မာမာအေးအလွမ်းပြေ
(၁)
အားလပ်ရက်နေ့များ တွင် တေးသီချင်းများ ကို နားထောင်လေ့ရှိပြီး ဂီတနယ်မြေထဲသို့ ခြေချ လေ့ရှိသော ကျွန်တော် သည် ခေတ်ဟောင်း၊ ခေတ်သစ်၊ အနှစ် နှစ် ဆယ်၊ မိုနို၊ စတီရီယိုတေးများ ကို ရွေးချယ်ဖွင့်ကြည့်ကာ သော တအာရုံတံခါးကို တစ်နေ့လုံးဖွင့်ထားလိုက်ပါသည်။ အထူးသဖြင့် မြန်မာ ကာလပေါ်တေးသီချင်းများ ကို ပြန်လည်နားထောင်လေ့ရှိပါသည်။
ကျွန်တော် သည် အလယ်တန်း၊ အထက်တန်းကျောင်းသားဘ၀မှာ ပင် အစ်မများ ၏ နှုတ်ဖျားမှ သီချင်းသံသာများ နှင့် ယဉ်ပါးခဲ့သူ ဖြစ်သည်။ အစ်မ တစ်ယောက် က ကိုသန်းလှိုင်သီချင်းကို ကြိုက်သူ၊ ‘တစ်ဆောင်းသစ်ပြန်ပြီ’၊ ‘မေတ္တာကမ္ဘာများ ဖြင့် မခြားလိုသူ’၊ ‘မျက်ရည်မိုးဖြင့် ပျိုးပါမယ်’သီချင်းများ လာ လျှင် ရေဒီယိုနားက တစ်ဖ၀ါးမခွာနေနေသူ။ အစ်မ တစ်ယောက် က ခင်ယုမေသီချင်းကြိုက်သူ၊ နောက် အစ်မ တစ်ယောက် က မာမာအေးသီချင်းကြိုက်သူ။ ဤသို့ သော မြန်မာ့အသံရေဒီယိုမှလာသော ကာလပေါ်သီချင်းကြိုက်အစ်မများ ကြောင့် ကျွန်တော် လည်း သူတို့ဆိုသော သီချင်းများ ရနေပါသည်။
ယခုလို အသက်အရွယ်ရလာပြီး မြန်မာ့ဂီတလောကတွင် အပြောင်းအလဲကြီးများ ဖြင့် ဖြတ်သန်းနေရသော အချိန်တွင် မည် သို့ သော မိုနို၊ စတီရီယိုသီချင်းတွေ ရှိနေစကာမူ ငယ်ချစ် ဖြစ်သော ကာလပေါ်သီချင်းများ ကို လွမ်းတစိတ်ဖြင့် နားသော တဆင်လေ့ရှိပါသည်။ ပြန်ဆိုတေးများ ခေတ်စား လာသော အခါ အနှစ် နှစ် ဆယ် သီချင်းများ နှင့် နှောင်းပိုင်းကာလပေါ်သီချင်းများ သည် ကျွန်တော့် စိတ် ထဲစွဲနေသော သီချင်းများ ပါလာသည်။ ကိုအံ့ကြီး။ မောင်မောင်ကြီး၊ ကိုမင်းနောင်၊ ကိုမြကြီး၊ ကိုသန်း လှိုင်၊ မောင်မောင်ညွန့်၊ ကိုကျော်ညွန့်၊ ကိုစိန်ဝင်း၊ စန္ဒယားချစ်ဆွေ၊ ၀င်းဦး၊ တွံတေးသိန်းတန်၊ သုမောင်တို့မှစ၍ မေလှမြိုင်၊ စိန်စိန်၊ တင်တင်မြ၊ မာမာအေး၊ ညွန့်ညွန့်စိန်၊ ထား၊ ရီလေး၊ နွဲ့လေး၊ စီ လေး၊ လီလီကြာညွန့်၊ ချစ်စံပယ်၊ ရီရီခင်၊ ခင်နှင်းသက်၊ ရီရီသန့်တို့အဆုံး သူတို့၏ တေးပုလဲကုံးများ ကို နှလုံးစိတ်ဝမ်းချမ်းမြေ့စွာ ပြန်လည်ကြားယောင်လာပါသည်။
ကျွန်တော့် အဖို့ ပြန်ဆိုတေးများ နားထောင်လေ့ရှိရာ ခင်ညွန့်ရီ၊ စိုးစန္ဒာထွန်း၊ ပန်းရိပ်ဖြူ၊ တင် တင်အောင်၊ အိအိချွန်တို့၏ သီချင်းများ ကို တစ်လှည့်စီနားထောင်ရင်း အားလပ်ရက်ပဒေသာပွဲကလေး ကို တစ်ကိုယ်ရေကျင်းပလေ့ရှိပါသည်။ တစ်ခါသော အားလပ်ရက်နေ့တွင် စိုးစန္ဒာထွန်းနှင့် ပန်းအိဖြူ တို့၏ သီချင်းပေါင်းချုပ်အခွေနှစ် ခွေကို ပြန်လည်နားထောင်နေမိသည်။ တစ်ယောက် က မာမာအေး၏ ‘မေ့ကွက်ကိုရှာ’၊ ‘မောင့်အချစ်မြား’၊ ‘နက်ဖြန်မှဆက်ငိုမယ်’၊ ‘သစ္စာချစ်မယ့်သခင်’သီချင်းများ ပြန်ဆိုရင်း တစ်ယောက် ကလည်း ‘မေ့ကွက်ကိုရှာ’တို့၊ ‘မောင့်အချစ်မြား’တို့ ပြန်ဆိုထားပါသည်။
ကျွန်တော် သည် သီချင်းအလိုက်၊ တီးလုံးအသွား၊ စည်းဝါးကအစ အသေအချာနားထောင်နေရ သည်။ အသံကောင်းနေကြသော စိတ်ထဲမှကျိတ်ပြီး ကျေးဇူးတင်နေသည်။ နောက် ကျွန်တော့် မှာ ရှိနေ သော မာမာအေး သီချင်း ၁၀၀ CD ပြားလေးကိုထုတ်ကာ စက်ထဲထည့်၊ ခလုတ်နှိပ်ကာ ဖွင့်လိုက်မိ သည်။ ‘အိုအချစ်ရေ ×××× မေ့ရဲ့ ထာဝရပါလေ’ဆိုသော မာမာအေးအသံကလေးစတင်ကြားမိရာ ယနေ့ထိ သက်ရှိထင်ရှားရှိနေသော်လည်း ရေမြေခြား၍ အမိမြေနှင့် ကွာလှမ်းနေသော ဂီတကဝေမကြီး ကို သတိရကာ မာမာအေးသီချင်းများ သို့ ဆက်လက်နားထောင်နေပါသည်။ ညဥ့်လယ်ညများ ကို ရောက်သွားသည့်တိုင် ထိုင်၍ နားထောင်ရင်း မာမာအေးကို သတိရနေသည်။ အောက်မေ့နေရသည်။ မျှော်လင့်လို့ဖြင့် မဆုံးပြီသော နာရီလက်တံများ ကိုလည်း ရပ်တန့်ချင်နေရသည်။
(၂)
ကျွန်တော့် အစ်မများ သည် ဦးဝိစာရလမ်းပေါ်ရှိ မရမ်းပင်တွေ ဝေစည်စွာ ပေါက်နေသော အမျိုးသမီးအစိုးရအထက်တန်းကျောင်းတွင် ပညာသင်နေသူများ ဖြစ်သည်။ ယင်းကျောင်းကို မရမ်းခြံ ကျောင်းဟုခေါ်ကြသည်။ မရမ်းခြံကျောင်းသူအစ်မတတွေ က ၇ တန်း၊ ၈ တန်းတက်နေကြရာ အစ်မ နှစ် ယောက် ၇ တန်းကျောင်းသူများ ဖြစ်ကြပါသည်။ သူတို့နှစ် ယောက် အိမ်ပြန်လာလျှင် ‘မာမာအေး’ဆို သော အတန်းဖော်သူငယ်ချင်း တစ်ယောက် အကြောင်း ပြောပြလေ့ရှိသည်။
အထူးသဖြင့် အစ်မရင်ရင်သိန်းက ပြောတတ်သည်။ စာတော် တယ်၊ ဥာဏ်ကောင်းတယ် စသဖြင့် ပြောပါသည်။ အစ်မမြင့်မြင့်စန်း ကတော့ သိချင်းဆိုကောင်းတယ်၊ သင်္ကြန်မှာ ကျောင်းရှေ့က မဏ္ဍပ်မှာ ရင်ရင်သိန်းကအက၊ မာမာအေးက အဆိုသိပ်လိုက်တာ၊ သူတို့နှစ် ယောက် ကြီးလာရင် ဘာ ဖြစ်မလဲမသိဘူး စသဖြင့် ပြောသည်။ တစ်နေ့ကျောင်းပိတ်ရက်တွင် အစ်မရင်ရင်သိန်းက ဦးဝိစာရ လမ်း၊ ရွှေတိဂုံစေတီကြီးအနီးမှ သံပုံချိုင့်တို့၊ ကပ္ပလီရပ်ကွက်တို့ရှိရာသွားပြီးအပြန်တွင် သူငယ်ချင်း မာမာအေးကို အိမ်သို့ ခေါ်လာပါသည်။ မရမ်းခြံကျောင်းသူတွေ မို့ စကားတွေ ပြောကြ၊ မုန့်တွေ စားကြနှင့် ဖြစ်နေကြရာ ကျွန်တော် က ခပ်လှမ်းလှမ်းမှမြင်နေရသည်။
မာမာအေးက မျက်နှာကလေးပြုံးပြုံးနှင့် စကားတွေ ပြောနေသည်။ ဆံပင်တွေ ကလည်း ကောက်ကောက်ကလေး၊ မျက်နှာဝိုင်းဝိုင်း၊ မျက်ခုံးရေး ရေး ၊ မျက်လုံးဝိုင်းဝိုင်းနှင့် ခေါင်းတခါခါပြောနေ ရှာသည်။ ပြီးတော့ အစ်မတွေ နှင့် အတူ သီချင်းတွေ ဆိုရင်း လက်ခုပ်တွေ တီးရင်း သူငယ်ချင်းတစ်သိုက် ပျော်နေလိုက်သည်မှာ ပန်းချီကားတစ်ချပ်ကို မြင်လိုက်ရသည်။
နောက် ခုနစ်တန်းနှစ် တွင် မှာ ပဲ မာမာအေး အိမ်ထောင်ပြုသွားပြီး ကျောင်းထွက်သွားရာ အစ်မ တစ်တွေ က ‘စာတော် ရဲ့ သားနဲ့ဟာ’ဆိုပြီး ပြောနေကြပြန်သည်။ သို့ သော် မြန်မာ့အသံရေဒီယိုမှလာ သော မာမာအေးသီချင်းတွေ များ လာလျှင် ခလုတ်ဖွင့်ကာ သူတို့ပဲနားထောင်နေကြသည်။ ‘သက်တံ ပေါ်မှာ ကစားမယ်’သီချင်းဖြင့် တိုင်းကျော်ပြည်ကျော်အဆိုတော် သစ် ကလေးဘ၀မှ နာမည် တစ်လုံးရ ကာ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုနေသော မာမာအေး၊ ‘သပြေ သပြေတောရွာ ××× ဗျောသံ တွေ သာသာယာယာ ××× နေခြည်မှာ ရွှေရည်လင်း ××× ဆယ်စင်းလည်းမကပါ ××× ထီးတန်း ကြီးရယ်နဲ့ မောင်သာချို ရှင်လောင်းလှည့်လို့လာ’ဆိုသော သီချင်းတွေ နှင့် မာမာအေး။ ‘လျှမ်းကမ္ဘာ ယနေ့ဆီ××× မန်းရာပြည့်ပြီ’ဆိုသော မန္တလေးနှစ် ၁၀၀ ပြည့်သီချင်းပြိုင်ပွဲမှ ရွှေတံဆိပ်ဆုရှင် မာမာ အေး။ ကျွန်တော် သည် အစ်မတွေ နှင့် အတူ မာမာအေးသီချင်းတွေ နားထောင်ရင်း အလွတ်ရနေပါ သည်။
ကျောင်းသားဘ၀တွင် သီချင်းဝင်္ကပါထဲ ရောက်သွားသော အချိန်၌ မာမာအေး၏ အသံကြည် ကြည်လွင်လွင်နှင့် သီချင်းများ အကြောင်းပြန်ပြောင်းသတိရမိပါသည်။ နောင် ကြီးလာကြသော အခါ အစ်မတွေ လည်း ဘွဲ့ရ၊ အလုပ်လုပ်ကြသော အချိန်တွင် မာမာအေးအကြောင်း တစ်စွန်းတစ်စ ကြားရ ပါသည်။
‘မချစ်ပြင်ပြင် ××× မကြင်နာလေပြီမို့ ××× မေ့ကွက်ကိုရှာ ××× ရှာသူမောင်ရေ’ သီချင်းဖြင့် လည်းကောင်း၊ ‘မေနဲ့မောင့်ဘ၀အဓိပ္ပာယ်×××အတိတ်လွယ်လွယ် ဖွေရှာကြည့်ရင် ××× အဖြေမရှိ လှတဲ့ ××× ပဟေဠိမေးခွန်းပုစ္ဆာလိုကွယ်’ သီချင်းဖြင့် လည်းကောင်း၊ ‘ချစ်သော မောင် ××× မေ့ရဲ့ အလွမ်းကမ္ဘာကြီးထဲမှာ ×××မျက်ရည်မိုးများ ××× ရွာသွန်းရပေါင်းလည်း ××× မရေမတွက်နိုင်ပါ မောင်ရယ်×××ခုလိုအချိန်မျိုးဝယ်×××မောင့်ဘယ်မှာ လဲကွယ်’ဆိုသော သီချင်းဖြင့် လည်းကောင်း၊ ‘တစ်နေ့တွင် မောင်ပြန်လာလိမ့်မယ်လို့×××စိတ်စောကာပင်×××အလီလီ’ဆိုသော သီချင်းဖြင့် လည်းကောင်း မာမာအေးဘ၀ရုပ်ပုံများ ကို သိမြင်နားလည်ရပါတော့သည်။
(၃)
အစ်မ ဖြစ်သူ ရင်ရင်သိန်းသည် အိမ်ထောင်ရက်သားကျပြီးကာမှ ၀ါသနာဗီဇအရ အဆိုတော် ပေါက်စလေး ဖြစ်သွားသည်။ ဓာတ်ပြားရသီချင်းတစ်ပုဒ်၊ နှစ် ပုဒ်ဖြင့် မြန်မာ့အသံရောက်သည်။ အဆို တော် အကျော်အမော်ကြီး ဖြစ်နေသော မာမာအေးနှင့် ပြန်တွေ့ သည်။ နောက် မြန်မာ့အသံတေးဂီတ အဖွဲ့မှ ဖျော်ဖြေတင်ဆက်သော ပြည်ထောင်စုနေ့။ တောင်သူလယ်သမားနေ့၊ အလုပ်သမားနေ့၊ လွတ် လပ်ရေး နေ့များ တွင် ပြုလုပ်သည့် ပွဲတော် ညများ ရှိရာ ကျိုက္ကဆံကွင်းထဲမှ ဂီတပဒေသာပွဲများ သို့ အစ်မ သွားရောက်ပြီး ဂုဏ်ပြုတေးများ စုပေါင်းသီဆိုကြသည်။ ထိုအခါတွင် လည်း မာမာအေးနှင့် တွေ့ ကြပြန် သည်။
ပြီးတော့ ရှိသေးသည်။ မာမာအေးတို့၊ ချစ်စံပယ်တို့၊ တင်တင်မြတို့၊ သန်းသန်းဆင့်တို့၊ မေလှမြိုင်တို့၏ တောင်သူလယ်သမားဘ၀လေ့လာရေး ဆိုပြီး လယ်တောထဲဆင်းကြ၊ ကောက်စိုက်ကြ၊ သီချင်းဆိုကြနှင့် ပြောသံဆိုသံများ နှင့် အတူ သော တရှင်မဂ္ဂဇင်းတို့၊ ဂီတပဒေသာမဂ္ဂဇင်းတို့တွင် တွေ့ မြင်ရပါသည်။ အလုပ်သမားဘ၀လေ့လာရေး ဆိုပြီး စက်ရုံအလုပ်ရုံများ သို့ လည်း သွားရောက်ကြပုံ များ ရှိသေးသည်။ နောက်ဆုံးရှေ့တန်းရောက် စစ်သားများ အား စစ်မြေပြင်စခန်းတစ်နေရာတွင် လည်း သီချင်းများ ဆိုင်း အားပေးကြပုံများ ရှိသေးသည်။ မာမာအေးသည် စစ်အနွေးထည်ဆွယ်တာဝတ်လျက်၊ စစ်အနွေးထည်ဦးထုပ်စွပ်လျက်၊ လက်ခုပ်လက်ဝါးတီးလျက် သီချင်းဆိုနေသော ရုပ်ပုံလွှာကို မဂ္ဂဇင်း များ ၊ စာစောင်များ ၊ သတင်းစာများ တွင် တွေ့ မြင်ခဲ့ရသည်။
ကျွန်တော် သည် အစ်မထံမှ မာမာအေးဘ၀အထွေထွေများ ကြားနေရသည်။ ငယ်စဉ်ကပဲ လူချင်းတွေ့ မြင်ဖူးခဲ့ပြီးနောက် စာမျက်နှာပေါ်တွင် သာ မာမာအေးကို တွေ့ မြင်နေရသည်။ ပြည်ထောင် စုနေ့တွင် ကျင်းပသော ကျိုက္ကဆံကွင်းရှိ ဂီတပဒေသာဖျော်ဖြေပွဲ၌ ‘ပြည်ထောင်စုသား’သီချင်းကို စုပေါင်းသီဆိုနေကြစဉ် မာမာအေးကိုအဆိုတော် များ ကြားတွင် တွေ့ မြင်ရသော်လည်း ခပ်ဝေးဝေးမှ ပရိသတ်တစ်ဦးအနေဖြင့် တွေ့ မြင်ရသည်သာ ရှိခဲ့ဖူးသည်။
‘လာလာလေ ××× လာကြလေ×××ရေမြေတောအနှံ့မှ တို့ပြည်သူတွေ ×× ရပ်ဝေးက ဆွေ××× ရပ်နီးကဆွေ ××× တို့များ ပြည်သူတွေ ×× လာလာလေ××× ပြည်ထောင်စုသားတွေ ××× တို့ ပြည်ထောင်စုသားတွေ ××’
သီချင်းသံပြိုင်အပိုဒ်အဆုံးဖြင့် နိဂုံးချုပ်သွားသော အခါ စင်မြင့်ပေါ်မှာ အဆိုတော် တွေ ဆီ ကတ္တီပါလိုက်ကာကြီးချသွားစဉ် ပြုံးနေသော မျက်နှာဖြင့် မာမာအေးနှင့် အတူ အခြားတင်တင်မြ၊ ချစ်စပယ်၊ ညွန့်ညွန့်စိန်၊ မောင်မောင်ကြီး၊ ကိုကျော်ညွန့်၊ ကိုမင်းနောင်၊ တင်ဦးလေးတို့ပါ မြင်တွေ့  လိုက်ရပါသည်။
အလုပ်သမားနေ့များ တွင် ရေဒီယိုမှကြားရသော ’နေရစ်တော့ ခေတ်ဟောင်း’သီချင်းကြားရ လျှင် ‘မြေအုတ်တို့ပြိုလေရာ ××× ကျောက်ဆစ်ကျောက်သားဖြင့် ×× တည်ဆောက်မယ်လေ ×× တို့သွေးတို့သား××တို့လုပ်အားဖြင့် လေ ××× ပြည်သစ်လူသစ်စိတ်သံစဉ်တည်ဆောက်မလေ×××’ ဆိုသော မာမာအေးအသံသည် လွင့်ပျံဝေ့၀ဲသွားသလား နားထဲတွင် ကြားပြန်သည်။
ဤသို့ တိုင်းပြုပြည်ပြု တေးများ ကို စုပေါင်း၍ ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ သီဆိုဂုဏ်ပြုခဲ့သော အနီ မာမာအေး၊ နှလုံးသားဝေဒနာကိုမျှဝေခံစားရအောင် ရင်နှင့် သီဆိုခဲ့သော အကြင်မာမာအေး၊ အလွမ်းအဆွေးသာမက အသော ကလေးများ ဖြင့် ဟဒယတေးများ သီဆိုခဲ့သော ထိုထိုသော မာမာအေး၊ ကျွန်တော် လူချင်းတွေ့ မြင်လိုက်ရစဉ် မထင်မှတ်သော ရုပ်လွှာနှင့် ဟုတ်ပါရဲ့ လား ဖြစ်သွား သည်။
သူငယ်ချင်း မြန်မာ့အသံ ခင်မောင်ညွန့်ရှိရာ ၁၀ ရပ်ကွက်အိမ်အသွား သူက မမအေးနှင့် တွေ့ ရအောင်ခေါ်သွားသဖြင့် မာမာအေးရှိရာ ရောက်သွားသည်။ အိမ်ရှေ့ကပင် လှမ်းမြင်လိုက်ရ သည်။ ဧည့်ခန်းကုလားထိုင်ပေါ်တွင် ခြေတစ်ဖက်ကို ဒူးပေါ်တင်ရင်း ဆေးပေါ့လိပ်ကြီးသောက်နေ သည့်ပုံပါလား။
‘ဟဲ့ လာ ခင်မောင်ညွန့်’
မာမာအေးက လှမ်းခေါ်ရင်း ကျွန်တော့် ကိုကြည့်ပြီး လှမ်းမေးသည်။
‘ဘယ်သူလဲကွယ်’
‘သြော် ကျွန်တော့် သူငယ်ချင်း မမအေးကို တွေ့ ချင်လို့တဲ့’
မာမာအေးသည် ဆေးပေါ့လိပ်ကြီးကို တစ်ရှိုက်ဖွာသောက်ရင်း လှမ်းကြည့်ပါသည်။
‘ကိစ္စရှိလို့လား ခင်မောင်ညွန့်ရဲ့ ’
‘မရှိပါဘူး။ သူက ငယ်ငယ်က တွေ့ ဖူးလို့ပါတဲ့’
မာမာအေးက ပြုံးရင်း ခေါင်းညိတ်ရှာသည်။
‘ကျွန်တော့် အစ်မက ရင်ရင်သိန်းပါ’
‘ဟယ် ဟုတ်လား၊ ငါ့သူငယ်ချင်း မရမ်းခြံတုန်းက အတူတူလေ။ မင်းတို့အစ်မ အိမ်တောင် ရောက်ဖူးတယ်’
‘ဟုတ်ကဲ့ ကျွန်တော် တို့အိမ်ပါ။ မမအေး လာလည်သေးတယ်’
‘ဟုတ်လား ရင်ရင်သိန်း ကတော့တွေ့ တယ်။ မြင့်မြင်းစန်းတို့ရော ဘယ်မှာ လဲ’
ကျွန်တော့် မှာ မေးသမျှဖြေရင်း ချက်ချင်း မှတ်မိသွားပုံရသည်။
အဆိုတော် အကျော်အမော်ကြီးဆိုသော်ငြား ဘီးကျော့ပတ်ကလေးပတ်ထားသော ဆံပင်၊ မျက်နှာပြင်တွင် ပကတိအသွင်အပြင်နှင့် ဆေးပေါ့လိပ်ကြီးတဖွားဖွားနှင့် ချိုသာသော စကားလုံးများ နှင့် ပြောဆိုနေပါသည်။ ကျွန်တော့် ဘ၀တွင် ငယ်စဉ်ကလှမ်းမြင်ရသော ဂီတအနုပညာသည် တစ်ယောက် ကို အထင်ကရ ဖြစ်လာသော အချိန်၌ ပထမဆုံးစတင်တွေ့ မြင်ပြောဆိုနေရခြင်း ဖြစ်ပါသည်။
