Cover

ငါးပါးသီလတောင်းခြင်း

သြကာသ ကန်တော့ခန်း နှင့် ဆုတောင်း

သြကာသ သြကာသ သြကာသ ၊ ကာယကံ , ဝစီကံ , မနောကံ ,သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ,ဒုတိယ, တတိယ တစ်ကြိမ် ,နှစ် ကြိမ် ,သုံးကြိမ် မြောက်အောင် ဘုရားရတနာ ,တရားရတနာ ,သံဃာရတနာ ,ရတနာ မြတ်သုံးပါးတို့ ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး ၍ ရှိခိုးပူဇော် ဖူးမြှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား ။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး ၊ရန်သူမျိုးငါးပါး ၊ဝိပတ္တိ တရားလေးပါး ၊ဗျသနတရားငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ,ဖိုလ်တရား ,နိဗ္ဗာန်တရားတော် မြတ်ကို ရပါလို၏ အရှင်ဘုရား ။

* * *


ငါးပါးသီလခန်း

ငါးပါးသီလတောင်းခြင်း

• အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။

• ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။

• တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။

အာမ ဘန္တေ ပါ၏ ဘုရား ။

* * *


ဘုရား ရှိခိုးခြင်း

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

* * *


သရဏဂုံ ဆောက်တည်ခြင်း

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

ဓမ္မံ သရဏံ ဂစ္ဆာမိ ။

သံဃံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

အာမ ဘန္တေ ပါ၏ ဘုရား ။

* * *


ငါးပါးသီလ ဆောက်တည်ခြင်း

၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၃။ ကာမေသု မိစ္ဆာ စာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၅။သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

အာမ ဘန္တေ ပါ၏ ဘုရား ။

* * *


ရှစ်ပါးသီလတောင်းခြင်း

ရှစ်ပါးသီလ ခန်း

ရှစ်ပါးသီလတောင်းခြင်း

• အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။

• ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။

• တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။

အာမ ဘန္တေ ပါ၏ ဘုရား ။

* * *


ဘုရား ရှိခိုးခြင်း

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

* * *


သရဏဂုံ ဆောက်တည်ခြင်း

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

ဓမ္မံ သရဏံ ဂစ္ဆာမိ ။

သံဃံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

အာမ ဘန္တေ ပါ၏ ဘုရား ။

* * *


ရှစ်ပါးသီလ ဆောက်တည်ခြင်း

၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၅။သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၆။ ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသန ဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၈။ ဥစ္စာ သယန မဟာသယန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

အာမ ဘန္တေ ပါ၏ ဘုရား ။

* * *


ကိုးပါးသီလခန်း

ကိုးပါးသီလတောင်းခြင်း

• အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။

• ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။

• တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။

အာမ ဘန္တေ ပါ၏ ဘုရား ။

* * *


ဘုရား ရှိခိုးခြင်း

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

* * *


သရဏဂုံ ဆောက်တည်ခြင်း

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

ဓမ္မံ သရဏံ ဂစ္ဆာမိ ။

သံဃံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

အာမ ဘန္တေ ပါ၏ ဘုရား ။

* * *


ကိုးပါးသီလ ဆောက်တည်ခြင်း

၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၅။သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၆။ ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသန ဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၈။ ဥစ္စာ သယန မဟာသယန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

၉။မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။

အာမ ဘန္တေ ပါ၏ ဘုရား ။

* * *


သီလ၏ ကောင်းကျိုး ဆိုးကျိုးများ နှင့် လူတော် လူကောင်း

သီလ၏ ကောင်းကျိုး ဆိုးကျိုးများ

သီလစောင့်ထိန်းခြင်း၏ ကောင်းကျိုးရပုံများ ၊ သီလမရှိခြင်း၏ ဆိုးကျိုးရပုံတို့ များ စွာ ရှိပါသည်။ ကောင်းကျိုးဆိုးကျိုးများ သည် စောင့်ထိန်းသော သီလ၊ လွန်ကျုးသော သီလတို့အပေါ်၌ မူတည်ပြီး အကျိုးတရားများ ရရှိခံစားကြရပါသည်။ ထို့ကြောင့် သီလတစ်ခုချင်း၏ ကောင်းကျိုးဆိုးကျိုးများ ကို ရေး သားတင်ပြလိုက်ပါသည်။

* * *


ပါဏာတိပါတကံ၏ အကျိုးများ

သူတစ်ပါးအသက်ကို ညှင်းဆဲသတ်ဖြတ်သော သူသည် သေသော အခါ၌ ငရဲဘုံအစရှိသော အပါယ်လေးဘုံသို့ ကျရောက်ပြီး ဆင်းရဲဒုက္ခမှန်သမျှတို့ကို ခံစားရပါသည်။ အကယ်၍ ရှေးကောင်းမှု ကုသိုလ်ကံကြောင့် အပါယ်ဘုံမှလွတ်မြောက်ပြီး လူ့ဘ၀ကိုရခဲ့လျှင်လည်း.......

၁။ အသက်တိုခြင်း။

၂။ အနာ ရောဂါ များ ၍ ကျန်းမာမှု နည်းခြင်း။

၃။ အားအင်မရှိခြင်း။

၎။ ကြောက်ရွံ့တတ်ခြင်း။

၅။ စိုးရိမ်ပူပန်စိတ်များ ခြင်း။

၆။ သူတစ်ပါး၏ နှိပ်စက်မှု ကို ခံရခြင်း။

၇။ သူတစ်ပါးသတ်၍ လည်းကောင်း၊ မိမိကိုယ်တိုင်ပြန်သတ်၍ လည်းကောင်း သေရခြင်း။

၈။ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊

၉။ ခန္ဓာကိုယ်ပြေပြစ်မှု မရှိခြင်း။

၁၀။ မိမိချစ်ခင်သော သူများ နဲ့ ကွဲကွာရခြင်းစသော ဆိုးကျိုးများ ကို ခံစားရပါသည်။

စောင့်ထိန်းသော သူသည် သုဂတိဘုံသို့ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန် ဖြစ်သော ကောင်းကျိုးချမ်းသာ သုခတို့ကို ခံစားရပါသည်။

ထို့ကြောင့် လူ တစ်ယောက် ကိုကြည့်လျှင် ပါဏာတိပါတကံအစရှိသော သီလရှိခဲ့မရှိခဲ့ သိနိုင်ပါသည်။ သို့ ဖြစ်၍ ကျွန်ုပ်တို့လူသားများ သည် အသိဉာဏ်ပညာကြီးမားသော လူသားပီပီ “လူကောင်း” တစ်ယောက် ဖြစ်အောင် ဤသီလတို့ကို စောင့်ထိန်းလိုက်နာကြရန် လိုပါသည်။

* * *


အဒိန္နာဒါနကံ၏ အကျိုးများ

ပစ္စည်းဥစ္စာပိုင်ရှင်က ကိုယ်နှုတ်ဖြင့် ကြည်ဖြူစွာ မပေးသော ဥစ္စာတို့ကို မည် သည့်နည်းနဲ့မဆို ယူသော သူသည် သေသော အခါ၌ ..........

၁။ အပါယ်လေးဘုံသို့ ရောက်ရခြင်း။

၂။ ဆင်းရဲမွဲတေခြင်း။

၃။ ပစ္စည်းဥစ္စာရအောင် မရှာဖွေနိုင်ခြင်း။

၎။ ရှိသော ပစ္စည်းများ လည်း ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရခြင်း။

၅။ လိုအပ်သော ပစ္စည်းဥစ္စာမှန်သမျှ မရရှိခြင်း။

၆။ ဆင်းရဲစွာ နေရပြီး အစာငတ်မွတ်ခြင်းစသော ဆိုးကျိုးများ ခံစားရပါသည်။

စောင့်ထိန်းသော ပုဂ္ဂိုလ်သည် သုဂတိဘုံသို့ရောက်ပြီး ထိုဆိုးကျိုးများ ၏ ပြောင်းပြန် ဖြစ်သော ကောင်းကျိုးချမ်းသာတို့ကို ခံစားရပါသည်။ အပြစ်ကြီးငယ်တို့မှာ ဥစ္စာပိုင်ရှင်၏ ဂုဏ်သိက္ခာ အကျင့်သီလ ဥစ္စာတန်ဖိုးအားလျော်စွာ အပြစ်ရပါသည်။ဤနေရာ၌ အဒိန္နာဒါနကံ ကျုးလွန်သည်ဆိုသည်မှာ သူတစ်ပါးမသိအောင် အလေးခိုး၍ ဈေးရောင်းခြင်း၊ ခြင်းတောင်းတို့ဖြင့် ခိုးဝှက်၍ ရောင်းခြင်းများ ၊ ပစ္စည်းဝတ္ထုများ အနာအဆာပါသည်ကို တစ်စုံတစ်ခုဖြင့် ဖုံးပြီး ရောင်းချခြင်းအစရှိသည်တို့သည်လည်း အဒိန္နာဒါနကံနဲ့ မလွတ်ကင်းသော ပြစ်မှု များ ဖြစ်ပါသည်။

* * *


ကာမေသုမိစ္ဆာစာရကံ၏ အကျိုးများ

ဤကံကို ကျူးလွန်သော သူသည် သေသော အခါ၌ ........

၁။ အပါယ်ဘုံသို့ ရောက်ရခြင်း။

၂။ လူ ဖြစ်လျှင် မိန်းမ(သို့) အခြောက် ဖြစ်ရခြင်း။

၃။ အများ က မုန်းတီးရွံရှာခြင်း။

၎။ ရန်သူများ ခြင်း။

၅။ စိုးရိမ်ကြောင့်ကြ များ ခြင်း။

၇။ ချမ်းချမ်းသာသာ မနေရခြင်း။

၈။ ချစ်သူနဲ့ခွဲရခြင်း၊ အိမ်ထောင်မမြဲခြင်း။

၉။ မျက်နှာမကြည်လင်ခြင်း။

၁၀။ အင်္ဂါလက္ခဏာ သေးသိမ်ခြင်းစသော ဆိုးကျိုးများ ကို ခံစားရပါသည်။

စောင့်ထိန်းသော ပုဂ္ဂိုလ်သည် သုဂတိဘုံသို့ ရောက်ရ၍ ထိုဆိုးကျိုးတို့၏ ပြောင်းပြန် ဖြစ်သော ကောင်းကျိုးတရားများ ကို ခံစားရပါသည်။

ဤမေထုန်အမှု ပြစ်မှားကျုးလွန်သော သူကို လောကလူသားတို့ အမုန်းဆုံး ဖြစ်ပါသည်။ သို့သော်လည်း ယခုခေတ်၌ များ စွာ လွန်ကျုးနေကြသည်ကို တွေ့ မြင်ကြားသိနေရပါသည်။ မေထုန်အမှု ကို ပုထုဇဉ်လူသားတို့အနေဖြင့် ထိန်းချုပ်ရန်ခက်သည်ဟု ထင်ကြပါလိမ့်မည် ။ အကယ်၍ မိမိသည်တစ်ဘ၀လုံး မထိန်းချုပ်နိုင်ပါက တရားဝင်လက်ထက်ယူပြီး မေထုန်မှီဝဲလို့ ရပါသည်။ ဤမျှနဲ့အားမရဘဲ တွေ့ တိုင်းသော မေထုန်အမှု ကို လွန်ကျုးနေမည် ဆိုပါက လောကကြီးသည် ပျက်စီးရုံသာ ရှိပါတော့သည်။ ယခုခေတ်၌ HIV ပိုးဆိုသော AIDS ဖြစ်လာရခြင်းမှာ လည်း ထိုကဲ့သို့ ထိန်းချုပ်မှု မရှိဘဲ တွေ့ တိုင်းသော မေထုန်အမှု တို့ကို မှီဝဲသော ကြောင့် ဖြစ်လာရခြင်း ဖြစ်ပေသည်။

ကမ္ဘာဦးကာလ ဗြဟ္မာတို့သည်လည်း လူဘ၀ကို ရောက်ခါစ၌ အစားအသောက်များ မြေပြင်ကနေ ခူးယူစားသောက်၍ ရအောင် ပေါများ နေပါသည်။ ထိုအစားအသောက် အ၀တ်အစားများ သည် ဗြဟ္မာပြည်က လူသားစ ဖြစ်သော ဗြဟ္မာလူသားများ ဤမေထုန်အမှု ကို လွန်ကျူးသော ကြောင့် အစားအစာများ ပျောက်ကွယ် သွားသဖြင့် ဒုက္ခများ စွာ နဲ့ ရင်ဆိုင်ခဲ့ရပါသည်။

သီလကို မစောင့်ထိန်းသော သူ၊ စောင့်ထိန်းရမှန်းမသိသော နိုင်ငံတို့၌ ဤမေထုန်အမှု ကို ရှက်ရမှန်းမသိအောင် ဖြစ်ပြီ လွန်ကျုးနေသော ကြောင့် ဘေးဆိုးကြီးများ နဲ့ ရင်ဆိုင်နေရသည် မဟုတ်ပါလော။ ယခုခေတ်လူငယ် မိန်းမငယ်လေးများ သည် ဤမေထုန်အမှု ကို ဘုရားစေတီ၊ ပန်းခြံအစရှိသော လူပေါများ သော နေရာတို့၌ မရှက်မကြောက်ဘဲ ပြုလုပ်နေကြသည်မှာ ပြုလုပ်နေသော သူတို့တော့မသိ၊ တွေ့ ရသော သူများ မှာ ရှက်စရာကောင်းသကဲ့သို့ ရိုင်းစိုင်းသည်ဟု ထင်မြင်မိပါသည်။

ထိုသူများ သည် အသိဉာဏ်ပညာ ကင်းမဲ့သော တိရစ္ဆာန်များ နဲ့ ထူးမခြားနား ဖြစ်နေသည်ကို သတိထားဖို့ ကောင်းပါသည်။ မိမိကိုယ်မိမိ အသိဉာဏ်ရှိသော လူလား၊ အသိဉာဏ်မရှိသော တိရစ္ဆာန်လားဆိုတာ ခွဲခြားသိဖို့ လိုပါသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် ရှက်စရာကောင်းသည်ဟု အသိဉာဏ်လေးရှိဖို့၊ သတိတရားထားဖို့ လိုအပ်လှပါသည်။ မိမိတို့မှာ တရားဝင်ယူပြီး ကျုးလွန်၍ ရနေသော အခွင့်အရေး ရှိပါလျက် ထိုကဲ့သို့ပြုလုပ်ခြင်းသည် တရားလက်မဲ့နိုင်လွန်သည်ဟု ထင်ပါသည်။

မြတ်စွာ ဘုရားရှင်က ရဟန်းများ ကို ဆုံးမခဲ့သော စကားရှိပါသည်။ ထိုစကားမှာ “ရဟန်းတို့ မိန်းမများ ကိုမြင်လျှင် မိမိထက်အသက်ကြီးပါက ကိုယ့်အမရင်းသဖွယ် သဘောထားပြီး မိမိထက်ငယ်သော သူကို ကိုယ်နှမရင်းသဖွယ် သဘောထားပြီးဆက်ဆံဖို့ရာ ဆုံးမခဲ့သော စကားမှာ ရဟန်းများ သာမက လူသားများ ပါ လိုက်နာစောင့်ထိန်းပါက မုဒိမ်းမှု စသည်တို့ ဖြစ်လာတော့မည် မဟုတ်ပေ။

လူသားများ သည် ရဟန်းသံဃာများ ကိုကြည့်ပြီး စောင့်ထိန်းလျှင် ပို၍ စောင့်ထိန်းနိုင်ပြီး ပိုမို၍ ကြည်ညိုခြင်းများ ဖြစ်လာပေလိမ့်မည် ။ လူသားတို့၌ တရားဝင်ယူပြီး ကျုးလွန်ခွင့်ရှိပါသည်။ ရဟန်းသံဃားများ သည် ထိုမေထုန်အမှု ကို သတ္တ၀ါမှန်သမျှတို့နဲ့ ကျုးလွန်ခွင့်မရှိပါ။ ရဟန်းသံဃာများ သည် ထိုသို့မည် သည့် သတ္တ၀ါနဲ့မျှ မကျုးလွန်ဘဲ နေနိုင်သေးလျှင် လူသားတို့သည် ရဟန်းသံဃာတို့ထက် မိမိတရားဝင်ယူထားသော ယောက်ျား မိန်းမများ ကို ကျုးလွန်ခွင့်ရှိသော ကြောင့် ကျန်သော သူများ ကို မကျုးလွန်မိအောင် စောင့်ထိန်းသင့်ပါသည်။

ဤနေရာ၌ မင်းတုန်းမင်းကြီးပြောသော စကားကို အမှတ်ရမိပါသည်။ မင်းတုန်းမင်းကြီးကို မှု မတ်များ က ရဟန်းသံဃာများ ပွဲလမ်းသဘင်ကြည့်နေသည်ကို တားမြစ်ပိတ်ပင်ဖို့ရာ လျှောက်ထားကြသော အခါ မင်းတုန်းမင်းကြီးက “ငါသည် မိန်းမမယူဘဲ နေနိုင်တာ တစ်ခုတည်းနဲ့ပင် ရဟန်းသံဃာများ ကို ကြည်ညိုလှပါသည်”ဟု ပြောဆိုပြီး မှု မတ်များ ၏ လျှောက်တင်ချက်ကို ငြင်းပယ်ခဲ့သည်ဟူသော စကားကို ကြားဖူး၍ အမှတ်ရမိပါသည်။

ထို့ကြောင့် လူသားများ သည် မေထုန်အမှု ကို လုံးဝရှောင်ကြဉ်သော ရဟန်းတော် တို့ကို အတုယူကာ စောင့်ထိန်းကြရန် လိုပါသည်။ ဤမေထုန်အမှု သည် စောင့်ထိန်းရခက်မည် ဟု ထင်ရသော်လည်း မိမိ၏ စိတ်သာ အဓိကကျပါသည်။ ကမ္ဘာပေါ်ရှိ သတ္တ၀ါများ သည် အဓိကကျသော ဤမေထုန်အမှု ကို မရှောင်ကြဉ်နိုင်သော ကြောင့် သာ ဒုက္ခများ နဲ့ ရင်ဆိုင်နေရပါသည်။ ထို့ပြင် သံသရာမှ မလွတ်မြောက်ဘဲ ကျင်လည်နေရသည်မှာ လည်း ဤမေထုန် အမှု ကြောင့် ပင် ဖြစ်ပါသည်။

* * *


မုသာဝါဒကံ၏ အကျိုးများ

သူတစ်ပါး၏ အကျိုးစီးပွားကို ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှု ဟူသမျှသည် ဆိုးကျိုးရစေနိုင်သော ကံမြောက်သည့်မုသာဝါဒ ဖြစ်ပါသည်။ နှုတ်ဖြင့် မပြောဘဲ ကိုယ်အမှု အရာဖြင့် လိမ်ညာလျှင်လည်း မုသာဝါဒပင် ဖြစ်ပါသည်။

သူတစ်ပါး၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ တစ်စုံ တစ်ယောက် အကျိုးရစေလို၍ ပရိယာယ်သုံး၍ ပြောဆိုခြင်း၊ အမှားကိုအမှန် သိစေလို၍ ပြောဆိုခြင်း၊ ဂုဏ်ပြုလို၍ ပြုမှု ပြောဆိုခြင်းများ မှာ လည်း မုသာဝါဒပင် ဖြစ်ပါသည်။ သို့သော်လည်း သူတစ်ပါး၏ အကျိုးစီးပွားကို မပျက်စီး မထိခိုက် ဆိုးကျိုးရစေနိုင်လောက်အောင် မပြုလျှင် ကံမမြောက်၍ အပြစ်နည်းပါသည်။ ထိုသို့အပြစ်နည်းသော်လည်း ဤသီလကို လုံခြုံအောင် စောင့်ထိန်းသင့်ပါသည်။ လူသားတို့သည် အများ အားဖြင့် “မုသားမပါ လင်္ကာမချော”ဟူသော စကားကို လက်သုံးစကားအ ဖြစ် ပြောဆိုပြီး မုသာဝါဒကံကို အလွယ်တကူဖြင့် ကျုးလွန်နေကြသည်ကို တွေ့ ရှိရပါသည်။ ထိုစကားသည် လိမ်နေကြလူတို့ ပြောဆိုနေသော စကားသာ ဖြစ်ပါသည်။

မြတ်စွာ ဘုရားသည်ပင် သစ္စာဆိုသည့်အမှန်တရားကို ရရန်အတွက် ပါရမီဖြည့်သော အခါ ဤမုသာဝါဒကို လုံးဝရှောင်ကြဉ်ခဲ့ရပါသည်။

သူတစ်ပါးအကျိုးစီးပွားပျက်စီးအောင် လိမ်ညာပြောဆို လှည့်ပတ်မှု မှန်သမျှကို ပြုလုပ်ခဲ့သော သူသည် သေသော အခါ၌ .......

၁။ အပါယ်ဘုံသို့ရောက်ရခြင်း။

၂။ မျက်စိနားစသော ဣနြေ္ဒများ မကြည်လင်ခြင်း။

၃။ စကားမပီခြင်း၊ ပလုံးမထွေးပြောဆိုတတ်ခြင်း။

၎။ သွားမညီခြင်း။

၅။ ပါးစပ်အနံ့ပုပ်ခြင်း။

၆။ အသားအရေ မစိုပြေဘဲ မွဲခြောက်ခြင်း။

၇။ ကိုယ်ခန္ဓာအချိုမကျခြင်း။

၈။ သူတစ်ပါးအပေါ် သြဇာအာဏာမညောင်းခြင်း။

၉။ နှုတ်ကြမ်းလျှာကြမ်းဖြင့် ပြောဆိုတတ်ခြင်း။

၁၀။ စိတ်ကြည်လင်မှု မရှိခြင်းစသော ဆိုးကျိုးများ ကို ခံစားရပါသည်။

စောင့်ထိန်းလိုက်နာသော သူသည် သုဂတိဘုံသို့ ရောက်ရှိရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန် ဖြစ်သော ကောင်းကျိုးချမ်းသာတို့ကို ခံစားရပါသည်။

* * *


သုရာမေရယကံ၏ အကျိုးများ

မူးယစ်စေတတ်သော အရည်ဆေးဝါးမှန်သမျှကို ကျန်းမာရေး အတွက် မဟုတ်ဘဲ သောက်သုံးသော သူသည် သုရာမေရယကံပျက်၏ ။ ကာမေသုမိစ္ဆာစာရကံကဲ့သို့ ဤသီလသည် အပြစ်ကြီးသော မိစ္ဆာစာရတစ်မျိုး ဖြစ်သည်ဟု ကျမ်းဂန်တို့၌ ပြဆိုထားပါသည်။ ထို့ကြောင့် ဤသီလကို ကျုးလွန်ခြင်းမှာ အပြစ်ကြီးသည်ဟု တစ်ထစ်ချမှတ်ယူ၍ ရပါသည်။

သို့သော် မည် မျှလောက် အပြစ်ရှိသည်ကို ထပ်မံ၍ စစ်ဆေးကြည့်လျှင် ယခုခေတ်၌ အချို့သော ဆေးရည်ဆေးဝါးများ တွင် မထင်မရှား အရက်ပါတတ်ပါသည်။ သုရာမေရယသိက္ခာပုဒ်၌ ဟင်းလျာကောင်းစေလိုသဖြင့် ဟင်း၌ သေရည် အနည်းငယ်မျှ ခတ်၍ ချက်ရာဝယ် သေရည်အနံ့မထင်ရှားလျှင် ထိုဟင်းကို သံဃာတော် များ ပင် သုံးဆောင်ကောင်းသည်ဟု မြတ်စွာ ဘုရားရှင်က ခွင့်ပြုတော် မူခဲ့ပါသည်။

ထို့ကြောင့် (၁)မထင်မရှား အရက်ပါသော ဟင်းများ ကို စားသောက်မှု ၊ (၂)မလွဲသာ၍ ဆေးဝါးအ ဖြစ် အနည်းအကျဉ်းသောက်သုံးမှု ၊ (၃)တကယ့်ကို အရက်သီးသန့် သောက်သုံးမှု ဟု (၃)မျိုးရှိသည်ကို တွေ့ ရှိရပါသည်။

ထို့တွင် ပထမဦးဆုံးအချက်သည် အပြစ်မရှိပါ။ ဒုတိယအချက်သည် အရက်စစ် ဖြစ်လျှင် ဤသီလပျက်၏ ။ သို့သော် အပြစ်ကြီးလှသည် မဟုတ်ပါ။ နောက်ဆုံးအချက်သည် သောက်ပြီး သူတစ်ပါးအကျိုးစီးပွား ပျက်စီးအောင်လုပ်မှု ၊ စိတ်အနှောက်အယှက် ဖြစ်အောင်လုပ်မှု ၊ ပတ်ဝန်းကျင်နှောက်ယှက်မှု ၊ မူးယမ်းပြီး အော်ဟစ်နေမှု စသော အပြစ်တစ်စုံတရာ မလုပ်ဘဲနေပါက ဤသီလပျက်ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ရန် မေ့လျော့မှု ၊ စီးပွားပျက်မှု ၊ အိမ်ထောင်ရေး ပျက်စီးမှု စသော မျက်မှော က် ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။

တစ်ချို့သော သူများ က အရက်သောက်ပြီး သူတစ်ပါးကို မနှောက်ယှက်လျှင် အပြစ်မရှိမှု ဟု မှတ်ထင်နေကြပါသည်။ အပြစ်ရှိပါသည်။ ထိုအပြစ်များ မှာ ကုသိုလ်ကောင်းမှု မလုပ် ဖြစ်သော အပြစ်၊ ဉာဏ်ထိုင်သော အပြစ်၊ စီးပွားရေး ထိခိုက်စေသော အပြစ်၊ အိမ်ထောင်ရေး အဆင်မပြေနိုင်စေသော အပြစ်အစရှိသော အပြစ်တို့ ရရှိပါသည်။

ထို့ပြင် ဤသီလကို ကျုးလွန်ပြီးနေသော သူသည် မျက်မှော က်ဘ၀၌ အထက်၌ ဖော်ပြခဲ့သော သူတစ်ပါးမထိခိုက်အောင် နေနိုင်သော သူမှလည်း ထိုသို့သော အပြစ်များ ရရှိသည်ကို ထောက်ဆလျှင် သူတစ်ပါးထိခိုက်အောင် ပြုလုပ်သော သူသည် ပို၍ ပင် အပြစ်များ ရရှိမည် ကို မှန်းဆကြည့်လျှင် သိနိုင်ပေလိမ့်မည် ။

ထို့ကြောင့် ကျုးလွန်သော သူသည် အသိဉာဏ်ကင်းမဲ့ပြီး မူးမိုင်းနေသော ကြောင့် အထက်ပါလေးပါးသော သီလတို့ကို ကျုးလွန်မိရန် လွယ်ကူသည်ဟု ပြောဆိုသော စကားမှာ မှန်ကန်ကြောင်း သိသာထင်ရှားလှပါသည်။

ဤနေရာ၌ စာရေး သူ ကြားဖူးသော ပုံပြင်လေးတစ်ခုကို အမှတ်ရ၍ ရေး သားတင်ပြချင်ပါသည်။ အရက်သမား တစ်ယောက် ကို မိဘများ က အရက်မသောက်အောင် ဘယ်လိုမှသွန်သင် ချော့မော့ပြီး ပြောဆိုမရသော ကြောင့် ဘုန်းကြီးတစ်ပါးထံ အရက်ပျက်အောင် ကျောင်းမှာ ထားပြီး ဆုံးမခိုင်းသော်လည်း အရက်သမားသည် အရက်မပျက်ခဲ့ပါပေ။ တစ်နေ့သော အခါ အရက်သမားသည် သူ၏ သူငယ်ချင်းများ နဲ့ အရက်ဝိုင်းမှာ အမြည်းမျိုးစုံဖြင့် ၀ိုင်းဖွဲ့ကြနေချိန်တွင် အနားမှလမ်းဖြတ်သွားသော အရူးကို အရက်သောက်ရန် လှမ်းခေါ်သော အခါ အရူးက “အရင်က အမူးတောင် မပြေသေးဘူး၊ နောက်ထပ် မမူးချင်တော့ပါဘူး“ဟု ပြန်ပြောလိုက်ပါသည်။ “အရူးပြောသည့် အဓိပ္ပါယ်က အရင်ဘ၀က အရက်သောက်ခဲ့တဲ့ ဆိုးကျိုးကြောင့် ယခုဘ၀မှာ အရူး ဖြစ်နေရတယ်။ ဒီဘ၀မှာ ထပ်သောက်ရင် နောင်ဘ၀မှာ လည်း ထပ်ရူးနေမှာ ပေါ့လို့ ပြောဆိုခြင်း ဖြစ်ပါသည်“။ မိဘဆရာသမားများ ဆုံးမသွန်သင်၍ အရက်မပျက်ခဲ့သော အရက်သမားသည် အရူးသမား ချွတ်လိုက်သော အခါ ထိုအချိန်မှစ၍ အရက်ကို လုံးဝမသောက်ဘဲ အရက်ပျက်သွားခဲ့ပါသည်။

အထက်၌ ဖော်ပြခဲ့သော အပြစ်များ သည် မျက်မှော က်ဘ၀၌ ရရှိသော ဆိုးကျိုးများ သာ ဖြစ်ပါသည်။ ဤသီလကို ကျုးလွန်သော သူများ သည် ဖြစ်လေရာဘ၀တို့၌ ......

