Cover

၁၉၈၈

(၁)

ကျွန်တော် သည် ရန်ကုန်မြို့တော် ကြီးတွင် ဖြစ်ပျက်သွားခဲ့သော အရေး အခင်းများ ကို ကျောင်းသားဘ၀မှာ ပင် မျက်မြင်ကိုယ်တွေ့  ရှိနေတတ်သူ ဖြစ်သည်။ ၁၉၆၁ ခုနှစ် တွင် မြန်မာနိုင်ငံသို့ ရောက်လာသော နိုင်ဂျီးရီးယာလူမျိုး အာဂျလာသည် မြို့တော် ခန်းမရှေ့၌ တစ်ကိုယ်တော် ဆန္ဒပြခဲ့သော အ ဖြစ်အပျက်မှအစ ကျောင်းသားသမဂ္ဂများ (အထူးသဖြင့် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ)၊ ပါတီ နိုင်ငံရေး အဖွဲ့အစည်းများ ၊ အခြားအလုပ်သမား သမဂ္ဂများ ၏ ဆန္ဒပြပွဲများ အဆုံး တွေ့ မြင်ကြည့်ရှုခဲ့ရပါသည်။

ထိုစဉ်က သန့်ရှင်းဖဆပလ အစိုးရသည် အသည်းကြားမှ မဲတစ်ပြားဖြင့် တစ်နိုင်ငံလုံး အနိုင်ရကာ ၀န်ကြီးချုပ်ဦးနု တက်ရောက်အုပ်ချုပ်နေပါသည်။ ကျွန်တော် သည် အဖေ အလုပ်လုပ်နေသော မြူနီစီပယ် (ယခု စည်ပင်သာယာ)ရုံး၊ ရာဖြတ်ဌာနသို့ နေ့လယ် ၁၂ နာရီ ကျောင်းလွှတ်လျှင် အရောက်သွားရသည်။ ကျောင်းစာတွေ လုပ်ရသည်။ ပြီးလျှင် နေ့လယ်စာစားရန် ရုံးခန်းမှ ထွက်လာလျှင် ကျွန်တော် ပါပါသည်။ ထိုအခါ မြို့တော် ခန်းမရှေ့၊ ဒါမှမဟုတ် ဗန္ဓုလပန်းခြံထဲတွင် ဆန္ဒပြပွဲများ ရှိလျှင် အဖေက ကျွန်တော့် ကိုပြသည်။ အဲဒါ… ဘာ၊ အဲဒါ… ဘယ်သူတွေ စသဖြင့် ပြောပါသည်။ ဤသို့ဖြင့် ပါလီမန်ဒီမိုကရေစီ အစိုးရခေတ်၏ လူထုလူတန်းစား လှုပ်ရှားမှု များ ကို မျက်မြင်ကိုယ်တွေ ကြုံတွေ့ နေခြင်း ဖြစ်သည်။

ထို့နောက် မဆလခေတ်သို့ ရောက်လာသော အခါ တော် လှန်ရေး ကော်စီ ဒါမှမဟုတ် ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်သော စစ်အစိုးရသည် ပွဲဦးထွက် တစ်ပါတီအာဏာရှင် လက်ချက်အ ဖြစ် ဇူလိုင်လ ၇ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားကျောင်းသူများ ဆန္ဒပြပွဲကို ဂျီသရီးသေနတ်များ ဖြင့် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းရင်း မနက်မိုးမလင်းမီ တကသ အဆောက်အအုံကို ဒိုင်းနမိုင်းများ ဖြင့် ခွဲကာ ဖြိုဖျက်ပစ်လိုက်ပါသည်။ အာဏာသိမ်းပြီး လေးလပဲကြာသေးသည်။ ဇူလိုင် ၇ ရက် အရေး အခင်းကြီးသည် မြန်မာပြည်နိုင်ငံရေး သမိုင်းတွင် သွေးစွန်းသော လူသတ်ပွဲ ဖြစ်ပွားခဲ့သည်။ နောက်ရက်အတော် ကြာမှ အဖေနှင့် မနက် လမ်းလျှောက်ထွက်လာပြီး တကသ အဆောက်အအုံ (ဟောင်း) ၏ အုတ်ကျိုးပျက်များ ဆီ ရောက်လာသည်။ ခပ်လှမ်းလှမ်း လမ်းမတစ်ဖက်မှနေ၍ အဖေက အစ်မနှင့် ကျွန်တော့် ကို လက်ညှိုးထိုးပြသည်။ ဒါ မိုင်းခွဲလိုက်သည့်နေရာဆိုပြီး ပြောသေးသည်။ ကျွန်တော် တို့မောင်နှမသည် အဖေပြသည်ကိုကြည့်ရင်း ခေါင်းပဲညိတ်ကြသည်။ ဘာပါလိမ့်ဆိုပြီး ဖြစ်နေသည်။ ပြီးတော့မှ အကျိုးအကြောင်းတွေ ပြောပြပါသည်။ (ထိုစဉ်က ကျွန်တော် တို့သားအဖတစ်တွေ သည် ကျွန်းတောရပ်ကွက်၊ ဟင်္သာတလမ်းတွင် နေပါသည်။)

ကျွန်တော် သည် အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀တစ်လျှောက်လုံး မတ် ၂ ရက်နေ့မှစပြီး ဗိုလ်ချုပ်နေ၀င်း၏ တော် လှန်ရေး ကောင်စီ အစိုးရခေတ်ထဲတွင် ကြီးပြင်း အရွယ်ရောက်လာသူ ဖြစ်သည်။ မတ်လ ၂ ရက်၊ နောက် ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆန္ဒပြပွဲ၊ ၁၉၆၄ ခုနှစ် ပြည်သူပိုင် သိမ်းပွဲကြီး (ထိုစဉ်က ကျွန်တော် တို့မိသားစုသည် ကျောင်းပိတ်ရက် အညာဘုရားဖူး တက်လာရာ မိတ္ထီလာတွင် စခန်းထောက်နေခိုက် ပြည်သူပိုင်သိမ်းပွဲကြီးနှင့် တွေ့ ကြုံရပါသည်။) ထို့ပြင် ငွေစက္ကူ (ရာတန်)တွေ သိမ်းခြင်းကြောင့် အဖေသည် မိတ္ထီလာမြို့မှ ရန်ကုန်ဆင်းကာ ငွေစက္ကူ (ရာတန်)များ ပြေးအပ်ရသေးသည်။ ၁၉၆၇ ခုနှစ် ဆန်ပြဿနာတွေ ဖြစ်လာပြီး တရုတ်-ဗမာအရေး အခင်း ဖြစ်လာပြန်သည်။ ကျွန်တော် က ခရေပင်လမ်းမှာ ရှိနေသည်။ တရုတ်နီသံရုံးနှင့် နီးနေရာ ပထမ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ချီတက်လာကာ သံရုံးအား ဆန္ဒပြကြောင်း၊ နောက် အရပ်သားများ ပါလာကြောင်း၊ ထိုမြင်ကွင်းကိုလည်း အစ်မတွေ က ပြောသည်။ ကျွန်တော် က ဗိုလ်အောင်ကျော်လမ်းမှ အနော်ရထာလမ်းတစ်လျှောက် လူအုပ်ကြီးနှင့်လိုက်ပါရင်း တရုတ်တန်းဖြတ်၊ လမ်းမတော် ရောက်၊ နောက် ကိုင်းတန်းလမ်းမှာ အိမ်အရောက် ပြန်ခဲ့ရသေးသည်။

ပထမဦးဆုံး တွေ့ ကြုံလိုက်ရသော ဆန်ပြဿနာတစ် ဖြစ်လဲ လူမျိုးရေး အဓိကရုဏ်းပင် ဖြစ်သည်။

(၂)

၁၉၆၉ ခုနှစ် ကျတော့ အရှေ့တောင်အာရှကျွန်းဆွယ် အရေး အခင်း၊ ၁၉၇၄ ခုနှစ် ဇွန်လကျတော့လည်း အလုပ်သမားသပိတ် (မြန်မာ့နိုင်ငံရေး သမိုင်းတွင် စစ်အာဏာရှင်၏ အရက်စက်ဆုံး နှိမ်နှင်းသတ်ဖြတ်ခဲ့မှု ဖြစ်သည်။ ဆင်မလိုက် သင်္ဘောကျင်း အလုပ်သမားများ ကို မိုးမလင်းမီ ပစ်သတ်လိုက်ခြင်းပင်)၊ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလတွင် မူ ဦးသန့်ဈာပနအရေး အခင်း (မဆလခေတ် ၁၂ နှစ် အကြာတွင် ပြည်သူလူထု အများ စု၏ ဦးသန့်အုတ်ဂူ ဖြစ်မြောက်ရေး လှုပ်ရှားမှု သည် တက္ကသိုလ်ပရ၀ုဏ်အတွင်း ရဟန်း၊ သံဃာ၊ ကျောင်းသားကျောင်းသူ၊ အရပ်သား အများ ဆုံး စုရုံးမိသော အရေး အခင်း) ကြီး ဖြစ်သည်။ အဓိပတိလမ်းအ၀င် မန္တလေးဆောင်ရှေ့ မဏ္ဍာပ်ဆီမှ တက္ကသိုလ်ကျောင်းသူတစ်ဦး၏ မိုက်ခွက်ထဲမှာ ``ကျွန်မတို့ တက္ကသိုလ်နယ်မြေဟာ ဆယ်စုတစ်စုကျော် တိတ်ဆိတ်ငြိမ်သက်နေရာက ခုလို ပြည်သူတွေ စုရုံးပြီး စည်းစည်းလုံးလုံးနဲ့ ဖြစ်လာတာမို့ ပြန်လည်လှုပ်ရှား အသက်ဝင်လာပြီ ဖြစ်ပါတယ် ရှင်´´ ဆိုသော စကားလုံးများ ကိုပင် နားထဲ ကြားယောင်နေပါသည်။

နောက် ၁၉၇၅ ခုနှစ် အလုပ်သမားသပိတ် နှစ် ပတ်လည် အထိမ်းအမှတ်အ ဖြစ် ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်နှင့် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသားကျောင်းသူများ သည် ဆန္ဒပြပွဲများ အဆက်မပြတ် ပြုလုပ်ပါသည်။ အင်းစိန်ထောင်ဝိုင်း၍ ဆန္ဒပြခြင်း၊ မြို့တော် ခန်းမရှေ့တွင် ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်မှူးချုပ် စန်းယု အလောင်းများ ကို မီးရှို့ပြခြင်း၊ ရွှေတိဂုံစေတီတော် သို့ တက်ရောက်၍ ၁၉၂၀ ပထမဆုံး တက္ကသိုလ်ကျောင်းသားသပိတ်အတိုင်း ဆန္ဒပြခြင်းစသည်ဖြင့် ပြုလုပ်သွားကြပါသည်။

နောက်ဆုံး ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် ဂါရ၀ပြုပွဲအတွက် စက်မှု တက္ကသိုလ် ကျောင်းသားများ ၏ ချီတက်ပွဲ (အခြားတက္ကသိုလ်များ ၊ ဂျီတီအိုင်နှင့် အထက်တန်းကျောင်းသားများ အပါအ၀င်) သည် နောက်ဆုံးပိတ် အိတ်နှင့် လွယ်လိုက်သော ကျောင်းသားကျောင်းသူများ ၏ တစ်ပါတီအာဏာရှင်စနစ် ဆန့်ကျင်ပွဲပင် ဖြစ်သည်။

ဤသို့ သော် မြို့တော် ရန်ကုန်၏ အ ဖြစ်အပျက်များ ကို အမြဲလိုလို သွားရောက် ကြည့်ရှုအားပေးရင်းနှင့် ကျွန်တော် သည် မျက်မြင်ကိုယ်တွေ့  ရှိနေသူ ဖြစ်ပါသည်။ ထိုအချိန်တွင် ကျွန်တော် သည် လက်ဝဲကျောင်းသား တစ်ယောက် အနေဖြင့် မြေအောက်ပါတီ နိုင်ငံရေး သမား ဖြစ်ရန် ကြိုးစားနေရာ လူထုလူတန်းစား လှုပ်ရှားမှု ၊ ကျောင်းသားလှုပ်ရှားမှု မှန်သမျှ အရောက် သွားပါသည်။ ပြည်သူ တစ်ယောက် အနေဖြင့် အားပေးဂုဏ်ပြုရသည်။ မျက်မြင်ကိုယ်တွေ့  ဖြစ်ခဲ့ရသော အရေး အခင်းများ ထဲမှ မဆလအစိုးရဘက်မှ ယိမ်းယိုင်ပြိုကွဲမှု များ ကိုလည်း တွေ့ ကြုံရသည်။

၁၉၇၅ ခုနှစ် အလုပ်သမားသပိတ် နှစ် လည်အထိမ်းအမှတ်အ ဖြစ် ကျောင်သားများ ဆန္ဒပြပွဲများ ထဲမှ မြို့တော် ခန်းမရှေ့ အလောင်းကောက် မီးရှို့ပွဲအပြီး အဓိကရုဏ်း နှိမ်နင်းရေး တပ်များ (လည်ပတ်အနီ၊ ဂျီသရီးသေနတ်နှင့် စစ်သားများ ) ရောက်လာ၍ မြင်မြင်သမျှ လူသူများ အား လှမ်းပစ်ရန် ချိန်ရွယ်ခြင်းနှင့် လှမ်းပစ်ခြင်းများ ပြုလုပ်သော အခါ လူသူအများ မှာ တွေ့ ရာအိမ်ထဲဝင်ရ၊ လှေကားကြားတွေ ထဲ ပုန်းဝင်ရ၊ လွတ်ရာကင်းရာ ပြေးလွှားရနှင့် ဖြစ်သွားသည်။ ကျွန်တော် နှင့် ကိုစိန်ဝင်း (ယခု အမေရိက)သည် လှေကားကြားတွင် သံတံခါးဆွဲပိတ်၍ ပုန်းနေရသည်။ နောက်စစ်သားများ ထွက်သွားမှ အပြင်ထွက်လာရသည်။ ညနေစောင်းပြီမို့ ရုံးအဆင်းဝန်ထမ်းများ နှင့်အတူ လူသူအများ အိမ်ပြန်လာကြပါသည်။

သို့သော် လိုင်းကားများ မရှိတော့။ အခြားကိုယ်ပိုင်ကားများ တက္ကစီကားများ လည်း မရှိတော့။ ပြည်သူတွေ အားလုံး လမ်းလျှောက် အိမ်ပြန်ကြရသည်။ ကျွန်တော် သည် တောင်ဥက္ကလာပတွင် သွားရောက်နေထိုင်သူမို့ ဆူးလေဘုရားလမ်း၊ ကမ္ဘာအေး ဘုရားလမ်းမကြီးအတိုင်း လူတွေ နှင့် လမ်းလျှောက်လာခိုင် ဟာမစ်တစ် ရောက်သော အခါ မြောက်ဘက်မှ ဟီးနိုးကားများ ရှေ့မှ မော်တော် ပီကယ် ဆိုင်ကယ်များ သည် ရှေ့မီးများ တဖျပ်ဖျပ်နှင့် မောင်းနှင်လာသည်။ ပြီးတော့ ဟာမစ်တစ်အရောက်တွင် ဆရာစံလမ်းမကြီးဆီ ကွေ့ချမောင်းနှင်သွားရာ ဟီးနိုးကားများ အပေါ်မှ မဆလညီလာခံတက်လာသော ကိုယ်စားလှယ်များ ၊ တိုင်းရင်းသားများ ကို လှမ်းတွေ့ ရသည်။ ထိုဟီးနိုးကားများ ၏ ၀ဲယာ တစ်ဖက်တစ်ချက်တွင် လူတွေ လမ်းလျှောက်နေကြသည်ကို လှမ်းကြည့်ရင်း ခေါင်းတွေ ငုံ့သွားသူများ ၊ လှမ်းကြည့်သူများ ၊ မျက်နှာလွှဲသူများ ဖြစ်သွားကြသည်။

ခေတ်စနစ်သားကောင်များ ပီပီ တွေ့ မြင်လိုက်ရသော ပြည်သူလူထုများ ကို ရဲရဲမကြည့်ဝံ့သော ညီလာခံရပ်ပြီး ပြန်လာသည့် ကိုယ်စားလှယ်များ အ ဖြစ်သို့ ကျွန်တော် သည် တွေ့ မြင်ရသော တစ်ခဏအတွင်း မဆလခေတ်စနစ်၏ ယိမ်းယိုင်စ နိဒါန်းကာလများ ဟု မှတ်ယူပါသည်။

(၃)

ဤသို့သော ခေတ်စနစ်တစ်ရပ်၏ သမိုင်းဝင်မှတ်တမ်းကြားဝယ် ရန်ကုန်တွင် ရှိနေသော ကျွန်တော် သည် (နောက် ၁၂ နှစ် အကြာ) ၁၉၈၈ ခုနှစ် သို့ ရောက်လာသော အခါတွင် ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ ဖုန်းမော်အရေး အခင်း ဖြစ်လာခိုက် တက္ကသိုလ်ကျောင်းသားများ နှင့်အတူ စောင့်ကြည့်နေရသည်။ ဘယ်သူပါသွားပြီ၊ ဘယ်သူပြေးသွားပြီ၊ ကျောင်းတွေ ပိတ်လိုက်ပြီ အစရှိသော သတင်းများ ကြားနေပြန်သည်။

ကျွန်တော် သည် တောင်ဥက္ကလာပတွင် ရှိနေရာ သင်္ကြန်ရောက်သော အခါ ကျောင်းသားအချို့ လွတ်လာသည်။ ကျွန်တော် တို့ဝိုင်းတွင် ဖြစ်ကြောင်းကုန်စင်တွေ ကြားရသည့် အင်းစိန်ထောင်သတင်းတွေ နားထောင်နေရသည်။ ကျောင်းပြန်ဖွင့်လျှင် ပြန်လည်လှုပ်ရှားမည် ။ အဖမ်းခံကျောင်းသားများ ပြန်လွှတ်ပေးရန် လှုပ်ရှားမည် စသည်ဖြင့် ။

သို့သော် ကျွန်တော် သည် မိသားစုအရေး ကြောင့် ရန်ကုန်မြို့မှ ဟင်္သာတမြို့သို့ ရောက်သွားရသည်။ ထုံးစံအတိုင်း ကျောင်းသားလူငယ်များ နှင့် ၀ိုင်းဖွဲ့ရင်း၊ ဟင်္သာတကောလိပ်၊ ဂျီတီအိုင်၊ ပုသိမ်ကောလိပ်ကျောင်းသား၊ (စာပေသမားများ နှင့် နိုင်ငံရေး သမားများ )ဆီမှ သတင်းများ ကြားရပြန်သည်။ ထူးထူးဆန်းဆန်းသတင်းလည်း ကြားလိုက်ရသည်။ (တရားသူကြီးချုပ် ဒေါက်တာမောင်မောင်သည် ဟင်္သာတမြို့လာပြီး နတ်ကနားပေးသည်ဆိုပဲ။)

မဆလအစိုးရလက်ထက်တွင် တပ်မတော် မှ ဗေဒင်၊ ယတြာဆရာများ ရှိနေပြီး အဖွဲ့ဖွဲ့ထားသည်ကို သိနေသော ကျွန်တော် သည် ဟင်္သာတမြို့ရောက်ခိုက် ဒေါက်တာ မောင်မောင်လာ၍ နတ်ကနားပေးသည်မို့ ဘာမှမဆန်းတော့။ (ရန်ကုန်လူထုသည် ဗိုလ်ချုပ်ကြီးနေ၀င်းမှ ဦးနေ၀င်း သမ္မတသက်တမ်းတစ်လျှောက်လုံး ယတြာချေသည်များ ကို ကြားခဲ့ဖူးပြီ ဖြစ်သည်။)

ဇွန်လတွင် တစ်နိုင်ငံလုံး ကျောင်းများ ပြန်ဖွင့်ပါသည်။ ကောလိပ်နှင့် တက္ကသိုလ်များ လည်း ပြန်ဖွင့်လိုက်သည်။ ထိုအချိန် ဗိုလ်မှူးချုပ် (ဟောင်း) အောင်ကြီး၏ စာတွေ တစ်စောင်ပြီးတစ်စောင် ထွက်လာသည်။ ရန်ကုန်မြို့ရှေ့နေ ကောင်စီမှလည်း စာတွေ ထွက်လာသည်။ အခြားမြေပေါ်မြေအောက် လက်ကမ်းစာရွက်တွေ လည်း ထွက်လာသည်။ ကျွန်တော့် မှာ ဟင်္သာတမြို့မှာ ပင် ထိုစာစောင်တွေ ဖတ်ရင်း နိုင်ငံရေး အလှုပ်အရှား၊ နိုင်ငံရေး လမ်းကြောင်း (လမ်းမွှားလမ်းမများ )နှင့် ပြည်သူ၊ ကျောင်းသားများ ၏ ရှေ့ခရီးကို တွေးနေရသည်။

တစ်နေ့တစ်နေ့ လူငယ်ကျောင်းသားများ နှင့် တွေ့ ရင်း ကိုကြီးကျော်ဆိုသော ဟင်္သာတမြို့မှ လူကြီးလူငယ်ကျောင်းသားများ နှင့် ရင်းနှီးဆွေးနွေးနေသော သူနှင့် တွေ့ ရင်း တိုင်းရေး ပြည်ရာများ နားစွင့်နေရသည်။ ထိုစဉ် ဇွန်လ ၁၆ ရက်နေ့တွင် တက္ကသိုလ်ပရ၀ုဏ်တွင် ကျောင်းသား ကျောင်းသူများ သည် ပြန်လည်လှုပ်ရှားရင်း ဆန္ဒပြပွဲများ သတင်းကြားရပြန်သည်။ နောက်ဆုံး ဇွန်လ ၂၁ ရက်နေ့တွင် ကျောင်းသားနှင့် ပြည်သူများ ပေါင်းစည်းမိပြီး အရေး အခင်းကြီး ဖြစ်သွားခြင်း၊ လုံထိန်းများ နှင့် အပြန်အလှန် ပစ်ခတ်ကြခြင်း၊ နောက်ဆုံး လုံထိန်းများ တပ်လှန်၍ နောက်ဆုတ်သွားရပြီး ပြည်သူများ ရှေ့ကို ချီတက်သွားခြင်း သတင်းများ ကြားရပြန်သည်။ (ဆေးပြုတ် မှိုင်းကျောင်းသားဟောင်း ကိုမြ၀င်း ကတော့ မြေနီကုန်းအရေး အခင်းက ကျွန်တော် တို့အတွက် အောင်နံ့ပေးလိုက်တာပဲဟု ပြောလိုက်သေးသည်။)

ကျွန်တော် သည် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ အရေး တော် ပုံကြီး စတင်ပေါ်ပေါက်လာသော အခါ ဟင်္သာတမြို့တွင် ရောက်နေရာ ရောက်ရာအရပ်မှပင် ပါဝင်လိုက်ရသည်။ ကျွန်တော် နှင့်အတူရှိနေသော ကောလိပ်၊ ဂျီတီအိုင် ကျောင်းသားကျောင်းသူများ နှင့်အတူ လက်တွဲ ပါဝင်ရသည်။ တစ်သက်နှင့်တစ်ကိုယ် ၈၈ အရေး တော် ပုံမျိုး မတွေ့ ဖူးသော ကျွန်တော် သည် ယခု နဖူးတွေ့ ဒူးတွေ့  ပါဝင်နေရသဖြင့် ဟင်္သာတကျောင်းသားကျောင်းသူများ (ဟင်္သာတကျောင်းသားများ သမဂ္ဂ) အပါအ၀င် အားလုံးကို အမှတ်တရ ဖြစ်နေပါတော့သည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ မနက်ခင်းသည် မိုးလေကင်းစင်နေသဖြင့် ပုံမှန်အတိုင်း ဟင်္သာတမြို့သူမြို့သားများ သွားလာနေကြသော်လည်း B.B.C မှ အသံများ ကို ညကကြားခဲ့ရပြီး စိုးရိမ်နေကြပါသည်။ ကျွန်တော် သည် လက်ဖက်ရည်ဆိုင်သို့ မနက် ၈ နာရီကတည်းက ရောက်နှင့်ပြီ။ ကျောင်းသားလူငယ်တွေ နှင့် ထိုင်နေရင်း သတင်းတွေ ပြောနေရသည်။ မနေ့က ရန်ကုန်မှ တက္ကသိုလ်ကျောင်းသားတွေ ရောက်နေကြောင်း ကြားရသည်။

မနက် ၁၀ နာရီလောက်တွင် ဟင်္သာတမြို့ တရုတ်ကျောင်းလမ်းရှိ အစိုးရ အထက်တန်းကျောင်းတွင် တက္ကသိုလ်ကျောင်းသားနှစ် ယောက် ရောက်လာပြီး စာရွက်တွေ ဝေသွားသဖြင့် ကျောင်းဆရာ၊ ဆရာမ တွေ နှင့် ကျောင်းသားတွေ ကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ကျောင်းသားနှစ် ယောက် လည်း ကျောင်းဝင်းထဲမှ အပြေးအလွား ရှောင်တိမ်းလွတ်မြောက်သွားသည်။ နောက် မဆလမြို့နယ်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဂျစ်ကားတစ်စီးနှင့် ရောက်လာကြပြီး လိုက်လံဖမ်းဆီးသော်လည်း မမိခဲ့ပေ။ အခြား အထက(၁)၊ (၄)နှင့် အလယ်တန်းကျောင်းများ တွင် လည်း ကျောင်းဆရာ၊ ဆရာမ တွေ က ကျောင်းတံခါးများ ပိတ်၊ အစောင့်တွေ ချနှင့် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားကြရပေသည်။ ကျွန်တော် သည် ညနေခင်းတွင် ဗိုလ်ဝလက်ဖက်ရည်ဆိုင်၌ ကျောင်းသားလူငယ်များ နှင့် တိုင်ပင်ကာ အခြေအနေ အရပ်အရပကို စောင့်ကြည့်ရန်၊ ပြီးတော့ ည ၇ နာရီလောက်တွင် ပြောပြီးပြန်လာခဲ့သည်။

ည ၈ နာရီလောက်တွင် ကျွန်တော့် ဆီ လူငယ် တစ်ယောက် ရောက်လာပြီး မြို့ထဲ၌ ရုပ်ရှင် ပြနေရင်း တံခါးတွေ ပွင့်ထွက်လာကာ လူတွေ လမ်းပေါ်ပြေးထွက်လာကြကြောင်း ပြောသည်။ ကျွန်တော် နှင့် ထိုလူငယ်သည် ဗိုလ်ဝလက်ဖက်ရည်ဆိုင်သို့ ရောက်လာသည်။ မြို့ထဲသို့သွားရန် ဆိုင်ထဲမှ ထွက်လာကြသည်။ အခြား ကျောင်းသားတွေ ၊ လူငယ်တွေ ၊ အရပ်သားတွေ လည်း စက်ဘီးများ ဖြင့် အပြေးနင်းရင်း၊ ဆိုက်ကားများ ဖြင့် သွားကြရင်း (အချို့လည်း) လမ်းလျှောက် ပြေးလွှားသွားကြရင်း မြို့ထဲတွင် လူစုမိသွားကြသည်။ လမ်းမတော် (လမ်းဆုံလမ်းခွ)တွင် မဆလ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့တို့ ဂျစ်ကားဖြင့် ပင် ရောက်လာပြီး လူစုလူဝေး လူအုပ်တွေ က သူတို့နောက် ၀ိုင်းလိုက်ကြသဖြင့် ကားအမြန်မောင်းပြေးသွားကြရသည်။ ထိုအချိန်တွင် လူအုပ်ထဲမှ တစ် ယောက် ယောက် က အချက်ပေးလိုက်လျှင် တညီတညာတည်း ချီတက်သွားကြရသည်။ လမ်းမ တော် မှ အထက(၁)ရှေ့ဖြတ်ပြီး လမ်းထောင့်တွင် ရှိသော ရဲစခန်းရှေ့အရောက် လူစုကြီးက တစ်ခဲနက် ၀ိုင်းဝန်းအော်ဟစ်ဆန္ဒပြကြသည်။ ကြွေးကြော်သံတွေ တိုင်ကြသည်။ သို့သော် လူစုကြီးက ရဲစခန်းနယ်နိမိတ်ထဲ မ၀င်။ လမ်းဘေးတွင် သာ တညီတညာတည်း လက်မောင်းချင်း ချိတ်ကာ ဟစ်အော်ကြွေးကြော်လျက်ပင် ရှိသည်။

မကြာခင် ရဲစခန်းထဲမှ သေနတ်များ မောင်းတင်လာသော်လည်း လူစုကြီးက မရွေ့မလျား၊ နေမြဲ၊ စုမြဲ၊ လက်ချင်းချိတ်မြဲနှင့် ရှိနေကြသည်။ ကျွန်တော် တို့သည် လူစုကြီးကြားဝယ် ရောက်နေခိုက် ပစ်လည်း မထူး၊ သေလည်း မထူး စိတ်များ ၀င်ကာ ပါဝင်ဆန္ဒပြနေပါသည်။ ထို့နောက် သေနတ်သံများ မိုးပေါ်သို့ ထောင်တက်သွားပြီးနောက် လူစုကြီးလည်း ရှေ့သို့ ဆက်လက်ချီတက်ကာ မြို့ပတ်ဟစ်အော်ကြွေးကြော်နေကြပါသည်။ ဟင်္သာတမြို့ ဘုန်းကြီး ကျောင်းများ မှ ရဟန်းသံဃာများ က ရှေ့မှ၊ ကျောင်းသားလူငယ်နှင့် အရပ်သားများ က နောက်မှ ညလုံးပေါက် ဆန္ဒပြခဲ့ကြပါသည်။ ကျွန်တော် တို့လည်း မိုးလင်းမှ အိမ်ပြန်ရောက်ကြသည်။ မနက်က တရုတ်ကျောင်းလမ်းက အထက်တန်းကျောင်းတွင် လှုပ်ရှားသွားသော တက္ကသိုလ် ကျောင်းသားနှစ် ယောက် သည် ညောင်ကျိုးအိုးကွဲမှ ကျောင်းသားများ ဖြစ်သည်။ ရန်ကုန်မှ ကျောင်းသားများ ကိုယ်စား ရောက်လာပြီး စနစ်တံစဖောက်သူများ ဖြစ်သည်။ မျိုးမြင့်နှင့် ကျော်ကျော်ဆိုပဲ။

၈ ရက်နေ့ ည ၈ နာရီသည် ဟင်္သာတမြို့ရှိ ၈ လေးလုံး အရေး တော် ပုံကြိး၏ နိဒါန်းအစပင် ဖြစ်သည်။

ယက်ဖ်ဂျီနီ ဇမြာတင် (Yevgeny Zayartin) နှင့် ဂျော့အော်ဝဲလ် (George Orwell) ….သို့

(ရနံ့သစ်မဂ္ဂဇင်း၊ သြဂုတ် ၂၀၁၃)