ကျွန်တော့် အစ်မနှင့် တွေ့ တော့ ကြွားပြီးပြောရသေးသည်။
‘မမ သူငယ်ချင်း ဒေါ်မာမာအေးကို တွေ့ ဖူးပြီးပြီ။ စကားလည်း ပြောပြီးပြီ’
(၄)
ကျွန်တော် သည် ဘ၀တက္ကသိုလ်မှ နောက်ဆုံးအကြိမ်ပြန်လာသော အခါ အက်ဆေးတစ်ပုဒ်နှစ် ပုဒ်၊ ၀တ္ထုတို တစ်ပုဒ်နှစ် ပုဒ်ရေး စမှာ ပင် မန္တလေးစာဖတ်သူများ ၏ ၀တ္ထုတိုဆုရ၍ မန္တလေးရှိ ထန်းရိပ်ညို ပန်းချီပြခန်းသို့ ရောက်သွားခဲ့သည်။ ဦးမျိုးခင်နှင့် တွေ့ ဆုံခဲ့ရာ စကားတွေ ပြော ဖြစ်ရင်း ‘မမအေး’တဲ့။ နောက် ‘မမဦး’ဆိုသော နာမည် အဆုံး စာလုံးများ ပြောဆိုသံကြားရပါသည်။
ကျွန်တော် က မေးကြည့်တော့ ‘မမအေး’က ‘မာမာအေး’၊ ‘မမဦး’က ‘ခင်ဆွေဦး’ဆိုသော ဂီတ မှော်၊ စာပေမှော်များ ရထားသူများ ဖြစ်နေပါသည်။
နောက် မမအေးက အမေရိကားမှာ တဲ့။
မန္တလေးမှအပြန် မာမာအေး၏ ‘အာယားမ’ တေးအယ်လ်ဘမ်ကို မကြာခဏဖွင့်၍ နားထောင်မိ သည်။ ကျောင်းသားဘ၀ကတည်းက ‘လူထုဒေါ်အမာ’၏ ‘ပြည်သူချစ်သော အနုပညာသည်’များ စာအုပ်ဖတ်ပြီး မန္တလေးမှနန်းတော် ရှေ့ဆရာတင်၊ မြို့မငြိမ်းတို့၏ ဂန္ထ၀င်တေးများ ဖြစ်သော ‘ရွှေမင်းဝံ’၊ ‘နှစ် ယောင်ထဲ’၊ ‘မန်ဒါလီ’သီချင်းများ ကို မာမာအေးသီဆိုထားစဉ်က ယင်းစာအုပ်တကိုင်ကိုင်နှင့် ရေဒီယိုနားထောင်နေမိပါသည်။
နောက် ကျွန်တော် က လမ်းမတော် လမ်းမပေးတွင် နေထိုင်နေရာနောက်မှာ ၁၆ လမ်းရှိပါ သည်။ ၁၆ လမ်းတွင် အဆိုတော် မောင်မောင်ကြီး၊ ဂီတစာဆို ကိုလေးညွန့်တို့ နေနေသည်။ တစ်ခါတစ် ရံ မင်းသားကြီး မြတ်လေးကို ၁၆ လမ်းထိပ်တွင် တွေ့ တတ်ရာ ကျွန်တော် က လမ်းမတော် ထိပ်မှ ပွဲစား ကြီးလက်ဖက်ရည်ဆိုင်တွင် ထိုင်နေရင်း တွေ့ မိသည်။
‘အစ်ကို မြတ်လက်ဖက်ရည်သောက်ပါ’ခေါ်လျှင် ၀င်ထိုင်သော်လည်း သူ့အမူအရာအတိုင်း ခေါင်းကလေးတခါခါ၊ မျက်ခုံးကလေးတပင့်ပင့်နှင့် လက်ဖက်ရည်မသောက်ဘဲ စကားပြောပါသည်။ မာမာအေးအကြောင်းလည်း ရောက်သွားတတ်သည်။
ထုံးစံအတိုင်း အစ်ကိုမြတ်က ပခုံးလေးပင့်ရင်း ‘Wizard of Music ကွ’ဟု အင်္ဂလိပ်လိုပြောပါ သည်။ ‘ဂီတကဝေဟ’ဆိုပဲ။
တစ်ခါကလည်း ခင်မောင်ညွန့်နှင့် မြို့ထဲမှာ တွေ့ ရင်း စန္ဒရားချစ်ွေနှင့် တွေ့ ပါသည်။ အစ်ကိုကြီး က ညနေထမင်းမစားဘဲနေနေသဖြင့် ကျွန်တော် တို့နှစ် ယောက် ခေါ်ပြီး ဆူးလေဘုရားလမ်းမရှိ ချစ်တီး ထမင်းဆိုင်ရောက်သွားသည်။ အစ်ကိုကြီးကပူရီမှာ သည်။ ကျွန်တော် တို့နှစ် ယောက် က ကော်ဖီမှာ သည်။
‘ညနေဘက်ကို ထမင်းမစားတော့ဘူး။ အသက် ၆၀ ပြည့်ကတည်းကပဲ။ ကျန်းမာရေး အတွက် အစားအသောက်ကို ကျင့်ကြံရတာ ’
ပြောပြောဆိုဆိုနှင့် ပူရီတစ်ချပ်ယူပြီး အားလူးဟင်းနှင့် တို့စားသည်။ စကားစမြည် တွေ ပြောကြ ရင်း မာမာအေးအကြောင်းရောက်သွားသည်။ ‘ရှေးဟောင်းနှောင်း ဖြစ်တွေ ပြောရင်း သူ့ဂီတအဘိဓာန် ဖွင့်နေတာ’ဟု ပြောပါသည်။
မနေ့တစ်နေ့က ဖြစ်ပါသည်။ လင်းလွန်းခင်စာပေမှ ဦးသိန်းလွင် (ကျောက်ပုထိုး)နှင့် တစ်ညနေ လမ်းလျှောက်အိမ်ပြန်ရင်း ရေကျော်ဘက်အရောက်တွင် စန္ဒရားချစ်ဆွေသားကြီး ‘ကျော်စိုးငြိမ်း’ကို လမ်းမှာ တွေ့ ၍ စကားပြောရသေးသည်။ နောက် စန္ဒရားချစ်ဆွေအိမ်ဂေဟာအရောက် ဦးသိန်းလွင်ကို လက်တို့၍ နှစ် ယောက် သားမော့ကြည့်ကြသည်။ မှတ်မိနေခြင်းအ ဖြစ်အပျက်တစ်ခုကို သတိရလိုက် သည်။
မိုးတွေ ရွာသော ညဦးတွင် ဦးသိန်းလွင်နှင့် အတူ ထီးတစ်ချောင်းတည်းနှစ် ယောက် ဆောင်းရင်း သူ့အိမ်ရှိရာ ရေကျော်လမ်းမအဆုံး ပန်းခြံလမ်းသို့ လမ်းလျှောက်လာပြီး‘ရွာမယ်လားရှင် ×× မိုးမိုး ဒေ၀ါရယ် ××× အမ္ဗုန်မောင်ရယ် ×× တိမ်တိုက်တွေ ကြား ××× အုံ့ကာခြယ် ××× ဘယ်အငြိုးနဲ့ မိုးသည့်မောင်ရယ်’ဆိုသော မာမာအေး၏ ‘နှင်းသစ္စာရှင်’သီချင်းကို အတူတူဆိုမိလိုက်ပါသည်။
ကျွန်တော် တို့နှစ် ယောက် သား မာမာအေးသီချင်းဆိုရင်း ဂီတစာဆိုစန္ဒရားချစ်ဆွေကိုပင် သတိ ရနေသည်။ သြော် ရေကျော်ဘက်ရောက်လာသော ပြင်ဦးလွင်က စာအုပ်တိုက်တည်ထောင်သူ၊ မန္တလေးမြို့မအဖွဲ့နှင့် သီချင်းတွေ ဆိုခဲ့သူ၊ စာပေနှင့် ဂီတလမ်းနှစ် သွယ်ကို ခြေချလှမ်းလျှောက်နေသူ ဦးသိန်းလွင့်နှင့် သိကျွမ်းခင်မင်ရင်းနှီးသော ကျွန်တော့် မှာ ဂီတ၀ါသနာထုံခဲ့သူမို့ သူတော် ချင်းချင်း သတင်းလွေ့လွေ့ ဖြစ်နေသည်။
‘ဒေါ်မာမာအေးက နှလုံး ရောဂါ ဖြစ်နေတယ်။ ဆေးကုနေရတယ်’
‘ဟာ’
ကျွန်တော် သည် ဦးသိန်းလွင်နှုတ်ဖျားမှ စကားသံများ ကို ထိတ်လန့်တကြား ဖြစ်ကာ နားနှစ် ဖက် ကို ပိတ်လိုက်ရပါသည်။
(၅)
ကျွန်တော် သည် အားလပ်ရက်ရောက်တိုင်း မြန်မာကာလပေါ်သီချင်းများ ကို ရေဒီယိုမှလာလျှင် အသာအယာနားထောင်ရသည်။ တစ်ခါတစ်ရံ ပြန်ဆိုတေးအယ်လ်ဘမ်တွေ ၀ယ်ထားပြီး ပြန်လည် နားထောင်ရပြန်သည်။ ကာလပေါ်သီချင်းအသစ်၊ အဆိုတော် အသစ်များ နားထောင်ရသော်လည်း တစ်ခုခုလိုနေသလို ဖြစ်နေသည်။ ဂီတစာဆိုအသစ်များ ရှားပါးတိမ်ကောမှု များ ဟုထင်ပါသည်။
မည် သို့ ပင် ဖြစ်စေ ‘အရိုးပေါ်အရွက်မဖုံးစေနှင့် ’ဆိုသော စကားအတိုင်း တစ်နေ့သော အခါတွင် မြန်မာ့ရိုးရာ ဂီတတေးသစ်များ လှစ်ပြဖော်ညွှန်းလာရန် သီချင်းသစ်၊ အဆိုတော် သစ်များ နှင့် ဂီတစာဆို သစ်များ ပေါ်ထွန်း ဖြစ်တည်လာမည် မှာ သေချာပါသည်။
ထိုအခါ မြန်မာသီချင်းများ ထဲကလိုပင် ‘နန်းတော် ရှေ့အလွမ်းပြေ’တို့၊ ‘ရွှေပြည်အေးအလွမ်းပြေ’ တို့ သီချင်းများ ကဲ့သို့ ဂီတစာ ဆိုကြီးများ ကို အလွမ်းပြေဂုဏ်ပြုတေးများ ပမာ မကြည်အောင်၊ မအေးမိ၊ မေရှင်၊ ခင်မောင်ရင်၊ ဥသြဘသော င်၊ မောင်တင်မောင်၊ ပြည်လှဖေတို့အားလည်းကောင်း၊ ကိုမြကြီး၊ ကိုသန်းလှိုင်၊ ကိုကျော်ညွန့်၊ တွံတေးသိန်းတန်၊ မေလှမြိုင်၊ ချစ်စံပယ်၊ သန်းသန်းဆင့်တို့အားလည်း ကောင်း အလွမ်းပြေတေးများ ထွက်ပေါ်လာမည် ဖြစ်ပါသည်။
ထို့အတူပင် ဂီတလောကမှ အသက်အရွယ်အရ ဒါမှမဟုတ် အကြောင်းကြောင်းအရ သက်ရှိ ထင်ရှားရှိနေသော အနှစ် နှစ် ဆယ်တေးသံရှင်များ အားလည်း အလွမ်းပြေတေးများ သီကုံးဆိုဖွဲ့ခြင်းများ ရှိသင့်သည်။ သစ်မရှိခင်စပ်ကြား ၀ါးပေါင်းကွပ်ဆိုသကဲ့သို့ စာကဗျာများ ဖြင့် အလွမ်းပြေစကားပါးလိုက် ချင်ရာ ဦးစွာ ပထမ မာမာအေးအလွမ်းပြေဖြင့် တေးပရိသတ်အပါအ၀င် စာဖတ်ပရိသတ်များ ထံ သတိတရ လက်လှမ်းမီသရွေ့ အလွမ်းစကားပါးလိုက်ပါသည်။
(ရနံ့သစ် မဂ္ဂဇင်း၊ မတ်လ ၂၀၁၂)
×××
မောင်စွမ်းရည် အလွမ်းပြေ
(၁)
ကျွန်တော် ဆေးရုံပေါ်မှဆင်းဆင်းချင်း လမ်း ၄၀ ထိပ်ရှိ ၀င်းမော်ဦးစာအုပ်တိုက်ရှေ့တွင် ကားရပ်လိုက်သဖြင့် လစဉ်ထုတ်မဂ္ဂဇင်း၊ ဂျာနယ်များ နှင့် စာအုပ်သစ်များ ကို ၀င်ရောက်ကြည့်ရှုလိုက်ပါ သည်။ နောက် ပုဂံစာအုပ်တိုက်ထုတ် ပေါ်ဦးသက်ပန်းချီသရုပ်ဖော် မျက်နှာဖုံးနှင့် မောင်စွမ်းရည်၏ ‘မန္တလေးမြို့ရဲ့ မနက်ခင်း’ဆိုသော ကဗျာစာအုပ်အစိမ်းရောင် ကလေးကို ၀ယ်လိုက်ပါသည်။ အိမ်ရောက်တော့ ထိုကဗျာစာအုပ်အသစ်ကလေးကို ထိုင်ဖတ်နေပါတော့သည်။ အတွင်းသရုပ်ဖော်ပုံ များ လည်း တွေ့ ရပါသည်။ ပေါ်ဦးသက်၏ ကဗျာသရုပ်ဖော်စုတ်ချက်များ ပင်။ မျက်နှာဖုံးမှာ လည်း မန္တလေးမြို့၏ နန်းတော် မြို့ရိုးပုံကို ပေါ်ဦးသက်က စုတ်ချက်ကောင်းကောင်းဖြင့် သရုပ်ဖော်ထားပါ သည်။
မာတိကာနှင့် အခန်းခွဲ၍ ဖော်ပြထားသော ‘ကျောင်းဆရာ၊ မိခင်မန်းတက္ကသိုလ်၊ လွမ်းသူ၊ ရွှေ လိပ်ပြာ၊ လက်သီးထုတ်လိုက်ပါ၊ ရန်သူနံပါတ်(၁)’အစရှိသော အခန်း ၉ ခန်းပါပါသည်။ ကျွန်တော့် အဖို့ ကဗျာဆရာ၏ ဘ၀မာတိကာကို ဖတ်ရသည်နှင့် တူပါသည်။ အကြိုက်ဆုံးကဗျာများ လည်း တွေ့ လိုက် ရသည်။ ‘မိခင်မန်းတက္ကသိုလ်ကို နှစ် သိမ့်စကားဆိုခြင်းနှင့် ဝေလု’တို့ ဖြစ်ပါသည်။ နောက်’ရယ်လို့မရ တဲ့ ရောဂါ ’၊ နောက်ဆုံး ‘မန္တလေးရဲ့ မနက်ခင်း’တို့ ဖြစ်ကြပါသည်။
ထိုစဉ်က ကျွန်တော် သည် ထိုကဗျာစာအုပ်၏ ကဗျာဆရာနှင့် တွေ့ ဆုံရင်းနှီးရမည် ကို မမျှော်လင့်ခဲ့ပေ။ မောင်စွမ်းရည်ဆိုသော ကဗျာဆရာ၏ ကဗျာစာအုပ်တစ်အုပ်တော့ ဖတ်ခဲ့ဖူးပါသည်။ ‘အနီနှင့် အပြာ’ကဗျာစာအုပ် ဖြစ်ပါသည်။ နောက် ကဗျာဆရာ၏ ဓာတ်ပုံထဲမှ လူပုံကိုလည်း တွေ့ ခဲ့ဖူး ပါသည်။ စာဆိုတော် နေ့စာတမ်းဖတ်ပွဲများ ပြီးလျှင် ထိုစာတမ်းဖတ်ပွဲမှ စာတမ်းများ စုပေါင်း၍ စာအုပ် ထုတ်လေ့ရှိပါသည်။ ထိုအထဲတွင် တွေ့ ခဲ့ရပါသည်။ မန္တလေးမြို့ ဓမ္မဗိမ္မာန်စာတမ်းဖတ်ပွဲမှ မောင်စွမ်း ရည်၏ စာတမ်းများ ကိုလည်း သတိထားမိပါသည်။ နောက်ကဗျာများ ကိုလည်း သတိထားရပြန်သည်။
သို့ ရာတွင် မမျှော်လင့်ဘဲ မောင်စွမ်းရည်ဆိုသော ကဗျာဆရာကို ကျွန်တော် လည်း နှစ် ပေါင်း များ စွာ အထိ ခင်မင်ရင်းနှီးခွင့်ရလိုက်ပါသည်။ ထိုအချိန်က လမ်း ၄၀ ရှိ ကျွန်တော် တို့မိသားစု၏ တိုက် ခန်းကျဉ်းကျဉ်းကလေးထဲတွင် စာပေရိပ်မြုံကလေးတစ်ခု ဖြစ်ထွန်းခဲ့ပါသည်။ ကဗျာဆရာ၊ စာရေး ဆရာ၊ အယ်ဒီတာ၊ ပန်းချီဆရာစသဖြင့် လူစုံတက်စုံခိုလှုံနားနေရင်း မြန်မာစာပေလောကတံခါးကို ခေါက်၊ ဖွင့်လိုကဖွင့်ရန် တာစူနေခိုက် ဖြစ်ပါသည်။ တစ်နေ့တွင် ကဗျာဆရာပေါက်စ ‘ထွန်းနေရောင် ’၏ သူငယ်ချင်းတစ်ဦးက ကျွန်တော် တို့စာပေရိပ်မြုံရှိရာ လမ်း ၄၀ သို့ ကဗျာဆရာမောင်စွမ်းရည်ကို ခေါ်လာခဲ့ပါသည်။ သူကပဲ ‘ဆရာမောင်စွမ်းရည်’ဆိုပြီး မိတ်ဆက်ပေးခဲ့ပါသည်။ မနှစ် က ဆေးရုံပေါ်မှ ဆင်းဆင်းချင်း ၀ယ်ယူဖတ်ရှုခဲ့ရသော ကဗျာစာအုပ်ပိုင်ရှင်၊ ကဗျာဆရာ မောင်စွမ်းရည်နှင့် လူချင်း တွေ့ ဆုံလိုက်ရသဖြင့် ကျွန်တော် ၀မ်းသာခဲ့ရပါသည်။ နောက် ကျွန်တော့် ဇနီးနှင့် လည်း မိတ်ဆက်မိပါ သည်။ ထိုအခါ ဆရာမောင်စွမ်းရည်မှာ ခေါင်းကလေးညိတ်ရင်း ပါးစပ်နှစ် ဖက်က ဖောင်းလာအောင် ပြုံးရင်းစကားတွေ ပြောလာပါတော့သည်။
‘အမျိုးသမီးစာပေသမားတွေ လိုအပ်နေတဲ့အချိန်မှာ ကျွန်တော် တောင် အမျိုးသမီးစာရေး ဆရာ တွေ နဲ့ပတ်သက်လို့ စာပေဝေဖန်ရေး ဆောင်းပါးတွေ ကို ရေး ရဦးမယ်။ အဲ အမျိုးသမီးတွေ ထဲမှာ တော့ စာရေး ဆရာမ တွေ ရှိပြီးသား။
ကဗျာဆရာမ တော့ ရှားနေသေးတယ်။ အခု ညွန့်ညွန့်ခိုင်နဲ့ ကဗျာတွေ စရေး ပြီနော် ကောင်းတယ်၊ ကောင်းတယ်။ ကျွန်တော် တို့ ကြိုဆိုပါတယ်’
ဆရာသည် သူပြောသည့်အတိုင်းပင် ‘ယနေ့ မြန်မာစာရှုခင်း’ဆိုသော စာပေဝေဖန်ရေး ဆိုင်ရာ စာအုပ်အတွဲ ၂ တွင် ရေး သားဝေဖန်ပြသွားခဲ့ပါသည်။ ကဗျာဆရာပြီးတော့ ဝေဖန်ရေး ဆရာ။ ကလောင်နှစ် ချောင်းကိုင်ရင်း ကိုယ်ပိုင်အနုပညာစွမ်းရည်လည်း ထုတ်လုပ်သုံးစွဲရပြီး အခြားတစ်ဖက် တွင် ပြင်ပမှ အနုပညာစွမ်းရည်စွမ်းအားများ ကို ရယူသုံးစွဲနေရပါသည်။
တစ်ခါက ဆရာသည် ဝေဖန်ရေး ကလောင်တံဖြင့် ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေကို လက်လှမ်းမီရာ လှမ်းထောက်ပြလိုက်ပါသည်။ နောက် ဒေါင်းနွယ်ဆွေကို ‘ဒေါသကုမ္မာရ ကဗျာဆရာ’ (Angry-Poet)ဟူ၍ လူပုဂ္ဂိုလ်အရလည်း ဝေဖန်ထောက်ပြပြန်သည်။ ကဗျာအရ ဝေဖန်ရာတွင် ပုံသဏ္ဌာန်ပင်မချန်ပေ။ ဒေါင်းနွယ်ဆွေ၏ ပုံသဏ္ဌာန်အသစ်ဆိုသော ကဗျာစမ်းသပ်ချက်များ ကို တည်တံ့ခိုင်မြဲစွာ မရှိနိုင်ကြောင်း စောစီးစွာ ဝေဖန်ထောက်ပြခဲ့ပါသေးသည်။
မောင်စွမ်းရည်သည် အာဂဝေဖန်ရေး ဆရာ ဖြစ်သွားသည်။ သူ့ကိုလည်း လူပုဂ္ဂိုလ်အရမကျန် အောင် ပြန်လည်ဝေဖန်ကြပါသည်။ သူကလည်း မမှု နောက်ဆုံး’မြန်မာစာပေ ဘာလဲ ဘယ်လဲ’ ဆိုသော ဝေဖန်ရေး ပေါင်းချုပ်စာအုပ်ကြီးဖြင့် ဝေဖန်ရေး ဆေးခါးကြီးကို တစ်ကျိုက်တည်းမော့သောက် နိုင်စွမ်းသူ ဖြစ်နေပါသည်။ သူ၏ ဝေဖန်ရေး ကလောင်တံသည် (ကျွန်တော့် အထင်) အနာပေါ် တုတ်ကျ သလို ဖြစ်နေပါသည်။ ထို့ကြောင့် ပညာတတ်ကြိမ်လုံးဖြင့် တဖုန်းဖုန်းအရိုက်ခံနေရပါပြီဟု ပြောယူရ သည်အထိ နှစ် ပေါင်းများ စွာ ဝေဖန်တိုက်ခိုက်ပြိုလှဲလာသူ ဖြစ်နေပါတော့သည်။
(၂)
ကဗျာမောင်စွမ်းရည်သည် နှစ် ၆၀ ပိုင်း၏ လူငယ်မျိုးဆက်သစ် ဖြစ်ပါသည်။ ခေတ်စမ်း စာပေ၊ စာပေသစ် စသည်တို့ကို ခြေရာခံ၍ ပြည်သူ့စာပေခေတ်တစ်ခေတ်ကို ၀ိုင်းဝန်းထူထောင်သူများ တွင် ပါဝင်ခဲ့သည်။ မန်းတက္ကသိုလ်ထွက် စာပေသမား တစ်ယောက် လည်း ဖြစ်ခဲ့သည်။ ကြည်အောင်၊ တင်မိုး၊ မောင်စွမ်းရည်၊ တက္ကသိုလ်ဝင်းကြွယ်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်ပေါက်စည်၊ ၀င်းလတ် ဆိုသော မန်းတက္ကသိုလ်ကလောင်ရှင်များ ထဲတွင် ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။ သူ့ကဗျာများ သည် ရှေးရိုးလည်းမပယ်၊ ခေတ်ရှေ့လည်းသိပ်မပြေးဘဲ အလယ်အလတ်လမ်းလိုက်နေပါသည်။
ငယ်ရွယ်စဉ်မို့ အင်အားတွေ ဖြင့် ပြည့်ဖြိုးဝေဆာနေဟန်တူပါသည်။ အကြောင်းအရာတွေ နောက် တကောက်ကောက်လိုက်ရင်း ကဗျာများ သည် ကဗျာသီးတွေ ပွင့်ကာသီးကာနှင့် ဖြစ်ခဲ့ပါ သည်။ ‘အိန္ဒိယပြည်ဆန်တိုက်ပွဲသို့ ’၊ ‘အမေ့ခေါ်သံ၊ ‘တိရိစ္ဆာန်ရုံနိမိတ်ပုံ’တို့လို ကဗျာတွေ မှာ ပြောစမှတ် ပြုရပါသည်။ နောင် အရွယ်ရလာပြီထင်ပါသည်။ ဆေးရုံပေါ်မှ ကဗျာများ မှာ ပုဂ္ဂိုလ်ရေး ဆန်နေပါသော် လည်း စမ်းသပ်နေဟန်တူပါသည်။ ရကန်လိုလို၊ မေတ္တာစာလိုလိုနှင့် ခေတ်ပေါ်ကဗျာနောက် လိုက် လာခဲ့ပါသည်။ တကယ်တော့ ဆရာမောင်စွမ်းရည်သည် ခေတ်ပေါ် ကဗျာနောက်သို့ မ၀ံ့မရဲနှင့် လိုက်ပါလာခြင်း ဖြစ်ပါသည်။