၁။ သတိကင်းလွတ်ခြင်း။

၂။ အရှက်မရှိခြင်း။

၃။ အကောင်းအဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း။

၎။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း။

၅။ မကောင်းသော သတင်း ပျံ့နှံ့ခြင်း၊ ကျက်သရေမင်္ဂလာမရှိခြင်း။

၆။ ရောဂါ များ ခြင်း၊ ကိုယ်လက်အင်္ဂါတုန်ခြင်း၊

၇။ မွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ် မပြည့်ခြင်း။

၈။ လုပ်ငန်းတို့ကို မေ့လျော့၍ စီးပွားပျက်ခြင်း။

၉။ နောင်ဘ၀တို့၌ အရူး ဖြစ်ရခြင်း။

၁၀။ သေရည်အရက်သောက်မှု များ ပြီး ကုသိုလ်ကောင်းမှု မလုပ်ဘဲ သေပါကနောင်ဘ၀တွင် အပါယ်ဘုံသို့ ကျရောက်ခြင်းစသော ဆိုးကျိုးများ ကို ခံစားရပါသည်။

စောင့်ထိန်းလိုက်နာသော သူသည် သုဂတိဘုံသို့ ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန် ဖြစ်သော ကောင်းကျိုးချမ်းသာများ ကို ခံစားရပါသည်။

ထို့ကြောင့် အရက်သောက်ခြင်းသည် မျက်မှော က် တမလွန်တို့၌ မကောင်းသော ဆိုးကျိုးတို့ကိုသာ ခံစားရ၍ လုံးဝရှောင်ကြဉ်ရန် လိုအပ်ပါသည်။

ဤဖော်ပြခဲ့သော ငါးပါးသီလတို့သည် သူတစ်ပါး ဆင်းရဲဒုက္ခမရောက်အောင် မိမိလည်း လူသားပီသပြီး သံသရာအတွက် ဆင်းရဲဒုက္ခမရောက်အောင် စောင့်ထိန်းရမည့်  သီလများ ဖြစ်ပါသည်။ ငါးပါးသီလသည် လူသားတိုင်း စောင့်ထိန်းလိုက်နာရမည့်  လူကျင့်ဝတ်များ ဖြစ်သော ကြောင့် လူသားတိုင်းစောင့်ထိန်းရန် အထူးလိုအပ်ပါသည်။

ရှစ်ပါးသီလသည် မိမိစိတ်ကို မြင့်မြတ်အောင် အမှန်စင်စစ် စောင့်ထိန်းရသော သီလမျိုး ဖြစ်သော ကြောင့် “အရိယဥပုသ်”ဟု ခေါ်ပါသည်။ ထိုအရိယဥပုသ်သည် စောင့်ထိန်းသော သူသည် သီလဆောက်တည်ပြီးနောက် ဘုရားတရားသံဃာစသော ဂုဏ်တော် တစ်ပါးပါးကို ဖြစ်စေ၊ မိမိ၏ ဒါနကုသိုလ်၊ သီလကုသိုလ်တစ်မျိုးမျိုးကို ဖြစ်စေ အာရုံပြု၍ တရားဘာဝနာ ပွားများ နေရပါသည်။

သို့မှသာလျှင် မိမိစိတ်ဝယ် လောဘ၊ ဒေါသ၊ မောဟ၊ မာနစသော အကုသိုလ်စိတ်များ နည်းသည်ထက် နည်းပါး၍ စိတ်နေစိတ်ထား မြင့်မြတ်လာပါလိမ့်မည် ။ ထို့ကြောင့် ဥပုသ်စောင့်သည်ဆိုသည်မှာ သီလမည် ရုံသာမက ဘာဝနာနဲ့လည်း အပေါင်းအဖော် ဖြစ်ပါသည်။ ဥပုသ်စောင့်သော အခါ ကဲ့ရဲ့ ခံရမည် ကို ကြောက်သော ကြောင့် လည်းကောင်း၊ အိမ်နီးချင်း ရိုသေမှု ရချင်သော ကြောင့် လည်းကောင်း၊ သူများ တကာ ဥပုသ်စောင့်သည်ကိုမြင်၍ ယောင်ဝါးဝါးလိုက်စောင့်ခြင်းစသည်တို့ မ ဖြစ်ရန်လိုပါသည်။

ဤနေရာ၌ ရှစ်ပါးသီလသည် သူတော် ကောင်းဥစ္စာ(၇)ပါး၌ ပါဝင်သော သီလနဲ့မဆိုင်ပါ။ “လူကောင်း” တစ်ယောက် ဖြစ်အောင် စောင့်ထိန်းရမည့်  သီလသည် ငါးပါးသီလပင် ဖြစ်သော်လည်း လူအများ စောင့်နေကြသော ရှစ်ပါးသီလတွင် ပါဝင်သော ကျန်သော သီလတို့၏ အကျိုးတရားများ သိရှိနားလည်အောင် အနည်းငယ်မျှ ရေး သားတင်ပြလိုက်ပါသည်။

* * *


သီလ၏ အဓိပ္ပါယ်

သီလဆိုသည်မှာ ကာယကံမှု ၊ ၀စီကံမှု ၊ မနောကံမှု တို့ကို ရုန့်ရင်းကြမ်းတမ်းမှု မရှိစေဘဲ နူ့ညံ့သိမ်မွေ့အောင် ကောင်းစွာ ထားတတ်သော ကြောင့် လည်းကောင်း၊ ကုသိုလ်တရားတို့ကို အဆင့်ဆင့်တိုးပွားအောင် ကောင်းစွာ လုပ်ဆောင်တတ်သော ကြောင့် လည်းကောင်း သီလဟု ခေါ်ဆိုပါသည်။

တစ်နည်းအားဖြင့် သီသ-ဦးခေါင်းဟူသော စကားမှ ဆင်းသက်ရွေ့လျောလာ၍ သီသမှသီလဟု ပြောင်းလဲ လာခဲ့သည်။ သတ္တ၀ါများ ဦးခေါင်းပြတ်သွားလျှင် တစ်ကိုယ်လုံးပျက်စီးသွားသကဲ့သို့ လူ တစ်ယောက် မှာ သီလတရားပျက်စီးသွားလျှင်လည်းကောင်း၊ သီလတရားမရှိလျှင်လည်းကောင်း ကုသိုလ်ဟူသမျှ မရရှိနိုင်တော့၍ အလုံးစုံပျက်စီးသွားတော့သည်ဟု ဆိုလိုပါသည်။ တစ်နည်းအားဖြင့် လောက၌ အပူအေးငြိမ်းခြင်းကို “သီတလ”ဟု ခေါ်ကြ၏ ။ ထို“သီတလ”မှ အလယ်အက္ခရာ (တ၀မ်းပူ)ဖြုတ်၍ သီလဟု ခေါ်ကြပါသည်။ သတ္တ၀ါ တို့၏ သန္တာန်၌ ကိလေသာအပူဟူသမျှတို့ကို ငြိမ်းအေးအောင် ပြုလုပ်ပေးတတ်သော ကြောင့် သီလဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။

ထို့ပြင် သီလဆိုသည်မှာ ကောင်းသော အကျင့်ဟု ဆိုလိုပါသည်။ ကောင်းသော အကျင့်ဆိုသည်မှာ လည်း.....

၁။ မိမိ၏ စိတ်ကို ကောင်းစွာ ထားရှိခြင်း။

၂။ မိမိလုပ်သော အလုပ်သည် ကောင်းသော အလုပ်သာ ဖြစ်ခြင်းဟု နှစ် မျိုးရှိပါသည်။

* * *


မိမိ၏ စိတ်ကို ကောင်းစွာ ထားရှိခြင်း

မိမိ၏ စိတ်ကို ကောင်းစွာ ထားရှိခြင်းဆိုသည်မှာ ကာယကံမှု ၊ ၀စီကံမှု ၊ မနောကံမှု တို့ကို ဖရိုဖရဲမရှိစေရန် ထိန်းသိမ်းခြင်းကို ဆိုလိုပါသည်။ သီလမစောင့်ထိန်းသော သူ၏ ကာယကံမှု ၊ ၀စီကံမှု ၊ မနောကံမှု တို့သည် အထိန်းမရှိသော ချည်းကဲ့သို့ ဖရိုဖရဲ ဖြစ်နေတတ်ပါသည်။ သီလစောင့်ထိန်းထားမှသာ ကာယကံမှု ၊ ၀စီကံမှု ၊ မနောကံမှု တို့ကို ဖရိုဖရဲမ ဖြစ်အောင် ထိန်းနိုင်ပါလိမ့်မည် ။

စိတ်နေစိတ်ထား ခက်ထန်ကြမ်းတမ်းသူ တစ်ယောက် သည် သီလစောင့်ထိန်းထားပါက အခြားသော သူများ သည်းမခံနိုင်လောက်အောင် လာရောက်ပြောဆို ရန်စပါသော်လည်း သီလစောင့်ထိန်းထားသော ကြောင့် အတုန့်အပြန်လက်စားချေလိုသော ကာယကံမှု ၊ ၀စီကံမှု ၊ မနေကံမှု သော င်းကျန်းးမှု များ မ ဖြစ်အောင် ကောင်းစွာ ထိန်းနိုင်ပါလိမ့်မည် ။ အကယ်၍ ထိုသို့မဟုတ်ဘဲ သီလဆောက်တည်မထားပါက ထိုသူ၏ ကာယကံမှု ၊ ၀စီကံမှု ၊ မနောကံမှု တို့သည် တားမရဆီးမရ ဖြစ်ပြီး ဖရိုဖရဲ သော င်းကျန်းမှု များ ပြုလုပ်မည် မှာ သေချာသလောက် ဖြစ်ပေသည်။

* * *


မိမိအလုပ်သည် ကောင်းသော အလုပ် ဖြစ်ခြင်း

ကုသိုလ်တရားမှန်သမျှသည် သီလနဲ့မကင်းသော ကြောင့် သီလရှိသော သူသည်သာလျှင် ကောင်းသော ကုသိုလ် အလုပ်တို့ကို လုပ် ဖြစ်ပါလိမ့်မည် ။ သီလသည် ကုသိုလ်တရားတို့၏ မူလအကြောင်းရင်း ဖြစ်၍ သီလကိုအခြေခံပြီး ကောင်းသော အလုပ်တို့ကို လုပ်ကြရပါသည်။ သီလမရှိသော သူသည် ကောင်းသော အလုပ်တို့ကို လုပ် ဖြစ်ပါသော်လည်း ထိုလုပ်သော ကောင်းမှု ကုသိုလ်တို့သည် သီလရှိပြီးလုပ်သော သူလောက် အကျိုးပေးထက်သန်မှု မရှိပေ။

ထို့ကြောင့် ဒါန သီလ ဘာဝနာဟူသော အကျင့်လမ်းစဉ်၌ ဒါနကိုရှေ့၌ ထား၍ ဖော်ပြထားသော်လည်း သီလကိုအခြေခံ၍ ပြုလုပ်သော ဒါနကုသိုလ် ဘာဝနာကုသိုလ်တို့သည် ပိုမို၍ အကျိုးပေးထက်သန် စည်ပင်ပြန့်ပြောပါသည်။ သို့ ဖြစ်၍ အလှူအတန်းများ ၌ ရေစက်မချမီ ငါးပါးသီလ၊ ရှစ်ပါးသီလတစ်ခုခု ခံယူဆောက်တည်ပြီးမှ အလှူဒါနကို ရေစက်ချပေးခြင်းသည် ထိုအလှူဒါနအား အကျိုးပေးထက်သန်အောင် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။

* * *


ဒါနထက် သီလမြတ်ပုံ

ဒါနထက် သီလမြတ်သည်ဟုပြောလျှင် သာမန်တွေးတောကြည့်ပါက ၀န်ခံရန် ခဲယဉ်းပေးလိမ့်မည် ။ သို့သော် လေးလေးနက်နက်စဉ်းစားကြည့်ပါက ခိုင်မာသော အကြောင်းအရာ အချက်အလက်တို့ကို တွေ့ ရပါလိမ့်မည် ။ ကောင်းမှု ကုသိုလ် အလုပ်မှန်သမျှတို့သည် သူတစ်ပါးမဆင်းရဲအောင် စောင့်ရှောက်သော အလုပ်နှင့် သူတစ်ပါးချမ်းသာအောင် ကူညီသော အလုပ်များ ဖြစ်ပါသည်။

ဒါနအလုပ်နှင့် သီလအလုပ်နှစ် မျိုးတွင် ဒါနသည် သူတစ်ပါးချမ်းသာအောင် ပြုလုပ်ပေးသော အလုပ် ဖြစ်၍ သီလအလုပ်သည် သူတစ်ပါးဆင်းရဲဒုက္ခမရောက်အောင် စောင့်ရှောက်သော အလုပ် ဖြစ်ပေသည်။ ထိုဒါနအလုပ်နှင့် သီလအလုပ်တို့ကို နားလည်အောင် ရှင်းပြမှသာလျှင် ဘယ်အရာက ပိုမြတ်ကြောင်းကို သိသာထင်ရှားပြီး နားလည်လိမ့်မည် ဖြစ်သော ကြောင့် ထိုနှစ် မျိုး၏ အကျယ်ကို အနည်းငယ်ရှင်းပြလိုပါသည်။

* * *


ဒါနအလုပ်ဆိုသည်မှာ

ဒါနအလုပ်ဆိုသည်မှာ “ဘယ်သူမပြု မိမိမှု ”ဟု ဆိုသည့်အတိုင်း သတ္တ၀ါတစ်ဦး တစ်ယောက် သည် သူကံအားလျော်စွာ ဆင်းရဲနေသူကို မိမိကကူညီထောက်ပံ့ခြင်း၊ စွန့်ကြဲပေးကမ်းခြင်းသည် ဒါနအလုပ် ဖြစ်ပါသည်။ ထို့အတူ ပစ္စည်းလေးပါးရှားပါးသော ရဟန်းသာမဏေတို့အား လှူဒါန်းခြင်းသည်လည်း ကူညီရာရောက်သော ဒါနအလုပ်ပင် ဖြစ်ပါသည်။ ဘုန်းကံကြီးမား၍ ပစ္စည်းလေးပါးပေါများ သော ရဟန်း သာမဏေတို့အား ထိုရဟန်းသာမဏေတို့ထံ၌ မရှိသေးသော ပစ္စည်းအရာဝတ္ထုများ ကို လှူဒါန်းခြင်းသည်လည်း ကူညီရာရောက်သော ဒါနအလုပ်ပင် ဖြစ်ပါသည်။

ထို့ကြောင့် ဒါနအလုပ်ဟူသမျှသည် ဆင်းရဲသူများ မှအစ ရဟန်းသံဃာအားလုံးအပါအ၀င် ကမ္ဘာပေါ်မှာ ရှိသော သတ္တ၀ါအားလုံးတို့အား ချမ်းသာအောင် ကူညီစောင့်ရှောက်သော အလုပ်ကောင်းတစ်မျိုး ဖြစ်ပါသည်။

* * *


သီလအလုပ်ဆိုသည်မှာ

သီလအလုပ်ဆိုသည်မှာ သူတစ်ပါးဆင်းရဲဒုက္ခမရောက်အောင် စောင့်ရှောက်ထိန်းသိမ်းသော အလုပ် ဖြစ်ပါသည်။ ပါဏာတိပါတာဝေရာမဏိစသော သီလသိက္ခာပုဒ်များ ကို မစောင့်ထိန်းဘဲ တွေ့ သမျှသတ္တ၀ါတို့အား လိုက်၍ သတ်နေလျှင် အသတ်ခံရသော ပုဂ္ဂိုလ်သတ္တ၀ါများ မည် မျှဆင်းရဲ ဒုက္ခရောက်မည် ကို စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။ “ပါဏာတိပါတ”သိက္ခာပုဒ်မစောင့်ထိန်းဘဲ သတ်ချင်းတိုင်း သတ်နေကြသည့်အတွက် မြစ်, ပင်လယ်, ချောင်းများ ၌ ရှိသော ငါးစသော သတ္တ၀ါများ ၊ မြို့ရွာတို့၌ ရှိသော နွား၊ ကျွဲ၊ ဆိတ်၊ ကြက်၊ ၀က်၊ ငှက်အစရှိသော သတ္တ၀ါများ အသတ်ခံရ၍ မည် မျှဆင်းရဲရှာကြမည် ကိုလည်းကောင်း၊ လူအချင်းအချင်း ညှင်းပန်းနှိက်စက်ပြီး ရက်စက်စွာ သတ်ဖြတ်မှု မှစ၍ စစ်အကြီးအကျယ် ဖြစ်ပြီး သွေးယိုစီးကျအောင် သတ်နေကြသည်ကိုလည်းကောင်း၊ ကမ္ဘာအရပ်ရပ်ဝယ် စစ် ဖြစ်တော့မည် ဟုကြားရလျှင် လူသားများ မည် မျှစိတ်ဆင်းရဲရသည်ကိုလည်းကောင်း စဉ်းစားကြည့်ပါက ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ “ပါဏာတိပါတ” သီလတစ်ပါးကို မစောင့်ထိန်းနိုင်သော ကြောင့် တစ်ယောက် နှစ် ယောက် ကစ၍ ကမ္ဘာပေါ်မှာ ရှိသော သတ္တ၀ါ အားလုံး ဆင်းရဲဒုက္ခရောက်နေကြရသည် မဟုတ်ပါလော။

“ပါဏာတိပါတ”သီလကို စောင့်ထိန်း၍ ရှောင်ကြဉ်လိုက်နာကြပါမှု သတ်ပုတ်ရိုက်နှက် ညှင်းပန်းနှိက်စက်ခံရ၍ မျက်ရည်တလည်လည်းနဲ့ အားငယ်ကြရသော ဆင်းရဲ၊ မချိမဆံ့ခံစားကြရသော ဆင်းရဲများ မှ ကယ်ဆယ်ရာ ရောက်သော ကြောင့် ဤသီလကို စောင့်ထိန်းသင့်ပါသည်။ တစ်ယောက် စောင့်ထိန်းလျှင် တစ်ယောက် အတွက်၊ နှစ် ယောက် စောင့်ထိန်းလျှင် နှစ် ယောက် အတွက်စသည်ဖြင့် ကမ္ဘာပေါ်ရှိသတ္တ၀ါအားလုံး စောင့်ထိန်းလျှင် သတ္တ၀ါအားလုံးအတွက် ထိုဆင်းရဲမျိုးမခံစားရတော့ဘဲ တွေ့ မြင်သမျှသော သတ္တ၀ါတို့အပေါ်၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ ထားလျှင် အလွန်ကျက်သရေရှိ၍ စိုစိုပြေပြေနဲ့ ပျော်ရွှင်စရာကောင်းသော ကမ္ဘာကြီး ဖြစ်နေမည် မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

* * *


ဒါနနှင့် သီလ နှိုင်းယှဉ်ချက်

အထက်၌ ဖော်ပြခဲ့သော “ပါဏာတိပါတ”သီလတစ်ပါးတည်းနဲ့ပင် ဒါနနှင့် နှိုင်းယှဉ်ကြည့်လျှင် သီလက သာလွန်မြင့်မြတ်ကြောင်း သိသာထင်ရှားလှပါသည်။ သူတစ်ပါးက တစ်စုံတစ်ရာပေး၍ စိတ်ချမ်းသာနေသူ တစ်ယောက် နှင့် အသတ်ခံရမည့် ဆဲဆဲမှ လွတ်မြောက်လာ၍ စိတ်ချမ်းသာနေသူ တစ်ယောက် ၏ ချမ်းသာသုခ ခံစားရပုံချင်း နှိုင်းယှဉ်ကြည့်လျှင် တစ်စုံတစ်ခုရ၍ ချမ်းသာမှု ထက် အသတ်ဘေးမှ လွတ်မြောက်လာသူ၏ ချမ်းသာမှု က အဆရာထောင်မက သာလွန်မည် ကို စဉ်းစားကြည့်သူတိုင်း သိမြင်ပါလိမ့်မည် ။

အစာမစားရလျှင် သေရတော့မည့် သူကို အစာကျွေးလိုက်သဖြင့် စိတ်ချမ်းသာမှု ရသော သူသည် အသတ်ခံရတော့မည့် ဘေးမှ လွတ်မြောက်ခွင့်ရခဲ့သူ၏ စိတ်ချမ်းသာမှု ကို မီနိုင်လိမ့်မည် မဟုတ်ပါ။

ထိုမှတစ်ပါး “အဒိန္နာဒါန”သီလကို စောင့်ထိန်းကြလျှင် ကမ္ဘာပေါ်မှာ သို့မဟုတ် မိမိ၏ ပတ်ဝန်းကျင်မှာ ခိုးယူတိုက်ဖျက်လုယက်မှု များ ကင်း၍ စိတ်ချမ်းသာစွာ ဖြင့် နေရပါလိမ့်မည် ။ “ကာမေသုမိစ္ဆာစာရ”သီလကို စောင့်ထိန်းကြလျှင် သူတစ်ပါး၏ သားမယားကို ဖျက်ဆီးမှု ၊ မုဒိမ်းမှု ၊ လင်ခိုး မယားခိုး နောက်မီးလင်းခြင်းများ ကင်းပြီး စိတ်ချမ်းသာစွာ ဖြင့် နေရပါလိမ့်မည် ။ “မုသာဝါဒ”သီလကို စောင့်ထိန်းကြလျှင် မိတ်ပျက်ခြင်းစသည့်တို့ကင်းပြီး တစ်ဦးကိုတစ်ဦး ချစ်ခင်မှု များ ဖြစ်ကြပြီး စီးပွားပျက်သော အခြေအနေများ မ ဖြစ်ကြရ၍ စိတ်ချမ်းသာစွာ ဖြင့် နေရပါလိမ့်မည် ။ “သုရာမေရယ”သီလကို စောင့်ထိန်းကြလျှင် မူးရူးပြီးမိုက်မဲစွာ ဖြင့် အော်ဟစ်ဆဲရေး သော င်းကျန်းမှု များ ၊ ပတ်ဝန်းကျင်ကို နှောက်ယှက်မှု များ ၊ ရန် ဖြစ်မှု များ ဖြစ်၍ ရုံးရောက်တတ်မှု များ ကင်းဝေး၍ အားလုံးသော ပုဂ္ဂိုလ်များ စိတ်ချမ်းသာမှု များ ရရှိပါလိမ့်မည် ။

ဤကဲ့သို့ အခြားသော သီလတို့ကို စောင့်ထိန်းလျှင် မည် သို့မည် မျှ ချမ်းသာမှု ရမည် ကို စဉ်းစားကြည့်လျှင် သိနိုင်ပေလိမ့်မည် ။ ဤနေရာ၌ “ပါဏာတိပါတသီလ”၏ အကျယ်ကို သိရလျှင် ကျန်သော အဒိန္နာဒါနအစရှိသော သီလတို့၏ အကျယ်ကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားကြည့်ကြပါကုန်။

ကူဋဒန္တပုဏ္ဏားကြီးက အလှူဒါနအကြီးအကျယ်ပေးလို၍ အဘယ်ကဲ့သို့ ပြုလုပ်ရမည် နည်းဟု မြတ်စွာ ဘုရားရှင်ကို လျှောက်ထားသော အခါ ဘုရားရှင်က သူများ ကို ချမ်းသာအောင် အလှူဒါနပေးလှူခြင်းထက် သူတစ်ပါး ဆင်းရဲဒုက္ခမရောက်အောင် ငါးပါးသီလအစရှိသော သီလတို့ကို စောင့်ထိန်းခြင်းက သာ၍ မွန်မြတ်ကြောင်း ဟောကြားခဲ့ပါသည်။

သို့ ဖြစ်၍ အနည်းဆုံး ငါးပါးသီလကို မိမိကိုယ်တိုင်စောင့်ထိန်း သူတစ်ပါးတို့ကိုလည်း စောင့်ထိန်းအောင် နည်းပေးလမ်းညွှန်မှု ပြုလုပ်ပေးပြီး သတ္တ၀ါအားလုံးတို့အပေါ်၌ မေတ္တာ ကရုဏာထားနိုင်မည် ဆိုလျှင် ထိုသူသည် ”လူကောင်း” တစ်ယောက် အရည်အချင်းနဲ့ ပြည့်စုံသော ကြောင့် “လူကောင်း” တစ်ယောက် ဟု သတ်မှတ်နိုင်ပါသည်။

* * *


သုမနပန်းသည်၏ သဒ္ဓါတရား ကောင်းမွန်ပုံ

သုမနပန်းသည်သည် ဗိမ္ဗိသာရမင်းကြီးကို နေ့စဉ်မပြတ် နံနက်တိုင်း ပန်းဆက်သရပါသည်။ ထို့သို့ဆက်သလျှင် တစ်နေ့ကို အသပြာရှစ်ကျပ်ရလေသည်။ တစ်နေ့ဝယ် သုမနပန်းသည်သည် မင်းကြီးကို ဆက်သရန် မြတ်လေးပန်းတို့ကို ယူဆောင်လာစဉ် မြို့ထဲသို့ ဆွမ်းခံကြွလာသော ဘုရားရှင်နဲ့တွေ့ ၍ ဖူးမြင်ရသော အခါ ကြည်ညိုသော သဒ္ဓါတရားများ တဖွားဖွား ဖြစ်ပေါ်လာသဖြင့် လှူရန်ပစ္စည်းလိုက်ရှာကြည့်သော အခါ တစ်စုံတစ်ခုသော ၀တ္ထုကိုမျှ မမြင်ဘဲ ဖြစ်နေပါသည်။

