကွာ၊ ဟိုတုန်း ကတော့လည်း တို့တစ်တွေ စာတွေ ကုန်းဖတ်ခဲ့ကြတာ မဟုတ်လား၊ စာဖတ်ရုံနဲ့ အားမရဘူး စာထဲပါတဲ့ အကြောင်းတွေ ကို ဆွေးနွေးကြ၊ ငြင်းကြ ၊ ခုန်ကြ၊ တစ်ခါတစ်လေ တို့တစ်တွေ တစ်ညလုံးထိုင်ပြီး စာကြောင်းပေကြောင်း ပြောနေကြတာတွေ လေ၊ အခုတော့ မဖတ်နိုင်တော့ဘူးကွ၊ ကိုယ်အလုပ်နဲ့ ကိုယ်ဆိုတော့ အလုပ်မှာ ပဲ နစ်မြုတ်သွားတယ်”
“ဒါ ကတော့ ဆင်ခြေပါဗျာ၊ စာဖတ်ချင်တဲ့လူဟာ ဘယ်လောက်အလုပ်များများ ဖတ်တာပါပဲ၊ ဂေါ်တီတို့ ဘယ်နှယ်လုပ်မလဲ၊ သူများ အိမ်မှာ အိမ်စေလုပ်ရတယ်၊ အလုပ်လုပ်ရတယ် ၊ ညသန်းခေါင်သန်းလွဲကျမှ အိပ်ရတယ်၊ အဲ့ဒီတော့ မီးဖိုချောင်က ဖပ်ခိုးလေးပေါ်မှာ ဖယောင်းတိုင်လေးနဲ့ ဖတ်ရတယ်၊ နောက်တော့ ဖယောင်းတိုင်ကုန်လို့ဆိုပြီး အိမ်ရှင်က ညမီးဖိုချောင်ပိတ်ရင် ဖယောင်းတိုင်ကို အတိုင်းအထွာနဲ့ ထားပစ်ခဲ့တယ်၊ မနက်လင်းလို့ ဖယောင်းတိုင်တိုနေရင် အရိုက်ခံရတယ်၊ ဒီတော့ လသာတဲ့ညမှာ ကြေးလင်ပန်းလေးကို ပြောင်အောင်တိုက်၊ အဲ့ဒီကြေးလင်ပန်းမှာ လာထင်တဲ့ လရောင် ပြန်နဲ့ စာဖတ်ရတယ်၊ ဘယ့်နှယ့်လုပ်မလဲ”
သူက ကျွန်တော် ၏ ရှည်လျားသော ရှင်းပြချက်ကို နားထောင်နေသည်။ ထို့နောက်တွင် လွန်စွာ လွယ်ကူရှင်းလင်းသည့် အဖြေကိုပေးသည်။
“ဒါက ဂေါ်ကီးကိုးကွ၊ ငါက ဂေါ်ကီမှမဟုတ်ပဲ”
ကျွန်တော် တို့နှစ် ယောက် သူ့စကားကြောင့် ရယ်လိုက်ကြသည်။
“အဲ့ဒီတုန်းက ဂေါ်ကီငယ်ငယ်လေးရှိသေးတာကွ၊ ငါကအသက် ၆၀ ကျော်နေပြီ ၊ ပြီးတော့ဂေါ်ကီက စာရေး ဆရာလုပ်မယ့်လူ၊ ငါက စာကို အပျော်တမ်းဖတ်တာ၊ နောက်တစ်ချက်က သူကစာနဲ့ ပေနဲ့ နီးစပ်တယ်၊ ငါကဘာစာပေနဲ့ မှ နီးစပ်တာမဟုတ်ဘူး၊ ငယ်ငယ်တုန်းက ဖတ်ခဲ့တာပဲရှိတယ်၊ ကြီးတော့ တိုင်းမ်မဂ္ဂဇင်းနဲ့ နယူဝိတ်ခ်မဂ္ဂဇင်းတွေ က တို့လောက်တော့ ဖတ် ဖြစ်ပါရဲ့ ၊ ဒါပေမယ့် နောက်တော့ အဲ့ဒီမဂ္ဂဇင်းတွေ က တို့လိုလူတွေ ၀ယ်လို့မရဘူး မဟုတ်လား၊ ဒီတော့ မ ဖြစ်တော့ဘူးကွာ အဲ့ဒါတွေ ထက်အဓိက ကျတဲ့အကြောင်း ကတော့ ငါ့အလုပ်က စာအုပ်နဲ့ သိပ်ဝေးတဲ့ အလုပ်ကွ၊ ငါဘာ လုပ်နေသလဲဆိုတာလည်း မင်းမေးဦးလေ”
`ဆိုဘာဦး ဘာလုပ်နေလဲ ´
“မုန့်ဟင်းခါးဖိုထောင်ထားတယ်ကွ၊ ညမှာ ဆန်စိမ်ရတယ် ၊ မနက် ၃နာရီခွဲ ၄နာရီလောက်ထပြီး မုန်းဟင်းခါး ညှစ်ရတယ်၊ မုန့်ဟင်းခါးဆိုင်တွေ ကို မုန့်ဟင်းခါးရောင် ရတာ ဆိုတော့ မနက်အစောကြီးထပြီးလုပ်ရတာ ”
ကျွန်တော် သည် အရာရှိဘ၀မှ အငြိမ်းစားယူပြီး မုန့်ဟင်းခါးညှစ်နေသော သူ့ကိုကြည့်၍ အံအားသင့်နေသည်။
“ အင်းလေ ဟုတ်တာပေါ့၊ မုန့်ဟင်းခါးညှစ်တာနဲ့ စာအုပ်နဲ့ ဘယ်နီးစပ်ပါ့မလဲ”