ကဗျာဆရာ မောင်စွမ်းရည်အကြောင်းအပြောလျှင် ကဗျာအကြောင်းထက် စာပေဝေဖန် ရေး အကြောင်းကို ပိုပြောရပေမည် ။ ကဗျာပင် ကဗျာသီးတွေ ပွင့်ကာသီးကာ ဖြစ်လာဖို့ သြဇာမြေေ ဆွး ပေးရန်ထက် စာပေဝေဖန်ရေး ဖြင့် မြန်မာစာပေ အရေး အခင်းများ ကြားတွင် လူးကာလွန့်ကာ ရှင်သန် နေချင်သူ ဖြစ်ပါသည်။ စင်စစ် ဆရာမောင်စွမ်းရည်သည် ဝေဖန်ရေး ကလောင်တံကို နှစ် ခြိုက်စွာ ကိုင်စွဲ လာခဲ့သည်မှာ ယနေ့ထိ ဖြစ်နေပါတော့သည်။
မြန်မာစာပေပေါ်တွင် လည်း သံယောဇဉ်ကြီးလွန်းလှသည်။ ကျွန်တော် သည် သူ၏ ဝေဖန်ရေး ဆောင်းပါးများ ကိုဖတ်၍ ထိုသို့ ပြောရခြင်းမဟုတ်ပါ။ လူချင်းတွေ့ ဆုံပြောမိရာတွင် လည်းကောင်း၊ စာပေကိစ္စအ၀၀တွင် လူရောစိတ်ပါ ဆောင်ရွက်ပေးတတ်သဖြင့် လည်းကောင်း သိသာထင်ရှားလွန်း ၍ ပြောရခြင်း ဖြစ်ပါသည်။
ကျွန်တော် နှင့် တွေ့ ဆုံရင်းနှီးခွင့်ရပြီးနောက် ဆရာမောင်စွမ်းရည်သည် မန္တလေးမြို့ ဓမ္မဗိမာန် တွင် စာဆိုတော် နေ့စာတမ်းဖတ်ပွဲများ အတွက် ရန်ကုန်မှ မန္တလေးသို့ တက်ရောက်သွားခဲ့ပါသည်။ စာတမ်းတွေ ဖတ်ကြ၊ ဒူးတိုက်ဆွေးနွေးကြ၊ ပြီးတော့ ကွင်းဆင်းလေ့လာကြနှင့် ဖြစ်နေပုံများ ကို ကျွန်တော် ကြားရပါသည်။ နောက် ရန်ကုန်ပြန်လာပါသည်။ အလုပ်ကရန်ကုန်ရောက်လာပြီ ဖြစ်ပါ သည်။ အထက်တန်းပြကျောင်းဆရာအ ဖြစ် အသက်မွေးဝမ်းကျောင်းပြုနေရသူပင်။ အခြားတစ်ဖက် တွင် လည်း ထွက်သမျှမဂ္ဂဇင်း၊ ဂျာနယ်စာအုပ်စာတမ်းတွေ လိုက်ဖတ်ရင်း ဝေဖန်ရေး စီးတော် မြင်းကို ခပ်ကြမ်းကြမ်းသုံးချောင်းထောက် စီးလာခဲ့ပါသည်။ ထို့ကြောင့် ‘ဂယက်’ဆိုသော ဝေဖန်ခဲ့သည့် စာပေ ဆောင်းပါးများ စုပေါင်း၍ ထွက်လာသော စာအုပ်သည် မောင်စွမ်းရည်၏ ဒုတိယမြောက် စာပေဝေဖန် ရေး စာအုပ် ဖြစ်ပါသည်။
ပထမဦးဆုံးသော စာပေဝေဖန်ရေး စာအုပ်မှာ ‘ပြည်သူ့ရှုထောင့်စာပေ ဝေဖန်ရေး ’စာအုပ် ဖြစ်ပါ သည်။ အဆိုပါစာပေဝေဖန်ရေး စာအုပ်များ တွင် ဆရာမောင်စွမ်းရည်သည် ‘စာပေသည် ပြည်သူ့ အတွက် (Art For People’s Sake) ဆိုသော စာပေအယူအဆ ဖြစ်ကြောင်း ရဲဝံ့စွာ ရပ်တည် ဖော်ပြ ထားပါသည်။ နောက်ဆုံးထုတ်ဝေခဲ့သော ‘မြန်မာစာပေ ဘာလဲ ဘယ်လဲ’ဆိုသော စာပေဝေဖန်ရေး စာအုပ်မှာ လည်း ထိုစာပေအယူအဆအခြေခံဖြင့် ဝေဖန်သုံးသပ်ပြပါသည်။ သို့ ရာတွင် ထိုစာအုပ် သည် သူ၏ စာအုပ်သုံးအုပ်တွင် နှုန်းစံအမြင့်ဆုံးတင်ထားသော (အခြေအနေအရ) စာအုပ်တစ်အုပ် ဖြစ်နေခဲ့ ပါသည်။ သိန်းဖေမြင့်လည်းမထား၊ နိုင်ဝင်းဆွေလည်းမချန်တော့ဘဲ ဝေဖန်ရေး ဆက်စစ်ကြီးဖြင့် ရွှေ စစ်မစစ် ငရဲမီးပက်သလိုမျိုး ဝေဖန်ခဲ့ပါတော့သည်။
(၃)
ကျွန်တော့် အဖို့ ဆရာမောင်စွမ်းရည်ကို ကဗျာဆရာ တစ်ယောက် ၊ ဝေဖန်ရေး ဆရာတစ် ယောက် အ ဖြစ် သိကျွမ်းခင်မင်လာရသည်။ ကဗျာအကြောင်းအပြင် ၀တ္ထုများ ၊ ဆောင်းပါးများ နှင့် အခြားစာအုပ်စာတမ်းအကြောင်းများ လည်း ပြောဆိုခဲ့ရပါသည်။ ထို့ပြင် အခြားအကြောင်းတွေ လည်း ပြောပြရပါသေးသည်။
ဆရာမောင်စွမ်းရည်သည် ကျောင်းဆရာပီပီ တိုက်ပုံနှင့် ။ လွယ်အိတ်နှင့် ထီးတစ်ချောင်းနှင့် ၊ တွေ့ ရတတ်ပါသည်။ ရန်ကုန်မြို့တော် သို့ ရောက်ရှိလာပြီး အထက်တန်းပြဆရာ ဖြစ်နေပါသည်။ အလျဉ်းသင့်သလို ပြောရဦးမည် ။ အထက်ဗမာနိုင်ငံ စာရေး ဆ၇ာအသင်းဆိုပြီးလျှင် အထက်အညာမှ စာပေသမားများ သည် ဒေသဆိုင်ရာ စာပေအဖွဲ့ ဖွဲ့ထားခဲ့ပါသည်။ ဆရာမောင်စွမ်းရည်လည်း အဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။ ယခု ရန်ကုန်မြို့တော် ကြီးသို့ ရောက်နေသော်လည်း ဒေသဆိုင်ရာ စာပေလှုပ် ရှားမှု များ ပေါ်လာတိုင်း မန္တလေးသို့ ရောက်ရောက်သွားတတ်ပါသည်။ သူတို့စာတမ်းများ ဖတ်လျှင် အထက်အညာဒေသမှ စာပေသမားကြီးများ အကြောင်းသာ အဖတ်များ ခြင်းကြောင့် လားတော့မသိ၊ စာပေအသိုင်းအ၀ိုင်းက သူတို့ကို ဒေသစွဲထားသည်ဟု ပြောကြဆိုကြပါသည်။
ကျွန်တော် နှင့် တွေ့ တော့ ဆရာမောင်စွမ်းရည်က ပြောပါသည်။
‘ကျွန်တော် ရန်ကုန်ရောက်လာပြီပဲ။ မန္တလေးရယ်၊ ရန်ကုန်ရယ် ဒေသစွဲထားလို့မရတော့ပါဘူး။ အောက်ဗမာနိုင်ငံရယ်၊ အထက်ဗမာနိုင်ငံလို့လည်း မရှိတော့ပါဘူး။ စာပေသမားဟာ စာပေသမားပဲ ပေါ့ဗျာ’
ဘာပဲပြောပြော တစ်ချိန် ကတော့ ဒေသစွဲတော့ရှိခဲ့ပါသည်။ ကျွန်တော် နှင့် ဆရာမောင်စွမ်းရည် ကြားတွင် စာပေသံယောဇဉ်ထက် အခြားသော သံယောဇဉ်နှောင်ကြိုးတစ်စက ပိုမို၍ ကြီးမားခိုင်ခံ့နေ သဖြင့် ညီအစ်ကိုလို။ ရဲဘော်ရဲဘက်လို ဖြစ်နေခဲ့ပါသည်။ ဆရာမောင်စွမ်းရည်ကို အစ်ကိုဝင်းဇော် (လူထုစိန်ဝင်း)အိမ်တွင် လည်းကောင်း၊ လက်ဖက်ရည်ဆိုင် စကားဝိုင်းတွင် လည်းကောင်း၊ လမ်းပေါ် တွင် လည်းကောင်း တစ်ခဏသာတွေ့ ရသော်လည်း ထိုတစ်ခဏအတွင်း ကျွန်တော် တို့သည် စာပေ အကြောင်း၊ ကဗျာအကြောင်းတွေ ပြော ဖြစ်ကြပါသည်။
နောက် ကျွန်တော် နှင့် ဆရာမောင်စွမ်းရည်သည် ကာလတစ်ခုတွင် ပြန်တွေ့ ကြပါသည်။ မိုးချုပ်တော့မည် ။ မတွေ့ တာကြာပြီ ဖြစ်သော်လည်း အချိန်မရသဖြင့် စာအကြောင်း၊ ကဗျာအကြောင်း ထက် လူပုဂ္ဂိုလ်တွေ အကြောင်း ပြောဆိုခဲ့ကြရပါသည်။ ဆရာမောင်စွမ်းရည်မှာ အစ်ကိုဝင်းဇော် (လူထု စိန်ဝင်း)ကိုမေးပါသည်။ ၁၉၇၈ ခုနှစ် အမှု ကြီးတွင် အစ်ကိုဝင်းဇော်တို့၊ ဦးခင်မောင်မြင့်တို့ ဘ၀ တက္ကသိုလ်ရောက်နေပါသည်။ သံယောဇသ်ကြီးဟန်၊ လေးစားဟန်ရှိသော လူပုဂ္ဂိုလ်များ သည် သူ့ရင်ထဲတွင် သံမှိုစွဲသလိုရှိနေတတ်ပါသည်။
ကျွန်တော် ပြန်တွေ့ တော့ အထက်တန်းပြဆရာမ ဟုတ်တော့ပေ။ ကျောင်းသုံးစာအုပ် ကော်မတီသို့ ရောက်နေပါသည်။ တောင်ငူဆောင်ရှေ့ လက်ဖက်ရည်ဝိုင်းများ တွင် တွေ့ ရတတ်ပါ သည်။ နောက် သော ကြာနေ့ဆိုလျှင်လည်း ဆေးတက္ကသိုလ်(၁) နောက်ဘက်ရှိ လက်ဖက်ရည်ဆိုင် ၀ိုင်းတွင် ရှိနေတတ်ပါသည်။ အမှန်တော့ လက်ဖက်ရည်ဆိုင်မှာ ပင် စာပေသမားများ တွေ့ ဆုံကြပြီး စာပေရေး ရာအဖြာဖြာကို ၀ိုင်းဝန်းပြောဆိုဆွေးနွေးနေကြခြင်းသာ ဖြစ်ပါသည်။ စာပေလောကတွင် မူ ‘တောင်ငူဆောင် တောင်ပိန္နဲပင်အောက်က စာပေ၀ိုင်း’ဟူ၍ လည်းကောင်း၊ ဆေးတက္ကသိုလ်(၁)ကို လည်း ‘သော ကြာစာပေ၀ိုင်း’ဟူ၍ လည်းကောင်း ခေါ်ဝေါ်နေကြပါသည်။
ကျွန်တော် လည်း မကြာခဏတော့ မရောက်ပါ။ ကြုံလျှင်ကြုံသလို ၀င်ရောက်တတ်ပါသည်။ ဆရာမောင်စွမ်းရည်မှာ ဆရာမောင်သာရ စီစဉ်နေသော တိုယိုတာဖောင်ဒေးရှင်းမှ ထုတ်ဝေမည့်  မြန်မာ့ဝတ္ထုတိုများ အတွက်လည်းကောင်း၊ ကဗျာကိစ္စ၊ စာကိစ္စများ အတွက် ချိန်းဆိုပြောဆိုပေးပြီး သူ ကိုယ်တိုင်ထီးတစ်ချောင်း၊ လွယ်အိတ်တစ်လုံးဖြင့် လိုက်လံပို့ဆောင်ပေး၇န်အတွက်လည်းကောင်း၊ စာပေသမားတို့၏ အကြောင်းကြီးငယ်ကိစ္စအသွယ်သွယ်များ အတွက်လည်းကောင်း စိတ်ရောကိုယ်ပါ လိုက်လံဆောင်ရွက်ပေးနေပါတော့သည်။
မန္တလေးတွင် ရှိနေစဉ် စာဆိုတော် လရောက်သည်နှင့် စာတမ်းတွေ ဖတ်၊ ဆွေးနွေးကြ၊ ကွင်းဆင်းကြနှင့် စာပေရေး ရာများ ကို လုပ်လာခဲ့သော လူ တစ်ယောက် မို့ထင်သည်။ ရန်ကုန်အထိ စိတ် မကုန်သေးပေ။ သေသည်အထိ စာပေပိုးက အမျိုးမျိုး ရွပိုးထိုးနေပေတော့မည် ထင်ပါသည်။
တစ်ဖန် ဆရာမောင်စွမ်းရည်အိမ်သို့ လည်း အလည်အပတ်သွားခဲ့ပါသည်။ အညာသားပီပီ အညာအိမ်ကြီးနှင့် နေနေသော အညာသားကဗျာဆရာ ဖြစ်နေပါသည်။ ဆရာ့ဇနီး၊ ဆရာ့သားသမီးများ နှင့် အတူ ဖတ်ရှုလေ့လာနေသော စာအုပ်စာတမ်းများ ကိုလည်း တွေ့ ခဲ့ရပါသည်။ ကိုယ့်အလုပ်ကို ကိုယ်တိုင်ဇောက်ချလုပ်နေပါသည်။ တစ်လတစ်လထုတ် မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များ ၊ တစ်လတစ် လထုတ် လုံးချင်းဝတ္ထုစာအုပ်များ ၊ ကဗျာစာအုပ်များ ၊ အခြားအခြားသော စာအုပ်စာတမ်းများ အားလုံးကို လိုက်လံဖတ်ရှုမှတ်သားနေပါသည်။
မြန်မာ၊ အင်္ဂလိပ် အမျိုးမျိုးသော စာအုပ်ကြီးငယ်များ ကြားတွင် တွေ့ ရပါတော့သည်။ ဆရာ မောင်စွမ်းရည်မှာ စာကြည့်မျက်မှန်ကလေးတစ်လက်နှင့် စာတွေ ဖတ်လိုက်၊ ရေး လိုက်လုပ်နေရသည့် ကြားမှပင် ဧည့်သည်တွေ ကိုလည်း တွေ့ ရပြောရ ဧည့်ဝတ်ကျေရနှင့် ပီဘိလူသားဆန်သော ဝေဖန်ရေး ဆရာ၊ ကဗျာဆရာ၊ စာပေသမား တစ်ယောက် ဖြစ်နေပါတော့သည်။
မြန်မာစာပေဥယျာဉ်ကြီးထဲမှာ ပေါင်းသင်ရင်း၊ မြေဆွရင်း၊ ရေလောင်းရင်း၊ အရွက်သင်ရင်း မနားမနေ အလုပ်လုပ်နေသော ဥယျာဉ်မှူး တစ်ယောက် နှင့် တူပါသည်။ ကျွန်တော် တွေ့ မြင်သိရှိခဲ့ရ သော ဆရာမောင်စွမ်းရည်၏ ပကတိရုပ်ပုံကားချပ်ပင် ဖြစ်ပါသည်။ ‘မန္တလေးမြို့ မနက်ခင်း’ထဲက ကဗျာ ဆရာမ ဟုတ်တော့။ ရန်ကုန်မြို့ နွေနေ့လယ်ခင်းအောက်က ထီးတစ်ချောင်း၊ လွယ်အိတ်တစ်လုံး၊ မျက်မှန်တစ်လက်နှင့် တိုက်ပုံအင်္ကျံဝတ်လေ့ရှိသော ကဗျာဆရာ၊ ဝေဖန်ရေး ဆရာနှင့် စာပေဝေယျာ ၀စ္စ ဆောင်ရွက်ပေးသူစစ်စစ်ကြီး ဖြစ်နေပါသည်။
‘ကျွန်တော် ကတော့ ဝေဖန်စရာရှိ ဝေဖန်နေရမှာ ပဲ။ အပစ်အခတ်၊ အညစ်အပတ်၊ အညှစ် အသတ်တွေ လည်း ဝေဖန်နေတာပဲ။ စုံထောက်ပဲ ဖြစ် ဖြစ်၊ အချစ်နဲ့အိမ်ထောင်ရေး ပဲ ဖြစ် ဖြစ် အဆိပ် အတောက်ပါလာရင် ပြောစရာရှိ ပြောရမှာ ပဲ။ ကိုယ့်လူမို့လို့တို့ ဘာတို့ဆိုတာလည်း မရှိတော့ဘူး။ ကျွန်တော့် အဖို့ ပြည်သူ့စာပေအလံတော် အောက်မှာ ပဲနေရင်း တာဝန်ကျေတဲ့ စာပေသမားတစ် ယောက် ဖြစ်ရင် တော် ပါပြီ’
(၄)
မြန်မာစာပေလောကတွင် ‘အပစ်အခတ်၊ အညစ်အပတ်၊ အညှစ်အသတ်’ဆိုသော စာလုံးများ ကို ဆရာမောင်စွမ်းရည်က စာပေဝေဖန်ရေး အတွေ့ အကြုံများ မှတစ်ဆင့် မွေးဖွားသန့်စင်ပေးလိုက် ခြင်း ဖြစ်ပါသည်။ ထိုသို့ သော ကိုယ်ပိုင်စာလုံးကလေးများ ဖြင့် စာပေဥယျာဉ်မှူး တစ်ယောက် လုပ်နေလိုက် သည်မှာ ယနေ့အထိပင်။
ကြည့်လေ ၁၉၉၅ ခုနှစ် နိုဝင်ဘာလထုတ် ရွှေဝတ်မှု န်မဂ္ဂဇင်းကို ယူဖတ်ကြည့်ပါ မိတ်ဆွေ။
စာအုပ်တစ်အုပ်အကြောင်းတော့ မောင်စွမ်းရည်က ဝေဖန်ထောက်ပြနေပေလိမ့်မည် ။ သို့ သော် ယခင်ကလောက် ဝေဖန်ရေး စံနှုန်းများ အပြင်းအထန် ထောက်ပြခြင်းတော့ သိပ်မရှိလှပေ။ ညွှန်းဆို ခြင်းလောက်တော့ ရှိနေပါသေးသည်။
အမှန်တော့ ကိုယ်က ဝေဖန်နေရသည်ချည်းမဟုတ်ပါ။ တစ်လှည့်တစ်ပြန် ဝေဖန်ခံခဲ့ရပါသည်။ တစ်ချိန်ကဆိုလျှင် ဆရာဒေါင်းနွယ်ဆွေကပင် ပြန်လည်ဝေဖန်တိုက်ခိုက်ပြလိုက်သေးသည်။ လူပုဂ္ဂိုလ် အရပင် ဝေဖန်ခံခဲ့ရပါသည်။ နောက် မောင်စွမ်းရည် စာပေသဘောတရားရေး ရာများ ရေး ပြနေသော စာပေပညာရှင် မောင်ဇော်(နောင် ဇော်ဇော်အောင်အမည် ဖြင့် ၀တ္ထုလုံးချင်းများ ထုတ်ဝေအောင်မြင် လာခဲ့ပါသည်) နောက်ဆုံး ‘ဆရာစွမ်းလာလမ်းပြန်’ဆိုသော ကျောင်းသားကလေး တစ်ယောက် ကပင် ပြန်လည်ဝေဖန်ခဲ့ပါတော့သည်။
သို့ သော် မောင်စွမ်းရည်ကား တစ်လမ်းသွားယာဉ်ကြောအတိုင်း ဝေဖန်ရေး လမ်းကြောင်းပေါ် တွင် ယနေ့ထိရှိနေသေးသည်။ ကဗျာဆရာအ ဖြစ်ကိုတော့ ရံဖန်ရံခါမှ တွေ့ ရပါသည်။ အရေး နည်း အရေး ကျဲ သွားပါသည်။
ကျွန်တော် သည် သူနှင့် တွေ့ လိုက် မတွေ့ လိုက် ဖြစ်နေသော်လည်း သူ၏ ဝေဖန်ရေး စာမျက်နှာ ကိုတော့ တွေ့ နေရသဖြင့် ၀မ်းသာနေမိပါသည်။ တစ်ခါတစ်ရံ သူ့ကိုတွေးတောမိသော အခါများ တွင် သူ၏ စာပေအပေါ် သံယောဇဉ်ကြီးပုံများ (ဇွဲလည်းကြီးမားပါသည်)၊ စာပေသမား မိတ်ဆွေရောင်းရင်း များ အပေါ် ကူညီရိုင်းပင်းတတ်ပုံများ ၊ စာပေကိစ္စဆိုလျှင် ကြီးငယ်မရွေးလိုက်လံဆောင်ရွက်ပေးရန် လက်မနှေးတတ်ပုံများ စသဖြင့် တွေးမိပါသော်ငြား သူ့စာပေဝေဖန်ရေး ဆောင်းပါးများ မှာ မူ စာပေယုံ ကြည်ချက်အရ အတန်ကြာ ညှို့ယူဖမ်းစားနိုင်စွမ်း ကြီးမားပြင်းထန်လွန်းလှပါသည်။
ကိုယ်ကလည်း သူများ ကို ဝေဖန်ထောက်ပြ။ သူများ ကလည်း ကိုယ့်ကို ဝေဖန်ထောက်ပြရင်း စာပေဝေဖန်ရေး ခရီးရှည် ချီတက်ရင်း အမောအပန်းမရှိသူ ဖြစ်နေလေသည်။ နောက်ဆုံး သူ ဝေဖန်ခဲ့ သော စာရေး ဆရာများ သည် အကြောင်းကြောင်းကြောင့် ဟုဆိုပါသည်။ ဥပမာ ‘ယနေ့ မြန်မာစာပေ’ ဆိုသော ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးများ ထဲတွင် စာရေး ဆရာတင့်ဆန်း၏ ‘ချောလဲချောတဲ့ဘေဘီ’ လုံးချင်းဝတ္ထုကို အလဇ္ဖီဆန်နေသည်ဟု ဝေဖန်ထောက်ပြခဲ့သည်။ နောင် အမှစ် ၂၀ ကျော်လာသော အခါ လူမုန်းလို့မဟုတ်ပါဘူး။ လူကိုချစ်ခင်လေးစားလျက်နဲ့ အငြိုအငြင်ခံပြီး ဝေဖန်တာပဲ ဖြစ်ပါတယ်’ဟု ၁၉၉၅ ခုနှစ် ဇူလိုင်လထုတ် ပန်းဝေသီမဂ္ဂဇင်း၌ ‘ဆရာတင့်ဆန်းနှင့် ကျွန်တော် ’ဆိုသော ဆောင်းပါးဖြင့် ပြန်လည်တင်ပြခဲ့ပါသည်။
တစ်ခါက စာပေဆောင်းပါးရှင် ‘ကိုနော်’၏ ဝေဖန်ရေး နှင့် ပတ်သက်၍ လည်း ပြန်လည်တုံ့ပြန်ရာ တွင် ကဗျာတစ်ပုဒ်ဖြင့် ပင် ရေး သားတင်ပြတတ်ပါသည်။
‘ဆိုရေး ရှိဆိုငါ
မဆိုတာအမှား။
ထားမချေမိ ငါ့ဝန်ရှိ
က၀ိတို့ကား….’