ထိုအခါ သုမနပန်းသည်သည် ”ယခု ငါယူလာခဲ့သော မင်းကြီးအား ဆက်သရမည့် ပန်းတို့ကို လှူဒါန်းပူဇော်မည် ။ မင်းကြီးသည် သူ့ကို ဆက်သရမည့်  ပန်းတို့ကို မဆက်သ၍ ငါ့ကိုဖမ်းချင်လည်း ဖမ်းပါစေ၊ သတ်ချင်လည်း သတ်ပါစေ၊ တိုင်းပြည်မှ နှင်ထုတ်ချင်လည်း နှင်ထုတ်ပါစေ၊ ထိုမင်းကို ဆက်သလျှင် ငါ့အား တစ်ဘ၀စာ လုံလောက်ရုံမျှသော ဥစ္စာများ ကိုသာ ပေးလိမ့်မည် ။ ဘုရားရှင်အား လှူဒါန်းလျှင် တစ်သံသရာလုံး၌ ချမ်းသာမည့် အပြင် အမြတ်ဆုံး အချမ်းသာဆုံး ဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း ရောက်ပေလိမ့်မည် ” ဟု ယုံကြည်ခြင်းသဒ္ဓါတရား လွန်ကဲစွာ ဖြင့် မိမိအသက်ကို ပဓာနမထားဘဲ မတွန့်မဆုတ်သော သဒ္ဓါတရားဖြင့် မြတ်လေးပန်းတို့ကို လှူဒါန်းပူဇော်လေသည်။

သုမနပန်းသည် လှူဒါန်းသော ပန်းတို့သည် ဘုရားရှင်၏ ဦးထိပ်အထက် လက်ဝဲလက်ယာ ခြံရံလျက် လိုက်ပါကြလေသည်။ စိတ်မရှိသော ပန်းတို့သည် စိတ်ရှိသော ဘုရားရှင်ကို အမှီပြု၍ စိတ်ရှိသကဲ့သို့ ဘုရားရှင်နဲ့အတူတကွသာလျှင် တည်နေကြ၏ ။ ဘုရားရှင်ကြွတော် မူလျှင် လိုက်ပါသွားပြီး ဘုရားရှင်ရပ်တော် မူလျှင် ရပ်နေကြကုန်၏ ။ သုမနပန်းသည်သည် မိမိလှူသော ပန်းတို့နှင့် မြတ်စွာ ဘုရားရှင်၏ တင့်တယ်ခြင်းတို့ကို မြင်ရသော အခါ ခန္ဓာကိုယ်တစ်ခုလုံး၌ ပီတိများ ဖြင့် ပြည့်နေလေသည်။

သုမနပန်းသည်သည် ဘုရားရှင်ကို ရှိခိုးပြီးလျှင် ပန်းမရှိသော ခြင်းကိုကိုင်ပြီး အိမ်သို့ပြန်လာလေသည်။ အိမ်ရောက်သော အခါ သူ့၏ မယားအား ဘုရားရှင်ကို ပန်းတို့ဖြင့် ပူဇော်ခဲ့ကြောင်း ပြောပြရာတွင် မယား ဖြစ်သူက ထိတ်လန့်ခြင်းများ ဖြစ်ပြီး ”ထိုပန်းတို့ကို ဘုရားရှင်အားလှူဒါန်းခဲ့လျှင် မင်းကြီးအား ဆက်သရန် မည် ကဲ့သို့လုပ်မည် နည်း”ဟု မေးလေသည်။

ထိုအခါ သုမနပန်းသည်က ”ချစ်နှမ ငါသည် ငါ့အသက်ကို ပဓာနမထားဘဲ ငါ့အသက်ကိုစွန့်လွှတ်ပြီး လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ မင်းကြီးသည် ငါ့အား ပေးချင်သည့်ပြစ်ဒဏ်ပေးပါစေ အသင်ချစ်နှမသည် လူအပေါင်းတို့ ကြွေးကြော်သော အသံကို မကြားဘူးလား၊ ထိုအသံသည် ငါပန်းပူဇော်ရာ၌ အံ့ဖွယ်သရဲ ဖြစ်၍ ကြွေးကြော်ကြသော အသံ ဖြစ်ပေသည်”ဟု ပြောလေသည်။ မိုက်မဲတွေ ဝေလှသော သုမနပန်းသည်၏ မယားသည် ဤသို့အံ့ဖွယ် ဖြစ်သော အလှူဒါန၌ ကြည်ညိုနှစ်သက် ခြင်းမ ဖြစ်ဘဲ လင် ဖြစ်သူအား “မင်းတို့မည် သည် တစ်ကြိမ် ဖြစ်သော အမှု ဖြင့် လက်ခြေတို့ကိုဖြတ်ခြင်း အစရှိသော အကျိုးစီးပွါးမဲ့အောင် ပြုလုပ်တတ်ကုန်၏ ။ အသင်ပြုသော အမှု သည် ငါ့နဲ့မဆိုင်”ဟု ဆဲဆိုပြီးလျှင် ကလေးများ ကိုခေါ်၍ မင်းနန်းတော် သို့သွားပြီး မင်းကြီးအား သူမ၏ လင် သုမနပန်းသည်ပြုလုပ်သော အမှု ကိစ္စသည် သူနဲ့မပတ်သတ်ကြောင်း ကြိုတင်လျှောက်ထားလေသည်။

အမှာ စာ= ထိုကဲ့သို့ ဇနီးမောင်နှံနှစ် ယောက် သည် စိတ်ဓာတ်ချင်း မတူပါက ပစ္စုပ္ပန်ဘ၀တွင် သာ ဒုက္ခရောက်သည်မဟုတ်၊ သံသရာတစ်လျှောက်လုံးပါ ဒုက္ခရောက်နိုင်ပါသည်။ ဇနီးမောင်နှံနှစ် ယောက် တွင် တစ်ဦးက ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှု များ ကို လုပ်ချင်သော်လည်း ကျန်တစ်ဦးက မလုပ်ချင်၍ တားမြစ်ပိတ်ပင် ချောက်တွန်းမည် ဆိုလျှင် ကောင်းမှု ကုသိုလ် လုပ်ချင်သော သူသည် မျက်မှော က်တမလွန် နှစ် ဖြာလုံးပါ ဒုက္ခနဲ့ရင်ဆိုင်ရမည် မှာ သေချာပါသည်။ ထို့ကြောင့် အိမ်ထောင်ပြုသည်ဆိုသည်မှာ မျက်မှော က်ဘ၀ကိုသာကြည့်၍ အိမ်ထောင်မပြုသင့်ပါ။ တမလွန်အတွက်ပါကြည့်ပြီး ဇနီးမောင်နှံရွေးချယ်သင့်ပါသည်။

မိမိနှင့် အိမ်ထောင်ပြုမည့် သူသည် မိမိကဲ့သို့သော စိတ်သဘောထား၊ ဘာသာတူမတူ၊ ဘာသာရေး လိုက်စားမှု ရှိမရှိစသော အချက်အလက်တို့ တူညီမှု ရှိရန် အထူးလိုအပ်ပါသည်။ သို့မှသာ မျက်မှော က်ဘ၀၌ လည်း သာယာပျော်ရွှင်အောင်၊ စီးပွားရေး တိုးတက်အောင်၊ အိမ်ထောင်ရေး အဆင်ပြေအောင် နေနိုင်မည့် အပြင် တမလွန်အတွက်လည်း ကောင်းမှု ကုသိုလ်ပြုလုပ်သော အခါ နှစ် ဦးသဘောတူ ပြုလုပ်ရ၍ စိတ်ပျော်ရွှင်မှု ရရှိပြီး ချမ်းသာသုခမှန်သမျှတို့ကို မျက်မှော က်တမလွန်နှစ် ဖြာလုံး၌ ရရှိမည် ဖြစ်ပါသည်။

ထိုသို့မဟုတ်ဘဲ စိတ်ထားမတူ၊ ဘာသာမတူ၊ ဘာသာရေး လိုက်စားမှု မတူညီသော သူတို့ အိမ်ထောင်ကျလျှင် ထိုအိမ်ထောင်ရေး သည် မျက်မှော က်ဘ၀၌ ချမ်းသာစွာ နေခဲ့ရလျှင်တောင်မှ တမလွန်ဘ၀အတွက် စိတ်အေးရမည် မဟုတ်ပေ။

ယခုခေတ်ကာလ၌ အိမ်ထောင်ပြုနေကြသူများ ကို လေ့လာကြည့်သော အခါ ငွေကြေးဥစ္စာနှင့် ရာထူးဂုဏ်သိက္ခာတို့ကို ကြည့်၍ လည်းကောင်း တဏှာကို ဦးစားပေး၍ လည်းကောင်း အိမ်ထောင်ပြုနေကြသည်က များ နေသည်ကို တွေ့ ရှိရပါသည်။ ထိုကဲ့သို့ အိမ်ထောင်ပြုကြသူတို့သည် အသိဉာဏ်ဗဟုသုတ နည်းပါးသော ကြောင့် လည်းကောင်း၊ ဘာသာရေး စိတ်ဓာတ် နည်းပါးသော ကြောင့် လည်းကောင်း မိုက်မဲစွာ ဖြင့် အိမ်ထောင်ပြုကြခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။

ဇနီးမောင်နှံနှစ် ယောက် တွင် အနည်းဆုံးတူညီရမည့်  အချက်တို့မှာ စိတ်သဘောထား၊ ဘာသာနှင့် ဘာသာရေးးလိုက်စားမှု ၊ နားလည်ပေးမှု တို့ရှိမှသာလျှင် မျက်မှော က် တမလွန်နှစ် ဖြာလုံး၌ ကိုယ်စိတ်နှစ် ပါးချမ်းသာစွာ ဖြင့် နေနိုင်လိမ့်မည် ဟု ထင်မြင်မိပါသည်။

မိမိသည် ယခုအခါ လူ့ဘ၀ကို ရရှိနေသော ကြောင့် ယခုဘ၀ထက် တမလွန်ဘ၀ကို ဦးစားပေး၍ ဘယ်ကိစ္စမဆို ပြုလုပ်ရပါလိမ့်မည် ။ အဘယ့်ကြောင့် ဆိုသော် ယခု မိမိသည် လူ့ဘ၀ကို ရရှိနေပြီး ဖြစ်သည့်အတွက် ထမင်းမစားရလို့ ငတ်သေရင်တောင် အကုသိုလ်မလုပ်မိပါက စိုးရိမ်ပူပန် ကြောက်လန့်စရာ မရှိပါ။ နောင်ဘ၀တွင် အကုသိုလ်မကောင်းမှု မရှိသော ကြောင့် ကောင်းသော ဘ၀မှာ ဖြစ်ရပြီး ကောင်းကျိုးများ ကို ခံစားရမည် မှာ သေချာပါသည်။ ထို့ပြင် မိမိသည် အရင်ဘ၀က ကောင်းမှု ကုသိုလ်ရှိခဲ့သော ကြောင့် အသိဉာဏ်ရှိသော လူ့ဘ၀မှာ ရောက်လာပြီး ဖြစ်သည့်အတွက် ဒီဘ၀သည် နောက်ဘ၀လောက် ပူပန်းစရာ မလိုပါ။ နောက်ဘ၀မှာ မိမိသည် ဒီထက်နှိမ့်တဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုသည့် အပါယ်လေးဘုံများ ရောက်မည် လား၊ ဒီထက်မြင့်သည့် နတ်ဘုံ၊ ဗြဟ္မာ့ဘုံများ ရောက်မည် လားဆိုတာ မသေချာသေးပါ။ ထို့ကြောင့် ယခုရနေတဲ့ လူ့ဘ၀အတွက်ထက် နောက်ဘ၀ကောင်းစားအောင် ကုသိုလ်ကောင်းမှု လုပ်ရန် အဓိကဦးစားပေး လုပ်ဆောင်သင့်ပါသည်။

အဆက်= ဗိမ္ဗိသာရမင်းကြီးသည် ရှေးဦးစွာ မြတ်စွာ ဘုရားရှင်ကို ဖူးမြင်ရစဉ်ကပင် သော တာပန်တည်ခဲ့သူ ဖြစ်၏ ။

“ဤမိန်းမသည် အလွန်မိုက်မဲတွေ ဝေလေစွ၊ ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးတို့၌ နှစ်သက် ကြည်ညိုခြင်းကို မ ဖြစ်ဘဲ အပြစ်မြင်နေသည်မှာ အံ့သြဖွယ်ကောင်းလေစွ”ဟု

မင်းကြီးသည် စဉ်းစားပြီးနောက်

“အသင်ပန်းသည်မ ယခုအခါ သင်သည် သုမနပန်းသည်ကို စွန့်လွှတ်လိုက်ခြင်းသည် အလွန်ကောင်းပေစွ၊ သုမနပန်းသည်သည် ငါ့ကိုဆက်သရမည့်  ပန်းတို့ကို ဘုရားရှင်အား လှူဒါန်းပူဇော်လိုက်ခြင်းကြောင့် ငါ့အကြောင်းကို သိစေရမည် ”ဟု

သုမနပန်းသည်ကို အမျက်ထွက်သည့်ဟန်ဖြင့် ပြောဆိုပြီး ပန်းသည်မကို ပြန်ခိုင်းလိုက်လေ၏ ။ ထိုမိန်းမသည် သူ့ကို အမှု မပတ်တော့သဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်ပြီး ပြန်သွားလေသည်။

ဗိမ္ဗိသာရမင်းကြီးသည် သုမနပန်းသည်ကို ခေါ်ခိုင်းပြီး ရောက်လာသော အခါ

“ငါ့အားဆက်သရန် ယူဆောင်လာသော ပန်းတို့ကို အဘယ်သို့နှလုံးသွင်းပြီး ဘုရားရှင်အား လှူဒါန်းပူဇော်လိုက်ပါသလဲ”ဟု

မေးသော အခါ သုမနပန်းသည်က

“အရှင်မင်းကြီးသည် အကျွန်ုပ်အား သတ်လိုလည်း သတ်ပါစေ၊ တိုင်းပြည်မှ နှင်းထုတ်မှု လည်း နှင်းထုတ်ပါစေဟု အသက်ကိုစွန့်ပြီး လှူဒါန်းပူဇော်ခဲ့ပါသည်”

ဟု လျှောက်ထားလေသည်။ ထိုကဲ့သို့ သုမနပန်းသည် ဖြေကြားပြီးသော အခါတွင် မင်းကြီးသည် သုမနပန်းသည်ကို ဆုတော် လာဘ်တော် များ ပေးလိုက်လေသည်။

သုမနပန်းသည်၏ အလှူဒါနသည် အံ့သြဖွယ်ကောင်းသော ကြောင့် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာ ဘုရားရှင်အား ဘယ်လိုသော အကျိုးကျေးဇူးများ ရလိမ့်မည် နည်းဟု မေးလေ၏ ။ ထိုအခါ ဘုရားရှင်က

“သုမနသည်သည် ငါ့ဘုရားအား ကြည်ညိုသော သဒ္ဓါတရား ပြင်းထန်စွာ ဖြစ်ပြီး အသက်ကိုစွန့်လွှတ်၍ လှူဒါန်းပူဇော်ပူဇော်ခဲ့ခြင်းကြောင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး အပါယ်လေးပါးသို့ မကျရောက်ရဘဲ သုမနမည် သော ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည် ။ အကြင်သို့သော ကောင်းမှု ကုသိုလ်ကို ပြုအပ်သည်၏ အ ဖြစ်ကြောင့် နောင်တတဖန် ပူပန်ကြေကွဲဆင်းရဲခြင်း မ ဖြစ်၊ အောက်မေ့တိုင်း အောက်မေ့တိုင်းခဏ၌ နှစ်သက် ၀မ်းသာခြင်း ပီတိသော မနဿသာလျှင် ဖြစ်၍ နေ၏ ။ ထိုကဲ့သို့ နောင်တတဖန် မပူပန်ရသော နှလုံးပီတိတို့ဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်၍ ဆည်းပူးကြိုးကုတ် အားထုတ်အပ်သော ကောင်းမှု ကုသိုလ်၏ အကျိုးတရားသည် မျက်မှော က်တမလွန်နှစ် ဖြာလုံး၌ ကောင်းမွန်သော ချမ်းသာသုခတို့ကိုသာ ခံစားရလိမ့်မည် ”ဟု

မိန့်ကြားတော် မူလေသည်။

ထို့ကြောင့် ကျွန်ုပ်တို့လူသားများ သည် ကောင်းမှု ကုသိုလ်ပြုလုပ်ခွင့်ရသော ဘုရားသာသနာနဲ့လည်း တွေ့ ကြုံနေချိန်၊ လူ့ဘ၀ကိုလည်း ရရှိနေချိန်၊ ကောင်းမှု မကောင်းမှု ကို ခွဲခြားတတ်သော ဗုဒ္ဓရဲ့ အသိဉာဏ်ရှိနေချိန်တွင် ကောင်းမှု ကုသိုလ်ကို မပြုလုပ်ပါက ထိုသူထက်မိုက်သော သူ အဘယ်မှာ ရှိတော့မည် နည်း။ ကောင်းမှု ကုသိုလ်ပြုလုပ်သော အခါ၌ လည်း သုမနပန်းသည်ကဲ့သို့ အသက်ကိုစွန့်ပြီး ယုံကြည်သော သဒ္ဓါတရား မ ဖြစ်နိုင်စေကာမှု သဒ္ဓါတရားအပြည့်အ၀ဖြင့် ယုံကြည်ပြီး လှူဒါန်းကြရန် လိုပါသည်။

သို့မှသာလျှင် သုမနပန်းသည်ကဲ့သို့ မျက်မှော က်ဘ၀မှာ လည်း ချမ်းသာပြီး တမလွန်ဘ၀မှာ လည်း နိဗ္ဗာန်သို့မရောက်သေးသမျှ ကာလပတ်လုံး ချမ်းသာသုခခံစားရာအမှန် လူ့ဘ၀၊ နတ်ဘ၀တို့သို့သာ ရောက်ရှိခံစားရမည် ဖြစ်ပါသည်။

* * *


လူတော် လူကောင်း အဆက်

တစ်ဖန် သဒ္ဓါတရားသည် ငွေကြေးဥစ္စာနဲ့လည်း တူပါသည်။ ငွေကြေးဥစ္စာသည် မိမိလိုရာကို လဲလှယ်၍ ရသကဲ့သို့ ဥစ္စာပိုင်ရှင်ကိုလည်း အရှိန်အ၀ါ ကြီးမားမြင့်တက်သွားစေပြီး နှစ်သက် ရွှင်ပြုံစေခြင်းနှင့် ချမ်းသာသုခကိုလည်း ဖြစ်စေပါသည်။ ထို့အတူ သဒ္ဓါဟူသော ဥစ္စာရှိလျှင်လည်း လိုအပ်သော တရားစွမ်းအားများ ကို လဲလှယ်ယူနိုင်ပါသည်။ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်ကို ပီတိသော မနဿများ ဖြင့် အရှိန်အ၀ါ ကြီးမားစေပြီး မြင့်တက်သွားစေပါသည်။ သဒ္ဓါတရားရှိနေသော ကြောင့် နှစ်သက် ရွှင်ပြုံချမ်းသာနေမည် မှာ မလွဲဧကန် အမှန်ပင် ဖြစ်ပါသည်။

လောကတွင် ငွေကြေးဥစ္စာ အမြောက်အများ ရှိသော ပုဂ္ဂိုလ်သည် သဒ္ဓါတရားမရှိပါက ရတနာသုံးပါးကို ယုံကြည်ခြင်း၊ ကိုးကွယ်ခြင်းအစရှိသော ကောင်းမှု ကုသိုလ်တို့ကို ပိုင်ဆိုင်ခွင့်မရှိသော ကြောင့် ဘ၀သံသရာအတွက် ရင်လေးစရာ ကောင်းလှပါသည်။ ထို့ကြောင့် သဒ္ဓါတရားဟူသော ငွေကြေးဥစ္စာရှိဖို့က လောကလူသားတို့မှာ ပို၍ အရေး ကြီးလှပါသည်။ သို့မှသာလျှင် သံသရာခရီး ဖြောင့်ဖြူစွာ ဖြင့် ဖြတ်သန်းနိုင်မည် ဖြစ်ပါသည်။

နောက်တစ်မျိုးအားဖြင့် သဒ္ဓါတရားသည် မျိုးစေ့နဲ့လည်း တူပါသည်။ လောကမှာ ရေမြေကောင်းမွန် ပြည့်စုံပေမဲ့ စိုက်ပျိုးစရာ မျိုးစေ့မရှိလျှင် အပင်ပေါက်အောင် မလုပ်နိုင်ပါ။ မျိုးစေ့ရှိမှသာ အပင်ပေါက်အောင် စိုက်ပျိုးနိုင်ပါသည်။ ထို့အတူ ယုံကြည်လက်ခံမှု သဒ္ဓါတရားမျိုးစေ့မရှိလျှင် ဘုရားသာသနာနဲ့တွေ့ နေပေမဲ့၊ ဘ၀ကောင်း နေရာကောင်းမှာ နေရပေမဲ့၊ ကောင်းမှု ကုသိုလ်များ တိုးပွားအောင် မလုပ်နိုင်ပါ။ သဒ္ဓါတရားဟူသော မျိုးစေ့ရှိမှသာလျှင် ကုသိုလ်ကောင်းမှု များ လုပ်နိုင်၍ တရားစွမ်းအားများ ကုသိုလ်စွမ်းအားများ တိုးပွားလာသော ကြောင့် မျက်မှော က် တမလွန်နှစ် ပါးလုံး၌ ကိုယ်စိတ်ချမ်းသာစွာ ဖြင့် နေသွားရပါလိမ့်မည် ။

အများ အားဖြင့် စိတ်အစဉ်ကို သဒ္ဓါတရားနဲ့ တံခါးဖွင့်မပေးလျှင် စိတ်ထဲမှာ ဟာတာတာ ဖြစ်လာတိုင်း မကောင်းမှု ဒုစရိုက်အမှိုက်တွေ ၊ အရက်သေစာမူယစ်ဆေးဝါးတွေ ကို ခန္ဓာကိုယ်ထဲမှာ ထည့်သွင်းမိတတ်ပါသည်။ ထိုသို့ ထည့်သွင်းသော်လည်း စိတ်ဟာတာသည် ထင်သလိုပြေပျောက်မသွားဘဲ ကျန်းမာရေး ၊ စီးပွားရေး ၊ လူမူရေး ၊ ပညာရေး များ ထိခိုက်ပြီး ဆုံးရှုံးနစ်နာမှု များ ဖြင့် သာ ရင်ဆိုင်ကြရပါသည်။

ထို့ကြောင့် မိမိ၏ စိတ်ကို မိမိဘာသာထိန်းနိုင်ရန် တရားဓမ္မရှိရန် လိုပါသည်။ တရားဓမ္မရှိမှသာလျှင် မှန်ကန်သော အသိပညာနဲ့ ထိန်းနိုင်သော ကြောင့် အမှားများ မပြုလုပ်မိ၍ ဆုံးရှုံးနစ်နာမှု များ ဖြင့် မတွေ့ ကြုံရမည် ဖြစ်ပါသည်။ ဆုံးရှုံးနစ်နာမှု များ နဲ့ မတွေ့ ကြုံရအောင် စိတ်ထဲမှာ ဟာတာတာ ဖြစ်လာတိုင်း တရားများ ကို အာရုံပြု အသိဉာဏ်နဲ့ဆင်ခြင်တက်ဖို့ရန်အတွက် သဒ္ဓါတရားတံခါးကို အစဉ်ဖွင့်ပေး ထားရပါမည် ။

သဒ္ဓါတရား တံခါးဖွင့်မလွဲရန်လည်း ဂရုစိုက်ရပါမည် ။ သဒ္ဓါတရား တံခါးဖွင့်လွဲသွားရင် မဟုတ်မမှန်သော နေရာတို့၌ ယုံကြည်ပြီး သဒ္ဓါတရားကောင်းသွားလျှင် မိမိကောင်းသော သဒ္ဓါ တရားသည် မကောင်းဘက်မှာ လုပ်မိသော ကြောင့် စိုးရိမ်ပူပန်မှု နောင်တရမှု စသော အပူအခိုးအငွေ့တွေ ၀င်လာတတ်ပါသည်။ သဒ္ဓါတရားသည် ကောင်းသော နေရာတို့၌ ထားတက်မှသာလျှင် စိတ်၏ ငြိမ်းချမ်းမှု များ ရရှိပြီး ကောင်းသော သုခများ ခံစားရပါလိမ့်မည် ။

ထို့ပြင် သဒ္ဓါတရားသည် သံသရာခရီးသွားတို့၏ အဖော်ကောင်းလည်း ဖြစ်ပါသည်။ အကြောင်းမှာ ကောင်းမှု တရားစွမ်းအင် ဖြစ်သော မိတ်ဆွေကောင်းများ နဲ့ တွေ့ ဆုံပေါင်းသင်းရင်းနှီးမှု ရအောင် သဒ္ဓါတရားက မိတ်ဆက်ပေးသော ကြောင့် ဖြစ်ပါသည်။ သဒ္ဓါတရားသည် ကောင်းမှု ကုသိုလ်နဲ့ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်ပါသည်။ ကောင်းမှု ကုသိုလ်ပြုလုပ်ရန် သဒ္ဓါတရားက မိတ်ဆက်ပေးသော ကြောင့် ဒါန သီလ ဘာဝနာစသော ကောင်းမှု ကုသိုလ်များ လုပ် ဖြစ်ပါသည်။ သဒ္ဓါတရားက မိတ်ဆက်မပေးပါက ကောင်းမှု ကုသိုလ်လုပ်လျှင် အကျိုးရှိမှန်း၊ လုပ်ရမည့် အရာ၊ လူကောင်းတို့၏ အလုပ် ဖြစ်သည်ဟု သိမည် မဟုတ်ပါ။

တစ်ခါ သဒ္ဓါတရားသည် စိတ်ကိုအအေးပေးသော ကိရိယာလည်း ဖြစ်ပါသည်။ လူ တစ်ယောက် ၏ စိတ်ထဲမှာ ခြစ်ခြစ်တောက် ပူလောင်နေသော အခါ ရေတို့လေတို့က ပကတိရုပ်ပိုင်းဆိုင်ရာကိုသာ အေးအောင် လုပ်ပေးနိုင်ပြီး သဒ္ဓါတရားကသာလျှင် စိတ်ကိုအေးအောင် ပြုလုပ်ပေးနိုင်ပါသည်။ သဒ္ဓါတရားကောင်းသလောက် အေးမြကြည်လင် ပျော်ရွှင်မှု ကို ခံစားရပါလိမ့်မည် ။

ဥပမာ-မိမိရဲ့ စိတ်ထဲမှာ ပူလောင်မှု တစ်ခုခု ဖြစ်လာလျှင် ဘုရားကိုအာရုံပြုခြင်း၊ ဘုရားဂုဏ်တော် ရွတ်ပွားခြင်း၊ တရားနာခြင်း၊ တရားစာအုပ်ဖတ်ခြင်းစသော ကောင်းမှု ကုသိုလ် တစ်ခုခုကို ပြုလုပ်ပေးလျှင် မိမိရဲ့ စိတ်ခံစားမှု များ အေးမြကြည်လင် သွားပါလိမ့်မည် ။ ထို့သို့မဟုတ်ဘဲ အပူပေါ်အပူဆင့်ပြီး မကောင်းတာလုပ်လျှင် မိမိစိတ်သည် ပို၍ ပူလောင်မှာ သေချာပါသည်။ ချက်ခြင်းမပူလောင်လျှင်သော်မှ ထိုမကောင်းမှု အပူသည် မကြာခင် ခံစားလာရပါလိမ့်မည် ။

ထို့ကြောင့် လူသားတို့သည် သဒ္ဓါတရားရှိပြီး သူ့နေရာနဲ့သူ အသုံးချတတ်မည့် ဆိုလျှင် ကောင်းမှု ကုသိုလ်များ တိုးပွားပြီး ဘ၀သံသရာမှာ ကိုယ်စိတ်နှစ် ပါးချမ်းသာစွာ ဖြင့် နေရပြီး သန္တိသုခနိဗ္ဗာန်ကိုလည်း မလွဲဧကန် အမှန်ပင် လျင်မြန်စွာ ရောက်ရှိရပါလိမ့်မည် ။