“ငယ်ငယ်တုန်း ကတော့လည်း တို့တစ်တွေ စာတွေ ဖတ်ခဲ့ကြတာပေါ့ကွာ။ အခုတော့ စာအုပ်နဲ့ မနီးတော့ပါဘူး ၊အခုငါ မင်းဆီလာတာ ကလည်း ငါ့ဆီမှာ ကျန်ရစ်ခဲ့တဲ့ စာအုပ်ကလေးတွေ မင်းကိုလက်ဆောင် လာပေးတာ၊ ငါ့ဆီမှာ ဆိုရင် အလကားပျောက်သွားမှာ မင်းဆီမှာ ဆိုတော့ အသုံးကျနိုင်တာပေါ့ ”
သူက ပါးစပ်ထဲတွင် ခဲထားသည့် မီးငြိမ်းနေသော ဆေးပေါ့လိပ်ကို ပြာခွက်ထဲကိုချလိုက်ပြီး ကြွတ်ကျြွတ်အိတ်ထဲမှ စာအုပ်တွေ ကိုထုတ်သည်။ သူ့စာအုပ်များ မှ ဟောင်းနွမ်းဝါကျင်နေ့လေပြီ။ အဖုံးများ ကိုမှု ပြန်ဖုံး၍ ချုပ်ထားသည်။
“မင်းမှတ်မိဦးမလားမသိဘူး၊ ဂျပန်ခေတ်တုန်းကတို့ ဖတ်ခဲ့တဲ့ စာအုပ်ကလေးတွေ လေ၊ အေးလေ၊ အထူးသဖြင့် မင်းပေါ့၊ အဲတို့တစ်တွေ စာဖတ်ဝါသနာပါတာဟာ စာပေဘက်စိတ်ဝင်စားလာတာဟာ ဒီစာအုပ်တွေ ရဲ့ ကျေးဇူးပေါ့၊ တစ်နေ့က အိမ်ကိုရှင်းတော့ သေတ္တာထဲက ဒီစာအုပ်တွေ ထွက်လာတယ်။ ငါလည်း ဒီစာအုပ်တွေ ကို မေ့သလောက် ဖြစ်နေပါပြီ။ ခုမှတွေ့ လို့ မင်းကိုလက်ဆောင် အ ဖြစ်လာပေးတာ . . .”
သူက စာအုပ်များ ကို စာပွဲပေါ်သို့တင်လိုက်သည်။ ပထမဆုံးကျွန်တော် တွေ လိုက်ရသော စာအုပ်များ မှ `ဂန္တလောက´ မဂ္ဂဇင်းများ ဖြစ်သည်။ ကျွန်တော် သည် ရှားရှားပါးပါး စာအုပ်တွေ ကို တွေ့ လိုက်ရသဖြင့် ၀မ်းသာသွားသည်။ ထိုစာအုပ်များ မှာ ဂျပန်ခေတ်က ကျွန်တော် တို့ တစ်တွေ ဖတ်ခဲ့ကြသော စာအုပ်များ ဖြစ်သည်။
သူ့အဖေမှာ စာအုပ်ဝါသနာပါသူ ဖြစ်ရာ အိမ်တွင် စာအုပ်တော် တော် များများ ရှိသည်။ ထိုခေတ်က ထုတ်ဝေသော ဘားမားဂျာနယ်၊ သူရိယဂျာနယ်၊ ဆယ်သန်းဂျာနယ်၊ စနေနဂါးနီဂျာနယ်၊ ဒီးဒုတ်ဂျာနယ် ၊ မြန်မာ့အလင်းမဂ္ဂဇင်း စသည်တို့အပြင် နဂါးနီတိုက်မှ ထုတ်ဝေသည့်စာအုပ်များ ၀တ္ထုများ လည်းရှိလည်း။
ဂျပန်ခေတ်တုန်းက နေ့လယ်တိုင်လျှင် ကျွန်တော် တို့တစ်တွေ သူ့အိမ်သို့ သွားပြီး စာဖတ်ကြသည်။ ကျွန်တော် တို့တွင် ရှိသမျှစာအုပ်များ ကိုလည်း သူ့အိမ်သို့ပို့ထားပြီး သူ့အိမ်တွင် စာကြည့်တိုက်ကလေးတစ်ခုထောင်ထားခဲ့ကြသည်။
“ဒီပြင်စာအုပ်တွေ မရှိတော့ဘူးကွ ဒါတွေ ပဲကျန်တော့တယ်”
ကျွန်တော် သည် သူပေးသည့်စာအုပ်များ ကို လှန်လှောကြည့်နေသည်။ `ဂန္တလောက´ မဂ္ဂဇင်းတွေ ကို ကျွန်တော် မမြင်ရသည်မှာ ကြာပြီ။ ၁၉၅၃ခုနှစ် တစ်ဝိုက်လောက်တုန်းကကျွန်တော့်  တွင် `ဂန္တလောက ´ မဂ္ဂဇင်းတွေ အုပ်ရေ၁၀၀လောက်ရှိခဲ့ဖူးသည်။ အချို့မှာ လမ်းဘေးမှဝယ်ယူခဲ့ခြင်း ဖြစ်သည်။ စာအုပ်များ ပေါ်တွင် မရင်နု၊ တောင်ပိုင်း၊ ကွမ်းခြံကုန်းမြို့´ ဟုရေး ထားသည်။ ကဗျာဆရာမ ကြီးနုယဉ်၏ စာအုပ်များ ဖြစ်၍ တစ်နေ့တွင် ဆရာမ ကို ပြန်ပေးရန် (သို့မဟုတ်) စာကြည့်တိုက် တစ်ခုခုသို့ ပို့ရန် ၀ယ်ယူခြင်း ဖြစ်သည်။ အချို့မှာ တစ်တွဲ လျှင် စာစောင်အစိတ်၊ သုံးဆယ်ခန့်ကို တစ်တွဲ စီချုပ်ပြီးထားသည့် အုပ်တွဲ ကြီးများ ဖြစ်သည်။ သို့ရာတွင် ကဗျာဆရာ တစ်ယောက် က တောင်းတောင်းပန်ပန်ငှားသွားပြီး ပြန်မရောက်လာတော့။ ထိုကဗျာဆရာကို ယနေ့တိုင်ကျွန်တော် မြင်တွေ နေရသော်လည်း ကျွန်တော် `ဂန္တလောက´ မဂ္ဂဇင်းများ ကိုမှု တစ်ခါမှ ပြန်မမြင်ရတော့။ အစတွင် ကျွန်တော် သူ့ထံတောင်းသေးသည်။ သူကပြန်ပေးပါမည် ဟု ပြောသော်လည်း ရောက်မလာတော့ပါ။ နောက်တော့ ပျောက်သွားသလိုလို၊ ခြစားသွားသလိုလို ပြောစကားနှင့် အတူ ကျွန်တော့် ` ဂန္တလောက´ မဂ္ဂဇင်းများ သည်လည်း အစဆုံးပျောက်ကွယ်သွားခဲ့လေသည်။
ယခုတစ်ကြိမ်မှာ မူ` ဂန္တလောက´ မဂ္ဂဇင်းများ ကို ဒုတိယအကြိမ်ရခြင်း ဖြစ်သည်။
“ဒီစာအုပ်ကလေးတွေ ဟာ မင်းတို့ငါတို့တွေ ငယ်ငယ်ကဖတ်ခဲ့တဲ့ စာအုပ်လေးတွေ ကွ၊ ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ စာအုပ်မဟုတ်ဘူးနော်၊ တို့ကိုယ်တိုင်ချုပ်၊ တို့ကိုယ်တိုင်အင်ဒါလိုင်းတားပြိးဖတ်ခဲ့တဲ့စာအုပ်၊ ဒီမှာ မင်း အင်ဒါလိုင်းလုပ်ထားခဲ့တဲ့ စာပုဒ်တွေ ရဲ့ လား။ ငါကောင်းကောင်းမှတ်မိတာပေါ့၊ စာအုပ်ထဲမှာ အန်ဒါလိုင်းလုပ်လို့ မင်းနဲ့ ငါတောင် စကားများ ကြသေးတယ် မဟုတ်လား၊ ဒါ့ကြောင့် မို့ ငါကောင်းကောင်း မှတ်မိနေတာ . . .”
သူက ` ဂန္တလောက´ မဂ္ဂဇင်းထဲက ဆောင်းပါးတစ်စောင်ကို ထောက်ပြသည်။
“ဒီစာအုပ်ကလေးတွေ ဟာ တစ်ခြားလူတွေ အဖို့တော့ အဖိုးတန်ချင်မှ တန်မယ် ၊ မင်းနဲ့ ငါ့အဖို့တော့ အဖိုးတန်တယ်ကွ၊ အနည်းဆုံးအလွမ်း တန်ဖိုး ( Sentimental Value) ပေါ့ကွာ၊ ငါ့အဖို့က ဒီစာအုပ်ကလေးတိုင်းမှာ အဖေ့ရဲ့ လက်မှတ်ပါနေတယ်၊ ဘညို ( ၇.၅.၃၉)တဲ့ကွ၊ ခုဆိုရင် ၅၃နှစ် ရှိသွားပြီ၊ မင်းအဖို့လည်း ဒီစာအုပ်ကလေးတွေ ဟာ မင်းကိုစာဖတ်ဝါသနာပါလာအောင် မြေတောင်မြှော က်ပးလိုက်တဲ့ သြဇာဓာတ်တွေ ၊ တို့နှစ် ယောက် အဖို့တော့ လွန်ခဲ့တဲ့ နှစ် ပေါင်း၄၀ကျော်က တို့ဖတ်ခဲ့၊ တို့မှတ်ခဲ့၊ တို့ကိုင်ခဲ့တဲ့ စကာအုပ်ကလေးတွေ ၊ တကယ်ဆိုတော့ တို့တစ်တွေ ရဲ့ အတွေးအခေါ် အယူအဆတွေ ကို ဒီစာအုပ်တွေ က စိုက်ပျိုးပေးလိုက် တာတွေ ပဲ မဟုတ်လား ”
လူ တစ်ယောက် ၏ ဘ၀တွင် အတွေးအခေါ်ကို ပုံသွန်းပေးလိုက်သည့်အရာသည် ပတ်ဝန်းကျင်ဘ၀နှင့် သူဖတ်သည့် စာအုပ်များ ဖြစ်ပေသည်။ သိသိသာသာ ဖြစ်စေ၊ မသိမသာ ဖြစ်စေ ဘ၀နှင့် စာအုပ်သည် လူ တစ်ယောက် ၏ အတွေးအခေါ်ကို ပြဋ္ဌာန်းပေးပေသည်။ ဟောင်းနွမ်း ၀ါကျင့်နေပြီ ဖြစ်သော ` ဂန္တလောက´ မဂ္ဂဇင်း စာအုပ်များ ကို လှန်လှောရင်းး ကျွန်တော့် စိတ်သည် အတိတ်သို့ လွင့်ပါးနေသည်။
