''အဘိဓမ္မတ္ထ''
အဘိဓမ္မာ ၇-ကျမ်း
၁။ ဓမ္မသင်္ဂဏီ (ကုသိုလ် အကုသိုလ်တရားတို့ကို ကောင်းစွာ ဟောကြားသော ကျမ်း)
၂။ ဝိဘင်္ဂ=ဝိဘင်း (သုတ္တံ အဘိဓမ္မာကို အမေးအဖြေဖြင့် အကျယ်ဝေဖန်သော ကျမ်း)
၃။ ဓာတုကထာ (ဓါတ်ကို ပိုင်းခြား၍ ဟောကြားသော ကျမ်း)
၎။ ပုဂ္ဂလပညတ္တိ (ပညတ် ၆-မျိုး ဟောကြားသော ကျမ်း)
၅။ ကထာဝတ္ထု (အယူဝါဒနှင့် ဆိုင်သော ကျမ်း)
၆။ ယမက=ယမိုက် (အစုံ အစုံလိုက် ဟောသော ကျမ်း)
၇။ ပဋ္ဌာန=ပဋ္ဌာန်း (အကြောင်းအမျိုးမျိုးကို ဟောသော ကျမ်း)
သာသနာနှစ် ၁၅ဝဝ ခန့်က အိန္ဒိယတောင်ပိုင်း ကာဝေရိûမိ့၌ မွေးဖွားသူ
အရှင်အနုရုဒ္ဓါသည် သီဟိုမဟာဝိကာရကျောင်း၌ ပညာဆည်းပူး၍
သီဟိုကျွန်း မူလသော မကျောင်းတိုက်တွင်
အဘိဓမ္မာ ၇-ကျမ်းကို အနှစ် ချုပ်၍
အဘိဓမ္မတ္ထသင်္ဂဟ=သင်္ဂြိုဟ် ၉-ပိုင်းဖြင့် ရေး သားပူဇော်သည်။
၁။ စိတ်ပိုင်း (သိတတ်သော သဘောကို ခွဲခြား ပြသော အပိုင်း)
၂။ စေတသိက်ပိုင်း (စိတ်ကိုမှီတွယ်၍ ခြယ်လှယ်သော သဘောတရားကို ပြသော အပိုင်း)
၃။ ပကိဏ်းပိုင်း (စိတ် စေတသိက် စသည်တို့ကို ရောပြွမ်း၍ ပြသော အပိုင်း)
၎။ ဝီထိပိုင်း (စိတ် စေတသိက်တည်းဟူသော နာမ်တရားတို့၏ ဖြစ်စဉ်ကို ပြသော အပိုင်း)
၅။ ဝီထိမုတ်-ဘုံပိုင်း (၃၁-ဘုံရှိ ပုဂ္ဂိုလ်တို့၏ သက်တမ်းကို ပြသော အပိုင်း)
၆။ ရုပ်ပိုင်း (ဖောက်ပြန်တတ်သော ရုပ်သဘောနှင့် ဒုက္ခကင်းသော နိဗ္ဗာန်ကို ပြသော အပိုင်း)
၇။ သမုစ္စည်းပိုင်း (ရုပ်နာမ်တို့ကို သဘောတူ ပေါင်းစည်း ပြသော အပိုင်း)
၈။ ပစ္စည်းပိုင်း (ကြောင်းကျိုး ဆက်စပ်ပုံကို ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းဖြင့် ပြသော အပိုင်း)
၉။ ကမ္မဋ္ဌာန်းပိုင်း (သမထ ဝိပဿနာ လက်တွေ့ ကျင့်ကြံအားထုတ်ပုံကို ပြသော အပိုင်း)
၁။ စောထွတ်ဘုန်းလျှံ၊ တရားမွန်၊ သံဃံ နမာမိ။
၂။ ပရမတ်သင်္ဂြိုဟ်၊ တတ်မြောက်လို၊ လူဗိုလ် တောင်းပန်ဘိ။
၃။ သင်္ဂြိုဟ်ဉာဏ်လောက်၊ အမြန်ရောက်၊ သံပေါက် ဆိုပိမ့် သိ။
၎။ စိတ်+စေတသိက်၊ ရုပ်+နိဗ်-လေး ရပ်၊ ပရမတ်။
၅။ သိ+ပယ်+ဆိုက်+ပွား၊ လေးပါးကိစ္စ၊ အပိုင်ရ၊ မုချ ပရမတ်။
* ဘူမိဘေဒ စိတ် ၄-ပါး
၆။ ကာမ+ရူပ+အရူပ၊ လောကဥတ္တရာ။
၇။ တဏှာတြိ၊ ပိုင်းခြားဘိ၊ ဘူမိစတုဖြာ။
* ကာမာဝစရစိတ် ၅၄-ပါး
၈။ အကုဆယ့်နှစ် ၊ ဆယ့်ရှစ်အဟိတ်၊ သုံးဆယ်စိတ်၊ ယုတ်+နိစ် အသော ဘဏတည်း။
* အကုသိုလ်စိတ် ၁၂-ပါး
၉။ သော +ဥ-နှစ် တန်၊ ဒိဌ်သံ+ဝိ-လေး၊ ပွားရေး အ-သ၊ စိတ်ရှစ်ဝ၊ အဋ္ဌ လောဘမူ။
၁ဝ။ ဒေါမနဿ၊ ပဋိဃသံ၊ အ+သ-ရံ၊ နှစ် တန် ဒေါသမူ။
၁၁။ ဥပေက္ခာမှီ၊ ဝီစိ+ဥဒ္ဓစ်၊ သံပွားလစ်၊ နှစ် ခု မောဟမူ။
၁၂။ လောရှစ်+ဒေါနှစ် ၊ မောလည်း နှစ် ၊ ဆယ့်နှစ် အကုဟူ။
၁၃။ သော လေး+ဥဆ၊ ဒေါနှစ် မျှ၊ ဒွါဒ အကုယူ။
-၂- အဘိဓမ္မာ ပရမတ္ထသံခိပက် ကျမ်း လယ်တီဆရာတော်
* အဟိတ်စိတ် ၁၈-ပါး
၁၄။ စက်+သော +ဃာဇီ၊ ကာ-ကိုမှီ၊ ငါးလီဝိညာဏ်မှတ်။
၁၅။ သံ+သန် နှစ် ခု၊ လောင်းပြန်မှု ၊ အကုဝိပါက်သတ်။
၁၆။ သံ+သန်+သန်-ဟု၊ လောင်းပြန်မှု ၊ ကုသလဝိပါက် အဋ္ဌ်။
၁၇။ အာဝဇ္ဇန်းဒွိ၊ ဟသိတုပ္ပါဒ်၊ ဤသုံးရပ်၊ မှတ်လေ ကိရိယာ။
၁၈။ ကာယနှစ် လီ၊ ဒု+သု မှီ၊ ကု-တီ+ဟသိ-သော ။
၁၉။ အကြွင်းစုဒ္ဒသ်၊ ဥ-နှင့် ကပ်၊ ဌာရသ် စိတ်မနော။
အဟိတ်စိတ် ၁၈-ပါး ပြီး၏ ။
အသော ဘဏစိတ် ၃ဝ-ပြီး၏ ။
* သော ဘဏစိတ် အကျဉ်း ၅၉၊ အကျယ် ၉၁-ပါး
၂ဝ။ ကျဉ်းဗျည်းနဝစ်၊ ကျယ်နော+ဧက်၊ လှစ်ပိမ့်သော ဘဏာ။
* ကာမသော ဘဏစိတ် ၂၄-ပါး
၂၁။ သော +ဥ-နှစ် တန်၊ ဉာဏ်သံ+ဝိ-လေး၊ ပွားရေး အ+သ၊
အဋ္ဌသုံးလီ၊ ကု+ဝိ+ကီ၊ စ+ဝီကာမ သော ဘဏ။
၂၂။ အကုဒွါဒီ၊ ကုရှစ်လီ၊ တေဝီ ဝိပါက်ရေး ။
၂၃။ ဆယ့်တစ်ကြိယ၊ ပေါင်းတုံက၊ ကာမ ငါးဆယ့်လေး။
၂၄။ ဥသုံးဆယ့်နှစ် ၊ သော ဆယ့်ရှစ်၊ ဒေါနှစ် +ဒု+သု+ဧ။
* ရူပါဝစရစိတ် ၁၅-ပါး
၂၅။ ဝိ+စာ+ပီ+ဝေ၊ နှစ် ပါးထွေ၊ ဧ+လျှင် ငါးခုမှတ်။
၂၆။ စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ ဈာန်ဟု ခေါ်သတတ်။
၂၇။ ငါး+လေး+သုံး+နှစ် ၊ တဖန်နှစ် ၊ တွဲ လစ် ဈာန်ငါးရပ်။
၂၈။ ပ+ဒု+တ+စ၊ ပဉ္စမ၊ ပွားထ ဈာန်ငါးရပ်။
၂၉။ ငါးဈာန်ယှဉ်မှု ၊ ငါးခုသုံးလီ၊ ကု+ဝိ+ကြီ၊ ပွားပြီ စိတ်ဆယ့်ငါး။
၃ဝ။ သော -ဆယ့်နှစ် ဝ၊ ဥသုံးမျှ၊ ရူပစိတ် ဆယ့်ငါး။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၃-
* အရူပါဝစရစိတ် ၁၂-ပါး
၃၁။ အာ+ဝိဉ်+အာ+နေ၊ ဈာန်လေးထွေ၊ ဥ+ဧ-အင်္ဂါနှစ် ။
၃၂။ လေးဈာန်ယှဉ်မှု ၊ လေးခုသုံးလီ၊ ကု+ဝိ+ကြီ၊ ပွားပြီ စိတ်ဆယ့်နှစ် ။
၃၃။ စိတ် အရူပ၊ ဒွါဒသ၊ ပဉ္စမ ဥပေက္ခာ ဖြစ်။
* မဟဂ္ဂုတ်စိတ် ၂၇-ပါး
၃၄။ မဟဂ္ဂုတ်ဟူ၊ ရူ+အရူ၊ ပေါင်းမူ သတ်+ဝီသ။
၃၅။ ကု+ဝိ+ကြိ+နော၊ သော ဆယ့်နှစ် ပါး၊ ဥဆယ့်ငါး၊ ပေါင်းငြား သတ်+ဝီသ။
* လောကီစိတ် ၈၁-ပါး
၃၆။ ကာ+ရူ+အရူ၊ လောကီဟူ၊ ပေါင်းမူ ရှစ်ဆယ့်တစ်။ (ဘူမိဘေဒနည်း)
၃၇။ ဆယ့်နှစ် အကု၊ ကုဆယ့်ခွန်နှုန်း၊ သုံးဆယ့်နှစ် ဝိ၊ နှစ် ဆယ်ကြိ၊
ပေါင်းဘိ ရှစ်ဆယ့်တစ်။ (ဇာတိဘေဒနည်း)
၃၈။ ဥဇောသတ္တ၊ သော တိံသ၊ ဒေါဒွ+ဒု+သု ဧက်။
လောကီစိတ် ၈၁-ပါးပြီး၏ ။
* လောကုတ္တရာစိတ် အကျဉ်း ၈-ပါး
၃၉။ လေးမဂ်ယှဉ်ရိုး၊ ကုလေးမျိုး၊ အကျိုး ဖိုလ်လည်းလေး။
* စိတ်အကျဉ်း ၈၉-ပါး
၎ဝ။ ကီရှစ်ဆယ့်တစ်၊ ကုတ်မူ ရှစ်၊ ပေါင်းလစ် ရှစ်ဆယ့်ကိုး။
၄၁။ ဆယ့်နှစ် အကု၊ ကုဧကဝိံ၊ ဆတ္တိံသ ဝိ၊ နှစ် ဆယ်ကြိ၊ ပေါင်းဘိ ရှစ်ဆယ့်ကိုး။
* လောကုတ္တရာစိတ် အကျယ် ၄ဝ-ပါး
၄၂။ ရှစ်လောကုတ်စု၊ တခုခုဝယ်၊ ငါးဈာန်ခြယ်၊ အကျယ် လေးဆယ်ပွား။
၄၃။ မဂ်စိတ်နှစ် ဆယ်၊ ဖိုလ်နှစ် ဆယ်၊ အကျယ် လောကုတ်ပွား။
၄၄။ သော သုံးဆယ့်နှစ် ၊ ဥမူရှစ်၊ ပေါင်းလစ် လေးဆယ်ထား။
-၄- အဘိဓမ္မာ ပရမတ္ထသံခိပက် ကျမ်း လယ်တီဆရာတော်
* ဈာန်စိတ် ၆၇-ပါး
၄၅။ ဈာန်မဟဂ္ဂုတ်၊ ဈာန်လောကုတ်၊ သရုပ် ခြောက်ဆယ့်ခွန်။
၄၆။ ပ+ဒု+တ+စ၊ လေးဝအညီ၊ ဆယ့်တစ်စီ၊ တေးဝီ ပဉ္စမဈာန်။
၄၇။ သော မနသ်စု၊ ဇော ဇောရှု၊ ဥမူ တေးဝီမှန်။
* စိတ်အကျယ် ၁၂၁-ပါး
၄၈။ ရှစ်ဆယ့်တစ် ကီ၊ ကုတ် တာလီ၊ ဧက်+ဝီ+သတာ ဖြစ်။
၄၉။ သုံးဆယ့်ခွန်ကု၊ အပွားရှု၊ ဝိစု ငါးဆယ့်နှစ် ။
၅ဝ။ ဥပဉ္စေး စေး၊ သော ဆဒွေး၊ ဒေါဒွေး+ဒု သု ဧက်။
ပိုဒ်ပေါင်းငါးဆယ် လင်္ကာခြယ် ဤဝယ်စိတ်ပိုင်းပြီး။
၁။ ဖြစ်+ပျက်+မှီ+အာ၊ တူလေးဖြာ၊ အင်္ဂါယှဉ် နိမိတ်။
၂။ စိတ်၌ မှီတွယ်၊ စိတ်ကိုခြယ်၊ ငါးဆယ်နှင့် ဒွိက်၊ စေတသိက်။
၃။ ဖသ်+ဝေ+သဉ်+စေ၊ ဧ+ဇီ+မန၊ ဤသတ္တ၊ သဗ္ဗစိတ်တိုင်း ဖြစ်။
၎။ တက်+စာ+ဝီ+ပီ+ဆန်+အဓိ၊ ပြွမ်းဘိ ပကိဏ်းခြောက်။
၅။ ကောင်း+ဆိုး နှစ် တန်၊ ခပ်တိုင်းငန်၊ သမာန်အည-တေရသ။
၆။ မော+ဟိ+နောက်+ဥဒ်၊ မောစတုက်။
၇။ လော+မာန်+ဒိဋ္ဌိ၊ လောတြိ။
၈။ ဒေါ+ဣသ်+မစ်+ကုက်၊ ဒေါစတုတ်။
၉။ ထိ+မိဒ်+ဝိစိ၊ ဆုံးတြိ။
၁ဝ။ ယုတ်မာညစ်ကြေး၊ မိုက်မဲမှေး၊ ဆယ့်လေး အကုသိုလ်။
၁၁။ သဒ္ဓါ+သတိ၊ ဟီရိ+သြတ္တပ်၊ ဟိတ်နှစ် ရပ်၊ တတြ မဇ္ဈတ္တတာ။
၁၂။ ပဿဒ္ဓိ+လဟု၊ မုဒု+ကမ္မဉ်၊ ပါဂုညဉ်နှင့် ၊
ထို့ပြင် ဥဇုက၊ ခြောက်ဓမ္မ၊ ကာယ+စိတ်နှင့် နော။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၅-
၁၃။ ဝါစာ+ကမ္မန်၊ အာဇီဝန်၊ သုံးတန် ဝိရတီ။
၁၄။ သမာဒါန၊ သမ္ပတ္တ၊ ဆေဒ-သုံး သုံးလီ။
၁၅။ ကရု+မုဒု၊ ဤနှစ် ခု၊ ခေါ်မှု ပမညာ။