အထက်၌ ဖော်ပြခဲ့သော သဒ္ဓါတရားသည် (၄)မျိုး ရှိပါသည်။ ထို(၄)မျိုးမှာ

(၁) အာဂမသဒ္ဓါ-ဘုရားလောင်းတို့၏ သဒ္ဓါတရားသည် အာဂမသဒ္ဓါ။

(၂) အဓိဂမသဒ္ဓါ-အရိယာတို့၏ သဒ္ဓါတရားသည် အဓိဂမသဒ္ဓါ။

(၃) သြကပ္ပနသဒ္ဓါ-ပုထုဇဉ်ပုဂ္ဂိုလ် အာသော ကမင်း၊ အဇာတသတ်မင်းတို့၏ သဒ္ဓါတရားကဲ့သို့ ရတနာသုံးပါး အပေါ်၌ မတုန်မလှုပ် ယုံကြည်သော သဒ္ဓါတရားသည် သြကပ္ပနသဒ္ဓါ။

(၄) ပသာဒသဒ္ဓါ-ယုံကြည်ခြင်း သဒ္ဓါကို အာရုံမပြုဘဲ လှူဒါန်းသော သဒ္ဓါတရားသည် ပသာဒသဒ္ဓါ။

သဒ္ဓါတရား(၄)မျိုးရှိသော်လည်း ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သဒ္ဓါတရားသည် သြကပ္ပနသဒ္ဓါနှင့် ပသာဒသဒ္ဓါ (၂)မျိုးသာ ရှိပါသည်။ ထို့တွင် ပသာဒသဒ္ဓါ မ ဖြစ်ရန် အရေး ကြီးပါသည်။ မိမိလှူသော အလှူသည် ပသာဒသဒ္ဓါ ဖြစ်ခဲ့ပါက လှူရကျိုးမနပ်ဘဲ ဖြစ်နေပေလိမ့်မည် ။ သြကပ္ပနသဒ္ဓါဖြင့် ပေးလှူမှသာလျှင် မိမိလိုသော အကျိုးတရားများ ကို အပြည့်အ၀ ရရှိမည် ဖြစ်ပါသည်။ သြကပ္ပနသဒ္ဓါ ဖြစ်ရန် အထက်၌ ဖော်ပြခဲ့သော သဒ္ဓါအကြောင်းကို သေချာနားလည်အောင် လေ့လာပြီး မိမိ၏ စိတ်ကို ပြုပြင်ပေးထားရန် လိုအပ်လှပါသည်။

သဒ္ဓါနဲ့ပတ်သက်၍ သာဓကအနေဖြင့် တင်ပြရမည် ဆိုလျှင် အဇာတသတ်မင်းတို့၏ သဒ္ဓါတရား၊ အသော ကမင်းတို့၏ သဒ္ဓါတရားအစရှိသည်ဖြင့် သဒ္ဓါတရားကောင်းမွန်သော ပုဂ္ဂိုလ်တို့ များ စွာ ရှိပါသည်။ ဤနေရာ၌ အတုယူဖွယ်ကောင်းသော သဒ္ဓါတရားကို အသက်နဲ့လဲလှယ်ခဲ့သော ယောက်ျားလေး သုမနပန်းသည်၏ သဒ္ဓါတရားကောင်းပုံကို တင်ပြပေးချင်ပါသည်။

* * *


လူတော် လူကောင်း အဆက်

သဒ္ဓါအစစ် အတု ခွဲခြားပုံ

သဒ္ဓါအစစ်ဆိုသည်မှာ သဒ္ဓါ၏ အကျယ်ဖွင့်ဆိုချက်၌ ဖော်ပြခဲ့သော အချက်အလက်တို့ကို အမှန်တကယ် တတ်သိနားလည်၍ ယုံကြည်ခြင်း၊ ကောင်းမွန်မှန်ကန်သော အကြောင်းအရာတို့ကို ယုံကြည်ခြင်း၊ အပြစ်ကင်းစင်၍ သန့်သန့်ရှင်းရှင်း ယုံကြည်ခြင်းတို့သည် သဒ္ဓါအစစ်ပင် ဖြစ်ပါသည်။

သဒ္ဓါအတုဆိုသည်မှာ ဘုရားက ရောင် ခြည်တော် မလွှတ်ပါဘဲ ”ရောင် ခြည်တော် လွှတ်သည်”ဟု ပြောဆိုပြီး ဘုရားကို မှီခိုစားနေသူတို့က လိမ်ပြောသည်ကို ယုံကြည်ခြင်း၊ ဓာတ်တော် အစစ် မဟုတ်ပါဘဲ ဓာတ်တော် အစစ်ဟု လိမ်ပြောသည်ကို ယုံကြည်ခြင်း၊ မိစ္ဆာအယူရှိသူများ သည် မိမိတို့အယူဝါဒကို ယုံကြည်ခြင်းအစရှိသော လွဲမှားသော ယုံကြည်မှု များ သည် သဒ္ဓါအစစ်မဟုတ်ပါ။ ရိုးအညံ့ဖျင်း အသိဉာဏ်မရှိသော မောဟအကုသိုလ်သာ ဖြစ်ပေသည်။

ထို့ပြင် အပြောကောင်း၊ အသံကောင်း၊ အကျိုးဆောင်ကောင်း၊ ဆေးကောင်း ၀ါးကောင်းပေးခြင်း၊ ဗေဒင်ဟောပေးခြင်း၊ ချဲထီတွက်ပေးခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးသော ရဟန်းတော် များ ကို ”ကြည်ညိုလှပါသည်”ဟု ပြောဆိုကြသော မိန်းမများ နှင့် အချို့သော ယောက်ျားများ ၏ ကြည်ညိုလှူဒါန်းမှု များ သည် သဒ္ဓါအစစ် မ ဖြစ်နိုင်ပါ။ ရင်းနှီးမှု တဏှာပေမ-မကင်းသော မောဟအကုသိုလ်ပင် ဖြစ်ပေသည်။ ထိုကဲ့သို့သော သဒ္ဓါအတုကို ကျန်းဂန်တို့၌ ”မုဒ္ဓပန္န-ဖျင်းသော ကြည်ညိုမှု ”ဟု ပြဆိုထားပါသည်။

ထို့ကြောင့် ထေရ၀ါဗုဒ္ဓဘာသာ အစစ်အမှန် ဖြစ်သော ပုဂ္ဂိုလ်များ သည် သဒ္ဓါအစစ်ဖြင့် ပေးကမ်းလှူဒါန်းတက်ရန် အရေး ကြီးလှပေသည်။ ထိုသို့မဟုတ်ဘဲ သဒ္ဓါအတုဖြင့် ပေးကမ်းစွန့်ကြဲလှူဒါန်းပါက လိုအပ်သော အကျိုးထူးများ မရရှိဘဲ ဖြစ်နေပေလိမ့်မည် ။ ယခုခေတ်ကာလသည် အညာအဖြန်းပေါသော ကာလ ဖြစ်သော ကြောင့် သဒ္ဓါအစစ်ဖြင့် ပေးလှူတက်ရန် အထူးသတိထားပြီး ဆင်ခြင်စဉ်းစားမှု ဖြင့် ပေးလှူမှသာလျှင် အကျိုးရှိသော သဒ္ဓါအစစ် ဖြစ်ရကား လိုအပ်သော အကျိုးထူးတရားများ ကို ရရှိပေလိမ့်မည် ။

ယခုခေတ်၌ ဘာသာခြားတို့၏ သွေးဆောင်ဖြားယောင်းသည်ဘက်သို့ လိုက်သွားသူများ လည်း ရှိပါသည်။ ထိုသူများ သည် မိမိကိုယ်ပိုင်ဉာဏ်၌ သဒ္ဓါတရား အစစ်မရှိသော ကြောင့် ဖြစ်ပေသည်။ ထိုသို့ ဘာသာခြားများ က ဖြားယောင်းနေသည့်ခေတ်တွင် ဗုဒ္ဓဘာသာဆိုသူတို့အတွင်းမှာ တရားအဆန်း၊ ကမ္မဋ္ဌာန်အဆန်း၊ ဆေးဝါးအဆန်းတို့ဖြင့် လှည့်စားဖြားယောင်းသူများ လည်း ရှိသေး၏ ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များ ကို ပေးကမ်းလှူဒါန်းရာ၌ လည်း သဒ္ဓါပေးမဟုတ်၊ တဏှာ-အချစ်ပေး အဖျင်းအနပေးသာ ဖြစ်ပေသည်။

ထိုအဆန်းအပြားဉာဏ်သမားများ ကို ပညာရှိသူတော် ကောင်းများ နှင့် တာဝန်ရှိသူများ သည် ”အရေး မစိုက်လောက်ဘူး”ဟု လျစ်လျူရှု့ထားသည့်အတွက် ထိုကဲ့သို့သော အဆန်းသမားများ သည် အိမ်ဦးတက်လျက် ရှိကြပေသည်။ မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ တရားဘက်ဆိုင်ရာဝယ် မိန်းမသားများ က ခေါင်းဆောင် လုပ်နေကြသည်ကို တွေ့ ရပါသည်။ ထို့ကြောင့် မည် သည့်ကိစ္စမဆို ယုံသင့် မယုံသင့် နှိုင်းချင့်ဖို့ရာ လိုပေသည်။ ထို့ပြင် ဘာသာရေး နှင့် ဆိုင်သော အသိဉာဏ်ပညာများ ကို ယခုလက်ရှိအခြေအနေထက် တိုးတက်ပြန့်ပွားရန် မိန်းမသားများ က စပြီး အားလုံးကြိုးစားကြရန် လိုပေသည်။

* * *


သဒ္ဓါနှင့် ချစ်ခြင်းပေမ ရောနှောနေပုံ

ယခုခေတ်တွင် အချို့သော “လူတော် လူကောင်း”များ ၌ သဒ္ဓါနှင့် ချစ်ခြင်းပေမ ရောနှောနေသည်ကို တွေ့ ရပါသည်။ အနေအထိုင်နှင့် အပြော အဟော အဆုံအမ ကောင်းမွန်သော ပုဂ္ဂိုလ်ပေါ်တွင် အနေအထိုင် အပြောအဟော ကောင်းသည့်အတွက် ကြည်ညိုပြီး သဒ္ဓါတရား ဖြစ်ကြပါသည်။ မိမိကို သွန်သင်ဆုံးမသည့်အတွက် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်ကြ၏ ။ ထိုကဲ့သို့ ကြည်ညိုခြင်းသည်ကား သဒ္ဓါ-ချစ်ခင်ခြင်းသဘော ပေမရင်းနှီးခြင်းသာ ဖြစ်ပါသည်။

ဘုရားရှင်ကြည်ညိုသော ၀က္ကလိသည်ပင် ဘုရားရှင်ကို ချစ်ခင်နှစ်သက် သော ကြည်ညိုခြင်းဖြင့် ကြည်ညိုသော ကြောင့် ချစ်ခြင်းပေမသာ ဖြစ်ခဲ့၏ ။ သဒ္ဓါအစစ်ဖြင့် ကြည်ညိုခြင်း မဟုတ်ပေ။ ထို့ကြောင့် မြတ်စွာ ဘုရားရှင်က “ငါ၏ ခန္ဓာကိုယ်နှင့် ငါ့ကို သံယောဇဉ်ဖြင့် ချစ်ခင်ခြင်းဖြင့် တရားမရနိုင်၊ ငါဟောကြားသွန်သင်သော တရားတို့ကို လိုက်နာကျင့်ကြံမှသာလျှင် တရားထူးရရှိပြီး ငါ့ကိုချစ်ရာရောက်ပေမည် ”ဟု မိန့်ကြားတော် မူခဲ့ပါသည်။ ထို့အတူ ဘုရားရှင်၏ ငယ်ကျွန်ရင်း ဆန္နအမတ်မထေရ်သည်လည်း ဘုရားရှင်အပေါ်၌ သခင်ချစ်ဖြင့် ချစ်ခင်ကြည်ညိုနေသည်မှာ သဒ္ဓါအစစ်မဟုတ်ဘဲ ချစ်ခြင်းပေမဖြင့် သာ ကြည်ညိုခဲ့လေသည်။ ထို့ကြောင့် ဆန္နအမတ်မထေရ်ကိုလည်း ရှေးနည်းတူစွာ ဟောပြောဆုံးမသော ကြောင့် ဘုရားရှင်နားမှ ခွဲခွာပြီး တရားအားထုတ်မှသာလျှင် တရားထူးရခဲ့ပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာဝင် သူတော် ကောင်းတို့သည် သဒ္ဓါနှင့် ပေမခွဲခြားပြီး ကြည်ညိုတက်ရန် လိုအပ်သကဲ့သို့ လှူဒါန်းပေးကမ်းတက်ရန်လည်း လိုပါသည်။ ပုထုဇဉ်လူသားမှန်သမျှသည် မိမိကို တစ်စုံတစ်ခု နှစ်သက် သဘောကျအောင် လုပ်ဆောင်ပေးသော ပုဂ္ဂိုလ်ကို ချစ်ခင်နှစ်သက် ခြင်းမှာ ဓမ္မတာ ဖြစ်နေ၏ ။ သို့သော်လည်း မိမိက ပေးကမ်းလှူဒါန်းသော အခါ သဒ္ဓါယုံကြည်ခြင်း အပြည့်အ၀ဖြင့် လှူဒါန်းမှသာလျှင် ကုသိုလ်အစစ် ဖြစ်ပြီး လိုအပ်သော အကျိုးတရားတို့ကိုလည်း အပြည့်အ၀ ရရှိပေမည် ။ မိမိက ပေးကမ်းလှူဒါန်းမည် ဆိုလျှင် ထိုပုဂ္ဂိုလ်၏ မိမိအပေါ်၌ ရှိသော ကျေးဇူးတရား နှစ်သက် ခြင်းသဘောတရားများ ကို ဖယ်ခွာပြီးလျှင် မိမိလှူဒါန်းရခြင်း အကျိုးကျေးဇူးသည် ဒုက္ခဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ရောက်ဖို့ ဖြစ်သည်ဟု အာရုံပြုပြီး လှူဒါန်းကြရန် လိုပါသည်။

တခြားဆုများ ကို တောင်းတနေစရာ မလိုပါ။ နောက်ဆုံးပန်းတိုင်ကို ရောက်ဖို့ပြုလုပ်နေသူသည် အလယ်ကဖြတ်သန်းသွားရမည့်  ရောက်ရမည့် နေရာကို မလိုချင် မ ဖြစ်ချင်လည်း သူ့အလိုလို ဖြစ်လာမည့်  ရောက်လာမည့်  အရာများ ဖြစ်ပါသည်။ နောက်ဆုံး ပန်းတိုင်ကို ရောက်မည် ဆိုမှတော့ ခြားက နေရာများ သည် မရောက်ချင်လည်း ရောက်ပါလိမ့်မည် ။ ဥပမာ- မန္တလေးမြို့မှ ရန်ကုန်ကို သွားမည့် လူသည် သူ၏ ပန်းတိုင် ဖြစ်သော ရန်ကုန်ကို ရောက်မည် ဆိုလျှင် ရောက်အောင် သွားနေလျှင် မိမိဖြတ်သန်းကျော်လွှားရမည့်  နေပြည်တော် မြို့၊ ပျောဘွယ်မြို့၊ ပဲခူးမြို့တို့ကို မရောက်ချင်လျှင်လည်း ရောက်ရပါလိမ့်မည် ။ ထို့အတူ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင် ဖြစ်သော နိဗ္ဗာန်ကို ဆုတောင်းပြီး ရောက်အောင် လုပ်နေလျှင် ခြားကဖြတ်သွားရမည့်  လူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ်များ ကို တောင်းတနေစရာမလိုပါ။

သဒ္ဓါနှင့် ပေမ ရောနှောနေလျှင် သဒ္ဓါသဘောက ကုသိုလ်အစစ် ဖြစ်သော်လည်း သံယောဇဉ်ပေမမှာ အကုသိုလ် ဖြစ်၏ ။ ထိုသို့သော သံယောဇဉ်များ ဖြစ်ပြီး ပုဂ္ဂိုလ်ခင်၍ တရားမင်ကာ အသိအလိမ္မာနှင့် ကုသိုလ်ပါရမီတိုးပွားမှု “အကုသလောဓမ္မော-အကုသိုလ်တရားသည်၊ ကုသလဿဓမ္မဿ-ကုသိုလ်တရားအား၊ ဥပနိဿယပစ္စယေန-ပကတူပနိဿယဟု ခေါ်သော ပဋ္ဌာန်းပစ္စည်းတစ်မျိုးဖြင့် ၊ ပစ္စယော-ကျေးဇူးပြုနိုင်၏ ”ဟူသော ပဋ္ဌာန်းပါဠိတော် နှင့် အညီ အကုသိုလ်ကလေးက များ စွာ သော ကုသိုလ်အား ကျေးဇူးပြုရန် အကြောင်းကောင်း ဖြစ်သော်လည်း ဆရားသမား ဖြစ်သူက စေတနာရင်းဖြင့် ဟောပြောဆုံးမပြီး တပည့် ဖြစ်သူကလည်း ဟောပြောသမျှ လိုက်နာစောင့်ထိန်းမှသာလျှင် ကုသိုလ်ရရန် အကြောင်းကောင်း ဖြစ်ပြီး အကျိုးရပေမည် ။ ပေးကမ်းလှူဒါန်းမှု ပြုလုပ်တက်ရန် ပေးကမ်းလှူဒါန်းမှု နဲ့ပတ်သတ်ပြီး အကျယ်ကို စာဂ-ဒါနခန်းတွင် ရေး သား တင်ပြပေးပါမည် ။

* * *


သဒ္ဓါနဲ့တူသော ဥပမာများ

လောက၌ ပို့ဆောင်ရေး သေချာနိုင်ရန် ဆက်သွယ်ရေး ကောင်းဖို့ လိုပါသည်။ ထို့အတူ ဓမ္မနယ်ပယ်မှာ လည်း တရားဒေသနာများ တိုးတက်အောင် ဆက်သွယ်ရေး ကောင်းရန် လိုပါသည်။ ဓမ္မနယ်ပယ်မှာ ဆက်သွယ်ရေး တာဝန်ကို သဒ္ဓါတရားက ဆက်သွယ်ပေးပါသည်။ အကြောင်းအကျိုးပြပြီး ကောင်းမှု တရားတွေ နှင့် စိတ်ကို သဒ္ဓါတရားက ဆက်သွယ်ပေးနေပါသည်။ သဒ္ဓါတရားသည် စိတ်ကိုယုံကြည်လာအောင်၊ လက်ခံနိုင်အောင်၊ ခံယူချက် ပြတ်သားနိုင်အောင် လုပ်ပေးပါသည်။ ထို့ပြင် ဘ၀ခန္ဓာနှင့် စိတ်အစဉ်ကို အညွှန့်တလူလူနဲ့ လွှင့်ထူပေးပါသည်။ စိတ်အစဉ်ကိုလည်း တံခါးဖွင့်ပေးပါသည်။

ထို့ကြောင့် သဒ္ဓါတရားကို “စိတ်ရှင်းကိရိယာ”လို့ ဆိုလျှင်လည်း မှန်ပါသည်။ ရှုပ်နေသော စိတ်ကို ရှင်းသွားစေသည်။ နောက်ကျူနေသော စိတ်ကို ကြည်လင်သွားစေသည်။ ပူနေသော စိတ်ကို အေးသွားစေသည်။ ခြောက်ကပ်ကပ် ဖြစ်နေသော စိတ်ကို စိုပြေလန်းဆန်း သွားစေသည်။

ထို့ပြင် သဒ္ဓါတရားသည် လက်နှင့် လည်း တူပါသည်။ လောကအသုံးအဆောင်ပစ္စည်းမှန်သမျှကို ပကတိလက်နဲ့ ကောက်ယူ၍ ရသကဲ့သို့ ကောင်းမှု တရားမှန်သမျှကိုလည်း သဒ္ဓါတရားနဲ့ နှစ်သက် ကြည်ဖြူစွာ ကောက်ယူ၍ ရပါသည်။ ပကတိလက်သည် မီးခဲကဲ့သို့ ပူသော အရာများ ကို မကိုင်ချင်ပေ။ အညစ်အကြေးရှိသော ပစ္စည်းများ ကိုလည်း မကိုင်ချင်ပါ။ အေးသော ပစ္စည်း သန့်ရှင်းသော အရာမျိုးကိုသာ ကိုင်ချင်ပါသည်။ ထို့အတူ သဒ္ဓါတရားသည် မိမိကို ပူလောင်ညစ်နွမ်းစေတက်သော မကောင်းမှု ဒုစရိုက်များ ကို မပြုလုပ်ချင်ပါ။ မိမိ၏ စိတ်ကို အေးမြင်ကြည်လင် သန့်ရှင်းစင်ကြယ်စေတက်သော ကောင်းမှု တရားတို့ကို ပြုလုပ်ချင်ပါသည်။

* * *


သီလနဲ့ပတ်သတ်သော အကြောင်းအရာများ

ငါးပါးသီလကို ဆောက်တည်လျှင် ဖြစ်စေ၊ မဆောက်တည်လျှင် ဖြစ် ကျုးလွန်သော သူသည် အပါယ်လေးဘုံသို့ ရောက်ရခြင်းစသော ဆိုးကျိုးများ ကို မည် သူမဆို ရရှိမည် ဖြစ်သော ကြောင့် လူသားစသော သတ္တ၀ါများ အမြဲစောင့်ထိန်းရမည့်  ကိုယ်ကျင့်တရားများ ဖြစ်ပါသည်။ ၀ိကာလဘောဇနစသော သီလများ ကား မဆောက်တည်နိုင်လျှင် အပြစ်မရှိသကဲ့သို့ အပါယ်ဘုံသို့ ကျရောက်ခြင်းစသော ဆိုးကျိုးများ ကိုလည်း မခံစားရပါ။ သို့သော် ဆောက်တည်လျှင်ကား ဆောက်တည်သော သီလကို အကြောင်းပြု၍ အကုသိုလ် ဖြစ်ခွင့်နည်းပြီး ကုသိုလ်တရား တိုးဖွယ်ရာသာရှိသော ကြောင့် ဆောက်တည်နိုင်လျှင် အကျိုးများ စွာ ရရှိပါသည်။

* * *


အဗြဟ္မစရိယကံ၏ အကျိုးများ

မေထုန်မှီဝဲခြင်းကို ရှောင်ကြဉ်သော သူသည် ကုသိုလ်တရားများ ကို ပိုမို၍ လုပ်ဆောင်နိုင်ပါသည်။ အရိယာသူတော် ကောင်းတို့သည် ဤမေထုန်အမှု ကို အပြစ်မြင်၍ တောထွက်ပြီး တရားအားထုတ်ကျင့်ကြံသော ကြောင့် နိဗ္ဗာန်ကို ရရှိခဲ့ကြပါသည်။

ရဟန်သံဃာများ ကို မေထုန်အကျင့် ရှောင်ကြဉ်ရန် သိက္ခာပုဒ် ပညတ်တော် မူခဲ့ခြင်းမှာ မေထုန်အမှု သည် အကုသိုလ်တိုးပွားအောင် လုပ်ဆောင်တတ်သော ကြောင့် ဖြစ်ပါသည်။ သီလပျက်စီးအောင် တရားဘာဝနာအားထုတ်မှု ပျက်စီးအောင် လုပ်ဆောင်တတ်သော မေထုန်အမှု သည် သံသရာမှထွက်မြောက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နေသော ရဟန်းသံဃာများ ၏ ဆန့်ကျင်ဘက် ရန်သူ ဖြစ်သော ကြောင့် မြတ်စွာ ဘုရားက တားမြစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါသည်။

လူသားစသော သတ္တ၀ါများ သည် မေထုန်အမှု ကို မရှောင်ကြဉ်နိုင်ကြ၍ သံသရာဝဲသြဃထဲ၌ ကျင်လည်နေကြရပါသည်။ ဤမေထုန်အမှု ကြောင့် လူသားများ သည် သူများ အသက်သတ်ခြင်း၊ သူတစ်ပါးဥစ္စာခိုးယူခြင်း၊ မုဒိမ်းမှု ဖြစ်ရခြင်း၊ မုသားပြောပြီး စီးပွားရှာနေရခြင်း၊ တစ်ဦးနှင့် တစ်ဦး ဆဲရေး တိုင်းထွာ ရန် ဖြစ်ရခြင်း၊ သားသမီးဇနီးမယားအတွက် မနေမနား စီးပွားရှာနေရခြင်းအစရှိသော ဆင်းရဲဒုက္ခမှန်သမျှကို ခံစားနေရသည်မှာ မေထုန်အမှု ကို မရှောင်ကြဉ်နိုင်သော ကြောင့် ဖြစ်ပါသည်။

* * *


ဝိကာလဘောဇနကံ၏ အကျိုးများ

နေ့လွဲညစာ မစားသော သူသည် ညစာစားရန် ချက်ပြုတ်မှု စသော အလုပ်တို့ကို မလုပ်ရ၍ တရားအားထုတ်ရန် အချိန်ပိုမိုရပါသည်။ ထို့ပြင် လူများ သည် နံနက်စာနှင့် ညစာတွင် ညစာကို အထူးချက်ပြုတ် စားသောက်လေ့ရှိကြပါသည်။ ထို့ကြောင့် စားသောက်ဆိုင်များ ၌ ညစာသည် မနက်စာထက် ပိုမို၍ ရောင်းရသကဲ့သို့ ညစာကပို၍ တန်ဖိုးများ သည်ကို တွေ့ ရပါသည်။ ထိုကဲ့သို့ ညစာကို အထူးချက်ပြုတ်စားရခြင်း၏ အကြောင်းနှင့် ညစာကို လူအများ က ဈေးကြီးမှန်းသိလျက် စားသောက်ဆိုင်တို့၌ သွားရောက်စားသောက်ခြင်းတို့၏ အကြောင်းတို့ကို စဉ်းစားကြည့်သော အခါ “ကောင်းမွန်သော အစားများ ကိုစားပြီး ကောင်းမွန်စွာ ပျော်ပါးလိုသော ကြောင့် ပင် ဖြစ်သည်၏ ”ဟု ခန့်မှန်း၍ သိနိုင်ပါသည်။ ညစာစားခြင်းသည် ကာမအာရုံတို့ကို အားပေးပါသည်။ ဗိုက်ထဲမှာ အစာပြည့်နေပါက စိတ်သည် ကာမအာရုံဘက်သို့ ညွတ်နေတတ်ပါသည်။

ထို့ကြောင့် သံဃာတော် များ နှင့် ဥပုသ်စောင့်သော သူများ သည် ညစာမစားလျှင် အလုပ်မရှုပ်၍ တရားအားထုတ်ရန် အချိန်ပိုရခြင်း၊ လောကီအာရုံကာမဂုဏ်ဘက်သို့ စိတ်မညွတ်နိုင်ခြင်းစသော အကျိုးတရားများ ရရှိအောင် ညစာရှောင်ကြဉ်ရခြင်း ဖြစ်ပါသည်။ ညစာစားကောင်းလေ ကာမအာရုံကို ပို၍ အားပေးရာရောက်လေ ဖြစ်၏ ။ သို့ ဖြစ်၍ မြတ်စွာ ဘုရားရှင်က ညစာစားခြင်းကို ရှောင်ကြဉ်ခိုင်းခြင်း ဖြစ်ပါသည်။