( ၁၉၉၃၊ နိုဝင်ဘာ၊ ချယ်ရီ )
ကျွန်တော် သည် ၁၉၃၉ ခုနှစ် က ထုတ်ဝေခဲ့၍ ၁၉၄၃ ခုနှစ် တွင် ကျွန်တော် ဖတ်ခဲ့ရပြီး ကျွန်တော် လက်ထဲသို့ နောက်တစ်ကြိမ် ပြန်ရောက်လာသော ဂန္တလောက မဂ္ဂဇင်း ကလေးကို တယုတယကိုင်ရင်း စာရွတ်များ ကို အသာလှန်လှောနေသည်။ မဂ္ဂဇင်းစာအုပ်မှာ စစ် ဖြစ်ခါနီး ထုတ်ဝေသည့် ရှစ်ချိုးမဂ္ဂဇင်းဆိုက်အရွယ် မဟုတ်။ ရှည်မျောမျော ဒီမိုင်းဆိုက် ကလေး ဖြစ်သည်။
စာမျက်နှာကလည်း နည်းနည်း ကလေး။ ငါးဆယ်ခန့်သာ ရှိသည်။ အင်္ဂလိပ်၊ မြန်မာ နှစ် ဘာသာနှင့် ဖြစ်ပြီး တစ်ဝက်က အင်္ဂလိပ်စာဏ္ဍ ဖြစ်ပြီး၊ နောက်တစ်ဝက်မှာ မြန်မာစာဏ္ဍ ဖြစ်သည်။ အယ်ဒီတာအမည် ကို မတွေ့ ရသော်လည်း ပန်းတနော်ဦးခန့် ဖြစ်လိမ့်မည် ဟု ထင်ရသည်။ အင်္ဂလိပ်စာကဏ္ဍတွင် ကျေးလက်တော့ရွာသက်ကြီးပညာ သင်ကြားရေး ၊ ဖီးဘတ်စ် ကလောင်အမည် ခံသူ၏ မြန်မာလူမျိုးနှင့် ကဗျာ၊ ဒေါက်တာရာဒါကရှစ်နန်၏ အိန္ဒိယအမျိုးသားနှင့်တက္ကသိုလ်၏ အခန်းဏ္ဍ၊ ပန်းတနော်ဦးသန့်၏ မြန်မာဝတ္ထုရှည် စသည့်ဆောင်းပါးများ ပါ ၀င်သည်။ မြန်မာစာ ကဏ္ဍတွင် သိပ္ပံမောင်ဝ၏ ရွေးကောက်ပွဲ၊ တင်မောင်မြင့် ( သိပ္ပံမောင်ဝ) ၏ ငါ၊ သိပ္ပ ( သိပ္ပံ မောင်ဝ ဖြစ်မည် ဟု ယူဆရသည်) ၏ ခင်ပျို့မောင်နှင့် ဇော်ဂျီ၏ တိမ်မိလ္လာကဗျာတို့ကိုတွေ့ ရသည်။
(နောင်တွင် ပြန်လည်ထုတ်ဝေသော ကဗျာပေါင်းချုပ်သစ်၌ ထိုကဗျိာု တိမ်လွှာဟု အမည် ပြောင်းထားပြီး နောက်ဆုံးအပိုဒ်ကို အသစ်ပြန်လည် ရေး ထားသည်ကို တွေ့ ရသည်။ )
ယခုပြန်ဖတ်လိုက်သည့်အခါ၌ ၁၉၃၃ ခု၊ နိုဝင်ဘာလထုတ်၊ ဂန္တလောကမဂ္ဂဇင်း၊ ကျွှန်ုပ်တို့၏ ကဗျာစု ဆိုသည့်ကဏ္ဍတွင် ဇော်ဂျီ၏ ကဗျာတစ်ပုဒ်ကို သွားတွေ့ ရသည်။ ထိုကဗျာကို ကျွန်တော် ယခုသတိထား၍ ဖတ်ကြည့်သည့်အခါ ဇော်ဂျီ၏ ကဗျာပေါင်းချုပ်များ တွင် မပါဘဲ ကျန်ရစ်ခဲ့သည့် ကဗျာတစ်ပုဒ် ဖြစ်နေသည်ကို တွေ့ ရသည်။ ဇော်ဂျီသည် ထိုကဗျာကို မေ့လျော့သွားသည်လား။ သို့ မဟုတ် ရှာမတွေ့ ၍ လားတော့ မပြောတတ်ပါ။ ထိုကဗျာမှာ ` မျက်လုံးနီလာ ´ဆိုသည့် ကဗျာ ဖြစ်ပါသည်။ သူ့ကဗျာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ငဲ့လို့ ပြုံးပါအုံ့
မျက်လုံးနီလာပျော်ရဲ့
ကေသာတော် နွဲ့နွဲ့နွမ်ငဲ့ပြင်
ကြွက်ဝမ်းပူ ဖြူုဖြူဖွေးလိုပ
ခြေကလေး အသာလှဲ့ပြန်တော့
ဝင်းလဲ့လဲ့မြင်လိုက်သည်။
ယခင်ညဆီက
မြင်ရမည် အမျှော်ကြီးရယ်နှင့်
ဆီမီးတိုင် ရှေ့မှာ ထွန်းကာပ
လွမ်းစရာဘယ်မသိသော်လဲ