၁၆။ အသိ+အလိမ္မာ၊ ဉာဏ်+ပညာ၊ ဝိဇ္ဇာ+အမောဟ။
စေတသိက်ပိုင်း ၅၂-ပါး ပြီး၏ ။
* အညသမန်းစေတသိက် သမ္ပယောဂနည်း
၁၇။ သဗ္ဗစိတ္တေ၊ ခုနှစ် ထွေ၊ ယှဉ်လေစိတ်အားလုံး။
၁၈။ ပဉ္စဝိညာဏ်၊ ကြဉ်တုံပြန်၊ ကာ-ကျန် လေးဆယ့်လေး။
၁၉။ လေးဆယ့်လေးတန်၊ ကာမကျန်ဝယ်၊
ပ-ဈာန်ဆယ့်တစ်၊ လောင်းတုံလစ်၊ တက် ဖြစ် ပဉ္စေးစေး။
၂ဝ။ ငါးဆယ့်ငါးတန်၊ တက် ဖြစ်ရန်ဝယ်၊
ဒု-ဈာန်ဆယ့်တစ်၊ လောင်းတုံလစ်၊ စာ- ဖြစ် ဆဆတွေး။
၂၁။ ပဉ္စဝိညာဉ်၊ သံ+သန်+ပဉ်၊ ကြဉ် ဝိဗျည်းသုဉ်ဧး။
၂၂။ စဈာန်ကြဉ်ပစ်၊ သော ကျန်စစ်၊ ဝီ- ဖြစ် ပဉ္စဧး။
၂၃။ ပဉ္စဝိညာဉ်၊ ဝိစိကြဉ်၊ ဓိ-ယှဉ် သုဉ်+ဧက်+ဧး။
၂၄။ မောမူ+အဟိက်၊ စိတ်နှစ် ဆယ်ပစ်၊ အကျန်စစ်၊ ဆန် ဖြစ်ဧက်+သုဉ်+ဧး။
အညသမန်းစေတသိက် သမ္ပယောဂနည်းပြီး၏ ။
* အကုသိုလ်စေတသိက် သမ္ပယောဂနည်း
၂၅။ မောစတုက်စု၊ ယှဉ်တုံမှု ၊ အကု တဆယ့်နှစ် ။
၂၆။ လော+လောဘမူ၊ ဒိဌ်+သံယူ၊ မာ-မူ ဝိပ်လေး ဖြစ်။
၂၇။ ဒေါစတုတ်မူ၊ ယှဉ်ရာယူ၊ ဒေါမူ စိတ်စုံနှစ် ။
၂၈။ ထိ+မိဒ် သ သင်၊ ငါးမှာ ယှဉ်၊ ဝိစဉ်+ဝိစိ ဖြစ်။
အကုသိုလ်စေတသိက် သမ္ပယောဂနည်း ပြီး၏ ။
-၆- အဘိဓမ္မာ ပရမတ္ထသံခိပက် ကျမ်း လယ်တီဆရာတော်
* သော ဘဏစေတသိက် သမ္ပယောဂနည်း
၂၉။ တဆယ့်ကိုးဖြာ၊ သော ဘဏာ၊ ယှဉ်ရာကိုးဆယ့်တစ်။
၃ဝ။ ကာမကုရှစ်၊ လောကုတ်ရှစ်၊ ဖြစ်ရာဝိရတီ။
၃၁။ ကာမကုမှာ ၊ ယှဉ်တုံပါ၊ ရံခါ အသီးသီး။
၃၂။ လောကုတ်ရှစ်မှာ ၊ ယှဉ်တုံပါ၊ မြဲစွာ တပေါင်းတည်း။
၃၃။ မဟာကြိ+ကု၊ ပ+ဒု+တ+စ၊ ရူပဆယ့်နှစ် ၊ နှစ် ဆယ့်ရှစ်၊ ဖြစ်လေပမညာ။
၃၄။ ကိစ္စ+အာရုံ၊ အခွင့်êကံ၊ ဖြစ်တုံသီးသီးသာ။
၃၅။ ကု+ဝိ+ကြိ+ဉာဏ်၊ ဈာန်မဟဂ္ဂုတ်၊
လောကုတ်တခွင်၊ အကုန်ယှဉ်၊ ပညာစေတသိက်။
သော ဘဏစေတသိက် သမ္ပယောဂနည်း ပြီး၏ ။
သင်္ဂဟနည်း
* အကုသိုလ်စိတ်၌ သင်္ဂဟနည်း
* လောဘမူစိတ်၌ သင်္ဂဟနည်း
၃၆။ အညသမာန်၊ ဆယ့်သုံးခံ၊ လေးတန်မောစတု။
၃၇။ ပ-အ၌ မူ၊ လော+ဒိဌ်ကူ၊ ပေါင်းမူ ဆယ့်ကိုးရှု။
၃၈။ ဒု-အ၌ မူ၊ လော+မာန်ကူ၊ ပေါင်းမူ ဒသ်နောပြု။
၃၉။ ယင်းဆယ့်ကိုးနှစ် ၊ ပီတိပစ်၊ ဆယ့်ရှစ် တ+စ+အ။
၎ဝ။ ယင်းလေးရပ်တွင် ၊ ထိ+မိဒ်ဝင်၊ သသင်လေးခုရ။
၄၁။ ဆယ့်ကိုး+ဆယ့်ရှစ်၊ ဝိဧက်+ဝိသေ၊ နှစ် -စိဝေ၊ လေး-ထွေသင်္ဂဟ။
လောဘမူစိတ်၌ သင်္ဂဟနည်း ပြီး၏ ။
* ဒေါသမူစိတ်၌ သင်္ဂဟနည်း
၄၂။ ပီ ပစ် အညံ၊ ဆယ့်နှစ် ခံ၊ လေးတန် မောစတု။
၄၃။ ဒေါစတုတ်ကူ၊ ဒေါသမူ၊ ပေါင်းယူ နှစ် ဆယ်ရှု။
၄၄။ ယင်း နှစ် ဆယ်တွင် ၊ ထိ-မိဒ်ဝင်၊ သသင် ဒွေး ဒွေးပြု။
ဒေါသမူစိတ်၌ သင်္ဂဟနည်း ပြီး၏ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၇-
* မောဟမူစိတ်၌ သင်္ဂဟနည်း
၄၅။ ပီ+အဓိ+ဆန်၊ ကြဉ်တုံပြန်၊ အညံ တဆယ်ထား။
၄၆။ မောစတုတ်ပါ၊ စိကိစ္ဆာ၊ စိ-မှာ တဆယ့်ငါး။
၄၇။ ပီ+ဆန်ပယ်ပစ်၊ အဉ်ဆယ့်တစ်၊ ထည့်လစ် မောစတု။
၄၈။ ဥဒ္ဓစ္စမှာ ၊ ရတုံပါ၊ သင်္ချာ ဆယ့်ငါးခု။
မောဟမူစိတ်၌ သင်္ဂဟနည်း ပြီး၏ ။
အကုသိုလ်စိတ်၌ သင်္ဂဟနည်း ပြီး၏ ။
* အဟိတ်စိတ်၌ သင်္ဂဟနည်း
၄၉။ သဗ္ဗစိတ္တ၊ ခုနှစ် ရ၊ ပဉ္စဝိညာဏ်မှာ ။
၅ဝ။ ဝီ+ဆန်ပယ်ပစ်၊ တဆယ့်တစ်၊ ဖြစ်တုံ သော +တီ မှာ ။
၅၁။ ပီ+ဆန်ပယ်ပစ်၊ တဆယ့်တစ်၊ ဖြစ်တုံ မနောဒွါ။
၅၂။ ဆန္ဒပယ်ပစ်၊ တဆယ့်နှစ် ၊ ဖြစ်တုံ ဟသိမှာ ။
၅၃။ ဝီ+ပီဆန်ပယ်၊ ကျန်တဆယ်၊ ငါးသွယ်ကြွင်းဟိတ်မှာ ။
၅၄။ ခုနှစ် ဆယ့်တစ်၊ တဆယ့်နှစ် ၊ နောက် ဖြစ်၊ တဆယ်သာ။
အဟိတ်စိတ်၌ သင်္ဂဟနည်း ပြီး၏ ။
* ကာမသော ဘဏစိတ်၌ သင်္ဂဟနည်း
၅၅။ ဆယ့်သုံးအည၊ သော ဘဏ၊ ပေါင်းက သုံးဆယ့်ရှစ်။
၅၆။ ပ-ကုဒွေးမှာ ၊ ယှဉ်တုံပါ၊ ဒု-မှာ ဉာဏ်ကိုပစ်။
၅၇။ ပီပစ်+ဉာဏ်ယှဉ်၊ တ-ဒွေးတွင် ၊ စ-တွင် ဉာဏ်+ပီပစ်။
၅၈။ သုံးဆယ့်ရှစ်တွင် ၊ ဝိရတီကြဉ်၊ ကြိတွင် ကု-နည်းသွား။
၅၉။ သုံးဆယ့်ငါးတွင် ၊ မညာကြဉ်၊ ဝိ-တွင် ကြိနည်းသွား။
၆ဝ။ လေးစုံသုံးထပ်၊ ဆယ့်နှစ် ရပ်၊ မှတ်လေနည်းအပြား။
ကာမသော ဘဏစိတ်၌ သင်္ဂဟနည်း ပြီး၏ ။
-၈- အဘိဓမ္မာ ပရမတ္ထသံခိပက် ကျမ်း လယ်တီဆရာတော်
* မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း
၆၁။ မဟဂ္ဂုတ်တွင် ၊ ဝိရတီကြဉ်၊ ပဉ်မှာ မညာပစ်။
၆၂။ သုံးဆယ့်ငါးတန်၊ ငါးဆင့်ဖန်၊ ဈာန်အင်္ဂါနည်းသွား။
၆၃။ သုံးဆယ့်ငါး+လေး၊ သုံးနှင့် ဒွေး၊ တိံသေးနည်းအပြား။
မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း ပြီး၏ ။
* လောကုတ္တရာစိတ်၌ သင်္ဂဟနည်း
၆၄။ ဒွေပမညာ၊ ကြဉ်တုံပါ၊ သင်္ချာ သုံးဆယ့်ခြောက်။
၆၅။ လောကုတ်ဈာနင်၊ ပွားနည်းယှဉ်၊ အစဉ်ငါးဆင့်မြှောက်။
၆၆။ သုံးဆယ့်ခြောက်+ငါး၊ လေး+သုံးဒွါး၊ ငါးပါးသင်္ဂဟ။
သင်္ဂဟနည်း ၃၃-ပါး ပြီး၏ ။
* အထူးမှတ်ရန်-
၆၇။ မာ+ဣသ်+မစ်+ကု၊ ထိ+မိဒ်စု၊ သုံးခု ဝိရတီ။
၆၈။ နှစ် ပမညာ၊ ဆယ့်တစ်ဖြာ၊ ရံခါယှဉ်ကြဘိ။
၆၉။ အာရုံမတူ၊ ကွဲကြမူ၊ အတူမ ဖြစ်သိ။
၇ဝ။ သမ်+သင်ကိုသိ၊ အကျယ်ချိ၊ များ ဘိစေသီးသီး။
ပိုဒ်ခုနှစ် ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် စေ-ပိုင်းပြီး။
* ဝေဒနာသင်္ဂဟ
(က) သု+ဒု+ဥ-တု၊ သုံးပါးစု၊ အနုဘဝနာ။
(ခ) သု+ဒု+သော +ဒေါ၊ ဥ-နှင့် နှော၊ မှတ်လော ဣန္ဒြိယာ။
(ဂ) ဥပဉ္စေးစေး၊ သော -ဆဒွေး၊ ဒေါဒွေး+ဒု+သု ဧက်။
ဝေဒနာသင်္ဂဟ ပြီး၏ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၉-
* ဟေတုသင်္ဂဟနည်း
၁။ လော+ဒေါ+မော-သုံး၊ အ-နှင့် သုံး၊ ခေါ်ထုံး ဟိတ်ခြောက်ပါး။
၂။ ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ် ကြောင်းရင်းများ ။
၃။ အဟိတ်ဆယ့်ရှစ်၊ ဧ-ဟိတ်နှစ် ၊ ဒွိ ဖြစ် ဝီသ-ဒွေး။
၎။ ဟိတ်သုံးပါးယှဉ်၊ တိဟိတ်တွင် ၊ သင်္ချာဇောသတ္တေး။
၅။ စိတ်နှင့် စေ-ယှဉ်၊ ကျေလည်လျှင်၊ ဟိတ်မြင်မခက်သေး။
ဟေတုသင်္ဂဟနည်း ပြီး၏ ။
* ကိစ္စသင်္ဂဟနည်း
၆။ စပ်ဆက်+စီစဉ်၊ ဆင်ခြင်+ကြည့်ရှု၊ ကြားနာမှု နှင့် ၊ နံမှု +လျက်မှု ၊
တွေ့ ထိမှု မှန်၊ လက်ခံ+စစ်ဆေး၊ ပိုင်းခြားရေး တည့်၊
သိရေး တွင် ကျယ်၊ တာတွယ်လိုက်စား၊ ရွေ့ရှားပြောင်းခွာ၊
ဆယ့်လေးဖြာ ပြုရာကိစ္စစဉ်။
၇။ အာဝဇ္ဇနံ၊ ကိစ္စဝန်၊ ဝဇ္ဇန်နှစ် စိတ်ပင်။
၈။ ဒဿနာဒိ၊ စက္ခာဒိ၊ သိလေစိတ်အစဉ်။
၉။ ဝုဋ္ဌောကိစ္စာ၊ မနောဒွါ၊ တစ်သာအမြဲပင်။
၁ဝ။ ဝဇ္ဇန်ကြဉ်ဘိ၊ ကု+ကု+ကြိ၊ ဖိုလ်ထည့် ဇောပဉ်+ပဉ်။
၁၁။ သန္တီတြိ၊ မဟာဝိ၊ မှတ်သိ တဒါရင်။
၁၂။ သော -သန္တီရိ၊ ကိစ္စဒွိ၊ သန္တိ+တဒါရင်။
၁၃။ မနောဒွါရာ၊ ဒွိကိစ္စာ၊ ဝုဋ္ဌာ+ဝဇ္ဇန်ပင်။
၁၄။ ရှစ်မဟာဝိ၊ ဘွင်+သန္ဓိ၊ စုတိ+တဒါရင်။
၁၅။ ကိုးမဟဂ်ဝိ၊ ကိစ္စတြိ၊ သန္တိ+ဘဝင်+စု-ယှဉ်။
၁၆။ ဥ-သန္တီရိ၊ စိတ်နှင့် ဒွိမှု ၊ သန္ဓိ+ဘဝင်၊ သန္တီရင်နှင့် ၊
အစဉ်လိုက်မှု ၊ အဆုံးစု၊ ငါးခုကိစ္စယှဉ်။
၁၇။ တစ် ခြောက်ဆယ့်ရှစ်နှစ် ၊ နှစ် မူနှစ် ၊ လေး ရှစ်သုံးကိုးပင်။
၁၈။ ငါးမူကား ဒွိ၊ အပေါင်းသိ၊ ပြီး၏ ကိစ္စသင်။
ကိစ္စသင်္ဂဟနည်း ပြီး၏ ။
-၁ဝ- အဘိဓမ္မာ ပရမတ္ထသံခိပက် ကကျမ်း လယ်တီဆရာတော်
* ဒွါရ သင်္ဂဟ
၁၉။ စက်+သော +ဃာ+ဇီ၊ ကာ+မနီ၊ ခြောက်လီဒွါရမှတ်။
၂ဝ။ အကြည်အလင်၊ ဖိတ်ဖိတ်လွင်၊ ထွက်ဝင်တံခါးဓာတ်။
၂၁။ ဘဝင်ဆယ့်ကိုး၊ စိတ်အမျိုး၊ ခေါ်ရိုးမနောဒွါ။
၂၂။ စက္ခု-စသည်၊ ဖိတ်ဖိတ်လည်၊ အကြည်ရုပ်တို့သာ။
၂၃။ မနော-ဟူသည်၊ ဖိတ်ဖိတ်လည်၊ မနောနာမ်တို့သာ။
၂၄။ ပဉ္စဝိညာဉ်၊ ကိုယ်စီယှဉ်၊ ငါးအင်ဒွါရမှာ ။