တစ်ချို့ ညစာမစားခိုင်းခြင်းသည် အစာငတ်ခံခိုင်းခြင်း ဖြစ်သည်ဟု ယူဆကြပါသည်။ အငတ်ခံခိုင်းခြင်း မဟုတ်ပါ။ ညစာမစားခြင်းသည် ကျန်းမာရေး အတွက်လည်း ပိုမိုကောင်းမွန်စေပါသည်။ အဘယ့်ကြောင့် ဆိုသော် တစ်ပါတ်မှ တစ်ရက်သာ ဥပုသ်စောင့်သော သည် နေ့စဉ် မနက်ရောညပါ အစားတွေ စားထားသဖြင့် အစာအိမ်ထဲမှာ အစာတွေ ကို ချေပေးနေရသော အစာချက်စက်လေးသည် အစာကို အမြဲချက်နေရသော ကြောင့် အစာဟောင်း အစာသစ်တို့၏ အညစ်အကြေးများ ဖြင့် ပြည့်နေပါသည်။ ညစာတစ်ရက်လောက် မစာသော အခါ အစာချက်လည်း အနာရ၍ အညစ်အကြေးများ လည်း ကင်စင်သော ကြောင့် ခန္ဓာကိုယ်ကျန်းမာရေး ကောင်းမွန်ပါသည်။ အကယ်၍ မနေနိုင်အောင် ဆာနေပါက အစာပြေအောင် ဖျော်ရည်၊ စတုမဓု၊ ဂျင်းသုတ်စသည်တို့ကို စားသောက်၍ ရပါသည်။

* * *


နစ္စဂီတစသော ကံ၏ အကျိုးများ

ကခြင်း၊ သီဆိုခြင်း၊ တီးမှု တ်ခြင်းတို့ကို ကိုယ်တိုင်သော်လည်းကောင်း၊ သူတစ်ပါးတို့အား ပြုလုပ်ခိုင်းခြင်းတို့သည်လည်းကောင်း၊ ပန်းအစရှိသော မွှေးစေတတ်သော အရာမှန်သမျှတို့ကို လိမ်းခြင်း ပန်ခြင်းတို့သည်လည်းကောင်း ကာမစိတ်တိုးပွားခြင်း၏ အကြောင်း ဖြစ်သော ကြောင့် ရှောင်ကြဉ်ရပါမည် ။

သို့သော်လည်း ကခြင်း၊ သီဆိုခြင်း၊ တီးမှု တ်ခြင်းတို့ကို မိမိဘာသာနေ့စဉ် မြင်လောက်ကြားလောက်သော အရပ်သို့လာ၍ ကခြင်းစသည်တို့ ပြုလုပ်သည်ကို ကြည့်ရှု့နားထောင်မိလျှင်၊ အဝေးတစ်နေရာသို့ အလုပ်ကိစ္စဖြင့် သွားရင်းလာရင်းတွေ့ မြင်၍ မလွဲသာမရှောင်သာ ကြည့်ရှု့နားထောင်မိလျှင် သီလမပျက်ပါ။ သို့သော် မမြင်မြင်အောင် တမင်တကာလှည့်၍ မကြည့်ရပါ။ TV Video စသည်တို့ကိုလည်း မမြင်မြင်အောင် မကြည့်ရပါ။

နံ့သာခဲများ ကို အနာ ရောဂါ ရှိလျှင် လိမ်းကောင်းပါသည်။ ရေမွှေးဆပ်ပြာခဲများ ကို ကိုယ်နံ့မကောင်းလျှင် ကာကွယ်သည့်အနေဖြင့် သုံးကောင်းပါသည်။

ပန်းနံ့သာအစရှိသော အမွှေးတို့ကို သီလမယူခင် ပြုလုပ်ကောင်းသော်လည်း သီလယူသည်နဲ့တပြိုင်နက် ထိုမွှေးစေတက်သော အရာမှန်သမျှတို့ကို ဖျက်ဆီးပစ်ရပါမည် ။ ယခုခေတ် ဥပုသ်စောင့်သော သူများ သည် သီလမယူခင် ပြုလုပ်ထားသော အရာ ဖြစ်သော ကြောင့် အပြစ်မရှိဟု ထင်နေကြပါသည်။ ထိုကဲ့သို့ မွှေးစေတတ်သော အရာဝတ္ထုတို့သည် ကာမစိတ်ကို ဖြစ်စေတတ်သော ကြောင့် လည်းကောင်း၊ မိမိက သီလယူသော အခါ ပန်ခြင်းလိမ်းခြင်း အစရှိသည်တို့ကို မပြုလုပ်ပါဟု ၀န်ခံထားသော ကြောင့် လည်းကောင်း ထိုအရာဝတ္ထုတို့ကို ပြုလုပ်ထားပါက အပြစ်ရှိသော ကြောင့် ဖျက်ဆီးပစ်ရပါမည် ။ သို့မှသာလျှင် မိမိမှာ ထိုကာမစိတ်များ မ ဖြစ်ဘဲ တရားကို ကောင်းမွန်စွာ စောင့်ထိန်းကျင့်ကြံနိုင်ပါလိမ့်မည် ။

* * *


ဥစ္စာသယန မဟာသယနကံ၏ အကျိုးများ

တစ်တောင်ထွာထက်မြင့်သော အိပ်ရာ နေရာ၊ အလွန်ကောင်းမွန် ခမ်းနားသော အိပ်ရာနေရာတို့၌ အိပ်ခြင်း၊ ထိုင်းခြင်းတို့သည် ထိုနေရာတို့၌ သာယာသော အတွေ့ အထိ တဏှာလောဘ ကာမစိတ်များ ဖြစ်သော ကြောင့် ရှောင်ကြဉ်ရပါမည် ။

ထို့ကြောင့် သီလဆောက်တည်ထားသော သူသည် မိမိထက်ကြီးသော သူရှိမှသာလျှင် ထိုနေရာတို့၌ မထိုင်ရ မအိပ်ရခြင်း မဟုတ်ပါ။ တစ်တောင်ထွာထက်မြင့်သော ထိုင်ခုံအိပ်ရာတို့၌ လည်းကောင်း၊ ကောဇောမွေ့ရာ စသည်တို့ဖြင့် ခင်း၍ ပြုလုပ်ထားသော ထိုင်ခုံအိပ်ရာတို့၌ သော်လည်းကောင်း ထိုနေရာတို့၌ သာယာမိသော လောဘစိတ် ဤကဲ့သို့သော နေရာကို ငါမှနေနိုင်သည်ဟူသော မာနစိတ်များ ဖြစ်တတ်ပါသည်။ သီလဆောက်တည်ထားသော ဥပုသ်သည်များ သည် သီလကို အသေးစား ဖြစ်သော အကုသိုလ်များ သော်မှမ ဖြစ်အောင် စောင့်ထိန်းရမည် ဖြစ်သော ကြောင့် ရှောင်ကြဉ်ရပါသည်။

သို့မှသာလျှင် မိမိစိတ်သည် စင်ကြယ်နေသော ကြောင့် မိမိစောင့်သော ဥပုသ်နေ့မှာ သီလစင်ကြယ်နေ၍ ကုသိုလ်တရားများ တိုးပွားအောင်ပြုလုပ်နေမှသာလျှင် ဥပုသ်စောင့်ရကျိုးနပ်သော ဥပုသ်သည် ဖြစ်ပါလိမ့်မည် ။ ထိုသို့မဟုတ်ဘဲ သီလယူထားပြီး သီလမယူသော သူ၊ သီလမရှိသော သူတို့နဲ့ တန်တူနေထိုင်ပါက ဥပုသ်စောင့်ရကျိုး မနပ်၍ ဥပုသ်သည်မပီသဘဲ ဖြစ်နေပေလိမ့်မည် ။

ယခုခေတ်လူများ သည် ဥပုသ်နေ့တိုင်းကို ဥပုသ်မစောင့်ကြသော သူများ ပေါများ ပါသည်။ သို့ ဖြစ်၍ မိမိတို့သည် ဥပုသ်သီလကို စောင့်ထိန်းရန်နှင့် မိမိစောင့်သော ဥပုသ်သီလကိုလည်း မည် သည့်နည်းနဲ့မျှ မကျိုးမပေါက်အောင် စောင့်ထိန်းကြရန် လိုပါသည်။

တစ်ချို့က မအား၍ ဥပုသ်မစောင့်ခြင်း ဖြစ်သည်ဟု ပြောဆိုကြပါသည်။ မိမိလုပ်သော တစ်နေ့တာအလုပ်သည် မိမိဘ၀အတွက် မည် မျှထိကောင်းအောင် ပြုလုပ်ပေးနိုင်မည် နှင့် ဥပုသ်စောင့်၍ ရရှိသော အကျိုးတရားသည် မိမိအတွက် မည် မျှအကျိုးရမည် ကို နှိုင်းယှဉ်ကြည့်နိုင်ရန် လိုပါသည်။

သုမနပန်းသည်ကဲ့သို့ တစ်နေ့တာအတွက် ရရှိမည့် အကျိုးနှင့် မရေမတွက်နိုင်သော ဘ၀တို့၌ ရရှိမည့် အကျိုးတရားတို့ကို စဉ်းစားပြီး ဒါနအမှု လုပ်ရန်လိုသကဲ့သို့ သီလစောင့်ထိန်းရန်လည်း လိုအပ်ပါသည်။ ထိုကဲ့သို့ စဉ်းစားတက်မှသာလျှင် “လူကောင်း” တစ်ယောက် ၏ အရည်အချင်းများ နဲ့လည်း ပြည့်စုံပါလိမ့်မည် ။

သီလနဲ့ပတ်သတ်၍ ဤမျှလောက်ဖော်ပြလျှင် သီလ၏ ကောင်းကျိုးဆိုးကျိုးများ ကို သိမြင်လောက်ပြီဟု ယူဆမိပါသည်။ သီလနဲ့ပတ်သတ်သော အကြောင်းအရာများ သီလစောင့်ထိန်းခြင်းအကျိုး သီလပျက်စီးခြင်း၏ အကျိုးတရားတို့ များ စွာ ရှိပါသည်။

အနာထပိဏ်သူဌေး၏ ကျွန်လုပ်သား တစ်ယောက် သည် နေ့ဝက်ဥပုသ်ကို မကျိုးမပေါက်အောင် စောင့်ထိန်းရသော သီလကုသိုလ်ကံကြောင့် ဘုန်းတန်ခိုးကြီးမားသော ရုက္ခစိုးနတ် ဖြစ်ခဲ့ရပါသည်။ သီလနဲ့ ပတ်သတ်သော ကောင်းကျိုးဆိုးကျိုးသာဓကတို့ များ စွာ ရှိသော်လည်း ရှေ့ဆက်ရေး သားရမည့်  အကြောင်းအရာတို့ ရှိနေသေးသည့်တွက် ဥပုသ်သီလကို နေ့ဝက်ကလေးမျှ စောင့်ထိန်းရသော ကုသိုလ်ကံကြောင့် ဘုန်းတန်ခိုးကြီးသော ရုက္ခစိုးနတ် ဖြစ်ရသည်ဟူသော သာဓကကိုထောက်ဆ၍ သီလစောင့်ထိန်းရခြင်း၏ အကျိုးတရားများ ကို မှန်းဆ၍ သိကြပါလေ။

* * *


ဟိရီသြတ္တပ္ပ အဓိပ္ပါယ်

ဤနေရာ၌ ဟိရီနှင့် သြတ္တပ္ပ နှစ် ခုကို တစ်ခုစီခွဲပြီး မရေး တော့ဘဲ ပေါင်းပြီး ရေး သားတင်ပြလိုက်ပါသည်။ ဟိရီနှင့် သြတ္တပ္ပဆိုသည်မှာ မကောင်းမှု ပြုလုပ်ရာ၌ ရှက်ခြင်းနှင့် ကြောက်ခြင်း ဖြစ်ပါသည်။

ဟိရီဆိုသည်မှာ ကာယဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက်လေးပါးတို့ကို ပြုလုပ်ရာ၌ ရှက်ခြင်းကို ဆိုလိုပါသည်။ ရှက်သည်ဟူရာ၌ “မိကောင်းဖခင် သားသမီး ဖြစ်သော အမျိုးကောင်းမှ မွေးဖွားသော ငါသည် မကောင်းမှု ပြုလုပ်နေလျှင် ရှက်စရာကောင်းသည်”ဟု မိမိအမျိုးဂုဏ်သိက္ခာကြောင့် ရှက်သူလည်းရှိ၏ ။

ထို့ပြင် “ငါသည် ပညာတတ်သူ တစ်ယောက် ဖြစ်သော ကြောင့် ပညာမရှိသူ ဘာမှအသိဉာဏ်မရှိသော နလပိန်းတုံးများ ရဲ့ အလုပ် ဖြစ်သည်“ဟု မိမိပညာဂုဏ်ကြောင့် ရှက်သူလည်းရှိ၏ ။ တဖန် အစွမ်းသတ္တိနှင့် ပြည့်စုံသော သူသည် “မကောင်းမှု ကို ပြုလုပ်သော သူသည် သတ္တိမရှိသော သူတို့၏ အလုပ် ဖြစ်သည်“ဟု စဉ်းစားကြံဆ၍ မကောင်းမှု ပြုလုပ်ရမည် ကို ရှက်သူလည်းရှိ၏ ။

ဤနေရာ၌ သတ်ဖြတ်မှု စသည်ကို ပြုလုပ်ရဲခြင်းသည် အစွမ်းသတ္တိရှိသူ မဟုတ်ပေ။ မိုက်မဲခြင်းသာ ဖြစ်ပေသည်။ တစ်ချို့က “မင့်ဒါလေးကို မလုပ်ရဲဘူးလား မင့်မလုပ်ရဲရင် ငါလုပ်မည် “ဟု ပြောပြီး သတ်ဖြတ်မှု စသည်ကို ပြုလုပ်ခြင်းသည် အစွမ်းသတ္တိရှိခြင်းမဟုတ် မိုက်မဲခြင်းသာ ဖြစ်ပေသည်။ သတ္တိရှိခြင်းဆိုသည်မှာ အများ အတွက် လုပ်ဆောင်သော အမှု ကိစ္စ၊ ကောင်းသော အမှု ကိစ္စတို့ကို လုပ်ရဲခြင်းသည်သာ သတ္တိရှိခြင်း ဖြစ်ပေသည်။

ထို့ပြင် အသက်သိက္ခာကြီးမားသော ပုဂ္ဂိုလ်၊ သီလရှိသော ပုဂ္ဂိုလ်များ သည်လည်း မိမိရဲ့ အသက်သိက္ခာ သီလသိက္ခာတို့ကို စောင့်ထိန်းသော အားဖြင့် မကောင်းမှု ပြုလုပ်ရမည် ကို ရှက်သော သူများ လည်း ရှိပါသည်။ ထိုကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် မကောင်းမှု ပြုလုပ်ရမည် ကို ရှက်ခြင်းသည် ဟိရီပင် ဖြစ်ပါသည်။

သြတ္တပ္ပဆိုသည်မှာ ကာယဒုစရိုက်၊ ၀စီဒုစရိုက်တို့ကို ပြုလုပ်ခြင်း၌ ကြောက်ခြင်းပင် ဖြစ်ပါသည်။ မိမိမကောင်းမှု ပြုလုပ်နေသည်ကို သူတစ်ပါးသိမှာ ကြောက်ခြင်းကို ဆိုလိုပါသည်။ ကြောက်သည်ဆိုရာဝယ် ငါ တစ်ယောက် က မကောင်းမှု ပြုလုပ်လျှင် ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့ဆရာသမားများ သူတစ်ပါးတို့၏ ကဲ့ရဲ့ ခြင်းကိုခံရ၍ “တံထွေးခွက်ထဲ ပက်လက်မျောကာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရလိမ့်မည် ”ဟု မိမိနဲ့ သက်ဆိုင်သော သူများ ကို ငဲ့ညှာထောက်ထားပြီး မကောင်းမှု ပြုလုပ်ရမည် ကို ကြောက်ခြင်းမျိုး ဖြစ်ပါသည်။

ထိုသြတ္တပ္ပနှင့် ဟိရီကို နှိုင်းယှဉ်ကြည့်လျှင် ဟိရီက မိမိကိုယ်ကိုရှက်ခြင်း၊ သြတ္တပ္ပက သူတစ်ပါးသိမည် ကို ကြောက်ခြင်း ဖြစ်၍ သြတ္တပ္ပထက် ဟိရီက ပိုမိုမြင့်မြတ်ကြောင်း တွေ့ ရပါသည်။

ဟိရီနှင့် သြတ္တပ္ပနှစ် ပါးရှိလျှင် မိမိကိုယ်ကိုလည်းရှက် သူတစ်ပါးသိမည် ကိုလည်း ကြောက်သော ကြောင့် မကောင်းမှု ပြုလုပ်ရန် ရှောင်ကြဉ်နိုင်ပါလိမ့်မည် ။ ထိုနှစ် ပါးမရှိပါက မကောင်းမှု ပြုလုပ်ခြင်းသည် ရှက်စရာ ကြောက်စရာမှန်းးမသိ၍ ပြုလုပ်ချင်တိုင်း ပြုလုပ်နေမည် မှာ သေချာလှပါသည်။ သို့ ဖြစ်၍ ဤဟိရီနှင့် သြတ္တပ္ပ တရားနှစ် ပါးသည် အကုသိုလ်လုပ်ငန်းများ မှ ရှောင်ကြဉ်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် အကြောင်းမူလ တရားများ ပင် ဖြစ်ပါသည်။

ဤဟိရီသြတ္တပ္ပတရားနှစ် ပါးကို “လောကပါလ-ကမ္ဘာစောင့်တရားဟုလည်းကောင်း၊ သုက္ကဓမ္မ-ဖြူစင် သန့်ရှင်းသော တရား”ဟုလည်းကောင်း ခေါ်ဆိုကြပါသည်။ အကြောင်းမှာ လူနှင့် တိရစ္ဆာန် ကွဲပြားခြားနားအောင် ဤတရားနှစ် ပါးက စောင့်ရှောက်ပေးသော ကြောင့် ဖြစ်ပါသည်။ ဤတရားနှစ် ပါးမရှိလျှင် သားနဲ့အမိ၊ အဖနဲ့သမီး၊ မောင်နဲ့နှမ ဖောက်ပြန်မှု များ ဖြစ်ပြီး တိရစ္ဆာန်များ နဲ့ တူကုန်ပါလိမ့်မည် ။

တစ်ချို့နိုင်ငံများ တွင် ဤတရားနှစ် ပါးမရှိသော ကြောင့် ဖြစ်ချင်တိုင်း ဖြစ်နေကြပြီး တိရစ္ဆာန်များ နဲ့ ထူးမခြားနား ဖြစ်နေကြပါသည်။ ထို့ကြောင့် ဤတရားနှစ် ပါးရှိရန် လူသားတိုင်းတွင် အလွန်အရေး ကြီးပါသည်။

ယခုခေတ်၌ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစားများ ၀တ်ဆင်လာကြသည်ကို တွေ့ မြင်နေရပါသည်။ ထိုကဲ့သို့ ၀တ်ဆင်သော သူများ သည် မိမိကိုယ်ကို ခေတ်မှီသော လူ တစ်ယောက် ၊ လှပသော လူ တစ်ယောက် ၊ ၀တ်ဆင်နိုင်သော လူ တစ်ယောက် ဟု အထင်ကြီးနေကြပါသည်။ ထိုကဲ့သို့ ဟိရီသြတ္တပ္ပကင်းမဲ့သော သူများ သည် တိရစ္ဆာန်များ နဲ့ ထူးမခြားသော ကြောင့် မိမိကိုယ်ကို အမြှီးပေါက်နေသည်ကိုတော့ သတိမထားမိကြပေ။ ထိုကဲ့သို့ အမြှီးပေါက်နေသော သူများ ကို အတုယူပြီး ၀တ်ဆင်ခြင်းသည် မြန်မာရိုးရာ ပျက်စီးခြင်း၊ ဟိရီသြတ္တပ္ပ ကင်းမဲ့ခြင်းများ သာ ဖြစ်ပါသည်။ ထို့ကြောင့် အမြှီးမပေါက်ရန် ရှောင်ကြဉ်သင့်ပါသည်။ သို့မှသာလျှင် “လူကောင်း” တစ်ယောက် ဖြစ်ပါလိမ့်မည် ။

တစ်ချို့နိုင်ငံများ ၌ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစားများ ကို ၀တ်ဆင်ခြင်းသည် သူတို့ယဉ်ကျေးမှု နဲ့ သူတို့ဝတ်ဆင်ခြင်း ဖြစ်သော်လည်း လူသား ဖြစ်သည့်အတွက် သူတစ်ပါးအကုသိုလ်မ ဖြစ်အောင် ရှောင်ကြဉ်ရပါ လိမ့်မည် ။ ထိုကဲ့သို့ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစား အပြောအဆို အနေအထိုင်တို့ကြောင့် လည်း သူတို့တွင် ကာမရာဂနဲ့ပတ်သတ်သော အကုသိုလ်များ အလွယ်တကူ ဖြစ်နေကြပါသည်။ မိမိတို့မှာ အကုသိုလ်ဆိုသည်ကို မသိသော ကြောင့် ထိုကဲ့သို့ ၀တ်ဆင်ခြင်း ဖြစ်သည်ဟု အကြောင်းပြပါကလည်း မိမိလုပ်သော ကံသည် မိမိကိုယ်တိုင် ခံစားရမည့်  သဘောတရားရှိနေသည့်အတွက် မည် သည့်သတ္တ၀ါမဆို အကုသိုလ်မ ဖြစ်အောင် ရှောင်ကြဉ်ရပါလိမ့်မည် ။ လူသား ဖြစ်သော သူများ မှာ အသိဉာဏ်ရှိသော ကြောင့် ပို၍ ပင် မကောင်းမှု မ ဖြစ်အောင် ရှောင်ကြဉ်သင့်ပါသည်။

* * *


ဟိရီ သြတ္တပ္ပ အတု

ရှက်မှု ၊ ကြောက်လန့်မှု ကို ဟိရီသြတ္တပ္ပဟုဆိုသော်လည်း တွေ့ ကရာကို ရှက်ကြောက်ခြင်းသည် ဟိရီသြတ္တပ္ပအစစ်မဟုတ်ပေ။ ဒုစရိုက်မကောင်းမှု များ ကို ပြုလုပ်ရမည် မှ ရှက်ခြင်း ကြောက်ခြင်းသည်သာ ဟိရီသြတ္တပ္ပ အစစ် ဖြစ်ပါသည်။

ထို့ကြောင့် “ဥပုသ်စောင့် တရားနာ ဘုရားသွားရမည် ကို ရှက်မှု ၊ ပရိသတ်အလယ်၌ စာဖတ် စကားပြောရမည် ကို ရှက်မှု ၊ အလုပ်လက်မဲ့နဲ့ တေလေလုပ်နေသည်ကို မရှက်ဘဲနဲ့ အောက်ကျသည်ဟုထင်ရသော အလုပ်တစ်ခုခုလုပ်ရမည် ကို ရှက်မှု ၊ ယောက်ျားနှင့် မိန်းကလေးတို့ အချင်းအချင်း တွေ့ သော အခါ ရှက်ကြောက်နေမှု များ သည် ဟိရီသြတ္တပ္ပအစစ်မဟုတ်ပါ။ ပရိယာယ်မာယာများ ခြင်း၊ ဟန်ကြီးပန်ကြီး လုပ်ခြင်းသာ ဖြစ်ပါသည်။ အဘိဓမ္မာ-အလိုအားဖြင့် တဏှာသဘောပင် ဖြစ်ပါသည်။

ထို့ပြင် မရှက်မကြောက်ရမည့်  နေရာများ မှာ -

၁။ ရောင်းဝယ်ဖေါက်ကား အတိုးအပွါး ပေးသော အခါ၊

၂။ ဆရာ့ထံသို့ ချဉ်းကပ်၍ ပညာသင်ယူသော အခါ၊

၃။ အစာစားသော အခါ၊

၎။ သမီးရည်းစား စကားပြောသော အခါတို့၌ မရှက်မကြောက်ရဟု လောကနီတိကျမ်း၌ ပြဆိုထားပါသည်။

တရားရုံးစသည်တို့၌ အရာရှိများ ကို ကြောက်ခြင်း၊ ရထား သင်္ဘောပေါ်၌ အပေါ့အပါးသွားချင်သည်ကို မသွားဝံ့အောင် ကြောက်ခြင်း၊ လူ တစ်ယောက် နှင့် တစ်ယောက် ကြောက်ခြင်း၊ ခွေးစသော တိရစ္ဆာန်များ ကို ကြောက်ခြင်း၊ တစ္ဆေသရဲများ ကို ကြောက်ခြင်း၊ မရောက်ဖူးသော အရပ်သို့ ခရီးသွားရမည် ကို ကြောက်ခြင်းတို့သည် သြတ္တပ္ပအစစ် မဟုတ်ပါ။ သတ္တိညံ့ဖျင်းမှု ၊ သူရဲဘောကြောင်မှု ပင် ဖြစ်ပါသည်။

မကောင်းမှု လုပ်ရမည် ကို ရှက်ကြောက်ပြီး မရှက်မကြောက်သင့်သော နေရာတို့၌ မရှက်မကြောက်အောင် သတိထားပြီး နေသော သူသည်သာ “လူကောင်း” တစ်ယောက် ဖြစ်ပါလိမ့်မည် ။ နေရာတိုင်း၌ ရှက်ကြောက်နေသော သူကို “လူကောင်း”ဟု ခေါ်ဝေါ်ပြောဆိုမရသကဲ့သို့ နေရာတိုင်း၌ ဟိရီသြတ္တပ္ပကင်းမဲ့ နေလျှင်လည်း “လူမိုက်” ဖြစ် သွားပါလိမ့်မည် ။

ဤဟိရီသြတ္တပ္ပတရားများ သည် လူသားမှန်လျှင် မရှိမ ဖြစ်လိုအပ်သော တရားများ ဖြစ်သော ကြောင့် လိုက်နာစောင့်ထိန်း ကျင့်ကြံကြရန်အတွက် ဟိရီသြတ္တပ္ပအကြောင်းကို မိမိသိသလောက် ရေး သားတင်ပြလိုက်ပါသည်။

* * *


သုတ အဓိပ္ပါယ်

သုတဆိုသည်မှာ အကြားအမြင် ဗဟုသုတရှိခြင်းကို ဆိုလိုပါသည်။ အကြားအမြင် ဗဟုသုတဆိုသည်မှာ ..........