လွမ်းမိသည် ဟန်မလှလေဘု
နွမ်းလျခဲ့ပြီ။
ပြောရဦးမယ်နော်
မျက်လုံးအပြာလျှံငဲ့
ခါတရံ ဇော်တဖေ့မှာ လ
ကြုံတွေ့ သည် ဖလံကောင်တို့
အလျှံပြောင် မီးဝါတောက်မှာ ဖြင့်
လာရောက်ကာ ပျော်လို့ပါးရာက
အားနွဲ့ကာ အ၀ါသက်ရှာကြ
မီးကျက်၍ အသံမြည်
ဆီရည်က ကျဆင်း။
ငဲ့လို့ ပြုံးပါအုံ့
မျက်လုံးနီလာပျော်ငဲ့
သည်ခါသော် သည်ဆီမီးကိုဖြင့်
အပြီးတိုင် အမြန်သတ်ခါပ
ဖြူလှပ်သည် ခြေကလေးဆီသို့
ဖွေးရာမှ ပြေးကာလိုက်တော့မယ်
မဲမိုက်မှော င်တွင်း။ ။
( မူရင်းသတ်ပုံအတိုင်း )
ကျွန်တော် သည် အထက်ပါကဗျာကို ဇော်ဂျီ၏ ကဗျာပေါင်းချုပ်သစ်တွင် လိုက်ရှာသော်လည်း မတွေ့ ပါ။ ယခုတစ်ခေါက် ဂန္တလောက မဂ္ဂဇင်းများ ကို ပြန်ဖတ်သည်အခါတွင် မှ အသစ်ပြန်၍ တွေ့ ခြင်း ဖြစ်ပါသည်။
ထိုဂန္ထလောက မဂ္ဂဇင်းထဲတွင် နောက်ထပ် စိတ်ဝင်စားဖွယ်ကောင်းသည့် ဆောင်းပါးတစ်ပိုးဒ်မှာ အင်္ဂလိပ်ဘာသာဖြင့် ရေး ထားသည့် ပန်းတနော် အမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသန့်၏ ဆောင်းပါး ဖြစ်ပါသည်။ ဦးသန့်၏ ဆောင်းပါးမှာ `မြန်မာဝတ္ထုရှည် ဝေဖန်ရေး ကောင်းလိုအပ်နေပြီ ´ ဆိုသည့်ဆောင်ပါး ဖြစ်သည်။ ဦးသန့်၏ ဆောင်းပါးသည် မြန်မာဝတ္ထုရှည်ဝေဖန်ရေး နှင့် ပတ်သက်၍ အစောဆုံးပေါ်ခဲ့သော ဆောင်းပါးတစ်စောင် ဖြစ်မည် ဟု ကျွန်တော် ထင်ပါသည်။ ဦးသန့်၏ ဆောင်းပါးကို ဖတ်ကြည့်ပါ။
ဤဆောင်းပါးသည် မြန်မာဝတ္ထုရှည်၏ သမိုင်းကို အကြမ်းဖျင်း ခြေရာကောက်သည့်ဆောင်းပါး ဟုပင်ခေါ်နိုင်မည် မဟုတ်ပါ။ မြန်မာဝတ္ထုရှည်သည် ယခုမှ ပေါ်ထွန်းစသာ ရှိပါသေးသည်။ လွန်ခဲ့သည့် ဆယ်ခုနှစ် ပေါင်း နှစ် ခုအတွင်း၌ မြန်မာစာပေလောကသည် တော် လှန်ပြောင်းလဲမှု ကြီးတစ်ခုကို ဖြတ်သန်းခဲ့ပါသည်။ စာပေရေး သားခြင်းအတက်တွင် ဟောင်းနွမ်း၍ ခွန်အားနည်းသော အစဉ်အလာကို ဆန့်ကျင်တော် လှန်သည့်သဘောသည် ယနေ့ခေတ် မြန်မာစာရေး ဆရာတို့၏ အရေး အသားထဲတွင် ထင်ရှားစွာ မြင်နေရပါသည်။ ၀တ္ထုနယ်ပယ်တွင် ပီမိုးနင်းသည် သူ၏ အဆင့်အတန်းမြင့်သည် ၀တ္ထုများ ဖြင့် ဦးဆောင်လမ်းပြခဲ့ပါသည်။ သူ၏ အကြီးကျယ်ဆုံးသော ၀တ္ထုရှ ည်ကြီး နှစ် ပုဒ် ဖြစ်သည့် နေရီရီနှင့် သဲမြညှာ ၀တ္ထုတို့တွင် အချစ်အကြောင်းကို ရေး ထားသော်လည်း ( အချစ်ကြောင်း မရေး သော မြန်မာဝတ္ထုဟူ၍ လည်း အဘယ်မှာ လျှင် ရှိပါသနည်း ) ထိုဝတ္ထုနှစ် ပုဒ်စလုံးမှာ ပင် ပီမိုးနင်းသည် သူခါတိုင်းရေး နေကျ ထုံးစံအတိုင်း အချစ်ကို နူးညံ့သိမ်မွေ့သော လှပတင့်တယ်မှု ၊ သင်းပျံမှု တို့ဖြင့် ထုံ့မွှမ်းသော လှပတင့်တယ်မှု ၊ သင်းပျံ့မှု့ တို့ဖြင့် ထုံမွှမ်းထားပါသည်။ ပီမိုးနင်းသည်သူခါတိုင်းရေး နေကျ ထုံးတမ်း အစဉ်အလာဟောင်းများ ကို စတင်ဖီဆန်ခဲ့သူ ဖြစ်ပါသည်။ နေရီရီကို ပုံနှိပ်ထုတ်ဝေပြီးချိန်မှစ၍ နောင်တွင် လူငယ်ဝတ္ထုစာရေး ဆရာအများ အပြားပေါ်ပေါက်လာခဲ့သည်တွင် အချို့မှာ လွန်စွာ အဆင့်အတန်းမြင့်သည့် ၀တ္ထုတိုများ ကိ ရေး နိုင်လာခဲ့ကြပါသည်။ ယင်းတို့ အနက်ရွှေဥဒေါင်း ၊ ဇေယျနှင့် မဟာဆွေတို့မှာ အထူးဦးစားပေး ဖော်ပြရမည့် သူများ ဖြစ်ပါသည်။ ထိုဝတ္ထုရေး ဆရာများ ၊ အထူးသဖြင့် ပထမ၀တ္ထုရေး ဆရာနှစ် ဦးတို့ လူကြိုက်အလွန်များ လာသည့် အတွက် ၎င်းတို့လောက်အဆင့်မရှိသည့် လူငယ်စာရေး ဆရာများ အား ထိုသို့ဝတ္ထုကောင်းများ ကို ရေး နိုင်ရန် ကြိုးစားဖို့ အားပေးနှိုးဆော်သကဲ့သို့ ဖြစ်လာပါသည်။ သူတို့ ၏ ရေး ဟန်ကို အတုခိုးရန် ကြိုးစားလာခဲ့ကြပါသည်။ သူတို့၏ အရေး ဟန်သည် စံ ဖြစ်လာကာ ပုံစံကျသဲ့သို့ ဖြစ် သွားပါသည်။ ထိုအခါမျိုးတွင် စာပေလောကတွင် ဖြစ်တတ်သည့်အတိုင်း စက်ယန္တယားဆန်ဆန်ငြီးငွေ့ဖွယ်ကောင်းသော ထပ်တလဲလဲ ဖြစ်မှု များ ပေါ်ပေါက်လာခဲ့ပါသည်။
သို့ရာတွင် ယခုအချိန်၌ ကျွန်တော် တို့တွင် အတော် အတန် အရည်အချင်းရှိသည့် စာရေး ဆရာများ အများ အပြား ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါသည်။ သူတို့သည် အင်္ဂလိပ်ဝတ္ထုများ ကို ဘာသာပြန်ဆိုခြင်း၊ မှီငြမ်းပြူခြင်း စသည်တို့ကို ပြူလုပ်ခဲ့ကြရာ အတော် အတန်အောင်မြင်မှု ကိုလည်း ရရှိခဲ့ကြပြီ ဖြစ်ပါသည်။ မြန်မာစာပေ၏ ဖြစ်ပေါ်တိုးတက်မှု တွင် ရာဇ၀င် (သမိုင်း) ၀တ္ထုတို့ပေါ်ပေါက်လာရခြင်းမှာ လည်း အဆင့်သစ်တစ်ခုဟု ဆိုသင့်ပါသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် ကာလအတန်ကြာကပင်လျှင် ရာဇ၀င်ဝတ္ထုများ ကို ရေး သားကာ လမ်းသစ်ကို ခေါင်းဆောင်ခဲ့ပါသည်။ သို့ရာတွင် တစ်ခါတစ်ရံ၌ သူ့ဝတ္ထုများ မှာ ရှာလျားပြီး အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းနေပါသည်။ ခံ့ညားမှု အရာတွင် လည်းကောင်း၊ ၊ ရေး ဟန်ကြွယ်ဝသည့်နေရာတွင် လည်းကောင်း၊ ဦးမောင်ကြီးကို မည် သူမျှ့မမှီနိုင်သေးပါ။ သို့ရာတွင် ၀တ္ထုရေး ဆရာတစ်ဥိးအနေနှင့် ကား ဦးမောင်ကြီးသည် လုံးဝအောင်မြင်သူ တစ်ဦးမဟုတ်ပါ။ နှောင်းလူတို့သည် သူ့ကို စာပေပညာရှင်တစ်ဦး အနေဖြင့် သတိရကောင်းရမည် ဖြစ်သည်တိုင် ၀တ္ထုရေး ဆရာတစ်ဦးအနေနှင့် တော့ သတိရကြမည် မဟုတ်ပါ။ နှောင်ပေါ်လာသည့် ဦးသိန်းမောင်မှာ မှု ရဲမြန်မာ ၀တ္ထုကြောင့် ရာဇ၀င်စာရေး ဆရာတစ်ဦးအနေဖြင့် ထင်ရှားစွာ အောင်မြင်လာခဲ့ပါသည်။ ဦးသိန်းမောင်သည် ၀တ္ထုနောက်ခံကို ကောင်းစွာ ဖွဲစည့်းတည်ဆောက်ထားပြီး သုတေသနလုပ်ထားကြောင်းကို စာမျက်နှာတိုင်းတွင် ပေါ်လွင်နေပါသည်။