ရုပ်ရှင်တေးကဗျာ
အောက်တိုဘာ၊ ၁၉၈၉
ယနေ့ မောင်စွမ်းရည်သည် ယခင်က သူပြောခဲ့သလို ဘာလဲ ဘယ်လဲခေတ်မဟုတ်တော့ သဖြင့် သူ၏ ဝေဖန်ရေး လက်ရာများ အမြဲရှင်သန်ဖူးပွင့်နေမလားပဲ ကြည့်ချင် မြင်ချင်နေသည်။ သူ့အနေဖြင့် လည်း ယနေ့ သူရပ်နေသော တံတားအောက်မှ ရေအလျဉ်များ ကို ဂရုတစိုက်ကြည့် မကြည့် ဒါပဲ ကျွန်တော် တို့ သိချင်နေသည်။
ထိုအခါ မောင်စွမ်းရည်သည် အံ့မခန်းပြောင်းလဲနေသော ရေစီးကြောင်းထဲတွင် အမီလိုက်ရန် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဝေဖန်သုံးသပ်မည် လော။ အဘယ်ကြောင့် ဆိုသော် မောင်စွမ်းရည် သည် တစ်ချိန်က စာပေဝေဖန်ရေး လုပ်ငန်းခွင်တွင် စံနှုန်းများ ကို ပေတံလုပ်ပြီး တိုင်းထွာခဲ့သူမဟုတ် လော။ (သို့ မဟုတ်) ယနေ့မောင်စွမ်းရည်သည် မြန်မာစာပေပန်းဥယျာဉ်ကြီး ဝေဆာစည်ပင်လာ အောင် မြေတောင်မြှောက်၊ ပေါင်းသင်၊ ရေလောင်းပေးသည့် ဥယျာဉ်မှူးကောင်း တစ်ယောက် အ ဖြစ် ကိုယ်ပိုင်စာပေဝေဖန်ရေး စံနှုန်းများ ဖြင့် ပြောစမှန်ပြုရလောက်အောင် ရေး သားတင်ပြခဲ့မည် လော။
ကမ္ဘာ့ဝေဖန်ရေး ခရီးတစ်လျှောက်တွင် ‘ဝေဖန်ရေး အစ ဒရိုင်ဒန်က’ (Drydan is a Father of Criticism) ဆိုသော ‘ဒရိုင်ဒန်’သည် သူ၏ ကိုယ်ပိုင်ဝေဖန်ရေး စံနှုန်းများ ထားရှိခဲ့ပြီး ဖြစ်ပါသည်။ နောက် ‘ဒေါက်တာ ဂျွန်ဆင်’၊ ‘ကိုးလာရစ်’အစရှိသော ဝေဖန်ရေး ဆရာများ သည်လည်းကောင်း၊ ‘ဂေါ်ဂီ’၊ ‘မော်စီ တုန်း’၊ ‘လူရွှန်း’အစရှိသော နိုင်ငံရေး စံနှုန်းများ ဖြင့် ဖြည့်စွက်ထောက်ပြတတ်သော ဝေဖန်ရေး ဆရာ များ သည်လည်းကောင်း သူတို့ကိုယ်ပိုင် စံနှုန်းများ ရှိနေကြပြီ ဖြစ်ပါသည်။
ယခုအခါ ‘အယ်ဒရစ်’၊ ‘အဂ္ဂါဟိုင်းဖန်း’၊ ‘ဖတ်စ်ဝဲဂယ်ယာ’အစရှိသော ခေတ်သစ်ဝေဖန်ရေး ဆရာများ ၏ ကိုယ်ပိုင်စံနှုန်းများ စသဖြင့် ပေါ်ပေါက်ထွန်းကားနေသော အချိန်တွင် ကျွန်တော် တို့ ဝေဖန် ရေး ဆရာမောင်စွမ်းရည်သည် မြန်မာစာပေ ဘဏ္ဍာတော် တိုက်ထဲသို့ သူ၏ ကိုယ်ပိုင်ဝေဖန်ရေး စံနှုန်း များ ဖြင့် ကြိုးစားဖော်ထုတ်သည့်သွင်းသွားမည် ဆိုသော်…..။
ဆရာ မောင်စွမ်းရည်နှင့် တွေ့ လျှင်လည်း ကျွန်တော် တွေးမိသည့်အတိုင်း မဆိုင်းမတွ ပြောရ ပေတော့မည် ။
ရနံ့သစ်မဂ္ဂဇင်း၊ ဧပြီလ ၂၀၁၂)
××××
အောင်ဒင် (သို့ မဟုတ်) ဒတ္ထအလွမ်းပြေ
(၁)
‘တစ်ခါတုန်းက တက္ကသိုလ်’အမည် နာမဖြင့် နှစ် တစ်ရာပြည့် တက္ကသိုလ်အကြို ဂီတပွဲတော် ကို MCC လေဟာပြင်ကွင်းထဲတွင် တော် ၀င်ကုမ္ပဏီက ဦးဆောင်ကျင်းပသွားခဲ့ပါသည်။ တစ်ခေတ်တစ်ခါ က တက္ကသိုလ်နောက်ခံသီချင်းများ ကို မြန်မာသံ အဆိုတော် များ နှင့် စတီရီယိုအဆိုတော် များ က အောက်မေ့ဖွယ် ပြန်လည်ခံစားသီဆိုပြကြရင်း အချို့ စတီရီယိုအဆိုတော် များ သည် ပါးပြင်ပေါ်မှာ မျက်ရည်များ နှင့် သီဆိုလိုက်ကြသေးသည်။ ‘တက္ကသိုလ်ကျောင်းသူတစ်ဦး’၊ ‘တက္ကသိုလ်မှာ ဝေတဲ့ နှင်း’၊ ‘တက္ကသိုလ်ကျောင်းက ငွေလမင်း’၊ ‘စစ်ကိုင်းလမ်း’၊ ‘ဂျပ်ဆင်ထိပ်က လရိပ်ပြာ’၊ ‘တက္ကသိုလ်မြေ နေ၀င်မှာ စိုးတယ်’ သီချင်းများ စသဖြင့် ။
သိပ်မကြာပေ။ တော် ၀င်နှင်းဆီခန်းမတွင် ၁၃ ရက်နေ့ပွဲသို့ ရောက်သွားရာ စက်မှု တက္ကသိုလ် ကျောင်းသားများ ပွဲ ဖြစ်နေရာ တစ်ချိန်က စက်မှု တက္ကသိုလ်ဇာတ်လမ်းနောက်ခံ မှတ်တမ်းမှတ်ရာ များ ဖြင့် အောက်မေ့ဖွယ်ရာများ ကို ပြန်ပြောင်းသတိရမိပါသည်။ ကဗျာ၊ သီချင်း၊ စာတမ်းနှင့် ဟောပြော ခြင်းများ ပါဝင်လာသည်။ စင်မြင့်ပေးတွင် ကိုရဲလွင်က ဂစ်တာတီး၊ ကျောင်းသား တစ်ယောက် က သီချင်းဆိုနှင့် စက်မှု တက္ကသိုလ်ထွက် ကိုယ်ပိုင်သံစဉ်ဂီတပညာရှင်များ ၏ တေးသီချင်းများ ပိုကြား ယောင်လာပါသည်။ အမှတ်မထင် စင်မြင့်ဘေးမှ ပိတ်ကားပေါ်တွင် စက်မှု တက္ကသိုလ်ကျောင်းသား ကဗျာဆရာ၏ ‘သူငယ်ချင်းတို့ရေ’ဆိုသော နှုတ်ခွန်းဆက်စကား ပလ္လင်ခံပြီး ကဗျာတစ်ပုဒ် ရွတ်သွားပုံ အထင်းသားပေါ်လာသည်။ ‘တုပန်ဆုံကြမယ့်တစ်နေ့မှာ ’ဆိုပြီး ကဗျာအဆုံးသတ်လိုက်သေးသည်။
စင်စစ် တက္ကသိုလ်ဆိုသည်မှာ အနုပညာကျောင်းတော် ကြီး ဖြစ်ပါသည်။ စာပေ။ ဂီတ၊ ပန်းချီ၊ ပြဇာတ်၊ ရုပ်ရှင်အနုပညာရှင်များ ထွန်းကားဝေစည်ရာ အနုပညာနယ်မြေနှင့် ပေါင်းကူးတံတားထိုး ထားသော အနုပညာကျောင်းတော် ကြီးပင် ဖြစ်သည်။ တက္ကသိုလ်နောက်ခံ ၀တ္ထုအနုပညာ (သပိတ် မှော က်ကျောင်းသား၊ မေ့ဘူးကွယ်သက်လက်ရယ်၊ မပြိုသည့်မိုး၊ သမဂ္ဂအံတော် အောက်ဝယ်၊ ငါတို့ ခေတ်နှင့် အပြိုင်၊ ပြိုမှာ လေလားမိုးရဲ့ ၀တ္ထုလုံးချင်းများ )၊ ဂီတဆိုလျှင် တစ်ခါတုန်းက တက္ကသိုလ် အောက်မေ့ဖွယ်သီချင်းလက်ရာများ ၊ ပန်းချီဆိုလျှင်ဦးနန်းဝေ၊ စံတိုး၊ မျိုးမြင့်၊ စောအင်ဒရူး၊ တင်မောင် ကြည်၊ စံမင်း၊ မောင်ဇေယျ၊ ကျော်ဝင်းမောင်တို့၏ ဆီဆေးရေဆေး ပန်းချီကားများ ၊ ပြဇာတ်ဆိုလျှင် ညီမလေးမာလာ၊ ၁၃၀၀ ပြည့်အရေး တော် ပုံ၊ ရုပ်ရှင်ဆိုလျှင် ကောလိပ်ဂျင်၊ ပန်းတွေ နဲ့ဝေ ရုပ်ရှင်ကား များ ။
မှတ်မှတ်ရရ အနုပညာပစ္စည်းများ ထုတ်လုပ်ရာစက်ရုံအလုပ်ရုံကြီးလည်း ဖြစ်သည်။ ၁၉၂၀ ခုနှစ် မှသည် ဇာတိပဋိသန္ဓေတည်လာသော တက္ကသိုလ်ကြီးသည် ရွှေရတု၊ စိန်ရတုများ ဆင်နွှဲခဲ့ပြီး ဖြစ်ရာ ၂၀၂၀ ခုနှစ် ဆိုလျှင် နှစ် တစ်ရာပြည့်ပေတော့မည် ။
ထိုအခါ တက္ကသိုလ်မိခင်ကြီး၏ သားသမီးများ ထဲမှ ဖြစ်စေ) မျိုးဆက်သစ်သားသမီးများ က အနု ပညာအသီအးပွင့်များ ကို ဖူးတံတ၀င့်ဝင့်နှင့် စောင့်ကြိုနေကြမည် သာ ဖြစ်ပါသည်။
(၂)
ကျွန်တော် သည် ‘သူငယ်ချင်းတို့ရေ’ဆိုသော ကဗျာဆရာကို သတိရလိုက်သည်။ သူ့ကဗျာများ ကိုလည်း အောက်မေ့သတိရသည်။ စက်မှု တက္ကသိုလ်နှစ် လည်မဂ္ဂဇင်းမှာ ၊ မဂ္ဂဇင်းစာမျက်နှာများ ပေါ်မှာ (သဘင်၊ ချယ်ရီ၊ မိုးဝေ၊ ပေဖူးလွှာ၊ မဟေသီ၊ ဟန်သစ်မဂ္ဂဇင်းများ ) ဖတ်ရှုခံစားခဲ့ဖူးသည်ကို သိစိတ် အလျဉ်က ရေအလျဉ်ပမာ အတိခြေရာနောက် တကောက်ကောက်ပါသွားနေပါသည်။
၁၉၈၆ ခုနှစ် ထုတ် စက်မှု တက္ကသိုလ်နှစ် လည်မဂ္ဂဇင်းမှ သူ၏ ကဗျာတစ်ပုဒ်ကို ဖတ်ရှုခဲ့စဉ်က ခံစားခဲ့ရပါသည်။ ‘မျှော်လင့်ခြင်းသီချင်းတစ်ပုဒ်ရဲ့ ညနေ’ကဗျာ။ လေးလုံးစပ်ကဗျာတစ်ပုဒ် ဖြစ်ပြီး ငါးဖမ်းထွက်သော တံငါအို တစ်ယောက် အကြောင်းကို ရေး ဖွဲ့ထားသည်။
‘ကမ်းမထွက်ခင် ဦးထိပ်တင်
အာရုံဝင်စား မြတ်ဘုရားနဲ့
ဆယ်ဖြာစုံလက် ပူးညွတ်လျက်။’
ငါးဖမ်းမထွက်ခင် တံငါအိုက ရတနာသုံးပါးကို ဦးထိပ်ထားလျက် ကန်တော့ပါသည်။ ပြီးမှ မြစ်လယ်ကိုထွက်သော ပိုက်ကွန်ကိုင်လျက် ငါးပွတ်ရာရှာသည်။
‘တံငါအို ငါးဖမ်းထွက်
တံငါအိုလက် လမ်းညွှန်ဘက်
ငါးလိုက်ပွက်ထ ပိုက်တန်းချ
ရေရဲ့ မာနနဲ့ အပြိုင်’။
နောက် ရာသီကပြောင်းလာပြီး မိုးနှင့် လေနှင့် ဖြစ်လာသည်။ ကဗျာစာလုံးများ ဖြင့် သရုပ်ဖော် ထားသည်။
‘၀ဲနှင့် မုန်တိုင်း
လှိုင်းနဲ့ကျောက်ဆောင်
မိုးမှော င်လျှပ်ပြက် ရက်စက်ရိုင်းစိုင်း
အနိုင်မပိုင်းခင်’။
တံငါအိုခမျာ လှေငယ်နှင့် ရေလယ်မှာ မျောပါရုန်းကန်နေရသည်။ နောက်ဆုံး အနိုင်လုရသဖြင့် ကမ်းပေါ်တွင် စောင့်နေသူမှာ အိမ်ပြန်လှဖို့ စိတ်စောနေရသည်။ ထိုမြင်ကွင်းဖြင့် ကဗျာကို အဆုံးသတ် ပါသည်။
‘ညနေကမ်းက အကြိုမတို့
မျှော်ရကျိုးရပါစေကွယ်။’
စက်မှု တက္ကသိုလ်ကျောင်းသား ကဗျာဆရာသည် ကျောင်းတော် ၏ နှစ် လည်မဂ္ဂဇင်းများ တွင် အဖွင့်စာမျက်နှာကဗျာများ ကို နှစ် စဉ်ရေး ဖွဲ့ခံစားပြပါသည်။ ၁၉၈၅ ခုနှစ် က ‘ခေါင်းလောင်းသံအို၏ အတ္ထုပ္ပတ္တိ’ကဗျာ၊ ၁၉၈၇ ခုနှစ် ကလည်း ‘နာရီ’ကဗျာစသဖြင့် ။ ‘နာရီ’ကဗျာသည် ကဗျာခံစားမှု ၊ တင်ပြမှု နှင့် ရည်ရွယ်မှု များ သုံးဖက်ညီကဗျာတစ်ပုဒ် ဖြစ်သည်။
နောက် မဂ္ဂဇင်းစာမျက်နှာများ ပေါ် ရောက်လာသည်။ ၁၉၈၄ ခုနှစ် ထုတ် သဘင်မဂ္ဂဇင်းတွင် ‘ဤသို့ ပင် မျှော်လင့်မိပါသည်’ကဗျာ၊ ၁၉၈၆ ခုနှစ် ထုတ် ချယ်ရီမဂ္ဂဇင်းတွင် ‘တမ်းတခြင်း’ကဗျာ၊ ‘မိုးညများ ’ကဗျာ၊ ၁၉၈၆ ခုနှစ် ထုတ် ချယ်ရီမဂ္ဂဇင်းတွင် ‘သားအဖနှစ် ယောက် ရဲ့ လှေကဗျာ’မျှော်လင့် ခြင်းသီချင်းတစ်ပုဒ်ရဲ့ ညနေ’ ကဗျာကဲ့သို့ ခံစားရေး ဖွဲ့သည်)၊ ၁၉၈၇ ခုနှစ် ထုတ် မဟေသီမဂ္ဂဇင်းတွင် ‘ထာဝရနှင်းဆီ’၊ ‘အပြာရောင် မိုးကောင်းကင်’၊ ‘အချစ်များ စွာ ဖြင့် ’ကဗျာများ ၊ နောက်ဆုံး ၁၉၈၈ ခုနှစ် ထုတ် မိုးဝေမဂ္ဂဇင်းတွင် ‘သမုဒ္ဒရာ’ကဗျာ။ ကဗျာဆရာသည် တစ်နှစ် သုံးပုဒ်လောက်ပင် ခံစား ရေး ဖွဲ့ရင်း မြန်မာကဗျာလောကသို့ ခြေချဝင်ရောက်လာပါသည်။
‘သမုဒ္ဒရာကဗျာ’သည် ခေတ်ပေါ်ကဗျာပုံသဏ္ဌာန်ဖြင့် သမုဒ္ဒရာကြေးမုံမှန်သားကို သိစေမြင်စေ အောင် ရေး ဖွဲ့ခဲ့သည်။
‘သူ့ရင်ခွင်မှာ
ကမ္ဘာကြီးတစ်ခုလုံးရှိသတဲ့
သမုဒ္ဒရာက ဆိုတယ်။
လှိုင်းရယ်လေရယ်
မုန်တိုင်းနဲ့ကောင်းကင်ရယ်
အသက်ရှင်လိုစိတ်နဲ့ တိတ်ဆိတ်ခြင်းရယ်
ပေါင်းစုဖွဲ့စည်းလိုက်တဲ့အခါ
သမုဒ္ဒရာ ဖြစ်လာတယ်
ရေရဲ့ ကျယ်ပြန့်နက်ရှိုင်းခြင်း ကတော့
မပါမ ဖြစ်ပါသပေါ့။’
ဤသို့ သော သမုဒ္ဒရာရုပ်ပုံလွှာကို ‘စကားပြောရစ်သမ်’ (နရီ)ဖြင့် ရှင်းရှင်းလေးရေး ဖွဲ့ပြသည်။ နောက် သမုဒ္ဒရာထဲတွင် ပက်ဆိုးဒင့်သွားတိုက်ဆေး (အကုသိုလ်အတွက်)၊ မျက်နှာသုတ်ပ၀ါ (အိပ်မက်အတွက်)၊ ရေမြှုပ်ပူပေါင်း(အလိုမပြည့်ခြင်း)များ ရှိနေကြောင်း၊ ဒေါသနှင့် အကြင်နာရှိနေ ကြောင်း၊ ကျွန်တော် တို့မပြည့်ဝနိုင်တဲ့ အလိုဆန္ဒများ ရှိနေကြောင်း ခံစားတင်ပြပါသည်။ နောက်ဆုံး ကဗျာစာသားများ မှာ မူ ကဗျာဖတ်သူရင်ကို တုန်ခိုက် သွားပါသည်။
‘ငါ့အတွက်တော့ သမုဒ္ဒရာဆိုတာ
မသောက်ကောင်းတဲ့ ရေတစ်ခွက်မျှသာ ဖြစ်ရဲ့ ’။
၁၉၈၈ ခုနှစ် သြဂုတ်လထုတ် မိုးဝေမဂ္ဂဇင်းကဗျာ ဖြစ်ရာ ကဗျာဆရာအတွက် အခိုက်အတန့် ကာလကြီးကို ဖြတ်သန်းမှု များ ပေါ်ထွက်လာပါသည်။ စက်တင်ဘာလမရောက်မီ ကဗျာဆရာသည် ရန်ကုန်တက္ကသိုလ်၊ ဗိုလ်အောင်ကျော်ရုပ်တုရှိရာ (ယခင်) ကျောင်းသားသမဂ္ဂ အဆောက်အအုံနေရာ မှနေ၍ သမဂ္ဂကို ဦးဆောင်သူတစ်ဦး ဖြစ်လာသည်။ ကျောင်းနာမည် ‘ချစ်ကိုကို’မဟုတ်တော့။ သူ့ညီလည်း ပါလာသည်။ ချစ်ညီညီမဟုတ်တော့။ သူတို့ ညီအစ်ကိုနှစ် ယောက် ၏ လက်ကမ်းစာရွက် များ မှာ နံရံကပ်စာစောင်များ မှာ တွေ့ မြင်ဖတ်ရှုကြရသည်။
(၃)
ကျွန်တော် သည် ပထမဦးစွာ သူ့ညီတော် မောင်နှင့် တွေ့ ဆုံခင်မင်ရင်းနှီးရပြီး ကြမ်းတမ်းသော ကာလယန္တရားကြီးကို လက်တွဲ ဖြတ်သန်းရပါသည်။ နောက် သူ့ကို အနီးအဝေးမြင်ကွင်းမှာ လှမ်းတွေ့  သိနေရသည်။ ကဗျာဆရာ ‘ဒတ္တ’ဆိုပဲ။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဈာပနတွင် လည်းကောင်း၊ သူတို့ စက်မှု တက္ကသိုလ်မြက်ခင်းရှေ့ တစ်မနက်ခင်း မတ်လ၏ အောက်မေ့ဖွယ်နှစ် လည်ပွဲတွင် လည်း ကောင်း လှမ်းတွေ့ နေရခြင်း ဖြစ်သည်။
တကယ်တော့ ကျွန်တော် ရန်ကုန်ရောက်ရောက်ချင်း ဘဘနုအိမ်ဝင်းထဲတွင် သူ့နာမည် တစ် မျိုး ကိုကြားခဲ့ရသည်။ ‘ချစ်ကိုကို’တော့မဟုတ်။ တခြားနာမည် တစ်လုံး တယ်လီဖုန်းထဲမှ ကြားလိုက်ရ သည်။ သူသည် မြိတ်ရောက်နေပြီ။ ကော့သော င်းသွားမည် ။ ထိုမှ သူ့ ခရီးသူနှင်မည် တဲ့။ နောက်တော့ လည်း ရန်ကုန်မြို့တော် သို့ ပြန်ရောက်လာသည်။ သူ့သမဂ္ဂနှင့် သူ၊ သူ့ကဏ္ဍနှင့် သူ ပါဝင်ဆောင်ရွက်ရင်း ၁၉၈၉ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် ကျည်တုံ့ခံဝံ့ဇာတ်လမ်းကို စတင်ကပြပါသည်။ နောက် သူ့ညီတော် မောင်လည်း ကျည်တုံ့ခံဘက် ဖြစ်သွားသည်။