အရုဏ်ဦးနှင့် မုခ်ဦး

(၁)

လူ့လောကရပ်ဝန်းသည် အနမတဂ္ဂ ကျယ်ပြောလွန်းလှသော နယ်မြေ ဖြစ်သည်နှင့် အညီ တွေ့ ကြုံရသော အခက်အခဲများ နှင့် အကျပ်အတည်းများ မှာ လည်း မရေမတွက်နိုင်သော ကိန်းဂဏန်းများ ဖြစ်နေသည်။ လူဆိုသော သတ္တလောကသားများ သည် ယင်းကိန်းဂဏန်းများ စွာ ကို ရေတွက်အဖြေရှာကြရသည်။ အထူးသဖြင့် နိုင်ငံရေး သတ္တလောကသများ အဖို့ အခက်အခဲနှင့် အကျပ်အတည်းများ စွာ ကို ရင်ဆိုင်ကြုံတွေ့ လာရသော အခါ ကိန်းဂဏန်းများ ကို အခြေတည်၍ အဖြေရလဒ်ကို ရှာဖွေတွက်ယူရပါသည်။

လူတို့၏ သမိုင်းသည် နှစ် ပေါင်းရာထောင်ချီ၍ ရှည်လျားထွေပြားစွာ ချီတက်ကြရသော ခရီးရှည်ကြီး ဖြစ်သည်။ အခက်အခဲများ နှင့် အကျပ်အတည်းများ သည် ကြမ်းတမ်းလှစွာ ဟန့်တားလျက်ရှိရာ အဘယ်သို့ ဖြတ်သန်းရမည် ကို သမိုင်းနှင့် ချီ၍ အတွေ့ အကြုံများ ရရှိပြီး ဖြစ်သည်။ အောင်မြင်ခြင်းနှင့် အနိုင်ရခြင်းများ ၊ တစ်ဖက်တွင် ဆုံးရှုံးခြင်းနှင့် ကျဆုံးခြင်းများ အများ အပြားရှိနေသည်ကို သတိမူ၍ ကောင်းမြတ်သော ရလဒ်များ ကို ရရှိခဲ့သည်။ သမိုင်းခရီးရှည်ကြီးတွင် ပါဝင်ခဲ့သူများ ၏ ရယူပေးအပ်ခဲ့သော သမိုင်းအတွေ့ အကြုံများ ပင် ဖြစ်သည်။ ယခုလည်း အနာဂိတ်သမိုင်းရှည်ကြီးတွင် ပါဝင်နေကြသူများ သည် ရှေ့ဆက်ပါဝင် လျှောက်လှမ်းနေကြသူများ ရှိနေပါသည်။ အဘယ်သို့သော အခက်အခဲများ နှင့် အကျပ်အတည်းများ ရှိနေဥိးမည် ကို ပြောမရပေ။ တွေ့ ကြုံဖြတ်သန်းရမည် ဖြစ်သည်။

စကား (ဥပမာ) အရပြောလျှင် နေ့ခရီး၊ ညခရီးများ ရှိနေရာ ည၏ ကန္တာရခရီးကို နှင်ကြရမည် ဖြစ်၍ မိုးသောက်ရောင် နီပေါ်ထွန်းလာမှသာ ကိုယ်လိုရာခရီးကို ရောက်ပြီဟု မှတ်ယူရမည် ဖြစ်သည်။ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ် များ ၏ မြန်မာ့နိုင်ငံရေး တစ်ကွေ့တွင် အဟန့်အတား၊ အချုပ်အနှောင်နှင့် ပြစ်မှု ပြစ်ဒဏ်များ ခံယူခဲ့ရသော လူငယ်ကျောင်းသား၊ အလုပ်သမား၊ ၀န်ထမ်းများ သည် အင်းစိန်ဗဟိုထောင်ကြီး၌ တ်စထောက်တစ်နား ရပ်တန့်နေကြရပါသည်။ ထိုအခါ ခရီးတစ်ထောက်နားရာမှ ခရီးအရောက်သွားရန် ခြေလှမ်းများ ဖြစ်ကြရသည်။ မိမိတို့သည် နေ့ညကန္တရခရီးကြမ်းကို လျှောက်လှမ်းနေရာ တစ်နေ့တွင် မိုးသောက် အရုဏ်ကျင်းသကဲ့သို့ နံနက်ခင်းရောက်ရမည် ။ ရောင် နီသန်းပြီမို့ `အရှေ့က နေ၀န်း ထွက်တော့မည် ´ ဟူ၍ ခွန်အားဖြည့်စိတ်ဓာတ်များ မွေးမြူကာ ဖြတ်သန်းနေကြသူများ ဖြစ်နေပါသည်။

ကဗျာလင်္ကာ၊ စကားပြေရသ၊ ဂီတသံစဉ်၊ ပန်းချီစုတ်ချက်နှင့် ဇာတ်ခုံ စင်မြင့်များ တွင် ယင်းသို့သော် ခွန်းအားဖြည့် စိတ်အလျင်များ ဖြင့် ရေး ဖွဲ့ဆွဲယူတင်ဆက်ကြသော အနုပညာရပ် အသီးသီးရှိနေခဲ့ပြီး ဖြစ်ရာ ဥပမာများ စွာ ဖြစ်တည်ထင်ရှားခဲ့ကြပါသည်။ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ စောဦး၊ ဗန်းမော်တင်အောင်တို့၏ ကဗျာနှင့် စကားပြေများ (ပျဉ်းမငုတ်တို၊ မတ်လတော် လှန်ရေး ၊ တစ်မိုးသောက်သော်၊ မြစ်ဧရာပေါ်ဝယ်၊ လင်းအရုဏ်ဦး)၊ မြို့မငြိမ်း၊ နန်းတော် ရှေ့ ဆရာတင်၊ မြတ်လေးနှင့် စန္ဒရားချစ်ဆွေ၊ စန္ဒရားလှထွဋ်၊ စိုင်းခမ်းလိတ်၊ အဉ္စလီမောင်မောင်၊ ကိုနေ၀င်းတို့ တေးသီချင်းများ ၊ ဦးဘကြည်၊ ဦးဘရင်ကလေး၊ ဦးအုန်းလွင်၊ ၀သုန်၊ မောင်ဒီ တို့၏ ပန်းချီကားများ နှင့် မြို့တော် မောင်ယဉ်အောင်၏ စင်တင်ပြဇာတ်များ စသည်ဖြင့် အသီးသီး ရှိခဲ့ကြပါသည်။ (လူချွန်လူကောင်း၊ မန်းတောင်ရိပ်၊ ပန်းတိုင်းပွင့်ပါစေ၊ ၀မ်းနည်းဝမ်းသာ၊ ပြည်ထောင်စုသား၊ နွေနံနက်ခင်း အားလုံးကို ကျော်ဖြတ်ရမယ် သီချင်းများ ဆိုလျှင် အရုဏ်ဦး မိုးသောက်အလင်း တိုင်းရင်းသားမြင်ကွင်းများ နှင့် အကောင်းအဆိုး ခရီးလမ်းများ ကို သီဆိုရင်း ခွန်အားဖြည့်တင်း ကြရပါသည်။)

သို့သော် အရုဏ်လာပြီ၊ ရောင် နီသန်းပြီ၊ နံနက်ခင်းရောက်ပြီဆိုသော ဝေါဟာရများ သည် နိုင်ငံရေး လာကသများ အတွက် အားတက်စရာ၊ စိတ်ဓာတ်တက်ကြွစရာ စကားလုံးများ ဖြစ်ပါသော်ငြား `မိုးမသောက် မှော င်ရိပ်မပြယ်မီ´ ဆိုသော အချိန်နာရီမျှသာ ဖြစ်သည်။

ထိုအချန်သည် အရေး ကြီးလှသော နာရီ၊ မိနစ်၊ စက္ကန့်များ ဖြစ်ရာ စိတ်ဆန္ဒစော၍ အမှော င်ကင်းစ၊ အလင်းရစဆိုပြီး မိမိတို့ သွားရမည့် လမ်းများ ကို ရော်ရမ်းမှန်းဆသွားမည် ဆိုသော် လမ်းခရီး၏ ပန်းတိုင် `မုခ်ဦး´ကို အထင်အရှားမြင်မှသာ သွားသင့်ပေသည်။ စကားမစပ်ပြောရလျှင် ခွန်အားဖြည့် စိတ်ဓာတ်များ ဖြင့် ပင် သံတိုင်များ ကြားမှ၊ ရိုးမတောင်တန်း အသွယ်သွယ်မှ၊ နယ်စပ်ဒေသများ မှ ယုံကြည်ရာ လမ်းလျှောက်နသူများ သည် အရုဏ်ကျင်းသော ရောင် နီလာပြီး မိုးသောက်အလင်းရောက်ခဲ့လတ်ပြီဆို၍ လပေါင်း နှစ် ပေါင်းများ စွာ ရော်ရမ်မှန်းဆခဲ့ကြသူများ ရှိခဲ့ကြသည်။ များ သော အားဖြင့် မပြီးသေးသော နိုင်ငံရေး ခရီးရှည်များ (တော် လှန်ရေး ခရီးရှည်များ အထိ ဆိုပါစို့) သွားလာနေကြသူများ ဖြစ်ပါသည်။

ယနေ့ နိုင်ငံရးခရီးရှည်ကြီးများ သည် အခက်အခဲနှင့် အကျပ်အတည်းများ နိဂုံးချုပ်ရန် ဇာတ်လမ်းအဆင်း၊ ဇာတ်လမ်းအတက်၊ ဇာတ်လမ်းအထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ယေဘုယျ ကောက်ချက်ချလျှင် ရတန်ကောင်းပါသည်။ နောက်ဆုံး ဇာတ်လမ်းခရီးရှည် ချီတက်သွားလာသူများ အဖို့ တစ်ခုတည်းသော ပန်းတိုင်သို့မရောက်မီ မုခ်ဦးပြာသာဒ်ကို ထင်သာမြင်သာကြည့်တတ်ဖို့ လိုအပ်ပါသည်။

အဘယ်သို့ သော အရပ်ဒေသတွင် မုခ်ဦးရှိနေပါသနည်း။

(၂)

၂၀ ရာစု ကမ္ဘာ့သမိုင်းဝင် မြန်မာ့နိုင်ငံရေး ခရီးများ သည် ကာလဒေသပယောဂများ နှင့်အတူ ချီတက်လာကြပါသည်။ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ကိုလိုနီလက်ကျန်ခေတ် (ကက်စ်ဘီ CAS-B ခေတ်)၊ လွတ်လပ်ရေး ခေတ်၊ တော် လှန်ရေး ကောင်စီတေ် စသည်ဖြင့် အဘိုး အဘွား၊ အဖေအ အမေတို့မှစ၍ လက်ဆင့်ကမ်းလာသော သမိုင်းအမွေများ သည် ၁၉၈၈ ခုနှစ် အလွန်ကာလများ တွင် သားစဉ်မြေးဆက်သို့ လက်ဆင့်ကမ်းလာပါသည်။ ၂၀ ရာစုနှောင်းပိုင်း မြန်မာ့နိုင်ငံရေး ခရီး၏ ထူးခြားသစ်လွင်သော ခရီးလမ်းပင် ဖြစ်သည်။

အထူးသဖြင့် လူငယ်ကျောင်းများ ၏ လှုပ်ရှားမှု များ မှစတင်ကာ မိမွေဖမွေများ ကို ရယူပြီး ရှေ့အဆက်ဆက်က သမိုင်းဝင်ခရီးကြမ်းကို စတင်လျှောက်လှမ်းလာခြင်း ဖြစ်သည်။ သူတို့သည် ခေတ်တစ်ခေတ်၊ စနစ်တစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ်ကို စတင်တည်ထောင်ရန် အသက်သွေးများ စတေးရင်း လျှောက်လှမ်းလာကြခြင်း ဖြစ်ပါသည်။ ရာစုတစ်ခု၏ နောက်ဆုံးအချိန်ကာလများ တွင် ဤသို့သော ခရီးကြမ်းနှင့် လူငယ်ကျောင်းများ ၏ သမိုင်း ဖြစ်စဉ်တစ်ခုဟု ဆိုချင်ပါသည်။

စင်စစ် မြန်မာ့နိုင်ငံရေး စာမျက်နှာများ သည် လူငယ်ကျောင်းသား၊ တက္ကသိုလ် ပရ၀ုဏ်၊ သတင်းစာ၊ ဂျာနယ်၊ မိဘပြည်ူများ နှင့် ကုန်သည်ပွဲစား၊ ၀န်ထမ်းများ ပါမကျန် ပူးပေါင်းပါဝင်လာခဲ့ကြည်များ ရှိနေပါသည်။

၁၉၂၀ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်နှင့် အမျိုးသားနိုင်ငံရေး များ ၊ ၁၉၃၆ ခုနှစ် ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်နှင့် တို့ဗမာအစည်းအရုံးဝင် သခင်နိုင်ငံရေး ၊ ၁၉၃၈ ခုနှစ် တတိယကျောင်းသားသပိတ်နှင့် ရေနံမြေအလုပ်သမားသပိတ်မှသည် ၁၃၀၀ ပြည့် အရေး တော် ပုံနိုင်ငံရေး စသည်ဖြင့် မော်ကွန်းတင်ခဲ့ကြသည်။

ဤသို့သော် အတိတ်သမိုင်းကားချပ်များ ကြောင့် ပင် ကိုလိုနီအင်္ဂလိပ်အစိုးရကို လက်နက်ကိုင်တော် လှန်ခြင်း၊ တစ်ဖန် ဂျပန်ဖက်ဆစ်များ ကို ထပ်မံတော် လှန်ခြင်း၊ လက်နက်ကိုင်တ်ာလှန်ရေး များ မှ နိုင်ငံရေး စားပွဲဝိုင်းပေါ် ရောက်လာပြီး ``လွတ်လပ်ရေး သည် ပထမ၊ လွတ်လပ်ရေး သည် ဒုတိယ၊ လွတ်လပ်ရေး သည် တတိယ´´ ဆိုကာ တစ်နှစ် အတွင်း လွတ်လပ်ရေး ပန်းတိုင်သို့ အရောက်သွားခဲ့ကြပါသည်။ ``အောင်ဆန်း-အက်တလီစာချုပ်´´၊ ``လက်ျား-ဖရီးမင်းစာချုပ်´´ အစရှိသော နိုင်ငံ့လွတ်လပ်ရေး နှင့် ကာကွယ်ရေး စာချုပ်များ ၊ နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးသော အခါ ``နု-အက်တလီစာချုပ်´´ဆိုသော နိုင်ငံလွတ်လပ်ရေး အတွက် နိုင်ငံရေး စာချုပ်ဖြင့် လုံးဝလွတ်လပ်ရေး ကို ရယူပိုင်ဆိုင်ခဲ့ပါသည်။