၂၅။ မနောဓာတ်ခေါ်၊ စိတ်မနော်၊ ငါးဖေါ်ဒွါရမှာ ။
၂၆။ မနောဒွါရာ၊ န္တီသုံးဖြာ၊ မဟာဝိပါက်ရှစ်။
၂၇။ နှစ် ဆယ့်ကိုးမျှ၊ ဇောကာမ၊ ဒွါရခြောက်ပါး ဖြစ်။
၂၈။ ဇောအပ္ပနာ၊ ဆဗ္ဗီသာ၊ မှန်စွာ မနော ဖြစ်။
၂၉။ ဆယ့်ကိုး ပဋိသန်၊ စိတ်အမှန်၊ ခြောက်တန် ဒွါရလွတ်။
၃ဝ။ စက္ခုဒွါရောက်၊ လေးဆယ့်ခြောက်၊ ယူကောက်စိတ်အရ။
၃၁။ သော တ-စသည်၊ ဒွါလေးလီ၊ ထုံးမှီ ရှေးနည်းပြ။
၃၂။ ခြောက်ဆယ့်ခွန်သာ၊ မနောဒွါ၊ သင်္ချာစိတ်ရေရ။
၃၃။ တဒွါရရောက်၊ သုံးဆယ့်ခြောက်၊ ငါးရောက် မနောသုံး။
၃၄။ ခြောက်ဒွါရ ဖြစ်၊ သုံးဆယ့်တစ်၊ လွတ်+ ဖြစ် တစ်ဆယ်နှုံး။
၃၅။ မဟဂ်ဝိပါ၊ ကိုးခုမှာ ၊ ခြောက်ဒွါ လွတ်မြဲထုံး။
ဒွါရသင်္ဂဟ ပြီး၏ ။
* အာရမ္မဏ သင်္ဂဟ
၃၆။ ရူပ+သဒ္ဒ၊ ဂန္ဓ+ရသ၊ ဖောဋ္ဌဗ္ဗ၊ ဓမ္မ ခြောက်အာရုံ။
၃၇။ စိတ်+စေတသိက်၊ ရုပ်+နိဗ်အကြွင်း၊ ပညတ်အပြား၊ ဤငါးပါး၊
မှတ်သား ဓမ္မာရုံ။
၃၈။ ဆွဲကိုင်မှီတွယ်၊ ကျေးဇူးကြွယ်၊ ခြောက်သွယ်ခေါ်အာရုံ။
၃၉။ နိဗ္ဗာန်+ပညတ်၊ နှစ် ရပ်ဓမ္မ၊ ဖြစ်ကင်းပ၊ ကာလဝိမုတ်êကံ။
အာရုံခွဲ ပြီး၏ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၁၁-
* အာရုံပြုပုံ
၎ဝ။ ပဉ္စဝိညာဏ်၊ ကိုယ်စီရံ၊ ငါးတန်ရူပါဒိ။
၄၁။ မနောဓာတုံ၊ ငါးအာရုံ၊ နှစ် စုံ ဆယ့်သုံးရှိ။
၄၂။ ပစ္စုပ်ဧကန်၊ ရုပ်ဧကန်၊ အမှန်တွေးယူညှိ။
၄၃။ တဒါ+ဟသ၊ ဆယ့်နှစ် ဝ၊ ကာမကိုသာသိ။
၄၄။ အကုဆယ့်နှစ် ၊ ရှစ်ဝိပ္ပယုတ်၊ ကု-ကြိထုတ်၊ လောကုတ်ကြဉ်၍ သိ။
၄၅။ ကာမကုဉာဏ်၊ ကုဘိညာဏ်၊ ငါးတန်စိတ်မနိ။
၄၆။ အရဟတ်မဂ်ဖိုလ်၊ ကြဉ်စေလို၊ ကြွင်းကို အကုန်သိ။
၄၇။ ကာမကြိဉာဏ်၊ ကြိဘိညာဏ်၊ ဝဇ္ဇန်မနောဆိ။
၄၈။ ခပ်သိမ်းအာရုံ၊ အလုံးစုံ၊ အကုန်ပြုလေဘိ။
၄၉။ ဘိညာကြဉ်မှု ၊ ဆယ့်ငါးရူ၊ အရူ ပ+တ-ဆိ။
၅ဝ။ ပညတ်ဧကစ်၊ နှစ် ဆယ့်တစ်၊ စင်စစ်အမှန်သိ။
၅၁။ အရူဒုမှာ ၊ ပ-ကိုသာ၊ စ-မှာ တ-ကိုသိ။
၅၂။ လောကုတ္တရံ၊ စိတ်ရှစ်တန်၊ နိဗ္ဗာန်ကိုသာသိ။
အာရမ္မဏ သင်္ဂဟ ပြီး၏ ။
* ဝတ္ထု သင်္ဂဟ
၅၃။ စက်+သော +ဃာ+ဇီ၊ ကာ+ဟဒီ၊ ခြောက်လီ ဝတ္ထုရုပ်။
၅၄။ တည်ရာမှီရာ၊ မြေပမာ၊ လွန်စွာ ကျေးဇူးထုတ်။
၅၅။ ဝတ္ထုခြောက်စုံ၊ ကာမဘုံ၊ အကုန်ရသည်သာ။
၅၆။ စက်+သော -နှစ် တန်၊ ဟဒယံ၊ သုံးတန် ရူပ-မှာ ။
၅၇။ အရူပမူ၊ ဝတ္ထုဟူ၊ မြူမျှမရှိပါ။
ဝတ္ထု အခွဲ ပြီး၏ ။
၅၈။ ဝိညာဏ်ဆယ်လီ၊ အမြဲမှီ၊ ငါးလီ သီးသီးသာ။
၅၉။ မနောဓာတ်သုံး၊ မှီမြဲထုံး၊ အဆုံးဝတ္ထုမှာ ။
၆ဝ။ သန္တီ+မဟာဝိ၊ ဒွေးပဋိ၊ ဟသိ+ဆယ့်ငါးရူ။
-၁၂- အဘိဓမ္မာ ပရမတ္ထသံခိပက် ကျမ်း လယ်တီဆရာတော်
၆၁။ သော တာမဂ္ဂ၊ သုံးဆယ်ရ၊ ဟ-၌ အမြဲယူ။
၆၂။ အရူပဝီ၊ စတုညီ၊ အမှီမရှိဟူ။
၆၃။ လော+မော-ဆယ်ဖြာ၊ မနောဒွါ၊ မဟာ ကု+ကြိ ရှစ်။
၆၄။ ကု+ကြိ ရှစ်ဖြာ၊ အရူပါ၊ ကုတ်မှာ ထက်ခုနှစ် ။
၆၅။ ဝတ္ထုရုပ်စီ၊ မှီ+မမှီ၊ ပေါင်းညီ လေးဆယ့်နှစ် ။
၆၆။ မှီ-စတုတေး၊ မမှီ-လေး၊ စ+ဒွေး-မှီ+မမှီ။
ပိုဒ်ပေါင်းခြောက်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ်ပကိဏ်းပြီး။
* စိတ်သက်ရုပ်သက် ဝေဖန်ခန်း
၁။ ဖြစ်+တည်+ချုပ်လတ်၊ ဤသုံးရပ်၊ ဥပါဒ်+ဌီ+ဘင် ယူ။
၂။ ခဏငယ်သုံးချက်၊ အပေါင်းနက်၊ စိတ္တက္ခဏယူ။
၃။ လျှပ်တပြက်တွင် ၊ စိတ္တက္ခဏေ၊ အပေါင်းရေ၊ ကုဋေတသိန်းဟူ။
၎။ ဆယ့်ခုနှစ် ချက်၊ ထိုစိတ်သက်၊ ရုပ်သက် တခုယူ။
၅။ လက္ခဏလေး၊ ဝိညတ်ဒွေး၊ ကြဉ်ရေး ရုပ်ဒွိဒူ။
စိတ်သက်ရုပ်သက် ခွဲခန်း ပြီး၏ ။
* ပဉ္စဒွါရဝီထိ
၆။ ဒွါရမုတ်မျိုး၊ တဆယ့်ကိုး၊ ခေါ်ရိုးဝီထိမုတ်။
၇။ ခြောက်ဒွါရဝယ်၊ စိတ်စဉ်ခြယ်၊ ခြောက်သွယ်ဝီထိထုတ်။
၈။ တိမဟန်နှင့် ၊ မဟန်+ပရိတ်၊ တိပရိတ်၊ ဖြာစိတ် ပဉ္စဒွါ။
၉။ အတိမဟန်၊ တချက်လွန်၊ မဟန်နှစ် +သုံးသာ။
၁ဝ။ လေးကအစ၊ ကိုး တိုင်ကျ၊ လွန်က ပရိတ္တာ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၁၃-
၁၁။ တဆယ်အာဒိ၊ ဆယ့်ငါးထိ၊ လွန် တိပရိတ္တာ။
၁၂။ တဒါနှင့် ဇော၊ ဝုဋ္ဌော+မောဃ၊ လေးဝါရ၊ ယှဉ်ကြ စဉ်တိုင်းသာ။
၁၃။ ပရိတ္တာထုံး၊ ဝုဋ္ဌောဆုံး၊ နှစ် +သုံး-အကြိမ်သာ။
၁၄။ စက္ခာ+လောက၊ ရူပထင်ပြီ၊ မနသီ၊ လေးလီ စက္ခုဖို့။
၁၅။ သော တာ+ကာသ၊ သဒ္ဒထင်ပြီ၊ မနသီ၊ လေးလီ သော တဖို့။
၁၆။ ဃာန+ဝါတ၊ ဂန္ဓထင်ပြီ၊ မနသီ၊ လေးလီ ဃာနဖို့။
၁၇။ ဇိဝှါ+အာပ၊ ရသထင်ပြီ၊ မနသီ၊ လေးလီ ဇိဝှါဖို့။
၁၈။ ကာယ+ထဒ္ဓ၊ ဖောဋ္ဌထင်ပြီ၊ မနသီ၊ လေးလီ ကာယဖို့။
ပဉ္စဒွါရဝီထိ ပြီး၏ ။
၁၉။ အတီ+စလေ၊ ဥပစ္ဆေ၊ သုံးထွေဘဝင်္ဂ။
၂ဝ။ ဘဝင်သုံးတန်၊ အာဝဇ္ဇန်၊ ဝိညာဏ် ဒွေးပဉ္စ။
၂၁။ သံ+သန်+ဝုဋ္ဌာ၊ ဇောသတ္တာ၊ တဒါနှစ် ကြိမ်ချ။
၂၂။ ထို့နောင်ဘဝင်၊ အများ ပင်၊ လေးစဉ်နုဗန္ဓ။
၂၃။ ပဉ္စဝိညာဏ်၊ မှီရာမှန်၊ ငါးတန် သူ့ဒွါရ။
၂၄။ မန္ဒ,အမန်၊ မဇ္ဈိမံ၊ သုံးတန် အာယုက။
၂၅။ ပဉ္စဝိဉ် ဥ၊ ဌီကို ရှု၊ ဧကုပညာသ။
၂၆။ တီ ဘွင် ပြိုင် ဥ၊ မဇ္ဈိပြု၊ နှစ် ခုရှေ့နောက်ကျ။
၂၇။ စိတ္တက္ခဏံ၊ တချက်လွန်၊ ဟဒံ မှီကြွင်းစု။
* မနောဒွါရဝီထိ အာရုံခွဲ
၂၈။ ဝိဘူလေးဖြာ၊ မနောဒွါ၊ လွန်စွာ အပြားများ ။
၂၉။ တဒါ+ဇောနှင့် ၊ ဝုဋ္ဌော+မောဃ၊ လေး-ဝါရ၊ ယှဉ်ကြ အစဉ်အား။
၃ဝ။ ကာမဝါရာ၊ အပ္ပနာ၊ နှစ် ဖြာ အရင်းထား။
၃၁။ အနုဗန္ဓက၊ သုဒ္ဓိက၊ ကာမ နှစ် ထွေပြား။
၃၂။ အတိတ်+သမူဟ၊ အတ္ထဒြပ်၊ နာမ်ပညတ်၊ လေးရပ် နုဗန်ပွား။
အနုဗန္ဓကဝီထိ ပြီး၏ ။
* ကာမဇောဝါရသုဒ္ဓိကဝီထိ
၃၃။ ဒိဋ္ဌံ+သုတံ၊ ဝိညာတံ၊ သမ္ဗန်ကိုယ်စီပွား။
-၁၄- အဘိဓမ္မာ ပရမတ္ထသံခိပက် ကျမ်း လယ်တီဆရာတော်
၃၄။ ကာမနာမ်ရုပ်၊ မဟဂ္ဂုတ်၊ လောကုတ်ပညတ်ထား။
၃၅။ ပစ္စုပ်+တီတ၊ နာဂတ၊ ကာလဝိမုတ်ပွား။
* ကာမဇောဝါရသုဒ္ဓိက မနောဒွါရဝီထိ
၃၆။ ဘဝင်နှစ် တန်၊ အာဝဇ္ဇန်၊ ကာမံဇောသတ္တ။
၃၇။ တဒါဒွယ၊ ဘဝင်ကျ၊ များ လှ နောက်လိုက်မှာ ။
၃၈။ ဝါရလေးသွယ်၊ ဝေဖန်ခြယ်၊ ဝုဋ္ဌ်ဝယ် နှစ် သုံးသာ။
* ဝိပါကနိယမ
၃၉။ ဣဋ္ဌာရုံတွင် ၊ ကုဝိ ယှဉ်၊ တိတွင် သော မနသ်။
၎ဝ။ အနိဋ္ဌာပြိ၊ အကုဝိ၊ ကြိလည်း ဝိနှယ်တပ်။
၄၁။ ဒေါနောက်မှာ မူ၊ တဒါ+ဘဝင်၊ သော -မယှဉ်၊ ဥလျှင် အမြဲမှတ်။
၄၂။ သော -ပုဂ္ဂလ၊ ဇောဝါရ၊ ဒေါမှ နောက် ဥ-အာ။
၄၃။ တိဣဌ်တရပ်၊ မဟဂ္ဂတ်နှင့် ၊ ပညတ်ကဝ၊ ဒေါဇောကျ၊ ဒေါမှ နောက် ဥ-အာ။
အာဂန္တုက ဘဝင်အကြောင်း ပြီး၏ ။
၄၄။ ပုဂ္ဂိုလ်ကာမ၊ ဇောကာမနှင့် ၊ ကာမအာရုံ၊ သုံးချက်စုံ၊ တဒါရုံ၏ အခွင့်တည်း။
ဝိပါက နိယမ ပြီး၏ ။
* ကာမဇောဝါရ နိယမ
၄၅။ အရိုးသတ်+ဆ၊ အားနည်းလှ၊ ပဉ္စအကြိမ်သာ။
၄၆။ ဝသီခေါင်ဖျား၊ ဈာန်နှင့် ငြား၊ လေး+ငါး နှစ် ထွေလာ။
ကာမဇောဝါရ နိယမ ပြီး၏ ။
* အပ္ပနာဇောဝါရ မနောဒွါရဝီထိ
၄၇။ ကာမရှစ်တန်၊ ကု+ကြိ-ဉာဏ်၊ သုံးတန်+လေးကြိမ်သာ။
၄၈။ လေး+ငါး ကြိမ်မြောက်၊ ပနာရောက်၊ ထို့နောက် တီဘွင်သာ။
၄၉။ သော -မှာ သော ချင်း၊ ဥ-ဥချင်း၊ ယှဉ်လျှင်းကာ+ပနာ။
၅ဝ။ ကု+ကု+ဖိုလ်သုံး၊ ကြိကြိရုံး၊ ထက်ဆုံး ဖိုလ်အပါ။
၅၁။ သော +ကု နောင် ဖြစ်၊ သုံးဆယ့်နှစ် ၊ ဆယ့်နှစ် ဥ-ကုမှာ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၁၅-
၅၂။ သော ကြိနောင်ရှစ်၊ ဥကြိနှစ် ၊ နောက် ဖြစ် ခြောက်ပနာ။
၅၃။ အာဒိကမ္မ၊ မဂ်+ဘိည၊ ရောဓ-ဆုံးဧကာ။
၅၄။ မဂ်နောင်ဖိုလ်လေး၊ နှစ် သုံး ရေး ၊ နိရှေးနေ-နှစ် သာ။
၅၅။ ဆိုပြီးသည်မှ၊ ကြွင်းသမျှ၊ များ လှကြိမ်ပနာ။
အပ္ပနာဇောဝါရ နိယမ ပြီး၏ ။