မြန်မာနိုင်ငံရေး သမိုင်းလမ်းကြမ်းသည် အသူတစ်ရာနက်ပြီးရင်းနက်လာသဖြင့် ကျွန်တော် လည်း ကျည်တုံ့ခံရပြန်သည်။
သူတို့ညီအစ်ကိုနှင့် ကျွန်တော် သည် နံရံတစ်ဖက်စီခြားနေသော တိုက်ခန်းများ တွင် ရှိနေသဖြင့် လူချင်းမဆုံမ ဖြစ်သော်လည်း နာမည် ချင်းကြားနေကြရသည်။ သူတို့ သာယာဝတီရောက်သွားပြီး ကျွန်တော် အင်းစိန်မှာ ကျန်ခဲ့ပြီး သူ့ညီတော် မောင်က ကျွန်တော့် ကို နှုတ်ဆက်သွားပြီစသဖြင့် ။
သူတို့ညီအစ်ကိုသည် နံရံများ ကြားမှာ ပင် ကာရန်၊ နရီများ ဖြင့် အလင်္ကာစာလုံးများ ကို ခေါင်းထဲတွင် အခန်းကန့်၍ သိမ်းဆည်းသိုလှောင်နေကြပါသည်။ အစ်ကိုက ၀တ္ထုတစ်ပုဒ်ပင်ရေး ဖွဲ့ သိမ်းဆည်းထားလိုက်သည်။ ဇာတ်ဆောင်နာမည် က ‘တာရာမင်းဝေ’။ သူ့ညီ ဖြစ်သူက အက်ဆေးများ ၊ ကဗျာများ ၊ ၀တ္ထုများ တွေးရင်း ခေါင်းထဲတွင် ရေး ပြီး သိမ်းရင်း ဆေးလိပ်လည်းမတို၊ နေလည်းမညို သေးသဖြင့် စာပေအနုပညာညီအစ်ကိုနှစ် ယောက် ဖြစ်နေပါသည်။
အချိန်တန်တော့ ကျွန်တော် ရော သူတို့နှစ် ယောက် ပါ အိမ်ပြန်ကြရသည်။ သူတို့တွင် ညီမလေး တစ်ယောက် ရှိသည်။ အဖေနှင့် အမေရှိသည်။ အဖေက သတင်းထောက် ဖြစ်သည်။ ၁၉၉၀ ခုနှစ် များ ၀န်းကျင်တစ်ဝိုက်သည် ပါတီနိုင်ငံရေး များ ၊ ရွေးကောက်ပွဲများ ၊ အထိန်းအသိမ်းများ ရှိနေရာ ထင်သာ မြင်သာလူမှု အဖွဲ့အစည်းတစ်ရပ်တော့ ရောင် ခြည်ပင်မသန်းသေးပါ။ သူတို့မိသားစုကိုကြည့်ပါ။ ညီအစ်ကိုနှစ် ယောက် ၏ အတိတ်ကြောင့် ပစ္စုပ္ပန်တွင် အရိပ်ထိုးနေဆဲ ဖြစ်နေသည်။ အိမ်ခဏခဏ ပြောင်းရသည်။ အိမ်ရှင်ကမငှားရဲတာလည်း ပါသည်။ အခြားအခြားသော ကြောင့် ဆိုတာလည်း ပါသည်။ နောက်ဆုံး ဒဂုံမြို့သစ်မြောက်ပိုင်းရောက်သွားကြသည်။
သူ့ညီတော် မောင်နှင့် တော့ တွေ့ နေကျ ဖြစ်သည်။ ညီတော် မောင် နံရံတစ်ဖက်သို့ ရောက်သွား စဉ် ကျွန်တော် က သူ့စာများ (အက်ဆေးများ ‘မြို့ကလေးနှင့် ကျွန်တော် ’၊ ‘အိပ်မက်ကလေးနှင့် ကျွန်တော် ’အက်ဆေးတွေ )ကို မဂ္ဂဇင်းများ တွင် ‘ညီလေးမွန်’ကလောင်အမည် ဖြင့် ထည့်သွင်းဖော်ပြခဲ့ သည်။
ကျွန်တော် နှင့် (အပြင်မှာ ) ပြန်တွေ့ တော့လည်း ညီလေးမွန်ဖြင့် ကဗျာ၊ အက်ဆေးများ ဆက်ရေး ပြီး ‘တာရာမင်းဝေ’အမည် ဖြင့် (သူ့အစ်ကိုဝတ္ထုထဲက ဇာတ်ဆောင်နာမည် ဖြင့် )၀တ္ထုတိုများ ရေး သားပါ သည်။ သို့ ဖြင့် ညီတော် မောင်နှင့် မဂ္ဂဇင်းများ တွင် တွေ့ နေပါသည်။ သူနှင့် တော့ တစ်ခါတစ်ခါမှ တွေ့  သည်။ ကဗျာများ တော့ရေး သည်။ ဟန်သစ်မဂ္ဂဇင်းတွင် ‘ခက်ခက်ခဲခဲကုန်ဆုံးရတဲ့နေ့’ကဗျာ (မျက် မှော က်သူဖြတ်သန်းရသော နေ့ရက်များ အကြောင်း)၊ ‘နွေဦးပေါက်ကဗျာရဲ့ အတ္ထုပ္ပတ္တိ’ကဗျာ (နွေဦး ရောက်လျှင် ပန်းများ ဝေတော့မည် ဆိုသော ကဗျာအကြောင်း) ကဗျာများ ရေး သားရေး ဖွဲ့ရှာသည်။ နံရံ ထဲတုန်းက ၀တ္ထုစာပေ လက်ရာမတွေ့ ရသေး။ အိမ်၏ ဝေယျာဝစ္စကိစ္စများ က ဒုက္ခများ မြောင်လူတို့ ဘောင်ဝယ် ဖြစ်နေသည်ထင့်။
နောက် သူ့မင်္ဂလာပွဲသို့ ရောက်ရသေးသည်။ အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်း လူသန့်လူချော ကလေး တစ်ယောက် သည် သတို့သားဘ၀ရောက်သွားပြီး အသားဖြူဖြူ မိန်းမချောသတို့သမီးနှင့် အတူ ကမ္ဘာအေးစေတီတော် ၀င်းအတွင်းရှိ ဘုန်းကြီးကျောင်းခန်းမထဲတွင် ဧည့်ခံနေပါသည်။ ကျွန်တော် နှင့် ကိုဖေအောင်လင်းတို့ သားအဖလည်း ဧည့်ခံပွဲတက်ရောက်သည်။ ပြီးမှ စင်ကာပူနိုင်ငံသို့ ရောက်သွားကြသည်။ သူ၏ ဘ၀ခရီးတစ်ထောက်ပုံရိပ်၏ နောက်ဆုံးမြင်ကွင်းပင် ဖြစ်သည်။
(၄)
သူသည် ကဗျာဆရာဘ၀မှာ တစ်ဒင်္ဂ၊ ကျောင်းသားသမဂ္ဂဘ၀မှာ ထာဝရဟုဆိုရမည် ဖြစ်သော လူငယ် တစ်ယောက် ။ စင်ကာပူမှသည် အနောက်ကမ္ဘာရှိ ယူအက်စ်အေသို့ မိုင်များ စွာ ဝေးလံလွန်းလှ သော နေရာများ ကို ရောက်ရှိနေသော လူရွယ် တစ်ယောက် ။ တစ်ခါတစ်ခါမှသာ သူ့အကြောင်းကြားရ သည်။ တစ်ခါတစ်ခါမှသာ သူ့အသံကြားရသည်။
သူ့ညီတော် မောင် ‘တာရာမင်းဝေ’သည် ကျော်ကြားအောင်မြင်သော လူငယ်ဝတ္ထုရေး ဆရာ ဘ၀မှ ဆယ်သက်၊ တမလွန်ဘ၀မှာ တစ်သက်ဆိုပြီး လူရွယ်ဘ၀မှာ ပင် ဇနီးနှင့် သားကို ထာဝရခွဲခွာ သွားပါတော့သည်။ ကျွန်တော် သည် စာတောအလယ်တွင် ငါမောတယ်မရှိဆိုပြီး တစ်လမ်းသွားခရီး သည် ဖြစ်နေရသည်။
တစ်ခါတစ်ခါ စာကြည့်တိုက်များ ရောက်လျှင် မဂ္ဂဇင်းအဟောင်းများ တွင် ‘ဒတ္တ’ကဗျာဆို၍ ပြန် ဖတ်ကြည့်လိုက်ပါသည်။ ‘ထာဝရနှင်းဆီ’ကဗျာဖတ်မိလျှင် သူ့ရွယ်ရာလမ်းကို လှမ်းမြင်ရသည်။ နှစ် ကာလများ ကို ဆွဲဆန့်ုထုတ်လိုက်လျှင် ဆယ်စုမကသော အချိန်ယန္တရားသည် သူနှင့် ကျွန်တော့် ကြား တွင် ခြားနားစွာ ရောက်ရောက်လာပါသည်။
မနေ့တစ်နေ့ကလိုပဲ အောက်မေ့နေရင်း မနေ့တစ်နေ့ကဆိုသော အချိန်ယန္တရားကလေးတွင် ကျွန်တော့် စာပေရောင်းရင်း၏ ဇနီးက အနောက်ကမ္ဘာသို့ ခြေဆန့်ရင်း လေ့လာရေး ခရီးသွားရသော အခါ သူရှိရာသို့ ရောက်သွားခဲ့သည်။ ထိုအခါ သူ့အကြောင်းနှင့် သူ့ရုပ်ပုံကားချပ်ကို အိပ်မက်ထဲတွင် ကျွန်ုပ်မြင်သည်လားမသိ။ ကျွန်တော် ၀မ်းသာပီတိ ဖြစ်မိသည်။
မနေ့တစ်နေ့ကပဲဆိုပါတော့ ။တော် ၀င်နှင်းဆီမှာ စက်မှု တက္ကသိုလ်ကျောင်းတော် ၏ အောက်မေ့ဖွယ်ပွဲမှာ သူသည် ‘သူငယ်ချင်းတို့ရေ’ဆိုပြီး ကဗျာတစ်ပုဒ်ကိုပင် ရွတ်ဆိုသွားပုံကို အိပ်မက် ထဲတွင် ကျွန်ုပ်မြင်သည်မဟုတ်။ ပကတိ ဘ၀ကြေးမုံတွင် ပကတိရုပ်ပုံကားချပ်ကို ကိုယ်ထင်ပြလိုက် ခြင်း ဖြစ်နေပါတော့သည်။ ဒုတိယမ္ပိ ကျွန်တော် ၀မ်းသာပီတိ ဖြစ်ရသည်။
ကျွန်တော့် မှာ ‘သူငယ်ချင်းကဗျာဆရာ’ရေဆိုပြီး တက္ကသိုလ်မင်းမော်၏ ‘သူငယ်ချင်း’ကဗျာများ ကဲ့သို့ ကဗျာမဖွဲ့မဆိုတတ်သဖြင့် အလွမ်းပြေဆိုပြီး စကားပြေတစ်ပုဒ်ရေး ကြည့်မိလိုက်ပါသည်ဟူ၍ ။
ရနံ့သစ်မဂ္ဂဇင်း၊ မေလ ၂၀၁၂
××××
ကိုမြ၀င်းအလွမ်းပြေ
(၁)
ရနံ့သစ်မဂ္ဂဇင်းတိုက် ပြောင်းလဲသွားသဖြင့် ၄၉ လမ်း(အထက်)သို့ ရောက်လာရာ လမ်း ၅၀ မှတ်တိုင်အဆင်း ကျွန်တော့် မှာ မထင်မှတ်ဘဲ တစ်ယောက် သော သူကို သတိရလိုက်သည်။ ၄၉ လမ်း ထိပ်ရောက်သော်လည်း ကျွန်တော့် ခြေထောက်တွေ က ဗိုလ်မြတ်ထွန်းလမ်းမဆီ ဦးတည်သွားနေ သည်။ လမ်းထောင့်က အစိုးရအထက်တန်းကျောင်းပြီးလျှင်’လွတ်လပ်သော မက်သဒစ် ဘုရားရှိခိုး ကျောင်း’ (Independent Methadist Church) ဆိုသော မြန်မာ-အင်္ဂလိပ် စာလုံးများ နှင့် အုတ်နီရောင် ဘုရားရှိခိုးကျောင်းကို တွေ့ လိုက်ရပါသည်။ မှတ်မိပါသည်ဆိုပါတော့။
တစ်ယောက် သူကို သတိရစဉ် မက်သဒစ်ဘုရားရှိခိုးကျောင်းကို မှတ်မိရင်း လွန်ခဲ့သော ၃၆ နှစ် က ဘ၀တက္ကသိုလ်တက်ဘက် တတိယနှစ် ကျောင်းသားနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်မ (B.V.S) ဘွဲ့ရတို့ လက်ထပ်ထိမ်းမြားခဲ့သော ထိုဘုရားကျောင်းသည် မမျှော်လင့်ဘဲ ကျွန်တော် အလုပ်လုပ် သော မဂ္ဂဇင်းတိုက်နှင့် မှ လမ်းချင်းကပ်နေလေသည်။ မဂ္ဂဇင်းတိုက်နေရာအပြောင်းအလဲကြောင့် ပထမဦးဆုံးအလုပ်ဆင်းလာသော နေ့မှာ ပင် ကားမှတ်တိုင်မှအဆင်း အလုပ်တိုက်ရှိရာ အသွားအတိတ် ကာလက ရုပ်ပုံကားချပ်များ ခေါင်းထဲဝင်လာသည်။ တစ်ယောက် သော သူကိုမြ၀င်းနှင့် သူ၏ သတို့သမီး မကြင်ကြင်ငြိမ်းတို့ ဤကျောင်း၊ ဤခန်းမ၊ ဤသင်းအုပ်ဆရာတော် တို့ရှေ့မှော က်တွင် တူနှစ် ဖြာဂဟေ ဆက်ကာ ကျမ်းသစ္စာကျိန်ဆိုနေသည့် ရုပ်ပုံကားချပ်များ ဖြစ်သည်။
‘အသင် လူယောက်ျားနှင့် လူမိန်းမတို့သည် ဤနေ့ ဤရက် ဤအချိန်အခါမှစ၍ လက်ထပ် ထိမ်းမြားသမှု ပြုခဲ့ပြီး နာမကျန်းစဉ်သော်လည်းကောင်း၊ နူနာဝဲစွဲစဉ်သော်လည်းကောင်း သေတစ်ပန် သက်တစ်ဆုံးပေါင်းသင်းနေထိုင်ကြမည် ဖြစ်၏ ’
ကျွန်တော် သည် လွတ်လပ်သော မက်သဒစ်ဘုရားရှိခိုးကျောင်းကို လမ်းဘေးပလက်ဖောင်း ပေါ်မှ လှမ်းရပ်ကြည့်နေစဉ် ခေါင်မိုးထိပ်ရှိ လက်ဝါးကပ်တိုင်ဖြူဖြူလေးကိုမြင်ပြီး သင်းအုပ်ဆရာတော် ၏ ကျမ်းသစ္စာကျိန်ဆိုနေသော အသံများ ကြားယောင်နေပါတော့သည်။ သတို့သားကိုမြ၀င်းနှင့် သတို့ သမီး မကြင်ကြင်ငြိမ်းတို့သည် လက်နှစ် ဖက်ထပ်လျက် ဆရာတော် ၏ လက်များ ထဲတွင် ကိုင်ထားခံရ ပြီး ကျမ်းသစ္စာပြိုင်တူဆိုနေသော မင်္ဂလာဝတ်စုံအဖြူရောင် များ လွင့်ဝဲဝေ့ပျံ သွားပါသည်။
(၂)
တစ်ယောက် သော သူဆိုသော အင်းစိန်မြို့တော် ၏ ဘ၀တက္ကသိုလ်ထွတ်ခေါင်ကျောင်းတော် ကြီးရောက် ကျည်တုံ့ခံဘက် ကိုမြ၀င်းသည် ဆေးတက္ကသိုလ်(၁) တတိယနှစ် ဆေးကျောင်းသားဘ၀ တွင် ဆရာကြီးသခင်ကိုယ်တော် မှိုင်း နှစ် တစ်ရာပြည့်ပွဲနှင့် တွေ့ ကြုံရပြီး ရာပြည့်ပွဲအ ဖြစ် တက္ကသိုလ် ပရ၀ုဏ်မှ ကျောင်းသားကျောင်းသူများ က ကဗျာဖွဲ့၊ စာဖွဲ့နှင့် လက်ကမ်းစာရွက်တွေ ၊ နံရံကပ် စာစောင်တွေ ၊ ကျောက်ပုံနှိပ်ဂျာနယ်၊ မဂ္ဂဇင်းတွေ စုပေါင်းထုတ်ဝေကြရင်း နောက်ဆုံး ရွှေတိဂုံဘုရား လမ်းရှိ ဆရာကြီးသခင်ကိုယ်တော် မှိုင်းဂူရှိရာသို့ ကျောင်းတံခါးဝမှစ၍ လျှောက်လှမ်းချီတက်ရင်း အလေးပြုကြ၊ ကဗျာရွတ်၊ ဟောပြောကြခြင်းများ ၌ ဆေးတက္ကသိုလ်(၁) ကျောင်းသားများ အ၀န်း အ၀ိုင်းကို ဦးဆောင်ခဲ့ပါသည်။
၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ ဆရာလွန်းနှစ် တစ်ရာပြည့် မှိုင်းရာပြည့်၊ ငြိမ်းချမ်းရေး ဖခင်ကြီး ရာပြည့်ပွဲကို တင်အေးကြူ၊ ၀င်းမင်းထွေး၊ သန်းလင်းတို့ဆိုသော စက်မှု တက္ကသိုလ်ကျောင်းသားများ က ရှေ့ဆုံးမှာ ၊ ဆေး(၁)၊ ဆေး(၂)၊ သွားဘက်ဆိုင်ရာ၊ စီးပွားရေး ၊ တိရစ္ဆာန်ဆေးကု၊ ၀ိဇ္ဖာသိပ္ပံတက္က သိုလ်မှ အမောင်ကျောင်းသားကျောင်းသူများ က နောက်မှ စနစ်တကျ တန်းစီလျှောက်လာပြီး လှည်းတန်းအ၀ိုင်း၊ ဟံသာဝတီအ၀ိုင်း၊ မြေနီကုန်းအ၀ိုင်းအရောက်တွင် ဆရာမှိုင်းမြေးတွေ က ကျောင်း သားများ ကို ပန်းကုံးစွပ်ကြသည်။ ပြီးတော့ ဦးဝိစာရကျောက်တိုင်၊ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် မလှမ်းမကမ်းမှ စုဖုရားလတ်၊ ဦးသန့်အုတ်ဂူများ အလွန် ဆရာကြီးမှိုင်းဂူသို့ ရောက်လာခဲ့ကြသည်။ ဂူရှေ့တွင် ရှည်လျားများ ပြားလှသော တက္ကသိုလ်ကျောင်းသားကျောင်းသူများ က ဦးညွတ်အလေးပြု ကြသည်။ ရာပြည့်ဂါရ၀ပြုပွဲကြီးကို ၀ှဲချီးစွာ ကျင်းပလိုက်ခြင်း ဖြစ်သည်။
ဤသို့ သော မှိုင်းရာပြည့်ဂါရ၀ပြုပွဲအပြီးတွင် (ထုံးစံအတိုင်း) ကျောင်းသားကျောင်းသူများ အများ အပြား ဖမ်းဆီးခေါ်ဆောင်ရာသို့ ရောက်လာကြပြီး ထောင်တွင်းတရားရုံးများ အောက်ဝယ် ပြစ် ဒဏ်တွေ ချမှတ်ံလိုက်ရပါသည်။ ၉ နှစ် ၊ ၇ နှစ် ၊ ၅ နှစ် အသီးသီးကျခံစေသားဟုပြောလျှင် ရပါစေတော့။
ကိုမြ၀င်းသည် ၉ နှစ် ထောင်ဒဏ်ကျခံရပြီး တိုက်ပိတ်စစ်ကြောခံရပြီး မေးမြန်းသမျှဖြေကြားခံ ရပြီး ထိုပြီးဆုံးခြင်းများ လွန်မြောက်ကာ တွဲ ဖက်အကျဉ်းထောင်သို့ ရောက်ရှိလာသည်။ သူနှင့် အတူ မှိုင်းရာပြည့်ကျောင်းသားများ အုပ်စုလိုက် အတူနေရသော အဆောင်လုံးချင်းတိုက်အိမ်ထဲတွင် နေနေ ရစဉ် ကျွန်တော် လည်း မီးမောင်းစာစောင်ထုတ်ဝေမှု နှင့် တောနှင့် ဆက်သွယ်မှု ပုဒ်မတွေ ဖြင့် အမှု တွဲ တွင် ပါဝင်နေရာ သူ့လိုပင် ၅ နှစ် ထောင်ဒဏ်ကျခံရပြီး တွဲ ဖက်အကျဉ်းထောင်၊ အဆောင် ၂ သို့ ရောက်လာပါသည်။