၁။ အကြားအမြင် ဗဟုသုတကို ဆောင်ရခြင်း၊

၂။ အတတ်ပညာကို ဆည်းပူးလေ့လာခြင်းတို့ ဖြစ်ပါသည်။

ထိုပညာတို့သည် အစ အလယ် အဆုံး သုံးပါးလုံးကောင်းမွန်ပြီး အကျိုးရှိ၍ လူအများ ချီးမွမ်းသော ပညာတို့ ဖြစ်ရပါမည် ။

သုတဟူသော ပညာကို သူတစ်ပါးသင်ပေး၍ သော်လည်းကောင်း၊ ကြားမြင်၍ သော်လည်းကောင်း၊ စာအုပ်စာပေ ဖတ်ရှု့လေ့လာ၍ သော်လည်းကောင်း ရရှိနိုင်ပါသည်။

အတတ်ပညာသည် ကောင်းသော အတတ်ပညာရှိသကဲ့သို့ မကောင်းသော အတတ်ပညာများ လည်း ရှိပါသည်။ ဤနေရာ၌ သုတဟူသော အတတ်ပညာသည် ကောင်းသော အတတ်ပညာကို ယူရပါမည် ။ ကောင်းသော အတတ်ပညာ ဆိုသည်မှာ ကံ ကံ၏ အကျိုးကို သိတတ်သော ပညာ၊ စာပေကျမ်းဂန်တို့၏ အဓိပ္ပါယ်မှန်ကိုသိသော ပညာ၊ ဒါန သီလ ဘာဝနာတို့၏ အကျိုးတရားကို သိသော ပညာ ကောင်းကျိုးမကောင်းကျိုးကိုသိသော ပညာ၊ အများ အကျိုးကို ဖြစ်စေနိုင်သော ပညာရပ်တို့ ဖြစ်ပါသည်။

မကောင်းသော အတတ်ပညာဆိုသည်မှာ ပါးနပ်သူဟုခေါ်သော ပရိယာယ်မာယာများ သော ပညာ၊ သတ်နည်း ဖြတ်နည်း တိုက်ခိုက်နည်းများ ကို သိသော ပညာ၊ လက်နက်တို့ကို လုပ်တက်သော ပညာတို့သည် မိမိအတွက် အကျိုးရှိနိုင်သော်လည်း သူတစ်ပါးအတွက် အကျိုးမဲ့စေနိုင်သော အတတ်ပညာများ ဖြစ်သော ကြောင့် မကောင်းသော ပညာများ ဖြစ်ပါသည်။

ထိုမကောင်းသော အတတ်ပညာများ တတ်သိနားလည်သော သူကို “လူကောင်း တစ်ယောက် ”ဟု သတ်မှတ်၍ မရပါ။ ကောင်းသော အတတ်ပညာများ ကို တတ်သိနားလည်သော သူကိုသာလျှင် “လူကောင်း”ဟု သတ်မှတ်ရပါမည် ။

မကောင်းသော အတတ်ပညာများ ဖြစ်သော ပါးနပ်မှု စသည်တို့သည် ထုံထိုင်းဖျင်းအသော သူတို့မှာ ထိုသို့သော အသိပညာများ မရှိပါ။ ပင်ကိုယ်က ပညာဓာတ်ခံပါသူ အတွေ့ အကြုံ အကြားအမြင် ဗဟုသုတများ သူတို့၌ သာ ရှိနိုင်ပေသည်။

ထိုကဲ့သို့ ပင်ကိုယ်ပညာဓာတ်ခံပါသူတို့သည် ကောင်းသော လုပ်ငန်းကုသိုလ်လမ်း၌ အမြင့်ဆုံးရောက်အောင် အားထုတ်စွမ်းဆောင်နိုင်သကဲ့သို့ မကောင်းသော လုပ်ငန်း အကုသိုလ်လမ်း၌ လည်း ကမ်းကုန်အောင် အစွမ်းကုန် ဆိုးသွမ်းကြပေသည်။

ထို့ကြောင့် ပင်ကိုယ်ပညာဓာတ်ခံပါသူများ သည် လမ်းမှားသို့ မရောက်အောင် မိမိကိုယ်ကို စောင့်ထိန်းကြရန် လိုပါသည်။ မိဘဆရာသမားစသော နီးကပ်သော သူများ ကလည်း ထိုကဲ့သို့ ပညာဓာတ်ခံပါသူများ ကို ကောင်းသော ဘက်၌ ထိပ်တန်းရောက်အောင် စောင့်ရှောက်ထိန်းသိမ်း ပေးကြရန်လိုပါသည်။

ပညာဓာတ်ခံသည် ပဋိသန္ဓေတည်စဉ်ကပင် ပါလာသော ပညာ ဖြစ်ပေသည်။ ပညာဓာတ်ခံမပါသော သူသည် ပညာများ ကို သင်ယူရာ၌ ပင်ပင်းစွာ ကြိုးစားသင်ယူရပြီး ပညာဓာတ်ခံပါသူသည် အလွယ်တကူဖြင့် သင်ယူ၍ ရပါသည်။ ပညာဓာတ်ခံပါသူများ သည် လောကီပညာများ ကို သင်ယူရာ၌ သာ အလွယ်တကူဖြင့် တတ်မြောက်သည်မဟုတ် တရားအားထုတ်ရာ၌ လည်း ဈာန်မဂ်ဖိုလ်ရအောင် အလွယ်တကူဖြင့် အားထုတ်နိုင်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့လူသားများ သည် ဖြစ်လေရာဘ၀တို့၌ ပဋိသန္ဓေပညာ ဓာတ်ခံပါဖို့ရန်အတွက် ယခုဘ၀ကပင် ကြိုးစားအားထုတ်ကြရန် လိုပါသည်။ မည် ကဲ့သို့ အားထုတ်ရမည် နည်းဟုဆိုသော်..........

၁။ ပညာထက်မြတ်ချင်သူ ဖြစ်ရမည် ။

၂။ ပညာတိုးပွားကြောင်း ရေး သားထားသော စာအုပ်များ ကို စိတ်ပါဝင်စားစွာ ဖတ်ရှု့ရမည် ။

၃။ ပညာရှိနဲ့ဆက်ဆံ၍ အကြံကောင်းများ ကို မေးမြန်းမှတ်သားထားရမည် ။

၎။ သူတစ်ပါးတို့အား တရားစကား ဟောပြောပေးရမည် ။

၅။ အပြစ်ကင်းစင်သော အတတ်ပညာတို့ကို သင်ပေးရမည် ။

၆။ တရားဟောဓမ္မကထိကတို့၏ တရားစကားကို ရိုသေစွာ နာယူမှတ်သားရမည် ။

၇။ ဒါနကောင်းမှု တို့ကို ပြုလုပ်သော အခါတို့၌ နောင်သံသရာဝယ် ပညာရှိ ဖြစ်ရပါလို၏ ဟု ဆုပန်ရမည် ။

ဤမျှလောက်ပြုလုပ်လျှင် နောင်သံသရာအတွက် ဉာဏ်ပညာ အထုံပါ သွားပါလိမ့်မည် ။ သို့သော် သည်ထက်မက ဉာဏ်ပညာပွင့်လင်းရန် မိမိကိုယ်ကို သန့်သန့်ရှင်းရှင်းနေပြီး အ၀တ်အစား၊ အိပ်ရာနေရာတို့ကိုလည်း သန့်ရှင်းအောင် လုပ်ရမည် ။ ထို့ပြင် ရဟန်းသံဃာများ ကို လှူဒါန်းသော အခါ “စာပေများ ကို သင်ယူနိုင်ပို့ချ ရေး သားနိုင်သော ပုဂ္ဂိုလ် ဖြစ်ရပါစေ“ဟု စိတ်စေတနာထားပြီး လှူဒါန်းရမည် ။ တတ်နိုင်ပါက စာသင်တိုက်များ ဆောက်လုပ်လှူဒါန်းခြင်း၊ စာသင်ကျောင်းများ ထောက်ပံ့ပေးခြင်းစသော ပညာရေး ဆိုင်ရာတို့၌ ထောက်ပံ့လှူဒါန်းပေးပါ။ ထို့သို့ ပြုလုပ်သော သူသည် သံသရာဝယ် ပဋိသန္ဓေပညာဓာတ်ခံပါ ပညာရှင်ကြီး ဖြစ်မည် မှာ မလွဲဧကန် အမှန်ပင် ဖြစ်ပါသည်။

သုတဟူသော အတတ်ပညာသည် လူသားတိုင်းရှိရန် အရေး ကြီးလှပေသည်။ လူတို့ အသက်ရှင်ရန်အတွက် နှလုံးသည်းမွတ်သည် အရေး အကြီးဆုံး ဖြစ်သကဲ့သို့ ပစ္စုပ္ပန်သံသရာနှစ် ဖြာ ကြီးပွားရေး အတွက်လည်း ပညာသည် အရေး အကြီးဆုံး နှလုံးသည်းပွတ်ပင် ဖြစ်ပေသည်။ ဒါနသီလဘာဝနာတို့၏ အကျိုးကို ပညာရှိသော သူသည်သာ သိမြင်၍ ပညာကြောင့် သာ ရရှိခြင်း ဖြစ်ပေသည်။

လောက၌ အိမ်တွင်းရေး ငြိမ်းချမ်းမှု သည် မိဘတို့၏ အသိအလိမ္မာပညာပေါ်မှာ မူတည်နေသကဲ့သို့ ထို့အတူ “လူကောင်း” တစ်ယောက် ဖြစ်ရန်မှာ လည်း သုတဟူသော အသိပညာရှိရမှသာ ဖြစ်နိုင်ပေလိမ့်မည် ။ ထို့ပြင် ကံ ကံ၏ အကျိုးကိုသိသော အသိပညာ၊ ဒါနသီလဘာဝနာစသော ကုသိုလ်ကောင်းမှု တို့ကို ပြုလုပ်ရမည် ဟု သိသော အသိပညာ၊ သူတစ်ပါးအကျိုးရှိသော အလုပ်တို့ကိုလုပ်ပါက အကျိုးရှိ၏ ဟုသိသော အသိပညာ၊ သူတော် ကောင်းတို့ကို ချဉ်းကပ်၍ ကောင်းသော ဗဟုသုတ အတတ်ပညာများ ကို သင်ကြားရမည် ဟု သိသော အသိပညာတို့ သိရှိရန်မှာ လည်း မူလကပညာရှိမှသာ ဖြစ်နိုင်ပေလိမ့်မည် ။ ထိုကဲ့သို့ ပညာရှိမှသာ ကောင်းသော အရာတို့ကို လုပ်သော ကြောင့် “လူကောင်း” တစ်ယောက် ဖြစ်လာပေလိမ့်မည် ။

* * *


စာဂ အဓိပ္ပါယ်

စာဂဆိုသည်မှာ သန့်ရှင်းစင်ကြယ်သော စိတ်ရှိရမည် ။ တွန့်တိုမှု မရှိသော ပေးကမ်းစွန့်ကြဲမှု ရှိရမည် ။ လှူဒါန်းမှု နဲ့မပြတ်သော လက်ရှိရမည် ။ လှူဒါန်းမှု ၌ မွေ့လျော်ရမည် ။ အလှူခံပုဂ္ဂိုလ်တို့နှင့် ယှဉ်တွဲ မှု ရှိရမည် ။ ဤအချက်များ နှင့် ပြည့်စုံသော သူကို စာဂနဲ့ပြည့်စုံသော သူဟူ၍ ခေါ်ပါသည်။

“စာဂ” စွန့်ကြဲပေးကမ်းသည်ဆိုသည်မှာ ဒါနအမှု ကို ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ ဒါနကုသိုလ်ပြုလုပ်ရာတွင် စေတနာဒါန ၀တ္ထုဒါနဟု နှစ် မျိုးရှိပါသည်။ ဆွမ်းသင်္ကန်းစသော လှူဖွယ်ပစ္စည်းများ သည် ၀တ္ထုဒါန ဖြစ်၏ ။ ထိုဝတ္ထုများ ကို စွန့်ကြဲပေးကမ်းလှူဒါန်းနေသော အခါ မိမိ၏ စိတ်သန္တာန်၌ ဖြစ်ပေါ်နေသော စေတနာသည် စေတနာဒါန ဖြစ်ပါသည်။

မိမိလှူဒါန်းသော ကောင်းမှု ကုသိုလ်ကံက အကျိုးပေးသော အခါ မိမိစိတ်သန္တာန်၌ ဖြစ်ပေါ်နေသော စေတနာဒါနအားလျော်စွာ အကျိုးကျေးဇူးခံစားရပါသည်။ ဆွမ်းစသော လှူဖွယ်များ နှင့် ရဟန်းသံဃာစသော အလှူခံပုဂ္ဂိုလ်များ သည် အလှူဒါနကို စေတနာထက်သန်အောင် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် လှူဒါန်းမှု ပြုလုပ်သော အခါ ပစ္စည်းဝတ္ထုမွန်မြတ်လေ စိတ်စေတနာမွန်မြတ်အောင် ထားနိုင်ခြင်း ဖြစ်ပါသည်။

ဥပမာ- သာမန်ရိုးရိုးဆွမ်းလှူသော အခါနှင့် အထူးတလည် စီမံချက်ပြုတ်၍ ဆွမ်းလှူသော အခါ နှစ် မျိုးတို့တွင် ရိုးရိုးသူများ စီမံပေးသော ဆွမ်းကို အာရုံပြုရသော စေတနာသည် ကိုယ်တိုင်ချက်ပြုတ်ပြီး လှူဒါန်းရသော စေတနာလောက် ထက်သန်ခြင်း မရှိလှပေ။

ထို့ပြင် ပစ္စည်းနည်းနည်း ကိုလှူရန်နှင့် ပစ္စည်းများ စွာ ဖြင့် ကြီးကျယ်ခမ်းနားစွာ လှူရန် အားထုတ်ရာ၌ လည်း အားထုတ်မှု လုံးလချင်း မတူသကဲ့သို့ စေတနာ ဖြစ်မှု လည်း မတူညီနိုင်ပါ။ နည်းနည်း လှူရန် အားထုတ်သော အခါ တစ်ခဏမျှသာ အားထုတ်ရသော ကြောင့် မလှူမီပစ္စည်းဝတ္ထုများ ကို စုဆောင်းစဉ်၌ ဖြစ်သော ပုဗ္ဗစေတနာ၊ လှူဒါန်းနေသော အခါ၌ ဖြစ်သော မုဉ္စစေတနာ၊ လှူဒါန်းပြီးနောက် မိမိအလှူကို ၀မ်းမြောက်ဝမ်းသာ ဖြစ်သော အပရစေတနာတို့သည် တခဏမျှသာ ဖြစ်ရပါသည်။ များများ လှူရန် အားထုတ်သော အခါ အလှူဝတ္ထု များ သလောက် အချိန်ကြာအောင် အားထုတ်ရသော ကြောင့် စေတနာ ဖြစ်မှု ကလည်း အချိန်ကြာမြင့်စွာ ဖြစ်နိုင်ပါသည်။

သို့သော် အချို့သော ပုဂ္ဂိုလ်များ သည် အကြီးအကျယ်လှူဒါန်းနေပါသော်လည်း ၀မ်းမြောက်ဝမ်းသာမ ဖြစ်ဘဲ လှူဒါန်းသူများ လည်း ရှိပါသေးသည်။ ထိုသို့သော ပုဂ္ဂိုလ်များ ကို လှူဖွယ်ဝတ္ထုများ ၍ စေတနာ ဖြစ်မှု များ မည် ဟု မဆိုနိုင်ပါ။ အချို့သော ပုဂ္ဂိုလ်များ သည် စေတနာ ဖြစ်နေစဉ် လှူရသော ကြောင့် လှူဖွယ်ဝတ္ထုနည်းသော်လည်း စေတနာ ဖြစ်မှု များ သော ပုဂ္ဂိုလ်များ လည်းရှိပါသည်။

ထိုကဲ့သို့ စေတနာအမျိုးမျိုးဖြင့် ပေးလှူသော စွန့်ကြဲမှု ကို စာဂဟုခေါ်နိုင်သော်လည်း စင်ကြယ်သော စိတ်၊ တွန့်တိုမှု မရှိသော စိတ်၊ လှူဒါန်းပေးကမ်းမှု ၌ မွေ့လျော်သော စိတ်တို့ဖြင့် ပေးကမ်းစွန့်ကြဲသော သူကိုသာလျှင် စာဂနဲ့ပြည့်စုံသော “လူကောင်း”ဟု ခေါ်ဆိုနိုင်ပါသည်။

စာဂနဲ့ပြည့်စုံသော လူကောင်း တစ်ယောက် သည် စွန့်ကြဲပေးကမ်းရာ၌ လည်း မိမိပေးကမ်းမည့်  အလှူခံ ပုဂ္ဂိုလ်တို့ကို ရွေးချယ်လှူဒါန်းတက်သော ကြောင့် အကျိုးများ စွာ ရရှိပါသည်။ ရွေးချယ်တတ်ပုံမှာ မိမိလှူမည့်  အလှူခံပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာရှိမရှိကိုကြည့်ပြီး လှူဒါန်းပေးကမ်းပါသည်။ ထို့အတူ သံဃာကို လှူဒါန်းလျှင်လည်း ပုဂ္ဂိုလ်စွဲ ဂိုဏ်းစွဲမထားဘဲ သံဃိကဒါန ဖြစ်အောင် လှူဒါန်းပါသည်။ ထိုသို့လှူဒါန်းမှသာလျှင် အကျိုးပို၍ များ မည် ဟု သိရှိပါသည်။

လှူဒါန်းပေးကမ်းသော ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာကြီးမားသော ရဟန်းရှင်လူတို့ကို လှူဒါန်းလျှင် ပို၍ အကျိုးများ ပေသည်။ သီလ သမာဓိ ပညာနည်းသော ရဟန်းရှင်လူတို့ကို လှူဒါန်းလျှင် အကျိုးရရှိမှု နည်းပါသည်။ ထိုကဲ့သို့ အကျိုးများ မှု အကျိုးနည်းမှု တို့နဲ့ ပတ်သတ်၍ ပေတ၀တ္ထုပါဠိတော် ၌ “အလှူခံပုဂ္ဂိုလ်သည် လယ်ယာနဲ့တူ၏ ။ အလှူရှင်တို့သည် လယ်ယာလုပ်သူနဲ့တူ၏ ။ လှူဖွယ်ဝတ္ထုများ သည် မျိုးစေ့နဲ့တူ၏ ။ နောင်သံသရာ၌ ရရှိမည့် အကျိုးတရားတို့သည် မျိုးစေ့မှအပင်ပေါ်က်၍ အသီးသီးခြင်းနဲ့တူ၏ ”ဟု ဥပမာဖြင့် ပြဆိုထားပါသည်။

၁။ လယ်ယာမြေကောင်း မကောင်းလိုက်၍ အသီးအပင်ကွာခြားသကဲ့သို့ အလှူခံပုဂ္ဂိုလ် သီလရှိမရှိလိုက်၍ အကျိုးပေး ကွာခြားနိုင်ပါသည်။

၂။ မျိုးစေ့အောင် မအောင်လိုက်၍ အသီးအပင်ကွာခြားသကဲ့သို့ တရားသဖြင့် ရသော ပစ္စည်း ဟုတ်မဟုတ်နှင့် အနည်းအများ ပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။

၃။ လယ်ယာလုပ်သူက နားလည်မလည်၊ လုံးလ၀ီရိယ ရှိမရှိလိုက်၍ အသီးအပင်ကွာခြားသကဲ့သို့ အလှူရှင်က ယုံကြည်ခြင်း သဒ္ဓါတရား အပြည့်အ၀ရှိပြီး အားတက်သရောနှင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်မှု မုဉ္စစေတနာ ဖြစ်မ ဖြစ်ပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။

၎။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင်ခြင်းရှိမရှိလိုက်၍ အသီးအပင် ကွာခြားသကဲ့သို့ မိမိပုဗ္ဗစေတနာ ထက်သန်အောင် ပြုမပြုပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။

၅။ မျိုးစေ့စိုက်ပျိုးပြီးနောက် ရေလောင်းခြင်း၊ ပေါင်းသင်းခြင်းစသည်တို့ ပြုမပြုပေါ်မူတည်၍ အသီးအပင်ကွာခြားသကဲ့သို့ လှူဒါန်းပြီးနောက် မိမိပြုသော ကုသိုလ်ကို ထပ်မံ၍ သတိရမှု ၀မ်းမြောက်မှု ဟူသော အပရစေတနာ ဖြစ်မှု မ ဖြစ်မှု ပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။

၆။ မျိုးစေ့စိုက်ပျိုးပြီးနောက် ဒေါသထွက်ပြီး အပင်များ ကို ဖျက်ဆီးလိုက်သကဲ့သို့ လှူဒါန်းပြီးနောက် “ငါလှူမိတာ ကုန်တာပဲ အဖတ်တင်သည်”ဟု စိတ်ပျက်မှု ဖြစ်လျှင် စေတနာပျက်စီးခြင်းကြောင့် မိမိလှူခဲ့သော အလှူဒါနသည် အကျိုးမရဘဲ ပျက်စီးဖွယ်ရှိပါသည်။

၇။ မျိုးစေ့စိုက်သော အခါ စိုက်ပျိုးသင့်သော အချိန် စိုက်မှသာလျှင် အသီးအပင်ဖွံ့ဖြိုးသကဲ့သို့ အလှူခံပုဂ္ဂိုလ်လိုအပ်သော အရာဝတ္ထုကို လှူတက်မှသာလျှင် အကျိုးများ စွာ ရဖွယ်ရှိပါသည်။

ထို့ကြောင့် စာဂမှု ကိုပြုသော သူသည် အထက်ပါအချက်တို့ဖြင့် ပြည့်စုံအောင် လှူဒါန်းတတ်ရန် လိုပါသည်။ ထို့ပြင် သံဃာတော် များ ကို လှူဒါန်းရာ၌ ပုဂ္ဂလိကဒါနအ ဖြစ် မလှူဒါန်းဘဲ သံဃိကဒါန ဖြစ်အောင် လှူဒါန်းတတ်ရန်လည်း လိုပါသည်။ သို့မှသာလျှင် စာဂနဲ့ပြည့်စုံသော “လူကောင်း” တစ်ယောက် ဖြစ်ပါလိမ့်မည် ။ သံဃိကဒါနဆိုသည်မှာ မည် သို့မည် ပုံ လှူဒါန်းရသနည်းဟု မသိသေးသော သူများ အတွက် သံဃိကဒါန ဖြစ်အောင် လှူပုံလှူနည်းကို အနည်းငယ် ရေး သားတင်ပြပေးပါမည် ။

* * *


သံဃိကဒါန ဖြစ်အောင် လှူပုံလှူနည်း

သံဃိကဒါနဆိုသည်မှာ သံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းသော ဒါန ဖြစ်ပါသည်။ မိမိလှူမည့်  ဆွမ်းသင်္ကန်းစသော ပစ္စည်းများ ကို သာသနာတော် ၌ ရှိသမျှ သံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းလျှင် ရဟန္တာပုဂ္ဂိုလ်များ မှအစ ပုထုဇဉ်ရဟန်းသံဃာများ ပါမကျန် သံဃာအားလုံးကို လှူဒါန်းရာရောက်လေ၏ ။ ထိုလှူသော ပစ္စည်းဝတ္ထုများ ကို အနီးအနားမှာ ရှိသော သံဃာများ သုံးဆောင်လို့ ရပါသည်။ သံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းထားခြင်း ဖြစ်သော်လည်း သံဃာအားလုံးကို လိုက်ပြီးဝေငှရန် မလိုပါ။

ထိုကဲ့သို့ သံဃိကဒါန ဖြစ်အောင် လှူဒါန်းရာတွင် စိတ်ကလည်း သံဃာအားလုံးသို့ညွတ်၍ လှူဒါန်းမှသာလျှင် သံဃိကဒါနအစစ် ဖြစ်ပါသည်။ နှုတ်က သံဃဿဒေမ-သံဃာအားလုံးအား လှူဒါန်းပါ၏ ဟု ဆိုနေပါသော်လည်း စိတ်က မိမိကြည်ညိုနေသော ကျောင်းတိုက်သံဃာ၊ ကိုယ်ကြည်ညိုနေသော ဘုန်းကြီးကိုသာ လှူချင်စိတ် ဖြစ်နေပါက သံဃိကဒါန အစစ်မ ဖြစ်နိုင်ပါ။

ထို့ကြောင့် မိမိတို့သည် ရဟန်းသံဃာများ ကို မည် သည့်ပစ္စည်းဝတ္ထုကိုမဆို လှူဒါန်းရာ၌ နှုတ်ကလည်းဆို စိတ်ကလည်း သံဃာအားလုံးကို အာရုံပြု၍ လှူဒါန်းကြရန် လိုပါသည်။

စာဂနဲ့ပြည့်စုံသော “လူကောင်း” တစ်ယောက် သည် လှူဒါန်းမှု တို့ကို ပြုသော အခါ၌ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာတို့ကို မတောင်းတပါ။ နိဗ္ဗာန်ချမ်းသာ တစ်ခုတည်းကိုသာ ရရန်အတွက် ရည်မှန်း၍ လှူဒါန်းပါသည်။ လူချမ်းသာ၊ နတ်ချမ်းသာတို့သည် ကောင်းမှု ကုသိုလ်ပြုသည့်အလျောက် အကျိုးတရား ခံစားရမည် ဖြစ်သော ကြောင့် ဆုတောင်းစရာမလိုဘဲ ပြည့်စုံသော ကြောင့် လည်းကောင်း၊ ဤကာမချမ်းသာတို့သည် ၀ဋ်ဒုက္ခမှ မလွတ်မြောက်သေး သော ကြောင့် လည်းကောင်း မတောင်းတခြင်း ဖြစ်ပါသည်။

စာဂနဲ့ပြည့်စုံ၍ လှူဒါန်းပူဇော်သူတို့သည် နောင်သံသရာတို့၌ ဆုတောင်းစရာမလိုဘဲ ဧကန်ရရှိမည့်  အကျိုးတရား (၇)ပါးရှိပါသည်။ ၎င်းတို့မှာ ......

၁။ သိကြားမင်းစည်းစိမ်၊

၂။ မာရ်နတ်စည်းစိမ်၊

၃။ ဗြဟ္မာစည်းစိမ်၊

၎။ စကြာမင်းစည်းစိမ်၊

၅။ သာဝကပါရမီဉာဏ်၊

၆။ ပစ္စေကဗောဓိဉာဏ်၊

၇။ အဘိသမ္ဗောဓိဉာဏ်တို့ကို အကျိုးတရား အားလျော်စွာ ရရှိပါသည်။

ထို့ပြင် မျက်မှော က် တမလွန်ဘ၀တို့၌ ရရှိမည့်  အကျိုးတရားများ လည်း ရှိပါသေးသည်။ ယင်တို့မှာ မျက်မှော က်ဘ၀၌ ..........

၁။ များ စွာ သော ရဟန်းရှင်လူတို့၏ ချင်ခင်မှု ကို ခံရခြင်း၊

၂။ သူတော် ကောင်းတို့၏ ချဉ်းကပ်မှု ကို ခံရခြင်း၊

၃။ ကောင်းသော ကျော်စောသတင်း ပျံ့နှံ့ခြင်း၊

၎။ ပရိသတ်အလယ်သို့ ရဲဝင့်စွာ သွားလာရဲခြင်းစသော အကျိုးတရားများ ရရှိပါသည်။ ထို့ပြင် နောင်ဘ၀၌ နတ်ပြည်သို့ရောက်ရခြင်း အကျိုးတရားလည်း ရရှိပါလိမ့်မည် ။

စာဂ-စွန့်ကြဲပေးကမ်းမှု ပြုရာ၌ ပေးကမ်းလှူဒါန်းပုံ (၃)မျိုးဖြင့် ပေးလှူလေ့ရှိကြပါသည်။ ယင်းတို့မှာ ..........