ဤနေရာတွင် မိုးသောက်အလင်းရောက်လာသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သည် ဖက်ဆစ်ဂျပန်တော် လှန်ရေး အပြီးတွင် ``မိုးမသောက် မှော င်ရိပ်မပြယ်ခင်´´ ဆိုသော အချိန်နာရီများ ကို ဖြတ်သန်းခဲ့ရပါသည်။ ကိုလိုနီ လက်ကျန်ခေတ် ဖြစ်နေသော စက္ကူဖြူစာတမ်းရေး ဆွဲပြီး ဆင်းမလားစီမံကိန်းဖြင့် အုပ်ချုပ်လာသော CAS-B ခေတ်သည် ထိုအချိန်နာရီများ ပင် ဖြစ်သည်။ နောက် မှော င်ရိပ်ပြယ်၍ ရောင် နီသန်းကာ မိုးသောက်လာသော အခါ လွတ်လပ်ရေး ပန်းတိုင်ရှိရာ မုခ်ဦးကို စတင်မြင်တွေ့ လာကြပါသည်။ (ထိုအချိန်တွင် မုခ်ဦးသို့ပင် မရောက်ချင်သေးသော အချိန်နာရီများ ၌ တစ်ခုတည်းသော အမျိုးသားညီညွတ်ရေး ပြယုဂ် ဖဆပလ အဖွဲ့ချုပ်ကြီးသည် ညီညွတ်မှု ပြိုကွဲခြင်း၊ နိုင်ငံရေး ပဋိပက္ခများ ပြင်းထန်ပေါက်ကွဲလာခြင်း၊ နောက်ဆုံး လက်နက်ကိုင်စွဲလာခြင်းများ ဖြင့် ပြည်တွင် စစ်မီးလျှံများ အလျှံငြီးငြီး လောင်ကျွမ်းလာပါသည်။)

မည် သို့ပင် ဖြစ်စေ လွတ်လပ်ရေး ပန်းတိုင်ရှိ မုခ်ဦးသို့ အရောက်လှမ်းလာသော ကြောင့် (သို့မဟုတ်) နိုင်ငံသူနိုင်ငံများ ၏ မျှော်မှန်းရာ ``လွတ်လပ်ရေး သည် ပထမ´´ဆိုသော ဆောင်ပုဒ်အတိုင်း ဦးဆောင်အဖွဲ့ချုပ် ဖဆပလသည် အရုဏ်ကျင်းမှစ၍ အမှော င်ပယ်ခွင်း အလင်းတစ်စ တွေ့ မြင်ရသည်မှစ၍ လွတ်လပ်ရေး ပန်းတိုင်သို့ ဦးတည် လျှောက်လှမ်းလာသော ကြောင့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့သည် သမိုင်းဝင် ရက်ကောင်းရက်မြတ် ဖြစ်လာခဲ့ပါသည်။

ယနေ့ နိုင်ငံသူနိုင်ငံသားများ ၏ အတောင့်တဆုံး ဖြစ်သော ဒီမိုကရေစီရေး သည် လူငယ်ကျောင်းသားကျောင်းသူများ ၊ ကုန်သည်ပွဲစားဝန်ထမ်းများ ၊ တိုင်းရင်းသားများ နှင့် နိုင်ငံရေး အဖွဲ့ချုပ်၊ ပါတီအသင်းအပင်းများ ၊ အားလုံး၏ လက်ထဲတွင် ရောက်ရှိနေပါသည်။ ဤသို့သော အရပ်ဒေသတွင် ဒီမိုကရေစီပန်းတိုင်၏ မုခ်ဦးရှိရာအရပ်သို့ အရောက်သွားရန် တာဝန်လည်း ရှိနေသည်။ သမိုင်းအစဉ်အလာ အနေအထားများ ကို ပြန်လည်အောက်မေ့သတိရရင်း ရှေ့ခရီးအတွက် တွေးမြင်နားလည်ရန်လည်း ရှိနေပါတော့သည်။

(မြန်မာသံတော် ဆင့်ဂျာနယ်၊ ၃၀-၆-၂၀၁၂)

သမိုင်းမာရသွန်

(၁)

မြန်မာ့နိုင်ငံရေး ခရီးများ သည် တာတိုခရီးများ ထက် တာဝေးခရီး သို့မဟုတ် မာရသွန်ခရီးရှည်များ ဖြစ်ခဲ့ကြပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၄၂ ခုနှစ် မှစ၍ မြန်မာ့နိုင်ငံရေး ခရီးများ ၏ အပြောင်းအလဲ နိဒါန်းကာလမှသည် ၁၉၅၂ ခုနှစ် ၊ လွတ်လပ်ရေး ခေတ်၏ အပြောင်းအလဲနိဂုံးချုပ် ကာလအထိ၊ ဆယ်စုနှစ် တစ်စုအတွင်း နိုင်ငံရေး ခရီးများ သည် တာတိုခရီးလမ်းများ စီကာစဉ်ကာ လျှောက်လှမ်းခဲ့ရပါသည်။ နောက်ပိုင်း ခရီးလမ်းများ သည်ကာ တာဝေးခရီး သို့မဟုတ် မာရသွန်ခရီးရှည်များ ဖြစ်လာခဲ့ရာ ယနေ့ ၂၁ ရာစု နိဒါန်းကာလအထိ ဆိုလျှင် မည် မျှ ဤခရီးဝေးလံ ရှည်လျားခဲ့သည်ကို သတိမူမိကြမည် ထင်ပါသည်။

ယနေ့ မြန်မာ့နိုင်ငံရေး ခရီး၏ ပန်းတိုင်သည် ဒီမိုကရေစီ ပန်းတိုင်ပင် ဖြစ်သည်။ သို့ရာတွင် ဖြစ်တည်လျက် ဥပါဒ်ဋ္ဌီဘင်များ ဖြင့် လှိုင်းဂယက်ထကာ လှိုင်းကြမ်း၊ လေကြမ်း၊ မုန်တိုင်းကြမ်းများ ရောပြွမ်းခဲ့ရပြီး ပန်ချာပီခေါင်းပေါင်းစကို ဖြေချရင်း ရှည်လျားထွေပြားလှသလို အ ဖြစ်အပျက်၊ အရေး အခင်း၊ အတွေ့ အကြုံများ ပေါကြွယ်ခဲ့ရပါသည်။ ၂၀ ရာစု နှောင်းပိုင်း ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် အရေး တော် ပုံသည် လှိုင်းနှင့် လေနှင့် မုန်တိုင်းနှင့် ခရီးလမ်းများ ဖြတ်သန်းကြရသည်။ တစ်ပါတီစနစ်နှင့် မြန်မာပြည်သူများ နောက်ဆုံးရင်ဆိုင် တွေ့ ကြုံခြင်း ဖြစ်သည်။ ဦးနေ၀င်း၏ တစ်ပါတီစနစ်သည် မြန်မာပြည်တစ်နံတစ်လျားမှ ပြည်သူများ နှင့် အတွေ့ ၊ ရင်ဆိုင်တွေ့ ၍ ဖင်ထိုင်မေ့ကာ လူးလဲထရန် ကြိုးစားခြင်း၏ နောက်ဆုံး ဇာတ်လမ်း ဖြစ်ပါသည်။

ယင်းနောက်ဆုံးဇာတ်လမ်း၏ ရလဒ်သည် တပ်မတော် အစိုးရသစ်တစ်ရပ် ပေါ်ပေါက် ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် နှောင်းပိုင်းကာလများ ဖြစ်ရာ ထိုမှစ၍ ပါတီစုံနိုင်ငံရေး လမ်းခရီးကို စတင်ဖြန့်ခင်းလာသည်။ ပါတီနိုင်ငံရေး များ ၏ ခရီးလမ်းများ ဖြစ်သည်။ တချို့တချို့သော ပါတီ နိုင်ငံရေး များ သည် ရွေးကောက်ပွဲကာလ ၁၉၉၀ ခုနှစ် မတိုင်မီ သို့မဟုတ် ရွေးကောက်ပွဲကာလ အပြီးများ တွင် တာတိုခရီးများ ဖြစ်သွားကြရသည်။ ရွေးကောက်ပွဲကာလ၏ ရလဒ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အထင်ကရ နိုင်ငံရေး ပါတီကြီးအ ဖြစ် တာဝေးခရီး သို့မဟုတ် မာရသွန်ခရီးများ ကို လျှောက်လှမ်းစေပါသည်။ အချို့သော နိုင်ငံရေး ပါတီများ မှာ မူ နိုင်ငံရေး တာဝေးခရီး သို့မဟုတ် မာရသွန်ခရီးများ ကို တစ်နိုင်တစ်နိုင် လျှောက်လှမ်းလာကြပါသည်။ ဒီ/ငြိမ်း၊ ဒီမိုကရေစီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အပါအ၀င် ရှမ်း၊ ရခိုင်၊ ကရင် အစရှိသော တိုင်းရင်းသားနိုင်ငံရေး ပါတီများ ဖြစ်ကြပါသည်။ အချို့သော နိုင်ငံရေး ပါတီများ သည် ပါတီ မှတ်ပုံတင်ခြင်းမှ ရပ်စဲခံခဲ့ရသည်။ (ဥပမာ) ဘူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ တိုးတက်ရေး ပါတီ၊ အမျိုးသားနိုင်ငံရေး တပ်ပေါင်းစုံ စသည်ဖြင့် ။

၁၉၉၀ ခုနှစ် ကာလရပ်ဝန်းသည် မြန်မာ့နိုင်ငံရးခရီးတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအရ လမ်းစပေါ်ပြီး ဒီမိုကရေစီပန်းတိုင်သို့ လျှောက်လှမ်းရတော့မည့်  ခရီးနီးပြီ။ တပ်မတော် မှ တာဝန်ယူထေားသော အစိုးရအဖွဲ့သည် မဲနိုင်သွားသော အဖွဲ့ကို အခြေခံဥပဒေရေး ဆွဲစေပြီး ကိုယ့်နေရာပြန်တော့မည် ဆို၍ သမိုင်းဝင်စကားပြောပြီး ထိုထိုသော အခြေအနေများ သည် ၁၉၉၀ ခုနှစ် နှောင်းပိုင်းလများ တွင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ကြပါသည်။ အခြားတစ်ဖက်တွင် မူ တစ်ပါတီစနစ်နှင့် မြန်မာပြည်သူတို့ နောက်ဆုံးရင်ဆိုင် တွေ့ ခဲ့ကြသော အခါက ကျောင်းသားလူငယ်များ ၏ (ကျောင်းသားသမဂ္ဂများ ၊ လူငယ်အဖွဲ့အစည်းများ နှင့် အသင်းအပင်များ ၏ ) ပါတီနိုင်ငံရေး နှင့် လက်တွဲ လာသော ကျောင်းသားလူငယ် နိုင်ငံရေး ခရီးများ သည်လည်း တဒင်္ဂ သက်တမ်း ပျောက်သွားခဲ့ကြသည်။

မြန်မာ့နိုင်ငံရေး ခရီးသည် ဘ၀တက္ကသိုလ်ရောက် (အင်းစိန်၊ သာယာဝတီ၊ တောင်ငူ၊ မြင်းခြံ၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ထောင်ရောက်) ခရီးလမ်းများ ဖြစ်သွားကြခြင်း ဖြစ်သည်။ ဤနှစ် ကာလများ ၊ ဤအ ဖြစ်အပျက်များ ၊ ဤကဏ္ဍများ သည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထူးထူးခြားခြား မှတ်တမ်းတင်ရမည် ဖြစ်သလို အရေး ကြီးသော သမိုင်းစာမျက်နှာများ လည်း ဖြစ်သွားခဲ့သည်။

ထိုအခါမှစ၍ ဤခရီးအနီးအဝေးကို မှန်းဆမျှော်လင့်ကြည့်လျှင် တာဝေးခရီး သို့မဟုတ် မာရသွန်ခရီးရှည်ကြီးကို ယခုအခါ မည် သို့ ယုံကြည်လျှောက်လှမ်းရမည် ကို ချင့်တွက်ကြရတော့မည် ဖြစ်ပါသည်။

(၂)

မြန်မာ့နိုင်ငံရေး တာတိုခရီးများ သည် ဒုတိယကမ္ဘာစစ်ကြီး မ ဖြစ်ခင်ကလေးတွင် စတင်လျှောက်လှမ်းလာရာ ကိုယ်ယုံကြည်ရာ လမ်းများ သို့ ရောက်ခဲ့ကြပါသည်။ ဒုတိယကမ္ဘာစစ်ကြီး၏ အရိပ်အငွေ့ သမ်းလာချိန်တွင် ``အင်္ဂလိပ်အခက် ဗမာ့အချက်´´ဆို၍ အင်္ဂလိပ်နှင့် ပေါင်းရေး ၊ မပေါင်းရေး လမ်းစဉ်များ ပေါ်လာခဲ့သည်။ နောက် ကိုယ့်လမ်းနှင့်ကိုယ် လျှောက်လှမ်းကြရာ ရဲဘော်သုံးကျိပ် ဖြစ်သွားသူများ ၊ မြေအောက်တော် လှန်ရေး သမား ဖြစ်သွားသူများ ၊ မဟာမိတ်တို့နှင့် ပေါင်း၍ အိန္ဒိယရောက် လေထီးသမားများ ဖြစ်သွားသူများ ရှိကြပါသည်။ နောက်ဆုံး မြနမာပြည်လွတ်လပ်ရေး အတွက် လမ်းအသွယ်သွယ် လျှောက်သွားခဲ့ကြသော်လည်း မြန်မာ့နိုင်ငံရေး ခရီး၏ လမ်းဆုံးလမ်းခွကဲ့သို့ ဆုံချက်တစ်နေရာ အရောက် (စစ်ပြီးခေတ်မရောက်မီ ဂျပန်ခေတ်အရောက်)တွင် ညီညွတ်စုစည်းသော မြန်မာ့လွတ်လပ်ရေး အင်အားစု ပေါင်းစည်းမိသွားခဲ့ကြပါသည်။

ထိုအခါ မြန်မာ့သမိုင်းဝင် ဖက်ဆစ်ဂျပန် တော် လှန်ရေး အောင်ပွဲသည် မြန်မာ့လွတ်လပ်ရေး ခရီးတွင် အထင်ရှားဆုံး မှတ်တိုင်ပင် ဖြစ်သွားခဲ့သည်။ ဆယ်စုတစ်စု၏ ခရီးတစ်ဝက် ၅ နှစ် တာ မြန်မာပြည်သည် တာတိုခရီးအရ ပြောရလျှင် လမ်းပေါက်ခဲ့ပါသည်။

ဂျပန်ခေတ်လွန်၊ ကိုလိုနီခေတ်လက်ကျန် `ကက်စ်ဘီ (CAS-B)´ ခေတ်သည်လည်း တစ်နိုင်ငံလုံး၏ ပြည်သူလူထုဆန္ဒအရ `လွတ်လပ်ရေး သည် ပထမ၊ လွတ်လပ်ရေး သည် ဒုတိယ၊ လွတ်လပ်ရေး သည် တတိယ´ ဖြစ်သွားပြီး အဆုံးတိုင် လွတ်လပ်ရေး လမ်းသို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီးမှနေ၍ ဦးဆောင်လျှောက်လှမ်း သွားခဲ့ကြပြန်သည်။ ``ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ´´ ဆိုသော မုခ်ဦးကို စိုက်ထူနိုင်ခဲ့ပါသည်။

သို့သော် ထိုမုခ်ဦးဝမှာ ပင် နိုင်ငံရေး ပါတီများ ၊ အဖွဲ့အစည်းများ ၊ သမဂ္ဂများ ၊ အသင်းများ ထဲတွင် သဘောတရားများ ကွဲလွဲခြင်း၊ ဂိုဏ်းဂဏများ ထွက်လာခြင်း လက်ဝဲလက်ယာ အစွန်း ရောက်ခြင်းများ ဖြစ်ပေါ်လာကာ ညီညွတ်ရေး မီးရှူးတန်ဆောင်သည်လည်း ညှိုးမှိန် လာတော့သည်။ ကွန်မြူနစ်ပါတီချင်း ကွဲပြားခြားနားသွားသည်။ ပြည်သူ့ရဲဘော်ပါတီချင်းလည်း ထို့အတူပင် ဖြစ်သွားခဲ့သည်။ နောက် အထွေထွေသပိတ်ကြီး (၁၉၄၆)မှ သမဂ္ဂများ လည်း မတူကွဲပြားခြားနားသွားခဲ့ကြသည်။