ကျွန်တော် နှင့် အတူ မီးမောင်းအမှု တွဲ ၇ ယောက် လည်းပါလာသည်။ ရောက်လာသည့်နေ့ နောက်တစ်မနက်မှာ ပင် တိုက်ခန်းထဲတွင် ပုံစံမထိုင်၊ ဆံပင်မညှပ်၊ အလုပ်မလုပ်သော နိုင်ငံရေး အကျဉ်း သမားများ အစဉ်အလာအရ ငြင်းဆန်ဖီလာပြုခဲ့ရာ အာဏာပိုင်များ နှင့် ထိပ်တိုက်ထပ်တိုးကာ ကျွန်တော် တို့ထဲမှ အမှု တွဲ ၃ ယောက် (ကိုမြအေး၊ ကိုစိန်၊ ဒေါက်တာလှမြင့်)ကို ထောင်မကြီး ပြန်ခေါ် သွားပါသည်။
တွဲ ဖက်ရောက်ပြီး နောက်နေ့မနက်ခင်းတွင် အဆောင် ၂ မှ ကျွန်တော် တို့ရေချိုးချလာစဉ် မလှမ်းမကမ်းရှိ သူတို့အုပ်စုသည် အဆောင်ရှေ့သံဆူးကြိုးများ နားကပ်ကာ လှမ်းကြည့်နေကြသည်။ မလှမ်းကမ်း ဖြစ်သော်လည်း လှမ်းစကားပြောခွင့်မပြု၍ ပြုံးပြ၊ ခေါင်းညိတ်ပြရင်း အပြန်အလှန်အသိ အမှတ်ပြုလိုက်ကြပါသည်။ နောက် ကျွန်တော် တို့ ၄ ယောက် သည် အဆောင် ၂ မှာ ကျောင်းသား အုပ်စုများ ရှိရာ အဆောင်များ ချင်းသွားလာခွင့်ရသဖြင့် မှိုင်းရာပြည့်ကျောင်းသားအုပ်စု လာရောက် တွေ့ ဆုံပါသည်။ ကျော်ဝင်းမောင်၊ ကျော်မင်းမောင်၊ တင်ဝင်း၊ စိုးဝင်း၊ မြ၀င်း၊ ၀င်းမြင့်(၀င်းမင်းထွေး)၊ သိန်းသန်းဦး၊ ခင်မောင်သန်း(ကျီးကန်း)၊ အိုင်ဗင်၊ သန်းရွှေစသဖြင့် ။
ကျွန်တော် တို့လည်း ကျောင်းသားအုပ်စုများ ထားသော အဆောင်များ ကို သွားရောက်ကြပါ သည်။ ဦးသန့်ဈာပနအမှု တွဲ များ (ကိုကြည်ဝင်း၊ ကိုစိုးတင့်၊ ဌေးအောင်)နှင့် ဇွန်နှစ် ပတ်လည်အမှု တွဲ များ (အေးမြင့်၊ ဇော်ဝင်း၊ ထွန်းရီလေး၊ မိုးဝေ)ရှိရာ အဆောင်သို့ လည်းကောင်း၊ မှိုင်းရာပြည့်အမှု တွဲ များ ရှိရာ အဆောင်သို့ လည်းကောင်း၊ မနက်ထမင်းမစားမီ၊ နေ့လယ်နေ့ခင်းနှင့် ညနေခင်း အဆောင်မပိတ်မီ သွားရောက်ကြသည်။ စကားပြောကြသည်။ ထောင်တွင်း နိုင်ငံရေး အနေအထားများ ပြင်ဆင်ကြ သည်။ ပြောရလျှင် ထောင်ကလွှတ်လျှင်အထိ ပြင်ဆင်ကြသည်။
ကျွန်တော် နှင့် ကိုဟန်လွင်တို့နှစ် ယောက် မှိုင်းရာပြည့်ကျောင်းသားအုပ်စုရှိရာ အဆောင်သို့ သွားလျှင် ကျော်ဝင်းမောင်၊ ကျော်မင်းမောင်တို့ ညီအစ်ကိုနှင့် အတူ စာပေ။ ပန်းချီ၊ ပန်းပုအနုပညာ အကြောင်းများ ၊ ပြော ဖြစ်ကြသည်။ နောက် ကိုမြ၀င်း၊ ကိုစိုးဝင်း၊ ကိုဝင်းမြင့်(၀င်းမင်းထွေး)တို့နှင့် လည်း ပြော ဖြစ်ကြသည်။
(၃)
တွဲ ဖက်ထောင်ရောက် ကျွန်တော် တို့အချင်းချင်း စကားပြော ဖြစ်ကြရင်း တစ်ယောက် အကြောင်း တစ်ယောက် သိလာကြသည်။ အထူးသဖြင့် ဘယ်လိုအဖမ်းခံရပုံ၊ ရှောင်တိမ်းရပုံ၊ စစ်ဆေး မေးမြန်းခံရပုံ အဖုံဖုံသော ဘ၀အတွေ့ အကြုံများ နားထောင်ရသည်။
ကိုမြ၀င်းဆိုလျှင် အတော် ထူးဆန်းသည့် အဖမ်းခံရပုံ ဖြစ်နေရာ သူပြောပြမှပင် ရုပ်ရှင်ဇာတ်ဝင် ခန်းတစ်ခန်း ဖြစ်နေပါသည်။ သူသည် မှိုင်းရာပြည့်ပွဲ ဖြစ်ပြီး တစ်လကျော်နှစ် နီးပါးကြာမှ အမှတ်မထင် အဖမ်းခံရခြင်း ဖြစ်သည်။
ပထမအခြားကျောင်းသားများ ၏ ဓာတ်ပုံထဲတွင် ပေါ်လာသူများ ကို ကောက်သင်းကောက်သလို ကောက်သည်။ ဒုတိယစာရွက်စာတမ်းထုတ်ဝေသူများ ကို အတွဲ လိုက်ခေါ်ဆောင် ဖမ်းဆီးသည်။ နောက်ဆုံးလက်ကျန် ကျောင်းသားများ ကို မလွတ်စတမ်းဖမ်းဆီးရာ ထိုအထဲတွင် သူပါလာသည်။
သူသည် လူရည်ချွန်တစ် ဖြစ်လဲ လမ်းစဉ်ပါတီလူငယ်အစည်းအဝေးအတွက် တက္ကသိုလ်ပရ ၀ုဏ်ထဲတွင် ရှိနေစဉ် တိမွေးကုဆေးကျောင်းသူကလေးနှင့် ရင်ခုန်သည်၊ မေတ္တာစာလွှာပါးသည်။ ကျောင်းသူကလေးက တုံ့ပြန်ခြင်းမပြုသေးဘဲ နေလိုက်သည်။ အစည်းအဝေးအပြီး အိမ်အပြန်(သူက အင်္ဂပူမြို့နယ် အိုးကွဲရွာသား ဆေးတက္ကသိုလ် ၁ ကျောင်းသားကြီးမို့ ရန်ကုန်မှဟင်္သာတပြန်ရန် ရထား လက်မှတ်ဝယ်စဉ်) သူငယ်ချင်းကိုမျိုးထွန်းနှင့် ရန်ကုန်ဘူတာကြီး လာခဲ့သည်။ ထိုနေ့တွင် ကျောင်းသူ ကလေးကလည်း အဖြေပေးပြီးစ၊ ချစ်သူတို့ဘာဝ ပထမဦးဆုံးတွေ့ ဆုံရန် ချိန်းလိုက်သဖြင့် ဘူတာကြီး ရောက်လာသည်။
နှစ် ယောက် သားတွေ့ ကြပြီး သူငယ်ချင်းကိုမျိုးထွန်းပါ ခေါ်ပြီး သမ္မတရုပ်ရှင်ရုံတွင် ရုပ်ရှင်ကြည့်ရန် လမ်းလျှောက်လာကြပါသည်။
ဘူတာကြီး စင်္ကြံမှအထွက် ပလက်ဖောင်းပေါ်တွင် သုံးယောက် သား စကားတပြောပြောနှင့် လမ်းလျှောက်လာကြသည်။ ကျောင်းသူကလေးနှင့် ချစ်သူ ကိုမြ၀င်းတို့က လက်ချင်းတွဲ လျက်၊ သူငယ် ချင်း ကိုမျိုးထွန်းက ကိုမြ၀င်းဘေးမှာ ရှိလျက် မိုးလေကင်းစင်နေသည်။ တိမ်ပြာသော နေ့ ဖြစ်သည်။ ချစ်သူတို့ဘ၀လမ်းကို လျှောက်လှမ်းစနေ့ တစ်နေ့၊ ချစ်သူတို့နေ့ ဖြစ်သည်။
မီးရထားဟိုတယ်ရှေ့ရောက်လာခိုက် ကျောင်းသူကလေးနှင့် ကိုမြ၀င်းတို့ လက်တွဲ လျှောက် လာသည့်ကြားထဲမှ လူ တစ်ယောက် က ဖြတ်ဝင်လိုက်သည်။ နှစ် ယောက် စလုံး အံ့အားသင့်လို့မဆုံး ဖြစ်သွားသည်။
ရုတ်တရက်မို့လည်း ကြောင်သွားသည်။ မှင်တက်မိသွားသည်။ ‘ကိုမြ၀င်း ခဏ’ဆိုပြီး ထိုလူက ပြောလည်းပြော၊ လက်လည်းကိုင်ရင်းပြုနေစဉ် နောက်လူသုံးလေးယောက် က ရှေ့မှာ ၊ နောက်မှာ ရောက်လာကြသည်။
ပြီးမှ ကိုမြ၀င်းကို သုံးလေးယောက် ၀ိုင်းဝန်းရံထားပြီး မီးရထား ဟိုတယ်ဘက်ခေါ်ဆောင် သွားပါသည်။
‘ဟင်’ဆိုသော သက်ပြင်းချသံကလေးနှင့် အတူ ကျောင်းသူကလေး ‘ကြင်ကြင်ငြိမ်း’မှာ မျက်လုံး အ၀ိုင်းသားနှင့် ၊ သူငယ်ချင်းကိုမျိုးထွန်းကလည်း မျက်ထောင့်နီနှင့် ။ သဘောပေါက်သွားသည်။ နှစ် ယောက် စလုံး ကိုယ့်အိမ်ကိုယ်ပြန်လာကြသည်။ ကြင်ကြင်ငြိမ်းက ရန်ကင်းဘက်၊ ကိုမျိုးထွန်းက စမ်း ချောင်း ကျွန်းတောလမ်းဘက်စသဖြင့် ။
ကိုမျိုးထွန်းသည် သူ့အိမ်ပြန်ရောက်တော့ လူစိမ်းများ ရောက်နှင့် နေပြီး သူ့မိဘများ ရှေ့တွင် အခန်းများ ထဲဝင်၍ ရှာဖွေသည်။ နောက်ဆုံး သူ့အခန်းထဲမှ ကိုမြ၀င်းကျောပိုးအိတ်များ ကို ဆွဲထုတ်လာ သည်။
ပြီးတော့လည်း ကိုမျိုးထွန်းပါ အထုပ်အပိုးပြင်ခိုင်းသဖြင့် ခေါ်ဆောင်ရာလမ်းအကြောင်း လိုက် လာခဲ့ရသည်။
နောက်ဆုံး သူငယ်ချင်းနှစ် ယောက် သည် ရန်ကုန်ဆေးတက္ကသိုလ်(၁)ကျောင်းသားများ ဘ၀မှ နိဋ္ဌိတံပြီး အင်းစိန်ဘ၀တက္ကသိုလ်ကျောင်းသားများ ဖြစ်လာကြပါသည်။ ဘ၀တစ်ကွေ့သံသရာ၏ အပြန်တစ်ရာလည်မဆုံးသော မြန်မာ့နိုင်ငံရေး ကျောင်းသားလောင်းလျာများ ဘ၀၏ နိဒါန်းစာမျက်နှာ များ ပင် ဖြစ်သည်။
(၄)
၁၉၇၆ ခုနှစ် ကဆိုတော့ လတွေ ၊ နှစ် တွေ များ တွက်ရေကြည့်ပါက ၃၆ နှစ် ရှိနေပြီ ဖြစ်ရာ တရေး နိုးအိပ်မက်မက်သလို ပြန်လည်သတိရမိလိုက်ခြင်း ဖြစ်ပါသည်။ အောက်မေ့စရာ လူတွေ ထဲတွင် ကိုမြ၀င်းသည် ဖြစ်ပုံကဆန်းကြယ်နေသည်မို့ သူ၏ နိုင်ငံရေး ဘ၀နိဒါန်းအစကို လှမ်းကြည့်ရခြင်း ဖြစ်သည်။
သို့ သော် ၁၉၈၀ ခုနှစ် မေလ ရက်တစ်ရက်၏ လွတ်ငြိမ်းချမ်းသာခွင့်နေ့ရက်တွင် နိုင်ငံရေး အကျဉ်းသမားများ သည် ထောင်ဘူးဝကို ကျောခိုင်းထွက်လာကြရာ ကိုမြ၀င်းလည်း တစ်ယောက် အပါအ၀င် ဖြစ်ကာ သူလျှောက်သော လမ်းသည်ပင် လျှောက်လာရင်းက မပျောက်သော လမ်း ဖြစ်ပြီး ဆက်လျှောက်လာခဲ့သဖြင့် ဒုတိယမြောက် ကျည်တုံ့ခံဘ၀ရောက်လာရပြန်သည်။ နိုင်ငံရေး သံသရာ စက်ဝိုင်းထဲသို့ ကျရောက်ခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ ဘ၀၏ နောက်ဆက်တွဲ စာမျက်နှာများ ဆက်လက်ရေး သားရမည် ဆိုလျှင် ကိုမြ၀င်း သည်လည်း သမိုင်းစာမျက်နှာများ ပိုင်ရှင် တစ်ယောက် ဖြစ်ချိမ့်မည် ။
ယခု ကျွန်တော် သည် သူ့လိုပင် သံသရာပြန်လည်အပြီး စာပေလောကသား ဖြစ်နေရာ မထင်မှတ်သော နေရာတစ်နေရာမှ မထင်မှတ် သော အတိတ်ကားချပ်တစ်ချပ် လှစ်ခနဲ ကြည့်ရှုလိုက်ရသဖြင့် ဝေးမြေရပ်ခြား အမေရိကားရောက် ကိုမြ၀င်းအား အလွမ်းဖြေစာစုကလေးရေး ရင်း လွမ်းတစိတ်ကို ဖြေနေမိပါသည်။
ရနံ့သစ်မဂ္ဂဇင်း၊ သြဂုတ် ၂၀၁၂
××××
ကိုမျိုးထွန်းအလွမ်းပြေ
(၁)
ကျွန်တော့် မှာ စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်များ ရောက်လျှင် ဆိုင်ထိပ်တွင် ရှိသော ငွေသိမ်း စားပွဲကို အမြဲသတိထားကြည့်မိတတ်သည်။ စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်များ ဆို၍ မြေနီကုန်း၊ တောင်ဥက္ကာပ၊ ဘုရင့်နောင် အရပ်ဒေသများ မှ ဆိုင်ခွဲများ ဖြစ်နေရာ ဘယ်ဆိုင်ရောက်ရောက် ငွေသိမ်း စားပွဲရှိရာကို လှမ်းကြည့်ရင်း သတိရသူ တစ်ယောက် ကို မျက်စိထဲ မြင်ယောင်လာသည်။
သူက ဟိုးလွန်ခဲ့သော ၁၀ နှစ် ကျော်က မြို့လယ်ကောင်ဆိပ်ကမ်းသာလမ်းမှ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်၏ ငွေသိမ်းစားပွဲတွင် ထိုင်ရင်း တာဝန်ယူချိန် နာရီများ အတွင်း အလုပ်လုပ်နေသူပင် ဖြစ်သည်။
သူက နာမည် နာမတွေ က အများ သား။ ဆေးတက္ကသိုလ်ကျောင်းသား လူရည်ချွန်၊ နောက် မှိုင်း ရာပြည့်ပွဲ ပါဝင်ဆင်နွှဲခဲ့သော ကျောင်းသားနိုင်ငံရေး သမား၊ ၁၉၈၀ ခုနှစ် အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ထောင်မှအိမ်အပြန် စိန်ဂျွန်းဈေး ဆေးတန်းတွင် ဆေးဝါးမျိုးစုံရောင်းချသူ။ ဤသို့ ဤနယ် ဘ၀မျိုးစုံ ကျင်လည်ခဲ့သော လူ တစ်ယောက် ကို ကျွန်တော် နှင့် မှ တစ်နေရာတည်း၊ တစ်ခန်းတည်း အတူနေခဲ့ရသည်မို့ အလွန်အံ့အားသင့်ရင်း အလွန်ပင် ပျော်ရွှင်ခဲ့ရပါသည်။
ယနေ့ အချိန်အခါတွင် မြန်မာပြည်၏ နိုင်ငံရေး မျက်နှာပြင်သည် ဒီရေအတက်အကျလို အနိမ့် အမြင့်သဘောဆောင်လာရာ နိုင်ငံရေး ဒီရေတက်ချိန်ဟု ဆိုရပါမည် ။ နိုင်ငံရေး ၊ ပုဒ်ထီးပုဒ်မများ ဖြင့် နိုင်ငံတစ်ဝန်း အကျဉ်းကျနေသူ တော် တော် များများ ကို လွှတ်ပေးခဲ့ခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ခြင်း၊ မပြီးသေးသော ပန်းချီကားတစ်ချပ်နှယ် တိုင်းနှင့် ပြည်နယ်တစ်ဝန်းမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း(ယခု) အဝေးရောက် နိုင်ငံရေး သမားများ ကို ပြန်လည်ဝင်ရောက်ခွင့် ပြုလုပ်ပေးခြင်း စသဖြင့် စသဖြင့် ဒီရေအလား အတက်ကြမ်းလာပါသည်။ တစ်ချိန်က တွေ့ ကြုံခဲ့ရ၊ ခင်မင်ခဲ့ရ၊ ရင်းနှီးခဲ့ရသော နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ တချို့ကို ပြန်လည်ဆုံဆည်းရပြီး သံသရာ တစ်ကွေ့က မမေ့နိုင်သော ဖြစ်ရပ်များ ကိုပင် မေ့လျော့ချင်ချင် ဖြစ်လာသော ကျွန်တော် သည် တစ်မိုး တည်းအောက်မှာ အနံ ၄ လှမ်းခွဲ၊ အလျား ၇ လမ်းဆိုသော တိုက်ခန်းထဲမှာ ပဲရည်ဆမ်း ထမင်းကြမ်း စားရင်း အားလုံးအပေါ် သစ္စာရှိခဲ့ကြသူများ ကို ပြန်တွေ့ ပြန်ကြုံရသော ဤလူ့ဘုံခန်းဝါကို ကျေးဇူး တင်ရမလို ဖြစ်သွားသည်။
ထိုအထဲတွင် စိတ်တိုင်းကျလက်ဖက်ရည်ဆိုင် ငွေသိမ်းစားပွဲတွင် တာဝန်ယူလုပ်ကိုင်ပေးနေ သူများ ကို အမြဲသတိထားမိရင်း တစ်ယောက် သူကိုလည်း ထိုနေရာ ထိုစားပွဲတွင် မဟုတ်ဘဲ ခုလိုအချိန် တွင် ကိုထင်ပြကာ မြင်ရလိုသော စိတ်က တရိပ်ရိပ်ပေါ်နေပါသည်။ သူ့သတင်းများ က ကြားနေရသဖြင့် ကျွန်တော့် စိတ်ဝမ်းထဲတွင် ပို၍ တွေ့ ချင်နေသည်။
(၂)
မှတ်မိနေပါသည်။ သူနှင့် ကျွန်တော် သည် အင်းစိန်အကျဉ်းထောင်ကြီး၏ တိုက် ၅ ထဲရှိ အခန်း ၈ တွင် နှစ် ယောက် တည်း အတူနေရသော နှောင်းအတိတ်က အရိပ်တစ်ရိပ်ကို မှတ်မိနေသည်။ သူက ဆေးတက္ကသိုလ်တတိယနှစ် ကျောင်းသား၊ မတ်လ ၂၃ ရက်နေ့ မှိုင်းရာပြည့်ဂါရ၀ပြုပွဲအပြီး အဖမ်း အဆီး များ ပြုလုပ်သော အခါ ပုဒ်ထီးပုဒ်မများ ဖြင့် ထောင် ၇ နှစ် ကျခံရသူ။ သူ့အခန်းထဲမှ အခြား ကျောင်းသားများ အဆောင် ပြောင်းသွား ကြရာ တစ်ယောက် တည်းကျန်ရစ်ပြီး ဆေးပညာစာအုပ်တစ် အုပ်ဖြင့် နေနေသော အချိန် ဖြစ်သည်။ ကျွန်တော် က မီးမောင်းအဖွဲ့နှင့် အတူ ပြစ်ဒဏ် ၅ နှစ် ကျခံရသူ။