၃၁-ဘုံတည်နေပုံ
* ဘုံ၌ စိတ်ရကို ပြခြင်း
၅၆။ မဟဂ်ဝိကြဉ်၊ ကာမတွင် ၊ စိတ်လျှင်ရှစ်ဆယ်ရ။
၅၇။ ဆဃာနာဒိ၊ မဟာဝိရှစ်၊ ဒေါနှစ် တမူ၊ အရူဝိလေး၊
ကြဉ်ရေး နှစ် ဆယ်၊ ဆနောကြွယ်၊ ခြောက်ဆယ့်ကိုးရူပ။
၅၈။ ဝတ္ထုရုပ်စီ၊ မီမမီလစ်၊ လေးဆယ့်နှစ် ဟူ၊ အရူဝိလေး၊ ပေါင်းထွေးတုံနှောက်၊
လေးဆယ့်ခြောက်၊ ခွန်-မြှောက်အရူပ။
ဘုံ၌ စိတ်ရ ပြီး၏ ။
* ဘုံ၌ ပုဂ္ဂိုလ်ရကို ပြခြင်း
၅၉။ ဒု+သု+ဒွိ+တိ၊ အရိယာရှစ်၊ တကျိပ်နှစ် ၊ ပြားလစ် ဝါကရာ။
၆ဝ။ အပါယ် ဒုဇ၊ လူ+စ ဒုပစ်၊ နှစ် ဆယ့်နှစ် ၊ ပေါင်းလစ် နှစ် ဆယ့်ခြောက်။
၆၁။ ဒု+သု-မယှဉ်၊ ထက်နတ်ခွင်၊ ပေါင်းလျှင် ငါးကျိပ်မြောက်။
၆၂။ တိဟိတ်+ရိယာ၊ ကိုးသင်္ချာ၊ ဗြဟ္မာဝေဟပ်ရောက်။
၆၃။ သညသတ်မှာ ၊ သု-တစ်သာ၊ သုဒ္ဓါထက်သုံးယောက် ။
၆၄။ သော တာမဂ်ပစ်၊ ခုနှစ် အရိယာ၊ တိဟိတ်ပါ၊ လေးဖြာဘုံနှင့် မြှောက်။
၆၅။ နှစ် ရာ့တဆယ်၊ လေးယောက် ကယ်၊ အကျယ်ဘုံတစ်လျှောက်။
ဘုံ၌ ပုဂ္ဂိုလ်ရ ပြီး၏ ။
-၁၆- အဘိဓမ္မာ ပရမတ္ထသံခိပက် ကကျမ်း လယ်တီဆရာတော်
* ပုဂ္ဂိုလ်၌ စိတ်ရကိုပြခြင်း
၆၆။ ဇောကိုးကြိ၊ မဟာဝိရှစ်၊ ဆယ့်ခွန်ပစ်၊ ဒု- ဖြစ်တြိန်သတ်။
၆၇။ ဝိပ္ပယုတ်ဝိပါက်၊ လောင်းစွက်ပြန်လစ်၊ လေးဆယ့်တစ်၊ ဖြစ်လေ သု+ဒွိမှတ်။
၆၈။ သမ္ပယုတ်ဝိပါက်၊ လောင်းစွက်ပြန်ငြား၊ လေးဆယ့်ငါး၊ မှတ်သားတိဟိတ်မှာ ။
၆၉။ မဟဂ်ကု+ကြိ၊ လောင်းတုံဘိ၊ တိဟိတ် အကုန်ပါ။
၇ဝ။ မဂ္ဂဋ္ဌာန်စု၊ မဂ်လေးခု၊ ရမှု ဧကသာ။
၇၁။ ဒိဌ်သံ+ဝိစိ၊ ကြဉ်တုံဘိ၊ အာဒိ ဒွေး ဖလာ။
၇၂။ ဒေါကို ပါယ်ပြန်၊ အနာဂါမ်၊ အကျန် သူတို့မှာ ။
၇၃။ အကုသိုလ်နှင့် ကုသိုလ်နှစ် သွယ်၊ အောက်ဖိုလ်ပယ်ဘိ၊ ဗျည်းတြိ၊
သိလေ ရဟန္တာ။
ပုဂ္ဂိုလ်၌ စိတ်ရ ပြီး၏ ။
ပိုဒ်ခုနှစ် ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ဝီထိပြီး။
၁။ ကိုးသိန်းခြောက်သော င်း၊ အထုပေါင်း၊ တည်ရှောင်း အောက်ခံလေ။
၂။ လေးသိန်းရှစ်သော င်း၊ အထုပေါင်း၊ တည်ရှောင်း လေထက်ရေ။
၃။ နှစ် သိန်းလေးသော င်း၊ အထုပေါင်း၊ တည်ရှောင်း ရေထက်မြေ။
၎။ သိလာ+ပံသု၊ မြေနှစ် ခု၊ အထု ထက်ဝက်လေ။
၅။ သိဉ္ဇိုင်း+ကာလ၊ သင်္ဃာတ၊ ဒွယ ရောရုဝါ။
၆။ တာပန ဒွိ၊ အဝီစိ၊ တည်ရှိ ငရဲရွာ။
၇။ သော င်းငါးထောင်စီ၊ သင်္ချာညီ၊ ရှစ်လီ ခြားအကွာ။
၈။ ဘင်+ပြာ+လက်+သန်၊ အစဉ်ရံ၊ လေးတန် ဥဿဒါ။
၉။ ဘင်+ပြာ+လက်+သန်၊ မြစ်အရံ၊ ငါးတန် တနည်းမှာ ။
၁ဝ။ ငရဲ+တိရစ်၊ ပြိတ်+အသူရာ၊ ဤလေးဖြာ၊ အောက်ရွာ ပါယ်ဘူမိ။
အပါယ် ၄-ဘုံ ပြီး၏ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၁၇-
၁၁။ လူ+စ+တာ+ယာ၊ တုသ်+နိမ္မာ၊ ဝသာ+ပြည်ဝတ္တီ။
၁၂။ လေးသော င်းနှစ် ထောင်၊ အကွာဆောင်၊ လူ့ဘောင်ဆင့်ဆင့်သိ။
၁၃။ သုဂတိသတ်၊ ပါယ်လေးရပ်၊ ဧက်ဒသ် ကာ-ဘူမိ။
ကာမ ၁၁-ဘုံ ပြီး၏ ။
၁၄။ ပါရိသဇ္ဇာ၊ ရောဟိတာ၊ မဟာဗြဟ္မာတြိ။
၁၅။ ပရိတ္တာဘာ၊ ပမာဏာ၊ ဘဿာ ဘုံတြိ။
၁၆။ ပရိတ္တသုဘာ၊ ပမာဏာ၊ ကိဏှာဘုံတြိ။
၁၇။ ဖလာဝေဟပ်၊ သညသတ်၊ နှစ် ရပ်တပြင်သိ။
၁၈။ အဝိ+အတပ်၊ သုဒဿာ+ဿီ၊ အကနိ၊ ငါးလီဘုံသုဒ္ဓိ။
ရူပ ၁၆-ဘုံ ပြီး၏ ။
၁၉။ အာကာ+ဝိည၊ အာကိဉ္စ၊ နေဝ အရူပိ။
အရူပ ၄-ဘုံ ပြီး၏ ။
၂ဝ။ ငါးသန်း+ငါးသိန်း၊ ရှစ်ထောင်ချိန်း၊ ခြားကိန်း ဆင့်ဆင့်သိ။
၂၁။ ကုဋေခုနှစ် ၊ သန်းမှာ တစ်၊ သိန်းရှစ်+သော င်းပဉ္စာ။
၂၂။ ထောင်မှာ ကားဆ၊ လူ နေဝ၊ ဝေးလှ ယူဇနာ။
ဘူမိစတုက္က ဘုံ ၄-မျိုး ပြီး၏ ။
၂၃။ ဥ-သန္တီရိ၊ အကုဝိ၊ သန္ဓိ အပါယ်ရွာ။
၂၄။ ကုဝိ-ဥ-သန်၊ လူယုတ်ကျန်၊ နတ်ဌာန်ဘုန်းမဲ့စွာ ။
၂၅။ ရှစ်မဟာဝိ၊ သုဂတိ၊ သန္ဓိ ခုနှစ် ရွာ။
၂၆။ မဟဂ္ဂတ၊ ဝိပါက၊ ဗြဟ္မသန္ဓိသာ။
၂၇။ ကလာပ်ဇီဝိ၊ ရုပ်သာရှိ၊ သန္ဓိ အသညာ။
-၁၈- အဘိဓမ္မာ ပရမတ္ထသံခိပက် ကျမ်း လယ်တီဆရာတော်
၂၈။ ဘဝတစ်ခု၊ သန်+ဘွင်+စု၊ သုံးခု ထပ်စမြဲ။
၂၉။ ဘုံ+ဇာတ်၊ သမ်+သင်၊ အာ-ငါးအင်၊ သန်+ဘွင်+စု-မကွဲ။
ပဋိသန္ဓေခန်း ပြီး၏ ။
* နတ်သက်ခန်း
၃ဝ။ လူ+ဘုမ္မိစိုး၊ ပါယ်လေးမျိုး၊ သက်ဇိုဝ်းမြဲမရှိ။
၃၁။ ငါးဆယ်နှစ် သာ၊ လူတို့ရွာ၊ စမှာ တရက်သိ။
၃၂။ ရက်သုံးဆယ်လ၊ ဆယ့်နှစ် လ၊ စမှာ တနှစ် ရှိ။
၃၃။ ငါးရာထိုနှစ် ၊ သက်တမ်း ဖြစ်၊ လူနှစ် ကိုးသန်းသိ။
၃၄။ အနှစ် တရာ၊ လူတို့ရွာ၊ တာ-မှာ တရက်သိ။
၃၅။ သူ့ရက်+လ+နှစ် ၊ အစဉ် ဖြစ်၊ တာနှစ် တထောင်ရှိ။
၃၆။ ဤနည်းနှင်နှင်၊ လေးဆတင်၊ ထက်ခွင်ဘုံဇီဝိ။
နတ်သက်ခန်း ပြီး၏ ။
* ဗြဟ္မာသက်ခန်း
၃၇။ အာယု+အန္တရာ၊ အသင်္ချာ၊ မဟာ-လေးမျိုးကပ်။
၃၈။ သံ+ဝိဝဋ်တွင် ၊ ဌာယီယှဉ်၊ သင်္ချေလေးလီမှတ်။
၃၉။ ပျက်+တည်၊ ဖြစ်+တည်၊ အစဉ်လည်၊ လေးမည် အနက်ဟပ်။
၎ဝ။ သင်္ချေလေးဖြာ၊ အပေါင်းမှာ ၊ မဟာကမ္ဘာမှတ်။
၄၁။ မီးခုနှစ် တန်၊ ရေတတန်၊ ရှစ်ပြန် ဆုံးလေဓာတ်။
၄၂။ ပ+ဒု+တ-ထွေ၊ ဈာန်ဘုံဗွေ၊ မီး+ရေ+လေနယ်မှတ်။
၄၃။ ဇာတိ+အာဏာ၊ ဝိသယာ၊ သုံးဖြာလောကဓာတ်။
၄၄။ သော င်း+သိန်းကုဋေ၊ အသင်္ချေ၊ သုံးထွေအစဉ်ဟပ်။
၄၅။ ဖြစ်+ပျက်နှစ် ဖြာ၊ အတူမှာ ၊ အာဏာခေတ်ဟုမှတ်။
ကမ္ဘာ(ကပ်)အကြောင်း ပြီး၏ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၁၉-
* ဗြဟ္မာသက်များ
၄၆။ ကပ်အန္တရ၊ ဧက်+ဝီသ၊ ဗြဟ္မပါရိသက်။
၄၇။ ကပ်အန္တရ၊ ဗာတ္တိံသ၊ ဗြဟ္မပုရောသက်။
၄၈။ ခြောက်ဆယ့်လေးဖြာ၊ သင်္ချေယျာ၊ မဟာဗြဟ္မာသက်။
၄၉။ နှစ် +လေး+ရှစ်သာ၊ ကပ်မဟာ၊ သုံးဖြာ ဒု-ဘုံသက်။
၅ဝ။ ရှစ်ကမ္ဘာတွင် ၊ တပိုးတင်၊ သုံးခွင် တ-ဘုံသက်။
၅၁။ ဝေသပ်+သညာ၊ ကပ်ငါးရာ၊ သုဒ္ဓါ တပိုးတက်။
၅၂။ နှစ် သော င်း+လေးသော င်း၊ ခြောက်သော င်း တလှစ်၊
ရှစ်သော င်းလေးထောင်၊ သင်္ချာဆောင်၊ အခေါင်ဘုံဘဝဂ်။
ပဋိသန္ဓိစတုက္က(ပဋိသန္ဓေ ၄-မျိုး) ပြီး၏ ။
* ကမ္မစတုက္က ကံ ၄-ပါး
၅၃။ ပဋိသန္ဓိ၊ ပဝတ္တိ၊ ဝိပါက်+ကဋတ္တာ။
၅၄။ ဖြစ်ပွားစေမှု ၊ ကျေးဇူးပြု၊ ကု+ကု ဇနကာ။
၅၅။ ထောက်ပံ့သမှု ၊ ကျေးဇူးပြု၊ ဥပတ္ထမ္ဘကာ။
၅၆။ နှိပ်စက်ညှဉ်းပန်း၊ ညှိုးနွမ်းစေမှု ၊ ဖိစီးပြု၊ ဥပပီဠကာ။
၅၇။ ပျက်ဆုံးစေမှု ၊ အတင်းပြု၊ ဥပဃာတကာ။
* အကျိုးပေးခွင့်အစဉ် ကံ ၄-ပါး
၅၈။ ကံတပါးတို့၊ မတားနိုင်ရာ၊ အားကြီးစွာ ၊ သညာဂရုက။
၅၉။ သေဆုံးလုမှ၊ ပြုသော်¤င်း၊ အဟောင်းပေါ်လာ၊ ကံနှစ် ဖြာ၊ သညာ အာသန္န။
၆ဝ။ နေ့ရှည်လေ့ကျက်၊ ရက်ရှည်စွဲမြဲ၊ အထုံသဲ၊ ခေါ်မြဲ အာစိဏ္ဏ။
၆၁။ သုံးပါးမှလျှင်၊ အလွတ်ထင်၊ သညာ ကဋတ္တ။
* အကျိုးပေးရာ ကာလအပြား ကံ ၄-ပါး။
၆၂။ ဒိဋ္ဌဓမ္မ၊ ဥပပဇ္ဇာ၊ ပရာပရိ၊ အဟောသိ၊ ရှိသည့် ကံလေးဖြာ။
၆၃။ မျက်မှော က်ဘဝ၊ အကျိုးရ၊ ဒိဋ္ဌဇောဦးသာ။
၆၄။ ခြားမဲ့ဘဝ၊ အကျိုးရ၊ ဥပဆုံးဇောသာ။
၆၅။ ပရံပရ၊ အနမတဂ်၊ အဆက်ဆက်ဝယ်၊ အကျိုးကြွယ်၊ အလယ်ဇော ၅-ဖြာ။
၆၆။ ကံအဟောသိ၊ ကျိုးမရှိ၊ တြိစေတနာ။
ကာလအပြား ကံ ၄-ပါး ပြီး၏ ။
-၂ဝ- အဘိဓမ္မာ ပရမတ္ထသံခိပက် ကျမ်း လယ်တီဆရာတော်
ကံဝေဖန်ခန်း
* ဒုစရိုက် ၁ဝ-ပါး အကုသိုလ်ကံ ၁ဝ-ပါး
၆၇။ သက်သတ်+ခိုးမှု ၊ ကာမေသု၊ သုံးခု ကာယကံ။
၆၈။ မုသာ+မိတ်ခွဲ၊ ဆဲရေး +ပြိန်ဖျင်း၊ အပါယ်ချဉ်း၊ လေးသင်း ဝစီကံ။
၆၉။ သူ့ပိုင်နက်ကို၊ ကိုယ်ဘက်ညွတ်စေ၊ အသေတောင့်တ၊
ပါပဒိဋ္ဌိ၊ အယူငြိ၊ တြိမနောကံ။
၇ဝ။ ကိုယ်တိုင် တိုက်တွန်း၊ ချီးမွမ်း စိတ်တူ၊ ပွားပြန်မူ၊ မှတ်ယူ လေးဆယ်ကံ။
ဒုစရိုက် ၁ဝ-ပါး၊ အကုသိုလ်ကံ ၁ဝ-ပါး ပြီး၏ ။