မည် သို့ပင် ဖြစ်စေ သမိုင်း ဖြစ်စဉ်၏ သဘာဝတရားအတိုင်း ဖြစ်တည်ခဲ့ရသော မြန်မာ့နိုင်ငံရေး သမိုင်းသည် ဂျီစီဘီအေနှင့် တို့ဗမာသခင် အစည်းအရုံးများ တွင် ဤသို့ ဤနှယ် ကွဲပြားခြားနားခြင်းများ ထွက်ပေါ်လာသကဲ့သို့ စစ်ပြီးခေတ်မှ လွတ်လပ်ရေး ခေတ်များ တွင် ဖြစ်ခဲ့ကြရပါသည်။

လွတ်လပ်ရေး ခေါင်းလောင်းသံနှင့်အတူ ပြည်တွင်းစစ်သေနတ်သံများ ထွက်ပေါ်လာသော အခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မုခ်ဦးသည် ယိမ်းယိုင်လုမတတ် ဖြစ်ခဲ့ရသည်အထိ မြန်မာ့နိုင်ငံရေး သမိုင်းခရီးသည် အလွန်ကြမ်းတမ်းခက်ထန်သော လမ်းမကြီးဟု ဆိုရမည် ဖြစ်သည်။ ထိုခရီးလမ်းမကြီးသည် ၁၉၄၈ ခုနှစ် မှစ၍ လှမ်းကြရပါသည်။ ၃ နှစ် နီးပါး အပြင်းအထန် လျှောက်လှမ်းရင်း ပြည်တွင်းစစ် မီးတောက်ကြီးမှ မီးစမီးနများ ပါမကျန် ရိုက်ခတ်လောင်ကျွမ်း ခဲ့ရသည်။ တစ်ဖက်တွင် မူ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများ ၊ လွှတ်တော် ညီလာခံများ ၊ ငြိမ်းချမ်းရေး အသံများ ၊ လက်နက်နှင့် ဒီမိုကရေစီ လဲခြင်းများ အသီးသီးထွက်ပေါ်လာပြီး လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ၏ အခင်းအကျင်းများ ခင်းကျင်းကြရပါသည်။ ၁၉၅၀ ခုနှစ် အလွန် ၁၉၅၂ ခုနှစ် ကာလများ သည် မြန်မာ့နိုင်ငံရေး ခရီး၏ တာတိုခရီးများ အ ဖြစ် ခရီးမိုင်တိုင်များ လျှောက်လှမ်းခဲ့ကြခြင်း ဖြစ်ပါသည်။

(၃)

၁၉၅၂ ခုနှစ် မှသည် ၁၉၆၂ ခုနှစ် မြန်မာ့နိုင်ငံရေး ခရီးသည် တာတိုခရီးများ ပင် ဖြစ်တည်ပျက်အတိုင်း ထွက်ပေါ်လာခဲ့ပြန်သည်။ ဖဆပလ အစိုးရအဖွဲ့တွင် ပါဝင်နေသော ဆိုရှယ်လစ်ပါတီဝင်ချင်း ကွဲပြားခြားနားလာပါသည်။ အစိုးရအဖွဲ့ လွှတ်တော် တွင် ပမညတ အဖွဲ့ကြီးသည် ထင်ရှားသော အတိုက်အခံပါတီ ဖြစ်လာသည်။ ထို့ပြင်တစ်ဝ အစိုးရအဖွဲ့ကြီး၏ ဖဆပလအဖွဲ့ကြီးသည်လည်း `နုတင်´ နှင့် `ဆွေငြိမ်း´ ဖြစ်လာသည်။ (နောက်ဆုံး သန့်ရှင်းဖဆပလနှင့် တည်မြဲဖဆပလဟူ၍ နှစ် ဖွဲ့နှစ် ပါတီအ ဖြစ် အသွင် ပြောင်းသွား ပါသည်။)

အထက်ပါ မြန်မာ့နိုင်ငံရေး ခရီး၏ ဆယ်နှစ် တာကာလတွင် ကြားဖြတ်အစိုးရ တက်ရောက် လာခြင်းသည် သမိုင်းစာမျက်နှာများ ပေါ်မှ ထူးခြားသော စာရွက်တစ်ရွက် ဖြစ်သည်။ ဖဆပလ အကွဲတွင် ၀န်ကြီးချုပ်ဦးနုမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်နေ၀င်းအား အာဏာ လွှဲအပ်၍ တိုင်းပြည်အား ၆ လ အုပ်ချုပ်စေပါသည်။ ၆ လနှင့် မလုံလောက်သဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ အပိုဒ်တစ်ပိုဒ်ကို ပြင်ဆင်၍ ဆက်လက်အုပ်ချုပ်၍ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ သန့်ရှင်းဖဆပလ သို့မဟုတ် နုတင်ပါတီမှ မဲအပြတ်အသတ် အနိုင်ရကာ မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ ဖြစ်လာခဲ့ပါသည်။ သန့်ရှင်း ဖဆပလ အစိုးရသည် တာတိုခရီးလမ်းကလေးပင် လျှောက်လှမ်းခဲ့ရသည်။ သက်တမ်းအတိုဆုံး အစိုးရအဖွဲ့ ဖြစ်ခဲ့သည်။ အဘယ့်ကြောင့် ဆိုသာ် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော တော် လှန်ရေး ကောင်စီမှ အာဏာသိမ်းလိုက်သဖြင့် ၀န်ကြီးချုပ် အပါအ၀င် အစိုးရအဖွဲ့ဝင်များ တည်မြဲဖဆပလမှ ခေါင်းဆောင်များ နှင့် အခြားပါတီ၊ အဖွဲ့အစည်း၊ သမဂ္ဂများ မှ ခေါင်းဆောင်များ အားလုံးသည် `ထိန်းသိမ်းခြင်း´ ဝေါဟာရစာလုံးအသစ်ဖြင့် အကျဉ်းစံဘ၀များ ရောက်ရှိသွား ခဲ့ကြပါသည်။

၁၉၅၈ ခုနှစ် တွင် ကြားဖြတ်အစိုးရ တက်လာသော အခါ ပမညတ ခေါင်းဆောင်များ သည် ``မြန်မာပြည် ဒီမိုကရေစီ ဆိတ်သုဉ်းတော့မည် လော´´ ဆိုပြီး စောဒကတက်ခဲ့ကြသော်လည်း ၁၉၆၂ ခုနှစ် တော် လှန်ရေး ကောင်စီ အစိုးရ ဖြစ်လာသော အခါ မည် သည့်စောဒကတက်သံများ မှ တစ်စွန်းတစ်စပင် မကြားရတော့ချေ။ ထောက်ခံသူများ နှင့် ကန့်ကွက်သူများ တော့ ထွက်ပေါ်လာခဲ့သည်။

၁၉၆၀ ခုနှစ် ၀န်းကျင်တစ်ဝိုက်၏ နိုင်ငံရေး ခရီးသည် တာတိုခရီးလမ်းစများ ပျက်ပြယ် ပျောက်ဆုံးသွားခြင်း နိဒါန်းကာလများ ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် တော် လှန်းရေး ကောင်စီ၏ နိုင်ငံရေး ခရီးမှစ၍ ပြောရလျှင် တာဝေးခရီး သို့မဟုတ် မာရသွန်ခရီးရှည်အစ ဖြစ်နေပါတော့သည်။ ပါတီစုံ ဒီမိုကရေစီလမ်းများ ရွေ့လျားဖယ်ရှားပစ်ခြင်း ခံရပြီး တစ်ပါတီစနစ် သို့မဟုတ် မြန်မာ့ဆိုရှယ်လစ်လမ်းခရီးကို စတင်ဖောက်လုပ်လိုက်ခြင်းဟု ဆိုရမည် ဖြစ်သည်။

(၄)

၁၉၆၂ ခုနှစ် စတင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခရီးကား တာရှည်တာဝေး ခရီး ဖြစ်သွားခဲပါသည်။ ၂၇ နှစ် တာ ကာလဆိုသော မာရသွန်ခရီးရှည်ကြီးဟု ဆိုရပေမည် ။ ဤခရီး ဤလမ်းတစ်လျှောက် သမိုင်းရထားကြီး မောင်းနှင်ခုတ်မောင်းသွားသော အခါ တစ်ဖြောင့်တည်း သွားရသည်လည်း ရှိ၊ ယိမ်းယိုင်သွားရသည်လည်း ရှိ၊ နောက်ဆုံးလမ်းပိတ်ဆို့ကာ ရပ်တန့်သွားရသည်လည်း ရှိခဲ့သည်။

တော် လှန်ရေး ကောင်စီ၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (အမြုတပါတီမှ စတင်ခြင်း)၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တွေ့ ဆုံပွဲများ (ဗမာပြည် ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ၊ မဒညတ၊ ရခိုင်ကွန်မြူနစ်ပါတီများ နှင့် ဆွေးနွေးခြင်းများ )နှင့် နိုင်ငံရေး ပါတီခေါင်းဆောင်များ နှင့် အကြံဉာဏ်ရယူခြင်း (ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ၀ိဓူရသခင် ချစ်မောင်၊ သခင်စိုး အစရှိသော ခေါင်းဆောင်များ ၃၃ ဦးနှင့် ပြောဆိုခြင်းများ ) အစရှိသော နိုင်ငံ့ရေး ရာများ ချမှတ်ဆောင်ရွက်သွားခဲ့သည်။ အခြားတစ်ဖက်တွင် မူ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနှင့် ထိပ်တိုက်တိုးခြင်း (၇ ဇူလိုင် အရေး တော် ပုံ ဖြစ်ပွားသည်။) တရုတ်-မြန်မာ အရေး အခင်းနှင့် ဆန်ပြဿနာများ တွေ့ ရခြင်း၊ ကျွန်းဆွယ်အားကစားပွဲမှစ၍ ကျောင်းသား လူထုအုံကြွမှု ဖြစ်ခြင်း (ပထမဦးဆုံးသော ကျောင်းသားနှင့် လူထုလက်တွဲ မိသော အရေး အခင်း) ဖြစ်ပေါ်လာသည်။

နောက်ဆုံး ၁၉၇၄ ခုနှစ် အလုပ်သမားသပိတ်မှစ၍ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ဦးသန့် အရေး အခင်း၊ ၁၉၇၅ ခုနှစ် ဇွန်နှစ် ပတ်လည်သပိတ်၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်ချီတက်ပွဲများ ဖြစ်ပေါ်ခြင်း (ကျောင်းသားတို့၏ နောက်ဆုံးစုစည်းသော ချီတက်ပွဲ)များ ထွက်ပေါ်လာပါသည်။

မည် သို့ပင် ဖြစ်စေ ၂၇ နှစ် တာ မြန်မာ့ဆိုရှယ်လစ်ခရီးသည် တစ်ဖြောင့်တည်းတော့ မဟုတ်။ အကွေ့အကောက်များ နှင့် တွေ့ ကြုံဖြတ်သန်းရပါသည်။ နောက်ဆုံး ၁၉၈၇ ခုနှစ် ငွေစက္ကူ ရုပ်သိမ်းခြင်းမှ အစပျိုးကာ ၁၉၈၈ ခုနှစ် စက်မှု တက္ကသိုလ်ကျောင်းသားများ အရေး အခင်းမှသည် သြဂုတ်လ အထွေထွေသပိတ်ကြီးအထိ ရောက်ရှိသွားကာ နိဋ္ဌိတံ နိဂုံးချုပ်ခဲ့ရပါသည်။

ထိုခရီးရှည်သည် ဆယ်စု ၃ စုနီးပါးပင် ကြားခဲ့သည်။ နောက် ၁၉၉၀ ပြည့်နှစ် မှစ၍ ပါတီစုံရွေးကောက်ပွဲ ပြီးဆုံးသော မဲအနိုင်ရသော ၊ ဂန္ဒီညီလာခံခေါ်ခဲ့သော (အရေး အခင်းဟု မဆိုထားသော်လည်း လူထုအုံကြွမှု များ ပင် ဖြစ်ပေါ်လာသော ) သမိုင်းဝင် တာတိုခရီးများ ပေါ်ပေါက်ရပ်စဲ ပျောက်ကွယ်သွားသည့်အခါမှစ၍ တပ်မတော် အစိုးရ၏ တာဝေးခရီးကား စတင်လာခဲ့သည်။ နှစ် ပေါင်း ၂၀ ကော်ပင် လျှောက်လှမ်းခဲ့ကြသည်။ ဆယ်စုနှစ် စုကျော် ဖြစ်သည်။ ယခုအခါ ထိုအချိန် ထိုကာလမှ အစပြုကာ `တာဝေးခရီး´ ဟု ဆိုရမည် ဖြစ်သော ပြုပြင်ပြောင်းလဲရေး ခရီးလမ်းပန်း စတင်လျှောက်လှမ်းရန် အကြောင်းများ ဖြစ်ပေါ်လာသည်။

ဤခရီးအနီးအဝေးကို မျှော်လင့်တွက်ချက်ချင့်ချိန်ကာ တာဝေးခရီးအ ဖြစ် ယုံကြည်ရန် ဖြစ်လာပြန်သည်။ မြန်မာ့နိုင်ငံရေး ခရီးများ ၏ သဘာဝအတိုင်း `` ဖြစ်ပြန် ပျက်ပြန် လောကဓံတရား´´ကို ပြန်လည်တွေးတော ကြံဆပြီးမှသာ ရှေ့ခရီးကို လျှောက်လှမ်းကြရမည် ဖြစ်သည်။ အထူးသဖြင့် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့၊ လွှတ်တော် အစည်းအဝေးနှင့် ရွေးကောက်ပွဲဝင် အနိုင်ရပါတီများ ၊ အဖွဲ့ချုပ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ သည် လိုရာပန်းတိုင်နှင့် အရောက်သွားမည့်  လမ်းခရီးကို ကောင်းမွန်စွာ ၀ိုင်းဝန်ရွေးချယ်ရန် လိုအပ်ပါသည်။

ယခုအခါ သည် ၂၁ ရာစုနိဒါန်းကာလ၊ ဆယ်စုတစ်စုပင် စွန်းလာသော ၂၀၁၂ ခုနှစ် အချိန်အခါ ဖြစ်ပါသည်။ ဆယ်စုတစ်စုအလွန် ၂၀၁၁ ခုနှစ် အချိန်အခါမှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်လာခြင်း၊ အဖွဲ့ချုပ်မှနေ၍ အဖွဲ့ချုပ် မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်း၊ ၄၃ နေရာ အနိုင်ရခြင်း၊ အခြားတစ်ဖက်တွင် လည်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ၈၈ မျိုးဆက်ခေါင်းဆောင်များ (မင်းကိုနိုင်၊ ကိုကိုကြီး ဂျင်မီ၊ ပြုံးချို၊ မြအေး၊ အံ့ဘွယ်ကျော်၊ လှမျိုးနေ၀င်း၊ မင်းဇေယျာ၊ နီလာသိန်း၊ မီးမီး)၊ တိုင်းရင်းသား ဒီမိုကရေစီခေါင်းဆောင်များ (ဦးခွန်ထွန်းဦး စသည်ဖြင့် ) အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာခြင်း၊ အဖွဲ့ချုပ်၊ ပါတီ၊ အသင်းအဖွဲ့များ နှင့် တွေ့ ဆုံခြင်း၊ ငြိမ်းချမ်းပွင့်လင်း လူ့အဖွဲ့အစည်း ဆွေးနွေးပွဲများ ပြုလုပ်ခြင်းကြောင့် (ဟင်္သာတမြို့မှစ၍ အမြို့မြို့သို့ သွားရောက်ဆွေးနွေးခြင်းများ ) နိုင်ငံရေး ဒီရေများ အချိန်အခါအရ တက်လာခြင်းပင် ဖြစ်သည်။