ကိုစိန်(မြောက်ပိုင်း၌ အသတ်ခံရသူ)၊ ဒေါက်တာလှမြင့်၊ ခင်ဇော်၊ ဟန်စိန်တို့နှင့် အတူ တစ်ခန်း တည်းနေနေရာမှ သူ့အခန်းသို့ ပြောင်းရွှေ့ခံရ၍ သူနှင့် ကျွန်တော် နှစ် ယောက် တည်းအတူနေချိန်များ ဖြစ်ပါသည်။ သူက ဆေးကျောင်းသားဘ၀တွင် ကျောင်းစာအပြင်စာတွေ ဖတ်ရှုလေ့လာပုံများ ၊ ဆေး တက္ကသိုလ်နှစ် လည်မဂ္ဂဇင်းတွင် ပါဝင်ဆောင်ရွက်ရပုံများ ၊ သူငယ်ချင်းအတန်းဖော်အတန်းဘက် ကိုမြ၀င်းနှင့် တွဲ မိပုံများ (နောက်ဆုံးအဖမ်းခံရစသ် ကိုမြ၀င်းက အိမ်အပြန် လက်မှတ်လာဝယ်စဉ် ဘူတာကြီးရှေ့တွင် အဖမ်းခံရပြီး နာရီပိုင်းအတွင်း သူအိမ်အရောက် သက်ဆိုင်ရာများ ရောက်လာ၍ သူပါအဖမ်းခံရပုံများ အဆုံး) ပြောကြဆိုကြနှင့် ဖြစ်နေပါသည်။
ကျွန်တော် ကလည်း မိသားစုနှင့် တကွ နိုင်ငံရေး ဖြစ်စဉ်များ ကိုပါ ပြန်လည်ပြောဆိုရသည်။ စင်စစ် ‘ဘ၀တက္ကသိုလ်’ဟူ၍ အမည် နာမတစ်လုံးရနေသော အင်းစိန်ထောင်တွင် ကျွန်တော် တို့ နိုင်ငံ ရေး လောကသားများ သည် ပြဋ္ဌာန်းစာအုပ်မလို။ ဆရာဆရာမ မရှိ၊ ကျောင်းခန်းများ လို စာသင်ခန်း လည်းမရှိ၊ မရှိတရားများ နောက်ဝယ် တကယ့်အရှိတရားများ က သက်ဝင်ရှင်သန်လာပြီး တစ်ယောက် ချင်း ကိုယ့်ဘာသာကိုယ် ပညာရှာသလို ဖြစ်နေပါသည်။
သူ့အကြောင်း သူ့အကြောင်းနှင့် လောကကြီးအကြောင်းများ သည် သင်ရိုးကျေမတတ် သင်ယူ တတ်မြောက်ရန် ထိုနေရာ၊ ထိုလူသားများ အဖို့ ဘ၀နှင့် ရင်း၍ ပညာရှာမှီးရခြင်းများ ဖြစ်ပါသည်။ ကျွန် တော် နှင့် ကိုမျိုးထွန်းတို့သည် ၁၉၇၆ ခုနှစ် ဘ၀တက္ကသိုလ် ကျောင်းသား ဖြစ်ခဲ့ရသည်ကို ဤသို့ ထင်မြင်ယူဆပါသည်။
မကြာပေ ထောင်ဆိုသည်မှာ အဆောင်မှာ ဖြစ်စေ၊ တိုက်ထဲမှာ ဖြစ်စေ မနက်ဖြန်အတွက် မျှော်လင့်ချက်ထား၍ မရပေ။ သည်နေ့ သူနှင့် ကျွန်တော် ၊ မနက်ဖြန်ဆိုလျှင် သူနှင့် ကျွန်တော် မဟုတ် တော့။ ကြည့်လေအတူနေရသည်က ဘာမှမကြာသေး။ ကျွန်တော် က စောင်ခေါင်းမြီးခြုံ၍ ခေါ်ဆောင် ရာနောက်သို့ ပါသွားပြီး သူက ကျန်ရစ်ခဲ့သည်လေ။
(၃)
တစ်မြေတည်း၊ တစ်မိုးတည်းနေသော်လည်း တိုက်ချင်းကွဲ၊ အဆောင်ချင်းခြားပြီး နေလိုက်ရ သည်မှာ လေးနှစ် လေးမိုးသာ ကြာသွားသည်။ တစ်ယောက် နှင့် တစ်ယောက် မတွေ့ ရဘဲ လွတ်ငြိမ်း ချမ်းသာခွင့်ရမှ အပြင်မှာ ပြန်တွေ့ ရပါသည်။ အပြင်ရောက်တော့ စိန်ဂျွန်းဈေးတွင် ဈေးသည်အ ဖြစ် လုပ်ကိုင်စားသောက်နေစဉ် ပြန်တွေ့ ကြရသည်။ သူက ဆေးဝါးများ ရောင်းနေစဉ် ကျွန်တော် က သူငယ်ချင်းကက်ဆက်ဆိုင်မှာ အကူဈေးသည်လုပ်နေခိုက် ဖြတ်သွားဖြတ်လာ ပြန်တွေ့ ကြခြင်း ဖြစ် သည်။
သူက ဘ၀တက္ကသိုလ်ရောက် ဆေးတက္ကသိုလ်ကျောင်းသား နိုင်ငံရေး သမားများ နှင့် တွဲ ၍ စိန်ဂျွန်းဈေးဆေးဆိုင်တန်းတွင် အခန်းကျဉ်းကလေးပေါ်၌ နိုင်ငံခြားဆေးမျိုးစုံ ရောင်းဝယ်ဖောက်ကား နေပါသည်။ ဆေးတက္ကသိုလ်(၁)နှင့် ကပ်လျက်ရှိနေသာ ထိုနေရာတွင် ဆေးကျောင်းဆက်မတက် တော့ဘဲ ဆေးရောင်းသူ ဖြစ်နေရှာသည်။ သူတို့လို ကျောင်းသားများ ကို ‘ဆေးပြုတ်’များ ဟူ၍ ကျွန် တော် တို့အချင်းချင်း လှောင်ပြောင်ခေါ်ဝေါ်ကြပါသည်။
အပြင်ပြန်ရောက်တော့လည်း ဘ၀၏ စေစားရာအတိုင်း လျှောက်နေရသဖြင့် နိုင်ငံရေး ကန့်လန့် ကာများ မတင်ကာ စားဝတ်နေရေး ကန့်လန့်ကာများ ရှေ့ဝယ် ကပြအသုံးတော် ခံနေရသည်။ တစ်ခါတစ် ရံ သူ့ဆိုင်သွားလျှင် သူ့အမေက ထမင်းချိုင့်လာပို့သည်ကို တွေ့ ရသည်။ အိမ်က စမ်းချောင်း၊ ကျွန်း တောကျောင်းလမ်းမှာ မို့ မနက် ၇ နာရီကျော် ဆိုင်လာဖွင့်ရောင်းရသော ကြောင့် အိမ်မှ မနက်စာ ထမင်းချိုင့် လာပို့ခြင်း ဖြစ်သည်။
သူ့မှာ မိုးလင်းရောက်၊ ညနေစောင်းပြန်နှင့် ဘ၀ကို လျှောက်လှမ်းနေရာတွေ့ လျှင်လည်း စကားတစ်ခွန်းနှစ် ခွန်းမျှ ပြောပြီး သူ့အလုပ် သူလုပ်နေရသည်။ စိန်ဂျွန်းဈေးမှာ တစ်လမှ နှစ် ရက်ပဲ ဈေးပိတ်ရက်ရှိသည်။
လပြည့်လကွယ်နေ့ရက်များ ဖြစ်ပါသည်။ သူနှင့် ကျွန်တော် သည် ဈေးဖွင့်ရက်များ တွင် သာ တွေ့ နေရတော့သည်။
နောက် စိန်ဂျွန်းဈေးလည်း ဖျက်သိမ်းလိုက်သဖြင့် မတွေ့ ရပြန် ဖြစ် သွားပါသည်။ လေးငါး ခြောက်နှစ် မျှ ကြာသွားသည်။ ၁၉၈၈ ခုနှစ် ရောက်လာပြီး သြဂုတ်လ ၈ ရက် အရေး တော် ပုံကြီးအပြီး ပါတီနိုင်ငံရေး များ ထွက်ပေါ်လာသည်။ သူက သွေးသစ်ပါတီမှာ အခြေချပြီး နိုင်ငံရေး လမ်းကြောင်းထဲ လျှောက်လှမ်းပါသည်။
မကြာပေ ၁၉၈၉ ခုနှစ် တွင် ပြည်သူ့တိုးတက်ရေး ပါတီ (ပီသုံးလုံး)၊ အမျိုးသားနိုင်ငံရေး တပ် ပေါင်းစု(မနတ)၊ သွေးသစ်ပါတီများ အား ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်ပါတီများ ဆိုပြီး ဘိုးတော် ခင်ဝင်းတို့၊ ခွန်ဆိုင်း(ခေါ်) ကိုမျိုးထွန်းတို့ ပြန်လည်ဖမ်းဆီးခံရပါသည်။
ဒုတိယအကြိမ် ဘ၀တက္ကသိုလ် ပြန်တက်ရသော ဘ၀ရောက်သွားသည့် ‘မျိုးထွန်း’ ဖြစ်သွား သည်။ လူက ဖြူဖြူချောချော၊ သန့်သန့်ပြန့်ပြန့်၊ ယဉ်ယဉ်ကျေးကျေး။ ဘ၀ကားချပ်များ က ကြမ်းတမ်း ခက်ထရော်လှသည်။ အချုပ်အနှောင်ခံရ၊ စီရင်ချက်ချခံရ၊ သည်ထောင် ဟိုထောင်ပြောင်းရနှင့် ဆေး ကျောင်းသား နိုင်ငံရေး သမားတစ် ဖြစ်လဲ ပါတီနိုင်ငံရေး သမား ဖြစ်သွားသည်။
သူ့ရုပ်သူ့ရည်နှင့် လက်ထိပ်ခတ်ရုံးထုတ်ပြီးတော့ သံခြေကျင်းခတ်၊ ထောင်ပြောင်းနှင့် (ဒုတိယ အခေါက်တွင် အင်းစိန်ထောင်မှ သရက်ထောင်ပြောင်းခံရသည်) ဘယ်ဘ၀က ရေစက်များ လည်း မသိ အောင် ဖြစ်နေပါသည်။
ကျွန်တော် လည်း အင်းစိန်ထောင် ပြန်ရောက်ပြီး ပြစ်ဒဏ် ၁၀ နှစ် ကျခံရသည်။ သူနှင့် ထောင် ထဲမှာ မတွေ့ ရ။ တိုက်နှင့် အဆောင်များ ခြားသွားသည်။ နောက်ထောင်ချင်လည်း ခြားသွားသည်။ ကျွန်တော် က လှိုင်မြစ်ဝှမ်းဘေးက အင်းစိန်ထောင်မှာ ။ သူက ဧရာဝတီအနောက်ဘက် ကမ်းဘေးက သရက်ထောင်မှာ ။ ထောင်ရေစက်ချင်း မဆုံတော့ပေ။
(၄)
နောက်တော့လည်း ‘အပြန်အပြန်လားဟေ့’ဆိုပြီး အိမ်ပြန်လာကြ၍ တွေ့ ရပြန်သည်။ မတွေ့  ရသည်မှာ လေးငါးနှစ် မကရှိသည်မို့ ပြန်တွေ့ ကြသော် ၀မ်းသာအယ်လဲ သိပ်မရှိလှ။ ထူးမခြားသော တွေ့ ဆုံခြင်းများ ဖြစ်နေပါသည်။
တကယ်လည်း ထူးမခြားသော တွေ့ ဆုံခြင်း ဇာတ်လမ်း(သို့ မဟုတ်) ပြဇာတ်တစ်ပုဒ် ဖြစ်ပါ သည်။ သူက လမ်း ၅၀ တွင် အသစ်ဖွင့်သော စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်တွင် တာဝန်ယူလုပ်ကိုင် ရသူ ဖြစ်လာသည်။
ကျွန်တော် က အောက်ပုဇွန်တောင်လမ်းမပေါ်တွင် နေနေရခိုက် သူရှိရာ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်လာပြီး လက်ဖက်ရည်သောက်သည်။ လူရှင်းလျှင် သူက ကျွန်တော့် ဆီလာထိုင်ပြီး စကားပြောသည်။ ကြုံရဆုံရ သရက်ထောင်အကြောင်းများ ဖြစ်သည်။ မြန်မာ့နိုင်ငံရေး ခရီးရှည်များ အကြောင်း ဖြစ်သည်။
အစ်ကိုလှရွှေတို့၊ ကိုကိုကြီးတို့၊ ညီပုလေးတို့နှင့် အတူ အခြားကျောင်းသားလူငယ် နိုင်ငံရေး သမားများ ၊ ပါတီနိုင်ငံရေး သမားများ ၊ မြေပေါ်မြေအောက် နိုင်ငံရေး သမားများ တွေ့ ခဲ့ရသော သရက် ထောင်ပြန် ခွန်ဆိုင်း(ခေါ်) မျိုးထွန်း ဖြစ်နေပါသည်။
သို့ သော် သူသည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂသမိုင်းအတွက် ပါဝင်ဆောင်ရွက်ရန် အကြောင်းက ရှိလာသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့တွင် ရှေ့ဆောင်ရှေ့ရွက် လုပ်လာခဲ့သူများ ထံမှ သမိုင်းအတွေ့ အကြုံများ ရယူပြီး သမိုင်းဝင် မှတ်တမ်းစာအုပ်ပြုလုပ်ရန် ကိုအောင်ထွန်းနှင့် တွဲ မိသည်။ မကြာပေ တတိယမြောက် ဘ၀တက္ကသိုလ် ကို ပြန်လည်ရောက်ရှိသွားသည်။
‘အပြန်အပြန်လားဟေ့ ××× အသွား အ သွားပါဟေ့××× ခေါက်တုံ့လူးလာ ××× ၀ဲကာပျံ ကြပေ’ဆိုသော အဆိုတော် ခင်အုန်းမြင့်လေး၏ ‘ပျားရည်ဘဏ်တိုက်’သီချင်းစာသားများ လို သူသည် အိမ်နှင့် ထောင်၊ ထောင်နှင့် အိမ် သွားချည်ပြန်လှည့် လုပ်နေရသော နိုင်ငံရေး ၏ သားကောင် စစ်စစ် ဖြစ် နေသည်။ ၁၉၇၆ ခုနှစ် မှစ၍ ကျည်တုံ့ခံရသော ကျောင်းသားနိုင်ငံရေး ဘ၀၊ ၁၉၈၉ ခုနှစ် မှစ၍ ကျည်တုံ့ ခံရသော ပါတီနိုင်ငံရေး ဘ၀၊ ထိုမှ ၁၉၉၆ ခုနှစ် မှစ၍ ကျည်တုံ့ခံရသော သမိုင်းစာမျက်နှာရေး သည့် ကျောင်းသားဟောင်း နိုင်ငံရေး ဘ၀၊ သုံးဘ၀နှင့် သုံးထောင်စံနိုင်ငံရေး သမားအ ဖြစ် အင်းစိန်မှ သရက်၊ သရက်မှ ရွှေဘိုထောင်သုံးထောင်စံဘ၀များ ရောက်ရှိ သွားပါသည်။ သူ ကတော့ ဘာမှမ ဖြစ်သလိုပင်။ နိုင်ငံ သားကောင်ဘ၀ကို ခံယူသွားသည် မဟုတ်လော။
(ရနံ့သစ်မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၂)
×××
ငွေလင်း (သို့ မဟုတ်)
ပြင်ဦးလွင်သား အလွမ်းပြေ
(၁)
ကျွန်တော် သည် ၁၉၆၄ ခုနှစ် ကျောင်းနှစ် လပိတ်ချိန်တွင် မိသားစုနှင့် အတူ ပြင်ဦးလွင်မြို့သို့ ပထမဦးဆုံးအကြိမ် အလည်အပတ်ရောက်ရှိခဲ့ပါသည်။ အဖေက ၁၉၆၄ ခုနှစ် မတ်လတွင် စည်ပင် သာယာရုံးဝန်ထမ်း ရာဖြတ်အင်စပတ်တော် ရာထူးမှစ၍ အငြိမ်းစားယူလိုက်ရာ သားနှင့် သမီး စာမေးပွဲ များ ဖြေအပြီး အထက်အညာတစ်ခွင် ဘုရားဖူးရန် မိတ္ထီလာမှ မန္တလေး၊ မန္တလေးမှ ပြင်ဦးလွင်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ထိုစဉ်က မေမြို့ဟုပင် ခေါ်ဝေါ်နေဆဲ။ ‘မေမြို့ (သို့ မဟုတ်) ပြင်ဦးလွင်’သီချင်းထဲမှ အဆိုတော် မြင့်မြင့်စိန်၏ အသံကလည်း ရေဒီယိုမှ လေလှိုင်းထဲတွင် အမြဲကြားနေရဆဲ။
ထိုအချိန်မှာ ပဲ ကျွန်တော် လည်း ပြင်ဦးလွင်သို့ မြွေလိမ်မြွေကောက် လမ်းကလေးများ ပေါ်မှ MMTA ဂျစ်ကားပေါ်တွင် ရှိနေဆဲဟု ပြောချင်ပါသည်။
တစ်နေ့တာလုံး ပြင်ဦးလွင်မြေပေါ်တွင် ဟိုသည်အနှံ့ အရောက်သွားခဲ့ကြပါသည်။ ဦးစွာ ပထမ ပြင်ဦးလွင်မြို့မဈေးမှ နာရီစင်ကို လှမ်းမြင်အပြီး ညံတောဘုရား (ရွှေမြင်တင်စေတီတော် )ကို ဖူးမြော် ကန်တော့ရန် ရောက်သွားသည်။
နောက် ဦးခန္တီဘုရား၊ အောင်မြေဘုံသာစေတီတော် ၊ ကံ့ကော်တစ်ထောင် မြမဉ္ဇူလေးဆူမြတ် စွာ ဘုရားသို့ လည်း ဖူးမြော်ကန်တော့ကြပါသည်။ ပြီးမှ မြို့ဈေးသို့ ရောက်လာပြီး နံနက်စာစားကြသည်။
နွေရာသီကျောင်းပိတ်ရက် ဖြစ်သော အချိန်မို့ အအေးပေါ့စ ဖြစ်နေရာ ဥတုရာသီမျှတနေသည်ဟု ဆိုရမည် ။ နေ့လယ်ကျတော့ ကန်တော် ကြီးရုက္ခဗေဒဥယျာဉ်သို့ သွား၍ အပန်းဖြေသည်။ ကျွန်တော် တို့ မောင်နှမနှစ် ယောက် မှာ ရေတံခွန်နားမှ မခွာဘဲပျော်နေကြသည်။ ညနေစောင်းတော့ ဘီတီဘရား သားရေကူးကန်သို့ သွားကြသေးသည်။
ပြင်ဦးလွင်၏ အအေးဓာတ်က ဇာတိပြလာသည်။ ညကျတော့ တည်းခိုရာအိမ်တွင် အဖေနှင့် အစ်မမိသားစုတစ်တွေ ၀ိုင်းဝန်းစကားပြောကြရာ အဖေက ပြင်ဦးလွင်တွင် နေခဲ့ဖူးကြောင်း သိရတော့ သည်။
ညံတောရပ်ရှိ အဖေ့အစ်မအိမ်သည် ရွှေမြင်တင်ဘုရားနှင့် နီးသည်။ နောက်ကျတော့ ကျွန်တော် တို့ မောင်နှမနှစ် ယောက် သည် ဘုရားတန်ဆောင်းများ အနှံ့သွားရင်း နောက် ဦးခန္တီဘုရား ဘက်ရောက်ပြီး တန်ဆောင်းရှည်ဆီလျှောက်သွားရင်း တောင်ပေါ်မြို့၏ ရနံ့များ ဖြင့် ၀မ်းသာကြည်နူး နေပါသည်။