* သုစရိုက် ၁ဝ-ပါး ကုသိုလ်ကံ ၁ဝ-ပါး
၇၁။ ကာ-ဒုသုံးပါး၊ ကြဉ်ရှောင်ငြား၊ သုံးပါး ကာယကံ။
၇၂။ နှုတ်ဒုလေးပါး၊ ကြဉ်ရှောင်ငြား၊ လေးပါး ဝစီကံ။
၇၃။ အနဘိဇ္ဈာ၊ အဗျာပါနှင့် ၊ သမ္မာဒိဋ္ဌိ၊ ဖြောင့်မှန်ဘိ၊ တြိမနောကံ။
၇၄။ ဒါ+သီ+ဘာ+ပူ၊ ကြောင့်ကြ မူနှင့် ၊ အလှူဝေငှ၊ အမျှသာဓု၊ သူ့တရားနာ၊
သိရာပြောဆို၊ ကံကိုကိုးရိုး၊ ဆယ်မျိုးဝတ္ထု၊ ပုညမှု ၊ သုခပွားများ ရန်။
၇၅။ ပုဗ္ဗာ+မုဉ္စ၊ ပရကြည်စွာ ၊ စေတနာ၊ သုံးဖြာ သီးသီးဖန်။
၇၆။ ငါးပါး+ဆယ်ပါး၊ နိစ္စထား၊ ရှစ်ပါးဥပုသ်ကံ။
သုစရိုက် ၁ဝ-ပါး ကုသိုလ်ကံ ၁ဝ-ပါး ပြီး၏ ။
* မဟဂ္ဂုတ်ကံ
၇၇။ မဟဂ်ကိုးဖြာ၊ ဘာဝနာ၊ အပ္ပနာမနောကံ။
* ကာမာဝစရကံ အကျိုး
၇၈။ ဥဒ်-စေကြဉ်လစ်၊ ကံဆယ့်တစ်၊ ဖြစ်စေပါယ်သန္ဓိ။
၇၉။ ဥဒ္ဓစ္စပါ၊ ဆယ့်နှစ် ဖြာမူ၊ ကာမေ+ရူပေ၊ ပဝတ္တေ၊ ဖြစ်စေအကုဝိ။
အကုသိုလ်ကံ အကျိုးပေး ပြီး၏ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၂၁-
၈ဝ။ ကာ-ကုရှစ်သာ၊ ကာ-သုမှာ ၊ ကိုးဖြာ သု-သန္ဓိ။
၈၁။ ဝိပါက်မဟာ၊ ကာ-သုမှာ ၊ ကာ+ရူ ရှစ်ကုဝိ။
* ကာမကုသိုလ်၏ ဝိသေသ အကျိုးပေးပုံ
၈၂။ ဟိတ် ဥက္ကဋ္ဌံ၊ သြမကံ၊ နှစ် တန်ခွဲဝေသိ။
၈၃။ သုကုသလံ၊ ရှေ့နောက်ရံ၊ ထက်သန် ဥက္ကဋ္ဌ။
၈၄။ အကုသလံ၊ ရှေ့နောက်ရံ၊ ယုတ်ပြန် သြမက။
၈၅။ တိဥက် တိဝိ၊ လေးသန္ဓိ၊ ပဝတ္တိ ဆယ့်ခြောက်သာ။
၈၆။ တိသြ ဒွိဝိ၊ လေးသန္ဓိ၊ ပဝတ္တိ ဆယ့်နှစ် သာ။
၈၇။ ဒွိဥက် ဒွိဝိ၊ လေးသန္ဓိ၊ ပဝတ္တိ ဆယ့်နှစ် သာ။
၈၈။ ဒွိသြ ကုဝိ၊ သန် သန္ဓိ၊ ပဝတ္တိ ကုရှစ်ဖြာ။
၈၉။ ဆယ့်ခြောက်လေးလီ၊ လေးလေးလီ၊ အညီတိဥက်မှာ ။
၉ဝ။ တိသြ+ဒွိဥက်၊ လေးရှစ်သုတ်၊ ရှစ်သုတ်ဆယ့်နှစ် သာ။
၉၁။ ရှစ်ခု လေးလီ၊ တစ် လေးလီ၊ အညီ ဒွိသြမှာ ။
၉၂။ ကံ+ဝိနှစ် ဆူ၊ အ+သ+မူ၊ အတူကေစိဝါ။
ကာမာဝစရကံ အကျိုး ပြီး၏ ။
* မဟဂ္ဂုတ်ကံ ကုသိုလ်အကျိုး
၉၃။ ဟီနံ+မဇ္ဈံ၊ ပဏီတံ၊ သုံးဈာန်ကိုယ်စီပြု။
၉၄။ ဆန်+ဝီ+စိတ်+မံ၊ သုံးမျိုးဖန်၊ သုံးဈာန်ကွဲပြားမှု ။
၉၅။ နာမ်ပျောက်ကင်းစေ၊ ဆုပန်ထွေ၊ သညေရုပ်အစု။
၉၆။ ဣနြေ္ဒငါးတန်၊ အစဉ်လွန်၊ ငါးတန်သုဒ္ဓါစု။
၉၇။ ဗြဟ္မာပြည်မှာ ၊ အရိယာ၊ အောက်ရွာဆင်းမရှိ။
၉၈။ သုဒ္ဓါဘုံမှာ ၊ အရိယာ၊ နှစ် ခါထပ်မရှိ။
၉၉။ ဝေ+နေ အက၊ သုံးဌာနမှာ ၊ အရိယာ၊ သွားရာဘုံမရှိ။
မဟဂ္ဂုတ်ကံ ကုသိုလ်အကျိုး ပြီး၏ ။
ကမ္မစတုက္က ပြီး၏ ။
-၂၂- အဘိဓမ္မာ ပရမတ္ထသံခိပက် ကကျမ်း လယ်တီဆရာတော်
* မရဏုပ္ပတ္တိ စတုက္က၊ သေခြင်း ၄-မျိုး
၁ဝဝ။ အသက်တမ်းကုန်၊ ကံစွမ်းကုန်နှင့် ၊ အကုန်နှစ် မျိုး၊
ကံဆိုးဖြတ်ခြွေ၊ သေမြဲပေ၊ လေးထွေ မရဏံ။
* အာရုံဝေဖန်ခန်း
၁ဝ၁။ ကုသိုလ်နှင့် အကုသိုလ်ကမ္မ၊ ဇနက၊ ခွင့်ရ ရှေးရှုကံ။
၁ဝ၂။ ကံမြောက်ကြောင်းဟူ၊ ဆောက်အဦ၊ မှတ်ယူ နိမိတ္တံ။
၁ဝ၃။ လားရာဂတိ၊ ထိုမှာ ရှိ၊ ဂတိနိမိတ္တံ။
၁ဝ၄။ ထိုသုံးပါးတွင် ၊ တအင်အင်၊ ထင်မြဲထုံးအမှန်။
၁ဝ၅။ ထင်လာတုံက၊ ထိုအာရုံထဲ၊ တဝဲဝဲ၊ စွဲမြဲစိတ်သန္တာန်။
၁ဝ၆။ ကံအာရုံမှာ ၊ အတိတ်သာ၊ ထင်လာ မနောတည်း။
၁ဝ၇။ ကမ္မနိမိတ်၊ အတိတ်လွန်လေ၊ ပြားခြောက်ထွေ၊ ထင်လေ မနောတည်း။
၁ဝ၈။ ယင်းနိမိတ္တံ၊ ပစ္စုပ္ပန်၊ ထင်ရန် ဆဒွါရ။
၁ဝ၉။ ဂတိခြောက်တန်၊ ပစ္စုပ္ပန်၊ ထင်ရန် ဆဒွါရ။
အာရုံဝေဖန်ခန်း ပြီး၏ ။
* ပဋိသန္ဓေခန်း
၁၁ဝ။ တဒါ-ဘဝင်စု၊ တဒါ စု၊ နှစ် ခု မဟန္တ။
၁၁၁။ ဇော-ဘဝင်စု၊ ဇောနှင့် စု၊ နှစ် ခု မဟန္တ။
၁၁၂။ မနောဒွါမူ၊ ထိုနည်းတူ၊ ဝိဘူ နှစ် ခုရ။
၁၁၃။ ဘဝင်သုံးတန်၊ အာဝဇ္ဇန်၊ ဝိညာဏ် ဒွေပဉ္စ။
၁၁၄။ သံ သန် ဝုဋ္ဌာ၊ ဇောငါးဖြာ၊ တဒါနှစ် ကြိမ် မှတ်။
၁၁၅။ ဘဝင်ဧက၊ စုတိကျ၊ ဘဝ အဆုံးသန်။
၁၁၆။ အပြစ်ဖုံးကာ၊ အဝိဇ္ဇာ၊ တဏှာညွတ်စေမှု ။
၁၁၇။ ကံ သင်္ခါရ၊ ဇနက၊ ပစ်ချ ဖြစ်စေမှု ။
၁၁၈။ အကြောင်းသုံးဖော်၊ ညီစေ့ဆော်၊ ဖြစ်ပေါ် သန္ဓိစု။
၁၁၉။ သန္ဓိအပွား၊ ဘဝင်သွား၊ ဆယ့်ငါး+ဆယ့်ခြောက်ခု။
၁၂ဝ။ ဘဝင်နှစ် တန်၊ အာဝဇ္ဇန်၊ နိကန်ဇောခွန်ခု။
၁၂၁။ ထို့နောင်ဘဝင်၊ အများ ပင်၊ အစဉ်သိစေမှု ။
၁၂၂။ ဒု+သု+ဒွိ-ဟု၊ စုတိနောက်ဝယ်၊ သန္ဓိခြယ်၊ တဆယ် ကာမသော ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၂၃-
၁၂၃။ တိဟိတ်ဝိဟု၊ စုတိနောက်ဝယ်၊ သန္ဓိခြယ်၊ နှစ် ဆယ် အကုန်ဟော။
၁၂၄။ ငါး ရူပဝိ၊ စုတိနောက်ဝယ်၊ သန္ဓိခြယ်၊ ဆယ့်ခွန် ဟေတုကော။
၁၂၅။ အရူပဝိ၊ စုတိမှနောက်၊ အောက်အရူ+ရူ၊ ဒု+သု+ဒွိပစ်၊
ရှစ်+ခွန်+ခြောက်+ငါး၊ အစဉ်အား၊ နှောင်းငြား သန္ဓိသော ။
တရာ့နှစ် ဆယ်၊ ကဗျာခြယ်၊ ဤဝယ် ဘုံပိုင်းပြီး။
* ရူပသမုဒ္ဒေသ (ရုပ်တို့ကို အကျဉ်းပြ)ခန်း
၁။ ပ+အာ+ဝါ+တေ၊ မြေ+ရေ+လေ+မီး၊ လွန်ပွားစီး၊ ဘုတ်ကြီး စတုက္က။
၂။ ခက်မာ+ဖွဲ့စေး၊ ပူ+အေး ထောက်ကန်၊ ဤလေးတန်၊ မှတ်ရန် လက္ခဏ။
၃။ စက်+သော +ဃာ+ဇီ၊ ကာ ငါးလီ၊ အကြည်ပသာဒ။
၎။ ရူ+သဒ်+ဂန်+ရံ၊ ဖောဋ္ဌဗ္ဗံ၊ ငါးတန် ဂေါစရ။
၅။ ဣတ္ထိ+ပုမ၊ ဘာဝနှစ် တန်၊ ဟဒယံ၊ တဖန်ဇီဝိတ။
၆။ ကဗဠီကာ၊ ရုပ်သြဇာ၊ သင်္ချာဆယ့်ရှစ်ရ။
၇။ ကြောင်းစတုကြောင့် ၊ ဖြစ်မှု ပေါလော၊ သဘောသီးသီး၊ ကိုယ်စီပြီး၊
ရုပ်ကြီး နိပ္ဖန္န။
နိပ္ဖန္နရုပ် ၁၈-ပါး ပြီး၏
* အနိပ္ဖန္နရုပ် ၁ဝ-ပါး
၈။ ကလာပ်ခြားမျှ အာကာသနှင့် ၊ ကာယ+ဝစီ၊ နှစ် လီကိုယ်+နှုတ်၊ လှုပ်မှု ရှားမှု ၊ နှစ် ခုဝိညတ်၊ ရူပဿလဟု၊ မုဒု+ကမ္မည၊ ဝိကာရတေး၊ လေးလက္ခဏံ၊ ရုပ်ဆယ်တန်၊ အနိပ္ဖန္နတည်း။
၉။ ဖြစ်ပေါ်ပွားမှု ၊ ဥပစယ၊ တည်ထသန္တတိ၊ ရင့်ဘိဇရာ၊
ပျက်မာအနိစ္စ၊ သိကြောင်းမျှ၊ လက္ခဏရုပ်ခေါ်သတည်း။
အနိပ္ဖန္နရုပ် ၁ဝ-ပါး ပြီး၏
ရူပသမုဒ္ဒေသ ရုပ်တို့ကို အကျဉ်းပြခန်း ပြီး၏ ။
-၂၄- အဘိဓမ္မာ ပရမတ္ထသံခိပက် ကကျမ်း လယ်တီဆရာတော်
* ရူပဝိဘာဂ (ရုပ်တို့ကို စုပုံ၍ ပြ)ခန်း
၁ဝ။ အဇ္ဈတ္တိကေ၊ ပသာဒေ၊ ကြွင်းလေ ဗာဟိရ။
၁၁။ ပသာ+ဟ-မူ၊ ဝတ္ထုဟူ၊ ကြွင်းမူ အဝတ္ထု။
၁၂။ ပသာ+ဝိညတ်၊ ဒွါရမှတ်၊ ကြွင်းလတ် အဒွါရ။
၁၃။ ပ+ဘာ+ဇီဝေ၊ ဣနြေ္ဒ၊ ကြွင်းလေ အနိန္ဒြိယ။
၁၄။ ပသာ+ဂေါစရ၊ ရုပ်ဒွါဒ၊ သြဠာရိကခေါ်။
၁၅။ သပ္ပဋိဃ၊ သန္တိက၊ နာမသုံးမည် ပေါ်။
၁၆။ ကြွင်း သော ဠသ၊ သုခုမ၊ အပ္ပဋိ+ဒူရေ။
၁၇။ ရုပ်ကမ္မဇ၊ ဋ္ဌာရသ၊ ဥပါဒိန္နပေ။
၁၈။ အသမ္ပတ္တ-ဂါဟက၊ သော တ+စက္ခုယူ။
၁၉။ ရုပ်သမ္ပတ္တ-ဂါဟက၊ ဃာန+ဇီ+ကာယူ။
၂ဝ။ မဟာဘူတ၊ ဝဏ္ဏ+ဂန္ဓာ၊ ရသော +ဇာ၊ ရှစ်ဖြာ-ဝိနိဗ္ဘော။
၂၁။ သနိဒဿံ၊ ဆင်းရူပံ၊ အကျန် အနိဒေါ။
ရူပဝိဘာဂ ရုပ်တို့ကို စုပုံ၍ ပြခန်း ပြီး၏ ။
* ရူပသမုဋ္ဌာန (ရုပ် ဖြစ်ကြောင်းပြ)ခန်း
၂၂။ ကံ+စိတ်+ဥ အာ၊ ဤလေးဖြာ၊ မှတ်ပါ သမုဋ္ဌာန်။
၂၃။ ကာ+ရူ+ကု ကု၊ တိတ် စေစု၊ ကံဟု မှတ်ယူလေ။
၂၄။ သန္ဓိဥ-မှ၊ ခဏမစဲ၊ တစပ်ထဲ၊ အမြဲရုပ် ဖြစ်စေ။
၂၅။ အရူဘုံရှိ၊ စိတ်သန္ဓိနှင့် ၊ ဒွိဝိညာဏံ၊ နိဗ္ဗာန်ဆုံးစု၊
ကြဉ်မှု ကြွင်းထ၊ သတ်+ပဉ္စ၊ တကွစိတ်နှင့် စေ။
၂၆။ ပထမဘဝင်၊ အစတင်လျက်၊ အစဉ်မစဲ၊ ဥပါဒ်ဆဲ၊ အမြဲရုပ် ဖြစ်စေ။
၂၇။ ဇောအပ္ပနာ၊ ဣရိယာ၊ ကောင်းစွာ တည်ခိုင်စေ။
၂၈။ မနောဒွါရာ၊ ဇောကာမာ၊ ဘိညာ သုံးဆယ့်နှစ် ။
၂၉။ ကာယ ဝါစာ၊ မူအရာ၊ နှစ် ဖြာဝိညတ် ဖြစ်။
၃ဝ။ ဆယ့်သုံးသော မနသ်၊ ပြုံးရယ်တတ်၊ ငိုတတ်ဒေါဇောနှစ် ။
(အပို) ပုထုဇဉ်ရှစ်၊ သေက္ခခြောက်ဖြာ၊ ရဟန္တာ၊ သင်္ချာငါးဖြင့် ပြုံး။ (ကြံလေ ကိုတင်ဦး)
ရူပသမုဋ္ဌာန ရုပ် ဖြစ်ကြောင်းပြခန်း ပြီး၏ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၂၅-