၁။ ဒါနဒါသ-ပေးကမ်းစွန့်ကြဲသူသည် မိမိကကောင်းသော အရာဝတ္ထုတို့ကို သုံးဆောင်ခံစား၍ သူတစ်ပါးတို့အား ကျေးကျွန်ကဲ့သို့ သဘောထားပြီး မကောင်းသော အရာဝတ္ထုတို့ကို ပေးကမ်းစွန့်ကြဲသော သူ။

၂။ ဒါနသဟာယ-မိမိသုံးဆောင်ခံစားသော အရာဝတ္ထုကိုပင် သူတစ်ပါးတို့အား သူငယ်ချင်းကဲ့သို့ သဘောထားပြီး ပေးကမ်းစွန့်ကြဲသော သူ။

၃။ ဒါနပတိ-မိမိက သင့်လျော်ရုံသာ ဖြစ်သော ပစ္စည်းဝတ္ထုတို့ကို သုံးဆောင်ခံစား၍ သူတစ်ပါးတို့အား အရှင်သခင်ကဲ့သို့ သဘောထားပြီး ကောင်းမွန်သော အရာဝတ္ထုတို့ကိုသာ ပေးကမ်းစွန့်ကြဲသော သူတို့ ဖြစ်ပါသည်။

ထိုကဲ့သို့ ပေးကမ်းစွန့်ကြဲမှု (၃)မျိုးတို့ဖြင့် ပေးကမ်းလှူဒါန်းတတ်ကြရာတွင် “လူကောင်း” တစ်ယောက် ဖြစ်ရန်အတွက် စာဂမှု ကိုပြုသော အခါ ဒါနပတိဖြင့် ပေးကမ်းစွန့်ကြဲလှူဒါန်းရန် လိုပါသည်။ သို့မှသာလျှင် ယခုဘ၀မှာ လည်း အလှူခံပုဂ္ဂိုလ်တို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသကဲ့သို့ လှူရသော မိမိတို့မှာ လည်း ၀မ်းသာမှု များ ဖြစ်ပြီး နောင်ဘ၀တို့၌ လည်း ကောင်းမွန်သော ချမ်းသာသုခတို့ကို ရရှိမည် ဖြစ်ပါသည်။

ဤကဲ့သို့ မိမိတို့သည် စာဂ-စွန့်ကြဲပေးကမ်းမှု ကို ပြုခဲ့မှသာလျှင် ဖြစ်လေရာဘ၀တို့၌ ကျန်ရှိသော ပါရမီတို့ကို ဖြည့်ကျင့်နိုင်ပါလိမ့်မည် ။ ဒါန-ကောင်းမှု သည် ပါရမီအားလုံးတို့၏ အခြေခံ ဖြစ်ပါသည်။ ထိုကဲ့သို့ ဒါနအမှု သည် ပါရမီအားလုံးတို့၏ အခြေခံ ဖြစ်သော ကြောင့် မြတ်ဗုဒ္ဓသည်ပင် ဒါနပါရမီကို ရှေးဦးစွာ ဖြည့်ကျင့်ခဲ့ခြင်း ဖြစ်ပါသည်။

ဒါန-စွန့်ကြဲပေးကမ်းမှု ကိုပြုလျှင် သတ္တ၀ါတို့ကို လွှမ်းမိုးအုပ်စိုးနိုင်ပါသည်။ ပေးကမ်းသော သူ၏ စကားကို ပေးကမ်းခံရသော ပုဂ္ဂိုလ်က နားထောင်တတ်ကြပါသည်။ ပေးကမ်းမှု ပြုလျှင် မယဉ်ကျေးသော သူကို ယဉ်ကျေးစေနိုင်သကဲ့သို့ မုန်းသူသည်ပင် မိမိအလိုသို့ ပါလာနိုင်ပါသည်။ ၀မ်းမြောက်ဝမ်းသာဖြင့် ပေးကမ်းစွန့်ကြဲနေရ ခြင်းသည် အလွန်ပျော်ရွှင်စရာကောင်းသကဲ့သို့ သံသရာဝယ် ကြီးကျယ်ခမ်းနားပေါများ လေသမျှသည်လည်း ဒါန၏ အကျိုးများ ပင် ဖြစ်ပါသည်။

“အူမတောင့်မှ သီလဆောက်တည်နိုင်မည် ”ဟု ပြောဆိုနေကြသည့်အတိုင်း ဒါနမရှိလျှင် သီလပါရမီကို ဖြည့်ကျင့်ရန် ခဲယဉ်းပါသည်။ ထို့အတူ ပညာပါရမီဖြည့်ကျင့်ဖို့ရာ၊ ပညာရှာဖို့ရာမှာ လည်း ဒါနချို့တဲ့ ပစ္စည်းမဲ့သူများ မှာ ဖြစ်သလိုပညာသင်ကြား ဖြည့်ကျင့်ရပါသည်။ ပစ္စည်းမရှိလျှင် မိမိက ရိုးရိုးသားသား ပြောသော စကားကိုပင် အထင်လွဲခံရတတ်ရ၍ ခန္တီပါရမီဖြည့်ကျင့်ရန်မှာ လည်း မလွယ်ကူလှပေ။ “ဥစ္စာမရှိ ကတိမတည်”ဆိုသည့်အတိုင်း ကတိသစ္စာဟူသော သစ္စာပါရမီဖြည့်ရန်လည်း ၀န်လေးလှပေသည်။ မိမိ၌ ဥစ္စာပစ္စည်းမရှိ၍ မိမိထက်သာသော သူကို မြင်လျှင်လည်း “ကိုယ့်ထက်သာ မနာလို”ဆိုသည့်အတိုင်း တွေ့ သမျှလူများ ၊ သတ္တ၀ါများ ပေါ်မှာ မေတ္တာပါရမီ ထားတတ်ရန်မှာ လည်း ဝေးကွာလှပေသည်။

ထို့ကြောင့် ဒါနပါရမီသည် ပါရမီအားလုံး၏ အခြေခံ ဖြစ်သည်ဟု ဆိုရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် လည်း မြတ်စွာ ဘုရားသည် ပါရမီဖြည့်စဉ် အလောင်းတော် ဘ၀၌ ဒါနပါရမီကို ရှေးဦးစွာ ဖြည့်ကျင့်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ဒါန-ပေးကမ်းစွန့်ကြဲခြင်း၏ အရေး ပါပုံကိုသိသော ကျွန်ုပ်တို့လူသားများ သည် စာဂမှု ကိုပြုလုပ်လျှင် “လူကောင်း” တစ်ယောက် ဖြစ်ရုံသာမက သံသရာအတွက်ပါ အကျိုးတရားများ ကို ရရှိမည် ဖြစ်သော ကြောင့် စာဂမှု ကို အမြဲတစေ ပြုလုပ်ကြရန် လိုအပ်လှပါသည်။

* * *


ပညာ၏ အဓိပ္ပါယ်

သူတော် ကောင်းဥစ္စာ၌ ပါဝင်သော ပညာဆိုသည်မှာ .........

၁။ ခန္ဓာငါးပါးတို့၏ အ ဖြစ်အပျက်ကိုသိသော ၀ိပဿနာပညာနဲ့ပြည့်စုံခြင်း။

၂။ ကိလေသာအညစ်အကြေးကင်းစင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။

၃။ လောဘ ဒေါသ မောဟစသော ကိလေသာ အတုံးအခဲများ ကို ဖြိုးခွဲနိုင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။

၎။ ၀ဋ်ဆင်းရဲ ကိလေသာဆင်းရဲတို့၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်းတို့ ဖြစ်ပါသည်။

အထက်ပါ အချက်အလက်တို့နဲ့ ပြည့်စုံ၍ ပညာရှိသော သူကို မြတ်စွာ ဘုရားက အရိယာသူတော် ကောင်းဟူ၍ မိန့်ကြားခဲ့ပါသည်။ ယခုခေတ်၌ ထိုပညာများ နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့မှာ ရှားပါးလှပါသည်။ ထိုကဲ့သို့ အရိယာသူတော် ကောင်းများ နည်းပါးမှု ကြောင့် ထိုပညာများ နဲ့ပြည့်စုံမှသာလျှင် “လူကောင်း”ဟု သတ်မှတ်ပါက ယခုခေတ်၌ အလွန်ပင်ရှားပါးနေသော ကြောင့် “လူကောင်း”ဟု သတ်မှတ်ခေါ်ဆိုရန် မလွယ်ကူပါ။

သို့သော်လည်း ထိုပညာများ ကို ထိုးထွင်းမသိမြင်ပေမဲ အားထုတ်ရမည် ဟု သိသော ပုဂ္ဂိုလ် လက်တွေ့  အားထုတ်နေသော ပုဂ္ဂိုလ်တို့ကို ယခုခေတ်၌ “လူကောင်း” တစ်ယောက် ဟု သတ်မှတ်ခေါ်ဝေါ်နေကြပါသည်။ ၀ိပဿနာပညာ မဂ်ပညာတို့၏ သဘောလက္ခဏာကို မသိသော ပုဂ္ဂိုလ် တရာဘာဝနာ အားမထုတ်သော ပုဂ္ဂိုလ် အားထုတ်ရမှန်း မသိသော ပုဂ္ဂိုလ်တို့နှင့် ယှဉ်ကြည့်ပါက သိသော ပုဂ္ဂိုလ် အားထုတ်နေသော ပုဂ္ဂိုလ်တို့ကို “လူကောင်း”ဟု သတ်မှတ်နိုင်ပါသည်။ သို့သော် အထက်၌ ဖော်ပြခဲ့သော အင်္ဂါ(၆)ပါးနှင့် ပြည့်စုံရပါမည် ။

ထိုဝိပဿနာပညာ မဂ်ပညာဟူသော အကြောင်းအရာကို မကြားဖူးသေးသော ပုဂ္ဂိုလ် ကြားဖူးသော်လည်း မည် ကဲ့သို့အားထုတ်ရမည် ဟု မသိသေးသော ပုဂ္ဂိုလ်များ သိရှိနားလည်၍ လိုက်နာကျင့်ကြံပြီး “လူကောင်း”များ ဖြစ်လာရန်အတွက် ၀ိပဿနာပညာ မဂ်ပညာတို့၏ အကြောင်းကို ရေး သားတင်ပြလိုက်ပါသည်။

* * *


ဝိပဿနာပညာ

ဝိပဿနာပညာဆိုသည်မှာ ခန္ဓာကိုယ်ကြီးဟာ အမြဲ ဖြစ်လိုက် ပျက်လိုက် ဖြစ်နေသော ကြောင့် မမြဲခြင်း အနိစ္စ တရားပါလား။ ခန္ဓာကိုယ်ကြီးအတွက် နေ့ညမပြတ် ဆောင်ရွက်ပေးနေရသော ကြောင့် ဆင်းရဲခြင်း ဒုက္ခတရား ပါလား။ ခန္ဓာကိုယ်ကြီးဟာ မည် သို့ပင် ဆောင်ရွက်ပေးပါသော်လည်း မိမိအလိုသို့ မလိုက်ဘဲ ဖြစ်ချင်းတိုင်း ဖြစ်နေတဲ့အတွက်ကြောင့် အစိုးမရခြင်း အနတ္တ့တရားပါလားဟု ဖြစ်ပျက်နေသော သင်္ခါရတရားတို့ကို ပညာ ဉာဏ်ဖြင့် ရှု့ခြင်း၊ အကြောင်းအားလျော်စွာ မကြံစည်ဘဲ ဖြစ်ပေါ်လာသည်ကို သိခြင်း၊ ပျက်သွားသည်ကို သိမြင်ခြင်းတို့ ဖြစ်ပါသည်။

ဝိပဿနာပညာကို အားထုတ်သော အခါ လယ်ကတွတ်ပေါက်၌ ငါးကို စောင့်နေသော ဗျိုင်းကဲ့သို့ အားထုတ် ရှု့မှတ်ရပါမည် ။ လယ်ကတွတ်ပေါက်၌ ငါးကို စောင့်နေသော ဗျိုင်းသည် ငါးပေါ်လာအောင်လည်း မကြံစည် ပေါ်လာသည့်ငါးကိုလည်း ပျောက်သွားအောင် လုံးလမပြုဘဲ ပေါ်လာသော ငါးကိုသာ မိအောင် ဖမ်းသကဲ့သို့ ၀ိပဿနာဉာဏ်ရအောင် အားထုတ်သော ပုဂ္ဂိုလ်သည် ဖြစ်ပေါ်လာသော ရုပ်နာမ်အမူအရာ သွားခြင်း ရပ်ခြင်းစသော ဣရိယာပုတ်တို့ကို “သွားတယ်၊ ရပ်တယ်”စသည်ဖြင့် မှတ်ရမည် ။ သူ့အလိုလို ဖြစ်ပျက်နေသော သွားခြင်း၊ ရပ်ခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ အသက်ရှုခြင်းစသော အခြင်းအရာတို့ကို စိတ်ကသိပြီး ဒီသွားလာလုပ်ရှား စားသောက်နေထိုင် အသက်ရှုတာတွေ ဟာ သူ့အလိုလို ဖြစ်ပျက်နေတာပါလားဟု အဲဒီ သိနေတာလေးကို လိုက်၍ ရှု့မှတ်ရပါမည် ။ ဤကဲ့သို့မှတ်လျှင် မှတ်သော အမူအရာ ရုပ်နာမ်မျှကိုသာ စိတ်ကရောက်နေသော ကြောင့် လောဘ ဒေါသ မောဟစသော ကိလေသာတို့ မ၀င်နိုင်ဘဲ ၀ိပဿနာပညာ ဖြစ်လျက် ရှိနေပါသည်။

ထိုဝိပဿနာဉာဏ်ပညာသည် တစ်မျိုးတစ်စားတည်း မဟုတ်ပေ။ အားထုတ်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဖြစ်စဉ်အားဖြင့် (၁၀)မျိုး ရှိပါသည်။

ယင်းတို့မှာ ........

၁။ သမ္မသနဉာဏ်-အဓိကအားဖြင့် မိမိ၏ ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်သုံးပါးသို့တင်၍ သုံးသပ်ဆင်ခြင်တက်သော ဉာဏ်ပညာ။

၂။ ဥဒယဗ္ဗယဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ ဆိုင်ရာ အကြောင်းကြောင့် ရုတ်ခနဲဆတ်ခနဲ ဖြစ်ပေါ်လာပုံနှင့် မကြာခင်မှာ ပင် ချုပ်ပျောက်ပျက်စီးသွားသော အ ဖြစ်အပျက်ကိုရှု့သော ဉာဏ်ပညာ။

၃။ ဘင်္ဂဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အ ဖြစ်မဖက် အပျက်ချည်း ဖြစ်နေသည်ကို ရှု့မြင်သော ဉာဏ်ပညာ။

၎။ ဘယဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အပျက်ကိုချည်း တွေ့ မြင်နေရသဖြင့် ရုပ်နာမ်သင်္ခါရတို့ကို ကြောက်မက်ဖွယ်ဘေးကြီးပါလားဟု ထင်မြင်လာသော ဉာဏ်ပညာ။

၅။ အာဒီန၀ဉာဏ်-ရုပ်နာမ်သင်္ခါရတို့ကို ကြောက်မက်ဖွယ် ဘေးကြီးပါလားဟု ရှု့မြင်ရသဖြင့် ရုပ်နာမ်သင်္ခါရ တရားတို့၌ အပြစ်ဟု ထင်မြင်လာသော ဉာဏ်ပညာ။

၆။ နိဗ္ဗိဒါဉာဏ်-အပြစ်ဟု ထင်မြင်နေသော ရုပ်နာမ်သင်္ခါရတရားတို့အပေါ်၌ မတွယ်တာ မပျော်ရွှင်နိုင်တော့ဘဲ ငြီးငွေ့လာသော ဉာဏ်ပညာ။

၇။ မုစ္စိတုကမျတာဉာဏ်-ရုပ်နာမ်သင်္ခါရတို့အပေါ်၌ ငြီးငွေ့လာ၍ ထိုခန္ဓာငါးပါးတို့မှ လွတ်မြောက်လိုခြင်း ဖြစ်ပေါ်လာသော ဉာဏ်ပညာ။

၈။ ပဋိသင်္ခါရဉာဏ်-ရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်ရန် အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းငှါ ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၌ အနိစ္စ ဒုက္ခ အနတ္တဟု ထပ်မံ၍ ရှု့မြင်ထင်မြင်လာသော ဉာဏ်ပညာ။

၉။ သင်္ခါရုပေက္ခာဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတို့၌ ကြောက်ခြင်း နှစ်သက် ခြင်းကို မ ဖြစ်စေဘဲ လျစ်လျူ ရှု့နိုင်သော ဉာဏ်ပညာ။

၁၀။ အနုလောမဉာဏ်-အောက်၌ ဖော်ပြခဲ့သော ၀ိပဿနာဉာဏ်ပညာနှင့် အထက်မဂ်ခဏ၌ ရလတ္တံ့သော ဗောဓိပက္ခိယတရားတို့ကို ရရှိအောင် ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှု့မှတ်သော ဉာဏ်ပညာတို့ ဖြစ်ပါသည်။

* * *


မဂ်ဖိုလ်ပညာ

မဂ်ဖိုလ်ပညာဆိုသည်မှာ ဒုက္ခအရိယသစ္စာ၊ ဒုက္ခသမုဒယအရိယသစ္စာ၊ ဒုက္ခနိရောဓအရိယသစ္စာ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာဟု ဆိုအပ်သော သစ္စာလေးပါးတရားတို့ကို သိမြင်ခြင်း ဖြစ်ပါသည်။

၁။ ဒုက္ခအရိယသစ္စာ-ဇာတိ ဇရာ မရဏ သော က ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ဒုက္ခအရိယ သစ္စာများ ဖြစ်ပါသည်။ မချစ်ခင် မနှစ်သက် သော သူတို့နဲ့တွေ့ ဆုံ ပေါင်းသင်းနေထိုင်ရခြင်း၊ မိမိလိုချင် ဖြစ်ချင် သည်ကို မရဘဲနဲ့ မလိုချင် မ ဖြစ်ချင်သည်ကို ဖြစ်ရခြင်းစသည်တို့သည်လည်း ဒုက္ခအရိယသစ္စာ ဖြစ်ပါသည်။

ဇာတိ-သတ္တ၀ါတို့သည် တစ်ဘပြီး တစ်ဘ၀သို့ ပြောင်းရွေ့ ဖြစ်နေရခြင်း၊ အမိဝမ်းတွင်းသို့ သက်ဝင်၍ နေရခြင်း၊ ခန္ဓာကိုယ်အစရှိသော ကိုယ်လက်အင်္ဂါတို့ တဖြည်းဖြည်း တစ်ခုပြီးတစ်ခု ထင်ရှား ဖြစ်နေရခြင်း စသည်တို့ကို ဇာတိဟု ခေါ်ပါသည်။

ဇရာ-သတ္တ၀ါတို့၏ ခန္ဓာကိုယ်မှာ ရှိသော ဆံပင်ဖြူခြင်း၊ သွားကျိုးခြင်း၊ အသားအရေတွန့်ခြင်း၊ ရုပ်တရားတို့၏ တစ်နေ့တခြား အိုမင်းရင့်ရော်လာခြင်း၊ မျက်စိစသော ဣနြေ္ဒတို့၏ ပျက်စီးလာခြင်းတို့ကို ဇရာဟု ခေါ်ပါသည်။

မရဏ-သတ္တ၀ါတို့၏ တစ်ဘ၀ဆုံး၍ သေကြေပျက်စီးပြီး စုစိစိတ်ကျခြင်းကို မရဏဟု ခေါ်ပါသည်။

သော က-သတ္တ၀ါတို့သည် တစ်စုံတစ်ခုသော ဆင်းရဲဒုက္ခနဲ့တွေ့ ကြုံသော အခါ စိုးရိမ်ပူပန်ခြင်း၊ မိမိကြောင့် ဖြစ်သော အမှု ကိစ္စကို စိုးရိမ်ပူပန်ခြင်း၊ သူတစ်ပါးတို့၏ အမှု ကိစ္စကို စိုးရိမ်ပူပန်ခြင်း စသည်တို့ကို သော ကဟု ခေါ်ပါသည်။

ပရိဒေ၀- သတ္တ၀ါတို့သည် တစ်စုံတစ်ခုသော အကြောင်းကိစ္စကြောင့် ငိုကြွေးခြင်း၊ မိမိ၏ အကြောင်းကိစ္စ ကြောင့် သော်လည်းကောင်း၊ သူတစ်ပါးတို့၏ အကြောင်းကိစ္စကြောင့် သော်လည်းကောင်း ငိုကြွေးခြင်း စသည်တို့ကို ပရိဒေ၀ဟု ခေါ်ပါသည်။

ဒုက္ခ- သတ္တ၀ါတို့၏ သာယာနှစ်သက် ဖွယ်မရှိသော ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသော ဆင်းရဲခြင်းစသည် တို့ကို ဒုက္ခဟု ခေါ်ပါသည်။

ဒေါမနဿ- သတ္တ၀ါတို့သည် စိတ်နဲ့အကြိုက်မတွေ့ သော အခါ စိတ်ဆင်းရဲခြင်း၊ မိမိ ဖြစ်ချင်သော အမှု ကိစ္စများ မ ဖြစ်ရသော အခါ စိတ်ဆင်းရဲရခြင်း၊ မိမိလိုချင် ရချင်သော အရာဝတ္ထုများ ကို မရသော အခါ စိတ်ဆင်းရဲရခြင်း စသည်တို့ကို ဒေါမနဿဟု ခေါ်ပါသည်။

ဥပါယာသ-သတ္တ၀ါတို့သည် အမှု ကိစ္စကို ဆောင်ရွက်သော အခါ ပင်ပန်းရခြင်း၊ တစ်စုံတစ်ခုသော ပျက်စီး ဆုံးရှုံးမှု များ နှင့် ရင်ဆိုင်ရသော အခါ ပင်ပန်းရခြင်း၊ မိမိလုပ်ခဲ့သော အမှု ကိစ္စကို ပြန်စဉ်းစားပြီး ပင်ပန်းရခြင်း၊ သူတစ်ပါးလုပ်ခဲ့သော အမှု ကိစ္စအတွက် ပင်ပန်းရခြင်း စသည်တို့ကို ဥပါယာသဟု ခေါ်ပါသည်။

၂။ ဒုက္ခသမုဒယ အရိယသစ္စာဆိုသည်မှာ ကာမတဏှာဟူသော ကာမဂုဏ်အာရုံတို့၌ တပ်မက် နှစ်သက် သော တဏှာ၊ ဘ၀တဏှာဟူသော မိမိလက်ရှိ ရရှိနေသော ဘ၀ကို နှစ်သက် တပ်မက်သော တဏှာ၊ ၀ိဘ၀တဏှာဟူသော နောင်ထပ်ရရှိမည့် ဘ၀ကို နှစ်သက် တပ်မက်သော တဏှာတို့ကို ဒုက္ခ၏ အကြောင်းတရား အ ဖြစ် အမှန်အတိုင်း သိမြင်ခြင်း ဖြစ်ပါသည်။

၃။ ဒုက္ခနိရောဓ အရိယသစ္စာဆိုသည်မှာ ဒုက္ခသမုဒယ အရိယသစ္စာ၌ ပါဝင်သော တဏှာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်ခြင်းကို ဆိုလိုပါသည်။

၎။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာဆိုသည်မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟု ဆိုအပ်သော မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်အကျင့်လမ်းကို ကျင့်ခြင်း ဖြစ်ပါသည်။

သမ္မာဒိဋ္ဌိဆိုသည်မှာ ဒုက္ခတရားတို့ကို သိမြင်ခြင်း၊ ဒုက္ခ၏ ဖြစ်ကြောင်းတရားတို့ကို သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်ကို သိမြင်ခြင်း၊ ဒုက္ခခပ်သိမ်းတို့၏ အေးငြိမ်းရာ ဖြစ်သော နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သော အကျင့်တရားတို့၌ သိမြင်ခြင်းတို့ကို ခေါ်ပါသည်။

သမ္မာသင်္ကပ္ပဆိုသည်မှာ ကာမဂုဏ်အာရုံတို့မှ လွတ်ကင်းသော အရာဝတ္ထုတို့ကို ကြံစည်ခြင်း၊ မိမိသူတစ်ပါး ပျက်စီးကြောင်းတရားတို့မှ လွတ်ကင်းသည်ကို ကြံစည်ခြင်း၊ မိမိသူတစ်ပါး ညှင်းဆဲခြင်း အမှု ကိစ္စတို့မှ လွတ်ကင်း သော တရားတို့ကို ကြံစည်ခြင်းတို့ ဖြစ်ပါသည်။

သမ္မာဝါစာဆိုသည်မှာ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းတိုက်စကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသော စကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ အကျိုးမရှိ အချည်းနှီးသော စကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၍ မှန်ကန်သင့်မြတ် အကျိုးရှိသော စကားတို့ကိုသာ ပြောဆိုခြင်းတို့ ဖြစ်ပါသည်။

သမ္မာကမ္မန္တဆိုသည်မှာ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးတို့က ကြည်ဖြူစွာ မပေးသော ပစ္စည်းဥစ္စာတို့ကို ယူခြင်းမှရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်အာရုံတို့၌ မတရားသော နည်းဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါသည်။

သမ္မာအာဇီဝဆိုသည်မှာ ယုတ်မာသော အသက်မွေးမှု မှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန်မှားယွင်းသော အသက် မွေးမှု မှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါသည်။

သမ္မာဝါယာမဆိုသည်မှာ မ ဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မ ဖြစ်အောင်အားထုတ်ခြင်း၊ ဖြစ်ပြီးသော ယုတ်မာသော ကုသိုလ်တရားတို့ကို ပယ်သတ်နိုင်အောင် အားထုတ်ခြင်း၊ မ ဖြစ်သေးသော ကုသိုလ် တရားတို့ကိုရရှိအောင် အားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲတိုးပွားအောင် အားထုတ်ခြင်းတို့ ဖြစ်ပါသည်။

သမ္မာသတိဆိုသည်မှာ ကိုယ်တွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှု များ ၊ တွေ့ ထိခံစားရမှု များ ၊ စိတ်တွင်း ဖြစ်ပေါ်နေသော စိတ်ကူးကြံဆချက်များ ၊ ထိုသို့ ဖြစ်ပေါ်နေသော တရားတို့ကို တရားရှု့မှတ်နေခြင်းစသော အ ဖြစ်အပျက်အားလုံး တို့ကို လုံ့လပြု၍ စောင့်ကြပ်ကြည့်ရှု့နေသော သတိကို သမ္မာသတိဟု ခေါ်ပါသည်။

သမ္မာသမာဓိဆိုသည်မှာ ပထမဈာန်အဆင့်တွင် ၀တ္ထုကာမ၊ ကိလေသာကာမတို့မှ ကင်းဆိတ်သည့်အတွက် ကာမဂုဏ်၌ အလိုရှိခြင်း၊ မကောင်းကြံခြင်း၊ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းညှိုးနွမ်းခြင်း၊ စိတ်မငြိမ်မသက် ပြန့်လွင့်ခြင်း၊ ယုံမှားတွေးတောခြင်းအစရှိသော နီဝရဏတရားတို့ကို ပယ်ဖျောက်ပြီး ဖြစ်သော ကြောင့် အနည်း ငယ်သော ကြံစည်မှု ၊ စဉ်းစားမှု များ နှင့် သာ နှစ် သိမ့်ချမ်းသာခြင်း ပီသုခကို ခံစား၍ နေ၏ ။

ဒုတိယဈာန်အဆင့်တွင် ကြံစည်မှု ၊ စဉ်းစားမှု စသည့် ဉာဏ်လှုပ်ရှားမှု စသည်တို့ကို ပယ်သတ်လျက် စိတ်ကိုစိတ်၌ သာ စူးစိုက်ထားခြင်းအားဖြင့် ကြည်လင်တည်ငြိမ်စေလျက် ပီတိသုခတို့ကို ဆက်လက်ခံစား၍ နေ၏ ။

တတိယဈာန်အဆင့်တွင် ထင်ရှားစွာ ခံစားရသော နှစ် သိမ့်မှု ပီတိကိုပင်စွန့်ပစ်လျက် စိတ်၏ ချမ်းသာမှု တစ်ခုတည်းကိုသာခံစားပြီး အညီအမျှ ရှုလျက်နေ၏ ။

စတုတ္ထဈာန်အဆင့်တွင် ခံစားမှု အားလုံးတို့ကို စွန့်လွှတ်လိုက်ပြီး ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းများ ကင်းပြီး သတိရှိစွာ နေလေ၏ ။

ဤမှန်သော အားထုတ်မှု ၊ မှန်သော အောက်မေ့မှတ်သားမှု ၊ မှန်သော တည်ငြိမ်မှု သုံးပါးသည် စိတ်ကိုဆုံးမသည့် သိက္ခာရပ်များ ဖြစ်သော ကြောင့် သမ္မာသမာဓိ ဖြစ်ပါသည်။