မြန်မာပြည်သူများ စိတ်ဝမ်းဝယ် ချမ်းမြေ့ရသော မနောပီတိများ ဖြစ်ရာ တိုင်းကျိုးပြည်ကျိုးများ ၏ ရလဒ်ကောင်းကို ထပ်မံမျှော်လင့်စောင့်စားရသော အချိန်အခါလည်း ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတော် အစိုးရအဖွဲ့နှင့် တိုင်းရင်းသားများ ၏ ငြိမ်းချမ်းရေး လမ်းတွင် မူ ကချင်ပြည်နယ်အတွင်းမှ စစ်မီးစကလေးများ ရှိနေခြင်း၊ ငြိမ်းချမ်းရေး စားပွဲဝိုင်းများ ဆက်လက်လိုအပ်နေခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး စားပွဲဝိုင်းကြီးအား အမြန်ပေါ်ပေါက်ခြင်းများ ဦးတည်လျှောက်လှမ်းရန် ဆန္ဒရှိနေကြပါသည်။

စင်စစ် ဤသို့သော အခါသမယ၊ ဤသို့သော် အခြေအနေ၊ ဤသို့သော် သမိုင်း ဖြစ်စဉ်များ အစပြုနေရာ နိုင်ငံရေး စင်မြင့်မှ ရုပ်ပုံကားချပ်ကြီးတွင် မြန်မာ၊ ရှမ်း၊ ရခိုင်၊ ကရင်၊ မွန်၊ ကယား၊ ချင်း၊ ကချင် အစရှိသော ပြည်ထောင်စုသားများ ၏ နှလုံးသားများ ထဲမှ စိတ်ဝမ်းပီတိကြည်နူးမိသော ရုပ်ပုံလွှာများ `မြန်မာပြည် တစ်ဝန်းသာမက ကမ္ဘာအနှံ့ မြင်စေသား´ ဆိုသော အစိုးရ၊ ပါတီနိုင်ငံရေး အဖွဲ့များ ၊ လွှတ်တော် ကိုယ်စားလှယ်များ ၏ လက်များ မှ ဖန်တီးပေးနိုင်သော စွမ်းရည်စွမ်းပကားများ မြှင့်တင်လုပ်ဆောင်ကြရန် ဖြစ်ပါသည်။

(ပေါ်ပြူလာနယူးစ်ဂျာနယ်၊ ၂၆-၇-၂၀၁၂)

ငြိမ်းချမ်းရေး သို့ သွားရာလမ်းဝယ်

(၁)

ကျွန်တော် တို့ အထက်တန်းကျောင်းသားအရွယ်တွင် ပြည်တွင်းငြိမ်းချမ်းရေး အသံများ သည် မြန်မာ့အသံရေဒီယိုမှသော်လည်းကောင်း၊ သတင်းစာ စာမျက်နှာများ ပေါ်တွင် လည်းကောင်း၊ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အကြားတွင် လည်းကောင်း နှစ် ထောင်းအားရစွာ ကြားနေခဲ့ပါသည်။ ၁၉၆၃ ခုနှစ် က ``ပြည်တွင်းငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးပွဲ´´ ဆိုသော နိုင်ငံတစ်နိုင်ငံ၏ အရေး အကြီးဆုံးသော အမျိုးသားပြဿနာကို နဖူးတွေ့ ဒူးတွေ့  ကြုံခဲ့ရသည်။

၁၉၄၈ ခုနှစ် တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ဆုလာဘ်နှင့် အတူ လက်ဝဲလက်ယာနိုင်ငံရေး အင်အားစုများ ၀ါးအစည်းပြေသလို တစ်စစီ လွင့်ထွက်သွားကြပြီး ပြည်တွင်းစစ်မီးရလဒ်ကိုပါ ပူးတွဲ ရရှိလာခဲ့သည်။ ဖက်ဆစ်ဂျပန် တော် လှန်ရေး ၏ အမြုတေအဖွဲ့အစည်းကြီး ဖြစ်သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူလွတ်လပ်ရေး အဖွဲ့ချုပ်ကြီးသည် ပြည်သူလူထုကြားဝယ် ဖ.ဆ.ပ.လ ဟူ၍ အမည် နာမကြီး ရရှိလာခဲ့ပြီးမှ ၁၉၄၇ ခုနှစ် တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ဖ.ဆ.ပ.လ အဖွဲ့ကြီးမှ ထုတ်ပယ်ခံရသည်။ ထိုမှ ဗမပြည်ကွန်မြူနစ်ပါတီသည် လက်နက်စွဲကိုင်ကာ ပြည်တွင်းစစ်ထဲ ရောက်ရှိသွားသည်။ ထို့ပြင်တစ်ဝ ကေအင်န်ဒီအို (ကရင်အမျိုးသားဒီမိုကရေစီအဖွဲ့) သည်လည်း ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရကို ခြားနားပုန်ကန်ကာ ပြည်တွင်းစစ်မီးကို ပျံ့နှံ့လောင်ကျွမ်းစေပြန်သည်။ ဤသို့ဖြင့် ၁၉၄၈ ခုနှစ် ၊ မတ်လ (၂၈)ရက်နေ့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော် လှန်ရေး နှင့် ကေအင်န်ဒီအို၏ လက်နက်ကိုင် တော် လှန်ရေး များ ပေါင်းစည်းသွား၍ တစ်နိုင်ငံလုံး တစ်တောတစ်ကြက်ဖ ဖြစ်ကာ အမိမြန်မာပြည်သည် ပြည်တွင်းစစ်ဒဏ် အလူးအလဲ ခံရတော့သည်။

ဝါးအစည်းပြေသွားသည်များ ရှိသေးသည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှ ဂျပန်တော် လှန်ရေး အပြီး အလံနီကွန်မြူနစ်ပါတီ ခွဲထွက်ထူထောင်ခြင်း၊ အလံနီကွန်မြူနစ်ပါတီမှ ထူးစိန်ပါတီ ခွဲထွက်ထူထောင်ခြင်း၊ ဖဆပလ အဖွဲ့ကြီးမှ ပြည်သူ့ရဲဘော်အဖွဲ့တွင် ရဲဘော်ဖြူ၊ ရဲဘော်ဝါဟူ၍ ကွဲပြားသွားပြီး ရဲဘော်ဖြူများ လက်နက်ကိုင်တော် လှန်ရေး ဆင်နွှဲခြင်း၊ ထို့အပြင် ဖဆပလအဖွဲ့အတွင်းမှ ဆိုရှယ်နီများ ခွဲထွက်လာခြင်းအစရှိသော သမိုင်း ဖြစ်စဉ်များ နှင့် အတူ သမိုင်းဝင်ပြည်တွင်းစစ်အရေး အခင်သည် သွေးချင်းချင်းနီးစေတော့သည်။

နိုင်ငံနှင့် အ၀ှမ်း ယမ်းငွေ့တဝေေ၀ တလူလူနှင့် လယ်ပစ်ယာပစ်၊ အိုးပစ်အိမ်ပစ်၊ သားပစ် မယားပစ်ဘ၀များ သက်ဆင်းကျရောက်သွားရာ နောက်ဆုံး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုသော အမည် နာမအောက်မှ ဖဆပလ အစိုးရသည် ရန်ကုန်အစိုးရဟူ၍ သမုတ်ခံရပြီး ရန်ကုန်မြို့၊ ၈ မိုင်ရှိ ခ၀ဲခြံတစ်ဝိုက် တိုက်ပွဲများ ပင် ဆင်နွှဲခဲ့ရသော ကေအင်န်ဒီအိုနှင့် တိုက်ပွဲများ အထိ နာမည် ပျက်ခဲ့ရလေသည်။ နောက် ဖောင်ကြီးတစ်ဝိုက်တိုက်ပွဲ၊ ကနုတ်တိုက်ပွဲ၊ တောင်ငူတိုက်ပွဲ၊ ပျဉ်းမနား တိုက်ပွဲ၊ ပြည်တိုက်ပွဲ၊ သာစည်တိုက်ပွဲ၊ ပြင်ဦးလွင်တိုက်ပွဲ အစရှိသည့် တိုက်ပွဲပေါင်း ခုဆယ်ရာထောင်သော င်းတို့ဖြင့် မြို့ပေါင်းရွာပေါင်း ထောင်သော င်းများ စွာ စစ်မီးခရပါသည်။ ၁၉၄၈ ခုနှစ် မှသည် ၁၉၅၂ ခုနှစ် အထိ ၅ နှစ် တာမျှ ကာလများ ဖြစ်သည်။ နောက် ၅ နှစ် တာ ကာလကျော်အထိ ရောက်လာပြန်သည်။

ထိုကာလများ တွင် ငြိမ်းချမ်းရေး ဖခင်ကြီး သခင်ကိုယ်တော် မှိုင်း၏ ပြည်တွင်းစစ်ရပ်စဲ၍ ငြိမ်းချမ်းရေး ကိစ္စများ လုပ်ဆောင်ရန် တစ်ကဏ္ဍ ပေါ်ပေါက်လာခဲ့သည်။ ဖဆပလ အစိုးရ၀န်ကြီးချုပ် ဦးနု၏ နုမူ ၁၄ ချက်ဖြင့် သူမသာ ကိုယ်မသာ ငြိမ်းချမ်းရေး အသံများ လည်း ကြားလာခဲ့သည်။ နောက် ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းတို့ပါဝင်သော ငြိမ်းချမ်းရေး ၈ ဦးကော်မတီ၊ ဗိုလ်ချုပ်ကျော်ဇော၏ ပြည်တွင်းငြိမ်းချမ်းရေး မှတ်တမ်းများ လည်း ကြားလာရပြန်သည်။ သို့ပင် ဖြစ်ငြား `လက်နက်နှင့် ဒီမိုကရေစီ လဲမည် ´ ဒါမှမဟုတ် `ချမ်းအေးစစ်တမ်း´ ပိုင်ရှင် `ရဲဘော်အေးချမ်း´ ကဲ့သို့ တစ်ယောက် စ နှစ် ယောက် စ ကွန်မြူနစ်ပါတီဝင်များ ၊ အုပ်စုများ ၊ နောက် ပြည်သူ့ရဲဘော်များ (တချို့)မှတစ်ပါး အလင်းဝင်လာခြင်းမရှိဘဲ ဖဆပလ နှစ် ခြမ်းကွဲ၍ သန့်ရှင်း၊ တည်မြဲ ဖဆပလများ ခေတ်၊ ထိုမှ ကြားဖြတ်အစိုးရခေတ်၊ (ဦးနုမှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်နေ၀င်းအား အာဏာလွှဲအပ်သည့်ကာလ)၊ ထိုမှ သန့်ရှင်းအစိုးရခေတ်နှင့် ၁၉၆၂ ခုနှစ် တော် လှန်ရေး ကောင်စီ (သို့မဟုတ်) ဗိုလ်ချုပ်နေ၀င်း၏ ဒုတိယမ္ပိအာဏာသိမ်းသော ခေတ်ဦးအထိ အစစ်အမှန် ငြိမ်းချမ်းရေး တေးသံများ ပီပြင်ထင်ရှားစွာ ကြားရခြင်း မရှိပေ။

ကျွန်တော် တို့ မွေးကင်းစကာလမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ရောက်စကျောင်းသားဘ၀ အချိန်ကာလများ အထိ ပြည်တွင်းစစ်နှင့် နှစ် ပါးသွားခဲ့ကြရပါသည်။ ပြည်တွင်းစစ်ရပ်စဲရေး ၊ ငြိမ်းချမ်းရေး ရရှိရေး ၊ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး ဆိုသော အရေး တော် များ သည် လက်လွတ်ခြေချော်ကာ အငေါ်တူးခဲ့ရသည်။ သို့သော်… သို့ သော် ၁၉၆၃ ခုနှစ် တွင် မူ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှ မြန်မာ့အသံတွင် ဖက်ဒရယ်မူများ စည်းဝေးနေစဉ် တော် လှန်ရေး ကောင်စီမှ အာဏာသိမ်းယူကာ အစိုးရ ဖြစ်လာစဉ် တစ်နှစ် ကျော်အကြာ၌ ပြည်တွင်းငြိမ်းချမ်းရေး ကမ်းလှမ်းသံ အပြန်အလှန်ကြေညာချက်များ ၊ အလံနီပါတီ၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ မဒညတ၊ ကေအင်န်ယူ၊ ရခိုင်ကွန်မြူနစ်ပါတီတို့မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များ အစရှိသော လူသိရှင်ကြား မျက်မြင်ကိုယ်တွေ ငြိမ်းချမ်းရေး အရေး တော် ပုံများ သည် မြန်မာပြည်တစ်နံတစ်လျားတွင် အထင်အရှား ကိုယ်ထင်ပြလာကြပါသည်။

လူငယ်ဘ၀ ကြားသိနေသမျှဖြင့် သခင်ကိုယ်တော် မှိုင်းထံ လာရောက်ဂါရ၀ပြုကြသော တောတွင်းကိုယ်စားလှယ်များ အလ အပြေးအမြန် သွားရောက်ကြည့်ရှုရသည်။ အလံနီပါတီခေါင်းဆောင် သခင်စိုး၊ နောက် ရဲနီကျော်ဝင်း၊ သခင်စိုးဇနီး မငွေစံနှင့် ရဲနီများ ၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်ဌေး၊ ဗိုလ်ဇေယျ၊ ရဲဘော်အောင်ကြီး၊ ရဲဘော်စိုးမောင်၊ ရဲဘော်သက်တင်တို့အဖွဲ့များ ၊ မဒညတမှ မန်းဘဇံ၊ ဗိုလ်ရွှေကျင်၊ စကောလယ်တောအဖွဲ့များ စသည်ဖြင့် ကြိုဆိုသူများ ကြားမှ ပြေးလွှားလုယက်ကြည့်ရပြီး မနက်ဖြန် သတင်းစာများ ကိုလည်း အပြန်ပြန် အလှန်လှန် ဖတ်ရှုရပြန်သည်။

ဘ၀တစ်သက်တာတွင် အိပ်မက်၌ ပင် ကိုယ်ထင်မပြနိုင်သော ငြိမ်းချမ်းရေး ရုပ်ပုံကားချပ်တစ်ချပ်ကို ထိုစဉ်ကတည်းက ယနေ့ထိ ပြန်လည်မြင်ယောင်နေသည်။

(၂)

လွတ်လပ်ရေး ခေတ် နိဒါန်းမှစ၍ နှစ် ပေါင်းများ စွာ က သိန်းသန်းအရေး မို့ ငြိမ်းချမ်းရေး ပေးရန် တောင်းဆိုခဲ့ကြပါသည်။ ကဗျာဝတ္ထုအစုစုဖြင့် တစ်မျိုး၊ ပြဇာတ်သဘင် ဆင်ယင်ခြင်းဖြင့် တစ်ဖုံ၊ ဂီတသံစုံများ ဖြင့် တစ်နည်း၊ ပန်းချီပန်းပုများ ဖြင့် တစ်သွယ် ကဏ္ဍမျိုးစုံ ရက်ယှက်၍ ငြိမ်းချမ်းရေး ကို တင်ပြခဲ့ကြသည်။

၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးပွဲကာလတွင် တော် လှန်ရေး ကောင်စီ အစိုးရ၏ ကိုယ်စားလှယ် ဗိုလ်မှူးကြီး လှဟန်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီပါတီ၊ မဒညတ တို့ စားပွဲပေါ်တွင် တွေ့ ဆုံဆွေးနွေးနေကြရာ နှစ် ဦးနှစ် ဖက် အကျိုးစီးပွားများ ပေါင်းစည်းလုပ်ကိုင်ရန်အကြောင်း မမြင်သော အခါ စားပွဲဝိုင်းဆွေးနွေးမှု များ ပျက်သွားခဲ့ပြန်သည်။ ထိုအခါ ငြိမ်းချမ်းရေး ဆန္ဒပြပွဲများ တစ်ခဲနက် ထွက်ပေါ်လာသည်။ ပဲခူးခရိုင်၊ သာယာဝတီ ခရိုင်အသီးသီးမှ လယ်သမား၊ အလုပ်သမားများ သည် မြို့အသီးသီးမှ ရန်ကုန်မြို့တော် သို့ ချီတက်လျှောက်လှမ်းလာကြပြီး ငြိမ်းချမ်းရေး ကို တောင်းဆိုခဲ့ကြပါသည်။

သို့ရာတွင် သတင်းစာများ ၊ ဂျာနယ် စာစောင်များ တွင် မူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နိဂုံးချုပ်ပုံများ ဖော်ပြလာသည်။ ရှေ့သို့ စာစောင်မျက်နှာဖုံးမှ `သူတို့ပြန်ကြလေပြီ´ ဆိုသော ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်ဌေးနှင့် အဖွဲ့များ တောတွင်းနေရာသို့ အပြန် ဓာတ်ပုံသည် ၀မ်းနည်းဖွယ်ရာ မှတ်တမ်းတင်ထားရသည်အထိ ဖြစ်ပါသည်။

ဤသို့ဖြင့် မြန်မာ့နိုင်ငံရေး ဇာတ်ခုံတွင် အဆင့်အမြင့်ဆုံး ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးပွဲသည် တစ်ခဲနက် ကျင်းပခဲ့ရာမှ ရုတ်ခြည်းနိဂုံးချုပ်သွားရသည်။ နောင် ကျွန်တော် တို့ အသက်နှင့်အမျှ ပျောက်ကွယ် ငုပ်လျှိုးသွားသော ငြိမ်းချမ်းရေး နေရာတွင် စစ်ရေး စစ်ရာများ အစားထိုးဝင်ရောက်လာသည်။ ပြည်တွင်းစစ်မီးလျှံသည် ရဲရဲငြီးငြီး တောက်လောင်လာရာ ပြည်မရှိ ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ တနင်္သာရီ ကမ်းမြောင်ဒေသတို့သာမက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်များ အထိပင် ပါဝင်ဆင်နွှဲလာကြပါသည်။ တစ်နည်းအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လာခြင်း ဖြစ်သည်။

နှစ် ပေါင်း ၃၀ ကြာသော အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် အပြင်စည်း အတွင်းစည်းခွဲ၍ ငြိမ်းချမ်းရေး ကို တစ်နည်းတစ်ဖုံ ပြုလုပ်ဆောင်ရွက်လာပါသည်။ ပင်မရေစီကြောင်းထဲတွင် သမိုင်းအစဉ်အဆက် ဖြစ်တည်လာခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး အချို့နှင့် တော့ အပစ်အခတ်ရပ်စဲရေး လောက်သာ ဆောင်ရွက်ခဲ့သည်။ တချို့ကိုတော့ အပစ်အခတ်ပင် မရပ်စဲ။ တိုက်ပွဲ၊ လက်နက်များ ဖြင့် ဆက်လက်ဆောင်ရွက်နေတုန်းပင် ဖြစ်သည်။

တစ်ခါက အိပ်မက်၌ ပင် ကိုယ်ထင်ပြခဲ့သော ငြိမ်းချမ်းရေး မြင်ကွင်းသည် မပီဝိုးတ၀ါးဖြင့် အကျိုးမများ ဘဲ တစ်မျိုးသားလုံးအရေး တွင် ဖင့်နွှဲနှောင့်နှေးလျက် ရှိနေတော့သည်။

(၃)

ယနေ့ မြန်မာနိုင်ငံတော် သည် အသွင်သဏ္ဌာန်အားဖြင့် ပြောင်းလဲတိုးတက်လာရင်း အနှစ် သာရပြောင်းလဲ တိုးတက်လာသော အခါ ပြည်ထောင်စုတစ်ဝန်းလုံးအရေး နှင့် ပြည်ထောင်စုသားများ အရေး သည် အဓိကအကြောင်းရင်း တစ်ရပ် ဖြစ်လာနေပါသည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး အတွက် တွေ့ ဆုံဆွေးနွေးကာ ငြိမ်းချမ်းရေး ဗိမာန်ကြီး တည်ဆောက်ရန် ဖြစ်ပါသည်။

စကားမစပ် ပြောချင်သည်။ တစ်ချိန်က `အေ၀မ်းဆရာညှာ´ ရေး စပ်သီကုံးပြီး အဆိုတော် `သန်းသန်းဆင့်´ သီဆိုထားသော `တုံ့လှယ်မေတ္တာ´ သီချင်းကို ပြန်လည် သတိရမိသည်။

``တို့ပြည်ထောင်စု လူထုရေ လူထုရေxxxx တစ်ဦးနဲ့တစ်ဦးxxxx ခင်မင် ကြင်နာ ကြည်နူးကာ မသွေxxxx တုံ့လှယ်မေတ္တာxxxx တုံ့လှယ်မေတ္တာ ထားမှ တော် ကြပလေ´´

သီချင်းအစမှာ ပင် ပြည်ထောင်စုသားများ ၏ မူလဘူတကျသော တစ်ယောက် နှစ် တစ်ယောက် အပြန်အလှန် မေတ္တာထားကြရမည် ဟု ဖွင့်ဆိုထားသည်။ အလယ်အပိုဒ်တွင် လည်း အချစ်နှင့် အမုန်းဆိုသော သဘောကို တင်ပြထားသည်။

``ကြီးငယ်ရွယ်မရွေးxxxx သတိပေးလို့ တေးသံဝေ xxxx သွေးချင်းပမာလို xxxx သားချင်းပမာလို xxxx အစဉ်ထာဝရ ကြင်နာကြစေ xxxx အချစ်ဆိုရင်လည်း အချစ်ကိုတွေ့ မယ် မိတ်ဆွေ xxxx အမုန်းဆိုရင်လည်း အမုန်းကို တွေ့ မယ် မိတ်ဆွေ´´

ပြည်ထောင်စုသားများ အဖို့ အချစ်ကို ရှေ့တန်းတင်ရန်နှင့် အမုန်းကို ရှောင်ကြဉ်ကြရန်သာ ဖြစ်သည်။ အချစ်နှင့် အမုန်းကို မှန်ကန်စွာ ရွေးချယ်ရမည် ။

နောက်ဆုံး သံပြိုင်အပိုဒ် ရှိသေးသည်။

``မေတ္တာ မေတ္တာ xxxx ပေါင်းကူးတံတားကို xxxx သစ္စာသစ္စာ xxxx ပေါင်းကူးတံတားကို xxxx တည်ဆောက်ကြစို့ xxxx တို့တစ်တွေ xxxx တို့တစ်တွေ xxxx ကမ္ဘာသူ ကမ္ဘာသားအားလုံး xxxx စည်းရုံးကာမသွေ xxxx တုံ့လှယ်မေတ္တာမှ တော် ကြမလေ´´

တစ်ယောက် နှင့် တစ်ယောက် သည် မေတ္တာပေါင်းကူးတံတား၊ သစ္စာပေါင်းကူးတံတားများ တည်ဆောက်ကာ လက်တွဲ လျှောက်ကြပြီး အပြန်အလှန် ချစ်ခြင်းတရားများ ပွားစည်းမျှဝေရမည် ဖြစ်သည်။ ထိုသီချင်းကလေးသည် မြန်မာသူ မြန်မာသားများ ပါမက ကမ္ဘာသူကမ္ဘာသားများ အားလုံးပင် တုံ့လှယ်မေတ္တာထားကာ ငြိမ်းချမ်းသာယာသော နယ်မြေသို့ ရည်ညွှန်းထားပါသည်။ ဂလိုဘယ် တေးသီချင်းတစ်ပုဒ်ပင် ဖြစ်နေပါသည်။

အကြောင်းသင့်၍ တိုင်းရင်းသား ညီညွတ်သွေးစည်းရေး အတွက် တစ်ချိန်က သီးချင်းတစ်ပဒ်ကို ဖော်ပြရသည်မှာ ယနေ့အချိန်အခါသည် ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ရန် အသံများ ကြားရပြန်သဖြင့် မြန်မာ့နိုင်ငံရေး သမိုင်းလမ်းကြောင်းပေးမှ ငြိမ်းချမ်းရေး သို့ သွားရာလမ်းကို သမင်လည်ပြန်ငဲ့စောင်း ကြည့်ကြရန် ဆန္ဒကိုယ်စီရှိသင့်ကြောင်း တင်ပြခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး အတွက် သဘောတရားများ ၊ စည်းမျဉ်းကလနားများ ၊ ဆုံးဖြတ်ချက်များ ရှိနေသော်လည်း တစ်ဦး တစ်ယောက် ချင်းတွင် အဇ္ဈတ္တအတွင်း၌ အချစ်ကိုသာ ရှာဖွေတွေ့ ရှိကြပြီး ပြန်လည်တုံ့လှယ်သော အချစ်များ ဖြင့် ရိုးစင်းစွာ တွေ့ ဆုံဆွေးနွေးကြမည် ဆိုလျှင် အခြေခံအားဖြင့် တူညီသော လမ်းပေါ် တစ်ဦး တစ်ယောက် ချင်း ရောက်သွားကြမည် ဖြစ်သည်။ ဤသည်ပင်လျှင်တွင် ငြိမ်းချမ်းရေး သို့ သွားရာလမ်း၏ ပထမခြေလှမ်းပင် ဖြစ်နေပါတော့သည်။

(လှိုင်းသစ်မဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၁၁)

ငြိမ်းချမ်းရေး လမ်းပေါ် လျှောက်လှမ်းကြရ၀ယ်

၁၉၄၈

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတနိုင်ငံအ ဖြစ် အခြေခံအုတ်မြစ်ချရင်း ပြည်တွင်းစစ်မီးက ဖွားဘက်တော် အ ဖြစ် ပါလာခဲ့ရာ မြန်မာတိုင်းရင်းသား ပြည်သူများ လိုလားတောင့်တခဲ့ရသော ငြိမ်းချမ်းရေး သည် မွေးရာပါ အခွင့်အရေး တစ်ရပ် ဖြစ်လာပါသည်။

သတင်းစာ၊ ဂျာနယ်၊ စာစောင်များ တွင် မြန်မာတိုင်းရင်းသား ပြည်သူများ ၏ ပြည်တွင်းစစ်မီး၏ ဒဏ်ရာဒဏ်ချက်များ နှင့် ငြိမ်းချမ်းရေး လိုလားချက်များ တင်ပြနေပါသည်။ နိုင်ငံတော် အစိုးရ၊ ကွန်မြူနစ်ပါတီ (အလံဖြူ၊ အလံနီဆိုပါစို့)၊ ပြည်သူ့ရဲဘော်များ ၊ ကေအင်န်ဒီအိုများ ၏ အပစ်အခတ်တိုက်ပွဲများ ၊ မြို့ရွာ နယ်ပယ်သိမ်းတိုက်ပွဲများ ၊ ပြန်လည်သိမ်းပိုက်ရသော တိုက်ပွဲများ (လက်နက်ကိုင် တပ်သားအပြင်၊ ဗိုလ်များ နှင့် ပါတီရဲဘော်၊ ရဲမေနှင့် ခေါင်းဆောင်များ ဟိုဘက်သည်ဘက် ကျဆုံးမှု များ )၊ မြို့ရွာနယ်ပယ်ရှိ နိုင်ငံရေး သမားများ ၊ လူငယ်လူရွယ်များ ၊ ကျောင်းသားများ အဖမ်းဆီးခံရခြင်းများ အစရှိသော ပြည်တွင်းစစ်ရုပ်ဘ၀များ အထင်အရှား တွေ့ မြင်ဖတ်ရှုခဲ့ရပါသည်။

စင်စစ် နိုင်ငံတော် လွတ်လပ်ရေး အတွက် ကျောချင်းရင်ချင်းကပ် မျိုးချစ်ရဲဘော်များ သည် ကိုလိုနီအင်္ဂလိပ်၊ ဖက်ဆစ်ဂျပန်တို့အား အသက်သွေးများ စတေးကာ တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သော်လည်း ယင်းပြည်တွင်းစစ်မီးကြောင့် ကျောချင်းခိုင်းသွားခဲ့ကြပြီး မျိုးချစ်သူများ အချင်းချင်း စစ်ခင်းနေကြခြင်း ဖြစ်သည်။ ကိုယ့်လူမျိုးအချင်းချင်း ပဋိပက္ခများ ကြီးမားကျယ်ပြန့်လာခြင်းနှင့် အတူ ပြည်ပရပ်ခြားမှ မသမာသော သွေးခွဲခြင်းများ လည်း ချောင်းမြောင်းဝင်ရောက်လာခြင်းများ ရှိလာသဖြင့် ပြည်တွင်းစစ်မီးသည် ၁၉၄၈ ခုနှစ် မှသည် ၁၉၅၈ ခုနှစ် အထိ ဆယ်နှစ် ဆယ်မိုးမက ရှည်ကြာခဲ့သည်။

ထို့အတူပင် ပြည်သူပြည်သား တိုင်းရင်းသားများ ၏ ငြိမ်းချမ်းစွာ ရယူပိုင်ဆိုင်လိုသော လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံသူ နိုင်ငံသားများ ဖြစ်တည်ရယူလိုသော ဆန္ဒမဏ္ဍိုင်ကြီးသည် ခါးလယ်မှ ပြတ်ထွက်ကာ ယိမ်းယိုင်ပြိုလဲမှု သို့ ရောက်ရှိရန် ဖြစ်နေပါတော့သည်။

*******

၁၉၅၈

၁၉၅၈ ခုနှစ် မြန်မာနိုင်ငံသည် ဖဆပလအဖွဲ့ကြီး၏ အစိုးရအ ဖြစ် လွတ်လပ်ရေး ရသည်မှစ၍ အုပ်ချုပ်လာရာ ပြည်တွင်းငြိမ်းချမ်းရေး အသံများ အရှိန်အမြင့်ဆုံးသို့ ရောက်ရှိလာသည်။ သို့ရာတွင် ဖဆပလ အဖွဲ့ကြီးသည် ၁၉၅၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့၊ ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် (ပါလီမန်) ရွေးကောက်ပွဲ ကျင်းပပြီးနောက် အစိုးရသစ်ဖွဲ့သော အခါ ယခင်ဝန်ကြီးချုပ် ဦးနုသည် ဖဆပလ ဥက္ကဋ္ဌ ဖြစ်ကာ ဦးဗဆွေက ၀န်ကြီးချုပ် ဖြစ်လာသည်။ တစ်နှစ် မပြည့်မီ ဦးနုက ၀န်ကြီးချုပ်ပြန်လုပ်ရင်း ဖဆပလအဖွဲ့အတွင်း အက်ကြောင်းကြီး စတင်လာပါသည်။ ခေါင်းဆောင်ချင်း ပဋိပက္ခ ကြီးထွားလာသည်။ (ဗမာ့ခေတ် သတင်းစာမှ `ရာဇ၀င်တွင် ညမ့် ဤစာနှစ် စောင်´ ဖြင့် တိုင်းသိပြည်သိ ထင်ရှားနေသော ပဋိပက္ခဟု ဆိုရမည် ဖြစ်သည်။)

စင်စစ် ၀ါဒ၀ါဒီပဋိပက္ခ ဖြစ်ရာ ဦးနုရော ဦးကျော်ငြိမ်းပါ ကွန်မြူနစ်ဝါဒ (မာ့က်ဝါဒ) ဆန့်ကျင်သူများ ဖြစ်သော်လည်း ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် သဘောထားကွဲလွဲလာခြင်း ဖြစ်သည်။ ဦးနုက နေရူးကဲ့သို့ သို့မဟုတ် ဗြိတိသျှလေဘာပါတီကဲ့သို့ ကွန်မြူနစ်များ အား လိမ္မာပါးနပ်စွာ တိုက်လိုပြီး ဦးကျော်ငြိမ်းက ချန်ကေရှိတ်ကဲ့သို့ အပြင်းအထန် တိုက်လိုသည်။ ဤတွင် ၁၉၅၈ ခုနှစ် မေလ၌ ဖဆပလအဖွဲ့ကြီးသည် `နုတင်-ဆွေငြိမ်း´ ဖဆပလများ အ ဖြစ် ကွဲပြားခြားနားသွားလေသည်။ (`သန့်ရှင်းဖဆပလ´နှင့် `တည်မြဲဖဆပလ´ ဟူ၍ ဖြစ်သည်။)

သန့်ရှင်းဖဆပလသည် ပါလီမန်အတွင်း အတိုက်အခံအဖွဲ့ ပမညတ၏ မဲများ နှင့် တောင်တန်းသားတို့၏ မဲများ ထောက်ခံမှု ရရှိပြီး အစိုးရ ဖြစ်လာသော အခါ ပြည်သူပြည်သား တိုင်းရင်းသားတို့ရင်ထဲမှ ငြိမ်းချမ်းရေး မဏ္ဍိုင်များ သည် ပြန်လည်တည့်မတ်ထူထောင်ရန် လမ်းစများ တွေ့ လာပါသည်။

ပမညတ လမ်းစဉ်အတိုင်း လက်နက်ကိုင်တော် လှန်ရေး သမားများ နှင့် စေ့စပ်ဆွေးနွေးရန်နှင့် ဦးနုလမ်းစဉ်အရ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည် ၊ လက်နက်ချ အလင်းဝင်ရမည် ။ ဥပဒေတွင်း ပါတီရပ်တည်ခွင့် ပေးမည် စသည်ဖြင့် ငြိမ်းချမ်းရေး ပြဿနာများ ညှိနှိုင်းတိုင်ပင်ကြသည်။ သခင်ကိုယ်တော် မှိုင်း ခေါင်းဆောင်သည့် ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ (၈)ဦးကော်မတီအားလည်း ဦးနုလမ်းစဉ်အရ လုပ်ခိုင်းသည်။ (၁၉၅၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ထုတ် `ပြည်သူ့ဂျာနယ်´ မျက်နှာဖုံးတွင် `ငြိမ်းချမ်းရေး ရောင် ခြည် ပို၍ လင်းလာပြီ´ ခေါင်းစီးဖြင့် ပင် ထိပ်တန်းရောက်လာခဲ့သည်။)

`အခုဆိုရင် ဆရာကြီးခေါင်းဆောင်ပြီး ကျုပ်တို့အဖွဲ့ဝင်တွေ နဲ့ ဦးနုတွေ့ ဆုံခဲ့ကြပြီးပြီ။ ဒီလိုတွေ့ ဆုံပြီးတဲ့နောက် ငြိမ်းချမ်းရေး အလားအလာ ပိုပြီးပွင့်လန်းလာတယ်လို့ ရဲရဲပြောနိုင်ပါတယ်။ ဦးနုက `ငြိမ်းချမ်းရေး မရ ရအောင်လုပ်ဆောင်ပါ့မယ်´ ဆိုတဲ့စကားကို အသေအချာ ပြောလိုက်ပါတယ်။ ဒီပြဿနာကို ညှိနှိုင်းဆွေးနွေးကြတဲ့အခါမှာ လည်း နှစ် ဖက်စလုံး အညွတ်အနူးနဲ့ ဆွေးနွေးကြပါတယ်´ဟု ရှင်ဦးကော်မတီမှ ပုဂ္ဂိုလ် တစ်ယောက် ပြောရင်း

`ဒါကြောင့် ဆရာကြီးကိုယ်တိုင်က ငြိမ်းချမ်းရေး အတွက် ဆရာစိတ်ချမ်းသာပြီလို့ လှိုက်လှိုက်လှဲလှဲနဲ့ ၀မ်းပန်းတသာ ထုတ်ဖော်ပြောကြားလိုက်တာပဲ´´ ဟု ပြောပါသည်။

ပြည်သူ့ဆန္ဒ၊ ပြည်သူ့စိတ်များ သတင်းစာ၊ ဂျာနယ်၊ စာစောင်များ တွင် ထည့်သွင်း ဖော်ပြလာကြပါသည်။ (နတ်မောက်၊ မြို့လှ၊ ရေနီ၊ တောင်ငူ၊ ပျဉ်းမနား၊ မိတ္ထီလာမြို့များ မှ ပြည်သူများ စာပေများ )။ နောက် ပြည်သူ့ကဗျာများ ရှိသေးသည်။ မောင်နှင်းဆွေ (ပျဉ်းမနား)၏ `သင့်တွက် ငြိမ်းချမ်းရေး တောင်းမည် ´၊ သစ္စာနီ၏ `စစ်ကိုနှစ် ၍ ငြိမ်းချမ်းခြင်း´၊ ရွှေမြိတ်သော င်းတင်၏ `မုန်တိုင်းကထန်´ ကဗျာများ )

`လူထုဂျာနယ်´ အမှတ်၁၂ မှ `အရှင်ဉာဏိဿရ´ ၏ ငြိမ်းချမ်းရေး ဋီကာ ဖွင့်ထားပါသေးသည်။ [အရှင်ဉာဏိဿရသည် နောင် `ဆန်းထွန်း (မန်းတက္ကသိုလ်) ဖြစ်သည်။]

(နိဗ္ဗာန်မောက္ခ၊ သုခ၀တီဘုံ - ကောင်းကင်ဘုံများ ကို ယုံကြည်၊ မယုံကြည်အပထား။ လူသားလောကတွင် မြေပေါ်ငြိမ်းချမ်းရေး ကိုကား အဓိကရှေ့ရှုအပ်ပေသည်။)

သို့ရာတွင် ၁၉၅၈ ခုနှစ် စက်တင်ဘာလတွင် ၀န်ကြီးချုပ်ဦးနု၏ မိန့်ခွန်းသည် ရေဒီယိုမှ ထွက်ပေါ်လာသည်။ နောက် ဦးနုနှင့် ဗိုလ်ချုပ်နေ၀င်းတို့ အပြန်အလှန် ပေးစာများ ထုတ်ပြန်ကြေညာခဲ့သည်။ နောက်ဆုံး ဦးနုက ဗိုလ်ချုပ်နေ၀င်းအား အာဏာလွှဲပေးရတော့သည်။ ယင်း ဗိုလ်ချုပ်နေ၀င်းအစိုးရသည် လက်ဝဲနိုင်ငံရေး သမားများ ကို ဖမ်းဆီး၍ ကိုကိုးကျွန်းအကျဉ်းစခန်းသို့ ပို့သည်။ ရန်ကုန်၊ ဗိုလ်တထောင်၊ ကြေးပုံသတင်းစာများ ပိတ်၍ အယ်ဒီတာများ ကို ဖမ်းဆီးပစ်သည်။ ဤသို့ဖြင့် ငြိမ်းချမ်းရေး မဏ္ဍိုင်သည် ထူထူထောင်ထောင် ဖြစ်မလာတော့ဘဲ ချောင်ပိတ် သွားပါသည်။

သန့်ရှင်းတည်မြဲ ဖဆပလ၊ ပမညတ၊ တစ်သီးပုဂ္ဂလတို့၏ ရွေးကောက်ပွဲအတွက် ခင်းကျင်းလုပ်ကိုင်နေကြသည်။ နောက်ဆုံး နု-တင်ဆိုသော သန့်ရှင်းဖဆပလ အနိုင်ရရှိကာ ပြည်ထောင်စုအစိုးရ ဖြစ်လာသည်။ အစိုးရအဖွဲ့သက်တမ်းကား အချိန်ကာလအားဖြင့် တိုတောင်းလွန်းပြီး `ဗိုလ်ချုပ်နေ၀င်း´ ပင် ဦးဆောင်သော `တော် လှန်ရေး ကောင်စီ´ က အာဏာသိမ်းသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ထူထောင်သည်။ ဦးချစ်လှိုင်ရေး သားပြုစုသော အညမည သဘောတရားဖြင့် မြန်မာ့ဆိုရှယ်လစ်သဘောတရားကို ပြဌာန်းသည်။ (ဦးချစ်လှိုင်သည် ယခု ကိုကိုမောင်ကြီး ဖြစ်သည်။)

၁၉၆၂-၆၃

၁၉၆၂-၆၃ ခုနှစ် တော် လှန်ရေး ကောင်စီအစိုးရသည် တိုင်းပြည်အာဏာရပြီးနောက် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်ယူကျင်းပခဲ့ပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ၊ မဒညတ၊ ရခိုင်ကွန်မြူနစ်ပါတီ အစရှိသော တောတွင်းနိုင်ငံရေး ပါတီ အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ကြသည်။ မိဘ၊ မောင်နှမ၊ ဇနီးသားမယားများ နှင့် ဆွေးမျိုးမိတ်ဆွေသင်္ဂဟများ နှင့် ၁၅ နှစ် နီးပါး ဝေးကွာခဲ့ရသော သမိုင်းစာမျက်နှာများ နှင့် ခေါင်းဆောင်များ (သခင်စိုး၊ ရဲနီကျော်ဝင်း၊ ရဲဘော်ဌေး၊ ဗိုလ်ဇေယျ၊ ရဲဘော်အောင်ကြီး၊ ရဲဘော်စိုးမောင်၊ မန်းဘဇံ၊ စကောလယ်တော၊ ဗိုလ်ကျင်မောင်၊ ကျော်ဇံရွှီး) စသည်ဖြင့် ရန်ကုန်မြို့ပေါ် ရောက်လာခဲ့ကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသည်။

ထိုစဉ် `ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့´ (ရှစ်ဦးကော်မတီ)မှ ဆရာကြီး သခင်ကိုယ်တော် မှိုင်းနှင့် လည်း သွားရောက်တွေ့ ဆုံကာ ဂါရ၀ပြုကြပါသည်။ ပြည်သူ ပြည်သား တိုင်းရင်းသားအပေါင်းတို့ရင်ဝယ် နှစ် ပေါင်းများ စွာ အမြစ်တွယ် ပေါက်ဖွားကြီးပြင်းလာသော `ငြိမ်းချမ်းရေး ´ ဆိုသည့် စိမ်းလန်းသော သစ်ပင်တစ်ပင်သည် မျှော်လင့်ချက် နေရောင် ခြည်ဖြင့် ရှင်သန်ရန် ဆန္ဒများ ပြင်းပြခဲ့ကြသည်။ (ပဲခူး၊ သာယာဝတီ၊ စစ်တွေ မြို့သူမြို့သား၊ တောသူတောင်သား၊ အလုပ်သမား၊ ၀န်ထမ်းနှင့် စာပေအနုပညာရှင်များ ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲထောက်ခံပွဲများ ရှိခဲ့ကြသည်။

သို့သော်… သို့သော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တစ်စခန်းရပ်သွားပြန်သည်။ ကလာတောင်တာ ရှည်ကြာစွာ ဖြင့် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပေါ်လာကြပြန်ပါသည်။ ပြည်သူပြည်သား တိုင်းရင်းသားများ အဖို့ ရွှေပြည်တော် မျှော်တိုင်းဝေးရခြင်း ဖြစ်သည်။

၁၉၉၀ မှသည် ၂၀၁၁ အထိ

၁၉၉၀ ခုနှစ် ၀န်းကျင် မြန်မာနိုင်ငံသည် နိုင်ငံရေး ဒီရေအတက် ကြမ်းလာသည်။ ၀ဲဂယက်များ လည်း ဖြာထွက်လာသည်။ ပါတီနိုင်ငံရေး နှင့် အဖွဲ့ချုပ်၊ အဖွဲ့ငယ်များ ပေါ်ပေါက်လာခြင်း၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များ လည်း ပေါ်ပေါက်လာခြင်း၊ တချို့ အပစ်အခတ်ရပ်စဲခြင်း၊ အချို့နယ်စပ်ဒေသများ ၌ ဖြစ်တည်နေဆဲ ဖြစ်ခြင်း၊ အထွေထွေအပြားပြားသော နိုင်ငံရေး ၊ ဒီရေများ ၊ ၀ဲဂယက်များ ဖြစ်ပါသည်။

ယခုအခါ ငြိမ်းချမ်းရေး သပြေပန်းရနံ့များ သင်းပျံ့လာသည်။ ပြည်သူပြည်သား တိုင်းရင်းသားတို့ ရှေ့မှော က်သို့ ငြိမ်းချမ်းရေး မြင်ကွင်းကျယ်များ မြင်တွေ့ ရန် ရောင် ခြည်များ သမ်းလာသည်။ ထိုအခါ ယခင်အဆက်ဆက်က တွေ့ မြင်ခဲ့ကြရသော ငြိမ်းချမ်းရေး လမ်းမကြီး မပီဝိုးတ၀ါး ဖြစ်နေရာမှ ပီပြင်ထင်ရှားစေချင်ကြသည်။ ဝေးခဲ့ရသော ရွှေပြည်တော် အား ခြေတစ်လှမ်းမှစ၍ လျှောက်လှမ်းရင်း အရောက်သွားချင်ကြသည်။

နိုင်ငံတကာတွင် လည်း ငြိမ်းချမ်းရေး ပန်းတိုင်များ လှမ်းကိုင်ကာ တိုင်းသစ်ပြည်သစ်များ တည်ဆောက်ရန် ကြိုးပမ်းနေကြသည်။ အထူးသဖြင့် အာဖရိကတိုက်မှ နိုင်ငံများ ၊ နောက် အာဖဂန်နစ္စတန်မှ ၀န်ကြီးချုပ် `ဟာမစ်ကာဇိုင်း´ ကိုယ်တိုင် အယ်လ်ကိုင်ဒါအဖွဲ့အစည်းနှင့် စကားပြောရန် ဖွင့်ဟလာသည်။

ဤသို့သော နိုင်ငံတကာ ရေစီးကြောင်းထဲမှ မြန်မာနိုင်ငံသည်လည်း ငြိမ်းချမ်းရေး လမ်းပေး လျှောက်လှမ်းကြသော အခါ ပြည်သူပြည်သား တိုင်းရင်းသားများ ၏ မွေးရာပါငြိမ်းချမ်းရေး အခွင့်အလမ်းများ ကို ဦးစားပေးရေး ဖြင့် နားလည်ကာ `ပီကာဆို´ ၏ `ချိုးငှက်ဖြူ´ ပန်းချီကားကလေး ပြန်လည်ချိတ်ဆွဲကြရန်သာ မျှော်လင့်နိုင်ပါစေဟု ဆန္ဒပြုမိပါတော့သည်။

(ပိတောက်ပွင့်သစ် မဂ္ဂဇင်း)



ဝန်ဇင်းချစ်သူများ လေးကိုတင် ၏ “ အရုဏ်ဦးမှ သမိုင်းရေအလျဉ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မှတ်မှတ်ရရ အလွမ်းပြေစာနှင့် ရုပ်ပုံကားချပ်များ