၃၁။ အခကျမ်းအပူ၊ နှစ် ဆူအဂ္ဂိ၊ တေဇောဒွိ၊ မှတ်ဘိဥတုပေ။
၃၂။ သန္ဓိဋ္ဌိမှ၊ စ၍ စဉ်စီ၊ မိမိဌီတိုင်း၊ ခဏတိုင်းလျှင်၊
အစဉ်မပြတ်၊ အဇ္ဈတ်-ဗဟိဒ်၊ မဆိတ်မစဲ၊ တသဲသဲ၊ အမြဲရုပ် ဖြစ်စေ။
၃၃။ ဗဟိဒ်-အဇ္ဈတ်၊ နှစ် ရပ် သြဇာ၊ ရောမိခါ၌ ၊ ဌီသို့ ဆိုက်က၊ အဇ္ဈတ္တဝယ်၊
ခဏမစဲ၊ တသဲသဲ၊ အမြဲရုပ် ဖြစ်စေ။
အကြောင်း ၄-ပါးတို့ကြောင့် ရုပ် ဖြစ်ပုံ ပြီး၏ ။
* ကမ္မဇရုပ်စသည် ခွဲဝေခန်း
၃၄။ ပသာ+ဘာဝ၊ ဇီ နှင့် ဟ၊ နဝ ကမ္မဇာ။
၃၅။ ဝိညတ်ဒွယ၊ စိတ္တဇ၊ သဒ္ဒစိတ်-ဥဇာ။
၃၆။ လဟုတာစု၊ ရုပ်သုံးခု၊ စိတ်+ဥ၊ သြဇ+ဇာ။
၃၇။ အဝိနိဗ္ဘံ၊ အာကာသံ၊ ကံ-စိတ်-ဥ+သြဇာ။
၃၈။ လက္ခဏစု၊ ရုပ်လေးခု၊ စတုဝိမုတ်သာ။
၃၉။ ဧကန်+နေကန်၊ ကိုးနှစ် တန်၊ ကံဇံ-ဋ္ဌာရသာ။
၎ဝ။ နှစ် ခုဧကန်၊ နေကန် တေရ၊ ဆယ့်ငါးမျှ၊ စိတ္တသမုဋ္ဌာန်။
၄၁။ ယင်းနေကန်စု၊ ဆယ့်သုံးခု၊ ဥတုသမုဋ္ဌာန်။
၄၂။ တိ+စတု-ဇ၊ ဆယ့်နှစ် မျှ၊ သြဇသမုဋ္ဌာန်။
ရူပသမုဋ္ဌာနနည်း ပြီး၏ ။
* ကလာပယောဇနာ (ကလာပ်တို့ကို တွဲ ယှဉ်ပြသော )နည်း။
၄၃။ ဝိနိဗ်အထ၊ ဇီဝိတ၊ ဇီဝနဝကာ။
၄၄။ ဣန်-ဟဒယ၊ လောင်းပြန်က၊ အဋ္ဌ ဒသကာ။
ကမ္မဇကလာပ် ၉-စည်း ပြီး၏ ။
၄၅။ အဝိနိဗ္ဘော်၊ ရှစ်ခုသော်၊ ခေါ်ရိုးသုဒ္ဓဋ္ဌ။
၄၆။ ယင်းတွင် သဒ်-ကာ၊ စီ-သုံးဖြာ၊ လောင်းပါ လေး မူလ။
-၂၆- အဘိဓမ္မာ ပရမတ္ထသံခိပက် ကျမ်း လယ်တီဆရာတော်
၄၇။ မူလလေးမှာ ၊ တာ-လောင်းပါ၊ ရှစ်ဖြာ စိတ္တဇ။
၄၈။ သုဒ္ဓ-သဒ္ဒ၊ တာ-ယှဉ်က၊ လေးဝ ဥတုဇာ။
၄၉။ သုဒ္ဓနှင့် တာ၊ ဤနှစ် ဖြာ၊ အာဟာရဇတည်း။
၅ဝ။ ဥတုမူလ၊ နှစ် စည်းမျှ၊ ရသည် ဗဟိဒ္ဓါ။
၅၁။ နှစ် ဆယ့်သုံးပင်၊ အဇ္ဈတ်တွင် ၊ ကုန်စင်ရထိုက်စွာ ။
ကလာပယောဇနာနည်း ပြီး၏ ။
* ရူပ ပဝတ္တိက္ကမ (ရုပ် ဖြစ်စဉ်ပြ)ခန်း
၅၂။ ဇလာဗုဇ၊ သံသေဒ၊ အဏ္ဍ+ဥပပတ်။
၅၃။ ဇီဝိကြဉ်ထွေ၊ ကမ္မဇေ၊ သံသေ-သြပပါ။
၅၄။ စက်-သော -ဃာ-ဘာ၊ ဤလေးဖြာ၊ ရံခါ ချို့ကောင်းစွာ ။
၅၅။ ကာယ+ဘာဝ၊ ဟဒယ၊ ဂဗ္ဘသန္ဓိမှာ ။
၅၆။ နပုံး ဖြစ်လျှင်၊ ဘာဝကြဉ်၊ နှစ် ပင်ရသည်သာ။
၅၇။ ရေ-မြှုပ်-ခဲ-တစ်၊ ခက်မ ဖြစ်၊ ရင့်လစ် ငါးသတ္တာ။
၅၈။ စက်-သော -ဃာ-ဇီ၊ ဤလေးလီ၊ ဖြစ်ပြီဆယ့်တစ်မှာ ။
၅၉။ သန္ဓိဥမှာ ၊ ကမ္မဇာ၊ ဌီမှာ ဥတုဇ။
၆ဝ။ ပ-ဘွင်ဥမှာ ၊ စိတ္တဇာ၊ ဟာရာစိမ့်မျိုမှ။
၆၁။ စ၍ ဖြစ်ပြီး၊ မီးလျှံရေလျဉ်၊ ကံ့အသွင်၊ အစဉ် သွားလေက။
၆၂။ စုတိ-ကမ္မဇရုပ်၊ အပြိုင်ချုပ်၊ ကျန်ရုပ် သိလေကြ။
ကာမဘုံသားတို့၏ စုတိခန်း ပြီး၏ ။
၆၃။ ဃာ-ဇီ-ကာ-ဘာ၊ အာဟာရဇ၊ သတ္တကလာပ်၊ ကြဉ်သော ဠသ်၊
ရအပ် ရူပမှာ ။
၆၄။ စက်-သော -ဟ-ဇီ၊ ဤလေးလီ၊ ဖြစ်ညီသန္ဓိမှာ ။
၆၅။ သန္ဓိဌီမှ၊ ဥတုဇ၊ ပ-ဘွင် စိတ္တဇာ။
၆၆။ သဒ္ဒကြဉ်ပေ၊ ဥနှစ် ထွေ၊ ဇီဝေ သုံးကလာပ်။
၆၇။ သန္ဓိ+ပဝတ္တိ၊ ဆိုရိုးသိ၊ မှတ်ဘိ သညသတ်။
၆၈။ ဥပပတ်မှာ ၊ စုတေခါ၊ ခန္ဓာကြွင်းမရှိ။
ရူပပဝတ္တိက္ကမ ရုပ် ဖြစ်စဉ် ပြခန်း ပြီး၏ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၂၇-
* နိဗ္ဗာန် ပရမတ်ကို ပြဆိုခန်း
၆၉။ ဒုက္ခခပ်သိမ်း၊ ချုပ်ပြတ်ငြိမ်း၊ ဇာတ်သိမ်းပြည်နိဗ္ဗာန်။
၇ဝ။ သဥပါဒိ၊ သေသနိ၊ ကြွင်းရှိ ငါးရပ်ခန်။
၇၁။ အနုပါဒိ၊ သေသနိ၊ မရှိ ငါးရပ်ခန်။
၇၂။ သုည+နိမိတ်၊ ပဏိဟိတ်၊ ဖြာစိတ် သုံးနိဗ္ဗာန်။
၇၃။ ပလိဗောဓ၊ ကြောင့်ကြ သဗ္ဗံ၊ ကင်းဆိတ်ညံ၊ နိဗ္ဗာန် သုညတာ။
၇၄။ ဘေးပေါင်းတရံ၊ မဆက်ဆံ၊ နိဗ္ဗာန် နိမိတ္တာ။
၇၅။ တောင့်တပူပန်၊ မဆက်ဆံ၊ နိဗ္ဗာန် ပဏီဟိတ။
ပိုဒ်ခုနှစ် ဆယ် လင်္ကာခြယ် ဤဝယ် ရုပ်+နိဗ်ပြီး။
* အကုသလသင်္ဂဟ
၁။ ကာမ-ဘဝိ၊ ဒိဋ္ဌိ+အဝိဇ္ဇာ၊ ဤလေးဖြာ၊ စဉ်ကာမူလထား။
၂။ သြဃ-ယောဂါ၊ အာသဝါ၊ သုံးဖြာလေးစီးပွား။
၃။ အသေသတ်နှစ် ၊ ဖွဲ့ပူးရစ်၊ မူးရစ်စီးထုံငြား။
၎။ ဘိဇ္ဈာကာယ၊ ဗျာပါဒ၊ ကာယ နှစ် စုံသိ။
၅။ သီလဗ္ဗတံ၊ ပြာမာသံ၊ ဣဒံသစ္စာဘိ။
၆။ နိဝေသမှု ၊ ဂန္ထစု၊ ဖု+ထစ်+ထုံး+ဖွဲ့+ငြိ။
၇။ အလေ့-သီလ၊ ဝတ-ကျင့်မူ၊ နွား-ခွေးတူ၊ အယူ ဝိသုဒ္ဓိ။
၈။ ဤသာမှန်လှ၊ ဤမှတပါး၊ အကုန်မှား၊ စွဲငြား ဣဒံဘိ။
၉။ ကာမ+ဒိဋ္ဌိ၊ သီလဗ္ဗတ၊ အတ္တ-အစု၊ စွဲလမ်းမှု ၊ လေးခု ဥပါဒါန်။
၁ဝ။ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိန မိဒ္ဓမှန်။
၁၁။ ဥဒ္ဓစ်ကုက္ကု၊ ဝိ-ဝိဇ် စု၊ ခြောက်ခု နီဝရံ။
၁၂။ တားဆီးကန့်ကွက်၊ ပိတ်ပင်ဖျက်၊ အနက် နီဝရံ။
၁၃။ ကာမ+ဘဝ၊ ပဋိဃ၊ မာန+ဒိဋ္ဌိမှန်။
၁၄။ ဝိစိကိစ္ဆာ၊ အဝိဇ္ဇာ၊ သတ္တာနုသယံ။
၁၅။ အစဉ်စွဲကပ်၊ ငုပ်ကိန်းဝပ်၊ မျိုးဓါတ်နုသယံ။
-၂၈- အဘိဓမ္မာ ပရမတ္ထသံခိပက် ကကျမ်း လယ်တီဆရာတော်
၁၆။ ကာမ+ရူပ၊ အရူပ၊ ရာဂ-ပဋိဃံ။
၁၇။ မာန်+ဒိဌ်+သီ+ဝီ၊ ဥဒ်+ဝိဇ္ဇီ၊ ဆယ်လီသံယောဇန်။ ဇဉ်
၁၈။ ရူ+ရူ+ဥဒ်ပစ်၊ ဘဝတစ်၊ ဣသ်+မစ်+နည်းတစ်တန်။
၁၉။ ထိပ်+ထောင်+နှောင်ကျိုး၊ အဖွဲ့မျိုး၊ ဖွင့်ရိုးသံယောဇဉ်။
၂ဝ။ ဟိတ်ကြီးတြိ၊ မာန်+ဒိဋ္ဌ်+ဝိ၊ ထိ+ဥဒ်+ဟိ+နောတ္တပ်။
၂၁။ ပူပန်ညစ်ကျု၊ နှိပ်စက်မှု ၊ ဆယ်ခု ကိလေမှတ်။
၂၂။ ကာမ+ဘဝ၊ ဆိုသမျှ၊ လောဘ တရားကိုယ်။
၂၃။ သီ+ဣ+အတ်မှာ ၊ ဒိဋ္ဌိသာ၊ ဘိဇ်+ဗျာ-လော+ဒေါ ဆို။
၂၄။ အာ+သြ+ယော+ဂန်၊ သုံးစီမှန်၊ နှစ် တန် ဥပါကိုယ်။
၂၅။ ရှစ်နီ+ခြောက်နု၊ ကိုးသံရှု၊ ဆယ်ခု ကိ-မပို။
အကုသလသင်္ဂဟ ပြီး၏ ။
* မိဿကသင်္ဂဟ
၂၆။ ဟိတ်ခြောက်အစစ်၊ ဈာန်ခုနှစ် ၊ ဆယ့်နှစ် မဂ္ဂင်ယူ။
၂၇။ ဒွါရငါးလီ၊ ဣတ်+ပု+ဇီ၊ မနီ+ဝေ ငါးခု။
၂၈။ သဒ်+ဝီ+သ+မာ၊ ပဉ် ၄-ဖြာ၊ ဒွိဒွါ ဣန်အစု။
၂၉။ အနညာတိ၊ ညဿာမိ၊ အညိ+အညာဝိ။
၃ဝ။ သော တာမဂ်မှာ ၊ အနညာ၊ ဆုံးမှာ အညာဝိ။
၃၁။ လောကုတ်အလယ်၊ ခြောက်ခုဝယ်၊ အလယ်အညိန်မှီ။
၃၂။ ဆိုင်ရာဌာန၊ စိုးပိုင်ကြ၊ ကိစ္စ ကိုယ်စီစီ။
၃၃။ သဒ်+ဝီ+သ+ဓိ၊ ပဉ်+ဟိ+သြတ္တပ်၊ ဟိ+နောတ္တပ်၊ ကိုးရပ် ဗိုလ်ကြံ့ခိုင်။
၃၄။ ဆန်+ဝီ+စိတ်+ဝိ၊ ဓိပတိ၊ မရှိ တူယှဉ်ပြိုင်။
၃၅။ ကဗဠီ+ဖေဿာ၊ မနောသဉ္စေ၊ ဝိညာဏေ၊ လေးထွေ အာဟာရ။
၃၆။ လွန်စွာ ဆောင်မှု ၊ ကျေးဇူးပြု၊ လေးခု အာဟာရ။
၃၇။ ပဉ္စဝိညာဏ်၊ ဈာနင်ကြဉ်၊ ဗိုလ်ကြဉ် အ-ဝီရေ။
၃၈။ အဟိတ်တွင် မဂ်၊ ဗိုလ်+ဣန်+မဂ်၊ ဧကဂ် ဝိစိကေ။
၃၉။ ဒွိဟေ+တိဟေ၊ ဇောနှစ် ထွေ၊ ရလေ ဓိပတိ။
၎ဝ။ ဟေတု ခြောက်လျှင်၊ ငါး-ဈာနင်၊ မဂ္ဂင် ကိုးခုသိ။
၄၁။ ဆယ့်ခြောက်ဣနြေ္ဒ၊ ဗိုလ်ကိုးထွေ၊ လေးထွေဟာ ဓိပတိ။
မိဿကသင်္ဂဟ ပြီး၏ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၂၉-
၄၂။ ကာ-ဝေ-စိတ်-ဓမ်၊ နုပဿံ၊ ပဋ္ဌာန် သတိလေး။
၄၃။ ဒုဟောင်းပယ်ပစ်၊ ဒုသစ်မလာ၊ ဤနှစ် ဖြာ၊ ပြုရာ လုံ့လဒွေး။
၄၄။ ကုဟောင်းမြဲလစ်၊ ကုသစ်ရငှာ၊ ဤနှစ် ဖြာ၊ ပြုရာ လုံ့လဒွေး။
၄၅။ ကြော ချဉ်-ရိုး-ရေ၊ ကြွင်းလေစေ၊ ကုန်စေ သား အသွေး။
၄၆။ အသက်ကိုမျှ၊ မညှာရ၊ သမ္မပ္ပဓာန်လေး။
၄၇။ ပရိည်-ပဟာန်၊ သစ္ဆိကံ၊ ဘာဝံ ဣဒ္ဓိလေး။
၄၈။ ဆန်-ဝီရိယံ၊ စိတ်-ဝီမံ၊ ပြီးရန် ပါဒလေး။
၄၉။ သဒ် ဝီ-သ-မာ၊ ပဉ်-ငါးဖြာ၊ မှတ်ပါ ဣန်-ဗလ။
၅ဝ။ စိတ်ကိုပိုင်နိုင်၊ မြဲကြံ့ခိုင်၊ ဆိုင်ရာ ငါးဌာန။
၅၁။ သတိ-ဓမ္မ၊ ဝိစယနှင့် ၊ ဝီရ-ပီတိ၊ ပဿဒ္ဓိတည့်၊
မာဓိ-ဥပေက်၊ ဤခုနှစ် ၊ မှတ်လစ် သမ္ဗောဇ္ဈင်။
၅၂။ မဂ်ဉာဏ်လေးပါး၊ ဗောဓိအား၊ လျင်လျားပေါက်ဖို့အင်။
၅၃။ မဂ္ဂင်အဋ္ဌ၊ ထင်ရှားလှ၊ ဝဋ်မှ ထွက်ကြောင်းသိ။
၅၄။ သ-ဝီ-ဆန်-စိ၊ ပဉ်-သဒ် ဓိ၊ ပီ ပသ်-တတ်-သင်+တီ။