အဖေနှင့် ပြင်ဦးလွင်ခရီးစဉ်တွင် သမိုင်းကြောင်း တစ်ွန်းတစ်စသိခဲ့ရသည်။ ၁၈၈၆ ခုနှစ် က အမှတ် ၅ ဘင်္ဂလားခြေလျင်တစ်ရင်းမှူး ‘ကာနယ်မေ’ (Col.May) ရောက်လာပြီး တောင်စခန်းမြို့ တည်သဖြင့် ‘မေမြို့’ဟုခေါ်ကြောင်း၊ ယခင် ၁၇၈၇ ခုနှစ် လောက်က ‘ပြင်ဦး’ဟူသော ရွာရှိကြောင်း၊ အင်္ဂလိပ်-မြန်မာနောက်ဆုံးစစ်ပြီးသည့်နောက် မြင်စိုင်းမင်းသားသည် ဇီးပင်ကြီးစခန်းမှနေ၍ သူ့ကျွန် မခံတိုက်ပွဲများ ဖြစ်ခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ် တုန်းက ဗိုလ်ချုပ်အောင်ဆန်းရောက်လာပြီး မိန့်ခွန်းပြောရာ တွင် ‘နယ်ချဲ့အင်္ဂလိပ်တွေ က သူတို့ရဲ့ မျက်နှာဖြူစစ်ဗိုလ် တစ်ယောက် ရဲ့ အမည် ကိုယူပြီး မေမြို့လို့ နာမည် ပေးခဲ့တယ်။ ကျုပ် ကတော့ မေမြို့လို့ မခေါ်ချင်ဘူး။ ဗမာတစ်မျိုးသားလုံး ပိုင်ဆိုင်တဲ့မြို့ ဖြစ်လို့ ‘အမေမြို့’လို့ပဲ ခေါ်လိုက်ချင်တယ်’ ဟု ပြောခဲ့ကြောင်း၊ ပြီးတော့ နာရီစင်ကြီးအကြောင်း ပြောပါသည်။ [နာရီစင်သည် ၁၅ မိနစ်တစ်ခါ သံစုံမြည် ပြီး တစ်နာရီထိုးလျှင် အချက်ပြည့်တီးကြောင်း၊ သံစုံ ၄ မျိုး တွင် အဓိပ္ပာယ်ရှိကြောင်း၊ (၁) ‘မင်းကြီး ယခုအချိန်မှစ၍ ’ (Lord, through this hour) (၂) ‘ကျွန်ုပ် တို့ကို ညွှန်ကြားလော့’ (Be thou our guide) (၃) ‘အမိန့်အတိုင်းပါပဲ’ (So, by the power) (၄) ‘တည့်တည့်လျှောက်ပါမည် ’ (No foot shall slide) စသဖြင့် ပြောခြင်းပင်]
နောက်တစ်နေ့လောက်တါင် ကျွန်တော် တို့မိသားစုအားလုံး ပြင်ဦးလွင်မြို့မှ ပြန်လာခဲ့ကြပါ သည်။ မန္တလေးရောက်တော့ တည်းခိုရာအိမ်တွင် တစ်ညအိပ်ပြီး စစ်ကိုင်းနှင့် မုံရွာသွားမည် ဖြစ်သည်။ မနက်စောစောထလေ့ရှိသော အဖေမှာ အင်္ဂလိပ်စာအုပ်ဖတ်နေပါသည်။
‘သားလာ၊ သမီးလာ၊ အင်္ဂလိပ်အရေး ပိုင် တစ်ယောက် မေမြို့မှာ နယ်ပိုင်ဝင်ထောက်လုပ်တုန်း မေမြို့ရောက်ခဲ့တဲ့အကြောင်း ရေး သားတာ။ ဒီမှာ အဖေပြောပြမယ် နားထောင်’ဆိုပြီး အင်္ဂလိပ်စာ ဖတ် အပြီး မြန်မာလိုပြောပါသည်။ ‘မြေပြန့်တွင် အချိန်အကြာပြီးနေခဲ့ရပြီး မေမြို့သို့ တက်လာရသည်မှာ ကျွန်တော် သည် ကလေး တစ်ယောက် လို စိတ်အားထက်သန်ပြီး စိတ်တွေ လှုပ်ရှားနေပါသည်’ဟု ပြော အပြီး အဖေ့မျက်နှာ ပြုံးနေပါသည်။
နောင် ကျွန်တော် ကြီးလာမှ စာတွေ ဖတ်ရင်း မောရစ်ကောလစ်နာမည် ကို သိလာပါသည်။ သူ့စာအုပ်များ လည်း(ပထမ) ဘာသာပြန်ဖတ်သည်။
ထိုအခါကျမှ သူ၏ The Journey Outward စာအုပ်မှာ ရေး သားထားသည်ကို သိရသည်။ အဖေ့ကိုပင် သတိရမိသည်။ ကျွန်တော် တို့မိသားစု အညာဘုရားဖူးသွားခဲ့စဉ် ပထမဦးဆုံးသော ပြင်ဦး လွင်မြို့ရောက်ခဲ့ရသည်ကိုလည်း သတိရမိသည်။
(၂)
နှစ် ပေါင်းများ စွာ ကြာသော်လည်း ကျွန်တော် သည် ဘ၀ခရီးအကွေ့အကောက်များ ကြောင့် ရန်ကုန်မြို့မှတစ်ပါး အခြားသွားစရာမရှိဘဲ ၁၀ နှစ် နီးပါး မိသားစုဝပ်ကျင်းဆီမှာ သားသမီးများ နှင့် ဒုက္ခ ၀ဲသြဃ၀ပ်ကျင်းဆီမှာ နောက်ဆုံး ဘ၀တက္ကသိုလ်ဝပ်ကျင်းဆီမှာ သံသရာလည်နေပါသည်။
ထိုအချိန်ကာလကို ပြန်တွေးကြည့်တော့ ဘ၀တက္ကသိုလ်ဝပ်ကျင်းထဲမှာ ကျွန်တော် ရယ်၊ ကိုဖေ အောင်လင်းရယ် ပထမနှစ် ယောက် တည်းရှိနေရာမှ ကိုခင်မောင်ကြီး၊ ကိုခင်မောင်ဝင်း၊ ကိုငွေလင်း နှင့် ဦးကြိုင်လှတို့ အသီးသီးရောက်ရှိလာကြပါသည်။ စလင်းမြို့က ရေနံချောင်းမြို့၊ ပြင်ဦးလွင်မြို့က၊ မန္တလေးမြို့က စသဖြင့် မြို့နယ်ပေါင်းစုံလာရောက်စုစည်းတွေ့ ဆုံကြရသည်။
ကျောတစ်ခင်း၊ ခြေအဆန့်တွင် ငါးပိငါးချဉ်သိပ်သလို အိပ်လိုက်ကြရသော ညများ ၊ လုံးတီး ထမင်းကြမ်းပေါ် ငါးပိတစ်ကော်၊ ကုလားပဲဟင်းတစ်ခွက်နှင့် မနက်စာစားရင်း ဆေးလိပ်မရှိ မီးမရှိ၍ အခန်းချင်းကူးလာသော ဆေးပေါ့လိပ်တစ်တိုကို သူတစ်ဖွာ ကိုယ်တစ်ဖွာသောက်ရင်း တစ်နေ့လုံး ပြောစရာစကားမကျန်အောင် ပြောကြ၊ ဆွေးနွေးကြ၊ ပြီးတော့ နေ့လယ်တစ်ရေး အိပ်ကြ၊ ညနေကျ တော့ လုံးတီးထမင်း၊ နိုင်လွန်ဟင်းနှင့် ပလုတ်ကျင်းပြီးစားရသော ညနေစာစားရင်း နေ၀င်သွားသော နေ့များ ကြားဝယ် ကျွန်တော် သည် ပြင်ဦးလွင်သား ကိုငွေလင်းနှင့် စကားတပြောပြော၊ ကျွန်တော် က မေး၊ သူက ဖြေ ဖြစ်နေပါသည်။ သူက မေးပါသည်။
‘ပြင်ဦးလွင် ရောက်ဖူးလား’
‘ရောက်ဖူးတယ်။ ၁၉၆၄ ခုနှစ် က နှစ် အစိတ်လောက်ရှိပြီ။ ထပ်မရောက်ဖူးသေးဘူး’
‘ဟုတ်လား’
သူ့အသံက ဖြည်းဖြည်းမှန်မှန်။ တစ်ခါတစ်ရံ တုန်ချင်သေးသည်။ လူကလည်း မည်းမည်း ပိန်ပိန်နှင့် ။ သုမနကျောက ဒဏ်ရာတွေ ကရှိသေးသည်။ မျက်နှာပြင်တစ်ဝိုက်တွင် မုတ်ဆိတ်ကျင်စွယ် တွေ က တောထနေသည်။ ဆံပင်တွေ ကလည်း မည်းမှော င်လိမ်ကောက်ပြီး ဘုတ်သိုက်ကြီး ဖြစ်နေ သည်။ အ၀တ်တစ်ထည်ကိုယ်တစ်ခုနှင့် ရောက်လာသူမို့ အင်္ကျီ၊ ပုဆိုးတွေ ကတော့ ဆွေးလုလု ရိလု လု ဖြစ်နေသည်။
ကျွန်တော် တို့အားလုံးမှာ သူ့လိုပဲ အ၀တ်တစ်ထည် ကိုယ်တစ်ခုနှင့် ရောက်လာသည်ဆိုတော့ တောင်မင်းမြောက်မင်း မကယ်နိုင် ဖြစ်နေသော ယောယုဝဇာတ်ခင်းနေချိန် ဖြစ်သည်။
သူက ပြင်ဦးလွင်မှာ နေသည်။ ဇနီးခင်သန်းနုနှင့်သမီးငယ်ငယ်လေးရှိသည်။ စက်မှု တက္ကသိုလ် ကျောင်းသားလည်းဟုတ်၊ ၈၈ အရေး တော် ပုံအပြီး ပါတီနိုင်ငံရေး အဖွဲ့ဝင်လည်းဟုတ်၊ ထိုမှစ၍ ဇနီးနှင့် သမီးအနားကခွာ၍ လိုရာခရီးနှင်ရန် ယုံကြည်ရာလမ်းကို ရွေးခဲ့သူလည်းဟုတ်(ပြောရရင်) မော်လမြိုင် စကားပြောအတိုင်း အားလုံး ဟုတ်နေပါသည်။
ကိုဖေအောင်လင်းက စက်မှု တက္ကသိုလ်ကဆိုတော့ သူနှင့် တက္ကသိုလ်ကျောင်းသားဘ၀တွေ ပြော ဖြစ်နေသည်။ ကိုခင်မောင်ဝင်းက ရေနံချောင်းမြို့မှာ သူဖတ်ခဲ့သော ၀တ္ထုတွေ အကြောင်းပြော လျှင် ဒါမှမဟုတ် ကိုခင်မောင်ကြီးက စလင်းမြို့သား ဖြစ်သော်လည်း ခုလို ဘ၀တက္ကသိုလ် မကြာခဏ ရောက်ရသော ဖြစ်ကြောင်းကုန်စင်များ ပြောလျှင်၊ ဒါမှမဟုတ် ဦးကြိုင်လှက သူ့သမီးနှင့် သားမက် အကြောင်းများ ပြောလျှင် သူက အသေအချာနားထောင်သည်။ နားရွက်မတ် ချောင်းမဟန့်ဘဲ မျက်လုံး များ က စူးရဲတောက်ပလာအောင် နားထောင်ပါသည်။
တစ်နေ့တစ်နေ့ အိပ် စား ထိုင် ထ စကားစမြည် ပြော၊ တရေး တမောအိပ်ရင်း အဘယ်သို့ သော ပုဒ်မများ နှင့် အဘယ်သို့ သော စီရင်ချက်များ နှင့် အဘယ်သို့ သော နရသိန်ဘ၀များ ဖြတ်သန်းရမည် ကို စောင့်နေရသည်။ ညနေစောင်းတော့ နေ၀င်ပြီး မိုးမစချုပ်ပြီ။ ၉ နာရီထိုးလျှင် အိပ်ချိန်ရောက်ပြီ၊ နာရီ သံချောင်းခေါက်ပြီ။ ၁၅ မိနစ်တစ်ခါ တစ်မောင်းခေါက်ပြီး နံနက်လင်းသည်အထိ ဖြစ်သည်။
သူက ပြောပါသည်။
‘ကျွန်တော် တို့ ပြင်ဦးလွင်က နာရီစင်ကလည်း ၁၅ မိနစ်တစ်ကြိမ် သံစုံမြည် တာ။ ညညဆို ပြင်ဦးလွင် ပြန်ရောက်နေသလိုပဲ’
တစ်ယောက် က မေးလိုက်သည်။
‘ခင်သန်းနုနဲ့ သမီးလေးကို သတိရတယ် မဟုတ်လား’
သူက ခပ်ယဲ့ယဲ့အပြုံးကလေးနှင့် ပြုံးသည်။ ပြီးတော့ စောင်ကို ခေါင်းမြီးခြုံကာ အိပ်ပစ်လိုက်ပါ သည်။
(၃)
ကျွန်တော် သည် တစ်ယောက် အကြောင်း တစ်ယောက် ပြေနေကြသည်ကို နားနှင့်မနာဘဲ ရင်နှင့် နာရေရာ သူ့အကြောင်းရောက်လျှင် သူ ပြင်ဦးလွင်မြို့မှ အလာခရီးစဉ်တစ်လျှောက် ဖြစ်ပျက်ခဲ့ပုံ များ မှာ မျက်လုံးထဲမှာ ပင် ပုံရိပ်ထင်ခဲ့သည်။
ထုံးစံအတိုင်း မိသားစုကိုနှုတ်ဆက်ပြီး ပြင်ဦးလွင်ဆောင်းဦးညမှာ ပင် ဆေးစက်ထုံကျင်လှသော နှင်းတောထဲမှ မန္တလေးမြို့၊ ထိုမှအမြန်ရရထားကြီးနှင့် ခရီးသည်များ ကြားမှာ သူ့ခမျာ ယက္ခဂုမ္ဘာန် စောင့်ရှောက်ရင်း လိုက်ပါလာခဲ့ရသည်။ ညခရီးမို့ မန္တလေး-ရန်ကုန် အမြန်ရထားကြီးက ပျင်းတွဲ့ တွဲ့  ခရီးမနှင်ဘဲ အပြင်းဒုန်းစိုင်းခုတ်နေသည်။ တွဲ ပေါ်တွင် ခရီးသည်များ အိပ်နေကြသည်။ သူက မအိပ်။ တစ်ခါ အပေါ့အပါးသွားရန် ရထားအိမ်သာဆီ သွားသည်။ ပြီးတော့ ပြန်လာသည်။ သူ့မျက်လုံးတွေ က မျက်တောင်ပင်မစင်း။ သူနှင့် ထိုင်နေသူတွေ က မျက်တောင်ပိတ်အိပ်နေကြသည်။
ညဥ့်နက်မှာ ပဲ သူသည် ထိုင်ရာမှအသာထပြီး အိမ်သာရှိရာ လျှောက်လာသည်။ တွဲ ပေါက် အရောက် လက်အစုံဖြင့် ဘေးကိုကိုင်ထားရင်း ရထားအရှိန်ကြားမှ လွှားခနဲ ခုန်ဆင်းပစ်လိုက်သည်။ ရထားလမ်းဘေးကိုလူလည်း တလိမ့်ခေါက်ကွေးလိမ့်ကျသွားသည်။
မြေပေါ်အရောက် ပက်လက်လှန်အနေအထားဖြင့် ခုတ်မောင်းသွားသော ရထားကြီးကို ကြည့် နေမိသေးသည်။ ရထားကြီးအဝေးရောက်သွားစဉ် လူးလဲထကာ နီးရာလယ်ကွင်းထဲပြေးသွားပြီး လက်မ နှစ် ချောင်းကို ပူးတွဲ ခတ်ထားသော စတီးလက်ထိပ်ကလေးကို ဖြည်းဖြည်းချင်း ချွတ်နေရသည်။ နောက် လမှော င်မှော င် ညမှော င်မှော င်ထဲတွင် ဦးတည်ရာလျှောက်သွားနေရသည်။
တပ်ကုန်းနှင့် ပျဉ်းမနားကြားမို့ ကြံကွင်းတွေ အပြည့် ဖြစ်ရာတစ်ရွာများ တွေ့ လေမလားဆိုပြီး တစ်ညလုံး လျှောက်သွားနေရသည်။ ဗိုက်က ဆာလာသဖြင့် ကြံတစ်ချောင်းချိုးကာ ကြံရည်တွေ စုပ် ရင်း အနားယူရသည်။ ပြီးမှ သွားရသည်။ မိုးလင်းတော့မည် မို့ ခပ်ဝေးဝေးမှ ရွာကလေးများ ၊ အိမ်ခြေ များ ၊ သစ်ပင်များ တွေ့ ရသဖြင့် အားတက်သွားသည်။ လိုရာခရီးနှင်ရတော့မည် ဖြစ်သည်။ တပ်ကုန်းမြို့ ဖျားရောက်လာတော့ မိုးလင်းသွားသည်။ သူ့ခမျာ သက်ပြင်းချရသည်။
သို့ သော် တပ်ကုန်းမြို့ဖျားမှာ ပင် သက်ဆိုင်ရာများ ရောက်နှင့် နေကြပြီ။ သူ့ကို ရှာဖွေ တွေ့ ရှိ သွားပါသည်။ ပျဉ်းမနားသို့ ခေါ်လာပြီး ရထားဖြင့် ပင် ရန်ကုန်ဘူတာကြီး၊ ထိုမှ ထိုမှ နောက်ဆုံး ကျွန်တော် တို့ရှိရာသို့ ပူပုံပန်းတယ် နွမ်းတယ်ရုပ်ဖြင့် ရောက်လာပါတော့သည်။
(၄)
အချိန်တန်တော့ ကျွန်တော် တို့ ကိုယ့်အိမ်ကိုယ်ပြန်။ ကိုယ့်ခရီးကိုယ်နှင်ကြရပါသည်။ ကျွန်တော် လည်း အစ်မအိမ်ရှိရာပြန်၊ နက်ဖြန်ဘာလုပ်ဖို့ ဘာကိုင်ရမလဲ ဖြစ်နေပြန်သည်။ သူ ကတော့ ပြင်ဦးလွင်မြို့ပြန်ပြီး မိသားစုနှင့် နေသည်။ နောက် ရန်ကုန်ရောက်လာသည်။ ကျွန်တော် ရှိရာ ပုဇွန် တောင်ရှိ တိုက်ခန်းကလေးသို့ ရောက်လာသည်။
ကြည့်စမ်း မုတ်ဆိတ်ကျင်စွယ်တွေ မရှိတော့။ ဆံပင်ပုံစံကို အကျအန ဖြီးသင်ထားသည်မို့ သန့်ပြန့်နေသော ဥပဓိရုပ်ပိုင်ရှင် ဖြစ်သွားသည်။ အင်္ကျီ၊ ပုဆိုးကိုလည်း သပ်သပ်ရပ်ရပ် ၀တ်စားထား သည်။ သူ ဘာလုပ်ရင် ကောင်းမလဲတဲ့။ ရန်ကုန်ပြောင်းပြီး အင်းစိန်ဘက်မှာ ဆန်ဆိုင်ဖွင့်ရင် ကောင်း မလားတဲ့။ နောက် ပြင်ဦးလွင်ပြန်သွားသည်။
မကြာပေ။ သူတို့မိသားစုသည် တောင်ပေါ်စခန်းမြို့ကလေးမှ မြေပြန့်၏ အဆုံး မြို့တော် ရန်ကုန် ၏ လှိုင်မြစ်ကမ်းဘေးက အင်းစိန်ရပ်ဝန်းသို့ ရောက်လာကြသည်။ လူဆိုသည်မှာ တစ်ရွာမပြောင်း သူကောင်းမ ဖြစ်မဟုတ်လား။ ထားဦး။
သို့ သော် မကြာပေဟု ပြောရမည် ထင်သည်။ သူသည် နယ်ခြားမျဉ်းကိုကျော်၍ ခရီးထွက်သွား သည်။ ကျွန်တော် နှင့် မတွေ့ တော့။ တစ်ခါတစ်ရံပန်းဆိုးတန်း စာအုပ်တန်းမှ ကိုတင်မြင့်ဆီ အသွား ဇနီးနှင့် သမီးကိုတွေ့ သည်။ သမီးလေးက ကျန်းမာရေး အရ ဆေးဝါးကုသနေရသည်။
နောက် သူတို့သားအမိနှင့် မတွေ့ တော့ (မတွေ့ ရသည်က များ ပါသည်)။ တွေ့ တော့လည်း အိမ်တက်မင်္ဂလာပြုလုပ်သော မောင်ညိုပြာအိမ်မှာ ၊ လမ်းပေါ်မှာ ၊ ကားပေါ်မှာ ။ သူ့ဇနီးသည် လောကဓံ လှိုင်းလေကြားမှ ရွက်ဝါလိုမလွင့်မကြွေ သစ်ပင်ကြီးလို မတ်မတ်မားမားရပ်ရင်း ခရီးနှင်နေပါသည်။
ခုတော့လည်း အရပ်ရပ်အခြေအနေက ဥတုသပ္ပါယ ကောင်းလာသည်။ သူ့နာမည် ကြားလာ သည်။ သူ့အကြောင်း သိလာသည်။ ကျွန်တော့် မှာ သူ့ပုံကို စာမျက်နှာတွေ ပေးမှာ ၊ ဖန်သားပြင်တွေ ပေါ် မှာ မတွေ့ ချင်ဘဲ သူမှသူစစ်စစ်ကို ပြေးမြင်ပစ်လိုက်ချင်ပါသည်။
လောလောဆယ်မှာ တော့ အလွမ်းပြေစိတ်ဖြင့် ပြင်ဦးလွင်သားကို ထင်ယောင်မြင်ယောင် မြင်နေပါတော့သည်။
ရနံ့သစ်မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၂
×××
![]() အရုဏ်ဦးမှ သမိုင်းရေအလျဉ် |