အထက်၌ ဖော်ပြခဲ့သော တရားများ သည် မဂ်ဖိုလ်ပညာ၏ သဘောတရားများ ဖြစ်ပါသည်။ ထိုမဂ်ဖိုလ်ပညာ တို့ကို အမှန်အတိုင်းကောင်းစွာ သိမြင်သော ပုဂ္ဂိုလ်သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန် ရောက်ရှိမည် ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့လူသားများ သည် နိဗ္ဗာန်ရွှေပြည်မြတ်ကို ယခုဘ၀မှာ ရရှိအောင် အားမထုတ်နိုင်လျှင်သော်မှ နောင်ဘ၀မှာ ရရှိရန်အတွက် ၀ိပဿနာပညာ၊ မဂ်ပညာများ ကို တတ်သိနားလည်အောင် လေ့လာမှတ်သားပြီး ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန် လိုပါသည်။ သို့မှသာလျှင် လူ ဖြစ်ရကျိုးနပ်သော “လူကောင်း” တစ်ယောက် ဖြစ်ပါလိမ့်မည် ။

ယခုအခါ “လူကောင်း” တစ်ယောက် ပြည့်စုံရမည့်  သူတော် ကောင်းဥစ္စာ(၇)ပါး၏ အကျယ်အဓိပ္ပါယ်ကို ဖွင့်ဆိုပြခဲ့ပြီးပါပြီ။ ထိုသူတော် ကောင်းဥစ္စာ(၇)ပါးနှင့် ပြည့်စုံလျှင် “လူကောင်း” တစ်ယောက် ဖြစ်ရုံသာမက အရိယာသူတော် ကောင်းဟုပင် ခေါ်ဝေါ်နိုင်ကြောင်း မြတ်ဗုဒ္ဓက “သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထု”တွင် မိန့်ကြားခဲ့ပါသည်။ ထိုသို့ မိန့်ကြားခဲ့သော သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထုကို နောက်တစ်ပါတ်တွင် ဆက်လက်ရေး သားတင်ပြပေးပါမည် ။ ခုတော့ ဒီမျှနဲ့ပဲ နားပါရစေ။

* * *


သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထု

သုပ္ပဗုဒ္ဓသည် ခန္ဓာကိုယ်နူနေသော ကြောင့် အစားအသောက်တို့ကို လိုက်လံရှာဖွေတောင်းရန်၍ စားသောက်ရသော ပုဂ္ဂိုလ် ဖြစ်ပါသည်။ သူသည် တစ်နေ့တွင် အစာအာဟာရတို့ကို လှည့်လည်တောင်းရမ်းရန် သွားသော အခါ မြတ်စွာ ဘုရား တရားဟောကြားသော နေရာသို့ ရောက်သွားလေ၏ ။ ထိုအခါ သူသည် လူအပေါင်း စုဝေးနေသည်ကိုမြင်၍ “ဤသူတော် ကောင်းများ စုဝေးရာအရပ်သို့ သွားပါက တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်ကို ရနိုင်ပေအံ့”ဟု ကြံပြီးလျှင် ထိုလူစုဝေးရာအရပ်သို့ ချဉ်းကပ်လေ၏ ။

ထိုနေရာသို့ ရောက်သော အခါ မြတ်စွာ ဘုရားရှင်ကိုမြင်လျှင် သြော်-“ငါသည်ကား လူအများ တို့ စားဖွယ်သောက်ဖွယ်များ ကို စီမံသော အရပ်ဟုထင်၍ လာခဲ့၏ ။ ဤနေရာသည် မြတ်စွာ ဘုရားတရားဟောသော နေရာပါလား။ သို့သော်လည်း ငါသည် မြတ်စွာ ဘုရားဟောကြားသော တရားတော် ကို မှတ်သားမိအောင် နာဦးမည် ”ဟု ကြံစည်ပြီးလျှင် ပရိသတ်အစွန့်အဖျား၌ နေလျှက် တရားတော် ကို ရိုသေစွာ နာယူလေ၏ ။

မြတ်စွာ ဘုရားရှင်သည် တရားဟောတော် မူရင်း ကျွတ်ထိုက်သော သတ္တ၀ါကို ကြည့်သည်ရှိသော် ပရိသတ်အစွန့်အဖျား၌ နေ၍ ရိုသေစွာ တရားနာကြားနေသော သုပ္ပဗုဒ္ဓလူနူကို မြင်တော် မူလေ၏ ။

တရားဟောကြားပြီးသည်ရှိသော် သုပ္ပဗုဒ္ဓလူနူသည် သော တာပတ္တိဖိုလ်တည်လေ၏ ။ သုပ္ပဗုဒ္ဓလူနူသည် မြတ်စွာ ဘုရားရှင်အား မိမိရအပ်သော တရားထူးကို လျှောက်ထားချင်သော်လည်း ပရိတ်သတ်အလယ်သို့ ၀င်ခြင်းငှါ မ ဖြစ်နိုင်သော ကြောင့် မြတ်စွာ ဘုရားကျောင်းသို့ ကြွတော် မူသော အခါမှ နောက်ကလိုက်သွားလေ၏ ။

ထိုအခါ သိကြားမင်းသည် သုပ္ပဗုဒ္ဓလူနူ၏ တရားသိမြင်မှု ကို စူးစမ်းလို၍ သုပ္ပဗုဒ္ဓလာသော လမ်းကစောင့်လျက် သုပ္ပဗုဒ္ဓရောက်လာသော အခါတွင် “သုပ္ပဗုဒ္ဓ-သင်သည် လူ့ဘောင်လူ့လောက၌ ဆင်းရဲစွာ ဖြင့် တောင်းရမ်း စားသောက် နေရသော သူ ဖြစ်၏ ။ သို့ ဖြစ်၍ သင့်အား ငါသည် မရေမတွက်နိုင်သော ပစ္စည်းဥစ္စာတို့ကို ပေးမည် ။ သင်သည် မြတ်စွာ ဘုရားအား ဘုရားမဟုတ်၊ တရားတော် အား တရားမဟုတ်၊ သံဃာအား သံဃာမဟုတ်၊ ဘုရား တရား သံဃာဖြင့် ငါ့အား အကျိုးမရှိ”ဟူ၍ ပြောဆိုပါဟု ခိုင်းလေ၏ ။

ထိုအခါ သုပ္ပဗုဒ္ဓသည် “အသင်သည် အဘယ်သူနည်း”ဟု မေးသော အခါ ငါသည် “သိကြားမင်း ဖြစ်ပေ၏ ”ဟု သိကြားမင်းက ပြန်ပြောလေ၏ ။ သုပ္ပဗုဒ္ဓသည် သိကြားမင်းအား အသင်သည် အလွန်မိုက်မဲ့သူ အရှက်မရှိသော သူ ဖြစ်၏ ။ အသင်ကဲ့သို့ ဘုရား တရား သံဃာကို စော်ကားသော မိုက်မဲ့သော သိကြားမင်းနဲ့ ငါသည် စကားပြောဆိုခြင်းငှါ မသင့်လျော်။

အသင်သိကြားမင်းက ငါ့အား ဆင်းရဲသူဟု မှတ်ထင်နေ၏ ။ ငါသည် ဆင်းရဲသူမဟုတ်။ ငါသည် ချမ်းသာမှု မှန်သမျှတို့တွင် အမွန်မြတ်ဆုံး ဖြစ်သော ချမ်းသာကို ရရှိသူ ဖြစ်၏ ။

ငါ့မှာ ရတနာသုံးတန် ကံ ကံ၏ အကျိုးတို့ကို ယုံကြည်သော သဒ္ဓါတရား၊ ကိုယ့်ကျင့်တရား ကောင်းမွန်ခြင်း စာရိတ္တသီလနှင့် မကောင်းမှု တို့ကို မပြုလုပ်မိအောင် စောင့်ထိန်းခြင်း ၀ါရိတ္တသီလတို့ဖြင့် ပြည့်စုံသော သီလတရား၊ မကောင်းမှု ပြုလုပ်ရမှာ ရှက်ခြင်းဟိရီတရား၊ မကောင်းမှု ပြုလုပ်ရမှာ ကြောက်ခြင်း သြတ္တပ္ပတရား၊ ကောင်းသော အကြားအမြင်ရှိခြင်း သုတတရား၊ စွမ်းနိုင်သမျှ စွန့်ကြဲပေးကမ်းခြင်း စာဂတရား၊ အမှန်ကို သိမြင်ခြင်း ပညာတရား တည်းဟူသော သူတော် ကောင်းဥစ္စာ(၇)ပါးတို့သည် ထင်ရှားရှိကုန်၏ ။

ထိုသူတော် ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသော ယောကျာ်းမိန်းမတို့ကို ဆင်းရဲသော သူ မဟုတ်ဟူ၍ ဘုရား ပစ္စေကဗုဒ္ဓါအစရှိသော သူတော် ကောင်းပညာရှိတို့သည် သတ်မှတ်ကြကုန်၏ ဟု ပြောဆိုလေ၏ ။

သိကြားမင်းသည် သုပ္ပဗုဒ္ဓလူနူ၏ စကားကိုကြားလျှင် မြတ်စွာ ဘုရားထံသို့ လျင်မြန်စွာ သွားရောက်ပြီး အကြောင်းစုံကို မေးမြန်းလျှောက်ထားလေ၏ ။ ထိုအခါ မြတ်စွာ ဘုရားရှင်က သင်ကဲ့သို့သော သိကြားမင်းတို့သည် ပစ္စည်းဥစ္စာကို ပေး၍ သော်လည်းကောင်း သတ်လျှင်သော်လည်းကောင်း “လူကောင်း” တစ်ယောက် ၏ အရည်အချင်းတို့နဲ့ ပြည့်စုံသော သုပ္ပဗုဒ္ဓလူနူသည် ဘုရား တရား သံဃာကို ပစ်ပယ်မည် မဟုတ်ကြောင်း မိန့်တော် မူလေ၏ ။

အထက်ပါသာဓကကို ကြည့်ခြင်းအားဖြင့် သူတော် ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသော သူကို မည် ကဲ့သို့သော ဥစ္စာ၊ မည် ကဲ့သို့သော ခြိမ်းခြောက်မှု များ ဖြင့် စည်းရုံးပြီး ရတနာသုံးပါး ကံ ကံ၏ အကျိုးတရားစသည်တို့ကို ယုံကြည်မှု ပျက်ပြားအောင် မလုပ်နိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများ သည် သူတော် ကောင်းဥစ္စာ(၇)ပါး တည်းဟူသော ချမ်းသာအစစ် အမှန်တို့နဲ့ ပြည့်စုံအောင် အားထုတ်ကြရန် လိုပါသည်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာနွယ်ဝင်များ သည် ဘာသာခြားတို့၏ ဖျားယောင်းမှု ကိုခံရပြီး ဘာသာအယူဝါဒ ပြောင်းသွား သည်မှာ ဤသူတော် ကောင်းဥစ္စာ(၇)ပါးနဲ့ မပြည့်စုံသော ကြောင့် ပင် ဖြစ်ပါသည်။ ဘာသာအယူဝါဒ ပြောင်းသွား သော သူများ ကို လေ့လာကြည့်သော အခါ ရတနာသုံးပါး ကံ ကံ၏ အကျိုးတရားဂုဏ်ကျေးဇူးတို့ကို ယုံကြည်မှု ရှိသော “လူကောင်း” တစ်ယောက် ၏ အရည်အချင်းများ နဲ့ မပြည့်စုံသော ကြောင့် လည်းကောင်း၊ စီးပွားရေး ကြောင့် လည်း ကောင်း၊ ကိလေသာတဏှာလောဘကြောင့် လည်းကောင်း ဘာသာ ပြောင်းသွား ကြခြင်း ဖြစ်ပါသည်။

အကယ်၍ သူတို့၏ သန္တာန်၌ “လူကောင်း”အရည်အချင်းများ ရှိခဲ့သော် သုပ္ပဗုဒ္ဓပြောသော စကားကဲ့သို့ မိမိမှာ အချမ်းသာဆုံး ဖြစ်သော သူတော် ကောင်းဥစ္စာ(၇)ပါးရှိ၍ လောကီဥစ္စာများ နှင့် လဲလှယ်ရန် မ ဖြစ်နိုင်ပါ။

သို့ ဖြစ်၍ ကျွန်ုပ်တို့လူသားများ သည် “လူကောင်း” တစ်ယောက် ဖြစ်အောင်၊ လူကောင်းအရည်အချင်းများ နှင့် ပြည့်စုံအောင် အားထုတ်ကြရန် လိုပါသည်။ သို့မှသာလျှင် ပစ္စုပ္ပန် သံသရာနှစ် ဖြာသော အကျိုးတို့ကို ကောင်းစွာ ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြပြီးလျှင် မျက်မှော က် တမလွန်တို့၌ ကောင်းကျိုးချမ်းသာများ ကို ခံစားရ ပါလိမ့်မည် ။

ယခုခေတ်၌ “လူကောင်း”နည်းပါးပြီး “လူကောင်း”ဟု ဟန်ဆောင်ပြီး လိမ်လည်နေသော ပုဂ္ဂိုလ်တို့ ပေါများ လှပါသည်။ ထို့ကြောင့် “လူကောင်း”ဟု ဟန်ဆောင်ကြသော ပုဂ္ဂိုလ်များ ကို “လူကောင်း”ဟုတ် မဟုတ် စိစစ်တက်ရန်အတွက် “လူကောင်း” တစ်ယောက် ၏ အပေါ်ယံလက္ခဏာများ ကို ရေး သားတင်ပြလိုက်ပါသည်။

၁။ အသက်ရှင်သမျှ ကာလပတ်လုံး မိခင် ဖခင် ကျေးဇူးရှင်များ ကို ရိုသေစွာ ပြုစုလုပ်ကျွေးခြင်း။

၂။ အသက်ရှင်သမျှ ကာလပတ်လုံး မိမိထက် အသက်သိက္ခာကြီးသူများ ကို ရိုသေလေးစွာ ဖြင့် ပြုမှု ဆက်ဆံခြင်း။

၃။ အသက်ရှင်သမျှ ကာလပတ်လုံး သာယာချိုမြိန်ချစ်ဖွယ်ကောင်းသော စကားတို့ကိုသာ ပြောဆိုခြင်း။

၎။ အသက်ရှင်သမျှ ကာလပတ်လုံး ကုန်းတိုက်စကား မပြောဆိုခြင်း။

၅။ အသက်ရှင်သမျှ ကာလပတ်လုံး ၀န်တိုမှု ကင်းစွာ ဖြင့် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိခြင်း။

၆။ အသက်ရှင်သမျှ ကာလပတ်လုံး သီလလုံခြုံခြင်း။

၇။ အသက်ရှင်သမျှ ကာလပတ်လုံး အကြားအမြင် ဉာဏ်ပညာရှိပြီး မှားယွင်းသော အပြုအမှု များ မပြုလုပ်ခြင်း စသည်တို့ ဖြစ်ပါသည်။

အထက်ပါ အချက်အလက်တို့နှင့် ပြည့်စုံမှု ရှိမရှိကိုကြည့်၍ သော်လည်းကောင်း၊ “လူကောင်း” တစ်ယောက် ပြည့်စုံရမည့်  အချက်အလက်တို့ ရှိမရှိကို ကြည့်၍ သော်လည်းကောင်း “လူကောင်း”ဟုတ် မဟုတ် သိနိုင်ပါသည်။

“လူကောင်းအစစ်အမှန်နဲ့ ပေါင်းဖော်ပါက လူကောင်း တစ်ယောက် ဖြစ်လာပါလိမ့်မည် ”ဟု မြတ်ဗုဒ္ဓဟောကြားခဲ့ သော မင်္ဂလာသုတ်လာ “လူဆိုးနှင့် မပေါင်းနဲ့ လူကောင်းပညာရှိနှင့် ပေါင်းသင်းပါ”ဟူသော စကားတို့ကို လူတိုင်းပြောဆိုနေကြပါသော်လည်း လူကောင်းဆိုတာ မည် ကဲ့သို့သော ပုဂ္ဂိုလ် လူကောင်းနှင့် ပေါင်းဖော်လျှင် မည် ကဲ့သို့သော အကျိုးတရားရရှိသည်ဟူသော အချက်တို့ကို သေချာကျနစွာ မသိသေးသော ပုဂ္ဂိုလ်တို့က များ ပါသည်။

ထို့ကြောင့် လူကောင်းနှင့် ပေါင်းဖော်ရခြင်း၏ အကျိုးတရားများ ကို ရေး သားတင်ပြလိုက်ပါသည်။ လူကောင်းနှင့် ပေါင်းဖော်သော သူသည်.........

၁။ လူကောင်း တစ်ယောက် ဖြစ်ရခြင်း။

၂။ အသိအလိမ္မာ ဉာဏ်ပညာရှိသော သူ ဖြစ်ရခြင်း။

၃။ စိုးရိမ်ပူပင်သော က ကင်းရခြင်း။

၎။ ဆွေမျိုး ပရိတ်သတ်အလယ် တင့်တယ်စွာ နေရခြင်း။

၅။ နတ်ပြည်သို့ ရောက်ရခြင်း။

၆။ နတ်ပြည်၌ ကြာမြင့်စွာ အမြဲတည်နေရခြင်း။

၇။ ဒုက္ခအပေါင်းမှ ကင်းလွတ်ရခြင်းစသော အကျိုးတို့ကို ရရှိသည့်အပြင် လူကောင်း တစ်ယောက် ၏ တရားများ ကို ကျင့်ကြံအားထုတ်ပါက ၀ဋ်ဆင်းရဲမှ လျင်မြန်စွာ လွတ်မြောက်နိုင်ခြင်းဟူသော အကျိုးတရားများ ကို ရရှိပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့လူသားများ သည် မိမိကိုယ်တိုင်လည်း “လူကောင်း” တစ်ယောက် ဖြစ်အောင် နေထိုင်ပြီး “လူကောင်း”များ နဲ့သာ ပေါင်းသင်းပါက လိုအပ်သော အကျိုးကျေးဇူးများ ကို ရရှိမှာ သေချာပါသည်။

ထို့ပြင် မျက်မှော က်တမလွန်အတွက် အကျိုးရှိသော လုပ်ငန်းတို့ကို လုပ်ဆောင်သော ကြောင့် ဖြစ်လေရာဘ၀မှာ နိဗ္ဗာန်သို့ရောက်အောင် အားထုတ်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ပါလိမ့်မည် ။ သို့ ဖြစ်၍ ဤဖော်ပြခဲ့သော အချက်အလက်တို့ကို ပြည့်စုံအောင် အားထုတ်ကျင့်ကြံကြပြီး “လူကောင်း”များ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျက် “လူတော် လူကောင်း”ခေါင်းစဉ်ကို နိဂုံးချုပ်ပါရစေ။

* * *


နိဂုံး

အမှော င်နှင့် အလင်းဆောင်သော ကမ္ဘာလောကကြီးအတွင်းဝယ် အကောင်းနှင့် အဆိုး အယုတ်နှင့် အမြတ်၊ လူဆိုးလူမိုက်နှင့် လူတော် လူကောင်းတို့သည် ဒွန်တွဲ နေကြ၏ ။ မျက်မှော က်ခေတ် ဆုတ်ကပ်ကာလတွင် လူဆိုးလူမိုက်များ ထွန်းကား၍ နေရာအနှံ့အပြားတွင် ဒုနဲ့ဒေးပေါများ လှပါသည်။ “လူတော် လူကောင်း”တို့မှာ မူ လွန်စွာ ရှားပါးသော ခေတ်ကာလ ဖြစ်ပါသည်။

“အရင်းစစ်တော့ အမြစ်မြေက”ဆိုသကဲ့သို့ လူသားတို့သည် အကြောင်းအကျိုး အကောင်းအဆိုး လူတော် လူကောင်းစသည်တို့ကို ခွဲခြားနားလည်ရန် လိုပေသည်။ ထိုကဲ့သို့ ခွဲခြားနားမလည်ပါက လူဆိုးလူမိုက်များ နှင့် ပေါင်းဖော်မိကာ ဘ၀နွံနစ်ကြရပေမည် ။ လူဆိုးလူမိုက်ဆိုသည်မှာ မွေးရာပါ မဟုတ်သကဲ့သို့ ဦးချိုပါသော လူလည်း မဟုတ်ပါ။ ပတ်ဝန်းကျင်၏ သွန်သင်ဆုံးမမှု ပေါ်တွေ င် မူတည်၍ “လူဆိုးလူမိုက် လူတော် လူကောင်း”ဟု ဖြစ်လာကြရပေသည်။

“အတုမြင်အတက်သင်”နေကြသည့် လူ့လောကီနယ်ပင်တွင် “ပတ္တမြားစစ်၍ နွံမနစ်သော်လည်း နွံနှင့် အပတ်ခံရပါက ပတ္တမြား၏ တန်ဖိုး ယုတ်လျော့သွားသကဲ့သို့” တန်ဖိုးရှိသော လူ့ဘ၀ကိုရရှိနေပြီး “လူတော် လူကောင်း” မ ဖြစ်ဘဲ လူဆိုးလူမိုက် ဖြစ်မည် ဆိုလျှင် လူသားတို့ကို အကျိုးမပြု၊ မိဘစသော ပတ်ဝန်ကျင်ကိုလည်း အကျိုးရှိအောင် လုပ်မပေးသော ကြောင့် လူ ဖြစ်ရကျိုးမနပ်သော လူတစ် ယောက် ဖြစ်၍ ဘ၀တစ်ခုလုံးဆုံးရှုံးပြီး သံသရာတွင် လည်း ခေါင်းမဖော်နိုင်ဘဲ ဖြစ်နေပေလိမ့်မည် ။

ထို့ကြောင့် “လူတော် လူကောင်း”သဘောလက္ခဏာ အရည်အချင်းတို့ကို မီးမောင်းထိုးပြသော စာရေး သူ၏ ဆောင်းပါးကို ဖတ်ရှု့ပြီး လိုက်နာကျင့်သုံးမည် ဆိုလျှင် မိမိတို့ဘ၀သည် “အမှော င်မသန်း ဘေးဘျမ်းမခဘဲ” အေးချမ်းလှပသော ဘ၀ကိုပိုင်ဆိုင်ပြီး သံသရာတွင် လည်း အခက်အခဲမရှိ လွယ်ကူစွာ ဖြင့် ဖြတ်သန်းနိုင်ပါလိမ့်မည် ။

ဤဆောင်းပါးသည် လောကကြီးတွင် ခရီးနှင်ကြမည့်  လူသားအာလုံးတို့အတွက် လိုအပ်သော ကွက်လပ်ကို တစ်ထောင့်တစ်နေရာက အုပ်တစ်ချပ်သဲတစ်ပွင့်အ ဖြစ် ဖြည့်ဆည်းပေး လိမ့်မည် ဟု ယုံကြည်ပါသည်။ အချိန်ကာလအပိုင်းအခြားကာလအတွင်းမှာ ရေး သားဖော်ပြရခြင်း ကြောင့် အရည်အသွေးမီ မှတ်ကျောက်တင်နိုင်သော ဆောင်းပါးဟု မဆိုနိုင်ပါ။ သဘာဝနိယာမ သဘောအရ အမှားတစ်စုံတစ်ရာ တွေ့ ရှိနိုင်ပါသည်။ ထိုသို့ အမှားတွေ့ မည် ဆိုလျှင် ပညာရှိပီသစွာ ဖြင့် ပြင်ဆင်၍ ဖတ်ကြစေလိုပါသည်။

စာရေး သူရေး သားသော “လူတော် လူကောင်း”အမည် ရှိသော ဆောင်းပါးသည် အပြီးဆုံးတိုင် ရောက်ရှိခဲ့ပါပြီ။ ဤဆောင်းပါးကို ရေး သားရာ၌ အသိဉာဏ်ပညာဗဟုသုတ နုနယ်သေး၍ စာပေ အရေး အသားပိုင်းတို့ မကျွမ်းကျင်သေးသည့်အလျောက် အခက်ခဲများ စွာ နဲ့ ရင်ဆိုင်ပြီး ရေး သားခဲ့ရ ပါသည်။

စာရေး သူသည် လူသားတို့အား “လူတော် လူကောင်း”များ ဖြစ်စေချင်သည့်ဆန္ဒဖြင့် ဤဆောင်းပါးကို ရေး သားတင်ပြလိုက်ခြင်း ဖြစ်ပါသည်။ စာရေး သူ၏ ဆန္ဒကို လူသားအားလုံးသော်လည်းကောင်း၊ တစ်ဦး တစ်ယောက် သော်လည်းကောင်း သဘောပေါက်နားလည်ပြီး လိုက်နာကျင့်သုံးဆောင်ရွက် မည် ဆိုလျှင် စာရေး သူပင်ပန်းရကျိုး နပ်ပါသည်။

ထို့ပြင် စာရေး သူတင်ပြသော “လူတော် လူကောင်း”တို့သည် မျက်မှော က်ဘ၀၌ တွေ့ ကြုံရမည့်  ဘေးဒုက္ခအမျိုးမျိုး သံသရာ၌ ရင်ဆိုင်ရမည့်  ဆင်းရဲအမျိုးမျိုးတို့မှ ကင်းဝေးပြီးလျှင် မိမိတို့အလိုရှိရာပန်းတိုင်ကို ဧကန်ရောက်ရှိပါလိမ့်မည် ။ ထိုသို့သော အကျိုးတရားများ ကို ရရှိနိုင်ရန်အတွက် အားလုံးသော လူသားများ သည် “လူတော် လူကောင်း”များ ဖြစ်အောင် ကြိုးစားကြပါဟု ဆန္ဒပြုရင်း စာရေး သူ၏ “လူတော် လူကောင်း”ဆောင်းပါးကို အဆုံးနိဂုံးကမ္ဗည်းသတ်လိုက်ပါသည်။

ဆန္ဒမွန်

လူတို့နားတွင် ၊ မိုက်မလင်းကို

ဝင်းဝင်းထွန်းငြီး၊ ဉာဏ်ဆီမီးဖြင့်

မှော င်းကြီးကင်းပျောက်၊ ငါ့စာရောက်က

ငါ့အောက်ပညာ၊ နုသေးစွာ သား

သမ္ဘာမပြန့်၊ အလူအ၀ှန့်အား

စိတ်ပြားပညာ၊ ပွားပါစိမ့်မည်

သည်သို့ရည်၍ ...............။

ရှင်မဟာရဋ္ဌသာရ

လူတော် လူကောင်း

ပညာပြည့်ဝ၊ နှလုံးလှက

ဘ၀ဤခါ၊ သံသရာဝယ်

ဝေဖြာကောင်းကျိုး၊ စည်ပင်ဖြိုးလိမ့်

အကျိုးဂုဏ်အင်၊ ဖြိုးစုံလင်ဖို့

မမျှော်အကျိုး၊ အရိုးဂုဏ်တင်

ဝန်းကျင်အပေါင်း၊ ချီးမွမ်းရှောင်းသည့်

လူတော် လူကောင်း ဖြစ်ကြပါစေသော်.......။

* * *




ဝန်ဇင်းချစ်သူများ ဓမ္မ ၏ “ သီလတောင်းနည်း အမျိုးမျိုး နှင့် ကောင်းကျိုး ဆိုးကျိုးများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဓမ္မစကြာသုတ်ပါဠိ (မြန်မာပြန်)

သံဃာ့ဂုဏ်ရည် ရဟန်းနှင့် ဝိနည်းဆိုင်ရာ ဗဟုသုတများ

အဘိဓမ္မာ ၇-ကျမ်း