၅၅။ ဆန်-စိတ်-ပီ-ပသ်၊ တတ်-သင်-တီ-ဟူ၊ ဆယ်ခုမူ၊ မှတ်ယူ ဧကစ်စီ။ ၅၆။ သဒ္ဓါကားဒွိ၊ ဓိမူစတု၊ ငါးခုပညာ၊ ရှစ်မှာ သတိ၊ ဝီရိယကိုး၊ ကိစ္စမျိုး၊
တပ်ရိုးကကျမ်းအညီ။
ဗောဓိပက္ခိယ သင်္ဂဟ ပြီး၏ ။
* သဗ္ဗသင်္ဂဟ
၅၇။ ရုပ်-ဝေ-သဉ်-သင်၊ စိတ်ဝိညာဉ်၊ ငါးအင် ခန္ဓာမှန်၊၊
၅၈။ လောကီခန္ဓာ၊ သက်သက်မှာ ၊ ဥပါဒါနက္ခန်။
၅၉။ ရေမြှုပ်ပမာ၊ ရုပ်ခန္ဓာ၊ ဝေမှာ ရေပွက်ဟန်။
၆ဝ။ တံလှပ်ပမာ၊ မှတ်သညာ၊ သင်္ခါ ငှက်ပျောစံ။
၆၁။ မျက်လှည့်အသွင်၊ စိတ်ဝိညာဉ်၊ ငါးအင်နှစ် မဲ့ခန်။
၆၂။ စက်-သော -ဃာ-ဇီ၊ ကာ-မနီ၊ အကြည် ခြောက်ဒွါရ။
၆၃။ ရူ-သဒ်-ဂန် ရံ၊ ဖောဌ်-ဓမ္မံ၊ ခြောက်တန် ဗာဟိရ။
၆၄။ စေ သုခုမံ၊ မြတ်နိဗ္ဗာန်၊ သုံးတန် ဓံအရ။
၆၅။ ရွာပျက်ကြီးနှယ်၊ ရှေ့ခြောက်သွယ်၊ နောက်ဝယ် တပ်ဓားပြ။
၆၆။ စိတ်မနောဧ၊ ဓာတ်ခွန်ဝေ၊ တွက်ရေ ဓာတ်ဆယ့်ရှစ်။
-၃ဝ- အဘိဓမ္မာ ပရမတ္ထသံခိပက် ကျမ်း လယ်တီဆရာတော်
၆၇။ သတ္တဇီဝ၊ ကင်းစင်ပ၊ ဘာဝ ဓာတ်တိုင်း ဖြစ်။
၆၈။ ဒုက်-သ-နိ-မဂ်၊ မသွေကွက်၊ လေးချက် မှန်သစ္စာ။
၆၉။ စိတ် စေ လောကီ၊ ရုပ်ဌာဝီ၊ ဒုက်ပြီ သ တဏှာ။
၇ဝ။ နိမှာ နိဗ္ဗာန်၊ အင်ရှစ်တန်၊ အမှန် မဂ္ဂသာ။
ပိုဒ်ခုနှစ် ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် သမုစ်ပြီး။
* ပဋိစ္စသမုပ္ပါဒ်နည်း
၁။ မိုက်မဲစွာ လှ၊ မှော င်ကြီးချ၊ မောဟ အဝိဇ္ဇာ။
၂။ အကုသိုလ်နှင့် ၊ ကုသိုလ်နှစ် ထွေ၊ စေတနာဓမ္မ၊ ကံသုံးဝ၊ မှတ်ကြ သင်္ခါရာ။
၃။ ပုညာ-ပုည၊ အာနေဉ္ဇ၊ သုံးဝ ခွဲစိတ်ဖြာ။
၎။ သန္ဓီ ပဝတ္တိ၊ နှစ် မျိုးရှိ၊ ဝိပါက် ဝိညာဏာ။
၅။ စေတသိက်မူ၊ နာမ်ဟုယူ၊ ရုပ်မူ ကမ္မဇာ။
၆။ ဝိညာဏ်နည်းတူ၊ နှစ် မျိုးယူ၊ အတူ ယှဉ်မကွာ။
၇။ သဠာယတန၊ ခြောက်ဒွါရ၊ မန ဝိပါက်သာ။
၈။ ဝိညာဏ်ခြောက်ဝ၊ ယှဉ်တုံကြ၊ ဖဿ ဝေဒနာ။
၉။ ခြောက်ပါးအာရုံ၊ သာယာတုံ၊ ခြောက်စုံ ညစ်တဏှာ။
၁ဝ။ ကာမ-ဒိဋ္ဌိ၊ သီလဗ္ဗတ၊ အတ္တစွဲသန်၊ ဥပါဒါန်၊ လေးတန် သရုပ်ဖြာ။
၁၁။ ကုသလာ ကုသလ၊ ကမ္မပထံ၊ ဤနှစ် တန်၊ ကမ္မဘဝသာ။
၁၂။ ဝိပါက်ခန္ဓာ၊ ကဋတ္တာဟု၊ ရုပ်နာမ်စု၊ ဥပပတ္တိသာ။
ဥပပတ္တိဘဝ ၉-ပါး ပြီး၏ ။
၁၃။ ဖြစ်မှု ရင့်မှု ၊ ပျက်ဆုံးမှု ၊ ဥပပတ္တိမှာ ။
၁၄။ အင်္ဂါဆယ့်နှစ် ၊ သုံးဆစ်ကာလ၊ သုံးဝအစပ်၊ လေးရပ်အလွှာ၊ ဝဋ် သုံးဖြာ၊
မှတ်ပါ မူလဒွေး။
ပဋိစ္စသမုပ္ပါဒ်နည်း ပြီး၏ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၃၁-
* ပဋ္ဌာန်းနည်း
၁၅။ ဟေ-အာ-ဓိ-နန်၊ သမနန်၊ သ အန်-နိ-ဥ-ပု။
၁၆။ ပစ်-သေ-ကမ်-ပံ၊ ဟာ-ဣန်-ဈာန်၊ မဂ် သံဝိပ္ပ-ဟူ။
၁၇။ အတ်-နတ်-ဝိတ၊ အဝိတ၊ ဒွိ စ-ပစ္စည်းယူ။
၁၈။ နန်-သမနန်၊ နတ်-ဝိတံ၊ လေးတန် အတူတူ။
၁၉။ ဟိတ်ခြောက်-ခြောက်အာ၊ ဓိနှစ် ဖြာ၊ အာဓိ သဓိခွဲ။
၂ဝ။ ဣဋ္ဌရုပ်နာမ်၊ အာဓိမှန်၊ လေးတန် သဓိခွဲ။
၂၁။ ခြားမဲ့ရှေ့နာမ်၊ ပစ္စည်းနာမ်၊ နောက်နာမ် အားအမြဲ။
၂၂။ စိတ်-စေ-ဘုတ်စု၊ ဝတ္ထု-သန္ဓေ၊ ဤလေးထွေ၊ တပ်လေ သဟဇ။
၂၃။ စိတ်-စေ-ဘုတ်စု၊ ဝတ္ထု-သန္ဓေ၊ ဤလေးထွေ၊ တပ်လေ အဉ်မည။
၂၄။ သဟဇာတ်စု၊ ဝတ္ထုပုရေ၊ ဤနှစ် ထွေ၊ တပ်လေ နိဿယ။
၂၅။ အာရမ္မဏူ၊ နန္တရူနှင့် ၊ ပကတူပေ၊ ဤသုံးထွေ၊ ခွဲလေ ဥပနိဿယ။
၂၆။ အာရမ္မဏူ၊ အာဓိဟူ၊ နန်မူ နန္တရ။
၂၇။ နာမ်ရုပ် ပညတ်၊ အဇ္ဈတ်-ဗဟိဒ္ဓါ၊ ကျယ်ဝန်းစွာ ၊ သညာ ပကတူပ။
၂၈။ ဝတ္ထုပုရေ၊ အာပုရေ၊ နှစ် ထွေ ပုရေဇ။
၂၉။ ရုပ်နိပ္ဖန္နံ၊ ပစ္စုပ္ပန်၊ အမှန်အာပုရ။
၃ဝ။ သတ္တရှိနေ၊ ဌီရုပ်တွေ အား၊ စိတ်-စေနှစ် ဖြာ၊ နောက်နောက်လာ၊
တည်ငှာ ပစ္ဆာဇ။
၃၁။ ရှေ့ဇောဇာတ်တူ၊ ကု+ကူ+ကြိယာ၊ နန္တရာ၊ ပွားငှာ သေဝန။
၃၂။ သဟဇာတ၊ ခဏနာနာ၊ စေတနာ၊ မှတ်ပါ နှစ် ကမ္မ။
၃၃။ သ-မှာ လုံးစုံ၊ နာ-မှာ တုံ၊ ကု+ကုံ အတိတ်ရ။
၃၄။ သုံးဆယ့်ခြောက်ထွေ၊ ဝိစိက်+စေ၊ မှတ်လေ ဝိပါက။
၃၅။ ထောက်ပံ့ခိုင်ဖွယ်၊ ကျေးဇူးကြွယ်၊ လေးသွယ် အာဟာရ။
၃၆။ သဟ ပုရံ၊ ဇီဝိတံ၊ သုံးတန် ဣန္ဒြိယ။
၃၇။ စိတ်+ဇီ+ဝေ+ဝိ၊ သဒ်+သ+ဓိ၊ ပညိ နာမ်ရှစ်သ။
၃၈။ ဝတ္ထုငါးလီ၊ ဝတ်ပုရီ၊ ရုပ်ဇီ ဇီဝိတ။
၃၉။ တက်+စာ+ပီ+ဝေ၊ ဧကဂ္ဂေ၊ ငါးထွေ ရှုဈာန။
၎ဝ။ ပဉ်-တက်-ဝါ-ကပ်၊ အာဇီဝမ်၊ ဝါယမ်-သ-ဓိ-ဒိဋ္ဌ်။
၄၁။ စိတ်-စေလုံးစုံ၊ နာမ်အကုန်၊ ယှဉ်တုံ သမ္ပယုတ်။
၄၂။ သဟ-ပစ္ဆေ၊ ဝတ်ပုရေ၊ သုံးထွေ ဝိပ္ပယုတ်။
-၃၂- အဘိဓမ္မာ ပရမတ္ထသံခိပက် ကကျမ်း လယ်တီဆရာတော်
၄၃။ ရုပ်အား နာမ်က၊ ရုပ်က နာမ်အား၊ တပ်တုံငြား၊ နှစ် ပါး သဟထုတ်။
၄၄။ သ-ဝတ်-အာ-ပူ၊ ပစ်-ဟာ-ရူ၊ ခြောက်ဆူ အတ္ထိထုတ်။
ပစ္စည်းသရုပ် ဝေဖန်ခန်း ပြီး၏ ။
* ပစ္စည်းမျိုးခွဲခန်း
၄၅။ သ-နိ-အတ္ထိ၊ အဝိဂတာ၊ ဤလေးဖြာ၊ မဟာ သဟဇ။
၄၆။ အည ဝိ-သမ်၊ ဝိပ်လေးတန်၊ မဇ္ဈံ သဟဇ။
၄၇။ ဟေ-ဓိ-ဟာ-ကမ်၊ ဣန်-မဂ် ဈာန်၊ မှတ်ရန် ငယ်သဟ။
၄၈။ သန္ဓိအခါ၊ ကမ္မဇာ၊ နောက်မှာ စိတ္တဇ။
၄၉။ ဝတ္ထုနှင့် သန်၊ အပြန်ပြန်၊ သုံးတန် သဟဇ။
၅ဝ။ နှစ် ဆယ့်လေးဖြာ၊ ဥပါဒါ၊ မဟာဘုတ်မှရ။
၅၁။ ဝတ္ထုနှင့် သန်၊ နာမ်-မဟာဘူ၊ ကလာပ်တူ၊ ယူလေ အဉ်မည။
၅၂။ မိမိနှင့် မူ၊ အတူ ဖြစ်ရန်၊ ကျေးဇူးသန်၊ အမှန် သဟဇ။
သဟဇာတမျိုး ပစ္စည်းမှတ်ဖွယ် ပြီး၏ ။
၅၃။ ရုပ်အာဟာရံ၊ ဇီဝိတံ၊ မှတ်ရန် တဌာန။
၅၄။ ဝတ္ထုပုရေ၊ စုံခြောက်ထွေ၊ မှတ်လေ တဌာန။
၅၅။ ပစ္ဆာဇာတေ၊ လေးပါးထွေ၊ မှတ်လေ တဌာန။
၅၆။ အာရုံပုရေ၊ သုံးပါးထွေ၊ မှတ်လေ တဌာန။
၅၇။ ဝတ်အာပုရေ၊ ငါးခုထွေ၊ မှတ်လေ တဌာန။
၅၈။ အနန္တရေ၊ ခြောက်ပါးထွေ၊ မှတ်လေ တဌာန။
၅၉။ ရုပ်ကမ္မဇံ၊ ဝိပါက်နာမ်တို့၊ ဖြစ်ရန်နာနာ-ခဏိကာ၊ နှစ် ဖြာပစ္စယ။
၆ဝ။ လေးခုမဂ်မှာ ၊ စေတနာ၊ ခြောက်ဖြာပစ္စယ။
၆၁။ ဆိုပြီးကြွင်းကျန်၊ အာရမ္မဏ်၊ သုံးတန် ပစ္စည်းမျိုး။
၆၂။ ရှစ်လောဘမု၊ မဟာကု၊ လေးခု ဉာဏ်ကြိယာ။
၆၃။ လောကုတ်ရှစ်ခု၊ ဤစိတ်စု၊ ဂရုပြုတတ်စွာ ။
၆၄။ ပကတူတုံ၊ အကြွင်းပုံ၊ လုံးစုံ နာမ်အားသာ။
ပစ္စည်းမျိုး ခွဲခန်း ပြီး၏ ။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၃၃-
* ရာသီ ဝေဖန်ခန်း
၆၅။ နာမ်လျှင် နာမ်အား၊ ခြောက်မျိုးပြား၊ ငါးပါး နာမ်ရုပ်ငှာ။
၆၆။ နာမ်လျှင် ရုပ်အား၊ မျိုးတပါး၊ နာမ်အား ရုပ်ဧကာ။
၆၇။ ပညတ် နာမ်ရုပ်၊ နာမ်အားဒုတ်၊ ဒုက်+ဒုက် ကိုးမျိုးသာ။
ရာသီ ဝေဖန်ခန်း ပြီး၏ ။
* ပစ္စည်းဖြင့် ပစ္စည်းအားလုံး သိမ်းကျုံးပုံ
၆၈။ အာ-ဥ-ကံ-အတ်၊ လေးရပ်ဤတွင် ၊ အကုန်ဝင်၊ ကုန်စင် ခွဲစိတ်ဖြာ။
ပစ္စည်းခန်း ပြီး၏ ။
၆၉။ နက် နာမ်ပညတ်၊ နှစ် ပါးမှတ်၊ ခေါ်အပ် ခေါ်ကြောင်းသိ။
၇ဝ။ တဇ္ဇု-ပါဒါန်၊ သမူဟံ၊ သဏ္ဌာန်+သန္တတိ။
၇၁။ ကာလံ-အဒ္ဓံ၊ အာကာသံ၊ ဒိသံ+ဒေသာဒိ။
အတ္ထပညတ်ခန်း ပြီး၏ ။
* နာမပညတ်ခန်း (သဒ္ဒပညတ်)
၇၂။ အဝိဇ္ဇမာန်၊ ဝိဇ္ဇမာန်၊ နာမ်၌ နှစ် ပါးသိ။
၇၃။ ပုဒ်ချင်းတဖန်၊ တွဲ ယှက်ပြန်၊ နာမ်၌ ခြောက်ပါးရှိ။
နာမပညတ်ခန်း ပြီး၏ ။
၇၄။ အတ္ထံ-နာမံ၊ ဂဟဏံ၊ ဝဒန် စဉ်တိုင်းသိ။
၇၅။ နာမံ-အတ္ထံ၊ ဂဟဏံ၊ သုဏန် စဉ်တိုင်းသိ။
၇၆။ ဝိညတ်-အလို၊ နှစ် ပါးကို၊ ထိုနှင့် ဆိုင်ရာထည့်။
၇၇။ စိတ်-စေတသိက်၊ ရုပ်-နိဗ် လေးရပ်၊
ပရမတ်သစ္စာ၊ ပညတ်မှာ ၊ သစ္စာသမ္မုတိ။
ပိုဒ်ပေါင်းရှစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ပစ္စည်းပြီး။
* သီလဝိသုဒ္ဓိ အခန်း-၁
၁။ အဓိသီလ၊ စိတ္တ-ပညာ၊ သာသနာ၊ သိက္ခာသုံးပါးမှတ်။
၂။ အာဒိဗြဟ္မ၊ စရိယနှင့် ၊ ထိုမှတစိ၊ အာဘိသမာစာရိက၊ ဤနှစ် ဝ၊ သီလသာသနာ။
၃။ အာဇီဝဋ္ဌ၊ အကျဉ်းပြ၊ ဗြဟ္မ အာဒိသာ။