သို့ရာတွင် နောင်ပေါ်လာသည့် ၀တ္ထုရေး ဆရာသစ်များ ကို ကြည့်လိုက်သည့်အခါတွင် မှု များ စွာ စိတ်ပျက်ခြင်း ဖြစ်ရပါသည်။ ၎င်းတို့သည် ၀တ္ထုရေး ခြင်းအတက်ပညာကို ကကြီး ခကွေးလောက်ကိုပင် နားလည်ကြပုံ မရပါ။ ခေတ်ပြိုင်ဝတ္ထုများ ထဲတွင် ခေတ်ပြိုင်လူ့ အထွဲအစည်း၏ အခြေအနေသည် ထင်ဟပ်နေရမည် ဖြစ်ပါသည်။ သို့ရာတွင် အချို့သော ခြွင်းချက်များ မှအပ ခေတ်ပေါ် မြန်မာဝတ္ထုသည် ထိုလုပ်ငန်းကို မလုပ်နိုင်ဘဲ ဖြစ်နေပါသည်။ ခေတ်ပြိုင် လူမှု ဘ၀ကို သစ္စာရှိစွာ ဖေါ်ပြထင်ဟပ်သည့် အချက်ဆို၍ မြန်မာဝတ္ထုများ ထဲတွင့်  ရှာ၍ မတွေ့ ဘဲ ဖြစ်နေပါသည်။ မြန်မာဝတ္ထုရေး ဆရာတို့သည် မိမိတို့၏ ခွန်အားကို အတုခိုးခြင်းကိစ္စတွင် သာ အစွမ်းကုန်အသုံးချနေကြပါသည်။ ထိုသို့အတုခိုးခြင်းကိစ္စတွင် သာ အစွမ်းကုန် အသုံးချနေကြပါသည်။ ထိုသို့အတုခိုးထားသော စာပေများ ၊ ၀တ္ထုများ မှာ လည်း အလွန်အဆင့်အတန်း နိမ့်နေပါသည်။ သို့ ဖြစ်လျှင် ထို့ငသို့သော အညံ့စားစာပေများ သည် အဘယ်ကြောင့် ထိုမျှ အုံလိုက်ကျင်းလိုက် များ ပြားနေရပါသနည်း ။ ထင်ရှားသော အကြောင်းအရာတစ်ရပ်မှာ မှန်ကန်၍ ဘက်မလိုက်သော ဝေဖန်ရေး မရှိသော ကြောင့် ဖြစ်ပါသည်။ ယခုအချိန်၌ ဝေဖန်ရေး စွမ်းအားသည် အလွန်နည်းနေပြီးစာပေအနုပညာ တိုးတက်မှု ကို အကျိုး ဖြစ်မည့်  လမ်းကြောင်းမှ သွေးဖယ်နေသော ကြောင့် ဖြစ်ပါသည်။ မြန်မာဝတ္ထုတိုးတတ်ရေး တွင် မြန်မာ့သတင်းစာနှင့် ဂျာနယ်များ သည်များ စွာ အထောက်အပံ့ပေးနိုင်ပါသည်။ စာနယ်ဇင်းတို့သည် အရည်အချင်းရှိသော ဝေဖန်ရေး ဆရာတို့ကို ရှာဖွေသင့်ပါသည်။ စာရေး ဆရာ အဟောင်းအသစ်တို့ ရေး သားထုတ်ဝေကြသော ၀တ္ထုသစ်များ ကို ဘက်လိုက်ခြင်းမရှိဘဲ ဝေထန်သင့်ပါသည်။ ယခုလောလောဆယ် လိုအပ်နေသော အရာမှာ စာနယ်ဇင်းများ ၏ ပုဂ္ဂိုလ်စွဲ မပါသော ဝေဖန်ရေး ဖြစ်ပါသည်။
ပန်းတနော်ဦးသန်၏ မြန်မာဝတ္ထုရှည်ဝေဖန်ရေး နှင့် ပတ်သက်သည့်ဆောင်းပါးမှာ ဤမျှသာ ဖြစ်ပါသည်။ သို့ ရာတွင် ဦးသန့်၏ ဆောင်းပါးသည် အတော် အတန်ပြည့်စုံသည့် ဆောင်းပါးတစ်စောင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဦးသန့်က မြန်မာဝတ္ထုရှည်၏ အစသည် ပီမိုးနင်း၏ နေရီရီနှင့် သဲမြညှာ ဖြစ်သည်ဟု မှတ်တိုင်စိုက်၍ ကမ္ဗည်းထိုးလိုက်ပါသည်။ ဤအချက်တွင် သဘောကွဲနိုင်သော်လည်း ပီမိုးနင်းသည် မြန်မာဝတ္ထုရှည်ကို လမ်းသစ်ထွင်ခဲ့သူ ဆိုသည်အချက်မှာ မှု အငြင်းပွားဖွယ်မရှိဟု ထင်ပါသည်။ ဦးသန့်က ပီမိုးနင်း၏ နေရီရီပြီးသည့်နောက်တွင် ပေါ်ထွက်လာသည့် မြန်မာ့ဝတ္ထုရှည်ဆရာသုံးဦးကို ညွှန်းပါသည်။ ယင်းတိုမှာ ရွှေဥဒေါင်း၊ ဇေယျနှင့် မဟာမိတ်ဆွေတို့ ဖြစ်ပြီး အထူးသဖြင့် ရွှေဥဒေါင်းနှင့် ဇေယျတို့ကို ညွှန်းပါသည်။ နှောင်းခေတ် စာရေး ဆရာတို့သည် ရွှေဥဒေါင်းနှင့် ဇေယျတို့၏ ၀တ္ထုမျိုးတို့ကို ရေး သားလာကြသည်ဟု ယူဆပါသည်။ လယ်တီ ပဏ္ဍိတဦးမောင်ကြီးသည် ရာဇ၀င်ဝတ္ထုများ စွာ ကို ရေး ခဲ့သည့်တိုင် ဦးမောင်ကြီး၏ ရာဇ၀င်ဝတ္ထုများ သည် ရှည်လျားပြီး ငြီးငွေ့ဖွယ်ကောင်းသည်ဟု ဝေဖန်ပါသည်။ ဥိးမောင်ကြီးသည် စာပေပညာရှင် တစ်ဦး ဖြစ်သည့်တိုင် ၀တ္ထုရေး ဆရာတစ်ဦးအနေဖြင့် အောင်မြင်ခြင်းမရှိဟု ဦးသန့်ကဆိုခဲ့ပါသည်။ ရာဇ၀င်ဝတ္ထုရေှးဆရာ အ ဖြစ်ဦးမောင်ကြီးထက် ဦးသိန်းမောင်ကပို၍ အောင်မြင်သည်ဟု ဦးသန့်ယူဆပါသည်။
ဦးသန့်သည် သူတို့နောက်တွင် ပေါ်လာသည့် `၀တ္ထုရေး ဆရာအသစ်များ ´ဆိုသည်ကို များ စွာ စိတ်ပျက်မိကြောင်း၊ ယင်းတို့မှာ ၀တ္ထုရေး သားခြင်း အတက်ပညာကကြီး၊ ခကွေးကိုပင် နားမလည်ကြကြောင်း ဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်ရေး သားပါသည်။ ဦးသန့်သည်ထိုခေတ် (၁၉၃၃ ခုနှစ် တစ်ဝိုက်) ပေါ်ပေါက်ခဲ့သော အများ ကြိုက်ဝတ္ထုရေး ဆရာများ ကို တော် တော် ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါသည်။ ၀တ္ထုသည် ခေတ်ပြိုင်လူမှု ဘ၀ကို ထင်ဟပ်ပြရမည် ဟု စောစီးစွာ ကတည်းက မြင်ခဲ့ကြောင်းကို တွေ့ နိုင်ပါသည်။ ယင်းတို့အညံ့စား စာပေများ တွင် ကျယ်နေကြခြင်းကို ဖြောင့်မတ်၍ ဘက်မလိုက်သော ဝေဖန်ရေး ဆရာများ ကို ဖိတ်ခေါ်ကာ စာပေဝေဖန်ရေး ကို လုပ်သင့်ကြောင်းဖြင့် ဆော်သြခဲ့ပါသည်။
ကျွန်တော် သည် ထိုဂန္ထလောကမဂ္ဂဇင်းကို ၁၉၄၃ ခုနှစ် က ဖတ်ခဲ့ရသော်လည်း ထိုစဉ်က အင်္ဂလိပ်စာကို ကောင်းစွာ မဖတ်တတ်သေ်းသဖြင့် ဦးသန့်ဆောင်းပါးကို မဖတ် ဖြစ်ခဲ့ပါ။
၁၉၃၃ခုနှစ် က ရေး ခဲ့၍ ၁၉၄၃ခုနှစ် တွင် ကျွန်တော့် လက်ထဲသို့ရောက်လာခဲ့သည့် ဂန္တလောက ကို ၁၉၉၃ ခုနှစ် တွင် ကျွန်တော် ပြန်ဖတ်သည့်အခါ၌ ဦးသန့်၏ ဆောင်းပါးကို ပထမဆုံးအကြိမ် ဖတ်ရခြင်း ဖြစ်ပါသည်။
လွန်ခဲ့သည့် အနှစ် ခြောက်ဆယ်က ရေး ခဲ့သည့် ဆောင်းပါး ဖြစ်သည့်တိုင် ဥိးသန့်၏ ဆောင်းပါးသည် ခေတ်မီနေသေးသည် ကို တွေ့ ရပါသည်။
(၁၉၉၄၊ ဂျူလိုင်၊ သရဖူ )
ရှားလော့ဟုမ်း၏ မှတ်တမ်းများ | ပီကာဆို၏ ပဉ္စလက်မီးအိမ်[လက်ရွေးစင် စာတမ်းများ] | လွမ်းမောခဲ့ရသော တက္ကသိုလ်ညများ |