၎။ ကာယသုံးလီ၊ လေးဝစီ၊ အာဇီ ရှစ်သမ္မာ။
၅။ ကျင့်ဝတ်ဓုတင်၊ အမွှမ်းတင်၊ ဖြူစင်ဘိသမာ။
၆။ ပါတိမောက္ခ၊ သံဝရနှင့် ၊ ဇီဝပါရိ၊ သုဒ္ဓိတလှစ်၊ ပစ္စယသန်၊
နိဿိတံတည့်၊ ခြောက်တန်ဣနြေ္ဒ၊ လုံûခံစေမှု ၊ သုဒ္ဓိစု၊ စတု လေးလီဖြာ။
* စိတ္တဝိသုဒ္ဓိ အခန်း-၂
၇။ မြေ-ရေ-မီး-လေ၊ ညို-ရွှေ-နီ-ဖြူ၊ ပေါက်-လင်းဟူ၊ ဆယ်ဆူ ကသိဏ။
၈။ ရောင် -ညို-ပြည်-ပြတ်၊ ခဲအပ်-ပစ်ထား၊ ဓားဖြတ် ပစ်ရေး ၊
သွေးယို-ပိုးစု၊ အရိုးစု၊ ဆယ်ခု အသုဘ။
၉။ ဗုဒ်-ဓံ-သံ-သီ၊ စာဂီ-ဒေဝတာ၊ သမာဥပ၊ မရဏနှင့်
ကာယဂတာ၊ အာနာပါ၊ ဆယ်ဖြာ နုဿတိ။
၁ဝ။ မေ-က-မု-ဥ၊ ပွားများ မှု ၊ လေးခု ပမညာ။
၁၁။ အာဟာရတွင် ၊ ရွံဖွယ်လျှင်၊ မှတ်ထင် ဧက်သညာ။
၁၂။ ဓာတ်ကြီး လေးခု၊ ပိုင်းခြားမှု ၊ စတု ဝဝတ္ထာန်။
၁၃။ အာ-ဝိဉ်-အာ-နေ၊ ဤလေးထွေ၊ မှတ်လေ အရူပ။
၁၄။ ရာ-ဒေါ မော ဝိ၊ သဒ်-ဗုဒ္ဓိ၊ စရိ ဤခြောက်ဖြာ။
၁၅။ အသု-ကာယ၊ ဆယ့်တစ်ဝ၊ ရာဂ လျော်လှစွာ ။
၁၆။ အဆင်း မည၊ ရှစ်ဌာန၊ ဒေါသ လျော်လှစွာ ။
၁၇။ အာနာပါန၊ အလျော်ကျ၊ မောဟ ဝိတက်သာ။
၁၈။ မရဏနှင့် ၊ ဥပသမာ၊ သညာတတန်၊ ဝဝတ္ထာန်၊ ၄-တန် ဗုဒ္ဓိသာ။
၁၉။ နုဿတိ ဆ၊ သဒ္ဓါကျ၊ သေသ အားလုံးသာ။
၂ဝ။ ကသိုဏ်းကြီးမူ၊ မောဟယူ၊ ငယ်မူ ဝိတက်သာ။
၂၁။ ပရိကမ္မ၊ ဥဂ္ဂဟတည့်၊ ပဋိဘာဂါ၊ ဤသုံးဖြာ၊ ထင်လာ နိမိတ်တည်း။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၃၅-
၂၂။ လေးဆယ်လုံးမှာ ၊ ရှေ့နှစ် ဖြာ၊ လျော်စွာ ရသတည်း။
၂၃။ ကသိုဏ်း-သုဘာ၊ ကာ-အာနာ၊ ပဋိဘာဂတည်း။
၂၄။ ပရိ-ဥပစံ၊ အပ္ပနံ၊ သုံးတန် ဘာဝနာ။
၂၅။ ပရိ-ဥဂ်မူ၊ ပရိယူ၊ ဘာ-မူ ဥ+အပ်သာ။
၂၆။ နုဿတိရှစ်၊ သညာဧက်၊ တလစ် ဝဝတ္ထာန်။
၂၇။ ပရိ-ဥပ၊ နှစ် ခုမျှ၊ ရထိုက် ဘာဝနာ။
၂၈။ အကြွင်းသုံးဆယ်၊ အာရုံဝယ်၊ သုံးသွယ် ဘာဝနာ။
၂၉။ က-သု-ကာ-အာ၊ ပမညာ၊ ရူပါ သုံးဆယ်အပ်။
၃ဝ။ သညာတတန်+ဝဝတ္ထာန်၊ ရှစ်တန် နုဿတိ။
၃၁။ ဘာဝနာ သုံးတန်၊ ဖြစ်ပွားဟန်၊ မှတ်ရန် ဤသို့ တည်း။
၃၂။ ပရိအစ၊ ဥဂ္ဂဟအလယ်၊ နှစ် သွယ်ရှုဘိ၊ သမာဓိ၊ ပရိကမ္မသာ။
၃၃။ ပဋိဘာဂ၊ ထင်လာက၊ နီဝရဏကွာ။
၃၄။ နီဝရဏ၊ ကွာတုံက၊ ဥပစာ ရလာ။
၃၅။ ထို့နောက်ဖန်ဖန်၊ ပွားတုံပြန်၊ ပ-ဈာန် အပ္ပနာ။
၃၆။ အာဝဇ္ဇနံ၊ အာပဇ္ဇံ၊ ဓိဋ္ဌာန်-ဝုဋ္ဌာန။
၃၇။ ပစ္စဝေက္ခန်၊ ဤငါးတန်၊ လျင်မြန် လိုတိုင်းရ။
၃၈။ ရှေးရှေးဈာနင်၊ ပယ်စွန့်လျှင်၊ အစဉ် နောက်ဈာန်ရ။
၃၉။ အာရုံပြောင်းကာ၊ ပွားတုံပါ၊ လေးဖြာ အရူပ။
၎ဝ။ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗနှစ် ထွေ၊ စေတောပရိ၊ ပုဗ္ဗေနိဝါ၊ ယထာကမ္မံ၊
နာဂတံသ၊ ဤသတ္တ၊ မှတ်ကြ အဘိညာ။
၄၁။ ပါဒကဈာန်၊ အဓိဋ္ဌာန်နှင့် ၊ တဖန်ပါဒက၊ စတုတ္ထ၊ ကျတုံ အဘိညာ။
* ဒိဋ္ဌိဝိသုဒ္ဓိ အခန်း-၃
၄၂။ လက္ခဏနှင့် ၊ ရသနှစ် ခု၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်၊ သိမ်းရန် နာမ်နှင့် ရုပ်။
၄၃။ လေးချက် ပိုင်ပိုင်၊ ပိုင်းခြားနိုင်က၊ သတ္တ-ဇီဝ၊ အတ္တအယူ၊ ကင်းစင်ဖြူ၊
မှတ်ယူ ဒိဋ္ဌိဝိသုဒ္ဓိ။
* ကင်္ခင်္ါဝိတရဏဝိသုဒ္ဓိ အခန်း-၎
၄၄။ နာမရူပ၊ သင်္ခါရ၏ ၊ ပဋိစ္စဓာတ်၊ သမုပ္ပါဒ်ကို၊ အတတ်ထင်ထင်၊
ပိုင်ပိုင်မြင်က၊ ကင်္ခါယုံမှား၊ ဆယ့်ခြောက်ပါးနှင့် ၊ ရှစ်ပါးဝီစိ၊
ဒိဋ္ဌိဖြာဖြာ၊ ကင်းစင်ကွာ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ။
-၃၆- အဘိဓမ္မာ ပရမတ္ထသံခိပက် ကျမ်း လယ်တီဆရာတော်
* မဂ္ဂါ+မဂ္ဂဉာဏဒဿနဝိသုဒ္ဓိ အခန်း-၅
၄၅။ ခန္ဓာဒိနည်း၊ ဖွဲ့စည်းပြီးခါ၊ သုံးဖြာလက္ခဏ၊ သုံးသပ်ရ၊ သမ္မသနဉာဏ်။
၄၆။ ဖြစ်ပွားပျက်မှု ၊ အစုံရှု၊ ဥဒယဗ္ဗယဉာဏ်။
၄၇။ အပျက်ကိုသာ၊ ရှုတုံပါ၊ သညာ ဘင်္ဂဉာဏ်။
၄၈။ အပျက်မြင်က၊ ဘယ-မစ္စု၊ ပျက်မှု ခပင်း၊ ဘေးသေမင်းဟု၊
ကြောက်ခင်းထွေထွေ၊ ရှုတုံပေ၊ မှတ်လေဘယဉာဏ်။
၄၉။ ကြောက်ဖွယ်ခပင်း၊ မြင်တုံလျှင်းက၊ ဘေး-ဘယမျိုး၊ ရုပ်နာမ်ဆိုး၌ ၊
ကိုးရာမရှိ၊ ခက်မှန်းသိ၊ အာဒီနဝဉာဏ်။
၅ဝ။ ကိုးရာမထင်၊ ခက်ပုံမြင်က၊ မရွှင်မလန်း၊ စိတ်ကုန်ခန်း၍ ၊ မခကျမ်းမမြေ့၊
ငြီးငွေ့သော ထွေ၊ စိတ်အနေ၊ မှတ်လေ နိဗ္ဗိဒံ။
၅၁။ ငြီးငွေ့အားသန်၊ စိတ်ပူပန်က၊ လျင်မြန်တစိ၊ လွတ်လိုဘိ၊
မုစ္စိတုကမျတာဉာဏ်။
၅၂။ လွတ်လိုလှ၍ ၊ လွတ်ရတဲ့ငှါ၊ ဘာဝနာလေးဆယ်၊
အကျယ်ဖြန့်ချိ၊ အားတိုက်ဖိ၊ ပဋိသင်္ခါဉာဏ်။
၅၃။ အားတိုက်ရှု၍ ၊ လွတ်မှု လွတ်ရန်၊ အမြင်သန်က၊
ရုပ်နာမ်ဓမ္မ၊ သင်္ခါရဝယ်၊ မတွယ်သမှု ၊ လျစ်လှူရှု၊ သင်္ခါရုပေက္ခာဉာဏ်။
၅၄။ မဂ်ရောက်လိုသော်၊ အဆော်အနှူး၊ မဂ်လေးဦးအား၊
အထူးလျော်မှု ၊ ကျေးဇူးပြု၊ အနုလောမဉာဏ်။
၅၅။ ဥဒယဉာဏ်၊ ရင့်သန်တုံလတ်၊ ဖြစ်လာတတ်၊ ဆယ်ရပ် အန္တရာယ်။
၅၆။ အရောင် -ပီတိ၊ ပဿဒ္ဓိနှစ် ဖြာ၊ သဒ္ဒါ-ဝီရိယ၊ သုခ-ဗုဒ္ဓိ၊ နိကန္တိနှင့် ၊
သတိ-ဥပေက္ခာ၊ ဤဆယ်ဖြာ၊ မှတ်ပါ အန္တရာယ်။
၅၇။ ထိုဆယ်ချက်တွင် ၊ မဂ်အထင်ကို၊ ပယ်ထွင်ရှင်းကာ၊ အလင်းသာ၊
မဂ္ဂါ-မဂ္ဂဉာဏဒဿနဝိသုဒ္ဓိ။
* ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ အခန်း-၆
၅၈။ ဥဒယဉာဏ်၊ တဖန်ပျိုးကာ၊ ကိုးဖြာဉာဏ်စဉ်၊ စခန်းထွင်၍ ၊ အမြင်လင်းဘိ၊
ထိုးထွင်းသိ၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ။
၅၉။ သင်္ခါရုနှင့် ၊ အနုလောမ၊ ဉာဏ်နှစ် ဝ၊ ဝုဋ္ဌာနဂါမိနီလည်း ခေါ်သတည်း။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း လယ်တီဆရာတော် -၃၇-
* ဉာဏဒဿနဝိသုဒ္ဓိ အခန်း-၇
၆ဝ။ ဝုဋ္ဌာနဂါမ်၊ လွန်ရင့်သန်က၊ နိဗ္ဗာန်ပေါက်ကာ၊ မဂ်ရောက်လာ၊
ဉာဏဒဿနဝိသုဒ္ဓိ။
၆၁။ သိ-ပယ်-ဆိုက်-ပွား၊ လေးပါးအချက်၊ တပြိုင်နက်၊ မဂ်၏ ကိစ္စတည်း။
၆၂။ ဒိဋ္ဌိ-ဝိစိ၊ ပယ်သတ်ဘိ၊ အာဒိမဂ်သော တာ။
၆၃။ မဂ်-ဖိုလ်-နိဗ္ဗာန်၊ ပယ်ကြွင်း-ကျန်၊ နှစ် တန် ကိလေသာ။
၆၄။ အစဉ်သမှု ၊ အမြင်ရှု၊ ငါးခုဝေက္ခဏာ။
၆၅။ ထက်မဂ်ကိုပင်၊ မရောက်ခင်၊ ဖိုလ်လျှင် လည်းလျောင်းရာ။
၆၆။ ကာ-ဗျာ နှစ် ထွေ၊ အကုန်ခြွေ၊ ရောက်လေ သကဒါဂါမ်။
၆၇။ ကာ-ဗျာ နှစ် ထွေ၊ အကုန်ခြွေ၊ ရောက်လေ အနာဂါမ်။
၆၈။ သဗ္ဗကိလေ၊ အကုန်ခြွေ၊ ရောက်လေ အရဟတ္တာ။
* ဝိမောက္ခ အပြား
၆၉။ ဝိမောက္ခနက်၊ ကျွတ်လွတ်ချက်၊ ဖိုလ်+မဂ် မည် သညာ။
၇ဝ။ ဝိမောက်မုခ၊ တံခါးဝ၊ အရလက္ခဏာ။
၇၁။ ဝုဋ္ဌာနဂါမိနီ၊ ဉာဏ်ဆိုက်သိ၊ ဝိမုနယ်အပါ။
၇၂။ အနိမိတ္တ၊ အနိစ္စ၊ ဒုက္ခဏီဟိတာ။
၇၃။ အနတ္တမူ၊ သုညယူ၊ သုံးဆူ နုပဿနာ။
၇၄။ ပုဂ္ဂိုလ်-သတ္တဝါ၊ အင်္ဂါကြီးငယ်၊ ဆန်းတကြယ်၊ မှတ်ဖွယ် နိမိတ္တာ။
၇၅။ အကုန်နိမိတ်၊ ပျောက်အောင်ကြိတ်၊ အနိမိတ္တသာ။
၇၆။ အတင့်အတယ်၊ အဖွယ်အရာ၊ မင်္ဂလာသုဘ၊ သုခဣဋ္ဌ၊ ထင်သမျှ၊
မှတ်ကြ ပဏီဟိတာ။
၇၇။ အကုန်ပဏီဟိ၊ ပျောက်စေဘိ၊ အပ္ပဏီဟိတာ။
၇၈။ လူ-နတ်-ဗြဟ္မာ၊ ငါ-သူတပါး၊ ယောက်ျား-မိန်းမ၊ ပုဂ္ဂလနှင့် ၊ စိုးရပိုင်ပိုင်၊
ခံ့ခိုင်မြင့်ရှည်၊ သက်ဆုံးတည်ဟု၊ အားစည်သမျှ၊ အနန္တ၊ အတ္တ ဇီဝသာ။
၇၉။ အတ္တ-ဇီဝေ၊ ပျောက်ကင်းစေ၊ မှတ်လေ သုညတာ။
၈ဝ။ သူ့တံခါးမှ၊ ပေါက်ရောက်က၊ မောက္ခ သူ့မဂ်သာ။
ပိုဒ်ပေါင်း ရှစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ်ကမ္မဋ္ဌာန်းပြီး။
အဘိဓမ္မာ ပရမတ္ထသံခိပ်ကကျမ်း ပြီး၏ ။
![]() ဓမ္မစကြာသုတ်ပါဠိ (မြန်မာပြန်) | ![]() သံဃာ့ဂုဏ်ရည် ရဟန်းနှင့် ဝိနည်းဆိုင်ရာ ဗဟုသုတများ | ![]() ကောသလအိမ်မက် ၁၆-ချက် |